ကုန်သည်တစ်ဦးချင်းစီသည် double topဟုခေါ်တွင်သည့် အက္ခရာ M ပုံစံရုပ်သဏ္ဍာန်တစ်ခုအား chart အတွင်း လေ့လာတွေ့ရှိဖူးကြပါမည်။ ထို pattern၏ ထူးခြားကွဲပြားသောပုံပန်းသဏ္ဍာန်မှာ စျေးနှုန်းများသည် ရေပြင်ညီရောင်းလိုအားစျေးတန်းသို့ နှစ်ကြိမ်တိုင် ထိရောက်ပါသည်။ ထို့ပြင် ယာယီစျေးကျဆင်း၍ ပြန်တက်ခြင်းကြောင့် လှိုင်းခွက်တစ်ခုသည် အမြင့်ဆုံးထိပ်နှစ်ခုကြားအတွင်းတွင် ဖြစ်ပေါ်ပါသည်။
သို့သော် စျေးနှုန်းသည် အဘယ်ကြောင့် ထိုနည်းလမ်းအတိုင်း ရွေ့လျားနေရပါသနည်း။ အဆိုပါ pattern သည်မည်သည်ကို သတိပေးနှိုးဆော်ပါသနည်း။ Candlestick chart တစ်ခုပေါ်တွင် ထို pattern မျိုးကို အကြိမ်ရေမည်မျှ တွေ့ကြုံနိုင်ပါသနည်း။ ဤဆောင်းပါးထဲတွင် သင်သည် double top မှာမည်သည်ဖြစ်ကြောင်းနှင့် Forex အတွင်း ထို pattern ကိုသုံးစွဲ၍ မည်သို့ အကျိုးအမြတ်ဖြစ်ထွန်းစွာ ကုန်သွယ်ပုံအား လေ့လာရပါလိမ့်မည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Double Top ဆိုသည်မှာအဘယ်နည်း။
- Double Top Pattern ဖွဲ့စည်းဖြစ်ပေါ်မှုပုံစံ
- Double Top Pattern ကိုမည်သို့ရှာဖွေဖော်ထုတ်ပုံ။
- Double Top တစ်ခုသည် ကုန်သည်များအား မည်သည်ကို ဖော်ပြညွှန်းဆိုပါသနည်း။
- Double Top ကိုမည်သို့ကုန်သွယ်ပုံ။
- Double Top ဥပမာ
- Double Top ပုံစံအသုံးပြုခြင်း၏ အနှောက်အယှက်များ
- အနှစ်ချုပ်
- Double Top ကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ အမေးများသော မေးခွန်းများ
Double Top ဆိုသည်မှာအဘယ်နည်း။
Double top pattern သည် bearish reversal တစ်ခုကိုညွှန်းဆိုပြီး ထိပ်ဆုံးဈေးနှုန်းမှ အောက်ဘက်သို့ ဦးတည်ချက် ဆန့်ကျင်ပြောင်းလဲနိုင်ချေနှင့်ပတ်သက်၍ ကုန်သည်များအား သတိပေးနှိုးဆော်ပါသည်။ အဆိုပါ pattern ကို Forex စျေးကွက်အပါအဝင် cryptoငွေကြေး၊ စတော့နှင့် ကုန်စည်စျေးကွက်များအတွင်း မကြာခဏတွေ့မြင်ရပါသည်။ Double top ကို intraday (နေ့ချင်းကုန်သွယ်ခြင်း) နှင့် ရေရှည်ကုန်သွယ်ခြင်းနှစ်မျိုးလုံးအတွက် ကုန်သည်များမှ အသုံးပြုကြပါသည်။
Double bottom သည် bullish reversal တစ်ခုကို အချက်ပြပေးပါသည်။ Double bottom chart သည်အကျလမ်းကြောင်းတစ်ခု အပြီးနောက် အောက်ခြေဘက်တွင် ဖြစ်ပေါ်ပါသည်။ အဆိုပါ pattern သည် အထက်သို့ ဆန့်ကျင်ပြောင်းလဲနိုင်ခြေနှင့်ဆက်စပ်၍ ကုန်သည်များအား အသိပေးနှိုးဆော်ပါသည်။
Double top pattern သည်ပိုင်ဆိုင်မှုမှာ စျေးနှုန်းအလွန်မြင့်တက်နေကြောင်းကို အချက်ပြပေးပါသည်။ ၎င်းအား စျေးနှုန်းဦးတည်ရာတွင် ယာယီပြောင်းလဲမှု အနည်းငယ်ရှိခြင်း (သို့) အပြောင်းအလဲလုံးဝမရှိခြင်းဖြင့်လည်း ညွှန်ပြပါသည်။ အားကောင်းသော အတက်လမ်းကြောင်းတစ်ခုအပြီးတွင် အဆိုပါ pattern သည် တူညီသောရောင်းလိုအားစျေးတန်း၌ စျေးနှုန်းအမြင့်ဆုံးနှစ်နေရာကို ဖြစ်ပေါ်စေပါသည်။ တချို့ဖြစ်စဥ်များတွင် ဒုတိယမြောက်အမြင့်ဆုံးနေရာသည် ပထမဆုံးတစ်ခုထက် အနည်းငယ်မြင့်မားနိုင်ပါသည်။ တချိန်တည်းမှာပင် အောက်ဘက်သို့ အလယ်အလတ် ယာယီစျေးနှုန်းကျဆင်းခြင်းကို ထိပ်နှစ်ခုကြားအတွင်း တွေ့မြင်နိုင်ပြီး ထိုသည်မှာ အက္ခရာ M နှင့်အလားတူသည့် pattern ကိုဖြစ်စေပါသည်။
ထိပ်ဆုံး top နှစ်ခုဖြစ်ပေါ်ပြီးနောက် ပိုင်ဆိုင်မှုစျေးနှုန်းသည် နောက်ဆုံး၌ အကျဘက်သို့ ဆန့်ကျင်ပြောင်းလဲသွားပြီး ၎င်းမှာ အကျလမ်းကြောင်းစတင်မှု ပေါ်ပေါက်လာစေပါသည်။ အကယ်၍ စျေးနှုန်းသည် ဝယ်လိုအားစျေးတန်းကို ရောက်ရှိပါက ထို့နောက်တွင် နောက်ထပ်အကျလမ်းကြောင်းမှာ ပို၍အရှိန်မြင့်လာပါလိမ့်မည်။ သို့သော် ဝယ်ယူသူများသည် ဝယ်လိုအားစျေးတန်းကို ထိန်းထားရန် စီမံနိုင်သောအခြေအနေများရှိပါက စျေးနှုန်းမှာ မြင့်တက်လာပါမည်၊ ထိုသည်မှာ အယောင်ဆောင်ဝယ်လိုအားစျေးတန်း ဖောက်ကျော်မှုတစ်ရပ်ကို ဆိုလိုပါသည်။ အဆိုပါကိစ္စရပ်မျိုးတွင် တတိယမြောက်စျေးနှုန်းမြင့်ဆုံးဖြစ်ပေါ်မှုနှင့်အတူ triple top pattern ဖြစ်နိုင်ချေအလားအလာမှာ တိုးမြင့်လာပါမည်။ ထို pattern ကို three mountains (တောင်သုံးလုံး) ဟုလည်း ခေါ်တွင်ကြပါသည်။ ထို pattern ၏ အမြင့်ဆုံးနေရာများမှာ တပြေးညီ (သို့) အစဥ်လိုက်မြင့်တက်လာခြင်းဖြင့် တည်ရှိနိုင်ပါသည်။ Three mountains pattern သည် candlestick chart များတွင် အတော်ရှာပါးစွာ ဖြစ်ပေါ်ခဲပါသည်။
Double Top Pattern ဖွဲ့စည်းဖြစ်ပေါ်မှုပုံစံ
Double top pattern သည်ကွဲပြားခြားနားသည့်အချိန်ကာလများတွင် ပေါ်ပေါက်နိုင်ပါသည်။ အချိန်ကာလပိုမိုကြီးမားကျယ်ပြန့်လေလေ လမ်းကြောင်းဆန့်ကျင်ပြောင်းလဲမှုအတွက် bearish(ကျဆင်းမှု) အချက်ပြခြင်းမှာ ပိုမိုထင်ရှားခိုင်မာလေလေ ဖြစ်ပါသည်။
Double top ဖွဲ့စည်းဖြစ်ပါ်မှုပုံစံတွင် အဓိကအဆင့်ငါးဆင့်ပါဝင်ပါသည်။
- ၁။ Chart အတွင်း ပထမဆုံးထိပ်ဆုံးမှတ် ဖြစ်ပေါ်မှု။ ထိုအဆင့်၌ လက်ရှိ ဝယ်လိုအား လမ်းကြောင်းတခုရှိပြီး၊ ဈေးနှုန်းသည် resistance point အသစ် သို့မဟုတ် လက်ရှိ resistance point သို့ရောက်ရှိနေပါသည်။
- ၂။ အနီးဆုံးဝယ်လိုအားစျေးတန်းတွင် စျေးနှုန်းဦးတည်ရာယာယီပြောင်းလဲခြင်း။ ဤဖြစ်စဥ်အတွင်း ၎င်းနေရာကို neckline ဟုခေါ်ဆိုကြပါသည်။
- ၃။ ဒုတိယမြောက် အမြင့်ဆုံးထိပ် ဖြစ်ပေါ်မှု။ ဤအဆင့်၌ အရောင်းသက်ရောက်အားရှိလင့်ကစား အဝယ်များသည် စျေးနှုန်းကို ပထမဆုံးအမြင့်စျေးတန်းထိသို့ ထပ်မံမြှင့်တင်ကြပါသည်။
- ၄။ နောက်ဆုံးစျေးနှုန်းဆန့်ကျင်ပြောင်းလဲကျဆင်းခြင်း။ ရောင်းလိုအားနေရာကို ဖောက်ကျော်ရန် ဝယ်ယူသူများမှ နောက်တကြိမ်ကြိုးပမ်းမှုအပြီးနောက်တွင် အရောင်းများသည် အနီးဆုံးဝယ်လိုအား စျေးတန်းသို့ စျေးနှုန်းကို စဥ်ဆက်မပြတ်လျော့ချရန် စတင်ပါသည်။
- ၅။ ဝယ်လိုအားစျေးတန်းဖောက်ကျော်ထွက်မှုသည် စျေးလမ်းကြောင်းဆန့်ကျင်ပြောင်းလဲမှုကို အချက်ပြ ဆိုပါသည်။ အရောင်းကုန်သွယ်မှုများကို ဖွင့်လှစ်နိုင်ပါသည်။
Double Top Pattern ကိုမည်သို့ရှာဖွေဖော်ထုတ်ပုံ။
Double top တွင် ပင်မအရင်းမြစ်သုံးခု ပါဝင်ပြီး ၎င်းကို အက္ခရာ M ပုံစံဖြင့် ဇယားအတွင်း ဖွဲ့စည်းတည်ဆောက်ထားပါသည်။
- ပထမဦးဆုံးအမြင့်ဆုံးထိပ်။ (first top)
- အခြေပိုင်း (အမြင့်နှစ်ခုကြားအနိမ့်ဆုံးပွိုင့်)။ (trough)
- ဒုတိယမြောက်အမြင့်ဆုံးထိပ်။(second top)
Double top ဖွဲ့စည်းဖြစ်ပေါ်မှု၏ အဆင့်လေးဆင့်ကို စိစစ်ခွဲဖြာကြည့်ကြပါစို့။
၁။ ပထမဦးဆုံးအမြင့်ဆုံးထိပ်ဖြစ်ပေါ်မှု
ဦးစွာအနေဖြင့် စျေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာပါသည်။ ( ပထမဆုံးစျေးအမြင့်ဆုံး ပေါ်ပေါက်လာပါသည်။) ကုန်သွယ်မှုပမာဏများမှာ တိုးပွားနေပါသည်။
၂။ အခြေပိုင်းဖြစ်ပေါ်မှု
အမြင့်ဆုံးတစ်နေရာကို ရောက်ရှိပြီးနောက် စျေးနှုန်းမှာ ယာယီအောက်ဘက်သို့ နိမ့်ဆင်း၍ neckline ဟုခေါ်ဆိုလေ့ရှိကြသည့် ယာယီဝယ်လိုအားမျဥ်းတစ်ကြောင်း ဖြစ်ပေါ်လာပါသည်။ ထိုအမှတ်နေရာ၌ စျေးကွက်အတွင်း သေချာရေရာမှုမရှိပေ။ အဝယ်နှင့် အရောင်းများ၏ လွှမ်းမိုသက်ရောက်မှုမှာ ညီမျှနေပါသည်။
၃။ ဒုတိယမြောက်အမြင့်ဆုံးထိပ်ဖြစ်ပေါ်မှု။
အဝယ်များသည် လက်ဦးမှုရယူကာ စျေးတန်ဖိုးကို တွန်းတင်ရန်ကြိုပမ်းနေချိန်တွင် စျေးနှုန်းမှာ ပင်မဝယ်လိုအား စျေးတန်းသို့ ရောက်ရှိပါသည်။ စျေးနှုန်းမြင့်တက်လာသောကြောင့် ကုန်သွယ်မှုပမာဏများမှာ လျော့ကျလာပါ သည်။ သို့သော် စျေးနှုန်းသည် ပထမဆုံးထိပ်နေရာသို့ ရောက်သည်နှင့်တပြိုင်နက် အရောင်းကုန်သွယ်မှုများကို စျေးကွက်အတွင်း အဆမတန်မြောက်များစွာ ဖွင့်လှစ်ခဲ့ကြပါသည်။ စျေးနှုန်းမှာ စတင်ကျဆင်း၍ ကုန်သွယ်ရေးပမာဏများမှာ တိုးမြင့်လာပါသည်။
၄။ Pattern ၏ neckline ကို ဖောက်ထွက်မှု
စျေးနှုန်းမှာ ဆက်လက်ကျဆင်း၍ ပင်မဝယ်လိုအားစျေးတန်းသို့ ရောက်ရှိပြီး ၎င်းကို ဖောက်ထွက်ပါသည်။ စည်းမျဥ်းအရ စျေးနှုန်းမှာ ဖောက်ထွက်မှုစျေးတန်းနေရာသို့ ချဥ်းကပ်ရောက်ရှိသင့်ပြီး ကျဆင်းမှု ဆက်လက် ဖြစ်ပွားသင့်ပါသည်။ သို့သော် စျေးနှုန်းမှာ ယာယီကျ၍ပြန်တက်ခြင်းမရှိဘဲ စျေးတန်ဖိုးလျော့ပါးနိမ့်ဆင်းနိုင်ပြီး လက်ရှိစျေးလမ်းကြောင်းကို ထိန်းသိမ်းထားပါသည်။ Neckline ဖောက်ထွက်မှုသည် အရောင်းကုန်သွယ်မှုများ ဖွင့်လှစ်ရန်အတွက် အချက်ပေးမှုတစ်ခု ဖြစ်ပါသည်။
Double Top တစ်ခုသည် ကုန်သည်များအား မည်သည်ကို ဖော်ပြညွှန်းဆိုပါသနည်း။
Double top သည် ဆန့်ကျင်ပြောင်းလဲမှု pattern တစ်ခုဖြစ်ပြီး ၎င်းကို စျေးနှုန်းအမြင့်ဆုံးနေရာ၌ ဖွဲ့စည်းပေါ်ပေါက်၍ အကျဘက်သို့ လမ်းကြောင်းပြောင်းလဲမှုကို သတိပေးနှိုးဆော်ပါသည်။ ထို pattern ဖွဲ့စည်းဖြစ်ပေါ်မှုသည် ကုန်သည်များအား အမြတ်ထွက်ပေါ်နိုင်သော အရောင်းကုန်သွယ်မှုနေရာများကို ဝင်ရောက်ရန်အတွက် အခွင့်ပေးစွမ်းပါသည်။ သင်သည် အဆိုပါ pattern အရ ကုန်သွယ်မှုအတွက် အဝင်အမှတ်နေရာများကို ကြိုတင်တွက်ချက်နိုင်ပြီး stop loss နှင့် take profit ကို သတ်မှတ်နိုင်ပါသည်။
ဥပမာတစ်ခုအနေဖြင့် XAUUSD ကိုသုံး၍ patternကို ပိုမိုအသေးစိတ် စိစစ်သုံးသပ်ကြည့်ကြပါစို့။ H4 chart သည် double top ဖြစ်ပေါ်ဖွဲ့စည်းမှုပုံစံကို ပြသထားပါသည်။ ပထမမြောက်အမြင့်ဆုံးထိပ် ဖြစ်ပေါ်မှု အပြီးနောက် စျေးနှုန်း စတင်ကျဆင်းခဲ့ပါသည်။ ရလဒ်တစ်ခုအနေဖြင့် ပင်မဝယ်လိုအားစျေးတန်းတစ်ခု ပေါ်ပေါက်လာခဲ့ပါသည်။ ထို့နောက် ဝယ်ယူမှုများမှာ အဝယ်ကုန်သွယ်မှုနေရာများကို ဖွင့်လှစ်စေခဲ့ပြီး စျေးနှုန်း ထပ်မံတိုးမြင့်ခဲ့ပါသည်။
သို့သော် စျေးနှုန်းသည် ရောင်းလိုအားနေရာသို့ ရောက်ရှိခဲ့သည်နှင့်တပြိုင်နက် လျှင်မြန်စွာကျဆင်းခဲ့၍ neckline ကို ကျော်လွန်ခဲ့ပါသည်။ အနာဂတ်ကာလတွင် စျေးနှုန်းသည် ဝယ်လိုအားစျေးတန်းကို ဖောက်ထွက်ရန် စမ်းသပ်၍ ဆက်လက်စျေးကျဆင်းပါလိမ့်မည်။
Double top pattern ကုန်သွယ်ရေးစည်းမျဥ်းများနှင့်အညီ ဝယ်လိုအားစျေးတန်း ဖောက်ထွက်မှုကို စမ်းသပ်ရောက်ရှိပြီးနောက် အရောင်းကုန်သွယ်မှုများကို ဖွင့်လှစ်သင့်ပါသည်။ အမြတ်ယူစျေးတန်းပစ်မှတ်ကို အမြင့်ဆုံးထိပ်များမှ neckline ထိအကွာအဝေးဖြင့် ဆုံးဖြတ်ပါသည်၊ ဆိုလိုသည်မှာ ကုန်သည်များသည် ထပ်မံရွေ့လျားမှုကို မဆိုင်းမတွဘဲချက်ချင်း ဆုံးဖြတ်ချက်ချမှတ်နိုင်ပါသည်။ သို့ပေမဲ့ အရေးကြီးသတင်းများ ထုတ်ပြန်ကြေငြာချိန်နှင့် အခြားသောကိစ္စရပ်များတွင် စျေးနှုန်းမှာ ထိုထက်ပင် ပိုမိုနိမ့်ပါးစွာ ထိုးကျပါမည်။ Risk management နည်းဥပဒေများအရ Stop-loss ကိုဝယ်လိုအားစျေးတန်းဖောက်ထွက်မှုအထက်တွင် သတ်မှတ်ထားရှိပါ။
Double Top ကိုမည်သို့ကုန်သွယ်ပုံ။
Double top pattern ကိုသုံး၍ ကုန်သွယ်မှုလုပ်ဆောင်သောအခါ အောက်ပါစည်းမျဥ်းများအတိုင်း လိုက်နာဆောင်ရွက်ရန် အရေးကြီးပါသည်။
၁။ ပထမဦးစွာ သင်သည် pattern ကို ဆုံးဖြတ်ရန် လိုအပ်ပါသည်။ ၎င်းသည် အတက်လမ်းကြောင်း၏ ထိပ်ဘက်ပိုင်း၌ ပေါ်ပေါက်ပါသည်။
၂။ အမြင့်ဆုံးထိပ်နှစ်ခု၏ ဖြစ်ပေါ်မှုကို စောင့်ဆိုင်းရန် အရေးကြီး၍ resistance level ကို အကြမ်းဖျဉ်းဆုံးဖြတ်ရပါမည်။ ထိုအမြင့်ဆုံးထိပ်များမှာ အနီးစပ်ဆုံးတူညီသည့် စျေးတန်းအဆင့်၌ တည်ရှိသင့်ပါသည်။
၃။ ဒုတိယမြောက်အမြင့်ဆုံးထိပ် ဖြစ်ပေါ်မှုအပြီးနောက် နောက်ဆုံးစျေးနှုန်း ပြောင်းလဲမှုအတွက် စောင့်ဆိုင်းရန် အရေးကြီးပါသည်။
၄။ လှိုင်းခွက်နေရာ ဖြစ်သည့် ကြားအလယ်ဝယ်လိုအားစျေးတန်းအောက်တွင် စျေးနှုန်းပြင်ဆင်သတ်မှတ်မှုအပြီးနောက် အရောင်းကုန်သွယ်မှုနေရာများကို ဖွင့်လှစ်ရန် လိုအပ်ပါသည်။
ဥပမာတစ်ခုအားဖြင့် EUR/CAD ငွေကြေးအတွဲကို သုံး၍ double top pattern အရ ကုန်သွယ်ခြင်းကို စိစစ်ခွဲဖြာကြပါစို့။
H4 chart ပေါ်တွင် double top pattern ဖွဲ့စည်းပေါ်ပေါက်နေပါသည်။ ပင်မအမြင့်ဆုံးနေရာများသည် အနီးစပ်ဆုံးတူညီသည့်စျေးတန်းအဆင့်၌ ရှိပါသည်၊ ဆိုလိုသည်မှာ အဝယ်များသည် 1.5093 အထက်သို့ မြင့်တက်လိမ့်မည်မဟုတ်ပါ။ အဆိုပါ chart တွင် 1.4847 ၌ neckline ကိုလည်း ပြသထားပါသည်။ ထိုစျေးတန်းအဆင့်တွင် စျေးနှုန်းသည် အတက်ဘက်သို့ ဆန့်ကျင်ပြောင်းလဲခဲ့ပါသည်။
ထို့ပြင် အရောင်းများသည် ပင်မဝယ်လိုအားစျေးတန်းကို ကျော်လွန်ဖောက်ထွက်၍ စျေးနှုန်းဆက်လက် ကျဆင်းခဲ့ပါသည်။ ပထမမြောက်အနီရောင် candle သည် ဝယ်လိုအားစျေးတန်းအောက်တွင် နီးကပ်စွာရောက်ရှိပြီးနောက် ကျွန်ုပ်သည် အရောင်းကုန်သွယ်မှုများကို ဝင်ရောက်သင့်ပါသည်။ သို့သော် ကျွန်ုပ်သည် chart အားချက်ချင်းရှာဖွေမတွေ့ရှိခဲ့သောကြောင့် 0.01 lot ဖြင့် အနည်းငယ်နိမ့်ပါးသော အရောင်းကုန်သွယ်မှုနေရာတစ်ခုကို 1.4736 ၌ ဖွင့်လှစ်ခဲ့ပါသည်။ ဖြစ်နိုင်ဖွယ်အမြတ်ရယူမှုနေရာမှာ 1.4609 စျေးတန်းအဆင့်၌ ဖြစ်ပါသည်။ Stop-loss ကို neckline အထက် 1.4877၌ သတ်မှတ်ပါသည်။
ကုန်သွယ်မှုဖွင့်လှစ်ပြီးနောက် မှန်းဆထားသည့်အတိုင်း စျေးနှုန်းမှာ ဆက်လက်ကျဆင်းခဲ့ပါသည်။ နှစ်ရက်ကြာပြီးနောက်တွင် ကုန်သွယ်မှုကို သာမန်ရိုးကျအတိုင်း အမြတ် $4.44 ဖြင့် ပိတ်သိမ်းခဲ့ပါသည် ( ကုန်သွယ်မှုပမာဏ၏ အကျိုးအမြတ် 40% ထက်ပိုမိုများပြားပါသည်။)
Double Top ဥပမာ
Double top ဥပမာသည် အတော်ပင် ရိုးရှင်းပါသည်။ ၎င်းကို ဘဏ္ဍာရေးဈေးကွက်များတွင် မကြာခဏတွေ့မြင်နိုင်ပါသည်။ အောက်တွင်ဖော်ပြထားသည်များမှာ ရေပန်းစားသော ပိုင်ဆိုင်များ၏ဇယားများအတွင်းမှ double top ဥပမာများ ဖြစ်ကြပါသည်။
Tesla ဇယားပေါ်မှ Double top
M30 ဇယားအတွင်း အတက်လမ်းကြောင်းတခုအပြီးတွင် double top ပုံစံတခု ပေါ်ပေါက်လာပါသည်။ ဒုတိယမြောက် လတ်တလောအမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိပြီးနောက်၊ ဈေးနှုန်းသည် support level ကိုချိုးဖောက်ကာ အရောင်းများမှ ဈေးနှုန်းကို အောက်သို့ဆွဲချရန် စီမံနိုင်ခဲ့ကြသည်။
ဇယားအတွင်းရှိ bear traps များကို သတိပြုပါ။ Double tops ကိုအသုံးပြု၍ ကုန်သွယ်ရာတွင် အချက်ပြမှုအမှားများကို အသုံးမပြုမိစေရန် သတိဖြင့် ရှောင်ရှားရပါမည်။
ETHUSD ဇယားပေါ်မှ Double top
A double top is developing in the H4 ETHUSD chart. After the buyers tried to return the quotes to the first local high, the sellers became more active in the market. The price reversed and broke out the support level. This led to a massive opening of short trades.
NASDAQ100 ဇယားပေါ်မှ Double top
၂၀၀၀ ခုနှစ်တွင် အမေရိကန်စတော့ဈေးကွက်အတွင်း ကြီးမားသောကျဆင်းမှုမဖြစ်မီ၊ ဇယားပေါ်တွင် double top ပုံစံတစ်ခုပေါ်ပေါက်လာခဲ့သည်။ အောက်တွင် သင်တွေ့မြင်ရသည့်အတိုင်း၊ နှုန်းထားများသည် မျှော်မှန်းထားသည်ထက်ပင် ပိုမိုကျဆင်းသွာခဲ့သည်။ ဤအခြေအနေတွင်၊ အရေးပါသော support levels များသို့ ရောက်ရှိသည့်အချိန်မျိုး၌ ကုန်သွယ်မှုများကို တစိတ်တပိုင်းပိတ်သိမ်းသောနည်းလမ်းဖြင့် အမြတ်အစွန်းအချို့ ရယူနိုင်ပါသည်။
Double Top ပုံစံအသုံးပြုခြင်း၏ အနှောက်အယှက်များ
အခြားသောကုန်သွယ်ရေး patterns များကဲ့သို့ပင်၊ Double Top ကုန်သွယ်ရေးတွင်လည်း အနှောက်အယှက်များ ရှိပါသည်။ Pattern တခု စတင်ပေါ်ပေါက်လာစဉ်တွင် ကုန်သည်များသည် bear နှင့် bull traps များသို့ မှားယွင်းကျဆင်းသွားတတ်ကြသည်။ ရလာဒ်အနေဖြင့်၊ ကုန်သွယ်မှုများ အလိုအလျောက် ပိတ်သိမ်းသွားပြီး၊ နောက်ထပ်ဈေးနှုန်းဦးတည်ရာ အလှည့်အပြောင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ဇယားအတွင်း pattern တခု တည်ဆောက်ခြင်းနှင့် ပတ်သတ်သမျှ စံနှုန်းအားလုံး ကိုက်ညီမှုရှိရန် အထူးအရေးကြီးပါသည်။ အထူးသဖြင့် ဈေးနှုန်းသည် support level အား ၎င်း၏ အနိမ့်ဆုံးပွိုင့်၌ ချိုးဖောက်ခဲ့ပြီးနောက်ပိုင်း၊ အရောင်းကုန်သွယ်မှုများ ဖွင့်ချိန်မျိုး၌ဖြစ်သည်။ သို့မဟုတ်ပါက သင်သည် ငွေကြေးဆုံးရှုံးနိုင်သော အန္တရာယ်ကို ရင်ဆိုင်ရနိုင်ပါသည်။
double top pattern ဖြင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများကို လိုက်နာရန်နှင့် ကုန်သွယ်မှုတခုလျှင် ၂% ထက်ပို၍ စွန့်စားမှုမပြုလုပ်ရန် အထူးပင်အရေးကြီးပါသည်။ Double top ပုံစံအား အခြားသော chart patterns များနှင့် indicators များဖြင့်လည်း ထပ်ဆောင်း အတည်ပြုသင့်ပါသည်။ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကိရိယာများကို အပိုဆောင်းအသုံးပြုခြင်းဖြင့် ကုန်သည်များသည် ဈေးကွက်၏ ပြည့်စုံသော ရုပ်ပုံကားချပ်ကို ရရှိနိုင်ပြီး၊ နောက်ထပ်ဈေးနှုန်းရွေ့လျားမှုများကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်မည်ဖြစ်သည်။
အနှစ်ချုပ်
Double top ဇယားပုံစံသည် အထက်မှအောက်ပြောင်းလဲမှုအတွက် အရေးပါသော ဆန့်ကျင်ဘက်အချက်ပြပုံစံများမှ တခုဖြစ်ပါသည်။ ပိုင်ဆိုင်မှု၏ဈေးနှုန်းသည် ဝယ်သူများ ဆက်လက်ရွေ့လျားရန် မတတ်နိုင်သည့် ခိုင်မာသော resistance level သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဤပုံစံမှ အချက်ပြပါသည်။ Double top ပုံစံကို ကုန်သွယ်ရေးဈေးကွက်အားလုံးနီးပါးတွင် တွေ့ရှိနိုင်ပါသည်။
LiteFinance ၏ အခမဲ့ demo အကောင့် ကို အသုံးပြု၍ double top ကုန်သွယ်ရေးကို သင်ကိုယ်တိုင် စမ်းသပ်လုပ်ဆောင်နိုင်ပါသည်။ LiteFinance သည် ကျယ်ပြန့်သော ကုန်သွယ်ရေးအမျိုးအစားများစွာ ပါဝင်သည့် စွယ်စုံရ ဝဘ်တာမီနယ် တခု ဖြစ်ပါသည်။
Double Top ကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ အမေးများသော မေးခွန်းများ
Double top သည် အတက်လမ်းကြောင်းမှ အောက်သို့ပြန်လည်ကျဆင်းသော ဦးတည်ရာ အလှည့်အပြောင်းကို အချက်ပြပါသည်။ ဇယားပေါ်တွင် ဤ pattern တခု ပေါ်ပေါက်လာပါက၊ ဈေးနှုန်းသည် ၎င်း၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်၍ အောက်သို့ပြန်လည်ကျဆင်းရန် အသင့်ဖြစ်ပြီဟု အဓိပ္ပါယ်ကောက်ယူနိုင်ပါသည်။
မဟုတ်ပါ။ Double top pattern သည် ကျဆင်းမှုကိုသာ ကိုယ်စားပြုပါသည်။ တိုးတက်မှုကို ကိုယ်စားပြုသော ပုံစံမှာ double bottom pattern ဖြစ်ပါသည်။ ၎င်းသည် အကျလမ်းကြောင်းတခု၏ အောက်ဆုံးတွင် ပေါ်ပေါက်လေ့ရှိပါသည်။
Double top pattern တခုသည် ခိုင်မာသော အကျလမ်းကြောင်းတခု၏အစကို အချက်ပြပါသည်။ ဈေးနှုန်းသည် ဒုတိယမြောက် အမြင့်ဆုံးဈေးတန်းသို့ ရောက်ရှိပြီးနောက်၊ အောက်သို့ စတင်ကာ ကျဆင်းပါသည်။ Neckline ကျိုးပေါက်မှုသည် အောက်သို့ရွေ့လျားမှုများ ပိုမိုမြန်ဆန်လာခြင်းကို အချက်ပြပါသည်။
ဤ pattern အား၊ ၎င်း၏ ကိုယ်ပိုင်စည်းမျဉ်းများအောက်တွင် ကုန်သွယ်ရပါမည်။ အရောင်းကုန်သွယ်မှု တခု မဖွင့်မီ၊ neckline ကျိုးပေါက်မှုကို စောင့်ဆိုင်း၍ ဈေးနှုန်းဦးတည်ရာပြောင်းလဲမှုကို သေချာစေသင့်ပါသည်။ ဈေးနှုန်းအား အနိမ့်ဆုံးဈေးတန်းအပေါ်သို့ ဆွဲတင်ရန် အဝယ်များ၏ မအောင်မြင်သော ကြိုးပမ်းမှုများနောက်တွင်၊ အရောင်းကုန်သွယ်မှုတခုကို ဖွင့်ပါ။
ပထမဦးစွာ၊ ၎င်းသည် ရွေးချယ်ထားသော အချိန်အပိုင်းအခြားအပေါ် မူတည်ပါသည်။ အချိန်အပိုင်းအခြား ပိုမို မြင့်မားလေလေ၊ ဇယားပေါ်တွင် pattern ဖွဲ့စည်းရန် အချိန်ပိုကြာလေလေ ဖြစ်ပါသည်။
မလိုအပ်ပါ။ အချို့အခြေအနေများတွင် ဒုတိယအမြင့်ဆုံးအမှတ်သည် ပထမတခုထက် အနည်းငယ် ပိုမြင့်နိုင်၊ ပိုနိမ့်နိုင်ပါသည်။ Resistance levels များတွင် bull traps များ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး၊ ကုန်သည်များအနေဖြင့် အဝယ်ကုန်သွယ်မှုများကို မှားယွင်းဖွင့်လှစ်မိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ အချိန်ကြာသည်နှင့်အမျှ ဈေးနှုန်းသည် အောက်သို့သာ ကျဆင်းသွားမည်ဖြစ်သည်။
Double top ပေါ်ပေါက်လာပြီးနောက်၊ နှုန်းထားများသည် အောက်သို့ ကျဆင်းသွားပါသည်။ ကာလတို support မျဉ်း ကျိုးပေါက်သွားခြင်းသည် နောက်ထပ်ကျဆင်းမှုကို အတည်ပြုပါသည်။ Resistance level မှ neckline သို့ အကွာအဝေးဖြင့် အမြတ်ပစ်မှတ်ကို တွက်ချက်ပါသည်။
Double top pattern သည် မြင့်မားသော ဈေးနှုန်းဧရိယာများတွင် ဖြစ်ပေါ်လေ့ရှိပြီး အင်္ဂလိပ်အက္ခရာ M နှင့် အသွင်တူပါသည်။ double bottom pattern သည် ဈေးနှုန်းနိမ့်ပါးသော ဧရိယာများတွင် စတင်ပေါ်ပေါက်လေ့ရှိပြီး အင်္ဂလိပ်အက္ခရာ W နှင့် အသွင်တူပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။




















