High-frequency trading (HFT) ဆိုသည်မှာ ဘဏ္ဍာရေးစျေးကွက်များထဲတွင် အတော်အတန် ဆန်းသစ်သော ဖြစ်စဥ်တခု ဖြစ်ပါသည်။ ၎င်းသည် ၂၀၁၀ ခုနှစ်အတွင်း ရေပန်းစားမှုစတင်ရရှိခဲ့ပြီး၊ ယနေ့ထက်တိုင် ရေပန်းစားဆဲဖြစ်ပါသည်။
ဤဆောင်းပါးတွင် high-frequency သုံးစွဲသူကုန်သည်များ၏ လုပ်ကိုင်ဆောင်ရွက်ပုံကို အသေးစိတ် ဖော်ပြပါမည်။ HFT နည်းဗျူဟာ ကိုမည်သည့်အချိန်တွင် ဖန်တီးခဲ့သည်၊ ၎င်းကို မည်သူတို့ စတင်အသုံးပြုခဲ့သည် နှင့် HFT သည် နေ့စဥ်ကုန်သွယ်ရေးတွင် တသားတည်းဖြစ်ပြီး ပြည့်စုံမှုရှိ/မရှိတို့အား သင် လေ့လာတွေ့ရှိပါလိမ့်မည်။ ဤဆောင်းပါးတွင် လူကြိုက်အများဆုံး မြန်နှုန်းမြင့်ကုန်သွယ်ရေးနည်းဗျူဟာများ ကိုလည်း စာရင်းပြုစုပေးထားပါသည်။ High-frequency သုံးစွဲသူကုန်သည်တစ်ယောက် မည်သို့ ဖြစ်လာနိုင်သနည်း။ ထိုကဲ့သို့ အယ်လ်ဂရစ်သမ်တခုကို ရေးဆွဲပြီးနောက်တွင် အမှန်တကယ်အလုပ်ဖြစ်စေရန် မည်သည်တို့ လိုအပ်ပါသနည်း။ HFT ကို စည်းမျဥ်းများဖြင့် တင်းကြပ်စွာ ထိန်းချုပ်ထားသည်လော။ ၎င်းနှင့် အခြားမေးခွန်းများစွာတို့၏ အဖြေများကို ရှာဖွေတွေ့ရှိရန်အတွက် ဆက်လက်ဖတ်ရှုပါ။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- High-frequency trading (HFT) ဆိုသည်မှာအဘယ်နည်း။
- High-frequency trading ၏ သမိုင်းကြောင်း
- High-frequency trading ၏ ကုန်သွယ်ရေးပမာဏ နှင့် ဖြန့်ကျက် ထားရှိမှု
- High-frequency trading ကို မည်သူတို့ အသုံးပြုကြပါသနည်း။
- High-frequency Forex trading ၏ အလုပ်လုပ်ပုံ
- မြန်နှုန်းမြင့်ကုန်သွယ်ရေးဆော့ဖ်ဝဲလ်
- Low-frequency နှင့် high-frequency Forex trading
- High-frequency trading ၏ အားသာချက်များ
- High-frequency trading အပေါ် ဝေဖန်ချက်များ
- Dark pools အခန်းကဏ္ဍ
- High-frequency trading ၏ စည်းကမ်းကြပ်မတ်မှု
- အနှစ်ချုပ်
- HFT ကုန်သွယ်ရေး အမေး၊ အဖြေ
High-frequency trading (HFT) ဆိုသည်မှာအဘယ်နည်း။
ကုန်သွယ်ရေးလုပ်ငန်းစဥ်မှာ အစဉ်အမြဲ ဆန်းသစ်ပြောင်းလဲနေပါသည်။ ပထမဦးဆုံးကာလများတွင် ၎င်းသည် ရောင်းသူနှင့် ဝယ်သူကြား နှုတ်ကတိများဖြင့် စတင်ခဲ့ပါသည်။ ထို့နောက် စျေးကွက်များနှင့် အိတ်ချိန်းများ ပေါ်ပေါက်ခဲ့ပြီး ယခုအခါတွင် အများစုမှာ အွန်လိုင်းကုန်သွယ်ရေးကို လုပ်ဆောင်လာကြပါသည်။
လုပ်ဆောင်မှုမြန်နှုန်းများနှင့် အကျိုးအမြတ်ကို လိုက်လံရှာဖွေရာတွင် လူသားများသည် အမြတ်ထွက်ပေါ်ရန် နည်းလမ်းအသစ်များကို အစဥ်တစိုက် တီထွင်ကြံဆနေကြပါသည်။ ထိုစာရင်းတွင် HFT လည်း ပါဝင်ပါသည်။
High-frequency trading (HFT) ဆိုသည်မှာ ကုန်သွယ်ရေးလုပ်ငန်းစဥ်များကို မြန်ဆန်သောနှုန်းထားဖြင့် စီမံဆောင်ရွက်ပေးသော အလိုအလျောက်ကုန်သွယ်မှု အမျိုးအစားတစ်ခု ဖြစ်ပါသည်။ အိတ်ချိန်းနှင့် ယှဉ်တွဲထားသည့် စွမ်းအားကောင်းသော ကွန်ပျူတာများနှင့် ဆာဗာများ၏ အထောက်အပံ့ဖြင့် ကုန်သွယ်မှုအမြန်နှုန်းကို သေချာမှုရှိစေပါသည်။
ထို့ကြောင့် HFT သည် ကုန်သွယ်မှုတစ်ခုကို ဖွင့်ပြီးနောက် ရက်အနည်းငယ်မှ လများစွာအထိ ရင်းနှီးမြှုပ်နှံထားသော သာမန်ရိုးကျနည်းလမ်းကို အစားမထိုးနိုင်ပါ။ HFT သည် ယခင်က မရရှိခဲ့သော ငွေကြေးများ ပိုင်ဆိုင်ရရှိရန်အတွက် သင့်အား ပံ့ပိုးပေးသည့် ထပ်တိုးအခွင့်အလမ်းတစ်ခုမျှသာ ဖြစ်ပါသည်။
High-frequency Forex trading လူတိုင်းအတွက် မဟုတ်ပေ။ နည်းပညာဖွံ့ဖြိုးတိုးတက်သော ခေတ်ကာလ၌ စွမ်းအားပြည့်မီ၍ တန်ဖိုးကြီးမြင့်သော နည်းပညာအကူအညီကို လိုအပ်ပါသည်။ တစက္ကန့်အတွင်း ကုန်သွယ်မှုအခု ၁၀၀ ကို စီမံဆောင်ရွက်ရန်အတွက် သင့်တွင် မြန်နှုန်းမြင့်အင်တာနက် လိုအပ်ပါသည်။ ထိုအတွက် ကြီးမားသောရင်းနှီးမြှုပ်နှံမှုကို လိုအပ်ယုံသာမက၊ သင်၏ နည်းပညာအထောက်အကူများကို ပင်မ ကွန်ပျူတာဆာဗာ နှင့် အနီးစပ်ဆုံးတွင် ထားရှိရန် အိတ်ချိန်းနှင့် သဘောတူညီချက်တရပ်ကို လိုအပ်ပါသည်။ အိတ်ချိန်းဆာဗာနှင့် ကပ်လျက်တည်ရှိသော နေရာလွတ်ကို ငှားယူခြင်းသည်လည်း ငွေကုန်ကြေးကျများပါသည်။
ထို့ကြောင့်ပင် သင့်တွင် ဒေါ်လာဆယ်သန်း မရှိပါက HFT ကုန်သွယ်ရေးသည် သင့်အတွက် မဖြစ်နိုင်ပါ။ ပုံမှန်အားဖြင့် ထိုကဲ့သို့နည်းဗျူဟာ အမျိုးအစားများကို ကြီးမားသော အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိုယ်စားလှယ်ကြီးများမှ အသုံးပြုကြပါသည်။
ကုန်ကျစရိတ်များပြားယုံသာမက၊ high-frequency Forex ကုန်သွယ်မှု သည် အထူးပြုဆော့ဝဲလ်နှင့် ကုန်သွယ်ရေးနည်းဗျူဟာတစ်ခုကို လိုအပ်ပါသည်။ ၎င်းတို့အား ထိရောက်မှုရှိ၍ အလုပ်ဖြစ်စေသော အယ်လ်ဂရစ်သမ်တခုကို ရေးသားနိုင်သည့် ပရိုဂရမ်ကျွမ်းကျင်သူများမှ တစ်ခုချင်းအလိုက် တီထွင်ဖန်တီးထားခြင်းဖြစ်၍ လူတိုင်းရယူသုံးစွဲခွင့်မရှိပေ။
သို့သော် high-frequency trading ကို အမှန်တကယ်ပင် ရယူသုံးစွဲနိုင်ခွင့်မရှိပါသည်လော? နည်းဗျူဟာထဲတွင် သင်၏ကုန်သွယ်ရေး စနစ်များအတွင်း သင်အသုံးပြုနိုင်သော တစ်စုံတစ်ရာ ရှိကောင်းရှိနိုင်ပါသည်။ ၎င်းမှာ အောက်တွင် high-frequency Forex trading မည်သည်ကိုဆိုလိုကြောင်းနှင့် ၎င်းကို သာမန်ကုန်သည်များမှ မည်သို့ သုံးစွဲနိုင်မညိဖြစ်ကြောင်းကို သင်လေ့လာရပါလိမ့်မည်။
High-frequency trading ၏ ဝိသေသလက္ခဏာများ
HFT အယ်လ်ဂရစ်သမ်များ၏ အဓိကဝိသေသလက္ခဏာများကို တွေးတောစဥ်းစားကြပါစို့။ United States Securities and Exchange Commission (SEC) သည် မြန်နှုန်းမြင့်ကုန်သွယ်ရေး၏ လက္ခဏာရပ် ခုနစ်ချက်ကို ရွေးထုတ်ထားပါသည်။
- အော်ဒါချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အတွက် မြန်နှုန်းမြင့် အထောက်အကူပြု ပစ္စည်းကိရိယာနှင့် ခက်ခဲရှုပ်ထွေးသော ဆော့ဝဲလ်တို့ လိုအပ်ပါသည်။
- စည်းမျဥ်းတစ်ခုအနေဖြင့် အော်ဒါတစ်ခုကို နေရာချထားခြင်း၊ ပြောင်းလဲခြင်း (သို့) ပယ်ဖျက်ခြင်းအတွက် ကြာချိန်မှာ ငါးမီလီစက္ကန့်ထက် မကျော်လွန်ရပါ။
- ပစ္စည်းကိရိယာတပ်ဆင်ထားရှိမှုအတွက် နေရာချထားခြင်းဝန်ဆောင်မှုများသည် ပင်မ အိတ်ချိန်းဆာဗာနှင့် အနီးစပ်ဆုံး တည်ရှိရပါမည်။ ထိုသည်မှာ အချိန်ကြန့်ကြာမှုကို နည်းပါးစေရန်နှင့် ဖြစ်နိုင်ချေရှိသော စျေးနှုန်းအသစ်ပြင်ဆင်မှု အကြိမ်ရေကို လျော့ချရန်အတွက် သင့်အား ပံ့ပိုးကူညီပေးပါသည်။
- အော်ဒါအရေအတွက်မြောက်မြားစွာကို ချမှတ်နိုင်ပြီး၊ လျင်မြန်စွာ ပြန်လည်ပယ်ဖျက်နိုင်ပါသည်။
- ဖြစ်နိုင်ပါက ကုန်သွယ်မှုများကို မဖွင့်လှစ်ဘဲ တစ်နေ့တာကို အဆုံးသတ်ပါသည်။
- နောက်ဆုံးအော်ဒါစုစည်းမှုတွင် အလျင်မြန်ဆုံးအော်ဒါများ၏ လွှမ်းမိုးမှု (၅၀% ထက်ပိုသော)
SEC သည် high-frequency trading ကို အဓိပ္ပာယ်မဖွင့်ဆိုထားသော်လည်း ထိုနည်းလမ်း၏ ယေဘုယျ လက္ခဏာရပ်များကိုသာ အဆိုပြုဖော်ပြထားပါသည်။ ဤသည်မှာ ယင်းနယ်ပယ်ကို စည်းကမ်းသတ်မှတ်ခြင်း၏ အခက်အခဲများဖြစ်သည်။ အချို့သောနိုင်ငံများ ဥပမာ တရုတ်၊ ဘရာဇီးနှင့် အိန္ဒိယနယ်မြေအချို့တွင် HFT ကို တားမြစ်ထားပါသည်။
အနှစ်ချုပ်အားဖြင့် HFT နည်းစဥ်များအားလုံးတွင် မြန်ဆန်သော စီမံဆောင်ရွက်နှုန်း နှင့် အော်ဒါပမာဏမြောက်များစွာရှိပြီး ခက်ခဲနက်နဲသော ဆော့ဝဲလ်နှင့် စွမ်းဆောင်ရည်မြင့်မားသော အထောက်အကူပစ္စည်းတို့ လိုအပ်ပါသည်။
High-frequency trading ၏ သမိုင်းကြောင်း
HFT ၏ သမိုင်းသည် အီလက်ထရောနစ် ကုန်သွယ်ရေးပလက်ဖောင်းများနှင့် အင်တာနက်တို့ ပေါ်ပေါက်လာချိန် ဖြစ်သည့် ၂၀ရာစုအဆုံးပိုင်း၌ စတင်ခဲ့ပါသည်။ HFT ၏ ဥပမာများအနက် ပထမဆုံးတစ်ခုမှာ SOES Bandits ကုန်သွယ်ရေးနည်းဗျူဟာဖြစ်ပြီး NASDAQ စတော့များအတွက် Small Order Execution System (အသေးစားအော်ဒါစီမံဆောင်ရွက်ချက်စနစ်) ကို သုံးစွဲခဲ့ကြပါသည်။ SOES Bandits သည် market makers များ နှင့် retail investors များကြား စျေးနှုန်းကွာခြားချက်မှ အကျိုးအမြတ်ရှာဖွေခဲ့ပြီး ကာလတိုတိုစျေးအတက်အကျများမှ အမြတ်ရရှိခဲ့ပါသည်။
High-frequency trading တီထွင်ဖန်တီးမှုသည် စတော့စျေးကွက်အတွင်း သူ၏အသိပညာကို အသုံးချရန် ဆုံးဖြတ်ထားသည့် Steven Swanson အမည်ရှိ လူငယ်ရိုဂရမ်ရေးဆွဲသူတစ်ဦးနှင့်လည်း ဆက်စပ်နေပါသည်။ ထိုသူသည် David Whitcomb နှင့် Jim Hawkes စသည့် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အလိုအလျောက်ကုန်သွယ်ရေးကောင်တာ (ATD) ကိုတည်ထောင်ခဲ့ပါသည်။
ATD သည် BORG (Brokered Order Routing Gateway) သို့ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ ထိုစနစ်၏ အကူအညီဖြင့် စတော့တခုချင်းစီ၏ စျေးနှုန်းအချက်အလက်သည် ဂြိုဟ်တုအင်တာနက်မှတဆင့် ကွန်ပျူတာသို့ ဝင်ရောက်ပါသည်။ ထို့နောက် အထူးပြုနည်းစနစ်သည် နောင်လာမည့် ၃၀-၆၀ စက္ကန့်အတွင်း ထိုစတော့၏ စျေးနှုန်းရွေ့လျားမှု နှင့်ပတ်သက်၍ ကြိုတင်ခန့်မှန်းချက်တစ်ရပ်ကို လုပ်ဆောင်ပါသည်။ အကယ်၍ ခန့်မှန်းချက်သည် အကြောင်းအချက်များနှင့် တထပ်တည်းကျပါက ထိုစနစ်သည် ပိုင်ဆိုင်မှုကို ရောင်းရန် (သို့) ဝယ်ယူရန်အတွက် အော်ဒါတစ်ခုကို အလိုအလျောက် ချမှတ်ပါမည်။
ရလာဒ်တစ်ခုအနေဖြင့် စက္ကန့်အနည်းငယ်အတွင်း၌ ပြီးပြည့်စုံသော အရောင်းအဝယ်များကို လုပ်ဆောင်နိုင်ပါသည်။ ၂၀၀၆ ခုနှစ်တွင် ကုမ္ပဏီသည် တနေ့လျှင် ၇၀၀ မှ ၈၀၀ မီလီယံကြား စတော့များကို ကုန်သွယ်နေခဲ့ကြပါသည်။ ယူအက်စ်ကုန်သွယ်မှုအရေအတွက် အားလုံး၏ ၉% ကျော်သည် Automated Trading Desk (အလိုအလျောက်ကုန်သွယ်ရေးကောင်တာ) မှ ဖြစ်ပါသည်။ ထိုကာလဝန်းကျင်တွင် ကုမ္ပဏီသည် Getco နှင့် Knight Capital Group ဟူသော ပြိုင်ဖက်များကို ရရှိခဲ့ပါသည်။
၂၁ ရာစု ၏ အစပိုင်း၌ high-frequency Forex trading သည် ပိုမိုကျယ်ပြန့်လာပြီး ပိုမိုခက်ခဲရှုပ်ထွေးလာပါသည်။ ကုန်သည်များသည် ပို၍ ခေတ်မီဆန်းသစ်သော နိယာမစနစ်များ၊ သင်္ချာသဘောဆိုင်ရာ မော်ဒယ်များ၊ artificial intelligence နှင့် စက်ပစ္စည်းဆိုင်ရာ လေ့လာသင်ယူမှုတို့ကို သုံးစွဲရန် စတင်ခဲ့ပါသည်။ ထို့အပြင် high-frequency traders များသည် သတ်မှတ်ထားသော ဆက်သွယ်ရေးလိုင်းများနှင့် ဂြိုဟ်တုချန်နယ်များကို သုံးစွဲ၍ စက်ပစ္စည်းကို အိတ်ချိန်းဆာဗာများနှင့် ပိုမိုနီးကပ်စွာ နေရာချထားရှိခြင်းဖြင့် အချက်အလက်လွဲပြောင်းမှုနှုန်းများအတွက် စတင်ယှဥ်ပြိုင်ခဲ့ကြပါသည်။
လက်ရှိရာစုနှစ်အစပိုင်းတွင် ထင်ပေါ်ကျော်ကြားဆုံး HFT နည်းဗျူဟာများ၏ စာရင်းတွင် market making, arbitrage, statistical arbitrage, momentum ignition, spoofing (ဝယ်သူ/ရောင်းသူတစ်ဦး၏ အယောင်ဆောင်အော်ဒါ) နှင့် layering တို့ပါဝင်ကြပါသည်။ ထိုနည်းဗျူဟာအားလုံးတို့ကို နည်းလမ်းအမျိုးမျိုးဖြင့် ယနေ့တိုင် အသုံးပြုနေကြဆဲ ဖြစ်သည်။
HFT သည် ၂၀၀၉ ခုနစ်တွင် ၎င်း၏အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး၊ ယူအက်စ်စတော့စျေးကွက်အတွင်း ကုန်သွယ်မှုအရေအတွက်အားလုံး၏ ၆၀-၇၀% ခန့်ကို လွှမ်းမိုးထားခဲ့သည်။ တချိန်တည်း၌ ကြိမ်နှုန်းမြင့် ကုန်သွယ်ရေးသည် ပြည်သူလူထုထံမှ ဝေဖန်မှုကိစ္စရပ်များနှင့် စည်းမျဥ်းထိန်းချုပ်ရေးအာဏာပိုင်များ၏ အာရုံစိုက်မှု ဖြစ်လာခဲ့ရသည့် အကြောင်းရင်းမှာ ၎င်းသည် အဆိုးဘက်သို့ဦးတည်စေသော ဖြစ်ရပ်များစွာတို့ဖြင့် ဆက်စပ်နေသောကြောင့် ဖြစ်ပါသည်။ ဥပမာအနေဖြင့် front running (လျှို့ဝှက်အတွင်းသတင်းဖြင့် ကြိုတင်၍တရားမဝင် ကုန်သွယ်ခြင်း) (သို့) စျေးကစားခြင်း၊ flash crashes (ယာယီစျေးထိုးကျ၍ ပြန်တက်ခြင်း) နှင့် စျေးအတက်အကျ ပြင်းထန်မှု တိုးမြင့်လာခြင်း တို့ဖြစ်ပါသည်။ HFT သမိုင်းတွင် ၂၀၁၀ Flash Crash ၊Michael Lewis ၏ Flash Boys စာအုပ်ထုတ်ဝေမှုနှင့် HFT ကုမ္ပဏီတည်ထောင်သူ Navinder Sarao အားလိမ်လည်မှုဖြင့်တရားစွဲဆိုမှု စသော အရှုပ်တော်ပုံများဖြင့်လည်း ဆက်နွယ်နေပါသည်။
အချိန်ကာလကြာလာသည်နှင့်အမျှ HFT နည်းဗျူဟာသည် အမြတ်ရရှိမှုနည်းပါးလာပြီး ကျော်ကြားမှု မှေးမှိန်လာခဲ့ပါသည်။ ၎င်း၏ အဓိကအကြောင်းရင်းမှာ စည်းမျဥ်းစည်းကမ်းများစတင်တင်းကြပ်ခဲ့ခြင်း၊ ယှဥ်ပြိုင်မှုတိုးမြင့်လာခြင်း၊ liquidity နှင့် မာဂျင်လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်ပါသည်။ TABB Group ၏ တင်ပြချက်အရ ယူအက်စ်တွင် HFT ၏ ရှယ်ယာသည် ၂၀၁၂ တွင် ၅၀% နှင့် ၂၀၁၉ တွင် ၄၀% သို့ ကျဆင်းခဲ့ပါသည်။ HFT ကုမ္ပဏီအချို့သည် စီးပွားရေးကျဆင်းပျက်သုဥ်းခဲ့ပြီး အခြားကုမ္ပဏီများဖြင့် ဖက်စပ်လုပ်ကိုင်ခဲ့ရပါသည် (သို့) ထွန်းသစ်စစျေးကွက်များနှင့် အခြားပိုင်ဆိုင်မှုအမျိုးအစားများထဲတွင် အခွင့်အလမ်းအသစ်များကို ရှာဖွေခဲ့ရပါသည်။ High-frequency Forex သည် ဘဏ္ဍာရေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် အရေးပါသော အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်၊ သို့သော် ၎င်းတွင် ယခင်ရှိခဲ့သည့် လွှမ်းမိုးသက်ရောက်မှုနှင့် ဆန်းသစ်တီထွင်မှုများ မရှိတော့ပေ။
High-frequency trading ၏ ကုန်သွယ်ရေးပမာဏ နှင့် ဖြန့်ကျက် ထားရှိမှု
သို့ဖြစ်၍ HFT နှင့်ပတ်သက်၍ မည်သည်က စိတ်ဝင်စားဖွယ်ကောင်းပါသနည်း။ ထိုကုန်သွယ်ရေးအမျိုးအစားသည် ရာနှင့်ချီသောတက်သစ်စကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမှုမီလီယံများစွာနှင့် ဝေါဟာရသစ် “တည်နေရာထားရှိမှု” (colocation) တို့နှင့် မည်သို့ ဆက်နွယ်ခဲ့ပါသနည်း။ ၎င်းကို ရှာဖွေဖော်ထုတ်ကြပါစို့။
၁၉ ရာစု မှ ဘဏ်လုပ်ငန်းရှင် Nathan Rothschild ပြောခဲ့ဖူးသည်မှာ “ သတင်းအချက်အလက်များ လက်ဝယ်ရှိသူသည် ကမ္ဘာကြီးအား အရယူနိုင်သူ ဖြစ်သည်။” ဝါးတားလုစစ်ပွဲအစောပိုင်း၌ နပိုလီယံမှ အရေးသာခဲ့ချိန်တွင် စောင့်ကြည့်လေ့လာသူများသည် ပြင်သစ်များအနိုင်ရရှိနေပြီဖြစ်ကြောင်းကို လန်ဒန်သို့ အစီရင်ခံခဲ့ပါသည်။ ဗြိတိသျှများသည် စစ်ပွဲအရေးနိမ့်ခဲ့ပြီဟု အခိုင်အမာယုံကြည်ခဲ့ကြပြီး စိုရိမ်တကြီးဖြင့် ရှယ်ယာများကို ရောင်းထုတ်ရန် အလျင်အမြန်လုပ်ဆောင်ခဲ့ကြသည်။
သို့သော် Rothschild ၏ အကြံပေး John Roworth သည် စစ်ပွဲကို အနည်ငယ်ထပ်မံ စောင့်ကြည့်ခဲ့ပြီး နပိုလီယံသည် Brussels သို့ ထွက်ပြေးခဲ့ကြောင်းကို သိရှိခဲ့ပါသည်။ ၎င်းသည် ပြင်သစ်တို့၏ အရေးနိမ့်မှုအတွက် Rothschild ထံ ဦးဆုံးအစီရင်ခံသူ ဖြစ်ရန်အလို့ငှါ သူ့အား English Channel တလျှောက် ခေါ်ဆောင်သွားပါရန် ဒေသခံတံငါသည်ကို တောင်းဆိုခဲ့ပါသည်။
Nathan Rothschild သည် အများနည်းတူပင် ကုမ္ပဏီရှယ်ယာများကို အနိမ့်ဆုံးစျေးနီးပါးသို့ လျော့ချ၍ စတင်ရောင်းချနေခဲ့ပါသည်။ ထိုအချိန်တွင် သူ၏ကိုယ်စားလှယ်များမှ ရင်းနှီးမှုစာချုပ်များကို စျေးအနိမ့်ဖြင့် ဝယ်ယူခဲ့ပါသည်။ နပိုလီယံ၏ရှုံးနိမ့်မှုသတင်း လန်ဒန်မြို့တခွင် ပျံ့နှံ့သွားမှုသည် စတော့စျေးနှုန်းများကို ထောင်တက်ခဲ့ပါသည်။ Rothschild မိသားစုသည် ထိုအဖြစ်အပျက်တစ်ခုတည်းမှ £40 မီလီယံနီးပါးကို ရရှိခဲ့ပါသည်။
၁၉ရာစုအတွင်း နာရီအနည်းငယ် ပိုမိုစော၍ ရရှိသောသတင်းအချက်အလက်သည် တစ်စုံတစ်ဦးကို ချမ်းသာစေနိုင်သော်လည်း ၎င်းမှာ ချို့တဲ့သူများကိုပင် ပိုမိုဆင်းရဲသွားစေပါသည်။
ထို့ကြောင့် အရေးကြီးသောကိစ္စရပ်များနှင့် စပ်လျဥ်း၍ အခြားသူများထက်ဦးလျင်စွာ လက်ခံရရှိသော သတင်းအချက်အလက်များသည် ကြီးမားသော အကျိုးကျေးဇူးကို ပေးစွမ်းပါသည်။ ၂၁ ရာစုတွင် ခေတ်နှင့်တပြေးညီ သတင်းအချက်အလက် ရရှိမှုနှုန်းသည် စတော့ရောင်းဝယ်မှု၌ အောင်မြင်သော ကုန်သွယ်ရေးအတွက် အလွန်အရေးပါသော အချက်များထဲမှ တစ်ခုအဖြစ် တည်ရှိနေပါသည်။
HFT robots များသည် စက္ကန့်အနည်းငယ်အတွင်း သတင်းအချက်အလက်များကို လက်ခံခြင်းနှင့် ပြင်ဆင်ဆောင်ရွက်ခြင်းကို လုပ်ကိုင်နိုင်စွမ်းရှိပါသည်။ ထိုပရိုဂရမ်များသည် အလွန်မြန်ဆန်စွာ လုပ်ကိုင်သောကြောင့် လူသားများသည် ၎င်းတို့နှင့် ယှဥ်ပြိုင်ရန်မဖြစ်နိုင်ပေ။ သတင်းအချက်အလက်သည် သာမန်ကုန်သည်ထံ မရောက်ရှိမီ HFT ကုမ္ပဏီများသည် ရာပေါင်းများစွာသောရောင်းဝယ်မှုများကို ပိတ်သိမ်း၍ အမြတ်ထွက်ပေါ်ရန် လုပ်ဆောင်ပါလိမ့်မည်။
သတင်းအချက်အလက် စီမံဆောင်ရွက်မှု၏ လျင်မြန်သောနှုန်းထားကြောင့် high-frequency Forex trading သည် ၂၀၀၀ ခုနစ်တွင် ထင်ပေါ်ကျော်ကြားလာခဲ့ပါသည်။ HFT လမ်းစဥ်များကို သုံးစွဲခဲ့သည့် ပထမဆုံးကုမ္ပဏီများသည် ဒေါ်လာသန်းရာချီ ရရှိခဲ့ကြပြီး၊ ၎င်းတို့သည် ထိပ်တန်း ကြော်ငြာတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀တွင် ထိုအဖွဲ့အစည်းများ၏ ရောင်းဝယ်မှုပမာဏများသည် ၂.၆ ဆ မြင့်တက်လာခဲ့ပြီး အော်ဒါစီမံဆောင်ရွက်မှုနှုန်းသည် မိုက်ခရိုစက္ကန့်၏ ဆယ်ပုံထိသို့ တိုးမြင့်လာပါသည်။
ရင်းနှီးမြှုပ်နှံရေးဘဏ်များ၊ prop firms များနှင့် closed-end funds တို့သည် HFT တိုးတက်လာမှုတွင် အရင်းအနှီးထည့်သွင်းခဲ့ကြပြီး ကျွမ်းကျင်ဆော့ဝဲလ်ရေးဆွဲသူ အဖွဲ့အစည်းများကို ငှါးရမ်းခြင်း စတင်လာခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုသည် high-frequency Forex trading ၏ ဗဟိုချက်တခု ဖြစ်လာခဲ့ပါသည်။ ၂၀၀၈ ခုနစ်မှစတင်၍ HFT ကုန်သွယ်ရေးသည် ယူအက်စ်စတော့စျေးကွက်တစ်ခုလုံး၏ အရေအတွက် ၅၀% ကို အနည်းဆုံးဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၉ တွင် ပမာဏမှာ ၆၀% ခန့် အမြင့်ဆုံး ရှိခဲ့ပါသည်။
ထို့နောက် ကမ္ဘာတဝှမ်းတွင် ဘဏ္ဍာရေးဆိုင်ရာအကြပ်အတည်း စတင်ရိုက်ခတ်ခဲ့ပါသည်။ ကုမ္ပဏီများစွာသည် HFT ကုန်သွယ်ရေးစနစ်များအတွင်း ရင်းနှီးမြှုပ်နှံမှုများကို လျော့ချရန်အတွက် ဖိအားပေးခံခဲ့ရပြီး အချို့မှာ ဒေဝါလီခံခဲ့ရပါသည်။ ရလာဒ်အနေဖြင့် စျေးကွက်အတွင်း မြန်နှုန်းမြင့်ကုန်သွယ်ရေး၏ ရှယ်ယာများ စတင်ကျဆင်းလာခဲ့ပြီး ၅၀ ရာခိုင်နှုန်း တွင်ရပ်တန့်ခဲ့ပါသည်။ ပျမ်းမျှအားဖြင့် HFT ကုန်သွယ်ရေးအရေအတွက် ထိုရာခိုင်နှုန်းသည် ၂၀၁၆ ခုနစ်ထိတိုင် ဆက်လက်တည်မြဲခဲ့ပါသည်။ ယင်းနောက်ပိုင်း၌ နောက်တကြိမ် စတင်တိုးတက်လာခဲ့ပါသည်။
TABB Group ၏ အဆိုအရ အချိန်အတော်ကြာပြီးနောက် HFT သည် ဥရောပတွင် ပျံ့နှံလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင်ကဲ့သို့ ရေပန်းစားမှုမရှိခဲ့ပေ။ ယူအက်စ်၌ စတော့ကုန်သွယ်ရေး အရေအတွက်၏ ၂၅% ခန့်အား ထိုနည်းလမ်းဖြင့် ဆောင်ရွက်ပြီးချိန်ဖြစ်သည့် ၂၀၀၆ ခုနစ်တွင် ဥရောပတခွင်၌ high-frequency Forex trading စတင်ပေါ်ထွန်းလာခဲ့ပါသည်။ ဥရောပကုန်သွယ်ရေးပမာဏသည် ယူအက်စ်ထက် တစ်နှစ်ပိုနောက်ကျ၍ ၂၀၁၀ တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုအချိန်မှစတင်၍ ဥရောပနှင့် ယူအက်စ်ရှိ HFT ပမာဏများသည် အနီးစပ်ဆုံး တူညီမှုရှိခဲ့ပါသည်။
လက်ရှိအခြေအနေအရ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စျေးကွက်များထဲရှိ HFT ကုန်သွယ်ရေးရှယ်ယာသည် ၅၀% ခန့် ရှိပြီး အနည်းငယ်ကျဆင်းနေပါသည်။ ထိုသည်မှာ အများပြည်သူနှင့် စည်းမျဥ်းထိန်းချုပ်ရေးအဖွဲ့များ၏ အာရုံစိုက်ခံရခြင်းကြောင့် ဖြစ်ပါသည်။ နိုင်ငံများစွာတို့သည် high-frequency Forex trading ကို ဥပဒေရေးရာအတည်ပြုရေးအဆင့်တွင် ပိတ်ပင်တားမြစ်ခဲ့ပါသည်။ ယူအက်စ်နှင့် ဥရောပတို့သည် ထိုကဲ့သို့ ကုမ္ပဏီများကို အနီးကပ်စောင့်ကြည့်စစ်ဆေး၍ ၎င်းတို့ကို တင်းကြပ်သောစည်းမျဥ်းများဖြင့် ထိန်းချုပ်ထားပါသည်။ ထိုတွင် စျေးကွက်လိမ်လည်အကြမ်းဖက်မှုကို ကာကွယ်ရန်အတွက် လက်ရှိအခြေအနေကို စာရင်းစစ်ခြင်းများ၊ တည်ရှိနေပြီးသော လုပ်ထုံးလုပ်နည်းများကို အတွင်းပိုင်းပြန်လည် မွမ်းမံခြင်းတို့ ပါဝင်ပါသည်။ ယှဥ်ပြိုင်မှုသည်လည်း မြင့်တက်လာခဲ့သောကြောင့် ကြိမ်နှုန်းမြင့်Forexကုန်သွယ်ရေးမှ လတ်တလော အမြတ်ထွက်ပေါ်နှုန်းသည် ၂၀၀၉-၂၀၁၀ ထက်ပင် များစွာလျော့နည်းနေပါသည်။
သို့သော် လက်ရှိကာလ၌ ထိုလုပ်ငန်းသည် ယန္တရားနည်းစဥ်အသစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စတင် မိတ်ဆက်ရန်အတွက် အလားအလာကောင်းအဖြစ် ရပ်တည်နေပါသည်။ “သတင်းအချက်အလက် လက်ဝယ်ရှိသူသည် ကမ္ဘာကြီးအား ပိုင်ဆိုင်သည်”ဟူသည့် ဥပဒေဿသည် ဆက်လက်အသုံးဝင်နေဆဲ ဖြစ်ပြီး ထိုကြောင့်ပင် အကြီးစားဘဏ်များ၏ ရင်းနှီးမြှုပ်နှံရေးဌာနများမှာ HFT ကို စိတ်ဝင်စားမှု ဆက်လက်ပြသလျက် ရှိပါသည်။
High-frequency trading ကို မည်သူတို့ အသုံးပြုကြပါသနည်း။
Forex စျေးကွက်ထဲတွင် မြန်နှုန်းမြင့်ကုန်သွယ်ရေးသည် ရေးဆွဲရရှုပ်ထွေး၍ မြန်ဆန်သော ကုန်သွယ်ရေး နည်းစဥ်များ၊ ကုန်ကျစရိတ်များသော ပစ္စည်းကိရိယာများ နှင့် တည်နေရာချထားမှုပေါ်တွင် ငွေသုံးစွဲရခြင်းတို့ လိုအပ်ပါသည်။ စည်းမျဥ်းတစ်ခုအနေဖြင့် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများသာလျှင် HFT ကုန်သွယ်ရေးကို သုံးစွဲရန် လုံလောက်သောအရင်းအမြစ်များ ရရှိကြပါသည်။
- hedge funds;
- အကြီးစားဘဏ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အသင်းများ - ဥပမာအားဖြင့် အာမခံကုမ္ပဏီများ။
- HFT အကောင်ထည်ဖော်ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထူးပြုသော တစ်သီး ပုဂ္ဂလကုမ္ပဏီများ ။
- အကျိုးဆောင်များနှင့် မိတ်ဖက်ကုမ္ပဏီများ။
HFT စျေးကွက်အား ရယူသုံးစွဲရန် ဆန္ဒရှိကြသော ကုမ္ပဏီများမှာ အောက်ပါစိန်ခေါ်မှုများကို ရင်ဆိုင်ကြရပါသည်။
- စွမ်းဆောင်ရည်မြင့်မားသော ကွန်ပျူတာများအား ဝယ်ယူရမှု။
- C++၊ Java၊ စသည်တို့ကဲ့သို့သော အဆင်မြင့်ပရိုဂရမ်ဘာသာစကားများကို အထူးပြုကျွမ်းကျင်သော ပရိုဂရမ်မာအဖွဲ့တစ်ခုအား ငှါးရမ်းရခြင်း။
- ကုန်သွယ်ရေး လုပ်ဆောင်ပုံအဆင့်ဆင့်များကို ရေးဆွဲရခြင်းနှင့် စမ်းသပ်ရခြင်း။
- FIX/FAST စနစ်များကို အသုံးပြု၍ အိတ်ချိန်းဆာဗာဝင်ပေါက်များအနီးတွင် HFT စက်ကိရိယာများကို တပ်ဆင်ရခြင်းနှင့် ဒီဇိုင်းမွမ်းမံပြင်ဆင်ရခြင်း။
- ငွေပမာဏများစွာ ရင်းနှီးရခြင်း။
ထို့ကြောင့် မြန်နှုန်းမြင့်ကုန်သွယ်ရေးအပေါ် ခြယ်လှယ်မှုသည် များသောအားဖြင့် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများဖြင့် သက်ဆိုင်ပါသည်။ HFT သည် အသင်းအဖွဲ့၏ အဆက်အနွယ်များနှင့် စျေးကွက်အတွင်း အခွင့်ထူးခံကုန်သွယ်မှုနေရာတစ်ခုတို့ လိုအပ်သောကြောင့် အများပြည်သူထံမှ မကြာခဏ ဝေဖန်ခံရပါသည်။
ဝီကီပီးဒီးယား၏အလိုအရ ယူအက်စ်တွင် အကြီးဆုံး high-frequency ကုန်သည်များမှာ Chicago Trading၊ Virtu Financial၊ Timber Hill၊ ATD၊ GETCO၊ Tradebot နှင့် Citadel LLC တို့ဖြစ်ကြပါသည်။ ထိုကုမ္ပဏီများတွင် ခေတ်မီနည်းပညာများ၊ အရည်အသွေးမြင့်မားပြည့်မီသော ပညာရှင်များ ရှိကြပြီး ကြီးမားသော ကုန်သွယ်ရေးပလက်ဖောင်းများ ပိုင်ဆိုင်ကြပါသည်။ ထိုသည်မှာ စျေးကွက်ဖော်ဆောင်ခြင်း၊ statistical arbitrage၊ သတင်းအရ ကုန်သွယ်ခြင်းနှင့် အခြားသော ကုန်သွယ်ရေးဗျူဟာများကို အသုံးပြုရန် ၎င်းတို့အား အခွင့်ပေးစွမ်းပါသည်။
မြန်နှုန်းမြင့်ကုန်သွယ်ရေးမှာ အဘယ်ကြောင့် တစ်ဦးတစ်ယောက်ချင်းစီနှင့် အဖွဲ့အစည်းကုန်သည်များအတွက် စိတ်ဝင်စားဖွယ် ဖြစ်နေရပါသနည်း။
မြန်နှုန်းမြင့်ကုန်သွယ်ရေးသည် ငွေကြေးလဲလှယ်ရာတွင် ငွေလည်ပတ်မှုနှုန်းအထောက်အကူဖြစ်စေရေးအတွက် အကျိုးကျေးဇူးတစ်ရပ်ကို အဓိကပါဝင်ပတ်သက်သူများအား ပံ့ပိုးပေးပါသည်။ High-frequency trading စနစ်မှ ချမှတ်ပေးသော မီလီယံနှင့်ချီသည့်အော်ဒါများသည် စျေးကွက်ကို ထောက်ပံ့ပေးပြီး၊ ၎င်းကို အသုံးပြုသူများအား စျေးကွက်ဖော်ဆောင်သူများအဖြစ် ဖြစ်လာစေပါသည်။ အပြန်အလှန်အားဖြင့် HFT ကုမ္ပဏီများသည် ပိုမိုကောင်းမွန်သော ကုန်သွယ်ရေးအနေအထားများကို ရရှိနိုင်ပြီး အကျိုးအမြတ်များ တိုးပွားစေပါသည်။
ထို့ကြောင့် မြန်နှုန်းမြင့်ကုန်သွယ်ရေးသည် နှစ်ဦးနှစ်ဖက်လုံးကို စိတ်ကျေနပ်မှု ရရှိစေပါသည်။ HFT ကုမ္ပဏီတစ်ခုသည် ပမာဏပေါ်မူတည်၍ အကျိုးအမြတ်တခုကို ရရှိပိုင်ဆိုင်နိုင်ပါသည်။ ရောင်းဝယ်မှုတစ်ခုစီမှ အမြတ်ရရှိနိုင်ချေ လွန်စွာနည်းပါးသောကြောင့် ကြီမားသော အမြတ်ပေါ်ထွက်ရန်အလို့ငှါ များပြားလှသည့် ကုန်သွယ်မှုအရေအတွက်ကို ပြည့်စုံပြီးမြောက်ရန် လိုအပ်ပါသည်။ တနည်းအားဖြင့် ၎င်းသည် စျေးကွက်အတွင်းသို့ လုံလောက်သော liquidity ဝင်ရောက်ကြောင်းကို သေချာစေပါသည်။ .
HFT ကုမ္ပဏီများတွင် တိုက်ရိုက်ဝင်ငွေအရင်းအမြစ် နှစ်ခုရှိပါသည်။ ပထမတစ်ခုမှာ liquidity လည်ပတ်မှုကို ပေးစွမ်းခြင်းဖြင့် spread (ကော်မရှင်ခ)ပေါ်မှ ရရှိသောဝင်ငွေများ ဖြစ်ပါသည်။ ဒုတိယတစ်ခုမှာ ကုန်သွယ်ရေးပလက်ဖောင်းများမှ ပေးအပ်သော လျော့ချပေးထားသည့် ရောင်းဝယ်မှုအဖိုးအခ ဖြစ်ပါသည်။ ထိုသည်မှာ ကုန်သွယ်ရေးပလက်ဖောင်းများအတွက် ကော်မရှင်ခများ လျော့ချရန်နှင့် HFTကုမ္ပဏီများ ဆွဲဆောင်ခေါ်ယူရန်အတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေပါသည်၊ အကြောင်းရင်းမှာ ၎င်းတို့သည် စျေးကွက်လည်ပတ်မှု market liquidity ကို တိုးမြှင့်စေပြီး သာမန်ကုန်သည်များကို ဆွဲဆောင်နိုင်သောကြောင့် ဖြစ်ပါသည်။
ထိုသို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုသည် ဘဏ္ဍာရေးစျေးကွက်များစွာကို အကျိုးဖြစ်ထွန်းစေပါသည်။ သို့သော် ဦးဆုံးအနေဖြင့် တစ်ဖွဲ့စီသည် ဝင်ငွေရရှိမှုကို စိတ်ပါဝင်စားရပါမည်။ High-frequency trading မှ အကျိုးအမြတ်များသည် ယနေ့အချိန်တွင် မြင့်မားစွာရပ်တည်နေပြီး HFT နယ်ပယ်သည် ပါဝင်လှုပ်ရှားသူအသစ်များအတွက် ကန့်သတ်ထားဆဲ ဖြစ်ပါသည်။ ထိုသည်မှာ တစ်နှစ်ပြီးတစ်နှစ် စျေးကွက်အမြတ်များကို ခွဲဝေယူရန်နှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်များကို ဆွတ်ခူးရန်အတွက် တူညီသောကုမ္ပဏီများအား အခွင့်အရေးတရပ်ကို ပေးစွမ်းပါသည်။
နိုင်ငံခြားငွေကြေးလဲလှယ်ရေးစျေးကွက်အတွင်း HFT နည်းဗျူဟာများကို အသုံးပြုခြင်းဖြင့် ဝင်ငွေရရှိရန် နည်းလမ်းများကို အသေးစိတ်ပိုမို ကြည့်ရှုကြပါစို့။
High-frequency Forex trading ၏ အလုပ်လုပ်ပုံ
High-frequency Forex trading သည် အသုံးပြုသော နည်းပညာပေါ်တွင် အလုံးစုံအမှီသဟဲပြုနေပါသည်။ HFT ကုန်သွယ်ရေးသည် အစွမ်းထက်သော ကွန်ပျူတာနှင့် ခေတ်မီဆန်းပြားသော ဆော့ဝဲလ်များပေါ်တွင် အခြေခံပါသည်။ ထို့ကြောင့် ယှဥ်ပြိုင်မှုကို ကြံ့ကြံ့ခိုင်နိုင်စေသည့် နောက်ဆုံးပေါ်နည်းပညာကို သုံးစွဲရန် HFT ကုန်သည်များအတွက် အရေးကြီးပါသည်။
High-frequency tradingသည် မည်သည့်တာမီနယ်တွင်မဆို သုံးစွဲနိုင်သည့် သာမန်ကုန်သွယ်ရေး အကြံပေးဆော့ဖ်ဝဲလ်များနှင့် နီးစပ်မှုရှိပါသည်၊ ဥပမာအားဖြင့် MetaTrader။ သာမန်ရိုးကျ အကြုံပေးစနစ်များသည် စျေးကွက်အချက်အလက်များကို စိစစ်သုံးသပ်၍ ထည့်သွင်းတည်ဆောက်ထားသော အညွှန်းများကို သုံးစွဲခြင်းဖြင့် ကုန်သွယ်ရေးပလက်ဖောင်းပေါ်တွင် အကောင်ထည်ဖော်မည့် ပိုင်ဆိုင်မှု ရောင်းရန် (သို့) ဝယ်ရန် ဆုံးဖြတ်ပါသည်။ ထို့နောက် အကြံပေးဆော့ဖ်ဝဲလ်သည် လုပ်ထုံးလုပ်နည်းအတိုင်း ကုန်သွယ်မှုပိတ်သိမ်းရန်အတွက် Forex စျေးကွက်အတွင်း အချက်ပေးမှုများကို ရှာဖွေပါသည်။ ကုန်သည်များသည် advisor ကို မှန်ကန်စွာ စူးစမ်းရှာဖွေ၍ ထည့်သွင်းပြီး ၎င်း၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်ရန်နှင့် အမြတ်များထုတ်ယူရန် လိုအပ်ပါသည်။
Forex စျေးကွက်အတွင်း မြန်နှုန်းမြင့်ကုန်သွယ်ရေးလုပ်ငန်းစဥ်သည် တူညီသောနည်းလမ်းဖြင့် အနီးစပ်ဆုံး လည်ပတ်ပါသည်။ သို့သော် ၎င်းတွင် ကွဲပြားခြားနားချက်များစွာ ရှိပါသည်။
- စိစစ်ခွဲဖြာမှုနှင့် ဆုံးဖြတ်ချက်ချနှုန်းသည် အိမ်သုံးကွန်ပျူတာတစ်ခုထက် အကြိမ်ပေါင်းရာချီ ပိုမိုမြန်ဆန်ပါသည်။
- ၎င်း၏ အမြန်နှုန်းဖြင့် HFT အကြံပေးချက်သည် ရာပေါင်းများစွာသောအော်ဒါများကို ဖွင့်လှစ်၍ ယင်းတို့ကို လျင်မြန်စွာ ပြောင်းလဲ (သို့) ပိတ်သိမ်းပါသည်။
ရှေးမူမပျက်အလိုအလျောက် ကုန်သွယ်ရေးသည် စီမံဆောင်ရွက်ချက်အမြန်နှုန်းထက် ခွဲခြမ်းစိတ်ဖြာမှု၏ တိကျမှုပေါ်တွင် ပိုမိုမှီခိုအားထားပါသည်။ ဆန့်ကျင်ဘက်အားဖြင့် HFT ကုန်သွယ်ရေးတွင် အရေးကြီးဆုံးအရာမှာ စီမံဆောင်ရွက်နှုန်းဖြစ်ပြီး နည်းပညာဆိုင်ရာ စိစစ်သုံးသပ်ချက်မှာ ဒုတိယဦးစားပေးဖြစ်ပါသည်။ High-frequency trading တွင် ရင်းနှီးမြှုပ်နှံသူများသည် မြင့်မားသောကုန်သွယ်မှု ပမာဏများမှ အကျိုးအမြတ်ခံစားရပြီး ၎င်းမှာ ဆုံးဖြတ်ချက်ချရန်နှင့် ကုန်သွယ်စရိတ်များ လျော့ချရန် အချိန်လိုအပ်ပါသည်။
High-Frequency Trading ၏ အဓိက နည်းဗျူဟာများ
အစောပိုင်း၌ HFT ကုန်သွယ်ရေးမှာ စျေးကွက်ဖော်ဆောင်ရေးတွင် အရေးပါသော အစိတ်အပိုင်းဖြစ်၍ arbitrage တွင် စဥ်ဆက်မပြတ် သုံးစွဲနေကြောင်းကို သင်လေ့လာသိရှိပြီး ဖြစ်သည်။ Forex စျေးကွက်အတွင်း high-frequency trading ပေါ်ထွက်လာမှုသည် ထိုနယ်ပယ်ထဲတွင် ဝင်ငွေရရှိမှုနည်းလမ်းအသစ်များကို ပံ့ပိုးပေးသည့် သိသာသောပြောင်းလဲမှုများ ဖြစ်ပေါ်လာစေသည်။ အကြီးစား HFT ကုမ္ပဏီများမှ သုံးစွဲသည့် အကျော်ကြားဆုံး high-frequency trading နည်းဗျုဟာ များကို ကြည့်ရှုကြပါစို့ ။
Statistical arbitrage
HFT နည်းဗျူဟာ သည် မတူညီသော ပလက်ဖောင်းများပေါ်၌ ပိုင်ဆိုင်မှုတစ်ခုအတွက် နှိုင်းယှဥ်စျေးများအပေါ်မူတည်ပါသည်၊ ထိုသည်မှာ ကွဲပြားခြားနားသော စျေးနှုန်းများနှင့် နောက်ပိုင်းတွင် စျေးနှုန်းတူညီလိမ့်မည်ဟု ယူဆချက်ဖြင့် ရေတိုကုန်သွယ်မှုများကို ရှာဖွေခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့် X မြို့တွင် နာမည်ကြီး Converse sneakers မှာ $100 ကျသင့်ပါသည်။ Y မြို့တွင် ထိုတူညီသော sneakers မှာ $100.10 တန်ကြေးရှိပါသည်။ ထိုသည်မှာ လက်လှည့်ရောင်းခြင်းအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။ သင်သည် X မြို့တွင် sneakers ကို ဝယ်ယူနိုင်ပြီး ၎င်းတို့ကို ပိုမိုကောင်းသော စျေးနှုန်းတစ်ခု၌ ရောင်းချရန် Y မြို့သို့ သွားရောက်ပါ။ ထိုစျေးနှုန်းခြားနားချက်နှင့် ရောင်းရသည့် ဖိနပ်အစုံအရေအတွက်မှ သင်သည် အမြတ်ဝင်ငွေရရှိပါလိမ့်မည်။
သာမန်ရိုးကျကုန်သွယ်ရေးတွင် လက်လှည့်ရောင်းဝယ်ခြင်းအတွက် အခွင့်အလမ်းများစွာ မရှိပေ။ ရေပန်းစားသော ကုန်စည်အွန်လိုင်းရောင်းဝယ်ရေးကို ကမ္ဘာတစ်လွှားတွင် လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှု၏ ကျေးဇူးကြောင့် သတင်းအချက်အလက်မှာ အလွန်လျင်မြန်စွာ ခေတ်မီဆန်းသစ် နေပါသည်၊ ထို့ကြောင့် ၎င်းမှာ HFT စနစ်များအတွက် ငွေရှာရန် အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ High-frequency trading သည် သာမန်လူတစ်ယောက် မြင်နိုင်ရန်ခက်ခဲသော အခွင့်အရေးကို အရယူရန် ကုမ္ပဏီများအား ခွင့်ပြုပေးပါသည်။
စက္ကန့်ဝက်အတွင်း နယူးယောက်အိတ်ချိန်းပေါ်ရှိ စျေးနှုန်းသည် လန်ဒန်စတော့အိပ်ချိန်းရှိပေါက်စျေးများ နောက်သို့လိုက်မမီဘဲ ကျန်ရှိနေခဲ့သည်ဟု ဆိုကြပါစို့။ ထိုအချိန်အတောအတွင်း နယူးယောက်တွင် ယူရိုလဲလှယ်မှုနှုန်းသည် လန်ဒန်ထက် ပိုမြင့်မားလာပါလိမ့်မည်။ ကွန်ပျူတာတစ်လုံးသည် ၎င်းကို ကောင်းစွာအသုံးချနိုင်၍ မြို့တစ်မြို့တွင် ယူရိုငွေဖြင့် ဒေါ်လာမီလီယံချီ ဝယ်ယူနိုင်ပြီးနောက် ယင်းတို့ကို အခြားတစ်မြို့တွင် အကျိုးအမြတ်အတွက် ရောင်းချနိုင်ပါသည်။ ထိုသည်မှာ တွက်ချက်မှုအရ statistical arbitrage အတွက် သာဓကတစ်ခု ဖြစ်ပါသည်။
Rebate arbitrage
ကုမ္ပဏီများသည် HFT ဆော့ဝဲလ်ကိုသုံး၍ အိတ်ချိန်းများစွာပေါ်တွင် စောင့်ကြည့်ရန်မလိုသော အော်ဒါအမြောက်အများကို တင်ထားပါသည်။
News arbitrage
အရေးကြီးသတင်များ ထွက်ရှိချိန်တွင် ပေါ်ပေါက်လာသော စျေးနှုန်းကွာခြားချက်များကို ရှာဖွေရန်နှင့် သတင်းတင်ပို့ချက်များကို လုပ်ငန်းစဥ်အဆင့်ဆင့်ဖြင့် စိစစ်ခွဲဖြာပေးသည့် HFT နည်းဗျူဟာတစ်ခုဖြစ်ပါသည်။
Market making
ထိုနည်းဗျူဟာတွင် သေချာမှုရှိသော ပိုင်ဆိုင်မှုများအတွက် စျေးကွက်အတွင်း liquidity ကို ထိန်းသိမ်းထားခြင်းနှင့် ကောင်းမွန်သော ကုန်သွယ်ရေးအခြေအနေများအပါအဝင် ဝန်ဆောင်ခပြန်လည်ပေးချေခြင်းအတွက် အခြားနည်းစနစ် (သို့) အိတ်ချိန်းတခုမှ spreads များကိုထိန်းချုပ်ခြင်းနည်းလမ်းများ ပါရှိပါသည်။
Structural strategies
Structural high-frequency trading နည်းဗျူဟာများသည် အကျိုးဆောင်နှင့် သုံးစွဲသူများ အပြန်အလှန် ထိတွေ့ဆက်ဆံရမှုတွင် အဆင်မပြေမှုများကို ရှင်းလင်းဖယ်ရှားပေးပါသည်။
Directional Strategies
Spoofing နှင့် market manipulation စသည်တို့မှာ လောဘကြီးသော ကုန်သည်များအား ကုန်သွယ်ရေးအတွက် ဆွဲဆောင်ရန်နှင့် ယင်းနောက်တွင် ကျဥ်းမြောင်းသော စျေးအပိုင်းအခြားအတွင်း ရေတိုကာလအတွက် stop Loss ကို အသက်သွင်းရန်အတွက် ရေးဆွဲစီစဥ်ထားခြင်းဖြစ်ပါသည်။
Front-running
Front-running နည်းဗျူဟာများတွင် အကြီးစားအော်ဒါများကို ခွဲခြားဖော်ထုတ်ခြင်းနှင့် ယင်းတို့မတိုင်မီတွင် အော်ဒါတင်ခြင်းတို့ပါဝင်ပါသည်။
Spread Analysis
HFT နည်းဗျူဟာများတွင်ရှိသော ပရိုဂရမ်သည် ဝယ်ဈေး၊ ရောင်းဈေးကွာဟမှုအတွင်း အသေးငယ်ဆုံးလမ်းကြောင်းများကို ရှာဖွေပေးပါသည်။
ထိုသည်မှာ HFT နည်းဗျူဟာများ၏ စာရင်းအပြည့်အစုံမဟုတ်ပါ။ ဤတွင် အကျော်ကြားဆုံးအချက်များကိုသာ တင်ပြထားပါသည်။ ထိုသည်မှာ Forex စျေးကွက်ထဲတွင် မြန်နှုန်းမြင့်ကုန်သွယ်ရေး၏ အတိုင်းအတာနယ်ပယ်မှာ ကျယ်ပြန့်လွန်းလှကြောင်းကို ပြသပါသည်။ ကုန်သွယ်ရေးနည်းဗျူဟာတစ်ခုတွင် သတင်းအရကုန်သွယ်ခြင်း (သို့) စျေးကွာဟချက်နှင့်အညီ ရောင်းဝယ်ခြင်းဖြစ်စေ အမြန်နှုန်းနှင့် တုံ့ပြန်နိုင်စွမ်းမှာ အရေးကြီးပါသည်။ HFT ကုမ္ပဏီများစွာ၏ နည်းဗျူဟာများစွာကို အများပြည်သူတို့ သိမြင်ခွင့်မရှိပါ။ ထိုသည်မှာ ယုတ္တိရှိပါသည်။ ၎င်းသည်တည်ငြိမ်စွာ အလုပ်လုက်နေပြီး သင့်အတွက် အမြတ်ရှာဖွေပေးသည့်ကာလပတ်လုံးတွင် ငွေရှာဖွေမှု၏ လျှို့ဝှက်နည်းကို အခမဲ့မစွန့်ကြဲသင့်ပါ။
အောက်ပါဗီဒီယိုတွင် အိတ်ချိန်းကိုးနေရာနှင့် Apple Computer Corp. shares SIPs ၏ တစ်စက္ကန့်အောက်အတွင်း ကုန်သွယ်မှုများနှင့် စျေးနှုန်းများကို ပြသထားပါသည်။
မြန်နှုန်းမြင့်ကုန်သွယ်ရေးစနစ်၏ ရေပန်းစားမှုမြင့်မားစဉ်အတွင်း ရုတ်ချည်းစျေးလှုပ်ရှားမှုများသည် option စျေးနှုန်းအသစ်မြောက်များစွာ(တစ်စက္ကန့်လျှင် ၂၀၀,၀၀ ထက်ပိုများသော)ကို ဖြစ်စေသောကြောင့် Apple stock options များစွာကို ပိုနိမ့်သောစျေး၌ စီမံဆောင်ရွက်ကြရပါသည်။ ထို့ကြောင့်ပင် နည်းစနစ်များစွာသည် ထိုဖြစ်စဥ်အဆင့်ဆင့်နှင့် လိုက်မီရန် မဖြစ်နိုင်ပေ။
မြန်နှုန်းမြင့်ကုန်သွယ်ရေးဆော့ဖ်ဝဲလ်
High-frequency trading (HFT) သည် အထူးပြုပရိုဂရမ်များနှင့် အရှိန်အဟုန်မြင့် ဆက်သွယ်ရေးချန်နယ်များကို သုံး၍ ကုန်သွယ်မှုများကို လျင်မြန်စွာနှင့် ကြိမ်ဖန်များစွာ ဖွင့်ပိတ်လုပ်ဆောင်သည့် ကုန်သွယ်ရေး အမျိုးအစားတစ်ခု ဖြစ်ပါသည်။
အောင်မြင်သော HFT ကုန်သွယ်ရေးအတွက် သင်သည် မြန်ဆန်သောအော်ဒါဆောင်ရွက်ခြင်း၊ ကြာချိန်နည်းပါးမှု (အိတ်ချိန်းဆာဗာတွင် နှောင်နှေးကြန့်ကြာမှု)၊ မြင့်မားသော စွမ်းဆောင်ရည်နှင့် တည်ငြိမ်မှုတို့ကို ပေးစွမ်းသည့် ကုန်သွယ်ရေးချန်နယ်များကို ရယူသုံးစွဲခွင့်များ ရှိရပါမည်။ ထိရောက်သော HFT နည်းစဥ်များကို အကောင်ထည်ဖော်ပေးသည့် သင့်တော်သောအကြံပေးချက်များအား ရွေးချယ်ရန်လည်း အရေးကြီးပါသည်။ အောက်တွင် ဖော်ပြထားသည်များမှာ HFT ကုန်သွယ်ရေးအတွက် သင့်တင့်သော ကုန်သွယ်ရေးချန်နယ်များ ဖြစ်ပါသည်။
- ATAS သည် ခွဲခြမ်းစိတ်ဖြာမှုနှင့် futures စျေးကွက်ပေါ်တွင် ကုန်သွယ်ခြင်းအတွက် ကုန်သွယ်ရေးပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ ထိုတွင် ပမာဏများ၊ deltas၊ spreads နှင့် အခြားအတိုင်းအတာများကို မြင်တွေ့ရန် အထောက်အပံ့များစွာကို ပေးစွမ်းပါသည်။ ATAS သည် အသုံးပြုသူများအား ၎င်းတို့၏ ကိုယ်ပိုင် C# advisors များကို ဖန်တီး၍ စီမံဆောင်ရွက်ရန်လည်း ခွင့်ပြုပေးပါသည်။
- TigerTrade သည် ရုရှား၊ ယူအက်စ်၊ ဥရောပနှင့် အာရှအတွင်း အိတ်ချိန်းများပေါ်တွင် ကုန်သွယ်ခြင်းအတွက် အကျိုးဆောင်မျိုးစုံပါရှိသော ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ TigerTrade တွင် အတွင်းပိုင်း၌ အကြံပေးဒီဇိုင်းရေးဆွဲသူများဖြင့် ဘလော့ကို အခြေခံသော ဖွဲ့စည်းတည်ဆောက်ပုံ ရှိပါသည်။ ထိုပလက်ဖောင်းသည် API မှတဆင့် ပြင်ပချန်နယ်များဖြင့် ပေါင်းစပ်နိုင်မှုကိုလည်း အထောက်အကူပြုပါသည်။
- CScalp သည် စတော့စျေးကွက်ပေါ်တွင် scalping အတွက် အခမဲ့တာမီနယ်တစ်ခု ဖြစ်ပါသည်။ ၎င်းတွင် မြန်ဆန်သောနှုန်းထား၊ နှေးကွေးသော အင်တာနက်ဆက်သွယ်ရေး လိုအပ်ချက်များနှင့် ရိုးရှင်းသော ကြားခံနယ်စနစ်တို့ ပါရှိသည်။ ထိုတာမီနယ်သည် API မှတဆင့် ပြင်ပအဖွဲ့အစည်းဖြင့် ဆက်သွယ်ရန်အတွက် သုံးစွဲသူများအား ခွင့်ပြုပါသည်။
- Coinigy သည်မတူညီသော အိတ်ချိန်းများတွင် ခရစ်ပတိုငွေကြေးကုန်သွယ်ရေးအတွက် ရောင်းဝယ်မှုပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ ၎င်းသည် အဆင်ပြေလွယ်ကူသော ဂရပ်ဖစ်ကြားခံနယ်၊ အညွှန်းမျိုးစုံနှင့် ခွဲခြမ်းစိတ်ဖြာမှုရိယာများ အပါအဝင် သင့်ကိုယ်ပိုင် Python အကြံပေးစနစ်များ ဖန်းတီး၍ စီမံခန့်ခွဲနိုင်ခွင့်ကို ပေးစွမ်းထားပါသည်။
- TradingView သည် ဘဏ္ဍာရေးစျေးကွက်အမျိုးမျိုးတွင် စိစစ်ခွဲဖြာခြင်းနှင့် ကုန်သွယ်ခြင်းအတွက် ရေပန်းစားသော ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ ၎င်းတွင် အစွမ်းထက်သော ဂရပ်ဖစ်ယန္တရားတစ်ခုနှင့် ကြီးမားသော အချက်အလက်စုစည်းမှုမှတ်တမ်းများ ပါရှိသည်။ ထိုပလက်ဖောင်းသည် သင့်၏ကိုယ်ပိုင် Pine Script အကြံပေးဆော့ဖ်ဝဲလ်ဖန်တီးမှုနှင့် စတင်ဆောင်ရွက်မှုတို့ကို ထောက်ပံ့ပေးပါသည်။
အောက်ပါတို့သည် Forex စျေးကွက်အတွင်း မြန်နှုန်းမြင့်ကုန်သွယ်ရေးအတွက် အကြံပေးချက်များ ဖြစ်ပါသည်။
- Quantum Emperor သည် ကြားနေကွန်ယက်များပေါ်အခြေခံသော စက်ပစ္စည်း လေ့လာမှုနည်းဗျူဟာကို သုံးစွဲသည့် machine-learning ကုန်သွယ်ရေးဗျူဟာတခု ဖြစ်ပါသည်။ ထိုအကြံပေးစနစ်သည် အချက်အလက်မြောက်များစွာကို စိစစ်ခွဲဖြာပြီး အကောင်းဆုံး ဝင်ရောက်မှတ်နှင့် ထွက်ခွာမှတ်များကို ဆုံးဖြတ်ပေးပါသည်။
- HFT Prop Firm EA သည် စာရင်းအင်းပုံစံငယ်ဖြင့် အမြတ်ရှာဖွေရေး နည်းစဥ်ကို သုံးစွဲသည့် အကြံပေးစနစ်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် ပျမ်းမျှတန်ဖိုးမှ သွေဖည်မှုများ ဖြစ်ပေါ်ချိန်တွင် ငွေကြေးအတွဲများနှင့် ကုန်သွယ်မှုအဖွင့်နေရာများ၏ ဆက်နွယ်ပုံကို ခြေရာခံပေးပါသည်။
- Quantum Trade EA သည် scalping နည်းလမ်းကို အသုံးပြုသည့် မြန်နှုန်းမြင့် ကုန်သွယ်ရေး နည်းဗျူဟာတစ်ခု ဖြစ်ပါသည်။ ထိုအကြံပေးစနစ်သည် စျေးနှုန်းလမ်းကြောင်း၊ ကုန်သွယ်မှုအရေအတွက်နှင့် စျေးလှုပ်ခတ်မှုအညွှန်းများကို သုံး၍ စက္ကန့်အနည်းငယ်အတွင်း ကုန်သွယ်မှုများအား အဖွင့်အပိတ် ပြုလုပ်ပေးပါသည်။
- XAUUSD scalper M1 သည် ရွှေရောင်းဝယ်မှုကို အထူးပြုဆောင်ရွက်ပေးသော အကြံပေးစနစ်တခု ဖြစ်ပါသည်။ ၎င်းသည် စျေးနှုန်းလှုပ်ရှားမှုနှင့် ရောင်းလိုအား/ ဝယ်လိုအားစျေးတန်းများ၏ စိစစ်သုံးသပ်ချက်ပေါ်တွင် အခြေခံသော scalping နည်းဗျူဟာတစ်ခုကို အသုံးပြုပါသည်။
- FORTS အတွက် HFT Spreader သည် ရုရှား futures စျေးကွက်၌ ကုန်သွယ်ခြင်းအတွက် အကြံပေးတစ်ခု ဖြစ်ပြီး ၎င်းသည် အော်ဒါမှတမ်းရှိ spread အတွင်း ကုန်သွယ်ရေးနည်းဗျူဟာတစ်ခုကို အသုံးပြုပါသည်။ ၎င်းသည် ပိုင်ဆိုင်မှုအမျိုးမျိုး၏ ဝယ်စျေးနှင့် ရောင်းစျေး ကွာခြားမှုကို စိစစ်သုံးသပ်ပြီး ကောင်းမွန်သော အနေအထားတွင် ကုန်သွယ်မှုကို ဖွင့်လှစ်ပါသည်။
High-frequency Forex trading မှာ ကုန်သည်အသစ်များအတွက် ခက်ခဲပါသည်။ အောင်မြင်စွာ ကုန်သွယ်ရန်အတွက် သင့်တွင် စွမ်းအားပြည့်ကွန်ပျူတာတစ်လုံး၊ အလွန်မြန်ဆန်သည့်အင်တာနက် ဆက်သွယ်ရေး နှင့် ဟန့်တားမှုကို ရှောင်ကြည်းနိုင်သော စွမ်းအင်အထောက်အပံ့တို့ ရှိရန်လိုအပ်ပါသည်။ အကယ်၍ စွမ်းအားပြတ်တောက်ပြီး သင့်တွင် UPS တစ်ခုမရှိပါက သင်သည် ငွေများကို လျင်မြန်စွာ ဆုံးရှုံးရပါလိမ့်မည်။
HFT ကုန်သွယ်ရေး နိယာမဖြစ်စဥ်ကို အကြီးဆုံးငွေကြေးဆိုင်ရာနည်းပညာကုမ္ပဏီများမှ အသုံးပြုကြပြီး retail traders များသည် ၎င်းတို့ကို မယှဥ်ပြိုင်နိုင်ပေ။ ထိုကုမ္ပဏီများတွင် အတိအကျအားဖြင့် စျေးကွက်တိုက်ရိုက်ထိတွေ့ခွင့်၊ အမြန်နှုန်း၊ ငွေကြေးများနှင့် ပရိုဂရမ်ဝန်ထမ်းများစသည့် သာလွန်သောအခြေအနေများ အစဥ်အမြဲ ရှိကြပါလိမ့်မည်။ သင်မည်သည်ကို လုပ်ကိုင်နေကြောင်း ရှင်းလင်းစွာနားလည်မှုမရှိဘဲ Forex ကုန်သွယ်ရေးအတွက် အထက်ပါအကြံပေး စနစ်များကို အသုံးမပြုပါနှင့်။
ပရိုဂရမ်မင်းဘာသာစကားများ
High-frequency Forex trading ပရိုဂရမ်များမှာ ပုံမှန်ကုန်သည်များ အသုံးပြုသည့် အကြံပေးစနစ် (advisors) များထက် ပို၍ရှုပ်ထွေးပါသည်။ ရိုးရှင်းလွယ်ကူသော အကြံပေးချက်များကို အများအားဖြင့် Java ပရိုဂရမ်မင်း ဘာသာစကားဖြင့် (သို့) MetaQuotes မှ MQL ဖြင့်ရေးသားကြပါသည်။ ၎င်းတို့သည် Forex ကုန်သွယ်ရေးကို ထိတွေ့ရန်နှင့် စျေးကွက်တွင် အလျင်အမြန်ရောင်းဝယ်ရန်အတွက် သင့်အား ပံ့ပိုးကူညီပေးသော်လည်း မီလီစက္ကန့် (သို့) မိုက်ခရိုစက္ကန့်အတွင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် မသင့်တော်ပေ။
HFT ပညာရှင်များသည် အများအားဖြင့် ပရိုဂရမ်တစ်ခု (သို့) မျိုးစုံတို့တွင် လည်ပတ်လုပ်ဆောင်သည့် အခြေခံသဘောတရားပေါ်၌ အမျိုးမျိုးသော ပရိုဂရမ်မင်းဘာသာစကားများကို သုံးစွဲကြပါသည်၊ ထိုထဲမှတစ်ခုချင်းစီသည် ၎င်းတို့၏ အသုံးဝင်ပုံကိုယ်စီအတွက် တာဝန်ထမ်းဆောင်ကြပါသည်။ အောက်ပါတို့သည် သုံးစွဲမှုအများဆုံး HFT ပရိုဂရမ်မင်းဘာသာစကားများ ဖြစ်ပါသည်။
- Python ကို အဓိကအားဖြင့် ရေတွက်တိုင်းတာသော ခွဲခြမ်းစိတ်ဖြာမှုများအတွက် အသုံးပြုပါသည်။
- R ကို သင်္ချာကိန်းဂဏန်းဆိုင်ရာ စိစစ်ခွဲဖြာခြင်းနှင့် အချက်အလက် စစ်ဆေးခြင်းအတွက် မကြာခဏ သုံးစွဲကြပါသည်။
- C++ သည် ပိုမိုမြန်ဆန်သော ပရိုဂရမ်တည်ဆောက်ပုံများကို ဖန်တီးယူရန်အတွက် သုံးစွဲသူများအား ပံ့ပိုးပေးပါသည်။
ကျွမ်းကျင်နားလည်သူများမှ မြန်နှုန်းမြင့်ကုန်သွယ်ရေးတွင် Java၊ Matlab နှင့် C# အသုံးပြုမှုကိုလည်း အစီရင်ခံတင်ပြထားပါသည်။
မြန်နှုန်းမြင့်ကုန်သွယ်ရေးပရိုဂရမ်၏ အရေးပါဆုံးသော အချက်များမှာ အမြန်နှုန်းနှင့် အကောင်းမွန်ဆုံး စီမံဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။ စျေးကွက်အနေအထားများ ပြောင်းလဲမှုကို အလွန်မြန်ဆန်စွာ တုံ့ပြန်သော ကုမ္ပဏီများသည် အားသာမှုရရှိကြပြီး၊ နောက်ဆက်တွဲရလဒ်အနေဖြင့် ပိုမိုကြီးမားသော အမြတ်ထွက်ပေါ်မှုကို ရရှိပါလိမ့်မည်။
Low-frequency နှင့် high-frequency Forex trading
Low-frequency trading ဆိုသည်မှာ အရောင်းအဝယ်လုပ်ငန်းစဉ် ပြီးမြောက်ရန် စက္ကန့်အနည်းငယ်မှ အချိန်အတိုင်းအဆမရှိကြာမြင့်သော လူကိုယ်တိုင်ကုန်သွယ်ခြင်း သို့မဟုတ် advisors များကိုအသုံးပြု၍ ကုန်သွယ်ခြင်းများ ဖြစ်ပါသည်။ High-frequency trading တွင်၊ အော်ဒါများချမှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပိတ်သိမ်းခြင်း အစအဆုံးအတွက် မီလီစက္ကန့်မှ မိုက်ခရိုစက္ကန့်များအထိသာ ကြာမြင့်ပါသည်။
အခြားတနည်းဖြင့်ရှင်းပြရပါက၊ high-frequency trading လက္ခဏာများမရှိသော ကုန်သွယ်မှုအားလုံးကို ကြိမ်နှုန်းနိမ့်ကုန်သွယ်ရေးအဖြစ် သတ်မှတ်ပါသည်။ လက်လီကုန်သည်များ၏ ကုန်သွယ်မှုများသည် ကြိမ်နှုန်းနိမ့်ကုန်သွယ်ရေးဖြစ်သည်။ တရက်တာအတွင်း ကုန်သွယ်မှုတခုကို ဖွင့်လှစ်၊ ပိတ်သိမ်းသော Forex ကုန်သွယ်ရေးသည်လည်း ကြိမ်နှုန်းနိမ့်ကုန်သွယ်ရေးဖြစ်သည်။
Low-frequency trading အတွက် အလွန်မြန်ဆန်သောဆော့ဖ်ဝဲလ် သို့မဟုတ် ကြီးမားသော ကွန်ပျူတာစွမ်းရည်ကို မလိုအပ်ပါ။ ဤကိစ္စရပ်တွင် ကုန်သည်များသည် ဈေးကွက်အား အမှီအခိုကင်းစွာ ခွဲခြမ်းစိတ်ဖြာရပါမည်။ ပုံစံများကို ရှာဖွေရပါမည်။ ထို့အပြင် ၎င်းတို့၏ ပန်းတိုင်နှင့် လုပ်ဆောင်နိုင်စွမ်းများဖြင့် ကိုက်ညီသော ကိုယ်ပိုင်ကုန်သွယ်ရေးဗျူဟာများကို ဖော်ထုတ်ရပါမည်။ High-frequency trading တွင် အရေးအကြီးဆုံးအချက်မှာ အော်ဒါအကောင်အထည်ဖော်မှုအမြန်နှုန်းနှင့် ဈေးကွက်အချက်အလက်များစွာ ကို နှိုင်းယှဉ်ကာ၊ အချက်ပြပုံစံများကို လျင်မြန်စွာရှာဖွေပေးပြီး၊ ဆုံးဖြတ်ချက်ပြုလုပ်ပေးသော သီးသန့် အယ်လ်ဂရစ်သမ်တခု ဖြစ်ပါသည်။
မကြာသေးမီကာလများအထိ၊ ကုန်သွယ်ရေးနည်းလမ်းအားလုံးကို low-frequency ဟု ခေါ်ဆိုနိုင်ပါသည်။ High-frequency trading သည် အင်တာနက်ကုန်သွယ်ရေးနှင့် အီလက်ထရွန်းနစ်အိတ်ချိန်းများ ရေပန်းစားလာခြင်းနှင့်အတူ စတင်ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်းသည် လူတိုင်းအတွက် အလွယ်တကူ ဝင်ရောက်နိုင်ခြင်းမရှိသော သီးသန့်နယ်ပယ်တခု ဖြစ်သည်။ သင့်ထံတွင် လုံလောက်သော ချိတ်ဆက်မှုမျယး၊ ငွေကြေးနှင့် အရည်အချင်းပြည့်ဝသောပရိုဂရမ်ကျွမ်းကျင်သူများ ရှိမှသာလျှင် အဆိုပါနယ်ပယ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ၊ low-frequency trading မှ အမြတ်အစွန်းမရရှိနိုင်ဟု မဆိုလိုပါ။ High-frequency trading တွင် မြင့်မားသော အမြတ်/အရှုံးရလာဒ်များနှင့်အတူ သိသာထင်ရှားသော ဆုံးရှုံးနိုင်ခြေများလည်း ပါဝင်ပါသည်။ ထို့အပြင် စည်းကမ်းထိန်းသိမ်းမှုအဖွဲ့အစည်းများထံမှ ပုံမှန်စစ်ဆေးမှုများနှင့် ညွှန်ကြားချက်များ ကိုလည်း လက်ခံရမည်ဖြစ်သည်။ သင်၏စွမ်းရည်များကိုအသုံးပြု၍ ကုန်သွယ်ခြင်းဖြင့် ထူးကဲသော အမြတ်ရလာဒ်များကို အောင်မြင်စွာရရှိနိုင်ပါသည်။ တခါတရံတွင် ၎င်းသည် ရာခိုင်နှုန်းအားဖြင့် high-frequency trading ထက်ပင် မြင့်မားသော အမြတ်ရလာဒ်များ ဖြစ်နေနိုင်ပါသည်။
High-frequency trading ၏ အားသာချက်များ
Forex ဈေးကွက်အတွင်း high-frequency trading ၏ အားသာချက်များနှင့် အားနည်းချက်များ အသီးသီးရှိပါသည်။ ၎င်းတို့အား အသေးစိတ်စူးစမ်းကြည့်ကြပါစို့။
HFT သည် အမြန်နှုန်း၊ အလိုအလျောက်စနစ်နှင့် မြင့်မားသောကုန်သွယ်မှု ပမာဏ များ မှတဆင့် ဝင်ငွေရရှိစေပါသည်။
HFT အယ်လ်ဂရစ်သမ်များသည် အလွန်သေးငယ်သောရွေ့လျားမှုလမ်းကြောင်းများနှင့် ၎င်းတို့၏ အပြောင်းအလဲများ ကို အခြားစနစ်များထက် ပိုမိုစောစီးစွာ ခွဲခြားထုတ်ဖော်ပေးပါသည်။ မြန်နှုန်းမြင့် ဆက်သွယ်ရေးချန်နယ်လ်တခု၏ အကူအညီဖြင့် ပရိုဂရမ်များသည် အိတ်ချိန်းဆာဗာသို့ တမိနစ်လျှင် ရာပေါင်းများစွာသော ကုန်သွယ်ရေးအော်ဒါများစွာကို ပေးပို့နိုင်ကြပါသည်။ အခြားသောကုန်သွယ်ရေးစနစ်များ သည် ထိုသို့မစွမ်းဆောင်နိုင်ပါ။
အယ်လ်ဂရစ်သမ်မှ ကုန်သွယ်ရန်သင့်တော်သော ပုံစံတခုကို တွေ့ရှိသည်နှင့်၊ ၎င်းသည် ပို၍အားသာချက် ရှိသောဈေးနှုန်းများဖြင့် ကုန်သွယ်မှုကိုဖွင့်လှစ်နိုင်မည်ဖြစ်ပြီး၊ အခြားကုန်သွယ်ရေးနည်းလမ်းများထက် ပိုများသော အမြတ် ကို ရရှိမည်ဖြစ်သည်။ ကြီးမားသော ပမာဏများဖြင့် ကုန်သွယ်မှုများဖွင့်နိုင်သော အရည်အချင်းကြောင့်၊ ဈေးနှုန်းရွေ့လျားမှုများ သိသာထင်ရှားမှုမရှိလျင်ပင် တမိနစ်အတွင်း ရာပေါင်းများစွာသော ကုန်သွယ်မှုများ မှတဆင့် ကြီးမားသောဝင်ငွေကို ရရှိနိုင်ပါသည်။
HFT သည် ဘဏ္ဍာရေးဈေးကွက်များ အတွင်း အရောင်းအဝယ် သွက်မှု (liquidity) ကို ပံ့ပိုးပေးသည်။
HFT ၏ အခြားသောအားသာချက်တခုမှာ market-maker လုပ်ဆောင်ချက်ဖြစ်သည်။ များပြားလှသော အဝယ်နှင့်အရောင်း အရေအတွက်များသည် ဈေးကွက်ကို ဖန်တီးကာ၊ ၎င်းကို အထောက်အပံ့ပြုပါသည်။ ဝယ်ဈေးနှင့် ရောင်းဈေးကြား spread ကျဉ်းမြောင်းပြီး၊ သွက်လက်နိုးကြားသော ဈေးကွက်အတွင်းသို့ ပုံမှန်ကုန်သည်များနှင့် ကုန်သွယ်ရေးကုမ္ပဏီများ ပို၍ဝင်ရောက်ကြပါသည်။
ရလာဒ်အနေဖြင့် အိတ်ချိန်းသည် market maker လုပ်ဆောင်ချက်များကို HFT ကုမ္ပဏီများထံ လွှဲပြောင်းပေးပါသည်။ ကုန်သည်များသည် ငွေဖြစ်မှုအထူးမြင့်မားသော ဈေးကွက်သို့ ဝင်ရောက်လာကြပြီး နိမ့်ပါးသော spread နှုန်းထားများဖြင့် ကုန်သွယ်မှုပြုလုပ်ကြသည်။ HFT အဖွဲ့အစည်းများသည် လျော့ချပေးထားသော ကုန်သွယ်ရေးကော်မရှင်များကို ရရှိကြပြီး၊ အများအားဖြင့် ဈေးကွက်ဖော်ဆောင်ပေးခြင်းအတွက် ငွေသားချီးမြှင့်မှုများကို ရရှိကြပါသည်။
လူသားပြဿနာများမပါဝင်ခြင်း
ပရိုဂရမ်၏ လုပ်ဆောင်ချက်အားလုံးကို အယ်လ်ဂရစ်သမ်တခုဖြင့် တင်းကြပ်စွာထိန်းချုပ်ထားပြီး၊ အတိအကျ သတ်မှတ်ထားသောကြောင့် ကြောက်စိတ်နှင့်လောဘစိတ်များအပေါ်အခြေခံသော လူသားတို့၏မှားယွင်းမှုမျိုး ဖြစ်ပေါ်နိုင်ခြင်းမရှိပါ။ ပရိုဂရမ်သည် လိုအပ်သောအခါနှင့် ဈေးကွက်အခြေအနေများမှ ခွင့်ပြုသောအခါများတွင်သာလျှင် ကုန်သွယ်မှုများကို ဖွင့်ပါသည်။ ဤအချက်သည် ကုန်သည်များအတွက် တည်ငြိမ်သောအမြတ်အစွန်းများကို ရရှိစေပါသည်။
မည်သို့ပင်ဆိုစေကာမူ ကုဒ်မှားယွင်းမှုများနှင့် အခြားဆက်နွယ်သောဆုံးရှုံးနိုင်ခြေများကို လျစ်လျူရှု၍မရပါ။ ထို့ကြောင့် အကြောင်းတစုံတရာရှိပါက လုပ်ငန်းစဉ်ကို လူသာတဦးကသာ ထိန်းချုပ်ရပါမည်။
HFT ၏ အားသာချက်များနှင့် အားနည်းချက်များကို ဇယားကွက်ပုံစံဖြင့် အောက်တွင် ပြသပေးထားပါသည်။
အားသာချက်များ | အားနည်းချက်များ |
ဈေးကွက်တွင်း အရောင်းအဝယ် သွက်ခြင်း | ဈေးကွက်လက်ဝါးကြီးအုပ်မှုများ ဖြစ်နိုင်ခြင်း |
Spreads ပိုမို နည်းပါးခြင်း | မည်သည့်နေရာသို့ ငွေရောက်ရှိသည်ကို မသိရှိရခြင်း |
သမာရိုးကျ arbitrage ကုန်သွယ်မှုကို လျှော့ချပေးခြင်း | ကုဒ်မှားယွင်းမှုများသည် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေခြင်း |
အရောင်းအဝယ်များကို မီလီစက္ကန့်များအတွင်း ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ရုတ်တရက်ဈေးနှုန်းတိုးတက်မှုများကြောင့် ထိခိုက်မှုမရှိခြင်း | ဈေးကွက်အား ပို၍မတည်မငြိမ်ဖြစ်စေခြင်း |
လူသားပါဝင်မှုအနည်းဆုံးဖြစ်ခြင်း | လူပုဂ္ဂိုလ်တဦးချင်းနှင့် သေးငယ်သောအဖွဲ့အစည်းများအတွက် မရရှိနိုင်ခြင်း |
အကျိုးအမြတ် မြင့်မားခြင်း |
High-frequency trading အပေါ် ဝေဖန်ချက်များ
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း၊ ဩဇာကြီးမားသော ရင်းနှီးမြှုပ်နှံသူများစွာတို့သည် HFT အယ်လ်ဂရစ်သမ်များကို ဝေဖန်ရှုံ့ချခဲ့ကြသည်။ Michael Lewis ၏ “Flash Boys: A Wall Street Revolt အမည်ရှိ စာအုပ်သည် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ စာရေးသူသည် US စတော့ဈေးကွက်အား high-frequency traders များမှ front-running နှင့် algorithmic ကုန်သွယ်ရေးကို အသုံးချ၍ ကြိုးကိုင်ချယ်လှယ်နေသည်ဟု ဝေဖန်ရေးသားထားခဲ့သည်။
ထုတ်ဝေပြီး ပထမပတ်၌ပင် “Flash Boys” ၏ရောင်းအားသည် အုပ်ရေ ၁၃၀,ဝဝဝ ကို ကျော်လွန်သွားခဲ့သည်။ ယင်းစာအုပ်သည် ၂၀၁၀ ခုနှစ်တွင် စတော့ဈေးကွက်ပျက်စီးခြင်းကြောင့် အငြိမ်းစားစုဆောင်းငွေအချို့ သို့မဟုတ် အားလုံးနီးပါးကို ဆုံးရှုံးခဲ့ရသည့် အမေရိကန်လူထုအကြား တမဟုတ်ချင်း ရေပန်းစားလာခဲ့သည်။ ရောင်းချမှုစတင်ပြီး နောက်တစ်ရက်တွင် FBI သည် high-frequency trading အကြောင်း စုံစမ်းထောက်လှမ်းမှုတခုကို စတင်ခဲ့သည်။
အချို့သော ဝေဖန်ရေးသမားများမှ Lewis သည် ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ပိုမိုလေ့လာဆန်းစစ်သင့်ပြီး၊ စတော့ဈေးကွက်ကုန်သွယ်ရေးအပေါ် သူ၏ သရုပ်ဖော်ပုံသည် တဖတ်ပိတ်ဆန်လွန်းသည်ဟု သုံးသပ်ခဲ့ကြသည်။ ယေဘုယျအားဖြင့် HFT အပေါ် ရင်းနှီးမြှုပ်နှံမှုအသိုင်းအဝိုင်း၏ ပူပန်မှုများမှာ အောက်ပါအကြောင်းရင်းများကြောင့်ဖြစ်သည်။
- ကုန်သွယ်မှုအမြန်နှုန်းကြောင့် - HFT ၏ ဝင်ငွေများကို ခြေရာခံရန် အလွန်ခက်ခဲပါသည်။ ဤနည်းအားဖြင့် ဘီလီယံနှင့်ချီသော ငွေများကို လူချမ်းသာများအကြား ဖြန့်ဝေပေးသကဲ့သို့ရှိပြီး၊ ၎င်းတို့အား ယခုထက်မက ပိုမိုကြွယ်ဝချမ်းသာလာစေမည်ဖြစ်သည်။ ဤအချက်အလက်များသည် အိတ်ချိန်းများနှင့် လျှို့ဝှက်ထိန်းသိမ်းသော ကုန်သွယ်ရေးအကျိုးဆောင်များထံ၌သာ ကျန်ရစ်လေ့ရှိသည်။
- ၎င်းတို့၏ အားသာချက်များကြောင့် HFT ကုမ္ပဏီများသည် သာမာန်လူတန်းစားများ၏ ပင်စင်စုငွေများကို သိမ်းဆည်းပေးသော ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (mutual funds) များ၏ အရှုံးများအပေါ် အမြတ်ရရှိကြသည်။ ဤနည်းအားဖြင့် ဆင်းရဲသူများကို ပို၍ဆင်းရဲစေမည်ဖြစ်သည်။
- HFT အယ်လ်ဂရစ်သမ်များ၏ လည်ပတ်မှုတွင် ချို့ယွင်းချက်ဖြစ်ပေါ်ပါက၊ မေလ ၆ ရက် ၂၀၂၀ ခုနှစ်ကကဲ့သို့သော စတော့ဈေးကွက်ပျက်စီးခြင်းမျိုးကို ကြုံတွေ့ရနိုင်ပါသည်။ ထို့နေ့၌ S&P 500 index သည် မိနစ်အနည်းငယ်အတွင်း 998.5 ပွိုင့်အထိ ကျဆင်းခဲ့ပြီး၊ နောက်ပိုင်းတွင် HFT အယ်လ်ဂရစ်သမ်များ၏ ချို့ယွင်းမှုအဖြစ် ဖော်ပြခဲ့သည်။
High-frequency trading တခုတွင် ချို့ယွင်းမှုများဖြစ်ပေါ်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို နားလည်သဘောပေါက်စေရန်အလို့ငှာ၊ ၂၀၁၀ flash crash ကို အသေးစိတ်သုံးသပ်ကြည့်ကြပါစို့။ ထိုစဉ်အချိန်၌ အမေရိကန်နှင့် ဥရောပ ဘဏ္ဍာရေးဈေးကွက်များအတွင်း HFT ၏ ပါဝင်မှုဝေစုမှာ ၅၀% ခန့်ဖြစ်သည်။
မေလ ၆ ရက် ၂၀၁၀ တွင် ဖြစ်ပွားခဲ့သော Flash Crash ခေါ် “2:45 Crash” ဖြစ်စဉ်သည် ကာလတိုဆုံးရှုံးမှု $1 ထရီလီယံဒေါ်လာခန့်ကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းသည် အရှေ့ပိုင်းအချိန် ၂:၃၂ တွင် စတင်ခဲ့ပြီး၊ စုစုပေါင်း ၃၆ မိနစ်ခန့်ကြာမြင့်ခဲ့သည်။
S&P 500၊ Dow Jones 30 နှင့် NASDAQ Composite ကဲ့သို့သော အမေရိကန်စတော့ index များသည် ရုတ်တရက်တန်ဖိုးထိုးကျခဲ့ပြီး၊ မိနစ်ပိုင်းအတွင်း အခြေအနေပြန်လည်ကောင်းမွန်လာခဲ့သည်။ ဤဖြစ်ရပ်သည် S&P 500 ၏ သမိုင်းတလျှောက် တနေ့အတွင်းအတက်၊ အကျကွာခြားမှုပွိုင့်တွင် ဒုတိယအကြီးဆုံးဖြစ်ပါသည်။ စတော့များ၊ စတော့ညွှန်းကိန်း futures ၊ options များနှင့် exchange-traded funds (ETFs) များသည် ယင်းနေ့တွင် မတည်ငြိမ်မှုလွန်စွာမြင့်မားခဲ့ပြီး၊ ကုန်သွယ်ရေးပမာဏများကို မြင့်တက်စေခဲ့သည်။ ၂၀၂၄ CFTC အစီရင်ခံစာတွင် ထိုနေ့သည် ငွေကြေးစျေးကွက်သမိုင်းတွင် အရှုပ်အထွေးဆုံးကာလများထဲမှ တစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။
နောက်ဆက်တွဲ စုံစမ်းထောက်လှမ်းမှုများသည် ပြိုလဲမှု၏ အကြောင်းရင်းကို ဆုံးဖြတ်ပေးပါသည်။ ဗြိတိသျှအိန္ဒိယကပြားတဦးဖြစ်သော ဘဏ္ဍာရေးကုန်သည် Navinder Singh Sarao သည် တရားဝင် ရောင်းချသော ကုန်သွယ်မှုဆော့ဖ်ဝဲကို ဝယ်ယူခဲ့သည်။ နောက်ပိုင်းတွင် အော်ဒါများကို လျင်မြန်စွာနေရာချပြီး အလိုအလျောက် ပယ်ဖျက်ရန်အတွက် ထိုဆော့ဖ်ဝဲလ်ကို ပြင်ဆင်ရေးသားခဲ့သည်။
မေလ ၆ ရက်၊ ၂၀၁၀ ခုနှစ်တွင် အမေရိကန်စတော့ဈေးကွက်များ ဖွင့်လှစ်ခဲ့ပြီး၊ ဂရိကြွေးမြီ အကျပ်အတည်းနှင့်ပတ်သက်၍ စိုးရိမ်မှုများကြားတွင် S&P 500 တန်ဖိုးကျဆင်းခဲ့သည်။ ET 2:42 တွင်၊ S&P သည် တနေ့တာအတွင်း ပွိုင့် ၃၀၀ တန်ဖိုးလျော့ကျကာ စတော့ဈေးကွက် လျင်မြန်စွာကျဆင်းသွားခဲ့ပြီး၊ ၅ မိနစ်အတွင်း ပွိုင့် ၆၀၀ ကျော်ဆုံးရှုံးခဲ့ရသည်။ ရလာဒ်အနေဖြင့် 14:47 တွင် ပွိုင့် ၁၀၀ ကျော်ဆုံးရှုံးနစ်နာခဲ့သည်။ မိနစ်နှစ်ဆယ်ကြာပြီးနောက်၊ ဈေးကွက်သည် ကျဆင်းမှုအများစုမှ အခြေအနေစတင်ကောင်းမွန်လာခဲ့ပြီး ၆၀၀ ပွိုင့် ပြန်လည်တိုးတက်ခဲ့သည်။ အခြား စတော့ အင်းဒက်စ် များသည်လည်း S&P 500 ၏ ရွေ့လျားမှုများကို ရောင်ပြန်ဟပ်ခဲ့သည်။
2:42 pm တွင် ချို့ယွင်းမှုမဖြစ်ပေါ်မီ၊ Navinder Sarao သည် ထောင်ပေါင်းများစွာ အရေအတွက်ရှိ E-mini S&P 500 စတော့ index futures စာချုပ်များအတွက် အော်ဒါများချမှတ်ထားခဲ့ပြီး၊ နောက်ပိုင်းတွင် ပြန်လည်ပယ်ဖျယ်ရန် စီစဉ်ထားခဲ့သည်။ $200 မီလီယံခန့်တန်ဖိုးရှိသော အော်ဒါများကို ချမှတ်ခဲ့ပြီးနောက် ပြန်လည်မဖျက်သိမ်းမီ အကြိမ် ၁၉,၀၀၀ ခန့် ပြန်လည်နေရာချထားခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းသည် စနစ်အတွင်း မညီမျှမှုကို ဖြစ်စေပြီး အခြားကုန်သည်များအား အရောင်းကုန်သွယ်မှုများကို ဖွင့်ရန် နှိုးဆော်ခဲ့သည်။ ရလာဒ်အနေဖြင့်၊ ဈေးကွက်အတွင်း ဝယ်လိုအားပျောက်ကွယ်၍ ရောင်းလိုအားသာကျန်ရစ်ပြီး ဈေးကွက်ကို လျင်မြန်စွာပြိုလဲစေခဲ့သည်။
၂၀၁၄ ခုနှစ် မေလတွင် အစီရင်ခံစာတခု၌ မြန်နှုန်းမြင့်ကုန်သည်များသည် လျှပ်တပြက်ပျက်စီးမှုကိုမဖြစ်စေသော်လည်း၊ အခြားသောဈေးကွက်ပါဝင်သူများအပေါ် အသာစီးမှ အခွင့်အရေးရယူခြင်းဖြင့် ပျက်စီးမှုစီသို့ ဦးတည်စေနိုင်သည်ဟု ဖော်ပြထားသည်။ အထက်ပါဖြစ်ရပ်ဖြစ်ပွားပြီး ငါးနှစ်နီးပါးခန့်အကြာ ၂၀၁၅ ခုနှစ်၊ ဧပရယ်လတွင် အမေရိကန်တရားရေးဌာနသည် Navinder Singh Sarao အား ဈေးကွက်ကိုလက်ဝါးကြီးအုပ်ခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းအပါအဝင် ရာဇ၀တ်မှု ၂၂ ခုဖြင့် တရားစွဲဆိုခဲ့သည်။
ထရီလီယံဒေါ်လာတန်ဖိုးရှိ စတော့ဈေးကွက် ပြိုလဲမှုအတွက် လန်ဒန်မြို့အနောက်ပိုင်း ဆင်ခြေဖုံးအရပ်မှာရှိတဲ့ မိဘအိမ်ကနေ အလုပ်လုပ်တဲ့ အသက် 36 နှစ်အရွယ် ကုန်သည်လေးတယောက်ကို အပြစ်တင်တာက “မီးလောင်ခြင်းအတွက် လျှပ်စီးကြောင်းကို အပြစ်တင်တာနဲ့ တူပါတယ်” ဟု Traders မဂ္ဂဇင်းမှ သတင်းထောက် John Bates က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
Sarao အပြင် အခြားသော high-frequency traders များသည်လည်း ဤဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရပါသည်။ ဤဖြစ်ရပ်မှ ငွေအမြောက်အမြားရှာဖွေခဲ့သော အပြစ်ရှိသူအစစ်အမှန်များကို မည်သည့်အခါမှ ရှာဖွေတွေ့ရှိလိမ့်မည်မဟုတ်ဟု စျေးကွက်ပါဝင်သူအများစုမှ ယုံကြည်နေကြဆဲပင်ဖြစ်သည်။ ဤငွေများမှာ သာမန်လူများ၏ ပင်စင်စုငွေမှ ဆုံးရှုံးလိုက်ရသောငွေများဖြစ်သည်။ နောက်ပိုင်းတွင် retail investor accounts အရေအတွက်များစွာ ဖျက်ဆီးခံခဲ့ရသည်။
Dark pools အခန်းကဏ္ဍ
HFT ကုန်သွယ်ရေးတွင် dark pools များသည် ပို၍အသေးစိတ်ထည့်သွင်းစဉ်းစားရန် ထိုက်တန်သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတခုဖြစ်ပါသည်။ အမည်မသိ အီလက်ထရွန်းနစ် ကုန်သွယ်မှု မြောက်မြားစွာအတွက် dark pools သို့မဟုတ် hidden liquidity pools များကို ပွင့်လင်းသော ဈေးကွက်များအပေါ်တွင် မြင်တွေ့ရမည်မဟုတ်ပါ။
အခြားတနည်းဖြင့် ရှင်းပြရသော်၊ dark pools များသည် institutional investors များကြား ကြီးမားသောအရောင်းအဝယ်ပမာဏများကို အသေးစိတ်ဖွင့်ဟမှုမပြုပဲ အပြန်အလှန်ဆောင်ရွက်ကြသည့် သီးသန့်လဲလှယ်မှုဌာနများ ဖြစ်ကြပါသည်။၎င်းသည် အဆိုပါ dark pools များတွင် ပြုလုပ်သော ငွေပေးငွေယူများမှာ HFT algorithms မှအသုံးပြုသော ဆာဗာများကို ကျော်ဖြတ်ခြင်းကိုလည်း ဆိုလိုသည်။
Liquidity pools များသည် ဈေးကွက်အတွက် အသစ်အဆန်းမဟုတ်ပါပေ။ လျှို့ဝှက်သော သီးသန့်အိတ်ချိန်းများသည် ၁၉၆၀ ပြည့်နှစ်များကပင် စတင်တည်ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှင့်ပတ်သတ်သော စာရင်းအင်းအချက်အလက်များမှာ အများပြည်သူထံပေါက်ကြားခြင်း မရှိလှပေ။ မည်သို့ပင်ဆိုစေကာမူ၊ မကြာသေးမီကာလများအတွင်း အများသူငှာဈေးကွက်များတွင် high-frequency trading ပမာဏများ လျော့ကျလာသည်နှင့်အမျှ၊ အဆိုပါ dark pools များတွင် ကုန်သွယ်မှုပမာဏများ မြင့်တက်လျက်ရှိမည်ဟု ယုံကြည်ထားကြပါသည်။
ဤဆက်နွယ်မှုကို ရှင်းပြရန်လွယ်ကူပါသည်။ ကြီးမားသော ဈေးနှုန်းရွေ့လျားမှုများကို မဖြစ်စေပဲ dark pools များအတွင်း ကြီးမားသောပမာဏများကို ကုန်သွယ်နိုင်စွမ်း၏ အကြောင်းရင်းမှာ high-frequency traders များသည် ပွင့်လင်းသောဈေးကွက်များအတွင်း ကြီးမားသောပမာဏများကို ကုန်သွယ်နိုင်စွမ်း နည်းပါးခြင်းကြောင့်ပင် ဖြစ်သည်။ တဖန်၊ ထိုအချက်သည် high-frequency trading တွင် ထည့်သွင်းစဉ်းစားထားခြင်း မရှိသော ပမာဏသေးငယ်သည့် ကုန်သွယ်မှုများကို အလေးသာစေပါသည်။ ယခင်က high-frequency trading ကြောင့် ဖြစ်ပွားခဲ့သော လျှပ်တပြက်တန်ဖိုးကျဆင်းမှု(flash crash)များ သို့မဟုတ် အလွန်မြန်ဆန်သောဈေးနှုန်းရွေ့လျားမှုများသည် institutional investors များအတွက် dark pools များကို ပိုမိုသဘောကျနှစ်သက်စေပါသည်။
ဤဖြစ်စဉ်တွင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုရှိပါသည်။ အများသူငှာကြည့်ရှုနိုင်သော ဈေးကွက်များ အတွင်း liquidity ပိုနည်းလေလေ၊ ကုန်သွယ်ရေးပလပ်ဖောင်း သည် HFT ကုမ္ပဏီအသစ်များထွက်ပေါ်မှုအပေါ် ပို၍စိတ်ဝင်စားလေလေဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် HFT အယ်လ်ဂရစ်သမ်များဖန်တီးမှုနှင့် အသုံးပြုမှုများ၏ ဆွဲဆောင်အား ပို၍တိုးတက်လာပါသည်။
High-frequency trading အပေါ် ဖိအားများတိုးပွားလာခြင်းသည် ယင်းနယ်ပယ်အတွင်းရှိ ကုမ္ပဏီများအား စရိတ်စကများမြင့်မားလာစေပြီး၊ ပိုမိုကြပ်တည်းသောဈေးကွက်အခြေအနေများနှင့် ကြုံတွေ့ရစေပါသည်။ high-frequency traders အများစုသည် တဦးတည်းပိုင်အဖြစ် သီးသန့်လုပ်ကိုင်ဆောင်ရွက်လေ့ရှိကြသော်လည်း၊ ယင်းနယ်ပယ်အတွင်း ပါဝင်လုပ်ကိုင်နေကြသော Citadel Group၊ Flow Traders နှင့် Virtu Financial အစရှိသည့် အများပိုင်ကုမ္ပဏီကြီးများလည်း ရှိကြပါသည်။
Dark pools များ၏ အားနည်းချက်များတွင် ပွင့်လင်းမြင်သာမှုနည်းပါးခြင်း၊ အခွင့်အရေးရရှိမှုမမျှတခြင်းနှင့် ဈေးကွက်အားလက်ဝါးကြီးအုပ်ခြယ်လှယ်ရန် ဖြစ်နိုင်ခြေရှိခြင်းများ ပါဝင်ပါသည်။
High-frequency trading ၏ စည်းကမ်းကြပ်မတ်မှု
၂၀၁၀ Flash Crash နှင့် လူထု၏ပြစ်တင်ရှုံ့ချမှုများအပါအဝင် စတော့ဈေးကွက် ပြိုကွဲပျက်စီးမှုများ တိုးမြင့်လာခြင်း၏ ရလာဒ်တခုအနေဖြင့်၊ အမေရိကန် နှင့် ဥရောပရှိ ငွေကြေးဈေးကွက် ထိန်းကွပ်သူများသည် HFT နယ်ပယ်၏ စည်းကမ်းသတ်မှတ်ချက်များတွင် ရှင်းလင်းပြတ်သားမှုရှိစေရန်အတွက် စည်းမျဉ်းများကို မိတ်ဆက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤနယ်ပယ်ကို စည်းကမ်းထိန်းချုပ်ရခြင်း၏ ပြဿနာတရပ်မှာ e-commerce(အီလက်ထရွန်းနစ်ကုန်သွယ်မှု) လုပ်ငန်းများမှာ တရားဝင်ဖြစ်ပြီး၊ ခွင့်ပြုချက်ရရှိထားကြခြင်းဖြစ်သည်။ HFT အယ်လ်ဂရစ်သမ်များကို အသုံးပြုကြသော ကုမ္ပဏီများသည် စည်းကမ်းထိန်းသိမ်းသူများအား Forex စျေးကွက်တွင် ကြိမ်နှုန်းမြင့်ရောင်းဝယ်မှုသည် အီလက်ထရွန်နစ်ကုန်သွယ်မှုနှင့် အတူတူပင်ဖြစ်၍ ပိုပိုမြန်ဆန်ခြင်းသာလျှင် တခုတည်းသော ကွဲပြားချက်ဖြစ်သည်ဟု လျှောက်လဲချက်ပေးရန် ကြိုးစားကြသည်။ စွမ်းဆောင်ရည် မြင့်မားသောကွန်ပျူတာများနှင့် မြန်ဆန်သောဆက်သွယ်ရေးချန်နယ်လ်များကို အသုံးပြုခြင်းသည် အမှားတစုံတရာကို ပြုလုပ်ခြင်းမဟုတ်ဟု ၎င်းတို့မှ ယုံကြည်ထားကြသည်။ သို့သော်လည်း၊ ပိုင်ဆိုင်မှုစျေးနှုန်းများ လျင်မြန်စွာ အတက်၊အကျဖြစ်ပေါ်ခြင်း၊ မြင့်မားသောအမြတ်အစွန်းများသည် မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မသိရပဲ အခွန်ထမ်းများနှင့် အငြိမ်းစားများ၏ စုငွေများကိုထိန်းသိမ်းထားသော HFT အသုံးမပြုသည့် ရင်းနှီးမြုပ်နှံမှုရန်ပုံငွေများမှ ငွေကြေးအမြောက်အများဆုံးရှုံးသွားရခြင်းများသည် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများအား high frequency trading ကို ထိန်းချုပ်ရန် တွန်းအားပေးလျက်ရှိသည်။
HFT စည်းမျဉ်းများကိုသတ်မှတ်ရာတွင် ဥရောပနှင့် အမေရိကန်တို့၏ ကိုင်တွယ်ပုံနည်းလမ်းများမှာ ကွဲပြားကြပါသည်။
- ဥရောပတွင် Financial Instruments Directive နှင့် Financial Instruments Directive II မှ ရှင်းလင်းထုတ်ပြန်ထားသော high-frequency trading ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို လက်ခံကျင့်သုံးပါသည်။ ဈေးကွက်ပါဝင်သူအားလုံးနီးပါးသည် အာဏာပိုင်များထံမှ ခွင့်ပြုချက်ကို မဖြစ်မနေရယူရမည်ဖြစ်ပြီး၊ high-frequency traders များသည် ၎င်းတို့၏ ကုန်သွယ်မှုမှတ်တမ်းများနှင့် အယ်လ်ဂရစ်သမ်များကို အနည်းဆုံးငါးနှစ်အထိ ထိန်းသိမ်းထားရပါမည်။
- အမေရိကန်ပြည်ထောင်စုတွင်၊ Financial Industry Regulatory Authority အဖွဲ့အစည်းသည် ဥရောပနှင့် ဆင်တူသော စည်းမျဉ်းများကို မိတ်ဆက်ခဲ့ပါသည်။ သို့သော်၊ ၎င်းတို့သည် high-frequency trading ၏ အကျိုးသက်ရောက်မှုများကို လျှော့ချရန် ပို၍အလေးပေးပါသည်။ အော်ဒါစီးဆင်းမှုကို ကုမ္ပဏီများမှ စီမံခန့်ခွဲပုံအတွက် အပိုဆောင်းစည်းမျဉ်းများကို ဖြည့်စွက်ရေးဆွဲခဲ့ပါသည်။ လိမ်လည်လှည့်ဖြားခြင်း၊ ဈေးနှုန်းအမှားများဖော်ပြခြင်းနှင့် မတန်တဆလွှမ်းမိုးမှုတို့ကို ကန့်သတ်ရန် စည်းမျဉ်းများပြဌာန်းထားပါသည်။
၂၀၁၀ ဘဏ္ဍာရေးအကျပ်အတည်းအပြီးတွင်၊ အမေရိကန်လွှတ်တော်အဖွဲ့သည် high-frequency trading ကို ထိန်းချုပ်ရန်အတွက် Dodd-Frank အက်ဥပဒေကို အတည်ပြုခဲ့သည်။ ၎င်း၏အပိုဒ်ခွဲများမှ တစ်ခုသည် high-frequency trading အတွက် အပြည့်အဝ ရည်ရွယ်ပါသည်။ ၂၀၁၀ flash crash ဖြစ်စဉ်နောက်ပိုင်းတွင် SEC နှင့် တရားရေးဌာနသည် လိမ်လည်မှုနှင့် စျေးကွက်ခြယ်လှယ်မှုများကို တိုက်ဖျက်ရန် အရင်းအမြစ်များကို စတင်စုံစမ်းစစ်ဆေးပြီး၊ ထုတ်ဖော်ခဲ့ပါသည်။
ပြင်သစ်တွင်၊ ဘဏ္ဍာရေးနယ်ပယ်စည်းကမ်းထိန်းသိမ်းမှုအဖွဲ့အစည်းသည် HFT ပလပ်ဖောင်းများအတွက် ကျင့်ဝတ်အချို့ကို စတင်သတ်မှတ်ခဲ့ပါသည်။
- ၎င်းတို့တွင် high-frequency trading စနစ်မှ ထုတ်လွှတ်သော အော်ဒါများကို စီမံဆောင်ရွက်ရန် လုံလောက်သော ပါဝါရှိရပါမည်။
- ၎င်းတို့သည် ဈေးကွက်အပေါ် တရားမဝင်အမြတ်ထုတ်ရန် ရည်ရွယ်သော လှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းနိုင်ရန်အတွက် နှောင့်နှေးကြန့်ကြာမှု အနည်းဆုံးဖြစ်ကြောင်း သေချာစေရ ပါမည်။
- ၎င်းတို့သည် ဈေးကွက်ကို ခြယ်လှယ်ရန် ရည်ရွယ်ကာ အော်ဒါဖွင့်လှစ်၍ ပြန်လည်ပယ်ဖျက်ခြင်း အပါအဝင် ဈေးကွက်ပါဝင်သူများမှဆောင်ရွက်သော အရောင်းအဝယ် လုပ်ငန်းစဉ်များ ကို စောင့်ကြည်နိုင်စွမ်း ရှိရပါမည်။
တရုတ်အိတ်ချိန်းများသည် ကုန်သွယ်မှုအကြိမ်ရေနှင့် ပမာဏများနှင့်စပ်လျဉ်း၍ တင်းကျပ်သောကန့်သတ်ချက် များကို လိုက်နာဆောင်ရွက်စေပြီး အော်ဒါဖျက်သိမ်းခများ မြင့်မားစွာကောက်ခံသောကြောင့် တရုတ်ပြည်တွင် HFT ကုန်သွယ်ရေးကို တားမြစ်ထားပါသည်။ ၎င်းတို့သည် တိုက်ရိုက်ကုန်သွယ်ရေးလုပ်ဆောင်မှုကို ခွင့်မပြုသည့်အပြင်၊ ၎င်းတို့၏ စက်ကိရိယာကို HFT မှအသုံးပြုသော အချက်အလက်စင်တာတွင် မထားရှိခြင်းကြောင့် အချက်အလက်လွှဲပြောင်းမှုကို ပို၍နှောင့်နှေးကြန့်ကြာစေပါသည်။ ၎င်းသည် တရုတ်ဈေးကွက်အတွင်း HFT ကုန်သွယ်ရေး လုပ်ဆောင်နိုင်ခြင်းမရှိစေရန် သို့မဟုတ် HFT ကုန်သွယ်ရေးဖြင့် အမြတ်အစွန်းမရရှိနိုင်စေရန် တားဆီးထားပါသည်။
အိန္ဒိယတွင်၊ HFT ကုန်သွယ်ရေးကို ခွင့်ပြုထားသော်လည်း အိန္ဒိယအစုရှယ်ယာနှင့် အိတ်ချိန်းဘုတ်အဖွဲ့ (SEBI)မှ ထိန်းချုပ်ထားပါသည်။ ၎င်းသည် HFT ကုန်သည်များအတွက် စည်းမျဉ်းများနှင့် လိုအပ်ချက်အမြောက်အများကို ပြဌာန်းထားပါသည်။ ဥပမာအားဖြင့် ၂၀၁၆ တွင်၊ SEBI သည် အနိမ့်ဆုံးအော်ဒါသက်တမ်းကို ၀.၅ စက္ကန့်သတ်မှတ်ထားပြီး အော်ဒါများကို စိစစ်အတည်ပြုရန်အတွက် အထူးကုဒ်ကိုအသုံးပြုရန် HFT ကုန်သည်များကို ညွှန်ကြားခဲ့ပါသည်။ ၂၀၁၇ တွင်၊ SEBI သည် HFT ကုန်သည်များအကြား ကုန်သွယ်ရေးလုပ်ဆောင်ခွင့်ကို ဖြန့်ဝေရန်အတွက် အပြိုင်အဆိုင်လေလံစနစ်တစ်ခုကို မိတ်ဆက်ရန်လည်း အဆိုပြုခဲ့ပါသည်။
မတူညီသောနိုင်ငံများတွင် HFT ကုန်သွယ်ရေးကို စည်းကမ်းကြပ်မတ်ရန်အတွက် အပြည့်အဝပိတ်ပင်ခြင်းမှစ၍ ကန့်သတ်ချက်အလျဉ်းမရှိခြင်းအထိ မတူညီသောချဉ်းကပ်မှုပုံစံများ ရှိကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကုန်သွယ်ရေးအတွေ့အကြုံမရှိသော်လည်း (ဥပမာ- pension funds တွင်) ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြသော နိုင်ငံသားများကို စောင့်ရှောက်သည့်အနေဖြင့် HFT နယ်ပယ်ကို စည်းကမ်းကြပ်မတ်ရန် ကြိုးပမ်းလျက်ရှိကြသည်။
အနှစ်ချုပ်
High-frequency trading သည် ဘဏ္ဍာရေးဈေးကွက်များအတွင်း ငွေရှာရန်အတွက် အဓိကနည်းလမ်းများမှ တခုဖြစ်လာခဲ့ပါသည်။ ၎င်းတို့၏ အမြန်နှုန်းကြောင့်၊ HFT အယ်လ်ဂရစ်သမ်များသည် တိုတောင်းသော ကာလများအတွင်း ငွေကြေးအမြောက်အများကို ရှာဖွေပေးနိုင်ကြပါသည်။
သဘာဝအားဖြင့်၊ high-frequency trading စနစ်တခုကို စတင်ဖန်တီးရန်အတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို လိုအပ်ပါသည်။ ထိုငွေအရင်းအနှီးများကို ဆော့ဖ်ဝဲလ်ရေးဆွဲခြင်းနှင့် ချိန်ညှိမွမ်းမံခြင်း၊ စွမ်းရည်မြင့်ကွန်ပျူတာအစိတ်အပိုင်းများ ဝယ်ယူခြင်းနှင့် အိတ်ချိန်းဆာဗာနှင့်ကပ်လျက်နေရာကို ငှားရမ်းခြင်းများအတွက် အသုံးပြုရပါသည်။ မည်သို့ပင်ဖြစ်စေ၊ high-frequency trading ကုမ္ပဏီ မည်မျှရှိသည်နှင့် ၎င်းတို့ထိန်းချုပ်ထားသည့် စတော့ဈေးကွက်အရေအတွက်အပေါ် ချိန်ဆကြည့်ခြင်းအားဖြင့်၊ ဤရင်းနှီးမြှုပ်နှံမှုများသည် တရားမျှတမှုရှိကြောင်း သိရှိနိုင်ပါသည်။
“အချက်အလက်ကို ပိုင်ဆိုင်သူသည် ကမ္ဘာကြီးကို ပိုင်ဆိုင်သည်” ဟူသော စည်းမျဉ်းသည် ယနေ့အချိန်ထိ မှန်ကန်နေဆဲဖြစ်သည်။ အမြန်နှုန်းနှင့် ပါဝါအတွက် ပြိုင်ဆိုင်မှုသည် အနာဂတ်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်သောကြောင့် HFT ကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုများ တိုးတက်လာမည်ဖြစ်သည်။ ရလာဒ်အနေဖြင့်၊ ကုန်သွယ်မှုဗျူဟာအသစ်များ ပေါ်ပေါက်လာပါလိမ့်မည်။
High-frequency algorithms များသည်လည်း ချို့ယွင်းမှုဖြစ်ပေါ်နိုင်ပါသည်။ ထိုစနစ်များချို့ယွင်းမှုသည် ၂၀၁၀ ခုနှစ်ဖြစ်စဉ်ကဲ့သို့ စတော့ဈေးကွက် ရုတ်တရက်ပြိုလဲခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုဖြစ်စဉ်နောက်ပိုင်းတွင် စည်းမျဉ်းထိန်းသိမ်းရေးအာဏာပိုင်များနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဘဏ္ဍာရေးဝန်ကြီးဌာနများသည် HFT လုပ်ငန်းကို စတင်စောင့်ကြည့်ခဲ့ကြသည်။ အချို့သောနိုင်ငံများသည် စည်းမျဉ်းအသစ်များကို ပြဌာန်းကြသည် သို့မဟုတ် ပိတ်ပင်တားမြစ်ကြသည်။ အချို့သောနိုင်ငံများသည် အပြောင်းအလဲတစုံတရာမပြုလုပ်ပဲ ကျန်ရစ်ကြသည်။ သို့သော် တိုးတက်မှုအလုံးစုံကို အမှန်တကယ်ရပ်တန့်ပစ်ရန် မဖြစ်နိုင်သောကြောင့်၊ high-frequency trading သည် ကာလရှည်ကြာစွာ တည်ရှိနေဦးမည်သာ ဖြစ်ပါသည်။
High-frequency trader တဦးဖြစ်လာရန်အတွက်၊ သင့်ထံတွင် ကြီးမားသော ဘဏ္ဍာရေး အရင်းအမြစ်များရှိထားကန် လိုအပ်ပါသည်။ ထို့ကြောင့်၊ ဤကုန်သွယ်ရေးအမျိုးအစားသည် သမာရိုးကျကုန်သည်များအတွက် အသုံးပြုရန်မဖြစ်နိုင်ပါ။ မည်သို့ပင်ဖြစ်စေကာမူ၊ သင့်အနေဖြင့် ကာလတိုနှင့် ကာလလတ်ကုန်သွယ်မှုများမှ အတော်အတန်ကောင်းမွန်သော ဝင်ငွေကိုဖန်တီးနိုင်ပါသည်။ ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ LiteFinance ဘလော့ ရှိ ဆောင်းပါးများစွာတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
High-frequency traders များသည် လက်လှမ်းမီနိုင်သော ပရိုဂရမ်ဘာသာစကားများနှင့် အကြံပေးစနစ် ဆော့ဖ်ဝဲလ်များကို အသုံးပြု၍ ၎င်းတို့၏ ကုန်သွယ်ရေးကို အလိုအလျောက် ဆောင်ရွက်နိုင်ကြပါသည်။ အဆိုပါ အလိုအလျောက်လုပ်ဆောင်ချက်သည် HFT ကို အနှောက်အယှက်မဖြစ်စေပါ။ သို့သော် ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုနှင့် ကိုယ်ရေးကိုယ်တာကိစ္စများလုပ်ဆောင်ရန်အတွက် အချိန်ပိုထွက်လာမည်ဖြစ်ပြီး၊ ဝင်ငွေအဆင့်အတန်းကိုလည်း ထိန်းသိမ်းထားနိုင်စေပါသည်။
HFT ကုန်သွယ်ရေး အမေး၊ အဖြေ
High-frequency trading သည် အမြတ်အစွန်းကို ပေးစွမ်းပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မီလီစက္ကန့်များအတွင်း အော်ဒါအရေအတွက် မြောက်များစွာကို နေရာချခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖယ်ရှားခြင်းများကို အလိုအလျောက်လုပ်ဆောင်ပေးသော အယ်လ်ဂရစ်သမ်တခုကို အသုံးပြုသောကြောင့်ဖြစ်သည်။ မြင့်မားသောကုန်သွယ်မှုပမာဏများကြောင့် HFT ကုမ္ပဏီများသည် အသေးငယ်ဆုံး ဈေးနှုန်းရွေ့လျားမှုပွိုငိ့တခုစီ (pip တခုစီ)အပေါ်တွင် အမြတ်ရရှိကြသည်။ ၎င်းသည် စနစ်အတွင်း liquidity ကို ထိန်းသိမ်းပေးပြီး၊ spreads(အဝယ်၊ အရောင်းဈေးခွာမှု) များကိုလျော့ချပေးသောကြောင့်၊ ဤသည်မှာ ဈေးကွက်အတွက် အကျိုးပြုမှုတခုဖြစ်ပါသည်။
High-frequency trading algorithms များသည် လိုအပ်သောပုံစံများကို ရှာဖွေခြင်းကာ ဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာပါသည်။ ထို့နောက် အော်ဒါအရေအတွက်များစွာကို ချမှတ်ကာ ဈေးကွက်အခြေအနေများ၏ တည်မြဲမှုကို စောင့်ကြည့်ပါသည်။ အကယ်၍ အဆခြအနေများ အပြောင်းအလဲဖြစ်ပေါ်ပါက၊ ချမှတ်ထားသော အော်ဒါများကို လျင်မြန်စွာ ပြောင်းလဲ (သို့မဟုတ်) ပယ်ဖျက်ပါသည်။ FIX/FAST ပရိုတိုကောလ်များကို အသုံးပြု၍ လုပ်ဆောင်ချက်အချက်ပြမှုကို မြန်နှုန်းမြင့်ချိတ်ဆက်မှုဖြင့် HFT ကုမ္ပဏီဆာဗာမှ အိတ်ချိန်း၏ဗဟိုဆာဗာသို့ ပို့ဆောင်ပါသည်။ ယင်းဆာဗာများသည် များသောအားဖြင့် နီးစပ်စွာတည်ရှိကြသောကြောင့် အချိန်ကုန်ခြင်းကို သက်သာစေပါသည်။
အချို့သော အရင်းအမြစ်များ၏ အလိုအရ၊ အောင်မြင်သော HFT ကုန်သွယ်ရေးအတွက် အနည်းဆုံး ၁၀ မီလီယံဒေါ်လာခန့် လိုအပ်ပါသည်။ အချို့ကမူ ထို့ထက်ပိုသော ပမာဏကို အဆိုပြုကြပါသည်။ ထို့အပြင် HFT ကုန်သွယ်ရေးတွင် ဟာ့ဒ်ဝဲလ်များ၊ ဆော့ဖ်ဝဲလ်များ၊ ဆက်သွယ်ရေးဝန်ဆောင်ခများ၊ ထိန်းသိမ်းမှုအဖိုးအခများ အစရှိသော စရိတ်စကများလည်း ပါဝင်ပါသည်။
သင်သည် institutional investor တဦးမဟုတ်ပါက high-frequency trader တဦး မဖြစ်လာနိုင်ပါ။ HFT ကုန်သွယ်ရေးဖြင့် အမြတ်အစွန်းရှာဖွေရန် အနည်ဆုံးအနေဖြင့် ၁၀ မီလီယံဒေါ်လာဖြင့် စတင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် အရင်းအနှီးပမာဏပိုများလေ၊ အမြတ်အစွန်း ပိုမိုမြင့်မားလေ ဖြစ်ပါသည်။ အခြားသော HFT ကုမ္ပဏီများနှင့်ယှဉ်ပြိုင်ရန်နှင့် အားသာချက်ရရှိစေရန်အတွက် သီးသန့်ဖြစ်သော အယ်လ်ဂရစ်သမ်တခုကိုလည်း လိုအပ်နိုင်ပါသည်။
High-frequency trading ကို စတင်ရန်၊ HFT အယ်လ်ဂရစ်သမ်တခုကို ဖန်တီးကာ တခု သို့မဟုတ် ထို့ထက်ပိုသော ပရိုဂရမ်ရေးဆွဲခြင်းအတတ်ပညာများကို အသုံးပြု၍ ၎င်းကို စက်မှဖတ်ရှုနိုင်သော ဘာသာစကားသို့ ပြန်ဆိုရန် လိုအပ်ပါသည်။ ထို့အပြင် စွမ်းအင်မြင့်စက်ကိရိယာကိုဝယ်ယူရန်နှင့် အိတ်ချိန်းနှင့်အတူ လိုအပ်သော သဘောတူညီချက်ကို ပြုလုပ်ရန် လိုအပ်ပါသည်။ သင်၏ လုပ်ငန်းနှင့် ဝင်ငွေအား သက်ဆိုင်ရာအာဏာပိုင်များထံ အတည်ပြုရန်လည်း လိုအပ်နိုင်ပါသည်။ ပြီးလျှင်၊ ကုန်သွယ်မှုစတင်ပြုလုပ်ရန် အနည်းဆုံးအရင်းအနှီးကို ရှာဖွေရပါမည်။ ပြီးနောက် ပရိုဂရမ်များကိုတပ်ဆင်၍ အယ်လ်ဂရစ်သမ်ကို လည်ပတ်စေရပါမည်။
HFT ကုန်သည်တဦးသည် တရက်လျှင် အမြတ်မည်မျှ ရရှိသည်ဟု ပြောဆိုရန် မဖြစ်နိုင်ပါ။ ၎င်းသည် အရည်အချင်းများ၊ အတွေ့အကြုံ၊ နည်းဗျူဟာနှင့် ဈေးကွက်အခြေအနေများအပေါ်တွင် မူတည်သောကြောင့်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ အချို့သော အရင်းအမြစ်များ၏ အဆိုအရ၊ HFT ကုန်သည်တဦး၏ တနှစ်အတွက် ပျမ်းမျှအမြတ်မှာ $84,000 ဖြစ်ပြီး၊ ၎င်းသည် တနှစ်လျှင် ၃၆၅ ရက်လုံးလုံး အလုပ်လုပ်သည်ဟု ယူဆပါက တရက်အမြတ်မှာ ခန့်မှန်းခြေအားဖြင့် $230 ဝန်းကျင်ဖြစ်ပါသည်။ ဤသည်မှာ တနှစ်လျှင် $500,000 အထိရရှိနိုင်သော ဘဏ္ဍာရေးနယ်ပယ်စံနှုန်းများအရ အလွန်မြင့်မားသော ဝင်ငွေမျိူးမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ HFT ကုန်သွယ်ရေးသည် သမာရိုးကျနည်းလမ်းများထက် အချိန်ကုန်၊ လူပင်ပန်းသက်သာစေသောကြောင့် ၎င်းသည် လူအချို့အတွက် စိတ်ပါဝင်စားဖွယ်ရာဖြစ်နိုင်ပါသည်။
High-frequency trading သည် ကုန်သည်များအတွက် ဈေးကွက်၏ မပြောပလောက်သော ချို့ယွင်းချက်များအပေါ် ငွေရှာနိုင်ရန် ခွင့်ပြုပေးပြီး၊ အမြတ်အစွန်းများကို ရရှိစေပါသည်။ လုပ်ငန်းစဉ်အစအဆုံးသည် အလိုအလျောက်ဖြစ်ပြီး၊ ကုန်သည်အတွက် အချိန်ကုန်သက်သာစေပါသည်။ သို့သော် ကုန်သွယ်ရေးဆော့ဖ်ဝဲလ်များကို ရေးဆွဲသူမှာ လူသားများသာဖြစ်ကြောင်း မမေ့ပါနှင့်။ ထို့ကြောင့် ကုဒ်များတွင် အမှားအယွင်းပါဝင်နိုင်ပြီး သင်၏ ပိုင်ဆိုင်မှုများကို မိနစ်ပိုင်းအတွင်း ဆုံးရှုံးစေနိုင်ပါသည်။ ထို့အပြင် HFT စည်းကမ်းများကိုလည်း သတိပြုစောင့်ကြည့်သင့်ပါသည်။ နောက်ဆုံးတွင် ဤဈေးကွက်သည် ပြိုင်ဆိုင်မှုအထူးပြင်းထန်သောကြောင့်၊ သင့်အနေဖြင့် စွမ်းဆောင်ရည်မြင့်မားသော အယ်ဘ်ဂရစ်သမ်တခုကို ဖန်တီးရန်နှင့် စွမ်းဆောင်ရည်မြင့်မားသောဆော့ဖ်ဝဲလ်တွင် ငွေကြေးရင်းနှီးမြှုပ်နှံရန် လိုအပ်ပါလိမ့်မည်။
High-frequency traders သည် ၎င်းတို့ဝယ်ယူသော ပိုင်ဆိုင်မှုဈေးနှုန်းများနှင့် ရောင်းချသောဈေးနှုန်းများကြား စက္ကန့်၊ မီလီစက္ကန့် သို့မဟုတ် မိုက်ခရိုစက္ကန့်များအတွင်း အမြတ်ရရှိကြပါသည်။ အနာဂါတ်တွင် ဤအတိုင်းအတာသည် နန်နိုစက္ကန့်များအထိပင် လျော့ကျနိုင်ပါသည်။ လက်ရှိအချိန်တွင် HFT ဆာဗာနှင့် အိတ်ချိန်းဆာဗာကြား ချန်နယ်လ်၏ ဝင်ဆံ့မှုမှာ 10 Gbit/s ဖြစ်ပါသည်။
High-frequency trading ပေါ်ပေါက်လာခြင်းသည် အွန်လိုင်းကုန်သွယ်ရေးရေပန်းစားလာခြင်းမှ အစပြုပါသည်။ ကြီးမားသောဝင်ငွေကို ဖန်တီးရန်၊ သင်သည် လက်ရှိဈေးကွက်လမ်းကြောင်းများ၏ သေးငယ်သော အပြောင်းအလဲများမှစ၍ အချက်အလက်အသစ်အားလုံးကို အချိန်နှင့်တပြေးညီ လက်ခံရရှိရန်လိုအပ်ပါသည်။ အကောင်းဆုံးဈေးနှုန်းဖြင့် ရောင်းချရန် သို့မဟုတ် ဝယ်ယူရန်အတွက် ပထမဆုံးအော်ဒါကို ချမှတ်နိုင်ရန်လည်း အရေးကြီးပါသည်။ တိုးတက်လာသောကွန်ပျူတာစွမ်းရည်များနှင့် အင်တာနက်အမြန်နှုန်းကြောင့် ထိုအချက်သည် ဖြစ်နိုင်မှုရှိလာပါသည်။ High-frequency trading သည် အလိုအလျောက်ဖြစ်ပြီး၊ မြန်ဆန်ပါသည်။ ၎င်းသည် ကုန်သည်၏ ပါဝင်ဆောင်ရွက်မှုမလိုအပ်ပဲ၊ ပုံမှန်အမြတ်အစွန်းများကို ရရှိစေရန် ခွင့်ပြုပေးပါသည်
အမေရိကန်နှင့် ဥရောပကဲ့သို့ ၎င်းကို တရားဝင်ခွင့်ပြုထားသော နိုင်ငံများတွင် high-frequency trading သည် လိမ်ညာမှုတခု မဟုတ်ပါ။ HFT ကို စည်းကမ်းကြပ်မတ်ရန် အထူးညွှန်ကြားချက်များကို ဖန်တီးထားပါသည်။ ကြိမ်နှုန်းမြင့်ကုန်သွယ်မှုကုမ္ပဏီများကို အစုရှယ်ယာနှင့် အိတ်ချိန်းကော်မရှင်၏ အထူးဌာနခွဲများမှ ထိန်းချုပ်ထားပါသည်။ ကြိမ်နှုန်းမြင့်ကုန်သွယ်မှုကုမ္ပဏီများသည် လက်ရှိဥပဒေပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရပါသည်။ သို့မဟုတ်ပါက၊ ၎င်းတို့သည် ဒဏ်ကြေး၊ ကုမ္ပဏီဖျက်သိမ်းခြင်း သို့မဟုတ် ပြစ်မှုကြောင်းအရတရားစွဲဆိုခြင်းများကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

















