Leverage ကိုအဓိပ္ပါယ်ဖွင့်ရလျှင် ကုန်သွယ်မှုအကျိုးဆောင် မှထောက်ပံ့ပေးပြီး အတိုးပေးရန် မလိုအပ်သည့် ချေးငွေအမျိုးအစားမျိုးဟု သတ်မှတ်နိုင်သည်။ Leverage ကို အသုံးပြုပြီး သင့်ကုန်သွယ်မှုအရွယ်အစား အနေအထားကိုတိုးမြှင့်နိုင်သလို အကျိုးအမြတ် များလာအောင်လည်း လုပ်ဆောင်နိုင်သည်။ ဒါမှမဟုတ် leverage ကို (ဖွင့်ထားခဲ့သော position အတွက် ကုန်သွယ်မှုအကျိုးဆောင် ကတောင်းဆိုထားတဲ့ အာမခံပစ္စည်း) margin ကိုလျှော့ချဖို့နေရာမှာလည်း အသုံးပြုနိုင်သည်။

ဆက်လက်လေ့လာပါက သင့်အနေဖြင့် leverage ရဲ့ အဓိပ္ပါယ်နဲ့ လုပ်ဆောင်ပုံတွေကို သိရှိလာမှာဖြစ်ပါတယ်။ တွက်ချက်ပုံနည်းလမ်းတွေအပြင် အသင့်တော်ဆုံး၊အကောင်းဆုံး leverage ကိုပါ သိရှိနိုင်မည်ဖြစ်ပါတယ်။ ဒီနေရာမှာ leverage trading ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုခြုံငုံပြီး လက်တွေ့ ဈေးကွက်မှာရှိနေတဲ့ ဥပမာတွေနဲ့ ဝေမျှသွားမှာဖြစ်ပါတယ်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိက ကောက်နုတ်ချက်များ

ပင်မ အကြောင်းအရာ

သိမြင်နားလည်မှုများနှင့် အဓိကအချက်များ

ကုန်သွယ်မှုတွင် ပါဝင်သော Leverage အကြောင်း မိတ်ဆက်ခြင်း

ကုန်သွယ်မှုတွင် ပါဝင်သော Leverage သည် ကုန်သွယ်မှုအရွယ်အစားကို တိုးရန် အကျိုးဆောင်များမှ ပံ့ပိုးသော အတိုးမဲ့ချေးငွေဖြစ်သည်။

Leverage အလုပ်လုပ်ပုံ

Leverage သည် ကုန်သွယ်မှုအရွယ်အစားများကို တိုးခြင်းဖြင့် ကုန်သည်များကို အမြတ်ငွေများ တိုးလာစေပါသည်။

Leverage နှင့် Margin အကြား ဆက်စပ်မှု

Margin သည် အကျိုးဆောင်မှထိန်းထားသော အပေါင်ပစ္စည်းဖြစ်သည်။ Leverage နဲ့ တိုက်ရိုက်သက်ဆိုင်ပါသည်၏။

အကျိုးကျေးဇူးများ

Leverage သည် ကုန်သွယ်မှုပမာဏကို မြှင့်တင်နိုင်ပြီး အမြတ်အစွန်းများ တိုးစေကာ အတိုးနှုန်း မလိုအပ်ပါ။

အန္တရာယ်များနှင့် အကြံပြုချက်များ

ဆောင်းပါးသည် ကုန်သည်အသစ်များအတွက် ဘေးကင်းသော leverage အချိုးများကို အကြံပြုထားသည်။

ဒါ့အပြင် leverage in forex နဲ့ပတ်သက်ပြီး အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့၊ အသုံးဝင်တဲ့ အချက်အလက်တွေကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။

Leverage ဆိုတာ ဘာလဲ? Leverage ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

ဆိုကြပါစို့၊ သင်က မြို့ပေါ်က လက်ကားဈေးကြီးတစ်ခုမှာ ပန်းသီးတွေဝယ်ပြီး နယ်မြို့လေးက ဈေးလေးထဲမှာ ပြန်ရောင်းတယ်။ သင့်အနေနဲ့ ပန်းသီးဝယ်ဖို့စရိတ်အပြင် မြို့ကြီးကနေ မြို့လေးကို ပန်းသီးတွေ သယ်ပို့လာရတဲ့အတွက် သယ်ယူပို့ဆောင်ခစရိတ်ဆိုတာလဲ ရှိပါမယ်။

လက်ကားဈေးမှာ ပန်းသီးများများဝယ်နိုင်ပြီး များများရောင်းရလေလေ ကိုယ့်အတွက် အမြတ်ပိုကျန်လေဖြစ်တယ်။ ဒါပေမဲ့ သင့်လက်ထဲမှာ ငွေအရင်းအနှီးက အကန့်အသတ်နဲ့ ဖြစ်နေပြီး၊ သင့်အနေနဲ့ နယ်မြို့ဈေးမှာ ပန်းသီးတွေကို ၅ ဆလောက်ပိုရောင်းရနိုင်မယ်ဆိုတဲ့ အခြေအနေကို နားလည်ထားတဲ့အတွက် လိုအပ်တဲ့ အရင်းအနှီးကို ဘဏ်မှ ချေးငွေယူလိုက်တယ် ဆိုပါစို့။

အလားတူပဲ Forex leverage ကို အရိုးရှင်းဆုံး ရှင်းပြရလျှင် forex trader ကုန်သည်တစ်ဦးအတွက် ကုန်သွယ်မှုအကျိုးဆောင် မှ လိုအပ်နေတဲ့ အရင်းအနှီးကိုထောက်ပံ့ပေးတဲ့ ဘဏ်ချေးငွေကဲ့သို့ ချေးငွေအမျိုးအစားမျိုးဟု သတ်မှတ်နိုင်ပါသည်။ အကယ်၍ သင့်တွင် အပ်ငွေပမာဏ အနည်းငယ်ရှိပြီး leverage ကို အသုံးပြုပြီး ကုန်သွယ်အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက ငွေကြေးများ (သို့) စတော့များကို အဆများစွာပိုဝယ်ယူနိုင်ပြီး ၎င်းမှ အမြတ်များများလည်း ပိုရနိုင်မည်ဖြစ်သည်။

Leverage in Forex ဆိုတာဘာလဲ?

သို့သော် ဘဏ်ချေးငွေနှင့် forex leveraging တို့ကြားတွင် သိသာသောကွာခြားချက်ရှိပါသည်။ ထိုအချက်မှာ Forex trader ကုန်သည်တစ်ဦးအနေဖြင့် မည်သည့်အချိန်၌မဆို leverage ကို အခမဲ့ အသုံးပြုနိုင်ပြီး ၎င်းငွေပမာဏပေါ်တွင် ကုန်သွယ်မှုအကျိုးဆောင် မှ အတိုး တစ်စုံတစ်ရာ တောင်းဆိုခြင်းမရှိဘဲ ကုန်သည်၏ ရင်းနှီးမြုပ်နှံမှုအတွက် အတိုးမဲ့ ချေးငွေကို ထောက်ပံ့ပေးခြင်းဖြစ်သည်။

FX Trading တွင် Financial leverage ဆိုသည်မှာ -

  • ကုန်သည်တစ်ဦးအတွက် ကုန်သွယ်မှုအပ်ငွေတွင် အမှန်တကယ်ထည့်သွင်းထားသော ကုန်သည်၏ ငွေပမာဏထက် အဆများစွာ ပိုများသော ပမာဏဖြင့် အရောင်းအဝယ်ပြုလုပ်ရန် ခွင့်ပြုသည့် နည်းလမ်း။
  • Margin trading ၏ ကိရိယာတစ်ခု၊ တစ်နည်းဆိုရလျှင် အမြတ်ဝင်ငွေပိုရရှိရန် position ပမာဏကို တိုးမြှင့်ရာ၌ သင့်ရှယ်ယာများ မလုံလောက်တော့ပါက ရင်းနှီးမြုပ်နှံရန် ရယူနိုင်သည့် ချေးငွေ။
  • အပ်ငွေနှင့် ကုန်သည်၏ ဖွင့်ထားသော position ပမာဏကြား အချိုး။

ကုန်သွယ်မှုအခြေအနေများတွင် ကုန်သွယ်မှုအကောင့်အမျိုးအစား တစ်ခုချင်းစီအတွက် အမြင့်ဆုံး forex leverage များကို သတ်မှတ်ပေးထားပါသည်။ ဥပမာအားဖြင့်၊ အကောင့်တစ်ခုအတွက် အမြင့်ဆုံး leverage သည် 1:200 အဖြစ်သတ်မှတ်ထားပြီး၊ အခြားအကောင့်တစ်ခုကို 1:1000 အဖြစ် သတ်မှတ်ထားမည် ဖြစ်သည်။

Leverage in forex အတွက် ဥပမာ။

  1. 1:1 leverage ဆိုသည်မှာ ကုန်သည်သည် မိမိ၏ကိုယ်ပိုင်ရင်းနှီးမြုပ်နှံငွေဖြင့်သာ အရောင်း၊ အဝယ် ပြုလုပ်ခြင်းကို ဆိုလိုပါသည်။ ကုန်သည်၏ အပ်ငွေ နှင့် ကုန်သည်၏ အရောင်း၊ အဝယ်ပြုလုပ်နေသော ငွေပမာဏတို့ကြား အချိုးဖြစ်ပြီး ၎င်းကို ရှင်းလင်းရလျှင် ကုန်သည်၌ $100 ရှိသည်ဆိုပါက 1:1 leverage အရ ကုန်သည် စုစုပေါင်း ပမာဏ $100 ထက်ပိုနေသော ဖွင့်ထားသည် position ကိုအရောင်း၊ အဝယ်လုပ်နိုင်မည်မဟုတ်ပါ။
  2. 1:1000 leverage ဆိုသည်မှာ ကုန်သည်သည် မိမိပိုင်ဆိုင်သော ရင်းနှီးမြုပ်နှံမှု ဘဏ္ဍာငွေထက် အဆ 1000 ပိုများသော ပမာဏဖြင့် position တစ်ခုကို ဖွင့်ပြီး အရောင်း၊အဝယ်ပြုနိုင်သည်ဟု ဆိုလိုပါသည်။ သင့်တွင် $100 ရှိပါက 1:1000 leverage အရ $100*1000=$100,000 အထိ position ကို အရောင်း၊အဝယ်ပြုလုပ်နိုင်မည်ဖြစ်သည်။

“ဘယ် leverage က စိတ်အချရဆုံး ဖြစ်သနည်း? အနိမ့်ဆုံး ခွင့်ပြုနိုင်သည့် leverage မှာ 1:1 ဖြစ်သည်။”

သီအိုရီတွင် အမြင့်ulဆုံးသတ်မှတ်ချက်မထားရှိထားသည့်အတွက် forex leverage 1:3000 အထိဆောင်ရွက်နိုင်သည်။ သို့ရာတွင် financial regulator များမှ ကုန်သည်များ၏ အပ်ငွေများ ဆုံးရှုံးနိုင်ခြေကို လျှော့ချရန် ကုန်သွယ်မှုအကျိုးဆောင်များအနေဖြင့် အမြင့်ဆုံး leverage ကန့်သတ်ချက်ကို လျှော့ချရန် အလေးအနက် အကြံပြုထားသည်။

Leverage နှင့် Margin ကြား ကွာခြားချက် နှင့် ဆက်စပ်မှု

Leverage ကို နောက်တစ်မျိုး အဓိပ္ပါယ်ဖွင့်ရလျှင် position တစ်ခုကို ဖွင့်ရန်၊ ထိန်းသိမ်းခြင်းတို့လုပ်ဆောင်နိုင်ရန် အာမခံပစ္စည်း အဖြစ် ရင်းနှီးမြုပ်နှံထားသော ကုန်သည်၏ ဘဏ္ဍာငွေများ ကို တိုးလာစေသည့် နည်းလမ်းဖြစ်ပါသည်။

ဥပမာအားဖြင့်၊ 1:100 အဖြစ်လည်ပတ်နေသော leverage တွင် အခြေခံငွေကြေး၏ 1000 ယူနစ်ကို position ဖွင့်ရန် ကုန်သည်အနေဖြင့် အဆ 100 ပိုနည်းသော ပမာဏဖြစ်သည့် 10 ယူနစ်ကိုသာ လိုအပ်မည်ဖြစ်သည်။

၎င်းငွေပမာဏကို ကုန်သည်အတွက် margin ဟုသတ်မှတ်ပြီး၊ position မပိတ်မချင်း ၎င်းငွေပမာဏ အားလုံးကို ကုန်သည်မှ ပြန်ထုတ်ယူခြင်းမပြုလုပ်နိုင်ရန် ကုန်သွယ်မှုအကျိုးဆောင် မှ ထိန်းသိမ်းထားမည် ဖြစ်သည်။

ဆိုရလျှင် margin ဆိုသည်မှာ leverage ကို အသုံးပြုပြီး Forex trading ကုန်သွယ်မှု အရောင်း၊ အဝယ်များ ပြုလုပ်ရာတွင် ကုန်သည်သည် ၎င်း၏အကောင့်တွင် အာမခံပစ္စည်း ကဲ့သို့ ထည့်သွင်းပေးထားရမည့် လိုအပ်သော ငွေပမာဏဖြစ်သည်။

Margin တွက်ချက်ရန် ယေဘူယျ ဖော်မြူလာမှာ အောက်ပါအတိုင်းဖြစ်သည် -

Margin (collateral) = position volume (contract size, lot) / leverage

ဥပမာအားဖြင့်၊ $100 တန်ဖိုးရှိ ကုန်သွယ်မှုတစ်ခုအတွက် 1:2 leverage ကို အသုံးပြုလိုက်သည်ဆိုပါက သင့်အတွက် margin လိုအပ်ချက်သည် 00/2 = $50 ဖြစ်လိမ့်မည်။

ဥပမာအဖြစ် 1:1 leverage ဖြင့် EURUSD မှာ ဖွင့်ထားခဲ့သောposition တစ်ခုကို လေ့လာကြပါစို့။

LiteFinance: Leverage နှင့် Margin ကြား ကွာခြားချက် နှင့် ဆက်စပ်မှု

ပိုင်ဆိုင်မှုစုစုပေါင်း Assets total ။ ဤသည်မှာ ကုန်သည်၏ အပ်ငွေပေါ်ရှိ အကောင့်လက်ကျန်ငွေနှင့် ညီမျှသော အကောင့်၏ ဘဏ္ဍာငွေပမာဏဖြစ်သည်။ (တစ်နည်းဆိုရသော် — position ဖွင့်ချိန်တွင် ရှိသော အပ်ငွေပမာဏ နှင့် ဖွင့်ထားခဲ့ပြီးသော positon များမှ ရရှိလာသော အရှုံး/အမြတ်ငွေ တို့ပေါင်းထားသော ပမာဏဖြစ်သည်။) ၎င်းပမာဏများသည် position များပိတ်သွားသည်နှင့်တပြိုင်နက် ကုန်သည်၏အကောင့်တွင် လက်ခံရရှိမည့် ပမာဏဖြစ်ပြီး၊ positon ဖွင့်ထားသော အနေအထားတွင် ၎င်းငွေပမာဏများသည် floating ဖြစ်နေမည်ဖြစ်သည်။

အသုံးပြုထားသော ပိုင်ဆိုင်မှုများ Assets used (margin ၊ အာမခံပစ္စည်း) ။ ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်လိုက်ပြီဆိုသည်နှင့် ကုန်သည်၏ margin, အာမခံပစ္စည်းများကို ကုန်သွယ်မှုအကျိုးဆောင် မှ ထိန်းသိမ်းထားလိုက်တော့မည်ဖြစ်သည်။ ၎င်းမှာ leverage နှင့် တိုက်ရိုက်သက်ဆိုင်နေသည့် သင့်၏ အပ်ငွေပမာဏဖြစ်သည်။

Available for operations funds ဘဏ္ဍာငွေ လည်ပတ်မှုအတွက် ကုန်သည်အနေဖြင့် လိုအပ်သောငွေပမာဏကို အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်းကို အစုရှယ်ယာနှင့် margin တို့အကြား ခြားနားချက်အဖြစ် တွက်ချက်ပြီး၊ ဖွင့်ထားသော position များတွင် ကုန်သွယ်မှု၏ လက်ရှိ အမြတ်/အရှုံးတို့ကို ထည့်သွင်းတွက်ချက်ခြင်းပြုသည့်အတွက် ကုန်သည်၏အကောင့်တွင် ၎င်းပမာဏများသည် floating ဖြစ်နေမည်ဖြစ်သည်။

ယခု ဥပမာမှာ၊ ကျွန်ုပ်သည် အနိမ့်ဆုံး 0.01 lot ဖြင့် ကုန်သွယ်မှုတစ်ခုကို ဝင်ခဲ့ပြီး ၎င်းအတွက် $ 1,127.21 ကို လိုအပ်သည်။ (ဤနေရာမှာ ကုန်သွယ်မှုအခြေအနေများအရ ပမာဏအနည်းငယ်ကို ပံ့ပိုးပေးထားခြင်းမရှိပေ) ၎င်းပမာဏသည် “ASSETS USED” အဖြစ်စာရင်းဝင်နေမည်ဖြစ်ပြီး ကျွန်ုပ်တွင် အခမဲ့အသုံးပြုလို့ရမည့် ငွေပမာဏသည် $872 ကျော်သာရှိပါတယ်။ ဆိုလိုသည်မှာ ကျွန်ုပ်မှာ လုံလောက်တဲ့ ငွေပမာဏမရှိတဲ့အတွက် အခြားသော ကုန်သွယ်မှုများကို ဝင်ရောက် လုပ်ဆောင်နိုင်မည်မဟုတ်ပါ။

တူညီတဲ့ ဒီမိုအကောင့်ကို leverage 1:10 နဲ့ ဖွင့်ပြီး 0.01 lots ပမာဏရှိတဲ့ ကုန်သွယ်မှု သုံးခုကို ပြုလုပ်လိုက်သည်။ leverage 1:10 နှင့်အတူ ကျွန်ုပ်အတွက် အကျိုးသက်ရောက်မှုတူညီတဲ့ အလားတူကုန်သွယ်မှု တစ်ခုကို ဝင်ရောက်ဖို့ရာ လိုအပ်မည့် ငွေသည် 10 ဆပိုနည်းသွားမည်ဖြစ်သည်။ ထို့ကြောင့် တစ်ချိန်ထဲမှာ ကျွန်ုပ်အနေနဲ့ 0.01 lots ပမာဏဖြင့် ကုန်သွယ်မှု 10 ခု (ဥပမာ — ကုန်သွယ်မှုပစ္စည်းများစွာ) ကို ပြုလုပ်နိုင်သွားမည်ဖြစ်သည်။ သို့မဟုတ် 0.1 lots ပမာဏရှိသည့် ကုန်သွယ်မှုတစ်ခုထဲကို ဝင်ရောက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

LiteFinance: Leverage နှင့် Margin ကြား ကွာခြားချက် နှင့် ဆက်စပ်မှု

အနည်းဆုံး 0.01 lots၊ 1:1 leverage ဖြင့် ကုန်သွယ်မှုကို ဝင်ရောက်နိုင်ရန် အပ်ငွေကို အနည်းဆုံး $1,127.27 ထက်ပိုထည့်သွင်းသင့်သည်။ 1:1000 leverage ဖြင့် margin သည် $1,127.27 ဖြစ်လာလိမ့်မည်။ ဆိုလိုသည်မှာ ကျွန်ုပ်၏ ကိုယ်ပိုင်ဘဏ္ဍာငွေဖြစ်သည့် $1.13 ပမာဏသည် ထိုကဲ့သို့သော ကုန်သွယ်မှုကို ပြုလုပ်နိုင်ရန် လုံလောက်မည်ဖြစ်သည်။

ဤဥပမာမှ ရရှိလာသည့် နောက်ထပ် သုံးသပ်ချက်မှာ leverage တန်ဖိုးမြင့်လေလေ၊ ကုန်သည်အတွက် margin နည်းလေလေ ဖြစ်သည်။ ဆိုလိုသည်မှာ ဤနည်းဖြင့် ကုန်သည်ထံတွင် ကုန်သွယ်မှု အရောင်းအဝယ်များအတွက် ဘဏ္ဍာငွေ ပိုရလေဖြစ်သည်။

LiteFinance: Leverage နှင့် Margin ကြား ကွာခြားချက် နှင့် ဆက်စပ်မှု

အတိုချုပ်။ Margin သည် ကုန်သည်မှ အရောင်းအဝယ်စတင်ပြုလုပ်သည့်အချိန်တွင် ကုန်သွယ်မှုအကျိုးဆောင် မှ ထိန်းသိမ်းထားသည့် ငွေပမာဏဖြစ်ပါသည်။ ၎င်းကို အောက်တွင် ဇယားဖြင့် ဖော်ပြထားသည်။

Leverage

Margin လိုအပ်ချက် (position ပမာဏ၏ ရာခိုင်နှုန်းအဖြစ်ဖော်ပြထားသည့် ကုန်သွယ်မှုအကျိုးဆောင် မှထိန်းသိမ်းထားသည့် အာမခံပစ္စည်း)

1:1

100%

1:2

50%

1:5

20%

1:10

10%

1:100

1%

1:1000

0,1%

အကယ်၍ 1:1 leverage ဖြင့် ကုန်သွယ်မှုကို ပြုလုပ်ပါက သင့်အတွက် margin လိုအပ်ချက်သည် position ပမာဏနှင့် ညီမျှသွားမည်ဖြစ်ပြီး (ကုန်သွယ်မှုအကျိုးဆောင်သည် position ပမာဏတစ်ခုလုံး၏ 100% ကို အာမခံပစ္စည်း အဖြစ်ထိန်းသိမ်းထားမည်ဖြစ်သည်။)

ထို့အတူ 1:100 leverage ဖြင့် တူညီသောပမာဏအတိုင်း ကုန်သွယ်မှုကို ပြုလုပ်ပါက၊ ယခုအခါတွင် ကုန်သွယ်မှုအကျိုးဆောင် သည် position ပမာဏတစ်ခုလုံး၏ 1% ကိုသာ ထိန်းသိမ်းထားမည်ဖြစ်သည်။

Forex Market တွင် အဘယ့်ကြောင့် Leverage ဖြင့် ကုန်သွယ်မှုပြုလုပ်ကြသနည်း?

Leverage ကို အသုံးမပြုဘဲ အရောင်း၊အဝယ်ပြုလုပ်နိုင်ပါသည်။ သို့သော် သင့်အတွက် အရောင်း၊အဝယ်ပြုလုပ်ရင်း မျှော်မှန်းထားတဲ့ financial target တွေရနိုင်ဖို့ သို့မဟုတ် အမြတ်အစွန်းပိုရနိုင်ဖို့အရေးတွေမှာ leverage ကို အသုံးပြုခြင်းဖြင့် ပိုမိုလွယ်ကူသွားစေနိုင်ပါသည်။ ဥပမာပေးရလျှင်-

  • အကယ်၍ သင့်မှာ အပ်ငွေအနည်းငယ်ရှိနေလျှင်ပင် position တစ်ခုအတွက် အနည်းဆုံး ခွင့်ပြုပမာဏ (ပုံမှန် အားဖြင့် 0.01 lots) ဖြင့် အရောင်း၊ အဝယ် စတင်နိုင်ပြီဖြစ်ပါသည်။ သင်၌ အပ်ငွေ 10$ (သို့မဟုတ် 100$) ပင်ရှိစေကာမူ leverage မပါဘဲ အချို့သော assets များကို အရောင်း၊ အဝယ်ပြုလုပ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် financial leverage သည် ယခုမှစတင်ပြီး ကုန်သွယ်မှုကို ပြုလုပ်မည့်သူများအတွက် အရောင်းအဝယ်တစ်ခုကို စတင်နိုင်မည့် တစ်ခုထဲသော အခွင့်အရေး ဖြစ်နိုင်ပါသည်။ ဤအကြောင်းအရာကို နောက်ပိုင်းတွေမှာ ပိုမိုသိလာနိုင်ပါလိမ့်မည်။
  • သင့် position ၏ပမာဏကိုလည်း boost ပြုလုပ်နိုင်ပါသည်။ 1 pip သည် 10 cents ဖြစ်ပြီး (ဂဏန်းလေးလုံး ကိုးကားချက်များအတွက်) 0.01 lots ဖြင့် သင့်အား EURUSD တွင် အရောင်းအဝယ်ပြုလုပ်ရန် သင့်အပ်ငွေကို စိတ်ကူးကြည့်လိုက်ပါ။

ဒီဥပမာကို လေ့လာကြည့်ပါ။ လိုအပ်တဲ့ ဦးတည်ချက်အတိုင်း ဈေးနှုန်းသည် 10 points လုံးကို cover ဖြစ်သည်ဟု သင့်အနေဖြင့် 100% သေချာနေပြီး leverage မပါဝင်ဘဲ သင်သည် 10*10 = 100 cents ($1) ကိုရရှိမည်ဖြစ်သည်။ ထို့နောက် forex leverage 1:1000 ကိုယူပြီး ကုန်သွယ်မှုပမာဏ 1 lot ဖြစ်ပြီး အဆ 100 ပိုကြီးပြီးတဲ့ကုန်သွယ်မှုတစ်ခုကို ဝင်ပါ။ cover ဖြစ်ထားတဲ့ 10 points မှ သင့်အတွက် ရရှိမည့် အမြတ်ငွေသည်လည်း အဆ 100 ပိုများသွားပြီး $100 ဖြစ်သွားလိမ့်မည်။ သို့ရာတွင် စွန့်စားမှု၊ ဆုံးရှုံးနိုင်ချေများစီမံခန့်ခွဲမှုစည်းမျဉ်းများအရ သင့်အပ်ငွေပမာဏတစ်ခုလုံးကို ကုန်သွယ်မှုတစ်ခုမှာ အားလုံးမထည့်ဝင်သင့်ကြောင်း ဖော်ပြထားသော်လည်း ယခု ဥပမာသည် Forex trading တွင် leverage ၏ လုပ်ဆောင်ပုံကို ရှင်းလင်း၊ ဖော်ပြရန်သာဖြစ်ပါသည်။

  • သင့်အနေဖြင့် ကုန်သွယ်မှု အရောင်းအဝယ်များကို ထပ်မံဝင်ရောက် လုပ်ဆောင်နိုင်သည့်နည်းတူ သင့်အပ်ငွေပမာဏကိုလည်း တိုးမြှင့်နိုင်ပါသည်။ ဥပမာ — သင့်တွင် $100 ရှိသည်။ $100 ပမာဏရှိသည့် position တစ်ခုကို (leverage မပါဝင်ဘဲ) သင်ပြုလုပ်လိုက်သောအခါ ကုန်သွယ်မှုအကျိုးဆောင် မှ သင်ပြုလုပ်လိုက်သော position ကိုထိန်းထားပေးရန် ချက်ချင်း ၎င်း $100 ကို reserve ပြုလုပ် ထိန်းသိမ်းထားမည်ဖြစ်သည်။ အပ်ငွေပမာဏတစ်ခုလုံးကို ထိန်းသိမ်းထားပြီး သင့်အနေဖြင့် အခြားအရောင်းအဝယ်များကို ထပ်မံလုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။

အကယ်၍ သင်သည် 1:10 leverage ကို သုံးပြီး လုပ်ဆောင်ခဲ့ပါက ကုန်သွယ်မှုအကျိုးဆောင် သည် $100 ပမာဏရှိကုန်သွယ်မှုအတွက် $10 ကိုသာ ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ ထို့နောက် ကျန်သည့် $90 ကို သင့်အနေဖြင့် အခြားသော ကုန်သွယ်မှုများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဥပမာ — တစ်နေရာထဲမှာ ရင်းနှီးမြုပ်နှံခြင်းမဟုတ်ဘဲ အခြားသော assets များမှာ အရောင်းအဝယ် ပြုလုပ်နိုင်သည့် အတွက်ကြောင့် ဆုံးရှုံးနိုင်သည့် အန္တရာယ်များကိုလည်း တစ်နေရာထဲတွင်စုမနေဘဲ ကွဲပြားသွားစေမည်ဖြစ်သည်။

အကယ်၍ သင့်အနေဖြင့် ဒီမိုအကောင့်အချို့ဖွင့်လှစ်ပြီး မတူညီတဲ့ အပ်ငွေပမာဏ၊ မတူညီတဲ့ leverage နှင့် မတူကွဲပြားတဲ့ အရောင်းအဝယ်ကုန်သွယ်မှုများကို လုပ်ဆောင်ကြည့်ပါက Forex leverage အကြောင်းကို ပိုမိုနားလည် သဘောပေါက်နိုင်မည်ဖြစ်ပါသည်။

အဲ့လို လုပ်ဆောင်ကြည့်ဖို့ကလဲ လွယ်ကူတဲ့ အဆင့်အနည်းငယ်ကို လုပ်ဆောင်ကြည့်ရုံပါပဲ:

  • LiteFinance ဖြင့် သင့် ပရိုဖိုင်ကို စာရင်းသွင်း၊ မှတ်ပုံတင်ပါ (အပေါ်ဘက် ညာဘက်ထောင့်ရှိ စာရင်းသွင်းခြင်းကိုနှိပ်ပါ)။ စာရင်းသွင်းခြင်းဆောင်ရွက်ဖို့က မိနစ် အနည်းငယ်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။
  • သင်၏ ဖောက်သည် ပရိုဖိုင်အကောင့်ရှိ သင့်ကုန်သွယ်မှုဇယား၏ ညာဘက်ရှိ METATRADER tab ကိုနှိပ်ပါ။

LiteFinance: Forex Market တွင် အဘယ့်ကြောင့် Leverage ဖြင့် ကုန်သွယ်မှုပြုလုပ်ကြသနည်း?

OPEN ACCOUNT ကိုနှိပ်ပါ၊ leverage ကိုရွေးချယ်ပါ၊ အကောင့်ဖွင့်လှစ်ပြီးနောက် ၎င်းကို ပင်မ (အဓိက) အကောင့်အဖြစ်သတ်မှတ်ပါ။ ဤသို့ဖြင့် သင်သည် Real အကောင့် နှင့် ဒီမို အကောင့် နှစ်ခုလုံးကို ဖွင့်ရပါလိမ့်မည်။ အကောင့်တစ်ခုမှ နောက်တစ်ခုကို ပြောင်းရန် Metatrader tab ကို ထပ်မံသွားရောက်ပြီး လိုအပ်သောအကောင့်ကို ပင်မ (အဓိက) အကောင့်အဖြစ်သို့ ပြောင်းလဲသတ်မှတ်ပါ။

LiteFinance: Forex Market တွင် အဘယ့်ကြောင့် Leverage ဖြင့် ကုန်သွယ်မှုပြုလုပ်ကြသနည်း?

ဒီမိုအကောင့်တွင် leverage ကို 1:1 မှ 1:1000 အထိဖြစ်သည်။ Real trading account များ (Classic and ECN) leverage ၏ range သည် 1:1 မှ 1:1000 ဖြစ်သည်။

MT4 ပလပ်ဖောင်းတွင် သင့်အကောင့်၏ leverage ကို မည်သို့စစ်ဆေးရမည်နည်း? MT4 ပလပ်ဖောင်းတွင် ထိုကဲ့သို့ တိုက်ရိုက် leverage ကို စစ်ဆေးနိုင်မည့် နည်းလမ်းမရှိပါ (အဘယ်ကြောင့်ဆိုသော် margin ပေါ်တွင် အခြေခံပြီး တွက်ချက်ခြင်းမှာ အဓိပ္ပါယ်မရှိပေ) ။

Leverage ကိုစစ်ဆေးနိုင်သည့် နည်းလမ်းကို ကုန်သည် ပရိုဖိုင်တွင် ထည့်သွင်းထားပါသည်။ သင့်အနေဖြင့် MT4 အကောင့်ကို ဖွင့်ပြီး terminal တွင် login နှင့် လျှို့ဝှက်နံပါတ်တို့ဖြင့်ပူးတွဲထားရှိနိုင်သည်။ ဤနေရာတွင် သင့်ပရိုဖိုင်ရှိ အကောင့်တစ်ခုအတွက် leverage ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် ညာဘက်ရှိ Metatrader menu ကိုဝင်ရောက်ပြီး leverage ကို ပြောင်းလဲ ပြင်ဆင်နိုင်ပါသည်။

LiteFinance: Forex Market တွင် အဘယ့်ကြောင့် Leverage ဖြင့် ကုန်သွယ်မှုပြုလုပ်ကြသနည်း?

Forex Trading တွင် Leveraging သည်မည်ကဲ့သို့ လုပ်ဆောင်သနည်း?

Forex leverage လုပ်ဆောင်ပုံကို ဥပမာအနေဖြင့် LiteFinance ကုန်သွယ်မှု ပလပ်ဖောင်းမှ လက်တွေ့အခြေအနေတစ်ခုကို လေ့လာြကည့်ကြပါစို့။

ဆိုကြပါစို့၊ သင်က သင့်ရဲ့ ရင်းနှီးမြုပ်နှံသူအကောင့်မှာ $100 သွင်းထားပြီး လက်ရှိလဲလှယ်နှုန်း 1.13 ရှိသော EURUSD ငွေကြေးအတွဲ ကုန်သွယ်မှုတစ်ခုကို ထည့်သွင်းလုပ်ဆောင်ချင်သည်။ ကုန်သွယ်မှု အခြေအနေများ အရ အနိမ့်ဆုံး ကုန်သွယ်ပမာဏသည် 0.01 lot ဖြစ်နေသည်။

ကုန်သွယ်မှု အခြေအနေများအရ၊ အနိမ့်ဆုံး ငွေပေးငွေယူပမာဏမှာလည်း 0.01 lot ဖြစ်သည်။ 1 lot သည် အခြေခံငွေကြေးယူနစ်၏ 100,000 ဖြစ်သောကြောင့် 0.01 lot ၏ကုန်သွယ်မှုူပမာဏသည် 1000 ယူနစ်နှင့် သက်ဆိုင်သွားသည်။ ဆိုလိုသည်မှာ- 0.01 lot ကုန်သွယ်မှုပမာဏဖြင့် အနည်းဆုံး euros 1000 ကို သင်ဝယ်နိုင်မည်ဖြစ်ပြီး ၎င်းအတွက် သင့်တွင် $1130 ကျော်လိုအပ်မည်ဖြစ်သည်။ သို့သော် သင့်အကောင့်ထဲ၌ $100 သာရှိသည်ဖြစ်ပြီး၊ ထို့ကြောင့် ပလပ်ဖောင်းသည် သင့်ကို order တစ်ခုဖွင့်ဖို့ ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။

LiteFinance: Forex Trading တွင် Leveraging သည်မည်ကဲ့သို့ လုပ်ဆောင်သနည်း?

အကယ်၍ 1:10 leverage ကို သင်အသုံးပြုလိုက်ပါက $1000 ကိုစီမံခန့်ခွဲနေနိုင်ပြီဖြစ်သည်။ ဒါပေမဲ့ ၎င်းက လုံလောက်မှု မရှိသေးပါ။ ဒါက ကိန်းဂဏန်းအရလဲရှင်းလင်းပါတယ်၊ $1000 အပ်ငွေရှိသော်လည်း သင့်အကောင့်တွင်းရှိ ဘဏ္ဍာငွေက မလုံလောက်သေးကြောင်း မက်ဆေ့ချ် အကြောင်းကြားစာကို လက်ခံရရှိမည်ဖြစ်ပြီး သင့်အနေနဲ့ position ကိုလည်း ဖွင့်နိုင်မည်မဟုတ်ပေ။

1:20 leverage ကို သုံးလိုက်တဲ့အချိန်မှာတော့ (၎င်းသည် စွန့်စားမှု၊ ဆုံးရှုံးနိုင်ချေများ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများ အရ ယခုမှစတင်ကုန်သွယ်သူများအတွက် သုံးစွဲရန် အတော်လေး လုံခြုံစိတ်ချရသည့် leverage တစ်ခုဖြစ်သည်) ၊ 0.02 lots ပမာဏရှိတဲ့ ကုန်သွယ်မှုကို သင်ဝင်ရောက်သွားနိုင်မှာ ဖြစ်ပါတယ်။

Leverage ၏ အားသာချက်များ

Forex တွင် leverage trading ၏ အားသာချက်များမှာ -

  1. မိမိ၏ ကိုယ်ပိုင်အရင်းအနှီးထက် အဆများစွာကြီးမားသော ပမာဏဖြင့် ကုန်သွယ်မှုအရောင်း၊ အဝယ်ကို ပြုလုပ်နိုင်သည်။
  2. Leverage သည် ကုန်သည်များအတွက် အတိုးမဲ့ထောက်ပံ့ပေးသော ချေးငွေတစ်မျိုးဖြစ်သည်။ အပ်ငွေပမာဏကို တိုးမြှင့်ရန် နှင့် ပမာဏပိုများသော ကုန်သွယ်မှုများကို ဝင်ရောက်နိုင်ရန်တို့အတွက် လိုအပ်သော ငွေအရင်းအနှီးကို ဘဏ်တစ်ခုတွင် အတိုးဖြင့် ချေးငွေရယူနိုင်ပါသည်။ Forex ကုန်သွယ်မှုအကျိုးဆောင် များကတော့ လိုအပ်နေတဲ့ leverage ကို ကုန်သည်များအား ထောက်ပံ့ပေးရာ၌ အတိုးနှုန်း တစ်စုံတစ်ရာ ကောက်ခံခြင်းမပြုလုပ်ပါ။
  3. Leverage ကို အသုံးပြုပြီး မိမိ၏ အမြတ်အစွန်းများကို တိုးပွားလာအောင် လုပ်ဆောင်နိုင်ပါသည်။ leverage ကိုသုံးပြီး မိမိတို့၏ ကုန်သွယ်မှုပမာဏကို 10 ဆတိုးလိုက်ပါက၊ အမြတ်ငွေသည်လည်း 10 ဆ တိုးလာလိမ့်မည်ဖြစ်ပါသည်။ (ဤအကြောင်းအရာကို ရှေ့တွင်လဲ ဖော်ပြထားပြီးဖြစ်ပါသည်။)
  4. တူညီသော asset အတွက် တူညီသော ကုန်သွယ်မှုပမာဏဖြင့် leverage အသုံးမပြုထားသော အပ်ငွေသည် leverage အသုံးပြုထားသော ကုန်သွယ်မှု အပ်ငွေထက် စောစီးစွာ stop out ဖြစ်သွားမည်ဖြစ်ပါသည်။

Leverage ၏ အားနည်းချက်များ

Forex တွင် leverage trading ၏ အားနည်းချက်များမှာ -

  1. Open trade များ၏ စုစုပေါင်းပမာဏ တိုးမြှင့်မှုနှင့် ဆက်စပ်ပြီး ပို၍ အန္တရာယ်များသည်။ position များ၏ ပမာဏတိုးလာခြင်းဖြင့် point တစ်ခု၏တန်ဖိုးကိုလည်း တိုးမြင့်လာစေသည်။ ဤနည်းဖြင့် ဖြစ်နိုင်သော ဆုံးရှုံးနိုင်ချေများလည်း ပိုများလာသည်ဖြစ်သည်။ အသုံးပြုတဲ့ leverage ကမြင့်လျှင် တစ်ချိန်ထဲမှာ အမြတ်များများလည်းရနိုင်သလို၊ ဆုံးရှုံးနိုင်ချေကလည်း ပိုများများလေဖြစ်သည်။

  2. Margin သည် call/stop-out ဖြစ်သွားနိုင်သည်။ ပြဿနာ၏အရင်းအမြစ်မှာ ရှေ့ယခင် point မှ စတင်လာသည်။ အကယ်၍ 1 lot ပမာဏဖြင့် EUR/USD ကုန်သွယ်မှုအတွဲကို ဝင်ရောက်လိုက်ပါက၊ point တစ်ခုအတွက် $10 ကုန်ကျမည်ဖြစ်သည်။

    အကယ်၍ position volume သည် 0.01 lots ဖြစ်ပါက၊ one point အတွက် 10 cents ကုန်ကျမည်ဖြစ်ပြီး ပထမ case တွင် ကုန်သွယ်မှုအပ်ငွေ မြန်မြန်စောစော stopped-out ဖြစ်သွားလိမ့်မည်။

  3. ကုန်သည်များအတွက် စိတ်ပိုင်းဆိုင်ရာ ထောင်ချောက်လည်းဖြစ်နိုင်သည်။ leverage ၏ အကူအညီဖြင့် margin လိုအပ်ချက်မှ ကင်းလွတ်သည့် ဘဏ္ဍာငွေများကို အခမဲ့ရရှိမည်ဖြစ်သည်။ ၎င်းက သင့်ကို အရှုံးပေါ်နေတဲ့ ကုန်သွယ်မှုကနေ အမြတ်ပြန်ရလိုဇောဖြင့် position ၏ပမာဏကို ထပ်တိုးမြှင့်ရန် တွန်းအားဖြစ်စေနိုင်သည်။ ဤနည်းအားဖြင့် ရနိုင်ချေရှိတဲ့ အကျိုးအမြတ်ပေါ်မှာ ယုတ္တိမရှိ၊ တရားမျှတမှုမရှိတဲ့ ယုံကြည်မှုများ ကုန်သည်တွင် ဖြစ်ပေါ်လာစေနိုင်သည်။

အသိပေးချက်! အထက်တွင် ဖော်ပြထားခဲ့သော leverage ၏ အားနည်းချက်များသည် ကုန်သည်အနေဖြင့် မိမိအတွက် စွန့်စားမှု၊ ဆုံးရှုံးနိုင်ချေများစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ စွန့်စားမှုစီမံခန့်ခွဲခြင်း ကို မေ့လျော့ပြီး မိမိ၏ စိတ်ခံစားမှုတစ်ခုထဲဖြင့် ကုန်သွယ်မှုများကို စီမံခန့်ခွဲ၊ လုပ်ဆောင်နေမှသာ အားနည်းချက်များ ဖြစ်လာနိုင်သည်။ positon volume ကို ပိုကြီးလာအောင် မပြုလုပ်ဘဲ ကုန်သွယ်မှုအကျိုးဆောင် ထံမှ leverage (high leverage) ကို အသုံးချခဲ့လျှင်တောင် ၎င်းသည် ဆုံးရှုံးနိုင်သည့် အန္တရာယ်များနှင့် ဆက်စပ်နေမည်မဟုတ်ပေ။

Leveraged ထုတ်ကုန်များ (မတူညီသော trading assets များအတွက် leverage တွက်ချက်နည်း)

ယခုဆိုရင် သင့်အနေနဲ့ margin နဲ့ leverage တို့ရဲ့ ယေဘူယျအဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို နားလည် သဘောပေါက်လောက်ပြီဟု ယုံကြည်ပါသည်။ ပြန်အကျဉ်းချုပ်ရလျှင် -

  • Financial leverage သည် assets များကို ဝယ်ယူရန် သို့မဟုတ် margin ကို လျှော့ချရန် ကုန်သွယ်မှုအကျိုးဆောင် မှ ပံ့ပိုးကူညီပေးသည့် အတိုးမဲ့ ချေးငွဖြစ်ပြီး ကုန်သွယ်မှုအတွက် ကုန်သွယ်မှုအကျိုးဆောင် မှ ထိန်းသိမ်းထားမည့် မိမိ၏ ကိုယ်ပိုင် ဘဏ္ဍာငွေကို လျှော့ချပေးနိုင်သည်။
  • Margin သည် ကုန်သည်မှ အရောင်းအဝယ်တစ်ခုကို စတင်ဝင်ရောက်လာသည့်အခါတွင် ကုန်သွယ်မှုအကျိုးဆောင် မှ သိမ်းဆည်းထိန်းသိမ်းထားသည့် ကုန်သည်၏ ကိုယ်ပိုင် ရင်းနှီးမြုပ်နှံထားသော ဘဏ္ဍာငွေဖြစ်သည်။ margin ကို တွက်ချက်သည့် နည်းမှာ Positon volume/Leverage ဖြင့် တွက်ချက်သည်။
  • Forex တွင် stop out ဆိုသည်မှာ ကုန်သည်၏ active ဖြစ်နေသော position များအားလုံးကို ကုန်သွယ်မှုအကျိုးဆောင် မှ အလိုအလျောက် ပိတ်သွားစေသည့် အဆင့်ဖြစ်ပြီး ၎င်းကို ကုန်သွယ်မှုအခြေအနေများအရ သတ်မှတ်လိုက်သည့် level ၏ ရာခိုင်နှုန်းတစ်ခုအဖြစ် တွက်ချက်သည်။ Level ကို Assets total (or funds total)/Assets used (Margin, collateral) *100 အဖြစ် တွက်ချက်သည်။

အထက်ဖော်ပြပါ အယူအဆများသည် စွန့်စားမှု၊ ဆုံးရှုံးနိုင်ချေများစီမံခန့်ခွဲမှုစနစ် ဖွံဖြိုးတိုးတက်ရန် နှင့် လက်ခံနိုင်သော အန္တရာယ်၊ဆုံးရှုံးနိုင်ချေအဆင့်တို့ကို တွက်ချက်နိုင်ရန် လိုအပ်ပါသည်။ အထက်ဖော်ပြပါ ဖော်မြူလာသည် Forex တွင် အရောင်းအဝယ်ပြုလုပ်နေသော ငွေကြေး CFD များအတွက်သာ အသုံးပြုနိုင်ပါသည်။ အခြားသော ကုန်သွယ်မှု ပစ္စည်းများအတွက် တွက်ချက်ပုံ၊ ပုံသေနည်းများသည် ကွဲပြားပါသည်။ ထို့အတူပင် ဥပမာအားဖြင့် stock exchange မှ leverage ၏သဘောတရားနှင့် forex တွင် leverage သည် ကုန်သွယ်မှုအကျိုးဆောင် မှ ကုန်သည်အတွက်ပံ့ပိုးပေးသော ငွေကြေးအစရှိသည်ဖြင့် ကွဲပြားနိုင်ပါသည်။

1. ငွေကြေးရောင်းဝယ်မှု (တိုက်ရိုက်ပေါက်ဈေး၊ တိုက်ရိုက် မဟုတ်သော ပေါက်ဈေး၊ နှင့် Cross Rates)

1.1. တိုက်ရိုက်ပေါက်ဈေး

အပိုင်းကိန်းတစ်ခုတွင် ဒုတိယနေရာတွင် ရှိနေသည့် USD နိုင်ငံခြားငွေလဲလှယ်နှုန်းကို တိုက်ရိုက်ပေါက်ဈေး ဟုခေါ်သည်။

Margin (collateral) = Position volume * Contract size / Leverage * Open price (exchange rate)

ဥပမာ။ EURUSD ငွေကြေးအတွဲသည် တိုက်ရိုက်ပေါက်ဈေးကို ရည်ညွှန်းသည်။

ငွေလဲနှုန်း 1.13 သည် 1 lot (100 000 euros) ဝယ်ယူရန် ကုန်သည်သည် $113,000 လိုအပ်သည်သည်ဟု အဓိပ္ပါယ်ရသည်။

သို့မဟုတ် အနည်းဆုံး ကုန်သွယ်မှုပမာဏ 0.01 (1000 euros) အတွက် $1130 လိုအပ်သည်။

1:100 leverage ဖြင့် margin သည် 0.01*100,000/100*1, 13 ဖြစ်လိမ့်မည်။

ပြီးနောက်၊

  • ဝယ်ယူလိုက်သော ငွေကြေးပမာဏ (position volume) — 1000 euros
  • Leverage — 100
  • ငွေလဲနှုန်း — 1.13

Margin လိုအပ်ချက်သည် $11.3 ဖြစ်ပါလိမ့်မည်။ ၎င်းသည် ကုန်သည်မှ 1000 euros (0.01 lot) ကို ဝယ်ယူရန် သုံးစွဲရမည့် ရာဂဏန်းငွေပမာဏဖြစ်သည်။

1.2. တိုက်ရိုက်မဟုတ်သောပေါက်ဈေး

တိုက်ရိုက်မဟုတ်သောပေါက်ဈေးသည် ပထမနေရာတွင်ရှိနေသော USD နိုင်ငံခြားငွေလဲလှယ်နှုန်းကို ခေါ်ပါသည်။

Margin (collateral) = Position size / leverage

ဥပမာ။ USDCAD ငွေကြေးအတွဲသည် တိုက်ရိုက်မဟုတ်သော ပေါက်ဈေး ကိုရည်ညွှန်းသည်။

ဤငွေကြေးအတွဲအတွက် အာမခံပစ္စည်းကို ပထမငွေကြေးဖြင့်သာ တွက်ချက်သောကြောင့် ဤနေရာတွင် အာမခံပစ္စည်း ကို USD ဖြင့် တွက်ချက်မည်ဖြစ်ပါသည်။

0.01 lot ဆိုသည်မှာ ကနေဒါ ဒေါ်လာကိုဝယ်ယူရန် ကုန်သည်သည် $1000 လိုအပ်မည်ဖြစ်သည်ဟု အဓိပ္ပါယ်ရသည်။

1:100 leverage ဖြင့် margin သည် 001 * 100,000 / 100 = $10 ဖြစ်လိမ့်မည်။

1.3. Cross-rates.

Cross-rates သည် USD မပါဝင်သော ငွေကြေးလဲလှယ်နှုန်းတစ်ခုဖြစ်ပါသည်။ USD မပါဝင်သည့်အတွက် ဤနေရာတွင် အာမခံပစ္စည်းကိုတွက်ချက်ရာတွင် ratio ၏ ပထမနေရာတွင်ရှိနေသော ငွေကြေးဖြင့် တွက်ချက်ခြင်းလုပ်ဆောင်ပါသည်။

Margin = Position volume * Contract size / Leverage * the price of the first currency in USD

ဥပမာ။ GBPCAD ငွေကြေးအတွဲသည် cross-rate တစ်ခုဖြစ်သည်။ 0.01 lot ဆိုသည်မှာ ဈေးကွက်ပေါက်ဈေးအရ ကုန်သည်သည် ကနေဒါဒေါ်လာများအတွက် ပေါင် 1000 ဝယ်ယူခြင်းဖြစ်သည်။ ကုန်သည်၏ အခြေခံငွေကြေးမှာ USD ဖြစ်သောကြောင့် Assets Used အပိုင်းတွင် ငွေပမာဏကို USD ဖြင့်ဖော်ပြထားမည်ဖြစ်သည်။

LiteFinance: 1.3. Cross-rates.

1:200 leverage ဖြင့် margin သည် 0.01*100 000/200*1.2639 = 6.3195 ဖြစ်သည်။

  • အနိမ်ဆုံး အရောင်းအဝယ် lot (0.01) — 1000
  • Leverage — 200
  • 1.2639 — GBPUSD ငွေလဲနှုန်း (screenshot ပေါ်မှ ကိန်းဂဏန်းများသည် floating rate ကြောင့် အနည်းငယ်ကွဲလွဲနေခြင်းဖြစ်သည်)

Screen ပေါ်ရှိ Assets Used tab တွင် margin ၏ တန်ဖိုးကို မြင်တွေ့နိုင်ပါသည်။

2. ETFs

တရားဝင်ခွင့်ပြု ထိန်းညှိထားသည့် ငွေလဲဈေးကွက်နှင့် over-the-counter ဈေးကွက်တို့တွင် leverage ကို အသုံးချမှုပုံစံ၌ သိသာထင်ရှားသော ကွဲပြားခြားနားချက်ရှိသည်။

2.1. Exchange-traded indexes.

ETF သည် ရှယ်ယာများကို ဖလှယ်ရာတွင် အရောင်းအဝယ်ပြုလုပ်သည့် အညွှန်းကိန်း ဘဏ္ဍာငွေ တစ်ခုဖြစ်သည်။ ၎င်းသည် ပုံမှန်မကြာခဏ ပုံသေကုန်ကျစရိတ်များရှိသော ပိုင်ဆိုင်မှုများဖြင့် တည်ဆောက်ထားသော ရင်းနှီးမြုပ်နှံမှု ငွေကြေးအစုပေါ်တွင် အခြေခံထားသည်။

ETF ဘဏ္ဍာငွေတစ်ခု၏ ရှယ်ယာများကို ဝယ်ယူခြင်းဖြင့် ကုန်သည် သည် ပေါင်းစပ်ထားသော ရင်းနှီးမြုပ်နှံမှုအစုတွင် ရင်းနှီးမြုပ်နှံထားပြီး ၎င်းပေါင်းစပ်ထားသောရင်းနှီးမြုပ်နှံမှုအစုသည် ကွဲပြားသော ဖွဲ့စည်းပုံ သို့မဟုတ် ကဏ္ဍတစ်ခု၏ ကုန်သွယ်မှုပစ္စည်းများ ပါဝင်နိုင်သည် ဖြစ်သည်။

Leveraged ETF သည် ကုန်သည်အား leverage ၏ အရွယ်အစားပေါ်မူတည်၍ အစုရှယ်ယာများ၏ အမြတ်အစွန်းရရှိနိုင်ချေကို တိုးမြင့်စေပါသည်။ ဥပမာ- ကုန်သည်၊သည် leverage မပါဝင်ဘဲ NASDAQ ETF တွင် ရင်းနှီးမြုပ်နှံလိုက်သည်ဆိုပါက အညွှန်းကိန်းသည် 1% တက်လာခဲ့လျှင် အမြတ်လည်း 1% ရရှိမည်ဖြစ်သည်။ အကယ်၍ leverage ကို အသုံးပြုပြီး ETF တွင်ရင်းနှီးမြုပ်နှံလိုက်ပါက ကုန်သည်အနေဖြင့် အညွှန်းကိန်းတိုးတက်မှု 1% ရှိခဲ့လျှင် အမြတ်ငွေကို 2% နှင့် 3% ကြားရရှိနိုင်မည်ဖြစ်သည်။ ဤကဲ့သို့သော ETF များကို margin trading များဟုလည်း ရည်ညွှန်းခေါ်ဆိုကြသေးသည်။

2.2 Forex indices.

Forex ကုန်သွယ်မှုအကျိုးဆောင် နှင့်လည်း အညွှန်းကိန်းများကို အရောင်း၊အဝယ်ပြုလုပ်နိုင်ပါသည်။ Forex အညွှန်းကိန်း ကုန်သွယ်မှု၏ အားသာချက်မှာ ကုန်သွယ်မှုပမာဏ ကန့်သတ်ချက် နှင့် တရားဝင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ နည်းပါးခြင်းတို့ဖြစ်သည်။ ကုန်သွယ်မှုများကို ကလစ်တစ်ချက်၊ နှစ်ချက် နှိပ်ရုံဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Margin = Position volume * Contract size * price / tick size * tick value * margin percentage / 100

LiteFinance ဝဘ်ဆိုက်ရှိ ကုန်သွယ်မှုပစ္စည်းအချက်အလက်များ တွင် စာချုပ်ပါ သတ်မှတ်ချက်များမှ တွက်ချက်ရန်လိုအပ်သော အချက်အလက်အားလုံးကို တွေ့ရှိနိုင်ပါသည်။

သိလိုသော ကုန်သွယ်မှုပစ္စည်း၏ သတ်မှတ်ချက်ကို ရွေးချယ်ပါ။ အောက်ဖော်ပြပါပုံမှ အကြောင်းအရာသည် FTSE အညွှန်းကိန်းဖြစ်ပါသည်။

LiteFinance: 2.2 Forex indices.

ကုန်သည် ပြုလုပ်မည့် position ပမာဏသည် ၎င်းဝယ်ယူတော့မည့် lots ပမာဏဖြစ်သည်။ စာချုပ်အရွယ်အစား၊ ပွိုင့်အရွယ်အစား နှင့် margin ရာခိုင်နှုန်း အစရှိသည့်အချက်အလက်အားလုံးကို စာချုပ်သတ်မှတ်ချက်တွင် တွေ့နိုင်ပါသည်။ 1% margin ရာခိုင်နှုန်းဆိုသည်မှာ ကုန်သွယ်မှုပစ္စည်းပေါ်တွင် 1:100 leverage ကိုအသုံးပြုထားသည်ဟု အဓိပ္ပါယ်ရသည်။

LiteFinance: 2.2 Forex indices.

Margin = 1*1*6111.7/0.1*0.01*1/100 = 6.1117

ရှင်းလင်းချက် -

  • 1 — position ပမာဏ၊ ၎င်းသည် 1 lot နှင့်ညီမျှပြီး၊ ၎င်းထက်နည်းသော ပမာဏကို သတ်မှတ်လုပ်ဆောင်ခြင်းမပြုနိုင်ပါ။
  • 1 — စာချုပ်အရွယ်အစား၊ သတ်မှတ်ချက်များ။
  • 6111.7 — စာချုပ်ဈေးနှုန်း။
  • 0.1 — tick အရွယ်အစား။
  • 0.01 — tick တန်ဖိုး။ ယခုပြသထားသော MT4 ပုံတွင် သုညဖြင့်ပြသထားကြောင်း သတိပြုပါ။ ဤသည်မှာ စာချုပ်တန်ဖိုးကို သုညထပ်ပိုသော အနီးစပ်ဆုံးပမာဏကိုယူပြီး ပြသလေ့ရှိသော ပလပ်ဖောင်း၏ အော်တိုပါဝင်ပြီးစနစ်ကြောင့်ဖြစ်ပါသည်။
  • 1 — margin ရာခိုင်နှုန်း။ ၎င်းသည် leverage ၏ analog တစ်ခုဖြစ်သည်။

margin ငွေကြေးသည် GBP ဖြစ်ပြီး အပ်ငွေသည် အမေရိကန်ဒေါ်လာဖြစ်သည့်အတွက် ငွေကြေးလဲလှယ်နှုန်းကို 6.1117*1.2639 = 7.73 အဖြစ်ထားရှိပေးမည်ဖြစ်သည်။ ၎င်းသည် စာချုပ်ထဲတွင် USD ဖြင့်ဖော်ပြထားမည့် margin လိုအပ်ချက်ဖြစ်ပါသည်။

အသိပေးချက်။ Forex အညွှန်းကိန်းများကုန်သွယ်မှုတွင် margin လိုအပ်ချက် တွက်ချက်မှု ဖော်မြူလာတွင် leverage ပါဝင်မှုမရှိသောကြောင့် ဤနေရာတွင် leverage ၏အရေးပါမှုမရှိကြောင်း မှတ်သားရပါမည်။

Margin ရာခိုင်နှုန်းကို ဤနေရာတွင်ထည့်သွင်းစဉ်းစားသည်။ အညွှန်းတစ်ခုစီအတွက် margin ရာခိုင်နှုန်းကို ကုန်သွယ်မှုအကျိုးဆောင် မှ သတ်မှတ်ပြီး ရာခိုင်နှုန်းသည် liquidity provider ပေါ်တွင်မူတည်သည်။ positon ပမာဏကို မြှောက်ဖော်ကိန်းဖြင့်ပြုပြင်သည်။

ဤဥပမာတွင် margin ရာခိုင်နှုန်းကို leverage ၏ analog ဟုခေါ်နိုင်သည်။ အကယ်၍ leverage ပါဝင်ခြင်းမရှိဟု ယူဆထားပါက ၎င်းသည် margin မှယူထားသော ရာခိုင်နှုန်းဖြစ်ပါသည်။

ဥပမာအားဖြင့် - margin ရာခိုင်နှုန်း 10% သည် 1:10 leverage နှင့်ကိုက်ညီပြီး margin ရာခိုင်နှုန်း 1% သည် 1:100 leverage နှင့် ကိုက်ညီသည်။ assets တစ်ခုချင်းစီ၏ နမူနာများကို ရှင်းပြသောအခါမှာ ယခုအကြောင်းအရာနှင့်ပတ်သက်ပြီး ပိုမိုအသေးစိတ်သိရှိနိုင်မည်ဖြစ်ပါသည်။

3. CFD များ

CFD သည် ခြားနားချက်အတွက် စာချုပ်တစ်ခုဖြစ်ပြီး ၎င်းကို Forex တွင် အဓိကရောင်းဝယ်ကြသည့်အပြင် (၎င်းသည် ငွေကြေးလဲလှယ်မှု ဈေးကွက်တွင်လည်း ရေပန်းစားသည်) ။

CFD ထုတ်ကုန်များရောင်းဝယ်ခြင်းတွင် ရှယ်ယာများ၊ သတ္တုများ သို့မဟုတ် အခြားသောကုန်ပစ္စည်းများ (ဥပမာ-ရေနံ) တို့ကို အမှန်တကယ် ကုန်ပစ္စည်းဖလှယ်ရန် မလိုအပ်ပါ။ အရောင်းအဝယ်သက်တမ်း ကုန်ဆုံးသွားပါက လက်ရှိဈေးနှုန်းကို စာချုပ်ပြီးဆုံးသည်အချိန်တွင်ဖြစ်ပေါ်နေမည့် သက်ဆိုင်ရာဈေးနှုန်းနှင့် နှိုင်းယှဉ်ဆောင်ရွက်မည်ဖြစ်သည်။ ထို့နောက် ရောင်းသူနှင့် ဝယ်သူနှစ်ဦးစလုံး အပြန်အလှန် ငွေပေးချေကြသည်။

Forex CFD ကုန်သွယ်မှု၏ နောက်ထပ်အားသာချက်တစ်ခုမှာ position ပမာဏကို အဆ 100၊ အဆ 1000 အထိ တိုးမြှင့်နိုင်သည့် မြင့်မားသော leverage ဖြစ်သည်။ ၎င်းသည် ငွေကြေးအတွဲများတွင် CFD များကိုရည်ညွှန်းပြီး ရေနံ CFDs သို့ အစုရှယ်ယာများ ရောင်းဝယ်မှုများတွင် leverage ၏လုပ်ဆောင်မှုသည် ကွဲပြားမည်ဖြစ်သည်။

Margin = Position volume * contract size * margin percentage / 100

စာချုပ်သတ်မှတ်ချက်များမှ လိုအပ်သောအချက်အလက်များအားလုံးကို လေ့လာပါ။ မှတ်သားသင့်သည်မှာ ရေနံနှင့်ပတ်သက်သော ကုန်သွယ်စာချုပ်၏ သတ်မှတ်ချက်တွင် margin တွက်ချက်မှု အမျိုးအစားကို သတ်မှတ်သင့်သည်။ တွက်ချက်မှုကို ရှေ့တွင်ဖော်ပြထားခဲ့သော ဖော်မြူလာကိုအသုံးပြုပြီးတွက်ချက်နိုင်ပြီး ၎င်းသည် liquidity provider အပေါ်တွင်လည်းမူတည်ပါသည်။

LiteFinance: 3. CFD များ

Margin (assets used) = 0.1*10*43.3*10/100 = 4.33

ရှင်းလင်းချက် -

  • 0.1 — အနည်းဆုံးဖြစ်နိုင်ချေရှိသည့် position ပမာဏ
  • 10 — သတ်မှတ်ချက်တွင်ပါရှိမည့် စာချုပ်အရွယ်အစား
  • 43.3 — ဈေးနှုန်း
  • 10 — သတ်မှတ်ချက်မှ margin ရာခိုင်နှုန်း

ဤနေရာတွင်လည်း leverage သည်အရေးမကြီးလှပေ။ တကယ်တမ်းဆိုရလျှင် ဤနေရာတွင် leverage သည် 1 မှ 10 အထိဖြစ်ပြီး မည်သည့်ဖလှယ်မှုကိုမှ ပေးထားခြင်းမရှိပါ။

4. Options

Option ဆိုသည်မှာ ရောင်းသူနှင့်ဝယ်သူနှစ်ဦးကြားတွင် ဖလှယ်ထားသော စာချုပ်ဖြစ်ပြီး ဝယ်သူကို ကြိုတင် သတ်မှတ်ဈေးနှုန်း၊ သက်တမ်းကုန်ဆုံးရက်တို့ဖြင့် ရှေ့အနာဂတ်ကာလတွင် ပိုင်ဆိုင်မှုတစ်ခုအား ဝယ်ယူခွင့် သို့မဟုတ် ရောင်းချခွင့်ကို ပေးထားသည်။

Option များတွင် leverage သည် အောက်ပါနည်းလမ်းများဖြင့် အရောင်းအဝယ်များပြုလုပ်ရာတွင် အသုံးဝင်သည်၊ options စာချုပ်များ၏ ကုန်ကျစရိတ်သည် ပုံမှန်အားဖြင့် ၎င်း၏အခြေခံအစုရှယ်ယာ ကုန်ကျစရိတ်ထက် များစွာနည်းပါးသည်။

Options စာချုပ်များဝယ်ယူခြင်းဖြင့် ကုန်သည်ကို ၎င်းကိုယ်ပိုင်ကုန်သွယ်နိုင်သော စတော့ရှယ်ယာများထက် ပမာဏပိုများသော အခြေခံ အစုရှယ်ယာများကို ပိုမိုစီမံခန့်ခွဲနိုင်စေမည်ဖြစ်သည်။

ဥပမာပေးရလျှင် - တူညီသောငွေပမာဏတစ်ခုဖြင့် ရှယ်ယာ 10 ခုကိုဝယ်နိုင်သည် (သို့မဟုတ်) ရှယ်ယာ 100 ကိုစီမံခန့်ခွဲရန် option တစ်ခုရှိသည်။ အကယ်၍ ကုန်သွယ်မှု option တွင် leverage ကို အသုံးပြုမည်ဆိုပါက စတော့ရှယ်ယာများကို ဝယ်ယူခြင်းမှ ရရှိလာနိုင်မည့်အမြတ်ငွေထက် ပိုများသော အမြတ်အစွန်းရနိုင်ချေ အလားအလာကို ဖန်တီးနိုင်မည်ဖြစ်သည်။

5. ခရစ်ပတို

5.1. ခရစ်ပတိုငွေကြေး လဲလှယ်မှုများ

ခရစ်ပတိုငွေကြေး လဲလှယ်မှုများတွင် leverage ၏စွမ်းဆောင်မှုသည် Forex ကုန်သွယ်မှုများရှိ စွမ်းဆောင်ရည် ကဲ့သို့ပင်ဖြစ်ပြီး ဖွင့်ထားသော position များ၏ ပမာဏကို တိုးရန်လုပ်ဆောင်သောအခါတွင် အသုံးပြုသည်။ သို့သော် ၎င်းလဲလှယ်မှုများသည် ကုန်သွယ်မှုအကျိုးဆောင် များနှင့်ပြုလုပ်သည့် ဖလှယ်မှုများကဲ့သို့ များများစားစား ဖြစ်မည်မဟုတ်ပေ။ ပုံမှန်အားဖြင့် အများစုသည် 1:2 မှ 1:5 leverage များသာဖြစ်ကြသည်။

5.2. Forex ကုန်သွယ်မှုအကျိုးဆောင် နှင့် ခရစ်ပတို ရောင်းဝယ်ခြင်း

ခရစ်ပတိုလဲလှယ်မှုများနှင့် နှိုင်းယှဉ်ကြည့်ပါက Forex ကုန်သွယ်မှုအကျိုးဆောင် များနှင့် ခရစ်ပတိုငွေကြေးများ ကုန်သွယ်မှုပြုလုပ်ခြင်းက အားသာချက်များ များစွာရှိပါသည် -

  1. အတည်ပြုခြင်းအတွက် ပိုမိုလွယ်ကူသွားပြီး ခရစ်ပတိုငွေကြေးလဲလှယ်မှုများ တွင် ဟက်ကာများ နှင့် လိမ်လည်လှည့်ဖြားမှုများ မကြာခဏဖြစ်ပွားတတ်သောကြောင့် ဖောက်သည်၏ ငွေလက်ကျန်အပေါ်တွင် စည်းမျဉ်း၊ စည်းကမ်းများဖြင့် အကာအကွယ် ပေးထားသည်။
  2. ကုန်သွယ်မှုအကျိုးဆောင် နှင့် ကာလတို positon များ ဖွင့်ခြင်း၊ ရောင်းဝယ်ခြင်းကိုပြုလုပ်နိုင်သည်။
  3. ကုန်သွယ်မှုအကျိုးဆောင် များတွင် မြင့်မားသော leverage (margin ရာခိုင်နှုန်း) ရှိသည်။ အချို့သော margin ရာခိုင်နှုန်းများသည် leverage အဖြစ် 1 မှ 10 အထိလုပ်ဆောင်ပေးနိုင်သည်။ ကုန်သွယ်မှုအကျိုးဆောင် နှင့် ခရစ်ပတို ကုန်သွယ်မှုပြုလုပ်ရာတွင် margin တွက်ချက်ပုံကို ဆက်လက်လေ့လာကြပါစို့။
Margin = Position volume * contract size * margin percentage / 100

LiteFinance: 5.2. Forex ကုန်သွယ်မှုအကျိုးဆောင် နှင့် ခရစ်ပတို ရောင်းဝယ်ခြင်း

အာမခံပစ္စည်း = 0.01*1*9213.12*10/100 = 9.21

ရှင်းလင်းချက် -

  • 0.01 — position ပမာဏ (အနည်းဆုံး lot သည် 0.01 ဖြစ်ပြီး၊ ကုန်သွယ်မှုများကို ပြုလုပ်ရာ၌ lot ပမာဏကို ကိန်းပြည့် တန်ဖိုးဖြင့်စတင်ခြင်းသည် ပိုမို အဆင်ပြေချောမွေ့စေသည်။
  • 1 — MT4 ရှိ သတ်မှတ်ချက်များမှ ရယူထားသော စာချုပ်အရွယ်အစား။
  • 9213.12 — BTC/USD ဈေးနှုန်း။
  • 10 — သတ်မှတ်ချက်မှရယူထားသော margin ရာခိုင်နှုန်း။

Margin ငွေကြေးသည် USD ဖြစ်သောကြောင့် ကုန်သွယ်မှုရလဒ်ကို အပ်ငွေ၏ ငွေကြေးအမျိုးအစားဖြင့် သတ်မှတ်မည်ဖြစ်သည်။

6. ကြိုရောင်း၊ ကြိုဝယ် ကုန်ပစ္စည်း၊ အစုရှယ်ယာများ

စတော့အညွှန်းကိန်းများကဲ့သို့ပင် ကြိုရောင်း၊ ကြိုဝယ်ကုန်ပစ္စည်း အစုရှယ်ယာများကို လဲလှယ်ခြင်း၊ over-the-counter ဖြင့် နှစ်မျိုးစလုံး အရောင်းအဝယ်ပြုလုပ်ကြသည်။

6.1. စတော့ရှယ်ယာလဲလှယ်ဈေးကွက်။ စတော့ရောင်းဝယ်ဖောက်ကားမှုတွင်

broker မှ 1:2 leverage အထိအမြင့်ဆုံးပေးပြီး ၎င်း position သည် နောက်တစ်နေ့တွင် rolled over ဖြစ်သွားသောအခါ ကုန်သည်မှ အတိုးကိုပေးဆောင်ရသည်။ ကြိုရောင်း၊ ကြိုဝယ်ကုန်ပစ္စည်း အစုရှယ်ယာများ ကုန်သွယ်မှု၌ leverage သည် အခမဲ့ဖြစ်ပါသည်။ ဤသည်မှာ ရှေ့အနာဂတ်၏သဘောတရားကြောင့် ဖြစ်ပြီး စာချုပ် သက်တမ်း ကုန်ဆုံးချိန်တွင် ရောင်းသူနှင့်ဝယ်သူကြား ငွေပေးချေမှုကိုပြုလုပ်မည်ဖြစ်သည်။

ဥပမာ - CADUSD ကြိုရောင်း၊ ကြိုဝယ်အစုရှယ်ယာ စာချုပ်သည် $7,370 ဖြစ်ပါက ကုန်သည်သည် အရောင်းအဝယ်ပြုချိန်တွင် ထိုပမာဏအားလုံးကို ပေးချေရန်မလိုအပ်ပါ။ ဤအရောင်းအဝယ်ပေါ်တွင် အာမခံအဖြစ် အပ်ငွေကို $737 ထည့်သွင်းပြီး 1:10 leverage အသုံးပြုခြင်းဖြင့် လုံလောက်ပြီဖြစ်သည်။

6.2. OTC ဈေးကွက်။

ဤတွင် ကုန်သွယ်မှုအားလုံးသည် ကုန်သွယ်မှုအကျိုးဆောင် မှသတ်မှတ်ထားသည့် margin ရာခိုင်နှုန်းပေါ်တွင်လည်း မူတည်ပါသည်။

Margin = Position volume * contract size * price * margin percentage / 100

7. သတ္တုတွင်းထွက်များ

ယခု ဥပမာသည်မှာလည်း သတ်မှတ်ချက်ရှိ margin တွက်ချက်ပုံအမျိုးအစားကို သေချာ အာရုံစိုက်၊ ဂရုပြုရန် အရေးကြီးကြောင်းဖော်ပြထားခြင်းဖြစ်သည်။ ပုံတွင်ပြထားသော လိုင်းသည် margin တွက်ချက်ရန် ဖော်မြူလာကို ပြထားခြင်းဖြစ်သည်။ သတ္တု နှင့် ရေနံကို ကုန်စည်ဈေးကွက်အဖြစ်သတ်မှတ်ကြသည်။

CFD ဖော်မြူလာကို ရေနံ၊ ရွှေ၊ နှင့် ငွေအစရှိသည်တို့၏ margin လိုအပ်ချက်ကို တွက်ချက်ရာတွင် အသုံးပြုသော်လည်း အချို့သော ကုန်သွယ်ပစ္စည်းများ ဥပမာအားဖြင့် palladium သည် ဤနေရာတွင် ချွင်းချက်ဖြစ်သည်။ အကယ်၍ CFD-Leverage ဖော်မြူလာကို အသုံးပြုထားပါက Forex leverage ကိုထည့်သွင်း စဉ်းစားထားခြင်းဖြစ်သည်။

Margin = Position volume * contract size * price / Leverage

LiteFinance: 7. သတ္တုတွင်းထွက်များ

Margin = 0.01*100*1949.16/200 = 9.75

ရှင်းလင်းချက် -

  • 0.01 — position ပမာဏ (အနည်းဆုံး lot — 0.01)
  • 100 — သတ်မှတ်ချက်တွင် ဖော်ပြထားသော စာချုပ်အရွယ်အစား
  • 1946.16 — position ဖွင့်လိုက်သည့် လက်ရှိဈေးနှုန်း
  • 200 — leverage 1:200

ရေနံ သို့မဟုတ် အညွှန်းကိန်းများနှင့်မတူဘဲ၊ သတ္တုတွင်းထွက်များကို ကုန်သွယ်မှုပြုရာတွင် leverage သည် အရေးကြီးသည်။ ကုန်သည်အနေဖြင့် မိမိကိုယ်တိုင် leverage ကိုရွေးချယ်နိုင်သကဲ့သို့ လိုအပ်လျှင် မည်သည့်အချိန်မဆို ပြောင်းလဲနိုင်ကြောင်းကိုလည်း အလေးပေးဖော်ပြလိုပါသည်။

Margin ရာခိုင်နှုန်းသည် ကုန်သွယ်မှုအကျိုးဆောင် မှသတ်မှတ်ပေးထားသော ပုံသေတန်ဖိုးတစ်ခုဖြစ်ပြီး ကုန်သွယ်မှုပစ္စည်း သတ်မှတ်ချက်တွင် ဖော်ပြထားသည်။

8. စတော့များ

စတော့ရှယ်ယာများမှ အမြတ်အစွန်းငွေကို အခြားသော ငွေရေးကြေးရေးအမျိုးအစားများ ကဲ့သို့ပင် ကုန်သွယ်မှုဖလှယ်ရာတွင်ရော၊ ကောင်တာဈေးကွက်များတွင် အရောင်းအဝယ်ပြုလုပ်ပြီး ရရှိနိုင်သည်။

8.1. စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ

ရောင်းဝယ်ခြင်း။ အိတ်ချိန်းဈေးကွက်တွင် အစုရှယ်ယာများ ဝယ်ယူသည့်အခါ ကုန်သည်သည် ၎င်းအစုရှယ်ယာများ၏ တိုက်ရိုက်ပိုင်ဆိုင်သူ ဖြစ်လာသည်။

အိတ်ချိန်းတစ်ခုတွင် ကုန်သွယ်မှုပြုလုပ်ရန် အနည်းဆုံးအပ်ငွေကို အမေရိကန် ဒေါ်လာ ထောင်ဂဏန်းမှ စတင်နိုင်သည် ဖြစ်သော်လည်း ယခုမှစတင်ကုန်သွယ်သူများအတွက် တစ်ခါတစ်ရံတွင် ကော်မရှင်ခ အလွန်များနေတတ်သည်။ leverage ကို ကုန်သွယ်မှုအကျိုးဆောင် မှ ပံ့ပိုးပေးသော်လည်း ပုံမှန်အားဖြင့် 1:2 ခန့်သာဖြစ်သည်။

8.2. Forex တွင်ကုန်သွယ်မှုအစုရှယ်ယာများ။

စတော့ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားမှုနှင့် မတူဘဲ ကနဦးအပ်ငွေပမဏ နည်းပါးသည်။ margin သည် leverage အစား၊ margin ရာခိုင်နှုန်းပေါ်တွင်သာ မူတည်သည်။

Forex ကုန်သွယ်မှုရှယ်ယာများအတွက် margin တွက်ချက်ခြင်း ဖော်မြူလာသည် CFD များအတွက် margin တွက်ချက်မှု ဖော်မြူလာနှင့် ဆင်တူသည်။

Margin = Position volume * contract size * price * margin percentage / 100

LiteFinance: 8.2. Forex တွင်ကုန်သွယ်မှုအစုရှယ်ယာများ။

Margin = 0.01*1*117.23*2/100 = 0.0234

ရှင်းလင်းချက် -

  • 0.01 — ဤကုန်သွယ်မှုပစ္စည်းအတွက် အနည်းဆုံး position ပမာဏ
  • 1 — စာချုပ်အရွယ်အစား။ သတ်မှတ်ချက်တွင်ပါရှိသော ကိန်းသေ (မပြောင်းလဲနိုင်သော ပမာဏ)
  • 117.23 — position အဖွင့်ဈေးနှုန်း
  • 2 — သတ်မှတ်ချက်တွင် ဖော်ပြထားသော margin ရာခိုင်နှုန်း

Leverage အချိုးဆိုတာ ဘာလဲ?

ဘောဂဗေဒသဘောတရားတွင် ငွေကြေးသုံးစွဲမှုအချိုးသည် လုပ်ငန်းတစ်ခုရှိ ကိုယ်ပိုင်ရင်းနှီးမြုပ်နှံငွေ နှင့် ချေးငွေရယူထားသော ငွေတို့အကြား အချိုးအစားကို ညွှန်ပြသည်။ ဤအညွှန်းကိန်းကို ကြည့်ခြင်းအားဖြင့် ကုမ္ပဏီ၏ တည်ငြိမ်မှုနှင့် အမြတ်အစွန်းအဆင့်တို့ကို အကဲဖြတ်နိုင်သည်။ Forex တွင်မူ ၎င်းအသုံးအနှုန်းသည် အနည်းငယ်ကွဲပြားသော အဓိပ္ပါယ်ရှိသည်။ Forex leverage သည် margin ဝယ်ယူမှုအတွက် အစုရှယ်ယာ အချိုး ဖြစ်သည်။

Leverage အချိုးဖော်မြူလာ

မြှောက်ဖော်ကိန်း ဖော်မြူလာသည် ရိုးရှင်းသော 1 / leverage ဖော်မြူလာဖြစ်သည်။ ဥပမာ — 1:2 leverage အတွက် leverage အချိုးသည် 1/2 = 0.5 ဖြစ်သည်။ 1:100 leverage အတွက် leverage အချိုးသည် 1/100 = 0.01 ဖြစ်သည်။

Margin လိုအပ်ချက်များ နှင့် အကောင့်လက်ကျန်ငွေ တွက်ချက်ခြင်း နမူနာ -

  1. အပ်ငွေ $3000 ရှိပြီး၊ 1.2 USD ဈေးနှုန်းဖြင့် ယူရို 1 lot (100,000 EUR) ကို ဝယ်ယူလိုပြီး ကုန်သွယ်မှုအကျိုးဆောင်မှ ဤငွေကြေးအတွဲအတွက် leverage ကို အမြင့်ဆုံး 1:50 နှင့်ကမ်းလှမ်းသည်။

    Leverage အချိုးသည် 1/50 = 0.02 ဖြစ်သည်။

    Margin = 100,000*1.2*0.02 = $2,400 ဖြစ်ပြီး ၎င်းမှာ 1:50 leverage တွင် ကုန်သွယ်မှုအကျိုးဆောင်မှ ထိန်းသိမ်းထားမည့် ငွေပမာဏဖြစ်သည်။

  2. အခမဲ့ အသုံးပြုနိုင်သည့် ငွေပမာဏ (လုပ်ငန်းလည်ပတ်မှုအတွက်) မှာ — 3,000-2,400 = $600 ဖြစ်သည်။
  3. 1:50 leverage ဖြင့် 600 * 50 = $30,000 ကိုစီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ဤဘဏ္ဍာငွေဖြင့် ယူရို 30,000 / 1.2 = 25,000 ကိုဝယ်ယူနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုရသော် leverage 1:50 တွင် ယူရို 25,000 ဝယ်ယူခြင်းအတွက် margin သည် $600 ဖြစ်လိမ့်မည်ဖြစ်သည်။

Leverage 1:50 ဖြင့် $3000 လျှင် စုစုပေါင်း ယူရို 125,000 ဝယ်ယူနိုင်မည်ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းလွယ်ကူသော တွက်ချက်မှုဖြစ်ပြီး တွက်ချက်ပုံမှာ — ဝယ်ယူမှုပမာဏ = 3000 * 50/1.2 = 125,000 ယူရို ဖြစ်ပါသည်။

အကောင်းဆုံး Forex leverage ကို တွက်ချက်ခြင်းမပြုလုပ်မီ margin အချက်အလက်များအပြင် အခြားအသုံးဝင်သော အချက်အလက်များစွာပါရှိသည့် forex calculator ကို အသုံးပြုရန် အကြံပြုလိုပါသည်။

Forex leverage calculator

Forex ဈေးကွက်တွင် leverage မည်သို့တွက်ချက်ရမည်ကို မသိပါက leverage calculator ကိုအသုံးပြုပါ။ leverage calculator သည် အသုံးပြုရန် အလွန်လွယ်ကူပါသည်-

  1. ကုန်သွယ်မှုပြုလုပ်လိုသည့် ငွေကြေးအတွဲ (သို့မဟုတ်) အခြားကုန်သွယ်ပစ္စည်းတစ်ခုခုကို ရွေးချယ်ပါ။
  2. အသုံးပြုမည့် leverage ကိုရွေးချယ်ပါ။
  3. ကုန်သွယ်မှုဖွင့်မည့် position ၏ lot ပမာဏကိုရွေးပါ။

ဤအဆင့် ၃ဆင့်ကို လုပ်ဆောင်ရုံပါပဲ။ ၎င်းဂဏန်းတွက်စက်မှ ရွေးချယ်ထားသော leverage ဖြင့် ကုန်သွယ်မှုဖွင့်ရန် လိုအပ်မည့် margin ပမာဏကို တွက်ချက်ပြသပေးမည်ဖြစ်ပြီး ၊ ထို့အပြင် ကုန်သွယ်မှုတွင် ချေးယူထားသော ရင်းနှီးမတည်ငွေကို အသုံးပြုထားခြင်းမရှိပါက ၎င်းချေးငွေပမာဏမပါဝင်ဘဲ ကုန်သွယ်မှု၏ အမှန်တကယ်ကုန်ကျမည့် စရိတ်ကိုတွက်ချက် ပြသပေးမည်ဖြစ်သည်။

ဥပမာပေးရလျှင် — EURUSD ငွေကြေးအတွဲတွင် 0.01 lots နှင့် 1:100 leverage ပမာဏရှိသော ဝယ်ယူမှု position ကို ဖွင့်ရန် margin လိုအပ်ချက်သည် $11.32 ဖြစ်လိမ့်မည်။ နောက်တစ်မျိုးပြောရလျှင် — ယူရို 1000 ကိုဝယ်ရန် $1132 လိုအပ်မည်ဖြစ်သော်လည်း ၎င်းပမာဏ၏ 1/100 ဖြစ်သော $11.32 ဖြင့်ပင် အရောင်းအဝယ်ပြုလုပ်ရန် လုံလောက်သည်။

အခုပဲ ကိုယ်တိုင်တွက်ချက်ကြည့်ပါ။

ကုန်သွယ်မှုတွင် Leverage အချိုးနမူနာများ

Low leverage trading နှင့် high forex leverage trading တို့အကြား ခြားနားချက်ကို ရှင်းလင်းတင်ပြရန် ဥပမာတစ်ခုအနေဖြင့် EURUSD ငွေကြေးအတွဲကို ထပ်မံအသုံးပြု ရှင်းလင်းသွားမည်ဖြစ်ပါသည်။ ဤဥပမာတွင် 1:10 leverage နှင့် 1:1000 Forex leverage တို့ကို အသုံးပြုမည်ဖြစ်သည်။

$ 10,000 ပမာဏအောက် အပ်ငွေရှိပြီး 1:10 leverage ဖြင့် 0.8 lots (အာမခံပစ္စည်း = 80,000 / 10 * 1.13 = 9040) ပမာဏဖြင့် ကုန်သွယ်မှုကို ဝင်ရောက်နိုင်မည်ဖြစ်သည်။

ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်မှုအတွက် အသုံးပြုနိုင်သည်မှာ $1000 အောက်ဖြစ်ပြီး လက်တလော ဈေးနှုန်း အပြောင်းအလဲကို သတိပြုရမည်။ ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေသည့် မိနစ် အနည်းငယ် အတွင်း၌ပင် floating loss ဆုံးရှုံးမှုသည် ဂဏန်းနှစ်လုံးပမာဏအထိရှိနိုင်သည်။

LiteFinance: ကုန်သွယ်မှုတွင် Leverage အချိုးနမူနာများ

ယခုတွင် leverage ကို 1:1000 သို့ပြောင်းလဲထားလိုက်ပြီး တူညီသော အပ်ငွေပမာဏဖြင့် 80 (!) lots (အာမခံပစ္စည်း = 8,000,000 / 1,000 * 1.13 = 9040) အတွက် position တစ်ခုဖွင့်နိုင်ပြီဖြစ်သည်။ ဆိုလိုသည်မှာ - ဒေါ်လာ 10,000 အပ်ငွေဖြင့် ယူရို 8 သန်းကို ဝယ်ယူနိုင်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

LiteFinance: ကုန်သွယ်မှုတွင် Leverage အချိုးနမူနာများ

ဖော်ပြပါပုံအရ လက်ရှိတွင် ကုန်သွယ်မှု၌တူညီသော ပမာဏကို အသုံးပြုထားသော်လည်း အမြတ်၊အရှုံးသည် ဂဏန်းသုံးလုံးပမာဏဖြစ်နေပြီဖြစ်သည်။ သို့ရာတွင် လည်ပတ်ဆောင်ရွက်မှုများအတွက် အသုံးပြုနိုင်သော ပမာဏမှာ များစွာနည်းပါးပြီး ၎င်းမှာ higher leverage ကြောင့် ပွိုင့်တန်ဖိုးပိုများနေသောကြောင့်ဖြစ်သည်။ ထို့နောက် မိနစ်အနည်းငယ်စောင့်ဆိုင်းပြီးပါက ဤအရောင်းအဝယ်မှ ထွက်လိုက်မည်ဖြစ်သည်။

LiteFinance: ကုန်သွယ်မှုတွင် Leverage အချိုးနမူနာများ

အထက်ဖော်ပြပါပုံတွင် 1:10 နှင့် 1:1000 leverage များဖြင့် ပြုလုပ်ထားသော အရောင်းအဝယ် နှစ်ခု၏ ရလဒ်များကို ပြသထားသည်။ ၎င်း position များကို မိနစ်အနည်းငယ်သာ ထိန်းထားခဲ့ပြီး ၎င်းအရောင်းအဝယ် နှစ်ခုလုံးအတွက် တူညီသော အပ်ငွေပမာဏ နှင့် အာမခံပစ္စည်းများသာ အသုံးပြုထားသည်။ ပထမ အရောင်းအဝယ်တွင် ရရှိသောအမြတ်ငွေမှာ $0.8 ဖြစ်ပြီး၊ ဒုတိယအရောင်းအဝယ်တွင် အမြတ်ငွေမှာ $2800 ဖြစ်သည်။

အစပိုင်းတွင် high leverage အသုံးပြုထားခြင်း၏ အားသာချက်မှာ သိသာထင်ရှားသည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ကုန်သွယ်မှုပမာဏများ တိုးများလာသည်နှင့်အမျှ pip တန်ဖိုးလည်း တိုးလာမည် ဖြစ်ကြောင်းကို သတိပြုရမည်ဖြစ်သည်။

Leverage နည်းသော ကုန်သွယ်မှု အခြေအနေတွင် လည်ပတ်မှုအတွက် အသုံးပြုနိုင်သော ဘဏ္ဍာငွေပမာဏသည် $900 နီးပါး ရှိသည်။ leverage အလွန်မြင့်မားသော အခြေအနေတွင် လည်ပတ်မှုအတွက် အသုံးပြုနိုင်သော ဘဏ္ဍာငွေပမာဏမှာ $150 ထက်နည်းပါးသည်။

အကယ်၍ ဈေးနှုန်းသည် ဆန့်ကျင်ဘက်ဦးတည်ချက်တွင် ပွိုင့်အနည်းငယ်သာသွားပါက ကုန်သွယ်မှုသည် stop out ဖြစ်သွားလိမ့်မည်ဖြစ်သည်။ leverage 1:10 နှင့်အတူ ဈေးနှုန်းအပိုင်းအခြားပိုရှည်ပါက ကုန်သွယ်မှုအတွက် ပိုမိုလုံခြုံစိတ်ချရလေဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် ကုန်သွယ်မှုအရောင်းအဝယ်ပမာဏကို တိုးမြှင့်ရန်အတွက် အသုံးပြုသော leverage မြင့်မားလေလေ၊ အလားအလာရှိသော အမြတ်အစွန်းများ ပိုများများရနိုင်လေဖြစ်သည်။ တစ်ချိန်ထဲမှာပဲ ကုန်သွယ်မှု stopped-out ဖြစ်သွားနိုင်သည့် အန္တရာယ်ပိုများနိုင်ပြီး အပ်ငွေဆုံးရှုံးနိုင်သည့် အန္တရာယ်လည်း ပိုများလာမည်ဖြစ်သည်။

Forex ကုန်သွယ်မှုတွင် leverage အဆင့်ကို မည်သို့ရွေးချယ် အသုံးပြုရမည်ဆိုသည်ကိုပါ ထပ်မံရှင်းလင်း တင်ပြပေးမည်ဖြစ်ပါသည်။

Maximum Leverage အသုံးပြုခြင်း ဥပမာများ

ဥပမာ(၁)။ EUR/USD trend စတင်ချိန်တွင် ကောင်းမွန်သောအခြေအနေ အခိုက်အတန့်တစ်ခု၌ ကုန်သွယ်မှုကို လုပ်ဆောင်လိုက်သည်ဟု စိတ်ကူးကြည့်ပါစို့။ ကုန်သွယ်မှုအတွက် အပ်ငွေ $120 ရှိပြီး လက်ရှိတွင် ငွေလဲနှုန်းမှာ 1.2 ဖြစ်သည်။ 1:1000 leverage ကို ကုန်သွယ်မှုတွင် သုံးလိုက်သည်ဆိုပါက $120,000 ရှိသွားမည်ဖြစ်ပြီး ယူရို 100,000 (1 lot) ကို ဝယ်နိုင်မည်ဖြစ်သည်။ 1 lot ကုန်သွယ်မှုပမာဏအတွက် EUR/USD pip တန်ဖိုးသည် $10 ဖြစ်သည်။

ဆိုလိုသည်မှာ - ဈေးနှုန်းသည် 12 pips အတွက်သာ လုံလောက်ပြီး (stop-out အဆင့်သည် သုညဟု ယူဆကြည့်ပါက) ကုန်သွယ်မှုအတွက် အပ်ငွေအားလုံး ဆုံးရှုံးမည်ဖြစ်သည်။ ဈေးနှုန်းမတည်ငြိမ်မှု ဂဏန်းတွက်စက်ကို ဖွင့်ပြီး EUR/USD ငွေကြေးအတွဲကို တွက်ချက်ကြည့်ရာ မတည်ငြိမ်မှုမှာ ပျမ်းမျှ 80 pips ခန့်ရှိကြောင်းတွေ့ရသည်။

နိဂုံးချုပ်ရလျှင် အကယ်၍ ကုန်သွယ်မှုတွင် 1:1000 leverage ကို အသုံးပြုပါက အပ်ငွေအားလုံး ဆုံးရှုံးသွားနိုင်ဖွယ်ရှိသည်ဖြစ်သည်။ trend အနေအထားပြောင်းပြန်ဖြစ်သွားခြင်း သို့မဟုတ် local correction ဖြစ်ခဲ့လျှင် ဈေးနှုန်းသည် 12 pips အတွက်အကျုံးဝင်မည်မှာ သေချာသည်ဖြစ်ပါသည်။

ဥပမာ(၂)။ ဆိုကြပါစို့ $1200 အပ်ငွေရှိပြီး 0.01 lots ပမာဏဖြင့် ကုန်သွယ်မှုတစ်ခုကို ဝင်လိုက်သည်။ 1:1 leverage မရှိဘဲ ကုန်သွယ်မှုအတွက် margin လိုအပ်ချက်သည် $1200 ဖြစ်လိမ့်မည်။ သို့သော် ကုန်သွယ်မှုတွင် ဆုံးရှုံးနိုင်မည့် အန္တရာယ်ကို ကာကွယ်ထားချင်သည့်အတွက် ဆန့်ကျင်ဘက် ဆက်စပ်နေသော အခြား ကုန်သွယ်မှု တစ်ခုကိုပါ ဝင်ရောက်လိုက်သည်။

Leverage 1:1000 ကိုယူလိုက်ပါက margin သည် $1.2 ဖြစ်လိမ့်မည်။ ထို့နောက် ကျန်ရှိသည့် $1,198.8 ကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ပြီး တူညီသော 0.01 lots ပမာဏဖြင့် အခြားသောကုန်သွယ်မှုတစ်ခုကိုပါ ဝင်ရောက်နိုင်သည်။

နိဂုံးချုပ်ရလျှင် အမြင့်ဆုံး forex leverage ကိုအသုံးပြုခြင်းဖြင့် ဆုံးရှုံးနိုင်ချေများ ရှိမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထည့်သွင်းထားသော ကုန်သွယ်မှု၏စုစုပေါင်းပမာဏသည် 0.02 lots ဖြစ်လိမ့်မည်ဖြစ်ပြီး pip တန်ဖိုးကိုလည်း cents ဖြင့်တွက်ချက်မည်ဖြစ်သည့်အတွက် ဆန့်ကျင်ဘက် ကုန်သွယ်မှုဈေးနှုန်းရွေ့လျားမှုသည် အပ်ငွေပေါ်တွင် အန္တရာယ်ဖြစ်လာစေမည်မဟုတ်သောကြောင့်ဖြစ်သည်။ ဆုံးရှုံးနိုင်သည့် အန္တရာယ်နည်းပါးသည့် တစ်ဖက်တွင် ရရှိမည့် အမြတ်ငွေပမာဏသည်နည်းမည်ဖြစ်သည်။

ဥပမာ(၃)။ အော်ဒါ 2 ခုမှ တစ်ခုစီအတွက် position ပမာဏသည် $5000 ဖြစ်သည်။ ပထမ position ကို 1:1 leverage ဖြင့်ဖွင့်ထားပြီး margin မှာ $5000 ဖြစ်သည်။ ဒုတိယ position ကို 1:100 leverage ဖြင့်ဖွင့်ထားပြီး margin မှာ $50 ဖြစ်သည်။ အဆင့်ဖော်မြူလာမှာ အစုရှယ်ယာတန်ဖိုး/ Margin*100% ဖြစ်သည်။ Stop-out အဆင့်သည် position အားလုံး မဖြစ်မနေပိတ်ပစ်မည့်အဆင့်၊ ဥပမာ - stop-out အဆင့် 20 % ဆိုသည်မှာ 20% အဆင့်သို့ ရောက်သွားသောအခါ ဖွင့်ထားသော position များအားလုံး အလိုအလျောက် ပိတ်သွားမည်ဖြစ်သည်။

ဖွင့်ထားသော position ၏ (ပိုင်းဝေ) ပမာဏသည် ကုန်သွယ်မှုနှစ်ခုလုံးတွင် တူညီနေပြီး တစ်ခုထဲသော ကွာခြားချက်မှာ ပိုင်းခြေတွင်ရှိနေသည်။ ထို့ကြောင့် ပထမကုန်သွယ်မှုတွင် အဆင့်တန်ဖိုးသည့် ဒုတိယတစ်ခုထက် ပိုကြီးနေမည်ဖြစ်သည်။

နိဂုံးချုပ်ရလျှင် တူညီသော position ပမာဏဖြင့် ဆုံးရှုံးမှုတစ်ခုတွင် leverage ပါရှိသော position သည် leverage မပါရှိသော position ၏နောက်မှ stopped-out ဖြစ်သွားလိမ့်မည်ဖြစ်သည်။ နောက်တစ်နည်း ပြောရလျှင် leverage ကို ကုန်သွယ်မှုတွင် အသုံးပြုခြင်းဖြင့် stop-out လျင်မြန်စွာြဖစ်ခြင်း အန္တရာယ်ကို လျှော့ချနိုင်မည်ဖြစ်သည်။

High Leverage ၏အန္တရာယ်များ

Leverage ဖြင့် ကုန်သွယ်မှုတွင် အဓိက အန္တရာယ်တစ်ခုသာရှိပါသည်။ position ၏စုစုပေါင်းပမာဏကို တိုးမြှင့်ရန်အတွက် leverage ကို အသုံးပြုပါက ဖြစ်နိုင်သည့် ဆုံးရှုံးနိုင်ချေများသည်လည်း ၎င်းနှင့်အတူတကွ အချိုးကျ ကြီးထွားလာမည်ဖြစ်ပါသည်။ ဤသည်မှာ တစ်ဖက်တွင် မြင့်မားသော leverage ကိုအသုံးပြုပြီး Forex တွင် ဝင်ငွေအများအပြား ရှာဖွေနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်သည်နှင့်အညီ အခြား တစ်ဖက်တွင်လည်း မိမိတို့၏ ရင်းနှီးမြုပ်နှံထားသော အပ်ငွေများကိုလည်း မြန်မြန်ဆန်ဆန် ဆုံးရှုံးစေနိုင်သည်။

အကြံပြုချက်

High-leverage ကုန်သွယ်မှု အန္တရာယ်များကို လျှော့ချရန် အပ်ငွေပမာဏ အားလုံးကို တစ်ပြိုင်ထဲ မသုံးပါနှင့်။

ကုန်သွယ်မှုတစ်ခုစီ အတွက် အသုံးပြုမည့်ပမာဏသည် မိမိအပ်ငွေ၏ 2% ထက်မပိုပါစေနှင့်။

Less Leverage အသုံးပြုခြင်း ဥပမာများ

ဥပမာ(၁)။ EUR/USD ငွေကြေးအတွဲ အတွက် ငွေလဲနှုန်းမှာ 1.2 ဖြစ်ပြီး အပ်ငွေပမာဏ $1200 ရှိသည်။ အကယ်၍ အနည်းဆုံးဖြစ်နိုင်သည့် ပမာဏ 0.01 lot ဖြင့် position တစ်ခုကို ဖွင့်လိုက်ပါက margin သည် $1200 ဖြစ်လိမ့်မည်ဖြစ်ပြီး လည်ပတ်မှုအတွက် အခမဲ့အသုံးပြုနိုင်မည့် ဘဏ္ဍာငွေသည် သုညဖြစ်သည်။

ဤတွင် ကုန်သည်မှ ဈေးနှုန်းရွေ့လျားမှု၏ ဦးတည်ချက်ကို သံသယရှိလာပြီး အပ်ငွေကို ငွေသားဖြင့် ငွေဖြည့်ခြင်း မပြုလုပ်တော့ဘဲ ၎င်း position ကို သော့ခတ်ထားလိုသည် ဆိုကြပါစို့။

ကုန်သည်သည် 1:2 leverage ကိုယူလိုက်ပြီး ၎င်းမှ အာမခံရမည့်ငွေပမာဏကို ထက်ဝက် လျှော့ကျ သွားစေသည်။ ထို့ကြောင့် ကုန်သည်တွင် လည်ပတ်ရန် ပိုင်ဆိုင်မှုငွေကြေးများပိုမိုရရှိလာနိုင်ပြီး ပထမကုန်သွယ်မှုကို သော့ခတ်ရန် တူညီသော position ဒုတိယတစ်ခုကို ဖွင့်နိုင်မည်ဖြစ်သည်။

နိဂုံးချုပ်ရလျှင် ကုန်သွယ်မှုများအတွက် မိမိ၏ကိုယ်ပိုင် ဘဏ္ဍာငွေမလုံလောက်သောအခါ အချို့သော ကိစ္စရပ်များတွင် low leverage ကိုအသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပါသည်။

ဥပမာ(၂)။ တူညီသော ရင်းနှီးမြုပ်နှံမှုများဖြင့် 0.01 ပွိုင့်ရှိသော position တစ်ခုကိုဖွင့်လိုက်သည်။ သို့သော် ခန့်မှန်းချက်မှာ လွဲချော်သွားပြီး ဈေးနှုန်းသည် 10 pips နှင့် ဆန့်ကျင်ဘက်ကို ဦးတည်သွားသည်။ ဂဏန်းလေးလုံးဖြင့် 0.01 lot EUR/USD အတွက် pip တန်ဖိုးသည် 10 cents ဖြစ်ပြီး ဆုံးရှုံးမှုမှာ $1 ဖြစ်သည်။ ထို့နောက် 1:2 leverage ကိုယူပြီး တူညီသော margin ဖြင့် 0.02 lots ၏ position ကိုဖွင့်လိုက်သည်။ ဈေးနှုန်း 10 pips ရွေ့သွားခြင်းဖြင့် အမြတ် $2 ကိုရရှိမည်ဖြစ်ပြီး ၎င်းမှာ ရှေ့တွင်ဆုံးရှုံးခဲ့မှုအတွက် အလျော်အစားပင် ဖြစ်သည်။

နိဂုံးချုပ်ရလျှင် အချို့သောကိစ္စရပ်များတွင် Martingale နည်းလမ်းအရ၊ position ၏ပမာဏကို နှစ်ဆပြုလုပ်လိုက်ခြင်းဖြင့် ရှေ့တွင် ဆုံးရှုံးခဲ့မှုများအတွက် Forex leverage က ငွေပြန်ရှာပေးနိုင်မည် ဖြစ်ပါသည်။

Forex ကုန်သွယ်မှုအတွက် အကောင်းဆုံး Leverage က ဘာလဲ?

လက်တွေ့တွင် ကုန်သည်များ၏ 40% ကျော်ခန့်သည် leverage 1:10 အထိ အသုံးပြုခြင်းကို ပိုသဘောကျ နှစ်သက်ကြပြီး 17% ခန့်သည် leverage 1:100 ထက်ပို၍ အသုံးပြုကြကြောင်းတွေ့ရသည်။ ကုန်သွယ်မှုပစ္စည်း အချို့အတွက် European regulator များမှ အမြင့်ဆုံး leverage ကို 1:20 မှ 1:50 သို့ကန့်သတ်ထားရန် Forex ကုန်သွယ်မှုအကျိုးဆောင်များကို အကြံပြုထားသည်။

ခရစ်ပတိုငွေကြေး ဖလှယ်မှုများတွင် leverage ကို 1:2 မှ 1:5 အဖြစ် အများဆုံးသတ်မှတ် အသုံးပြုကြသည်။ မိမိ၏ ကိုယ်ပိုင်ဘဏ္ဍာငွေမလုံလောက်ဘဲ position ပမာဏကို ဖြစ်နိုင်သမျှ အများဆုံးသို့တိုးမြှင့်ရန် မိမိ၏ ကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာဆန္ဒတစ်ခုထဲဖြင့် လုပ်ဆောင်နေသော ကုန်သည်များသည် leverage ကို 1:1000 အထိ ရွေးချယ်အသုံးပြုကြသည်။ ဤနေရာတွင် 1000 ထက်ပိုသော leverage ကိုအသုံးပြုရန် ကမ်းလှမ်းလာသော ကုန်သွယ်မှုအကျိုးဆောင်များ၏ ၎င်းကမ်းလှမ်းချက်ကို မိမိအနေဖြင့် အလေးအနက် စဉ်းစား သုံးသပ်မည် မဟုတ်ပါ။

ယခုမှစတင်ကုန်သွယ်မည့်သူများကို အကြံပြုရလျှင် ဒီမိုအကောင့်တွင် အနိမ့်ဆုံး leverage တန်ဖိုး 1:1 ဖြင့် စတင်လုပ်ဆောင်သင့်သည်ပါသည်။ ကုန်သည်သည် ချေးငွေများဖြင့် ကုန်သွယ်မှုအရောင်းအဝယ်ကို မပြုလုပ်မီ၊ ပထမဦးစွာ လုပ်ဆောင်သင့်သည်များမှာ -

  • ကုန်သွယ်မှုစနစ်တစ်ခုစီအတွက် စွန့်စားမှု၊ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု ဗျူဟာကို ရေးဆွဲပြီး ၎င်းဗျူဟာကို လိုအပ်သလို အခြေအနေအရ ချိန်ညှိဆောင်ရွက်နိုင်ရန် လေ့လာပါ။ ကုန်သည်များအနေဖြင့် အလားအလာတည်ငြိမ်သောဈေးကွက်များတွင် စွန့်စားမှုများကို သတိရှိရှိဖြင့် တိုးမြှင့်လုပ်ဆောင်သင့်ပြီး မတည်ငြိမ်သောဈေးကွက်များတွင် စွန့်စားမှုကို လျှော့ချလုပ်ဆောင်သင့်သည်။
  • မတူကွဲပြားသောကုန်သွယ်မှုစနစ်များကို အသုံးပြုရန်၊ အညွှန်းကိန်းများကို အသုံးပြုရန်၊ ကုန်သွယ်မှုပလပ်ဖောင်းများတွင်စီမံဆောင်ရွက်ရန် အစရှိသည်တို့ကို လေ့လာပါ။
  • မိမိ၏ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ရန် သင်ယူလေ့လာပါ၊ မလိုလောဘစိတ်၊ စိတ်လှုပ်ရှားမှု နှင့် အရှုံးမှ အမြတ်ပြန်ရယူလိုသော ဆန္ဒတို့ကို ထိန်းချုပ်နိုင်ရန် လေ့လာပါ။

ယခုမှစတင်ကုန်သွယ်ကြမည့်သူများသည် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်နိုင်ရည်များအတွက် မိမိကိုယ်မိမိ ယုံကြည်မှုရှိလာပြီး အထက်ဖော်ပြပါ အချက်အားလုံးကို လုပ်ဆောင်နိုင်ပြီဆိုမှသာ ကုန်သွယ်မှု အကောင့်အစစ်ဖြင့် အရောင်းအဝယ်စတင်လုပ်ဆောင်သင့်ပါသည်။ ကုန်သွယ်မှုအကောင့်အစစ်တွင် ယခုမှ စတင်ကုန်သွယ်မည့်သူများ အတွက် အသုံးပြုရန်ကောင်းမွန်သော leverage မှာ 1:10 ဖြစ်ပါသည်။ ၎င်း forex leverage သည် အပ်ငွေပမာဏ အနည်းငယ်ဖြင့် အနည်းဆုံး 0.01 lot ရှိသော position တစ်ခုကို ဖွင့်နိုင်စေမည် ဖြစ်ပါသည်။

ကျွမ်းကျင်ပြီး အတွေ့အကြုံများသော ပညာရှင်အဆင့်ကုန်သည်များသည် မည်သည့် leverage ကိုအသုံးပြုကြသနည်း? ဤမေးခွန်း၏ အဖြေကို အတွေ့အကြုံရှိသော ကုန်သည်များ ကိုယ်တိုင်ကသာ ဖြေကြားပေးနိုင်ပါသည်။ forex pipsing နှင့် scalping နည်းဗျူဟာများကို အသုံးချနေသော ကုန်သည်များသည် ယေဘူယျအားဖြင့် မြင့်မားသော leverage များကို အသုံးပြုကြသည်။ ၎င်းတို့အတွက် အမြတ်ငွေသည် short stops များနှင့်အတူ pips အနည်းငယ်သာ ဖြစ်သောကြောင့် pip တန်ဖိုးမြင့်ခြင်းသည် ၎င်းတို့အတွက် အရေးပါပြီး pip တန်ဖိုးကို ကြီးမားသော position ပမာဏဖြင့်ဆုံးဖြတ်သောကြောင့် ဖြစ်သည်။

ရေရှည်ကုန်သွယ်မှုနည်းဗျူဟာများကို နှစ်သက်သည့် ကုန်သည်များသည် မြင့်မားသော leverage များကို အသုံးမပြုရန် ကြိုးစားကြသည်။ ထို့ကြောင့် သေချာစဉ်းစားဆုံးဖြတ်ရန်မှာ မိမိသည် မြင့်မားသော lerverage ကို အသုံးပြုမည်လား၊ သို့မဟုတ် နိမ့်သော leverage ကိုသာ အသုံးပြုမည်လား ဆိုသည်ကို စဉ်းစားဆုံးဖြတ်ရပါမည်။ Forex ကုန်သွယ်မှုတွင် အကောင်းဆုံး leverage ရွေးချယ်နည်း ကို ပိုမိုလေ့လာ ကြည့်ပါ။

Forex တွင် Leverage Risk ကို စီမံခန့်ခွဲနည်း၊ ယခုမှစတင်မည့်သူများအတွက် အကြံပြုချက် (၅) ခု

ယခုမှစတင်မည့်သူများအတွက် အကြံပြုချက်အချို့မှာ -

  • “ကုန်သွယ်မှုတစ်ခုလျှင် အပ်ငွေ၏ 5% ထက်ပို၍ မစွန့်စားရ” ဟူသော ပင်မ စွန့်စားမှုအန္တရာယ်စီမံခန့်ခွဲမှု စည်းမျဉ်းကို လိုက်နာပါ။ ၎င်းသည် position ပမာဏ နှင့် stop loss ၏ အရွယ်အစားတို့ကြား အချိုးနှင့် ပတ်သက်သည်။ ဥပမာ - အပ်ငွေ $1000 အတွက် ကုန်သွယ်မှုတစ်ခုလျှင် စွန့်စားမှုသည် $50 ထက်မပိုသင့်ပါ။ ၎င်းသည် ကုန်သွယ်မှုပမာဏ 1 lot (1:100 leverage) အတွက် 5 ပွိုင့် (သို့မဟုတ်) 0.01 lot (1:2 leverage) အတွက် 500 ပွိုင့်နှင့် ကိုက်ညီသည်။
  • မတည်ငြိမ်မှုဂဏန်းတွက်ချက်စက်အရ EUR/USD ငွေကြေးအတွဲအတွက် နေ့စဉ်ဈေးနှုန်းပြောင်းလဲမှုမှာ 80 pips ဖြစ်သည်။ ဆိုလိုသည်မှာ - ကုန်သွယ်မှုပမာဏ 1 lot နှင့် စွန့်စားမှု 5% သည် စည်းမျဉ်းကို သွေဖယ်သွားမည်ဖြစ်သည်။
  • Lot နှင့် margin တို့ကို တွက်ချက်ရန် Forex calculator များကို အသုံးပြုပါ။ ၎င်းတို့သည် ကုန်သွယ်မှုအတွက် အခမဲ့ အသုံးပြုနိုင်မည့် ဘဏ္ဍာငွေပမာဏနှင့် အခြေအနေပေါ်မူတည်ပြီး မည်သည့် leverage သည် လုံခြုံစိတ်ချ ဘေးကင်းကြောင်းတို့ကို ရှာဖွေနိုင်ရန် ကူညီပေးပါ လိမ့်မည်။
  • Stop loss ကိုအသုံးပြုပါ။ အကယ်၍ ကုန်သွယ်မှုပြုလုပ်စဉ်တွင် leverage ကိုမှားယွင်း အသုံးပြုလိုက်မိပြီး pip တန်ဖိုး ပိုများလာသောအခြေအနေဖြစ်ပါက stop loss သည် အချိန်မီ position ကို ပိတ်သွားစေမည်ဖြစ်ပါသည်။ ဤဖြစ်စဉ်မှ ကုန်သည်အနေဖြင့် အပ်ငွေကို မဆုံးရှုံးဘဲ သင်ခန်းစာ၊ အတွေ့အကြုံတစ်ခုရရှိသွားမည် ဖြစ်သည်။
  • စိတ်ခံစားမှုများကို ထိန်းချုပ်ပါ။ Martingale နည်းလမ်းအရ ကုန်သွယ်မည့် position ပမာဏကို တိုးမြှင့်ရန် leverage ကို အသုံးမပြုပါနှင့်။ အမြတ်ရမည်ဟု 100% သေချာနေပါသော်လည်း ၎င်းအခြေအနေသည် စွန့်စားမှုအန္တရာယ်စီမံခန့်ခွဲမှုစည်းမျဉ်းများနှင့် သွေဖယ်နေပါက position ပမာဏကို တိုးမြှင့်ခြင်းမလုပ်ဆောင်သင့်ပါ။
  • ဒီမိုအကောင့်တွင် မိမိ၏ကုန်သွယ်မှုစွမ်းဆောင်ရည်ကို လေ့ကျင့်ပါ။ မိမိ၏ ကုန်သွယ်မှုပုံစံနှင့် ကိုက်ညီသည့် အသင့်တော်ဆုံး leverage ကိုရွေးချယ်ပြီး၊ ဒီမိုအကောင့်တွင် ကုန်သွယ်မှုများ ပြုလုပ်ပါ။

Forex တွင် အသုံးပြုရန် အကောင်းဆုံးသော leverage က ဘာလဲ? ဤမေးခွန်း၏ အဖြေသည် ကုန်သည်၏ ကုန်သွယ်မှုအတွက် ကနဦးအပ်ငွေနှင့် အကောင်းဆုံး စွန့်စားမှုအဆင့်တို့ဖြင့် ကုန်သည်အား အမြတ်အစွန်း များများရအောင် ပြုလုပ်ပေးနိုင်သော leverage သည် အကောင်းဆုံး leverage တစ်ခုဖြစ်ပါသည်။

အကျဉ်းချုပ်။ အထက်ဖော်ပြပါအားလုံးဖြစ်သော leverage, margin, တွက်ချက်ပုံ ဖော်မြူလာမျိုးစုံ၊ နှင့် စွန့်စားမှုဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုများသည် အစပိုင်းတွင် ရှုပ်ထွေးလွန်းသော အကြောင်းအရာများဖြစ်သည်ဟု ထင်ကောင်းထင်ပါလိမ့်မည်။

သို့သော် ဒီအရာတွေကို လက်တွေ့မှာ စမ်းသက်ကြည့်လိုက်တဲ့အခါတွင် ပိုမိုနားလည်လာမည်ဖြစ်ပါသည်။ လက်တွေ့ လေ့ကျင့်ရန် လိုအပ်ပါသည်။ ထို့အပြင် ယခုအထက်တွင်ဖော်ပြခဲ့သော အချက်များသည် ကုန်သွယ်မှု၏ အခြေခံသဘောတရားများဖြစ်ပြီး ၎င်းတို့ မပါဝင်ဘဲ ကုန်သွယ်မှုကို လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ Forex နှင့် အခြားသောဈေးကွက်များတွင် ဝင်ငွေရှာဖွေရန်နည်းလမ်းများကို လေ့လာလိုပါက ပေးလိုသည့် အကြံပြုချက်များရှိပါသေးသည်။

  1. ဒီမိုအကောင့်တစ်ခုဖွင့်ပါ။ အကောင့်ဖွင့်ရန် မိနစ်အနည်းငယ်သာကြာမြင့်မည်ဖြစ်ပြီး အတည်ပြု စစ်ဆေးခြင်းများ ဆောင်ရွက်ရန်မလိုပါ။ LiteFinance ဖောက်သည်ပရိုဖိုင် တွင် လုပ်ဆောင်ချက်များ ကို လေ့လာပါ။
  2. မတူညီသော leverage များဖြင့် ကုန်သွယ်မှုများကို ဝင်ရောက်ကြည့်ပြီး ၎င်းတို့ကြား ခြားနားချက်ကို ကြည့်ပါ၊ ကွဲပြားသော ကုန်သွယ်မှုပစ္စည်းများကိုလည်း နှိုင်းယှဉ်ကြည့်ပါ။ မိမိ၏ အော်ဒါမှာယူမှု အားလုံးကို ကုန်သည်ဒိုင်ယာရီတွင် မှတ်တမ်းတင်ထားသင့်ပါသည်။
  3. သိရှိလိုသည်များကို မေးမြန်းပြီး မိမိ၏စိတ်ကူး၊ အကြံဥာဏ်များကို မျှဝေခြင်းပြုပါ။ အကြံပြုလိုသည်များ ရှိပါက ယခုဆောင်းပါးအောက်ရှိ မှတ်ချက်များကဏ္ဍတွင် ရေးသား မျှဝေနိုင်ပါသည်။ အောင်မြင်မှုအတွက် သက်သေပြခဲ့သော အတွေ့အကြုံ ပိုရှိသည့် လုပ်ဖော်ကိုင်ဖက်များ အတွင်းမှ မိမိကို သင်ကြားပြသပေးနိုင်မည့် နည်းပြများကိုလည်း ရှာဖွေပြီး ၎င်းတို့ဆီက လေ့လာသင်ယူနိုင်ပါသည်။ (ဤနေရာတွင် ပိုမိုလေ့လာနိုင်ပါသည်။)

Leverage ၏အမေးများသောမေးခွန်းများ

Forex leverage သည် မိမိတွင် အမှန်တကယ်ရှိသည့် ငွေကြေးထက် ပိုမိုရင်းနှီးမြုပ်နှံကာ ရောင်းဝယ်ဖောက်ကားနိုင်စေရန် ကုန်သွယ်မှုအကျိုးဆောင်မှ အတိုးမဲ့ထောက်ပံ့ပေးသော ချေးငွေတစ်မျိုး ဖြစ်ပါသည်။ နောက်တစ်နည်းပြောရလျှင် Forex leverage သည် မိမိ၏ကိုယ်ပိုင် ဘဏ္ဍာငွေနှင့် ဖွင့်ထားသည့် position ပမာဏတို့အကြား အချိုးပင်ဖြစ်သည်။

Financial Leverage သည် အောက်ပါနည်းလမ်းများအတိုင်း လုပ်ဆောင်ပါသည်။

  • ၎င်းသည် position ၏ပမာဏကို တိုးမြှင့်ပေးသည်။ ဥပမာ - ကုန်သည်တွင် အပ်ငွေ $100 ရှိပြီး ကုန်သွယ်မှုအတွက် 1:10 leverage ကို အသုံးပြုလိုက်သည်ဆိုပါက၊ ကုန်သည်သည် position ကို $1000 အထိဖွင့်နိုင်မည်ဖြစ်သည်။
  • ၎င်းသည် ကုန်သွယ်မှုအကျိုးဆောင်မှ အာမခံအဖြစ်ထိန်းသိမ်းထားမည့် ငွေပမာဏကို လျှော့ချ ပေးနိုင်သည်။ ဥပမာ - ကုန်သည်၏အကောင့်တွင် $100 သာရှိပြီး ဖွင့်ထားသော position ပမာဏသည်လည်း $100 ဖြစ်ပါက၊ ကုန်သွယ်မှုအကျိုးဆောင်သည် ၎င်း $100 အားလုံးကို ထိန်းသိမ်းထားမည်ဖြစ်ပြီး ကုန်သွယ်မှုတွင် (အခမဲ့အသုံးပြုနိုင်သည့် margin သည် သုညတန်ဖိုးဖြစ်သည်) ကုန်သည်၏ကိုယ်ပိုင်ငွေကြေးဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်သည်။ အကယ်၍ ကုန်သည်သည် ယင်းကုန်သွယ်မှု တွင် 1:10 leverage ကို အသုံးပြုထားပါက၊ ကုန်သွယ်မှုအကျိုးဆောင်သည် $10 ကိုသာ ထိန်းသိမ်းထားလိုက်မည်ဖြစ်ပြီး ကုန်သည်အနေဖြင့် အခြားသော ကုန်သွယ်မှုပစ္စည်းများတွင် အရောင်းအဝယ်ထပ်မံပြုလုပ်လိုပါက position နောက်တစ်ခုဖွင့်ရန် $90 ကျန်နေသေးမည်ဖြစ်သည်။

Forex leverage သည် ကုန်သည်၏ ကိုယ်ပိုင်ဘဏ္ဍာငွေပမာဏထက် အဆပေါင်းများစွာ (1:2000 နှင့်အထက် ပို၍) များသောဘဏ္ဍာငွေများဖြင့် position များဖွင့်နိုင်ရန် Forex ကုန်သွယ်မှုအကျိုးဆောင်မှ ကုန်သည်ကို ထောက်ပံ့ပေးသည့် ငွေကြေးဆိုင်ရာ leverage ဖြစ်ပါသည်။ ကုန်သွယ်မှုအတွက် စွန့်စားမှုစီမံခန်ခွဲမှုနည်း စနစ် အပေါ်တွင် အခြေခံ၍ အသင့်တော်ဆုံး forex leverage ကို တွက်ချက်ပါသည်။

ကောင်းမွန်သော ငွေကြေးဆိုင်ရာ leverage ဆိုသည်မှာ စွန့်စားမှုအန္တရာယ်များစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာပြီး ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုအန္တရာယ်များကို လျှော့ချရာတွင် အမြတ်ငွေ အများဆုံးပမာဏကို ရရှိစေနိုင်မည့် ကိန်းဂဏန်းဖြစ်ပါသည်။ ယခုမှစတင်ကုန်သွယ်မည့်သူများအတွက် ကောင်းမွန် သင့်တော်သော leverage မှာ 1:10 မှ 1:20 ဖြစ်သည်။

Leverage ကောင်းခြင်း၊ ဆိုးခြင်းသည် ကုန်သည်၏ ကျွမ်းကျင်မှုအပေါ်တွင် မူတည်ပါသည်။ Leverage ကို အမျှော်အမြင်ရှိရှိဖြင့် အသုံးပြုရမည့်နည်းလမ်းကို မသိသည့် ကုန်သည်များတွင် ၎င်းသည် အန္တရာယ်ရှိနိုင်ပါသည်။

အမြတ်များများရလိုမှုနှင့် position ပမာဏကို တိုးမြှင့်ရန် leverage ကိုအသုံးပြုရာတွင် စွန့်စားမှုအန္တရာယ်များ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို မေ့လျော့လိုက်ပါက ဆုံးရှုံးမှု ကြီးကြီးမားမားနှင့် ယင်းကုန်သွယ်မှုသည် အဆုံးသတ်သွားနိုင်ပါသည်။ ကျွမ်းကျင်ပြီး အတွေ့အကြုံများသော ပညာရှင်အဆင့်ကုန်သည်သည် စွန့်စားမှု အန္တရာယ်များ စီမံခန့်ခွဲမှု နှင့် ကုန်သွယ်မှုနည်းဗျူဟာတို့မှ အကြံပြုထားသည့် position ပမာဏတို့အကြား အသင့်တော်ဆုံးသော ဆက်စပ်မှုကို အခြေခံပြီး ငွေကြေးဆိုင်ရာ leverage ကို အမျှော်အမြင်ရှိရှိရွေးချယ်နိုင်သည့် နည်းလမ်းကို သိရှိပါသည်။

အနိမ့်ဆုံး leverage အချိုးသည် 1:1 ဖြစ်ပါသည်။ ကုန်သည်သည် အပ်ငွေထားရှိသည့်ပမာဏအတိုင်း မိမိကိုယ်ပိုင် ဘဏ္ဍာငွေအတိုင်း ကုန်သွယ်မှု position တစ်ခုကို ဖွင့်နိုင်မည်ဖြစ်ပါသည်။ ၎င်းတွင် ကုန်သွယ်မှုအကျိုုးဆောင်ထံမှ ရယူထားသော ချေးငွေများမပါဝင်သောကြောင့် leverage ပါဝင်ခြင်းမရှိသော ကုန်သွယ်မှုဟု သတ်မှတ်နိုင်ပါသည်။

ကုန်သွယ်သည့် position ပမာဏတိုးလာသည်နှင့်အမျှ အမြတ်ရနိုင်ချေလည်း တိုးလာမည်ဖြစ်ပါသည်။ position ပမာဏကို နှစ်ဆတိုးလိုက်ပါက အလားအလာရှိသော အမြတ်ငွေလည်း နှစ်ဆတိုးလာမည်။ Leverage သည် ကုန်သွယ်မှုပမာဏကို တိုးမြှင့်ရန်အတွက် ကူညီပေးသော အထောက်အပံ့ တစ်ခုသာဖြစ်ပါသည်။ ထို့အပြင် ၎င်းကို တူညီသော position ပမာဏဖြင့် အာမခံပစ္စည်းပမာဏကို လျှော့ချရန် အတွက်လည်း အသုံးပြုနိုင်ပါသေးသည်။

1:1000 leverage ဆိုသည်မှာ ကုန်သည်တွင် အမှန်တကယ်ရှိသည့် ငွေပမာဏထက် အဆ 1000 ပိုများသော ပမာဏရှိသောငွေကို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ဥပမာ- 1:1000 leverage ကြောင့် အပ်ငွေ $100 ရှိရုံဖြင့် $100,000 တန်ဖိုးရှိ position ကို ဖွင့်နိုင်မည်ဖြစ်သည်။

1:500 leverage ဆိုသည်မှာ - လုပ်ဆောင်နိုင်သော ကုန်သွယ်မှု position ပမာဏသည် ကုန်သွယ်မှု အပ်ငွေထက် အဆ 500 ပိုများမည်ဖြစ်သည်။ ဥပမာ - အပ်ငွေတွင် $10 ရှိပြီး၊ 1:500 leverage ကိုသုံးလိုက်ပါက $5000 တန်ဖိုးရှိ position တစ်ခုကို ဖွင့်နိုင်မည်ဖြစ်သည်။

Forex ကုန်သွယ်မှု၏ အခြေခံများကို အကျွမ်းတဝင်ရှိနေပြီဖြစ်သော စတင်ကုန်သွယ်မည့်သူများအတွက် အကောင်းဆုံး leverage သည် 1:1 ဖြစ်သည်။ ကုန်သည်တစ်ဦးအနေဖြင့် စွန့်စားမှုအန္တရာယ်များကိုစီမံခန့်ခွဲမှု စနစ်တည်ဆောက်ရန် forex ကုန်သွယ်မှု၏ အခြေခံစည်းမျဉ်းများကို လေ့လာပြီး ပုံမှန်အမြတ်ငွေရရှိနိုင်သည့် ကုန်သွယ်မှုစနစ်တစ်ခုကို တည်ဆောက်ဖန်တီးသည့်အခါမှသာ margin trading ကို စတင်ခြင်းသည် အဓိပ္ပါယ်ရှိမည် ဖြစ်ပါသည်။

အကောင့်အစစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အကောင်းဆုံးသော forex leverage သည် 1:10 ဖြစ်သည်။ ၎င်းတွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အကြံပြုထားသည့် ကန့်သတ်ချက်များတွင် ပါဝင်နေသော သိသာ ထင်ရှားသည့် စွန့်စားမှုအန္တရာယ်များ မပါဝင်ဘဲ၊ ကုန်သွယ်မှုများဖွင့်ရာတွင် 0.01 lot ပမာဏကို အနိမ့်ဆုံး အရင်းအနှီးအဖြစ် ဖွင့်ခွင့်ပြုသည်ဖြစ်သည်။

ငွေကြေးဆိုင်ရာ leverage ၏ အန္တရာယ်သည် ကုန်သည်၏ စိတ်ပိုင်းဆိုင်ရာသဘောသဘာဝ တစ်ခုထဲသာဖြစ်သည်။ ဆုံးရှုံးမှုသည် leverage ပမာဏအပေါ်တွင် မမူတည်ဘဲ position ပမာဏပေါ်တွင် မူတည်ပါသည်။ ဥပမာ- 0.01 lots ပမာဏဖြင့် EUR/USD ငွေကြေးအတွဲကို position တစ်ခုဖွင့်လိုက်ပါက၊ ဈေးနှုန်း (ဂဏန်းလေးလုံးရှိ တန်ဖိုး) သည် မျှော်လင့်ထားသည်အတိုင်းမဟုတ်ဘဲ ဆန့်ကျင်ဘက်လားရာသို့ 1 pip ဖြစ်သွားပါက 10 cents ကို ဆုံးရှုံးမည်ဖြစ်သည်။ 1 lot position အတွက် ဆုံးရှုံးမှုသည် $10 ဖြစ်လိမ့်မည်။ ဆုံးရှုံးမှုပမာဏသည် 1:1 leverage ကို အသုံးပြုပြီး သက်ဆိုင်ရာအပ်ငွေဖြင့် $10,000 position ကိုဖွင့်ခြင်း သို့မဟုတ် အပ်ငွေ $1000 တွင် 1:10 leverage ကို အသုံးပြုခြင်းတို့အပေါ်တွင်မူတည်ခြင်းမဟုတ်ပါ။

Leverage အသုံးပြုခြင်းကြောင့် အန္တရာယ်ရှိနိုင်သည်ဟူသော အကြောင်းပြချက်တစ်ခုထဲသာရှိပါသည်။ leverage ကို အသုံးပြုသောအချိန်တွင် စွန့်စားမှုစီမံခန့်ခွဲမှုစည်းမျဉ်းများကို မေ့လျော့ပြီး စိတ်ပိုင်းဆိုင်ရာ ဆန္ဒတစ်ခုထဲဖြင့် position ပမာဏကို မြှင့်တင်လိုက်သောအခါ position ပမာဏတိုးလာသည်နှင့်အမျှ pip တန်ဖိုးလည်းတိုးလာပြီ ဆုံးရှုံးနိုင်ချေလည်း ပိုများလာမည်ဖြစ်သည်။

မြင့်မားသော leverage သည် ကုန်သည်၏ ကုန်သွယ်မှုနည်းဗျူဟာ လမ်းကြောင်းကို ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်သည်။ ကုန်သည်အများစုသည် ပမာဏကြီးမားသော position များကိုဖွင့်ရန်အတွက် သို့မဟုတ် ကုန်သွယ်မှုအရေအတွက်ကို တိုးမြှင့်ရန်အတွက် leverage ကို တိုးမြှင့်ခြင်းဆောင်ရွက်ကြသည်၊ ထို့ကြောင့် အမြတ်အစွန်းရနိုင်ချေ အလားအလာကိုလည်း ပိုတိုးလာစေသည်။ သို့သော် စုစုပေါင်းပမာဏ တိုးလာသည်နှင့်အမျှ pip တန်ဖိုးလည်း တိုးလာသဖြင့် ဈေးနှုန်းသည် မိမိမျှော်မှန်းထားသလိုမဖြစ်ဘဲ ဆန့်ကျင်ဘက်ကို ဦးတည်သွားပါက ဆုံးရှုံးမှုကြီးကြီးမားမားနှင့် ရင်ဆိုင်ရနိုင်သည်။

Leverage ကိုတွက်ချက်ရန် ဖော်မြူလာတစ်ခုထဲမရှိပါ။ ၎င်းကိုတွက်ချက်ရာတွင် ကုန်သည်၏ စွန့်စားမှုအန္တရာယ်စီမံခန့်ခွဲမှုစနစ်အရ အကောင့်ထဲတွင် ထိန်းသိမ်းထားရမည့် ကုန်သွယ်မှုဆိုင်ရာပိုင်ဆိုင်မှု၊ အပ်ငွေပမာဏ နှင့် ကုန်သွယ်မှုပမာဏ အစရှိသည်တို့အပေါ်တွင် မူတည်ပြီး တွက်ချက်ရခြင်းဖြစ်သည်။ Forex leverage ကို မတွက်ချက်မီ အချိန်တစ်ခုတွင် သေးဖွဲသောဈေးနှုန်းတိုးလာခြင်းသည် pip အဖြစ် ညွှန်ပြထားခြင်းဖြစ်သည်ကို သိရှိနားလည်ထားသင့်သည်။ leverage ကိုတွက်ချက်ရန် အသုံးပြုနိုင်သည့် အထူး leverage calculator ရှိပါသည်။

နိဂုံးချုပ်

နောက်ဆုံး နိဂုံးချုပ်ရလျှင် financial leverage သည် ကုန်သည်များအတွက် position ပမာဏကို မြှင့်တင်ရန် သို့မဟုတ် margin လိုအပ်ချက် (အာမခံပစ္စည်း) ကိုလျှော့ချရန် အသုံးပြုနိုင်သော နည်းလမ်းတစ်ခုဖြစ်သည့် အတွက်ကြောင့် ကုန်သည်အနေဖြင့် အခြားသော ကုန်သွယ်မှု positon များကိုဖွင့်ရန် လိုအပ်သော ဘဏ္ဍာငွေများကို သက်သာစေမည်ဖြစ်ပါသည်။ ကုန်သွယ်မှု position များ၏ စုစုပေါင်းပမာဏသည် စွန့်စားမှုအန္တရာယ်စီမံခန့်ခွဲမှုစနစ်မှ အကြံပြုထားသော အပ်ငွေရာခိုင်နှုန်းထက်ကျော်လွန်သွားပါက leverage သည် ကုန်သည်အတွက် ကုန်သွယ်မှုဆုံးရှုံးနိုင်ချေအန္တရာယ်ကို မြင့်မားစေမည်ဖြစ်ပါသည်။

ကောင်းမွန်ပြီး အသင့်တော်ဆုံးဖြစ်သည် leverage ကိုတွက်ချက်ရန်အတွက် leverage ကိုတိုးမြှင့် လိုက်သည်နှင့် position ၏ပမာဏ ပြောင်းလဲမှုကို တွက်ချက်ပြသပေးမည့် forex margin calculator သို့မဟုတ် Excel ဇယားတစ်ခုကို ဖန်တီးလုပ်ဆောင်နိုင်ပါသည်။ ထိုမှတစ်ဆင့် stop-out အဆင့်သို့ရောက်ရန် pips တွင် အကြီးမားဆုံးဈေးနှုန်းရွေ့လျားမှုကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။

Forex တွင် leverage ဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်းနည်းလမ်းများနှင့် ပတ်သက်၍ မေးမြန်းလိုသည်များ ရှိပါသေးသလား။

အကယ်၍ မေးခွန်းများ သို့မဟုတ် ကောက်နုတ်ချက်များရှိပါက မှတ်ချက်များကဏ္ဍတွင် ရေးသားနိုင်ပါသည်။


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
ကုန်သွယ်မှုမှာ Leverage ဆိုတာ ဘာလဲ? ယခုမှစတင်လေ့လာမည့်သူများအတွက် အကောင်းဆုံးလမ်းညွှန်ချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat