ကျွန်ုပ်တို့အားလုံးသိရှိထားပြီး အမြဲလိုအသုံးပြုကြလေ့ရှိသော လုပ်ဆောင်ချက်တစ်ခုမှာ limit order ဖြစ်သည်။ ၎င်းသည် အလွန်အဆင်ပြေမှုရှိပြီး၊ အချိန်များစွာကို ချွေတာပေးနိုင်သည်။ သို့သော် မကြာလှသေးသော အချိန်တခုတွင် နောက်ထပ်အော်ဒါအမျိုးအစားတခုကို တီထွင်ဖန်တီးခဲ့သည် — ၎င်းမှာ stop-limit order ဖြစ်ပါသည်။
Buy သို့မဟုတ် sell stop limit order သည် အော်ဒါအမျိုးအစားနှစ်ခု၏ အားသာချက်များကို ပေါင်းစပ်ထားပြီး စျေးကွက်ပါဝင်သူများအား ၎င်းတို့၏ကုန်သွယ်မှုများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေပါသည်။ ထိုသို့သော အော်ဒါသည် သင့်အား အရောင်းအဝယ်ဖွင့်ရန် သို့မဟုတ် ပိတ်ရန်အတွက် တိကျသော ဈေးတန်းအဆင့်များကို ကြိုတင်သတ်မှတ်နိုင်စေပြီး ၎င်းသည် မတည်ငြိမ်သောစျေးကွက်အခြေအနေများတွင် မရှိမဖြစ်လိုအပ်သောကိရိယာတစ်ခုဖြစ်စေသည်။
ဤဆောင်းပါးတွင်၊ ကျွန်ုပ်သည် အဆိုပါ အော်ဒါများနှင့်စပ်လျဉ်းသော ကျွန်ုပ်၏ အတွေ့အကြုံကို မျှဝေပေးလိုပြီး နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု ဗျူဟာများတွင် ပုံမှန် limit order တခုကို အသုံးပြုနိုင်ခြင်းမရှိသည့် ဥပမာများကို ပြသပေးလိုပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Stop-Limit Order ဆိုသည်မှာ အဘယ်နည်း။
- Stop-Limit Order သည် မည်သို့အလုပ်လုပ်ပါသနည်း။
- Stop-Limit Order တခုကို မည်သို့နေရာချရမည်နည်း။
- Stop-Limit အော်ဒါများ စီစဉ်သတ်မှတ်ခြင်းအတွက် နည်းဗျူဟာများ
- အဝယ် နှင့် အရောင်း Stop-Limit Orders များ၏ ဥပမာများ
- Stop-Limit Orders များ၏ အားသာချက်များနှင့် အားနည်းချက်များ
- အနှစ်ချုပ်
- Stop-limit Order နှင့်စပ်လျဉ်းသော အမေး၊အဖြေများ
Stop-Limit Order ဆိုသည်မှာ အဘယ်နည်း။
အခါများစွာ၌ Forex သို့မဟုတ် စတော့ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်သောအခါ၊ သတ်မှတ်ထားသောအဆင့်တခုကိုကျော်လွန်ပြီးသည်နှင့် စျေးနှုန်းသည် ရှေ့သို့ဆက်လက်ရွေ့လျားသွားမည်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ပါသည်။ သို့သော် ကျွန်ုပ်တို့မှ ၎င်းကို အတည်ပြုလိုက်သောအချိန်တွင် ဈေးနှုန်းသည် ရှေ့သို့သွားနှင့်ပြီဖြစ်ပြီး၊ ဈေးကွက်သို့ ဝင်ရောက်ရန် နောက်ကျသွားပြီဖြစ်သည်။ Stop-limit order တခုကို သတ်မှတ်လိုက်ယုံဖြင့် ဤပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်ပါသည်။
Stop-limit တခုသည် ကြိုတင်ဆုံးဖြတ်ထားသော ဈေးနှုန်းနှင့် အော်ဒါအကောင်အထည်ဖော်မှု အကန့်အသတ်အတွင်း စတော့တခုအား ဝယ်ယူရန် သို့မဟုတ် ရောင်းချရန် market order တခုဖြစ်ပါသည်။ အခြားတနည်းဖြင့် ဆိုရသော်၊ ၎င်းသည် limit တခု နှင့် stop order တခုကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ Stop limit order ကို အသုံးပြုခြင်းဖြင့် အကောင်းဆုံး အဝယ်ဈေး သို့မဟုတ် အရောင်းဈေးကို ရရှိနိုင်ပါသည်။
အဓိကအချက်များ
- Stop limit order တခုသည် အရောင်းအဝယ်တခုအား ကြိုတင်ဆုံးဖြတ်ထားသော စတော့ဈေးနှုန်းတခုဖြင့် အနာဂါတ်တွင် ဖွင့်လှစ်ခြင်း/ပိတ်သိမ်းခြင်းအတွက် အကျိုးဆောင်ထံသို့ ကြိုတင်မှာကြားထားသော အော်ဒါတခု ဖြစ်ပါသည်။
- Stop limit order တခုသည် စံသတ်မှတ်ထားသော stop order တခုနှင့် limit order တခုတို့၏ ပေါင်းစပ်မှု ဖြစ်ပါသည် - ၎င်းသည် ပုံမှန် ဈေးကွက်အော်ဒါတခုထက် ထိရောက်မှုပိုရှိပြီး၊ ကုန်သည်အတွက် အားသာမှုအရှိဆုံး ဈေးနှုန်းတွင် စတင်အလုပ်လုပ်ပါသည်။
- Stop-limit orders များကို အသုံးပြု၍ ကုန်သွယ်ခြင်းသည် ကုန်သည်အတွက် အချိန်များစွာကို ချွေတာပေးပါသည် — ကုန်သွယ်ရေးလုပ်ငန်းစဉ် အစအဆုံးကို အလိုအလျောက် လုပ်ဆောင်နိုင်ပါသည်။
- Stop limit order တခု၏ အလုပ်လုပ်ပုံကို နားလည်သဘောပေါက်ခြင်းသည် သတင်းများနှင့် ဇယားပုံစံများအပေါ်တွင် အမြတ်အစွန်းအများဆုံး နည်းဗျူဟာများကို အသုံးချနိုင်ရန် ကုန်သည်အား အခွင့်အရေးပေးပါသည်။
Stop-Limit Order သည် မည်သို့အလုပ်လုပ်ပါသနည်း။
Stop-limit order သည် standard buy stop နှင့် sell stop orders များ၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းတစ်ခုဖြစ်သည်။ ၎င်းသည် ဤ အော်ဒါအမျိုးအစားများ၏ အားသာချက်များကို ပေါင်းစပ်ထားပြီး၊ လုပ်ဆောင်မှု ၏ ပိုမိုပြေပြစ်မှုနှင့် တိကျမှုကို ပံ့ပိုးပေးသည်။
ကုန်သည်တစ်ဦးသည် စျေးနှုန်းအဆင့်နှစ်ခုကို သတ်မှတ်သည်- stop price နှင့် limit price။ ဝယ်ယူသည့်အခါတွင်၊ stop price သည် လက်ရှိပေါက်ဈေးထက် ပိုများသင့်ပြီး limit price သည် stop price ထက် အနည်းငယ်ပိုမြင့်သင့်သည်။ ရောင်းချသည့် အခြေအနေတွင်၊ stop price ကို လက်ရှိပေါက်ဈေးအောက်တွင် သတ်မှတ်ထားပြီး limit price ကို stop price နှင့် အညီ သို့မဟုတ် အောက်တွင် သတ်မှတ်ထားသည်။
ထို့ကြောင့်၊ ကုန်သည်သည် ဈေးနှုန်းချော်ထွက်နိုင်ခြေကို နည်းပါးအောင်ပြုလုပ်ပြီး အော်ဒါ ကို အကောင်အထည်ဖော်သင့်သည့် အကွာအဝေးကို သတ်မှတ်သည်။ ငွေဖြစ်လွယ်မှု အကန့်အသတ်ကြောင့် standard order တစ်စိတ်တစ်ပိုင်းကိုသာ လုပ်ဆောင်နိုင်သည့် ပမာဏအများအပြားကို ရောင်းဝယ်သည့်အခါ ဤချဉ်းကပ်မှုသည် အထူးသဖြင့် ထိရောက်သည်။ Stop-limit order သည် အကျိုးဆောင် အား သတ်မှတ်ထားသောစျေးနှုန်းအကွာအဝေးအတွင်း ကုန်သွယ်မှုကိုလုပ်ဆောင်ရန် ကူညီပေးသည်၊ ၎င်းသည် အော်ဒါ အပြည့်အဝ ဖော်ဆောင်မည့်ဖြစ်နိုင်ခြေကို သိသိသာသာတိုးစေသည်။
Forex ရှိ Buy Stop Limit
Buy stop limit order သည် ကုန်သည်များကို လက်ရှိဈေးကွက်ပေါက်ဈေး အထက် ၌ နှစ်သက်ရာ stop price ကို သတ်မှတ်ခွင့်ပြုသည်၊ ထို့နောက် limit price ကို stop price နှင့် အညီ သို့မဟုတ် အနည်းငယ်ကျော်လွန်သည့်အဆင့်တွင် သတ်မှတ်ထားသည်။ ကုန်သည်တစ်ဦးသည် အတက်လမ်းကြောင်းကို ဆက်ရန်မျှော်လင့်သော်လည်း အလွန်မြင့်မားသောစျေးနှုန်းဖြင့် ဝယ်ယူခြင်းကို မစွန့်စားလိုသည့်အခါ ဤချဉ်းကပ်မှုသည် အသုံးဝင်သည်။
ဥပမာ၊ ငွေကြေးအတွဲတစ်ခု၏ လက်ရှိစျေးကွက်ပေါက်စျေးသည် 1.1000 ဖြစ်သည်။ စျေးနှုန်းသည် stop price 1.1050 သို့ ရောက်ရှိသွားပါက၊ အတက်လမ်းကြောင်း ဆက်ရှိနေမည်ဟု ကုန်သည်က မျှော်လင့်ထားသည်။ ဤအခြေအနေတွင်၊ ၎င်းတို့သည် ဈေးနှုန်းချော်ထွက်ခြင်းကို ရှောင်ရှားရန် နှင့် 1.1050 မှ 1.1060 အကွာအဝေးတွင် စျေးကွက်ထဲသို့ ဝင်ရောက်ရန် limit price ကို 1.1060 တွင် သတ်မှတ်နိုင်သည်။ စျေးနှုန်းသည် ဤအကွာအဝေးသို့ရောက်ရှိပါက အော်ဒါကို အကောင်အထည်ဖော်ပါမည်။
Forex ရှိ Sell Stop Limit
Sell stop limit order သည် ကုန်သည်များအား လက်ရှိစျေးကွက်ပေါက်စျေးအောက်တွင် stop price နှင့် limit price အား stop price နှင့် အညီ သို့မဟုတ် stop price အောက် တွင် သတ်မှတ်ခွင့်ပြုသည်။ ကုန်သည်တစ်ဦးသည် ကျဆင်းမည့်လမ်းကြောင်းကို အတည်ပြုရန် စောင့်ဆိုင်းနေသော်လည်း ကြိုတင်သတ်မှတ်ထားသည့်ထက် မနိမ့်သည့်အဆင့်တွင် ပိုင်ဆိုင်မှုကို ရောင်းချလိုသည့်အခါ ဤအော်ဒါစာအမျိုးအစားကို အသုံးပြုသည်။
ဥပမာ၊ ငွေကြေးအတွဲတစ်ခု၏ လက်ရှိစျေးကွက်ပေါက်စျေးသည် 1.2000 ဖြစ်သည်။ စျေးနှုန်းသည် stop price 1.1950 သို့ ကျဆင်းပါက၊ ကျဆင်းမည့်လမ်းကြောင်းကိုအတည်ပြုလိမ့်မည်ဟု ကုန်သည်ကမျှော်လင့်ထားသည်။ ထိုသို့သောအခြေအနေမျိုးတွင်၊ ၎င်းတို့သည် အန္တရာယ်များကိုလျှော့ချရန်နှင့် 1.1950 မှ 1.1940 အကွာအဝေးအတွင်း အာမခံချက်ပေးနိုင်ရန် limit price ကို 1.1940 တွင် သတ်မှတ်နိုင်သည်။ စျေးနှုန်းသည် ဤအကွာအဝေးသို့ ကျသွားပါက အော်ဒါ ကို အကောင်အထည်ဖော်ပါမည်။
Stop-Limit Order တခုကို မည်သို့နေရာချရမည်နည်း။
Stop limit orders များဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်းသည် နည်းလမ်းအသစ်တခုဟု ဆိုနိုင်ပါသည်။ ပလပ်ဖောင်းအများစုနှင့် အကျိုးဆောင်အများစုတွင် ယင်းအော်ဒါအမျိုးအစားကို မရရှိနိုင်ပါ။
Stop limit order တခုအား မည်ကဲ့သို နေရာချရမည်ကို LiteFinance cTrader ကုန်သွယ်ရေးပလပ်ဖောင်းကို ဥပမာအဖြစ်ထား၍ ရှင်းပြပေးပါမည်။
- ၁။ ဘယ်ဘက်အပေါ်ထောင့်တွင် New Order ခလုပ်ကို နှိပ်ပါ။
- ၂။ ဆက်တင်ဝင်းဒိုး၏ ဘယ်ဘက်ဘောင်ကွက်အတွင်း အော်ဒါအမျိုးအစားတွင် StopLimit Order ကို ရွေးချယ်ပါ။
- ၃။ ထို့နောက် ပြုလုပ်မည့်အော်ဒါအမျိုးအစားကို ရွေးချယ်ပါ — Sell Stop Limit။
- ၄။ ထို့နောက်၊ Stop price သို့မဟုတ် အော်ဒါအကောင်အထည်ဖော်မည့်ဈေးနှုန်း — Entry price ကို သတ်မှတ်ပါ။
- ၅။ ထို့နောက် ကုန်သွယ်မှုပမာဏ(transaction Quantity)ကို lots ဖြင့် သတ်မှတ်ပါ။
- ၆။ နောက်တဆင့်အဖြစ်၊ Limit Range ကို ရှာဖွေရန် လိုအပ်ပါသည်။ ၎င်းသည် အော်ဒါအဖွင့်ဈေးမှ အကွာအဝေးကို ပွိုင့်ဖြင့်သတ်မှတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အော်ဒါအဖွင့်ဈေးကို 1.04900 ၌ သတ်မှတ်ပြီး၊ အော်ဒါနယ်နိမိတ်ကို 200 pips ဟု သတ်မှတ်ပါသည်။ ဆိုလိုသည်မှာ လက်ရှိဈေးကွက်ပေါက်ဈေးသည် 1.04900 နှင့် 1.04700 ကြားတွင်ရှိသောအခါ၊ အော်ဒါကို အကောင်အထည်ဖော်ပါမည်။
- ၇။ နောက်ဆုံးအဆင့်အဖြစ်၊ Place Order ခလုပ်ကိုနှိပ်ပါ။
အော်ဒါကို စီစဉ်သတ်မှတ်ပြီးသောအခါ၊ ၎င်းသည် အောက်ခြေရှိဘောင်ကွက်တွင် ပေါ်လာမည်ဖြစ်ပြီး၊ အကောင်အထည်ဖော်ရန် အကြုံးဝင်သောအခြေအနေကို စောင့်ဆိုင်းနေမည်ဖြစ်သည်။ Stop-limit အော်ဒါများအတွက် သက်တမ်းကုန်ဆုံးရက်ကိုလည်း သတ်မှတ်နိုင်ပါသည်။ ဆိုလိုသည်မှာ အကယ်၍ အော်ဒါသည် သတ်မှတ်ကာလ၏ သက်တမ်းကုန်ဆုံးရက်မတိုင်မီတွင် အကောင်အထည်မပေါ်ခဲ့ပါက၊ ယင်းအော်ဒါကို အလိုအလျောက် ပယ်ဖျက်လိုက်မည်ဖြစ်သည်။
Stop-Limit အော်ဒါများ စီစဉ်သတ်မှတ်ခြင်းအတွက် နည်းဗျူဟာများ
Stop-Limit အော်ဒါများသည် အောင်မြင်သောကုန်သည်များ၏ လက်စွဲကိရိယာများမှ အသုံးအဝင်ဆုံးအမျိုးအစားတွင် အပါအဝင်ဖြစ်ပါသည်။ များသောအားဖြင့် Stop-Limit အော်ဒါများသည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွင် အကောင်းဆုံး အလုပ်လုပ်ပါသည်။
ကျွန်ုပ်သည် ယင်းအော်ဒါများကို အသုံးပြုရန် ထိရောက်မှုအရှိဆုံး နည်းလမ်းများကို စာရင်းပြုစုထားပါသည်။
၁။ Support နှင့် resistance levels များဖြင့်ကုန်သွယ်ခြင်း
အခြေခံနည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုဗျူဟာများသည် support/resistance levels များ၏ ကျိုးပေါက်မှု သို့မဟုတ် ဈေးနှုန်းသည် ၎င်းတို့ထိတွေ့ပြီး နောက်ကြောင်းပြန်လှည့်သောအခြေအနေ (price rebound) အပေါ်တွင် အခြေခံပါသည်။ ဤနည်းဗျူဟာများကို အသုံးပြု၍ stop order တခုဖြင့် အလုပ်လုပ်ခြင်းသည် လူကြီးမင်း၏ နည်းဗျူဟာအား အလိုအလျောက်အစီအစဉ်အဖြစ် တတ်နိုင်သရွေ့ လုပ်ဆောင်ခြင်းကို ဆိုလိုပါသည်။ အကယ်၍ လူကြီးမင်းသည် အရေးပါသော levels တခုခုအား လက်ရှိဈေးနှုန်း၏ ချိုးဖောက်သွားခြင်းကို စောင့်ဆိုင်းနေပါက၊ ယင်း levels ၏ အထက် သို့မဟုတ် အောက်တွင် stop limit တခုကို သတ်မှတ်ပါ။ ပြီးနောက်၊ အကျိုးဆောင်မှ လူကြီးမင်းအတွက် အရာအားလုံးကို လုပ်ဆောင်ပေးပါလိမ့်မည်။ လူကြီးမင်းအနေဖြင့် ဆက်လက်စောင့်ကြည့်ရန်နှင့် မှန်ကန်သောအချိန်တွင် အမြတ်ဖြင့်ပိတ်သိမ်းရန်သာ လိုအပ်ပါသည်။
၂။ ဘေးတိုက်ရွေ့လျားမှုဘောင်အတွင်းမှဖောက်ထွက်စဉ်တွင် ကုန်သွယ်ခြင်း
ဈေးကွက်အတွင်း ရှင်းလင်းပြတ်သားသောလမ်းကြောင်းမရှိပဲ ဈေးနှုန်းသည် ကျဉ်းမြောင်းသော ဘောင်တခု အတွင်း ရွေ့လျားနေသော အခြေအနေမျိုး မကြာခဏ ပေါ်ပေါက်လေ့ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ဤအခြေအနေသည် အစဉ်တည်မြဲနေမည်မဟုတ်ပါ - ဈေးနှုန်းသည် အနှေးနှင့်အမြန်ဆိုသလို ဘောင်အတွင်းမှ ဖောက်ထွက်ပြီး၊ လမ်းကြောင်းတခုကို စတင်မည်ဖြစ်သည်။ ဈေးနှုန်းသည် မည်သည့်ဦးတည်ရာသို့ ရွေ့လျားမည်ဆိုသောအချက်မှာ ကျွန်ုပ်တို့အတွက် အတိအကျ အရေးမကြီးပါ။ ဘေးတိုက်ရွေ့လျားမှုဘောင်၏ အောက်နယ်နိမိတ်မျဉ်း၏အောက်တွင် stop limit sell order တခုကို သတ်မှတ်၍ အထက်နယ်နိမိတ်မျဉ်း၏အထက်တွင် Buy stop limit တခုကို သတ်မှတ်ထားရန်သာ လိုအပ်ပါသည်။ ဈေးကွက်သည် မည်သည့်ဦးတည်ရာသို့ ရွေ့လျားပါစေ၊ stop limit order သည် စတော့ကုန်သွယ်မှုများကို ဈေးကွက်ဦးတည်ရာနှင့်အညီ ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။
၃။ လမ်းကြောင်းပေါ်တွင်ကုန်သွယ်ခြင်း
ဈေးကွက်တွင် တိကျသောလမ်းကြောင်းတခု ရှိနေသောအခါ၊ ၎င်းပေါ်တွင် အဘယ်ကြောင့် အမြတ်အစွန်းကို မဖန်တီးပဲ နေရမည်နည်း။ ဈေးနှုန်းသည် နောက်သို့အနည်းငယ်ပြန်လှည့်သောအခိုက်အတန့်(pullback)တခုကို စောင့်ဆိုင်းပြီး၊ သင်၏ stop limit အား နောက်ဆုံးရောက်ရှိခဲ့သော အမြင့်ဆုံးဈေးနှုန်း၏ အထက်တွင် နေရာချပါ။ လမ်းကြောင်းသည် မူလဦးတည်ရာသို့ပြန်လှည့်ပြီး စတော့ဈေးနှုန်းပြန်တက်သွားသည်နှင့် လူကြီးမင်းသည် ထိုအခိုက်အတန့်ကို အဝင်ပွိုင့်အဖြစ် အတိအကျရရှိကာ၊ လမ်းကြောင်းတလျှောက် ကုန်သွယ်မှုတခုကို ဖွင့်နိုင်မည်ဖြစ်သည်။ အကယ်၍ ဈေးနှုန်းရွေ့လျားမှုသည် ဦးတည်ရာ အမှန်တကယ် ပြောင်းလဲသွားပြီး စတော့ဈေးကျဆင်းသွားသောအခါ၊ ရိုးရှင်းစွာပင် လူကြီးမင်း၏ ကုန်သွယ်မှုသည်လည်း ပွင့်လာမည်မဟုတ်ပါ။ ထို့ကြောင့် လူကြီးမင်းအတွက် ဆုံးရှုံးမှုတစုံတရာမရှိနိုင်ပါ။
၄။ သတင်းများအပေါ်ကုန်သွယ်ခြင်း
ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများစွာတို့သည် ကုန်သွယ်မှုပြုလုပ်ရာတွင် စီးပွားရေးပြက္ခဒိန်ကို ကိုအသုံးပြုကြသည်။ သို့သော်၊ သတင်းများ ထွက်ပေါ်ပြီးချိန်တွင် ရင်းနှီးမြှုပ်နှံမှုသုသေသနပြုလုပ်၍ ဈေးနှုန်းဦးတည်ရာကိုခန့်မှန်းနေရန် မလိုအပ်ပဲ၊ ဦးတည်ရာကို အမိအရဖမ်းဆုပ်ကာ ရောင်းချရန် သို့မဟုတ် ဝယ်ယူရန်အတွက် limit order တခုကို အသုံးပြုနိုင်ကြောင်းကို လူတိုင်းမသိရှိကြပေ။ သတင်းမထုတ်ပြန်မီ မိနစ်အနည်းငယ်အလိုတွင် အဝယ် သို့မဟုတ် အရောင်း limit order တခုကို လက်ရှိဈေးနှုန်း၏ အထက်နှင့်အောက် 300 မှ 400 pips ကြားတွင် ထားရှိပါ။ ၎င်းတို့အနက်မှ တခုသည် အသေအချာ အလုပ်လုပ်မည်ဖြစ်ပြီး၊ အမြတ်အစွန်းရသော ကုန်သွယ်မှုတခုကို ဖွင့်ပေးလိမ့်မည်ဖြစ်သည်။
အဝယ် နှင့် အရောင်း Stop-Limit Orders များ၏ ဥပမာများ
Stop-Limit Orders များကို အသုံးချနိုင်သော နည်းလမ်းအသွယ်သွယ်ရှိပါသည်။ သို့သော် ၎င်းတို့၏ အလုပ်လုပ်ပုံအတိအကျနှင့် ကုန်သည်တဦးသည် ဤအခြေအနေတွင် မည်ကဲ့သို့ပြုမူသင့်ကြောင်း စစ်မှန်သည့် လက်တွေ့ဥပမာများကို လေ့လာကြည့်ကြပါစို့။
Buy Stop-Limit ဥပမာ
ဇယားသည် EURUSD ငွေကြေးအတွဲကို ပြသထားပြီး၊ ECB ၏ အတိုးနှုန်းဆုံးဖြတ်ချက်အား မထုတ်ပြန်ပီ ၅ မိနစ်အလိုခန့် အခိုက်အတန့်ကို မှတ်တမ်းတင်ထားပါသည်။ ခန့်မှန်းချက်များ မည်သို့ပင်ရှိစေကာမူ၊ ဈေးနှုန်းသည် မည်သည့်ဦးတည်ရာသို့မဆို ရွေ့လျားသွားနိုင်ပါသည်။ ထို့ကြောင့် ဦးတည်ရာနှစ်ဖက်စလုံးတွင် pending orders များကို နေရာချထားကြပါစို့။ ကျွန်ုပ်တို့သည် Buy Stop Limit ကို လက်ရှိဈေးနှုန်း၏ အထက်တွင် သတ်မှတ်ပြီး၊ Sell Stop order ကို လက်ရှိဈေးနှုန်း၏အောက်တွင် သတ်မှတ်ပါမည်။ အော်ဒါနှစ်ခုမှတခုသို့ stop price ရောက်ရှိလာသည်နှင့်၊ အော်ဒါ ကို စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ အဝယ် သို့မဟုတ် အရောင်း ကုန်သွယ်မှုကို ဖွင့်လှစ်ပါမည်။
သတင်းများ ထုတ်ပြန်ပြီးသောအခါ၊ ဈေးနှုန်းသည် မြန်ဆန်စွာ မြင့်တက်လာပါသည်။ ဈေးနှုန်းသည် buy stop limit order ကို လှုံ့ဆော်လိုက်သည်။ ဤအတွဲအတွက် liquidity မှာ အလွန်မြင့်မားသောကြောင့်၊ လွဲချော်မှုမဖြစ်ပေါ်ပါ။ Stop price ကို သတ်မှတ်ထားသည့်အတိုင်း အော်ဒါပမာဏတခုလုံးကို 1.0520 တွင် အကောင်အထည်ဖော်လိုက်ပါသည်။ ဈေးနှုန်းသည် ဆက်လက်မြင့်တက်သွားပြီး၊ ကျွန်ုပ်တို့သည် အမြတ်အစွန်းရရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် အမြတ်ကို သိမ်းဆည်း၍ မှန်ကန်သောအချိန်တွင် ဈေးကွက်မှထွက်ခွာရန်သာ လိုအပ်ပါသည်။
Sell Stop-Limit ဥပမာ
ယခုဆက်လက်ပြီး၊ Sell Stop-Limit အော်ဒါတခုကို အသုံးပြု၍ အရောင်းကုန်သွယ်မှုတခုဖွင့်ခြင်း၏ ဥပမာတခုကို ကြည့်ရှူကြပါစို့။
အရှေ့မှဥပမာကဲ့သို့ပင်၊ ကျွန်ုပ်တို့သည် အဓိကငွေကြေးအတွဲများကို အသုံးပြုပါမည်။ အခြားရေပန်းစားသော ငွေကြေးအတွဲတခုဖြစ်သည့် NZDUSD ပေါ်တွင် ကုန်သွယ်မှုကို ဆောင်ရွက်မည်ဖြစ်ပြီး၊ အချိန်ကြာမြင့်စွာ လက်ခံကျင့်သုံးခဲ့ကြသော နည်းဗျူဟာတခုဖြစ်သည့် သတင်းများအပေါ်ကုန်သွယ်ခြင်းဗျူဟာကို အသုံးပြုပါမည်။ နယူးဇီလန်နိုင်ငံ၏ အလုပ်သမားဈေးကွက်နှင့်စပ်လျဉ်း၍ ကြီးမားသော အချက်အလက်များကို ထုတ်ပြန်ရန် မျှော်လင့်ထားပြီး၊ ဈေးနှုန်းကို အမိအရဖမ်းဆုပ်ရမည့် အချိန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် Buy Stop-Limit နှင့် Sell Stop Limit orders များကို အသုံးပြုကာ လက်ရှိဈေးနှုန်း၏ အထက်နှင့်အောက် အနီးစပ်ဆုံးတူညီသောအကွာအဝေးတွင် pending orders များကို ချမှတ်ပါသည်။
အချက်အလက်များထုတ်ပြန်ပြီး အချိန်အနည်းငယ်အကြာတွင်၊ ဈေးနှုန်းကျဆင်းလာပါသည်။ ထို့ကြောင့် sell stop limit order စတင်အလုပ်လုပ်ပြီး၊ ရလာဒ်အနေဖြင့် အရောင်းကုန်သွယ်မှုတခုကို ဖွင့်လှစ်ခဲ့ပါသည်။
ကျေးဇူးပြု၍ သတိပြုမှတ်သားပေးပါ - သတင်းများအပေါ် ကုန်သွယ်သောအခါ၊ ဈေးနှုန်းလွဲချော်မှု(slippage)သည် အမြဲလိုလို ဖြစ်ပွားလေ့ရှိပါသည်။ အကယ်၍ လူကြီးမင်းသည် အော်ဒါကိုစီစဥ်ရာတွင် သတ်မှတ်ထားသော limit price သည် အော်ဒါဖွင့်သောဈေးနှုန်းနှင့် အလွန်နီးကပ်စွာရှိလျှင်၊ ၎င်းသည် အလုပ်မဖြစ်နိုင်ပါ - ဈေးနှုန်းသည် ရိုးရှင်းစွာပင် လွဲချော်သွားနိုင်ပါသည်။ ကျွန်ုပ်တွင်လည်း ထိုကဲ့သို့ အတွေ့အကြုံမျိုး ရှိခဲ့ပါသည်။ လွဲချော်မှုများကို ရှောင်ရှားရန်အတွက်၊ ပိုမိုကျယ်ပြန့်သော အကန့်အသတ်ဘောင်တခုအတွင်း ဈေးနှုန်းကိုသတ်မှတ်ပေးရန် လိုအပ်ပါသည်။
Stop-Limit Orders များ၏ အားသာချက်များနှင့် အားနည်းချက်များ
Stop limit orders များကို ဖန်တီးခဲ့ခြင်းမှာ လက်ရှိ limit orders များကို မြှင့်တင်ရန်အတွက် ဖြစ်ပါသည် - ၎င်းတို့တွင် အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်း ရှိပါသည်။
အားသာချက်များ -
၁။ လိုက်လျောညီထွေရှိသော ကုန်သွယ်မှု စီစဉ်သတ်မှတ်ခြင်း
Stop-limit order တခုသည် လူကြီးမင်း၏ ကုန်သွယ်မှုအား အသေးငယ်ဆုံးအသေးစိတ်အချက်များအထိ စိတ်ကြိုက်သတ်မှတ်ရန် အခွင့်အရေးပေးပါသည်။ အော်ဒါအချက်အလက်များတွင် stop loss၊ take profit နှင့် limit orders များ၏ အော်ဒါစတင်သောဈေးနှုန်း(trigger prices)များ ပါဝင်ပါသည်။ အော်ဒါစတင်အလုပ်လုပ်သော ဈေးနှုန်းနယ်နိမိတ်နှင့် အော်ဒါအကြုံးဝင်သည့် အချိန်အပိုင်းအခြားကိုလည်း သတ်မှတ်ထားနိုင်ပါသည်။
၂။ တိကျသော အော်ဒါအကောင်အထည်ဖော်မှု
Stop limits များသည် လူကြီးမင်းအတွက် အတိအကျဆုံး အဝင်ပွိုင့်များကို ရရှိစေပါသည်။ အော်ဒါအကောင်အထည်ဖော်မည့် ဈေးနှုန်းနယ်နိမိတိတခုကို သတ်မှတ်ထားခြင်းဖြင့် ဤအကျိုးကျေးဇူးကို ရရှိနိုင်ပါသည်။ ပမာဏကြီးမားသော ကုန်သွယ်မှုများကို ဆောင်ရွက်သည့်အခါ၊ များသောအားဖြင့် တိကျသောဈေးကွက်နှုန်းထားတခုတွင် တွဲဖက်ရန်လိုအပ်သော ပမာဏမရှိတတ်သောကြောင့်၊ အော်ဒါများသည် တစိတ်တပိုင်းသာ အောင်မြင်အထမြောက်လေ့ရှိသည်။ ဤသို့မဖြစ်ရန် stop limit orders များကို အသုံးပြုနိုင်ပါသည်။ ၎င်းတို့၏အကူအညီဖြင့်၊ လူကြီးမင်းသည် သတ်မှတ်ထားသောဈေးနှုန်းဧရိယာအတွင်း ကုန်သွယ်မှုအရေအတွက်များစွာကို ဖွင့်လှစ်နိုင်ပါသည်။ ရလာဒ်အနေဖြင့် လူကြီးမင်း၏ ကုန်သွယ်မှုပမာဏတခုလုံးကို အကောင်းဆုံးစတော့ဈေးနှုန်းတွင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
၃။ ပြီးပြည့်စုံသောနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကိရိယာတခု
ခေတ်သစ်ကုန်သွယ်ရေးတွင်၊ pending orders များကို အသုံးမပြုပဲ၊ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံသော နည်းဗျူဟာဟူ၍ မရှိသလောက်ပင်ဖြစ်ပါသည်။ ယင်းကိရိယာများသည် ကုန်သွယ်ရေးလုပ်ငန်းစဉ်ကို အပြည့်အဝ အလိုအလျောက်ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးပါသည်။ Stop limit တခုကို သတ်မှတ်ခြင်းသည် လွဲချော်မှုမရှိပဲ အကောင်းဆုံး ပိတ်သိမ်းနိုင်မည့် limit prices များကို အာမခံချက်ပေးပါသည်။
အားနည်းချက်များ -
၁။ အော်ဒါမအောင်မြင်သောအလားအလာ
Stop limit order တခုကို stop price နှင့် limit price ကြားသို့ကျရောက်နေသော ဈေးနှုန်းတခုတွင် အကောင်အထည်ဖော်မည်ဖြစ်သည်။ သို့သော်၊ အကယ်၍ ဈေးကွက်အတွင်း ထိုဈေးနှုန်း မဖြစ်ပေါ်ခဲ့ပါက၊ အော်ဒါကို ဆောင်ရွက်မည်မဟုတ်ပေ။ ဈေးကွက်အတွင်း ဈေးနှုန်းလစ်ဟမှု(price gap)တခု ပေါ်ပေါက်သော အခြေအနေမျိုးတွင် ထိုသို့ဖြစ်နိုင်ပါသည်။ အကယ်၍ ရင်းနှီးမြှုပ်နှံသူသည် stop limit order တခုကို stop loss order အဖြစ် အသုံးပြုပါက၊ ၎င်းတို့၏ ဆုံးရှုံးမှုပမာဏမှာ ပို၍ပင် ကြီးမားနိုင်ပါသည်။
၂။ စီစဉ်သတ်မှတ်ခြင်းနှင့် ပြင်ဆင်ချိန်ညှိခြင်း အခက်အခဲများ
Stop-limit အော်ဒါများနှင့် အလုပ်လုပ်ခြင်းသည် ရိုးရှင်း၍ ယုံကြည်စိတ်ချရသည်ဟု ထင်မြင်ရပါသည်။ သို့သော် ဤကိရိယာတွင် ဆက်တင်များစွာပါရှိသည့်အတွက် စတင်လေ့လာသူများအနေဖြင့် အခက်အခဲများ ရှိနိုင်ပါသည်။ အော်ဒါစတင်အသက်ဝင်သောဈေးနှုန်း(trigger price)အပြင်၊ အော်ဒါတွင် limit price တခုလည်းရှ်ိပါသည်။ အကယ်၍ လူကြီးမင်းသည် ယင်းဈေးနှုန်းကို trigger price နှင့် နီးကပ်စွာ သတ်မှတ်ထားပါက၊ လွဲချော်မှုကြောင့် အော်ဒါမအောင်မြင်သော အခြေအနေမျိုး ဖြစ်ပေါ်နိုင်ပါသည်။ Stop နှင့် limit price ကြားမှ ဈေးနှုန်းအပိုင်းအခြားကို သတ်မှတ်ရာတွင်၊ ဈေးကွက်အတွင်းရှိ မတည်ငြိမ်မှု အတိုင်းအတာနှင့် ကုန်သွယ်မှုအမျိုးအစား၏ liquidity တို့ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
အနှစ်ချုပ်
နိဂုံးချူပ်ရသော်၊ stop limit orders များသည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍ ကုန်သွယ်မှုပြုလုပ်သော ကုန်သည်များအတွက် အလွန်အသုံးဝင်သည့် လုပ်ဆောင်ချက်အသစ်များဟု ကျွန်ုပ်ယုံကြည်ပါသည်။ ၎င်း၏ အဓိကအင်္ဂါရပ်မှာ အော်ဒါအလုပ်လုပ်သောအပိုင်းအခြားကို သတ်မှတ်နိုင်သော အခွင့်အရေးပင်ဖြစ်သည်။ ဤအချက်သည် လွဲချော်မှု (slippage) ကြောင့် ငွေကြေးများ လျင်မြန်စွာ ဆုံးရှုံးရခြင်း အလားအလာကို သိသိသာသာ လျှော့ချပေးနိုင်ပါသည်။
Stop limit orders များကို ပံ့ပိုးပေးသော ပလပ်ဖောင်းများနှင့် အကျိုးဆောင်များမှာ လက်ရှိအချိန်တွင် အရေအတွက်နည်းပါးသေးသော်လည်း၊ ဤကုန်သွယ်ရေးအော်ဒါအမျိုးအစားသည် အသုံးပြုရန် လွန်စွာသင့်တော်ပါသည်။ ၎င်းတို့သည် limit orders များထက် အဆင့်အတန်းမြင့်မားသည့်အပြင်၊ သမာရိုးကျ stop-loss orders များထက်လည်း ရှုထောင့်များအားလုံးနီးပါးတွင် သာလွန်ကောင်းမွန်ပါသည်။
Stop-limit Order နှင့်စပ်လျဉ်းသော အမေး၊အဖြေများ
အလိုအလျောက်ကုန်သွယ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်လိုကြပြီး၊ ပါဝင်သောဆုံးရှုံးနိုင်ခြေများကို လျှော့ချလိုသော ကုန်သည်များသည် Stop limit orders များကို အသုံးပြုကြသည်။ ယင်းအော်ဒါများကို ဖောက်ထွက်သောဗျူဟာများဖြင့် ကုန်သွယ်သောအခါတွင် အများတွေ့ရှိတတ်ပြီး၊ ချိန်ညှိနိုင်သော stop loss တခုအဖြစ်လည်း အသုံးပြုကြလေ့ရှိပါသည်။
ဤအော်ဒါများသည် pending အော်ဒါများဖြစ်သော်လည်း၊ ၎င်းတို့သည် market orders အမျိုးအစားသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ပုံမှန် ကုန်သွယ်ရေးနာရီများအတွင်းသာလျှင် အလုပ်လုပ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ Forex ကုန်သွယ်ရေးနာရီများသည် နှစ်ဆယ့်လေးနာရီပတ်လုံးဖြစ်ပါသည်။ အဓိပ္ပါယ်မှာ စနေနှင့် တနင်္ဂနွေနေ့များမှအပ မည်သည့် ဈေးကွက်ဖွင့်ရက် (trading day) တွင်မဆို အော်ဒါများကို နှစ်ဆယ့်လေးနာရီပတ်လုံး အကောင်အထည်ဖော်ပါသည်။
မူရင်းအားဖြင့်၊ stop limit orders များသည် ၎င်းတို့အား ပြန်လည်ပယ်ဖျက်သည်အထိ (ဆိုလိုသည်မှာ - ကုန်သည်မှ အော်ဒါကို ကိုယ်တိုင် ဖျက်သိမ်းလိုက်သည်အထိ) အလုပ်လုပ်ပြီး၊ ကောင်းစွာဆက်လက်တည်ရှိနေပါသည်။ သို့သော် လူကြီးမင်းသည် အော်ဒါသက်တမ်းကုန်ဆုံးသော ရက်စွဲနှင့်အချိန်ကို စိတ်ကြိုက်ကြိုတင်သတ်မှတ်နိုင်ပါသည်။
ပထမဦးစွာ၊ stop-limit orders များကို အသုံးပြုခြင်းသည် လူကြီးမင်း၏ အချိန်များစွာကို ချွေတာပေးပါသည်။ လူကြီးမင်းသည် ဈေးကွက်ကို စောင့်ကြည့်နေရန်နှင့် ကုန်သွယ်မှုဖွင့်ခြင်းအတွက် တိကျသောဈေးနှုန်းတခုကို စောင့်ဆိုင်းနေရန် မလိုအပ်ပါ။ ဒုတိယအနေဖြင့် limit price ပါဝင်သောကြောင့်၊ stop limit order တခုသည် အရောင်းအဝယ်အကောင်အထည်ဖော်ခြင်းအတွက် အကောင်းဆုံးဈေးနှုန်းကို အာမခံချက်ပေးပါသည်။ မတည်ငြိမ်မှုမြင့်မားသော အချိန်အတွင်း လျင်မြန်စွာရွေ့လျားနေသောဈေးကွက်တခုတွင် ဤအချက်သည် အလွန်အရေးကြီးပါသည်။
Stop limit orders များတွင် လိုက်လျောညီထွေချိန်ညှိနိုင်သော ဆက်တင်များပါရှိသည့်အတွက်၊ ၎င်းတို့သည် အပြည့်အဝ စိတ်ချရပါသည်။ ကုန်သည်တဦးသည် ဤအော်ဒါအပေါ်တွင် stop loss နှင့် take profit limits များကို သတ်မှတ်နိုင်ပြီး၊ ဆုံးရှုံးမှုများကို ကာကွယ်နိုင်ပါသည်။ အရောင်းကုန်သွယ်မှုတခုအတွက် stop loss ကို အမြင့်ဆုံးဈေးနှုန်း၏အထက်တွင် သတ်မှတ်ပြီး၊ အဝယ်ကုန်သွယ်မှုတခုအတွက် အနိမ့်ဆုံးဈေးနှုန်း၏အောက်တွင် သတ်မှတ်ပါသည်။
Stop limit order တခုတွင် ဈေးနှုန်းပွိုင့်နှစ်ခု ပါဝင်ပါသည် - stop prices သို့မဟုတ် အော်ဒါကိုစတင်အလုပ်လုပ်စေသော ဈေးနှုန်းနှင့် limit price သို့မဟုတ် trigger price (အော်ဒါဖော်ဆောင်သောဈေး) ဖြစ်ပါသည်။ ဈေးကွက်လွဲချော်မှုများကို ဘေးဖယ်၍ ဈေးနှုန်းသည် သတ်မှတ်ထားသောနယ်နိမိတ်အတွင်း မည်သည့်ကောင်းမွန်သော ဈေးတန်းသို့မဆို ရောက်ရှိချိန်တွင် အော်ဒါကို သေချာပေါက် အကောင်အထည်ဖော်ရန်အတွက် အဆိုပြုထားသတ်မှတ်ထားသောဈေးနှုန်း (quotation prices) နှစ်ခုကို လိုအပ်ပါသည်။
Stop loss သည် သေချာပေါက် အကောင်အထည်ဖော်ရမည့် တင်းကြပ်သောအော်ဒါတခု ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ၎င်းသည် တိကျသောအကောင်အထည်ဖော်မှုကို အာမမခံပါ။ ဈေးနှုန်းသည် လျင်မြန်စွာရွေ့လျားပြီး လွဲချော်မှုဖြစ်ပေါ်သောအခါ၊ အမှန်တကယ် အော်ဒါဆောင်ရွက်သောဈေးနှုန်းသည် ပစ်မှတ်ထားသောဈေးနှုန်းထက် များစွာကွဲလွဲနေနိုင်ပါသည်။ ဈေးနှုန်းသည် သတ်မှတ်ဧရိယာသို့ ရောက်ရှိမှသာလျှင် stop limit ကို အကောင်အထည်ဖော်မည်ဖြစ်သည်။ သို့မဟုတ်ပါက၊ ယင်းအော်ဒါကို အကောင်အထည်ဖော်မည်မဟုတ်ပါ။
Buy stop-limit order ဆိုသည်မှာ ပစ္စည်းတန်ဖိုး သည် လက်ရှိဈေးကွက်ပေါက်ဈေး အထက် သတ်မှတ် stop price သို့ ရောက်ရှိသောအခါ အသက်သွင်းသည့် ကုန်သွယ်မှုကိရိယာတစ်ခုဖြစ်သည်။ ထို့နောက် အော်ဒါ အား သတ်မှတ်ထားသော အရောင်းအဝယ် ဝင်ရောက်မည့် အမှတ်တွင် အပြီးအပိုင် အကောင်အထည်ဖော်ကြောင်း အာမခံပြီး ကြိုတင်သတ်မှတ်စျေးနှုန်းအကွာအဝေးအတွင်း limit order တစ်ခုအဖြစ် လုပ်ဆောင်ပါသည်။
Sell stop-limit order ဆိုသည်မှာ ပစ္စည်းတန်ဖိုး သည် စျေးကွက်ပေါက်စျေး အောက်၌ရှိသော limit price ကို ထိတွေ့သောအခါ အကောင်အထည်ဖော်သည့် အော်ဒါတစ်ခုဖြစ်သည်။ Stop price ကို ထိပြီးသည်နှင့် limit order တစ်ခု အဖြစ် အဆိုပါ ပစ္စည်းအား ကြိုတင်သတ်မှတ်ထားသောစျေးနှုန်းအကွာအဝေးအတွင်း ရောင်းချကြောင်း သေချာစေပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။
















