ကိန်းဂဏန်းရွေ့လျားပျမ်းမျှ ပုံသေနည်းကို အတွေ့အကြုံနုသေးသည့်ကုန်သည်များ မည်မျှ အတိုင်းအတာ အထိအကျွမ်းတဝင်ရှိကြမည်နည်း။ ထို့အတူ ဝါနုသည့်ကုန်သည်များအားလုံးအနေဖြင့် မိမိတို့၏ ကုန်သွယ်မှုများတွင် MA indicator ကိုအသုံးပြုထားသော်လည်း ကုန်သွယ်မှုများတွင် အဘယ်ကြောင့် ထိရောက်မှုမရှိသနည်းဟု တွေးထင်နေကြပါမည်။ indicator ၏လုပ်ဆောင်ပုံ၊ indicator ၏အဓိကနိယာမကို ရှာဖွေလေ့လာပြီး နားလည်တတ်ကျွမ်း ပြီးနောက်ပိုင်း ၎င်းကို ကုန်သွယ်မှုအထောက်အကူပြုအဖြစ် အသုံးပြုခြင်းသည် ကုန်သည်များအတွက် ပိုမိုအကျိုးရှိ ထိရောက် မည်ဖြစ်ပါသည် ။
မိတ်ဆွေတို့အနေဖြင့် နည်းပညာဆိုင်ရာအညွှန်းများကို စိတ်ပျက်ကောင်း စိတ်ပျက်နေနိုင်ပြီး exponential moving average အကြောင်းကိုလည်း မသိကြသေးဘူးထင်ပါသည်။ ၎င်းသည် SMA နှင့်ပုံစံတူသည်ဟုထင်ရသော်လည်း တကယ်တမ်းမှာတော့ ကွဲပြားပါသည်။
ဤဆောင်းပါးသည် EMA indicator ကုန်သွယ်မှု၏အနှစ်သာရနှင့် ema ရွေ့လျားမှုပျမ်းမျှ ကိုအသုံးပြုရန် စည်းမျဉ်းများကိုနားလည်လိုသူများအတွက်ဖြစ်ပါသည်။ EMA ကို အရောင်း၊အဝယ်တွင် တစ်ကြိမ်တစ်ခါမျှ အသုံးမပြုဖူးသေးသော သူများအတွက် ဤဆောင်းပါးကို ဖတ်ရှုလေ့လာခြင်းဖြင့် အလွန်အသုံးဝင်ပါလိမ့်မည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Moving Average ဆိုတာ ဘာလဲ။
- Moving Average အမျိုးအစားများ
- Exponential Moving Average Indicator ဘယ်လိုအလုပ်လုပ်သလဲ။
- Moving Avearage ဖော်မြူလာနှင့် တွက်ချက်မှုများ
- Moving Average Interpretation- ဇယားများကိုသုံးသပ်ခြင်း။
- Exponential moving average filter
- Moving Average နည်းဗျူဟာများ
- Moving Average Indicatorများ၏ အားသာချက်များနှင့် ကန့်သတ်ချက်များ
- Exponential Moving Average (EMA) FAQ
Moving Average ဆိုတာ ဘာလဲ။
မည်သည့်ပျမ်းမျှအရွေ့ သို့မဟုတ် အတိုကောက် အခေါ်အဝေါ်ဖြင့် MA သည် သက်ဆိုင်ရာကာလတစ်ခုအတွက် ပျမ်းမျှစျေးနှုန်းတန်ဖိုးကို ပြသသည့် ညွှန်ကိန်းတစ်ခုဖြစ်ပါသည်။ ဥပမာ၊ လွန်ခဲသော ၈ နာရီက၊ လွန်ခဲ့သော ၅ ရက်က၊ စရှိသဖြင့် အချက်အလက်များကို ပြသပေးမည့် indicator တစ်ခုဖြစ်ပါသည်။
ရိုးရှင်းသော MA အညွှန်းသည် ကုန်သည်များအတွက် မလုံလောက်သည့်အတွက်ကြောင့် စျေးနှုန်း ပြောင်းလဲမှုကို တတ်နိုင်သမျှ မြန်ဆန်စွာတုံ့ပြန်နိုင်သည့် Moving Average ဗားရှင်း သန်းပေါင်းများစွာကို တီထွင်ခဲ့ကြသည်။
ကိန်းဂဏန်းရွေ့လျားပျမ်းမျှ (EMA) သည် လက်ရှိစျေးနှုန်းပြောင်းလဲမှုကို ပိုင်းခြားစိတ်ဖြာပြီး လတ်တလော စျေးနှုန်းရွေ့လျားမှုများကို ညွှန်ပြသည့် ရွေ့လျားပျမ်းမျှအညွှန်းကိန်း တစ်ခုဖြစ်ပါသည်။
Moving Average အမျိုးအစားများ
သိန်းနှင့်ချီသော MA ဗားရှင်းများအားလုံးသည် လက်ရှိစျေးနှုန်းပေါ်မူတည်ပြီးသာ ကွာခြား သွားပါသည်။ တွက်ချက်မှုများတွင်၊ ၎င်းသည် ယခင် အချက်အလက်ဒေတာများနှင့် နှိုင်းယှဉ် ကြည့်ပါက ပိုကြီးလာသည် သို့မဟုတ် ပိုနည်းသွားသည့် အခြေအနေမျိုးဖြစ်ပါသည်။
ဤရွေ့လျားပျမ်းမျှနှုန်းတစ်ခုစီကို လမ်းကြောင်းသစ်ညွှန်ပြချက် တစ်ခုအဖြစ် technical analysis တွင်အသုံးပြုကြပါသည်။
Exponential Moving Average Indicator (EMA)
ကိန်းဂဏန်းရွေ့လျားမှုပျမ်းမျှ EMAဆိုသည်မှာ အဘယ်နည်း။ EMA ပျမ်းမျှအရွေ့သည် အခြားသော MA ပြုပြင်မွမ်းမံမှုများထက် လူကြိုက်များပြီး လွယ်ကူချောမွေ့သောပုံစံကြောင့် ဖြစ်နိုင်သည်။ Forex တွင် pleasant look သည် အရေးကြီးသည်မဟုတ်ပါလော။
ကိန်းဂဏန်း ရွေ့လျားမှု ပျမ်းမျှ အကြောင်းကို အသေးစိတ်လေ့လာကြည့်ကြပါစို့။
လက်ရှိ indicator တန်ဖိုးတွင် လက်ရှိဈေးနှုန်း၊ ယခင်ဈေးနှုန်း နှင့် အရေးပါမှုကိန်းဂဏန်းတို့ ပါဝင်ပြီးဖြစ်ပါသည်။
လက်ရှိစျေးနှုန်းတွင် weight ပိုနေပါက၊ ညွှန်ကိန်းသည် အချက်အလက်အသစ်ကို ပိုမိုမြန်ဆန်စွာတုံ့ပြန်ပြီး zigzag ပုံစံနှင့် ဆင်တူပါသည်။
မဟုတ်လျှင်၊ စျေးနှုန်းရွေ့လျားမှုအားကောင်းလာချိန်တွင် သို့မဟုတ် ဈေးနှုန်းရွေ့လျားမှု အားကောင်းလာပြီး ပိုရှည်နေသည့်အချိန်တို့တွင်မှသာ ညွှန်ပြချက်သည် ၎င်း၏ ဦးတည်ချက် ပြောင်းလဲသွားမည်ဖြစ်ပါသည်။
SMA နှင့် EMA နှစ်ခုကို နှိုင်းယှဉ်ကြည့်ကြပါစို့။
လက်ရှိညွှန်ကိန်းတန်ဖိုးသည် သတ်မှတ်ကာလတစ်ခုအတွက် ပျမ်းမျှစျေးနှုန်းဖြစ်ပါသည်။
ဥပမာအားဖြင့် သတ်မှတ်ကာလသည် 8 လဖြစ်ပါက၊ လက်ရှိတန်ဖိုးသည် နောက်ဆုံး 8 လအတွက် ပျမ်းမျှကို ညွှန်ပြပေးလိမ့်မည်ဖြစ်ပါသည်။
ဤကိစ္စတွင်၊ SMA သည် စျေးနှုန်းအတက်အကျဖြစ်ခြင်း၏ အဓိကအကြောင်းအရာများထဲမှ တစ်ခုဖြစ်သည်။ လက်ရှိစျေးနှုန်းသည် SMA မှ ပိုဝေးလေလေ၊ ၎င်းကို ချဉ်းကပ်ရန် အားကောင်းလေဖြစ်သည်။ စတော့ ကိန်းဂဏန်း ရွေ့လျားမှု ပျမ်းမျှ သည် ယခုအချိန်တွင် စျေးနှုန်းရွေ့လျားနေသည့်နေရာကို ပြသလျှက်ရှိသည်။
Weighted Moving Average Indicator (WMA)
ကုန်သွယ်မှုအတွက် WMA လည်းရှိပါသေးသည်။ ၎င်း၏တွက်ချက်မှုပုံသေနည်းသည် ပထမဆုံးအနေဖြင့် လက်ရှိစျေးနှုန်းကို ထည့်သွင်းစဉ်းစားသည်။ ယခင်ကာလတစ်ခုစီအတွက် စျေးနှုန်း နှင့် အလေးချိန် တို့လျော့နည်းသွားလိမ့်မည်ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍၊ WMA သည် SMA နှင့် ဆင်တူသော်လည်း SMA သည် လက်ရှိအခိုက်အတန့်ကို အာရုံစိုက်ထားသည်။ ထို့ကြောင့်၊ လမ်းကြောင်းပြောင်းပြန်လှန်ခြင်းအတွက် အတည်ပြုချက်အဖြစ် WMA စျေးနှုန်းဖြတ်ကျော်ခြင်းကို ကြည့်ရှုခြင်းသည် ကောင်းမွန်သော စိတ်ကူးမဟုတ်ပေ။
ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ WMA သည် လတ်တလောစျေးနှုန်းများအပေါ် အာရုံစိုက်လွန်းသောကြောင့် ညွှန်ကိန်းသည် လက်ရှိငွေလဲနှုန်းများနှင့် အမြဲနီးကပ်နေမည်ဖြစ်သည့် အတွက်ကြောင့် မှားယွင်းသော အချက်ပြမှုများ အများအပြား ပေးပို့လာလိမ့်မည်။
အကယ်၍ မိတ်ဆွေသည် Weighted Moving Average ကို အသုံးပြုနေပါက၊ ပျမ်းမျှနည်းဗျူဟာသို့ ပြန်သွားလိုသည့် ကုန်သွယ်မှု တန်ပြန်လမ်းကြောင်းကို ထည့်သွင်းစဉ်းစားရန် အကြံပြုလိုပါသည်။
Exponential Moving Average Indicator ဘယ်လိုအလုပ်လုပ်သလဲ။
ဤအကြောင်းအရာက သီအိုရီအတွက် လုပ်ဆောင်ပေးလိမ့်မည်ဖြစ်ပြီး၊ အခု လေ့ကျင့်ဖို့ကို ဆက်သွားကြပါစို့။ ထို့နောက် ကိန်းဂဏန်းရွေ့လျားမှုပျမ်းမျှ EMA နှင့် ရိုးရိုးရွေ့လျားပျမ်းမျှ SMA တို့ကိုလေ့လာကြည့်ပါ။
SMA နှင့် EMA ကဲ့သို့ ပျမ်းမျှအရွေ့များသည် ကုန်သွယ်မှုကို ပိုမို လွယ်ကူသွား စေမည်မဟုတ်ကြောင်းကို သတိပြုပါ။ ၎င်းသည် အနာဂတ်လမ်းကြောင်းကို ညွှန်ပြပေးမည်မဟုတ်ပါ။
ဤသည်မှာ အဘယ်ကြောင့်နည်း။
မည်သည့်ညွှန်ကိန်းမဆို ၎င်း၏တန်ဖိုးသည် စျေးနှုန်းမှဆင်းသက်လာခြင်းဖြစ်ပါသည်။ ၎င်းသည် စျေးနှုန်းအပြောင်းအရွှေ့ကိုရေးဆွဲပေးပြီး ဈေးနှုန်းများကို ဇယားဖြင့် ကွဲကွဲပြားပြားဖော်ပြထားသော ဈေးနှုန်းဇယားဖြစ်ပါသည်။ ၎င်းကို X-ray နှင့် နှိုင်းယှဉ်လို့ရပါသည်။
ဈေးနှုန်းသည် ရွေ့လျားပျမ်းမျှ ကိုဖြတ်ကျော်သောအခါ ၊ ကုန်သည်အများစုသည် ကုန်သွယ်မှုတစ်ခုကို အမြန်ဆုံး ဝင်ရောက်လိုသည့်ဆန္ဒ ပြင်းပြသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကို လမ်းကြောင်း ပြောင်းပြန်လှန်အချက်ပြမှုအဖြစ် သူတို့မြင်တွေ့သောကြောင့် ဖြစ်သည်။ သို့သော်၊ စျေးနှုန်းသည် ဇယားကွက်ရှိ မည်သည့်ပွိုင့်တွင်မဆို ပြောင်းပြန်ဖြစ်နိုင်သကဲ့သို့ မဖြစ်နိုင်သည့် အခြေအနေတွင်ရှိသည်။
အစောပိုင်းတွင်၊ မည်သည့်ကုန်သည်မှ ဇယားတွင်ထည့်သွင်းထားသည့် ညွှန်ပြချက်၏ လုပ်ဆောင်မှုနိယာမ သဘောတရားကို နားမလည်ကြပါ။ ဤအတွက် ခန့်မှန်းထားသည့် ရွေ့လျားပျမ်းမျှ ၏ parameter တစ်ခုစီကို ခွဲခြမ်းစိတ်ဖြာရန်အကြံပြုပါသည်။
စျေးနှုန်းဇယားတွင် ညွှန်ပြချက်တစ်ခုထည့်ခြင်းနှင့်ပတ်သက်၍ လူတိုင်းကောင်းစွာ လုပ်ဆောင်နိုင် ပါသည်။ မိတ်ဆွေသည် MT4 သို့မဟုတ် MT5 ပလပ်ဖောင်းတစ်ခုခုတွင် EMA ကိုရွေးချယ်ပါ- ထို့နောက် ယခုအစီအစဉ်အတိုင်း လုပ်ဆောင်ပါ “Insert → Indicators → Trend→ Moving average”
EMA နည်းလမ်းသည် အဆတိုးနှုန်းဖြစ်သည်။
နောက်ထပ် အရေးကြီးသောကန့်သတ်ချက်မှာ EMA တွက်ချက်မှုကာလဖြစ်ပါသည်။ ၎င်းသည် indicator မှ ခွဲခြမ်းစိတ်ဖြာထားသော candlestick အရေအတွက်ကို ရည်ညွှန်းပါသည်။
အချိန်ကာလအလိုက်၊candlestick တစ်ခုစီသည် အချိန်အတိုင်းအတာတစ်ခုအထိ စျေးနှုန်းပြောင်းလဲမှု ကိုးကားချက်ကို ပြသပါလိမ့်မည်။
ဥပမာအားဖြင့်၊ သက်မှတ်ကာလ M1 အတွက်၊ candlestickတစ်ခုစီသည် တစ်မိနစ်ကျော်တွင် ဖြစ်ပေါ်လာသော ဈေးနှုန်းအပြောင်းအလဲကို ညွှန်ပြသည်။ သတ်မှတ်ကာလ M15 အတွက်၊ ညွှန်ပြချက်သည် ဆယ့်ငါးမိနစ်ကြာချိန်ကို ပိုင်းခြားစိတ်ဖြာပေးသည်။ D1 ကာလသည် နေ့စဥ်ပြောင်းလဲခြင်းကို ဆိုလိုသည်- အစရှိသည်ဖြစ်သည်။
မိတ်ဆွေအနေဖြင့် သတိပြုရန်မှာ ကာလသည် အတိုင်းအတာတစ်ခုသာဖြစ်ကြောင်းကို မှတ်သား ထားသင့်သည်။ ထို့အတွက်ကြောင့် တန်ဖိုး ကြီးကြီးမားမား နှင့် တန်ဖိုးနည်းတို့ကြားက ဟန်ချက်ညီမျှမှုကို ရှာဖွေရန် ဤနေရာတွင် အကျိုးထူးစေမည့်အချက်တစ်စုံတစ်ရာမှ မရှိနိုင်ကြောင်း ထင်မြင်သုံးသပ်မိပါသည်။
ကာလကို 200 ဟု သတ်မှတ်ကြည့်လျှင် ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ trend ကို မြင်တွေ့ရလိမ့်မည် ဖြစ်သည်။
အကယ်၍ 5 ဟုသတ်မှတ်ပါက၊ ဒေသန္တရ trend ကို တွေ့ရပါလိမ့်မည်။
ကန့်သတ်ချက်ပေါ်တွင် အသုံးချမှုသည် EMA တွက်ချက်မှုဖော်မြူလာတွင် မည်သည့်စျေးနှုန်းအမျိုးအစားကို ထည့်သွင်းစဉ်းစားလိမ့်မည်ကို ပြသပေးသည်။
အဓိကကျသည့် နည်းလမ်းများကို လေ့လာကြည့်ကြပါစို့။
Close ဆိုသည်မှာ အပိတ်ဈေးနှုန်းဖြစ်သည်။ ဤသည်မှာ ရွေးချယ်ထားခဲ့သော ကာလအတွင်းရှိ နောက်ဆုံး စျေးနှုန်းဖြစ်သည်။ ဥပမာအားဖြင့်၊ ငါးမိနစ်တစ်ခါတွင် ဖြစ်ပေါ်လာသော ဈေးနှုန်း၊ တစ်နာရီတစ်ခါတွင် ဖြစ်ပေါ်လာသော ဈေးနှုန်း အစရှိသဖြင့် ဖြစ်သည်။
Open ဆိုသည်မှာ အဖွင့်ဈေးနှုန်းဖြစ်သည်။ ဤသည်မှာ ကုန်သွယ်မှု ကာလစတင်သည့် အချိန်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းဖြစ်ပြီး — ကြားကာလငါးမိနစ်၏အစ တွင်ဖြစ်ပေါ်နေသော ဈေးနှုန်း၊ တစ်နာရီအစတွင် ဖြစ်ပေါ်နေသည့် ပထမစျေးနှုန်း အစရှိသဖြင့် ဖြစ်သည်။
High ဆိုသည်မှာ ကာလတစ်လျှောက်လုံးတွင်ဖြစ်ပေါ်လာသော ဈေးနှုန်းများအတွင်း အမြင့်ဆုံးဈေးနှုန်းကို ညွှန်းဆိုခြင်းဖြစ်သည်။
Low သည် ကာလတစ်လျှောက်လုံးတွင်ဖြစ်ပေါ်လာသော ဈေးနှုန်းများအတွင်း အနိမ့်ဆုံး စျေးနှုန်း ဖြစ်သည်။
ကျန်ရှိသည်များအားလုံးသည် အထက်ဖော်ပြပါ ကန့်သတ်ချက်များ၏ သီးခြားဖြစ်ရပ်များဖြစ်သည်။
စာရေးသူအတွက်ဆိုလျှင် close သည် အသင့်တော်ဆုံးနည်းလမ်းဖြစ်ပါလိမ့်မည်။ သို့သော်၊ ဤကန့်သတ်ချက်များ တစ်ခုစီသည် ပြန်လည်သုံးသပ်နေသည့်ကာလအတွက် စျေးနှုန်းများစွာထဲမှ တစ်ခု မျှသာဖြစ်ပါသည်။ ဤအချက်များအထဲမှ အရေးပါသည့်အချက်၊ အရေးမပါသည့်အချက်ရယ်လို့ မရှိပါ။
ယေဘူယျကျသည့် EMA ကုန်သွယ်မှုနည်းဗျူဟာသည် အောက်ပါအတိုင်း ဖြစ်ပါသည်-
- Moving Average သည် ဘယ်ကို ဦးတည်နေသလဲဆိုတာ ကြည့်ပါ။
- MA ဦးတည်ချက်တွင် ကုန်သွယ်မှုတစ်ခုဝင်ရောက်ရန် အချက်ပြမှု (ရှာရန်မကြိုးစားပါနှင့်) ကို မျှော်လင့်ထားပါ။
- ဆန့်ကျင်ဘက်ဦးတည်ချက်အတွက် အချက်ပြမှုများကို လျစ်လျူရှုပါ။
ညွှန်ပြချက်သည် အချက်ပြမှုများ ပေးပို့ပါက၊ ဇယားရှိ အရောင်းအ၀ယ်များသည် ဖော်ပြပါပုံကဲ့သို့ ဖြစ်နေပါလိမ့်မည်-
အစိမ်းရောင်မျဉ်းသည် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်သည့်အချိန်ရှိ candlestick ကို အမှတ်အသား ပြုပါသည်။
အနီရောင်မျဉ်းသည် stop loss အဆင့်ကို အမှတ်အသားပြုသည်။ ၎င်းသည် ယခင် upward candlestick ထက် မြင့်မားနေသည်။
တစ်ခါတစ်ရံတွင် MA သည် ဤကဲ့သို့ ပြုမူလုပ်ဆောင်သည်-
ဤကဲသို့မကောင်းသောအချက်များသည်လည်း ကုန်သွယ်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မည်သည့် MA ကုန်သွယ်မှုနည်းဗျူဟာမဆို မည်သည့်အချိန်ကာလကိုမဆို အောင်မြင်အောင်ပြုလုပ်ခြင်းထက် indicator မှပြသထားသော အောင်မြင်သည့်ကာလမှ အမြတ်အစွန်း အများဆုံးရရှိရန် ရည်ရွယ်ထားကြခြင်းဖြစ်ပါသည်။
AMA နှင့် EMA အကြား ကွာခြားချက်များ
ကုန်သည်များအနေဖြင့် standard technical tools များနှင့်ပတ်သက်ပြီး စိတ်တိုင်းမကျနိုင်ကြသည်ကို တွေ့ရသည်။ မိတ်ဆွေအနေဖြင့် SMA နှင့် EMA indicator အပြင် နည်းပညာဆိုင်ရာညွှန်ကိန်းတစ်ခုကို ဒေါင်းလုဒ်လုပ်လိုပါသလား၊ သို့မဟုတ် ဝယ်ယူလို ပါသလား။ ထို့အပြင် မိတ်ဆွေအတွက် ပုံသေနည်းသည် ရှုပ်ထွေးကောင်း ရှုပ်ထွေးနေနိုင်ပါသည်။
ထို့ကြောင့် ယခုကဲ့သို့ super tool တစ်ခုရှိနေခြင်းသည် မိတ်ဆွေတို့အတွက် ကံကောင်းမှု ဆုလာဒ်တစ်ခုပဲဖြစ်ပါသည်။ ရှုပ်ထွေးသော MA သည်သာမန်လူများကို စူပါကုန်သည်များအဖြစ်သို့ ပြောင်းလဲမပေးပါ၊ ၎င်းသည် flat နှင့် trend တို့ကိုလည်း ချိန်ညှိပေးသည်။
Kaufman ၏ Adaptive Moving Average သို့မဟုတ် AMA(KAMA) ကိုလေ့လာကြည့်ပါ။
ဤနေရာတွင် ၎င်း၏ တွက်ချက်ပုံသေနည်းကို ဖော်ပြနိုင်ခြင်းမရှိသည်ကို နားလည် ခွင့်လွှတ်ကြမည်ဟု မျှော်လင့်ပါသည်။ အကယ်၍ မိတ်ဆွေအနေနှင့် သိလိုလျှင် ခုနစ်စက္ကန့်အတွင်း ဤအကြောင်းအရာကို အင်တာနက်မှာ ရှာဖွေလေ့လာနိုင်ပါသည်။
AMA ၏အဓိကဖြစ်သည့်ကန့်သတ်ချက်များကို အကျဉ်းချုပ်ပြောပြပေးပါမည်။
1. Efficiency coefficient ဟုခေါ်သည့် စွမ်းဆောင်ရည်ကိန်းသည် နောက်ဆုံး AMA တန်ဖိုးအပေါ် price noise ၏လွှမ်းမိုးမှုကိုဆုံးဖြတ်သည်။ လက်တွေ့တွင် ၎င်းသည့် မှားယွင်းသော အချက်ပြမှုများ အရေအတွက်ကို လျော့နည်းစေသည်။
စျေးနှုန်းသည် အချိန်အတော်ကြာသည်အထိ တူညီသော ဦးတည်ရာသို့ သွားနေသည့်အခါ ၎င်းမှ အချက်ပြမှုတစ်ခု ပေးပို့သည်။ ဤကိစ္စတွင်၊ ၎င်းသည် price noise မဟုတ်သော်လည်း စီမံထားသည့်အတိုင်း လှုပ်ရှားမှုဖြစ်သည်မှာ ထင်ရှားပါသည်။ သို့သော် အကြောင်းမတိုက်ဆိုင်၍ ၎င်းအတွက် အချက်ပြမှုသည် လှုပ်ရှားမှုဖြစ်ပေါ်ပြီးနောက်မှသာ ပေါ်လာခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။
2. Smoothing constant တို့သည့် မြန်ဆန်၊ရှည်လျားကြသည်။ ၎င်းတို့သည် Trend နှင့် flat တို့နှစ်ခုလုံးရှိ indicator ၏ အပြုအမူကို သုံးသပ်ပေးသည်။ ၎င်းသည် trend တစ်ခုတွင် ပို sensitive ဖြစ်ပြီး flat တစ်ခုတွင် sensitive ဖြစ်ခြင်း နည်းပါးသည်။
Quote သည် ဦးတည်ရာတစ်ခုထဲသို့ ရွေ့နေသည့်အခါတွင် smoothing constant သည် ကြည့်ကောင်းနေမည်ဖြစ်ပြီး ဤအခြေအနေတွင် AMA သည် မည်သည့်နည်းနှင့်မျှ တုံ့ပြန်ခြင်း ပြုမည်မဟုတ်ပေ။ သို့သော် V-shared turn နှင့်အတူ ၎င်းသည် အတော်လေး နောက်ကျသွားပြီဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
AMA နှင့် EMA တို့အကြား ကွာခြားချက်က ဘာပါလဲ။
ယေဘုယျအားဖြင့် ၎င်းတို့တွင် သိသိသာသာ ကွာခြားမှု မရှိပါ။
အမြင်အားဖြင့်၊ ၎င်းတို့ကြားကွာခြားချက်မှာ AMA သည် စျေးနှုန်းဦးတည်ချက်ကို ပိုမိုရှင်းလင်းစွာ ပြသပေးခြင်းဖြစ်သည်။ လျှောစောက်ထောင့်များသည်လည်း ပိုမိုရှင်းလင်းသည်။ ထောင့်သည် 45 ဒီဂရီ သို့မဟုတ် 0 ဖြစ်သည်။ ထို့ကြောင့် ရွေ့လျားမှု၏အားကို ချက်ချင်းမြင်တွေ့ရသည်။
Exponential Moving Average အဖြစ် စျေးနှုန်းရွေ့လျားမှုများကို flat အနေဖြင့်သတ်မှတ်ထားခြင်းမရှိပါ။ ဤသည်မှာ အားသာချက်တစ်ခုလဲဖြစ်ပါသည်။
KAMA သည် အခြားသော MA ဗားရှင်းများ၏ ချို့ယွင်းချက်များကို ဖယ်ရှားရန် ကြိုးစားမှုတစ်ခုသာဖြစ်သည်ဟု ယုံကြည်ပါသည်။ ရလဒ်အနေဖြင့် အချို့သော အားနည်းချက်များ ပျောက်ကွယ်သွားသော်လည်း အခြားအရာများ ထွက်ပေါ်လာခဲ့သည်။
Moving Avearage ဖော်မြူလာနှင့် တွက်ချက်မှုများ
လအနည်းငယ်ကြာပြီးနောက်တွင် စတင်ကုန်သွယ်သည့် ကုန်သည်အသစ်များအတွက် ပုံမှန်ရွေ့လျားပျမ်းမျှနှုန်းများ၏ ယန္တရားရပ်ဆိုင်းသွားသည်။ ထို့နောက်တွင်၊ ကုန်သည်များသည် မှားယွင်းသောအချက်ပြမှုများကို စစ်ထုတ်ရန်နှင့် လျော့နည်းသွားစေရန် moving average exponential နှင့် အခြားကိရိယာများ အပေါ်အခြေခံ၍ ရှုပ်ထွေးသောညွှန်ကိန်းများကို မှီခိုအားထား ကြရသည်။ ထို့ကြောင့် သူတို့လည်း ကုန်သွယ်မှုတွင်ကျရှုံးကြသည်။
ဤသို့ဖြစ်ရသည့် အကြောင်းအရင်းသည် ကုန်သည်အများစုသည် ကုန်သွယ်မှုတွင် ၎င်းတို့အသုံးပြုသည့် ကိရိယာများကို လေ့လာစူးစမ်းရန် ဆန္ဒမရှိသောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ၎င်းကိရိယာများ မည်သို့လုပ်ဆောင်သည်ဆိုသည်ကို ပိုင်ပိုင်နိုင်နိုင်သိရှိခဲ့လျှင် ကုန်သည်များအနေဖြင့် ၎င်းကိရိယာတွေကို ထိရောက်အောင် ဘယ်လိုအသုံးချရမလဲဆိုတာ သိရှိလာပါလိမ့်မည်။
Exponential Moving Average Formula
EMA တွက်ချက်မှုဖော်မြူလာကို အခြေခံကနေစတင်လေ့လာသင့်ကြောင်း အကြံပြုလိုပါတယ်-
EMA t = α * P t + (1 - α ) * EMA t-1
α - သည် weight coefficient ဖြစ်ပါသည်။ α ပိုမြင့်လေ၊ လက်ရှိဒေတာ weight များလေလေဖြစ်ပြီး၊ ဒေတာ အဟောင်း၏ weight သည်လျော့နည်းလေလေ ဖြစ်သည်။
Pt သည် t ကာလအတွင်း စျေးနှုန်းတန်ဖိုးဖြစ်ပြီး ၊
EMAt-1 သည် ယခင်ကာလအတွက် indicator ၏တန်ဖိုးဖြစ်သည်။
Weight Coefficient ကိုအောက်ပါနည်းလမ်းဖြင့် တွက်ချက်ပါသည်။
α = 2 / (N+1)
N – smoothing period
ထို့ကြောင့်၊ ပိုများသော ကာလနှင့် EMA သည် စျေးနှုန်းဟောင်းဒေတာကို ပိုမိုထည့်သွင်း စဉ်းစား မည်ဖြစ်ပြီး အချိန်တိုတိုနှင့် EMA သည် လက်ရှိဖြစ်ပေါ်နေသောအခြေအနေကို သုံးသပ်ပေးသည်။
ဥပမာ၊ exponential moving average ကိုကာလ 3လ ဖြင့် တွက်ချက်ကြည့်ကြပါစို့။
ပထမဦးစွာ၊ weight coefficient ကို သုံးသပ်ပါသည်။
Α = 2 / (3 + 1) = 2/4 = 0.5
ပိုမိုရိုးရှင်းသည့် တွက်ချက်မှုဖြစ်စေရန်အတွက်၊ ယခင်ညွှန်ကိန်းတန်ဖိုးသည် 1 ဖြစ်မည်ဖြစ်ပြီး t ကာလအတွက် စျေးနှုန်းကို 1.10 ဟု ယူဆကြည့်ပါမည်။
EMAt = 0.5 * 1.10 + (1 - 0.5) * 1 = 0.55 + 0.5 = 1.05
ဥပမာတွင်၊ လက်ရှိတန်ဖိုးသည် 1.05 ဖြစ်ပြီး ယခင်ကာလ 1ထက်ပိုများနေသောကြောင့် indictor ကို အတက် အနေအထားအဖြစ် ဦးတည်ထားသည်။ ထို့ကြောင့် tool သည် uptrend ကိုညွှန်ပြမည်ဖြစ်ပါသည်။
မိတ်ဆွေအနေဖြင့် မိမိကိုယ်ပိုင် ဒေတာအချက်အလက်များကို အသုံးပြု၍ မိတ်ဆွေကိုယ်တိုင် တွက်ချက်မှုများကို လက်တွေ့ပြုလုပ်နိုင်ပါသည်။ မိတ်ဆွေအတွက်ဒေါင်းလုဒ်ဆွဲနိုင်သော Excel တွင် EMA တွက်ချက်မှုပုံစံတစ်ခုကို ဤနေရာတွင် ပြင်ဆင်ပေးထားပါသည်။ ဒေါင်းလုဒ်ရယူနိုင်ပါသည်။
Simple Moving Average Formula
SMA တွက်ချက်မှုအတွက်ဖော်မြူလာမှာ အောက်ပါအတိုင်းဖြစ်သည်။
SMA = Sum(Pi)/n
Pi သည် ခွဲခြမ်းစိတ်ဖြာထားသော ကာလများအတွက် စျေးနှုန်းတန်ဖိုးများဖြစ်သည်။ ဤတန်ဖိုးများ၏ အရေအတွက်သည် လေ့လာခဲ့သည့် ကာလများပေါ်တွင် မူတည်ပါသည်။
Sum(Pi) - သည် ထည့်သွင်းစဉ်းစားနေသည့် ကာလများအတွက် စျေးနှုန်းတန်ဖိုးများ ပေါင်းစည်းခြင်းဖြစ်သည်။
N - ကာလအရေအတွက
ရိုးရှင်းသော ဥပမာတစ်ခုတွင် SMA တွက်ချက်ပုံ Bread prciesစျေးနှုန်းအပြောင်းအလဲများကို ရှင်းပြပေး ပါမည်။
လွန်ခဲ့သော 2 နာရီက (P2) - $1
လွန်ခဲ့သော 1 နာရီက (P1) - $1.2
လက်ရှိစျေးနှုန်း (P0) - $1.4
သုံးနာရီအတွက် SMA တွက်ချက်မှုပုံသေနည်း
SMA (3) =($1,4+$1,2+$1) / 3 = 1,2$
ထို့ကြောင့်၊ လက်ရှိစျေးနှုန်း ($1.4) သည် SMA ညွှန်ပြချက် ($1.2) ၏ လက်ရှိတန်ဖိုး၏အထက် ဖြစ်လိမ့်မည်။ ဤအတွက် ဂုဏ်ယူပါသည် ယခု bread အတွက် bullish trend အလားအလာရှိနေပါသည်။
bullish သို့မဟုတ် bearish trend များကို သိရှိနိုင်ရန်အတွက် မိတ်ဆွေကိုယ်တိုင် EMA နှင့် SMA တွက်ချက်မှုများကို လုပ်ဆောင်နိုင်ပါသည်။ မိတ်ဆွေအတွက် EMA နှင့် SMA တွက်ချက်ရန်အတွက် Excel တစ်ခုကို ပူးတွဲ တင်ပြထား ပါသည်။
Weighted Moving Average Formula
ကာလ (၃) လဖြင့် weighted moving average တွက်ချက်ပုံဖော်မြူလာ
WMA (3) = (3P(1) + 2P(2) + 1(P3)) / (3+2+1)
P1၊ P2၊ P3 သည် လက်ရှိကာလ၏စျေးနှုန်းများ၊ ယခင်က ဈေးနှုန်းနှင့် ယခင်မတိုင်မီက ဈေးနှုန်း အစရှိသည်တို့ဖြစ်သည်။
WMA တွက်ချက်မှု ပုံစံသည် SMA နှင့်ဆင်တူသည်။ ကွာခြားချက်မှာ WMA ကိုကြိုတင်သတ်မှတ်ထားသည့် weight ဖြင့် သတ်မှတ်ဒေတာရှိ ကိန်းဂဏန်းတစ်ခုစီကို မြှောက်ကာ ရရှိလာသည့် ရလာဒ်တန်ဖိုးများကို ပေါင်းခြင်းဖြင့် ရရှိလာသည်။
ပိုများသည့်တန်ဖိုးကို လက်ရှိဈေးနှုန်းအနေဖြင့် သတ်မှတ်ထားပါသည်။ ၎င်းသည် ဤနေရာမှ ဥပမာတွင် ကာလအရေအတွက် (၃) လ နှင့် ညီမျှပါသည်။ ယခင်ဈေးနှုန်းတစ်ခုစီတွင် lesser (2) နှင့် lesser (1) weight များရှိသည်။ အတိတ်နှင့် ပိုဝေးကွာလေလေ၊ ဈေးနှုန်းတန်ဖိုး weight နည်းလေလေဖြစ်သည်။
3 x $1.4 + 2 x $1.2 + 1 x $1
ထို့နောက်အသုံးပြုခဲ့သော ကိန်းဂဏန်းများအားလုံးကို ပေါင်းခြင်းဖြင့် ရလဒ်ကို ပိုင်းခြားပါသည်။ ၎င်းတို့သည် 3၊ 2 နှင့် 1 တို့ဖြစ်သည်-
(3 x $1.4 + 2 x $1.2 + 1 x $1) / (3+2+1) = $1.27
WMA တွက်နည်းကို သရုပ်ပြရန် ဤနေရာတွင်ရှိနေသည့် ဥပမာသည် bull trend ကို ညွှန်ပြသည်။ လက်ရှိစျေးနှုန်းသည် WMA တန်ဖိုးထက် ကြီးသည်။
Moving Average Interpretation- ဇယားများကိုသုံးသပ်ခြင်း။
ကုန်သွယ်မှုတွင် ရွေ့လျားပျမ်းမျှနှုန်းများကို မိတ်ဆွေတို့ အသုံးပြုသောအခါ၊ မိတ်ဆွေတို့အနေဖြင့် ကုန်သည်များ တွေ့ကြုံနေရသည့် ပြဿနာအားလုံးကို ရင်ဆိုင်ရဖွယ်ရှိသည်။ အပျက်သဘောဆောင် သည့် အင်္ဂါရပ်များမှာ မရှင်းလင်းသော အချက်ပြမှုများ၊ ပြောင်းလဲနေသော မတည်ငြိမ်မှုကို ချိန်ညှိရန် မဖြစ်နိုင်ခြင်း၊ ညွှန်ပြသည့် ကာလကို ရွေးချယ်ခြင်းဆိုင်ရာ ပြဿနာများ စသည်တို့ဖြစ်သည်။ သို့သော် အကယ်၍ မိတ်ဆွေသည် ထိုပြဿနာအားလုံးကို ကျော်လွှားနိုင်ပြီး အမြတ်အစွန်းရှိသော MA ကုန်သွယ်မှု နည်းဗျူဟာကို ဖန်တီးနိုင်ပါက၊ မိတ်ဆွေအနေဖြင့် အချိန်မရွေး၊ မည်သည့် ဈေးကွက် တွင်မဆို ကုန်သွယ်မှု ပြုနိုင်မည် ဖြစ်ပါသည်။
Lag Factor
မိတ်ဆွေတို့ မည်သည့် indicator မဆို နှောင့်နှေးကြန့်ကြာနေသည်မှာ အဘယ်ကြောင့်လို့ ထင်ပါသနည်း။ အဘယ်ကြောင့်ဆိုသော် indicator သည် ဖြစ်ပေါ်နေပြီးဖြစ်သည့် ဈေးနှုန်းလှုပ်ရှားမှုများကို ထင်ဟပ်သောကြောင့်ဖြစ်သည်။ တွက်ချက်မှုအတွက် ရွေးချယ်ထားသည့် ကာလ ပိုရှည်လေလေ၊ indicator သည် နှောင့်နှေးကြန့်ကြာလေလေဖြစ်ပါသည်။
ကာလတိုသောအခါ indicator နှောင့်နှေးကြန့်ကြာမှု လျော့နည်းသွားပါလိမ့်မည်၊ သို့သော် ပို၍ မကြာခဏ ဆိုသလို ဖြစ်နေလိမ့်မည်။
အနာဂတ်ဈေးနှုန်းလှုပ်ရှားမှုများကို ကြိုတင်သိရှိလိုသည့် အခါမျိုးတွင် indicator နှောင့်နှေး ကြန့်ကြာနေခြင်း က ပြဿနာဖြစ်ပုံရသည်။ MA indicator များ၏ အားသာချက်မှာ ဈေးနှုန်းဒေတာအချက်အလက်များကို ချောမွေ့စေခြင်းဖြစ်သည်။ MA period ပိုများလေလေ၊ သိသာထင်ရှားသည့် corrective movement များကို ပိုပြီး လျစ်လျှူရှုရပါလိမ့်မည်။
Lengths & TimeframesLengths & Timeframes
ယေဘူယျဖြစ်သည့် ရှုထောင့်များကိုလေ့လာကြည့်ကြပါစို့။
- MA ကာလ ပိုရှည်လေလေ၊ တစ်ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းသစ်ကို ညွှန်ပြလေလေဖြစ်ပြီး၊ စျေးနှုန်းမြင့်တက်မှုအပေါ် တုံ့ပြန်မှု နှေးလေလေဖြစ်ပါသည်။ ၎င်းသည် trend အသစ်နှင့် ကုန်သွယ်ခြင်းအတွက် သင့်တော်ပါသည်။
AUDUSD ဇယားအတွက် EMA သည်(30) ဖြစ်ပြီး အချိန်ကာလသည် m5 ဖြစ်သည်။
- indicator ၏ကာလတိုလေလေ၊ ဈေးနှုန်းဇယားသည် ၎င်းကို ဦးတည်ရာနှစ်ခုလုံးတွင် မကြာခဏဆိုသလို ဖြတ်ကျော်သွားလေလေဖြစ်သည်။ တိုတောင်းသော MA period များသည် ဈေးနှုန်းသည် Moving Average သို့ပြန်သွားသည့်အခါ trend ကိုတန်ပြန်ကုန်သွယ်ခြင်းတွင် သင့်တော်ပါသည်။
ပုံတွင် မြှားများသည် ကုန်သွယ်မှု၏ ဦးတည်ရာကို အမှတ်အသားပြုထားခြင်းဖြစ်ပါသည်။ ကြက်ခြေခတ်မှတ် များသည် အညွှန်းလိုင်းမှ အမြင့်ဆုံးစျေးနှုန်းသွေဖည်မှုအတွက် အမှတ်အသားများ ဖြစ်သည်။
စျေးနှုန်းသည် ဖြစ်နိုင်သမျှအတိုင်းအတာအထိ သွေဖည်သွားပြီးနောက် ကုန်သွယ်မှုသည် MA ဦးတည်ချက်သို့ ဝင်ရောက်လာခဲ့သည်။
အချိန်ကာလပေါ်မူတည်၍ MA သည် တူညီသောအချိန်ကာလများရှိပါသော်လည်း မတူညီသော နည်းလမ်းဖြင့် ရွေ့လျားမည်ဖြစ်ပါသည်။ ၎င်းတို့သည် ပိုမိုတိုတောင်းသော သတ်မှတ်ကာလများတွင် zigzag နှင့်ဆင်တူပြီး ပိုရှည်သော သတ်မှတ်ကာလတွင် smooth ဖြစ်နေသည်။
M5 နှင့် D1 ၏ သတ်မှတ်ကာလများတွင် EMA (10) ရွေ့လျားပုံကို နှိုင်းယှဉ်လေ့လာကြည့်ပါ။
Day trading တွင် မိတ်ဆွေအနေဖြင့် ပိုရှည်သောကာလကို အသုံးပြုပြီး မိတ်ဆွေအသုံးပြုထားသည့် MA ဦးတည်ရာသို့ ဝင်ရောက်ခြင်းက ပိုကောင်းပါသည်။
အလယ်အလတ်ကာလ ကုန်သွယ်မှုတွင်၊ မိတ်ဆွေသည် တစ်ပတ်လျှင် 1.5 ကုန်သွယ်မှုအချက်ပြမှုများကို ပိုမိုရရှိစေရန် Moving average အတွက် short periods များကို သတ်မှတ်နိုင်ပါသည်။
ဤနည်းလမ်းများသည် မကြာမကြာ လုံလောက်သည့် အတော်အတန်ကောင်းမွန်သည့် ကုန်သွယ်အချက်ပြမှု များကို ထောက်ပံ့ပေးသည်။ အကယ်၍ မိတ်ဆွေသည် စူပါအရောင်းအဝယ်များကို စောင့်ဆိုင်းလိုသည့် ဆန္ဒရှိပါက၊ မိတ်ဆွေအနေဖြင့် ကာလရှည် သတ်မှတ်ချက်ဖြင့် Moving Average ကို ကာလရှည် အနေအထားဖြင့် အသုံးပြုသင့်သည်။ မိတ်ဆွေအနေဖြင့် trend တွင် ကုန်သွယ်မှုပြုရာ၍ MA ဦးတည်ရာအတိုင်း ဝင်ရောက်ကာ၊ ကောင်းမွန်သော အရောင်းအဝယ်များကို ပြုလုပ်နိုင်ပြီး အကျိုးအမြတ် ရလာဒ်ကောင်းများကို ရယူနိုင်ပါသည်။ သို့သော် ပထမဆုံးအကြိမ်ကြိုးပမ်းမှုတွင် အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းသည် အလွန်နည်းပါးပါသည်။ နောက်ထပ်အရေးကြီးသည့် အချက်မှာ ကုန်သွယ်မှုအတွက် အကိုးအကားအချက်အလက်များကို ဖတ်ရှုလေ့လာနေရုံဖြင့် အဆိုပါ Forex exponential moving average များကို ကျွမ်းကျင်ပိုင်နိုင်လာလိမ့်မည်မဟုတ်ပါ၊ စဉ်ဆက်မပြတ်လေ့လာနေခြင်း နှင့်အတူ လေ့ကျင့်ခြင်း နှစ်ခု ပေါင်းမှသာ မိတ်ဆွေအတွက် ပြီးပြည့်စုံသွားစေပါလိမ့်မည်။
Trend Identification
ဈေးနှုန်းသည် exponential moving average နှင့် တူညီသော ဦးတည်ချက်ဘက်သို့ ရွေ့နေပြီး ၎င်းကို ဖြတ်ကျော်သွားခြင်းမရှိပါက၊ trending price movement ကို စဉ်းစားနိုင်ပါသည်။
ဈေးနှုန်းဇယားသည် MA နှင့် မကြာခဏဆိုသလို ကိုက်ညီနေပါက၊ ဈေးကွက်ထဲတွင် ရှင်းလင်းပြတ်သားသော trend မရှိနေကြောင်း သိနိုင်သည်။
Trend pivot movement ကို ရှာဖွေရန်အတွက် အများစုသည် EMA ကိုအသုံးပြုကြကြောင်း သတိပြုမိပါသည်။ သို့ဖြစ်၍ ဤနေရာတွင် အသုံးများသည့် နည်းလမ်းနှစ်ခုစလုံးကို လေ့လာကြည့်ကြပါစို့။
- indicator ဦးတည်ချက်ကို သတိပြုပါ။
- indicator ကိုဖြတ်ကျော်လာသည့် ဈေးနှုန်းကို ရှာဖွေပါ ၊ သို့မဟုတ် indicator line ၏အခြားတစ်ဖက်တွင် ဈေးနှုန်းပိတ်သွားသည်အထိကို မျှော်လင့်ထားပါ။
exponential moving average အား တွက်ချက်ပုံ ပြန်ဆန်းစစ်ကြည့်ရအောင်၊ EMA ဖော်မြူလာအရဆိုလျှင် ယခင်က ဒေတာအချက်အလက်များ စုစုပေါင်းရလာဒ်သည် လက်ရှိဈေးနှုန်းထက် weight ပိုများလေ့ရှိသည်။
ထို့ကြောင့်၊ စျေးနှုန်းသည် ပြတ်သားပြီး ဆန့်ကျင်ဘက် ဦးတည်ချက်အတော်ကြာကြာ ရွေ့လျားလာသောအခါ ညွှန်ကိန်းသည် ၎င်း၏ ဦးတည်ရာကို ပြောင်းလဲလိမ့်မည်ဖြစ်ပြီး အောက်ပါတို့ကို ညွှန်ပြပေးလိမ့်မည်-
- ကုန်သည်များ၏ အားနည်းချက်မှာ စျေးနှုန်းကို လမ်းကြောင်းသစ်ဦးတည်ချက်တွင် ရေးဆွဲကြခြင်း ဖြစ်သည်။
- ကုန်သည်များ၏ အားသာချက်သည် စျေးနှုန်းကို ဆန့်ကျင်ဘက်သို့ ရေးဆွဲကြခြင်းဖြစ်သည်။
အောက်ပါ အချက်များသည် လမ်းကြောင်းပြောင်းပြန်လှန်ခြင်း trend reversal ကိုဆိုလိုပါသည်။
Indicator ကိုဖြတ်ကျော်လာသည့် စျေးနှုန်းဇယားနှင့်ပတ်သက်၍၊ ၎င်းသည် မည်သည့်အရာအတွက်ကိုမျှ အချက်ပြမှုတစ်ခုအဖြစ် ကိုယ်စားပြုနိုင်ခြင်းမရှိဟု ထင်မြင်မိပါသည်။
ဥပမာအားဖြင့် indicator သည် တက်သွားပြီး ဈေးနှုန်းသည် မျဉ်းအောက်တွင်ရောက်နေပါက၊ ၎င်းအခြေအနေသည် bear trend မဟုတ်ပါ။ သို့သော် အခြားတစ်ဘက်တွင် ဤအနေအထား၌ အဝယ်ပြုလုပ်ဖို့ရာ စဉ်းစားကောင်းစဉ်းစားနိုင်ပါသည်။ အကယ်၍ MA ဦးတည်ချက်လားရာ မပြောင်းလဲပါက၊ ဤဈေးနှုန်းလှုပ်ရှားမှုသည် global trend ကို reverse ပြုလုပ်၍ မရနိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။
ပုံတွင်ပြထားသည့် လေးထောင့်အကွက်များသည် EMA (20) ၏ ဦးတည်ရာကို ပြောင်းသွားသည့် နေရာများကို အမှတ်အသားပြုထားခြင်းဖြစ်ပါသည်။
မြှားများသည် EMA (20) ကို ဖြတ်ကျော်လာသည့် ဈေးနှုန်းကို အမှတ်အသားပြုထားခြင်းဖြစ်ပြီး ၎င်းတို့တွင် အများစုမှာ အမှားများဖြစ်သည်။
Price Crossovers
EMA ကို ဖြတ်ကျော်သွားသည့် ဈေးနှုန်းအပေါ်တွင် အခြေခံသည့် နည်းဗျူဟာများ ရှိပါသည်။ ၎င်းတို့သည် demo အကောင့်တွင် ကုန်သွယ်မှုအတွက် လေ့ကျင့်ခြင်းအတွက် ကောင်းမွန်ပြီး ၎င်းတို့တွင် ကုန်သွယ်မှုအတွက် လက်တွေ့မကျသည့် အချက်များကို မတွေ့ရပါ။
စျေးနှုန်းသည် အညွှန်းကိန်းကို ကျော်သွားပါက ယခင်လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော နေရာတွင် စျေးနှုန်းတက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် စျေးနှုန်းလှုပ်ရှားမှုသည် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်သွားနိုင်သည်ဟု ကျွန်ုပ်တို့ ယူဆနိုင်ပါသည်။
ထိုသို့သောအချက်ပြမှုများအတွက်၊ မှားယွင်းသောအချက်ပြမှုများအများအပြားကိုရှောင်ရှားရန် ကာလ 40 နှင့်အထက်ပိုကြာသောကာလကိုရွေးချယ်ကြရန်အကြံပြုအပ်ပါသည်။
အထက်ဖော်ပြပါဇယားတွင်၊ EMA (40) နှင့် ဆက်စပ်၍ ဖြစ်နိုင်ခြေရှိသော လမ်းကြောင်း ပြောင်းပြန်လှန်ခြင်း ဆိုင်ရာအချက်ပြမှုများအားလုံးကို မြှားများဖြင့်အမှတ်အသား ပြုထားပါသည်။ လက်ရှိဖြစ်ပေါ်နေသော လမ်းကြောင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သောညွှန်ပြချက်၏ ဘေးဘက်ရှိဘားပိတ်သောအခါတွင် အချက်ပြမှုကို ပေးပို့ မည်ဖြစ်သည်။
ကာလ 40 ကိုအသုံးပြုသောအခါ ဖြစ်ပေါ်လာသည့် မှားယွင်းသောအချက်ပြမှုများကို မရေတွက်နိုင်အောင် များလျှင်၊ 25 ကာလအတွင်း indicator မှပေးပို့လာမည့် မှားယွင်းသော အချက်ပြမှု ဘယ်လောက် များများ ရှိနိုင် မည်နည်းကို ထည့်သွင်းစဉ်းစားကြည့်ပါ။
Moving Average ၏ အထက်/အောက် တွင် ပိတ်သွားသောဈေးနှုန်း သို့မဟုတ် indicator လိုင်းကို ဖြတ်ကျော်သွားခြင်းတို့ကိုလည်း ကိုးကားနိုင်သည်။ ၎င်းသည် လမ်းကြောင်း ပြောင်းပြန်ဖြစ်ခြင်းကို အချက်ပြပါသလား။ ထိုအတွက် မိတ်ဆွေကိုယ်တိုင် ကြိုးစားလေ့လာပြီး နိဂုံးချုပ်ကြည့်ရန် အကြံပြုလိုပါသည်။
Double Crossovers
ကိုးကားချက်များကို လုံးဝလျစ်လျှူရှုရသည့်အခြေအနေတွင် ယေဘုယျအားဖြင့် အသုံးပြုကြသည့် MA ကုန်သွယ်မှု နည်းဗျူဟာတစ်ခုရှိပါသည်။ ၎င်းတွင် moving average နှစ်ခုဖြစ်သည့် fast & slow နှစ်ခုကို အသုံးပြုထားသည်။ John Murphy ၏အဆိုအရာ ဤကုန်သွယ်မှုနည်းလမ်းကို Double Crossovers ဟုခေါ်ဆိုသည်။ ဥပမာအားဖြင့် - ၎င်းသည် EMA + EMA ကို တစ်ပြိုင်နက်အသုံးချခြင်း သို့မဟုတ် SMA + SMA ကို တစ်ပြိုင်နက် အသုံးချခြင်းမျိုးဖြစ်သည်။
fast MA တွင် ပိုတိုသော ကာလရှိပြီး ၊ slow MA တွင် ကာလပိုရှည်သည်။ အကယ်၍ fast MA သည် အထက်မှ slow တစ်ခုကို ဖြတ်သွားပါက၊ trend down ဖြစ်သွားမည်ဖြစ်သည်။ အကယ်၍ crossover သည် အောက်တွင်ဖြစ်နေပါက၊ trend up ဖြစ်ပါလိမ့်မည်။
ဤနည်းပရိယာယ်သည် လက်တွေ့တွင် ကုန်သွယ်မှုအတွက် အတွေ့အကြုံကောင်းတစ်ခုဖြစ်ပါသည်။ အချက်ပြမှုသည် ဝေဝါးနေမှုမရှိဘဲ ရိုးရိုးရှင်းရှင်း ဖြစ်ပါသည်။ သို့သော် ၎င်းကိုပိုမို အသေးစိတ်ခွဲခြမ်း စိတ်ဖြာကြည့်ကြပါစို့။
MA တစ်ခု reverse ဖြစ်ရန် အချိန်အတော်ကြာယူရသည်။ ဤနေရာတွင် ပထမဦးစွာ reversal နှင့် ယင်းနောက်တွင် crossover တို့ကို မျှော်လင့်ထားပါသည်။
ထိုကဲ့သို့သော အချက်ပြပြီးနောက်၊ ကုန်သည်များသည် trend movement လှုပ်ရှားမှုတစ်ခုလုံးနှင့် လွဲသွားနိုင်လိမ့်မည်။
ပံ့ပိုးမှုနှင့် ခုခံနိုင်စွမ်း
exponential moving average သည် အင်တိုက်အားတိုက်အနေအထားဖြင့် ကုန်သွယ်မှုကို ပံ့ပိုးပေးနိုင်သည့် အနေအထားရှိပါသလား။ ထို့အပြင် ၎င်းလိုင်းသည် ဇယားတွင် လုံးဝပါရှိမနေကြောင်း ယူဆရသည်။ ဒါပေမဲ့ သေချာအောင် လေ့လာကြည့်ကြပါမည်။
ဈေးနှုန်းတက်လာနေပြီး ကာလအပိုင်းအခြားတစ်ခုတွင် ၎င်း၏ ပျမ်းမျှတန်ဖိုးသို့ ရုတ်တရက် ကျဆင်း သွားသည်ကို စိတ်ကူးထဲတွင် မြင်ယောင်ကြည့်ပါ၊ ဈေးနှုန်းသည် ညွှန်ပြသည့်လိုင်းသို့ ချဉ်းကပ်လာသည်ကို တွေ့ရပါလိမ့်မည်။ အချက်အလက်တွေကို ဆန်းစစ်ကြည့်ပါစို့။
- အကယ်၍ movement သည် trend နှင့် ဆန့်ကျင်ဘက်ဖြစ်ပါက၊ ၎င်းအခြေအနေ indicator သို့ရွေ့နေခြင်းသည် potential correction တစ်ခုဖြစ်သည်။
- အကယ်၍ ဈေးနှုန်းသည် EMA မှပြန်တက်လာသောအခါ၊ ၎င်းသည် trend ဦးတည်ရာအတိုင်း သွားနေခြင်းဖြစ်သည်။
- indicator သည် ဦးတည်ချက်မပြောင်းလဲပါက၊ တန်ပြန်လမ်းကြောင်းရွေ့လျားမှုသည် လုံလောက် သည့် အနေအထားတွင်ရှိမနေဘဲ အားပျော့သောအနေအထားတွင်ဖြစ်နေသည်။
ယင်းကိုအခြေခံ၍ ညွှန်ပြချက်မျဉ်းမှ စျေးနှုန်းပြန်တက်ခြင်းတွင် ဝင်ရောက်မှုမှာ-
- reversal signal များမရှိသောကြောင့် ကုန်သွယ်မှုသည် လက်ရှိလမ်းကြောင်း၏ ဦးတည်ရာအတိုင်းဖြစ်နေသည်။
- trend direction တွင် အရှိန်အဟုန်အသစ် အစပျိုးမှုဖြင့် ကုန်သွယ်မှုသို့ဝင်ရောက်ခြင်းသည် အမြတ်အစွန်းရရှိနိုင်မည့် အလားအလာကောင်းမွန်ကြောင်း ယူဆနိုင်သည်။
- မျှော်မှန်းထားသည့် အမြတ်ငွေနှင့် နှိုင်းယှဉ်ပြီး အတော်လေး တိုတောင်းသော stop loss နှင့် အရောင်းအဝယ်ပြုလုပ်ပါ။
မြှားများသည် ညွှန်ပြချက်မှ စျေးနှုန်းပြန်တက်ပြီးနောက် လမ်းကြောင်းသစ်ဦးတည်ချက်တွင် ဖွဲ့စည်းထားသော candlestick များကို ညွှန်ပြထားခြင်းဖြစ်သည်။ ၎င်းတို့၏ဖွဲ့စည်းပုံကို MA နှင့်နီးစပ်သည်ဟုယူဆပါက၊ အမှား ပြင်ဆင်ခြင်း၏ အဆုံးသတ်ကို ညွှန်ပြနိုင်ခြေပိုများပါသည်။ အဆိုပါဘားများပိတ်ပြီးနောက်တွင်၊ ဖြစ်ပေါ်လာ သော လမ်းကြောင်း၏ ဦးတည်ချက်တွင် ကုန်သွယ်မှုသို့ဝင်ရောက်ရန် စဉ်းစားနိုင်ပါသည်။
အထက်ဖော်ပြပါအားလုံးကို ခြုံငုံကြည့်လျှင် ထိုကဲ့သို့သော ကုန်သွယ်မှုနည်းလမ်းသည် လက်တွေ့ဆန်ပြီး အဓိပ္ပာယ်ရှိသည်။ သို့သော်၊ စျေးနှုန်းသည် ဇယား၏ ရွေ့လျားပျမ်းမျှအားဖြင့် ဖော်ပြထားသော ရွေ့လျားနေသော ပံ့ပိုးမှု သို့မဟုတ် ခုခံမှုအဆင့်တို့ထက် ရည်ရွယ်ချက်ထားသည့်ကိန်းဂဏန်းများဖြင့် လွှမ်းမိုးထားကြောင်း မှတ်သားထားသင့်သည်။
Exponential moving average filter
EMA အချက်ပြမှုများကို စစ်ထုတ်ရန် အောက်ပါကိရိယာများကို အသုံးပြုနိုင်သည်-
- Oscillator များ။ ပိုရှည်သောကာလကို သတ်မှတ်ရန် အကြံပြုပါသည်။ မဟုတ်ပါက၊ oscillator သည် စျေးနှုန်းဇယားကို ရိုးရှင်းစွာ ပွားပေးပါလိမ့်မည်။
- candlestick ပုံစံများ။ candlestik ပေါင်း 100,500 အားလုံးကို ရှာဖွေလေ့လာဖို့အတွက် နက်နက်နဲနဲ အချက်အလက်များကို တူးဖော်ရန် မလိုအပ်ပါ၊ pin bar ကိုကြည့်ပြီး ရွေးထုတ်လိုက်ရုံပဲဖြစ်ပါသည်။
၎င်းတို့နှစ်ခုလုံးသည် လက်ရှိဖြစ်ပေါ်နေသော trend ၏ ခရီးရောက်နေမှုအခြေအနေနှင့် ဆန့်ကျင်ဘက် trend ၏ အစပျိုးမှုတို့ကို ညွှန်ပြပေးသည်။ ယင်းသည် ဈေးပြန် တက်လာခြင်းဖြစ်ပြီး ယခုcandlestick ပုံစံများကို အခြေခံပြီး ဈေးပြန် တက်လာသည့် အချိန်တွင် ကုန်သွယ်မှုသို့ ဝင်ရောက်ခြင်းလုပ်ဆောင်ပါ။
ပိုရှည်သောအချိန်ကာလ။ ကုန်သွယ်မှုအချိန်ဘောင်နှင့် ပိုရှည်သော ကာလများ နှင့် MAs များကို တူညီသည့် ဆက်တင်ဖြင့် ပူးတွဲပါ။
ရှည်လျားသောအချိန်ဘောင်တွင် MA လမ်းညွှန်ချက်အတိုင်း မိတ်ဆွေ၏ ကုန်သွယ်မှုအချိန်ဘောင် တွင် အရောင်းအ၀ယ်ပြုလုပ်ပါ။ exponential moving average သည် trend direction ကို ညွှန်ပြသည်ကို မိတ်ဆွေမှတ်မိပါသလား။
အချက်ပြမှုများကို စစ်ထုတ်ရန် အခြားနည်းလမ်းများ ရှိကိုရှိရပါမည်၊ သို့သော် နည်းလမ်းပေါင်း သန်းပေါင်းများစွာကို လေ့လာရာတွင် အသုံးဝင်သည့်မည်သည့်အချက်ကိုမျှ မတွေ့မိပါ၊ အကြောင်းမှာ-
ကုန်သည်တစ်ယောက်အနေနဲ့ ဝယ်ဖို့ ဒါမှမဟုတ် ရောင်းဖို့ အချက်ပြမှုတွေကို စစ်ထုတ်ခြင်းအားဖြင့် မိတ်ဆွေ ဘာကိုအောင်မြင်ချင်ပါသလဲ။ မိတ်ဆွေအနေဖြင့် မှားယွင်းသော အချက်ပြမှုများ အရေအတွက်ကို လျှော့ချရန် ရည်မှန်းထားဖွယ်ရှိသည်။ ၎င်းတို့ကို သုညသို့လျှော့ချနိုင်ပါသလား။ လုံးဝမဖြစ်နိုင်ပါ။
အချက်ပြမှု စစ်ထုတ်ခြင်း၏ အယူအဆမှာ အဘယ်နည်း။ ဤအချက်သည် လက်ရှိဇယားဖွဲ့စည်းပုံအရ အနာဂတ်စျေးနှုန်းလှုပ်ရှားမှုကို ခန့်မှန်းနိုင်သည့်အချက်အပေါ် အခြေခံသည်။ ဒါကလည်း မဖြစ်နိုင်ပါ။
အဝယ်လွန်ဇုန်၏ ပြင်ပသို့ ထွက်သွားပြီးနောက်၊ ဈေးပြန်တက်နိုင်သည်။ တစ်ချိန်တည်းမှာပင်၊ သေးငယ်သောပြောင်းပြန်လှန်မှုတစ်ခုပြီးနောက် ရေရှည်လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာနိုင်ပြီး၊ ၎င်းကို "စစ်ထုတ်နိုင်ပြီး" ထည့်သွင်းစဉ်းစားခြင်းမရှိပေ။
ထိုသို့ပြောခြင်းဖြင့်၊ စစ်ထုတ်ခြင်းသည် အချို့သော ကုန်သည်များထင်ထားသည့်အတိုင်း "ကုန်သွယ်မှု၏အရည်အသွေးကို တိုးတက်စေသည်" မဟုတ်ဘဲ အရောင်းအ၀ယ်အရေအတွက်ကိုသာ လျှော့ချမည်ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် တူညီသော "ကောင်းသော" ကုန်သွယ်မှုအရေအတွက်ကို ရရန် "မကောင်းတဲ့" ကုန်သွယ်မှုများစွာကိုလည်း တူညီသောအရေအတွက်ဖြင့် စစ်ထုတ်ရပါမည်။ ဤနည်းလမ်းသုံးခုသည် အတွေ့အကြုံရရှိရန် လုံလောက်ပြီး မိတ်ဆွေ၏ကိုယ်ပိုင် ကုန်သွယ်မှု ချဉ်းကပ်မှုဆီသို့ တဖြည်းဖြည်း ရောက်ရှိလာပါလိမ့်မည်။
Moving Average နည်းဗျူဟာများ
ငွေကြေးဆိုင်ရာ ကုန်သွယ်မှုပစ္စည်းတစ်ခုခုကို ရောင်းဝယ်ရာတွင် exp ရွေ့လျားပျမ်းမျှနှုန်းကို အသုံးပြုနိုင်ပြီး ယင်းတွင်ကန့်သတ်ချက်များမရှိပါ။ ဂျပန်ယန်းနှင့်တွဲထားသော ငွေကြေးအတွဲများကို ဂရုပြုရန် အကြံပြုလိုပါသည် - အကြောင်းမှာ လမ်းကြောင်းများသည် ထိုနေရာတွင် ပိုမိုချောမွေ့ပါသည်။
ဆက်လက်၍ အရိုးရှင်းဆုံးနှင့် ပွင့်လင်းမြင်သာမှုအရှိဆုံး၊ အကောင်းဆုံး EMA ကုန်သွယ်မှုနည်းဗျူဟာများကို မျှဝေပေးပါမည်။ ဤကုန်သွယ်နည်းလမ်းများသည် မိတ်ဆွေအတွက် လက်တွေ့ကျသော အတွေ့အကြုံများ ရရှိစေပြီး မိတ်ဆွေတို့၏ ကိုယ်ပိုင်ကုန်သွယ်မှုပုံစံကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးပါလိမ့်မည်။
200 day exponential moving average
EMA (200) သည် ကမ္ဘာလုံးဆိုင်ရာ trendကို ညွှန်ပြပေးသည်။ စျေးနှုန်းသည် EMA (200) နှင့်အထက်ရှိသောအခါတွင် အဝယ်ပြုလုပ်ရန်နှင့် ဈေးနှုန်းသည် ယင်း၏အောက်၌ရောက်နေပါက ရောင်းရန်အတွက် ရည်ရွယ်ပါသည်။
စျေးနှုန်းသည် EMA (200) ကိုဖြတ်သွားမှသာ ကုန်သွယ်မှုတစ်ခုဖွင့်ပါက တစ်နှစ်လျှင် အရောင်းအ၀ယ် 4-6 ခုခန့်သာရှိပါသည်။
ဤသည်နှင့် ပတ်သက်ပြီး ဘာလုပ်နိုင်ပါသနည်း။
- indicator rebound (ဥပမာ) တွင်ထည့်သွင်းပါ။
- EMA (200) ၏ လမ်းညွှန်ချက်တွင် နည်းပညာပုံစံများအတိုင်း ထည့်သွင်းပါ။ ကုန်သွယ်မှုအတွက် အသက်ဆိုင်ဆုံး ပုံစံများသည် flag တစ်ခုနှင့် တြိဂံပုံစံဖြစ်ပါလိမ့်မည်။ လမ်းကြောင်းနှင့် ဆန့်ကျင်ဘက် အချက်ပြမှုများကို လျစ်လျူရှုထားသင့်သည်။
ဘယ်မှညာသို့
ညွှန်ပြချက်မှ စျေးနှုန်းပြန်တက်ခြင်း၊ တြိဂံပုံစံအတိုင်း ဝင်ရောက်ခြင်း၊ flagပုံစံအတိုင်း ဝင်ရောက်ခြင်း။
3 month moving average
ရေရှည်ရင်းနှီးမြုပ်နှံမှု မှ အလယ်အလတ်ကာလ ကုန်သွယ်မှုသို့ ပြောင်းလိုပါက၊ three-month moving average အပေါ်အခြေခံ၍ ကုန်သွယ်မှုနည်းဗျူဟာကို စဉ်းစားနိုင်ပါသည်။
working timeframe သည် D1 ဖြစ်ပြီး သုံးလတာ EM ၏ analog သည် period 100 ဖြင့် EMA ဖြစ်လိမ့်မည်။ ထို့နောက် ယခင်ကုန်သွယ်မှုနည်းဗျူဟာတွင်ကဲ့သို့ပင် ကုန်သွယ်မှုကို ဝင်ရောက်လိုက်သည်-
- EMA (100) အောက်မှ ပြန်တက်လာသောအခါ - ဝယ်ပါ။
- EMA (100) သည် အထက်မှ ပြန်တက်လာသောအခါ - ရောင်းပါ။
ပုံတွင် EMA (100) ပြန်ဝင်ခြင်းအတွက် entry ပွိုင့်များကို ရောင်းရန်အတွက် (အနီရောင်)၊ ဝယ်ရန်အတွက်ကို (အစိမ်းရောင်) ဖြင့် မှတ်သားပြထားသည်။ flag ပုံစံအတိုင်း ဝင်ရောက်ဖို့ကြိုးစားထားသည်ကိုလည်း အမှတ်အသားပြုပြထားပေးသော်လည်း ယင်းလှုပ်ရှားမှုသည် တိုလွန်းသည်။ ဤတွင် ကျန်နှစ်ခုကို အဘယ်ကြောင့် မစဉ်းစားသနည်း။
- ဈေးနှုန်းသည် EMA (100) ကို EMA (200) ထက် မကြာခဏ ကျော်လွန်သွားသည်။ intersection ပြီးနောက် ဈေးနှုန်းလှုပ်ရှားမှုသည် တိုတောင်းလိမ့်မည်ဖြစ်သည်။ ညွှန်ကိန်းသည် 100 ကာလတစ်ခုနှင့် ညွှန်ပြချက်ကို ဖြတ်သွားသောအခါတွင် အရောင်းအဝယ်ပြုလုပ်ပါက၊ stop loss တန်ဖိုးနှင့် ဆက်စပ်၍ အနည်းငယ်သော လှုပ်ရှားမှုအလားအလာရှိသော အချက်ပြမှုများ များလွန်းနေလိမ့်မည်ဖြစ်သည်။ ထိုသို့သော ကုန်သွယ်မှုမျိုးသည် ဆုံးရှုံးနိုင်ဖွယ်ရှိသည်။
- စျေးနှုန်းသည် EMA (200) ထက် EMA (100) နှင့် ပိုမိုနီးစပ်ပါသည်။ နည်းပညာပိုင်းခြားစိတ်ဖြာမှုပုံစံများကို အသုံးပြု၍ 100 ကာလတစ်ခုဖြင့် ညွှန်ကိန်း၏ဦးတည်ရာသို့ ဝင်ရောက်ပါက ၊ အခြေအနေအများစုတွင်၊ entry signal သည်ညွှန်ပြချက်ဆီသို့ စျေးနှုန်းပြောင်းပြန်လှန်ခြင်းမပြုမီတွင် ဖြစ်ပေါ်သည်၊ ဆိုလိုသည်မှာ ကုန်သွယ်မှု၏ stop loss သို့ ဦးတည်မည်ဖြစ်သည် (ဥပမာအနေဖြင့်)။
8 ema နည်းဗျူဟာ
နည်းဗျူဟာ၏ ရေပန်းအစားဆုံး မူကွဲမှာ 8 ရက်နှင့် 5 ရက် EMAs ကို အသုံးပြုခြင်းဖြစ်သည်။
ဗျူဟာသည် အနှေးနှင့် အမြန်ရွေ့လျားနေသော ပျမ်းမျှအား ဖြတ်ကျော်သည့်အခါ ဝင်ရောက်မှု အချက်ပြမှုများ ကိုလက်ခံရရှိရန် ရည်ရွယ်သည်။ အရောင်းအ၀ယ်ကို နေ့စဉ်အချိန်ဘောင်တစ်ခုပေါ်တွင်လည်း ဆောင်ရွက် သောကြောင့် ယခုနည်းဗျူဟာသည် နေ့ချင်းကုန်သည်များနှင့်ကိုက်ညီပါသည်။ exponential moving averageအား အခြေခံ၍ တစ်နှစ်လျှင် ကုန်သွယ်မှုအရေအတွက်သည် ယခင်နည်းဗျူဟာများထက် များစွာ ပိုမို များပြား မည်ဖြစ်ပါသည်။
- EMA (5) သည် EMA (8) အထက်သို့ ဖြတ်သွားသောအခါတွင် ဝယ်သည့်အချက်ပြမှုတစ်ခု ပေါ်လာသည်။
- EMA (5) သည် EMA (8) ကို အပေါ်မှအောက်ခြေသို့ဖြတ်သွားသောအခါတွင် အရောင်းအချက်ပြမှု တစ်ခုပေါ်လာသည်။
ဇယားတွင် အဝယ်အချက်ပြမှုများကို (အစိမ်းရောင်) နှင့် အရောင်းအချက်ပြမှုများကို (အနီရောင်) တို့ဖြင့်အမှတ်အသားပြုထားသည်။ ၎င်းတို့သည် ခိုင်မာသောလမ်းကြောင်းတစ်ခုဖြင့် အမြဲလိုက်နေမည် မဟုတ်ပါ။ ဒါပေမယ့် ယင်းသည် လမ်းကြောင်းရဲ့အစမှာ တခါတရံဝင်ရောက်ဖို့ အခွင့်အရေးအတွက် ပေးရတဲ့တန်ကြေးဖြစ်ပါသည်။
EMA နှစ်ခုတွေ့ဆုံပြီး ပိတ်သွားသည့် candlestickပြီးနောက်တွင် အရောင်း သို့မဟုတ် အဝယ် တစ်ခုခုသို့ ဝင်ရောက်ပါ။ stop loss အား အချက်ပြ candlestick ထက်ကျော်လွန်၍ သတ်မှတ်ထားသည်။
34 ema wave strategy
မိတ်ဆွေအနေဖြင့် ကုန်သွယ်မှုဇယားတွင် မတူညီသောဆက်တင်များနှင့်အတူ EMA သုံးခုကို ပူးတွဲထားရန် လိုအပ်သည်။
- ကာလ 34 ရှိသော EMA သည် "Close" (candlestickများ၏ အပိတ်စျေးနှုန်း) သို့ သက်ရောက်သည်။
- 34 ကာလရှိသော EMA သည် "High" (candlestick၏အမြင့်ဆုံးစျေးနှုန်းများအထိ) သို့ သက်ရောက်သည်။
- ကာလ 34 ရှိသော EMA သည် "Low" (candlestickများ၏ အနိမ့်ဆုံးစျေးနှုန်းများ) သို့ သက်ရောက်သည်။
exponential moving average ၃ ခု ပါဝင်သော ချန်နယ်တစ်ခု ရှိပါမည်။ ၎င်းသည် စျေးနှုန်း “လက်ကျန်ရှိ” သည့် ဧရိယာကို ပြသသည်။ စျေးနှုန်းသည် အတက်ဘက်သို့၊ အကျဘက်သို့၊ ချန်နယ်ပြင်ပသို့ ထွက်သွား သောအခါ၊ စျေးနှုန်းအရှိန်အဟုန်သည် အားကောင်းသည့်လမ်းကြောင်းဘက်သို့ ဖွံ့ဖြိုးလာနိုင်သည်။
ကုန်သွယ်မှုဗျူဟာသည် အရောင်းအ၀ယ်ပြုလုပ်ရန် နည်းလမ်းနှစ်ခုကို အကြံပြုထားသည်။
1. စျေးနှုန်းသည် ထိပ်ပိုင်း သို့မဟုတ် ချန်နယ်၏အောက်ခြေ အောက်ဘက်တွင် စျေးနှုန်းပိတ်ပြီးနောက် အရောင်းအ၀ယ်တစ်ခုသို့ ဝင်ရောက်ပါ။
- Candlesticlk သည် ထိပ်ပိုင်းနယ်နိမိတ်များအထက်တွင် ပိတ်သွားသောအခါ၊ ၎င်းသည် အဝယ်အတွက် အချက်ပြမှုဖြစ်သည်။
- Candlestick သည် အောက်ခြေနယ်နိမိတ်များအောက်တွင် ပိတ်သွားသောအခါ၊ ၎င်းသည် အရောင်းအတွက် အချက်ပြမှုဖြစ်သည်။
စျေးနှုန်းသည် ချန်နယ်၏ တစ်ဖက်ခြမ်းမှ သွားမှသာ အရောင်းအ၀ယ်တစ်ခုသို့ ဝင်ရောက်ကြောင်း သတိပြုပါ။
စျေးနှုန်းသည် upper ချန်နယ်နယ်နိမိတ်၏အထက်တွင်ရှိပြီး အောက်ခြေနယ်နိမိတ်အောက်သို့ ကျဆင်း သွားသောအခါတွင် ရောင်းချပါ။
စျေးနှုန်းသည် အောက်ချန်နယ်နယ်နိမိတ်အောက်တွင်ရှိပြီး ထိပ်ပိုင်းနယ်စပ်အထက်တွင် မြင့်တက်ခဲ့လျှင် အဝယ်ပြုလုပ်ပါ။
2. ပြင်ပချန်နယ်နယ်နိမိတ်၏ rebound တွင် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်သည်-
- စျေးနှုန်းသည် ထိပ်ပိုင်း ချန်နယ်နယ်နိမိတ်မှ ပြန်လည်တက်သွားသောအခါ၊ ၎င်းသည် ဝယ်ယူမှုအချက်ပြမှုကို ပေးပို့သည်။
- စျေးနှုန်းသည် အောက်ခြေ ချန်နယ်နယ်နိမိတ်မှ အောက်သို့ပြန်တက်သောအခါ၊ ၎င်းသည် အရောင်းအချက်ပြမှုကို ပေးပို့သည်။
အပြင်ဘက် ချန်နယ်နယ်နိမိတ်မှ ပြန်ထွက်လာသော entry များကို ပုံတွင်အမှတ်အသားပြုပြထားပါသည်။
အနီရောင်အကွက်များသည် အောက်ချန်နယ်နယ်နိမိတ်မှ ပြန်တက်လာသည့် အရောင်းအ၀ယ်များကို အမှတ်အသားပြုသည်။ အစိမ်းရောင်အကွက်များသည် အထက်ချန်နယ်နယ်နိမိတ်မှအရောင်းအ၀ယ်ပြန် တက်လာခြင်းကို အမှတ်အသားပြုသည်။
အချက်ပြမှုများသည် အမြဲတမ်း အကျိုးအမြတ်ရှိမည်မဟုတ်သော်လည်း လမ်းကြောင်း ဗျူဟာများ အတွက်တော့ပုံမှန်ဖြစ်သည်။ ကောင်းသောအမြတ်အစွန်းရှိသော signal တစ်ခုစီအတွက်၊ အောင်မြင်မှု နည်းပါးသော entry အများအပြားရှိပါလိမ့်မည်။
ကုန်သွယ်မှုဗျူဟာသည် H1 နှင့်အထက်အချိန်ဘောင်များအတွက် အကြံပြုထားသည်။
ပိုမိုရှုပ်ထွေးသောခွဲခြမ်းစိတ်ဖြာမှုအတွက်၊ မိတ်ဆွေသည် အရောင်းအ၀ယ်တစ်ခုထက် 2 ဒီဂရီပိုရှည်သော အချိန်ဘောင်ကို စဉ်းစားနိုင်သည်။
အကယ်၍ မိတ်ဆွေသည် H1 ကို ရောင်းဝယ်ပါက၊ D1 အချိန်ဘောင်တွင် ကမ္ဘာ့လမ်းကြောင်းကို ပိုင်းခြားစိတ်ဖြာကြည့်ပါ။
အကယ်၍ H4 ကို ရောင်းဝယ်ပါက၊ W1 အချိန်ဘောင်တွင် ကမ္ဘာ့လမ်းကြောင်းကို ပိုင်းခြားစိတ်ဖြာပါ။
Five-period simple moving average
Five-period simple moving average ကို အသုံးပြုရခြင်း၏ အခြေခံအယူအဆမှာ တစ်ပတ်စာအတွက် ပျမ်းမျှဈေးနှုန်း ဒေတာကို ရရှိခြင်းဖြစ်ပါသည်။
ကုန်သွယ်မှုဗျူဟာကို D1 အချိန်ဘောင်အတွက် ဒီဇိုင်းထုတ်ထားသည်။
EMA (200) နှင့် EMA(100) ကိုအခြေခံသည့် ဗျူဟာများနှင့် နှိုင်းယှဉ်ကြည့်ပါက၊ entry signal အတွက် လိုအပ်ချက်များ ပိုမိုရှိသည့်အတွက်ကြောင့် အောက်ပါလိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်သည်-
- စျေးနှုန်းသည် moving average ကိုဖြတ်တောက်ပြီး candlestick သည် ၎င်းထက် ကျော်လွန်သွားသည် (အထက် - အ၀ယ်များအတွက်၊ အောက် - အရောင်းများအတွက်)
- စျေးနှုန်းသည် ခွဲထွက်ခြင်းမရှိဘဲ moving averageသို့ ပြန်သွားပါသည်။
- စျေးနှုန်းသည် ပြန်ဆွဲထုတ်ပြီးနောက် moving averageမှ ပြန်တက်သွားသည်။
Stop-loss ကို SMA (5) အနီးတွင် စျေးနှုန်းပြန်တက်ပြီးနောက် ဖွဲ့စည်းထားသော pivotအမှတ်ကိုကျော်လွန်၍ သတ်မှတ်ထားသည်။
ဗျူဟာသည် အမြတ်ယူရန် သတ်မှတ်ခြင်းကို အကြံပြုထားခြင်းမရှိပါ။ အမြတ်ကိုပြင်ရန် trailing stop ကိုအသုံးပြုသည်၊ stop loss သည် trend လှုပ်ရှားမှုနှင့်အတူ SMA (5) ကို လိုက်နာထားသည်။
စျေးနှုန်းသည် ပြီးခဲ့သည့် 5 ရက်အတွင်း ပျမ်းမျှတန်ဖိုး SMA (5) အထိသို့ မရောက်ရှိပါက၊ထို့နောက် ခွဲထွက်ခြင်းဆီသို့ လှည့်ပါက၊ ၎င်းသည် "countertrend" ကုန်သည်များကို ညွှန်ပြသည်။ တစ်ချိန်တည်းမှာပင်၊ လက်ရှိဖြစ်ပေါ်နေသောလမ်းကြောင်းသို့ကုန်သွယ်မှုတစ်ခုဝင်ရောက်ရန်အချက်ပြမှုတစ်ခုရှိနေသည်။
အရေးကြီးသည်မှာ- သောကြာနေ့တွင် အရောင်းအ၀ယ်ပြုလုပ်ရန် အကြံပြုမထားပါ - တနင်္လာနေ့တွင် တန်ပြန်လမ်းညွှန် "ကွာဟချက်" ကို ရနိုင်ပြီး၊ ၎င်းသည် ကောင်းမွန်စွာ သုံးသပ်နေရာချထားသော stop loss ပင်ဖြစ်စေကာမူ ဆုံးရှုံးမှုမှ မကယ်တင်နိုင်ပါ။
Forex ရှိ Exponential Moving Average- လက်တွေ့ ဥပမာများ
ဆိုရိုးစကားရှိပါသည်- မည်သည့်ကုန်သွယ်နည်းဗျူဟာမဆို ကောင်းမွန်သော စျေးကွက်တစ်ခုတွင် ၎င်းသည် ကောင်းမွန်ပါသည်။ ကုန်သည်များသည် ကောင်းမွန်သောစျေးကွက်အခြေအနေကိုမျှော်လင့်ပြီး အရိုးရှင်းဆုံး စနစ်များဖြင့် အရောင်းအဝယ်ပြုလုပ်မည့်အစား မည်သည့်စျေးကွက်တွင်မဆို အလုပ်လုပ်မည့် အမြဲတမ်း အောင်မြင်အနိုင်ရ ဗျူဟာများကို ရှာဖွေကြသည်။
exponential moving average နှင့် ကုန်သွယ်မှုအတွက်၊ ကုန်သွယ်မှုဗျူဟာတွေကို အောက်ပါအတိုင်း တွေ့မြင်ပါသည်။
- Waiting စောင့်ဆိုင်းခြင်း- စျေးနှုန်း အညွှန်းကိန်းကိုဖြတ်သွားမည့်အချိန်ကို စောင့်နေပြီး ဖြတ်သွားသည့်အချိန်တွင် ၎င်း၏ - အတက် သို့မဟုတ် အောက်ထက်ကျော်လွန်သွားသည်။ အညွှန်းလိုင်းသည် စျေးနှုန်းနှင့် ကိုက်ညီရပါမည်။
- Monitoring စောင့်ကြည့်ခြင်း - ဈေးနှုန်းသည် MA သို့ပြန်သွားသောအခါ၊ EMA လိုင်း၏ ဦးတည်ရာသို့ ပြန်တက်လာခြင်း ရှိ/မရှိကို ကြည့်ပါ။ ၎င်းတို့သည် တစ်ခု နှင့် တစ်ခု တတ်နိုင်သမျှနီးစပ်ရန် မလိုပါ။Trend ၏ဦးတည်ရာဘက်သို့ ပြန်တက်လာခြင်းက လုံလောက်နေပြီဖြစ်သည်။
- Action လုပ်ဆောင်ချက် - မိမိနှစ်သက်သော "အတည်ပြုခြင်း"အချက်ပြမှုကို တွေ့ပြီဆိုပါက၊ ပြန်တက်လာသည့် ဦးတည်ရာဘက်သို့ ဝင်ရောက်ပါ။
အစိမ်းရောင်မျဉ်းသည် အရောင်းအ၀ယ်တစ်ခုသို့ ဝင်ရောက်ရာ စျေးနှုန်းဘားကို အမှတ်အသားပြုပါသည်။ အနီရောင်မျဉ်းသည် ရပ်တန့်ဆုံးရှုံးမှုအဆင့်ကို အမှတ်အသားပြုသည်။ အရောင်းအ၀ယ်ပြုလုပ်ရန် ဆွဲဆောင်မှုရှိသော candlestickပုံစံကို အသုံးပြုခဲ့သည်။
အစိမ်းရောင်မျဉ်းသည် အရောင်းအ၀ယ်တစ်ခုသို့ ဝင်ရောက်ရာ စျေးနှုန်းဘားကို အမှတ်အသားပြုပါသည်။ အနီရောင်မျဉ်းသည် ရပ်တန့်ဆုံးရှုံးမှုအဆင့်ကို အမှတ်အသားပြုသည်။ အရောင်းအ၀ယ်ပြုလုပ်ရန် ဆွဲဆောင်မှုရှိသော candlestickပုံစံကို အသုံးပြုခဲ့သည်။
ကုန်သွယ်မှုအတွက် EMA ကိုဘယ်လိုအသုံးပြု မလဲ။
Metatrader 4 နှင့် Metatrader 5 terminals များတွင် အရောင်းအဝယ်လုပ်သောအခါ၊ Insert menu မှ EMA ကို ထည့်သွင်းသည်။
အညွှန်းလိုင်းကို ပိုထူအောင်လုပ်ဖို့ အကြံပြုပါသည်။ ယင်းသို့ပြုလုပ်ခြင်းသည် ၎င်း၏ ဦးတည်ချက်ကို ခြေရာခံရန် ပိုမိုလွယ်ကူစေသောကြောင့်ဖြစ်ပါသည်။
ကျွန်ုပ်အမြင်အရ၊ MT4/MT5 တွင် EMA ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်သည်။
1. ၎င်းသည် လမ်းကြောင်းသစ် ဦးတည်ချက်ကို ပြသသည်။
- ပျမ်းမျှရွေ့လျားနှုန်းသည် အထက်သို့တက်နေပါက၊ ဝယ်သည့်အချက်ပြမှုများကိုသာ ထည့်သွင်း စဉ်းစားသင့်သည်။
- ရွေ့လျားပျမ်းမျှသည် ကျဆင်းနေပါက - အရောင်းအချက်ပြမှုများကိုသာ စဉ်းစားသင့်သည်။
ညွှန်ပြချက်သည် ဝင်ခွင့်အချက်ပြမှုများကို စစ်ထုတ်မှုတစ်ခုအဖြစ် လုပ်ဆောင်ပေးသည်။ ၎င်းကို အလုပ်ဇယားထက် ပိုရှည်သော အချိန်ကာလနှင့် တွဲထားသည်။
2. အမှားပြင်ခြင်း၏အဆုံးကို သိရှိရန် exponential moving average ကိုအသုံးပြုသည်။
- စျေးနှုန်းသည် ညွှန်ပြချက်နှင့် နီးကပ်လာပါက၊ ရွေ့လျားမှုသည် လက်ရှိတွင် ရေပန်းစားနေသည့် လမ်းကြောင်းနှင့် ဆန့်ကျင်ဘက် တည့်မတ်မှုဖြစ်သည်။
ဤကိစ္စတွင်၊ မိတ်ဆွေအနေဖြင့် ပိုရှည်သောကာလကို သတ်မှတ်သင့်သည်။ ယင်းသို့လုပ်ဆောင်ခြင်းဖြင့် အမှားပြင်ဆင်မှု မပြီးဆုံးနိုင်သည့်အခြေအနေမျိုးတွင် အချက်ပြမှုများကို လျစ်လျူရှုရန် ကူညီပေးပါလိမ့်မည်။
Moving Average Indicatorများ၏ အားသာချက်များနှင့် ကန့်သတ်ချက်များ
ရွေ့လျားပျမ်းမျှခြင်းအားလုံး၏ အားသာချက်များနှင့် အားနည်းချက်အားလုံးကို စာရေးသူ တစ်ဦးတည်းအနေဖြင့် မသတ်မှတ်နိုင်ပါ။ ယခုဖော်ပြပေးထားသည်မှာ သီးခြားရည်ရွယ်ချက်များအတွက် သီးခြားအင်္ဂါရပ်များပါရှိသော အထောက်အကူပြု ကိရိယာတစ်ခုမျှသာဖြစ်သည်။
MA အညွှန်းကိန်းများ၏ အားသာချက်များနှင့် အားနည်းချက်များကို လေ့လာကြည့်ကြပါစို့။
| ကန့်သတ်ချက် | အားသာချက် | ချို့ယွင်းချက် |
|---|---|---|
| လမ်းကြောင်းပြမှု | ရှင်းလင်းသော လမ်းကြောင်းဦးတည်ချက် | အနာဂတ်ကို မခန့်မှန်းနိုင် |
| ကွဲပြားမှု | MA အမျိုးအစားများစွာ | အမျိုးမတူသော MA များသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ကွဲလွဲနိုင်သည်။ |
| လမ်းကြောင်း ပြောင်းပြန်လှန်အချက်ပြမှုများ | အချက်ပြမှုများ၏ ကွဲပြားမှု၊ ရွေးချယ်စရာ များပြားခြင်း | ကုန်သည်များသည် အနာဂတ်လမ်းကြောင်းများ၏ ဖြစ်နိုင်ခြေ 100% အချက်ပြမှုများအဖြစ်မြင်နိုင်သည်။ |
| MA ကုန်သွယ်မှုဗျူဟာများ | လမ်းကြောင်းသစ်နှင့် ကုန်သွယ်မှုတွင် အသုံးပြုနိုင်ပြီး လမ်းကြောင်းသစ်ကို တန်ပြန်နိုင်သည်။ | စျေးကွက်သည်ရေပန်းစားခြင်းမရှိသောအခါမှားယွင်းသောအချက်ပြမှုများများစွာရှိသည်။ |
MA အားသာချက်များ
အစပိုင်းတွင်၊စျေးနှုန်းအတက်အကျများအားလုံးသည် ရှုပ်ထွေးပုံရသည်။ အချက်အလက်တွေ များလွန်း တာကြောင့် ဦးနှောက်က အားလုံးကို နားလည်နိုင်ဖို့ရာ ခက်ခဲပါသည်။ MA ညွှန်ပြချက်သည် အခြေအနေတစ်ခုလုံးအပေါ် လွှမ်းမိုးမှုအနည်းဆုံးဖြစ်စေသည့် စျေးနှုန်းအလွှဲအပြောင်းအချို့ကို လျစ်လျူရှုရန် ကူညီပေးပါမည်။
လိုအပ်ချက်များအပေါ်မူတည်၍ မိတ်ဆွေအတွက် နားလည်ရအလွယ်ဆုံးနှင့် ကျိုးကြောင်းဆီလျော်ဆုံး ဖြစ်သော MA နည်းလမ်းကို ရွေးချယ်နိုင်ပါသည်။ ၎င်းသည် အရှုံးပေါ်နေချိန်တွင်ပင် ကုန်သွယ်မှုစနစ်အား ထိန်းသိမ်းရန် ကူညီပေးပါမည်။
ပျမ်းမျှရွေ့လျားမှုများသည် လမ်းကြောင်းပြောင်းခြင်းနှင့် လမ်းကြောင်းဆက်ခြင်းများအတွက် ရိုးရှင်းသော အချက်ပြမှုများစွာကို ပေးပို့ပါသည်။
MA ညွှန်ပြချက်ကို trending နှင့် counter-trending ဗျူဟာနှစ်ခုလုံးအတွက် အသုံးပြုနိုင်သည်။ ၎င်းသည် တီထွင်ဖန်တီးနိုင်စွမ်းအတွက် အခွင့်အလမ်းများစွာကို ပေးစွမ်းပြီး မိတ်ဆွေ၏ကုန်သွယ်မှုပုံစံအတွက် MA ကုန်သွယ်မှုဗျူဟာများကို အလွယ်တကူ ချိန်ညှိနိုင်ပါသည်။
MA အားနည်းချက်များ
Moving average တွက်ချက်မှု ဖော်မြူလာတိုင်းသည် ယခင်ဈေးနှုန်းဒေတာများကို ထည့်သွင်းစဉ်းစားပါသည်။ နောက်ဆုံးရလဒ်သည် အတိတ်၏ ရွေ့ပြောင်းမှုအား အတိုင်းအတာတစ်ခု သို့မဟုတ် အခြားတစ်ခုသို့ ထင်ဟပ်စေမည်ဖြစ်သည်။ MA သည် မှော်ဆန်သည့် Forex ခန့်မှန်းချက် ညွှန်ပြချက် မဟုတ်ဘဲ တိကျသော ရည်ရွယ်ချက်ရှိသော အထောက်ကူပြုကိရိယာတစ်ခုသာ ဖြစ်သည်။
မတူကွဲပြားသော အမျိုးအစားများ၊ ကန့်သတ်ချက်များနှင့် MA များသည် အချို့ကိစ္စများတွင် တစ်ခုနှင့်တစ်ခု ကွဲလွဲနေပြီး divergenceကို ပြသသည်။ moving average ၏ သီးခြားဆက်တင်များကို အဘယ်ကြောင့်အသုံးပြုသည်ကို နားလည်သင့်သည်။
စတင်ကုန်သွယ်သော ကုန်သည်များသည် ဖြစ်နိုင်ချေရှိသော လမ်းကြောင်းပြောင်းပြန်လှန်ခြင်း၏ အချက်ပြမှုများကို တိကျပြတ်သားပြီး 100% ဖြစ်နိုင်ချေရှိသည်ဟု မြင်လေ့ရှိသည်။ ၎င်း၏ visual display ကြောင့်၊ ညွှန်ကိန်းသည် ဆန့်ကျင်ဘက်ဦးတည်ချက်တွင် လမ်းကြောင်းသစ်တစ်ခုဖြစ်ပေါ်လာခြင်းမှ ကျော်လွှားပြီးနောက် စျေးနှုန်းအတွက် အတားအဆီးတစ်ခုအဖြစ် ကုန်သည်များထင်ကြသည်။
စျေးကွက်ရေပန်းစားခြင်းမရှိသောအခါ၊ စျေးနှုန်းသည်နှစ်ဖက်စလုံးတွင် MA ကို မကြာခဏ ဖြတ်ကျော်လိမ့်မည်။ ထို့ကြောင့် MAs ကိုအခြေခံသည့် မည်သည့်နည်းဗျူဟာမဆို trading flat အတွင်း မှားယွင်းသော အချက်ပြမှုများကို ပေးပို့လာနိုင်မည်ဖြစ်သည်။
Exponential Moving Average (EMA) FAQ
Moving average သည် သမိုင်းအချက်အလက်များမှ ပျမ်းမျှပေါ်အခြေခံထားသည့် နည်းပညာပိုင်းခြားစိတ်ဖြာမှု ကိရိယာတစ်ခုဖြစ်ပါသည်။ ကာလရှည်ကြာစွာ ခွဲခြမ်းစိတ်ဖြာလေလေ၊ ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းကို MA ညွှန်ပြချက်ဖြင့် ထင်ဟပ်လေလေဖြစ်သည်။ ၎င်းကို စျေးနှုန်းဇယားတွင် ရွေ့လျားနေသော ဒိုင်းနမစ်မျဉ်းကွေးတစ်ခုအဖြစ် ပြသထားသည်။
exponential moving averageကို တွက်ချက်နည်းအတွက် MA အမျိုးအစားတစ်ခုစီကို ၎င်း၏ဖော်မြူလာအရ တွက်ချက်ပါသည်။ သို့သော်၊ exponential moving average အား တွက်ချက်ခြင်းသည် အတိတ်ကဈေးနှုန်းဒေတာ၏ သတ်မှတ်အရေအတွက်အပေါ် အခြေခံထားသည်။ ဇယားတွင်၊ MA သည် ပျမ်းမျှအား ထင်ဟပ်ပြသပြီး စျေးကွက်အခြေအနေကို ချောမွေ့စေသည်။
ဖော်မြူလာအတိုင်း exponential moving average ကို ကိုယ်တိုင် တွက်ချက်နိုင်ပါသည်။ MT4 သို့မဟုတ် MT5 ကုန်သွယ်မှုပလပ်ဖောင်းများတွင် ၎င်းကို အလိုအလျောက် တွက်ချက်နိုင်သည်။ တွက်ချက်မှုကာလ၏ အရှည်ကို သိရန်လိုအပ်ပြီး တွက်ချက်မှုကို အသုံးချရန် MA နည်းလမ်း (Exponential) နှင့် စျေးနှုန်းအမျိုးအစားတို့ကို ရွေးချယ်ပါ။
မိတ်ဆွေသည် ကုန်သွယ်မှုပညာရပ်များနှင့်ပြီးပြည့်စုံသူဖြစ်လျှင် simple moving average ထက် exponential moving average ကို အသုံးပြုသင့်ပါသည်။ မိတ်ဆွေအနေဖြင့် လက်ရှိစျေးနှုန်းကို SMA ထက် ပို၍ ကိုးကားလိုသောအခါတွင် EMA ကို အသုံးပြုသင့်သည်၊ အကြောင်းမှာ အချက်ပြမှု ပို၍ နှောင့်နှေးနေသောကြောင့်ဖြစ်ပါသည်။
SMA နှင့် EMA နှင့်ဆက်စပ်နေသော အကြီးမားဆုံး အထင်အမြင်လွဲမှားမှုမှာ ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိနေ ပုံပေါ်သည်။ ထို့ကြောင့် ၎င်းတို့ကို ပံ့ပိုးမှုနှင့် ခုခံမှုအဆင့်များအဖြစ် ရှုမြင်ကြပြီး ၎င်းတို့ကို စျေးနှုန်းဖြင့် ဖြတ်ကျော်ခြင်းကို လမ်းကြောင်းပြောင်းပြန်လှန်အချက်ပြမှုအဖြစ် ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ MA ၏လုပ်ဆောင်ပုံနိယာမကို မှန်ကန်စွာနားလည်ထားပါက ၎င်းတို့သည် ကုန်သည်များအတွက် အသုံးဝင်ပါလိမ့်မည်။
ကျွန်ုပ်အမြင်အရပြောရလျှင်၊ ဤအရာသည် ကိုယ်တိုင်ဟောကိန်းထုတ်ထားသည့်အရာလိုဖြစ်သည်။ 200-day exponential moving average သည် အလွန်ရေပန်းစားကြောင်း လူတိုင်းသိကြပြီး၊ ကုန်သည်အများစုက ၎င်းကို ဇယားတွင် ရေးဆွဲကြသည်။ ရလဒ်အနေဖြင့်၊ ယင်းကိုစျေးနှုန်းချဉ်းကပ်သောအခါ၊ ကုန်သွယ်မှု ပမာဏသည်သိသိသာသာတိုးလာသည်။
200-day exponential moving average သည် 198- သို့မဟုတ် 201-ရက်ရွေ့လျားပျမ်းမျှ သို့မဟုတ် မည်သည့်အရာထက်မဆို ပိုမိုကောင်းမွန်သည်။ ၎င်းတို့ တစ်ခုစီသည် ၎င်းတို့၏ ဖော်မြူလာများဖြင့် တွက်ချက်ထားသော အဆိုပါ ကန့်သတ်ဘောင်များကို အတိအကျ ပြန်ဆိုကြသည်။
exponential (EMA) နှင့် ရိုးရှင်းသော (SMA) ရွေ့လျားပျမ်းမျှနှုန်းများကို ကိုယ်တိုင်တွက်ချက်ရန်အတွက်၊ ဖော်မြူလာများနှင့် excel စာရွက်စာတမ်းကို အသုံးပြုနိုင်သည်။
ဘောင်များဖြင့် highlight ပြထားသည့် အကွက်များတွင် မိမိလိုချင်သော တန်ဖိုးများကို ထည့်သွင်းပါ။
EMA တွက်ချက်မှုဆိုင်ရာ မှတ်စုမျာ
- EMA Period - ညွှန်ပြချက်သည် ကာလကို ထည့်သွင်းစဉ်းစားသည်။ ဥပမာအားဖြင့်၊ သင်သည် 10 ရက်အတွက် EMA ကို တွက်ချက်လိုပါက “10” တန်ဖိုးကို ထည့်သွင်းရန် လိုအပ်သည်။
- လက်ရှိစျေးနှုန်းတန်ဖိုး - လတ်တလောကာလအတွက် စျေးနှုန်းတန်ဖိုး။ သင်နေ့စဉ်ဇယားတွင် အရောင်းအဝယ် ပြုလုပ်နေပါက၊ ၎င်းသည် ယနေ့ပေါက်ဈေးတန်ဖိုးဖြစ်သည်။
- ယခင် EMA တန်ဖိုး - ယခင်ကာလရှိ အညွှန်းတန်ဖိုး။
SMA တွက်ချက်မှုမှတ်စုများ
- ဈေးနှုန်းတန်ဖိုးများ - သင်အညွှန်းကို တွက်ချက်လိုသော ကာလတစ်ခုစီ၏ စျေးနှုန်းတန်ဖိုးများကို ထည့်သွင်းရန် လိုအပ်သည်။ လွန်ခဲ့သော 5 နာရီအတွက် simple moving average ကို တွက်ချက်ရန် တစ်နာရီလျှင် စျေးနှုန်းတန်ဖိုး 5 ခုကို ထည့်သွင်းရန် လိုအပ်သည်။
- SMA ကာလ - တည်ရှိရမည့်ကာလအတွက် ညွှန်ကိန်းကို တွက်ချက်ပါမည်။ ဥပမာအားဖြင့်၊ သင်သည် SMA ကို 5 နာရီကြာရေတွက်ပါက "5" တန်ဖိုးကို ထည့်သွင်းရန် လိုအပ်သည်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။




















































