Forex ဈေးကွက်တွင်၊ ပုံမှန်(standard) lot တခုဆိုသည်မှာ သတ်မှတ်ထားသော ကုန်သွယ်မှုအရွယ်အစားတခုကို ရည်ညွှန်းခြင်းဖြစ်ပြီး၊ ပုံမှန်အားဖြင့် ပုံသေပမာဏတခု ရှိပါသည်။ ဥပမာ - ကြက်ဥများကို ကြက်ဥ 10 လုံး သို့မဟုတ် အလုံး 20 ပါဝင်သောပုံစံချထားသည့်ဘူးများဖြင့် ဝယ်ယူကြရလေ့ရှိသည်။ Forex စျေးကွက်တွင်၊ ကုန်သွယ်မှုများကို သီးခြားငွေကြေးယူနစ်များဖြင့် ဆောင်ရွက်ခြင်းမပြုကြပဲ၊ lots ဟုခေါ်ဆိုကြသော ကြိုတင်သတ်မှတ်ထားသည့် စုစည်းမှုပမာဏများဖြင့် ဆောင်ရွက်ကြရလေ့ရှိပါသည်။

ကုန်သွယ်မှုတခု၏ပမာဏကို lots ဖြင့်တိုင်းတာပါသည်။ Lot အရွယ်အစားသည် စွန့်စားမှုအတိုင်းအတာနှင့် တိုက်ရိုက်ဆက်နွယ်ပါသည် - အကြောင်းမှာ ကုန်သွယ်မှုပမာဏတိုးလာသည်နှင့်အမျှ၊ ဆုံးရှုံးမှုအလားအလာနှင့် အမြတ်အလားအလာတို့လည်း မြင့်တက်လာသောကြောင့်ဖြစ်သည်။ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများသည် မတည်ငြိမ်မှုနှင့် leverage ကို ထည့်သွင်းစဥ်စားစားကာ၊ မည်သည့်ပိုင်ဆိုင်မှုတွက်မဆို စွန့်စားမှုအဆင့်ကို အကဲဖြတ်နိုင်စေပါသည်။ Trade Calculator (ကုန်သွယ်မှုတွက်ချက်စက်)ကို အသုံးပြု၍ ကုန်သွယ်မှုစာရင်းတခုစီအတွက် ‌ဆုံးရှုံးနိုင်ခြေများကို မည်သို့တွက်ချက်တိုင်းတာရမည်ကို လေ့လာသင်ယူရန်၊ ဤဆောင်းပါးကို ဖတ်ရှုပါ။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိက ကောက်နှုတ်ချက်များ

  • Forex တွင် lot ဆိုသည်မှာ ကုန်သည်တစ်ဦးမှဖွင့်ထားသော အရောင်းအဝယ်၏ ကုန်သွယ်မှုပမာဏကို တိုင်းတာသော စံယူနစ်တစ်ခုဖြစ်ပြီး ဆုံးရှုံးနိုင်ချေအန္တရာယ် နှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။
  • One standard lot သည် ပုံမှန်အားဖြင့် အကောင့်သုံးအခြေခံငွေကြေး၏ ငွေကြေးယူနစ် 100,000 ဖြစ်သည်။ ပမာဏနည်းသော lot size များလည်း ရှိသည်။ ၎င်းတို့မှာ - mini (one standard lot ၏ 0.1 သို့မဟုတ် 10,000 ယူနစ်)၊ micro (one standard lot ၏ 0.01 သို့မဟုတ် 1,000 ယူနစ်) နှင့် nano (one stadard lot ၏ 0.001 သို့မဟုတ် 100 ယူနစ်) ဖြစ်သည်။
  • သေးငယ်သော lots များကို အသုံးပြုခြင်းသည် ကုန်သည်များ၏ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုဗျူဟာနှင့် အကောင့်အမျိုးအစားအပေါ် မူတည်ပါသည်။ ဥပမာအားဖြင့်၊ cent အကောင့်များတွင် nano lot အထိ ရောင်းဝယ်ခွင့်ရှိသော်လည်း အမြတ်ငွေအချိုးအစားနည်းပါးသည်။
  • ကုန်သွယ်ရေးအကျိုးဆောင်များသည် leverage အသုံးပြုရန်ပင်မလိုဘဲ ငွေသွင်းမှုပမာဏကိုပါ အနိမ့်ဆုံးလျှော့ချပေးနိုင်သည့် lot size မျိုးစုံကို ပံ့ပိုးပေးနိုင်သည်။
  • Lot သတ်မှတ်ပုံအယူအဆသည် ရေနံကဲ့သို့ ကုန်သွယ်ရေးအမျိုးအစားများမှ ငွေကြေးအတွဲကဲ့သို့ အခြားသောကုန်သွယ်ရေးအမျိုးအစားများအထိ ကျယ်ပြောမှုရှိပါသည်။ ကုန်သည်များသည် ၎င်းတို့၏ အရောင်းအဝယ်ပမာဏကို ဆုံးဖြတ်ရာတွင် သက်ဆိုင်ရာ ကုန်သွယ်ရေးအကျိုးဆောင်၏ သတ်မှတ်ချက်များနှင့် leverage သုံးစွဲခွင့်စည်းမျဉ်းများကို သတိထားရပါမည်။

Forex မှာ lot ဆိုတာဘာလဲ?

ပုံမှန်သဘောအရ၊ lot ဆိုသည်မှာ ကုန်သည်တစ်ဦးမှဖွင့်ထားသော အရောင်းအဝယ်၏ ငွေကြေးပမာဏကို တိုင်းတာရန်အတွက် စံသတ်မှတ်ချက်ယူနစ်တစ်ခုဖြစ်သည်။ နောက်ပိုင်းတွင် ပိုမိုမြင့်မားသောစျေးနှုန်းဖြင့် ရောင်းချနိုင်ရန်အတွက် ငွေကြေးကို ဝယ်ယူရာတွင် ရင်းနှီးမြုပ်နှံခဲ့သည့် ငွေပမာဏဖြစ်သည်။ Lot တွက်ချက်မှုသည် ဆုံးရှုံးနိုင်မှုအန္တရာယ်စီမံခန့်ခွဲခြင်း စနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဟန်ချက်ညီသော ကုန်သွယ်မှုစနစ်တစ်ခုတည်ဆောက်ရန် lot size မည်မျှရှိသည်ကို သိရန် အရေးကြီးသည်။

1 Lot ဆိုတာ ဘယ်လောက်လဲ?

Forex တွင်၊ သင်သည် lots ဟုခေါ်သော ကုန်သွယ်မှုပမာဏတိုင်းတာသည့် ယူနစ်ဖြင့်သာ အရောင်းအဝယ်များကို ဖွင့်နိုင်သည်။ ကုန်သည်တစ်ဦးသည် ဥပမာအားဖြင့် ယူရို 1,000 ဖိုးဟူ၍ အတိအကျ မ၀ယ်နိုင်ပါ။ 1 lot၊ 2 lots သို့မဟုတ် 0.01 lots စသဖြင့်သာ ဝယ်ယူနိုင်သည်။ Lot အရွယ်အစား အဓိပ္ပါယ်ဖွင့်ဆိုချက်အရ lot သည် အရောင်းအဝယ်ပစ္စည်းတစ်ခုအတွက် စာချုပ်အရွယ်အစားကို သတ်မှတ်ရန် သုံးသောအသုံးအနှုန်းဖြစ်သည်။ ၎င်းသည် အရောင်းအ၀ယ်အရွယ်အစား၊ အရောင်းအဝယ်ပမာဏ (ငွေကြေး၊ ရေနံစည်စသည်ဖြင့်)၊ ကုန်သည်တစ်ဦးမှ ဝယ်နိုင်/ရောင်းနိုင်သည့် ပမာဏဖြစ်သည်။

  • ဥပမာ။ ဆီ ၁ စည်ကို ဒေါ်လာ ၄၀။ ကုန်သည်တစ်ဦးသည် ဝယ်ရန် သို့မဟုတ် ရောင်းရန် ပြုလုပ်သည့်အခါ စည်အရေအတွက်ကို သတ်မှတ်ခြင်းမရှိပါ၊ အရောင်းအ၀ယ်ကို lots ဖြင့် သတ်မှတ်ထားသည်။ Lot သည် စာချုပ်သတ်မှတ်ချက်တွင် ဖော်ပြထားသော ပုံသေ စည်အရေအတွက်တစ်ခုပါ၀င်သော စာချုပ်အရွယ်အစားဖြစ်သည်။ ကုန်သွယ်ရေးအကျိုးဆောင် တစ်ခုစီအတွက် စာချုပ်အရွယ်အစားမှာ ကွဲပြားနိုင်သည်။ အကျိုးဆောင်တစ်ခုသည် 1 lot အတွက် 10 စည် သတ်မှတ်ပြီး အခြားတစ်ခုသည် 100 စည် သတ်မှတ်သည်။ အခြေအနေနှစ်ခုစလုံးတွင်၊ အရောင်းအဝယ်ကို 1 lot ပမာဏဖြင့် ပြုလုပ်သည်။ ပထမအခြေအနေတွင်၊ 10 စည် အတွက် ကုန်သွယ်မှု ပြုလုပ်ခြင်းဖြစ်ပြီး ၊ ဒုတိယတစ်ခုတွင် - 100 စည် အတွက်ဖြစ်သည်။

Forex တွင် မည်သည့် lot အရွယ်အစား အသုံးပြုသင့်သနည်း- အကောင်းဆုံးနည်းလမ်းဖြင့် ဆုံးရှုံးနိုင်မှုအန္တရာယ်စီမံခန့်ခွဲမှုစနစ်တစ်ခု တည်ဆောက်ခြင်း။

Forex မှာ 1 lot ဆိုတာ ဘာလဲ ဆိုသည်ကို လေ့လာကြည့်ရအောင်။

Forex တွင် စံသတ်မှတ်ချက် standard lot မှာ အခြေခံငွေကြေး ၏ 100,000 ယူနစ် ဖြစ်သည်။ ဥပမာအားဖြင့်၊ EURUSD ငွေလဲနှုန်းသည် 1.1845 ဖြစ်ပါက 1 lot အတွက် အရောင်းအဝယ်ကိုဖွင့်ရန် သင်သည် ကိုးကားထားသောငွေကြေးယူနစ် 118,450 လိုအပ်မည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ အခြေခံငွေကြေးဖြစ်သည့် ယူရို 100,000 ကိုဝယ်ရန် သင်သည် ယူအက်စ်ဒေါ်လာ 118,450 လိုအပ်မည်ဖြစ်သည်။

အခြေခံငွေကြေးဆိုသည်မှာ ကိုးကားငွေကြေးအတွက် ဝယ်သော သို့မဟုတ် ရောင်းချသော ငွေကြေးဖြစ်သည်။ ကိုးကားချက်တွင် ၎င်းငွေကြေးမှာ အမြဲတမ်း ရှေ့ဆုံးတွင်ရှိသည်။ ငွေကြေးအတွဲစျေးနှုန်းကို ကိုးကားထားသောငွေကြေးဖြင့် အမြဲဖော်ပြသည်။ ဥပမာအားဖြင့်:

  • 1.29412 ကိုးကားချက်ဈေးနှုန်းဖြင့် GBPUSD ၏ 0.01 lot ဆိုသည်မှာ 1,000 GBP ကို ဝယ်ရန်အတွက် သင်သည် 1 294.12 USD ပေးရမည်ဟု ဆိုလိုသည်။
  • 1.65981 ကိုးကားချက်ဈေးနှုန်းဖြင့် EURAUD ၏ 0.01 lot ဆိုသည်မှာ 1,000 EUR ကိုဝယ်ရန် 1 659.81 AUD ပေးချေရမည်ဟု ဆိုလိုသည်

အခြေခံငွေကြေး ယူနစ် 100,000 ၏ စံသတ်မှတ်ချက် 1 lot ၏ တန်ဖိုးသည် ငွေကြေးများနှင့် သက်ဆိုင်ပါသည်။ အခြားပိုင်ဆိုင်မှုများတွင် အရွယ်အစား အဓိပ္ပါယ်အမျိုးမျိုးရှိသည်။ ဥပမာ၊ စတော့အတွက်ဆိုလျှင် စတော့အရေအတွက်ဖြစ်သည်။ 1 lot တွင် ရှိသော စတော့ရှယ်ယာအရေအတွက်သည် မည်သည့်စတော့အမျိုးအစားကို ဆိုလိုသည့် အပေါ်တွင်မူတည်သည်။ ရေနံ ကို စည်၊ ရွှေ ကို ထရွိုင်အောင်စဖြင့် တိုင်းတာသည်။ စာချုပ်တစ်ခုတွင်ရှိသော ပိုင်ဆိုင်မှုတန်ဖိုး ၏ သမားရိုးကျ ယူနစ်အရေအတွက် အား specification.တွင် တွေ့မြင်နိုင်ပါသည်။

LiteFinance: Forex တွင် မည်သည့် lot အရွယ်အစား အသုံးပြုသင့်သနည်း- အကောင်းဆုံးနည်းလမ်းဖြင့် ဆုံးရှုံးနိုင်မှုအန္တရာယ်စီမံခန့်ခွဲမှုစနစ်တစ်ခု တည်ဆောက်ခြင်း။

  • Mini lot သည် (၎င်းကို minilot သို့မဟုတ် mini lot အဖြစ်လည်းရေးနိုင်သည်) standard lot တစ်ခု၏ 0.1 သို့မဟုတ် အခြေခံငွေကြေး 10,000 ယူနစ်ဖြစ်သည်။
  • Micro lot သည် (၎င်းကို microlot သို့မဟုတ် micro-lot ဟုလည်း ရေးနိုင်သည်) standard lot တစ်ခု၏ 0.01 သို့မဟုတ် အခြေခံငွေကြေး၏ 1000 ယူနစ် ဖြစ်သည်။
  • Nano lot သည် (၎င်းကို nanolot သို့မဟုတ် nano-lot အဖြစ်လည်းရေးနိုင်သည်) standard lot ၏ 0.001 သို့မဟုတ် အခြေခံငွေကြေး 100 ယူနစ်ဖြစ်သည်။ (ကုန်သွယ်ရေး အကျိုးဆောင်များ၏ ကုန်သွယ်မှုအခြေအနေများအရ nano lot ကို တွေ့ရခဲသည်။)

LiteFinance: Forex တွင် မည်သည့် lot အရွယ်အစား အသုံးပြုသင့်သနည်း- အကောင်းဆုံးနည်းလမ်းဖြင့် ဆုံးရှုံးနိုင်မှုအန္တရာယ်စီမံခန့်ခွဲမှုစနစ်တစ်ခု တည်ဆောက်ခြင်း။

ကုန်သည်အများစုသည် မတူညီသောအကောင့်အမျိုးအစားများအတွက် အနိမ့်ဆုံးနှင့် အမြင့်ဆုံး lot ပမာဏကို သတ်မှတ်သည်။ ကန့်သတ်ချက်အမြင့်ဆုံးသည် 100 lots အထိ ရှိတတ်ပြီး အနိမ့်ဆုံးမှာ 0.01 lots ဖြစ်သည်။ အထက်ဖော်ပြပါ ဥပမာအရ အနည်းဆုံး ရင်းနှီးမြှုပ်နှံမှုသည် $1.184 ဖြစ်မည်ဖြစ်သည်။ အကယ်၍ သင်သည် leverage 1:100 ကိုအသုံးပြုပါက၊ အနည်းဆုံး အပ်ငွေ $11.84 သည် စတင်ရန် လုံလောက်မည်ဖြစ်ပါသည်။

သို့သော်၊ ငွေကြေး၏ 100% အား (အန္တရာယ်စီမံခန့်ခွဲမှုအမြင်အရ လက်မခံနိုင်သော) အရောင်းအဝယ်တွင် ရင်းနှီးမြှုပ်နှံထားသည့်အပေါ် သက်ဆိုင်မည်ဖြစ်သည်။ ဒုတိယ ရွေးချယ် ချက်တစ်ခုရှိသည် - ၎င်းမှာ cent အကောင့်များကိုအသုံးပြုရန်ဖြစ်သည် (အကျိုးဆောင်မှ cent အကောင့်များ ပံ့ပိုးပေးထားပါက) ။ Cent အကောင့်များ၏ တစ်ခုတည်းသော ခြားနားချက်မှာ တွက်ချက်မှုများသည် cents နှင့် ဖြစ်ပြီး ဒေါ်လာမဟုတ်ပါ ။ ထို့ကြောင့် $11.84 သည် leverage သုံးရန်မလိုဘဲ အနိမ့်ဆုံး micro lot ကို ဝယ်ယူရန် လုံလောက်သည်။

LiteFinance: Forex တွင် မည်သည့် lot အရွယ်အစား အသုံးပြုသင့်သနည်း- အကောင်းဆုံးနည်းလမ်းဖြင့် ဆုံးရှုံးနိုင်မှုအန္တရာယ်စီမံခန့်ခွဲမှုစနစ်တစ်ခု တည်ဆောက်ခြင်း။

ဤပုံသည် ကုန်သွယ်မှုတာမင်နယ်တွင် ဖွင့်လှစ်ထားသည့် အော်ဒါကို ပြသထားသည်။ “Volume of a trade in lots.” တက်ဘ်တွင် မတူညီသော forex lot အရွယ်အစားများကို ရွေးချယ်နိုင်သည်။ အရောင်းအဝယ် အရွယ်အစားကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်နိုင်သည်။ အကောင့်သတ်မှတ်ချက် သည် တိုးမြှင့်သည့်အရွယ်အစားအဆင့်ဆင့်ကို အဆုံးအဖြတ်ပေးသည်။ ဥပမာအားဖြင့်၊ Classic အကောင့်ရှိ အနိမ့်ဆုံးအရွယ်အစားမှာ 0.01 lots ဖြစ်သည်။ ကုန်သည်သည် lot ပမာဏ ကို ရာဂဏန်းအရွယ်အစား အထိ တိကျသော အရောင်းအဝယ်ပမာဏကို ကိုယ်တိုင်ထည့်သွင်းနိုင်သည်၊ ဥပမာ၊ 0.06, 0.07 သို့မဟုတ် 1.23 lots စသည်တို့ဖြစ်သည်။

အရေးကြီးသည်- စံသတ်မှတ်ချက်များရှိနေသော်လည်း အချို့ကုန်သွယ်ရေးအကျိုးဆောင်များသည် ၎င်းတို့ကို ကွဲပြားစွာ အသုံးပြုနိုင်သည်။ ဥပမာအားဖြင့်၊ အကျိုးဆောင်တစ်ခုသည် 1 lot ကို အခြေခံငွေကြေးယူနစ် 10,000 နှင့်ညီအောင် သတ်မှတ်ထားသည်။ Leverage မပါဘဲ အနည်းဆုံး အပ်နှံနိုင်သည့် အပ်ငွေပမာဏကို လျှော့ချရန် ရည်ရွယ်သည်ဟု ဆိုနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အရောင်းအ၀ယ်မစတင်မီ၊ ကမ်းလှမ်းချက်၊ အကောင့်အသေးစိတ်နှင့် စာချုပ်သတ်မှတ်ချက်များကို ဂရုတစိုက်ဖတ်ပါ။

lot အရွယ်အစားများ၏ အမျိုးအစားများ

Lot အရွယ်အစားသည် လူကြီးမင်း၏ အလားအလာရှိသော အမြတ်အစွန်းများနှင့် အရှုံးများအပေါ်တွင် သက်ရောက်မှုရှိပါသည်။ Forex တွင် မတူညီသော lots အမျိုးအစားများ ရှိကြပြီး၊ လူကြီးမင်း၏ အသုံးပြုနိုင်သောငွေအရင်းအနှီး၊ အတွေ့အကြုံတို့ဖြင့် သင့်တော်ကိုက်ညီသော အမျိုးအစားကို ရွေးချယ်၍ကုန်သွယ်နိုင်ရန် ခွင့်ပြုပေးပါသည်။ အဓိက lot အမျိုးအစားများကို တချက်လေ့လာကြည့်ကြပါစို့။

Mini Lot အရွယ်အစား

Mini lot သည် standard lot တစ်ခု၏ 10% ဖြစ်သည်။ သင်သည် mini lot forex အကောင့်တစ်ခုတွင် 1-lot ကုန်သွယ်မှုကိုဖွင့်သောအခါ၊ သင်သည် standard lot တစ်ခုကဲ့သို့ 100,000 အစား အခြေခံငွေကြေးယူနစ် 10,000 ကို ၀ယ်/ရောင်း ပြုလုပ်ခြင်းဖြစ်သည်။ အရောင်းအ၀ယ်တစ်ခုပြုလုပ်ရန် ငွေအနည်းငယ်သာ လိုအပ်သောကြောင့် mini-lot သည် အဆင်ပြေပြီး သေးငယ်သောအပ်နှံငွေ သာ လိုအပ်ပါသည်။

Micro Lot အရွယ်အစား

ဥပမာတစ်ခုသုံးပြီး micro lot forex ကို လက်တွေ့ပြသပေးပါမည်။

ကုန်သွယ်ရေးအမျိုးအစားသည် EURUSD အတွဲဖြစ်သည်။ ငွေလဲနှုန်းမှာ 1.1826 ဖြစ်သည်။ 1 standard lot သည် အခြေခံငွေကြေး၏ 100,000 ဖြစ်သည်။ အကယ်၍ သင်သည် 1 lot ဖြင့် အရောင်းအ၀ယ်တစ်ခု ပြုလုပ်လိုပါက 100,000 euors ဝယ်ယူရန် 118,260 USD သုံးစွဲရမည်ဖြစ်သည်။ အကယ်၍ သင်သည် သာမန်ကုန်သည်တစ်ဦးဖြစ်ပါက၊ သင့်တွင် ထိုကဲ့သို့ အရင်းအနှီးမရှိနိုင်ပေ။ သတ်မှတ်ကုန်သွယ်မှုအခြေအနေများအောက်ရှိ အနိမ့်ဆုံး forex ကုန်သွယ်မှုပမာဏ သည် 0.01 ဖြစ်သည်။ သို့သော် ဤသို့အခြေအနေတွင်ပင် သင်သည် $1,182.60 ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုစည်းမျဉ်းများ ၏ လက်ခံနိုင်သောဆုံးရှုံးမှု ဖော်ပြချက်မှာ ကုန်သွယ်မှုတစ်ခုလျှင် အပ်ငွေပမာဏ၏ 2% အထိဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် 0.01 lot ဖြင့် အနိမ့်ဆုံးကုန်သွယ်မှုတစ်ခုအတွက် 1,182.60 * 50 = 59,130 ​​USD လိုအပ်သည်။

Micro lot သည် standard lot တစ်ခု၏ 1% ဖြစ်သည်။ 1 lot ၏ EURUSD အရောင်းအ၀ယ်တစ်ခု ပြုလုပ်သောအခါ 1 182.60 US ဒေါ်လာ ဖြင့် 1000 ယူရို ဝယ်ခြင်းဖြစ်သည်။ 0.01 ဖြင့် ကုန်သွယ်ခြင်း ဆိုသည်မှာ သင်သည် 10 ယူရိုကို 11.83 ဒေါ်လာဖြင့် ဝယ်လိုက်ခြင်းဖြစ်သည်။

Nano Lot အရွယ်အစား

Nano lot သည် standard lot တစ်ခု၏ 0.1% ဖြစ်သည်။ Nano-lot အကောင့်များကို cent accounts ဟုခေါ်သည်။ ဤနေရာတွင် 1 lot သည် အခြေခံငွေကြေးယူနစ် 100 အတွက် ကုန်သွယ်ခြင်းနှင့် သက်ဆိုင်ပါသည်။ ယခင်ဖော်ပြခဲ့သည့်အပိုင်းမှ နမူနာအရ 1 lot ၏ ကုန်သွယ်မှုဆိုသည်မှာ 118.26 USD ဖြင့် 100 EUR ကို ဝယ်ခြင်း/ရောင်းခြင်းဖြစ်သည်။ 0.01 lot ဖြင့် ကုန်သွယ်နိုင်သော အသေးငယ်ဆုံး အရောင်းအဝယ်ဆိုသည်မှာ 1 ယူရိုကို 1.1826 US ဒေါ်လာဖြင့် ဝယ်ယူခြင်းဖြစ်သည်

ပုံမှန်အကောင့်များသည် ထိုသို့သောပမာဏအသေးစားများအတွက် အရောင်းအဝယ်ပြုလုပ်ခွင့်မပြုပါ။ သို့သော် cent အကောင့်များတွင် အားနည်းချက်ရှိသည်။ အရောင်းအဝယ်ပမာဏ၊ ဥပမာ၊ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အဆ ၁၀၀၀ လျော့နည်းရုံသာမကဘဲ သင်၏ ရရှိနိုင်ဖွယ်အမြတ်သည်လည်း အဆ ၁၀၀၀ လျော့နည်းမည်ဖြစ်သည်။ ထို့ကြောင့်၊ သုံးစွဲသည့်အချိန်ကို ချွေတာပြီး လက်တွေ့ကျသော အကျိုးအမြတ်ရယူလိုသော ပရော်ဖက်ရှင်နယ်ကုန်သည်များအနေဖြင့် cent အကောင့်များကို အသုံးမပြုပါ။

မည်သည့်အတွက်ကြောင့် cent အကောင့်များကို အသုံးပြုနိုင်သနည်း ?

  • အတွေ့အကြုံရရန် ။ ဒီမိုအကောင့်များရှိ ကိုးကားချက်များသည် အကောင့်အစစ်များနှင့် ကွဲလွဲနေတတ်သည်။ Demat အကောင့်သည် simulator အမျိုးအစားဖြစ်ပြီး၊ nano အကောင့်သည် လက်တွေ့စျေးကွက်အခြေအနေများတွင် အမှန်တကယ် အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် စတင်သူ ကုန်သည်များသည် ဒီမိုအကောင့်များမှ ထွက်ခွာ၍ cent အကောင့်များနှင့် စတင်ကြသည်။
  • ဗျူဟာများကို အဆင့်မြှင့်တင်ရန်နှင့် ကောင်းမွန်စေရန်၊ Expert Advisors များကို real အကောင့်တစ်ခုတွင် စမ်းသပ်ရန်။ စမ်းသပ်မှုပြုလုပ်ခြင်းသည် လက်တွေ့စျေးကွက်တွင် ကုန်သွယ်မှုစနစ်၏စွမ်းဆောင်ရည်ကို အပြည့်အဝယုံကြည်မှုပေးမည်မဟုတ်ပါ။ ကုန်သွယ်မှုနည်းဗျူဟာသည် cent အကောင့်တွင် အမြတ်အစွန်းရပါက၊ ၎င်းသည် ပုံမှန်အကောင့်တစ်ခုတွင်လည်း အလုပ်လုပ်မည်ဖြစ်သည်။
  • အသစ်အသစ်သော ကုန်သွယ်ရေးကိရိယာများ၊ ဗျူဟာအတွက် ကုဒ်များ၊ အချက်ပြကိရိယာများနှင့် အခြားအရာများကို စမ်းသပ်ရန်။
  • စိတ်ပိုင်းဆိုင်ရာအရ တည်ငြိမ်အောင် လေ့ကျင့်ရန်။ ငွေသားအတု နဲ့ အရောင်းအဝယ်လုပ်ခြင်းထက် ငွေသားအစစ်ဖြင့် ပြုလုပ်၍ ဆုံးရှုံးရခြင်းသည် ပိုမိုစိတ်ဖိစီးမှု ရှိသည်။

Standard Lots ကိုအသုံးပြုခြင်း။

Standard lot အရွယ်အစား တစ်ခုမှာ ကုန်သွယ်ရေးအကျိုးဆောင် ၏ ကုန်သွယ်မှုအခြေအနေများအရ ပံ့ပိုးထားသော အများဆုံးဖြစ်နိုင်သည့် စာချုပ်အရွယ်အစားဖြစ်သည်။ Standard lot ကို အများဆုံး သတ်မှတ်ထားသည့် lot ပမာဏ နှင့် မရောထွေးပါနှင့်။

  • Standard lot , mini lot , micro lot - ဤသဘောတရားများအားလုံးသည် စာချုပ်တစ်ခုတွင် ပိုင်ဆိုင်မှုယူနစ်အရေအတွက်ကို သတ်မှတ်ထားခြင်းဖြစ်သည်။ ဥပမာအားဖြင့်၊ standard lot တစ်ခုသည် ရေနံ 10 စည် သို့မဟုတ် EURUSD ငွေကြေးအတွဲတွင် ယူရို 100,000 ဖြစ်သည်။ Mini lot တစ်ခု သည် ဆီ 1 စည် သို့မဟုတ် ယူရို 10,000 ဖြစ်သည်။
  • အများဆုံး lot ဆိုသည်မှာ အရောင်းအဝယ်တစ်ခုအတွက် ကုန်သွယ်နိုင်ချေအများဆုံး အရေအတွက်ဖြစ်သည်။ ဥပမာအားဖြင့်၊ 5 standard lots သည် 5*10 = ဆီ 50စည်၊ 5 mini lots သည် 5*1 = ဆီ 5 စည် ဖြစ်သည်။

MT4 contract အသေးစိတ်ဖော်ပြချက်၌ ကုန်သွယ်ရေးအကောင့်တစ်ခုတွင် အသုံးပြုသည့် lot အမျိုးအစားနှင့်ပတ်သက်သော အချက်အလက်များကို ရှာဖွေနိုင်သည်။ Market Watch ရှိ၊ ကုန်သွယ်ရေးပစ္စည်း (ငွေကြေးအတွဲ) ပေါ်တွင် right-click နှိပ်ပြီး Specification ကို ရွေးပါ။

LiteFinance: Standard Lots ကိုအသုံးပြုခြင်း။

စာချုပ်အရွယ်အစားမှာ 100,000 ဖြစ်သည်ဟူသော သတ်မှတ်ချက်မှ ရှင်းရှင်းလင်းလင်းသိရသောကြောင့် ၎င်းသည် standard lot ဖြစ်သည်။ သတ်မှတ်ချက်တွင် သင်သည် အနည်းဆုံး 0.01 lot သို့မဟုတ် အမြင့်ဆုံးပမာဏ 10,000 lots ဖြင့် ကုန်သွယ်မှုကို ပြုလုပ်နိုင်သည်ဟုလည်း ဖော်ပြထားသည် ။ MT4 တွင်၊ အရောင်းအ၀ယ်ပမာဏကို အရောင်းအဝယ်ဖွင့်သည့်စာမျက်နှာတွင် ရွေးချယ်နိုင်သည်-

LiteFinance: Standard Lots ကိုအသုံးပြုခြင်း။

GBPUSD အတွဲအတွက် အနိမ့်ဆုံးအရောင်းအဝယ်ပမာဏမှာ 0.01 ဖြစ်သည်။ အမြင့်ဆုံးသည် သတ်မှတ်ချက်များအတိုင်းဖြစ်သည်။ ပုံတွင်ပြသထားသလို ပမာဏကန့်သတ်ချက်မှာ 8 lots မဟုတ်ပါ - သင်သည် မည်သည့်ပမာဏကိုမဆို 0.01 တိုးခြင်းဖြင့် 10,000 အထိ ထည့်သွင်းနိုင်သည်။ ဥပမာ၊ 10.02၊ 10.03 စသဖြင့်ဖြစ်သည်။

ကုန်သွယ်မှုပမာဏသည် အပ်ငွေပမာဏ၊ မာဂျင် နှင့် အမြတ်/အရှုံးအပေါ် မည်သို့အကျိုးသက်ရောက်ကြောင်း ရှင်းပြရန် ဥပမာတစ်ခုပေးပါမည်။ နှိုင်းယှဉ်နိုင်ရန်၊ ကျွန်ုပ်သည် LiteFinance တာမင်နယ်တွင် 1:100 leverage အသီးသီးဖြင့် အပ်ငွေ USD 2,000 ပါဝင်သော ဒီမိုအကောင့်နှစ်ခုကို ဖွင့်ပါမည်။ အရောင်းအဝယ်များကို 1 lot နှင့် 0.1 lots ဖြင့် ဖွင့်ပါမည်။

1 lot ဖြင့် အရောင်းအ၀ယ်ကို ပထမဆုံးဖွင့်လိုက်သည်။

LiteFinance: Standard Lots ကိုအသုံးပြုခြင်း။

2000 ရှိသည့်အနက် အကျိုးဆောင်သည် မာဂျင်အဖြစ် $1,174.47 ကို ချက်ချင်းကန့်သတ်လိုက်ပြီး floating loss -11.00 USD ပေါ်လာပါသည်။ တူညီသောငွေပမာဏဖြင့် ဒုတိယအော်ဒါကိုဖွင့်ရန် ငွေအလုံအလောက်ရှိမည်မဟုတ်တော့ပါ။

ယခု ကျွန်ုပ်သည် 0.1 standard lot ဖြင့် အရောင်းအဝယ်ကို ဖွင့်လိုက်သည်-

LiteFinance: Standard Lots ကိုအသုံးပြုခြင်း။

2000 USD ရှိသည့်အနက် 117.46 ကိုသာ မာဂျင်အဖြစ် သိမ်းဆည်းထားသည်။ တူညီသောအတွဲ သို့မဟုတ် အခြားကုန်သွယ်ရေးပစ္စည်းများအတွက် အရောင်းအဝယ်အသစ်များဖွင့်ရန် ကျန်ရှိသော ငွေသားလက်ကျန် 1880.64 ကို ကျွန်ုပ်အသုံးပြုနိုင်ပါသည်။ Lot အရွယ်အစားကို လျှော့ချလိုက်ပါက အရောင်းအဝယ်များ ဖွင့်နိုင်သော်လည်း ငွေကြေးရလဒ်မှာလည်း လျော့နည်းသွားမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ ဤနမူနာတွင်၊ floating loss သည် နည်းပါးပြီး -1.50 USD ဖြစ်သည်။

ထို့ကြောင့်၊ အဓိက မှတ်သားရမည်မှာ-

  • အရောင်းအဝယ်နည်းလေ၊ အရောင်းအဝယ်များများဖွင့်နိုင်လေဖြစ်သည်။ ဥပမာအားဖြင့်၊ သင်သည် မတူညီသောအတွဲများတွင် အရောင်းအ၀ယ်ပြုလုပ်နိုင်သည်။
  • အရောင်းအဝယ်နည်းလေ၊ သင့်အကောင့်တွင် ရင်းနှီးငွေအလွတ်များ ပိုများလေဖြစ်သည်။ ထို့ကြောင့်၊ အရောင်းအ၀ယ်များ ရပ်တန့်ခြင်းမရှိမှီအထိ ပိုမိုသိသာထင်ရှားသော ဆုံးရှုံးခံနိုင်သည့် အခြေအနေဖြင့် ရပ်တည်နိုင်မည်ဖြစ်သည်။
  • အရောင်းအဝယ်နည်းလေ၊ အမြတ်/အရှုံး အလားအလာ နည်းလေဖြစ်သည်။

ဝယ်ရန် သို့မဟုတ် ရောင်းရန် သင်၏ ကုန်သွယ်ရေးဆုံးဖြတ်ချက် ချပြီးပါက၊ အမြတ်ရမှုတိုးရန် ပိုများသောပမာဏဖြင့် ကုန်သွယ်မှုကို ဖွင့်နိုင်သည်။ သင့်တွင် သံသယများရှိပါက ဖြစ်နိုင်ချေရှိသော ဆုံးရှုံးမှုကို လျှော့ချရန် ပိုသေးငယ်သော ပမာဏဖြင့် အရောင်းအဝယ်ကို ဖွင့်ထားသင့်သည်။ မြင့်မားသော အန္တရာယ်အဆင့်ရှိ ပြင်းထန်သောကုန်သွယ်ရေးဗျူဟာများဖြင့် ဖြစ်နိုင်ခြေအများဆုံးပမာဏသုံးကာ အရောင်းအ၀ယ်ပြုလုပ်ခြင်းအတွက် အကြံပြုချက်မှာ အပ်ငွေကိုတိုးမြင့်ရန် ဖြစ်သည်။ သမရိုးကျနည်းဗျူဟာ များသည် မြင့်မားသောအမြတ်အစွန်းနောက် လိုက်ခြင်းထက် ဆုံးရှုံးမှုကို လျှော့ချရန် အကြံပြုထားသောကြောင့် ၎င်းတို့သည် ပမာဏအနည်းငယ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်ခြင်းကို ဆိုလိုပါသည်။

ကွဲပြားထူးခြားသော lot အရွယ်အစားများ

ကွဲပြားထူးခြားသော lot အရွယ်အစားများဆိုသည်မှာ ယေဘုယျလက်ခံထားသောစံနှုန်းများနှင့် ကွဲလွဲ၍ ပုံမှန်စံအတိုင်းအတာမဟုတ်သော ကုန်သွယ်မှုပမာဏများကို ဆိုလိုပြီး၊ အကျိုးဆောင်အပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ ယင်း lots များကို ကုန်သည်များ၏ တိကျသောလိုအပ်ချက်များဖြင့် ကိုက်ညီစေရန် စီစဉ်သတ်မှတ်ပေးထားခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အခြေခံငွေကြေး (base currency)၏ 500 သို့မဟုတ် 50,000 ယူနစ်အပါအဝင် ရွေးချယ်စရာအခွင့်အရေးများစွာကို ကမ်းလှမ်းပါသည်။ ၎င်းတို့၏ အဓိကကျသော အားသာချက်မှာ လိုက်လျောညီထွေရှိမှုဖြစ်ပြီး၊ ဤအချက်သည် ကုန်သည်များအား မိမိအသုံးပြုသောနည်းဗျုဟာနှင့် ရရှိနိုင်သောငွေပမာဏတို့နှင့် ကိုက်ညီသော ကုန်သွယ်မှုအရွယ်အစားကို ပိုမိုတိကျစွာသတ်မှတ်နိုင်စေပါသည်။

Forex တွင် lot အရွယ်အစားကို တွက်ချက်နည်း

ကုန်သွယ်မှုတစ်ခုတွင် သင်ဝင်ရောက်သည့် မည်သည့်အတွဲအတွက်မဆို ၎င်းကို အကောင့်ငွေကြေးဖြင့် ပြုလုပ်မည်ဖြစ်သည်။ အခြေအနေအများစုတွင်၊ အကောင့်ငွေကြေးသည် USD ဖြစ်သည်။ ထို့ကြောင့်၊ ဥပမာအားဖြင့်၊ cross ငွေကြေးအတွဲတစ်ခုအတွက် အရောင်းအဝယ်တစ်ခုကိုဖွင့်သောအခါတွင်၊ ကုန်သည်များအနေဖြင့် အမှန်တကယ် ကျသင့်မည့် ဒေါ်လာငွေ မည်မျှရှိသည်ကိုနားလည်ရန်အရေးကြီးသည်။ Cross ငွေကြေးအတွဲသည် အမေရိကန် ဒေါ်လာ မပါဝင်သည့် ငွေကြေးအတွဲ ဖြစ်သည် (ဥပမာ၊ ဖရန့်နှင့် ယန်းကို လဲလှယ်သည့်အခါ)။

Forex တွင် lot size ကိုရှာဖွေရန် trader calculator သို့မဟုတ် forex lot calculator အား အသုံးပြုရန် အလွယ်ကူဆုံးနည်းလမ်း။

Lot size ကို ဘာကြောင့် တွက်သင့်သလဲ -

  • အပ်ငွေပမာဏနှင့်စပ်လျဉ်းသည့် အရောင်းအဝယ်ပမာဏကို အကောင်းဆုံးဖြစ်ရန်၊ စွန့်စားရနိုင်ခြေနှင့် မျှော်လင့်ထားသည့်အမြတ်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ သင့်အား မျှတသောကုန်သွယ်မှုစနစ်တစ်ခု ဖြစ်ထွန်းစေရန် ကျွန်ုပ်ကူညီပေးပါမည်။
  • မှန်ကန်သော lot ပမာဏ နှင့် အပ်ငွေမြှင့်တင်မှုစနစ်အား ရွေးချယ်ခြင်းဖြင့် စုစုပေါင်းကုန်သွယ်မှုအနေအထားသည် ဆုံးရှုံးခြင်းဖြစ်ပေါ်သည့်အခြေအနေများ၊ စျေးနှုန်းပြုပြင်ချက်များ၊ ဈေးနှုန်းပြန်ဆွဲတင်မှုများနှင့် မတည်ငြိမ်မှုများအပေါ် ခံနိုင်ရည်ရှိစေမည်ဖြစ်သည်။

အရောင်းအဝယ်ပမာဏအတွက် ရှင်းရှင်းလင်းလင်းသတ်မှတ်ထားသော ရည်မှန်းချက်တစ်ခုရှိလျှင် levertage အရွယ်အစားသည် ဆုံးရှုံးနိုင်ချေအန္တရာယ်ကို ထိခိုက်မည်မဟုတ်ကြောင်း သတိရပါ။ တူညီသော lot ပမာဏဖြင့်၊ leverage ပြောင်းလဲခြင်းသည် မာဂျင်ပမာဏကိုသာ သက်ရောက်မှုရှိသည်။

Pip တန်ဖိုးကို တွက်ချက်ရာတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ကိုးကားခြင်း ရှိမရှိကိုလည်း မှတ်သားထားသင့်သည်။ ဥပမာအားဖြင့်၊ EURUSD အတွဲရှိ pip စျေးနှုန်းသည် Forex standard lot တွင် 10 USD ဖြစ်သည်။ USDJPY အတွဲတွင်၊ pip စျေးနှုန်းသည် 9 USD ဖြစ်နေပြီဖြစ်သည်။ Lot တွက်ချက်မှုဖော်မြူလာသည် ဤကဲ့သို့ဖြစ်မည်- (1 Point * lot size )/စျေးကွက်ပေါက်စျေး။

နောက်ပိုင်းတွင် ပိုင်ဆိုင်မှုအမျိုးအစားအမျိုးမျိုးအတွက် USD ဖြင့် lot size တွက်ချက်ခြင်းအား ဥပမာများ၊ ဖော်မြူလာများနှင့် ရှင်းပြပါမည်။

1. Forex တွင် lot size တွက်ချက်မှု ဥပမာ

တိုက်ရိုက်မဟုတ်သော ငွေကြေးကိုးကားချက်များနှင့် CFD များအတွက်-

Lot = စာချုပ်အရွယ်အစား * ကုန်သွယ်မှုပမာဏ * ပိုင်ဆိုင်မှုစျေးနှုန်း

  • ဥပမာ 1. စတော့တစ်ခုအတွက် စာချုပ်အရွယ်အစားမှာ 1 ဖြစ်ပြီး 1 lot သည် 1 စတော့ဖြစ်သည်။ စတော့ဈေးမှာ 54 USD ဖြစ်သည်ဆိုလျှင် 1 lot သည် 54 USD ဖြစ်သည်။
  • ဥပမာ 2.EURUSD ငွေကြေးအတွဲအတွက် စာချုပ်အရွယ်အစားမှာ 100,000; ဈေးနှုန်းမှာ 1.23456 ဖြစ်သည်။ Lot တန်ဖိုး = 1.23456 * 100,000 = $ 123,456 .

2. တိုက်ရိုက်ငွေကြေးကိုးကားချက်များအတွက်-

Lot = စာချုပ်အရွယ်အစား * ကုန်သွယ်မှုပမာဏ

  • ဥပမာ။ စာချုပ်အရွယ်အစား 100,000 ။ ကုန်သွယ်မှုပမာဏသည် 0.1 lot သို့မဟုတ် အခြေခံငွေကြေးယူနစ် 1000 ဖြစ်သည်။ USDCHF ၏နှုန်းထား - 0.91070။ Lot တန်ဖိုး USD = 100,000 * 0.01 = 1,000 ။ ဆိုလိုသည်မှာ 0.01 lots ရှိသော ကုန်သွယ်မှုပမာဏဖြင့် 9,107 CHF ကို ဝယ်ယူပြီး အကျိုးဆောင်မှ 1,000 USD ကို သီးသန့်ထားမည်ဖြစ်သည်။

3. For cross rates:

Lot = စာချုပ်အရွယ်အစား * ကုန်သွယ်မှုပမာဏ * ပိုင်ဆိုင်မှုစျေးနှုန်း / ကိုးကားထားသောငွေကြေးစျေးနှုန်း

  • ဥပမာ။ စာချုပ်အရွယ်အစားမှာ 100000 ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ 0.01 lot သို့မဟုတ် အခြေခံငွေကြေးယူနစ်၏ 1000 ဖြစ်သည်။ GBPCAD ငွေလဲနှုန်းသည် 1.72608 ဖြစ်ပြီး အခြေခံငွေကြေးမှာ (အတွဲတွင် ပထမဆုံး) GBP ဖြစ်ပြီး USDCAD ၏ ငွေလဲနှုန်းမှာ 1.32972 ဖြစ်သည်။ Lot တန်ဖိုး 100 000 * 0.01 * 1.76028 / 1.32972 = 1 298.08 USD

Pip တန်ဖိုးကို ဘယ်လိုတွက်မလဲ?

အရောင်းအ၀ယ်ယူနစ်တစ်ခုသည် မည်သို့ဖြစ်သည် (lot, mini lot သို့မဟုတ် micro lot) ပေါ်တွင်မူတည်ပြီး ၎င်းကိုဆိုလိုသည့်အရာပေါ်မူတည်၍ pip တစ်ခု၏စျေးနှုန်းကို သတ်မှတ်သည်။ Pip တန်ဖိုးဆိုသည်မှာ စျေးနှုန်းသည် 1 pip (point) ဖြင့် ဦးတည်ချက်တစ်ခု သို့မဟုတ် အခြားတစ်ခုသို့ ရွေ့သွားသောအခါတွင် ကုန်သည်တစ်ဦးမှ ရရှိသည့် အမြတ်ငွေ သို့မဟုတ် ဆုံးရှုံးမှုဖြစ်သည်။ အထက်ဖော်ပြပါ ကုန်သည်ဂဏန်းတွက်စက်ကို အသုံးပြု၍ pip တန်ဖိုးကိုလည်း ပြန်လည်တွက်ချက်ရန် အလွန်လွယ်ကူပါသည်။

1 Lot အပြည့်အတွက် pip တန်ဖိုး (1 lot ၏ကုန်သွယ်မှု)-

  • Standard lot- 1 pip သည် 10 USD အမြတ်ရှိသည်။
  • Mini lot- 1 pip သည် 1 USD အမြတ်ရှိသည်။
  • Micro lot- 1 pip သည် 10 cents အမြတ်ရှိသည်။
  • Nano lot- 1 pip သည် 1 cent အမြတ်ရှိသည်။

အကယ်၍ သင်သည် 0.1 lot ဖြင့် ကုန်သွယ်မှု ပြုလုပ်ပါက pip တန်ဖိုးသည် ဆယ်ဆ ကျဆင်းသွားပါသည်။ Standard lot တစ်ခုဖြင့် 1 pip သည် $1 အမြတ်ထွက်သည်။ ကွဲပြားစွာ‌ဖော်ပြရလျှင် 0.1 standard lot ၏ ကုန်သွယ်မှုတစ်ခုတွင် 1 pip ၏အမြတ်သည် 1 mini lot ကုန်သွယ်မှုရှိ 1 pip ၏အမြတ်နှင့် ညီမျှသည်။

Forex တွင် lot size တွက်ချက်မှု ဥပမာ

အောက်ပါအတိုင်း ထည့်သွင်းရမည့် ကန့်သတ်ချက်များ ရှိပါသည်။

  • Deposit: 3000 USD.
  • Risk - 5% per trade.
  • Leverage - 1:100.
  • Stop Loss - 50 pips.

အရောင်းအဝယ်ပမာဏ 3000 * 100 = $300,000 ဖြစ်ပါမည်။ အကယ်၍ ကျွန်ုပ်တို့သည် ကုန်သွယ်မှုတစ်ခုတွင် ငွေ၏ 100% ရင်းနှီးမြှုပ်နှံမည်ဆိုပါက၊ EURUSD နှုန်းထား 1.2500 ၌ အများဆုံး lot ပမာဏမှာ 2.4 lots ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု စည်းမျဉ်းများကို လိုက်နာရပါမည်။ ကုန်သွယ်မှုတစ်ခုလျှင် ခွင့်ပြုနိုင်သော ဆုံးရှုံးနိုင်ချေသည် 3000 * 0.05 = $150 ဖြစ်မည်။ ကျွန်ုပ်တို့သည် ပွိုင့် 50 အထိ အများဆုံး ဆုံးရှုံးခံနိုင်သောကြောင့်၊ 1 ပွိုင့် ၏ အများဆုံးခွင့်ပြုနိုင်သောစျေးမှာ 150/50 = $3 ဖြစ်သည်။ 1 standard lot အတွက်၊ ပွိုင့်တစ်ပွိုင့် ၏ကုန်ကျစရိတ်မှာ $10 ဖြစ်ကြောင်း သတိပေးပါရစေ။ ထို့ကြောင့် အများဆုံးခွင့်ပြုသည့် lot မှာ 0.3 ဖြစ်သည်။ အနိမ့်ဆုံး lot သည် 0.01 ဖြစ်သည်။ 0.3 lots အတွက် ကျွန်ုပ်တို့သည် $37,500 လိုအပ်သောကြောင့်၊ $375 ကို ရင်းနှီးမြှုပ်နှံပြီး (ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုစည်းမျဉ်းများနှင့်အညီ အပ်ငွေ၏ 12.5% ) leverage 1:100 ကို အသုံးပြုပါသည်။

ထို့ကြောင့် lot ပမာဏသည် တွက်ချက်မှုတွင် ကုန်သည်ခွင့်ပြုသည့် ဆုံးရှုံးခံနိုင်သည့် အတိုင်းအတာအပေါ် မူတည်သည်။ ဤတွင်၊ Excel ရှိ ရိုးရှင်းသောတွက်ချက်မှုပုံစံသည် ဆုံးရှုံးခံနိုင်သည့် အတိုင်းအတာ (သို့မဟုတ် အရှုံးခံဈေးတန်း) ပေါ်တွင် lot ၏ မူတည်နေမှုကို ပြသပါမည်။

Leverage ကိုသုံး၍ ဒုတိယ တွက်ချက်နည်းမှာ ဖွင့်ထားသော အရောင်းအဝယ် များအားလုံး၏ အမြင့်ဆုံးဆုံးရှုံးနိုင်ခြေသည် 15% ထက် မပိုသင့်ဟု ဆိုသည်။ 3000 * 0.15 = $450 ဖြစ်ပြီး leverage 1:100 မှာ $45,000 ဖြစ်သည်။ ကျွန်ုပ်တို့သည် အရောင်းအဝယ်ကို လက်ရှိနှုန်းဖြင့် စားလျှင် (EURUSD အတွက် နှုန်းမှာ 1.2500) ၊ 45,000/125,000 = 0.36 lots ဖြစ်သည်။ ရလဒ်မှာ အရင်ပုံစံနီးပါးတူညီသော်လည်း ဒီနည်းလမ်းကို ကျွန်ုပ် မကြိုက်ပါ။ ဆုံးရှုံးနိုင်ခြေကို ထည့်မစဉ်းစားထားပါ။

ကုန်သည်သည် တင်းကျပ်သော စည်းမျဉ်းများ ဖြစ်သော “အရောင်းအ၀ယ်တစ်ခုအတွက် အပ်ငွေ၏ ပုံသေရာခိုင်နှုန်းတစ်ခု” နှင့် “စျေးကွက်ရှိ အရောင်းအ၀ယ်အားလုံးအတွက် အပ်ငွေ၏ ပုံသေရာခိုင်နှုန်းတစ်ခု” ကို လိုက်နာပါက leverage သည် မရှိမဖြစ်လိုအပ်မည် မဟုတ်ပါ။ Lot ပမာဏပိုများလေ၊ pip တန်ဖိုးများလေလေ၊ စျေးနှုန်းပြောင်းပြန်လှန်သည့်အခါတွင် အပ်ငွေမှာ မြန်မြန်ပျောက်လေလေဖြစ်သည်။

ဖွင့်ထားသော အရောင်းအဝယ်များကို စီမံခန့်ခွဲရာတွင် အောက်ပါတို့ပါဝင်သည်-

  • အရောင်းအဝယ်ပမာဏနှင့် ဆုံးရှုံးနိုင်ချေအဆင့်၏ အကောင်းဆုံးအချိုးကို ခွဲခြားသတ်မှတ်ခြင်း။ မြင့်မားသော မတည်ငြိမ်မှုသည် အပ်ငွေကို လျင်မြန်စွာ ကုန်ဆုံးစေနိုင်သည်။ ကုန်သည်၏တာဝန်မှာ ဆုံးရှုံးနိုင်ချေကိုထည့်သွင်းစဉ်းစားပြီး အပ်ငွေ နှင့် ဖွင့်ထားသောအရောင်းအဝယ်ပမာဏ၏ အကောင်းဆုံးအချိုး ကို ရွေးချယ်ရန်ဖြစ်သည်။ အားကောင်းသောလမ်းကြောင်း ရှိနေသည့် စျေးကွက်များတွင်၊ ကုန်သွယ်မှုပမာဏ စီမံခန့်ခွဲချက်တွင် lot တိုးမြှင့်ခြင်း မြှောက်ဖော်ကိန်းများ ကို အသုံးပြုခြင်း ပါဝင်သင့်သည်။ (Martingale ဗျူဟာ၏အစိတ်အပိုင်းတစ်ခု)
  • စျေးကွက်အတွင်းဖွင့်ထားသော အရောင်းအဝယ်အားလုံး၏ ရပ်တည်နိုင်စွမ်းကို အကဲဖြတ်ခြင်း။ "အကျိုးအမြတ်မရှိသော အရောင်းအ၀ယ်များကို ပိတ်သင့်လား ဒါမှမဟုတ် စောင့်ရမလား?" ၎င်းသည် ကုန်သွယ်မှုပမာဏကို စီမံခန့်ခွဲခြင်းဖြင့် သင်ဖြေရှင်းနိုင်သော ဖြစ်နေကျ Forex ပြဿနာဖြစ်သည်။ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုဗျူဟာတွင် အရောင်းအဝယ်ပမာဏနှင့် leverage ကို ချိန်ညှိခြင်းဖြင့် အကောင့်ရပ်တန့်သွားခြင်း မရှိစေဘဲ အကောင်းဆုံး support ဈေးတန်းနှင့် resistance ဈေးတန်းများကို ရွေးချယ်ခွင့်ရှိမည့် စနစ်တစ်ခုပါဝင်သည်။ တစ်နည်းဆိုရသော်၊ အကောင့်ရပ်တန့်သွားသည့် အခြေအနေရှိပြီး၊ စျေးနှုန်းသည် ဖြစ်နိုင်ခြေမြင့်မားသော ဦးတည်ချက်သို့ ပြောင်းလဲသွားမည့် အားကောင်းသောအခြေအနေတစ်ခုရှိတက်သည်။ စနစ်အရ အပ်ငွေသည် အကောင့်ရပ်တန့်သွားသည့် အခြေအနေ မရောက်စေဘဲ အရေးပါသည့် ဈေးတန်းအထိ ကျဆင်းမှုကို ခံနိုင်ရည်ရှိသည့် အကောင်းဆုံးအရောင်းအဝယ်ပမာဏကို ရွေးချယ်နိုင်စေမည်ဖြစ်သည်။

Forex တွင်အများဆုံး lot size

အကောင့် ၏ ရောင်းဝယ်မှုအခြေအနေများတွင် မည်သည့် lot အမျိုးအစားကိုညွှန်ပြသည်ဖြစ်စေ ၎င်း၏အနိမ့်ဆုံးနှင့် အမြင့်ဆုံးတန်ဖိုး အမြဲရှိပါသည်။။ ဥပမာ MT4 ၏စာချုပ်သတ်မှတ်ချက်တွင် အများဆုံးပမာဏကို ရှာဖွေနိုင်သည်။

ဥပမာ 1

LiteFinance: Forex တွင်အများဆုံး lot size

ဤသည်မှာ EURUSD ငွေကြေးအတွဲ၏ စာချုပ်အသေးစိတ်ဖော်ပြချက် ပုံ ဖြစ်သည်။ စာချုပ်အရွယ်အစားသည် 100,000 ဖြစ်သည်။ ဆိုလိုသည်မှာ standard lot ကိုအကောင့်တွင် အသုံးပြုထားခြင်းဖြစ်သည်။

ဖြစ်နိုင်ချေအနည်းဆုံးကုန်သွယ်မှုမှာ 0.01 ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် 1.1824 ဈေးနှုန်းဖြင့် အနည်းဆုံး ယူရို 1,000 ဝယ်ယူနိုင်ပြီး $1,182.4 သာလိုအပ်မည်ဖြစ်သည်။

အများဆုံးသည် 10,000 ဖြစ်သည်။ ဆိုလိုသည်မှာ 100,000 * 10,000 = 1,000,000,000 ယူရို ကို ဝယ်ယူနိုင်သည်၊ သင်သည် ၎င်းအတွက် 1,182,450,000 USD သာလိုအပ်သည်။

LiteFinance: Forex တွင်အများဆုံး lot size

ဥပမာ ၂

LiteFinance: Forex တွင်အများဆုံး lot size

ဤသည်မှာ UKBrent ရေနံစာချုပ်များဆိုင်ရာ စာချုပ်သတ်မှတ်ချက်ဖြစ်သည်။ 1 standard lot သည် 10 စည်ဖြစ်ပြီး တစ်စည်မှာ 41.07 USD ဖြစ်သည်။

အနိမ့်ဆုံးပမာဏမှာ 0.1 ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည်အနည်းဆုံး 1 စည်ကို $41.07 ဖြင့် ဝယ်နိုင်သည်။ ထို့ထက်သေးငယ်သော ပမာဏဖြင့်ကုန်သွယ်မှု ဝင်ရောက်မလုပ်ဆောင်နိုင်ပါ။

အများဆုံးပမာဏမှာ 5 ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် 5 * 10 = 50 စည်ကိုဝယ်နိုင်ပြီး 41.07 * 50 = $2,053.50 လိုအပ်မည်ဖြစ်သည်။

အရေးကြီးသည်! ဤတွက်ချက်မှုများသည် leverage နှင့် သတ်မှတ်ထားသော မာဂျင် ရာခိုင်နှုန်းကို ထည့်သွင်းစဉ်းစားခြင်းမပြုပါ။ Leverage သည် လိုအပ်သောရင်းနှီးမြှုပ်နှံမှုပမာဏကို လျှော့ချပေးသည်။

Forex တွင် မည်သည့် lot size အသုံးပြုရမည်နည်း - အကောင်းဆုံးသော ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုစနစ်တစ်ခုတည်ဆောက်ခြင်း

အကောင်းဆုံးသော ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုအတွက် အောက်ပါမေးခွန်းများကိုဖြေဆိုသင့်သည်-

  • ကုန်သည်သည် မည်သည့်ဆုံးရှုံးနိုင်ချေအထိ ခံယူလိုပါသနည်း? အမြတ်လျာထားချက်များအရ မည်ကဲ့သို့ဆုံးရှုံးမှုကို လက်ခံနိုင်သနည်း? ဆုံးရှုံးနိုင်ချေ ပိုကြီးလေ-အမြတ်ရနိုင်ချေ ပိုကြီးလေ ဖြစ်သည်။ အပြန်အလှန်အားဖြင့် ဆုံးရှုံးနိုင်ခြေပမာဏလည်း တိုးလာသည်။ လူတိုင်းသည် ၎င်းတို့အတွက်အကောင်းဆုံး ချိန်ခွင်လျှာကိုဆုံးဖြတ်ကြသည်။ တနည်းအားဖြင့် conservative နှင့် aggressive ဗျူဟာများပေါင်းစပ်နိုင်သည် ။
  • ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုစနစ်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်လျောညီထွေဖြစ်စေရန်အတွက် အရောင်းအဝယ်ပမာဏသည် မည်မျှရှိရမည်နည်း? အန္တရာယ်စီမံခန့်ခွဲမှုစည်းမျဉ်းများသည် သင်္ချာဆိုင်ရာဖြစ်နိုင်ခြေနှင့် တိုးတက်မှုအပေါ်အခြေခံသည်။ အရောင်းအ၀ယ်ပမာဏကိုပျမ်းမျှနှင့် လက်ရှိမတည်ငြိမ်မှု၊ အပ်ငွေပမာဏနှင့် အကျိုးဆော် မှ ကန့်သတ်ထားသည့် leverage ပမာဏကို လျှော့ချပေးသည့် မာဂျင်အပေါ် အခြေခံ၍တွက်ချက်သည်။
  • လက်ခံထားသော ဆုံးရှုံးနိုင်ချေအတိုင်းအတာမှာအဘယ်နည်း၊ သင်၏အရှုံးခံအမှတ်ကို မည်သည့်အဆင့်တွင်ထားသင့်သနည်း? အရောင်းအဝယ်အပမာဏ အပေါ်မူတည်၍ ပွိုင့် ၏တန်ဖိုးနှင့် ကုန်သည်သည် မတည်ငြိမ်မှုအခြေအနေကို ခန့်မှန်းပြီး အရှုံးခံအမှတ်ကို ဆုံးဖြတ်သည်။

ဆုံးရှုံးနိုင်ချေကိုသက်ရောက်စေသော ကုန်သွယ်မှုပုံစံတစ်ခု တည်ဆောက်ခြင်းအတွက် ထည့်သွင်းရမည့် ကန့်သတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်- အရောင်းအဝယ်ပမာဏ အတွက် lots နှင့် lot အမျိုးအစား၊၊ leverage၊ pip တန်ဖိုး၊ မတည်ငြိမ်မှု၊ spread level၊ အရောင်းအ၀ယ်တစ်ခုအတွက် ဆုံးရှုံးခံနိုင်မှု၊ အပ်ငွေနှင့်စပ်လျဉ်း၍ ဖွင့်ထားသော အရောင်းအဝယ်အားလုံး၏ စုစုပေါင်းဆုံးရှုံးနိုင်ချေ၊ အပ်ငွေပမာဏ၊ အမြတ်ပစ်မှတ်။

အကောင်းဆုံး lot size ကို ကိုယ်တိုင်တွက်ချက်ရန် ပုံစံ များနှင့် lot တန်ဖိုးဂဏန်းတွက်စက် အသုံးပြုခြင်း:

ကုန်သည်များ၏ ဂဏန်းတွက်စက်အားလုံးနီးပါးတွင် တူညီသောပြဿနာရှိပါသည်- ဤအချက်သည် ကုန်သွယ်မှုပမာဏကို စီစဉ်ရာတွင် အတိအကျဖြစ်သော်လည်း ၎င်းသည်ဆုံးရှုံးနိုင်ချေအဆင့်နှင့် စပ်လျဉ်းသည့် lot ပမာဏ ကို တွက်ချက်၍မရပါ။ ဆုံးရှုံးနိုင်ချေအဆင့်နှင့် ပတ်သက်သော lot ကို တွက်ချက်ရန်အတွက် အောက်ပါဖော်မြူလာကို အသုံးပြုရန် ကျွန်ုပ်အကြံပြုအပ်ပါသည်။

Lot volume = (% risk * deposit) / A * (Price 1 - Price 2)

% Risk သည် ကုန်သွယ်မှုအတွက် ကုန်သည်မှအသုံးပြုရန် ဆန္ဒရှိသည့်အပ်ငွေပမာဏ (အထက်တွင် ဖော်ပြခဲ့သည့် လူသိများသည့် 5% စည်းမျဉ်း) ဖြစ်သည်။ A သည် မြှောက်ဖော်ကိန်းဖြစ်ပြီး အဝယ်အနေအထားအတွက် 1 နှင့် အရောင်းအနေအထားအတွက် -1 နှင့်ညီမျှသည်။ စျေးနှုန်း 1 နှင့် စျေးနှုန်း 2 - အဖွင့်စျေးနှုန်းနှင့် အရှုံးခံဈေးတန်း။ ဤအခြေအနေတွင် အရှုံးခံဈေးတန်းသည် အထက်တွင်ဖော်ပြထားသည့် ပျမ်းမျှ (သို့မဟုတ်) မတည်ငြိမ်မှုအမြင့်ဆုံးအတွက် ရွေးချယ်စရာများထဲမှ တစ်ခုဖြစ်သည်။

Forex တွင် lot size ကို ဆုံးဖြတ်သည့်အရာ

ငွေကြေးအတွဲများတွင် standard lot size သည် ကိန်းသေတန်ဖိုးဖြစ်ပြီး အခြေခံယူနစ် 100,000 ဖြစ်သည်။ သို့သော်၊ အရောင်းအ၀ယ်များကို ထိန်းသိမ်းရန် အကျိုးဆောင်မှ မာဂျင်အဖြစ် ကန့်သတ်ထားသော ငွေပမာဏသည် မတူညီပါ။ ၎င်းသည် ပိုင်ဆိုင်မှုတန်ဖိုးနှင့် ဖွင့်လှစ်ထားသည့် အရောင်းအဝယ်၏ အရွယ်အစားပေါ်တွင် မူတည်သည်။ အရောင်းအ၀ယ်နှစ်ခုကို 1 lot အသီးသီးဖြင့် ဝင်နိုင်ပြီး မတူညီသောငွေများကို ကန့်သတ်သွားမည်ဖြစ်သည်။ ပိုင်ဆိုင်မှုစျေးနှုန်း မြင့်လေ ပိုမိုသိသာထင်ရှားသော ပေါင်းလဒ်ကို မာဂျင် တစ်ခုအဖြစ်ယူလေ ဖြစ်ပြီး ကုန်သွယ်မှုတစ်ခုအတွက် ဆုံးရှုံးနိုင်ချေသည် မြင့်မားလေဖြစ်သည်။

အောက်ပါအချက်များပေါ်မူတည်၍ lot size များကို ရွေးချယ်သင့်သည်-

  • ပိုင်ဆိုင်မှု၏မတည်ငြိမ်မှုနှင့် ချဉ်းကပ်မှုနည်းလမ်း (အရှုံးခံအမှတ်)။
  • ကုန်သည်များမှ ကိုယ်တိုင်ဆုံးဖြတ်သည့် အရောင်းအ၀ယ်အားလုံးအတွက် လက်ခံနိုင်သော ဆုံးရှုံးမှုအဆင့်။
  • အပ်ငွေပမာဏ။
  • Leverage (တွက်ချက်နည်းအပေါ်မူတည်၍)။

Lot size ပေါ်မူတည်၍ Equity မည်ကဲ့သို့ပြောင်းလဲသနည်း

Forex စျေးကွက်ရှိ equity ဆိုသည်မှာ ကုန်သွယ်မှုအတွက် ရရှိနိုင်သော ကုန်သည်တစ်ဦး၏ အကောင့်တွင်ရှိနေသည့် ရင်းနှီးငွေအလွတ်များ ဖြစ်သည်။ဖွင့်လှစ်ထားသော အရောင်းအဝယ် များ ကို ဆက်လက်ထိန်းသိမ်းထားရန် အသုံးပြုသည့် မာဂျင်များနှင့် လက်ရှိအမြတ် သို့မဟုတ် အရှုံးပမာဏတို့ကြောင့် ကုန်သွယ်မှုလုပ်ငန်းစဉ်အတွင်း အဆိုပါ ရင်းနှီးငွေအလွတ်ပမာဏသည် ပြောင်းလဲသွားသည်။ EURUSD အတွဲအတွက် pip တန်ဖိုးကို 0.0001 * 100,000 * ကုန်သွယ်မှုပမာဏ အား ဖော်မြူလာအရတွက်ချက်သည် ကို သတိပြုပါ။ Pip တန်ဖိုးတိုးလာခြင်းသည် အလားအလာရှိသော အမြတ် (သို့မဟုတ်) ဆုံးရှုံးမှုတိုးလာခြင်းကို ဆိုလိုသည်။ အနိမ့်ဆုံး lot size ဖြင့်ဆိုလျှင် equity သည် ဖြည်းဖြည်းနှင့်မှန်မှန် ပြောင်းလဲသည်။ အကယ်၍အရောင်းအဝယ် ပမာဏကို တိုးမြှင့်ပါက equity သည် မြန်မြန်နှင့် သိသိသာသာ တိုးလာခြင်း (သို့မဟုတ်) ကျဆင်းခြင်း ဖြစ်စေသည်။

  • ဥပမာ။ အပ်ငွေ 200,000 USD နှင့် 1:1 leverage ပါရှိသော ဒီမိုအကောင့်တစ်ခုတွင် EURUSD အရောင်းအဝယ်နှစ်ခုဖွင့်လိုက်သည်။ တစ်ခုသည် 0.01 lot နှင့် အခြားအရောင်းအဝယ်ကို မိနစ်အနည်းငယ်အကြာတွင် 1 lot ဖြင့်ဖွင့်သည်။

LiteFinance: Lot size ပေါ်မူတည်၍ Equity မည်ကဲ့သို့ပြောင်းလဲသနည်း

The margin is a little more than 1000 USD. There is a small profit of 1.07 USD (after we deduct the spread) from the first minutes. Next, I open the second position of 1 lot.

LiteFinance: Lot size ပေါ်မူတည်၍ Equity မည်ကဲ့သို့ပြောင်းလဲသနည်း

မာဂျင် (အသုံးပြုထားသော ပိုင်ဆိုင်မှု) သိသိသာသာတိုးလာပြီး မာဂျင် level လျော့ကျသွားသည်။ ထိုကဲ့သို့ ပညာမဲ့နည်းဗျူဟာကြောင့် ကုန်သွယ်မှုများအားလုံး ရပ်တန့်သွားနိုင်သည်။ Cents အနည်းငယ် ဆုံးရှုံးခြင်းမှ ဒေါ်လာ ဆုံးရှုံးခြင်းသို့ ပြောင်းလဲသွားသည်။

ကျွန်ုပ် အနေဖြင့် အရောင်းအ၀ယ်မှ ထွက်လိုက်သည်။ ကျွန်ုပ်သည် MT4 တွင် Account History ကိုဖွင့်ပြီး ၎င်းပေါ်တွင် right-click နှိပ်၍ Save as a detailed account ကို ရွေးချယ်လိုက်သည်။

LiteFinance: Lot size ပေါ်မူတည်၍ Equity မည်ကဲ့သို့ပြောင်းလဲသနည်း

အထက်ပါပုံသည် Balance ပြောင်းလဲမှု ဖြစ်သည်။ 0.01 ဖြင့် ပထမဆုံးကုန်သွယ်မှုကို ဝင်ရောက်ပြီးနောက်၊ အမြတ်အစွန်းအနည်းငယ်ရခဲ့သည်။ ၎င်းသည်ဇယားရှိ အပြာရောင်မျဉ်း၏ အတိုဆုံး အပိုင်းဖြစ်ပြီး အထက်သို့ ဦးတည်ထားသည်။ ထို့နောက် 1.0 lot အရောင်းအဝယ်မှာ ဆန့်ကျင်ဘက်အနေအထား ဖြစ်ခဲ့သည်။ Equity တန်ဖိုးသိသိသာသာ ကျဆင်းလာခြင်းဖြင့် လက်ငင်းဆုံးရှုံးမှုကိုပြသထားသည်။

MT4 နှင့် MT5 တွင် lot size ကို မည်သို့သတ်မှတ်ရမည်နည်း။

MT4 and MT5 တွင် အော်ဒါအသစ်တခုဖွင့်သောအခါ၊ မူရင်းသတ်မှတ်ပေးထားသော lot အရွယ်အစားသည် 1.0 ဖြစ်ပါသည်။ စက္ကန့်ပိုင်းများမျှမြန်ဆန်သော အချိန်အတွင်း၊ ကုန်သွယ်မှုပမာဏကို ဆက်တိုက်ပြောင်းလဲရန် မဖြစ်နိုင်ပါ။ အကယ်၍ လူကြီးမင်းသည် ကုန်သွယ်မှုများအား တူညီသောပမာဏဖြင့် အမြဲတစေဖွင့်လှစ်လေ့ရှိပါက၊ ကုန်သွယ်မှုပမာဏကို အောက်ပါအတိုင်း သတ်မှတ်ပေးနိုင်ပါသည် -

MT4: Tools — Options — Trade — Set by default.

LiteFinance: MT4 နှင့် MT5 တွင် lot size ကို မည်သို့သတ်မှတ်ရမည်နည်း။

MT5: Tools — Options — Trade — Set by default.

LiteFinance: MT4 နှင့် MT5 တွင် lot size ကို မည်သို့သတ်မှတ်ရမည်နည်း။

Expert Advisors များတွင်၊ ကနဦး lot အရွယ်အစားကို Lots အတိုင်းအတာတွင် သတ်မှတ်ထားပါသည်။ UseMoneyManagement အတိုင်းအတာကို ဖွင့်ထားခြင်းအားဖြင့်လည်း အလိုအလျောက်ကုန်သွယ်မှုအရွယ်အစားတွက်ချက်စက်၏စနစ်ကို အသုံးပြုနိုင်ပါသည်။ စွန့်စားမှုတွက်ချက်စက်ဖြင့် စွန့်စားမှုအတိုင်းအတာကို သတ်မှတ်သင့်ပြီး၊ အများဆုံး lot အရွယ်အစားကိုလည်း သတ်မှတ်ထားသင့်ပါသည်။

တခြားဈေးကွက်များတွင် lot ဆိုသည်မှာ အဘယ်နည်း?

မည်သည့်ဈေးကွက်မှာမဆို lot ဆိုသည်မှာ စာချုပ်တစ်ခုဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ 1 lot တွင်ပါဝင်သည့် ပိုင်ဆိုင်မှု၏ အရေအတွက် နှင့် အတိုင်းအတာဖြစ်သည်။ ငွေကြေးအတွဲများအတွက် lot သည် အခြေခံငွေကြေးယူနစ်ဖြစ်သည်၊ ရွှေအတွက်ဆိုလျှင် ထရွိုင်အောင်စ၊ ရေနံ-အတွက်ဆိုလျှင် စည် ဖြစ်သည် ။ စတော့အညွှန်းကိန်းများအတွက်၊ 1 lot သည် ရှယ်ယာတစ်စောင်၏စျေးနှုန်းဖြစ်သည်။

ရေနံ 1 lot

ကုန်စည်ဈေးကွက်တွင် lot size တွက်ချက်ပုံသည် ဆင်တူသည်။ ဤအဆင့်များအတိုင်း လိုက်နာပါ-

အဆင့် ၁။ ကုန်သွယ်ရေးပစ္စည်းအတွက် စာချုပ်အရွယ်အစားကိုကြည့်ရှုရန် specification ကိုဖွင့်ပါ။ သင်သည်အောက်ပါနည်းလမ်းများဖြင့် လုပ်ဆောင်နိုင်သည်-

  • ဒီလင့်ကနေတဆင့် LiteFinance ဝဘ်ဆိုက်ရှိ စာချုပ်သတ်မှတ်ချက်ကိုဖွင့်ပါ။
  • MT4 တွင် contract specification ကိုဖွင့်ပါ။ ပထမဦးစွာ Market Watch တွင် ကုန်သွယ်ရေးပစ္စည်းကိုထည့်ပါ (View/Symbols/Oil၊ UkBrent ထည့်ပါ)။ ထို့နောက် toolbar ရှိ "Market Watch" သင်္ကေတကို ရှာပါ၊ UkBrent ပေါ်တွင် right-click နှိပ်ပြီး contract specification ကိုခေါ်ပါ။

LiteFinance: ရေနံ 1 lot

LiteFinance ဝဘ်ဆိုက် (သို့မဟုတ်) MT4 တွင် စာချုပ်အရွယ်အစား သတ်မှတ်ချက်သည် 10 ဟုဖော်ပြထားသည်။

အဆင့် ၂။ ကျွန်ုပ်တို့သည် 1 standard lot ၏ကုန်သွယ်မှုတစ်ခုသို့ဝင်ရောက်ရန် လိုအပ်သောပမာဏကို တွက်ချက်ပါသည်။ ရေနံဈေးသည် တစ်စည်ကို $41 ဖြစ်သည်။ သတ်မှတ်ချက်တွင်ရှိသော စာချုပ်အရွယ်အစားတွင် 1 lot သည် ရေနံ 10 စည်နှင့်ညီသည်။ ဆိုလိုသည်မှာ 41*10 = 410 ဖြစ်သည်။ ထို့ကြောင့် 1 lot အရောင်းအဝယ် ကိုဖွင့်ရန် 410 USD လိုအပ်မည်ဖြစ်သည်။

မှတ်ချက်! LiteFinance တာမင်နယ် တွင် 1 lot အရောင်းအဝယ်ကိုဖွင့်ပါက 41 USD အစား 410 USD လိုအပ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ တစ်စည်၏စျေးနှုန်းဖြစ်သည်။

LiteFinance: ရေနံ 1 lot

အကြောင်းပြချက်။ MT4 သတ်မှတ်ချက်တွင် Margin Percentage line တစ်ခုတန်ဖိုးသည် 10% ဖြစ်သည်။ ၎င်းသည်မတူညီသော ပိုင်ဆိုင်မှုများအတွက် ကွဲပြားသည်။ ဤအခြေအနေတွင် မာဂျင် ရာခိုင်နှုန်းသည် leverage နှင့်ဆင်တူ၍ 10% နှင့်ညီမျှသည်။ တစ်နည်းဆိုရသော် leverage ကိုအသုံးပြု၍ အရောင်းအဝယ်လုပ်သောအခါ lot size ထက် ဆယ်ဆနည်းသော 1:10 leverage ဖြင့်ဖွင့်ထားသည့် အရောင်းအဝယ်တစ်ခုဖြစ်သည်။

အရေးကြီးသောနေရာ- သင်သည် အကောင့်အတွက်မည်သည့် leverage ကို သတ်မှတ်ထားပါစေ (1:1 သို့မဟုတ် 1:100) ရေနံ၊ သတ္တုများ နှင့် စတော့များပေါ်ရှိ CFDs ၏ အရောင်းအဝယ် သည် Margin Percentage Line ရှိ သတ်မှတ်ချက်တွင် ဖော်ပြထားသော leverage အရ အရောင်းအဝယ် ဖြစ်မည်ဖြစ်သည်။ မာဂျင်ရာခိုင်နှုန်းနှင့် leverage ကို အသုံးပြု၍ Forex ရောင်းဝယ်မှုအကြောင်း အား အောက်ပါဆောင်းပါး ကုန်သွယ်မှုမှာ Leverage ဆိုတာ ဘာလဲ? ယခုမှစတင်လေ့လာမည့်သူများအတွက် အကောင်းဆုံးလမ်းညွှန်ချက်များ တွင် ပိုမိုဖတ်ရှုနိုင်ပါသည်။

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

ရွေ 1 lot

XAU 1 standard lot ကို ရေနံ 1 lot ကဲ့သို့တွက်ချက်သည်။ စာချုပ်၏အရွယ်အစားမှာ 100 ထရွိုင်အောင်စ ဖြစ်ကြောင်း သတ်မှတ်ချက်တွင်ဖော်ပြထားသည်။ အကယ်၍ XAUUSD တစ်အောင်စ၏ကုန်ကျစရိတ်သည် $1902 ဖြစ်ပါက၊ ကုန်သည်သည် ရွှေ 1 standard lot ကိုဝယ်ရန်အတွက် 1902 * 100 = $19,029 လိုအပ်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သတ်မှတ်ချက်များရှိ Margin Percentage ကို ပြန်လည်ကြည့်ရှုမည်။ မာဂျင်ရာခိုင်နှုန်းသည် 1% ဖြစ်ပြီး 1:100 leverage နှင့်ကိုက်ညီပါသည်။ ဆိုလိုသည်မှာ 1 standard lot (100 အောင်စ) အရောင်းအဝယ်တစ်ခုကို 1 အောင်စ စျေးနှုန်း ၌ ဖွင့်နိုင်သည်။

မှတ်ချက်! မာဂျင် ရာခိုင်နှုန်းသည် သင့်အပ်ငွေ ပမာဏထက်ပိုများသော အရောင်းအဝယ်ကို ဖွင့်ခွင့်ပြုသော်လည်း ပွိုင့်စျေးနှုန်းသည် မြင့်မားမည်ဖြစ်သည်။

Lot နှင့် စတော့အညွှန်းကိန်းများ

ကုန်သွယ်ရေးအကျိုးဆောင်များသည် စတော့ CFD စာချုပ်အရွယ်အစားကိုသတ်မှတ်ရာတွင် မတူညီသောနည်းလမ်းများရှိသည်။ LiteFinance ကုန်သွယ်မှုပလပ်ဖောင်းပေါ်တွင် အညွှန်းကိန်းများအားလုံးအတွက် standard lot အပြည့် ၏ အရွယ်အစားသည် စာချုပ်တစ်ခုနှင့်သက်ဆိုင်သည်။ သို့သော် lot ရဲ့တန်ဖိုးကိုတွက်ချက်သည့်အခါ စာချုပ်၏ မာဂျင်ရာခိုင်နှုန်းနဲ့ ငွေကြေး၊ အရွယ်အစားနဲ့ ဈေးနှုန်းအမှတ် ၏တန်ဖိုးကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။

ဥပမာ-

LiteFinance: Lot နှင့် စတော့အညွှန်းကိန်းများ

MT4 သတ်မှတ်ချက်သည် leverage 1:100: tick အရွယ်အစား 0.1: tick တန်ဖိုး 0 နှင့်သက်ဆိုင်သည့် မာဂျင်ရာခိုင်နှုန်း 1 % ကိုဖော်ပြသည်။ LiteFinance ဝဘ်ဆိုက်ရှိတွေ့မြင်ရသော သတ်မှတ်ချက်တွင် စာချုပ်ငွေကြေးမှာ GBP ဖြစ်ပြီး လက်ရှိ GBPUSD နှုန်းသည် 1.29492 ဖြစ်သည်။ 1 full standard lot ၏ကုန်ကျစရိတ်သည် 1.29492 * 5576.2 * 0.1 / 100 = 7.22 USD ဖြစ်သည်။ ဤသည်မှာ အကျိုးဆောင် မှ ကန့်သတ်မည့် မာဂျင်ပမာဏဖြစ်သည်။

1 Lot တွင် ရှယ်ယာမည်မျှရှိသနည်း

1 lot တွင်ပါဝင်သော အစုရှယ်ယာအရေအတွက်သည် သင် ရောင်းဝယ်သည့် အိတ်စ်ချိန်း (သို့မဟုတ်) ကုန်သွယ်ရေးအကျိုးဆောင် အပေါ် မူတည်ပါသည်။ စတော့ဈေးကွက်တွင် 1 lot size သည် 1 share (သို့မဟုတ်) 1000 နှစ်မျိုးလုံးရှိနိုင်သည်။ LiteFinance တွင် 1 lot သည် 1 share နှင့်ညီမျှသည်။

အိတ်စ်ချိန်းတွင် 1 lot ဆိုသည်မှာအဘယ်နည်း။

ရှယ်ယာများ၏စျေးနှုန်းသည် cents အနည်းငယ်မှ US ဒေါ်လာထောင်ပေါင်းများစွာ အထိ ရှိနိုင်သောကြောင့် ဤနေရာတွင် lot ၏အသုံးအနှုန်းကိုချဉ်းကပ်ပုံသည် ကွဲပြားပါသည်။ ကိစ္စအများစုတွင် NYSE နှင့် NASDAQ တို့၏တန်ဖိုးကို "1 lot = 100 shares" အဖြစ် သတ်မှတ်ပြီး 1 lot ကို ခွဲပြီး ဝယ်ရန်မဖြစ်နိုင်သလောက်ဖြစ်သည်။

Forex ကုန်သွယ်ရေးအကျိုးဆောင် မှ တဆင့်ရင်းနှီးမြှုပ်နှံရန် ပိုမိုလွယ်ကူသည်။ အကျိုးဆောင် နှင့် အရောင်းအဝယ်လုပ်ခြင်းဖြင့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများနှင့် စတော့ညွှန်းကိန်းများ၏ ငွေချေးစာချုပ်များတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ပါသည်။ စတော့ရှယ်ယာ ရင်းနှီးမြုပ်နှံခြင်းနှင့် နှိုင်းယှဉ်လျှင် အားသာချက်များစွာရှိသည်

  • စာချုပ်အရွယ်အစား သေးငယ်သည်။ ရှယ်ယာအသီးသီးအတွက် standard lot တစ်ခု၏ ပမာဏသည် ရှယ်ယာတစ်ခုနှင့်ညီမျှသည်။ အရောင်းအ၀ယ်တစ်ခုဖွင့်ရန် အပ်ငွေ အနည်းငယ်ဖြင့် လုံလောက်သည်။ စတော့အိတ်ချိန်းတွင်မူ အနိမ့်ဆုံးကုန်သွယ်မှု ပမာဏသည် USD 1,000 နှင့် အထက်ဖြစ်သည်။
  • ကြီးမားသော leverage။
  • အရောင်း အနေအထားများ ဖွင့်နိုင်သည်။
  • အိတ်စ်ချိန်းတွင် ရှယ်ယာ 1 ခုထက်နည်းသော ပမာဏ ကိုမဝယ်နိုင်ပါ။ အကျိုးဆောင် သည် စတော့ရှယ်ယာ CFDs များရောင်းဝယ်မှုကို ခွင့်ပြုခြင်းဖြင့် lot မျာကိုခွဲခြမ်းနိုင်စေသည်။

ကုန်သွယ်ရေးအကျိုးဆောင် ကုန်သွယ်မှုပလပ်ဖောင်း၏ လုပ်ဆောင်ချက်များကို ဒီမှာ အခမဲ့လေ့လာနိုင်သည်။ မိနစ်အနည်းငယ်အချိန်ပေး၍ မှတ်ပုံတင်ခြင်း ပြုလုပ်ပြီးနောက် သင်သည် ဒီမိုအကောင့်တစ်ခုဖွင့်ပြီး မည်သည့်ဈေးကွက်တွင်မဆို အရောင်းအ၀ယ်ပြုလုပ်နိုင်သည်။ လေ့လာကြည့်ပါ။ ၎င်းသည်လွယ်ကူပြီး စိတ်လှုပ်ရှားစရာဖြစ်သည်။

မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။

ဒီမိုအကောင့်သို့ သွားမည်

နိဂုံးချုပ်

ဆုံးရှုံးနိုင်ချေအဆင့်ကိုအကဲဖြတ်ခြင်းနှင့် အများဆုံး လက်ခံနိုင်သည့် lot ပမာဏကို တွက်ချက်ခြင်းသည် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုစနစ်၏ အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်သည်။ သွေဖည်မှုများ(Deviations)ကို လက်ခံနိုင်သည်။ မတည်ငြိမ်သောစျေးကွက်များတွင် ကုန်သွယ်မှုအသစ်တစ်ခုစီအတွက် အန္တရာယ်ဖြစ်နိုင်ခြေအဆင့်ကိုလျှော့ချရန် အဓိပ္ပာယ်ရှိသော်လည်း တစ်ချိန်တည်းတွင် အရှုံးခံအမှတ်၏ ကြာချိန်ကိုတိုးစေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဈေးနှုန်းအားကောင်းသောစျေးကွက်များတွင် ကာလတိုအတွက် ရပ်တံ့သည့် အချက်ပြမှုများကို ထည့်သွင်းရန်နှင့် အရောင်းအဝယ်တိုးမြှင့်ခြင်းနည်းလမ်းကို အသုံးပြုခြင်းသည် အဓိပ္ပာယ်ရှိစေသည်။ သင်သည်ကုန်သွယ်မှုမစတင်မှီ သင့်အနေဖြင့် အနည်းဆုံး၊ ပျမ်းမျှနှင့် အများဆုံး ဖြစ်နိုင်သော အရှုံးခံအမှတ်၏ အကွာအဝေးကို အတိတ် အချက်အလက်အရ ( အမျိုးအစားတစ်ခုစီအတွက် သီးသန့်စီ ) တွက်ချက်သင့်သည်။ စျေးကွက်အခြေအနေများ ပြောင်းလဲလာသောအခါတွင် ထည့်သွင်းရမည့်ဒေတာကို လျင်မြန်စွာပြောင်းလဲနိုင်ပြီး ကုန်သွယ်မှုပမာဏကို ချိန်ညှိနိုင်စေမည့် မော်ဒယ်တစ်ခုကို ပြင်ဆင်ထားနိုင်သည်။ သင့်တွင်မေးခွန်းများရှိပါက comment တွင်မေးပါ။ သင်၏ ကုန်သွယ်မှုကံကောင်းပါစေ။

အမေးများသော မေးခွန်းများ

  1. ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုဆိုင်ရာ အထွေထွေစည်းမျဉ်းများကို လိုက်နာပါ-
    • ကုန်သွယ်မှုပမာဏသည် အပ်ငွေပမာဏ၏ 2% - 5% ထက် မပိုသင့်ပါ။ ၎င်းသည် မာဂျင်ပမာဏအဖြစ် အကျိုးဆောင်မှကန့်သတ်ထားသော ငွေပမာဏနှင့်ပတ်သက်သည်။
    • စုစုပေါင်းဆုံးရှုံးနိုင်ချေသည် အပ်ငွေ၏ 10-15% ထက်မပိုသင့်ပါ။ ဆုံးရှုံးနိုင်ချေ ဆိုသည်မှာ ဖြစ်နိုင်ချေအများဆုံး ဆုံးရှုံးမှုဖြစ်သည်။ ၎င်းသည် stop loss ၏ အရွယ်အစားနှင့် pip တန်ဖိုးပေါ်တွင်မူတည်သည်။ ဥပမာအားဖြင့် $100 အပ်ငွေနှင့် 1 pip တန်ဖိုး $1 ဖြင့် အမြင့်ဆုံး ရပ်တံ့ရမည့် အကွာအဝေး သည် 10-15 pip ဖြစ်သည်။
  2. ပျမ်းမျှတန်ဖိုးနှင့်နှိုင်းယှဉ်ကာ လက်ရှိမတည်ငြိမ်မှုအဆင့်ကို အကဲဖြတ်ပါ။ မတည်ငြိမ်မှုများ တိုးလာသောအခါ အရောင်းအ၀ယ်ပမာဏကိုလျှော့ချပါ။
  3. ကုန်သွယ်မှုဗျူဟာအမျိုးအစားနှင့် ဖြစ်တက်သည့် ခန့်မှန်းချက်အမှားကိုအာရုံစိုက်ပါ။

အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ

  1. သတ်မှတ်ချက်တွင် စာချုပ်အရွယ်အစားကို ကြည့်ပါ။
  2. အောက်ပါဖော်မြူလာအရ contract size ပမာဏကိုတွက်ချက်ပါ-
    • သွယ်ဝိုက်ကိုးကားချက်များနှင့် CFDs အတွက်- စာချုပ်အရွယ်အစား * အခြေခံငွေကြေး စျေးနှုန်း။
    • တိုက်ရိုက်ကိုးကားချက်များအတွက်- lot သည် စာချုပ်အရွယ်အစားနှင့် ညီမျှသည်။
    • Cross rates များအတွက် - စာချုပ်အရွယ်အစား * ပိုင်ဆိုင်မှုစျေးနှုန်း / ကိုးကားထားသော ငွေကြေးစျေးနှုန်းမှ USD ငွေကြေး ။

သက်ဆိုင်ရာ ငွေကြေးအရောင်းအဝယ်အတွက် Lot တွက်ချက်မှုဖော်မြူလာများသည် ကုန်သွယ်မှုတစ်ခုသို့ဝင်ရောက်သည့်အခါ အမှန်တကယ် lot တန်ဖိုးကို လျှော့ချပေးသည့် leverage နှင့် မာဂျင် အရွယ်အစားကို မစဉ်းစားပါ။

One full lot တွင်အခြေခံယူနစ်အရေအတွက်သည် lot အမျိုးအစားပေါ်မူတည်သည်-

  • Standard lot - 100,000 အခြေခံယူနစ်။
  • Mini lot - 10,000 အခြေခံယူနစ်။
  • Micro lot - 1,000 အခြေခံယူနစ်။
  • Nano lot - 100 အခြေခံယူနစ်။

ဥပမာအားဖြင့် EURUSD ငွေလဲနှုန်းသည် 1.2 ဖြစ်ပါက 1 full micro lot သည် 1000 EUR ဖြစ်မည်ဖြစ်ပြီး 1200 USD လိုအပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် 1 nano lot တစ်ခုလုံးသည် 100 EUR ဖြစ်မည် ဖြစ်ပြီး၊ 1 standard lot သည် 100,000 EUR ဖြစ်သည်။



Forex တွင်1 standard lot ၏တန်ဖိုး ဥပမာ-
  • 1 lot တွင် EURUSD = 100 000 EUR
  • 1 lot USDJPY = 100 000 USD
  • 1 lot NZDCAD = 100 000 NZD

ဆိုလိုသည်မှာ သင်သည် 1 lot ထက်နှစ်ဆတိုးသည့် ပမာဏ ဖြင့်ကုန်သွယ်မှုတစ်ခုထဲသို့ ဝင်သည်ဟု ဆိုလိုသည်။

ဥပမာ-

  1. NZDCAD micro lot. 1 micro lot ဆိုသည်မှာ 1000 NZD ၏ ကုန်သွယ်မှုပမာဏကို ဆိုလိုသည်။ အဝယ်ကုန်သွယ်မှု 1 lot လုပ်ဆောင်ခြင်းသည် 1000 NZD ကိုဝယ်ယူခြင်းဖြစ်သည်။ 2 micro lots - သည်ကုန်သွယ်မှုပမာဏ 2000 NZD ဖြစ်သည်။
  2. EURUSD standard lot. 1 lot ဆိုသည်မှာ 100,000 EUR ပမာဏရှိသော ကုန်သွယ်မှုကို ဆိုလိုသည်။ သင်အဝယ်အနေအထားကိုဖွင့်သောအခါ 100 000 EUR ကိုဝယ်ယူသည်။ 2 lots ၏ အရောင်းအဝယ် ပမာဏသည် 200,000 EUR ကိုဝယ်သည်ဟု ဆိုလိုသည်။
  3. Brent/USD standard lot. 1 lot သည် 10 စည် ကုန်သွယ်မှုကို ဆိုလိုပြီး 2 lots သည် 20 စည်ကို ဆိုလိုသည်။

၎င်းသည် ပိုင်ဆိုင်မှုတန်ဖိုး၊ leverage နှင့် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုဗျူဟာတို့အပေါ် မူတည်သည်။ ဥပမာ:

  • FTSE Index။ 1 lot ၏စျေးနှုန်းသည် 7.2 USD ဖြစ်သည်။ ကုန်သွယ်မှုတစ်ခုလျှင် 5% ဆုံးရှုံးနိုင်ချေသတ်မှတ်လျှင် အရောင်းအဝယ်ကို 10 USD ဖွင့်သင့်သည်။ ထို့ကြောင့်၊ ခွင့်ပြုထားသော အရောင်းအဝယ်ပမာဏသည် 1 standard lot ဖြစ်သည်။ (Indices များတွင်၊ lot ခွဲခြင်းကို ခွင့်မပြုပါ)
  • UKBrent. တစ်စည်ကို $37.11 အတွက် 0.1 lot ၏ကုန်ကျစရိတ်သည် $3.71 ဖြစ်သည်။ $11.15 အတွက် 0.3 lots ဖြင့် ကုန်သွယ်မှုတစ်ခု ဖွင့်နိုင်သည်။
  • EURUSD. Leverage 1:100 ဖြင့်၊ 0.01 standard lot တစ်ခု၏ ကုန်ကျစရိတ်သည် $11 ကျော်သာရှိမည်ဖြစ်သည်။ ၎င်းသည် အကောင်းဆုံးပမာဏဖြစ်သည်။
  • XAGUSD. အနိမ့်ဆုံး lot size 0.01 ၏စျေးနှုန်းသည် 11.6 USD ဖြစ်သည်။ ဤသည်မှာ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုမူဝါဒနှင့်အညီ ဖြစ်သည်။

Forex တွင် အကောင်းဆုံး သို့မဟုတ် အဆိုးဆုံး lot ဟူ၍ မရှိနိုင်ပါ။ သင့်လျော်သော lot size သည် အောက်ပါတို့အပေါ် မူတည်ပါသည်။

  • အပ်ငွေပမာဏ။
  • ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုစည်းမျဉ်းများနှင့် လက်ခံနိုင်သော ဆုံးရှုံးမှု။
  • Trading conditions for the account (a standard lot, mini, micro lot, cent accounts).
  • အကောင့်အတွက် ကုန်သွယ်မှုအခြေအနေကန့်သတ်ချက်များ (a standard lot, mini, micro lot, cent accounts).
  • ပစ်မှတ် အမြတ်အစွန်းများ။ Lot အရွယ်အစားကြီးလေ၊ အမြတ်အလားအလာ ပိုများလေဖြစ်သည်။ သို့ရာတွင်၊ ဤအခြေအနေတွင် pip တန်ဖိုးသည် တိုးလာမည်ဖြစ်၍ ဆုံးရှုံးနိုင်ချေမှာ ပိုများလိမ့်မည်။
  • ကုန်သွယ်ရေးအမျိုးအစားနှင့် ကန့်သတ်ချက်များကို စာချုပ် သတ်မှတ်ချက်တွင် ဖော်ပြပေးထားသည်။

အကောင်းဆုံး အရောင်းအ၀ယ်ပမာဏသည် စျေးကွက်အခြေအနေပေါ်တွင်လည်း မူတည်သည်- မတည်ငြိမ်မှု၊ နိုင်ငံရေး/စီးပွားရေးဆိုင်ရာ သတင်းများ။ Forex မှာ အကောင်းဆုံး lot size ဘယ်လောက်လဲ ဆိုသည်ကို သင်ကိုယ်တိုင်သာ ဆုံးဖြတ်နိုင်ပါသည်။

ဤသည်မှာ အပ်ငွေ၏ငွေကြေးအမျိုးအစားဖြင့် သင် ဝယ်/ရောင်း ပြုလုပ်သည့် ပိုင်ဆိုင်မှု၏ ပမာဏ ဖြစ်သည်။ ဥပမာအားဖြင့်:

  • 1.3056 နှုန်းဖြင့် GBPUSD 1 standard lot ဆိုသည်မှာ 130,560 USD ဖြင့် သင်သည် 100,000 GBP (GBP သည် အခြေခံငွေကြေး) ကို ဝယ်ယူသည်ဟု ဆိုလိုသည်။ သို့မဟုတ် 1 lot ရောင်းချသောအခါတွင် USD ဖြင့် သက်ဆိုင်သောပမာဏကို ရရှိမည်ဖြစ်သည်။
  • 1.3056 နှုန်းဖြင့် 1 GBPUSD mini lot ဆိုလိုသည်မှာ သင်သည် 10,000 GBP ကို ​​13,056 USD ဖြင့် ဝယ်ယူခြင်းဖြစ်သည်။
  • $41 နှုန်း ဖြင့် Brent/USD 1 standard lot ဆိုသည်မှာ ရေနံ 10 စည် ကို $410 ဖြင့် ဝယ်ယူခြင်းဖြစ်သည်။
  • 1 အောင်စ ကို $1902 နှုန်းဖြင့် XAUUSD 1 standard lot ဆိုသည်မှာ 100 အောင်စကို $190,200 ဖြင့် ဝယ်ယူခြင်းဖြစ်သည်။

အရောင်းအဝယ်ပြုလုပ်နိုင်သည့် အများဆုံး နှင့် အနည်းဆုံး lots ပမာဏများကို ကုန်သွယ်ရေး အကျိုးဆောင်၏ ကုန်သွယ်မှုအခြေအနေကန့်သတ်ချက်များအရ MT4 ရှိ အသေးစိတ်ဖော်ပြချက်မျာ၊ ကုန်သွယ်ရေးအကောင့်အခြေအနေကန့်သတ်ချက်များ သို့မဟုတ် ကမ်းလှမ်းချက်များတွင် တွေ့ရှိနိုင်သည်။ ဥပမာ၊ ငွေကြေးအတွဲများအတွက်၊ အနိမ့်ဆုံးပမာဏမှာ 0.01 ဖြစ်ပြီး အမြင့်ဆုံးသည် 100 ဖြစ်သည်။ ရေနံ CFD များအတွက်၊ အနိမ့်ဆုံးပမာဏမှာ 0.1 ဖြစ်ပြီး အမြင့်ဆုံးမှာ 5 ဖြစ်သည်။ အကျိုးဆောင်၏ပံ့ပိုးကူညီမှုဝန်ဆောင်မှု သို့မဟုတ် ကုန်သွယ်ရေးလက်ဖောင်း မှ တဆင့် သက်ဆိုင်ရာကုန်သွယ်ရေးပစ္စည်းတစ်ခုအတွက် အနည်းဆုံးနှင့် အများဆုံး lot တန်ဖိုးများကို စစ်ဆေးပါ။

1 lot ၏တန်ဖိုးသည် ကန့်သတ်ချက်နှစ်ခုအပေါ် မူတည်သည်- Lot အမျိုးအစားနှင့် ပိုင်ဆိုင်မှုအမျိုးအစားတန်ဖိုး ဖြစ်သည်။ ဥပမာအားဖြင့်၊ ငွေကြေးများတွင် 1 standard lot သည် အခြေခံငွေကြေးယူနစ် 100,000 နှင့် ညီမျှသည်၊ 1 mini-lot သည် 10,000 ယူနစ်ဖြစ်ပြီး micro-lot သည် 1,000 ယူနစ်ဖြစ်သည်။

LiteFinance ကုန်သွယ်မှုအခြေအနေ ကန့်သတ်ချက်များ၌၊ 1 standard lot သည်-

  • ငွေကြေးများ - 100,000 ယူနစ်
  • ရေနံ - 10 စည်
  • ရွှေ - 100 ထရွိုင်အောင်စ
  • ငွေ - 5000 ထရွိုင်အောင်စ

Mini lot သည် standard lot တစ်ခု၏ 0.1 ဖြစ်သည်။ ဥပမာအားဖြင့် Brent ရေနံစိမ်း 1 lot ကုန်သွယ်မှုသည် 10 စည် ဖြစ်ပါက 1 mini lot သည် 1 စည် ကုန်သွယ်မှုနှင့် ကိုက်ညီပါသည်။ 0.1 mini lot သည် 0.01 standard lot သို့မဟုတ် 1 micro lot နှင့် ညီသည်။

1 standard lot = 10 စည်

1 mini lot = 0,1 standard lot = 1 စည်

1 micro lot = 0,01 standard lot =0,1 mini lot = 0.1 စည်

Micro lot တစ်ခုသည် 0.01 standard lots သို့မဟုတ် 0.1 mini lots ဖြစ်သည်။ ဥပမာအားဖြင့်၊ EURUSD ငွေလဲနှုန်းသည် 1.02 ဖြစ်ပါက၊ standard lot သည် အခြေခံယူနစ် 100,000 ဖြစ်မည်ဖြစ်ပြီး၊ micro lot တစ်ခုသည် အခြေခံယူနစ် 1,000 ဖြစ်သည်။ 1 micro lot နှင့် ကုန်သွယ်မှုတစ်ခုသည် ယူရို 1000 ကိုဝယ်ရန် $1,020 ကျသင့်မည်ဟု ဆိုလိုသည်။

1 standard lot = 100,000 EUR

1 mini lot = 0,1 standard lot = 10,000 EUR

1 micro lot = 0,01 standard lot =0,1 mini lot = 1,000 EUR

1 standard lot in USD = လက်ရှိဈေးကွက်ပေါက်ဈေး x 100,000

1 standard lot ၏ ညီမျှမှုမှာ-

  • ငွေကြေးများအတွက် - အခြေခံငွေကြေး ၏ 100,000 ယူနစ်( 1 EURUSD lot = 100,000 EUR)၊
  • ရေနံအတွက် — USD ဖြင့် 10 စည်စျေးနှုန်း၊
  • ရွှေအတွက် — USD ဖြင့် 100 ထရွိုင်အောင်စ စျေးနှုန်း၊
  • ငွေအတွက် - USD ဖြင့် 5000 ထရွိုင်အောင်စ စျေးနှုန်း၊
  • ရှယ်ယာအတွက် - USD ဖြင့် ရှယ်ယာ 1 ခု စျေးနှုန်း။


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

လက်တွေ့ဈေးကွက်အချိန်ရှိ EURUSD ၏စျေးနှုန်းဇယား

Lot size ဆိုတာ ဘာလဲ၊ Forex ၌ lot အား တွက်ချက်နည်း

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat