ကုန်သွယ်မှု ရှိ order blocks ဆိုသည်မှာ ကုန်သည်အဖွဲ့အစည်းကြီးများ ကဲ့သို့သော စျေးကွက် တွင် ပါဝင်သော အင်အားကြီးများ၏ သိသာထင်ရှားသော အဝယ် သို့မဟုတ် အရောင်း ပြုလုပ်သည့် အော်ဒါများ စုဝေးရာ သီးခြားစျေးနှုန်း နယ်ပယ်များကို ရည်ညွှန်းပါသည်။ ယင်းအော်ဒါများ၏ အစုအဝေးများသည် စျေးနှုန်းလှုပ်ရှားမှု၊ ငွေဖြစ်လွယ်မှုနှင့် စျေးကွက်အလေးပေးမှု အပေါ် သက်ရောက်မှုရှိနိုင်သည်။ ဇယားပေါ်တွင်၊ ထိုကဲ့သို့သောဧရိယာသည် candlesticks များစွာပါဝင်သည့် ပက်တမ် နှင့် ဆင်တူပြီး နောက်ဆက်တွဲဖြစ်ပေါ်သည့် candles များသည် အစောပိုင်း candels များကို လွှမ်းမိုးထားသည်။ စည်းမျဉ်းအရ၊ order blocks များသည် အလားအလာကောင်းသော ပြောင်းပြန်လှန်ခြင်းကို ညွှန်ပြသည်။
ဤဆောင်းပါးတွင် “order block” ဟူသော အခေါ်အဝေါ်နှင့်တကွ ၎င်းကို ဇယားပေါ်တွင် မည်သို့ရှာဖွေရမည်၊ မည်သို့အသုံးချရမည် စသည့်အချက်များကို ရှင်းလင်းဖော်ပြထားပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- အဓိက ကောက်နုတ်ချက်များ
- Forex တွင် order block ဆိုသည်မှာ အဘယ်နည်း။
- Order block ကုန်သွယ်မှု သည် မည်သို့ အလုပ်လုပ်သနည်း။
- Forex ကုန်သွယ်ရေးတွင် order block တခုအား မည်သို့ ခွဲခြားသိရှိနိုင်မည်နည်း။
- အကျိုးအမြတ်ရရှိစေသော order blocks များ၏ အင်္ဂါရပ်များ
- Order blocks များ အဘယ်ကြောင့် ပေါ်ပေါက်လာသနည်း။
- Order blocks ကုန်သွယ်ရေးဗျူဟာ ဥပမာများ
- အကောင်းဆုံး order blocks indicators များ
- Forex ကုန်သွယ်ရေးတွင် order blocks များအသုံးပြုခြင်း ၏ အားသာချက်များနှင့် အားနည်းချက်များ
- အနှစ်ချုပ်
- Order blocks ကုန်သွယ်ရေးဆိုင်ရာ အမေး၊ အဖြေများ
အဓိက ကောက်နုတ်ချက်များ
ပင်မ အကြောင်းအရာ | အတွေးအမြင်များနှင့် အဓိကအချက်များ |
အဓိပ္ပါယ်- | Forex ရှိ order blocks သည် ကုန်သည်အဖွဲ့အစည်းများ မှ သိသာထင်ရှားစွာဖြင့် အော်ဒါများအား အဝယ် သို့မဟုတ် အရောင်းပြုလုပ်သည့် နေရာများဖြစ်သည်။ |
မည်သို့ အလုပ်လုပ်သနည်း။ | Order blocks များသည် ကုန်သည်အဖွဲ့အစည်း များအား ကြီးမားသော အော်ဒါများကို ခွဲထုတ်နိုင်စေပြီး Forex တွင် စျေးနှုန်း ရုတ်တရုက်ပြောင်းလဲမှုများကို တားဆီးပေးသည်။ |
ခွဲခြားနည်း- | Order block ကို ဖော်ထုတ်ရန်၊ Engulfing ပက်တမ် ကို ရှာဖွေပြီး ဤအကွာအဝေးနှင့် သက်ဆိုင်သည့် စျေးနှုန်း ၏ အပြုအမူကို စောင့်ကြည့်လေ့လာပါ။ |
အင်္ဂါရပ်များ: | အကျိုးအမြတ်ရနိုင်သော order blocks များသည် Forex တွင် ရှင်းလင်းသော ဝယ်လိုအား နှင့် ရောင်းလိုအား နေရာများဖြင့် လမ်းကြောင်း ပြောင်းပြန်လှန်မှုများကို ညွှန်ပြလေ့ရှိသည်။ |
Order blocks အဘယ်ကြောင့် ပေါ်ပေါက်လာသနည်း။ | စျေးနှုန်း ကို သိသိသာသာ မထိခိုက်စေဘဲ ကြီးမားသော အော်ဒါများကို ဖော်ဆောင်ရန် ကုန်သည်အဖွဲ့အစည်း များအား ခွင့်ပြုစေခြင်းဖြင့် order blocks များ ပေါ်ပေါက်လာသည်။ |
ဥပမာများ | နည်းဗျူဟာတစ်ခုတွင် ကျဆင်းနေသော လမ်းကြောင်းများကို ထောက်လှမ်းခြင်း၊ အတက် candlesticks များကို ခွဲခြားသတ်မှတ်ခြင်းနှင့် စျေးနှုန်းလှုပ်ရှားမှုများကို စောင့်ကြည့်ခြင်းတို့ ပါဝင်သည်။ |
အကောင်းဆုံး order blocks ညွှန်ပြချက်များ | Forex ရှိ order blocks များ၏ အဓိက ညွှန်ပြချက်များအဖြစ် ဝယ်လိုအား၊ ရောင်းလိုအား နှင့် engulfing ပက်တမ် များကို ဆောင်းပါးတွင် ဖော်ပြထားပါသည်။ |
အားသာချက်များနှင့် အားနည်းချက်များ- | Order blocks များကို အသုံးပြုခြင်းဖြင့် ကုန်သည်အဖွဲ့အစည်းများ၏ ကုန်သွယ်မှုပုံစံများကို ထိုးဖောက်သိမြင်နိုင်သော်လည်း အဓိပ္ပာယ်ပြန်ဆိုရန် အလေ့အကျင့် လိုအပ်သည်။ |
Forex တွင် order block ဆိုသည်မှာ အဘယ်နည်း။
Order blocks ဆိုသည်မှာ ဈေးကွက်အတွင်း အင်အားကြီးအဖွဲ့အစည်းများမှ ကြီးမားသောအော်ဒါများ ပြုလုပ်ကြသည့် ရောင်းလိုအားနှင့် ဝယ်လိုအားရပ်ဝန်းများ ဖြစ်ကြပါသည်။ ပမာဏကြီးမားသော အော်ဒါတခုသည် ရုတ်တရက်ဈေးနှုန်းပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည့်အတွက်၊ ၎င်းကို သေးငယ်သော order blocks များအဖြစ် ပိုင်းဖြတ်ကာ၊ ထိုဧရိယာအတွင်း အခြားသော ပါဝင်သူများထံမှ အော်ဒါများကို စုဆောင်း၍ liquidity counter အဖြစ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဤနည်းဗျူဟာသည် ဗဟိုဘဏ်ကဲ့သို့သော အဖွဲ့အစည်းများနှင့် အခြားသောဘဏ္ဍာရေးအဖွဲ့အစည်းများအတွက် ဈေးနှုန်းအပေါ် ပြင်းထန်စွာသက်ရောက်ခြင်းမရှိစေပဲ ကြီးမားသောအော်ဒါတခုကို အပြည့်အဝဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးပါသည်။
ဇယားအတွင်း order blocks များသည် ဘောင်ခတ်ထားသော နယ်နိမိတ်တခုနှင့် အသွင်တူပြီး၊ ယင်းနယ်နိမိတ်အတွင်း ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၏ ဖိအားများကြောင့် ဈေးနှုန်းသည် ဆန့်ကျင်ဘက် သို့ ရွေ့လျားသွားပါသည်။ ထို့နောက် ဇုန်အတွင်းသို့ ပြန်လှည့်လာပြီး၊ နောက်ဆုံးတွင် ဇုန်အတွင်းမှ ထွက်ခွာကာ မူလဦးတည်ရာနှင့် ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားပါသည်။
Order blocks ဧရိယာများကို zoomed-out scale တွင် ပို၍ရှင်းလင်းစွာ မြင်နိုင်ပါသည်။ အပြာရောင်နှင့် အနီရောင်မျဉ်းများသည် support နှင့် resistance levels များ အသီးသီးဖြစ်ကြပါသည်။ Resistance level တွင် liquidity စုဆောင်းမှုတခုရှိပါသည်။ ၎င်းကို ကုန်သည်ကြီးများ၏ အရောင်းအော်ဒါများမှ သိမ်းပိုက်ထားပါသည်။ အဝယ်ဖိအားများအောက်တွင် ဈေးနှုန်းသည် အထက်သို့ မြင့်တက်လာပြီး၊ ကုန်သည်ကြီးများ၏ အရောင်းအော်ဒါများတည်ရှိရာဈေးတန်းသို့ ရောက်ရှိကာ အောက်သို့ ပြန်လှည့်သွားပါ သည်။ အဆိုပါအော်ဒါအစုအဝေးများပါဝင်သည့် candlesticks များကို အနီရောင်မြှားဖြင့် အမှတ်အသားပြုထားပါသည်။
ဤသို့သော အခြေအနေသည် bullish order blocks များအတွက်လည်း အတူတူပင်ဖြစ်သည်။ ဈေးနှုန်းသည် support ကို ဖောက်ထွက်ရန်ကြိုးပမ်းနေသည်။ သို့သော် support level တွင် ကုန်သည်ကြီးများမှ ကြိုတင်ချမှတ်ထားသော အဝယ်အော်ဒါများ စတင်၍အလုပ်လုပ်သည်နှင့်အမျှ ဈေးနှုန်းသည် အောက်ဘက်သို့ ရှေ့ဆက်မတိုးသာပဲ အထက်သို့ ပြန်လှည့်သွားပါသည်။ တဖန် ဈေးနှုန်းသည် support level (အပြာရောင်မျှား)သို့ ရောက်ရှိရန် ကြိုးပမ်းပြန်သည်။ သို့သော် ထိုဈေးတန်းသို့ ရောက်သည်နှင့်တပြိုင်နက် ကုန်သည်ကြီးများ၏ အဝယ်အော်ဒါများ ပွင့်လာပြန်ပါသည်။
Order blocks အမျိုးအစားများ
လုံလောက်သည့် လက်ခံကုန်သွယ်မှုပမာဏမရှိသော အကြီးစားအော်ဒါတခုသည် ဈေးကွက်ဖွဲ့စည်းပုံကို ပြောင်းလဲစေနိုင်ပြီး၊ ဈေးနှုန်းရွေ့လျားမှုကို ကမောက်ကမဖြစ်စေပါသည်။ သို့သော် ၎င်းကို သေးငယ်၍ စီမံခန့်ခွဲရလွယ်ကူသော blocks များ (ဥပမာ- ဆယ်မိနစ်တကြိမ်တူညီသောပမာဏတခုစီ) အဖြစ် ခွဲခြမ်းလိုက်သောအခါ၊ ဈေးကွက်ဖွဲ့စည်းပုံမှာ တဖြည်းဖြည်းချင်းသာ ပြောင်းလဲသွားပါသည်။
M15 timeframe တွင် အထက်၊ အောက် တန်းစီ၍ ဆက်တိုက်ပေါ်ပေါက်နေသော candlesticks အရေအတွက်များစွာကို တွေ့မြင်ရပါလိမ့်မည်။ သို့သော် H1 နှင့် H4 တွင် order blocks များဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် candlestick တခုကို တွေ့ရှိရပါမည်။ ထို့ကြောင့် order blocks များကို pattern တခုအဖြစ်လည်း စဉ်းစားနိုင်ပါသည်။
ကုန်သွယ်ရေးတွင် order blocks များသည် ဈေးနှုန်းရွေ့လျားမှု၏အစဖြစ်သော လမ်းကြောင်းတခု၏ အစွန်ဆုံးပွိုင့်တွင် ပေါ်ပေါက်လေ့ရှိပါသည်။ ၎င်းတို့သည် မတူညီသောပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်နိုင်သည်။ သို့သော် ၎င်းတို့၏ ဈေးနှုန်းရွေ့လျားမှုပုံစံတွင် တူညီသောဘုံအင်္ဂါရပ်များ ရှိကြပါသည်။ Forex တွင် တွေ့ရလေ့ရှိသော order blocks များမှာ -
Bullish order blocks
Bullish order blocks များသည် ကျဆင်းသော လမ်းကြောင်းတခုအတွင်း ပေါ်ပေါက်လေ့ရှိသည်။ ၎င်းတို့ပေါ်ပေါက်ပြီးသောအခါ ဈေးနှုန်းသည် အထက်သို့ မြင့်တက်သွားပါသည်။
အကျ (bearish) candlestick ၏ အပိတ်နောက်တွင် အတက် (bullish) အပိတ်ဖြင့် candlestick တခု ပေါ်ပေါက်လာပြီး ထို bullish candlestick သည် ယခင် bearish candlestick ၏ အထက်တွင် ပိတ်သိမ်းပါက bullish order blocks ဟု သတ်မှတ်ပါသည်။ Chart analysis တွင် ၎င်းကို Engulfing pattern ဟုခေါ်ဆိုပါသည်။
ပထမဖြစ်စဉ်တွင် buy blocks များပါဝင်သည့် bullish engulfing candlestick သည် ယခင် bearish candlestick အား အလုံးစုံဖုံးလွှမ်းသွားပါသည်။ ဒုတိယဖြစ်စဉ်တွင် ဒုတိယ candlestick သည် ပထမ candlestick အား ချက်ချင်းဖုံးလွှမ်းသွားခြင်းမရှိပါ။ ပထမပိုင်းတွင် bearish candlestick သည် support level သို့ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းခဲ့သည်။ သို့သော် အရောင်းအော်ဒါပမာဏများအား buy order blocks အချို့မှ သိမ်းယူလိုက်သည်။ ထိုကဲ့သို့ အော်ဒါများအကောင်အထည်ဖော်ခြင်းသည် bullish candlesticks နှစ်ခုကို ပေါ်ပေါက်စေသည်။ ရောင်းသူများမှ အော်ဒါများဆက်လက်ပြုလုပ်ကြသောကြောင့် ဈေးနှုန်းသည် အောက်သို့တဖန်ပြန်ကာ ကျဆင်းသွားပြန်သည်။ အဝယ်အော်ဒါများက အဆိုပါ အရောင်းပမာဏများကို ထပ်မံ၍ သိမ်းယူလိုက်ပြန်သည်။ ထို့နောက် တိုးတက်သောလမ်းကြောင်း အသစ်တခုစတင်ပေါ်ပေါက်လာပါသည်။
Bearish order blocks
Bearish order blocks သည် bullish trend တခုအတွင်း ပေါ်ပေါက်လေ့ရှိသည်။ ၎င်းတို့၏နောက်တွင် ဈေးနှုန်းကျဆင်းမှု လိုက်ပါလေ့ရှိသည်။
Bearish order blocks များသည် တူညီစွာရောင်ပြန်ဟပ်သော အခြေအနေတခုဖြစ်ပါသည်။ ဝယ်သူများမှ ဈေးနှုန်းကို အထက်သို့ တွန်းပို့ကြသည်။ သို့သော် တိကျသည့် level တခုတွင် ၎င်းတို့သည် လိုက်ဖက်ညီသော bearish order blocks များနှင့် တွေ့ဆုံကြသည်။ ဝယ်ယူခြင်း အထမြောက်သွားသောအခါ၊ bearish order blocks များပါဝင်သော candle တွင် ကြီးမားသော shadow တခု ပေါ်ပေါက်လာသည် - ဈေးနှုန်းသည် အဖွင့် ဈေးတန်း သို့ ပြန်လှည့်သွားသည်။ နောက်ထပ် order blocks အစိတ်အပိုင်းများသည် ဈေးနှုန်းကို အောက်သို့ ကျဆင်းစေပြန်သည်။ သို့သော် အဝယ်များတွင် လုံလောက်သော liquidity ပမာဏရှိနေသည်။ ထို့ကြောင့် အနီရောင် candle တွင် အောက်သို့ကျဆင်းသော shadow ရှိပါသည်။
သာမန်အဝယ်သမားများသည် အဖွဲ့အစည်းဖြင့် ရောင်းချသူများ၏ အရောင်းအော်ဒါများကို သတိမပြုမိကြသေးပဲ ရှိသည်။ ဈေးနှုန်းသည် ဝယ်ယူရန် ကောင်းမွန်သော ဈေးတန်းတခုသို့ ရောက်ရှိနေသည်။ ဝယ်သူများသည် ထိုဈေးတန်းတွင် bearish order blocks များနှင့် ဆုံတွေ့ကြရပြန်သည်။
Breaker Block
ဈေးကွက် ရှိ breaker order block အား ခွဲခြမ်းစိတ်ဖြာလေ့လာမှု ဆိုသည်မှာ ကုန်သည်အဖွဲ့အစည်းများထံမှ သိသာထင်ရှားသော ယခင်ကစုဆောင်းထားသည့် အော်ဒါများ တည်ရှိရာ ဇုန်တစ်ခု အထက် ဈေးနှုန်းဖောက်ထွက်ပြီးနောက် ထွက်ပေါ်လာသည့် ပက်တမ်ကို ရည်ညွှန်းသည်။ စံသတ်မှတ်ချက် order block တစ်ခုတွင်၊ ဤဇုန်သည် စျေးနှုန်းလှုပ်ရှားမှု အရှိန်နှေးသွားခြင်း သို့မဟုတ် ပြောင်းပြန်ဖြစ်သွားခြင်း ဖြစ်ပေါ်သည့် ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားတည်နေရာကို ဖော်ပြပေးပါသည်။ စျေးနှုန်းသည် အထက်မှနေ၍ ဤဇုန်ကိုဖြတ်သွားပါက၊ ဤအခြေအနေတွင် ရောင်းသူဘက်မှ လက်ကျန်ပြောင်းလဲမှုကို ညွှန်ပြသည်။ ဖောက်ထွက်မှုဖြစ်ပေါ်ပြီးနောက်၊ စျေးနှုန်းသည် ဤဇုန်သို့ မကြာခဏ ပြန်သွားလေ့ရှိသည်။ ဤသို့ပြန်လည် ထိတွေ့စမ်းသပ်မှုသည် breaker order block တစ်ခုကို ဖန်တီးပေးပါသည်။
အောက်ဖော်ပြပါသည် ကုန်သွယ်မှုတွင် order blocks များကို ခွဲခြားသတ်မှတ်နည်းအတွက် လမ်းညွှန်ချက်ဖြစ်သည်။
ဈေးနှုန်းဖော်ပြချက် ဂရပ် တွင်၊ စျေးနှုန်းသည် ဘေးတိုက်ရွေ့နေပြီး (1) အော်ဒါများ စုစည်းနေခြင်းနှင့် စျေးကွက်အင်အားစုများ၏ ညီမျှသောချိန်ခွင်လျှာကို ညွှန်ပြနေပါသည်။ ထို့နောက် စျေးနှုန်း တိုးလာကာ ပြောင်းပြန်လှည့်၍ အဓိက ဈေးတန်းအမှတ် (2) ကို စမ်းသပ်ခဲ့သည်။ အကယ်၍ စျေးနှုန်းသည် ထိုဈေးတန်းမှ ပြန်တက်လာပါက၊ ၎င်းသည် bearish order block ရှိကြောင်း အကြံပြုချက်ဖြစ်သည်။ သို့သော် စျေးနှုန်းသည် ဤဧရိယာကို အမှတ် (3) တွင် ဖြတ်ကျော်သွားပြီးနောက် အမှတ် (4) တွင် ထပ်မံစမ်းသပ်ခဲ့သည်။ ဤပြန်လည် စမ်းသပ်မှု သည် breaker order block တစ်ခုကို ဖန်တီးခဲ့ပြီး ကျဆင်းမှု အလားအလာရှိ ရောင်းလိုအားတည်နေရာကို ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့်၊ စျေးနှုန်းသည် ကျဆင်းသွားပြီး bearish order block (5) ၏ ဝယ်လိုအားတည်နေရာ အမှတ် (6) သို့ ရောက်ရှိသွားသည်။
ဤ ပက်တမ်ကို အမှတ် 4 တွင် အရောင်း ပြုလုပ်ရန် နှင့် အမှတ် 6 တွင် အဝယ် ပြုလုပ်ရန် အသုံးပြုနိုင်သည်။ ပစ်မှတ်များသည် ဝယ်လိုအား နှင့် ရောင်းလိုအား တည်နေရာများအဖြစ် လုပ်ဆောင်သည့် order blocks များ အတွင်းတွင် တည်ရှိသည်။
Rejection Block
Rejection block သည် စျေးကွက် ၌ ရှင်းလင်းပြတ်သားသောလမ်းကြောင်း မရှိခြင်း နှင့် မတည်ငြိမ်မှုမြင့်မားသည့်အချိန်တွင် ပေါ်ပေါက်လာသော ရှားပါးပုံစံတစ်ခုဖြစ်သည်။ Block ကို ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား ဇုန်အဖြစ်လည်း မှတ်ယူသည်။ Order block ၏ အကွာအဝေးကို candle ၏ ရှည်လျားသော shadow ဖြင့် ဆုံးဖြတ်သည်။ ဥပမာအားဖြင့်၊ rejection block ကို ဖန်တီးခြင်းဖြင့် တိုတောင်းသော shadow သည် စျေးကွက်၌ အဝယ်ထက် အရောင်း က သာလွန်ကောင်းမွန်ကြောင်း စွမ်းဆောင်နိုင်ခြင်း မရှိသည်ကို ညွှန်ပြသည်။ စျေးနှုန်းသည် အချိန်အတန်ကြာပြီးနောက် ဤအပိုင်းအခြားသို့ ပြန်ရောက်သွားပါသည်။ ဤအကွာအဝေးမှ နောက်ဆက်တွဲ ရွေ့လျားမှုသည် ကုန်သွယ်မှုတစ်ခုဖွင့်ရန် အကျိုးအမြတ်များ ဖန်တီးပေးနိုင်သည်။
အောက်ဖော်ပြပါ ဥပမာသည် ကုန်သွယ်မှုရှိ rejection block ကို သရုပ်ဖော်သည်။
ကိုယ်ထည်မရှိသလောက် ဖြစ်ပြီး အောက်ဘက် ၌ ရှည်လျားသော shadow တစ်ခုပါဝင်သည့် Doji ဟုလည်းသိရှိကြသော candelstick သည် ဇယားပေါ်တွင် ဖွဲ့စည်းထားသည်။ Shadow သည် order block ၏ အပိုင်းအခြားကို အကြမ်းဖျင်းဖော်ပြခြင်းဖြင့် ယခင်ဖြစ်ပေါ်ထားသော ကျဉ်းမြောင်းသည့် စျေးနှုန်း အကွာအဝေး နှင့် တထပ်တည်း ကျနေသည်။ ရလဒ်အနေဖြင့်၊ စျေးနှုန်းသည် ဤအကွာအဝေးကို စမ်းသပ်ခဲ့ပြီး ဤနေရာမှနေ၍ အကြိမ်များစွာ ပြန်တက်သွားခဲ့သည်။
Vacuum Block
Vacuum order block ဆိုသည်မှာ သိသာထင်ရှားသော ဖြစ်ရပ်တစ်ခုမှ ဖြစ်ပေါ်လာသော ပြင်းထန်အားပါသည့် တွန်းအားတစ်ခု ဖြစ်ပေါ်ပြီးနောက် ပေါ်ပေါက်လာသော gap တစ်ခု ကို ကိုယ်စားပြုသည်။ ဤကဲ့သို့သော လျင်မြန်သည့်စျေးနှုန်း ရွေ့လျားမှုအတွင်း ရင်းနှီးမြှုပ်နှံသူအဖွဲ့အစည်းများသည် ငွေဖြစ်လွယ်မှု နည်းပါးလာခြင်းကို ချန်ထားခဲ့၍ လျင်မြန်စွာ "လက်လျှော့မှု" များဖြစ်ပေါ်နိုင်သည်။
Vacuum order block ၏ အင်္ဂါရပ်များ-
- ငွေဖြစ်လွယ်မှု မရှိခြင်း။ သိသိသာသာ ဈေးနှုန်း လှုပ်ရှားမှုကြောင့် ကာလတိုအတွင်း ငွေဖြစ်လွယ်မှု ဆုံးရှုံးရတက်သည်။ ဤသတ်မှတ်ထားသော စျေးနှုန်းအကွာအဝေးအတွင်း အရောင်းအ၀ယ်လုံးဝ မရှိ ဖြစ်တက်သည်။ ရလဒ်အနေဖြင့် ဇယားပေါ်တွင် gap တစ်ခု ဖြစ်ပေါ်လာသည်။
- ခိုင်မာသော တည်နေရာ ဖွဲ့စည်းခြင်း။ Gap ဖြစ်ပေါ်လာပြီးနောက်၊ စျေးနှုန်းသည် ဤအကွာအဝေးသို့ ပြန်သွားတတ်သည်။ "Vacuum" ကို ဖြည့်သွားသော်လည်း၊ ၎င်းနောက် စျေးနှုန်းသည် အားကောင်းသည့် တည်နေရာမှ ပြန်တက်သွားပြီး ယခင်ရွေ့လျားနေသော လမ်းကြောင်းအတိုင်း ဆက်လက် ရောင်းဝယ်နေပါသည်။ ဤကဲ့သို့ ပြန်တက်ခြင်း မှာ ကုန်သွယ်မှုတစ်ခုဖွင့်ရန် အချက်ပြမှုဖြစ်သည်။
ဇယားတွင် vacuum block တစ်ခုကို ပြထားသည်။
ဇယားတွင်၊ စျေးနှုန်းသည် ဝယ်လိုအား တည်ရှိရာ ဇုန် နှင့် ဤဇုန်အထက်တွင် gap တစ်ခုကို ဖွဲ့စည်းခဲ့သည်။ စျေးနှုန်းသည် အလွန်လျင်မြန်စွာ မြင့်တက်လာသောကြောင့် ဤသတ်မှတ်အကွာအဝေးအတွင်း အော်ဒါ မရှိပေ။ စည်းမျဉ်းအရ၊ gap တစ်ခုသည် ၎င်း ၏ ဦးတည်ရာအတိုင်း စျေးနှုန်းဆက်လက်ရွေ့လျားနေမည့် ခိုင်မာသောအချက်ပြမှုကို ထုတ်ပေးသည်။ သို့သော်၊ vacuum order block နှင့် ဆက်စပ်ကြည့်သောအခါ၊ ၎င်းမှာ အချက်ပြမှုမျိုးမဟုတ်ပါ။
Gap ဖွဲ့စည်းပုံ ၏ သဘော သဘာ၀ မတူညီပါ။ ၎င်းသည် ပို၍ ယေဘုယျ ဆန်ပြီး ငွေဖြစ်လွယ်မှုသည် ၎င်းကို ဖြည့်ဆည်းပေးတတ်သည်။ ကျွန်ုပ်တို့၏ဥပမာတွင်၊ စျေးနှုန်း သည် ဇုန်ကို ထိတွေ့ရန် ကြိုးစားနေခဲ့သည်။ Order blocks သည် အထက်ပါပုံတွင် ပြသထားသည့်အတိုင်း ဝယ်လိုအား တည်နေရာ ကို ဖော်ထုတ်ပေးပါက၊ အဆိုပါနေရာမှ စျေးနှုန်းပြန်တက်သည်နှင့် အဝယ်ကုန်သွယ်မှုများကို ပြုလုပ်နိုင်သည်။
Order block ကုန်သွယ်မှု သည် မည်သို့ အလုပ်လုပ်သနည်း။
ဈေးနှုန်းအတွက် block order အား အောက်ပါအတိုင်း အဓိပ္ပါယ်ကောက်ယူနိုင်ပါသည်။
1. Support နှင့် resistance ဇုန်များ
Order block တခုသည် သိသာထင်ရှားသော အဝယ် သို့မဟုတ် အရောင်းအော်ဒါများ ရှိနေသော ဧရိယာတခု ဖြစ်ပါသည်။ ၎င်းသည် ခိုင်မာသော support သို့မဟုတ် resistance - ဈေးနှုန်းရွေ့လျားရာ ချန်နယ်လ်တခုကို ဖန်တီးပါသည်။
2. Stop Loss ဇုန်
Order block တခုသည် ကုန်သည်များမှ ၎င်းတို့၏ ကုန်သွယ်မှုများကို ဆုံးရှုံးမှုအလားအလာများမှ ကာကွယ်ရန်အတွက် stop loss အော်ဒါများချမှတ်သော ဇုန်တခုဖြစ်ပါသည်။ ဈေးနှုန်းသည် အဆိုပါဧရိယာသို့ ရောက်ရှိသောအခါ၊ အော်ဒါအများအပြား စတင် အလုပ်လုပ်ကြသောကြောင့်၊ ဈေးနှုန်းဦးတည်ရာတွင် အလှည့်အပြောင်း ဖြစ်ပေါ်စေပါသည်။
တိုတောင်းသော timeframes များတွင် order blocks များသည် ဈေးနှုန်းစုဖွဲ့သော နယ်နိမိတ်တခုနှင့် အသွင်တူပါသည်။ ထိုနယ်နိမိတ်အတွင်း အရင်းအနှီးကြီးမားသော ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ အော်ဒါများကို အညီအညာ ဖြန့်ကျက်ခွဲဝေထားပြီး၊ တဖြည်းဖြည်းချင်း ပိတ်သိမ်းပါသည်။ ဤနည်းအားဖြင့် ဈေးနှုန်းအပြောင်းအလဲကို ချောမွေ့စွာ ဖြစ်ပေါ်စေပါသည်။ ပိုမိုရှည်လျားသော အချိန်ပိုင်းဇယားများတွင် engulfing candle တခုကို မြင်တွေ့ရနိုင်သည်။
Forex ကုန်သွယ်ရေးတွင် order block တခုအား မည်သို့ ခွဲခြားသိရှိနိုင်မည်နည်း။
Forex တွင် order blocks များသည် ဈေးနှုန်းဦးတည်ရာ အပြောင်းအလဲမဖြစ်ပေါ်မီ (ခိုင်မာသော အထက်၊ အောက်ရွေ့လျားမှုအစမပြုမီ) ပေါ်ပေါက်လေ့ရှိသည်။ ကုန်သွယ်မှုအဖွဲ့အစည်းတခု (institutional trader) ၏ အော်ဒါပမာဏများသည် order blocks များ၏ နယ်နိမိတ်ကို ကျော်လွန်၍ engulfing candlestick တခုကို ဖွဲ့စည်းပါသည်။ ထို့နောက် ဆန့်ကျင်ဘက်သို့ ယာယီရွေ့လျားနေသော ဈေးနှုန်းသည် ဘောင်နယ်နိမိတ်အတွင်း ပြန်လည် ဝင်ရောက်လာသည်။ ထိုအခါ အဖွဲ့အစည်း ၏ အော်ဒါများ နောက်တကြိမ်အလုပ်လုပ်ပြန်သည်။
Order blocks များကို မည်သို့ရှာဖွေဖော်ထုတ်ရမည်နည်း။
Order blocks များကို ခွဲခြားသိရှိရန်၊ ရိုးရှင်းသော အဆင့်သုံးဆင့်ကို လိုက်နာပါ။
- Engulfing pattern တခုကို ရှာဖွေဖော်ထုတ်ပါ။
- ထောင့်မှန်စတုဂံတခုအား Engulfing မတိုင်မီပေါ်ပေါက်ခဲ့သော candlestick မှ ညာဘက်သို့ ဆွဲယူပါ။ ၎င်းသည် order blocks နယ်နိမိတ်ဖြစ်ပါလိမ့်မည်။
- ဈေးနှုန်းသည် နယ်နိမိတ်သို့ပြန်လှည့်ပြီး၊ နယ်နိမိတ်အားကျော်လွန်ဖောက်ထွက်သွားသောအခါ၊ လမ်းကြောင်းအသစ်၏ ဦးတည်ရာအတိုင်း ကုန်သွယ်မှုကို ဖွင့်ပါ။
Order blocks ပုံစံများသည် တခုနှင့်တခု ကွဲပြားနိုင်ပါသည်။ ဥပမာအားဖြင့် engulfing သည် candle တခုအစား နှစ်ခုကို ဖုံးအုပ်သောပုံစံမျိုးကို ပြသနိုင်သည်။ သို့မဟုတ် ဈေးနှုန်းသည် နယ်နိမိတ်ဆီသို့ ပြန်လှည့်ကာ၊ ၎င်းဧရိယာအား ထိတွေ့ယုံသာ ထိတွေ့ခဲ့သော ပုံစံမျိုးကိုလည်း မြင်တွေ့ရနိုင်ပါသည်။
ဤဥပမာတွင် အစိမ်းရောင် engulfing candle သည် ယခင်အနီရောင် candle နှင့် အရွယ်အစားညီမျှပါသည်။ သို့သော် ၎င်းကို engulfing ပုံစံအဖြစ် သတ်မှတ်နိုင်သည်။ အနီရောင် candle မှ ညာဘက်သို့ ထောင့်မှန်စတုဂံတခုကို ရေးဆွဲပါသည်။ ဈေးနှုန်းသည် ထိုဧရိယာသို့ ပြန်လှည့်လာပြီး အနားသတ်မျဉ်းဖြစ်သော support level ကို ထိတွေ့ပါသည်။ သို့သော် အင်အားကြီးဝယ်သူများ၏ order blocks ဖိအားများအောက်တွင် ဈေးနှုန်းသည် အထက်သို့ တိုးတက်သွားပါသည်။ နယ်နိမိတ်ကို ဖောက်ထွက်သည့် candlestick ပေါ်တွင် ကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။
အကျိုးအမြတ်ရရှိစေသော order blocks များ၏ အင်္ဂါရပ်များ
Order blocks များကို ရှာဖွေဖော်ထုတ်ရန် စံနှုန်းများစွာ ရှိကြပါသည်။
ဈေးနှုန်းရွေ့လျားမှုလမ်းကြောင်း (Trend)
Order blocks များသည် ကာလရှည်လမ်းကြောင်းတခုတွင် ပေါ်ပေါက်လေ့ရှိသည်။ ဥပမာအားဖြင့် အရင်းအနှီးပမာဏကြီးမားသော ရင်းနှီးမြှုပ်နှံသူတဦးသည် ပုံမှန်ရှိသင့်သည့်တန်ဖိုးအောက်သို့ ကျဆင်းရောက်ရှိနေသော ပိုင်ဆိုင်မှုတခုကို အချိန်အတော်အကြာစောင့်ကြည့်၍ နောက်ဆုံးတွင် ၎င်းကို အစိတ်အပိုင်းများခွဲကာ ဝယ်ယူပါသည်။ မည်သို့ပင်ဖြစ်စေ ဈေးကွက်အတွင်း အင်အားကြီးရင်းနှီးမြှုပ်နှံသူတဦး တစိတ်တပိုင်းပါဝင်လာသောကြောင့် ဈေးကွက်ဖွဲ့စည်းပုံသည် တဖြည်းဖြည်း ပြောင်းလဲလာပြီး၊ ကုန်သည်၏အော်ဒါများကို အကောင်းဆုံးဈေးနှုန်းဖြင့် အောင်မြင်ပြီးမြောက်စေပါသည်။
ကုန်သွယ်မှုပမာဏများ
မြင့်မားသော ကုန်သွယ်ရေးပမာဏများကြောင့် Forex ဈေးကွက်တွင် liquidity ပြည့်ဝနေသင့်ပါသည်။ Market maker သည် ကြီးမားသော ပမာဏတခုကို ထုတ်မပြသောကြောင့် သာမန်ကုန်သည်များအနေဖြင့် ၎င်း၏ တည်ရှိမှုကို မခန့်မှန်းနိုင်ကြပေ။ အကယ်၍ market maker သည် ဈေးကွက်အတွင်း အဝယ်အော်ဒါစုစုပေါင်း၏ ဆယ်ပုံတပုံကို နေရာချထားသော်လည်း၊ ဈေးကွက်အတ္ငင်း liquidity မရှိခြင်းသည် နောက်ထပ် ဆယ်ပုံတပုံကို ရောင်းချမည့်သူ မရှိသောကြောင့်ဖြစ်သည်။
အကယ်၍ ဈေးကွက်အတွင်း ပုံမှန်လည်ပတ်နေသော အော်ဒါများ အဆင်သင့်ရှိနေပါက၊ order blocks သည် ကောင်းစွာအလုပ်လုပ်ပါသည်။ ရောင်းသူများသည် ဈေးနှုန်းကျဆင်းမည့် အလားအလာကို သေချာစေရပါမည်။ ထိုအခါ market maker သည် ကုန်သည်များ ချမှတ်သည့် အရောင်းအော်ဒါများကို သိမ်းယူပါသည်။
Timeframe
Market maker သည် အော်ဒါများကို ခွဲခြမ်း၍ အစီအစဉ်လိုက် နေရာချသည်ဖြစ်ရာ၊ order block တခုပေါ်ပေါက်ခြင်းကို ပိုမိုရှည်လျားသော timeframe တွင်သာ မြင်တွေ့ရနိုင်ပါသည်။ ရှည်လျားသော timeframe တခုတွင် အော်ဒါပမာဏအားလုံးကို candlestick body တခုအဖြစ်စုစည်းထားပါသည်။
Block orders များသည် supply သို့မဟုတ် demand ဇုန်များနှင့် အချက်များစွာ တူညီမှုရှိပါသည်။ ဇယားအတွင်း ၎င်းတို့သည် တူညီသောအသွင်အပြင်ရှိကြပါသည် - ခိုင်မာသော support သို့မဟုတ် resistance level တခုတွင် ဈေးနှုန်းရပ်တန့်မည်၊ level ၏ ကြံ့ခိုင်မှုကို စမ်းသပ်မည်၊ ထို level မှ အနောက်သို့ပြန်လည်ဆုတ်ခွာမည်။ သို့ရာတွင် ၎င်းတို့၏ သဘာဝမှာ ကွဲပြားကြပါသည်။
Order blocks များ အဘယ်ကြောင့် ပေါ်ပေါက်လာသနည်း။
အဝယ်နှင့် အရောင်းအော်ဒါများကြား ပမာဏချိန်ညှိရာမှ ဈေးနှုန်းဖြစ်ပေါ်လာပါသည်။ ဥပမာအားဖြင့် အရင်းအနှီးကြီးမားသော ရင်းနှီးမြှုပ်နှံသူတဦးသည် ရှယ်ယာ တထောင်ကို ဝယ်ယူလိုသည်။ သို့သော် ဈေးကွက်အတွင်း လက်ရှိပေါက်ဈေးဖြင့် ကမ်းလှမ်းထားသော အရောင်းပမာဏမှာ ရှယ်ယာ ၂၀၀ သာ ရှိနေသည်။ အကယ်၍ ရင်းနှီးမြှုပ်နှံသူသည် ၎င်းဝယ်ယူလိုသောပမာဏတခုလုံးကို အော်ဒါတခုတည်းအဖြစ် ဈေးကွက်အတွင်း နေရာချထားလိုက်ပါက၊ ရောင်းသူများမှ ၎င်း၏ ဝယ်လိုအားကို သတိပြုမိကာ ရုတ်တရက်ဈေးနှုန်းမြင့်တက်နိုင်ပါသည်။ ထိုအခါ ရှယ်ယာဈေးနှုန်းများ လျင်မြန်စွာ မြင့်တက်သွားပြီး၊ ရင်းနှီးမြှုပ်နှံသူအနေဖြင့် ဝယ်ယူရန်ကျန်ရှိသော ရှယ်ယာ ၈၀၀ အတွက် ပိုမိုမြင့်မားသောဈေးနှုန်းကို ပေးချေရနိုင်ပါသည်။
ရင်းနှီးမြှုပ်နှံသူအဖွဲ့အစည်းသည် ဈေးနှုန်းမြင့်တက်မှုကို မလိုလားပေ။ ထို့ကြောင့် ၎င်းတို့သည် အောက်ပါအတိုင်း လုပ်ဆောင်ကြပါသည်။
- ရှယ်ယာ ၁၀၀၀ အား အစိတ်အပိုင်းများစွာ ခွဲခြမ်းလိုက်သည်။ ဥပမာအားဖြင့် ရှယ်ယာ ၁၀၀ စီပါဝင်သော အော်ဒါ ၁၀ခု။
- ဈေးကွက်မှ ရှယ်ယာ ၂၀၀ ကို ကမ်းလှမ်းထားပြီးဖြစ်၍၊ ပထမဆုံးအော်ဒါသည် ကြီးမားသော ဈေးနှုန်းအပြောင်းအလဲကို မဖြစ်စေပဲ အောင်မြင်ပြီးမြောက်သွားပါသည်။
- ဈေးကွက်အတွင်း ရောင်းသူအသစ်များ ဝင်ရောက်လာသည်။ ဈေးကွက်သည် နိုးကြားတက်ကြွနေသည်။ ထို့ကြောင့် တဖြည်းဖြည်းနှင့် liquidity အသစ်များ စုဆောင်းမိလာသည်။ ရင်းနှီးမြှုပ်နှံသူမှ နောက်ထပ်အော်ဒါကို နေရာချလိုက်သည်။ ယင်းအော်ဒါသည်လည်း ဈေးကွက်မတည်ငြိမ်မှုကို မြင့်မားစေခြင်းမရှိပဲ အကောင်းဆုံးဈေးနှုန်းဖြင့် အောင်မြင်သွားပါသည်။
ဤဥပမာတွင်ပါဝင်သော order blocks များမှာ အလွန်သေးငယ်သော ရှယ်ယာ ၁၀၀ ပမာဏများဖြစ်ကြသည်။ ဇယားအတွင်း ၎င်းတို့သည် ဖြစ်ပေါ်စေသော ရောင်းသူများ၏ liquidity နေရာချထားမှုနှင့် အသွင်တူပါသည်။ ထိုကဲ့သို့ နေရာယူမှုသည် တဖြည်းဖြည်းနှင့် ဈေးနှုန်းစုဖွဲ့မှုဇုန်ကို ဖြစ်ပေါ်စေပါသည်။
Order blocks ကုန်သွယ်ရေးဗျူဟာ ဥပမာများ
Forex order blocks ကုန်သွယ်ရေးဗျူဟာ၏ ရည်ရွယ်ချက်မှာ အရင်းအနှီးကြီးမားသော အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများမှ ချမှတ်ထားသည့် order blocks ဧရိယာများကို ရှာဖွေဖော်ထုတ်ရန်ဖြစ်သည်။ ဈေးနှုန်းသည် ယင်းဧရိယာ၏ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားဇုန်ကို ကျော်ဖြတ်သွားသောအခါ၌ ကုန်သွယ်မှုကို ဖွင့်ပါသည်။
Bullish order blocks
Bullish order blocks များသည် ကျဆင်းသောလမ်းကြောင်းအတွင်း ဖွဲ့စည်းဖြစ်ပေါ်ပါသည်။ ဈေးတန်းတခုအရောက်တွင် အဖွဲ့အစည်းဖြင့် ရင်းနှီးမြှုပ်နှံသူများမှ ပိုင်ဆိုင်မှုသည် လုံလောက်စွာ ဈေးနှုန်းကျဆင်းခဲ့ပြီးဖြစ်သည်ဟု ဆုံးဖြတ်ကာ၊ အဆိုပါပိုင်ဆိုင်မှုကို စတင်ဝယ်ယူကြသည်။ ပိုင်ဆိုင်မှု၏ ဈေးနှုန်း ရုတ်တရက်မြင့်တက်မသွားစေရန်အလို့ငှာ၊ ၎င်းတို့သည် သေးငယ်သော အော်ဒါအရေအတွက် များစွာ ကို ခွဲခြမ်းချမှတ်ကြပါသည်။
ဈေးနှုန်းသည် ဦးတည်ရာပြောင်းလဲ၍ အထက်သို့ယာယီတိုးတက်သွားပါသည်။ ထို့နောက် bull order blocks နယ်နိမိတ်အတွင်းသို့ ပြန်လည်ရွေ့လျားပါသည်။ ထိုဧရိယာအတွင်း ဈေးကွက်ဖန်တီးသူများမှ ပိုင်ဆိုင်မှုအား နောက်တကြိမ်ဝယ်ယူကြပြန်သည်။ ဈေးနှုန်းသည် order blocks နယ်နိမိတ်အတွင်းမှ ထွက်ခွာသွားသော အခါတွင် ကုန်သွယ်မှုတခုကို ဖွင့်ပါသည်။
Order block ကုန်သွယ်ရေးဗျူဟာ
အောက်ပါ လမ်းစဉ်အပေါ်အခြေခံ၍ ကုန်သွယ်မှုတခုကို ဖွင့်ပါသည်။
- ကျဆင်းသောလမ်းကြောင်းတခုကို ရှာဖွေဖော်ထုတ်ပါ။
- အကျလမ်းကြောင်းအမှတ် (1) တွင် bullish candlestick တခု ပေါ်ပေါက်လာပြီး - ၎င်းသည် ယခင်အနီရောင် candle ကို ဖုံးလွှမ်းသွားပါသည် - ဤသည်မှာ block order ဇုန်တခု ပေါ်ပေါက်ရန် ပထမဆုံး လက္ခဏာဖြစ်သည်။
- Candlestick အမှတ် (2) မှ ညာဘက်သို့ ထောင့်မှန်စတုဂံတခုကို ရေးဆွဲပါ - ၎င်းသည် ဖြစ်နိုင်ခြေရှိသော order block ဧရိယာဖြစ်သည်။
- အမှတ် (1) တွင်ဖော်ပြထားသော candlestick ၏နောက်တွင်၊ ဈေးနှုန်းသည် အနည်းငယ်မျှ ရွေ့လျားပါသည်။ သို့သော် အဖွဲ့အစည်းလိုက်ရင်းနှီးမြှုပ်နှံသူများမှ ပိုင်ဆိုင်မှုအား ဈေးနှုန်းအသစ်ဖြင့် ဝယ်ယူလိုခြင်း မရှိပေ။ ဈေးနှုန်းသည် နယ်နိမိတ်အတွင်း ပြန်လည်ရောက်ရှိသွားသည်။ ယင်းဇုန်အတွင်း ဈေးကွက်ဖန်တီးသောအဖွဲ့အစည်း၏ အော်ဒါအမြောက်အများ ရှိနေပါသည်။
- အဝယ်ဖိအားများအောက်တွင် ဈေးနှုန်းသည် အထက်သို့ နောက်တကြိမ် တိုးတက်သွားပါသည်။ အမှတ် (4) တွင် သေးငယ်သည့် body ရှိသော candlesticks များပါဝင်ပါသည်။ အမှတ် (5) - ဈေးနှုန်းသည် order blocks နယ်နိမိတ်အတွင်းသို့ ပြန်လည်ရောက်ရှိလာပါသည်။
- နယ်နိမိတ်၏ အထက်သို့ဖောက်ထွက်သွားပြီးနောက် ကြီးမားသည့် body ရှိသော candlestick တခု ပေါ်ပေါက်လာပါသည်။ အမှတ် (6) နောက်ထပ် candlestick သည်လည်း ကြီးထွားလာပါသည် - ဤနေရာတွင် ကုန်သွယ်မှုကို ဖွင့်နိုင်ပါသည်။ Stop loss အား အမှတ် (2) တွင်ဖော်ပြထားသော candlestick ၏ အောက်ခြေတွင် နေရာချပါ။
အခိုက်အတန့်အချို့ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
- Order block ပုံစံတခုသည် နယ်နိမိတ်ဆီသို့ ဈေးနှုန်း ပြန်လှည့်ခြင်းကို အစဉ်အမြဲ ရည်ညွှန်းပါသည်။ သို့သော် ဈေးနှုန်းသည် အများဆုံးတန်ဖိုးမှ အလယ်အလတ် သို့မဟုတ် အနည်းဆုံးအားဖြင့် ယခင်အနိမ့်ဆုံး level အထိသာ ရောက်ရှိသင့်ပါသည်။ ၎င်းသည် အနိမ့်ဆုံးတန်ဖိုး အသစ်တခုကို မပြုလုပ်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဈေးနှုန်းသည် ယခင်အနိမ့်ဆုံးဈေးတန်းအောက်သို့ ကျဆင်းသွားခြင်းအားဖြင့် ပေါ်ပေါက်လာသော နယ်နိမိတ်တခုသည် အကျလမ်းကြောင်းအတွင်း ယာယီဈေးနှုန်းစုဖွဲ့ရာဇုန်တခုသာဖြစ်ပြီး၊ အင်အားကြီးဝယ်သူများနှင့် မသက်ဆိုင်ကြောင်း ညွှန်ပြနေသောကြောင့် ဖြစ်ပါသည်။
- Pivit point နှင့် နယ်နိမိတ်ထံပြန်လှည့်သောပွိုင့်ကြားမှ အကွာအဝေးသည် အချိန်ဘောင်နှင့် နှိုင်းယှဉ်ကြည့်ပါက သေးငယ်သင့်ပါသည်။ သို့သော် ဤအကွာအဝေး၌ ဈေးနှုန်းသည် အကြိမ်ပေါင်းများစွာ ဦးတည်ရာပြောင်းလဲပါသည်။ ထို့ကြောင့် ပေါ်ပေါက်လာသောပုံစံ (pattern) သည် အားနည်းပါသည်။
- မည်သည့် order blocks ဖြစ်ပါစေ၊ ဈေးနှုန်းဦးတည်ရာ အလှည့်အပြောင်းအတွက် အချက်ပြမှု မဟုတ်ပါ။ သို့သော် နယ်နိမိတ်အတွင်းသို့ ဈေးနှုန်းပြန်လှည့်သော အကြိမ်ရေပိုများလေ၊ ဦးတည်ရာအလှည့်အပြောင်း ဖြစ်နိုင်ခြေ ပိုများလေဖြစ်သည်။ များသောအားဖြင့် ဈေးနှုန်းသည် နယ်နိမိတ်ဆီသို့ တကြိမ်ပြန်လှည့်ပြီးသည်နှင့် ဦးတည်ရာပြောင်းလဲလေ့ရှိပါသည်။ သို့သော် အထက်ပါဥပမာမျိုးတွင် တကြိမ်တခါနှင့် မလုံလောက်သည်ကို တွေ့မြင်ရနိုင်ပါသည်။
လက်တွေ့လေ့ကျင့်မှုအနည်းငယ်မျှဖြင့်၊ ဦးတည်ရာအလှည့်အပြောင်း ဖြစ်ပေါ်လေ့ရှိသော order blocks နှင့် မူလဦးတည်ရာအတိုင်း ရှေ့ဆက်ရွေ့လျားစေသည့် ဈေးနှုန်းစုဖွဲ့သောဇုန်တို့ကို ခွဲခြားသိရှိနိုင်ပါလိမ့်မည်။
Bearish order blocks
Bearish order blocks များတွင် ဈေးကွက်၏ လှုပ်ရှားပုံမှာ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ အတက်လမ်းကြောင်း၏ နောက်မှ candlesticks နှစ်ခုတွင် engulfing ပုံစံ ဖြစ်ပေါ်လာသည်။ နောက်ဆုံး တိုးတက်သော candlestick မှ ညာဘက်သို့ rectangle တခုကို ရေးဆွဲပါ၊ ၎င်းသည် ဈေးနှုန်းပစ်မှတ်ဇုန်ကို သတ်မှတ်ပါလိမ့်မည်။ ၎င်း၏အကျယ်သည် High (အမြင့်ဆုံး) နှင့် Low (အနိမ့်ဆုံး) ဈေးနှုန်းများကြားမှ အကွာအဝေးနှင့် ကိုက်ညီပါသည်။ သို့သော် ၎င်းတို့၏ အော်ဒါများကို ဈေးကွက်ဖန်တီးသော အဖွဲ့အစည်း၏ အရောင်းအော်ဒါများမှ သိမ်းယူလိုက်သည်။ ဈေးနှုန်းသည် နယ်နိမိတ်အတွင်းမှ ထွက်ခွာသွားသောအခါ၊ အရောင်းကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။
အကောင်းဆုံး order blocks indicators များ
Order blocks များအတွက် စိတ်ကြိုက် indicators များမှာ ဇယားပေါ်တွင် သက်ဆိုင်ရာ candlesticks များဖြင့် အမှတ်အသားပြုသော နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကိရိယာများ ဖြစ်ပါသည်။ ၎င်းတို့တွင် ဖြည့်စွက်သတင်းအချက်အလက်ကဏ္ဍပါဝင်နိုင်ပြီး၊ များသောအားဖြင့် candlesticks များ၏ ကုန်သွယ်မှု ပမာဏ ကို ဖော်ပြပေးပါသည်။
Order Block Indicator
ဤ indicator သည် နောက်ဆုံး order blocks 1-2 ပေါ်ပေါက်လာပုံကို ပြသပါသည်။ ၎င်းတို့သည် သီးခြား candlestick တခုသို့ ရှင်းလင်းစွာ ချိတ်ဆက်ထားကြပြီး၊ indicator ညွှန်ပြချက်အရ ယင်း candle ပေါ်တွင် အစဉ်လိုက်ရှိနေသော ဈေးကွက်ဖန်တီးသူ၏အော်ဒါများကို တွေ့မြင်ရပါသည်။
Order Block Indicator တွင် သတင်းအချက်အလက်အစိတ်အပိုင်း ပါဝင်ပါသည်။ ထိုအပိုင်းကို ဖုံးကွယ်ထားသောကြောင့် order block သီးသန့်ကိုသာ တွေ့မြင်ရခြင်း ဖြစ်ပါသည်။ ထိုအပိုင်းတွင် အခြားသော timeframes များမှ ဈေးနှုန်းဧရိယာများကို ပေါင်းထည့်ခြင်း၊ တိကျသောနှုန်းထားဇုန်များကို သတ်မှတ်ခြင်း စသဖြင့် block နယ်နိမိတ်များ ခင်းကျင်းပြသမှုပုံစံကို ပြောင်းလဲနိုင်ပါသည်။
Order Block Breaker Indicator
ဤသည်မှာ order block indicator အမျိုးအစားကွဲ ဖြစ်ပါသည်။ ၎င်းသည် ဈေးနှုန်းရာဇဝင်ပေါ်မှ နယ်နိမိတ်အပိုင်းအခြားများကိုလည်း ပြသပေးပါသည်။ ၎င်းသည် မြင်ကွင်းအားဖြင့် ရှုပ်ထွေးသောကြောင့် ကြည့်ရှုရာတွင် အဆင်မပြေမှု ရှိနိုင်ပါသည်။ သို့သော် ဇုန်များ၏ ကြည်လင်ပြတ်သားမှုကို ဆက်တင်များတွင် သတ်မှတ်နိုင်ပါသည်။ အရေးပါသော candlestick တခုနှင့် ဆန့်ကျင်ဘက်ပုံစံတခုကို အသုံးမပြုပဲ နယ်နိမိတ်များသတ်မှတ်ရခြင်းသည် တိကျမှုနည်းပါးနိုင်ပါသည်။ Order Block Breaker Indicator ကို အသုံးပြု၍ လမ်းကြောင်းအလှည့်အပြောင်းကို အတည်ပြုနိုင်ပါသည်။
Order Block Edge
ဤ indicator သည် ကာလတို အချိန်အပိုင်းအခြားများအတွက် ဖြစ်ပါသည်။ ၎င်းသည် ဈေးကွက်ဖန်တီးသော အဖွဲ့အစည်းများ၏ အလားအလာရှိသော order blocks ဇုန်များနှင့် ဦးတည်ရာပြောင်းလဲနိုင်သောဇုန်များကို ပြသပေးပါသည်။ လမ်းကြောင်းအလှည့်အပြောင်းတခုအပြီး stop levels ကို ဆုံးဖြတ်ရန်အတွက် Order Block Edge သည် အထူးသင့်တော်ပါသည်။
Accumulation / Distribution
Accumulation/Distribution ကိုညွှန်ပြသော ဤ indicator သည် ဈေးနှုန်းအပြောင်းအလဲများကို အကဲဖြတ်တိုင်းတာသော ကိရိယာတခုအဖြစ် ပြုမူဆောင်ရွက်ပါသည်။ ၎င်းသည် ကုန်သွယ်မှု ပမာဏများနှင့် ဈေးနှုန်းများကြားမှ ချိတ်ဆက်မှုကို ပြသပါသည်။ အကယ်၍ indicator မြင့်တက်ပါက၊ ဈေးကွက်သည် accumulation phase (ဝယ်ယူသော) အခြေအနေတခု၌ ရှိနေပါသည်။ အကယ်၍ ကျဆင်းပါက၊ အရောင်းဖိအားများ မြင့်တက်နေပါသည်။
အင်အားကြီးကုန်သည်များမှ ကုန်သွယ်မှုများ စတင်ဖွင့်လှစ်သော ဇုန်များကို ရှာဖွေဖော်ထုတ်ရန်အတွက် ဤညွှန်ပြကိရိယာကို အသုံးပြုနိုင်ပါသည်။ အကယ်၍ ဈေးနှုန်းဦးတည်ရာနှင့် ညွှန်ပြချက်တို့ကြား ကွဲလွဲမှု ဖြစ်ပေါ်ပါက၊ နီးစပ်သောအနာဂါတ်တွင် ဈေးနှုန်းဦးတည်ရာ အပြောင်းအလဲတခု ပေါ်ပေါက်နိုင်ပါသည်။ ဤသည်မှာ MT4 နှင့် MT5 ပလပ်ဖောင်းများတွင် ကုန်သွယ်ရန်အတွက် အခြေခံ ညွှန်ပြမှုတခု ဖြစ်ပါသည်။
ဝယ်လိုအားများ တိုးပွားလာခြင်းကို indicator မှ အတည်ပြုခြင်းသည် accumulation zone တခု ပေါ်ပေါက်ရန် အလားအလာကို ညွှန်ပြပါသည်။ Indicator အချက်ပြမှုများ ကျဆင်းခြင်းသည် အရောင်းအော်ဒါများ ပမာဏတိုးပွားလာခြင်းကို အချက်ပြပါသည်။ ဝယ်သူများသည် အချိန်တခုထိ ကြံ့ကြံ့ခံနိုင်ကြသည်။ သို့သော် နောက်ဆုံးတွင် market makers များ၏ အရောင်းပမာဏများအောက်တွင် ဈေးနှုန်းသည် အောက်သို့ပြန်လည်ကျဆင်းသွားပါသည်။
Forex ကုန်သွယ်ရေးတွင် order blocks များအသုံးပြုခြင်း ၏ အားသာချက်များနှင့် အားနည်းချက်များ
Order blocks ကုန်သွယ်ရေး၏ အားသာချက်များကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။
- Order blocks ဇုန်များသည် အဝင်၊ အထွက်ပွိုင့်များနှင့် stop loss levels များကို ဆုံးဖြတ်နိုင်ရန် ကူညီပေးပါသည်။ ကုန်သွယ်မှုတခုကို စောစီးစွာ ဖွင့်လှစ်ခြင်းအားဖြင့် ဈေးနှုန်းရွေ့လျားမှု တလျှောက် အမြတ်အစွန်းများကို ပိုပိုသာသာ သိမ်းဆည်းနိုင်မည် ဖြစ်ပါသည်။
- Order blocks များဖြင့် ကုန်သွယ်ရေးဆောင်ရွက်သောအခါ၊ pending orders များကို အသုံးပြုရန် သင့်တော်ပါသည်။ Order block တခုသည် ဈေးနှုန်းရွေ့လျားမှု၏ ဦးတည်ရာကို အချက်ပြနိုင်ပါသည်။ ဦးတည်ရာအသစ်စတင်သည့်ပွိုင့်မှ နောက်ထပ် candle တခု သို့မဟုတ် နှစ်ခုခန့်တွင် pending order တခုကို ချမှတ်ပါ။ လက်တလော အမြင့်ဆုံး သို့မဟုတ် အနိမ့်ဆုံးဈေးတန်းအနီးတွင် stop loss ကို သတ်မှတ်ပါ။
- Order blocks အပေါ်အခြေခံသော အဓိကလမ်းကြောင်းဗျူဟာများသည် တနေ့အတွင်းနှင့် ကာလအလတ် ကုန်သွယ်ရေးနှစ်ခုစလုံးတွင် ကောင်းစွာ အလုပ်လုပ်ပါသည်။
- စတော့ကုန်သွယ်ရေးတွင် block orders များသည် COT reports များကို အသုံးမပြုပဲ ကုန်သွယ်မှုပြုလုပ်နိုင်စေပါသည်။ ယင်းအစီရင်ခံစာများကို အမေရိကန်ပြည်ထောင်စုရှိ Commodity Futures Trading Commission (CFTC) မှ ထုတ်ပြန်ပါသည်။ ၎င်းတို့တွင် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ အပါအဝင် ဈေးကွက်အတွင်း ပါဝင်လှုပ်ရှားသူအားလုံး၏ အရောင်းအဝယ်လုပ်ဆောင်ချက်များ ပါဝင်ပါသည်။
Block orders များ၏ အဓိကအားနည်းချက်မှာ ၎င်းတို့အား ရှာဖွေဖော်ထုတ်ရန် ခဲယဉ်းခြင်းပင်ဖြစ်သည်။ ခွဲခြမ်းစိတ်ဖြာမှုရင်းမြစ်များစွာတွင် block orders ဥပမာများကို ဇယားအဖြစ် ရေးဆွဲပြသကြသည်။ လက်တွေ့ဈေးနှုန်းဇယားများတွင်၊ ၎င်းတို့၏ ပုံသဏ္ဍန်ကို ရှင်းလင်းစွာ မြင်ရလေ့မရှိပါ။ ထို့ကြောင့် ဈေးကွက်အခြေအနေတခုစီအတွက် လွှမ်းမိုးထားသော အရင်းခံအချက်အလက်များ မတူညီနိုင်ပါ။
အနှစ်ချုပ်
Order block ကုန်သွယ်ရေးကို ခြုံငုံသုံးသပ်ကြည့်သောအခါ၊ အဓိက မှတ်သားဖွယ်ရာအချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- Order block တခုသည် institutional traders များကဲ့သို့ အင်အားကြီးမားသော ဈေးကွက်ပါဝင်သူများမှ အဝယ် သို့မဟုတ် အရောင်းအော်ဒါများ ချမှတ်ထားခဲ့သည့် တိကျသော ဈေးနှုန်းဧရိယာတခု ဖြစ်ပါသည်။
- ခွဲခြားသတ်မှတ်ခြင်းနည်းစနစ် - ဦးတည်ရာထင်ရှားသော ဈေးနှုန်းရွေ့လျားမှုလမ်းကြောင်းပေါ်တွင် Engulfing ပုံစံတခု ပေါ်ပေါက်လာပါသည်။ ယခင်ဆန့်ကျင်ဘက် candlestick အရွယ်အစားအတိုင်း ထောင့်မှန်စတုဂံတခုကို candle ၏ ဘေးတဖက်သို့ ရေးဆွဲပါသည်။ ဈေးနှုန်းသည် နယ်နိမိတ်အတွင်းသို့ ပြန်လည်ရွေ့လျားလာပြီး၊ ဦးတည်ရာအသစ်သို့ ဖောက်ထွက်သွားသော အခါတွင် ဆန့်ကျင်ဘက်ရွေ့လျားမှုကို အတည်ပြုပါသည်။
- Order blocks forex ကုန်သွယ်ရေးဗျူဟာများတွင်၊ ၎င်းတို့၏ ဖွဲ့စည်းမှုကို ဦးတည်ရာအလှည့်အပြောင်းအတွက် အတည်ပြုပေးသော အချက်ပြမှုအဖြစ် အသုံးပြုပါသည်။ ဈေးနှုန်းသည် order blocks နယ်နိမိတ်မှ ထွက်ခွာသွားသော အခိုက်အတန့်တွင် လမ်းကြောင်းသစ်၏ ဦးတည်ရာအတိုင်း ကုန်သွယ်မှုကို ဖွင့်ပါသည်။
Order blocks ဖွဲ့စည်းမှုပုံစံသည် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အထောက်အကူကိရိယာတခု ဖြစ်ပါသည်။ ၎င်းတွင် ကုန်သွယ်ရေးစိတ်ပညာအယူအဆနှင့် ခိုင်မာသောအခြေခံအကြောင်းတရား ပါဝင်သောကြောင့်၊ ၎င်း၏ ညွှန်ပြချက်များကို အပြည့်အဝနီးပါး ယုံကြည်စိတ်ချ၍ရနိုင်ပါသည်။ ၎င်းအား မှားယွင်းသောဖောက်ထွက်မှုပုံစံများနှင့် အခြားသော ဘေးတိုက် သို့မဟုတ် မူလလမ်းကြောင်းဆက်လက်ဖြစ်ပေါ်မှုပုံစံများမှ ကွဲကွဲပြားပြား ခွဲခြားသိရှိနိုင်စေရန် လေ့လာသင်ယူသင့်ပါသည်။
Order blocks ကုန်သွယ်ရေးဆိုင်ရာ အမေး၊ အဖြေများ
၎င်းသည် ဈေးကွက်အတွင်းမှ တိကျသောဈေးနှုန်းနယ်နိမိတ်တခုအတွင်း သို့မဟုတ် တိကျသော ဈေးတန်းတခုတွင် ပိုင်ဆိုင်မှုတခုအား ဝယ်ယူရန် သို့မဟုတ် ရောင်းချရန်အတွက် အော်ဒါများကို စုစည်းချမှတ်ထားခြင်း ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများမှ ပြင်းထန်သော ဈေးကွက်တုံ့ပြန်မှုများကို မလိုလားသောကြောင့်၊ ပမာဏကြီးမားသောအော်ဒါတခုကို ချမှတ်ရမည့် အစား ပမာဏသေးငယ်သော အော်ဒါများကို အစဉ်လ်ုက်ခွဲဝေချမှတ်ခြင်းအားဖြင့် order blocks များ ပေါ်ပေါက်လာပါသည်။
Chart အတွင်း order blocks များသည် candlestick တခု သို့မဟုတ် candle များစွာပါဝင်သော engulfing ပုံစံတခုနှင့် အသွင်တူပါသည်။ ဈေးနှုန်းသည် နယ်နိမိတ်အားဖောက်ထွက်သွားပြီး၊ နယ်နိမိတ်အတွင်း နောက်တကြိမ်ဝင်ရောက်လာကာ၊ နယ်နိမိတ်ကို အားပြု၍ ပြန်လည်ထွက်ခွာသွားပါက လမ်းကြောင်းသစ်စတင်ခြင်း၏ အမှတ်အသား ဖြစ်ပါသည်။
ပရော်ဖက်ရှင်နယ်ကုန်သည်များသည် ရှုပ်ထွေးသော သင်္ချာဖော်မြူလာများ၊ စာရင်းဇယားများ နှင့်တကွ order blocks များအပါအဝင် မည်သည့် နည်းပညာဆိုင်ရာ သို့မဟုတ် စီးပွားရေးအခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကိရိယာများကိုမဆို အသုံးပြုနိုင်ပါသည်။
ညွှန်ပြချက်ကိရိယာ တခုချင်းစီသည် သီးခြားဈေးကွက်အခြေအနေတခုစီတိုင်းအတွက် ကောင်းမွန်သင့်တော်ပါသည်။ မိမိ ၏ forex ကုန်သွယ်ရေးဗျူဟာနှင့် ကိုက်ညီမှုရှိသော ညွှန်ပြမှု နည်းလမ်းကို အသုံးပြုနိုင်ပါသည်။ Order block ညွှန်ပြသည့်ကိရိယာများတွင် Order Block Breaker၊ Order Block Edge နှင့် Accumulation/Distribution တို့ပါဝင်ကြပါသည်။
Orders block များသည် ဈေးနှုန်းရွေ့လျားမှုလမ်းကြောင်း၏ ဦးတည်ရာ အလှည့်အပြောင်းကို အချက်ပြလေ့ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ဈေးကွက်ဖန်တီးသောအဖွဲ့အစည်းသည် နောက်ဆုံး၌ ဈေးနှုန်းအား ၎င်းအလိုရှိသော ဦးတည်ရာသို့ ပြောင်းလဲရွေ့လျား စေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အော်ဒါစုဖွဲ့သောဧရိယာအတွင်းမှ ဈေးနှုန်းဖောက်ထွက်သွားသော အခိုက်အတန့်တွင် လမ်းကြောင်းအသစ်၏ဦးတည်ရာသို့လိုက်ပါ၍ pending order များ ချမှတ်ခြင်းဖြင့် ကုန်သွယ်မှုများကို ဖွင့်လှစ်သင့်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။






















