ကုန်စည်စျေးကွက်အား အဘယ့်ကြောင့် သီးသန့်ဈေးကွက်ဟု ကျွန်ုပ်တို့ သုံးနှုန်းလိုက်သည်ကို အံ့ဩကောင်း အံ့ဩနိုင်ပါသည်။ ၎င်းနှင့်ပတ်သက်ပြီး ဘယ်အရာသည် ထူးခြားသနည်း။ အကယ်၍ သင်သည် Forex ရောင်းဝယ်မှုတွင် ပါ၀င်နေပါက သို့မဟုတ် စတော့ ဈေးကွက်တွင် စျေးကစားနေပါက အဆိုပါ ကုန်စည်များကို ရောင်းဝယ်နိုင်ပါသလား။ ကုန်စည်ရောင်းဝယ်မှုကို မည်သို့လုပ်ဆောင်သနည်း။ မည်သည့်ကုန်စည်ကို ရောင်းဝယ်သင့်သနည်း။ မည်သည်ကို ရှောင်သင့်သနည်း။ ကျွန်ုပ်တို့၏ ကုန်စည်ရောင်းဝယ်မှု လမ်းညွှန်တွင် အဖြေများကို တွေ့ရပါလိမ့်မည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ကုန်စည်ဆိုသည်မှာ

၎င်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် စတင်ပါမည်။ ရွှေ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အစေ့အဆန်များ ကဲ့သို့သော ရောင်းဝယ်ဖောက်ကားနိုင်သည့် ကုန်စည်ပစ္စည်းများကို သိရှိကြသော်လည်း ယေဘုယျ အဓိပ္ပါယ်ကို ပိုမို သိရှိသင့်သည်။ 

ကုန်စည်ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးတွင် အသုံးပြုသော ကုန်ပစ္စည်းဖြစ်သည်။ ၎င်းသည် အမျိုးအစားတူ ကုန်ပစ္စည်းတစ်ခုနှင့် လဲလှယ်နိုင်သော ကုန်သွယ်ရေးပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။ ကုန်စည်များ သည် အခြားကုန်ပစ္စည်းများ၏ အစိတ်အပိုင်းများအဖြစ် အများအားဖြင့် အသုံးပြုသည့် ကုန်ကြမ်းများ ဖြစ်သည်။

ကုန်စည်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတွင် စံထားရမည့်စံနှုန်းများ ရှိပါသည်။ ကုန်စည်များ၏ အရည်အသွေး အနည်းငယ် ကွာခြားသော်လည်း အများအားဖြင့် ဆင်တူပါသည်။ ကုန်သွယ်မှု အကြောင်းပြောလျှင် ကုန်စည်သည် အခြေခံအဆင့် စံထားရမည့်စံနှုန်းကို လိုက်နာသင့်သည်။ ၎င်းအား အနာဂတ်တွင် ပိုင်ဆိုင်မည့် စာချူပ်တစ်ခုအနေဖြင့် သတ်မှတ်အသုံးပြုမည်ဆိုပါက သတ်မှတ်စံနှုန်းများနှင့် ပြည့်မှီနေရမည်ဖြစ်သည်။

ကုန်စည်အမျိုးအစားများ

ကုန်စည်များကို အများအားဖြင့် စွမ်းအင်အပါအဝင်  မွေးမြူရေးနှင့် သားငါး၊ စိုက်ပျိုးရေး နှင့် သတ္တု ဟူ၍ လေးမျိုးခွဲခြားထားသည်။ ရောင်းဝယ်မှုအများဆုံးမှာ သတ္တုကုန်စည်များဖြစ်သောကြောင့် ၎င်းတို့ဖြင့် စတင် ဆွေးနွေးပါမည်။

သတ္တုများ

LiteFinance: သတ္တုများ

သတ္တုအုပ်စုတွင် ရောင်းဝယ်လေ့ရှိသည့် ကုန်ပစ္စည်းများထဲမှ တစ်ခုမှာ ရွှေ ဖြစ်သည်။ ရွှေကို လုံခြုံသော ပိုင်ဆိုင်မှုတစ်ခုဟု သတ်မှတ်သည်။ ဆိုလိုသည်မှာ ရင်းနှီးမြုပ်နှံသူများနှင့် ကုန်သည်များသည် ဆုံးရှုံးနိုင်ချေရှိသော အခြေအနေများ ကြုံလာရချိန်တွင် ၎င်းတို့၏ ရင်းနှီးငွေများကို ရွှေတွင် ထည့်ထားခြင်း ဖြစ်သည်။ ရွှေသည် ယုံကြည်စိတ်ချရဆုံး ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်ကြောင်း သက်သေရှိခဲ့သည်။ ဆိုလိုသည်မှာ ၎င်း၏တန်ဖိုးသည် ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်စေသည့် ကျဆင်းမှုသိသိသာသာမရှိပေ။ ကုန်သည်များသည် ၎င်း၏စျေးနှုန်း ဦးတည်ချက်ကို ခန့်မှန်းရန် ရွှေဈေးကွက်၏ ဤအင်္ဂါရပ်ကို အသုံးချကြသည်။ ဈေးကွက်၏ သဘောထားသည် အနုတ်လက္ခဏာဆောင်ပါက ရွှေဈေးကွက်သည် ဈေးတက်လာပါသည်။

ရောင်းဝယ်နိုင်သည့် အခြားသတ္တုများစွာရှိပါသည်။ ၎င်းတို့မှာ ငွေ၊ ကြေးနီနှင့် ပလက်တီနမ် တို့ဖြစ်သည်။

ငွေသည် ရွှေထက် ယုံကြည်စိတ်ချမှု အနည်းငယ်လျေုာ့သော ပိုင်ဆိုင်မှုပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် အထူးသဖြင့် ကာလတိုကုန်သွယ်သော ကုန်သည်များအတွက် စိတ်ဝင်စားဖွယ် အခွင့်အလမ်းများကိုပေးသည်။ ငွေကို ရေတိုနှင့် ကာလလတ်ကုန်သွယ်မှုအတွက် စဉ်းစားနိုင်သည်။

ကြေးနီသည် ပုံမှန်အားဖြင့် ၎င်း၏ မြင့်မားသော ဝယ်လိုအားကြောင့် ကွဲပြားမှုရှိသည်။ လျှပ်စစ်ပစ္စည်းများ အပါအဝင် ရေပိုက်လုပ်ငန်းများ၊ အင်ဂျင်နီယာလုပ်ငန်းများနှင့် မီးဖိုချောင်အသုံးအဆောင်များ စသည့် မတူညီသော နယ်ပယ်များတွင် အသုံးပြုသည်။

London Metal Exchange (LME) အား သတ္တုများအတွက် လူသိအများဆုံး ကုန်စည်အိတ်စ်ချိန်း တစ်ခု အဖြစ် သတ်မှတ်သည်။ LME သည် အလူမီနီယမ်၊ ဇင့်၊ ကိုဘော့၊ ကြေးနီ၊ ခဲ၊ နှင့် အခြားများစွာသော သတ္တု မျိုးစုံအတွက် ကုန်စည်ဆိုင်ရာ futures နှင့် options အမျိုးအစားစာချုပ်များကို ရောင်းဝယ်ခွင့်ပြုသည်။

စွမ်းအင်

LiteFinance: စွမ်းအင်

စွမ်းအင်သည် ကုန်သွယ်မှုများပြားသည့် အခြားသောကုန်စည်တစ်မျိုးဖြစ်သည်။ ဤအမျိုးအစားတွင် ရေနံစိမ်း၊ ရေနံဆီ၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့တို့ ပါဝင်သည်။ စွမ်းအင်သုံး ကုန်စည်များ ရောင်းဝယ်ရန် စဉ်းစားမည်ဆိုပါက ရေနံစိမ်းရောင်းဝယ်မှု ကို နှစ်သက်မည်ဖြစ်သည်။

ရေနံအား အောက်ပါစံနှုန်းနှစ်မျိုးဖြင့်သတ်မှတ်သည်၊ ၎င်းတို့မှာ Brent  နှင့် WTI ဖြစ်သည်။ ရေနံစိမ်းသည် ဆွေးနွေးရန် အရေးပါသော အကြောင်းအရာ ဖြစ်သော်လည်း သင်သိထားရမည့် အခြေခံအချက်များရှိပါသည်။ Brent နှင့် WTI ကို အခြားသော ဆီအဆင့်အတန်းခွဲခြားမှုနှင့် အမျိုးအစားများ၏ ဈေးနှုန်းများအတွက် စံချိန်စံညွှန်းများအဖြစ် အသုံးပြုသည်။ စျေးနှုန်းကို သတ်မှတ်ထားသည့် စံသတ်မှတ်ချက်နှင့် အဆင့်အတန်း ၏ တူညီမှုဖြင့် ဆုံးဖြတ်သည်။ Brent ရေနံစိမ်းကို ဥရောပနှင့် အာရှ ဈေးကွက်များအတွက် စံအဖြစ် အသုံးပြုပြီး တစ်ချိန်တည်းမှာပင် WTI သည် အနောက်ကမ္ဘာခြမ်းအတွက် စံတစ်ခုဖြစ်သည်။

ရေနံစိမ်း ရောင်းဝယ်ရေးအကြောင်းသုံးသပ်ရာတွင် ၎င်း၏စျေးနှုန်းကို ထိခိုက်စေသော အရေးကြီးသော အချက်အချို့ကို သုံးသပ်သင့်သည်။ ရေနံဈေးကို ထိခိုက်စေသည့် အဓိကအကြောင်းရင်းများမှာ ဝယ်လိုအားနှင့် ရောင်းလိုအားဖြစ်သည်။ ဤကုန်စည်၏ ရောင်းလိုအား တိုးလာခြင်းနှင့် ဝယ်လိုအား ကျဆင်းခြင်းသည် တန်ဖိုးကျဆင်းခြင်းသို့  ဦးတည်စေသည်။ အပြန်အလှန်အားဖြင့် ရောင်းလိုအား နည်းပြီး ဝယ်လိုအားများလာပါက ဆီဈေးတက်လာသည်။ ရေနံအစားထိုးစွမ်းအင် အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ကမ္ဘာ့ရေနံဈေးနှုန်းကို ကျဆင်းသွားစေနိုင်သည်။ ရေနံလုပ်ငန်းသည် နိုင်ငံများကြား နိုင်ငံရေးပြဿနာများ၏ အလယ်တွင် အမြဲရှိနေပါသည်။ ရေနံကုမ္ပဏီများကို ထိခိုက်စေသော ပိတ်ဆို့အရေးယူမှုများနှင့် ပဋိပက္ခများသည် ၎င်း၏တန်ဖိုးကို တိုးမြင့်လာစေနိုင်သည်။

ရေနံရောင်းဝယ်ခြင်းအပြင် ရင်းနှီးမြှုပ်နှံသူများသည် သဘာဝဓာတ်ငွေ့ကုန်သွယ်မှုများကို ထည့်သွင်း စဉ်းစားနိုင်သည်။ ဤကုန်စည်ကို စက်မှုလုပ်ငန်း၊ လူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက် အမျိုးမျိုးအတွက် အသုံးပြုပါသည်။

စိုက်ပျိုးရေး

LiteFinance: စိုက်ပျိုးရေး

လယ်ယာထွက်ကုန်များမှာ ကုန်သွယ်မှုနည်းပါးသည်။ ဤအမျိုးအစားတွင် ကော်ဖီ၊ သကြား၊ ချည်၊ ပဲပိစပ်၊ ပြောင်း၊ ဂျုံနှင့် ဆန်တို့ ပါဝင်သည်။ ဤအမျိုးအစားများကို နူးညံ့သောကုန်စည်အမျိုးအစား ဟုလည်း ခေါ်ဆိုပါသည်၊ ဆိုလိုသည်မှာ ဆီ သို့မဟုတ် ဓာတ်သတ္တုများကဲ့သို့ မြေမှတူးထုတ်ခြင်းကဲ့သို့ မဟုတ်ဘဲ စိုက်ပျိုး၍ ရိတ်သိမ်းခြင်းကြောင့်ဖြစ်သည်။ လယ်ယာထွက်ကုန် ဈေးကွက်ပေါက်ဈေးသည် ရာသီဥတုဆိုင်ရာ အချက်များပေါ်တွင် မူတည်ပါသည်။ ရောင်းလိုအား ကျဆင်းပါက လယ်ယာထွက်ကုန် စျေးနှုန်း တက်လာနိုင်သည်။ ဝယ်လိုအားများလာခြင်းသည် စိုက်ပျိုးရေး ပစ္စည်းတစ်ခု၏ ဈေးနှုန်းကိုလည်း မြှင့်တင်နိုင်သည်။

စိုက်ပျိုးရေးသုံး ကုန်စည်များစွာကို စာရင်းပြုစုထားသည်။ သို့သော် ၎င်းတို့အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်မှုမရှိပေ။ ကော်ဖီနှင့်သကြားသည် လူကြိုက်အများဆုံး ကုန်သွယ်ရေးအမျိုးအစားဖြစ်သည်။ ကော်ဖီကုန်သွယ်မှုသည် ရေနံစိမ်းပြီးနောက် ဒုတိယလူကြိုက်အများဆုံး ကုန်ပစ္စည်းဖြစ်သည်။ သကြားသည် အလားအလာရှိသော ဈေးကွက်တစ်ခုဖြစ်သည်။ သကြားအဖြူနှင့် အညိုနှစ်မျိုးလုံးကို ဈေးကွက်တွင် ကုန်သွယ်ကြသည်။ သကြားကို အချိုဓာတ်နှင့် အီသနောထုတ်လုပ်မှုတွင် ထည့်သွင်းမှုအဖြစ် အသုံးပြုသည်။

မွေးမြူရေးနှင့် သားငါး

LiteFinance: မွေးမြူရေးနှင့် သားငါး

ဤအမျိုးအစားသည် အသေးဆုံးဖြစ်သည်။ ၎င်းတွင် ဝက်မွေးမြူရေး၊ သတ်မှတ်အလေးချိန်ပြည့်သော ဝက်များ ၊ နွားမွေးမြူရေး စသည်တို့ပါဝင်သည်။ မွေးမြူရေး အမျိုးအစားအားလုံးသည် “နူးညံ့သော ကုန်စည်” စာရင်းတွင်လည်း အကျုံးဝင်သည်။

မည်သည့်အရာသည် ကုန်စည်ရောင်းဝယ်မှုကို ကောင်းမွန်အောင် ပြုလုပ်သနည်း။

မည်သည့်အမျိုးအစားဖြစ်စေ ၎င်းတို့ကိုရောင်းဝယ်ခြင်းမှာ အရေးမကြီးပါ။ ကုန်သွယ်မှု ဆိုသည်မှာ ဘဏ္ဍာရေးအမျိုးအစားတစ်ခုအား ဝယ်ယူရောင်းချခြင်း လုပ်ငန်းစဉ်ဖြစ်သည်။ ၎င်းတို့အား အိတ်စ်ချိန်းများ (ဥပမာ New York Mercantile Exchange၊ Chicago Mercantile Exchange (CME Group) နှင့် အခြား) သို့မဟုတ် ကုန်စည်ဆင့်ပွားဈေးကွက်များမှတစ်ဆင့် ဝယ်ယူနိုင်သည်။

စျေးကွက်အားလုံး တူညီနေပါက မတူညီသော အမျိုးအစားများကို ရောင်းဝယ်နေရန် အကြောင်းပြချက် ရှိမည်မဟုတ်ပါ။ စျေးကွက်တိုင်းတွင် ၎င်း၏ကိုယ်ပိုင်ထူးခြားသော အင်္ဂါရပ်များရှိသည်။

  • ဘဏ္ဍာရေးကုန်သွယ‌်မှုအမျိုးအစားများအား ကွဲပြားစေသည့် ပထမဆုံးအချက်မှာ ၎င်းတို့၏ တန်ဖိုးကို ထိခိုက်စေသည့် သက်ရောက်မှုများဖြစ်သည်။ ကုန်စည်ဈေးကွက်အကြောင်း ပြောသောအခါ ရောင်းလိုအား/ဝယ်လိုအား အချက်သည် ကုန်စည်စျေးနှုန်း ရွေ့လျားမှုကို ခန့်မှန်းရာတွင် အထောက်အကူ ဖြစ်စေသော သော့ချက်တစ်ခုဖြစ်ကြောင်း နားလည်ထားသင့်သည်။ အခြေခံစည်းမျဉ်းမှာ- ရောင်းလိုအား များလာသောအခါ ကုန်ပစ္စည်းတစ်ခု၏ စျေးနှုန်း ကျဆင်းသွားသည်။ ဝယ်လိုအား များလာသောအခါတွင် ပစ္စည်းတစ်ခု၏ စျေးနှုန်းလည်း တက်လာပါသည်။ ထို့ကြောင့် ပစ္စည်းတစ်ခု၏ စျေးနှုန်းဦးတည်ချက်ကို ခန့်မှန်းရန် ၎င်း၏ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် မည်သည့်အရာက သက်ရောက်မှုရှိနိုင်သည်ကို သတ်မှတ်သင့်သည်။ ထို့နောက် ရောင်းလိုအားနှင့် ဝယ်လိုအားကို ထိခိုက်စေသည့် အချက်များနှင့်ဆက်စပ်သည့်သတင်းများကို နားစွင့်နေသင့်ပါသည်။
  • ကုန်စည်ဈေးကွက်တွင် ကုန်သွယ်ရာ၌ မြင့်မားသောမငြိမ်မသက်မှု ကြုံတွေ့နိုင်သည်။ ထို့ကြောင့် အတွေ့အကြုံရင့်ကုန်သည်များသာ ကုန်စည်ဈေးကွက်သို့ ဝင်ရောက်သင့်သည်။ လုံခြုံသော-ပိုင်ဆိုင်မှု ဟု ဆိုသည့် ရွှေသည်ပင် မငြိမ်မသက်ဖြစ်မှုမြင့်မားလာသည်။

ကုန်စည်များကို အဘယ်ကြောင့် ကုန်သွယ်သင့်သနည်း။

ရင်းနှီးမြှုပ်နှံသူများသည် အခြားရင်းနှီးမှုများဖြစ်သော အထူးသဖြင့် ငွေတိုက်စာချုပ်များနှင့် စတော့ရှယ်ယာ များထက် ကုန်စည်များကိုသာ ရွေးချယ်ရောင်းဝယ်ရသည့် အကြောင်းရင်း များစွာရှိပါသည်။

ပိုင်ဆိုင်မှုအမျိုးအစား

ကုန်စည်အားလုံးကို ဘေးကင်းလုံခြုံသော-ပိုင်ဆိုင်မှုအဖြစ် မသတ်မှတ်ပါ။ ဥပမာအားဖြင့် မတည်ငြိမ်မှုအ မြင်မားဆုံးသော ကုန်ပစ္စည်းများထဲမှ ရေနံသည် သေချာပေါက် “refuge asset” မဖြစ်နိုင်ပါ။ သို့သော် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အဖြစ်အပျက်များကြောင့် ကြီးမားသော စျေးကွက် မတည်ငြိမ်မှုများနှင့် မသေချာမရေရာမှုများ ဖြစ်ချိန်တွင် ရွှေကဲ့သို့သော အဖိုးတန် သတ္တုများအား သင့်ဘဏ္ဍာငွေများ အကာအကွယ်ရရှိရန် အသုံးပြုနိုင်သည်။

သင့်ရင်းနှီးငွေများကို လုံခြုံစွာ ထိန်းသိမ်းထားခြင်းမှလွဲ၍ စျေးကွက် အကျပ်အတည်း ကာလများအတွင်း တန်ဖိုးတိုးလာနိုင်သည့် အထူးကုန်စည်တစ်ခု (ဥပမာ၊ ရွှေ) ကို ရောင်းဝယ်ခြင်းဖြင့် ဝင်ငွေရရှိနိုင်ပါသည်။

မြင့်မားသော အကျိုးအမြတ်များ

မြင့်မားသော အမြတ်အစွန်းများအကြောင်း မမျှော်လင့်မီ မြင့်မားသောအမြတ်အစွန်းများသည် အရာအားလုံး အား ဆုံးရှုံးရနိုင်သည့် မြင့်မားသောဆုံးရှုံးနိုင်ခြေ နှင့် ယှဉ်တွဲလျက်ရှိနေကြောင်း သတိပြုသင့်သည်။ ဥပမာ အားဖြင့် ရေနံသည် မတည်ငြိမ်မှု  အလွန်မြင့်မားသော ကုန်သွယ်ရေးအမျိုးအစားဖြစ်သည်။ အကယ်၍ သင်သည် ကုန်သည်တစ်ဦးဖြစ်ပါက သင်၏ ရင်းနှီးမြှုပ်နှံမှုများကို များပြားစေရန် ကြီးမားသော စျေးကွက် အကူးအပြောင်းများကို အသုံးချနိုင်ပါသည်။ ထို့အပြင် အတွေ့အကြုံရှိ ကုန်သည်များကသာ ၎င်းတို့၏ ဦးစားပေးနည်းစနစ်အဖြစ် မတည်ငြိမ်မှုမြင့်မားသောအခြေအနေကို အသုံးချနိုင်ကြောင်း နားလည်ထားသင့် သည်။ ဈေးနှုန်းများ မြင့်တက်လာသောအခါ မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို  သိထားသင့် ပါသည်။

ပိုင်ဆိုင်မှု တိုးချဲ့ခြင်း

ပိုင်ဆိုင်မှုပမာဏ ထပ်မံတိုးချဲ့ရန်အတွက် ကုန်စည်များကို ရင်းနှီးမြှပ်နှံလေ့ရှိသည်။ ရင်းနှီးမြုပ်နှံမှုများကို တိုးချဲ့လိုပါက ဆက်စပ်မှု နည်းပါးသော ပိုင်ဆိုင်မှုများကို ရွေးချယ်သင့်သည်။ ဥပမာအားဖြင့် စတော့များသည် ဆုံးရှုံးနိုင်မှုရှိသော ပိုင်ဆိုင်မှုများဖြစ်ပြီး ကုန်စည်အများစုသည် ဘေးကင်းသည်။ ထို့ကြောင့် ကြိုက်နှစ်သက် သော စတော့ရှယ်ယာများနှင့် ကုန်စည်များတွင် ရင်းနှီးမြုပ်နှံနိုင်ပါသည်။ ပိုင်ဆိုင်မှုတစ်ခုအတွက် စျေးကွက် သည် ခန့်မှန်းချက်အတိုင်း မဖြစ်ပေါ်ခဲ့ပါက  အခြားပိုင်ဆိုင်မှုတစ်ခုဖြင့် အကျိုးအမြတ် ရစေရန် အခြေအနေကို ပြောင်းလဲနိုင်မည်ဖြစ်သည်။

ကုန်စည်စျေးနှုန်းအပေါ် မည်သည်ကအကျိုးသက်ရောက်သနည်း။

LiteFinance: ကုန်စည်စျေးနှုန်းအပေါ် မည်သည်ကအကျိုးသက်ရောက်သနည်း။

အထက်တွင်အကြိမ်ကြိမ် တင်ပြခဲ့သည့်အတိုင်း ရောင်းလိုအား/ဝယ်လိုအား သက်ရောက်မှုသည် ကုန်စည် ဈေးကွက်ကို ဦးဆောင်သည်။ သို့သော်၎င်းကို တွန်းအားပေးသည့် အခြားသက်ရောက်မှုများ ရှိသေးသည်။

စျေးကွက် သဘောထား

စျေးကွက် သဘောထားနှင့် စတင်ဆွေးနွေးသွားမည်။ ၎င်းသည် စျေးကွက်တိုင်း၏ စျေးနှုန်းဦးတည်ချက်ကို ဆုံးဖြတ်သည်။ စျေးကွက်သဘောထားသည် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများအပေါ် အခြေခံသည်။ ဆုံးရှုံးနိုင်ချေနှင့် တည်ငြိမ်သော ကမ္ဘာ့ဈေးကွက်ဝန်းကျင်တွင် ရေနံစိမ်းကဲ့သို့သော ဆုံးရှုံးမှုများနိုင်သည့် ပိုင်ဆိုင်မှုများပင် တန်ဖိုးတက်ပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးပြဿနာများသည် ရွှေကဲ့သို့သော ဘေးကင်းလုံခြုံသည့် ကုန်စည်များ၏ ဈေးနှုန်းကို မြှင့်တင်နိုင်သည်။

အမေရိကန်ဒေါ်လာ

ကုန်စည်အား CFDs ဖြင့်ရောင်းဝယ်သောအခါ ၎င်းကို အမေရိကန်ဒေါ်လာနှင့် ယှဉ်တွဲထားသည်။ ထို့ကြောင့် သင်စိတ်ဝင်စားသော ကုန်ပစ္စည်း၏ စျေးနှုန်းဦးတည်ချက်အား ခန့်မှန်းရန် အမေရိကန်ဒေါ်လာ (USD) လဲလှယ်နှုန်းကို အာရုံစိုက်သင့်သည်။ ဒေါ်လာတန်ဖိုးတက်လာပါက ကုန်စည်ဈေးနှုန်း ကျဆင်းသွားနိုင်သည်။

 အစားထိုးကုန်စည်များ

ကမ္ဘာကြီးသည် အမြဲဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကုန်စည်အတွက် အခြားသောရွေးချယ်စရာများကို ဖန်တီးလာကြသည်။ ကုန်စည်တစ်ခု၏တန်ဖိုးသည် အခြားရွေးချယ်စရာကုန်စည်တစ်ခု၏ ဝယ်လိုအားအပေါ် မူတည်ပါသည်။ လူအများစုက အခြားရွေးချယ်စရာကုန်စည်ကို နှစ်သက်လာပါက မူလကုန်စည်တန်ဖိုး ကျဆင်းသွားမည်ဖြစ်သည်။

မိုးလေဝသနှင့်ရာသီဥတု

ကုန်စည်များကို စိုက်ပျိုးရေး ထွက်ကုန်များဖြင့်လည်း ကိုယ်စားပြုသည်။ ယုတ္တိဗေဒအရ ရောင်းလိုအားနှုန်းကို ဆုံးဖြတ်ပေးသည့်အတွက်ကြောင့် ရာသီဥတုသက်ရောက်မှုသည် အလွန်အရေးကြီးပါသည်။ ဤနေရာတွင် သဘာဝဘေးအန္တရာယ်များအကြောင်းကိုလည်း စဉ်းစားသင့်သည်။ သဘာဝ ဘေးအန္တရာယ်ကြောင့် ရောင်းလိုအားကျဆင်းလာမည်။ ထို့ကြောင့် ကာလတိုအတွင်း ဈေးတက်နိုင်သည်။

ဖွံ့ဖြိုးစ ဈေးကွက်များ

ကုန်စည်များကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထုတ်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် စီးပွားရေး အင်အားကောင်းလာသည့် နိုင်ငံများတွင် အဆိုပါအခြေအနေများသည် ကုန်ဈေးနှုန်းအပေါ်  ကြီးမားသော သက်ရောက်မှု ရှိနိုင်သည်။ တရုတ်သည် ဥပမာတစ်ခုဖြစ်သည်။ ဤနိုင်ငံရှိ အခြေအနေများသည် ရေနံစိမ်းဈေးနှင့် ကြေးနီ၊ သံစသည်တို့၏ ဈေးကွက်တန်ဖိုးကို ထိခိုက်စေနိုင်သည်။

အတိတ်ကာလစွမ်းဆောင်ရည်

ကုန်ပစ္စည်းတစ်ခု၏ စျေးနှုန်း ဦးတည်ချက်ကို ဆုံးဖြတ်ရန် ၎င်း၏အတိတ်ကာလရလာဒ်ကို အသုံးချနိုင်သည်။ သိသာထင်ရှားသော ဖြစ်ရပ်အားလုံးမှာ သိသာထင်ရှားသော စျေးနှုန်းအတက်အကျများတွင် ထင်ဟပ်နေ သည်။

ကုန်စည်များတွင် ရင်းနှီးမြှုပ်နှံရန် နည်းလမ်းများ

ကုန်စည်များရောင်းဝယ်ရန် နည်းလမ်းများစွာရှိပါသည်။ မည်သည့်ကုန်စည်က အသင့်တော်ဆုံးဖြစ်မည်ကို စဉ်းစားကြည့်ရအောင်။

CFD

CFD သို့မဟုတ် contract for difference ဟူသော ဈေးနှုန်းကွာခြားချက်အတွက် ချုပ်ဆိုသောစာချုပ်သည် ကုန်စည်များ ရောင်းဝယ်ရန် အလွယ်ကူဆုံးနှင့် လက်လှမ်းမီဆုံး နည်းလမ်းဖြစ်သည်။ CFD ကုန်သွယ်မှုကို အွန်လိုင်းကုန်သွယ်မှုအတွက် Forex အကျိုးဆောင်နီးပါးတိုင်းက ဖော်ပြထားသည်။ ထို့ကြောင့် သင်သည် ငွေကြေးများကို ရောင်းဝယ်နေပြီဆိုလျှင်၊ ကုန်စည်ရောင်းဝယ်မှုကိုလည်း တူညီသောနည်းဖြင့် တူညီသော ကုန်သွယ်မှုအကောင့်တွင် တူညီသောပလပ်ဖောင်းပေါ်၌ လုပ်ဆောင်နိုင်ပါသည်။ ကုန်စည်ရောင်းဝယ်မှု CFDs သည် ဝယ်/ရောင်းဈေးဖြင့် ကုန်သွယ်စေသည်။ CFD သည် စျေးနှုန်းရွေ့လျားမှုများကို မှန်းဆကာ ကုန်သွယ်ရေးဆိုင်ရာ ပိုင်ဆိုင်မှုအမျိုးအစားများကို ရောင်းဝယ်နိုင်သော ဆင့်ပွားကုန်သွယ်မှုတစ်ခုဖြစ်သည်။ CFDs များကို အရောင်းအဝယ်လုပ်သောအခါ၊ သင်သည် ပင်မကုန်စည်ကို မပိုင်ဆိုင်ပါ။ ဝယ်ခြင်း/ရောင်းခြင်း လှုပ်ရှားမှုနှစ်ခုလုံးမှ အကျိုးအမြတ်ရရှိနိုင်သည်။

CFDs ကုန်သွယ်မှုသည် မာဂျင်အသုံးပြုခွင့်ပြုထားသည်။ ထို့ကြောင့် သင်၏ ကနဦးအရင်းအနှီးကို တိုးမြှင့်ရန် leverage ကို အသုံးပြုနိုင်သည်။ သို့သော် CFD များသည် ရှုပ်ထွေးသောအမျိုးအစားများဖြစ်ပြီး leverage ဖြင့် အရောင်းအ၀ယ်ပြုလုပ်ခြင်းသည် အန္တရာယ်မြင့်မားသည်ဟု အဓိပ္ပာယ်သက်ရောက်ကြောင်း မှတ်သားထားရန်မှာ အရေးကြီးပါသည်။ ပိုမိုမြင့်မားသောအမြတ်အစွန်းများရရှိနိုင်သည်သာမက ရင်းနှီး မြှုပ်နှံသူများ၏အကောင့်များမှာ လျင်မြန်စွာငွေဆုံးရှုံးနိုင်ချေလည်း ရှိပါသည်။ အထူးသဖြင့် ဤဘဏ္ဍာရေး အမျိုးအစားကို ရောင်းဝယ်ရာတွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုနည်းပါးသော ကုန်သည်များကို ဆိုလိုသည်။

ကုန်စည်နှင့်ဆက်စပ်သောအနာဂတ်ကာလရောင်းဝယ်မှုများ

ကုန်စည်များရောင်းဝယ်ရန် နောက်ထပ်အသုံးများသည့်နည်းလမ်းမှာ commodity futures contract ဖြစ်သည်။ သင်သည် futures contract အများစုကို ရောင်းဝယ်သည့်အခါတွင်၊ အနာဂတ်၌ သတ်မှတ်ထားသည့်အချိန်တစ်ခု (စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ) တွင် commodity futures စျေးကွက်များ၌ ကုန်သွယ်ရေးအမျိုးအစားတစ်ခုကို ဝယ်ယူရန်နှင့် လက်ခံရန် တာဝန်ရှိသည်။ တစ်ချိန်တည်းမှာပင်၊ ရောင်းချသူသည် futures contract ၏ သက်တမ်းကုန်ဆုံးချိန်တွင် စာချူပ်ပါအရောင်းအဝယ်ပစ္စည်းကို ပေးအပ်ရန်တာဝန်ရှိသည်။ Commodities futures trading သည် မည်သည့်ဘဏ္ဍာရေးဆိုင်ရာအမျိုးအစားအတွက်မဆို ဖြစ်နိုင်သည်။

အများအားဖြင့်၊ ကုန်စည်ဈေးကွက်တွင် ရောင်းဝယ်သော အနာဂတ်ကာလ အတွက် ချုပ်ဆိုထားသည့် စာချုပ်များကို အသုံးပြုသူများသည် ကုန်စည်ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ ဝယ်ယူသူများနှင့် မှန်းဆရင်းနှီးမြှုပ်နှံသူများအဖြစ် ခွဲခြားထားသည်။ အဖွဲ့အစည်းဆိုင်ရာ အသုံးပြုသူများ သည် ဘတ်ဂျက်လုပ်ငန်းစဉ်ကို စုစည်းပြီး ၎င်းတို့၏လုပ်ငန်းကို အနာဂတ်စျေးနှုန်းပြောင်းလဲမှုများမှ ကာကွယ်ရန် စာချုပ်များကို အသုံးပြုသည်။

မှန်းဆရင်းနှီးမြှုပ်နှံသူများသည် ရေတိုရင်းနှီးမြုပ်နှံခြင်းအတွက် မဟာဗျူဟာများကို အသုံးချရန် ကုန်စည်ဆိုင်ရာ အနာဂတ်ကာလစာချုပ်များကို အသုံးပြုနိုင်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပိုင်ဆိုင်မှု၏ စျေးနှုန်းပြောင်းလဲမှုမှအကျိုးအမြတ်ရရှိရန်ဖြစ်သည်။ သို့ရာတွင်၊ ထိုသို့သော ရင်းနှီးမြှုပ်နှံသူများသည် အနာဂတ်ကာလစာချုပ်၏ သက်တမ်းမကုန်ဆုံးမီတွင် ၎င်းတို့၏ အရောင်းအဝယ်များကို ပိတ်ပစ်လိုက်သည်။ ရလဒ်အနေဖြင့် ပိုင်ဆိုင်မှုကို ပေးအပ်ခြင်းမှာ မည်သည့်အခါမျှ ဖြစ်ပွားခြင်းမရှိပါ။

ကုန်စည်နှင့်ဆက်စပ်သော စတော့ရှယ်ယာများ

စတော့ရှယ်ယာနဲ့ ကုန်စည်ဈေးကွက်ကို အမြဲလို နှိုင်းယှဉ်ကြသည်။ သို့တိုင် သင်သည် ဤစျေးကွက်များကို ပေါင်းစပ်နိုင်သည်။ ဥပမာအားဖြင့်၊ သင်စိတ်ဝင်စားသော ကုန်ပစ္စည်းနှင့် တစ်နည်းတစ်ဖုံဆက်စပ်နေသည့် ကုမ္ပဏီတစ်ခု၏ စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ သဘာဝဓာတ်ငွေ့ကို စိတ်ဝင်စားပါက၊ ထိပ်တန်းဓာတ်ငွေ့ထုတ်လုပ်သူများ၏ စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ သင်သည် ရွှေကို ရင်းနှီးလိုပါလျှင် သတ္တုတွင်းကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။

စတော့ရှယ်ယာများတွင် ရင်းနှီးမြုပ်နှံခြင်းသည် အနာဂတ်ကာလ စာချုပ်များထက် မတည်ငြိမ်မှု နည်းသည်။ ဤသည်မှာ အတွေ့အကြုံမရှိသေးသော ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်။ သို့တိုင်၊ တန်ဖိုးနည်းစတော့များသည် ရင်းနှီးမြုပ်နှံရန်အတွက် ယုံကြည်စိတ်ချရဆုံးသော ပိုင်ဆိုင်မှု ဖြစ်ကြောင်း သတိရသင့်သည်။

သို့သော် ဤနည်းသည် ကုန်စည်ဈေးကွက်သို့ သွယ်ဝိုက်သောနည်းဖြင့် ဝင်ရောက်ခြင်းဖြစ်သည်ကို သတိပြုသင့်သည်။ စတော့ရှယ်ယာများနှင့် ကုန်စည်များ ဆက်စပ်မှုမှာနည်းပါးသည်။ စတော့၏စျေးနှုန်းသည် ကုန်ပစ္စည်းတစ်ခု၏စျေးနှုန်းပေါ်တွင်မူတည်သည်မဟုတ်ပေ။

ကုန်စည်နှင့်ဆက်စပ်သော ETFs, ETNs နှင့် Mutual Funds

Exchange-traded funds သို့မဟုတ် ETFs နှင့် exchange-traded notes သို့မဟုတ် ETNs များသည် စတော့များကဲ့သို့ပင် ရောင်းဝယ်ကြသည်။ Commodity ETF သည် ရင်းနှီးမြှုပ်နှံသူများကို ကုန်စည် စျေးနှုန်းများ သို့မဟုတ် ကုန်စည်တစ်တင်း၏စျေးနှုန်းအတက်အကျအပေါ် မှန်းဆနိုင်စေပါသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့သည် အနာဂတ်ကာလဆိုင်ရာ ရောင်းဝယ်သည့်စျေးကွက်များတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံခြင်းမပြုပါ။

ETFs ကုန်စည်ကုန်သွယ်မှုနှင့် ETNs ကုန်စည်ကုန်သွယ်မှုများသည် ကုန်စည်ပိုင်ဆိုင်မှုအမျိုးအစား အားလုံးအတွက် မရရှိနိုင်ပါ။ ၎င်းတို့သည် အများအားဖြင့် သီးသန့်အကျိုးဆောင် ရင်းနှီးမြှုပ်နှံသူ အကောင့်များ မလိုအပ်ပါ။

Mutual fund အတွက်၊ ကုန်စည်များတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံရန် အသုံးပြု၍မရပါ။ သို့တိုင်၊ ကုန်သွယ်မှုပြုလုပ်လိုသော ကုန်ပစ္စည်းပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏ စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံရန် ၎င်းတို့ကို အသုံးပြုနိုင်သည်။

ကုန်စည်ကို ရုပ်ဝတ္ထုအတိုင်းဝယ်ယူခြင်း

အနာဂတ်ကာလဆိုင်ရာ ကုန်သွယ်ရေးစာချုပ်များ ရောင်းဝယ်သည့်အခါ၊ သင်သည် ကုန်ပစ္စည်းကို ရုပ်ဝတ္ထုအရ ဝယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမဟုတ်ပါ။ အဆိုပါကုန်သည်များသည် ရေနံစည် သန်းပေါင်းများစွာ သို့မဟုတ် နွားအရှင်များအား အမှန်တကယ်ပေးပို့ခြင်း မရှိပါ။ အနာဂတ်ကာလ ကုန်သွယ်မှု ဆိုသည်မှာ ဈေးနှုန်းအတက်အကျကိုသာ ခန့်မှန်းခြင်းဖြစ်သည်။ သို့သော်လည်း ရွှေနှင့်ငွေကဲ့သို့သော အဖိုးတန်သတ္တုများအတွက် ရင်းနှီးမြှုပ်နှံသူတစ်ဦးချင်းစီသည် ရွှေတုံးများ၊ ဒင်္ဂါးပြားများ သို့မဟုတ် လက်ဝတ်ရတနာများကဲ့သို့ ရုပ်ဝတ္ထုအရ တည်ရှိသည့်ကုန်ပစ္စည်းများကို ၎င်းတို့ကိုယ်တိုင် လက်ဝယ် ပိုင်ဆိုင်နိုင်သည်။

ဤရင်းနှီးမြုပ်နှံမှုများသည် သင့်အား ရွှေ၊ ငွေနှင့် အခြားအဖိုးတန်သတ္တုများနှင့် ကိုင်ဆောင်ထိတွေ့ခွင့်ပေးပြီး သင့်ရင်းနှီးမြုပ်နှံမှု၏ အမှန်အလေးချိန်ကိုခံစားရစေမည်ဖြစ်သည်။ သို့သော် အဖိုးတန်သတ္တုများဖြင့် ရောင်းဝယ်သောကုန်ကျစရိတ်သည် အခြားကုန်ပစ္စည်းများထက် မြင့်မားနိုင်သောကြောင့် ဆုံးဖြတ်ချက်များ မချမီ သေချာစဉ်းစားလုပ်ဆောင်ရန် အရေးကြီးပါသည်။

ယေဘူယျအားဖြင့်၊ ရုပ်ဝတ္ထုအရ ပိုင်ဆိုင်သည့်ကုန်စည်များသည် အနာဂတ်ကာလ ကုန်သွယ်ရေး စာချုပ်များထက် စျေးနှုန်းမြင့်မားပြီး သင့်ရင်းနှီးမြှုပ်နှံမှုမှ ငွေထုတ်လိုသောအခါတွင် ၎င်းတို့ကို ရောင်းချရန် ပိုမိုခက်ခဲနိုင်သည်။ အကယ်၍ သင်သည် ဤကုန်သွယ်မှုအမျိုးအစားကို စိတ်ဝင်စားပါက၊ ၎င်းသည် သင်၏ ရင်းနှီးမြှုပ်နှံမှုအစုအတွက် မှန်ကန်သောရွေးချယ်မှုဟုတ်မဟုတ် သိရန် သင်၏ ကုန်သွယ်ရေး အကြံပေးတစ်ဦး နှင့် ဆွေးနွေးပါ။

ကုန်စည်များ ရောင်းဝယ်ခြင်းသည် အကြံဉာဏ်ကောင်း ဟုတ်ပါသလား။

ကုန်စည်ရောင်းဝယ်ရေးတွင် အားနည်းချက်များရှိသော်လည်း အခွင့်အလမ်းများစွာ ရှိနေသည်။ ပထမဦးစွာ၊ သင်သည် ပရော်ဖက်ရှင်နယ် ကုန်သည်တစ်ဦးဖြစ်လိုပါက၊ မတူညီသော အမျိုးအစားများအား မည်သို့ ရောင်းဝယ်ရမည်ကို သိထားသင့်သည်။ ကုန်သွယ်ရေးအမျိုးအစားအားလုံးတွင် ၎င်းတို့၏အင်္ဂါရပ်များရှိသည်။ ဒါကြောင့် များများကြိုးစားလေ အတွေ့အကြုံပိုရလာဖြစ်မည်။

သို့သော်လည်း ကုန်စည်ရောင်းဝယ်ရေး ကို မပြုလုပ်မီ၊ သင်နှင့် အကိုက်ညီဆုံးသော ကုန်စည်အမျိုးအစားကို သတ်မှတ်သင့်သည်။ လူကြိုက်များသော အမျိုးအစားများသည် မြင့်မားသော ငွေဖြစ်လွယ်မှုရှိသည်ကို သတိပြုပါ။ ထို့ကြောင့် ၎င်းတို့ကို ရောင်းဝယ်ခြင်းမှာ အန္တရာယ်နည်းပါးသည်။ အကယ်၍ သင်သည် စတင်ကုန်သွယ်သူတစ်ဦးဖြစ်ပါက သင့်အား ကုန်ပစ္စည်းရွေးချယ်မှု၊ ကုန်သွယ်မှုနှင့် ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုအစီအစဉ်ကို ကောင်းမွန်စေရန် ကူညီပေးနိုင်သည့် ကုန်စည်ရောင်းဝယ်ရေးဆိုင်ရာ အကြံပေးတစ်ဦးနှင့် တိုင်ပင်ခြင်းသည်မှာ ကျိုးကြောင်းဆီလျော်ပါသည်။

ထို့အပြင်၊ ကျယ်ပြန့်စွာ ရောင်းဝယ်နေသည့် ရေနံစိမ်းသည် မတည်ငြိမ်မှုများသော ကုန်စည်စာရင်းတွင် ရှိနေသည်ကို မှတ်သားထားသင့်သည်။ အန္တရာယ်ရှိသော ကုန်စည်အမျိုးအစားများအတွက် ကောင်းမွန်သော ကုန်သွယ်မှုဗျူဟာမရှိပါက၊ ပိုင်ဆိုင်မှုတစ်ခုအနေဖြင့် ရေနံကို မဝယ်ပါနှင့် မရောင်းပါနှင့်။ သင်သည် အတွေ့အကြုံမရှိသေးသူဆိုပါစို့၊ ပိုမိုယုံကြည်စိတ်ချရသော ရွှေကဲ့သို့သော ပိုင်ဆိုင်မှုများကို ရွေးချယ်ပါ။ သို့သော် ကာလတိုအတွင်း ရွှေဈေးကွက်သည်လည်း မတည်ငြိမ်မှုများ တိုးလာနိုင်ကြောင်း သတိပြုပါ။

ကုန်စည်ကုန်သွယ်သူများအတွက် အကြံပြုချက်များ

LiteFinance: ကုန်စည်ကုန်သွယ်သူများအတွက် အကြံပြုချက်များ

ကုန်စည်ကုန်သွယ်မှုစတင်ရန် အကူအညီဖြစ်နိုင်သည့် အကြံပြုချက်အချို့ကို ကျွန်ုပ်တို့ စုစည်းထားပါသည်။

  • စျေးကွက်ထဲမ၀င်ခင်၌ ရောင်းဝယ်မည့် အမျိုးအစားတိုင်းကို ပိုမိုလေ့လာသင့်သည်။ ဥပမာ- စိုက်ပျိုးရေးကို စိတ်ဝင်စားလျှင် ကော်ဖီဈေးကွက်အကြောင်း လေ့လာပါ။ ရောင်းလိုအား/ဝယ်လိုအား သက်ရောက်မှုသည် စျေးနှုန်းဦးတည်ချက်၏ ရှေ့ပြေးအတိုင်းအတာဖြစ်သော်လည်း၊ မည်သည့် အချက်များသည် စျေးကွက်၏ဦးတည်ချက်ကို ထိခိုက်စေနိုင်ကြောင်း အမြဲနားလည်ထားသင့်သည်။
  • မြင့်မားသောအကျိုးအမြတ်များ ရရန် မမျှော်ကိုးပါနှင့်။ မြင့်မားသောအမျိုးအမြတ်များသည် တိုးမြင့်လာသောအန္တရာယ်များကိုဖြစ်ပေါ်စေသည်။ အတွေ့အကြုံမရှိလျှင် ဆုံးရှုံးမှုကြီးမားနိုင်သည်။
  • အရောင်းအဝယ်တစ်ခုမဖွင့်မီ၊ ပိုင်ဆိုင်မှု၏တန်ဖိုးကို ထိခိုက်စေနိုင်သည့် အချက်အားလုံးကို စစ်ဆေးပါ။ ကုန်စည်များကို ရောင်းဝယ်သည့်အခါ စီးပွားရေးထုတ်ပြန်ချက်အချိန်များနှင့် သတင်း များသည် အဓိကသတင်းအချက်အလက်အရင်းအမြစ်များဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ဈေးကွက်၏ သဘောထားကို အာရုံစိုက်ပါ။
  • ကုန်သွယ်မည့်အမျိုးအစားနှင့် ၎င်း၏ဦးတည်ချက်အတွက် သေချာစွာဆုံးဖြတ်ပြီးသည့်အခါ၊ ဆုံးရှုံးနိုင်ချေနှင့်ပြန်ရနိုင်ချေ အချိုးကို သတိရပါ။ ဖြစ်နိုင်ချေရှိသောအကျိုးအမြတ်သည် ဖြစ်နိုင်ချေ ရှိသော ဆုံးရှုံးမှုထက် အနည်းဆုံး သုံးဆ ပိုကြီးသင့်သည်။

ကုန်စည်ရောင်းဝယ်မှုအတွက် အကောင်းဆုံးအချိန်

LiteFinance: ကုန်စည်ရောင်းဝယ်မှုအတွက် အကောင်းဆုံးအချိန်

ကုန်စည်ကုန်သွယ်ချိန်များကို ကုန်ပစ္စည်းအမျိုးအစားနှင့် ကုန်စည်အိတ်စ်ချိန်းများဖြင့် ပိုင်းခြားထား သောကြောင့် ကုန်စည်ကုန်သွယ်မှုစတင်ရန် အကောင်းဆုံးအချိန်မရှိပါ။ ကုန်စည်ဈေးကွက်အများစုသည် သောကြာနေ့ ညနေမှ တနင်္ဂနွေနေ့အထိ ပိတ်သည်။ ကုန်စည်ရောင်းဝယ်သူတစ်ဦးအား ပေးနိုင်သည့် တစ်ခုတည်းသောအကြံဉာဏ်မှာ စျေးကွက်ငွေဖြစ်လွယ်မှုအတိုင်းအတာ မြင့်တက်လာသည်နှင့်အမျှ ကုန်သွယ်မှုအချိန်တိုင်း (သြစတေးလျ၊ အာရှ၊ ဥရောပနှင့် အမေရိကန်) ၏အစတွင် ပါဝင်ရန်ဖြစ်သည်။

သတိပြုရန်အချက်များ

ကုန်စည်ဈေးကွက်အကြောင်း လေ့လာမှုအား အကျဉ်းချုပ်ပါမည်။

ကုန်စည်ရောင်းဝယ်ရေးသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာကို ပေးဆောင်သည်။ အမျိုးမျိုးသော ပိုင်ဆိုင်မှုများဖြင့် တင်ပြထားသကဲ့သို့ — ဆုံးရှုံးနိုင်ချေနည်းသောပိုင်ဆိုင်မှုမှ ကြီးမားသော မတည်ငြိမ်မှုများရှိသည့် ပိုင်ဆိုင်မှုများအထိ — သင်လိုချင်သောပိုင်ဆိုင်မှုများကို ဆုံးဖြတ်ပြီး ရောင်းဝယ်နိုင်မည်ဖြစ်သည်။ သင်၏စွမ်းရည်မှာ သင်၏အရည်အချင်းနှင့် အတွေ့အကြုံပေါ်တွင် မူတည်သည်။ သင့်တွင် အတွေ့အကြုံနှင့် ရလာဒ်ကောင်းသောဗျူဟာများ မရှိပါက မစွန့်စားပါနှင့်။

LiteFinance သည် အွန်လိုင်းဖြင့် ကုန်စည်ရောင်းဝယ်ခြင်း ပြုလုပ်နိုင်ရန် ပံ့ပိုးပေးထားသည်။ အကယ်၍ သင်သည် ကုန်စည်ဈေးကွက်တွင် ကုန်သွယ်လိုသည့် ကုန်သည်သစ်တစ်ဦးဖြစ်ပါက ဒီမိုကုန်သွယ်မှုအကောင့် ကို အသုံးပြုနိုင်သည်။ ဒီမိုအကောင့်သည် ကုန်စည်ရောင်းဝယ်ရေးဗျူဟာများကို စမ်းသပ်ရန်နှင့် ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုအစီအစဉ်များကို မည်ကဲ့သို့အသုံးချရမည်ကို လေ့လာနိုင်သည့်အပြင် ကုန်သည်များ၏ အနာဂတ် စျေးနှုန်းကို သတ်မှတ်ရန် အခြေခံခွဲခြမ်းစိတ်ဖြာမှုတို့ကို လုပ်ဆောင်ခွင့်ပြုသည်။

ကုန်စည်ရောင်းဝယ်ရေးဆိုင်ရာ အမေး/အဖြေ

ကုန်စည်ရောင်းဝယ်သူများသည် ကုန်စည်ဈေးကွက်အတွင်း ကုန်စည်များကိုဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့ကိုလုပ်ဆောင်ကြသည်။ ၎င်းတို့သည်ကုန်သွယ်ရေးပစ္စည်းများကို လျှော့ဈေးဖြင့် ဝယ်ယူခြင်းနှင့် အမြင့်ဆုံးစျေးနှုန်းဖြင့်ရောင်းချကာ ငွေရှာကြသည်။ ပြောင်းပြန် ဖြစ်ပေါ်သည့်အခါ ဆုံးရှုံးမှုကိုကြုံတွေ့ကြရသည်။ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ချေများကို လျော့ပါးသက်သာစေရန် နှင့် ကုန်စည်အမျိုးအစားအမျိုးမျိုးကိုရောင်းဝယ်ရာတွင် ငွေကြေးဆုံးရှုံးမှုမရှိစေရန် ဤစျေးကွက်ကို နက်နဲစွာ နားလည်ရန်လိုအပ်ပြီး ဒီမိုအကောင့်တစ်ခုတွင် လေ့ကျင့်ကာ ဆုံးဖြတ်ချက်များကို အမြန်ဆုံးချမှတ်နိုင်မည်ဖြစ်သည်။ သင့်အနေဖြင့်လည်း ဆုံးရှုံးနိုင်ချေများနှင့် ဆုံးရှုံးမှုများကို ကိုင်တွယ်နိုင်ရန်လိုအပ်ပါသည်။

ကုန်စည်ရောင်းဝယ်မှုသည် ရင်းနှီးမြှုပ်နှံသူများကို ရေနံနှင့်သဘာဝဓာတ်ငွေ့ကဲ့သို့သော စွမ်းအင်သုံး ကုန်ပစ္စည်းများမှ ပြောင်းနှင့်ဂျုံကဲ့သို့ စိုက်ပျိုးရေးထွက်ကုန်များအထိ ကျယ်ပြန့်သော ကုန်သွယ်ရေးပိုင်ဆိုင်မှုအမျိုးအစားများ၏ အနာဂတ်စျေးနှုန်းလှုပ်ရှားမှုများကို မှန်းဆနိုင်ရန် အခွင့်အရေးပေးသည်။ ကုန်စည်များကို အမေရိကန်ပြည်ထောင်စုရှိ Commodity Futures Trading Commission (CFTC) မှထိန်းချုပ်ထားသော အနာဂတ်နှင့်ဆက်စပ်သော အရောင်းအဝယ် စာချုပ်များမှတစ်ဆင့်လည်း ကုန်သွယ်မှုပြုလုပ်နိုင်ပါသည်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာသော အခါတွင် ၎င်းတို့၏ဈေးနှုန်းများ တက်လာတတ်သောကြောင့် ကုန်စည်စတော့များကို ငွေကြေး ဖောင်းပွမှုမှ တားဆီးရန် ကာကွယ်ရေးနည်းလမ်းတစ်ခုအဖြစ် မကြာခဏ ရှုမြင်ကြသည်။ စီးပွားရေး မြင့်တက်လာချိန်တွင် ကုန်စည်ဝယ်လိုအားတိုးလာသောကြောင့် ကမ္ဘာ့စီးပွားရေး မြင့်တက်မှုကို အခွင့်ကောင်းယူရန် ဤကုန်သွယ်ရေးအမျိုးအစားများကိုအသုံးချနိုင်သည်။

စျေးကွက်နှစ်ခုစလုံးတွင် အားသာချက်နှင့် အားနည်းချက်များရှိသည်။ ကုန်စည်ဈေးကွက်သည် မတည်ငြိမ်မှုအလွန်မြင့်မားပြီး ဈေးနှုန်းများလျင်မြန်စွာ အတက်အကျရှိနိုင်သည်။ သို့သော် ၎င်းသည် ကုန်သည်များအတွက်အမြတ်ရရှိရန် အခွင့်အလမ်းများကိုလည်းဖန်တီးပေးသည်။ ကုန်စည် အိတ်စ်ချိ်န်းဈေးကွက်မှတဆင့် အွန်လိုင်းတွင်ကုန်စည်ရောင်းဝယ်နိုင်သည်။ စတော့များဝယ်ယူခြင်း သည် သင့်အားကုမ္ပဏီ၏ တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်မှုကိုပေးသည်။ စတော့ရှယ်ယာများ သည် ကုန်စည်များထက်မတည်ငြိမ်မှုနည်းပါးသော်လည်း ၎င်းတို့သည်ဆုံးရှုံးနိုင်ချေရှိနိုင်ပြီး အကြောင်း အမျိုးမျိုးကြောင့် လျှင်မြန်စွာငွေကြေးဆုံးရှုံးသွားနိုင်သည်။ စတော့ရှယ်ယာတန်ဖိုးသည် ကုမ္ပဏီ၏ စွမ်းဆောင်ရည်အပေါ်တွင် မူတည်ပြီး ကမ္ဘာ့စီးပွားရေး၊ သတင်းဖြစ်ရပ်များနှင့် ကောလာဟလများ အပါအဝင် စသည့်အကြောင်းရင်းများစွာကြောင့်လည်းထိခိုက်နိုင်ပါသည်။ မည်သည်က ပိုကောင်းသနည်းဆိုသည်မှာ သင်၏ရည်မှန်းချက်များနှင့် ဆုံးရှုံးနိုင်ချေအပေါ်တွင် မူတည်ပါသည်။

ကုန်စည်ရောင်းဝယ်ရေးသည်ဝင်ငွေရှာရန် ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်နိုင်သော်လည်း မစတင်မှီ သိထားရမည့်အချက်အချို့ရှိပါသည်။ ပထမဦးစွာကုန်စည်ရောင်းဝယ်ရေး မည်ကဲ့သို့ လုပ်ဆောင်သည်ကို နားလည်ရန်အရေးကြီးပါသည်။ အခြေခံအားဖြင့်ငွေရှာရန်အတွက် ကုန်စည် အတွက် ပေးချေသောငွေကြေးထက် ပိုမိုပေးဆောင်လိုသောဝယ်သူကို ရှာဖွေရန် လိုအပ်ပါသည်။ ၎င်းကိုဝယ်သူထံတိုက်ရိုက်ရောင်းချခြင်းဖြင့် (သို့မဟုတ်) ဥပမာ CFDs ကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်နိုင်သည်။ သို့သော်ပါ၀င်ပတ်သတ်သော ဆုံးရှုံးနိုင်ချေကို မှတ်သားထားရန် အရေးကြီးပါသည်။ CFDs သည် မြင့်မားသောအမြတ်များ ယူဆောင်လာပေးနိုင်သည့် ရှုပ်ထွေးသော ကုန်သွယ်ရေးအမျိုးအစားများဖြစ်သော်လည်း အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် ရင်းနှီးမြှုပ်နှံသူ အကောင့်များကို လျှင်မြန်စွာ ငွေကြေးဆုံးရှုံးစေနိုင်သည်။

ကုန်သွယ်မှုအတွက် အကောင်းဆုံးကုန်စည်မရှိပါ။ ရွေးချယ်မှုသည် သင်၏အရည်အချင်းနှင့် နှစ်သက်မှုများအပေါ်တွင်မူတည်သည်။ အကယ်၍ သင်သည်ပရော်ဖက်ရှင်နယ်ကုန်သည်ဖြစ်ပါက ဆုံးရှုံးနိုင်ချေမြင့်မားသောရေနံစိမ်းကိုရွေးချယ်နိုင်ပါသည်။ တစ်ချိန်တည်းမှာပင် သင်သည် စတင်သူကုန်သည်ဖြစ်ပါက ရွှေနှင့်ငွေကဲ့သို့သော အဖိုးတန်သတ္တုများကိုစဉ်းစားသင့်သည်။ မည်သည့်ကုန်စည်အမျိုးအစားကိုမဆို မဖော်ပြမှီ ကုန်သည်များသည် ဤကုန်သွယ်ရေး အမျိုးအစား နှင့်ပတ်သက်၍ မိမိတို့၏အသိပညာကိုမြင့်တင်ကာထိရောက်သော ကုန်သွယ်မှုဗျူဟာများ ကို ဖော်ထုတ်သင့်သည်။ သို့မဟုတ်ပါက ရင်းနှီးမြုပ်နှံသူအကောင့်၏ ငွေကြေးများစွာ ဆုံးရှုံးစေနိုင်သည့် မြင့်မားသောအန္တရာယ်ရှိသည်။

ကုန်စည်ရောင်းဝယ်မှုစတင်ရန်အလွယ်ကူဆုံးနည်းလမ်းမှာ ယုံကြည်စိတ်ချရသော ကုန်သွယ်ရေး အကျိုးဆောင် (သို့မဟုတ်) ကုန်သွယ်မှုပလက်ဖောင်းကို ရှာဖွေရန်ဖြစ်သည်။ LiteFinance သည် လူကြိုက်အများဆုံးကုန်စည်အမျိုးအစားများ၏ ကုန်သွယ်မှုကိုလုပ်ဆောင်နိုင်သည် ။ မာဂျင် ကုန်သွယ်မှုသည် သင့်အားအကန့်အသတ်ရှိသော ငွေကြေးများဖြင့် ကုန်သွယ်မှု ပြုလုပ်နိုင်စေ ပါသည်။ သို့သော် leveraged ဖြင့်ကုန်သွယ်မှုသည် သင်၏ ရင်းနှီးမြှုပ်နှံသူအကောင့်မှ အရင်းအနှီး ဆုံးရှုံးနိုင်ခြေ မြင့်မားသည်ကိုသတိပြုပါ။ ထို့ကြောင့် မာဂျင်ဖြင့် ကုန်စည်ရောင်းဝယ်မှုမစတင်မှီ လိုအပ်သောအသိပညာနှင့် အတွေ့အကြုံများရရှိရန် အရေးကြီးပါသည်။

၎င်းအတွက်တိကျသောအဖြေမရှိပါ။ ကုန်စည်များနှင့်စတော့အမျိုးအစား အမျိုးမျိုးရှိပါသည်။ ကုန်စည်အမျိုးအစားတွင်လုံခြုံသောရွှေနှင့် ဆုံးရှုံးနိုင်ချေရှိသော ရေနံစိမ်းများပါဝင်သည်။ တစ်ချိန်တည်းမှာပင် blue-chip စတော့များနှင့် တန်ဖိုးသင့်စတော့များရှိသည်။ စျေးကွက်နှစ်ခုစလုံး သည် ကြီးမားခြင်းနှင့် မတည်ငြိမ်မှုနည်းပါးသော ကာလများကို တွေ့ကြုံနေကြရသည်။ သင်၏အလားအလာရှိသော အမြတ်ငွေများတိုးမြင့်ရန်နှင့် ပြင်းထန်သော ဆုံးရှုံးမှုများကို ရှောင်ရှားရန် ခိုင်မာသောစတော့နှင့် ကုန်စည်ရောင်းဝယ်ရေးဗျူဟာများကို အကောင်အထည် ဖော်ရန် အရေးကြီးပါသည်။

ကုန်စည်ရောင်းဝယ်မှုအတွက် လိုအပ်သောအနည်းဆုံးပမာဏကို ကုန်သွယ်ရေးအကျိုးဆောင် မှဆုံးဖြတ်သည်။ အကယ်၍ သင်သည် CFD ဖြင့်ကုန်သွယ်မှုပြုလုပ်ပါက ကုန်သွယ်မှုတန်ဖိုးအတွက် ငွေကြေး အပြည့်အဝရှိမလိုအပ်ဘဲ ၎င်းအစား သင်၏ကနဦးအရင်းအနှီးကို တိုးပွားစေမည့် leverage ကိုအသုံးပြုနိုင်သည်။ အနိမ့်ဆုံးပမာဏသည် ကုန်သွယ်ရေး အကျိုးဆောင် ၏ လိုအပ်ချက်များ ပေါ်တွင်မူတည်ပါသည်။ အထူးသဖြင့် ဤဘဏ္ဍာရေး ကုန်သွယ်မှုအမျိုးအစား များကို ကုန်သွယ်ရာတွင်အတွေ့အကြုံနှင့် ကျွမ်းကျင်မှုလုံလောက်စွာ မရှိပါက CFDs များကို ကုန်သွယ်မှုလုပ်ဆောင်သည့်အခါ အကျိုးအမြတ် သိသာစွာ မြင့်မားသည် သာမကဘဲ လျင်မြန်စွာ ဆုံးရှုံးမှုရှိနိုင်သည်ကိုလည်းသတိပြုပါ။

စတော့ရှယ်ယာနှင့် ကုန်စည်ရောင်းဝယ်ခြင်းကို အဘယ်ကြောင့်နှိုင်းယှဉ်ရမည်နည်း။ အကြောင်းရင်း မှာ စျေးကွက်နှစ်ခုစလုံးသည် အမျိုးမျိုးသောကုန်သွယ်မှုအခွင့်အလမ်းများကို ပေးဆောင် သောကြောင့်ဖြစ်သည်။ စတော့နှင့်ကုန်စည်ဈေးကွက်နှစ်ခုစလုံးတွင် သင်၏ ကုန်သွယ်ရေးချဉ်းကပ်မှု အပေါ် မူတည်၍ကုန်သွယ်နိုင်သည့် ဆုံးရှုံးနိုင်ချေနှင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေး အမျိုးအစားများရှိသည်။ တစ်ချိန်တည်းမှာပင်ကုန်စည်များကို ကာလတို ရင်းနှီးမြုပ်နှံမှုများအတွက် အများစုအသုံးပြုကြပြီး စတော့ဈေးကွက်သည် ကာလရှည် ရင်းနှီးမြုပ်နှံမှုအတွက် ပို၍ သင့်လျော်ပါသည်။

ကုန်သွယ်မှုအများဆုံးကုန်စည်အချို့တွင် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် ရွှေတို့ပါဝင်သည်။ ရေနံစိမ်းသည် လူကြိုက်အများဆုံးနှင့် ကုန်သွယ်မှုမတည်ငြိမ်သော သဘာဝအရင်းအမြစ်များ ထဲမှ တစ်ခုဖြစ်သည်။ ငွေကြေးဆုံးရှုံးနိုင်ခြေမြင့်မားသော်လည်း အကျိုးအမြတ်အတွက် အလားအလာ လည်းရှိသည်။ သဘာဝဓာတ်ငွေ့သည် ရေနံစိမ်းထက် ဆုံးရှုံးနိုင်ချေပိုရှိသော ကုန်ပစ္စည်းတစ်ခု ဖြစ်သော်လည်း ပို၍မတည်ငြိမ်မှုဖြစ်နိုင်ပြီး အမြတ်ပိုမိုရရှိနိုင်သည်။ ကမ္ဘာ့စီးပွားရေး မသေချာ မရေရာသောအချိန်များတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ရွှေသည် လုံခြုံသော ပိုင်ဆိုင်မှုဖြစ်သည်။ ဤကုန်သွယ်ရေးပိုင်ဆိုင်မှု၏ စျေးနှုန်းသည် ကျယ်ပြန့်စွာ အတက်အကျရှိနိုင်သောကြောင့် ရင်းနှီးမြှုပ်နှံခြင်းမပြုမှီ လေ့လာမှုပြုလုပ်ရန် အရေးကြီးပါသည်။


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
ကုန်စည်ဆိုသည်မှာ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat