ဤဆောင်းပါးသည် On Balance Volume အညွှန်းကိန်းအတွက် အဆင့်ဆင့်လုပ်ဆောင်ပုံ လမ်းညွှန်ချက်ဖြစ်ပါသည်။ OBV ဟူသည် အဘယ်နည်း၊ OBV အညွှန်းကိန်း၏ညွှန်ပြချက်ကို အသုံးပြုနည်း၊ OBV ဆက်တင်များကို စိတ်ကြိုက်ပြုပြင်နည်းနှင့် ဝယ်ရောင်းရန် အချက်ပြမှုများ၏ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပုံကို သင့်အနေဖြင့်တဆင့်စီလေ့လာသွားနိုင်မည်ဖြစ်ပါသည်။
OBV အညွှန်းကိန်း၏ညွှန်ပြချက်သည်အရောင်းအ၀ယ်ပမာဏအပေါ်အခြေခံထားပြီးစျေးနှုန်း ရွေ့လျား မှုကို ကြိုတင်ခန့်မှန်းရန်အတွက် အသုံးပြုသည့် နည်းပညာသုံးခန့်မှန်းသည့် အရာတစ်ခု ဖြစ်သည်။ ၎င်းသည် လက်ရှိဖြစ်ပေါ်နေသော ဈေးကွက်လမ်းကြောင်းများကို အတည်ပြုပေးခြင်း၊ ဈေးနှုန်း၏မကြာခဏဆုံချက်အမှတ်များနှင့် (support) ပံ့ပိုးမှု/ခုခံမှု (resistance) အဆင့်များကို ပြသပေးပါသည်။
On-balance volume သည် အတော်လေးရိုးရှင်းပြီး အသုံးပြုရအဆင်ပြေသည်။ OBV ညွှန်ပြချက်သည် Forex instruments အားလုံးနီးပါးအတွက် ရောင်းဝယ်မှုပြုရာတွင် ထိရောက်မှုရှိသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- On Balance Volume (OBV) Indicator ဆိုတာဘာလဲ
- On-Balance Volume Indicator ဘယ်လိုအလုပ်လုပ်သလဲ။
- OBV အညွှန်းကိန်း တွက်ချက်မှုနှင့် ဖော်မြူလာ
- On-Balance Volume အညွှန်းကိန်း အဓိပ္ပါယ်ပြန်ဆိုချက်- ဇယားချပ်များကို ဖတ်ရှုခြင်း။
- On Balance Volume Indicator ဖြင့် Forex ကုန်သွယ်မှု ပြုလုပ်နည်း
- OBV အညွှန်းကိန်း၏ အားသာချက်များနှင့် ကန့်သတ်ချက်များ
- OBV နှင့် ကုန်သွယ်မှုဆိုင်ရာ အကြံပြုချက်များ
- အမေးများသော မေးခွန်းများ
ကုန်သည်များအနေဖြင့် စတော့ဇယားချပ်များ၊ futures နှင့် ခရစ်တိုငွေကြေးဈေးကွက်များ ခွဲခြမ်းစိတ် ဖြာမှုတွင် OBV အညွှန်းကိန်းကို အသုံးချနိုင်သည်။ ထို့အပြင် OBV သည် အခြားသော နည်းပညာဆိုင်ရာ ညွန်းဆိုမှုများနှင့်လည်း ကောင်းမွန်စွာ ပေါင်းစပ်ထားသည်။ ဤသုံးသပ်ချက်တွင် OBV နှင့် ကုန်သွယ်မှု လုပ်ဆောင်ရာတွင် ကဏ္ဍအားလုံးကို ခြုံငုံမိစေရန်စုစည်းတင်ပြထားပါသည်။
On Balance Volume (OBV) Indicator ဆိုတာဘာလဲ
On Balance Volume ညွှန်ပြချက်သည် စျေးနှုန်းခန့်မှန်းချက်များကို အသုံးပြုရာတွင် အရောင်းအဝယ်များ တိုးတက်ပြောင်းလဲမှုကို တိုင်းတာခြင်းဖြစ်သည်။ အခြေခံသီအိုရီသဘောအရ သိသာထင်ရှားသော စျေးနှုန်း ရွေ့လျားမှု တိုင်းသည် ကုန်သွယ်မှုပမာဏတိုးတက်မှုပေါ်တွင် သိသိသာသာပြောင်းလဲလာမှုကို အမြဲတွေ့ မြင်နေရသည်။ ဥပမာအားဖြင့်၊ ကုန်သည်ကြီးများသည် Asset တစ်ခုတွင် ရင်းနှီးမြှုပ်နှံလိုက်သည့်အခါ ကုန်သွယ်မှုပမာဏ သည်တိုးလာသည်။ ထို Asset ဈေးနှုန်းသည်လည်း တစ်ချိန်ချိန်တွင် မြင့်တက်လာလိမ့်မည်ဖြစ်သည်။
ဆောင်းပါးပါ အချက်များကိုဖတ်ရှုခြင်းဖြင့် MT4 ဇယားချပ်များတွင် အညွှန်းများထည့်သွင်းခြင်းဆိုင်ရာ အသေးစိတ်လမ်းညွှန်ချက်များကို သိရှိနိုင်ပါသည်။ Bollinger Bands Indicator in Forex Explained
On Balance Volume ကိုဇယားချပ်၏အောက်ခြေတွင်ပြသထားသည်။ စျေးနှုန်းတက်လာသောအခါတွင် OBV လိုင်းသည် လိုက်တက်သွားပြီး စျေးကျသည့်အခါတွင် လိုက်ပါကျဆင်းသွားတတ်သည်။ သိသာသောညွှန်ပြချက်ဖြစ်သည့်သဘောသည် ကုန်သည်ကြီးများအနေဖြင့် စျေးကွက်ထဲသို့ ဝင်ရောက် လာနေကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။ ပုံမှန်ချောမွေ့သော လှုပ်ခတ်မှုဖြစ်နေပါက အခြားကုန်သည်များ စျေးကွက်ထဲသို့ ဝင်ရောက်နေကြောင်း ညွှန်ပြနေခြင်းဖြစ်ပါသည်။
On Balance Volume ၏ အလုပ်လုပ်ပုံကို သင်နားလည်နိုင်စေရန် ကျွန်ုပ်အနေဖြင့်အကျဉ်းချုပ် ဖော်ပြ ချက်ကို တင်ပြလိုက်ရပါသည်။
OBV:
- OBV သည် စျေးနှုန်းလှုပ်ရှားမှုများကို ခန့်မှန်းရန်အတွက် ပမာဏပြောင်းလဲမှုများကို တိုင်းတာသည့် momentum အညွှန်းကိန်းတစ်ခုဖြစ်သည်။
- OBV သည် တိုးတက်နေမှု သို့မဟုတ် ကျဆင်းနေမှု တို့အပေါ် ကုန်သည်ကြီးများနှင့် လူအများစု၏ အမြင်သဘောထားများကို ပြသပေးသည်။
- OBV တွက်ချက်မှုဖော်မြူလာမှာ အောက်ပါအတိုင်းဖြစ်သည်- လက်ရှိအပိတ်စျေးနှုန်းသည် နောက်ဆုံးအပိတ်စျေးနှုန်းထက် မြင့်မားပါက၊ လက်ရှိ obv ကို ယခင်တန်ဖိုးသို့ ပေါင်းထည့် မည်ဖြစ်သည်။ ထို့အတူယခင်အပိတ်ဈေးနှုန်းသည် လက်ရှိထက်ဈေးနှုန်းထက် ပိုများသော အခါတွင်တော့ လက်ရှိပမာဏကို ယခင်တန်ဖိုးမှ ပြန်နုတ်ခြင်းဖြစ်သည်။
- OBV သည် စျေးနှုန်းလှုပ်ရှားမှုရဲ့ပြင်းထန်မှုကို ထည့်သွင်းမစဉ်းစားပါ။
On-Balance Volume, OBV အညွှန်းကိန်းသည် လမ်းကြောင်းနှင့်ထပ်တူလိုက်သည့် အကောင်းဆုံး (သတ်မှတ်အကွာအဝေးတွင်းသာညွှန်ပြနေသည့်ပုံစံနှင့် ပြောင်းပြန်) ပုံစံဖြင့်ညွှန်ပြသည်။ ဤကိစ္စတွင် ၎င်းသည် ဆုံချက်အမှတ်များ သို့မဟုတ် လမ်းကြောင်းသစ် ဆက်စပ်ဖြစ်ပေါ်မှုများကို အချက်ပေး ညွှန်ပြသည်။ သို့ရာတွင် OBV ညွှန်ပြချက်သည် ကာလတို အချိန်ဘောင်များတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း မရှိပေ။ အကြောင်းရင်းမှာ သဘာဝအလျောက်မတည်ငြိမ်သည့်ဖြစ်ပေါ်မှုအပေါ် သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။
OBV အညွှန်းကိန်း သမိုင်းကြောင်း
On-Balance Volume အညွှန်းကိန်း၏သမိုင်းသည် ၁၉၄၀ ခုနှစ်များဆီသို့ ပြန်ပြောင်းကြည့်ရမည် ဖြစ်ပါသည်။ ၁၉၄၆ ခုနှစ်တွင် စတော့များကိုလေ့လာသုံးသပ်သူ Woods နှင့် Vignola တို့မှ နည်းပညာ တစ်ခုကို တီထွင်စတင်ခဲ့သည့် ရှေ့ပြေးပုံစံ" continuous volume" မှသည် On Balance Volume အဖြစ်ပြောင်းလဲလာခဲ့ခြင်းဖြစ်ပါသည်။
နောက်ပိုင်းတွင် On-Balance Volume အညွှန်ကိန်းကို ထင်ရှားသော ဘဏ္ဍာရေးသုံးသပ်သူ Joseph E. Granville မှ ပြန်လည်တီထွင်ခဲ့သည်။ Granville သည် ငွေကြေးစျေးကွက်၏ အဓိကမောင်းနှင်အားသည် ကုန်သွယ်မှုပမာဏပင်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ New Key to Stock Market Profits စာအုပ်တွင် OBV နည်းပညာကိုရေးသားခဲ့သည့်အတွက် သူ့ကိုလူသိများထင်ရှားလာခဲ့သည်။ Granville သည် ကုန်သွယ်မှု ပမာဏကို စျေးကွက်အင်ဂျင်အတွက် အဓိက မောင်းနှင်နေသော ရေနွေးငွေ့နှင့်ပင် နှိုင်းယှဉ်ခဲ့သည်။
နောက်ပိုင်းတွင် OBV ကိရိယာ ကို ပို၍ အသုံးများလာခဲ့သည်။ Forex OBV အညွှန်းကိန်းသည် ငွေကြေး ရောင်း ဝယ်မှုတွင် ရေပန်းစားလာခဲ့ပြီး ပိုသိလာကြသည်။ Forex ခွဲခြမ်းစိတ်ဖြာသူများကြားတွင် အလွန်ရေပန်းစား လာခဲ့ပြီး ယခုအခါ နည်းပညာပိုင်းခြားစိတ်ဖြာမှုများ၏ စံစာရင်းတွင် ထည့်သွင်းထားသည်။
On-Balance Volume Indicator ဘယ်လိုအလုပ်လုပ်သလဲ။
အညွှန်ကိန်းသည် အရိုးရှင်းဆုံးအချက်ပြလိုင်းပါရှိသော ဇယားချပ်နှင့်တူသည်။
Oscillator အများအပြားကဲ့သို့ အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ခြင်းအဆင့်များကို ပြသခြင်းမရှိသလို၊ ၎င်း၏ ပကတိတန်ဖိုးသည်လည်း ဒီနေရာတွင် ပြခြင်းမပြခြင်းအပေါ်တွင် အရေးမကြီးပါ။
On-Balance Volume အညွှန်ကိန်းက သင့်ကို ဘာပြောမှာလဲ?
OBV အညွှန်းကိန်းသည် အောက်ပါအချက်ပြမှုများကို ပေးပို့သည်:
- လမ်းကြောင်းအတည်ပြုမှု။ အကယ်လို့အညွှန်းကိန်းမျဉ်းကွေးသည်အတက်ပြနေပါက စျေးနှုန်းသည် လိုက်တက်တတ်ပြီး၊အကျပြပါကလည်းစျေးနှုန်းသည်လိုက်ပါကျဆင်းသည့်သဘောရှိသောကြောင့် လက်ရှိလမ်းကြောင်းသည် ဆက်လက်ဖြစ်တည်နိုင်ဖွယ်ရှိနေသည်။
- လမ်းကြောင်းပြောင်းပြန် (divergence)။ စျေးနှုန်းဇယား၏ကျဆင်းနေသောလမ်းကြောင်း ကြားတွင် အညွှန်းကိန်းလိုင်းများတက်သွားသောအခါတွင် ၀ယ်လိုအားအချက်ပြမှုတစ်ခု ပေါ်လာသည်။ စျေးနှုန်းဇယား၏အတက်အကျကြားတွင် OBV လိုင်းကျသွားသောအခါမျိုးတွင် အရောင်းအချက်ပြမှု တစ်ခုဖြစ်လာတတ်သည်။
- Level breakout။ ဇယားချပ်ပေါ်ရှိစျေးနှုန်းသည် သတ်မှတ်အဆင့်မှပြောင်းသည့်အခါ အညွှန်းကိန်းသည်လည်း အချက်ပြမှုစတင်အလုပ်လုပ်သည်။ စတင်ခွဲထွက်မည့် သိသာသော စျေး၏ အရှိန်အဟုန်ကြောင့် OBVအဆင့်၏ဦးတည်မှုသည် အဆိုပါလမ်းကြောင်းအတိုင်း ဖြစ်ပေါ်လေ့ ရှိသည့်သဘောကို မကြာမကြာတွေ့ရှိရသည်။
- အညွှန်းကိန်း၏ ထူးခြားသောဝိသေသ။ အကယ်လို့ ညွှန်ပြချက်လိုင်းတွင် သိသိသာသာ မြင့် တက်လာ သည်ကို သင်မြင်ပါက၊ ကုန်သည်ကြီးများသည် စျေးကွက်ထဲသို့ ဝင်ရောက် နေကြောင်း အချက်ပြခြင်းဖြစ်သည်။ အားကောင်းသော ညွှန်းဆိုမှုအရှိန်အဟုန်သည် လမ်းကြောင်းသစ် တစ်ခုအတွက် ပြောင်းပြန်အချက်ပြမှုတစ်ခုဖြစ်သည်။ Obv ညွှန်ပြချက်နှင့် ဇယားချပ် ပေါ်ရှိ ဈေးသည် တူညီသော ဦးတည်ရာသို့ သွားနေခြင်းသည် အဆိုပါ လမ်းကြောင်းအတိုင်း ဆက်သွား နိုင်သည်ကို အတည်ပြု ပေးခြင်းဖြစ်ပါသည်။
- Moving Average ကိုဖြတ်ကျော်ခြင်း။ အကယ်လို့အညွှန်းလိုင်းသည် MA အပေါ်ဘက်သို့ ဖြတ်သွားပါက၊ ၎င်းသည် ဝယ်ယူနေသည့်အချက်ပြမှုဖြစ်သည်။ OBV လိုင်းသည် MA အောက် ဘက်သို့ ဖြတ်သွားသောအခါ၊ ၎င်းသည် အရောင်းအချက်ပြမှုဖြစ်သည်။
အခြားတစ်ဘက်တွင်၊ အထက်ဖော်ပြပါ အချက်ပြမှုများသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်မဖြစ်စေဘဲ ၎င်းတို့သည် တစ်ကြိမ်တည်းတွင် ပေါင်းစပ်ဖြစ်ပေါ်လာပါက ၎င်းကို ထပ်လောင်းအတည်ပြုချက်အဖြစ် လုပ်ဆောင်နိုင်သည်။
အထက်ဖော်ပြပါဇယားချပ်တွင် OBV အချက်ပြမှုသည် အတူတကွလုပ်ဆောင်နေသည့်ပုံကို ဥပမာတစ်ခု အနေ ဖြင့် တွေ့မြင်နိုင်သည်။ ခရမ်းရောင်မျဉ်းသည် ဘုံအရောင်းပိုင်းတူညီမှု အမှတ်အသားဖြစ်သည်။ OBV ညွှန်ပြချက်သည် စျေးနှုန်းဇယားချပ်ရှိ ဖော်ပြထားသော လမ်းကြောင်းပေါ်တွင် အတက်လမ်းကြောင်း ကိုအတည်မပြုကြောင်း သင်တွေ့ရမည်ဖြစ်သည်။
ပြောင်းပြန်ပြောင်းလဲမှု အမှတ်နေရာသည် အားကောင်းသောညွှန်ပြချက်အရှိန်အဟုန်တစ်ခုဖြစ်သည်။ အနီရောင်မြှားဖြင့် အမှတ်အသားပြထားပါသည်။ ဤအချက်ပြမှုသည် ပြင်းထန်သော အရောင်းဖိအားကို ဆိုလိုပြီး ၎င်းသည် uptrend(အတက်လမ်းကြောင်း)ကို မကြာမီ အကျဘက်သို့ပြောင်းသွားနိုင်သည်ကို အတည်ပြုပေးသည်။
ဤပြင်းထန်သောစျေးနှုန်းလှုပ်ရှားမှုကြားတွင်၊ OBV ဇယားပေါ်ရှိ အနီရောင်မျဉ်း၏လမ်းကြောင်း ကိုတွေ့မြင်ရမည်။ ထို့အတွက် နောက်ထပ် bearish signal (အရောင်းအချက်ပြမှု) တစ်ခုရှိပါသေးတယ်။ စျေးနှုန်းကျဆင်းမှုအစမှစတင်၍ စျေးနှုန်းကျဆင်းမှုတစ်ခုလုံးနှင့် အတူအညွှန်းကိန်းသည်ဇယားချပ် ပေါ်ရှိ စျေးနှုန်းအတိုင်းလိုက်ပါပြီး အဆင်းလမ်းကြောင်းကို ဆက်လက်အတည်ပြုသည်။ ၎င်းကိုအပြာရောင်မြှား ဖြင့် အမှတ်အသားပြုထားသည်။
ထို့ကြောင့်၊ အချက်ပြမှုဖြစ်စဉ်တစ်ခုလုံးနီးပါးသည် ယခုအတိုင်းဖြစ်ပေါ်နေသည်။ နောက်ထပ်အချက်ပြ မှုတစ်ခုရယူရန် ရှေ့တစ်ခု၏အဆုံးသတ်ကိုအတည်ပြုနိုင်ရမည်။
OBV အညွှန်ကိန်းကို ဘယ်လိုတပ်ဆင်၊ လုပ်ဆောင်ပြီး စိတ်ကြိုက်ပြင်ဆင်မလဲ?
အင်တာနက်ပေါ်တွင် OBV အညွှန်းကိန်းကို MT4 ဒေါင်းလုဒ် လုပ်ဖို့ ရှာရန်မလိုအပ်ပါ။ On-Balance Volume အညွှန်ကိန်းသည် ကုန်သွယ်မှုပလပ်ဖောင်းအများစုတွင် ရရှိနိုင်သော စံနည်းပညာဆိုင်ရာ များထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် OBV သည် သင်၏ ကုန်သွယ်မှုတာမင်နယ်တွင် ရှိပြီးသားဖြစ်ပါမည်။
Indicators/Volume ဖိုင်တွဲများတွင် On Balance Volume ကို သင်ရှာတွေ့နိုင်ပြီး ၎င်းကို double-click နှိပ်ခြင်းဖြင့် ထည့်သွင်းနိုင်ပါသည်။
ထို့နောက်၊ သင် သည် settings window ကိုတွေ့လိမ့်မည်။ Parameters အပိုင်းသည် အခြေခံဖြစ်သည်။ ဈေးနှုန်းဇယားချပ်ပေါ်ရှိ အညွှန်ကိန်းဖော်မြူလာကိုအသုံးပြုရန် (အဖွင့်၊ အပိတ် စသည်ဖြင့်) လိုင်းများ အရောင်ပြောင်းခြင်းနှင့် အမြင့်၊ အနိမ့်တို့ကို သင်သတ်မှတ်နိုင်သည်။
မူလပုံသေဆက်တင်များသည် နဂိုပုံမှန်အတိုင်းရှိနေလိမ့်မည်။ ထို့ကြောင့် သင်သည် မည်သည့်အရာကိုမျှ ပြောင်းလဲရန် မလိုအပ်ပါ။ ဆက်တင်များပြောင်းလဲလိုက်ပါက အတည်ပြုရန် ဇယားအောက်ခြေရှိ OK ခလုတ်ကို နှိပ်ပေးပါ။
OBV အညွှန်းကိန်း တွက်ချက်မှုနှင့် ဖော်မြူလာ
OBV အညွှန်ကိန်းဖော်မြူလာကို မည်ကဲ့သို့ တွက်ချက်သည်ကို အကျဉ်းချုပ် ပြောပြပါမည်။
On balance volume ဖော်မြူလာမှာ အောက်ပါအတိုင်းဖြစ်သည်။
လက်ရှိအပိတ်စျေးနှုန်းသည် ယခင်အပိတ်စျေးနှုန်းထက် ပိုများနေပါက-
OBV = Previous OBV + current volume
လက်ရှိအပိတ်စျေးနှုန်းသည် ယခင်အပိတ်စျေးနှုန်းအောက် နိမ့်ပါက-
OBV = Previous OBV - current volume
လက်ရှိအပိတ်စျေးနှုန်းသည် ယခင်အပိတ်စျေးနှုန်းနှင့် ညီမျှပါက-
Current OBV = Previous OBV
ဥပမာအနေဖြင့်၊ တစ်နေ့တာဇယားချပ်တွင်၊ မနေ့ကမာဏမှာ 4064 ဖြစ်သည်။ စျေးနှုန်းသည် ယနေ့ဆက်လက မြင့်တက်လျက်ရှိနေပြီး ပမာဏမှာ 203 မှတ်ဖြစ်နေသည်ဆိုပါစို့။
ထို့ကြောင့်၊ ယနေ့၏အဆုံးတွင်စုစုပေါင်း OBV တန်ဖိုးသည်
OBV = 4064 + 203 = 4267
On Balance Volume ကို ကိုယ်တိုင် တွက်ချက်ရန် အဆင်မပြေပါ။ MT4 ကိရိယာများကို သင်အသုံး ပြုခြင်းက ပိုကောင်းပါသည်။ OBV ဖော်မြူလာကို တတ်နိုင်သမျှ ရှင်းအောင်လုပ်ဖို့၊ Excel မှာ တွက်ချက်မှု ပုံစံတစ်ခုကို ပြင်ဆင်ခဲ့ပါတယ်။
On Balance Volume (OBV) Indicator Excel Sheet ကို သင် ဒီမှာ ဒေါင်းလုဒ်လုပ်နိုင်ပါသည်။
သင့်တွင် OBV excel sheet နှင့် အဆင်မပြေပါက၊ Bollinger Bands Excel ဆောင်းပါးကဏ္ဍတွင် အဆင့်ဆင့်လုပ်ဆောင်ပုံကို ကိုးကားလိုက်ပါ။ Bollinger Bands Indicator in Forex Explained.
OBV Excel sheet ကိုအသုံးပြုရန်အလွန်လွယ်ကူပါသည်။
လိုအပ်သောအချိန်ကာလအတွင်း သက်ဆိုင်ရာ ပန်းရောင်ကော်လံများတွင် အပိတ်စျေးနှုန်းနှင့် ကုန်သွယ်မှု ပမာဏ တန်ဖိုးများကို ထည့်သွင်းပါ။
ပန်းရောင်ကော်လံများတွင်ရေးထားသောတန်ဖိုးများသည်ဥပမာတစ်ခုမျှသာဖြစ်သည်။ Excel sheet ဖြင့် အလုပ်လုပ်သောအခါ ၎င်းတို့ကို ဖျက်ထားသင့်ပါသည်။ အကယ်လို့ ပမာဏအဆင့်တွေကို မသိပါက Volume ကိရိယာ ကို အသုံးပြု၍ ရှာဖွေနိုင်သည်။ ဘားတစ်ခုစီအတွက် တန်ဖိုးများကို သီးခြားစီထည့်သွင်းပါ။
ဇယားတွင် ဘား ၂၅ ခုအတွက် ဖော်မြူလာတစ်ခုပါရှိပြီးဖြစ်သည်။ ခွဲခြမ်းစိတ်ဖြာမှုကို အချိန်ကြာကြာလုပ် ဆောင်ရန် လိုအပ်ပါက၊ အောက်ပါဇယားကွက်ကို ထပ်ချဲ့နိုင်ပါသည်။
ဇယား၏ညာဘက်ခြမ်းတွင်၊ ဈေးနှုန်းနှင့် လက်ကျန်ပမာဏဇယားများပါရှိသည်။ သင်သည် ဇယားထဲသို့ တန်ဖိုးအသစ်များထည့်ပြီးနောက် ၎င်းတို့ကို အလိုအလျောက် ပြန်လည်တွက်ချက်သွားမည်ဖြစ်သည်။ ဤဇယားများ၏အကူအညီဖြင့်၊ သင်သည် ကုန်သွယ်မှုတာမင်နယ် တွင်တူညီသော ခွဲခြမ်းစိတ်ဖြာမှုကို ထပ်မံလုပ်ဆောင်နိုင်ပါလိမ့်မည်။
On-Balance Volume အညွှန်းကိန်း အဓိပ္ပါယ်ပြန်ဆိုချက်- ဇယားချပ်များကို ဖတ်ရှုခြင်း။
On balance volume သည် အရှိန်အဟုန်ညွှန်ပြချက်အညွှန်းကိန်းတစ်ခုဖြစ်သည်။ အပေါ်အောက် ရွေ့လျားမှု ကိုသာ ထည့်သွင်းတွက်ချက်သည်။
မရှိမဖြစ်လိုအပ်သော ခွဲခြမ်းစိတ်ဖြာဆိုသည် On Balance Volume လိုင်းလှုပ်ရှားမှုများနှင့် စျေးနှုန်း ပြောင်းလဲမှုများကို နှိုင်းယှဉ်ခြင်းဖြစ်ပါသည်။ အထက်ပါ ခွဲခြမ်းစိတ်ဖြာမှု၏ ဥပမာများကို ကျွန်တော် တင်ပြခဲ့ပြီးဖြစ်ပါသည်။
OBV Divergences
Divergences များသည် အလွန်အသုံးများသော အချက်ပြမှုများ ဖြစ်သည်။ ညွှန်ပြချက်နှင့် စျေးနှုန်းဇယားသည် ဆန့်ကျင်ဘက်သို့ ဦးတည်နေသောအခါ ကွဲပြားမှု ဖြစ်ပေါ်လာသည်။ ၎င်းတွင် အဝယ်နှင့် အရောင်း divergence များရှိနိုင်ပါသည်။
Forex in Divergence and Convergence ဆောင်းပါးတွင် ခြားနားသော အချက်ပြမှုများကို အသေးစိတ် ခြုံငုံမိစေရန်တင်ပြထားသည်။ OBV divergence သည် အခြားသော နည်းပညာဆိုင်ရာ ကိရိယာများနှင့် အတူ တူညီသောနည်းလမ်းဖြင့် အလုပ်လုပ်ပါသည်။
Obv divergence indicator ၏နမူနာအချို့ကို လေ့လာကြည့်ကြပါစို့။
အထက်ပါဇယားချပ်ရှိ ခရမ်းရောင်မျဉ်းများသည် divergence ကို အမှတ်အသားပြုပါသည်။ OBV လိုင်းသည် တဖြည်းဖြည်းတက်လာချိန်တွင် ဇယားချပ်ပေါ်ရှိစျေးနှုန်းသည် အကျဘက်သို့ညွှန်ပြသည်ကို သတိပြုပါ။ နောက်ဆုံးတွင်၊လမ်းကြောင်းသည် ပြောင်းပြန်ဖြစ်ပြီး အားကောင်းသောအတက်လမ်းကြောင်း (အနီရောင်မျဉ်း) စတင်ပါတော့သည်။
အရောင်း divergence သည် ဆန့်ကျင်ဘက်အခြေအနေတွင် ဖြစ်ပေါ်ပါသည်။ စျေးနှုန်းဇယားချပ် တက်လာချိန်တွင်၊ obv လိုင်းသည်ကျသွားသည်။ အခြားရွေးချယ်စရာပုံစံအနေဖြင့် အတက်ဈေးတန်းတွင် OBV လိုင်းသည် ဘေးတိုက်ရွေ့လျားမှုဖြစ်နေတတ်သည်လည်းရှိသည်။ ထိုဖြစ်ရပ်နှစ်ခုစလုံးတွင်၊ အချက်ပြမှုဖြစ်စဉ်သည် မကြာမီ စျေးနှုန်းပြောင်းတော့မည်ဟုအဓိပ္ပါယ်ရပြီး အရောင်းလမ်းကြောင်းတစ်ခု စတင်မည်ဟုဆိုလိုသည်။
ဇယားချပ်တွင် bearish divergence (ခရမ်းရောင်မျဉ်းများ) ကိုဖော်ပြနေသည်။ On balance volumes တဖြည်းဖြည်း ကျဆင်းနေချိန်တွင် ဇယားချပ်ပေါ်ရှိစျေးနှုန်းသည် မြင့်တက်နေသည်။ နောက်ပိုင်းတွင်တော့ ဈေးနှုန်းလမ်းကြောင်းသည် (အနီရောင်မျဉ်း) ကျဆင်းသွားသည်။
ကွဲလွဲမှုများကို လျင်မြန်စွာသိရှိနိုင်စေရန် ဒီဇိုင်းထုတ်ထားသော အထူးနည်း ပညာဆိုင်ရာ ကိရိယာ တစ်ခုဖြစ်ပါသည်။ ၎င်းသည် TrueT OBV Divergence Indicator (ကွဲလွဲမှုအညွှန်းကိန်း) ဖြစ်သည်။
TrueT OBV Divergence သည် On Balance Volume window ပေါ်ရှိ နောက်ဆုံးမြင်ရသော ဘားတိုင် 300 နှင့် ကွဲပြားသောမျဉ်းကြောင်းများကို ပိုင်းခြားစိစစ်စိတ်ဖြာပေးပါသည်။ ဤကိရိယာ၏ အကျိုးကျေးဇူးမှာ classical version နှင့် နှိုင်းယှဉ်ပါက သတိပေးချက် အချက်ပြမှု ကွဲပြားခြင်းနှင့် နောက်ထပ်ဆက်တင်များ စွာကို ထပ်တိုးလုပ်ဆောင်ပေးခြင်းဖြစ်သည်။
OBV လမ်းကြောင်းအတည်ပြုချက်
လမ်းကြောင်းသစ်နှင့် ကုန်သွယ်မှုပြုရာတွင်၊ လက်ရှိလမ်းကြောင်းသည် ကုန်ဆုံးသွားခြင်း ရှိ၊ မရှိ သို့မဟုတ် ၎င်းသည် ဆက်လက်ရှိနေမည်ကို နားလည်ရန် အရေးကြီးပါသည်။ ဤတွင်၊ ကျွန်ုပ်တို့သည် OBV လမ်း ကြောင်းကို အတည်ပြုချက်အချက်ပြမှုအဖြစ် အသုံးပြုနိုင်သည်။
အဝယ်လမ်းကြောင်း ဖွံ့ဖြိုးလာသောအခါ OBV ညွှန်ပြချက်သည် ပိုမိုမြင့်မားသောအဆင့်မှ အမြင့်ဆုံးသို့ ရောက်ရှိလာသည်။ ဆန့်ကျင်ဘက်အခြေအနေတွင်လည်း အလားတူပင်ဖြစ်သည်။ OBV အနိမ့်ဆုံးများ မှ ထပ်မံနိမ့်ဆင်းသွားသောအခါတွင် bear trend အဖြစ် အတည်ပြုကြသည်။
အထက်ပါဇယားချပ်ထဲရှိ အစိမ်းရောင်မျဉ်းသည် အဝယ်လိုက်သောလမ်းကြောင်းအဖြစ် မှတ်ယူကြပါသည်။ OBV လိုင်းသည်လည်း အတက်လမ်းကြောင်းကို သရုပ်ပြနေသည်။ ထို့ကြောင့် လိုင်းတက်လာချိန်တွင် uptrend strength( အတက်လမ်း အားကောင်းမှု) အဖြစ်အတည်ပြုကြသည်။
OBV Breakout
ပုံမှန်ကုန်သွယ်အချက်ပြမှုသည် ပံ့ပိုးမှု သို့မဟုတ် ခုခံမှုလိုင်းများမှ ဖောက်ထွက်ခြင်း (သို့မဟုတ်)ခွဲထွက်မှု ဖြစ်ခြင်း breakout အဖြစ်မှတ်ယူကြသည်။ လက်ရှိလမ်းကြောင်း အားကောင်းနေကြောင်း အချက်ပြပြီး ၎င်းသည် ဆက်လက်ပြီးလည်းရွေ့လျားသင့်ပါသည်။
စျေးနှုန်းသည် ပံ့ပိုးမှု သို့မဟုတ် ခုခံမှုမျဉ်းကို အချိန်တိုအတွင်း ဖောက်ထွက်ပြီးနောက် လားရာသို့ဆက်မသွား ပဲနောက်ပြန်လာသည့် မှားယွင်းသော ဖောက်ထွက်မှု false breakout များလည်းရှိပါသည်။
နည်းပညာဆိုင်ရာ ညွှန်ပြချက် OBV သည် ထိုကဲ့သို့ ကွဲထွက်မှုများကို တစ်နေရာတည်းတွင် ကူညီပေးထား သည်။ ကုန်သည်များသည် မှားယွင်းသောအချက်ပြမှုများကို စစ်ထုတ်ရန် obv breakouts များကို အသုံး ပြုကြသည်။
မှားယွင်းသော ဖောက်ထွက်မှုများကို ထောက်လှမ်းခြင်း နိယာမသည် အခြေခံအတည်ပြုခြင်း နည်းပညာ များအပေါ် အခြေခံသည်။ ခိုင်မာသောလမ်းကြောင်းတစ်ခုသည် တူညီသောဦးတည်ချက်သို့ရွေ့လျားနေသော obv မျဉ်းနှင့် အမြဲအတူလိုက်ပါသွားသည်။ လမ်းကြောင်းသည် မှားယွင်းသောအခါမျိုးတွင် obv မျဉ်းသည် ဆန့်ကျင်ဘက်သို့ ဦးတည်သွားနေတတ်သည်။
ပံ့ပိုးမှုနှင့် ခုခံမှုအဆင့်များမှ ဖောက်ထွက်မှုအားကောင်းခြင်းကို စစ်ဆေးရန်အတွက် ဇယားချပ်ရှိ On Balance Volume ပေါ်တွင် အလားတူမျဉ်းတစ်ကြောင်းဆွဲရန် လိုအပ်သည်။ OBV လိုင်းသည် levels များ ကို ဖြတ်သွားပါက၊ breakout သည် မှန်ပါသည်။ မဟုတ်ပါက မှားယွင်းသော breakout တစ်ခု ရှိနေသည်။ Obv အချက်ပြမှုများသည် စျေးနှုန်းမရွေ့မှီ ဘားတိုင်များအနည်းငယ် ဖြစ်ပေါ်လေ့ရှိတတ်သည်ကို မှတ်သား ထားသင့်သည်။
အထက်ပါဇယားတွင် စျေးနှုန်း နှင့် OBV ညွှန်ပြချက် အတွက် အစိမ်းရောင်မျဉ်းနှစ်ကြောင်းဖြင့် အသီးသီးအမှတ်အသားပြုထားပါသည်။ အနီရောင်မြှားသည် အရောင်းဖိအား ကျဆင်းနေသည်ဟု ယူဆနိုင်သည့် ဖောက်ထွက်ခြင်း ပွိင့်ကို အမှတ်အသားပြုသည်။ သိုသော်လည်း on-balance volume သည် ကျဆင်းနေပြီး အနုတ်လက္ခဏာ ပမာဏများ ကို ညွှန်ပြနေသည်။
ဆိုလိုသည်မှာ ငွေလုံးငွေရင်း (ကုန်သည်ကြီးများ) သည်စျေးနှုန်းလှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိဟု အဓိပ္ပါယ် ဖြစ်နေသည်။ ထို့ကြောင့် လမ်းကြောင်းသည် ဆက်လက်ဖြစ်တည်ရန် မဖြစ်နိုင်ပဲ၊ break out ခွဲထွက်ခြင်း သည်လည်း မှားယွင်းနေသည်ဟုကောက်ချက်ချနိုင်သည်။
On Balance Volume Indicator ဖြင့် Forex ကုန်သွယ်မှု ပြုလုပ်နည်း
ကျွန်ုပ်တို့သည် OBV အညွှန်းကိန်း forex တွင် မည်သို့အလုပ်လုပ်ပုံ၊ OBV အချက်ပြမှုများကို မည်သို့ဖတ် ရမည် နှင့် ဇယားချပ်ပေါ်တွင် မည်သို့အဓိပ္ပာယ်ပြန်ဆိုရမည်ကို လေ့လာခဲ့ကြပါသည်။ ယခုကျွန်ုပ်တို့သည် Forex တွင် OBV နှင့်မည်သို့ ရောင်းဝယ်ရမည်ကိုဆက်ကြည့်ပါမည်။ ကုန်သည်များသည် လမ်းကြောင်း ပြောင်းပြန်ဖြစ်ပေါ်မှုများကို ခန့်မှန်းရန်နှင့် လမ်းကြောင်းဆက်လက်ဖြစ်တည်မှုကိုအတည်ပြုရန် obv indicator ကို ထိုနှစ်မျိုးလုံးတွင် အသုံးပြုကြသည်။
အထက်တွင်ဖော်ပြထားသော BTCUSD ဇယားချပ်သည် အများအားဖြင့် bearish divergence ကိုပြနေသည်။ ၎င်းသည် လမ်းကြောင်းပြောင်းခြင်းကို အချက်ပြခြင်းဖြစ်သည်။ ထို့ကြောင့် အတည်ပြုအချက်ပြပြီးနောက် တွင် ကျွန်ုပ်တို့သည် အရောင်းပိုင်းအနေအထားကိုဖွင့်လိုက်သည်။
ရှည်လျားသော အနက်ရောင် candle သည် အရောင်းဖြင့်ပိတ်ပြီးသောအခါတွင် ကျွန်ုပ်တို့သည် ဆက်စပ် နိုင်သော အရောင်းအဝယ်တစ်ခုကို ဝင်ရတော့မည်။ သို့သော်လည်း အဆိုပါဘားတိုင်ပိတ်ပြီးချိန်တွင် အညွှန်း ကိန်းသည် ဆက်ဆင်းနေသော်လည်း ဇယားချပ်တွင်တော့ သိသာစွာဖောက်ထွက်ခြင်းမရှိသည်ကို ရှင်းလင်း စွာ တွေ့ မြင်နေရသည်။
ထို့ကြောင့် ညွှန်ပြချက်သည် အရောင်းအချက်ပြမှုကို ပေးဆောင်နေပြီး ကျွန်ုပ်တို့သည် ရေတို(အရောင်း) ကုန်သွယ်မှုတို (အပြာရောင်အလျားလိုက်မျဉ်း) အတိုင်း ဝင်ရောက်နိုင်သည်။
ဆုံးရှုံးမှုရပ်တန့်မည့်နေရာ (stop loss)သည် လတ်တလောမြင်ကွင်းတွင်အမြင့်ဆုံး (အနီလိုင်း) ထက် အနည်းငယ်ပိုမြင့်သည့်နေရာတွင် သတ်မှတ်ထားလိုက်သည်။
အမြတ်သတ်မှတ်သည့်နေရာ (အစိမ်းမျဉ်း) သည် ရပ်တန့်ဆုံးရှုံးမှုနေရာ နှင့် ညီမျှစွာထားလိုက်သည်။
မကြာမီတွင် bitcoin စျေးနှုန်းသည် သိသိသာသာကျဆင်းသွားပြီး အမြတ်အစွန်းသတ်မှတ်ထားသည့်နေရာ ကို ဖြတ်ကျော်ကာ ကုန်သွယ်မှုသည် အလိုအလျောက် ထွက်သွားပါသည်။
အစားထိုး ကုန်သွယ်မှု ပြုလုပ်ရသည့်မြင်ကွင်းတစ်ခုကိုလည်း လေ့လာကြည့်ရအောင်ပါ။ Bitcoin စျေးနှုန်းသည် မူလထားရှိသည့် ပထမအကျိုးအမြတ်နေရာသို့ကျဆင်းလာသောအခါ stop loss (ဆုံးရှုံးမှုရပ်တန့်မည့်နေရာ) ကို breakeven (အရှုံးအမြတ်မရှိနိုင်သောနေရာ) သို့ရွှေ့လိုက်သည်။
ကျွန်ုပ်တို့သည် bitcoin ဈေးတန်းပြောင်းပြန်အချက်ပြမှုဖြစ်နိုင်သော obv ညွှန်ပြချက်ကို အမြတ်ရယူ နိုင်သည့်နေရာအဖြစ်မျှော်လင့်ထားရသည်။ ခုခံမှုအဆင့် (ဇယားချပ်၏အနီရောင်အပိုင်း) နှင့် classical bullish divergence (အစိမ်းရောင်အပိုင်းများ) ကွဲလွဲထွက်သွားသောအခါတွင် အချက်ပြမှု ပေါ်လာသည်။ ထိုအချိန်တွင် အားကောင်းသော အဖြူရောင်အဝယ်ဘားတိုင် (မြှားအနီဖြင့် အမှတ်အသားပြုထားသည်) ပေါ်လာသောအခါ obv ညွှန်ပြချက် အချက်ပြမှုသည် အတည်ဖြစ်သည်။ ထိုဘားတိုင်သည် အဝယ်ပုံစံ ဖြင့် ပိတ်လိုက်သောအခါ ကျွန်ုပ်တို့သည် အရောင်းကုန်သွယ်မှုမှထွက်လိုက်ပြီး အဝယ်ကိုဝင်ရောက်နိုင်သည်။
IBM ရှယ်ယာများ၏ လမ်းကြောင်းပြောင်းပြန်ဖြစ်မှုများတွင် မည်သို့ကုန်သွယ်မှုပြုရမည်ကို နမူနာအနေဖြင့် လေ့လာကြည့်ကြပါစို့။
အထက်ပါ ဇယားချပ်သည် ရှင်းလင်းသော divergence တစ်ခု ကို စျေးနှုန်းဇယားချပ်တို့အကြားတွင် သိသာစွာပြသပေးသည်။ ထို bearish divergence သည် မကြာမီ လမ်းကြောင်းပြောင်းနိုင်ခြင်းကို အချက်ပေးနေ သည်။ အရောင်းစတင်ကုန်သွယ်ရန် IBM စျေးနှုန်းသည် trendline ၏ အောက်တွင်ရှိ ပြီး ပံ့ပိုးမှုအဆင့် (support level)ကို ဖောက်ဆင်းလိုက်သောအခါတွင် အချက်ပြမှုအနေဖြင့် အတည်ဖြစ်သည်။ မှတ်သားထားရမည်မှာ On Balance Volume ကို အတည်ပြုစစ်ထုတ်မှုတစ်ခုအဖြစ်လုပ်ဆောင်ခိုင်း မည်ဆိုပါက trendline breakout ဖြစ်ပေါ်မှုမျိုးတွင် အနည်းငယ်နှောင့်နှေးမှုမျိုးတော့ရှိနိုင်ပါသည်။
အချက်ပြမှုကို အတည်ပြုလိုက်သောအခါ၊ အဖွင့်နှင့် အပိတ်စျေးနှုန်းများကြား ခြားနားချက်ကို ကြည့်ရှု လိုက်ပါသည်။ ဖြစ်ချင်တော့ နောက်ထပ်အရောင်းအချက်ပြမှုတစ်ခုဖြစ်သည့် down gap ပုံစံ နှင့် နောက်ထပ် ဘားတိုင်သည် ပိတ်ခဲ့သည်။ ထိုနှစ်ချက်ကြောင့်ပင် စျေးကွက်ထဲကို အရောင်းဝင် လိုက်ပါ တော့သည်။
Stop Loss ကို ဘုံနိယာမအရ သတ်မှတ်ထားလိုက်သည်။ လက်ရှိအချိန်ဇယားချပ်ပေါ်ရှိ အမြင့်ဆုံး ဈေးတန်း(ဇယားချပ်ရှိ အနီလိုင်း) ထက် အနည်းငယ် ပိုမြင့်ထားလိုက်သည်။ ဆန့်ကျင်ဘက် ပြောင်းပြန်အချက် ပြမှု ပေါ်လာသောအခါမျိုးတွင် အမြတ်ကို ကိုယ်တိုင် ပိတ်လိုက်သင့်သည်။ ထိုအခြေအနေမျိုးတွင် အရှုံးပေါ် နိုင်ခြေ ပိုများသော်လည်း အလားအလာရှိသော အမြတ်မှာလည်း ပိုများနိုင်သည့်နည်းလမ်းဖြစ်ပါသည်။
အထက်ဖော်ပြပါဇယားချပ်မှ သင်တွေ့မြင်ရသည့်အတိုင်း အရောင်းဝင်ပြီးသည့်နောက်တွင် IBM စျေးနှုန်းသည် ကျဆင်းသွားသည်။ Bear wedge (အရောင်းအဆုံးသပ် ပုံသဏ္ဍန်) ဖြစ်ပေါ်လာသောအခါ ပြောင်းပြန်အချက်ပြမှု ဟု မှတ်ယူလိုက်သည်။ ထိုသို့သောပုံစံမျိုးသည် အများအားဖြင့် bear divergence ဖြစ် သည်။ ဈေးနှုန်းကတော့ မျှော်မှန်းထားတဲ့အတိုင်းဖြစ်ပေါ်သွားခဲ့ပါသည်။
On Balance Volume window ပေါ် ရှိ trendline breakout ဖြစ်ပွားခြင်းသည် ဈေးနှုန်းဇယားချပ်ထက် အနည်းငယ် စောနေကြောင်း သတိပြုသင့်ပါသည်။ ခွဲထွက်ဘားတိုင် ပိတ်သွားသည်နှင့်တပြိုင်နက် အမြတ်ကိုရယူလိုက်သည်။ ဤဘားတိုင်ကို မြှားအနီနှင့် အရောင်းကုန်သွယ်မှုထွက်သည့်အမှတ်ကို အစိမ်းရောင်မျဉ်းဖြင့် အမှတ် အသားပြုထားလိုက်သည်။
OBV ဖြင့် နေ့ချင်းကုန်သွယ်မှု
နေ့ချင်းကုန်သွယ်ခြင်းသည် OBV ညွှန်ပြချက်ကို ချက်ချင်းလုပ်ဆောင်ခြင်းနှင့် အချက်ပြမှုများကို စည်းကမ်းတကျဖတ်ရှုခြင်းနှင့်ဆင်တူသည်။ OBV ညွှန်ပြချက်၏တန်ဖိုးများသည် အခြားလူကြိုက်များသော oscillator များနှင့်မတူသည့်အပြင် အချိန်ကာလပေါ်တွင်လည်းမူတည်ခြင်းမရှိပါ။ ကွဲပြားသောအချိန်ကာလ အပိုင်းအခြားအားလုံးတွင်လုပ်ဆောင်နိုင်သည်။ On balance volume ကုန်သွယ်မှုဗျူဟာဖြင့် နေ့ချင်း အချိန်အတိုင်းအတာအတွင်း အရောင်းအဝယ်ပြုလုပ်ရန် M5 မှ M30 အချိန်ဇယားများတွင် အကြံပြုထား ပါသည်။
ဥပမာတစ်ခုအနေနဲ့ USDJPY ငါးမိနစ် ဇယားကို ယူလိုက်ပါမည်။
ဖြစ်တော့ဖြစ်ခဲပုံစံဖြင့် အညွှန်ကိန်းသည် အမြင့်ဆုံးအနေအထားမှ ဖောက်ကျသွားသောအခါတွင် divergence တစ်ခုဖြစ်လာသော်လည်း စျေးနှုန်းဇယားချပ်တွင်တော့ အလားတူမျိုးမဟုတ်ပါ။ ဤ divergence သည် အဝယ်လိုက်မည့် လမ်းကြောင်းအတွက် ပုံမှန်မဟုတ်ပါ။ On balance volume ၏ အင်္ဂါရပ်ပုံစံတစ်ခု အ နေဖြင့်သာ ရှင်းပြနိုင်ပါသည်။ မြင့်မားသောကုန်သွယ်မှုပမာဏရှိသော်လည်း ၊ မြင့်မားသောဈေးတန်းကို မဖောက်ထွက်နိုင်ခြင်းမှာ ကုန်သည်ကြီးများထံမှ ရောင်းချမှုဖိအားကိုပြဆိုနေခြင်းဖြစ်ပါသည်။
တိုတောင်းသောအချိန်အတွင်း ဖြစ်ပေါ်သော ကုန်သွယ်မှုပမာဏသည် အရေးကြီးပြီး ထိုသို့သော divergence မျိုးကို မိနစ်အပိုင်းအခြား ဇယားချပ်များတွင် တွေ့ရတက်သည် ။
OBV နေ့ချင်းကုန်သွယ်မှုများနှင့် ကျန်အချိန်ဇယားအားလုံးသည် အထက်တွင်ဖော်ပြထားသော ဥပမာများ အတိုင်းဖြစ်ပါသည်။
စျေးနှုန်းဇယားချပ်နှင့် on-balance volume မှ အတည်ပြု အချက်ပြမှုကို ကျွန်ုပ်တို့စောင့်ရပါသည်။ အတက်လမ်းကြောင်းသည် ယခင်ဘားတိုင်များနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲသင့်ပြီး အဆိုပါ လမ်းကြောင်း သည် မကြာမှီ ပြောင်းလဲလိမ့်မည်ဖြစ်သည်။ ကျွန်ုပ် တို့အနေဖြင့် signal candlestick (အချက်ပြဘားတိုင်) ပိတ်သွားသည်နှင့် ကုန်သွယ်မှု တစ်ခုကို လုပ်ဆောင်လိုက်ပါသည်။
တစ်နေ့တာအတွင်း မတည်ငြိမ်မှု မြင့်မားခြင်းနှင့် မှားယွင်းသော အချက်ပြမှုများ များပြားခြင်းကြောင့်၊ ကျွန်ုပ်တို့သည် stop loss ထက် နှစ်ဆပိုသော ပုံသေအကွာအဝေးဖြင့် take profit level ကို သတ်မှတ် ပေးလိုက်ပါသည်။ Stop loss ကတော့ local high (အနီးစပ်ဆုံး အမြင့်တန်း) တွင် သတ်မှတ်လိုက်သည်။
Bullish reversal ပြောင်းပြန်ဖြစ်ခြင်းဖြစ်စဉ်တွင် OBV အတွက်နေ့ချင်းကုန်သွယ်မှု ဗျူဟာသည် အတူတူပင်ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ stop loss ကို local low (အနီးစပ်ဆုံး အနိမ့်တန်း)တွင် သတ်မှတ်ထားလိုက်ခြင်းဖြစ်သည်။
အထက်ဖော်ပြပါဇယားချပ်သည် အကောင်းဆုံးနမူနာတစ်ခုဖြစ်သည်။ ပုံမှန်မဟုတ်သော divergence တစ်ခု ဖြစ်နေသည်။ အဝယ်တွန်းအားပေးဖွဲ့စည်းပုံနှင့် အလားတူ ဖြစ်လာသည်။ သို့သော် စျေးနှုန်းသည် အနိမ့်ဆုံးကို ကျော်ဖြတ်ကာ ဖွဲ့စည်းထားသည့်အတွက် ကျွန်ုပ်တို့၏ ဥပမာပေးထားမှု အခြေအနေမှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
OBV အချက်ပြမှုများသည် အမြဲတမ်း အလုပ်မဖြစ်သည်ကို သတိပြုသင့်သည်။ မတူညီသော မိနစ်အချိန် ဘောင်များတွင် ပိုရှင်းနိုင်သည်။ On Balance Volume လိုင်းသည် ဈေးနှုန်းတက်ခြင်းကို တုံ့ပြန်ခြင်းမရှိ သည့် မှားယွင်းသောအချက်ပြမှုသည် အနီရောင်အဝိုင်းဖြင့်ပြထားသောနေရာဖြစ်သည်။ သို့ရာတွင် ဈေး ကတော့ ဆက်တက်လျက်ရှိသည်။
On Balance Volume OBV နှင့် Moving Average အညွှန်းများဖြင့် ကုန်သွယ်မှု
ဝယ်ရန် သို့မဟုတ် ရောင်းရန် အချက်ပြမှုများကို စစ်ထုတ်ရန်နှင့် အတည်ပြုရန်အတွက် On Balance Volume ကို အခြားနည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုညွှန်းကိန်းများနှင့် ပေါင်းစပ်နိုင်သည်။ ဤနည်းအားဖြင့် သင်သည် obv ညွှန်ပြမှုဗျူဟာ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပြီး ပိုမိုအနိုင်ရသော ကုန်သွယ်မှုများကို ရရှိနိုင်သည်။ OBV နှင့် Stochastic သို့မဟုတ် trend indicators များကို သင်သုံးနိုင်သည်။ Trend indicators များထဲမှတစ်ခုဖြစ်သည့် Bollinger Bands ညွှန်ပြချက်သည် ဤ ဆောင်းပါး တွင် ခေါင်းစဉ်တစ်ခု အနေဖြင့်ပါပြီးသားဖြစ်ပါသည်။
ယခု ကျွန်ုပ်သည် အောင်မြင်သော obv ကုန်သွယ်မှုဗျူဟာတစ်ခုအား ဥပမာပေးလိုပါသည်။ ၎င်းသည် OBV ညွှန်ပြချက်နှင့် moving average တို့ကို MT4 ပလက်ဖောင်း တွင်အသုံးပြုခြင်းဖြစ်သည်။ MA သည် နောက်ကျနေသည့် ညွှန်ပြချက်တစ်ခုဖြစ်သည်ကို သင်သိပါသည်။ အချိန်နောက်ကျခြင်းကို လျှော့ချရန်အတွက် EMA နှင့် OBV အညွှန်းကိန်းများကို အတူတကွအသုံးပြုရန် အကြံပြုရခြင်းဖြစ်ပါသည်။
MA နှင့် OBV ဗျူဟာကို ကုန်သွယ်ရန်အတွက် exponential moving averages EMA ကို period 34 နှင့် 12 တို့ပေါင်းထည့်ရန် လိုအပ်ပါသည်။
ကုန်သွယ်မှုလုပ်ရန် အခြေအနေများ:
- OBV သည် စျေးနှုန်းဇယားချပ် နှင့် ကွဲထွက်နေရမည်။ သို့မဟုတ် စျေးနှုန်းနှင့် ညွှန်ပြချက်မျဉ်းသည် ပံ့ပိုးမှု သို့မဟုတ် ခုခံမှုအဆင့်နှင့် နီးကပ်စွာ ပိတ်ထားရမည်။
- အ၀ယ်တစ်ခုဝင်ရောက်ရန်အတွက် EMA 12 သည် EMA 34 ကိုအပေါ်ဘက်သို့ ဖြတ်တက်သွား သင့်သည်။ အရောင်းတစ်ခုသို့ဝင်ရောက်ရန် EMA အမြန်လိုင်း သည် EMA အနှေးလိုင်း အား ဖောက်ဆင်းထားရမည်။
- Stop loss ကို အနီးဆုံးဈေးတန်းမှ အမြင့်/အနိမ့်နှင့် နီးကပ်စွာ သတ်မှတ်ထားသင့်သည်။
- Exponential moving average သည် အချက်ပြမှု စစ်ထုတ်သည့် နောက်ထပ်ညွှန်ကိန်း တစ်ခုဖြစ်သောကြောင့်၊ stop loss နှင့် ညီမျှသော အကွာအဝေးတွင် take profit ကို သတ်မှတ်ရန် အကြံပြုပါသည်။ EMA အမြန်လိုင်း သည် EMA အနှေးလိုင်းကို ဆန့်ကျင်ဘက်ဦးတည်ချက်မှ ဖြတ်ကျော် သည့်အခါ မျိုးတွင် ဝင်ရောက်ထားသောကုန်သွယ်မှုကို ကိုယ်တိုင်ထွက်နိုင်ပါသည်။
EURUSD ဇယားချပ်၏နမူနာတွင် ဤနည်းဗျူဟာ မည်သို့အလုပ်လုပ်သည်ကို ကြည့်ကြပါစို့။
ဇယားချပ်ရှိ ခရမ်းရောင်လိုင်းများသည် candlesticks ၏ အမြင့်ဆုံးများနှင့် OBV ၏အမြင့်မှတ်များကို ချိတ်ဆက်ပေးထားသည်။ Divergence တစ်ခုဖြစ်ပေါ်နေသောကြောင့်၊ လမ်းကြောင်းပြောင်းပြန်ဖြစ်ပေါ်လာ နိုင်မှုကို ကျွန်ုပ်တို့ ကြိုတင်ခန့်မှန်းနိုင်ပါသည်။
အချက်ပြမှု၏ ကနဦးအဓိပ္ပာယ်ဖွင့်ဆိုချက်သည် on-balance volume window ပေါ်တွင် trendline ခွဲထွက်မှု ဖြစ်ပေါ်လာသည်ကို အတည်ပြုလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အမြန် EMA 12 သည် အနည်းငယ်အကြာတွင် အနှေး EMA 34 ကိုအကျဘက်သို့ ဖြတ်ကျော်သွားသည် (အနီရောင်စက်ဝိုင်း)။ ဖြတ်ကျော်ပြီးပြီးချင်း ဘားတိုင်အသစ်တစ်ခုဖွင့်လာသောအခါ ကျွန်ုပ်တို့သည် ကုန်သွယ်မှု (အပြာရောင်အလျားလိုက်မျဉ်း) ပြုလုပ်လိုက်သည်။ အရှုံးနှင့်အမြတ် ရပ်တန့်ခြင်းကို ကုန်သွယ်မှုဗျူဟာစည်းမျဉ်းများ (အစိမ်းရောင်လိုင်း) အရ သတ်မှတ်ထားလိုက်သည်။
Sideways ဘေးတိုက်လမ်းကြောင်းသည် ဒီနေရာတွင်အစပျိုးလာသည်၊ အနီရောင်ဘဲဥပုံ ဖြင့် အမှတ်အသားပြုထားပါသည်။ MA လိုင်းများသည် ကုန်သွယ်မှုတွင် မှားယွင်းသော အချက်ပြမှုများ မကြာခဏ ပေးပို့လေ့ရှိကြောင်း သင်သိပြီးဖြစ်ပါသည်။ ယင်းသည် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေတတ်သည်။ သို့ရာတွင် OBV သည် ကျွန်ုပ်တို့အား ဆုံးရှုံးမှုကို ရှောင်ရှားရန် ကူညီပေးတတ်သည်။
အထက်ဖော်ပြပါဇယားမှ ရှင်းရှင်းလင်းလင်း သိသာသည်မှာ ဈေးကွက်သည်ဘေးတိုက်အနေအထားမျိုး တွင် ညွှန်ပြချက်သည် မြင့်တက်ခြင်းမရှိသည့်အပြင်၊ ခုခံမှုအဆင့် (အပြာမျဉ်း) ကိုလည်းမဖြတ်ကျော်ပါ။ ၎င်းအနေထားသည် ကုန်သွယ်မှုများကို စျေးကွက်တွင် ဆက်ကိုင်ထားရန်ပြောနေပြီး စောစောစီးစီး မပိတ် သင့်သည်ကိုလည်း ကျွန်ုပ်တို့အား ညွှန်းဆိုနေခြင်းဖြစ်ပါသည်။
ရလဒ်အနေဖြင့် အမြတ်ကို TP မျဉ်း (အစိမ်းရောင်လိုင်း) တွင်ရယူလိုက်သည်။
OBV အညွှန်းကိန်း၏ အားသာချက်များနှင့် ကန့်သတ်ချက်များ
On-balance volume indicator ဖြင့် အရောင်းအဝယ်လုပ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သော အားသာ ချက်များနှင့် အားနည်းချက်များရှိသည်။
အားသာချက်များ
- ပုံသေနည်းတွက်ချက်ပုံသည် အလွန်ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသည်။.
- OBV သည် လမ်းကြောင်းဆက်သွားခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းခြင်း၏ ကွဲပြားသော အချက်ပြမှုများကို ပေးဆောင်ပါသည်။ ၎င်းတို့မှာ OBV လိုင်းဦးတည်ချက်၊ စျေးနှုန်းဇယားနှင့် ကွဲလွဲမှု၊ အရေးကြီးသော level များမှ ခွဲထွက်ခြင်း သို့မဟုတ် လမ်းကြောင်းလားရာတို့ဖြစ်သည်။
- အချက်ပြမှု နှောင့်နှေးခြင်း ရှိခဲ့လျှင် အလွန်တိုတောင်းတတ်ပါသည်။ ကိစ္စအများစုတွင် OBV အချက်ပြမှု များသည် စောစောစီးစီသာကြိုဖြစ်တတ်ပါသည်။
- အလယ်အလတ်ကာလ အချိန်ဘောင်များတွင် အချက်ပြမှုများသည် တိကျတတ်ပါသည်။
- နောက်မှလိုက်ပြင်ရခြင်းမျိုး မရှိပါ။
OBV ကန့်သတ်ချက်များ
- ကုန်သွယ်မှုပမာဏ ရုတ်ချည်းမြင့်တက်လာမှုသည် ညွှန်ပြချက်အပေါ်တွင် အကြောင်းပြချက် မရှိစေဘဲ သိသာသောအတက်အကျ ဖြစ်လာစေပြီး မှားယွင်းအချက်ပြမှုကိုလည်း ဖြစ်ပေါ် စေနိုင်သည်။
- ကုန်သွယ်မှုပမာဏနည်းပါးပြီး အလှုပ်အခတ်နည်းသော instruments များနှင့်မသင့်လျော်ပါ။
- ရေတိုအချိန်ဘောင်များတွင် ပုံမှန်လှုပ်ခတ်မှု သို့မဟုတ် စျေးနှုန်းမတည်ငြိမ်မှုများသည် အချက်ပြမှုများကို ရောထွေးစေနိုင်သည်။ ဤကိစ္စမျိုးတွင် On Balance Volume သည် မှားယွင်းသော အချက်ပြမှုများကို ပေးပို့နိုင်သည်။
- စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် သင့်အနေဖြင့် အချိန်ကြာကြာ ကုန်သွယ်မှုသမိုင်းကို ပြုလုပ်ရန်လိုအပ်သည်။
အရေးကြီးအချက် !
On Balance Volume သည် စျေးနှုန်းအပြောင်းအရွေ့၏ ကြံ့ခိုင်မှုကို ထည့်သွင်းတွက်ချက်ခြင်းမရှိပါ။ အချို့ကိစ္စများတွင်တော့ အားသာချက်တစ်ခု ဖြစ်နိုင်သည်။ ဥပမာအားဖြင့် သတင်းထုတ်ပြန်မှုများကြောင့် အချက်ပြမှုများသည် ပုံပျက်မသွားပါ။ အခြားကိစ္စများတွင် ၎င်းသည်ကန့်သတ်ချက်ဖြစ်နေနိုင်သည်။
ဥပမာအားဖြင့်၊ OBV လိုင်း၏ သိသာထင်ရှားသောရွေ့လျားမှုဖြင့် စျေးနှုန်းခုန်တက်မြင့်တက်မှုကို အတည်ပြုပါက၊ အတွေ့အကြုံမရှိသောကုန်သည် သည် ၎င်းအား ပြောင်းပြန်ပြန်လှန်သည့်အချက်ပြအဖြစ် မြင်နိုင်သည်။
OBV နှင့် ကုန်သွယ်မှုဆိုင်ရာ အကြံပြုချက်များ
OBV အညွှန်းကိန်းဖော်ပြချက်နှင့် အထက်ဖော်ပြပါအချက်အလက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် On Balance Indicator ကိုအသုံးပြုခြင်းနှင့်ပတ်သက်သည့် အကြံပြုချက်အချို့ကို စုစည်းတင်ပြလိုပါသည်။
- အညွှန်း၏ကောင်းသောအချက်များကိုယူပြီး မှားယွင်းသော ပြောင်းပြန်လှန်အချက်ပြမှုများကို စစ်ထုတ်ပါ၊ လမ်းကြောင်း၏ အားကောင်းနိုင်မှုကို စစ်ဆေးပါ။
- OBV ညွှန်ပြချက်နှင့် စျေးနှုန်းဇယားချပ်ရှိ diergence တမျိုးတည်း တင်မကပဲ divergences အားလုံးကို ထည့်သွင်းစဉ်းစားပါ ။ ထို့အပြင် Balance Volume wiindow ရှိ အရေးကြီး အဆင့်များ မှဖောက်ထွက်မှုနှင့် အခြားဇယားချပ်ပုံဖော်မှုများကိုလည်း တွဲဆက်အသုံးပြုပါ။
- OBV oscillator သည် oscillator များထဲမှ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုနှင့် လမ်းကြောင်း သစ်ဖော်ထုတ်မှုနှစ်မျိုးလုံးအတွက် ပြီးပြည့်စုံပါသည်။ သင့်ကုန်သွယ်မှုနည်းဗျူဟာတွင် volume (ပမာဏ) ဖတ်ခြင်းကို ထည့်သွင်းထားခြင်းမရှိပါက ဤကိရိယာသည် ထပ်ပေါင်းထပ်ရမည့် အသင့် တော်ဆုံးသောတစ်ခုဖြစ်ပါသည်။
- ငွေဖြစ်မလွယ်သည့် ကုန်သွယ်မှု assets နှင့် အချိန်တိုဘောင်များတွင် အချက်ပြမှုများကိုရယူလို ခြင်း မှရှောင်ကြဉ်ပါ။ M15 အောက်နိမ့်သော အချိန်ဘောင်များတွင် အသုံးမပြုပါနှင့်။
- On Balance Volume သည် မတူညီသော ရင်းနှီးမြှုပ်နှံမှု assets များအတွက် ထိရောက်မှုရှိ သည် - ငွေကြေးအတွဲများ၊ခရစ်ပတိုငွေကြေး၊၊ စတော့များ။ သို့သော် ဈေးနှုန်းမငြိမ်မှု ကြောင့် အချိန်တိုဘောင်များတွင် ထိရောက်မှု မရှိပါ။ ထို့ကြောင့် ကျွမ်းကျင်ပညာရှင်များသည် M15 နှင့် အထက် အချိန်ဇယားချပ်များပေါ်တွင် OBV ကို အရောင်းအ၀ယ်ပြုလုပ်လိုကြသည်။
- OBV အချက်ပြမှုများသည် ကုန်သွယ်မှုမဟာဗျူဟာ၏ အခြေခံမဟုတ်သည့်အတွက် အခြားသော နည်းပညာစိစစ်စိတ်ဖြာမှုများမှ အချက်ပြမှုများနှင့် ပေါင်းစပ်အတည်ပြုရမည်ဖြစ်သည်။
On Balance Volume သည် နည်းပညာပိုင်းဆိုင်ရာ လေ့လာသုံးသပ်သူများနှင့် ကုန်သည်များကြားတွင် ရေပန်းစားသည်မျိုးတော့မဟုတ်ပါ။ အချက်ပြမှုများသည် မြင်မြင်ချင်း မရှင်းလင်းပါ။ အချက်ပြမှုများကို ထောက်လှမ်းရန်လိုအပ်ပြီး ၎င်းတို့ကို မှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန်အရေးကြီးသည်။ ထို့ကြောင့် အချိန်မဖြုန်းဘဲ ကလစ်နှစ်ချက်နှိပ်ပြီး ဒီမိုအကောင့် ကို ဖွင့်လိုက်ပါ။ သင့်အရည်အချင်းများ ကို မြှင့်တင်ရန်နှင့် ပရော်ဖက်ရှင်နယ်ကဲ့သို့ အရောင်းအ၀ယ်လုပ်ရန် ဆောင်းပါးမှ အချက်အလက်များကို အသုံးချလိုက်ပါ။
အမေးများသော မေးခွန်းများ
On Balance Volume အညွှန်းသည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု၏ အရှိန်အဟုန်တိုင်းတာသည့် ညွှန်ပြချက်ဖြစ်သည်။ OBV နည်းပညာဆိုင်ရာညွှန်ပြချက်သည် အချက်တစ်ချက်စီတွင် ကုန်သွယ်မှု ပမာဏနှင့် စျေးနှုန်းလှုပ်ရှားမှု၏ဆက်စပ်မှုကို တိုင်းတာသည်။ OBV သည် ငွေကြေးများ၊ စတော့များ၊ ခရစ်တိုငွေကြေး ကဲ့သို့ မတူညီသော assets များကို ရောင်းဝယ်ရာတွင် ကောင်းမွန်သည်။ On Balance Volume သည် အမျိုးမျိုးသော အချက်ပြမှုများကိုပေးပို့သည်- ကွဲလွဲမှု၊ ပံ့ပိုးမှုနှင့် ခုခံမှုအဆင့်များမှ ခွဲထွက်မှုများ၊ လမ်းကြောင်းရှေ့ဆက်မှုနှင့် လမ်းကြောင်းပြောင်းပြန်အချက်ပြမှုများ။
OBV သည် On Balance Volume ကို ကိုယ်စားပြုသည် – စျေးနှုန်းပြောင်းလဲမှုနှင့် ဆက်စပ်သော ကုန်သွယ်မှုပမာဏကို တိုင်းတာသည့် နည်းပညာဆိုင်ရာ ညွှန်ပြချက်တစ်ခုဖြစ်သည်။ ကွဲပြားစွာပြောရလျှင် စျေးနှုန်းလှုပ်ရှားမှုသည် အဝယ် သို့မဟုတ် အရောင်း ဖိအားနှင့် သက်ဆိုင်ခြင်းရှိ၊ မရှိ သို့မဟုတ် စျေးနှုန်းပြောင်းလဲမှုနှင့် ပတ်သက်သည့် အရောင်းအ၀ယ်ပမာဏနှင့် ကိုက်ညီမှုရှိ၊ မရှိတို့ကို စစ်ဆေးနိုင် မည်ဖြစ်ပါသည်။
လက်ရှိအပိတ်စျေးနှုန်းသည် ယခင်အပိတ်စျေးနှုန်းထက် မြင့်မားသောအခါ၊ လက်ရှိပမာဏကို ယခင် ကုန်သွယ်မှုပမာဏသို့ ပေါင်းထည့်ပါသည်။ လက်ရှိ အပိတ်စျေးနှုန်းသည် ယခင်အပိတ်အောက် နိမ့်သော အခါ၊ လက်ရှိ ပမာဏကို ယခင်ကုန်သွယ်မှုပမာဏမှ နုတ်ယူပါသည်။ OBV သည် စျေးနှုန်းလှုပ်ရှားမှု၏ ကြံ့ခိုင်မှုကို ထည့်သွင်းစဉ်းစားခြင်းမရှိပါ။
ကျွမ်းကျင်သူများက OBV အပြောင်းအလဲများကို စျေးနှုန်းဇယားရွေ့လျားမှုများနှင့်အတူ ကောက်ချက်ချရန် အကြံပြုထားသည်။ အကယ်လို့ OBV တန်ဖိုးသည် စျေးနှုန်းနှင့်အတူ မြင့်တက်လာပါက၊ လမ်းကြောင်းသည် လည်းဆက်လက်တည်ရှိနေသင့်သည်။ နောက်တနည်းအားဖြင့် ဈေးနှုန်းတက်နေချိန်တွင် OBV တန်ဖိုး ကျသွားပါက divergence (ကွဲပြားမှု)ဖြစ်ပြီး လမ်းကြောင်းသည်ပြောင်းပြန်ဖြစ်ပေါ်သင့်သည်။ On balance volume သည် ပံ့ပိုးမှု သို့မဟုတ် ခုခံမှုအဆင့်များမှ ဖောက်ထွက်မှုများကိုလည်း အတည်ပြုနိုင်သည်။
On Balance Volume တွင် များသောအားဖြင့် oscillators များကဲ့သို့ ရာခိုင်နှုန်းတိုင်းတာမှု သို့မဟုတ် လိုင်းများ မပါဝင်ပါ။ ယခင်အချက်နှင့် နှိုင်းယှဉ်ပါက တစ်ခုတည်းသောမတူညီသည့်အချက်မှာ OBV ကိရိယာများ နှင့်ကုန်သွယ်ချိန်တွင် တန်ဖိုးများ ပြောင်းလဲမှုနှင့် စျေးနှုန်းလှုပ်ရှားမှုသည် အရေးပါသည်။ ဥပမာအားဖြင့်၊ ညွှန်းကိန်းသည် စျေးနှုန်းကြီးထွားမှုနှင့်အတူ မြင့်တက်လာပါက၊ ၎င်းသည် ကြံ့ခိုင်သော အတက်လမ်းကြောင်း ကို အချက်ပြခြင်းဖြစ်သည်။
သင့်အနေဖြင့် ပမာဏတန်ဖိုးများနှင့် ဈေးနှုန်းပြောင်းလဲမှုတို့ကို လေ့လာသင့်ပါသည်။ အကယ်လို့ ညွှန်ပြ ချက်တန်ဖိုးသည် မြင့်တက်လာချိန်တွင် သိသာထင်ရှားသော အတက်၊အကျပမာဏသည် လိုက်ပါရမည် ဖြစ်ပြီး အကျဖြစ်ပေါ်ချိန်တွင်လည်းထိုနည်းတူဖြစ်ပါက ၎င်းသည် မှန်ကန်စွာ အလုပ်လုပ်ပါသည်။
ညွှန်ကိန်းကို တွက်ချက်ရန် ဖော်မြူလာသုံးခုကို အသုံးပြုသည်။ စျေးနှုန်းတက်လာပါက လက်ရှိပမာဏကို ယခင်မျဉ်းကွေးတန်ဖိုးသို့ ပေါင်းထည့်မည်ဖြစ်သည်။ အကယ်လို့ အကျဆိုရင် ထိုပမာဏကို နုတ်ပါသည်။ စျေးနှုန်းသည် တူညီသောနှုန်းတွင်ရှိနေပါက On Balance Volume တန်ဖိုးသည်လည်း ပြောင်းလဲမည် မဟုတ်ပါ။
Positive OBV ဆိုသည်မှာ On Balance Volume တန်ဖိုး မြင့်လာခြင်း ဖြစ်ပါသည်။
On Balance Volume သည် MetaTrader 4 ရှိ စံညွှန်းကိန်းများစာရင်းတွင် ပါဝင်ပြီးသားဖြစ်သည်။ ထို့ကြောင့် ၎င်းကို နည်းပညာပိုင်းခြားစိတ်ဖြာမှု၏ ရှေ့ပြေး ရှေးဟောင်းကိရိယာ ဟု ယူဆနိုင်သည်။ သို့သော် ၎င်း၏အချက်ပြမှုများဖြင့် ထိရောက်သော ကုန်သွယ်မှုပြုလုပ်ရန် ၎င်းတစ်ခုတည်းသုံးခြင်းဖြင့် တိကျမှုကို မရရှိပါ။ OBV အချက်ပြမှုများသည် အလွန်ရှုပ်ထွေးသောကြောင့် အတွေ့အကြုံမရှိသေးသော ကုန်သည် များကြားတွင် ရေပန်းစားခြင်းမရှိပါ။
OBV သည် အနုတ်လက္ခဏာဆောင်လာချိန်တွင် ညွှန်းကိန်းမျဉ်းသည် နိမ့်ဆင်းလာတတ်သည်။ ထိုအချိန်တွင် OBV တန်ဖိုးများ ကျဆင်းသွားခြင်းဖြစ်ပါသည်။
နေ့ချင်းကုန်သွယ်မှုတွင် လမ်းကြောင်းပြောင်းပြန်လှန်ခြင်းကို အချက်ပြသည့် ကွဲပြားမှုများကို သင်တွေ့ရှိနိုင်သည်။ လမ်းကြောင်း ဆက်လက်ဖြစ်ပေါ်မှုကို အတည်ပြုရန် သို့မဟုတ် ပံ့ပိုးမှုနှင့် ခုခံမှုအဆင့်များမှ ကွဲထွက်မှုများ၏ စစ်မှန်ကြောင်းကို အတည်ပြုရန် နေ့ချင်းကုန်သွယ်ရာတွင် OBV ကို အသုံးပြုနိုင်သည်။ OBV ကို မတူညီသော အချိန်ဘောင်များတွင် အလားတူအသုံးပြုကြသည်။ တစ်ခု တည်းသောခြားနားချက်မှာ အလွန်တိုတောင်းသောအချိန်ဘောင်အတွင်း စျေးနှုန်းမငြိမ်သက်မှုကြောင့် OBV အချက်ပြမှုများသည် ကုန်သွယ်မှုအတွက် မှားယွင်းနိုင်ပါသည်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
လက်တွေ့ဈေးကွက်အချိန်ရှိ #EURUSD ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။































