နည်းပညာဆိုင်ရာသုံးသပ်ချက်ကို စိတ်ပါဝင်စားသော ကုန်သည်များသည် chart patterns များကို အမှတ်မထင်တွေ့မိကြပါမည် (သို့) ကုန်သွယ်ရေးတွင်တောင်မှ ၎င်းတို့ကို အသုံးပြုခဲ့ဖူးပါမည်။ သို့သော် ထိုသည်မှာ လူသိနည်းပါးလင့်ကစား အချိန်ကာလတိုင်းတွင် ထပ်မံစျေးလှုပ်ရှားမှုကို မီးမောင်းထိုးပြနိုင်သည့် ပိုမိုတိကျသော pattern များ ဖြစ်ပါသည်။

ထိုခြုံငုံသုံးသပ်ချက်သည် ကုန်သွယ်ရေးအတွင်းရှိ harmonic pattern များနှင့် သက်ဆိုင်ပါသည်။ ဤတွင် ဂျီသြမေတြီဆိုင်ရာဝိသေသများ သာမက pattern ၏ သီးခြားအခြေတိုင်းတာမှုလည်းပဲ ရှိပါသည်။ ဆက်လက်ဖတ်ရှုပြီး သင်သည် harmonic pattern များ မည်သို့တည်ဆောက်ပုံ နှင့် ၎င်းတို့သည် မည်သို့ ခြားနားပုံတို့အား လေ့လာရပါလိမ့်မည်။ ဤဆောင်းပါးတွင် harmonic pattern များမှ ပံ့ပိုးပေးသည့် ကုန်သွယ်ရေးအချက်ပြမျိုးစုံ နှင့် ထိုဖြစ်တည်လာပုံများအား အောင်မြင်စွာ ကုန်သွယ်ရန် စည်းမျဥ်းများကိုလည်း ဖော်ပြပေးထားပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Harmonic patterns ဆိုသည်မှာ အဘယ်နည်း နှင့် ၎င်းတို့သည် မည်သို့ အလုပ်လုပ်ပါသနည်း။

Harmonic patterns များသည် ဂျီသြမေတြီဆိုင်ရာဝိသေသလက္ခဏာရပ်များ အပေါ်အခြေခံပါသည်၊ သို့သော် ၎င်းတို့သည် ဆုံချက်အမှတ်များအား ပိုမိုတိကျစွာ ဆုံးဖြတ်ရန်အတွက် Fibonacci အချိုးအစားများကိုလည်း အသုံးချပါသည်။ ထင်ရှားသောပညာရှင်များစွာတို့သည် harmonic pattern များ၏ သီအိုရီသဘောတရားဆိုင်ရာ အခြေခံများပေါ်တွင် လုပ်ဆောင်ခဲ့ကြသည်။ Harold Gartley သည် သူ၏စာအုပ် Profits in the Stock Market ထဲတွင် Gartley ငါးပွိုင့် pattern ၏ အယူအဆကို တင်ပြခဲ့ပြီး Larry Pesavento သည် Fibonacci အဆင့်များကို သုံး၍ ကုန်သွယ်ခြင်းအတွက် အခြေခံစည်းမျဥ်းများကို တည်ထောင်ခဲ့ပါသည်။ Scott Carneyသည် Crab၊ Shark နှင့် Bat တို့ကို ပေါင်းထည့်ခြင်းဖြင့် ဟာမိုနစ် pattern များ၏ သီအိုရီကို ချဲ့ထွင်ခဲ့ပါသည်။

Harmonic patterns များသည် ရုပ်ပုံဒီဇိုင်းနှင့် သင်္ချာသဘောတရားအစိတ်အပိုင်းများ ပေါင်းစပ်ထားသည့် ဖွဲ့စည်းတည်ဆောက်ပုံများ ဖြစ်ပါသည်။ ၎င်းတို့ကို အတိကျဆုံးနည်းပညာဆိုင်ရာစစ်တမ်းကိရိယာများထဲမှ တစ်ခုအဖြစ် စဥ်စားပါသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နောင်လာမည့်စျေးလှုပ်ရှားမှုလားရာနှင့် အလားအလာရှိသော စျေးလမ်းကြောင်းပစ်မှတ်များကို ခန့်မှန်းရန် ကုန်သည်များအား အခွင့်အလမ်းပေးစွမ်းသောကြောင့် ဖြစ်ပါသည်။

ထို့အပြင်လည်း အခြားနည်းပညာဆိုင်ရာကိရိယာများစွာနှင့် မတူဘဲ harmonic pattern များမှ ထွက်ပေါ်သော အချက်ပြအတုအယောင်များ၏ အရေအတွက်မှာ နည်းပါးပါသည်။ ထိုသည်မှာ သေချာသော ဂျီသြမေတြီဆိုင်ရာ လက္ခဏာရပ်များအပြင် harmonic pattern များသည် အချိုးအစားမှန်မှန်ကန်ကန်ဖြင့် ချဲ့ထွင်တည်ဆောက်ထားသောကြောင့် ဖြစ်ပါသည်။

Harmonic နှင့် graphic patterns များသည် ပေါင်းစပ်ဖွဲ့စည်းထားသော harmonic pattern များ ဖြစ်ပေါ်လာရန် တစ်ခုနှင့်တစ်ခု တစ်နေရာတည်းတွင်ထပ်နေနိုင်ပါသည်။ ထို့ကြောင့် ကွဲပြားသော အချိန်ကာလများအတွင်း စျေးကွက် လေ့လာခြင်းသည် အချင်းချင်းဖြည့်စွက်၍ ပြည့်စုံစေသည့် အချက်ပြများကို မြင်တွေ့ရန်နှင့် စျေးကွက်ဖြစ်စဥ်များအတွင်းသို့ ပိုမိုနက်နက်နဲနဲ စူးစမ်းရှာဖွေရန် မည်သူ့ကိုမဆို မကြာခဏ အခွင့်အခါပေးစွမ်းပါသည်။

Harmonic pattern များပေါ်ရှိ ယေဘုယျလမ်းညွှန်ချက်များ

ဤတွင် harmonic pattern များနှင့် ပတ်သက်၍ ယခင်က တစ်ခါမျှ မဖတ်ဖူးသေးသောသူများအတွက် အခြေခံစည်းမျဥ်းအချို့ ဖြစ်ပါသည်။

၁။ မည်သည့် harmonic pattern တိုင်းမဆိုသည် အဓိက Fibonacci ခြေရာခံအဆင့်များပေါ်တွင် မှီခိုပါသည်။

၂။ Harmonic patterns များသည် အချိန်ကာလအားလုံးကို အကျိုးသက်ရောက်ပါသည်။

၃။ လူကြိုက်အများဆုံး pattern မှာ XABCD ဖြစ်ပါသည်၊ ထိုထဲတွင်:

  • (XA) သည် အရွေ့တစ်ခုဖြစ်ပြီး ထိုထဲတွင် (X) သည် လမ်းကြောင်း၏အစ ဖြစ်၍ (A)သည် ၎င်း၏ထိပ် ဖြစ်ပါသည်။
  • (AB) သည် ယာယီလမ်းကြောင်းပြောင်းလဲမှုတစ်ခု ဖြစ်ပြီး (B) သည် ခြေရာခံလမ်းကြောင်းပြန်ကြော့မှု အစွန်းမှတ်ကို အမှတ်အသားပြုပါသည်။
  • (BC) သည် အမှတ်(C) ကို ထိပ်နေရာ၌ ဆက်ထားသောလမ်းကြောင်းတစ်ခုဖြစ်ပါသည်။
  • (CD) အဆုံးသတ်ရွေ့လျားမှု၊ (AB) ၏ ဆန့်ကျင်ဘက်မျဥ်း

ထိုကဲ့သို့ harmonic pattern အမျိုးအစားကို ဤ‌ဆောင်းပါးထဲတွင် ရှာဖွေတွေ့ရှိပါလိမ့်မည်။ ဤ ဆောင်းပါး ထဲတွင် harmonic pattern ၏ AB=CD အကြောင်းကို သင်ဖတ်ရှုနိုင်ပါသည်။

XABCD pattern သည် ဤကဲ့သို့ ပုံပေါ်ပါသည်။

LiteFinance: Harmonic pattern များပေါ်ရှိ ယေဘုယျလမ်းညွှန်ချက်များ

၄။ Pattern တစ်ခု ဖြင့် စတင်လုပ်‌ဆောင်ရန် ဇယားတစ်ခု၏မှတ်တမ်းထဲရှိ (X)၊ (A)၊ (B) နှင့် (C) ကိုသြဒိနိတ်အမှတ်များကို သိရှိရန် လိုအပ်ပါသည်။

ထို အမှတ် ၄ နေရာ ကို လက်ဝယ်ရှိရုံဖြင့် သင်သည် pattern အမျိုးအစားတစ်ခုနှင့် ၎င်းတို့၏ ထူးခြားကွဲပြားမှုများကို သတ်မှတ်နိုင်ပါလိမ့်မည်။

Harmonic Patterns များ ၏ အမျိုးအစားများ

ကွဲပြားခြားနားသော harmonic pattern များစွာရှိပါသည် : Gartley၊ Shark၊ Crab၊ Butterfly။ ၎င်းတို့အားလုံးသည် အမြင်အရ အလွန်ဆင်တူပြီး အစပိုင်း၌ ၎င်းတို့ကြားရှိ ကွဲပြားမှုကို သိရှိရန် ခက်ခဲပါသည်။ Chart patterns များ အားလုံး ကဲ့သို့ harmonic pattern များကို ခြွင်းချက်အားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည် : bearish နှင့် bullish ။ ၎င်းတို့၏ အခြေခံကွဲပြားမှုများကို ပိုမိုလွယ်ကူစွာ နားလည်စေရန် အောက်ပါ ဇယား ကို စစ်ဆေးကြည့်ရှုပါ။

LiteFinance: Harmonic Patterns များ ၏ အမျိုးအစားများ

အထက်ပါပုံများမှ သင်မြင်တွေ့နိုင်သည့်အတိုင်း harmonic patterns များအားလုံးတွင် အလွန်ဆင်တူသော wave တည်‌ဆောက်ပုံ ရှိကြပြီး အမှတ်များကို အက္ခရာများ XABCD ဖြင့် စာတန်းတပ်ထားပါသည်၊ ထိုတွင် A နှင့် C သည် pattern ၏ ပင်မအစွန်းမှတ်များကို အမြဲတမ်းအမှတ်အသားပြုပါသည်။ အထူးမှတ်သားရန်မှာ bullish harmonic pattern တစ်ခုအတွက် ထိပ်ဘက် A နှင့် C သည် ဦးမော့နေရမည်၊ ထို့နောက် bearish pattern တစ်ခုအတွက် A နှင့် C သည် အခြေဘက်ရှိ ပင်မအနိမ့်ဆုံးအမှတ်များဖြစ်ပြီး လုံးဝအောက်ဆိုက်နေရပါမည်။

Harmonic patterns များ၏ အခြားအရေးပါသော ဝိသေသလက္ခဏာရပ်မှာ ၎င်းတို့သည် XABCD wave တည်ဆောက်ပုံအတွင်း အတက်အကျများအတွက် တိကျသေချာ‌သော အချိုးအစားများကို လိုက်နာကြပါသည်။

ထို့ကြောင့် သီးခြား harmonic pattern တစ်ခုကို ခွဲခြားစိတ်ဖြာရေးအတွက် ထိပ်ဆုံး A နှင့် C အမှတ်များ၏ လားရာကို ဆုံးဖြတ်ရန် လိုအပ်ပါသည်။ တစ်ချိန်တည်းမှာပင် ထို pattern အတွက် အမှတ်များသည် အောက်ပါ သတ်မှတ်ချက်များကို ပြည့်မီသင့်ပါသည်။

Pattern အမျိုးအစား

B of XA

C of BA

D of AB

D of XA

Gartley

0.618

0.382-0.886

1.272-1.618

0.786

Bat

0.382-0.5

0.382-0.886

1.618-2.618

0.886

Alternative Bat

0.382

0.382-0.886

2.0-3.618

1.13

Butterfly

0.786

0.382-0.886

1.618-2.24

1.272

Crab

0.382-0.618

0.382-0.886

2.24-3.618

1.618

Deep crab

0.886

0.382-0.886

2.0-3.618

1.618

Shark

0.382-0.618

1.13-1.618

1.618-2.24

0.886-1.13

ဇယားသည် လားရာအလိုက်ရွေ့လျားမှုအသီးသီးတို့အတွက် Fibonacci level များကို ပြဌာန်းထားပါသည်။

Pattern အတိုင်းအတာများကို တ‌စ်သဝေမသိမ်း လေ့လာမှတ်သားသင့်ပါသည်။ သွေဖည်မှုတစ်စုံတစ်ရာသည် သင်သတ်မှတ်ထားသော ရည်မှန်းချက်များ၏ လုပ်ဆောင်ချက်ကို နိမ့်ပါးစေသည်။ (အကြံပြုသည်မှာ အထက်ပါ level များမှ သွေဖည်မှုသည် 0.05 ကို မကျော်သင့်ပါ။)

Harmonic pattern များကို မည်သို့ ဆွဲပုံ

အထက်တွင် ဖော်ပြထားသကဲ့သို့ harmonic pattern အများစုသည် X၊ A၊ B၊ C နှင့် D အမှတ်များဖြင့် စျေးအတက်အကျလေးမျိုးပေါ်တွင် အခြေခံထားပါသည်။ Pattern အားလုံးနီးပါး၏ တည်‌‌ဆောက်ပုံသည် အောက်တွင် ခြုံငုံဖော်ပြထားသည့် နည်းစဥ်အဆင့်ဆင့်ကို ဆင်းသက်လာစေပါသည်။

ဦးစွာအနေဖြင့် သင်သည် chart အတွင်းရှိ double top (သို့) double bottom candlestick တစ်ခုကို ရှာတွေ့ရန် လိုအပ်ပါသည်။ ၎င်းသည် harmonic pattern တစ်ခုကို ရှာတွေ့ရန် ထို chart အား စိစစ်သုံးသပ်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ် တာဝန်ယူဆောင်ရွက်ပါသည်။

LiteFinance: Harmonic pattern များကို မည်သို့ ဆွဲပုံ

EURUSD ကုန်သွယ်ရေးသမိုင်းအတွင်း harmonic pattern တစ်ခု၏ ရှေးကျသောဥပမာတစ်ခုကို သင်မြင်တွေ့နိုင်ပါသည်။ သင်မြင်တွေ့ရမည်မှာ အားပြင်းသောအတက်လမ်းကြောင်းတစ်ခု နောက် လိုက်ပါလာသည့် ဘေးတိုက်ရွေ့လျားမှုတစ်ခုကို အညိုရောင်စက်ဝိုင်းဖြင့် မှတ်သားခဲ့ပါသည်။ တစ်စုံတစ်ဦးအနေဖြင့် အတက်လားရာ (အစိမ်းရောင်စက်ဝိုင်း) နှင့် ၎င်းအတွက် ပစ်မှတ်များကို မည်သို့ သတ်မှတ်ပုံကို တစ်ဆင့်ပြီးတစ်ဆင့် ကျွန်ုပ်အား ရှင်းပြခွင့်ပြုပါ။

Harmonic pattern တစ်ခုကို ခွဲခြားသတ်မှတ်ရန်အတွက် သင်သည် LiteFinance online တာမီနယ်ထဲတွင် ABCD pattern ဟုခေါ်သော အထူးကိရိယာတစ်ခုကို လိုအပ်ပါမည်။

LiteFinance: Harmonic pattern များကို မည်သို့ ဆွဲပုံ

အကယ်၍ သင်သည် MetaTrader ထဲတွင် ကုန်သွယ်ပါက ကျွန်ုပ်သည် harmonic pattern အညွှန်းကိန်းတစ်ခုကို သတ်မှတ်ခြင်းအား ထောက်ခံအားပေးပါသည်။ ဥပမာအားဖြင့် Shepherd Harmonic Pattern

LiteFinance: Harmonic pattern များကို မည်သို့ ဆွဲပုံ

ထို့နောက် အမြင့်ဆုံးနေရာများပေါ်၌ A နှင့် C အမှတ်များ ကျရောက်စေရန်အလို့ငှာ ABCD pattern ၏ အမှတ်များကို ချမှတ်ပါ။

LiteFinance: Harmonic pattern များကို မည်သို့ ဆွဲပုံ

ယခုအခါတွင် အမှတ် X ကို သတ်မှတ်ကြပါစို့။ ၎င်းကို XA လှိုင်း၏အောက်ခြေတွင် ထားရှိသင့်ပြီး A နှင့် C အမြင့်မှတ်များကဲ့သို့ တူညီသောလားရာအတွင်း နေရာချသင့်ပါသည်။ Wave XA ၏ အရေးကြီးသောဝိသေသတစ်ရပ်မှာ ၎င်းသည် wave AB ထက် အမြဲတမ်း ပိုမိုရှည်လျားပါသည်။

LiteFinance: Harmonic pattern များကို မည်သို့ ဆွဲပုံ

ထို့နောက် ယင်း pattern အတွင်းရှိ wave များ၏ အချိုးအစားကို ကျွန်ုပ်တို့ စစ်ဆေးပါမည်။ ထိုတွင် Fibonacci ဂရစ်ကို အသုံးတည့်လာပါသည်။ အထက်ပါ ဇယားအတွင်း ကျွန်ုပ်တို့ မြင်တွေ့ရသည်မှာ: wave AB သည် wave XA ၏ 0.382 Fibo ကို အတိအကျ ရောက်ရှိပါသည်။ ထိုတန်ဖိုးသည် ဖြစ်နိုင်ချေရှိသည့် pattern များ၏ အပိုင်းအခြားကို ကျဥ်းမြောင်းသွားစေပါသည်။ ကျွန်ုပ်တို့သည် အထက်ပါ ဇယားကွက်ကို ပြန်သွားပါက XA ၏ ကော်လံ B ထဲတွင် Bat ( သို့ ၎င်း၏ အခြားတစ်ခု)၊ Crab နှင့် Shark တို့သည်သာ ထိုတန်ဖိုးနှင့် အလားတူကိုက်ညီနေကြောင်းကို ကျွန်ုပ်တို့ မြင်တွေ့ရပါသည်။ ထို့ကြောင့် အထက်ပါ pattern များနှင့်သာ သက်ဆိုင်နေသည့် အခြားလှိုင်းများ၏ အချိုးအစားများကို ကျွန်ုပ်တို့ ထည့်သွင်းစဥ်းစားပါမည်။

အထက်ပါ chart ထဲတွင် ထိပ်ပိုင်း C သည် wave AB ၏ Fibonacci အမြင့် 0.84 ၌ ရှိကြောင်းကိုလည်း ကျွန်ုပ်တို့ မြင်တွေ့ရပါသည်။ အထက်ပါ ဇယား အရ ထိုတန်ဖိုးကို ကျွန်ုပ်တို့ စစ်ဆေးပါက Bat ( သို့ ၎င်း၏ အခြားတစ်ခု) နှင့် Crab တို့သည်သာ ထိုအတိုင်းအတာနှင့် ကိုက်ညီကြောင်းကို ကျွန်ုပ်တို့ မြင်တွေ့ရပါလိမ့်မည်။ ထိုသတ်မှတ်အတိုင်းအတာသည် Shark အတွက် မသင့်တော်ပေ၊ ထို့ကြောင့် ယင်း pattern ကို ပယ်ချနိုင်ပါသည်။

မှတ်သားရန် အရေးကြီးသည်မှာ ထိုအဆင့်၌ ရရှိခဲ့သည့် တန်ဖိုးသည် ဇယား ထဲတွင် ဖော်ပြထားသော သတ်မှတ်ချက်များကို ကျော်လွန်ခဲ့ပါက harmonic pattern များထဲမှ တစ်ခုသည် ပုံပေါ်လာရန် မဖြစ်နိုင်ပေ။ သို့သော် ကျွန်ုပ်တို့၏ ဥပမာထဲတွင် အရာတိုင်းသည် ကောင်းမွန်စွာ တည်ရှိနေပြီး ထိုတွင်ပင် ကျွန်ုပ်တို့သည် အမှတ် D ၏ နေရာကို ခန့်မှန်းနိုင်ပါသည်။ တနည်းအားဖြင့်ဆိုရသော် ပထမအမှတ်နှစ်ခုပေါ် အခြေပြု၍ ယာယီလမ်းကြောင်းကျဆင်းမှု ပမာဏကို ခန့်မှန်းရန် နှင့် ကုန်သွယ်ရေးဆုံးဖြတ်ချက်များကို ချမှတ်ရန်အတွက် အလားအလာရှိပြီး ဖြစ်ပါသည်။

ထိုအဆင့်၌ စျေးယာယီကျ၍ပြန်တက်ခြင်းသည် ပုံမပေါ်လာသေးပါက ထိုတွင် ကျွန်ုပ်တို့သည် ရည်မှန်းထားသည့်အမှတ်ကို ခန့်မှန်း တည်ဆောက်နိုင်ပါသည်။ ကျွန်ုပ်တို့၏ဖြစ်စဥ်ထဲတွင် အမှတ် D ၏ အဆုံးမှတ်ကို သိရှိပြီးချိန်တွင် ကျွန်ုပ်တို့သည် pips အကွာအဝေးကို တိုင်းတာပြီး ၎င်းကို မှတ်သားပါသည်၊ အမှန်စင်စစ်အားဖြင့် ယာယီစျေးတက်၍ ပြန်ကျမှု wave CD ၏ အနိမ့်ဆုံးအမှတ်၌ ဖြစ်ပါသည်။

Harmonic patterns များ၏ အချက်ပြမှုများ

သင်သည် pattern အမျိုးအစားတစ်ခုကို သတ်မှတ်ရာတွင် စဝင်မှတ်များကို သတ်မှတ်ရေးအတွက် ပင်မဇုန်လေးနေရာကို ဆုံးဖြတ်ရန် လိုအပ်ပါသည်။ ထို့နောက် ကုန်သွယ်မှုနေရာများကို ဖွင့်သောအခါ သင်သည် အတက်/အကျ ထောင့်နှင့် ဒေသစံတော်ချိန်များကို ထည့်စဥ်းစားရန် လိုအပ်ပါသည်။ အစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ် ကြည့်ရှုကြပါစို့။

Potential Reversal Zone (PRZ)

LiteFinance: Potential Reversal Zone (PRZ)

မည်သည့် pattern မဆိုတွင် စမှတ် နှင့် ဆုံးမှတ်ရှိပါသည်။ စစ်မှန်သော harmonic pattern တစ်ခုကို ခွဲခြားဖော်ထုတ်ပေးသည့် အရာသည် ဖြစ်နိုင်ချေရှိသည့် pattern အဆုံးမှတ်အား ရှင်းရှင်းလင်းလင်းဖော်ပြချက်တစ်ရပ်ပင် ဖြစ်ပါသည်။ Harmonic pattern တစ်ခုကို ဆန့်ကျင်ဘက်သို့ ပြောင်းလဲနေသည့် pattern များဖြင့် တင်ပြထားသောကြောင့် နောက်ဆုံး pattern အမှတ်ကို အများအားဖြင့် Potential Reversal Zone ဟုခေါ်ဝေါ်ကြပါသည်။ စိစစ်သုံးသပ်ချက်အရ pattern မှ ကန့်သတ်ထားသည့် ဘောင်အတွင်း Fibonacci အဆင့်များကို အသုံးပြုမှုဖြင့် ထို အမြင့်နေရာကို ဆုံးဖြတ်ပါသည်။ (ပုံကြမ်းကန့်သတ်ဘောင်အတွက်၊ ကျေးဇူးပြု၍ ဇယား ကိုကြည့်ပါ။)

အထက်တွင် စူးစမ်းလေ့လာခဲ့သော သာဓကဆီသို့ ကျွန်ုပ်တို့ ပြန်သွားပါက ခန့်မှန်းခြေ D အမှတ်သည် chart အတွင်းတွင် အနီရောင်ဖြင့် မှတ်သားထားသည့် PRZ ထဲသို့ကျရောက်သင့်ပါသည်။ နယ်မြေသတ်မှတ်ချက်များ (ဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများ) ကို ဖော်ပြပါ pattern များ၏ ပတ်လည်ဘောင်များဖြင့် ဆုံးဖြတ်ပါသည်။ ကျွန်ုပ်တို့၏ ဖြစ်စဥ်တွင် Bat နှင့် Crab ရှိကြပါသည်။ ထို့ကြောင့် Bat အတွက် PRZ အမြင့်ဆုံးသတ်မှတ်ချက်သည် XA wave ၏ D 0.886 ဖြစ်ပြီး Crab အတွက် အနိမ့်ဆုံးသတ်မှတ်ချက် 1.618 ဖြစ်ပါသည်။

ထိုနေရာပေါ်ရှိ စျေးနှုန်း၏အနေအထားသည် လွန်စွာအရေးကြီးသည့် အချက်တစ်ချက် ဖြစ်ပါသည်။ အကယ်၍ စျေးနှုန်းသည် PRZ ကို တုံ့ပြန်သက်ရောက်မှုမရှိပါက ထိုသည်မှာ လက်ရှိရွေ့လျားမှုအတွက် မြင့်မားသော အလားအလာကို ညွှန်းဆိုပြီး pattern တစ်ခုလုံး၏ တသမတ်တည်း တည်ငြိမ်မှုကို အငြင်းပွားဖွယ်ဖြစ်ပါသည်။ အမှတ် D သည် PRZ ကို မရောက်ရှိပါက ထို့နောက်တွင် လမ်းကြောင်းပြောင်း impulse wave ၏ ပစ်မှတ်များသည် မျှော်မှန်းထားသည့် ပစ်မှတ်များ အထက်တွင် ဖြစ်ပေါ်နိုင်ချေ ရှိပါသည်။

Stop Loss Zone (SLZ)

LiteFinance: Stop Loss Zone (SLZ)

ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲရေးအတွက် အရေးပါဆုံးသောအပိုင်းမှာ လက်ခံနိုင်ဖွယ်ရှိသော အရှုံးအနေအထားကို အလေးအနက်သတ်မှတ်ခြင်း ဖြစ်ပါသည်။ ဟာမိုနစ် ကုန်သွယ်ရေးတွင် ထိုနယ်နိမိတ်သည် Potential Reversal Zone ကို ကျော်လွန်၍ တည်ရှိပါသည်။ ထိုအမှတ်သည် ၎င်းကို မြင်သာစေသောကြောင့် pattern သည် တည်တံ့ခိုင်မြဲမှုမရှိပေ၊ ထို့ကြောင့် အရှုံးများကို ကန့်သတ်ရန်၊ ကြိုတင်ခန့်မှန်းချက် ပြန်လည်ဆန်းစစ်ရန် နှင့် အမှားများပြင်ဆင်ရန်တို့ကို လိုအပ်ပါသည်။ အထက်ပါ chart ထဲတွင် ထိုနယ်နိမိတ်သည် ရေပြင်ညီအစက်ချလိုင်း အောက်တွင် ရှိပါသည်။

Profit Protection Zone (PPZ)

LiteFinance: Profit Protection Zone (PPZ)

အရေးကြီးဆုံးသော ကုန်သွယ်ရေး စည်းမျဥ်းမှ ဆိုထားသည်မှာ

“သင်သည် သင့်၏အမြတ်များကို ဆုံးရှုံးမှုများအဖြစ်သို့ ပြောင်းလဲသွားရန် လုံးဝခွင့်မပြုသင့်ပါ။”

ထိုစည်းမျဥ်းပေါ်အခြေခံ၍ စျေးကွက်ကို မဝင်ရောက်မီ သင်သည် Profit Protection Zone ကို သတ်မှတ်ရန် လိုအပ်ပါသည်- အကယ်၍ စျေးလမ်းကြောင်း ဆန့်ကျင်ပြောင်းလဲ၍ Stop Loss Zone ကို ရောက်ရှိလာပါက ထိုနေရာတွင် သင်သည် အရင်းကြေရလဒ်တစ်ခုကို သေချာစေရန် အမြတ်တစ်ချို့တစ်ဝက်ကို ပြင်ဆင်သတ်မှတ်ရပါလိမ့်မည်။ အထက်ပါ chart ထဲတွင် ထိုနယ်နိမိတ်သည် အပြာရောင်အစက်ချလိုင်းနှင့် အမှတ် D အမြင့်ကြားတွင် ရှိပါသည်။

Initial Profit Objective (IPO)

LiteFinance: Initial Profit Objective (IPO)

ကုန်သွယ်ရေးနည်းဗျူဟာတစ်ရပ်ကို ပဓာနမထားဘဲ အာမခံအမှတ်နေရာတစ်ခုကို ဆုံးဖြတ်ရန် အရေးကြီးလှပါသည်။ ဟာမိုနစ်ကုန်သွယ်ရေးက ညွှန်းဆိုထားသည်မှာ Initial Profit Objective သည် 38.2 နှင့် pattern၏ အခြေ 61.8% ၌ ရှိပါသည်။ အကယ်၍ စျေးနှုန်းသည် ထိုနေရာကို ရောက်ရှိသော်လည်း ၎င်းကို ခြုံငုံကာမိရန် မလုံလောက်ပါက အမြတ်များ၏ တစိတ်တဒေသကို ယူထားသင့်ပါသည်။ ကုန်သည်အချို့၏ စောင့်ကြည့်လေ့လာချက်များအရ သူတို့သည် တွေ့ရှိထားသော အရေးကြီးအချက်ပြမှုများ နှင့်တကွ ဆန့်ကျင်ပြောင်းလဲနေသည့် အမှတ်တစ်နေရာတွင် စျေးကွက်သို့ ဝင်ရောက်ပါက ပို၍မြင့်မားသောဖြစ်နိုင်ချေဖြင့် pattern ၏ အခြေ 61.8% အမြင့်တစ်နေရာကို ရောက်ရှိပါလိမ့်မည်။ ထို့သို့ကြောင့်ပင် ယင်းအမှတ်ကို အရင်းကြေအမှတ်တစ်ခုအဖြစ်လည်း မကြာခဏ ရွေးချယ်ခံရပါသည်။

အထက်ပါ chart ထဲတွင် ထိုသို့သော levels (အမြင့်နေရာများ) ကို အစိမ်းဖျော့နှင့် အဝါ-အစိမ်း ဧရိယာများကြားရှိ အနားသတ်နယ်နိမိတ်၌ Fibonacci ဂရစ်ဖြင့် မှတ်သားထားပါသည်။

သင် ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်လိုက်သည်နှင့်အမျှ အောက်ပါကို ထည့်သွင်းစဥ်းစားသင့်ပါသည်။

အတက်/အကျ၏ ထောင့်ချိုး

LiteFinance: အတက်/အကျ၏ ထောင့်ချိုး

ဟာမိုနစ်ကုန်သွယ်ရေးသည် လမ်းကြောင်းပြောင်းလဲမှုဇုန်အတွင်းတွင် ဈေးရွေ့လျားမှု၏ ထောင့်ချိုး အတိမ်းအစောင်းကို မသတ်မှတ်သော်လည်း စျေးကွက်သည် လမ်းကြောင်းကို ကျော်လွန်၍ အတက်အကျ ဖြစ်ပေါ်မည့်အစား တည်ငြိမ်ပြန့်ပြူးသွားပါက ထိုသည်မှာ ခန့်မှန်းချက်များနှင့် ကုန်သွယ်ရေးပစ်မှတ်များ တကျော့ပြန်လည် ပြင်ဆင်ခြင်းကို ညွှန်ပြပါသည်။

အထက်ပါ chart တွင် ဆုံချက်အမှတ်မှ စျေးပြောင်းလဲမှုလှိုင်းလမ်းကြောင်းကို အပြာရောင်အစက်ချလှိုင်းဖြင့် မှတ်သားထားပါသည်။ စျေးနှုန်းသည် လမ်းကြောင်းနောက်ကို လိုက်ပါနေသည်ကို သင်မြင်တွေ့ရပါမည်။ သို့သော် အစိမ်းရောင်မြှားဖြင့် မှတ်သားထားသကဲ့သို့ လမ်းကြောင်းဖောက်ကျော်မှုတစ်ရပ်၊ ဘေးတိုက်အရွေ့လမ်းကြောင်းတစ်ခု (သို့) စျေးထိုးကျမှုတို့ ဖြစ်လာခဲ့လျှင် ထိုသည်မှာ ထွက်ခွာရန်အချက်ပြမှုတစ်ခု ဖြစ်ပါသည်။

ဒေသစံတော်ချိန်

သင်သိရှိပြီးသည့်အတိုင်း harmonic trading patterns များအားလုံးသည် Fibonacci ကိန်းဂဏန်းများပေါ်တွင် အခြေခံပါသည်။ ထိုနည်းဥပဒေသည် စျေးနှုန်းအဆင့်နေရာများကို သာမကဘဲ အချိန်ကာလများပါမကျန် သက်ဆိုင်ပါသည်။

LiteFinance: ဒေသစံတော်ချိန်

စံပြု harmonic pattern တစ်ခုမှ သွယ်ဝိုက်ညွှန်းဆိုထားသည်မှာ ဘယ်ဘက် XB ‌တောင်ပံပုံဖြစ်ပေါ်လာမှု၏ အချိန်ကာလများနှင့် ညာဘက် BD တောင်ပံပုံပေါ်ပေါက်လာမှုတို့သည် တထပ်တည်းကြရပါမည်။ သို့သော် ထိုအချိုးအစားကို ရှားပါးခဲယဥ်းစွာ တွေ့မြင်ရခဲပါသည်၊ ထိုသို့ကြောင့် ခိုင်မာမှုအတွက် pattern တစ်ခုကို စစ်ဆေးရန်အလို့ငှါ BD အကွာအဝေးသည် XB အကွာအဝေး၏ 0.382 -1.618 နှင့်ညီမျှသည့်နေရာတွင် ကန့်သတ်ဘောင်ကို စည်းတားမှတ်သားရပါသည်။

အထက်ပါ chart တွင် ထိုနယ်နိမိတ်ဇုန်ကို အစိမ်းရောင်ဖြင့် မှတ်သားထားပါသည်။ အမှတ် D သည် ထိုဇုန်အတွင်းတွင် ရှိသည်မှာ ထင်ရှားပါသည်။

တူညီသောနည်းဥပဒေသည် Potential Reversal Zone နောက်ပိုင်း လမ်းကြောင်းရွေ့လျားမှုတစ်ရပ်တွင် အသုံးပြုပါသည်။

LiteFinance: ဒေသစံတော်ချိန်

အမှတ် D ၌ စတင်ခဲ့သည့် ထိုရွေ့လျားပြောင်းလဲမှု၏ အရှည်ကို BD အပိုင်း 0.382 - 1.618 ၏ အချိန်ကာလဇုန်ထဲတွင် ထည့်သွင်းထားပါသည်။

ကျွန်ုပ်တို့၏ ဥပမာမှ သင်မြင်တွေ့ရသည်မှာ အတက်အကျပြောင်းလဲမှုလှိုင်းသည် ထိုအချိန်ကာလအတွင်းသို့ ကျရောက်ပါသည်။

Harmonic pattern ၏ အောင်မြင်မှုနှုန်း

3000 ထက်ပိုမိုသော pattern များ၏ စည်းစနစ်တကျစမ်းသပ်မှုများမှ ပြဆိုခဲ့သည်မှာ Gartley၊ Bat နှင့် Crab ဟာမိုနစ်ကုန်သွယ်ရေး pattern များသည် ကုန်သွယ်ရာတွင် 85% ထက်ပို၍ မှန်ကန်စွာ လုပ်ဆောင်နိုင်စွမ်းရှိပါသည်။ ထိုထုတ်ပြန်ချက်သည် bullish နှင့် bearish pattern နှစ်မျိုးစလုံးအတွက် မှန်ကန်ပါသည်။ တစ်ခုတည်းသော ချွင်းချက်မှာ Bull Crab ဖြစ်ပါသည်၊ ၎င်း၏ တိကျသေချာမှုသည် 82-83% သို့ လျော့ကျပြီး ထိုသည်မှာ အခြား pattern များမှ ထူခြားစွာ ကွဲပြားခြားနားမှုမရှိပါ။

LiteFinance: Harmonic pattern ၏ အောင်မြင်မှုနှုန်း

တချိန်တည်းမှာပင် သင့်၏ ကိုယ်ပိုင်ကုန်သွယ်ရေး အောင်မြင်မှုသည် ပျမ်းမျှညွှန်းဆိုချက်များနှင့် ကွဲလွဲနိုင်ပါသည်။ ရလဒ်သည် pattern များ၏ တိကျသေချာမှုသာမက စွန့်စားမှုများကို စီမံခန့်ခွဲရန် ကုန်သည်၏အရည်အချင်းပေါ်တွင်လည်း မူတည်ပါသည်။

ကျွန်ုပ်၏ ကိုယ်တွေ့အတွေ့အကြုံအရ ကျွန်ုပ်သည် လုပ်ငန်းစဥ်များ၏ 65% -75%ကို အမြတ်ထွက်ပေါ်ပါသည်။ သင်သည် ကျွန်ုပ်၏ရလဒ်များနှင့် အနီးစပ်ဆုံးတူရန် စီမံခန့်ခွဲပါက ထိုနောက်တွင် သင့်၏ကုန်သွယ်ရေးသည် ‌အသေအချာပင် အမြတ်ရရှိနိုင်ပါလိမ့်မည်။ နားလည်ရန် အရေးကြီးသည်မှာ စစ်တမ်းနှင့် ခန့်မှန်းချက်များ၏ စွမ်းဆောင်ရည်အပြင် ငွေကြေးစီမံခန့်ခွဲမှု၊ take profit (အမြတ်ယူရန် နေရာ) နှင့် stop loss (ဆုံးရှုံးမှုကန့်သတ်စျေးတန်း) ကို မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်း တို့နည်းတူ ကုန်သွယ်မှု ဝင်ရောက်အမှတ် နှင့် ထွက်ခွာအမှတ်များ တို့သည် ကုန်သွယ်ရေးတွင် အမြတ်ထွက်မှုအလုံးစုံအား အကျိုးသက်ရောက်ပါသည်။

ထိုအရာသည် လက်တွေ့တွင် မည်သို့အလုပ်လုပ်ပုံကို ကြည့်ကြပါစို့။

Bat harmonic pattern

Bat pattern တစ်ခုကို တူညီသောတောင်ပံပုံ အပိုင်းနှစ်ပိုင်းဖြင့် ခွဲခြားနိုင်ပါသည်။ အခြားဝိသေသလက္ခဏာရပ်မှာ ထိုစျေးနှုန်းသည် bullish pattern တစ်ခုထဲရှိ စျေးတန်းအမြင့်နေရာ (သို့) bearish တစ်ခု၏ အနိမ့်နေရာကို မဖြတ်ကျော်နိုင်ပါ။

Bearish Bat

LiteFinance: Bearish Bat

Bearish Bat ၏ အနေအထားသတ်မှတ်ချက်များ

  • Wave XA သည် အောက်သို့ဆိုက်ကျနေပါသည်။
  • AB သည် အပေါ်သို့ တက်ပြီး XA ၏ 32.2%–50% အတိုင်းအတာရှိပါသည်။
  • BC သည် AB ၏ 38.2%–88.6% နေရာသို့ ကျဆင်းသွားပါသည်။
  • CD သည် pattern အတွင်းရှိ နောက်ဆုံး wave ဖြစ်ပြီး ၎င်းသည် AB ၏ 161.8%–261.8% အကွာအဝေးတစ်ခု၌ မြင့်တက်နေပါသည်၊ သို့သော် ထိုသည်မှာ XA wave ၏ ခန့်မှန်းသတ်မှတ်ချက် အစွန်း အတွင်းတွင် ရှိပါသည်။

ဗဟိုချက်အမှတ် D တဝိုက်တွင် အရောင်းကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ရန် အကြံပြုပါသည်။ Stop Loss ကို အမှတ် X ထက်ပိုမြင့်၍ သတ်မှတ်ပါ။ မျှော်မှန်းအမြတ်များကို သတ်မှတ်ရန် ကျွန်ုပ်သည် အမှတ် A မှ အမှတ် D ထိ Fibonacci ဂရစ်ကို ဆွဲဆန့်၍တိုးချဲ့လိုက်ပါသည်။ ပထမဆုံးမျှော်မှန်းပစ်မှတ်ကို 61.8% ၌ သတ်မှတ်ပြီး ဒုတိယမြောက်ပစ်မှတ်သည် အမှတ် A အမြင့်နေရာ၌ ဖြစ်ပါသည်။

Bullish bat

LiteFinance: Bullish bat

Bullish Bat တစ်ခုအတွက် သတ်မှတ်အကြောင်းအချက်များ

  • XA သည် မြင့်တက်သွားပါသည်။
  • AB သည် XA ၏ 32.2%-50% နေရာသို့ ထိုးကျသွားပါသည်။
  • BC သည် AB ၏ 38.2%–88.6% အကွာအဝေးထိသို့ မြင့်တက်လာပါသည်။
  • CD သည် AB ၏ 161.8%–261.8% တိုးချဲ့မှုနှင့်အညီ အောက်သို့ကျဆင်းသော်လည်း ၎င်းသည် XA အပိုင်းအခြားအတွင်း ဖြစ်ပါသည်။

စျေးကွက်သည် အမှတ် D ၌ ယာယီစျေးကျ၍ ပြန်တက်ပါသည်။ တစ်စုံတစ်ဦးအနေဖြင့အနေဖြင့် ထိုနေရာတွင် အဝယ်ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်သင့်ပါသည်။ stop loss (ဆုံးရှုံးနိုင်ချေကန့်သတ်စျေးတန်း) တစ်ခုကို အမှတ် X ထက်အနည်းငယ် ပိုနိမ့်၍ သတ်မှတ်ပါ။ ထိုစျေးရွေ့လျားမှုများအတွက် မျှော်မှန်းပစ်မှတ်များကို တူညီသောနည်းလမ်းဖြင့် သတ်မှတ်ထားပါ။ Fibonacci ဂရစ်ပေါ်တွင် 61.8% နှင့် 100% တို့သည် A မှ D ထိ ချဲ့ထွင်ခဲ့ကြပါသည်။

Shark Harmonic Pattern

ထို pattern သည် expanding triangle chart pattern နှင့် ဆင်တူပါသည်။ ထိုဖွဲ့စည်းမှုပုံစံကို ပိုမိုလွယ်ကူစွာ မှတ်မိစေရေးအတွက် သင်သည် သားကောင်နောက်သို့ လိုက်ဖမ်းနေသည့် ပါးစပ်ဟထားသော ငါးမန်းတစ်ကောင်၏ အသွင်အပြင်ကို မြင်ယောင်ကြည့်နိုင်ပါသည်။ ထို pattern ထဲတွင် အဆုံးသတ်လှိုင်းသည် ၎င်း၏ အလျားအတိုင်း ယခင်လှိုင်းများအားလုံးကို ဝါးမျိုသိမ်းယူလိုက်ပါသည်။

တြိဂံတစ်ခုကဲ့သို့ပင် Shark သည် လမ်းကြောင်းဆက်လက်ဖြစ်ပေါ်နိုင်ချေကို ပြဆိုပါသည်။ သို့သော် ထိုသည်မှာ ကိစ္စတိုင်းအတွက် မဟုတ်ပေ။ အကယ်၍ bulls (သို့) bears ၏ ဆောင်ရွက်ချက်များသည် လမ်းကြောင်း ရှေ့ဆက်ရန် မလုံလောက်ပါက အခြားတစ်ဖက်တွင် အစပြု လုပ်‌ဆောင်ပါသည်။ သို့သော် ယာယီစျေးပြင်ဆင်ချက်တစ်ခုအစား လမ်းကြောင်းသည် နောက်ဆုံးအနေဖြင့် ဆန့်ကျင်ပြောင်းလဲပါက 5-0 pattern တစ်ခု ဖြစ်ပေါ်လာပါမည်။ အစပိုင်းတွင် ၎င်းသည် Shark တစ်ခုနှင့် အလားသဏ္ဍာန်တူပြီး လမ်‌ကြောင်းပြောင်းလဲဖြစ်ပေါ်မှုတစ်ရပ် ပြီးနောက်မှသာလျှင် ၎င်းကို အပြီးသတ် ဆုံးဖြတ်ရပါမည်။

Bearish shark harmonic pattern

LiteFinance: Bearish shark harmonic pattern

Bearish shark ဝိသေသလက္ခဏာရပ်များ

  • BC သည် ကျဆင်းသွားပြီး AB ၏ 112.8%-168.1% တွင်ဖြစ်ပါသည်။ တနည်းအားဖြင့် အမှတ် C သည် အမှတ် A ထက် အမြဲတမ်း ပိုမိုနိမ့်ကျပါသည်။
  • CD သည် အထက်သို့တက်သွားပြီး XA ၏ 88.6%-112.8% ကိုရောက်ရှိပါသည်။

စည်းမျဥ်းတစ်ခုအနေဖြင့် နောက်ဆုံး wave သည် အရှည်ဆုံးဖြစ်ပါသည်၊ ထို့ကြောင့် Fibonacci ဆက်ကြောင်းကို ၎င်းပေါ်တွင် တည်ဆောက်ကြပါသည်။ Shark အတွက် ရည်မှန်းပစ်မှတ်များကို Bat နှင့် နှိုင်းယှဥ်ချိန်ဆခြင်းအားဖြင့် ရွေးချယ်ကြပါသည်၊ အနီးစပ်ဆုံးတစ်ခုမှာ 61.8% ဖြစ်ပြီး အဝေးဆုံးတစ်ခုမှာ အမှတ် C နေရာ၌ ဖြစ်ပါသည်။ Bearish Shark ဖြစ်ခဲ့ပါက stop loss ကို အမှတ် D ၏ အထက်နားနီးတွင် သတ်မှတ်ရပါမည်။

Bullish shark harmonic pattern

Bullish shark တစ်ခုတွင် အမြင့်ဆုံးအဆင့်များ A နှင့် C တို့ ပါဝင်ပါသည်။ ကျန်သည့် တည်‌ဆောက်ဖွဲ့စည်းပုံသည် bearish shark ၏ ဖွဲ့တည်ပုံနှင့် တူညီပါသည်။

Bullish shark တစ်ခုအတွက် သတ်မှတ်အနေအထားများ

  • BC သည် မြင့်တက်ပြီး AB ၏ 112.8%-168.1% တွင်ဖြစ်ပါသည်။
  • CD သည် အောက်သို့ ကျပြီး XA လမ်းကြောင်း၏ 88.6%-112.8%တွင် ဖြစ်ပါသည်။

Fibonacci extension သည် CD လမ်းကြောင်းပေါ်တွင် အခြေခံပါသည်။ အနီးဆုံးရည်မှန်းပစ်မှတ်မှာ61.8% ဖြစ်ပြီး အဝေးဆုံးတစ်ခုမှာ 100% ဖြစ်ပါသည်။ Stop loss တစ်ခုသည် အမှတ် D ထက် အနည်းငယ်ပိုနိမ့်ပါသည်။

LiteFinance: Bullish shark harmonic pattern

အထက်ပါ chart တွင် ကျုံ့နေသော CD အခြေတစ်ခုနှင့်အတူ bullish shark တစ်ခု၏ ဥပမာကို ပြသထားပါသည်။ ထိုအရာသည် pattern ကို မချိုးဖောက်သော်လည်း အဝယ်ကုန်သွယ်မှုတစ်ခုအတွက် မျှော်မှန်းစျေးတန်းပစ်မှတ်များကို ရှင်းလင်းမှုနည်းပါးစေပါသည်။ နောက်ဆုံးတွင် ဆန့်ကျင် ပြောင်းလဲရွေ့လျားမှုကို ပြတ်တောက်စေခဲ့ပါသည်။ ဆက်လက်တိုးပွားလာမှု မရှိတော့ပါ။

Crab harmonic pattern

Crab ကို တိကျသေချာဆုံးသော pattern များထဲမှတစ်ခုအဖြစ် မှတ်ယူကြပါသည်။ ထို pattern ကို လှိုင်းလေးခုဖြင့် ဖွဲ့စည်းထားပါသည်၊ ထိုသည်မှာ ဖြစ်‌ပေါ်နေဆဲလမ်းကြောင်း၏ မကြာမီအတွင်း အဆုံးသတ်မှုတစ်ရပ်ကို ဆိုလိုပါသည်။ ထို crab pattern ကို လွယ်ကူစွာ ရှာဖွေတွေ့ရှိပါသည်၊ အကြောင်းရင်းမှာ ဂဏန်းလက်မတစ်ခုနှင့် အလားတူသည့် ဆက်လက်တိုးချဲ့သွား‌နေသော CDလှိုင်းကြောင့် ဖြစ်ပါသည်။

Bearish crab harmonic pattern

LiteFinance: Bearish crab harmonic pattern

အနေအထားများ

  • AB သည် အထက်သို့တက်သွားပြီး XA ၏ 38.2%–61.8% တွင်ဖြစ်ပါသည်။
  • BCသည် အောက်သို့ လျောဆင်းသွားပြီး AB ၏ 38.2% မှ 88.6% အထိ တိုးချဲ့ရောက်ရှိပါသည်။
  • CD သည် AB ၏ 224%–361.8% တွင်ဖြစ်ပါသည်။ CD သည် XA အချိုး၏ 161.8% ကို မကြာခဏ ရောက်ရှိတတ်ပါသည်။

အကောင်းဆုံးစံပြ ဝင်ရောက်မှတ်မှာ အမှတ် D ဖြစ်ပြီး ထိုအမှတ် ဖြစ်ပေါ်ချိန်တွင် အရောင်းကုန်သွယ်မှုတစ်ခုကို ဝင်ရောက်နိုင်ပါသည်။ မျှော်မှန်းပစ်မှတ်များသည် pattern အနိမ့်ဆုံးနေရာများပေါ်တွင် အခြေခံပါသည်။ အနီးဆုံးမျှော်မှန်းပစ်မှတ်မှာ B အဆင့်နေရာ၌ ဖြစ်ပြီး အဝေးဆုံးပစ်မှတ်မှာ အမှတ် A ဝန်းကျင်တွင် ဖြစ်ပါသည်။

Bullish crab harmonic pattern

LiteFinance: Bullish crab harmonic pattern

အနေအထားများ

  • AB သည် အောက်သို့ ကျဆင်းပြီး XA ၏ 38.2%–61.8% တွင်ဖြစ်ပါသည်။
  • BC အပေါ်သို့ တက်ပြီး AB၏ 38.2% မှ 88.6% အထိတွင် ဖြစ်ပါသည်။
  • CD သည် AB ၏ 224%–361,8% (သို့) XA ၏ 161.8% တွင် ဖြစ်ပါသည်။

အမှတ် D ဖြစ်ပေါ်ချိန်တွင် တစ်စုံတစ်ဦးအနေဖြင့အနေဖြင့် အဝယ်ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်နိုင်ပါသည်။ အနီးဆုံးရည်မှန်းပစ်မှတ်မှာ အမှတ် B ဖြစ်ပြီး အဝေးဆုံးပစ်မှတ်မှာ အမှတ် A အဆင့်နေရာ၌ ဖြစ်ပါသည်။

Butterfly harmonic pattern

Butterfly သည် ဆန့်ကျင်ဘက် ဖွဲ့စည်းပုံ တစ်ခု ဖြစ်ပြီး crab တစ်ခုနှင့် ဆင်တူသော်လည်း CD သည် ရှည်လျားခြင်းမရှိသောကြောင့် XAB နှင့် BCD တြိဂံပုံများကို အမြင်အရ ခေါက်ချိုးညီလုနီးပါး ထင်ရပါသည်။ ထို့ကြောင့် ဤတွင် နှိုင်းယှဥ်ခြင်းအတွက် Bat pattern တစ်ခုတည်းကို အကြံပြုပါသည်၊ သို့သော် Butterfly တွင် wave CD သည် wave XA ထက် အမြဲတမ်း ပိုမိုရှည်လျားပါသည်။

Bullish butterfly harmonic pattern

LiteFinance: Bullish butterfly harmonic pattern

အနေအထားများ

  • XA မြင့်တက်လာပါသည်။
  • ထို့နောက် AB သည် XA မှ 78.6% အကွာတွင် နောက်ပြန်ဆုတ်လျော့ကျသွားပါသည်။
  • BC သည်မြင့်တက်လာပြီး AB ၏ 32.2%–88.6% ကို ရောက်ရှိပါသည်။
  • CD သည် ကျဆင်း၍ AB ၏ 161.8%–224%၊ BC ၏ 161.8%–261.8% နှင့် XA ၏ 127.2% အထိသို့ ရောက်ရှိပါသည်။

ကုန်သွယ်မှုတစ်ခုကို အမှတ် D ဝန်းကျင်တွင် ဝင်ရောက်ပါ။ အနီးဆုံးရည်မှန်းပစ်မှတ်မှာ အမှတ် B အဆင့်နေရာ ဖြစ်ပြီး အဝေးဆုံးပစ်မှတ်မှာ အမှတ် A ၌ ဖြစ်ပါသည်။

Bearish butterfly harmonic pattern

LiteFinance: Bearish butterfly harmonic pattern

အနေအထားများ

  • XA သည် ကျဆင်းသွားပါသည်။
  • AB သည် အထက်သို့ မြင့်တက်ပြီး XA မှ78.6% တွင် နောက်သို့ ပြန်လည်လျော့ကျသင့်ပါသည်။
  • BC သည် ကျဆင်းသွားပြီး AB ၏ 32.2%–88.6% ကို ရောက်ရှိပါသည်။
  • CD သည် အပေါ်သို့ တက်လာပြီး AB ၏ 161.8%–224%၊ BC ၏ 161.8%–261.8% နှင့် XA ၏ 127.2% အထိသို့ ရောက်ရှိပါသည်။

အမှတ် D ပုံပေါ်ချိန်တွင် သင်သည် အမှတ် B နှင့် A ၌ မျှော်မှန်းပစ်မှတ်များဖြင့်ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်နိုင်ပါသည်။

Gartley harmonic pattern

Gartley pattern သည် လက်ရှိရေပန်းစားနေသော စျေးကွက်ထဲတွင် retracement (ယာယီစျေးပြောင်းလဲမှုအား ခြေရာကောက်ခြင်း) ကို အကြံပြုပါသည်။ ထို့ကြောင့် လမ်းကြောင်းအလုံးစုံသည် များသောအားဖြင့် Gartley pattern တစ်ခုပြီးပြည့်စုံပြီးနောက်တွင် ဆက်လက်ဖြစ်ပေါ်ပါသည်။ Bullish pattern တစ်ခု နောက်တွင် စျေးကွက် မြင့်တက်လာမှုတစ်ခုဖြင့် လိုက်လာပါလိမ့်မည်၊ ထို့နောက် bearish pattern တစ်ခုအပြီးတွင် စျေးကွက်ကျဆင်းမှု ဖြစ်ပွားလာပါမည်။ Gartley သည် harmonic pattern တစ်ခုဖြစ်သောကြောင့် အတက်အကျတိုင်းသည် သီးခြားကန့်သတ်ထားသည့် Fibonacci အဆင့်နေရာများနှင့် ကိုက်ညီရပါမည်။ ထို pattern ကို chart ထဲတွင် X၊ A၊ B၊ C နှင့် D အမှတ်ငါးနေရာဖြင့် ဖွဲ့စည်းထားပါသည်။

Bearish Gartley

LiteFinance: Bearish Gartley

Bearish pattern သည် အက္ခရာ W နှင့် ဆင်တူပါသည်။ Gartley ကို developing triangle ပုံတစ်ခု၏ အစိတ်အပိုင်းတစ်ခုအဖြစ် မကြာခဏ မြင်တွေ့နိုင်ပါသည်။ အများအားဖြင့် ၎င်းကို စျေးလမ်းကြောင်း ဖွံ့ဖြိုးလာမှု၏ အစောပိုင်းကာလများ၌ တွေ့ရှိရပြီး ယာယီဈေးပြင်ဆင်ချက် လှိုင်းများ၏ ပြီးပြည့်စုံမှုကို ရှေ့ပြေးဦး‌ဆောင်နေပါသည်။

Bearish Gartley တစ်ခုတွင် အောက်ပါ လက္ခဏာရပ်တို့ ရှိပါသည်။

  • XA သည် အောက်သို့ ကျဆင်းသွားပါသည်။
  • AB သည် မြင့်တက်လာပြီး 61.8%. ဖြင့် XA ကို ပြန်လည်ခြေရာခံပါသည်။
  • BC ၏ ကျဆင်းမှုမှာ AB ၏ 38.2% - 88.6% ဖြစ်ပါသည်။
  • CD သည်မြင့်တက်လာပြီး BC ၏ 127.2%-161.8% တွင် ဖြစ်ပါသည်။
  • Wave အခွဲ သုံးခုဖြင့် ဖွဲ့စည်းထားသည့် AD ဖြစ်ပေါ်မှုသည် မြင့်တက်လာပြီး XA ပြောင်းလဲမှု၏ 78.6% ဖြစ်ပါသည်။
  • အမှတ် D (Potential Reversal Zone) ၌ A မှ D အကွာအ‌ဝေးကို Fibonacci ဆက်ကြောင်း၏ 161.8% တွင် ခန့်မှန်းသတ်မှတ်ထားသင့်ပါသည်။

Bearish Gartley တစ်ခုထဲတွင် အမှတ် A၊ B နှင့် C နေရာများ၌ ယာယီမျှော်မှန်းပစ်မှတ် သုံးခုတို့ရှိပါသည်၊ အလားတူစွာ AD ၏ 161.8% တွင် ရေရှည်ပစ်မှတ်တစ်ခု ရှိပါသည်။

Bullish Gartley harmonic pattern

LiteFinance: Bullish Gartley harmonic pattern

Bullish Gartley သည် အက္ခရာ M နှင့် ဆင်တူပါသည်။ အမှတ် D ပုံပေါ်ပြီးနောက် လမ်းကြောင်းရွေ့လျားမှု ဆက်လက်ဖြစ်ပေါ်ပါသည်။

Bullish Gartley အတွက် အနေအထားများ

  • XA မြင့်တက်လာပါသည်။
  • AB သည် နိမ့်ဆင်းပြီး XA ၏ 61.8% ဖြစ်ပါသည်။
  • BC သည် အပေါ်သို့ တက်လာပြီး AB ၏ 38.2% - 88.6% ဖြစ်ပါသည်။
  • CD သည် နိမ့်ကျသွားပြီး BC ၏ 127.2% - 161.8% ဖြစ်ပါသည်။
  • AD ဖြစ်ပေါ်မှုသည် အောက်ဘက်သို့ ဦးတည်ပြီး XA ၏ 78.6% ဖြစ်ပါသည်။
  • အမှတ် D ၌ ခန့်မှန်းရွေ့လျားမှုမှာ အတက်ဘက်သို့ ဖြစ်ပြီး AD ၏ 161.8% ဖြစ်ပါသည်။

ထိုတွင် bullish Gartley တစ်ခုထဲတွင် အမှတ် B၊ C နှင့် D ၌ ရည်မှန်းထားသော စျေးတန်းပစ်မှတ်သုံးခု ရှိပါသည်၊ ထို့နည်းတူစွာပင် AD ၏ 161.8% တွင် စျေးတန်း ဆန့်ကျင်ပြောင်းလဲမည့် ပစ်မှတ် ရှိပါသည်။

Harmonic pattern များ၏ ကောင်းကျိုးနှင့်ဆိုးကျိူးများ

အားသာချက်များ

အားနည်းချက်များ

Harmonic pattern များအတွက် အချက်အလက်နှင့် အကြောင်းအရာအားလုံးသည် ရှင်းလင်း၍ တိကျပါ သည်။ ကုန်သည်သည် တိကျသော လှိုင်းအချိုး၊ ဆုံချက် အမှတ်များနှင့် စျေးတန်းနေရာများဖြင့် အရောင်းအဝယ် ပြုလုပ်ပါသည်။ ထိုသည်မှာ အသင့်တော်ဆုံး စျေးကွက် အဝင်အမှတ်များအတွက် ရှာဖွေ ထောက်လှမ်းမှု ကို များစွာ လွယ်ကူရိုးရှင်း စေပါသည်။

Harmonic pattern အမျိုးမျိုးတို့သည် လွန်စွာ ကျယ်ပြန့်ပြီး ၎င်းတို့၏ သွင်ပြင် လက္ခဏာတို့သည် များစွာ ရှုပ်ထွေးပါသည်။ ထို့ကြောင့် အတွေ့အကြုံနည်းပါးသော ကုန်သည် များ ကို နားလည်ရန်ခက်ခဲစေပြီး မှားယွင်းသော ကုန်သွယ်ရေး ဆုံးဖြတ်ချက် များကို ဖြစ်စေပါသည်။

Pattern တိုးတက်ဖြစ်ပေါ်မှုအတွက် စိတ်ချယုံကြည်ရမှု။ အသွင်အပြင်ပုံစံအပြင် harmonic pattern များ၏ အမှန်အကန်ကို လှိုင်းများကြားရှိဆက်နွယ်မှုများအား သုံးခြင်းဖြင့် စတင်ဆောင်ရွက်ကြပါသည်။ ထို့အပြင် ရှုပ်ထွေးသောဖွဲ့စည်းပုံ အမြောက်အများတို့ကို အနီးစပ်ဆုံး တစ်ခုနှင့် သာမက သီးခြားအချိုးများနှင့်အတူ အတက်အကျအချို့ဖြင့်လည်း နှိုင်းယှဥ်နိုင်ပါသည်။

ထို pattern ကို စျေးရွေ့လျားမှုများ၏ ခန့်မှန်းခြေအလားအလာဖြင့် အမြဲတမ်း အတည်ပြု၍မရပါ။ ပုံပါ ဥပမာမှာ Shark pattern ဖြစ်ပြီး လမ်းကြောင်း ဆန့်ကျင်ပြောင်းလဲမှု ဖြစ်စဥ်တွင် ၎င်းသည် လုံးဝ ကွဲပြားခြားနားသော 5-0 pattern အဖြစ်သို့ ပြောင်းလဲသွားပါသည်။

Harmonic patterns များသည် chart ထဲတွင် မကြာခဏ လုံလောက်စွာ ဖြစ်ပေါ်သောကြောင့် ကုန်သည်များသည် သူတို့၏ ကုန်သွယ်ရေးစနစ်များ ထဲတွင် ၎င်းတို့ကို ပုံမှန် အသုံးပြုနိုင်ပါသည်။

Harmonic patterns များကို ခွဲခြားစိတ်ဖြာခြင်း အတွက် တိကျသော အလိုအလျောက် ကိရိယာတို့ လုံလောက်စွာ မရှိပါ။

Harmonic patterns များ သည် စျေးကွက်များနှင့် အချိန်ကာလ အမျိုးအစားအားလုံး အတွက် အလုပ်ဖြစ်စေပါသည်။

ကွဲပြားခြားနားသည့် အချိန်ကာလများ ဖြစ်သော်လည်း တူညီသော chart အပိုင်းအခြားထဲတွင် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေသော pattern များကို ဖြစ်တည်စေနိုင်ပါသည်။

Harmonic patterns များကို အခြားနည်းပညာဆိုင်ရာ စစ်တမ်းကိရိယာများဖြင့် အကျိုးရှိစွာ ပူးတွဲပေါင်းစပ်နိုင်ပါသည်။

လက်တွေ့ကုန်သွယ်ရေး chart များထဲတွင် တိကျသော အချိုးအစား စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် harmonic pattern တစ်ခုမှာ လွန်စွာ ရှားပါးပါသည်။ ထိုသို့ကြောင့် အကဲဖြတ်ရာတွင် ခံစားချက်အမြင်ဖြင့် ဆောင်ရွက်ခြင်းများ ကြီးထွားလားပြီး မှားယွင်းသော ခန့်မှန်းချက် အလားအလာ တစ်ရပ်ကို ဖြစ်နိုင်စွမ်းပါသည်။

Harmonic pattern indicators

Harmonic patterns များသည် ပုံသေအားဖြင့် တစ်ခုနှင့်တစ်ခု အဖန်တလဲလဲ ထပ်၍ ဖြစ်ပေါ်ကြပါသည်။ ယေဘုယျအားဖြင့် pattern အမျိုးအစားနှစ်မျိုး ရှိပါသည်: အမှတ် ငါးခုဖြင့် ပြောင်းလဲနေသည့် pattern များနှင့် အမှတ် ငါးခုဖြင့် ဆက်လက်တိုးချဲ့  ဖြစ်ပေါ်နေသည့် pattern များတို့ဖြစ်ကြပါသည်။ ၎င်းတို့၏ တစ်ခုနှင့်တစ်ခု ဆင်တူပုံတို့သည် စျေးကွက်စစ်တမ်း လုပ်ထုံးလုပ်နည်းအတွက် ကျယ်ပြန့်နှံ့စပ်သော အခွင့်အလမ်းများကို ဖွင့်ဟပေးပါသည်။ အထိရောက်ဆုံးသော harmonic pattern indicators များကို ကျွန်ုပ်တို့ တချက်ကြည့်ကြပါစို့။

Harmonic pattern scanner mt4

Harmonic Pattern Finder MT4 scanner တွင် အလိုအလျောက် ကြားခံချိတ်ဆက်ပေးသည့်စနစ် ပါဝင်ပြီး ၎င်း၏ လုပ်ဆောင်နိုင်စွမ်းသည် ပညာရှင်ကုန်သည်များအတွက်ပင်လျှင် လုံလောက်ပြည့်စုံပါသည်။

ထို scanner သည် မတူညီသော စျေးကွက်များနှင့် အချိန်ကာလများအတွင်းရှိ pattern အမျိုးအစားခုနစ်မျိုးကို ထောက်လှမ်းနိုင်ပါသည်။

  • Bat;
  • Gartley;
  • Butterfly;
  • Crab;
  • Deep Crab;
  • Shark;
  • ALT Bat.

အဆိုပါ indicator ဆော့ဝဲလ်ကို ပုံမှန်နည်းအားဖြင့် ထည့်သွင်းပါသည်၊ သင်သည် Indicator ဖိုင်တွဲထဲသို့ ဒေါင်းလုပ်ထားသောဖိုင်ကို ထည့်သင့်ပါသည်။

LiteFinance: Harmonic pattern scanner mt4

သတ်မှတ်အတိုင်းအတာမျိုးစုံရှိသော်လည်း ထိုညွှန်းဆိုချက်သည် လွန်စွာ ရိုးရှင်း၍ အသုံးပြုရလွယ်ကူပါသည်။ သင်သည် ငွေကြေးအတွဲ အမျိုးအစားအလိုက် သတ်မှတ်နိုင်ပြီး လုပ်ဆောင်မှုနည်းစဥ်သည် အချိန်ကာလများကို စိစစ်ခွဲဖြာပါလိမ့်မည်၊ ထို့နောက်တွင် patterns အမျိုးအစားများကို ပြသပါမည်။

LiteFinance: Harmonic pattern scanner mt4

သင်သည် ထိုညွှန်းဆိုချက်ကို အသုံးပြုချိန်တွင် ၎င်းသည် ရွေးချယ်ထားသည့် ရင်းနှီးမှုစာတမ်းများကို ချက်ချင်းပင် စတင်ဖတ်ရှုပါသည်။ တီထွင်သူများမှ အဆိုပြုထားသည်မှာ HPF သည် တပြိုင်တည်းတွင် 1600 charts ထိသို့တိုင်အောင် ဖတ်ရှုစိစစ်နိုင်စွမ်း ရှိပါသည်။ ရှာဖွေတွေ့ရှိထားသည့် patternများကို စာရင်းတစ်ခုဖြင့် ပြသပါသည်။ ရွေးချယ်မှုအားဖြင့် တစ်စုံတစ်ဦးအနေဖြင့အနေဖြင့် pattern အသစ်တစ်ခုကို ရှာဖွေတွေ့ရှိချိန်တွင် အကြောင်းကြားပေးမည့် အသိပေးချက်များကို သတ်မှတ်ထားနိုင်ပါသည်၊ ထို့နောက်တွင် ကုန်သည်သည် ချက်ချင်းပင် လိုအပ်သည့် chart များကို ဖွင့်လှစ်နိုင်ပါသည်။

LiteFinance: Harmonic pattern scanner mt4

Chart ထဲတွင် ခွဲခြားဖော်ထုတ်ထားသည့် pattern များကို သာလွန်ရှင်းလင်းစွာ ပြသထားပါသည်။ ထိုကိရိယာသည် pattern အမျိုအစား၊ ၎င်း၏ ဦးတည်ချက်လားရာ (အတက် သို့ အကျ)၊ ပင်မသော့ချက်အမှတ်များ နှင့် Fibonacci အချိုးများကိုလည်း ညွှန်းဆိုဖော်ပြပါသည်။

Shepherd harmonic pattern indicator

၎င်းသည် forex harmonic patterns များကို ညွှန်းဆိုသတ်မှတ်ပေးနေသည့် အခြားကိရိယာတစ်မျိုးဖြစ်ပြီး သာမန်ရိုးကျစံနှုန်းနှင့် နည်းစနစ်ကျသော လုပ်ထုံးလုပ်နည်းများကို သုံးခြင်းဖြင့် ဖွဲ့စည်းပုံများကို တည်ဆောက်ထားပါသည်။

Shepherd Harmonic Pattern မည်သို့အလုပ်လုပ်ပုံ-

  • ၎င်းသည် harmonic pattern များနှင့် price action patterns များ (InsideBar၊ Pinbar၊ OutSideBar) ကိုရှာဖွေပါသည်။
  • ၎င်းသည် pattern ၏ အချိုးများကို မြင်သာစွာ ပြသရန် Fibonacci စျေးတန်းအဆင့်များနှင့် ဆုံချက်အမှတ်များကို ရေးဆွဲပါသည်။
  • သင်သည် စျေးနှုန်းနှင့် အချိန်သတ်မှတ်ချက် နေရာများ ( မျှော်မှန်းစျေးတန်းများ၊ ကန့်သတ် စျေးတန်းများ၊ ဝင်ရောက်မှတ်များ၊ စသည်ဖြင့်) ကို သတ်မှတ်နိုင်ပါသည်။
  • အသုံးပြုသူသည် ကြာမြင့်သော အချိန်ကာလများမှ တိုတောင်းသည့် ကာလများအထိ ထောက်လှမ်းထားသည့် pattern များကို ရွေ့ပြောင်းနိုင်ပါသည်။
  • ထပ်တိုးအနေဖြင့် ၎င်းသည် divergences များကို ထောက်လှမ်းပြီး ပင်မအချက်ပြမှုများကို ကောင်းမွန်သော အတည်ပြုပြဆိုချက်တစ်ခု အနေဖြင့် ဆောင်ရွက်ပါသည်။ (divergences များကို chart ထဲတွင် အဝါရောင်မြှားများနှင့် ပြသထားပါသည်။)
  • ရွေးချယ်မှုဆက်တင်ထဲတွင် သတ်မှတ်ထားသော စွန့်စားမှုအဆင့်နှင့် ဆက်စပ်ပြီး pattern တစ်ခုစီအတွက် စိတ်ကြိုက်ကုန်သွယ်ရေး ပမာဏကို တွက်ချက်ပါ။

LiteFinance: Shepherd harmonic pattern indicator

သင်သည် Shepherd Harmonic Pattern ထဲတွင် သတ်မှတ်ချက်အားလုံးနီးပါးကို ချိန်ညှိနိုင်ပါသည်။

  • System Visuals ကို အသုံးပြုပါ — indicator ၏ မြင်ရပုံဒီဇိုင်းကို ပြုပြင်နိုင်စွမ်းရှိပါသည်။
  • Last Candle Counter ကို ဖော်ထားပါ — candlestick counters ကို ပြုပြင်နိုင်စွမ်းရှိပါသည်။
  • Candle Counter အရောင် — candlestick counter ၏ အရောင်ကာလာကို ပြောင်းလဲပေးပါသည်။
  • Accuracy Percent — pattern အချိုးများ၏ လက်ခံနိုင်ဖွယ်ရှိသော တိကျသေချာမှု ရာခိုင်နှုန်းကို သတ်မှတ်ပါသည်။
  • Bullish Pattern Color — bullish pattern များ၏ အရောင်ကာလာကို ပြောင်းလဲပေးပါသည်။
  • Bearish Pattern Color — bearish pattern များ၏ အရောင်ကာလာကို ပြောင်းလဲပေးပါသည်။
  • ABCD Color — AB=CD pattern များ၏ အရောင်ကာလာကို သတ်မှတ်ပါ။
  • Manual Pattern Color — သမာရိုးကျ pattern များ၏ အရောင်ကာလာကို ပြောင်းလဲပေးပါသည်။
  • ပြီးပြည့်စုံသည့် D ကိုသာလျှင် ပစ်မှတ်ထားခြင်း — ပြီးပြည့်စုံသွားသည့် pattern များပေါ်တွင်သာ ရည်မှန်းစျေးတန်းပစ်မှတ်များအား ဖော်ပြချက်ကို လုပ်ဆောင်နိုင်စွမ်းရှိပါသည်။
  • Font Color — စာလုံး၏ ကာလာကို ပြောင်းလဲပေးသည်။
  • Fan Color — Fibonacci fan ၏ အရောင်ကို သတ်မှတ်ပေးပါသည်။
  • Send Alert — သတိပေးချက်များကို ပြုလုပ်ပေးပါသည်။
  • Send Notification — အစီရင်ခံ အကြောင်းကြားချက်များကို ဆောင်ရွက်ပေးပါသည်။
  • Send Email — အီးမေးလ် အကြောင်းကြားချက်များကို လုပ်ကိုင်ပေးပါသည်။
  • InsideBar Sensor — Inside Bar pattern များအား ရှာဖွေစစ်ဆေးခြင်း လုပ်ငန်းကို လုပ်‌ဆောင်ပါသည်။
  • OutSideBar Sensor — Outside Bar pattern များအား စစ်ဆေးခြင်း တာဝန်ကို လုပ်နိုင်စွမ်းရှိပါသည်။
  • PinBar Sensor — Pin Bar pattern များအား စုံစမ်းထောက်လှမ်းခြင်း လုပ်ငန်းကိစ္စရပ်ကို ဆောင်ရွက်ပါသည်။
  • Risk Percent — pattern များနှင့် လက်ကျန်မျှချေကို အခြေခံ၍ ရပ်တန့်မှုများအား တွက်ချက်ခြင်းအတွက် လက်ခံနိုင်ဖွယ်ရှိသော စွန့်စားမှုအဆင့် ရာခိုင်နှုန်း
  • History Bars — indicator မှ တွက်ချက်မှုများအတွက် အသုံးပြုသည့် အများဆုံး ဘား အရေအတွက်များ

LiteFinance: Shepherd harmonic pattern indicator

စတင်ဆောင်ရွက်လိုက်သည် နှင့်တပြိုင်နက် ညွှန်ပြချက်ကိရိယာသည် harmonic pattern များအတွက် အလိုအလျောက် လိုက်လံရှာဖွေပါသည်။ Panel ဘယ်ဘက်ခြမ်းပေါ်တွင် သင်သည် chart ပေါ်၌ ပြသမည်ဖြစ်သော pattern အမျိုးအစားများကို သတ်မှတ်နိုင်ပါသည်။ ထိုတွင် Dragon၊ White နှင့် Black Swan ကဲ့သို့သော ရှားပါးပုံစံများ အပါအဝင် ရွေးချယ်ရန် နှစ်ဒါဇင်ခန့် pattern များရှိပါသည်။

Monster harmonic indicator

Monster Harmonics ၏ လက္ခဏာရပ်များထဲမှ တစ်ခုမှာ ဆုံးခန်းမတိုင်သေးသည့် harmonic pattern များကို ခွဲခြားမှတ်မိနိုင်စွမ်း ရှိပါသည်။ ထိုသည်မှာ စျေးပြောင်းလဲမှုအမှတ်ကို ကြိုတင်ခန့်မှန်းရန် နှင့် အကောင်းဆုံးစျေးနှုန်း၌ ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ရန် ကုန်သည်အား အခွင့်တစ်ရပ်ရရှိစေပါသည်။

မှတ်သားထားသည့် pattern များ၏ စာရင်းအချက်အလက်သည် Shepherd (Gartley၊ Bat၊ Crab၊ Butterfly၊ AB=CD, Monogram၊ Black Swan၊ White Swan၊ Shark) အတိုင်း ကြီးမားကျယ်ပြန့်မှုမရှိသော်လည်း သင်သည် သင့်အလိုကျ pattern များကို ပေါင်းထည့်နိုင်ပါသည်။

LiteFinance: Monster harmonic indicator

MetaTrader ဆောင်ရွက်နိုင်စွမ်းသည် တာမီနယ်ထဲသို့ စိတ်တိုင်းကျ မော်ဒယ်များ ဖန်တီးခြင်းအတွက် ကိရိယာများ ထပ်ပေါင်းထည့်ခြင်းကို ခွင့်မပြုပါ။ သင့်ကိုယ်ပိုင်ပုံစံများကို ထည့်သွင်းရန်အတွက် user data folder တွင် Monster_UserPatterns.csv ဖိုင်ကို ရှာဖွေပြီး ပြင်ဆင်ရန် လိုအပ်သည်။

LiteFinance: Monster harmonic indicator

Harmonic pattern များကို အချိန်နှင့်တပြေးညီ ခွဲခြားစိစစ်ပါသည်။ Chart ထဲတွင် ၎င်းတို့ကို ပါဝင်ပတ်သက်နေသည့် အချိုးအဆများ၊ အမျိုးအစား နှင့် စွန့်စားမှုများသာမက အသင့်တော်ဆုံး ဝင်ရောက်အမှတ်များကိုပါ ဖော်ပြပေးနေသော ဂျီသြမေတြီ သွင်ပြင်ပုံများဖြင့် ပြသပါသည်။

Harmonic patterns EA

Indicators များအပြင် harmonic pattern များပေါ်တွင် ကုန်သွယ်ခြင်း အလိုအလျောက် လုပ်ဆောင်စေရန် ဒီဇိုင်းရေးဆွဲထားသော MT4 အတွက် Expert Advisor များရှိကြပါသည်။

LiteFinance: Harmonic patterns EA

Harmonics Trader သည် Expert Advisor တစ်ခုဖြစ်ပြီး Butterfly နှင့် Crab ကဲ့သို့သော ရှေးကျသော pattern များအပြင် ၎င်းသည် လူသိနည်းပါးသော ဟာမိုနစ်ဖွဲ့စည်းပုံများ ဖြစ်ကြသည့် New CypherCrab၊ Navarro 200, နှင့် Leonardo တို့ကို အသုံးပြုပါသည်။ ၁၄ ရက်တာ စမ်းသပ်ဗားရှင်း ကျေးဇူးဖြင့် လူတိုင်းသည် ၎င်းကို စမ်းသပ်နိုင်ပါသည်။ အခပေး အစီအစဥ်များသည် $149 မှ စတင်ပါသည်။

LiteFinance: Harmonic patterns EA

MTF Harmonics Scanner သည် ငွေကြေးအတွဲ ၂၈ စုံပေါ်ရှိ Gartley harmonic patterns များကို ကြည့်ရှုစစ်ဆေးပြီး ကုန်သွယ်ကြပါသည်။ Expert Advisor ၏ ကောင်းကျိုးများထဲမှ တစ်ခုမှာ ၎င်း၏ ပြောင်းရလွယ်ကူသော ဆက်တင်များ ဖြစ်ပါသည်၊ ဆိုလိုသည်မှာ အသုံးပြုသူသည် စိစစ်သုံးသပ်မှုအတွက် ငွေကြေးအတွဲများကို ရွေးချယ်နိုင်ပါသည်၊ မာတင်ဂေးလ် နည်းစဥ်ကို လုပ်‌ဆောင်နိုင်ပါသည်၊ lot size နှင့် လက်ခံနိုင်ဖွယ်စွန့်စားမှု အတိုင်းအတာကို ပြောင်းလဲနိုင်ပါသည်။

Harmonic pattern များကို မည်သို့ ကုန်သွယ်နည်း - စတင်လေ့လာသူများအား လမ်းညွှန်ချက်

ယခုအခါတွင် သင်သည် harmonic patterns များနှင့်တကွ ၎င်းတို့ကို ခွဲခြားဖော်ထုတ်ခြင်းအတွက် ကိရိယာများနှင့် ရင်းနှီးခဲ့ပြီး ဟာမိုနစ် patterns များကို ကုန်သွယ်ရန် ဆက်လက်လုပ်ဆောင်နိုင်ပါသည်။

ယေဘုယျ harmonic pattern ကုန်သွယ်ရေး အစီအမံတစ်ခုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အဆင့် ၁

အလားအလာရှိ pattern တစ်ခုနှင့် ၎င်းတို့၏ ဦးတည်ချက်လားရာကို ခြေရာခံပါ။ ဖွဲ့စည်းမှုပုံစံကို ရေးဆွဲပါ၊ အချိုးအစားများနှင့် လှိုင်းများကြားရှိ ဆက်နွယ်ပုံများကို ရှာဖွေဖော်ထုတ်ပါ။ အချိုးအဆများပေါ်မူတည်၍ harmonic pattern အမျိုးအစားကို ဆုံးဖြတ်ပါ။

အဆင့် ၂

အဆုံးသတ် ရည်မှန်းချက်ပန်းတိုင် နှင့် Initial Profit Objective (IPO) နှင့် Profit Protection Zone (PPZ) တို့ကိုသတ်မှတ်ပါ။

အဆင်ပြေဆုံးသော နည်းလမ်းမှာ XA နှင့် CD ကြားရှိ အချိုးကို အသုံးပြုရန် ဖြစ်ပါသည်။

အဆင့် ၃

အမှတ် D ရှိ စျေးနှုန်းပြောင်းလဲမှု၌ ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ပါ။

အဆင့် ၄

ဆုံးရှုံးမှုတားဆီးရန် ကန့်သတ်ဇုန် Stop Loss Zone (SLZ) ထဲတွင် stop-loss တစ်ခုကို သတ်မှတ်ထားရှိပါ။

အဆင့် ၅

အကယ်၍ ရည်မှန်းစျေးတန်းပစ်မှတ်များထဲမှ တစ်ခုအနီးတွင် စျေးနှုန်းဆန့်ကျင်ပြောင်းလဲမှုတစ်ခု၏ အချက်ပေးချက်များရှိပါက ကုန်သွယ်မှုကို ထွက်ခွာပါ။

Pattern ပေါ်တွင် မူတည်၍ မျှော်မှန်းအမြတ်များ ကွာခြားနိုင်ပါသည်။ သို့သော် အများစု ဖွဲ့စည်း တည်ဆောက်ပုံများအတွက် ဖြစ်နိုင်ချေရှိသော ရည်မှန်းပစ်မှတ်များမှာ အမှတ် C နှင့် A အဆင့်နေရာများတွင် သာမက AD အရှည်၏ 127% နှင့် 161%တွင်လည်း ဖြစ်ပါလိမ့်မည်။ စွန့်စားမှုများကို လျော့ချရန် AD အလျား၏ 30% ခန့်တွင် အဆင့်တစ်နေရာနှင့်အတူ လမ်းကြောင်းရပ်တန့်မှုတစ်ခုအား သတ်မှတ်ရန်မှာ သင့်တော်ပါသည်။

Forex ဈေးကွက်အတွင်းရှိ harmonic trading ဥပမာ

LiteFinance: Forex ဈေးကွက်အတွင်းရှိ harmonic trading ဥပမာ

အထက်ပါ BTCUSD chart ထဲတွင် bearish bat pattern တစ်ခုကို သင်မြင်တွေ့ရပါမည်။ ပထမဆုံး wave XA သည် အကျလမ်းကြောင်း၏ အဓိကကျသော နောက်ဆုံးပြောင်းလဲမှု ဖြစ်ပါသည်။ နောက်တစ်လှိုင်း AB သည် Bitcoin စျေးနှုန်းကို မြင့်တက်ရန် တွန်းအားပေးပါသည်။

LiteFinance: Forex ဈေးကွက်အတွင်းရှိ harmonic trading ဥပမာ

Fibonacci extension ကို XA wave သို့ ချိတ်ဆက်ခြင်းဖြင့် AB သည် XA ၏ 50% ထက်အနည်းငယ် ပိုရှည်ကြောင်းကို ကျွန်ုပ်တို့ မြင်တွေ့ရပါသည်။ အခြားလှိုင်းများ၏ ဆက်နွယ်မှုများသည် Bat pattern အတွက် အနေအထားများနှင့်လည်း ကိုက်ညီပါသည်။ BCသည် AB ၏ 88% ခန့်တွင် ဖြစ်ပြီး CD သည် BC ၏ 168% ခန့်တွင် ဖြစ်ပါသည်။

ဆုံချက်အမှတ်တစ်ခုကို ရှာဖွေရန် ကျွန်ုပ်တို့သည် အခြားအချိုးကို အသုံးပြုပါမည် - CD wave သည် Fibonacci extension ပေါ်တွင် 88% ရောက်ရှိပါသည်။ စျေးနှုန်းသည် ပထမဆုံးအနီ candle ၏ အနီးဆုံးဇုန်သို့ ရောက်သည်နှင့် တပြိုင်နက် chart ပေါ်ရှိ အပြာလိုင်းတွင် အရောင်းကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ပါ။

LiteFinance: Forex ဈေးကွက်အတွင်းရှိ harmonic trading ဥပမာ

ဆုံးရှုံးမှု ဟန့်တားရန် စျေးတန်းကို အမှတ် D (အမြင့်ဆုံး) အထက်နား၌ chart ပေါ်ရှိ အနီရောင်မျဥ်းတွင် သတ်မှတ်ပါ။ ထို့နောက် ကျွန်ုပ်တို့သည် အလားအလာရှိသော ရည်မှန်းစျေးတန်းပစ်မှတ်များကို မှတ်သားပါမည်: ပထမဆုံးမှာ pattern ၏ အမှတ် C နှင့် ဒုတိယတစ်ခုအနေဖြင့် အမှတ် A တွင် ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ပိုမိုဝေးကွာသော မျှော်မှန်းစျေးတန်းပစ်မှတ်များကို AD အလျား၏ 127% နှင့် 161% ၌ သတ်မှတ်ချထားပါမည်။ ထိုသို့ ဆောင်ရွက်ရန် ကျွန်ုပ်တို့သည် Fibonacci ဂရစ်တစ်ခုကို တည်ဆောက်ပါမည်၊ ၎င်းကို chart ထဲတွင် သင်မြင်တွေ့နိုင်ပါသည်။ မျှော်မှန်းစျေးတန်းများအားလုံးကို အစိမ်းရောင်လိုင်းများဖြင့် မှတ်သားထားပါသည်။

Chart မှ သင်မြင်တွေ့နိုင်သည့်အတိုင်း စျေးနှုန်းသည် ပထမဆုံး စျေးတန်းပစ်မှတ်ကို နောက်ပိုင်းတွင် ရောက်ရှိပါသည်၊ ထိုသို့ဖြစ်ပြီးနောက်တွင် စျေးတည်ငြိမ်မှုအတွင်း ရောက်သွားပါသည်။ ထိုသည်မှာ bears အားပျော့လာမှုကို အလေးထားသင့်သည့် အချက်ပေးမှုတစ်ရပ် ဖြစ်ပါသည်၊ ထို့ကြောင့် ကုန်သွယ်မှုနေရာကို ပထမဆုံးပစ်မှတ်စျေးတန်း ဝန်းကျင်တွင် ပိတ်သိမ်းရန် အကြံပြုပါသည်။

Trading Harmonic Patterns: Summary

သုံးစွဲပုံအနေဖြင့် harmonic patterns များသည် ရှေးကျသော chart pattern များအပါအဝင် စျေးရွေ့လျားမှု pattern များနှင့် ဆင်တူပါသည်။ ထိုသည်မှာ အလုပ်အကိုင် စီးပွားရေးစျေးနှုန်း chart pattern များကို ညွှန်ပြနေသည့် နည်းဗျူဟာတိုင်းတွင် အသုံးပြုနိုင်ပါသည်။ Harmonic patterns များကို အညွှန်းစစ်တမ်းဖြင့် ကောင်းစွာ ပေါင်းစပ်ထားသောကြောင့် ကုန်သည်များသည် မတူညီသောရှုထောင့်များမှ စျေးကွက်ကို ကြည့်ရှုနိုင်ပါသည်။

များပြားသောအချက်ပြမှုများ - အမြတ်များပေါ်ထွက်ရန်အတွက် ပိုမိုသော အခွင့်အလမ်းများ။ တချိန်တည်းမှာပင် ပုံမှန်စျေးနှုန်း chart pattern များနှင့် နှိုင်းယှဥ်လျှင် harmonic pattern များ၏ ထိရောက်မှုကို ကိန်းဂဏန်းအချက်အလက်များဖြင့် သက်သေထူထားသောကြောင့် ၎င်းတို့သည် ပိုမိုတိကျသေချာပါသည်။ ထို့ကြောင့် harmonic pattern များသည် ရင်းနှီးမြှုပ်နှံသူအားလုံးအတွက် သင့်တော်သော အစားထိုး ကိရိယာကောင်းတစ်လက် ဖြစ်ပါသည်။သင်ကိုယ်တိုင်ပင် harmonic pattern ကုန်သွယ်ခြင်းကို စမ်းသပ်ကြည့်ပြီး သင့်ကုန်သွယ်ရေး လည်ပတ်မှုသည် အဆင့်သစ်သို့ မည်သို့ ရောက်ရှိသွားမည်ကို သင်သတိပြုမိပါလိမ့်မည်။

Harmonic patterns များတွင် မေးလေ့ရှိသောမေးခွန်းများ

Harmonic patterns များသည် Head နှင့် Shoulders၊ Double Top နှင့် Double Bottom ကဲ့သို့သော ရှေးကျသော chart patterns များ ၏ အယူအဆများကို ဆင့်ကဲပြောင်းလဲ တိုးတက်လာမှုတစ်ရပ်ဖြစ်ပါသည်။ သို့သော် ဂျီသြမေတြီသွင်ပြင်ပုံစံများအပြင် harmonic pattern များသည် သင်္ချာသဘောတရား တွက်ချက်မှုများကိုလည်း ထည့်သွင်းစဥ်းစားပါသည်။ အထူးသဖြင့် လှိုင်းနှင့် အပိုင်းများ တစ်ခုချင်းစီနှင့် စပ်လျဥ်း၍ Fibonacci အချိုးများကို လိုက်နာခြင်းသည် pattern တစ်ခုအား တည်ဆောက်ခြင်းတွင် အရေးကြီးသော အခန်းကဏ္ဍကို ဆောင်ရွက်ပါသည်။ အခြားတစ်ဖက်တွင် ၎င်းသည် pattern စိစစ်သုံးသပ်ချက်ကို ရှုပ်ထွေးစေပါသည်။ သို့သော်လည်း ၎င်းသည် ပို၍သာလွန် တိကျစွာဖြင့် လမ်းကြောင်း ဆန့်ကျင်ပြောင်းလဲမှုများ၊ အဝင် နှင့် ထွက်ခွာအမှတ်များကို သတ်မှတ်ရန် ကျွန်ုပ်တို့အား အခွင့်ပေးစွမ်းပါသည်။

Harmonic patterns များ အသုံးပြုမှုအပေါ် ကိန်းဂဏန်းအချက်အလက်များမှ ပြသခဲ့သည်မှာ ဟာမိုနစ်၏ အထောက်အပံ့ဖြင့် ကြိုတင်ခန့်မှန်းချက်များ၏ တိကျမှုသည် 80%–90% ကို ရောက်ရှိပါသည်။ ထို့ကြောင့် ဟာမိုနစ်ဖွဲ့စည်းပုံများသည် အလုပ်ဖြစ်စေပြီး price chart patterns များကို စွမ်းဆောင်ရည်ပိုကောင်းစေပါသည်။

ရေပန်းစားသော harmonic pattern များအားလုံးသည် ပျမ်းမျှအားဖြင့် တူညီသော အကျိုးသက်‌ရောက်မှုဖြင့် စွမ်းဆောင်ပါသည်။ သို့သော် လက်တွေ့တွင် Bat မှာ အတိကျဆုံး patterns ဖြစ်ပါသည်။ အတက်စျေးကွက်တစ်ခုတွင် ထိုဖြစ်ပေါ်မှုသည် ဖြစ်စဥ်များ၏ 95.51% အတွင်း အလုပ်ဖြစ်မြောက်စေပြီး အကျ စျေးကွက်တစ်ခုတွင်မူ 89.73%.အတွင်း ဖြစ်ပါသည်။

အဓိကအားဖြင့် harmonic pattern များကို ဂျီသြမေတြီဂုဏ်သတ္တိများ၏ သွင်ပြင်ပုံစံဖြင့် ဆုံးဖြတ်ပါသည်။ ထို့နောက် အလားအလာရှိသော ဟာမိုနစ်ကို ၎င်း၏ပုံမှန် Fibonacci အချိုးများနှင့် ဆက်စပ်ပုံကို စစ်ဆေးပါသည်။ ၎င်းတို့သည် ကိုက်ညီပါက ဖြစ်နိုင်ချေရှိသည့် စျေးကွက်အဝင်မှတ်ကို အချိုးအဆများ‌ပေါ် အခြေခံ၍ ဆုံးဖြတ်ပါသည်။ လုပ်ငန်းစဥ်ကို ရိုးရှင်းစေရန် သင်သည် အလိုအလျောက်စနစ်အတွင်း pattern များကို ထုတ်ဖော်ပြသ‌ပေးသည့် harmonic pattern များ၏ ညွှန်းဆိုချက်များကို သုံးစွဲနိုင်ပါသည်။

Bullish harmonic pattern ၏ တစ်ခုတည်းသော ဝိသေသလက္ခဏာရပ်မှာ ၎င်းသည် ပြည့်စုံသွားပြီး‌နောက်တွင် စျေးနှုန်း မြင့်တက်ရန် စတင်လာပါသည်။

Bearish harmonic pattern တစ်ခု နောက်တွင် စျေးလမ်းကြောင်းကျဆင်းမှုတစ်ခု လိုက်ပါလာသည်။

ကျွန်ုပ် ကိုယ်တွေ့ အတွေ့အကြုံတွင် harmonic patterns များနှင့်တကွ ကျွမ်းကျင်သော လုပ်ဆောင်ရည်သည် မည်သည့် ငွေကြေးအရင်းအနှီးများနှင့် အချိန်ကာလတိုင်းမဆိုပေါ်၌ အမြတ်တစ်ခုကို ရရှိရန် သင့်အား အခွင့်ပေါ်ထွန်းစေပါသည်။ ထို့နောက် အခြား chart pattern များနှင့် မတူဘဲ ၎င်းတို့သည် ဝင်ရောက်မှတ်များကို ကြိုတင်၍ တိကျစွာ ဆုံးဖြတ်ရန် သင့်အား အခွင့်ပေးစွမ်းပါသည်။ Harmonic pattern များသည် Forex၊ စ‌တော့များ၊ ကုန်ပစ္စည်းများ ၊ CFDs နှင့် စသည်ဖြင့် စျေးကွက်အားလုံးထဲတွင် ကောင်းမွန်သော စွမ်း‌ဆောင်ရည်ကို လေးနက်စေပါသည်။ တချိန်တည်း၌ ဆုံးရှုံးနိုင်ချေ ကြိုတင်စီမံချက်၏ စည်းမျဥ်းများကို လိုက်နာရန်နှင့် သင့်တော်သော အမြတ်ရယူစျေးတန်းများကို သတ်မှတ်ရန် လွန်စွာအရေးကြီးလှပါသည်။ လောဘကြီးရန် မလိုအပ်ပါ၊ ထို့နောက် စျေးကွက်သည် သင့်ကို ငွေရှာနိုင်ရန် အခွင့်အလမ်းတစ်ရပ် ပေးပါက ၎င်းကို အသုံးချ၍ ကုန်သွယ်ရေးအစီအစဥ်အရ ကုန်သွယ်ရေးနေရာ တစိတ်တပိုင်းကို ပိတ်သိမ်းပါ။

Harmonic patterns ဆိုသည်မှာ အဘယ်နည်း နှင့် ထိရောက်သော forex ကုန်သွယ်ရေးအတွက် ၎င်းတို့ကို မည်သို့ အသုံးပြုပုံ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat