ပိုင်ဆိုင်မှုတခု၏ ဈေးနှုန်းကို ဝယ်လိုအားနှင့် ရောင်းလိုအားမှ ပုံဖော်ပါသည်။ ထို့အပြင် ကုန်သည်များသည် ၎င်းတို့၏အချိုးအပေါ်မူတည်၍ ကုန်သွယ်မှုဆုံးဖြတ်ချက်များကို ပြုလုပ်ကြသည်။ တိကျသော အစုရှယ်ယာတခု သို့မဟုတ် ငွေကြေးတခုအတွက် ဈေးနှုန်းအဆင့်များအလိုက် စီစဉ်ထားသော အဝယ်နှင့် အရောင်း အော်ဒါများစာရင်းကို order book ဟု အများသိကြပါသည်။ ၎င်းသည် ကုန်သည်များအား resistance/support level များကို ဆုံးဖြတ်ရာတွင် အသုံးပြုနိုင်သော pending orders များ၏ပမာဏနှင့် အလားအလာရှိသောလမ်းကြောင်းဦးတည်ရာတို့ကို ခန့်မှန်းနိုင်စေရန် အကူအညီပေးပါသည်။

ဤသုံးသပ်ချက်တွင်၊ သင်သည် market depth နှင့် order book ၏ သဘောတရားများကို နှံ့စပ်နားလည်သွားမည်ဖြစ်သည်။  ဤအထောက်အကူကိရိယာကို အသုံးပြု၍ MT4၊ MT5 နှင့် cTrader ပလပ်ဖောင်းများတွင် liquidity level ကို ဆုံးဖြတ်ပုံနှင့်တကွ အရင်းအနှီးအင်အားကြီးမားသော ကုန်သည်ကြီးများမှ ပိုင်ဆိုင်မှုနှုန်းထားများကို မည်သို့မည်ပုံ ကြိုးကိုင်ခြယ်လှယ်ကြသည် စသောအကြောင်းအရာများကို ဤဆောင်းပါးမှတဆင့် မှတ်သားလေ့လာပါ။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Depth of Market (DOM) ဆိုသည်မှာ အဘယ်နည်း။

Depth of market ဆိုသည်မှာ နှုန်းထားများတွင် သိသိသာသာအပြောင်းအလဲမဖြစ်စေပဲ ကြီးမားသော ကုန်သွယ်မှုပမာဏများကို အပြည့်အဝလက်ခံအကောင်အထည်ဖော်နိုင်သော ဈေးကွက်၏အရည်အချင်း ဖြစ်ပါသည်။ ၎င်းသည် မတူညီသောဈေးနှုန်းများ၌ တိကျသောပိုင်ဆိုင်မှုတခုအား  အဝယ်နှင့် အရောင်းအော်ဒါများဖွင့်ရန် တောင်းဆိုမှုများ၏ အရေအတွက်နှင့် ပမာဏတို့ကို ထင်ဟပ်ပြသသော ညွှန်ပြချက်တခုဖြစ်ပါသည်။ DOM သည် liquidity၊ ဝယ်လိုအား/ရောင်းလိုအားစုစည်းရာဈေးတန်းများနှင့် ကုန်သည်တို့၏ ဦးစားပေးအလေးသာမှုများကို အကဲဖြတ်နိုင်စေရန် သင့်အား ကူညီပံ့ပိုးပေးပါသည်။

Deep market တခုအား မြင့်မားသော liquidity ကို အကြောင်းပြု၍ သတ်မှတ်ပါသည်။ ထိုသို့သောဈေးကွက်အတွင်း ကြီးမားသောကုန်သွယ်မှုပမာဏတခုသည် ဈေးနှုန်းအပေါ် ထင်ရှားစွာသက်ရောက်ခြင်း မရှိပေ။ အခြားတဖက်မှကြည့်လျှင်၊ shallow market တခုတွင် ကြီးမားသော အရောင်းအဝယ်လုပ်ငန်းတခုသည် ဈေးကွက်ဟန်ချက်ကို ပျက်ပြားစေပြီး၊ နှုန်းထားများကို ကုန်သွယ်မှု၏ ဦးတည်ရာနှင့်အတူ လိုက်ပါပြောင်းလဲစေနိုင်ပါသည်။ ထို့အပြင် အတက်၊အကျများပြင်းထန်လာခြင်း (ဈေးနှုန်းရွေ့လျားမှုအကွာအဝေးကျယ်ပြန့်လာခြင်း) နှင့် spread (ဝယ်ဈေးနှင့် ရောင်းဈေးကြား ဈေးနှုန်းကွာဟမှု) ကျယ်ပြန့်လာခြင်းများကို ဖြစ်ပေါ်စေပါသည်။ ထိုသို့သောအခြေအနေတခုတွင်၊ market maker တဦးသည် အကြီးဆုံးကုန်သွယ်မှုပမာဏများကို ဆောင်ရွက်ကာ၊ ထိုတနေ့တာအတွက် ဈေးနှုန်းပြောင်းလဲမှုအကွာအဝေးကို ကန့်သတ်လိုက်ပါသည်။

Market depth  - 

  • တိကျသောဈေးနှုန်းအကွာအဝေးတခုအတွင်း အော်ဒါများစုစည်းမှုနှင့် ပမာဏများအပေါ်အခြေခံ၍ အလားအလာရှိသော support နှင့် resistance levels များကို ကူညီဆုံးဖြတ်ပေးပါသည်။

  • ကြီးမားသောပမာဏများဖြင့် ပိုင်ဆိုင်မှုတခု၏ ဈေးနှုန်းအ‌ပေါ် လွှမ်းမိုးကာ၊ ဈေးကွက်ရွေ့လျားမှုကို တွန်းအားပေးနိုင်သော Market makers များ၏ လုပ်ဆောင်ပုံများကို ပြသပေးပါသည်။

  • Liquidity နှင့် spread ကျယ်ပြန့်မှုအတိုင်းအတာများကို အကဲဖြတ်နိုင်ရန် ကူညီပေးပါသည်။ အဝယ်နှင့် အရောင်းတောင်းဆိုမှုများ ပိုများလေလေ၊ liquidity ပိုမိုမြင့်မားလေလေဖြစ်ပါသည်။ နေရာချထားသော ကုန်သွယ်မှုတခုကို အကောင်အထည်ဖော်ရန် ညွှန်ကြားချက်များ၏ အရေအတွက်နှင့် ပမာဏအပေါ်အခြေခံ၍၊ liquidity နိမ့်ပါးသော/မြင့်မားသော ဈေးတန်းဧရိယာများကို သင်မြင်တွေ့နိုင်ပါသည်။ 

  • မတည်ငြိမ်မှုအပြောင်းအလဲတခုနှင့် ဖြစ်နိုင်ချေရှိသော ဈေးနှုန်းရွေ့လျားမှုဦးတည်ရာကို ညွှန်ပြပေးပါသည်။ ဦးတည်ရာနှစ်ဖက်စလုံးတွင် အော်ဒါချမှတ်မှုကြိမ်နှုန်းများ တိုးတက်လာခြင်းသည် မတည်ငြိမ်မှုမြင့်မားလာခြင်းကို ညွှန်ပြပါသည်။ ဦးတည်ရာတဖက်တည်းတွင် အော်ဒါအရေအတွက်များနှင့် ကုန်သွယ်မှုပမာဏများ ကြီးမားစွာနေရာယူလာခြင်းသည် လမ်းကြောင်းတခု၏ဦးတည်ရာကို ညွှန်ပြပါသည်။ အကယ်၍ အဝယ် သို့မဟုတ် အရောင်းပမာဏများသည် သိသိသာသာ တိုးပွားလာသော်လည်း၊ ၎င်းတို့အားလက်ခံမည့် ဆန့်ကျင်ဘက်အော်ဒါများမရှိသောအခါ၊ ၎င်းသည် အတက်လမ်းကြောင်း သို့မဟုတ် အကျလမ်းကြောင်း ထွက်ပေါ်ခြင်းကို ညွှန်ပြပါသည်။ 

  • အရေးပါသော ဈေးတန်းများတွင် ကျိုးပေါက်မှု ဖြစ်နိုင်ခြေကို ပြသပါသည်။ ကုန်သည်သည် ယခင်အမြင့်ဆုံးနှင့် အနိမ့်ဆုံး‌တန်ဖိုးများအပေါ်အခြေခံ၍ resistance သို့မဟုတ် support level ကျိုပေါက်မှုအလားအလာကို ဆုံးဖြတ်ပါသည်။ ဥပမာအားဖြင့်၊ အကယ်၍ ကုန်သည်တဦးသည် buy limit အော်ဒါများ၏ အရေအတွက် ရုတ်တရက် တိုးတက်လာခြင်းကို မြင်တွေ့ပါက၊ ၎င်းသည် ခိုင်မာသော အတက်လမ်းလမ်းကြောင်းတခုအတွက် ညွှန်ပြချက်ဖြစ်နိုင်ပြီး၊ အနီးဆုံး resistance levels များ ကျိုးပေါက်မှုဖြစ်ပေါ်ရန် အလားအလာမြင့်မားပါသည်။

  • နှုန်းထားအပေါ် သိသိသာသာ သက်ရောက်မှုရှိမည်ဟုတ်သော Limit order ပမာဏကို ကူညီ၍ဆုံးဖြတ်ပေးပါသည်။ အကယ်၍ ဈေးကွက်တွင် liquidity မရှိလျှင်၊ ပမာဏကြီးမားသော pending order တခုသည် ရောင်းအား၊ဝယ်အားမညီမျှမှုကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

DOM အား အဝယ်နှင့်အရောင်း limit orders များ၏အရေအတွက်ဖြင့် ဆုံးဖြတ်ပြီး၊ ဈေးနှုန်းအဆင့်များနှင့် ၎င်းတို့ကြားမှအကွာအဝေးဖြင့် အစီအစဉ်အလိုက် စုစည်းဖော်ပြပါသည်။

ဤသဘောတရားမှာ အတော်ပင် ကျိုးကြောင်းဆီလျော်ပါသည်။ ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းတခု သို့မဟုတ် hedge funds များကဲ့သို့ အဝယ်/အရောင်းပမာဏ $1 မီလီယံရှိသော ကုန်သည်တဦးအတွက် စုစုပေါင်းအော်ဒါပမာဏ $100 မီလီယံရှိသောဈေးကွက်အား shallow market  ယူဆနိုင်ပါသည်။ နှုန်းထားများ သိသိသာသာအပြောင်းအလဲမရှိပဲ ဈေးကွက် ကုန်သွယ်မှု စုစုပေါင်း၏ ၁% ပမာဏကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆို‌သော် ၎င်းကို အပြည့်အဝပြီးမြောက်စေနိုင်သည့် တဦးတည်းအရောင်းမရှိသောကြောင့်ပင်ဖြစ်သည်။ ပြောင်းပြန်အားဖြင့်၊ $1,000 ကုန်သွယ်မှုပြုလုပ်သော ကုန်သည်တဦးအတွက်ဆိုလျှင် စုစုပေါင်းအော်ဒါပမာဏ $100 မီလီယံရှိသော ဈေးကွက်တခုသည် deep market ဟု ယူဆဖွယ်ရာဖြစ်ပါသည်။

အဓိကမှတ်သားရန်အချက်များ

အဓိကအကြောင်းအရာ

အပြီးသတ်ကောက်ချက်များနှင့် အဓိကအချက်များ

 

Depth of market ကို ဆုံးဖြတ်ခြင်း

Market depth ဆိုသည်မှာ ဈေးနှုန်းကို သိသာထင်ရှားစွာ မပြောင်းလဲစေပဲ၊ ကြီးမားသော ကုန်သွယ်မှုပမာဏများကို အောင်မြင်စွာပြီးမြောက်စေ‌နိုင်သော ဈေးကွက်၏ လုပ်ဆောင်နိုင်စွမ်း ဖြစ်ပါသည်။

Deep market တခု၏ လက္ခဏာများ

သိသိသာသာများပြားသော ဈေးကွက်ပါဝင်သူ အရေအတွက်၊ အဝယ်နှင့် အရောင်းနှစ်ဖက်စလုံးတွင် ကြီးမားသောကုန်သွယ်မှုပမာဏများ၊ မြင့်မားသော liquidity၊ ကျဉ်းမြောင်းသော spread။

ကုန်သည်တဦးသည် Depth of market ကို နားလည်သဘောပေါက်ခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများကို ရရှိနိုင်ပါသနည်း။

၎င်းသည် ပိုင်ဆိုင်မှုတခု၏ liquidity level၊ မတည်ငြိမ်မှုအတိုင်းအတာ၊ အလားအလာရှိသော resistance/support levels များကို မြင်တွေ့နိုင်ရန် ကူညီပေးပြီး၊ ကုန်သည်များအား ပိုမိုမှန်ကန်သင့်တော်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် ကူညီပေးပါသည်။

 

Order book တခု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

limit orders များကို ဈေးနှုန်းများနှင့်တကွ ဖော်ပြထားသောစာရင်းတခု။ ၎င်းသည် တိကျသောပိုင်ဆိုင်မှုတခုအတွက် ရောင်းလိုအား/ဝယ်လိုအား၊ liquidity နှင့် spread တို့ကို ပြသပါသည်။

Order book သည် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။ 

Order book အား အပိုင်းနှစ်ပိုင်းအဖြစ် ခွဲခြားထားပါသည်။ အပေါ်ပိုင်းတဝက်သည် sell limit orders များ (ask price၊ ရောင်းသူ၏ဈေး)ကို ညွှန်ပြပါသည်။ အောက်ပိုင်းတဝက်သည် buy limit orders များ (bid price၊ ဝယ်သူ၏ဈေး) ကို ညွှန်ပြပါသည်။ သက်ဆိုင်ရာတောင်းဆိုမှုများအတွက် တွဲဖက်ရမည့် ဆန့်ကျင်ဘက်အော်ဒါများကို ရှာဖွေပြီးသည့်နောက်၊ ပြည့်စုံသောကုန်သွယ်မှုကို အကောင်အထည်ဖော်ကာ၊  စာရင်းမှ ပယ်ဖျက်လိုက်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

အားသာချက်များ - liquidity နှင့် လမ်းကြောင်းတခု ဖြစ်ပေါ်လာပုံကို ပြသပါသည်။

အားနည်းချက်များ -  - ဈေးကွက်ကိုလက်ဝါးကြီးအုပ်ခြယ်လှယ်ခြင်းအတွက် အသုံးပြုနိုင်ပါသည်။ (ပုံကြီးချဲ့လှည့်ဖြားခြင်း - ဈေးကွက်နှုန်းထား ရွေ့လျား စေရန် အော်ဒါများနေရာချထား၍ ပြန်လည်ပယ်ဖျက်ခြင်း)။

Order book နှင့် market depth အပေါ် အခြေခံ သော နည်းဗျူဟာများ

ကျဉ်းမြောင်း‌သော ဈေးနှုန်းရွေ့လျားမှုဘောင်အတွင်း တောင်းဆိုမှုများ အစုအပုံလိုက်ရှိနေခြင်းသည် ခိုင်မာသော ဝယ်လိုအား/ရောင်းလိုအား အချက်အချာဇုန်များကို ညွှန်ပြပါသည်။ အဝယ် သို့မဟုတ် အရောင်းကုန်သွယ်မှုများ၏ ပမာဏများတွင် ညီမျှမှုမရှိခြင်းသည် အတက် သို့မဟုတ် အကျလမ်းကြောင်းတခု စတင်ဖြစ်ပေါ်လာမှုကို ညွှန်ပြပါသည်။

မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။

ဒီမိုအကောင့်သို့ သွားမည်

Order book

"Order book” ဟူသော ဝေါဟာရကို ပို၍အသေးစိတ် လေ့လာကြည့်ကြပါစို့။ အဆိုပါဝေါဟာရသည် မည်သည်ကို ရည်ညွှန်းသနည်း။ ကုန်သွယ်ရေးတွင် ၎င်းကို မည်သို့အသုံးပြုသနည်းနှင့် ကုန်သွယ်မှု ပလပ်ဖောင်းတွင် ၎င်းအား မည်သို့ရှာဖွေရမည်နည်း။

Order book နှင့် ၎င်း၏ခွဲခြမ်းစိတ်ဖြာချက်

Order book သည် တိကျသောဈေးတန်းတခု၌ ဝယ်သူများနှင့် ရောင်းသူများ၏ limit pending orders များကို စုစည်းပေးထားသော စာရင်းတခု ဖြစ်ပါသည်။ အချက်အလက်အသစ်များကို အွန်လိုင်းစနစ်ဖြင့် စက္ကန့်၏အစိတ်အပိုင်းများအတွင်း အချိန်နှင့်အမျှ အသစ်ပြင်ဆင်ပါသည်။

ကုန်သွယ်ရေးတွင် အော်ဒါအမျိုးအစားနှစ်ခုရှိပါသည် -

  • Level 1 ဈေးကွက်အချက်အလက် သို့မဟုတ် L1။ ၎င်းတို့သည် အိတ်ချိန်းပေါ်တွင် တဖက်မှအဆိုပြုသောဈေးနှုန်းဖြင့် အရောင်းအဝယ်ဆောင်ရွက်ရန် ညွှန်ကြားချက်များဖြစ်ပါသည်။ ပိုင်ဆိုင်မှုတခုအား $100 ဖြင့်ရောင်းချရန် ကမ်းလှမ်းမှုတခုကို ဝယ်သူတဦးမှ မြင်တွေ့ရသည်။ ဝယ်သူသည် ကမ်းလှမ်းမှုအား လက်ခံလိုက်ပြီး၊ ပိုင်ဆိုင်မှုကို ဝယ်ယူရန် ဆန့်ကျင်ဘက် bid အော်ဒါကို နေရာချလိုက်သည်။ ထိုသို့သော တောင်းဆိုမှုအမျိုအစားသည် ချက်ချင်း ပြီးမြောက်အောင်မြင်နိုင်ပါသည်။ စတော့အရေအတွက်မလုံလောက်မှသာလျင် ညွှန်ကြားချက်ကို ပယ်ဖျက်မည်ဖြစ်သည်။ ဥပမာပြရလျှင်၊ သင်သည် ပိုင်ဆိုင်မှု 10 lots ပမာဏကို ဝယ်ယူလိုသည်။ သို့သော် $100 ဖြင့် ပိုင်ဆိုင်မှုပမာဏ 8 lots ကိုသာ ရရှိနိုင်သည်။ ဤအခြေအနေမျိုးတွင် သင်၏အော်ဒါ တစိတ်တပိုင်း အောင်မြင်မည်ဖြစ်သော်လည်း၊ အပြည့်အဝ ပြီးစီးမည်မဟုတ်ပေ။

  • Level 2 ဈေးကွက်အချက်အလက် သို့မဟုတ် L2။ ၎င်းတို့သည် လက်ရှိနှုန်းထား၏ အထက် သို့မဟုတ် အောက်တွင် ကုန်သွယ်မှုတခုပြုလုပ်ရန် တောင်းဆိုမှုများ ဖြစ်ပါသည်။ ဥပမာအားဖြင့် ပိုင်ဆိုင်မှုတခုအား $100 ဈေးနှုန်းဖြင့် ရောင်းချရန် ကမ်းလှမ်းချက်ကို သင်မြင်တွေ့ရသည်။ သို့သော် သင်သည် ထိုကမ်းလှမ်းချက်ကို လက်မခံပေ။ သင်သည် ထိုပိုင်ဆိုင်မှုအား $95 ဖြင့်ဝယ်ယူရန် pending order တခုကို ပြုလုပ်လိုက်ပြီး၊ နှုန်းထားကျဆင်းလာရန် စောင့်ဆိုင်းနေသည်။ ထို့ကြောင့် သင်၏အော်ဒါကို order book တွင် ပြသထားပါသည်။

ဈေးကွက်အော်ဒါများကို ချက်ချင်းဆိုသလို အကောင်အထည်ဖော်ပြီးမြောက်စေခြင်းကြောင့်၊ Limit orders များကိုသာလျှင် order book တွင်ပြသကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ အကယ်၍ pending order သည် order book မှ ပျောက်ကွယ်သွားပါက၊ ဈေးနှုန်းသည် တောင်းဆိုသောဈေးတန်းသို့ရောက်ရှိ၍ တောင်းဆိုချက် ပြည့်မြောက်သွားပြီးဖြစ်သည်ဟု အဓိပ္ပါယ်ရပါသည်။ Limit orders များသည် Buy Limit နှင့် Sell Limit pending orders များ ဖြစ်ကြပါသည်။ Buy Stop Limit နှင့် Sell Stop Limit တို့ကို ပြင်ပဈေးကွက်တွင် မပြသပဲ၊ ပလပ်ဖောင်းအတွင်းပိုင်း၌သာ စီမံ‌ဆောင်ရွက်လေ့ရှိသည်။ ထို့ကြောင့် အစဉ်အလာအားဖြင့်၊ ၎င်းတို့အား စာရင်းတွင် ဖော်ပြထားလေ့မရှိပေ။

Order book ကို မည်သို့ဖွဲ့စည်းထား၍ မည်သည့်ပုံစံဖြင့် အသုံးပြုပါသနည်း။

ကြားခံအိတ်ချိန်းနှင့်  over-the-counter (တိုက်ရိုက်) ကုန်သွယ်‌ရေးဈေးကွက်ပေါ်ရှိ order books များမှာ မတူညီကြပါ -

  • အိတ်ချိန်းဈေးကွက်တွင် တောင်းဆိုမှုအားလုံးကို ကြားခံအိတ်ချိန်းစနစ်သို့ ပေးပို့ရပါသည်။ ထို့ကြောင့် စာရင်းတွင် ဈေးနှုန်းနှင့် ပမာဏအစစ်အမှန်များ ပါဝင်ပါသည်။

  • တိုက်ရိုက်ဈေးကွက်ပေါ်တွင်၊ order book သည် အကျိုးဆောင်၏စနစ်မှ ထုတ်ပေးသော နှုန်းထားများကို ပြသနိုင်သည်။ ကုန်သည်အနေဖြင့် ဈေးနှုန်းအပေါ်အမှန်တကယ်သက်ရောက်မှုရှိသော ပမာဏအစစ်မှန်များကို တွေ့မြင်ရမည်မဟုတ်ပဲ၊ အကျိုးဆောင်၏ အတွင်းပိုင်းသတင်းအချက်အလက်များကိုသာ တွေ့မြင်ရမည်ဖြစ်သည်။

Order book သည် level တခုစီ၌ သက်ဆိုင်ရာ ဈေးနှုန်းများနှင့် ပမာဏများကို ဖော်ပြပေးသော စာရင်းတခု ဖြစ်ပါသည်။ ၎င်းသည် နှုန်းထားများပြောင်းလဲရန်အတွက် ပေးထားသောဈေးနှုန်းအဆင့်၌ မည်သည့်ကုန်သွယ်မှုပမာဏများကို ဆောင်ရွက်ရမည်ကို ပြသပါသည်။ တိကျသောဈေးနှုန်းတခုတွင် အဝယ်နှင့်အရောင်း ကုန်သွယ်မှု‌အရေအတွက်များ ပိုမိုများပြား၍ ၎င်းတို့၏ပမာဏများကြီးမားသည်နှင့်အမျှ၊ ဈေးနှုန်းကိုပြောင်းလဲစေရန် ‌ဆန့်ကျင်ဘက်အော်ဒါများကို ပို၍လိုအပ်ပါသည်။

  • အကယ်၍ ဈေးကွက်သည် အရောင်းအဝယ်လက်ခံနိုင်စွမ်းမြင့်မားပါက၊ အကျိုးဆောင်တဦးထံတွင် ပိုင်ဆိုင်မှုတခုအတွက် အဝယ်၊ အရောင်းညွှန်ကြားချက်များစွာရှိမည်ဖြစ်ပြီး၊ တုံ့ပြန်သည့် အော်ဒါများစွာလည်း ရှိမည်ဖြစ်သည်။ ၎င်းကို deep ဟု ရည်ညွှန်းပြောဆိုပါသည်။ ဈေးနှုန်းအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုမဖြစ်စေပဲ ပမာဏကြီးမားသော အော်ဒါတခုကို ပြီးမြောက်စေပါသည်။

  • အကယ်၍ အရောင်း၊အဝယ်လက်ခံနိုင်စွမ်းနိမ့်ပါးပါက (liquidity မရှိပါက)၊ တုံ့ပြန်မှုမရပဲ ကျန်ရှိနေသော အော်ဒါအရေအတွက်အများအပြားသည် သို့မဟုတ် ပမာဏကြီးမားသော အော်ဒါတခုသည် သိသာထင်ရှားသည့် ဈေးနှုန်းအပြောင်းအလဲတခုကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ထိုကဲ့သို့အခြေအနေမျိုးကို shallow market ဟု ရည်ညွှန်းခေါ်ဆိုကြပါသည်။

Market depth တွင် သင်သည် ငြိမ်သက်စွာစောင့်ဆိုင်းသောအော်ဒါအမျိုးအစားနှင့် အလျင်အမြန်ချက်ချင်းပြီးမြောက်လိုသော အော်ဒါအမျိုးအစားများကိုလည်း ခြေရာခံနိုင်ပါသည်။ အလျင်အမြန်ချက်ချင်းပြီးမြောက်လိုသော အော်ဒါအမျိုးအစားများသည် မြန်ဆန်သော ဈေးနှုန်းမြင့်တက်မှုများ တွင် ရုတ်တရက်ပေါ်ပေါက်လာလေ့ရှိပြီး၊ levels ကျိုးပေါက်မှုများကို ဖြစ်စေနိုင်ပါသည်။ အခြားတဖက်တွင်၊ ငြိမ်သက်စွာစောင့်ဆိုင်းသောအော်ဒါအမျိုးအစားသည် တိကျသောဈေးတန်းများအနီးတွင် တည်ရှိကြကာ၊ resistance/support များကို ဖွဲ့စည်းကြပါသည်။ အကယ်၍ သင်သည် သင်၏ အနာဂါတ်ကုန်သွယ်မှုဗျူဟာသို့ အချက်အခြာကျသော ဈေးတန်းများနှင့် လမ်းကြောင်းမျဉ်းများကို ပေါင်းထည့်ပါက၊ market depth ၏ ထိရောက်မှုကို ပို၍မြင့်မားစေမည်ဖြစ်သည်။

MT4 နှင့် MT5 တွင် order book ကို မည်သို့ဖွင့်ရမည်နည်း။

MetaTrader 4 နှင့် 5 တာမီနယ်များတွင် order book ကိုဖွင့်ရန် နည်းလမ်းနှစ်ခု ရှိပါသည် - 

"View/Market Overview” ဝင်းဒိုးကိုဖွင့်ပါ။ ပိုင်ဆိုင်မှုအမျိုးအစားများစာရင်းကို တွေ့ရှိရပါလိမ့်မည်။  ပိုင်ဆိုင်မှုအမျိုးအစားတခုကို ရွေးချယ်ပါ။ ရွေးချယ်ထားသောပိုင်ဆိုင်မှုအမည်ပေါ်တွင် Right-click နှိပ်၍၊ ပေါ်လာသောမီနူးတွင်  "Order Book" ကို ရွေးချယ်ပါ။

Alt+B ကီးဘုတ်ခလုပ်ကိုနှိပ်ပါ။

LiteFinance: MT4 နှင့် MT5 တွင် order book ကို မည်သို့ဖွင့်ရမည်နည်း။

cTrader တွင် order book ကို မည်သို့ဖွင့်ရမည်နည်း။

ဤပလပ်ဖောင်း၏ desktop ဗားရှင်းတွင်၊ order book သည် management ဝင်းဒိုးနှင့်ကပ်လျှက်တွင် သီးခြားဝင်းဒိုးတခုအဖြစ် ပါရှိပါသည်။ ၎င်းသည် DoM စာသားခလုပ်၌ ရှိပါသည်။

LiteFinance: cTrader တွင် order book ကို မည်သို့ဖွင့်ရမည်နည်း။

Market Depth အချက်အလက် - အဓိကကော်လံများ

Order book ၏ ဒီဇိုင်းနှင့် ၎င်း၏လုပ်ဆောင်ချက်များသည် ကုန်သွယ်ရေးပလပ်ဖောင်းမှ ၎င်းကို မည်သို့ကမ်းလှမ်းထားသနည်းဟူသော အချက်အပေါ် မူတည်ပါသည်။

Order book ကို မည်သို့ဖတ်ရှုရမည်နည်း။

Order book ဒီဇိုင်းများမှတခုမှာ အောက်ပါရုပ်ပုံအတိုင်း ဖြစ်ပါသည် - 

LiteFinance: Order book ကို မည်သို့ဖတ်ရှုရမည်နည်း။

ဤသည်မှာ MT4 ပလပ်ဖောင်းပေါ်မှ အရိုးရှင်းဆုံး ဖော်ပြချက် ဖြစ်ပါသည်။ အထက်ပါရုပ်ပုံအား BTC လက်တွေ့အကောင့်တခုမှ (bitcoin) ကုန်သွယ်မှုဇယားတွင် ရိုက်ယူထားခြင်းဖြစ်သည်။ ကော်လံဇယားတွင် အောက်ပါအစိတ်အပိုင်းများ ပါဝင်ပါသည်။

  • ပထမဆုံးကော်လံသည် လက်ရှိဈေးနှုန်းများ ဖြစ်ပါသည် - အပေါ်ပိုင်းသည် Ask price (ရောင်းဈေး) ဖြစ်ပြီး၊ အောက်ပိုင်းသည် Bid price (ဝယ်ဈေး) ဖြစ်ပါသည်။ အလယ်တည့်တည့်နှင့် ပို၍နီးကပ်သောဈေးနှုန်းများသည် အကောင်းဆုံးဈေးနှုန်းများ ဖြစ်ပါသည်။ အနီးဆုံး bid နှင့် ask price ကြားမှ ကွာဟချက်သည် spread ဖြစ်ပါသည်။ ဤရုပ်ပုံတွင် ၎င်းသည် 42,517.37 နှင့်  42,517.36 ကြားမှ ကွာဟချက်ဖြစ်ပါသည်။

  • အောက်သို့ညွှန်ပြသောအနီရောင်မြှားပါဝင်သည့်ကော်လံ - အပေါ်တဝက်သည် ကလစ်တချက်နှိပ်၍ Sell Limit သတ်မှတ်ခြင်းအတွက်ဖြစ်သည်။ အောက်ပိုင်းတဝက်သည် Sell Stop သတ်မှတ်ခြင်းအတွက်ဖြစ်သည်။

  • အထက်သို့ညွှန်ပြသောအပြာရောင်မြှားပါဝင်သည့်ကော်လံ - အပေါ်တဝက်သည် ကလစ်တချက်နှိပ်၍ Buy Stop သတ်မှတ်ခြင်းအတွက်ဖြစ်သည်။ အောက်ပိုင်းတဝက်သည် Buy Limit သတ်မှတ်ခြင်းအတွက်ဖြစ်သည်။

သီအိုရီအရ Sell Limit အား အပေါ်ဘက်အခြမ်းတွင် ပြသရမည်ဖြစ်ပြီး၊ Buy Limit ကို အောက်ဘက်အခြမ်းတွင် ပြသရမည်ဖြစ်သည်။ ဤအချက်ကို MetaTrader အသုံးပြုသူလက်စွဲတွင် ဖော်ပြပေးထားပါသည်။ မည်သို့ပင်ဖြစ်စေ၊ ပို၍အသေးစိတ်ကျသောအချက်တခု ရှိပါသည် - order book သည် ယင်း limit orders များအတွက် ပမာဏများကိုလည်း ပြသပေးပါသည်။ ပမာဏကော်လံသည် MT5 တွင်သာ ပါရှိပြီး၊ MT4 တွင်မပါရှိပါ။ ပလပ်ဖောင်းဗားရှင်းနှစ်ခုစလုံးတွင် order book အတွင်း ကလစ်တချက်နှိပ်ယုံဖြင့် pending orders များကို တိုက်ရိုက်ချမှတ်နိုင်ပါသည်။

မြှားကော်လံနှစ်ခုကြားမှ သတင်းအချက်အလက်ကော်လံသည် pending limit orders များကို ပြသပါသည်။ ဤဖြစ်စဉ်တွင် 0.3 lots ၏ Buy Limit (BL) အား 42,517.28 ဈေးနှုန်းတွင် နေရာချထားပါသည်။ အနီးဆုံးတွင်ရှိသော ဝယ်သူမှ BTC အား ဤဈေးဖြင့်ဝယ်ယူရန် သဘောတူလိုက်သည်နှင့်၊ သင်၏ကုန်သွယ်မှုအထမြောက်ပါသည်။

MT4 သည် ပမာဏများကို မပြသပါ။ ဤအချက်သည် ပလပ်ဖောင်း၏ order book ကို  အသုံးမဝင်လုနီးပါး ဖြစ်စေပါသည်။ သင်သည် အကောင်းဆုံးဈေးနှုန်းများနှင့်တကွ မတူညီသော ‌ဈေးနှုန်းအဆင့်များကို တွေ့မြင်ရသည်။ သို့သော် သက်ဆိုင်ရာဈေးတန်းရှိ ကုန်သွယ်မှုပမာဏအတိအကျကို မသိရှိရပါ။ ထို့ကြောင့် သင့်အနေဖြင့် အလားအလာရှိသော လမ်းကြောင်းဦးတည်ရာ၊ အရေးပါသောဈေးနှုန်းအဆင့်များ စသည်တို့ကို ခွဲခြားသိရှိနိုင်မည်မဟုတ်ပါ။

MT5 တွင်၊ ဆော့ဖ်ဝဲလ်တီထွင်သူများသည် order book အား ပို၍အသုံးဝင်စေရန် စီစဉ်ဖန်တီးခဲ့ကြသည် - 

LiteFinance: Order book ကို မည်သို့ဖတ်ရှုရမည်နည်း။

  • ဒေါင်လိုက်နှင့် အလျားလိုက်ပမာဏများကို ဖြည့်စွက်ခဲ့ပါသည်။ ပေးထားသောဈေးနှုန်း၌ အလျားလိုက်ပမာဏများကို ခွဲခြမ်းစိတ်ဖြာရန် ကုန်သွယ်ရေး DOM ကို အသုံးပြုပါသည်။ ဥပမာအားဖြင့်၊ ဝယ်သူများသည် 1.07355 ဈေးနှုန်းတွင် 0.5 lots ပမာဏကို ဝယ်ယူရန် အသင့်ရှိကြပြီး၊ အကောင်းဆုံး အဝယ်ဈေးဖြစ်သော 1.07349 တွင် 5 lots ပမာဏကို ဝယ်ယူရန် အသင့်ရှိကြသည်။ 0.05 lots ကို ဝယ်ယူရန် pending order တခုလည်း ရှိနေပါသည်။ ပထမနှင့် နောက်ဆုံး အဝယ်ဈေးနှုန်းများကြားမှ ဆယ်ဆနီးပါးခြားနားချက်သည် အကျိုးဆောင်ထံသို့ ပေးပို့သောညွှန်ကြားချက်များအား အကောင်းဆုံးဈေးနှုန်းဖြင့် လျင်မြန်စွာအကောင်အထည်ဖော်ကြောင်း ညွှန်ပြပါသည်။ ထို့ကြောင့် market depth ၏ အလယ်တွင် pending orders များ မရှိသလောက်ပင်ဖြစ်သည်။ အဝယ်ပမာဏ 5 lots ရှိသော ဈေးနှုန်းအဆင့်သည် ခိုင်မာသည့် support တခုဖြစ်နိုင်သည်ဟူ၍လည်း ယူဆ၍ရပါသည်။

  • Bid/Ask ဈေးနှုန်းများပါဝင်သော ဂရပ်ဖစ်ဇယားတခုကို ဖြည့်စွက်ခဲ့ပါသည်။ ၎င်းသည် spread ကို စောင့်ကြည့်ရန် အဆင်ပြေမှုရှိစေပါသည်။

MT5 တွင် အောက်ပါကဲ့သို့ စိတ်ဝင်စားဖွယ်ရာ အင်္ဂါရပ်တခုလည်း ပါဝင်ပါသည် - 

LiteFinance: Order book ကို မည်သို့ဖတ်ရှုရမည်နည်း။

1.5 lots ကို ဝယ်ယူရန် ကြိုတင်သတ်မှတ်ထားသော limit order တခု ရှိနေသည်။ သို့သော် ၎င်းကို ဘယ်ဘက်တွင် မပြသပေ။ အကြောင်းရင်းမှာ ၎င်းသည် ဒီမိုအကောင့်တခု ဖြစ်သောကြောင့်ဖြစ်သည်။ လက်တွေ့အကောင့်တခုတွင် သင်ချမှတ်လိုက်သောအော်ဒါအား စုစုပေါင်းကုန်သွယ်မှုပမာဏသို့ ပေါင်းထည့်မည် ဖြစ်သည်။ 

သင့်အနေဖြင့် ကုန်သွယ်ရေးတွင် order book ၏ ချဲ့ထွင်ထားသောဗားရှင်းများ ဖြစ်ကြသည့် ဖြည့်စွက်အစီအစဉ်များ၊ ညွှန်ပြမှုစနစ်များကိုလည်း အသုံးပြုနိုင်ပါသည်။ ဥပမာများမှာ -

  • OrderBook။ Stop orders အရေအတွက် အများဆုံးရှိသော ကုန်သွယ်ရေး levels များကို အဆုံးအဖြတ်ပေးခြင်း အစရှိသောလုပ်ဆောင်ချက်များဖြင့် အတုအယောင်ရွေ့လျားမှုကို စစ်မှန်သောရွေ့လျားမှုမှ ခွဲခြားပေးပါသည်။ ကော်လံနှစ်ခုပါဝင်ပါသည် - ပထမကော်လံသည် ကြိုတင်သတ်မှတ်ထားသော take profit နှင့် stop loss ကို ပြသပါသည်။ ဒုတိယကော်လံသည် ကုန်သည်၏ လက်ရှိဖွင့်လှစ်ထားသော ကုန်သွယ်မှုများကို ပြသပါသည်။

  • MT4 အတွက် DOM။ Pending orders များနှင့် ဈေးနှုန်းအဆင့်များအကြောင်း အပိုဆောင်းသတင်းအချက်အလက်များကို ပံ့ပိုးပေးပါသည်။ မတည်ငြိမ်မှုမြင့်မားချိန်များနှင့် သတင်းများထုတ်ပြန်ချိန်များတွင် အလုပ်မလုပ်ပါ။

Order book အား depth level ဖြင့် ခွဲခြားမှတ်သားပါသည်။ 10×10 depth ဟူသည်မှာ ၎င်းသည် အကောင်းဆုံး အဝယ်ဈေးဆယ်ခုနှင့် အကောင်းဆုံး အရောင်းဈေးဆယ်ခု- စုစုပေါင်း ဈေးနှုန်းအဆင့် ၂၀ ခန့်ကို ပြသပေးသည်ဟု အဓိပ္ပါယ်ရပါသည်။ သို့သော် မြင့်မားသော liquidity နှင့် မြန်ဆန်သော အော်ဒါအကောင်အထည်ဖော်နှုန်းရှိသည့် deep market တခုတွင် ထိုကဲ့သို့ အသေးစိတ် သတင်းအချက်အလက်ဖော်ပြမှုသည် ထိရောက်မှုမရှိလှပေ။ ပထမမျဉ်းဆယ်ကြောင်း (အဆင့်ဆယ်ခု)တွင် 1 pip အတိအကျကွာခြားသော ဈေးနှုန်းများကို သင်တွေ့မြင်ရလိမ့်မည်။ သင့်ထံတွင် ဈေးနှုန်းများကို ခြေရာခံရန် အချိန်ရှိမည်မဟုတ်ပေ။ စတော့အကျိုးဆောင်များတွင် တဦးချင်း၏ တောင်းဆိုချက်နှင့်အညီ ထပ်မံချဲ့ကားနိုင်သော 20x20 depth ရှိသည့် order books များ ရှိကြသည်။ အောက်ပါ ဇယားကွက်သည် အဝယ်အရောင်းနှစ်ဖက်စလုံးရှိ ဈေးနှုန်းအဆင့် ၂၀ ခန့်ကို ပြသပါသည်။

ကုန်သည်များသည် ဈေးကွက်အခြေအနေအစစ်အမှန်များတွင် Market Depth အချက်အလက်ကို မည်သို့ အသုံးပြုသနည်း။

MT5 ကုန်သွယ်ရေးအကောင့်တခုကို အသုံးပြု၍၊ order book ညွှန်ပြကိရိယာများ၏ လက်‌တွေ့အသုံးဝင်ကို စူးစမ်းဖော်ထုတ်ကြပါစို့။ ဤနေရာတွင် ရွှေ futures များအတွက် ရိုးရှင်းသော်လည်း၊ လုပ်ဆောင်ချက် အပြည့်အစုံ ပါဝင်သော ကိရိယာတခုကို နမူနာအဖြစ် လေ့လာကြည့်ရှုကြပါမည်။

LiteFinance: ကုန်သည်များသည် ဈေးကွက်အခြေအနေအစစ်အမှန်များတွင် Market Depth အချက်အလက်ကို မည်သို့ အသုံးပြုသနည်း။

  1. ၁။ $2,035.47 နှင့် $2,035.24 ကြားမှ ဈေးနှုန်းခြားနားချက်သည် spread ဖြစ်ပါသည်။

    ၂။ လတ်တလောတွင် ကုန်သွယ်ရေးလှုပ်ရှားမှုကင်းမဲ့နေပါသည်။ ဈေးနှုန်းအဆင့်အားလုံးတွင် bids  ရှိမနေပါ။

    ၃။ သင်သည် ဝယ်သူတဦးဖြစ်သည်။ နည်းလမ်းအမျိုးမျိုးကို စဉ်းစားကြည့်ကြရအောင် - 

    • သင်သည် ကာလရှည်အတွက် ရွှေပမာဏ 70 lots ကို ဝယ်ယူလိုသည်။ ထို့ကြောင့် ဈေးနှုန်းသည် သင့်အတွက်အရေးမကြီးပါ။ သင်သည် 25 lots အား $2,035.47 ဈေးနှုန်း၊ အခြား 25 lots အား $2,035.52 ဈေးနှုန်းနှင့် 20 lots အား $2,035.53 ဈေးနှုန်းများ၌ အသီးသီးဝယ်ယူနိုင်သည်။ အခြားဈေးနှုန်းများတွင် ရောင်းချမည့်သူ မရှိပါ။ သင်၏ 70 lots ပမာဏအတွက် စာချုပ်များသည် ဈေးနှုန်းအား $2,035.47 မှ $2,035.5 သို့ ရွေ့လျားသွားစေမည်ဖြစ်သည်။ သင်သည် ရောင်းသူများ၏ pending orders များကို သိမ်းယူလိုက်ပြီး၊ သင်၏ 70 lots ကုန်သွယ်မှုအား မတူညီသောဈေးနှုန်းများ၌ အကောင်အထည်ပေါ်စေမည်ဖြစ်သည်။ ယင်းဖြစ်စဉ်ကို slippage (လွဲချော်ခြင်း) ဟုခေါ်ပါသည် - အားသာမှုအနည်းဆုံး ဈေးနှုန်းဖြင့် အော်ဒါပြီးမြောက်ခြင်းဖြစ်သည်။ အဝယ်အမာဏ 70 lots ရှိသော သင့်အတွက် ဤဈေးကွက်သည် shallow market ဟု ဆိုနိုင်ပါသည် 

    • သင်သည် ရွှေပမာဏ 5 lots ကို ဝယ်ယူလိုသည်။ $2,035.47 ဈေးနှုန်းအမှတ်တွင် သင်၏ တောင်းဆိုမှုအား ချက်ချင်းပင် အကောင်အထည်ဖော်လိုက်သည်။  "25” ဟုပြသနေသော ကိန်းဂဏန်းသည် "20" ဟု ပြောင်းလဲသွားပါမည်။

    • သင်သည် $2,035.49 ဈေးနှုန်းတွင် ရွှေပမာဏ 5 lots ကို ဝယ်ယူလိုသည်။ သင်၏ ကုန်သွယ်မှုပမာဏအား $2,035.47 တွင်ရှိနေသော အော်ဒါမှ အလိုအလျောက် သိမ်းယူလိုက်သည်။ ၎င်းကို “အားသာမှုအရှိဆုံးဈေးနှုန်းတွင်ဝယ်ယူခြင်း”ဟု ခေါ်ပါသည်။

    • သင်သည် အကောင်းဆုံးဈေးနှုန်းဖြစ်သော $2,035.47 ဖြင့် ကျေနပ်မှုမရှိပေ။ ဈေးနှုန်းသည် ထိုအဆင့်အောက် ထပ်မံကျဆင်းကာ၊ ပိုမိုသက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်ရန် သင်မျှော်လင့်ပါသည်။ သင်သည် $2,035.22 တွင် pending limit order တခုကို ချမှတ်လိုက်သည်။ Market depth မျက်နှာပြင်ပေါ်၌ ထိုဈေးနှုန်းအဆင့်အတွက် အော််ဒါများရှိမနေပဲ သင်၏အော်ဒါကို order book တွင် ပထမဆုံးပြသပါမည်။ အကယ်၍ ကုန်သည်များသည် $2,035.24 တွင် 25 lots ကို ရောင်းချပါက၊ သင်၏ကုန်သွယ်မှုအား ၎င်း၏နောက်တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

အချိန်နှင့်တပြေးညီဈေးကွက်အတွင်း အော်ဒါများကို မည်မျှထူထပ်စွာ ချမှတ်ထားသည်၊ ၎င်းတို့၏ အရေအတွက်၊ ရောင်းဈေးနှင့် ဝယ်ဈေးကြား ပျမ်းမျှကွာခြားမှု စသည်တို့ကို ကြည့်ရှုခြင်းဖြင့်၊ သင်သည် liquidity (အရောင်းအဝယ်လွယ်ကူချောမွေ့မှု) နှင့် slippage (လွဲချော်မှု) အတိုင်းအတာများကို လျင်မြန်စွာ အကဲဖြတ်နိုင်မည် ဖြစ်ပါသည်။

အချက်အလက် အသစ်ပြောင်းလဲနှုန်းမြန်ဆန်လွန်းသည့် deep market တခုတွင်၊ order book ပေါ်မှ အရေအတွက်များသည် စက္ကန့်၏အစိတ်အပိုင်းများအတွင်း၌ပင် ပြောင်းလဲနေပါသည်။ အဘယ်ကြောင့်ဆိုသော် pending order တခုသည် ပွိုင့်တခု၏ ဆယ်ပုံတပုံထက်ပင်နည်းပါးသော spread ဖြင့်၊ ၎င်း၏ဆန့်ကျင်ဘက်အော်ဒါကို ချက်ချင်းဆိုသလိုပင် ရှာဖွေတွဲဖက်နိုင်သောကြောင့်ဖြစ်သည်။ ရလာဒ်အနေဖြင့်၊ အချက်အလက်များသည် ထိရောက်မှု ရှိသင့်သမျှ မရှိနိုင်ပေ။ ဤအခြေအနေအတွက် ဖြေရှင်းရန် နည်းလမ်းသုံးမျိုးရှိပါသည် - 

  • Order book ဖြင့် အလုပ်လုပ်ခြင်းအတွက် အထူးဖန်တီးထားသော ရိုဘော့များကို အသုံးပြုပါ။ အဖွဲ့အစည်းဖြင့် ရင်းနှီးမြှုပ်နှံသော ကုန်သည်များသည် ကာလတိုအချိန်အပိုင်းအခြားများတွင် အယ်လ်ဂရစ်သမစ်ဆော့ဖ်ဝဲလ်များနှင့် ဉာဏ်ရည်တုကွန်ယက်များကို အသုံးပြုကြသည်။

  • အကယ်၍ နည်းပညာပိုင်းအရ ဖြစ်နိုင်ပါက၊ order book ၏ depth ကို တိုးမြှင့်ပေးရန် အကျိုးဆောင်အား တောင်းဆိုပါ။

  • (Shallow market) ရှိသည့် ပိုင်ဆိုင်မှုတခုသို့ ပြောင်းလဲ၍ အလုပ်လုပ်ပါ။

သို့မဟုတ်ပါက၊ သတင်းအချက်အလက်ကို တမဟုတ်ချင်းစိစစ်ပိုင်းဖြတ်နိုင်ရန် လေ့လာသင်ယူပါ။

Depth of Market အပေါ် အကျိုးသက်ရောက်သော အကြောင်းအရာများ

Deep market နှင့် shallow market နှစ်မျိုးစလုံးတွင် ၎င်းတို့၏ အားသာချက်များနှင့် အားနည်းချက်များ ကိုယ်စီရှိပါသည်။ ၎င်းသည် သင်၏ ပန်းတိုင်များနှင့် နည်းဗျူဟာအပေါ်တွင် မူတည်ပါသည်။ Deep markets များတွင် liquidity မြင့်မားပါသည်။ ထို့ကြောင့် ကုန်သွယ်မှုများကို အားသာမှုအရှိဆုံးဈေးနှုန်းများဖြင့် မြန်ဆန်စွာ ပြီးမြောက်အောင်မြင်စေပါသည်။ ၎င်းတို့တွင် ကျဉ်းမြောင်းသော spread လည်း ရှိပါသည်။ တချိန်တည်းမှာပင် ၎င်းတို့သည် နှေးကွေးသောဈေးနှုန်းရွေ့လျားမှုကို ပေးစွမ်းပါသည်။ ထို့ကြောင့် အမြတ်အစွန်းရှာရန်နှင့် ကုန်သွယ်မှုဗျူဟာကို အကောင်အထည်ဖော်ဆောင်ရန် အခွင့်အရေးနည်းပါးစေပါသည်။ Shallow market တခုတွင် ကြီးမားသော limit order တခုသည် ဈေးနှုန်းကို သိသိသာသာပြောင်းလဲစေနိုင်ပြီး၊ ထိုအချက်ကြောင့် လမ်းကြောင်းရွေ့လျားမှုအပေါ်မှ အမြတ်အစွန်း ပိုမိုရရှိနိုင်ပါသည်။ သို့သော် အခြားတဖက်မှကြည့်လျှင် spread နှင့် slippage (လွဲချော်မှု) အတိုင်းအတာ ပို၍ကျယ်ပြန့်ပါသည်။

အနာဂါတ်ဗျူဟာတခုကို ဖော်ထုတ်ရာတွင်၊ leverage၊ ကုန်သွယ်ရေးအချိန်နာရီများ၊ ပိုင်ဆိုင်မှု၏ liquidity၊ ဖြစ်နိုင်ခြေရှိသော ကန့်သတ်ချက်များနှင့်၊ စီးပွားရေးအခြေခံအကြောင်းအရာများအပေါ် အာရုံစူးစိုက်သင့် ပါသည်။

Leverage

Leverage သည် market depth အား ကောင်းကျိုး၊ ဆိုးကျိုးနှစ်ရပ်စလုံး သက်ရောက်စေနိုင်ပါသည်။

  • အကယ်၍ ကုန်သည်တဦးသည် မတူညီ‌သောဈေးနှုန်းများ၌ အရောင်းအဝယ်ပြုလုပ်ခြင်းအတွက် leverage ကို အသုံးပြုကာ အော်ဒါအရေအတွက်များနှင့် ၎င်းတို့၏ပမာဏကို တိုးမြှင့်သောအခါ၊ ၎င်းတို့သည် liquidity ကို မြင့်မားစေပါသည်။ အလားတူပင်၊ market depth လည်း တိုးတက်လာပါသည်။ ကုန်သွယ်ရေးနှင့် liquidity အတွက် ကုန်သည်၏ ငွေကြေးအသုံးပြုနိုင်စွမ်းကို အကျိုးဆောင်မှ ထပ်လောင်းထောက်ပံ့ပေးပါသည်။

  • အကယ်၍ ကုန်သည်တဦးသည် ဈေးနှုန်းတခုတည်း၌ ကုန်သွယ်မှုတခု၏ပမာဏကို တိုးမြှင့်ရန် leverage ကို အသုံးပြုပါက၊ ထိုနည်းအားဖြင့် ၎င်းတို့သည် ဝယ်လိုအားနှင့် ရောင်းလိုအားကို မညီမျှမှုဖြစ်စေပါသည်။ ထို့ကြောင့် ဈေးနှုန်းကို အပြောင်းအလဲဖြစ်စေပြီး၊ မတည်ငြိမ်မှုကို မြင့်မားစေပါသည်။ အလားတူပင် market depth ကိုလည်း လျော့ကျစေပါသည်။

အများဆုံး leverage အကန့်အသတ်ကို ပြောင်းလဲခြင်းအားဖြင့်၊ အကျိုးဆောင်တဦးသည် market depth အပေါ်တိုက်ရိုက် လွှမ်းမိုးသက်ရောက်နိုင်ပါသည်။

ကုန်သွယ်ရေးနာရီများ

ဈေးကွက်သည် မတူညီသော အချိန်များတွင်၊ ပိုင်ဆိုင်မှုအမျိုးအစားအပေါ်မူတည်၍ မတူညီသော လှုပ်ရှားမှုအတိုင်းအတာများဖြင့် ကြုံတွေ့ရနိုင်ပါသည်။ ဥပမာအားဖြင့်၊ EURUSD ငွေကြေးအတွဲသည် အမေရိကန်နှင့် ဥရောပကုန်သွယ်ချိန်များတွင် အကြီးဆုံးကုန်သွယ်မှုပမာဏကို ပြသပါသည်။ ဤအချိန်ကာလအတွင်း၊ liquidity အမြင့်မားဆုံးဖြစ်ပြီး market depth အမြင့်မားဆုံး ဖြစ်ပါသည်။ အာရှကုန်သွယ်ရေးအချိန်အပိုင်းအခြားတွင် ပမာဏများ ကျဆင်းလာပြီး၊ ဈေးကွက်၏ depth သည် လည်း လျော့ကျလာသည်။ အခြားဥပမာတခုမှာ အားလပ်ရက်များနှင့် ပိတ်ရက်များမတိုင်မီတွင် market depth ကျဆင်းလေ့ရှိခြင်းဖြစ်သည်။ ယင်းကာလအတွင်း ကုန်သည်အများစုသည် ၎င်းတို့၏ ကုန်သွယ်မှုများကို ငြိမ်သက်စွာထားရှိကြပြီး၊ ကုန်သွယ်ရေးပမာဏများနှင့် ဝယ်သူ၊ ရောင်းသူ အရေအတွက်များ လျော့နည်းလေ့ရှိပါသည်။ 

ပိုင်ဆိုင်မှု၏ Liquidity

ပိုင်ဆိုင်မှု၏ Liquidity ဆိုသည်မှာ ၎င်းကို လက်ရှိပေါက်ဈေးဖြင့် လျင်မြန်စွာရောင်းချနိုင်စွမ်းကို ဆိုလိုပါသည်။ Liquidity ပိုမိုမြင့်မားလေလေ၊ ၎င်း၏ depth ပိုမိုတိုးတက်လာလေလေဖြစ်ပါသည်။ ဥပမာအားဖြင့်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပိုင်ဆိုင်မှုများကို liquidity နိမ့်ပါးသော အမျိုးအစားများအဖြစ် သတ်မှတ်ကြသည်။ ၎င်းတို့၏ ဈေးကွက်အများစုသည် ဝင်ရောက်ခွင့်ပိတ်ပင်ထားကြပြီး၊ လူကိုယ်တိုင်ထိန်းချုပ်မှု‌အောက်တွင်ရှိကာ ဈေးကွက်နှင့်ပတ်သတ်သော သတင်းအချက်အလက်အနည်းငယ်ကိုသာ ရရှိနိုင်ပါသည်။ ထို့ကြောင့် spread များကျယ်ပြန့်ခြင်းနှင့် ကုန်သွယ်မှုပမာဏနည်းပါးခြင်းများကို အကြောင်းပြု၍ ယင်းဈေးကွက်များကို shallow ဟု ယူဆနိုင်ပါသည်။

ဈေးနှုန်းရွေ့လျားမှုအားကန့်သတ်ခြင်း

ဤကိရိယာကို ဥပမာအားဖြင့် futures ကုန်သွယ်ရေးတွင် တွေ့ရှိရပါသည်။ NASDAQ နှင့် NYSE ကဲ့သို့သော စတော့အိတ်ချိန်းများသည် ပိုင်ဆိုင်မှုတခုအတွက် ဈေးနှုန်းရွေ့လျားမှုအကွာအဝေးကို ကြိုတင်သတ်မှတ်ကာ၊ ထိုနည်းအားဖြင့်  ရုတ်တရက်မြန်ဆန်သောဈေးနှုန်းရွေ့လျားမှုများဖြစ်ပေါ်နိုင်ခြေကို ရှင်းလင်းဖယ်ရှားပြီး ဖြစ်စေပါသည်။ ကုန်သည်များသည် ပုံသေသတ်မှတ်ထားသော ဈေးနှုန်းနယ်နိမိတ်တခုအတွင်း pending orders များကို မဖြစ်မနေ ချမှတ်ရသည်။ စာရင်းပေါ်တွင် ဝယ်ရောင်းဈေးနှုန်းကွာမှုနှုန်း နည်းပါးလာပြီး၊ market depth တိုးတက်လာပါသည်။

ကုန်သွယ်မှုဆိုင်ရာကန့်သတ်ချက်များ

ဥပမာအားဖြင့်၊ အမေရိကန်ပြည်ထောင်စုတွင် စည်းကမ်းထိန်းသိမ်းသူများသည် လူတဦးချင်း ကုန်သွယ်မှုပြုနိုင်သော အစုရှယ်ယာနှင့် derivatives အရေအတွက်များအပေါ် ကန့်သတ်ချက်များ သတ်မှတ်ထားနိုင်သည်။ အများ‌ဆုံးကုန်သွယ်မှုပမာဏအပေါ် ကန့်သတ်ထားချက် ထားရှိခြင်းသည် market makers များ၏ ဈေးနှုန်းအပေါ် လွှမ်းမိုးခြယ်လှယ်မှုများကို ရှင်းလင်းဖယ်ရှားပေးကာ၊ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား တဖက်ဖက်တွင် အလွန်အမင်းအလေးသာ၍ ဈေးကွက်မမျှတခြင်း မဖြစ်စေရန် တားဆီးပေးပါသည်။

စီးပွားရေးအခြေခံပိုင်းဆိုင်ရာအကြောင်းအရာများ၊ ကြိုတင်မှန်းဆမရသော ဖြစ်ရပ်များ

ဤ‌အချက်တွင် ဝယ်လိုအား၊ရောင်းလိုအား ချိန်ခွင်လျှာကို အပြောင်းအလဲဖြစ်စေနိုင်သော သတင်းများ သို့မဟုတ် သက်ရောက်မှုပြင်းသော အခြေခံအကြောင်းအရာများ ပါဝင်ပါသည်။ ဥပမာအားဖြင့်၊ ဈေးကွက်တွင် မြင့်မားသော liquidity ရှိသည်။ ဖွင့်လှစ်ထားသော အဝယ်အော်ဒါများစွာရှိနေပြီး၊ ၎င်းတို့နှင့် တွဲဖက်မည့် ဆန့်ကျင်ဘက်အော်ဒါများလည်း ရှိကြသည်။ Spread သည် ကျဉ်းမြောင်း၍ မတည်ငြိမ်မှုနိမ့်ပါးကာ market depth သည် မြင့်မားနေပါသည်။ 

ထို့နောက် အစုရှယ်ယာ၊ ငွေကြေးနှင့် အခြားပိုင်ဆိုင်မှုများတွင် အဝယ် သို့မဟုတ် အရောင်းလုပ်ဆောင်ချက်များကို ရုတ်တရက်တိုးတက်သွားစေသော သတင်းအချို့ထွက်ပေါ်လာသည်။ ဈေးကွက်အတွင်း ဟန်ချက်မညီမျှမှုဖြစ်ပေါ်လာပြီး၊ ဈေးကွက်သည် ၎င်း၏ depth ကို ဆုံးရှုံးသွားပါသည်။ ဆိုလိုသည်မှာ ၎င်းသည် ဈေးနှုန်းကို သိသိသာသာအပြောင်းအလဲမဖြစ်စေပဲ ကြီးမားသော ကုန်သွယ်မှုပမာဏများကို အကောင်အထည်ဖော်ပြီးမြောက်စေနိုင်စွမ်း မရှိပေ။ Liquidity ကျဆင်းကာ၊ ကော်မရှင်နှင့် မတည်ငြိမ်မှုနှုန်း တိုးမြင့်လာသည်။ ဈေးနှုန်း အပြောင်းအလဲတခုနှင့်အတူ market depth ရုတ်တရက်ကျဆင်းခြင်း၏ ဥပမာတခုမှာ short squeeze ဖြစ်စဉ်ဖြစ်ပါသည်။

အခြားတဖက်တွင် စီးပွားရေးအခြေခံပိုင်းဆိုင်ရာအကြောင်းအရာများသည် market depth ကို မြှင့်တင်နိုင်ပါသည်။ ဥပမာအားဖြင့် SEC သည် BTC အပေါ် လက်ငင်း ETFs များ ထုတ်ဝေခြင်းကို ခွင့်ပြုခဲ့ပြီးနောက် ခရစ်ပတိုငွေကြေးများဆီသို့ ရင်းနှီးမြှုပ်နှံသူတို့၏ ငွေများ ပိုမိုစီးဝင်လာခဲ့ကာ၊ ထိုသို့ဖြင့် ၎င်းတို့၏ liquidity နှင့် depth လည်း တိုးတက်လာခဲ့သည်။

ဘောနပ်စ်
50%
LiteFinance မှ အပ်ငွေဘောနပ်စ်

blog

ပရိုမိုကုဒ်

Depth of Market အား မည်သို့ဖတ်ရှုရမည်နည်း။

ကုန်သည်များသည် အောက်ပါတို့ကို အာရုံစူးစိုက်ရပါမည် - 

  • Spread - ပိုမိုသေးငယ်လေ၊ ပိုကောင်းလေဖြစ်သည်။ ၎င်းသည် အိတ်ချိန်းပေါ်တွင် liquidity အမြင့်ဆုံးအချိန်အတွင်း ကုန်သွယ်မှုပြုလုပ်နိုင်ရန်  အခွင့်အရေးပေးပါသည်။  Spread ကျယ်ပြန့်လာသောအခါ၊ ဈေးကွက်မှ ထွက်ခွာပါ။

  • အရွယ်အစား - အကယ်၍သင်သည် pending orders 10 lots ပမာဏကို ချမှတ်ရန် ပြင်ဆင်နေပါက၊ ဆန့်ကျင်ဘက် အော်ဒါများ၏ အရွယ်အစားသည် သင့်အတွက် အခြေခံအရေးအကြီးဆုံးဖြစ်ပါသည်။ အကယ်၍ ၎င်းသည် 0.1-1 lot ဖြစ်လျှင်၊ သင်၏ ကုန်သွယ်မှုသည် ဈေးနှုန်းအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး၊ သင်၏ အော်ဒါအများစုကို အားသာမှုအနည်းဆုံးဈေးဖြင့် အကောင်အထည်ဖော်ရပါလိမ့်မည်။

  • ပမာ‌ဏကြီးမားသော တောင်းဆိုမှုများ ပေါ်ပေါက်လာခြင်း။ အရင်းအနှီးကြီးမားသော ပါဝင်သူများ သို့မဟုတ် ပါဝင်သူအများစုထံမှ ဈေးနှုန်းအပေါ် ဖိအားပေးမှုများကို ရှာဖွေတွေ့ရှိနိုင်ပါသည်။

  • ထိပ်ဆုံးနှင့် အောက်ဆုံး ပမာဏအချိုး။ ရောင်းသူနှင့် ဝယ်သူများ၏ အလေးသာမှုကို ပြသပါသည်။ အကယ်၍ အဝယ်တောင်းဆိုမှုများ ပိုများပါက၊ အတက်လမ်းကြောင်းတခု ထွက်ပေါ်လာနိုင်ပါသည်။

  • အချို့သော ‌ဈေးနှုန်းအဆင့်များ၌ အော်ဒါများ စုပုံနေခြင်း။ ၎င်းတို့သည် အရေးပါသည့် levels များ ဖြစ်ပါသည်။ ဥပမာအားဖြင့်၊ အဝေးဆုံး ဈေးနှုန်းတွင် ဝယ်သူများသည် ၎င်းတို့၏ အော်ဒါများကို စုစည်းထားသည်။ ရောင်းသူများသည် ဈေးနှုန်းအား ထိုအဆင့်ထိ ဆွဲချလိုက်သည်နှင့် တပြိုင်နက်၊ရှိနှင့်သော အဝယ်အော်ဒါများက ၎င်းတို့၏ အရောင်းပမာဏများကို ဝါးမြိုလိုက်မည်ဖြစ်ပြီး ဈေးနှုန်းသည် ဆက်လက်ကျဆင်းခြင်းမရှိပဲ အကျလမ်းကြောင်းကို ရပ်တန့်စေမည်ဖြစ်သည်။

Order book သည် leverage ကို ထည့်သွင်းစဉ်းစားမှုမပြုသည်ကို ကျေးဇူးပြု၍ သတိပြုမှတ်သားပါ။ ဖော်ပြထားသော ပမာဏများတွင် leverage ပါဝင်ပြီး ဖြစ်နေနိုင်ပါသည်။ 

ပလပ်ဖောင်းတခုစီတွင်၊ ထိုကဲ့သို့ အလားတူကိရိယာ ရှိသည်ဖြစ်ရာ ဖွင့်လှစ်အသုံးပြုနိုင်သော အပိုဆောင်းလုပ်ဆောင်ချက်များကို ဆန်းစစ်ရန်အတွက် သုံးစွဲသူအကူအညီပေးမှုဌာနသို့ တုံ့ဆိုင်းခြင်းမရှိပဲ ဆက်သွယ်မေးမြန်းပါ။

Order book ဈေးကွက်ခြယ်လှယ်ခြင်း

Order book နှင့် market depth သည် ဈေးကွက်ကို လက်ဝါးကြီးအုပ်ခြယ်လှယ်လိုသူများအတွက် အထောက်အကူတခု ဖြစ်လာနိုင်ပါသည်။ အချိန်နှင့်တပြေးညီ ဈေးနှုန်းများကို ခြယ်လှယ်ရန် နည်းလမ်းတခုမှာ spoofing (အယောင်ပြခြင်း) ဖြစ်သည်။ ၎င်းတွင် ကြီးမားသော အရောင်းအဝယ်တောင်းဆိုမှုများကို လျင်မြန်စွာ နေရာချ၍ တခနချင်းပြန်လည်ပယ်ဖျက်ကာ လှုပ်ရှားမှုအတုအယောင်ဖြင့် ဈေးကွက်နှုန်းထားများကို ပြောင်းလဲစေခြင်း ပါဝင်ပါသည်။

Spoofing သည် ဤကဲ့သို့ အလုပ်လုပ်ပါသည်။ ဥပမာအားဖြင့် စတော့တခု၏ လက်ရှိဈေးကွက်နှုန်းထားမှာ $110.80 ဖြစ်သည်။ သင်သည် ဈေးကွက်ခြယ်လှယ်လိုသူဖြစ်ပြီး၊ $110.20 ဈေးနှုန်းတွင် စတော့ပမာဏ 10 lots ကို ဝယ်ယူလိုကာ၊ ပွိုင့်များစွာ ပိုမိုကြီးမြင့်သောဈေးဖြင့် ပြန်လည် ရောင်းချလိုသည်။ အစဉ်အလာအားဖြင့်၊ spoofing သည် အောက်ပါအတိုင်း လုပ်ဆောင်ပါသည် - 

  • သင်သည် $110.65 တွင် အရောင်းအော်ဒါ 50 lots နှင့် $110.40 တွင် 80 lots၊ $110.25 တွင် 110 lots ကို ချမှတ်လိုက်သည်။ အမှန်စင်စစ်တွင်၊ သင်သည် 10 lots ကိုသာ ဝယ်ယူရန် အသင့်ရှိသည်။ သို့သော် သင်သည် သင်၏ အကျိုးဆောင်အား 240 lots အရောင်းကုန်သွယ်မှုများကို ဖွင့်ပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့သည်။ ရည်ရွယ်ချက်မှာ အရောင်းဘက်တွင် အလေးသာမှုကို ဖန်တီးရန်ဖြစ်သည်။

  • ကြီးမားသော အရောင်းကုန်သွယ်မှုအရေအတွက်များ ထွက်ပေါ်လာခြင်းသည် ဈေးကွက်ပါဝင်သူများ အား ပေါ်ထွက်လာသော လမ်းကြောင်းအသစ်တွင် အရောင်းအော်ဒါများချမှတ်ရန် ဖိအားပေးပါသည်။ အခြားရောင်းချသူများ၏ တွန်းအားပေးမှုအောက်တွင် ဈေးနှုန်းသည် $110.20 သို့ ကျဆင်းလာခဲ့သည်။ ဈေးကွက်အတွင်း လုံလောက်သည့် အဝယ်ပမာဏမရှိသောကြောင့် သင်၏အရောင်းအော်ဒါများမှာ အထမမြောက်ပါ။ $110.20 သို့ ဈေးနှုန်းရောက်ရှိနေစဉ်၊ $110.65၊ $110.40 နှင့် $110.25 တို့တွင် မည်သူကမှ ဝယ်ယူခြင်း မပြုကြပါ။

  • $110.20 ဈေးနှုန်းသို့ရောက်ရှိချိန်တွင်၊ 10 lots ဝယ်ယူရန်အတွက် သင်၏တောင်းဆိုမှုများ စတင်အသက်ဝင်ပါသည်။ ၎င်းကို အကောင်အထည်ဖော်နေစဉ်၊ မပြီးမြောက်သေးသော အရောင်းအော်ဒါများကို ချက်ချင်းပင် ပယ်ဖျက်လိုက်ပါသည်။

၎င်းတို့ကို ပယ်ဖျက်ခဲ့ပြီးနောက်၊ ဈေးကွက်အတွင်း ကြီးမားသော အရောင်းပမာဏများ ပျောက်ကွယ်သွားပါသည်။ ထို့နောက် အလားတူနည်းလမ်းဖြင့်၊ အဝယ်အော်ဒါများကို ဖန်တီးပါသည်။ ဈေးနှုန်းသည် အထက်သို့ တိုးတက်သွားပြီး၊ သင်ဝယ်ယူထားသည့် 10 lots ကို ပိုမြင့်သော ဈေးနှုန်းဖြင့် ရောင်းချလိုက်နိုင်သည်။ ဤအစီအစဉ်မျိုးကို စတော့ဈေးကွက်အတွင်း မကြာခဏ အသုံးပြုကြလေ့ ရှိပါသည်။

လုပ်ငန်းစဉ်အစအဆုံးကို ၁ စက္ကန့်ထက်ပင် တိုတောင်းသောအချိန်အတွင်း အယ်လ်ဂရစ်သမစ်စနစ်များဖြင့်သာ အထူးသီးသန့် ဆောင်ရွက်ပါသည်။ Spoofer (အယောင်ပြသူ) ၏ တွက်ချက်မှုမှာ ၎င်း၏ limit orders များကြောင့် အခြားရိုဘော့များမှ မှန်ကန်သောဦးတည်ရာတွင် ကုန်သွယ်မှုပမာဏများပြောင်းလဲခြင်းဟု ထင်မြင်သွားစေရန်ဖြစ်သည်။ ဈေးနှုန်းသည်  Spoofer (အယောင်ပြသူ)၏ အော်ဒါများကြောင့် မရွေ့လျားနိုင်သော်လည်း၊ order book အတွင်း ၎င်းတို့၏ ပေါ်ပေါက်လာမှုကြောင့် ဈေးကွက်အလေးသာမှုပြောင်းလဲသွားပြီး၊ ဈေးနှုန်းများ ရွေ့လျားပြောင်းလဲခြင်းကို ဖြစ်ပေါ်စေပါသည်။

အမေရိကန်တွင် spoofing (အယောင်ပြခြင်း) အား ပြစ်မှုနှင့် တရားမကြောင်းအရ ပေးလျော်ရန် ဝတ္တရားတခုအဖြစ်  ပြဌာန်းထားပါသည်။ ယင်းစုံစမ်းစစ်ဆေးမှုများတွင် အကျော်ကြားဆုံးပါဝင်သူများသည် IIgor Oystacher၊ Michael Coscia၊ Heet Khara နှင့် Nasim Salim တို့ဖြစ်သည်။ အခြားနိုင်ငံများတွင် spoofing (အယောင်ပြခြင်း) ပြဿနာကို ယခုမှ စတင်ဖြေရှင်းနေဆဲဖြစ်သည်။ သီအိုရီအရ spoofing (အယောင်ပြခြင်း) သည် တမင်ရည်ရွယ်ကာ စျေးနှုန်းခြယ်လှယ်ခြင်းဖြစ်သည်။ သို့သော်၊ ကြိမ်နှုန်းမြင့် ကုန်သွယ်မှုတွင် အမှန်တကယ်အကောင်အထည်ဖော်ရန်ရည်ရွယ်ချက်မရှိပဲ၊ စျေးနှုန်းခြယ်လှယ် ရန် ရည်ရွယ်ချက်ဖြင့် အော်ဒါတခုကိုချမှတ်ထားကြောင်း  သက်သေပြရန်မှာ စိန်ခေါ်မှုဖြစ်နိုင်ပါသည်။

Depth of Market (DOM) အတွက် ပလပ်ဖောင်းများ

ဤအပိုင်းတွင် ကျွန်ုပ်သည် cTrader ပလပ်ဖောင်း၏ order book ကို အနီးကပ်သုံးသပ်လေ့လာသွားပါမည်။ MT4/MT5 သည် စတင်လေ့လာသူများအတွက် အကောင်းဆုံး ကုန်သွယ်ရေးပလပ်ဖောင်းများ ဖြစ်ကြပြီး၊ ၎င်းတို့၏ order book များသည် အပိုလုပ်ဆောင်ချက် နည်းပါးပါသည်။ cTrader သည် အဆင့်မြင့်ပလပ်ဖောင်းတခုဖြစ်ပြီး၊ အဆင့်မြင့်ကိရိယာအစုံအလင် ပါဝင်ပါသည်။

cTrader order book အချက်အလက်အား ဝင်းဒိုးသုံးခုတွင် ပြသပါသည် - 

၁။ ပုံမှန်ပြသမှုဝင်းဒိုး။

LiteFinance: Depth of Market (DOM) အတွက် ပလပ်ဖောင်းများ

၎င်းတွင် အစိတ်အပိုင်းနှစ်ခု ပါဝင်ပါသည် - အရောင်းနှင့် အဝယ်အော်ဒါများ ဖြစ်ပါသည်။ ၎င်းသည် ထိုဈေးနှုန်း၌ ဝယ်ယူခြင်းနှင့် ရောင်းချခြင်း ပြုလုပ်နိုင်သော liquidity ပမာဏကို ပြသပါသည်။ standard DoM သည် လက်ရှိ order book ကို ပြသပေးပါသည်။ သို့သော် ထိုနေရာမှတဆင့် ကုန်သွယ်မှုဖွင့်ခြင်းကို ခွင့်မပြုပါ။

၂။ ဈေးနှုန်းပြသမှုဝင်းဒိုး။

LiteFinance: Depth of Market (DOM) အတွက် ပလပ်ဖောင်းများ

၎င်းသည် ကြိမ်နှုန်းမြင့်ကုန်သွယ်ရေးအတွက် အဆင်ပြေမှုရှိသော အထောက်အကူတခု ဖြစ်ပါသည်။ ပထမဦးစွာ၊ သင်သည် ထိုနေရာမှတဆင့် limit နှင့် stop orders များ ပြုလုပ်နိုင်ပါသည်။ ဒုတိယအနေဖြင့်၊ ၎င်းသည် ဈေးနှုန်းအသေးစိတ်ကို ပြသပါသည်။ အရောင်းပမာဏများကို ဘယ်ဘက်တွင်ဖော်ပြပြီး၊ အဝယ်ပမာဏများကို ဈေးနှုန်း၏ ညာဘက်တွင် ဖော်ပြကာ၊ ၎င်းတို့အပေါ် ကာဆာမြှားကိုချလိုက်သည်နှင့် လိမ္မော်နှင့် အစိမ်းရောင်များဖြင့် အသီးသီး ပြသပေးပါသည်။ လက်ရှိ Bid နှင့် Ask prices များကိုသာလျှင် အပြည့်အဝ ပြသထားပါသည်။ ကျန်ဈေးနှုန်များကို ဒဿမနောက်မှ နောက်ဆုံးဂဏန်းများဖြင့် ကိုယ်စားပြု ဖော်ပြပါသည်။ 

၃။ အဓိကတွက်ချက်သောပျမ်းမျှဈေးနှုန်းဖော်ပြမှုဝင်းဒိုး။

LiteFinance: Depth of Market (DOM) အတွက် ပလပ်ဖောင်းများ

ကြီးမားသော ကုန်သွယ်မှုပမာဏများကို ပြုလုပ်၍ ရောင်းချသောပမာဏအတွက် ပျမ်းမျှဈေးနှုန်းကို ပြသရာတွင် ၎င်းကို အသုံးပြုပါသည်။ အကယ်၍ သင်သည် 100+ ပမာဏဖြင့် အလုပ်လုပ်သောအခါ၊ 50 lots အောက်လျော့နည်းသော ပမာဏများရှိသည့် ဈေးနှုန်းတွင် limit order တခု သတ်မှတ်ခြင်းသည် နှုန်းထားများအပေါ် သက်ရောက်စေမည်ဖြစ်သည်။ တန်ဖိုးများကို အချိန်နှင့် တပြေးညီ ပြသပါသည်။

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

အနှစ်ချုပ်

အိတ်ချိန်းပေါ်တွင် Order book သည် ကောင်းမွန်သောကုန်သွယ်ရေးဗျူဟာတခု ဖော်ထုတ်ရန်နှင့် ဈေးကွက်အခြေအနေကိုခွဲခြမ်းစိတ်ဖြာရန်အတွက် အကူအညီပေးသော နည်းပညာတခု ဖြစ်ပါသည်။

  • ဈေးကွက်၏ liquidity ကို အကဲဖြတ်ပေးကာ၊ ၎င်း၏ liquidity နှင့် spread level ကို အဆုံးအဖြတ်ပေးသည်။ အကယ်၍ သင်သည် ပိုင်ဆိုင်မှုတခုကို ဝယ်ယူ သို့မဟုတ် ရောင်းချလိုပါက လုံလောက်သော ဆန့်ကျင်ဘက်အော်ဒါပမာဏရှိကြောင်း သေချာမှုရှိပါစေ။

  • ခိုင်မာသော resistance နှင့် support levels များ ဖြစ်လာနိုင်သည့် ဈေးတန်းများကို ရှာဖွေပေးသည်။

  • အော်ဒါစီးဆင်းမှုအတွင်းမှ ပမာဏများဖြင့် အဝယ်နှင့် အရောင်းအော်ဒါများ၏ လွှမ်းမိုးသာလွန်မှုကို ပြသပေးပါသည်။

ဤနည်းပညာတွင် ၎င်း၏ အားသာချက်နှင့် အားနည်းချက်များရှိပါသည်။ အိတ်ချိန်းပေါ်ရှိ ၎င်း၏အချက်အလက်များကို ကုန်သွယ်မှုစနစ်များစွာအတွင်း စစ်ထုတ်မှုကိရိယာအဖြစ်နှင့် စျေးကွက် အခြေအနေ ပဏာမခွဲခြမ်းစိတ်ဖြာမှုအတွက် အရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုပါသည်။ scalping၊ swing trading နှင့် intraday ဗျူဟာများအတွက် တိုတောင်းသောအချိန်အပိုင်းအခြားများတွင် ၎င်းကို အသုံးပြုခြင်းသည် အဓိပ္ပါယ်ရှိပါသည်။ ဤကိရိယာတွင် အားနည်းချက်များလည်း ရှိပါသည် - ကွယ်ဝှက်ထားသော တောင်းဆိုမှုအတုများ၊ market markets များ၏ ပမာဏခြယ်လှယ်ခြင်း၊ limit orders များကိုသာပြသခြင်း။ ထို့ကြောင့် order book အား ဈေးနှုန်းခန့်မှန်းချက်ပြုလုပ်ရန် အခြားကိရိယာများဖြင့် တွဲဖက်အသုံးပြုသင့်သည်။ ဥပမာပေးရလျှင် နည်းပညာဆိုင်ရာ indicators များနှင့် vertical volumes (ဈေးတန်းအသီးသီးရှိကုန်သွယ်မှုပမာဏ) များကိုပြသသော ဟစ်စတိုဂရမ်တခု စသည်တို့ ဖြစ်သည်။

Market Depth နှင့် စပ်လျဉ်းသော အမေး၊ အဖြေများ

DOM သည် အဝယ်နှင့် အရောင်းအတွက် limit pending orders များကို ဖော်ပြထားသော စာရင်းတခု ဖြစ်ပါသည်။ ၎င်းသည် ဈေးနှုန်းများနှင့် ပမာဏများ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ liquidity၊ အလားအလာရှိသော ရောင်းလိုအားနှင့် ဝယ်လိုအားဇုန်များ၊ spread တို့ကို ပြသပါသည်။

လက်ရှိဈေးနှုန်း၏အောက်တွင်ဝယ်ယူရန် သို့မဟုတ် လက်ရှိဈေးနှုန်း၏အထက်တွင် ရောင်းချရန် limit order တခုအား ပမာဏနှင့်တကွ order book တွင် ချမှတ်ပါသည်။ အကယ်၍ ဆန့်ကျင်ဘက်ပမာဏတခုရှိလျှင် ကုန်သွယ်မှုအထမြောက်ပြီး၊ အော်ဒါသည် စာရင်းမှ ပျောက်ကွယ် သွားပါသည်။

ပလပ်‌ဖောင်းအားလုံးနီးပါးတွင် Order books နှင့် market depth တို့ ပါဝင်ပါသည်။ ခင်းကျင်းပြသသော သတင်းအချက်အလက်၏ ပြည့်စုံမှုနှင့် လုပ်ဆောင်ချက်သာလျှင် ကွဲပြားကြပါသည်။ ဥပမာအားဖြင့်၊ MT5 တွင် order book မှတဆင့် ကလစ်တချက်နှိပ်ယုံဖြင့် အော်ဒါများချမှတ်နိုင်ပြီး၊ ပမာဏများကိုလည်း ထည့်သွင်းပြသပေးပါသည်။ cTrader ပလပ်ဖောင်း၏ order book ကိုလည်း အသုံးအဝင်ဆုံးနှင့် လုပ်ဆောင်ချက်အစုံလင်ဆုံး order book များမှတခုအဖြစ် ယူဆကြပါသည်။

ကုန်သွယ်မှုများ၏ ပမာဏနှင့် ကြိမ်နှုန်း - အရောင်းအဝယ်လုပ်ငန်းစဉ်များ ပိုများ၍၊ ၎င်းတို့၏ အကြိမ်ရေပိုစိတ်လေလေ၊ market depth မြင့်မားလေလေဖြစ်သည်။ ပမာဏ - ပါဝင်သူပိုများလေ၊ market depth ပိုမြင့်လေဖြစ်သည်။ မတည်ငြိမ်မှုအတိုင်းအတာ - မတည်ငြိမ်မှုမြင့်မားလေလေ၊ market depth ပို၍တိုးတက်လေလေဖြစ်သည်။ ပါဝင်သူများ - အရင်းအနှီးကြီးမားသော ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၏ ပါဝင်မှုသည် market depth ကို ပို၍ မြင့်မားစေပါသည်။

သင်၏ဗျူဟာနှင့် ပန်းတိုင်များအပေါ် မူတည်ပါသည်။ တဖက်မှကြည့်လျှင်၊ ပို၍မြင့်မားသော market depth သည် ပါဝင်သူအရေအတွက်များပြားခြင်း၊ liquidity မြင့်မားခြင်းနှင့် ပိုမိုကျဉ်းမြောင်းသော spread ကို ညွှန်ပြပါသည်။ အခြားတဖက်မှကြည့်လျှင်၊ market depth တခုတွင်၊ ကြီးမားသော ဆန့်ကျင်ဘက်အော်ဒါအမြောက်အမြား‌ကြောင့် ကုန်သွယ်မှုများသည် ဈေးနှုန်းအပေါ် မြင်သာသောသက်ရောက်မှုကို မဖြစ်စေနိုင်ပေ။ ထို့ကြောင့် ဈေးနှုန်းပိုမိုတည်ငြိမ်ပြီး၊ ဈေးနှုန်းရွေ့လျားမှု အတက်၊အကျများ၏ အကွာအဝေးလည်း ကျဉ်းမြောင်းပါသည်။

Order Book - သဘောတရား၊ လုပ်ဆောင်ချက် စည်းမျဉ်းများ နှင့် Depth of Market (DoM)

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat