စတင်ကုန်သွယ်သူ ကုန်သည်များသည် လက်ရှိဈေးကွက်ပေါက်စျေး မှာ အရောင်းအဝယ်ပြုလုပ်ရန် သင့်တော်မှုရှိ မရှိကို အများအားဖြင့် မစဉ်းစားကြပါ။ ဤအချက်သည် ဆုံးရှုံးနိုင်ချေ အန္တရာယ်များ တိုးမြင့်စေနိုင်ပြီး ရရှိရမည့်အမြတ်အစွန်းကို နည်းပါးစေပါသည်။ ထို့ကြောင့် အတွေ့အကြုံရှိ ကုန်သည်များသည် ကြိုတင်သတ်မှတ်ထားသော အော်ဒါများ - pending orders များကို အသုံးပြုကြသည်။ ဤဆောင်းပါးတွင် ကျွန်ုပ်အနေဖြင့် အဆိုပါအော်ဒါများအကြောင်း အသေးစိတ် ရှင်းပြပေးပါမည်။ ကျွန်ုပ်တို့ အနေဖြင့် အရောင်းအဝယ်အော်ဒါ များ၏ မတူညီသော အမျိုးအစား အင်္ဂါရပ်များနှင့် ၎င်းတို့ကို မည်သည့် အချိန်တွင် အသုံးပြုသင့်သည်ကို ပိုင်းခြားလေ့လာမည်ဖြစ်သည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- အဓိက ထုတ်နုတ်ချက်များ
- အရောင်းအဝယ်အော်ဒါ အမျိုးအစားများ
- ဈေးကွက်အော်ဒါများ
- ကြိုတင်သတ်မှတ်သော အော်ဒါ – Pending Orders
- Stop orders
- အော်ဒါအကောင်အထည်ဖော်ခြင်း ၏ အသေးစိတ်အချက်များ
- MT4 / MT5 တွင် Stop နှင့် Limit Orders များကို ထားရှိနည်း
- အော်ဒါအမျိုးအစားတစ်ခုစီကို မည်သည့်အချိန်မှာအသုံးပြုရမလဲ- အသုံးပြုပုံနည်းလမ်းများ
- နိဂုံးချုပ်
- အမေးများသော မေးခွန်းများ
အဓိက ထုတ်နုတ်ချက်များ
- Buy နှင့် Sell market orders များကို လက်ရှိဈေးကွက်ပေါက်ဈေးဖြင့် ချက်ချင်း ဖော်ဆောင်ပေးပါသည်။
- Limit orders များသည် ကုန်သည်များအား စျေးနှုန်းသတ်မှတ်ထားသောအဆင့် (Buy Limit) သို့ ကျဆင်းသွားသောအခါတွင် အဝယ် ဖွင့်ရန် သို့မဟုတ် စျေးနှုန်းသတ်မှတ်ထားသောအဆင့် (Sell Limit) သို့ တက်သွားသောအခါတွင် အရောင်းဖွင့်ရန် ခွင့်ပြုပေးသည်။
- စျေးနှုန်းသည် ကြိုတင်သတ်မှတ်ထားသော အဆင့်ကို ချိုးဖောက်သောအခါတွင် stop orders များ စတင်အသက်ဝင်သည်။ ထို့အပြင်၊ ဤ အော်ဒါများသည် trend trading (Buy Stop၊ Sell Stop) အတွက် သင့်လျော်ပါသည်။
- Stop Loss order ကို ဆုံးရှုံးမှုအား လျှော့ချရန် အသုံးပြုနိုင်ပြီး အပြန်အလှန်အားဖြင့် စျေးနှုန်းသည် သတ်မှတ်ထားသော အဆင့်သို့ ရောက်သည့်အခါ အမြတ်အစွန်းများကို ကန့်သတ်ရန် Take Profit order အား အသုံးပြုနိုင်ပါသည်။
- Sell Market Order ကို လက်ရှိပေါက်ဈေးဖြင့် ချက်ချင်းရောင်းချရန် အသုံးပြုပါသည်။
- Sell Limit order (Limit order price) ကို လက်ရှိဈေးကွက်ပေါက်ဈေး အထက် ၌ သတ်မှတ်ပြီး ဈေးနှုန်း ပြန်လည်ဆွဲတင်သည့် အခြေအနေတွင် အကောင်အထည်ပေါ်သည်။
- Trailing stop သည် ဈေးကွက်ပေါက်ဈေး နှင့် သတ်မှတ်ထားသောအကွာအဝေးတစ်ခုဖြင့် အလိုအလျောက် လိုက်ပါရွေ့လျားသည့် stop order အမျိုးအစား တစ်ခုဖြစ်ပြီး pips ဖြင့်တိုင်းတာသည်။
- အရောင်းအဝယ်ပြုလုပ်ရန် မှန်ကန်သော အော်ဒါအမျိုးအစားကို ရွေးချယ်ခြင်းသည် သင့်အား ဆုံးရှုံးနိုင်ချေအန္တရာယ်ကို စီမံခန့်ခွဲနိုင်ပြီး သင့်တော်သောစျေးနှုန်းဖြင့် စျေးကွက်ထဲသို့ ဝင်ရောက်ရန် ကူညီပေးပါသည်။
- အော်ဒါ အမျိုးအစားအားလုံးကို MetaTrader တာမင်နယ်များတွင်ရရှိနိုင်ပြီး အလွယ်တကူစိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။
အရောင်းအဝယ်အော်ဒါ အမျိုးအစားများ
စတော့ရှယ်ယာ ရောင်းဝယ်ရေး၌ စတင်ကုန်သွယ်နေသူများအတွက် စတော့အိတ်စ်ချိန်းရှိ အရောင်းအဝယ် အော်ဒါများကြောင်း ဦးစွာရှင်းပြပေးပါမည်။ အဆိုပါအကြောင်းအရာများ ထပ်မံမတင်ပြမှီ ၎င်းကို နားလည်ထားရန် အရေးကြီးပါသည်။ စျေးကွက်တစ်ခု၏ limit သို့မဟုတ် stop order ဆိုသည်မှာ ကုန်သွယ်ရေးအတွဲတစ်ခုအား ဝယ်ရန် သို့မဟုတ် ရောင်းချရန် ညွှန်ကြားချက်တစ်ခုဖြစ်သည်။
စတော့ရှယ်ယာ ရောင်းဝယ်ရေးတွင် အော်ဒါအမျိုးအစားများစွာရှိပါသည်။
အော်ဒါအမျိုးအစား | ဖော်ပြချက် |
ဈေးကွက် | လက်ရှိပေါက်ဈေးဖြင့် အရောင်းအ၀ယ်ဖွင့်ရန် အော်ဒါများ။ (ဝယ်ဈေးနှင့် ရောင်းဈေး) |
Limit နှင့် Stop-Limit | ကြိုတင်သတ်မှတ်ထားသော အခြေအနေများနှင့် ကိုက်ညီခြင်း။ ဥပမာအားဖြင့်၊ အရောင်းအဝယ် လုပ်လိုသော အမျိုးအစားသည် သတ်မှတ် ထားသော စျေးနှုန်းသို့ရောက်ရှိသောအခါ အဝယ် ဖြစ်ပေါ်မည် ဖြစ်သည် (Buy limit, Sell limit, Buy stop, Sell stop, Stop limit) |
Stop | အရောင်းအဝယ်ပြုလုပ်ထားသော ကုန်သွယ်ရေး အမျိုးအစားသည် သတ်မှတ်ထားသော စျေးနှုန်းသို့ ရောက်ရှိသည့်အခါ အရောင်းအဝယ်ပိတ်သွားမည် ဖြစ်သည်။ (Stop loss, Take profit, Trailing stop) |
လက်ရှိပေါက်ဈေးဖြင့် အရောင်းအဝယ် တစ်ခုချက်ချင်း ဖွင့်ရန်အတွက် စျေးကွက်အော်ဒါများကို အသုံးပြုသည်။ ၎င်းတို့ကို မြန်နှုန်းမြင့် ရောင်းဝယ်ရေးတွင်လည်း အသုံးပြုလေ့ရှိသည်။ Sell limit သို့မဟုတ် Stop limit ကဲ့သို့သော ကြိုတင်သတ်မှတ်ထားသည့်အော်ဒါများသည် အတွေ့အကြုံများသော ကုန်သည်များ အတွက်ဖြစ်သည်။ ထိုသို့သော အော်ဒါများသည် သင့်အား ကွန်ပြူတာ နောက်ကွယ်တွင် တစ်ချိန်လုံးရှိနေရန် မလိုအပ်ဘဲ အသင့်တော်ဆုံးစျေးနှုန်းများဖြင့် စျေးကွက်အတွင်းသို့ ဝင်ရောက်နိုင်စေပါသည်။
အထက်ဖော်ပြပါ ဇယားတွင် ကြိုတင်သတ်မှတ်သောအော်ဒါ - pending orders များအတွက် ဖြစ်နိုင်သည့် ဖြစ်နိုင်ခြေအားလုံးကို ပြသထားပြီး ၎င်းတို့ကို မည်ကဲ့သို့ အသုံးပြုကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ အောက်တွင် အမျိုးအစား တစ်ခုစီအကြောင်း ထပ်မံရှင်းပြမည်ဖြစ်သည်။
နောက်ဆုံးအနေဖြင့် ကျွန်ုပ်တို့သည် stop orders များကို လေ့လာကြည့်ရှုရပါမည်။
- စျေးနှုန်းသည် ကုန်သည်ပြုလုပ်ထားသည့် အရောင်းအဝယ်နှင့် ဆန့်ကျင်ဘက်သို့ ရွေ့သွားပါက ဆုံးရှုံးမှုကို ကန့်သတ်ရန် Stop loss (SL သို့မဟုတ် Stop ဟုခေါ်သည်) ကို သတ်မှတ်သည်။
- Take profit (TP သို့မဟုတ် Take) သည် ကုန်သည်၏ သတ်မှတ်ထားသော ရည်ရွယ်ချက်ဈေးတန်းသို့ ရောက်ရှိပြီးနောက် အရောင်းအဝယ်မှာ အလိုအလျောက် ပိတ်ခြင်းဖြစ်သည်။
ဈေးကွက်အော်ဒါများ
အော်ဒါများကို မှန်ကန်စွာ အသုံးပြုရန် Forex order များအား ဂရုပြုလေ့လာရန် လိုအပ်ပါသည်။ အတိုချုပ်အားဖြင့် ၎င်းသည် ကုန်သွယ်ရေးအမျိုးအစားပစ္စည်း တစ်ခုကို ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း အတွက် သတ်မှတ်ထားသည့် လုပ်ဆောင်ချက်တစ်ခုအား အကောင်အထည်ဖော်ရန် မှာယူမှုတစ်ခုဖြစ်သည်။ မှာယူမှု အမျိုးအစား ပေါ်မူတည်၍ ၎င်းကိုချက်ချင်း လုပ်ဆောင်နိုင်ခြင်း သို့မဟုတ် ကုန်သည်၏ အခြေအနေများနှင့် ကိုက်ညီသည့်အခါတွင် အရောင်းအဝယ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
အဝယ် နှင့် အရောင်း အော်ဒါများ
ရိုးရှင်းသောနည်းလမ်းဖြင့် အော်ဒါများကို လေ့လာကြည့်ရအောင်။ အရောင်း နှင့် အဝယ် ဆိုသည်မှာ အဘယ်နည်း? ကုန်သည်တစ်ဦးသည် ကုန်သွယ်ရေးအမျိုးအစားတစ်ခု၏ တိုးတက်မှုအလားအလာ ကို မျှော်မှန်းထားသည့် အခါ လက်ရှိစျေးနှုန်း (အဝယ်စျေးကွက်) တွင် ဝယ်ယူရန် အော်ဒါတစ်ခု ထားရှိမည် ဖြစ်သည်။ ၎င်းကို လက်ရှိပေါက်ဈေးဖြင့် spread တန်ဖိုးပေါင်းထည့်၍ ချက်ချင်း အကောင်အထည်ဖော်သည်။
မျဉ်းပေါ်ရှိ အဝါရောင်လိုင်းသည် EURUSD စျေးကွက်ပေါက်စျေးကို ပြသထားသည်။ Spread (အပြာရောင်မျဉ်း) ကြောင့် အဝယ်အော်ဒါမှာ အထက်သို့ အနည်းငယ်ရောက်နေသည်။ အစိမ်းရောင်မြှားဖြင့် အလားအလာရှိသည့် စျေးနှုန်းဦးတည်ချက်ကို ပြသထားသည်။ သင့်တင့်သော အမြတ်အစွန်းတစ်ခု ရရှိရန်နှင့် လက်ရှိစျေးကွက် အခြေအနေများ အပေါ်အခြေခံ၍ ဈေးကွက်၏အခွင့်အရေးကို ဆုပ်ကိုင်ကာ အရောင်းအဝယ် တစ်ခု ချက်ချင်းဖွင့်ရန် စျေးကွက် အော်ဒါ ကို ထားရှိသည်။
အရောင်းအတွက် အော်ဒါတင်ရာတွင်လည်း အလားတူဖြစ်သည်။ အနီရောင်မြှားသည် စျေးကွက်ထဲသို့ ဝင်ရောက်ပြီးသည့်အခါ မျှော်မှန်းထားသည့် စျေးနှုန်းရွေ့လျားမှုကိုပြသထားခြင်းဖြစ်သည်။
ကြိုတင်သတ်မှတ်သော အော်ဒါ – Pending Orders
ကြိူတင်သတ်မှတ်ထားသော အော်ဒါသည် သတ်မှတ်အခြေအနေများနှင့် ကိုက်ညီသောအခါတွင် စျေးကွက်ထဲ ရောက်ရှိမည့် စျေးကွက်အော်ဒါတစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ ကုန်သည်သည် အဝယ် အတွက် ကိုယ်တိုင်လုပ်ဆောင်၍ အချိန်မဖြုန်းလိုပါ။ ယင်းအစား၊ အလိုရှိသောစျေးနှုန်းဖြင့် အလိုအလျောက် ဈေးကွက်ထဲ ရောက်ရှိမည့် အော်ဒါတစ်ခု ပြုလုပ်နိုင်သည်။ စျေးကွက်အော်ဒါ - marker order နှင့် ကြိုတင်သတ်မှတ်ထားသော အော်ဒါ - pending orders များကြား ခြားနားချက်မှာ ၎င်းအော်ဒါများ ဈေးကွက်ထဲရောက်ရှိပုံဖြစ်သည်။ သတ်မှတ်အခြေအနေများအောက်တွင် ဈေးကွက်အော်ဒါမှာ ဈေးကွက်ထဲ ချက်ချင်း ရောက်ရှိပြီး ကြိုတင်သတ်မှတ်သော အော်ဒါမှာ အချိန်တစ်ခု ကြာပြီးမှ ရောက်ရှိမည် ဖြစ်သည် ။
Pending orders အမျိုးအစားများ
- Limit order
- Stop order
- Stop limit order
ကြိုတင်သတ်မှတ်ထားသော Limit နှင့် Stop orders များကို အသုံးပြုသင့်သည့်အခြေအနေအား အထက်ဖော်ပြပါဇယားတွင် ဖော်ပြထားသည်။
Metatrader 4 တွင် pending orders များအသုံးပြုခြင်း၏ လက်တွေ့ဥပမာများကို အသေးစိတ်လေ့လာကြပါစို့။
Buy Stop Order
Buy stop ဆိုတာ ဘာလဲ၊ ဘယ်လိုသုံးရလဲ? ဤအော်ဒါသည် အဝယ်လိုက်သော ဈေးကွက်လမ်းကြောင်းတွင် ပိုမိုမြင့်မားသောစျေးနှုန်းဖြင့် ဝယ်ယူခြင်း ဖြစ်သည်။
ဇယားတွင်၊ အဝါရောင်မျဉ်းသည် EURUSD စျေးကွက်တန်ဖိုးကို ပြသသည်။ စျေးကွက်၌ ဈေးနှုန်းစုစည်း နေသောကာလအတွင်း၊ စျေးနှုန်းဆက်လက် တက်မည်လား မသေချာပါ။ အကယ်၍ စျေးကွက်သည် အပြာရောင်မျဉ်းသို့ ရောက်ရှိပါက ဝယ်ရန်အချက်ပြမှု ရှိလာမည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်၊ ထို့ကြောင့် ဤနေရာတွင် အဝယ် ပြုလုပ်ရန် Buy stop order ကို သတ်မှတ်ထားသည်။
Buy Limit Order
တန်ဖိုးကျဆင်းမှု၊ ဈေးကွက်ဝယ်လိုအားဈေးတန်းများအား ဖောက်ဆင်းမှုနှင့် အထက်သို့ အလှည့်အပြောင်း ဖြစ်ပြီးနောက် Buy limit order သည် ဈေးကွက်သို့ ရောက်ရှိမည်ဖြစ်သည်။ သတ်မှတ်ဈေးတန်းကို ကျော်ဖြတ်ပြီးသည့်အခါ ကျွန်ုပ်တို့အော်ဒါသည် စျေးကွက်ထဲသို့ ဝင်ရောက်မည်ဖြစ်သည်။
Buy limit နှင့် Buy stop သဘောအား ရှင်းလင်းစွာနားလည်ရန်၊ ၎င်းတို့အကြား ခြားနားချက်ကို သိမြင်ရန်လိုအပ်သည်။ ဈေးကွက်လမ်းကြောင်းမှာ လက်ရှိအတက်ဘက် သွားနေသည့်အတိုင်း ဆက်သွားနေမည်ဟူသော ယူဆချက်ဖြင့် Buy stop order ကို ဖွင့်လှစ်လိုက်သည်။ ဈေးကွက်လမ်းကြောင်းတစ်ခု လျင်မြန်စွာဖြင့် အလှည့်အပြောင်းဖြစ်ပေါ်ခြင်းကို မျှော်လင့်ထားပါက ဤကဲ့သို့ limit order ကို အသုံးပြုသည်။
အထက်ဖော်ပြပါပုံသည် ကြိုတင်သတ်မှတ်ထားသော Buy limit order ၏ အလုပ်လုပ်ပုံကို ဖော်ပြသည်။ အော်ဒါကို အကောင်အထည်ဖော်သောအခါတွင်၊ စျေးနှုန်းသည် အဝါရောင်မျဉ်းပေါ်တွင် ရှိနေသည်။ ထိုစဉ် ကုန်သည်သည် ဈေးကွက်၏ လက်ရှိ အောက်သို့ရွေ့လျားနေမှုသည် မကြာမီ၌ အတက်လမ်းကြောင်းအဖြစ်သို့ ပြောင်းလဲသွားတော့မည်ဟု ယူဆနေသည်။ သင့်တော်သောစျေးနှုန်းဖြင့် အဝယ်ပြုလုပ်ရန်အတွက် အပြာလိုင်းတွင် Buy limit ကို သတ်မှတ်သည်။ သို့သော် စျေးကွက်သည် မျှော်မှန်းထားသည့်ပုံစံအတိုင်း အလှည့်အပြောင်းမဖြစ်ဘဲ ဆက်လက်ကျဆင်းသွားနိုင်သော အန္တရာယ်ရှိနိုင်သည်။ အထက်ဖော်ပြပါဇယားတွင် အဆိုပါဈေးတန်းသည် ဝယ်ယူရန် အကောင်းဆုံးမဟုတ်ကြောင်း ပြသနေပြီး EURUSD စျေးနှုန်းသည် မမြင့်တက်မီပင် နိမ့်ကျသွားခဲ့သည်။
အဆိုပါအခြေအနေကို လေ့လာဆန်းစစ်ကြည့်ရအောင်။ ကုန်သည်တစ်ဦးက Apple စတော့ရှယ်ယာများ ကို ရှယ်ယာတစ်ခုလျှင် $115 ဖြင့် ဝယ်ယူလိုသည်။ သို့သော်၊ ရှယ်ယာတန်ဖိုးသည် လက်ရှိတွင် $120.70 ဖြစ်သည်။ အဆိုပါအခြေအနေတွင် မည်သည့် အော်ဒါများထားရှိသင့်သနည်း - Limit order, Market order, Take profit သို့မဟုတ် Stop limit? သို့မဟုတ် အရိုးရှင်းဆုံးတင်ပြရလျှင် လက်ရှိဝယ်ဈေးဖြင့် လုံလောက်မှုရှိမည်လား ?
အဆိုပါ အခြေအနေအတွက် မှန်ကန်သောဖြေရှင်းချက်မှာ Buy limit order ကို သတ်မှတ်ရန်ဖြစ်သည်။ ဤအော်ဒါကို အကောင်အထည်ဖော်ရန်အတွက်၊ စျေးနှုန်းသည် $115 သို့မဟုတ် အောက်သို့ ကျဆင်းသွားရန်လိုအပ်သည်။ စျေးနှုန်းသည် အဆိုပါအရောင်းအ၀ယ် အတွက် အမြတ်အစွန်းရရှိရန် ဝင်ရောက်ထားသည့်ဈေးတန်းထက် ကျော်လွန်သွားရမည်ဖြစ်သည်။
Buy Stop Limit
အခြားအခြေအနေတစ်ခုကို သုံးသပ်ကြည့်ရအောင်။
ဥပမာ - Forex ရှိ EURUSD အတွဲ - အဝါရောင်မျဉ်းသည် အဆိုပါအချိန်ရှိ အရောင်းအဝယ်အတွက် ကုန်သည်ထားရှိသည့်နေရာကို ပြသသည်။ စျေးနှုန်းသည် အစိမ်းရောင်မျဉ်းအထက်သို့ မရောက်ဘဲ အပြာလိုင်းသို့ ပြန်ကျလာမည် ဟု ယူဆထားကြသည်။ ဤနေရာ၌ ကုန်သည်များသည် အဝယ် ကုန်သွယ်မှုပြုလုပ်ရန် အရောင်းအဝယ်ကို ဖွင့်သည်။ အဆိုပါ အခြေအနေတွင် မည်သည့်အော်ဒါမျိုးက ပိုမိုသင့်တော်မည်နည်း? သင်ခန့်မှန်းထားသကဲ့သို့၊ ၎င်းသည် အော်ဒါအမျိုးအစားမှာ Buy Stop limit ဖြစ်သည်။ ဤအော်ဒါသည် stop နှင့် limit ကို ပေါင်းစပ်ထားသည်။ ၎င်းတွင် စျေးနှုန်းနှစ်မျိုး ပါဝင်သည်- stop (trigger) နှင့် limit ဈေးနှုန်း ဖြစ်သည်။ စျေးနှုန်းသည် အကောင်အထည်ဖော်ရမည့်ဈေးတန်းသို့ ရောက်ရှိသည့်အခါ limit order တစ်ခု ပြုလုပ်မည်ဖြစ်သည်။ ဇယား တွင် ဈေးနှုန်း မှာ limit နေရာသို့ ရောက်သည်နှင့်တပြိုင်နက်၊ အဝယ် အော်ဒါမှာ အလိုအလျောက်ပွင့်သွားမည် ဖြစ်သည်။
Stop Limit ၏ သဘောကို သိရှိထားသည့်အခါ အရောင်းအဝယ် လုပ်ဆောင်ရန်မှာ ပိုမိုလွယ်ကူလာသည်။ နောက်ဆုံးတွင်၊ Buy stop limit ကို ဈေးကွက်၏ အလှည့်အပြောင်းဖြစ်မည့်အခြေအနေအတွက်သာမက အရေးပါသော ဈေးတန်းကိုဖြတ်ကျော်သည့်အခါတွင်လည်း အသုံးပြုနိုင်သည်။ ကုန်သည်သည် stop price ထက် နိမ့်ကျသောဈေးတန်းတွင် limit order တစ်ခုကိုသာ သတ်မှတ်ရန် လိုအပ်သည်။
Sell Stop Order
Buy/Sell stops သဘောတရားများမှာ တူညီသောသဘောတရား ရှိသည်။ သို့သော် အရောင်းအခြေအနေတွင်၊ လက်ရှိစျေးကွက်အနေအထားသည် အောက်ဘက်သို့ ဖောက်ဆင်းနိုင်သော ခန့်မှန်းချက်ဖြင့် အရေးပါသော ဈေးတန်း အထက်တွင် တည်ရှိမည်ဖြစ်သည်။
အထက်ဖော်ပြပါပုံသည် ကုန်သည်အနေဖြင့် ဈေးကွက်လမ်းကြောင်းကျဆင်းမှုကို မျှော်လင့်သည့် အနေအထားအား သရုပ်ဖော်ထားခြင်းဖြစ်သည်။ သို့သော် အဝါရောင်မျဉ်းရှိ ဈေးကွက်၏ ဦးတည်ချက် ပျောက်နေသော အနေအထားကြောင့်၊ ၎င်းတို့သည် စျေးကွက်ထဲကို ချက်ချင်းဝင်ရောက်မည့်အစား အပြာလိုင်းရှိ အရေးပါသော ဈေးတန်းအား ဖောက်ဆင်းပြီးမှ ဝင်ရောက်ရန်သာ အလိုရှိနေသည်။ စျေးကွက်သည် အဆိုပါဈေးတန်းသို့ရောက်ရှိသည်နှင့် ဆက်လက်ကျဆင်းလိမ့်မည်ဟု ကုန်သည်မှ ယုံကြည်နေသည်။
Sell Limit Order
ယခုအခါ အထက်ဖော်ပြပါဇယားတွင် မည်သည့်အော်ဒါပုံစံ ပြသထားသည်ကို သင် သိရှိနိုင်မည်ဖြစ်သည်။ ပိုမိုမြင့်မားသောဈေးတန်းတွင် အရောင်းပြုလုပ်ရန် ကုန်သည်သည် ခန့်မှန်းချက် ပြုလုပ်သည်ဆိုပါက၊ အဆိုပါ အော်ဒါမှာ Sell limit ဖြစ်သည်။
Sell limit / Sell stop နှင့် Buy limit / Buy stop အကြား ခြားနားချက်များမှာ သိသာထင်ရှားသည်။ ၎င်းတို့သည် တူညီသော သဘောတရားရှိသော်လည်း ကွဲပြားသော ဈေးကွက်လမ်းကြောင်းများတွင် လုပ်ဆောင်ကြသည်။ ပထမနှစ်ခုကို ကျဆင်းနေသော စျေးကွက်အတွက် အသုံးပြုကြပြီး ကျန်တစ်မျိုးမှာ မြင့်မားသော ဈေးကွက်များအတွက် ဖြစ်သည်။
Sell Stop Limit
ကျွန်ုပ်တို့သည် Buy stop limit ကို ဖော်ပြပြီးဖြစ်သည်။ Sell stop limit သည် မည်သည့်စျေးကွက်တွင်မဆို တူညီသော သဘောတရားအတိုင်းဖြစ်သည်။ သို့သော် ဤအော်ဒါသည် အရောင်းပြုလုပ်ရန် ဖြစ်သည်။ အထက်ဖော်ပြပါပုံတွင် ပုံမှန် အရောင်းအဝယ် အခြေအနေတစ်ခုကို ပြသထားသည်။ ကုန်သည်သည် အဝါရောင်မျဉ်းတန်းတွင် BTCUSD ကို အရောင်းအ၀ယ်ပြုလုပ်နေပြီး 10,000 USD စျေးနှုန်းအောက်၌ ရှိနေရန် မျှော်လင့်ပြီး ထိုဈေးတန်းမှ ပြန်ခွာလာရန် သုံးသပ်သည်။ အဆိုပါ ကုန်သည်များသည် 10,000 USD ဈေးတန်း၌ (အစိမ်းမျဉ်း) Stop အော်ဒါကို ပြုလုပ်ထားပြီး ၎င်းဈေးတန်းကို ဖြတ်ကျော်သည့်အခါ ကြိုတင်သတ်မှတ်သော အော်ဒါ - pending Sell Order ကို အပြာလိုင်းတွင် ထားရှိမည်ဖြစ်သည်။
ရိုးရှင်းလှသော Sell limit order ကို အသုံးပြုခြင်းဖြင့် 10,000 USD ဈေးတန်း၌ အဘယ်ကြောင့် အရောင်း မပြုလုပ်ကြသနည်း ? အဆိုပါအတိုင်းဆိုလျှင် အန္တရာယ်ရှိသည်။ အရောင်းပြုလုပ်ပြီးသည့်အခါ စျေးနှုန်း ဆက်လက်မြင့်တက်နိုင်ခြေရှိသော အန္တရာယ်ရှိနေသည်။ ဈေးနှုန်းပြန်ခွာမှု ဖြစ်ပေါ်ပြီးမှ စျေးကွက် ဝင်ရောက်မှု ဖြစ်ပေါ်သောကြောင့် Sell stop limit သည် အဆိုပါအန္တရာယ်ကို ဖယ်ရှားပေးပါသည်။
သင့်တော်သော အခြေအနေများဖြစ်ပေါ်ရန်၊ Sell နှင့် Buy Stop limit orders များအတွက် နမူနာဥပမာများသည် အမျိုးအစားပုံစံကွဲများစွာထဲမှ အနည်းငယ်မျှသာဖြစ်သည်။ Stop order တည်နေရာကို မည်သည့်နေရာတွင်မဆို ထားရှိနိုင်သည် - စျေးကွက် နှင့် ကြိုတင်သတ်မှတ်သော အော်ဒါ - pending orders များ၏ အပေါ်နှင့်အောက် နှစ်မျိုးလုံး ဖြစ်နိုင်သည်။ Stop level သည် pending buy orders သို့မဟုတ် pending sell orders များထားရှိခြင်းအတွက် ဖြည့်စွက် အခြေအနေတစ်ခုသာဖြစ်သည်။
Buy Limit နှင့် Buy Stop နှိုင်းယှဉ်ချက် - ခြားနားချက် က ဘာလဲ?
ယခုအခါ Buy stop နှင့် Buy limit ကွာခြားပုံကို ဆန်းစစ်ရမည့်အချိန်ဖြစ်သည်။ Buy stop နှင့် Buy limit အကြား ခြားနားချက်သည် စျေးနှုန်းရွေ့လျားမှုကို ဦးတည်ပါသည်။ Buy stop ကို သိရှိခြင်းဖြင့် ၎င်း၏ သဘောတရားကို ဖော်ထုတ်မည်ဖြစ်သည်-
- လက်ရှိစျေးကွက်အနေအထားသည် အရေးပါသည့် ဈေးတန်းအောက်ရောက်ရှိနေသည်။
- အဆိုပါအရေးပါသောဈေးတန်းမှ ဖောက်ထွက်ခြင်းဖြင့် အထက်သို့ ရွေ့လျားမှုကို ကျွန်ုပ်တို့ မျှော်လင့်ထားသည်။
အဝယ်ဘက် ပြန်လှည့်ခြင်း သို့မဟုတ် ကျဆင်းနေသောလမ်းကြောင်း၏ ပြောင်းပြန်အလှည့်အပြောင်းကို ကျွန်ုပ်တို့မျှော်လင့်သည့်အခါတွင် Buy limit order ကို အသုံးပြုသည်။
ဤ အော်ဒါများအလုပ်လုပ်ပုံအပေါ်အခြေခံ၍ Buy limit ကို စျေးကွက်ပေါက်ဈေးအောက်တွင်ထားရှိကာ Buy stop ကို ဈေးကွက်ပေါက်ဈေးအထက်တွင် ထားရှိမည်ဖြစ်သည်။
အထက်ပါ ဥပမာမှာ ရိုးရှင်းသည်။ Google ရှယ်ယာများသည် $1,800 ဖြင့် အရောင်းအဝယ်ဖြစ်နေသည်ဟု ဆိုကြပါစို့။ ကုန်သည်သည် လက်ရှိဈေးတန်းများမှ bearish correction ကို မျှော်လင့်သော်လည်း ရှယ်ယာတန်ဖိုးတွင် အလားအလာကောင်းများကို မြင်တွေ့ပြီး အမြတ်အစွန်းအများဆုံးရရှိရန် သင့်တင့်သောဈေးတန်းများကို စတင်ရှာဖွေနေပါသည်။
အဆိုပါ အခြေအနေအတွက် အချိန်မဖြုန်းလိုဘဲ Buy limit order ကို $1,720 ဈေးတန်း၌ သတ်မှတ်ထားသည်။ ဤဈေးတန်းတွင် ကုန်သည်က ဈေးနှုန်းပြုပြင်မှုကို အဆုံးသတ်ရန် မျှော်လင့်ထားသည်။
ဇယားတွင် အချိန်ကြာလာသည်နှင့်အမျှ စျေးနှုန်းမှာ အဆိုပါဈေးတန်းသို့ရောက်ရှိသွားပြီး အဝယ်အော်ဒါကို အကောင်အထည်ဖော်ခဲ့ကြောင်း ပြသထားသည်။
Sell Limit နှင့် Sell Stop နှိုင်းယှဉ်မှု
Sell Limit နှင့် Sell Stop သည် မတူညီသော စျေးကွက်အခြေအနေများတွင် အသုံးပြုသည့် pending sell orders အမျိုးအစား နှစ်မျိုးဖြစ်ပါသည်။ အောက်ဖော်ပြပါဇယားသည် ၎င်းတို့၏ထူးခြားချက်များကို ရှင်းလင်းဖော်ပြထားသည်-
သတ်မှတ်ချက် | Sell Limit | Sell Stop |
ကုန်သွယ်မှု အဖွင့်ဈေး | လက်ရှိပေါက်ဈေး အထက် | လက်ရှိပေါက်ဈေး အောက် |
ရွေ့လျားမှု မျှော်လင့်ချက် | မြင့်တက်ပြီးနောက် အောက်သို့ ပြန်ကျခြင်း | အောက်သို့ ဆက်တိုက် ရွေ့လျားခြင်း |
ဗျူဟာအမျိုးအစား | Countertrend strategy (resistance level ၌) | Trend following strategy (support level ဖောက်ဆင်းခံရသည့်နေရာတွင်) |
ဈေးနှုန်းလွဲချော်နိုင်ခြေ | ဖြစ်နိုင်ချေ နည်းသည်၊ Sell Limit order အား ကန့်သတ်ဈေးနှုန်း ဖြင့် ဖော်ဆောင်သည်။ | ဖြစ်နိုင်ချေ မြင့်မားသည်၊ အထူးသဖြင့် ဈေးနှုန်းအတက်အကျ မြင့်မားနေချိန်တွင် ဖြစ်သည်။ |
ခွဲခြမ်းစိတ်ဖြာမှုတွင် အသုံးချခြင်း | Sell limit order အား resistance နေရာမှ ပြန်ကန်လာရန် မျှော်လင့်ထားသောအခါတွင် အသုံးပြုသည်။ | Sell Stop order အား support breakout ဖြစ်စဉ်အပေါ် အရောင်းအ၀ယ်ပြုလုပ်သည့်အခါတွင် အသုံးပြုသည်။ |
Stop orders
စျေးနှုန်းသည် သတ်မှတ်ထားသော ဈေးတန်းသို့ရောက်ရှိသောအခါ အရောင်းအ၀ယ်တစ်ခုကို အလိုအလျောက်ပိတ်ရန်အတွက် stop loss နှင့် take profit အော်ဒါများကို ကုန်သွယ်ရေးအကျိုးဆောင်အား ပေးအပ်ထားသည်။
Take Profit
စတင်ကုန်သွယ်သူများသည် အကြောင်းတစ်ခုခုကြောင့် Stop limit ဖြင့် အမြတ်ယူသည်ဟု ဇဝေဇဝါဖြစ်တတ်ကြသည်။ တကယ်တွင် ၎င်းတို့သည် လုံးဝကွဲပြားစွာ အသုံးတည့်ကြပြီး မတူညီသော ရည်ရွယ်ချက်များဖြင့် လည်ပတ်သည်။ ထို့ကြောင့် Take profit ကို အသေးစိတ်လေ့လာကြည့်ပါမည်။
ဤအော်ဒါသည် သတ်မှတ်ထားသော စျေးနှုန်းသို့ ရောက်ရှိသောအခါ အမြတ်ငွေကိုရယူပါသည်။ မည်သို့ အလုပ်လုပ်သနည်း? ကုန်သွယ်မှု၏အဖိုးတန်စည်းမျဉ်းမှာ ကုန်သွယ်မှုတစ်ခုစီအတွက် ရပ်တန့်သည့်အမှတ် အမြဲတမ်းထားရန်ဖြစ်သည်။ စျေးနှုန်းသည် ထိုပစ်မှတ်သို့ရောက်ရှိသောအခါတွင် အမြတ်အစွန်းရရှိရန် အကူအညီ ဖြစ်သည်။ ဤအော်ဒါကိုအကောင်အထည်ဖော်ခြင်းတွင် ဆန့်ကျင်ဘက်အအော်ဒါ ထားရှိခြင်းပါဝင်ပြီး - အရောင်းအတွက် အဝယ်ဖြစ်ကာ အပြန်အလှန်အားဖြင့် အဝယ်အတွက် အရောင်းဖြစ်သည်။ ရလဒ်အနေဖြင့် ကျန်ရှိသောအရောင်းအဝယ်သည် သုညသို့ရောက်သွားပြီး ကုန်သည်သည် အမြတ်ငွေအဖြစ် ၎င်းတို့၏လက်ကျန်ရှင်းတမ်းရှိ အဝယ်နှင့်အရောင်းစျေးနှုန်းများကြား ကွာခြားချက်ကို သတ်မှတ်သည်။
အမြတ်ယူခြင်း-Take profit နှစ်မျိုးရှိသည်။ တစ်ဖက်တွင် အမြတ်အစွန်းကို ကန့်သတ်ထားသည်။ အခြားတစ်ဖက်တွင်မှု ၎င်းသည် လမ်းကြောင်း အလှည့်အပြောင်းတွင် ဆုံးရှုံးမှုအန္တရာယ်ကို လျှော့ချပေးသည်။ Bitcoin ဈေးနှုန်းဇယားတွင် Take Profit မည်သို့အလုပ်လုပ်သည်ကိုကြည့်ကြပါစို့။
ကျွန်ုပ်တို့သည် BTCUSD ၏ထပ်မံမြင့်တက်မှုကို မျှော်လင့်ခြင်းဖြင့် အပြာရောင်လိုင်းတွင် စျေးကွက်ထဲသို့ ဝင်ရောက်သည်။
စျေးနှုန်းသည် 16,350 အမှတ်သို့ တဖြည်းဖြည်း မြင့်တက်လာမည်ဟု ယုံကြည်သည်။ ဤဈေးတန်းတွင် Take profit (အစိမ်းရောင်မျဉ်းကြောင်းဖြင့်ပြသည်) ကိုသတ်မှတ်သည်။
စျေးနှုန်းသည် အစိမ်းရောင်မျဉ်းသို့ရောက်သည်နှင့် တပြိုင်နက်အရောင်းအဝယ်သည် အလိုအလျောက် ပိတ်သွားမည်ဖြစ်သည်။
ဤနေရာတွင် Take Profit ဖြင့် အလုပ်လုပ်ပုံကို ဆက်လက်ဖတ်ရှုပါ။
Stop Loss
Stop order သည် အခြေခံ အရောင်းအဝယ်အော်ဒါများထဲမှ တစ်ခုဖြစ်သည်။ အကယ်၍စျေးကွက်သည် မျှော်မှန်းထားသည်နှင့် ဆန့်ကျင်ဘက်သို့ ဦးတည်သွားပါက ဆုံးရှုံးမှုကို ကန့်သတ်သည်။ အမှန်တကယ်တွင် Take profit နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ TP သည် အမြတ်အစွန်းအတွက် ကန့်သတ်ချက်ဖြစ်ပြီး SL သည် ဆုံးရှုံးမှုအတွက်ဖြစ်သည်။ အမြတ်ယူခြင်းနှင့်ဆင်တူသည်၊ သတ်မှတ်ထားသော ဈေးတန်းသို့ စျေးနှုန်းရောက်ရှိသောအခါ အော်ဒါကို အကောင်အထည်ဖော်ပြီး အရောင်းအဝယ်ကို အလိုအလျောက်ပိတ်သည်။
ဤအော်ဒါသည် ပွင့်နေသော အရောင်းအဝယ် နှင့် pending orders များ အတွက်အသုံးပြုနိုင်သည်။ ထို့အပြင် SL ကို အရောင်းနှင့်အဝယ် နှစ်မျိုးလုံးအတွက် သတ်မှတ်နိုင်သည်။
၎င်းကို ဥပမာတစ်ခုဖြင့် သရုပ်ဖော်ကြည့်ရအောင်
ကျွန်ုပ်တို့သည် တန်ဖိုးဆက်လက်မြင့်တက်မည်ဟု မျှော်လင့်၍ အပြာရောင်လိုင်းတွင် အရောင်းကိုဖွင့်မည်ဟု ဆိုကြပါစို့။
အကယ်၍ ဈေးကွက်အခြေအနေကို သံသယရှိ၍ ဆုံးရှုံးမှုကိုကန့်သတ်ရန် Stop loss ကို အနီရောင်မျဉ်းဖြင့် သတ်မှတ်ခဲ့သည်။
ကနဦးကျဆင်းမှုသည် လျင်မြန်စွာအဆုံးသတ်ပြီး အမြတ်အစွန်းရရှိသော အနေအထားမှ ဆုံးရှုံးမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက်တွင် အထက်သို့ပြောင်းပြန် အလှည့်အပြောင်းဖြစ်ခြင်း (မြှားစိမ်း) သည် အရှုံးခံဈေးတန်း - Stop loss သို့ဦးတည်ပြီး ဈေးကွက်သည် အဝယ်ဘက် ကူးပြောင်းကာ ဆုံးရှုံးမှုသည်လည်း သတ်မှတ်ပြီးဖြစ်သည်။
ဤဥပမာသည် SL နှင့် TP ဈေးတန်းများကို မှန်ကန်စွာသတ်မှတ်ခြင်း၏ အရေးပါမှုကိုပြသပါသည်။ အမှားတစ်ခုသည်ပင်လျှင် အောင်မြင်သောကုန်သွယ်မှုကို ဆုံးရှုံးမှုအဖြစ်သို့ ပြောင်းလဲနိုင်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့အား လျစ်လျူရှုရန်လည်း အကြံမပြုထားပါ။ ထိုသို့ပြုလုပ်ပါက အန္တရာယ်ကို ထိန်းချုပ်နိုင်မှုအား လျင်မြန်စွာဆုံးရှုံးနိုင်ပြီး သင်၏အပ်ငွေကို ကုန်ဆုံးသွားစေနိုင်သည်။
အော်ဒါအကောင်အထည်ဖော်ခြင်း ၏ အသေးစိတ်အချက်များ
အဝယ်စျေးကွက်နှင့် အရောင်းစျေးကွက်၊ Stop loss နှင့် Stop limit ၊ အခြားဖော်ပြထားသော အော်ဒါများသည် ရိုးရှင်းသော ရည်ရွယ်ချက်တစ်ခုအပေါ် အခြေခံထားသည်။ သင့်ကိုယ်သင် စတိုးဆိုင်တစ်ဆိုင်တွင် နည်းလမ်းနှစ်မျိုးထဲမှ တစ်မျိုးကိုအသုံးပြု၍ ကုန်ပစ္စည်းများဝယ်ယူနေသည်ဟု မြင်ယောင်ကြည့်ပါ -
- ရောင်းသူ၏စျေးနှုန်း၌
- ပိုမိုသင့်လျော်သောစျေးနှုန်းအတွက် ညှိနှိုင်းခြင်း
ပထမအခြေအနေတွင် သတ်မှတ်ထားသောစျေးနှုန်းဖြင့် ကုန်ပစ္စည်းကို ကျိန်းသေရရှိမည်ဖြစ်သည်။ ဒုတိယ အခြေအနေတွင် လိုချင်သောစျေးနှုန်း သို့မဟုတ် ပိုကောင်းသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်သော်လည်း ၎င်းသည်ဖြစ်ပေါ်လာမည်မဟုတ်ပေ။ အိတ်စ်ချိန်း အော်ဒါများသည် အလားတူလုပ်ဆောင်သည်။ ဤတွင် pending orders များသည် ကုန်သွယ်ရေးဆိုင်ရာ ကိရိယာတစ်ခုအဖြစ် လုပ်ဆောင်သည်။
အော်ဒါမှတ်သားသည့်စာအုပ်သည် အရေးကြီးသော အယူအဆတစ်ခုဖြစ်သည်။ ဤနေရာရှိ အော်ဒါများ - အဝယ်နှင့်အရောင်း - အားလုံးကိုစုဆောင်းထားသည်။ စျေးတွင်ကဲ့သို့ပင် တူညီသောထုတ်ကုန်ကို စျေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချသူများရှိသည်။ သင်သည် liquidity provider ထံ အော်ဒါ 50-lot ကို ပို့လိုက်သည် ဆိုကြပါစို့။ သို့သော်လည်း ရောင်းချရန် 20 lots သာ ရရှိနိုင်သည်။ ထို့ကြောင့် ကျန်ရှိသော 30 lots ကို နိမ့်ကျသောဈေးဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါအခြေအနေတွင် ကုန်သည်သည် slippage ကို တွေ့ကြုံရမည်ဖြစ်ပြီး ၎င်းတို့၏အရောင်းအဝယ်ကို ပျမ်းမျှဈေးနှုန်း ဖြင့်ဖွင့်လှစ်မည်ဖြစ်သည်။
Pending orders များအပြင် ချက်ချင်းဆောင်ရွက်သည့် အော်ဒါများလည်း ရှိပါသည်။ အကယ်၍ ကုန်သွယ်ရေးအကျိုးဆောင်မှ သတ်မှတ်ထားသောစျေးနှုန်း ကိုသဘောတူပါက အရောင်းအဝယ်တစ်ခုကို အောင်မြင်စွာဖွင့်လှစ်နိုင်မည်ဖြစ်သည်။ အကယ်၍ လက်ရှိစျေးနှုန်းကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပါက ကုန်သွယ်ရေးအကျိုးဆောင်မှ ၎င်းကိုပယ်ချပြီး ပြန်လည်၍ ဈေးနှုန်းကိုးကားချက်ပေးမည်ဖြစ်သည် - လက်ရှိဈေးနှုန်းကို အာမခံချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။
တခြားမည်သည့်အရာများက slippage ဖြစ်စေသလဲ? Sell stop ကို 308 pips တွင် သတ်မှတ်ထားသည်ဟု မြင်ယောင်ကြည့်ပါ။ စျေးနှုန်းသည် သတ်မှတ်ဈေးတန်းသို့ရောက်သောအခါ ကုန်သွယ်ရေးအကျိုးဆောင်သည် စက္ကန့်ပိုင်းကြာလေ့ရှိသော ရောင်းရန်တောင်းဆိုမှုကို သက်ဆိုင်ရာနေရာထံပေးပို့မည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော အချိန်တိုလေးအတွင်းပင် ပိုင်ဆိုင်မှုတန်ဖိုးသည် ပြောင်းလဲသွားနိုင်သည်၊ ဥပမာ 310 ပွိုင့်အထိ ရောက်ရှိသွားနိုင်သည်။ ထို့ကြောင့် အမှန်တကယ်လုပ်ဆောင်သည့် စျေးနှုန်းသည် 310 ဖြစ်မည်ဖြစ်သည်၊ ဖော်ပြထားသည်မှာစျေးနှုန်း - 308 ဖြစ်ပြီး slippage သည် 2 pip ဖြစ်မည်ဖြစ်သည်။
MT4 / MT5 တွင် Stop နှင့် Limit Orders များကို ထားရှိနည်း
MT4 နှင့် MT5 တွင် pending orders များကို ဖန်တီးခြင်းသည် အလွန်လွယ်ကူပါသည်။ အဆင့်ဆင့် လမ်းညွှန်ပေးပါမည်။
New order ကိုနှိပ်ပါက ဆက်တင်ဝင်းဒိုးပေါ်လာပါမည်။ Type tab တွင် Pending order ကိုရွေးချယ်ပါ။
ထို့နောက် pending order အမျိုးအစားကိုရွေးချယ်ပါ။ Buy Stop order တစ်ခုကိုရွေးချယ်ပြီး အော်ဒါအား အကောင်အထည်ဖော်ရန်အတွက် စျေးနှုန်းသတ်မှတ်ပါ။ အကယ်၍လိုအပ်ပါက အမြတ်များနှင့် လက်ခံနိုင်သောဆုံးရှုံးမှုဈေးတန်းကို သတ်မှတ်ပါ။
အော်ဒါအမျိုးအစားတစ်ခုစီကို မည်သည့်အချိန်မှာအသုံးပြုရမလဲ- အသုံးပြုပုံနည်းလမ်းများ
လက်တွေ့ကုန်သွယ်မှုတွင် Stop နှင့် Limit orders များကြားခြားနားချက်ကို ဖော်ပြရန်အတွက် နောက်ထပ်ဥပမာတစ်ခုပေးပါမည်။
လက်ရှိရောက်နေသည့် EURUSD ဇယားတွင် ခရမ်းရောင်ဘဲဥပုံကိုပြထားသည်။ အဝယ်ဘက်ရွေ့လျားမှု ၏ လက္ခဏာမပြဘဲ မတည်ငြိမ်မှုအားကောင်းလာပြီးနောက် နောက်ထပ် ဈေးနှုန်းပြုပြင်ချက် - correction wave ကိုတွေ့မြင်ရသည်။
တစ်ချိန်တည်းမှာပင် ယခင်ဈေးနှုန်းအရ 1.1600 တွင် ခိုင်မာသော ဝယ်လိုအားဈေးတန်းရှိသည်ကိုမြင်ရပြီး အကယ်၍တန်ဖိုးကျသွားပါက ၎င်းသည် ထိုဈေးတန်းမှ ပြန်တက်လာနိုင်ဖွယ်ရှိသည်။
ထိုအခိုက်အတန့်ကိုဖမ်းဆုပ်ပြီး တာမင်နယ်ရှေ့တွင်ထိုင်၍ အချိန်ဖြုန်းခြင်းကိုရှောင်ရှားရန် ယခင်အနည်းဆုံးဈေးတန်းဖြစ်သော 1.16250 ထက် အနည်းငယ်ပိုသောစျေးနှုန်းဖြင့် Buy limit ကို အပြာရောင်မျဉ်းဖြင့် သတ်မှတ်ပါသည်။ အရှုံးခံဈေးတန်း (အနီရောင်မျဉ်း) ကို ဝယ်လိုအားဈေးတန်းအောက် 1.1590 ဝန်းကျင်တွင်ထားရှိသည်။ ယခင်အမြင့်ဆုံးဈေးတန်းနှင့် ကုန်သွယ်မှုလမ်းကြောင်းများ (အစိမ်းရောင်ဘဲဥပုံများ) ကိုအခြေခံ၍ Take profit (အစိမ်းရောင်လိုင်း) ကို 1.18250 တွင်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်။
ပြောင်းပြန် အလှည့်အပြောင်းကို စောင့်ဆိုင်းမှုမှရှောင်ရှားရန် Pending order - Buy Limit ကို အော်ဒါထားရှိမှု ဆက်တင်ဝင်းဒိုးတွင်ရွေးချယ်ခြင်းဖြင့် Limit order ကိုထားရှိခဲ့သည်။ Lot size၊ SL၊ TP စျေးနှုန်းတို့ကိုလည်း အော်ဒါအကောင်အထည်ဖော်မှုအတွက် သေချာသတ်မှတ်ထားပါသည်။
ကျွန်ုပ်အနေဖြင့် 1.16250 ဈေးတန်းမှပြန်တက်လာပြီး အနည်းဆုံး 1.18250 သို့ မြင့်တက်မည်ဟု သုံးသပ်၍ တွက်ချက်ထားသည်။
ထိုအခြေအနေအတွင်း ကျွန်ုပ်သည် 2000 pips အမြတ်ဖြင့် 350 pips ဆုံးရှုံးရန်သာ ဆန္ဒရှိသည်။
လက်တွေ့ဆုံးရှုံးနိုင်ချေအန္တရာယ်များအပြင် ကျွမ်းကျင်ပညာရှင်များသည် အခြားအန္တရာယ်များကိုလည်း ထည့်သွင်းစဉ်းစားပါသည်။ ကျွန်ုပ်တို့အရောင်းအဝယ်တွင် စျေးကွက်မှ pending Buy limit order သို့မရောက်မှီ အစောပိုင်းတွင် ပြောင်းပြန်အလှည့်အပြောင်း ဖြစ်ပေါ်ပြီး ဆက်လက်မြင့်တက်သွားသည့် အခြေအနေမျိုးဖြစ်သည်။
Pending orders များ၏ အကျိုးကျေးဇူးမှာ ၎င်းတို့ကိုအရေအတွက် အကန့်အသတ်မရှိ ထားရှိနိုင်ခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်သည်အစောပိုင်း ပြောင်းပြန် အလှည့်အပြောင်းဖြစ်ပေါ်ခြင်းကဲ့သို့သော မမျှော်လင့်ထားသည့် စျေးကွက်အပြောင်းအရွှေ့ကို ကာကွယ်ရန် ဈေးကွက်ပေါက်စျေးထက် အနည်းငယ်တွင် pending Buy stop order ကိုတင်ထားပါသည်။ ၎င်းကိုအထက်ပါဇယားတွင် ပြထားပါသည်။
ယခု ကျွန်ုပ်တို့တွင်ရိုးရှင်းသော two-order ကုန်သွယ်ရေးဗျူဟာ တစ်ခုရှိသည်။ ကျွမ်းကျင်ပညာရှင်များသည် အော်ဒါလေးခု (သို့မဟုတ်) ထို့ထက်ပို၍ အသုံးပြုကြသည်။ သင်စဦးကုန်သည်များအတွက် ၎င်းကို မလိုအပ်သောအခါတွင် ရှုပ်ထွေးမှုများနှင့်အော်ဒါများကို ဖျက်သိမ်းခြင်း အတွက် အန္တရာယ်ရှိသည်။
အထက်ဖော်ပြပါဇယားတွင် စျေးကွက်သည် ပထမအခြေအနေအတိုင်း ရွေ့လျားနေကြောင်း တွေ့မြင်နိုင်ပါသည်။ ဒုတိယ Buy stop order သည် ရည်ရွယ်ချက်မရှိတော့သဖြင့် အချိန်မှီပိတ်သင့်သည်။
နိဂုံးချုပ်
Limit orders၊ Stop loss၊ Take profit နှင့် Stop limit တို့ကို ရိုးရှင်းသောအသုံးအနှုန်းများဖြင့် တင်ပြပြီးနောက် pending orders များသည် အောင်မြင်သောကုန်သွယ်မှုအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြတ်ပြတ်သားသား ကောက်ချက်ချပါသည်။ မှန်ကန်စွာအသုံးပြုပါက အချိန်ကုန်သက်သာစေသည်။ ၎င်းတို့သည် ဆုံးရှုံးမှုအန္တရာယ်များကို ထိန်းချုပ်နိုင်ပြီး အကောင့်လက်ကျန်စာရင်း ရှိ သင့်ရင်းနှီးငွေများကို အပြည့်အဝ စီမံခန့်ခွဲနိုင်စေမည်ဖြစ်သည်။
အဓိကအခက်အခဲမှာ မှန်ကန်သော အော်ဒါအမျိုးအစားကိုရွေးချယ်ခြင်းနှင့် အော်ဒါအများအပြားကို တစ်ပြိုင်နက်တည်းလုပ်ဆောင်ရာတွင် အတွေ့အကြုံရရှိရန်ဖြစ်သည်။ လက်တွေ့စျေးကွက်အခြေအနေတွင် မတူညီသောအော်ဒါများ အသုံးပြုနည်းကို လေ့ကျင့်ရန်မှလွဲ၍ အကြံဉာဏ်ပေးရန်များစွာမရှိပါ။ LiteFinance ဒီမိုအကောင့်တွင် ၎င်းကိုအန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်ပါသည် ။
အမေးများသော မေးခွန်းများ
စျေးကွက်အော်ဒါ - market order ဆို သည်မှာ အရောင်းအဝယ်တစ်ခုဖွင့်ရန် (သို့မဟုတ်) ပိတ်ရန်ညွှန်ကြားချက်တစ်ခုဖြစ်သည်။ ၎င်းသည် မည်သည့်လုပ်ဆောင်ချက်ကို လုပ်ဆောင်သင့်သည်၊ ပြီးမြောက်မည့်အရောင်းအဝယ်ပမာဏ၊ ကုန်သွယ်ရေးပိုင်ဆိုင်မှုတန်ဖိုးနှင့် အခြားကန့်သတ်ချက်များကို ဖော်ပြသည်။
Limit order ဆိုသည်မှာ စျေးနှုန်းကြိုတင်သတ်မှတ်ထားသော ဈေးတန်းသို့ရောက်ရှိသောအခါတွင် စျေးကွက်တွင် အကောင်အထည်ဖော်ခြင်း (သို့မဟုတ်) ကြိုတင်သတ်မှတ်ထားသော အော်ဒါ - pending order တစ်ခုဖြစ်သည်။ ရည်ရွယ်ချက်မှာ ဈေးနှုန်းပြန်ခွာမှု (သို့မဟုတ်) လမ်းကြောင်း အလှည့်အပြောင်းကို ဆုပ်ကိုင်ရန်ဖြစ်သည်။
Stop order ဆိုသည်မှာ အကယ်၍စျေးကွက်ပေါက်စျေးသည် ကုန်သည်၏သတ်မှတ်ထားသော ဈေးတန်းသို့ရောက်ရှိပါက စျေးကွက်တွင်တင်ထားသော pending order တစ်ခုဖြစ်သည်။ ဤ အော်ဒါကို အများအားဖြင့် လမ်းကြောင်းတစ်ခုနောက် လိုက်ရန်အသုံးပြုသည်။
ကုန်သည်မှ နောက်ထပ်တန်ဖိုးမြင့်တက်မှုကို မျှော်လင့်ထားသောအခါတွင် Buy stop ကို လက်ရှိစျေးနှုန်း အထက်တွင်သတ်မှတ်သည်။ ပိုင်ဆိုင်မှုတန်ဖိုးသည် ကုန်သည်မှသတ်မှတ်သည့်ဈေးတန်းသို့ မြင့်တက်လာသောအခါတွင် အဝယ်ကိုဖွင့်ပေးသည်။
ကုန်သည်သည် အကျလမ်းကြောင်းဆက်လက်ဖြစ်ပေါ်မည်ဟု မျှော်လင့်သောအခါတွင် Sell stop ကို လက်ရှိ ဈေးနှုန်အောက်တွင်ထားရှိသည်။ စျေးနှုန်းသည် ကုန်သည်မှ သတ်မှတ်ထားသောဈေးတန်းသို့ ကျဆင်းသွားသောအခါတွင် အရောင်းကိုဖွင့်သည်။
Stop limit သည် ကုန်သည်မှစျေးကွက် အလှည့်အပြောင်းဖြစ်ပေါ်ခြင်းကို မျှော်လင့်သောအခါတွင် အသုံးပြုသော pending order တစ်ခုဖြစ်သည်။ Limit order တစ်ခုဖန်တီးရန် အဓိကအခြေအနေမှာ အကယ်၍ တန်ဖိုးသည် အကောင်အထည်ဖော်သည့်စျေးနှုန်းသို့ ရောက်ရှိပါက ဖြစ်သည်။ ဇယားသည်သတ်မှတ်ထားသော limit ဈေးတန်း သို့ ရောက်ရှိသောအခါတွင် ကုန်သည်သည်စျေးကွက်ထဲသို့ ဝင်ရောက်သည်။
Stop limit buy သည် pending order အမျိုးအစားတစ်ခုဖြစ်သည်။ Buy limit သည် ဇယားတွင် အကောင်အထည်ဖော်သည့်စျေးနှုန်းကိုကျော်သွားပြီးနောက် Buy stop order ကိုသတ်မှတ်ခြင်းပါဝင်သည်။ ၎င်းသည် limit ဈေးတန်းသို့ရောက်သောအခါ အဝယ်ကိုဖွင့်သည်။
Limit order တစ်ခုကို အကောင်အထည်မပေါ်ခင်အထိ ပယ်ဖျက်နိုင်သည်။ ၎င်းသည် အရောင်းအဝယ်ကိုဖွင့်ပြီးနောက် လက်ရှိစျေးကွက်ပေါက်စျေး (သို့မဟုတ်) SL နှင့် TP ဈေးတန်းများ ဖြင့်သာ ပိတ်နိုင်သည်။
လက်ရှိဈေးနှုန်းသည် 400 pips ဖြစ်ပြီး ဆက်လက်မြင့်တက်နေသည်ဟု ယူဆကြပါစို့။ ကုန်သည်သည် အကျဘက် အလှည်အပြောင်းကို မျှော်လင့်နေသည်။ အကျလမ်းကြောင်းအတွက် စောင့်ဆိုင်းခြင်းကို ရှောင်ရှားရန် Sell limitကို 410 ပွိုင့်ဖြင့်သတ်မှတ်ခဲ့သည်။ စျေးနှုန်းသည်သတ်မှတ်ထားသော ဈေးတန်းသို့ရောက်ရှိသောအခါ ၎င်းသည်အလိုအလျောက် အရောင်း အော်ဒါတစ်ခုပြုလုပ်သည်။
ကုန်သည်သည် အဝယ်ကို 500 pips တွင်ဖွင့်ခဲ့ပြီး နောက်ထပ်မြင့်တက်မှုနှုန်းမှာ 800 points အထိ ဖြစ်လာဖွယ်ရှိသည်။ အကယ်၍ စျေးကွက်သည် အကျဘက် ကူးပြောင်းပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် Stop loss ကို 400 pips ဖြင့်သတ်မှတ်သည်။ စျေးနှုန်းသည်သတ်မှတ်ထားသော ဈေးတန်းကန့်သတ်ချက် တစ်ခုသို့ ကျဆင်းသွားပြီးနောက် ကုန်သွယ်မှုသည် 100 ပွိုင့် ဆုံးရှုံးမှုဖြင့် အလိုအလျောက်ပိတ်သွားမည် ဖြစ်သည်။
ဤအော်ဒါသည် လက်ရှိဈေးနှုန်းတန်ဖိုးအောက်တွင် ထားရှိခြင်းဖြစ်သည်။ စျေးနှုန်းသည် သတ်မှတ်ထားသော ဈေးတန်းသို့ ကျဆင်းသွားသည့်အခါ အရောင်းတစ်ခုကိုဖွင့်ပါမည်။ Sell stop သည် ဈေးဆက်လက် ကျဆင်းမည်ဟုယူဆခြင်းဖြစ်သည်။
အသက်ဝင်သည့်ဈေးနှုန်းသည် ပိုင်ဆိုင်မှုတန်ဖိုးဖြစ်သည်။ ဤတန်ဖိုးသို့ ဈေးနှုန်းရောက်ရှိသောအခါ ဝယ်ရန် (သို့မဟုတ်) ရောင်းရန်အမှာစာကို ကုန်သည်၏ကန့်သတ်ချက်များဖြင့် ထားရှိမည်ဖြစ်သည်။
Stop loss ကို ခိုင်မာပြီး သိသိသာသာပြန်ပြန်ကန်လာသည့် ဈေးတန်းအနိမ့်ဆုံးအောက်တွင်သတ်မှတ်ရန် အကြံပြုထားသည်။
Sell limit ကို မျှော်မှန်းထားသော အလှည့်အပြောင်းဈေးတန်းအနီးတွင်ထားရှိကာ အခြေအနေနှစ်ခု ပြည့်မှီသောအခါတွင် အကောင်အထည်ဖော်သည်။ အစပိုင်းတွင်ဇယားသည်အထက်သို့ ရွေ့သွားသင့်သည်။ အဝယ်လိုက်သောလမ်းကြောင်း၏ အားကောင်းမှုကုန်ဆုံးသွားပြီးနောက် ပြောင်းပြန် အလှည့်အပြောင်းတစ်ခု ရှိသည်။ စျေးနှုန်းကျလာသောအခါတွင် candles များထဲမှတစ်ခုသည် အရောင်းအ၀ယ်ဖွင့်သည့် ဈေးတန်းကို ဖြတ်ကျော်ပြီး အရောင်း ကုန်သွယ်မှု ပွင့်ခြင်းဖြစ်သည်။
Buy stop order ကို လက်ရှိစျေးနှုန်း အထက်သတ်မှတ်ပြီး ပိုင်ဆိုင်မှုတန်ဖိုးသည် ကုန်သည်၏သတ်မှတ်ဈေးတန်းသို့ တက်လာသည့်အခါ အကောင်အထည်ဖော်သည်။ ၎င်းကိုအသက်သွင်းရန် ဈေးနှုန်းအောက်သို့ရွှေ့၍ အထက်ဘက် ပြောင်းပြန်အလှည့်အပြောင်းဖြစ်ရန်လိုအပ်သည်။ အထက်သို့ ရွေ့လျားနေစဉ် သတ်မှတ်ဈေးတန်းကို ကျော်သွားသောအခါ အဝယ်ကိုဖွင့်သည်။
စျေးနှုန်းသည် Stop level သို့ရောက်ရှိရန် မျှော်လင့်ထားသည့် pending order တစ်ခုဖြစ်သည်။ အဆိုပါအချိန်တွင် ကုန်သွယ်ရေးအကျိုးဆောင်သည် သတ်မှတ်ထားသော စျေးနှုန်းဖြင့် limit order ကို စတင်အကောင်အထည်ဖော်သည်။ Limit ကိုကျော်သွားသည့်အခါ အရောင်းအဝယ်တစ်ခုဖွင့်သည်။
Stop loss သည် စျေးကွက်ကို အဆက်မပြတ် စောင့်ကြည့်မနေနိုင်သော ကုန်သည်များအတွက် ဆုံးရှုံးမှုကို ထိရောက်စွာ လျှော့ချပေးပါသည်။ အကယ်၍မလိုလားအပ်သည့် အခြေအနေများ ရှိလာပါက သိသိသာသာ ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ပါသည်။ ဤအော်ဒါသည်ဆုံးရှုံးမှုများကို ထိန်းချုပ်ရန်အတွက် သတ်မှတ်ထားသော ဈေးတန်းတွင် အရောင်းအဝယ်ကိုအလိုအလျောက်ပိတ်ပါသည်။
လက်ရှိပိုင်ဆိုင်မှုတန်ဖိုးသည် သင့်အားအမြတ်အများဆုံးရရှိနိုင်စေသည့်အခါ Market orders များကို အသုံးပြုသင့်သည်။ အကယ်၍စျေးကွက်ပေါက်ဈေးသည် မသင့်လျော်ဘဲ ဆန့်ကျင်ဘက်သို့ရွေ့လျားနေပါက limit order တစ်ခုထားရှိခြင်းသည် ပိုကောင်းပါသည်။ အချို့သောဈေးတန်းတွင် ပြောင်းပြန် အလှည့်အပြောင်းဖြစ်ပြီးနောက် အကောင်းဆုံးအခိုက်အတန့်တွင် အရောင်းအဝယ်တစ်ခု ဖွင့်ပါမည်။
Take Profit သည် စျေးနှုန်းသတ်မှတ်သည့်ဈေးတန်းသို့ ရောက်ရှိသောအခါ အရောင်းအ၀ယ်တစ်ခုပိတ်ရန် pending order တစ်ခုဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူအနေဖြင့် ၎င်း၏ ပိုင်ဆိုင်မှုတန်ဖိုးသည် ထိုဈေးတန်းသို့ ရောက်မည်ဟု ယုံကြည်သောအခါ Take Profit သည် အသုံးဝင်သည်။ ထို့နောက်၎င်းသည် အလိုရှိသောဦးတည်ရာသို့ ဆက်လက်ရွေ့လျားနိုင်သော်လည်း ပြောင်းပြန်လည်းဖြစ်နိုင်ပါသည်။
Take profit ဈေးတန်းကို ဈေးကွက် ၏ ဈေးနှုန်းရွေ့လျားပြီးနောက် ဖွင့်ထားသော အရောင်းအဝယ်ဈေးတန်း မှ အကွာအဝေးတစ်ခုတွင် သတ်မှတ်သည်။ ၎င်းကို အဝယ်တွင် ပိုမိုမြင့်မားသောစျေးနှုန်းဖြင့် သတ်မှတ်မည်ဖြစ်ပြီး၊ အရောင်းတွင်မှု အနိမ့်စျေးနှုန်းဖြင့် သတ်မှတ်သည်။ ဈေးနှုန်းသည် Take profit သတ်မှတ်ရာ candles များထဲ မှ တစ်ခုကို ဖြတ်သွားသောအခါ ကုန်သည် သည် စျေးကွက် မှ ထွက်ခွာပြီ ဖြစ်သည်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
လက်တွေ့ဈေးကွက်အချိန်ရှိ EURUSD ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။



































