အမျိုးမျိုးသော နည်းပညာဆိုင်ရာအညွှန်းများ၊ candlesticks နှင့် chart ပုံစံများသည် စတင်လေ့လာသူများ အတွက် ရောထွေးနိုင်ဖွယ်ရှိပါသည်။ သို့သော် ထိုအသုံးပြုကိရိယာများသည် ကုန်သည်တို့၏ ရောင်းဝယ်မှု ပုံစံကို လွယ်ကူရှင်းလင်း၍ တိုးတက်ကောင်မွန်လာစေရန် ပံ့ပိုးပေးနိုင်သည်။ ဥပမာအားဖြင့် volume indicators သည် သင့်ကို ရေတိုနှင့်ရေရှည်ကာလနှစ်ခုလုံးအတွင်း စျေးမတည်ငြိမ်မှုကို ဆုံးဖြတ်နိုင်စေသည်။
OBV၊ MFI၊A/D၊ VWAP နှင့် Chaikin Oscillator သည် ပညာရှင်ကုန်သည်များအတွက် ထင်ရှားကျော်ကြားသော လူကြိုက်အများဆုံး volume indicator များထဲမှ အချို့ဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့သည် မည်သည်ကို ညွှန်းဆိုပါသနည်း? Volume indicators များသည် မည်သည့် ကုန်သွယ်မှုလက္ခဏာ များကို ပြသပေးနိုင်ပါသလဲ?
Volume indicators သည် စျေးကွက်အတွင်းပါဝင်သူများအား ငွေကြေးစီးဆင်းမှုလားရာနှင့် ထိုလှုပ်ရှားမှုအရ စျေးနှုန်းတုံ့ပြန်ချက်တို့ကို အမြင်ဖြင့် စောင့်ကြည့်စစ်ဆေးရန် ကူညီပေးသည်။ ထိုကိရိယာများကို အသုံးပြုခြင်းဖြင့် စျေးကွက်အတွင်းပါဝင်သူများသည် ပိုင်ဆိုင်မှုတစ်ခု၏ငွေ ပေါ်လွယ်သော အနေအထားများ နှင့် သတ်မှတ်နေရာများ ကို ဆုံးဖြတ်နိုင်ပါသည်၊ ထိုသည်မှာ ကုန်သွယ်မှုအဆုံးအဖြတ်များ ချမှတ်ရာတွင် မြန်ဆန်စေပါသည်။ Volume indicators သည် စျေးနှုန်းကစဥ့်ကလျားဖြစ်သော အမှတ်များကို ပြသပြီး ဈေးကွက်ထဲတွင် ရှိရင်းစွဲစျေးလမ်းကြောင်းများကို အခိုင်အမာဖြစ်ပေါ်စေသည်။
ဤဆောင်းပါးတွင် သင့်၏ ကုန်သွယ်မှုနည်းဗျူဟာထဲသို့ ထို indicators များကို ပေါင်းစပ်သုံးပုံနှင့် သင့်၏အမြတ်ရနိုင်ချေများ တိုးမြှင့်နည်းတို့ကို လေ့လာရပါလိမ့်မည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
အဓိကအချက်များ
ဝေါဟာရ | ရှင်းလင်းဖော်ပြချက် |
ပင်မသဘောတရား | Volume indicators သည် ရောင်းလိုအားနှင့် ဝယ်လိုအား၊ ဈေးနှုန်းနှင့် အရောင်းအဝယ် ပမာဏ မတည်ငြိမ်မှုတို့၏ ဆက်စပ်မှု၊ ငွေပေါ်လွယ်သော အဝယ်/အရောင်း စျေးတန်းများနှင့် ပိုမိုအလေးထားသင့်သော စျေးပြောင်းပြန်ဖြစ်ပွားရာအမှတ်များ ကို ဆုံးဖြတ်ရာ တွင် ကုန်သည်များအား အထောက်အကူ ပြုသည်။ |
Volume indicators ၏အနက်ဖွင့်ဆိုချက် | လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်မှု လုပ်ဆောင်ချက် (သို့) အတိအကျအားဖြင့် အရောင်းအဝယ်ပြုလုပ်သောစာချုပ်ရေပမာဏ တို့၏ အချက်အလက်ကို ဖော်ပြပေးသော အသုံးချကိရိယာများ ဖြစ်သည်။ |
စျေးကွက်အပေါ် အကျိုးသက်ရောက်မှု | Volume indicatorsသည် ဝယ်သူနှင့် ရောင်းသူတို့၏ ဆောင်ရွက်ချက်ကို ပြသပါ သည်။ တနည်အားဖြင့် ထိုသည်မှာ စျေး မတည်ငြိမ်မှု နှင့် စျေးကွက်အနေအထား တို့အပေါ် သက်ရောက်မှုရှိသည်။ |
Volume indicators ကိုသုံး၍ ကုန်သွယ်ခြင်း ကို မည်သို့လုပ်ဆောင်ပါသလဲ | အချက်ပြမှုတစ်စုံတစ်ရာကို အတိအကျ သိနိုင်စေရန်အတွက် Volume indicators ကိုအခြားနည်းပညာဆိုင်ရာ စစ်တမ်း ကိရိယာများနှင့်အတူ တွဲဖက် အသုံးပြုသင့် သည်။ ကုန်သွယ်ခြင်းတွင် စျေးတက်မှု (သို့) စျေးကျမှု တို့မတိုင်မီ ကြိုတင်အသိပေးချက်ကို ကုန်သည်များ လက်ခံရရှိပါသည်။ |
ညွှန်းဆိုချက်များပေါ်တွင် ပမာဏများကို ခွဲခြားဖော်ထုတ်ခြင်း | စည်းမျဥ်းအရ အညွှန်းတန်ဖိုးများတွင် ပြေပြစ်စွာ မြင့်တက်မှု(သို့)ကျဆင်းမှုများရှိ သကဲ့သို့ တဟုန်ထိုးအတက်အကျများလည်း ရှိသည်။ |
Volume indicator တန်ဖိုးများ၏ လက္ခဏာ ရပ်များ | Indicators များ၏လက္ခဏာရပ်များထဲမှတစ်ခု မှာ ခြားနားချက်ဖြစ်ပေါ်လာမှုဖြစ်သည် (ညွှန်း ဆိုချက် တန်ဖိုးများနှင့် ဈေးနှုန်းတို့ ကြားရှိ ကွဲလွဲချက်) ၊ ထိုသည်မှာ ဦးတည်ချက် တစ်ခု ထဲတွင် ဖြစ်ပေါ်လာနိုင်သည့် ပြင်းထန်သော စျေးနှုန်းလှုပ်ရှားမှုကို အချက်ပြမှု အဖြစ်လည်း အသုံးချနိုင်သည်။ |
Volume Indicators ကို အသုံးပြုသော ကုန်သွယ်မှုနည်းဗျူဟာများ | သင့် ၏ chart ထဲသို့ volume indicatorတစ်ခု ကို ပေါင်းထည့်လိုက်ပါ။ ထိုအနေအထား အဆင့်ကို စျေးနှုန်းဇယားအတွင်းရှိ မျဥ်းများနဲ့ နှိုင်းယှဥ်ပါ။ စျေးနှုန်းသည် လားရာတစ်ဖက် ထဲတွင် ထိုအဆင့်ကို ဖောက်ကျော်ပါက တူညီသောလားရာတွင် ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ပါ။ |
Volume indicators ကို အသုံးပြုခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ | Volume indicators သည် ပိုင်ဆိုင်မှု၏ ဆောင်ရွက်ချက်ကို အတည်ပြုနိုင် ရေးအတွက် အစွမ်းထက်အသုံးဝင်သော ကိရိယာများ ဖြစ်သည်၊ သို့သော် နောင်လာမည့် အဓိကကျသောစျေးလှုပ်ရှားမှုကို ကြိုတင် ဆုံးဖြတ်ရန် အတွက် အမြဲတမ်း မဖြစ်နိုင်ပါ။ |
သတ်မှတ်အချိန်ကာလများ | မတူညီသောအချိန်သတ်မှတ်ချက်များပေါ်တွင် volume indicatorsကို အသုံးပြုနိုင်ပါသည်၊ သို့သော် ၎င်းသည် ကြာမြင့်သော သတ်မှတ်အချိန်ကာလများပေါ်တွင် ပို၍ တိကျသော အချက်ပြမှုများကို ပေးစွမ်းပါ သည်။နေ့တွင်းချင်းရောင်းဝယ်ချိန်တွင် ကုန်သည်များ သည် volumes ကို သုံးစွဲနိုင်ပါသည်၊ သို့သော် စျေးလမ်းကြောင်း မူမမှန်မှုများကြောင့် ကြီးမားသော စွန့်စား မှုတစ်စုံတစ်ရာကို ကြုံတွေ့နိုင်သည်။ |
Stop loss သတ်မှတ်ရာနေရာများ | Stop loss နေရာကို တိုးပွားလျက်ရှိ သောကုန်သွယ်မှုပမာဏ၏ အချက်အချာကျ နေရာများနှင့် ငွေပေါ်လွယ်သောဇုန်များ၏ အောက်(သို့) အထက်တွင် ထားရှိကြသည်။ |
ကုန်သွယ်မှုပြုလုပ်ရာတွင် အကောင်းဆုံးသော Volume Indicator များ
လူကြိုက်အများဆုံးနှင့် အကောင်းဆုံးသော volume indicator ကို ကြည့်ကြပါစို့ ။ စျေးကွက်အတွင်းရှိအဖွဲ့ဝင် များသည် Forex စျေးကွက် နှင့် ဒစ်ဂျစ်တယ်ငွေကြေး ၊ ကုန်စည်လုပ်ငန်း နှင့် ကုန်စည်စျေးကွက်များအားလုံး အတွင်း မည်သည့်သတ်မှတ်အချိန်ကာလတွင်မဆို ၎င်းတို့ကို အသုံးပြုနိုင်သည်။
အောက်တွင် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ကုန်သွယ်မှု နည်းဗျူဟာများ အတွင်း အသုံးပြုသော volume indicator များဖြစ်ပါသည်။
On Balance Volume (OBV) သည် ရှေးကျသော အညွှန်း ကိရိယာ တစ်ခုဖြစ်ပြီး ၎င်းသည် chart အတွင်း စျေးပြောင်းလဲမှုများနဲ့ ဆက်စပ်နေသည်။ ထိုအရာသည် တိကျသောအချိန်ကာလတစ်ခု၌ ဈေးနှုန်းပေါ်တွင် ရောင်းဝယ်မှုပမာဏချိန်ညှိမှု နှင့် ၎င်းတို့၏သက်ရောက်မှုတို့ကို ပြသပေးပါသည်။
Money Flow Index (MFI) သည် ပိုင်ဆိုင်မှုအတွက် အသုံးပြုသောငွေအဝင်နဲ့ငွေအထွက်တို့၏ ပြောင်းလဲမှုအင်အားကို ပြသသည်။ စျေးကွက်အတွင်းရောင်းဝယ်မှုပမာဏကို ဆန်းစစ်သည့်အချက် မှလွဲ၍ ၎င်းသည် RSI နဲ့ ဆင်တူသည်။
Accumulation/Distribution (A/D) သည် ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် ရောင်းလိုအား နှင့်ဝယ်လိုအား အဆင့်ကို ပြသသည်။ ထိုအညွှန်းသည် ဈေးနှုန်းနှင့်ကုန်သွယ်မှုပမာဏတို့၏ ပြောင်းလဲမှုများအကြား ဆက်စပ်နေပုံကို ဆုံးဖြတ်ရာတွင် စျေးကွက်အတွင်းပါဝင်သူများအား အထောက်အကူပြုပါသည်။
Volume-Weighted Average Price (VWAP) သည် ရောင်းဝယ်မှုပမာဏ၏ပျမ်းမျှတန်ဖိုးအား ထည့်သွင်းစဥ်းစားထားသော သတ်မှတ်အချိန်ကာလအတွင်းရှိ ပျမ်းမျှဈေးနှုန်းကို ဖော်ပြပါသည်။
Chaikin Oscillator သည် trend direction (စျေးလမ်းကြောင်းလားရာ) ၏ တွန်းအား၊ စျေးတန်းပြောင်းပြန်ဖြစ်မှု နှင့် စျေးအတက်အကျပြင်းထန်လာမှု၏ အမှတ်အသားများ ကိုပြသပါသည်။
ထို volume indicator များကို ပို၍အသေးစိတ် ကြည့်ကြပါစို့။
On-Balance Volume (OBV)
OBV indicator ကို Joseph Greenville မှ ၁၉၆၃ ခုနှစ် တွင် တီထွင်ခဲ့ပါသည်။ သူသည် “New Key to Stock Market Profits” စာအုပ်ထဲတွင်း ၎င်းကို ဦးစွာပထမဖော်ပြခဲ့ပါသည်။ Greenville အရ ဈေးကွက်ကိုလှုပ်ရှားစေသည့် အခြေခံကျသောတွန်းအားသည် ကုန်သွယ်မှု ပမာဏ ဖြစ်ပါသည်။ စျေးကွက် အတွင်း ရောင်းဝယ်မှုအင်အားသည် ကုန်သွယ်မှုတစ်ခုမဖွင့်မီ ကုန်သည်များနှင့်ရင်းနှီးမြှပ်နှံသူများ အလေးထားသင့်သည့် အဓိကကျသော အတိုင်းအတာဖြစ်သည်။
OBVသည် ပိုင်ဆိုင်မှုတစ်ခုအတွင်းရှိ ငွေသားစီးဆင်းမှုအင်အားကို ဆုံးဖြတ်ပေးသည်။ ထို indicator ကို အသုံးပြုပုံမှာ:
Chart ထဲတွင် candle အသစ်တစ်ခုသည် ယခင်ရှိနေသောတစ်ခုထက် ပိုမိုမြင့်မားစွာ ပိတ်ပါက ထို candle ၏ ပမာဏကို ဆပွားပမာဏအားလုံး (total cumulative volume) ထဲသို့ ပေါင်းထည့်ပါ။
နောက်ထပ် candle တစ်ခုသည် လက်ရှိ candle ၏ အောက်နားတွင် နီးကပ်စွာ ပိတ်ပါက ဆန့်ကျင်ဘက်အားဖြင့် စုစုပေါင်းပမာဏ (total volume) ထဲမှ နှုတ်ပါ။
ဆပွားတန်ဖိုးစုစုပေါင်း (accumulated total) ကို curve chart ထဲတွင် အပေါင်း(သို့) အနှုတ်တန်းဖိုးအနေဖြင့် ပြသပါသည်။
ထို indicator အခြေခံထားသည့် အရင်းခံနိယာမမှာ chart အတွင်းစျေးပြောင်းလဲမှုများသည် OBV indicator ပေါ်တွင်တန်ဖိုးပြောင်းလဲမှုများ၏ ရှေ့ပြေးအကြိုဖြစ်သည်။ Greenville ၏ အဆိုအရ chart အတွင်း သိသာသော ဈေးအတက်အကျများမပါရှိသော ဈေးကွက်ပမာဏ၏တဟုန်ထိုးပြောင်းလဲမှုသည် ပိုင်ဆိုင်မှုဈေးနှုန်းတွင် နောင်လာမည့်ပြင်းထန်သောလှုပ်ရှားမှုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ ထိုနိယာမကို အသေးစားကုန်သည်များသည် ပိုင်ဆိုင်မှုများကို ရောင်းထုတ်နေစဥ် စျေးကွက်တွင်းကြီးစိုးသူများသည် ဝယ်ယူမှုများကို စုပုံလာစေသည့် အကြောင်းရင်းဖြင့် ရှင်းပြထားပါသည်။
လွယ်ကူရိုးရှင်းစွာဆိုရပါက အင်အားကြီးစျေးကွက်ကစားသူတစ်ယောက်သည် ပိုင်ဆိုင်မှုတစ်ခုကို ထပ်ခါစုဆောင်းပြီး ထိုကာလ၌ စျေးနှုန်းများသည် ဘေးတိုက်အနေအထားဖြင့် ရွေ့လျားချိန်တွင် ကုန်သွယ်မှုပမာဏသည် မြင့်တက်လာပါသည်။ အင်အားကြီးစျေးကွက်ကစားသူများသည် သာမန်ရိုးကျ ဝယ်ခြင်း(သို့) ရောင်းခြင်းတို့ကို လုံလောက်စွာ စီမံစုဆောင်းပြီးသည်နှင့် တပြိုင်နက် ထိုသြဇာရှိ ကုန်သည်များ၏ စုဝေးထားသော ရည်မှန်းစျေးတန်းပစ်မှတ်ပေါ်မူတည်၍ စျေးတဟုန်ထိုး တက်မှု(သို့) ကျမှုများ ဖြစ်ပေါ်လာပါသည်။
Money Flow Index (MFI)
MFI indicator ကို ဦးစွာ ၁၉၇၈ ခုနှစ် တွင် John Welles Wilder ၏ စာအုပ်အတွင်းရှိ New Concepts in Technical Trading Systems ၌ ဖော်ပြခဲ့ပါသည်။ ထို technical indicator သည် သတ်မှတ်အချိန်ကာလ အတွင်း ပိုင်ဆိုင်မှုတစ်ခုထဲသို့ ပုံအောထည့်သွင့်ထားသော ငွေအင်အားပမာဏ၏လှုံဆော်ပြောင်းလဲမှုများကို ကုန်သည်များနှင့်ရင်းနှီးမြှုပ်နှံသူများ ခြေရာခံနိုင်စေရန် လုပ်ဆောင်ပေးသည်။
ထို indicator တန်ဖိုးသည် 0 မှ 100 ထိသို့ ပြောင်းလဲပြီး ၎င်းသည် ကုန်သည်များအား bulls နှင့် bears မှ စျေးနှုန်းပေါ်တွင် အဝယ်နှင့်အရောင်းတွန်းအားကို ဆုံးဖြတ်နိုင်စေသည်။ MFI ၏ ပင်မအသုံးဝင်မှုမှာ chart အတွင်းရှိ အလွန်အကျွံ့ရောင်းဝယ်သောနေရာများရှိ စျေးတန်းများနှင့် ပိုင်ဆိုင်မှု၏ စျေးပြောင်းပြန် ဖြစ်နိုင်ချေအမှတ်များကို စိစစ်ခွဲခြားရာတွင် ကုန်သည်များအား ကူညီဆောင်ရွက်ပေးပါသည်။
ထို့အပြင် ထို indicator သည် ကုန်သွယ်မှုပမာဏနှင့် စျေးတန်းကြားရှိ ကွာခြားချက်ကို ဖော်ပြသည်၊ ထိုသည်မှာ ရင်းနှီးမြှုပ်နှံမှုအတွက် နောင်ဖြစ်လာနိုင်သည့် ဈေးလမ်းကြောင်းသွေဖယ်မှု နှင့် ကွဲလွဲချက် တို့ဖြစ်ပါသည်။ စည်းမျဥ်းအရ ပညာရှင်ကုန်သည်များသည် MFI ကို သတ်မှတ်အချိန်ကာလ H1 နှင့် အထက်တွင် သုံးကြသည်။
မှတ်သားထားသင့်သည်မှာ အားကောင်းနေသောစျေးလမ်းကြောင်းတစ်ခု အတောအတွင်း ထို indicator တန်ဖိုးများသည် အချိန်ကြာမြင့်စွာ လွန်ကဲစွာအရောင်းအဝယ်များသော သတ်မှတ်နယ်မြေထဲတွင် တည်မြဲနေတတ်သည်။ မမှန်ကန်သောအချက်ပြုမှုများကို ရှောင်ရှားရန် အောက်ပါများကို ဆောင်ရွက်ပါ။
စျေးနှုန်းသည် ရောင်းလိုအားများပြားသောဇုန်အထက်သို့ ဖောက်ကျော်ပြီးနောက် indicator တန်ဖိုးများ စတင်မြင့်တက်လာချိန်တွင် ဝယ်ယူမှုများကို ပြုလုပ်ပါ။ ထိုသည်မှာ ရင်းနှီးမြှုပ်နှံမှုထဲရှိ ကောင်းမွန်သောငွေသားလည်ပတ်မှုကို ညွှန်းဆိုပါသည်။
အလားတူနည်းလမ်းဖြင့် ဆန့်ကျင်ဘက်လားရားအတိုင်းတွင်သာ အရောင်း ပြုလုပ်ပါ။ စျေးနှုန်းသည် ဝယ်လိုအား အမြောက်အများရှိသောနေရာ၏အောက်ဘက်သို့ ဖြတ်ကျော်သွားသည်မှာ ပိုင်ဆိုင်မှုထဲမှ ရင်းနှီးထားမှုများ အထွက်များ၍ လျော့နည်းလာခြင်းကို ဆိုလိုပါသည်။
Candlestick နှင့် chart patterns ကဲ့သို့သော အခြား နည်းပညာဆိုင်ရာ အညွှန်းကိရိယာများ နှင့်ယှဥ်တွဲ၍ သုံးပါ။
Accumulation/Distribution (A/D)
A/D indicator ကို ကုန်သွယ်မှုပမာဏအား ဆုံးဖြတ်နိုင်စေရန် ရေးဆွဲထားပါသည်။ ၎င်းကို မူလအစတွင် စတော့စျေးကွက်အတွက် ချဲ့ထွင်ပြောင်းလဲခဲ့သည်။ သို့သော် စျေးကွက်အတွင်းလှုပ်ရှားသူများသည် နောက်ပိုင်းတွင် အခြားဈေးကွက်များထဲရှိ A/D ကို တားဆီးကာကွယ်ရေးကိရိယာအဖြစ် စတင် အသုံးပြုလာခဲ့သည်။
A/D indicator သည် OBV indicator နှင့် ဆင်တူသည်ကို အလေးထားသင့်ပါသည်။ ထိုသည်မှာ ရွေးချယ်ထားသော အပိုင်း၏အနိမ့်အမြင့်နှင့် အပိတ်စျေးနှုန်းတို့၏ သဟဇာတဖြစ်မှုပေါ်အခြေပြု၍ ပိုင်ဆိုင်မှု အတွင်းသို့ ရင်းနှီးငွေအဝင်နှင့် အထွက်တို့ကိုလည်း ပြသပါသည်။
ထို A/D indicator သည် စျေးနှုန်းပြဇယားပေါ်တွင် အောက်ပါ အချက်ပြမှုများနှင့် အထောက်အထားများကို ပေးစွမ်းပါသည်။
အညွှန်းတန်ဖိုးတိုးမြင့်လာခြင်းသည် အတက်ဘက်သို့ပြောင်းလဲရွေ့လျားမှုကို အခိုင်အမာ ပြဆိုပါသည်။
အညွှန်းတန်ဖိုးကျဆင်းလာခြင်းသည် လမ်းကြောင်းအောက်ဘက်သို့ဦးတည်မှုကို အတည်ပြုခြင်းဖြစ် သည်။
ပိုင်ဆိုင်မှုအတွက် bearish divergence ဖြစ်ပေါ်မှုသည် အဆင်းဘက်လမ်းကြောင်းပြောင်းပြန် ဖြစ်နိုင်ချေကို အသိပေးမှုအနေဖြင့် လုပ်ဆောင်ပေးသည်။ ပိုင်ဆိုင်မှုပေါက်စျေးများ တိုးမြင့် နေသော်လည်း indicator (ညွှန်းဆိုချက်) တန်ဖိုးများမှာ ထိုလမ်းကြောင်းကို အတည်မပြုသော အခြေအနေသည် လမ်းကြောင်း၏အဆင်းဘက်သို့ပြောင်းသွားနိုင်မှုကို ရည်ညွှန်းနေခြင်းပင် ဖြစ်သည်။
Bullish divergence တစ်ခုဖြစ်ပေါ်မှုသည် ဝယ်ယူမှုများပြုလုပ်နိုင်ကြောင်းကို အချက်ပြခြင်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု၏ ပေါက်စျေးများကျဆင်းသော်လည်း indicator ၏ လှုပ်ရှားမှုသည် ထိုအရာကို အတည်ပြုခြင်းမရှိသော အခြေအနေသည် အတက်ဘက်သို့လမ်းကြောင်းပြောင်းလဲမှုကို ပြဆိုပါသည်။
Volume Weighted Average Price (VWAP)
VWAP ကို VWAP အတိုင်း တွက်ချက်ပါသည်၊ ၎င်းသည် ကုန်သွယ်မှုပမာဏပေါ်အခြေခံ၍ ပိုင်ဆိုင်မှုတစ်ခု၏ ချိန်ဆထားသောပျမ်းမျှစျေးနှုန်းကို ဆုံးဖြတ်ပေးသည်။ SMA သည် သေချာသောကာလအပိုင်းအခြားများ အတွင်းရှိ ပျမ်းမျှစျေးတန်ဖိုးအတိအကျပုံစံကို ပြသသော ညွှန်းဆိုချက် တစ်ခု ဖြစ်သည်။
Volume Weighted Average Price indicator သည် SMA နှင့် အလားတူပင် အချက်ပြမှုများကို ပေးစွမ်းပါသည်။
စျေးတန်းအတက်လမ်းကြောင်းတစ်ခုအတောအတွင်း ပိုင်ဆိုင်မှုတန်ဖိုးသည် indicator lines (ညွှန်းဆိုမှုပြမျဥ်းများ) ၏ အထက်တွင်ရှိပါသည်။
အဆင်းလမ်းကြောင်းတွင် ရောင်းဝယ်ထားသောရင်းနှီးမြှုပ်နှံမှုများ၏ ပေါက်စျေးသည် Volume Weighted Average စျေးနှုန်းမျဥ်း၏ အောက်တွင် ရှိသည်။
VWAP သည် ထပ်တိုးစျေးလမ်းကြောင်းအတည်ပြုမှုတစ်ခု အဖြစ် ဆောင်ရွက်ပါသည်။ ၎င်းသည် chart နှင့် candlestick patterns ကဲ့သို့ SMA နှင့်အတူ ပေါင်းစပ်အသုံးပြုနိုင်ပါသည်။ ထို indicator သည် စျေးနှုန်းပြန်ကန်ထွက်မှုတစ်ခုကို မျှော်မှန်းထားသင့်သည့် ပြောင်းလဲမှုမြန်သောအဝယ်(သို့)အရောင်း စျေးတန်း အဖြစ် ဆောင်ရွက်ပေးပါသည်။ Volume Weighted Average Price သည် ဈေးလမ်းကြောင်းများ စိစစ် ထုတ်ဖော်ရေးတွင် ပံ့ပိုးနိုင်သည်ကို မှတ်သားထိုက်ပါသည်။
ပိုမိုသင့်တော်သော ရလဒ်များ ရရှိစေရန် အောက်ပါ တန်ဖိုးများကို သတ်မှတ်ပါ။
time period: 20
source: (Max + Min)/2.
Chaikin Money Flow Oscillator
Chaikin Oscillator ကို ၁၉၇၀ ခုနှစ် အစောပိုင်းအတွင်းတွင် တီထွင်ဆန်းသစ်ခဲ့သည်။ ၎င်းသည် လူကြိုက်များသော A/D (Accumulation/Distribution) indicator ၏ တည်ဆောက်မှုအပေါ် အခြေခံထားသည်။ A/D indicator ပေါ် အခြေပြု၍ ထို oscillator တိုင်းတာမှုကိရိယာသည် 3 EMA နှင့်10 EMA ကြားရှိ ကွာခြားချက်ကို တွက်ချက်သည်။
EMAသည် exponential moving average တစ်ခု ဖြစ်ပြီး ၎င်းသည် SMA အတိုင်းမဟုတ်ဘဲ မကြာသေးမီအချိန်အတွင်း ပိုင်ဆိုင်မှုတန်ဖိုးများပြောင်းလဲမှုများနှင့် ပိုမိုကိုက်ညီမှုရှိစေရန် မွမ်းမံပြင်ဆင် ပေးသည်။ EMA သည် နောက်ဆုံးထွက်ပေါ်လျက်ရှိသောစျေးနှုန်းများအပေါ်တွင် ပို၍အလေးထားသတ်မှတ် ထားပြီး ၎င်းသည် စျေးမတည်ငြိမ်မှုများကို ပြေပြစ်သွားစေရန်အတွက် ကူညီပေးသည်။
Chaikin oscillator သည် ကုန်သွယ်မှုပမာဏနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုလည်း ထည့်သွင်းစဥ်းစားထားသည်။ ထိုသည်မှာ ရောင်းဝယ်သူများအား ထွက်ပေါ်လာသည့်ကွဲလွဲချက်များကို သုံးခြင်းဖြင့် ဖြစ်နိုင်ချေရှိသော စျေးနှုန်းသွေဖည်မှုအချက်ပြများကို ခြေရာခံနိုင်စေသည်။ ဈေးကွက်မြင့်တက်နေသော အနေအထားအတွင်းတွင် chart ပေါ်ရှိ oscillator တန်ဖိုးနှင့် စျေးနှုန်းတို့ကြား ကွဲလွဲချက်အပေါင်းတန်ဖိုးသည် ရောင်းထုတ်ရန် အချက်ပြနေခြင်း ဖြစ်သည်။ ထို့နောက်တွင် စျေးကျနေသောအနေအထားတွင်းရှိ ကွာခြားချက်အနှုတ်တန်ဖိုးသည် ဝယ်ယူရန်ကို ပြဆိုနေပါသည်။
ဆန့်ကျင်ဘက်လားရာထဲသို့ ဦးတည်နေသော အချက်ပြများနှင့်ယှဥ်ပါက oscillator လမ်းကြောင်း၏ လားရာထဲမှ အချက်ပြများသည် ပိုမိုယုံကြည်စိတ်ချရသည်ကို မှတ်သားထားသင့်သည်။ ကုန်သွယ်မှု ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုများပေါ်တွင် ပိုမိုတိကျသောအချက်အလက်များရရှိရေးအတွက် Chaikin oscillator ကို RSI (သို့) Stochastic တို့နှင့်အပြင် Bollinger Bands indicator ဖြင့်လည်း တွဲဖက်သုံးရန် ပို၍သင့်တော်ပါသည်။
ကုန်သွယ်မှုပမာဏစစ်တမ်း၏ သဘောတရားများ
ငွေကြေးဈေးကွက်အတွင်းရှိ ခေတ်သစ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုပမာဏကို စိစစ်ခွဲခြားရန် နည်းလမ်းပေါင်း မြောက်များစွာရှိပါသည်။ ကုန်သွယ်ခြင်းတွင် ကုန်သွယ်မှုပမာဏကိုလေ့လာခြင်းအား အထူးအလေးထားသည်မှာ ၎င်းတို့သည် ငွေကြေးဈေးကွက်ကိုအခြေခံသော ဝယ်လိုအားနှင့် ရောင်းလိုအားကြားရှိ ဆက်နွယ်မှုကိုပြသ သောကြောင့်ဖြစ်သည်။
ပြည့်စုံကောင်းမွန်သော ကုန်သွယ်မှုပမာဏစစ်တမ်းသည် ဈေးတဟုန်ထိုးတက်မှုနှင့်ကျမှုအခြေအနေများ နှင့်အညီ ထပ်မံပြောင်းလဲသွားသည့်ပိုင်ဆိုင်မှု၏တန်ဖိုးများကို ပိုမိုတိကျစွာကြိုတင်ခန့်မှန်းရေးအတွက် ပံ့ပိုးကူညီပေးပါသည်။
ကုန်သွယ်မှုပမာဏဆိုသည်မှာ သတ်မှတ်အချိန်ကာလအတွင်းရှိ စတော့များ၊ စာချုပ်စာတမ်းများ (သို့) lots ပမာဏများ၊ အရောင်း နှင့် ဝယ်ယူမှုများ စသော ပိုင်ဆိုင်မှုတစ်ခု၏ အရေအတွက်တိုင်းတာမှု ယူနစ်ဖြစ်သည်။ ကုန်သွယ်မှုပမာဏစစ်တမ်းသည် ၎င်းတို့၏ပြောင်းလဲမှုအရွေ့ကြောင့် ဖြစ်ပေါ်လာသော စျေး လမ်းကြောင်းများနှင့် pattern များကို ခွဲခြားဖော်ထုတ်ရာတွင် ရောင်းဝယ်သူများအား ပံ့ပိုးကူညီပေးသည်။ ကုန်သွယ်မှုပမာဏတွင် ပင်မအမျိုးအစားနှစ်ရပ်ရှိပါသည်။
1. Tick volume
Tick volume သည် သတ်မှတ်အချိန်ကာလအတွင်း စျေးပြောင်းလဲရွေ့လျားမှု အကြိမ်ရေပေါ်အခြေခံထားပြီး ၎င်းသည် စျေးကွက်လှုပ်ရှားမှုနှင့် စီးဆင်းလည်ပတ်နှုန်းကို ထင်ဟပ်မြင်သာစေသည်။ ၎င်းကို တစ်ခဏအတွင်း စျေးနှုန်းပြောင်းလဲမှု ၏ စုစုပေါင်းအကြိမ်ရေဖြင့် တွက်ချက်ပါသည်၊ အနည်းဆုံး စျေးအတက်အကျကို ဆိုလိုခြင်း ဖြစ်သည်။ Tick သည် chart အတွင်းဖော်ပြထားသည့် ပြီးပြည့်စုံသောကုန်သွယ်မှုတစ်ခုဖြစ်သည်။
Tick volume အတွက် အရေးပါသောအချက်များမှာ စျေးနှုန်းအတက်အကျရွေ့လျားမှုမဟုတ်ဘဲ chart အတွင်း စျေးပြောင်းလဲလှုပ်ခတ်မှု၏အရေအတွက် ဖြစ်သည်။ ထို့ကြောင့်
စျေးကွက်အတွင်း အရှိန်အဟုန်ဖြင့်ပြောင်းလဲမှု နည်းပါးပြီး စျေးနှုန်းသည် အပိုင်းအခြား အကျဥ်းထဲတွင် အတက်အကျဖြစ်နေသည် (သို့) မရွေ့သလောက်ရှိပါက tick volumes တန်ဖိုးလျော့ကျမှုကို ပြဆိုသည်။
စျေးကွက်အတွင်း အပြောင်းအလဲများပြီး စျေးနှုန်းသည် လားရာနှစ်ဖက်လုံးတွင် မြန်ဆန်စွာ တက်ကျလှုပ်ရှားနေပါက tick volume တန်ဖိုးများ မြင့်တက်လာသည်။
H4 နှင့်အထက် သက်တမ်းရင့်အချိန်ကာလများပေါ်တွင် tick volumes ကို စိစစ်ခွဲခြားရန် အကြံပြုပါသည်။
2. Contract (သို့) monetary volume
သမာရိုးကျ volumes အမျိုးအစားသည် လွန်ခဲ့သောရာစုနှစ်အစပိုင်း၌ ပေါ်ပေါက်ခဲ့သည်။ ထို volume ကို စျေးကွက်အတွင်း ကုန်သွယ်ရေးဆောင်ရွက်သည့်ပမာဏ (သို့) ရင်းနှီးငွေတို့၏အတိုင်းအတာအရ ခွဲခြားသတ်မှတ်ပါသည်။ ၎င်းတို့နှစ်မျိုးလုံးသည် တူညီသောရလဒ်များကို ပြသကြသည်။ သို့သော် monetary volume အရ ကုန်သည်များနှင့်ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေးဆိုင်ရာသဘောတရားတွင် ထိုပမာဏများ ကို အခြားပိုင်ဆိုင်မှုများ၏အရေအတွက်နှင့် နှိုင်းယှဥ်နိုင်သော အခွင့်အရေးရှိကြသည်။
ထိုအမျိုးအစား volume ၏ အကျိုးကျေးဇူးမှာ ကုန်သွယ်မှုတိုင်းကို လဲလှယ်နိုင်သောအနေအထားဖြင့် ထည့်သွင်းစဥ်းစားကြသည်။ ပလက်ဖောင်းတစ်ခုစီသည် ၎င်းတို့ကိုယ်ပိုင်သတ်မှတ်ပမာဏကို ဖွဲ့စည်းကြသည် ၊ ၎င်းတို့သည် တိကျမှန်ကန်သောပုံတစ်ခုအတွက် အခြားကုန်သွယ်မှုပလက်ဖောင်းမှ အချက်အလက်များနှင့် လည်း ပေါင်းစပ်သုံးစွဲနိုင်ပါသည်။
ကုန်သွယ်မှုတွင် volume indicators များ ကို အသုံးပြုခြင်း
ထိုကဲ့သို့ indicators များသည် တိကျသောကာလအတွက် ပိုင်ဆိုင်မှုကိုရောင်းဝယ်သည့်ပမာဏနှင့် သက်ဆိုင်သောအချက်အလက်ပေါ်တွင် အခြေခံထားသည်၊ ၎င်းသည် စျေးပြောင်းလဲမှုများကို ကြိုတင်၍ အချက်ပေးပါသည်။ ထိုသည်မှာ ရောင်းဝယ်လိုက်သည့်ပစ္စည်းပေါ်၌ ပိုမိုတိကျသော အချက်အလက်ကို ရရှိစေရန် နှင့် ကုန်သွယ်ရေးဆုံးဖြတ်ချက်များကို ထိရောက်စွာ ချမှတ်နိုင်ရေးအတွက် စျေးကွက်စီမံသူများ အား အခွင့်တစ်ရပ်ဖြစ်စေပါသည်။
ခေတ်သစ်ကုန်သွယ်မှုရပ်ဝန်းတွင် နည်းပညာဆိုင်ရာ ကိရိယာ အများစုတို့ ပေါ်ပေါက်လာခဲ့ပြီး တိုးတက်ပြောင်းလဲလာခဲ့ကြသည်။ Volume indicators သည်လည်း ချွင်းချက်မရှိပင် ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် သိသိသာသာတိုးတက်လာမှု၏ကျေးဇူးကြောင့် ပမာဏတွက်ချက်မှုအဆင့်များကို အလိုအလျောက်လုပ်ဆောင်နိုင်ခဲ့ကြသည်။ ကုန်သည်များသည် အရေအတွက်တန်ဖိုးများအရ curve (သို့) chart ပုံစံဖြင့် တွက်ချက်မှုရလဒ်များကို ရရှိကြသည်။
Volume indicators သည် စျေးလမ်းကြောင်း၏ အင်အားကိုလည်း အတည်ပြုပေးသည်။ သို့သော် တခါတရံတွင် ထပ်မံစျေးပြောင်းလဲများကို ဆုံးဖြတ်ရန်ခက်ခဲသော အနေအထားများ ပေါ်ထွက်လာ တတ်သည်၊ ထိုအခါတွင် volume indicators သည် ထိုရုပ်ပုံကားချပ်ကို လွယ်ကူနားလည်စေရန် ကူညီဖြေရှင်းပေးသည်။ အထူးသဖြင့် ရေရှည်စျေးလမ်းကြောင်းတစ်ခုအတွင်း ပမာဏများ လျော့ကျသွားခြင်း သည် ဆန့်ကျင်ဘက်လားရာအတွင်း လမ်းကြောင်းပြောင်းလဲသွားမှုကို ညွှန်းဆိုနိုင်ပါသည်။ ထိုသည်မှာ ကြီမားသောငွေဆုံးရှုံးနိုင်ချေကို လျော့ချရာတွင်လည်း ကူညီပေးသည်။
Volume သည် ငွေကြေးဆိုင်ရာပိုင်ဆိုင်မှုအတွက် ရင်းနှီးငွေအဝင်/အထွက် ဖြစ်သည်ကိုအမှတ်ရနေပါ။ ထို့ကြောင့် စျေးကွက်အတွင်း နည်းပညာဆိုင်ရာပမာဏစစ်တမ်း ကောက်ယူရာတွင် ကိန်းဂဏန်းစာရင်းအင်း၊ နယ်မြေဆိုင်ရာနိုင်ငံရေးအခြေအနေ၊ စီးပွားရေးဆိုင်ရာအချက်များ နှင့် အခြားအရာများကို ထည့်သွင်း စဥ်းစားရန် လည်းပဲ လိုအပ်ပါသည်။ ဤကဲ့သို့ အခြေခံကျသောအကြောင်းရင်းများသည် ပိုင်ဆိုင်မှုထဲရှိ ရင်းနှီးငွေအတိုင်းအဆကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါသည်။
Volume Analysis ကို အသုံးပြုခြင်း
စျေးကွက်အတွင်း ကုန်သွယ်ရေးနည်းဗျူဟာများစွာရှိပါသည်၊ ၎င်းတို့သည် ပမာဏကိုစိစစ်ခွဲဖြာရန်အတွက် စျေးလမ်းကြောင်းအညွှန်းများနှင့် စျေးအတက်အကျလှိုင်းများဖြင့် ကိရိယာများကို ပေါင်းစပ်ကြသည် ။ ထို့ကြောင့် စည်းမျဥ်းတစ်ခုအနေဖြင့် ပမာဏပြညွှန်းဆိုချက်များသည် အရံအထောက်အကူ ဖြစ်ပြီး ကုန်သွယ်မှုနည်းဗျူဟာများအတွင်း ပင်မစစ်တမ်းကိရိယာများ၏အချက်ပေးမှုများကို အတည်ပြုနိုင်ရေး အတွက် ဆောင်ရွက်ပေးသည်။
ငွေကြေးစျေးကွက်ပေါ်၌ ကုန်သွယ်မှုပြုလုပ်နေစဥ်အတွင်း volume indicators အတွက် အောက်ပါ အချက်ပေးမှုများကို ရှာဖွေဖော်ထုတ်ပါ။
ပိုင်ဆိုင်မှုအတွက် ကြီးမားသောစျေးကွက်ပမာဏ ရှိပြီး စျေးနှုန်းသည် အတန်သင့် တိုးတက်လာသည်။ ထိုသည်မှာ ရင်းနှီးမှုအတွက် ရေရှည်စျေးလမ်းကြောင်း ဖွံ့ဖြိုးပြောင်းလဲမှုကို ညွှန်ပြပါသည်။ ဤကိစ္စရပ်တွင် စျေးလမ်းကြောင်း၏ဦးတည်ချက်အတွင်းရှိ စမှတ်များကို ရှာဖွေရန် လိုအပ်ပါသည်။
စျေးတက်ကျမှုအနည်းငယ်နှင့်အတူ ပင်မဝယ်လိုအားနှင့်ရောင်းလိုအားနေရာ၌ အရောင်းအဝယ် ပမာဏ တဟုန်ထိုးတိုးတက်လာမှု ရှိပါသည်။ ထိုသည်မှာ ရောင်းဝယ်သူများအတွက် ပိုင်ဆိုင်မှုတန်ဖိုး ပြင်ဆင်ညှိနှိုင်းမှုတစ်ရပ်ရှိနိုင်သည်ကို ဆိုလိုပါသည်။ ပိုကြာမြင့်သောအချိန်ကာလများပေါ်တွင် ၎င်းသည် လမ်းကြောင်းပြောင်းလဲမှု၏အစကို ညွှန်ပြပါသည်။
ရောင်းဝယ်မှုပမာဏနည်းပါးမှုနှင့်အတူ ပြင်းထန်သောစျေးလှုပ်ရှားမှု ရှိပါသည်။ ဤကိစ္စရပ်တွင် မြန်ဆန်သောစျေးလမ်းကြောင်းသွေဖည်မှုအတွက် အချက်ပြမှုကို ဖော်ပြပေးသည်။ စည်းမျဥ်းအနေဖြင့် ပိုင်ဆိုင်မှုစျေးနှုန်းပြောင်းလဲရန် စတင်လာပြီးနောက် ရင်းနှီးမှုအတွက် ဈေးလမ်းကြောင်းသည် သိသာသောလှုပ်ရှားမှုဖြင့် အဆုံးသတ်ပါသည်။
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
အကောင်းဆုံးသော ယေဘုယျ Volume Indicator
Day trading (တစ်နေ့တာ ကုန်သွယ်မှု) အတွက် အကောင်းဆုံးသော volume indicator ငါးမျိုးကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ၎င်းတို့ထဲမှတစ်ခုစီသည် နည်းပညာဆိုင်ရာသုံးသပ်ခြင်းတွင် ကောင်းမွန်သည်ဟု ပြောသင့်ပါသည်။ သို့သော် ဦးစွာအနေဖြင့် ထိုကိရိယာများ၏ထိရောက်မှုသည် ကုန်သွယ်မှုစနစ်နှင့် နည်းဗျူဟာပေါ်တွင် မူတည်သည်။
OBV (On-Balance Volume) indicator သည် အကောင်းဆုံးနှင့် အချက်အလက် ပြည့်စုံသောစစ်တမ်းကိရိယာ ဖြစ်သည်။ ထိုအညွှန်းကိရိယာသည် ပိုင်ဆိုင်မှုတန်ဖိုးကျဆင်းမှု(သို့) မြင့်တက်မှု အသီးသီးကို ဖြစ်စေနိုင်သည့် အဝယ် (သို့) အရောင်း တို့ကို ပြသပေးသည်။ ဤတန်ဖိုးများသည် ရောင်းဝယ်သူများအား ညွှန်းဆိုချက်ပေါ်တွင် ကုန်သွယ်မှုအသိပေးချက်များကို လက်ခံရရှိနိုင်စေသည်၊ ထိုသည်မှာ OBV ကို အကောင်းဆုံးသော volume indicator အဖြစ် လုပ်ဆောင်ပေးလိုက်ခြင်းဖြစ်သည်။
အထူးသဖြင့် OBV သည် ကုန်သွယ်ထားသောပိုင်ဆိုင်မှု၏ စျေးလမ်းကြောင်းကို အတည်ပြုပေးသည်။ သို့သော် ၎င်းသည် စျေးတည်ငြိမ်နေစဥ်တွင် ပိုင်ဆိုင်တန်ဖိုးထပ်မံပြောင်းလဲနိုင်မှုကိုလည်း ကြိုတင်ခန့်မှန်းနိုင် သည်။ ထို့ကြောင့် ထိုကိရိယာသည် စျေးနှုန်းဘေးတိုက်ရွေ့လျားခြင်းမှ ထွက်ခွာလိမ့်မည့်နေရာကို ဆုံးဖြတ်ရာတွင် ရောင်းဝယ်သူများအား အခွင့်အလမ်းတစ်ရပ်ဖြစ်စေသည်။
နိဂုံးချုပ်
Volume indicators များသည် နောင်လာမည့်စျေးမတည်ငြိမ်ပြောင်းလဲမှုများကို သုံးသပ်ခြင်းနှင့် ကြိုတင်ခန့်မှန်းခြင်းအတွက် လွန်စွာအသုံးဝင်သောကိရိယာတစ်စုံ ဖြစ်သည်။ ကုန်သွယ်မှုပမာဏသည် စျေးကွက်အတွင်း ရောင်းအားနှင့်ဝယ်အားညီမျှချက်ကို ဆုံးဖြတ်ရာတွင် အခြေခံကျသောအချက်ဖြစ်သည်။
ကုန်သွယ်ရေးနည်းဗျူဟာတွင် အခြေခံကျသောစစ်တမ်းများနဲ့ တွဲ၍ volume indicators ကိုအသုံးပြုခြင်းမှာ စျေးပုံသေမှ လျင်မြန်စွာပြောင်းလဲသွားမှုတို့ ဦးတည်သွားလိမ့်မည့်နေရာအား စျေးကစားသူများကို တိကျစွာဆုံးဖြတ်နိုင်စေသည်။ ထို့အပြင် ရောင်းဝယ်မှုပမာဏစစ်တမ်း ကိရိယာများသည် လက်ရှိဖြစ်ပေါ်နေသော စျေးလမ်းကြောင်း၏ အစ၊ ပြီးဆုံးမှု နှင့် ပြောင်းလဲမှုအနေအထားတို့ကို အတည်ပြုရာ တွင် ကူညီဆောင်ရွက်ပေးသည်။
Volume indicators ကို အခြား နည်းပညာဆိုင်ရာကိရိယာများ၊ chart patterns နှင့် candlestick patterns များနှင့် တွဲစပ်သုံးရန် အကြံပြုပါသည်။ ၎င်းသည် ရောင်းဝယ်သူများအား ကုန်သွယ်ရေးတွင် အမြတ်ရနိုင်ဆုံးသော စမှတ်များ၊ သတ်မှတ်အမြတ်နေရာ တို့ကို ပိုမိုတိကျစွာဆုံးဖြတ်နိုင်စေရန် သာမက ဆုံးရှုံးမှုရပ်တန့်ရန် သင့်တော်သောနေရာ ကိုလည်းသတ်မှတ်နိုင်ပါလိမ့်သည်။
သင့် ၏ ကုန်သွယ်ရေးနည်းဗျူဟာထဲသို့ volume indicators ကို အောင်မြင်စွာပေါင်းစပ်သုံးရန်အတွက် စျေးကွက်အတွင်းရှိ အတော်ဆုံးအကျိုဆောင် LiteFinance ထံမှ ဘက်စုံသုံးပလက်ဖောင်းပေါ်တွင် ထိုအရာများ ကို အခမဲ့စမ်းသပ်နိုင်သောအခွင့်အရေး သင့်တွင် ရှိပါသည်။
မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။
Forex Volume Indicators နှင့်ပတ်သက်၍ မကြာခဏမေး လေ့ရှိသော မေးခွန်းများ
အတိကျဆုံးသော volume indicator မှာ On-Balance Volume ဖြစ်သည်။ ၎င်း၏တန်ဖိုးများသည် ကုန်သွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပို၍ပြည့်စုံရှင်းလင်းသည်။
ထို အညွှန်းကိရိယာ များသည် သတ်မှတ်ကာလအလုံးစုံ၌ chart အတွင်းရှိ စျေးနှုန်းနှင့်သက်ဆိုင်သော စျေးကွက်ပမာဏအားလုံးကို ဖော်ပြပေးသည်။ ၎င်းတို့သည် ကုန်သည်များကို ထပ်မံစျေးပြောင်းလဲမှုများအား ဆုံးဖြတ်နိုင်စေသည့် ပြီးဆုံးသွားသောကုန်သွယ်မှုအရေအတွက်၏ အချက်အလက်များကို ပြသပါသည်။
Forex စျေးကွက်အတွင်း ကုန်သွယ်ခြင်းတွင် လူကြိုက်အများဆုံး volume indicators အချို့မှာ OBV၊ MFI၊ A/D၊ VWAP, နှင် Chaikin oscillator တို့ဖြစ်ကြသည်။ ထို့အပြင် tick volumes နှင့် Volumes vertical volume indicator များသည်လည်း အသုံးအများဆုံးအနက် အချို့ဖြစ်သည်။
ATR (Average True Range) နှင့် CHV (Chaikin Volatility Indicator) သည် စျေးကွက်ပြောင်းလဲ လှုပ်ရှားမှုကို ဆုံးဖြတ်ရန်အတွက် အကောင်းဆုံး ကိရိယာများဖြစ်သည်။ ၎င်းတို့သည် တိကျသောအချိန် ကာလတွင် အများဆုံးနှင့်အနည်းဆုံးစျေးတန်ဖိုးကြားရှိ ခြားနားချက်တွက်ချက်ရန်အတွက် ကုန်သည်များကို ပံ့ပိုးကူညီသည်။
ရောင်းဝယ်မှုပမာဏသည် ထပ်မံစျေးပြောင်းလဲလှုပ်ရှားမှုကို ဆုံးဖြတ်ခြင်းတွင် အခြေခံကျသောအချက်တစ်ခု ဖြစ်သည်။ စျေးကွက်ပမာဏကို ကုန်သွယ်ရေးဆုံးဖြတ်ချက်များချမှတ်ချိန်တွင် ထည့်သွင်းစဥ်းစားရန် အရေးကြီးသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပိုင်ဆိုင်မှု၏စျေးတန်ဖိုးကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသည်။
Volume indicators သည် နောင်လာမည့် စျေးပြောင်းလဲမှုများ၏ ဖြစ်နိုင်ချေအလားအလာကို ဖော်ပြပြီး စျေးကွက်အတွင်း အတက်အကျများကို ကြိုတင်၍သတိပေးနိုင်သည်။ အခြား indicators (သို့) chart patterns များကို အတည်ပြုချင်ပါက ထိုကဲ့သို့ ကိရိယာများကို သုံးရန် အကောင်းဆုံးဖြစ်သည်။
Volume indicator တိုင်း၏ ရည်ရွယ်ချက်မှာ လတ်တလောအခိုက်အတန့်၌ စျေးကွက်ထဲရှိ ဝယ်လိုအားနှင့် ရောင်းလိုအားကို ဆုံးဖြတ်ရန် ဖြစ်သည်။ အသုံးချကိရိယာတစ်ခုစီ၏ ယုံကြည်စိတ်ချရမှုသည် ရွေးချယ်ထားသော ကုန်သွယ်ရေးနည်းဗျူဟာပေါ်တွင် မူတည်ပါသည်။
ကုန်သည်များသည် Forex ဈေးကွက်ပေါ်တွင် ရောင်းဝယ်ရန်အတွက် tick volumes နှင့် Volumes indicator တို့ကို အများဆုံး သုံးကြသည်။ သို့သော် ငွေကြေးစျေးကွက်များနှင့်နည်းပညာတို့ ၏ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အမျှ အခြားရေပန်းစားသော စတော့စျေးကွက်အညွှန်းများကို သုံးစွဲလာနိုင်ပါသည်။ ၎င်းတို့အနက် အကောင်းဆုံးမှာ OBV indicator ဖြစ်သည်။
Volume indicator များသည် stochastic oscillators MACD၊ RSI နှင့် Stoch တို့ဖြင့် ပေါင်းစပ်သုံးရန်မှာ အကောင်းဆုံးဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် moving averages နှင့် Bollinger Bands indicator တို့ဖြင့် ထိရောက်စွာ သုံးစွဲနိုင်ပါသည်။
Horizontal volume indicators သည် LiteFinance၊ Metatrader နှင့် CTrader web terminals တို့၏ စံပြသတ်မှတ်ချက်အစုံလိုက်ထဲတွင် မပါဝင်ပါ။ သို့သော် ၎င်းတို့ကို ဆော့ဝဲလ်ရေးဆွဲသူများထံမှ MT5 terminal ထဲသို့ ထည့်သွင်း နိုင်ပါသည်။
ဖြစ်နိုင်ပါသည်၊ ကုန်သည်များတွင် volume indicator များ ၏ ချိန်ညှိချက်များကို ပြောင်းလဲရန်နှင့် ၎င်းတို့ကို ကုန်သွယ်ခြင်းနည်းဗျူဟာတွင် ပေါင်းစပ်ရန် အခွင့်အရေးရှိပါသည်။
လက်တွေ့ အရောင်းအဝယ် ပမာဏများနှင့်မတူဘဲ tick volumes သည် ရင်းနှီးမှုတစ်ခုအတွက် ပြုလုပ်ထားသော အရောင်းအဝယ်အရေအတွက်ကို ပြသသည်။ ပုံမှန်စျေးတန်ဖိုးတစ်ခုသည် အချိန်တစ်ခု အတွင်း တစ် ပွိုင့် (သို့) ထိုထက်ပိုသော ပွိုင့် များကို အတက်အကျဖြစ်နိုင်ပါသည်၊ ၎င်းသည် (တစ်ကြိမ်ရောင်းဝယ်မှုအတွက်) 1 tick ဖြစ်သည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။





























