ဤဆောင်းပါးတွင် pip ဟုခေါ်သော အနိမ့်ဆုံးစျေးနှုန်းပြောင်းလဲမှုအပေါ် အလေးပေးဖော်ပြမည်ဖြစ်သည်။ ၎င်း၏ ပမာဏ၊ ၎င်းတို့အား စျေးနှုန်းရွေ့လျားမှုတွင် အဘယ်ကြောင့် တိုင်းတာရခြင်းနှင့် ကုန်သွယ်ရေး အမျိုးအစားများအားလုံးအတွက် pip တိုင်းတာပုံ တူညီခြင်းရှိမရှိကို လေ့လာရမည်ဖြစ်သည်။ ဆိုလိုသည်မှာ - မတူညီသော pips အမျိုးအစားများရှိ၍ ၎င်းတို့၏ အဓိပ္ပါယ်ကို နားလည်ရန် အရေးကြီးသည်။
Pip ဖြင့် ကုန်သွယ်မှုသည် အကြောင်းအရာများစွာပေါ်တွင်မူတည်ပြီး ကုန်သည်တစ်ဦးအနေဖြင့် အရောင်းအဝယ်ပမာဏ၊ အခြေခံဈေးနှုန်းပွိုင့်နှင့် pip ရွှေ့လျားခြင်းကို ဆိုလိုကြောင်း သိရန်လိုအပ်သည်။ စတင်လေ့လာကြည့်ရအောင်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
Pips ၏ သတ်မှတ်ချက်နှင့် အဓိပ္ပါယ်
ကျွန်ုပ်အနေဖြင့် နိဒါန်းအကြောင်းအရာကို ရှည်ရှည်ဝေးဝေး ဖော်ပြမည်မဟုတ်ပါ။ Pip ဆိုသည်မှာ စျေးနှုန်းပြောင်းလဲမှု၏ အနည်းဆုံးယူနစ်အတွက် ယေဘုယျအသုံးအနှုန်းဖြစ်သည်။ ဒေါ်လာ သို့မဟုတ် ယူရိုငွေကြေးများ၏ သေးငယ်သောအတက်အကျများကို တွက်ချက်ရန် အဆင်မပြေသောကြောင့် Forex ကုန်သည်များကြားတွင် အဆိုပါဝေါဟာရသည် လူသိများလာပါသည်။ 0.0054 ယူရို ဈေးတက်လာသည်ဟု ဆိုခြင်းထက် 540 pip တက်လာသည်ဟု ပြောဆိုခြင်းမှာ ပိုမိုလွယ်ကူနေသည်။
FX pip ၏ အရေးကြီးသော အသေးစိတ်အချက်တစ်ချက်မှာ စျေးနှုန်းတိုင်းတာမှု ၏ တိကျမှုပေါ်တွင် မူတည်ပါသည်။ အချို့ကုန်သွယ်ရေးအကျိုးဆောင်များသည် ဂဏန်း ၄ လုံးဈေးနှုန်းအကိုးအကား (4-digit quotes) ကို ကမ်းလှမ်းသည် - ဤနေရာတွင် စျေးနှုန်းတိုင်းတာခြင်း၏တိကျမှုသည် သောင်းဂဏန်းအထိသာရှိသည်။ ဤအခြေအနေတွင် EURUSD စျေးနှုန်းရှိ ဒဿမနောက် ပဉ္စမမြောက်ပွိုင့် ၏ ပြောင်းလဲမှု - ဥပမာ 1.00000 မှ 1.00004 သို့ပြောင်းလဲခြင်းကို - သတိမပြုမိ ဖြစ်လိမ့်မည်။ ဂဏန်း ၄ လုံး အသုံးပြုသော Forex ကုန်သွယ်ရေးအကျိုးဆောင်အတွက် one-pip ပြောင်းလဲမှုသည် ဂဏန်း ၅လုံး အကိုးအကားကို အသုံးပြုသော အကျိုးဆောင်အတွက်ဆိုလျှင် 10 pip စျေးနှုန်းပြောင်းလဲမှုနှင့် ညီမျှသည်။
EURUSD ငွေကြေးအတွဲအတွက် ဝယ်/ရောင်းဈေးအဟ-spread ကို သုံးသပ်ကြည့်ကြပါစို့။
ငွေလဲနှုန်းသည် 1.21232 မှ 1.21233 ဖြစ်သည်-
- အကောင်းဆုံးအရောင်းစျေးနှုန်းမှာ $1.21232၊
- အကောင်းဆုံးအဝယ်ဈေးနှုန်းမှာ $1.21233 ဖြစ်သည်။
Spread သို့မဟုတ် ဝယ်/ရောင်းဈေးကြား ကွာခြားချက်မှာ EUR 0.00001 သို့မဟုတ် 1 pip ဖြစ်သည်။ Litefinance အနေဖြင့် 5-digit quotes ကို ပံ့ပိုးပေးထားပါသည်။
အနိမ့်ဆုံး စျေးနှုန်းအရွေ့အကြောင်း ဆွေးနွေးရာတွင် ဤကုန်သွယ်ရေးအမျိုးအစား(EUR/USD)၏စျေးနှုန်း သည် တစ်မိနစ်အချိန် (M1) တွင် ၅ မိနစ်အတွင်း မည်သို့ပြောင်းလဲသွားသည်ကို အသေးစိတ် လေ့လာကြည့်ကြပါစို့။
စျေးနှုန်းသည် 1.21247 ဈေးတန်းတွင်ဖြစ်သည်-
၁၀ မိနစ်အကြာတွင် စျေးနှုန်းသည် 1.21250 သို့ အနည်းငယ်တိုးလာသည်။
အချိန်ကာလ သေးငယ်သောကြောင့် ဈေးနှုန်းတိုးတက်မှုသည် အလွန်သေးငယ်ပါသည်။
ဈေးနှုန်းဟာ 1.21247 မှ 1.21250 အထိ 3 pips သို့မဟုတ် ဒေါ်လာ 0.00003 မြင့်တက်သွားတာကို တွေ့ရပါတယ်။
0.00001 ၏ pip တန်ဖိုးကို "fractional pip" ဟုလည်း ခေါ်သည်၊ အဘယ်ကြောင့်ဆိုသော် ဂဏန်း ၄ လုံး ကိုးကားချက်ဖြင့် ဆိုလျှင် “စံသတ်မှတ်ချက်” တန်ဖိုး ၏ ဆယ်ပုံတစ်ပုံ ဖြစ်သည်။
Pip တန်ဖိုးတွက်ချက်ခြင်း
တွက်ချက်ရန် သိရှိသင့်သည်မှာ-
- အရောင်းအဝယ်အမျိုးအစား 1 lot ၏ကုန်ကျစရိတ်။ Forex တွင် ၎င်းသည် အများအားဖြင့် အခြေခံငွေကြေး၏ 100,000 ယူနစ် (ကိုးကားချက်ရှိ ပထမဆုံးငွေကြေး)။ ဥပမာအားဖြင့် EURUSD 1 lot ၏ ကုန်ကျစရိတ်သည် = 100,000 ယူရိုဖြစ်ပြီး GBP/JPY 1 lot ၏ကုန်ကျစရိတ် သည် 100,000 ပေါင် ဖြစ်သည်။
- အရောင်းအဝယ်အမျိုးအစား၏ ကုန်ကျစရိတ်။ ဥပမာ - EURUSD ။ 1.20000 နှုန်းဖြင့် 1 lot (ယူရို 100,000) ဝယ်ယူပါက 100,000 x 1.20 = ဒေါ်လာ 120,000 ကုန်ကျမည်ဖြစ်ပါသည်။
အကယ်၍ ကျွန်ုပ်တို့သည် 1 pip ပိုမြင့်သောဈေးဖြင့် 1 lot ရောင်းပါက၊ ဥပမာ- 1.20001 ၊ အဆိုပါ အရောင်းအဝယ်၏ရလဒ်အနေဖြင့် ကျွန်ုပ်တို့သည် 100,000 x 1.20001 = 120,001 အမေရိကန်ဒေါ်လာ ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဤကုန်သွယ်ရေးအမျိုးအစားအတွက် one pip ၏ ကုန်ကျစရိတ်ဖြစ်သည့် one pip ရွှေ့ခြင်းဖြင့် ၁ ဒေါ်လာ ရရှိနိုင်ပါသည်။
အခြားကုန်သွယ်ရေးအမျိုးအစားများကို ဤနည်းအတိုင်း တွက်ချက်ပါသည်။
ငွေလဲနှုန်းတွက်ချက်မှုတွင် သမားရိုးကျမဟုတ်သော ဒဿမ ၃ နေရာရှိဂဏန်းများ၏ ဥပမာတစ်ခုအနေဖြင့် USD/JPY ကို လေ့လာကြည့်ကြပါစို့။
1 lot ကုန်ကျစရိတ် - USD 100,000
ငွေလဲနှုန်းထားမှာ 105,300 ဟု ယူဆပါမည်။
ဒေါ်လာနှင့် ယန်း လဲလှယ်မှု ဥပမာတွင် အနိမ့်ဆုံးစျေးနှုန်းအတက်အကျသည် 0.001 ဖြစ်ပါမည်။
USDJPY 1 lot ကို ဝယ်ယူသည့်အခါ 100,000 * 105,300 = 10,530,000 ဂျပန်ယန်း လိုအပ်ပါသည်။
105.301 သို့ 1 pip မြင့်တက်ပါက 1 lot (အမေရိကန်ဒေါ်လာ 100,000) ကို 10,530,100 ယန်းဖြင့် ရောင်းချနိုင်ပါသည်။
ထို့ကြောင့် ဤတွက်ချက်မှုတွင် pip တစ်ခု၏တန်ဖိုးသည် 10,530,100 - 10,530,000 = 100 ယန်းဖြစ်မည်။
ကုန်သွယ်မှုအကောင့်ရှိ Pip တန်ဖိုးကို ရှာဖွေခြင်း
Forex စျေးကွက်ရှိ pip တန်ဖိုးတွက်ချက်ခြင်းအတွက် တန်ဖိုးအချို့ကို ကုန်သွယ်ရေးအကောင့်တွင် တွေ့ရှိနိုင်သည်။ အွန်လိုင်းကုန်သွယ်ရေးတာမင်နယ် တွင် EURUSD ငွေကြေးအတွဲ၏ ဈေးနှုန်းပြဇယားကိုဖွင့်၍ လုပ်ဆောင်မည်ဆိုလျှင် "currencies" ကိုရွေးပြီး EURUSD အတွဲကို နှိပ်ပါ။
ဇယား၏ညာဘက်ထောင့်ရှိ ဖော်ပြချက်တန်ဖိုးမှာ ကုန်သွယ်ရေးအမျိုးအစား၏လက်ရှိစျေးနှုန်းကိုပြသသည်။ လက်ရှိတန်ဖိုးမှာ $1.20241 ဖြစ်သည်။
ကျွန်ုပ်တို့တွင် ကိုးကားချက် ဂဏန်း ၅ လုံး (5-digit quote) ပါသော ဈေးနှုန်းတစ်ခုရှိသည်၊ ဆိုလိုသည်မှာ ဤအမျိုးအစား အတွက် အနိမ့်ဆုံးစျေးနှုန်းပြောင်းလဲမှုမှာ $0.00001 ဖြစ်သည်။
1 pip ၏တန်ဖိုးကိုတွက်ချက်ရန်၊ Lots ဖြင့်တိုင်းတာသည့် အရောင်းအဝယ် ပမာဏကိုလည်း သိရန် လိုအပ်သည်။ ရွေးချယ်ရသော အရောင်းအဝယ်ပမာဏကို ဇယား၏ညာဘက်တွင် ပြထားသည်-
အရောင်းအ၀ယ်ပမာဏ တိုးလာသည်နှင့်အမျှ ကုန်သည်အတွက် 1 pip တန်ဖိုးလည်း တိုးလာသည်။ အစောပိုင်းတွင် သိထားခဲ့သည့်အတိုင်း 1 lot ပမာဏဖြင့် 1 pip ၏ ကုန်ကျစရိတ်မှာ $1 ဖြစ်သည်။ ဆိုလိုသည်မှာ အနိမ့်ဆုံးပမာဏ 0.01 lot ဖြင့် pip တစ်ခု၏ကုန်ကျစရိတ်သည် $0.01 နှင့် ညီမျှမည် ဖြစ်သည်။ ဤအခြေအနေတွင်၊ ကုန်သည်သည် 50 pips စျေးနှုန်း ရွေ့လျားမှုဖြင့် $0.5 ရရှိနိုင်သည်။
အရောင်းအဝယ်ပမာဏကို 0.1 သို့ တိုးမြှင့်ပါက 1 pip ၏ ကုန်ကျစရိတ်သည်လည်း 0.01 $ မှ $0.1 သို့ ၁၀ ဆ တိုးလာမည်ဖြစ်ပြီး 50 pips ရွေ့လျားမှုမှာ $5 ဖြစ်သည်။
ကုန်သွယ်မှုတိုင်းတွင် ဖြစ်နိုင်ချေရှိသော ရလဒ်နှစ်ခု အမြဲရှိကြောင်း နားလည်ရန် အရေးကြီးပါသည်။ ထို့ကြောင့် ပမာဏများ မထည့်သွင်းမှီ ကုန်သည်သည် ဆုံးရှုံးနိုင်ချေနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံအသိပညာကို တက်မြောက်သင့်သည်ဟု အကြံပြုထားသည်။
မေဂျာငွေကြေးအတွဲများ pips: Forex
မေဂျာငွေကြေးအတွဲများကို Majors ဟုခေါ်ဆိုသည်။ ၎င်းတို့တွင် -
- EURUSD (ယူရို - အမေရိကန်ဒေါ်လာ)
- USDCHF (အမေရိကန်ဒေါ်လာ - ဆွဇ်ဖရန့်)
- GBPUSD (ဗြိတိသျှပေါင် - အမေရိကန်ဒေါ်လာ)
- USDJPY (အမေရိကန်ဒေါ်လာ - ဂျပန်ယန်း)
- USDCAD (အမေရိကန်ဒေါ်လာ - ကနေဒါဒေါ်လာ)
- AUDUSD (ဩစတေးလျဒေါ်လာ - အမေရိကန်ဒေါ်လာ)
- NZDUSD (နယူးဇီလန်ဒေါ်လာ - အမေရိကန်ဒေါ်လာ)
ဤကုန်သွယ်ရေးအမျိုးအစားအားလုံးတွင် ဈေးနှုန်းကိုးကားချက် ဂဏန်း ၅ လုံး (5-digit quotes) ပါရှိပြီး ခြွင်းချက်အနေဖြင့် USDJPY တွင် ဒဿမနောက်ဂဏန်း ၃ နေရာ ပါရှိသည်။
ကုန်သွယ်ရေးအမျိုးအစားတစ်ခုတွင် 1 lot အတွက်ကုန်ကျစရိတ်သည် အခြေခံငွေကြေး၏ 100,000 ယူနစ် ဖြစ်သည် (ကိုးကားချက်ရှိ ပထမငွေကြေး) -
| EURUSD | ယူရို 100,000 |
| USDCHF | အမေရိကန်ဒေါ်လာ 100,000 |
| GBPUSD | ပေါင် 100,000 |
| USDJPY | အမေရိကန်ဒေါ်လာ 100,000 |
| AUDUSD | သြစတြေးလျဒေါ်လာ 100,000 |
| USDCAD | အမေရိကန်ဒေါ်လာ 100,000 |
| NZDUSD | နယူးဇီလန်ဒေါ်လာ 100,000 |
ငွေကြေးအတွဲတစ်ခုစီအတွက် 1 pip တန်ဖိုး ကို ပေါင်းထည့်ကာ 1 lot ၏ စံသတ်မှတ်ထားသော အရောင်းအဝယ်ပမာဏအတွက် တန်ဖိုးကိုတွက်ချက်ကြည့်ရအောင်။
| EURUSD | ယူရို 100,000 | 0.00001 အမေရိကန်ဒေါ်လာ | 1 အမေရိကန်ဒေါ်လာ |
| USDCHF | အမေရိကန်ဒေါ်လာ 100,000 | 0.00001 ဆွဇ်ဖရန့် | 1 ဆွဇ်ဖရန့် |
| GBPUSD | ပေါင် 100,000 | 0.00001 အမေရိကန်ဒေါ်လာ | 1 အမေရိကန်ဒေါ်လာ |
| USDJPY | အမေရိကန်ဒေါ်လာ 100,000 | 0.001 ဂျပန်ယန်း | 100 ဂျပန်ယန်း |
| AUDUSD | သြစတြေးလျဒေါ်လာ 100,000 | 0.00001 အမေရိကန်ဒေါ်လာ | 0.5 အမေရိကန်ဒေါ်လာ |
| USDCAD | အမေရိကန်ဒေါ်လာ 100,000 | 0.00001 ကနေဒါဒေါ်လာ | 1 ကနေဒါဒေါ်လာ |
| NZDUSD | နယူးဇီလန်ဒေါ်လာ 100,000 | 0.00001 အမေရိကန်ဒေါ်လာ | 1 အမေရိကန်ဒေါ်လာ |
ကုန်သည်၏ ကုန်သွယ်မှုအရင်းအနှီးကို ထိန်းသိမ်းထားသည့် ငွေကြေးပေါ်မူတည်၍ အဆိုပါတန်ဖိုးများမှာ လက်ရှိနှုန်းထားအပေါ်အခြေခံ၍ ပြောင်းလဲသွားမည်ဖြစ်သည်။
တွက်ချက်မှုအတွက် လိုအပ်သည်များမှာ-
- ကုန်သွယ်ရေးအမျိုးအစား၏ 1 pip ကုန်ကျစရိတ်။ ဥပမာအားဖြင့် ကုန်သည်တစ်ဦးသည် USDCHF ကို ရောင်းဝယ်ထားလျှင် အရောင်းအဝယ်ပမာဏကို CHF ဖြင့်တိုင်းတာ၍ 1 pip ၏ကုန်ကျစရိတ် မှာ 1 CHF ဖြစ်သည်။
- တစ်ပွိုင့်တန်ဖိုးကို တွက်ချက်ထားသည့်ငွေကြေးနှင့် အကောင့်သုံးငွေကြေး၏ ငွေလဲနှုန်းအချိုး။ ဤအခြေအနေတွင် ကျွန်ုပ်တို့သည် USD မှ CHF နှုန်းထားကို ပြောင်းလဲရန်လိုအပ်ပါသည်။
ကုန်သည်တစ်ဦး၏ USD အကောင့်အတွက် 0.90000 နှုန်းဖြင့် USDCHF ငွေကြေးအတွဲ၏ တစ်ပွိုင့် တန်ဖိုးကို အောက်ပါအတိုင်း တွက်ချက်ပါမည် -
USD အကောင့်တစ်ခုအတွက် Point တန်ဖိုး = 1 CHF / 0.90000 = 1.11 USD
အကယ်၍ ကုန်သည်တစ်ဦးသည် USD အကောင့်တစ်ခုဖြင့် USDJPY အတွဲကို 105,600 နှုန်းထားဖြင့် ကုန်သွယ်မှုလုပ်ဆောင်လိုပါက ၎င်း၏ USD အကောင့်အတွက် pip တန်ဖိုးသည် အောက်ပါအတိုင်း ဖြစ်ပါမည် -
USD အကောင့်တစ်ခုအတွက် Forex pip တန်ဖိုးကို တွက်ချက်ခြင်း = 100 JPY / 105,600 = 0.95 USD
အခြေခံတွက်ချက်မှုများကို ကျွမ်းကျင်ပါက အချိန်ကုန်သက်သာစေရန် ကုန်သွယ်ရေး ဂဏန်းတွက်စက်ကို အသုံးပြုနိုင်သည်။ https://www.litefinance.org/my/trading/forex-calculator/
Pips နှင့် ဈေးနှုန်းရွေ့လျားမှု
ဖြစ်နိုင်ချေရှိသော အမြတ် (သို့မဟုတ်) ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်ခြင်းသည် ကုန်သည်၏ ခွဲခြမ်းစိတ်ဖြာမှုအတွက် လက်တွေ့ကျ၍ အရေးကြီးပါသည်။ ဤတန်ဖိုးများအပေါ်အခြေခံ၍ ကုန်သည်သည် ၎င်းတို့၏ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုစည်းမျဉ်းများနှင့် ကုန်သွယ်မှုအရင်းအနှီးနှင့် ကိုက်ညီသော ကုန်သွယ်မှုပမာဏကို တွက်ချက်နိုင်သည်။
ထိုသို့သောတွက်ချက်မှုများအတွက် လိုအပ်ချက်များမှာ-
စံသတ်မှတ်ထားသော အရောင်းအဝယ်ပမာဏ 1 lot အား သက်ဆိုင်ရာအကောင့်သုံးငွေကြေးဖြင့် ကုန်သွယ်မှုလုပ်ဆောင်ထားသော ကုန်သွယ်ရေးအမျိုးအစားတစ်ခုအတွက် 1 pip တန်ဖိုးကို တွက်ချက်ပါ။
အကောင့်ငွေကြေးဖြင့် ဖြစ်နိုင်ချေဆုံးရှုံးမှုကို တွက်ချက်ပါ - အရှုံးခံဈေးကို ရောက်ရှိသောအခါ မည်မျှဆုံးရှုံးမည်နည်း။ ပုံသေနည်းကိုအသုံးပြု၍ ၎င်းကို တွက်ချက်နိုင်သည် -
စံသတ်မှတ်ထားသော အရောင်းအဝယ်ပမာဏအတွက် ဆုံးရှုံးနိုင်ချေ (အကောင့်သုံးငွေကြေးဖြင့်) = အကောင့်သုံးငွေကြေးဖြင့် တွက်ချက်ထားသည့် pip တန်ဖိုး x ဆုံးရှုံးမှု pip တန်ဖိုး
ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုစည်းမျဉ်းများကို အခြေခံ၍ ကုန်သွယ်မှုပမာဏကို တွက်ချက်ပါ။
ကုန်သည်တစ်ဦးသည် USD ငွေကြေးသုံးကုန်သွယ်ရေးအကောင့်တစ်ခုတွင် EURUSD ငွေကြေးအတွဲကို ကုန်သွယ်မှုလုပ်ဆောင်နေသည်ဆိုကြပါစို့။ ကုန်သွယ်မှုအတွက်ရင်းနှီးငွေ $200 ဖြင့် အရှုံးခံဈေး အကွာအဝေးအား 20 pips တွင် သတ်မှတ်လိုသည်။
- 1 lot ပမာဏရှိ 1 pip ၏ ကုန်ကျစရိတ် = 1 USD
- 1 lot ကုန်သွယ်မှုတွင် အရှုံးခံဈေးကို 20 pips ဖြင့် သတ်မှတ်သောအခါ ကုန်သည်၏ဆုံးရှုံးနိုင်ချေ -
Pip တန်ဖိုး * ဆုံးရှုံးမှု pip တန်ဖိုး = $20
- ကုန်သည်တစ်ဦးသည် ကုန်သွယ်မှုတစ်ခုလျှင် ရင်းနှီးငွေ၏ 3% ထက်ပို၍ အရှုံးမခံလိုပါဟုဆိုကြပါစို့။ အရင်းအနှီး $200 ဆိုလျှင် $200 * 0.03 = $6 ဖြစ်သည်။
အကယ်၍ 1 lot ပမာဏနှင့် ဆုံးရှုံးခံနိုင်ခြင်းသည် $20 ဖြစ်ပါက ကုန်သည်သည် ကုန်သွယ်မှုပမာဏ ကို လျှော့ချရန် လိုအပ်မည်ဖြစ်ပါသည်။
$20 / $6 = 3.33.
အကျိုးဆက်အနေဖြင့် ထိုကဲ့သို့သော ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု ကန့်သတ်ချက်များပါရှိသည့် ကုန်သွယ်မှုပမာဏ သည် 1 lot ၏ စံသတ်မှတ်ထားသော ရောင်းဝယ်မှုပမာဏထက် 3.33 ဆ လျော့နည်းသင့်သည်။
ထို့ကြောင့် စည်းမျဉ်းများနှင့် ကန့်သတ်ချက်များအားလုံးကို ထည့်သွင်းစဉ်းစား၍ ဖြစ်နိုင်ချေရှိသော အမြင့်ဆုံးပမာဏသည် 1/3.33 = 0.3 lot နှင့်ညီမျှမည်ဖြစ်သည်။
Pipette/Point ဆိုတာဘာလဲ
1 point (သို့မဟုတ်) pipette ဆိုတာ ဘာလဲ၊ ၎င်းတို့သည် pip နှင့်မည်သို့ကွာခြားသနည်း ။
ငွေလဲလှယ်ရေးဈေးကွက်တွင် - စတော့၊ futures စသည်တို့၏ - ပွိုင့်များသည် ဒဿမအမှတ်မတိုင်မီရှိ ဈေးနှုန်းတန်ဖိုးများဖြစ်သည်။
ဥပမာအားဖြင့် AMZN ရှယ်ယာများ၏စျေးနှုန်းသည် တစ်နေ့တည်းတွင် 3284.7 မှ 3305.4 သို့မြင့်တက်လာပါက စျေးနှုန်းသည် ၂၁ ပွိုင့်အထိတက်လာသည်ဟု စတော့ကုန်သည်များက ဆိုကြသည်။
နောက်ဆက်တွဲစျေးနှုန်းတန်ဖိုးများကို(ဒဿမအမှတ်ပြီးနောက်) ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ -
3305 - 3284 = 21 pips.
အကယ်၍ သင်သည် အိတ်စ်ချိန်းကုန်သွယ်ရေးအမျိုးအစားများ၏ ဈေးနှုန်းနှင့် ဆင်တူစွာတွက်ချက်ထားသော contracts for difference (CFDs) များကိုရောင်းဝယ်ပါက Forex ပွိုင့်တစ်ပွိုင့် ရှိ တွက်ချက်မှုအတိုင်းပင် တူညီသောရလာဒ်ရရှိမည်ဖြစ်သည်။
Forex ပွိုင့်တစ်ပွိုင့်သည် အနိမ့်ဆုံးဖြစ်နိုင်သော စျေးနှုန်းရွေ့လျားမှုကိုသာမက 0.00001 နှင့်ညီမျှသော စျေးနှုန်းပြောင်းလဲမှုပမာဏကိုလည်း ညွှန်ပြနိုင်သည်။ အချို့သော Forex ကုန်သည်များသည် pip နှင့် point ၏ သဘောတရားများအကြား အမြင်ကွဲပြားသည်။
ယခင်က Forex ကုန်သွယ်ရေးအကျိုးဆောင်အများစုသည် ဂဏန်း ၂ လုံး 2-digit (ဥပမာ - USDJPY) နှင့် ဂဏန်း ၄ လုံး 4-digit (ဥပမာ - EURUSD) ဈေးနှုန်းအကိုးအကားများကို ပေးအပ်ထားသောကြောင့် အနိမ့်ဆုံးစျေးနှုန်းရွေ့လျားမှုသည် 0.01 နှင့် 0.0001 အသီးသီးဖြစ်သည်။ ၎င်းကို pip ဟုခေါ်သည်။
Metatrader ကုန်သွယ်ရေးတာမင်နယ် ရှိ ဂဏန်း ၄ လုံး ကိုးကားချက်(4-digit quote) ကို ပုံတွင် သတိပြု၍ ကြည့်ရူပါ။
အချိန်နှင့်တစ်ပြေးညီ တွက်ချက်ထားသော တွက်ချက်မှုများတွင် 3-digit (USDJPY) နှင့် 5-digit (EURUSD) ကိုးကားချက်များ၏ အကူအညီဖြင့် စျေးနှုန်းအပြောင်းအလဲများ ပိုမိုထူးခြားမှုရှိလာသည်။ ထို့ကြောင့် USDJPY အတွက် အနိမ့်ဆုံးစျေးနှုန်းပြောင်းလဲမှုသည် 0.001 ဖြစ်လာပြီး EURUSD - 0.00001 ဖြစ်လာသည်။
ထို့ကြောင့် ကုန်သည်ဟောင်းများအတွက် 1 pip ၏ဈေးနှုန်းပြောင်းလဲမှုတန်ဖိုးမှာ 0.01 (သို့မဟုတ်) 0.0001 ဖြစ်နေဆဲဖြစ်ပြီး 0.001 နှင့် 0.00001 တို့၏ ပိုမိုတိကျသောပြောင်းလဲမှုများကို point (သို့မဟုတ်) လှပသောစကားလုံး "pipette" ဟုခေါ်ဆိုသည်။
ထို့ကြောင့် ငွေကြေးအတွဲ၏နှုန်းထားသည် 1.20251 မှ 1.20274 သို့မြင့်တက်လာပါက မြင့်တက်မှုမှာ 2 pips (သို့မဟုတ်) 23 points ဖြစ်သည် -
1.20274 - 1.20251 = 0.00023
ထို့ကြောင့် အမေရိကန်ဒေါ်လာနှင့်တိုင်းတာသည့် ကုန်သွယ်ရေးအမျိုးအစားအချို့၏ ဥပမာကို အသုံးပြုခြင်းဖြင့် -
Exchange - $1 = 1 point
Forex စျေးကွက် - pip သည် point နှင့်ညီမျှပြီး 4-digit quote ဖြင့်ဆိုလျှင် $0.00001 (သို့မဟုတ်) $0.0001 ဖြစ်သည်။
Forex တွင် တစ်ပွိုင့် ၏ကုန်ကျစရိတ်
အကယ်၍ သင်သည် စတော့ကုန်သည်တစ်ဦးဖြစ်ပါက သင့်အတွက် ပွိုင့်တန်ဖိုးသည် ရောင်းဝယ်သည့် ကုန်သွယ်ရေးအမျိုးအစားတန်ဖိုး၏ တိုင်းတာမှုယူနစ်နှင့် ညီမျှမည်ဖြစ်သည်။
အကယ်၍ ကုန်သွယ်ရေးအမျိုးအစားကို ယူအက်စ်ဒေါ်လာဖြင့် ရောင်းဝယ်ပါက ၁ ပွိုင့် သည် ၁ ဒေါ်လာ နှင့်ညီမျှပါသည်။ ယူရိုဖြင့်ဆိုလျှင် ၁ ယူရို။
Forex ကုန်သည်များအတွက် 1 point သည် 1 pip နှင့် တူညီသောကြောင့် ၎င်းကိုတူညီသောနည်းလမ်းဖြင့် တွက်ချက်မည်ဖြစ်သည်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
Pips FAQ
Forex ရှိ ပွိုင့်တစ်ပွိုင့်သည် အနိမ့်ဆုံးစျေးနှုန်းပြောင်းလဲမှုဖြစ်သည်။ 4-digit quote - 0.0001 နှင့် 5 digits quote - 0.00001 မှာ ညီမျှသည်။
တစ်ပွိုင့်၏ကုန်ကျစရိတ်သည် ရောင်းဝယ်သော ကုန်သွယ်ရေးအမျိုးအစားနှင့် အရောင်းအ၀ယ်ပမာဏအပေါ် မူတည်ပါသည်။ ငွေကြေးအတွဲများ ရောင်းဝယ်ခြင်းအခြေအနေ၌ ကိုးကားချက်တွင် ဒုတိယဖော်ပြထားသည့် ကိုးကားငွေကြေး(quoted currency) ၏ ပွိုင့် တန်ဖိုးဖြင့်တိုင်းတာသည်။ ဥပမာအားဖြင့် GBPUSD ကိုအနိမ့်ဆုံးပမာဏ 0.01 lot ဖြင့် ရောင်းဝယ်သည့်အခါ တစ်ပွိုင့် ၏ ကုန်ကျစရိတ်သည် 5-digit quote ဖြင့် 0.00001 USD နှင့်ညီမျှမည်ဖြစ်သည်။ ပမာဏသည် 0.01 မှ 0.1 lot တိုးလာသောအခါ တစ်ပွိုင့် ၏ ကုန်ကျစရိတ်သည်လည်း ၁၀ ဆတိုးလာမည်ဖြစ်သည်။
အကယ်၍ ကိုးကားငွေကြေး (quoted currency) သည် USD ဖြစ်ပါက တွက်ချက်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်။
- (အနည်းဆုံးပမာဏ 0.01 lot ၏ တစ်ပွိုင့် ကုန်ကျစရိတ်) * ကုန်သွယ်မှုပမာဏ / အနည်းဆုံး ပမာဏ * 100 pips
- ကုန်သွယ်မှုပမာဏ 0.02 ဖြင့်ဆိုလျှင် - 0.00001 * 0.02 / 0.01 * 100 = $0.002 ရရှိပါသည်။
- အကယ်၍ ကိုးကားငွေကြေးသည် USD မဟုတ်ပါက ပထမဦးစွာ USD ဖြင့် pip တန်ဖိုးကို တွက်ချက်ရန် လိုအပ်ပါသည်။
အနိမ့်ဆုံးပမာဏ 0.01 lot ဖြင့် 50 pips တန်ဖိုးသည် 1 pip တန်ဖိုး၏ အဆ 50 ဖြစ်သည်။ ဥပမာအားဖြင့် EURJPY ငွေကြေးအတွဲ၏ 50 pips ကုန်ကျစရိတ်သည် 0.001 ယန်း (1 pip ၏ကုန်ကျစရိတ်) * 50 = 0.05 ယန်းဖြစ်သည်။ 50 pips ၏တန်ဖိုးတိုးတက်မှုသည် အနိမ့်ဆုံးကုန်သွယ်မှုပမာဏထက် မည်မျှအဆ တိုးလာသည့်အပေါ် မူတည်မည်ဖြစ်သည်။
Forex ကုန်သည်အတွက် ကွာခြားချက်မရှိပါ။ စတော့ကုန်သည်များအတွက် 1 point ကို အနိမ့်ဆုံးစျေးနှုန်းပြောင်းလဲမှုဟု သတ်မှတ်သည်
ထိုသို့လုပ်ဆောင်ရန် အမြတ်ထွက်နေသည့်ကုန်သွယ်မှုတစ်ခုတွင် pips အရေအတွက်နှင့် ပွိုင့်တန်ဖိုးကို မြှောက်ရန် လိုအပ်ပါသည်။ ထို့နောက်ရရှိလာသောတန်ဖိုးကို လက်ရှိငွေလဲနှုန်းထားအပေါ်အခြေခံ၍ ကုန်သွယ်မှုအကောင့်၏ အကောင့်သုံးငွေကြေးအဖြစ်သို့ ပြောင်းလဲသင့်သည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

















