သင် သိရှိထားသည့်အတိုင်း လက်ရှိ ကုန်သွယ်ရေး ဈေးကွက်တွင် အဓိက အားဖြင့် အမျိုးအစား (၄) မျိုးတွေ့ရမည် ဖြစ်သည်။ (စတော့ဈေးကွက်၊ ကုန်စည်ဈေးကွက်၊ငွေကြေးဈေးကွက် နှင့် ခရစ်တို ငွေကြေးဈေးကွက် တို့ ဖြစ်သည်။) ရှေးယခင်အချိန်များက ဘဏ္ဍာရေး ဈေးကွက်၌ ကုန်သွယ်မှု ပြုလုပ်သည့်အခါ သက်ဆိုင်ရာဈေးကွက် အသီးသီးအတွက် သီးခြားကုန်သွယ်မှုအကောင့်စာရင်း များ ပြုလုပ်ထားရန် လိုအပ်သည်။ ပြည်ပကုမ္ပဏီများ ၏ အစုရှယ်ယာများအား လည်း ကန့်သတ်ထားသည့် ဥပဒေများကြောင့် ကုန်သွယ်မှုပြုလုပ်ရန် လုံးဝ မဖြစ်နိုင်ပါ။
သို့ရာတွင် အင်္ဂလိပ်ကုမ္ပဏီများမှ CFD အား မိတ်ဆက်မှု ပြုလုပ်ခဲ့ပြီးနောက် မည်သူမဆို မည်သည့်နေရာတွင် ကြိုက်နှစ်သက်ရာ ကုမ္ပဏီတွင် ကုန်သွယ်မှု အကောင့်စာရင်း ဖွင့်လှစ်ပြီး ကုန်သွယ်မှုပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။
ဒါ ဟာ ဘာကို ပြနေလဲ ဆိုလျှင် CFDs ဆိုသည်မှာ ပိုင်ဆိုင်မှု တခု မဟုတ်သော်လည်း ဈေးနှုန်း ကွာခြားချက်များ အတွက် သဘောတူညီချက် တစ်ခု ပြုလုပ်ခြင်း ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်(တနည်းအားဖြင့် စာချုပ်) သည် စတင် သဘောတူသည့် အချိန် မှ ပိတ်သိမ်းသည့် အချိန် အထိ ဖြစ်ပေါ်သော ဈေးနှုန်း ကွာခြားချက် အတွက် စာချုပ် ဖြစ်ပြီး သင့်အနေဖြင့် ပိုင်ဆိုင်မှု မရှိပါ ။
အဆိုပါ အချက်ကဘဲ CFDs သည် အခြားသော စာချုပ် များဖြစ်သည့် Futures နှင့် Options များထက် ပိုမို လွယ်ကူအဆင်ပြေခြင်း၊ သက်သာခြင်း နှင် ရိုးရှင်းခြင်း ဖြစ်စေသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- CFDs (Contracts for Difference) ဆိုတာဘာလဲ ?
- CFD ၏ အလုပ်လုပ်ပုံအား ဥပမာ များ ဖြင့် လေ့လာခြင်း
- CFDs ကုန်သွယ်မှု ကို ဘယ်လို စတင် လုပ်ဆောင်မလဲ ?
- အခြေခံ လေ့လာသူများ အတွက် CFD ကုန်သွယ်မှု ဗျူဟာများ
- ကျွမ်းကျင်သူများအတွက် CFD ကုန်သွယ်မှုဗျူဟာများ
- CFD ၏ အကျိုးကျေးဇူးများနှင့် အန္တရာယ်များ
- CFD ကုန်သွယ်မှုပလပ်ဖောင်းများနှင့် ကိရိယာများ
- CFD စည်းမျဉ်းများနှင့် အကြံပြုချက်များ
- CFD ကုန်သွယ်မှုနှင့် အခြားဘဏ္ဍာရေး ဈေးကွက်များ
- နိဂုံးချုပ်
- CFD ကုန်သွယ်မှု ဆိုင်ရာ မေးခွန်းများ
CFDs (Contracts for Difference) ဆိုတာဘာလဲ ?
CFDs အား အဓိပ္ပာယ် ဖွင့်ဆိုကြပါစို့။ အောက်ပါ အကြောင်းအရာ မှာ CFD အဓိပ္ပာယ် ဖွင့်ဆိုချက် ဖြစ်ပါသည်။
CFD ဆိုသည်မှာ အနာဂတ်တွင် ဖြစ်ပေါ်မည့် ဘဏ္ဍာရေးဆိုင်ရာ ပစ္စည်းတစ်ခု ၏ တန်ဖိုး တရပ်ရပ် နှင့် ပတ်သက်၍ အဖွဲ့အစည်း နှစ်ခုကြား ပြုလုပ်သည့် ငွေပေးငွေယူ အမျိုးအစား တမျိုး ဖြစ်ပြီး အရောင်းအဝယ် ၏ ဈေးနှုန်းကွာခြားချက် ဖြစ်ပေါ်စေမည့် ကုန်သွယ်မှု ၏ စတင်ဖွင့်လှစ်သည့် ဈေးနှုန်းနှင့် ပိတ်သိမ်းသည့် ဈေးနှုန်းကြား ကွာခြားချက် နှင့် ညီမျှသော ပမာဏ တရပ် အား နှစ်ဦးနှစ်ဖက်လုံးမှ ပေးချေမှု ပြုလုပ်ရန် သဘောတူညီချက်ဖြင့် တာဝန်ခံဆောင်ရွက်ခြင်း ဖြစ်ပါသည်။
ဒါဖြင့် CFD ဆိုတာဘာလဲ ? CFD ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အား ပိုမို အသေးစိတ်ကျစွာ ရှင်းပြပေးပါမည်။ CFD ဆိုသည်မှာ ခြားနားမှုအတွက် သဘောတူညီချက်စာချုပ် ဖြစ်ပြီး ၎င်းသည် အနာဂတ်တွင် ဖြစ်ပေါ်မည့် အပိတ်ဈေးနှုန်း နှင့် အဖွင့်ဈေးနှုန်းအကြား ဈေးနှုန်းကွာခြားချက် မှ အကျိုးအမြတ် ပြုလုပ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ရောင်းသူ နှင့် ဝယ်သူ အကြား ပြုလုပ်သော စာချုပ် (သို့မဟုတ်) ငွေပေးငွေယူ ဖြစ်သည် ။
အပိတ်ဈေးနှုန်းသည် အဖွင့်ဈေးနှုန်းထက် ပိုမို မြင့်မားပါက ရောင်းသူမှ ဈေးနှုန်းခြားနားချက် အား ဝယ်သူ ကို ပေးရမည် ဖြစ်ပြီး အပိတ်စျေးနှုန်းသည် အဖွင့်ဈေးနှုန်း ထက် နိမ့်ပါးပါက ဝယ်သူမှ ဈေးနှုန်းခြားနားချက် အား ရောင်းသူ ကို ပေးရမည် ဖြစ်သည်။
ထို့အပြင် CFD စာချုပ်သည် Derivative ဆိုင်ရာ ဘဏ္ဍာရေး အမျိုးအစား တစ်မျိုးလည်း ဖြစ်သော ကြောင့် ခြားနားချက် ရှိခြင်း အပြင် ဤ ခြားနားချက် ကို အတည်ဖြစ်စေသည့် အချိန်ကိုလည်း ထိန်းညှိ ဆောင်ရွက်ပေးသည်။
ကနဦးတွင် CFD ၏ အဓိက လုပ်ငန်းစဉ်မှာ စတော့ရှယ်ယာဈေးကွက်တွင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖြစ်သည် ။ ထို့နောက်တွင် စတော့ CFDs သည် လူကြိုက်များလာခဲ့သောကြောင့် ကျွန်ုပ် တို့ အနေဖြင့် CFD ဆိုသည့် အကြောင်းအရာ အား ကုန်သွယ်မှုတွင် ဥပမာများဖြင့် ထပ်မံ လေ့လာပါမည်။
သင့်အနေဖြင့် Boeing ကုမ္ပဏီ ၏ စတော့စာချုပ် အစောင် ၁၀၀ ဝယ်ယူလိုသည် ဟု ဆိုကြပါစို့။ စတော့တစ်ခု၏ ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၆၀ ဖြစ်သည်။ အဆိုပါ စတော့တွေကို ဝယ်ယူမည်ဆိုလျှင် ဒေါ်လာ ၁၆၀၀၀ လိုအပ်မည် ဖြစ်သည်။
သို့သော် စတော့ရှယ်ယာ CFDs များကိုဝယ်ယူသောအခါ သင် ၏ ကုန်သွယ်မှုအကောင့်တွင် ပမာဏ တစ်ခုလုံးရှိရန် မလိုအပ်ဘဲ မာဂျင် ဟု ခေါ်သည့် ပမာဏ တစ်ရပ်သာလိုအပ်သည်။ LiteFinance Company သည် စတော့ရှယ်ယာများ အပေါ် ၂% မာဂျင် သတ်မှတ်ထားပါသည်။
ထို့ကြောင့် Boeing ကုမ္ပဏီ (#BA) ၏ စတော့ရှယ်ယာ CFD များကို Lots ၁၀၀ ဖြင့် ဝယ်ယူမည် ဆိုလျှင် သင့်အနေဖြင့် ဒေါ်လာ ၁၆၀၀၀ ၏ ၂% သာ လိုအပ်ပြီး အဆိုပါ ပမာဏ သည် ဒေါ်လာ ၃၂၀ နှင့် နည်းပါးသောကော်မရှင် (မပြောပလောက်သော ပမာဏ) သာ ပါဝင်မည် ဖြစ်သည်။ ရက်အတန်ကြာ ပြီးသည့်နောက် ဘိုးရင်း ကုမ္ပဏီ ၏ ရှယ်ယာဈေးနှုန်းသည် တစ်စောင်လျှင် ဒေါ်လာ ၁၇၀ သို့ တက်သွားလျှင် စျေးနှုန်း တိုးလာခြင်း ဖြစ်သည့်အတွက် ဆိုလိုချက်မှာ ရောင်းသူ မှာ ဈေးနှုန်းခြားနားချက်ကို ပေးဆောင်ရမည် ဖြစ်ပြီး တွက်ချက်ကြည့်မည်ဆိုလျှင် ၁၇၀-၁၆၀ = ဒေါ်လာ ၁၀ နှင့် ညီမျှမယ့် ကွာခြားချက်ကို ပေးရမည် ဖြစ်ပါသည်။ ထိုအခါ စာချုပ်တစ်ခုကို ၁၀ ဖြင့် မြှောက်ခြင်းအားဖြင့် စာချုပ် အခု ၁၀၀ စာ အတွက် ဒေါ်လာ ၁၀၀၀ ရရှိမည် ဖြစ်ပါသည်။
ဒါပါဘဲ ။ CFD ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အား သင် ရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်မည် ဟု မျှော်လင့်ပါသည်။
စတော့များကို CFD ဖြင့် မဟုတ်ဘဲ ၎င်းတို့အား ဝယ်ယူခြင်းဖြင့် ဘာ ရနိုင်သလဲ ဆိုတာ လေ့လာကြပါစို့ ။
စတော့ ၁၀၀ ကို ဒေါ်လာ ၁၆၀၀၀ ဖြင့်ဝယ်ယူပြီးနောက် စျေးနှုန်းသည် ၁၇၀ သို့ တက်လျှင် ကျွန်ုပ်တို့၏ စတော့တန်ဖိုးသည် ၁၇၀၀၀ အထိ တန်ဖိုးတက်လာသည်။ တွက်ချက်ကြည့်မည် ဆိုလျှင် ၁၇၀၀၀ - ၁၆၀၀၀ = ၁၀၀၀ ရရှိမည် ဖြစ်သည် ။ ထို့ကြောင့် တူညီသော အမြတ် ပမာဏ ဒေါ်လာ ၁၀၀၀ ကို ရရှိမည် ဖြစ်သည်။ သို့သော် အဆိုပါ စတော့ရှယ်ယာများအား ဝယ်ယူရန်အတွက် ကျွန်ုပ် တို့၏ အကောင့်ထဲတွင် ဒေါ်လာ ၁၆၀၀၀ ရှိရန် လိုအပ်ပါသည်။
CFD ဖြင့် ကုန်သွယ်ရာတွင်မူ ကျွန်ုပ်တို့သည် ဒေါ်လာ ၃၂၀ ကိုသာ လိုအပ်မည် ဖြစ်သည်။ ကုန်သွယ်သည့် အခါ ကွာခြားချက်များ မရှိဘူး ဆိုလျှင် ဘာကြောင့် ပိုပေးနေတော့မှာလဲ ? အထက်ပါ အချက်သည်ပင် Underlying Asset အပေါ် CFD ဖြင့် ကုန်သွယ်ခြင်း ၏ ကြီးမားသော အကျိုးကျေးဇူးဖြစ်ပါသည်။
အနှစ်ချုပ်ရလျှင် ကျွန်ုပ်တို့သည် CFD စာချုပ်များဖြင့် ယခင်က ပြုလုပ်၍ မရနိုင်သော ကုန်သွယ်မှုများ/အရောင်းအဝယ်များကို ပြုလုပ်နိုင်သည်မှာ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည် ဖြစ်သည်။ ကြီးမားသောအမြတ်အစွန်းများရရှိနိုင်ရန်အတွက် ကျွန်ုပ်တို့၏ကုန်သွယ်မှုအကောင့် တွင် ပမာဏ အများအပြား ရှိနေရန် မလိုအပ်တော့ပါ ။
အထက်ပါဥပမာတွင် ကျွန်ုပ်တို့သည် ဒေါ်လာ ၃၂၀ သာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမြတ်ငွေ ဒေါ်လာ ၁၀၀၀ အထိ ရရှိနိုင်မည် ဖြစ်သည်။ အဆိုပါ ပမာဏ သည် ရင်းနှီးမြှပ်နှံမှု ၏ ပြန်ရငွေ ရာခိုင်နှုန်း အားဖြင့် ၃၀၀% ထက်ပင် ကျော်လွန်နေပြီး အဆိုပါ Asset အား ရင်းနှီးမြှပ်နှံမှု ပြုလုပ်လျှင်ပင် ရရန် မဖြစ်နိုင်သည့် ပမာဏ မျိုးလည်း ဖြစ်သည်။
CFD ကုန်သွယ်ခြင်း ဆိုတာ ဘာလဲ ?
CFD ဈေးကွက် ၏ ရပ်တည်မှုကို နားလည်သဘောပေါက်နိုင်ရန်၊ အဆိုပါ ဈေးကွက်သည် အဘယ်ကြောင့် ကမ္ဘာပေါ်တွင် လူသိများ ထင်ရှားသနည်း ဆိုသည်နှင့် မည်သို့မည်ပုံ ကုန်သွယ်မှုပြုလုပ်ရမည် ဆိုသည်ကို လေ့လာသိရှိနိုင်ရန် အတွက် CFD ကုန်သွယ်မှု ၏ သမိုင်းကြောင်းကို လေ့လာကြည့်ကြရအောင်။
ပထမဆုံး ပေါ်လာသော စာချုပ်သည် လန်ဒန်မြို့ ၌ ဖြစ်ပြီး လွန်ခဲ့သည့် ၁၉၉၀ ပြည့်လွန်နှစ်များ က ဖြစ်သည်။ ထိုကာလတွင် Forex စျေးကွက်သည် အလွန်နုနယ်နေသေးပြီး တိုက်ရိုက် ငွေကြေး လဲလှယ်ကြသည်။ Forex ဈေးကွက် တွင် ငွေကြေးများကို သာ ကုန်သွယ်ကြသည်။
အဓိက ကုန်သွယ်မှုစွမ်းအားများသည် စတော့အိတ်စ်ချိန်းတွင် သာ စုစည်းနေပြီး အဆိုပါ စတော့အိတ်စ်ချိန်း၌ ပိုင်ဆိုင်မှု အစစ်အမှန်များ (စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်များ) နှင့် Derivatives ကဲ့သို့သော ဈေးကွက်များသည် ၎င်းတို့၏ ဖောက်သည်များအတွက် အပြိုင်အဆိုင် ဖြစ်နေခဲ့ကြသည်။
စတော့ဈေးကွက်သည် ထိုအချိန်က အဓိကစျေးကွက်ဖြစ်နေပြီး ကုန်သည်များအတွက် အခြားရွေးချယ်စရာ မရှိသောကြောင့် အစိုးရက ဥပဒေများဖြင့် တင်းကျပ်စွာ ထိန်းချုပ်ခဲ့သည်။ အိတ်စ်ချိန်း ဥပဒေသည် နှစ်စဉ် နီးပါးပြောင်းလဲနေပြီး အဓိကကန့်သတ်ချက်မှာ Leverage အသုံးပြုမှုနှင့် ဆက်စပ်နေခြင်း ဖြုစ်သည်
တကယ်တော့ ယခုအချိန်တွင် ကျွန်ုပ်တို့အားလုံးသည် Leverage အသုံးပြုခြင်းကို နှစ်သက်အသားကျနေပြီ ဖြစ်ပြီး ၁:၁ မှ ၁:၁၀၀၀ အတွင်း နှစ်သက်ရာ ပြောင်းလဲအသုံးပြုနေပြီ ဖြစ်ပါသည်။ ထိုအချိန်က Leverage အသုံးပြုနိုင်မှုမှာ ၁:၅ ပမာဏ သာ ဖြစ်ပြီး အသုံးပြုခွင့်ရသူများမှာလည်း လူနည်းစုသာ ဖြစ်သော သူဌေးကြီးများသာ ဖြစ်သည်။
ဒုတိယအရေးကြီးသော ဥပဒေဆိုင်ရာ အချက်မှာ တံဆိပ်ခေါင်းခွန်ဖြစ်သည်။ ဤအခွန်သည် အိမ်ခြံမြေများ၊ မြေယာများ၊ စတော့များ၊ ငွေချေးစာချုပ်များနှင့် အခြားရင်းနှီးမြှုပ်နှံမှုများ ဝယ်ယူခြင်းအပေါ် များပြားသောကော်မရှင်များကို ကောက်ခံသည်။
အထက်ပါ အကြောင်းပြချက်နှစ်ချက်သည် ငယ်ရွယ်သော စီးပွားရေးသမား များအတွက် ကုန်သွယ်မှု ဆိုင်ရာ ကန့်သတ်ချက်များကို ရှောင်ရှားရန်အတွက် ဖြေရှင်းချက်များ ရှာဖွေရန် အဓိကတွန်းအား ဖြစ်လာခဲ့သည်။
ဒါကြောင့် သက်တမ်းနုသေးသော Derivatives ကုမ္ပဏီတစ်ခု ဖြစ်သည့် Smith New Court က ဖြေရှင်းချက်တခု ကို တွေ့ရှိခဲ့သည်။ “ကျွန်ုပ်တို့ ကုမ္ပဏီအကြောင်း စိတ်မဝင်စားကြဘဲ စတော့ရှယ်ယာ ဈေးနှုန်းများ ပြောင်းလဲခြင်း ကို သာ စိတ်ဝင်စားသည် ဆိုလျှင် ဘာကြောင့် ရှယ်ယာဝယ်ခြင်း ၊ မှတ်ပုံတင်ခြင်း နှင့် ဘာကြောင့် များပြားသော ကော်မရှင်ခ နှင့် အခွန်အခ ပေးရမလဲ ဆိုသည့် အချက်ဖြစ်သည်။’’
ထို့နောက် ကုမ္ပဏီသည် ၎င်း၏ဖောက်သည်များအား စတော့ရှယ်ယာများ ရောင်းဝယ်ရုံ တင် မဟုတ်ဘဲ စတော့၏ စျေးနှုန်းကွာခြားချက်အတွက် CFD ဖြင့် ကုန်သွယ်နိုင်စေရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါစာချုပ် များကို ထုတ်ပေးသူ ကိုယ်တိုင်သည် Broker ကုမ္ပဏီ ဖြစ်သောကြောင့် ၎င်း၏ဖောက်သည် အလိုရှိသည့် Leverage ပမာဏဖြင့် အရောင်းအဝယ် လုပ်ပိုင်ခွင့်ရှိနေသည်။
အစပိုင်းတွင် ကာလတို သဘောတူညီချက်များဖြင့် အရောင်းသမားများသာလျှင် စိတ်ဝင်စားခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံသူများ ပါ CFD စတော့ရှယ်ယာ ကုန်သွယ်ရေး ကို အလေးအနက် စဉ်းစားခဲ့ကြသည်။ ကုန်သွယ်သည့် စတော့ ရှယ်ယာသည် ပိုင်ဆိုင်မှု တစ်စုံတစ်ရာ အမှန်တကယ် မရှိသောကြောင့် များပြားသော အခွန်အခပေးဆောင်ခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။
၁၉၉၀ ခုနှစ် နှောင်းပိုင်းတွင် နည်းပညာကုမ္ပဏီများ ထွန်းကားလာကာ CFD ၏ အခန်းကဏ္ဍမှာလည်း သိသိသာသာ ပြောင်းလဲခဲ့သည်။ Gerard & Intercommodities ကုမ္ပဏီသည် အထူး ပြုလုပ်ထားသည့် GNI Touch ကုန်သွယ်မှုပလပ်ဖောင်းတွင် အင်တာနက်မှတစ်ဆင့် ၎င်းတို့၏ ဖောက်သည်များအတွက် စတော့ရှယ်ယာCFD ကုန်သွယ်မှုကို စတင်ဝန်ဆောင်မှု ပြုလုပ်ခဲ့သည့် ပထမဆုံးကုမ္ပဏီဖြစ်လာခဲ့သည်။ ဤသည်မှာ ခေတ်ပေါ် Forex စျေးကွက်အတွက် ပထမဦးဆုံး ရှေ့ပြေးပုံစံ ဖြစ်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ အွန်လိုင်း CFD စတော့ရှယ်ယာရောင်းဝယ်ရေးသည် ကမ္ဘာတဝှမ်းရှိ အခြားငွေကြေးကုမ္ပဏီများနှင့် Broker ကုမ္ပဏီ များမှ ဝန်ဆောင်မှု ပြုလုပ်လာကြတော့သည်။
တစ်ကယ်တော့ ထိုအချိန်က CFD Broker ကုမ္ပဏီ များသည် သမရိုးကျ ပုဂ္ဂလိက ကုန်သည်တစ်ဦးအတွက် ပိုမို လုပ်ဆောင်ရ အဆင်ပြေလွယ်ကူသော ၎င်းတို့၏ ကိုယ်ပိုင် စျေးကွက်ကို ဖန်တီးခဲ့ပြီး အဆိုပါ ဈေးကွက်တွင် ကုန်သွယ်ရန် အတွက် သင်သည် ပရော်ဖက်ရှင်နယ်ဖြစ်ရန် မလိုအပ်ပါ။
CFD စျေးကွက်တွင် မည်သူမဆို ကုန်သွယ်မှု ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုတစ်စုံတစ်ရာ ပိုင်ဆိုင်ခြင်းမျိုး မရှိဘဲ စျေးနှုန်းကွာခြားချက် အပေါ်တွင် အကျိုးအမြတ် ဝင်ငွေ ပြုလုပ်နိုင်ခြင်း ဖြစ်ပါသည်။ စတော့ရှယ်ယာ ဝယ်ယူရာတွင် လုံခြုံသောဝယ်ယူမှု တစ်ခု ဖြစ်ပေါ်လာရန် ဆောင်ရွက်ရသော လုပ်ဆောင်ချက်များ ဖြစ်သည့် Broker ကုမ္ပဏီ နှင့် အိတ်စ်ချိန်း ထံမှတစ်ဆင့် အခြားသက်ဆိုင်ရာ နေရာများ (Clearing House, Depository) သို့ အဆင့်ဆင့် တင်ပြလုပ်ဆောင် ရသည့် အတည်ပြုချက်များ/အဆင့်များအားလုံးအထိ စောင့်ဆိုင်းနေရန် မလိုအပ်သောကြောင့် အချိန်ကုန်သက်သာစေသည်။
CFD သည် Derivative ဆိုင်ရာ ဘဏ္ဍာရေး အမျိုးအစား ဖြစ်ပြီး ဆိုလိုချက်မှာ CFD သည် Underlying Asset တစ်ချို့ အပေါ် အမြဲ အခြေပြုထားသည်။
ကနဦးပေါ်ပေါက်ခဲ့သော CFD များသည် စတော့ရှယ်ယာများအပေါ်အခြေခံပြီး ယနေ့ အချိန်အခါ တွင် ရောင်းချနိုင်သည့် အရာအားလုံးနီးပါးအတွက် CFD စာချုပ်များ ပေါ်ပေါက်လာပြီ ဖြစ်သည်။
မကြာသေးမီက အမေရိကန်တွင် CFD သဘောတူညီချက်ကို ပြင်ပ အဖွဲ့အစည်းများအတွက် မှတ်ပုံတင်မှုများ ပြုလုပ်ခဲ့သည်။ လူပုဂ္ဂိုလ် ၂ ဦးမှ ဤကဲ့သို့ ကွဲပြားခြားနားသော နည်းလမ်း အသုံးပြု၍ ၎င်းတို့၏ ဈေးနှုန်းများအပေါ် ထင်မြင်ယူဆချက်များအတွက် စာရင်းသွင်းခဲ့သည့် စာချုပ်ပါ အချက်အလက်များအရ ဈေးနှုန်းကွာခြားချက် များ အပေါ်မူတည်ပြီး တစ်ဖက် မှ တစ်ဖက်သို့ သတ်မှတ်ထားသည့် ပမာဏအတိုင်း ပေးချေရမည် ဖြစ်သည်။
CFD ကုန်သွယ်မှုတွင် အားသာချက်များစွာရှိသည်။ ၎င်းတို့တွင် လက်တွေ့ကျကျ အကန့်အသတ်မရှိ အသုံးပြုနိုင်သော Leverage၊ လက်ငင်း ငွေပေးငွေယူမှုများနှင့် နည်းပါးသော မာဂျင် လိုအပ်ချက် များပါဝင်သည်။ နောက်ဆုံးအချက် အနေဖြင့် သင်သည် အဝယ်တစ်မျိုးတည်းသာ ခွင့်ပြုထားသည့် Non-Margin စတော့များကိုပင် CFDs ကုန်သွယ်မှု၌ အရောင်း လည်း ပြုလုပ်နိုင်မည် ဖြစ်သည်။
CFD ၏ အလုပ်လုပ်ပုံအား ဥပမာ များ ဖြင့် လေ့လာခြင်း
CFDs များအား ဘယ်လို အရောင်းအဝယ်ပြုလုပ်ရမလဲ ဆိုတာ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်တဲ့ လက်တွေ့ဥပမာများ ဖြင့် လေ့လာကြည့်ရအောင်။
ဥပမာအားဖြင့် ကျွန်ုပ်တို့သည် တက်စလာ စတော့ရှယ်ယာ CFD (#TSLA) ကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်တော့်အမြင်အရ ယခုအချိန်သည် ဤကုမ္ပဏီ၏ စတော့ရှယ်ယာများအတွက် စာချုပ်များဝယ်ယူရန် အလွန်ပင် အဆင်ပြေသော အခိုက်အတန့်ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် မကြာသေးမီက သိသာထင်ရှားသော ကျဆင်းမှုများ ရှိခဲ့ပြီး ယခုအချိန်ဝယ်ယူခြင်းသည် အခွင့်အရေးကောင်း တစ်ရပ် ဖြစ်လာနိုင်ကြောင်း ကို အောက်တွင် ဆက်လက်ဆွေးနွေးတင်ပြမည့် အဓိကနည်းဗျူဟာများထဲမှ အချက်တစ်ချက်အရ ဖြစ်သည်။
တစ်စုံတစ်ခုကို အရောင်းအဝယ် မပြုလုပ်ခင် သင့်အနေဖြင့် အားသာချက်၊ အားနည်းချက်တွေကို ချိန်ဆထားရန် လိုအပ်ပါသည်။ အားသာချက်တွင် ပါဝင်သည်မှာ မျှော်မှန်ထားသော အကျိုးအမြတ်နှင့် အားနည်းချက်တွင် ပါဝင်သည်မှာ ဖြစ်နိုင်ချေရှိသော ဆုံးရှုံးနိုင်မှုအန္တရာယ်များ၊ ကော်မရှင် ခ များနှင့် Spread များ ဖြစ်သည်။
အကျိုးအမြတ် ပြုလုပ်နိုင်ခြင်းသည် ပြောပြရန် မလိုအောင် ရှင်းလင်း နေသည့်အတွက် ဆုံးရှုံးနိုင်မှု အန္တရာယ်များအကြောင်း အသေးစိတ် ဆွေးနွေးကြည့်ရအောင်။ အထက်ပါ အချက်အလက်များကို တွက်ချက်ရန် အမြန်ဆုံးနည်းလမ်းမှာ ကုန်သွယ်သူဂဏန်းတွက်စက် ကို အသုံးပြုခြင်း ဖြစ်ပါသည်။ ၎င်းကို ဤနေရာတွင် အသုံးပြုနိုင်ပါသည်။
- ၁။ ပထမအဆင့်မှာ သင်၏ ကုန်သွယ်မှုအကောင့်ဆိုင်ရာ အချက်အလက်များကို ထည့်သွင်းရန်ဖြစ်သည်- အကောင့်အမျိုးအစား၊ အကောင့်ငွေကြေးနှင့် အကောင့် Leverage ။ ကျွန်ုပ်သည် ကျွန်ုပ်၏ ကုန်သွယ်မှုအကောင့် ဆိုင်ရာ အချက်အလက်များကို ထည့်သွင်းထားပါသည်။
- ၂။ ပထမ အဆင့်ပြီးလျှင် နောက်တဆင့်အနေဖြင့် မိမိပြုလုပ်မည့် အရောင်းအဝယ် အတွက် လိုအပ်သည့် အချက်အလက်များ ထည့်သွင်းရန် ဖြစ်သည်။ ကုန်သွယ်မှု ပြုလုပ်မည့် အမျိုးအစားကိုရွေးချယ်ပါ၊ အောက်ပါ ဥပမာ တွင် NASDAQ Contracts for Differences ကို ရွေးချယ်ထားသည်။
- ၃။ ထို့နောက် ဒုတိယ အဆင့်မှ ရွေးချယ်ခဲ့သည့် အမျိုးအစား အောက်မှ အမျိုးအစားငယ် ထပ်မံ ရွေးချယ်ပါ။ အောက်ပါ ဥပမာတွင် ကျွန်ုပ်တို့ ဆုံးဖြတ်ထားပြီးဖြစ်သည့်အတိုင်း တက်စလာ စတော့ ကို ရွေးချယ်ထားပြီး ၎င်း ၏ အမှတ်အသားမှာ #TSLA ဖြစ်သည်။
- ၄။ ထို့နောက် ခန့်မှန်းထားသော ကုန်သွယ်မှုပမာဏ (သို့မဟုတ်) ကျွန်ုပ်တို့ဝယ်လိုသော CFDs ပမာဏကို ထည့်သွင်းပါ။ ဤနေရာတွင် သင့်အနေဖြင့် ကုန်သွယ်မှု ပမာဏ 1 Lot ၌ CFDS စာချုပ် မည်မျှရှိသည်ကို သိထားရမည် ဖြစ်သည်။ စတော့ရှယ်ယာများ၏ CFD များတွင် 1 Lot = 1 CFD ဖြစ်သည်။ ကျွန်ုပ် အနေဖြင့် 100 Lots ဝယ်ရန် ဆုံးဖြတ်ခဲ့သည်။
- ၅။ ကုန်သွယ်မှု ပြုလုပ်မည့် အမျိုးအစား ကို သတ်မှတ်ပါ ။ ကျွန်ုပ် တို့ ဥပမာ အတွက် အဝယ် ကို ရ္ဂေးချယ်ထားသည်။
- ၆။ ထို့နောက် ဝယ်ယူလိုသည့် ဈေးကို သတ်မှတ်ပါ ။ ကျွန်ုပ် တို့ ဥပမာ အတွက် လက်ရှိ ဈေးကွက်ပေါက်ဈေးနဲ့ ဝယ်ယူမည် ရည်ရွယ်ထားသောကြောင့် ဈေးမှာ အလိုအလျောက် ဖြည့်ပြီးသား ဖြစ်သည်။
- ၇။ ထို့နောက် ကျွန်ုပ်တို့မျှော်လင့်ထားသောစျေးနှုန်းကိုသတ်မှတ်ထားရမည် ဖြစ်သည်။ စတော့တစ်ခုလျှင် တိုးမြင့်လာနိုင်ချေ ဒေါ်လာ ၄၆၀ အထိ ရှိမည်ဟု မျှော်လင့်သည်။
- ၈။ အချက်အလက်များ ထည့်သွင်းပြီးသည့်နောက် "တွက်ချက်ရန်" ကိုနှိပ်ပါ၊ အောက်တွင်ကျွန်ုပ်တို့ ပြုလုပ်မည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအားလုံး ပေါ်လာမည် ဖြစ်ပါသည်။
- ၉။ ပထမဦးစွာ ဈေးနှုန်း၏ တစ်ပွိုင့်ပြောင်းလဲမှု ပမာဏ ကို သေချာ လေ့လာပါ။ ကျွန်ုပ်တို့၏ ဥပမာအတွက် ဈေးနှုန်း၏ တစ်ပွိုင့်ပြောင်းလဲမှု ပမာဏမှာ ၁ ဒေါ်လာ ဖြစ်ပါသည်။
- ၁၀။ နောက်တစ်ချက်မှာ တွက်ချက်မှုအဖြေတွင် မာဂျင် ပမာဏကိုတွေ့မြင်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ မာဂျင် ပမာဏမှာ စာချုပ် ၁၀၀ ကိုဝယ်ရန် ကျွန်ုပ်တို့၏အကောင့်တွင် လိုအပ်မည့် ငွေပမာဏဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် စတော့ရှယ်ယာ တန်ဖိုးတစ်ခုလုံးကို ပေးရန် မလိုအပ်ဘဲ အောက်ဖော်ပြပါအတိုင်း စုစုပေါင်းပမာဏ၏ အစိတ်အပိုင်း အဖြစ် ၃ % သာ လိုအပ်မည် ဖြစ်ပါသည်။
- ၁၁။ နောက်တစ်ချက်မှာ ကျွန်ုပ်တို့ ၏ အရောင်းအဝယ် ပမာဏအတွက် ကုန်သွယ်မှုတစ်ခု ဖွင့်လှစ်သည့် အခါ ပေးရမည့် Spread ဖြစ်သည်။ သင်သိရှိထားသည့်အတိုင်း Spread ဆိုသည်မှာ ဝယ်ဈေးနှင့် ရောင်းဈေးကြား ကွာခြားချက်ဖြစ်ပြီး ၎င်းမှာ အောက်ပါအတိုင်းဖြစ်သည် ။
- ၁၂။ နောက်တချက်မှာ ဖွင့်လှစ်သော အရောင်းအဝယ်အတွက် နောက်ရက်များ ကူးလျှင် ပေးဆောင်ရမည့် ညသိပ်ခ Swap ဖြစ်ပါသည် ။
- ၁၃။ နောက်ဆုံးအနေဖြင့် ကျွန်ုပ် တို့ ထည့်သွင်းထားသည့် အချက်အလက်များအတိုင်း ဂဏန်းတွက်စက်မှ ခန့်မှန်း အကျိုးအမြတ် ပမာဏ များ အပါအဝင် အခြား အချက်အလက်များ တွက်ထုတ်ပေးမည် ဖြစ်ပါသည်။
အရောင်းအဝယ် ပြုလုပ်ရာတွင် ကျသင့်မည့် ကော်မရှင် ခ ဟုခေါ်သော အခကြေးငွေ အမျိုးအစား တစ်မျိုး ရှိသေးသည်။
CFD စျေးကွက်ရှိ Broker ကုမ္ပဏီ များတွင် ကုန်သွယ်မှုအကောင့်အမျိုးအစား ၂ မျိုး ရှိပါသည်။ ၎င်းတို့မှာ Classic အမျိုးအစား နှင့် ECN အမျိုးအစား ဖြစ်ပါသည်။ ဒီမိုအကောင့် ဟု ခေါ်ဆိုသည့် ငွေကြေးအတု ဖြင့် ကုန်သွယ်နိုင်သော သရုပ်ပြ အကောင့်အမျိုးအစား လည်း ရှိပါသေးသည်။ သို့သော် Classic/ECN အကောင့်အမျိုးအစား များနှင့် ကွဲပြားခြားနားသည်။ အတိုချုပ်အားဖြင့် အထက်ပါ အကောင့်အမျိုးအစားများ အကြား အဓိက ကွာခြားချက်မှာ အကောင့် အမျိုးအစားနှင့် အကောင့်ဆိုင်ရာ ကျသင့်နိုင်သော အခကြေးငွေများ ဖြစ်သည့် Spreads ၊ Swaps နှင့် ကော်မရှင် ခ တို့ ဖြစ်သည်။
Classic အကောင့်အမျိုးအစား ရှိ Spread သည် ECN အကောင့်အမျိုးအစား ထက် ပိုမို မြင့်မားပြီး အစိတ်အပိုင်းနှစ်ရပ် ပါဝင်သည် ။ ၎င်းတို့မှာ ငွေကြေးလဲလှယ်နှုန်း Spread (Exchange Spread) နှင့် Broker ၏ Spread (Brokerage Spread) တို့ ဖြစ်သည်။
စျေးကွက်သည် လွတ်လပ်စွာ ကုန်သွယ်နိုင်သော နေရာ ဖြစ်သည့် အလျောက် ဈေးကွက်တွင် ပါဝင်သောသူတိုင်းသည် အကျိုးအမြတ် များ ပြုလုပ်လိုကြသည် ။ ထိုအထဲတွင် Broker နှင့် ငွေလဲလှယ်ရေး အဖွဲ့အစည်း များလည်း အပါအဝင် ဖြစ်သည်။ ECN အကောင့် အမျိုးအစား သည် Broker ၏ ဈေးနှုန်းကွာဟချက် မပါဝင်သော ဈေးကွက် ၏ Raw Spread ကို သာ အသုံးပြုသည့် အတွက် အချိန်တိုတို ဖြင့် ကုန်သွယ်သော ကုန်သည်များမှ ပိုမို နှစ်သက်မှု ရှိကြသည်။
သို့သော် အဆိုပါ အချက်သည် Broker များအတွက် အကျိုးမဖြစ်သောကြောင့် ၎င်းတို့သည် ပုံသေ ပမာဏ တစ်ရပ် ဖြင့် အဆိုပါ ECN အကောင့်များပေါ်တွင် ကော်မရှင် ခ ကောက်ခံကြသည်။ ကော်မရှင် ခ ကောက်ခံသည့် ပုံစံမှာ ကုန်သွယ်ရေး အမျိုးအစား များပေါ် မူတည်၍ ကွဲပြား ခြားနားသည်။ ဥပမာအားဖြင့် စတော့ရှယ်ယာ CFD များအတွက် ဆိုလျှင် ကော်မရှင် ခ မှာ ကုန်သွယ်မှု ပမာဏ 1 Lot အတွက် ၀.၂၅ ဒေါ်လာ (၂၅ ဆင့်) ဖြစ်ပါသည်။
အောက် တွင် လေ့လာနိုင်ပါသည်။
အထက်ဖော်ပြပါ ပုံအရ ကုန်သွယ်မှု ပြုလုပ်ထားသည့် မတူညီသော စတော့CFD အမျိုးအစား ၂ မျိုးမှာ Google စတော့ (#GOOG) နှင့် General Electric စတော့ (#GE) တို့ ဖြစ်သည်။
အထက်ပါ ကုမ္ပဏီများ၏ စတော့စျေးနှုန်းများ ကွာခြားမှု ရှိနေသည် ကိုလည်း ပုံတွင် တွေ့မြင်နိုင်မည် ဖြစ်သည်။ သို့သော် သတိပြုရန်မှာ အထက်ပါ စတော့ CFD အမျိုးအစား ၂ မျိုး လုံး ၏ အရောင်းအဝယ် အတွက် ကော်မရှင် နှုန်းထား မှာ ၂၅ ဆင့် သာ ဖြစ်သည် ။ သို့ရာတွင် Google စတော့အတွက် ကော်မရှင် နှုန်းထားသည် စတော့စျေးနှုန်း၏ ၀.၀၁၇ % သာရှိသည့် အတွက် အလွန်နည်းပါးမှု ရှိပြီး General Electric အတွက် ကော်မရှင် နှုန်းထားသည် စတော့စျေးနှုန်း၏ ၄.၀၉ % အထိ ရှိနေသည် ။
ထို့ကြောင့် အထက်ပါ အခြေအနေမျိုးတွင် ပိုမို တန်ဖိုးများသော စတော့ အမျိုးအစားကို ရောင်းဝယ်ခြင်းသည် ပို၍ အကျိုးရှိနိုင်မည် ကို မြင်တွေ့ရမည် ဖြစ်သည် ။ အထက်ပါ အခြေအနေများအရ ECN အကောင့် အမျိုးအစား သည် CFDs များအတွက် အဓိကဖန်တီးထားကြောင်း မှတ်သားထားသင့်သည်။
CFD ကုန်သွယ်ခြင်း ဖြင့် အရောင်းအ၀ယ် စတင် မပြုလုပ်မှီ CFD ဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်း မှ အကျိုးအမြတ်အား မည်သို့ မည်ပုံ တွက်ချက်သတ်မှတ် သည် ကို ပြန်လည် ဆွေးနွေးကြပါစို့ ။
CFD ကုန်သွယ်မှုတွင် ကျွန်ုပ်တို့သည် အရောင်းအဝယ် ၏ အဖွင့်စျေးနှုန်းနှင့် အပိတ်စျေးနှုန်းအကြား ကွာခြားချက်မှ အကျိုးအမြတ် ရရှိမည် ဖြစ်ပါသည်။
ပထမဦးစွာ သင် သည် CFD ကိုဝယ်ယူသောအခါ မည်သို့မည်ပုံ ဆက်လက်ဖြစ်ပေါ်မည် ကို လေ့လာကြပါစို့ ။
အထက်ဖော်ပြပါ ပုံတွင် NASDAQ CFD ကို ဝယ်ယူထားသည့် ကုန်သွယ်မှုတစ်ခု ကို လေ့လာကြည့်နိုင်မည် ဖြစ်သည်။
Underlying Asset ၏ စျေးနှုန်း နှင့် CFD စျေးနှုန်းသည် တူညီမှု ရှိသောကြောင့် အရှုံး နှင့် အမြတ် အား ပုံမှန်နည်းဖြင့် တွက်ချက်နိုင်မည်ဖြစ်သည်။ ဝယ်ဈေး အထက် ရောက်ရှိသော မည်သည့် ဈေးနှုန်းမဆို အမြတ် ဖြစ်ပေါ်မည် ဖြစ်ပြီး ဝယ်ဈေးအောက် ရောက်ရှိသော မည်သည့် ဈေးနှုန်း မဆို အရှုံး ဖြစ်ပေါ်မည် ဖြစ်သည်။ မည်သည့် အချိန်တွင် မဆို CFD အရောင်းအဝယ် အား ပိတ်နိုင်သည်။
အရောင်း အနေအထား ပြုလုပ်မည် ဆိုလျှင်လည်း တူညီသော သဘောတရားအတိုင်း ဖြစ်ပြီး အရောင်းပြုလုပ်သည့် ဈေးတန်း အောက် ရောက်ရှိသော မည်သည့် ဈေးနှုန်း မဆို အမြတ် ဖြစ်ပေါ်မည် ဖြစ်သည်။
CFD ကုန်သွယ်မှု ၏ အခြားအရေးကြီးသော သတိပြုဖွယ်ရာမှာ ကုန်သွယ်သည့် ကြာမြင့်ချိန် ဖြစ်ပြီး CFD ကုန်သွယ်မှု နှင့် ဆက်စပ်လျက် ရှိသော အခြား Derivatives ဈေးကွက်များ ဖြစ်သည့် Futures နှင့် Options ဈေးကွက်များ နှင့် နှိုင်းယှဉ်ပြသပါမည် ။
Derivatives ဖြင့် ကုန်သွယ်မှု ပြုလုပ်၍ အကျိုးအမြတ် ပြုလုပ်ရာတွင် အရေးပါ အရာရောက်သော သတ်မှတ်ချက်မှာ အရောင်းအဝယ် ပြုလုပ်သည့် ကြာမြင့်ချိန် ပင် ဖြစ်ပါသည်။
အထက်ပါ ပုံတွင် CFD အား Futures Contract နှင့် Options တို့ဖြင့် တစ်နှစ်ကာလ ကြာမြင့်ချိန် အတွင်း နှိုင်းယှဉ် ပြထားသည်။
ပုံတွင် တွေ့မြင်ရသည့်အတိုင်း သင်သည် Futures နှင့် Options တို့ ၏ တန်ဖိုး ဆုံးရှုံးနိုင်မှု မရှိစေရန် အတွက် ၃လ တစ်ကြိမ် အထက်ပါ ကုန်သွယ်မှု အမျိုးအစား ၂ မျိုးလုံး ကို စာရင်းချုပ်ရန် လိုအပ်မည်ဖြစ်သည်။ Futures အား ဝယ်ယူ၍ တစ်နှစ်တာ ကာလ အထိ ထားရှိနိုင်သော်လည်း ဝယ်ယူရမည့် ဈေးနှုန်းသည် လက်ရှိ ဈေးကွက်ပေါက်ဈေးထက် အလွန်မြင့်မားနေမည် ဖြစ်ပါသည်။
Option ကုန်သွယ်မှုသည်လည်း အထက်ပါ သဘောတရား အတိုင်းသာ ဖြစ်သည်။ သို့သော် CFD ကုန်သွယ်မှု တွင် ပါဝင်သော ပိုင်ဆိုင်မှု အမျိုးအစား များ အတွက် အချိန်ကာလ သတ်မှတ်ချက် မရှိသောကြောင့် ကုန်သွယ်မှု ကို သင်နှစ်သက်သည့် အချိန်ကာလ အထိ ပြုလုပ်ထားနိုင်မည် ဖြစ်ပါသည်။
အောက်ပါ ကုန်သွယ်မှု အား လေ့လာကြည့် ရအောင် ။
ရှင်းရှင်း လင်းလင်း မြင်သာနိုင်စေရန် တစ်ချိန်တည်း၌ ကုန်သွယ်မှု တစ်ခုအား ECN အကောင့် အမျိုးအစား ဖြင့် လည်းကောင်း ၊ Classic အကောင့် အမျိုးအစား ဖြင့် လည်းကောင်း ပြုလုပ်ပြထားပြီး အဆိုပါ အကောင့်အမျိုးအစား များ ကြား ရှိ ကုန်သွယ်မှု ဆိုင်ရာ ကွာခြားချက်များကို နားလည် သဘောပေါက်နိုင်ရန် အတွက် ဖြစ်ပါသည်။
- ၁။ ပထမဆုံး အချက်လဲ ဖြစ်၊ အရေးအကြီးဆုံးလည်း ဖြစ်သော ခြားနားချက်မှာ Spread (သို့မဟုတ်) ရောင်းဈေး နှင့် ဝယ်ဈေးကြား ကွာခြားချက် ဖြစ်သည်။ ECN အကောင့် အမျိုးအစား သည် Broker ၏ ဈေးနှုန်းကွာဟချက် မပါဝင်သော ဈေးကွက် ၏ ကြမ်းခင်း Spread ကို သာ အသုံးပြုထားပြီး အထက်ပါ ပုံတွင်လည်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည် ဖြစ်သည်။ ECN အကောင့်အမျိုးအစား ရှိ Spread သည် ၇၅ ပွိုင့် ရှိပြီး Classic အကောင့် အမျိုးအစားတွင် ၉၄ ပွိုင့် ရှိသည် ကို တွေ့မြင်နိုင်ပါသည် ။
- ၂။ ဒုတိယခြားနားချက်မှာ အထက်ပါ အကောင့်အမျိုးအစား ၂ မျိုး အတွက် ထည့်သွင်းသတ်မှတ်ထားသည့် Leverage ပမာဏ ကွာခြားချက် ဖြစ်ပြီး အသေးစိတ်အား နောက်ပိုင်းတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ပါသည်။ ECN အကောင့်အတွက် သုံးစွဲနိုင်သော Leverage သည် ၁:၅၀ ဖြစ်ပြီး Classic အကောင့်အတွက် သုံးစွဲနိုင်သော Leverage သည် ၁:၃၃ ဖြစ်သည်။
- ၃။ တတိယ ခြားနားချက်မှာ မာဂျင် ရာခိုင်နှုန်းဖြစ်ပြီး CFD အရောင်းအ၀ယ်အတွက် လိုအပ်သော မာဂျင် ပမာဏ အပေါ် အခြေခံ၍ သတ်မှတ်ထားခြင်း ဖြစ်သည်။ ECN အကောင့်များ တွင် ကုန်သွယ်မည့် Underlying Asset ၏ တန်ဖိုး တစ်ခုလုံးအတွက် လိုအပ်သည့် မာဂျင် ရာခိုင်နှုန်းသည် ၂% ဖြစ်ပြီး Classic အကောင့်များတွင် ၃% ဖြစ်သည့် အတွက် ပိုမို များပြားသော ငွေပမာဏ လိုအပ်မည် ဖြစ်ပါသည်။
အောက်ပါ အတိုင်း ပြုလုပ်မည့် ကုန်သွယ်မှု တွင် ထပ်မံ လေ့လာကြည့်ရအောင်။ မတူညီသော အကောင့်အမျိုးအစား ၂ မျိုး လုံးတွင် ကုန်သွယ်မှု အား ပြုလုပ်ပြမည် ဖြစ်ပါသည်။
- ၁။ ပထမဦးစွာ အရောင်းအဝယ် အမျိုးအစား ရွေးချယ်ပေးရမည် ဖြစ်သည်။ ကျွန်ုပ် တို့ ဥပမာ၌ အဝယ် ပြုလုပ်ရန် ရွေးချယ်ထားပြီး ဖြစ်ပါသည်။
- ၂။ နောက်တစ်ဆင့်အနေဖြင့် ကုန်သွယ်မည့် ပမာဏ ကို Lots ဖြင့် သတ်မှတ်ရမည် ဖြစ်ပါသည်။ 1 Lot သည် ရှယ်ယာ ၁ စောင် နှင့် ညီမျှပြီး ဥပမာတွင် 100 Lots ဝယ်ယူမည် ဖြစ်၍ Buy ကို နှိပ်ပေးရပါမည်။
- ၃။ ကုန်သွယ်မှု အား ဖွင့်ပြီးသည့် နောက် အကောင့် အမျိုးအစား ၂ ခု ကြား ကွာခြားချက်များကို နှိုင်းယှဉ် ပြမည် ဖြစ်ပါသည်။ နှိုင်းယှဉ်နိုင်ရန် အတွက် ကုန်သွယ်မှု ပြုလုပ်ထားသည့် နေရာမှ Status Bar ကို နှိပ်ပေးရမည် ဖြစ်သည်။ ပထမ ဆုံး ကွာခြားနေသည်မှာ မာဂျင် ဖြစ်သည်။ အထက်တွင် တင်ပြခဲ့သည့် အတိုင်း အကောင့်အမျိုးအစား ၁ မျိုးချင်းစီ အတွက် မာဂျင်ရာခိုင်နှုန်းမှာ ကွာခြားနေမည် ဖြစ်ပြီး ကွာခြားချက် ၏ ၁ % ပမာဏ မှာ မာဂျင် ပမာဏ ဒေါ်လာ ၄၀၀ အထက် ဖြစ်သည်။ ECN အကောင့် အမျိုးအစားတွင် ပမာဏ နည်းနေမည် ဖြစ်၍ ဒေါ်လာ ၈၄၅.၁၈ ဖြစ်ပြီး Classic အကောင့် အမျိုးအစားတွင် မာဂျင် ပမာဏ မှာ ဒေါ်လာ ၁၂၇၁.၁၉ ဖြစ်သည်။
- ၄။ ကုန်သွယ်မှု ၏ အသေးစိတ် အချက်အလက်များ ကို ကြည့်ရှုလိုလျှင် “Close” ၏ ညာဘက်ဘေးမှ အစက် ၃ စက် ကို နှိပ်ပေးရမည် ဖြစ်သည်။ “Close” ခလုတ်အား မှား၍ မနှိပ်မိရန် သတိပြုပါ ။
- ၅။ အခြား အရေးကြီးသော ကွာခြားချက် တစ်ခု မှာ ကော်မရှင် နှုန်းထား ဖြစ်သည်။ အထက်တွင် တင်ပြခဲ့သည့် အတိုင်း စတော့ အတွက် 1 Lot ကော်မရှင်နှုန်းထားမှာ ၀.၂၅ ဒေါ်လာ (၂၅ ဆင့်) ဖြစ်သည်။ ကျွန်ုပ် တို့ ဥပမာ တွင် ရှယ်ယာ ၁၀၀ ( စာချုပ် ၁၀၀) ဝယ်ယူထားသည် ဖြစ်၍ ကော်မရှင် နှုန်းထားမှာ ၀.၂၅ ၏ အဆ ၁၀၀ ကျသင့်မည် ဖြစ်၍ ၂၅ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။ Classic အကောင့်အမျိုးအစားတွင် ကော်မရှင် ခ မပါဝင်၍ ၂၅ ဒေါ်လာ သက်သာမည် ဖြစ်သော်လည်း ထင်သလောက် ရိုးရှင်းမှု မရှိပါ ။ အထက်တွင် တင်ပြခဲ့သည် ကို မှတ်မိဦးမည် ဆိုလျှင် Classic အကောင့် အမျိုးအစား ၌ များပြားသော Spread ပါဝင်ပြီး အဆိုပါ ပမာဏ သည် ယေဘုယျ အားဖြင့် ကော်မရှင်ပမာဏ အား ချေပေးသည့် သဘောမျိုး ဖြစ်သည်။
- ၆။ ရလာဒ် အနေဖြင့် ကျွန်ုပ် တို့ ၏ လက်ရှိ ဖြစ်ပေါ်သော အကျိုးအမြတ် အား ဈေးနှုန်း ကွာခြားချက်များနှင့် ကော်မရှင် နှုန်းထားပါဝင်သော ပမာဏ ထဲ သို့ ပေါင်းထည့်ထားမည် ဖြစ်သည်။ အကျိုးအမြတ် တွက်ချက်သည့် ပုံသေနည်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုသော် တက်စလာ စတော့ CFD ၁၀၀ ကို ဝယ်ယူထားခြင်း ၏ အရှုံး/အမြတ် ပမာဏ သည် တက်စလာဈေးနှုန်းပြောင်းလဲမှု တစ်ပွိုင့်အတွက် ၁ ဒေါ်လာ တန်ဖိုး ရှိမည် ဖြစ်သည်။ အကယ်၍ ဈေးတန်း ၄၀၀ ၌ ဝယ်ယူပြီး ၄၁၀ တွင် ပိတ်သိမ်းခဲ့လျှင် အကျိုးအမြတ် အနေဖြင့် ၁၀၀ x ၁ x (၄၁၀ - ၄၀၀) = ၁၀၀၀ ဒေါ်လာ ရရှိမည် ဖြစ်သည်။
အချိန်တစ်ခု ကြာပြီးနောက် ကုန်သွယ်မှု အား ပိတ်လိုက်ပြီးသည့်အခါ ရရှိလာသော အမြတ်ငွေသည် အကောင့် ၂ မျိုးလုံး ၌ အကြမ်းအားဖြင့် တူညီသည် ကို တွေ့ရမည် ဖြစ်သည်။
အထက်တွင် တင်ပြခဲ့သလို Classic အကောင့်၏ မြင့်မားသော Spread နှုန်းထားသည် ECN အကောင့် တွင် ဆိုလျှင် ကော်မရှင် နှုန်းထားကဲ့သို့ ဖြစ်ပြီး အဆိုပါ အကောင့်အမျိုးအစား ၂ ခု ကြား ကွာခြားချက် မှာ မာဂျင်ပမာဏ သာလျှင် ဖြစ်သည် ။ ECN အကောင့် ၏ မာဂျင်မှာ ပိုမို နည်းပါးမည် ဖြစ်ပါသည်။
CFD ဈေးကွက်များ
အထက်တွင် အကြိမ်ကြိမ် တင်ပြဆွေးနွေးခဲ့သည့် အတိုင်း CFD ၏ နယ်ပယ်မှာ အလွန်ပင် ကျယ်ပြန့်လှသည်။
လက်ရှိ ကုန်သွယ်ရေး ဈေးကွက်တွင် အဓိက အားဖြင့် အမျိုးအစား (၄) မျိုးတွေ့ရမည် ဖြစ်သည်။ (စတော့ဈေးကွက်၊ ကုန်စည်ဈေးကွက်၊ ငွေကြေးဈေးကွက် နှင့် ခရစ်တိုငွေကြေး ဈေးကွက် တို့ ဖြစ်သည်။) CFDs သည် အဆိုပါ ဈေးကွက်အားလုံး နီးပါးအတွက် ရှိထားပြီးဖြစ်သည် ။
ထင်ရှားကျော်ကြားသောကုမ္ပဏီများ ၏ စတော့ရှယ်ယာ CFD များ သည် လူကြိုက်အများဆုံး ဖြစ်သောကြောင့် ၎င်းတို့ကို “Blue Chips” ဟု ခေါ်ဆိုကြသည်၊
ဘာကြောင့် ခေါ်ဆို ကြတာလဲ ? CFDs စတင်ပေါ်ပေါက်လာပုံ ကို ပြန်ပြီး စဉ်းစားကြည့်ကြစို့ ။
ပထမဦးစွာ CFDs သည် ဥပဒေနှင့်အညီ နိုင်ငံခြားကုမ္ပဏီများ၏ ရှယ်ယာများကို မဝယ်ယူနိုင်သော ရင်းနှီးမြှုပ်နှံသူများအတွက် ဖြစ်သည်။
ဒုတိယ အချက်မှာ ကုန်စည်များဖြစ်သော ရေနံ၊ ရွှေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ သဘာဝဓာတ်ငွေ့နှင့် အခြားသောကုန်စည် များအတွက် စာချုပ်များ ဖြစ်သည်။
တတိယ လူကြိုက်အများဆုံးရွေးချယ်မှုမှာ စတော့အညွှန်းကိန်းများ အတွက် စာချုပ်များ ဖြစ်သည်။
CFDs စာရင်း၏ အောက်ဆုံးတွင် ရှိနေသည်မှာ ငွေကြေးအတွဲများ နှင့် ခရစ်ပတို ငွေကြေးများအတွက် CFDs များ ဖြစ်ပါသည် ။
လဲလှယ်ပုံ အမျိုးအစား မတူညီသော ဈေးကွက်များအလိုက် လူသိများ ရေပန်းစားသော CFDs များအား ဇယား ဖြင့် အောက်ပါ အတိုင်းတွေ့ရမည် ဖြစ်သည်။
ကျွန်ုပ် တို့၏ LiteFinance တွင် အထက်ဇယားပါ ကုန်သွယ်ရေးအမျိုးအစားအားလုံး ပါဝင်ပြီး LiteFinance ကုမ္ပဏီသည် CFD Forex ကုန်သွယ်မှု အတွက် ဝန်ဆောင်မှုများ ပေးသည့် ပထမဆုံး Forex Broker ကုမ္ပဏီများထဲမှ တစ်ခု အပါအဝင် ဖြစ်ပါသည်။
CFDs ကုန်သွယ်မှု ကို ဘယ်လို စတင် လုပ်ဆောင်မလဲ ?
CFDS ကုန်သွယ်မှု ကို မည်သို့ စတင်လုပ်ဆောင်မလဲ ဆိုတာ လေ့လာကြည့်ရအောင် ။
ပထမအဆင့် အနေဖြင့် တိကျ မှန်ကန်သော အစီအစဉ် (သို့မဟုတ်) ဗျူဟာ တစ်ခု သတ်မှတ်ပါ။ အဆိုပါ ဗျူဟာ သည် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရသည့် လမ်းညွှန်ချက်များ ဟန်ချက်ညီစွာ ပါဝင်သော အစီအစဉ်ကောင်း တစ်ရပ် ဖြစ်သင့်သည်။ ဘဏ္ဍာရေးဈေးကွက် တွင် ပထမဆုံး ခြေလှမ်း စလှမ်းလိုသူများ အနေဖြင့် အစီအစဉ်တကျ ရေးဆွဲထားရန် အကြံပြု လိုပါသည်။
အဆင်သင့် ဖြစ်ပြီဆိုလျှင် စတင်လိုက်ကြစို့ ။
1. ၁။ ပထမဦးစွာ သင်သည် Forex Broker တစ်ခုခု တွင် အကောင့် မှတ်ပုံတင်ခြင်း ပြုလုပ်ရန် လိုအပ်ပါသည်။
ဘာကြောင့် Forex Broker ကို ရွေးချယ်ရတာလဲ ? အဘယ်ကြောင့်ဆိုသော် Forex Broker များသည် စတော့ Broker နှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်များမှ ပေးစွမ်းသော CFDs များထက် ပိုမို ကျယ်ပြန့်သော CFDs များ ပေးစွမ်းနိုင်၍ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကတည်းက ကျွန်ုပ်သည် LiteFinance တွင် ကိုယ်ပိုင်အကောင့် ပြုလုပ်၍ ကျွန်ုပ် ၏ လမ်းညွှန်ချက် များနှင့် တစ်ကွ သင်တို့ အတွက် အလုပ်လုပ်ခဲ့ပါသည်။
ကျွန်ုပ် ဘာကြောင့် LiteFinance ကို ရွေးချယ်ခဲ့လဲ ဆိုလျှင် နှစ်ပေါင်းများစွာကြာသည့်တိုင် LiteFinance နှင့် လက်တွဲအလုပ်လုပ်ရသည်ကို ကျေနပ်နှစ်သက်သောကြောင့် ဖြစ်ပါသည် ။
သို့သော် ငွေသားအစစ်ဖြင့် စတင် အရောင်းအဝယ်ပြုလုပ်ရန် ကျွန်ုပ်အနေဖြင့် အကြံမပြုလိုပါ။ ဤဈေးကွက်တွင် စတင်အရောင်းအဝယ် ပြုလုပ်လိုလျှင် ဒီမို အကောင့် ဟုခေါ်သော သရုပ်ပြအကောင့် တစ်ခု ဖွင့်လှစ်၍ ငွေသားအတု ထည့်သွင်းပြီး စတင်ခြင်းသည် အကောင်းဆုံးဖြစ်မည် ဖြစ်ပါသည်။
2. ၂။ ဒီမိုအကောင့်တစ်ခု ပြုလုပ်ပြီးလျှင် သင့်တွင် ကိုယ်ပိုင်အကောင့် ရှိလာမည် ဖြစ်သည်။ ပင်မမီနူး ခေါင်းစဉ် များကို ကွန်ပျုတာ မျက်နှာပြင် ၏ ဘယ်ဘက် အခြမ်း ဒေါင်လိုက် အနေအထား တွင် တွေ့မြင်နိုင်ပြီး ပထမဆုံးခေါင်းစဉ် ဖြစ်သော "ကုန်သွယ်မှု" (“ Trade”) ကို နှိပ်လိုက်ပါ ။
3. ၃။ ကုန်သွယ်မှု စာမျက်နှာ ပေါ်လာမည်ဖြစ်ပြီး ကွန်ပျုတာ မျက်နှာပြင် ၏ အောက်ခြေရှိ ကော်လံလေးခု တွင် သုည ဒေါ်လာ (0.00 USD) ဟု ဖော်ပြထားသည့် မီးခိုးရောင် အလျားလိုက် အနေအထားရှိသော အတန်း ကို တွေ့မြင်နိုင်ပါသည်။ ၎င်းနေရာသည် သင်၏ ကုန်သွယ်မှုအကောင့်ရှိ ငွေမှတ်တမ်းကို ဖော်ပြထားသည့် ကုန်သွယ်မှု တာမင်နယ် လည်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ဒီမို အကောင့်သည် ငွေဖြည့်သွင်းမှု မပြုလုပ်ရသေးသောကြောင့် ပမာဏ မှာ သုည ဒေါ်လာ ဖြစ်နေပါသည်။
4. ၄။ ပထမဦးစွာ အကောင့် အား ငွေသား ဖြည့်သွင်းရန်လိုအပ်သည့် အတွက် အပြာရောင် ဖြင့် ဖော်ပြထားသည့် “Deposit” ကို နှိပ်ပါ ။
5. ၅။ ထို့နောက် အပိုင်းနှစ်ပိုင်းပါဝင်သော စာမျက်နှာအသစ် ၁ ခု ကွန်ပျုတာ မျက်နှာပြင် ၏ အလယ်တွင် ပေါ်လာမည် ဖြစ်သည်။ ပထမအပိုင်း သည် ကုန်သွယ်မှု အကောင့်စစ် (Real Account) ပြုလုပ်ရသည့် အပိုင်း ဖြစ်ပြီး ဒုတိယ အပိုင်း တွင် နှစ်မျိုး ထပ်မံ မြင်တွေ့ရမည် ဖြစ်သည် ။ ငွေဖြည့်သွင်းမှု ပြုလုပ်ရန် အတွက် အပေါ်ဘက် တွင် ဖြည့်သွင်းပေးရမည် ဖြစ်ပြီး ကုန်သွယ်မှု စတင် ပြုလုပ်နိုင်ရန် ငွေသားတု ဒေါ်လာ ၁၀၀၀၀ သည် လုံလောက်သည့် ပမာဏ ဖြစ်ပါသည်။
6. ၆။“ Continue” ကို နှိပ်ပါ။
7. ၇။ စက္ကန့် အနည်းငယ် ကြာပြီးနောက်တွင် သင် ၏ လက်ကျန်ငွေနေရာတွင် ဒေါ်လာ ၁၀၀၀၀ ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
8. ၈။ စမ်းသပ် ကုန်သွယ်ကြည့်ရန် အတွက် ပင်မမီနူး ခေါင်းစဉ်များမှ “Trade” ကို နှိပ်ပါ ။
9. ၉။ ကုန်သွယ်မှု အမျိုးအစားများအား အုပ်စုလိုက် ခွဲခြားထားသည့် ခေါင်းစဉ်မျာ အပေါ်ဘက်တွင် ပေါ်လာမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် CFDs များကို အရောင်းအ၀ယ် ပြုလုပ်တော့မည် ဖြစ်သောကြောင့် စတော့ရှယ်ယာ များကို အဓိက ရွေးချယ်မည်ဖြစ်ပြီး အထက်ပါ ခေါင်းစဉ်များထဲမှ "Stock" ကို ရွေးချယ်ရမည် ဖြစ်သည်။
10. ၁၀။ ကုန်သွယ်မှု ပြုလုပ်နိုင်သော စတော့ရှယ်ယာ CFDs စာရင်း တစ်ခု ပေါ်လာမည် ဖြစ်သည်။ ဆောင်းပါးအရှေ့ပိုင်းတွင် တက်စလာ စတော့ရှယ်ယာ CFDs အား ဖော်ပြခဲ့သည့် အတွက် အခြား စတော့များနှင့် နှိုင်းယှဉ်လျှင် ရင်းနှီးပြီးသား ဖြစ်နေမည် ဖြစ်သည်။ အဆိုပါ တက်စလာ စတော့ CFDs ဖြင့် လေ့ကျင့်မှု ပြုလုပ်ရန်အတွင် အဆိုပါ စတော့ ၏ အမည် (သို့မဟုတ်) အမှတ်တံဆိပ်ပေါ်တွင် ကလစ်နှိပ်ပါ။
11. ၁၁။ ကလစ်နှိပ်ပြီးနောက် တက်စလာ စတော့ရှယ်ယာ အား အရောင်းအဝယ်ပြုလုပ်နိုင်ရန် ဝင်းဒိုးတစ်ခု ပေါ်လာမည် ဖြစ်သည်။ ကွန်ပျုတာ မျက်နှာပြင် ၏ အလယ်တွင် တွေ့မြင်နေရသည်မှာ စတော့စျေးနှုန်း ဇယား ဖြစ်သည်။ အကယ်၍ သင်ဟာ အခြေခံ ကျသော နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း ကို တက်မြောက်ထားပြီး ဖြစ်ပါက အဆိုပါ ဈေးနှုန်းဇယား ကို ကောင်းစွာ အသုံးပြုနိုင်မည် ဖြစ်သည်။
12. ၁၂။ ကျွန်ုပ်သည် စျေးနှုန်းဇယား အား ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီးနောက် အဝယ် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ အဝယ်ပြုလုပ်ရန် အတွက် ညာဘက်ခြမ်းရှိ ကုန်သွယ်မှုအမျိုးအစား အကွက် တွင် အဝယ် “Buy” နှိပ်ရန် ခလုတ်အား တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
13. ၁၃။ အောက်တွင် ဝယ်ယူလိုသော ပမာဏ ထည့်သွင်းရန် လိုအပ်သည်။ အနိမ့်ဆုံး အရောင်းအဝယ် ပြုလုပ်နိုင်သည့် ပမာဏမှာ 1 Lot (သို့မဟုတ်) စတော့ တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့မှာ ဒေါ်လာ ၁၀၀၀၀ ရှိထားသည့်အတွက် ရှယ်ယာတစ်ခု တည်း ဝယ်ယူရန် ဆန္ဒမရှိဘဲ ၁၀၀ စတော့ (သို့မဟုတ်) ၁၀၀ တက်စလာ CFDs ကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့ပါသည်။
14. ၁၄။ အချက်အလက် အားလုံးကို စစ်ဆေးပြီးသည့်အခါ "Buy" ကို နှိပ်ရန်သာ လိုအပ်ပြီး ကျွန်ုပ်တို့၏ တောင်းဆိုချက် သည် Broker ထံ ရောက်ရှိမည် ဖြစ်၍ ကုန်သွယ်မှု မှာလည်း စတင် ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။
15. ၁၅။ မိနစ် အနည်းငယ်အကြာ တွင် ရလဒ် များကို မြင်တွေ့ရမည် ဖြစ်ပါသည်။ ကုန်သွယ်မှု တာမင်နယ် ၏ အောက်ပိုင်းအကွက် ရှိ တန်ဖိုးများသည် စတင်ပြောင်းလဲလာပြီး စျေးနှုန်းသည်လည်း မြင့်တက် လာသောကြောင့် အမြတ်ပမာဏ ၁၇၃ ဒေါ်လာ စတင် ရရှိပြီ ဖြစ်ပါသည်။ ရှင်းရှင်းလင်းလင်း မြင်သာနိုင်ရန် အမြတ်ကို အစိမ်းရောင်၊ အရှုံးကို အနီရောင်ဖြင့် ပြထားသည်။
16. ၁၆။ ကုန်သွယ်မှုအကောင့်၏ လက်ကျန်ငွေ ပမာဏ သည် လည်း ၁၀၀၀၀ မဟုတ်တော့ဘဲ ၁၀၁၄၈ ဖြစ်သွားသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ မေးစရာ ဖြစ်ပေါ်လာသည်မှာ အမြတ် ရရှိမှုသည် ၁၇၃ ဒေါ်လာ ဖြစ်သော်လည်း ဘာ့ကြောင့် ၁၄၈ ဒေါ်လာကိုသာ ရရှိပါသနည်း ? အဖြေမှာ ရိုးရှင်းပါသည် ။ ကုန်သွယ်မှု စတင် ပြုလုပ်သည်နှင့် Broker မှ ကော်မရှင် ခ ကောက်ခံထား သဖြင့် ရရှိမည့် အမြတ်ငွေထဲမှ အလိုအလျောက် နုတ်သွားခြင်း ဖြစ်ပါသည်။ ECN အမျိုးအစား အတွက် စတော့CFD ကော်မရှင် နှုန်းထားမှာ ၁ Lot (သို့မဟုတ်) ၁ CFD အတွက် ၂၅ ဆင့် ဖြစ်သည့် အတွက် ကျွန်ုပ် တို့၏ အရောင်းအဝယ် ၁၀၀ စာ လျှင် ၂၅ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။ (၁၇၃ - ၂၅ = ၁၄၈)
17. ၁၇။ ရရှိသည့် အမြတ် ၁၇၃ ဒေါ်လာ သည် ယခု ကုန်သွယ်မှုအတွက် လုံလောက်မှု ရှိပြီ ဖြစ်သောကြောင့် ကုန်သွယ်မှု အား ပိတ်နိုင်မည် ဖြစ်ပါသည်။
ထိုသို့ လုပ်ဆောင်ရန် လက်ကျန်ငွေ ပြောင်းလဲနေသည့် အကွက်ကို နှိပ်လိုက်လျှင် ကျွန်ုပ်တို့ လုပ်ဆောင်ထားသည့် ကုန်သွယ်မှု ၏ အချက်အလက်များ ပါဝင်သည့် စာမျက်နှာ တစ်ခု ထပ်မံ ပေါ်လာမည် ဖြစ်သည်။ အဆိုပါ စာမျက်နှာ ၏ ညာဘက်တွင် “Close” ခလုတ် အား တွေ့မြင်ရမည် ဖြစ်ပြီး အဆိုပါ ခလုတ်အား နှိပ်ခြင်းဖြင့် အရောင်းအဝယ် အား ပိတ်နိုင်မည် ဖြစ်ပါသည် ။
18. ၁၈။ ဒီမို အကောင့်မှ အကျိုးအမြတ် ရခြင်းသည် နှစ်သက်ဖွယ်ရာ ကောင်းသော်လည်း သရုပ်ပြ အကောင့်အမျိုးအစား တစ်ခု ဖြစ်နေသည့် အတွက် မြင်သာထင်သာသော ရလာဒ် တော့ မရရှိပါ။
သင်သည် CFD ကုန်သွယ်မှု ဖြင့် ဝင်ငွေ ရှာဖွေခြင်း ကို လေ့လာသင်ယူရန် အလေးအနက် စဉ်းစား ဆုံးဖြတ်ထားပြီး ဖြစ်ပါက သင်သည် အမှန်တကယ် ငွေရှာရန် လိုအပ်ပြီး ထိုသို့လုပ်ဆောင်ရန် တိုက်ရိုက်ကုန်သွယ်မှု အကောင့် လိုအပ်မည် ဖြစ်ပါသည်။
ပထမဦးစွာ ကျွန်ုပ်တို့၏ ကုန်သွယ်မှု ကိုယ်ပိုင်အကောင့် ကို တိုက်ရိုက်ရောင်းဝယ်မှု အကောင့် သို့ ပြောင်းလဲရန် လိုအပ်သည့် အတွက် ကွန်ပျုတာ မျက်နှာပြင် ၏ ညာဘက်အပေါ်ထောင့် ရှိ သင် ၏ ကိုယ်ပိုင် အကောင့် အမှတ်အသား ပေါ် ကလစ်နှိပ်ပါ။
19. ၁၉။ ပြုပြင်ပြောင်းလဲခြင်း ပြုလုပ်နိုင်သည့် စာမျက်နှာ အသေးတခု ပေါ်လာမည် ဖြစ်ပြီး အဆိုပါ နေရာ ရှိ “Enable Live Trading” ခလုတ်ကို နှိပ်ပါ။
20. ၂၀။ အဆိုပါ ခလုတ် ကို နှိပ်ပြီးနောက် သင့် ကိုယ်ပိုင်အကောင့်၏ သတ်မှတ်မှု အခြေအနေသည် "Live Account" သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ ဆိုလိုသည် မှာ လေးလေးနက်နက် ပြုလုပ်ရသည့် ကုန်သွယ်မှုများ အား စတင် တွေ့မြင်ရတော့မည် ဖြစ်သည်။
21. ၂၁။ ပထမဦးစွာ ကျွန်ုပ်တို့သည် Live Account သို့ ငွေစတင်ဖြည့်သွင်းရန် လိုအပ်ပြီး ထိုသို့ လုပ်ဆောင်ရန် ဘယ်ဘက်ရှိ ပင်မ မီနူးခေါင်းစဉ် များထဲမှ “Finance” ခေါင်းစဉ် ကို ရွေးချယ်ပေးရမည် ဖြစ်သည်။
22. ၂၂။ ထပ်မံ ပေါ်လာသော စာမျက်နှာ ၏ ထိပ်ဆုံးခေါင်းစဉ်များထဲမှ “Deposit” ကို ရွေးချယ်ပေးရမည်။
23. ၂၃။ ငွေဖြည့်သွင်းမှု ပြုလုပ်နိုင်သော နည်းစနစ်များ ပါဝင်သည့် စာမျက်နှာ ထပ်မံ ပေါ်လာမည် ဖြစ်ပြီး စနစ်များတွင် ဘဏ်ကတ် ဖြင့် ဖြည့်သွင်းသည့် စနစ် မှ စ၍ အီလက်ထရောနစ် စနစ်ဖြင့် ပေးချေသည့် စနစ်များ အထိ ဖော်ပြထားသည်။ မိမိ နှင့် ကိုက်ညီစွာ အသုံးပြုနိုင်သော စနစ် အား ရွေးချယ် အသုံးပြုနိုင်သည်။
24. ၂၄။ ငွေဖြည့်သွင်းမှု စနစ် အား ရွေးချယ်ပြီးလျှင် ငွေဖြည့်သွင်းမှု တောင်းခံခြင်း (Deposit Request) ကို ပြုလုပ်ရမည် ဖြစ်သည်။
ပထမဆုံး တွေ့မြင်ရမည်မှာ ဖြည့်သွင်းမည့် ပမာဏ ဖြစ်သည်။
ဖြည့်သွင်းမည့် ပမာဏ သည် တစ်ဦး နှင့် တစ်ဦး မတူညီနိုင်သော်လည်း ဤနေရာတွင် အကြံပြုလိုသည်မှာ ကျွန်ုပ်သည် အမျိုးမျိုးသော ဘဏ္ဍာရေးဈေးကွက်များ တွင် ၁၀ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ပြီး ကျွန်ုပ် သိရှိခဲ့ရသည်မှာ ဖြည့်သွင်းမည့် ပမာဏသည် သင် သတ်မှတ်ထားသော ရည်မှန်းချက်များ ပေါ်တွင်သာ မူတည်ကြောင်း ဖြစ်သည်။
ရည်မှန်းချက်များတွင် အမျိုးအစား (၃) မျိုး ပါဝင်ပြီး ၎င်းတို့မှာ ကြိုးစားခြင်း (Trying) , အလောင်းအစား ဆန်ခြင်း (Playing) နှင့် ငွေရှာခြင်း (Earning) တို့ ဖြစ်သည်။ “အလောင်းအစား ဆန်ခြင်း” (Playing) ဆိုသည်ကို ပေါ့ပေါ့တန်တန် မတွေးစေလိုပါ။ ကျွန်ုပ်တို့ ၏ ကိုယ်ပိုင် ကုန်သွယ်မှု အကောင့် ကို Live Trading သို့ ပြောင်းလဲပြီးသည့်နောက် တွင် အရာတိုင်းအား အလေးအနက်ထား စဉ်းစားရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ် တို့ ၏ ငွေသည် ကျွန်ု်ပ တို့ ၏ အရင်းအနှီး ဖြစ်သည့် အတွက် အလဟဿ အဆုံးရှုံးမခံနိုင်ပါ ။
ကြိုးစားခြင်း (Trying) – ဤအမျိုးအစား သည် ဘဏ္ဍာရေးဈေးကွက် သို့ စတင်လျှောက်လှမ်းမည့် သူများ အတွက် သင့်လျော်သည်။
အကယ်၍ သင်သည် အထက်ပါ အမျိုးအစား တွင် ပါဝင်၍ CFDs ကို ကုန်သွယ်မှုပြုလုပ်လိုလျှင် ၎င်းသည် မည်သို့အလုပ်လုပ်သည်ကို အလုံးစုံ နားလည်ရန် နှင့် သင် ၏ ပထမဆုံး အရင်းအနှီးကို ပြုလုပ်နိုင်ရန် ကြိုးစားပါ။ မိမိ က အရောင်းအဝယ် ပြုလုပ်ရန် ရွေးချယ်ထားသော စတော့စျေးနှုန်း ၏ နှစ်ဆပမာဏသည် လုံလောက်သည့် အရင်းအနှီး ပမာဏ ဖြစ်ပါလိမ့်မည်။
ဘာကြောင့် ဈေး ကို နှစ်ဆ ထားတာလဲ ? အကျိုးမဖြစ်သော ကုန်သွယ်မှုတစ်ခု (သို့မဟုတ်) ကုန်သွယ်မှု အများအပြား ကြောင့် သင်၏ အပ်ငွေ ပမာဏ ကို အလွန်အကျွံ မထိခိုက်စေရန် ဖြစ်သည်။ တက်စလာစတော့ ဥပမာ အရ စတော့တစ်ခု ၏ ဈေးနှုန်းသည် ဒေါ်လာ ၄၀၀ ဖြစ်သည့် အတွက် အပ်ငွေပမာဏ (Deposit) သည် ဒေါ်လာ ၁၀၀၀ ဆိုလျှင် လုံလောက်မည် ဖြစ်သည်။
အလောင်းအစား ဆန်ခြင်း (Playing) – ဤ အမျိုးအစား သည် ဘဏ္ဍာရေးဈေးကွက် ကို စိတ်ဝင်စားသော်လည်း ကုန်သွယ်မှု ၏ ရှုပ်ထွေးခြင်း ကို မပတ်သက်လိုသူများ၊ လေ့လာရန် နှင့် တွက်ချက်မှုများ ပြုလုပ်ရန် ဆန္ဒမရှိသော သူများ အတွက် သင့်လျော်သည်။ ၎င်းတို့သည် တိကျ သေချာသော ငွေပမာဏ ဖြင့် အလိုရှိသော စတော့ရှယ်ယာ ကို ဝယ်ယူလိုကြပြီး ၁၀၀ % ၊ ၂၀၀ % ၊ ၃၀၀ % (သို့မဟုတ်) ထိုထက်ပိုသော အမြတ် ရာခိုင်နှုန်းကို ပြန်လည် ရယူလိုကြသည်။
ဒါကို မဖြစ်နိုင်ဘူး လို့ သင် ထင်နေလား ? လုံး၀ ဖြစ်နိုင်ပါတယ် ။ အထက်ပါ ကုန်သွယ်မှုမျိုး သည် ၉၉% ကံ ပေါ် မူတည်သောကြောင့် ဤအမျိုးအစားကို "Playing" ဟုခေါ်ခြင်း ဖြစ်သည်။ အောင်မြင်မှု ရှိခဲ့တဲ့ ကုန်သွယ်မှု ဥပမာ အမြောက်အမြား ကို ကျွန်ုပ် ကြုံတွေ့ ခဲ့ဖူးပါတယ်။
ဥပမာအားဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ် ၂ ပတ် ကို ပြန်သွားပြီး သိထားပြီးသား စတော့ရှယ်ယာဖြစ်တဲ့ တက်စလာ CFDs တွေကို ရောင်းကြည့်ရအောင်။ ထိုစဉ်က တက်စလာ စတော့တစ်ခု ၏ ဈေးနှုန်း မှာ ဒေါ်လာ ၂၂၀၀ ဖြစ်သည်။ တက်စလာ CFDs ၁၀၀ ကျော် ကို ဒေါ်လာ ၁၀၀၀ ရှိရုံ နဲ့ ရောင်းလိုက်လျှင် တစ်ရက် အတွင်း ဒေါ်လာ ၁၈၀၀၀၀ ရရှိမည် ဖြစ်သည်။
ဤသည်မှာ တကယ့်ဖြစ်ရပ်မှန် ဖြစ်ပြီး အရမ်း ကံကောင်းသော ကုန်သည် အနည်းစု သာလျှင် အောင်မြင်ခဲ့ကြသည်။ ထိုသို့ ဈေးနှုန်း ကျဆင်းရန်မှာ လုံးဝ ဖြစ်နိုင်ခြေမရှိသော အခြေအနေ ဖြစ်သည်။ ထို့ကြောင့် သင်သည် ဤ အမျိုးအစား တွင် ပါဝင်နေလျှင် ၊ ၁၀၀၀ ၊၂၀၀၀ ၊၃၀၀၀ (သို့မဟုတ်) နှစ်သက်ရာ ပမာဏ အား သင် ၏ အကောင့်သို့ ဖြည့်သွင်းပြီး ဤကဲ့သို့ ဖြစ်နိုင်ချေ မရှိသလောက် နည်းပါးသော ကုန်သွယ်မှု အား ပြုလုပ်၍ စောင့်ပါ ။
ဖြစ်လာခဲ့လျှင် တစ်နေ့တည်း ချမ်းသာမည် ဖြစ်ပြီး ဖြစ်မလာခဲ့လျှင်လည်း အနည်းဆုံးတော့ သင်ကြိုးစားမှု ပြုလုပ်ခဲ့ပြီ ဖြစ်သည်။
ငွေရှာခြင်း (Earning) – ဤအမျိုးအစားသည် ၎င်း ၏ အမည် နှင့် လိုက်ဖက်သည်။ သင် ကိုယ်တိုင် အလုပ်လုပ်ရမည် ဖြစ်ပါသည်။ ဤ အမျိုးအစား သည် ခိုင်ခိုင်မာမာ နှင့် ရည်ရွယ်ချက်ရှိရှိ လျှောက်လှမ်းနိုင်သည့် အရှည်ဆုံး နှင့် အသင့်တော်ဆုံး လမ်းကြောင်း ဖြစ်သည်။ လမ်းကြောင်း ၏ အဆုံး တွင် သေချာသော ဆုလာဘ်တစ်ခု ရှိမည် ဖြစ်သည်။
မည်သူမဆို အမြတ်အစွန်း ရနိုင်သည့် ကိုယ်ပိုင် နည်းဗျူဟာကို အကောင်အထည် ဖော်နိုင်ပြီး ဤ လမ်းကြောင်း တစ်လျှောက် လေ့လာသင်ယူထားသော အသိပညာ များ၏ အကူအညီဖြင့် ပုံမှန် ဝင်ငွေ ရရှိရန် စတင်နိုင်မည်ဖြစ်သည်။
မည်သူမဆို စျေးကွက် နှင့် ဆက်စပ်သော နယ်ပယ်တွင် လုပ်ကိုင်နိုင်ရန် ဤ အသိပညာနှင့် အတွေ့အကြုံကို အသုံးချနိုင်မည် ဖြစ်သည်။
မည်သူမဆို ဤသို့ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံကို ရရှိသင်ယူ၍ Brokerage ကုမ္ပဏီ တည်ထောင် နိုင်သည့် လမ်းကြောင်းကို လျှောက်လှမ်းရန် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
ကျွန်ုပ် ရွေးချယ်ခဲ့တဲ့ လမ်းကြောင်း ကို မည်သူမဆို ရွေးချယ်နိုင်ပြီး ထပ်မံ ဖြည့်စွက်ရလျှင် စျေးကွက်သည်ပင် အတော် အောင်မြင်သော ကုန်သွယ်ရေး ဖြစ်နေပြီး ပညာရေး နှင့် ဘဏ္ဍာရေး ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများ တွင် ကျွန်ုပ် ကိုယ်တိုင် တွေ့ရှိခဲ့သည်။
သင်သည် စစ်မှန်သော ကုန်သည်တစ်ဦး အဖြစ် အကျိုးစီးပွားရှာမည် ဆိုလျှင် ခိုင်မာသော ကနဦး ရင်းနှီးငွေ ပမာဏ နှင့် တွက်ချက်မှု ကျွမ်းကျင်ရန် လိုအပ်ပါသည်။
ကျွန်ုပ် ၏ ပထမဆုံး အရင်းအနှီးသည် ဒေါ်လာ ၄၀၀၀ ခန့် ရှိခဲ့သည်။ ကနဦး ရင်းနှီးငွေ နှင့် ပတ်သက်၍ ပိုမိုသိရှိလိုလျှင် ကျွန်ုပ် ရေးသားခဲ့သည့် ကုန်သွယ်မှု ပြုလုပ်ရန်အတွက် ကနဦး ရင်းနှီးငွေ ပမာဏ အကြောင်း အသေးစိတ် တင်ပြထားသည့် ဆောင်းပါးများစွာကို ရှာဖွေလေ့လာနိုင်သည်။
ဆွေးနွေးမှု ကို ဆက် ရ ရင် ဒီနေ့ စတော့ရှယ်ယာဈေးနှုန်း က ဒေါ်လာ ၄၀၀ ဖြစ်သည့် အတွက် ကျွန်ုပ် တို့၏ ကနဦး ရင်းနှီးငွေ ပမာဏ ကို ၄၀၀၀ ရွေးချယ်လိုက်ပါမယ် ။
25. ၂၅။ ငွေသွင်းပြီးနောက် "ကုန်သွယ်မှု (သို့မဟုတ်) Trade " ခလုတ်ကိုနှိပ်ပြီး သင် ၏ အကောင့်ရှိ အောက်ဘက်တွင် ပေါ်လာသော ငွေပမာဏ နေရာ ကို ကြည့်လိုက်ပါ။ အဆိုပါ နေရာ ၏ “Total Funds” အကွက်တွင် ပြသထားမည် ဖြစ်သည်။
26. ၂၆။ ကျွန်ုပ် ၏ အကောင့် လက်ကျန်ငွေ ပမာဏ သည် ၄၀၀၀ သာ ရှိရမည့် အစား ၄၈၅၂ ရှိနေတာက အရင် လုပ်ခဲ့တဲ့ ကုန်သွယ်မှု တွေ မှ ဒေါ်လာ ၈၅၂ ရရှိထားလို့ ဖြစ်တယ် ။
27. ၂၇။ ကျွန်ုပ်တို့၏ ကုန်သွယ်မှု ကို အလေးအနက်ထားပြီး အာရုံစိုက်လိုက်ရအောင် ။
ကုန်သွယ်မှု အမျိုးအစား ခေါင်းစဉ်များထဲမှ “စတော့ခ် (သို့မဟုတ်) Stock” ကို နှိပ်ပြီး အောက် ကို နည်းနည်း ဆွဲချလိုက်ပါ။ တကယ့် ငွေကို ဖြည့်သွင်းထားသောကြောင့် အဆင်ခြင်မဲ့စွာ ပြုလုပ်၍ မရပေ။ ပထမဦးစွာ ကျွန်ုပ်တို့သည် ကုန်သွယ်မှု အစီအစဉ်ကို ရေးဆွဲရန် လိုအပ်ပါသည်။
အင်တာနက်နှင့် ကျွန်ုပ် တို့၏ ဘလော့ဂ်တွင် ကုန်သွယ်မှုအစီအစဉ်များအကြောင်း ဆောင်းပါးများစွာကို သင် ရှာတွေ့နိုင်ပါသည်။ ဒါပေမယ့် လိုရင်းတိုရှင်း ကုန်သွယ်မှု အစီအစဉ် တစ်ခု ကို ကျွန်ုပ် ရေးဆွဲပေးပါမည်။
ကုန်သွယ်မှုအစီအစဉ် တစ်ခု သည် အပေါင်း လက္ခဏာဆောင်သောရလဒ်ကို ရရှိရန် သင် လုံးဝ လိုက်နာရမည့် စည်းကမ်းချက် များ ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းသည် အခြေခံအားဖြင့် ဤကဲ့သို့ ဖြစ်သည် –
ယခု ကျွန်ုပ်အသုံးပြုနေသည့် ကျွန်ုပ်၏ ကုန်သွယ်မှုအစီအစဉ်တွင် အချက် ၃၇ ချက် ရှိပြီး အားလုံးကို သေသေချာချာ မှတ်သားထားသည်။ အလားအလာရှိသော ကုန်သွယ်မှု တစ်ခု ပြုလုပ်ရန် အသေးစိတ် သုံးသပ်ခြင်း လုပ်ငန်းစဉ်သည် ကျွန်ုပ် အတွက် စက္ကန့်အနည်းငယ်မှ တစ်ပတ်အထိ ကြာနိုင်ပါသည်။
ကုန်သွယ်မှု အစီအစဉ်ကို ပထမဆုံးအကြိမ် မြင်ဖူးသူ တစ်ယောက် အတွက် အချက် တစ်ခု တည်းအား ပြောပြရန် ပင် တစ်နာရီကျော် ကြာမြင့်မည်ဖြစ်သည်။ သို့သော် ကုန်သွယ်မှုအစီအစဉ်မရှိ လျှင် သင် ၏ ကုန်သွယ်မှုများသည် အစီအစဉ် မကျ ဖြစ်နေမည်ဖြစ်ပြီး ပုံမှန် တည်ငြိမ်သော အမြတ်ငွေ ရရှိရန်လည်း ဆွေးနွေးနိုင်မည် မဟုတ်ပါ။ ဤအကြောင်းအရာ အတွက် သီးခြားဆောင်းပါးတစ်ပုဒ် ဖြင့် ဖော်ပြမည် ဖြစ်သောကြောင့် ကုန်သွယ်မှုအစီအစဉ် ၏ အချက်တစ်ခုစီကို အသေးစိတ် မပြောတော့ပါ။ အခြေခံကျသော အချက်တွေနဲ့ ကြည့်လိုက်ရအောင်။
ကုန်သွယ်မှု တစ်ခု ဖွင့်ရန် စဉ်းစားအသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်ရန် အတွက် ကျွန်ုပ်တို့သည် ကုန်သွယ်မည့် အမျိုးအစား ကို ရွေးချယ်၍ နည်းပညာ ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း နှင့် ပထဝီဝင်နိုင်ငံရေး ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း များ ပြုလုပ်ပြီးနောက် အရောင်းအ၀ယ်လုပ်မည့် အချိန် ကို ဆုံးဖြတ်ရန် လိုအပ်ပြီး ထို အရောင်းအဝယ် အတွက် ကျွန်ုပ် တို့ အရင်းအနှီး၏ အစိတ်အပိုင်းတစ်ခု ကို အသုံးပြုရန် လိုအပ်ပါသည်။
၂၈။ သင် ၏ ကုန်သွယ်ရေး ဆိုင်ရာ အလိုဆန္ဒများ ကို ကုန်သွယ်မှု အစီအစဉ်ဖြင့် ပေါင်းစပ် ညှိနှိုင်းပြီးပါက သင်သည် နောက်ဆုံးတွင် ကုန်သွယ်ခြင်း ကို စတင်နိုင်ပြီ ဖြစ်သည်။ ကုန်သွယ်လိုသည့် အမျိုးအစား ကို နှိပ်ပါ။ ကျွန်ုပ်တို့၏ ကုန်သွယ်မှု တွင် ကျွန်ုပ် တို့ အနှစ်သက်ဆုံး တက်စလာ ကို ရွေးချယ်မည် ဖြစ်သည်။
29. ၂၉။ အကယ်၍ ကျွန်ုပ် တို့သည် နည်းပညာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း ကို အသုံးပြုမည် ဆိုလျှင် “Price Chart” ကို အထူး အာရုံစိုက်သင့်သည်။
ကုန်သွယ်မှုဗျူဟာ အများအပြား ရှိသော်လည်း စျေးကွက် ကွာဟမှု တစ်ခုသည်သာ ရိုးသားစွာ အလုပ်လုပ်သည်။ ကျွန်ုပ် ၏ ဆောင်းပါးများထဲမှ ဤဗျူဟာ ကို အသေးစိတ်ဖော်ပြထားသောကြောင့် အသေးစိတ် အချက်အလက်များကို မပြောပြတော့ပါ ။
ယေဘူယျ အယူအဆမှာ ကုန်သွယ်မှု စတင်သည် နှင့် ဈေးနှုန်း ကွာဟချက်တစ်ခု ဖြစ်ပေါ်လာပြီး နောက် တစ်နာရီ (သို့မဟုတ်) နှစ်နာရီအတွင်း စတော့စျေးနှုန်းများ ရေတိုတက်လာနိုင်ဖွယ်ရှိသည်။ အချိန်ရှိတုန်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ။
30. ၃၀။ ကျွန်ုပ်တို့ သည် စျေးနှုန်းမြင့်တက်မှုအကြောင်း ပြောနေတာ ဖြစ်တဲ့အတွက်ကြောင့် ဝယ်မည် ဟု ဆိုလိုခြင်း ဖြစ်သည် ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကုန်သွယ်မှု အမျိုးအစား တွင် “Buy” ကို သတ်မှတ် ပေးလိုက်သည်။
31. ၃၁။ ထို့နောက် ကုန်သွယ်မှုပမာဏကို သတ်မှတ်မည်။ ကုန်သွယ်မှု ပမာဏ စာချုပ် ၁၀၀ အတွက် မာဂျင် သည် ဒေါ်လာ ၉၀၀ ခန့် ကျသင့်မည်ဟု တွက်ထားပြီးသား ဖြစ်၍ ကျွန်ုပ်၏ လက်ကျန်ငွေ ၅၀၀၀ နီးပါးအတွက် ဤ မာဂျင် ပမာဏ သည် အတော်လေး သင့်တော်သောကြောင့် ကျွန်ုပ်သည် စာချုပ် ၁၀၀ ကို ဝယ်မည်ဖြစ်သည်။
32. ၃၂။ လိုအပ်သည်များ သတ်မှတ်ပြီးလျှင် “Buy” ကို နှိပ်ရမည် ဖြစ်သည်။
33. ၃၃။ ဘဏ္ဍာရေး ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း နှင့် ကုန်သွယ်မှုဗျူဟာများကို ကောင်းစွာ မလေ့လာထား သူများအတွက် ပင်မ မီနူးခေါင်းစဉ်များထဲမှ "Analytics" ဟု ခေါ်သော ခွဲခြမ်းစိတ်ဖြာခြင်း ကဏ္ဍတစ်ခု ရှိကြောင်း အသိပေးလိုပါသည်။
34. ၃၄။ ပေါ်လာသော စာမျက်နှာ ရှိ ထိပ်ပိုင်း ခေါင်းစဉ် များထဲမှ "Analytics Feed" ဟူ သော ခေါင်းစဉ် ကိုနှိပ်ပြီး ကုန်သွယ်လိုသော အမျိုးအစား ကို ရှာဖွေနိုင်ပါသည်။
35. ၃၅။ အဆိုပါ နေရာတွင် အဲ့ဒီနေ့ အတွက် တက်စလာ သုံးသပ်ချက် ကို တွေ့ရမည် ဖြစ်ပါသည်။ အဲ့ဒီ အပေါ် နှိပ်လိုက်လျှင် အဆိုပါ ကုမ္ပဏီ၏ လေ့လာသုံးသပ်သူ တစ်ဦး မှ တက်စလာ စတော့ အပေါ် ၎င်းတို့၏ ထင်မြင်ချက်နှင့် ခွဲခြမ်းစိတ်ဖြာမှု အတိုချုပ် ဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။ လေ့လာသုံးသပ်သူ များ ၏ သုံးသပ်ချက်များကို အသုံးပြုပြီး ၎င်းတို့ အကြံပြုထားသည်များကို လုပ်ဆောင်နိုင်သည်။ သို့သော် အနာဂတ် မှာ ကိုယ်ပိုင်ထင်မြင်ချက်ကို အားကိုးခြင်းသည် သာ အမြဲတမ်းအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
36. ၃၆။ "Analytics" ကဏ္ဍအကြောင်း ကျွန်ုပ်တို့ ဆွေးနွေးနေချိန် တွင် “Price Chart” တွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ကျွန်ုပ်တို့ မျှော်မှန်းထားတဲ့အတိုင်း ဈေးတက်လာပါသည်။
37. ၃၇။ ယခု ကျွန်ုပ်တို့၏ ကုန်သွယ်ရေး အကောင့် ရှိ လက်ကျန် ငွေကြေး အခြေအနေကို ကြည့်ရှုရန်အချိန် ဖြစ်သည်။ ကျွန်ုပ်တို့ ခွဲခြမ်းစိတ်ဖြာမှု ကဏ္ဍအကြောင်း ကို လေ့လာခဲ့သည့် ၁၀-၁၅ မိနစ်အတွင်း စျေးနှုန်းများ မြင့်တက်လာပြီး လက်ရှိ အချိန်တွင် ကျွန်ုပ်တို့၏ ကုန်သွယ်မှုသည် အမြတ်ငွေ ဒေါ်လာ ၅၆၀ ရရှိစေပါသည်။
38. ၃၈။ ဒါ ဟာ ၁၀ မိနစ်စာ ကုန်သွယ်မှု အတွက် လုံလောက်တာ ထက် ပိုတယ် လို့ ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် တို့၏ ကုန်သွယ်ရေး ဗျူဟာသည် အလုပ်ဖြစ်ပြီး ကျွန်ုပ်တို့၏ ကုန်သွယ်မှုကို အမြန် ပိတ်၍ အမြတ်ကို ရယူသင့်ပါသည်။ ကုန်သွယ်မှု ပိတ်သိမ်းပုံ သည် အစောပိုင်း တွင် ဖော်ပြထားသည့် အတိုင်း “Close” ခလုတ် ကို နှိပ်ရုံ သာ ဖြစ်သည်။
39. ၃၉။ ကုန်သွယ်မှု ကို ပိတ်ပြီးနောက် ပထမဆုံး ရရှိသည့် အမြတ်ကို မှန်ကန်စွာ အသုံးချရန် အကြံပြုလို ပါသည်။ တစ်နည်းဆိုရသော် အမြတ်ငွေကို ထုတ်ယူပြီး သင့် လက်ထဲတွင် ခံစားကြည့်လိုက်ပါ။
40. ဤသည်မှာ အတွေ့အကြုံမရှိသေးသော ကုန်သည်များအတွက် အလွန်အသုံးဝင်သော လေ့ကျင့်ခန်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ရန် နည်းလမ်းကောင်း ဖြစ်ပါသည်။ ကုန်သွယ်မှုအကောင့်မှ အမြတ်ငွေ ကို ထုတ်ယူရန် "Finance" ကဏ္ဍ ကို သွားပါ။
41. ၄၀။ ယခု အကြိမ်တွင် "Deposit" အစား၊ "Withdrawal" ကို နှိပ်ပါ။
42. ၄၁။ ထို့နောက် ငွေထုတ်မည့် နည်းလမ်းကို ရွေးချယ်ပါ။
၄၂။ ထုတ်ယူနိုင်သော လက်ကျန်ငွေ ပမာဏ နှင့် တကွ သင် ၏ ကုန်သွယ်မှု အကောင့်သည် အပေါ်ဆုံး ကွက်လပ်တွင် တွေ့ရမည် ဖြစ်သည်။ ကျွန်ုပ် ၏ အကောင့်တွင် ၅၄၇၉ ရှိနေသည်။ သင် မှတ်မိမည် ဆိုလျှင် ကျွန်ုပ် ငွေဖြည့်သွင်းစဉ် က ၄၀၀၀ နဲ့ အကောင့်တွင် မူလ က ဒေါ်လာ ၉၀၀ လောက် ရှိထားပြီး ဖြစ်သည်။ ကျွန်ုပ်သည် ဒေါ်လာ၅၄၇၉ ၏ ပိုငွေဖြစ်သော ဒေါ်လာ၄၇၉ ကို ထုတ်ယူရန် ဆုံးဖြတ်လိုက်သည်။ ဒေါ်လာ ၄၇၉ သည် လုံ့လဝီရိယ ရှိခြင်း နှင့် ကောင်းစွာစဉ်းစား သုံးသပ်ထားသည့် ဗျူဟာတစ်ခုအတွက် မိမိ ကိုယ်ကို လက်ဆောင် တစ်ခု ချီးမြှင့် ရန် ထိုက်တန်မှု ရှိပါသည်။
CFD ကုန်သွယ်မှု ဥပမာ များ
ကျွန်ုပ်တို့သည် အထက်ပါ ကုန်သွယ်မှု ပြုလုပ်ခဲ့သည့် ဥပမာ ကို ခွဲခြမ်းစိတ်ဖြာ ပြီးနောက် CFDs နှင့် ကုန်သွယ်မှု လုပ်ဆောင်သည့်အခါ အခြေခံမူများ ကို ပြန်လည် ဆွေးနွေး၍ စုစည်းကြပါစို့ ။
ပထမဦးစွာ ပြန်လည် စဉ်းစားရမည့် အချက်မှာ CFDs သည် မည်သို့အလုပ်လုပ်ကြောင်း၊ အမြတ်နှင့် အရှုံးကို မည်သို့ ဆုံးဖြတ်ကြောင်းပင် ဖြစ်သည်။
ကုန်သွယ်မှု စတင်ရန် ဆုံးဖြတ်ချက်ချပြီးနောက်၊ ကျွန်ုပ် တို့သည် ကုန်သွယ်မှုအစီအစဉ် တစ်ခု ကို မဖြစ်မနေ ရေးဆွဲရမည် ဖြစ်သည်။
ကုန်သွယ်မည့် အမျိုးအစား နှင့် ၎င်း ၏ သတ်မှတ်ချက် များကို ဆုံးဖြတ်ပြီးနောက်၊ ဝယ်ရန် (သို့မဟုတ်) ရောင်းရန် ဆုံးဖြတ်ချက်ချရမည် ဖြစ်သည်။ ကုန်သွယ်မှု ရလဒ်သည် ကျွန်ုပ်တို့ ရွေးချယ်ခဲ့သည့် ဦးတည်ချက် မှန်ကန်မှု ရှိမရှိအပေါ် တိုက်ရိုက်မူတည်ပါမည်။
မျှော်လင့်ထားသည့် ရလဒ်ကို ဆုံးဖြတ်ရန်မှာ လွယ်ကူသည်။ အထက်တွင် ကျွန်ုပ်သည် တွက်ချက်မှု ပုံသေနည်း အပြည့်အစုံကို ပေးထားပြီးဖြစ်သလို ၎င်း သည် ရိုးရှင်းသော ဖော်မြူလာလည်း ဖြစ်သည်။ အပိတ်ဈေးနှုန်း နှင့် အဖွင့်စျေးနှုန်းများ ကြား ကွာခြားချက်ကို သင် ရွေးချယ်သည့် ကုန်သွယ်မှု ပမာဏ ၌ ဈေးနှုန်း ပြောင်းလဲမှု ၏ တစ်ပွိုင့် နှုန်းထား တို့ ဖြင့် မြှောက်ရန်သာ လိုသည်။
ကျွန်ုပ်သည် စတော့ရှယ်ယာ ကုန်သွယ်မှု များမှ ထွက်ခွာရန် ဆုံးဖြတ်ပြီး အထက်ဖော်ပြပါပုံ အရ Brent ရေနံစာချုပ်၏ ဥပမာအား ပြသမည် ဖြစ်သည်။ ၎င်းသည် ကုန်သွယ်မှု တွင် ရေပန်းအစားဆုံး ကုန်စည် CFD ဖြစ်သည်။
ဥပမာ၊ ကျွန်ုပ်တို့သည် ရေနံဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။ ရေနံ ကုန်သွယ်မှု ပြုလုပ်ရာတွင် ကုန်သွယ်မှု ပမာဏ အား Lots ဖြင့် သတ်မှတ်ပြီး အနိမ့်ဆုံး ကုန်သွယ်မှု ပမာဏမှာ 0.1 ဖြစ်သည်။ သို့ရာတွင်၊ မူရင်း စာချုပ် သည်ပင် ဈေးသက်သာသောကြောင့်၊ သင့် အနေဖြင့် လုံခြုံ စိတ်ချစွာ ဖြင့် ကုန်သွယ်မှု ကို အပြည့်အဝ လုပ်ဆောင်နိုင်သည်။
ဥပမာအားဖြင့် ကျွန်ုပ်တို့ 1 Lot ဝယ်သည် ဆိုပါစို့ ။ ဝယ်ဈေးမှာ ဒေါ်လာ ၄၀.၀၀ ဖြစ်ပြီး နောက်ပိုင်းတွင် ပြန်ရောင်းသောဈေးမှာ ဒေါ်လာ ၄၅.၀၀ ဖြစ်သည် ဆိုလျှင် ရောင်းဈေးက ဝယ်ဈေးထက် ပိုမြင့်သည့် အတွက် အမြတ် ရရှိမည် ဖြစ်သည် ။
အထက်ပါ အတိုင်း ဆိုလျှင် ဈေးနှုန်း ကွာခြားချက် မှာ ၅၀၀ ပွိုင့် ဖြစ်သည် ။ ဘယ်လို တွက်လိုက်လဲ ?
အဘယ်ကြောင့် ဆိုသော် ပွိုင့် တစ်ပွိုင့် သည် စတော့အိတ်ချိန်း တွင် အနိမ့်ဆုံး စျေးနှုန်းပြောင်းလဲမှု တိုးလာသောကြောင့် ဖြစ်သည်။ ၄၅.၀၀ မဖြစ်မီ၊ စျေးနှုန်း သည် ၄၀.၀၀ မှ ၄၀.၀၁၊ ၄၀.၀၂ စသဖြင့် ၁ ပွိုင့် (သို့မဟုတ်) ၁ ပွိုင့် ထက် ပို၍ မြင့်တက်လာခြင်း ဖြစ်သည်။
ထို့ကြောင့် အမြတ် တွက်ချက်မှု မှာ ဈေးနှုန်း ၏ ၁ ပွိုင့် ပြောင်းလဲမှု (၁ ဒေါ်လာ) အား စျေးနှုန်း ကွာခြားမှု ဖြစ်သော ရောင်းဈေး (ပွိုင့်) ထဲမှ ဝယ်ဈေး (ပွိုင့်) အား နှုတ်၍ ရလာသော အဖြေ နှင့် မြှောက် ခြင်း ဖြစ်သည်။ ညီမျှခြင်း ဖြင့် ပြရလျှင် ၁ x (၄၅၀၀ - ၄၀၀၀) = ၅၀၀ ။
ကံမကောင်းစွာ ဖြင့် စျေးနှုန်း မတက်ဘဲ ကျဆင်းပါက သင် ၏ ဝယ်ယူမှု အနေအထား သည် ဆုံးရှုံးမှု ကို ဖြစ်ပေါ်စေပါသည်။ တွက်ချက်မှု သည် အတူတူ ပင် ဖြစ်ပြီး ၁ x (၃၅၀၀ - ၄၀၀၀) = - ၅၀၀ ဖြစ်သည် ။ ဆုံးရှုံး မှုသည် ဒေါ်လာ ၅၀၀ ဖြစ်သည်။
ကျွန်ုပ်တို့သည် အရှုံးအမြတ် တွက်ချက်ပုံ အား ဖော်ပြပြီး ဖြစ်ပြီး ယခု အခါ မာဂျင် အလုပ်လုပ်ပုံ ကို ဖော်ပြမည် ဖြစ်သည်။
CFD ကုန်သွယ်မှု ၏ အဓိကအချက်မှာ မာဂျင် ကုန်သွယ်မှု ဖြစ်ပြီး ကုန်သည်တစ်ဦး အနေဖြင့် သူ ၏ Broker မှ ပံ့ပိုးပေးထားသော Leverage ပေါ်မူတည်၍ ငွေရှာရခြင်း ဖြစ်သည်။ ဒီ အကြောင်းကို အောက်တွင် အသေးစိတ် ပြောပြမည် ဖြစ်သည်။
မာဂျင် ချေးငွေ သည် အကောင့်တွင် အနိမ့်ဆုံး သာ လိုအပ်သော အပ်ငွေဖြင့် ပမာဏ ကြီးမားသော ကုန်သွယ်မှု များ လုပ်ဆောင်နိုင်စေသည်။
ထို့ကြောင့် ကုန်သည်တစ်ဦးသည် စတော့ရှယ်ယာများ (သို့မဟုတ်) ကုန်စည် များ အား ၎င်း တို့၏ မူရင်း ပိုင်ဆိုင်မှု တန်ဖိုးအတိုင်း အပြည့် ပေး၍ ဝယ်ယူရန် မလိုဘဲ ကုန်သွယ်မှု လုပ်နိုင်သောကြောင့် ဖြစ်သည်။
ကမ္ဘာပေါ် ရှိ ရေပန်းအစားဆုံး ကုမ္ပဏီ တစ်ခု ဖြစ်သည့် – Google (သို့မဟုတ်) Alphabet Inc ၏ စတော့များကို အသုံးပြု၍ မည်ကဲ့သို့ လုပ်ဆောင်သည်ကို လေ့လာ ကြည့်ကြပါစို့။
စတော့တစ်ခု ၏ ကုန်ကျစရိတ်မှာ ထိုအချိန်က ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၄၄၅ ဖြစ်သည်။ ဝယ်မည် ဆိုပါက ဒေါ်လာ ၁၄၄၅ လိုအပ်သည် ။ အမှန်က အဆိုပါ တန်ဖိုးတွင် ကော်မရှင် နှုန်း နဲ့ Spread မပါသေးပေ ။
ထို့ကြောင့် သင်သည် စတော့ရှယ်ယာ တစ်ခု တည်း ဝယ်သည် ဟု မဆိုနိုင်ပေ။၊ သို့သော် Google CFD တွင် စတော့ အရွယ်အစား အတူတူ ဖြစ်ပြီး မာဂျင် ရာခိုင်နှုန်း ကြောင့် သင့် အကောင့်တွင် စုစုပေါင်း ဒေါ်လာ ၁၄၄၅ ရှိရန် မလိုအပ်ပါ။
ဤစတော့ ၏ မာဂျင် သည် စုစုပေါင်းတန်ဖိုး၏ ၂% (သို့မဟုတ်) ဒေါ်လာ ၂၈.၉၈ သာ ဖြစ်သည်။ တစ်နည်းဆိုရသော် သင်သည် တူညီသော စတော့ရှယ်ယာကို ရရှိပြီး အဆများစွာ စျေးသက်သာသည်။ အမြတ်အစွန်း တွက်ချက်မှု သည် ပုံမှန်အတိုင်း ဖြစ်ပြီး သင် ရွေးချယ်သည့် ဈေးနှုန်း ဦးတည်ချက် ၏ ရွေ့လျားနေသည့် ပွိုင့် အရေအတွက်သည် သင် ရရှိမည့် ပမာဏ ဖြစ်သည်။
အခြေခံ လေ့လာသူများ အတွက် CFD ကုန်သွယ်မှု ဗျူဟာများ
ဤသည်မှာ ကုန်သွယ်မှုဗျူဟာ (သို့မဟုတ်) စျေးကွက် ၏ အပြုအမူ ဆိုင်ရာ နည်းဗျူဟာများကို ဆွေးနွေးမည့် အရေးကြီးဆုံးအပိုင်းများထဲမှ တစ်ခုဖြစ်သည်။
ကောင်းစွာ သတ်မှတ်ထားသော နည်းဗျူဟာသည် စျေးနှုန်း လှုပ်ရှားချိန်များတွင် ငွေရှာရန် ကူညီပေးမည် ဖြစ်သည်။
အထူးသဖြင့် CFDs များအတွက် ကုန်သွယ်မှုဗျူဟာများစွာ ရှိပါသည်။ သို့သော် အခြေခံအကျဆုံးနှင့် လက်လှမ်းမီနိုင်သော ဗျူဟာများကို စဉ်းစားရန် ကျွန်ုပ် အကြံပြုအပ်ပါသည်။
အရောင်း နှင့် အဝယ် ၏ CFD ကုန်သွယ်မှု
" အနိမ့် မှာ ဝယ် ၊ အမြင့် မှာ ရောင်း" ဟုခေါ်သော အသုံးအများဆုံး Forex CFD နည်းဗျူဟာဖြင့် ကျွန်ုပ်တို့၏ ပြန်လည် သုံးသပ်မှုကို စတင်ကြပါစို့။ အောက်ပါ အတိုင်း ဇယားတွင် တွေ့ရမည် ဖြစ်သည် ။
အထက်ပါ ပုံတွင် မတူညီသော ကုန်သွယ်မှု အမျိုးအစား ၂ ခုအတွက် စျေးနှုန်း ဇယား နှစ်ခုကို ပြသထားသည်။
အပေါ် ဇယား သည် ဖေ့စ်ဘုတ် စတော့ ဇယား ဖြစ်ပြီး အောက် ဇယား သည် လူကြိုက်အများဆုံး ဖြစ်သော အွန်လိုင်းလေလံ အီးဘေး ၏ စတော့ ဖြစ်သည်။
သင် တွေ့မြင်ရသည့်အတိုင်း ဖေ့စ်ဘုတ် စတော့ ရှယ်ယာများသည် အချိန်အတော်ကြာ ကျဆင်းနေပြီး မျှခြေ တစ်ခု သို့ ရောက်ရှိသွားသော အခါ အဆက်မပြတ် ကျဆင်းနေရာမှ ရပ်တန့်သွားသည်။ ဤအခိုက်အတန့်ကို ရောင်းလိုအားနှင့် ဝယ်လိုအား ချိန်ခွင်လျှာဟု ခေါ်သည်။ မျှခြေ ပြီးဆုံးသွားသည့် အခါ စတော့ဈေးနှုန်း များ ပြောင်းလဲတော့မည် ဖြစ်သည်။
တစ်နည်းဆိုရသော် အချိန်အတော်ကြာ ကျဆင်းပြီး မကြာမီ တွင် တန်ဖိုး တက် တော့မည် ဖြစ်သည်။ အခြား ရွေးချယ်စရာ မရှိပါ။
စျေးကျပြီးနောက် ဝယ်သူများအတွက် စျေးပိုသက်သာလာပြီး ဆွဲဆောင်မှု ပိုရှိလာကာ ၎င်းတို့ကို ဝယ်ရန် နည်းပါးသော ငွေ သာ လိုအပ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ ကြာရှည်စွာ ကျဆင်းလေလေ၊ အနာဂတ် တိုးတက်မှု အတွက် အလားအလာ မြင့်မားလေဖြစ်သည်။ ထို့ကြောင့် ပထမစည်းမျဉ်း – "အနိမ့် မှာ ဝယ်ပါ"။
အခြား အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်- အီးဘေး စတော့ရှယ်ယာများ အချိန်အတော်ကြာ ကြီးထွားလာသောအခါ၊ အဓိက အဝယ်များသည် ၎င်းတို့၏ ပစ်မှတ်သို့ ရောက်ရှိ၍ အမြတ်အစွန်းများ ရယူမည့် အချိန် သည် အနှေးနှင့်အမြန်ဆိုသလို ရောက်လာသင့်သည်။
အဆိုပါ အတိုင်း ဖြစ်လာသည့် အခါ ဈေးနှုန်း တိုးတက်မှုကို တွန်းအားပေးသော ကုန်သည်များ ပျောက်ကွယ်သွားမည် ဖြစ်ပြီး ရောင်း ရန် ဆုံးဖြတ်ထားသည့် ကုန်သည် များ သာ ကျန် နေမည် ဖြစ်သည်။ ထို့နောက် အရောင်း အင်အား သည် အဝယ် အင်အား ထက် ကျော်လွန်သောအခါ၊ ဈေးကွက် ဦးတည်ချက်သည် ပြောင်းပြန်လှန်မှု ဖြစ်ပေါ်ပြီး စတော့ရှယ်ယာများ ကျဆင်းလာသည်။ ထို့ကြောင့် ဒုတိယစည်းမျဉ်း – "အမြင့် မှာ ရောင်းပါ"။
ဒီဗျူဟာနဲ့ ပတ်သက်ပြီး ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ဒါကို လူတိုင်းသိပေမယ့် ဒီဗျူဟာ က ထိရောက်မှု ရှိပါတယ် ။ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ က အလုပ် ဖြစ်ပြီး ယခု လည်း အလုပ်ဖြစ်ဆဲ ဖြစ်ပါတယ် ။
CFD ကုန်သွယ်မှု တွင် ပါသော Leverage
ဤသည်မှာ ကုန်သွယ်မှု တွင် အလွန် အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်ပြီး Leverage အကြောင်း ပြောရန် အချိန် ကျလာပြီ ဖြစ်သည်။ Forex သည် Broker မှ ပံ့ပိုးပေးသော အတိုးမဲ့ ချေးငွေ ဖြင့် သင့် ကိုယ်ပိုင် အရင်းအနှီး ထက် ပိုကြီးသော ပမာဏ ဖြင့် ကုန်သွယ်မှု ပြုလုပ်စေနိုင်ပါသည်။
Broker မှ သင့်အား ပေးသည့် Leverage မရှိဘဲ တစ်ခုချင်းစီအတွက် လဲလှယ်မှုတွင် ကုန်သွယ်မှု ပြုလုပ်ခြင်းသည် ကုန်သည် နှင့် Broker အတွက် အကျိုးအမြတ်မရှိပေ။
ကမ္ဘာ့စတော့အိတ်ချိန်းများတွင် ကုန်သွယ်မှုသည် အတော်လေး သက်ဝင်လှုပ်ရှားမှု ရှိသော်လည်း နေ့စဉ် စျေးနှုန်းအတက်အကျများသည် ပိုင်ဆိုင်မှု တန်ဖိုး၏ တစ်ရာခိုင်နှုန်းခန့်ဖြစ်သည်။ Leverage မရှိဘဲ ကုန်သည်တစ်ဦး၏ ၀င်ငွေသည် အအောင်မြင်ဆုံး ကုန်သွယ်မှုများတွင်ပင် ဆင့်အနည်းငယ်သာ ရှိမည် ဖြစ်သည်။
ဥပမာအားဖြင့်၊ သင်သည် ၁၈ ဒေါ်လာ ကုန်ကျသည့် Hewlett-Packard ရှယ်ယာ ၁ စောင် ကို ဝယ်ယူလိုသည်။ ကုန်သွယ်မှု ပြုလုပ်၍ ကောင်းသော နေ့တွင်ပင် အစုရှယ်ယာတန်ဖိုးသည် ၃ ဒေါ်လာမှ ၄ ဒေါ်လာအထိ ပြောင်းလဲနိုင်သောကြောင့် သင့်ဝင်ငွေမှာ ၃ ဒေါ်လာဖြစ်သည်။ ငွေလဲလှယ်မှုတွင် သင်မည်ကဲ့သို့ သန်းနှင့်ချီ ရမည်နည်း။ ထို့သို့ လုပ်လိုလျှင် Leverage ဖြင့်သာ သင်လုပ်နိုင်သည် ။
ဥပမာတစ်ခုကိုကြည့်ရအောင်။
ဥပမာ ၁
ပထမဦးစွာ ငွေကြေးအတွဲများ အတွက် Leverage ကို ကြည့်ရအောင်။
ငွေကြေးအတွဲများ၏ နှုန်းထားများ အပြောင်းအလဲတွင် ငွေရှာရန် ဆုံးဖြတ်ခဲ့သည်ဆိုပါစို့။ ဥပမာအားဖြင့်၊ မကြာသေးမီက ငွေလဲနှုန်း ၁.၀၀၀၀ ရှိခဲ့သော USDCHF ငွေကြေးအတွဲကို လေ့လာကြည့်ကြစို့ ။
ဤငွေကြေးအတွဲ၏ နှုန်းထား တိုးလာမည်ဟု ကျွန်ုပ်တို့ ဆုံးဖြတ်ထားသောကြောင့် ဝယ်ယူရန် လိုအပ်ပါသည်။
ငွေကြေးအတွဲများအတွက် အခြေခံ စာချုပ်အရွယ်အစားမှာ ယူနစ် ၁၀၀၀၀၀ ဖြစ်သည်။ တစ်နည်းဆိုရသော် 1 Lot ကုန်သွယ်မှု သည် ဒေါ်လာ ၁၀၀၀၀၀ ပမာဏ မှ ဝင်ငွေ (သို့မဟုတ်) အရှုံး ကို ဖြစ်ပေါ်စေသည်။ ရှုံးနိမ့်မှုတွင် ကြီးမားသော ဆုံးရှုံးမှုများကို ရှောင်ရှားရန်အတွက် အနည်းဆုံး 0.01 Lot အရွယ်အစားသို့ လျှော့ချနိုင်ပြီးနောက် ငွေကြေးပမာဏ သည်လည်း ဒေါ်လာ ၁၀၀၀ သာ ရှိမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ငွေလဲနှုန်းထား တိုးတက်မှု လာမည် ဟူသော မျှော်လင့်ချက်ဖြင့် USDCHF ငွေကြေးအတွဲ အား ကုန်သွယ်မှု ပမာဏ 0.01 Lot ဖြင့် ငွေလဲနှုန်း 1.00000 ၌ ဝယ်သည်။ ဤ သို့သော ကိစ္စရပ်မျိုးတွင် စျေးနှုန်းရွေ့လျားခြင်း ၏ တစ်ပွိုင့်ချင်းစီသည် ကျွန်ုပ်တို့၏ ကုန်သွယ်မှု ပမာဏ (Lot ပမာဏ) ပေါ်မူတည်၍ အမြတ်(သို့မဟုတ်) အရှုံးကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ကုန်သွယ်မှု ပမာဏ 0.01 Lot ဖြင့် ဆိုလျှင် ပွိုင့် ၁ ပွိုင့် ၏ တန်ဖိုးသည် ၀.၀၁ ဒေါ်လာ နှင့် ညီမျှမည်ဖြစ်သည်။
ပွိုင့် တန်ဖိုး ကိုတွက်ချက်ရာတွင် ရိုးရှင်းသောဖော်မြူလာ ရှိပါသည်။
ခဏအကြာတွင် စျေးနှုန်းတက်လာပြီး စျေးနှုန်းမှာ 1.01000 ဖြစ်သည်။ ပွိုင့် ၁၀၀၀ တိုးလာခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွက် အမြတ်မှာ ၁၀၀၀ * ၀.၀၁ = ၁၀ ဒေါ်လာ ဖြစ်သည်။
ဥပမာအားဖြင့် ကုန်သွယ်မှု ပမာဏ 0.1 Lot ကို အသုံးပြုပါက အမြတ်ငွေ ၁၀ ဆတိုးလာပြီး ဒေါ်လာ ၁၀၀ ဖြစ်သွားပါသည်။ Leverage မြင့်လေ၊ ဖြစ်နိုင်ချေ အမြတ် ပိုများလေဖြစ်သည်။ သို့သော် မအောင်မြင်သော ကုန်သွယ်မှု ဖြစ်ပေါ်ပါက ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး သင့်အပ်ငွေကို မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားနိုင်သည်ကို သတိပြုပါ။
ဥပမာ ၂
CFD ကုန်သွယ်မှု များ အတွက် Leverage အလုပ်လုပ်ပုံကို ကြည့်ကြပါစို့။
Google စတော့များအတွက် Leverage မည်သို့အလုပ်လုပ်ကြောင်း ခွဲခြမ်းစိတ်ဖြာကြည့်ကြပါစို့။ CFDs ကုန်သွယ်မှုတွင် အနိမ့်ဆုံးပမာဏသည် စတော့ တစ်ခု ဖြစ်ပြီး တစ်နည်းအားဖြင့် 1 Lot သည် စတော့ တစ်ခု နှင့် ညီမျှသည်။
စတော့ရှယ်ယာတစ်ခုသည် ဒေါ်လာ ၁၄၄၄ ကုန်ကျပြီး Forex စျေးကွက်တွင် ငွေပမာဏတစ်ခုလုံးကို လက်ကျန်ငွေတွင် ရှိရန် မလိုအပ်ပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ပိုများလာမှာ ဖြစ်တယ်။
စတော့ရှယ်ယာ ၁ ခုကို ဝယ်ယူသောအခါတွင် Leverage သည် ၁:၁ ဖြစ်မည်ဖြစ်ပြီး ဝယ်ယူသော စတော့ရှယ်ယာအရေအတွက် တိုးလာခြင်းဖြင့် တွက်ချက်မည် ဖြစ်သည်။
အကယ်၍ စာချုပ် ၁၀ ခု ဝယ်ရင် Leverage က ၁:၁၀ ဖြစ်မယ်။ စာချုပ် ၁၀၀ ကိုဝယ်ရင် Leverage က ၁:၁၀၀ ဖြစ်မယ်။ ရိုးရှင်းမည် တော့ မဟုတ်ပါ ။
1 Lot အတွက် ပွိုင့် ၁ ပွိုင့် ၏ တန်ဖိုးသည် စတော့စျေးနှုန်း၏ အနိမ့်ဆုံးပြောင်းလဲမှု ဖြစ်သော ၁ ဆင့် (သို့မဟုတ်) ၀.၀၁ ဒေါ်လာနှင့် အမြဲ ညီမျှနေမည် ဖြစ်သည်။
စတော့ရှယ်ယာ – ဒေါ်လာ ၁၄၄၄ မှ ၁၄၅၀ သို့ တက်လာပါက မည်မျှရနိုင်သည်ကို တွက်ကြည့်ရအောင်။
အကယ်၍ စာချုပ် ၁ ခု ဝယ်ပါက အမြတ်သည် ပြောင်းလဲသော ပွိုင့် အရေအတွက် နှင့် ပွိုင့် ၁ ပွိုင့် ၏ တန်ဖိုး ကို မြှောက်ထားခြင်း(သို့မဟုတ်) ၆၀၀ x ၀.၀၁ = ၆ ဒေါ်လာ ဖြစ်သည်။
အကယ်၍ သင်သည် Leverage ကို တိုးမြှင့်ပါက စာချုပ်များ ကိုပိုမိုဝယ်ယူရန်သာ လိုအပ်သည် ။ ဥပမာ စာချုပ် ၁၀၀ ဆိုပါစို့ ။ ထိုအခါ အမြတ်ငွေသည်လည်း အဆ ၁၀၀ နှင့် ပမာဏဒေါ်လာ ၆၀၀ သို့ တိုးလာမည် ဖြစ်သည်။
CFD ကုန်သွယ်မှု တွင် ပါသော မာဂျင်
Broker မှ သင့်အား ပေးသော မာဂျင်မပါသည့် Leverage သည် တစ်ဦးချင်း စီ အတွက် လုံးဝ နီးပါး မဖြစ်နိုင်သော အိတ်စ်ချိန်း ကုန်သွယ်မှု များ ဖြစ်ပြီး Broker များ ၏ ၀င်ငွေမှာလည်း သုညနီးပါးဖြစ်မည် ဖြစ်သည်။
ထို့ကြောင့် မာဂျင် သည် ကုန်သွယ်မှုလုပ်ငန်းစဉ်တွင် ပါဝင်သူတိုင်းအတွက် ကောင်းမွန်ပါသည်။ မာဂျင် ၏အကူအညီဖြင့် ကုန်သည်များသည် ၎င်းတို့၏ကိုယ်ပိုင်ငွေများ မလုံလောက်သော်လည်း ကုန်သွယ်မှု ပြုလုပ်နိုင်သည်။
ဥပမာအားဖြင့်၊ သင်သည် Google စတော့ ၁၀ ခုကို ဝယ်လိုသည်။ စတော့တစ်ခုသည် ဒေါ်လာ ၁၄၄၅ နှင့် ၁၀ ခု အတွက် ဒေါ်လာ ၁၄၄၅၀ ဖြစ်သောကြောင့် လူတိုင်း မတတ်နိုင်ပါ။ မာဂျင် ချေးငွေ၏အကူအညီဖြင့်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ CFD ကုန်သွယ်မှုအကောင့်တွင်ဒေါ်လာ ၄၀၀ ခန့် ရှိရုံဖြင့် Google စတော့ ၁၀၀ ကို ဝယ်ယူနိုင်ပါသည်။
ဥပမာတစ်ခုကိုကြည့်ရအောင်။
အထက်တွင်၊ မာဂျင် တွက်ချက်ရန် ပုံသေနည်းဖော်ပြခဲ့ပြီးဖြစ်သည်။ နောက်တစ်ကြိမ် ထပ်မံ လေ့လာနိုင်သည်။
ဤနေရာတွင် အဓိက ကန့်သတ်ချက်မှာ မာဂျင် ရာခိုင်နှုန်း ဖြစ်သည်။ ၎င်းမှာ ကုန်သွယ်မှု လုပ်ရန် သင့်အကောင့်တွင် ရှိရန်လိုအပ်သည့် ကုန်သွယ်မည့် အမျိုးအစား ၏ စုစုပေါင်း တန်ဖိုး ၏ ရာခိုင်နှုန်း တစ်ခုခု ဖြစ်သည်။
ဥပမာအားဖြင့်၊ Google စတော့တွင်၊ မာဂျင် သည် စုစုပေါင်းတန်ဖိုး၏ ၂ % သာဖြစ်သည်။ တစ်နည်းဆိုရသော် စတော့ ၁ ခုဝယ်ရန် ဒေါ်လာ ၁၄၄၄ အစား ဒေါ်လာ ၂၈.၈၉ သာလိုသည်။ ယင်းကြောင့် ကျွန်ုပ်တို့၏ အကောင့်တွင် ဒေါ်လာ ၁၀၀၀ ရှိရုံဖြင့် ရှယ်ယာ ၃၀ ကျော်ကို ဝယ်နိုင်မည် ဖြစ်သည်။
CFD ကုန်သွယ်မှု တွင် ပါသော Hedging
ယခု ကျွန်ုပ်သည် CFD ကုန်သွယ်မှုအတွက် ယုံကြည်စိတ်ချရသော ဗျူဟာတစ်ခုအကြောင်း ပြောပြလိုပါသည်။ ၎င်း မှာ Hedging ဗျူဟာ ဖြစ်သည်။ ဘဏ္ဍာရေး လောက တွင် Hedging သည် အမျိုးမျိုး ကွဲပြားသော ငွေကြေးအန္တရာယ်များမှ ကာကွယ်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏အခြေအနေတွင် ကျွန်ုပ်တို့သည် စတော့စျေးနှုန်းများကျဆင်းမှုအန္တရာယ်ကို ကာကွယ်ရန် အသုံးပြုပါမည်။
အပေါ်က ပုံသည် မည်သို့ အလုပ်လုပ်သည် ဆိုတာကို ပြသထားသည်။
ဥပမာအားဖြင့် ပုံပါ အတိုင်း Apple စတော့ကို ဝယ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဇယားရှိ စျေးနှုန်းသည် မြင့်တက်နေပြီး ဈေးနှုန်း မှာ အခြေအနေ ကောင်းနေသည်။ သို့သော် ကုမ္ပဏီသည် ချို့ယွင်းနေသော အိုင်ဖုန်း အသစ်များနှင့် ဆက်နွှယ်နေသည့် ယာယီပြဿနာများ ရှိနေနိုင်သည်ကို ရုတ်တရက် ကျွန်ုပ်တို့ သိရှိလာရသည်။ ၎င်းသည် စတော့ရှယ်ယာများကို မည်သည့်နည်းနှင့်မျှ မထိခိုက်သေးသော်လည်း ထိခိုက်နိုင်ခြေ မြင့်မားလာသည်။
ပြဿနာများသည် ယာယီဖြစ်ပြီး ရေရှည်တွင် ဈေးနှုန်းတက်သင့်သောကြောင့် ကျွန်ုပ်တို့၏ ကုန်သွယ်မှုကို ပိတ်ရန်မှာ အဓိပ္ပါယ်မရှိပါ။ ဤကိစ္စတွင် ကျွန်ုပ်တို့လုပ်နိုင်သော လှည့်ကွက်တစ်ခုရှိသည်။ ကျွန်ုပ်တို့သည် ဒုတိယအကောင့်တစ်ခုသို့ သွားပြီး စျေးနှုန်းဇယားကို စောင့်ကြည့်ရမည် ဖြစ်သည်။
ခဏကြာပြီးနောက် စတော့ရှယ်ယာသည် အမှန်တကယ်ကျဆင်းလာကာ စျေးနှုန်းသည် ကျွန်ုပ်တို့ ဝယ်ထားသည့် ဈေးနှုန်း သို့ ရောက်ရှိသောအခါတွင်၊ ကျွန်ုပ်တို့၏ ဒုတိယအကောင့် တွင် (တူညီသော ကုန်သွယ်မှု ပမာဏဖြင့်) ကုန်သွယ်မှု တစ်ခု ပြုလုပ်မည် ဖြစ်သော်လည်း ယခု ကုန်သွယ်မှု သည် အရောင်း ဖြစ်သည်။
စျေးနှုန်း ပိုနိမ့်သွားပါက ပထမအကောင့် မှ ဆုံးရှုံးမှုနှင့် ညီမျှမည့် အမြတ်ငွေကို ဒုတိယအကောင့်တွင် ရရှိမည် ဖြစ်ပါသည်။
အချိန်အတော်ကြာအောင် စောင့်ပြီးနောက်၊ ရွေးချယ်စရာတစ်ခုရှိလာသည်။ ကျွန်ုပ်တို့သည် ဒုတိယအကောင့် ရှိ အမြတ်အစွန်းရနိုင်သော ကုန်သွယ်မှု ကို ပိတ်၍ ပင်မအကောင့် ရှိ စျေးနှုန်းပြန်တက်၍ အမြတ်အစွန်း ပြန်ဖြစ်နိုင်သည့် ကုန်သွယ်မှု ကို စောင့်နိုင်မည် ဖြစ်သည်။ ဒါမှမဟုတ် ကျွန်ုပ်တို့ စတင်ကုန်သွယ်သည့် နေရာ ရှိ စျေးနှုန်းသို့ ပြန်ရောက်သည်အထိ စောင့်နိုင်သည်။
ရွေးချယ်မှုသည် ဤနေရာတွင် သင့် ဆုံးဖြတ်ချက် အတိုင်း ဖြစ်မည် ။ သို့သော် သင် အဘယ်ကြောင့် ဤကဲ့သို့ ပြုလုပ်သည်ကို နားလည်ရန် လိုအပ်ပါသည်။ အကယ်၍ အပို အမြတ်ရလိုပါက သင့်တွင် ပထမ ရွေးချယ်ခွင့် ရှိသော်လည်း အန္တရာယ်များသည်။ အကယ်၍ သင်သည် ယာယီဆုံးရှုံးမှုကို ရှောင်ရှားလိုလျှင် ဒုတိယ ရွေးချယ်ခွင့် ရှိသည် ။ ၎င်း ကို Breakeven ဟု ခေါ်သည်။
ကျွမ်းကျင်သူများအတွက် CFD ကုန်သွယ်မှုဗျူဟာများ
ယခု အတွေ့အကြုံရှိသော ကုန်သည်များအတွက် CFD အခြေပြု ကုန်သွယ်မှုဗျူဟာများအကြောင်း ပြောကြပါစို့။ ဒါဟာ စတင်သူများအတွက် မသင့်လျော်ဟု မဆိုလိုပါ၊ ၎င်းတို့သည် အချို့သော အခြေခံဗဟုသုတများ လိုအပ်ပါသည်။ CFD ကုန်သွယ်မှုဗျူဟာများ သည် အခြေခံနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုဗျူဟာများနှင့် CFD ဖွဲ့စည်းပုံ ဖြစ်သည်။
လူသိများ ကျော်ကြားသည့် ဗျူဟာ များနဲ့ စလိုက်ရအောင်။
Rangebound (Range) ကုန်သွယ်မှု
Range ကုန်သွယ်မှု ဗျူဟာသည် Forex ကုန်သည်များကြားတွင်ရေပန်းအစားဆုံးဖြစ်နိုင်သည်။
Range ကုန်သွယ်မှု ဗျူဟာ၏ အခြေခံနိယာမသည် Price Channel တွင် အလုပ်လုပ်ခြင်းအပေါ် အခြေခံသည်။ ဘေးတိုက်ရွေ့လျားမှု (သို့မဟုတ်) အနည်းငယ်စောင်းနေသည့် လမ်းကြောင်း ပုံစံ ရှိနေသည့် စျေးနှုန်းဇယားကို သင်သည် စောင့်ကြည့်ရမည် ဖြစ်ပြီး ထို့နောက် သင်သည် Channel Indicators များ ဖြစ်သော (CCI သို့မဟုတ် RSI) များထဲမှ တစ်ခုကို ပေါင်းထည့်ကာ အဝယ် လွန် နှင့် အရောင်း လွန်သည့် ဇုန်များရှိ ညွှန်ပြသောလိုင်းမှ ပြသည့် အချက်များနှင့် Price Channel ရှိ အမြင့်ဆုံးနှင့် အနိမ့်ဆုံး နေရာ များ ကို နှိုင်းယှဉ်ပါ။
အမှတ်သည် လုံးဝ တစ်ထပ်တည်း ကျနေပါက၊ ဤအချက်သည် စျေးကွက်ထဲသို့ ဝင်ရောက်ရန် အချက်ပြမှုဖြစ်သည်။ စျေးနှုန်းသည် ဇယားရှိ မျဉ်းသို့ရောက်ရှိသော်လည်း EMA လိုင်းသည် ညွှန်ပြချက်ပေါ်ရှိ ဇုန်သို့မရောက်ရှိပါက၊ ထိုသို့သောအချက်ပြမှုသည် လုံလောက်စွာ ယုံကြည်စိတ်ချရခြင်း မရှိဘဲ ကုန်သွယ်မှု ဗျူဟာတွင် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
Breakouts
Fractal breakout နည်းဗျူဟာသည် ကုန်သည်များကြားတွင် အလွန်ရေပန်းစားသည်။
နေ့စဉ်ကြားကာလများတွင် အများဆုံးအသုံးပြုသည်။
ယခင်နည်းဗျူဟာတွင်ကဲ့သို့၊ ၎င်းသည် ဘေးတိုက်ရွေ့လျားမှု (သို့မဟုတ်) ဦးတည်ချက် မရှိသည့် လမ်းကြောင်း များအပေါ် အခြေခံထားသည်။ Bollinger Bands နှင့် Bill Williams fractal ကို Indicators များအဖြစ် အသုံးပြုသည်။
စျေးနှုန်းသည် ဘေးတိုက်ရွေ့လျားမှု ကို ချိုးဖျက်ပြီး Bollinger Bands ၏ အနီးဆုံး ဘောင် တစ်ခုခုကို ကျော်လွန်သွားမည့် အချိန် ကို စောင့်ဆိုင်း၍ Price Chart တွင် အဆိုပါ အခိုက်အတံ့ မျိုး ရှာရမည် ဖြစ်သည်။ အဆိုပါ အချက်ပြမှု မျိုး ကို မှန်သည် ဟု ယူဆနိုင်သည်။ အရှုံးခံမည့် နေရာ (Stop loss) ကို များသော အားဖြင့် ဘေးတိုက်ရွေ့လျားမှု ၏ ဆန့်ကျင်ဘက်နေရာများတွင် သတ်မှတ်ကြသည်။
Contrarian Investing
ဆန့်ကျင်ဘက် ရင်းနှီးမြုပ်နှံမှုဗျူဟာသည် စျေးနှုန်းဇယားပေါ်တွင် အခြေခံထားခြင်းမဟုတ်ဘဲ လူအစုအဝေး၏ ထင်မြင်ယူဆချက်များကို လေ့လာခြင်းအပေါ် အခြေခံသောကြောင့်ဖြစ်သည်။
ဤနည်းဗျူဟာကို ဂျော့ ဆိုးရော့စ် က သူ၏ Intelligent Investor စာအုပ်တွင် ပထမဆုံးဖော်ပြခဲ့ပြီး လူစုလူဝေး၏အမြင် နှင့် ကမောက်ကမ အမြင် များကို နှိုင်းယှဉ်ခဲ့သည်။
ဤနည်းဗျူဟာ ၏ နိယာမမှာ ဆန့်ကျင်ဘက်အချက်များ ရှာဖွေရန်ဖြစ်သည်။ ဦးတည်ချက် ထင်ထင်ရှားရှား ရှိပြီး အား ပါသော အနေအထား တစ်ခုကို သင်တွေ့ရှိလျှင် ၎င်း နှင့် ဆန့်ကျင်သည့် အနေအထား တစ်ခု ကို ဖန်တီးပါ။
တစ်နည်းဆိုရသော် သင်သည် စျေးကွက်အမြင် နှင့် ဆန့်ကျင်သော ကုန်သွယ်မှုတစ်ခု ပြုလုပ်နေခြင်းဖြစ်သည်။ တက်စလာ စတော့ရှယ်ယာများကို နမူနာအဖြစ် တွေ့မြင် နိုင်ပါသည်။ ကုမ္ပဏီသည် S&P500 စတော့အညွှန်းကိန်းများ တွင် မပါဝင်ကြောင်း ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။ ပျင်းရိသူများသာ ၎င်းကို ရောင်းချခြင်းမရှိပေ။ ဤသည်မှာ ဤနည်းဗျူဟာအတွက် အတိအကျ အခြေအနေဖြစ်သည်။ ဤသည်မှာ ပြောင်းပြန် ဖြစ်နိုင်ချေ အလွန်များပြီးနောက် မဝေးတော့သော အနာဂတ်တွင် တိုးတက်မှု ဖြစ်နိုင်ခြေ လည်း မြင့်မားသည်။
Trend Following
အောက်ပါ ဗျူဟာသည် Indicators အသုံးပြုသည့် ဗျူဟာ များကြားတွင် အလွန် ရေပန်းစားသည်။ သို့သော် ကျွန်ုပ် အမြင်အရ၊ ၎င်းသည် Channel ဗျူဟာနှင့် နှိုင်းယှဉ်ပါက အားနည်းချက် များစွာရှိနေသည်။
နိယာမသည် အသစ် ဖွဲ့စည်းလာသော ဈေးနှုန်း လမ်းကြောင်း ၏ ဦးတည်ချက်တွင် ကုန်သွယ်မှု ပြုလုပ်ရန် ဖြစ်သည်။ အမြန် (၂၁ ကာလ) နှင့် အနှေး (၅၅ ကာလ) Moving Averages တို့၏ ဆုံမှတ် အပေါ် အခြေခံ၍ အဓိက အချက်ပြသည့် လမ်းကြောင်းသစ် ဖွဲ့စည်းခြင်း ကို သင် တွေ့မြင်နိုင်သည်။ များသောအားဖြင့် MACD နှင့် RSI ကဲ့သို့သော Oscillators များ အသုံးပြု၍ အချက်ပြမှု ကို စစ်ထုတ်ရမည် ဖြစ်သည်။ စျေးနှုန်းသည် RSI ကန့်သတ်ချက် အတွင်းတွင် ရှိနေကြောင်း နှင့် MACD ၏ လမ်းကြောင်းအတိုင်း လည်း ရှိနေကြောင်း သေချာရမည် ဖြစ်သည်။
ဥပမာအားဖြင့်၊ အဝယ် ကုန်သွယ်မှု တစ်ခုတွင် အမြန် EMA လိုင်း သည် အနှေး EMA လိုင်း ကို ဖြတ်သွားကာ တစ်ချိန်တည်းတွင်၊ RSI သည် ချန်နယ်အတွင်း၌ ရှိနေပြီး MACD histogram သည် အတက်လမ်းကြောင်းတွင် ရှိနေမည် ဆိုလျှင် – အချက်ပြမှုမှာ မှန်ပါသည်၊ RSI ညွှန်ပြချက် ချန်နယ်မှ ထွက်သည့်အခါ ကုန်သွယ်မှုကို ပိတ်သင့်ပါသည်။
Scalping (aka Spread Trading)
Scalping နည်းဗျူဟာ များစွာရှိပါသည်၊ သို့သော် CFDs အရောင်းအ၀ယ်အတွက် Scalping နှင့် အသင့်တော်ဆုံး ဖြစ်သည့် Indicator များကို ကို စဉ်းစားနိုင်စေရန် အကြံပြုမည် ဖြစ်ပါသည်။
ဤ နည်းဗျူဟာသည် ပင်မ Indicators ၄ ခု ၏ အချက်ပြမှုများ အား နှိုင်းယှဉ်မှုအပေါ် အခြေခံထားသည်။ အဓိက အချက်ပြမှုသည် MACD Oscillator မှဖြစ်ပြီး၊ ထို့နောက် RSI နှင့် MA နှစ်ခုကို အသုံးပြု၍ ဤအချက်ပြမှုကို စစ်ဆေးပါသည်။
ဤ နည်းဗျူဟာ ၏ အနှစ်သာရ မှာ Indicators ၄ ခု လုံးမှ အချက်ပြမှု များ နှင့် ကိုက်ညီနေခြင်း ဖြစ်သည်။
၎င်းတို့နှင့် ကိုက်ညီသော ဥပမာ အား အထက်ဖော်ပြပါ ပုံတွင် တွေ့ရမည် ဖြစ်သည်။
MACD သည် သုည အထက် တွင် ပထမ ဘား ကိုဖွဲ့စည်းခြင်း ၊ RSI သည် အလယ်မှတ် ၅၀ အထက်သို့ဖြတ်သွားခြင်း ၊ ၁၀ ကာလ အသုံးပြုထားသည့် အမြန် EMA လိုင်းသည် ၂၆ ကာလ အသုံးပြုထားသည့် အနှေး EMA လိုင်း ၏ အထက်သို့ ဖြတ်ကျော်လျှင် အဝယ် အချက်ပြမှု ကို ကျွန်ုပ်တို့ ရရှိမည် ဖြစ်သည်။
Swing Trading
Swing trading သည် လူများစွာ ထင်မြင်ပုံနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ Swing Trading သည် ရှုပ်ထွေးသော စည်းမျဉ်းများ၊ နည်းစနစ်များနှင့် စျေးကွက် အသိပညာတစ်ခုဖြစ်သော အသေးစိတ်တိုင်းကို ထည့်သွင်း စဉ်းစားပြီး ရှင်းလင်းစွာ ဖွဲ့စည်းတည်ဆောက်ထားသော ကုန်သွယ်မှုအစီအစဉ်ကို ပေးစွမ်းမည် ဖြစ်ပါသည်။
ယေဘူယျအားဖြင့်၊ Swing trading သည် Corrective ရွေ့လျားမှု များကို လျစ်လျူရှုကာ ဖြစ်ပေါ်ထားသည့် လမ်းကြောင်း အတိုင်း ဖြစ်နိုင်သမျှ ကြာကြာ ရပ်တည်နေသည့် ကုန်သွယ်မှုနည်းလမ်းတစ်ခုဟု ယူဆပါသည်။ သင့်လျော်သောချဉ်းကပ်မှုဖြင့် ဆိုလျှင် ၎င်းသည် သေးငယ်သော အရွေ့အတွက် တင် မဟုတ်ဘဲ လမ်းကြောင်း တစ်ကြောင်းလုံး အတွက် အကျိုးရှိစေမည် ဖြစ်သည်။
Swing ကုန်သွယ်မှု များကို တစ်လကျော်ကြာ ကိုင်ထားလေ့ရှိသည်။ ဒါပေမယ့်လည်း ကမ္ဘာလုံးဆိုင်ရာ Swing ကုန်သွယ်မှု တွေလည်း ရှိပါသည်။
အထက်ဖော်ပြပါ ပုံတွင် တစ်နှစ်နီးပါး ဖွင့်ထားခဲ့သော ကျွန်ုပ်၏ ရွှေ ကုန်သွယ်မှုကို တွေ့မြင်နိုင်သည်။ ပင်မ ကုန်သွယ်မှု ကို မထိဘဲ ဈေးနှုန်း လမ်းကြောင်း တစ်လျှောက် တွင် ရေတို ကုန်သွယ်မှု များ ပေါင်းထည့်ခြင်း၊ ဖယ်ရှားခြင်းများဖြင့် ကုန်သွယ်ခဲ့သည် ကို တွေ့မြင်နိုင်ပါသည်။
ယေဘူယျအားဖြင့်ပြောရလျှင်၊ ကျွန်ုပ်သည် Swing Trading ကို ကုန်သွယ်မှုအနုပညာ ၏ အထွတ်အထိပ် ဟု ယူဆကာ၊ ဤနည်းလမ်းနှင့် ပတ်သက်၍ သီးခြားဆောင်းပါးတစ်ပုဒ်ကို မကြာမီ ရေးမည် ဖြစ်ပါသည် ။
News Playing
သတင်း ဖြင့် ကုန်သွယ်မှုသည် အလွန်ရေပန်းစားသော ကုန်သွယ်မှုအမျိုးအစား ဖြစ်သည်။
စည်းမျဉ်း အရ ဆိုလျှင် သတင်း ဖြင့် ကုန်သွယ်မှု ကို အမျိုးအစား ၂ မျိုး ခွဲခြားထားသည်- အချိန်အပိုင်းအခြားအလိုက် ဖြစ်ပေါ်သော သတင်း ကုန်သွယ်မှု နှင့် ဖြစ်ရပ်များအပေါ် မူတည်သော ကုန်သွယ်မှု ဖြစ်သည်။ အချိန်အပိုင်းအခြားအလိုက် ဖြစ်ပေါ်သော သတင်း ကုန်သွယ်မှု အား စီးပွားရေးပြက္ခဒိန် ကို အသုံးပြု၍ အဓိကလုပ်ဆောင်သည်။ ဒါပေမယ့် ဖြစ်ရပ်များအပေါ် မူတည်သော ကုန်သွယ်မှု အတွက် သင် စိတ်ဝင်စားသော ကုန်သွယ်ရေး အမျိုးအစား နှင့် ပတ်သက်၍ ဖြစ်ပျက်နေသမျှကို သတိထားဖို့ လိုပါတယ်။
ဥပမာအားဖြင့်၊ Walmart Inc အား ကုန်သွယ်ရန် ရွေးချယ်ခဲ့သည်။ ထို့နောက် ဩဂုတ်လကုန် တွင် ကုမ္ပဏီသည် လူကြိုက်များသော TikTok ဝန်ဆောင်မှုကို ဝယ်ယူနေကြောင်း ကြေညာခဲ့ပြီး စတော့ရှယ်ယာများ သိသိသာသာ တန်ဖိုး တက်လာသည်။ ဤသည်မှာ အဝယ် အချက်ပြမှု ဥပမာ ဖြစ်သည်။ သို့သော် တစ်လအကြာတွင် တရုတ်အစိုးရသည် အဆိုပါ ကိစ္စအား ပိတ်ဆို့ထားဖွယ်ရှိကြောင်း မီဒီယာများတွင် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် Wal-Mart စတော့ရှယ်ယာများ၏ ဈေးနှုန်းသည် သိသိသာသာ ကျဆင်းသွားသည် ။ ယင်းသည် အရောင်း အချက်ပြမှုတစ်ခုဖြစ်သည်။
CFD ၏ အကျိုးကျေးဇူးများနှင့် အန္တရာယ်များ
ဒါဆို CFD ကုန်သွယ်မှု ဆိုတာ ဘာလဲ။ ငွေရှာနည်း (သို့မဟုတ်) အခြားမလိုအပ်သော ကိရိယာတစ်ခုခုလား။
ကောင်းကျိုးနှင့် ဆိုးကျိုးများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဤမေးခွန်းကို အဖြေပေးပါမည်။
ကမ္ဘာတစ်ဝှမ်းရှိ Broker များသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က CFDs များကို တက်ကြွစွာ ကုန်သွယ်မှု လုပ်သောအခါ တကယ့်တကယ် ကျွန်ုပ် ကို ကျွန်ုပ် မေးခဲ့တာက "CFDs ဆိုတာ ဘာလဲ?" ပေါ့ ။
စာချုပ် အမျိုးအစားသစ်များကို လေ့လာခဲ့ရာတွင် အခြားသော စာချုပ်များထက် အားသာချက်များစွာ ရှိသည်ကို တွေ့ရှိခဲ့သည်။ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ သိသာထင်ရှားတဲ့ အားနည်းချက် တွေကိုလည်း တွေ့ခဲ့ရတယ်။ နှစ်ခုလုံးကို ကြည့်ရအောင်။
CFD ၏ အကျိုးကျေးဇူးများ
CFDs များနှင့် အလုပ်လုပ်နေစဉ်တွင် အခြားသော စာချုပ်အမျိုးအစားများထက် အဓိကအားသာချက် လေးခု ကို ကျွန်ုပ်ရှာဖွေတွေ့ရှိခဲ့သည် –
ကုန်သွယ်မှု လုပ်ဖို့ အရင်းအနှီးနည်းနည်းပဲလိုတယ်။ ဒီအားသာချက်အကြောင်း ဒီဆောင်းပါးမှာ အကြိမ်ကြိမ် ပြောဖူးပါတယ်။
မာဂျင် သည် CFD Trading ကို လူတိုင်းနီးပါး ရရှိနိုင်စေသည့် အကြီးမားဆုံး အားသာချက်ဖြစ်သည်။ ဒေါ်လာ ၁၅၀၀ စတော့စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက မာဂျင် ၂ % ဆိုတာ ဘာကို ပြောတာလဲ ? ဒေါ်လာ ၃၀ ရှိတာနဲ့ တစ်နေ့ ဝင်ငွေ ၁၀၀၊ ၂၀၀၊ ၃၀၀ နဲ့ ဒီထက် တောင် ရဖို့ အခွင့်အရေး ရှိတယ်။
အလွန်နည်းသောကော်မရှင်များ ၊ ကုမ္ပဏီတစ်ခု၏ ရေရှည်စတော့များဝယ်ယူခြင်းနှင့် ပတ်သက်လာလျှင် လပေါင်းများစွာမှ တစ်နှစ်အထိ ကျသင့်မည့် အဆိုပါ အဖိုးအခ များ ကို ချက်ချင်းစဉ်းစားမိပါသည်။
ဤအခကြေးငွေများတွင် အခွန်အခများ၊၊ အစုရှယ်ယာရှင်များ၏ မှတ်ပုံတင်ခြင်းတွင် ပါဝင်ရန်အတွက် ကော်မရှင်များ၊ ပေးပို့မှုများ(ကုန်စည်အတွက်)၊ သုံးစွဲမှု၊ ညသိပ်ခများ နှင့် အခြား အခကြေးငွေများ ပါဝင်သည်။
ဤအချက် သည် သင့် ပိုင်ဆိုင်မှု အတွက် မည်သည့် အရာကိုမဆို မဝယ်မီ သင့်အား အလေးအနက် စဉ်းစားစေသည်။ ဒါပေမယ့် CFD ကိုဝယ်ဖို့ဆုံးဖြတ်တဲ့အခါ ကျွန်ုပ် အနေနဲ့ အထက်ပါ စရိတ်တွေကို စဉ်းစားဖို့ မလိုအပ်ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်ုပ် ပေးရတဲ့ငွေအားလုံးက တစ်ကြိမ်အတွက် Spread ၊ 1 Lot အတွက် ကော်မရှင် ၂၅ ဆင့် နှင့် Swap (၁ ဆင့် အောက် သာ ရှိ) ကြောင့်ဘဲ ဖြစ်တယ် ။
ဥပမာအားဖြင့်၊ ဒေါ်လာ ၁၅၀၀ တန် Google စတော့စာချုပ် ၁ ခုကို ဝယ်ယူသောအခါ သင်သည် Spread အတွက် ဆင့် ၈၀၊ ကော်မရှင်အတွက် ၂၅ ဆင့်နှင့် ပိုင်ဆိုင်မှု ဆယ်ရက်စာအတွက် ၁ ဆင့် သာ ပေးရမည် ဖြစ်သည်။ ဒါပါဘဲ ။ ဒေါ်လာ ၁၅၀၀ တန် စာချုပ်အတွက်၊ သင်သည် ကော်မရှင်အတွက် ၁ ဒေါ်လာ သာ ပေးဆောင်ရမည်။ အရမ်း ရှင်းပါတယ်။
Portfolio hedging ရွေးချယ်မှု။ အပေါ်မှာ Hedging အကြောင်း ပြောပြီးပြီ ဖြစ်သည်။ Hedging များအတွက် Options နှင့် Futures ကဲ့သို့ Derivatives များစွာ ရှိသော်လည်း CFDs များသည် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက များစွာပို၍ သင့်တင့်သည် ။
တကယ်တော့ CFDs စာချုပ်များသည် Hedging ကုန်သွယ်မှုများ ကို ဖန်တီးရန် ပြီးပြည့်စုံသော နည်းလမ်းဖြစ်သည်။ သို့သော် ၎င်းတို့၏ အဓိကအားသာချက်မှာ စတော့ရှယ်ယာတွင် အနေအထားတစ်ခုကို ချက်ချင်း ကာကွယ်နိုင်မှုဖြစ်သည်။ အထက်တွင် အဆိုပါ ဖြစ်စဉ်ကို ကျွန်ုပ် ရှင်းပြခဲ့ပါသည် ။
အဆင်ပြေခြင်း ။ ဤ အကြောင်းအရာသည် အထက်ဖော်ပြပါ အကြောင်းအရာအားလုံးကို အကျဉ်းချုပ် ဖော်ပြခြင်း ဖြစ်သည်။ CFDs စာချုပ်များနှင့် သက်ဆိုင်သည့် အရာအားလုံး တွင် အဆင်ပြေသည် ကို တွေ့မြင်နိုင်သည်။ ဤသည်မှာ အနည်းဆုံး မာဂျင်၊ အကန့်အသတ်မရှိ Leverage ကို သုံးစွဲနိုင်ပြီး လက်တွေ့ကျကျ ဆိုလျှင် ကော်မရှင်များမရှိခြင်း စသည်တို့ ဖြစ်သည်။ ဒါ့အပြင် အားသာချက်တစ်ခုကို သီးခြားဖော်ပြရလျှင်- အလွယ်တကူ သုံးစွဲနိုင်ခြင်း ဖြစ်သည်။
Forex Broker များသည် အဆင်ပြေပြေနှင့် အကျွမ်းတဝင် ရှိစေသော ကုန်သွယ်ရေး တာမင်နယ် တွင် ကုန်သွယ်ရေး အမျိုးအစားအားလုံး အတွက် CFD ကုန်သွယ်မှုကို ပံ့ပိုးပေးပါသည်။ သင့်တွင် မတူညီသော လဲလှယ်မှု အမျိုးအစားများ အတွက် အကောင့်များ ရှိရန် မလိုအပ်ပါ၊ မည်မျှပင် ကြီးသော Broker မဆို လူကြိုက်အများဆုံး CFD အမျိုးအစားအားလုံးကို အသုံးပြုခွင့်ရှိပါသည်။
CFD ၏ အန္တရာယ်များ
အားနည်းချက်ကတော့ နှစ်ခု ရှိတာ တွေ့ရပါတယ်။ ၎င်းတို့သည် အားနည်းချက် သီးသန့် မဟုတ်သော်လည်း မည်သို့ ဆိုစေ၊ ၎င်းတို့သည် ရလဒ်ကို ထိခိုက်စေသောကြောင့် သေးငယ်သောအရာများမှ အစ အမြဲအာရုံစိုက်ရန် အကြံပြုလိုပါသည်။
ဥပဒေပြုရေးစည်းမျဉ်းမရှိပါ။
"တကယ်လို့ ကျွန်ုပ် တို့ အနေနဲ့ အခွန်မဆောင် ဘဲ Offshore ပလပ်ဖောင်းတွေပေါ်မှာ ကုန်သွယ်ရင် ဘယ်လိုဥပဒေ အမျိုးအစား အကြောင်း ကို ပြောဆိုနေကြမလဲ" လို့ လူအများက ပြောနိုင်ပါတယ်။
.ဒါက အမှန်ပါပဲ၊ ဝင်ငွေခွန် ပေးဆောင်စရာ မလိုတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ ဒါပေမယ့် အောက်ပါ စာရင်းဇယားတွေကို ပေးပါမယ် ။
မကြာသေးမီနှစ်များအတွင်း CFD ကုန်သွယ်မှုများနှင့်ပတ်သက်သည့် အငြင်းပွားမှုများသည် Broker များနှင့် ၎င်းတို့၏ ဖောက်သည်များအကြား မကြာခဏဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် Broker သည် အများအားဖြင့် CFD အတွက် ကိုယ်တိုင် ဈေးကွက် ဖန်တီးသူ(Market Maker) ဖြစ်သောကြောင့် ၎င်းတို့ကိုယ်တိုင် စည်းမျဉ်းများ သတ်မှတ်ကြသည်။ CFD ၏ ရှင်းလင်းစွာ ရေးသားထားသော အသေးစိတ် သတ်မှတ်ချက်မရှိသည့် အတွက် ၎င်းသည် စံ သတ်မှတ်ချက် မရှိသည့် သဘော ဖြစ်စေသည်။ မည်သည့်အငြင်းပွားမှုမျိုးတွင်မဆို Broker သည် အမြဲမှန်နေမည်။
ဤ အကြောင်းအရင်းကြောင့်၊ မှတ်ပုံတင် အတည်မပြုထားသော Broker နှင့် CFD ကုန်သွယ်ခြင်း ကို ကျွန်ုပ် အနေဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း အကြံပြုလိုပါသည်။ အနည်းငယ် မြင့်မားသော ကော်မရှင်ပါရှိသည့် Broker ကိုရွေးချယ်ခြင်းသည် ပိုကောင်းသည့် အတွက် အဆိုပါ အချက်သည် သင့် ကို လှည့်စားနိုင်မည်မဟုတ်ကြောင်း သေချာစေနိုင်သည်။
CFDs ပိုင်ဆိုင်သူများ သည် အစုရှယ်ယာရှင်များမဟုတ်ပါ။
ဒါက အားနည်းချက် မဟုတ်ဘူးလို့ ထပ်ပြောလို့ရပါတယ် ။
၎င်းသည် Beginners အတွက် အလွန်အရေးကြီးမည်မဟုတ်သော်လည်း အတွေ့အကြုံရှိ ကုန်သည်အတွက် မူ ကွဲပြားပါသည်။
CFD ဝယ်ယူခြင်းနှင့် စတော့ရှယ်ယာ အစစ်အမှန် ဝယ်ယူခြင်းကြား ကွာခြားချက်မှာ စည်းမျဉ်း ဖြစ်သည်။
အကယ်၍ သင်သည် စတော့ရှယ်ယာတစ်ခုကို ဝယ်ယူပြီး အစုရှယ်ယာရှင်များ၏ မှတ်ပုံတင် စာရင်းတွင် ထည့်သွင်းပါက၊ သင်သည် ၎င်းကို ရောင်းချခြင်း (သို့မဟုတ်) အခြားသူတစ်ဦးထံသို့ လွှဲပြောင်းခြင်းမပြုမချင်း ၎င်းကို ပိုင်ဆိုင်မည်ဖြစ်သည်။ ရေကြီးခြင်း၊ မီးဘေး၊ ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်း၊ COVID-19 ကူးစက်ရောဂါ၊ သင့် Broker ၏ ဒေဝါလီခံခြင်း (သို့မဟုတ်) အခြား အကြောင်းရင်း တစ်ခုခု ကြောင့် ဤလုပ်ငန်းစဉ်ကို အထက်ပါ နည်းလမ်းများ ဖြင့် အကျိုးသက်ရောက်စေနိုင်သည်။ သင် စတော့ ဝယ်ယူခဲ့သော Broker သည် ၁၀နှစ် သက်တမ်း ကြာ Broker မဟုတ်ခဲ့လျှင်ပင် စတော့ရှယ်ယာသည် သင်၏ ကိုယ်ပိုင် ဖြစ်မည် ဖြစ်သည်။
သင် ပိတ်ရန်ဆုံးဖြတ်ထားသော ကုမ္ပဏီ တစ်ခု ၏ စတော့ရှယ်ယာ (သို့မဟုတ်) အခြားကုမ္ပဏီတစ်ခုက အဆိုပါ ကုမ္ပဏီ ၏ ရှယ်ယာ များ ကို ဝယ်လျှင်ပင် သင့်တွင် စတော့ရှယ်ယာများရှိနေမည်ဖြစ်ပြီး ၎င်းသည် တန်ဖိုးရှိနေမည်ဖြစ်သည်။
CFDs ကုန်သွယ်မှု တွင် သင့် Broker ကသာ ထို့ အတွက် တာဝန်ရှိပါသည်။ Broker တစ်ခုခုဖြစ်သွားပါက၊ သင့်စာချုပ်များ လည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
ထို့ကြောင့်၊ နောက်တစ်ကြိမ် ပြောရလျှင် - ယုံကြည် စိတ်ချရသော Broker များကိုရွေးချယ်ပါ။
CFD ကုန်သွယ်မှုပလပ်ဖောင်းများနှင့် ကိရိယာများ
CFDs နှင့် လုပ်ဆောင်ရာတွင် သင်အသုံးပြုသည့် ကိရိယာများအကြောင်း ပြောရန် အချိန်ရောက်ပြီ ဖြစ်ပါသည်။
၁။ ကုန်သွယ်မှုပလပ်ဖောင်းများ
CFDs စာချုပ်များသည် အသုံးအများဆုံး လဲလှယ်ရောင်းဝယ်သော စာချုပ်ဖြစ်သောကြောင့် အထူးဆော့ဖ်ဝဲ မလိုအပ်ပါ။ သင်၏ Broker မှ ပံ့ပိုးထားသော သာမန် ကုန်သွယ်မှု တာမင်နယ် ဖြင့် CFD များ နှင့် အလုပ်လုပ်ရန် အတော်လေး လုံလောက်ပါသည်။
ရေပန်းအစားဆုံး ပလပ်ဖောင်းမှာ MetaTrader 4 ကုန်သွယ်မှု တာမင်နယ် ဖြစ်သည်။ ကျွန်တော့် အမြင်အရတော့ ဒီထက် ပိုမိုကောင်းမွန်တဲ့ ကုန်သွယ်မှု တာမင်နယ် မရှိပါ။ ၎င်းတွင် ကုန်သွယ်မှုအတွက် သင် လိုအပ်သမျှအရာအားလုံး ဖြစ်သော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကိရိယာအစုံအလင် ရှိပြီး သမိုင်းကြောင်း တစ်လျှောက် ရှိ အချက်အလက် များကို ဒေါင်းလုဒ် ပြုလုပ်နိုင်သည်။
ဤ တာမင်နယ် ၏ MT5 ဟု ခေါ်သော ဗားရှင်းအသစ်လည်း ရှိပါသည်၊ သို့သော် ၎င်းသည် MT4 ကဲ့သို့ ရေပန်းစားခြင်းမရှိပါ။
မကြာသေးမီက စတင် ပေါ်လာခဲ့သည့် အတော်လေး အဆင်ပြေသော အွန်လိုင်းပလက်ဖောင်းများစွာရှိသည်။ ၎င်းတို့၏ အားသာချက်မှာ အဆင်ပြေပြီး ပလပ်ဖောင်းကို ကုန်သည် ၏ ကိုယ်ရေးကိုယ်တာအကောင့်တွင် နေရာ တကျ တည်ဆောက်ထားသောကြောင့်၊ အကောင့် ပိုင်ရှင်သည် Broker နှင့် အပြန်အလှန် ဆက်ဆံနိုင်သည့်အခွင့်အရေးအားလုံးကို ချက်ချင်း ရရှိနိုင်ပါသည်။
၂။ ကုန်သွယ်မှုကိရိယာများ
ကုန်သွယ်မှုကိရိယာ များ မှာ သင့် Broker မှ ထောက်ပံ့ပေးသော အပိုဆောင်း လုပ်ဆောင်ချက်များ ဖြစ်သည်။
၎င်းတွင် စီးပွားရေးပြက္ခဒိန်များနှင့် လိုအပ်သော ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်မှု များ သို့ အခမဲ့ဝင်ရောက်ခွင့် များ ပါဝင်သည်။ Broker တိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ခွဲခြမ်းစိတ်ဖြာမှု ဌာန ကို မထားနိုင်ဘဲ အလွန် ယုံကြည်စိတ်ချရသော Broker များသာ ဤဝန်ဆောင်မှုကို ပေးနိုင်ပါသည်။ ကျွန်ုပ် ဖော်ပြခဲ့ပြီးသော ကုန်သည်၏ ဂဏန်းတွက်စက် ပါ၀င်သည့် အပိုဆောင်း အစီအစဉ် များလည်း ရှိပါသည်။
၃။ ဂရပ်ဖစ် ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ကိရိယာများ
ထိုကဲ့သို့သောကိရိယာများကို အများအားဖြင့် ကုန်သွယ်မှုပလပ်ဖောင်းတွင် ထည့်သွင်းထားပြီး ဖြစ်သည်။ သို့သော် အချိန် နှင့် အမျှ ကုန်သွယ်မှု Indicators အသစ်များ(သို့မဟုတ်) ဂရပ်ဖစ် ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ကိရိယာများ မှာ အဆက်မပြတ် ပေါ်ပေါက်နေပါသည်။ ၎င်းတို့ကို သင်၏ကုန်သွယ်မှုတာမင်နယ်တွင် ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းရန် လိုအပ်သည်။
၄။ ကုန်သွယ်မှု အကြံပေးစနစ်များ
သင့်ကုန်သွယ်မှုကို အလိုအလျောက်လုပ်ဆောင်ရန် ဤ စနစ်များသည် မရှိမဖြစ်လိုအပ်ပါသည်။ စက်ရုပ်များဖြင့် အလိုအလျောက် ပြုလုပ်သော ကုန်သွယ်မှုကို Algorithmic Trading ဟုခေါ်သည်။ ၎င်းတို့၏ အားသာချက်မှာ စျေးကွက်အတွင်းသို့ ဝင်ရောက်ရန် အချက်ပြမှုများကို ရှာဖွေခြင်းမှသည် ကုန်သည်၏ ပါဝင်မှု မရှိဘဲ အပြည့်အဝ အလိုအလျောက် ကုန်သွယ်မှုအထိ အလုပ်အများစုကို လုပ်ဆောင်ခြင်း ဖြစ်သည်။
အောင်မြင်သောကုန်သည်တစ်ဦးသည် ၎င်းတို့၏ ကိရိယာ သေတ္တာ တွင် ကိရိယာအစုံအလင် ထားရှိသည်။ ထိပ်တန်း Broker များသည် ဒါကို သိပြီး ၎င်းတို့၏ ဖောက်သည်များအား ဤ ကိရိယာ အစုံအလင်ကို တစ်နေရာတည်းနှင့် ပလက်ဖောင်းတစ်ခုပေါ်တွင် ပေးစွမ်းရန် ကြိုးစားကြသည်။
အထက်မှာ တစ်ကြိမ် ထက်မကပြောခဲ့သလိုမျိုး ကျွန်ုပ် သည် LiteFinance ကို ရွေးချယ်ခဲ့သည်။ LiteFinance သည် ဘဏ္ဍာရေး ဈေးကွက်တွင် အတွေ့အကြုံ ၁၅ နှစ်ရှိပြီ ဖြစ်သော Broker ဖြစ်ပါသည်။
အရင်က မတူညီတဲ့ Broker အများအပြား မှာ ကြိုးစားလုပ်ကိုင်ခဲ့ပြီးနောက် ကျွန်ုပ် သည် LiteFinance Broker နှင့် ၅ နှစ်ကျော် ကြာအောင် လက်တွဲလုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်သည်။
LiteFinance ၏ အဓိကအားသာချက်မှာ ၎င်း အား အဆင်ပြေလွယ်ကူစွာ သုံးစွဲနိုင်မှု ဖြစ်သည်။
သင်လိုအပ်သမျှ တစ်နေရာတည်းတွင် ရရှိမည် ဖြစ်သည်။
ဝဘ်ဆိုဒ်၏ ဖွဲ့စည်းပုံသည် အသုံးပြုရလွယ်ကူသည် - သင်လိုချင်သည့်နေရာကိုရောက်ရန် လင့်ခ်များစွာကို ဖြတ်သန်းရန်မလိုအပ်ပါ။ ကလစ် ၂ချက် ၃ ချက် ဖြင့် သင်လိုအပ်သမျှ ကို ရနိုင်သည်။
ကျွမ်းကျင်သူတစ်ဦးအနေဖြင့်၊ ကုန်သွယ်မှု အခြေအနေများ၊ ကော်မရှင်များ နှင့် ဆာဗာ၏ လက်ငင်း စျေးနှုန်းပြောင်းလဲမှု (သို့မဟုတ်) Slippage များ အပေါ် တုံ့ပြန်မှုများအတွက် ကျွန်ုပ် အနေဖြင့် လုံးဝ ကျေနပ်မှုရှိပါသည်။ ထို့အပြင်၊ ကုမ္ပဏီသည် Scalping နှင့် Swing ကုန်သွယ်မှု ကို ခွင့်ပြုထားပါသည်။
CFD စည်းမျဉ်းများနှင့် အကြံပြုချက်များ
သင့် ကိုယ်ပိုင် အသုံးပြုရန် အောင်မြင်သော ကုန်သွယ်မှုဗျူဟာ တစ်ခု တည်ဆောက်ရန်အတွက် အကြံပြုချက်အချို့ကို ကျွန်ုပ် ပေးပါရစေ။ ဘယ်လိုဘဲ ဖြစ်နေပါစေ။ မည်သည့် ကုန်သွယ်မှုနည်းဗျူဟာ မဆို စည်းမျဉ်းစည်းကမ်းများ နှင့် ဖွဲ့စည်းထားသည်။ စည်းမျဉ်းများ စတင် ပြုလုပ်ရအောင်။
၁။ စည်းကမ်းများကို အမြဲလိုက်နာပါ။
ပထမ ဆုံး နှင့် အရေးအကြီးဆုံး စည်းမျဉ်းမှာ သင်၏ ကုန်သွယ်မှုဗျူဟာ၏ စည်းမျဉ်းများကို အမြဲလိုက်နာရန်ဖြစ်သည်။ လွဲချော်ခြင်း (သို့မဟုတ်) ပေါ့ပေါ့ဆဆ ပြုလုပ်ခြင်းများ သည် ဆုံးရှုံးမှု (သို့မဟုတ်) ပြဿနာများဆီသို့ ဦးတည်သွားစေရန် အာမခံပါသည်။
၂။ တင်းကျပ်သော အမိန့် ကို ပြုလုပ်ပါ။
CFDs ကုန်သွယ်မှုတွင် သင်သည် စတော့ရှယ်ယာများနှင့် ကုန်သွယ်ရသည့် အခါ စတော့ရှယ်ယာ ကုန်သွယ်ခြင်း သည် တင်းကြပ်မှုများ ရှိသည့် အတွက် မမျှော်လင့်ထားသော ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပြီးနောက်ပိုင်း ကုန်သွယ်မှု ကို ခေတ္တရပ်နားရပါမည်။ ဤသို့ ပြုလုပ်ခြင်းသည် သင့်ငွေများကို ထိခိုက်ခြင်းမှ ကာကွယ်ရန် ဖြစ်ပြီး အန္တရာယ်များကို ထိန်းချုပ်ရန် အမြဲသတိရှိနေရပါမည်။
၃။ ဆုံးဖြတ်ချက်ချဖို့ မကြောက်ပါနဲ့။
အမှားလုပ်မိမှာကြောက်ရင် အောင်မြင်တဲ့ ကုန်သွယ်မှုဗျူဟာကို ဘယ်တော့မှ ဖန်တီးနိုင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်ုပ် ၏ ကိုယ်ပိုင်အတွေ့အကြုံကနေ သိရှိခဲ့ရတယ်။ အမှားမရှိရင် ဘယ်တော့မှ သင်ယူနိုင်မှာ မဟုတ်ပါဘူး။ ဆိုးရွားသော အမှားများကိုရှောင်ရှားရန် အချက် နံပတ် (၂) ကို ကြည့်ပါ။
၄။ သင် ၏ Leverage ကို သတိပြုပါ ။
ကုန်သွယ်မှု တစ်ခု မဖွင့်ခင် စီစဉ်ထားတဲ့ အတိုင်း သင် ၏ Leverage ကို အမြဲ ထားရှိပြီး သင် ကြိုတင်မစီစဉ်ထားသော မည်သည့်အရာကိုမျှ မလုပ်ပါနဲ့။
တစ်နည်းဆိုရသော် သင်သည် ကုန်သွယ်မှုတစ်ခု ပြုလုပ်ပြီးနောက် သင်၏ ခန့်မှန်းချက် အတိုင်း ဖြစ်ပေါ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာပါက၊ သင် ကြိုတင်မစီစဉ်ထားဘဲ ကုန်သွယ်မှု ပမာဏ ကို မတိုးသင့်ပါ။
၅။ ကုန်သွယ်မှု မဖွင့်မီ သင်၏ ကုန်သွယ်မှုကို တွက်ချက်ပါ။
ကုန်သွယ်မှု တစ်ခုမဖွင့်ခင် ရှင်းရှင်းလင်းလင်း သိထားရပါမှာ က တကယ်လို့ အမှားအယွင်း ဖြစ်ပေါ်ခဲ့ရင် သင် ဘာကို ရည်ရွယ်ထားသလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင် ဘယ်လောက်ဆုံးရှုံးမယ် ဆိုတာဘဲ ဖြစ်တယ် ။
၆။ ဘယ်သူ့စကားကိုမှ နားမထောင်ပါနဲ့။
တစ်စုံတစ်ယောက်က Bitcoin တွင် သန်းပေါင်းများစွာ ၎င်းတို့ ရရှိခဲ့သည်ဟု သင့်အား ပြောပါက သင့် အနေဖြင့် အရာအားလုံးကို လွှတ်ချလိုက်ပြီး Bitcoin ကို ဝယ်သင့်သည်ဟု မဆိုလိုပါ။ ကောလဟာလအများစုသည် သင့်အား မည်သည့်အကျိုးအမြတ်မှ ယူဆောင်လာမည် မဟုတ်ကြောင်း သတိရပါ။ အကယ်၍ တစ်စုံတစ်ဦးမှ LiteFinance သည် ကောင်းမွန်ပြီး ယုံကြည်စိတ်ချရသော Broker ဖြစ်ကြောင်း သင့်အား ပြောပါက၊ ၎င်းတို့ကို မျက်စိစုံမှိတ်ပြီး မယုံကြည်ပါနှင့် - သင့် ကိုယ်ပိုင် သုတေသနပြုလုပ်ပြီး သင့် ကိုယ်ပိုင် ကောက်ချက်ချပါ။
၇။ ကုန်သွယ်မှုအား အချိန်ကန့်သတ်မှုဖြင့် ပြုလုပ်ပါ ။
စျေးကွက်ထဲမှာ တစ်ချိန်လုံးရှိမနေသင့်ပါဘူး။ အနားယူပါ၊ သင့်ခန္ဓာကိုယ် သည် အနားယူရန် တကယ်လိုအပ်ပါသည်။ မောပန်းခြင်းက အမှားတွေကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ဆိုးရွားသော ကုန်သွယ်မှုများ ဖြစ်ပေါ်ပြီးနောက် အနားယူရန် အထောက်အကူဖြစ်စေပါလိမ့်မည်။
၈။ သင် ၏ အမှားတွေကို ခွဲခြမ်းစိတ်ဖြာပါ။
ဆိုးရွားသော ကုန်သွယ်မှုတစ်ခု ပြုလုပ်ပြီးနောက်၊ ၎င်းသည် သင့် ကိုယ်ပိုင် အမှားဟုတ်မဟုတ် (သို့မဟုတ်) စျေးကွက်အန္တရာယ် ဖြစ်မဖြစ် ဆုံးဖြတ်ပါ။ အကယ်၍ စျေးကွက်အမှားအယွင်း တစ်ခုရှိ၍ အရှုံးပေါ်ကာ သင် ၏ ကုန်သွယ်မှုကို သင် ပိတ်လိုက်သော်လည်း ဤခက်ခဲသောအခြေအနေတွင်ပင် သင့်နည်းဗျူဟာအတိုင်း သင့်ကိုယ်ပိုင်စည်းမျဉ်းများအား လိုက်နာခဲ့သောကြောင့် သင့် ကိုယ် သင် အားပေးသင့်ပါတယ် ။
စျေးကွက်အမှားတွေက မကြာခဏ မဖြစ်တတ်ဘဲ ဒါတွေ အတွက် သင် အမြဲအဆင်သင့်ဖြစ်နေပြီ ဆိုလျှင် သင့်အမြတ်တွေ တိုးလာမှာပါ။
CFD ကုန်သွယ်မှုနှင့် အခြားဘဏ္ဍာရေး ဈေးကွက်များ
ပြုလုပ်ရန် ကျန်သည်မှာ CFD များ အား Broker များမှပေးသော အခြား အမျိုးအစား များနှင့် နှိုင်းယှဉ်ရန်ဖြစ်သည်။
CFD နှင့် ရှယ်ယာ (စတော့ရှယ်ယာ) ကုန်သွယ်ရေး
စတော့ရှယ်ယာ CFD များနှင့် စတော့ရှယ်ယာ များကို နှိုင်းယှဉ်သောအခါတွင် ဖော်ပြသင့်သည့် အချက်များစွာရှိသည် –
CFDs ၏အားသာချက်များ
- ၁။ အနည်းဆုံး မာဂျင် လိုအပ်ချက်များ
- ၂။ အကန့်အသတ် မရှိ Leverage
- ၃။ ကော်မရှင်များ နှင့် အခွန်များ မရှိခြင်း
- ၄။ ကာလတို စာချုပ် ပြုလုပ်နိုင်ခြင်း
- ၅။ Hedging ပြုလုပ်နိုင်ချေ ရှိခြင်း
စတော့ရှယ်ယာများ၏အားသာချက်များ
- ၁။ ငွေပေးငွေယူများကို ဥပဒေဖြင့် တင်းကြပ်စွာ ကန့်သတ်ထားခြင်း
- ၂။ ငွေကြေး အငြင်းပွားမှုများတွင် အပေါင်ပစ္စည်းဖြစ်လာနိုင်ခြင်း
- ၃။ Broker ကို ဖျက်သိမ်းလိုက်သောအခါတွင် စတော့များ ကျန်ရှိနေခြင်း
- ၄။ ပိုင်ရှင်သည် ကုမ္ပဏီ၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ရှယ်ယာရှင်ဖြစ်ခြင်း
CFD နှင့် Spread Betting
CFD ကုန်သွယ်မှု နှင့် Spread Betting အား နှိုင်းယှဉ်သောအခါတွင် ဖော်ပြသင့်သည့် အကြောင်း အရာများစွာရှိပါသည်။
CFDs ၏အားသာချက်များ
- ၁။ အနည်းဆုံး မာဂျင် လိုအပ်ချက်များ
- ၂။ အကန့်အသတ် မရှိ Leverage
- ၃။ ကော်မရှင်များ နှင့် အခွန်များ မရှိခြင်း
- ၄။ "ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ဥပဒေ" ဖြင့် စည်းမျဉ်း ရှိခြင်း
- ၅။ Hedging ပြုလုပ်နိုင်ချေ ရှိခြင်း
Spread Betting ၏ အားသာချက်များ
- ၁။ ဖောက်သည် သည် ကုန်သွယ်မှု အရွယ်အစား ကို သတ်မှတ်ခြင်း
- ၂။ Spread ခြားနားချက်ကို ကုန်သွယ်မှု ပြုလုပ်နိုင်စွမ်း ရှိခြင်း
Spread Betting ၏ အားနည်းချက်များ
- ၁။ စည်းမျဉ်းမူဘောင် မရှိခြင်း
- ၂။ လောင်းကစားဆန်သော ဆောင်ရွက်ချက် များ ဖြစ်ခြင်း
- ၃။ အမြတ် အတွက် မြင့်မားလွန်းခြင်း
CFD နှင့် Futures
CFD များ ကို Futures Contracts ဝယ်ယူခြင်းနှင့် နှိုင်းယှဉ်သောအခါ တွင် ဖော်ပြသင့်သော အရာ များစွာရှိသည်။
CFDs ၏အားသာချက်များ
- ၁။ အနည်းဆုံး မာဂျင် လိုအပ်ချက်များ
- ၂။ အကန့်အသတ် မရှိ Leverage
- ၃။ ကော်မရှင်များ နှင့် အခွန်များ မရှိခြင်း
- ၄။ ကာလတို စာချုပ် ပြုလုပ်နိုင်ခြင်း
- ၅။ Hedging ပြုလုပ်နိုင်ချေ ရှိခြင်း
- ၆။ ငွေဖြစ်လွယ်မှု မြင့်မားခြင်း
- ၇။ စာချုပ်တွင် အချိန် အကန့်အသတ် မရှိခြင်း
Future Contracts များ ၏ အားသာချက်များ
- ၁။ Underlying Asset ကို Hedging ပြုလုပ်နိုင်ချေ ရှိခြင်း
- ၂။ ဥပဒေအရ တင်းကျပ်သော စည်းမျဉ်းများ ရှိခြင်း
- ၃။ ကာလတို စာချုပ် ပြုလုပ်နိုင်ခြင်
- ၄။ စာချုပ်ပါ တာဝန်ခံချက်များ ပြည့်မှီကြောင်း အာမခံချက် ရှိခြင်း
CFD နှင့် Options
CFD များ ကို Options Contracts ဝယ်ယူခြင်းနှင့် နှိုင်းယှဉ်သောအခါ တွင် ဖော်ပြသင့်သော အရာ များစွာရှိသည်
.ပထမဦးစွာ ကျွန်ုပ် ပြောသင့်သည်မှာ CFDs များမရှိပါက၊ Options ကို သမိုင်းတစ်လျှောက် အကောင်းဆုံး ဘဏ္ဍာရေး စာချုပ်အမျိုးအစား အဖြစ် ကျွန်ုပ် အနေဖြင့် မဆိုင်းမတွ ပင် ခေါ်တွင်မည် ဖြစ်သည်။
CFDs ၏အားသာချက်များ
- ၁။ အနည်းဆုံး မာဂျင် လိုအပ်ချက်များ
- ၂။ အကန့်အသတ် မရှိ Leverage
- ၃။ ကော်မရှင်များ နှင့် အခွန်များ မရှိခြင်း
- ၄။ ကာလတို စာချုပ် ပြုလုပ်နိုင်ခြင်း
- ၅။ Hedging ပြုလုပ်နိုင်ချေ ရှိခြင်း
- ၆။ ငွေဖြစ်လွယ်မှု မြင့်မားခြင်း
- ၇။ စာချုပ်တွင် အချိန် အကန့်အသတ် မရှိခြင်း
Option Contracts များ ၏ အားသာချက်များ
- ၁။ Underlying Asset ကို ဈေးနှုန်း သက်သာစွာ Hedging ပြုလုပ်နိုင်ချေ ရှိခြင်း
- ၂။ ဥပဒေအရ တင်းကျပ်သော စည်းမျဉ်း ရှိခြင်း
- ၃။ အရောင်း နှင့် အဝယ် စာချုပ် နှစ်မျိုးလုံး ပြုလုပ်နိုင်ခြင်း
- ၄။ စာချုပ်ပါ တာဝန်ဝတ္တရားများ ၏ စွမ်းဆောင်ရည် အာမခံချက်ရှိခြင်း
- ၅။ ကုန်သွယ်ရေး အမျိုးအစားများအားလုံးကြားတွင် built-in ပါဝင်သည့် ဆုံးရှုံးမှုအတွက် အကောင်းဆုံး သော ကန့်သတ်ချက်စနစ် ရှိခြင်း
Option Contracts များ ၏ အားနည်းချက်များ
- ၁။ ငွေဖြစ်လွယ်မှု နိမ့်ခြင်း
- ၂။ သတိပြုရန်မှာ Binary Options ကုန်သွယ်မှုသည် ထိန်းချုပ်မှု မဲ့ OTC-စျေးကွက်တစ်ခု ဖြစ်ပြီး မသမာသော ငွေကြေးဝန်ဆောင်မှုပေးသူနှင့် တွေ့ရန် အခွင့်အလမ်းမြင့်မားခြင်း
နိဂုံးချုပ်
အနှစ်ချုပ်အားဖြင့်၊ CFD ကုန်သွယ်မှုသည် သိသာထင်ရှားသော အရင်းအနှီးမလိုဘဲ Beginners များ နှင့် ကုန်သည်များအတွက် စံပြရွေးချယ်မှုတစ်ခုဟု ကျွန်ုပ် ပြောလိုပါသည်။ တရားဝင် စည်းမျဉ်းများ မလုံလောက်ခြင်း နှင့် Leverage ကိုအသုံးပြုခြင်းနှင့် ဆက်စပ်သော မြင့်မားသောအန္တရာယ်များကြောင့် အရင်းအနှီးငွေကြေးများစွာရှိသော ကုန်သည်များသည် ၎င်းကိုယ်တိုင် ဝယ်ယူရန် ရွေးချယ်နိုင်သည်။
CFDs များကို ဦးစားပေး ရွေးချယ်သည့်အခါ၊ ကုန်သည်တစ်ဦးစီသည် ဖြစ်လာနိုင်သော အန္တရာယ်အားလုံးကို ဂရုတစိုက် အကဲဖြတ်ရပါမည်။ CFDs များသည် အခြားသော ကုန်သွယ်မှုနည်းလမ်းအများစုအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ပေးစွမ်းနိုင်ပြီး အခကြေးငွေ နှင့် ကုန်ကျစရိတ် လည်း နည်းပါးမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ မည်သည့် ကုန်သည် အတွက်မဆို အောင်မြင်မှု အား တိုင်းတာရာတွင် အမြတ် ရရှိသည့် ပမာဏသာ ဖြစ်ပြီး ရွေးချယ်မှုကိရိယာသည် နောက်ဆုံးတွင် မသက်ဆိုင်ကြောင်း သတိရပါ။
အလုပ် လုပ်ဖို့ အချိန် ကျရောက်လာသောကြောင့် ဆွေးနွေးမှု ကို ဒီမှာဘဲ ရပ်နားကြရအောင် ။ သင် ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ သင့်တွင် မေးမြန်းလိုသည်များ ရှိပါက မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်သည် သင့်အား ကူညီခွင့် ရသည့် အတွက် ဝမ်းသာမိပါသည်။
CFD ကုန်သွယ်မှု ဆိုင်ရာ မေးခွန်းများ
CFD (သို့မဟုတ်) Contract For Difference သည် Underlying Asset ၏ ကုန်သွယ်မှု ဖွင့်ချိန် ရှိ လက်ရှိတန်ဖိုး နှင့် ကုန်သွယ်မှုပိတ်ချိန်ရှိ တန်ဖိုးအကြား ခြားနားချက် ကို လွှဲပြောင်းရန် ပါတီနှစ်ခု (ရောင်းသူနှင့် ဝယ်သူ) အကြား အထူးသဘောတူညီချက်တစ်ခု ဖြစ်သည်။
CFD ကုန်သွယ်မှု သည် Derivative ဈေးကွက်အမျိုးအစား ကို အသုံးပြု၍ လဲလှယ်ရေး ဈေးကွက် သို့ ကုန်သွယ်မှု ပြုလုပ်ရန် ဝင်ရောက်ခြင်း နည်းလမ်းတစ်ခုဖြစ်သည်။ CFD ကုန်သည်များသည် Underlying Assets ၏ စျေးနှုန်းများကွာခြားမှုအတွက် CFDs များကို အသုံးပြုကြသည်။ Assets များမှာ စတော့၊ ကုန်စည်၊ ငွေကြေး၊(သို့မဟုတ်) စတော့အညွှန်းကိန်း လည်း ဖြစ်နိုင်သည်။ CFD စာချုပ်သည် Underlying Assets အား အမှန်တကယ် ပိုင်ဆိုင်ခွင့်အတွက် ပေးဆောင်ထားခြင်းမရှိပါ။
Forex ရှိ CFDs များသည် မတူညီသော လဲလှယ်မှု များတွင် ကုန်သွယ်မှုအကောင့်အမျိုးမျိုး စာရင်းပြုလုပ်ရန် မလိုဘဲ CFDs ကုန်သွယ်မှု စာချုပ်များကို ထောက်ပံ့ပေးထားသည်။ Forex Broker များသည် ကုန်သွယ်မှု အမျိုးအစား အမျိုးမျိုး အား ကုန်သွယ်မှုအကောင့်တစ်ခုတည်းကို အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ရန် အခွင့်အလမ်း ပေးထားပါသည်။
CFDs သည် နိုင်ငံအသီးသီးမှ နိုင်ငံသားများအား အခြားသော ဘဏ္ဍာရေးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အရ ငွေပေးငွေယူ ပြုလုပ်ခြင်းမှ တားဆီးသော တရားဝင်ကန့်သတ်ချက်များကို ကျော်ဖြတ်ရန် အဓိက နည်းလမ်းတစ်ခုဖြစ်သည်။ ထို့အပြင်၊ CFDs များသည် ရင်းနှီးငွေအလုံအလောက်မရှိသော ရင်းနှီးမြှပ်နှံသူများ အတွက် ကုမ္ပဏီများ၏ စတော့များကို ဝယ်ယူရန် အလွန် သက်သာသော နည်းလမ်းဖြစ်သည်။
ကုန်သွယ်နိုင်ပါသည် ။ CFD များသည် Lot ဟုခေါ်သော စံပြုထားသည့် စာချုပ် ပမာဏ ဖွဲ့စည်းခြင်း စနစ်ကို အသုံးပြုသည်။ စတော့ CFD တစ်ခုအတွက် အနည်းဆုံး ပမာဏသည် များသောအားဖြင့် 1 Lot ဖြစ်ပြီး ၎င်းသည် စတော့တစ်ခုနှင့် ညီမျှသည်။ ထိုသို့သော ကုန်သွယ်မှုတွင် သင်၏ leverage သည် ၁:၁ ဖြစ်မည် ဖြစ်သည်။
CFDs များကို အသုံးပြု၍ အစစ်အမှန် ပိုင်ဆိုင်မှုတစ်ခုတွင် ပြုလုပ်သော ကုန်သွယ်မှုကို ကာကွယ်ရန် အဆိုပါ Underlying Asset တွင် ၎င်း ၏ဆန့်ကျင်ဘက် ဦးတည်ချက် ၌ CFD ကုန်သွယ်မှုကို ဖွင့်ရန် လိုအပ်သည်။ အဆိုပါ Underlying Asset ကို သင်ဝယ်ယူထားပါက CFD ကို တူညီသော ပမာဏဖြင့် ရောင်းချရန် လိုအပ်သည်။ Underlying Asset ကို သင်ရောင်းလိုက်လျှင် CFD ကုန်သွယ်မှုသည် ဝယ်သည့် အနေအထားဖြစ်ရမည်။
Futures Contracts နှင့် CFD အကြား အရေးကြီးဆုံးကွာခြားချက်မှာ စာချုပ် သက်တမ်းကြာချိန် ဖြစ်သည်။ Futures Contract တွင် သက်တမ်းကုန်ဆုံးသည့် ရက်စွဲပါရှိပြီး ထို့နောက်တွင် စာချုပ်ကို ပြန်လည် ညှိနှိုင်းရမည် ဖြစ်သည်။ CFD များသည် သက်တမ်းကုန်ဆုံးရက်မရှိသည့်အပြင် မည်သည့်အချိန်ကာလ အတွက်မဆို ပိတ်သိမ်းနိုင်ပါသည်။
Forex စျေးကွက်တွင် ပိတ်သိမ်းသော CFD များသည် ငွေကြေးအတွဲများနှင့် ယေဘုယျအားဖြင့် ကောက်ခံပုံ အခြေခံ ဆင်တူသော အခွန် ရှိသည်။ တစ်နည်းဆိုရသော် Broker သည် Offshore တရားစီရင် ပိုင်ခွင့်အောက်တွင် ရှိလျှင် ဖောက်သည် သည် အခွန်ပေးဆောင်သည့် အေးဂျင့်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် အခွန်ပေးဆောင်ရန် လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည်။ CFDs များတွင် အခြား အခွန်ဝန်ထုပ်ဝန်ပိုး မရှိပါ။
အခြားကုန်သည်များကဲ့သို့ပင် CFD ကုန်သည်တစ်ဦးသည် ကုန်သွယ်မှုဗျူဟာကို တင်းကြပ်စွာ လိုက်နာခြင်းဖြင့် အောင်မြင်မှု ရရှိသည်။ ကုန်သည်တစ်ဦးသည် ၎င်းတို့၏ စည်းမျဉ်းများကို လိုက်နာနိုင်လျှင် အောင်မြင်မှု လျင်မြန်စွာ ရောက်ရှိလာမည်ဖြစ်သည်။ အခြားလမ်းကြောင်းအားလုံးသည် ဆုံးရှုံးမှုဆီသို့သာ ဦးတည်သွားမည်ဖြစ်သည်။
CFD သည် တရားဝင် စံသတ်မှတ်ထားသော စာချုပ်တစ်ခုဖြစ်သောကြောင့် ၎င်းသည် နိုင်ငံခြားငွေလဲလှယ်မှု (သို့မဟုတ်) အခြားသော Derivative ဈေးကွက်များ နှင့် သက်ဆိုင်သည့် ဥပဒေဘောင်တစ်ခုလုံးတွင် အကျုံးဝင်ပါသည်။
CFD ကုန်သွယ်မှု၏ လုံခြုံမှုသည် ၎င်း၏ဖောက်သည်များအား CFDs များ ပေးဆောင်သည့် Broker ၏ တရားစီရင်ပိုင်ခွင့်ဖြင့် အာမခံ ပါသည်။ Broker က ပိုစိတ်ချရလေ၊ CFDs ကုန်သွယ်မှု မှာပိုလုံခြုံလေ ဖြစ်ပါသည်။
ရှိပါသည်။ ဤသည်မှာ အဆိုပါ စတော့သည် ၎င်းနိုင်ငံသား မဟုတ်ပါက ကုန်သွယ်၍ မရနိုင်သော စတော့များ ဖြစ်ပြီး အဆိုပါ နိုင်ငံခြားကုမ္ပဏီများ မှ ပိုင်ဆိုင်သော စတော့များ ၏ CFD များဖြစ်သည်။
မာဂျင် ချေးငွေသည် CFDs များကို လက်လှမ်း အမီဆုံးသော ဘဏ္ဍာရေး ဆိုင်ရာ ကိရိယာတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့်၊ LiteFinance Broker မှ တစ်ဆင့် နိုင်ငံခြားကုမ္ပဏီများ ၏ စတော့ရှယ်ယာများတွင် CFD များဖြင့် ကုန်သွယ်ခြင်း အတွက် Underlying Asset ၏ စုစုပေါင်းတန်ဖိုး၏ ၂ % မျှသာ ရှိသည်။ ဒေါ်လာ ၁၁၂ တန် Apple ရှယ်ယာတစ်ခုဝယ်ရန် သင်သည် ဒေါ်လာ ၂.၂၅ သာလိုသည်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
လက်တွေ့ဈေးကွက်အချိန်ရှိ USDCHF ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

















































