Head and Shoulders Pattern ကုန်သွယ်ရေး ၏ စည်းမျဥ်းများကို တချက်ကြည့်ရှုကြပါစို့။ ထင်ပေါ်ကျော်ကြားမှုအရှိဆုံး စျေးနှုန်းရွေ့လျားမှု pattern များအနက်တစ်ခု ဖြစ်ပါသည်။ သို့ဖြစ်၍ Head and Shoulders Pattern ဆိုသည်မှာ မည်သည်ကို ဆိုလိုပါသနည်း။ ထိုထူးဆန်းသော နာမည်ကြောင့် ငွေကြေးစျေးကွက်များအတွင်း ကုန်သွယ်ကြရာတွင် စည်းမျဥ်းများ နှင့် ၎င်း၏ မော်ဒယ်ပုံစံအား လေ့လာရန်အတွက် တက်သစ်စကုန်သည်များ၏ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးလျက် ရှိပါသည်။
Head and shoulders သည် အဘယ်ကြောင့်အရေးကြီးပါသနည်း။ အဖြေမှာ ရိုးရှင်းပါသည်။ အဆိုပါ pattern တွင် ဘယ်ဘက်ပခုံး၊ ခေါင်းနှင့် ညာဘက်ပခုံးတိုနှင့် ဆင်တူသည့် အမြင့်ထိပ်သုံးခု ပါရှိပါသည်။ ၎င်း၏ ပင်မလက္ခဏာရပ်မှာ စံနမူနာဖွဲ့စည်းပုံအရ ညာဘက်ပခုံးသည် ဘယ်ဘက်ခြမ်းထက် အနည်းငယ် ပို၍မြင့်သင့်ပါသည်။ သို့သော် ထိုကဲ့သို့ အစဥ်အမြဲ မဖြစ်နိုင်ပါ၊ shoulder (ဘေးပခုံးနှစ်ခု) များသည် ခေါက်ချိုးညီဖြစ်နိုင်ပါသည်။ ကုန်သွယ်မှုဝင်ရောက်ရမည့် အမှတ်ကို ဆုံးဖြတ်ပေးသော အဓိကမျဥ်းသည် “neckline” ဖြစ်ပါသည်။ Head and Shoulders Pattern သည် စျေးမြင့်တက်မည့် (သို့) စျေးကျဆင်းမည့် အနေအထားလား။ Head and Shoulders Pattern သည်မည်သည်ကို ဆိုလိုပါသနည်း၊ ထို့ပြင် ၎င်း၏အချက်ပြမှုဖြင့် မည်သို့ကုန်သွယ်ရပါမည်နည်း။ ဆက်လက်ဖတ်ရှုပါက သင်သိရှိနိုင်ပါမည်။
ဤဆောင်းပါးကို ဖတ်ရှုပြီးပါက စတော့ စျေးကွက် chart နှင့် Forex တွင် head and shoulders pattern သည် မည်သည်ကို ဆိုလိုကြောင်းနှင့် ၎င်း၏ အချက်ပြမှုဖြင့် မည်သို့ကုန်သွယ်ပုံကို သင်သိမြင်လာပါလိမ့်မည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- အဓိက ကောက်နုတ်ချက်များ
- Head and Shoulders Pattern တစ်ခုဆိုသည်မှာ မည်သည်ကို ဆိုလိုပါသနည်း။
- Head and Shoulders Pattern အကြောင်း သိရှိနားလည်မှု
- Head and Shoulders Pattern သည် သင့်အား မည်သည်တို့ကို ပြောပြနိုင်ပါသနည်း။
- Inverse Head and Shoulders
- Head and Shoulders Pattern ဖြင့်မည်သို့ ကုန်သွယ်ပုံ
- Head and Shoulders ၏ ကုန်သွယ်ရေးဗျူဟာ
- Head and Shoulders Pattern နောက်ကွယ်တွင် စျေးကွက်သက်ဝင်လှုပ်ရှားမှုများ
- Head and Shoulders ဖြင့် ကုန်သွယ်ခြင်း၏ စွန့်စားမှုအန္တရာယ်များ
- နိဂုံးချုပ်
- Head and Shoulders Pattern တွင် မေးလေ့ရှိသော အမေးနှင့် အဖြေများ
အဓိက ကောက်နုတ်ချက်များ
ပင်မ အကြောင်းအရာ | နက်ရှိုင်းစွာ သိမြင်မှု နှင့် အရေးပါသည့် အချက်များ |
အဓိပ္ပါယ် | "Head and Shoulders Pattern" တွင် လူတစ်ဦး ၏ ဘယ်ဘက်ပခုံး၊ ဦးခေါင်းနှင့် ညာဘက်ပခုံးနှင့်တူသော ထိပ်ပိုင်း ၃ ပိုင်း ပါဝင်သည်။ |
Pattern ၏ အဓိပ္ပာယ် မှာ အဘယ်နည်း။ | "Head and Shoulders Pattern" သည် အတက်လမ်းကြောင်းတစ်ခု အားပျော့ ပျက်ပျယ် နေနိုင်သည်ကို ညွှန်ပြပြီး ဈေးနှုန်းသည် နောက်ကြောင်းပြန်လှည့်ရန် အလားအလာရှိနေသည် ကို အကြံပြုသည်။ |
Inverse Head and Shoulders | စျေးကွက်တွင် အတက်အားကောင်းသောလမ်းကြောင်းကို ညွှန်ပြသည့် Inverse "Head and Shoulders Pattern" ကဲ့သို့သော ပုံစံကွဲ များရှိပါသည်။ |
အရောင်းအဝယ် ပြုလုပ်နည်း | "Head and Shoulders Pattern" ကို ရောင်းဝယ်ရန်အတွက် neckline ၏ အရေးပါမှု နှင့် အဝင်ဈေးနှုန်းပွိုင့် များကို ဆုံးဖြတ်ရာတွင် ၎င်း၏ အခန်းကဏ္ဍကို အလေးပေးထားသည်။ |
ကုန်သွယ်မှုဗျူဟာ | "Head and Shoulders Pattern" ကို ပိုမိုကောင်းမွန်သော ကုန်သွယ်ရေးဆုံးဖြတ်ချက်များအတွက် Japanese candlesticks နှင့် MACD၊ RSI နှင့် Stochastic ကဲ့သို့သော ညွှန်ပြချက်ကိရိယာများ နှင့် ပေါင်းစပ်နိုင်သည်။ |
အကျိုးကျေးဇူးများ | စျေးကွက် ၏ စိတ်အတွေး ကို ရောင်ပြန်ဟပ်ကာ ၎င်းကို စျေးကွက်အမျိုးမျိုးတွင် တွေ့ရှိနိုင်ပြီး ဖြစ်နိုင်ချေရှိသော ဈေးနှုန်းလှုပ်ရှားမှုများအတွက် နက်ရှိုင်းစွာ သိမြင်နားလည်မှုများကို ပံ့ပိုးပေးသည်။ |
Pitfalls | သေသေချာချာ စူးစိုက်လေ့လာရန် လိုအပ်သည်။ အဝယ်ထောင်ချောက် အရောင်းထောင်ချောက်များ ကဲ့သို့သော စိန်ခေါ်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် အခြားသော အတည်ပြုနိုင်သည့် အချက်ပြမှုများ လိုအပ်ပါသည်။ |
Head and Shoulders Pattern တစ်ခုဆိုသည်မှာ မည်သည်ကို ဆိုလိုပါသနည်း။
ကောင်းပါပြီ၊ Head and shoulders pattern ဆိုသည်မှာ အဘယ်နည်း။ Head and Shoulders စျေးကွက် pattern သည် အစဥ်အလာမပျက် ရှေးကျသော စျေးနှုန်း pattern တစ်ခုဖြစ်ပြီး ကုန်သွယ်ရာတွင် ဆန့်ကျင်ဘက်အနေအထားသို့ စျေးကွက်ပြောင်းလဲမှုကို ရည်ညွှန်းပါသည်။ Head and shoulders chart pattern တစ်ခုသည် မည်သည်ကို ဆိုလိုပါသနည်း။ Head and shoulders chart pattern ၏ဆိုလိုရင်းမှာ စျေးမြင့်တက်မှုလမ်းကြောင်းသည် ဆုတ်ယုတ်အားနည်းလာပြီး မကြာမီအတွင်း စျေးနှုန်းဆန့်ကျင်ဘက်သို့ ပြောင်းလဲနိုင်ကြောင်း အဓိပ္ပာယ်ရပါသည်။
Head and shoulders pattern သည် မည်သည့်ပုံသဏ္ဍာန်မျိုးဖြစ်ပါသနည်း။ Head and shoulders ၏ ဖွဲ့စည်းပုံသည် အမြင့်ထိပ်သုံးခု/ ထိပ်သုံးထိပ်ပုံစံကို ဆန်းသစ်ထားသော ပုံသဏ္ဍာန်မျိုးဖြစ်ပါသည်။ သို့သော် ထိပ်သုံးထိပ် pattern တွင် ရေတိုအမြင့်ထိပ်သုံးခု/ ရေတိုစျေးမြင့်တက်မှုသုံးကြိမ် (သို့) အမြင့်ဆုံးထိပ်ချွန်အသစ်များ/စံချိန်တင်စျေးမြင့်တက်မှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် သက်ဆိုင်ရာပိုင်ဆိုင်မှု၏ စျေးနှုန်းသည် နက်ရှိုင်းစွာ စတင်ထိုးကျလာပါသည်။ Head and shoulders ဖြစ်ပေါ်မှုတွင်လည်း ရေတိုအမြင့်ထိပ်သုံးခု ပါဝင်ပြီး ၎င်းတို့ထဲမှ အမြင့်ဆုံးတစ်ခုသာလျှင် အလယ်တွင် တည်ရှိပါသည်။
Head and Shoulders Pattern အကြောင်း သိရှိနားလည်မှု
Head and shoulders chart pattern သည် Forex၊ ခရစ်တိုငွေကြေး၊ ကုန်စည်ပစ္စည်းများ၊ စတော့ရှယ်ယာများနှင့် ငွေချေးစာချုပ်များ အပါအဝင် စျေးကွက်အမျိုးအစားအားလုံးတွင် ပေါ်ပေါက်ပါသည်။
သင့်အနေဖြင့် ဤ pattern ကို ပိုမိုတိုတောင်းသော အချိန်ကာလများနှင့် အချိန်ကာလရှည်များ နှစ်မျိုးလုံးတွင် သတ်မှတ်ဖော်ထုတ်နိုင်ပါသည်။ ကွာခြားချက်မှာ အချိန်ကာလရှည်များတွင် အဆိုပါ pattern သည် ပို၍ထိရောက်စွာ အလုပ်လုပ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် ပိုမိုတိုတောင်းသည့် သတ်မှတ်ချိန်များထက် စျေးကွက်အနှောင့်အယှက်များ နည်းပါးသောကြောင့် ဖြစ်ပါသည်။
Head and Shoulders Pattern သည် မည်သည့်ပုံသဏ္ဍာန်မျိုး ဖြစ်ပါသနည်း။
Head and shoulders ကုန်သွယ်မှု pattern သည် ၎င်း၏ ပမာဏကြောင့် ဖြစ်ပေါ်ရန် အချိန်ပိုကြာပါသည်။
Head and shoulders pattern တွင် အမြင့်ထိပ်သုံးခု ပါဝင်ပြီး ၎င်းတို့မှာ အမြင့်ဆုံးစျေးနှုန်းသုံးခု ဖြစ်ပါသည်။ ထိုသို့ဖြစ်ပေါ်ပါက အလယ်ထိပ်သည် pattern ၏ ပခုံးများဟု ခေါ်တွင်ကြသော ဘေးဘက်အမြင့်ထိပ်များထက် ပို၍မြင့်သင့်ပါသည်။ ဘေးပခုံးများသည် အနီးစပ်ဆုံး တူညီသော စျေးတန်းအဆင့်တွင် ရှိသော်လည်း ၎င်းတို့ကြားရှိ အကွာအဝေးမှာ ကွဲပြားခြားနားနိုင်ပါသည်။
ထို pattern၏ အခြားစိတ်ဝင်စားဖွယ်နာမည်မှာ “Three Buddhas” ဖြစ်ပါသည်။ ဤသည်မှာ လွန်စွာ ကျိုးကြောင်းဆီလျော်လှပါသည်၊ ထုံးထမ်းအစဥ်အလာအရ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များတွင် ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူကို အလယ်တွင် တည်ထား၍ ပိုမိုသေးငယ်သော ရုပ်ပွားတော်နှစ်ဆူကို ဘေးနှစ်ဖက်လုံးတွင် ပြသကြပါသည်။ မှတ်သားထိုက်သည်မှာ အနောက်တိုင်း နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်တွင် Three Buddhas pattern ကို stock head and shoulders pattern မတွေ့ရှိမီကပင် အချိန်ကြာမြင့်စွာ အသုံးပြုခဲ့ကြပါသည်။ ဤသည်မှာ စျေးကွက်ပါဝင်သူများ၏ စိတ်ခံစားမှုတွင် အမျိုးသားရေးအခြေခံကြောင့် ကွဲပြားခြားနားမှုများ မရှိကြောင်း ဖော်ပြပါသည်။
Head and Shoulders Pattern သည် သင့်အား မည်သည်တို့ကို ပြောပြနိုင်ပါသနည်း။
Head and shoulders pattern သည် စျေးမြင့်တက်မည့် အနေအထား (သို့) စျေးကျဆင်းမည့် သဘောထားကို ဖော်ပြပါသလား။ စျေးတက်နေသော စျေးကွက်တွင် head and shoulders သည် စျေးမြင့်တက်မှု မှ ကျဆင်းမှု လမ်းကြောင်းကို သရုပ်ဖော်ပြသပြီး စျေးအတက်လမ်းကြောင်းမှာ ပြီးဆုံးတော့မည် ဖြစ်ကြောင်း အချက်ပြပေးပါသည်။ စျေးကျဆင်းနေသော စျေးကွက်တွင် head and shoulders ပြောင်းပြန်ပုံစံဖြစ်ပေါ်မှုသည် စျေးအကျလမ်းကြောင်းမှာ အောက်ဆုံးအနိမ့်ပိုင်းသို့ ရောက်ရှိမည် ဖြစ်ပြီး ထိုမှ ပြန်လည်မြင့်တက်လာနိုင်ကြောင်း အဓိပ္ပာယ်ရပါသည်။
Tug-of-War
နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက် chart ပေါ်၌ head and shoulders pattern သည် စျေးအတက်လမ်းကြောင်းနှင့် ပိုင်ဆိုင်မှု၏ စျေးနှုန်းတည်ငြိမ်မှု အပြီးနောက်တွင် ဖြစ်ပေါ်ပါသည်။ သို့သော် head and shoulders သည် စျေးအကျလမ်းကြောင်းတွင်လည်း ပေါ်ပေါက်နိုင်ပါသည်၊ ထိုသို့ဖြစ်ပါက ၎င်းသည် လက်ရှိလမ်းကြောင်းအတိုင်း ဆက်လက်ဖြစ်ပေါ်မည့် pattern ပုံစံမျိုး ဖြစ်ပြီး ဤသည်မှာ စျေးနှုန်း ပိုမိုနက်ရှိုင်းစွာ ကျဆင်းသွားမည်ကို ဆိုလိုပါသည်။ ပထမဆုံးထိပ် နှင့် ဘယ်ဘက်ပခုံး ဖြစ်ပေါ်ပြီးနောက်တွင် စျေးနှုန်းသည် ဝယ်လိုအားစျေးတန်းသို့ ကျဆင်းသွားပြီး ပြန်တက်လာပါသည်။ ပထမအကြိမ် စျေးပြန်တက်ချိန်တွင် အဝယ်ကုန်သွယ်မှုများကို လုပ်ဆောင်သဖြင့် စျေးနှုန်းမှာ ပထမအကြိမ်အမြင့်ဆုံးထက် ပို၍မြင့်တက်သွားစေပြီး ထို pattern၏ Head တစ်ခု ထပ်မံပေါ်ပေါက်လာပါသည်။
ပြင်းထန်သော အတက်ဘက်သို့ ရွေ့လျားမှုနောက်ပိုင်းတွင် ဝယ်ယူသူများ၏ အင်အား နည်းပါးသွားပြီး စည်းမျဥ်းအရ စျေးနှုန်းသည် ဝယ်လိုအားစျေးတန်းဆီသို့ ပြန်လည်ကျဆင်းပါသည်။ တချိန်တည်းမှာပင် ကုန်သွယ်မှုပမာဏထိုးကျမှုကို တွေ့ရှိရပြီး ညာဘက်ပခုံးပုံစံ ဖြစ်ပေါ်လာပါသည်၊ နောက်ဆုံးတွင် ထိုပခုံး၏ ထိပ်၌ အဝယ်များ ပြန်လည်ဆုတ်ခွာကြပြီး စျေးနှုန်းသည် ဝယ်လိုအားစျေးတန်းသို့ ကျဆင်း၍ ၎င်းကို ဖောက်ထွက်ကာ အောက်ဖက်သို့ထိုးကျသွားပါသည်။
ထို့ပြင် စျေးနှုန်းသည် ၎င်းကျိုးပျက်ပြီးသော စျေးတန်းသို့ ပြန်လည်ချဥ်းကပ် ရောက်ရှိနိုင်သော်လည်း အကျလမ်းကြောင်းသည် ပိုမိုအားကောင်းကာ စျေးနှုန်းဆက်လက်နိမ့်ကျသွားပါမည်။
Head and Shoulders bullish pattern
Bullish head and shoulders pattern သည် head and shoulders ၏ ပြောင်းပြန်ပုံစံတစ်ခု ဖြစ်ပါသည်။ ထို bullish ပုံစံသည် စျေးအကျလမ်းကြောင်းတွင် ပေါ်ပေါက်ပြီး စျေးကျဆင်းမှုမှ မြင့်တက်မှုလမ်းကြောင်းသို့ ပြောင်းလဲခြင်းကို အချက်ပြပေးပါသည်။ ကုန်သွယ်မှုနေရာများကို bearish ဆန်းစစ်မှုနှင့် တူညီသောယူဆချက်အတိုင်း ဖွင့်လှစ်ရပါမည်။ သင်သည် neckline ကို ဖောက်ထွက်မှု နှင့် ၎င်းအနီးသို့ ချဥ်းကပ်ရောက်ရှိမှုကို မျှော်လင့်ထားရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် စတော့စျေးကွက်တွင် bullish head and shoulders pattern သည် အဝယ်ကုန်သွယ်မှုသို့ ဝင်ရောက်ရန် အချက်ပြခြင်း ဖြစ်ပါသည်။
Head and Shoulders bearish pattern
Head and shoulder chart သည် စျေးမြင့်တက်မှု မှ ကျဆင်းမှုသို့ လမ်းကြောင်းပြောင်းလဲမှုကို ဖော်ပြပါသည်။ Bearish head and shoulders stock pattern သည် သတ်မှတ်အပိုင်းအခြားအတွင်း လှုပ်ရှားနေသော စျေးလမ်းကြောင်း၏ထိပ်ပိုင်း၌ ဖြစ်ပေါ်ပြီး ဝယ်ယူသူများသည် စျေးနှုန်းကို သတ်မှတ်ဝယ်လိုအားစျေးတန်းအထက်သို့ ဆက်မတင်နိုင်ကြောင်း အချက်ပြပေးပါသည်။
ဒုတိယမြောက်ပခုံးထိပ် ဖြစ်ပေါ်ပြီးနောက် စျေးနှုန်းဆန့်ကျင်ဘက်သို့ ပြောင်းလဲကျဆင်းကာ neckline အဆင့်ဆီသို့ ရောက်ရှိ၍ ၎င်းကို ဖောက်ထွက်သွားပါသည်။ ထိုအခိုက်အတန့်၌ အရောင်းကုန်သွယ်မှုသို့ ဝင်ရောက်ရပါမည်။ အများအားဖြင့် အနီးဆုံးဝယ်လိုအားစျေးတန်းများအား ထည့်သွင်းစဥ်းစားကာ neck နှင့် head top ကြားအကွားအဝေးဖြစ်သည့် Head အရှည်ဖြင့် ရည်မှန်းအမြတ်ကို ပုံဖော်သတ်မှတ်ပါသည်။ သို့သော် စျေးနှုန်းသည် သိသာစွာ ထိုးကျ၍ ဝယ်လိုအားစျေးတန်းများသို့ တစ်ခုပြီးတစ်ခု ဖောက်ထွက်သွားသည့် အခြေအနေမျိုးလည်း ရှိပါသည်။
Inverse Head and Shoulders
နည်းပညာဆိုင်ရာ ဆန်းစစ်ချက်တွင် head and shoulders ပြောင်းပြန်ပုံစံသည် ပုံမှန် head and shoulders ဖြစ်ပေါ်မှုနှင့် တစ်ထပ်တည်းကျသော ဆန့်ကျင်ဘက်ပုံစံ ဖြစ်ပါသည်။ ၎င်းသည် စျေးအတက်လမ်းကြောင်းမတိုင်မီ ဖြစ်ပေါ်ပြီး စျေးကျဆင်းမှုအရှိန်အဟုန် အားနည်းလာကြောင်း ရင်းနှီးမြှုပ်နှံသူများအား သတိပေးနှိုဆော်ပါသည်။ Chart တစ်ခုတွင် head and shoulders ပြောင်းပြန်ပုံစံကို အခြေခံ၍ အဝယ်ဝင်ရောက်မှုကို အလွယ်တကူရှာတွေ့နိုင်ပါသည်။ ၎င်းသည် head and shoulders pattern ကို ပြောင်းပြန်လှန်ထားသည့် ပုံသဏ္ဍာန်မျိုးသာလျှင် ဖြစ်ပါသည်။ ကုန်သွယ်ရေးတွင် head and shoulders သည် three tops နှင့် အလားတူသကဲ့သို့ ၎င်း inverse pattern သည် three bottoms နှင့်ပုံသဏ္ဍာန်ဆင်တူပါသည်။
Inverse bullish head and shoulder pattern အပေါ် အခြေခံထားသော ကုန်သွယ်ရေးဗျူဟာသည် ပုံမှန်ဖွဲ့စည်းမှုပုံစံအပေါ် အခြေခံသည့် နည်းစဥ်နှင့် တူညီပါသည်။ ရောင်းလိုအား စျေးတန်းတစ်ခုဖြစ်သည့် neckline ကို ပြင်းထန်စွာ ဖောက်ထွက်ပြီးနောက် အဝယ်ကုန်သွယ်မှုသို့ ဝင်ရောက်နိုင်ပါသည်။
Inverse bullish head and shoulder pattern ၏ ဥပမာတစ်ခုကို UKBRENT စျေးနှုန်း chart တွင် တွေ့မြင်နိုင်ပါသည်။
Head and Shoulders Pattern ဖြင့်မည်သို့ ကုန်သွယ်ပုံ
Head and Shoulders pattern အပေါ်အခြေခံသော ကုန်သွယ်ရေးနည်းစဥ်များကို ကျွန်ုပ်တို့ စူးစမ်းလေ့လာကြည့်ကြပါစို့။ ကျွန်ုပ်သည် BTCUSD chart ကို ဥပမာတစ်ခုအဖြစ် ယူသုံးပါမည်။
Neckline နေရာချထားမှု
အဆိုပါ chart ထဲတွင် head and shoulders pattern ကို တွေ့မြင်ရန်အတွက် အဓိကအချက်မှာ neckline အား မှန်ကန်စွာ သတ်မှတ်ရပါမည်။ ဝင်ရောက်မှုအမှတ်များသည် chart ထဲရှိ neckline အဆင့်ကို အခြေခံထားပါသည်။ အောက်ပါ chart တွင် head and shoulders pattern stock သည် ကျဆင်းနေသော wedge နောက်မှသာလျှင် ဖြစ်ပေါ်ကြောင်း သင်တွေ့မြင်နိုင်ပါသည်။ ဤသည်မှာ အကျလမ်းကြောင်းရှည်နောက်တွင် မကြာမီအတွင်း ပြန်လည်မြင့်တက်နိုင်ကြောင်း ကုန်သည်များအား သတိပေးနှိုးဆော်ခြင်း ဖြစ်ပါသည်။ ဤဖော်ပြထားသော 10 day trading patterns for beginners ဆောင်းပါးထဲတွင် falling wedge နှင့် အခြားစျေးနှုန်း pattern များအကြောင်းကို သင်ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
မျက်နှာပြင်ရိုက်ချက်ပုံတွင် ပထမဆုံးထိပ်ချွန်ပုံစံ ဖြစ်ပေါ်ပြီးနောက် စျေးနှုန်းသည် စျေးတန်းအဆင့်တစ်ခုအထိ ကျဆင်း၍ အထက်သို့ ထပ်မံပြန်လည်မြင့်တက်ကာ ဒုတိယမြောက် အမြင့်ဆုံးထိပ်ချွန်ကို မည်သို့ဖန်တီးကြောင်း ပြသထားပါသည်။ ထို့နောက် စျေးနှုန်းထပ်မံ ကျဆင်းပါသည်။ စျေးနှုန်းသည် neckline သို့ရောက်ရှိသည့်အခါ ပြန်လည်မြင့်တက်လာပြီး တတိယမြောက်ထိပ်ချွန် ညာဘက်ဘေးပခုံးပုံစံ ဖြစ်ပေါ်လာပါသည်။ ယင်းနောက် စျေးကွက်အောက်သို့ ရွေ့လျားပြီး ပင်မဝယ်လိုအားစျေးတန်း (neck) ကို ဖောက်ထွက်ကာ စျေးနှုန်း ထပ်မံနိမ့်ဆင်းသွားပါသည်။
ထိုအခိုက်အတန့်၌ အရောင်းကုန်သွယ်မှုကို ဖွင့်လှစ်သင့်ပြီး စျေးတက်ရန် မျှော်မှန်းသူများ (ဝယ်သူများ ) သည် ၎င်းတို့၏ ကုန်သွယ်မှုနေရာများကို မထိန်းသိမ်းနိုင်တော့ဘဲ စျေးကွက်ကို စျေးကျရန် မျှော်လင့်သူ ( ရောင်းချသူများ) မှ ထိန်းချုပ်ထားပါသည်။
Stop နေရာချထားခြင်း
Head and shoulders pattern ဖြင့် ကုန်သွယ်ရာတွင် stop-loss (ဆုံးရှုံးမှုဟန့်တားစျေးတန်းအမှတ်) ကို စွန့်စားမှုစီမံခန့်ခွဲရေး ဥပဒေများနှင့် ငွေကြေးစီမံရေးနိယာမများအတိုင်း neckline အထက်တွင် နေရာချထားရပါသည်၊ သို့သော် ကွာဝေးမှုအတိုင်းအတာသည် အချိန်ကာလနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုအပေါ်တွင် မူတည်ပါသည်။ ဥပမာအားဖြင့် နေ့စဥ် Forex စျေးနှုန်း chart ထဲတွင် လက်ခံနိုင်ဖွယ်ရှိသော stop loss အမှတ်သည် ကုန်သွယ်မှုသို့ ဝင်ရောက်သည့်အမှတ်မှ 400-500 အခြေခံပွိုင့်အကွာတွင် ဖြစ်ပါသည်။ စတော့စျေးကွက်တွင် သာမန်ရိုးကျနည်းဗျူဟာအရ stop loss ကို ကုန်သွယ်မှုနေရာ ဖွင့်လှစ်ခဲ့သည့် စျေးတန်းအဆင့်မှ 20-50 pips ခန့်၌ နေရာချထားနိုင်ပါသည်။ တိုတောင်းသော အချိန်ကာလအား အသုံးပြုပါက stop loss ကို ညာဘက်ဘေးပခုံးအထက်တွင် သတ်မှတ်နိုင်ပါသည်။
သင့်၏ ရည်မှန်းအမြတ်ပစ်မှတ်များကို သတ်မှတ်ခြင်း
အမြတ်ယူစျေးတန်းကို head အမြင့်နှင့် တူညီသော အကွာအဝေး (သို့) ဝယ်လိုအားစျေးတန်း၌ သတ်မှတ်ပါသည်။ ကျွန်ုပ်တို့၏ နမူနာတွင် Head and Shoulders ကုန်သွယ်မှုပုံစံအတွင်း bearish flag pattern တစ်ခု ရှိပါသည်။ ထိုနေရာတွင် အမြတ်ယူစျေးတန်းနေရာကို သတ်မှတ်ရန် လွယ်ကူပါသည်။ Bearish flag တစ်ခုအတွက် ပစ်မှတ်သည် ဝယ်လိုအားစျေးတန်းနှင့် တစ်ထပ်တည်းကျပါသည်။ စျေးနှုန်းသည် flag ပုံစံမှထွက်ခွာသွားသည့်အခါ ၎င်းရွေ့လျားမှုသည် flag pole ၏အလျားနှင့် တူညီသင့်ပါသည်။
Head and Shoulders ၏ ကုန်သွယ်ရေးဗျူဟာ
Head and shoulders pattern ၏ နည်းပညာဆိုင်ရာ ဆန်းစစ်ချက်ကို Japanese candlestick များ အပါအဝင် အညွှန်းကိန်းများနှင့်တကွ ပေါင်းစပ်သုံးစွဲနိုင်ပါသည်။
အဆိုပါ pattern ကို အတည်ပြုရန်နှင့် ကုန်သွယ်မှုသို့ ဝင်ရောက်နိုင်မည့် အကောင်းဆုံးအမှတ်များကို သတ်မှတ်ရန်အတွက် candlestick pattern များ (သို့) MACD၊ RSI နှင့် Stochastic ကဲ့သို့သော နည်းပညာပိုင်းဆိုင်ရာ ညွှန်းဆိုချက်များအား အသုံးချနိုင်ပါသည်။
အလားတူ BTCUSD chart ကို ဥပမာတစ်ခုအဖြစ် ယူကြည့်ကြပါစို့။
မျက်နှာပြင်ရိုက်ချက်ပုံတွင် ညွှန်းဆိုချက်သည် bearish divergence ( စျေးနှုန်းတက်နေသော်လည်း စျေးကွက် အားနည်းသောအခြေအနေ) ကို ဖော်ထုတ်ပြသနေကြောင်း သင်တွေ့မြင်နိုင်ပါသည်၊ အတိအကျဆိုရလျှင် ၎င်းသည် ပိုင်ဆိုင်မှု၏တန်ဖိုး ဆန့်ကျင်ဘက်သို့ပြောင်းလဲမည့် စျေးတန်းနေရာ ဖြစ်ပါသည်။ Head and shoulders pattern တွင်လည်း လားရာဆန့်ကျင်ဘက်သို့ ပြောင်းလဲမည့် candlestick pattern အချို့ ရှိနေပါသည်။ ဤဆောင်းပါး Candlestick chart များကို မည်သို့ ဖတ်ရှုရမည်နည်း ထဲတွင် candlestick စိစစ်ခွဲဖြာမှုအကြောင်း ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
စျေးနှုန်းပြောင်းလဲမှုကိုလည်း candlestick pattern သုံးခု: bearish engulfing pattern၊ hanging man နှင့် shooting star တို့ဖြင့် အတည်ပြုပေးပါသည်။ ညာဘက်ဘေးပခုံး ဖြစ်ပေါ်လာပြီးနောက် hanging man တစ်ခု နှင့် bearish engulfing pattern တစ်ခုတို့လည်း ရှိနေပါသည်၊ ထိုသည်မှာ neckline ကိုဖောက်ထွက်မှု နီးကပ်လာကြောင်း အချက်ပြပေးခြင်း ဖြစ်ပါသည်။ စျေးနှုန်းသည် neckline စျေးတန်းအဆင့်ကို ဖောက်ထွက်မှုမတိုင်ခင် အရောင်းကုန်သွယ်မှုသို့ ဝင်ရောက်နိုင်ပါသည်။
Head and Shoulders Pattern နောက်ကွယ်တွင် စျေးကွက်သက်ဝင်လှုပ်ရှားမှုများ
ငွေကြေးစျေးကွက်သည် ရှုပ်ထွေးသော နေရာဖြစ်ပြီး တခါတရံတွင် ဖရိုဖရဲ နှင့် ယုတ္တိမရှိသော အခြေအနေဖြစ်ပါသည်။
သို့သော် ပထမဦးစွာ စျေးကွက်ကို လူအများ၏ အမူအကျင့်ဆိုင်ရာ စိတ်ပညာရှုထောင့်မှ စဥ်းစားကြည့်သင့်ပါသည်။ Head and shoulders pattern ဖြစ်ပေါ်ပြီးနောက်ပိုင်း မည်သည်တို့ ဆက်ဖြစ်နိုင်ပါသနည်း။ မည်သည့်အရာမဆို ဖြစ်နိုင်ပါသည်၊ ဥပမာအားဖြင့် အခြားအကြီးစား pattern များ ဖွဲ့စည်းပေါ်ပေါက်နိုင်ပါသည်၊ ဥပမာ-"bull flag"၊ "double bottom"၊ "wedge" နှင့် အခြားပုံစံများ စသည်တို့ဖြစ်ပါသည်။
စည်းမျဥ်းတစ်ခုအနေဖြင့် head and shoulders နောက်တွင် ဖြစ်ပေါ်မည့်အရာမှာ ပိုင်ဆိုင်မှု၏စျေးနှုန်း chart သည် အချိန်ကြာမြင့်စွာ တည်ငြိမ်နိုင်ပြီး စျေးနှုန်းမြင့်တက်မှု (သို့) ကျဆင်းမှုအား အချက်ပြပေးမည့် အခြားမော်ဒယ်ပုံစံများကို တည်ဆောက်ပေးနိုင်ပါမည်။
Head and Shoulders ဖြင့် ကုန်သွယ်ခြင်း၏ စွန့်စားမှုအန္တရာယ်များ
ဂျပန်စတိုင် head and shoulders candlesticks အပါအဝင် bear နှင့် bull traps ကိုအသုံးပြု၍ ကုန်သွယ်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်နိုင်ပါသည်။ သို့ဖြစ်၍ ကုန်သွယ်မှုတစ်ခု မဖွင့်မီ candlestick patterns (သို့) နည်းပညာဆိုင်ရာ အညွှန်းကိန်းများ ကဲ့သို့သော အခြားအချက်ပြများ အသုံးပြုကာ လက်ရှိလမ်းကြောင်းကို အတည်ပြုရန် လိုအပ်ပါသည်။
နိဂုံးချုပ်
Head and shoulders pattern သည် Forex၊ စတော့၊ ကုန်စည်ပစ္စည်း နှင့် ခရစ်တိုငွေကြေးစျေးကွက်များ အပါအဝင် စျေးကွက်တိုင်း နှင့် မည်သည့်အချိန်ကာလတွင်မဆို ကုန်သွယ်ရောင်းဝယ်နိုင်သော အဆင်ပြေလွယ်ကူသည့် chart ပုံစံတစ်ခု ဖြစ်ကြောင်း မှတ်သားထားသင့်ပါသည်။ အဆိုပါ pattern သည် စျေးမြင့်တက်မည့် အခြေအနေ (သို့) စျေးကျဆင်းမည့် အနေအထား နှစ်မျိုးလုံး ဖြစ်နိုင်သောကြောင့် ကုန်သည်များကို စျေးမြင့်တက်မှု နှင့် စျေးကျဆင်းမှုတို့မှ အမြတ်များရယူနိုင်စေပါသည်။
Head and shoulders pattern ၏ သဘောတရားမှာ လမ်းကြောင်းပြောင်းလဲမှုကို ပြသသည့် pattern တစ်ခု ဖြစ်ပြီး ၎င်းသည် ယခင်လမ်းကြောင်း၏ အင်အား လျော့နည်းလာ၍ စျေးနှုန်းရွေ့လျားမှုမှာ ဆန့်ကျင်ဘက်သို့ ပြောင်းလဲနိုင်ကြောင်း အချက်ပြပေးပါသည်။ နည်းပညာဆိုင်ရာဆန်းစစ်ချက်တွင် head and shoulders pattern ကို အသုံးပြုသည့်အခါ အခြား candlestick pattern များ အပါအဝင် နည်းပညာဆိုင်ရာ ညွှန်းဆိုချက်များ၊ oscillators (လှိုင်းထုတ်ကိရိယာများ) နှင့် stochastic indicators ( စျေးအတက်အကျ ဖြစ်နိုင်ချေပြ ညွှန်းဆိုချက်များ) ကို ကိုးကားမှီငြမ်းရန် အရေးကြီးပါသည်။
ဆည်းပူးပြီးအသိပညာများအား လက်တွေ့အသုံးချရန်အတွက် အဆင်ပြေလွယ်ကူ၍ စွမ်းဆောင်ရည်ကောင်းသော ကုန်သွယ်ရေးတာမီနယ်နှင့် အရောင်းအဝယ် ပိုင်ဆိုင်မှုမျိုးစုံ ပါဝင်သည့် LiteFinance ဒီမိုနမူနာအကောင့်တစ်ခုကို သင်အသုံးပြုနိုင်ပါသည်။
Head and Shoulders Pattern တွင် မေးလေ့ရှိသော အမေးနှင့် အဖြေများ
Chart တစ်ခု၏ တိုင်းတာနိုင်သော ရွေ့လျားမှုမှာ ရည်မှန်းအမြတ်စျေးတန်းအတွက် ကိုးကားညွှန်းဆိုသည့် အမှတ်နေရာတစ်ခု ဖြစ်ပါသည်။ ဥမာအားဖြင့် head and shoulders pattern တစ်ခုတွင် တိုင်းတာထားသော အရွေ့သည် အလယ်ထိပ် (head) ၏ အမြင့်ဆုံးမှ neckline အထိ အမြင့်အကွာအဝေးဖြစ်နိုင်ပါသည်။ ထို့နောက် neck အဆင့် နှင့် ထိုအောက်အထိ အစိတ်အပိုင်းပေါ်တွင် အမြတ်ယူစျေးတန်းကို သတ်မှတ်ဖော်ထုတ်ရန် ကြိုစားရှာဖွေနိုင်ပါသည်။
Neckline (လည်တိုင်နေရာ) ကို ထည့်သွင်းချိန်ဆရပါမည်။ စျေးနှုန်းသည် ၎င်းနေရာကို အပေါ်ဘက်သို့ ဖောက်ထွက်သွားပြီး pattern မှာ အကျလမ်းကြောင်းအတွင်းရှိ head and shoulders ပြောင်းပြန်ပုံစံ ဖြစ်ပါက အဝယ်ကုန်သွယ်မှုသို့ ဝင်ရောက်ပါ။ အကယ်၍ အတက်လမ်းကြောင်းအတွင်းရှိ ပုံမှန် head and shoulders pattern တစ်ခု ဖြစ်၍ စျေးနှုန်းသည် neckline ကို အောက်ဘက်သို့ ဖြတ်ကျော်သွားပါက အရောင်းကုန်သွယ်မှုသို့ ဝင်ရောက်ပါ။
Bearish head and shoulders pattern သည် ပုံမှန်လမ်းကြောင်းပြောင်းလဲမှုကို ပြသသော pattern တစ်ခုဖြစ်ပြီး တန်ဖိုးမြင့်တက်နေသည့် စျေးကွက်များတွင် ပေါ်ပေါက်ပါသည်။ တတိယမြောက်ထိပ်ချွန် (ဘယ်ဘက်ဘေးပခုံး) သည် အဆိုပါ pattern အတွင်း ဖြစ်ပေါ်လာသည့်အခါ စျေးနှုန်းပြောင်းလဲကာ အကျလမ်းကြောင်းအသစ် အစပြုပါမည်။
Bullish head and shoulders pattern ကို head and shoulders pattern ၏ ဆန့်ကျင်ဘက် (သို့) ပြောင်းပြန်လှန်ပုံစံဟုလည်း ခေါ်ဆိုကြပါသည်။ ၎င်းသည် စျေးနှုန်းကျဆင်းနေသော စျေးကွက်တွင် ပေါ်ပေါက်ပြီး အတက်ဘက်သို့ စျေးနှုန်းလမ်းကြောင်းပြောင်းလဲမှုကို ညွှန်ပြပါသည်။ စျေးနှုန်းသည် head ၏အနိမ့်ဆုံးအပိုင်းသို့ ရောက်ရှိသည့်အခါ စျေးနှုန်းပြန်လည်မြင့်တက်လာကာ စျေးမြင့်တက်မည့် လမ်းကြောင်းအသစ်ကို စတင်ပါသည်။
အခြားငွေကြေးဆိုင်ရာ ပိုင်ဆိုင်မှုများနည်းတူ BTC စျေးနှုန်း chart တွင်လည်း head and shoulders pattern ဖြစ်ပေါ်ပြီး ၎င်းသည် အမြတ်ရရှိနိုင်သော ကုန်သွယ်ရေးအချက်ပြမှုများကို ဖော်ပြပေးပါသည်။
လက်တွေ့ဈေးကွက်အချိန်ရှိ AUDJPY ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။























