"Bull trap" သို့မဟုတ် "bullish reversal" ဆိုသည့်အဓိပ္ပါယ်မှာ ကုန်သွယ်ရေးအမျိုးအစားတခု၏ စျေးနှုန်းသည် အမြင့်သို့ တောက်လျှောက် ဦးတည်နေရာမှ ရုတ်တရက် အပြောင်းအလဲဖြစ်ပေါ်ခြင်းကို ဆိုလိုပါသည်။ နိုင်ငံတကာငွေကြေးဈေးကွက် သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာတန်ဖိုး ဆင့်ပွားဈေးကွက် များတွင် ထိုပုံသဏ္ဍန်ကို တွေ့ရလေ့ရှိပါသည်။ 

ဘဏ္ဍာရေးဈေးကွက်အတွင်း နှုန်းထားများသည် အမြင့်ဆုံးစျေးတန်းတစ်ခုကို ဖြတ်ကျော်ပြီး၊ အမြင့်သို့ ဆက်လက်တိုးတက်သွားသော အခြေအနေမျိုးကို ကုန်သည်တိုင်း ကြုံတွေ့ဖူးကြပါလိမ့်မည်။ သို့ရာတွင် မကြာခင်မှာပင် အဆိုပါကုန်သွယ်ရေးပစ္စည်း၏ စျေးနှုန်းသည် ဆန့်ကျင်ဘက်သို့ ပြန်လည်ဦးတည်ကာ အရှုံးခံဈေးတန်းသို့ပင် ရောက်ရှိသွားပါသည်။ ဤကဲ့သို့သော မှားယွင်းဖောက်ထွက်မှုမျိုးတွင် ရင်းနှီးမြှုပ်နှံသူ များသည် အဝယ်ကုန်သွယ်မှုများကို မှားယွင်းဆောင်ရွက်မိကြလေ့ရှိသည်။ ထိုသို့ဖြစ်ခြင်းကို "bull trap" (အဝယ်ထောင်ချောက်မိခြင်း) ဟုခေါ်ပါသည်။

ဤဆောင်းပါးတွင် bull trap ပုံစံပေါ်ထွန်းလာရခြင်း၏ အကြောင်းရင်းများနှင့် ဝယ်သူများကို ဖမ်းစားတတ်သော ဤထောင်ချောက်၏ သားကောင်မဖြစ်စေရန် ရှောင်ရှားနိုင်မည့် နည်းလမ်းများကို သုံးသပ်တင်ပြထားပါသည်။ စျေးကွက်၏ ဆန့်ကျင်ဘက်သို့ရုတ်တရက်ဦးတည်သော reversal လမ်းကြောင်းများ အကြောင်းကို သိရှိထားခြင်းဖြင့် သင်၏ အရင်းအနှီးများ မဆုံးရှုံးစေရန် ကာကွယ်နိုင်ပြီး အရင်းအနှီးကိုပင် မြှင့်တင်နိုင်ပါလိမ့်မည်။ သင်၏လေ့လာသင်ယူမှုအား LiteFinance မှ ကူညီပေးပါမည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Bull trap ဆိုသည်မှာ အဘယ်နည်း။ ဘာကြောင့် ဖြစ်ပေါ်လာ သနည်း။

LiteFinance: Bull trap ဆိုသည်မှာ အဘယ်နည်း။ ဘာကြောင့် ဖြစ်ပေါ်လာ သနည်း။

ကုန်သွယ်​ရေးတွင် Bull Traps ဆိုသည်မှာ နှုန်းထားတခုသည် ယခင်အမြင့်ဆုံးစျေးတန်းတခုကို မှားယွင်းစွာ ဖောက်ထွက်လာပြီးမှ အနိမ့်ဘက်သို့ ပြန်လည်ကျဆင်းသောအခါတွင် ဖြစ်ပေါ်လာသော ပုံစံ ဖြစ်သည်။ ထိုစျေးနှုန်းကျဆင်းမှုမျိုးသည် အရောင်းဖိအားများကြောင့် ဖြစ်ပွားလေ့ရှိသည်။ ဆိုလိုသည်မှာ ရင်းနှီးမြှုပ်နှံသူ အမြောက်အမြားက ၎င်းတို့ကိုင်ဆောင်ထားသော စတော့အမျိုးအစားတခုအား တပြိုင်တည်း လိုလိုတွင် စျေးချ၍ ရောင်းချကြသောအခါ အရောင်းဖိအားဖြစ်ပေါ်လာပြီး စျေးနှုန်းကျဆင်းမှု ပေါ်ပေါက်ခြင်း ဖြစ်သည်။ စျေးကွက်အလားအလာပြောင်းလဲခြင်း၊ သတင်းဆိုးထွက်ပေါ်ခြင်း သို့မဟုတ် ထိုစတော့ရှယ်ယာသည် ဖြစ်သင့်သောစျေးထက် အဆမတန် မြင့်မားနေသည်ဟု သတိပြုမိခြင်း စသဖြင့် အရောင်းဖိအားကို ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာ ရှိသည်။ ကနဦးအဝယ်အင်အားများ ပမာဏတိုးတက်နေသော အချိန်တွင် ကုန်သည်များအနေနှင့် အတက်စျေးကွက်အတွင်း အကျဘက် ဦးတည်ခြင်း အလားအလာ စတင်ဖြစ်ပေါ်လာသည်နှင့် ချက်ချင်း သတိပြုမိသင့်သည်။ ဝယ်သူများအနေနှင့် ထပ်မံဝယ်ယူရန် ခွန်အားမရှိကြသောအခါ အဝယ်ထောင်ချောက်များ ဖြစ်ပေါ်လာကြသည်။ များသောအားဖြင့် စျေးကွက်အတွင်း ကုန်သွယ်လျက်ရှိကြသူများမှ အမြတ်ထုတ်လိုက်ကြသောကြောင့် ဖြစ်သည်။ ထို့အပြင် လက်ရှိအခြေအနေအပေါ် အခွင့်ကောင်းယူ၍ အမြတ်ရနိုင်သည့် အလားအလာကို လက်လွတ်မခံလိုသော ကာလတိုအရောင်းသမားများမှ အပြိုင်အဆိုင် အရောင်းဖွင့်ကြခြင်းဖြင့် စျေးနှုန်းအပေါ် ဖိအားသက်ရောက်လာပြီး၊ နှုန်းထားများသည် ယခင်အမြင့်ဆုံးစျေးတန်း၏ အောက်သို့ ပြန်လည်ရောက်ရှိ သွားတတ်သည်။

အဘယ်ကြောင့် ဈေးကွက်၏ လက်ရှိအမြင့်ဆုံး စျေးတန်းအောက်သို့ ပြန်လည်ရောက်ရှိပါသနည်း။ အဖြေမှာ ရိုးရှင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ဝယ်သူအများစုသည် အရှုံးခံအမှတ်များအား ဤနေရာတွင် စု၍သတ်မှတ်ထားကြသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အကျလမ်းကြောင်း ဆက်လက်ဖြစ်ပေါ်၍ အရောင်းဖွင့်ရန် အသင့်ပြင်ထားကြသော ကုန်သည်များသည် နောက်ထက် အကျလမ်းကြောင်းတခုအတွက် လောင်စာများသဖွယ် ဖြစ်၍နေကြပြန်သည်။ 

ထို့ကြောင့် ဤထောင်ချောက်သို့ သက်ဆင်းရခြင်းမှ ကင်းလွတ်စေရန်၊ စျေးနှုန်းဖောက်ထွက်မှုကို အတည်ပြုသော နည်းပညာပိုင်းဆိုင်ရာ indicators များအပေါ် အထူးအလေးထားရပါမည်။ ထို့အပြင် အဝယ်ပမာဏများ မြင့်မားလာခြင်းကိုလည်း ဂရုပြုရပါမည်။ Candlestick များကို ခွဲခြမ်းစိတ်ဖြာ၍ အောက်ပါ indicators များဖြင့် ခြားနားချက်ကို ခွဲခြားအတည်ပြုနိုင်ပါသည်။

  • RSI သို့မဟုတ် Relative Strength Index သည် ဈေးကွက်လမ်းကြောင်း ၏ အားနှင့် အတက် လမ်းကြောင်း သို့မဟုတ် အကျလမ်းကြောင်း ဖြစ်နိုင်ခြေကို ဆုံးဖြတ်ပေးပါသည်။ 
  • Stoch သို့မဟုတ် Stochastic Oscillator အား ကုန်သွယ်ရေးအမျိုးအစားတခု၏ အဝယ်၊ အရောင်းစျေးနှုန်းများ မတန်တဆ လွန်ကဲခြင်းကို ဆုံးဖြတ်ရန် အသုံးပြုကြပါသည်။
  • MACD သို့မဟုတ် Moving Average Convergence Divergence သည် လမ်းကြောင်းတခု၏ ဦးတည်ရာနှင့် အင်အားကို တိုင်းတာသော ကိရိယာတခုဖြစ်သည်။ ထို့အတူ ဇယားအတွင်းရှိ ပျမ်းမျှရွှေ့လျားမှုအမှတ် (moving averages) များကို ဖြတ်၍ ဆန့်ကျင်ဘက် လမ်းကြောင်း၏အစ (reveseral points) များကို တိုင်းတာပေးပါသည်။

အထက်ပါ နည်းပညာပိုင်းဆိုင်ရာ indicators များ၏ တူညီသော အဓိကအချက်မှာ ၎င်းတို့သည် အတက်စျေးကွက်နှင့် အကျစျေးကွက်၏ ဆန့်ကျင်ဘက်ဖြစ်နိုင်ခြေကို ပြသကြခြင်းပင် ဖြစ်သည်။

ဘဏ္ဍာရေးစျေးကွက်အတွင်းရှိ divergence ဆိုသည်မှာ ဇယားတွင်ရွေ့လျားနေသော စျေးနှုန်း၏ ဦးတည်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ indicator တွင်ညွှန်ပြနေသော ဦးတည်ရာတို့ မတူညီကြခြင်းဖြစ်သည်။ အရိုးရှင်းဆုံးဆိုရလျှင် စျေးကွက်အတွင်း ကုန်သွယ်ကြသူများသည် စျေးနှုန်းကို ဇယား အထက်သို့ တွန်းပို့နေကြပြီး၊ indicators များ၏ သတ်မှတ်ချက်တွင် စျေးနှုန်းကျဆင်းမှုကို ညွှန်ပြနေခြင်းမျိုးဖြစ်သည်။ အပြန်အလှန်အားဖြင့် ဇယားတွင်စျေးနှုန်းကျဆင်းပြီး indicators တွင် အတက်လမ်းကြောင်းအား ညွှန်ပြနေခြင်းမျိုးဖြစ်သည်။

LiteFinance: Bull trap ဆိုသည်မှာ အဘယ်နည်း။ ဘာကြောင့် ဖြစ်ပေါ်လာ သနည်း။

Bull trap ဥပမာများ

Apple Inc. ၏ နေ့စဥ်ဈေးကွက်ပြဇယားတွင် bull trap ၏ သမာရိုးကျ အလုပ်လုပ်ပုံ ဥပမာကို မြင်တွေ့နိုင်ပါသည်။ အောက်ပါအင်္ဂါရပ်များဖြင့် ညီညွတ်ပါက bull trap ၏ လက္ခဏာဟု သတ်မှတ်နိုင်ပါသည်။

  1. RSI (relative strength index) တွင် အဝယ်အင်အားများ ရုတ်တရက် မြင့်မားလာပြီး စျေးနှုန်းမြင့်တက်နေသော အနေအထားတွင် indicatorသည် အကျလမ်းကြောင်းကိုညွှန်ပြ၍ divergence ဖြစ်ပေါ်လာခြင်းသည် စျေးနှုန်း၏ ဦးတည်ချက် ပြောင်းလဲမှုအလားအလာအတွက် အစောဆုံး အချက်ပြမှုတခုပင်ဖြစ်သည်။
  2. စျေးနှုန်းသည် ဈေးကွက်၏ အမြင့်ဆုံးစျေးတန်းတစ်ရပ်ကို ဖောက်ထွက်လာသော အခြေအနေ တွင် ကုန်သွယ်မှု ပမာဏများ ကျဆင်းခြင်းသည် ဝယ်လိုအားလျော့နည်းခြင်းကိုပြသနေပြီး ဝယ်ယူ ထားသူများမှ အမြတ်ထုတ်ကြခြင်း အခြေအနေကို ညွှန်ပြနေပါသည်။ 
  3. သတ်မှတ်ကာလတခုအတွင်းရှိ ရောင်းလိုအားများသောစျေးတန်းများတွင် Dark Cloud Cover ပုံစံ ထွက်ပေါ်လာပြီး bearish Engulfing ပုံစံ ဖြစ်ပေါ်လာခြင်းသည် စျေးနှုန်းကျဆင်းမည်ဟု ယုံကြည်သော ကုန်သည်များမှ ကာလတိုအရောင်းများ အပြိုင်ဖွင့်ကြသော အချက်ပြမှုဖြစ်သည်။

LiteFinance:

အတက်စျေးကွက်၏ ဆန့်ကျင်ဘက်လမ်းကြောင်း ( အမြင့်သို့တက်ရာမှ အနိမ့်သို့ ပြန်ဆင်းသော လမ်းကြောင်း) နှင့် စပ်လျဥ်း၍ အခြားဥပမာတခုကို အောက်ပါ GBPUSD နေ့စဥ် ဇယားတွင် မြင်တွေ့နိုင် ပါသည်။ အောက်ပါဇယားပေါ်တွင် မြင်တွေ့ရသော ထင်ရှားသော လက္ခဏာ အင်္ဂါရပ်များသည် အဝယ် အနေအထားဖြင့် ကုန်သွယ်မှုဖွင့်ထားသူများအတွက် အန္တရာယ်အချက်ပြမှုပင် ဖြစ်သည်။

  1. MACD indicator တွင် bearish divergence ဖြစ်ပေါ်လာခြင်းသည် စျေးနှုန်းကျဆင်းလုဆဲဆဲ အခြေအနေဖြစ်ကြောင်း ကြိုတင်သတိပေးချက် ဖြစ်သည်။
  2. ပထမ ဥပမာကဲ့သို့ပင် စျေးနှုန်းတိုးတက်မှုတွင် ကုန်သွယ်မှုပမာဏများ စတင်လျော့ကျလာခြင်း၊ ထိုအချင်းအရာသည် လက်လီကုန်သည်များအတွက် အကျစျေးကွက် အစပြုရန် အချက်ပြခြင်းပင် ဖြစ်သည်။
  3. ဇယား၏ထိပ်ဆုံးရှိ ဆန့်ကျင်ဘက် candlestick ပုံစံဖွဲ့စည်းမှုဖြင့် bearish Hanging Man ပုံသဏ္ဍန် ပေါ်ထွက်လာခြင်းသည် အတည်ပြုရန် အချက်ပြခြင်းပင်ဖြစ်သည်။

အထက်ပါ အချက်များကို ဂရုပြုခြင်းအားဖြင့် စျေးကွက်တွင် ကုန်သွယ်ကြသူများသည် bull traps အဝယ် ထောင်ချောက်မိခြင်းအလားအလာများကို ရှောင်ကြဥ်နိုင်ယုံသာမက ညွှန်​ပြထားသော ကုန်သွယ်ရေး အမျိုးအစားအား ရောင်းလိုအားများသော ဈေးတန်း၏အထက်တွင် အရောင်းဖွင့်ခြင်းအားဖြင့် အရင်းအနှီးငွေ ကိုလည်း တိုးပွားစေမည်ဖြစ်ပါသည်။

LiteFinance:

Bull trap ၏ထင်ရှားသော အလုပ်လုပ်ပုံ ဥပမာအား forex ကုန်သွယ်ရေးရှိ BTCUSD နေ့စဥ်ဇယားတွင် တွေ့မြင်နိုင်ပါသည်။ အောက်ပါပုံတွင် ဝယ်သူများ၏ ပြင်းထန်သောတွန်းအားကြောင့် စျေးနှုန်းကျဆင်းရာမှ ပြန်တက်သွားသော ဖြစ်စဥ်ကို မြင်ရပေမည်။ ကုန်သွယ်ရေးပစ္စည်း၏ စျေးနှုန်းသည် ရောင်းလိုအား ကောင်းသော ဈေးတန်းကို အားကောင်းစွာဖြင့် ဖောက်ထွက်လာပြီးနောက် အတက်လမ်းကြောင်းတွင် နှစ်ကြိမ်တိတိထောင်ချောက် ဖြစ်ပေါ်သည်ကို တွေ့နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ နှစ်ကြိမ်စလုံးတွင် စျေးနှုန်းများသည် မူလစျေးတန်းသို့ ပြန်ဆင်းကြသည်ချင်း တူညီပါသည်။ အောက်ပါအချက်များသည်လည်း အထောက်အကူဖြစ်စေပါသည်။

  1. Stochastic indicator တွင် bearish divergence ဖြစ်ပေါ်ခြင်း။
  2. ကုန်သွယ်မှုပမာဏကျ တောက်လျှောက် ကျဆင်းခြင်း။
  3. ဇယား၏ထိပ်ဆုံးတွင် ဆန့်ကျင်ပုံဘက်ပုံစံဖြစ်ပေါ်ရာမှ berish Engulfing candlestick ပုံစံ ဖြစ်ပေါ်လာခြင်း။

LiteFinance:

Bull Trap အား မည်သို့ အမျိုးအစားခွဲခြားမည်နည်း — Bull Trap အားနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း။

LiteFinance: Bull Trap အား မည်သို့ အမျိုးအစားခွဲခြားမည်နည်း — Bull Trap အားနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း။

Bull trap ဖြစ်နိုင်ချေ​အလားအလာတခုအား ကောက်ချက်ချနိုင်ပါက အလွယ်တကူ ရှာတွေ့နိုင်ပါသည်။ အထက်တွင်ဖော်ပြထားသော indicators များမှ တခု သို့မဟုတ် တခုထက်ပို၍ အသုံးပြုပါ။ ပုံမှန် ကုန်သွယ်ရေးအမျိုးအစားတခု၏ ကုန်သွယ်မှုပမာဏအား မျက်ခြေမပြတ် စောင့်ကြည့်ပါ။ ထပ်ဆောင်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု candlestick ပုံစံများဖြစ်သော "bearish engulfing"၊ "hanging man"၊ evening star"နှင့် "dark cloud cover" အစရှိသည့် ဆန့်ကျင်ဘက်လမ်းကြောင်းဖြစ်ပေါ်မှု ပုံစံများကို သေချာစွာ လေ့လာထားပါက အကောင်းဆုံး သုံးသပ်ချက်ကို ပြုလုပ်နိုင်မည်မှာ သေချာပါသည်။ Candlestick ပုံစံခွဲခြမ်းစိတ်ဖြာမှုနှင့် indicator များ၏ ညွှန်ပြချက်အား ပေါင်းစပ်လိုက်လျှင် bull trap၏ အရူးလုပ်ခံရခြင်းမှ ရှောင်ရှားနိုင်မည့်အပြင် အရင်းအနှီးငွေကိုပါ တိုးပွားစေရန် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

အောက်တွင် BTCUSD ဇယားကို အသုံးပြု၍ အတက်လမ်းကြောင်းမှ ဆန့်ကျင်ဘက်သို့ကျဆင်းခြင်း (bullish reversal) အား ခွဲခြားနိုင်ရန်အတွက် တဆင့်ချင်းစီလမ်းညွှန်ချက်များကို ပြသပေးပါမည်။

  1. နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အထောက်အကူကိရိယာများ ဖြစ်ကြသော MACD၊ RSI နှင့် Stoch တို့ကို အသုံးချ၍ ဇယားပေါ်ရှိ စျေးနှုန်းကျဆင်းခြင်း Divergence ကို ခွဲခြမ်းကြည့်ကြရအောင်။

    LiteFinance: Bull Trap အား မည်သို့ အမျိုးအစားခွဲခြားမည်နည်း — Bull Trap အားနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း။

    BTCUSD ဇယားတွင် MACD indicator သည် RSI နှင့် Stoch တို့ထက် ပိုမိုစောစီးစွာ divergence ကို ပြသခဲ့ပါသည်။ ထို့ကြောင့် ကုန်သည်များသည် ၎င်းတို့၏ ပုံမှန်ရင်းနှီးမြှုပ်နှံမှုများကို အမြတ်တွင် သို့မဟုတ် မျှချေတွင် ပိတ်၍ စောစီးစွာကြိုတင်ပြင်ဆင်ပြီး ပထမထောင်ချောက်ကို ရှောင်ရှားရန် အခွင့်အရေးရှိ ခဲ့ပါသည်။ 

    သို့သော် အချိန်အနည်းငယ်အကြာတွင် RSI နှင့် Stoch indicators များသည် ဒုတိယထောင်ချောက် ဖြစ်ပေါ်မည့် အရိပ်အယောင်အား သတိပေးခဲ့ကြသည်။ ကျဆင်းနေသော ပမာဏများကြားမှ အရောင်း ကြိုက်စေသော အမြင့်ဈေးတန်း ကို ဒုတိယအကြိမ် ပြန်လည်ဖောက်ထွက်ခြင်းနှင့်အတူ ဒုတိယ ထောင်ချောက်တခု ပေါ်ပေါက်လာခဲ့သည်။ 

  2. စကားပြောသော ကုန်သွယ်မှုပမာဏများ။ ဒုတိယအရေးအကြီးဆုံး အင်္ဂါရပ်မှာ စျေးကွက် အခြေအနေများ ဖြစ်ကြသည်။ ဝယ်လိုအားနှင့် ရောင်းလိုအားကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ကုန်သွယ်မှု ပမာဏများကို ခန့်မှန်းခြင်းများသည်လည်း ထောင်ချောက်၏ ပရိယာယ်မှ လွတ်​မြောက်စေနိုင်ပါသည်။ ကုန်သွယ်မှုပမာဏ နည်းပါးခြင်းသည် bull trap၏ အကြောင်းခံတခု ဖြစ်နေနိုင်ပါသည်။

    LiteFinance: Bull Trap အား မည်သို့ အမျိုးအစားခွဲခြားမည်နည်း — Bull Trap အားနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း။

  3. Bullish reversal ကို ခွဲခြားရာတွင် အဓိကကျသော အထောက်အကူတခုမှာ candlestick patterns ကို ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်သည်။

    LiteFinance: Bull Trap အား မည်သို့ အမျိုးအစားခွဲခြားမည်နည်း — Bull Trap အားနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း။

    လက်ရှိအခြေအနေတွင် ဇယားပေါ်၌ အားကောင်းသော စျေးနှုန်းမြင့်တက်မှုအပြီး အမြင့်ဆုံး စျေးနှုန်းအသစ် ၏ နေရာတွင် bearish engulfing ပုံစံ ဖြစ်ပေါ်လာသည်ကို မြင်နိုင်ပါသည်။ ထို့အပြင် ပထမ၊ ဒုတိယ ဖြစ်ရပ်နှစ်မျိုးစလုံးတွင် ဇယားပုံစံများသည် ယခင်အမြင့်ဆုံးစျေးတန်းဖြစ်သော resistance level ကို အားကောင်းစွာဖြင့် ဖောက်ထွက်မှုတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

  4. အရှုံးကန့်သတ်ချက် သတ်မှတ်ခြင်း။

    ဘဏ္ဍာရေးစျေးကွက်၌ ကုန်သွယ်ရာတွင် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲခြင်းကို အလေးထားဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုဖွင့်လိုက်သည်နှင့် တပြိုင်နက် အရှုံးကန့်သတ်ချက်များကို မမေ့မလျော့သတ်မှတ်ရန် အရေးကြီးပါသည်။ သို့မှသာ အကယ်၍ ထောင်ချောက်အတွင်း ရောက်ရှိခဲ့လျှင်ပင် အရှုံးအနည်းဆုံးဖြင့် မိမိအရင်းအနှီးကို ကာကွယ်နိုင်ပါလိမ့်မည်။ သို့မဟုတ်ပါက သင်၏ငွေအရင်းနှီးများ မြန်ဆန်စွာ ဆုံးရှုံးသွားနိုင်သော အလားအလာ မြင့်မားပါလိမ့်မည်။

ရှင်းလင်းသေချာသော ခွဲခြမ်းစိတ်ဖြာမှုနှင့်အတူ အထက်ပါဆောင်ရွက်ချက်များကို ပေါင်းစပ်လိုက်လျှင် ကုန်သည်နှင့် ရင်းနှီးမြှုပ်နှံသူအများစုသည် ငွေများကို ဆုံးရှုံးစေရတတ်သော စျေးကွက်ထောင်ချောက်အား ရှောင်ရှားနိုင်လိမ့်မည် ဖြစ်ပါသည်။

Bull Trap ပုံစံများ

LiteFinance: Bull Trap ပုံစံများ

ဤအခန်း၌ တွေ့ရလေ့ရှိသော bull traps အမျိုးအစားများကို ဖော်ပြသွားပါမည်။ ဤပုံစံကို လေ့လာရာတွင် ထည့်သွင်းစဥ်းစားရမည့် အချက်အလက် အချို့အား လေ့လာကြပါစို့။

ပုံစံ နံပါတ် ၁ - Springing Double Top

ဤပုံစံမှာ စျေးနှုန်းသည် အဆင့်တခုသို့ရောက်ရှိပြီးနောက် ဆန့်ကျင်ဘက်လမ်းကြောင်းအတိုင်း ပြန်လည် ကျဆင်းသော ဖြစ်ရိုးဖြစ်စဉ် ပုံစံများမှ တခုဖြစ်သည်။ AUDUSD ဇယားအတွင်း ကာလတိုများ၏ အမြင့်ဆုံးပွိုင့် လေးခုတွင် စျေးနှုန်းသည် အထက်သို့တက်ရန် အားယူခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ လေးခုမြောက်ပွိုင့်တွင် အောက်ဘက်သို့ကျဆင်းရန် Bearish Tweezer Top ပုံစံတခုပေါ်ပေါက်ခဲ့သည်။ နောက်ဆုံးတွင် Hanging Man ပုံစံ ပေါ်ပေါက်လာပြီး ဆန့်ကျင်ဘက်ဦးတည်ချက်ကို အတည် ပြုလိုက်သည်။ ငါးခု​မြောက်ပွိုင့်တွင် စျေးနှုန်းသည် အတက်သို့ပြန်မလှည့်နိုင်တော့ပဲ သိသာစွာ ကျဆင်းသွားခြင်းကို မြင်တွေ့ရပါမည်။

LiteFinance: ပုံစံ နံပါတ် ၁ - Springing Double Top

ပုံစံ နံပါတ် ၂

ကာလတိုတခုအထိ အားယူပြီးနောက် စျေးနှုန်းသည် "piercing" ဟုခေါ်သော အမြင့်တခုသို့ သိသာစွာခုန်တက်ခြင်းကို ပြုလုပ်လိုက်သည်။ ထိုအခါ အဝယ်အော်ဒါများကို စုဆောင်းသော ကာလတိုတခု ပေါ်ပေါက်လာသည်။ ထိုကာလတိုဘားတန်းတွင် အဝယ်အော်ဒါများ ပြည့်ကြပ်၍နေသည်။ သို့သော် ထို့နောက်တွင်မူ စျေးနှုန်းသည် အနိမ့်သို့ကျဆင်းသွားမည်ဖြစ်ပြီး ၎င်းသည် လှည့်စားမှုတခုသာဖြစ်သည်။ EURJPY ဇယားသည် ထိုအချက်ကို သက်သေပြနေသည်။ ထို့အပြင် မကြာခင်မှာပင် ဆန့်ကျင်ဘက်သို့ပြန်လှည့်မည့် ထင်ရှား​သော အချက်ပြမှုဖြစ်သော Hanging Man ပုံစံလည်း အနောက်တွင် ပေါ်ထွက်ခဲ့ပါသည်။

LiteFinance: ပုံစံ နံပါတ် ၂

အဘယ်ကြောင့် bull traps များကို ရှောင်ရှားသင့်သနည်း။ မည်သို့ရှောင်ရှားရမည်နည်း။

အဝယ်ထောင်ချောက်နှင့် အရောင်းထောင်ချောက် (bull & bear traps) များကို ရှောင်ရှားသင့်သော အဓိကအကြောင်းရင်းမှာ သင်၏အရင်းအနှီးများ မဆုံးရှုံးရစေရန်အတွက် ဖြစ်သည်။ တခါတရံတွင် ထိုသို့ရှောင်ရှားရန်မှာ မလွယ်ကူပါ။ အဘယ်ကြောင့်ဆိုသော် ထောင်ချောက်မဖြစ်ပေါ်မှီတွင် ကုန်သည်၏ ခန့်မှန်းချက်နှင့် စျေးနှုန်းရွေ့လျားမှုမှာ ကိုက်ညီနေတတ်သောကြောင့် ကုန်သည်များမှာ သံသယမဝင်မိကြပဲ သတိမထားလိုက်မိခင်မှာပင် ထောင်ချောက်အတွင်း ရောက်ရှိပြီးဖြစ်၍နေတတ်သည်။ 

သင့်တွင် အလွန်ယုတ္တိရှိသော မေးခွန်းတခု ရှိနေနိုင်ပါသည် - Bull Trap ၏အရူးလုပ်ခြင်းမှ မည်သို့ရှောင်ရှား၍ ထိုအခြေအနေတွင် မည်သို့ငွေရှာနိုင်မည်နည်း။ ထိုထောင်ချောက်များကို အောက်ပါနည်းလမ်းများဖြင့် ရှောင်ရှားနိုင်ပါသည်။

နည်းလမ်း နံပါတ် ၁

ပထမဦးစွာ ဆန့်ကျင်ဘက်အယောင်ပြခြင်း မဟုတ်ကြောင်း သေချာစေရန် လိုအပ်သည်။ လမ်းကြောင်းဖြစ်ပေါ်လာရာတလျှောက်ရှိ candlesticks ပုံစံများ သို့မဟုတ် bull flag၊ three white soliders၊ three bullish steps အစရှိသော ပုံစံများစွာတို့ကို ကြည့်ရှုသုံးသပ်၍ ဖောက်ထွက်ခြင်းကို အတည်ပြုပါ။

LiteFinance: နည်းလမ်း နံပါတ် ၁

LiteFinance: နည်းလမ်း နံပါတ် ၁

နည်းလမ်းနံပါတ် ၂

ဤနည်းလမ်း၏ အဓိကအချက်မှာ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု indicators များ၏ အကူအညီ ဖြင့် ဖောက်ထွက်မှုကို အတည်ပြုခြင်း ဖြစ်သည်။ RSI၊ Stoach နှင့် MACD indicators များကို အသုံးပြုနိုင်သည်။ သို့ရာတွင် ကုန်သွယ်ရေးပမာဏများ၏ တိုးတက်မှုနှုန်းဖြင့် အတည်ပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဖောက်ထွက်မှုဖြစ်စဥ်အတွင်း ကုန်သွယ်မှုပမာဏသည် အနည်းဆုံးအနေနှင့် ယခင်အတိုင်း တူညီသောလယ်ဗယ်တွင်သာ ရှိသင့်သည်။ ထိုမှဆက်လက်၍ ပိုများသော ပမာဏသို့ တိုးတက်သွားသင့်သည်။ အကယ်၍ ဆန့်ကျင်ဘက် ရွေ့လျားမှု အလားအလာ ပေါ်ပေါက်လာပါက၊ bull trap သည် အမြင့်ဈေးတန်း ၏အထက်တွင် အဝယ်အော်ဒါများကို ရနိုင်သလောက် စုဆောင်းနေခြင်းသာ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။

LiteFinance: နည်းလမ်းနံပါတ် ၂

နည်းလမ်းနံပါတ် ၃

အဝယ်ထောင်ချောက် သို့ မသက်ဆင်းရစေရန် ရှောင်ရှားနိုင်မည့် နောက်ထပ်နည်းလမ်း တခုမှာ နေ့စဥ်အချိန်ရှိ candlestick အပိတ်နှင့် ၎င်း၏ candle shadow ကို ခွဲခြမ်းစိတ်ဖြာခြင်းပင် ဖြစ်သည်။ ရံဖန်ရံခါတွင် ကျဥ်းမြောင်းသော မိနစ်ပိုင်း အချိန်များအတွင်း စျေးနှုန်းသည် အမြင့်ဈေးတန်း၏အထက်တွင် အနည်ထိုင်တတ်ပြီး တနေ့တာအချိန်အတွင်း candlestick ပုံစံ၏ shadow သာ ကျန်ရစ်တတ်သည်။ ထိုအခြေအနေအရ အတက်စျေးဖောက်ထွက်မှုမှာ အင်အားနည်း၍ bull traps ဖြစ်နိုင်ချေပိုများသော အဓိပ္ပါယ်ပင် ဖြစ်သည်။ ထို့နောက်တွင် စျေးနှုန်းသည် အကျဘက်သို့ စတင်ရွေ့လျားတော့မည်ဖြစ်သည်။

LiteFinance: နည်းလမ်းနံပါတ် ၃

Bull Traps များတွင် မည်သို့ကုန်သွယ်ရမည်နည်း။ အကောင်းဆုံး နည်းဗျူဟာများ။

Bull traps pattern ဖြင့် အောင်မြင်သောကုန်သွယ်ရေးကို ပြုလုပ်နိုင်မည့် အကောင်းဆုံးနည်းလမ်းများကို စဥ်းစားကြည့်ကြရအောင်။ ယခုဖော်ပြမည့် နည်းလမ်းများကိုသုံး၍ ထောင်ချောက်တွင်းမှ လွတ်မြောက်နိုင် ယုံသာမက ထိုအခြေအနေမှ အကျိုးအမြတ်ကိုပင် ရရှိနိုင်ပါသည်။

နည်းပညာအညွှန်းကိန်းများကိုပေါင်းစပ်ခြင်းနှင့် candlestick အား ခွဲခြမ်းစိတ်ဖြာမှု နည်းဗျူဟာ

ဤရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာ၏ အဓိကအချက်မှာ ၎င်း၏အမည်အတိုင်းပင် ဖြစ်သည်။ ဤနည်းလမ်းတွင် indicators များပေါင်းစပ်ခြင်းနှင့် candlestick ပုံစံများအား ခွဲခြမ်းစိတ်ဖြာခြင်းတို့ ပါဝင်သည်။

ပို၍တိကျစွာဆိုရလျှင် ဇယားကိုခွဲခြမ်းစိတ်ဖြာသော RSI၊ Stoch နှင့် MACD indicators များကို အကျ နှင့် အတက် candlestick ပုံစံခွဲခြမ်းစိတ်ဖြာမှုများ ပေါင်းစပ်ထားသော ပမာဏကိုညွှန်ပြသည့် Volumes indicators များနှင့်အတူ အသုံးပြုခြင်းဖြစ်သည်။

ဤနည်းဗျူဟာအတွက် လမ်းညွှန်ချက်ကို အောက်ပါ USDCHF နေ့စဥ်ဇယားကို ဥပမာပြ၍ ဖော်ပြသွားပါမည်။

1. ပထမဦးစွာ ဇယားပေါ်တွင် အနိမ့်ဆုံး နှင့် အမြင့်ဆုံး စျေးတန်းများကို ခွဲခြားရန်လိုအပ်ပါသည်။

LiteFinance:

ပထမတချက်ကြည့်လိုက်ယုံဖြင့် သံသယဖြစ်ဖွယ်တစုံတရာကို မတွေ့နိုင်ပါ။ ခန့်မှန်းရန်လွယ်ကူသော ရိုးရှင်းသည့် အတက်လမ်းကြောင်းတခုကိုသာ တွေ့ရပါမည်။ ဘယ်ဘက်တွင် bull flag နှင့်အသွင်တူသော ပုံစံတခုပေါ်ပေါက်နေသည်။ သို့ရာတွင် စျေးနှုန်းသည် အထက်သို့ဖောက်ထွက်သွားပြီးနောက် resistance zone (ယခင်အမြင့်ဆုံးစျေးတန်းတဝိုက်) သို့ ပြန်လည်ကျဆင်းသွားသည်။ ထိုအခြေအနေသည် စျေးနှုန်းမြင့်တက်မှုအား ဟန့်တားခြင်းကိုပြသနေသည်။ Bull trap ၏ ပထမလက္ခဏာတခုပင် ဖြစ်သည်။

2. ထို့နောက် "Indicators" ကဏ္ဍမှ "Volumes" indicator ကို ထည့်သွင်းရမည်။

LiteFinance: 2. ထို့နောက် "Indicators" ကဏ္ဍမှ "Volumes" indicator ကို ထည့်သွင်းရမည်။

"Volumes" indicator အား ပေါင်းထည့်ပြီးသောအခါ တိုးတက်မှုနှုန်းသည် ကုန်သွယ်ရေး ဆောင်ရွက်မှုများ ကျဆင်းခြင်းနှင့် ယှဥ်တွဲနေကြောင်း ရှင်းလင်းစွာမြင်နိုင်ပြီဖြစ်သည်။ ဤအချက်သည် အတက်လမ်းကြောင်း ကို အရှိန်လျော့နည်းစေမည့် အကြောင်းတရားပင်ဖြစ်သည်။

3. Oscillators ၃ခုအနက်မှ တခုကိုရွေးချယ်ပါ။

ဤ ဥပမာတွင် RSI indicators ကိုရွေးချယ်ပြထားပါသည်။ စျေးကွက်အတွင်းကုန်သွယ်သူ အများစုသည် RSI indicators ကို အသုံးပြုလေ့ရှိကြသည်။ ဤ indicators ကို အသုံးပြု၍ အတက်လမ်းကြောင်း မည်မျှအားကောင်းကြောင်းနှင့် ထိုလမ်းကြောင်းတွင် bull traps ဖြစ်ပေါ်နိုင်ခြေရှိမရှိကို ဆုံးဖြတ်ရပါမည်။

LiteFinance: 3. Oscillators ၃ခုအနက်မှ တခုကိုရွေးချယ်ပါ။

Indicator ၏ ခွဲခြမ်းစိတ်ဖြာမှုအရ စျေးနှုန်းသည် ဇယားအတွင်း မြင့်တက်နေပြီး RSI တွင် ကျဆင်းနေ သည်။ ထိုအခြေအနေသည် စျေးနှုန်းကျဆင်းမှု bearish divergence ဖြစ်သည်။ ထို ကွဲလွဲချက်သည် ထိပ်ဆုံး၌ စျေးနှုန်း ပြန်လည်ကျဆင်းမည့် အလားအလာကို စောစီးစွာ အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။ ဤနေရာတွင် အတက်လမ်းကြောင်း၏ဆန့်ကျင်ဘက် (bullish reversal)ဖြစ်ပေါ်နေပြီဟု ကျွန်ုပ်တို့ အတည်ပြုနိုင်ပြီ ဖြစ်သည်။

4. ထို့နောက် candlestick analysis ကို ပြုလုပ်ရပါမည်။

LiteFinance: 4. ထို့နောက် candlestick analysis ကို ပြုလုပ်ရပါမည်။

Candlestick ပုံသဏ္ဍာန်သည် အတက်စျေးမှ အကျစျေးသို့ ကူးပြောင်းခြင်းအား အတည်ပြုလိုက်ပါသည်။ ဇယားပေါ်တွင် ထိပ်ဆုံးမှ ဆန့်ကျင်ဘက်သို့ပြန်ဆင်းသော candlestick ပုံစံ အများအပြား ဖြစ်ပေါ်ခဲ့သည်။ ပုံမှန်အားဖြင့် Hanging Man ပုံစံနှင့် bearish engulfing တို့၏ အသွင်အပြင်ကို သတိပြုမိရန် လိုအပ်ပါ သည်။ ထိုပုံစံများသည် လက်ရှိအတက်လမ်းကြောင်းတွင် အားကောင်းသော အတားအဆီး ပေါ်ပေါက်လာပြီး စျေးနှုန်းကျဆင်းတော့မည့် လက္ခဏာဖြစ်သည်။ အမြီးရှည်ပါဝင်သော candlesticks ပုံစံများအား "shooting stars" ဟုခေါ်ပြီး အဝယ်ကုန်သွယ်မှုများကို ဆွဲဆောင်ခြင်းအား ထင်ရှားပေါ်လွင် စေပါသည်။

ပုံမှန် ဘဏ္ဍာရေးကုန်သွယ်မှုအမျိုးအစားတခုတွင် အလားတူအခြေအနေတခုအား တွေ့မြင်ရပါက စျေးကွက် သို့ ဝင်ရောက်၍ ကုန်သွယ်မှုမစတင်ခင်၊ bull trap ဖြစ်နိုင်ခြေကို အထက်ပါနည်းလမ်းအတိုင်း သေချာ အတည်ပြုသင့်ပါသည်။

5. အရောင်းကုန်သွယ်မှုဖွင့်ခြင်း။

LiteFinance: 5. အရောင်းကုန်သွယ်မှုဖွင့်ခြင်း။

Bull trap ပုံစံအား အတည်ပြုပြီးပါက အမှတ် 1 သို့မဟုတ် အမှတ် 2 တွင် အရောင်းဖွင့်သင့်ပါသည်။ ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲခြင်းနည်းလမ်းနှင့်အညီ အနီးစပ်ဆုံး အနိမ့်စျေးတန်းတခု တွင် ပထမ ကုန်သွယ်မှုတဝက်ကို ပိတ်သိမ်းသင့်သည်။ ထို့နောက် ဇယားတွင် အတက်စျေးမှ ပြန်လည်ကျဆင်းသောလမ်းကြောင်း၏ ပုံပန်းသဏ္ဍန်ကို သေချာစွာ စောင့်ကြည့်ရပါမည်။ ဥပမာ hammer ၊ inverted hammer၊ engulfing၊ piercing သို့မဟုတ် morning star ပုံစံများကို ဆိုလိုသည်။ ဤဥပမာတွင်မူ inverted hammer ပုံစံ အရင်ဆုံးပေါ်ထွက်လာပြီး bullish engulfing ပုံစံဖြင့် ဆန့်ကျင်ဘက်လမ်းကြောင်းကို အတည်ပြုလိုက်သည်။ ထိုအတည်ပြုချက်၏ နောက်တွင် ကျန်ရှိသော ကုန်သွယ်မှုအား ပိတ်သိမ်းသင့်သည်။

ဤနည်းလမ်းဖြင့် bull trap ကို ရှောင်ရှားနိုင်ယုံသာမက အမြတ်ကိုပင်ရရှိနိုင်ပါသည်။ ဤကုန်သွယ်ရေးအား အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန် LiteFinance ကုန်သွယ်ရေးတာမင်နယ်မှ ကူညီပေးနိုင်ပါသည်။

မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။

ဒီမိုအကောင့်သို့ သွားမည်

နိဂုံး။

ဤဆောင်းပါးတွင် ကျွန်ုတို့သည် bull trap ပုံစံ၊ အမျိုးအစားများနှင့် ၎င်း၏ အခြေခံအကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြထားပါသည်။ အဆိုပါထောင်ချောက်ကို ရှောင်ကြဥ်နိုင်မည့်နည်းလမ်းနှင့် ထိုအခြေအနေမှ အမြတ်ငွေကိုရယူ၍ အရင်းအနှီးကိုတိုးပွားစေနိုင်မည့် နည်းဗျူဟာကိုပါ ထပ်ဆောင်း၍ ဖော်ပြပေးထားပါသည်။

ကုန်သွယ်မှုကို အခုပဲ စတင်မည်

Bull trap ၏ အမေးအဖြေများ

ကုန်သွယ်ရေးတွင် bull trap ဆိုသည်မှာ စျေးနှုန်းမြင့်တက်နေသော အတက်စျေးကွက်တွင် အရောင်းဖိအားများ၏ သက်ရောက်မှုကြောင့် ဆန့်ကျင်ဘက်လမ်းကြောင်းဖြစ်ပေါ်ခြင်း ဖြစ်သည်။ အတက်လမ်းကြောင်းတခုဖြစ်ပေါ်ပြီးနောက် စျေးနှုန်းသည် အနီးစပ်ဆုံး support level ကို ဖြတ်၍ ပြန်လည်ကျဆင်းခြင်းကို ဆိုလိုသည်။ ပြောင်းပြန်အားဖြင့် bear trap ဆိုသည်မှာ စတော့ရှယ်ယာ၊ ငွေကြေးအတွဲ သို့မဟုတ် အခြားကုန်သွယ်ရေး အမျိုးအစား၏ စျေးနှုန်းအား ကျဆင်းမည်ဟု ခန့်မှန်း၍ အရောင်းကုန်သွယ်မှုများ ဖွင့်လှစ်ထားရာမှ စျေးနှုန်းသည် ထင်ထားသည့် အတိုင်း မကျဆင်းပဲ အထက်သို့ပြန်တက်သွားခြင်းကို ဆိုလိုပါသည်။ ကုန်သည်များ အနေဖြင့် bull နှင့် bear traps များကို သေချာစွာ သတိပြု၍ ကုန်သွယ်မှုများကို ဖွင့်လှစ်ရန် အလွန်အရေးကြီးပါသည်။ သို့မှသာ မြင့်မားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသော အလားအလာ ကိုလျှော့ချနိုင်ပါလိမ့်မည်။

အိတ်စ်ချိန်းကုန်သွယ်ရေးတွင် bull trap ဆိုသည်မှာ ငွေကြေးများကို ဆုံးရှုံးစေသော ထောင်ချောက်တခု သို့မဟုတ် ကာလတခုအတွင်း အမြင့်ဆုံးစျေးနှုန်းများကို ဖောက်ထွက်လာသော မှားယွင်းသောအယောင်ပြမှု အခြေအနေဖြစ်သည်။ ထိုအယောင်ပြမှုနောက်တွင် စျေးနှုန်းသည် ဆန့်ကျင်ဘက်သို့ဦးတည်၍ အကျလမ်းကြောင်းစတင်ဖြစ်ပေါ်လာသည်။ Bear traps များမှာ bull traps နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

ဘဏ္ဍာရေးစျေးကွက်အတွင်း bull trap အား ခွဲခြားရန်မှာ စျေးကွက်သဘောထား၊ သတင်းဖြစ်ရပ်များ၊ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ၏ ရှုပ်ထွေးသော အပြန်အလှန် သက်ရောက်မှုများ ပါဝင်နေသောကြောင့် စိန်ခေါ်မှုတရပ်ပင် ဖြစ်ပါသည်။ နည်းပညာအညွှန်းကိန်း များ နှင့် candlestick analysis ကို အသုံးပြု၍ bull trap အား ခွဲခြားနိုင်ပါသည်။ ကျွန်ုပ်တို့ အကြံပြုလိုသော နည်းပညာအညွှန်းကိန်းများမှာ RSI၊ Stoch၊ MACD၊ Support and Resistance levels နှင့် Volumes ဖြစ်သည်။ အတည်ပြုရန်အတွက်မူ candlestick analysis ၏ ဆန့်ကျင်ဘက်ပုံစံများဖြစ်သော 'engulfing'၊ 'hanging man'၊ 'dark cloud cover' နှင့် 'evening stars' ပုံစံတို့အား အသုံးပြုသင့်ပါသည်။

စတော့တခု၏ ဇယားတွင် ဖြစ်ပေါ်လာသော ပုံစံတခုဖြစ်ပြီး စျေးနှုန်းအမြင့်တွင် bull trap ဖြစ်ပေါ်ခြင်းကို အချက်ပြခြင်းဖြစ်သည်။ ဤပုံစံသည် စတော့စျေးနှုန်းများ ဆန့်ကျင်ဘက်သို့ ရွေ့လျားခြင်း ကို ရှင်းလင်းစွာ အချက်ပြလေ့ရှိသည်။ အဝယ်နှင့် အရောင်းထောင်ချောက် (bull and bear traps)များသည် ကော်ပိုရိတ်လုပ်ငန်းဆိုင်ရာဖြစ်ရပ်များအပေါ် အကဲဆတ်သော ကုမ္ပဏီ စတော့များ၏ ဈေးကွက်ဇယားများတွင် ဖြစ်ပေါ်လေ့ရှိသည်။ အဝယ်နှင့် အရောင်းထောင်ချောက် (bull and bear traps)များသည် စတော့များ၊ ခရစ်ပတိုငွေကြေးများ၊ ငွေကြေးအတွဲများနှင့် ဘဏ္ဍာရေးဆိုင်ရာ financial derivatives စသော ကုန်သွယ်ရေးအမျိုးအစား အမျိုးမျိုးတွင် ဖြစ်ပေါ်နိုင်သည်။

ခရစ်ပတိုငွေကြေး ဈေးကွက်၏ ထိပ်ဆုံးတွင် စျေးနှုန်းကျဆင်းမှုပမာဏများ ဖြစ်ပေါ်လာသော ငွေကြေးဆုံးရှုံးစေသည့် ထောင်ချောက်ဖြစ်သည်။ ဤပုံစံသည် နှုန်းထားများ ကျဆင်းမှုကို ခန့်မှန်းပေးနိုင်ပြီး S&P နှင့် Nasdaq စသော US စတော့အညွှန်းကိန်းများနှင့် ဆက်နွယ်နေသော BTC နှင့် ETH ကဲ့သို့သော ဒစ်ဂျစ်တယ်ကွိုင်များ၏ ဈေးနှုန်းဇယားများတွင်လည်း ဖြစ်ပေါ်လေ့ ရှိသည်။

ကုန်သွယ်ရေးတွင် bull trap ဆိုသည်မှာ အဘယ် နည်း။ ၎င်းကို မည်သို့ကိုင်တွယ်ရမည်နည်း။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat