Take Profit Order ဆိုသည်မှာ Market Execution သို့မဟုတ် Pending orders များနှင့် အတူတကွ သတ်မှတ်ရသော အော်ဒါအမျိုးအစား ဖြစ်ပါသည်။ ဈေးနှုန်းအဆင့်သည် ရည်မှန်းထားသော နှုန်းထားသို့ ရောက်ရှိသွားချိန်တွင် အမြတ်ရည်မှန်းချက်ကို ချမှတ်ရန်အတွက် ၎င်းကို အသုံးပြုရခြင်း ဖြစ်ပါသည်။ Take Profit အော်ဒါများသည် “မတူညီသော ပလက်ဖောင်းများတွင် အမြတ်ကန့်သတ်ချက်များကို မည်ကဲ့သို့ ပြုလုပ်ရမည်၊ CFDs ကုန်သွယ်ရေးကဲ့သို့ ရှုပ်ထွေးသောကိရိယာများ အပါအဝင် နည်းဗျူဟာအမျိုးမျိုးတွင် ၎င်းတို့အား မည်သို့ အသုံးပြုရမည်” စသည်တို့ကို စာဖတ်သူတို့အား ရှင်းလင်းးပေးသွားပါမည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Take-Profit အော်ဒါ ၏ အခြေခံများ။
- Take Profit သည် မည်သို့ အလုပ်လုပ်ပါသနည်း။ ၎င်း၏ ဥပမာ။
- Take Profit Calculator
- LiteFinance ပလက်ဖောင်းတွင် Take Profit အား မည်သို့ သတ်မှတ်ရမည်နည်း။
- MT4 / MT5 တွင် Take Profit အား မည်သို့ သတ်မှတ်ရမည် နည်း။
- Quik တွင် Take Profit အား မည်သို့သတ်မှတ်ရမည်နည်း။
- Take Profit ကို မည်သည့်နေရာတွင် သတ်မှတ်ရမည်နည်း။
- Take Profit နည်းဗျူဟာများ။
- TP အော်ဒါများ၏ အားသာချက်များနှင့် အားနည်းချက်များ။
- Take Profit ဆိုင်ရာ အမေး/အဖြေ။
Take-Profit အော်ဒါ ၏ အခြေခံများ။
Take Profit ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိပါသည်။
Take Profit (TP) ဆိုသည်မှာ ကုန်သွယ်ရေးပစ္စည်း၏ တန်ဖိုးသည် ကုန်သည်မှ ကြိုတင်သတ်မှတ်ထားသောတန်ဖိုးနှင့် ညီမျှသွားသော အချိန်တွင် ကုန်သွယ်မှုအား ပိတ်သိမ်းရန် အကျိုးဆောင်အား ညွှန်ကြားထားသော pending order တခု ဖြစ်ပါသည်။
Take Profit အော်ဒါ၏ အဓိပ္ပါယ်ကို ရှင်းပြပေးသွားပါမည်။
၎င်းသည် အောက်ပါအတိုင်း အလုပ်လုပ်ပါသည်။ ကုန်သည်တဦးသည် ဝယ်ယူရန်အော်ဒါတခုကို ပြုလုပ်၍ ပိုင်ဆိုင်မှုတခုအား ၎င်း၏ ကုန်သွယ်ရေးပလက်ဖောင်းပေါ်မှ လက်ရှိပေါက်ဈေးဖြင့် ဝယ်ယူပါသည်။ ၎င်းသည် လက်ရှိဈေးနှုန်း + ၂၀ ပွိုင့်တွင် အမြတ်ကန့်သတ်လိုသည့် Take Profit အော်ဒါတစ်ခုကိုလည်း ပြုလုပ်ပါသည်။ သတ်မှတ်ပိုင်ဆိုင်မှု၏ ဈေးနှုန်းအဆင့်တခုသည် အဆိုပါတန်ဖိုးသို့ ရောက်ရှိသောအခါတွင် ကုန်သွယ်မှုအား အလိုအလျောက် ပိတ်သိမ်းလိုက်မည် ဖြစ်သည်။ ဈေးကွက်နှုန်းထားသည် ကြိုတင်သတ်မှတ်ထားသော တန်ဖိုးသို့ မရောက်ရှိမှီအထိ Take Profit အော်ဒါသည် အသက်ဝင်နေမည် ဖြစ်ပါသည်။
ကုန်သည်အနေဖြင့် အောက်ပါအခြေအနေများတွင် Take Profit အော်ဒါများကို နေရာချထားနိုင်ပါသည်။
ကုန်သည် မရှိသောအချိန်တွင် ကုန်သွယ်မှုတခုကိုဖွင့်ရန်။ ဥပမာ - ဈေးနှုန်းသည် ညအချိန်၌ လိုအပ်သော အဆင့်တခုသို့ ရောက်လိမ့်မည်ဟု ယူဆထားသည်။ သို့သော် မနက်ရောက်သော် ယခင် အဆင့်သို့ ပြန်လည် ရောက်ရှိသွားမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် Take Profit အော်ဒါကို ပြုလုပ်၍ အိပ်ယာဝင်ခဲ့သည်။ ကြိုတင်သတ်မှတ်ထားသော အဆင့်သို့ ဈေးနှုန်း ရောက်ရှိချိန်တွင် ကုန်သွယ်မှု အလိုအလျောက် ပိတ်သိမ်းသွားမည် ဖြစ်သည်။ မနက်ရောက်သောအခါ သင်၏ ကုန်သွယ်မှုမှာ ပိတ်သိမ်းပြီးဖြစ်၍ အမြတ်ရရှိနေပြီ ဖြစ်ပါသည်။
ဈေးတန်းတခုတွင် ကုန်သွယ်မှုအား ပိတ်သိမ်းရန်။ ဤနည်းဗျူဟာအား scalping တွင် အသုံးပြုကြလေ့ရှိသည်။ Scalping တွင် မီလီစက္ကန့်တိုင်းသည် အရေးကြီးပါသည်။ ကုန်သည်၏ ယူဆချက်အရ ဈေးနှုန်းမျဉ်းသည် တိကျသောအဆင့်တခုသို့ ရောက်ရှိပြီး၊ နောက်သို့ ပြန်လှည့်လိမ့်မည် ဖြစ်သည်။ ကုန်သည်အနေဖြင့် လူကိုယ်တိုင် ကုန်သွယ်မှု ပိတ်သိမ်းခြင်းအတွက် အချိန်များစွာ လိုအပ်ကြောင်း သိနားလည်ပြီးဖြစ်သည်။ ထို့အပြင် ဈေးနှုန်းသည် လိုလားသော အဆင့်သို့ ရောက်ရှ်ိပြီးသည်နှင့် ဆန့်ကျင်ဘက်သို့ လျင်မြန်စွာ ပြောင်းလဲရွေ့လျားသွားနိုင်သည်။ ထို့ကြောင့် ဈေးကွက်အတွင်းမှ အမြတ်အများဆုံးဖြင့် ထွက်ခွာရန် Take Profit အား ချမှတ်ပါသည်။ ထိုအခါ ဈေးကွက်နှုန်းထားသည် ကြိုတင်သတ်မှတ်ထားသော အဆင့်သို့ ရောက်ရှိသည်နှင့်တပြိုင်နက် ကုန်သွယ်မှုအား အလိုအလျောက် ပိတ်သိမ်းပေးမည် ဖြစ်ပါသည်။
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းမူဝါဒနှင့် ကုန်သွယ်ရေးစိတ်ပညာအား စူးစမ်းလေ့လာရန်။ စိတ်ခံစားချက် များ နှင့် လောဘတို့ကြောင့် တနေ့အတွင်းကုန်သွယ်ကြသူများသည် အမြတ်ပိုမို ရလိုသော မျှော်လင့်ချက်ဖြင့် အကျိုးအမြတ်ရရှိနေသော ကုန်သွယ်မှုများကို ဈေးကွက်အတွင်း ပိုမို ကြာရှည်ဖွင့်လှစ်ထားကြလေ့ရှိသည်။ ရလာဒ်အနေဖြင့် ဈေးနှုန်း နောက်ပြန်လှည့်သော အခိုက်အတန့်နှင့် လွဲချော်ကာ ကုန်သွယ်မှုအား အမြတ်အနည်းဆုံးဖြင့် ပိတ်သိမ်းရလေ့ရှိပါသည်။ ရည်မှန်းထားသော အမြတ်ကို လက်လွတ်ဆုံးရှုံးရသည့်အပြင် ထိုအဖြစ်အပျက်ကြောင့် စိတ်ဆင်းရဲရနိုင်ပါသည်။ Take Profit သည် အလားအလာရှိသော ဝင်ငွေများကို ဖြတ်ချလိုက်ခြင်း ဖြစ်သော်လည်း ၎င်းသည် လမ်းကြောင်းပြောင်းလဲသောအခါ ဆုံးရှုံးမှုအလားအလာများမှ ကာကွယ်ပေးနိုင်ပြီး၊ စိတ်ဖိစီးမှုကိုလည်း လျော့ပါးစေပါသည်။
Forex ကုန်သွယ်ရေး(နိုင်ငံခြားငွေလဲလှယ်ရေး)တွင်၊ Take Profit အော်ဒါများကို အဝယ်ကုန်သွယ်မှု အတွက် ရောင်းဈေး (Bid Price) ၏ အထက်နှင့် အရောင်းကုန်သွယ်မှုအတွက် ဝယ်ဈေး (Ask Price) ၏ အောက်တွင် အမြဲတစေ ချမှတ်ရပါမည်။
သတိပြုရန်! ဈေးကွက်တွင် ပေါက်ဈေးနှစ်ခု ရှိပါသည်။ Bid — အရောင်းဈေးနှင့် Ask — အဝယ်ဈေးတို့ ဖြစ်ကြပါသည်။ ဝယ်ဈေးသည် ရောင်းဈေးထက် အမြဲပင် ပိုမိုမြင့်မားပါသည်။ Forex ကုန်သွယ်မှု candlestick များကို အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။
High သည် တိကျသောကာလတခုအတွင်း အများဆုံးအရောင်းဈေးဖြစ်သည်။
Low သည် တိကျသောကာလတခုအတွင်း အနည်းဆုံးအရောင်းဈေးဖြစ်သည်။
ထို့ကြောင့် အနည်းဆုံး အဝယ်ဈေးသည် Low အား spread ပေါင်းထားသည်နှင့် ညီမျှပြီး၊ အများဆုံး အရောင်းဈေးသည် High အား spread ပေါင်းထားသည်နှင့် ညီမျှပါသည်။
အဝယ်ကုန်သွယ်မှုတွင် အရောင်းဈေးနှုန်းသည် ကြိုတင်သတ်မှတ်ထားသော တန်ဖိုးသို့ ရောက်ရှိပါက၊ Take Profit အား အသက်သွင်းပါသည်။
အရောင်းကုန်သွယ်မှုတွင် အဝယ်ဈေးနှုန်းသည် ကြိုတင်သတ်မှတ်ထားသော တန်ဖိုးသို့ ရောက်ရှိပါက၊ Take Profit အား အသက်သွင်းပါသည်။
Forex ကုန်သွယ်ရေးတွင် ပလက်ဖောင်း၏ ဇယားများပေါ်၌ အရောင်းဈေးကိုသာ အဓိကျသော အတိုင်းအတာတခုအဖြစ် ဖော်ပြထားလေ့ရှိကြပါသည်။ သင်၏ Forex ကုန်သွယ်ရေး TP အော်ဒါကို သတ်မှတ်ချိန်တွင် Spreads ပါဝင်သော ဈေးနှုန်းများကို သတိပြုပါ။
Take Profit သည် မည်သို့ အလုပ်လုပ်ပါသနည်း။ ၎င်း၏ ဥပမာ။
TP ဈေးကွက်အော်ဒါတခုသည် ကြိုတင်သတ်မှတ်ထားသော အဆင့်တခုတွင် ကုန်သည်၏ ပါဝင် ဆောင်ရွက်မှု မလိုအပ်ပဲ အလိုအလျောက် အလုပ်လုပ်ပါသည်။
Take Profit အော်ဒါသည် မည်သို့ အလုပ်လုပ်ပါသနည်း။ Forex ကုန်သွယ်ရေး BTCUSD ဇယားကိုဖွင့်ပါ။ ကျွန်ုပ်တို့၏ မူလရည်ရွယ်ချက်မှာ take-profit အော်ဒါ၏ ဥပမာတခုကို မြင်တွေ့နိုင်ရန်ဖြစ်သည်။ နိုင်ငံခြား ငွေလဲလှယ်ရေးဈေးကွက်တွင် တိုတောင်းသော M5 အချိန်ဘောင်တခုကို ရွေးပါမည်။ take profit အော်ဒါပြ ဝင်းဒိုး ကိုဖွင့်ကာ အမြတ်ကန့်သတ်ပမာဏကို 5 USD နှင့်ညီမျှသော 43,647.90 တွင် သတ်မှတ်ပါ။
Forex ကုန်သွယ်မှုတခုကိုဖွင့်ပါ။ ဈေးကွက်ပေါက်ဈေးမျဉ်းကြောင်းသည် ကြိုတင်သတ်မှတ်ထားသော ဈေးနှုန်း အဆင့်သို့ ရောက်ရှိသွားချိန်ကို စောင့်ပါ။ Take Profit အော်ဒါတန်ဖိုးသို့ ရောက်ရှိသည်နှင့် တပြိုင်နက် ကုန်သွယ်မှု အလိုအလျောက်ပိတ်သိမ်းသွားပါမည်။ Trading history ခလုပ်ကိုနှိပ်၍ အပိတ်ဈေးကို ဆန်းစစ်ပါ။
၎င်းသည် အော်ဒါတွင် ဖော်ပြထားသော ဈေးနှုန်းအတိုင်း အတိအကျ တူညီပါသည်။ အဓိပ္ပါယ်မှာ ကုန်သွယ်မှုသည် လွဲချော်ခြင်း၊ ကြန့်ကြာခြင်း တစုံတရာမရှိပဲ ကုန်သည်၏အော်ဒါသတ်မှတ်ချက်အတိုင်း တိကျစွာ ပိတ်သိမ်းခဲ့ပါသည်။
Take Profit Calculator
Forex ကုန်သွယ်ရေး၏ Take Profit Calculator ဆိုသည်မှာ အရှုံးကန့်သတ်ချက်ပမာဏ ဖြစ်သော Stop loss၊ အဝင်ဈေး နှင့် TP/SL ကန့်သတ်အော်ဒါများဖြင့် ပိတ်သိမ်းသော ကုန်သွယ်မှုရာခိုင်နှုန်းများ အပေါ် မူတည်၍ Take Profit အား အလိုအလျောက် တွက်ချက်ပေးသော ကိရိယာတခု ဖြစ်ပါသည်။ Stop Loss level အားတွက်ချက်ရာတွင် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းမူဝါဒနှင့်အညီ — ကုန်သွယ်မှုပမာဏ၊ ကုန်သွယ်မှု တန်ဖိုးများ စသည်တို့အပေါ်အခြေခံ၍ တွက်ချက်ပါသည်။
ဥပမာ။ ။ ကုန်သွယ်ရေးနည်းဗျူဟာတခုသည် Stop Loss ဖြင့် ပိတ်သိမ်းရသော အရှုံးပေါ်သည့် ကုန်သွယ်မှု ၇၀ %၊ Take Profit ဖြင့် ပိတ်သိမ်းရသော အမြတ်ဖြစ်ထွန်းသည့် ကုန်သွယ်မှု ၃၀ % ရှိပါက၊ အောက်ပါရလာဒ်ကို ကျွန်ုပ်တို့ ရရှိပါမည်။
၀.၇ * အရှုံး > ၀.၃ * အမြတ်
သို့ရာတွင် နိုင်ငံခြားငွေလဲလှယ်ရေးတွင် ကုန်သွယ်ရေးနည်းဗျူဟာတခု အလုပ်ဖြစ်စေရန်အတွက် စုစုပေါင်း အပြီးသတ် အရှုံးသည် စုစုပေါင်းအမြတ်ထက် ပိုနည်းရပါမည်။ ထို့ကြောင့် Take Profit သည် Stop Loss ထက် အနည်းဆုံး ၂.၃၃ ဆ (၀.၇/၀.၃) ပို၍ကြီးမားရပါမည်။ စုစုပေါင်း လွဲချော်မှုများကို ထည့်သွင်းစ ဉ်းစားသောအခါ၊ တန်ဖိုးသည် ၂.၅ ဆခန့် ပိုမြင့်သင့်သည်ဟူသော အဖြေကို ရရှိပါသည်။
Trader's calculator ကို အသုံးပြု၍ take profit အော်ဒါကို ချမှတ်ရန် အကောင်းဆုံးဈေးတန်းကို ဆုံးဖြတ်ပါ။
LiteFinance ပလက်ဖောင်းတွင် Take Profit အား မည်သို့ သတ်မှတ်ရမည်နည်း။
သတိပြုပါ! အင်တာနက်ပေါ်တွင် ဒဿမလေးနေရာနှုန်းထားများအတွက် Take profit နှင့် SL သတ်မှတ်ချက်ပမာဏများကို တွက်ချက်ရန် နည်းစနစ်များစွာကို တွေ့ရှိနိုင်ပါသည်။ အချို့သော ဂဏန်းတွက်စက်များဖြင့်လည်း တွက်ချက်နိုင်ပါသည်။ ဥပမာပေးရလျှင် Investing ကဲ့သို့သော ဝက်ဘ်ဆိုဒ် များတွင် ကြည့်ရှုနိုင်ပါသည်။ LiteFinance တွင် တန်ဖိုးများကို ဒဿမငါးနေရာအထိ တွက်ချက်ပါသည်။
စတင်လေ့လာသူများအတွက် LiteFinance ပလက်ဖောင်းပေါ်တွင် Take Profit သတ်မှတ်ရန် လမ်းညွှန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ အကောင့်စစ်တခု သို့မဟုတ် ဒီမိုအကောင့်တခုကို ဖွင့်လှစ်ရန် မှတ်ပုံတင်စာရင်းပေးသွင်းပါ။ ပင်မစာမျက်နှာ တွင် “Registration” ခလုပ်ကိုနှိပ်ကာ ညွှန်ကြားချက်များအတိုင်း လိုက်ပါလုပ်ဆောင်ရန်သာ လိုအပ်ပါသည်။ မှတ်ပုံတင်စာရင်းသွင်းခြင်း ပြီးစီးပါက “Login” ခလုပ်ကိုနှိပ်၍ သင်၏ အကောင့်ဝင်ခွင့် အချက်အလက်ကို ဖြည့်သွင်းပါ။
၂။ ဘယ်ဘက်ရှိ ဒေါင်လိုက်မီနူးမှ “Trade” ခလုပ်ကိုနှိပ်၍ ရေပြင်ညီမီနူးတွင် သင်၏ ကုန်သွယ်ရေး ပစ္စည်းအမျိုးအစားကို ရွေးချယ်ပါ။
၃။ ဇယား၏ညာဘက်မှ “Closing conditions” ကိုနှိပ်ပါ။ သို့မဟုတ် သင်၏ဇယားကို ချဲ့ထွင်ထားပါက ညာဘက်အပေါ်ထောင့်မှ “Open trade” ကိုနှိပ်၍ “Closing conditions” ကိုနှိပ်ပါ။
ပွင့်လာသော ဝင်းဒိုး အတွင်း ကော်လံနှစ်ခုကို တွေ့မြင်ရပါမည်။ တခုမှာ Take Profit အော်ဒါတန်ဖိုးများ အတွက်ဖြစ်ပြီး၊ ကျန်တခုမှာ အရှုံးကန့်သတ်ချက် SL တန်ဖိုးများအတွက် ဖြစ်ပါသည်။ Take Profit အော်ဒါကော်လံတွင် ကွက်လပ်သုံးခု ပါဝင်ပါသည်။
Take profit ။ ဤနေရာတွင် Take Profit အော်ဒါတန်ဖိုးအား USD ဖြင့် သတ်မှတ်နိုင်ပါသည်။ ဥပမာ - သင်သည် ကုန်သွယ်ရေးအမြတ် 20 USD ကို ရရှိလိုသည် ဆိုပါစို့။ ၎င်းတန်ဖိုးအား ကွက်လပ်အတွင်း ဖြည့်သွင်းပါ။ Spread အတွက် ထည့်သွင်းစဉ်းစားပေးရန် မမေ့ပါနှင့်။
Movement ။ ဤနေရာတွင် အမြတ်ကန့်သတ်ချက် ပွိုင့်အရေအတွက်ကို ဖြည့်သွင်းနိုင်ပါသည်။ ဥပမာ - သင့်သည် ပွိုင့်သုံးဆယ်အကွာအဝေး (ဒသမလေးနေရာနှုန်းထား) ထိ တန်ဖိုး ရွေ့လျား သွားသည်နှင့် တပြိုင်နက် TP အော်ဒါတခုအား အလုပ်စတင်စေလိုသည်ဟု ဆိုပါစို့။ ပုံတွင် အဝယ်အော်ဒါကို ပြသထားပါသည်။ ထို့ကြောင့် ကွက်လပ်တွင် "0.00300” ဟု ဖြည့်သွင်းရန် လိုအပ်ပါသည်။
Close price ။ ဤနေရာတွင် သင့်အနေဖြင့် TP အော်ဒါကို အသက်သွင်းရန်အလို့ငှာ ရောက်ရှိရမည့်နှုန်းထားတန််ဖိုးတခုကို ဖြည့်သွင်းနိုင်ပါသည်။ အဝင်ပွိုင့်ဖြစ်သော 1.17180 တွင် ပွိုင့် ၃၀ ပေါင်းထည့်၍ ရရှိသောတန်ဖိုးကို ဖြည့်ပါ — ယခုဥပမာအရ 1.17480 တန်ဖိုးကို ဖြည့်သွင်းရပါမည်။
ကွက်လပ်တခုစီတွင် တန်ဖိုးများကို သတ်မှတ်သောအခါ၌ ကျန်ရှိသော အမြတ်ကန့်သတ်ချက် နှုန်းထားများ၏ သက်ဆိုင်ရာ ယူနစ်များကို အခြားကွက်လပ်နှစ်ခုတွင် အလိုအလျောက် ပြသမည် ဖြစ်ပါသည်။
ဥပမာအားဖြင့် သင်သည် “Movement”အကွက်တွင် အမြတ်ကန့်သတ်မည့်ပွိုင့် ၃၀ ကို သတ်မှတ်လိုသည်ဟု ဆိုကြပါစို့။ ၎င်းသည် ဒဿမငါးနေရာနှုန်းထားအတွက် ၃၀၀ ပွိုင့်နှင့် ညီမျှပါသည်။ ထို့ကြောင့် အခြား ကွက်လပ်နှစ်ခုတွင် အောက်ပါတန်ဖိုးများကို ရရှိပါမည်။
Take profit — 3 USD။ ဤဖြစ်ရပ်တွင် ကျွန်ုပ်တို့သည် EURUSD အတွဲဖြင့် 0.01 lot ကုန်သွယ်မှုကို ဖွင့်ပါသည်။ ပွိုင့်တခု၏တန်ဖိုးမှာ 100,000 * 0.01 * 0.00001 = 0.01 သို့မဟုတ် 1 cent ဖြစ်ပါသည်။ ပွိုင့်သုံးရာအတွက် — 300 cent သို့မဟုတ် 3 USD ဖြစ်ပါသည်။
Close price။ သုံးရာပွိုင့်အား ကုန်သွယ်မှု၏ လက်ရှိ အဝင်ဈေး ကွက်လပ် သို့ အလိုအလျောက် ဖြည့်သွင်းသွားပါမည်။
ဖွင့်ထားသောကုန်သွယ်မှုတခုအတွက် TP တန်ဖိုးကို ပြင်ဆင်ရန်၊ "Portfolio” ကိုနှိပ်ပါ၊ ထို့နောက် "Edit” ကို နှိပ်ပါ။
MT4 / MT5 တွင် Take Profit အား မည်သို့ သတ်မှတ်ရမည် နည်း။
Metatrader တွင် Take Profit အော်ဒါများကို သတ်မှတ်ခြင်းလမ်းစဉ်မှာ LiteFinance ပလက်ဖောင်း၏ TP ချိန်ညှိမှုများနှင့် ထပ်တူကျပါသည်။ ၎င်းအား ကုန်သွယ်မှုအဝင်၌ သတ်မှတ်နိုင်သကဲ့သို့၊ ဖွင့်ထားဆဲ ကုန်သွယ်မှုတခုအတွက်လည်း ပြင်ဆင်သတ်မှတ်နိုင်ပါသည်။ TP အော်ဒါတခုအား အော်ဒါဘောင်ကွက်ကို မဖွင့်ပဲ၊ ဇယား၏ ညာဘက်သို့လည်း ရွေ့ပြောင်းနိုင်ပါသည်။
အဝယ်ကုန်သွယ်မှုတခုအတွက် Take Profit အား မည်သို့ သတ်မှတ်ရမည်နည်း။
၁။ ဇယားပေါ်မှ “New order”ကို နှိပ်ပါ။ လက်ရှိဈေးကွက်ပေါက်ဈေးအတိုင်း အကောင်အထည်ဖော်သော market execution order သို့မဟုတ် ကြိုတင်သတ်မှတ်နိုင်သော pending order တခုကို ရွေးချယ်ပါ — ထိုအော်ဒါအမျိုးအစားနှစ်ခုအတွက် ဖြည့်စွက်ချက်တခုအဖြစ်သာ Take Profit ကို သတ်မှတ်နိုင်ပါသည်။
၂။ Take Profit အော်ဒါဘောင်ကွက်အတွင်း အဝယ်ကုန်သွယ်မှုအတွက် ဈေးတန်းကို ထည့်သွင်းပါ။ TP ဈေးတန်းတခုသည် ကုန်သွယ်ရေးပစွည်း၏ လက်ရှိတန်ဖိုးထက် မြင့်မားရပါမည်။ ဝယ်ယူရန်ကုန်သွယ်မှု အား အဝယ်ဈေးတန်း၌ ဖွင့်လှစ်ပါသည် - ပို၍မြင့်မားသော ဈေးကွက်နှုန်းထားတခုဖြစ်ပြီး ဇယားပေါ်တွင် အနီရောင်မျဉ်းဖြင့် အမှတ်အသားပြုထားပါသည်။
အရောင်းကုန်သွယ်မှုတခုအတွက် Take Profit အား မည်သို့သတ်မှတ်ရမည်နည်း။
လုပ်ငန်းစဉ်မှာ ယခင်တခုနည်းတူသာ ဖြစ်ပါသည်။ ကွဲပြားသောအချက်မှာ အရောင်းကုန်သွယ်မှုအား အရောင်းဈေး၌သာ အမြဲဖွင့်ရခြင်းဖြစ်သည်။ ထို့နောက် Take Profit အော်ဒါအား ၎င်း၏ အောက်ဘက်တွင်သာ အမြဲသတ်မှတ်ရပါသည်။
အကယ်၍ သင်သည် Take Profit အော်ဒါအား အဝယ်ဈေးနှင့် အရောင်းဈေးနှစ်ခု၏ တန်ဖိုးများကြားတွင် သတ်မှတ်ရန် ကြိုးစားပါက “TP တန်ဖိုးမှားယွင်းနေပါသည်၊ ထို့ကြောင့် ထိုတန်ဖိုးအား သတ်မှတ်၍မရပါ” ဟူသော စနစ်မှပေးပို့သည့် စာတိုတစောင်ကို လက်ခံရရှိပါလိမ့်မည်။
MetaTrader တွင် အဝယ်ကုန်သွယ်မှုတခုအတွက် Take Profit အား မည်သို့ ရွှေ့ ရမည်နည်း။
Two horizontal dotted lines are displayed on the chart after you open a trade in MT4.
1 — အဝင်ဈေးတန်း
2 — TP ဈေးတန်း (အဝယ်ကုန်သွယ်မှုတခုအတွက်၊ အထက်ပါဥပမာအတိုင်း)
ဇယားတခုပေါ်တွင် သင်အလိုရှိသမျှအော်ဒါအရေအတွက်ကို ဖွင့်လှစ်နိုင်ပါသည်။ မတူညီသော ကုန်သွယ်မှုများ အတွက် TP အော်ဒါများ မရှုပ်ထွေးစေရန် အော်ဒါနံပါတ်အား အထက်ပါ အစက်အပြောက် မျဉ်းများဖြင့် ဘယ်ဘက်ခြမ်း၌ ပြသထားပါသည်။
Take Profit အော်ဒါတခုအား ရွှေ့ရန်အတွက် နည်းလမ်းပေါင်းများစွာ ရှိပါသည်။
မြှားကို TP ရေပြင်ညီမျဉ်းပေါ်တွင်ထား၍ ၎င်းမျဉ်းအား နေရာအသစ်သို့ ဆွဲယူပါ။
သင်၏အော်ဒါကို ပြန်လည်ပြင်ဆင်ပါ။ “Trade” ခလုပ်ကိုနှိပ်ပါ။ အော်ဒါပေါ်သို့ right-click နှိပ်ကာ "Modify”ကို နှိပ်ပါ။
သင်၏ TP အော်ဒါအား ကုန်သွယ်ရေးစည်းမျဉ်းများနှင့်အညီသာ ရွေ့ပြောင်းနိုင်ပါသည်။ သင်၏ TP ဈေးတန်းအား အဝယ်ကုန်သွယ်မှုတခုတွင် အဖွင့်ဈေး၏အောက်၌လည်းကောင်း၊ အရောင်းကုန်သွယ်မှုတခု တွင် အဖွင့်ဈေး၏ အထက်၌လည်းကောင်း သတ်မှတ်၍မရပါ။
Quik တွင် Take Profit အား မည်သို့သတ်မှတ်ရမည်နည်း။
MT4 တွင် လုပ်ဆောင်ရသော လုပ်ငန်းစဉ်အတိုင်း ထပ်တူကျပါသည်။ အော်ဒါချိန်ညှိမှုဘောင်ကွက်အတွင်း “Take profit” အား stop အော်ဒါအမျိုးအစားတခုအဖြစ် တိကျစွာသတ်မှတ်ပါ။ ထို့နောက် ပွင့်လာသော အကွက်တွင် သင်၏တန်ဖိုးကိုထည့်ပါ။ MT4 နှင့်မတူသောအချက်မှာ Quik သည် Take profit အား သီးခြားအော်ဒါတခုအဖြစ် သတ်မှတ်ပါသည်။ ထို့ကြောင့် သင်၏ ကုန်သွယ်မှုအရွယ်အစား၊ ကုန်သွယ်ရေး ပစ္စည်းအမျိုးအစား၊ client ကုဒ် အစရှိသည်တို့ကို အတိအကျဖော်ပြရန် လိုအပ်ပါသည်။ Take Profit အော်ဒါတခုကို Depth of Market (orderbook) တွင်လည်း သတ်မှတ်နိုင်ပါသည်။
Take Profit ကို မည်သည့်နေရာတွင် သတ်မှတ်ရမည်နည်း။
Take Profit ကို မည်သို့ မှန်ကန်စွာ သတ်မှတ်ရမည်နည်း။ TP တွက်ချက်မှုနည်းလမ်းများအား သင်္ချာနည်းနှင့် ဂရပ်ဖစ်နည်းဟူ၍ အမျိုးအစားခွဲခြားထားပါသည်။ အမျိုးအစားခွဲခြားမှုသည် ယေဘုယျ သဘောတရားသာ ဖြစ်ပြီး၊ ဈေးကွက်အခြေအနေကိုလိုက်၍ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မည်သည့်နည်းလမ်းက ပို၍ကောင်းသည်ဟု ဆိုနိုင်ရန် ခက်ခဲပါသည်။ နည်းလမ်းအားလုံးကို အသုံးပြုနိုင်ရန် လေ့လာထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
၁။ အဓိကဈေးတန်းများကိုအခြေခံသော TP ချိန်ညှိမှုများ။ ဝယ်လိုအားနှင့် ရောင်းလိုအားများတွင် ဈေးနှုန်း၏ ဦးတည်ရာပြောင်းလဲလေ့ရှိသည်။ ဈေးနှုန်းသည် အဆိုပါအဆင့်များသို့ ရောက်ရှိနိုင်သော အလားအလာရှိနေသည်။ သို့သော် ထိုအဆင့်များကို ဖောက်ထွက်နိုင်ခြင်း ရှိမရှိ မသေချာပါ။ TP အော်ဒါသည် ဈေးနှုန်းနောက်ပြန်မဆုတ်ခင်အချိန်အတွင်း အမြတ်ပစ်မှတ်များကို သေချာစေပါသည်။
အဆိုပါအဆင့်များသည် စိတ်ပညာသဘောတရားကိုအခြေခံသော အကြောင်းရင်းများကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။ ဥပမာ - ရင်းနှီးမြှုပ်နှံသူအများစုသည် နောက်ဆုံး အတက်လမ်းကြောင်း အတွင်း တန်ဖိုးကျဆင်းခဲ့သည့်အဆင့်တွင် TP ကို ထားရှိကြလေ့ရှိသည်။ TP သည် ရောင်းချရန် အော်ဒါတခုဖြစ်သည်။ ထို့ကြောင့် ရောင်းချရန်အော်ဒါများ တပြိုင်တည်း စတင်ကြသောအခါ၊ ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားပါသည်။
ဥပမာ -
H1 ဇယားသည် အားကောင်းသော ပြင်ဆင်မှုများ အကြိမ်ပေါင်းများစွာပါဝင်သော အကျလမ်းကြောင်း ရှည်တခုကို ပြသထားပါသည်။ ပွိုင့်သုံးခုသည် ကနဦး ဝယ်လိုအား/ရောင်းလိုအားဈေးတန်းများဖြစ်လာမည့် ရေပြင်ညီအဆင့်တခုကို နှစ်ကြိမ်တိတိ ရေးဆွဲပေးပါသည်။ အဝယ်သမားများ၏ အောက်မှဖောက်ထွက်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ပါ။ မကြာသေးမှီကပင် ယာယီကျဆင်းသောလမ်းကြောင်းသစ်တခု ပေါ်ပေါက်လာခဲ့ပါသည်။ ၎င်းသည် လမ်းကြောင်းမျဉ်း သို့မဟုတ် အမြင့်ဆုံး အရောင်းဈေးတန်းတွင် အဆုံးသတ်နိုင်သည်။ ထို့ကြောင့် ၎င်းပွိုင့်နှစ်ခုအား TP stop အော်ဒါကို သတ်မှတ်ရန်အတွက် အသုံးပြုနိုင်ပါသည်။
၂။ မတည်ငြိမ်မှုအပေါ်အခြေခံသော TP ချိန်ညှိမှုများ။ သေးငယ်သောအချိန်ဘောင်ရှိသည့် ဇယားတခုတွင် ဈေးနှုန်းအတက်အကျများကို အဆုံးအဖြတ်ပေးသော candlestick ၏ ပျမ်းမျှအရွယ်အစားကို သိရှိရန် လိုအပ်ပါသည်။
ဥပမာ - ကုန်သွယ်ရေးပစ္စည်းတခုကို ကိုယ်စားပြုသော နေ့စဉ် candlestick တခု၏ ပျမ်းမျှအရွယ်အစား သည် ဒဿမလေးနေရာနှုန်းထားဖြင့် ၈၀ ပွိုင့်ဖြစ်သည်။ H1 ဇယားပေါ်တွင် ကုန်သွယ်မှုဖွင့်သောနေ့အစမှ ငါးနာရီအတွင်း ၎င်း၏တန်ဖိုးသည် နောက်ထပ် ပွိုင့် ၃၀ အကွာအဝေးထိ ကျယ်ပြန့်လာခဲ့သည်။ ဆိုလိုသည် မှာ ၎င်းသည် ထိုနေ့၏ ကျန်ရှိသော အချိန်အတွင်း နောက်ထပ် ၅၀ ပွိုင့်သာ အများဆုံး ထပ်မံ ကြီးမားလာနိုင်ပါသည်။ ထိုအခါ TP ချိန်ညှိမှုများကို မြင့်မားစွာသတ်မှတ်ခြင်းဖြင့် အကျိုးမရှိနိုင်ပါ။
မတည်ငြိမ်မှုနှင့်စပ်လျဉ်း၍ အသုံးဝင်သော ဆောင်းပါးများ။
Average True Range Indicator: သင်၏ ကုန်သွယ်စွမ်းရည်ကို မတည်ငြိမ်မှု အတိုင်းအတာများ ဖြင့် မြှင့်တင်ပါ နှင့် အခြားယုံကြည်အားထားရသော indicator များ။
၃။ Fibonacci retracements ဈေးတန်းများကို အသုံးပြု၍ TP ချိန်ညှိမှုများ ပြုလုပ်ခြင်း။
ယာယီပြောင်းလဲမှုဖြစ်ပေါ်သောဈေးတန်းများသည် swing trading နည်းစနစ်များ နှင့် ကာလတို ကုန်သွယ်ရေး စနစ်များတွင် အသုံးဝင်ပါသည်။ ၎င်းတို့၏ အခြေခံအယူအဆမှာ ဈေးနှုန်းသည် ၎င်း၏ ယခင်ဈေးတန်းများကို ပြန်လည်ရောက်ရှိသွားပြီး၊ ဈေးကွက်ယာယီအပြောင်းအလဲပြီးဆုံးချိန်၌ ပင်မလမ်းကြောင်းနောက်သို့ ပြန်လည်လိုက်ပါခြင်း ဖြစ်ပါသည်။ ဆန့်ကျင်ဘက်အခြေအနေတခု ထင်ရှားစွာ ပေါ်ပေါက်လာပြီးချိန်တွင် ကုန်သွယ်မှုတခုကို ယာယီပြင်ဆင်မှုလမ်းကြောင်း၏ အောက်ခြေတွင် ဖွင့်ပါသည်။ TP အော်ဒါတခုအား နောက်တဆင့် သို့မဟုတ် ယာယီပြင်ဆင်မှု၏အစတွင် သတ်မှတ်ပါသည်။
ဥပမာ -
Fibonacci ဂရစ်အား အတက်လမ်းကြောင်းပေါ်ရှိ Fibo 1 နှင့် Fibo 2 အစွန်းနှစ်ဖက်တလျှောက်တွင် ရေးဆွဲပါသည်။ ယာယီဈေးနှုန်းပြင်ဆင်မှုသည် 0.382 သို့ရောက်ရှိကာ ၎င်းကို ထိစပ်လုနီးပါးဖြစ်ပါသည်။ ယခင် candles များနှင့် မတူညီသောအချက်မှာ အနီရောင် candle သည် သေးငယ်သောကိုယ်ထည်ရှိပြီး နှစ်ဖက်စလုံးရှိ shadow များသည် အရွယ်အစားချင်း ညီမျှပါသည်။ ၎င်းသည် ဆန့်ကျင်ဘက်အခြေအနေ၏ လက္ခဏာတခု ဖြစ်ပါသည်။ လက်ရှိ သို့မဟုတ် နောက်လာမည့် တိုးတက်သော candlestick တွင် ကုန်သွယ်မှုကိုဖွင့်ပါ။ အမြတ်ကန့်သတ်ချက်အား ယာယီပြင်ဆင်မှု၏ အစပိုင်းအဆင့် — Fibo ဂရစ်အရ 0 တွင် သတ်မှတ်ပါ။
ကာလရှည်နည်းဗျူဟာများတွင် Fibonacci Extension ကို အသုံးပြုပါ။ (MA၊ pivot points အစရှိသော) indicator များကို မည်သို့အသုံးပြုရမည်ကို ပိုမို၍ အသေးစိတ်သိရှိလိုပါက Fibonacci retracement ဆိုသည်မှာ အဘယ်နည်း။ ဤ indicator ကို အသုံးပြု၍ မည်သို့ကုန်သွယ်ရမည်နည်း။ ဆောင်းပါးတွင် ဆန်းစစ်လေ့လာနိုင်ပါသည်။
၄။ အချိန်ကိုအခြေခံသော TP ချိန်ညှိမှုများ။ ဤ Take Profit ချိန်ညှိမှုနည်းလမ်းသည် တနေ့အတွင်း ကုန်သွယ်ရေးနှင့် သင့်လျော်ပါသည်။ Swap များကို ပေးဆောင်စရာမလိုပဲ၊ အမြတ်ကန့်သတ်ချက်အား တနေ့တာမကုန်ဆုံးမှီ တနာရီအလိုတွင် သတ်မှတ်ထားနိုင်ပါသည်။ ဥပမာ - ပိုင်ဆိုင်မှု၏တန်ဖိုးသည် ထိုအဆင့်သို့ မရောက်ခဲ့လျှင် ကုန်သွယ်မှုအလိုအလျောက်ပိတ်သိမ်းသွားမည်ဖြစ်သည်။ ဤနည်းလမ်းအား သတင်း အခြေခံသောကုန်သွယ်ရေးတွင် အရေးကြီးသတင်းများ မထုတ်ပြန်မှီ၌လည်း အသုံးပြုနိုင်ပါသည်။
၅။ Trailing stop ကို အသုံးပြုခြင်း။ ၎င်းသည် အကာအကွယ်ပေးသော stop အော်ဒါအမျိုးအစား ဖြစ်ပါသည်။ TP နှင့်မတူသည့်အချက်မှာ နောက်ဆက်တွဲကန့်သတ်ချက်သည် အမြတ်ရနေသော ကုန်သွယ်မှု တခုကို မပိတ်သိမ်းပေ။ ၎င်းသည် ဈေးနှုန်း၏ရွေ့လျားမှုနောက်သို့ ကြိုတင်သတ်မှတ်ထားသည့် အကွာအဝေးတခုမှ လိုက်ပါ၍နေပြီး၊ ဈေးကွက်နှုန်းထား ပြောင်းပြန်ဖြစ်သောအခြေအနေအထိ ဆက်လက်ရပ်တည်သော အော်ဒါဖြစ်ပါသည်။
အောက်ပါ ပုံသည် Trailing Stop အား မည်သို့ သတ်မှတ်ရမည်ကို ပြသပါသည်။
အဆင့်များစွာကို တပြိုင်နက် ပြသထားသော အခြေအနေတခုကို “Confluence”ဟု ခေါ်ပါသည်။ အကယ်၍ အားကောင်းသော အဆင့်တခုသည် Fibo အဆင့်များ သို့မဟုတ် သင်္ချာနည်းဖြင့်တွက်ချက်ထားသော ပွိုင့်တခုနှင့် တထပ်တည်းကျ၍နေလျှင်၊ ၎င်းသည် ကောင်းမွန်သော TP အဆင့်တခု ဖြစ်ပါသည်။
၆။ ရည်မှန်းချက် သို့မဟုတ် သင်္ချာတွက်ချက်မှုများအပေါ် အခြေခံသော TP ချိန်ညှိမှုများ။
ကုန်သွယ်ရေးဆောင်ရွက်ရာတွင် အခြားငွေရှာသော နည်းလမ်းများနှင့် ယှဉ်ပြိုင်နိုင်သော အကျိုးအမြတ်ကို ရရှိသင့်ပါသည်။ အကယ်၍ သင်၏ ရည်မှန်းချက်သည် တရက်လျှင် ၁၀၀ ပွိုင့် ရှာဖွေရန်ဖြစ်ပါက၊ ကုန်သွယ်မှုနှစ်ခုအတွက် အမြတ်ကန့်သတ်ချက်များသည် တခုလျှင် ၅၀ ပွိုင့် ဖြစ်သင့်ပါသည်။ သင်၏ မူလရည်မှန်းချက် ပြည့်မြောက်ပြီးသောအခါ TP အော်ဒါများ မပါဝင်ပဲ၊ သင်၏ကုန်သွယ်မှုများကို ကာကွယ်ရန်အတွက် မျှခြေတွင် အရှုံးကန့်သတ်အော်ဒါကိုသတ်မှတ်ကာ စိတ်လက်အေးချမ်းစွာဖြင့် ကုန်သွယ်နိုင်ပါသည်။ အဆိုပါနည်းလမ်း၏ အားနည်းချက်မှာ သင့်အနေဖြင့် လမ်းကြောင်း၏ အတိုင်းအတာကို အတိအကျ မသိရှိနိုင်ခြင်းပင် ဖြစ်သည်။ ဈေးကွက်နှုန်းထားသည် ဝေးကွာလွန်းသော TP ပန်းတိုင်တခုသို့ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။ သို့မဟုတ် ဆန့်ကျင်ဘက်အနေဖြင့် လမ်းကြောင်းသည် သင်လိုလားသော ဦးတည်ရာသို့ ရွေ့လျားနေသော်လည်း Take profit အော်ဒါသည် ကုန်သွယ်မှုအား အလိုအလျောက် ပိတ်သိမ်းလိုက်နိုင်ပါသည်။
သင်္ချာဆိုင်ရာလေ့လာမှုတခုမှ TP/SL အချိုးကို ထည့်သွင်းစဉ်းစားရန် အကြံပြုပါသည်။ ပထမဦးစွာ သင်၏ ကုန်သွယ်မှု ပမာဏ ၊ leverage၊ တပွိုင့်တန်ဖိုး၊ ကုန်သွယ်မှုတခုအတွက် အမြင့်ဆုံးဆုံးရှုံးနိုင်သည့် ပမာဏ တို့အား သင်၏ အပ်ငွေအရွယ်အစားနှင့်နှိုင်းယှဉ်ကာ အရှုံးကန့်သတ်ချက်ပါဝင်သော ကုန်သွယ်မှု အရွယ်အစားကို တွက်ချက်ပါ။ ထို့နောက် TP ပမာဏကို တွက်ချက်ပါ။ ကုန်သွယ်ရေး၌ ရေပန်းအစားဆုံး အချိုးများမှာ 3/1 နှင့် 2/1 တို့ ဖြစ်ပါသည်။ အမြတ်ကန့်သတ်ချက်သည် အရှုံးကန့်သတ်ချက်ထက် ၂ ဆ မှ ၃ ဆ ပို၍ ကြီးမားသင့်ပါသည်။ ထိုသီအိုရီသည် သင်္ချာတွက်ကိန်းအပေါ် အခြေခံထားခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းသီအိုရီအား တင်းကြပ်စွာ ဖက်တွယ်ထားခြင်း မပြုသင့်ပါ။
TP ချိန်ညှိမှုနှင့်စပ်လျဉ်းသော အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
လမ်းကြောင်းတခုလုံးအပေါ်တွင် ငွေများကို ပုံအောခြင်းမပြုပါနှင့်။ မည်သည့်အချိန်၌ လမ်းကြောင်းနောက်ပြန်လှည့်မည်ကို အတပ်ပြောနိုင်သောသူ မရှိပါ။ အမြတ်၏ ၆၀% ခန့်အား အသေအချာကန့်သတ်ထားခြင်းသည် ရလာဒ်ကောင်းတခု ဖြစ်နိုင်ပါသည်။ ဆုံးရှုံးမှု အလားအလာ များကို လျော့ပါးစေရန်အတွက် pivot point များ၊ MA နှင့် အခြား လမ်းကြောင်း indicator များကဲ့သို့သော နည်းပညာပိုင်းဆိုင်ရာ indicator များကို အသုံးပြု၍ သင်၏ သီအိုရီကို ဆန်းစစ်ကြည့်ရန် အကြံပြုပါသည်။
ဥပမာ - သင်သည် အတက်လမ်းကြောင်း၏ အစကို အမိအရ သိရှိခဲ့သည်။ အရောင်းဈေးတန်းများကို စီစဉ်ချိန်ဆ၍ ပိုမိုရှည်လျားသော အချိန်ဘောင်များကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီးသည့်နောက်၊ တန်ဖိုးသည် ၁၀၀ ပွိုင့်ဝန်းကျင်ခန့် မြင့်တက်နိုင်ခြေရှိသည်ဟု သင့်အနေဖြင့် ကောက်ချက်ချနိုင်ခဲ့သည်။ ဤဖြစ်စဉ်တွင် သင်၏ TP အား ၁၀၀ ပွိုင့်မဟုတ်ပဲ၊ ၆၀ ပွိုင့်တွင် ထားရှိသင့်ပါသည်။ သို့မဟုတ် ၅၀ ပွိုင့် ရရှိပြီးချိန်တွင် ကုန်သွယ်မှု တဝက်ကို ပိတ်သိမ်းကာ၊ ကျန်တဝက်အား နောက်ဆက်တွဲ ကန့်သတ်ချက်ဖြင့် အကာအကွယ် ပြုသင့်ပါသည်။
သင်၏ TP အော်ဒါအား အရေးပါသည့်ဈေးတန်းများတွင် အတိအကျ ချမှတ်ခြင်း မပြုပါနှင့်။ လူအများစုသည် အရိုးစွဲသောအလေ့အကျင့်အတိုင်း ဆောင်ရွက်တတ်ကြလေ့ရှိသောကြောင့် ထိုဈေးတန်းများတွင် အခြားကုန်သည်များစွာတို့၏ အော်ဒါများ ရှိနေနိုင်ပါသည်။ အကယ်၍ သင်၏ TP အော်ဒါသည် အခြား TP အော်ဒါအများစုထက် ပို၍ ကွာဝေးပါက၊ ဈေးနှုန်းသည် သင်၏အော်ဒါ အစမပြုမှီမှာပင် စောစီးစွာ အနောက်သို့ ပြန်ကာလှည့်သွားနိုင်ပါသည်။ သင်၏ အမြတ် ကန့်သတ်ချက်အား အဝယ်ကုန်သွယ်မှုအတွက် အရေးပါသည့်ဈေးတန်း ၏ အောက်၌ လည်းကောင်း၊ အရောင်းကုန်သွယ်မှုများအတွက် အရေးပါသည့်ဈေးတန်း၏ အထက်၌ လည်းကောင်း အသီးသီးသတ်မှတ်ပါ။
Take Profit ဆိုသည်မှာ အကျိုးဆောင်ကုမ္ပဏီထံမှာကြားထားသော အော်ဒါတခုဖြစ်၍ အတိအကျလိုက်နာ ဆောင်ရွက်ရမည့် အရာဖြစ်ပါသည်။ ဈေးကွက်သည် အမြတ်ကန့်သတ်ချက်သတ်မှတ်ထားသော အဆင့်သို့ ရောက်ရှိသည်နှင့်တပြိုင်နက် ကုန်သွယ်မှုတခုအား အလိုအလျောက် ပိတ်သိမ်းရပါမည်။ သို့သော် လက်တွေ့တွင်မူ ကုန်သွယ်မှုအား မှားယွင်းသောဈေးနှုန်း၌ လွဲမှားစွာ ပိတ်သိမ်းမိခြင်း သို့မဟုတ် အော်ဒါအထမမြောက်ခြင်း စသော အခြေအနေများ ပေါ်ပေါက်နိုင်ပါသည်။
ထိုသို့ ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပေးထားသော တန်ဖိုး၌ ကုန်သွယ်မှုကို အကောင်အထည်ဖော်ရန် လိုအပ်သော ဆန့်ကျင်ဘက်ပမာဏ မရှိခြင်း။ ဥပမာ - သင်သည် ကုန်သွယ်မှု 1 lot ကို ဝယ်ယူခဲ့ပြီး၊ ပိုမိုမြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချလိုသည်။ ဈေးနှုန်းသည် ကြိုတင်သတ်မှတ်ထားသော တန်ဖိုးသို့ရောက်ရှိသွားသော အချိန်တွင် သင့်ထံမှ 1 lot ကို ဝယ်ယူလိုသူ မရှိပါ။ ထိုအခါ သင်၏ကုန်သွယ်မှုတစိတ်တပိုင်းကိုသာ ရောင်းချပေးနိုင်မည်ဖြစ်ပြီး၊ သင့်ထံမှ ဆက်လက် လုပ်ဆောင်ရန် သတင်းအချက်အလက်ကို တောင်းခံမည်ဖြစ်သည်။ ထိုအခြေအနေအား “requote(နှုန်းထားပြန်လည်ဖော်ပြခြင်း)”ဟု ခေါ်ပါသည်။ အော်ဒါအကောင်အထည်ဖော်ခြင်း အမျိုးအစားကို ကုန်သွယ်ရေးပလက်ဖောင်းနှင့် အကျိုးဆောင် ကုမ္ပဏီ၏ ကုန်သွယ်ရေး သတ်မှတ်ချက်များအရ ဆုံးဖြတ်ပါသည်။ ဥပမာ MT5 တွင် အောက်ပါ အော်ဒါအကောင်အထည်ဖော်ခြင်း အမျိုးအစားများကို ပံ့ပိုးပေးထားပါသည် - fill or kill (ဆောင်ရွက် သို့မဟုတ် ပယ်ဖျက်)၊ Immediate or cancel (ချက်ချင်း သို့မဟုတ် ပယ်ဖျက်)၊ Return(ပြန်အမ်း)။
ကျွန်ုတို့၏ “MT 4 နှင့် MT 5 ကြားခြားနားချက်များ — မည်သည်ကပို၍ကောင်းပါသနည်း” ဆောင်းပါးကို ဖတ်ရှုလေ့လာပါ။
ကုန်သည်တဦးသည် အဝယ်နှင့် အရောင်းဈေးနှုန်းများကြား စိတ်ရှုပ်ထွေးကာ spread များကို မေ့လျော့ခဲ့သည်။ “ကျွန်ုပ်သည် အရောင်းကုန်သွယ်မှုတခုကို ဖွင့်ခဲ့သည်။ ပိုင်ဆိုင်မှု၏တန်ဖိုးသည် ကျွန်ုပ်၏ TP ထက် သုံးပွိုင့်နိမ့်ကျသွားသော်လည်း၊ ကျွန်ုပ်၏ အော်ဒါအထမမြောက်သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။”
သင်သည် EURUSD အတွဲတွင် 1.17160 နှုန်းထားဖြင့် ကုန်သွယ်မှုဖွင့်ခဲ့ပြီး၊ အမြတ်ကန့်သတ်ချက် TP ကို 1.17110 တွင် သတ်မှတ်ခဲ့သည်ဟု ဆိုကြပါစို့။ အရောင်းကုန်သွယ်မှုတခုသည် အဝယ်ကုန်သွယ်မှုတခုဖြင့် အဝယ်ဈေးတွင် တွဲဖက်ရမည်ဖြစ်သည်။ အကယ်၍ ဇယားသည် အဝယ်ဈေးကို ပြသထားပါက၊ အဝယ်ဈေးသည် ဇယားပေါ်ရှိ အရောင်းဈေးထက် အမြဲအားဖြင့် ပို၍မြင့်မားပါသည်။ ပင်ကိုယ်အားဖြင့် ဇယားပေါ်တွင် အရောင်းဈေးကိုသာ ပြသလေ့ရှိသည်။ အနည်းဆုံး အဝယ်ဈေးသည် အရောင်းဈေး + spread ဖြစ်ပါသည်။ အကယ်၍ spread သည် 3 pips ဖြစ်လျှင်၊ အရောင်းဈေးသည် 1,17107 ဖြစ်ပြီး၊ ကုန်သွယ်မှုအား 1,17110(အဝယ်ဈေး)၌ ပိတ်သိမ်းရမည် ဖြစ်သည်။ ထို့ကြောင့် အကယ်၍ သင်၏ အမြတ်ကန့်သတ်ချက်အား 1.17110 တွင် သတ်မှတ်ခဲ့လျှင်၊ ဇယားသည် ထိုအဆင့်မှ 3 pip (spread) ပို၍နိမ့်သော ဈေးနှုန်းကိုသာ ပြသမည်ဖြစ်ပါသည်။
ကုန်သွယ်ရေး အခြေအနေများ။ အချို့သော အကျိုးဆောင်ကုမ္ပဏီများသည် အောက်ပါ အခြေအနေကို သဘောတူညီရန် တောင်းဆိုကြလေ့ရှိသည်။ ဈေးနှုန်းသည် နောက်သို့ ပြန်မလှည့်ခင်အချိန်အတွင်း အော်ဒါသတ်မှတ်သော အဆင့်တွင် အနည်းဆုံး တစက္ကန့်အထိ တည်ရှိခဲ့မှသာ TP အော်ဒါအား အထမြောက်စေမည်ဖြစ်ပြီး၊ ထိုသို့မဟုတ်ပါက အော်ဒါကို အကောင်အထည်ဖော်မည်မဟုတ် ဟူသော အခြေအနေတရပ် ဖြစ်ပါသည်။
ဈေးတန်းအဟများ။ အကယ်၍ ဈေးတန်းအဟများ ပေါ်ပေါက်ပါက Take Profit အော်ဒါသည် အလုပ်လုပ်ရန် ပျက်ကွက်နိုင်ပါသည်။ ဈေးတန်းအဟများအပြီးတွင် ၎င်းတို့သည် အလုပ်လုပ်သည် ဆိုလျှင် ကုန်သည်အတွက် အကျိုးရှိလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ အလုပ်မလုပ်ခဲ့ပါက အဘယ်ကြောင့် ထိုသို့ဖြစ်ရခြင်းကို အကျိုးဆောင်ထံ မေးမြန်းရပါမည်။
ည်းပညာပိုင်းဆိုင်ရာ ပြဿနာများ။ ၎င်းတို့မှာ 99.9% ဖြစ်ရပ်များတွင် အကျိုးဆောင်ကုမ္ပဏီများ၏ အမှားသာ ဖြစ်လေ့ရှိသည်။ အော်ဒါသတ်မှတ်ချိန်တွင် screenshot မှတ်တမ်းကို ရယူထားပြီး၊ အကျိုးဆောင်ကုမ္ပဏီ၏ အကူအညီပေးရေးအဖွဲ့ထံ ဆက်သွယ်ပါ။
အကယ်၍သင်သည် ကန့်သတ်အော်ဒါများကို မှားယွင်းဆောင်ရွက်ခြင်းကို ကြုံတွေ့ခဲ့ရဖူးပါက၊ ကျွန်ုပ်တို့နှင့် အတူ အဖြေရှာကြရန်အလို့ငှာ မှတ်ချက်တခု ချန်ထားခဲ့စေလိုပါသည်။
Take Profit နည်းဗျူဟာများ။
TP အော်ဒါဆိုသည်မှာ အဘယ်နည်း၊ ၎င်းတို့အား LiteFinance ပလက်ဖောင်း၊ MT4 နှင့် QUIK တို့တွင် မည်သို့ တွက်ချက်၍သတ်မှတ်ရမည်နည်း အစရှိသည်တို့အား အထက်တွင် စူးစမ်းလေ့လာခဲ့ကြပြီး ဖြစ်ပါသည်။ ဆက်လက်၍ TP ကန့်သတ်အော်ဒါများကို အသုံးပြု၍ ဆောင်ရွက်ရသော လက်တွေ့ နည်းဗျူဟာနှစ်ခုကို ကြည့်ရှုကြပါစို့။
အဓိကဈေးတန်းများကို စီစဉ်ရေးဆွဲကာ လမ်းကြောင်း၏ဦးတည်ရာကိုလိုက်၍ TP ဖြင့် ကုန်သွယ်ခြင်း။
ကုန်သွယ်ရေးနည်းဗျူဟာသည် အောက်ပါလမ်းကြောင်းမျဉ်းအပေါ်တွင် အခြေခံပါသည်။ ဝယ်လိုအား နှင့် ရောင်းလိုအားဈေးတန်းများသည် များသောအားဖြင့် အရန်အထောက်အကူကိရိယာများသာ ဖြစ်ကြပါသည်။
လုပ်ဆောင်မှုအစီအစဉ်။ ။
အကျလမ်းကြောင်းတခုနှင့် ထပ်တလဲလဲပေါ်ပေါက်သော ယာယီဈေးပြင်ဆင်မှုများကို H4 ဇယားတွင် မြင်တွေ့ကြရပါမည်။ S1-R1 အစိတ်အပိုင်းသည် အတက်လမ်းကြောင်းသစ်တခု ဖြစ်လာနိုင်သည်။ သို့သော် Elliott Wave သီအိုရီအရ အကျလမ်းကြောင်းတခု အဆုံးသတ်ရန် အနည်းဆုံး လှိုင်းသုံးခုနှင့် ယာယီပြင်ဆင်မှုနှစ်ခု ပေါ်ပေါက်လာရန် လိုအပ်ပါသည်။ ထို့ကြောင့် အတက်လမ်းကြောင်းဖြင့် ဈေးကွက်အတွင်း ဝင်ရောက်ရန် လုံလောက်သော သတင်း အချက်အလက် ရှိ၍မနေပါ။
အကျလမ်းကြောင်းတွင် မတည်ငြိမ်မှုမြင့်မားသော ဘေးတိုက်ရွေ့လျားမှုဘောင်တခု ပါဝင် နေပါသည်။ L1 နှင့် L2 အဆင့်များကို ဝယ်လိုအား နှင့် ရောင်းလိုအား ဈေးတန်းများဖြစ်ကြသော R1၊ R2၊ S1၊ S2 တလျှောက် အစီအစဉ်ချမှတ်ပါ။
ကုန်သွယ်ရေးပစ္စည်း၏ဈေးနှုန်းသည် Double bottom ပုံစံ ဖြစ်တည်လာကာ ထိုမှတဆင့် L4 အဆင့်ကို ရေးဆွဲပါသည်။ ၎င်းပုံစံပေါ်ပေါက်သောအချိန်တွင် လမ်းကြောင်းနောက်ပြန်လှည့်သော ရှင်းလင်းသည့် လက္ခဏာတစုံတရာ မရှိပါ။ Double Bottom သည် ဆန့်ကျင်ဘက် အခြေအနေကိုပြသော ပုံစံတခုဖြစ်သော်လည်း၊ အခြား ဘေးတိုက်ရွေ့လျားမှု အစိတ်အပိုင်းတခု ရှိလာနိုင်ပါသည်။ ထို့ကြောင့် ကုန်သွယ်မှုဖွင့်ရန် အချိန်စောလွန်းသည်ဟု ဆိုနိုင်ပါသည်။
အတက်လမ်းကြောင်းတခု စတင်ဖြစ်ပေါ်လာသည်။ သတ်မှတ်ကာလအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံး ဈေးတန်းများတွင် L3 အဆင့်ကို ရေးဆွဲပါ။ လမ်းကြောင်းမျဉ်းနှင့် L3 အဆင့်တို့တွင် ဖောက်ထွက်မှု ဖြစ်ပေါ်ပါက ကုန်သွယ်မှုကို ဖွင့်ပါ။
L2 နှင့် L1 အဆင့်များသည် Take Profit ကို ချမှတ်ရန်အတွက် ပစ်မှတ်ပွိုင့်များ ဖြစ်ကြပါသည်။ ပထမဖြစ်ရပ်တွင် ကုန်သွယ်မှုသည် ၂ ရက်မှ ၂.၅ ရက်အတွင်း ၇၀ ပွိုင့် အမြတ်ကို ရရှိနိုင်သည်။ ဒုတိယဖြစ်ရပ်တွင် — ၉ ရက်အတွင်း ၁၈၅ ပွိုင့်နီးပါးအထိ ရရှိနိုင်ပါသည်။
၎င်းသည် ကာလရှည် ကုန်သွယ်ရေးနည်းဗျူဟာတခုဖြစ်ပါသည်။ ထို့အတွက်ကြောင့် Swap များကို ထည့်သွင်းစဉ်းစားရပါမည်။ အထက်ပါနည်းဗျူဟာသည် အခြေခံဗဟုသုတထက်ပိုသော ကုန်သွယ်ရေး အတွေ့အကြုံရှိနှင့်ပြီးသည့် ကုန်သည်များအတွက် သင့်လျော်ပါသည်။ ပျမ်းမျှနေ့စဉ်အမြတ်မှာ ၂၀ မှ ၃၀ ပွိုင့်ကြား ဖြစ်ပါသည်။ ဇယားအား လေးနာရီတကြိမ် ခွဲခြမ်းစိတ်ဖြာစောင့်ကြည့်သင့်ပါသည်။ ပြည့်စုံကောင်းမွန်သော ကုန်သွယ်ရေးစနစ်တခု ဖြစ်လာစေရန် Alligator၊ pivot points သို့မဟုတ် moving averages အစရှိသော လမ်းကြောင်းပြ indicator များကို ဤကုန်သွယ်ရေးနည်းဗျူဟာတွင် ထည့်သွင်း အသုံးချသင့်ပါသည်။
ချန်နယ်လ် indicator ကို အသုံးပြုသော TP ချိန်ညှိမှု။
ဤနည်းဗျူဟာတွင် ချန်နယ်လ်ဖောက်ထွက်ခြင်း ဖြစ်ပေါ်ချိန်၌ ကုန်သွယ်မှုတခုအား ဖွင့်လှစ်ပါသည်။ ဤနေရာတွင် TP ပမာဏမှာ အတော်ပင် သေးငယ်ပါသည်။ ဈေးကွက်နှုန်းထားသည် များသောအားဖြင့် ဘောင်အတွင်းသာ ရွေ့လျားပါသည်။ ဈေးကွက်သည် ပြင်းထန်သော အခြေခံပိုင်းဆိုင်ရာ အကြောင်းအရာတခု သို့တည်းမဟုတ် ကြီးမားသော အရင်းအနှီးပမာဏ စသည့်အခြေအနေများနှင့် ကြုံကြိုက်သောအခါမှသာ ချန်နယ်လ်လစ်မစ်ကို ဖောက်ထွက်၍ ၎င်း၏ တည်ဆဲအခြေအနေအောက်တွင် ခေတ္တခဏ ရွေ့လျားတတ်ပါသည်။ အဆိုပါ ဈေးကွက်တုံ့ပြန်မှုမျိုးတွင် ကျွန်ုပ်တို့အနေဖြင့် ငွေများကို ရင်းနှီးမြှုပ်နှံနိုင်ပါသည်။
ကနဦးအချက်အလက်။ ။
အချိန်ဘောင်။ ။M15-M30။ ဈေးကွက်၏ တည်မြဲမှုသည် ကြာရှည်မခံတတ်ပေ။ ထို့ကြောင့် ၎င်းအား ကာလတိုအတွင်း အသုံးပြုခြင်းသည် ပိုမိုလွယ်ကူပါသည်။
ဘဏ္ဍာရေးကိရိယာ။ ။မည်သည့်ငွေကြေးအတွဲမဆို။
TP ပမာဏ။ ။ ဒဿမလေးနေရာနှုန်းထားများအတွက် ၃၀ ပွိုင့်။ TP ကန့်သတ်အော်ဒါတခုအား သင်္ချာနည်းလမ်းကို အသုံးပြု၍ နေရာချပါသည်။ ဤနေရာ၌ သော့ချက်အဆင့်များသည် အရေးမကြီးပါ။ လုံလောက်သော အကျိုးအမြတ်ကို ရရှိစေရန်၊ အနည်းဆုံး 0.1 lots ကုန်သွယ်မှုကို ဖွင့်ပါ။ ထိရောက်သော ကုန်သွယ်မှုတခုသည် အနည်းဆုံး 30 USD ဖြစ်ပါသည်။
Indicators: Keltner Channels နှင့် RSI.
အဓိက အချက်ပြမှု။ ။ Candle သည် ချန်နယ်လ်လစ်မစ် ၏ 50% အနောက်တွင် ပိတ်သိမ်းပါသည်။ အတည်ပြု အချက်ပြမှု - RSI သည် အချက်ပြ candle သို့မဟုတ် ယခင် candlestickတွင် အဝယ် သို့မဟုတ် အရောင်းကုန်သွယ်မှုများအတွက် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော ဧရိယာများသို့ အသီးသီး ရွေ့လျားပါသည်။ ကုန်သွယ်မှုတခုကိုဖွင့်၍ TP အော်ဒါဘောင်ကွက်တွင် ၃၀ ပွိုင့်ကို ပေါင်းထည့်ပါ။
ဥပမာ -
ဖြစ်ရပ်နှစ်ခုစလုံးတွင် အရောင်းကုန်သွယ်မှုဖွင့်ရန်အတွက် အချက်ပြမှုတခု ရှိနေပါသည်။ RSI သည် ရောင်းလိုအားလွန်ကဲသော ဧရိယာသို့ ရွေ့လျားခဲ့ပြီး၊ အနီရောင် candle သည် ချန်နယ်လ်လစ်မစ်များ၏ ပြင်ပတွင် ပိတ်သိမ်းခဲ့သည်။ အနီးစပ်ဆုံး TP အဆင့်များကို ဇယားပေါ်တွင် ပြသထားပါသညါ။ သို့ရာတွင် ၎င်းသည် ရှင်းလင်းသော အကျလမ်းကြောင်းတခုဖြစ်သောကြောင့် TP အစပြုရန်ပြင်ဆင်ချိန်တွင် ၎င်းကို ဖျက်သိမ်း၍ ကုန်သွယ်မှုအား နောက်ဆက်တွဲ ကန့်သတ်ချက်ဖြင့် အကာအကွယ်ပေးထားခြင်းက ပို၍ အကျိုးရှိနိုင်ပါသည်။
ဤနည်းဗျူဟာနှင့် indicator အကြောင်းကို ပိုမိုသိရှိစေရန် ကျွန်ုပ်တို့၏ Keltner Channel Indicator သုံးသပ်ချက်ကို ဆန်းစစ်လေ့လာနိုင်ပါသည်။
TP အော်ဒါများ၏ အားသာချက်များနှင့် အားနည်းချက်များ။
Take Profit သည် အကာအကွယ်ပေးသော အော်ဒါအမျိုးအစား ဖြစ်ပါသည်။ အကယ်၍ သင်သည် ကုန်သွယ်မှုအား စောင့်ကြည့်ခြင်းမပြုနိုင်ပါက၊ အနာဂါတ်လုပ်ဆောင်ချက်တွင် ဈေးနှုန်းသေချာပေါက် ရောက်ရှိမည့် အဆင့်တခု၌ TP ကိုသတ်မှတ်ထားလိုက်ပါက စိုးရိမ်ကြောင့်ကြရန် မလိုအပ်တော့ပဲ၊ အမြတ်များကို ထိန်းသိမ်းထားပြီး ဖြစ်ပါလိမ့်မည်။
TP ၏ အားသာချက်များ -
သင်၏ ကုန်သွယ်မှုများကို ယာယီအားဖြင့် ထိန်းချုပ်ရန်မလိုအပ်ပဲ ထားရစ်နိုင်ပါသည်။ TP အော်ဒါများသည် ကာလအလယ်အလတ်နှင့် ကာလရှည်နည်းဗျူဟာများတွင် အကျိုးပြုပါသည်။ ပိုင်ဆိုင်မှုများစွာကို ကုန်သွယ်ရာတွင် ကုန်သည်အနေဖြင့် ဇယားများစွာကို ထိန်းချုပ်ရန် လိုအပ်သောကြောင့်၊ ထိုကုန်သွယ်ရေးမျိုးတွင်လည်း TP အော်ဒါများကို အသုံးပြုရန် သင့်လျော်ပါသည်။
စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း။ နှုန်းထားများ မည်သည့်အချိန်တွင် ဦးတည်ရာ ပြောင်းလဲမည်ကို ကြိုတင်၍ မသိနိုင်ပါ။ Take profit အော်ဒါတခုကို သတ်မှတ်သည့်အခါ သင်၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားပြီးဖြစ်၍ လောဘစိတ်များ နေရာမယူနိုင်တော့ပါ။ ထို့ကြောင့် ပိုမိုကြီးမားသော အမြတ်ပစ်မှတ်နောက်သို့ လိုက်ပါရင်းဖြင့် ထိုထက်ပို၍ အရေးကြီးသော တစုံတရာကို လက်လွှတ်ရခြင်းမျိုးမှ ကင်းဝေးပါလိမ့်မည်။
ယခုမှ စတင်ကြသော ကုန်သည်အသစ်များအတွက်မူ TP အော်ဒါများ အသုံးပြုခြင်းကို အားမပေးလိုပါ။ အမြတ်ကန့်သတ်ချက်အား ကုန်သွယ်မှုမဖွင့်မှီ စတင်သတ်မှတ်သင့်ပြီး၊ ကုန်သွယ်မှုတခု မပိတ်သိမ်းမှီတွင် ပြင်ဆင်ခြင်း မပြုသင့်ပါ။ ကုန်သွယ်မှုမဖွင့်မချင်း ကုန်သည်အနေဖြင့် ပိုမိုအာရုံစိုက်ကာ သွေးအေး တည်ငြိမ်ရပါမည်။
TP ၏ အားနည်းချက်များ
အမြတ်ပစ်မှတ်များ လွဲချော်ခြင်း။ ဈေးနှုန်းသည် ခန့်မှန်းထားသော ဦးတည်ရာသို့ ရွေ့လျား၍ အမြတ်များဆက်လက်ပေါ်ပေါက်နေသော်လည်း TP အော်ဒါများသည် ကုန်သွယ်မှုတခုအား အလိုအလျောက် ပိတ်သိမ်းပါသည်။ နောက်တကြိမ် ကုန်သွယ်မှုဖွင့်သောအခါ spread နှင့် စပ်လျဉ်းသော ကုန်ကျစားရိတ်များ ပါဝင်နိုင်ပါသည်။
ကာလတိုအတွင်း အလျင်အမြန်ရောင်းဝယ်ရာ၌ TP ကို အသုံးပြုရန် ခဲယဉ်းပါသည်။ အချိန်တိုအတွင်း အမြန်ရောင်းဝယ်ကြသော scalping ၌ စက္ကန့်များကိုပင် ရေတွက်ပါသည်။ ကုန်သည်အများစုသည် ကုန်သွယ်မှုများကို ကိုယ်တိုင်သာပိတ်သိမ်းကြသောကြောင့် TP အော်ဒါများကို ချမှတ်ရန် မလိုအပ်သကဲ့သို့ ထိုသို့လုပ်ဆောင်ရန် အချိန်မရှိပါ။
မတည်ငြိမ်မှု မြင့်မားသော ကာလများတွင် TP အော်ဒါများကို အသုံးပြုရန် ခက်ခဲပါသည်။ ဥပမာ - အခြေခံပိုင်းဆိုင်ရာ စာရင်းအင်းများ ထုတ်ပြန်ချိန်မျိုးတွင် ဖြစ်သည်။ မည်သည့်ဦးတည်ရာသို့ ဖြစ်စေ ရုတ်တရက်ရွေ့လျားသော ဈေးနှုန်းအတက်၊ အကျများသည် TP အော်ဒါချမှတ်ရာတွင် အလွန်နီးကပ်စေပါသည်။ နောက်တကြိမ် ကုန်သွယ်မှုဖွင့်သောအခါ spread နှင့်စပ်လျဉ်းသော ကုန်ကျစားရိတ်များ ပါဝင်နိုင်ပါသည်။
Take Profit အော်ဒါများကို M30 မှ H1 နည်းဗျူဟာများနှင့် လမ်းကြောင်းကိုအခြေခံသော ဈေးကွက်များတွင် အသုံးပြုလေ့ရှိကြသည်။ ဘေးတိုက်ရွေ့လျားချိန်များတွင် TP အော်ဒါများကို အသုံးပြုခြင်း နည်းပါးပါသည်။ အဆိုပါနည်းဗျူဟာ၏ ဥပမာတခုအား “Sniper Forex ကုန်သွယ်ရေး နည်းဗျူဟာ” ဆောင်းပါးတွင် ဖော်ပြပေးထားပါသည်။
Take Profit ၏ အားသာချက်/အားနည်းချက်များ။
| အားသာချက်များ | အားနည်းချက်များ |
| အမြတ်ရနိုင်ခြေ | ကုန်သည်ကိုယ်တိုင် ပါဝင် ဆောင်ရွက် ရန် မလိုအပ်ပဲ အကျိုးအမြတ်များကို ကြိုတင် သိမ်းဆည်းပေးပါသည်။ | ၎င်းသည် အကျိုးအမြတ်ကို ကန့်သတ်ပါသည်။ ကုန်သွယ်မှုပိတ်သိမ်းပြီးနောက်တွင်လည်း ဈေးနှုန်းသည် မှန်ကန်သော ဦးတည်ရာသို့ ဆက်လက်ရွေ့လျားနိုင်ပါသည်။ |
| ဆုံးရှုံးနိုင်ခြေ | ၎င်းသည် မြင့်မားသော ဆုံးရှုံးနိုင်ခြေ များကို ကန့်သတ်ပေးပါသည်။ ဈေးနှုန်း သည် ကြိုတင်ဆုံးဖြတ်ထား သော အဆင့်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် အနောက်သို့ ပြန်မဆုတ်မှီ အချိန်အတွင်း အကျိုးအမြတ်ကို ရရှိစေပါသည်။ | ယခင်ကုန်သွယ်မှုတခုသည် စီစဉ်ထားသည်ထက် စောစီးစွာ TP အော်ဒါဖြင့် ပိတ်သိမ်းသွားသောအခါ ကုန်သည်အနေဖြင့် နောက်တကြိမ် ကုန်သွယ်မှုဖွင့်ရာ၌ spread နှင့်စပ်လျဉ်းသော အပိုကုန်ကျစရိတ်များ ကျသင့်နိုင်ပါသည်။ |
| နည်းဗျူဟာများ | ၎င်းသည် ပိုင်ဆိုင်မှုများစွာကို ကုန်သွယ်ခြင်း သို့မဟုတ် နည်းဗျူဟာ များစွာကို အသုံးပြုခြင်းများအတွက် အသုံးဝင်ပါသည်။ | အချိန်တိုတွင်းရောင်းဝယ်သော နည်းဗျူဟာများနှင့် သတင်းများ မထုတ်ပြန်မှီအချိန်များတွင် ၎င်းကို အသုံးပြုရန် မသင့်တော်ပါ |
| စိတ်ခံစားချက်များ | ၎င်းသည် သင့်အား တိကျသော အစီအစဉ်အတိုင်း လိုက်ပါ ဆောင်ရွက် စေပါသည်။ ပိုမိုကြီးမားသော အမြတ်အစွန်း ရသည်ထိ ကုန်သွယ်မှုများအား နောက်ဆုံး အချိန်ထိ ကိုင်မထားဘဲ အမြတ် ကန့်သတ်လိုက်ခြင်းမျိုးဖြစ်သည်။ | ကုန်သည်၏စိတ်တွင် အမြတ်ပစ်မှတ်ကို လက်လွှတ်ရသည်ဟု ထင်မြင်စေသောကြောင့် ၎င်းသည် အဆိုးမြင်သော စိတ်ခံစားချက် များကိုလည်း တိုးတက်စေနိုင်ပါသည်။ |
Forex ကုန်သွယ်ရေး တွင် take profit ဆိုသည်မှာ အဘယ်နည်း ဟူသောအချက်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ခဲ့ပြီးဖြစ်၍ ၎င်းအား အဘယ်ကြောင့် အသုံးပြုသင့်သည်၊ မည်သို့မှန်ကန်စွာ အသုံးချရမည် စသည်တို့အား သိရှိပြီးဖြစ်သည်ဟု မျှော်လင့်ပါသည်။ အကယ်၍ လူကြီးမင်းထံ၌ မေးခွန်း တစုံတရာ ရှိပါက၊ အောက်ပါ မှတ်ချက်ကဏ္ဍတွင် ကျွန်ုပ်အား မေးမြန်းနိုင်ပါသည်။
Take Profit ဆိုင်ရာ အမေး/အဖြေ။
ကုန်သွယ်ရေးပစ္စည်း၏ ဈေးနှုန်းသည် ၎င်း၏ အနာဂါတ်လုပ်ဆောင်ချက်တွင် ကြိုတင် ဆုံးဖြတ်ထားသော ဈေးတန်းသို့ ရောက်ရှိသည့်အခါ၊ ကုန်သည်ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရန် မလိုအပ်ပဲ အမြတ်အစွန်းကို သိမ်းဆည်းပေးသော ကန့်သတ်အော်ဒါအမျိုးအစားတခု ဖြစ်ပါသည်။
သင်၏ အမြတ်ကန့်သတ်ချက်ပမာဏအား ပွိုင့်ဖြင့်သော်လည်းကောင်း၊ ငွေကြေးယူနစ်ဖြင့် သော်လည်းကောင်း ကုန်သွယ်မှုအတိုင်းအတာများတွင် ဖြည့်သွင်းရပါမည် သို့မဟုတ် အကယ်၍ သင်၏ ပလက်ဖောင်းသည် အဆိုပါ ရွေးချယ်ခွင့်အားလုံးကို ပံ့ပိုးပေးပါက တိကျသော တန်ဖိုးတခုအား ဖြည့်သွင်းရပါမည်။ TP ၏တန်ဖိုးသည် အဝယ်ဈေးနှင့် အရောင်းဈေးကြားတွင် မရှိသင့်ပါ။ ၎င်းသည် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ရာ၌ ပို၍မြင့်မားသောတန်ဖိုးဖြစ်သင့်ပြီး၊ အရောင်းကုန်သွယ်မှုတခုတွင် ပို၍နိမ့်သောတန်ဖိုး ဖြစ်သင့်ပါသည်။ TP တန်ဖိုးသို့ ရောက်ရှိသောအခါ ကုန်သွယ်မှုအား အလိုအလျောက်ပိတ်သိမ်းမည် ဖြစ်ပါသည်။ သတိပြုရမည့် အချက်မှာ မည်သည့်ကုန်သွယ်ရေး အမျိုးအစားတွင်မဆို မြင့်မားသော ဆုံးရှုံးနိုင်ခြေ ပါဝင်ပါသည်။ ထို့ကြောင့် သင့်ထံ၌ လုံလောက်သော အရည်အချင်းနှင့် ဗဟုသုတရှိပြီးကြောင်း သေချာမှသာ ကုန်သွယ်မှုတခုကို စတင်သင့်ပါသည်။ ထို့အပြင် ကျွမ်းကျင်သူများထံမှ ရင်းနှီးမြှုပ်နှံမှု အကြံဉာဏ်များကိုလည်း ရှာဖွေရယူသင့်ပါသည်။
1. ဈေးနှုန်းသည် သေချာသော ဈေးတန်းတခုသို့ ရောက်ရှိလိမ့်မည်ဟု ယူဆထားသော်လည်း သင်ကိုယ်တိုင်ပိတ်သိမ်းရန် အခွင့်မသာသောအခါ — ဥပမာအားဖြင့် သင်သည် အခြားဇယားများကို စောင့်ကြည့်၍နေရခြင်း သို့မဟုတ် ထိုအခိုက်အတန့်တွင် အနားယူနေခြင်း။2. ရင်းနှီးမြှုပ်နှံမှုမပြုမှီတွင် သင်ရေးဆွဲဖန်တီးထားသော ကုန်သွယ်ရေးစနစ်၏ စည်းမျဉ်းများ တွင် TP ကို အသုံးပြုရန် ပြဌာန်းထားခြင်း။3. သင်၏စိတ်ခံစားချက်များကို အမြဲတစေ မချုပ်ထိန်းနိုင်ကြောင်း သင်ကိုယ်တိုင် သဘောပေါက် နားလည်ခြင်း။ သင်၏ ကုန်သွယ်မှုတစိတ်တပိုင်းကို ပိတ်သိမ်း၍ အမြတ်များကို ကန့်သတ်သိမ်းဆည်းခြင်းသည် လမ်းကြောင်းတခုလုံးနီးပါးတွင် အမြတ်ရယူရန်ကြိုးစားပြီးမှ ထိုအတွက်နောင်တရခြင်းထက် ပို၍ကောင်းမွန်ပါသည်။သင့်ထံတွင် လုံလောက်သော အတွေ့အကြုံမရှိပါက၊ ကြီးမားသောအမြတ်နောက်သို့ အလောတကြီး လိုက်ပါခြင်းကို ရှောင်ကြဉ်ရပါမည်။
တစိတ်တပိုင်း အမြတ်ကန့်သတ်ခြင်းမျိုးမှာ များစွာ မရှိလှပါ။ Take Profit ဆိုသည်မှာ Market သို့မဟုတ် Pending orders များနှင့် အတူတကွသတ်မှတ်ရသော ဖြည့်စွက်အော်ဒါ အမျိုးအစားဖြစ်ပြီး သင်၏ ကုန်သွယ်မှုတခုလုံးကို အလိုအလျောက်ပိတ်သိမ်းရန် အကျိုးဆောင် အား ကြိုတင်ညွှန်ကြားထားသော အော်ဒါအမျိုးအစား ဖြစ်ပါသည်။ အော်ဒါကို ပြင်ဆင်မွမ်းမံခြင်း အားဖြင့် သင်၏ ကုန်သွယ်မှုတစိတ်တပိုင်းကို လူကိုယ်တိုင် ပိတ်သိမ်းနိုင်ပါသည်။ ထိုသို့ လုပ်ဆောင်ရန် အောက်ပါတို့ကို ဆောင်ရွက်ရပါမည်။
- Trade ခလုပ်တွင် အော်ဒါတခုကို ရွေးချယ်၍ ၎င်း၏အပေါ်တွင် left-click နှစ်ချက်နှိပ်ပါ။
- ပွင့်လာသော window တွင် "Market execution” အော်ဒါအမျိုးအစားကို ရွေးချယ်ပါ။
- ပိတ်သိမ်းမည့် ကုန်သွယ်မှု တစိတ်တပိုင်း၏ပမာဏကို ဖြည့်သွင်း၍ သင်၏ကုန်သွယ်မှု အရွယ်အစားကို ပြင်ဆင်ပါ။ ကျန်ရှိသော ကုန်သွယ်မှုအရွယ်အစားကို TP ဖြင့် ပိတ်သိမ်းသွားပါမည်။
1. အရေးပါသည့် ဈေးတန်းများအပေါ်မူတည်၍ အဝယ်ကုန်သွယ်မှုအတွက် အမြင့်ဆုံး ဈေးတန်း၏ အနည်းငယ်သာကွာဝေးသော အောက်ဘက်၌လည်းကောင်း၊ အရောင်း ကုန်သွယ်မှုအတွက် အနိမ့်ဆုံးဈေးတန်း၏ အနည်းငယ်ကွာဝေးသော အထက်၌ လည်းကောင်း TP ကို သတ်မှတ်နိုင်ပါသည်။2. မတည်ငြိမ်မှုအဆင့်များအပေါ် မူတည်ခြင်း။ ပိုမိုကြီးမားသော အချိန်ကန့်သတ်ဇယားတွင် candlestick ၏ ကိုယ်ထည်အရွယ်အစားကို ဂဏန်းတွက်စက် အသုံးပြု၍ ဆုံးဖြတ်ပါသည်။ ပိုမိုကြီးမားသော အချိန်ဘောင် စတင်သည့်အချိန်မှစ၍ ပွိုင့်များဖြင့် ဖော်ပြသော အကွာအဝေးအား သေးငယ်သော အချိန်ဘောင်ဇယားတခုတွင် ဆုံးဖြတ်ပါ သည်။ ထိုကွာခြားချက်အပေါ်အခြေခံ၍ သင်၏ TP လစ်မစ် အော်ဒါပမာဏကို တွက်ချက်ရပါသည်။3. Fibonacci retracements တွင် အခြေခံ၍ တွက်ချက်ခြင်း။ Take Profit အား ယာယီဈေးနှုန်းပြောင်းလဲမှုအပေါ်မူတည်၍ ပြောင်းလဲမှုစတင်သောဈေးတန်းတွင်ဖြစ်စေ၊ Fibonacci extension ကို အသုံးပြုသော အဆင့်တွင်ဖြစ်စေ သတ်မှတ်ပါသည်။4. ကုန်သွယ်ရေးနာရီများအပေါ် အခြေခံ၍ သတ်မှတ်ခြင်း။ Swap ပေးချေမှုမတိုင်မှီ TP ကို သတ်မှတ်ခြင်း သို့မဟုတ် သတင်းများ၊ စာရင်းအင်းများ အခြေခံပိုင်းအကြောင်းအရာများ မထုတ်ပြန်မှီ သတ်မှတ်ခြင်း။ အကယ်၍ ပိုင်ဆိုင်မှု၏ဈေးနှုန်းသည် အော်ဒါတန်ဖိုးသို့ မရောက်ရှိပါက၊ ပိုင်ဆိုင်မှုအား လူကိုယ်တိုင် ပိတ်သိမ်းသင့်ပါသည်။5. Trailing Stop အပေါ် မူတည်၍ သတ်မှတ်ခြင်း။ TP ကို သတ်မှတ်ခြင်းမပြုပဲ၊ ခန့်မှန်းထားသော ဦးတည်ရာအတိုင်း ဈေးနှုန်း၏ အနောက်မှ လိုက်ပါရွေ့လျားကာ မြင့်မားသော ဆုံးရှုံးနိုင်ခြေအား ကန့်သတ်ပေးသော Trailing Stop တခုကိုလည်း အသုံးပြုနိုင်ပါသည်။ ဈေးနှုန်းသည် အနောက်သို့ပြန်လှည့်ကာ Trailing Stop ၏ အဆင့်သို့ရောက်ရှိသည်နှင့်တပြိုင်နက် ကုန်သွယ်မှုအား အလိုအလျောက် ပိတ်သိမ်းပါ သည်။6. ကုန်သွယ်ရေးရည်မှန်းချက်များနှင့် သင်္ချာတွက်ချက်မှုများအပေါ်အခြေခံ၍ သတ်မှတ်ခြင်း။ Take Profit/Stop Loss အချိုးအပေါ် အခြေခံ၍ သို့မဟုတ် တိကျသည့် အချိန်တခုအတွင်း အနည်းဆုံး အမြတ်ပေါ်ထွက်ရန် မျှော်မှန်းသောအဆင့်တွင် TP အား နေရာချထားခြင်း။
အော်ဒါတွင် ကုန်သွယ်မှုအရွယ်အစားကို လူကိုယ်တိုင် ပြောင်းလဲရန် လိုအပ်ပါသည်။ ကုန်သွယ်မှု၏ တစိတ်တပိုင်းသောပမာဏကို ပိတ်သိမ်း၍ ကျန်တစိတ်တပိုင်းအား ဈေးကွက် အတွင်း ဆက်လက်ထားရှိနိုင်ပါသည်။
အဆိုပါအော်ဒါ နှစ်ခုစလုံးသည် အခြားအော်ဒါများမပါဝင်ပဲ သီးသန့် သတ်မှတ်၍မရသော အမျိုးအစား ဖြစ်ပါသည်။ ၎င်းတို့တွင် ဆန့်ကျင်ဘက် တာဝန်ဝတ္တရားများ ရှိကြသည်။ ဈေးနှုန်းသည် လိုလားသော ဦးတည်ရာသို့ ရွေ့လျားသောအခါ TP သည် ကုန်သွယ်မှုအား အမြတ်ဖြင့် ပိတ်သိမ်းပါသည်။ ဈေးနှုန်းသည် သင်ခန့်မှန်းထားသည်နှင့် ဆန့်ကျင်ရာဘက်သို့ ရွေ့လျားသောအခါ အရှုံးများကို ကန့်သတ်ရန်အတွက် အရှုံးကန့်သတ်ချက်ဖြင့် ကုန်သွယ်မှုကို ပိတ်သိမ်းပါသည်။ သင်၏ ကုန်သွယ်ရေးတွင် အဆိုပါ အထောက်အကူများကို အသုံးမပြုမှီ ဝါရင့်ကျွမ်းကျင်သူများ၏ အကြံဉာဏ်ကို ရယူပါ။ ၎င်းသည် ရှုပ်ထွေးသော ကိရိယာများဖြင့် ကုန်သွယ်ခြင်း၏ မြင့်မားသော ဆုံးရှုံးနိုင်ခြေကို အနည်းဆုံးထိ လျှော့ချပေးနိုင်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။




























