RSI အညွှန်းကိန်း (The relative strength index) သည် ပညာရပ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုများတွင် ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုသည့် oscillator တစ်ခုဖြစ်ပါသည်။ ကုန်သွယ်မှုစတင်ပြုလုပ်ကြမည့်သူများအတွက် Forex ကုန်သွယ်မှုနည်းဗျူဟာအများအပြားတွင် ၎င်းအညွှန်းကိန်းကို မည်သည့်အချိန်တွင် အရောင်း၊ အဝယ် ပြုလုပ်သင့်ကြောင်း အချက်ပြပေးသည့် ကိရိယာတစ်ခုအဖြစ် အသုံးပြုကြသည်။ RSI သည် stochastic oscillator ၊ MACD နှင့် CCI တို့ကဲ့သို့ လုပ်ဆောင်သည်။ ၎င်းအပြင် Silent RSI ၊ RSI Divergence အစရှိသော RSI ပေါ်အခြေခံသည့် အခြားသော ပြုပြင်ပြောင်းလဲမှုများလည်း ရှိသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- စတော့ရှယ်ယာများတွင် RSI ဆိုသည်မှာ အဘယ်နည်း - အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့် နောက်ခံသမိုင်း
- RSI အညွှန်းကိန်းတွက်ချက်မှုနှင့် ပုံသေနည်း
- Custom RSI ထည့်သွင်းခြင်း
- RSI ကုန်သွယ်မှု နည်းဗျူဟာ
- RSI Stock Screener
- အောင်မြင်သော RSI ကုန်သွယ်မှုဗျူဟာ၏ ဥပမာ
- Relative Strength Index (RSI) အမေးများသောမေးခွန်းများ
- RSI Forex ကုန်သွယ်မှုဗျူဟာများ အကျဉ်းချုပ်
ဤဆောင်းပါးသည် အသုံးဝင်ပြီး ကုန်သည်များအတွက် လိုအပ်သော သိသင့်သိထိုက်သည့် အချက်အလက်များ နှင့် အံဝင်ခွင်ကျဖြစ်ပါလိမ့်မည်။
စတော့ရှယ်ယာများတွင် RSI ဆိုသည်မှာ အဘယ်နည်း - အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့် နောက်ခံသမိုင်း
Relative Strength Index (RSI) ကို MT4, MT5 နှင့် ATR indicator တို့ကို တီထွင်ခဲ့သည့် J. Welles Wilder မှ တီထွင်ခဲ့ပါသည်။
Mr. Wilder သည့် ၁၉၇၈ ခုနှစ်တွင် Commodities မဂ္ဂဇင်းတွင် RSI အညွှန်းကိန်းအကြောင်းကို ပထမဆုံး ရေးသား ထုတ်ဝေခဲ့သည်။ ထို့နောက် နှစ်အနည်းငယ်အကြာတွင် သူ၏ New Concepts in Technical Trading Systems စာအုပ်ကို ထပ်မံထုတ်ဝေခဲ့ပြီး ၎င်းတွင် လက်တွေ့ကျသော ဥပမာများကို အသုံးပြုပြီး ကုန်သွယ်မှုအတွက် နည်းပညာပိုင်းဆိုင်ရာ ကိရိယာများအကြောင်းကို အသေးစိတ်ဖော်ပြခဲ့သည်။
Relative Strength Index ဆိုသည်မှာ အဘယ်နည်း။ RSI အဓိပ္ပါယ်ဖွင့်ဆိုချက်အရ၊ ၎င်းသည် ဈေးနှုန်းရွေ့လျားမှု၏ အရှိန်နှင့် ပမာဏကို တိုင်းတာသည့် momentum oscillator တစ်ခုဖြစ်သည်။ ၎င်းသည် 0 မှ 100 အထိ စကေးပေါ်တွင် ရွေ့လျားနေသော ပြောင်းလဲနိုင်သည့် မျဉ်းတစ်ခု ဖြစ်သည်။
ညွှန်ပြချက်သည် လက်ရှိနှင့် ယခင် candlesticks များ၏ အပိတ် ဈေးနှုန်းများကို နှိုင်းယှဉ်ကာ အားကောင်းသော လမ်းကြောင်းဘက်ကို ညွှန်ပြပေးသည်။ RSI အညွှန်းကိန်းများ ကို ဘယ်လို ကောက်ချက်ချရ မည်နည်း။
Relative Strength Index ဇယားများသည် အောက်ပါအတိုင်း လုပ်ဆောင်သည် -
- သက်ဆိုင်ရာဈေးနှုန်းတစ်ခု၏ အတက် အရွေ့အားကောင်းလေလေ၊ အတက် candlesticks များ၏ စုစုပေါင်း တန်ဖိုး ပိုကြီးလာလေဖြစ်ပြီး၊ ဈေးနှုန်းတက်နိုင်မည့်အလားအလာလည်း အားကောင်းလေလေ ဖြစ်သည်။ oscillator line သည် တန်ဖိုး 100 နှင့် နီးစပ်သည်။
- သက်ဆိုင်ရာဈေးနှုန်းတစ်ခု၏ အကျ အရွေ့အားကောင်းလေလေ၊ အကျ candlesticks များ၏ စုစုပေါင်းတန်ဖိုး ပိုကြီးလာလေဖြစ်သည့်အတွက် အကျဘက်သို့ trend အားကောင်းလာပြီး oscillator line သည် တန်ဖိုး သုညသို့ ပိုနီးကပ်လာလေဖြစ်သည်။
Oscillator ကို ကုန်သွယ်မှုဇယားအောက်ရှိ သီးခြား ဝင်းဒိုး တစ်ခုတွင် ပြသထားပါသည်။
အလျားလိုက်ပြထားသော အစက်အပြောက်လိုင်းများသည် ဆက်တွင်များတွင် သတ်မှတ်ထားသည့် ကန့်သတ်ချက်များ ဖြစ်သည်။ 30 နှင့် 70 တန်ဖိုးများသည် default တန်ဖိုးများ ဖြစ်ပြီး အဆင့် တိုင်းတာမှုများကို ဇယား၏ ညာဘက်တွင် ဖော်ပြထားသည်။
- အဝယ်လွန်ဇုန်သည် အဆင့် 70 နှင့် 100 ကြားဖြစ်သည်။
- အရောင်းလွန်ဇုန်သည် အဆင့် 30 နှင့် 0 ကြားဖြစ်သည်။
Trend အသစ်ကြောင့် ဤဇုန်များသည် အားကောင်းလာပြီး oscillator ပြောင်းပြန်ဖြစ်နိုင်ချေ အများဆုံး ဖြစ်သည်။
Trend ရှင်းလင်းပါက၊ level များသည့် 20 နှင့် 80 သို့ရွှေ့သွားနိုင်သည်။ Trend အားနည်းနေပါက သို့မဟုတ် အရောင်းအဝယ်ထိုင်းနေပါက level 30 နှင့် 70 ကြားကို အသုံးပြုကြသည်။ အချက်ပြအဆင့်များအကြား အလှမ်းကွာလေလေ၊ မကြာခဏ အချက်ပြမှုနည်းပါးလေ ဖြစ်သော်လည်း ၎င်းအချက်ပြမှုများသည် ပိုမိုတိကျသည်။
မည့်သည့်ဈေးကွက်တွင်မဆို အညွှန်းကိန်းကို အသုံးချနိုင်ပြီး ၎င်းသည် Forex ကုန်သွယ်မှုဇယားများ၊ သို့မဟုတ် စတော့ဈေးကွက်များတွင်လည်း အသုံးဝင်ပါသည်။
RSI အညွှန်းကိန်းတွက်ချက်မှုနှင့် ပုံသေနည်း
RSI က မည်သည်ကို ညွှန်ပြသနည်း။ RSI အဓိပ္ပာယ်အားဖြင့်၊ ညွှန်ပြချက်သည် ဆက်တင်များတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ ကာလတစ်ခုအတွင်း candlestick များ၏ အရွယ်အစားကို နှိုင်းယှဉ်ပေးသည် (ဆိုလိုသည်မှာ - candlestick ပိုရှည်လေ၊ trend ပိုအားကောင်းလေဖြစ်သည်) ။ ယေဘုယျအားဖြင့် RSI အညွှန်းကိန်းသည် အရောင်း၊အဝယ်အတွက် အချက်ပြမှုများကို အခြေခံထားသည်။
RSI ပုံသေနည်း
အဆင့် ၁။ RSI အညွှန်းကိန်း သည် ဈေးနှုန်းအတွင်းရှိ positive (U) နှင့် negative (D) တို့၏ ပြောင်းလဲမှုအတိုင်းအတာကို တွက်ချက်ပေးသည်။ RSI ပုံသေနည်းကို အောက်တွက်ဆက်လက်ရှင်းပြပါမည်။
- အကယ်၍ လက်ရှိအပိတ်ဈေးသည် ယခင်ကာလ၏ အပိတ် ဈေးနှုန်းထက် ပိုမိုမြင့်မားနေပါက ၎င်းသည် အတက် (positive) ကာလဖြစ်သည်။
U = Price(i) - Price(i-1)
D = 0,
Price(i) သည် လက်ရှိကာလ၏ အပိတ်ဈေးနှုန်း (လက်ရှိ candlestick) ဖြစ်ပြီး၊ Price(i-1) သည် ယခင်ကာလ ၏ အပိတ်ဈေးနှုန်းဖြစ်သည်။
- အကယ်၍ လက်ရှိအပိတ်ဈေးသည် ယခင်ကာလ အပိတ်ဈေးထက် နိမ့်နေပါက ၎င်းသည် အကျ (negative) ကာလဖြစ်သည်။
U = 0
D = Price(i-1) - Price(i)
အကယ်၍ အပိတ်ဈေးနှစ်ခုလုံး တူနေပါက U = 0, D = 0 ဖြစ်သည်။
အဆင့် ၂။ Relative strength တွက်ချက်နည်း
RS = (SMA(N) of U)/(SMA(N) of D)
ဤပုံသေနည်းတွင် U နှင့် D တို့၏ တန်ဖိုးများကို Simple Moving Average (SMA) N ကာလဖြင့် တွက်ချက်သည်။ ပိုမိုရိုးရှင်းသော ပုံသေနည်းတစ်ခုကို ထပ်မံဖော်ပြရလျှင် - RS (Relative Strength) သည် ပျမ်းမျှအမြတ် နှင့် ပျမ်းမျှအရှုံးတို့အကြား အချိုးရလာဒ်ဖြစ်သည်။
အဆင့် ၃။ RSI indicator တွက်ချက်နည်း
RSI = 100 - 100/(1 + RS)
ဤပုံသေနည်းသည် အသုံးအများဆုံးတွက်ချက်မှုပုံသေနည်းများထဲမှ တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်- ဆီလျော်အောင် ပြုပြင်ထားသည့် RSI အညွှန်းကိန်းပုံသေနည်းများတွင် ဈေးနှုန်းပြောင်းလဲမှုသည် Exponential Moving Averages ကို အသုံးပြုပြီးတွက်ချက်ထားသည်။ စာရေးသူကိုယ်တိုင်ကလည်း Modified Simple Moving SMMA ကိုအသုံးပြုဖို့ အကြံပြုထားပါသည်။
မှတ်ချက် ၁။ ပုံသေနည်းတွင် SMA ကိုအသုံးပြုပါက၊ trend သည် တဖြည်းဖြည်းတက်လာနေပါက၊ ညွှန်ပြချက်ဆက်တင်များတွင် သတ်မှတ်ထားသော ကာလအတွက် အကျဖြစ်နေသော candlestick တစ်ခုမှမပါဘဲရှိနေသော အခြေအနေတွင် RS ပိုင်းခြေရှိ D ၏တန်ဖိုးသည် သုညဖြစ်လိမ့်မည်။ ဤနေရာတွင် သုညဖြင့် ပိုင်းခြားတွက်ချက်၍မရသောကြောင့် oscillator တန်ဖိုးကို 100 ဟု သတ်မှတ်သည်။
မှတ်ချက် ၂။ အထက်ဖော်ပြပါ ပုံသေနည်းသည် အညွှန်းကိန်း တွက်ချက်မှု၏ ယေဘူယျနိယာမကို ဖော်ပြပေးပြီး၊ ၎င်းသည် ကိန်းသေတစ်ခု မဟုတ်ပါ။ ၎င်းအရ အတက်လမ်းကြောင်းအတွက် ကာလသည် 2 ဖြစ်ပြီး အညွှန်းတန်ဖိုးသည် 100 ဖြစ်ရပါမည်။ အောက်ဖော်ပြပါပုံတွင် အမှန်တန်ဖိုးကို 89 ဖြင့် ပြသထားသည်။
ဖော်မြူလာကို လေ့လာပြီး အသေးစိတ်သိရှိနားလည်လိုပြီး MGL programming language ကိုနားလည်တတ်ကျွမ်းပါက code ကို ဖွင့်နိုင်ပါသည်။ MT4 မီနူးတွင် File/Open data folder သို့ဝင်ရောက်ပါ။ ပွင့်လာသော ဝင်းဒိုးတွင် “MQL4/Indicators” လမ်းညွှန်သို့သွားပါ၊ ထို့နောက် ထိုနေရာတွင် mqI4 ဖိုင်ကိုရှာပါ၊ ထို့နောက် ၎င်းကိုဖွင့်ပါ၊ word ဖိုင်အနေဖြင့် ပွင့်လာပါလိမ့်မည်။
RSI တွက်ချက်မှု Excel Sheet
Technical analysis အတွက် RSI အညွှန်းကိန်း တွက်ချက်နိုင်မည့် excel sheet ကို ပြင်ဆင်ထားပါသည်။ Excel ဖိုင်တွင် Relative Strength Index ကိုတွက်ချက်ရန်အတွက် algorithm တစ်ခုပါဝင်ပြီး ထည့်သွင်းထားသော RSI တန်ဖိုးများကို အသုံးပြု၍ ပုံကြမ်းများ ရေးဆွဲနိုင်မည်ဖြစ်ပါသည်။
RSI တွက်ချက်မှု Excel sheet ကို ဤနေရာ တွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။
Custom RSI ထည့်သွင်းခြင်း
Oscillator သည် ကုန်သွယ်မှုပလပ်ဖောင်း အားလုံးနီးပါးတွင် ရှိသောကြောင့် standard version ကို သတ်မှတ်ရန် မလိုအပ်ပါ။
RSI သည် ပြုပြင်မွမ်းမံမှုများနှင့် ပတ်သက်ပြီး အနည်းငယ်ပိုမိုခက်ခဲပြီး ၎င်းတို့ကို ကုန်သွယ်မှု ပလပ်ဖောင်းပေါ်တွင် ကိုယ်တိုင်သတ်မှတ်ရပါမည်။ ထို့အပြင် အညွှန်းကိန်းကုဒ်သည် ကုန်သွယ်မှုတာမင်နယ် ၏ကုဒ် နှင့် ကိုက်ညီမှုရှိရပါမည်။
ဥပမာ MT4 ပလပ်ဖောင်းအတွက် ၎င်းသည် MQL4 programming language ဖြင့် ဖြစ်သင့်သည်။ အကယ်၍ ကုန်သွယ်မှုပလပ်ဖောင်းသည် အညွှန်းကိန်းများ ထည့်သွင်းရန် အကြံပြုခြင်းမရှိပါက RSI ၏ combined version များနှင့် ရောင်းဝယ်ဖောက်ကားခြင်းကို ပြုလုပ်နိုင်မည်မဟုတ်ပါ။
အကယ်၍ modified version ကိုဒေါင်းလုဒ်ရယူလိုပါက မှတ်ချက် ကဏ္ဍတွင် ကျေးဇူးပြု၍ အသိပေးပါ၊ working template များရရှိနိုင်မည့် နေရာကို ပြန်လည် အသိပေးပါမည်။
ကုန်သွယ်မှု တာမင်နယ်တွင် RSI အညွှန်းကိန်းကို အသုံးပြုခြင်း
LiteFinance ကုန်သွယ်မှုတာမင်နယ်တွင် Relative Strength Index ကို ထည့်သွင်းပါ -
1. သင့်ပရိုဖိုင်တွင် ငွေကြေးအတွဲတစ်ခု၏ ကုန်သွယ်မှုဇယားကိုဖွင့်ပါ။ ဥပမာ - AUDCAD ၊ ထို့နောက် ဘယ်ဘက်ရှိ ကုန်သွယ်မှု TRADE ကိုနှိပ်ပါ၊ ငွေကြေး ကဏ္ဍကို သွားပြီး သင်လိုအပ်သော ငွေကြေးအတွဲကို နှိပ်ပါ။
2. ဇယား၏ ထိပ်တွင် Indicators tab ကိုနှိပ်ပြီး ၊ RSI Indicator ကို ရွေးချယ်ပါ။
3. ဈေးနှုန်းဇယားအောက်တွင် ပေါ်လာလိမ့်မည်ဖြစ်သည်။ သက်ဆိုင်ရာ အိုင်ကွန်ကို နှိပ်ပြီး နောက်ဝင်းဒိုး တစ်ခုဖြင့် ကြည့်ရှုနိုင်သည်။ (အောက်ပါပုံတွင် ၎င်းနေရာကို မြားဖြင့် အမှတ်အသားပြထားသည်။)
RSI ဆက်တင်များ
1. ကန့်သတ်ချက်များ
- အရှည် (ကာလ). ၎င်းသည် ပျှမ်းမျှတန်ဖိုးကို ညွှန်ပြရန်အတွက် oscillator မှ ခွဲခြမ်းစိတ်ဖြာလိုက်သည့် candlestick အရေအတွက်ဖြစ်သည်။
ပုံသေကာလသည် 14 ဖြစ်ပြီး ဆိုလိုသည်မှာ နောက်ဆုံး 14 ဖြင့် ဈေးနှုန်းအပြောင်းအလဲကို ထည့်သွင်းစဉ်းစားသည်ဖြစ်သည်။ အကယ်၍ ကာလသည် 25 ဖြစ်ပါက၊ oscillator သည် နောက်ဆုံး candlestick 25 ခုကို ပိုင်းခြားဆန်းစစ်မည်ဖြစ်သည်။
- Source သည် ပုံသေနည်းတွင် ထည့်သွင်းစဉ်းစားသော ဈေးနှုန်းအမျိုးအစားဖြစ်သည်။ မူရင်းအားဖြင့် ၎င်းသည် အပိတ်ဈေးနှုန်းဖြစ်သည်။ အဖွင့်ဈေးနှုန်းကို အမြင့် သို့မဟုတ် အနိမ့် ဖြင့်လည်း သတ်မှတ်နိုင်သည်။ အလယ်အလတ်ဈေးနှုန်း အမျိုးအစား သုံးမျိုးရှိသည်။
- တိကျသေချာမှု။ အဆင့်များ၏ တန်ဖိုးသည် ဒဿမလေးနေရာအထိ တိကျမှုရှသည်၊ အကယ်၍ ကန့်သတ်ချက်ကို သုညဖြင့် သတ်မှတ်ပါက အဆင့်များ၏ တန်ဖိုးသည် 30၊ 70 စသည်တို့ဖြစ်မည်။ အကယ်၍ ကန့်သတ်ချက်ကို 1 ဖြင့်သတ်မှတ်ပါက အဆင့်များသည် 30.0၊ 70.0 တို့ဖြစ်မည်။
2. Style:
- RSI line (lines color). လိုင်းများ၏ အထူ နှင့် အရောင်၊ အဆင့်များ နှင့် အဆင့်များအကြားတွင် ဖြည့်စွက်လိုသည့် အရောင်ကို စိတ်ကြိုက်ရွေးချယ်နိုင်သည်။
- အဆင့်များ၏ RSI တန်ဖိုး (upper limit/lower limit) ။ LiteFinance ကုန်သွယ်မှုတာမင်နယ်ရှိ မူရင်းကန့်သတ်ချက်များမှာ 30 နှင့် 70 ဖြစ်သည်။ ကုန်သွယ်မှုဗျူဟာအရ ၎င်းတို့ကို လိုအပ်သလို ကုန်သည်မှ ပြောင်းလဲလုပ်ဆောင်နိုင်သည်။
- အညွှန်းလိုင်းများ၊ အဆင့်များ အား ဖွင့်/ပိတ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုလုပ်ပါ။
LiteFinance တာမင်နယ်၏ အားသာချက်မှာ ဆက်တင်ဝင်းဒိုးဘေးရှိ ဇယားတွင် မည်သည့်ပြောင်းလဲမှုကို မဆို ချက်ချင်း တွေ့မြင်နိုင်မည့်ဖြစ်ပါသည်။ အခြားကုန်သွယ်မှုပလပ်ဖောင်းများ၏ ပြောင်းလဲမှုများကို သိရှိနိုင်ရန် “OK” သို့မဟုတ် “Apply” ကိုနှိပ်ရပါမည်။ LiteFinance ပလပ်ဖောင်းတွင် မလိုအပ်သော log ပြုလုပ်ထားခြင်းများ မရှိဘဲ ကုန်သည်စိတ်ကြိုက် ပြုလုပ်လိုက်သည့် ပြောင်းလဲမှုများကို ဆက်တင်ဝင်းဒိုးကို ခေါ်ဆိုပြီး ချက်ချင်း ကြည့်ရှုနိုင်မည်ဖြစ်သည်။
MT4 အတွက် RSI
MT4 တွင်လည်း Relative Strength Index ကို LiteFinance ကုန်သွယ်မှုတာမင်နယ်ကဲ့သို့ လုပ်ဆောင်ရသော လုပ်ထုံးလုပ်နည်းများ နှင့် RSI အညွှန်းကိန်းကို ထည့်သွင်းပြီး ပြင်ဆင်သတ်မှတ်ခြင်းများ ပြုလုပ်ရသော်လည်း ယေဘူယျအားဖြင့် သဘောတရားမှာ အတူတူပင်ဖြစ်ပါသည်။
1. MT4 တွင် LiteFinance ကုန်သွယ်မှုတာမင်နယ်တွင်လုပ်ဆောင်ရသည့်အတိုင်း တူညီသော လုပ်ထုံးလုပ်နည်း နှင့် အနည်းငယ် ကွာခြားချက်ဖြင့် အညွှန်းကိန်းကို ထည့်သွင်းပြီး configure လုပ်ရသော်လည်း ယေဘူယျအားဖြင့် သဘောတရား အတူတူပင် ဖြစ်သည်။ 2. ဝင်းဒိုးကို ဖွင့်ပါ။
2. ဝင်းဒိုးကို ဖွင့်ပါ။
2.1. ကန့်သတ်ချက်များ
- ကာလသည် LiteFinance တာမင်နယ်ရှိ length parameter နှင့်တူညီပြီး လတ်တလောတွင် ဖြစ်ပေါ်လာသောခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ထားသော candlestick အရေအတွက်ကို ဆိုလိုသည်။
- Apply to သည် ဈေးနှုန်းအမျိုးအစားဖြစ်သည်။ LiteFinance တာမင်နယ်တွင် ၎င်းနှင့်မတူဘဲ ယခင်အညွှန်းကိန်း၏ ဒေတာ နှင့် ပထမအညွှန်းကိန်း၏ဒေတာ အစရှိသဖြင့် ရွေးချယ်စရာများပိုများသည်။ MT4 သည် ကုန်သည်ကို ဈေးနှုန်းဇယားတွင်သာမက အခြားအညွှန်းကိန်းများကိုပါ အသုံးချနိုင်စေရန် ခွင့်ပြုပေးသည်။ ဤလုပ်ဆောင်ချက်က ဘာအတွက်ဖြစ်ပြီး၊ ဘယ်လိုအသုံးပြုနိုင်မည်ဆိုသည့် အချက်နှင့် ညွှန်ပြချက်တစ်ခုပေါ် နောက်တစ်ခု ထပ်ဆင့်ခြင်း၏ အားသာချက်များကို သိရှိလိုပါက မှတ်ချက်မှာ ရေးသားထားခဲ့နိုင်ပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ကွဲပြားခြားနားသည့် ခြုံငုံသုံးသပ်ချက်များ လုပ်ဆောင်ကြည့်ပါမည်။
- ပုံစံတွင် မျဉ်းကြောင်းများ၏ အထူ နှင့် အရောင်ပါဝင်သည်။
- Fixed minimum/Fixed maximum. ဤရွေးချယ်မှုသည် ထည့်သွင်းထားသည့် အဆင့်အပိုင်းအခြား အတိုင်း ဝင်းဒိုးကို သတ်မှတ်ပေးသည်။ ဥပမာ- 40/60 RSI တန်ဖိုးများကို ထည့်သွင်းထားပါက၊ ညွှန်ပြချက်ဝင်းဒိုးသည် အဆင့် 40 နှင့် 60 ကြားရှိ အကြောင်းအရာများကို ပြသပေးမည်ဖြစ်သည်။
2.2 Levels:
ဤ tab တွင် အဆင့်များ၏ ကန့်သတ်ချက်များကို သတ်မှတ်နိုင်သည်၊ RSI တန်ဖိုးများ၊ အရောင် နှင့် လိုင်းများ၏ စတိုင် အစရှိသည်တို့ကို ရွေးချယ်သတ်မှတ်နိုင်သည်။ Add ခလုတ်ကို အသုံးပြုပြီး နောက်ထပ် အဆင့်များ သတ်မှတ်ခြင်းကို လုပ်ဆောင်နိုင်သည်။
2.3. Visualization:
ဤတက်ဘ်သည် သတ်မှတ်ကာလအားလုံး သို့မဟုတ် ၎င်းတို့ထဲမှ အချို့တို့တွင် အညွှန်းကိန်း သရုပ်ဖော်ခြင်းကို လုပ်ဆောင်ခွင့်ပြုမည်ဖြစ်သည်။
LiteFinance တာမင်နယ်နှင့် နှိုင်းယှဉ်ပါက MT4 ၏ အားနည်းချက်များ
- ဆက်တင်များကို အသုံးပြုရန် OK ခလုတ်ကို နှိပ်ပြီး၊ မောက်စ်၏ ညာဘက်ခလုတ်ကို နှိပ်ပြီးနောက် “အညွှန်းကိန်းများစာရင်း - Properties” မီနူးကို ဝင်ရောက်ခြင်းဖြင့် ကန့်သတ်ချက်များပြုလုပ်ရန် နောက်ဝင်းဒိုးတစ်ခုကို ထပ်မံခေါ်ဆိုရန် လိုအပ်သည်။ LiteFinance တာမင်နယ်တွင် အားလုံးသည် ပိုမိုရိုးရှင်းလွယ်ကူပါသည်။ ပထမဦးစွာ ဆက်တင်များ ဆိုင်ရာပြောင်းလဲမှုများ အားလုံးသည် တစ်နေရာထဲတွင်မှာပဲ ပြသထားပြီး (အထက်တွင် ဖော်ပြထားခဲ့သော OK ကို နှိပ်ရန်မလိုအပ်ပေ)၊ ဒုတိယအချက်မှာ ဆက်တင်ဝင်းဒိုးကို ဖွင့်ရန် ဇယား၏ ညွှန်ပြချက်အမည်ဘေးရှိ သက်ဆိုင်ရာ ဂီယာပုံစံ သင်္ကေတကို နှိပ်ရုံပဲဖြစ်ပါသည်။
- အဆင့်များအကြားတွင် အရောင်များ ဖြည့်စွက်ထားခြင်းမရှိပါ။
- အဆင့်များ၏ တိကျသေချာမှုကို ဒဿမနေရာ အနည်းငယ်ဖြင့် သတ်မှတ်ခြင်းမပြုလုပ်နိုင်ပါ။
MT5 အတွက် RSI
MT5 တွင်လည်း Relative Strength Index ကို MT4 တွင် သတ်မှတ်သည့် အလားတူပုံစံအတိုင်း သတ်မှတ်သည်။ Insert မီနူးသို့သွား၍ Indicators tab ကို ဖွင့်ပါ၊ Properties ဝင်းဒိုးတွင် ကွာခြားချက် အနည်းငယ်ရှိမည်ဖြစ်သည်။
- ပုံသေ အမြင့်ဆုံး/အနိမ့်ဆုံး တန်ဖိုးများ ရွေးချယ်ခြင်းများသည် ကန့်သတ်ချက်များ တက်ဘ်မှ စကေးတက်ဘ် အသစ်သို့ ရောက်သွားသည်။
- အဆင့်များ တက်ဘ်သည် MT4 အတိုင်းပင်ဖြစ်သည်။
- စကေးတက်ဘ်တွင် ရွေးချယ်စရာအသစ် နှစ်ခုရှိသည် - inherit scale နှင့် လိုင်းအလိုက် စကေးတို့ဖြစ်သည်။
- Visualization တက်ဘ်သည် ပြောင်းလဲမှု မရှိပါ။ ဆော့ဖ်ဝဲလ်ရေးသားသူများသည် သတ်မှတ်ကာလများ၏ visualization ကိုသာ ပြောင်းလဲထားပြီး ကာလအသစ်များကို ထည့်သွင်းပေးထားသည်။
အချုပ်အားဖြင့် ဆိုရသော် MT4 နှင့် MT5 ပလပ်ဖောင်းနှစ်ခုကြားတွင် oscillator တပ်ဆင်ခြင်းနှင့် စိတ်ကြိုက်ပြုပြင်လုပ်ဆောင်ခြင်းများဆိုင်ရာ ကွာခြားချက်မှာ မရှိသလောက်ပင်ဖြစ်သည်။
RSI ကုန်သွယ်မှု နည်းဗျူဟာ
ရေပန်းအစားဆုံး RSI ကုန်သွယ်မှုနည်းဗျူဟာများ
- horizontal and diagonal levels များကို တည်ဆောက်ပြီး ပေါ်ပေါက်လာသော ကုန်သွယ်မှုများတွင် ဝင်ရောက်ပါ။ အလားတူ ဈေးနှုန်းဇယား အဆင့်ကို တည်ဆောက်ရန် ကူညီထောက်ပံ့ပေးသည့် oscillator ရည်ညွှန်းချက်များနှင့် အညီ အဆင့်ကို ရေးဆွဲပါ၊ ညွှန်ပြချက်သည် အစောပိုင်းအချက်ပြမှုများကို ပေးပို့သည်နှင့်အမျှ breakout အမှတ်ကို ကြိုတင်သိရှိနိုင်သည်။
- အဝယ်လွန် - အရောင်းလွန် အဆင့်များ (OBOS). ဤ RSI ညွှန်ပြချက်ဗျူဟာသည် လမ်းကြောင်းအသစ်ဆုံချက်အမှတ်များကို ထောက်လှမ်းရန် အကြံပြုသည်။ ဈေးကွက် overheated ဖြစ်နေသောအခါတွင် လမ်းကြောင်းပြောင်းလဲသွားကာ အဝယ် သို့မဟုတ် အရောင်း အော်ဒါများ၏ ပမာဏများတွင် မညီမျှမှုများ ဖြစ်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် အညွှန်းကိန်းသည် အဝယ်လွန်ခြင်း သို့မဟုတ် အရောင်းလွန်ခြင်း ဇုန်များတွင် ရှိနေမည်ဖြစ်သည်။ အညွှန်းလိုင်းသည် အဆင့် 70 ထက်မြင့်သွားပါက၊ ပိုင်ဆိုင်မှုများ ဝယ်ယူခြင်းကို မလုပ်ဆောင်သင့်တော့ပါ။
အညွှန်းလိုင်းသည် အဝယ်လွန်ဇုန်တွင် ပြောင်းပြန်ဖြစ်သွားသည့် အချိန်နှင့် အခြားနောက်ထပ် အချက်ပြမှုအချို့တို့အရ short trade သို့ဝင်ရောက်သည်အထိ စောင့်ဆိုင်းသင့်ကြောင်း ဗျူဟာမှ ညွှန်းထားသည်။ ထို့အတူပင် အရောင်းလွန်ဇုန်သို့ရောက်နေသော အခါတွင်လည်း long trade သို့ဝင်ရောက်သည်အထိ စောင့်ဆိုင်းသင့်သည်။
- ကွဲပြားခြင်း သည် ညွှန်ပြချက်မျဉ်း ဈေးနှုန်းဇယားတွင် ဆန့်ကျင်ဘက်သို့ရောက်သွားသော အခါ ဖြစ်ပေါ်လာသည်။ ဤသည်မှာ မကြာမီအချိန်တွင် trend reversal ဖြစ်မည်ကို ဆိုလိုသည်။
- Failure swing သည် oscillator သည် M ပုံစံ သို့မဟုတ် W ပုံစံ လိုင်းဆွဲသောအခါ ဖြစ်ပေါ်လာသည်။ Pattern forms များပြီးနောက် လမ်းကြောင်းပြောင်းလဲပြင်ဆင်မှုများတွင် position တစ်ခုကို ဖွင့်ခြင်းဖြင့် အချက်ပြအဆင့်သည် break out ဖြစ်သွားမည်ဖြစ်သည်။
- Cardwell’s trend confirmations. ဤဗျူဟာသည် ဈေးနှုန်းလမ်းကြောင်းဦးတည်ရာသို့ ဆင့်ကဲပြောင်းလာသော အဆင့်များကို အသုံးချထားသည်။ ၎င်းတွင် ညွှန်ပြချက်သည် ပြောင်းပြန်ဖြစ်သွားပြီး အားကောင်းသောအဆင့်များဖြင့် ပြန်တက်လာအခါ အရောင်းအဝယ်ကို ဝင်ရောက်သင့်ကြောင်း အကြံပြုထားသည်။ uptrend အတွက် အဆင့်များသည် 40 နှင့် 80 ဖြစ်ပြီး downtrend အတွက် သည် 20 နှင့် 60 ဖြစ်သည်။
- Cardwell’s positive and negative reversals သည် inverse divergence နှင့် အတူတူပင်ဖြစ်သည်။
ထို့နောက်တွင် အထက်ဖော်ပြပါ Forex RSI ဗျူဟာများ နှင့် ရောင်းဝယ်ခြင်းဆိုင်ရာ အချက်ပြများကို လက်တွေ့ ဈေးကွက်မှ နမူနာများဖြင့် ရှင်းလင်းတင်ပြပေးပါမည်။
အရေးကြီးသည်မှာ Relative Strength Index ညွှန်ပြချက်တွင် ယေဘူယျအားဖြင့် ချို့ယွင်းချက် အနည်းငယ်ပါရှိသည်။ အချက်ပြမှုများသည် နောက်ကျတတ်ပြီး အညွှန်းကိန်းများသည် အမြဲပြောင်းနေရသည်။ ထို့ကြောင့် ၎င်းသည် အများအားဖြင့် ဖြည့်စွက်လားရာ အညွှန်းကိန်းများ၊ နည်းပညာဆိုင်ရာပုံစံများ စသည်တို့တွင် နောက်ထပ် အတည်ပြုပေးသည့် ကိရိယာတစ်ခုအဖြစ် လုပ်ဆောင်ပေးသည်။ oscillator အချက်ပြမှု တစ်ခုထဲဖြင့်သာ ကုန်သွယ်မှုများကို ဝင်ရောက်ခြင်း မပြုလုပ်ပါနှင့်။
အလားအလာရှိသော အရောင်း၊ အဝယ် အချက်ပြမှုများ
RSI အညွှန်းကိန်း သည် classical graphical analysis နှင့် ပေါင်းစပ်ထားသည်။
ဈေးနှုန်းအကျသည် အဆင့် 28 ရှိ ဈေးနှုန်းနှိုင်းယှဉ်အား၏ ရည်ညွှန်းချက်များနှင့် တိုက်ဆိုင်နေကြောင်း အောက်ဖော်ပြပါပုံတွင် ရှင်းရှင်းလင်းလင်း သိမြင်ရမည်ဖြစ်ပါသည်။ ဤနေရာတွင် လိုင်းသည် ဈေးနှုန်း အမှန်တကယ်ပြောင်းပြန်ဖြစ်သွားသည်ထက် စောပြီး ခုခံမှုအဆင့်ကို ဖြတ်သွားကာ breakout ကို ကြိုတင်အချက်ပြသည်ကို သတိပြုပါ။ ရည်ညွှန်းချက်များနှင့်အညီ တည်ဆောက်ထားသော အဆင့်ကို oscillator မှ ခွဲထုတ်လိုက်သောအခါ အရောင်းအချက်ပြမှုတစ်ခုကို ပေးပို့သည်ဖြစ်ပြီး ဥပမာတွင် အဆင့်သည် 28 ဖြစ်သည်။
နောက်ဥပမာတစ်ခုသည် MT4 မှဖြစ်ပြီး တစ်ခါတစ်ရံတွင် MT4 ဇယားသည် သမိုင်းအချက်အလက်များကို လေ့လာရန် ပို၍ အဆင်ပြေသည်။
အနီရောင်ဖြင့် ဘဲဥပုံအမှတ်များသည် အဆင့် 30 နှင့်တိုက်ဆိုင်သော အညွှန်း၏ ရည်ညွှန်းမှတ်များကို အမှတ်အသားပြုပါသည်။ ညွှန်ကိန်းသည် အဆင့် 30 ကိုဖြတ်သွားသောအခါ ကုန်သွယ်မှု အချက်ပြ တစ်ခုရှိလာပြီး ၎င်းသည် အစောပိုင်းအချက်ပြမှုတစ်ခုဖြစ်သည်။ Graphical analysis အရ ဝင်ရောက်မှုသည် အစိမ်းရောင်ဖြင့် စက်ဝိုင်းပုံစံအမှတ်အသားပြုထားသည့် နေရာတွင် ရှိနေမည်ဖြစ်သည်။
နည်းဗျူဟာဆိုင်ရာမှတ်စုများ
ကာလတိုအတွင်း ကုန်သွယ်မှု M15-M30
ကာလသည် 14 ထက်နည်းပြီး EURUSD အတွက် 9 ကိုအသုံးပြုခဲ့သည်။
Scroll သို့မဟုတ် အနုတ်လက္ခဏာကို အသုံးပြုပြီး ဇယားကို ချဲ့နိုင်သည်၊ ဤနည်းအားဖြင့် သတ်မှတ်ကာလကို ပြောင်းလဲခြင်းမရှိဘဲ ဇယားကွက်တွင် ပြသထားသော ကာလကို တိုးချဲ့ကြည့်ရှုနိုင်မည်ဖြစ်သည်။
အဝယ်လွန် - အရောင်းလွန် အဆင့်များ (OBOS)
အရောင်းလွန်-အဝယ်လွန် အဆင့်များ၏ relative strength index သည် အချက်ပြအဆင့်သည် 30 နှင့် 70 ဖြစ်သည်။ အညွှန်းမျဉ်းသည် ဤအဆင့်များထက်ကျော်လွန်သွားသောအခါ ၊ ဈေးကွက်သည် အဝယ်လွန်နေသည် သို့မဟုတ် အရောင်းလွန်နေသည်ဟု သတ်မှတ်နိုင်သည်။ ညွှန်ပြချက်လိုင်းသည် ဤဇုန်များတွင် ပြောင်းပြန်ဖြစ်သောအခါ၊ ၎င်းသည် လမ်းကြောင်း အသစ်သို့ ဦးတည်ချက်ပြောင်းလဲမှု သို့မဟုတ် နက်နဲသော တည့်မတ်မှုကို အချက်ပြနိုင်သည်။ သို့သော် လားရာသည် အောက်ဖော်ပြပါပုံများတွင် ကဲ့သို့ ဘေးတိုက် သွားနိုင်သေးသည်။
လိုင်းများ အပိုင်းအခြားသို့ ပြန်ရောက်သွားသည့်အခါ entry points များကို ရှာဖွေပါ-
- အစောပိုင်း အချက်ပြခြင်း - oscillator သည် အရောင်းလွန်ဇုန်တွင် တက်လာသည် သို့မဟုတ် အဝယ်လွန်ဇုန်တွင် ကျသွားသည်။
- မူလ အချက်ပြခြင်း - oscillator သည် အဆင့် 70 ကို ထိပ်မှ အောက်သို့ ခွဲထုတ်လိုက်သော အခါ၊ အရောင်းကို လုပ်ဆောင်ပါ၊ အကယ်၍ အဆင့် 30 ကို အောက်ခြေမှ အထက်သို့ ချိုးဖျက်ပါက အဝယ်ကို လုပ်ဆောင်ပါ။
EURUSD ငွေကြေးအတွဲနှင့် MT15 သတ်မှတ်ကာလအတွက် ထည့်သွင်းရမည့် ကန့်သတ်ချက် 14 ခုဖြင့် အချက်ပြ 4 ခုပေါ်လာသည်။
ပထမတစ်ခုသည် အားနည်းသွားသော်လည်း နောက်ဆုံးတွင် pullback သည် အဆုံးသတ်ကို ရောက်ရှိ သွားစေမည်မဟုတ်ဘဲ ကုန်သွယ်မှုတွင် အမြတ်အစွန်းထွက်ရှိလာနိုင်မည်ဖြစ်သည်။ ဒုတိယတစ်ခုသည် ပြည့်စုံသော ကုန်သွယ်မှုအချက်ပြတစ်ခုဖြစ်သည်။ တတိယတစ်ခုသည် မှားယွင်းနေပြီး စတုတ္ထတစ်ခုသည် မှန်သော်လည်း အားနည်းသည်။
မူရင်း ကန့်သတ်ချက်အဆင့်များဖြစ်သည့် 30 နှင့် 70 တို့ကို မဖြစ်မနေလိုက်နာရန် မလိုအပ်ပါ။ 5% စည်းမျဉ်းကို အသုံးပြုပါ။ လွန်ခဲ့သည့် သုံးလအတွင်း oscillator ၏ လွန်ကဲသောတန်ဖိုးများသည် 5% ထက်မပိုသောအပိုင်းများကို daily timeframe တွင်ရှာဖွေကြည့်ပါ။ ဤအဆင့်ကို ကုန်သွယ်မှုဇယား၏ သတ်မှတ်ကာလသို့ ရွှေ့ပြီး 5 to 10 bar တိုင်း၏ အဆင့်တန်ဖိုးများကို ပြန်လည်ပြင်ဆင်ပါ။
ဥပမာ
လွန်ခဲ့သည့် သုံးလအတွင်း အညွှန်းကိန်းသည် အရောင်းလွန်ဇုန်သို့ ဝင်ရောက်ထားခြင်းမရှိသည့် အတွက်ကြောင့် အဝယ်လွန်အဆင့်ကို 76 suits ဖြင့်သာ ရည်ညွှန်းမည်ဖြစ်ပါသည်။
Customs တွင် 76 ကိုသတ်မှတ်ပြီး အလုပ်လုပ်ချိန် သတ်မှတ်ခြင်းသို့ သွားပါ။ ကုန်သွယ်မှုများကို တူညီသော နိယာမအတိုင်း ထည့်သွင်းထားသည်။
အရောင်းလွန်၊ အဝယ်လွန်ဇုန်များ၏ အပြင်ဘက်သို့ရောက်သွားသောအခါ အညွှန်းကိန်းသည် strong level ကို ဖြတ်သွားသင့်သည်။
နည်းဗျူဟာဆိုင်ရာမှတ်စုများ
- အညွှန်းကိန်းလိုင်းသည် အချက်ပြအဆင့်ကို ဖြတ်သွားသောအခါ ဈေးနှုန်းသည် အညွှန်းကိန်းနှင့် တူညီသော လားရာသို့ရောက်သွားသောအခါ အရောင်းအဝယ်များကို ဝင်ရောက်သင့်သည်။ အကယ်၍ အညွှန်းကိန်းသည် လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်သို့ ဦးတည်နေပါက အချက်ပြမှုကို လျစ်လျူရှုပါ။
- 5% စည်းမျဉ်းကို တိတိကျကျလိုက်နာရန် မလိုအပ်ပါ။ လွန်ကဲအဆင့်များကို အမြင်အာရုံဖြင့် ခန့်မှန်းပြီး ကိရိယာတစ်ခုစီအတွက် အဆင့်များကို သီးခြားစီ ခွဲခြားသတ်မှတ်ပါ။
- လိုက်လျော ညီထွေမှုရှိအောင် ဆောင်ရွက်ပါ။ 5% စည်းမျဉ်းသည် အချက်ပြအရေအတွက်ကို လျှော့ချပေးသည်၊ သို့သော် အရောင်းအဝယ်များကို စောစောဝင်ရောက်သည်နှင့်အမျှ ၎င်းတို့သည် ပိုမို တိကျသည်ဖြစ်သည်။ မိမိအတွက် အသင့်တော်ဆုံး ကာလ၊ အဆင့်များ နှင့် အချက်ပြမှု အကြိမ်ရေတို့၏ ပေါင်းစပ်မှုကို ရှာဖွေပါ။
RSI ခြားနားချက်များ
အချက်အလက်ပေးပို့မှု နောက်ကျခြင်းကြောင့် အညွှန်းကိန်း နှင့် ဈေးနှုန်းဇယားသည် လားရာ ဆန့်ကျင်ဘက်သို့ ဦးတည်သွားသောအခါ ခြားနားချက်များ ဖြစ်ပေါ်လာသည်။ Relative Strenght Index သည် ဦးဆောင်ညွှန်ပြချက်ဖြစ်သောကြောင့် များသောအားဖြင့် နောက်ဆုံးရ အချက်အလက်များ ဈေးနှုန်းဇယားတွင် ဖော်ပြမှု နောက်ကျသည်။ ဈေးနှုန်းဇယားသည် လမ်းကြောင်းအသစ်တွင် ဆက်လက်တည်ရှိနေပြီး အချက်ပြလိုင်သည် ပြောင်းပြန်ဖြစ်နေပါက ၎င်းသည် ခြားနားချက်ဖြစ်သည်။ ခြားနားချက်သည် လမ်းကြောင်း ပြောင်းပြန်ဖြစ်ခြင်းကို အချက်ပြသည်။
ခြားနားချက်အမျိုးအစားများ
- Bullish - ဈေးနှုန်းများ ကျဆင်းလာပြီး အညွှန်းကိန်း အနိမ့်များ မြင့်တက်လာြခင်း။
- Bearish - ဈေးနှုန်းများ တက်လာပြီး အညွှန်းကိန်း အမြင့်များ ကျဆင်းလာခြင်း။
ခြားနားချက်အကြောင်းကို ဤ ခြုံငုံသုံးသပ်ချက် တွင် ပိုမိုလေ့လာနိုင်ပါသည်။ ခြားနားချက်သည် အောက်ပါ ဇယားတွင် ပြသထားသည့်အတိုင်းဖြစ်သည်။
အညွှန်းလိုင်းသည် အဝယ်လွန်/အရောင်းလွန်ဇုန်တွင် ရှိနေစဉ် ခြားနားချက်များဖြစ်ပေါ်လာသည့်အခါ အချက်ပြမှုသည် အားအကောင်းဆုံးဖြစ်သည်။ အချက်ပြမှု အားနည်းသော်လည်း သက်ဆိုင်ရာ ရွေ့လျားမှုသည် အနည်းဆုံး ခြားနားချက် အမြင့်/အနိမ့် တစ်ခုခုသည် အဆင့် 70 အထက် သို့မဟုတ် အဆင့် 30 အောက်တွင် ရှိနေသော အခါတွင်ဖြစ်သည်။
အထက်ဖော်ပြပါပုံသည် bullish divergence ကိုပြသသည်။ အဆင့်များကို အနိမ့်နှစ်ခုကိုဖြတ်၍ ဆွဲထားသည်၊ အညွှန်းလိုင်းသည် အဆင့် 30 အောက်ရှိ အနိမ့်များထဲမှ တစ်ခုသို့ရောက်သည်။ ခြားနားချက်ပြီးနောက် လားရာသည် ပြောင်းပြန်တက်သွားသည်။
နည်းဗျူဟာဆိုင်ရာမှတ်စုများ
- မည်သည့် သတ်မှတ်ကာလတွင်မဆို ခြားနားချက်ကို တွေ့နိုင်သည်။
- ဈေးနှုန်း အတက်၊ အကျနှင့် အညွှန်းဇယားများကို အမြင်အားဖြင့် တိုက်ဆိုင်လေ့လာသင့်သည်။
ဈေးနှုန်းသည် ညွှန်ပြချက်လိုင်း၏ လားရာဘက်သို့ ဦးတည်သွားချိန်တွင် ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ပါ။ အောက်ဖော်ပြပါပုံရှိ အဝင်အမှတ်သည် မြားဖြင့် အမှတ်အသားပြုလုပ်ထားသည့် ဘားတွင် ဖြစ်သည်။
RSI Failure Swing: Bullish & Bearish
RSI အညွှန်းကိန်း သည် Price Action ကုန်သွယ်မှုဗျူဟာများ နှင့် စုံလင်စွာ ပေါင်းစပ်ထားသည်။ ဈေးနှုန်းလုပ်ဆောင်ချက်ပုံစံများထဲမှ တစ်ခုမှာ Failure Swing ဖြစ်သည်။ ၎င်းသည် ယခင် swing ၏ သိသာထင်ရှားသော အမြင့် သို့မဟုတ် အနိမ့်၏ မှားယွင်းသော ခွဲထွက်မှုအပေါ်တွင် အခြေခံထားသည်။
အညွှန်းကိန်းသည် အဝယ်လွန်/အရောင်းလွန်ဇုန်များတွင် ရှိနေသောအခါ oscillator လိုင်းသည် ယခင် အမြင့်/အနိမ့်တို့ကို ကျော်ဖြတ်ရန် ကြိုးစားပြီးနောက် ၎င်းသည် အလယ်အလတ်အဆင့်သို့ ပြန်ရောက်သွားသည်။ RSI အဝယ်လွန်ဇုန်အတွက် ပုံစံသည် M နှင့်တူပြီး အရောင်းလွန်ဇုန်အတွက် ပုံစံသည် W ပုံစံဖြစ်သည်။
ဤတွင် M ပုံသဏ္ဍာန်ပုံစံရှိကြောင်းတွေ့နိုင်သည်။ အညွှန်းလိုင်းသည် RSI အဝယ်လွန်ဇုန်တွင် ထိပ်ကိုရောက်နေပြီး ၊ နောက် ပြန်ဆင်းသွားကာ အဆင့် 70 တွင် breaks out ဖြစ်သွားသည်။ ထို့နောက် ၎င်းသည် ထိပ်ကိုရောက်ရန် ထပ်မံကြိုးစားသော်လည်း ဒုတိယအမြင့်သည် အရှေ့တစ်ခုထက် နိမ့်ပြီး ရှင်းလင်းပြတ်သားခြင်းလဲ မရှိပေ။
ဝယ်သူသည် ပထမအမြင့်ကို ထပ်လုပ်ဆောင်မရပါ။ ဤသည်မှာ oscillator လိုင်း၏ ရွေ့လျားမှုသာမက trend character မှလည်း သိသာထင်ရှားစေပါသည်။ ပင်ဘားပုံစံဆွဲကာ ဈေးနှုန်းအထွတ်အထိပ်သို့ ချဉ်းကပ် လာသည်နှင့်အမျှ candlestick များ၏ ကိုယ်ထည်အရွယ်အစားများသည် သေးငယ် လာသည် ဖြစ်သည်။ လမ်းကြောင်း ပြောင်းပြန်ဖြစ်သွားသည့် အခိုက်အတန့်တွင် ကုန်သွယ်မှု တစ်ခုသို့ ဝင်ရောက် နိုင်ပြီ ဖြစ်ကြောင်း ကို အချက်ပြမှုများအားလုံးက ညွှန်ပြပေးမည်ဖြစ်သည်။
ဤနည်းလမ်းသည် swing trading နှင့် မည်သို့ ဆက်နွယ်သည်ဆိုသည်ကို ရှင်းပြပါမည်။ ဇယားကို ချဲ့ကြည့်ပါ။
ယခင်ပုံတွင်ဖော်ပြထားသော uptrend ၏ local high သည် downtrend ၏ဈေးနှုန်းပြင်ဆက်ချက်များထဲမှ တစ်ခုဖြစ်သည်။ Oscillator သည် ပြုပြင်မှုများ၏ အဓိကလမ်းကြောင်းသို့ ဈေးနှုန်းပြောင်းသွားသည့် အချိန်များကို မှတ်သား ကောက်ယူရန် အကူအညီပေးသည်။
နည်းဗျူဟာဆိုင်ရာမှတ်စုများ
- အချက်ပြမှုများကို အတည်ပြုရန် နောက်ထပ်အညွှန်းကိန်းများ လိုအပ်ပါသည်။
- ဒုတိယထိပ် (အောက်ခြေ)သည် ပထမတစ်ခုထက် ဝေးပါက၊ အချက်ပြအဆင့် broken out ဖြစ်သွားသောအခါတွင် အရောင်းအဝယ်တစ်ခုသို့ ဝင်ရောက်ပါ။
- အချက်ပြ အဆင့်တန်ဖိုးများမှာ 30 နှင့် 70 ဖြစ်ပြီး ၎င်းတန်ဖိုးများကို မပြောင်းသင့်ပါ။
- နိုင်ငံတကာဆိုင်ရာ ဦးတည်ချက်နှင့် ဆက်စပ်သော ဒေသန္တရလမ်းကြောင်းကို ခွဲခြားသတ်မှတ်ရန် ဇယား၏ စကေးကို ပြောင်းလဲပါ။
Cardwell ၏ လမ်းကြောင်းအတည်ပြုချက်များ
Andrew Cardwell သည် Wilder ၏နည်းနှင့် မတူကွဲပြားသော rsi trading strategy တစ်ခုကိုအကြံပြုခဲ့သည်။ ဥပမာအားဖြင့် ပုံမှန်အချက်ပြအဆင့် 30 နှင့် 70 အစား uptrend အတွက် 40 နှင့် 80 တန်ဖိုးများ၊ downtrend အတွက် 20 နှင့် 60 အစရှိသဖြင့် သီးခြားစီ စဉ်းစားရန် အကြံပြုထားခဲ့သည်။ သူဆိုထားသည်မှာ အားပြင်းသော uptrend တစ်ခုသည် RSI အဝယ်လွန်ဇုန်သို့ နောက်ပြန်မဆုတ်နိုင်သကဲ့သို့၊ အားကောင်းသာ downtrend တစ်ခုသည်လည်း RSI အရောင်းလွန်ဇုန်သို့ ရောက်နိုင်မည်မဟုတ်ဟူ၍ ဖြစ်သည်။
ထို့ကြောင့်၊ ညွှန်ပြချက်လိုင်းသည် ပံ့ပိုးမှုနှင့် ခုခံမှုအဆင့်များအဖြစ် လုပ်ဆောင်သည့် အဆင့် 40 နှင့် 60 ကြားတွင် ရွေ့နေသင့်သည်။ Cardwell ၏ လမ်းကြောင်းအတည်ပြုချက်များသည် ဤအဆင့်များမှ ဈေးနှုန်းများ ပြန်လည်တက်သွားသော အခါတွင် ဖြစ်သည်။
bullish and bearish trend တွင်ကုန်သွယ်ခြင်း
- bullish trend တွင် အညွှန်းလိုင်းသည် အများအားဖြင့် အဆင့် 40 နှင့် 80 ကြားတွင် ရှိနေတတ်သည်။ အဆင့် 40 သည် ခိုင်မာသောပံ့ပိုးမှုအဆင့်ဖြစ်ပြီး ဈေးနှုန်းသည် အဆင့် 40 မှပြန်တက်လာသောအခါ long position တစ်ခုကို ဖွင့်ရန် အချိန်အခါကောင်းဖြစ်သည်။
- bearish trend တွင် အညွှန်းလိုင်းသည် များသောအားဖြင့် အဆင့် 20 နှင့် 60 ကြားတွင် ရှိနေတတ်သည်။ အဆင့် 60 သည် အားကောင်းသော ခုခံမှုအဆင့်ဖြစ်ပြီး ဈေးနှုန်းသည် အဆင့် 60 မှ ပြန်ဆင်းလာသောအခါ ကာလတိုကုန်သွယ်မှုတစ်ခုကို လုပ်ဆောင်ရန် အချိန်အခါကောင်းဖြစ်သည်။
အထက်ဖော်ပြပါပုံတွင် မြင်တွေ့ရသည့်အတိုင်း လမ်းကြောင်း တက်လာသည်ကိုတွေ့ရပါသည်။ အညွှန်းလိုင်းသည် များသောအားဖြင့် အဆင့် 40 နှင့် 80 ကြားတွင်ရှိနေသည်။ အဆင့် 40 ကိုရောက်သည့် အခိုက်အတန့်တွင် အချက်ပြမှုနှစ်ခုစလုံးသည် အားကောင်းပြီး မှန်ကန်မှုရှိသည်။ uptrend တွင် အဆင့် 80 မှဈေးနှုန်း ပြန်တက်လာခြင်းကို ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်ရန် အချက်ပြမှုအဖြစ် မစဉ်းစားသင့်ကြောင်းကို သတိပြုပါ။
အထက်တွင် ဖော်ပြထားသောပုံတွင် ဈေးကွက်၏ အခြေအနေမှာ ရှင်းလင်းခြင်းမရှိပါ။ လမ်းကြောင်းသည် အကျဖြစ်နေသော်လည်း ဒုတိယတစ်ခုတွင် အဆင့် 65 မှ ဈေးနှုန်းပြန်တက်သွားသည်။
နည်းဗျူဟာဆိုင်ရာမှတ်စုများ
- bullish trend တွင် M30 မှစတင်သည့် သတ်မှတ်ကာလတွင် 14 လထက်မနည်းသော ကာလဖြင့် ပို၍ အရောင်းအဝယ်လုပ်နိုင်သည်။ ကာလသည် 9 လဖြစ်ပါက အညွှန်းကိန်းသည် အဆင့် 30 သို့ မကြာခဏကျဆင်းသွားပြီး ပျမ်းမျှအဆင့် 50 မှ ကျဆင်းသွားမည်ဖြစ်သည်။ အကယ်၍ ကာလကို လျှော့ချလိုက်ပါက မှားယွင်းသော အချက်ပြမှုများသည် 50% ထက်ပိုဖြစ်နေလိမ့်မည်။
- Cardwell အကြံပြုထားသော အဆင့်များကိုသာ အမြဲတစေ အသုံးမပြုသင့်ပါ။ သူသည် ယေဘူယျဆန်သော အကြံဥာဏ်တစ်ခုကိုသာ ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းကို သီးခြားသတ်မှတ်ကာလ နှင့် သက်ဆိုင်ရာ ငွေကြေးအတွဲတစ်ခုစီတို့တွင် လိုအပ်သလို ချိန်ညှိပြီး အသုံးချသင့်သည်။.
Positive & Negative Reversals
Positive and negative reversals များသည် Cardwell မှ အကြံပြုထားသည့် အခြားသော ကုန်သွယ်မှု နည်းလမ်းများ ဖြစ်သည်ပြီး ၎င်းတို့သည် direct divergence စည်းမျဉ်းကို မကြာခဏ လိုက်နာလေ့မရှိကြောင်း မှတ်ချက်ပြုထားသည်။ ဥပမာ- နောက် low တစ်ခုသည် ယခင်ပြင်ဆင်မှု၏ low ထက် ပိုမိုမြင့်မားနေသောအခါ positive reversal တစ်ခုဖြစ်ပေါ်လာသည်။
တစ်ချိန်ထဲမှာပင် oscillator ၏ နောက် low တစ်ခုသည် ယခင်ပြင်ဆင်မှု၏ low ထက် ပို၍ နိမ့်သွားသည်။ ဈေးနှုန်း နှင့် oscillator အရွေ့များအကြား ကွဲပြားနေသော်လည်း အနည်းငယ်ဈေးကျဆင်းပြီးနောက် ဈေးနှုန်း ဆက်လက်တက်သွားသည်။ ဤအခြေအနေကို inverse divergence ဟုခေါ်သည်။
negative reversal အတွက် ဤအခြေသည် ဆန့်ကျင်ဘက်အနေအထားတွင် ဖြစ်နေမည်။ အညွှန်းကိန်းသည် ပိုမိုမြင့်မားလာပြီး ဈေးနှုန်းကျသွားပါက ဈေးကွက်သည်လည်း ဆက်လက်ကျဆင်းနေမည်ဖြစ်သည်။
ဆန့်ကျင်ဘက် ဦးတည်ချက်ကုန်သွယ်မှု
- ဈေးနှုန်းတက်သွားကာ oscillator လိုင်း ကျဆင်းသွားပါက ဈေးနှုန်းတက်သွားပါလိမ့်မည်။
- ဈေးနှုန်းကျသွားပြီး oscillator လိုင်း တက်သွားပါက ဈေးနှုန်းသည် ကျသွားပါလိမ့်မည်။
အထက်ဖော်ပြပါပုံတွင် အနီရောင်မျဉ်းများသည် အမြင့်များကို အခြေခံ၍တွေ့ရှိရသည့် bearish divergence ကို အမှတ်အသားပြုပါသည်။ အစိမ်းရောင်လိုင်းများသည် Cardwell ၏ positive reversal အဆင့်များကို အမှတ်အသားပြုပါသည်။ အမြင့်ဆုံးကို ဖြတ်၍ဆွဲထားသော divergence သည် bearish divergence ကိုအချက်ပြရမည်ဖြစ်ပြီး ၎င်းနောက်တွင် price reversal ကျသွားရမည်ဖြစ်သော်လည်း ဈေးနှုန်းက ဆက်လက်မြင့်တက်နေခဲ့သည်။
နည်းဗျူဟာဆိုင်ရာမှတ်စုများ
- Cardwell ၏ အယူအဆများသည် Wilder အကြံပြုထားသည့် ကုန်သွယ်မှ သီအိုရီများ နှင့် မတူကွဲပြားနေသည်။ ဤသည်မှာ technical analysis များတွင် အများလက်ခံထားသော စည်းမျဉ်းများရှိကြောင်း သက်သေဖြစ်ပါသည်။
RSI Stock Screener
RSI Stock Screener သည် စတော့ရှယ်ယာ RSI နှင့် သက်ဆိုင်သည်ဟု အဓိပ္ပါယ်ရသည်။ oscillator ကို Forex ဈေးကွက်ကိုသာမက Forex ကုန်သွယ်မှုဆိုင်ရာ အချက်ပြမှုများကိုပါ လေ့လာဆန်းစစ်မှုပြုလုပ်ရာတွင် အသုံးပြုသည်။ Relative Strength Index (RSI) ကို ရေတိုရင်းနှီးမြုပ်နှံမှုများအတွက် အခြား securities များကို စတော့ဈေးကွက်တွင် ထောက်လှမ်းရာတွင်လည်း အသုံးပြုနိုင်သည်။
ကမ္ဘာ့စတော့ဈေးကွက်တွင် အစုရှယ်ယာပေါင်းများစွာကို ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ရင်းနှီးမြုပ်နှံမှုအတွက် စတော့ကို ရွေးချယ်ရန် နည်းလမ်းများထဲမှ တစ်ခုမှာ stock screener ဖြစ်သည်။
stock screener ဆိုသည်မှာ securities များနှင့် သက်ဆိုင်သည့် အချက်အလက်များကို ပံ့ပိုးပေးသည့် ခွဲခြမ်းစိတ်ဖြာပေးသည့် ပလပ်ဖောင်းတစ်ခုဖြစ်သည်။ screeners ၏အားသာချက်များမှာ မည့်သည့် ကန့်သတ်ချက်ကို မဆိုအခြေခံ၍ အစုရှယ်ယာများကို အမျိုးအစားခွဲရန် နှင့် ဒါဇင်နှင့် ချီသောအုပ်စုများဖွဲ့၍ လေ့လာဆန်းစစ်ခြင်းကို လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ screener သည် ဝက်ဘ်ဆိုက်တစ်ခု နှင့် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အချက်အလက်ပေါ်တယ်၏ အစိတ်အပိုင်း နှစ်ခုလုံးဖြစ်နိုင်သည်။
စတော့ရှယ်ယာများတွင် RSI ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ filter ပြုလုပ်မည့် ကန့်သတ်ချက်များထဲမှ တစ်ခုသည် နည်းပညာပိုင်းဆိုင်ရာ အညွှန်းကိန်းများ၊ ဥပမာ RSI စတော့ အညွှန်းကိန်း များ ဖြစ်သည်။ ရင်းနှီးမြုပ်နှံသူများသည် လက်ရှိတွင် အဝယ်လွန်နေသော သို့မဟုတ် အရောင်းလွန်နေသော စတော့ရှယ်ယာများကို ရှာဖွေပြီး ပိုမိုလေးနက်သော ခွဲခြမ်းစိတ်ဖြာမှုများကို လုပ်ဆောင်သင့်သည်။ paper တစ်ခုကို ရောင်းခြင်း သို့မဟုတ် ဝယ်ခြင်းမှ အမြတ်ရနိုင်မည်လားကို သိလာနိုင်ပါလိမ့်မည်။
Screeners ဥပမာများ
1. ရင်းနှီးမြုပ်နှံခြင်း။ ၎င်းသည် built-in ပါရှိသော ခွဲခြမ်းစိတ်ဖြာမှုများအတွက် ပေါ်တယ်ဖြစ်သည်။
- ပင်မမီနူးတွင် Instruments -Stock Screener တက်ဘ်ကို ဝင်ရောက်ပါ။
- ပွင့်လာသော ဝင်းဒိုးတွင် ကန့်သတ်ချက်များ (နိုင်ငံ ၊ လဲလှယ်မှု ၊ ကဏ္ဍစသည်ဖြင့်) စိတ်ကြိုက် သတ်မှတ်ပါ။
- သတ်မှတ်ချက်များ ဝင်းဒိုးတွင် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို ရွေးချယ်ပြီး လိုအပ်သော ကိရိယာ (RSI) ကိုနှိပ်ပါ၊ ထို့နောက် RSI အဝယ်လွန်ဇုန်အတွက် တန်ဖိုးများကို သတ်မှတ်ပါ။
အောက်ပါစာရင်းတွင် amazon ရှယ်ယာများပါရှိသည်။ LiteFinance ကုန်သွယ်မှုတာမင်နယ်ကို ဖွင့်လိုက်သည်။
ဤနေရာတွင် အချက်အလက်အားလုံး မှန်ကန်ပါသည်။ screener ၏ကျေးဇူးကြောင့် စတော့ရှယ်ယာ ဇယားအားလုံးကို ပြန်လည်ပြင်ဆင်ရန် မလိုအပ်တော့ပါ။ အခြား အညွှန်းများ နှင့် သတ်မှတ်ချက်များကိုလည်း filter ပြုလုပ်နိုင်ပါသေးသည်။
ရင်းနှီးမြုပ်နှံမှု၏ အားနည်းချက်မှာ 1D သတ်မှတ်ကာလတွင် ကာလ 14 လဖြင့်သာ RS အညွှန်းကိန်းဖြင့်သာ စတော့ရှယ်ယာများကို ရွေးချယ်နိုင်သည်။
2. Finviz သည် ငွေကြေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအတွက် နောက်ထပ်ပေါ်တယ်တစ်ခုဖြစ်သည်။ ၎င်းတွင် ပိုမိုများသော filter ကန့်သတ်ချက်များကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော် ဤ screener သည် US စတော့ရှယ်ယာဈေးကွက်တစ်ခုထဲကိုသာ ခွဲခြမ်းစိတ်ဖြာမှုလုပ်ဆောင်ပေးသည်။
အောင်မြင်သော RSI ကုန်သွယ်မှုဗျူဟာ၏ ဥပမာ
Forex ကုန်သွယ်မှုတွင် RSI ကို အသုံးပြုခြင်း၊ ဥပမာအနေဖြင့် သတ်မှတ်ကာလ M5 တွင် EURZAR ငွေကြေးအတွဲကို ယူပါမည်။ အမြတ်အများဆုံးရအောင်လုပ်မည့်အစား အမြတ်အစွန်းရှိတဲ့ ကုန်သွယ်မှုတစ်ခုကို ဘယ်လိုဝင်ရောက်ရမလဲဆိုသည့် နည်းလမ်းကို သရုပ်ပြပါမည်။
အထက်ဖော်ပြပါ ဇယားကို လေ့လာဆန်းစစ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
- Downtrend သည် အားကောင်းသာ ခုခံမှုအဆင့်ကို ချိုးဖျက်လိုက်ပါသည်။ ဇယားကို ချဲ့ကြည့်ပါက ဈေးနှုန်းများသည် ဆယ်ရက်ကျော်ကျော်လောက်အထိ နက်နက်နဲနဲ ကျဆင်းသွားသည်ကို တွေ့ရမည်ဖြစ်သည်။
- ဤငွေကြေးအတွဲကို ရောင်းဝယ်ရန်အတွက် ကာလ 14 နှင့် အချက်ပြအဆင့် 30 နှင့် 70 ရှိသော Relative Strength Index
- ၎င်းနေရာတွင် W ပုံစံဖြင့် failure swing ပုံစံစတင်ဖြစ်ပေါ်လာသည်။
အချက်ပြမှုများစွာကို ထည့်သွင်းစဉ်းစားကြည့်ကာ ဈေးနှုန်းသည် မကြာမီတွင် ပြောင်းပြန်ဖြစ် သွားနိုင်ဖွယ် ရှိကြောင်း တွေ့ရသည်။ ခုခံမှုအဆင့်သည့် ပြတ်တောက်သွားပြီး ညွှန်ပြချက်လိုင်းသည် အဝယ်လွန်ဇုန်သို့ ဝင်ရောက်သွားပြီး ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။ ဤတွင် လမ်းကြောင်းပြောင်းပြန်ဖြစ်သွားခြင်းကို မျှော်လင့်ပြီး ညွှန်ပြချက်လိုင်းသည် အဆင့် 30 အောက်မှ ခွဲထွက်သောအချိန်တွင် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်လိုက်သည်။
ယခုတွင် မေးခွန်းထုတ်ရန်မှာ ဘယ်အချိန်တွင် position ကို ပိတ်သင့်သနည်း။ ဤအတွက်အဖြေမှာ အညွှန်းကိန်းသည် အဆင့် 50 အထိရောက်သည်အထိ စောင့်ဆိုင်းသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် အားကောင်းသော uptrend အသစ်တစ်ခု၏ အစလည်းဖြစ်လာနိုင်သည်ဟု ယူဆနိုင်သောကြောင့် ဖြစ်သည်။
စတော့ရှယ်ယာများတွင် Cardwell ၏ RSI အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ဈေးနှုန်းမြင့်တက်မှုသည် ဆက်လက်ကျဆင်းနေသော လမ်းကြောင်းအတွင်းတွင် local correction တစ်ခုဖြစ်နိုင်သည်။ ထို့ကြောင့် လမ်းကြောင်းပြောင်းပြန် ဖြစ်သွားခြင်း၏ ပထမလက္ခဏာတွင် ကုန်သွယ်မှုကို စွန့်စားပြီး ထွက်ခွာခြင်း မပြုလုပ်သင့်ပါ။
အပေါ်မှ ဆုံးဖြတ်ချက်သည် မှန်ကန်သွားခဲ့သည်။ local correction အပြီးတွင် လမ်းကြောင်းသည် ပြန်လည်ကျဆင်းသွားခဲ့သည့်အပြင် ၎င်း local correction ပြုလုပ်နေသည့်အချိန်တွင် အမြတ်ရလိုက်သည် (ပုံတွင် မြားဖြင့် အမှတ်အသားပြထားသည်)။
RSI ကုန်သွယ်မှုသည် အချိန်တိုအတွင်းတွင် အမြတ်အစွန်းအနည်းငယ်ကိုရရှိစေခဲ့သည်။ ဤသည်မှာ scalping နည်းဗျူဟာ၏ ဥပမာတစ်ခုဖြစ်ပါသည်။
RSI oscillator ကို လမ်းကြောင်းသစ်၊ ချန်နယ်အညွှန်းကိန်းများ သို့မဟုတ် ဂရပ်ဖစ်ပိုင်းခွဲခြမ်းစိတ်ဖြာရုံ သာမက အခြားသော oscillator များနှင့်လည်း ပေါင်းစပ် အသုံးပြုနိုင်သည်။ ဥပမာ- rsi trading strategy Triple confirmation ဖြစ်သည်။
၎င်းသည် RSI ၊ CCI နှင့် stochastic တို့ပေါင်းစပ်မှုအပေါ်တွင် အခြေခံသည်။ ကိရိယာသုံးမျိုးလုံး၏ အချက်ပြမှုများ တိုက်ဆိုင်သောအခါ ကုန်သွယ်မှုသို့ဝင်ရောက်သင့်သည်။ အချက်ပြမှုများသည် ရှားပါးသော်လည်း ၎င်းတို့၏ တိကျသေချာမှုမှာ 80% ထက်ပိုသည်။
Relative Strength Index (RSI) အမေးများသောမေးခွန်းများ
၎င်းသည် လမ်းကြောင်းခိုင်မာမှုနှင့် လမ်းကြောင်းပြောင်းပြန်လှန်နိုင်ခြေကို ညွှန်ပြသည့် oscillator တစ်ခုဖြစ်သည်။ ၎င်းသည် စျေးနှုန်းရွေ့လျားမှုနှင့် အရှိန်အဟုန်ကို တိုင်းတာသည်။ စျေးနှုန်းရွေ့လျားမှု အတက်၊အကျ အားကောင်းလေ၊ ညွှန်ပြချက်လိုင်းသည် လွန်ကဲသောအဆင့် 100 သို့မဟုတ် 0 သို့ ပိုနီးစပ်လေဖြစ်သည်။ oscillator သည် လမ်းကြောင်းပြောင်းပြန်လှန်ရန် ဖြစ်နိုင်ခြေအရှိဆုံးဖြစ်သည့် RSI အဝယ်လွန်ဧရိယာ နှင့် အရောင်းလွန်ဧရိယာကို သတ်မှတ်ပါသည်။
၎င်းသည် ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် လမ်းကြောင်းသစ်အား ညွှန်ပြသည်။ အညွှန်းတန်ဖိုး ကြီးလေလေ၊ အားကောင်းလေလေ လမ်းကြောင်းတက်လေ ဖြစ်သည်။ အညွှန်းကိန်းသည် အဝယ်အလွန်ဇုန်သို့ 70% ထက်ကျော်လွန် တက်လာပါက၊ market overheated ဖြစ်သွားသည်ကို ဆိုလိုပြီး လမ်းကြောင်းသည် ဘေးတိုက်သွားရမည် သို့မဟုတ် မကြာမီ ကျဆင်းသွားရမည်ဖြစ်သည်။ အလားတူပင် ၎င်းသည် bear market အတွက် သက်ဆိုင်သော်လည်း ဤဈေးကွက်တွင် ပြောင်းပြန်ဖြစ်သည်။
- သတ်မှတ်ကာလ တိုလေလေ၊ အချိန် နည်းပါးလေဖြစ်သည်။ ကာလ 14 ဖြင့် နေ့ချင်းညချင်း ဗျူဟာတစ်ခုကို စတင်စမ်းသပ်သင့်သည်။
- အညွှန်းလိုင်းသည် RSI အဝယ်လွန်ခြင်း သို့မဟုတ် အရောင်းလွန်ဇုန်အပြင်ဘက်သို့ ထွက်သွားပါက၊ လမ်းကြောင်းသည် မကြာမီ ပြောင်းပြန်ဖြစ်နိုင်သည်ဟု ဆိုလိုသည်။ ဤဇုန်များအတွင်း အလယ်အလတ်သို့ ပြောင်းပြန်လှန်ခြင်းသည် အတည်ပြုအချက်ပြမှုတစ်ခုဖြစ်သည်။
- ညွှန်ကိန်းနှင့် စျေးနှုန်းဇယား၏ ကွဲလွဲမှုသည် မကြာမီ လမ်းကြောင်းပြောင်းပြန်လှန်ခြင်းကို အချက်ပြသည်။
- 5% စည်းမျဉ်း။ ညွှန်ပြသည့်လိုင်းသည် လွန်ခဲ့သောသုံးလအတွင်း အချိန်၏ 5% အောက်သာရှိသော နေ့စဉ်အချိန်ဘောင်တွင် အဆင့်တစ်ခုသတ်မှတ်ပါ။
- သတ်မှတ်ကာလ တိုလေလေ၊ အချိန် နည်းပါးလေဖြစ်သည်။ ငွေကြေးအတွဲကိုမသက်ဆိုင်ဘဲ နာရီအလိုက်ဇယားတစ်ခုနှင့် RSI အညွှန်းကိန်းကာလ 14 ဖြင့် စတင်စမ်းသပ်ပါ။ အချိန်ကို လျှော့ချပါ၊ သတ်မှတ်ကာလကို လျှော့ချပါ။
- အညွှန်း၏ အတက်/အကျသည် စျေးနှုန်းလွန်ကဲသောအချက်များနှင့် တိုက်ဆိုင်စေရန်အတွက် ကာလကိုရွေးချယ်ပါ။
relative strength index (RSI) သည်သီးခြားကာလတစ်ခုအတွင်း အနီးကပ်စျေးနှုန်းများကို နှိုင်းယှဉ်သည်။ မြင့်တက်နေသော candlestick ၏အပိတ်စျေးနှုန်းများ စုစုပေါင်းတန်ဖိုးသည် ကျဆင်းနေသော bars များထက် ပိုနေပါက၊ oscillator line သည် တက်လာပါသည်။ တိုးလာနေသော candlestick များ ပိုရှည်လေလေ၊ အဆင့် 100 သို့ oscillator သည် ပိုမိုနီးကပ်လေလေဖြစ်သည်။ candlestick များ ပြုတ်ကျခြင်းသည် အဆင့် 0 နှင့် အလားတူပင်ဖြစ်သည်။
အကောင်း သို့မဟုတ် အဆိုး အညွှန်ကိန်းများ ဟူ၍ မရှိပါ။ အချို့သောကုန်သည်များသည် နည်းပညာကိရိယာများကို ထိရောက်စွာအသုံးမပြုနိုင်ပါ။ RSI နည်းပညာဆိုင်ရာညွှန်ပြချက်အတွက်လည်း အလားတူပင်ဖြစ်သည်။ ပရော်ဖက်ရှင်နယ် ကုန်သည်တစ်ဦးသည် RSI နှင့်ကုန်သွယ်မှုပြုပါက၊ ကုန်သွယ်မှုစွမ်းဆောင်ရည်သည်ကောင်းမွန်လိမ့်မည်။ အကြံဉာဏ်တစ်ခု ပေးလိုသည်မှာ LiteFinance သရုပ်ပြအကောင့်တွင် RSI အရောင်းအ၀ယ်လေ့ကျင့်ပါ၊ oscillator ကို ပုံစံများ နှင့် အခြားအညွှန်းများဖြင့် ပေါင်းစပ်ရန် ကြိုးစားပါ။ ၎င်းကို အသုံးပြုပုံကို သင်သိသောအခါ RSI အညွှန်းကိန်းသည် ကောင်းသောညွှန်ပြချက်ဖြစ်လာမှာ သေချာပါသည်။
ဘာကိုမှဝယ်ဖို့ အလျင်စလိုမလုပ်ပါနဲ့။ ဤကိရိယာသည် MT4 နှင့် MT5 ပလပ်ဖောင်းများတွင်သာမက LiteFinance ကုန်သွယ်မှုဂိတ်များတွင်ပါရှိသော စံတူကိရိယာတစ်ခုဖြစ်သည်။ အခပေး Relative Strength Index အညွှန်းဗားရှင်းကို သင်ဝယ်လိုပါက၊ အရာအားလုံးကို ကျော်လွန်စဉ်းစားပါ။
အခပေး oscillator သည် အခမဲ့ဗားရှင်းထက် ပိုကောင်းမည်မဟုတ်ပါ။ လူကြီးမင်း၏ပိုက်ဆံကို အရင်ချွေတာဖို့ အကြံပြုလိုပါတယ်။ RSI ညွှန်ကိန်းကို ဝယ်ယူလိုသေးပါက၊ အချက်အလက်ပေါ်ရှိ ဆော့ဖ်ဝဲလ်ရေးသားသူ၏ စမ်းသပ်မှုရလဒ်များမှ ရရှိသော စမ်းသပ်မှုရလဒ်များကို တွေ့ရပါမည်။
မည်သည့်အချိန်မဆို ဖြစ်နိုင်ပါသည်။ အချက်ပြမှုများ၏ တိကျမှန်ကန်မှုသည် ကန့်သတ်ဘောင် များစွာ၏ပေါင်းစပ်မှု (ကုန်သည်စိတ်တိုင်းကျ ပြင်ဆင်မှု၊ သတ်မှတ်ကာလ၊ ကုန်သွယ်မှုပိုင်ဆိုင်မှု၊ လက်ရှိ မတည်ငြိမ်မှု) အပေါ် မူတည်သည်။ ဗျူဟာများထဲမှ တစ်ခုသည် သတ်မှတ်ကာလများစွာတွင် အရောင်းအဝယ်ဖြစ်ခြင်းကို အကြံပြုသည်။ တိုတောင်းသောအချိန်ဘောင်တွင် အချက်ပြမှုများကို အတည်ပြုသောအခါ၊ သင်သည် ကာလတိုကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်သောအခါတွင် ရေရှည်ဇယားတစ်ခုတွင် ယေဘူယျအခြေအနေကို ပိုင်းခြားစိတ်ဖြာသင့်သည်။
သို့သော် အချိန်ကာလအပိုင်းအခြားသည် ပိုတိုလေဖြစ်ပြီး စျေးနှုန်းမငြိမ်သက်မှုကြောင့် မှားယွင်းသောအချက်ပြမှုများ ပိုများလာသည်။ သို့သော် အချက်ပြမှုများသည် မကြာခဏဆိုသလို ဖြစ်နေသည်။
ဆိုလိုသည်မှာ ဖော်မြူလာတွင် အပိတ်စျေးနှုန်းများကို အသုံးပြုထားသည့် နောက်ဆုံး candlestick 50 နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းလှုပ်ရှားမှု၏ အားကောင်းမှုကို ပြသသည်ဟု ဆိုလိုသည်။ RSI အညွှန်းကိန်း တွက်ချက်မှုဖော်မြူလာသည် နောက်ဆုံးဘား 50 ၏စျေးနှုန်းပြောင်းလဲမှုကို ထည့်သွင်းစဉ်းစားပြီး 50 သည် ညွှန်ပြသည့်ကာလဖြစ်သည်။ ကာလပိုရှည်လေ၊ အညွှန်းကိန်းသည် စျေးနှုန်းအပြောင်းအလဲအတွက် တုံ့ပြန်မှုပို၍ နှေးလေဖြစ်ပြီး ၎င်းမှ ပေးပို့သော entry signals နည်းပါးလေဖြစ်သည်။
ကာလကို လျှော့ချပါက ညွှန်ပြချက်၏ အာရုံခံနိုင်စွမ်း တိုးလာသော်လည်း မှားယွင်းသော အချက်ပြမှု အရေအတွက်လည်း တိုးလာပါသည်။ အချက်ပြမှုများ၏ ကြိမ်နှုန်းနှင့် ၎င်းတို့၏ ထိရောက်မှု အကောင်းမွန်ဆုံးဖြစ်မည့် သမိုင်းအချက်အလက်များအရ အဆိုပါကာလကို ရွေးချယ်သင့်သည်။
၎င်းသည် စျေးကွက်အခြေအနေနှင့် ကိုယ်ပိုင်ကုန်သွယ်မှုစတိုင်အပါအဝင် အခြားအချက်များပေါ်တွင် မူတည်သည်။ oscillator နှစ်ခုစလုံးသည် ဖြစ်နိုင်ချေရှိသော pivot အဆင့်များပါရှိသော အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ဇုန်များကို ညွှန်ပြသည်။
မတည်ငြိမ်မှုအဆင့်အရ၊ oscillator stochastic သည် အချို့နေရာများတွင် ပိုမိုတိကျမည်ဖြစ်ပြီး RSI သည် အခြားအချိန်များတွင် ပိုမိုထိရောက်မည်ဖြစ်သည်။ ဇယားတွင် oscillator နှစ်ခုလုံးကို ပူးတွဲနိုင်အသုံးပြုနိုင်သည်။ MT4 အတွက် အခမဲ့ ပုံစံသည် အင်တာနက်ပေါ်တွင် ရှိနေသော Stochastic RSI ကို မွမ်းမံထားသော ဗားရှင်းကိုလည်း သုံးနိုင်သည်။
ဒါဟာ ကုန်သည်ရဲ့ပုဂ္ဂိုလ်ရေးကုန်သွယ်မှုစတိုင်အပေါ် မူတည်ပါသည်။ နှစ်ခုလုံးကို စမ်းကြည့်ပြီး မည်သည့်ကိရိယာက သင်၏ ကုန်သွယ်မှုဗျူဟာ၏ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်နှင့် သင့်အတွက် ပိုမိုအဆင်ပြေစေသည်ကို ကြည့်ရှုပါ။ အကောင်းမွန်ဆုံးဆက်တင်များကို ရှာဖွေကာ သရုပ်ပြအကောင့်တစ်ခုတွင် oscillator နှစ်ခုလုံးကို စမ်းသပ်ပါ။ RSI နှင့် MACD နှစ်မျိုးလုံးကို အသုံးပြုသည့် စနစ်တစ်ခုကို တီထွင်ပါ။
ကုန်သွယ်မှုများကို ထည့်သွင်းပြီး ရလဒ်များကို ကုန်သွယ်မှုဂျာနယ်တွင် ချရေးပါ။ MT4 ဗျူဟာစမ်းသပ်မှု ရှိ အညွှန်းနှစ်ခုလုံးဖြင့် မဟာဗျူဟာကို လုပ်ဆောင်ပါ။ လုပ်ထုံးလုပ်နည်းများကို ပြုပြင်မွမ်းမံခြင်းလုပ်ဆောင်ပါ။ အဆုံးစွန်သော စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်သောအခါတွင် မည်သည့်ကိရိယာက သင့်အတွက် ပိုကောင်းသနည်း၊ အကောင်းဆုံးဆက်တင်များဖြစ်သည်ကို သင်တွေ့လိမ့်မည်။
ဆိုလိုသည်မှာ ညွှန်ပြချက်သည် နောက်ဆုံး candlestick 14 ခုကို ပိုင်းခြားစိတ်ဖြာကြောင်း ဆိုလိုသည်။ 14 သည် အညွှန်း RSI ကာလဖြစ်သည်။ 14 ကာလသည် မည်သည့်အချိန်ဘောင်အတွက်မဆို အကောင်းဆုံးဖြစ်ကြောင်း Wilder က ရေးသားခဲ့သည်။ သို့သော်၊ စံပြုထားသော ကိရိယာများမရှိပါ၊ စျေးကွက်သည်အဆက်မပြတ်ပြောင်းလဲနေသည်။
ထို့ကြောင့်၊ သမိုင်းဒေတာတွင် မတူညီသောကာလများကို စမ်းသပ်ပြီး အချိန်ကာလအပိုင်းအခြားနှင့် လက်ရှိ မတည်မငြိမ်ဖြစ်မှုတို့ကို ထည့်သွင်းစဉ်းစားရန် ငွေကြေးအတွဲတစ်ခုစီအတွက် ၎င်းကို ရွေးချယ်ရန် အကြံပြုအပ်ပါသည်။
RSI Forex ကုန်သွယ်မှုဗျူဟာများ အကျဉ်းချုပ်
စာပိုဒ်အနည်းငယ်ဖြင့် နိဂုံးချုပ်ပါမည်။
- Relative Strength Index သည် trend Strength ကို တိုင်းတာသည့် ဦးဆောင်ညွှန်ပြချက်တစ်ခုဖြစ်သည်။ ဝင်ရောက်မှု အချက်ပြမှုများကို အတည်ပြုရန် ၎င်းကို အသုံးပြုသည်။
- အညွှန်းတန်ဖိုးသည် 0 မှ 100 အတွင်း အကွာအဝေးတွင် ပြောင်းလဲပါသည်။ မူရင်းအချက်ပြအဆင့်များမှာ 30 နှင့် 70 ဖြစ်သည်။ အဆင့် 30 နှင့် 0 ကြားတွင် စျေးနှုန်းအပိုင်းသည် အရောင်းလွန်သောဇုန်ဖြစ်သည်။ 70 နှင့် 100 အကြားအကွာအဝေးသည် RSI အဝယ်လွန်သောဇုန်ဖြစ်သည်။
- ညွှန်ကိန်းသည် မည်သည့်အချိန်ဘောင်တွင်မဆို အလုပ်လုပ်ပါသည်။ မူရင်းကာလသည် 14 ဖြစ်သည်။ မိနစ်အချိန်ဘောင်များအတွက်၊ သင်သည် ကာလတစ်ခုအား 5၊ 7၊ 9 ဟု သတ်မှတ်နိုင်သည်။ နေ့စဥ်အချိန်ဘောင်အတွက်၊ ကာလသည် 25 ဖြစ်သည်။
- RS အညွှန်းမှ ပေးပို့သော သိသာထင်ရှားသော အချက်ပြမှုများ။
- အဝယ်လွန်ဇုန်တွင် ပြောင်းပြန်လှန်ခြင်းနှင့် အထက်မှအဆင့်ကို ဖြတ်ကျော်ခြင်းသည် တိုတောင်းသောအနေအထားသို့ ဝင်ရောက်ရန် အချက်ပြမှုဖြစ်သည်။ RSI အရောင်းလွန်ဇုန်တွင် ပြောင်းပြန်လှန်ခြင်းနှင့် အောက်မှအဆင့် 30 ကိုဖြတ်ကျော်ခြင်းသည် ရှည်လျားသောဝင်ရောက်မှုကို အချက်ပြသည်။
- ကွဲပြားခြင်း။ အညွှန်းလိုင်းနှင့် စျေးနှုန်းဇယားသည် ဆန့်ကျင်ဘက်သို့ ဦးတည်နေသည်။ ၎င်းသည် မကြာမီ လမ်းကြောင်းပြောင်းခြင်းကို အချက်ပြသည်။
- ငွေကြေးအတွဲတစ်ခုစီနှင့် အချိန်ကာလအလိုက် ချိန်ညှိထားသော အချက်ပြအဆင့်များ၏ တန်ဖိုးများ။ ဆက်တင်များသည်-:
- အဆင့် 40 နှင့် 80 သည် တိုးတက်မှုလမ်းကြောင်းအတွက်ဖြစ်သည်။ အဆင့် 20 နှင့် 60 သည် ကျဆင်းနေသောလမ်းကြောင်းအတွက်ဖြစ်သည်။
- 5% စည်းမျဉ်း။ ညွှန်ပြချက်မျဉ်းသည် လွန်ခဲ့သောသုံးလအတွက် အချိန်၏ 5% ထက် မပိုသော နေ့စဉ်အချိန်ဘောင်တွင် ထိုသို့သောအဆင့်ကို သင်သတ်မှတ်ထားသည်။
- စျေးကွက်အခြေအနေအရ အရောင်းအ၀ယ်မှထွက်သင့်လျှင်ထွက်ပါ။ အောက်ပါ ကိစ္စများတွင် သင်သည် positon ကို ပိတ်လိုက်သင့်သည် ။
- ညွှန်ပြချက်လိုင်းသည် 30 နှင့် 70 ကြား အကွာအဝေးတွင် ရုတ်ခြည်းပြောင်းပြန်သွားသောအခါ။
- ညွှန်ကိန်းသည် ပျမ်းမျှအဆင့် 50 (conservative strategy) သို့ရောက်ရှိသောအခါ။
- အဆင့် 50 သို့ရောက်သောအခါ၊ သင်သည် position တစ်ဝက်ကို ပိတ်လိုက်သည်။ ကျန်သော အနေအထားကို အရင်းကြေသည့်အနေအထားတွင် ရပ်တန့်ခြင်းဖြင့် ကာကွယ်ထားပြီး oscillator သည် ဆန့်ကျင်ဘက် အချက်ပြအဆင့် (ပြင်းထန်သော ကုန်သွယ်မှု) သို့ ရောက်ရှိသောအခါ ပိတ်ပါသည်။
- ပြောင်းပြန်ပုံစံတစ်ခုပေါ်လာသည်။
- စျေးနှုန်းသည် အမြတ်ယူသည့်အဆင့်သို့ ရောက်ရှိသည်။
ယခု၊ သင်သည် RSI ကုန်သွယ်မှုသီအိုရီတွင် ကျွမ်းကျင်သူဖြစ်လာသောအခါ၊ ၎င်းကို သရုပ်ပြအကောင့်တွင် စမ်းသုံးရန် အချိန်တန်ပြီဖြစ်သည်။ သင်သည် မှတ်ပုံတင်ခြင်းပြုလုပ်စရာမလိုဘဲ ဒီမိုအကောင့်ကို ဖွင့်နိုင်သည်။ LiteFinance ပင်မစာမျက်နှာ၏ထိပ်တွင်၊ “Beginners အတွက် – သရုပ်ပြအကောင့်ဖွင့်ပါ” tab ကိုနှိပ်ပါ။ သင့်တွင် LiteFinance Client Profile မရှိသေးပါက၊ ၎င်းကိုဖွင့်ရန် အကြံပြုပါသည်။
သင့်ကိုယ်ရေးကိုယ်တာပရိုဖိုင်ကို အသုံးပြုပုံအသေးစိတ်အကျဉ်းချုပ်ကို ဤ နေရာ တွင် ဖတ်ရှုလေ့လာနိုင် ပါသည်။ LiteFinance အိမ်မက်အကောင်အထည်ဖော်ြခင်း တွင် သင်ပါဝင်နိုင်သေးကြောင်း သတိပေးလိုပါသည်။ LiteFinance တွင်စာရင်းသွင်း မှတ်ပုံတင်ပါ၊ အရောင်းအ၀ယ်ပြုလုပ်ပါ၊ သင့်ကိုယ်သင် ယုံကြည်မှုရှိပါ၊ သင်အောင်မြင်ပါလိမ့်မည်။ မေးခွန်းတွေရှိသေးရင် comment မှာရေးသားထားပေးခဲ့ပါက ဝမ်းမြောက်ဝမ်းသာ ပြန်လည်ဖြေကြားပေးမည်ဖြစ်ပါသည်။
အရောင်းအဝယ်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

























































