Momentum indicator ဆိုသည်မှာ လမ်းကြောင်း၏ ကြံ့ခိုင်မှု နှင့် ဦးတည်ရာအပြင် ဈေးကွက်တိုးတက်မှု အလားအလာကိုပါ ဆုံးဖြတ်ပေးသော နည်းပညာပိုင်းဆိုင်ရာ အကူကိရိယာတခု ဖြစ်ပါသည်။ Momentum indicatorကို Forex၊ စတော့များ၊ ကုန်စည်များ၊ ခရစ်ပတိုငွေကြေး စသဖြင့် မည်သည့်ဈေးကွက်ကိုမဆို ခွဲခြမ်းစိတ်ဖြာရန်အတွက် အသုံးပြုနိုင်ပါသည်။ Momentum indicator သည် ကာလရှည်ကုန်သွယ်ရေးတွင် ထိရောက်မှုအရှိဆုံးဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သော်လည်း ၎င်းကို ကာလတိုကုန်သွယ်ရေး အတွက် လည်း အသုံးချနိုင်ပါသည်။

Momentum indicator အား ပြင်သစ်လူမျိူး သင်္ချာပါရမီရှင်တဦးဖြစ်သူ Paul Émile Appell မှ တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ Appell သည် ခွဲခြမ်းစိတ်ဖြာရေး၊ သင်္ချာဗေဒ၊ ဂျီဩမေတြီနှင့် စက်ပိုင်းဆိုင်ရာ နယ်ပယ်များတွင် ၎င်း၏ ရှာဖွေတွေ့ချက်များကြောင့် လူသိများထင်ရှားသူဖြစ်သည်။ သူသည် စာအုပ်ပေါင်းတရာကျော်ကို ရေးသားခဲ့ပြီး သင်္ချာပါရဂူဘွဲ့ကို ရရှိခဲ့ကာ ပြင်သစ်သိပ္ပံအကယ်ဒမီ၏ အဖွဲ့ဝင်တဦးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

ကျော်ကြားသော ကုန်သည်တဦးဖြစ်သည့် Martin Pring သည် Momentum အား အဓိက လူသိများစေခဲ့သူဖြစ်သည်။ Martin Pring သည် နည်းပညာပိုင်းဆိုင်ရာ ဇယားပေါ်မှဈေးနှုန်းပုံစံများနှင့် လမ်းညွှန် indicator များအား ကျယ်ပြန့်စွာ ခွဲခြမ်းစိတ်ဖြာရေးတွင် နှစ်ပေါင်းများစွာ ပါဝင် ဆောင်ရွက်ခဲ့ သည်။ ၎င်း၏ ဈေးကွက်ခန့်မှန်းချက်များသည် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ကိရိယာ များကို အသုံးချခြင်းအတွက် အခြေခံကိုပံ့ပိုးပေးသည့် ကာလရှည်စီးပွားရေးပုံစံအပေါ် အခြေခံပါသည်။ Pring သည် Momentum Indicator အား မည်သည့်အဝင်အချက်ပြမှုအတွက်မဆို အရန် စစ်ထုတ်ကိရိယာအဖြစ် အသုံးပြုသော အယူအဆကို မကြာခဏ အသုံးချလေ့ရှိသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


စတော့တွင် Momentum Trading (MTM) ဆိုသည်မှာ အဘယ်နည်း။ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ရည်ရွယ်ချက်

LiteFinance: စတော့တွင် Momentum Trading (MTM) ဆိုသည်မှာ အဘယ်နည်း။ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ရည်ရွယ်ချက်

Momentum သို့မဟုတ် MTM indicator အား လမ်းကြောင်း၏ဦးတည်ရာနှင့် အင်အား တို့အား ခွဲခြမ်းစိတ်ဖြာရာ၌ ဖြစ်နိုင်ခြေရှိသော pivot points များကို ဆုံးဖြတ်ရာတွင် အသုံးပြုပါသည်။

MTM သည် ရိုးရှင်းသော ရှေ့ပြေး indicator တခုဖြစ်ပြီး ၎င်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ရိုးရှင်းပါသည်။ အကယ်၍ indicator သည် မြင့်တက်နေပြီး၊ အလယ်မျဉ်း၏ အထက်တနေရာတွင် ရှိနေပါက လမ်းကြောင်းသည် အထက်သို့ ဦးတည်ပါသည်။ အကယ်၍ indicator သည် ကျဆင်းနေပြီး အလယ်မျဉ်း၏ အောက်တွင် ရှိနေပါက လမ်းကြောင်းသည် အောက်ဘက်သို့ ဦးတည်ပါသည်။

Momentum သည် နောက်ဆုံးအပိတ်ဈေးနှင့် ယခင် “n” ကာလမှအပိတ်ဈေးများကို နှိုင်းယှဉ်ကာ သင်္ချာကိန်းဖြင့် သုံးသပ်ချက်တခုကို ထုတ်ပေးပါသည်။ Momentum ဖြင့် ကုန်သွယ်သော ကုန်သည်တဦးသည် ထိုကိန်းဂဏန်းအပေါ်မူတည်၍ ဝယ်ယူရန် သို့မဟုတ် ရောင်းချရန် အကျိုးအမြတ်ရှိမရှိ ကုန်သွယ်မှု၏ အမြတ်အလားအလာနှင့် မကြာမီအချိန်အတွင်း လမ်းကြောင်း ပြောင်းလဲနိုင်ခြေ ရှိမရှိကို ဆုံးဖြတ်ပါသည်။

ကုန်သည်များစွာတို့သည် Momentum အား oscillator တခုအဖြစ် ရည်ညွှန်းလေ့ရှိကြသည်။ သို့ရာတွင် ထိုအယူအဆသည် တိကျခြင်းမရှိပါ။ MTM indicator အား oscillator တခုအဖြစ်သာမက လမ်းကြောင်းပြ indicator တခုအဖြစ်လည်း အသုံးပြုနိုင်ပါသည်။

စတော့ကုန်သွယ်ရေးတွင် momentum indicator အား နေ့စဉ်ဇယားအတွင်း လက်ရှိ ဘဏ္ဍာရေး ဈေးကွက်အခြေအနေ၊ လမ်းကြောင်း၏အားနှင့် ဈေးနှုန်းဦးတည်ချက်တို့ကို ဆုံးဖြတ်ရန်အတွက် အသုံးပြုပါသည်။ စတော့ဈေးကွက်ရှိ ကုန်သည်များ‌သည် Momentum အား အဝင်အချက်ပြမှုများ ကို စစ်ထုတ်ရန်အတွက် အားဖြည့်ကိရိယာတခုအဖြစ် အသုံးပြုလေ့ ရှိကြသည်။ အဓိက အကြံပြုလိုသည်မှာ indicator ၏ ညွှန်ပြမှုများသည် ကုမ္ပဏီ၏ စွမ်းဆောင်ရည်ဆိုင်ရာ သတင်းများ နှင့် ကိုက်ညီမှုရှိသင့်ပါသည်။

Momentum Indicator သည် မည်သို့ အလုပ်လုပ်ပါသနည်း။

LiteFinance: Momentum Indicator သည် မည်သို့ အလုပ်လုပ်ပါသနည်း။

ဤ indicator သည် လက်ရှိအပိတ်ဈေးနှုန်းနှင့် ကာလများစွာအကြာမှ အပိတ်ဈေးကို နှိုင်းယှဉ်၍ ရလာဒ်များအား ဇယားပေါ်တွင် ပြတ်တောက်နေသော မျဉ်းတကြောင်းအဖြစ် ပုံဖော်ပြသပါသည်။ Indicator ၏ ညွှန်ပြချက်များသည် ဇယားပေါ်တွင် အရေးပါသောပွိုင့်များကို ဖော်ထုတ်ပေးပြီး၊ အမြင့်ဆုံး နှင့် အနိမ့်ဆုံးတန်ဖိုးများကို အလွယ်တကူ မြင်သာစေပါသည်။ ကုန်သည်တဦးသည် အဆိုပါ အစွန်အဖျား ပွိုင့်များကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် Momentum Indicator အား မည်သို့အသုံးပြုရမည်ကို ဆုံးဖြတ်ပါသည်။

  • အကယ်၍ indicator မျဉ်းသည် သုညမျဉ်း၏ အထက်၌ရှိလျှင် လမ်းကြောင်းသည် အထက်သို့ ဦးတည်ပါသည်။ အကယ်၍ indicator မျဉ်းသည် သုညမျဉ်း၏ အောက်၌ရှိလျှင် လမ်းကြောင်း သည် ‌အောက်သို့ဦးတည်ပါသည်။

  • အကယ်၍ momentum သည် အလွန်မြင့်သော၊ အလွန်နိမ့်သော တန်ဖိုးများကို ရေးဆွဲပါက၊ လက်ရှိလမ်းကြောင်း ရှေ့သို့ ဆက်သွားပါမည်။

  • အကယ်၍ ဈေးနှုန်းသည် ယခင်ထက်မြင့်သော အမြင့်တန်ဖိုးကို ရောက်ရှိသော်လည်း Momentum ၏ အမြင့်သည် ယခင်တခုထက် ပို၍နိမ့်သွားခဲ့လျှင်၊ ‌လက်ရှိအတက်လမ်းကြောင်း အားအင်ကုန်ခမ်း၍ အရှိန်လျော့နည်းလာပြီး၊ မကြာခင် ဈေးနှုန်းကျဆင်းမည့် လက္ခဏာဖြစ်သည်။

  • အကယ်၍ ဈေးနှုန်းဇယားသည် ယခင်ထက်နိမ့်သော အနိမ့်ဆုံးတန်ဖိုးတခုကို ရေးဆွဲ၍၊ Momentum ၏ အနိမ့်ဆုံးပွိုင့်သည် ယခင်ထက်ပို၍ မြင့်မားနေပါက ‌လက်ရှိအကျ လမ်းကြောင်း အားအင်ကုန်ခမ်း၍ အရှိန်လျော့နည်းလာပြီး၊ မကြာခင် ဈေးနှုန်းတိုးတက်မည့် လက္ခဏာ ဖြစ်ပါသည်။

သတိပြုရန်။ ။နောက်ဆုံး ဖြစ်ရပ်နှစ်ခုအား divergence နှင့် convergence ဟု ခေါ်ဆိုပါသည်။ ထိုအခြေအနေမျိုးတွင် Momentum Indicator သည် oscillator အဖြစ် ဆောင်ရွက်ပါသည်။ လမ်းကြောင်းသည် ယာယီနှေးကွေးသွားပြီးနောက် မူလဦးတည်ရာအတိုင်း ရှေ့ဆက်သွားနိုင်ပါ သည်။ ထို့ကြောင့် ခွဲထွက်ခြင်းအချက်ပြမှုများကို အခြားသော ကိရိယာများဖြင့် အတည်ပြုသင့်ပါ သည်။

LiteFinance: Momentum Indicator သည် မည်သို့ အလုပ်လုပ်ပါသနည်း။

Momentum Indicator တွက်ချက်မှုဖော်မြူလာများ

LiteFinance: Momentum Indicator တွက်ချက်မှုဖော်မြူလာများ

ဤ indicator ကိုတွက်ချက်ရန်အတွက် ဖော်မြူလာများစွာ လိုအပ်ပါသည်။ ရေပန်းစားသော momentum တွက်ချက်မှုဖော်မြူလာများအနက်မှတခုကို John J. Murphy မှ ၎င်း၏ “Technical Analysis of the Financial Markets” စာအုပ်တွင် ဖော်ပြခဲ့သည်။ Murphy သည် Momentum တန်ဖိုးအား လက်ရှိနှင့် အတိတ် (လွန်ခဲ့သော ဘားအနည်းငယ်ခန့်) ကာလမှ အပိတ်ဈေးများ၏ ခြားနားချက်အဖြစ် တွက်ချက်ရန် အကြံပြုခဲ့သည်။

M(j) = CLOSE(j) – CLOSE(j – n)

ဤဖော်မြူလာတွင် -

M(j) — Momentum ဖတ်ရှုခြင်းရလာဒ်

CLOSE(j) — လတ်တလောနောက်ဆုံးအပိတ်ဈေး

CLOSE(j – n) — n ကာလခန့်က အပိတ်ဈေး တို့ဖြစ်ကြပါသည်။

ဤဖော်မြူလာအရ Momentum သည် လက်ရှိကာလမှ နောက်ဆုံးအပိတ်ဈေးနှင့် n ကာလမှ အပိတ်ဈေးတို့၏ ခြားနားချက်ဖြစ်ကြောင်း သိရှိနိုင်ပါသည်။ n ကာလအား ကုန်သည်တဦးချင်းမှ လွတ်လပ်စွာ သီးခြား ဆုံးဖြတ်ရပြီး၊ indicator ဆက်တင်များတွင် ဖော်ပြပေးထားပါသည်။ မူလဆက်တင်အားဖြင့် n ကိန်းသည် 10 သို့မဟုတ် 14 နှင့်ညီမျှသော တန်ဖိုးများ ဖြစ်လေ့ရှိသည်။ ဖော်ပြထားလေ့ရှိသည်။ မကြာခဏဆိုသလို indicator တန်ဖိုး 21 အား ကြုံတွေ့ရနိုင်ပါသည်။

John Murphy မှ အကြံပြုခဲ့သော ဖော်မြူလာကို အခြေခံ၍ Momentum ဖတ်ရှုခြင်းရလာဒ်သည် အပေါင်း သို့မဟုတ် အနှုတ်ဖြစ်နိုင်ပါသည်။

အချို့သော ကုန်သည်များမှ indicator တန်ဖိုးသည် “0” အနီးဝန်းကျင်တွင် အတက်အကျဖြစ်နေခြင်းသည် အဆင်မပြေလှဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် Steve Achelis မှ ၎င်း၏ “Technical Analysis from A to Z” အမည်ရှိ စာအုပ်တွင် အောက်ပါ Momentum တွက်ချက်မှုဖော်မြူလာကို ထုတ်ဖော်ခဲ့သည်။

M(j) = CLOSE (j) * 100 / CLOSE (j – n)

ဤဖော်မြူလာတွင်

M(j) — Momentum;

CLOSE (j) — လတ်တလောနောက်ဆုံးအပိတ်ဈေး

CLOSE (j – n) — n ကာလခန့်က အပိတ်ဈေး

တို့ဖြစ်ကြပါသည်။

ဖော်မြူလာ၏ ဒုတိယဗားရှင်းနှင့် ပထမဗားရှင်းကြားမှ ကွာခြားချက်မှာ ဒုတိယဗားရှင်းတွင် indicator အား ဆင်တူအသုံးအနှုန်းများဖြင့် ဖော်ပြထားပြီး ၎င်း၏ ရလာဒ်များသည် သုညအနီးတွင် မဟုတ်ပဲ၊ 100 အနီးတွင် အတက်အကျ ဖြစ်ပေါ်လေ့ရှိသည်။ မည်သည့်ဖော်မြူလာကို အသုံးပြုရမည်ဟု ထင်ရှားသော ခွဲခြားမှုမရှိပါ။

Momentum Indicator ကို မည်သို့ ဖတ်ရှုရမည်နည်း။

LiteFinance: Momentum Indicator ကို မည်သို့ ဖတ်ရှုရမည်နည်း။

ဤကိရိယာ၏ အဓိကတာဝန်မှာ ဈေးနှုန်း၏ ဦးတည်ရာကို ဆုံးဖြတ်ရန်ဖြစ်သည်။ လမ်းကြောင်းအား အရှိန်မြှင့်တင်ခြင်းနှင့် လျှော့ချခြင်းအားဖြင့် ဤအခိုက်အတန့်ကို စူးစမ်းကြည့်ကြပါစို့။

ဈေးကွက်သည် အားကောင်းသော အတက် သို့မဟုတ် အကျ ရွေ့လျားမှုကို ပြုလုပ်ခဲ့သည်ဟု မြင်ယောင်ကြည့်ကြရအောင်။ ထိုအခြင်းအရာသည် သတင်းထွက်ပေါ်မှုများအပေါ် ကုန်သည်အများ၏ တုံ့ပြန်မှုဖြစ်နိုင်သကဲ့သို့၊ ကုန်သည်ကြီးတဦး၏ ဈေးကစားမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ မည်သို့သော အကြောင်းရင်းကြောင့်ပင်ဖြစ်စေ၊ ထိုသို့သော ရွေ့လျားမှုမျိုးကို တွန်းအားပေးသောရွေ့လျားမှု သို့မဟုတ် momentum (အရှိန်)ဟု ခေါ်ဆိုကြသည်။

ဇယားပေါ်ရှိ ဈေးနှုန်း၏ momentum သည် လမ်းကြောင်း၏ အရှိန်မြင့်တက်မှုဟု အဓိပ္ပါယ်ရသည်။ Momentum Indicator သည် အထက်သို့ မြင့်တက်နေမည်။ လမ်းကြောင်းနှေးကွေးလာသည်နှင့်အမျှ momentum ဖတ်ရှုမှုရလာဒ်များလည်း ကျဆင်းလာမည်ဖြစ်သည်။

ကုန်သွယ်ရေးတွင် Momentum ဆိုသည်မှာ အတိအကျသတ်မှတ်ထား‌သော ကာလတခုအတွင်း ကုန်သွယ်ရေးပစ္စည်း၏ ဈေးနှုန်းပြောင်းလဲမှုနှုန်း ဖြစ်ပါသည်။

  • လက်ရှိဈေးနှုန်း တိုးတက်မှု မြန်ဆန်လေလေ၊ Momentum ၏ တန်ဖိုး တိုးတက်မှု ပိုမိုကြီးမားလေလေ ဖြစ်သည်။

  • လက်ရှိဈေးနှုန်း ကျဆင်းမှု မြန်ဆန်လေလေ၊ Momentum ၏ တန်ဖိုး ကျဆင်းမှု ပိုမိုကြီးမားလေလေ ဖြစ်သည်။

Momentum ၏ အဝယ်အလားအလာအချက်ပြမှု

Momentum မျဉ်းသည် 0 level ၏ အထက်သို့ ဖောက်ထွက်သွားသောအခါ အဝယ်အလားအလာ အချက်ပြမှုတခု ပေါ်ပေါက်လာပါသည်။ ၎င်း၏အဓိပ္ပာယ်မှာ ရှယ်ယာ၊ futures များ သို့မဟုတ် ငွေကြေးအတွဲတခု၏ ဈေးနှုန်းသည် အတက်လမ်းကြောင်းတခု သို့မဟုတ် အထက်သို့ ယာယီမြင့်တက်မှု တခုကို ပြုလုပ်နေကြောင်း အချက်ပေးခြင်းဖြစ်ပါသည်။

LiteFinance: Momentum ၏ အဝယ်အလားအလာအချက်ပြမှု

Momentum ၏ အရောင်းအလာအလာ အချက်ပြမှု

Momentum မျဉ်းသည် 0 level ၏ ‌အောက်သို့ ဖောက်ထွက်သွားသောအခါ အရောင်း အလားအလာ အချက်ပြမှုတခု ပေါ်ပေါက်လာပါသည်။ ၎င်း၏အဓိပ္ပာယ်မှာ ရှယ်ယာ၊ futures များ သို့မဟုတ် ငွေကြေးအတွဲ တခု၏ ဈေးနှုန်းသည် အကျလမ်းကြောင်းတခု သို့မဟုတ် အောက်သို့ ယာယီကျဆင်းမှု တခုကို ပြုလုပ်နေကြောင်း အချက်ပေးခြင်းဖြစ်ပါသည်။

LiteFinance: Momentum ၏ အရောင်းအလာအလာ အချက်ပြမှု

Momentum ၏ ထွက်ခွာရန်အချက်ပြမှုများ

Momentum Indicator သည် 0 level အနီးသို့ ပြန်လှည့်လာသောအခါ၊ ၎င်းသည် ထွက်ခွာရန် အလားအလာအတွက် အချက်ပြမှုတခုအဖြစ် ဆောင်ရွက်ပါသည်။ မည်သို့ပင်ဖြစ်စေ ထိုအချက်ပြမှု တခုတည်းအပေါ် မူတည်၍ သင်၏ကုန်သွယ်မှုကို ပိတ်သိမ်းပါက၊ ရနိုင်ခြေရှိသော အမြတ်များ၏ တစိတ်တပိုင်းကို သိသိသာသာ ဆုံးရှုံးရနိုင်သည့်အပြင် အခန့်မသင့်လျှင် အရှုံးကိုပင် ခံစားရနိုင်ပါသည်။

ထိုသို့ဖြစ်ခြင်းကို ရှောင်ရှားရန်၊ အချို့သော ကုန်သည်များမှ indicator သည် ယခင်အချက်အလက်များထက် မည်မျှပို၍ မြင့်တက်လာသည် သို့မဟုတ် ကျဆင်းလာသည်ကို ဂရုပြုကြည့်ရှုကြသည်။ အကယ်၍ indicator မျဉ်းသည် သိသိသာသာ ကျဆင်းသွားလျှင်၊ အရောင်းကုန်သွယ်မှုကို ပိတ်သိမ်းကာ အမြတ်ကို သိမ်းဆည်းရမည့် အချိန်ဖြစ်သည်။ အကယ်၍ indicator မျဉ်းသည် level 0 ၏အဝေးသို့ သိသာထင်ရှားစွာ တိုးတက်လာပါလာ အဝယ်ကုန်သွယ်မှုမှ အမြတ်များကို သိမ်းဆည်းရမည့် အချိန်ဖြစ်ပါသည်။

ဒုတိယမြောက် ထွက်ခွာရန်အချက်ပြမှုမှုမှာ Indicator သည် ၎င်း၏ လမ်းကြောင်းမျဉ်းကို ဖြတ်သန်းသွားခြင်းဖြစ်သည်။ လမ်းကြောင်းမျဉ်းသည် ကုန်သွယ်မှု၏ဦးတည်ရာနှင့် ဆန့်ကျင်ဘက်သို့ ကျိုးပေါက်သွားပါက၊ ထိုအချိန်တွင် ကုန်သွယ်မှုကို ပိတ်သိမ်းသင့်ပါသည်။

LiteFinance: Momentum ၏ ထွက်ခွာရန်အချက်ပြမှုများ

နောက်ထပ် ကုန်သွယ်မှုကို ပိတ်သိမ်း၍ ဈေးကွက်မှထွက်ခွာရန်အချက်ပြမှုမှုတခုမှာ ဈေးနှုန်းဇယားနှင့် indicator မျဉ်းအကြား ကွဲလွဲမှုဖြစ်သော divergence ပေါ်ပေါက်ခြင်းပင်ဖြစ်သည်။ ဥပမာ အောက်ပါဇယားတွင် Momentum indicatorမှ ပိုနိမ့်‌သောအနိမ့်တခုကို ပြုလုပ်ရန်မအောင်မြင်သော်လည်း၊ ဈေးနှုန်းသည် ၎င်း၏လက်ရှိအနိမ့်ဆုံး‌ဈေးတန်းမှ ဖောက်ထွက်သွားခြင်းသည် အရောင်းကုန်သွယ်မှုတခု ကို ပိတ်ရန် အချက်ပြမှုပင်ဖြစ်သည်။

LiteFinance: Momentum ၏ ထွက်ခွာရန်အချက်ပြမှုများ

အထက်ပါ ဥပမာများကို လေ့လာခြင်းအားဖြင့် အချက်ပြမှုများကို အဓိပ္ပါယ်ပြန်ဆိုခြင်းနည်းလမ်းသည် ရှုပ်ထွေးသည်ဟု ကျွန်ုပ်တို့ ကောက်ချက်ချနိုင်ပါသည်။ သင့်အနေဖြင့် လက်ရှိဈေးကွက် အလေးသာမှုကို သဘောပေါက်နားလည်သင့်ပြီး၊ indicator အချက်ပြမှုများကို ကိုးကားယုံသာမက သင်၏ ကုန်သွယ်ရေးဗျူဟာ စည်းမျဉ်းများကိုပါ ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်သင့်ပါသည်။

MT4 တွင် Momentum အား မည်သို့အသုံးချရမည်နည်း။

Momentum Indicator သည် MetaTrader ပလက်ဖောင်း၏ စံသတ်မှတ်ထားသော indicator များစာရင်းတွင် ပါဝင်ပြီးဖြစ်သည်။ MetaTrader 4 ကုန်သွယ်ရေးတာမီနယ်တွင် Momentum oscillator ကို အသုံးချရန်အတွက် အောက်ပါအဆင့်များကို လိုက်နာဆောင်ရွက်ရပါမည်။

  1. “Insert” မီနူးသို့ ဝင်ရောက်ပါ။

  2. “Indicators” ခလုပ်ကို နှိပ်ပါ။

  3. “Oscillators” အုပ်စုကို ရွေးပါ။

  4. “Momentum” ကို ရွေးချယ်ပါ။

LiteFinance: MT4 တွင် Momentum အား မည်သို့အသုံးချရမည်နည်း။

Momentum indicator ဆက်တင်များတွင် ကာလ (Period) ကို သတ်မှတ်နိုင်ပါသည် (စိတ်ကြိုက် သတ်မှတ်ခြင်းမပြုခင် မူရင်းဆက်တင်တွင် 14 ဖြစ်ပါသည်)။ ထို့နောက်တွင် Indicator တည်ဆောက်ရာတွင် အခြေခံဖြစ်သော ဈေးနှုန်း(အဖွင့်၊ အပိတ်၊ အမြင့်၊ အနိမ့်)ကို ရွေးချယ်နိုင်ပါသည်။ “Apply to” သတ်မှတ်ချက်အား Close အဖြစ်ထားရှိရန် အကြံပြုပါသည်။ Indicator မျဉ်း၏ အရောင်နှင့် အမျိုးအစားကိုလည်း ရွေးချယ်နိုင်ပါသည်။ အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးကိုလည်း ပုံသေသတ်မှတ်နိုင်ပါသည်။

LiteFinance: MT4 တွင် Momentum အား မည်သို့အသုံးချရမည်နည်း။

လိုအပ်ပါက Levels မီနူးတွင် နောက်ထပ် level များကို ပေါင်းထည့်နိုင်ပါသည်။ Level 100 ထည့်သွင်းရန် အကြံပြုပါသည်။ ထိုအခါ ပျမ်းမျ indicator မျဉ်းကို ရရှိပါလိမ့်မည်။ လိုအပ်သော level ကို ပေါင်းထည့်ရန် Add ခလုပ်ကိုနှိပ်၍ သင့်တော်သော တန်ဖိုးကို ဖြည့်သွင်းပါ။

LiteFinance: MT4 တွင် Momentum အား မည်သို့အသုံးချရမည်နည်း။

လိုအပ်သော အတိုင်းအထွာအားလုံးကို သတ်မှတ်အတည်ပြုပြီးပါက OK ခလုပ်ကို နှိပ်ပါ။ Momentum indicator သည် ဈေးနှုန်းဇယား၏အောက်၊ MetaTrader တာမီနယ်၏ အောက်ခြေတွင် ပေါ်ပေါက်လာပါလိမ့်မည်။

LiteFinance: MT4 တွင် Momentum အား မည်သို့အသုံးချရမည်နည်း။

LiteFinance တာမီနယ်တွင် Momentum အား မည်သို့ အသုံးပြုရမည်နည်း။

LiteFinance ကုန်သွယ်ရေးတာမီနယ်တွင် Momentum oscillator အား အသုံးပြုရန်၊ အောက်ပါညွှန်ကြားချက်ကို လိုက်နာပါ။

  1. သင်၏ Client Profile သို့ ဝင်ရောက်ပါ။

  2. ဘယ်ဘက်မီနူးမှ Trade ခလုပ်ကို နှိပ်ပါ။

  3. လိုအပ်သောကုန်သွယ်ရေးပစ္စည်း၏ ဈေးနှုန်းဇယားကို ဖွင့်ပါ။

  4. ဈေးနှုန်းဇယားအတွင်းမှ Indicators မီနူးပေါ်တွင် ကလစ်တချက်နှိပ်ပါ။

LiteFinance: LiteFinance တာမီနယ်တွင် Momentum အား မည်သို့ အသုံးပြုရမည်နည်း။

5. Search bar တွင် Momentum ဟု ရိုက်ထည့်ပါ။ ညာဘက်ရှိစာရင်းတွင် Momentum Oscillator ကို ရွေးချယ်ပါ။

LiteFinance: LiteFinance တာမီနယ်တွင် Momentum အား မည်သို့ အသုံးပြုရမည်နည်း။

6. Indicator စာရင်းကို ပိတ်လိုက်ပါ။ ဈေးနှုန်းဇယား၏အောက်တွင် momentum ပေါ်လာသည်ကို တွေ့မြင်ရပါလိမ့်မည်။

Momentum အတိုင်းအထွာများကို ပြင်ဆင်သတ်မှတ်ရန် Indicator အမည်၏ ဘယ်ဘက်မှ ဂီယာ ပုံကို နှိပ်ပါ။

LiteFinance: LiteFinance တာမီနယ်တွင် Momentum အား မည်သို့ အသုံးပြုရမည်နည်း။

LiteFinance ကုန်သွယ်ရေးတာမီနယ်သည် အောက်ပါ ဆက်တင်များကို ပံ့ပိုးပေးပါသည် - Length, Source, နှင့် Style ။ Style မီနူးတွင် မျဉ်းကြောင်း၏ အရောင်နှင့် အမျိုးအစား ပါဝင်ပါသည်။

LiteFinance: LiteFinance တာမီနယ်တွင် Momentum အား မည်သို့ အသုံးပြုရမည်နည်း။

LiteFinance တာမီနယ်တွင် Momentum တွက်ချက်မှုအတွက် သမာရိုးကျဖော်မြူလာကို အသုံးပြုပါသည်။ ဆိုလိုသည်မှာ Indicator ညွှန်ပြချက်များသည် လက်ရှိလမ်းကြောင်းအပေါ်မူတည်၍ 0 ထက်ပိုကြီးနိုင်သလို၊ 0 ထက်ပို၍သေးငယ်နိုင်ပါသည်။

အောက်ပါနည်းလမ်းဖြင့် အလယ်မျဉ်းကို ထည့်သွင်းပါသည်။

  1. Chart ဝင်းဒိုး၏ ဘယ်ဘက်မှ toolbar အတွင်းရှိ drawing မီနူးတွင်၊ Horizon line ကို ရွေးချယ်ပါ။

LiteFinance: LiteFinance တာမီနယ်တွင် Momentum အား မည်သို့ အသုံးပြုရမည်နည်း။

2. Indicator ဝင်းဒိုးတွင် အလယ်မျဉ်းအား သင်ကိုယ်တိုင် တိုက်ရိုက်ရေးဆွဲပါ၊ ၎င်း၏ level အား 0 အဖြစ်သတ်မှတ်ပါ။

LiteFinance: LiteFinance တာမီနယ်တွင် Momentum အား မည်သို့ အသုံးပြုရမည်နည်း။

Forex တွင် စတော့ဈေးကွက် Momentum အား မည်သို့ တိုင်းတာရသနည်း။

ဈေးကွက်ရှုပ်ထွေးမှုများကို လျှော့ချရန်အတွက်၊ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာသူများသည် နေ့စဉ်အချိန် ကာလအတွင်း momentum indicator အား 21 ကာလသတ်မှတ်ချက်ဖြင့် အသုံးပြုကြလေ့ရှိသည်။ ဤကာလအရေအတွက်သည် တလအတွင်း ‌ပုံမှန်ရှေ့ဆက်လေ့ရှိသော ကာလတိုလမ်းကြောင်းများကို တိုင်းတာနိုင်ရန် ခွင့်ပြုပေးပါသည်။

အောက်ပါဇယားသည် S&P 500 ဇယားအတွင်းမှ momentum indicator ကို ပြသပါသည်။ Momentum အား မည်သို့တိုင်းတာရသည်ကို ရှင်းပြလိုပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် momentum ဇယား သီးသန့်ကိုသာ ပြသရန်အတွက် မူလရုပ်ပုံအတွင်းမှ index ၏ ဈေးနှုန်းများကို ဖျက်ထုတ်လိုက်ပါသည်။

LiteFinance: Forex တွင် စတော့ဈေးကွက် Momentum အား မည်သို့ တိုင်းတာရသနည်း။

စတော့ momentum အား မည်သို့တွက်ချက်ရမည်ကို ‌ကြည့်ရှုကြရအောင်။ အကယ်၍ S&P 500 ၏ လတ်တလော နောက်ဆုံးအပိတ်ဈေးသည် လွန်ခဲ့သည့် ၂၁ ရက်ခန့်ကာလမှ အပိတ်ဈေးထက် ပို၍မြင့်လျှင်၊ indicator မျဉ်းသည် သုညမျဉ်း၏ အပေါ်တွင် ရှိပါလိမ့်မည်။ အပြန်အလှန်အားဖြင့် လတ်တလော နောက်ဆုံးအပိတ်ဈေးသည် လွန်ခဲ့သည့် ၂၁ ရက်ခန့်ကာလမှ အပိတ်ဈေးထက် ပို၍နိမ့်လျှင် indicator မျဉ်းသည် သုညမျဉ်း၏အောက်တွင် ရှိမည်ဖြစ်သည်။

သုည level သည် index သို့မဟုတ် စတော့၏ ဈေးနှုန်း ဘေးတိုက်ရွေ့လျားသော သို့မဟုတ် ရွေ့လျားမှုမရှိ‌သော ဇုန်တခု ဖြစ်သည်။ ဈေးနှုန်းလှုပ်ရှားမှုများ အားပြင်းလာသောအခါ (အရှိန်မြင့်လာ သောအခါ) အတက် သို့မဟုတ် အကျလမ်းကြောင်း စတင်ပါသည်။ momentum မျဉ်း (ခရမ်း) သည် သုညမျဉ်း (အမည်း)မှ ‌ဝေးကွာသွားပါသည်။

ကျွန်ုပ်တို့သည် S&P 500 ဈေးနှုန်းကို မကြည့်ပဲ၊ momentum indicator တခုတည်းကိုသာ အသုံးပြု၍ S&P 500 ဈေးနှုန်းသည် သုညမျဉ်းအထက်မှ Indicator ၏ အမြင့်‌ဆုံးတန်ဖိုးများနှင့်အတူ မြင့်တက်လျက် ရှိကြောင်း သုံးသပ်နိုင်ပါသည်။ အပြန်အလှန်အားဖြင့် သုညမျဉ်း၏ အောက်မှ Momentum ၏ကျဆင်းသော ရွေ့လျားများကိုကြည့်၍ Index ၏ ဈေးနှုန်းကျဆင်းနေကြောင်းကို သိရှိနိုင်ပါသည်။

အကယ်၍ ကျွန်ုပ်တို့သည် S&P 500 ဈေးနှုန်းဇယားကို momentum ဇယားနှင့်အတူ ကြည့်ရှုပါက၊ ဈေးနှုန်းသည် indicator ညွှန်ပြချက်များနှင့် ကိုက်ညီသည် သို့မဟုတ် အနီးစပ်ဆုံးတူညီသည်ကို တွေ့ရှိရပါလိမ့်မည်။

  • ၂၀၂၁ စက်တင်ဘာလ (ဇယား၏ဘယ်ဘက်)တွင် momentum သည် 0 ၏အောက်သို့စတင် ရွေ့လျာခဲ့ပြီး၊ S&P index သည်လည်း ကျဆင်းခဲ့ကာ 4300 ဈေးနှုန်းအဆင့် သို့ရောက်ရှိခဲ့သည်။

  • ၂၀၂၁ နိုဝင်ဘာလတွင် momentum မျဉ်းသည် 0 ၏အထက်သို့ ရွေ့လျားခဲ့ပြီး၊ S&P 500 ဈေးနှုန်းသည်လည်း စတင်မြင့်တက်ခဲ့ကာ 4700 ဈေးတန်းဝန်းကျင်၌ အမြင့်ဆုံးတန်ဖိုးတခုကို ရောက်ရှိခဲ့သည်။

  • ၂၀၂၁ နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၂၂ (ဇယား၏အလယ်)အထိ၊ momentum indicator သည် သုညမျဉ်းအနီးတွင် လူးလာခေါက်တုံ့ရွေ့လျားနေခဲ့သည်။ ထိုအချိန်၌ S&P 500 သည် ဘေးတိုက်ကုန်သွယ်ရေးလမ်းကြောင်းအတွင်း ရှိနေခဲ့သည်။

  • ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင်၊ momentum သည် စတင်မြင့်တက်လာသည်။ စတော့ index ဈေးနှုန်းသည်လည်း တိုးတက်၍လာပြီး၊ 4800 ဈေးတန်း၌ အမြင့်ဆုံးစံချိန်သစ်ကို ပြုလုပ်နိုင်ခဲ့သည်။

  • ၂၀၂၂ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းတွင် momentum သည် 0 level အောက်၌ ပုံသေရှိ၍နေကာ၊ S&P သည်လည်း ကျဆင်းသော ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိနေခဲ့သည်။ ထိုအချက်အား ဇယား၏ညာဘက်မှ indicator ညွှန်ပြချက်များမှ အတည်ပြုပါသည်။

LiteFinance: Forex တွင် စတော့ဈေးကွက် Momentum အား မည်သို့ တိုင်းတာရသနည်း။

အထက်ပါဥပမာတွင် အကယ်၍ စတော့ momentum indicator သည် သုည၏အထက်တွင် ရှိနေသော် လည်း ဆက်လက်မြင့်တက်ခြင်း မရှိပါက၊ နောက်ဆုံးတွင် ၂၀၂၁ နိုဝင်ဘာလလယ်မှ လကုန်ပိုင်းအတွင်း ဖြစ်ရပ် (လိမ္မော်ရောင်အစက်အပြောက် လေးထောင့်ကွက်)ကဲ့သို့ S&P 500 ဈေးနှုန်းကျဆင်းနိုင်ပါသည်။

ကုန်သည်နှင့် ရင်းနှီးမြှုပ်နှံသူများစွာတို့သည် Momentum indicator နှင့် S&P 500 ဇယားတို့ကို စောင့်ကြည့်ကြသည်။ အကယ်၍ ၎င်းတို့ချင်း ထပ်တူမညီပါက၊ စံသတ်မှတ်ချက်နှင့်မညီသော (ပုံမှန်မဟုတ်သော) အခြေအနေဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ကုန်သွယ်ပစ္စည်း၏ ဈေးနှုန်းသည် လမ်းကြောင်းအတိုင်း ပြန်လည်ရွေ့လျားမည်ဟု ကောက်ချက်ချနိုင်ရန်၊ Momentum နှင့် S&P 500 ဇယားတို့ ညီညွတ်မှုရှိရန် လိုအပ်ပါသည်။

Momentum ဖြင့် ကုန်သွယ်သည့် ဗျူဟာများ

LiteFinance: Momentum ဖြင့် ကုန်သွယ်သည့် ဗျူဟာများ

Momentum indicator ကိုအသုံးပြု၍ ကုန်သွယ်ရာတွင် အကျိုးအမြတ်ဖြစ်ထွန်းသော နည်းဗျူဟာများစွာ ရှိပါသည်။ ၎င်းတို့အား သီးခြားသော်လည်းကောင်း၊ ပေါင်းစပ်၍သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ကုန်သွယ်ရေးပလက်ဖောင်း သို့မဟုတ် ကုန်သွယ်ရေးပစ္စည်း ရွေးချယ်မှုသည် Momentum ကုန်သွယ်ရေးစွမ်းဆောင်ရည်ကို မထိခိုက်စေနိုင်ပါ။

Momentum သည် level 100 အထက် ဖောက်ထွက်ခြင်း

ဤသည်မှာ အတော်ပင် ရိုးရှင်းသော Momentum ကုန်သွယ်ရေးဗျူဟာတခု ဖြစ်ပါသည်။ Indicator သည် level 100 အားဖောက်ထွက်သွားသောအခါ၌ ကုန်သွယ်မှုဖွင့်ရန် ဖြစ်သည်။

နေ့စဉ်အချိန်ဘောင်အတွက် ကုန်သွယ်မှုကာလမှာ 21 ဖြစ်သည်။ ဤနည်းဗျူဟာအား လမ်းကြောင်း‌ ဖြစ်ထွန်းနေသော ဈေးကွက်တွင် အသုံးချနိုင်ပါသည်။

ကုန်သွယ်ရန်စည်းမျဉ်းများ

  1. လက်ရှိလမ်းကြောင်းကို ခွဲခြားထုတ်ဖော်ပါ (အမြင်အားဖြင့် သို့မဟုတ် လမ်းကြောင်း indicator များဖြင့်)

  2. လမ်းကြောင်းသည် အထက်သို့ ဦးတည်ပါက၊ Momentum Indicator ၏ level 100 အထက်သို့ ဖောက်ထွက်မှုသည် အဝယ်အချက်ပြမှုတခုဖြစ်သည်။

  3. လမ်းကြောင်းသည် အောက်ဘက်သို့ ဦးတည်နေပါက Indicator level 100 အောက်သို့ ဖောက်ထွက်မှုသည် ရောင်းချရန် အချက်ပြမှုတခုဖြစ်သည်။

ကုန်သွယ်မှုဦးတည်ရာအပေါ်မူတည်၍ ယခင် အမြင့်ဆုံးတန်ဖိုး၏အထက် သို့မဟုတ် ယခင် အနိမ့်ဆုံးတန်ဖိုး ၏ အောက်တွင် Stop loss အော်ဒါကို ချမှတ်ပါသည်။

Indicator မျဉ်းသည် ယခင် အမြင့်ဆုံး/အနိမ့်ဆုံးပွိုင့်များကို ကျော်ဖြတ်သွားချိန်တွင် ကုန်သွယ်မှုကို ပိတ်ရပါမည်။ နောက်ထပ် ကုန်သွယ်မှုပိတ်ရန် အခြေအနေတခုမှာ momentum Indicator သည် ထင်ရှားသောတန်ဖိုးတခုအထိ သွေဖယ်သွားသောအခါတွင် အမြတ်ကိုသိမ်းဆည်း၍ ဈေးကွက်မှထွက်ခွာရန် ဖြစ်သည်။

LiteFinance: Momentum ဖြင့် ကုန်သွယ်သည့် ဗျူဟာများ

Momentum နှင့် Moving Average

Momentum အချက်ပြမှုများကို စစ်ထုတ်ရန်အတွက် ကုန်သည်များစွာတို့သည် indicator တွင် Moving Average ကို ပေါင်းထည့်ကြသည်။ ထိုအခါဝယ် Momentum မျဉ်းသည် Moving Average အား ဖြတ်သွားပါက အဝင်အချက်ပြမှုတခု ပေါ်ပေါက်လာပါသည်။

Momentum indicator အဝင်နှင့်အထွက် အချက်ပြမှုများ -

  1. Momentum သည် MA အား အောက်မှအထက်သို့ ဖြတ်သွားသောအခါ အဝယ်အချက်ပြမှု ဖြစ်သည်။

  2. Momentum သည် MA အား အထက်မှအောက်သို့ ဖြတ်သွားသောအခါ အရောင်းအချက်ပြမှု ဖြစ်သည်။

Momentum အား MA နှင့်တွဲ၍ အသုံးပြုသောအခါ၊ level 100 ကို အသုံးမပြုပါ။

လက်ရှိ အမြင့်ဆုံး/အနိမ့်ဆုံးပွိုင့်များ၏ အထက်/အောက်တွင် Stop Loss ကို သတ်မှတ်ပါသည်။

Momentum သိသိသာသာ သွေဖည်သွားသောအခါတွင် ကုန်သွယ်မှု မှ ထွက်ရပါမည်။

LiteFinance: Momentum နှင့် Moving Average

Momentum အား Oscillator အဖြစ် အသုံးပြုခြင်း

Momentum indicator အား Period(ကာလ)တန်ဖိုးကို လျှော့ချ၍ Oscillator အဖြစ်လည်း အသုံးပြုနိုင်ပါသည်။ ဤဖြစ်ရပ်မျိုးတွင် indicator သည် level 100 အား မကြာခဏဖြတ်ကျော်ကာ indicator ဘောင်၏ နယ်နိမိတ်များအနီးသို့ ရွေ့လျားနိုင်ပါသည်။ Momentum သည် ‌အဆိုပါ နယ်နိမိတ်များနှင့် နီးကပ်နေသောအခါ ဈေးကွက်အတွင်း အဝယ်လွန်ကဲနေသည် သို့မဟုတ် အရောင်းလွန်ကဲနေသည်ဟု အချက်ပြပါသည်။

Momentum oscillator အားမည်သို့ အသုံးပြုရမည်နည်း။

  1. Momentum ကာလအား 3 တွင်ထားရှိပါ။

  2. Momentum သည် အထက်သို့ သိသိသာသာ သွေဖယ်သွားသောအခါ အရောင်းအချက်ပြမှု ဖြစ်သည်။

  3. Momentum သည် အောက်သို့ သိသိသာသာ သွေဖယ်သွားသောအခါ အဝယ်အချက်ပြမှုဖြစ်သည်။

Momentum Oscillator ကုန်သွယ်ရေးဗျူဟာသည် ဈေးကွက်အတွင်း အားကောင်းသောလမ်းကြောင်းတခု ရှိမနေသောအချိန်များနှင့် ဈေးကွက်၏ ကုန်သွယ်မှုအရှိန် အားနည်းနေချိန်များတွင် ကောင်းစွာ အကျိုးပြုပါသည်။

Momentum လှိုင်းသည် အကန့်အသတ်မရှိလေရာ၊ သင့်အနေဖြင့် အတိတ်အစဉ်အဆက် အချက်အလက်များနှင့် ဆက်တင်တွင် သတ်မှတ်ထားသော ကာလအပေါ် အခြေခံ၍ ကုန်သွယ် ပစ္စည်းတခုစီတိုင်းအတွက် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော ဈေးတန်းများကို ကိုယ်တိုင်ခွဲခြား ထုတ်ဖော်ရန် လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်ရန်အတွက် သင့်တင့်သော အတွေ့အကြုံနှင့်အတူ လက်ရှိဈေးကွက်၏ အခွင့်အလမ်းများကို သဘောပေါက်နားလည်ရန် လိုအပ်ပါသည်။

LiteFinance: Momentum အား Oscillator အဖြစ် အသုံးပြုခြင်း

Momentum အား trend indicator အဖြစ် အသုံးပြုခြင်း

Momentum indicator သည် ၎င်း၏ကာလ အသင့်အတင့်မြင့်မားသောအခါမျိုး၌ လမ်းကြောင်းတခုကို ခွဲခြားပေးနိုင်ပါသည်။ (အများဆုံးတလအထိ)ကာလတိုလမ်းကြောင်းတခုကို ဆုံးဖြတ်ရန်အတွက် ကာလတန်ဖိုး(Period) 21 သည် သင့်တော်ပါသည်။ ထိုအခါတွင် ၎င်းသည် လမ်းကြောင်းကိုညွှန်ပြသော indicator တခု ဖြစ်လာနိုင်ပါသည်။

မှတ်သားရန်။ ။ကုန်သွယ်ရေးပစ္စည်းတခုစီတိုင်းနှင့် ၎င်း၏မတည်ငြိမ်မှုအပေါ်မူတည်၍ ကာလ (Period) တန်ဖိုးကို ရွေးချယ်သင့်ပါသည်။ ကုန်သည်များ အများဆုံး အသုံးပြုကြလေ့ရှိသည့် ကာလများမှာ 10၊ 14၊ 20 သို့မဟုတ် 21 တို့ဖြစ်ကြပါသည်။

Momentum trend indicator အား မည်သို့ ဖတ်ရှုရမည်နည်း။

  • အကယ်၍ indicator မျဉ်းသည် level 100 အထက်တွင်ရှိပြီး၊ ၎င်း၏ လက်ရှိ အမြင့်ဆုံးအဆင့်ကို ဖြတ်ကျော်သွားပါက လမ်းကြောင်းသည် အထက်သို့ တိုးတက်ပါသည်။

  • အကယ်၍ indicator မျဉ်းသည် level 100 အောက်တွင်ရှိပြီး၊ ၎င်း၏ လက်ရှိ အနိမ့်ဆုံးအဆင့်ကို ဖြတ်ကျော်သွားပါက လမ်းကြောင်းသည် အောက်သို့ ကျဆင်းပါသည်။

လမ်းကြောင်း ကြံ့ခိုင်မှုကို level 100 မှ ခွဲထွက်သောမျဉ်း၏ ကွဲလွဲနှုန်းဖြင့် ဆုံးဖြတ်ပါသည်။ ကွဲလွဲမှု ကြီးမားလေလေ၊ လမ်းကြောင်း၏ အားကောင်းမှုမြင့်မားလေလေဖြစ်သည်။

LiteFinance: Momentum အား trend indicator အဖြစ် အသုံးပြုခြင်း

Divergence

Price chart နှင့် momentum indicator ကြားမှ divergence (ကွဲလွဲမှု) သည် ဈေးကွက်သို့ဝင်ရောက်ရာတွင် ကောင်းမွန်သော အချက်ပြမှုတခု ဖြစ်ပါသည်။

Divergence ဆိုသည်မှာ price chart နှင့် indicator တို့သည် ဆန့်ကျင်ဘက် ဦးတည်ရာများသို့ ရွေ့လျားခြင်းဟု အဓိပ္ပါယ်ရပါသည်။

  • အကယ်၍ ဈေးနှုန်းသည် မြင့်တက်နေပြီး အမြင့်သစ်တခုကို ရောက်ရှိကာ၊ forex momentum indicator မှာမူ မြင့်တက်လာသော်လည်း အမြင့်တန်ဖိုးအသစ်တခုကို မပြုလုပ်ပါက ထိုအရာသည် bullish divergence ဖြစ်သည်။ အရောင်းအချက်ပြမှုတခု ဖြစ်ပါသည်။

  • အကယ်၍ ဈေးနှုန်းသည် ကျဆင်းလာပြီး အနိမ့်ဆုံးတန်ဖိုးအသစ်တခုသို့ ရောက်ရှိကာ၊ momentum မှာမူ ကျဆင်းသော်လည်း အနိမ့်ဆုံးတန်ဖိုးအသစ်တခုသို့ မရောက်ရှိပါက bearish divergence ဖြစ်သည်။ အဝယ်အချက်ပြမှုတခု ဖြစ်ပါသည်။

အတက်ဈေးကွက်အတွင်း ကွဲလွဲမှုတခုကို ခွဲခြားသိရှိနိုင်ရန်၊ ဈေးနှုန်းဇယားအတွင်း လတ်တလော အမြင့်ဆုံးတန်ဖိုးများတလျှောက်တွင် မျဉ်းတကြောင်းကို ရေးဆွဲသင့်ပါသည်။ Indicator တွင်လည်း အလားတူဆောင်ရွက်ပါ။ ထိုမျဉ်းနှစ်ကြောင်း ခွဲခွာ၍သွားသောအခါ ကွဲလွဲမှု ဖြစ်ပေါ်ပါသည်။ ကွဲလွဲသော အကွာအဝေးပို၍ကျယ်လေလေ၊ အချက်ပြမှုပို၍ ခိုင်မာလေလေဖြစ်ပါသည်။

ကျဆင်းနေသော ဈေးကွက်အတွင်း ကွဲလွဲမှု(တခါတရံတွင်၎င်းကို convergence (ပေါင်းဆုံခြင်း) ဟုလည်း ခေါ်ပါသည်) ကိုခွဲခြားထုတ်ဖော်ရန် ဈေးနှုန်းဇယားနှင့် indicator ဇယားအတွင်း အနိမ့်ဆုံးတန်ဖိုးများ တလျှောက်တွင် မျဉ်းဖြောင့်တကြောင်းကို ရေးဆွဲပါ။ ထိုမျဉ်းများ တခုနှင့်တခု နီးကပ်လာသောအခါ၊ ကွဲလွဲမှုတခုဖြစ်ပေါ်ပါသည်။ မျဉ်းများကြားမှာ အကွာအဝေးပို၍ ကျဉ်းမြောင်းလေလေ အချက်ပြမှု အားကောင်းလေလေ ဖြစ်ပါသည်။

LiteFinance: Divergence

အထက်ပါ Brent Crude ရေနံဇယားတွင် တွေ့မြင်ရသည့်အတိုင်း၊ မတ်လ ၂၀၁၇ မှ ဖေဖော်ဝါရီ ၂၀၁၈ အတွင်း ကွဲလွဲသော အချက်ပြမှု လေးကြိမ်ပေါ်ပေါက်ခဲ့ပါသည်။

  • ဈေးနှုန်းသည် ယခင်အနိမ့်ဆုံးဈေးတန်းအား ဖောက်ထွက်သွားသော်လည်း၊ momentum indicator သည် ၎င်း၏ ယခင်အနိမ့်ဆုံးပွိုင့်သို့သာ ရောက်ရှိသည့်အခါ ပထမဆုံး အဝယ် အချက်ပြမှု ပေါ်ပေါက်ပါသည်။ ဤဖြစ်ရပ်တွင် မျဉ်းနှစ်ကြောင်းသည် တခုရှိရာ တခု ရွေ့လျား၍လာပါသည် (convergence)။

  • ဒုတိယနှင့် တတိယဖြစ်စဉ်များတွင် ဈေးနှုန်းသည် အမြင့်သစ်တခုသို့ရောက်ရှိပြီး၊ indicator မှာမူ ယခင်အမြင့်ထိသာ ရောက်ရှိကာ အနည်းငယ်သာ ဆက်လက်ရွေ့လျားပြီးနောက် ဈေးနှုန်းယာယီ ကျဆင်းခြင်း ‌အခြေအနေပေါ်ပေါက်သည်ကို မြင်တွေ့ရပါသည်။

  • စတုထ္ထဖြစ်ရပ်တွင် ရေနံဈေးနှုန်းသည် အမြင့်သစ်တခုကို ပြုလုပ်ခဲ့သည်။ Momentum သည် ပိုနိမ့်သော အမြင့်ကိုသာ ပြုလုပ်သည်။ ဤသည်မှာ အားကောင်းသော အချက်ပြမှုဖြစ်သည်။ ထို့နောက်တွင် ဈေးနှုန်းသည် သိသာစွာ ကျဆင်းသွားပါသည်။

Divergence အချက်ပြမှုများအပေါ်လိုက်၍ ကုန်သွယ်သောအခါ၊ သင့်အနေဖြင့် ပိုမိုရှည်လျားသော အချိန်ဘောင်များတွင် ခွဲခြမ်းစိတ်ဖြာသင့်ပါသည်။ စမ်းသပ်မှုရလာဒ်များအရ အားကောင်းသော လမ်းကြောင်းများတွင် momentum ကွဲလွဲမှုသည် မှားယွင်းစွာ အချက်ပြမှုတခု ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အဆိုပါ အချက်ပြမှုမျိူးအား အရန် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အထောက်အကူများ၊ indicators များ၊ ဈေးနှုန်းလှုပ်ရှားမှုပုံ‌စံများနှင့် အခြေခံ ခွဲခြမ်းစိတ်ဖြာမှု အချက်အလက်များ၏ အထောက်အပံ့ဖြင့် အတည်ပြုသင့်ပါသည်။

Divergence တွင် ကုန်သွယ်ရာ၌ အရေးပါသော support နှင့် resistance levels များသည်လည်း အကူအညီပေးသော ကိရိယာများပင်ဖြစ်ပါသည်။ Bollinger Bands သည်လည်း ကုန်သွယ်မှု အဖွင့်၊ အပိတ်များကို စိစစ်ရန်အတွက် အရန်စစ်ထုတ်မှုကိရိယာတခုအဖြစ် ဆောင်ရွက်ပေးနိုင်ပါသည်။

ယ်လိုအား/ရောင်းလိုအား လွန်ကဲဇုန်များ

Momentum ၏ လှိုင်းသည် အကန့်အသတ်မရှိလေရာ၊ သင့်အနေဖြင့် ယခင်အချက်အလက်များနှင့် ဆက်တင်တွင်သတ်မှတ်ထားသော ကာလအပေါ်မူတည်၍ ဝယ်လိုအား/ရောင်းလိုအား လွန်ကဲဇုန်များကို သင်ကိုယ်တိုင် ဆုံးဖြတ်ရပါမည်။

အောက်ပါ USD/CHF ဇယားကို လေ့လာကြည့်ပါစို့။ USD/CHF ဇယားတွင် ပြင်းထန်အားကောင်းသော ရွေ့လျားမှုများ မရှိပါ။ ကုန်သွယ်ပစ္စည်း၏ နေ့စဉ်ပျမ်းမျှမတည်ငြိမ်နှုန်း (ATR) မှာ မတ်လ ၂၀၂၂ တွင် 62 pips ဖြစ်ပါသည်။

Momentum သည် oscillator အဖြစ် ဆောင်ရွက်ရန်အတွက် indicator ကာလကို ရွေးချယ်သတ်မှတ်ပါ။ ဤအမျိုးအစားအတွက် ကုန်သည်အများစု ရွေးချယ်လေ့ရှိသော ကာလမှာ 3 ဖြစ်သည်။ အခြားသော ကုန်သွယ်ရေးပစ္စည်းများအတွက်၊ အခြားကာလတခုလည်း ဖြစ်နိုင်ပါသည်။ အရာအားလုံးသည် ကုန်သွယ်ရေးပစ္စည်း၏ မတည်ငြိမ်မှုအဆင့်နှင့် ကိုယ်ပိုင်အင်္ဂါရပ်များအပေါ် မူတည်ပါသည်။ ထို့ကြောင့် ဤအခိုက်အတန့်အတွက် စမ်းသပ်မှု လိုအပ်ပါသည်။

နေ့စဉ် USD/CHF ဇယားမှ ပြသသည်မှာ သွေဖည်မှုရာခိုင်နှုန်း 1.5%...2% တွင် indicator သည် ၎င်း၏ အမြင့်ဆုံးတန်ဖိုးများကို ပုံဖော်ပါသည်။ အနိမ့်ဆုံးတန်ဖိုးများကိုမူ -1.5%...-2.0% ဇုန်အတွင်း ပြုလုပ်ပါသည်။ ဤအကွာအဝေးများသည် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲဇုန်များအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

LiteFinance: Divergence

  • အထက်ပါ ဥပမာတွင် အဝယ်လွန်ကဲဇုန်များကို ထင်ရှားစေရန် အနီရောင်ဖြင့် အမှတ်အသားပြု ထားပါသည်။ ဈေးကွက်အတွင်း အဝယ်လွန်ကဲနေကာ၊ ရင်းနှီးမြှုပ်နှံသူများသည် သင့်တင့်မှု မရှိသောဈေးဖြင့် ကုန်သွယ်ပစ္စည်းကို ဝယ်ယူလိုခြင်းမရှိပါ။

  • အရောင်းလွန်ကဲဇုန်များကို အပြာရောင်ဖြင့် ‌ဖော်ပြထားပါသည်။ ထို‌ဇုန်များကို ရောက်ရှိမှုအပေါ် မူတည်၍ ဈေးနှုန်းမြင့်တက်လာပါသည်။ ‌ဈေးကွက်အတွင်း အရောင်းများလွန်ကဲနေသောကြောင့် ကုန်သွယ်မှုအသစ်များဖွင့်လှစ်ရန် ပိုမိုသင့်တင့်သော နှုန်းထားများကို လိုအပ်နေပါသည်။

အဝယ်လွန်ကဲ/အရောင်းလွန်ကဲဇုန်များသည် ဘေးတိုက်လမ်းကြောင်းအတွင်း အကျိုးအမြတ်ရနိုင်ခြေ ရှိသော အချက်ပြမှုများကို ပံ့ပိုးပေးပါသည်။ အားကောင်းသော အတက်နှင့်အကျ လမ်းကြောင်းများတွင်၊ အဆိုပါဇုန်များသည် အမြတ်ကန့်သတ်အော်ဒါများချမှတ်သင့်သည့် ဈေးတန်းများကို ညွှန်ပြပေးပါသည်။

ဈေးကွက်အတွင်းရှိ အဝယ်နှင့်အရောင်းလွန်ကဲဇုန်များသည် ကုန်သည်တဦးအတွက် မည်သည့်အချိန်တွင် ဈေးနှုန်းရပ်တန့်မည် သို့မဟုတ် ဆန့်ကျင်ဘက်သို့ပြန်လည်ဦးတည်နိုင်သည်ကို အကြုံပြုပါသည်။ သို့မဟုတ် အနည်းဆုံးအားဖြင့် ယာယီအလှည့်အပြောင်းတခု ဖြစ်နိုင်ခြေကို ညွှန်ပြပါသည်။ အဆိုပါ ဇုန်များကို သေချာစွာ အသုံးချနိုင်ပါက၊ ဈေးနှုန်း တိုးတက်မှု၊ ကျဆင်းမှု နှစ်ခုစလုံးမှ အမြတ်ရရှိနိုင်ပါသည်။

Momentum ဖြင့် တနေ့တာကုန်သွယ်ရေးဗျူဟာများ

တနေ့တာအတွင်း ကုန်သွယ်မှုပြုလုပ်ရာတွင်လည်း momentum Indicator ကို အသုံးပြုနိုင်ပါသည်။ ဤအခြေအနေတွင် မတူညီသော ကာလသတ်မှတ်ချက်များဖြင့် Momentum ကုန်သွယ်ရေး indicators နှစ်ခုကို ပေါင်းထည့်ရန် လိုအပ်ပါသည်။

  1. ကာလတန်ဖိုး 24 သတ်မှတ်ထားသော Momentum သည် ယေဘုယျလမ်းကြောင်းကို ဆုံးဖြတ်ရာတွင် ကူညီပေးပါသည်။

  2. ကာလတန်ဖိုး 4 သတ်မှတ်ထားသော Momentum သည် oscillator တခုအဖြစ်ဆောင်ရွက်ပြီး၊ ကုန်သွယ်ရေးအချက်ပြမှုများကို ထုတ်ပေးပါသည်။

တနေ့တာအတွင်း Momentum ဖြင့် ကုန်သွယ်သည့်နည်းဗျူဟာ

  • အကယ်၍ Momentum မျဉ်း (ကာလတန်ဖိုး 24) သည် level 100 ၏အထက်၌ရှိလျှင် လမ်းကြောင်းသည် အထက်သို့ တိုးတက်ပါသည်။

  • အကယ်၍ Momentum မျဉ်း (ကာလတန်ဖိုး 24)သည် level 100 ၏ အောက်တွင်ရှိလျှင်၊ လမ်းကြောင်းသည် အောက်သို့ကျဆင်းပါသည်။

  • အကယ်၍ Momentum မျဉ်းသည် level 100 အနီးတွင် ဝေ့ဝဲနေလျှင် ဈေးကွက်အတွင်း တိကျသောလမ်းကြောင်းမရှိပါ။ ကုန်သွယ်မှုမပြုသင့်သော အချိန်အခါဖြစ်ပါသည်။

  • လမ်းကြောင်းသည် အထက်သို့တိုးတက်ပြီး၊ ကာလတန်ဖိုး တိုတောင်းသော momentum oscillator သည် level 100 ၏ အောက်တွင် ဈေးနှုန်းစုဖွဲ့ချိန်၌ အဝယ်ကုန်သွယ်မှုကို ဖွင့်ပါ။

  • လမ်းကြောင်းသည် အောက်သို့ကျဆင်းပြီး၊ ကာလတန်ဖိုး တိုတောင်းသော momentum oscillator သည် level 100 ၏ အထက်တွင် ဈေးနှုန်းစုဖွဲ့ချိန်၌ အရောင်းကုန်သွယ်မှုကို ဖွင့်ပါ။

LiteFinance: Momentum ဖြင့် တနေ့တာကုန်သွယ်ရေးဗျူဟာများ

အထက်ပါပုံတွင် အမည်းရောင်လေးထောင့်ကွက်သည် AUD/USD ဇယား (အချိန်ဘောင်-H1)အတွင်း အလားအလာရှိသော ကုန်သွယ်ရေးအချက်ပြမှုများကို အမှတ်အသားပြုပါသည်။ ကုန်သွယ်ရက် ဆယ်ရက် အတွင်း၊ အချက်ပြမှု ၁၄ခု ပေါ်ပေါက်ခဲ့သည်။ အကယ်၍သင်သည် အချက်ပြမှုအားလုံးအပေါ်အခြေခံ၍ ကုန်သွယ်မှု ပြုလုပ်ပါက၊ အမြတ်ရသော ကုန်သွယ်မှုမှာ ဆယ်ခုဖြစ်ပြီး ဆုံးရှုံးသောကုန်သွယ်မှုမှာ လေးခုဖြစ်ပါလိမ့်မည်။ ဆုံးရှုံးရန်အလားအလာရှိသော ကုန်သွယ်မှုများကို indicator ဝင်းဒိုးအတွင်း StopLoss စာသားဖြင့်ညွှန်ပြထားသော အနီရောင် အစက်အပြောက်မျှားများဖြင့် အမှတ်အသားပြု ထားပါသည်။

စတော့ကုန်သွယ်ရေးရှိ Momentum

Momentum ပါဝင်သော နည်းဗျူဟာများကို အသုံးပြု၍ စတော့များကို ကုန်သွယ်ခြင်းသည် ဤ indicator ကို အသုံးပြု၍ အခြားကုန်သွယ်ရေးပစ္စည်းများကို ကုန်သွယ်ခြင်းနှင့် ကွဲပြားမှုမရှိပါ။ Momentum ဖြင့် စတော့ကုန်သွယ်မှု တွင် စတော့တခုစီ၏ မတည်ငြိမ်နှုန်းနှင့် ဈေးနှုန်းရွေ့လျားမှု သဘာဝအပေါ်မူတည်၍ စတော့တခုချင်းအတွက် indicator ကာလကို ရွေးချယ်ရခြင်း ပါဝင်ပါသည်။

စတော့ကုန်သွယ်ရေးတွင် ကာလမတူညီသော momentum ကုန်သွယ်ရေး indicator နှစ်ခုသည် အားအကောင်းဆုံး အချက်ပြမှုများ ကို ထုတ်ပေးနိုင်ပါသည်။ ကာလတန်ဖိုးရှည်လျားသော momentum ကို လမ်းကြောင်းကို ဆုံးဖြတ်ရာ၌ အသုံးပြု၍၊ ကာလတန်ဖိုးတိုတောင်းသော momentum သည် oscillator အဖြစ်ဆောင်ရွက်ပါသည်။

စတော့နှင့် FX ကုန်သွယ်ရေးအတွက် အကောင်းဆုံး Momentum Indicators များ

ရေပန်းစားသော oscillators များစွာတို့အား Momentum Indicator အပေါ်အခြေခံ၍ ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ ရေပန်းအစားဆုံးများမှာ Relative Strength Index၊ MACD နှင့် Stochastic Oscillator တို့ဖြစ်ကြပါသည်။ အဆိုပါ indicator များသည် ဈေးကွက်အခြေအနေကို ဆုံးဖြတ်ပေးပြီး၊ အဝယ်/အရောင်းလွန်ကဲသောဇုန်များကို အချက်ပြပါသည်။ စတော့နှင့် Forex ကုန်သွယ်ရေးတွင် ရေပန်းအစားဆုံး momentum indicators များအကြောင်းကို အောက်တွင်ဖော်ပြပေးထားပါသည်။

Relative Strength Index (RSI)

၎င်း၏အမည်တွင် ပါဝင်သောအဓိပ္ပါယ်အတိုင်းပင်၊ RSI indicator သည် လမ်းကြောင်း၏ ကြံ့ခိုင်မှု နှင့် လမ်းကြောင်း အလှည့်အပြောင်းဖြစ်နိုင်ခြေကို သတ်မှတ်ပေးပါသည်။ RSI သည် oscillator တခုဖြစ်၍ ၎င်း၏ညွှန်ပြချက်များကို 0 မှ 100 စကေးအတွင်း ရွေ့လျားနေသော လှုပ်ရှားသည့် မျဉ်းတကြောင်း အဖြစ် ပြသပါသည်။

ဤ indicator သည် ဈေးနှုန်းရွေ့လျားမှုများ၏ အရှိန်အဟုန်၊ အလျင်နှင့် သိပ်သည်းဆတို့ကို တိုင်းတာပါသည်။ သက်ဆိုင်ရာဈေးနှုန်းရွေ့လျားမှု အထက်သို့တိုးတက်မှု အားကောင်းလေလေ၊ indicator ညွှန်ပြချက်တန်ဖိုးများ ကြီးမားလေလေဖြစ်ပါသည်။ Oscillator မျဉ်းသည် 100 တန်ဖိုး နှင့် နီးစပ်လာပါမည်။ သက်ဆိုင်ရာဈေးနှုန်းရွေ့လျားမှု အောက်သို့ကျဆင်းမှု အားကောင်း သောအခါ oscillator မျဉ်းသည် 0 တန်ဖိုး နှင့် ပို၍နီးစပ်လာမည်ဖြစ်သည်။

RSI indicator အား ပိုမိုထိရောက်စွာ အသုံးချနိုင်ရန် ကုန်သည်များသည် အဝယ်/အရောင်းလွန်ကဲသည်ဟု ခေါ်ဆိုကြသော ဇုန်များကို indicator ဇယားပေါ်သို့ ထည့်သွင်းကြသည်။ အဝယ်/အရောင်းလွန်ကဲဇုန်များ၏ အကျယ်အဝန်းအား ကုန်သွယ်ရေးပစ္စည်းတခုစီအပေါ် မူတည်၍ သီးခြားဆုံးဖြတ်ရပါသည်။ အဝယ် လွန်ကဲဇုန်အတွက် စံသတ်မှတ်ထားသော အကျယ်အဝန်းများစွာ ရှိပါသည်။

  1. 80 - 100

  2. 70 - 100

  3. 60 - 100

သမာရိုးကျ အရောင်းလွန်ကဲဇုန်များမှာ -

  1. 0 - 20

  2. 0 - 30

  3. 0 - 40 တို့ဖြစ်ကြပါသည်။

ငွေကြေးများ၊ ကုန်စည်များ သို့မဟုတ် စတော့များ အစရှိသဖြင့် ကုန်သွယ်ပစ္စည်းအမျိုးအစားနှင့် ၎င်း၏ မတည်ငြိမ်နှုန်းအပေါ် မူတည်၍ ကုန်သည်များသည် အထက်ပါ အကျယ်အဝန်း သုံးခုမှ တခုခုကို ရွေးချယ်ကြလေ့ရှိသည်။

RSI indicator ဖြင့် ကုန်သွယ်ခြင်းအတွက် အဓိကစည်းမျဉ်းများ -

  • Indicator မျဉ်းသည် အဝယ်လွန်ကဲဇုန်သို့ ဝင်ရောက်သွားသောအခါ၊ အရောင်းကုန်သွယ်မှု အလားအလာကို အချက်ပြပါသည်။

  • Indicator မျဉ်းသည် အရောင်းလွန်ကဲဇုန်သို့ ဝင်ရောက်သွားသောအခါ၊ အဝယ်ကုန်သွယ်မှု အလားအလာကို အချက်ပြပါသည်။

  • နေ့စဉ်ဇယားအတွင်း လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာရန်၊ indicator ကာလကို 21 ဟု သတ်မှတ်သင့်ပါသည်။

  • အဝယ်/အရောင်းလွန်ကဲဇုန်များသည် ပုံမှန်အားဖြင့် စတော့ဈေးကွက်တွင် အကွာအ‌ဝေး ပိုမိုကျယ်ပြန့်ပါသည် - 40% ခန့်။

  • Forex ဈေးကွက်တွင် အဝယ်/အရောင်းလွန်ကဲဇုန်များသည် အကွာအဝေးပိုမိုကျဉ်းမြောင်းပါသည် - 30% ခန့်။

LiteFinance: Relative Strength Index (RSI)

အထက်ပါ ဥပမာတွင် ‌အရောင်းလွန်ကဲဇုန်အတွင်း လေယာဉ်ကုမ္ပဏီ Boeing ၏ စတော့များကို ဝယ်ယူရန် အချက်ပြမှုများအား အနီရောင်လေးထောင့်ကွက်များဖြင့် ပြသထားပါသည်။ အရောင်းအချက်ပြမှုများကို အပြာရောင်လေးထောင့်ကွက်များဖြင့် ပြသထားပါသည်။

သင်မြင်တွေ့ရသည့်အတိုင်း၊ RSI indicator သည် အဝယ် သို့မဟုတ် အရောင်းကုန်သွယ်မှု မည်သည်ကို ဆောင်ရွက်သင့်ကြောင်း သင့်လျော်သော သတင်းအချက်အလက်ကို ပံ့ပိုးပေးပါသည်။

Moving averages (MACD)

MACD (Average Convergence/Divergence) indicator သည်လည်း oscillator တခုပင်ဖြစ်သည်။ ၎င်းသည် အလွန်ရေပန်းစား၍ ရိုးရှင်းသော indicator တခုဖြစ်ပြီး၊ မည်သည့်လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာရာတွင်မဆို အသုံးပြုနိုင်ပါသည်။

Indicator တွင် အစိတ်အပိုင်းသုံးခု ပါဝင်ပါသည်။

  1. MACD မျဉ်းသည် slow EMA နှင့် fast EMA ကြားမှ ခြားနားချက်ဖြစ်သည်။ MACD မျဉ်းသည် အတော်ပင် မြန်ဆန်ပါသည်။

  2. အချက်ပြမျဉ်းသည် MACD မျဉ်းအပေါ်အခြေခံ၍ တွက်ချက်ထားသော EMA ဖြစ်ပါသည်။ အခြားတနည်းဖြင့်ဆိုရသော် အချက်ပြမှုများကို စိစစ်ရန် simple moving average ကို အသုံးပြု၍ MACD မျဉ်းကို ဖြန့်ချလိုက်ခြင်းဖြစ်သည်။ ၎င်းသည် နှေးကွေးသောမျဉ်းဖြစ်ပါသည်။

  3. MACD histogram သည် MACD မျဉ်းနှင့် အချက်ပြမျဉ်းကြား အပြန်အလှန်ဆက်နွယ်မှုကို ပြသသော သရုပ်ဖော်ပုံ ဖြစ်သည်။ ၎င်းသည် MACD မျဉ်းနှင့် အချက်ပြမျဉ်းကြား ကွာခြားချက်ကို တွက်ချက်ပါသည်။ MACD မျဉ်းနှင့် အချက်ပြမျဉ်းကြား ကွဲလွဲမှုပိုမိုကြီးမားလေလေ၊ histogram အတွင်းရှိ ဘားများ ပိုမိုမြင့်မားလေလေဖြစ်သည်။

Indicator ၏ အတိကျဆုံး အချက်ပြမှုများမှ တခုမှာ MACD နှင့် ဈေးနှုန်းဇယားကြား ကွဲလွဲမှု (divergence) ပင်ဖြစ်သည်။

  • ဈေးနှုန်းသည် တိုးတက်လာပြီး ယခင်အမြင့်ထက် ပိုမြင့်သော အမြင့်ဆုံးတန်ဖိုးအသစ်တခုကို ပြုလုပ်ချိန်တွင်၊ MACD သည် မြင့်တက်လာသော်လည်း အမြင့်အသစ်များသည် ယခင်အမြင့်များထက် ပို၍နိမ့်ကျနေသောအခါတွင် momentum bullish divergence ပေါ်ပေါက်လာပါသည်။ ၎င်းသည် အရောင်းအချက်ပြမှု ဖြစ်ပါသည်။

  • ဈေးနှုန်းသည် ကျဆင်းလာကာ နောက်ထပ်အနိမ့်တခုစီသည် ယခင်အနိမ့်ထက် ပို၍ နိမ့်ဆင်းလာ‌ချိန်၌ MACD သည် ကျဆင်းလာသော်လည်း ပိုမြင့်သော အနိမ့်သစ်များကိုသာ ပြုလုပ်သောအခါ momentum bearish divergence ပေါ်ပေါက်လာပါသည်။ ၎င်းသည် အဝယ်အချက်ပြမှုဖြစ်ပါသည်။

ရေပန်းစားသော MACD ကုန်သွယ်ရေးဗျူဟာတခု

  • မူရင်းအားဖြင့်၊ fast MA အတွက် ကာလတန်ဖိုး 12 နှင့် slow MA အတွက် ကာလတန်ဖိုး 26။

  • ဇယားအတွင်း ကွဲလွဲမှုပေါ်ပေါက်ချိန်တွင် ကုန်သွယ်မှုများကို ဖွင့်ပါသည်။

  • နောက်ထပ်အချက်ပြ candlestick ပိတ်သိမ်းချိန်တွင် အရောင်းကုန်သွယ်မှုကို ဖွင့်ပါသည်။ Indicator ဝင်းဒိုးအတွင်း candlestick ၏ histogram bar သည် ယခင်အနိမ့်တန်ဖိုးထက် ပို၍နိမ့်ပါသည်။

  • နောက်ထပ်အချက်ပြ candlestick ပိတ်သိမ်းချိန်တွင် အရောင်းကုန်သွယ်မှုကို ဖွင့်ပါသည်။ indicator ဝင်းဒိုးအတွင်း candlestick ၏ histogram bar သည် ယခင်အမြင့်တန်ဖိုးထက် ပို၍မြင့်ပါသည်။

  • အနာဂါတ်တွင် Take Profit အော်ဒါပြုလုပ်ရန်အတွက် ကာလတန်ဖိုး 12 ရှိသော simple moving average နှင့် ကာလတန်ဖိုး 26 ရှိသော ပိုမိုချောမွေ့သည့် smoothed variant (EMA) တို့နှင့်အတူ ဇယားအတွင်း ချန်နယ်လ်တခုကိုလည်း အရန်အဖြစ် ပူးတွဲထည့်သွင်းသင့်ပါသည်။

StopLoss အား ‌လက်ရှိအမြင့်ဆုံးဈေးတန်း၏ အထက် သို့မဟုတ် လက်ရှိအနိမ့်ဆုံး ဈေးနှုန်း၏အောက်တွင် သတ်မှတ်ပါသည်။

Take profit အား ပူးတွဲထည့်သွင်းထားသော ချန်နယ်လ်၏ ဝေးကွာသော နယ်နိမိတ် (ဇယားအတွင်း လိမ္မော်ရောင် MA ရှိ EMA 26 မျဉ်း) တွင် သတ်မှတ်ပါသည်။

LiteFinance: Moving averages (MACD)

အထက်ပါ ဥပမာတွင် ဇယားအတွင်း ကွဲလွဲမှုများ၊ အလားအလာရှိသော အချက်ပြမှုများကို ခရမ်းရောင်ဖြင့် ပြသထားပါသည်။ အနက်ရောင်မျှားများသည် အဝင်ပွိုင့်ကို ညွှန်ပြပါသည်။ အနက်ရောင် အစက်အပြောက်လေးထောင့်ကွက်များသည် TakeProfit level များကို အမှတ်အသားပြုပါသည်။

Amazon စတော့များကို ကုန်သွယ်ရန် အချက်ပြမှုများကို ရှင်းပြခွင့်ပြုပါ။

  1. ၂၀၂၂ ဇူလိုင်လတွင် အရောင်းအချက်ပြမှု ပေါ်ပေါက်လာပြီးနောက်၊ ဈေးနှုန်းသည် TakeProfit level (လိမ္မော်ရောင် EMA) သို့ မရောက်ရှိခဲ့ပါ။ ထိုမှနောက်တွင် ယာယီအပြောင်းအလဲတခု ပေါ်ပေါက်လာပြီး၊ ဈေးကွက်အား ဈေးနှုန်းလစ်လပ်မှုတခုနှင့်အတူ ဖွင့်လှစ်ခဲ့ပါသည်။ ကုန်သွယ်မှု အား EMA မျဉ်း၌ ပိတ်သိမ်းခဲ့လျှင် ယခုထက်ပို၍ အကျိုးအမြတ် ရရှိနိုင်ပါသည်။

  2. ဒုတိယအရောင်းအချက်ပြမှု ပေါ်ပေါက်လာသောအခါတွင် ဈေးနှုန်းသည် TakeProfit level သို့ မရောက်ရှိပဲ၊ ကုန်သွယ်မှုအား Stop Loss ဖြင့် ပိတ်သိမ်းပါသည်။

  3. ကွဲလွဲမှု ဆက်လက်ဖြစ်ပေါ်ပြီး ဈေးနှုန်းသည် ဇယားအတွင်း အခြား အမြင့်တခုကို ဖောက်ထွက်သွားသောအခါ တတိယအချက်ပြမှု ပေါ်ပေါက်ပါသည်။ Histogram bars သည် အမြင့်သစ်တခုကို မပြုလုပ်နိုင်ပါ။ ကွဲလွဲမှု ၃ ကြိမ် ရှိနေပြီး၊ အရောင်းကုန်သွယ်ခြင်းဖြင့် အကျိုးရှိနိုင်ပါသည်။

  4. ၂၀၂၂ ဇန်နဝါရီလနှောင်းပိုင်းမှ စတုထ္ထအချက်ပြမှုသည် အဝယ်အချက်ပြမှုဖြစ်သည်။ ၎င်း၏ ထူးခြားချက်မှာ MACD histogram သည် ယခင်အနိမ့်ဆုံးအဆင့်၏ အောက်တွင် မသိမသာ ကျိူးပေါက်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဈေးနှုန်းဇယား၏ အနိမ့်ဆုံးတန်ဖိုးများကို ချိတ်ဆက်‌ထားသော မျဉ်းနှင့် histogram ၏ အနိမ့်ဆုံးတန်ဖိုးများကို ချိတ်ဆက်‌ထားသော မျဉ်းများကို နှိုင်းယှဉ်ကြည့်ပါက ထိုမျဉ်းများကြား ထင်ရှားသော ကွဲလွဲမှုတခုကို တွေ့မြင်နိုင်ပါ သည်။ ၎င်းကို အချက်ပြမှုတခုအဖြစ် မှတ်ယူနိုင်ပါသည်။

နိဂုံးချုပ်ရသော်၊ MACD ကာလများအတွက် ပိုမိုထိရောက်သည်ဟု သင့်အနေဖြင့် ယူဆသော အခြားအတိုင်းအတာများကိုလည်း အသုံးပြုနိုင်ကြောင်းကို ကျွန်ုပ်မှ ထည့်သွင်း အကြုံပြုအပ်ပါသည်။ တင်းကျပ်သော စည်းမျဉ်းများ မရှိပါ။ ထို့အပြင် ကွဲလွဲခြင်းအချက်ပြမှုများကို ကာလရှည် လမ်းကြောင်း တခုနှင့် ယှဉ်တွဲဆက်စပ်ကြည့်သင့်သည်။ ကာလရှည်အချိန်ဘောင်များသည် ကာလတိုဇယား အတွင်းမှ အချက်ပြမှုများနှင့် မဆန့်ကျင်သင့်ပါ။

Stochastic Oscillator

Stochastic Oscillator သို့မဟုတ် stochastic သည် ကုန်သွယ်ရေးတာမီနယ်များစွာတို့၏ စံသတ်မှတ် ထားသော အကူကိရိယာတခု ဖြစ်ပါသည်။ Stochastic အချက်ပြမှုများသည် အဓိပ္ပါယ် ကောက်ယူရန် လွယ်ကူပြီး၊ ထို့ကြောင်ပင် ကုန်သည်များအကြား ရေပန်းစားရခြင်းလည်း ဖြစ်သည်။ အခြား oscillator အများစုကဲ့သို့ပင် stochastic သည် 0% မှ 100% ကြားရွေ့လျားနေပြီး အဝယ်လွန်ကဲခြင်းနှင့် အရောင်းလွန်ကဲခြင်း အခြေအနေများအတွက် အချက်ပြမှုများကို ထုတ်ပေးပါသည်။

Stochastic oscillator သည် တိကျသောကာလတခုအတွင်းမှ အမြင့်ဆုံးဈေးနှုန်းများနှင့် အနိမ့်ဆုံးဈေးနှုန်းများအား ပုံမှန် အပိတ်ဈေးနှင့် နှိုင်းယှဉ်ပေးသော momentum indicator တခု ဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုရလျှင် ဈေးနှုန်းသည် ၎င်း၏မကြာသေးမီက ကုန်သွယ်မှု အကွာအဝေးနှင့် မည်သည့်နေရာတွင်ဆက်စပ်မှုရှိနိုင်သည်ကို ညွှန်ပြသည့် indicator အမျိုးအစားဖြစ်ပါသည်။ ကုန်သွယ်မှု အကွာအဝေးအား indicator ကာလဖြင့် ရွေးချယ်ပါသည်။

ဤ indicator တွင် -

  • အပြာရောင်မျဉ်း – stochastic မျဉ်း (fast)

  • လိမ္မော်ရောင်မျဉ်း – stochastic မျဉ်း၏ ပျမ်းမျှရွေ့လျားမှု (slow)

  • အဝယ်လွန်ကဲဇုန် – 80% - 100% ကြား အကွာအဝေး

  • အရောင်းလွန်ကဲဇုန် – 0% - 20%ကြား အကွာအဝေး တို့ပါဝင်ပါသည်။

LiteFinance: Stochastic Oscillator

Stochastic ဖြင့် ကုန်သွယ်ရန် အဓိကစည်းမျဉ်းများ -

  • Indicator တန်ဖိုးများအား မူရင်းအတိုင်းထားသည်က ပိုကောင်းပါသည်(14၊ 1၊ 3)။ အတွေ့အကြုံ ရင့်ကျက်သော ကုန်သည်များအနေဖြင့် အတိုင်းအတာများနှင့် လက်တွေ့စမ်းသပ်ချက်များကို အပြောင်းအလဲပြုလုပ်ကြည့်နိုင်ပါသည်။

  • Stochastic သည် အဝယ်/အရောင်းလွန်ကဲဇုန်များသို့ ဝင်ရောက်သွားပြီး၊ ၎င်းမှ ပြန်လည် ထွက်ခွာချိန်တွင် ယုံကြည်စိတ်ချရမှုအရှိဆုံး အချက်ပြမှုများကို ထုတ်ပေးပါသည်။

  • အတော်အတန်အားကောင်းသော အချက်ပြမှုမှာ ဈေးနှုန်းနှင့် Indicator ကြားမှ ကွဲလွဲမှုဖြစ်ပါသည်။

  • Stochastic သည် ဘေးတိုက်လမ်းကြောင်းအတွင်း ကုန်သွယ်နိုင်ရန်ခွင့်ပြုပေးပြီး၊ အရှိန်တခု ပေါ်ပေါက်ပြီးနောက် အပြောင်းအလဲများ ဖြစ်နိုင်ခြေကို ခန့်မှန်းပေးပါသည်။

  • အပြာနှင့် လိမ္မော်ရောင်မျဉ်းများ အပြန်အလှန်ဖြတ်ကျော်ချိန်မျိုးတွင် လမ်းကြောင်း၏ ဦးတည်ရာ အတိုင်း ကုန်သွယ်သင့်ပါသည်။

အရောင်းအချက်ပြမှုများကို ပေါင်းစပ်၍ Stochastic indicator ကို အသုံးပြုခြင်း ဥပမာတခု -

  1. Stochastic မျဉ်းများ အဝယ်လွန်ကဲဇုန်အတွင်းသို့ ဝင်ရောက်ချိန်ကို စောင့်မျှော်ပါ။

  2. Fast Stochastic မျဉ်းသည် slow မျဉ်းကို ဖောက်ထွက်ချိန်တွင် အရောင်းကုန်သွယ်မှုအတွက် ပြင်ဆင်ပါ။

  3. Fast stochastic မျဉ်းသည် 20% - 80% ကြား ပြန်လည်‌ဝင်ရောက်ခြင်းသည် ကုန်သွယ်မှုဖွင့်ရန် အတွက် အချက်ပြခြင်း ဖြစ်ပါသည်။

အဝယ်အချက်ပြမှုများကို ပေါင်းစပ်၍ Stochastic indicator ကို အသုံးပြုခြင်း ဥပမာတခု

  1. Stochastic မျဉ်းများ အရောင်းလွန်ကဲဇုန်အတွင်းသို့ ဝင်ရောက်ချိန်ကို စောင့်မျှော်ပါ။

  2. Fast Stochastic မျဉ်းသည် slow မျဉ်းအား ဖောက်ထွက်ချိန်တွင် အဝယ်ကုန်သွယ်မှုအတွက် ပြင်ဆင်ပါ။

  3. Fast stochastic မျဉ်းသည် 20% - 80% ကြား ပြန်လည်‌ဝင်ရောက်ခြင်းသည် ကုန်သွယ်မှုဖွင့်ရန် အတွက် အချက်ပြခြင်း ဖြစ်ပါသည်။

LiteFinance: Stochastic Oscillator

Rate of change (ROC)

ဈေးနှုန်းပြောင်းလဲမှုနှုန်း Rate of Change (ROC) သည် momentum ကိုအခြေခံသော နည်းပညာပိုင်းဆိုင်ရာ indicator တခုဖြစ်ပြီး၊ လက်ရှိဈေးနှုန်းနှင့် ကာလများမှ ဈေးနှုန်းတို့ကြားမှ ဈေးနှုန်းအပြောင်းအလဲကို တိုင်းတာကာ ရာခိုင်နှုန်းဖြင့်ဖော်ပြပါသည်။ ကာလအပေါ်မူတည်၍ ROC indicator အား oscillator (ကာလတန်ဖိုး 5 မှ 14)အဖြစ်လည်းကောင်း၊ လမ်းကြောင်း indicator (ကာလတန်ဖိုး 20အထက်) အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။ များသော အားဖြင့် ROC indicator အား oscillator တခုအဖြစ် အသုံးပြုကြပါသည်။

မူရင်းကာလမှာ 9 ဖြစ်ပါသည်။ Indicator တန်ဖိုးအား အပိတ်ဈေးများသို့ သက်ရောက်စေပါသည်။

Indicator အား သုညနှင့်အပြိုင်နေရာချပြီး ၎င်း၏ သုညအဆင့်မှ သွေဖယ်မှုများ သို့မဟုတ် ခွဲထွက်မှုများ သည် အချက်ပြမှုများကို ထုတ်ပေးပါသည်။

  • ROC သည် သုည၏အထက်တွင် ရှိသောအခါ ဈေးကွက်သည် အဝယ်လွန်ကဲနေသည်။

  • ROC သည် သုည၏အောက်တွင် ရှိသောအခါ ဈေးကွက်သည် အရောင်းလွန်ကဲနေသည်။

  • ယခင်ကာလများမှ အမြင့်/အနိမ့်တန်ဖိုးများတလျှောက် မျဉ်းတခုကို ရေးဆွဲခြင်းဖြင့် Indicator ဝင်းဒိုးအတွင်း အဝယ်/အရောင်း လွန်ကဲသောဇုန်များကို အမှတ်အသားပြုနိုင်ပါသည်။

Rate of Change ဖြင့်ကုန်သွယ်မှုဆောင်ရွက်ခြင်း ဥပမာတခု

LiteFinance: Rate of change (ROC)

အထက်ပါပုံသည် AMD စတော့ဇယားကို ပြသပါသည်။ ROC သည် အဝယ်လွန်ကဲဇုန်အတွင်း ရှိနေသောအခါ အပြာရောင်လေးထောင့်ကွက်များသည် အရောင်းအလားအလာကို အချက်ပြပါသည်။ ROC သည် အရောင်းလွန်ကဲဇုန်အတွင်း ရှိနေသောအခါ အနီရောင်လေးထောင့်ကွက်များသည် အဝယ်အလားအလာကို အချက်ပြပါသည်။ အစက်အပြောက်မျဉ်းများသည် ကွဲလွဲမှုကို ပြပါသည်။

Commodity Channel Index (CCI)

Commodity Channel Index (CCI) သည် အဝယ်/အရောင်းအင်အားလွန်ကဲသော ဈေးကွက် level များကို ဆုံးဖြတ်ရန်အတွက် အသုံးပြုရသော momentum oscillator တခု ဖြစ်ပါသည်။

CCI indicator သည် လက်ရှိဈေးနှုန်းနှင့် ယခင်ပျမ်းမျှ‌ဈေးနှုန်းကြား ကွာခြားမှုကို တိုင်းတာပါသည်။ တနည်းအားဖြင့် ဆိုရလျှင် indicator သည် ဈေးနှုန်းနှင့် ပျမ်းမျှရွေ့လျားမှုကြားမှ ဆက်စပ်မှုကို ခွဲခြမ်းစိတ်ဖြာပေးပါသည်။

မူလအားဖြင့် CCI ကုန်သွယ်ရေးဗျူဟာအား ကုန်စည်ဈေးကွက်အတွက် ဖန်တီးခဲ့ခြင်းသာဖြစ်သော်လည်း ၎င်းသည် ငွေကြေးများ၊ စတော့များနှင့် index များ အစရှိသည့် အခြားသော ဈေးကွက်များတွင်လည်း အောင်မြင်စွာဆောင်ရွက်နိုင်သည်ကို တွေ့ရပါသည်။

Indicator တွင် အောက်ပါဆက်တင်များ ပါဝင်ပါသည်။

  • Indicator period = 20

  • Applied to Typical Price (HLC/3)

  • Smoothing method – SMA

  • Smoothing period = 5

ဤ indicator ကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုသော ကုန်သည်များအနေဖြင့် မူရင်းတန်ဖိုးများ အတိုင်းသာ အသုံးချရန် အကြံပြုပါသည်။

CCI ဖြင့် ကုန်သွယ်ခြင်းသည် အခြား oscillator များ အသုံးပြုခြင်းနှင့် တူညီပါသည်။

  • အကယ်‌၍ indicator မျဉ်းသည် +100 ပွိုင့်ကို ကျော်လွန်သွားပါက၊ ဈေးကွက်သည် အဝယ် လွန်ကဲပါသည်။

  • အကယ်‌၍ indicator အချက်ပြမျဉ်းသည် -100 ပွိုင့်အောက်ကို ကျော်လွန်သွားပါက၊ ဈေးကွက် သည် အရောင်းလွန်ကဲပါသည်။

  • ဈေးနှုန်းဇယားနှင့် indicator မျဉ်းကြားမှ ကွဲလွဲမှုဖြစ်သော divergence သည် လမ်းကြောင်း အလှည့်အပြောင်း ဖြစ်နိုင်ခြေကို အချက်ပြပါသည်။

  • ဘေးတိုက်လမ်းကြောင်းတွင် စိတ်ချရသော အချက်ပြမှုများကို ထုတ်ပေးပါသည်။ အားကောင်း သော လမ်းကြောင်းများတွင် အချက်ပြမှုအမှားများစွာ ပေါ်ပေါက်နိုင်ပါသည်။

CCI ကို အသုံးပြု၍ Netflix စတော့အား ကုန်သွယ်ခြင်း ဥပမာကို လေ့လာကြည့်ကြပါစို့။

LiteFinance: Commodity Channel Index (CCI)

အထက်ပါပုံတွင် အစက်အပြောက် လေးထောင့်ကွက်များသည် ဝယ်လိုအား/ရောင်းလိုအားလွန်ကဲဇုန်များသို့ indicator အချက်ပြမျဉ်း ဝင်ရောက်ခြင်းကို ပြသပါသည်။ အစက်အပြောက်မျဉ်းများသည် လမ်းကြောင်းနှင့် တန်ပြန်ကုန်သွယ်မှုတခုကို ဖွင့်လှစ်ရန် အကျိုးအမြတ်ရနိုင်သော အလားအလာများကို အချက်ပြပေးသော ကွဲလွဲမှုများကို အမှတ်အသားပြုပါသည်။

Momentum Indicators များ၏ အားသာချက်များနှင့် အားနည်းချက်များ

Momentum indicator အား လမ်းကြောင်းကိုညွှန်ပြသော indicator တခုအဖြစ်လည်းကောင်း၊ oscillator တခုအဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ၎င်းသည် အတော်များသော အချက်ပြမှုများကို ထုတ်ပေးပါသည်။ Indicator သည် ထည့်သွင်းရန်လွယ်ကူပြီး ဈေးကွက်အမျိုးအစားအားလုံးတွင် အသုံးပြုနိုင်ပါသည်။ ပို၍ အကျိုးဖြစ်ထွန်းစေသော ကုန်သွယ်ရေးအတွက် momentum indicator အား အခြား နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေးကိရိယာများနှင့်အတူ အသုံးပြုသင့်ပါသည်။

Momentum အားသာချက်များMomentum အားနည်းချက်များ
လက်ရှိဈေးကွက်လမ်းကြောင်းကို ရှင်းလင်းစွာ သတ်မှတ်ပေးသည်။အားကောင်းသော လမ်းကြောင်းများတွင် အချက်ပြမှုအမှားများစွာကို ပေးပို့သည်။
Divergences များကို ထိရောက်စွာ ညွှန်ပြသည်။၎င်းသည် အကျိုးရှိသောကုန်သွယ်ရေးအတွက် တခုတည်းဖြင့် ထိရောက်မှုရှိသော ကုန်သွယ်ရေး စနစ်ဟုတ်ပဲ၊ အခြား ဖြည့်စွက် အထောက်အကူ ကိရိယာများနှင့် တွဲဖက်အသုံးပြုရန် လိုအပ်ပါ သည်။
ဈေးကွက်အတွင်း ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသောဇုန်များကို ဆုံးဖြတ်ပေးပါသည်အကယ်၍ ကာလသည် သင့်တော်မှုမရှိပါက၊ indicator သည် အချက်ပြမှုအမှားများကို ပေးပို့နိုင်ပါသည်။
အခြား လမ်းကြောင်း indicator များနှင့် တွဲဖက်အသုံးပြုပါက အရှိန်အဟုန်ပြင်းထန်သော ရွေ့လျားမှုများကို ခွဲခြားထုတ်ဖော်ပေးနိုင်ပါသည်။ဈေးကွက်မှထွက်ခွာချိန်အတွက် အချက်ပြမှုများ အားနည်းပါသည်။
ဈေးနှုန်းအလှည့်အပြောင်း ဖြစ်နိုင်ခြေများကို ခန့်မှန်းပေးသော ရှေ့ပြေး indicator တခု ဖြစ်ပါသည်။ 

Momentum Indicators - အကျဉ်းချုပ်

၎င်းအပေါ်အခြေခံထားသော အခြား oscillator များအပါအဝင် Momentum Indicator သည် ကုန်သည်များအကြား အထူးရေပန်းစားပါသည်။ ဤကိရိယာအား တီထွင်ဖန်တီးခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း၊ ၎င်းသည် ကုန်သွယ်ရေးတွင် ယနေ့ထက်တိုင် အသုံးဝင်နေဆဲဖြစ်သည်။

Momentum Indicators များအား အသုံးပြု၍ ငွေကြေးဆိုင်ရာကုန်သွယ်ကိရိယာများ၊ ကုန်သွယ်ရေးပိုင်ဆိုင်မှုများနှင့် နိုင်ငံခြားငွေလဲလှယ်ရေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ခရစ်ပတိုငွေကြေးများ၊ စတော့များ၊ စတော့ index များ၊ Binary option များ အစရှိသည့် မည်သည့်ဈေးကွက်ကိုမဆို ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။

ကုန်သည်အများစုသည် indicator ၏ ရိုးရှင်းမှုနှင့် တသမတ်တည်းဖြစ်မှုကို သဘောကျကြသည်။ အကယ်၍ ပိုမိုရှည်လျားသော ကာလကို သတ်မှတ်ပါက သင့်အနေဖြင့် လမ်းကြောင်းကို ခွဲခြားနိုင်ပါသည်။ သို့မဟုတ် တိုတောင်းသောကာလဖြင့် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲဇုန်များများကို ရှာဖွေနိုင်ပါသည်။

အခြား oscillator အများစုနည်းတူ momentum indicators များသည် ဘေးတိုက်လမ်းကြောင်းအတွင်း ကောင်းစွာ အလုပ်လုပ်ပါသည်။ Momentum သည် ယာယီဈေးနှုန်းအပြောင်းအလဲတခုကို ဖြစ်စေနိုင်သော သို့မဟုတ် လမ်းကြောင်းအလှည့်အပြောင်းကို ဖြစ်စေနိုင်သော ကွဲလွဲမှုများကို ဆုံးဖြတ်ပေးခြင်းအားဖြင့် ပိုမိုကြီးမားသော အမြတ်အစွန်းကို ရရှိစေရန် ကူညီပေးပါသည်။

Momentum indicator ၏ ကန့်သတ်ချက်တခုမှာ ရှင်းလင်းသော လမ်းကြောင်းများအတွင်း အခြားနည်းပညာပိုင်းဆိုင်ရာ အကူကိရိယာများကို အသုံးပြု၍ အချက်ပြမှုများကို စိစစ်ရန် လိုအပ်ကြောင်းကို သတိပြုသင့်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်၊ Momentum Indicator သည် ဝါရင့်ကုန်သည်များအတွက်သာမက အတွေ့အကြုံနုနယ်သော ကုန်သည်အသစ်များအတွက်ပါ ထိရောက်မှုရှိသော အထောက်အကူပြု ရိယာတခုဖြစ်သည်ဟု ကျွန်ုပ်အနေဖြင့် အသေအချာ မှတ်ချက်ပြုနိုင်ပါသည်။ Momentum Indicator အား အခြား နည်းပညာဆိုင်ရာ အကူကိရိယာများနှင့် ပေါင်းစပ်၍ ကိုယ်ပိုင် ကုန်သွယ်ရေးဗျူဟာများကို ဖော်ထုတ်နိုင်ပါသည်။

Momentum Indicators အမေး/အဖြေများ

Momentum indicator သည် နည်းပညာအားဖြင့် အရှိန်အဟုန်ကို ညွှန်ပြသော ကိရိယာတခု ဖြစ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် Momentum Indicator များကို လမ်းကြောင်းကို ခွဲခြားသိရှိရန်နှင့် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသောဇုန်များကို ရှာဖွေရန် အသုံးပြုကြပါသည်။

Momentum သည် မကြာသေးမီက နောက်ဆုံးအပိတ်ဈေးနှင့် လွန်ခဲ့သောကာလတခု (n ကာလ) မှ အပိတ်ဈေးတို့ကြားမှ ခြားနားချက်ကို တိုင်းတာပါသည်။

အကယ်၍ momentum မျဉ်းသည် သုညမျဉ်း၏ အထက်သို့ ဖောက်ထွက်သွားလျှင် ၎င်းသည် အဝယ်အချက်ပြမှုဖြစ်သည်။ အကယ်၍ momentum မျဉ်းသည် သုညမျဉ်း၏ အောက်ဘက်သို့ ဖောက်ထွက်သွားလျှင် ၎င်းသည် အရောင်းအချက်ပြမှုဖြစ်သည်။

အကောင်းဆုံး Momentum Indicator များမှာ Relative Strength Index (RSI)၊ Moving Average Convergence/Divergence (MACD) နှင့် Stochastic Oscillator တို့ ဖြစ်ကြပါသည်။

Momentum နည်းဗျူဟာများသည် ကျိုးကြောင်းဆီလျော်သော အကြောင်းရင်းများအပေါ် အခြေခံထား သောကြောင့် ကောင်းစွာအလုပ်လုပ်ခြင်း ဖြစ်ပါသည်။ အကယ်၍ လက်ရှိဈေးသည် ယခင် အချက်အလက် ထက် ပို၍မြင့်မားနေလျှင် လမ်းကြောင်းသည် အထက်သို့ တိုးတက်သည်။ အကယ်၍ လက်ရှိဈေးသည် ယခင်အချက်အလက်ထက် ပို၍နိမ့်ဆင်းလာလျှင် လမ်းကြောင်းသည် အောက်သို့ ကျဆင်းသည်။

Momentum အား leading indicator တခုဟု သတ်မှတ်နိုင်ပါသည်။ ၎င်းသည် လမ်းကြောင်း အလှည့်အပြောင်းအလားအလာကို ဈေးနှုန်းဇယားတွင် ညွှန်ပြခြင်းမရှိမီကပင် ကြိုတင်ခန့်မှန်းပေးပါသည်။

Bollinger Band၊ momentum indicator၊ Fibonacci သို့မဟုတ် the Blade Runner ဟူ၍ နှိုင်းယှဉ်ရန် မသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ကွဲပြားသော ရည်ရွယ်ချက်များ ရှိကြသောကြောင့်ဖြစ်သည်။ ‌ဖော်ပြထားသော ကုန်သွယ်ရေးဗျူဟာအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် တမျိုးစီ ထိရောက်မှုရှိကြသည်သာဖြစ်ပြီး၊ အတွေ့အကြုံရင့်ကျက်သော ကုန်သည်များ၏ လက်အတွင်း အစွမ်းထက်သော ကိရိယာများသာ ဖြစ်ကြပါသည်။

တနေ့တာအတွင်းကုန်သွယ်ရာ တွင် Momentum အား ယေဘုယျအားဖြင့် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသောဇုန်များနှင့် ကွဲလွဲမှုကို ရှာဖွေရန် အသုံးပြုကြသည်။

Momentum indicators စာရင်းတွင် အုပ်စုကြီးနှစ်စုအဖြစ် ခွဲခြားနိုင်သော မတူညီသည့် ကိရိယာများ ပါဝင်ပါသည်။ Momentum Indicator သည် လမ်းကြောင်းကို သတ်မှတ်ပေးသည်။ Momentum oscillator သည် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော ဇုန်များကို ညွှန်ပြပေးပါသည်။

ဈေးနှုန်းအပြောင်းအလဲကိုပြသော price rate of change indicator သည် momentum (အရှိန်) ၏ အားကို တိုင်းတာ၍၊ လက်ရှိဈေးနှင့် ကာလတခုအတွင်း ပျမ်းမျှဈေးတို့၏ ကွဲပြားမှုကို ဆုံးဖြတ်ပေးပါသည်။

2026-2027 ကုန်သွယ်ရေးဗျူဟာအတွက် Momentum Indicator - ဇယားများ ဥပမာများနှင့်တကွ လမ်းညွှန်ချက်အပြည့်အစုံ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat