ကုန်သွယ်ရေးပလပ်ဖောင်းတခုသည် ကုန်သည်များအား ငွေကြေးဈေးကွက်များအတွင်းသို့ ဝင်ရောက်ခွင့်ကို ပံ့ပိုးပေးပါသည်။ ၎င်းသည် သင့်အား ဇယားများကို ကြည့်ရှုသုံးသပ်နိုင်ရန်၊ အရောင်းအဝယ်များကို ဖွင့်လှစ်၊ ပိတ်သိမ်းနိုင်ရန်နှင့် အပိုဆောင်းသတင်းအချက်အလက်များကို ရယူနိုင်ရန် ခွင့်ပြုပေးပါသည်။ ကုန်သွယ်ရေး အောင်မြင်မှုသည် ပလပ်ဖောင်း၏ လုပ်ဆောင်ချက်များအပါအဝင် ပလပ်ဖောင်းနှင့်အတူ အလုပ်လုပ်နိုင် သော အရည်အချင်းအပေါ် များစွာမူတည်ပါသည်။ သက်တောင့်သက်သာရှ်ိခြင်းသည်လည်း အရေးကြီးပါ သည်။ ထို့ကြောင့် ဖွဲ့စည်းပုံတွင် ပါဝင်သော အစိတ်အပိုင်းများသည် သပ်ရပ်၍ စနစ်တကျရှိသင့်ပါသည်။ ခလုပ်များ လိုအပ်သည်ထက်ပိုမိုများပြား၍ ရှုပ်ထွေးနေခြင်းမျိုး မဖြစ်သင့်ပါ။ ဤသုံးသပ်ချက်တွင် ကျွန်ုပ်တို့သည် ရေပန်းအစားဆုံး ပလပ်ဖောင်းများကို နှိုင်းယှဉ်ကာ သင့်အတွက် အကောင်းဆုံးတခုကို ရွေးချယ်ပေးသွားပါမည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Forex ကုန်သွယ်ရေးပလပ်ဖောင်းဆိုသည်မှာ အဘယ်နည်း။
- မည်သည့် Forex ကုန်သွယရေးပလပ်ဖောင်းသည် အကောင်းဆုံး ဖြစ်ပါသနည်း။
- MetaTrader 4
- MetaTrader 5
- LiteFinance
- Ninja Trader
- ProRealTime
- cTrader
- eSignal
- Mirror Trader
- ATAS
- XTB: xStation
- ZuluTrade
- TradingView
- Forex ပလပ်ဖောင်းများ နှိုင်းယှဉ်ခြင်း
- မိုဘိုင်း Forex ပလပ်ဖောင်းများ၏ နှိုင်းယှဉ်မှု
- အကျဉ်းချုပ်
- အကောင်းဆုံး ကုန်သွယ်ရေးပလပ်ဖောင်းအတွက် အမေးများသော မေးခွန်းများ။
Forex ကုန်သွယ်ရေးပလပ်ဖောင်းဆိုသည်မှာ အဘယ်နည်း။
ကုန်သွယ်ရေးပလပ်ဖောင်းတခုသည် အသုံးပြုသူများအား ငွေကြေးဈေးကွက်များအတွင်း ကုန်သွယ်နိုင်ရန် ခွင့်ပြုပေးသော ပရိုဂရမ်တခု ဖြစ်ပါသည်။ ပလပ်ဖောင်းအများစုအား Linux နှင့် မိုဘိုင်းလ်စက်ပစ္စည်းများ အပါအဝင် မည်လည့် လည်ပတ်မှုစနစ်တွင်မဆို အလုပ်လုပ်စေရန် စီစဉ်ရေးဆွဲထားပါသည်။ အကျိုးဆောင်၏ ဝက်ဘ်ဆိုဒ်တွင် မူရင်းဖိုင်ကို အခမဲ့ ဒေါင်းလုပ်ဒ်ပြုလုပ်၍ ရယူနိုင်ပါသည်။ သင်၏ ကွန်ပျူတာ သို့မဟုတ် ဖုန်းတွင် ပလပ်ဖောင်းကို တပ်ဆင်ပါ။ ပလပ်ဖောင်းပေါ်သို့ ဒီမိုအကောင့် သို့မဟုတ် လက်တွေ့အကောင့်တခုကို တင်သွင်းပါ။ ထို့သို့လုပ်ဆောင်ပြီးနောက် ဆော့ဝဲလ်သည် သင်၏လုပ်ငန်းအတွက် အသုံးပြုရန် အဆင်သင့်ဖြစ်ပါပြီ။
ကုန်သွယ်ရေးပလပ်ဖောင်း၏ ကျေးဇူးဖြင့်၊ သင်သည် အောက်ပါ အခွင့်အရေးများကို ရရှိနိုင်ပါသည်။
ဈေးနှုန်းအပြောင်းအလဲများကို ခြေရာခံခြင်း။ အွန်လိုင်းကုန်သွယ်ရေးပုံစံတွင် နှုန်းထားများအား ပလပ်ဖောင်းပေါ်သို့ တင်သွင်းပေးပါသည်။ ထို့ကြောင့် ပိုင်ဆိုင်မှုတခုချင်း၏ ဈေးနှုန်း အပြောင်းအလဲများကို စက္ကန့်နှင့်အမျှ ကြည့်ရှုနိုင်ပါသည်။ အွန်လိုင်းတာမီနယ်များသည် ကုန်သည်များအား ဇယားများစွာကို တပြိုက်နက်ခင်းကျင်းခြင်း၊ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို ဆောင်ရွက်ခြင်း၊ လက်ရှိ spread များကို ကြည့်ရှုခြင်း စသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးပါသည်။
ဈေးကွက်များကို ခွဲခြမ်းစိတ်ဖြာခြင်း။ ပလပ်ဖောင်း၏ လုပ်ဆောင်ချက်များတွင် စုံလင်သော နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ကိရိယာများနှင့် နည်းပညာပိုင်းဆိုင်ရာ indicatorများ၊ မျဉ်းကြောင်းဇယားများ၊ ရုပ်ပုံများ၊ level များ၊ အချိန်ဘောင်များ စသဖြင့် ဈေးနှုန်းပြသခြင်းအတွက် အမျိုးမျိုးသော ဂရပ်ဖစ်အမျိုးအစားများ ပါဝင်ပါသည်။
အရောင်းအဝယ်များကို စီမံခန့်ခွဲခြင်း။ ပလပ်ဖောင်းတွင် ကုန်သွယ်မှုများ ဖွင့်ခြင်း၊ ပိတ်ခြင်း၊ stop-loss ကဲ့သို့ လုံခြုံရေးအော်ဒါများနှင့် pending orders များ သတ်မှတ်ခြင်း၊ အကြံပေးစနစ်များ အသုံးပြုခြင်း နှင့် အခြားလုပ်ဆောင်ချက်များစွာကို ဆောင်ရွက်နိုင်ပါသည်။
ကုန်သွယ်ရေးပလပ်ဖောင်း၏ အခြားသော အင်္ဂါရပ်များ - အလိုအလျောက်ကုန်သွယ်မှုများကူးယူခြင်းစနစ်၊ သတင်းကဏ္ဍ၊ စီးပွားရေးပြက္ခဒိန်၊ ကုန်သွယ်မှုစာရင်းဇယားများအား Excel သို့တင်ပို့ခြင်း၊ My FxBook အစရှိသည့် ဝန်ဆောင်မှုများကို ထည့်သွင်းဖွဲ့စည်းထားခြင်း။
ကုန်သွယ်ရေးပလပ်ဖောင်း အမျိုးအစားများစွာ ရှိပါသည်။
လိုင်စင်ဖြင့် အသုံးပြုရသော ပလပ်ဖောင်းများ။ အကျိုးဆောင်သည် လိုင်စင်တခုကိုဝယ်ယူ၍ သုံးစွဲသူများအတွက် ဆော့ဖ်ဝဲလ်ကို အခမဲ့ ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။
အကျိုးဆောင်၏ ကိုယ်ပိုင်ပလက်ဖောင်း။ ပုံမှန်အားဖြင့် အဆိုပါ ပရိုဂရမ်များအား ကုမ္ပဏီတခုစီ၏ သီးခြားလိုအပ်ချက်များနှင့်အညီ စီစဉ်ရေးဆွဲထားခြင်း ဖြစ်ပါသည်။ တခါတရံတွင် အွန်လိုင်း အကျိုးဆောင်များသည် ၎င်းတို့ဆော့ဖ်ဝဲလ်အတွက် အသုံးပြုခွင့်လိုင်စင်အား ၎င်းတို့၏ အမှတ်တံဆိပ်အောက်တွင် ရောင်းချကြပါသည်။
ခွဲခြမ်းစိတ်ဖြာမှုအတွက် ပလပ်ဖောင်းများ။ အမှီအခိုကင်းသော ဆော့ဖ်ဝဲလ်ရေးဆွဲသူများသည် Forex ငွေကြေးအတွဲများကို တိုက်ရိုက်ကုန်သွယ်ခွင့်မပြုသော်လည်း၊ ခွဲခြမ်းစိတ်ဖြာမှုတွင် ကူညီပေးနိုင်သော ပရိုဂရမ်များကို ကမ်းလှမ်းကြသည်။ ဥပမာအားဖြင့် - ဈေးနှုန်းလှုပ်ရှားမှုပုံစံ များကို အလိုအလျောက် မှတ်သားပေးသော ဆော့ဖ်ဝဲလ်များ။ ထုံးစံတခုအနေဖြင့် အကျိုးဆောင်များသည် ဈေးကွက်ချဲ့ထွင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ အပ််ပ်ပလီကေးရှင်းများကို ကုန်သည်များအတွက် ပံ့ပိုးပေးလေ့ ရှိကြသည်။ အသုံးပြုသူကိုယ်တိုင်လည်း စာရင်းပေးသွင်း၍ အသုံးပြုနိုင်ပါသည်။
တခါတရံတွင် ပလပ်ဖောင်းတခုသည် ကူညီပံ့ပိုးသော အခန်းကဏ္ဍကို ဆောင်ရွက်သည့် သီးခြားဆိုက်တခုဟု အဓိပ္ပါယ်ရပါသည်။ ထို့အတွက် ကောင်းမွန်သော ဥပမာတခုမှာ လူမှုကုန်သွယ်ရေး စုပေါင်းပလပ်ဖောင်းတခုဖြစ်သော Zulu Trade ဖြစ်ပါသည်။
မည်သည့် Forex ကုန်သွယရေးပလပ်ဖောင်းသည် အကောင်းဆုံး ဖြစ်ပါသနည်း။
Forex အတွဲများအတွက် အကောင်းဆုံးကုန်သွယ်ရေးပလပ်ဖောင်းများကို ရှာဖွေသောအခါတွင်၊ အောက်ပါ ရှုထောင့်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
အမျိုးအစား။ ထုံးစံအားဖြင့် ဆော့ဖ်ဝဲရေးသားသော ကုမ္ပဏီသည် အပို အထောက်အကူ ကိရိယာများစွာကို ထောက်ပံ့ပေးထားလေ့ရှိပါသည်။ အကျိုးဆောင်၏ ကိုယ်ပိုင် အွန်လိုင်း တာမီနယ်သည် ၎င်း၏နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များနှင့် လိုက်လျောညီထွေရှိပြီး၊ ထူးခြားသော သီးသန့်အင်္ဂါရပ်များ ပါဝင်လေ့ရှိပါသည်။
လုပ်ဆောင်ချက်။ အဆင်ပြေမှုရှိသော အရွယ်အစားချိန်ညှိမှု။ သီးသန့်အထောက်အကူကိရိယာများ၊ ထည့်သွင်းဖွဲ့စည်းထားသော စမ်းသပ်မှုစနစ်များ၊ အစီအစဉ်ရေးဆွဲနိုင်ခြင်း။
အချိန်နှင့်တပြေးညီ ဈေးနှုန်းပြင်ဆင်ဖော်ပြမှု အမြန်နှုန်း။ Scalpers များအတွက် အထူး အရေးပါသောအချက် ဖြစ်ပါသည်။
အသွင်အပြင်။ သီးခြားပလပ်ဖောင်းဆက်တင်များ၊ သတင်းအချက်အလက် ပြသမှုပုံစံကို ပြောင်းလဲနိုင်ခြင်း၊ ထိန်းချုပ်မှုခလုပ်များ၊ ဇယားများ၊ အရောင်အစီအစဉ်တို့အား စိတ်ကြိုက်ဖန်တီးနိုင်ခြင်း။
အံဝင်ခွင်ကျရှိခြင်း။ ပလပ်ဖောင်းအများစုတွင် browser နှင့် မိုဘိုင်းဗားရှင်း နှစ်မျိုးစလုံး ရှိကြပါသည်။ သို့သော် ခြွင်းချက်များလည်း ရှိပါသည်။
သင်၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိ၍ သင်အလုပ်လုပ်ရာတွင် အဆင်ပြေမှုအရှိဆုံး ပလပ်ဖောင်းများသည် အကောင်းဆုံး ကုန်သွယ်ရေး ပလပ်ဖောင်းများပင် ဖြစ်ပါသည်။ ထိပ်တန်းအိတ်ချိန်းများနှင့် OTC ပလပ်ဖောင်းများ၊ ၎င်းတို့၏ အားသာချက်များနှင့် အားနည်းချက်များကို အောက်တွင် အတိုချုံး၍ ဖော်ပြပေးထားပါသည်။ သင်၏စက်တွင် တပ်ဆင်ထည့်သွင်းပြီးသည်နှင့် ၎င်းတို့အား လက်လီရင်းနှီးမြှုပ်နှံသူဒီမိုအကောင့်များတွင် စမ်းသပ်နိုင်ပါသည်။
MetaTrader 4
Metatrader 4 သည် MetaQuotes အပြည်ပြည်ဆိုင်ရာကုမ္ပဏီ၏ သတင်းအချက်အလက်နှင့် ကုန်သွယ်ရေးဆိုင်ရာများပါဝင်သော ဆော့ဖ်ဝဲလ်တခုဖြစ်ပြီး၊ ကုမ္ပဏီ၏ ထုတ်ကုန်များအားလုံးအနက် နည်းပညာအမြင့်မားဆုံး ထိပ်တန်းထုတ်ကုန်တခု ဖြစ်လာခဲ့သည်။ ပလပ်ဖောင်းကို ၂၀၀၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ကာ၊ CFDs ကုန်သည်များကြား ယနေ့ထက်တိုင် ရေပန်းစားနေဆဲ ဖြစ်ပါသည်။
အားသာချက်များ
MT4 ၏ အဓိက အားသာချက်များ -
သဟဇာတဖြစ်မှု။ ပလပ်ဖောင်းတွင် အထောက်အကူကိရိယာများဖြင့် အလွန်အမင်း ပြည့်ကြပ်နေခြင်းမျိုး မရှိပါ။ သို့သော် ပြီးပြည့်စုံသော ခွဲခြမ်းစိတ်ဖြာမှုစနစ်တခု မဟုတ်ပါ။ ၎င်း၏ လုပ်ဆောင်ချက်တွင် အခြေခံ Indicator များ အခု ၃၀၊ ဂရုပ်ဖစ်ကိရိယာများ ၃၁ ခု၊ Pending Order အမျိုးအစား ၄ ခု အထိသာ အကန့်အသတ်ဖြင့် ပါဝင်ပါသည်။
MQL4. Scripts ဖြင့်ရေးသားထားသော အက်ပ်ပလီကေးရှင်းများကို ပေါင်းထည့်နိုင်ခြင်း။ ဆော့ဖ်ဝဲလ်ဖန်တီးသူ၏ (အခမဲ့နှင့် အခပေးရသော) Indicator များနှင့် အကြံပေးစနစ်များကို ပလပ်ဖောင်းသို့ ပေါင်းထည့်ထားပါသည်။ ကုန်သွယ်ရေးဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေးကို နောက်ခံထားသော ပလပ်ဖောင်းအခြေပြု MetaEditor ကိုလည်း မူရင်းစနစ်အတွင်း ထည့်သွင်းဖွဲ့စည်းပေးထားပါသည်။ MT4 အတွက် ပလပ်ဖောင်း၏ ကိုယ်ပိုင်စမ်းသပ်စနစ်ထက် တိကျမှုရလာဒ်နှင့် လုပ်ဆောင်ချက်များ ပိုမိုသာလွန်သော MT 4 နည်းဗျူဟာ စမ်းသပ်စနစ်များ ကိုလည်း တပါတည်း ထည့်သွင်းပေးထားပါသည်။ ၎င်းတို့အနက်မှာ အချို့အား FX Blue trading simulator review နှင့် Forex Simulator for Testing Trading Strategies ဆောင်းပါးများတွင် ဖော်ပြပေးထားပါသည်။
MQL5 မှ အထောက်အပံ့။ MQL5 သည် MetaQuotes ဆော့ဖ်ဝဲလ်ကုမ္ပဏီ၏ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာရေး လမ်းညွှန်ဆိုက်တခု ဖြစ်ပါသည်။ ၎င်းသည် အဆင့်မြင့် ကုန်သွယ်ရေးကိရိယာများ ပါဝင်သော ပလပ်ဖောင်းတခုဖြစ်ပြီး၊ ကုန်သည်များအတွက် ဖိုရမ်တခုနှင့် လွပ်လပ်သော သီးသန့်အိတ်ချိန်းတခုလည်း ဖြစ်ပါသည်။ ဤနေရာတွင် သင်၏ ကိုယ်ပိုင်အယ်လ်ဂိုရီသမ်အရဖြစ်စေ၊ ပရိုဂရမ်ရေးဆွဲသူတဦးကို ငှားရမ်း၍ဖြစ်စေ MT4 အတွက် အထောက်အကူကိရိယာတခုအား ရေးဆွဲရန်/ အဆင့်မြှင့်တင်ရန် အော်ဒါ ပြုလုပ်နိုင်ပါသည်။
ပလပ်ဖောင်းသည် MQL5 အသိုင်းအဝိုင်းမှ ထောက်ပံ့ပေးသော မည်သည့်အချက်ပြမှုများကိုမဆို စာရင်းသွင်း၍ ရယူနိုင်သော လူမှုကုန်သွယ်ရေးကိုလည်း ထောက်ပံ့ပေးပါသည်။
အားနည်းချက်များ
၎င်းသည် Forex ဦးစားပေးပလပ်ဖောင်း ဖြစ်ပါသည်။ ဤပလပ်ဖောင်းအား CFDs ကုန်သွယ်ရေးအတွက် သီးသန့် ဒီဇိုင်းထုတ်၍ ဖန်တီးထားခြင်းဖြစ်ပါသည်။ ဤဈေးကွက်သည် စတော့ဈေးကွက်ထက်ပို၍ သဘောပေါက်နားလည်ရန် လွယ်ကူပါသည်။
Bugs။ MetaQuotes သည် အဆင့်မြှင့်တင်မွမ်းမံထားသော ဗားရှင်းအသစ်များကို ပုံမှန်ထုတ်ပေးပါသည်။ သို့သော် အပ်ပ်ဒိတ်ပြုလုပ်သောအကြိမ်တိုင်းတွင် ပလပ်ဖောင်းအတွင်း လုပ်ဆောင်ချက်ပြဿနာ (error) အသစ်များ ပေါ်ပေါက်လေ့ရှိပါသည်။
အရွယ်အစားချိန်ညှိရာတွင် အဆင်ပြေချောမွေ့မှုမရှိခြင်း။ မတူညီသော အချိန်ဘောင်များတွင် ဇယားအရွယ်အစားများ ချိန်ညှိရာတွင် ရှုပ်ထွေးခြင်း။
MT4 သည် ၎င်းတွင်ပါဝင်သော လုပ်ဆောင်ချက်များနှင့် လွယ်ကူသော လုပ်ငန်းဆောင်ရွက်မှုများကြောင့် အကောင်းဆုံး ပလပ်ဖောင်းတခု ဖြစ်ပါသည်။ သို့သော် အတွေ့အကြုံမရှိသော Forex ကုန်သည်များအနေဖြင့် ၎င်း၏ဖွဲ့စည်းပုံကို စူးစမ်းလေ့လာရန် အချိန်တခု လိုအပ်နိုင်ပါသည်။ ၎င်း၏ အဓိက အားသာချက်မှာ ပလပ်ဖောင်းအတွင်းသို့ တမိနစ်အတွင်း ပေါင်းစပ်ထည့်သွင်းနိုင်သော အရန် အထောက်အကူ အက်ပ်ပလီကေးရှင်းများ ရာနှင့်ချီ၍ ရှိနေခြင်းပင် ဖြစ်ပါသည်။ ဤတာမီနယ်နှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ “MetaTrader ဆိုသည်မှာ အဘယ်နည်း” ဆောင်းပါးတွင် အသေးစိတ်လေ့လာနိုင်ပါသည်။
MetaTrader 5
MT5 သည် MetaTrader အုပ်စုအတွင်း ထိပ်တန်းအဆင့်သတ်မှတ်ချက်ရရှိထားသော နောက်ဆုံးပေါ်ဗားရှင်း ဖြစ်ပါသည်။ ၎င်းကို MetaQuotes ကော်ပိုရေးရှင်းမှ ၂၀၁၀ ခုနှစ်တွင် မိတ်ဆက် ဖြန့်ဝေခဲ့ပါသည်။ ဆော့ဖ်ဝဲလ်ရေးဆွဲသူများသည် Forex ကုန်သွယ်ရေးအတွက် လုပ်ဆောင်ချက်များကို ချဲ့ထွင်ကာ၊ ကုန်သွယ်ရေးဗျူဟာများအတွက် စမ်းသပ်မှုစနစ်ကို အဆင့်မြှင့်တင်၍၊ စတော့ပိုင်ဆိုင်မှုများ ကုန်သွယ်ရေးအတွက် ကိရိယာအသစ်များကို ထပ်မံဖြည့်စွက်ထားပါသည်။
အားသာချက်များ
ပုံစံတူမရှိသော အော်ဒါလက်ခံဆောင်ရွက်ခြင်းနည်းလမ်း။ အပြည့်အဝမဟုတ်သော ပမာဏဖြင့် တစိတ်တပိုင်း အကောင်အထည်ဖော်၍ ကျန်ရှိသော တစိတ်တပိုင်းအား ဈေးနှုန်းအသစ်တခုဖြင့် အကောင်အထည်ဖော်နိုင်ခြင်း သို့မဟုတ် ကျန်ရှိသော အော်ဒါတစိတ်တပိုင်းအား ပြန်လည် လက်ခံရယူနိုင်ခြင်း။
အပိုအထောက်အကူကိရိယာများ။ Indicator အရေအတွက် ၃၈ ခု အထိလည်းကောင်း၊ ဂရပ်ဖစ်ကိရိယာများအား အရေအတွက် ၄၄ ခုအထိလည်းကောင်း၊ Pending Order အရေအတွက်အား ၆ ခုထိလည်းကောင်း၊ အချိန်ဘောင်များအား အရေအတွက် ၂၁ ခု ထိ လည်းကောင်း အသီးသီးတိုးမြှင့်ဖွဲ့စည်းထားပါသည်။
ဘက်စုံစမ်းသပ်မှုစနစ်နှင့် Cloud Network အွန်လိုင်းထိန်းချုပ်သိုလှောင်မှုနည်းပညာ။ ကုန်သွယ်ရေး ဗျူဟာများအား MQL ကွန်ယက် အသုံးပြုသူများ၏ အခမဲ့ပံ့ပိုးပေးသော စွမ်းဆောင်ရည် များကိုအသုံးပြု၍ စမ်းသပ်ပါသည်။
ထို့အတူ၊ MT5 တွင် Depth of Market နှင့် အရောင်းအဝယ်ပြုလုပ်နိုင်သော ကိရိယာအသစ်များ ပါဝင်ပါသည်။ ထို့ကြောင့် ပလပ်ဖောင်းသည် Forex ဈေးကွက်သာမက၊ အိတ်ချိန်းအခြေပြု derivative ကုန်သွယ်ရေးအတွက်လည်း သင့်တော်ပါသည်။
အားနည်းချက်များ
MQL5 ဘာသာစကားသို့ ကူးပြောင်းသွားခြင်း။ ၎င်းသည်လည်း ကုဒ်ပမာဏများကို လျှော့ချကာ၊ ထပ်တူဖြစ်နေသော လုပ်ဆောင်ချက်များကို ဖယ်ရှားပေးသည့် ပိုမိုအဆင့်မြင့်၊ ရိုးရှင်းသော ဘာသာစကားတခုပင် ဖြစ်ပါသည်။ သို့သော် ပလပ်ဖောင်းတွင် Bugs များ ကျန်ရစ်ခဲ့ပြီး၊ ကုဒ်အသစ်သည် အသုံးပြုသူများ၏ ပြဿနာများကို မဖြေရှင်းနိုင်ပါ။
MetaTrader ၏ စီမံခန့်ခွဲရေးယူနစ်မှတဆင့် အကျိုးဆောင်၏ ပလပ်ဖောင်းအား ထိန်းချုပ်မှု။ ပလပ်ဖောင်းဆော့ဖ်ဝဲလ်၏ အစိတ်အပိုင်းတခုတွင် အောက်ပါ အသိပေးစာ ပါဝင်ပါသည် - “၎င်းတွင် အသုံးပြုသူအကောင့်များဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လုံလောက်သော စွမ်းဆောင်ရည် ပါဝင်ခြင်းမရှိပါ” ဟူ၍ ဖြစ်ပါသည်။
MT5 အား MetaTrader 4 ကို အစားထိုးရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော် အသုံးပြုသူများ၏စိတ်တွင် ပလပ်ဖောင်း၏ အဆင့်မြှင့်တင်မွမ်းမံမှုများသည် အပြောင်းအလဲတခုအတွက် လုံလောက်ခြင်းမရှိဟု ခံစားခဲ့ကြရသည်။ အဓိကအကြောင်းရင်းမှာ ပရိုဂရမ်ဘာသာစကားအသစ်တွင် လက်ရှိအသုံးပြုလျက်ရှိသော Indicator များနှင့် အကြံပေးစနစ်များစွာ မပါဝင်ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် MetaQuotes သည် MT4 နှင့် MT5 နှစ်မျိုးစလုံးကို ဆက်လက်ပံ့ပိုးပေးခဲ့ပြီး၊ အွန်လိုင်းအကျိုးဆောင်များအား ပလပ်ဖောင်းဗားရှင်းအသစ်၏ လိုင်စင်ကို ဝယ်ယူစေရန် တဖြည်းဖြည်းသိမ်းသွင်းကြိုးပမ်းလျှက် ရှိပါသည်။ ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များကို ဖတ်ရှုခြင်းဖြင့် အဆိုပါ ပလပ်ဖောင်းနှစ်ခုကို နှိုင်းယှဉ်သုံးသပ်နိုင်ပါသည် - “MT4 နှင့် MT5 ကြား ခြားနားချက် — မည်သည်ကပိုမိုကောင်းမွန်သနည်း”
LiteFinance
LiteFinance သည် (ကုမ္ပဏီအမှတ်တံဆိပ်ပြောင်းလဲခြင်းမပြုမီက) LiteFinance ၏ ကိုယ်ပိုင် အကျိုးဆောင်ပလပ်ဖောင်းဖြစ်ပါသည်။ ၎င်းကို တာမီနယ်၏ Forex ဈေးကွက်ကုန်သွယ်ရေး လုပ်ဆောင်ချက်များ၊ အကောင့်စီမံခန့်ခွဲခြင်းနှင့် မိတ်ဖက်ပရိုဂရမ်ဆိုင်ရာ စာရင်းဇယားများ အတူတကွ ပါဝင်သော Personal Account (သီးသန့်ကိုယ်ပိုင်အကောင့်) အဖြစ်သို့ ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ ဤပလပ်ဖောင်းတွင် နိုင်ငံတကာငွေကြေးများ၊ cross rates (ဒေါ်လာမပါသည့် အဓိကငွေကြေးအတွဲ) များ၊ စတော့အညွှန်းကိန်းများနှင့်တကွ ရွှေ၊ ငွေ၊ ရေနံနှင့် ခရစ်ပတိုငွေကြေးများ ကိုပါ ရှာဖွေတွေ့ရှိနိုင်ပါသည်။ ၎င်းသည် MetaTrader နှင့် ကောင်းစွာတွဲဖက်၍ အလုပ်လုပ်ပါသည်။ ဆိုလိုသည်မှာ လက်လီရင်းနှီးမြှုပ်နှံသူအကောင့်များအား ပလပ်ဖောင်းနှစ်ခုတွင် တပြိုင်တည်း အသုံးပြုနိုင်ပါသည်။
ဤပလပ်ဖောင်းသည် စတင်လေ့လာသူ Forex ကုန်သည်များအတွက် MetaTrader ပလပ်ဖောင်းအပြင် အခြားဦးစားပေး ရွေးချယ်စရာတခု ဖြစ်ပါသည်။ ၎င်း၏အသွင်အပြင်မှာ နားလည်သဘောပေါက်ရန် လွယ်ကူပါသည်။ ၎င်းတွင် အခြေခံကုန်သွယ်ရေး လုပ်ဆောင်ချက်များနှင့် အချက်ပြမှုများကို အတည်ပြုပေးသော အရန်အထောက်အကူကိရိယာများ၊ ကလစ်တချက်ဖြင့် (one-click) ကုန်သွယ်ရေး၊ ဇယားများနှင့် မတူညီသော ကုန်သွယ်ပစ္စည်းအမျိုးအစားများကြား မြန်ဆန်ချောမွေ့စွာ ကူးပြောင်းနိုင်ခြင်း အစရှိသည့် အချက်များ ပါဝင်ပါသည်။ ဤပလပ်ဖောင်းသည် MetaTrader အပြင် အခြား အကောင်းဆုံးရွေးချယ်စရာ ပလပ်ဖောင်းတခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။
အားသာချက်များ
အဆင်ပြေချောမွေ့မှု။ တာမီနယ်သည် သင့်အား တက်ကြွစွာကုန်သွယ်ခြင်းနှင့် အချိန်ယူ၍ကုန်သွယ်ခြင်း နှစ်မျိုးစလုံးကို ခွင့်ပြုပေးပါသည်။ ထို့အပြင် လုပ်ဆောင်ချက်များ၏ စီမံခန့်ခွဲမှုအား တတ်နိုင်သမျှ သက်တောင့်သက်သာဖြစ်စေရန် ဖန်တီးထားပါသည်။ မည်သည့် လုပ်ငန်းကိစ္စရပ်ကိုမဆို ကလစ်အနည်းငယ်အတွင်း ဖြေရှင်းပြီးမြောက်နိုင်ပါသည်။
နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု အထောက်အကူ ကိရိယာများ အမြောက်အများ ပါဝင်ခြင်း။ ၎င်းတွင် ချန်နယ်လ်ညွှန်ပြကိရိယာများ၊ Fibonacci ကိရိယာများ၊ ထူးခြားသော Oscillators များနှင့် ပမာဏပြ ညွှန်ပြချက်ကိရိယာများ ပါဝင်ပါသည်။ ကိရိယာအသစ်များ၏ အကျိုးကျေးဇူးကြောင့် ပလပ်ဖောင်း၏ စွမ်းဆောင်ရည်သည် ပုံမှန်တိုးတက်နေပါသည်။ လက်ရှိအချိန်ထိ၊ LiteFinance ပလပ်ဖောင်းတွင် ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှုအတွက် ပင်ကိုယ်လုပ်ဆောင်ချက် ၁၀၀ ကျော်၊ Indicator ၇၅ ခုနှင့် ဇယားအမျိုးအစား ၈ ခု ပါဝင်ပါသည်။
လုပ်ဆောင်ချက်အပြည့်အစုံပါဝင်သော ဗားရှင်းတခုလုံးအား အခမဲ့ ရရှိနိုင်ခြင်း။ ဒီမိုကုန်သွယ်ရေးနှင့်တကွ မှတ်ပုံတင်စာရင်းသွင်းရန် မလိုအပ်သော ဒီမိုအကောင့်အမျိုးအစား ပါဝင်ပါသည်။
၎င်းသည် သီးသန့်တပ်ဆင်ရန်မလိုအပ်ပဲ Browser မှတဆင့် မည်သည့်စက်ပစ္စည်းမှမဆို အလုပ်လုပ်သော ပလပ်ဖောင်းတခု ဖြစ်ပါသည်။ MetaTrader တွင် ပါဝင်ခြင်းမရှိသော ကိရိယာအားလုံး ပါရှိသော မိုဘိုင်းအပ်ပ်ပလီကေးရှင်းဗားရှင်းတခုကိုလည်း ရရှိနိုင်ပါသည်။
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းစနစ်တခုနှင့်အတူ လူမှုကုန်သွယ်ရေးဝန်ဆောင်မှု။ အချက်ပြမှုများ ဖော်ထုတ်သူ(ဦးဆောင်ကုန်သွယ်သူ)တို့၏ အဆင့်သတ်မှတ်ချက်တွင် လက်လီရင်းနှီးမြှုပ်နှံသူ အကောင့်သက်တမ်း တလနှင့်အထက်ရှိသော နိုးကြားသည့် ကုန်သည်များ ပါဝင်ပါသည်။ “အကောင့်တုများ” အားလုံးကို ပိတ်ပင်တားမြစ်ထားပါသည်။ Forex ကုန်သွယ်ရေးရလာဒ်များနှင့် အသုံးပြုသော နည်းဗျူဟာအပေါ် မူတည်၍ ကုန်သည်တဦးချင်း၏ Risk level(စွန့်စားမှုအဆင့်)ကို သတ်မှတ်ပါသည်။ ရင်းနှီးမြှုပ်နှံသူသည် ၎င်း၏ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း ဦးစားပေး စည်းမျဉ်းများနှင့်အညီ အချက်ပြမှုများ(ကုန်သွယ်မှုများ) ကူးယူခြင်းအတွက် နည်းလမ်းလေးမျိုးကို ရွေးချယ်နိုင်ပါသည်။
LiteFinance သည် အဆင့်မြင့် ထိန်းချုပ်မှုစနစ်၏အောက်တွင် ကုန်သွယ်ရေး အချက်ပြမှုပံ့ပိုးသူ တို့၏ ကုန်သွယ်ရေးအပေါ် သင်ကိုယ်တိုင် အပြည့်အဝ ထိန်းချုပ်နိုင်ရန် ခွင့်ပြုပေးသောကြောင့် လုံခြုံဘေးကင်းသည့် ကူးယူကုန်သွယ်ရေးစနစ်အတွက် အကောင်းဆုံး ကုန်သွယ်ရေး ပလပ်ဖောင်းတခု ဖြစ်ပါသည်။
အားနည်းချက်များ
မိမိစိတ်ကြိုက် Indicator များကို ပေါင်းထည့်၍ မရပါ။ ထို့အတူ အလိုအလျောက် ကုန်သွယ်ရေးစနစ်များကို ထောက်ပံ့မပေးပါ။ သို့ရာတွင် ဆော့ဖ်ဝဲလ်ရေးသားသူများမှ ၎င်းချိတ်ဆက်မှုအား မကြာခင် ပံ့ပိုးပေးနိုင်ရန် ကတိပြုထားပါသည်။
နည်းဗျူဟာစမ်းသပ်စနစ် မပါဝင်ခြင်း။ သင်၏ ကုန်သွယ်ရေးနည်းလမ်းများကို ဒီမိုအကောင့်တခုကို အသုံးပြုခြင်းအားဖြင့်သာ စမ်းသပ်နိုင်ပါသည်။
LiteFinance ပလပ်ဖောင်း၏ စွမ်းဆောင်ရည်များ၊ ၎င်း၏ အယ်လ်ဂိုရီသမ်များ၊ ကူးယူကုန်သွယ်ရေးအင်္ဂါရပ်များနှင့် အခြားအချက်အလက်များစွာအကြောင်းကို “LiteFinance Personal Account အား လေ့လာခြင်း” တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
Ninja Trader
Ninja Trader သည် ၂၀၀၀ ခုနှစ်အလယ်ပိုင်းတွင် အကောင်းဆုံး ကုန်သွယ်ရေးပလပ်ဖောင်းများ စာရင်းသို့ ရောက်ရှိခဲ့သော တာမီနယ်တခု တစ်ခုဖြစ်ပါသည်။ ၎င်းကို Forex စျေးကွက်အတွင်း ပုံမှန်အားဖြင့် မဖြစ်နိုင်သော ဈေးကွက်ထုထည်အစစ်အမှန်ကို ခွဲခြမ်းစိတ်ဖြာကြသည့် ဝါရင့်ကုန်သည်များအတွက် ရေးဆွဲဖန်တီးထားခြင်း ဖြစ်ပါသည်။ ပလပ်ဖောင်း၏ အဓိက အကျိုးကျေးဇူးမှာ ခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်နိုင်စွမ်း ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းသည် ကုန်သည်အသစ်များရော အဆင့်မြင့်ကုန်သည်များအတွက်ပါ သင့်တော်နိုင်ပါသည်။ ပလပ်ဖောင်းအား ဆော့ဖ်ဝဲလ်တီထွင်သော ကုမ္ပဏီ၏ ဝဘ်ဆိုက်တွင် အခမဲ့ ဒေါင်းလုပ်ဒ်ပြုလုပ်၍၊ ၎င်းတွင် ပါဝင်သော ဒီမိုစနစ်တွင် အကောင့်တခုဖြင့် စမ်းသပ်နိုင်ပါသည်။
အားသာချက်များ
ဆော့ဖ်ဝဲလ်ရေးဆွဲသော ကုမ္ပဏီသည် အကျိုးဆောင် ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးပါသည်။ Ninja Trader သည် အကျိုးဆောင်ကုမ္ပဏီ၏ ကိုယ်ပိုင်ပလပ်ဖောင်း ဖြစ်ပါသည်။ သို့ရာတွင် အခြားသော ကုမ္ပဏီများသည်လည်း ၎င်း၏ လိုင်စင်ကို ဝယ်ယူကြသောကြောင့် ကုမ္ပဏီအတွက် အကျိုးအမြတ် ရရှိစေပါသည်။
C# သည် ကုန်သွယ်ရေးစနစ် ပြင်ဆင်သော ဆော့ဖ်ဝဲလ်ဘာသာစကား ဖြစ်ပါသည်။ ၎င်း၏ ဝက်ဆိုဒ်တွင် လွပ်လပ်သော ဆော့ဖ်ဝဲလ်ရေးဆွဲသူများမှ ပလပ်ဖောင်းအတွက် သီးသန့်တည်ဆောက်ထားသော ဖြည့်စွက်ပရိုဂရမ် ထောင်ပေါင်းများစွာနှင့် အပ်ပ်ပလီကေးရှင်းများ ရာပေါင်းများစွာ ပါဝင်ပါသည်။
MT4 သည် Forex ကုန်သွယ်ရေးအတွက် အကောင်းဆုံးဟုဆိုလျှင်၊ Ninja Trader သည် စတော့ဈေးကွက်ကို အထူးပြုသော အကျိုးဆောင်ကုမ္ပဏီများအတွက် အသင့်တော်ဆုံး ဖြစ်နိုင်ပါသည်။
အားနည်းချက်များ
တာမီနယ်အား ပရော်ဖက်ရှင်နယ် အိတ်ချိန်းကုန်သွယ်ရေးအတွက် စီစဉ်ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းသည် အထိုက်အလျောက် ကျဉ်းမြောင်းသော အသိုင်းအဝိုင်းအတွင်း၊ အထူးသဖြင့် အဆင့်မြင့်ကုန်သည် များကြားတွင် ရေပန်းစားပါသည်။ ၎င်းသည် ယခုမှ ကုန်သွယ်ရေးကို စတင်လေ့လာသူများအတွက် မသင့်တော်ပါ။ လက်တွေ့ကုန်သွယ်ရေး အတွေ့အကြုံမရှ်ိသူများအတွက် အသုံးပြုရန် ခက်ခဲနိုင်ပါသည်။
ပလပ်ဖောင်းသည် အခမဲ့ မဟုတ်ပါ။ စာရင်းသွင်းကြေးမှာ အတော်အသင့် မြင့်မားပါသည်။ တနှစ်လျှင် — 720 USD သို့မဟုတ် တကြိမ်တည်းဖြင့် ဝယ်ယူပါက 1099 USD ကျသင့်ပါမည်။ ပြင်ဆင်မွမ်းမံမှု စရိတ်စကများနှင့် လိုင်စင်တခုဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ ဆိုက်ပေါ်တွင် ဖော်ပြထားခြင်းမရှိပါ။
ProRealTime
ငွေကြေးဈေးကွက်အမျိုးအစားအားလုံးအတွက် သဟဇာတဖြစ်သော ကုန်သွယ်ရေး ပလပ်ဖောင်းတခု ဖြစ်ပါသည်။ အခမဲ့ဗားရှင်းတွင် ငွေကြေးအတွဲပေါင်း အရေအတွက် ၁၂၀ အား ကြီးမားသောကုန်သွယ်မှုပမာဏဖြင့် ကမ်းလှမ်းထားပါသည်။ ရွှေ၊ ငွေနှင့် ခရစ်ပတိုငွေကြေးများကိုလည်း ရရှိနိုင်ပါသည်။ စတော့ပိုင်ဆိုင်မှုများနှင့် သတင်းအချက်အလက်ပံ့ပိုးမှုများကို အခပေးရသော ဗားရှင်းတွင် ရရှိနိုင်ပါသည်။
အားသာချက်များ
နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအတွက် အထောက်အကူ ကိရိယာပေါင်း ၁၀၀ ကျော်၊ ဇယားများ၊ ဈေးကွက်စိစစ်ဖတ်ရှုခြင်း၊ အလိုအလျောက် လမ်းကြောင်းဦးတည်ရာ ဆုံးဖြတ်ခြင်း၊ tick နှင့် ပမာဏ ခွဲခြမ်းစိတ်ဖြာမှု၊ ဈေးကွက် သတိပေးချက်များနှင့် အခြားအရာများ။
အော်ဒါများအား ဇယားများပေါ်မှတဆင့် စီမံခန့်ခွဲနိုင်ခြင်းနှင့် order book အခင်းအကျင်းပုံစံလေးမျိုးအနက် တမျိုးကို ရွေးချယ်အသုံးပြုနိုင်ခြင်း။
ကုဒ်အမှတ်အသား မပါဝင်သည့် ရှုပ်ထွေးသော ကုန်သွယ်ရေးစနစ်များ ဖန်တီးရာတွင် တည်းဖြတ်စိစစ်ပေးသော ဆော့ဖ်ဝဲလ်။
အားနည်းချက်များ
ပရိုဂရမ်အသုံးပြုရန် စာရင်းသွင်းခြင်းအတွက် တလလျှင် ၃၀ မှ ၈၀ ယူရို ကျသင့်နိုင်ပါသည်။ အကောင်းဆုံး ပလပ်ဖောင်းများကြားတွင် ProRealTime သည် ရေပန်းအစားဆုံးစာရင်းတွင် မပါဝင်ပါ။ ပလပ်ဖောင်းတွင် နည်းပညာပိုင်းဆိုင်ရာ အားသာချက် အများအပြား ရှိသော်လည်း၊ Forex အကျိုးဆောင်များကြား ၎င်း၏ ပါတနာအရေအတွက်မှာ အလွန်နည်းပါးပါသည်။
cTrader
cTrader သည် ၂၀၁၁ ခုနှစ်တွင် Spotware ကုမ္ပဏီမှ ဖန်တီးခဲ့သော ပရော်ဖက်ရှင်နယ် Forex နှင့် စတော့ကုန်သွယ်ရေး ပလပ်ဖောင်းတခု ဖြစ်ပါသည်။ ဤတာမီနယ်သည် အလိုအလျောက် ကုန်သွယ်ရေးဗျူဟာများကို ခွင့်ပြုပေးပြီး၊ ECN အကောင့်များတွင် ပရော်ဖက်ရှင်နယ် ကုန်သွယ်ရေးကို အထူးအလေးထားပါသည်။
အားသာချက်များ
ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်။ ပလပ်ဖောင်းတွင် အခြေခံ Indicator ပေါင်း အခု ၅၀ ကျော်၊ အချိန်ဘောင် ၁၄ ခု၊ C# ဖြင့်ရေးသားထားသော cAIgo editor စသည်တို့ ပါဝင်ပါသည်။
ဆော့ဖ်ဝဲလ်ရေးဆွဲသူ၏ ပံ့ပိုးမှု။ cTrader ဝဘ်ဆိုက်အား APIs၊ ပလပ်ဖောင်း အပ်ပ်ပလီကေးရှင်းများ၊ Indicators များ၊ အကြံပေးစနစ်များဖြင့် ပုံမှန်မွမ်းမံပေးပါသည်။
အခြား Forex ကုန်သည်များဖြင့် အတွေ့အကြုံနှင့် အတွေးအခေါ်များ မျှဝေခြင်းအတွက် ChartShots နှင့် ChartCasts အင်္ဂါရပ်များ။
ဤကုန်သွယ်ရေးပလပ်ဖောင်းအား ဥရောပ၊ CIS နှင့် အာရှ Forex ဈေးကွက် အပေါ် အဓိကအာရုံစိုက်သော Forex အကျိုးဆောင်များမှ ကမ်းလှမ်းကြလေ့ရှိပါသည်။
အားနည်းချက်များ
ရှုပ်ထွေးမှု။ ပလပ်ဖောင်းတွင် လိုအပ်သည်ထက် အလွန်များပြားသော အထောက်အကူပြု ကိရိယာများနှင့် သီးသန့်လုပ်ဆောင်ချက်များ ပြည့်နှက်နေပါသည်။
လက်လီရင်းနှီးမြှုပ်နှံသူအကောင့်တခု ဖွင့်လှစ်ပြီးမှသာ စမ်းသပ်နိုင်ခြင်း။ ကုန်သွယ်ရေးတာမီနယ်အား တပ်ဆင်ပြီးယုံနှင့် မလုံလောက်ပါ။
ရေပန်းစားမှု အတော်အသင့် နိမ့်ပါးခြင်း။ ပလပ်ဖောင်း၏ရှုပ်ထွေးမှုနှင့် မြင့်မားသော ကုန်ကျစားရိတ်များကြောင့် Forex အကျိုးဆောင် အများစုသည် MetaQuotes လိုင်စင်ကို ဤတာမီနယ်ထက် ပို၍နှစ်ခြိုက်ကြပါသည်။
ဤပလပ်ဖောင်းသည် ပိုမိုရိုးရှင်းသော တာမီနယ်များတွင် အတွေ့အကြုံရှိနှင့်ပြီးသော ကုန်သည်များအတွက် Forex ကုန်သွယ်ရေးပြုလုပ်ရန် သင့်တော်သော ပလပ်ဖောင်းတခု ဖြစ်ပါသည်။
eSignal
ဤသည်မှာ market scanning စွမ်းဆောင်မှု ပါဝင်သော ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဇယားဖြင့် လမ်းကြောင်းမှတ်သားခြင်းများ ပါဝင်သော ပလပ်ဖောင်းတခု ဖြစ်ပါသည်။ ၎င်းကို အချက်ပြမှုများ ရှာဖွေရန်နှင့် ကုန်သွယ်မှုများဖွင့်ရန်အတွက် အဓိက စီစဉ်ဖန်တီးထားခြင်း ဖြစ်ပါသည်။ ၎င်းသည် သီးခြားရပ်တည်သော အပ်ပ်ပလီကေးရှင်းတခုဖြစ်ပြီး၊ ဇယားပုံစံများကို မှတ်သားခြင်း၊ ပါဝင်သော scanner (စိစစ်မှုစနစ်) များကို အသုံးပြု၍ ဈေးကွက်အား ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ပြုလုပ်နိုင်ရန် ခွင့်ပြုပေးပါသည်။ ဆော့ဖ်ဝဲလ်တွင် ဇယားများ၊ indicator များ၊ နည်းပညာပိုင်းဆိုင်ရာ စိစစ်ဖတ်ရှုမှုစနစ် (scanning) နှင့် သတင်းအချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ ကိရိယာများ ပါဝင်ပါသည်။
အားသာချက်များ
ကြေငြာထားသော အားသာချက်များကို ပလပ်ဖောင်းအား လက်တွေ့အသုံးပြုပြီးမှသာ မြင်တွေ့ရနိုင်မည် ဖြစ်ပါသည်။
အားနည်းချက်များ
ပလပ်ဖောင်းအား အရေအတွက်အကန့်အသတ်ရှိသော အကျိုးဆောင်ကုမ္ပဏီများမှသာ ကမ်းလှမ်းပါသည်။ အကယ်၍ သင်သည် eSignal ဝဘ်ဆိုက်ပေါ်တွင် ပါတနာများစာရင်းကို စစ်ဆေးပြီး၊ ထိုဆိုက်များအနက်မှ တခုကို ဝင်ရောက်လေ့လာကြည့်ပါက ပလပ်ဖောင်းအား အခမဲ့ အသုံးပြုခွင့်ကို အမြဲတစေ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အခကြေးငွေဖြင့် စာရင်းပေးသွင်းကာ အသုံးပြုနိုင်ပါသည်။
Mirror Trader
Mirror Trader သည် Tradency ဆော့ဖ်ဝဲလ်ကုမ္ပဏီမှ ဝက်ဘ်ပလပ်ဖောင်းတခုဖြစ်ပြီး၊ ဥရောပနှင့် CIS တို့တွင် အကျိုးဆောင်ကုမ္ပဏီ ၂၀ ကျော်၏ မိတ်ဖက်အဖြစ် ပူးပေါင်းထားပါသည်။ ၎င်းသည် လူမှုကုန်သွယ်ရေးနှင့် PAMM အကောင့်များတွင် ရင်းနှီးမြှုပ်နှံခြင်းများအတွက် အပ်ပ်ပလီကေးရှင်းတခု ဖြစ်ပါသည်။
အားသာချက်များ
၎င်းတွင် ကုန်သွယ်ရေးဗျူဟာများကို သိုလှောင်သိမ်းဆည်းပေးသော မှတ်ဉာဏ်နှင့် ရင်းနှီးမြှုပ်နှံမှု အစုအဝေးများဖွဲ့စည်းရန် နမူနာပုံစံများ ပါဝင်ပါသည်။
အားနည်းချက်များ
နည်းဗျူဟာသိမ်းဆည်းခြင်းစနစ်၏ ဖွဲ့စည်းပုံယန္တရားမှာ ရှင်းလင်းမှုမရှိပါ။
ဖွင့်ထားသော အကောင့်တခု (ဥပမာ- MT4)အား Mirror Trader သို့ ပေါင်းထည့်၍ မရပါ။
ATAS
ATAS သည် စတော့နှင့် ခရစ်ပတိုငွေကြေးဈေးကွက်များအတွင်း scalping၊ swing trading နှင့် အလိုအလျောက် ကြိမ်နှုန်းမြင့် ကုန်သွယ်ရေးများအတွက် အဓိကရေးဆွဲထားသော ခွဲခြမ်းစိတ်ဖြာမှု ပလပ်ဖောင်းတခု ဖြစ်ပါသည်။ ပလပ်ဖောင်းသည် Moscow Exchange၊ Binance၊ OKX၊ ByBit ခရစ်ပတိုငွေကြေးအိတ်ချိန်းများနှင့် ချိတ်ဆက်ပေးပါသည်။ မိတ်ဖက်အကျိုးဆောင်များ၏ စာရင်းကို ဝဘ်ဆိုက်ပေါ်တွင် တရားဝင်ထုတ်ပြန်ထားပါသည်။
အားသာချက်များ
Order book အတွင်းရှိ အရောင်း၊ အဝယ်များကို စစ်ထုတ်ခြင်းနှင့် စုစည်းခြင်းများအတွက် Smart Print Feed။
Cluster နှင့် profile charts များ အပါအဝင် နှုန်းထားများပြသခြင်းအတွက် ဂရပ်ဖစ်အမျိုးအစား ခြောက်ခု။
ငွေဖြစ်လွယ်မှုအဆင့် နှင့် pending order များ၏ အမြန်နှုန်းကို ခြေရာခံနိုင်စေသော Smart Market Depth။
အားနည်းချက်များ
အစမ်းသုံးစွဲသော ကာလတွင် ပထမဆုံး ၁၄ ရက်တိတိ ပလပ်ဖောင်း၏ လုပ်ဆောင်ချက် အပြည့်အဝကို တပတ်တာထိန်းသိမ်းမှုမှတ်တမ်းနှင့်အတူ ရရှိနိုင်ပါသည်။ တနှစ်တာ စာရင်းသွင်းကြေးအတွက် 479 ယူရို ကျသင့်မည်ဖြစ်ပြီး — အပြီးအပြတ်ဝယ်ယူခြင်းအတွက် 1790 ယူရို ကျသင့်မည် ဖြစ်ပါသည်။
XTB: xStation
xStation သည် လူမှုကုန်သွယ်ရေးအတွက် အထောက်အပံ့ပေးပြီး၊ မည်သည့်ဈေးကွက်တွင်မဆို ကုန်သွယ်ရန် ခွင့်ပြုသော ပလပ်ဖောင်းတခု ဖြစ်ပါသည်။ ပလပ်ဖောင်းဖန်တီးသူသည် liquidity provider ဖြစ်သကဲ့သို့၊ XTB အကျိုးဆောင်လည်း ဖြစ်ပါသည်။
အားသာချက်များ
xSocial ကုန်သွယ်မှုများကို ကူးယူနိုင်သော မူရင်းကုန်သွယ်ရေးစနစ် ပါဝင်ခြင်း။
၇၀၀ ထက်ပိုသော ကုန်သွယ်ရေးကိရိယာများ။
ဆော့ဖ်ဝဲလ်ရေးဆွဲသူများထံမှ အပ်ပ်အလီကေးရှင်းများ ပါဝင်သော ကိုယ်ပိုင် xStore စတိုး။
အားနည်းချက်များ
ဤပလပ်ဖောင်းအား အထောက်အပံ့ပေးသော Forex အကျိုးဆောင်အရေအတွက် အတော်အသင့် နည်းပါးခြင်း။
ZuluTrade
ZuluTrade သည် အမှီအခိုကင်းသော လူမှုကုန်သွယ်ရေးပလပ်ဖောင်းတခုဖြစ်ပြီး၊ အကျိုးဆောင်ထံမှ ကုန်သွယ်မှုများကို ကူးယူခြင်းအတွက် ဝန်ဆောင်မှုများကို စုစည်းပေးထားပါသည်။ ပလပ်ဖောင်း၏ နည်းပညာသည် Zulu Trade ၏ ပါတနာအကျိုးဆောင်များနှင့် အလုပ်လုပ်သော မည်သူ့ကိုမဆို ကုန်သည်အဆင့်သတ်မှတ်ချက်တွင် ပါဝင်ရန် ခွင့်ပြုပေးပါသည်။ ရင်းနှီးမြှုပ်နှံသူသည် ကုန်သည်၏ အကျိုးဆောင်အမည်၊ အကောင့်သက်တမ်းနှင့် စာရင်းပေးသွင်းသူဦးရေ စသည်တို့ကို ကြည့်ရှုနိုင်ပါသည်။ အသုံးပြုသူကဒ်တခုစီသည် အသေးစိတ်ကုန်သွယ်ရေး စာရင်းအင်းများကို ပြသပါသည်။ Zulu Trade သည် ရွေးချယ်စရာစုံလင်များပြားသော ကုန်သွယ်ရေးပစ္စည်းများကို ပံ့ပိုးပေးပါသည်။ ထို့ကြောင့် သင်သည် ငွေကြေးအတွဲများကို ကုန်သွယ်လိုပါက၊ Zulu Trade အားထောက်ပံ့ပေးသော တရားဝင်အကျိူးဆောင်ကုမ္ပဏီတခုကို ရွေးချယ်ဆုံးဖြတ်ရန်သာ လိုအပ်ပါသည်။
အားသာချက်များ
ကုန်သွယ်ရေး အခြေအနေများသို့ ချဉ်းကပ်ရာတွင် လိုက်လျောညီထွေရှိခြင်း။ လက်လီရင်းနှီးမြှုပ်နှံသူအကောင့်အမျိုးအစား များစွာရှိခြင်း၊ leverage ကိုရွေးချယ်နိုင်သော အခွင့်အရေး၊ အကျိုးဆောင်တခုဖြင့် ဖွင့်လှစ်ပြီးသော အကောင့်တခုအား ပလပ်ဖောင်းသို့ ချိတ်ဆက်နိုင်ခြင်း အစရှိသည်ဖြင့်။
Zulu Guard။ ကုန်သွယ်ရေးနည်းလမ်းတွင် ထူးခြားထင်ရှားသော အပြောင်းအလဲတခုခုရှိပါက ကုန်သွယ်မှုကူးယူခြင်းကို အလိုအလျောက် ရပ်စဲပေးပါသည်။
ZuluScript။ သတ်မှတ်ထားသော ဆက်တင်များနှင့်အညီ သို့မဟုတ် သတ်မှတ်ထားသော ဖြစ်စဉ်များ ဖြစ်ပေါ်လာပါက ကုန်သွယ်မှုများကို အလိုအလျောက် ကူးယူပေးပါသည်။
အားနည်းချက်များ
ဤပလပ်ဖောင်းသည် အဆင့်သတ်မှတ်ချက်အပေါ် တာဝန်မခံပါ။ စုစည်းခြင်းစနစ်အတွင်း အဆင့်သတ်မှတ်ချက်တွင် ပါဝင်သော အကောင့်များအပေါ် ထိန်းချုပ်ပေးသော ကိရိယာများ ပါဝင်ခြင်းမရှိပါ။ စာရင်းပေးသွင်းခြင်းနှင့် စပ်လျဉ်းသော ကိစ္စအဝဝသည် ရင်းနှီးမြှုပ်နှံသူ၏ တာဝန်သာ ဖြစ်ပါသည်။
ကူးယူမှုအမြန်နှုန်း မတူညီခြင်း။ အကယ်၍ ရင်းနှီးမြှုပ်နှံသူနှင့် ကုန်သည်တို့၏ Forex အကျိုးဆောင်များမှာ အချင်းချင်း မတူညီကြပါက၊ ရင်းနှီးမြှုပ်နှံသူအကောင့်တွင် အော်ဒါပြီးမြောက်ရန် အချိန်လစ်ဟင်းမှု ပို၍တိုးလာနိုင်ပါသည်။ အချို့သော ကုန်သည်များက - ဤဆိုက်သည် အသုံးပြုသူများအား အော်ဒါအကောင်အထည်ဖော်နှုန်း မြန်ဆန်သော Forex အကျိုးဆောင်များထံမှ အချက်ပြမှုများကို ကူးယူရန် တွန်းအားပေးသည်ဟု ယူဆကြပါသည်။
TradingView
TradingView သည် အသုံးပြုသူဦးရေ သန်း ၃၀ ကျော်ရှိသော ခွဲခြမ်းစိတ်ဖြာရေးပလပ်ဖောင်းနှင့် လူမှုကွန်ယက်တခု ဖြစ်ပါသည်။ ၎င်းသည် ကုန်သွယ်ရေးပလပ်ဖောင်းတခု မဟုတ်ပါ။ သို့ရာတွင် ဈေးနှုန်းဇယားများစွာ၊ ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန် အထောက်အကူကိရိယာများစွာနှင့် ကုန်သည် အသိုင်းအဝိုင်းတခု ပါဝင်သည့် လွပ်လပ်သော သတင်းအရင်းအမြစ်တခု ဖြစ်ပါသည်။ ကုန်သည်များသည် ဤနေရာတွင် ခန့်မှန်းချက်များ၊ အယူအဆများ၊ လမ်းညွှန်ချက်များနှင့် နည်းဗျူဟာများကို မျှဝေကြပါသည်။
အားသာချက်များ
အဆင်ပြေသော အရွယ်အစား ချိန်ညှိမှုဖြင့် ရွေးချယ်စရာများပြားသော ဇယားများ။ ဆန့်ကျင်ဘက် ဈေးနှုန်းလှုပ်ရှားမှု ပုံစံများစွာကို တည်ဆောက်ရန်အတွက် ပရော်ဖက်ရှင်နယ် Kagi နှင့် Renko ဇယားများ။ နယ်နိမိတ်မျဉ်းများတည်ဆောက်ခြင်းအတွက် သီးသန့်ဖော်မြူလာတခုနှင့်အတူ ကွဲလွဲမှု ၁၀ အထက်ရှိသော — ပျမ်းမျှဈေးနှုန်းတန်ဖိုးများ။
ဆော့ဖ်ဝဲလ်တီထွင်သူ၏ ရွေးချယ်စရာများပြားသော ကိရိယာများ။ ပလပ်ဖောင်းဝဘ်ဆိုက်တွင် မူရင်း ပရိုဂရမ်များ ၈သန်းကျော်နှင့်အတူ အပ်ပ်ပလီကေးရှင်းများ၊ Indicators များနှင့် Trading View သုံးစွဲသူများ၏ အတွေးအခေါ်မျှဝေမှုများ ပါဝင်ပါသည်။ MQL5 နှင့် မတူသောအချက်မှာ ဤနေရာတွင် သင့်အနေဖြင့် MT4/MT5 အတွက်သာမက၊ အခြားကုန်သွယ်ရေးတာမီနယ်များအတွက်ပါ ကိရိယာများစွာကို ရှာဖွေတွေ့ရှိနိုင်ပါသည်။
အပိုဆောင်းကိရိယာများ - စတော့နှင့် ခရစ်ပတိုငွေကြေးများအတွက် scanner များ၊ online heat map စသည်တို့ ပါဝင်ပါသည်။
ပလပ်ဖောင်း၏ ဆောင်ပုဒ်မှာ "We do not make charts, we give freedom." ဟူ၍ ဖြစ်ပါသည်။
အားနည်းချက်များ
TradingView ၏ အဓိကအားနည်းချက်များမှ တခုမှာ အသင်းဝင်ကြေး ပေးဆောင်ရခြင်း ဖြစ်ပါသည်။ အခမဲ့ဗားရှင်း၏ လုပ်ဆောင်ချက်များတွင် အကန့်အသတ်အချို့ ပါဝင်ပါသည်။ ၎င်းသည် စတင်လေ့လာသူ Forex ကုန်သည်အသစ်များအတွက် အဆင်ပြေပါသည်။ သို့ရာတွင် ကျွမ်းကျင်သော Forex ခွဲခြမ်းစိတ်ဖြာမှုအတွက် မလုံလောက်ပါ။ အသင်းဝင်အဖြစ် စာရင်းပေးသွင်းပြီးသောအခါ အသုံးပြုသူသည် ဒုတိယအချိန်ဘောင်များ၊ အချက်ပြမှုသတိပေးခြင်းများ၊ တနေ့အတွင်းကုန်သွယ်ရေးဈေးကွက်သို့ ဝင်ရောက်ခွင့် စသည့်အခွင့်အရေးများကို ရရှိမည်ဖြစ်ပါသည်။ ထို့အတူ ဆိုက်ပေါ်တွင် ဖော်ပြထားသည့် ဆော့ဖ်ဝဲလ်ရေးသားသူမှ ပံ့ပိုးပေးသော Indicators များ၏ ကုဒ်တွင် အမှားအယွင်းများ ပါဝင်လေ့ရှိပါသည်။
Forex ပလပ်ဖောင်းများ နှိုင်းယှဉ်ခြင်း
အကောင်းဆုံး Forex ကုန်သွယ်ရေးပလပ်ဖောင်းများကို ထည့်သွင်းစဉ်းစားထားသော အဆင့် သတ်မှတ်ချက်များကို နှိုင်းယှဉ်၍ ခွဲခြမ်းစိတ်ဖြာခြင်းကို ကော်လံဇယားကွက်ပုံစံဖြင့် အောက်တွင် ဖော်ပြထားပါသည်။ နှိုင်းယှဉ်ခြင်းအတွက် ဥရောပနှင့် အာရှဈေးကွက်များရှိ အကောင်းဆုံး Forex ပွဲစားများစာရင်းတွင် ပါဝင်သော ပလပ်ဖောင်းများ၏ အင်္ဂါရပ်အပြည့်အစုံကိုသာ အတိအကျ ထည့်သွင်းစဉ်းစားထားပါသည်။
MT5 | LiteFinance | cTrader | NinjaTrader | |
ရည်ရွယ်ချက် | Forex, CFD, futures | Forex၊ စတော့ ပိုင်ဆိုင်မှုများ၏ CFDs များ၊ ကုန်စည် ဈေးကွက်များ၊ ခရစ်ပတို ငွေကြေးများ | Forex၊ စတော့ ပိုင်ဆိုင်မှုများ | ရှယ်ယာများ၊ future စာချုပ်များ၊ အိတ်ချိန်းဈေးကွက်များ၏ အခြားကုန်သွယ်ရေးပစ္စည်းများ |
နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းအတွက် ပါဝင်သော ကိရိယာများ အရေအတွက် | ၈၀ မှ | ၁၀၀ မှ | ၅၀ မှ | ၈၀ မှ |
Indicators များ၊ အယ်လ်ဂိုရီသမ်ကုန်သွယ်ရေးကို ပေါင်းထည့်ခြင်း | လက်ခံပါသည် | လက်မခံပါ | လက်ခံပါသည် | လက်ခံပါသည် |
ဘာသာစကား | MQL5 | - | C# | C# |
ဗားရှင်းများ | Desktop ကွန်ပျူတာ၊ Browser၊ မိုဘိုင်း | Browser | Desktop ကွန်ပျူတာ၊ Browser | Desktop ကွန်ပျူတာ၊ Browser၊ မိုဘိုင်း |
ပလပ်ဖောင်းကို အသုံးပြုရန် သင့်တော်သော ကုန်သည်အမျိုးအစား | စတင်လေ့လာသူများ | ယခုမှ စတင်လေ့လာသော Forex ကုန်သည်များ၊ တဆင့်ခံရင်းနှီးမြှုပ်နှံသူများ (လူမှုကုန်သွယ်ရေး) | ပရော်ဖက်ရှင်နယ် ငွေကြေးနှင့် စတော့ ကုန်သည်များ | ပရော်ဖက်ရှင်နယ် ငွေကြေးကုန်သည်များ |
ဆော့ဖ်ဝဲလ် | လုပ်ဆောင်ချက် အပြည့်အစုံ အသုံးပြုရန် PC တခုတွင် တပ်ဆင်ရန် လိုအပ်ခြင်း | Browser မှတဆင့် စက်ပစ္စည်းအားလုံးတွင် အသုံးပြုနိုင်ခြင်း | လုပ်ဆောင်ချက်အပြည့်အစုံကို အသုံးပြုရန် PC တခုတွင် တပ်ဆင်ရန်လိုအပ်ခြင်း သို့မဟုတ် Browser တခုကို ဖွင့်ရန်လိုအပ်ခြင်း | PC တခုတွင် တပ်ဆင်ရန်လိုအပ်ခြင်း။ လိုင်စင်အဖိုးအခ ပေးဆောင်ရန်မလိုပဲ ၁၄ ရက်တိတိ အစမ်းသုံးစွဲနိုင်ပါသည် |
မိုဘိုင်းဖြင့် ကုန်သွယ်ခြင်း | မိုဘိုင်းအပ်ပ်အလီကေးရှင်းတွင် လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ထားပါသည် | မိုဘိုင်းအတွက် အပြည့်အဝ လုပ်ဆောင်နိုင်စွမ်း ပါဝင်ပါသည် | မိုဘိုင်းအပ်ပ်အလီကေးရှင်းတွင် လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ထားပါသည် | မိုဘိုင်းအပ်ပ်အလီကေးရှင်းတွင် လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ထားပါသည် |
မူလပါဝင်သော Indicators များ | မူလပါဝင်သော Indicators ၃၈ ခု | မူလပါဝင်သော Indicators ၇၅ ခု | မူလပါဝင်သော Indicators ၆၇ ခု | မူလပါဝင်သော Indicators ၆၀ ကျော် |
Charts အမျိုး အစားများ | Lines, bars နှင့် Japanese candles | Lines, candles, bars, Area, Heiken Ashi, Renko, Tic-Tac-Toe, Kagi | Lines, bars, Japanese candlesticks, scatter chart, HLC chart | Lines, bars, Japanese candlesticks, စိတ်ကြိုက်ဇယားများ |
မိုဘိုင်း Forex ပလပ်ဖောင်းများ၏ နှိုင်းယှဉ်မှု
ကုန်သည်တဦး သိထားသင့်သော မိုဘိုင်း Forex ပလပ်ဖောင်းများအကြောင်း
မိုဘိုင်းအပ်ပ်လီကေးရှင်းများတွင် လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ချက်များ ရှိပါသည်။ များသောအားဖြင့် ၎င်းတို့အား အပေါ်ယံဇယားခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကုန်သွယ်မှု စီမံခန့်ခွဲခြင်းအတွက် ရည်ရွယ်ပါသည်။ သီးသန့် အထောက်အကူကိရိယာများကို မရရှိနိုင်ပါ။
တာမီနယ်အများစုတွင် iOS နှင့် Android စက်ပစ္စည်းများအတွက် မိုဘိုင်းဗားရှင်းများ ရှိကြပါသည်။ တာမီနယ်များကိုစုစည်းထားသော aggregators များသည်လည်း မိုဘိုင်းဗားရှင်းများ ကို ကမ်းလှမ်းကြပါသည်။ ဥပမာ - ZuluTrade သို့မဟုတ် TradingView။
နည်းပညာပိုင်းဆိုင်ရာ ပလပ်ဖောင်းများ သို့မဟုတ် ဝက်ဘ်ပလပ်ဖောင်းများတွင် မိုဘိုင်းဗာရှင်းများကို ရရှိလေ့မရှိပါ။ ဥပမာ - eSignal အား Window OS သီးသန့်တွင်သာ တပ်ဆင်အသုံးပြုနိုင်ပါသည်။
အထောက်အပံ့ပေးသော ဗားရှင်းများနှင့် လည်ပတ်မှုစနစ်များကို Forex အကျိုးဆောင် သို့မဟုတ် ဆော့ဖ်ဝဲလ်ရေးသားသောကုမ္ပဏီ၏ ဝဘ်ဆိုက်ပေါ်တွင် ကြည့်ရှုနိုင်ပါသည်။
ဤဆောင်းပါးတွင် ထည့်သွင်းသုံးသပ်ထားသော တာမီနယ်များအနက် LiteFinance ပလပ်ဖောင်းတခုတည်း၌သာလျှင် Desktop ဗားရှင်းနှင့် ကွဲပြားမှုမရှိသော ပြီးပြည့်စုံသည့် မိုဘိုင်းဗားရှင်းကို ရရှိနိုင်ပါသည်။ စတင်ရန်အတွက် အက်ပ်ပလီကေးရှင်းကို အင်စတောပြုလုပ်နိုင်သကဲ့သို့ Browser မှတဆင့်လည်း အသုံးပြုနိုင်ပါသည်။ မိုဘိုင်းဗားရှင်းသည် အပြည့်အဝ တုံ့ပြန်မှုမြန်ဆန်ပြီး၊ မည်သည့် စက်ပစ္စည်းတွင်မဆို အလုပ်လုပ်ပါသည်။
အကျဉ်းချုပ်
ကျွန်ုပ်တို့အနေဖြင့် အောက်ပါအတိုင်း ကောက်ချက်ချနိုင်ပါသည်။
ကုန်သွယ်ရေးပလပ်ဖောင်းသည် အထောက်အကူပေးသော ကိရိယာတခု ဖြစ်ပါသည်။ ပလပ်ဖောင်းတခုမရှိပဲ အရောင်း၊အဝယ်များကို ပြုလုပ်နိုင်မည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သင်အကောင့်ဖွင့်သော သင်၏အကျိုးဆောင်သည် ပလပ်ဖောင်းမှတဆင့် ကမ္ဘာ့ဈေးကွက်များသို့ ဝင်ရောက်ခွင့်ကို ပံ့ပိုးပေးသောကြောင့် ဖြစ်ပါသည်။
ပလပ်ဖောင်းများသည် ရည်ရွယ်ချက် ကွဲပြားကြပါသည်။ ခွဲခြမ်းစိတ်ဖြာမှုနှင့် ကုန်သွယ်ရေးအတွက် ဖန်တီးထားသော ပရိုဂရမ်များရှိသကဲ့သို့၊ အရန်ခွဲခြမ်းစိတ်ဖြာမှု ပလပ်ဖောင်းများနှင့် စုပေါင်းပလပ်ဖောင်းများလည်း ရှိကြပါသည်။
အကျိုးဆောင်များသည် ကုန်သွယ်ရေးဆော့ဖ်ဝဲလ်များကို အခမဲ့ ပံ့ပိုးပေးကြပါသည်။ တခါတရံတွင် ၎င်းတို့သည် ကြော်ငြာရည်ရွယ်ချက်ဖြင့် သို့မဟုတ် ကုန်သည်တဦးမှ အပ်ငွေပမာဏအသစ်တခု ဖြည့်သွင်းသောအခါမျိူးတွင် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူကိရိယာများ သုံးစွဲခွင့်ကို ပံ့ပိုးပေးကြပါသည်။ ဤဖြစ်စဉ်မျိုးတွင် အသုံးပြုသူသည် ဆော့ဖ်ဝဲလ်ရေးဆွဲသူ၏ ဝဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု၍ စာရင်းသွင်းနိုင်ပါသည်။
ပြီးပြည့်စုံသော ကုန်သွယ်ရေးပလပ်ဖောင်း သို့မဟုတ် အကောင်းဆုံး Forex အကျိုးဆောင်ဟူ၍ မရှိပါ။ အချို့သော တာမီနယ်များအား — Forex၊ Futures အိတ်ချိန်း စသဖြင့် — သီးခြားဈေးကွက်များအတွက် ရည်ရွယ်ဖန်တီးထားပါသည်။ အချို့သည် — စတင်လေ့လာသူများအတွက်၊ Scalping အတွက်၊ ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှုအတွက် ၊ လူမှုကုန်သွယ်ရေးအတွက် စသဖြင့် သီးခြားပလပ်ဖောင်းတာဝန်များကို ဆောင်ရွက်ပါသည်။ မည်သည့် အမျိုးအစားက သင့်အတွက် သင့်တော်မည်ကို နားလည်သိရှိလိုပါသလား။ စတင်လေ့လာသူများအတွက် FX ပလပ်ဖောင်းတခု (MT4၊ LiteFinance) ကို ရွေးချယ်ပါ။ ထိုမှတဆင့် ပိုမိုရှုပ်ထွေးသော ကိရိယာများဖြင့် သင်၏အရည်အသွေးကို မြှင့်တင်ပါ။
ရင်းနှီးမြှုပ်နှံမှုများမှ ကံကောင်းခြင်းများ ရရှိပါစေ!
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
အကောင်းဆုံး ကုန်သွယ်ရေးပလပ်ဖောင်းအတွက် အမေးများသော မေးခွန်းများ။
Forex ကုန်သွယ်ရေးပလပ်ဖောင်းဆိုသည်မှာ ကုန်သည်တဦးအား ကမ္ဘာ့ဈေးကွက်များပေါ်တွင် ကမ္ဘာအရပ်ရပ်မှ ကုန်သွယ်ဖက်များနှင့်အတူ ပိုင်ဆိုင်မှုများကို အရောင်း၊ အဝယ်ပြုလုပ်ရန် ခွင့်ပြုပေးသော ဆော့ဖ်ဝဲလ်တခု ဖြစ်ပါသည်။ ဒီမိုအကောင့်တခုကို အသုံးပြု၍ စိတ်ကူးယဉ်သရုပ်ပြဈေးကွက်များတွင်လည်း သင်၏ ကုန်သွယ်စွမ်းရည်များကို လေ့ကျင့်မြှင့်တင်နိုင်ပါသည်။
Forex ကုန်သွယ်ရေးပလပ်ဖောင်းသည် ဆော့ဖ်ဝဲလ်အစိတ်အပိုင်းများစွာပါဝင်သော ကိရိယာတစုံ ဖြစ်ပါသည်။ ဥပမာအားဖြင့် MT4 တွင် အောက်ပါ ဖွဲ့စည်းမှုများ ပါဝင်ပါသည်။
- Client Terminal — end-user (လက်တွေ့အသုံးပြုသူ အစစ်အမှန်) ၏ အစိတ်အပိုင်း။ ၎င်းတွင် ဆော့ဖ်ဝဲလ်တခု ပါဝင်ပါသည်။ ကုန်သည်တစ်ဦးသည် ထိုဆော့ဖ်ဝဲလ်အား အကျိုးဆောင်၏ဝဘ်ဆိုက်မှဒေါင်းလုဒ်ပြုလုပ်ကာ တပ်ဆင်ပြီးနောက် - အော်ဒါများ ဖွင့်ခြင်း/ပိတ်ခြင်း၊ pending orders များ သတ်မှတ်ခြင်း၊ အကြံပေးစနစ်များကိုလည်ပတ်စေခြင်း - အစရှိသည့် လုပ်ငန်းစဉ်များကို ထိုဆော့ဖ်ဝဲလ်မှ တဆင့် စီမံခန့်ခွဲနိုင်မည်ဖြစ်ပါသည်။
- Server သည် ကုန်သည်၏ အော်ဒါများကို လက်ခံခြင်း၊ ဆက်လက်ဆောင်ရွက်ခြင်း နှင့် ပြင်ပဈေးကွက်သို့ ပေးပို့ခြင်းများကို အလိုအလျောက် တာဝန်ယူလုပ်ဆောင်သော အစိတ်အပိုင်း ဖြစ်ပါသည်။ ၎င်းသည် အကျိုးဆောင်၏ဆာဗာများတွင် ဒေတာစင်တာ၏ လက်ခံဆောင်ရွက်ပေးသော အစိတ်အပိုင်းတခုအဖြစ်၊ ဆော့ဖ်ဝဲလ်တစုံလုံး၏ အသက်သွေးကြောဖြစ်ပါသည်။
- Administrator - ဆာဗာအစိတ်အပိုင်းအချို့အား အဝေးထိန်းစီမံခန့်ခွဲမှုအတွက် ဆော့ဖ်ဝဲ။ ၎င်းသည် အကျိုးဆောင်များအား ဒေတာသိုလှောင်ခန်းများ၊ ပလပ်ဖောင်းဆက်တင်များနှင့် ငွေကြေးဆိုင်ရာ ကုန်သွယ်ရေးပစ္စည်းများအား စီမံခန့်ခွဲနိုင်ရန် ခွင့်ပြုပေးပါသည်။ ကုန်သည်များသည် တာမီနယ်၏ end-user part (လက်တွေ့အသုံးချရသော အစိတ်အပိုင်း)၊ ၎င်း၏လုပ်ဆောင်နိုင်စွမ်း၊ အော်ဒါလက်ခံဆောင်ရွက်သောအမြန်နှုန်း၊ bugs ပါဝင်မှုမရှိခြင်း စသည့်အချက်များအပေါ် အကဲဖြတ်သင့်ပါသည်။
Forex အကျိုးဆောင်ဆိုသည်မှာ Forex ကုန်သည်များအား Forex ဈေးကွက် နှင့် ကူညီချိတ်ဆက်ပေးသော ကြားခံဆောင်ရွက်ပေးသူများ ဖြစ်ပါသည်။ ရိုးရှင်းစွာဆိုရလျှင် Forex အကျိုးဆောင်ဆိုသည်မှာ Forex ရင်းနှီးမြှုပ်နှံသူများအား Forex ဈေးကွက်အတွင်း ဝင်ရောက်၍ ငွေကြေး၊ အတွဲများကို ဝယ်ယူ၊ ရောင်းချနိုင်ရန် ပံ့ပိုးကူညီပေးသူများ ဖြစ်ပါသည်။ Forex အကျိုးဆောင်များသည် ဘဏ်များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ သို့မဟုတ် ကုန်သည် များထံ Forex ကုန်သွယ်ရေးဝန်ဆောင်မှုများ ပံ့ပိုးပေးသော လက်လီရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီများ ဖြစ်ပါသည်။ အကောင်းဆုံး Forex အကျိုးဆောင်ကို ရွေးချယ်ခြင်းသည် ခက်ခဲသော အလုပ်တခု ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် စိတ်တွင်မှတ်သားထားထားသင့်သော အချက်အချို့ ရှိပါသည်။ စည်းမျဉ်းစည်းကမ်း၊ လက်လီရင်းနှီးမြှုပ်နှံသူအကောင့်အမျိုးအစား၊ သုံးစွဲသူ အကူအညီဝန်ဆောင်မှု၊ spreads၊ ကုန်သွယ်ရေးကိရိယာများ စသည့်အချက်များ ဖြစ်ကြပါသည်။
ပလပ်ဖောင်းအားလုံးနီးပါး - စတင်လေ့လာသူတဦးသည် လုပ်ဆောင်ချက်အားလုံးကို အသုံးပြုရန် မလိုအပ်ပါ။ ထို့ကြောင့် အောက်ပါအချက်များကို ပထမအရေးအကြီးဆုံးအဖြစ် စဉ်းစားသင့်ပါသည်။
- အဆင်ပြေချောမွေ့သော ဖွဲ့စည်းပုံ၊ ဂရပ်များ၏ အသွင်အပြင်၊ အရောင်အစပ်အဟပ်။ သင်၏မျက်လုံးများ ပင်ပန်းစွာ အားစိုက်ရခြင်းမျိုး မရှိသင့်ပါ။ ကုန်သွယ်ရေးတာမီနယ်တခုသည် အဓိကပွိုင့်များကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် ခွင့်ပြုပေးသော ဖွဲ့စည်းပုံမျိုး ရှ်ိသင့်ပါသည်။ အချိန်ကြာသည်နှင့်အမျှ သင်နှင့် ပလပ်ဖောင်း ပို၍အသားကျလာမည်သာ ဖြစ်သည်။ သို့ရာတွင် လုပ်ငန်းစတင်သည့် အစောပိုင်းအဆင့်များတွင် ဝန်ထုပ်ဝန်ပိုးနည်းပါးခြင်းသည် အထူးအရေးကြီးသော အားသာချက် ဖြစ်ပါသည်။
- ထပ်တူကျသော လုပ်ဆောင်ချက်များ။ ပလပ်ဖောင်း၏ အဓိက ကိရိယာများကို နားလည်သဘောပေါက်ရန်နှင့် အကောင်းဆုံး လုပ်ဆောင်ချက်များ ပါရှိသည့် အယ်လ်ဂိုရီသမ်က်ု ရှာဖွေရန် အရေးကြီးပါသည်။ဝန်နှင့်အား မမျှတသော လုပ်ဆောင်ချက်များ ပါဝင်မှုမရှိခြင်း။ သင့်အနေဖြင့် ရွေးချယ်မှု မပြုရသေးပါက၊ MT4 နှင့် LiteFinance ပလက်ဖောင်းများကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။နောက်ထပ် တပ်ဆင်မှုပြုလုပ်ရန် မလိုအပ်ခြင်းနှင့် မည့်သည့်စက်ပစ္စည်း၏ browser မှမဆို ကိရိယာအားလုံးကို အသုံးပြုနိုင်ခြင်းသည်လည်း အရေးပါသော အချက်တခုပင် ဖြစ်ပါသည်။
ကုန်သည်တဦး၏ ကျွမ်းကျင်မှုသည် အသုံးပြုသော ပလပ်ဖောင်းနှင့် မသက်ဆိုင်လှပါ။ ပရော်ဖက်ရှင်နယ် ကုန်သည်များသည် အောက်ပါအချက်များနှင့် ကိုက်ညီမှုရှိသော တာမီနယ်တခုတွင် အလုပ်လုပ်ကြပါသည်။
- အကျိုးဆောင်မှ ၎င်း၏ကုန်သွယ်ရေး အခြေအနေများနှင့် အညီပံ့ပိုးပေးထားသော ပလပ်ဖောင်း။
- ပုံမှန်ဈေးကွက်တခုနှင့် အကောင်းဆုံးလိုက်လျောညီထွေမှုရှိသည့် ပလပ်ဖောင်း။
- ကုန်သည်၏ လိုအပ်ချက်များ၊ လုပ်ငန်းများနှင့် ကောင်းစွာကိုက်ညီသော ပလက်ဖောင်း။
- အသုံးပြုရန်လွယ်ကူ၍၊ လက်တွေ့အသုံးဝင်သော ပလပ်ဖောင်း။
- အကျိုးဆောင်၏ ဝက်ဘ်ဆိုက်မှ ဆော့ဖ်ဝဲကို ဒေါင်းလုပ်ဒ်ပြုလုပ်၍ သင်၏ စက်တွင်တပ်ဆင်ပါ။ အကျိုးဆောင်သည် လိုအပ်သော ပလပ်ဖောင်းကို အထောက်အပံ့ပေးကြောင်း သေချာစေရန် ကြိုတင်ဆန်းစစ်ပါ။
- ဒီမိုအကောင့်တခုကို ဖွင့်ပါ။ သင့်တော်သော ညွှန်ကြားချက်များကို အကျိုးဆောင်၏ ဝဘ်ဆိုက်တွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။ အချို့ပလက်ဖောင်းများသည် သင့်အား ဆော့ဖ်ဝဲလ်မှတဆင့် ဒီမိုအကောင့်ဖွင့်လှစ်ရန် ခွင့်ပြုပါသည်။ LiteFinance ဝဘ်ပလပ်ဖောင်းတွင် မှတ်ပုံတင်စာရင်းသွင်းရန်မလိုပဲ ဒီမိုကုန်သွယ်ရေးကို ဆောင်ရွက်နိုင်ပါသည်။
- ကုန်သွယ်မှုများကိုဖွင့်ပါ။ ပလက်ဖောင်း၏ ကိရိယာများကို စမ်းသပ်ပါ။ ၎င်း၏ လုပ်ဆောင်နိုင်စွမ်းကို လေ့လာပါ။ ဒီမိုအကောင့်မှာ အခမဲ့ဖြစ်ပါသည် - သင့်ဘက်မှ အချိန်ပေးရန်သာ လိုအပ်ပါသည်။
- လက်တွေ့အကောင့်တခုကို ဖွင့်၍ တူညီသောနည်းလမ်းဖြင့် ပလပ်ဖောင်းသို့ ချိတ်ဆက်ပါ။ အကျိုးဆောင်ထံတွင် သက်သေခံအတည်ပြုပါ။ အပ်ငွေအသစ်ဖြည့်သွင်း၍ ဈေးကွက်အစစ်ပေါ်တွင် ကုန်သွယ်မှုများဖွင့်လှစ်ပါ။
ဤမေးခွန်းအတွက်အဖြေသည် အောက်ပါတို့အပေါ် မူတည်ပါသည်။
- ကုန်သွယ်ရေးအခြေအနေများ။ သင်၏ အကျိုးဆောင်မှ ညွှန်ပြထားသော ပမာဏထက် လျော့နည်းသော ပမာဏကို ဖြည့်သွင်းနိုင်မည်မဟုတ်ပါ။ ၎င်းပမာဏသည် 1 USD သို့မဟုတ် 1000 USD စသဖြင့် အကျိုးဆောင်၏ သတ်မှတ်ချက်အတိုင်း ဖြစ်နိုင်ပါသည်။ ဒုတိယအချက်မှာ leverage ဖြစ်ပါသည်။ leverage မပါရှိသော 1 USD သည် cents အကောင့်များတွင် ကုန်သွယ်မှုဖွင့်ရန်အတွက်သာ လုံလောက်ပါသည်။ သို့ရာတွင် Leverage ပမာဏပိုများလေ၊ စွန့်စားမှုမြင့်မားလေဖြစ်သည်ကို မမေ့သင့်ပါ။
- သင်ရည်မှန်းချက်များ။ အကယ်၍ ကျွန်ုပ်တို့သည် ကုန်သည်၏ ပျမ်းမျှ အမြတ်ငွေအား တလလျှင် ၁၀ % ဟု စဉ်းစားပါက၊ 100 USD အပ်ငွေသည် သင့်အတွက် 10 USD အမြတ်ကိုသာ အများဆုံး ပေးစွမ်းနိုင်မည်ဖြစ်သည်။
ပထမဦးစွာ အကျိုးဆောင်၏ ကုန်သွယ်ရေးအခြေအနေများ၊ ၎င်း၏စွမ်းဆောင်ရည်များနှင့် အားသာချက်များကို လေ့လာသင့်ပါသည်။ ထိုအချက်များကို ကျေနပ်မှုရှိသောအခါမှသာ ၎င်းတို့ ကမ်းလှမ်းသော ကုန်သွယ်ရေးပလက်ဖောင်းများကို ဆက်လက်ဆန်းစစ်ပါ။ အကျိုးဆောင် ၇၀% သည် ဥရောပ၊ အာရှ ဈေးကွက်များအပေါ် အလေးထားကြပြီး၊ CIS နိုင်ငံများ၏ အကောင်းဆုံးပလပ်ဖောင်းစာရင်းတွင် MT4 ပါဝင်ပါသည်။
အကျိုးဆောင်ဆိုသည်မှာ သီးသန့်ကုန်သည်များနှင့် အခြားဈေးကွက်ပါဝင်သူများအတွက် အိတ်ချိန်းများနှင့် တိုက်ရိုက်အရောင်းအဝယ်ဈေးကွက်များသို့ ဝင်ရောက်ခွင့်ရရှိစေရန် နည်းပညာ ဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးသော တရားဝင်အဖွဲ့အစည်းတခု ဖြစ်ပါသည်။ပလပ်ဖောင်းသည် ပရိုဂရမ်တခု ဖြစ်ပါသည်။ ကုန်သည်၏ အလုပ်လုပ်သော ကိရိယာတခုလည်း ဖြစ်ပါသည်။ ပလပ်ဖောင်းများသည် ခွဲခြမ်းစိတ်ဖြာမှုလမ်းညွှန်ဆိုက်များ၊ တာမီနယ်များကို စုစည်းပေးသောဆိုက်များ သို့မဟုတ် ဖိုရမ်များအဖြစ်လည်း ဆောင်ရွက်ပါသည်။ ၎င်းတို့သည် အကျိုးဆောင် ဝန်ဆောင်မှုများကို ပံ့ပိုးခြင်းမပြုပါ။ အကူအညီပေးသော လုပ်ဆောင်ချက်များကိုသာ ပံ့ပိုးပေးပါသည်။ ဥပမာအားဖြင့် - ZuluTrade သည် PAMM အကောင့်အကျိုးဆောင်များနှင့် လူမှုကုန်သွယ်ရေးကို စုစည်းပေးသော ပလပ်ဖောင်းဖြစ်ပါသည်။ Currenex နှင့် Integral တို့သည် ECN ပုံစံဖြင့် အော်ဒါအကောင်အထည်ဖော်ခြင်းအတွက် နည်းပညာဆိုင်ရာဖြေရှင်းချက်များကို ပံ့ပိုးပေးသော ပလပ်ဖောင်းများ ဖြစ်ကြပါသည်။ MQL5 သည် MT4 နှင့် MT5 အသုံးပြုသူများ အသိုင်းအဝိုင်းအတွက် ပလပ်ဖောင်းတခု ဖြစ်ပါသည်။
- အကောင့်လုံခြုံရေးနှင့် ငွေပေးချေမှုများအတွက် လုံခြုံစိတ်ချရပါသည်။ အကျိုးဆောင် သည် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို ပြင်ပသို့ လွှဲပြောင်းခြင်း မရှ်ိပါ။ အသုံးပြုသူများ၏အကောင့်များအား စိစစ်အတည်ပြုခြင်း၊ နှစ်ဆင့်အတည်ပြုခြင်းနှင့် SSL ဒေတာကုဒ်ဝှက်စနစ်တို့ဖြင့် ကာကွယ်ထားပါသည်။ အကယ်၍ သင်သည် စကားဝှက်များ ကို မျှဝေခြင်း၊ ရင်းနှီးမှုမရှိသော အီးမေးလ်များကို ဖွင့်ခြင်း၊ ပြင်ပလင့်ခ်များ ကို ဖွင့်၍ဝင်ရောက်ခြင်းများကို မပြုလုပ်ပါက သင်၏ ဒေတာများသည် အကာအကွယ်အောက်တွင် ရှ်ိပါသည်။
- FX ကုန်သွယ်ရေး ဆုံးရှုံးနိုင်ခြေများကို ရှောင်လွှဲ၍ မရနိုင်ပါ။ ကုန်သွယ်မှုများ ဖွင့်ခြင်း/ပိတ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာမှုကိရိယာများကို အသုံးပြုခြင်း၊ အချက်ပြမှုများ အပေါ်မူတည်၍ ကုန်သွယ်မှုများကို ကူးယူခြင်း အစရှိသော သင်၏ ကိုယ်ပိုင် လှုပ်ရှားမှုများ အတွက် သင့်ထံသာ တာဝန်ရှိပါသည်။ သင်၏ဆုံးဖြတ်ချက်သည် မှားယွင်းနိုင်ပြီး၊ အပ်ငွေများ ဆုံးရှုံးရနိုင်သည်ကို နားလည်သဘောပေါက်ရပါမည်။ ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်၍ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းစည်းမျဉ်းများကို လိုက်နာပါ။
သီအိုရီအားဖြင့်၊ ထိုသို့ဆောင်ရွက်နိုင်ပါသည်။ ဘဏ်တခုတွင် ငွေကြေးတခုကိုဝယ်ယူ၍ ငွေလဲနှုန်းပြောင်းလဲသည့်အခါ ပြန်လည်ရောင်းချနိုင်ပါသည် - ဤသည်မှာလည်း ကုန်သွယ်ရေးအမျိုးအစားတခုပင် ဖြစ်ပါသည်။ သို့သော် ကမ္ဘာ့အိတ်ချိန်းဈေးကွက်နှင့် over-the-counter(တိုက်ရိုက်ရောင်းချသော) ဈေးကွက်များတွင် ပြည့်စုံသော ကုန်သွယ်ရေးကိုဆောင်ရွက်ရန်အတွက် ကြားခံအဖြစ်ဆောင်ရွက်ပေးမည့် အကျိုးဆောင်ကုမ္ပဏီ တခုကို လိုအပ်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။






























