နည်ပညာပိုင်းဆိုင်ရာ စိစစ်ခွဲဖြာမှုနယ်ပယ်တွင် chart pattern များသည် ကုန်သည်များအား အမြော်အမြင်ကြွယ်ဝသည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူဖြစ်စေသောကြောင့် ၎င်းတို့ကို မရှိမဖြစ်လိုအပ်ပါသည်။ Pattern များသည် ကုန်စည်ပစ္စည်းရောင်းဝယ်ရေး၊ စတော့ရှယ်ယာများ၊ ခရစ်တိုငွေကြေး နှင့် Forex တို့အပါအဝင် စျေးကွက်အားလုံးတွင် ဖြစ်ပေါ်ပါသည်။

Pattern များသည် ဖြစ်နိုင်ချေရှိသော စျေးနှုန်းရွေ့လျားမှုကို ညွှန်ပြပါသည်။ ထို pattern များအနက် "Falling wedge" ဖြစ်ပေါ်မှုသည် လမ်းကြောင်းခန့်မှန်းရာတွင် လွန်စွာထိရောက်မှုရှိသော ကိရိယာတစ်ခု ဖြစ်ပါသည်။ ဤဆန့်ကျင်ဘက်သို့ ပြောင်းလဲမှု pattern သည် သင့်အား ခန့်မှန်းချက်တိကျမှု နှင့် ကုန်သွယ်ရေးထိရောက်မှုတို့ကို တိုးမြင့်စေနိုင်ပါသည်။ ဤဆောင်းပါးတွင် "Falling wedge" pattern ၏ ဝိသေသလက္ခဏာရပ်များအပြင် ကုန်သွယ်ရေးဗျူဟာများနှင့် စွန့်စားမှုစီမံခန့်ခွဲရေး စည်းမျဥ်းများကိုလည်း အလေးပေးဖော်ပြပါမည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ပင်မကောက်နှုတ်ချက်များ

  • "Falling wedge" တစ်ခုသည် နည်းပညာဆိုင်ရာ စိစစ်ခွဲဖြာမှုတွင် ‌စျေးအတက်ဘက်သို့ ပြောင်းလဲမှု နှင့် ဆက်လက်ဖြစ်ပေါ်နေမည့် pattern တစ်ခု ဖြစ်ပြီး ၎င်းသည် အကျလမ်းကြောင်းတစ်ခုအတွင်း ပေါ်ပေါက်ပါသည်။
  • "Falling wedge" တစ်ခုသည် အောက်ဘက်သို့ ဦးတည်ဆိုက်ကျလာသော ဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းမျဥ်းများ ကျဥ်းမြောင်းသွားသည့် စျေးကျဆင်းမှု လမ်းကြောင်းတစ်ခုထဲတွင် ဖြစ်ပေါ်ပါသည်။
  • "Falling wedge" pattern တစ်ခုသည် "Triangle" နှင့် "Pennant" pattern များနှင့် ကွဲပြားခြားနားသည့် အကြောင်းရင်းမှာ ၎င်း၏ စုဆုံလာသော လမ်းကြောင်းမျဥ်းများသည် အောက်ဘက်သို့ လျှောကျနေပြီး ထိုသည်မှာ ဆန့်ကျင်ဘက်သို့ ပြောင်းလဲနိုင်ချေကို ညွှန်ပြနေပါသည်။
  • "Falling wedge" တစ်ခုသည် ကျဥ်းမြောင်းသော အပိုင်းအခြားအတွင်း စျေးနှုန်းရွေ့လျားမှုကြောင့် ကျဆင်းမှုအရှိန်အဟုန် တဖြည်းဖြည်း အားနည်းလာသည့်အခါတွင် ဖြစ်ပေါ်ပါသည်။
  • ထို pattern သည် သီးသန့် လမ်းကြောင်းပြောင်းလဲမှု အချက်ပြအဖြစ် (သို့) အခြားနည်းပညာဆိုင်ရာ အညွှန်းများနှင့် ပေါင်းစပ်၍ အသုံးပြုနိုင်ပါသည်။
  • "Falling wedge" တစ်ခုသည် အတက်ဘက်သို့ လမ်းကြောင်းပြောင်းလဲမှုကို ကြိုတင်၍ အချက်ပြပေးသည့် pattern တစ်ခု ဖြစ်ပါသည်။

Falling wedge Pattern တစ်ခုမှာ မည်သည်ကို ဆိုလိုပါသနည်း။

"Falling wedge" တစ်ခုသည် နည်းပညာပိုင်းဆိုင်ရာ စိစစ်ခွဲဖြာမှု chart pattern တစ်ခုဖြစ်ပြီး အကျလမ်းကြောင်းတစ်ခုအတွင်း ပေါ်ပေါက်၍ အတက်ဘက်သို့ စျေးနှုန်းပြောင်းလဲနိုင်ချေကို ညွှန်ပြပါသည်။

"Falling wedge" တစ်ခုသည် တဖြည်းဖြည်းကျဥ်းမြောင်း၍ နှစ်ဖက်စုဆုံလာသော ဝယ်လိုအားနှင့် ရောင်းလိုအား မျဥ်းများကြားတွင် စျေးနှုန်းပိတ်မိနေသည့် စျေးကျဆင်းမှုလမ်းကြောင်းတစ်ခုအတွင်း ဖွဲ့စည်းဖြစ်ပေါ်ပါသည်။ ရောင်းလိုအားမျဥ်း ဖောက်ထွက်မှုသည် ပုံမှန်အားဖြင့် စျေးတက်မည့် လမ်းကြောင်းအသစ်၏ စတင်မှုကို ဖော်ပြသောကြောင့် ၎င်းသည် အထူးအ‌ရေးကြီးပါသည်။

LiteFinance: Falling wedge Pattern တစ်ခုမှာ မည်သည်ကို ဆိုလိုပါသနည်း။

Falling Wedge Pattern တစ်ခုကို မည်သို့ရှာဖွေဖော်ထုတ်ပုံ

Chart ပေါ်တွင် "Falling wedge" pattern တစ်ခုကို ရှာဖွေတွေ့ရှိရန်အတွက် စျေးနှုန်း ဆက်လက်နိမ့်ဆင်းနေသောကြောင့် တဖြည်းဖြည်း အားနည်လာကာ ညီညာပြန့်ပြူးလာသည့် စျေးကျဆင်းမှုလမ်းကြောင်းတစ်ခုအား ပထမဦးစွာ သတ်မှတ်ဖော်ထုတ်ပါ။ ထို့နောက် အပေါ်ပိုင်းလမ်းကြောင်းမျဥ်းကို ပိုမိုနိမ့်သော အမြင့်ဆုံးအမှတ်များ နှင့် အောက်ဘက် လမ်းကြောင်းမျဥ်းကို ပိုမိုနိမ့်သော အနိမ့်ဆုံးအမှတ်များကို ဆက်သွယ်၍ ရေးဆွဲပါ။ ထိုသို့ဖြင့် လမ်းကြောင်းမျဥ်းနှစ်ကြောင်းကို သက်ဆိုင်ရာ အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်များ ဆက်သွယ်ကာ ရေးဆွဲပါသည်။ အကယ်၍ ထိုမျဥ်းနှစ်ကြောင်းသည် အောက်ဘက်သို့ စောင်းဆင်းနေပြီး ချဥ်းကပ်စုဆုံလာပါက နိမ့်ဆင်းသွားသော wedge ပုံစံ တစ်ခု ပေါ်ပေါက်ပါမည်။

စျေးနှုန်းအပိုင်းအခြား ကျဥ်းမြောင်းလာမှုအပေါ် မျက်ခြေမပြတ်စောင့်ကြည့်ပါ၊ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ပမာဏသည် တဖြည်းဖြည်း လျော့ကျသွားသင့်သောကြောင့် ဖြစ်ပါသည်။ ဤ pattern သည် ရောင်းလိုအားမျဥ်းကို စျေးနှုန်းဖောက်ကျော်သွားသည့်အခါတွင် ပြည့်စုံပြီးမြောက်သွားပါသည်၊ ၎င်းသည် ထိုဖွဲ့စည်းမှုပုံစံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ထိုအတောအတွင်း ကုန်သွယ်မှုပမာဏများ တိုးပွားလာပြီး စျေးတက်လာမည့် လမ်းကြောင်းပြောင်းလဲမှုကို အချက်ပြညွှန်းဆိုနေပါသည်။

Falling Wedge Pattern ၏ ဝိသေသလက္ခဏာရပ်များ

  1. လမ်းကြောင်းမျဥ်းများ စုဆုံလာခြင်း။ အပေါ်ဘက် ရောင်းလိုအားမျဥ်းသည် တဆက်တည်းရှိသော စျေးအတက်အကျလှိုင်း၏ အမြင့်ဆုံးအမှတ်များကို ဆက်သွယ်၍ အောက်ဘက်ရှိဝယ်လိုအားမျဥ်းသည် ဆက်တိုက်ဖြစ်ပေါ်နေသာ စျေးအတက်အကျလှိုင်း၏ အနိမ့်ဆုံးအမှတ်များကို ဆက်သွယ်ထားပါသည်၊ ထိုသို့ဖြင့် ပိုမိုနိမ့်သော အမြင့်ဆုံးအမှတ်များနှင့် ပိုမိုနိမ့်သော အနိမ့်ဆုံးအမှတ်များ၏ ဖြစ်ပေါ်မှုကို ညွှန်ပြနေပါသည်။
  2. စျေးနှုန်းအပိုင်းအခြားကျဥ်းမြောင်းလာခြင်း။ ဤ pattern ဖြစ်ပေါ်လာသည်နှင့်အမျှ စျေးအတက်အကျ လှိုင်းအကျယ်ပမာဏများ တဖြည်းဖြည်း လျော့ကျပြီး ၎င်းသည် မတည်ငြိမ်မှု လျော့နည်းလာခြင်း နှင့် ထပ်မံရွေ့လျားမှုမတိုင်မီ တည်ငြိမ်လာနိုင်ချေကို ညွှန်ပြနေပါသည်။ ဝယ်သူများနှင့် ရောင်းချသူများသည် သတိထားချဥ်းကပ်မှုကို ကျင့်သုံးနေပြီး အခြေအနေ မည်သို့ဖြစ်လာမည်ကို စောင့်ဆိုင်းနေကြပါသည်။
  3. ကုန်သွယ်ရေးပမာဏ။ စိစစ်ခွဲဖြာရာတွင် ကုန်သွယ်ရေးပမာဏကို ထည့်သွင်းစဥ်းစားရန် အရေးကြီးပါသည်၊ အဘယ်ကြောင့်ဆိုသော် pattern ဖြစ်ပေါ်လာပြီးနောက် ပမာဏသည် များသောအားဖြင့် ကျဆင်းပြီး အပေါ်ဘက် ရောင်းလိုအားမျဥ်းကို ဖောက်ကျော်သည့်အခါတွင် ပမာဏ ရုတ်တရက် ထိုးတက်လေ့ရှိပါသည်၊ ထိုသည်မှာ လမ်းကြောင်းပြောင်းလဲမှု နှင့် စျေးမြင့်တက်မည့် ဖောက်ထွက်မှုကို အတည်ပြုပေးပါသည်။
  4. ဖောက်ထွက်မှု။ စျေးနှုန်းရွေ့လျားမှုသည် အပေါ်ဘက် ရောင်းလိုအားမျဥ်းကို ဖောက်ကျော်သည့်အခါ pattern ဖွဲ့စည်းမှု၏ နောက်ဆုံးအဆင့် ဖြစ်ပေါ်လာပါသည်၊ ထိုသည်မှာ စျေးမြင့်တက်မည့် လမ်းကြောင်းအသစ်၏ စတင်မှုကို ညွှန်းဆိုပါသည်။

Pfizer (#PFE) စတော့စျေးနှုန်း Chart ပေါ်ရှိ Falling wedge Pattern

၂၀၂၃ နိုဝင်ဘာလ မှ ၂၀၂၄ ဒီဇင်ဘာလအထိ Pfizer ၏ နေ့စဥ်စတော့ chart ပေါ်ရှိ "Falling wedge" pattern တစ်ခုကို စိစစ်ခွဲဖြာကြည့်ကြပါစို့။

LiteFinance: Pfizer (#PFE) စတော့စျေးနှုန်း Chart ပေါ်ရှိ Falling wedge Pattern

စဦးအဆင့်: အထက်ပိုင်း နှင့် ‌အောက်ပိုင်းရှိ လမ်းကြောင်းမျဥ်းများ၏ ဖွဲ့စည်းဖြစ်ပေါ်မှု ၊ ၂၀၂၃ နိုဝင်ဘာ– ၂၀၂၄ မတ်

ဤကာလအတွင်း Pfizer ၏စျေးနှုန်သည် အကျလမ်းကြောင်းတစ်ခုတွင် အရောင်းအဝ ယ်ဖြစ်နေခဲ့ပါသည်။ နိုဝင်ဘာ ၂၈၊ ဇန်နဝါရီ ၂ နှင့် မတ်လ ၃၁ ရက်နေ့များရှိ ပိုမိုနိမ့်သော အမြင့်ဆုံးအမှတ်များသည် အပေါ်ပိုင်းလမ်းကြောင်းမျဥ်းကို ဖွဲ့စည်းဖြစ်ပေါ်စေခဲ့ပြီး ဒီဇင်ဘာ ၁၅ နှင့် မတ် ၄ ရက်နေ့များရှိ ပိုမိုနိမ့်သော အနိမ့်ဆုံးအမှတ်များသည် အနိမ့်ပိုင်းလမ်းကြောင်းမျဥ်းကို ဖွဲ့စည်းပေးပါသည်။

အလယ်အလတ်အဆင့်: အပိုင်းအခြားကျဥ်းမြောင်းလာခြင်း ၊၂၀၂၃ ဒီဇင်ဘာ – ၂၀၂၄ ဧပြ

ဤကာလတွင် #PFE စျေးနှုန်းသည် တည်ငြိမ်နေသော ဇုန်အတွင်း စုဆုံလာသည့် လမ်းကြောင်းမျဥ်းများကြား အရောင်းအဝယ် ဆက်လက်ဖြစ်ပေါ်ခဲ့ပါသည်။ အတက်အကျလှိုင်းများ၏ လွှဲကျယ်ပမာဏသည် တဖြည်းဖြည်း လျော့ကျနေပါသည်။

နောက်ဆုံးအဆင့်: ရောင်းလိုအားမျဥ်း ဖောက်ထွက်မှု၊ ၂၀၂၄ မေ

မေလအစောပိုင်း၌ အဆိုပါပိုင်ဆိုင်မှုသည် အထက်ဘက်ရောင်းလိုအားမျဥ်းကို ဖောက်ကျော်သွားပြီး "Falling wedge" တစ်ခု ပြည်စုံပြီးမြောက်ခဲ့ပါသည်။ ဤဖောက်ကျော်မှုသည် ကုန်သွယ်မှုပမာဏ တိုးများလာမှုနှင့်အတူ ယှဥ်တွဲလိုက်ပါလာသည်။ အတက်ဘက်သို့ ပြောင်းလဲမှုနောက်ပိုင်းတွင် Pfizer ၏ စျေးနှုန်းသည် ဖြည်ညင်းစွာ စတင်မြင့်တက်လာခဲ့ပြီး ထို pattern၏ ထိ‌ရောက်မှုကို အတည်ပြုပေးပါသည်။

Pattern ၏စွမ်းဆောင်ရည် အတည်ပြုခြင်း၊ ၂၀၂၄ ဇွန်

အထက်ပိုင်းရှိရောင်းလိုအားမျဥ်းကို ဖောက်ထွက်ပြီးနောက် စျေးနှုန်းသည် လာမည့်ရက်သတ္တပတ်အတွင်း အမြင့်ဆုံးအမှတ်အသစ်များသို့ ဆက်လက်တိုးတက်လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဇွန်လ၌ အဆိုပါစျေးနှုန်းသည် ဖောက်ထွက်မှုစျေးတန်း $27.50 သို့ကျဆင်းခဲ့သော်လည်း ၎င်းနောက်တွင် ပြန်လည်ခုန်တက်လာကာ ယခင်စျေးအတက်အကျ၏ အမြင့်ဆုံးအမှတ်များထက် ကျော်လွန်သွားပါသည်။ ဤစျေးရွေ့လျားမှုသည် "Falling wedge" pattern မှပေးသော အချက်ပြမှုကို အတည်ပြုပေးပါသည်။

Falling Wedge Pattern တစ်ခုကို စိစစ်ခွဲဖြာရာတွင် ပမာဏများ၏ အရေးပါမှု

"Falling wedge" pattern တစ်ခုကို စိစစ်ခွဲဖြာရာတွင် ကုန်သွယ်ရေးပမာဏများကို ထည့်သွင်းတွက်ဆရပါသည်၊ ၎င်းတို့သည် အချက်ပြမှုကို အတည်ပြုပေးပြီး လမ်းကြောင်း ဆန့်ကျင်ဘက်သို့ ပြောင်းလဲနိုင်ချေကို ဖော်ပြပေးပါသည်။ Pattern ဖြစ်ပေါ်နေစဥ်အတွင်း ကုန်သွယ်ရေးပမာဏများမှာ အများအားဖြင့် ကျဆင်းလေ့ရှိပါသည်။ ထို့ကြောင့် အကျလမ်းကြောင်း အားနည်းလာပြီး ပိုင်ဆိုင်မှု (သို့) အရင်းအနှီးရှယ်ယာများ၏ စျေးနှုန်းသည် ထပ်မံရွေ့လျားမှု မတိုင်မီ တည်ငြိမ်သွားပါသည်။ အပေါ်ဘက် ရောင်းလိုအားမျဥ်းကို ဖောက်ထွက်သည့်အခါတွင် ပမာဏတိုးများလာမှုသည် လမ်းကြောင်းပြောင်းလဲရန် အားကောင်းလာကြောင်းကို အတည်ပြုပေးပါသည်။

ဖောက်ထွက်မှုဖြစ်စဥ်အတွင်း သိသိသာသာ ပမာဏတိုးများလာမှုသည် စျေးကွက်ပါဝင်သူများ၏ ယုံကြည်သက်ဝင်မှု နှင့် စျေးအတက်လမ်းကြောင်း၏ ဆက်လက်ဖြစ်ပေါ်နိုင်ချေ မြင့်မားကြောင်းကို လက်တွေ့ပြသပေးပါသည်။ သို့ဖြစ်၍ ပမာဏအပြောင်းအလဲများအပေါ် စိစစ်ခွဲဖြာခြင်းသည် လမ်းကြောင်းဦးတည်ချက် ပြောင်းလဲမှုကို အတည်ပြုရန် အထောက်အကူဖြစ်စေပါသည်။ သို့သော် ဤဖြစ်စဥ်မှာ အမြဲမှန်ကန်လေ့မရှိပါ၊ အကြောင်းမူကား စျေးနှုန်းရွေ့လျားမှုများသည် ပမာဏဒေတာများထက် ပို၍အရေးပါသောကြောင့် ဖြစ်ပါသည်။ ထို့ပြင် ပမာဏတိုးပွားမှုသည် လမ်းကြောင်းပြောင်းလဲမှုနှင့်အတူ အစဥ်အမြဲ ပူးတွဲပေါ်ပေါက်ခြင်း မဟုတ်ပါ။

Pfizer စတော့၏ ကုန်သွယ်ရေးပမာဏ အညွှန်းကိန်းများကို ဆန်းစစ်သုံးသပ်ကြည့်ကြပါစို့။ အဆိုပါပိုင်ဆိုင်မှုသည် ၂၀၂၃ ဒီဇင်ဘာလတွင် ၎င်း၏ အနိမ့်ဆုံးသို့ ရောက်ရှိသည်နှင့်အမျှ ကုန်သွယ်ရေးပမာဏသည် စျေးနှုန်းထိုးကျမှုကြောင့် တဟုန်ထိုးမြင့်တက်လာခဲ့ပါသည်။ နောက်ပိုင်းတွင် စျေးအတက်အကျလှိုင်း၏ အမြင့်ဆုံးအမှတ်များ တဖြည်းဖြည်း ကျဆင်းခဲ့သောကြောင့် ပမာဏများ နှင့် ကုန်သွယ်ရေးလုပ်ဆောင်ချက်မှာ အလိုအလျောက် လျော့ကျလာခဲ့ပါသည်။ နောက်ထပ် ပမာဏမြင့်တက်မှုသည် ၂၀၂၄ မေလအတွင် ပေါ်ပေါက်ခဲ့ပြီး ထိုအချိန်တွင် ပိုင်ဆိုင်မှုသည် ရောင်းလိုအားမျဥ်းကို ဖောက်ကျော်ခဲ့ပြီး ဝယ်လိုအားမျဥ်းအဖြစ်သို့ အသွင်ပြောင်းလဲခဲ့ပါသည်။

LiteFinance: Falling Wedge Pattern တစ်ခုကို စိစစ်ခွဲဖြာရာတွင် ပမာဏများ၏ အရေးပါမှု

မှတ်သားဖွယ်အနေဖြင့် ကုန်သွယ်ရေးပမာဏသည် ထို pattern ကို အတည်ပြုရာတွင် ပံ့ပိုးပေးပါသည်။ လက်တွေ့စျေးကွက်များတွင် ၂၀၂၄ မတ် နှင့် မေလ ကဲ့သို့သော အတုအယောင်ဖောက်ထွက်မှုများစွာ ဖြစ်ပေါ်နိုင်ပါသည်။ ကုန်သွယ်ရေးပမာဏများ တိုးလာမှုသည် ကုန်သည်များအား စျေးကွက်စွမ်းဆောင်ရည်အပေါ် အဓိပ္ပာယ်ကောက် လွှဲမှားစေနိုင်ပြီး အမှားများ ပြုလုပ်စေနိုင်ပါသည်။ ထိုသို့မှားယွင်းမှုများကို ရှောင်ရှားရန်အတွက် မည်သည့်ဆုံးဖြတ်ချက်မဆို မချမှတ်မီ ကုန်သွယ်ရေးကာလအချို့တွင် ခတ္တအနားယူခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။

Falling Wedge Pattern တစ်ခုဖြင့် မည်သို့ကုန်သွယ်ပုံ

"Falling wedge" pattern ဖြင့် ကုန်သွယ်မှုတွင် အဓိကဗျူဟာမှာ အပေါ်ပိုင်း ရောင်းလိုအားမျဥ်း ဖောက်ထွက်မှုကို စောင့်ဆိုင်းရန် ဖြစ်ပါသည်။ ၎င်းဖြစ်ပေါ်လာသည်နှင့်အမျှ သင်သည် အဝယ်ကုန်သွယ်မှုနေရာများ မဖွင့်လှစ်မီ ကုန်သွယ်မှုကာလအနည်းငယ်ကို စောင့်ဆိုင်းသင့်ပါသည်၊ အဘယ်ကြောင့်ဆိုသော် အသစ်ဖြစ်ပေါ်လာသော ဝယ်လိုအားစျေးတန်ကို စမ်းသပ်မည့် စျေးယာယီကျဆင်းမှုသည် တခါတရံတွင် ပေါ်ပေါက်လာနိုင်ပါသည်။ Wedge ၏ အထက်ဘက်သို့ ဖောက်ထွက်မှုကို ကုန်သွယ်မှုပမာဏ တိုးများလာမှုဖြင့် အတည်ပြုပေးပါသည်။

LiteFinance: Falling Wedge Pattern တစ်ခုဖြင့် မည်သို့ကုန်သွယ်ပုံ

ဤ pattern ဖြင့်ကုန်သွယ်သည့်အခါ ကုန်သွယ်မှုနေရာမှ ထွက်ခွာရန် take-profit အဆင့်များကို အသုံးပြုပါ။ အမြတ်ရယူမည့် ပစ်မှတ်များကို အထက်ပါ chart တွင် ပြသထားသည့်အတိုင်း wedge မှ အကျယ်ပြန့်ဆုံးအပိုင်း၏ အရွယ်အစားကို ‌ဖောက်ထွက်မှုအမှတ်ထဲသို့ ပေါင်းထည့်ခြင်းဖြင့် တွက်ချက်သင့်ပါသည်။ တချိန်တည်းမှာပင် သင်သည် စျေးတက်လာနိုင်ချေရှိသော ပစ်မှတ်အချို့ကို သတ်မှတ်ထားသင့်ပါသည်။ ပထမဆုံးရည်မှန်းပစ်မှတ်သို့ ရောက်ရှိသည်နှင့်အမျှ ကုန်သွယ်မှုနေရာပေါ်ရှိ အမြတ်များ၏ တဝက်ကို ပိတ်သိမ်းလော့ချရန် လိုအပ်ပါသည်။ ဤသို့လုပ်ဆောင်ချက်သည် အဆိုပါကုန်သွယ်မှုကို အရင်းကြေစေပြီး စျေးကွက်အနေအထားများ ပြောင်းလဲသွားပါက ရင်းနှီးမြှုပ်နှံသူ၏ အပ်နှံငွေများကို ကာကွယ်ပေးရန် သေချာစေပါသည်။

အတုအယောင်ဖောက်ထွက်မှု ဖြစ်ပေါ်ပါက ဆုံးရှုံမှုများ လျော့နည်းသက်သာစေရန်အတွက် stop-loss အော်ဒါကို wedge ၏ ယခင်အနိမ့်ဆုံးအမှတ်အောက်တွင် နေရာချထားသင့်ပါသည်။ ဤသို့လုပ်ဆောင်ခြင်းသည် သင့်အရင်းအနှီးငွေကို ကာကွယ်ရန်နှင့် ပါဝင်ပတ်သက်နေသည့် စွန့်စားမှုများကို လျော့ကျစေရန် ကူညီပေးပါသည်။ ထို့ပြင် သင်သည် ကုန်သွယ်မှုနေရာကို လူကိုယ်တိုင် ပိတ်သိမ်းနိုင်ပါသည်။ သို့သော် ပို၍အတွေ့အကြုံနည်းသော ကုန်သည်များအနေဖြင့် အလိုအလျောက်အော်ဒါများကို သတ်မှတ်ထားသင့်ပါသည်။

ဥပမာအနေဖြင့် ကုန်သည်တစ်ဦးသည် "Falling wedge ၏" ရောင်းလိုအားမျဥ်းအား ဖောက်ထွက်မှုအတွင်း ပထမဆုံးပစ်မှတ် $31.5 ဖြင့် Pfizer တွင် ကုန်သွယ်မှုနေရာတစ်ခုကို ဖွင့်လှစ်ပါသည်။ စျေးနှုန်းသည် ထိုအမှတ်သို့ ရောက်ရှိသည်နှင့်အမျှ ကုန်သည်မှာ အမြတ်များ၏ တဝက်ကို သိမ်းဆည်းပါသည်။ ကုန်သည်မှာ ဒုတိယပစ်မှတ် $34 ကို သတ်မှတ်၍ ထိုနေရာတွင်လည်း အမြတ်များ၏ တစိတ်တပိုင်းကို ရယူခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ အမြတ်များ ရရှိမည်ဖြစ်သောကြောင့် ကျန်ရှိနေသည့်အမြတ်များကို အနည်းငယ်နောက်ကျ၍ ရယူ သိမ်းဆည်းနိုင်ပါသည်။ ဆုံးရှုံးမှုကန့်သတ်ချက် အော်ဒါတစ်ခုကို $25 စျေးတန်းအောက်တွင် သတ်မှတ်ထားပါသည်။

LiteFinance: Falling Wedge Pattern တစ်ခုဖြင့် မည်သို့ကုန်သွယ်ပုံ

သင်သည် အခြားနည်းပညာပိုင်းဆိုင်ရာ အညွှန်းများကိုလည်း အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် MACD အညွှန်းသည် အတုအယောင်ဖောက်ထွက်မှုများကို ရှာဖွေဖော်ထုတ်ပေးပါသည်။ MACD မျဥ်း၊ ၎င်း၏ ဟစ်စတိုဂရမ် နှင့် ပျမ်းမျှရွေ့လျားမှုတို့သည် သုညအထက်တွင် ( အထက်ပါ chart ပေါ်တွင် အပြာရောင်မြှားဖြင့် ညွှန်ပြထားသည့်အတိုင်း) တည်ရှိ၍ စျေးနှုန်းသည် wedge ၏ အပေါ်ဘက်မျဥ်းကို ဖောက်ကျော်ပါက ၎င်းသည် ထပ်မံတိုးမြင့်မှုကို ဖော်ညွှန်းပါသည်။

ထို့ကြောင့် "Falling wedge" pattern တစ်ခုကို အခြားနည်းပညာပိုင်းဆိုင်ရာ ကိရိယာများ အပါအဝင် သင့်တင့်သော စွန့်စားမှုစီမံခန့်ခွဲရေးတို့နှင့်အတူ ပေါင်းစပ်သုံးစွဲခြင်းသည် သင့်အား အနည်းဆုံးစွန့်စားမှုဖြင့် ကုန်သွယ်မှုများကို ထိရောက်စွာ အဖွင့်၊အပိတ် ပြုလုပ်နိုင်စေပါသည်။

Falling Wedge Pattern ဖြင့်ကုန်သွယ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကန့်သတ်ချက်များ

အားသာချက်များ

အားနည်းချက်များ

ဆန့်ကျင်ဘက်သို့ လမ်းကြောင်းပြောင်းလဲမှုကို စော၍အချက်ပြခြင်း။ ဤ pattern သည် ကုန်သည်များအား အတက်ဘက်သို့ လမ်းကြောင်းပြောင်းလဲနိုင်ချေကို ကြိုတင်တွေ့ရှိနိုင်စေပါသည်။ အပေါ်ဘက် ရောင်းလိုအားမျဥ်း ဖောက်ထွက်မှုသည် ကုန်သွယ်မှုနေရာတစ်ခု ဖွင့်လှစ်ရန် အကောင်းဆုံးအခိုက်အတန့် ဖြစ်ပါသည်။

အတုအယောင်ဖောက်ထွက်မှုများ။ မှားယွင်းသော အချက်ပြမှုများ ရှိနိုင်ပြီး ၎င်းသည် ဆုံးရှုံမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။

စွန့်စားမှုစီမံခန့်ခွဲရေး။ Stop-loss အဆင့်များကို အလွယ်တကူ ဆုံးဖြတ်ပေးပြီး အော်ဒါများကို pattern ဖြစ်ပေါ်ခဲ့သော ယခင်အနိမ့်ဆုံးအမှတ်များအောက်တွင် သတ်မှတ်ထားပါသည်။

မရေရာခြင်း။ မတည်ငြိမ်မှုမြင့်မားနေစဥ်အတွင်း အဆိုပါ pattern ကို ရှာဖွေသတ်မှတ်ရန် ခက်ခဲပါသည်။ ပုံစံဖြစ်ပေါ်မှု၏ ကနဦးအဆင့်တွင် ၎င်းကို "Triangle" ၊ "Pennant " (သို့) "Flag" pattern များနှင့် မှားယွင်းနိုင်ပါသည်။

ကုန်သွယ်မှုပမာဏဖြင့် အတည်ပြုခြင်း။ ဖောက်ထွက်မှုအတွင်း ကုန်သွယ်ရေးပမာဏ တိုးများလာခြင်းသည် အချက်ပြမှုအပေါ် ယုံကြည်စိတ်ချမှု မြင့်တက်စေပါသည်။

အခြားနည်းပညာပိုင်းဆိုင်ရာ ကိရိယာများအပေါ် မှီခိုနေရခြင်း။ အညွှန်းကိန်းများ (သို့) အခြားသော နည်းပညာပိုင်းဆိုင်ရာ စိစစ်ခွဲဖြာမှုနည်းလမ်းများဖြင့် ထပ်မံအတည်ပြုမှုကို လိုအပ်ပါသည်။

အသုံးတွင်ကျယ်မှု။ ဤ pattern သည် စျေးကွက်အမျိုးမျိုးတွင် ပေါ်ပေါက်နိုင်ပြီး မတူညီသော သတ်မှတ်အချိန်ကာလများပေါ်တွင် တွေ့မြင်ရနိုင်ပါသည်။

အချိန်လိုအပ်ချက်။ Pattern ဖွဲ့စည်းဖြစ်ပေါ်မှုသည် အချိန်များစွာ ကြာမြင့်ပြီး ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိတ်ရှည်သည်းခံရန် လိုအပ်ပါသည်။

နိဂုံးချုပ်

"Falling wedge" pattern သည် ကြိုတင်ခန့်မှန်းချက်၏ တိကျမှုနှင့် ကုန်သွယ်ရေး၏ ထိရောက်မှုကို မြှင့်တင်ပေးသည့် အရေးပါသော နည်းပညာပိုင်းဆိုင်ရာ စိစစ်ခွဲဖြာရေးကိရိယာတစ်ခု ဖြစ်ပါသည်‌။ ၎င်း၏ ဝိသေသလက္ခဏာရပ်များနှင့် ဖွဲ့စည်းဖြစ်ပေါ်ပုံအဆင့်ဆင့်ကို နားလည်ခြင်းသည် ကုန်သည်များအား အမြော်အမြင်ကြွယ်ဝသော ဆုံးဖြတ်ချက်များ ချမှတ်ရန် နှင့် စွန့်စားမှုများ လျော့ချစေရန် အထောက်အကူဖြစ်စေပါသည်။ စျေးကွက်သို့ ဝင်ရောက်မှုဗျူဟာတွင် ကုန်သွယ်ရေးပမာဏများ တိုးများလာနေစဥ် အပေါ်ဘက်ရှိရောင်းလိုအားမျဥ်းကို ဖောက်ထွက်ခြင်းတို့ ပါဝင်ပတ်သက်နေပါသည်။ အမြတ်ရယူရန်အတွက် ‌အော်ဒါများကို အသုံးပြုပါ။ Take-Profit (အမြတ်ရယူမှု) ‌အော်ဒါကို wedge ၏ အကျယ်ပြန့်ဆုံးအပိုင်းထဲရှိ ၎င်း၏ အရွယ်အစားနှင့် တူညီသောအဆင့်၌ သတ်မှတ်ထားသင့်ပါသည်။ Stop-loss (ဆုံးရှုံးမှုကန့်သတ်စျေးတန်း) ကို ယခင်စျေးအတက်အကျလှိုင်း၏ အနိမ်ဆုံးအမှတ်အောက်တွင် နေရာချထားနိုင်ပါသည်။

ကုန်သည်များသည် "Falling wedge" pattern ကို ငွေကြေး‌စျေးကွက်အမျိုးမျိုးတွင် အခြားနည်းပညာပိုင်းဆိုင်ရာ ကိရိယာများနှင့်အတူ ပေါင်းစပ်အသုံးပြုနိုင်ပါသည်။ အဓိကသော့ချက်မှာ စွန့်စားမှုစီမံခန့်ခွဲ‌ရေး အခြေခံသဘောတရားများကို လိုက်နာကျင့်သုံးရန် ဖြစ်ပါသည်။ ကုန်သွယ်ရေးအချက်ပြမှုသည် မည်မျှပင်ယုံကြည်စိတ်ချရဖွယ်ရှိစေကာမူ ၎င်းသည် သင့်တင့်ကောင်းမွန်သော အရောင်းအဝယ်ရလဒ်၏ ဖြစ်နိုင်ချေအလားအလာကိုသာ ကိုယ်စားပြုဖော်ပြပါသည်။ သို့ဖြစ်၍ သင်သည် အရင်းအနှီးစီမံခန့်ခွဲရေးစည်းမျဥ်းများကို တသဝေမတိမ်း လိုက်နာသင့်ပါသည်။ ကုန်သွယ်မှုတစ်ကြိမ်လျှင် ဆုံးရှုံးမှုသည် အပ်နှံငွေ၏ 1% ကိုမကျော်လွန်သင့်ပါ။ လုံခြုံဘေးကင်းရေးကို ဦးစားပေးခြင်းသည် အရေးကြီးပါသည်။

Falling Wedge Pattern တွင်မေးလေ့ရှိသော အမေးနှင့်အဖြေများ

မှန်ပါသည်၊ "Falling wedge" သည် စျေးမြင့်တက်မှု pattern တစ်ခု ဖြစ်ပါသည်။ ၎င်းသည် အကျလမ်းကြောင်းတစ်ခုအတွင်း ဖြစ်ပေါ်ပြီး အပေါ်ဘက်ရောင်းလိုအားမျဥ်းကို ဖောက်ကျော်သွားသည်နှင့်တပြိုင်နက် စျေးနှုန်းအတက်ဘက်သို့ ပြောင်းလဲနိုင်ချေကို နိမိတ်ပြဆိုပါသည်။

"Falling wedge" တစ်ခုသည် စျေးကျဆင်းမှုဖိအားများ အားနည်းလာ၍ မြင့်တက်မည့် အရှိန်အဟုန်များ စုဝေးကြီးထွားလာကြောင်းကို ညွှန်ပြနိုင်ပါသည်၊ ၎င်းသည် အပေါ်ဘက်ရောင်းလိုအားမျဥ်းကို ဖောက်ထွက်သည်နှင့်အမျှ အတက်ဘက်သို့ လမ်းကြောင်းပြောင်းလဲမှုကို ဦးတည်ဖြစ်ပေါ်စေပါသည်။

"Falling wedge" pattern တစ်ခုကို ယုံကြည်စိတ်ချရသည်ဟု တွေးထင်ကြပါသည်။ သို့သော် အတုအယောင်ဖောက်ထွက်မှုများ ဖြစ်နိုင်သောကြောင့် နည်းပညာပိုင်းဆိုင်ရာ ကိရိယာများကို သုံးစွဲရန် အကြံပြုပါသည်။ ထို့ပြင် ကြိုတင်ခန့်မှန်းချက်၏ တိကျမှုကို တိုးမြှင့်ရန်အတွက် ဆုံးဖြတ်ချက်တစ်ရပ် မချမှတ်မီ ခတ္တရပ်နားထားရန် စဥ်းစားကြည့်ပါ။

ကုန်သွယ်ရေးပမာဏများ တိုးပွားလာခြင်းသည် အားကောင်းသော မြင့်တက်မှုအရှိန်အဟုန်ကို ဖော်ညွှန်းပါသည်။ သို့ဖြစ်၍ အဝယ်ကုန်သွယ်မှုများကို ဖွင့်လှစ်ကြပြီး ထိုသို့ဖြင့် ၎င်းအချက်ပြမှုအပေါ် ယုံကြည်စိတ်ချမှုနှင့် အတက်ဘက်သို့ လမ်းကြောင်းပြောင်းလဲနိုင်ချေကို မြှင့်တင်ပေးပါသည်။

"Falling wedge" pattern တစ်ခုကို ကုန်သွယ်ရန် အပေါ်ဘက်ရောင်းလိုအား စျေးတန်းဖောက်ထွက်မှုကို စောင့်ဆိုင်းပါ။ ကုန်သွယ်ရေးကာလအချို့ကို ရပ်နားထားပြီး ကုန်သွယ်ရေးပမာဏများ တိုးပွားလာပြီးနောက် ကုန်သွယ်မှုသို့ ဝင်ရောက်ပါ။ Wedge ၏ အကျယ်နှင့် ညီမျှသော ပထမဆုံး take-profit အော်ဒါနှင့် ယခင်‌စျေးအတက်အကျလှိုင်း၏ အနိမ့်ဆုံးအမှတ်အောက်တွင် stop-loss ‌အော်ဒါတစ်ခုတို့ကို သတ်မှတ်ပါ။

"Falling wedge" pattern နည်းဗျူဟာသည် အပေါ်ဘက်ရောင်းလိုအားမျဥ်းကို ဖောက်ထွက်ပြီးနောက် လမ်းကြောင်းပြောင်းလဲမှု၏ အစောပိုင်းအဆင့်များတွင် ကုန်သွယ်မှု တစ်ခုသို့ ဝင်ရောက်ခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းသည် အမြတ်ရရှိနိုင်ချေကို အများဆုံးဖြစ်စေပြီး ဆုံးရှုံးမှုများကို ကန့်သတ်ပေးပါသည်။

"Falling wedge" တစ်ခုသည် ဆက်လက်ဖြစ်ပေါ်မှု နှင့် ပြောင်းလဲမှု pattern နှစ်မျိုးလုံး ဖြစ်နိုင်ပါသည်။ စျေးကွက်အခြေအနေကို သုံးသပ်ပါ။ အကယ်၍ pattern သည် အကျလမ်းကြောင်းတစ်ခုအတွင်း ဖြစ်ပေါ်၍ အပေါ်ဘက်ရောင်းလိုအားမျဥ်း ဖောက်ထွက်မှုနှင့်အတူ ကုန်သွယ်ရေးပမာဏ တိုးပွားမှု ယှဥ်တွဲဖြစ်ပေါ်ပါက ၎င်းသည် လမ်းကြောင်းပြောင်းလဲမှုကို အချက်ပြပါသည်။ သို့သော် စျေးမြင့်တက်မှုလမ်းကြောင်းတစ်ခုအတွင်း အဆိုပါ pattern ထွက်ပေါ်လာ၍ တိုးမြင့်လာသော ပမာဏများသည် အပေါ်ဘက်ရောင်းလိုအားမျဥ်း ဖောက်ထွက်မှုကို ပံ့ပိုးပေးပါက ဤဖြစ်ရပ်မျိုးတွင် "Falling wedge" pattern မှာ ထိုလမ်းကြောင်း၏ ဆက်လက်ဖြစ်ပေါ်မှုကို ညွှန်ပြပါသည်။

ကုန်သွယ်ရေးပမာဏ တိုးပွားလာခြင်းနှင့်တပြိုင်နက် စျေးနှုန်းသည် အပေါ်ဘက် ရောင်းလိုအားမျဥ်းကို ဖောက်ကျော်သည့်အခါ ထို pattern ၏ စျေးမြင့်တက်မည့် အချက်ပြမှုမှာ အတည်ဖြစ်စေပါသည်။ မည်သို့ပင်ဖြစ်စေ သင်သည် ကုန်သွယ်ရေးကာလ၏ ပိတ်သိမ်းမှုကို စောင့်ဆိုင်းသင့်ပြီး ယုံကြည်စိတ်ချစေရန်အတွက် ဖြစ်နိုင်ပါက ခတ္တရပ်နားထားသင့်ပါသည်။

Falling Wedge Pattern: ကုန်သည်တစ်ဦးအတွက် အောင်မြင်မှုလမ်းညွှန်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat