Forex ကုန်သွယ်မှုတွင် တနေ့တာအတွင်း ကုန်သွယ်ရာ ၌ အသုံးပြုသော မတူညီသည့် day trading patterns candlestick များစွာရှိပါသည်။

ဤဆောင်းပါး၌ ကျွန်ုပ်တို့သည် စတော့စျေးကွက်တွင်‌ ရေပန်းစားသောပုံစံများကို လေ့လာသုံးသပ်ပါမည်၊ ၎င်းပုံစံများသည် ခက်ခဲနက်နဲသော ကုန်သွယ်ရေးဈေးကွက် များစွာ၌လည်း အသုံးပြုနိုင်ပါသည်၊ ဥပမာအားဖြင့် ငွေကြေးအတွဲ နှင့် ဒစ်ဂျစ်တယ်ငွေကြေးအတွဲ။ Derivative စျေးကွက် ၌ ချေးငွေအချိုး (leverage) ဖြင့် ရောင်းဝယ်ရာ တွင် day traders များသည် ၎င်းပုံစံကို မကြာခဏအသုံးပြုကြသည်။ ဤအသုံးပြုမှုများအား သိရှိရုံဖြင့် သင်သည် စျေးကွက်၏ စျေးနှုန်းစမှတ်များ နှင့် candlestick charts များတွင် တိုးတက်ပြောင်းလဲ သော အခြေအနေများစွာမှ အကျိုးအမြတ်ကို ခွဲခြားဖော်ထုတ်နိုင်ပါလိမ့်မည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိက ကောက်နုတ်ချက်များ

  • တနေ့တာအတွင်း ရောင်းဝယ်ခြင်း ပက်တမ် များသည် ကုန်သည်များအား အကောင်းမွန်ဆုံးသော ဈေးကွက် အဝင်နှင့် အထွက် ပွိုင့် များကို ဖော်ထုတ်ရာတွင် ကူညီပေးပါသည်။
  • အထိရောက်ဆုံး တနေ့တာအတွင်း ရောင်းဝယ်ခြင်းဆိုင်ရာ ဈေးကွက် ပက်တမ် များသည် ကုန်သွယ်မှုပမာဏ၊ လမ်းကြောင်းဦးတည်ချက်နှင့် ဝယ်လိုအား/ရောင်းလိုအား အဆင့်များအပါအဝင် သက်ရောက်မှုများစွာကို ထည့်သွင်းစဉ်းစားသည်။
  • တနေ့တာအတွင်း ရောင်းဝယ်ခြင်း ဗျူဟာများသည် Engulfing၊ Hammer နှင့် Hanging Man အပါအဝင် candlestick ပက်တမ် များကို မကြာခဏအသုံးပြုသည်။
  • နည်းပညာဆိုင်ရာ ညွှန်ပြချက်များနှင့် ပေါင်းစပ်သောအခါ၊ ဈေးကွက် ပက်တမ် များသည် ကုန်သွယ်ရေး အချက်ပြမှုများ၏ တိကျမှုကို တိုးမြှင့်စေသည်။
  • မတည်ငြိမ်မှု မြင့်မားသော ငွေဖြစ်လွယ်မှုများသည့် အမျိုးအစားများကို ရောင်းဝယ်ရာတွင် တနေ့တာအတွင်း ရောင်းဝယ်ခြင်း ပက်တမ် များသည် ပိုမိုထိရောက်သည်။
  • သင့်လျော်သော ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု ကို သေချာစေရန် အတိတ်ကာလအချက်အလက်များကို အသုံးပြု၍ ပက်တမ် များကို နောက်ကြောင်းပြန်စစ်ဆေးရန် အရေးကြီးသည်။
  • တနေ့တာအတွင်း ရောင်းဝယ်ခြင်း ပက်တမ် များကို အသုံးပြုသည့်အခါ သင်၏ ကုန်သွယ်မှုအစီအစဉ်ကို စွဲစွဲမြဲမြဲ လိုက်နာရန်နှင့် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု စည်းမျဉ်းများကို လိုက်နာရန် အရေးကြီးပါသည်။
  • ပြိုင်ဖက်ကင်း ပက်တမ် ဆိုသည်မှာ မရှိသောကြောင့် သင်သည် တနေ့တာအတွင်း ရောင်းဝယ်ခြင်း ပက်တမ်များကို ရွေးချယ်ပြီး  ၎င်းတို့၏ အင်္ဂါရပ်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် သင်၏ကုန်သွယ်မှုဗျူဟာကို အံဝင်ခွင်ကျဖြစ်စေသင့်သည်။

Day trading ဆိုတာ ဘာလဲ။

Day trading သည် ကုန်သွယ်နေ့တစ်နေ့တာအတွင်း ငွေကြေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစျေးကွက် တွင် အရောင်းအဝယ်ပြုလုပ်ခြင်း ကို ဆိုလိုသည်။ Day trading ကုန်သွယ်မှုတွင် ဖွင့်ထားသော အရောင်းအဝယ် များကို တစ်ညတာ ကျော်၍ လက်ဝယ်မထားပါ၊ အမှန်အားဖြင့်ဆိုသော် ကုန်သွယ်နေ့တစ်နေ့ အတွင်း ဖွင့်ထားသော အရောင်းအဝယ်များကို ပြန်ပိတ်လေ့ရှိကြသည်။

သုံးသပ်မှုကာလသည် ဤကုန်သွယ်မှုနည်းဗျုဟာပေါ်တွင် အဓိကအားဖြင့် မူတည်ပါသည်။ အောင်မြင်သော day traders များသည် ၁၅မိနစ်အောက် နည်းသော timeframes အသုံးပြုခြင်းကို အားမပေးပါ။

Day trading - အမျိုးအစား၂ မျိုး ရှိပါသည်။

  1. Scalping သည် ၁ မှ ၃၀ မိနစ် ကြာရှည်သည့် timeframes ကို အသုံးပြုသည်။

  2. သတင်းပေါ် မူတည်၍ ကုန်သွယ်ခြင်းသည် တနေ့တာကုန်သွယ်မှု ဖြစ်သည်၊ ယင်းတွင် ရက်သတ္တပတ် တို အတွင်းရောင်းဝယ်သူများ (swing traders) အပါအဝင် day traders များသည် အ‌ခြေခံစီးပွားရေး ဆန်းစစ်မှု နှင့် နည်းပညာပိုင်းဆိုင်ရာစိစစ်မှုတို့အပြင် သတင်းအချက်အလက်များ ကိုပါ ထည့်သွင်းစဥ်းစားကြသည်။ ဤ ကုန်သွယ်မှု အမျိုးအစား အတွက် အသင့်တော်ဆုံး သတ်မှတ် အချိန်ကာလများမှာ ၁၅မိနစ်၊ ၃၀မိနစ် နှင့် တစ်နာရီတို့ဖြစ်သည်။

Chart Patterns များသည် အဘယ်ကြောင့် အရေးကြီးသနည်း

Chart patterns များသည် ကုန်သွယ်ရာတွင် အရေးကြီးပါသည် အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဈေးနှုန်းလှုပ်ရှားမှု အပေါ် စဥ်းစားတွေးခေါ်ပုံသဘောထားနှင့် နီးကပ်စွာ ဆက်စပ်နေ သည်။ ဈေးနှုန်းဇယား စိစစ်လေ့လာချက် သည် ၁၇ရာစု တွင် ဦးစွာပေါ်ပေါက်လာခဲ့သည်။

Japanese candlesticks တွင် အဖွင့်ဈေး နှင့် အပိတ်ဈေး၊ ဈေးလှုပ်ရှားမှု အမြင့်နှင့်အနိမ့် အစရှိသည့် အချက်အလက်များ ပိုမိုဖော်ပြထားသောကြောင့် candlestick chart တစ်ခုတွင် ပိုင်ဆိုင်မှု၏ ဈေးနှုန်း ဖွဲ့စည်းမှု ပုံစံများကို စိစစ်ရန်ပို၍ လွယ်ကူအဆင်ပြေသည်။ Bearish (သို့) Bullish candle တစ်ခု၏ ပုံသဏ္ဍန်ကို အကဲဖြတ်ခြင်းအပေါ် အခြေခံထားသော candlestick chart ပုံစံစစ်တမ်းနှင့် ဈေးနှုန်းပုံစံ စိစစ်လေ့လာချက် ကို မရောထွေးစေရန် အရေးကြီးသည်။

စည်းမျဥ်းတစ်ခုအနေဖြင့် candlestick patterns သည် ဆလင်ဒါပုံဖြစ်၍ ရွေ့လျားမှု အဖန်ဖန်ဖြစ်လျက်ရှိပြီး ရုပ်ပုံများ အသွင်ဖြင့်ဈေးနှုန်းပုံစံများ ပုံပေါ်လာသည်။ ထို candlestick patterns များပေါ်အ‌ခြေခံ၍ ကျွမ်းကျင်ကုန်သည်တစ်ယောက် နှင့် စတင်လေ့လာသူတစ်ယောက်သည် ထပ်မံဈေးနှုန်းလှုပ်ရှားမှုကို ခန့်မှန်းနိုင်ပြီး အမြတ်ထွက်သော ကုန်သွယ်မှုများကိုဖွင့်လှစ်နိုင်ကာ ထိုလှုပ်ရှားမှုများအတွက် ရှင်းလင်းသော ပန်းတိုင်များ ကို ချမှတ်နိုင်သည်။

ဈေးနှုန်းပြ candlestick charts များ၏ ဥပမာများမှာ stock chart patterns များကဲ့သို့သော double bottom, double top, head and shoulders chart patterns၊ inverted head and shoulders ၊ rising wedges နှင့် falling wedges၊ flag၊ ascending triangle၊ descending triangle နှင့် အခြားပုံစံများ ဖြစ်ကြသည်။

Chart patterns များသည် စျေးကွက်လှုပ်ရှားမှုများ ကို ခွဲခြားစိတ်ဖြာရန်နှင့် အသိပညာဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရန် ကုန်သည်များအတွက် အရေးပါသောကိရိယာတစ်ခုဖြစ်သည်။ ယင်းပုံစံများသည် စျေးကွက်အတွင်း ပါဝင်သူများ ၏ စိတ်ပိုင်းဆိုင်ရာအတွင်းထိတိုင် ထိုးထွင်းမြင်နိုင်စွမ်းကို ပေးဆောင်ပြီး အလားအလာရှိသော လမ်းကြောင်းများ နှင့် အနေအထားပြောင်းပြန်ဖြစ်ခြင်းများကို ခွဲခြားထုတ်ဖော်ရာတွင် ကုန်သည်များကို ကူညီပေးသည်။

LiteFinance: Chart Patterns များသည် အဘယ်ကြောင့် အရေးကြီးသနည်း

Forex Chart Patterns ဘယ်လိုအလုပ်လုပ်ပါသလဲ

Forex ဂရပ်ဖြင့်‌ ရေးဆွဲသော ဇယားပုံစံများသည် အတိတ်ကာလအတွင်းရှိ စျေးလှုပ်ရှားမှုအပေါ်အခြေခံသော ဈေးနှုန်းအရွေ့များ၏ လားရာကိုဆုံးဖြတ်ရန် day traders များအသုံးပြုသော သရုပ်ပြပုံစံများဖြစ်သည်။ ဂရပ်ဖြင့်‌ရေးဆွဲသောဇယားပုံစံများ ၏ အဓိကရည်ရွယ်ချက်မှာ ဈေးအကျတွင်အမြတ်ရရန်ပြန်ဝယ်ခြင်း (သို့) ဈေးအတက်တွင် ရောင်းချခြင်းများအတွက် သတင်းအချက်အလက်ကို ကုန်သည်များအား ပေးစွမ်းနိုင်ရန် ဖြစ်သည်။ ကိန်းဂဏန်း နှင့် ဂရပ်ပါအချက်အလက် ပေါ်အခြေခံ၍ ကုန်သည်တို့သည် အမြတ်ရနိုင်သော ကုန်သွယ်မှုပြုလုပ်ရန် ရည်ရွယ်ကြသည်။ 

ကုန်သွယ်ဆိုင်ရာ ပက်တမ် အသိအမှတ်ပြုမှု

ကုန်သွယ်မှု ပက်တမ် များကို အသိအမှတ်ပြုခြင်းသည် ကုန်သည်များ သတိရှိရှိ နေထိုင်ရန် နှင့် ဈေးကွက် များ ကိုခွဲခြမ်းစိတ်ဖြာရန် စနစ်တကျချဉ်းကပ်မှု ချမှတ်ရန်လိုအပ်သည်။

ပထမအဆင့်အနေဖြင့် သင့်တော်သည့် အချိန်ကို ရွေးချယ်ပါ။ M5 သို့မဟုတ် M15 ကဲ့သို့သော အနိမ့်အချိန်ဘောင်များသည် တနေ့တာ ကုန်သွယ်မှု အတွက် အကောင်းဆုံးဖြစ်သည်။ H1 နှင့် အထက် ကဲ့သို့သော အမြင့် အချိန်ဘောင်များသည် စျေးကွက်လမ်းကြောင်းများကို သိရှိရန် ပိုမိုကောင်းမွန်ပါသည်။

နောက်တဆင့်မှာ ဝယ်လိုအား နှင့် ရောင်းလိုအား နေရာများကို ဆုံးဖြတ်ရန်ဖြစ်ပြီး၊ ပက်တမ် အမျိုးမျိုးဖြင့် အများဆုံး ဖြစ်ပွားလေ့ရှိသည့် နေရာများဖြစ်သည်။

စျေးနှုန်းလှုပ်ရှားမှုကို ဂရုတစိုက်လေ့လာပါ၊ ထပ်ဖန်တလဲလဲတည်ဆောက်ပုံများ- အမြင့်ဆုံး၊ အနိမ့်ဆုံး၊ စုစည်းမှုနှင့် ထင်ရှားသော အတက်အကျ များကို အာရုံစိုက်ပါ။ ထို့အပြင် ကုန်သွယ်မှု ပမာဏ and မတည်ငြိမ်မှု ပြ အညွှန်းကိန်းများနှင့် ဇယားခွဲခြမ်းစိတ်ဖြာမှုကို ပေါင်းစပ်ရန် အကြံပြုလိုပါသည်။ ၎င်းသည် သင့်အား ပက်တမ် များကို ပိုမိုတိကျစွာ တွေ့ရှိနိုင်ပြီး အမြတ်အစွန်းရှိသော အရောင်းအ၀ယ်ပြုလုပ်ရန် အခွင့်အလမ်းများကို တိုးမြှင့်ပေးမည်ဖြစ်သည်။

Chart Patterns များ ဖတ်ရှုပုံ

Graphic chart patterns သည် Japanese candlesticks, bar နှင့် line ပုံများ၏ ကူညီထောက်ပံ့မှုဖြင့် ခွဲခြားစိတ်ဖြာရန်အတွက် လွယ်ကူပါသည်။ဂရပ်ဖြင့် လေ့လာရာတွင် candlestick patterns အမျိုးအစား ၂မျိုးရှိသည်။

1. Reversal bearish နှင့် bullish patterns:

  • head and shoulders‎, inverted head and shoulders

  • double top‎ and ‎double bottom

  • ယေဘုယျအတက်လမ်းကြောင်းတစ်ခုနှင့် အခြားသောလမ်းကြောင်းများထဲရှိ rising wedge

2. 2. Trend continuation patterns:

  • အကျလမ်းကြောင်းတစ်ခု ရှိ rising wedge

  • အတက်လမ်းကြောင်းတစ်ခု ရှိ ‎falling wedge

  • bullish နှင့် bearish trend rectangle

  • bearish နှင့် bullish pennant

  • symmetrical‎၊ ascending triangles, descending triangle‎s နှင့် အခြားပုံစံများ

တွေ့ရများသော Day Trading Patterns ၁၀ မျိုး

ဤကဏ္ဍတွင် ကျွန်ုပ်တို့သည် တနေ့တာ အတွင်း ရောင်းဝယ်ချိန်တွင် ဇယားအတွင်း မကြာခဏ တွေ့ရများသော day trading candlestick patterns ၁၀မျိုးကို လေ့လာပါမည်။

Cup and Handle

ဤ ပုံစံသည် အမျိုးမျိုးသောသတ်မှတ်အချိန်ကာလများတွင် ဖြစ်ပေါ်ပြီး တနေ့တာကုန်သွယ်မှု အတွက် သင့်တော်သည်။ဤပုံစံသည် ရှုပ်ထွေးသော ကုန်သွယ်ရေး ဈေးကွက်အားလုံးနီးပါးတွင် တွေ့ရှိရတတ်သည်။

ဤ cup and handle ပုံစံသည် အတက်လားရာထဲရှိ အဓိကလမ်းကြောင်းတစ်ခု ၏ ဆက်လက်ဖြစ်တည် နေမှု တစ်ခုဖြစ်သည်၊ သို့သော်၎င်းသည် bearish trend reversal ပုံစံတစ်ခုလည်း ဖြစ်နိုင်ပါသည်။ 

LiteFinance: Cup and Handle

ဤ ၁၅ မိနစ်စာ EURUSD ဇယားတွင် cup and handle ပုံစံကို မည်သို့မှတ်သားရမည့်ဥပမာတစ်ခုကို သင်မြင်တွေ့နိုင်ပါသည်။ လက်ရှိအခြေအနေတွင် ဇယားပုံစံ အပြည့်အစုံ ပုံပေါ် ပြီး ရောင်းလိုအား အများဆုံးဈေးတန်းကျော်ဖြတ်မှုအဆင့်ကို ပြန်လည်စမ်းသပ်ပြီးနောက် ကုန်သွယ်မှုတစ်ခု ဖွင့်လှစ်ရန် ဖြစ်နိုင်ချေရှိခဲ့သည်။ ပုံတွင် ယင်းရောင်းလိုအားသည် ဝယ်လိုအားအဆင့်တစ်ခုဖြစ်လာခဲ့ပြီး bullish hammer candlestick ပုံစံတစ်ခု သည် ထိုအထက်တွင်ဖြစ်ပေါ်လာသည်ကို ပြသလျက်ရှိသည်။ Handle အပြင်ထွက်သွားခြင်းသည် ဝယ်ရန်ညွှန်းဆိုမှု တစ်ခုဖြစ်သည်။ စျေးအပြောင်းအလဲကို cup အောက်ခြေမှ ရောင်းလိုအားအများဆုံး (resistance) နေရာ (သို့) ပိုမြင့်သောအဆင့်ထိ တွက်ချက်ကြသည်။ Stop loss ကို အသစ်ဖြစ်ပေါ် လာသော ဝယ်လိုအားစျေးတန်းအောက် (below support) တွင် နေရာချထားသင့်ပါသည်။

LiteFinance: Cup and Handle

Triangles

chart pattern ၌ အမျိုးအစား ၃ မျိုး ရှိသောကြောင့် ဇယားထဲတွင်ဖြစ်ပေါ်သော တြိဂံပုံစံများ ၏ ပုံပန်းသွင်ပြင်သည် စျေးအပြောင်းအလဲကို ခန့်မှန်းရန်ခက်ခဲသည်။

Symmetrical Triangle

ဆက်တိုက်ဖြစ်ပေါ်မှုပုံစံ (continuation patterns) ကို ဖွဲ့စည်းသော ဤအမျိုးအစားသည် ဈေးတန်းအမြင့် နှင့် အနိမ့် ကြား နီးကပ်လာခြင်း နှင့် အလားတူသည်။ လက်ရှိကိစ္စတွင် ဈေးအပြောင်းအလဲကို ခန့်မှန်းရန်ခက်ခဲ သည်။ ယင်းတွင် ငွေကို အမြန်ဆုံးရှုံးခြင်းကိုဦးတည်နိုင်သော bearish နှင့် bullish traps တို့၏ အတော်အတန် မြင့်မားသောစွန့်စားမှုတစ်ခုရှိပါသည်၊ ထိုအကြောင်းကြောင့် တြိဂံပုံ အတွက် အတက်(သို့)အကျ ကို အတည်ပြုရန် နှင့်ဈေးတည်ငြိမ်မှုပိုမိုမြင့်တက်စေရန်တို့ကို စောင့်ဆိုင်းရန် အ‌ရေးကြီးသည်။ဈေးနှုန်းသည် စျေတန်းကျိုးပျက် ကျော်ဖြတ်သည့်အဆင့်ကို စမ်းသပ်ရောက်ရှိသည်ထိတိုင် စောင့်ဆိုင်းရန်အကြံပြုပါသည်။

ဈေးအပြောင်းအလဲသည် အဆိုပြုဈေးများတွင် အချိုးတကျမြင့်တက်မှု(သို့)ကျဆင်းမှုတစ်ခုကို ရည်ညွှန်း သည်။

LiteFinance: Symmetrical Triangle

UKBRENT မိနစ် ၃၀ ဇယားတွင် symmetrical triangle တစ်ခုဖြစ်ပေါ်မှုရှိသည်။ Bears နှင့် Bulls နှစ်ခုလုံးကို ပိတ်မိစေရန် ကြိုးပမ်းမှုများကို မြင်တွေ့ရပါလိမ့်မည်။ လက်ရှိအခြေအနေတွင် ဆုံးဖြတ်ချက်မချမီ တြိဂံ ၏ အထက် (သို့) အောက်ဘက်တွင် စျေးတန်းပျက်မှု အနေအထားကို‌စောင့်ဆိုင်းပါ။ Stop loss ကို မြောင်းအကျဥ်းကြား ၏ အလယ်တွင် နေရာချထားသင့်သည်။ ပိုမိုတိကျသော ပုံတစ်ခုအတွက် Japanese candlestick ပုံစံ၏ ခွဲခြားစိတ်ဖြာမှုကို အသုံးပြုသင့်သည်။

အရောင်းအား သည် တြိဂံပုံ၏ အောက်ခြေနယ်နိမိတ်ကို ဖောက်ထွက်ရန် ကြိုးပမ်းမှုတစ်ခုပြုခဲ့သည်၊သို့သော် အဝယ်အား သည် ထိုထိုးဖောက်မှုကို တွန်းကန်ခဲ့သည်၊ ထို့ကြောင့်candle squeeze ၏ bearish trap တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤအကြောင်းတရားတွင် သင်သည် စျေးနှုန်း ၏ အပြီးသတ်တည်ငြိမ်ခိုင်မာမှုအား စောင့်ဆိုင်းရန်လိုအပ်သည်၊ ထို့နောက်မှ ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ပါ။

LiteFinance: Symmetrical Triangle

Ascending Triangle

Ascending triangle သည် ဆက်လက်ဖြစ်ပေါ်မှုကို ရည်ညွှန်းလေ့ရှိပြီး ဤ ပုံစံတွင် ရှင်းလင်းပြတ်သားသော ရေပြင်ညီ ခုခံရောင်းလိုအားပြ မျဥ်းတစ်ကြောင်း ရှိပါသည်။ ယင်းနေရာပေါ်သို့ရောက်လျှင် စျေးများ အလှည့်အပြောင်း ဖြစ်ကာ ဈေးနိမ့်ရာမှ မြင့်ရာ ကို ဖြစ်ပေါ်စေသည်။ ဈေးတည်ငြိမ်ခိုင်မာပြီးနောက်တွင် စျေးနှုန်းသည် ထိုရောင်းလိုအားစျေးတန်းကို ကျော်ဖြတ်သွားပြီး ascending triangle ၏ အမြင့်အတိုင်း ဈေးဆက်လက်မြင့်တက်လာသည်။ 

LiteFinance: Ascending Triangle

ဤ မိနစ် ၃၀ စာ BTCUSD ဇယားသည် ascending triangle တစ်ခုဖြစ်ပေါ်မှု၏ သာဓကတစ်ခုဖြစ်သည်။

အောက်ဖော်ပြပါပုံသည် ရောင်းလိုအားအများဆုံးနေရာတစ်ခု နှင့် ဈေးနိမ့်ရာ မှ မြင့်တက်လာမှုတို့၏ ဖြစ်ပေါ် လာပုံကို ပြသသည်၊ ၎င်းနောက် အများဆုံးရောင်းလိုအားအထက်တွင် ဈေးတန်းကျိုးပျက်ရိုက်ခတ်မှုတစ်ခု နှင့် စျေးတည်ငြိမ်ခိုင်မာမှုတို့ ရှိခဲ့ပါသည်။ အဆိုပါဈေးတန်း သို့ ပြန်လည်စမ်းသပ်ရောက်ရှိပြီးနောက်တွင် ပုံပေါ်နေသော တြိဂံ၏ အမြင့်အတိုင်း ရည်မှန်းချက်ဖြင့် ဝယ်ယူမှု တစ်ခုဖွင့်လှစ်ရန် အခွင့်အလမ်း တစ်ခုရှိလာခဲ့သည်။ Stop loss ကို ဤအခြေအနေတွင် ဖောက်တက်လာသော candle ၏ အနိမ့်ဆုံး အမှတ်ရှိ ရောင်းလိုအားကျိုးပျက်ရာနေရာ အောက်တွင်ထားရှိသည်။

LiteFinance: Ascending Triangle

Descending Triangle

Descending triangle continuation pattern သည် ascending triangle ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ဤရုပ်ပုံထဲတွင် သိသာထင်ရှားသော ဝယ်လိုအားအဆင့်နေရာနှင့် ဈေးအမြင့်ဆုံး မှ ပြေပြစ်သော ကျဆင်းမှု တစ်ခု တို့ရှိကြ သည်။အကျိုးရလဒ်အနေဖြင့် ပိုမို နိမ့်ဆင်းနေသော ဈေးနှုန်းလမ်းကြောင်းမျဥ်း ပျက်၍ တြိဂံပုံအမြင့်အတိုင်း တဟုန်ထိုးဆက်တိုက် ဈေးကျဆင်းသည်။

LiteFinance: Descending Triangle

အောက်တွင် XAUUSD ၏ ၁၅ မိနစ် ဇယားထဲ၌ အဆိုပါ descending triangle ကို မြင်တွေ့နိုင်ပါသည်။ သည်တွင် candlestick ပုံပန်းသဏ္ဍန်ဖြစ်ပေါ်လာမှုကို သိသာစွာမြင်တွေ့ရသည်။ စျေးနှုန်းများကို support level အောက်တွင် ကြိမ်ဖန်များစွာ စျေးပြောင်းလဲလှုပ်ခတ်ခြင်းမှ တားဆီးခဲ့သည်။ တချိန်တည်းမှာ ပင် တန်ဖိုးအမြင့်မှ ကျဆင်းမှုတစ်ခုရှိပါသည်။ တန်ဖိုးတည်ငြိမ်ခိုင်မာခြင်း နောက်တွင် support level ပျက်သုဥ်း၍ ဈေးထိုးကျခဲ့သည်။ ဝယ်လိုအားသတ်မှတ်မျဥ်းအောက်တွင် စျေးတည်ငြိမ်ခိုင်မာပြီးနောက် မှသာလျှင် အရောင်းကို ပြုလုပ်နိုင်သည်။ ထို candlestick ပုံစံ ၏ အခြားအမျိုးအစားများသကဲ့သို့ တြိဂံပုံ၏ အမြင့်အားတိုင်းတာခြင်းဖြင့် သတ်မှတ်အမြတ်ပမာဏအဆင့်ကို နေရာချထားသင့်သည်။ဤကိစ္စတွင် stop loss ကို ဝယ်လိုအားစျေးတန်း (ပံ့ပိုးမှုအဆင့်) အထက်တွင် ထားရှိပါသည်။

LiteFinance: Descending Triangle

Flag

Flag သည် လမ်းကြောင်းဆက်လက်ဖြစ်ပေါ်စေသည့် ပုံစံတစ်ခုဖြစ်သည်။အမျိုးအစား ၂ မျိုးရှိပါသည်- bullish နှင့် bearish flag ။

စျေးနှုန်းသည် flagpole တစ်ခုကို တည်ဆောက်သည်၊ထို့နောက် ဈေးနှုန်းသည် flagpole ၏ အမြင့်အတိုင်း flag မှ ထွက်ခွာသွားချိန်တွင် ‎flag နှင့် ပေါက်စျေးတဟုန်ထိုးပျက်ကျမှုတို့ဖြစ်လာသည်။

ထို candlestick ပုံစံ သည် ၅ မိနစ် ၊၁၅ မိနစ် (သို့) ၃၀ မိနစ် သတ်မှတ်အချိန်ကာလများပေါ်၌ တနေ့တာ ကုန်သွယ်မှု အတွက် သင့်တော်ပြီး ၎င်းသည် day trading အတွက် အကောင်းဆုံးသော ဖွဲ့စည်းမှုများထဲ မှ တစ်ခုဖြစ်သည်။

LiteFinance: Flag

‌အောက်ဖော်ပြပါ မိနစ် ၃၀ USDJPY ဇယားတွင် bullish နှင့် bearish flags ထင်ထင်ရှားရှား ဖြစ်ပေါ်လာပုံတစ်ခု ကိုပြသသည်။ Bullish ‎flag ထဲတွင် မြန်မြန်ဆန်ဆန်တိုးတက်မှု နှင့် bearish ‎flag ထဲတွင်ကျဆင်းမှု ဖြစ်ပေါ်ပြီးနောက် ဈေးနှုန်းသည် descending သို့မဟုတ် ascending rectangle တစ်ခု အတွင်း ရောက်ရှိကာ တည်ငြိမ်သည့် အသွင်သဏ္ဍန်ပုံပေါ်လာသည်။ ဈေးနှုန်းသည် ထိုပုံသဏ္ဍန်မှ ထွက်သွားပြီးမှသာလျှင် ရောင်းပါ (သို့) ဝယ်ပါ။ ဆုံးရှုံးမှုဟန့်တားရန် ကြိုတင်သတ်မှတ်စျေးတွင်သာ ကုန်သွယ်ရန် ညွှန်ကြားချက်ကို bullish (သို့) bearish ဖြစ်မဖြစ်ပေါ်မူတည်၍ flag ၏ အောက်ဖက် (သို့) အပေါ်ဘက်နားတွင် ထားရှိသင့်သည်။ ဤပုံစံအတွက် ရည်မှန်းပစ်မှတ်သည် flagpole ၏ အမြင့်နှင့် တူညီသည်။

LiteFinance: Flag

Falling Wedge

Falling wedge သည် တြိဂံ ပုံစံနှင့်ဆင်တူသည့် ဆက်တိုက်ဖြစ်ပေါ်နေမှုပုံစံများထဲမှ တစ်ခု ဖြစ်သည်၊ ထို့ကြောင့် အတွေ့အကြုံ နုနယ်သည့် day traders များသည် ကုန်သွယ်မှုများဖွင့်လှစ်ရာတွင် မကြာခဏ အမှားများ ပြုလုပ်ကြသည်။ Falling wedge တစ်ခု နှင့် ascending triangles (သို့) descending triangles တို့၏ ပင်မကွာခြားချက်မှာ ဝယ်လိုအား နှင့် ရောင်းလိုအား မျဥ်းတန်းများ၏ အဆင်း လမ်း‌ကြောင်းပင် ဖြစ်သည်၊ သို့သော်လည်း တြိဂံ တစ်ခုတွင် ဝယ်လိုအား (သို့) ရောင်းလိုအား၏ ထင်ရှားပြတ်သားသော ရေပြင်ညီမျဥ်းတစ်ကြောင်းရှိသည်။ အရဲစွန့်ဆုံးရှုံးနိုင်ချေအားကြိုတင်စီမံမှု၏ တစိတ်တပိုင်း အနေဖြင့် wedge အမြင့်အတိုင်း စျေးပြောင်းလဲမှုကို မဖြစ်မနေသတ်မှတ်ရမည်။သို့သော် ကုန်သွယ်မှု ပမာဏ အလွန်အမင်းတိုးပွားလာမှုနှင့်အတူ စျေးများပိုမို၍ပင်မြင့်တက်နိုင်ပါသည်။

LiteFinance: Falling Wedge

အောက်ပါ ၁၅ မိနစ်စာ Apple Inc ဇယားတွင် falling wedge stock chart patterns ၏ ဥပမာကို မြင်တွေ့နိုင်ပါသည်။

ဤပုံသည် အတက်လားရာအတွင်းရှိ သိသာထင်ရှားသော လမ်းကြောင်း တစ်ခုအရင် ဖြစ်ပေါ်ပြီးနောက်တွင် စျေးနှုန်းလမ်းကြောင်း ၏ အနိမ့်နှင့်အမြင့်များကျဆင်းနေခဲ့စဥ် ဈေးနှုန်း တဖြည်းဖြည်းချင်း လျော့ကျလာ ခဲ့သည်ကို ပြသသည်။ ဈေးနှုန်းချန်နယ် ကျဥ်းမြောင်းလာခြင်းနောက်တွင် ရုတ်တရက် ဈေး ထိုးတက်လာမှု တစ်ခု ရှိခဲ့ပါသည်။ ကျိုးပျက်သွားသော‌ရောင်းလိုအားလိုင်းဈေးတန်းကို ပြန်လည်စမ်းသပ်ရန် စောင့်ဆိုင်းပြီး နောက်တွင် ကျွန်ုပ်တို့သည် falling wedge အမြင့်အရ ပိုမိုမြင့်မားသောပစ်မှတ်ဖြင့် အဝယ်ကုန်သွယ်မှုတစ်ခု ကို ဖွင့်လှစ်နိုင်သည်။ ဤအခြေအနေတွင် stop loss ကို ဈေးနှုန်းချန်နယ် ၏ ပိုနိမ့်သောနယ်နိမိတ်တွင် သတ်မှတ်ထားသင့်သည်။

LiteFinance: Falling Wedge

Rounding Bottom

ဤပုံသဏ္ဍန်သည် cup နှင့် handle ပုံစံနှင့်အလားတူသည်။ကွဲပြားချက်မှာ handle မရှိခြင်းဖြစ်သည်။

ဤပုံသဏ္ဍန်ဖြစ်ပေါ်မှုသည် အဆင်းလမ်းကြောင်းတွင်ဖြစ်ပေါ်ကာ အရောင်း၏ တွန်းအားများ ကုန်ဆုံးသွားသောအချိန်၌ စျေးနှုန်းသည် ဇယားရှိအောက်ခြေနယ်ပယ်တဝိုက်ကိုရောက်ရှိပြီး အဝယ်အားများ သည် ပိုမိုလှုပ်ရှားထကြွလာသည်။ ဘေးတိုက် ချန်နယ်ထဲတွင် တန်ဖိုး တည်ငြိမ်ခိုင်မာပြီးနောက် ဈေးနှုန်း သည် neckline အထက်ဘက်ကို ဖောက်ကျော်၍ ဖြစ်ပေါ်နေပြီးသောပုံစံ၏အမြင့်သို့ တည့်မတ်သော အတက်လှုပ်ရှားမှုတစ်ခုဖြင့် ရွေ့လျားသည်။

LiteFinance: Rounding Bottom

Rounded bottom pattern တစ်ခုဖြစ်ပေါ်လာခြင်းကို အောက်တွင် မိနစ်၃၀ XAGUSD ပုံ၌ သရုပ်ပြ ထားသည်။ ခေါ်ဆိုစျေးများ အောက်သို့ရွေ့လျားသွားခဲ့ပြီးနောက် ပိုင်ဆိုင်မှုတန်ဖိုးကို အောက်ခြေတဝိုက်တွင် တွေ့ရှိခဲ့၍ တန်ဖိုးခိုင်မာလာခြင်းများတို့ ဆက်လက်လိုက်ပါလာသည်။ ထို့နောက်တွင် neckline အထက်တွင် တက်ဈေး၏ ရုတ်ချည်းခုန်တက်ကျော်ဖြတ်မှုတစ်ခု နှင့်‎ bullish candle ၏ အပိတ်တို့ ရှိကြသည်။

ကျွန်ုပ်တို့သည် ဒုတိယမြောက်candle ၏ အဖွင့်တွင် ဝယ်ယူမှုတစ်ခုကို ဖွင့်လှစ်နိုင်သည်။

‌‌ထိုရွေ့လျားမှု ၏ ရည်မှန်းချက်ပန်းတိုင်သည် ဝယ်လိုအား မှ ရောင်းလိုအား အဆင့်အထိရှိ အမြင့်ကို ညွှန်းဆိုပြသည်။ ဤအခြေအနေတွင် stop lossကို neckline အောက်တွင် သတ်မှတ်ထားသင့်သည်။

LiteFinance: Rounding Bottom

Double Top

Double top ပုံစံကို timeframe အကြီး နှင့် အသေး ရှိ candlestick charts များတွင် မကြာခဏ တွေ့ရတတ်သည်။

Resistance နှင့် support levels များကြားရှိ channel တစ်ခုထဲတွင်ကုန်သွယ်နေစဥ်အတွင်း ဈေးနှုန်းသည် double top တစ်ခုကို ပုံပေါ်စေပါသည်။ ဒုတိယအကြိမ် resistance line ကို ဖောက်ကျော်ရန် မအောင်မြင်သော ကြိုးပမ်းမှုတစ်ခုပြီးနောက် ဈေးနှုန်း နောက်ပြန်လှည့်လာပြီး neckline ဖြစ်သော ဝယ်လိုအားထိပ်ကို ကျော်ဖြတ်သွားသည်။ အောင်မြင်သော အောက်ဘက်သို့ဖြတ်ကျော် ကျဆင်းမှုတစ်ခု နှင့် အသစ်ဖြစ်ပေါ် လာသောရောင်းလိုအားဈေးတန်း ကို ပြန်လည်စမ်းသပ်ခြင်းတို့ ပြီးနောက် စျေးနှုန်းဝေးဝေး သို့ ရွေ့လျားကာ ပုံသဏ္ဍန်ဖြစ်ပေါ်မှုပြီးပြည့်စုံသွားသည်။ 

LiteFinance: Double Top

ဤပုံစံ၏ ဥပမာကောင်းတစ်ခုကို အောက်ရှိ မိနစ် ၃၀ USCRUDE ဇယားတွင် မြင်တွေ့နိုင်ပါသည်။

အဆိုပါပုံသည် အမြင့်ဆုံးထိပ်နှစ်ခု၏ ဖြစ်ပေါ်လာမှု နှင့် ဝယ်လိုအားဈေးတန်း ကို တဟုန်ထိုးဖြတ်ကျော်မှု တစ်ခုတို့ကို ပြသသည်။ ထပ်မံ၍ အောက်တွင် ဈေးနှုန်းများ ၏ တည်ငြိမ်ခိုင်မာလာမှုတစ်ခု နှင့် ‌‌ရောင်းလိုအား ဈေးတန်းအသစ်ကိုပြန်လည်စမ်းသပ်ရောက်ရှိလာခြင်းတို့ ရှိပါသည်။ အရောင်းဖွင့်မည့် ဈေးသည် ဝယ်လိုအား ဈေးတန်း ၏ အောက်တွင် ရှိသည်။ ထို့နောက် ငွေကြေးစီမံခန့်ခွဲရေးစည်းမျဥ်းများအရ သာမန်ရိုးကျ ပစ်မှတ်တစ်ခု ကို တွက်ချက်သည်။

ပစ်မှတ်ဈေးတန်း သည် support level မှ resistance level ရှိ အမြင့်နှင့် တူညီသည်။ ဤအခြေအနေတွင် ကုန်သည်များမြန်ဆန်စွာငွေဆုံးရှံးခြင်းကို‌ ရှောင်ရှားကူညီရန် အတွက် stop loss ကို support level အထက်တွင် ထားရှိသင့်သည်။

Double top ပုံစံကို အမျိုးမျိုးသောသတ်မှတ်အချိန်ကာလများတွင် တွေ့နိုင်ပြီး ဖြစ်နိုင်ချေရှိသောစျေးကွက် ပြောင်းပြန်ဖြစ်မှုများကို စိစစ်ဖော်ထုတ်ရေးအတွက် ကုန်သည်တစ်ယောက်၏ လက်စွဲသေတ္တာ အတွင်းရှိ အဖိုးတန် သောကိရိယာတစ်ခုဖြစ်သည်။

LiteFinance: Double Top

Double Bottom

Double bottom ပုံစံသည် လမ်းကြောင်းသစ်တစ်ခု ၏ စတင်မှုကိုအချက်ပြနေသော double top ပုံစံ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ စည်းမျဥ်းတစ်ခုအနေဖြင့် ၎င်းသည် ပိုင်ဆိုင်မှုတန်ဖိုး၏ အောက်ခြေနယ်ပယ် တဝိုက်တွင်ဖြစ်ပေါ် ပြီး ဝယ်လိုအားစျေးတန်းကို နှစ်ကြိမ်တိုင်‌ စမ်းသပ်ရောက်ရှိသည်။ ထိုပုံစံ၏ တိုးတက် ဖြစ်ပေါ်မှု တွင် ရောင်းလိုအားမျဉ်း ကျိုးပျက်ကျော်ဖြတ်မှုတစ်ခုပါဝင်သည် ၊ထို့နောက်တွင် ခေါ်ဆိုစျေးများ သည် ကျိုးပျက်ရောင်းလိုအားဈေးတန်း ကို စမ်းသပ်ရောက်ရှိသည်။ ၎င်းတို့နောက်တွင် ဝယ်လိုအားနှင့်‌ ရောင်းလိုအား မျဥ်းများကြားအတွင်းဖြစ်ပေါ်လာသော ဘေးတိုက် ချန်နယ်အမြင့်၏ အဆင့်ထိသို့ ဈေးနှုန်း ပိုမိုမြင့်မားစွာ ပြန်ခုန်တက်လာသည်။

LiteFinance: Double Bottom

ဤပုံစံ၏ ဥပမာတစ်ခုကို အောက်ရှိ မိနစ် ၃၀ ETHUSD ဇယားတွင် မြင်တွေ့နိုင်ပါသည်။

အောက်ရှိ ပုံ သည် ပုံစံဖြစ်ပေါ်မှုကို ပြသသည်။ ဒုတိယမြောက် အောက်ခြေတွင် ဖြစ်ပေါ်လာမှုနောက်တွင် ပိုင်ဆိုင်မှုတန်ဖိုးသည် ရောင်းလိုအား ဈေးတန်း ဆီသို့ အလျင်အမြန်ဦးတည်သွားသည်၊ ၎င်းသည် ထိုအဆင့်ကို ကျော်ဖြတ်၍ ထပ်မံစမ်းသပ်‌ရောက်ရှိကာ စျေးတည်ငြိမ်ခိုင်မာမှုများ ပိုမိုတိုးမြှင့်လာသည်။

ရောင်းလိုအားအထက်တွင် စျေးတည်ငြိမ်ခိုင်မာပြီးနောက် ကျွန်ုပ်တို့သည် အဝယ်ကုန်သွယ်မှု တစ်ခု ပြုလုပ်နိုင်ပါသည်။ စျေးပြောင်းလဲမှုများသည် ဝယ်လိုအား နှင့်ရောင်းလိုအား မျဥ်းများ ကြားအတွင်းရှိ ဘေးတိုက်မြောင်း ၏ အမြင့်နှင့် တူညီသည်။

ကုန်သွယ်မှုကို အမှတ်နှစ်ခု၌ ပိတ်သိမ်းနိုင်သည်။ ဤအခြေအနေတွင် stop loss ကို ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုစည်းမျဥ်းများအရ ပို၍နိမ့်သောနေရာတွင်ထားသင့်သည်။

LiteFinance: Double Bottom

Bullish Hammer

Hammer ပုံစံ သည် japanese candlesticks စီစစ်ခွဲဖြာနည်းနဲ့သက်ဆိုင်ပြီး ၎င်းကို bullish reversal pattern ညွှန်းဆိုချက်တစ်ခုအဖြစ် သရုပ်ဖော်ပြသသည်။ Hammer candlestick သည် တနေ့တာ ကုန်သွယ်မှုအတွက် အကောင်းဆုံးသောပုံစံများထဲမှတစ်ခုဖြစ်သည်။ ထို bullish reversal pattern သည် စျေးနည်းသောအောက်ခြေဇုန်၌ ဖြစ်ပေါ်ပြီး စျေးကွက်အတွင်း ဝယ်ယူသူလွှမ်းမိုးမှု ကို အရိပ်ပြသည်။ ထိုပုံစံကို ကုန်သွယ်ရာတွင် ကုန်သည်သည် စျေးကွက်အခြေအနေတစ်ခုလုံးကို အာရုံပြုရန် လိုအပ်သည်။

ထို hammer ဖြစ်ပေါ်မှု မတိုင်မီ အဆင်းဘက်ရွေ့လျားမှု အင်အားကြီးခဲ့လျှင် ယင်းပုံစံနောက်တွင် bullish reversal နှင့် ထပ်မံ‌ရွေ့လျားမှုတို့သည် အလားတူပြင်းထန်ပါလိမ့်မည်ဟု မြင့်မားသောဖြစ်နိုင်ချေ တစ်ခု ရှိသည်။ ထို့အပြင် ဤပုံစံကုန်သွယ်ချိန်တွင် ပိုမိုတိကျစွာစျေးလှုပ်ရှားမှုများကိုဆုံးဖြတ်ရန်အလို့ငှါ သင်သည် အဝယ်အား နှင့် အရောင်းအားရှိသော ဈေးတန်းများမှ စတင်ရန်လိုအပ်ပါသည်။

Hammer ၏ အ‌ရောင်သည် အရေးမကြီးပါ၊သို့သော် ဖွဲ့စည်းတည်ဆောက်မှုပုံစံ မှာ အရေးပါသည်။ သို့သော် အစိမ်း‌ရောင် candle (bullish candle) သည် ဝယ်လိုအင်အားပိုမိုခိုင်မာတောင့်တင်းသည်ကို ညွှန်းဆို သည်။ ထိုပုံစံ၏နာမည်သည် သူ၏ အနေအထားသွင်ပြင်မှလာသည်-သေးငယ်သော candle body တစ်ခုနှင့် ရှည်လျားသော candle wick အောက်ဘက် သည် တူတစ်ခုနှင့်ဆင်တူသည်။

LiteFinance: Bullish Hammer

ဤ ၁၅ မိနစ်စာ CADJPY ဇယားတွင် ကျွန်ုပ်တို့သည် ထိုတစ်နေ့တာအတွင်း အချက်ပြမှုတစ်ခုကို တွေ့ရသည်။

Hammer reversal pattern တစ်ခုပေါ်ပေါက်လာရခြင်းသည် ထိုအမှတ်၌ ပိုင်ဆိုင်မှု အတွက်ဝယ်လိုအား စျေးတန်းတစ်ခုရှိသည်ကို ဆိုလိုသည်၊ ယင်းအောက်တွင် ဆက်မကျနိုင်ပါ။ ရောင်းလိုအားဈေးတန်းသည် ကျဆင်းမှု စတင်ရာနေရာ၌ ဖြစ်သည်။ အဆင်းဘက်သို့ရွေ့လျားမှုသည် အားကောင်းခဲ့သည်၊ထို့ကြောင့် ပြန်မတ်လာခြင်း သည် ခိုင်မာသောမြင့်တက်‌‌ရွေ့လျားမှုကို သွယ်ဝိုက်ညွှန်းဆိုသည်။

အောက်ရှိပုံတွင် hammers bullish patterns အတွဲလိုက် ဖြစ်ပေါ်ခဲ့သည်၊ထို့နောက်တွင် ဈေးနှုန်း ပြောင်းပြန်ဖြစ်ခဲ့သည်။ ဒုတိယမြောက် hammer ဖြစ်ပေါ်လာပြီးနောက်တွင် အဝယ် ကုန်သွယ်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါသည်။ Stop loss ကို ထိုပုံသဏ္ဍန်၏ အနိမ့်ဘက်အောက်နားနီးနီးတွင် ထားရှိသင့်ပါသည်။ 

LiteFinance: Bullish Hammer

Head and Shoulders

Head and shoulders reversal pattern သည် အခြားသော ဇယားပေါ်ရှိပုံစံများထက်စာလျှင် ဇယားတွင် ကြိမ်ဖန်နည်းစွာ ဖြစ်ပေါ်သည်။ ၎င်းကို ထိပ်ချွန်သုံးခုဖြင့် ဖွဲ့စည်းသည် ၊ ထိုထဲမှတစ်ခုသည် အခြားနှစ်ခု အထက်ရှိ အလယ်အတွင်း ၌ တည်ရှိသည်။ ဤထိပ်များ၏အခြေနားသည် neckline ဖြစ်သည်- ဝယ်လိုအားဈေးတန်း။ Right shoulder ဖြစ်ပေါ်မှု ၊ ‎neckline ကို ဈေးနှုန်း မှ အထက်မှ အောက်အတိုင်း ဖြတ်ကျော်မှု နှင့် ဈေးပိုမိုနိမ့်မှုကို တည်ငြိမ်စေခြင်းတို့ ဖြစ်ပြီးနောက်မှသာလျှင် အရောင်းကုန်သွယ်မှုကို ဖွင့်လှစ်သင့်သည်။ ထို့ပြင် right shoulder သည် left shoulder ထက် အနည်းငယ် ပိုမြင့်သင့်သည်၊သို့သော် အမြဲတမ်းမဟုတ်ပါ။ 

ဖြတ်ကျော်မှုဖြစ်စဥ် တစ်ခုတွင် အချိန်တိုအတွင်း အတက်ဘက် သို့ စျေးယာယီပြန်တက်လာခြင်းသည် အသစ်ထွက်ပေါ်လာသော‌ရောင်းလိုအား ဈေးတန်းကို ချဥ်းကပ်‌ရောက်ရန်အတွက်ဖြစ်နိုင်ချေရှိသည်။

အကွာအဝေးအားဖြင့် စျေးနှုန်း ရွေ့လျားမှုများကို ‎neckline မှ head ထိ တွက်ချက်သည်။‎

LiteFinance: Head and Shoulders

အောက်ရှိ ၁၅ မိနစ် BTCUSD ဇယားတွင် အပြည့်အဝပုံပေါ်နေသော classic head and shoulders ပုံစံတစ်ခု ရှိသည်။

Neckline အောက် ဈေးပြုတ်ကျခဲ့၍ ထိုအဆင့်အောက် ခိုင်မာတည်ငြိမ်ခဲ့ပြီးနောက်တွင် ကျွန်ုပ် တို့သည် ရောင်းချမှုများ ပြုလုပ်နိုင်သည်။ သတ်မှတ်အမြတ်ရလျှင် ရပ်တန့်ရန် ညွှန်ကြားချက်ကို ‎neckline မှ head ထိ အကွာအဝေးကိုတိုင်းတာခြင်းဖြင့် သတ်မှတ်နိုင်သည်။ ဤအခြေအနေတွင် stop lossကို ကျိုးပျက်ထားသော ဝယ်လိုအားဈေးတန်း အထက်နားတွင် ထားရှိသင့်သည်။

LiteFinance: Head and Shoulders

Wedge

Wedge တွင် မျိုးကွဲများစွာရှိသည်။ ထိုပုံစံသည် အတက်လမ်းကြောင်းများနှင့် အဆင်းလမ်းကြောင်းနှစ်ခုလုံး ထဲတွင် ဖြစ်‌ပေါ်နိုင်သည်။

အတက်လမ်းကြောင်းများ နှင့် အဆင်းလမ်းကြောင်းများထဲရှိ rising wedge သည် စျေးနိမ့်ဆင်းမှု ၏ ဖြစ်နိုင်ချေရှိ လမ်းကြောင်းပြောင်းပြန်လှန်မည် ကို အချက်ပြသည်။ ထိုကိစ္စနှစ်ရပ်လုံးတွင် falling wedge သည် အထက်ဘက်လမ်းကြောင်းမျဥ်းကို ကျော်ဖြတ်လုနီးပါးအခြေအနေတစ်ခုကို ညွှန်ပြသည်။ ထိုပုံစံပေါ် အခြေခံ၍ ကုန်သွယ်မှုများဖွင့်လှစ်ရာတွင် သင်သည် အမြင့်ဖြစ်တည်မှုအပေါ် အာရုံစိုက်ရန် လိုအပ်သည်။

LiteFinance: Wedge

မိနစ် ၃၀ စာ GBPAUD ဇယားထဲတွင် ထိုပုံစံဖြစ်ပေါ်မှု၏ဥပမာတစ်ခုကို မြင်တွေ့နိုင်ပါသည်။အောက်ရှိပုံသည် ကုန်သွယ်မှု လမ်းကြောင်း ကျဉ်းမြောင်းခဲ့၍ wedge ပုံစံ ဖြစ်ပေါ်ခဲ့ချိန်တွင် ထိုပုံစံ၏ အမြင့်ဖြစ်ပေါ်မှု အဆင့်ထိသို့ ဈေးနှုန်းတဟုန်ထိုး‌ကျော်ဖြတ်မှုတစ်ခုရှိခဲ့သည်ကို ပြသထားသည်။ 

ယုံကြည်ရန် သင့်တင့်သော စျေးတည်ငြိမ်မှုတစ်ခုနှင့် ကုန်သွယ်မှုပမာဏများတိုးမြင့်လာမှု ဖြစ်ပေါ်ပြီး နောက်မှသာလျှင် ကုန်သွယ်မှုစတင် လုပ်ဆောင်ပါ။ ဤအခြေအနေတွင် stop lossကို ဖြစ်ပေါ်လာမှု ပုံစံအမျိုးအစားပေါ်မူတည်၍ ကျိုးပျက်မှု ဈေးတန်း၏ အထက်(သို့)အောက်တွင် ထားရှိသင့်ပါသည်။ 

LiteFinance: Wedge

Pennant

Pennant ပုံစံသည် flag ပုံစံနှင့် အလားတူသည်။ Pennant နှင့် flag ကြားရှိ ကွာခြားချက်မှာ pennant သည် symmetrical triangle တစ်ခု ပုံပေါ်သည်။ Flag တွင် ဈေး‌လှုပ်ရှားမှုအပိုင်းအခြားကို flagpole တစ်ခုလုံး ၏ အရှည်အတိုင်း တွက်ချက်သည်။ Pennant ဖြစ်သောအခါတွင် ဈေး‌ရွေ့လျားမှုသည် အောက်ခြေမှ symmetrical triangle ဖြစ်ပေါ်မှု၏ အစထိ အလျားနှင့်တူညီသည်။

LiteFinance: Pennant

အောက်ရှိ ၁၅ မိနစ် XRPUSD ဇယားတွင် bullish pennant တစ်ခု နှင့် bearish pennant တစ်ခု၏ သရုပ်ပြပုံကို တွေ့မြင်နိုင်ပါသည်။

ယင်းကိစ္စရပ်နှစ်ခုလုံးတွင် စျေးလှုပ်ရှားမှုအပိုင်းအခြားသည် ဝယ်လိုအား(သို့)ရောင်းလိုအား ဈေးတန်း မှ တြိဂံပုံစံတစ်ခု ဖြစ်ပေါ်မှု၏အစထိ အမြင့်နှင့်တူညီသည်။

ဤကိစ္စရပ်နှစ်ခုလုံး၌ အရောင်းအဝယ် အဝင်ဈေးများသည် တြိဂံပုံ မှ စျေးနှုန်းထွက်ခွာရာနေရာတွင် ရှိသည်။ Stop loss ကို ရွေ့လျားမှု ပေါ်မူတည်၍ ထိုဖြစ်ပေါ်နေသောပုံစံအောက်ဘက် (သို့) အထက်ဘက်တွင် ထားရှိသင့်သည်။

LiteFinance: Pennant

ကုန်သွယ်မှုဇယားပုံစံများ အကျဉ်းချုပ်

ဇယားတွင် ဖော်ပြသည့် ပက်တမ် များသည် ကုန်သည်များ ဖြစ်နိုင်ချေရှိသော လမ်းကြောင်းများကို လျင်မြန်စွာ သိရှိနိုင်စေရန် နည်းပညာအရ သုံးသပ်မှု တွင် မရှိမဖြစ်လိုအပ်သော ကိရိယာများဖြစ်သည်။ အောက်ဖော်ပြပါဇယားသည် လူကြိုက်များသော ကုန်သွယ်မှု ပက်တမ် ပုံစံများ၏ အဓိကအင်္ဂါရပ်များကို ခြုံငုံသုံးသပ်ပေးပါသည်။ ဤအချက်အလက်သည် သင့်အား စျေးနှုန်းဇယားများတွင် ဤ ပက်တမ်ပုံစံများကို လျင်မြန်စွာသိရှိနိုင်စေပြီး ၎င်းတို့ကို ကုန်သွယ်မှုတွင်အသုံးချရန် ကူညီပေးပါမည်။

ပက်တမ်ပုံစံများ

ဖွဲ့စည်းခြင်းအကြောင်းအရာ

လမ်းကြောင်း

Cup and Handle

ကာလတို ဈေးနှုန်းစုစည်းပြီးနောက်

အတက်

Symmetrical triangle

ဈေးကွက် မတည်ငြိမ်မှု ဖြစ်နေစဉ်အတွင်း

အတက်/အကျ

Ascending triangle

ရောင်းလိုအားများသော နေရာအနီး

အတက်

Descending Triangle

ဝယ်လိုအားများသော နေရာ၌

အကျ

Head and Shoulders

အတက်လမ်းကြောင်း အဆုံး၌

အကျ

Inverse Head and Shoulders

အကျလမ်းကြောင်း အဆုံး၌

အတက်

Double Top

အမြင့်တူ ထိပ် နှစ်ခု ဖြစ်ပေါ်ပြီးနောက်

အကျ

Double Bottom

အမြင့်တူ အနိမ့် နှစ်ခု ဖြစ်ပေါ်ပြီးနောက်

အတက်

Flag

ကာလတို ဈေးနှုန်းစုစည်းနေစဉ်အတွင်း

အတက်/အကျ

Wedge

လမ်းကြောင်း ပြောင်းပြန်ဖြစ်ခြင်း သို့မဟုတ် ဆက်သွားခြင်း မဖြစ်မှီ

အတက်/အကျ

ကာလတို နှင့် တနေ့တာ ကုန်သွယ်ခြင်း အတွက် ကုန်သွယ်ခြင်း အတွက် patterns အပေါ်အခြေခံသော ကုန်သွယ်မှုနည်းဗျူဟာများ

တနေ့တာကုန်သွယ်မှုနည်းဗျူဟာများအတွက် ကုန်သည်တယောက်အနေဖြင့် အထက်ပါ ဇယားပုံစံများ အားလုံး ကို အသုံးပြုနိုင်ပါသည်။ စျေးကွက်စိစစ်ရေးအတွက် အကြံပြုချင်သော အချိန်အပိုင်းအခြားများမှာ ၅ မိနစ်၊ ၁၅ မိနစ် နှင့် ၃၀ မိနစ် သတ်မှတ်အချိန် ကာလများ ဖြစ်ပါသည်။ ၁ရက်-၂ရက် ကြားအတွက် ‌ရေတိုရင်းနှီးမြှပ်နှံမှုနည်းဗျူဟာတစ်ခုထဲတွင် သင်သည် နာရီပိုင်းဇယားကို အသုံးပြုနိုင်သည်။

‌အောက်တွင် bull flag ဖြစ်ပေါ်မှုတစ်ခုကိုပြသသော ၅ မိနစ်စာ EURUSD ဇယားတစ်ခုရှိပါသည်။ Flagpole‎ ပေါ်၌ အခြေခံသောစျေးလှုပ်ရှားမှုကို ဆုံးဖြတ်ခြင်းနှင့် pattern မှ စျေးနှုန်းထွက်ရန်အတွက်စောင့်စားခြင်းတို့ ပြီးနောက်တွင် ကျွန်ုပ်သည် ကုန်သွယ်မှု အတွက် သီးခြားပစ်မှတ်တစ်ခုဖြင့် အနည်းဆုံး 0.01 ပမာဏ ရှိ အဝယ်ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ကျွန်ုပ်သည် တိုးတက်မှုစတင်သောအမှတ်ရှိ flag အတွင်း၌ stop loss တစ်ခုကို ထားရှိသည်။ နာရီဝက်ကြာပြီးနောက် ကျွန်ုပ်၏ ကုန်သွယ်မှုကို $‌1.62 အမြတ်ဖြင့် ပိတ်သိမ်းသည်။

LiteFinance: ကာလတို နှင့် တနေ့တာ ကုန်သွယ်ခြင်း အတွက် ကုန်သွယ်ခြင်း အတွက် patterns အပေါ်အခြေခံသော ကုန်သွယ်မှုနည်းဗျူဟာများ

ထို ၁၅ မိနစ်စာ GBPUSD ဇယားကို ဆန်းစစ်ပြီးနောက် ကျွန်ုပ်သည် falling wedge ၏ ဖြစ်ပေါ်မှုကို ခွဲခြမ်းစိတ်ဖြာခဲ့ကာ ထိုမှတဆင့် ဈေးနှုန်းကျိုးပျက်ကျော်ဖြတ်မှုတစ်ခုကို မျှော်လင့်ထားခဲ့သည်။

စျေးနှုန်းသည် ထိုအဆင့်ကိုဖြတ်ကျော်၍ ချဥ်းကပ်‌ရောက်ရှိပြီးနောက်တွင် ကျွန်ုပ်သည် 0.01 lot ပမာဏ ရှိ အဝယ် ကုန်သွယ်မှုတစ်ခုကို ဖွင့်ခဲ့သည်။ 

ကုန်သွယ်မှုနည်းဗျူဟာကဏ္ဍအရ ကုန်သွယ်မှုအတွက်ပစ်မှတ်သည် အဆင်းလမ်းကြောင်း ၏ အစမှ ပထမကြိမ် အတက်ဘက်ရှိ စျေးရုတ်တရက်ကျ၍ ပြန်တက်သောနေရာ ၏ အစထိ အကွာအဝေးတွင် ရှိခဲ့ပါသည်။ Stop loss ကို ကျော်ဖြတ်အဆင့်အောက်နားတွင် ဆုံးရှုံးနိုင်ချေ ကြိုတင်စီမံခန့်ခွဲမှု၏ တစိတ်တပိုင်း အနေဖြင့် ထားရှိသည်။

အချိန်တစ်ခုအကြာနောက်ပိုင်းတွင် ကုန်သွယ်မှုကို ‌၆.၅၂ ဒေါ်လာ အမြတ်ဖြင့် နေ့တွင်းချင်းပိတ်သိမ်းသည်။

LiteFinance: ကာလတို နှင့် တနေ့တာ ကုန်သွယ်ခြင်း အတွက် ကုန်သွယ်ခြင်း အတွက် patterns အပေါ်အခြေခံသော ကုန်သွယ်မှုနည်းဗျူဟာများ

အခြားကုန်သွယ်မှု နှစ်ခု နှင့်ယှဥ်လျှင် မိနစ် ၃၀ စာ EURUSD ဇယားတွင် အဝယ်အခြေအနေတစ်ခုလည်းပဲ ရှိခဲ့ပါသည်။ ဈေးကွက်အတွင်းတွင် symmetrical triangle တစ်ခု ဖြစ်ပေါ်လာသည်။ အဆိုပါတြိဂံအတွက် ကုန်သွယ်မှုဗျူဟာ၏ ဘောင်အတော အတွင်း စျေးနှုန်းအတက်နှင့်အကျနှစ်မျိုးလုံး ဖြစ်နိုင်သည်ကို ကျွန်ုပ် သင့်ကို သတိပေးပါရစေ။ ထို့ကြောင့် သင်သည် ကျိုးပြတ်ကျော်ဖြတ်ခြင်းအတည်ပြုချက်တစ်ခုကို ဦးစွာ မဖြစ်မနေစောင့်ဆိုင်းရမည်။

ထို့အပြင် bullish hammer တစ်ခုသည် တိုးတက်မှု ၏ အစမတိုင်ခင် တြိဂံ၏အခြေ၌ ဖြစ်ပေါ်ခဲ့သည်၊ ၎င်းသည် ဝယ်လိုသူများ၏အင်အား(ဝယ်လိုအား) ကို ထပ်မံအတည်ပြုလိုက်ခြင်းဖြစ်ခဲ့သည်။ တြိဂံပုံ၏ ခုန်တက်ကျိုးပျက် သွားမှုသည် နောက်ထပ်အတည်ပြုပုံစံ- bullish flagကိုဖြစ်ပေါ်စေခဲ့သည်။ Flag မှ ထွက်ရန်အတွက် စောင့်ဆိုင်းပြီးနောက်တွင် ကျွန်ုပ်သည် flagpole အမြင့်နဲ့တူညီသည့် ပစ်မှတ်တစ်ခုကို သတ်မှတ်ကာ 0.01 lot ပမာဏ ရှိ အဝယ်ကုန်သွယ်မှုတစ်ခုကို ဖွင့်ခဲ့သည်။ Stop loss ကို ပုံပေါ်နေသော flag အောက်တွင်ထားရှိခဲ့သည်။ 

ကုန်သွယ်မှုဖွင့်ပြီးသည့်နောက် ၁ နာရီခွဲ အကြာ တွင် သတ်မှတ်ပစ်မှတ်ကို ရောက်ရှိခဲ့ပြီး အမြတ် $3.14 ရရှိခဲ့သည်။

LiteFinance: ကာလတို နှင့် တနေ့တာ ကုန်သွယ်ခြင်း အတွက် ကုန်သွယ်ခြင်း အတွက် patterns အပေါ်အခြေခံသော ကုန်သွယ်မှုနည်းဗျူဟာများ

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

Day trading တွင် patterns များအသုံးပြုရန် စတင် လေ့လာသူအတွက် အကောင်းဆုံးသောအကြံပြုချက်များ

Day trading သည် ငွေကြေးလျင်မြန်စွာ ဆုံးရှုံးမှုကိုဦးတည်နိုင်သော အတော်အတန်စွန့်စားမှုမြင့်မားသော ဝင်ငွေ အမျိုးအစားတစ်ခုဖြစ်သည်၊ ထို့ကြောင့် သင် ကုန်သွယ်ခြင်းကိုမစတင်မီ အောက်ပါ အကြံပြုချက်များကို လိုက်နာရန် ကြိုးစားပါ။

စျေးကွက်လှုပ်ရှားမှုစစ်တမ်းများနှင့်အတူ နည်းပညာဆိုင်ရာအညွှန်းများကို အသုံးပြုပါ

Day trading ကိုမစတင်မီ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သုတေသနကိုလုပ်ဆောင်ရန်နှင့် ၅ မိနစ် ဇယားများမှ နေ့စဥ်ဇယားများထိ ပိုင်းခြားထားသည့် အမျိုးမျိုးသောသတ်မှတ်အချိန်ကာလများကို စိစစ်ခြင်းဖြင့် ဈေးကွက် အနေအထား mood of the market ကို ခွဲခြမ်းစိတ်ဖြာရန်တို့ အရေးကြီးပါသည်။ ထိုအရာသည် လမ်းကြောင်း အလုံးစုံကို နားလည်ရန်နှင့် ပိုမိုကောင်းမွန်သောကုန်သွယ်မှုဆိုင်ရာဆုံးဖြတ်ချက်များချရာတွင် သင့်ကို ကူညီပေးပါလိမ့်မည်။

ဈေးနှုန်းပြုမူတုံ့ပြန်ချက် (price action) နှင့် တွဲဖက်၍ နည်းပညာဆိုင်ရာ ညွှန်ပြချက်ကိရိယာများကို အသုံးပြုပါ

စျေးနှုန်းလှုပ်ရှားမှုစစ်တမ်းနှင့်အတူ ဇယားအတွင်းရှိ နည်းပညာဆိုင်ရာ စစ်တမ်းအညွှန်းများဖြစ်ကြသော RSIStoch (သို့) MACD တို့ကိုအသုံးပြုရန် အကြံပြုပါသည်။ ပုံစံသွင်ပြင်များနှင့် အလားအလာရှိသော ကုန်သွယ်ရေး အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရာတွင် ၎င်းတို့သည် သင့်ကို အကူအညီဖြစ်စေပါလိမ့်မည်။

ပုံသဏ္ဍန်များအပြည့်ပုံပေါ်သည်အထိ စောင့်ဆိုင်းပြီး အမြတ်ရနိုင်သောစမှတ်များကို ဖော်ထုတ်ပါ

ဇယားပုံစံများကို ခွဲခြားပြီးနောက် ကုန်သွယ်မှုတစ်ခုကို မဝင်ရောက်ခင် ထိုပုံစံတို့အပြည့်ပုံပေါ်သည်အထိ စောင့်ဆိုင်းရန် အရေးကြီးသည်။ ၎င်းသည် အောင်မြင်သောကုန်သွယ်မှုတစ်ခု၏အလားအလာကို မြင့်တက်စေ ပါလိမ့်မည်။ထို့ပြင် အမြတ်ရနိုင်သောစမှတ်များကိုဖော်ထုတ်ခြင်းသည် ဖြစ်နိုင်ချေရှိအမြတ်များကို များသထက်များအောင်ဆောင်ရွက်ရာတွင် အ‌ရေးပါသည်။

ဆုံးရှုံးနိုင်ချေကြိုတင်စီမံခန့်ခွဲမှုနည်းဗျူဟာများကို အကောင်ထည်ဖော်ဆောင်ရွက်ခြင်း

အရင်းအနှီးကို ကြာရှည်ထိန်းထားစေရန်အလို့ငှါ stop loss ကို သတ်မှတ်ထားရှိရန်နှင့် သင့်၏ အရှုံးခံနိုင်ရည် အဆင့်နှင့်အညီ ချဲ့ထွင်ထားသော သင်၏ ကိုယ်ပိုင်ဆုံးရှုံးနိုင်ချေကြိုတင်စီမံခန့်ခွဲမှုနည်းဗျူဟာများကို စွဲကပ်နေရန် တို့ အ‌ရေးကြီးပါသည်။ ၎င်းသည် ဆုံးရှုံးမှုများလျော့ချရန်နှင့် သင် ၏ လက်လီရင်းနှီးမြှပ်နှံသူ အကောင့်များကို ကာကွယ်ရန်တို့ကို ကူညီပေးပါလိမ့်မည်။ထို့အပြင် တစ်စုံတစ်ယောက် သည် ကုန်သွယ်မှု ပလက်ဖောင်းများနှင့် အကျိုးဆောင်များ မှ မကြာခဏစီစဥ်ပေးလျက်ရှိသော စမ်းသပ်နမူနာ အကောင့်တစ်ခုကို သုံးစွဲခြင်းဖြင့် စတင်နိုင်ပါသည်။

သတင်းအချက်အလက်အကြောင်းအရာများကို ခေတ်နှင့်အမီ ထိတွေ့ဆက်စပ်နေပါ

တနေ့တာ အတွင်း ကုန်သွယ်ရာဝယ် စျေးနှုန်းလှုပ်ရှားမှုများကိုစောင့်ကြည့်ရန်နှင့် သတင်းအချက်အလက်များ အခြေအနေ ကို အချိန်နှင့်တပြေးညီထိတွေ့နေရန်တို့ အ‌ရေးကြီးသည်။၎င်းသည် မြင့်မားသော စွန့်စားမှု အလားအလာများနှင့် ဈေးနှုန်းဦးတည်ချက်ကိုသက်ရောက်နိုင်သော ကုန်သွယ်ခြင်း အခွင့်အလမ်းများ တို့ကို ရှာဖွေဖော်ထုတ်ရာတွင် သင့်ကိုကူညီပေးပါလိမ့်မည်။

Bull နှင့် Bear ထောင်ချောက် များကို ဂရုပြုပါ

Bull နှင့် bear ထောင်ချောက်များသည် တနေ့တာကုန်သွယ်ခြင်းတွင် တွေ့ရများသောဇယားပုံစံများဖြစ်ပြီး မရှာဖွေ မရှောင်ရှားခဲ့လျှင် သိသိသာသာဆုံးရှံးမှုများဆီသို့ ဦးတည်နိုင်ပါသည်။ ဈေးကွက်သည် လားရာတစ် ဖက်ထဲတွင်‌ ရွေ့လျားနေဟန်ဖြစ်ပေါ်သော်လည်း ရုတ်ချည်းပြောင်းပြန်ဖြစ်သွား၍ ဆန့်ကျင်ဘက်ဦးတည်ချက် ထဲသို့ရောက်သွားချိန်တွင် ဤထောင်ချောက်များဖြစ်ပေါ်လာသည်။၎င်းသည် ပိုနိမ့်သည့် သတ်မှတ်အချိန် ကာလ များပေါ်၌ ဖြစ်ပေါ်နိုင်သည်၊ထိုနေရာတွင် ဈေးလှုပ်ရှားမှုများသည် ပိုမိုအပြောင်းအလဲမြန်နိုင်ပါသည်။

စိတ်ငြိမ်ငြိမ်ထား၍ အလျင်စလိုဆုံးဖြတ်ချက်များကို ‌ရှောင်ရှားပါ

နောက်ဆုံးအနေဖြင့်စိတ်ငြိမ်ငြိမ်ထားရန်နှင့် အလျင်စလိုကုန်သွယ်မှုအဆုံးအဖြတ်များကို ရှောင်းရှားရန်အရေး ကြီးသည်။ စိတ်တည်ငြိမ်အောင်နေ၍ ရှင်းလင်းပြတ်သားသောကုန်သွယ်မှုအစီအစဥ်တစ်ခုကို လိုက်နာ လုပ်ဆောင်ခြင်းဖြင့် သင်သည်နေ့ချင်းကုန်သွယ်မှုတွင် သင့်၏အောင်မြင်မှုအခွင့်အလမ်းများကို တိုးမြင့်နိုင် ပါသည်။

မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။

ဒီမိုအကောင့်သို့ သွားမည်

နိဂုံးချုပ်

ဤဆောင်းပါးသည် တနေ့တာကုန်သွယ်မှု၏အသေးစိတ်ကျသောစစ်တမ်းတစ်ခုကို ပြဌာန်းထားသည် ။၎င်းသည် ကုန်သည်တိုင်း ဂရုပြုရန်လိုအပ်သော အဓိကကျအချက်များကို ဆွေးနွေးခဲ့သည်။ တနေ့တာ ကုန်သွယ်ခြင်းပုံစံများ ကို သတ်မှတ်ချိန်အနိမ့်များပေါ်တွင်တစ်နာရီထိတိုင် စိစစ်လေ့လာရန် အကောင်းဆုံး ဖြစ်သည် ကို ကျွန်ုပ်တို့ သက်သေပြခဲ့ပြီးဖြစ်သည်။ထို့ပြင် ဤဆောင်းပါးသည် တစ်နေ့တာအတွင်း ကုန်သွယ်မှုများပိတ်သိမ်းခြင်းဖြင့် အောင်မြင်သောကုန်သွယ်ခြင်းအတွက် အသုံးပြုနိုင်သော နည်းပညာဆိုင်ရာ စစ်တမ်းပုံစံများ ကို အသေးစိတ် ပြန်လည်သုံးသပ်ထားသည်။

ထို့အပြင် ဤဆောင်းပါးသည် လက်တွေ့တွင်စမ်းသပ်အသုံးပြုခဲ့ပြီးသောအချို့ပုံစံများအတွက် ကုန်သွယ်မှု နည်းဗျူဟာများကို ဆွေးနွေးခဲ့ပါသည်။

ဈေးနှုန်းပုံစံစစ်တမ်းကို ငွေကြေးများ၊ ဒစ်ဂျစ်တယ်ငွေကြေးများနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာစာချုပ်စာတမ်းများ အပါအဝင် ရှုပ်ထွေးသောရင်းနှီးမြှုပ်နှံမှုများစွာ၌ အသုံးပြုသည်။

အလွန်ယုံကြည်အားကိုးရပြီး တုံ့ပြန်မှု အမြန်ဆုံးသောအကျိုးဆောင်များထဲမှတစ်ခုဖြစ်သည့် LiteFinance နှင့်အတူ နမူနာလက်လီရင်းနှီးမြှုပ်နှံမှုအကောင့်များ အခမဲ့ဖွင့်ခြင်းဖြင့် ငွေကြေးထိခိုက်ဆုံးရှုံးမှုမရှိဘဲ ဘဏ္ဍာရေး စျေးကွက်ပေါ်တွင် ကုန်သွယ်ခြင်းကို မိမိဘာသာစမ်းသပ်လုပ်ဆောင်ကြည့်နိုင်ပါသည်။

Day Trading Patterns ၏ မကြာခဏအမေးများသော မေးခွန်းများ

ဇယားပုံစံများသည် တနေ့တာ ကုန်သွယ်မှုအပါအဝင် မည်သည့်အချိန်ကာလဘောင်ပေါ်တွင်မဆို အလုပ်လုပ်သည်။ သို့သော် ကုန်သွယ်သောအခါ ငွေကြေးမဆုံးရှုံးစေရေးအတွက် ဇယားပုံစံများ မှန်ကန်စွာမှတ်သားရာဝယ် အတွေ့အကြုံနှင့်ဗဟုသုတရှိရန် အရေးကြီးသည်။

Day trading အတွက် အကောင်းဆုံးဇယားပုံစံတွင် triangle၊ flag ၊ pennant ၊ wedge နှင့် bullish hammer ဇယားပုံစံများပါဝင်ပါသည်။

တစ်နေ့တာအတောအတွင်းရှိ ဇယားပုံစံများကို ခွဲခြားဖော်ထုတ်ရန်အတွက် သတ်မှတ်ချိန်ကာလ တစ်နာရီ ထိကိုအသုံးပြုရန် အကြံပြုပါသည်။ ၎င်းတို့အပေါ်၌ အနည်းငယ်ချဲ့ကြည့်ခြင်းဖြင့် patterns ဖြစ်ပေါ်မှုကို သင် မြင်တွေ့နိုင်ပါသည်။ သင့်တွင် လိုအပ်သောကျွမ်းကျင်မှုများရှိရန် သေချာပါစေ၊ နည်းပညာဆိုင်ရာ စစ်တမ်းကို အကောင်ထည်ဖော်ဆောင်ရွက်ပါ၊ များစွားသော နည်းပညာဆိုင်ရာ အညွှန်းများကို မည်သို့ အကောင်ထည်ဖော်သည်ကို သိနားလည်ပြီး တင်းကြပ်သော ဆုံးရှုံးနိုင်ချေ ကြိုတင်စီမံမှုတစ်ခုကို ထားရှိပါ၊အဘယ်ကြောင့်ဆိုသော် ပုံစံအတုအယောင်များသည် သင့်၏ ကုန်သွယ်မှုအကောင့်ကို ငွေဆုံရှုံးသွားစေရန်လုပ်ဆောင်နိုင်သည်။

Day trading ကုန်သွယ်မှုတွင် ထိ‌ရောက်သော japanese candlestick ပုံစံများတွင် hammer၊ inverted hammer၊ morning and evening stars၊ piercing၊ dark cloud cover၊ hanging man၊ bullish နှင့် bearish engulfing ပုံစံများကဲ့သို့ trend bullish နှင့် bearish reversals ဇယားပုံစံတို့ ပါဝင်သည်။

လတ်တလောတွင် သင့်၏ လက်လီရင်းနှီးမြှုပ်နှံသူ အကောင့်များအတွင်းရှိ အခြား ပိုင်ဆိုင်မှုများနှင့် အတူ လက်တွေ့အသုံးချနိုင်ရန် candlestick စစ်တမ်းနှင့် စျေးနှုန်း ပုံစံ စိစစ်လေ့လာချက်နှစ်မျိုးလုံး ပါဝင်သော စ‌တော့ဇယားပုံစံများစွာရှိပါသည်။

ကုန်သွယ်မှု ပက်တမ် သုံးမျိုးမှ ငါးမျိုး သည် အမြတ်အစွန်းရှိသော ကုန်သွယ်မှုဗျူဟာတစ်ခုတည်ဆောက်ရန် လုံလောက်ပါသည်။ သင်သည် ဤပက်တမ် များကို ဈေးနှုန်းဖော်ပြချက်ဇယားတွင် ခွဲခြားသတ်မှတ်ပြီး ၎င်းတို့၏အချက်ပြမှုများကို အနက်အဓိပ္ပာယ်ဖွင့်ရန် သိထားသင့်ပါသည်။ အောင်မြင်မှု၏သော့ချက်မှာ သင်၏ အသိပညာ၊ ပုံမှန်အလေ့အကျင့် နှင့် ရွေးချယ်ထားသော ပက်တမ် များအတိုင်း သင်၏ကုန်သွယ်မှုဗျူဟာကို ချိန်ညှိခြင်းဖြစ်သည်။

စတင်လေ့လာသူများအတွက် Day Trading Patterns ၁၀ မျိုး

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat