ကုန်သည်တိုင်းသည် pennant တစ်ခုနှင့်အလားသဏ္ဍာန်တူသည့် bear flag pattern ကိုအကြိမ်ပေါင်းများစွာ တွေ့မြင်ကြုံကြိုက်ဖူးပါလိမ့်မည်။ ၎င်း၏ဖြစ်ပေါ်မှုပုံစံသည် စဥ်ဆက်မပြတ် စျေးကျဆင်းမှုအပြီး စျေးနှုန်းအနည်းငယ် ယာယီမြင့်တက်မှုဖြစ်ပေါ်၍ flag တစ်ခုနှင့် ဆင်တူသောအချက်ကြောင့် ထိုကဲ့သို့အမည်တွင်ခဲ့ပါသည်။ ယင်းမှာ အတုအယောင်စျေးနှုန်းပြောင်းလဲခြင်း အချက်ပြတစ်ခုကို ပေးစွမ်းပါသည်။ သို့သော် စျေးပြန်လည်လျော့ကျမှုအပြီး စျေးနှုန်းသည် မူလပင်ရင်းလမ်းကြောင်းလားရာအတွင်း ဆက်လက်ရွေ့လျားနေသောကြောင့် ထိုသည်မှာ ဖြစ်လေ့ဖြစ်ထ ရှိသည့် နားလည်မှုလွဲမှားခြင်းတစ်ခု ဖြစ်ပါသည်။ စည်းမျဥ်းတစ်ခုအနေဖြင့် ကုန်သွယ်ရေးပမာဏ အမြောက်အမြားပေါ်တွင် flag တစ်ခုပေါ်ထွက်ပါသည်။
ပြင်းထန်သောစျေးကျဆင်းမှုသည် flagpole ကိုရေးဆွဲပုံဖော်ပေးပါသည်။ Flag သည် အောက်ဘက်သို့ ဖောက်ကျော်ပြီးနောက် flagpole မှာမျှော်မှန်းစျေးတန်း ရှာဖွေဖော်ထုတ်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ပါသည်။
ထိုသို့ဖြစ်၍ bearish pattern တစ်ခုမှာ မည်သည်ကို ဆိုလိုပါသနည်း။ Bearish flag တစ်ခုဖြင့် မည်သို့ကုန်သွယ်ပုံနှင့် အမြတ်များ ဖော်ဆောင်ပုံ။ ဆက်လက်ဖတ်ရှုပါက သင် နားလည်သဘောပေါက် လာပါလိမ့်မည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Flag ဆိုသည်မှာအဘယ်နည်း။
- Bear Flag Pattern ဆိုသည်မှာ အဘယ်နည်း။
- Bear Flag Pattern ကို မည်သို့ရှာဖွေဖော်ထုတ်ပုံ
- ကုန်သွယ်ရေးတွင် Bear Flag တစ်ခုကို မည်သို့အသုံးပြုပုံ
- Bear Flag Pattern ၏ကောင်းကျိုးနှင့် ဆိုးကျိုးများမှာ မည်သည်တို့ ဖြစ်ပါသနည်း။
- Bear Flag Pattern တစ်ခုကို အသုံးပြုခြင်းအတွက် အကြံပြုချက်များ
- နိဂုံးချုပ်
- Bear Flag Pattern အတွက် အမေးအဖြေများ
Flag ဆိုသည်မှာအဘယ်နည်း။
Flag ဆိုသည်မှာ technical analysis pattern ဖြစ်ပြီး လမ်းကြောင်းရှေ့ဆက်ဖြစ်ပေါ်မှုကို အချက်ပြပါသည်၊ ၎င်းသည် စျေးအတက်(သို့) စျေးအကျ ဖြစ်နိုင်ပါသည်။ ထိုသည်မှာ volume pattern တစ်ခုဖြစ်ပြီး ဆိုလိုသည်မှာ chart ပေါ်တွင် ၎င်း၏ပုံပန်းသွင်ပြင်ကို မြင့်မားသောစျေးတက်ကျ ပြောင်းလဲမှုနှင့် ကုန်သွယ်ပမာဏများမြင့်တက်မှုတို့ဖြင့် ပူးတွဲဖော်ပြပါသည်။
အဆိုပါ flag pattern ကို Forex၊ ခရစ်ပတိုငွေကြေး၊ စတော့ရှယ်ယာများ၊ ကုန်စည်ရောင်းဝယ်ရေးနှင့် ပြင်ပငွေကြေးလဲလှယ်ရေးစျေးကွက်များစသည့် စျေးကွက်တိုင်းတွင် တွေ့ရှိနိုင်ပါသည်။
ထို pattern ကို flagpole ဟုခေါ်တွင်သည့် high-volume bars များစွာအတွက် ပြင်းထန်သည့်စျေးရွေ့လျားမှုအပေါ်တွင် အခြေခံ၍ တည်ဆောက်ပါသည်။ ထို့နောက် ရေတိုတည်ငြိမ်မှု ဆန့်ကျင်ဘက်လမ်းကြောင်းတစ်ခုရှိပြီး (flag တစ်ခုကို ဖြစ်ပေါ်စေပါသည်) စျေးနှုန်းမှာ flagpole အကွာအဝေးသို့ လမ်းကြောင်းတစ်လျောက်အတိုင်း ဆက်လက်ရွေ့လျားပါသည်။
Bullish flag သည် ကုန်သည်များအား အတက်လမ်းကြောင်းဆက်လက်ဖြစ်ပေါ်မှုကို သတိပေးနှိုးဆော်ပြီး အဝယ်ကုန်သွယ်မှု ဝင်ရောက်ရန် အချက်ပြမှုကို ပေးစွမ်းပါသည်။ ဆန့်ကျင်ဘက်အားဖြင့် bear flag သည် အကျလမ်းကြောင်း ဆက်လက်ဖြစ်ပွားမှုကို ညွှန်းဆိုပါသည်။ စျေးနှုန်းဇယားကို စိစစ်ခွဲဖြာရာတွင် flag pattern နှင့်တွဲစပ်၍ ကောင်းမွန်စွာလုပ်ဆောင်သည့် အခြား price action pattern များ ရှိပါသည်။
ဤဆောင်းပါး အထိရောက်ဆုံး Forex patterns: ပြီးပြည့်စုံသော လမ်းညွှန်ချက် ထဲတွင် သင်သည် ထိုကဲ့သို့ pattern အကြောင်း ပိုမိုလေ့လာနိုင်ပါသည်။
Bear Flag Pattern ဆိုသည်မှာ အဘယ်နည်း။
Bearish flag တစ်ခုသည် technical analysis pattern တစ်ခုဖြစ်ပြီး အကျလမ်းကြောင်း ဆက်လက်ဖြစ်ပွားမှုကို အချက်ပြပါသည်။ ပထမဦးစွာ စျေးနှုန်းသည် chart အတွင်း candlestick များစွာဖြင့် နက်ရှိုင်းစွာ ကျဆင်းပြီး flagpole ဖြစ်ပေါ်ပါသည်။ ထို့နောက် ကျဆင်းမှု ရပ်တန့်၍ အနိမ့်မှတ်တစ်ခု ဖြစ်ပေါ်ပါသည်။ စျေးနှုန်းဆန့်ကျင်ပြောင်းလဲ၍ ဆိုလိုသည်မှာ အဝယ်များသည် စျေးကွက်ကို ကျဆင်းမှုများမှ ဟန့်တားရန် ကြိုပမ်းပါသည်။ ဤအချည်းအနှီးကြိုးစားမှုနောက်တွင် bearish flag အမြင့်ဆုံး ဖြစ်ပေါ်ပြီး စျေးနှုန်းမှာ flagpole အကွာအဝေးသို့ ထပ်မံကျဆင်းပါသည်၊ ထိုနေရာတွင် pattern ပြီးပြည့်စုံသွားပါသည်။
စည်းမျဥ်းတစ်ခုအနေဖြင့် bear flag မှာ ကုန်သွယ်ရေးပမာဏများမြင့်မားမှုနှင့်အညီ ဖွဲ့စည်း ပေါ်ပေါက်ပါသည်။
Bear Flag Pattern တစ်ခုမှာ မည်သည့်ပုံသဏ္ဍာန်မျိုး ဖြစ်ပါသနည်း။
Bear flag pattern မှာ လွန်စွာတွေ့ရများပါသည်။ အကယ်၍စျေးနှုန်းသည် chart ထဲတွင် စဥ်ဆက်မပြတ်ကျဆင်းပါက ထိုသည်မှာ bear flag အလားအလာဖြစ်နိုင်ချေ ရှိပါသည်။ ယင်း pattern ကို ခိုင်မာသောပမာဏဖြင့် အတည်ပြုသတ်မှတ်ပါသည်။
စျေးကျဆင်းမှုအပြီးနောက် ရေတိုမြင့်တက်မှုတည်ငြိမ်ခြင်း စတင်၍ ၎င်းကို flag ဟုခေါ်ဆိုပါသည်။ တည်ငြိမ်မှုမှာ အတော်အတန်ကြာရှည်ပါက flag patternမှာ ပယ်ပျက်သွားကြောင်းကို အလေးထားရန် အရေးကြီးပါသည်။ အဆိုပါဖြစ်စဥ်တွင် hanging man ၊ shooting star ၊ bearish engulfing နှင့် အခြားပုံစံများကဲ့သို့ bearish reversal patterns ကိုရှာဖွေရန် လိုအပ်ပါသည်။
ထို့နောက် စျေးကွက်သည် flag အကျဘက်ကို ဖောက်ထွက်ပါသည်၊ စျေးနှုန်းရွေ့လျားမှုသည် လွန်စွာအားကောင်းပြီး ၎င်းကို bear flag chart အတွင်း candlestick ပမာဏဖြင့် ဖော်ညွှန်းပါသည်။ ယင်း flag သည် flag မျဥ်းအောက်တွင် တက်ကျမှုမရှိဘဲ တည်ငြိမ်ပြီးနောက် သင်သည် အရောင်းကုန်သွယ်မှုကို ဝင်ရောက်ပါ။ နောက်ပိုင်း၌ စျေးနှုန်းရွေ့လျားမှုသည် အရှိန်တိုးမြင့် (သို့) နှေးကွေးလျော့ကျနိုင်ပါသည်။ ဆိုးရွားသောသတင်များနှင့် စီးပွားရေးအချက်အလက်များ ယုတ်လျော့လာခြင်းတို့အတွင်းတွင် အများအားဖြင့် နက်ရှိုင်းစွာထိုးကျမှု ပေါ်ပေါက်ပါသည်။
Flagpole သည် ပုံပန်းသွင်ပြင် နှစ်မျိုးဖြစ်နိုင်ပါသည်။
သိသိသာသာ ထိုးကျမှု
တဖြည်းဖြည်းကျဆင်းမှု
Bear Flag Pattern များသည် မည်သို့ ပြုမူဆောင်ရွက်ပါသနည်း။
Bear flag မှာ ကုန်သည်များမှ ရောင်းဝယ်မှုများကို ဝင်ရောက်ရန် (သို့) ထွက်ခွာရန် ဆုံးဖြတ်သည့်အပေါ်တွင် အခြေခံထားသော လမ်းကြောင်းဆက်လက်ဖြစ်ပေါ်မှု pattern တစ်ခုဖြစ်ပါသည်။ Bear flag ကို သတိပြုမိသည်နှင့်အမျှ အရောင်းကုန်သွယ်မှုများကို ဖွင့်လှစ်ပါ။ Flagpole သည်အောက်သို့ဆင်းသည့်ပုံ ဖြစ်ပေါ်ပါက အရောင်းများမှာ ဝယ်လိုအားစျေးတန်းကို စမ်းသပ်တွက်ဆ နေကြခြင်း ဖြစ်ပါသည်။ ဖောက်ထွက်မှုအောင်မြင်ခဲ့ပါက ရေတိုယာယီမြင့်တက်မှုဖြစ်ပွားပြီး ၎င်းမှာ flag chart ကိုရေးဆွဲပုံဖော်ပါသည်။
ဝယ်လိုအားစျေးတန်းမှ ဖောက်ထွက်မှုသည် bears (အရောင်းများ) ကိုပိုမိုယုံကြည်ချက်ရှိသွားစေပါသည်။ အကျလမ်းကြောင်း ဆက်လက်ဖြစ်ပွား၍ အရောင်းကုန်သွယ်မှုများကို ပိုမိုဖွင့်လှစ်လာခြင်းကြောင့် ရောင်းအားဖိအားသက်ရောက်မှုကို တိုးမြင့်လာစေပါသည်။
Bear Flag နှင့် Bull Flag
Bullish နှင့် bearish flag များအကြားကွဲပြားခြားနားချက်မှာ ရွေ့လျားမှုလားရာအပေါ်မူတည်ပါသည်။ Bullish flag သည် အတက်လမ်းကြောင်းတစ်ခုအတွင်းတွင် ပေါ်ပေါက်၍ စျေးနှုန်းထပ်မံမြင့်တက်မှုကို အချက်ပြပေးပါသည်။ Bear flag တစ်ခုမှာ စျေးကျဆင်းမှုလမ်းကြောင်း ဆက်လက်ဖြစ်ပေါ်နေခြင်းကို ညွှန်းဆိုပါသည်။
အဆိုပါနှစ်မျိုးလုံးတွင် တူညီသောဖွဲ့စည်းတည်ဆောက်ပုံ ရှိကြပါသည်: ဝယ်လိုအားနှင့် ရောင်းလိုအား စျေးတန်းများ၊ flagpole၊ flag နှင့် စျေးနှုန်းဖောက်ကျော်အမှတ်များ ဖြစ်ကြပါသည်။
Bear Flag Pattern ကို မည်သို့ရှာဖွေဖော်ထုတ်ပုံ
အကယ်၍ သင်သည် bearish flag မှာမည်သည်နှင့်ဆင်တူပြီး မည်သို့ပုံပန်းသွင်ပြင်ရှိသည်ကို သိနားလည်ပါက chart ထဲတွင် ၎င်းကိုရှာဖွေဖော်ထုတ်ရန် ခက်ခဲမည်မဟုတ်ပါ။
ရှင်းလင်းပြတ်သားသော အကျလမ်းကြောင်းတစ်ခုကို ရှာဖွေသတ်မှတ်ရန် အရေးကြီးပါသည်၊ အဘယ်ကြောင့်ဆိုသော် bearish flag တစ်ခုမှာ အကျလမ်းကြောင်းအတွက် ဆက်လက် ဖြစ်ပေါ်နေသော pattern တစ်ခုဖြစ်ပါသည်။
အဆိုပါ pattern ၏ flagpole ကိုရှာဖွေဖော်ထုတ်ရန် လိုအပ်ပါသည်၊ စျေးနှုန်းနက်ရှိုင်းစွာ (သို့) ဖြည်းညင်းစွာ ကျဆင်းချိန်တွင် ၎င်းမှာ ထွက်ပေါ်လာပါသည်။
စျေးနှုန်းမှာ ဝယ်လိုအားစျေးတန်းသို့ ကျဆင်း၍ ၎င်းကို ဖောက်ကျော်ပြီးနောက်တွင် လမ်းကြောင်းရွေ့လျားမှုမှာ နှေးကွေးသွားပြီး ၎င်း၏ဦးတည်ချက်ကို နောက်ပြန်ဆုတ်ကာ ပြောင်းလဲသွားပါသည်- ထိုသည်မှာ ရေတိုမြင့်တက်တည်ငြိမ်နေမှု ဖြစ်ပါသည်။ စင်စစ်အားဖြင့် ဝယ်လိုအားစျေးတန်းကို ဖောက်ကျော်စမ်းသပ်ချက်တစ်ခုရှိပါက ထို့နောက်တွင် စည်းမျဥ်းအရ စျေးနှုန်းမှာ ထပ်မံဆန့်ကျင်ပြောင်းလဲ၍ ပိုမိုပြင်းထန်စွာ နိမ့်ပါးကျဆင်းပါမည်။
အကျလမ်းကြောင်း ပြန်လည်စတင်ပြီးနောက် သင်သည် အရောင်းကုန်သွယ်မှုတစ်ခုအတွက် ဝင်ရောက်မှတ်ကို ဆုံးဖြတ်ရန်နှင့် stop-loss အော်ဒါတစ်ခုကို သတ်မှတ်ရန် လိုအပ်ပါသည်။
မျှော်မှန်းစျေးတန်းကို flagpole ၏ အမြင့်နေရာဖြင့် ဆုံးဖြတ်ပါသည်။ နည်းပညာဆိုင်ရာ စစ်တမ်းကိရိယာများ၏ ပံ့ပိုးမှုဖြင့် စျေးရွေ့လျားမှုလမ်းကြောင်းကို ကြိုတင်မှန်းဆရန် လိုအပ်ပါသည်။
ကုန်သွယ်မှုပမာဏများသည် အထောက်အကူပြုပါမည်လော။
Bear flag pattern တစ်ခုဖြစ်ပေါ်ချိန်၌ ကုန်သွယ်မှုပမာဏများ၏ စိစစ်ခွဲဖြာချက်သည် ကုန်သွယ်ရေးဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အရေးပါသောအချက်များအနက် တစ်ခုဖြစ်ပါသည်။
အဆိုပါ volume indicator သည်စျေးကွက်ထဲရှိ လက်ရှိလမ်းကြောင်းကို ပြသပါသည်။ အကယ်၍ bearish flagpole တစ်ခုဖြစ်ပေါ်စဥ်အတွင်း ပမာဏများ မြင့်တက်ပါက ထိုသည်မှာ ရောင်းသူများမှာ အတော်ပင်များပြားခိုင်မာ၍ စျေးနှုန်းကို ပိုမိုနိမ့်ကျစေရန်ပင် တွန်းပို့နိုင်ကြောင်းကို ဆိုလိုပါသည်။ အတက်ဘက်တွင် စျေးတည်ငြိမ်စဥ်ကာလအတွင်း စည်းမျဥ်းအနေဖြင့် ပမာဏများ လျော့နည်းပါသည်- အဝယ်များသည် စျေးနှုန်းကို ဆန့်ကျင်ပြောင်းလဲသွားစေရန် အင်အားအလုံအလောက်မရှိပါ။ ထို့နောက် အကျဘက်သို့ ဖိအားသက်ရောက်မှုမှာ မြင့်တက်ပြီး စျေးနှုန်း အောက်သို့ ထိုးကျပါမည်၊ ယင်းမှာ bearish flag ဖြစ်ပေါ်လာကြောင်း အဓိပ္ပာယ်ပြဆိုပါသည်။
Bear Flag နှင့် 50-Period Moving Average
Bearish flag pattern ကိုမှန်ကန်စွာ ရှာဖွေဖော်ထုတ်ရန် သင်သည် ရိုးရှင်းသော moving average၊ SMA 50 ကို chart ထဲသို့ ဖြည့်စွက်ရန် လိုအပ်ပါသည်။
အောက်ပါ EURUSD နေ့စဥ်စျေးနှုန်း chart မှ သင်မြင်တွေ့ရသည့်အတိုင်း စျေးနှုန်းသည် moving average အောက်ဘက်သို့ ဖောက်ထွက်သွားပါသည်။စျေးကွက်သည် ဆက်လက်ကျဆင်းနေပြီး ထိုအဆင့်ကို ဖောက်ကျော်ထွက်သွားပါသည်။ SMA 50 အောက်တွင် စျေးရွေ့လျားမှုမှာ လမ်းကြောင်း ကျဆင်းနေကြောင်းနှင့် စျေးကွက်အတွင်း ရောင်းသူများ ထွက်ပေါ်နေကြောင်းကို ဆိုလိုပါသည်။
ဝယ်လိုအားစျေးတန်း ဖောက်ကျော်မှုကို စမ်းသပ်ခြင်းအပြီးနောက် မြင်တွေ့ရသည့်အတိုင်း အဝယ်များသည် 50-period SMA line အထက်ဘက်သို့ ကန့်လန့်ဖြတ်ကျော်ရန် အောင်မြင်မှုမရှိပေ။ ထို့အပြင် ပိုင်ဆိုင်မှုတန်ဖိုးတည်ငြိမ်စဥ်ကာလအတွင်း ပမာဏများကျဆင်းပါသည်။ အကျိုးရလဒ်အားဖြင့် စျေးကွက်သည် အရောင်းများ၏ ထိန်းချုပ်မှုအောက်တွင် အလုံးစုံရှိနေပြီး EUR USD ကုန်သွယ်ရေးအတွဲတွင် ကျဆင်းခြင်း ဆက်လက်ဖြစ်ပွားနိုင်ပါသည်။ အဆိုပါဖြစ်စဥ်တွင် စျေးနှုန်းမှာ flag ကိုဖောက်ထွက်ရေးအတွက် စောင့်ဆိုင်းရန်နှင့် အရောင်းကုန်သွယ်မှုနေရာကို ဖွင့်လှစ်ရန် လိုအပ်ပါသည်။
ကုန်သွယ်ရေးတွင် Bear Flag တစ်ခုကို မည်သို့အသုံးပြုပုံ
Chart အတွင်း bear flag chart pattern ကို စိစစ်သတ်မှတ်ခြင်းနှင့် ဂရုတစိုက်ဆန်းစစ်သုံးသပ်မှုအပြီးနောက် ခိုင်မာတည်တံ့သော ကုန်သွယ်ရေးဗျူဟာတစ်ခုကို သုံးစွဲရန် လိုအပ်ပါသည်။ အောက်တွင် bear flag pattern ကုန်သွယ်မှုအတွက် အကျော်ကြားဆုံးနှင့် အဆင်ပြေဆုံးသော ကုန်သွယ်ရေးနည်းစနစ်များကို ကျွန်ုပ်တို့ စဥ်းစားချိန်ဆကြပါမည်။
နည်းစဥ်နံပါတ် ၁။ Bear flag အောက်ဘက်သို့ ဖောက်ဆင်းမှု
ထိုကုန်သွယ်ရေးဗျူဟာမှာ ကုန်သည်များအကြား တွေ့ရအများဆုံး ဖြစ်ပါသည်။ ပင်မသဘောတရားမှာ flagpole ပုံပေါ်ပြီးနောက် အောက်ဘက်သို့ ဖောက်ဆင်းလာမှုအတွက် စောင့်ဆိုင်းရန်နှင့် ရောင်းချမှုအတွက် ကုန်သွယ်မှုနေရာတစ်ခုကို ဖွင့်လှစ်ရန် ဖြစ်ပါသည်။
Flag စျေးတန်းဖောက်ထွက်မှု နည်းစဥ်ကိုသုံး၍ ကုန်သွယ်ရန်အတွက် တဆင့်ပြီးတဆင့်စီမံချက်။
Chart အတွင်း bearish flag ၏ flagpole ကိုရှာဖွေဖော်ထုတ်ပါ။
Flag အတက်ဘက်တွင် တည်ငြိမ်လာမှုကို မှန်းဆပါ၊ ထိုသည်မှာ bearish flag ဖွဲ့စည်းပုံပေါ်မှု ဖြစ်ပါသည်။
Flag အောက်သို့ ဖောက်ကျမည့် စျေးနှုန်းကို မျှော်မှန်း၍ volume indicators၊ SMA 50၊ RSI indicator (သို့) candlestick patternများကို သုံးခြင်းဖြင့် အားကောင်းသော အရောင်းလမ်းကြောင်းတစ်ခုရှိကြောင်း သေချာပါစေ။ ဤဆောင်းပါး Candlestick Charts များကို မည်သို့ဖတ်ရှုရမည်နည်း။ ထဲတွင် candlestick chart ကိုမည်သို့ဖတ်ရှုပုံနှင့်ပတ်သက်၍ အချက်အလက်များကို သင်ပိုမိုတွေ့ရှိနိုင်ပါသည်။
ထို pattern မှာအတည်ပြုသေချာသည်နှင့်အမျှ အရောင်းကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ပါ။
Stop-loss ကို flag ၏ အပေါ်ပိုင်းနယ်နိမိတ် အထက်တွင် သတ်မှတ်ပါ။
Take profit ကို flagpole နှင့်တူညီသော pips အကွာအဝေး၌ နေရာချထားပါ။
နည်းစဥ်နံပါတ် ၂။ Bear Flag Pattern နှင့် Fibonacci Retracements
Fibonacci levels များအပေါ် အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာသည် စျေးနှုန်းယာယီအတက်အကျ ဖြစ်ပေါ်မှု (correction) ပေါ်တွင် အရောင်းနေရာများကို ဝင်ရောက်ရန် အကြံပြုပါသည်။
Fibonacci retracements အား အသုံးပြုခြင်းဖြင့် bear flag pattern တစ်ခုကို မည်သို့ကုန်သွယ်ပုံ
Forex chart အတွင်း အကျလမ်းကြောင်းတစ်ခု၊ ဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများကို သတ်မှတ်ပါ။
အပေါ်ဘက် ရောင်းလိုအားများသော ဈေးတန်း (resistance level) မှ ယခင် ဝယ်လိုအားများသော ဈေးတန်း (support level) ၏ အနိမ့်ပိုင်းနေရာသို့ Fibonacci retracement grid ကို ပုံကြမ်းရေးဆွဲပါ။
Bearish flag ၏ flagpole ကိုသတ်မှတ်၍ Fibonacci retracement level မှ စျေးနှုန်းယာယီအတက်အကျ ဖြစ်ပေါ်မှု (correction) ကို မျှော်မှန်းပါ။
စျေးနှုန်းကို အပေါ်ပိုင်းလမ်းကြောင်းမျဥ်းမှ ပြန်လည်ကန်တက်ရန် မျှော်လင့်၍ အရောင်း ကုန်သွယ်မှုနေရာတစ်ခုကို ဝင်ရောက်ပါ။
Stop loss ကို correction pivot point အမှတ်ထက် အနည်းငယ်ပိုမြင့်၍ နေရာချထားပါ။
Take profit တစ်ခုကို flagpole အလျားနှင့်တူညီသော အကွာအဝေး၌ သတ်မှတ်ပါ။ ပိုမိုသာမန်ရိုးကျ နည်းဗျူဟာတစ်ခုတွင် ရည်မှန်းစျေးတန်းပစ်မှတ်များအတွက် ဂရစ်တစ်ခုကို သတ်မှတ်၍ မျှော်မှန်းအမြတ်ကို အပိုင်းပေါင်းများစွာ ခွဲဝေပိုင်းခြားပါသည်။
နည်းစဥ်နံပါတ် ၃။ Bear Flag နှင့် Support Breakout
ဤနည်းစဥ်မှာ စျေးနှုန်းသည် support level ကို ဖောက်ဆင်းပြီးနောက်တွင် အရောင်းကုန်သွယ်နေရာများကို ဝင်ရောက်ရန် အကြံပြုပါသည်။
Support breakout ဖြစ်ပေါ်မှုအပေါ် အခြေခံသော bear flag ကုန်သွယ်ရေးနည်းဗျူဟာ။
Chart အတွင်း bear trend (အရောင်းလမ်းကြောင်းတစ်ခု) အပါအဝင် support နှင့် resistance levels များကို သတ်မှတ်ပါ။
Support level ကို အရောင်းများမှ လာရောက်စမ်းသပ်မှုကို မျှော်မှန်း၍ အဝင်အမှတ်တစ်ခုကို ရှာဖွေပါ။
လမ်းကြောင်းမှာ ကျဆင်းမှုနှင့် အရောင်းသက်ရောက်အားမှာ ခိုင်မာကြောင်းသေချာစေရန် chart ထဲသို့ SMA 50 moving average ကိုပေါင်းထည့်ပါ။ ပိုမိုရှည်လျားသော အချိန်ကာလများအတွက် moving averages ကို 50,100 နှင့် 200 ကာလအပိုင်းအခြားများဖြင့် သုံးပါ၊ ပိုမိုတိုတောင်းသော အချိန်ကာလများအတွက် MAs ကို 9,12,20 ကာလအပိုင်းအခြားများဖြင့် အသုံးပြုပါ။
Support level အောက်တွင် အရောင်းကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ပါ။
Stop loss အော်ဒါတစ်ခုကို flag top မျဥ်းအထက်တွင် သတ်မှတ်နေရာချထားသင့်ပါသည်။
ရည်မှန်းစျေးတန်းပစ်မှတ်ကို flagpole အလျားနှင့်တူညီသည့် အကွာအဝေး၌ သတ်မှတ်ပါ။
Bear Flag Pattern ၏ကောင်းကျိုးနှင့် ဆိုးကျိုးများမှာ မည်သည်တို့ ဖြစ်ပါသနည်း။
အခြားသော technical analysis pattern တိုင်းနှင့်အညီ bear flag ဖြစ်ပေါ်မှုတွင် ၎င်း၏ အားသာချက်နှင့် အားနည်းချက်များ ရှိကြပါသည်။
အကျိုးကျေးဇူးများ
ယင်း pattern မှာဘက်စုံအသုံးဝင်ပါသည်။ ၎င်းကို ခရစ်ပတိုငွေကြေး၊ Forex ၊ စတော့ရှယ်ယာများ၊ futures နှင့် ကုန်စည်ပစ္စည်းစျေးကွက်များပါဝင်သည့် စျေးကွက်အမျိုးမျိုး တို့တွင် သုံးစွဲနိုင်ပါသည်။ သင်သည် bearish flag pattern ကို ကွဲပြားခြားနားသော အချိန်ကာလများအတွင်း၌လည်း အသုံးချနိုင်ပါသည်။ ထို pattern သည် နေ့တွင်းချင်းကုန်သွယ်ရာတွင် အကောင်းဆုံးလုပ်ဆောင်ပေးပါသည်။ ဤဆောင်းပါး Day Trading Patterns for Beginners ၌ တစ်နေ့တာကုန်သွယ်ခြင်းတွင် လုပ်ကိုင်ရန် price action patterns များအကြောင်း သင်ပိုမိုဖတ်ရှုနိုင်ပါသည်။
ကုန်သွယ်မှုများကို ဝင်ရောက်ရန်နှင့် ထွက်ခွာရန်အတွက် ရှင်းလင်းတိကျသော စည်းမျဥ်းများရှိသကဲ့သို့ stop loss များကို သတ်မှတ်ပါ။ ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ချိန်တွင် တစ်စုံတစ်ဦးသည် အဝင်နှင့် အထွက်အမှတ်များမှာ မည်သည့်နေရာတွင် ရှိကြောင်း အမြဲတမ်းသိရှိနေရပါမည်၊ ထိုမှသာလျှင် စွန့်စားမှုများ ပိုမိုနည်းပါးပါမည်။
၁၀၀% အဆင်းဘက်သို့ ရွေ့လျားမှုတစ်ခု။ Bearish flag pattern ကိုမှန်ကန်စွာ သတ်မှတ်ပါက သင်သည် စျေးနှုန်းမှာ ကျဆင်းလိမ့်မည်ဖြစ်ကြောင်းကို သေချာနိုင်ပါသည်။
သင့်တင့်သော အရှုံး/အမြတ်အချိုးအစား (risk/reward ratio)။
အဆိုပါ pattern မှာ အခါအားလျော်စွာ ပေါ်ပေါက်ပါသည်။
ထို pattern ကိုအသုံးပြုမှုအတွက် ဆုံးရှုံးနိုင်ချေများ
Pattern ၏ မမှန်ကန်သော ဖွင့်ဆိုသတ်မှတ်ချက်သည် လှည့်ကွက်တစ်ခုဆီသို့ ဦးတည်စေနိုင်ပြီး ကုန်သည်အား ငွေကြေးဆုံးရှုံးစေပါလိမ့်မည်။ စံသတ်မှတ်ချက်အရ ဖြစ်ပေါ်မှုတွင် Flag correction မှာ ၃၀% ထက်မပိုသင့်ပါ။ အကယ်၍ correction သည် ၅၀% ထက်ပိုပါက ၎င်းမှာ correction မဟုတ်ဘဲ full-fledged reversal တစ်ခုသာ ဖြစ်နေပါမည်။
စတင်လေ့လာသူကုန်သည်များအတွက် chart အတွင်း ထို pattern ကိုရှာဖွေဖော်ထုတ်ရန် ခက်ခဲပါလိမ့်မည်။ အချက်အလက်များစွာကို ထည့်သွင်းစဥ်းစားရန် အရေးကြီးပါသည်၊ ထိုထဲတွင် အခြားနည်းပညာညွှန်းဆိုချက်များမှ အချက်ပြမှုများနှင့် candlestick pattern များကို အတည်ပြုခြင်းအပြင် ပမာဏစိစစ်ခြင်းတို့ပါဝင်ပါသည်။
Bear Flag Pattern တစ်ခုကို အသုံးပြုခြင်းအတွက် အကြံပြုချက်များ
အဆိုပါ pattern မှာ ရိုးရှင်းသည်ဟု ထင်မှတ်ရဖွယ်ရှိသော်လည်း သင်သည် ၎င်းကို ကုန်သွယ်ချိန်တွင် အာရုံစိုက်သတိပြုသင့်ပါသည်။ ဤသည်မှာ သင့်အတွက် အကြံပြုလမ်းညွှန်ချက်အချို့ ဖြစ်ပါသည်။
ကုန်သွယ်မှုမတိုင်မီ flag ပြီးပြည့်စုံ၍ စျေးနှုန်းမှာ ၎င်းကို ဖောက်ထွက်သည့်တိုင် စောင့်ဆိုင်းရန် အရေးကြီးပါသည်။ ထိုအခိုက်အတန့်ထိတိုင် pattern မှာအဆင်းလမ်းကြောင်း ဆက်လက်ဖြစ်ပွားမှုကို အတည်ပြုခြင်း မရှိ၍ လမ်းကြောင်းမျဥ်း အထက်သို့ဖောက်ကျော်မှုမှာ ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။
ကုန်သွယ်ရေးပမာဏများတိုးမြင့်ခြင်း (သို့) အခြားနည်းပညာအညွှန်းများ၊ ဥပမာအားဖြင့် RSI၊ SMA 50 တို့ဖြင့် ပုံဖော်ချက် ကို အတည်ပြုရန် အရေးကြီးပါသည်။ သင်သည် candlestick reversal pattern များနှင့် trend continuation patterns များ၊ သာဓကအားဖြင့် hanging man၊ evening star၊ shooting star၊ two crows နှင့် စသည်တို့ကိုလည်း အသုံးပြုနိုင်ပါသည်။
စျေးနှုန်းမှာ flagpole ၏ အမြင့်အတိုင်းသို့ အစဥ်အမြဲ ကျဆင်းမှုမရှိနိုင်ပါ။ ထိုကြောင့် ဦးစွာအနေဖြင့် chart ပေါ်တွင် အနီးစပ်ဆုံးဝယ်လိုအားစျေးတန်းကို ချမှတ်ပါ၊ ထိုသို့ဖြစ်၍ သင်သည် မည်သည့်နေရာတွင် take profit တစ်ခုကို နေရာချရန် ဆုံးဖြတ်နိုင်ပါမည်။
ဆုံးရှုံးနိုင်ချေကြိုတင်စီမံခန့်ခွဲရေး စည်းမျဥ်းများကို သေချာစွာ လိုက်နာ၍ stop အော်ဒါများကို သတ်မှတ်ချထားပါ။ ထိုမှသာလျှင် သင်သည် မလိုလားအပ်သော ဆုံးရှုံမှုများကို ရှောင်လွှဲနိုင်ပါမည်။
နိဂုံးချုပ်
အကျဥ်းချုံးအားဖြင့် bear flag pattern မှာ ဘဏ္ဍာရေးစျေးကွက်များစွာအတွင်း အခါအားလျော်စွာ ပေါ်ပေါက်သည့် အရေးကြီးသော trend continuation pattern တစ်ခုဖြစ်ကြောင်းကို အလေးထားသတိပြုသင့်ပါသည်။ တချိန်တည်းမှာပင် ထိုဖွဲ့စည်းဖြစ်ပေါ်မှုကို နည်းပညာဆိုင်ရာစိစစ်မှုတွင် ယုံကြည်စိတ်ချရဆုံးတစ်ခုအဖြစ် စဥ်းစားကြပါသည်။ သို့သော် ယင်း pattern သည် အခြားနည်းပညာဆိုင်ရာကိရိယာများဖြင့် အတည်ပြုရန်နှင့် အတွေ့အကြုံအနည်းငယ် လိုအပ်ပါသည်။ ကုန်သည်တိုင်းသည် LiteFinance အွန်လိုင်းပလက်ဖောင်း၏ နမူနာအကောင့်တစ်ခုပေါ်၌ စွန့်စားမှုအလျဥ်းကင်းမဲ့စွာဖြင့် ၎င်းတို့၏ အရည်အသွေးများကို လက်တွေ့လေ့ကျင့်နိုင်ပါသည်။
Bear Flag Pattern အတွက် အမေးအဖြေများ
Bearish flag ဆိုသည်မှာ အကျလမ်းကြောင်းတစ်ခုတွင် ပေါ်ပေါက်သည့် လမ်းကြောင်းဆက်လက် ဖြစ်ပွားမှု (trend continuation pattern) တစ်ခုဖြစ်ပါသည်။
Bear flag တစ်ခုမှာ မြင့်တက်မှု မဖြစ်နိုင်ပါ။ အတက်လမ်းကြောင်းဆက်လက်ဖြစ်ပေါ်မှုကို အချက်ပြပေးသည့် bullish flag တစ်ခု ရှိနိုင်ပါသည်။
Bear flag pattern တစ်ခုကို ပြင်းထန်သောစျေးနိမ့်ပါးကျဆင်းမှု (flagpole) နှင့် ယာယီစျေးမြင့်တက်တည်ငြိမ်မှု (flag) အရ chart အတွင်းတွင် လွယ်ကူစွာ ရှာဖွေသတ်မှတ်ပါသည်။ အောက်ဘက်သို့ flag ဖောက်ဆင်းမှုမှာ အကျလမ်းကြောင်း ဆက်လက်ဖြစ်ပွားမှုကို ညွှန်းဆိုပြီး သင်သည် အရောင်းကုန်သွယ်မှုများကို ဖွင့်လှစ်နိုင်ပါသည်။
Bear flag pattern တွင် အသေးစိတ်စျေးကွက်ဖောက်ထွက်မှု ဝင်ရောက်/ထွက်ခွာအမှတ်များနှင့် stop loss နေရာများဖြင့် ရှင်းလင်းပြတ်သားသောဖွဲ့စည်းမှု ရှိပါသည်၊ ထို့ကြောင့် pattern အချက်ပြမှုများမှာ တိကျပါသည်။ သို့သော် စွန့်စားမှုတချို့တလေ ရှိပါသည်။
အဓိကကွာခြားချက်မှာ စျေးနှုန်းဦးတည်ချက်လားရာတွင် ဖြစ်ပါသည်။ Bear flag တစ်ခုမှာ အကျလမ်းကြောင်းတစ်ခုတွင် ဖြစ်ပေါ်သော်လည်း bull flag pattern မှာ uptrend continuation pattern ဖြစ်ပါသည်။
Flag ဆိုသည်မှာ trend continuation pattern (လမ်းကြောင်းတစ်ခု ဆက်လက်ဖြစ်ပွားနေမှု) တစ်ခုဖြစ်ပါသည်။ Flag သည် မြင့်တက်မှု (သို့) ကျဆင်းမှု ဖြစ်နိုင်ပါသည်။ ထိုဖွဲ့စည်းဖြစ်တည်မှုမှာ စျေးလမ်းကြောင်းအား အတည်ပြုပေးသောကြောင့် ၎င်းကို ကုန်သည်များမှ မကြာခဏ အသုံးပြုကြပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။





















