Forex ကုန်သွယ်မှုတွင် divergences သည် နည်းပညာပိုင်းခြားစိတ်ဖြာမှု၏ လုံးဝ ကို တွေ့မြင်ရများသော အချက်ပြမှုများဖြစ်သည်။ Divergences အချက်ပြမှုများသည် လမ်းကြောင်း ပြောင်းပြန်လှန်ခြင်းကို ညွှန်ပြပြီး မှားယွင်းသောအချက်ပြမှုများကို စစ်ထုတ်သည့် အစောပိုင်းကာလ forex ၏ အခြေခံကျသော အချက်ပြမှုများ ဖြစ်သည်။ ဤဆောင်းပါးသည် convergences နှင့် divergences ၏ အသေးစိတ် ခြုံငုံသုံးသပ်ချက် ဖြစ်သည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ဆောင်းပါးကို အလွယ်တကူ ဖတ်ရှုနိုင်သော bookmarks ထဲ သို့ ထည့်သွင်း သိမ်းဆည်းထား၍ သီအိုရီကို ပြန်လည်စစ်ဆေးကြည့်ရှုရန် လိုအပ်သည့်အခါတိုင်း ထုတ်ဖတ်ပါ။

ကုန်သွယ်မှုတွင် Divergence ဆိုသည်မှာ အဘယ်နည်း

Forex divergence ဆိုသည်မှာ oscillator ကဲ့သို့သော နည်းပညာဆိုင်ရာ indicator တစ်ခု၏ ဆန့်ကျင်ဘက် ဦးတည်ချက်တွင် ပိုင်ဆိုင်မှု asset ၏ စျေးနှုန်း ရွေ့လျားနေခြင်း အခြေအနေ ကို သတ်မှတ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် asset ၏ စျေးနှုန်း သည် တက်နေသော်လည်း oscillator မျဉ်း သည် ဆန့်ကျင်ဘက်သို့ ရွေ့လျားနေသည်။ အဆိုပါ ဆန့်ကျင်ဘက် အခြေအနေမှာ divergence forex ဖြစ်ပါသည်။

EURUSD ဇယားချပ်တွင် forex divergence ၏ ဥပမာတစ်ခုကို လေ့လာကြည့်ကြပါစို့။

LiteFinance: ကုန်သွယ်မှုတွင် Divergence ဆိုသည်မှာ အဘယ်နည်း

အပြာရောင်မျဉ်းဖြင့် အမှတ်အသားပြုထားသော နောက်မှ ဖြစ်သောအမြင့်စျေး (new high) သည် ရှေ့အမြင့်ဈေး (previous high) ထက် မြင့်မားကြောင်း ကို ဇယားချပ် မှာ မြင်ရသည်။ MACD သည် ဤနေရာတွင် forex divergence ညွှန်ပြချက်ကိရိယာ တစ်ခုအဖြစ် လုပ်ဆောင်သည်။ သို့သော်၊ MACD ညွှန်ပြချက်သည် အောက်သို့ ရွေ့ လျားခြင်း ကို အချက်ပြနေသည်။ Forex divergence ညွှန်ပြချက်ကိရိယာ ၏ histogram သည် သုည သို့ နီးကပ်လာသည်ကို သင် တွေ့မြင်ရသည်။ စျေးနှုန်းကျဆင်းသွားသည့်အတွက် အချက်ပြမှုသည် တိကျပါသည်။ ရှေ့သို့ အနည်းငယ်ကျော်၍ ကြည့်မည်ဆိုလျှင် ကျွန်ုပ် အနေဖြင့် ဒီဥပမာဟာ ရိုးရှင်းကြောင်း ပြောလိုပြီး အဆိုပါ ဖြစ်စဉ် မှာ bearish divergence ဖြစ်သည်။ Negative divergence လို့လည်း ခေါ်သည်။ Underlying asset ဈေးနှုန်း သည် အသစ်ဖြစ်သော အမြင့်ဈေးနှုန်း ( new high) သို့ ရွှေ့သည့်အခါ negative divergence ဖြစ်ပေါ် သော်လည်း indicator သည် new high ကို မှတ်တမ်းတင်ရန် ပျက်ကွက်ပြီး new high ထက် နိမ့်သော (lower high) ပေါ်လာသည်။

ကုန်သွယ်ရေးဆိုင်ရာ Divergences ဖြင့်အချက်ပြမှုများ

ကျွန်ုပ်တို့အနေဖြင့် ဖြစ်နိုင်ချေရှိသော divergence အရ အချက်ပြမှု အမျိုးအစားအားလုံးကို လေ့လာ၍ ဈေးနှုန်းဖော်ပြချက်ဇယားများတွင် ၎င်းတို့၏ နမူနာများကို အသေးစိတ်လေ့လာသုံးသပ်ကြပါစို့။

Divergence သည် ရိုးရှင်းသောအချက်ပြမှု ဖြစ်သော်လည်း၊ လူများစွာသည် divergence forex ကုန်သွယ်မှု နှင့်ပတ်သက်၍ ရောထွေးနေကြသည်။ ဤသို့ ဖြစ်ရခြင်းမှာ divergences အမျိုးအစားများစွာ နှင့် အမျိုးအစား ခွဲခြားမှုများကြောင့် ဖြစ်ပါသည်။

ယေဘူယျအားဖြင့် divergence မှာ အောက်ပါအမျိုးအစားများဖြစ်သည်။

  1. Regular (simple) / hidden / extended;
  2. bullish vs bearish;
  3. negative / positive;
  4. direct / reverse ;
  5. divergence / convergence.

အမျိုးအစားခွဲ ငါးခု ရှိသည်။ ထိုသို့သော ကွဲပြားမှုသည် ပရော်ဖက်ရှင်နယ်များအတွက်ပင် ရှုပ်ထွေးစေနိုင်သည်။ တကယ်တော့၊ divergence ကုန်သွယ်မှု က ထင်တာထက် ပိုလွယ်သည်။ ဖြစ်နိုင်ချေရှိသော divergence အချက်ပြမှု အမျိုးအစားအားလုံးကို လေ့လာကြည့်ကြပါစို့။

Double Top & Double Bottom

Forex divergences အမျိုးအစားအားလုံးကို နားလည်ရန်ကျွန်ုပ်တို့သည် စျေးကွက်တွင် divergence ကို မည်သို့ ခွဲခြားဖော်ထုတ်ရမည်ကို ဦးစွာ လေ့လာသင့်သည်။ Divergence အမျိုးအစားကို မခွဲခြားဘဲ၊ အချက်ပြမှုအားလုံးသည် အခြေခံမူ သုံးခုပေါ်တွင် အခြေခံသည်-

1. အဓိကအင်္ဂါရပ်မှာ စျေးနှုန်းဇယားချပ်တွင် Double Top or Double Bottom ပုံစံ ပေါ်လာသည့် အခါဖြစ်သည်။

LiteFinance: Double Top & Double Bottom

ကွဲပြားစွာ ပြောရလျှင် ဇယားချပ်တွင် ထင်ရှားသော အမြင့်ဆုံး (Highs) သို့မဟုတ် အနိမ့်ဆုံး (Lows) နှစ်ခု ရှိသင့်သည်။

အရေးကြီးသည်! Trending ဖြစ်နေသော စျေးကွက်တွင် လွန်ကဲသောဈေးနှုန်းများ ပေါ်လာရမည်။

LiteFinance: Double Top & Double Bottom

အထက်ပါဇယားချပ်တွင် Double Top မရှိပါ။ အမြင့် (highs) များသည် မရှင်းမလင်း ဖြစ်နေသည်။ ထို့ကြောင့်၊ divergence အချက်ပြ မရှိပါ ။

2. မည်သည့် divergence ကို မဆို စျေးနှုန်းဇယားချပ် ပေါ်ရှိ အမြင့်ဆုံး (highs) သို့မဟုတ် အနိမ့်ဆုံး (lows) နှင့် divergence ညွှန်ပြချက်ကိရိယာ ပေါ်တွင်သာ ရှာဖွေတွေ့ရှိပါသည် ။

LiteFinance: Double Top & Double Bottom

အထက်ဖော်ပြပါဇယားချပ်သည် မှန်ကန်သော Divergence အဓိပ္ပာယ် ဖွင့်ဆိုချက်အနက်ကို ဖော်ပြသည်။ လိုင်းသည် စျေးနှုန်း ၏ Double Top အမြင့်များ (local highs) နှင့် ညွှန်ပြချက်ကိရိယာ (indicator) ကို ချိတ်ဆက်ပေးသည်။

LiteFinance: Double Top & Double Bottom

အထက်ပါဇယားချပ်သည် လွဲမှားစွာဖတ်ရှုခြင်း၏ ဥပမာတစ်ခုဖြစ်သည်။ စျေးနှုန်းမြင့်မားမှုသည် ညွှန်ပြချက် အနိမ့်ဆုံး (indicator lows) နှင့် မှားယွင်းစွာ နှိုင်းယှဉ်ထားသည်။

3. စျေးနှုန်း မြင့်ခြင်းနှင့် ညွှန်ပြချက် အမြင့်ဆုံး (indicator highs ) များသည် တစ်ခုနှင့်တစ်ခု ကိုက်ညီ နေသင့်သည်။

LiteFinance: Double Top & Double Bottom

အထက်ပါဇယားချပ်သည် divergence ၏ မှန်ကန်သော ခွဲခြမ်းစိတ်ဖြာမှုကို ပြသသည်။ ညွှန်ပြချက် အမြင့်ဆုံး (indicator highs )သည် Double Top တွင် ရှိသော အမြင့် ဈေးနှုန်း နှင့် တစ်ထပ်တည်း ကျသည်။

LiteFinance: Double Top & Double Bottom

အထက်ဖော်ပြပါဇယားချပ်တွင် စျေးနှုန်းမြင့်မားမှု နှင့် ညွှန်ပြချက် ၏ အမြင့်ဆုံး သည် အချိန်မီ လိုက်လျောညီထွေမှု မဖြစ်သည့် အခြေအနေတစ်ခုကို ပြသသည်။ ထိုအခြေအနေမှာ မကောင်းသော အမှားအယွင်း တစ်ခုဖြစ်သည်။

Divergence Forex အမျိုးအစားများ ရှင်းလင်းချက်

ထို့ကြောင့်၊ သင်သည် စျေးနှုန်းဇယားချပ်တွင် divergence ကို အလွယ်တကူ ထောက်ပြနိုင်သည်။ ယခု ကျွန်ုပ်တို့သည် မတူညီသော forex divergence ကုန်သွယ်မှုများကို စူးစမ်းလေ့လာကြပါစို့။ အခြေခံအားဖြင့် divergence အမျိုးအစား သုံးမျိုးရှိသည်။ ၎င်းတို့မှာ regular divergence (classical သို့မဟုတ် normal)၊ hidden divergence နှင့် extended (reverse) divergence တို့ ဖြစ်သည်။

LiteFinance: Divergence Forex အမျိုးအစားများ ရှင်းလင်းချက်

အထက်ဖော်ပြပါဇယားတွင် အခြေခံ divergences များ ကို ဖော်ပြထားပါသည်။ Divergence အမျိုးအစားတစ်ခုစီသည် bullish နှင့် bearish (အပေါင်း လက္ခဏာနှင့် အနုတ် လက္ခဏာ) ဟူ၍ ပိုင်းခြားထားသည်ကို သင် တွေ့မြင်ရပါသည်။ သာမာန်အရ၊ regular divergences များသည် လမ်းကြောင်း ပြောင်းပြန်လှန်ခြင်း (trend reversal) ကို အချက်ပြသည်။ အခြား divergence အမျိုးအစားများ (hidden နှင့် extended) သည် လမ်းကြောင်း ဆက်ခြင်း (trend continuation) ကို အချက်ပြသည်၊ ၎င်းတို့ကို reverse divergence ဟုလည်း ခေါ်သည်။ လူတော်တော်များများသည် convergence နှင့် divergence တို့ကို ရောထွေးကြသည်။ ဤသဘောတရားများကို ရှင်းလင်းကြပါစို့။ Diverge ဆိုသည်မှာ သွေဖည်ခြင်း ကို ဆိုလိုသည်။ ကုန်သွယ်မှုအသုံးအနှုန်းအရ၊ ၎င်းသည် စျေးနှုန်းလမ်းကြောင်းနှင့် ညွှန်ပြချက်ကိရိယာ (indicator) များတွင် သွေဖည်မှုတစ်ခုခုကို ဆိုလိုသည်။

Convergence သည် divergence ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ Convergence သည် လက်တင်စကားလုံး convergo မှ ဆင်းသက်ပြီး နီးစပ်သည် ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့်၊ စျေးနှုန်းလမ်းကြောင်းနှင့်ညွှန်ပြချက် မျဉ်းများ တွေ့ဆုံသည့်အခါ convergence သည် divergence ၏ အမျိုးအစားတစ်ခုဖြစ်သည်။

Regular Divergence

Regular divergence သည် ခိုင်မာသော ပြောင်းပြန်လှန်အချက်ပြမှု (strong reversal) ဖြစ်သည်။

LiteFinance: Regular Divergence

Bullish divergence ကို သတိပြုမိရန်၊ indicator ဖြင့် မှတ်သားထားသော အနိမ့်ဆုံး (lows) နှင့် စျေးနှုန်း အနိမ့်ဆုံး (price lows) ကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်။ စျေးနှုန်းဇယားချပ်သည် နိမ့်သထက်နိမ့်ရာ (lower low) သို့ ရောက်သင့်သော်လည်း indicator သည် ရှေ့အနိမ့် ထက် ပိုမိုမြင့်မားသောအနိမ့် (higher low) သို့ အချက်ပြသင့်သည်။ (ဇယား၏ဘယ်ဘက်ခြမ်း ကို ကြည့်ပါ)

LiteFinance: Regular Divergence

ဇယားချပ်ရှိ အပြာရောင်မျဉ်းများသည် regular bullish convergence ကို အမှတ်အသားပြုပါသည်။ စျေးနှုန်းသည် Double Bottom ပုံစံ ဖွဲ့စည်းထားသော နိမ့်သထက် နိမ့်ရာ (lower low) သို့ သွားသော်လည်း MACD သည် ရှေ့အနိမ့် ထက် ပိုမိုမြင့်မားသောအနိမ့် (higher low) ကို ခြယ်မှုန်းထားပါသည်။ ကုန်သွယ်မှုတွင်၊ ထိုကဲ့သို့သော regular divergence သည် မကြာမီ၌၊ ကျဆင်းနေသည့်လမ်းကြောင်း၏ ပြောင်းပြန်လှန်မှုကို အချက်ပြသည်။

Regular divergence bearish ကို ရှာဖွေရန် indicator ဖြင့် ရေးဆွဲထားသော အမြင့် (highs) နှင့် ဈေးနှုန်းအမြင့် (price highs) များကို ခွဲခြမ်းစိတ်ဖြာသင့်သည်။ စျေးနှုန်းသည် ပိုမို မြင့်မားသထက် မြင့်မားသင့်သော်လည်း indicator ပေါ်ရှိ အမြင့်ဆုံး များသည် နိမ့်ကျနေခြင်း ဖြစ်သည်။ (ဇယား၏ညာဘက်ခြမ်းပုံ) ။ Regular bearish divergence သည် အတက်လမ်းကြောင်း ( bull trend) မကြာမီ ကျဆင်းသွားမည်ဖြစ်ကြောင်း အချက်ပြ သောကြောင့်၊ အရောင်း ပြုလုပ်နိုင်သည်။

LiteFinance: Regular Divergence

အထက်ပါဇယားချပ်သည် regular bearish divergence ကို ပြသသည်။ စျေးနှုန်းသည် အသစ်ဖြစ်သော အမြင့်သို့ ရောက်သော်လည်း MACD histogram သည် ယခင်အမြင့်ဆုံး ကို ကျော်ဖြတ်၍မရပါ။ ထို့ကြောင့် စျေးနှုန်းသည် မကြာမီ ကျဆင်းသွားသင့်သည်။

Hidden Divergence forex: Convergence

Hidden divergence forex သည် regular divergence ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းသည် လမ်းကြောင်း ဆက်ခြင်း (trend continuation) ကို အကြံပြုသည်။

LiteFinance: Hidden Divergence forex: Convergence

Indicator သည် နိမ့်သထက် နိမ့်ကျသော (lower lows) ပုံစံ ဖြစ်ပေါ်နေစဉ်တွင် စျေးနှုန်း သည် ယခင် အနိမ့်ထက် ပိုမိုမြင့်မားသော အနိမ့် သို့ ရောက်သောအခါ hidden bullish divergence ဖြစ်ပေါ်သည်။ Hidden divergence bullish အချက်ပြမှု သည် uptrend တွင်ပေါ်လွင်သည်၊ လမ်းကြောင်းဆက်ခြင်း (trend continuation) ကို အကြံပြုသည်။ အထက်ပါဇယား၏ဘယ်ဘက်ခြမ်းသည် hidden divergence တစ်ခု၏ ဥပမာကိုပြသထားသည်။

LiteFinance: Hidden Divergence forex: Convergence

အပေါ်က အပြာရောင်လိုင်းနှင့် ချိတ်ဆက်ထားတဲ့ စျေးနှုန်းအနိမ့်များမှာ ပိုမြင့်လာပါသည်။ MACD အနိမ့်ဆုံးများမှာ ပိုမို နိမ့်ဆင်းလာသည်။ ထို့ကြောင့်၊ လမ်းကြောင်းဆက်နေခြင်း (trend continuation) ကို ဆိုလိုသည့် hidden bullish divergence တစ်ခုရှိနေသည်။

Hidden divergence bearish ကို ရှာဖွေတွေ့ရှိရန် ကျွန်ုပ်တို့သည် စျေးနှုန်းမြင့်မားမှုကို ခွဲခြမ်းစိတ်ဖြာရပါမည်။ စျေးနှုန်းကျဆင်းမှုနောက်တွင်၊ MACD သည် ပိုမိုမြင့်မားသော အမြင့်(higher highs) သို့ ရောက်ရှိနေစဉ်တွင် စျေးနှုန်းသည် ယခင်အမြင့် ထက် နိမ့်သော အမြင့် (lower highs) ကို ကျဆင်းနေသည်။ Hidden bearish divergence သည် ကျဆင်းနေသော လမ်းကြောင်းတွင် ပေါ်လာသည်။ မျှော်မှန်းထားသော လမ်းကြောင်း ပြောင်းပြန်လှန်မှု သည် မှားယွင်းနေပြီး လမ်းကြောင်းသည် ဆက်လက်ဖြစ်နိုင်သည်ဟု ဆိုလိုသည်။ ကိုးကားဇယား၏ဘယ်ဘက်တွင်ပြသထားသည်။

LiteFinance: Hidden Divergence forex: Convergence

အထက်ဖော်ပြပါဇယားချပ်သည် bearish hidden divergence ကို ပြသသည်။ MACD အမြင့်များ မြင့်နေစဉ်တွင် ၊ စျေးနှုန်း အမြင့်များ နိမ့်နေသည်။ ထို့ကြောင့် လမ်းကြောင်း သည် အပေါ်ဘက် မလှည့်သေးပါ။ အဆင်း လမ်းကြောင်း သည် ဆက်လက်တည်ရှိနေပါသည်။

Extended Divergences

Extended divergence forex သည် hidden divergence နှင့် ဆင်တူသည်။ သို့သော်၊ extended divergence သည် ဘေးတိုက်လမ်းကြောင်းများတွင် မကြာခဏဖြစ်ပေါ်နေသောကြောင့် အခြေခံစည်းမျဉ်းများကို ရှာဖွေတွေ့ရှိရန် ပျက်ကွက်လေ့ရှိသည်။ ၎င်းတွင် စျေးနှုန်းမြင့်ခြင်း သို့မဟုတ် နိမ့်ကျခြင်းများ မပါဝင်ပါ။ ကုန်သည်များစွာသည် extended divergence ကို ကုန်သွယ်မှုအချက်ပြမှုအဖြစ် မယူဆကြသောကြောင့် မှားယွင်းသောအချက်ပြတစ်ခု အဖြစ် သတိပြုကြသည်။

LiteFinance: Extended Divergences

Extended bullish divergence သည် အောက်ခြေအနိမ့်များ မြင့်မားလာခြင်းဖြင့် ဒွန်တွဲလျက် ရှိသည်။ Bearish divergence တွင်၊ အပေါ်ဘက်အမြင့်ထိပ်များ နိမ့်ကျလာသည် ။ ဇယားတွင် နမူနာများကို ကြည့်ကြပါစို့။

LiteFinance: Extended Divergences

အထက်ဖော်ပြပါပုံသည် MACD ညွှန်ပြချက်တွင် extended bullish divergence ကို ပြသသည်။ စျေးနှုန်းအနိမ့်များ သည် အကြမ်းဖျင်းတူညီသည် (အနည်းငယ်သွေဖည်မှုများကို လက်ခံနိုင်သည်)။ သို့သော် MACD ဒုတိယအနိမ့်သည် ပထမတစ်ခုထက် မြင့်မားသည်။ ဤ divergence သည် အတက်လမ်းကြောင်း ဆက်လက်ဖြစ်ပေါ်မှုကို အချက်ပြသည်။

LiteFinance: Extended Divergences

ညွှန်ပြချက်ဒေတာအပေါ် အခြေခံ၍ bearish divergence ကိုလည်း ဖော်ထုတ်ထားသည်။ MACD သည် ယခင်အမြင့်ထက် နိမ့်သည် ကို ခြယ်မှုန်းသည်။ ဆိုလိုသည်မှာ စျေးနှုန်းသည် ဆက်ပြီးကျနေမှာဖြစ်သည့် အတွက်၊ အရောင်း ပြုလုပ်နိုင်သည်။

အထက်တွင်ရှိသော EURUSD ဇယားချပ်သည် extended bearish divergence MACD ကိုပြသသည်၊ ၎င်းသည် ကျဆင်းနေသည့်လမ်းကြောင်းကို ဆက်လက်ရှိနေစေသည်ဟု ညွှန်ပြသည်။ အနည်းငယ် သွေဖည်မှုများ ရှိနိုင်သော်လည်း အမြင့်ဆုံးများသည် ပထမ နှင့် ဒုတိယဇယားချပ် များတွင် အကြမ်းဖျင်းတူညီပါသည်။ အချက်ပြမှုသည် extended divergence ၏ ပုံမှန်အင်္ဂါရပ်ဖြစ်သည့် ဘေးတိုက်လမ်းကြောင်းတွင် ပေါ်လာသည်။

Divergences များဖြင့် ကုန်သွယ်သည့်အခါ အဖြစ်များသောအမှားများ

အစပြုသူ ကုန်သည်များသည် အင်တာနက်ပေါ်တွင် divergences များအကြောင်း နှင့်ပတ်သက်၍ မှားယွင်းသော အချက်အလက်များကို မကြာခဏ တွေ့ရှိရတက်သည်။ Divergences များဖြင့် ကုန်သွယ်သည့်အခါ အဖြစ်များဆုံးအမှားများကို အောက်တွင် ဆွေးနွေးပါမည်။

  1. Forex ကုန်သွယ်မှု ဝဘ်ဆိုဒ်များစွာတွင် စာရေးသူများသည် divergence ကို မှားယွင်းစွာ ခွဲခြားသတ်မှတ်ထားကြောင်း ကျွန်ုပ်သတိပြုမိပါသည်။ ညွှန်ပြချက် (indicator) သည် အတက်ဘက်သို့ ရွေ့နေပါက၊ ညွှန်ပြချက် (indicator peaks) အမြင့်ဆုံးကိုဖြတ်၍ ရေးဆွဲထားသော မျဉ်းသည် အမှန်တကယ် အမြင့်ဆုံးကို ပြသနေသည်ဟု အကြံပြုကြသည်။ ယင်းကို အခြေခံ၍ ၎င်းတို့သည် စျေးနှုန်းဇယားချပ်ရှိ အမြင့်ဆုံးများကို လိုင်းနှင့် ချိတ်ဆက်သည်။ အလားတူပင်၊ downtrend အခြေအနေတွင်၊ ညွှန်ပြချက်သည် သုညမျဉ်းအောက်၌ အောက်ဘက်သို့ မြင့်မားနေသောအခါ၊ ၎င်းတို့သည် ဇယားချပ်ရှိ စျေးနှုန်းအနိမ့်ဆုံးများကို ချိတ်ဆက်သည်။ တစ်နည်းဆိုရသော် ညွှန်ပြချက်သည် ကျဆင်းသွားပါက အနိမ့်ဆုံးကို ချိတ်ဆက်ရန် လိုအပ်ပြီးညွှန်ပြချက် တိုးလာလျှင် အမြင့်ဆုံးကို ချိတ်ဆက်ရန်လိုအပ်သည် ဟု ၎င်းတို့ က ယုံကြည်ကြသည်။
    • မှတ်ထားပါ! Divergence ကို အရောင်းအဝယ်ပြုလုပ်သောအခါတွင် သင်သည် စျေးနှုန်းဇယားချပ်ဖြင့် အမြဲတမ်းစတင်သင့်သည်။ ပထမဦးစွာ၊ သင်သည် ဇယားချပ်တွင် အလွန်အကျွံ ဖြစ်နေသာ စျေးနှုန်း ကို တွေ့ရှိသည်၊ အကောင်းဆုံးအားဖြင့်၊ Double Top သို့မဟုတ် Double Bottom ။ ထို့နောက်၊ သင်သည် divergence ကို ရှာဖွေရန် ညွှန်ပြချက် ဒေတာကို စူးစမ်းရှာဖွေပါ ။
  2. ဒုတိယအဖြစ်အများဆုံး အမှားမှာ ကုန်သည်များသည် ညွှန်ပြသည့် ဘားများ၏ ကပ်လျက်ရှိသော အထွတ်အထိပ် များကို ချိတ်ဆက်ခြင်းဖြင့် divergence ကို ရိုးရှင်းစွာ ခွဲခြားသိရှိသောအခါဖြစ်သည်။ သို့သော် ဤ အထွတ်အထိပ် များသည် တူညီသောလမ်းကြောင်းအတိုင်း ဖြစ်ပေါ်လာခြင်းရှိမရှိ ကို ၎င်းတို့က စောင့်ကြည့်ခြင်းမရှိပါ။
    • အရေးကြီးသည်! Divergence အမှန် ကို သိရှိရန်၊ တူညီသောလမ်းကြောင်းအတွင်း အလွန်အကျွံ ဖြစ်နေသော စျေးနှုန်းများကိုသာ နှိုင်းယှဉ်ရန် လိုအပ်သည်။
  3. လွဲမှားသော divergence ၏ နောက်ထပ်ဥပမာတစ်ခု၊ ညွှန်ပြချက် တွင် အတက်ဘက် စောင်းနေသော လျှောစောက် (upward slope) တစ်ခုရှိပြီး စျေးနှုန်းဇယားချပ်တွင် အောက်ဘက် စောင်းနေသော လျှောစောက် (downward slope) တစ်ခု ရှိသည် ကို ၊ ကုန်သည်များက convergence ဟု ယူဆကြသည်။ ဒါဟာ အမှားတစ်ခု ဖြစ်ပါတယ် ။
    • မှတ်ထားပါ! Divergence သည် ကုန်သည်များ ရေးဆွဲသော လိုင်းများ၏ ဦးတည်ချက်ဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ စျေးနှုန်း နှင့် ညွှန်ပြချက် ၏ အမြင့် (highs) သို့မဟုတ် အနိမ့် (lows) ၏ divergence/convergence ဖြင့် ဆုံးဖြတ်သည်။
  4. ကုန်သည်အများအပြားသည် စျေးနှုန်းမြင့်မားမှုနှင့် ညွှန်ပြချက် နိမ့်ကျမှုကို ခွဲခြမ်းစိတ်ဖြာသောအခါတွင်လည်း အမှားလုပ်မိကြသည်။
  5. Divergence ကို ရှာဖွေတွေ့ရှိပါက၊ ညွှန်ကိန်း အမြင့်ဆုံး နှင့် စျေးနှုန်းမြင့်သည် မှာ တစ်ချိန်တည်းတွင် ဖြစ်ပေါ်ကြောင်း သေချာပါစေ။ မတူညီသောအချိန်များတွင် ဖြစ်ပေါ်သည့် အလွန်အကျွံ ဖြစ်နေသာ စျေးနှုန်းများ ကို မခွဲခြမ်းစိတ်ဖြာသင့်ပါ။
  6. Divergence သည် အစောပိုင်း ညွှန်ပြချက်တစ်ခုဖြစ်ပြီး မှားယွင်းသော အချက်ပြမှုများ များစွာပါဝင်သည်။ divergence တစ်မျိုးတည်းအရ ကုန်သွယ်ခြင်းသည် ကြီးမားသောအမှားတစ်ခုဖြစ်သည်။
  7. စျေးနှုန်းရွေ့လျားမှုနောက် လိုက်သော divergence ကိုမစဉ်းစားပါနှင့်။ ၎င်း divergences ဟာ အတုအယောင်တွေ ဖြစ်ပြီး မှားယွင်းစွာ အလုပ်လုပ်ကြလိမ့်မည် ။ အတိတ်က divergence များ နဲ့ မကုန်သွယ်သင့်ပါဘူး။
  8. နောက်ထပ်ဖြစ်တတ်တဲ့အမှားတစ်ခုကတော့ divergence ဟာ ပြောင်းပြန် လှန်အချက်ပြမှုတစ်ခုသာ ဖြစ်တယ်လို့ ယူဆခြင်းဖြစ်ပါတယ်။ Divergence အမျိုးအစားပေါ် မူတည်၍ ၎င်းသည် လမ်းကြောင်း ပြောင်းပြန်လှန်ခြင်းနှင့် ဆက်သွားခြင်းကို အချက်ပြနိုင်သည်။

သင်သည် ဤဆောင်းပါးကို အစကတည်းက ဖတ်နေပါက၊ သင်သည် divergence အချက်ပြမှုကို ရှာဖွေတွေ့ရှိနေပြီဖြစ်သည်။ သင်၏ ကုန်သွယ်မှု တာမင်နယ် ကို ယခုဖွင့်ပြီး divergence များကို သင်ကိုယ်တိုင်ရှာဖွေပါ။ ဘယ်လို divergence မျိုးကို တွေ့ဖူးလဲ? ၎င်းက ဘာကို ညွှန်ပြတာလဲ? ထို့နောက် အမှားများစာရင်း သို့ ပြန်သွားပြီး ၎င်း အမှား တို့ကို ရှောင်ရန် သေချာပါစေ။ အလေ့အကျင့်သည် သီအိုရီကို မှတ်မိရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

Divergence နှင့် အတည်ပြုခြင်း

Divergence ဆိုသည်မှာ စျေးနှုန်းဖော်ပြချက်ဇယားနှင့် ညွှန်ပြချက်ကိရိယာသည် ဆန့်ကျင်ဘက်ဦးတည်နေကြောင်းကို ဦးစားပေးဖော်ပြလိုသည်။ Divergence သည် ၎င်း၏အမျိုးအစားပေါ် မူတည်၍ လမ်းကြောင်းပြောင်းခြင်း သို့မဟုတ် လမ်းကြောင်းဆက်ခြင်းကို ညွှန်ပြနိုင်သည်။Divergence ၏ အဓိကအင်္ဂါရပ်မှာ ၎င်းသည် အချိန်နောက်မကျသော အချက်ပြမှုတစ်ခုဖြစ်သည်။ သက်ဆိုင်ရာစျေးကွက်ရွေ့လျားမှုဖြင့် လက်တွေ့ဖြစ်ပေါ်ပြီးနောက် ၎င်း၏အတည်ပြုချက်ကိုရရှိနိုင်ပါသည်။ယေဘုယျအားဖြင့်၊ မည်သည့်ညွှန်ပြချက်ကိရိယာမှအချက်ပြမှု၊ စျေးနှုန်းပြုမူလှုပ်ရှားမှု၊ ဈေးနှုန်းဖော်ပြချက်ဇယား သို့မဟုတ် ဈေးနှုန်းပြောင်းလဲမှုအရွေ့တစ်ခု၏ ပကတိအမှန်တရားကိုအတည်ပြုခြင်း သို့မဟုတ် divergence အရ အချက်ပြမှုများကိုအတည်ပြုခြင်းဟုယူဆနိုင်သည်။

Divergence နှင့် ပြောင်းပြန်လှန်မှုဖြစ်ပေါ်ခြင်း

ကုန်သွယ်မှုတွင် ပြောင်းပြန်လှန်မှုဖြစ်ခြင်းသည် စျေးနှုန်းရွေ့လျားမှု၏ ဦးတည်ရာကို ပြောင်းလဲစေပါသည်။ နည်းပညာပိုင်းခြားစိတ်ဖြာချက်တွင် ကုန်သည်များသည် လမ်းကြောင်းသစ်တစ်ခုမှ အကျိုးအမြတ်ရနိုင်သောကြောင့် ပြောင်းပြန်လှန်မှုများသည် အရေးကြီးပါသည်။ ညွှန်ပြချက်သည် စျေးကွက်အတွင်း သဘောထားပြောင်းလဲမှုကို အချက်ပြသောအခါတွင် divergence ဖြစ်ပေါ်ပြီးနောက် ပြောင်းပြန်လှန်မှု ဖြစ်ပေါ်လာနိုင်သည်။ အရေးပါသည့်ဈေးတန်းသို့ရောက်ရှိပြီးနောက် သို့မဟုတ် ဈေးနှုန်းသည် လမ်းကြောင်းလားရာမျဉ်းကိုကျော်လွန်သွားသည့်အခါ ပြောင်းပြန်လှန်မှုတစ်ခု ဖြစ်ပေါ်နိုင်သည်။

အတည်ပြုခြင်းနှင့် ပြောင်းပြန်လှန်ခြင်းသည် လက်ရှိစျေးကွက်အခြေအနေကို ထင်ဟပ်နေချိန်တွင် divergence သည် ဦးဆောင်အချက်ပြမှုဖြစ်ကြောင်း ဖော်ပြလိုသည်။

ကုန်သွယ်ရေး Divergences အချက်ပြမှုများ

ကောင်းပြီ၊ ကျွန်ုပ်တို့ သီအိုရီကိုလေ့လာပြီးပြီ။ ယခု မတူညီသော ဘဏ္ဍာရေး ဈေးကွက်များတွင် လက်တွေ့ ကျသော ကုန်သွယ်မှု divergence အချက်ပြမှုများကို ကြည့်ကြပါစို့။

Regular Bearish Divergence

Regular bearish divergence သည် လမ်းကြောင်းတစ်ခု၏ အဆုံးတွင် ဖြစ်ပေါ်သည် ဟု မျှော်လင့်ထားသည်။ အဆိုပါ အခြေအနေကို ကုန်သည်များသည် အားနည်းမောပန်းလာသော လမ်းကြောင်းဟူ၍ မကြာခဏ ဖော်ပြကြသည်။

LiteFinance: Regular Bearish Divergence

အထက်ဖော်ပြပါဇယားချပ်သည် bearish divergence ကို ပြသသည်။ အပြာရောင်လိုင်းများဖြင့် မှတ်သား ထားသည်။ ထို့ကြောင့်၊ လမ်းကြောင်း (trend) သည် မကြာမီ ပြောင်းပြန်ဖြစ်မည်ဟု သင်မြင်သော်လည်း ကျွန်ုပ်တို့တွင် အတည်ပြုအချက်ပြမှုတစ်ခု ရှိသင့်သည်။ အဝင်ပွိုင့် (entry point) ကို သတ်မှတ်ရန်၊ trend လိုင်း (အစိမ်းရင့်ရောင်မျဉ်း) ကျိုးပျက်သွားသောအခါ အဆိုပါ အချက်ပြကို ကျွန်ုပ် တို့ အသုံးပြုရပါမည်။ ပြောင်းပြန်လှန် ဘားသည် လမ်းကြောင်း (trend) အောက်တွင် ပိတ်သွားသောအခါ ကျွန်ုပ်တို့ အရောင်း ပြုလုပ်သည် ။ အဝင်ပွိုင့် (entry point) ကို အပြာရောင်နဲ့ အမှတ်အသားပြုခဲ့သည်။

ကျွန်ုပ်တို့သည် အဆိုပါ နေရာတဝိုက်ရှိ နောက်ထပ်အမြင့်ဆုံးသောဈေး (အနီရောင်မျဉ်း) ထက် အနည်းငယ် မြင့်မားသောဈေး၌ အရှုံးရပ်မည့်ဈေး (stop-loss) ကို သတ်မှတ်သည်။ အမြတ်ကို သတ်မှတ်ရန်၊ stop loss (အစိမ်းရောင်လိုင်း) ထက် နှစ်ဆပိုကြီးသော အမြတ်အစွန်း ကို ကျွန်ုပ် တို့ သုံးသင့်သည်။ ဈေးကျသွားသည့် အတွက် ကျွန်ုပ် တို့ အမြတ် ရသည် ။

Regular Bullish Divergence

Regular bullish divergence သည် ပြီးပြည့်စုံသော ပြောင်းပြန်လှန်အချက်ပြမှုတစ်ခုဖြစ်သည်။ Bearish divergence ကဲ့သို့ပင်၊ ကျွန်ုပ်တို့သည် trendline breakout ကို အဝင် အချက်ပြမှု အဖြစ် အသုံးပြုသင့်ပါသည်။

LiteFinance: Regular Bullish Divergence

အထက်ပါဇယားချပ်သည် ပြီးပြည့်စုံသော bullish divergence အချက်ပြမှု ကိုပြသသည်။ စျေးနှုန်းသည် အကျ လမ်းကြောင်း တွင်ရှိသည်။ အချိန် အနည်းငယ်ကြာပြီးနောက်၊ နှစ်လိုင်း ဆက်တိုက် regular bullish divergences များရှိလာခဲ့သည်။ ကျွန်ုပ်သည် ၎င်းတို့ကို အရောင်အမျိုးမျိုးနှင့် အမှတ်အသားပြုခဲ့သည်။ ဒီဖြစ်စဉ်ကို နောက်မှ ကျွန်ုပ် ရှင်းပြပေးမည်။ အခု ဒီအချက်ကိုပဲ ကျွန်ုပ် တို့ ထည့်သွင်းစဉ်းစားသင့်သည်။ ယခု ကျွန်ုပ်တို့ ၎င်းအား ခိုင်မာသော ပြောင်းပြန်လှန် အချက်ပြမှုတစ်ခုကဲ့သို့ မှတ်ယူပါသည်။

Entry point များကို အသေးစိတ်ဖော်ပြရန် trendline ကိုအသုံးပြုသောအခါ၊ ၎င်းကို မှန်ကန်စွာဆွဲနိုင်ရပါမည်။ ကျွန်ုပ်တို့၏ ဥပမာထဲတွင် တွေ့ရသည့်အတိုင်း လမ်းကြောင်း ၏ ပထမအမြင့်ဆုံးပေါ်မှ နောက်ဆုံး အမြင့်ဆုံးသို့ ကျဆင်းလာသောလမ်းကြောင်း (downtrend) ဖြင့် စတင်ထားသည်။ ယခင်ဥပမာတွင်၊ အတက် လမ်းကြောင်း နှင့်အတူ၊ ချဉ်းကပ်ပုံမှာ တူညီသော်လည်း ထို trendline အား အနိမ့်ပိုင်း ကိုဖြတ်ပြီး ရေးဆွဲခဲ့သည်။

ကျွန်ုပ်တို့၏ ဥပမာ ကို ပြန်ကြည့်ကြပါစို့။ ပထမ ဘားသည် trendline ၏အထက်တွင်ပိတ်ပြီးနောက်၊ ကျွန်ုပ်တို့ ဝယ်သည်။ ကျွန်ုပ်သည် ဇယားချပ်တွင် အပြာရောင် အလျားလိုက်မျဉ်းဖြင့် ၎င်းအား အမှတ်အသားပြုထားသည်။

ယခင်ဥပမာမှာ ကဲ့သို့ပင်၊ ကျွန်ုပ်တို့သည် အဆိုပါ နေရာတဝိုက်ရှိ အနိမ့်ဆုံးသောဈေး ထက် အနည်းငယ်နိမ့်သော ဈေး၌ အရှုံးရပ်မည့်ဈေး (stop-loss) ကို သတ်မှတ်သည်။ Take profit သည် stop loss ထက် နှစ်ဆပိုကြီးသည်။

LiteFinance: Regular Bullish Divergence

Take profit သည် stop loss ၏ နှစ်ဆ ရှိခြင်းမှာ အမြဲတမ်း ထိရောက်မှု မဖြစ်ကြောင်း ကျွန်ုပ် အနေဖြင့် အသိပေးလိုသည်။ ကျွန်ုပ်တို့၏ အခြေအနေတွင်၊ ကျွန်ုပ်တို့သည် အမြတ်အစွန်းရှိသော ကုန်သွယ်မှု တစ်ခုအတွက် တစ်လကြာ အထိ စောင့်ဆိုင်းရမည်ဖြစ်ပါသည်။ အခြားအညွှန်းကိန်းများနှင့် ကုန်သွယ်မှုဗျူဟာများနှင့်အတူ divergence အချက်ပြမှု ပေါင်းစပ်မှုအပေါ် အခြေခံထားသော ကုန်သွယ်မှုများအား သင့်အနေဖြင့် ပိတ်နိုင်သည်။ ကျွန်ုပ် အနေဖြင့် ဒီအပိုင်းကို နောက်မှ အသေးစိတ် ဖြေရှင်းပေးပါမည်။

Extended Bearish Divergence

ယခင် divergence အမျိုးအစားနှစ်ခုနှင့် မတူဘဲ၊ ဤအချက်ပြမှုသည် လမ်းကြောင်းဆက်ခြင်း (trend continuation) ကို ဆိုလိုသည်။ မအောင်မြင်သော ပြောင်းပြန်လှန်မှုတစ်ခု ဖြစ်ပြီးနောက် လမ်းကြောင်းသစ် သို့ ဝင်ရောက်ရန် extended bearish divergence ကို သင်အသုံးပြုနိုင်ပါသည်။

LiteFinance: Extended Bearish Divergence

အထက်ဖော်ပြပါဇယားချပ်သည် ဖြစ်လေ့ရှိသော extended divergence ၏ အခြေအနေတရပ် ကို ဖော်ပြသည်။ Extended bearish divergence ဖြစ်ပေါ်သည့် နေရာမှာ စျေးနှုန်းများ နိမ့်ကျသွားစဉ် (အပြာရောင်မျဉ်းများဖြင့် အမှတ်အသားပြုထားသော) တွင် ညွှန်ပြချက်သည် ပိုမိုမြင့်မားသော အမြင့်သို့ ရောက်သည့်နေရာ ဖြစ်သည်။ ဤအချက်ပြမှုသည် လမ်းကြောင်းပြောင်းပြန်လှန်ခြင် မအောင်မြင်ပြီးနောက် ဖြစ်သင့်သည်။

Entry point ကို ဆုံးဖြတ်ရန်၊ ကျွန်ုပ်တို့သည် သုညအဆင့်အောက်ကို ချိုးဖျက်သည့် moving averages MACD ကို အသုံးပြုသည်။ အများအားဖြင့်၊ MACD moving average သည် အပေါင်းလက္ခဏာဆောင်သော ဇုန်ထဲသို့ သွားသောအခါ၊ ၎င်းကို လမ်းကြောင်းပြောင်းပြန်လှန်သည့် အချက်ပြမှုအဖြစ် ရှုမြင်ကြသည်။ သို့သော်၊ hidden bearish divergence ကို ထည့်သွင်းစဉ်းစားခြင်းဖြင့်၊ ဤ level ကျိုးပျက်သည်မှာ မှားယွင်းသော ကျိုးပျက်ခြင်း အဖြစ် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ထို့ကြောင့်၊ ညွှန်ပြချက်သည် အနုတ်လက္ခဏာဆောင်သော ဇုန်ထဲသို့ ပြန်သွားသောအခါ ကျွန်ုပ်တို့သည် ရောင်းချသည် ။ Stop loss ကို သတ်မှတ်ရန် ဖြစ်ပေါ်ထားသော convergence (အနီရောင်မျဉ်း) ၏ ပထမ အမြင့် ထက် အနည်းငယ်မြင့်သော အမြင့် တွင် သတ်မှတ်သည်။ အထက်ဖော်ပြပါဇယားချပ်မှ stop loss ထက် နှစ်ဆပိုမိုသော အမြတ်ငွေ သည် စျေးနှုန်းဖြင့် ထိမှန်ပြီး ကျွန်ုပ်တို့၏ ကုန်သွယ်မှုမှာ အမြတ်ထွက်ကြောင်း ထင်ရှားပါသည်။

Extended bullish divergence

ဤအချက်ပြမှုသည် ယခင်တစ်ခုအား ထင်ဟပ် စေသည်။ ၎င်းသည် ယခုတစ်ကြိမ် တွင် အတက်လမ်းကြောင်း အဖြစ် ဆက်လက်ရှိနေမည် ဟုလည်း အကြံပြုထားသည်။

LiteFinance: Extended bullish divergence

စျေးနှုန်းဇယားချပ်သည် အတက်လမ်းကြောင်း ကို ညွှန်ပြနေစဉ်တွင် MACD histogram သည် နိမ့်သထက် နိမ့်ခြင်း ဖြစ်ပေါ်နေသည် ကို အထက်ပါ ဇယားချပ်တွင် ရှင်းရှင်းလင်းလင်း တွေ့ရသည် ။ အပြာရောင်မျဉ်းများဖြင့် extended bullish divergence ကို ကျွန်ုပ် အမှတ်အသားပြုထားပါသည်။

ယခင်အခြေအနေကဲ့သို့ပင်၊ မှားယွင်းသော လမ်းကြောင်းပြောင်းပြန်လှန်မှု အဖြစ် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ MACD moving average (အချက်ပြလိုင်းနှင့် မရောထွေးပါနှင့်!) သည် သုညအဆင့် အောက်တွင် ခဏ သာ နေပြီး ပြန်ထွက်သွားသည်။ ဤသည်မှာ အဝယ် အချက်ပြမှု ဖြစ်သည်။ ငွေကြေးအတွဲစျေးနှုန်းဇယားချပ်တွင် ၎င်း ကို အပြာရောင်မျဉ်း ဖြင့် ကျွန်ုပ် အမှတ်အသားပြုထားသည်။ ကျွန်ုပ်တို့သည် ယခင်ကုန်သွယ်မှု အခြေအနေများ ကဲ့သို့ stop loss ကို အနိမ့်ဆုံးဈေးနှုန်း အောက်တွင်သာလျှင် သတ်မှတ်သည်။ Stop loss ၏ နှစ်ဆအကွာအဝေးတွင် ရှိသော အမြတ်ပစ်မှတ် ကို မကြာမီရောက်ရှိခဲ့သည်။

False divergence signal

ဤသည်မှာ divergence ကုန်သွယ်မှု အချက်ပြများတွင် အတော်လေး အဖြစ်များသော အခြေအနေဖြစ်သည်။ Divergence ၏ မှားယွင်းသောအချက်ပြမှုမှာ convergence သို့မဟုတ် divergence ၏ မျဉ်းကြောင်းများသည် မျှော်မှန်းထားသည့်အတိုင်း လမ်းကြောင်းဆက်သွားခြင်း သို့မဟုတ် ပြောင်းပြန်လှန်ခြင်းအတွက် ရလာဒ် မထွက်စေခြင်း ဖြစ်သည်။

သင်သည် အမှားများ၏ အန္တရာယ် ဖြစ်နိုင်ချေကို နည်းလမ်းသုံးသွယ်ဖြင့် လျှော့ချနိုင်သည်။

  • ငွေကြေးစီမံခန့်ခွဲမှု စည်းကမ်းများကို လိုက်နာပါ။
  • ကုန်သွယ်မှုတစ်ခုစီတွင် stop loss များကို အမြဲသတ်မှတ်ပါ။
  • အချက်ပြမှုများ ကို စစ်ထုတ်ပါ (အညွှန်းကိန်းများကို ဖြည့်စွက်အသုံးပြုပါ)။

တတိယအချက်ကို အသေးစိတ်လေ့လာကြည့်ရအောင်။ မှားယွင်းသော အချက်ပြမှုများကို စစ်ထုတ်ရန် သင်သည် နည်းပညာဆိုင်ရာဖြည့်စွက်ကိရိယာများ၊ စျေးနှုန်းလှုပ်ရှားခြင်းပုံစံများ နှင့် ဂရပ်ဖစ်ဇယားချပ်ပုံစံများကို သုံးနိုင် သည်။ Bollinger bands ကို အသုံးပြုခြင်းဖြင့် မှားယွင်းသော အချက်ပြမှုများ အား မည်သို့ စစ်ထုတ်ရမည် ကို လေ့လာကြပါစို့။

LiteFinance: False divergence signal

အထက်ပါပုံသည် စျေးနှုန်းဇယားချပ်နှင့် MACD histogram အကြား မှားယွင်းသော divergence ကို ဥပမာ အနေဖြင့် ပြသသည်။ Divergence အချက်ပြပြီးနောက်၊ စျေးနှုန်းသည် စတင်ကျဆင်းလာပြီး MACD moving averages သည်ပင် လျှင် အနုတ် ဇုန်ထဲသို့ ဝင်ရောက်လာသည်။ သို့သော်၊ စျေးနှုန်းသည် Bollinger bands အောက်တွင် မစုစည်းနိုင်ပေ ၊ ဆိုလိုသည်မှာ စျေးနှုန်းသည် trending ဖြစ်နေခြင်းထက် ပိုမို စုဝေး ခိုင်မာလာဖွယ်ရှိနေသည်။ အနီရောင်စက်ဝိုင်း၏ ဇုန် ထဲတွင်၊Bollinger bands သည် နီးကပ်လာပြီးအဆိုပါ ဇုန်တွင် စျေးနှုန်း သည် ဆန့်ကျင်ဘက်ဇုန်သို့ ပြန်ထွက်သွားသည်။ ၎င်း အခြေအနေ သည် bearish reversal အချက်ပြမှု ကို ငြင်းပယ်သည်။

Forex တွင် Bollinger bands ညွှန်ပြချက် ကို မည် သို့ သတ်မှတ်ပြီး မည်သို့ ကုန်သွယ်ရမည်ကို ကျွန်ုပ် အနေဖြင့် ဆောင်းပါးတွင် ရှင်းပြခဲ့သည်။ မှားယွင်းသောအချက်ပြမှုများကို စစ်ထုတ်ရန်၊ သင်သည် အခြား trend indicators များကို အသုံးပြုနိုင်သည်။ Trend indicators များ မှ ပေးပို့သော နောက်ထပ် အချက်ပြမှုများသည် divergence အချက်ပြမှုများထက် ပိုမိုအားကောင်းပါသည်။

Forex တွင် Divergence ကို ကုန်သွယ်မှု ပြုပုံ အဆင့်ဆင့်

ထို့ကြောင့်၊ divergence ၏ သီအိုရီ နှင့် လက်တွေ့အသုံးချပုံကို လေ့လာသင်ယူပြီးနောက်၊ ကျွန်ုပ်တို့သည် forex တွင် divergence ကုန်သွယ်မှု အတွက် အဆင့်ဆင့်လမ်းညွှန်ချက် တစ်ခုကို ဖန်တီးပြုလုပ်နိုင်သည်။

Divergence ကုန်သွယ်မှု ပြုလုပ်သည့်အခါ ဈေးကွက် သို့ စောစော ဝင်ရောက်ခြင်း ကို ရှောင်ရှားနည်း

ဤအဆင့်များကို လိုက်နာကြောင်း သေချာပါစေ။

  1. စျေးနှုန်းဇယားချပ်တွင် လက်ရှိဖြစ်ပေါ်နေသော လမ်းကြောင်းသစ် ဦးတည်ချက်ကို သတ်မှတ်ပါ။ Trendline ကိုဆွဲပါ။
  2. Divergence ကို သိရှိရန် နှစ်ခုဆက်တိုက် ဖြစ်ပေါ်သော အမြင့်ဆုံး/အနိမ့်ဆုံး ကို ရှာဖွေပါ။
  3. MACD histogram ကို စျေးနှုန်းဇယားချပ်တွင် ပူးတွဲပြီး ဇယားချပ်ပေါ်ရှိ လွန်ကဲစျေးနှုန်းများ နှင့် ကိုက်ညီသည့် ညွှန်ပြချက် ပေါ်ရှိ အမြင့်ဆုံး/အနိမ့်များ ကို သတ်မှတ်ပါ။
  4. အကယ်၍ သင်သည် ညွှန်ပြချက် နှင့် ပိုင်ဆိုင်မှု asset စျေးနှုန်းအကြား divergence ကို တွေ့ရှိပါက အချက်ပြမှု ဦးတည်ချက်ကို သတ်မှတ်ပါ။
  5. ထို့နောက် entry point ကိုဆုံးဖြတ်ပါ။ ကုန်သွယ်မှုတစ်ခုဝင်ရောက်ရန် trendline ကို ကျော်လွန်၍ ပိတ်သော ဘားကို အခြေခံရန် ကျွန်ုပ် တင်ပြလိုသည်။
  6. အခြေခံကျသော divergence ဗျူဟာသည် stop loss အား အမြင့်ဆုံး /အနိမ့်ဆုံး များ ၏ အကွာအဝေး တစ်ခု မှ သတ်မှတ်ရန် အကြံပြုထားသည်။
  7. နောက်ထပ် အခြေခံ အခြေအနေတစ်ခု သည် stop loss ၏ နှစ်ဆအကွာအဝေးတွင် အမြတ်အစွန်း သတ်မှတ်ခြင်းကို ဆိုလိုသည်။

၎င်းသည် forex ကုန်သွယ်မှု တွင် သင့်အနေဖြင့် အခြေခံနိုင်သော အခြေခံဗျူဟာတစ်ခု ဖြစ်သည်။ကုန်သည်အသစ်များအတွက် လမ်းညွှန်ချက်ကောင်းတစ်ခု ဖြစ်နိုင်သည် ။ Divergence ကုန်သွယ်မှုတွင် ကိုယ်တိုင် ကြိုးစားပါ။ ကလစ်အချက်ပေါင်းများစွာ နှိပ်၍ မှတ်ပုံတင်စရာပင် မလိုဘဲ တာမင်နယ် ထဲကိုဝင်ပါ၊ Divergence ကို ရှာဖွေပါ ပြီးလျှင် သင်၏ ကုန်သွယ်မှုဗျူဟာကိုတည်ဆောက်ပါ။

Divergence ကုန်သွယ်မှု ပြုလုပ်နေစဉ် ၌ ရှိသော Stop Loss နှင့် Take Profit

မည်သည့် ကုန်သွယ်မှုနည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ သင်သည် stop loss နှင့် take profit သတ်မှတ်ခြင်း ကို အမြဲကျင့်သုံးသင့်သည်။ သင်သည်သင်၏ ကုန်သွယ်မှုဇယားချပ် ကို တစ်ရက်လျှင် ၂၄ နာရီ စောင့်ကြည့်၍မရပါ။ အချိန်တန်လျှင် ဤ ကိရိယာနှစ်ခုကသာ သင့် အပ်ငွေကို ကာကွယ်ပြီး သင့်အမြတ်ကို သေချာရန် ကူညီပေးပါလိမ့်မည်။ အကယ်၍ divergence အချက်ပြမှု နှင့် ကုန်သွယ်ပါက သင်သည် ကျနေသောလမ်းကြောင်းအတွက် အမြင့်ဆုံးဈေး ၏ အထက် တွင် stop loss သတ်မှတ်ပြီး တက်နေသော လမ်းကြောင်းအတွက် ဆိုလျှင် အနိမ့်ဆုံးဈေး အောက်တွင် stop loss သတ်မှတ်ရသည်။

LiteFinance: Divergence ကုန်သွယ်မှု ပြုလုပ်နေစဉ် ၌ ရှိသော Stop Loss နှင့် Take Profit

အထက်ပါပုံသည် အနီရောင်မျဉ်းဖြင့် အမှတ်အသားပြုထားသည့် ကျိုးကြောင်းဆီလျော်မှု ရှိသော stop loss ၏ ဥပမာကို ပြသထားသည်။ ၎င်းသည် bearish divergence ဖြစ်သောကြောင့် stop loss ကို အဆိုပါ နေရာတဝိုက် တွင် ရှိသောအမြင့်ဆုံးဈေးထက် အနည်းငယ်ပိုမြင့်သော နေရာတွင် သတ်မှတ်သည်။

Divergence နှင့် ပြောင်းပြန် အခြေအနေတွင် သင်သည် divergence ပုံစံအတွင်းရှိ လွန်ကဲနေသော အမြင့်ဆုံး ဈေးကို ကျော်လွန်၍ stop loss ကို သတ်မှတ်ရသည်။

Divergence ကုန်သွယ်မှု က trend နောက် လိုက်ရန် အကြံပြုသည်။ ထို့ကြောင့်၊ သင်သည် မည်သည့် ပြောင်းပြန်အချက်ပြမှု ဖြစ်လာနိုင်မှု အရ ကုန်သွယ်မှု မှ ထွက်နိုင်သည်။ Stop loss ၏ နှစ်ဆ အကွာအဝေးတွင် take profit ကို သတ်မှတ်ရန် စတင်ကုန်သွယ်သူများ အား ကျွန်ုပ်အကြံပြုပါသည်။ ဒါဟာ ရိုးရှင်းပြီး အကျိုးများသော ကုန်သွယ်မှုဗျူဟာတစ်ခု ဖြစ်သည်။

Divergence indicators

Traders အများစုသည် ကုန်သွယ်မှုတွင် oscillators divergence ကို အသုံးများကြသည်။ အကောင်းဆုံး Divergence MT4 Indicators များမှာ MACD၊ RSI၊ Stochastic နှင့် AO (Awesome Oscillator) ဖြစ်သည်။ ၎င်းတို့သည် အသုံးပြုရလွယ်ကူပြီး ရိုးရှင်းသော်လည်း အလွန်တိကျသော ကုန်သွယ်မှုအချက်ပြများကို ပေးစွမ်းပါသည်။ သင့်အနေဖြင့် stochastic oscillator forex ကုန်သွယ်မှုအကြောင်း အား အောက်ပါ ဆောင်းပါးတွင် ပိုမိုလေ့လာသင်ယူနိုင်သည် - Stochastic Oscillator: Forex ကုန်သွယ်မှုတွင် ညွှန်ပြချက်အသုံးပြုခြင်းအတွက်လမ်းညွှန်

အခြားနာမည်ကြီး Forex Divergence Indicators များမှာ

  • Chaikin Oscillator;
  • DeMarker;
  • Momentum;
  • Volume oscillator.

ဒီ Indicators တွေ ဘာကြောင့် နာမည်ကြီးတာလဲ ?

အထက်တွင်တင်ပြထားသော forex divergence indicator တစ်ခုစီသည် ထူးခြား၍ ၎င်းတို့ တွင် ကိုယ်ပိုင် အင်္ဂါရပ်များ ရှိပြီး သီးခြားဘဏ္ဍာရေးစျေးကွက်များအတွက် သင့်လျော်သော တိကျမှုဒီဂရီ အတိုင်းအတာရှိသည်။

အထက်ဖော်ပြပါ စာရင်းရှိ indicators များကို သင့်ကိုယ်သင် ကန့်သတ် အသုံးပြုသင့်သည်ဟု ကျွန်ုပ်မထင်ပါ။ Divergence စည်းမျဉ်းများသည် မည်သည့်နည်းပညာဆိုင်ရာညွှန်ပြချက်ဖြင့်မဆို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင့်အတွက် အသင့်တော်ဆုံး မည်သည့် oscillator ကိုမဆို အသုံးပြုနိုင်ပါသည်။

MACD divergence

ယခင်နမူနာများတွင် ၊ ကျွန်ုပ်သည် MACD divergence indicator ကို အသုံးပြုပြီးဖြစ်သည်။ MACD ဆိုသည်မှာ moving averages convergence divergence ဖြစ်သည်။ MACD indicator သည် အချက်သုံးချက်ဖြင့် ဖွဲ့စည်းထားသည်။

  • MACD လိုင်း (ပင်မလိုင်း) သည် နှေးကွေးသော Exponential Moving Average (EMA) နှင့် အမြန် EMA အကြား ခြားနားချက်ကို ညွှန်ပြသည်။ ၎င်းသည် လမ်းကြောင်း ဦးတည်ချက်ကို အမှတ်အသား ပြုသည်။
  • MACD အချက်ပြလိုင်း- MACD လိုင်း၏ EMA။
  • MACD histogram သည် ပင်မလိုင်း နှင့် အချက်ပြလိုင်းများ အကြား (လမ်းကြောင်း ကြံ့ခိုင်မှု) ခြားနားချက် ကို သတ်မှတ်သည်။

Divergence ကို ရှာတွေ့ရန် အထက်တွင်ဖော်ပြထားသည့်အတိုင်းသင်သည် histogram ကို အသုံးပြုနိုင်သည်။ သို့မဟုတ် ပင်မ MACD လိုင်းကို သင် သုံးနိုင်သည်။ ဒုတိယနည်းကို ကျွန်ုပ် အောက်မှာ ရှင်းပြပါမယ်။

LiteFinance: MACD divergence

အထက်ပါဇယားချပ်ရှိ ထောင့်ဖြတ်မျဉ်းများသည် MACD ၏ bullish divergence ကို မီးမောင်းထိုးပြသည်။ ကျွန်ုပ်တို့သည် MACD လိုင်း (ဇယားချပ်ရှိ အပြာလိုင်း) ၏ လွန်ကဲသော အမှတ်များနှင့်အညီ အချက်ပြလိုင်းမဟုတ်ဘဲ bullish divergence MACD နှင့် bearish divergence MACD သတ်မှတ်သင့်သည်ကို မှတ်သားထားရပါမည်။ Entry point ကို အပြာရောင်မျဉ်း ဖြင့် မှတ်သားထားသည်။

RSI divergence

RSI ညွှန်ပြချက် relative strength index သည် အဝယ်လွန်ခြင်း သို့မဟုတ် အရောင်းလွန်သောဇုန်များကို အဝင် နှင့် အထွက် အချက်ပြမှုများအဖြစ် သတ်မှတ်သည်။ နောက်ထပ် အားကောင်းသော ကုန်သွယ်မှု အချက်ပြ သည် RSI divergence indicator ဖြစ်သည်။ ယခင်နမူနာများတွင်ကဲ့သို့၊ bearish နှင့် bullish divergence RSI ရှိနိုင်ပါသည် ။

LiteFinance: RSI divergence

ဈေးနှုန်း အမြင့် နှင့် RSI အမြင့် ကြား divergence ကို အပြာရောင်လိုင်းများဖြင့် အမှတ်အသားပြုသည်။ ထို့ကြောင့်၊ ၎င်း divergence သည် bearish divergence RSI ဖြစ်ပါသည်။ RSI လိုင်းသည် အဝယ်လွန်ဇုန် ၊အပြင်ဘက်သို့ (ဇယားချပ်ရှိ အပြာရောင် အလျားလိုက်မျဉ်း) ထွက်သွားသောအခါတွင် ကျွန်ုပ်သည် ကုန်သွယ်မှုတစ်ခု ဝင်ရောက်ပါသည်။ RSI မှ အရောင်းအလွန်အကျံ အချက်ပြမှု ကို ပေးပို့လာသောအခါတွင် ကျွန်ုပ်သည် ကုန်သွယ်မှု မှ ထွက်သည်။ အပေါ်ကဇယားချပ်မှာ အစိမ်းရောင်စက်ဝိုင်းနဲ့ ကျွန်ုပ် အမှတ်အသားပြုထားခဲ့သည်။သင့်အနေဖြင့် RSI ညွှန်ကိန်းအကြောင်း ပိုမိုလေ့လာလိုပါက၊ the Relative Strength Index – RSI indicator. ဆောင်းပါး အကြောင်းကို ဖတ်သင့်ပါသည်။

Stochastic hidden divergence indicator

Stochastic သည် divergence ကုန်သွယ်မှု တွင် အသုံးပြုသော နောက်ထပ် နာမည်ကြီး oscillator ဖြစ်သည်။ ၎င်းသည် အချင်းချင်း အပြန်အလှန် ဆက်သွယ်လေ့ရှိသော မျဉ်းနှစ်ကြောင်းဖြင့် ဖွဲ့စည်းထားသည်။ RSI ကဲ့သို့ပင်၊ stochastic divergence ညွှန်ပြချက်သည် အဝယ်လွန်ခြင်း သို့မဟုတ် အရောင်းလွန်ခြင်းအခြေအနေကို သိရှိစေသည်။ Stochastic forex divergence ကုန်သွယ်မှုဗျူဟာသည် စျေးနှုန်းဘားများနှင့် ပင်မ ညွှန်ပြချက်မျဉ်းကြား convergences and divergences များကို ရှာဖွေထောက်လှမ်းရန် အကြံပြုသည်။

LiteFinance: Stochastic hidden divergence indicator

အပြာရောင်ထောင့်ဖြတ်မျဉ်းများသည် regular bearish divergence ကို အမှတ်အသားပြုသည်။ အညွှန်းလိုင်း သည် အဝယ်လွန်သောဇုန်အပြင်ဘက်သို့ ထွက်သွားသောအခါ တွင်၊ နောက်ထပ် ဝင်ရောက်မှု အချက်ပြတစ်ခု ပေးပို့ပါသည် ။ Entry level ကို အပြာရောင် အလျားလိုက်မျဉ်းဖြင့် မှတ်သားထားသည်။

%K နှင့် %D stochastics တွေ့ဆုံပြီးနောက် ၊ ညွှန်ကိန်းသည် အရောင်း အလွန်အကျွံ သို့ ရောက်လာသောအခါ ကျွန်ုပ်တို့သည် အမြတ် (အစိမ်းမျဉ်း) ကို ရယူသင့်သည်။ ဤအချက်ပြမှုကို အထက်ပါဇယားတွင် အစိမ်းရောင်စက်ဝိုင်းဖြင့် အမှတ်အသားပြုထားသည်။

The hidden stochastic oscillator divergence ကို MACD နှင့် RSI ဖြစ်ရပ်များတွင်ကဲ့သို့ တူညီသော စည်းမျဉ်းအတိုင်း ဆုံးဖြတ်သည်။

LiteFinance: Stochastic hidden divergence indicator

အထက်ဖော်ပြပါဇယားချပ်သည် bullish divergence stochastic ၏ ဥပမာကို ပြသထားသည်။ MACD ကဲ့သို့ တူညီသော စည်းမျဉ်းများအတိုင်း အလုပ်လုပ်သည်ကို သင်တွေ့ရသည်။ ညွှန်ပြချက်၏ ဒုတိယအနိမ့်သည် အတက်လမ်းကြောင်းရှိ ပထမတစ်ခုထက် နိမ့်သည်။ ဒုတိယထိပ်ရှိ stochastics ၏ လိုင်းများ အချင်းချင်း ဖြတ်ကျော်မှု ပြုလုပ်ပြီးနောက် အတည်ပြုထားသော အစိမ်းရောင်ဘား ပိတ်သောအခါတွင် ကျွန်ုပ်သည် ကုန်သွယ်မှု တစ်ခု ချက်ချင်း ဝင်ရောက်သည်။ ကျွန်ုပ်သည် stop loss ကို divergence တွင် ရှိသော အနိမ့်ဆုံးဈေးအောက် တွင် သတ်မှတ်ထားသည်။ ကျွန်ုပ်သည် အဝယ်အလွန်များသော ဇုန် အား ဒုတိယအကြိမ် ပြန်လည်စမ်းသပ်မှုတွင် stochastic စည်းမျဉ်းများနှင့်အညီ အမြတ်ယူပါသည်။ စျေးနှုန်းသည် trendline ကို ဖြတ်သွားသောအခါ သို့မဟုတ် stop loss ထက် နှစ်ဆအကွာအဝေးတွင် အမြတ်အစွန်းကို သတ်မှတ်လိုက်သောအခါတွင် အရောင်းအ၀ယ်မှ ထွက်နိုင်သည်။

အရေးကြီးသည်! stochastic oscillator သည် နည်းပညာပိုင်းခြားစိတ်ဖြာမှုအတွက် အလွန် အသုံးဝင်သောကိရိယာတစ်ခုဖြစ်သည်။ Stochastic အရောင်းအ၀ယ်အတွက် အသေးစိတ် လမ်းညွှန်ချက်သည် the Stochastic Oscillator.အတွက် ဖော်ပြထားသည့် ဆောင်းပါးတွင် ပါဝင်သည်။

Awesome oscillator divergence

အထက်တွင်ဖော်ပြထားသော oscillator များနှင့်မတူဘဲ၊ Awesome Oscillator divergence indicator သည် မျဉ်းကွေး ကဲ့သို့မဟုတ်ဘဲ histogram တစ်ခုနှင့်တူသည်။ Awesome Oscillator နှင့် ကုန်သွယ်သော ကုန်သွယ်မှု ဗျူဟာသည် MACD histogram နှင့် ဆင်တူသည်။

LiteFinance: Awesome oscillator divergence

အထက်ပါဇယားချပ်သည် bearish divergence နှင့်အညီ EURUSD အရောင်း ဝင်ခြင်း ကိုပြသသည်။ ထို့နောက် regular bullish divergence တစ်ခု ပေါ်လာပြီးနောက် ကျွန်ုပ်သည် အရောင်း ကို အမြတ်ဖြင့် ထွက်ခဲ့ပြီး ပြန်လည် ဝယ်ယူခဲ့သည်။ အရောင်းနှင့်အဝယ် နှစ်ခုလုံးအတွက် entry level များကို အပြာရောင် အလျားလိုက်မျဉ်းဖြင့် မှတ်သားထားသည်။ Entry point များတွင်၊ Awesome Oscillator သည် သုညမျဉ်းကိုဖြတ်သွားပါသည်။ ကျွန်ုပ်သည် entry point များကို အစိမ်းရောင် စက်ဝိုင်းများဖြင့် မှတ်သားထားသည်။

AO ၏ အရေးကြီးသောအင်္ဂါရပ်မှာ အချက်ပြမှု သုညအဆင့်ကို ဖြတ်သွားသောအခါတွင် အချက်ပြမှု ပေးပို့ခြင်း ဖြစ်သည်။ AO သည် သုညမျဉ်းကိုဖြတ်သွားသောအခါ၊ trend သည် ပြောင်းပြန်ဖြစ်သင့်သည်။ ထို့ကြောင့်၊ ထိုသို့သောဖြတ်ကျော်ခြင်းဖြင့် စျေးနှုန်းလွန်ကဲမှုကို ခွဲခြားထားသည့်အခါ တူညီသောအချက်ပြပုံစံဖြင့် မဖြစ်နိုင်ပါ။ ထိုသို့သော အမှားအယွင်းကို ရှောင်ရှားရန်၊ ကာလရှည်သော timeframe တွင် တူညီသော divergence ကို စစ်ဆေးသင့်သည်။ အကယ်၍ ထိုနေရာတွင် signal မကျိုးပျက်ပါက၊ သင်သည် ၎င်းကို ကုန်သွယ်မှုတွင် သုံးနိုင်သည်။

Bollinger Bands divergence indicator

Bollinger bands များသည် divergence အချက်ပြ နှင့် ကောင်းမွန်စွာပေါင်းစပ်ထားကြောင်း ကျွန်ုပ်ပြောခဲ့ပြီးဖြစ်သည်။ Bollinger bands သည် trend ညွှန်ပြချက်တစ်ခုဖြစ်သောကြောင့် divergence ကို သတ်မှတ်ရန် ကျွန်ုပ်တို့သည် oscillator တစ်ခုလိုအပ်ပါသည်။ MACD ကို နမူနာအနေနဲ့ ကျွန်ုပ် ယူပါမည်။

LiteFinance: Bollinger Bands divergence indicator

Bollinger Bands ညွှန်ကိန်းကို သင် မရင်းနှီးသေးပါက၊ Bollinger Bands Indicator. ဆောင်းပါးကို ဖတ်ရန် သင့်အား ကျွန်ုပ် ခိုင်ခိုင်မာမာ အကြံပြုအပ်ပါသည်။ ကျွန်ုပ်သည် double Bollinger Bands ကုန်သွယ်မဟာဗျူဟာ ကို ဖော်ပြခဲ့သည်။ အတိုချုပ်အားဖြင့်၊ ၎င်းသည် စျေးနှုန်းဇယားချပ်တွင် Bollinger Bands အညွှန်းကိန်းနှစ်ခုကို ပူးတွဲထားရှိရန် အကြံပြုထားသည်။ ညွှန်ကိန်းတစ်ခုသည် coefficient 1 နှင့်ဖြစ်သည်။ နောက်တစ်ခုသည် coefficient 2 နှင့်ဖြစ်သည်။ နောက်ဆုံးတွင်၊ ဇယားချပ်ကို ဇုန် ၃ ဇုန် ဖြင့် ပိုင်းခြားထားသည် - ဗဟိုအစိမ်းရောင် band သည် ကြားနေဧရိယာ ၊ အနီရောင် band အထက် နှင့် အောက် သည် ဝယ်သူနှင့် ရောင်းသူဇုန်များဖြစ်သည်။

Double Bollinger Band divergence ၏ ဘုံမဟာဗျူဟာမှာ အလှည့်အပြောင်း တစ်ခုသည် အတက်လမ်းကြောင်း အတိုင်း စျေးနှုန်းအောက်ခြေအနီရောင် band သို့ဝင်ရောက်ပါက အကျ လမ်းကြောင်းတစ်ခု စတင်သင့်သည်ဟု အကြံပြုထားသည်။ ဆန့်ကျင်ဘက်အခြေအနေတွင်၊ စျေးနှုန်းသည် ထိပ်တန်းအနီရောင် band သို့ ရောက်ရှိ လာသောအခါ၊ အတက်လမ်းကြောင်းတစ်ခု စတင်သင့်သည်။

ဗျူဟာသည် မှားယွင်းသော အချက်ပြမှုများကိုလည်း ပေးဆောင်ကြောင်း အထက်ပါဇယားမှ ရှင်းရှင်းလင်းလင်း မြင်သာပါသည်။ ထို့ကြောင့် ဤနေရာတွင် divergences သည် ကောင်းမွန်သော စစ်ထုတ်မှုတစ်ခုဖြစ်သည်။ မေလအစောပိုင်းတွင်၊ EURUSD အတွဲသည် အထက်အနီရောင်ဇုန်ထဲသို့ ဝင်ရောက်ပြီး ၎င်းကို ဖြတ်သွားခဲ့သည်။ သို့သော် MACD သည် lower highs ကို ခြယ်မှုန်းခဲ့သည်။ ဤသည်မှာ regular divergence ၏ ဥပမာတစ်ခုဖြစ်သည်။ ထို့အပြင်၊စျေးနှုန်းသည် MACD နှင့် MACD histogram နှစ်ခုလုံးနှင့် ကွဲပြားသည်မှာ ၎င်းသည် နောက်ထပ်အတည်ပြုချက်တစ်ခုဖြစ်သည်။ အကယ်၍ သင်သည် moving average convergence divergence macd အချက်ပြကဲ့သို့ အချက်ပြမှုမျိုး တွေ့ရှိပါက၊ trend သည် မကြာမီ ပြောင်းပြန်ဖြစ်ရပါမည်။

အရောင်း ဝင်ရောက်မှုကိုအတည်ပြုရန်၊ စျေးနှုန်း သည် အနီရောင် band အောက်ပိုင်း သို့ရောက်ရှိသည်အထိ စောင့်ဆိုင်းရန်မလိုအပ်ပါ။ အစိမ်းရောင်ဇုန်တွင် candlestick ပိတ်သွားပြီး MACD moving averages histogram သည် အနုတ်ဧရိယာသို့ ရောက်သွားချိန် အစောပိုင်းထဲက trend သို့ ကျွန်ုပ်တို့ဝင်ရောက်သည်။ ကျွန်ုပ်တို့သည် မကြာသေးမီက မြင့်တက်ခဲ့သော အမြင့်ဆုံးပမာဏထက် မြင့်သောအဆင့်တွင် stop loss သတ်မှတ်ခဲ့သည်။ လမ်းကြောင်းပြောင်းပြန်လှန်ခြင်း၏ ဆန့်ကျင်ဘက် divergence အချက်ပြမှုရှိလာသောအခါ ကျွန်ုပ်တို့သည် ကုန်သွယ်မှုမှ ထွက်သင့်သည်။

အချက်ပြခြင်းကို ဇန်နဝါရီလတွင် ပို့ဆောင်ကြောင်း ဇယားချပ် တွင် ရှင်းရှင်းလင်းလင်း မြင်သာပါသည်။ ကျွန်ုပ်တို့သည် အရောင်း ကို ပိတ်ပြီး အဝယ် ပြုလုပ်သည်။ ထို့ကြောင့်၊ MACD နှင့် Bollinger Bands ပေါင်းစပ်မှုသည် ပြီးပြည့်စုံသော ကုန်သွယ်မှုဗျူဟာ ဖန်တီးပေးသည်ကို သင်တွေ့မြင်ရပါသည်။ ထို့အပြင် MACD ၏ အထူးဒီဇိုင်းကြောင့်၊ ညွှန်ပြချက်သည် histogram နှင့် moving averages နှစ်မျိုးလုံးကို အသုံးပြု၍ divergence အချက်ပြမှုကို ပေးပါသည်။

LiteFinance: Bollinger Bands divergence indicator

double divergence စစ်ဆေးချက်ကြောင့် မှားယွင်းသောအချက်ပြမှုများအား ကျွန်ုပ် တို့ ရှောင်ရှားထားသည်ကို ဇယားချပ်မှာ သင် တွေ့ရသည်။ ကျွန်ုပ်တို့၏အခြေအနေတွင်၊ MACD histogram သည် bullish divergence ကိုပြသသည်၊ သို့သော် moving averages များသည် ဤ အချက်ပြ ကိုအတည်ပြုခြင်းမရှိသောကြောင့် အချက်ပြ သည် မှားယွင်းသည်။

On-Balance Volume (OBV)

On Balance Volume Indicator (OBV) သည် ကုန်သွယ်မှုပမာဏ၏ အညွှန်းကိန်းများကို ရည်ညွှန်းပါသည်။ ၎င်းသည် ကုန်သွယ်မှုပမာဏမှ စျေးနှုန်းရွေ့လျားမှုအတွက် အဆုံးအဖြတ်ပေးသည့်အချက်ဖြစ်သည်ဟူသော အယူအဆအပေါ် အခြေခံထားသည်။

OBV သည် ကုန်သွယ်မှုပမာဏပြောင်းလဲမှုကို တိုင်းတာပြီး ၎င်းကို ယခင်တန်ဖိုးမှ ပေါင်းထည့်ခြင်း သို့မဟုတ် နုတ်ခြင်းတို့ကို တိုင်းတာပါသည်။ ဈေးနှုန်းသည် ယခင်နေ့ဈေးနှုန်းအထက် မြင့်၍စျေးပိတ်ပါက ကုန်သွယ်မှုပမာဏအား ယခင်တန်ဖိုးသို့ ပေါင်းထည့်ပါသည်။ ဈေးနှုန်းသည် ယခင်နေ့ဈေးနှုန်းအောက် နိမ့်၍စျေးပိတ်ပါက ကုန်သွယ်မှုပမာဏအား ယခင်တန်ဖိုးမှနုတ်ပါသည်။ ထို့ကြောင့် OBV အညွှန်းကိန်းသည် စျေးကွက်ရှိ အဝယ်နှင့် အရောင်းပမာဏများ၏ နှိုင်းရအားကို ပြသသည်။

စျေးနှုန်းရွေ့လျားမှုနှင့် OBV ၏ဦးတည်ချက် ကွဲလွဲပါက ဇယားပေါ်တွင် divergence ဖြစ်ပေါ်လာနိုင်သည်။ စျေးနှုန်းတက်လာပြီး OBV ကျသွားသောအခါ၊ ၎င်းသည် မဝေးတော့သောအနာဂတ်တွင် စျေးနှုန်းပြောင်းပြန်ဖြစ်သွားနိုင်သည်ကို ညွှန်ပြနိုင်သည်။ စျေးနှုန်းကျသွားပြီး OBV တက်လာပါက၊ ၊ မကြာခင်မှာ ဈေးတက်နိုင်ဖွယ်ရှိပါသည်။

Divergence ဖြင့် ကုန်သွယ်သည့် အကောင်းဆုံးကုန်သွယ်မှုဗျူဟာ

ဥပမာအနေဖြင့် MACD နှင့် Bollinger Bands တို့ကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် divergence အချက်ပြမှုကို စစ်ထုတ်ရန် trend လိုင်းများနှင့် အခြား oscillators များကို အသုံးပြုနိုင်ကြောင်း ကျွန်ုပ်တို့တွေ့မြင်ရပါသည်။ MACD အပြင်၊ Stochastic AO နှင့် RSI တို့ကို ကျွန်ုပ်တို့ လေ့လာထားပြီးဖြစ်သည်။ ဤညွှန်ကိန်းများသည် divergence အချက်ပြမှုကို ကိုင်တွယ်ရာတွင် ထိရောက်မှုရှိပါသည်။ သို့သော် ၎င်း အညွှန်ကိန်းများသည် ပိုမို၍ ကောင်းမွန်စွာ တွဲဖက်အလုပ်လုပ်နိုင်ပါလိမ့်မည်။ ကျွန်ုပ်သည် ကျယ်ပြန့်သော divergence day trading ဗျူဟာ နှင့် လက်တွေ့ တွင် ပေါင်းစပ် စမ်းသပ်ရန် အဆိုပြုပါသည်။

ကျွန်ုပ် အနေဖြင့် divergence ဗျူဟာကို အရမ်းရှုပ်ထွေးမနေစေချင်ဘူး၊ ထို့ကြောင့် အောက်ပါကိရိယာများကို အသုံးပြုပါမည်။

  • Stochastic – ချောမွေ့စေရန် 21 ၊ 7 ၊ 7 EMA ဖြင့် ။
  • RSI – period 14
  • Double Bollinger Bands

Stochastic နှင့် RSI သည် divergences ကို အတည်ပြုခြင်းအပြင်၊ ပိုမိုဝယ်ခြင်းနှင့် အရောင်းလွန်ခြင်းအခြေအနေများကိုလည်း အချက်ပြမည်ဖြစ်သည်။ Stochastic အတွက် ၊ daily timeframe အရ အကြံပြုထားသော ဆက်တင် များကို ကျွန်ူပ်သည် ဤဆောင်းပါး နေရာ မှ ယူထားပါသည်။ Relative Strength Index အတွက် မူရင်းဆက်တင်များကို ကျွန်ုပ်အသုံးပြုခဲ့သည်။

Bollinger Bands သည် trend ညွှန်ပြချက်တစ်ခုအဖြစ် လုပ်ဆောင်ပါမည်။ Stop loss ကို အမြင့်ဆုံးထက် အနည်းငယ်မြင့်သော အဆင့် သို့မဟုတ် အနိမ့်ထက် အနည်းငယ်နိမ့်သော အဆင့် တွင် သတ်မှတ်သည်။ ညွှန်ကိန်းသည် အလွန်အကျွံဝယ်သော ဇုန် သို့မဟုတ်အလွန်အကျွံရောင်းသော ဇုန်သို့ရောက်သွားသောအခါ ကျွန်ုပ်တို့သည် အမြတ်ကိုယူပါမည်။

ကျွန်ုပ်တို့သည် MACD နှင့် ကုန်သွယ်မှုပြုသည့် အတိုင်း divergence ကုန်သွယ်မှုဗျူဟာကို စမ်းသပ်ကြည့်ကြစို့။

LiteFinance: Divergence ဖြင့် ကုန်သွယ်သည့် အကောင်းဆုံးကုန်သွယ်မှုဗျူဟာ

1. စျေးနှုန်းနှင့် stochastic အကြားရှင်းလင်းသော divergence ရှိသည်။ စျေးနှုန်းသည် moving average အထက် ၊Bollinger band အပေါ်ပိုင်းတွင် ရှိနေသောကြောင့် bullish trend ဖြစ်သည်။ ဤအချက်ပြမှု အပေါ်အခြေခံ၍ divergence မှာ regular bearish divergence ဖြစ်သည် ။

2. စျေးနှုန်းသည် Bollinger band အထက် ကို ဖောက်ထွက်ပြီး အစိမ်းရောင်ဇုန်သို့ ပြန်သွားပါသည်။ RSI သည် အလွန်အကျွံဝယ်သော ဇုန် ကိုထိပြီး ထပ်မံကျသွားသည်။ ဤအချက်ပြမှုများသည် လမ်းကြောင်း ပြောင်းပြန်လှန်မှုကို အတည်ပြုသောကြောင့် ကျွန်ုပ်တို့သည် entry point ကို ဖော်ထုတ်သည်။

3. ကျွန်ုပ်တို့သည် stochastic က %K နှင့် %D မျဉ်းများ အချင်းချင်း ဖြတ်ကျော်ခြင်း (ဇယားချပ်ရှိ အပြာရောင်စက်ဝိုင်း) bearish ကို ပြသသောအခါ နောက်ဘား ၌ အရောင်း ဝင်သည်။

LiteFinance: Divergence ဖြင့် ကုန်သွယ်သည့် အကောင်းဆုံးကုန်သွယ်မှုဗျူဟာ

4. Stochastic သည် အလွန်အကျွံ ရောင်းသော ဇုန်သို့ သို့ တက်သွားသည်။ RSI သည် မျှခြေ ဇုန် တွင် ရှိနေသည် ၊ ဤ အခြေအနေမှာ အရောင်းလွန်မှုအခြေအနေကို အတည်မပြုပါ။ ထို့ကြောင့်၊ မှားယွင်းသော ပြောင်းပြန်လှန်ခြင်း သို့မဟုတ် စုပေါင်းမှုကို မျှော်လင့်နိုင်သော်လည်း လမ်းကြောင်းပြောင်းပြန်လှန်ခြင်း (အပြာရောင်စက်ဝိုင်းများဖြင့် အမှတ်အသားပြုထားသည်) မဟုတ်ပါ။ ကျွန်ုပ် တို့၏ ဖွင့်ထားသော အရောင်း ကို ဆက်လက်ထားရှိသည် ။

5. နောက်ဆုံးတွင်၊ bullish correction ရှိလာပါသည်။ divergence မရှိပါ။ Oscillator များသည် မျှခြေ ဇုန် တွင် ရှိနေသည်။ ကျွန်ုပ် တို့သည် အရောင်း ကို ဆက်လက်ကိုင်ထားသည်။

LiteFinance: Divergence ဖြင့် ကုန်သွယ်သည့် အကောင်းဆုံးကုန်သွယ်မှုဗျူဟာ

6. အောက်တိုဘာလနှောင်းပိုင်းတွင်၊ oscillators နှစ်ခုလုံးသည် အလွန်အကျွံ ရောင်းသော ဇုန် သို့ ဝင်ရောက်ခဲ့သည်။ စျေးနှုန်းပြန်တက်လာပြီး ပထမဘား သည် အစိမ်းရောင်ဇုန်ထဲတွင် ပိတ်သောအခါ၊ ကျွန်ုပ်တို့သည် အရောင်း ကို ပိတ်ပြီး အမြတ်ကို ရယူသည်။

ရလဒ်အနေဖြင့်၊ ပြောင်းပြန်လှန်ခြင်းအချက်ပြမှုသည် မှားယွင်းသွားကာ ဈေးနှုန်းဆက်လက်ကျဆင်းသွားခဲ့သည်။ သို့သော် အဝင် အချက်ပြမှု မရှိပါ။ နောက်တစ်ခုမှာ၊ regular positive divergence ရှိနေသောကြောင့် ကျွန်တော်တို့ ဝယ်ယူသည်။ အဝယ်လွန်ဇုန်များ အလိုက် ကုန်သွယ်မှု အား ထွက်ခွာရန် အချက်ပြမှုသည် ဇွန်လတွင်သာ ပေါ်လာသည်။ (အစိမ်းရောင် စက်ဝိုင်းများ)

ဤကဲ့သို့ လွယ်ကူသော စမ်းသပ်မှု၏ ရလဒ်အနေဖြင့်၊ ဤ divergence ဗျူဟာသည် လုံးဝမှန်ကန်ကြောင်း ကျွန်ုပ်တို့ ကောက်ချက်ချနိုင်ပါသည်။ ဒါပေမယ့် ကုန်သွယ်မှု အား စောစောထွက်ခဲ့တာကြောင့် ကျန်တဲ့ အားကောင်းတဲ့ လှုပ်ရှားမှုတွေကို လွတ်သွားနိုင်ပါတယ်။ တကယ်တော့၊ စျေးနှုန်းလှုပ်ရှားမှုတစ်ခုစီကို ခြေရာကောက်ဖို့ ကြိုးစားခြင်း အတွက် အချက်အလက် မရှိပါ။ အကယ်၍ ကုန်သွယ်ရေးဗျူဟာတစ်ခုသည် deep drawdowns မရှိဘဲ တည်ငြိမ်သော အမြတ်အစွန်းကို ထုတ်ပေးနေပါက၊ ၎င်း ဗျူဟာ ကို အသုံးပြုနေပြီဖြစ်သည်။

divergence day trading ဗျူဟာ ကို ဖွံ့ဖြိုးတိုးတက်စေရန် ဤ လမ်းညွှန်ချက် ကို ကြိုးစားကြည့်ပါ။ divergence ဗျူဟာ ကို သင်ကိုယ်တိုင် အန္တရာယ်ကင်းစွာဖြင့် စမ်းသပ်ပြီး ထိုသို့ စမ်းသပ်ရန် လိုအပ်ချက်သည် LiteFinance တာမင်နယ် တွင် စာရင်းသွင်းရန်ဖြစ်သည်။ သင်သည် ဆက်တင်များကို ပြင်ဆင်စမ်းသပ်၍ မတူညီသော oscillators များ ဥပမာအားဖြင့် AO ကို အသုံးပြုနိုင်သည် ။

Divergence accumulation နိယာမ

AO သို့မဟုတ် MACD ကဲ့သို့သော indicators များနှင့် အလုပ်လုပ်သောအခါ၊ divergence အချက်ပြမှုကို ပေးပြီးနောက်၊ ညွှန်ပြချက် သည် အလုပ်မဖြစ်တော့သည်ကို တစ်ကြိမ်ထက်ပို၍ သတိပြုမိပေမည်။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့်၊ သုညမျဉ်း ကိုမဖြတ်ဘဲ နောက်ထပ် အမြင့်(သို့မဟုတ်)အနိမ့်တစ်ခု ဖြစ်လာသည်။ အထွတ်အထိပ် အမြင့်နှစ်ခုကို မမြင်ရသော်လည်း သုံးခု(သို့မဟုတ်) သုံးခုထက်ပို၍ မြင်ရသည်။ အဖြစ်အများဆုံး ထင်မြင်ယူဆချက်မှာ ၎င်းသည် သက်သေခံချက်တွင် အမှားအယွင်း တစ်ခုမျှသာဖြစ်ပြီး stop loss ဖြင့် အရောင်းအဝယ် ကို ပိတ်ရန်မှလွဲ၍ အခြား ရွေးချယ်စရာမရှိတော့ပေ။

ဒါပေမယ့် အနာဂတ်စျေးကွက်အခြေအနေ၏တိုးတက်မှုကို လေ့လာကြည့်မယ်ဆိုရင် အချက်ပြမှုကို ဆက်လက်ထားရှိပြီး အခြားအချိန်နဲ့ စျေးကွက်အခြေအနေသို့ လွှဲပြောင်းပေးရုံသာဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။ တစ်နည်းဆိုရသော် အချက်ပြမှုသည် စုပုံလာပြီး နှစ်ကြိမ်(သို့မဟုတ်)သုံးကြိမ် ပေါ်လာသည်။ ဘာကြောင့်ဖြစ်တာလဲ ? ဤသည်မှာ လွယ်ကူသည် - ကျွန်ုပ်တို့သည် လက်ရှိ လမ်းကြောင်းတစ်ခုလုံး၏ divergence မဟုတ်ဘဲ ၎င်း၏ အစိတ်အပိုင်းအနေ ဖြင့် သာ ခန့်မှန်းခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ကျွန်ုပ်တို့၏ ကနဦးအချက်ပြမှုသည် ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ အတွင်း local trend ပြောင်းလဲမှု ကိုဆိုလိုသည်။ ဤ local trend ပြောင်းလဲမှုကို correction ဟုခေါ်သည်။ ထို့ကြောင့်၊ indicator သည် အမှားပြင်ဆင်ခြင်း စတင်သည့်အချိန်၌ divergence ရှိနေခြင်းကိုပြသပြီး အမှားပြင်ဆင်ခြင်း correction ပြီးနောက်တွင် အဓိကလမ်းကြောင်း(main trend)အတိုင်းဆက်သွားသောအခါ၊ indicator သည် ၎င်း၏ အမှားကို လျင်မြန်စွာ သိရှိခဲ့ပြီး global trend ကိုမပြောင်းလဲဘဲ စျေးနှုန်းနောက်သို့စတင်လိုက်ခဲ့သည် ( သုညလိုင်းကို ကျော်လွန်မသွားပါ။) ဤလမ်းကြောင်း (trend) ပြီးသွားသောအခါ၊ အဆိုပါညွှန်ပြချက်သည် ယခင်အချက်ပြမှုအတွင်း၌ ရှိသကဲ့သို့ ယခု တည်ရှိသည့် divergence အချက်ပြမှုကို ထပ်မံပေးသည်။ ။ ယခုလည်း ဤအချက်ပြမှုသည် တစ်ခုတည်းသော အချက်ပြဖြစ်သည်။ Global trend လမ်းကြောင်း ပြောင်းသွားသည် အထိ ၎င်းသည် ဆက်လက်ရှိနေနိုင်သည်။

LiteFinance: Divergence accumulation နိယာမ

အထက်ပါဇယားချပ်သည် ကျွန်ုပ်တို့၏ကုန်သွယ်မှုကိုပြသသည်။ ပြောင်းပြန်အချက်ပြခြင်း မပြုမီ၊ MACD histogram တွင် divergence ရှိသည်ကို သင်တွေ့မြင်ရပါသည် (စက်ဝိုင်းဖြင့် အမှတ်အသားပြုထား) MACD moving averages သည် ဤအချက်ပြမှုကို အတည်ပြုခြင်းမရှိကြောင်း ကျွန်ုပ်ပြောပြရပါမည်။ သို့သော်၊ ထိုသို့သော convergence/ divergence မျိုးစုံသည် သာလျှင် divergence ဖြစ်မြောက်မည့် အခွင့်အရေးများ ကို တိုးပွားစေပါသည်။

Divergence ကုန်သွယ်မှု အကျဉ်းချုပ်နှင့် အကြံပြုချက်များ

Forex Divergence သည် အစောပိုင်း အခြေခံအချက်ပြမှုများထဲမှတစ်ခုဖြစ်သည်။ Divergence ကိုမည်သည့်စျေးကွက် ၊ မည်သည့် ကုန်သွယ်မှုကိရိယာ (trading instrument) တွင်မဆို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည်။ Divergence အချက်ပြမှုများသည် အားလုံးနှင့်ဆိုင်သော အချက်ပြမှုဖြစ်ပြီး စျေးကွက်တွင် အခြေခံဗျူဟာတစ်ရပ် နှင့် အပိုစစ်ထုတ်မှုတစ်ခု အဖြစ် အသုံးချသည်။ နည်းပညာပိုင်းခြားစိတ်ဖြာမှုကို အသုံးချသည့် မည်သည့်ကုန်သည်မဆို divergence အချက်ပြမှုများကို သိရှိပြီး အသုံးပြုသင့်သည်။

ကျွန်ုပ်အနေဖြင့် divergence ကုန်သွယ်မှု ဆိုင်ရာ အဓိက ကောက်ချက်များနှင့် အကြံပြုချက်များကို အောက်ပါ အတိုင်း စုစည်းပေးနိုင်ပါသည်-

  1. Divergence အချက်ပြမှု တစ်ခုတည်းဖြင့် ကုန်သွယ်မှုသို့ ဝင်ရောက်ရန် မလုံလောက်ပါ။ နည်းပညာ ဆိုင်ရာ indicators များဖြင့် divergence ကို အတည်ပြုပါ။
  2. အကယ်၍ သင်သည် မတူညီသော divergence အမျိုးအစားများ နှင့် ရှုပ်ထွေးနေပါက၊ အဓိက အမျိုးအစားဖြစ်သော regular divergence ကို သေချာစွာလေ့လာပါ။ Regular divergence သည် လမ်းကြောင်းပြောင်းပြန်ဖြစ်ခြင်း (Trend Reversal) ကို ခွဲခြားသိရှိနိုင်ပြီး trend ၏ ထိပ်(သို့မဟုတ်)အောက်ခြေတွင် ကုန်သွယ်မှုတစ်ခု ဝင်ရောက်ရန် ကူညီပေးသည်။
  3. Divergence ကို မှန်ကန်စွာ သတိပြုပါ။ သင် ၏ ကိုယ်ပိုင် စစ်ဆေးရန်စာရင်း တစ်ခုဖြင့် စစ်ဆေးပါ - Divergence ကုန်သွယ်မှု ပြုလုပ်သည့်အခါ ဖြစ်ရိုးဖြစ်စဉ်အမှားများအတွက် လေ့လာရန် ပြသထားသည့် ကဏ္ဍများကို ကြည့်ပါ။
  4. Divergence ကို ခွဲခြမ်းစိတ်ဖြာသောအခါတွင် အချက်ပြမျိုးစုံ ဖြစ်ခြင်း/ အချက်ပြများ စုပုံနေခြင်းကို ထည့်သွင်း စဉ်းစားပါ ။ 
  5. Longer timeframes ၏ divergence ဖြစ်တည်နေမှုသည် shorter timeframes တွင် ရှိသော divergence ၏ အဓိပ္ပာယ်သက်ရောက်မှုကို ပိုမိုမြှင့်တင်ပေးသည်။ 
  6. Forex divergence convergence အချက်ပြမှု သည် ကုန်သွယ်ရေး ပလက်ဖောင်း အားလုံးတွင်ဆင်တူသည်။ မည်သည့်ဈေးကွက်တွင်မဆို divergence ဖြင့် ကုန်သွယ်နိုင်ပါသည်။ 
  7. Divergence နှင့်အတူ အလုပ်လုပ်ရန် အလုံးစုံကောင်းမွန်သော indicator မရှိပါ။ Forex divergence အချက်ပြမှုများကို စမ်းသပ်ပါ၊ မတူညီသော နည်းပညာဆိုင်ရာ indicators များကို ပေါင်းစပ်ကြည့်ပါ။ သို့သော် မလိုလားအပ်သော အန္တရာယ်များကို ရှောင်ရှားပါ ။ မည်သည့်နည်းဗျူဟာကိုမဆို ဒီမိုအကောင့် ဖြင့် အမြဲတမ်းစမ်းသပ်ပါ။

ဒီအထိ၊ ဒါအကုန် ဘဲ ဖြစ်ပါတယ် ။ LiteFinance ကုန်သည်ဘလော့ဂ်ကို Subscribe လုပ်ဆောင်ထားပါ။ အသုံးဝင်တဲ့ အရာတစ်ခု တော့ အမြဲတမ်း ရှိနေမှာပါ ။ 

သင် ကံကောင်းပြီး အမြတ်များများရပါစေလို့ ကျွန်ုပ် ဆန္ဒပြုပါတယ်။

Divergence ကုန်သွယ်မှု ၏ အမေးများသော မေးခွန်းများ

Divergence သည် စျေးနှုန်းဇယားချပ် (price chart) နှင့် နည်းပညာဆိုင်ရာညွှန်ပြချက် (technical indicator) ကြားမှ သွေဖည်မှု ဖြစ်သည်။ ဥပမာအားဖြင့်၊ စျေးနှုန်းဇယားချပ်သည် အတက်လမ်းကြောင်း (uptrend) ကို ညွှန်ပြနေချိန်တွင် ညွှန်ပြချက် (indicator) သည် အနိမ့်ဆုံး (lower lows) သို့ ရောက်သည်။ သို့မဟုတ် စျေးနှုန်းကျဆင်းနေချိန်တွင် ညွှန်ကိန်း က တက်နေသည်။

Regular divergence သည် မကြာမီ၌ စျေးနှုန်းပြောင်းပြန်လှန်ခြင်း ဖြစ်ပေါ်မှုကို အကြံပြုသည်။ ၎င်းသည် Trend ၏ ထိပ် သို့မဟုတ် အောက်တွင် ကုန်သွယ်မှုတစ်ခု ဝင်ရောက်ရန် ကောင်းသော အချက်ပြမှု ဖြစ်သည်။ ထိုအပြင် hidden နှင့် extended divergence လည်း ရှိပါသည်။ Regular divergence နှင့်မတူဘဲ ၎င်းတို့သည် လမ်းကြောင်းဆက်ခြင်း (trend continuation) ကို အချက်ပြသည်။ ဤအချက်ပြမှုများသည် trend နောက်လိုက်၍ ကုန်သွယ်ခြင်း နှင့် မှားယွင်းသောအချက်ပြမှုများကို စစ်ထုတ်ရန်အတွက် ကောင်းမွန်ပါသည်။

Divergence ကို သိရှိရန်၊ သင်သည် candlestick chart တွင် အနိမ့် သို့မဟုတ် အမြင့်ကိုဖြတ်၍ မျဉ်းဆွဲရန် လိုအပ်သည်။ လွန်ကဲနေသောအမှတ်များကို ဖြတ်၍ indicator လိုင်း သို့မဟုတ် histogram လိုင်း ဖြင့် အခြားမျဉ်းတစ်ကြောင်းကို ရေးဆွဲပါ။ အကယ်၍မျဉ်းကြောင်းများ ဝေးကွာသွားပါက၊ ၎င်း မှာ divergence တစ်ခုဖြစ်သည်။ အခိုင်မာဆုံး အချက်ပြမှု ကို regular divergence ဖြင့် ပေးပို့သည်။ ဥပမာ- uptrend တစ်ခုတွင်၊ စျေးနှုန်း သည် swing အမြင့်ဆုံးသို့ရောက်သောအခါတွင်၊ bearish regular divergence ဖြစ်ပေါ်သည်။ သို့သော် oscillator သည် အမြင့်ဆုံး သို့ ရောက်ရန် ပျက်ကွက်သည်။ စျေးနှုန်းဇယားချပ်သည် အနိမ့်ဆုံး အောက်ရောက်နေချိန်တွင် indicator သည် အနိမ့်ဆုံး ရောက်ရန် မစွမ်းဆောင်နိုင်သောအခါတွင် regular bullish divergence ဖြစ်ပေါ်သည်။

လမ်းကြောင်းပြောင်းပြန် မဖြစ်မှီ regular divergence ဖြစ်ပေါ်သည်။ ထို့ကြောင့်၊ divergence အမှန်ဖြစ်ကြောင်း အတည်ပြုသောအခါ၊ အဆိုပါ trend သည် အင်အားနည်းနေပြီး trend ၏ ဆန့်ကျင်ဘက် တွင် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်သင့်သည်။ အကယ်၍ လက်ရှိ ဖြစ်ပေါ်နေသော လမ်းကြောင်းသည် ပြောင်းပြန်ဖြစ်သွားပါက၊ သင်သည် အရောင်း ပြုလုပ်ရမည်ဖြစ်သည်။ အကယ်၍ အဆင်းလမ်းကြောင်း downtrend သည် အားအင် နည်းနေပါက သင်သည် ဝယ်ရမည် ဖြစ်သည်။

Hidden သို့မဟုတ် extended divergences သည် လမ်းကြောင်းဆက်ခြင်း trend continuation ကို အချက်ပြသည်။ ထို့ကြောင့်၊ hidden သို့မဟုတ် extended divergences အချက်ပြမှု ကို တွေ့သော အခါတွင်၊ လက်ရှိ သွားနေသော လမ်းကြောင်းဦးတည်ချက် တွင် သင်သည်ကုန်သွယ်မှုတစ်ခု ဝင်ရောက်သင့်သည်။

Regular (Direct) divergence ဆိုသည်မှာ လမ်းကြောင်းပြောင်းပြန်လှန်ခြင်း ကို ဆိုလိုသည်။ အခြားသော Divergence အမျိုးအစားများ ဖြစ်သော hidden သို့မဟုတ် extended divergence သည် လမ်းကြောင်းဆက်ခြင်း (trend continuation) အချက်ပြမှု ကို ပေးဆောင်သည်။ ထို့ကြောင့် hidden divergence သည် extended divergence ကဲ့သို့ပင် ဖြစ်သောကြောင့် inverse ဟုခေါ်သည်။

Divergence ကိုအခြေခံ၍ ရောင်းဝယ်ဖောက်ကားခြင်းသည် တိကျမှုမရှိပါ။ Divergence ကိုအတည်ပြုရန် အပိုဆောင်း ညွှန်ပြချက်ကိရိယာများ ကိုအသုံးပြုရန် ကျွန်ုပ်အလေးအနက် အကြံပြုအပ်ပါသည်။ Divergence အချက်ပြမှုများ ကို trend indicators, trend line, breakouts, support/resistance, chart patterns, price action ကုန်သွယ်မှုအချက်ပြမှုများနှင့်၊ပေါင်းစပ်နိုင်သည်။ အတွေ့အကြုံရှိသော ကုန်သည်များသည် divergence နှင့် အလိုအလျောက် divergence ကုန်သွယ်မှုစနစ်များအတွက် Expert Advisors များနှင့်ပင် တီထွင်ဆန်းသစ် ကြသည်။ ဤအလိုအလျောက် ကုန်သွယ်မှုစနစ်များသည် divergence ကို စစ်ဆေးပြီး အချက်ပြမှုများကို အလိုအလျောက် ပေးပို့ပါသည်။

Divergence ကို ပိုင်းခြားစိတ်ဖြာရန်၊ မည်သည့် Oscillators ကိုမဆို အသုံးပြုနိုင်သည်။ Divergence ကုန်သွယ်မှု အတွက် အကောင်းဆုံး oscillators များမှာ MACD, Stochastic, RSI, Awesome Oscillator, Chaikin Oscillator, DeMarker, Momentum, Volume Oscillator တို့ဖြစ်သည်။ အဆိုပါ oscillator များအားလုံး မှာ ကွဲပြားသော်လည်း divergence အချက်ပြများသည် ဆင်တူသည်။ Oscillator တစ်ခုစီသည် divergence အချက်ပြ များကို ပေးဆောင်သည်။ သင်ကြိုက်နှစ်သက်ရာအလိုက် သုံးမည့် ညွှန်ပြချက်ကိရိယာ ကိုရွေးချယ်သင့်ပါသည်။ သင်သည် အသစ်တစ်ယောက်ဆိုလျှင် MACD (သို့မှမဟုတ်) AO ကို အသုံးပြုသည်မှာ ပိုကောင်းပါသည်။

Divergence အချက်ပြမှုများသည် အခြေခံဖြစ်ပြီး ကုန်သွယ်မှုဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့မဟုတ် ၎င်းတို့သည် ယုံကြည်စိတ်ချရသော အချက်ပြမှုများ အတွက် စစ်ဆေးသည့် စစ်ထုတ်မှုတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။ မိမိ ၏ အသိပညာနှင့် လုပ်ဆောင်နိုင်စွမ်းကို divergence အချက်ပြမှုများဖြင့် လုပ်ဆောင်ရာတွင် လွန်စွာ ခန့်မှန်း၍မရနိုင်ပါ။ ဤကျွမ်းကျင်မှုများသည် ကုန်သည်တစ်ဦးအား အဓိကအမှားများကို ရှောင်ရှားပြီး အပ်ငွေ ကို ထိန်သိမ်းထားရန် ကူညီပေးပါသည်။

စျေးနှုန်းဦးတည်ချက်နှင့် အညွှန်းကိန်းဦးတည်ချက် ဆန့်ကျင်ဘက်ရွေ့လျားသောအခါ divergence ဖြစ်ပေါ်ပါသည်။ အညွှန်းကိန်းသည် စျေးနှုန်းနှင့် တိုက်ရိုက်မသက်ဆိုင်သော သက်ရောက်မှုများအား တိုင်းတာခြင်း သို့မဟုတ် ကုန်သွယ်မှုပမာဏ သို့မဟုတ် မတည်ငြိမ်မှုများတွင် အပြောင်းအလဲများရှိလာပါက ၎င်းသည် ဖြစ်ပေါ်နိုင်သည်။

Divergence အမျိုးအစား ၂ မျိုးရှိသည် - ၎င်းတို့မှာ negative နှင့် positive ဖြစ်သည်။ Positive divergence ကို regular ဟု ခေါ်ဆိုပြီး Negative divergence ကို hidden သို့မဟုတ် extended ဟု ခေါ်ဆိုနိုင်သည်။

Bearish divergence သည် အတက်လမ်းကြောင်းတွင် ဖြစ်ပေါ်သည့် regular divergence တစ်ခုဖြစ်ပြီး လမ်းကြောင်းပြောင်းပြန်လှန်ခြင်းကို ညွှန်ပြနိုင်သည်။ Negative bearish divergence သည် အကျလမ်းကြောင်းဆက်လက်ဖြစ်ပေါ်နိုင်ခြင်းကို ညွှန်ပြသည်။

Divergence ဖြစ်ပေါ်သည့် လမ်းကြောင်းဦးတည်ချက်ဖြင့် bullish သို့မဟုတ် bearish ဟု ဆုံးဖြတ်နိုင်သည်။ ကျဆင်းနေသော စျေးကွက်တွင် ဖြစ်ပေါ်သည့် regular divergence သည် buliish ဖြစ်ပြီး မြင့်တက်လာသောစျေးကွက်ဆိုလျှင် ၎င်းသည် bearish ဖြစ်သည်။ Negative divergence အတွက် ဆိုလျှင် ဆန့်ကျင်ဘက်ဖြစ်သည်။

အရောင်းပြုလုပ်သူများအတွက် bearish divergence မှာ ကောင်းမွန်ပါသည်။ အကယ်၍ သင်သည် ဝယ်ယူထားပါက ၎င်းမှာ ဆိုးရွားသော လက္ခဏာတစ်ရပ်ဖြစ်သည်။

Bullish divergence ကို အဓိပ္ပာယ်ဖော်ရန်၊ သင်သည် စျေးနှုန်းရွေ့လျားမှုနှင့် အညွှန်းဖတ်ခြင်းများကို လုပ်ဆောင်သင့်သည်။ ဥပမာအားဖြင့် စျေးနှုန်းသည် ကျဆင်းနေသောလမ်းကြောင်းတွင် အနိမ့်ဆုံးသို့ ရောက်ရှိနေပြီး ညွှန်ပြချက်မှာ မြင့်တက်နေပါက၊ ၎င်းသည် အထက်သို့ပြောင်းပြန်လှန်နိုင်သည့် အလားအလာကို ဆိုလိုသည်။

စတော့ရှယ်ယာများရှိ divergence ဆိုသည်မှာ စတော့စျေးနှုန်းနှင့် ညွှန်ပြချက်သည် ဆန့်ကျင်ဘက် ဦးတည်ရာသို့ ရွေ့လျားနေခြင်းဖြစ်သည်။ ဥပမာ ညွှန်ပြချက် ကျဆင်းနေချိန်တွင် စတော့စျေးနှုန်းသည် ဆက်လက်မြင့်တက်ပြီး အမြင့်ဆုံးဈေးနှုန်းအသစ်များကို တက်လှမ်းနိုင်သည်။ ကုန်သည်များသည် အရောင်းအဝယ်ပြုလုပ်ရန်အကောင်းဆုံးအဝင်ဈေးနှုန်းများကို ဆုံးဖြတ်ရန်အတွက် divergence ကို အသုံးပြုပါသည်။

Regular bullish divergence သည် ဈေးအကျလမ်းကြောင်းတွင် အကျ-မှ-အတက် ပြောင်းပြန်လှန်ခြင်းကို အချက်ပြသည်။ နည်းပညာဆိုင်ရာညွှန်ပြချက်တစ်ခုသည် အနိမ့်ဆုံးအမှတ်သစ် ထက်မြင့်မားသော အမှတ်ကိုအချက်ပြနေချိန်တွင် စျေးနှုန်းသည် အနိမ့်ဆုံးအမှတ်သစ်သို့ရောက်ရှိသောအခါ ဖြစ်ပေါ်ပါသည်။

RSI (Relative Strength Index) ညွှန်ပြချက်တွင် divergence ဖြစ်ပေါ်ပါက၊ ၎င်းသည် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းပြောင်းခြင်းကို ညွှန်ပြနိုင်သည်။ ကုန်သွယ်ရေးအမျိုးအစားတစ်ခု၏စျေးနှုန်းသည် အမြင့်ဈေးအသစ် သို့မဟုတ် အနိမ့်ဈေးအသစ် ကိုသတ်မှတ်ပါက RSI တွင် regular divergence ဖြစ်ပေါ်သော်လည်း RSI ညွှန်ပြချက်သည် တူညီသောဦးတည်ချက်သို့ရွေ့လျားခြင်းဖြင့် ၎င်းကိုအတည်ပြုခြင်းမရှိပါ။ ဥပမာအားဖြင့် ကုန်သွယ်ရေးအမျိုးအစားတစ်ခု၏စျေးနှုန်းသည် အနိမ့်ဆုံးအသစ်တစ်ခုဖြစ်စေသော်လည်း RSI ပိုမိုမြင့်မားလာပါက၊ ၎င်းသည် အထက်သို့ပြောင်းပြန်လှန်ခြင်းကို ညွှန်ပြနိုင်သည်။


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

လက်တွေ့ဈေးကွက်အချိန်ရှိ EURUSD ၏စျေးနှုန်းဇယား

Divergence Forex- Divergence ကုန်သွယ်မှု ဆိုတာ ဘာလဲ၊ ဘယ်လို အလုပ်လုပ်လဲ ။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat