Japanese Candlestick chart ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှုသည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွင် ရှေးအကျဆုံးနည်းလမ်းတခု ဖြစ်ပါသည်။ ၎င်းကို XVIII-XIX ရာစုနှစ်များအတွင်း ဂျပန်လူမျိုး ကုန်သည်များမှ တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဈေးကွက်ပါဝင်သူများ၏ အပြုအမူစိတ်သဘောထားနှင့် ဈေးကွက်အလေးသာမှုတို့အား ဈေးနှုန်းရွေ့လျားမှုများအပေါ် အကျိုးသက်ရောက်မှုရှိသော ‌ရောင်းလိုအား/ ဝယ်လိုအား အချိုးဖြင့် ဆုံးဖြတ်ပါသည်။ စည်းမျဉ်းတခုအနေဖြင့် ပိုင်ဆိုင်မှုဈေးနှုန်းများသည် စက်ဝိုင်း သဏ္ဍန် ရွေ့လျားပါသည်။ အဘယ်ကြောင့်ဆိုသော် လူအများသည် ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေများ တွင် တူညီစွာပြုမူကြလေ့ရှိသောကြောင့် ဖြစ်သည်။

ဤဆောင်းပါးသည် သင့်အား ကုန်သည်၏စိတ်ပညာကို နားလည်သဘောပေါက်စေရန်နှင့် candlestick chart ပုံစံများကို ခွဲခြမ်းစိတ်ဖြာကာ ဘဏ္ဍာရေးဈေးကွက်များအတွင်း အောင်မြင်စွာ ကုန်သွယ်နိုင်စေရန် ကူညီလမ်းညွှန်ပေးနိုင်ပါသည်။ LiteFinance ဖြင့် မှတ်ပုံတင်ခြင်းမရှိဘဲ အခမဲ့ ဒီမိုကုန်သွယ်မှုအကောင့်တွင် သင်၏ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်ကို လေ့ကျင့်နိုင်ပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Candlestick Chart ဆိုသည်မှာ အဘယ်နည်း။

Candlestick chart တခုသည် တိကျသောအချိန်ကာလအတွင်း ဈေးနှုန်းရွေ့လျားမှုများကို ကိုယ်စားပြုသည့် candlestick များဖြင့် ဖွဲ့စည်းထားသော ‌ကုန်သွယ်ရေးဈေးနှုန်းဇယား ပုံစံတခုဖြစ်ပါသည်။

Candlestick ခွဲခြမ်းစိတ်ဖြာမှု၏ အဓိပ္ပါယ်ကို ‌၎င်း၏အမည်၌ပင် ရှာတွေ့နိုင်ပါသည်။ ဈေးနှုန်းရွေ့လျားမှု ဂရပ်ဖစ်ရုပ်ပုံများ၏ နိယာမသည် အစဉ်လိုက်ပေါ်ပေါက်လာသော candlesticks များပင်ဖြစ်ကြပြီး၊ ‌၎င်းတို့သည် ဈေးကွက်အလေးသာမှု နှင့်တကွ တစက္ကန့်မှ တလ - မတူညီသော ကာလ အပိုင်းအခြားများ အတွင်း ဈေးနှုန်း၏ဦးတည်ချက်ကို သတ်မှတ်ပါသည်။ ထို့အပြင် သင့်အနေဖြင့် candlestick တခုချင်းစီ၏ အမြင့်နှင့် အနိမ့်တန်ဖိုးများကိုလည်း ဆုံးဖြတ်နိုင်ပါသည်။ ပြည့်စုံသော candlestick တခုသည် အဖွင့်နှင့် အပိတ်ဈေးနှုန်းများကိုလည်း ပြသပါသည်။ Candlestick ဇယားပုံစံများကို အသုံးပြုရာတွင် အဆိုပါဒေတာများ ပေါင်းစပ်မှုသည် ကုန်သွယ်ရေး ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်သော သတင်းအချက်အလက်များကို ပံ့ပိုးပေးပါသည်။ Japanese candlestick chart တခုသည် ငွေကြေးများ၊ စတော့ဈေးကွက်များ၊ ကုန်စည်များ၊ CFDs များ၊ ခရစ်ပတိုငွေကြေးများ သို့မဟုတ် မည်သည့်ကုန်သွယ်ရေးပိုင်ဆိုင်မှုကိုမဆို ခွဲခြမ်းစိတ်ဖြာရန်အတွက် နယ်ပယ်စုံအသုံးချနိုင်သော ကိရိယာတခု ဖြစ်ပါသည်။

Candlestick Chart ၏ အတွေးအခေါ်ကို ဖော်ထုတ်ခဲ့သူမှာ ဂျပန်လူမျိုးဆန်ကုန်သည်တဦးဖြစ်သူ Munehisa Homma ဖြစ်ပါသည်။ Munehisa Homma သည် အနာဂါတ်ဝယ်လိုအားနှင့် စပ်လျ‌ဉ်းသော ညွှန်ပြချက်များအနက် မည်သည်က အနီးစပ်ဆုံးတိကျစွာ ခန့်မှန်းနိုင်မည်ဟူသော အချက်အပေါ် အခြေခံ၍ Indicator လေးမျိုးကို ပေါင်းစပ်ခဲ့ပါသည်။ Homma သည် အဝင်နှင့် အထွက်ပွိုင့်များကို ဆုံးဖြတ်သော မူရင်းကုန်သွယ်ရေးစနစ်ကို ပထမဆုံး တီထွင်ဖန်တီးခဲ့သူ ဖြစ်ပါသည်။

မူလအားဖြင့် အမြင့်သို့တိုးတက်သော candle တခုသည် အဖြူရောင်ဖြစ်ပြီး၊ အောက်သို့ကျဆင်းသော candle တခုသည် အမည်းရောင်ဖြစ်ပါသည်။ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စွယ်စုံစွမ်းဆောင်နိုင်သော ကုန်သွယ်ရေးတာမီနယ်များ ပေါ်ပေါက်လာသောအခါ ရင်းနှီးမြှုပ်နှံသူများသည် Candlesticks များအား ၎င်းတို့နှင့်လိုက်ဖက်သင့်တော်ရာ အရောင်အသွေးများကို ခြယ်သခွင့် ရရှိကြပါသည်။

LiteFinance: Candlestick Chart ဆိုသည်မှာ အဘယ်နည်း။

Candlestick ခွဲခြမ်းစိတ်ဖြာမှုသည် အောက်ပါအချက်များ အပါအဝင် အကြောင်းရင်းများစွာတို့ကြောင့် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများကြား ရေပန်းစားရခြင်း ဖြစ်ပါသည်။

  • Japanese candlesticks များသည် ဘက်ပေါင်းစုံအသုံးဝင်သောကြောင့် ၎င်းတို့အား ဝါရင့်ကုန်သည်များရော၊ စတင်လေ့လာသူများပါ အသုံးပြုနိုင်ပါသည်။
  • Japanese candlesticks များတွင် မူရင်းအမည်များအပြင် ပေါင်းစပ်ထားသော အမျိုးအစားများ အတွက် နားစွဲလွယ်သော အမည်များလည်း ရှိပါသည်။ ထို့ကြောင့် ၎င်းတို့အား အလွယ်တကူ မှတ်မိနိုင်ပါသည်။
  • Candlestick ခွဲခြမ်းစိတ်ဖြာမှုသည် ရာစုနှစ်များစွာတည်ရှိခဲ့သော နည်းလမ်းတခု ဖြစ်သည့် အလျောက်၊ ၎င်း၏ တိကျမှုအား အတိုင်းအတာတခုထိ မြှင့်တင်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
  • Candlestick ခွဲခြမ်းစိတ်ဖြာမှုအား အခြားနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများနှင့် အလွယ်တကူပင် ပေါင်းစပ်နိုင်သောကြောင့် အမြတ်ရရှိစေသော အခွင့်အရေးများကို တိုးပွားစေပါသည်။

Candlestick နှင့် Bar Charts

Candlestick chart များနှင့် Bar chart များကြား အဓိက ကွဲပြားချက်မှာ Japanese candlestick တွင် “body” ဟုခေါ်ဆိုကြသည့် အစိတ်အပိုင်းပါဝင်ခြင်းဖြစ်ပြီး၊ ထိုအချက်ကပင် candlestick chart များကို ပိုမို၍ ပေါ်လွင်စေခြင်း ဖြစ်ပါသည်။

စည်းမျဉ်းတခုအရ၊ ဈေးနှုန်းမြင့်တက်မှုကိုပြသော bullish candles များသည် အဖြူ သို့မဟုတ် အစိမ်းရောင် ရှိကြပါသည်။ ၎င်းသည် အဖွင့်နှင့် အပိတ် level များကို ညွှန်ပြပါသည်။

ဈေးနှုန်းကျဆင်းမှုကိုပြသော bearish candles များသည် ပုံမှန်အားဖြင့် အမည်း သို့မဟုတ် အနီရောင် ရှိကြပါသည်။ ဤ candlestick များသည် အဖွင့်နှင့် အပိတ်ဈေးနှုန်းများကို ညွှန်ပြပါသည်။

Upper shadows နှင့် lower shadows များသည် အမြင့်နှင့် အနိမ့် ဈေးနှုန်းများကို ပြသပါသည်။

LiteFinance: Candlestick နှင့် Bar Charts

Bar chart တခုသည် ဈေးနှုန်းအချက်အလက် ခွဲခြမ်းစိတ်ဖြာမှုအတွက် ဆင်တူသော ကိရိယာတခုဖြစ်ပြီး၊ ဒေါင်လိုက်မျဉ်းများသဏ္ဍာန် ရှိပါသည်။

Upper shadows နှင့် lower shadows များသည် အမြင့်နှင့် အနိမ့် ဈေးနှုန်းများကို ပြသပါသည်။

Bar များ၏ ဘေးဘက်မှ ရေပြင်ညီ မျဉ်းများသည် တိကျသော ကာလတခုအတွင်းမှ အဖွင့်နှင့် အပိတ်ဈေးနှုန်းများကို ပြသပါသည်။

အကယ်၍ အဖွင့်ဈေးသည် အပိတ်ဈေးထက် ပိုနည်းပါက ထို bar သည် bullish (အတက်) ဖြစ်ပြီး အကယ်၍ အဖွင့်ဈေးသည် အပိတ်ဈေးထက် ပိုမြင့်ပါက ထို bar သည် bearish (အကျ) ဖြစ်ပါသည်။

LiteFinance: Candlestick နှင့် Bar Charts

ယေဘုယျအားဖြင့် candlesticks နှင့် bars များသည် တိကျသောကာလတခုအတွက် တူညီသော သတင်းအချက်အလက်ကို ပြသပါသည်။

  • အမြင့်ဈေး
  • အနိမ့်ဈေး
  • အဖွင့်ဈေး
  • အပိတ်ဈေး

ဤသတင်းအချက်အလက်များသည် ကုန်သည်များအတွက် အောက်ပါတို့ကို ကူညီပေးပါသည်။

  • လမ်းကြောင်း၏ ဦးတည်ချက်ကို ဆုံးဖြတ်ပေးပါသည်။
  • ကောင်းမွန်သော အဝင်နှင့် အထွက်ပွိုင့်များကို ရှာဖွေပေးပါသည်။
  • နောက်လာမည့် ဈေးနှုန်းအလှည့်အပြောင်း အလားအလာကို ခန့်မှန်းပေးပါသည်။
  • မတည်ငြိမ်မှုကို တိုင်းတာ၍ အခြားသော ဈေးကွက်အလေးသာမှုဆိုင်ရာ အပြောင်းအလဲများကို စောင့်ကြည့်ပေးပါသည်။

Bars နှင့် Candlesticks များကြားမှ ခြားနားချက်မှာ bars များကို အနောက်နိုင်ငံများတွင် တီထွင်အသုံးပြုကြခြင်းကြောင့် အုပ်စုခွဲခြင်းနှင့် အခေါ်ဝေါ်သတ်မှတ်ခြင်းများတွင် မတူကွဲပြားကြခြင်းပင် ဖြစ်ပါသည်။

LiteFinance: Candlestick နှင့် Bar Charts

Candlestick Charts များအား မည်သို့ ဖတ်ရှုရမည်နည်း။

Candle charts များသည် စတော့၊ ငွေကြေး၊ ခရစ်ပတိုငွေကြေးနှင့် ကုန်စည်ဈေးကွက်များရှိ အမျိုးမျိုးသော ပိုင်ဆိုင်မှုများ၏ ဈေးနှုန်းအပြောင်းအလဲများကို ပုံဖော်ပြသသော နည်းပညာပိုင်းဆိုင်ရာ အထောက်အကူကိရိယာတခု ဖြစ်ပါသည်။

ကုန်သည်များအတွက် အ‌ဓိက တွန်းအားတခုမှာ ငွေရှာနိုင်သော အခွင့်အလမ်းပင် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရန် ဈေးကွက်ပါဝင်သူတဦးချင်းသည် ဈေးနှုန်းရွေ့လျားမှုများကို ခွဲခြမ်းစိတ်ဖြာ၍ ကုန်သည်စိတ်ပညာကို နားလည်နိုင်သော အရည်အချင်း ရှိရပါမည်။ Candlestick Chart တခုသည် ဈေးနှုန်းအပြောင်းအလဲများကို ပြသရာတွင် အဆင်ပြေ၍ လက်တွေ့ကျသော ကိရိယာတခုဖြစ်ပါသည်။ ၎င်းကို အသုံးပြုခြင်းအားဖြင့် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် လမ်းကြောင်းဦးတည်ချက်ကို အလွယ်တကူ သိရှိနိုင်ကြပါသည်။

Candlestick သည် ဈေးနှုန်းလှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက်ကို ကိုယ်စားပြုပါသည်။ ဥပမာအားဖြင့် - အနီရောင် သို့မဟုတ် အမည်းရောင် candlestick သည် သတ်မှတ်ထားသောအချိန်အတွင်း အရောင်းများ ကြီးစိုးနေသည်ဟု အဓိပ္ပါယ်ရပါသည်။ အစိမ်းရောင် သို့မဟုတ် အဖြူရောင်သည် ဈေးကွက်အတွင်း အဝယ်များလွှမ်းမိုးမှုကို ညွှန်ပြပါသည်။

ဈေးကွက်၏ မရေရာမှုကို ဖော်ပြသော Doji candlesticks များလည်း ရှိကြပါသည်။ Doji candlesticks များသည် ဈေးကွက်အတွင်း ဝယ်လိုအား/ရောင်းလိုအားလွန်ကဲသော ဇုန်များတွင် ပေါ်ပေါက်လေ့ရှိသည်။ Gravestone၊ Dragonfly၊ ရှည်လျားသော upper shadow သို့မဟုတ် lower shadow ရှိသော doji၊ Rickshaw man doji candlestick နှင့် Tri-star အစရှိသဖြင့် doji candlesticks အမျိုးအစားများစွာ ရှိပါသည်။

LiteFinance: Candlestick Charts များအား မည်သို့ ဖတ်ရှုရမည်နည်း။

Candlestick chart တခုအား ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်သောအခါ၊ candles များထွက်ပေါ်သော အချိန်အပိုင်းအခြား သို့မဟုတ် timeframe ကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

Timeframes များသည် တမိနစ်မှ တလအထိ ကွာခြားနိုင်ပါသည်။ ၁ မိနစ်မှ မိနစ် ၃၀ အတွင်း တိုတောင်းသော timeframe များသည် သေးငယ်သော ယာယီအပြောင်းအလဲများနှင့် တနေ့တာအတွင်း မတည်ငြိမ်မှုများ အပါအဝင် ဈေးကွက် မတည်ငြိမ်မှုများကို ပိုမိုခံစားရနိုင်ပါသည်။ Timeframes ပိုမိုရှည်လျားလေလေ၊ လမ်းကြောင်းကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်လေလေဖြစ်ပြီး၊ Japanese Candlestick ဇယားဖြင့် ခွဲခြမ်းစိတ်ဖြာခြင်းအား ပိုမိုထိရောက်မှုရှိစွာ အသုံးချနိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိုတောင်းသော timeframe များတွင် ပေါ်ပေါက်သော candlestick များသည် ရှည်လျားသော timeframe တခုမှ candle တခု၏ shadow မျှသာ ဖြစ်‌၍နေနိုင်သောကြောင့်ပင် ဖြစ်ပါသည်။

UKBRENT chart ကို ဥပမာအဖြစ် အသုံးပြုပါမည်။

ဘယ်ဘက်ရှိ 30-minute chart သည် ညာဘက်ရှိ daily timeframe အတွင်းမှ candlestick တခု၏ အကြုံးဝင်သောဧရိယာမှ ထင်ရှားစေလိုသော အစိတ်အပိုင်းတခုကို ပြသပါသည်။

တိုတောင်းသောအချိန်ဘောင်တခုတွင်၊ evening star bearish reversal pattern တခုအား အတွင်းဘက်တွင်ပါဝင်သော hanging man ပုံစံတခုနှင့်တကွ တွေ့မြင်ရမည်ဖြစ်ပါသည်။

အတွေ့အကြုံရင့်ကျက်သော ကုန်သည်များအနေဖြင့်၊ daily chart ပေါ်တွင် တိုးတက်သော နေ့စဉ် momentum candlestick နှင့်အတူ bullish flag ‌ဈေးနှုန်းလှုပ်ရှားမှုပုံစံ candlestick တခု ပေါ်ပေါက်လာသည်ကို အလေးပေး ကြည့်ရှုလိမ့်မည်ဖြစ်သော်လည်း၊ ကုန်သည်အသစ်များသည် 30-minute chart တခုကိုကြည့်၍ အရောင်းလုပ်ဆောင်ချက်ကို ပြုလုပ်မိကာ ငွေများကို မြန်ဆန်စွာ ဆုံးရှုံးရနိုင်ပါသည်။

ဤ candlestick သည် များမကြာမီတွင် ဖြစ်လာနိုင်သော flag ၏ ပြိုကွဲမှုကို အချက်ပြပါသည်။ ယာယီကျဆင်းမှု အဆုံးသတ်ချိန်ကို စောင့်မျှော်နေခဲ့သော ကုန်သည်အနေဖြင့် အဝယ်ကုန်သွယ်မှု တခုကို ဖွင့်၍ အမြတ်အစွန်းကောင်းစွာ ရရှိနိုင်ပါသည်။

LiteFinance: Candlestick Charts များအား မည်သို့ ဖတ်ရှုရမည်နည်း။

မည်သို့ပင်ဖြစ်စေကာမူ candlesticks ဖြင့် ကုန်သွယ်သည့်ဗျူဟာသည် အလွန် အရေးကြီးပါသည်။ ကုန်သွယ်ရေးဗျူဟာများသည် ကာလတို၊ ကာလလတ်နှင့် ကာလရှည်နည်းဗျူဟာများ ဖြစ်ကြပါသည်။ ပထမဆုံးဖြစ်စဉ်တွင် ကုန်သည်အနေဖြင့် Japanese candlestick ခွဲခြမ်းစိတ်ဖြာမှုနှင့် candlestick ဈေးနှုန်းလှုပ်ရှားမှုပုံစံများကို ပေါင်းစပ်၍ စွန့်စားမှုမြင့်မားသော တနေ့တာကုန်သွယ်ရေး ဗျူဟာကို အသုံးပြုနိုင်ပါသည်။ ဒုတိယဖြစ်စဉ်တွင် ကုန်သည်အနေဖြင့် ပိုမိုစေ့စပ်စွာ ကုန်သွယ်ကာ ကုန်သွယ်မှုကို တပတ်အတွင်း ပိတ်သိမ်းနိုင်ပါသည်။ သို့သော် ကုန်သွယ်မှုတခု၏ အမြတ်မှာလည်း ပို၍မြင့်မားမည် ဖြစ်ပါသည်။

အဖွင့်ဈေး

အဖွင့်ဈေးဆိုသည်မှာ ကာလအသစ်တခုအတွင်း ရွေ့လျားမှုတခု စတင်သော level တခုဖြစ်ပါသည်။ အကယ်၍ ဈေးနှုန်းမြင့်တက်လာပါက candlestick သည် အစိမ်းရောင် သို့မဟုတ် အဖြူရောင်ဖြစ်ပါသည်။ အကယ်၍ ဈေးနှုန်းကျဆင်းပါက candlestick သည် အနီရောင် သို့မဟုတ် အမည်းရောင် ဖြစ်ပါသည်။

LiteFinance: အဖွင့်ဈေး

အမြင့်ဈေး

အမြင့်ဈေးဆိုသည်မှာ ကာလတခုအတွင်း ဈေးနှုန်း ရောက်ရှိသော အမြင့်ဆုံး level ဖြစ်ပါသည်။ ၎င်းကို candlestick shadow ဖြင့် အမှတ်အသားပြုပါသည်။ အကယ်၍ shadow မရှိပါက အဖွင့် သို့မဟုတ် အပိတ်ဈေးများသည် ထိုကာလအတွင်း အမြင့်ဆုံးဈေးနှုန်းများ ဖြစ်ပါသည်။

LiteFinance: အမြင့်ဈေး

အနိမ့်ဈေး

အနိမ့်ဈေးသည် candlestick တခုတွင် ဈေးနှုန်းရောက်ရှိသော အနိမ့်ဆုံး level ဖြစ်ပါသည်။ ၎င်းကို lower shadow ဖြင့် အမှတ်အသားပြုပါသည်။ အကယ်၍ shadow မရှိပါက၊ အနိမ့်ဆုံးဈေးနှုန်းသည် အဖွင့် သို့မဟုတ် အပိတ်ဈေးများ၌ တည်ရှိပါသည်။

LiteFinance: အနိမ့်ဈေး

အပိတ်ဈေး

အပိတ်ဈေးသည် ကာလတခုအတွင်း ပေါ်ပေါက်လာသော candlestick တခု၏ နောက်ဆုံးဈေးနှုန်း ဖြစ်ပါသည်။ အကယ်၍ အပိတ်ဈေးသည် အဖွင့်ဈေးထက် ပိုမြင့်ပါက candlestick သည် အစိမ်းရောင် သို့မဟုတ် အဖြူရောင် ဖြစ်ပါသည်။ အကယ်၍ အပိတ်ဈေးသည် အဖွင့်ဈေးထက် ပို၍နိမ့်ပါက candlestick သည် အနီရောင် သို့မဟုတ် အမည်းရောင် ဖြစ်ပါသည်။

LiteFinance: အပိတ်ဈေး

The Wick

Candlestick’s wick သည် shadow နှင့် တူညီပါသည်။ ၎င်းသည် တိကျသော ကာလတခုအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံး‌ဈေးများကို ကိုယ်စားပြုပါသည်။ Candle တခုတွင် top wick သို့မဟုတ် down wick တို့ ရှိနိုင်ပါသည်။ Candlewick ၏ အရှည်သည် ဈေးနှုန်းမတည်ငြိမ်မှုကို ပြသပါသည်။

LiteFinance: The Wick

ဦးတည်ချက်

ဈေးနှုန်းဦးတည်ချက်သည် candle body မှ ညွှန်ပြသော ဈေးနှုန်းရွေ့လျားမှုမျဉ်း ဖြစ်ပါသည်။ အကယ်၍ candlestick သည် အစိမ်းရောင် သို့မဟုတ် အဖြူရောင်ဖြစ်လျှင် ဈေးနှုန်းသည် အထက်သို့ တိုးတက်ပါသည်။ အကယ်၍ ဈေးနှုန်းသည် အောက်သို့ ကျဆင်းပါက candlestick သည် အမည်းရောင် သို့မဟုတ် အနီရောင် ဖြစ်ပါသည်။

LiteFinance: ဦးတည်ချက်

Range

Candlestick range သည် အမြင့်ဆုံးနှင့် အနိမ့်ဆုံးဈေးများကြားမှ အကွာအဝေးဖြစ်ပါသည်။

LiteFinance: Range

Candlestick Patterns အမျိုးအစားများ

Candlestick တခု သို့မဟုတ် candlesticks များစွာ ပါဝင်သည့် မတူညီသော candlestick chart အမျိုးအစားများ ရှိကြပါသည်။

အခြေခံ candlestick chart patterns အမျိုးအစားများကို အောက်တွင် ဖော်ပြပေးထားပါသည်။

Single Candle Pattern

အမည်တွင် သင်မြင်တွေ့ရသည့်အတိုင်း၊ single candle pattern အား candlestick တခုဖြင့် ဖွဲ့စည်းထားပါသည်။

Single candle pattern သည် လမ်းကြောင်းအလှည့်အပြောင်းတခုကို အချက်ပြပါသည်။ ဥပမာအားဖြင့် hammer candle၊ inverted hammer၊ hanging man၊ shooting star၊ doji နှင့် အခြားသော candle တခုသာပါဝင်သည့် Pattern များ ဖြစ်ကြပါသည်။

လက်ရှိလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားမှုအား အချက်ပြသော continuation patterns များလည်း ရှိကြပါသည်။

LiteFinance: Single Candle Pattern

Bullish Candlestick

Bullish candlestick တခုသည် ကိုယ်ထည်တခုလုံး အစိမ်း သို့မဟုတ် အဖြူရောင်ရှိပြီး၊ အကွာအဝေး ကျယ်ပြန့်ကာ တိုတောင်းသော shadow များ ရှိနိုင်ပါသည်။ Bullish candlestick တခု ပေါ်ပေါက်လာသောအခါ၊ ၎င်းသည် အဆိုပါပိုင်ဆိုင်မှုတွင် အဝယ်ပမာဏများ မြန်ဆန်စွာ တိုးတက်လာသော အဓိပ္ပါယ်ဖြစ်ပါသည်။ ကုန်သည်အနေဖြင့် အဝယ်ကုန်သွယ်မှုတခု ဖွင့်သင့်ကြောင်း အကြုံပြုချက်ဟု ယူဆနိုင်ပါသည်။

စည်းမျဉ်းတခုအရ အဆိုပါ candlesticks များသည် bullish flag သို့မဟုတ် pennant ပုံစံများတွင် ပေါ်ပေါက်လေ့ရှိပါသည်။

LiteFinance: Bullish Candlestick

Bearish Candlestick

Bearish candlestick တခုသည် အောက်ဘက်သို့ ဦးတည်သော candle တခုဖြစ်ပြီး၊ အနီရောင် သို့မဟုတ် အမည်းရောင်ကိုယ်ထည်ရှိပါသည်။ ၎င်းတွင် အလျားတိုသော wicks များ ရှိနိုင်ပါသည်။

အဆိုပါ candlestick တခုသည် အရောင်းကုန်သွယ်မှုများ တိုးပွားခြင်းဟု အဓိပ္ပါယ်ရပါသည်။ ကုန်သည်အနေဖြင့် အရောင်းကုန်သွယ်မှုတခုကို ဖွင့်သင့်ပါသည်။

များသောအားဖြင့် အဆိုပါ candles များသည် bearish flag သို့မဟုတ် pennant price patterns များတွင် ပေါ်ပေါက်လေ့ရှိပါသည်။

LiteFinance: Bearish Candlestick

Double Candle Pattern

Double candle patterns များတွင် candlesticks နှစ်ခု ပါဝင်ပါသည်။ Candlestick များ မည်သို့တည်ရှိသည်ကို အခြေခံ၍ အနာဂါတ်ဈေးနှုန်းရွေ့လျားမှုကို ခန့်မှန်းနိုင်ပါသည်။

ဥပမာအားဖြင့် အဆိုပါ candlestick patterns အမျိုးအစားများဖြစ်ကြသော engulfing၊ dark cloud cover၊ cloud break စသည်တို့သည် မကြာမီအချိန်အတွင်း လက်ရှိလမ်းကြောင်း အလှည့်အပြောင်းဖြစ်နိုင်ခြေကို အချက်ပြသည့် အားကောင်းသော ဆန့်ကျင်ဘက်အချက်ပြပုံစံများ ဖြစ်ကြပါသည်။

LiteFinance: Double Candle Pattern

Triple Candle Pattern

Triple candle patterns ကို candlesticks သုံးခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အများဆုံးတွေ့ရတတ်သော ဆန့်ကျင်ဘက်အချက်ပြပုံစံများမှာ morning star၊ evening star၊ tri-star doji top၊ tri-star doji bottom၊ three black crows စသည်တို့ ဖြစ်ကြပါသည်။

အများဆုံးတွေ့ရလေ့ရှိသော ယခင်ဦးတည်ချက်အတိုင်း ဆက်လက်ရွေ့လျားတက်သည့် continuation candlestick patterns များမှာ three white soldiers၊ rising three methods စသည်တို့ ဖြစ်ကြပါသည်။

LiteFinance: Triple Candle Pattern

Hammer

Candlestick ခွဲခြမ်းစိတ်ဖြာမှုတွင် hammer pattern တခုသည် ရှေးကျသော single-candle reversal pattern (candle တခုပါဝင်သည့် ဆန့်ကျင်ဘက်အချက်ပြပုံစံ) တခု ဖြစ်ပါသည်။ အောက်သို့ကျဆင်းသော ရွေ့လျားမှုတခု၏ အနိမ့်ဆုံးဈေးတန်းတွင် ပေါ်ပေါက်သော hammer candle တခုသည် ကျဆင်းနေသောလမ်းကြောင်း၏ အထက်သို့ပြန်တက်မည့် အလားအလာကို အချက်ပြပါသည်။ ၎င်းသည် ဈေးနှုန်းတိုးတက်မည့် အရိပ်အယောင်ကို ညွှန်ပြပါသည်။

ဤပုံစံ၏ ဂျပန်အမည်မှာ takuri ဖြစ်ပါသည်။ Takuri ဆိုသည်မှာ အောက်ခြေတွင် ကျက်စားခြင်းဟု အဓိပ္ပါယ်ရပါသည်။ အဘယ်ကြောင့်ဆိုသော် candlestick body သည် တိုတောင်းကာ အောက်ဘက်ရှိ shadow သည် ရှည်လျားသောကြောင့် ဖြစ်ပါသည်။

ရှည်လျားသောအတက်လမ်းကြောင်းတခု၏ အမြင့်ဆုံးဈေးတွင် hammer ပုံစံတခု ပေါ်ပေါက် လာသောအခါ၊ လမ်းကြောင်းသည် မကြာမီ အောက်သို့ ပြန်လည်ကျဆင်းမည်ဟု အဓိပ္ပါယ်ရပါသည်။ ထိပ်ဆုံးတွင် ပေါ်ပေါက်သော ဆန့်ကျင်ဘက်ပုံစံအား hanging man ဟု ခေါ်ဆိုပါသည်။

ကုန်သည်များသည် hammer pattern ကို အသုံးပြု၍ လမ်းကြောင်းအပြောင်းအလဲဖြစ်ပေါ်နိုင်သော ဇုန်များ၏ အလားအလာကို ခွဲခြားသိရှိနိုင်ပါသည်။

အောက်ပါ BTCUSD daily chart တွင် ဘေးတိုက်ချန်နယ်လ်တခုအတွင်း ရှည်လျားသော ဈေးနှုန်းစုဖွဲ့မှုတခု၏နောက်တွင် ဈေးနှုန်းသည် အရေးကြီးသော support level တခုအဖြစ် ဖွဲ့စည်းခဲ့ကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ Bullish hammer candle ပုံစံများ ဆက်တိုက် ပေါ်ပေါက်လာပြီးနောက် ဈေးကွက်သည် အမြင့်ဆုံးဈေးနှုန်းအသစ်တခုသို့ ရောက်ရှိသွားခဲ့ပါသည်။

LiteFinance: Hammer

Inverted Hammer

Inverted hammer သည် တိုတောင်းသော body နှင့် ရှည်လျားသော upper wick ရှိသော candlestick တခု ဖြစ်ပါသည်။ ၎င်းသည် အကျလမ်းကြောင်းတခု၏နောက်မှ အနိမ့်ဆုံးဈေးတန်း၌ ပေါ်ပေါက်လေ့ရှိပါသည်။

အမြင့်ဈေး၌ရှိသော တူညီသည့် candlestick ကို shooting star ဟု ခေါ်ဆိုပါသည်။ ၎င်းသည် မကြာမီအောက်သို့ကျဆင်းမည့် လမ်းကြောင်းအလှည့်အပြောင်း အလားအလာကို အချက်ပြပါသည်။

သင့်အနေဖြင့် အဝယ်ကုန်သွယ်မှုတခုကို မဖွင့်မီ၊ inverted hammer candle သည် bullish candle ဖြစ်ကြောင်း သေချာစေသင့်ပါသည်။ တိုးတက်သောအရိပ်အယောင်အား engulfing candlestick၊ hammer၊ three white soldiers အစရှိသည့် အခြားသော candle ပုံစံများဖြင့် အတည်ပြုနိုင်ပါသည်။

LiteFinance: Inverted Hammer

Spike

Spike သည် candle တခုတည်းပါဝင်သော single candlestick pattern တခု ဖြစ်ပါသည်။ ၎င်းတွင် အထက် သို့မဟုတ် အောက်ဘက်၌ ရှည်လျားသော wick တခုရှိပြီး၊ သေးငယ်သော body တခုရှိပါသည် (သို့မဟုတ်) body မရှိပါ။

အကယ်၍ candlestick ၏ body သည် wick ထက် အနည်းဆုံးဆယ်ဆ ပို၍သေးငယ်ပါက၊ ၎င်းပုံစံကို spike အဖြစ်ယူဆ၍ ကုန်သွယ်နိုင်ပါသည်။

Daily chart အတွင်း အဆိုပါ pattern များကို ခွဲခြမ်းစိတ်ဖြာ၍ spikes များ၊ candlestick ပုံစံများပေါ်ပေါက်ပြီး နောက်ထပ် candlestick တခု၏နောက်တွင် ကုန်သွယ်မှုတခုဖွင့်ရန် အကြံပြုပါသည်။

အောက်ပါအခြေအနေများတွင် spike တခု ပေါ်ပေါက်နိုင်ပါသည်။

  • အကျိုးဆောင်၏ ပလက်ဖောင်းပေါ်တွင် နည်းပညာပိုင်းချို့ယွင်းမှုတခု ဖြစ်ပေါ်ခြင်း၊ ထိုသို့ဖြစ်ပေါ်ပြီးနောက် ကုန်သည်များသည် တာမီနယ်အတွင်း ရှည်လျားသော spike တခုကို တွေ့မြင်ကြရပါမည်။
  • ကြီးမားသော ကုန်သွယ်ရေးအော်ဒါတခု အကောင်အထည်ဖော်ခြင်း။
  • Price gap တခု ပေါ်ပေါက်ခြင်း။
  • အရေးကြီးစီးပွားရေးသတင်းများ ထုတ်ပြန်ခြင်း။
  • ရောင်းချသူသည် အနိမ့်ဈေးတခု၌ အော်ဒါတခုကို မှားယွင်းပြုလုပ်မိခြင်း။

အောက်ပါ USDCHF daily chart တွင် spike pattern တခုကို ပုံဖော်ပြသထားပါသည်။

အရောင်းများသည် support level ကို ဖောက်ထွက်ရန် ကြိုးစား‌လျက်ရှိသော်လည်း တနေ့တည်းမှာပင် အဝယ်များသည် ရှေ့သို့ဆက်တိုးကာ ဆုံးရှုံးသော ကုန်သွယ်မှုများထံ ပြန်လှည့်ပါသည်။

ထို့နောက် အဝယ်များသည် သုံးရက်အတွင်း resistance level ကို ဖောက်ထွက်ရန် ကြိုးစားသော်လည်း မအောင်မြင်ကြပေ။ အရောင်းများသည် ဈေးနှုန်းအား အောက်ဘက် support level သို့ ထပ်မံ၍ ဆွဲချကြပါသည်။

Support level တွင် အဝယ်များသည် နောက်တကြိမ်လွှမ်းမိုးမှုရရှိကာ လမ်းကြောင်းကို အထက်သို့ ပြန်လှည့်စေပါသည်။

တနည်းအားဖြင့်၊ bear trap တခု ပေါ်ပေါက်ကာ - stop loss အော်ဒါများ ဖြစ်မြောက်၍ အတက်လမ်းကြောင်း အရှိန်အဟုန် တိုးတက်သွားပါသည်။

LiteFinance: Spike

မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။

ဒီမိုအကောင့်သို့ သွားမည်

Bearish Engulfing Pattern

Bearish engulfing pattern သည် candlesticks နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ပထမ candlestick သည် အစိမ်းရောင် သို့မဟုတ် အဖြူရောင်ဖြစ်ပါသည်။ ဒုတိယတခုသည် အနီရောင် သို့မဟုတ် အမည်းရောင် (bearish)ဖြစ်ပါသည်။ ၎င်းသည် ပထမတခု၏ အရွယ်အစားထက် ပို၍ ကြီးမားပါသည်။ ထို့ကြောင့် ဒုတိယ bearish candlestick သည် ပထမတခုကို ဖုံးအုပ်လိုက်ပါသည်။။

Bearish engulfing pattern သည် အောက်ပါအခြေအနေများနှင့် ညီညွတ်သင့်ပါသည်။

  1. Pattern ၏ရှေ့တွင် ရှင်းလင်းသော အတက်လမ်းကြောင်းတခု ရှိသင့်ပါသည်။
  2. ဒုတိယ candlestick ၏ body သည် အနီရောင် သို့မဟုတ် အမည်းရောင် ဖြစ်သင့်ပါသည်။ Candle ၏ shadow ကို ဖုံးအုပ်နိုင်ခြင်း မရှိပါ။
  3. ‌ဒုတိယ candle သည် bearish (အမည်း သို့မဟုတ် အနီရောင်) ဖြစ်သင့်ပါသည်။ အကယ်၍ ပထမ candle ၏ body သည် သေးငယ်လွန်း၍ doji နှင့်ဆင်တူပါက ခြွင်းချက်တခု ဖြစ်လာနိုင်ပါသည်။ ဤဖြစ်ရပ်တွင် အတက်လမ်းကြောင်းတခုအတွင်း candlestick ၏ သေးငယ်သည့် body အား ကြီးမားသော အနီရောင် candlestick မှ ဖုံးအုပ်လိုက်ခြင်းသည် ဆန့်ကျက်ဘက် အပြောင်းအလဲ တခုကို ညွှန်ပြပါသည်။

LiteFinance: Bearish Engulfing Pattern

UKBRENT hourly chart သည် bearish engulfing candlestick pattern ကို ပြသပါသည်။ ဈေးကွက်လမ်းကြောင်း၏ လက်ရှိအမြင့်ဆုံး ဈေးနှုန်းတွင် ထိုအခြေအနေကို ရှာဖွေကြည့်ကြပါစို့။

ပထမဆုံး ဆန့်ကျင်ဘက် pattern သည် shooting star candlestick တခု ဖြစ်ပါသည်။ ၎င်းသည် မကြာမီ ဖြစ်ပေါ်မည့် ဈေးကွက်အလှည့်အပြောင်းကို အချက်ပြပါသည်။ အတွင်းဘက်တွင် hanging man ဆန့်ကျင်ဘက်ပုံစံ တခုပါဝင်သော bearish engulfing pattern တခု ထပ်မံ၍ရှိနေပါသည်။

အဆိုပါအချက်ပြမှုများ၏နောက်တွင် ဈေးနှုန်းသည် သိသာထင်ရှားစွာ ကျဆင်းလာပါသည်။

LiteFinance: Bearish Engulfing Pattern

Bullish Engulfing Pattern

Bullish engulfing candlestick pattern တခုသည် bearish engulfing နှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ ၎င်းတွင် candlestick နှစ်ခုပါဝင်ပြီး၊ ဒုတိယ candlestick သည် အစိမ်းရောင်ရှိကာ၊ ပထမ bearish candlestick ကို ဖုံးအုပ်ပါသည်။

Bullish engulfing candlestick သည် စံနှုန်းသုံးရပ်နှင့် ကိုက်ညီသင့်ပါသည်။

  1. Pattern ၏ရှေ့တွင် ရှင်းလင်းသော အကျလမ်းကြောင်းတခု ရှိသင့်ပါသည်။
  2. ဒုတိယ candlestick body သည် ပထမတခုထက် ပိုကြီးသင့်ပါသည်။
  3. ဒုတိယ candlestick သည် အစိမ်း သို့မဟုတ် အဖြူ (bullish) ဖြစ်ပါသည်။

XAUUSD hourly chart သည် အကျလမ်းကြောင်းတခု၏နောက်တွင် bullish engulfing pattern ကို ပြသပါသည်။

အစိမ်းရောင် candlestick သည် ယခင် four-hour candlestick အား ဖုံးအုပ်လိုက်သည်ကို ဇယားတွင် မြင်တွေ့ရပါသည်။ ဆက်တိုက်ပေါ်ပေါက်လာသော inverted hammer နှင့် hammer patterns များသည် ပထမဆုံး ဆန့်ကျင်ဘက် အချက်ပြမှုများ ဖြစ်ကြပါသည်။

LiteFinance: Bullish Engulfing Pattern

Bearish Harami

Bearish harami တွင် ရှည်လျားသော bullish candlestick တခု ပါဝင်ပါသည်။ ၎င်း၏နောက်တွင် သေးငယ်သော bearish candle တခု လိုက်ပါလေ့ရှိပါသည်။

Harami သည် Western Inside day technical analysis pattern နှင့် ဆင်တူပါသည်။ ၎င်းသည် inverse engulfing pattern နှင့် သဏ္ဍန်တူပါသည်။

Bearish harami တခုသည် မကြာမီ လမ်းကြောင်းအလှည့်အပြောင်း ဖြစ်နိုင်ခြေကို အချက်ပြပါသည်။

4H Tesla Inc chart တွင် bearish harami pattern တခုကို တွေ့မြင်နိုင်ပါသည်။ ၎င်း၏နောက်တွင် အကျလမ်းကြောင်းတခု၏ အစကို တွေ့ရပါသည်။ ဤ pattern သည် အဝယ်ဖိအားများ အားနည်းခြင်းနှင့်အတူ အကျလမ်းကြောင်းသစ်တခု စတင်သင့်ကြောင်း အချက်ပြပါသည်။

ဆန့်ကျင်ဘက် ပုံစံများကြားတွင် အမြင့်ဆုံးဈေး၌ အခြားသော shooting stars နှင့် hanging man patterns များ ထွက်ပေါ်လာကြပါသည်။

LiteFinance: Bearish Harami

Bullish Harami

Bullish harami pattern သည် အကျလမ်းကြောင်း အားကုန်၍ မကြာမီ အတက်လမ်းကြောင်းသစ်တခု စတင်မည်ဖြစ်ကြောင်း အချက်ပြပါသည်။

အကျလမ်းကြောင်း၏ အားနည်းမှုအတွက် ပထမဆုံးအချက်ပြမှုသည် bullish harami ဖြစ်ကြောင်းကို H4 GBPCAD chart တွင် တွေ့မြင်နိုင်ပါသည်။ လာမည့် အလှည့်အပြောင်းကို bullish reversal hammer patterns များဖြင့် အတည်ပြုထားသည်။

LiteFinance: Bullish Harami

Bearish Harami Cross

Bearish harami cross သည် ကြံ့ခိုင်သော ဆန့်ကျင်ဘက် pattern တခု ဖြစ်ပါသည်။ ၎င်းသည် ဈေးကွက် မရေရာမှုကို ရည်ညွှန်းပါသည်။ ဤ pattern သည် ကြီးထွားလာသော candlestick တခုဖြစ်ပြီး၊ ၎င်း၏နောက်တွင် doji တခု လိုက်ပါလေ့ရှိပါသည်။

Bullish harami cross ၏ အကျလမ်းကြောင်း အောက်ခြေအတွက် အချက်ပြခြင်းနှင့် နှိုင်းယှဉ်ပါက၊ bearish harami cross သည် အတက်လမ်းကြောင်းတခု၏ ထိပ်ကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်ပါသည်။

Harami cross pattern သည် doji star တခုနှင့် တူညီပါသည်။ ခြားနားချက်မှာ harami cross သည် ယခင် candlestick ၏ အကွာအဝေးဘောင်အတွင်း ဖြစ်တည်ကာ ၎င်းတွင် သေးငယ်သော body သာ ရှိပါသည်။ သို့မဟုတ် body မရှိပါ။

LiteFinance: Bearish Harami Cross

Bullish Harami Cross

သေးငယ်သော body တခုရှိသော သို့မဟုတ် body မပါရှိသော bullish harami cross တခုသည် ရှည်လျားသော shadow များနှင့်အတူ ယခင် ကျဆင်းသော candle (အမည်း သို့မဟုတ် အနီ) ၏ အကွာအဝေးဘောင်အတွင်း၌ ပေါ်ပေါက်လာပါသည်။

Coca-Cola Co. CFD hourly chart သည် ရှည်လျားသော အနီရောင် candlestick တခု၏နောက်တွင် bullish harami ပုံစံတခု ပေါ်ပေါက်လာသည်ကို ပြသပါသည်။ ဤပုံစံသည် ရေတို အတက်လမ်းကြောင်း၏အစကို အချက်ပြသည်။

LiteFinance: Bullish Harami Cross

Dark Cloud Cover

Dark cloud cover pattern သည် candle နှစ်ခုပါဝင်သည့် ပုံစံတခုဖြစ်ပြီး၊ အတက်လမ်းကြောင်းတခု၏ ထိပ်ဆုံး သို့မဟုတ် ဘေးတိုက်ချန်နယ်လ်တခု၏ အထက်နယ်နိမိတ်အနီးတွင် ဖြစ်ပေါ်လေ့ရှိပါသည်။ ဤ pattern သည် အထက်မှ အောက်သို့ ပြောင်းလဲသော ရွေ့လျားမှုတွန်းအားကို ပြသရာ၌ ထင်ရှားပါသည်။

ပထမဦးစွာ ရှည်လျားသော bullish candle (အစိမ်း သို့မဟုတ် အဖြူ) တခု ဖြစ်ပေါ်ပါသည်။ နောက်ထပ် candlestick သည် ယခင် bullish candle ၏ အထက်တွင် ပွင့်ကာ၊ အလယ်ပွိုင့်အောက်တွင် ပိတ်သိမ်းပါသည်။ Bearish candlestick သည် ပိုမိုရှည်လျားလေလေ၊ ကျဆင်းသော reversal လမ်းကြောင်း ပိုမိုအားကောင်းလေလေ ဖြစ်ပါသည်။

ETHUSD daily chart သည် dark cloud cover pattern အတွင်း hanging man ပုံစံတခုကို ပြသပါသည်။ လမ်းကြောင်း၏ အမြင့်ဆုံးဈေးတွင် ဆန့်ကျင်ဘက် pattern နှစ်ခုပေါင်းစည်းခြင်းသည် အရောင်းကုန်သွယ်မှုတခုဖွင့်ရန်အတွက် အားကောင်းသော အချက်ပြမှု ဖြစ်ပါသည်။

ထို့အပြင် အကျလမ်းကြောင်းကို အတည်ပြုသော နောက်ထပ် dark cloud cover pattern သုံးမျိုးရှိပါသည်။

LiteFinance: Dark Cloud Cover

Bearish Evening Star

Evening star သည် candlesticks သုံးခုပါဝင်သော pattern တခုဖြစ်ပြီး၊ အတက်လမ်းကြောင်း၏ အမြင့်ဆုံးဈေးတန်း၌ လမ်းကြောင်းဦးတည်ချက်ပြောင်းလဲနိုင်သော အလားအလာကို အချက်ပြပါသည်။

ပထမဆုံး candlestick သည် ရှည်လျားသော body ရှိ၍ bullish candle ဖြစ်ရပါမည်။ ဒုတိယ candlestick သည် တိုသော body ရှိရပါမည်။ တတိယမြောက် candlestick သည် အတက်လမ်းကြောင်းမှ ပြန်လည်ကျဆင်းမှုအတွက် အပြီးသတ်အချက်ပြမှုကို ပေးသင့်သောကြောင့် ၎င်းသည် ရှည်လျားသော body ရှိ၍ bearish candle တခု ဖြစ်ရပါမည်။

ဤ pattern တွင် morning star ကဲ့သို့ပင် ပထမနှင့် ဒုတိယ candlesticks များနှင့် ဒုတိယနှင့် တတိယ candlesticks များကြား လစ်လပ်သောဧရိယာတခု ရှိသင့်ပါသည်။ လက်တွေ့တွင် စည်းမျဉ်းတခုအနေဖြင့် ပထမနှင့် ဒုတိယ candlesticks များကြားတွင် လစ်လပ်မှုတခု ရှိပါသည်။

အရေးကြီးသောအချက်မှာ တတိယမြောက် bearish candlestick သည် ပထမဆုံး bullish candlestick ထက် ပိုရှည်လျားရပါမည်။

4H Walt Disney Co. stock chart တွင် အစဉ်လိုက် ပေါ်ပေါက်နေသော evening star ပုံစံများကို ပြသထားပါသည်။ ၎င်းတို့၏နောက်တွင် ဈေးနှုန်းစတင်၍ ကျဆင်းပါသည်။ ‌မကြာမီ အကျလမ်းကြောင်းစတင်မည့်အကြောင်းကို ဆက်တိုက်ထွက်ပေါ်လာသော hanging man ပုံစံများများမှ နောက်တကြိမ် အတည်ပြုပါသည်။

LiteFinance: Bearish Evening Star

Morning star reversal pattern

Morning star pattern သည် ဆန့်ကျင်ဘက်အချက်ပြတစ်ခုဖြစ်ပြီး မကြာမီ အထက်သို့ပြန်လှည့်မည့် လမ်းကြောင်းအခြေအနေကို အချက်ပြပါသည်။ ၎င်းသည် အကျလမ်းကြောင်းတခု၏ အနိမ့်ဆုံးဈေးတန်း၌ ပေါ်ပေါက်လေ့ရှိပါသည်။

အောက်ပါဇယားတွင် candlestick ၏ ကုန်သွယ်ရေး အနေအထားများသည် ကာလရှည်တခုအထိ ပေါင်းစုနေသည်ကို တွေ့ရပါသည်။ ထို့နောက် ပထမဆုံး အဝယ်အချက်ပြမှုဖြစ်သော bullish engulfing pattern ပေါ်ပေါက်လာပါသည်။ ထို့နောက် အတွင်းဘက်တွင် inverted hammer ပုံစံတခုနှင့်အတူ morning star pattern တခု ထွက်ပေါ်လာပါသည်။

၎င်း patterns များသည် မကြာမီစတင်မည့် အတက်လမ်းကြောင်းအတွက် အဓိက အချက်ပြမှုများ ဖြစ်ကြပါသည်။

LiteFinance: Morning star reversal pattern

Bullish Rising Three

Bullish rising three သည် ဆက်လက်တိုးတက်မည့် အတက်လမ်းကြောင်းကို အချက်ပြသော bullish continuation pattern တခု ဖြစ်ပါသည်။

ဤ pattern အတွက် အခြားအမည်မှာ rising three methods ဖြစ်ပါသည်။ ဤ pattern သည် bullish flag သို့မဟုတ် pennant တခုနှင့် သဏ္ဍန်တူပါသည်။

ဤ pattern ၏ အဓိက အင်္ဂါရပ်သည် ၎င်း၏နောက်တွင် ကာလတိုဘေးတိုက်လမ်းကြောင်းတခု လိုက်ပါသော ရှည်လျားသည့် bullish candle တခုဖြစ်ပါသည်။ ထို့နောက်တွင် အတက်လမ်းကြောင်း ပြန်လည်စတင်ပါသည်။

ဤ pattern တွင် -

  • ရှည်လျားသော bullish candlestick နှင့်
  • ကျဆင်းသော candlesticks အချို့ ပါဝင်ပါသည်။

ဦးစားပေးအခြေအနေတခုတွင် candle သုံးခု ပါဝင်သင့်ပါသည်။ သို့သော် လက်တွေ့တွင် candlesticks အရေအတွက် နှစ်ခု သို့မဟုတ် သုံးခု ပါဝင်နိုင်ပါသည်။

ရှည်လျားသော အဖြူရောင် body ရှိသည့် bullish candle တခုကို တွေ့မြင်ရပါသည်။ ရွေ့လျားမှုသည် ယခင် candle အောက်နယ်နိမိတ်မျဉ်း၏ အထက်တွင် စတင်သင့်ပြီး၊ ပထမဆုံး bullish candle ၏ အပိတ်ဈေးတန်းအား အရှိန်ဖြင့် ဖောက်ထွက်သင့်ပါသည်။

LiteFinance: Bullish Rising Three

Bearish Falling Three

Bearish falling three သို့မဟုတ် Falling three methods သည် bullish rising three နှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။

ဤ pattern သည် အကျလမ်းကြောင်းတွင် ပေါ်ပေါက်ကာ၊ အကျလမ်းကြောင်း ရှေ့ဆက်မည့် အရိပ်အယောင်ကို အချက်ပြပါသည်။

LiteFinance: Bearish Falling Three

Candlestick patterns chart ခွဲခြမ်းစိတ်ဖြာမှု

Candlestick charts များကို ခွဲခြမ်းစိတ်ဖြာခြင်းသည် ထင်သလောက် မခက်ခဲပါ။

ယခုမှ စတင်လေ့လာသော ဇယားခွဲခြမ်းစိတ်ဖြာသူတဦးသည် ဇယားအတွင်း အမြဲလိုလို မြင်တွေ့ရတတ် သော လမ်းကြောင်းအပြောင်းအလဲနှင့် ရှေ့ဆက်သွားမည့် candlestick patterns များကို သတိပြုမိသင့်ပါသည်။

XAGUSD daily chart ၏ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုဥပမာတခုကို လေ့လာကြည့်ကြပါစို့။

  1. လမ်းကြောင်း၏ အနိမ့်ဆုံး level တွင် cloud break pattern တခု ပေါ်ပေါက်လာကာ၊ ၎င်း၏နောက်မှ ဈေးနှုန်းတိုးတက်မှု လိုက်ပါလာပါသည်။
  2. Bullish engulfing pattern သည် မကြာမီအချိန်အတွင်း ဈေးနှုန်းတိုးတက်မည်ဟု အချက်ပြပါသည်။
  3. Rising three methods pattern သည် အဝယ်များ ရှေ့ဆက်သွားရန်အတွက် အားဖြည့်ပေးပါသည်။
  4. မည်သို့ပင်ဖြစ်စေ ဈေးနှုန်းကျဆင်းမှုကိုလိုက်၍ evening doji star တခု ပေါ်ပေါက်လာပါသည်။ ၎င်းသည် အောက်ဘက်သို့ ပြန်လည်ကျဆင်းမည့် အလားအလာအတွက် အချက်ပြမှု ဖြစ်သည်။
  5. အမြင့်ဆုံးဈေးတန်း၌ ပေါ်ပေါက်လာသော hanging man သည် အောက်ဘက်သို့ ကျဆင်းသော လမ်းကြောင်းအလှည့်အပြောင်းကို အချက်ပြပါသည်။
  6. နောက်ထပ် hanging man pattern တခု ပေါ်ပေါက်လာပါသည်။
  7. Hanging man ပုံစံတခု။
  8. Shooting star pattern တခုသည် အရောင်းဖိအား မြင့်တက်လာကြောင်း အချက်ပြပါသည်။
  9. သမာရိုးကျ hanging man pattern ၏နောက်တွင် မြန်ဆန်သော ဈေးနှုန်းကျဆင်းမှုတခု လိုက်ပါလာပါသည်။

LiteFinance: Candlestick patterns chart ခွဲခြမ်းစိတ်ဖြာမှု

ထို့ကြောင့် ဤဇယားအမျိုးအစားတွင် အဝယ်နှင့် အရောင်းနှစ်ခုစလုံးမှ အမြတ်ရနိုင်ပါသည်။

  1. Cloud break pattern သို့မဟုတ် Bullish engulfing pattern အနီးဝန်းကျင်၌ ကာလရှည် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။ ဒုတိယမြောက် ဆန့်ကျင်ဘက် အချက်ပြမှုများကိုလိုက်၍ ကုန်သွယ်မှုကို ပိတ်သိမ်းနိုင်ပါသည် (ဥပမာ- even doji star တခု၏နောက်)
  2. Evening doji star၊ shooting star နှင့် အစဉ်လိုက်ပေါ်လာသော hanging man pattern များအနီးတွင် ကာလရှည်အဝယ်ကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။ အဆိုပါ pattern များသည် တိုးတက်လာသော အရောင်းဖိအားများကို ပေါင်းစည်း၍အချက်ပြပါသည်။ မကြာမီ အကျလမ်းကြောင်း ပေါ်လာမည့် အချက်ပြမှု ဖြစ်ပါသည်။

ဥပမာတွင် မြင်တွေ့ရသည့်အတိုင်း သမာရိုးကျလမ်းကြောင်းအပြောင်းအလဲနှင့် ဆန့်ကျင်ဘက်အခြေအနေ pattern များကို ဇယားအတွင်း အများဆုံးတွေ့ရပါသည်။

Forex ဈေးကွက်တွင် candlestick chart patterns များဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်း ဥပမာ

ဤကဏ္ဍတွင် ကျွန်ုပ်သည် candlestick chart patterns များ ကို အသုံးပြု၍ 0.01 lot ပမာဏဖြင့် Forex ကုန်သွယ်ရေးဆောင်ရွက်ခြင်း ဥပမာတခုကို ရှင်းလင်းဖော်ပြသွားပါမည်။

USCRUDE ရေနံ၏ hourly Forex charts များကို ကြည့်ရှုကြပါစို့။ Bullish belt hold ပုံစံတခုပေါ်ပေါက်လာပြီးနောက် bullish belt hold pattern တခုပေါ်ပေါက်လာသည့်အတွက် လက်ရှိကာလအတွင်း support level ဖြစ်သော 115.327 အထက်တွင် လမ်းကြောင်းသည် အထက်သို့ပြန်လှည့်သွားပါသည်။ အဆိုပါ Pattern အတွက် အခြားအမည်တခုမှာ bullish candle ဖြစ်ပါသည်။ ဤ pattern သည် ရောက်ရှိသည့် level မှ တိုးတက်မှုကို အချက်ပြပါသည်။ ထို့ကြောင့် အဝယ်ကုန်သွယ်မှုတခုဖွင့်ရန် သင့်လျော်ပါသည်။ ဥပမာတွင် - ကျွန်ုပ်သည် level 116.969 ၌ အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ပါသည်။ stop-loss အား 115.320 နှင့် take-profit အား 119.704 တို့တွင် အသီးသီး သတ်မှတ်ပါသည်။

LiteFinance: Forex ဈေးကွက်တွင် candlestick chart patterns များဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်း ဥပမာ

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

ရှစ်နာရီအတွင်း $12.41 အမြတ်ဖြင့် ကုန်သွယ်မှုကို ပိတ်သိမ်းလိုက်ပါသည်။ Bullish candlestick ၏နောက်တွင် bullish flag တခုပေါ်ပေါက်လာပါသညိ။ အောက်ဘက် အဝယ် level သို့ ယာယီ‌ပြန်လည့်သော တိုတောင်းသည့် ရွေ့လျားမှုတခုအပြီး၌ ဈေးနှုန်းသည် flag ကို ဖောက်ထွက်သွား ပါသည်။ သို့သော် take profit ပွိုင့်ထံ မရောက်ရှိပါ။ အားကောင်းသော အရောင်းဖိအားကြောင့် ကုန်သွယ်မှု ပိတ်သိမ်းသွားခဲ့ရသည်။ ၎င်းကို နောက်ဆုံး candlestick တွင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါသည်။

LiteFinance: Forex ဈေးကွက်တွင် candlestick chart patterns များဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်း ဥပမာ

တနေ့တည်းမှာပင် ရွှေဈေးကွက်အတွင်း ကောင်းမွန်သော ကုန်သွယ်ရေးအချိန်ပိုင်းတခု ရှိနေပါသည်။

XAUUSD hourly chart သည် falling wedge ပုံစံကို ပြသနေပါသည်။ ၎င်း၏အောက်ခြေတွင် အထက်သို့တိုးတက်သော ဆန့်ကျင်ဘက် ပုံစံနှစ်ခု ရှိပါသည် - inverted hammer နှင့် hammer candlestick pattern တို့ဖြစ်သည်။ အချက်ပြမှုအပေါ် အခြေခံ၍၊ ကျွန်ုပ်သည် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်လိုက်ပါသည်။ stop loss အား hammer pattern ၏ အောက်ဘက် shadow ထက် အနည်းငယ်ပိုနိမ့်သော level 1826.58 တွင် နေရာချပါသည်။

Take profit အား level 1850.32 တွင် သတ်မှတ်ပါသည်။

LiteFinance: Forex ဈေးကွက်တွင် candlestick chart patterns များဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်း ဥပမာ

သတ်မှတ်အကွာအဝေးအတွင်း ငါးနာရီခန့် ကုန်သွယ်ပြီးသောအခါ၊ အထက်သို့ တိုးတက်သော ရွေ့အားတခုသည် falling wedge ၏ အထက်နယ်နိမိတ်အား ဖောက်ထွက်သွားပါသည်။

Take profit ၏အောက်တွင် ကြံ့ခိုင်သည့် resistance level တခုရှိကြောင်းကို shooting star pattern က အတည်ပြုလိုက်သောကြောင့် ထိုနေရာ၌ ကုန်သွယ်မှုကို ပိတ်သိမ်းပါသည်။

ကုန်သည်၏ ရရှိသော အမြတ်မှာ 11.12 USD ဖြစ်ပါသည်။

LiteFinance: Forex ဈေးကွက်တွင် candlestick chart patterns များဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်း ဥပမာ

ရေနံ ၏ hourly price chart ကို တချက်ကြည့်ကြရအောင်။

အောက်ပါဇယားတွင် bullish flag တခု ဖြစ်ပေါ်နေသည်ကို တွေ့ကြရပါမည်။ ကျဆင်းနေသော စုဖွဲ့မှု၏နောက်တွင်၊ အဝယ်များသည် resistance ဇုန်ကို ဖောက်ထွက်ကာ၊ ဈေးနှုန်းသည် bullish candlestick pattern တခုကို ရေးဆွဲပါသည်။

ကောင်းမွန်သော အဝင် level မှာ 117.412 ဖြစ်သည်။ Stop loss အား flag ၏ အလယ်ဖြစ်သော level 116.720 တွင် သတ်မှတ်ပါသည်။

LiteFinance: Forex ဈေးကွက်တွင် candlestick chart patterns များဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်း ဥပမာ

လေးနာရီအတွင်း ကုန်သည်၏ အမြတ်မှာ 28.18 ဖြစ်ပါသည်။ ကုန်သွယ်မှုပိတ်ရန် shooting star pattern မှ အချက်ပြပါသည်။ အနီရောင် candlestick သည် ကြံ့ခိုင်သော အရောင်းဖိအား၏ အဓိပ္ပါယ်ဖြစ်ပြီး၊ အဝယ်များအတွက် သတိပေးချက်တခု ဖြစ်ပါသည်။

LiteFinance: Forex ဈေးကွက်တွင် candlestick chart patterns များဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်း ဥပမာ

အနှစ်ချုပ်

Forex ဈေးကွက်တွင် candlestick pattern များဖြင့် ကုန်သွယ်ရေးဆောင်ရွက်ခြင်းသည် ရှုပ်ထွေးသယောင် ရှိပါသည်။ သို့သော် အဓိက pattern များကို လေ့လာပြီးသည့်နောက် လက်တွေ့လေ့ကျင့် ကုန်သွယ်ခြင်းအားဖြင့် မည်သို့အောင်မြင်စွာ ကုန်သွယ်ရမည်ကို သိနားလည်၍လာပါလိမ့်မည်။

အခြားမတူညီသော ဈေးကွက်များတွင် ကုန်သွယ်ရေးစတင်ရန်အတွက် အဓိကကျသော ဆန့်ကျင်ဘက်နှင့် လမ်းကြောင်းရှေ့ဆက်မည့် အချက်ပြ pattern များ ( reversal / continuation patterns) ကို သိရှိထားလျှင် လုံလောက်ပါသည်။ ၎င်းတို့သည် သင့်အား လမ်းကြောင်းအလှည့်အပြောင်းမှ အမြတ်ရရှိစေရန် ကူညီပေးပါလိမ့်မည်။

ဤဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။

  • Candlestick chart ဆိုသည်မှာ အဘယ်နည်း။ ၎င်းကို မည်ကဲ့သို့ ခွဲခြမ်းစိတ်ဖြာရမည်နည်း။
  • Candlestick pattern များကို အသုံးပြု၍ မည်ကဲ့သို့ အောင်မြင်စွာ ကုန်သွယ်ရမည်နည်း။
  • Bar chart နှင့် နှိုင်းယှဉ်ပါက Japanese candlestick chart ၏ အားသာချက်များ။
  • Candlestick pattern အမျိုးအစားများ။

ကျွန်ုပ်သည် လက်တွေ့ဈေးကွက်ဇယား အစစ်အမှန်များကို အသုံးပြု၍ candlestick patterns များကို ခွဲခြားနည်းနှင့် ၎င်းတို့အား လက်တွေ့ကုန်သွယ်ရေးတွင် အသုံးပြုနည်းများကို ဖော်ပြလျက် candlestick ခွဲခြမ်းစိတ်ဖြာမှုအတွက် ဥပမာများပြသခဲ့ပါသည်။

Japanese candlesticks charts များသည် ကုန်သည်များအတွက် ဈေးနှုန်းရွေ့လျားမှုများကို စောင့်ကြည့်၍ လမ်းကြောင်းအပြောင်းအလဲကို ခန့်မှန်းနိုင်သော အခွင့်အရေးကို ပေးစွမ်းပါသည်။

မည်သူမဆို မှတ်ပုံတင်စာရင်းသွင်းရန်မလိုပဲ LiteFinance ဒီမိုအကောင့်တွင် candlestick chart pattern ဖြင့် ကုန်သွယ်မှုကို စမ်းသပ်လုပ်ဆောင်နိုင်ပါသည်။

Candlestick Patterns ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အမေး၊ အဖြေများ

Candlestick chart များကို စတင်ဖတ်ရှုရန်အတွက်၊ အများဆုံးတွေ့ရတတ်သော candlestick patterns များကို လေ့လာ၍ နှစ်သက်ရာကုန်သွယ်ရေးဗျူဟာတခုဖြင့် ဈေးနှုန်းဇယားတခုတွင် လက်တွေ့လေ့ကျင့်သင့်ပါသည်။ စတင်လေ့လာသူတဦးအတွက် အသုံးအများဆုံး လမ်းကြောင်း ရှေ့ဆက်မှုအချက်ပြ pattern နှင့် ဆန့်ကျင်ဘက်အချက်ပြ pattern များ (trend continuation / reversal patterns) ကို လေ့လာထားလျှင် လုံလောက်နိုင်ပါသည်။

Candlestick charts များကို ခွဲခြမ်းစိတ်ဖြာရန်အတွက်၊ ပထမဦးစွာ timeframe ကို ဆုံးဖြတ်ရပါမည်။ Timeframe ပိုမိုရှည်လျားလေလေ၊ candle patterns များ ပိုမိုကြံ့ခိုင်မှုရှိလေ ဖြစ်ပါသည်။ ပို၍တိကျသော ခန့်မှန်းချက်ကို ပြုလုပ်ရန်နှင့် ငွေကြေးများ လျင်မြန်စွာဆုံးရှုံးခြင်းကို ရှောင်ရှားရန် candlestick နှင့် price action patterns များကို ပေါင်းစပ်အသုံးချရန် အကြံပြုလိုပါသည်။

ဝါရင့်တဦးကဲ့သို့ candlestick charts များ ဖတ်ရှုခြင်းအဆင့်များကို လူတိုင်းသင်ယူ လေ့လာနိုင်ပါသည်။ သင့်အနေဖြင့် တရက်လျှင် နာရီအနည်းငယ် သုံးစွဲ၍ လက်လီ ရင်းနှီးမြှုပ်နှံသူဒီမိုအကောင့်တခုတွင် ဈေးနှုန်းလမ်းကြောင်းကို စောင့်ကြည့်ကာ candle patterns များရှာဖွေခြင်းကို လက်တွေ့လေ့ကျင့်ရန် လိုအပ်ပါသည်။ ပထမဆုံးအနေဖြင့် candlestick patterns များအပါအဝင် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု နည်းလမ်းများစွာကို စူးစမ်းလေ့လာရန် လိုအပ်ပါသည်။

၅ မိနစ်မှ တနာရီ timeframes များသည် သင်၏ ကုန်သွယ်မှုအကောင့်များအတွင်း တနေ့တာ ကုန်သွယ်ရေးလုပ်ဆောင်ရန် အကောင်းဆုံး ဖြစ်ပါသည်။

အခိုင်မာဆုံးနှင့် အထင်ရှားဆုံး candlesticks များမှာ pin bars များဖြစ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လမ်းကြောင်းအလှည့်အပြောင်းကို အတော်အတန်တိကျစွာ ခန့်မှန်းနိုင်သောကြောင့် ဖြစ်ပါသည်။

သီးသန့် အခြေအနေတခုစီတိုင်းအတွက် candlestick chart pattern တခုစီသည် ယုံကြည်စိတ်ချနိုင်သော အချက်ပြမှုများပင် ဖြစ်ပါသည်။ အတိကျဆုံးဟု ယူဆရသော patterns များမှာ hammer candlestick pattern၊ hanging man၊ dark cloud cover အစရှိသည့် ဆန့်ကျင်ဘက်အချက်ပြပုံစံများ ဖြစ်ပါသည်။ ရှေ့ဆက်ရန်အချက်ပြသော ပုံစံများသည်လည်း အရေးကြီးပါသည်။ ဥပမာအားဖြင့် three black crows၊ three white soldiers၊ bullish rising three နှင့် bearish rising three pattern များ ဖြစ်ကြပါသည်။

Doji သည် single-candle pattern ဖြစ်ပြီး၊ ‌ဈေးကွက် မရေရာမှုကို ရည်ညွှန်းပါသည်။ အဖွင့်ဈေးနှုန်းသည် အပိတ်ဈေးနှုန်းနှင့် ထပ်တူနီးပါး တူညီပါသည်။ ၎င်းတွင် သေးငယ်သော body အစစ်တခု ရှိနိုင်ပါသည် သို့မဟုတ် body တခု မပါဝင်နိုင်ပါ။ Doji သည် candlesticks chart ၏ အမြင့်ဆုံးအဆင့်တွင် ပေါ်ပေါက်ပါက ၎င်းကို အားကောင်းသော အချက်ပြမှုအဖြစ် မှတ်ယူပါသည်။

ဇယားအတွင်း candlestick သည် ပိုမိုရှင်းလင်းပြတ်သားလေလေ၊ အချက်ပြမှု ပို၍တိကျလေလေ ဖြစ်ပါသည်။ ၎င်းတွင် candles များနှင့်ပေါင်းစပ်မှသာ ပိုမိုတိကျသည့် အချက်ပြမှုများကို ပေးစွမ်းသော ထောင်ချောက်များလည်း ရှိနိုင်ပါသည်။

Bullish candlestick charts patterns အများစုမှာ hammer၊ inverted hammer၊ cloud break နှင့် three white soldiers တို့ဖြစ်ကြပါသည်။

မည်သည့် candlestick chart pattern မဆိုသည် အမြတ်ရှာဖွေနိုင်သော အခွင့်အလမ်းကို ပေးစွမ်းပါသည်။ Bearish pattern သည် အဝယ်ကုန်သွယ်မှုများ ကိုင်ဆောင်ထားသော ကုန်သည်များအတွက် ဆိုးဝါးသော အချက်ပြမှုများဖြစ်ပါသည် - ၎င်းတို့သည် အရောင်းကုန်သွယ်မှု ပြုသူများအတွက်မူ ကောင်းမွန်သော အချက်ပြမှုများ ဖြစ်ပါသည်။ သင်၏ ဦးစားပေး ကုန်သွယ်ရေးဗျူဟာကို ဈေးကွက်အခြေအနေနှင့် အံဝင်ဂွင်ကျဖြစ်စေရန် ချိန်ညှိ၍ လိုက်လျောညီထွေ လုပ်ဆောင်ရန် အရေးကြီးပါသည်။

ဈေးကွက်ဇယားတခုသည် ၎င်း၏အနိမ့်ဆုံးဈေးတွင် bullish patterns များ ပေါင်းစည်းခြင်းကို ပြသထားသောအခါ၊ ထိုဇယားကို bullish ဟု သတ်မှတ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ indicator များ သို့မဟုတ် price action patterns များ အစရှိသဖြင့် အခြားကိရိယာများကို အသုံးပြု၍လည်း အချက်ပြမှုများကို အတည်ပြုသင့်ပါသည်။

Candlestick Charts များကို မည်သို့ ဖတ်ရှုရ မည်နည်း။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat