ဤခြုံငုံသုံးသပ်ချက်သည် ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များအတွက် သင့်လျော်သော နိုင်ငံတကာငွေကြေးလဲလှယ်ရေးဈေးကွက်သုံး ထိပ်တန်း ညွှန်ပြချက်ကိရိယာများအား ယေဘူယျအားဖြင့် ဖော်ပြပေးသည် - ကုန်သည်အသစ်များနှင့် ပရော်ဖက်ရှင်နယ်ကုန်သည်များ နှစ်မျိုးစလုံးအတွက်ဖြစ်သည်။ ဤဆောင်းပါးတွင်၊ scalping၊ intraday နှင့် ကာလရှည်ကြာ ကုန်သွယ်သောဗျူဟာများအတွက် အသုံးပြုသော ညွှန်ပြချက်ကိရိယာများကို သင်တွေ့ရမည်ဖြစ်သည် - ဥပမာအားဖြင့် လမ်းကြောင်းရှိသောဈေးကွက်များနှင့် လမ်းကြောင်းပျောက်နေသောစျေးကွက်များအတွက်ဖြစ်သည်။ အပိုင်းတစ်ပိုင်းချင်းစီတွင် အချက်ပြမှုများ၏ ရှင်းလင်းချက်နှင့် လက်တွေ့အသုံးချနမူနာများနှင့်အတူ ညွှန်ပြချက်၏အသေးစိတ်ဖော်ပြချက်များအတွက် ဝက်ဘ်ဆိုဒ်လင့်ခ်တစ်ခုစီ ပါရှိပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


နည်းပညာဆိုင်ရာ အချက်ပြကိရိယာများကို အဓိကအုပ်စုနှစ်ခု အဖြစ် ခွဲခြားနိုင်သည်။

  1. စိတ်ကြိုက်ပြုလုပ်ထားသောအချက်ပြကိရိယာများ။ဤကိရိယာများသည် ကုန်သည်တစ်ဦးချင်းစီမှ ပရိုဂရမ်းမင်းဘာသာဖြင့် ရေးသားထားသော မူရင်း ညွှန်ပြချက်ကိရိယာများဖြစ်သည်။ ဤနည်းပညာဆိုင်ရာကိရိယာများသည် သီးခြားအခြေအနေများ သို့မဟုတ် တစ်ဦးချင်းဆိုင်ရာ ကုန်သွယ်မှုစနစ်များအတွက် ဒီဇိုင်းရေးဆွဲထားသည်။ ထောင်ပေါင်းများစွာသော ကိရိယာအရေအတွက်များရှိပြီး နှစ်စဉ် ကိရိယာအသစ်များ သို့မဟုတ် ဗားရှင်းဟောင်းများကို အဆင့်မြှင့်တင်မှုများ ပေါက်ပေါ်လာပါသည်။
  2. စံသတ်မှတ်ထားသော အချက်ပြကိရိယာများ။ ဤကိရိယာများသည် နည်းပညာအရ ခွဲခြမ်းစိတ်ဖြာမှု၏ အခြေခံဖြစ်သည်။ စံသတ်မှတ်ထားသော ညွှန်ပြချက်ကိရိယာများကို ကုန်စည်၊ စတော့နှင့် နိုင်ငံခြားငွေလဲလှယ်ရေးစျေးကွက်များတွင် ဆယ်စုနှစ်များစွာ အသုံးချခဲ့ရာတွင် ပြင်ဆင်စမ်းသပ်ခဲ့ပြီးဖြစ်သောကြောင့် ၎င်းတို့ကို အကောင်းဆုံး ကိရိယာဟု ယူဆကြပါသည်။ နည်းပညာဆိုင်ရာညွှန်ပြချက်ကိရိယာများသည် ပြဌာန်းစာအုပ်များ၊ ကုန်သည်ဘလော့ဂ်များ၊ လက်တွေ့လေ့ကျင့်မှုများ စသည်တို့တွင် ရှင်းပြထားသည့် ကုန်သွယ်သူအသစ်များ အသုံးပြုသော နည်းဗျူဟာများအတွက်အခြေခံဖြစ်သည်။ နည်းပညာပိုင်းခြားစိတ်ဖြာမှုဆိုင်ရာ စံသတ်မှတ်ထား သော ညွှန်ပြချက်ကိရိယာမှာ MT4 တွင် အခု ၃၀ ၊ MT5 တွင် ၃၈ ခုပါဝင်သည်။ . LiteFinance တာမင်နယ်တွင် နည်းပညာဆိုင်ရာ ကိရိယာ အခု ၆၀ ကျော်ပါရှိပြီး၊ တီထွင်သူများမှ ညွှန်ပြချက်စာရင်းတွင် ကိရိယာအသစ်များကို အဆက်မပြတ် ထည့်သွင်းပေးလျက်ရှိပါသည်။

အရေးကြီးသည်! ညွှန်ပြချက်ကိရိယာတစ်ခုအကြောင်း ကို သင်ဖတ်ပြီးနောက်တွင် ဖော်ပြထားသော လင့်ခ်ကိုနှိပ်ပြီး ညွှန်ပြချက်၏အလုံးစုံခြုံငုံသုံးသပ်ချက် ရှိရာသို့သွား၍ အွန်လိုင်းညွှန်ပြချက် ကိရိယာများပါဝင်သော နိုင်ငံတကာငွေကြေးလဲလှယ်ရေးဈေးကွက်ဇယား ကို တစ်ပြိုင်နက် ဖွင့်ပါ။ သင် ဖတ်ရှုလေ့လာထားသော ညွှန်ပြချက်ကိရိယာများအားလုံးကို လက်တွေ့စမ်းသပ်ကြည့်ပါ။ ဤနည်းအားဖြင့် သင်သည် ကိရိယာတစ်ခုအား ကောင်းစွာနားလည်နိုင်မည်ဖြစ်ပြီး မြင်သာထင်သောရှိသော အချက်ပြမှုများအား မည်သို့ရယူနိုင်သည်ကို လေ့လာနိုင်မည်ဖြစ်သည်။

ကုန်သွယ်ရေး အချက်ပြကိရိယာဆိုသည်မှာ အဘယ်နည်း ?

နည်းပညာပိုင်းအရခွဲခြားစိတ်ဖြာခြင်း ဆိုသည်မှာ စျေးနှုန်းလှုပ်ရှားမှုနှင့် ကုန်သွယ်မှုပမာဏကဲ့သို့သော ကုန်သွယ်ရေးလုပ်ဆောင်မှုမှ အတူတကွစုစည်းထားသော ဈေးနှုန်းလမ်းကြောင်းတစ်လျှောက်ရှိ ကိန်းဂဏန်းအချက်အလက်များကို ပိုင်းခြားစိတ်ဖြာခြင်းဖြစ်ပြီး အနာဂတ်စျေးနှုန်းလှုပ်ရှားမှုများကို ခန့်မှန်းကာ ကုန်သွယ်မှုအခွင့်အလမ်းများကို အကဲဖြတ်ခြင်း ဖြစ်ပါသည်။

နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှု၏အစိတ်အပိုင်းများ

  • ကုန်သွယ်ရေးညွှန်ပြချက်ကိရိယာများ။ ၎င်းတို့သည် သတ်မှတ်ကာလတစ်ခုအတွက် စျေးနှုန်းတန်ဖိုးများကို တွက်ချက်ပေးသည့် သင်္ချာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် ဖော်မြူလာများအပေါ် အခြေခံသည့် အယ်ဂိုရီသမ်များဖြစ်သည်။ ဤအချက်အလက်များ အပေါ်အခြေခံ၍ နည်းပညာဆိုင်ရာညွှန်ပြချက်ကိရိယာများသည် အနာဂတ်တွင် ဖြစ်ပေါ်နိုင်သည့် ပျမ်းမျှစျေးနှုန်းကို ခန့်မှန်းတွက်ချက်သည်။
  • လယ်ဗယ်များ၊ လမ်းကြောင်းပြလိုင်းများ ။ ဤ လယ်ဗယ်များသည် ဈေးနှုန်းပြင်ဆင်မှုစတင်နိုင်သည့် သို့မဟုတ် လမ်းကြောင်းပြောင်းသွားနိုင်သည့် အားကောင်းသောလယ်ဗယ်များဖြစ်သည်။ ဤလယ်ဗယ်များသည် ဈေးနှုန်းစုစည်းသည့် ဇုန်နယ်နိမိတ်အဖြစ်လည်း ဆောင်ရွက်နိုင်သည်။ အဆိုပါလယ်ဗယ်များတွင် support နှင့် resistance (S/R လယ်ဗယ်များ) ပါဝင်ပြီး ၎င်းတို့မှာ အလျားလိုက်ပုံစံ၊ ထောင့်ဖြတ်ပုံစံ၊ ဒိုင်းနမစ်ပုံစံ နှင့် Fibonacci လယ်ဗယ်များဖြစ်နိုင်သည်။လယ်ဗယ်များ၏သဘောသဘာဝသည် နိုင်ငံတကာငွေကြေးလဲလှယ်ရေး ဈေးကွက်ခန့်မှန်းချက်များတွင် ထည့်သွင်းစဉ်းစားသော စိတ်ပိုင်းဆိုင်ရာသဘောသဘာဝလည်း ဖြစ်သည်။
  • ဈေးနှုန်းဖွဲ့စည်းမှုပုံစံများ ။ ၎င်းတို့သည် ပြန်လည်ဖြစ်ပွားလေ့ရှိသော စျေးနှုန်းဇယားပုံစံများ ဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သည့် ဈေးနှုန်းဖွဲ့စည်းမှုပုံစံများဖြစ်သည်။ Candlestick ဖွဲ့စည်းမှုပုံစံများလည်း ရှိနိုင်သည်။ ဖွဲ့စည်းမှုပုံစံများသည် အများအားဖြင့် လမ်းကြောင်းဆက်ခြင်း သို့မဟုတ် ပြောင်းပြန်လှန်ခြင်းကို အချက်ပြသည်။

အရေးကြီးသောအချက်မှာ ဖွဲ့စည်းမှုပုံစံ၏ သင်္ချာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုလည်းဖြစ်သည်။

စီးပွားရေးပိုင်းအရခွဲခြမ်းစိတ်ဖြာခြင်း ဆိုသည်မှာ စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေးအချက်အလက်များ၊ သတင်းများ၊အရေးပေါ်အခြေအနေများဖြင့် အနာဂတ်ဈေးနှုန်းများကိုခန့်မှန်းသည့် နည်းလမ်းတစ်ခုဖြစ်သည်။

စီးပွားရေးပိုင်းခွဲခြမ်းစိတ်ဖြာမှု၏အစိတ်အပိုင်းများ

  • မက်ခရိုစီးပွားရေး။ စီးပွားရေးအညွှန်းကိန်းများ- အတိုးနှုန်း၊ ဂျီဒီပီ၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရရှိမှု၊ စက်မှုကုန်ထုတ်လုပ်မှုများ ။
  • မိုက်ခရိုစီးပွားရေး။ ကုမ္ပဏီတစ်ခုချင်း၏ ဘဏ္ဍာရေးအစီရင်ခံစာများ၊ ထုတ်လုပ်မှုအဆင့်ခန့်မှန်းချက်များ၊ လမ်းညွှန်ချက်အသစ်များနှင့် တိုးတက်မှုများ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးလေ့လာသုံးသပ်သူများ၏ ထင်မြင်ယူဆချက်များ။
  • ပထဝီဝင်နိုင်ငံရေးအကြောင်းရင်းများ၊ အရေးပေါ်အခြေအနေများ စသဖြင့် ။

အထက်ပါအချက်အလက်များ၏ ဥပမာအနေဖြင့်၊ ကျွန်ုပ်တို့သည် US Non-Farm Payrolls ၊ Fed ၏ ကြေငြာချက်များ နှင့် သီးခြားပိုင်ဆိုင်မှုတစ်ခုခု ၏ ဝယ်လိုအားနှင့်ရောင်းလိုအား အချိုးတို့ကို စာရင်းပြုစုနိုင်ပါသည်။

နည်းပညာပိုင်းနှင့်စီးပွားရေးပိုင်းအရ ခွဲခြမ်းစိတ်ဖြာမှုကြား ခြားနားချက်မှာ ကြိုတင်ခန့်မှန်းခြင်း ပြုလုပ်ရာတွင်အသုံးပြုသော အခြေခံသဘောတရာများ နှင့် ချဉ်းကပ်မှုပုံစံ ဖြစ်သည်။ နည်းပညာပိုင်းအရခွဲခြမ်းစိတ်ဖြာမှုကို သင်္ချာဖော်မြူလာများ၊ အချိုးအစားများနှင့် အတိတ်ကဖြစ်ပေါ်ခဲ့သော ပုံစံများအား တွေ့ရှိခြင်းအပေါ်မူတည်၍ တည်ဆောက်ထားသည်။ စီးပွားရေးပိုင်းအရ ခွဲခြမ်းစိတ်ဖြာမှုသည် စီးပွားရေးအစီရင်ခံစာများ၊ သတင်းများ စသည်တို့ကို ထည့်သွင်းစဉ်းစားသည်။

နည်းပညာပိုင်းအရ ခွဲခြမ်းစိတ်ဖြာမှု အချက်ပြကိရိယာများ အလုပ်လုပ်ပုံ

နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း (TA) အား စျေးကွက်လမ်းကြောင်း၊ ဆုံချက်အမှတ်များ၊ အရှုံးရပ်တံ့သည့်အမှတ်သတ်မှတ်ခြင်းနှင့် အမြတ်ရယူမည့်လယ်ဗယ်များကို ခန့်မှန်းရန် အသုံးပြုသည်။

နည်းပညာပိုင်းအရခွဲခြမ်းစိတ်ဖြာမှုမှာ သဘောတရားအချို့အပေါ် အခြေခံထားသည်-

  • စျေးကွက်သည် ထပ်ဖန်တလဲလဲ လည်ပတ်သည့်သဘောရှိသည်။ စီးပွားရေးသည် လှိုင်းသဘော၏ သီအိုရီအရ ရွေ့လျားပြီး အပေါ်နှင့်အောက်၊ အတက်နှင့် အကျလည်း ရှိမည်ဖြစ်သည်။ လည်ပတ်မှုများရှိ အကွာအဝေးအတိုင်းအတာများသည် ကွဲပြားနိုင်သော်လည်း အဆိုပါလည်ပတ်မှု၏ အဆင့်တစ်ဆင့်ချင်းရှိ အခြေခံကျသောအချက်များသည် အနာဂတ်စျေးနှုန်းလမ်းကြောင်းများကို ခန့်မှန်းနိုင်စေသည်။
  • တူညီသောအဖြစ်အပျက်များ ထပ်ခါထပ်ခါဖြစ်ပေါ်ခြင်း။ အဆိုပါတူညီသောအဖြစ်အပျက်များ၏ အကျိုးဆက်များသည်လည်း ထပ်ခါထပ်ခါဖြစ်ပေါ်သည်။ ပုံမှန်ဖြစ်ပေါ်တက်သည့် သဘောတရားများကို ရှာဖွေနိုင်မည်ဆိုလျှင် အတိတ်အဖြစ်အပျက်ကိုအခြေခံ၍ အနာဂတ်အတွက် ရလဒ်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။
  • အကြောင်းရင်းအားလုံးသည် စျေးနှုန်းများအပေါ်သက်ရောက်မှုရှိသည်။ ဝယ်လိုအား၊ စီးပွားရေး ဒေတာ၊ စျေးကွက်တွင်ပါဝင်သူကြများ၏မျှော်လင့်ချက်များ - ဤအချက်များအားလုံးသည် ပိုင်ဆိုင်မှုဖြစ်သော asset ၏ ဈေးနှုန်းကိုးကားချက်များတွင် စျေးနှုန်းသင့်ထားပြီးဖြစ်သည်။

နည်းပညာပိုင်းအရ ခွဲခြမ်းစိတ်ဖြာမှုသည် သင်္ချာပညာ၊ စာရင်းဇယား ကိန်းဂဏန်းအချက်အလက်များ ပါဝင်သော နည်းလမ်းများနှင့် ဖွဲ့စည်းမှုပုံစံများအား ရှာဖွေခြင်းအပေါ်အခြေခံထားသည်။ ကုန်သည်များသည် ပုံမှန်အားဖြင့် ထပ်ခါတလဲလဲဖြစ်ပေါ်သည့်အချက်များကို တုံ့ပြန်ကြပြီး- အဆိုပါအချက်အလက်များ၏ သဘောသဘာဝအား စာရင်းဇယားကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံ၍ ခန့်မှန်းနိုင်သည်။

အကြောင်းရင်းများစွာအတွက် သင်္ချာနှင့် နည်းပညာဆိုင်ရာ သက်ရောက်မှုအချက်အလက်များအား ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်-

  • သင်္ချာနှင့် စာရင်းဇယား ကိန်းဂဏန်းအချက်အလက်များကို အသုံးပြု၍ အတိတ်တွင်ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာသည်။ ပေါင်းစပ်ခြင်းနှင့်ပျမ်းမျှခြင်းအပေါ် အခြေခံ၍ ပုံမှန်သဘောတရားများကို တွေ့ရှိရသည်။ သင်္ချာနှင့် ရွေ့လျားမှုဆိုင်ရာ အချိုးအစား မော်ဒယ်လ်များကို အနာဂတ်တွင် ဖြစ်နိုင်ချေများသည့် လုပ်ဆောင်ချက်များအား ခန့်မှန်းရန် တည်ဆောက်ထားသည်။
  • သင်္ချာဆိုင်ရာ အယ်လ်ဂိုရီသမ်များကို အသုံးပြုခြင်းသည် စျေးနှုန်းအတက်အကျကို စစ်ထုတ်ပြီး သတ်မှတ်ကာလများအတွက် ကုန်သွယ်မှုပမာဏ၊ ပျမ်းမျှတန်ဖိုးများ နှင့် စျေးနှုန်းလှုပ်ရှားမှုများ၏ ရွေ့လျားနှုန်းတို့ကို ဆုံးဖြတ်နိုင်စေပါသည်။
  • သင်္ချာနှင့် စာရင်းဇယား ကိန်းဂဏန်းအချက်အလက်များ၏ ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံသည့် အယ်လ်ဂိုရီသမ်များသည် စျေးကွက်လုပ်ဆောင်ချက်တစ်ခု လုပ်ဆောင်ရန် အချက်ပြမှုများကို ထုတ်ပေးသည်- ဥပမာ- ကုန်သွယ်မှုတစ်ခုဝင်ခြင်း သို့မဟုတ် ထွက်ခြင်း၊ ကုန်သွယ်ရေးအမှာစာများကို ကြိုတင်ထားရှိခြင်းတို့ဖြစ်သည်။ အချက်ပြမှုသည် စျေးကွက်၏ အဝယ်လွန်ခြင်း သို့မဟုတ် အရောင်းလွန်ခြင်း အခြေအနေကို ညွှန်ပြခြင်း၊ ဈေးကွက်လမ်းကြောင်း၏ ကြံခိုင်မှုကို တိုင်းတာစေနိုင်ခြင်း စသည်ဖြင့် လုပ်ဆောင်ခွင့်ရှိနေသည်။

နည်းပညာဆိုင်ရာညွှန်ပြချက်များအပေါ်အခြေခံ၍ EA ဟု ခေါ်ဆိုသည့် အလိုအလျောက်ကုန်သွယ်မှုစနစ်များ ပေါ်ပေါက်လာပြီး ၎င်းတို့ကို တည်ဆောက်ထားသော အယ်လ်ဂိုရီသမ်စနစ်အရ အလိုအလျောက် ကုန်သွယ်မှုပြုလုပ်နိုင်သည်။ ရင်းနှီးမြှပ်နှံရေးအဖွဲ့အစည်းများသည် စမ်းသပ်ထားပြီးသော ၎င်းတို့၏ ကွန်ရက်များပေါ်အခြေခံ၍ ကုန်သွယ်မှုစနစ်အသစ်များ၊ လိုအပ်သောစာရင်းဇယား ကိန်းဂဏန်းအချက်အလက်များထည့်သွင်းပြီး လိုချင်သောရလာဒ်ထွက်ရှိစေရန် အပေါ်အခြေခံ၍ အကောင်းမွန်ဆုံးဖြေရှင်းချက်ကို ရှာဖွေနိုင်သည့် LSTM မော်ဒယ်များကို တဖြည်းဖြည်း ထုတ်ဖော်ပြသလာကြသည်။

ကုန်သွယ်ရေး အချက်ပြကိရိယာ အမျိုးအစားများ

ညွှန်ပြချက်ကိရိယာများကို အချက်ပြနှောင့်နှေးသည့်ညွှန်ပြချက်နှင့် ရှေ့ပြေးညွှန်ပြချက် ဟူ၍ အမျိုးအစား နှစ်မျိုးခွဲခြားထားသည်။ အချက်ပြနှောင့်နှေးသည့်ညွှန်ပြချက်ကိရိယာများသည် ယခင်ကာလများနှင့် လက်ရှိကာလ ၏ စျေးနှုန်းတန်ဖိုးများကို နှိုင်းယှဉ်သည်။ လမ်းကြောင်းတစ်ခု စတင်နေချိန်တွင် ၎င်းတို့သည် အချက်ပြမှုတစ်ခု ပေးပို့သည်။

ဥပမာ။ လက်ရှိစျေးနှုန်းသည် ပြီးခဲ့သည့် candlesticks ၁၅ ချောင်းထက် မြင့်မားနေပါက အတက်လမ်းကြောင်းဖြစ်သင့်သည်။ Simple Moving Average ဆိုသည်မှာ နောက်ဆုံး candlesticks ၁၅ ချောင်းအတွက် ပျမ်းမျှခြင်းစျေးနှုန်းဖြစ်သည်။ MA ဖတ်ရှုရာတွင် စျေးနှုန်းပြောင်းလဲမှုသည် ယခင် ၁၄ ချောင်း နှင့် နှိုင်းယှဉ်ပါက နောက်ဆုံး candlestick ပေါ်တွင်သာ သက်ရောက်မှု အနည်းငယ်ရှိမည်ဖြစ်သည်။ ထို့ကြောင့် လမ်းကြောင်းစတင်နေပြီဖြစ်သော်လည်း MA သည် အချက်ပြခြင်းမရှိပါ။ ဤသည်မှာ နှောင့်နှေးနေခြင်းဖြစ်သည်၊ လမ်းကြောင်းစတင်မှု သိသာထင်ရှား လာသောအခါတွင်သာ ညွှန်ပြချက်သည် လမ်းကြောင်းသစ်တစ်ခုကို အချက်ပြမည်ဖြစ်သည်။

ရှေ့ပြေးညွှန်ပြချက်ကိရိယာများသည် သတ်မှတ်ချက်များနှင့်အညီ စျေးနှုန်းနှင့်အတူ တောက်လျှောက် ပြောင်းလဲနေပြီး နောက်ထပ်စျေးနှုန်းလှုပ်ရှားမှုကို ခန့်မှန်းရန် ကူညီပေးနိုင်ပါသည်။

အချက်ပြနောက်ကျသော ညွှန်ပြချက်ကိရိယာများသည် ရှေးရိုးဆန်ပြီး အချက်ပြမှုများကို အစောပိုင်း၌ မပြပါ။ ၎င်းတို့သည် ရှေ့ပြေးညွှန်ပြချက်ကိရိယာများထက် ပိုမိုတိကျပါသည်။ သို့သော် အချက်ပြမှုတစ်ခုရှိလာသောအခါ၊ သင်သည် လမ်းကြောင်း၏တစ်ဝက်လောက်ကို လွဲချော်သွားနိုင်သည်။ ထို့ကြောင့်၊ အချက်ပြနောက်ကျသော ညွှန်ပြချက်ကိရိယာများကို H1 မှစတင်၍ ပိုရှည်သော timeframes များတွင် ပိုမိုအသုံးပြုလေ့ရှိပါသည်။ ဤနည်းအားဖြင့် သင်သည် လမ်းကြောင်း၏တစိတ်တပိုင်းကို လွတ်သွားသော်လည်း၊ 20 မှ 50 pips သို့မဟုတ် ထို့ထက်ပို၍ရရှိနိုင်သည်။ ရှေ့ပြေးညွှန်ပြချက် ကိရိယာများသည် အချိန်တိုအတွင်းဖြစ်ပေါ်သော ဈေးနှုန်းပြင်ဆင်ချက် correction သို့မဟုတ် scalping တွင် ပိုမိုထိရောက်သည်။

အမျိုးအစားတစ်ခုစီကို အသေးစိတ် ထပ်မံ၍လေ့လာကြည့်ကြပါစို့။

အချက်ပြစောသောညွှန်ပြချက်ကိရိယာ သို့မဟုတ် Leading Indicators

ရှေ့ပြေးညွှန်ပြချက်ကိရိယာများမှာ စျေးနှုန်းအချက်ပြမှုကို အတည်ပြုခြင်းမပြုမီ ဈေးနှုန်းလမ်းကြောင်း၏ ကြံ့ခိုင်မှု၊ ပြောင်းပြန်လှန်နိုင်ချေအလားအလာစသည့် အချက်အလက်များကို ပံ့ပိုးပေးသည့် အကောင်းဆုံး နည်းပညာဆိုင်ရာ ညွှန်ပြချက်ကိရိယာများထဲမှတစ်ခုဖြစ်သည်။ ရှေ့ပြေးညွှန်ပြချက်ကိရိယာများသည် စီးပွားရေးလည်ပတ်မှုနှင့်ပတ်သက်၍ အချက်ပြမှုကို အစောပိုင်း၌ ပေးပို့သည်။

Oscillator အများစုကို ရှေ့ပြေးညွှန်ပြချက်ကိရိယာများအဖြစ် သတ်မှတ်သည်။ Oscillator သည် အရောင်းအဝယ် ဖြစ်ပေါ်နေသည့်အကွာအဝေး၏ အစွန်ဆုံးနယ်နိမိတ်များအနီးတွင်ရှိနေပါက၊ လမ်းကြောင်းသည် မကြာမီပြောင်းပြန်ဖြစ်သွားနိုင်သည်။ အပြန်အလှန်အားဖြင့်၊ oscillator သည် အဆိုပါနယ်နိမိတ်ဇုန်မှ ထွက်ခွာပြီး ဆန့်ကျင်ဘက်ဇုန်သို့ရောက်သွားပါက၊ ၎င်းသည် အားကောင်းသော လမ်းကြောင်းတစ်ခု၏ စတင်မှုအတွက် ဖြစ်နိုင်ခြေရှိသော အချက်ပြမှုဖြစ်သည်။

LiteFinance: အချက်ပြစောသောညွှန်ပြချက်ကိရိယာ သို့မဟုတ် Leading Indicators

Forex ညွှန်ပြချက်များ၏ အစောပိုင်းအချက်ပြမှုမှာ divergence ဖြစ်သည်။ စျေးနှုန်းဇယားနှင့် ညွှန်ပြချက်သည် ဦးတည်ချက် ဆန့်ကျင်နေပါက၊ စျေးနှုန်းသည် မကြာမီ၌ ပြောင်းပြန်ဖြစ်သွားနိုင်ပြီး ညွှန်ပြချက်အတိုင်း ဖြစ်ပေါ်သွားနိုင်သည်။

အချက်ပြနောက်ကျသော ညွှန်ပြချက်ကိရိယာ သို့မဟုတ် Lagging Indicators

အချက်ပြနောက်ကျသောညွှန်ပြချက်ကိရိယာသည် ယခင်နှင့် လက်ရှိကာလများ၏ဒေတာအပေါ်အခြေခံ၍ တွက်ချက်ထားသော အချက်အလက်များကို ပံ့ပိုးပေးသည်။ ဤကိရိယာများသည် အချိန်ကာလတစ်ခုအတွက် ဖြတ်သန်းခဲ့သည့်အတိတ်ကာလတလျှောက်ရှိ အချက်အလက်များကို ပံ့ပိုးပေးသည်။ ဤညွှန်ပြချက်သည် စျေးနှုန်းအတိုင်း လှုပ်ရှားပြီး၊ ရှေ့မှ ဦးမဆောင်ပါ။ ဤညွှန်ပြချက်၏ ဥပမာမှာ Moving Averages ဖြစ်သည်။

LiteFinance: အချက်ပြနောက်ကျသော ညွှန်ပြချက်ကိရိယာ သို့မဟုတ် Lagging Indicators

စျေးနှုန်းဇယား (အပြာလိုင်း) သည် အမှတ် “1”, “3’, “5”, “7”. တွင် ပြောင်းပြန်လှန်ခဲ့သည်။ EMA ညွှန်ပြချက် (အဝါရောင်မျဉ်း) သည် စျေးနှုန်းပြောင်းပြန်လှန်သည့်အတိုင်း လိုက်လံဖြစ်ပေါ်သော်လည်း အနည်းငယ်အကြာမှ ဖြစ်ပြီး အမှတ် “2”, “4”, “6”, “8” တွင် မြင်တွေ့နိုင်သည်။

လမ်းကြောင်းပြညွှန်ပြချက်များသည် မကြာခဏပင် အချက်ပြနောက်ကျပြီး၊ oscillator များမှာ ရှေ့ရောက်နေသော်လည်း၊ ကုန်သွယ်မှုဗျူဟာအများအပြားသည် လမ်းကြောင်းပြညွှန်ပြချက်များအပေါ် အခြေခံထားသည်။ အချက်ပြမှုကို အတည်ပြုရန် oscillator များကို အသုံးပြုသည်။ အဘယ်ကြောင့်ဆိုသော် ကုန်သည်များသည် လမ်းကြောင်း၏ အစနှင့် ဦးတည်ချက်ကို ဦးစွာ ဆုံးဖြတ်သင့်သောကြောင့် ဖြစ်သည်။ အချက်ပြနောက်ကျသောညွှန်ပြချက်ကိရိယာမှ ပေးပို့သောအချက်ပြမှုများမှာ လက်ရှိစျေးနှုန်း လှုပ်ရှားမှုနှင့်အတူ အတိတ်ကာလမှဈေးနှုန်းအချက်အလက်များကို တွဲစပ်၍ ခွဲခြမ်းစိတ်ဖြာသောကြောင့် ပိုမိုယုံကြည်စိတ်ချရဖွယ်ရှိသည်ဟု ယူဆကြပါသည်။

နိုင်ငံတကာငွေကြေးလဲလှယ်ရေးဈေးကွက်ရှိ ကုန်သွယ်မှုဆိုင်ရာ အချက်ပြကိရိယာ အမျိုးအစားများ

နည်းပညာပိုင်းအရ ခွဲခြမ်းစိတ်ဖြာမှုအချက်ပြကိရိယာများကို ကန့်သတ်ချက်များအလိုက် အုပ်စုဖွဲ့ခွဲခြားနိုင်သည်-

  1. စျေးနှုန်းလှုပ်ရှားမှုသဘောသဘာဝ

    • ဈေးနှုန်းလမ်းကြောင်းအတိုင်းလိုက်သော ညွှန်ပြချက်ကိရိယာ။ ဤကိရိယာများသည် လမ်းကြောင်း၏အစ နှင့် စတင်နေခြင်း ကို ခွဲခြားသတ်မှတ်ရန် ကူညီပေးသည်။ ၎င်းတို့ကို စျေးကွက်အခြေအနေဖြစ်သော - ဦးတည်ချက်မဲ့နေခြင်း သို့မဟုတ် ဦးတည်ချက်ရှိနေခြင်း ကို ဆုံးဖြတ်ရန် အသုံးပြုသည်။ လမ်းကြောင်းပြညွှန်ပြချက်များကို လှိုင်းသဘောအရအသုံးပြုသော ကုန်သွယ်ရေးဗျူဟာများတွင်အသုံးပြုသည်၊ ၎င်းတို့သည် correction နှင့် လမ်းကြောင်း ကို ခွဲခြားရန် ကူညီပေးသည်။

    • Oscillator များ။ စျေးနှုန်းလှုပ်ရှားမှု၏ ဦးတည်ချက်ကို မညွှန်ပြပါ။ Oscillators များသည် အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ခြင်းဇုန်များ (O/O ဇုန်များ) ကိုညွှန်ပြပြီး ဆုံချက်အမှတ်များကို ဆုံးဖြတ်ရန် ကူညီပေးသည်။

  2. စျေးနှုန်းနှင့်ဆက်စပ်သောအချက်ပြချိန်

    • အချက်ပြနောက်ကျသောညွှန်ပြချက်ကိရိယာများ။ အချက်ပြမှုများသည် စျေးနှုန်းနောက်တွင် ကပ်ပါလာသည်။ လက်ရှိစျေးနှုန်းတန်ဖိုးသည် ဇယားတွင် ပထမဆုံးပေါ်လာသည်။ ညွှန်ပြချက်တန်ဖိုးမှာ စျေးနှုန်းအပေါ်အခြေခံ၍ တွက်ချက်ပြီး နောက်မှသာ ဇယားတွင်ပြသသည်။

    • ရှေ့ပြေးညွှန်ပြချက်ကိရိယာများ။ ဤကိရိယာများသည် ဈေးနှုန်းလမ်းကြောင်း၏ အားကောင်းမှု အလားအလာကို အကဲဖြတ်ရန် ကူညီပေးသည်။

    • ခန့်မှန်းမှုညွှန်ပြချက်ကိရိယာများ။ ဤကိရိယာများသည် ယခင်ကာလများ၏ သီးခြားအချိန် အပိုင်းအခြားများအတွက် ဈေးကွက်ဖွဲ့စည်းမှုပုံစံများကို ရှာဖွေသည့်အကောင်းဆုံး ကုန်သွယ်ရေးညွှန်ပြချက်ကိရိယာများ ဟု ယူဆကြပြီး ၎င်းတို့သည်နောက်လာမည့် candlesticks အနည်းငယ်အတွက် ဖြစ်နိုင်ခြေအရှိဆုံးစျေးနှုန်းလှုပ်ရှားမှုကို ပြသပေးသည်။

  3. အသုံးချမှုနယ်ပယ်-

    • ချန်နယ်ပုံစံညွှန်ပြချက်များ။ အချိန်အများစုတွင် ရွေ့လျားနေသည့်စျေးနှုန်းအတွက် ဤကိရိယာများသည် စျေးနှုန်းချန်နယ်များ ဖန်တီးပေးသည်။

    • ကုန်သွယ်မှုပမာဏညွှန်ပြချက်များ။ ၎င်းတို့သည်သတ်မှတ်ကာလတစ်ခုအတွက် ကုန်သွယ်မှုပမာဏ ကို ညွှန်ပြသည်။

    • လယ်ဗယ်ညွှန်ပြချက်များ။ ဤညွှန်ပြချက်များသည် ဇယားတွင်မမြင်နိုင်သော အရေးကြီး လယ်ဗယ်များကို တည်ဆောက်နိုင်သည်။

    • ဈေးကွက်ဖွဲ့စည်းမှုပုံစံညွှန်ပြချက်များ။ ဈေးကွက်ဖွဲ့စည်းမှုပုံစံညွှန်ပြချက်များသည် ဇယားတွင် မမြင်ရသေးသော ဖွဲ့စည်းပြီးသားပုံစံများ သို့မဟုတ် စတင်ဖွဲ့စည်းနေသည့်ပုံစံများ ကို သိရှိနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။

    • ဈေးနှုန်းဇယားနှင့်ညွှန်ပြချက်အကြား ကွဲပြားမှုကို ဖော်ထုတ်သော ညွှန်ပြချက်များ။ ထိုသို့ကွဲပြားမှုကို ရှာဖွေတွေ့ရှိရန် ကူညီပေးသည်။ ကွဲပြားခြင်းနှင့် ပေါင်းစည်းခြင်းအကြောင်း ဤဆောင်းပါး ၌ ထပ်မံဖတ်ရှုပါ။

    • မတည်ငြိမ်မှုကိုတိုင်းတာသောညွှန်ပြချက်များ။ ဤကိရိယာများသည် ယခင်ကာလနှင့် ဆက်စပ်သော ပိုင်ဆိုင်မှုတန်ဖိုး၏ လက်ရှိ မတည်မငြိမ်ဖြစ်မှုကို ညွှန်ပြပါသည်။

    • Scalping ညွှန်ပြချက်။ ၎င်းတို့ကို အချိန်တိုအတွင်း လျင်မြန်သော စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုအတွက် အသုံးပြုပါသည်။

    • သတင်းအချက်အလက်ပြသသည့် ညွှန်ပြချက်များ။ ၎င်းတို့သည် လက်ရှိ spread ကိုပြသပြီး၊ ဈေးကွက်ဇယားကို အချိန်အပိုင်းအခြားများအဖြစ်ပိုင်းခြားကာ ကုန်သွယ်မှုဆိုင်ရာ စာရင်းအင်း အချက်အလက်များကို ပြသသည်။

  4. ပုံဖော်ခြင်း အမျိုးအစား-

    • မြှားများ ။ ၎င်းတို့သည် အချက်ပြ candlestick ကို အစက် သို့မဟုတ် မြှားဖြင့် အမှတ်အသားပြုသည်။

    • ဇယားတွင်တွဲထားသည်။ အခြေခံမူရင်းဗားရှင်းတွင် ၎င်းတို့ကို ဇယားတွင် တိုက်ရိုက်ပြသထားသည်။

    • ဇယားအောက်တွင် ပြသထားသည်။ မူရင်းဗားရှင်းတွင်၊ ထိုကဲ့သို့သောကိရိယာများသည် ကုန်သွယ်မှုဇယားအောက်တွင်ရှိသည်။

  5. အယ်လ်ဂိုရီသမ်စနစ် ၏ နက်နဲမှု-

    • ရိုးရှင်းသောညွှန်ပြချက်များသည် ဖော်မြူလာတစ်ခုတည်းအပေါ် အခြေခံသည်။

    • ပေါင်းစပ်ထားသောညွှန်ပြချက်များသည် ညွှန်ပြချက်များစွာ၏ဖော်မြူလာများအပေါ် အခြေခံထားသည်။

ဈေးနှုန်းလမ်းကြောင်းအတိုင်းလိုက်သော အချက်ပြကိရိယာများ

ဖော်ပြပါ ညွှန်ပြချက်များသည် စျေးနှုန်းမြင့်တက်ခြင်း သို့မဟုတ် ကျဆင်းခြင်း၏အစနှင့် အဆုံးကို ခွဲခြားသတ်မှတ်သည်။ လမ်းကြောင်းပြညွှန်ပြချက်များသည် အချက်ပြနောက်ကျနိုင်သလို စောလဲစောနိုင်သည်။ ၎င်းတို့သည် စျေးနှုန်းလမ်းကြောင်း၏ ဦးတည်ချက်နှင့် ကြံ့ခိုင်မှုကို ညွှန်ပြသည်။ ဤကိရိယာများကို ဗျူဟာအမျိုးအစားအားလုံး ဖြစ်သော တနေ့တာအချိန်ဖြင့်ကုန်သွယ်ခြင်း၊ အလယ်အလတ်ကာလနှင့် ကာလရှည်ကုန်သွယ်ခြင်းဗျူဟာများတွင် အဓိကညွှန်ပြချက်များအဖြစ် မကြာခဏအသုံးပြုကြသည်။ စျေးကွက်သည် ဦးတည်ချက်မဲ့စွာ အရောင်းအဝယ်ဖြစ်သည့်အခါ အဆိုပါကိရိယာသည် အကောင်းဆုံးကိရိယာ မဖြစ်နိုင်သလို ၎င်းတို့ကို scalping သို့မဟုတ် ကာလတို ကုန်သွယ်သော swing trading တွင်လည်း အသုံးပြုခဲပါသည်။

ဥပမာ: Moving Averages, TEMA, Alligator, Parabolic SAR.

Moving Averages

အမျိုးအစား - အချက်ပြနောက်ကျခြင်း

MA, EMA သည် ဆက်တင်များတွင် သတ်မှတ်ထားသည့်ကာလအတွက် ပျမ်းမျှစျေးနှုန်းတန်ဖိုးများကို တွက်ချက်သည့်ညွှန်ပြချက်တစ်ခုဖြစ်သည်။ ယခင်ကာလတစ်ခုစီအတွက် စျေးနှုန်း၏ဆက်စပ်တန်ဖိုးများ လျော့နည်းသွားမည်ဖြစ်သည်။ Moving Averages ကို စျေးနှုန်းခန့်မှန်းချက်များနှင့် မတူညီသော ကုန်သွယ်မှုဗျူဟာများဖန်တီးရန်အတွက် အသုံးပြုပါသည်။ ကုန်သွယ်မှုစနစ်များတွင် MA များကို အသုံးချသောအခါ၊ ကုန်သည်များသည် လမ်းကြောင်းဦးတည်ချက်၊ လမ်းကြောင်းယိုင်နိုင်သည့်ထောင့်၊ MAs နှင့် ဆက်စပ်သော ဈေးနှုန်းတည်နေရာကိုအတည်ပြုပေးသည့် ဈေးနှုန်း၏ပျမ်းမျှတန်ဖိုးမှ ၎င်း၏သွေဖည်မှုကို ခန့်မှန်းကြသည်။

SMA တွက်ချက်မှုဖော်မြူလာ (Simple Moving Average)

SMA = SUM (Close (i), N)/N

N သည် ဆက်တင်များတွင် သင်သတ်မှတ်ပေးထားသည့် ခွဲခြမ်းစိတ်ဖြာထားသော candlesticks အရေအတွက် ၏ အချိန်ကာလဖြစ်သည်။၊ Close(i) သည် အစဉ်လိုက်အတိုင်းရှိသော candlestick တစ်ခုစီ၏ အပိတ်စျေးနှုန်းဖြစ်သည်။ MA ဆက်တင်များတွင် သင်သည် အခြားစျေးနှုန်းအမျိုးအစားများကိုလည်း သတ်မှတ်နိုင်သည်။

Simple moving average သည် ပျမ်းမျှကိန်းဖြစ်သည်။ Moving averages ၏ အဆင့်မြှင့်တင်မှုများမှာ EMA၊ WMA၊ LWMA ဖြစ်သည်။ အစဉ်လိုက်ရှိသော candlestick အရေအတွက်၊ အရောင်းအ၀ယ်ပမာဏ စသည်တို့အပေါ် မူတည်၍ မတူညီသောကာလများတွင် မတူညီသောတန်ဖိုးများရှိသောကြောင့် ၎င်းတို့ကို တွက်ချက်သောပုံသေနည်းများသည် ကွဲပြားကြသည်။

EMA တွက်ချက်မှုဖော်မြူလာ:

EMA(i) = k * P(i) + (1-k)*EMA(i-1)

k သည် ညီညာချောမွေ့သောကာလအလိုက် ထည့်သွင်းစဉ်းစားထားသော ဈေးနှုန်းပြောင်းလဲမှုကို တွက်ချက်သည့် မြှောက်ဖော်ကိန်း။ P(i) သည် လက်ရှိစျေးနှုန်းဖြစ်သည်။

အသုံးချပုံ ဥပမာ-

LiteFinance: Moving Averages

အချက်ပြမှု- အမြန် (အပြာ) MA သည် အနှေး (အဝါ) ကိုဖြတ်သွားသည် ။ MA နှစ်ခုလုံးသည် အပေါ် သို့မဟုတ် အောက်ကို ရှင်းရှင်းလင်းလင်း ညွှန်ပြထားသည်။ အမှတ် "1" နှင့် "3" တွင်၊ အပြာရောင် MA သည် အဝါရောင်ကို အပေါ်ဘက်သို့ ဖြတ်သွားသောကြောင့် လမ်းကြောင်းသည် မြင့်တက်လာသည်။ အမှတ် “2” တွင်၊ အမြန် MA သည် အနှေးကို အကျဘက်သို့ ဖြတ်သွား၍ လမ်းကြောင်းသည် ကျဆင်းသွားသည်။

MA ညွှန်ပြချက်သည် အောက်ပါတို့အတွက် သင့်လျော်သည်။

  • တနေ့တာအတွင်းကုန်သွယ်ခြင်း၊ အလယ်အလတ်ကာလနှင့် ကာလရှည်ကုန်သွယ်မှုဗျူဟာများ။ အချက်ပြ နောက်ကျခြင်းကြောင့်၊ စီးပွားရေးသတင်းအချက်အလက် များအပေါ် အခြေခံသော ဗျူဟာ နှင့် scalping ဗျူဟာ များတွင် မှားယွင်းသောအချက်ပြမှု များစွာရှိသည်။
  • M15-M30 နှင့် ၎င်းတို့ထက် ပိုကြာသော အချိန်ကန့်သတ်ချက်များ။ MA သည် နေ့စဉ် အချိန်ဇယား နှင့် အပတ်စဉ်အချိန်ဇယား ကာလများတွင် ကာလရှည်စျေးကွက်လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာရန် မကြာခဏအသုံးပြုလေ့ရှိသော ညွှန်ပြချက်တစ်ခုဖြစ်သည်။
  • ကုန်သွယ်ရေးဈေးကွက်အားလုံး။ MA များကို ငွေကြေးအတွဲများနှင့် အာမခံစာချူပ်အမျိုးအစား ဈေးကွက်ကုန်သွယ်ရေးများတွင် အများဆုံးအသုံးပြုကြသည်။

Moving Averages သည် သင်စဦးကုန်သည်များအတွက် အကောင်းဆုံး Forex ညွှန်ပြချက်ကိရိယာများထဲမှ တစ်ခုဖြစ်သည်။ တွက်ချက်မှုပုံသေနည်းသည် ရိုးရှင်းသည်၊ အချက်ပြမှုများ၏ အဓိပ္ပာယ်သည် နားလည်ရ လွယ်ကူပါသည်။ မတူညီသော MA အမျိုးအစားများကို သတ်မှတ်ချက်အမျိုးမျိုးဖြင့် စမ်းသပ်ကြည့်ပါ၊ ရိုးရှင်းသောကုန်သွယ်မှုစနစ်များကို မည်သို့ တိုးတက်ကောင်းမွန်အောင်ပြုလုပ်ရမည်ကို သင်နားလည်လာပါ လိမ့်မည်။

Triple EMA (TEMA)

အမျိုးအစား - အချက်ပြစောခြင်း

TEMA သည် exponential moving average ၏ အဆင့်မြှင့်တင်မှုတစ်ခုဖြစ်သည်။ Triple Exponential Moving Average သည် EMA နှင့် double exponential moving average (DEMA) ကို ပေါင်းစပ်ထားသည်။ TEMA သည် အချက်ပြနှောင့်နှေးခြင်းကို လျှော့ချပေးသောကြောင့် ၎င်းသည် လမ်းကြောင်းနောက်လိုက်သော ကုန်သွယ်ရေးဗျူဟာများရှိ အသုံးများသော EMA ၏ အခြားရွေးချယ်စရာတစ်ခုဖြစ်သည်။

TEMA တွက်ချက်မှုဖော်မြူလာ:

TEMA(i) = 3*EMA(i) – 3*EMA(EMA(i)) + EMA(EMA(EMA(i)))

အသုံးချပုံ ဥပမာ-

LiteFinance: Triple EMA (TEMA)

စျေးနှုန်းသည် TEMA လိုင်းကိုဖြတ်ကာ ၎င်းအထက်/အောက်၌ ရှိနေသောအခါတွင် လမ်းကြောင်း၏ အချက်ပြမှုပေါ်လာသည်။ TEMA အပေါ်/အောက် ၌ candlestick ၂ ချောင်း ဆက်တိုက် ပိတ်ပါက၊ သင်သည် အတက်/အဆင်း လမ်းကြောင်းအတိုင်း ကုန်သွယ်မှုတစ်ခုဝင်ရောက်နိုင်သည်။ ဆက်တင်များကို အကောင်းဆုံးပြုလုပ်ထားလျှင်၊ အချက်ပြမှုများသည် 80% အထိအမြတ်အစွန်းရှိသည်။

TEMA ညွှန်ပြချက်အတွက် သင့်လျော်သည်များမှာ-

  • လမ်းကြောင်းနောက်လိုက်သော ကုန်သွယ်ရေးဗျူဟာများ၊ လမ်းကြောင်းအားဆန့်ကျင်ဘက် သဏ္ဌာန်ကုန်သွယ်ခြင်း၊ ကာလရှည်ကုန်သွယ်ခြင်း၊ ကာလရှည်ခန့်မှန်းချက်များ။ Scalping တွင် သုံးခဲပါသည်။
  • H1 နှင့်အထက် ပိုကြာသော အချိန်ကာလများ။ အသုံးပြုခဲသော အချိန်များသည် M15-M30 ဖြစ်သည်။
  • ကုန်သွယ်ရေးဈေးကွက်အားလုံး။ နိုင်ငံတကာငွေကြေးလဲလှယ်ရေးဈေးကွက်၊ စတော့ရှယ်ယာများ၊ ကုန်စည်များ၊ ခရစ်ပတိုငွေကြေးများ။

TEMA သည် moving averages သို့မဟုတ် Alligator ကဲ့သို့သော ကိရိယာများကို အသုံးပြုသည့် ကုန်သည်များအတွက် အကောင်းဆုံး ညွှန်ပြချက်ကိရိယာများထဲမှ တစ်ခုဖြစ်သည်။ TEMA သည် oscillator များနှင့် ကောင်းစွာလိုက်ဖက်သည်။

Parabolic Stop and Reverse (Parabolic SAR)

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Parabolic SAR သည် ကောင်းမွန်သော အဝင်ပွိုင့်များကို ဆုံးဖြတ်ရန် နှင့် pivot အမှတ်များကို ဆုံးဖြတ်ရန်အတွက် အသုံးပြုသည့် လမ်းကြောင်းပြညွှန်ပြချက်တစ်ခုဖြစ်သည်။ အချက်ပြ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် moving averages နှင့် ဆင်တူသည်။ Parabolic SAR ၏ အစက်အပြောက်များသည် စျေးနှုန်းအောက်တွင် ရှိနေပါက၊ လမ်းကြောင်းသည် မြင့်တက်လာသည်။ ထပ်မံအချက်ပြမှု- အစက်များနှင့် စျေးနှုန်းအကြား အကွာအဝေးတိုလေ၊ လမ်းကြောင်း ပိုမိုမြန်ဆန်လေဖြစ်ပြီး လမ်းကြောင်းပြောင်းပြန်လှန်ရန် အလားအလာပိုများလေဖြစ်သည်။

တွက်ချက်မှု ဥပမာ-

PSAR(uptrend) = (H(i-1) - PSAR(i-1))*AF + PSAR(i-1)

PSAR(downtrend) = (L(i-1) - PSAR(i-1))*AF + PSAR(i-1)

H သည် အမြင့်ကို ကိုယ်စားပြုသည်။ L သည် အနိမ့် ။ (i-1) သည် ယခင် candlestickဖြစ်သည်။

AF သည် acceleration factor ဖြစ်သည်။ စမှတ်တန်ဖိုးသည် 0.02 ဖြစ်ပြီး၊ နောက် candlestick တစ်ခုချင်းစီအလိုက် တန်ဖိုးတိုးလာပါသည်။

AF = 0,02 + X*k

X သည် ကာလများ၏ အရေအတွက်ဖြစ်ပြီး k သည် စျေးနှုန်းပြောင်းလဲမှု၏ အဆင့်ဖြစ်သည်။

အသုံးချပုံ ဥပမာ-

LiteFinance: Parabolic Stop and Reverse (Parabolic SAR)

Parabolic SAR သည် မှားယွင်းသော အချက်ပြမှုကို တစ်ကြိမ်သာ ပေးပို့ခဲ့ကြောင်း အပြာရောင်မြှားဖြင့် အမှတ်အသားပြုထားသည်ကို ပုံတွင်ရှင်းလင်းစွာမြင်တွေ့နိုင်သည် ။ အခြားအခြေအနေများတွင်၊ လမ်းကြောင်းဦးတည်ချက်ကို တိကျစွာ ခန့်မှန်းသည်။ Parabolic SAR သည် candlestick 2 ချောင်းမှ 5 ချောင်းအထိ နောက်ကျနေကြောင်းကိုလည်း ရှင်းလင်းစွာမြင်တွေ့နိုင်သည် ။

Parabolic SAR အတွက် သင့်လျော်သည်များမှာ-

  • လမ်းကြောင်းနောက်လိုက်သော ကုန်သွယ်ရေးဗျူဟာများ၊ လမ်းကြောင်းအားဆန့်ကျင်ဘက် သဏ္ဌာန် ဖြင့် အလယ်အလတ်ကာလနှင့် ကာလရှည်ကုန်သွယ်ခြင်း၊ Parabolic SAR အား ဖန်တီးသူများသည် ၁ ပတ် မှ ၂ ပတ်အထိကြာသော ကုန်သွယ်မှုဗျူဟာများအတွက် ညွှန်ပြချက်ကို အသုံးပြုရန် အကြံပြုထားသည်။ စျေးကွက်ဦးတည်ချက်မဲ့နေချိန်တွင် ညွှန်ပြချက်သည် အလုပ်မဖြစ်ပေ။
  • Stop loss နှင့် take profit အတွက် လယ်ဗယ်များကို သတ်မှတ်ပါ။
  • H1-H4 နှင့်အထက် ပိုကြာသော အချိန်ဘောင်များ။
  • နိုင်ငံတကာငွေကြေးလဲလှယ်ရေးဈေးကွက်၊ ကုန်စည်များ၊ အာမခံစာချုပ်များ၊ စတော့ရှယ်ယာ အညွှန်းကိန်းများ၊ ခရစ်ပတိုငွေကြေးများ။

အရောင်းအ၀ယ်အချက်ပြမှုများကို လွယ်ကူစွာရှာဖွေနိုင်ပြီး အဓိပ္ပာယ်ကောက်နိုင်သောကြောင့် ညွှန်ပြချက်သည် သင်စဦးကုန်သည်များအတွက် သင့်လျော်ပါသည်။ Trailing stop ကို အသုံးပြုသည့် အတွေ့အကြုံရင့် ကုန်သည်များအတွက်လည်း စိတ်ဝင်စားဖွယ်ဖြစ်လိမ့်မည်။

Ichimoku cloud

အမျိုးအစား - အချက်ပြစောခြင်း

Ichimoku cloud (Ichimoku Kinko Hyo) သည် စျေးနှုန်းမတည်မငြိမ်ဖြင့် ပြောင်းလဲနေမှုများနှင့်အတူ စျေးနှုန်း၏အရှိန်အဟုန်ကို တိုင်းတာရန်အတွက် အသုံးပြုသည့် လမ်းကြောင်းပြ ညွှန်ပြချက်ကိရိယာတစ်ခုဖြစ်သည်။ Ichimoku Kinko Hyo သည် အကွာအဝေးတစ်ခုပါဝင်သော- clouds များဖြင့် ဖန်တီးထားသည့် လိုင်းငါးကြောင်းဖြင့် ဖွဲ့စည်းထားသည်။ ခွဲခြမ်းစိတ်ဖြာမှုနိယာမအရ လိုင်းများကို moving averages များနှင့် နှိုင်းယှဉ်မှုပြုလုပ်ထားသည်။ Ichimoku ညွှန်ပြချက်သည် လမ်းကြောင်းကို ခွဲခြားသတ်မှတ်ရန်၊ support တန်း နှင့် resistance တန်းများ၊ အဝင်နှင့်အထွက် စျေးနှုန်းဇုန်များကို သတ်မှတ်ရန်အတွက် အသုံးပြုပါသည်။

Ichimoku တွက်ချက်မှုဖော်မြူလာ:

Tenkan-Sen: (Max(High,N)+Min(Low,N))/2

Max နှင့် Min သည် ဆက်တင်များတွင် သတ်မှတ်ထားသော အချိန်ကာလ N အတွက် လွန်ကဲသောစျေးနှုန်းများဖြစ်သည်။

Kijun-Sen: (Max(High,M)+Min(Low,M))/2

Max နှင့် Min သည် ဆက်တင်များတွင် သတ်မှတ်ထားသော အချိန်ကာလ M အတွက် လွန်ကဲသောစျေးနှုန်းများဖြစ်သည်။

 Senkou Span A: (Tenkan-Sen+Kijun-Sen)/2, အချိန်ကာလ M အလိုက် ရှေ့ကို ခန့်မှန်းထားသည်။

Senkou Span B:(Max(High, Z)+Min(Low, Z))/2, အချိန်ကာလ M အလိုက် ရှေ့ကို ခန့်မှန်းထားသည်။

Max နှင့် Min သည် ဆက်တင်များတွင် သတ်မှတ်ထားသော အချိန်ကာလ Z အတွက် လွန်ကဲသောစျေးနှုန်းများဖြစ်သည်။

Chikou Span သည် အချိန်ကာလ M ဖြင့် နောက်ကြောင်းပြန်ပြထားသည့် လက်ရှိအပိတ်ဈေးနှုန်းဖြစ်သည်။

အသုံးချပုံဥပမာ-

LiteFinance: Ichimoku cloud

ညွှန်ပြချက်လိုင်းများသည် အပိုင်းအခြားများဖြစ်ပေါ်လာသည် - တနည်းအားဖြင့် clouds များဖြစ်သည်။ စျေးနှုန်းသည် clouds များအောက် ရောက်နေပါက၊ လမ်းကြောင်း ကျဆင်းနေသည်ဖြစ်ပြီး clouds အပေါ်တွင် ရှိနေလျှင် လမ်းကြောင်း တက်နေခြင်းဖြစ်သည်။ အစိမ်းရောင် clouds ဆိုသည်မှာ အတက်လမ်းကြောင်းပေါ်သို့ ဆက်သွားမည့်အလားအလာကို ဆိုလိုပြီး အနီရောင်မှာ – အကျဘက်သို့ ဆက်လက်ရောက်ရှိနိုင်သည်။ Senkou Span လိုင်းများသည် ဈေးနှုန်းဖောက်ထွက်ခြင်းဗျူဟာများ သို့မဟုတ် stop loss များကို သတ်မှတ်ရန်အတွက် အဓိကလယ်ဗယ်များအဖြစ် ဆောင်ရွက်သည်။

The Ichimoku cloud အတွက် သင့်လျော်သည်များမှာ-

  • အလွန်အမင်း မငြိမ်မသက်သော စျေးကွက်များတွင် လမ်းကြောင်းနောက်လိုက်သောဗျူဟာအဖြစ် အသုံးပြုခြင်း ။
  • H1 နှင့်အထက် ပိုကြာသော timeframe များ။ Ichimoku သည် daily timeframe များတွင် ကာလရှည်လမ်းကြောင်းများအတွက် အကောင်းဆုံး ကုန်သွယ်ရေးညွှန်ပြချက်ကိရိယာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို scalping ဗျူဟာဖြစ်သော မိနစ်ပိုင်းသာကြာသည့် အချိန်ကာလများတွင် အသုံးချနိုင်သော်လည်း သုံးစွဲမှုအလွန်ရှားသည်။
  • Ichimoku သည် ငွေကြေးအတွဲများကို အရောင်းအဝယ်ပြုလုပ်ရာတွင် အများဆုံးအသုံးပြုလေ့ ရှိသည်။

အတွေ့အကြုံရှိသောကုန်သည်များအတွက် Ichimoku cloud သည် forex အတွက် အကောင်းဆုံးညွှန်ပြချက်ကိရိယာများထဲမှတစ်ခုဖြစ်သည်။ ကုန်သည်များသည် စျေးနှုန်းတည်နေရာ နှင့်အတူ အချက်ပြမှုများကို လိုင်းများနှင့် အကွာအဝေးများအတွင်းတွင် လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်ပြီး ကောက်ချက်ချနိုင်ရပါမည်။ ထို့ကြောင့် စတင်အသုံးပြုသူများအတွက် အနည်းငယ် ရှုပ်ထွေးနိုင်ပါသည်။

Alligator Indicator

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Williams Alligator သည် ပင်မဈေးနှုန်းရွေ့လျားမှုတစ်ခု စတင်သောအခါ အဝင်ပွိုင့်များကို ညွှန်ပြသည်။ Alligator ညွှန်ပြချက်သည် မတူညီသော အချိန်အပိုင်းအခြားများ၊ အရွေ့များနှင့်အတူ moving averages ၃ ကြောင်းဖြင့် ဖွဲ့စည်းထားသည်။ လိုင်းများ တပြိုင်နက် ကွဲကွာသွားသောအခါ၊ လမ်းကြောင်းသစ်တစ်ခု စတင်နိုင်သည်။ ညွှန်ပြချက်လိုင်းများ တွေ့ဆုံသောအခါ၊ လမ်းကြောင်းသည် ကြံ့ခိုင်မှုလျော့နည်း နေသင့်သည်။ မျဉ်းကြောင်းများ အချင်းချင်း ရောယှက်နေခြင်း သို့မဟုတ် အလျားလိုက် ရွေ့လျားသောအခါ၊ စျေးကွက်သည် ဦးတည်ချက်မဲ့စွာ အရောင်းအ၀ယ်ဖြစ်ပေါ်နေသည်။

တွက်ချက်ပုံ ဥပမာ:

Median Price (MP) = (High+Low)/2

အခြားနည်းပညာဆိုင်ရာ ညွှန်ပြချက်ကိရိယာ အများစုသည် အပိတ်စျေးနှုန်းကို ပိုင်းခြားစိတ်ဖြာလေ့ရှိသည်။ Alligator သည် ပျမ်းမျှတန်ဖိုး ၏ အမြင့်နှင့်အနိမ့်အဖြစ် တွက်ချက်ထားသော ပျမ်းမျှစျေးနှုန်း ကိုအသုံးပြုသည်။

The Jaw line: Smoothed MA (MP, 13, 8)

The Teeth line: Smoothed MA (MP, 8, 5)

The Lips line: Smoothed MA (MP, 5, 3)

အသုံးချပုံဥပမာ-

LiteFinance: Alligator Indicator

မြှားများသည် MA လိုင်းများကွဲကွာသွားသည့် အမှတ်အသားဖြစ်သည်။ အနည်းငယ်နှေးကွေးခြင်းနှင့်အတူ၊ လိုင်းများကွဲလွဲမှုသည် ရှင်းလင်းပြတ်သားသောလမ်းကြောင်းကိုပြသသည်။ မျဉ်းများတွေ့ဆုံခြင်း သို့မဟုတ် ရောယှက်သည့်နေရာများကို အနီရောင်လေးထောင့်ကွင်းများဖြင့် အမှတ်အသားပြုထားသည် - စျေးကွက်သည် ဦးတည်ချက်နှစ်ဖက်စလုံးတွင် တူညီသောစျေးနှုန်းရွေ့လျားမှုများဖြင့် အရောင်းအ၀ယ်ဖြစ်နေသည်။

The Alligator အတွက် သင့်လျော်သည်များမှာ-

  • လမ်းကြောင်းနောက်လိုက်သောဗျူဟာများ ။ Alligator သည် လိုင်းများတွေ့ဆုံသည့်အခါ ဦးတည်ချက်မရှိခြင်း အချက်ပြကို ပြသပြီး လိုင်းများဝေးကွာသည့်အခါ လမ်းကြောင်းတစ်ကြောင်း စတင်ခြင်း ကို အချက်ပြသည်။
  • လမ်းကြောင်းတကြောင်း ၏ အစ နှင့် အဆုံး ကို ဆုံးဖြတ်ခြင်း။ လမ်းကြောင်းတစ်ကြောင်း စတင်သည့်အခါ တိကျမှန်ကန်စွာ ပြသပေးသည်။
  • H1 နှင့်အထက်ပိုကြာသော timeframes များ ။ အချက်ပြနောက်ကျခြင်းကြောင့် Alligator ကိရိယာသည် H1 အောက် timeframe များတွင် အကျိုးသက်ရောက်မှု လွန်စွာရှိမည် မဟုတ်ပါ။
  • ငွေကြေးအတွဲများတွင် အသုံးများသည်။

Alligator သည် forex အတွက် အကောင်းဆုံးညွှန်ပြချက်ကိရိယာများထဲမှ တစ်ခု ဖြစ်သည်။ အဆိုပါ ကိရိယာသည် စတင်အသုံးပြုသူများအတွက်ဆိုလျှင် တနေ့တာကုန်သွယ်ရေးဗျူဟာ၊ အလယ်အလတ်ကာလ နှင့် ကာလရှည်ကုန်သွယ်ရေးဗျူဟာများတွင် သင့်လျော်မှု ရှိသည်။မတူညီသော အချိန်ကာလများတွင် ရိုးရှင်းသော MAs လိုင်းများနှင့်ပေါင်းစပ်ထားခြင်းဖြင့် လမ်းကြောင်းကို တိကျစွာ ဖော်ထုတ်ပေးသည်။

KDJ Indicator

အမျိုးအစား - အချက်ပြနောက်ကျခြင်း။

KDJ ဆိုသည်မှာ နည်းပညာဆိုင်ရာ ညွှန်ပြချက်ကိရိယာတစ်ခုဖြစ်ပြီး ၎င်းကို လမ်းကြောင်းတစ်ကြောင်း ၏ ကြံ့ခိုင်မှုနှင့်ဦးတည်ချက် ကို ဆုံးဖြတ်ရန် အသုံးပြုလေ့ရှိသည်။ KDJ ကိရိယာသည်ကုန်သွယ်ရေး ဇယား၏အောက်ဘက်တွင် တည်ရှိပြီး လိုင်း၃လိုင်း မတူညီသောအချိန်ကာလဖြင့် ကို ဖွဲ့စည်းထားသည်။

တွက်ချက်မှု ဖော်မြူလာ:

K = KFactor * PrevK + DFactor * RSV

RSV = ((Close – Min low) / (Max high – Min low)) * 100

D = KFactor * PrevD + DFactor * K

J = 3 * D - 2 * K

Max နှင့် Min သည် ဆက်တင်များတွင် သတ်မှတ်ထားသော အချိန်ကာလအတွက် လွန်ကဲသောစျေးနှုန်းများဖြစ်သည်။ KFactor နှင့် DFactor မှာ ဆက်တင်များတွင် သတ်မှတ်ထားသော မြှောက်ဖော်ကိန်းများဖြစ်သည်။

အသုံးချပုံဥပမာ-

LiteFinance: KDJ Indicator

လိုင်း၃လိုင်း လုံး ဖြတ်ကျော်သည့်အခါ အချက်ပြ ပေါ်ပေါက်လာသည်။ အနီရောင်လိုင်းသည် အပြာရောင်လိုင်းအထက် တည်ရှိပြီး အပြာရောင်လိုင်းသည် အစိမ်းရောင်လိုင်းအထက် တည်ရှိလျှင် အဝယ်အချက်ပြဖြစ်သည်။ အနီရောင်လိုင်းသည် အပြာရောင်လိုင်းအောက် ရှိပြီး အပြာရောင်လိုင်းသည် အစိမ်းရောင်လိုင်းအောက် ရှိလျှင် အရောင်းအချက်ပြဖြစ်သည်။ လိုင်းများ တစ်လိုင်းနှင့်တစ်လိုင်း ဝေးကွာနေခြင်းသည် အားကောင်းသော အချက်ပြမှု ဖြစ်သည်။

KDJ အတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းနောက်လိုက်သောဗျူဟာများ ၊ တစ်နေ့တာအတွင်းကုန်သွယ်ခြင်း ၊ အလယ်အလတ် ကာလ နှင့် ကာလရှည်ကုန်သွယ်ရေးဗျူဟာများတွင် အသုံးပြုနိုင်သည်။ ဈေးကွက်ဦးတည်ချက် ပျောက်နေလျှင် အလုပ်လုပ်မည် မဟုတ်ပါ။
  • H1 နှင့်အထက် timeframe များ။
  • ခရစ်ပတိုငွေကြေးကုန်သွယ်မှုများမှ အပ အခြားသော ဈေးကွက်များတွင် အသုံးပြုနိုင်သည်။

KDJ သည် လမ်းကြောင်းနောက်လိုက်သော ညွှန်ပြချက်ကိရိယာများ၊ oscillators နှင့် ဈေးနှုန်း လှုပ်ရှားတုံ့ပြန်မှုများပေါ် အခြေခံသော ကုန်သွယ်ရေးစနစ်များ တွင် ကုန်သွယ်သည့် ကုန်သည်များအတွက် အသုံးပြုနိုင်သည်။ KDJ သည် Alligator နှင့် Stochastic များနှင့်လည်း ကောင်းစွာ တွဲဖက် လုပ်ဆောင်သည်။

TD Sequential indicator

အမျိုးအစား - အချက်ပြနောက်ကျခြင်း

TD Sequential ဆိုသည်မှာ အကောင်းဆုံး Forex ညွှန်ပြချက်ကိရိယာများထဲမှ တစ်ခုဖြစ်ပြီး ၎င်းကို လမ်းကြောင်း၏ အဆုံးသတ် ဖော်ထုတ်ရန် နှင့် pivot ပွိုင့်များအား ဆုံးဖြတ်ရန် အသုံးပြုလေ့ရှိသည်။ ဤ ခန့်မှန်းချက်ကိရိယာတွင် အစိတ်အပိုင်း ၃ ခု ပါဝင်သည်။ ပထမဆုံးအပိုင်းမှာ Price flip ဟု ခေါ်သော ဈေးကွက်ပြောင်းပြန်လှန်နိုင်ချေ ကို အချက်ပြသည့် candlesticks ၆ ခု ဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံတစ်ခု ပါဝင်သည်။ ဒုတိယအပိုင်းမှာ Setup ဟု ခေါ်ဆိုသော candlesticks ၉ ခု ဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံတစ်ခု ပါဝင်သည်။ ဤအဆင့်တွင် ညွှန်ပြချက် မှ Price flip မှာ ပြောင်းပြန်လှန်ခြင်း သို့မဟုတ် ဈေးနှုန်းပြုပြင်ခြင်း ဟုတ်မဟုတ်ကို ဖော်ထုတ်ပေးသည်။ တတိယအပိုင်းမှာ CountDown ဖြစ်ပြီး candlesticks ၁၃ ခု ဖြင့် ဖွဲ့စည်းထားသည်။ ဤအပိုင်းသည် လမ်းကြောင်းသစ်တစ်ခု ၏ အစ မှ ပြောင်းပြန်လှန်ခြင်းအသစ် Price flip ဖြစ်ပေါ်သည်အထိ ရှိသော candlesticks ကို ရေတွက်သည်။ ဤညွှန်ပြချက်ကိရိယာသည် သတ်မှတ်လိုအပ်ချက်များနှင့် ကိုက်ညီသည့် candlesticks ကိုသာလျှင် ရေတွက်သည်။

တွက်ချက်မှု ဖော်မြူလာ ။ ဤကိရိယာသည် ကိရိယာတွင် ပါဝင်သည့် အစိတ်အပိုင်း ၃ ပိုင်း စီအတွက် မတူညီသော သတ်မှတ်အယ်လ်ဂိုရစ်သမ် တစ်ခုအရ လက်ရှိ candlestick ၏ အပိတ်ဈေးနှုန်းကို ယခင်ဖြစ်ပေါ်သည့် candlestick ၏ အပိတ်ဈေးနှုန်း နှင့် နှိုင်းယှဉ်ခြင်း ဖြစ်သည်။

အသုံးချပုံ ဥပမာ -

LiteFinance: TD Sequential indicator

ညွှန်ပြချက်သည် ဇယားကို အပိုင်းသုံးပိုင်းခွဲထားပြီး တစ်ခုချင်းစီကို ကွဲပြားစွာ အမှတ်အသားပြုထားသည်- candlestick အောက်ရှိ ဂဏန်းအကြီးများ၊ candlestick အထက်ရှိ ဂဏန်းအငယ်များ၊ ပြောင်းပြန်ပုံစံများ ဖြစ်သည်။

ဤညွှန်ပြချက် အတွက် သင့်လျော်သည်များမှာ:

  • Japanese candlestick chart ။ ဤညွှန်ပြချက်ကိရိယာသည် candlesticks သို့မဟုတ် bars များပေါ်တွင်သာ အလုပ်လုပ်ပါမည်။
  • ဈေးနှုန်း တုံ့ပြန်လှုပ်ရှားမှု အစိတ်အပိုင်းများပါဝင်သည့် လမ်းကြောင်းနောက်လိုက်သော ကာလရှည် ကုန်သွယ်ရေးဗျူဟာများ ။ အစိတ်အပိုင်း ၃ ပိုင်းအပါအဝင် ညွှန်ပြချက်၏ ကုန်သွယ်မှုအကွာအဝေး သည် အနည်းဆုံး candlestick ၂၅ ခု မှ ၂၈ ခုအထိ ဖြစ်သည်။ အလွန်ရှားပါးသော အချက်ပြမှုများကို ပေးပို့သည်။
  • H4 နှင့်အထက် ပိုကြာသော timeframe များ။ တိုတောင်းသော timeframe များတွင်၊ ညွှန်ပြချက်လုပ်ဆောင်မှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေသော မပြည့်စုံသည့် ပုံစံများစွာရှိသည်။
  • ငွေကြေးအတွဲများ ၊ ခရစ်ပတိုငွေကြေးများ ။

ဤကိရိယာသည် Forex အတွက် အကောင်းဆုံး ညွှန်ပြချက်များထဲမှ တစ်ခုဖြစ်ပြီး သင်သည် ပရော်ဖက်ရှင်နယ် ကုန်သည်တစ်ဦးဆိုလျှင် ပြောင်းပြန်လှန်သည့် ပုံစံများကို တွေ့ရှိနိုင်ပြီး ရှုပ်ထွေးသော ညွှန်ပြချက်များ၏ သင်္ချာပုံသေနည်းများကို နားလည်နိုင်မည်ဖြစ်သည်။

TD Moving Average ( by DeMark)

အမျိုးအစား - အချက်ပြနောက်ကျခြင်း

TD Moving Average (by DeMark) သည် စျေးကွက်လမ်းကြောင်းကို သတ်မှတ်ရန် အသုံးပြုသည့် Moving Average ၏ အဆင့်မြင့်ဗားရှင်းဖြစ်သည်။ ညွှန်ပြချက်သည် လက်ရှိဖြစ်ပေါ်နေသော လမ်းကြောင်းကို ဆုံးဖြတ်ပြီး trailing stop၊ အဝင်နှင့် အထွက်ပွိုင့်များကို သတ်မှတ်ရန် လယ်ဗယ်များကို အသေးစိတ်ဖော်ပြရန်အတွက် အသုံးပြုနိုင်သည်။

တွက်ချက်မှု ပုံသေနည်း- ညွှန်ပြချက်သည် လက်ရှိ candlesticks များ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံးများကို ယခင် candlesticks များနှင့် နှိုင်းယှဉ်ကာ ခန့်မှန်းချက်အပေါ် အခြေခံ၍ အထက် သို့မဟုတ် အောက်လမ်းကြောင်းကို ရေးဆွဲသည်။

အသုံးချပုံ ဥပမာ-

LiteFinance: TD Moving Average ( by DeMark)

၎င်းသည် MAs ကိုအခြေခံ၍ စျေးနှုန်းအကွာအဝေးကိုရေးဆွဲသော အကောင်းဆုံး Forex ညွှန်ပြချက်ပေါင်းစပ်မှုများထဲမှတစ်ခုဖြစ်သည်။

TD Moving Average အတွက် သင့်လျော်သည်များမှာ:

  • လမ်းကြောင်းနောက်လိုက်သည့် အလယ်အလတ်ကာလနှင့်ကာလရှည် ကုန်သွယ်ရေးဗျူဟာများ ။
  • ငွေကြေးအတွဲများနှင့် ခရစ်ပတိုငွေကြေးများ။ စတော့ရှယ်ယာများနှင့် စတော့အညွှန်းကိန်းများ အတွက်မူ အသုံးပြုမှုနည်းပါးသည်။
  • H4 နှင့်အထက် timeframe များ ။

ညွှန်ပြချက်၏အချက်ပြမှုများဖွဲ့စည်းခြင်းဆိုင်ရာ အယ်လ်ဂိုရစ်သမ်ကိုနားလည်သော ပရော်ဖက်ရှင်နယ် ကုန်သည်များ အတွက် သင့်လျော်ကြောင်း အကြံပြုသည်။

Coppock Curve

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Coppock Curve သည် ROC ညွှန်ပြချက်၏ အမြန်နှင့် အနှေး oscillators လိုင်းများ ၊ moving average များကို အခြေခံသော လမ်းကြောင်းပြညွှန်ပြချက်တစ်ခုဖြစ်သည်။ ညွှန်ပြချက်သည် လိုင်းများ သို့မဟုတ် ဟစ်စတိုဂရမ်တစ်ခုကဲ့သို့ ဖြစ်နိုင်ပါသည်။

တွက်ချက်ပုံ ဖော်မြူလာ:

CC = WMA (ROC(s) + ROC(q))

WMA သည် weighted moving average ဖြစ်သည်။ ROC သည် စျေးနှုန်းပြောင်းလဲမှုအညွှန်းကိန်းဖြစ်သည်။ ၎င်း၏ဖော်မြူလာကို oscillator များအတွက် ဆွေးနွေးခဲ့သည့် ကဏ္ဍတွင် အကျယ်တဝင့် ရှင်းပြထားပါသည်။ ROC(s) နှင့် ROC(q) များသည် အမြန် နှင့် အနှေး oscillators များ ဖြစ်သည်။

အသုံးချပုံ ဥပမာ -

LiteFinance: Coppock Curve

အချက်ပြမှု- ညွှန်ပြချက်များ၏ ပျမ်းမျှတန်ဖိုးများ မြင့်တက်လာလျှင် စျေးကွက်သည် မြင့်မားလာသည်။ အဆိုပါတန်ဖိုးများ နိမ့်ပါးနေပါက လမ်းကြောင်းကျဆင်းနေပါသည်။ ပုံတွင် ရှင်းရှင်းလင်းလင်း တွေ့ရပြီး Coppock Curve သည် daily timeframes များတွင် ၇ ရက် မှ ၁၄ ရက်အထိ ကြာနိုင်သော ကာလတို အတွင်း ပေါ်ပေါ်လာသည့် လမ်းကြောင်းများကို တိကျစွာပြသထားသည်။

The Coppock Curve အတွက် သင့်လျော်သည်များမှာ:

  • ကာလရှည် ကုန်သွယ်ရေးဗျူဟာများ ။ Coppock Curve ဆော့ဖ်ဝဲရေးသားသူ၏ အကြံပြုချက်များအရ၊ ပုံသေဆက်တင်များကို ချိန်ညှိထားသည့် monthly timeframe များတွင် ကာလရှည်လမ်းကြောင်းများကို ရှာဖွေရန်အတွက် ညွှန်ပြချက်ကို ဖန်တီးထားသည်။
  • D1 မှ MN အထိ timeframes များ ။
  • ရှင်းရှင်းလင်းလင်းမြင်သာသော ကာလရှည်ကုန်သွယ်ရေးအပိုင်းအခြားများရှိသည့် ငွေကြေးအတွဲများ နှင့် စတော့ရှယ်ယာများ။ ရှားပါး ငွေကြေးအတွဲများဖြစ်သော exotic pairs များ ရောင်းဝယ်မှုတွင်လည်း အသုံးပြုလေ့ရှိသည်။

Coppock Curve သည် ၁ပတ် ၂ပတ်မှ တစ်လ သို့မဟုတ် ထို့ထက်ပိုကြာသော ရင်းနှီးမြှုပ်နှံမှု အချိန်အတိုင်းအတာရှိသည့် ကုန်သွယ်ရေးဗျူဟာများတွင် အသုံးချခြင်းဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံသူများ အတွက် ကောင်းမွန်စွာလုပ်ဆောင်ပေးမည်ဖြစ်ပါသည်။

ZigZag

အမျိုးအစား- ဖြည့်စွက်ကိရိယာ

ZigZag သည် တိုတောင်း၍ အစီအစဉ်မကျသော စျေးနှုန်းရွေ့လျားမှုများကို လျစ်လျူရှုကာ ဈေးနှုန်းဇယားရှိ အရေးပါသောလွန်ကဲဈေးနှုန်းများကို ဆက်သွယ်ပေးသည့် အပို သို့မဟုတ် ဖြည့်စွက်ကိရိယာတစ်ခုဖြစ်သည်။ ၎င်းသည် အတိတ်ကာလက ဖြစ်ပေါ်ခဲ့သည့် အရေးပါသောစျေးနှုန်းပြောင်းလဲမှုများကို ရည်ရွယ်၍ အနာဂတ်စျေးနှုန်းလှုပ်ရှားမှုကို ခန့်မှန်းမထားပေ။ ကာလတိုလေ၊ ညွှန်ပြချက်တွင် အကွေ့အကောက် ပိုများလေဖြစ်သည်။

တွက်ချက်မှုပုံသေနည်း- လွန်ကဲဈေးနှုန်းနှင့် အချိန်ကာလ အကြားရှိသော candlesticks အရေအတွက် သွေဖည်မှု အရ candlesticks ၏ အမြင့်နှင့် အနိမ့်များကို ရှာဖွေခြင်း၏ အယ်လဂိုရီသမ်။

အသုံးချပုံ ဥပမာ -

LiteFinance: ZigZag

လမ်းကြောင်းကို ခွဲခြားသတ်မှတ်ရန်နှင့် support တန်း နှင့် resistance တန်းများကို တည်ဆောက်ရန် ၎င်းကို အသုံးပြုသည်။ ၎င်းသည် နည်းပညာဆိုင်ရာဈေးကွက်ဖွဲ့စည်းပုံများကို ဇယားတွင်ရှာဖွေရန်လည်း ကူညီပေးသည်။

The ZigZag indicator အတွက် သင့်လျော်သည်များမှာ -

  • အလယ်အလတ်ကာလနှင့်ကာလရှည် ကုန်သွယ်ရေး ဗျူဟာများ ။ Elliott wave သီအိုရီကို အခြေခံသော ကုန်သွယ်မှုစနစ်များ။ ကာလတိုသော timeframe များတွင် ကုန်သွယ်မှုများပြုလုပ်ရန် ကာလရှည်သော timeframe များတွင် လမ်းကြောင်းများကို ပိုင်းခြားစိတ်ဖြာခြင်း ဖြစ်သည်။ ၎င်းကို ချန်နယ်ညွှန်ပြချကိရိယာများနှင့် ကောင်းစွာပေါင်းစပ်နိုင်သည်။
  • H4 နှင့် အထက် timeframe များ ။
  • မည်သည့် ကုန်သွယ်ရေး ဈေးကွက်အတွက်မဆို အသုံးပြုနိုင်သည်၊၊ ငွေကြေးအတွဲများ၊ ခရစ်ပတိုငွေကြေးများ သို့မဟုတ် စတော့မှ ဆင်းသက်သော ဈေးကွက်များ။

ZigZag ညွှန်ပြချက်ကိရိယာသည် ကာလရှည်လမ်းကြောင်း ခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်သော ကုန်သည်များအားလုံးအတွက် ဖြည့်စွက်ကိရိယာတစ်ခုအဖြစ် သင့်လျော်မည်ဖြစ်သည်။

Oscillators

ဈေးကွက် ၏ အရှိန်အဟုန်ပြညွှန်ပြချက်ကိရိယာများနှင့် oscillators များသည် သတ်မှတ်ထားသည့် ကာလအတွင်း စျေးနှုန်းပြောင်းလဲမှုနှုန်းကို တိုင်းတာသည့် နည်းပညာဆိုင်ရာကိရိယာများဖြစ်သည်။ ထိုကဲ့သို့သော ကိရိယာအမျိုးအစားများသည် အဝယ် သို့မဟုတ် အရောင်းပမာဏများ လွှမ်းမိုးမှုရှိမရှိကို သတ်မှတ်ပေးသည်။ ၎င်းတို့တွင် မကြာခဏဆိုသလို ရွေ့လျားလေ့ရှိသည့် 0 မှ 100 အထိ တန်ဖိုးသတ်မှတ်ချက်များရှိသည်။ ညွှန်ပြချက်သည် အပိုင်းအခြားနယ်နိမိတ်အစွန်နှင့် နီးကပ်လာလျှင် ဈေးကွက်ပြောင်းပြန်လှန်နိုင်ခြင်း ၊ အလယ်အလတ်တန်ဖိုးသို့ ရောက်သွားပါက၊ လမ်းကြောင်းသည် ကုန်ဆုံးသွားနိုင်ပြီး စျေးကွက်သည် ဦးတည်ချက်မရှိဘဲ အရောင်းအဝယ်များ ဖြစ်ပေါ်နိုင်သည်။ ၎င်း oscillators များသည် အချက်ပြမှုများကို အတည်ပြုရန် သို့မဟုတ် အသေးစိတ်အချက်ပြမှုများကို အသုံးပြုသည့် နည်းပညာဆိုင်ရာကိရိယာများကို ရည်ညွှန်းသည်။ အဆိုပါညွှန်ပြချက်များမှာ အမျိုးအစားပေါ်မူတည်၍ ရှေ့ပြေးအချက်ပြကိရိယာ သို့မဟုတ် အချက်ပြနောက်ကျသည့်ကိရိယာလည်း ဖြစ်နိုင်သည်။ ဤကိရိယာများသည် ကုန်သွယ်မှုအကွာအဝေးတစ်ခုဖြစ်ပေါ်နေသည့် စျေးကွက်များတွင် ကောင်းမွန်စွာလုပ်ဆောင်သည်။

ဥပမာ- stochastic oscillator, RSI, CCI, Momentum.

Momentum Indicator

အမျိုးအစား - အချက်ပြစောခြင်း

Momentum သည် သတ်မှတ်ကာလတစ်ခုအတွင်း စျေးနှုန်းပြောင်းလဲမှုနှုန်းကို တိုင်းတာရန်အတွက် အသုံးပြုသည့် နည်းပညာဆိုင်ရာ ညွှန်ပြချက်ကိရိယာတစ်ခုဖြစ်သည်။ ၎င်းသည် လမ်းကြောင်း နောက်ဆုံးအဆင့်၏ အချိန်အခိုက်အတန့်တွင် သိသိသာသာ စျေးနှုန်းမြင့်တက်ခြင်း/ကျဆင်းခြင်း၏ အယူအဆအပေါ်အခြေခံသည်။ စျေးနှုန်းတက်လာပါက ဖြစ်ပေါ်လာသော candlestick အသစ်တစ်ခုစီတွင် ဝယ်ယူလိုသူ ပိုများလာမည်ဖြစ်ပြီး အားကောင်းစွာ စျေးနှုန်းကျဆင်းပါက ရောင်းလိုသူ များလာလေဖြစ်သည်။ Oscillator သည် အမြင့်ဆုံး/အနိမ့်ဆုံးနှင့် နီးကပ်လာပါက၊ လမ်းကြောင်းသည် ကာလတိုအတွင်း ဆက်လက်ရှိနေသင့်ပြီး အချက်ပြလိုင်းသည် အမြင့်ဆုံး/အနိမ့်ဆုံး ၌ ပြောင်းပြန်ဖြစ်ပေါ်လျှင် လမ်းကြောင်းသည်လည်း ပြောင်းပြန်ဖြစ်သင့်သည်။

တွက်ချက်မှု ဖော်မြူလာ -

MOMENTUM = Close(i)/Close(i-n) * 100%

Close(i) သည် လက်ရှိ candlestick အပိတ်စျေးနှုန်းဖြစ်ပြီး Close(i-n) သည် ပြီးခဲ့သည့် n ကြိမ်မြောက် candlesticks ၏ အပိတ်စျေးနှုန်း ဖြစ်သည်။

အသုံးပြုပုံ ဥပမာ -

LiteFinance: Momentum Indicator

အဆိုပါအချက်ပြမှုသည် လွန်ကဲစျေးနှုန်း ၌ ဖြစ်ပေါ်သည်။ Oscillator သည် အချက်ပြမှုကို အောက်ခြေ၌ ပြုလုပ်သောကြောင့် ဝယ်ယူမှုတစ်ခု ပြုလုပ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ အကယ်၍ oscillator သည် အချက်ပြမှုကို ထိပ်ဘက်တွင် ပြုလုပ်ပါက၊ ရောင်းချမှု တစ်ခု ဆောင်ရွက်သင့်သည်။ ညွှန်ပြချက်သည် daily timeframe အတွင်း တိကျသောဝယ်ယူမှုအချက်ပြများကို ပေးပို့ကြောင်း ပုံတွင် ပြသထားသည်။ ထိပ်ဘက်သည် လမ်းကြောင်း အဆုံးသတ်ကို အချက်ပြသည်။ ယေဘုယျအားဖြင့်၊ ညွှန်ပြချက်သည် candlestick ၃ ခု မှ ၅ ခု၏ တိုတောင်းသော စျေးနှုန်းလှုပ်ရှားမှုများကို ညွှန်ပြပေးသောကြောင့် daily timeframe တွင် အကောင်းဆုံး လုပ်ဆောင်သည်။

Momentum အတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းနောက်လိုက်သည့် ကုန်သွယ်ရေးဗျူဟာများ၊ အလယ်အလတ်ကာလနှင့်ကာလရှည် ကုန်သွယ်ရေးဗျူဟာများ ။ Scalping ဗျူဟာတွင် အသုံးပြုမှုနည်းပါးသည်။
  • မည်သည့် timeframe တွင်မဆို အသုံးပြုသည်။
  • မည်သည့် ကုန်သွယ်ရေးဈေးကွက်တွင်မဆို လုပ်ဆောင်သည်။ ငွေကြေးအတွဲများ၊ ခရစ်ပတိုငွေကြေးများ၊ စတော့ရှယ်ယာများ၊ ကုန်စည်များ။

ဤကိရိယာသည် စတင်အသုံးပြုသူများအတွက် အကောင်းဆုံး တနေ့တာကုန်သွယ်ရေး ညွှန်ပြချက် ကိရိယာများထဲမှ တစ်ခုဖြစ်သည်။ Momentum တွင် ရိုးရှင်းပြီး နားလည်ရလွယ်ကူသော ဖော်မြူလာရှိပြီး၊ ၎င်းသည် လမ်းကြောင်းနောက်လိုက်သည့် ညွှန်ပြချက်ကိရိယာများနှင့် ကိုက်ညီသည်။

Stochastic Oscillator

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Stochastic သည် သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ဖြစ်ပေါ်သောစျေးနှုန်းများ၏ အကွာအဝေး ၏ သီးခြားအပိတ်စျေးနှုန်းကို တိုင်းတာသည့် oscillator တစ်ခုဖြစ်သည်။ ညွှန်ပြချက်လိုင်းသည် တန်ဖိုး 0 နှင့် 100 ကြားတွင် ရွေ့လျားသည်။ 0 မှ 20 အကွာအဝေးသည် အရောင်းလွန်ဇုန်ဖြစ်ပြီး 80 မှ 100 သည် အဝယ်လွန်ဇုန်ဖြစ်သည်။ Stochastic သည် ၎င်းဇုန်များထဲမှ တစ်ခုအတွင်းတွင် ရှိနေသောအခါ၊ ၎င်းသည် မကြာမီ၌ လမ်းကြောင်းပြောင်းတော့မည်ကို ဆိုလိုပါသည်။ Stochastic သည် လမ်းကြောင်းအသစ်တကြောင်း စတင်ရွေ့လျားခြင်း၊ pivot ပွိုင့်များ၊ ဈေးနှုန်း အမြင့်ဆုံး/အနိမ့်ဆုံး များ ရှာဖွေခြင်း၊ ကွဲပြားခြင်း divergence များကို ရှာဖွေဖော်ထုတ်ရန် အသုံးပြုသည်။

တွက်ချက်မှု ဖော်မြူလာ-

%K (primary line) = (Close - Min(n))/(Max(n) - Min(n))*100%

%D (additional line - signal, dotted) = SMA (%K, n)

Close — လက်ရှိ candlestick ၏ အပိတ်စျေးနှုန်း၊ Min(n)၊ Max(n) — ဆက်တင်များတွင် သတ်မှတ်ထားသည့် ကာလတစ်ခုအတွင်း ရှိ အနိမ့်နှင့် အမြင့်၊ SMA — simple moving average ။

အသုံးချပုံ ဥပမာ -

LiteFinance: Stochastic Oscillator

Stochastic သည် လမ်းကြောင်းနောက်လိုက်သည့် ညွှန်ပြချက်အမျိုးအစားဖြစ်သည်။ အဝယ်လွန်ဇုန်တွင် ညွှန်ပြချက်ပြောင်းပြန်လှန်မှုဖြစ်ပေါ်ခြင်းသည် ဈေးကွက်ဦးတည်ချက်ပျောက်ခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းပြန်လှန်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့် အားကောင်းသော လမ်းကြောင်းရွေ့လျားမှု၏ အဆုံးသတ်ခြင်းကို ဆိုလိုသည်။

Stochastic အတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းပြောင်းပြန်လှန်သော အမှတ်များရှိ အချက်ပြမှုများအပေါ် အခြေခံသည့် လမ်းကြောင်း နောက်လိုက်သည့် ကုန်သွယ်ရေးဗျူဟာများ။
  • Divergences အပေါ်အခြေခံသည့် တနေ့တာ ကုန်သွယ်ရေးဗျူဟာများ ။ ဈေးနှုန်းဇယား နှင့် oscillators အကြား ဖြစ်ပေါ်သော divergence ဆိုသည်မှာ လမ်းကြောင်းပြောင်းပြန်လှန်နိုင်ခြင်း ကို ဆိုလိုသည်။
  • M30-H1 စသည့် timeframes များ ။ တိုတောင်းသော timeframes များတွင် ဈေးကွက်၏ အတက်အကျများခြင်းကြောင့် ညွှန်ပြချက်၏ အချက်ပြမှုကို ထိခိုက်လွယ်သည်။
  • ငွေကြေးအတွဲများ ၊ စတော့ ရှယ်ယာများ နှင့် စတော့အညွှန်းကိန်းများတွင် အသုံးပြုနိုင်သည်။ ခရစ်ပတိုတွင် အသုံးပြုမှု နည်းပါးသည်။

ဤ ကိရိယာသည် Forex အတွက် အကောင်းဆုံး ညွှန်ပြချက်ကိရိယာများထဲမှ တစ်ခုဖြစ်ပြီး ရှုပ်ထွေးမှုမရှိသည့်အပြင် အချက်ပြမှုများကို အလွယ်တကူကောက်ချက်ချနိုင်သောကြောင့် စတင်သူကုန်သည်များ သုံးစွဲရန် အကြံပြုထားသည်။ Oscillator အသုံးပြုမှု၏ ဥပမာတစ်ခုသည် အခြား oscillators များဖြစ်သော CCI, MACD, RSI တို့နှင့် trend-following ညွှန်ပြချက်ကိရိယာများ ပေါင်းစပ်၍ ပေးပို့သော အချက်ပြမှုများကို အတည်ပြုခြင်းဖြစ်ပါသည်။

Commodity Channel Index (CCI)

အမျိုးအစား - အချက်ပြစောခြင်း

CCI သည် ၎င်း၏ ပျမ်းမျှတန်ဖိုးမှ လက်ရှိစျေးနှုန်း၏ သွေဖည်မှုကို တိုင်းတာသည့် oscillator ဖြစ်သည်။ ညွှန်ပြချက်သည် -100 နှင့် 100 အကြား အကွာအဝေးတွင် ရွေ့လျားနေသည်။ အချက်ပြလိုင်းသည် အကွာအဝေးအပြင်ဘက်သို့ ထွက်သွားသောအခါ၊ ၎င်းသည် စျေးကွက်၏ အဝယ်လွန်ခြင်း သို့မဟုတ် အရောင်းလွန်ခြင်းအခြေအနေကို ဆိုလိုမည်။ ဤအခြေအနေတွင်၊ ၎င်း၏ ပျမ်းမျှတန်ဖိုးဆီသို့ ပြန်လည်ရွေ့လျားနိုင်သည်။

တွက်ချက်မှု ဖော်မြူလာ (အဆင့်ဆင့်):

  1. Typical price (TP) = (H+L+C)/3, H သည် candlestick ၏ အမြင့်၊ L သည် candlestick ၏ အနိမ့်၊ C သည် candlestick ၏ အပိတ်စျေးနှုန်းဖြစ်သည်။
  2. SMA (TP, N) = SUM (TP, N)/N. N ကြိမ်မြောက် candlestick ၏ အချိန်ကာလအတွက် ပုံမှန်စျေးနှုန်းများအပေါ် အခြေခံ၍ တွက်ချက်ထားသော simple moving average ။ ပျမ်းမျှတန်ဖိုးတွက်ချက်မှုအတွက် ဖော်မြူလာ - ပုံမှန်စျေးနှုန်းများအားလုံးကို ပေါင်းပြီး ၎င်းတို့၏ အရေအတွက်ဖြင့် စားထားသည်။
  3. D = TP - SMA (TP, N). Candlestick တစ်ခုစီ၏ ပုံမှန်စျေးနှုန်းနှင့် SMA အကြား ကွာခြားချက်ကို တွက်ချက်ထားသည်။
  4. SMA (D, N) = SUM (D, N)/N. D တန်ဖိုးများ၏ moving average အား တွက်ချက်ခြင်း။
  5. M = SMA (D, N) * 0,015.
  6. CCI = M/D.

အသုံးပြုပုံ ဥပမာ -

LiteFinance: Commodity Channel Index (CCI)

CCI မြင့်တက်မှုသည် လမ်းကြောင်းတစ်ခုကို အတည်ပြုသည်။ ပြောင်းပြန်လှန်ခြင်း၏အစပြုမှုသည် လမ်းကြောင်းရွေ့လျားမှု၏အဆုံးသတ်ကို ဆိုလိုနိုင်သည်။ CCI အချက်ပြမှုများသည် မကြာခဏ တိကျမှုမရှိသောကြောင့် ညွှန်ပြချက်ကို အသုံးပြုရာတွင် အခြားသော oscillators များဖြစ်သည့် လမ်းကြောင်းပြ ညွှန်ပြချက်ကိရိယာများနှင့် တွဲသုံးသင့်သည်။

CCI အတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းနောက်လိုက်ခြင်း နှင့် လမ်းကြောင်း နှင့် ဆန့်ကျင်သည့် မည်သည့်ကု်နသွယ်ရေး ဗျူဟာတွင်မဆို အသုံးပြုနိုင်သည်။
  • Timeframes အားလုံးတွင် အသုံးပြုနိုင်သည်။ အသုံးများသော timeframes များမှာ ဆက်တင်မတူညီသည့် M30 နှင့် H4 ဖြစ်သည်။
  • မည်သည့် ကုန်သွယ်ရေးဈေးကွက်တွင်မဆို အသုံးပြုနိုင်သည်။

အခြားအသုံးများသည့် oscillators များဖြစ်သော RSI , stochastic တို့နှင့်အတူ CCI ကို အသုံးပြုရန် အကြံပြုထားသည်။ သုံးကြိမ်အတည်ပြုခြင်းဗျူဟာ၏ ဥပမာတစ်ခု ကို ဤနေရာ တွင် လေ့လာနိုင်သည်။

Relative Strength Index (RSI)

အမျိုးအစား - အချက်ပြစောခြင်း

RSI သည် အဝယ် နှင့် အရောင်း၏ နှိုင်းရကြံ့ခိုင်မှုနှင့် လမ်းကြောင်းပြောင်းပြန်လှန်နိုင်ခြေကို တိုင်းတာသည့် ရေပန်းစားသော နည်းပညာဆိုင်ရာ ညွှန်ပြချက်ကိရိယာတစ်ခုဖြစ်သည်။ အချက်ပြလိုင်းသည် 0 နှင့် 100 အကြား အကွာအဝေးတွင် ရွေ့လျားနေသည်။ လိုင်းသည် အထက်/အောက် နယ်နိမိတ်သို့ နီးကပ်လေ၊ ပိုင်ဆိုင်မှုတန်ဖိုးသည် အဝယ်လွန်/အရောင်းလွန်လေဖြစ်ပြီး နောက်ပြန်လှည့်ရန် အလားအလာ ပိုများလေဖြစ်သည်။

တွက်ချက်မှုဖော်မြူလာ -

LiteFinance: Relative Strength Index (RSI)

RS တွက်ချက်မှု

LiteFinance: Relative Strength Index (RSI)

SMA သည် simple moving average၊ N သည် တွက်ချက်မှုကာလဖြစ်ပြီး U နှင့် D တို့သည် လက်ရှိနှင့် ယခင် candlesticks များ၏စျေးနှုန်းများကို နှိုင်းယှဉ်ခြင်းဖြင့် ရရှိသောတန်ဖိုးများဖြစ်သည်။

အသုံးပြုပုံ ဥပမာ-

LiteFinance: Relative Strength Index (RSI)

အကွက်နံပတ် 1 ဖြင့် အမှတ်အသားပြုထားသည့် အပိုင်းတွင်၊ RSI သည် လမ်းကြောင်းပြောင်းပြန်လှန်ခြင်း၏ အချက်ပြမှုဖြစ်သည့် အရောင်းလွန်ဇုန်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သည်။ အလားတူအခြေအနေမျိုးဖြင့် လေးထောင့်ကွက်ဖြင့်အမှတ်အသားပြုထားသောအပိုင်းတွင် RSI သည် အဝယ်လွန်ဇုန်တွင်ရှိနေသည်၊ ဆိုလိုသည်မှာလမ်းကြောင်းပြောင်းသွားနိုင်သည်။ အညွှန်းကိန်းသည် အပိုင်း 3 တွင် ကျဆင်းသွားပြီး၊ ကျဆင်းမှုကို အတည်ပြုသည်။

RSI သင့်လျော်သည်များမှာ -

  • မည်သည့်ကုန်သွယ်ရေးဈေးကွက်မဆို အသုံးပြုနိုင်ပြီး အများစုမှာ ငွေကြေးအတွဲများဖြစ်သည်။
  • M30 နှင့်အထက် timeframes များတွင် အသုံးပြုနိုင်သည်။
  • တနေ့တာအတွင်းကုန်သွယ်သည့်ဗျူဟာများ၊ swing trading ၊ ကာလရှည် လမ်းကြောင်းခွဲခြမ်းစိတ်ဖြာခြင်း။ ကျွမ်းကျင်သူများက scalping တွင် RSI ကို အသုံးပြုရန် အကြံပြုထားခြင်းမရှိပါ။

RSI သည် အတွေ့အကြုံရှိကုန်သည်များအတွက် စိတ်ဝင်စားစရာတစ်ခု ဖြစ်လာသည်။ စတင်သူများအတွက် RSI ကို CCI နှင့် တွဲသုံးရန် အကြံပြုထားသည်။

Moving Average Convergence Divergence (MACD)

အမျိုးအစား - အချက်ပြနောက်ကျခြင်း

MACD သည် လူကြိုက်များသော လမ်းကြောင်းနောက်လိုက်သည့် oscillator အမျိုးအစား ညွှန်ပြချက် ကိရိယာတစ်ခုဖြစ်သည်။ ၎င်းသည် exponential MAs ၏ divergence သို့မဟုတ် convergence ထောင့်ဒီဂရီ ကို တိုင်းတာသည်။ ကိရိယာသည် မျဉ်းနှစ်ကြောင်းနှင့် ဟစ်စတိုဂရမ်တစ်ခုဖြင့် ဖွဲ့စည်းထားသည်။ ပင်မ MACD လိုင်းသည် အတက် သို့မဟုတ် အောက် တစ်ခုခု ၏ စျေးနှုန်းအရှိန်အဟုန်ကို သတ်မှတ်သည်။ အချက်ပြလိုင်းသည် ပုံမှန်လမ်းကြောင်းတစ်ခု၏ pivot ပွိုင့်များကို ခွဲခြားသိရှိနိုင်ပြီး အဝင်မှတ်အတွက် အချက်ပြမှုများကို ပံ့ပိုးပေးသည်။

တွက်ချက်မှု ဖော်မြူလာ -

MACD (primary line) = EMA (Close, SP) - EMA (Close, FP)

SP - နှေးကွေးသော EMA ၏ တွက်ချက်မှုကာလ၊ FP - မြန်ဆန်သော EMA ကာလ။ Close — အပိတ်စျေးနှုန်း။

MACD (signal line) = SMA (MACD “primary line”, P)

SMA — simple moving average, P — အချက်ပြ အချိန်ကာလ ။

Histogram သည် MACD ၏ ပင်မလိုင်း နှင့် အချက်ပြလိုင်းများကြား ခြားနားချက်ကို ပြသသည်။

အသုံးပြုပုံ ဥပမာ -

LiteFinance: Moving Average Convergence Divergence (MACD)

ပင်မလိုင်း နှင့် အချက်ပြလိုင်းများသည် အပိုင်း 1-2 နှင့် 4-5 တွင် ဖြတ်သွား၍ ဟစ်စတိုဂရမ် ဘား များ မြင့်တက်လာသည်။ လိုင်းနှစ်ကြောင်းစလုံးသည် အောက်သို့ ညွှန်ပြပါက ဘားများမှာ အကျဘက်သို့ တိုးလာကာ သုညမျဉ်းအောက်ရောက်၍ လမ်းကြောင်းမှာ ကျဆင်းသွားမည်ဖြစ်သည်။ အတက်လမ်းကြောင်း တစ်ခုအတွက် - အခြေအနေသည် ဆန့်ကျင်ဘက်ဖြစ်သည်။ ဘားများရှည်လေ၊ လမ်းကြောင်းအားကောင်းလေဖြစ်သည်။ အပိုင်း 3 တွင်၊ MACD လိုင်းများ ဆုံစည်းပြီး ဘားများမှာ သေးငယ်နေသောကြောင့် စျေးကွက်မှာ ဟန်ချက်ညီနေပါသည်။

MACD အတွက် သင့်လျော်သည်များမှာ -

  • အများအားဖြင့် ငွေကြေးအတွဲများ ၊ ခရစ်ပတိုငွေကြေးများ နှင့် စတော့ရှယ်ယာများ ဖြစ်သည်။
  • H1 နှင့်အထက် timeframes များ ။
  • မည်သည့်ကုန်သွယ်ရေးဗျူဟာတွင် မဆို အသုံးပြုနိုင်သည်။ သို့သော် scalping နှင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်အပေါ် အခြေခံသည့် ဗျူဟာများမှာ ခြွင်းချက်ဖြစ်သည်။

MACD ကို MA အမျိုးအစားများနှင့် ရင်းနှီးပြီးသားဖြစ်ပြီး ပိုမိုနက်နဲမှုရှိသောကိရိယာများကို အသုံးချလိုသော ကုန်သည်များအတွက် အကြံပြုထားသည်။

Average Directional Index (ADX)

အမျိုးအစား - အချက်ပြစောခြင်း

ADX သည် လမ်းကြောင်းပြညွှန်ပြချက် နှင့် oscillator ၏ ပေါင်းစပ်မှု တစ်ခု ဖြစ်သည်။ ADX ညွှန်ပြချက်သည် 0% - 100% အကွာအဝေးအတွင်း ရွေ့လျားနေသော အစိတ်အပိုင်းနှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ ပင်မ ADX အစိတ်အပိုင်းသည် လမ်းကြောင်းအားကောင်းမှုကို ပြသသော်လည်း ဦးတည်ချက်ကို မညွှန်ပြပါ။ ပင်မညွှန်ပြချက်လိုင်းသည် 40% အထက်ဖြစ်ပါက လမ်းကြောင်းသည် အားကောင်းပြီး အပြန်အလှန်အနေဖြင့် ပြောင်းပြန်ဖြစ်သည်။ သို့ရာတွင် ADX လိုင်းသည် စျေးနှုန်းပြောင်းပြန်လှန်ပြီးနောက် တူညီသောလယ်ဗယ်တွင် ရှိနေနိုင်သည်။ အပိုလိုင်းများဖြစ်သော +DI နှင့် -DI သည် လမ်းကြောင်းဦးတည်ချက်ကို ညွှန်ပြသည်။ +DI သည် -DI အထက်တွင် ရွေ့လျားနေပါက၊ လမ်းကြောင်းသည် အတက်ဖြစ်သည်။

တွက်ချက်မှုဖော်မြူလာ-

LiteFinance: Average Directional Index (ADX)

+ DI နှင့် -DI ၏ တွက်ချက်မှုကို အဆင့်သတ်မှတ်ပြီး exponential MA အတွက် ချိန်ညှိထားသော စျေးနှုန်း True Range (TR) ကို ထည့်သွင်းစဉ်းစားသည်။

အသုံးပြုပုံ ဥပမာ -

LiteFinance: Average Directional Index (ADX)

ADX အချက်ပြမှုတစ်ခုမှာ ၎င်း၏ အပိုလိုင်းနှစ်ကြောင်း တွေ့ဆုံသည့်အခါဖြစ်သည်။ ပထမအခြေအနေတွင်၊ အပြာရောင် DI+ သည် အနီရောင် DI- အပေါ်ဘက်သို့ ဖြတ်သွားကာ အတက်လမ်းကြောင်းကို အချက်ပြသည်။ ဒုတိယအခြေအနေတွင်၊ အပြာလိုင်းသည် အနီရောင်ကို အောက်ဘက်သို့ဖြတ်သွားသည်။ မြင့်တက်နေသည့် အပြာရောင် ADX လိုင်းသည် ၎င်း၏ဦးတည်ချက်မရှိဘဲ လမ်းကြောင်းသည် ပိုမိုအားကောင်းလာနေသည်ဟု ဆိုလိုသည်။

ADX အတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းပြညွှန်ပြချက်ကိရိယာဖြင့် တနေ့တာ ၊ အလယ်အလတ်ကာလ နှင့် ကာလရှည် ကုန်သွယ်ရေးဗျူဟာများတွင် အသုံးပြုနိုင်သည်။ ဈေးကွက်ဦးတည်ချက်ပျောက်နေချိန်တွင် အလုပ်မလုပ်ပေ။ ဦးတည်ချက် ပြန်လည်စတင်သောအခါ ADX သည် တိကျသော အချက်ပြကို ပေးပို့သည်။
  • M30 နှင့် H4 timeframes များ ။ M30 အောက် timeframes များတွင် ADX သည် မှားယွင်းသော အချက်ပြများ ပြုလုပ်သည်။
  • ဈေးကွက်အားလုံးတွင် အသုံးပြုနိုင်သည်။ အများအားဖြင့် ADX ကို ငွေကြေးအတွဲများ ရောင်းဝယ်ရာတွင် အသုံးပြုသည်။ ကုန်စည်ရောင်းဝယ်မှု သို့မဟုတ် စတော့ရှယ်ယာများတွင် အသုံးပြုမှုနည်းပါးသည်။

ADX သည် နည်းပညာပိုင်းခြားစိတ်ဖြာမှုဆိုင်ရာ အသိပညာ၏ အခြေခံနှင့် အခြေခံအဆင့် အထက်ရှိသော ကုန်သည်များအတွက် အကြံပြုထားသည်။ ညွှန်ပြချက်တွင် လိုင်းများစွာပါရှိပြီး အချက်ပြများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များစွာရှိသည်။ ထို့ကြောင့် စတင်အသုံးပြုသူများအတွက် အနည်းငယ်ရှုပ်ထွေးနိုင်မည်ဖြစ်သည်။

Laguerre indicator

အမျိုးအစား - အချက်ပြစောခြင်း

Laguerre indicator သည် 0 မှ 1 အကွာအဝေးအတွင်း တန်ဖိုးများ ကွဲပြားနေသည့် oscillator တစ်ခုအဖြစ် ဒီဇိုင်းထုတ်ထားသည့် လမ်းကြောင်းပြညွှန်ပြချက်တစ်ခုဖြစ်သည်။ အချို့သော အဆင့်မြှင့်တင်မှုများတွင်၊ ယခုအခါ၌ တန်ဖိုးများကန့်သတ်ထားသော အပိုင်းအခြား ရှိလာပါသည်။ Laguerre ညွှန်ပြချက်ကိရိယာသည် သေးငယ်သော လမ်းကြောင်းများကို သိရှိရန်နှင့် စျေးကွက်လည်ပတ်ပုံများကို သတ်မှတ်ရန်အတွက် အသုံးပြုသည်။

တွက်ချက်မှုဖော်မြူလာ- Laguerre ညွှန်ပြချက်သည် Laguerre polynomials များအပေါ် အခြေခံ၍ အများဆုံးဖြစ်ပေါ်သော entropy ၏ spectral ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုသည်။ အခြေခံတွက်ချက်မှုနိယာမသည် Laguerre filter လေးခုပါသော RSI ဖော်မြူလာနှင့်ဆင်တူသည်။

အသုံးချပုံ ဥပမာ -

LiteFinance: Laguerre indicator

အဆင့်မြှင့်တင်မှုများထဲမှ တစ်ခုမှာ oscillator ၏ ယေဘူယျမြင်ကွင်းကို အထက်ဖော်ပြပါ ပုံတွင် ဖော်ပြထားသည်။ ညွှန်ပြချက်သည် လမ်းကြောင်းအတိုင်း အတိအကျ လိုက်နေကြောင်း ထင်ရှားပါသည်။ သာမာန် oscillator များနှင့်မတူဘဲ၊ ဤကိရိယာသည် အဝယ်လွန်/အရောင်းလွန် ဇုန် အရ၊ ဤကိရိယာသည် အဓိပ္ပာယ်ဖွင့်ဆိုရန်ခက်ခဲသည်။

Laguerre indicator အတွက် သင့်လျော်သည်များမှာ -

  • အချက်ပြမှုများကိုအတည်ပြုရန် နောက်ထပ်ကိရိယာများ ထပ်မံအသုံးပြု၍ Scalping နှင့် Swing trading တွင် အသုံးပြုနိုင်သည်။ Laguerre သည် ဖြည့်စွက်ညွှန်ပြချက်ကိရိယာများမပါဘဲ ကာလရှည်ကုန်သွယ်မှုဗျူဟာများတွင် သီးခြားညွှန်ပြချက်ကိရိယာများအဖြစ် အသုံးပြုနိုင်သည်။ ထိုကဲ့သို့သောနည်းဗျူဟာ၏ ဥပမာတစ်ခုမှာ မြန်ဆန်ပြီးနှေးကွေးသော Laguerre ညွှန်ပြချက်များအပေါ် အခြေခံသည့် စနစ်တစ်ခုဖြစ်သည်။
  • ငွေကြေးအတွဲများ ။
  • M5-M15 နှင့်အထက် ဖြစ်သော timeframes များ ။

ပရော်ဖက်ရှင်နယ်သုံးကိရိယာအသစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သည့် စတင်ကုန်သွယ်သူများ အတွက် အကြံပြုထားပါသည်။ ၎င်းသည် scalpers နှင့် swing traders များအတွက်လည်း စိတ်ဝင်စားစရာ ဖြစ်သည်။

Rate of change (ROC)

အမျိုးအစား - အချက်ပြစောခြင်း

ROC သည် တိကျသောကာလတစ်ခုအတွက် စျေးနှုန်းပြောင်းလဲမှုနှုန်းကို တိုင်းတာသည့် oscillator တစ်ခုဖြစ်သည်။ ROC ညွှန်ပြချက်သည် ဗဟိုမျဉ်းကြောင်း သုည၀န်းကျင်တွင် ရှိနေသောအခါ၊ စျေးကွက်သည် စုစည်းနေရပါမည်။ ROC သည် သုညမျဉ်းအထက်တွင်ရှိနေပါက စျေးကွက်သည် အတက်ဖြစ်ပြီး ညွှန်ပြချက်သည် သုညတန်ဖိုးအောက်တွင်ရှိနေပါက စျေးကွက်သည် အကျဖြစ်သည်။

တွက်ချက်မှု ဖော်မြူလာ -

ROC (N, i) = (Close(i) - Close (i-N) ) / Close (i-N)

Close (i) — လက်ရှိ အပိတ်ဈေးနှုန်း. Close (i-N) — ပြီးခဲ့သည့် N ကာလ ၏ အပိတ်ဈေးနှုန်း

အသုံးချပုံ ဥပမာ -

LiteFinance: Rate of change (ROC)

အလျားလိုက်ရှိသော သုညမျဉ်းသည် ရည်ညွှန်းချက်ဖြစ်သည်။ ROC ညွှန်ပြချက်သည် သုညမှ အတက်/အဆင်း စတင်ပါက၊ ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်ရန် စဉ်းစားနိုင်သည်။ အထက်ဖော်ပြပါ ပုံတွင် အရောင်းအ၀ယ်ပြုလုပ်ရန် အချက်ပြလေးခုပြသထားသည်။

ROC indicator အတွက် သင့်လျော်သည်များမှာ

  • တနေ့တာ ၊ အလယ်အလတ်ကာလ နှင့် ကာလရှည် ကုန်သွယ်ရေးဗျူဟာများ။ ကာလတိုအနေဖြင့်ဆိုလျှင် မှားယွင်းသော အချက်ပြမှုများစွာရှိနေသောကြောင့် scalping သို့မဟုတ် swing trading အတွက် သင့်လျော်မှုနည်းပါးသည်။
  • စတော့ရှယ်ယာများနှင့် ခရစ်ပတိုငွေကြေးအပါအဝင် မည်သည့်ကုန်သွယ်ရေးဈေးကွက်မဆို အသုံးပြုနိုင်သည်။
  • H1 နှင့်အထက် timeframes များ ။

ROC သည် ကျွမ်းကျင်မှုအဆင့်တစ်ခုရှိသည့် မည်သည့်ကုန်သည်များအတွက်မဆို အပိုဖြည့်စွက်ကိရိယာ တစ်ခုအဖြစ် သင့်လျော်သည်။

Ease of Movement Indicator

အမျိုးအစား - အချက်ပြစောခြင်း

Ease of Movement ညွှန်ပြချက်သည် ဈေးနှုန်းနှင့် ကုန်သွယ်မှုပမာဏကြား ဆက်စပ်မှုကို တိုင်းတာပြီး ရလဒ်ကို oscillator တစ်ခုအဖြစ် ပြသသည်။ Ease of movement ဖြင့် စျေးကွက်အရှိန်ကို တိုင်းတာသည်။

တွက်ချက်မှုဖော်မြူလာ -

DM = (High(i) + Low(i))/2 - (High(i-1) + Low(i-1))/2

High, Low - အမြင့်ဆုံးနှင့် အနိမ့်ဆုံးစျေးနှုန်းတန်ဖိုး။ i, (i-1) — လက်ရှိနှင့် ယခင်စျေးနှုန်းများ။

BR = (Current Volume/D) / (High(i) - Low(i))

D - ဆက်တင်များတွင် သတ်မှတ်ထားသော ပိုင်းခြေ။

Period EOM = DM/BR

EOM = SMA (Period EOM)

SMA — simple moving average.

အသုံးချပုံ ဥပမာ-

LiteFinance: Ease of Movement Indicator

ဤသည်မှာ အမြတ်အစွန်းရှိသော Forex နည်းဗျူဟာ၏ နမူနာများထဲမှ တစ်ခုဖြစ်သည်။ နေ့စဉ်ဇယားတွင်၊ EOM လိုင်းသည် သုညမျဉ်းနှင့်အတူ ချောမွေ့စွာ ရွေ့လျားနေသည်။ သိသာစွာသွေဖည်သွားခြင်းဆိုသည်မှာ အားကောင်းသော အတက်လမ်းကြောင်းကို ဆိုလိုသည်။ ဤအခြေအနေတွင်၊ EOM သည် အချက်ပြမှုများကို နောက်ကျမှပေးပို့သော်လည်း candlesticks နှစ်ခု သို့မဟုတ် သုံးခုမှ အမြတ်ရနိုင်သည်။ ထို့နောက်၊ ညွှန်ပြချက်သည် ကျဆင်းသွား၍ ဆန့်ကျင်ဘက်ဦးတည်ချက်တွင် ကုန်သွယ်မှုတစ်ခုဝင်ရောက်ရန် အချက်ပြမှုဖြစ်သည်။ ကျွန်ုပ်တို့သည် ပိုတိုသော timeframe သို့ ပြောင်းလိုက်ပါက၊ ပိုမို၍ မသိသာမထင်ရှားသော ဈေးနှုန်းအတက်အကျများကို တွေ့ရှိနိုင်သော်လည်း အချက်ပြများ၏ အရည်အသွေးမှာ ပိုဆိုးလာပါမည်။

Oscillator သည် ကုန်သွယ်မှုပမာဏ တိုးလာမှုအတွက် သိသာလာသည်။ သုညမျဉ်းတစ်ဝိုက်ရှိ ဦးတည်ချက်မဲ့စွာရွေ့လျားမှုသည် ကုန်သွယ်မှုပမာဏ သေးငယ်၍ စျေးကွက်သည် ဦးတည်ချက်မဲ့စွာ အရောင်းအ၀ယ်ဖြစ်ရမည်ကို ဆိုလိုသည်။ အမြင့်/အနိမ့် မှာ EOM နှင့် သုညမျဉ်းအကြား ဆက်စပ်မှုရှိနေသည်၊ ကုန်သွယ်မှုပမာဏ တိုးလာခြင်းကြောင့် စျေးနှုန်း အတက်/အကျဖြစ်မှု လွယ်ကူလေဖြစ်သည်။

ဤကိရိယာအတွက် သင့်လျော်သည်များမှာ

  • Scalping မှလွဲ၍ မည်သည့်နည်းဗျူဟာအမျိုးအစားဖြစ်စေ အသုံးပြုနိုင်သည်။ ROC ကဲ့သို့ပင်၊ EOM သည် အရှိန်အဟုန်တိုင်းတာသော oscillators များကဲ့သို့ ရည်ညွှန်းသည်၊ ထို့ကြောင့် ဤကိရိယာနှစ်ခုကို ကုန်သွယ်မှုစနစ်များတွင် တွဲသုံးနိုင်သည်။
  • H1 နှင့်အထက် timeframes များ ။
  • မည်သည့်ကုန်သွယ်ရေးအမျိုးအစားမဆို အသုံးပြုနိုင်သည်၊ ကုန်သွယ်မှုပမာဏ အစစ်အမှန်ကို ထည့်သွင်းစဉ်းစားသည့်အခါ ၎င်းကို စတော့ရှယ်ယာရောင်းဝယ်ရေးတွင် ပိုမိုအသုံးပြုလေ့ရှိသည်။

Know Sure Thing (KST)

အမျိုးအစား - အချက်ပြစောခြင်း

KST သည် အဝယ်လွန်/အရောင်းလွန်ဇုန်များကို ပြသသည့် oscillator တစ်ခုဖြစ်ပြီး ပြောင်းလဲမှုနှုန်းကို ချောမွေ့စေသည်။ ၎င်းသည် ကာလလေးခုရှိသော moving averages များကို အခြေခံထားသည်။ ထို့ကြောင့်၊ ကာလတိုအတွင်း မသိသာသောစျေးနှုန်းအပြောင်းအလဲများကို လျစ်လျူရှုထားပြီး ခိုင်မာသော ကာလရှည်လမ်းကြောင်းများကိုဖော်ထုတ်ထားသည်။ ညွှန်ပြချက်သည် ဗဟိုသုညမျဉ်းတစ်ဝိုက်တွင် ရွေ့လျားနေပြီး ရွေ့လျားမှုအကွာအဝေးကို ကန့်သတ်မထားပေ။ အချက်ပြမှုများသည် ရှားပါးသော်လည်း တိကျသည်။ ၎င်းကို လမ်းကြောင်းပြကိရိယာများနှင့် တွဲသုံးလေ့ရှိသည်။

တွက်ချက်မှုဖော်မြူလာ -

Primary line: KST=MA(ROC1, Period1)*W1 + MA(ROC2, Period2)*W2 + MA(ROC3, Period3)*W3 + MA(ROC4, Period4)*W4

Signal line = MA(KST, Period)

W သည် ဆက်တင်များတွင် သတ်မှတ်ထားသော weight coefficient ။ ROC - ပြောင်းလဲမှုနှုန်း၊ MA- moving average.

အသုံးချပုံ ဥပမာ-

LiteFinance: Know Sure Thing (KST)

ကာလရှည်ကြာကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်ရန် အချက်ပြမှု - ပင်မ (အဝါ) လိုင်းသည် အောက်မှအပေါ်သို့ အချက်ပြလိုင်း (အပြာ) ကို ဖြတ်သွားပါသည်။ မျဉ်းကြောင်းများသည် အနုတ်ဇုန်တွင် ဖြတ်သန်းသွားပါက ပိုမိုကောင်းမွန်သည်။ သုညနှင့် ဆက်စပ်သော လွန်ကဲအမှတ်များ၌ မျဉ်း၏ ဆန့်ကျင်ဘက်ဖြတ်ကျော်မှုသည် ပုံမှန်လမ်းကြောင်းတစ်ခု ၏ အဆုံးသတ်ကို ဆိုလိုသည်။ အထက်ဖော်ပြပါပုံတွင်၊ အချက်ပြမှုများ 1,3,5 သည် အကျိုးရှိပြီး၊ 2 သည် မှားယွင်းနေ၍၊ 4 သည် အားနည်းသောအချက်ပြမှုဖြစ်သည်။

KST indicator အတွက် သင့်လျော်သည်များမှာ

  • ကာလရှည်ဗျူဟာများ။ ကာလရှည်အတွက်ခိုင်မာသော အရှိန်အဟုန်နှင့် ပြင်ဆင်ချက်များကို သိရှိရန် ၎င်းကို အသုံးပြုသည်။ KST သည် trend following ဗျူဟာများနှင့် ကာလရှည် swing trading များတွင် ကောင်းမွန်စွာလုပ်ဆောင်သည်။
  • အဝယ်ကုန်သွယ်မှုများ အတွက်ပိုမို သင့်လျော်သည်။ အရောင်းကုန်သွယ်မှုများအတွက် မှားယွင်းသော အချက်ပြမှုအရေအတွက်များ သိသိသာသာတိုးလာကြောင်း ကိန်းဂဏန်းအရ အတည်ပြုထားသည်။
  • H1 နှင့် H4 timeframes ။ ညွှန်ပြချက်တီထွင်သူသည် MN timeframe ကို အသုံးပြုရန် အကြံပြုထားသည်။
  • မည်သည့်ကုန်သွယ်ရေးအမျိုးအစားမဆို အသုံးပြုနိုင်သည်။ ၎င်းသည် မူလက စတော့ရှယ်ယာရောင်းဝယ်ရေးအတွက် ဒီဇိုင်းထုတ်ထားသော်လည်း Forex နှင့် derivatives စျေးကွက်များတွင် ကောင်းစွာလုပ်ဆောင်နိုင်သည် ။

KST ညွှန်ပြချက်သည် ကာလရှည်ကုန်သွယ်မှုစနစ်များကို နှစ်သက်သော ကုန်သည်များအတွက် စိတ်ဝင်စားဖွယ်ကောင်းပြီး လမ်းကြောင်းပြောင်းရွေ့လျားမှုများကို ရှာဖွေရန်နှင့် ဈေးနှုန်းပြင်ဆင်ချက် corrections များအပေါ် ပြောင်းပြန်လှန်မှုများကို ရှာဖွေရန် ရည်ရွယ်သည်။

Percentage Price Oscillator (PPO)

အမျိုးအစား - အချက်ပြနောက်ကျခြင်း

PPO သည် မတူညီသောကာလတစ်ခုနှင့် EMA ၏ဆက်စပ်မှုကို အခြေခံသည့် အရှိန်အဟုန် တိုင်းတာသော oscillator တစ်ခု ဖြစ်သည်။ ခွဲခြမ်းစိတ်ဖြာခြင်းနိယာမသည် MACD နှင့် ဆင်တူသည်။ ညွှန်ပြချက်ကို စျေးနှုန်းဇယားအောက်၌ မျဉ်းကွေးနှစ်ခုနှင့် ဟစ်စတိုဂရမ်တစ်ခုအဖြစ် ပြသနိုင်သည်။

တွက်ချက်မှုဖော်မြူလာ -

Primary line PPO = ((EMA(12) – EMA(26)) / EMA(26))) * 100

Signal line = EMA(9)

Histogram = primary line - signal line

အသုံးချပုံ ဥပမာ-

LiteFinance: Percentage Price Oscillator (PPO)

အချက်ပြမှုများ - ပင်မလိုင်းသည် အချက်ပြလိုင်းကို အောက်ခြေမှအထက်သို့ ဖြတ်သွားသောအခါ၊ အဝယ်အနေအထား - အပေါ်မှအောက်သို့ ဖြတ်သွားသောအခါတွင် အရောင်းအနေအထားကို ဖွင့်ရမည်ဖြစ်သည်။ လိုင်းများသည် သုညမျဉ်းအောက်သို့ ဖြတ်သွားသည့်အခါ အ၀ယ်အတွက် အချက်ပြမှုသည် ပိုမိုအားကောင်းသည်- အရောင်းအတွက်ဆိုလျှင် - လိုင်းများသည် သုညမျဉ်းအထက်ကို ဖြတ်ရမည်ဖြစ်သည်။ နောက်ထပ်အချက်ပြချက်တစ်ခုသည် ဟစ်စတိုဂရမ်၏တည်နေရာဖြစ်သည်။ အရောင်းအတွက်အချက်ပြခြင်းသည် ဟစ်စတိုဂရမ်မှာ အနုတ်လက္ခဏဇုန်၌ရှိပြီး နိမ့်ဆင်းနေချိန်တွင် ဖြစ်သည်။ အထက်ပါပုံတွင်၊ အမှတ် 2 မှလွဲ၍ အချက်ပြများအားလုံးသည် အကျိုးအမြတ်ရပါသည်။

PPO indicator အတွက် သင့်လျော်သည်များမှာ -

  • ပုံမှန် ကုန်သွယ်ရေးစနစ်များဖြစ်သော scalping မှစ၍ တနေ့တာကုန်သွယ်ခြင်း နှင့် ကာလရှည်ကုန်သွယ်ရေးဗျူဟာများ ။
  • M15 မှ H4 အထိ timeframes များ ။
  • မည်သည့်ကုန်သွယ်ရေးအမျိုးအစားမဆို အသုံးပြုနိုင်သည်။ ၎င်း ကို စတော့ရှယ်ယာရောင်းဝယ်ရေး အတွက် ပိုမိုအသုံးပြုလေ့ရှိသည်၊

PPO သည် ကွဲပြားသောညွှန်ပြချက်မျိုးအစားများနှင့် အကျွမ်းတဝင်အသုံးပြုလိုသော ကုန်သည်များအတွက် စိတ်ဝင်စားဖွယ်ဖြစ်လိမ့်မည်ဖြစ်သည်။ ၎င်းကို MACD ဖြင့် အစားထိုးနိုင်သည်။

Mass Index

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Mass Index ညွှန်ပြချက်ကိရိယာသည် ဆက်တင်များတွင် သတ်မှတ်ထားသည့်ကာလတစ်ခုအတွက် အမြင့်ဆုံးနှင့် အနိမ့်ဆုံးစျေးနှုန်း၏ ပြောင်းလဲမှုနှုန်းကို တိုင်းတာသည့် အကွာအဝေး ကြိုတင်ခန့်မှန်းနိုင်သော oscillator တစ်ခုဖြစ်သည်။ Mass Index ကို pivot အမှတ်များ ဆုံးဖြတ်ရန် အသုံးပြုသည်။ ၎င်းသည် လမ်းကြောင်းဦးတည်ချက်ကို မညွှန်ပြပါ။ အရောင်းအဝယ်အတွက် အထွက်ပွိုင့်များရှာဖွေရာတွင် MI ကို အများဆုံးအသုံးပြုသည်။

တွက်ချက်မှုဖော်မြူလာ -

MI = SUM (EMA (High-Low, 9) / EMA (EMA (High-Low, 9),9), P)

High, Low — candlestick ကိုးခုအတွက် လွန်ကဲဈေးနှုန်းများ။ P — ဆက်တင်များတွင် သတ်မှတ်ထားသော ကာလ။ EMA — exponential moving average ။

အသုံးချပုံ ဥပမာ-

LiteFinance: Mass Index

MI လိုင်း မြင့်တက်လာခြင်းသည် လွန်ကဲသောတန်ဖိုးများကြား ခြားနားချက်တိုးလာခြင်းကို ဆိုလိုပြီး မငြိမ်မသက်ဖြစ်မှုတိုးလာခြင်းကို ထောက်ပြနေသည်။ ညွှန်ပြချက်သည် လွန်ကဲသောအမှတ်များတွင် ပြောင်းပြန်ဖြစ်နေပါက၊ လမ်းကြောင်းသည်လည်း ပြောင်းပြန်ဖြစ်နိုင်သည်။ အမှတ် 1 တွင်၊ correction ပြင်ဆင်မှုအပြီး လမ်းကြောင်းသည် ဆက်လက်ရှိနေပြီး အချက်ပြမှုအတွက်အတည်ပြုချက်လိုအပ်ပါသည်။ အမှတ် 2,3 နှင့် 6 တွင် အချက်ပြမှုများသည် ရှင်းလင်းပြီး အခြေအနေသုံးခုစလုံးတွင် လမ်းကြောင်း ပြောင်းပြန်ဖြစ်ပေါ်ခဲ့သည်။ အမှတ် 4 ၌ အချက်ပြမှု မှားယွင်းနေသည်။ အမှတ် 5 တွင်၊ စျေးကွက်သည် ဦးတည်ချက်ပျောက်နေသောကြောင့် အချက်ပြမှု ကိုကျွန်ုပ်တို့မစဉ်းစားပါ။

Mass Index အတွက် သင့်လျော်သည်များမှာ -

  • Scalping, swing trading, တနေ့တာကုန်သွယ်ရေးဗျူဟာများ။ ကာလရှည်ကုန်သွယ်မှုစနစ်များတွင် အသုံးနည်းသည်။ စျေးကွက် ဦးတည်ချက်ပျောက်နေချိန်တွင် အလုပ်မလုပ်ပါ။
  • M15 နှင့်အထက် timeframes များ ။
  • မည်သည့်ကုန်သွယ်ရေးအမျိုးအစားမဆို အသုံးပြုနိုင်သည်။

ဇယားဖွဲ့စည်းမှုပုံစံများနှင့် oscillators များနှင့်အတူ လမ်းကြောင်းပြညွှန်ပြချက်ကိရိယာများ ပေါင်းစပ်ခြင်း၏ သဘောတရားများကို သိရှိသော အတွေ့အကြုံရှိကုန်သည်များအတွက် အကြံပြုထားပါသည်။

Triple Exponential Average (TRIX)

အမျိုးအစား - အချက်ပြစောခြင်း

Trend oscillator TRIX သည် အကြိမ်ပေါင်းများစွာ exponential moving average smoothed အား အဆင့်မြှင့်တင်မှုတစ်ခုဖြစ်သည်။ ၎င်းသည် TEMA ညွှန်ပြချက်နှင့် ဆင်တူသည်။ အချက်ပြနောက်ကျခြင်းကို ဖယ်ရှားနိုင်သည်အထိဖြစ်သည်။

တွက်ချက်မှုဖော်မြူလာ-

EMA1 (i) = EMA(N, i), where N period.

EMA2 (i) = EMA (EMA1 (N, i))

EMA3 (i) = EMAA (EMAA2 (N, i))

TRIX = (EMA3 (i) - EMA3 (i-1)) / EMA3 (i-1)

အသုံးချပုံ ဥပမာ -

LiteFinance: Triple Exponential Average (TRIX)

TRIX သည် သုညမျဉ်းကိုဖြတ်သောအခါ၊ ၎င်းသည် လမ်းကြောင်းပြောင်းပြန်လှန်ခြင်းကို အချက်ပြသည်။ ညွှန်ပြချက် မြင့်တက်လာသောအခါ၊ အချက်ပြမှုကို အခြားကိရိယာများဖြင့်လည်း အတည်ပြုပေးမည်ဆိုပါက လမ်းကြောင်းသည် မြင့်တက်သင့်သည်။ အဆင်းလမ်းကြောင်းအတွက်လည်း တူညီသောနိယာမ ဖြစ်ပြီး ညွှန်ပြချက်သာလျှင်ကျဆင်းရမည်ဖြစ်သည်။

ဤ ကိရိယာအတွက် သင့်လျော်သည်များမှာ

  • Scalping, ကာလတို နှင့် တနေ့တာကုန်သွယ်ရေးဗျူဟာများ။
  • M5 မှ H1 အထိ timeframes များ ။
  • ငွေကြေးအတွဲများ ။ Major ငွေကြေးအတွဲများတွင် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်သည်။

TRIX ညွှန်ပြချက်သည် တက်ကြွသောကုန်သွယ်မှုပုံစံဖြင့် ကုန်သွယ်သည့် ပရော်ဖက်ရှင်နယ်ကုန်သည်များ အတွက် စိတ်ဝင်စားဖွယ်ဖြစ်လိမ့်မည်ဖြစ်သည်။ Classic oscillator များအစား ၎င်းကို သုံးနိုင်သည်။

Vortex Indicator (VI)

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Vortex Indicator သည် စျေးနှုန်းလမ်းကြောင်း၏ အစကို ခွဲခြားသတ်မှတ်ခြင်း သို့မဟုတ် လက်ရှိလမ်းကြောင်းကို အတည်ပြုပေးသည့် လမ်းကြောင်းပြ oscillator ကိရိယာတစ်ခုဖြစ်သည်။ Vortex Indicator သည် ရွေ့လျားနေသည့်နှစ်ကြောင်းကို ပုံဖော်ထားပြီး၊ တစ်လိုင်းသည် အတက်လမ်းကြောင်း (VI+) ကို ဖော်ထုတ်ရန်နှင့် နောက်တစ်လိုင်းသည် အဆင်းလမ်းကြောင်း (VI-) ကို ဖော်ထုတ်ရန်ဖြစ်သည်။

တွက်ချက်မှုဖော်မြူလာ -

iVIP = High(i) - Low(i-1)

iVIM = Low(i) - High(i-1)

လိုင်းနှစ်လိုင်းစလုံးအတွက်၊ ညွှန်ပြချက်သည် လက်ရှိစျေးနှုန်းနှင့် ယခင်ကာလ၏စျေးနှုန်းကို နှိုင်းယှဉ်သည်။ ပကတိတန်ဖိုးကို ထည့်သွင်းစဉ်းစားသည်။

sVIP = SMA (iVIP, P)

sVIM = SMA (iVIM, P)

sATR = SMA (ATR, P)

P သည် ဆက်တင်များတွင် သတ်မှတ်ထားသော ကာလဖြစ်သည်။ SMA သည် simple moving average တစ်ခုဖြစ်သည်။ ATR သည် မတည်ငြိမ်မှု ညွှန်ပြချက်ဖြစ်သည်။

+VI = sVIP/sATR

-VI = sVIM/sATR

အသုံးချပုံ ဥပမာ -

LiteFinance: Vortex Indicator (VI)

ညွှန်ပြချက်လိုင်းများဖြတ်သွားသောအခါ အချက်ပြမှုတစ်ခုရှိလာသည်။ VI+ သည် ဖြတ်ကျော်ပြီးနောက် မြင့်တက်လာပါက၊ လမ်းကြောင်းသည် တက်မည်ဖြစ်သည်၊ ကျသွားပါက၊ လမ်းကြောင်းသည် ကျဆင်းမည်ဖြစ်သည်။ ဇယားရှိ အဝါရောင်မျဉ်းသည် VI+ ဖြစ်သည်။ မျဉ်းနှစ်ကြောင်းလုံး ရေပြင်ညီအတိုင်း ရွေ့လျားနေသည့်အချိန်များကို ထည့်သွင်းစဉ်းစားခြင်းမရှိပါက အချက်ပြမှုအားလုံးသည် အတော်လေး တိကျမှုရှိပါသည်။

ဤ ကိရိယာအတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းနောက်လိုက်ခြင်း၊ အလယ်အလယ်ကာလနှင့် ကာလရှည် ကုန်သွယ်ရေးဗျူဟာများ ။ ၎င်းသည် မှားယွင်းသော အချက်ပြမှုများ အများအပြား ပေးပို့သောကြောင့် အပိုကိရိယာများကို ထည့်သွင်းအသုံးပြုပါ။
  • H1 နှင့် အထက် timeframes များ ။
  • ငွေကြေးအတွဲများ ၊ စတော့ရှယ်ယာများ ၊ ခရစ်ပတိုငွေကြေးများ။

Oscillator များ၏ အမှန် နှင့် အမှား ပြသသော အချက်ပြမှုများကြား ခွဲခြားနိုင်သည့် အတွေ့အကြုံ အတိုင်းအတာတစ်ခုရှိသော ကုန်သည်များအတွက် သင့်လျော်သည်။

Bill Williams Awesome Oscillator

အမျိုးအစား - အချက်ပြစောခြင်း

The Awesome Oscillator သည် moving averages convergence/divergence အပေါ် အခြေခံထားသည်။ ညွှန်ပြချက်ကို ဟစ်စတိုဂရမ်အဖြစ် ပြသသည်။ Awesome oscillator သည် လမ်းကြောင်း ၏ pivot အမှတ်များကို ဆုံးဖြတ်ရန် ကူညီပေးသည်။ ၎င်းသည် MACD နှင့်ဆင်တူသည်၊ သို့သော် ကွာခြားချက်အချို့ရှိသည်- AO တွင် အချက်ပြလိုင်း မရှိပါ။ တွက်ချက်မှုသည် အပိတ်စျေးနှုန်းမဟုတ်ဘဲ ပျမ်းမျှစျေးနှုန်းပေါ်တွင် အခြေခံထားသည်။

တွက်ချက်မှုဖော်မြူလာ -

AO = SMA (Median Price, 34) - SMA (Median Price, 5)

LiteFinance တာမင်နယ် တွင်၊ သင်သည် moving averages ကာလကို ပြောင်းလဲနိုင်သည်။

သိမှတ်ဖွယ် ဥပမာ -

LiteFinance: Bill Williams Awesome Oscillator

အချက်ပြမှုများ -

  1. သုညမျဉ်းကိုဖြတ်ခြင်း- အပေါ်မှအောက်ခြေ-ရောင်းရန်။ အောက်ခြေမှအပေါ် ဝယ်ရန်။
  2. ထိပ်နှစ်ခု- အမြင့်ဆုံးများ နိမ့်ကျသွားပါက ရောင်းပါ။ အနိမ့်ဆုံးများ မြင့်တက်လာလျှင် ဝယ်ပါ။
  3. “ပန်းကန်ပြား” ပုံစံဖြစ်ပေါ်ပါက ဝယ်ရန် ။ ဟစ်စတိုဂရမ်သည် သုညမျဉ်းအထက် အောက်ခြေကို ရေးဆွဲသည်။ ပထမကော်လံသည် အရောင်တစ်မျိုးမျိုးရှိနိုင်သည်၊ ဒုတိယကော်လံသည် အနီရောင်ဖြစ်ပြီး ပထမကော်လံထက်နိမ့်သည်။ တတိယကော်လံသည် အစိမ်းရောင်ဖြစ်ပြီး ဒုတိယကော်လံထက် ပိုမြင့်သည်။
  4. “ပန်းကန်ပြား” ပုံစံဖြစ်ပေါ်ပါက ရောင်းရန်။ ဟီစတိုဂရမ်သည် သုညမျဉ်းအထက် အောက်ခြေကို ဆွဲသည်။ ပထမကော်လံသည် အရောင်တစ်မျိုးမျိုးရှိနိုင်သည်၊ ဒုတိယကော်လံသည် အစိမ်းရောင်ဖြစ်ပြီး ပထမကော်လံထက် ပိုမြင့်သည်။ တတိယကော်လံသည် အနီရောင်ဖြစ်ပြီး ဒုတိယကော်လံထက်နိမ့်သည်။

သုညမျဉ်းအထက်တွင် ထိပ်နှစ်ခုရှိပြီး ဒုတိယအမြင့်ဆုံးသည် ပထမထက်နိမ့်သည်။ AO လိုင်းသည် သုညမျဉ်းကို ဖြတ်သွားသည်၊ ၎င်းသည် အရောင်းအချက်ပြမှုဖြစ်သည်။ ဟစ်စတိုဂရမ် ပိုမြင့်လေ၊ အချက်ပြမှု ပိုအားကောင်းလေဖြစ်သည်။

Awesome Oscillator အတွက် သင့်လျော်သည်များမှာ -

  • မည်သည့်နည်းဗျူဟာအမျိုးအစားမဆိုဖြစ်သည်- တစ်ခါတစ်ရံ၌ အချို့သောဗျူဟာများတွင် AO ကို အဓိကညွှန်ပြချက်အဖြစ် အသုံးပြုပါသည်။ ၎င်းကို scalping တွင် အသုံးချနိုင်သော်လည်း ဤနေရာတွင် တနေ့တာကုန်သွယ်ခြင်းဗျူဟာများထက် ထိရောက်မှုနည်းမည်ဖြစ်သည်။
  • M15 မှ M30 timeframes များ ။
  • ငွေကြေးအတွဲများနှင့် စတော့ရှယ်ယာအားလုံးနီးပါး။ ၎င်းသည် စတော့များကို ရောင်းဝယ်ရန် မူလက ဒီဇိုင်းထုတ်ထားသည်။

Awesome Oscillator သည် စတင်သူများအတွက် ကောင်းမွန်သည်။ ၎င်းသည် အသုံးပြုရလွယ်ကူပြီး ရိုးရှင်းပြီး ပြတ်သားသော အချက်ပြမှုများကိုပေးပို့သည်။ AO သည် MACD နှင့် ကောင်းမွန်စွာ ပေါင်းစပ်ထားပြီး အတည်ပြုကိရိယာအဖြစ် အသုံးပြုထားသည်။

Aroon

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Aroon ညွှန်ပြချက်ကိရိယာသည် ဈေးနှုန်းလမ်းကြောင်း ၏ ကြံ့ခိုင်မှု နှင့် ဦးတည်ချက်၊ လမ်းကြောင်း အပြောင်းအလဲများကို ခွဲခြားသတ်မှတ်ရန် အသုံးပြုသည့် oscillator တစ်ခုဖြစ်သည်။ အညွှန်းလိုင်းသည် 0 နှင့် 100 အကြား ရွေ့လျားနေသည်။ အချက်ပြမှုများ- အပြိုင်လိုင်းများ – စျေးကွက်သည် ဦးတည်ချက်ပျောက်၍ လိုင်းများကို ဖြတ်ကျော်ခြင်းသည် လမ်းကြောင်းပြောင်းသွားသည်ဟု ဆိုလိုသည်။ Aroon up သည် 70% မှ 100% တွင်ရှိနေပါက လမ်းကြောင်းသည် အတက်။ Aroon down သည် 0%-30% တွင်ရှိနေပါက လမ်းကြောင်းသည် အကျ ဖြစ်သည်။

တွက်ချက်မှုဖော်မြူလာ -

Aroon up: (N - H)/N * 100%

Aroon down: (N - L)/N * 100%

N — ဆက်တင်များတွင် သတ်မှတ်ထားသော တွက်ချက်မှုကာလ။ H - ကာလ (candlesticks အရေအတွက်) မြင့်မားပြီးနောက်ဖြစ်ပေါ်သော။ L - နိမ့်ပြီးနောက်ဖြစ်ပေါ်သောကာလ။

အသုံးချပုံ ဥပမာ -

LiteFinance: Aroon

အဝါရောင်လိုင်း Up သည် အပြာလိုင်း Down အထက်တွင်ရှိပြီး လယ်ဗယ် 70 အထက်ဖြစ်ပါက၊ လမ်းကြောင်းသည် အတက်ဖြစ်သည်။ Up line သည် 70 အထက်ဖြစ်ပြီး Down line သည် 30 အောက်ဖြစ်ပါက၊ လမ်းကြောင်းသည် အချိန်မရွေးပြောင်းလဲနိုင်သည်။ Up line သည် နောက်ပြန်လှည့်ပါက၊ လမ်းကြောင်းသည် အားအင်လျော့နည်းနေသည် သို့မဟုတ် အဆုံးသတ်တော့မည်ဟု ဆိုလိုနိုင်သည်။ ကုန်သွယ်မှုတစ်ခုသို့ဝင်ရောက်ရန်အချက်ပြသည်မှာ လိုင်းများဖြတ်သွားသည့်အခါဖြစ်သည်။ အပြာလိုင်းသည် အဝါရောင်ကို လယ်ဗယ် 50 ဝန်းကျင်တွင် ဖြတ်သွားပါက၊ ၎င်းသည် အရောင်းအချက်ပြမှုဖြစ်သည်။ အဝါရောင်မျဉ်းသည် အပြာရောင်ကို အပေါ်ဘက်သို့ ဖြတ်သွားပါက ၎င်းသည် အဝယ်အချက်ပြခြင်း ဖြစ်သည်။

Aroon indicator အတွက် သင့်လျော်သည်များမှာ -

  • ဘေးတိုက်လမ်းကြောင်း၏အဆုံး သို့မဟုတ် လမ်းကြောင်းပြောင်းလဲမှုကို သတ်မှတ်ခြင်း။
  • တနေ့တာ ၊ အလယ်အလတ်ကာလ နှင့် ကာလရှည်ကုန်သွယ်ရေးဗျူဟာများ။ အချက်ပြ နောက်ကျခြင်းနှင့် ခွဲခြမ်းစိတ်ဖြာမှု ရှုပ်ထွေးခြင်းကြောင့် ၎င်းသည် scalping၊ ဘေးတိုက်လမ်းကြောင်း နှင့် swing trading များတွင် အလုပ်မလုပ်ပေ။
  • H1 နှင့်အထက် timeframe များ ။
  • ကုန်သွယ်ရေးအမျိုးအစား အားလုံး ။

Aroon သည် အတွေ့အကြုံရင့်သောကုန်သည်များအတွက် သင့်လျော်သည်။ ညွှန်ပြချက်သည် လိုင်းများ၏တည်နေရာကို လျင်မြန်စွာ ကောက်ချက်ချရန် နှင့် Aroon ဒေတာကို စျေးနှုန်းဇယားနှင့် နှိုင်းယှဉ်ရန် စွမ်းရည်လိုအပ်သည်။ အချက်ပြမှုများသည် အငြင်းပွားဖွယ်ဖြစ်ပြီး အတည်ပြုချက် လိုအပ်ပါသည်။

Bulls power & Bears power

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Bulls power & Bears power oscillator ကို Alexander Elder မှ တီထွင်ခဲ့သည်။ ၎င်းသည် ဝယ်သူများ (bulls) နှင့် ရောင်းသူများ (bears) တို့၏ အင်အားကို ဆုံးဖြတ်သည်။ Elder ၏အဆိုအရ moving average သည် အဝယ်အရောင်းနှစ်ဖက်စလုံးအား ကျေနပ်စေမည့် ပုံသေကာလတစ်ခုအတွင်း ပိုင်ဆိုင်မှုစျေးနှုန်းအပေါ် ဝယ်သူနှင့် ရောင်းချသူများအကြား သဘောတူညီချက်တစ်ခုဖြစ်သည်။ MA ၏ လက်ရှိသွေဖည်မှုသည် bulls သို့မဟုတ် bears များ၏ စွမ်းအားမြင့်တက်မှုကို ဆိုလိုသည်။ အခြေခံဗားရှင်းတွင်၊ ညွှန်ပြချက်သည် EMA (13) ကို အခြေခံထားသည်။

တွက်ချက်မှုဖော်မြူလာ -

Bulls power = High - EMA

 Bears power = Low - EMA

EMA - exponential moving average. High, Low — လက်ရှိ candlestick ၏ လွန်ကဲတန်ဖိုးများ ။

အသုံးချပုံ ဥပမာ -

LiteFinance: Bulls power & Bears power

ညွှန်ပြချက်နှစ်ခုလုံးသည် သုညမျဉ်းအထက်တွင်ရှိပြီး အနုတ်ဧရိယာသို့ ဆင်းသွားသောအခါတွင် အဆင်းလမ်းကြောင်းတွင် အရောင်းအချက်ပြမှုတစ်ခု ပေါ်လာသည်။ ညွှန်ပြချက်နှစ်ခုလုံးသည် သုညမျဉ်းအောက်မှ စတက်လာပြီး သုညမျဉ်းကို အပေါ်ဘက်သို့ချိုးဖျက်လိုက်သောအခါ အတက်လမ်းကြောင်း၌ အဝယ်အချက်ပြမှုတစ်ခု ပေါ်လာသည်။

ညွှန်ပြချက် အတွက် သင့်လျော်သည်များမှာ -

  • တနေ့တာအတွင်းကုန်သွယ်သည့် လမ်းကြောင်းနောက်လိုက်သောဗျူဟာများ။ Oscillator နှစ်ခုလုံးကို လမ်းကြောင်းပြညွှန်ပြချက်ကိရိယာများနှင့်သာ တွဲဖက်အသုံးပြုပါသည်။ ညွှန်ပြချက်သည် swing trading တွင် ထိရောက်မှုနည်းသည်။
  • M30 မှ H1 အထိ timeframes များ။ အချိန်တိုသော timeframses များတွင်၊ ရှင်းလင်းပြတ်သားသောလမ်းကြောင်းမရှိခြင်းကြောင့် မှားယွင်းသောအချက်ပြမှုများ အများအပြား ရှိသည်။ အချိန်ကြာသော timeframes များတွင်၊ ညွှန်ပြချက်သည် နောက်ကျမှုရှိနေပါသည်။
  • ငွေဖြစ်လွယ်မှုမြင့်မားသော ဈေးကွက်များ။ Cross သို့မဟုတ် exotic ငွေကြေးအတွဲများ ကို ရောင်းဝယ်ခြင်းအတွက် အကြံမပြုပါ။

Bulls power & Bears power ညွှန်ပြချက်သည် ကိရိယာမပါသော တနေ့တာကုန်သွယ်မှုဗျူဟာများတွင် oscillator အမျိုးအစားအသစ်များကို ကျွမ်းကျင်စွာ အသုံးပြုလိုသောကုန်သည်များအတွက် စိတ်ဝင်စားစရာ ဖြစ်မည်ဖြစ်သည်။

Accelerator Oscillator

အမျိုးအစား - အချက်ပြစောခြင်း ။

Accelerator Oscillator (AC) သည် လက်ရှိအရှိန်အဟုန်၏ အမြန်နှုန်းကို တိုင်းတာရန် ကုန်သည်များ အား အကူအညီဖြစ်စေသည့် Bill Williams မှ တီထွင်ထားသော ညွှန်ပြချက်တစ်ခုဖြစ်သည်။ AC သည် ယေဘူယျအရှိန်အဟုန်ပြောင်းလဲမှုများမှ ထွက်ပေါ်လာသည့် စျေးနှုန်းပြောင်းလဲမှု အယူအဆအပေါ် အခြေခံသည်။ Oscillator သည် အရှိန်အဟုန်ဖြင့် ဦးတည်ချက်ပြောင်းလဲမှုကို ညွှန်ပြသည်၊ ထို့နောက်တွင် လမ်းကြောင်းပြောင်းသွားမည်ဖြစ်သည်။

တွက်ချက်မှုဖော်မြူလာ -

Median Price = (High + Low)/2

AO (Awesome Oscillator) = SMA (Median Price, 5) - SMA (Median Price, 34)

AC (Accelerator Oscillator) = AO - SMA (AO, 5)

အသုံးချပုံ ဥပမာ -

LiteFinance: Accelerator Oscillator

အချက်ပြမှုများ- ကော်လံများသည် ဗဟိုသုညမျဉ်းအထက် တက်လာသောအခါ အဝယ်အချက်ပြမှုတစ်ခု ပေါ်လာသည်။ သုညမျဉ်းအား ဖြတ်ကျော်မှုသည် အချက်ပြမှုတစ်ခုမဟုတ်ပေ။ သက်ဆိုင်ရာအရောင်၏ အနည်းဆုံး ကော်လံနှစ်ခု (အစိမ်းသည် ဝယ်ရန်၊ အနီ-ရောင်းရန်) ရှိသောအခါတွင် အော်ဒါ ပြုလုပ်နိုင်ပါသည်။ ညွှန်ပြချက်အား တစ်မျိုးတည်းအသုံးပြုပါက မှားယွင်းသော အချက်ပြမှုများ အများအပြားကို ပေးပို့နိုင်သည်။ ဥပမာအားဖြင့်၊ ပုံတွင် ပြထားသည့် အချက်ပြများ 2,4 နှင့် 5 များသည် မှားယွင်းနေပါသည်။

ညွှန်ပြချက် အတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းနောက်လိုက်သောဗျူဟာများ နှင့် swing trading ။ ညွှန်ပြချက်သည် ဈေးကွက်ဦးတည်ချက်မရှိသည့်အချိန်တွင် ထိရောက်မှုနည်းသည်။
  • M15 နှင့်အထက် timeframes များ ။
  • စတော့ရှယ်ယာများနှင့် ခရစ်ပတိုငွေကြေးအပါအဝင် မည်သည့်ဈေးကွက်မဆို အသုံးပြုနိုင်သည်။

Accelerator Oscillator သည် အများသုံး oscillator များနှင့် ပေါင်းစပ်ထားသော ကောင်းမွန်သည့် အပိုကိရိယာတစ်ခုအနေဖြင့် စတင်သူကုန်သည်များအတွက် အကြံပြုထားသည်။

Detrended Price Oscillator

အမျိုးအစား - အချက်ပြစောခြင်း ။

Detrended Price Oscillator ကိုရေတိုလမ်းကြောင်းများကို ခွဲခြမ်းစိတ်ဖြာရန် ဒီဇိုင်းထုတ်ထားသည်။ ၎င်းသည် ခန့်မှန်းညွှန်းကိန်းမဟုတ်ပါ၊ ၎င်းသည်လမ်းကြောင်းကို မသတ်မှတ်ပါ။ အညွှန်းကိန်းသည် ကာလရှည်လမ်းကြောင်းများအတွင်း လက်ရှိရေတိုပြင်ဆင်မှုများကို အချက်ပြသည်။ ၎င်းသည် Elliott လှိုင်းသီအိုရီကိရိယာများနှင့် ကောင်းစွာလိုက်ဖက်သည်။

တွက်ချက်မှုဖော်မြူလာ: horizontal zero line – moving average.

DPO(i) = Close(i) - SMA(Close, (i/2 = 1))

Close သည်လက်ရှိ candlestick ၏အပိတ်စျေးနှုန်းဖြစ်ပြီး SMA သည်ဆက်တင်များတွင် သတ်မှတ်ထားသည့် ကာလတစ်ခုအတွက် ရိုsimple moving average ဖြစ်သည်။

အသုံးပြုပုံ ဥပမာ-

LiteFinance: Detrended Price Oscillator

Oscillator လိုင်းသည်သုညမျဉ်းကို ဖြတ်သွားသောအခါ အချက်ပြမှုပေါ်လာသည်။ အကယ်၍လိုင်း တက်သွားပါက အဝယ်အချက်ပြမှုဖြစ်ပြီး ညွှန်ပြချက်ကျသွားပါက အရောင်းအချက်ပြမှုဖြစ်သည်။

ညွှန်ပြချက်အတွက် သင့်လျော်သည်များမှာ -

  • ကာလတိုဗျူဟာအမျိုးအစားအားလုံး၊ scalping နှင့် ကာလတို swing trading ဗျူဟာများ
  • M5 မှ M15 အထိ timeframes များ
  • ခရစ်ပတိုငွေကြေးများ အပါအဝင် ကုန်သွယ်ရေးအမျိုးအစားအားလုံး။

ပြောင်းပြန်လှန်နိုင်သည့်ကုန်သွယ်ရေးအနေအထားများ (သို့မဟုတ်) လော့ခ်ချ၍ ရောင်းဝယ်ခြင်း ကိုနှစ်သက်သော အတွေ့အကြုံရှိ ကုန်သည်များအတွက် ဤကိရိယာကိုအကြံပြုပါသည်။

Chande Momentum Oscillator

အမျိုးအစား - အချက်ပြစောခြင်း

Chande Momentum Oscillator သည်စျေးကွက်အရှိန်အဟုန် ပြောင်းလဲမှုနှုန်းကိုတိုင်းတာသည်။ အခြား oscillator များနှင့်မတူဘဲ CMO သည် – 100 နှင့် +100 အကွာအဝေးတွင်ရွေ့လျားသည်။ အဝယ်လွန်ခြင်းနှင့် အရောင်းလွန်သော ဇုန်များသည် 50 အထက်နှင့် -50 အောက် စသဖြင့် ကိုက်ညီမည်ဖြစ်သည်။

တွက်ချက်မှုဖော်မြူလာ

CMO = (P(u) - P(d)) / (P(u) + P(d)) * 100%

P(u) သည် လက်ရှိအပိတ်ဈေးနှုန်းနှင့် ယခင်တစ်ခုကြားကွာခြားချက်ဖြစ်သည်။ P(d) သည်လက်ရှိနှင့် ယခင် candlestick ကြားခြားနားချက်၏ ပကတိတန်ဖိုးဖြစ်သည်။

အသုံးပြုပုံ ဥပမာ-

LiteFinance: Chande Momentum Oscillator

အကယ်၍ညွှန်ပြချက်လိုင်းသည် +50 အထက် (သို့မဟုတ်) -50 အောက်ဖြစ်ပါက လမ်းကြောင်းသည် ပြောင်းပြန်ဖြစ်နိုင်ခြင်း (သို့မဟုတ်) ဦးတည်ချက်ပျောက်နိုင်သည်။ အချိန်ကာလပိုကြာလေ ညွှန်ပြသည့်ကာလသည်လည်း ပိုရှည်သင့်သည်။

ညွှန်ပြချက်အတွက် သင့်လျော်သည်များမှာ -

  • တနေ့တာအချိန်ဖြင့် လမ်းကြောင်းနောက်လိုက်သောဗျူဟာများ နှင့် ကာလရှည်ဗျူဟာများ၊ ၎င်းသည်အသုံးချမှုအရ RSI နှင့်ဆင်တူသည်။
  • H4 မှ D1 timeframes များ
  • ငွေကြေးအတွဲများအပါအဝင် cross ငွေကြေးအတွဲများ။ စတော့ရှယ်ယာ (သို့မဟုတ်) ကုန်စည်ဈေးကွက်များတွင် အသုံးနည်းသည်။

Fisher Transform Oscillator

အမျိုးအစား - အချက်ပြစောခြင်း

Fisher Transform Oscillator သည် pivot အမှတ်များကို ဆုံးဖြတ်ပြီး စျေးနှုန်းများအား Gaussian normal distribution အဖြစ်သို့ပြောင်းလဲသည်။ ။

တွက်ချက်မှုပုံသေနည်း တွက်ချက်မှုသည် ယခင်ရက်များ၏ daily timeframe ရှိ လွန်ကဲစျေးနှုန်း အပေါ်အခြေခံ၍ Fisher transformation အား လက်ရှိစျေးနှုန်းနှင့် ယခင်ကာလအကြား စျေးနှုန်းအလွန်အကျွံဆက်စပ်မှုဖြင့် အသုံးပြုထားသည်။

အသုံးပြုပုံ ဥပမာ -

LiteFinance: Fisher Transform Oscillator

အညွှန်းမျဉ်းသည် အလျားလိုက်အစက်ချမျဉ်းဖြင့် အမှတ်အသားပြုထားသည့် သုညမျဉ်းတစ်ဝိုက်တွင် ဖော်ပြသည်။ သုညလယ်ဗယ်၏တစ်ဖက်တစ်ချက်ရှိ အခြားအစက်ချမျဉ်းများသည် ဖြစ်နိုင်ချေရှိသော အဓိကပွိုင့်များကိုညွှန်ပြသည်။ လိုင်းများ၏တည်နေရာသည် ဆက်တင်များတွင် သတ်မှတ်ထားသည့် ကာလအတိုင်းပြောင်းလဲပါသည်။ အချက်ပြမှုများထဲမှတစ်ခုသည် 1.5 နှင့် -1.5 လယ်ဗယ်များနှင့် ဆက်စပ်နေသော oscillator လိုင်း၏တည်နေရာဖြစ်သည်။ အကယ်၍လိုင်းနှစ်လိုင်းလုံးသည် 1.5 အထက်တွင်ရှိပြီး စတင်ကျဆင်းလာပါက ၎င်းသည်အရောင်းအချက်ပြမှုဖြစ်သည်။ လိုင်းနှစ်လိုင်းလုံးသည် -1.5 အောက်တွင်ရှိပြီး စတင်တက်လာပါက အဝယ်အချက်ပြမှုဖြစ်သည်။

ညွှန်ပြချက်အတွက် သင့်လျော်သည်များမှာ -

  • တနေ့တာအတွင်းကုန်သွယ်သည့် လမ်းကြောင်းပြဗျူဟာများ။ သို့သော် တနေ့တာအတွင်းပြုလုပ်သည့် swing trading အတွက်အသုံးနည်းသည်။
  • M30 မှ H1 အထိ timeframes များ။ မှားယွင်းသောအချက်ပြမှု အများအပြားကြောင့် H4 ထက် ပိုရှည်သော timeframe များတွင်ကိရိယာကို အသုံးပြုရန် တီထွင်သူမှ အကြံပြုထားခြင်းမရှိပါ။
  • မည်သည့် ကုန်သွယ်ရေးဈေးကွက်မဆို အသုံးပြုနိုင်သည်။

Ultimate Oscillator

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Ultimate Oscillator သည် 0 နှင့် 100 ကြားတွင်ပြောင်းလဲနိုင်သော တန်ဖိုးတစ်ခုပါရှိသည့် အကွာအဝေး-ဘောင် ဖြင့် ညွန်ပြသည့် ညွှန်ပြချက်တစ်ခုဖြစ်သည် ။ UO သည် ယခင်ကာလသုံးကြိမ်၏ စျေးနှုန်းများနှင့် လက်ရှိစျေးနှုန်းများကို နှိုင်းယှဉ်ခြင်းဖြင့် စျေးကွက် ၏ အဝယ်လွန်နှင့်အရောင်းလွန်ဇုန်များကို သတ်မှတ်သည်။

တွက်ချက်မှု ဖော်မြူလာ: ၎င်းသည် weighted moving average အပေါ် အခြေခံထားသည့် ရှုပ်ထွေးသော ဖော်မြူလာပါဝင်သည်။

အသုံးပြုပုံ ဥပမာ-

LiteFinance: Ultimate Oscillator

အချက်ပြမှုများ- အဝယ်လွန်ဇုန်/အရောင်းလွန်ဇုန်ရှိ ပြောင်းပြန်လှန်မှုသည် အပိုင်းအခြား၏အလယ်သို့ ဦးတည်နေခြင်းသည် အရောင်းအဝယ်ဝင်ရန် အချက်ပြမှုတစ်ခုဖြစ်သည်။ နောက်ထပ်အချက်ပြမှုမှာ divergence ဖြစ်သည်။

ညွှန်ပြချက်အတွက် သင့်လျော်သည်များမှာ -

  • ရေရှည်ဗျူဟာများအတွက် သင့်လျော်သည်။
  • H1 နှင့် အထက်ပိုကြာသော timeframe များ။
  • ငွေကြေးအတွဲများ။

နည်းပညာဆိုင်ရာကိရိယာအသစ်များနှင့် အကျွမ်းတဝင်ရှိလိုသော ပရော်ဖက်ရှင်နယ်ကုန်သည်များအတွက် UO ကို အကြံပြုထားသည်။ Ultimate Oscillator သည် မှားယွင်းသော အချက်ပြမှုများ ပေးပို့သောကြောင့် ဆက်တင်များကို အဆက်မပြတ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် လိုအပ်ပါသည်။ ၎င်းသည်ဇယားပုံစံများနှင့် လမ်းကြောင်းပြကိရိယာများကဲ့သို့ ဖြည့်စွက်ကိရိယာများကို အသုံးပြု၍ အချက်ပြမှုများကို မှန်ကန်စွာ ကောက်ချက်ချနိုင်လျှင် ကောင်းမွန်စွာလုပ်ဆောင်နိုင်သည်။

Volatility Indicators

Volatility indicators များသည် ဆက်တင်များတွင် သတ်မှတ်ထားသည့် ကာလတစ်ခုအတွက် ပိုင်ဆိုင်မှုတန်ဖိုး၏ ပျမ်းမျှဦးတည်ချက်တန်ဖိုးမှ မည်မျှဝေးကွာသွားသည်ကို တိုင်းတာသည်။ Timeframes များစွာကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် လမ်းကြောင်းနောက်လိုက်သောဗျူဟာများနှင့် ချန်နယ်ဖြင့် ကုန်သွယ်သောဗျူဟာများတွင် ၎င်းကိုအသုံးပြုသည်။။

  • လမ်းကြောင်းနောက်လိုက်သော ညွှန်ပြချက်ကိရိယာများ။ Candlesticks ၏ သေးငယ်သောအကွာအဝေးအတွင်းဖြစ်သော မတည်ငြိမ်မှုကို ပိုရှည်သော timeframe များတွင် ပိုင်းခြားစိတ်ဖြာထားသည်။ ပိုတိုသော timeframes များ၌ လက်ရှိအခိုက်အတန့် ၏ စျေးနှုန်းဖြင့် အကျုံးဝင်သော အကွာအဝေးကို ခန့်မှန်းသည်။
  • ချန်နယ်ညွှန်ပြချက်များ။ ချန်နယ်များကို ပျမ်းမျှတန်ဖိုးမှ စျေးနှုန်းသွေဖည်မှု၏ လွန်ကဲသောအမှတ်များနှင့်အတူ တည်ဆောက်ထားသည်။ ချန်နယ်ပိုကျယ်လေ၊ မတည်ငြိမ်လေဖြစ်သည်။ ကျဉ်းမြောင်းသောလမ်းကြောင်းဆိုသည်မှာ စျေးကွက် အရောင်းအ၀ယ်ငြိမ်နေခြင်းကို ဆိုလိုသည်။ ချန်နယ်ကုန်သွယ်မှုစနစ်များကို ဗျူဟာနှစ်မျိုးခွဲနိုင်သည်။ ပထမအမျိုးအစားသည် ချန်နယ်ခွဲထွက်မှုနှင့် လမ်းကြောင်း၏အစပြုမှုအပေါ် အခြေခံထားသည်။ ဒုတိယတစ်ခုက ချန်နယ်နယ်နိမိတ်မှ ပြန်တက်လာပြီးနောက် စျေးနှုန်းသည် ချန်နယ်၏ဗဟိုသို့ ပြန်သွားခြင်း ဖြစ်သည်။

နမူနများ - Bollinger bands, ATR, standard deviation.

Bollinger Bands

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Bollinger Bands သည် oscillator ၏အင်္ဂါရပ်များနှင့် မတည်ငြိမ်မှုတိုင်းတာသည့်ကိရိယာ ကိုပေါင်းစပ်ထားသော ချန်နယ်ညွှန်ပြချက်တစ်ခုဖြစ်သည်။။ ညွှန်ပြချက်ကို standard deviation ပုံသေနည်းအရ တိုင်းတာသည့် အကွာအဝေးအတွင်း moving average ၃ လိုင်းဖြင့် ဖွဲ့စည်းထားသည်။။ Bollinger Bands ညွှန်ပြချက်ကို အမျိုးအစားနှစ်မျိုးရှိသော ချန်နယ်ဗျူဟာများတွင် အသုံးပြုသည်၊ ချန်နယ် မှခွဲထွက်ကာ လမ်းကြောင်းနောက်လိုက်သော ကုန်သွယ်ရေးဗျူဟာနှင့်ချန်နယ်နယ်နိမိတ်များမှ စျေးနှုန်းသည် ပျမ်းမျှစျေးနှုန်းတန်ဖိုးသို့ ပြန်တက်လာခြင်း အခြေအနေများ ဖြစ်သည်။

တွက်ချက်မှုပုံသေနည်း-

BB middle line = SMA (Close, N)

SMA - ဆက်တင်များတွင် သတ်မှတ်ထားသည့် ကာလအတွက် အပိတ်စျေးနှုန်းများ၏ ပျမ်းမျှတန်ဖိုး။

BB channel lines = SMA +/- StdDev

StdDev = (Close - (SMA, N))2N

LiteFinance: Bollinger Bands

Close သည် အတွဲလိုက်ဖြစ်သော candlesticks များ၏ အပိတ်စျေးနှုန်းဖြစ်သည်။ (SMA, N) သည် sequence ၏ အပိတ်စျေးနှုန်းများ၏ ပျမ်းမျှတန်ဖိုးဖြစ်သည်။ N သည်ကာလဖြစ်သည်။

အသုံးပြုပုံ ဥပမာ-

LiteFinance: Bollinger Bands

candlesticks အတိုများပါရှိသော ကျဉ်းမြောင်းသောချန်နယ်သည် ဘေးတိုက်လမ်းကြောင်းကို ညွှန်ပြသည်။ အကယ်၍ candlestick သည် ချန်နယ်ကို ဖောက်ထွက်သွားပါက စျေးနှုန်းသည်ချန်နယ် (သို့မဟုတ်) ၎င်း၏ ဆန့်ကျင်ဘက်နယ်နိမိတ်ဆီသို့ ဦးတည်သွားဖွယ်ရှိသည်။ စည်းမျဉ်းသည် အမြဲတမ်း အလုပ်မဖြစ်ပါ၊ ထို့ကြောင့် ထပ်ပေါင်းကိရိယာများ၊ oscillators နှင့် Price Action ကို အသုံးပြု၍ ပြောင်းပြန်လမ်းကြောင်း၏ အလားအလာကို ခန့်မှန်းရန် လိုအပ်ပါသည်။

Bollinger Bands indicator အတွက် သင့်လျော်သည်များမှာ -

  • ဈေးကွက်ငြိမ်နေသည့် အခြေအနေအပါအဝင် မည်သည့်ကုန်သွယ်ရေးဗျူဟာမဆို အသုံးပြုနိုင်သည်။ လမ်းကြောင်းနောက်လိုက်သည့် ချန်နယ်ဖြင့်ကုန်သွယ်သော စနစ်များအတွက် အကြံပြုထားသည်။
  • H1 နှင့်အထက် timeframes များ
  • မတည်ငြိမ်မှု မြင့်မားသော(သို့မဟုတ်) အလယ်အလတ်အခြေအနေရှိသော ငွေကြေးအတွဲများ။ သို့သော် စတော့ရှယ်ယာရောင်းဝယ်ရေးတွင် အသုံးနည်းသည်။

Bollinger Bands များကို ကျွမ်းကျင်မှုအဆင့်တစ်ရပ်ရှိသော မည်သည့်ကုန်သည်မဆို အသုံးပြုရန် အကြံပြုနိုင်ပါသည်။ Moving averages များနှင့် အကျွမ်းတဝင်ရှိပြီးနောက် လေ့ကျင့်မှုစတင်သူများအတွက် ၎င်းကို အသုံးပြုနိုင်သည်။

Bollinger Bands Width

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Bollinger Bands Width သည် BB ညွှန်ပြချက်၏ အထက်နှင့်အောက် standard deviations များကြားရှိ အကွာအဝေးကိုပြသသည့် Bollinger Bands မှရရှိသော နည်းပညာဆိုင်ရာညွှန်ပြချက်တစ်ခုဖြစ်သည်။ ၎င်းသည် စျေးနှုန်းဇယားအောက်တွင် တည်ရှိပြီး မျဉ်းတစ်ကြောင်းဖြစ်ကာ အနိမ့်ဆုံးတန်ဖိုးသည် 0 အထက် အမြဲရှိနေသည်။ စျေးကွက်မတည်ငြိမ်မှုပိုများလေ Bollinger bands များကြားအကွာအဝေးသည် ပိုများပြီး BBW တန်ဖိုးသည် ပိုမိုမြင့်မားမည်ဖြစ်သည်။

တွက်ချက်မှုပုံသေနည်း- BB ညွှန်ပြချက်၏ အထက်နှင့် အောက် လိုင်းများကြား ကွာခြားချက်။

အသုံးပြုပုံ ဥပမာ-

LiteFinance: Bollinger Bands Width

ကျွန်ုပ်တို့သည် ပုံကြီးချဲ့ပြထားသောဇယားတွင် အနိမ့်မှတ်နှစ်ခု(သို့မဟုတ်)သုံးခုတစ်လျှောက်၌ ရေပြင်ညီ BBW လယ်ဗယ် ကို ရေးဆွဲသည်၊ ညွှန်ပြချက်သည် မျဉ်းမှ မကြာခဏ ပြန်ပြန်တက်လာသည်။ ထိုသို့ဈေးနှုန်းပြန်ပြန်တက်လာပြီးနောက် candlesticks တစ်ခု (သို့မဟုတ်) နှစ်ခုဖြစ်ပေါ်လျှင် လမ်းကြောင်းဦးတည်ချက်အတိုင်း အရောင်းအဝယ်တစ်ခုကို ကျွန်ုပ်တို့ ဖွင့်ထားလိုက်သည်။ မှားယွင်းသောအချက်ပြမှုများဖြစ်ပေါ်တက်သောကြောင့် ကျဉ်းမြောင်း၍ဈေးကွက်ငြိမ်နေသော ချန်နယ်မှ BBW သို့ပြန်တက်သောအခါမှသာ အရောင်းအ၀ယ်ဖွင့်ရန် အကြံပြုလိုပါသည်။

The BBW အတွက် သင့်လျော်သည်များမှာ -

  • ချန်နယ်ညွှန်ပြချက်အပေါ် အခြေခံသည့် လမ်းကြောင်းနောက်လိုက်သော မည်သည့်ကုန်သွယ်ရေး ဗျူဟာမဆို အကြံပြုထားသည်။
  • H1 နှင့်အထက် timeframes များ
  • မတည်ငြိမ်မှု မြင့်မားသော ငွေကြေးအတွဲများ။

BBW သည် ချန်နယ်ဖြင့်ကုန်သွယ်သောဗျူဟာ များနှင့် အလုပ်လုပ်သော ကျွမ်းကျင်မှုအဆင့်ရှိ မည်သည့်ကုန်သည်များအတွက်မဆို သင့်လျော်သော ကောင်းမွန်သည့် ထပ်ပေါင်းကိရိယာတစ်ခု ဖြစ်သည်။

Keltner channel

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Keltner channel သည် ဗဟို EMA လိုင်းနှင့်ဆက်စပ်သော စျေးနှုန်းလှုပ်ရှားမှုများ၏ လမ်းကြောင်းကို ရေးဆွဲသည်။ Keltner channel သည် စျေးနှုန်းသွားရာနောက် မလိုက်သောကြောင့် ချန်နယ်နယ်နမိတ် အားဖြတ်သွားချိန်တွင် အားကောင်းသောစျေးနှုန်းလှုပ်ရှားမှုကို တောက်လျှောက်ပြသသည်။

တွက်ချက်မှုဖော်မြူလာ-

TP (Typical price) = (High(i) + Low(i) + Close(i))/3

Range = High(i) - Low(i)

True Range(i) = Max (High(i), Close(i-1)) - Min (Low(i), Close(i-1)

Middle Line = EMA (TP,n) - ပုံမှန်စျေးနှုန်း၏ exponential moving average

Up Line = Middle Line + k*EMA(True Range(i), n)

Down Line =Middle Line - k*EMA(True Range(i), n)

k သည်ဆက်တင်များတွင် သတ်မှတ်ထားသော သွေဖည်မှုကိန်း (မြှောက်ဖော်ကိန်း) ဖြစ်ပြီး၊ i သည် လက်ရှိစျေးနှုန်း၊ n သည် ခွဲခြမ်းစိတ်ဖြာထားသော candlesticks အရေအတွက် ကာလဖြစ်သည်။

အသုံးပြုပုံ ဥပမာ -

LiteFinance: Keltner channel

အစောပိုင်းအချက်ပြမှုမှာ ချန်နယ်မှ ဖောက်ထွက်ခြင်းဖြစ်သည်။ ပိတ်ပြီးသော candlestick ၏ ကိုယ်ထည်သည် ချန်နယ်ကိုကျော်လွန်သောအခါ ပိုမိုအားကောင်းသည့်အချက်ပြမှုဖြစ်သည်။။ အကယ်၍ candlestick ၏ အစိတ်အပိုင်းတစ်ခုသည် ချန်နယ်အတွင်းတွင်ရှိနေပါက၊ နောက် candlestick ကို စောင့်ပါ၊ တူညီသောအရောင်ရှိရမည်။ အားကောင်းသော ဈေးနှုန်းလမ်းကြောင်းရွေ့လျားမှု မှာ အားနည်းလာသောအခါ (သို့မဟုတ်)စျေးနှုန်းသည် ချန်နယ်ထဲသို့ပြန်သွားသည့်အခါတွင် အရောင်းအဝယ်ကို ပိတ်ထားလိုက်သည်။ ညွှန်ပြချက်သည် candlestick တစ်ချောင်း မှ သုံးချောင်း၏ လက်ရှိလှုပ်ရှားမှု နှင့် ရေရှည်လမ်းကြောင်းများကို ဖော်ထုတ်ရန် ကူညီပေးသည်။ အထက်ဖော်ပြပါဇယားတွင် အနီရောင်မျဉ်းများသည် အကျိုးအမြတ်ရသည့်အချက်ပြမှုများ ဖြစ်ပြီး အပြာရောင်များမှာ- မှားယွင်းခြင်းကို အမှတ်အသားပြုသည်။

ညွှန်ပြချက်အတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းနောက်လိုက်သော ချန်နယ်သုံးကုန်သွယ်ရေးဗျူဟာများ နှင့် swing trading ။ Keltner ချန်နယ်သည် အရောင်းအ၀ယ်အေးနေချိန်တွင် အလုပ်မလုပ်ပါ။ ၎င်းကို scalping လုပ်ရန် အကြံမပြုပါ။ ညွှန်ပြချက်ကို တနေ့တာကုန်သွယ်သည့်ဗျူဟာများတွင် မကြာခဏအသုံးပြုကြပြီး၊ ရေရှည်ဗျူဟာများတွင်လည်း မကြာခဏအသုံးပြုလေ့ရှိသည်။
  • M30 နှင့် အထက် timeframes များ
  • မည်သည့်ကုန်သွယ်ရေးအမျိုးအစားမဆိုအသုံးပြုနိုင်သည်- ငွေကြေးအတွဲများ၊ ခရစ်ပတို ငွေကြေးများ၊ စတော့ရှယ်ယာ CFD နှင့် ကုန်စည်များ။

Keltner channel သည် အကောင်းဆုံး Forex အညွှန်းကိန်းများထဲမှ တစ်ခုအဖြစ် စတင်သူကုန်သည်များကို အကြံပြုထားသည်။ အခြားအလားတူကိရိယာများနှင့်မတူညီဘဲ Keltner channel သည် စျေးနှုန်းနောက် ကိုချက်ချင်းမလိုက်သောကြောင့် ၎င်းချန်နယ်၏ ဖောက်ထွက်ခြင်းဆိုင်ရာအချက်ပြမှုများကို အလွယ်တကူနှင့် တိကျစွာ ကောက်ချက်ချနိုင်သည်။ ၎င်းသည် ကုန်သွယ်မှုစနစ်၏ အဓိကကိရိယာတစ်ခုဖြစ်နိုင်သည်။ ကိရိယာသည် oscillators နှင့် ကောင်းစွာလိုက်ဖက်ပြီး အချက်ပြမှုကို အတည်ပြုသည့်။ ဥပမာ - RSI။

Average True Range

အမျိုးအစား - အချက်ပြနောက်ကျခြင်း

ATR ညွှန်ပြချက်သည် မတည်ငြိမ်မှုအခြေအနေကို တိုင်းတာသည်။ ၎င်းကို ပုံသေအကွာအဝေးဖြင့် ကန့်သတ်မထားဘဲ လက်ရှိတန်ဖိုးများကို ယခင်တန်ဖိုးများနှင့် နှိုင်းယှဉ်ပါသည်။ ATR တန်ဖိုးများ မြင့်မားလေ၊ မတည်ငြိမ်မှု မြင့်မားလေ၊ စျေးနှုန်းပြောင်းလဲမှု မြန်ဆန်လေဖြစ်သည်။ ATR သည် လမ်းကြောင်း ဦးတည်ချက်ကို မညွှန်ပြပါ။

တွက်ချက်မှုပုံသေနည်း ညွှန်ပြချက်သည် TR ကို တွက်ချက်သည်-

Version 1 = High(i) - Low(i)

Version 2 = Close(i) - High(i-1)

Version 3 = Close(i) - Low(i-1)

ATR = Moving Average (TR, m)

MA သည် ပျမ်းမျှတန်ဖိုးများအားလုံးကို ကိုယ်စားပြုသည်၊ TR သည် ရရှိထားသောခြားနားချက်များ၏ အကြီးဆုံးပကတိတန်ဖိုးဖြစ်ပြီး m သည် တွက်ချက်မှုကာလဖြစ်သည်။

အသုံးပြုပုံ ဥပမာ-

LiteFinance: Average True Range

ATR တန်ဖိုး သိသိသာသာ မြင့်တက်လာခြင်းသည် မတည်ငြိမ်မှု တိုးလာခြင်းကို ဆိုလိုသည်။ လမ်းကြောင်းပြောင်းရွေ့လျားမှု၏ထောင့်သည် 90% နီးပါးဖြစ်လာပြီး candlestick ကိုယ်ထည်များ၏အရှည် တိုးလာသည်။

ATR အတွက် သင့်လျော်သည်များမှာ -

  • Timeframes အကြီးများအား ပိုင်းခြားစိတ်ဖြာ၍ မတည်ငြိမ်မှုအခြေအနေကို သတ်မှတ်ပြီး timeframes အသေးသို့ ပြောင်းပါ။ H1-H4 timeframes များတွင် အရောင်းအဝယ်ပြုလုပ်ရန်အတွက် ကုန်သွယ်မှုဗျူဟာအရ daily timeframes များတွင် အသုံးပြုလေ့ရှိသည်။
  • Scalping, swing trading နှင့် သတင်းအပေါ်အခြေခံ၍ ကုန်သွယ်ခြင်းဗျူဟာဖြင့် မည်သည့်ဈေးကွက်တွင်မဆို အသုံးပြုနိုင်သည်။

သတင်းအချက်အလက်နည်းသောအကြောင်းအရာနှင့် အသုံးချမှုနယ်ပယ်ကျဉ်းမြောင်းခြင်းကြောင့် အသစ်အသစ်သောသူများအတွက် ATR သည် အလွန်အသုံးမဝင်ပါ။

Standard Deviation

အမျိုးအစား - အချက်ပြနောက်ကျခြင်း

The Standard Deviation သည် ၎င်း၏ပျမ်းမျှတန်ဖိုးမှ စျေးနှုန်းသွေဖည်မှုနှုန်းကို တိုင်းတာသည့် မတည်ငြိမ်မှုညွှန်ပြချက်တစ်ခုဖြစ်သည်။ SD တန်ဖိုး ပိုမြင့်လေ၊ လက်ရှိ မတည်ငြိမ်မှု ပိုများလေ၊ လမ်းကြောင်း အားကောင်းလေလေ ဖြစ်သည်။ ညွှန်ပြသည့်လိုင်း ရှည်လေလေ၊ နောက်ပြန်လှည့်ရန် အလားအလာ ပိုများလေဖြစ်သည်။

တွက်ချက်မှုပုံသေနည်း-

LiteFinance: Standard Deviation

N သည် ခွဲခြမ်းစိတ်ဖြာထားသော candlesticks အရေအတွက် ၏ ညွှန်ပြသည့်ကာလ ။ X သည် သတ်မှတ် အကွာအဝေးအတွင်းရှိ candlestick တစ်ခုစီ၏ အပိတ်စျေးနှုန်းဖြစ်သည်။ Xavg သည် နမူနာစျေးနှုန်းများ၏ ပျမ်းမျှကိန်းဖြစ်သည်။ ဖော်မြူလာမှာ standard deviation ဖြစ်သည်။

အသုံးပြုပုံ ဥပမာ-

LiteFinance: Standard Deviation

Standard Deviation တိုးလာခြင်းသည် အတက်လမ်းကြောင်းကိုအတည်ပြုသည်။ မတည်ငြိမ်မှု ကျဆင်းလာသောအခါ SD တန်ဖိုး တက်လာခြင်းနှင့်အတူ အတက်လမ်းကြောင်းဖြစ်သင့်သည့် ဈေးစုစည်းနေသောဇုန်တစ်ခု ပေါ်ပေါက်လာသည်။ ကိရိယာသည် လမ်းကြောင်းဦးတည်ချက်ကို မညွှန်ပြပါ။

Standard Deviation အချက်ပြကိရိယာ အတွက် သင့်လျော်သည်များမှာ -

  • သတင်းထွက်ရှိသည့်အပေါ်အခြေခံသည့် ကုန်သွယ်ရေးဗျူဟာများ ၊ scalping နှင့် swing trading။
  • M30-H1 timeframes များ ။
  • မတည်ငြိမ်မှုမြင့်မားသော ကုန်သွယ်ရေးအမျိုးအစားများ - ခရစ်ပတိုငွေကြေးများနှင့် major ငွေကြေးအတွဲများ ။

စျေးကွက်မငြိမ်မသက်ဖြစ်မှုကို သင်ယူပြီး မတည်မငြိမ်ပြောင်းလဲမှုများအပေါ်အခြေခံသော ကုန်သွယ်မှုဗျူဟာများကို အသုံးချရန်ကြိုးစားနေသည့် စတင်သူကုန်သည်များအတွက် စိတ်ဝင်စားဖွယ်ဖြစ်မည်ဖြစ်သည်၊ ၎င်းကို ပရော်ဖက်ရှင်နယ် ကုန်သည်များက အသုံးပြုခဲသည်။

Chaikin Volatility

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Chaikin Volatility အချက်ပြကိရိယာသည် လွန်ကဲသောစျေးနှုန်းတန်ဖိုးများကြားရှိ အကွာအဝေးပေါ်မူတည်၍ မတည်ငြိမ်မှုကို တိုင်းတာသည်။ ကိရိယာသည် ဈေးနှုန်းပြင်ဆင်မှုတစ်ခုအတွင်း မတည်ငြိမ်မှုများ ကျဆင်း၍ လမ်းကြောင်းစတင်သည့်အခါ တိုးလာသည်ဟူသော အယူအဆအပေါ် အခြေခံထားသည်။ ညွှန်ပြချက်ကို မြင်ကွင်း၏ သီးခြားနေရာတွင် မျဉ်းတစ်ကြောင်းအဖြစ် ပြသထားသည်။ ညွှန်ပြချက်၏ တန်ဖိုးသည် 0 အထက်ဖြစ်ပါက၊ လက်ရှိ မတည်ငြိမ်မှုသည် အခြေခံအဖြစ်သတ်မှတ်ထားသည်ထက် ပိုများသည်။ 0 အောက်တွင်ရှိပါက၊ မတည်ငြိမ်မှုသည် အခြေခံအဖြစ်သတ်မှတ်ထားသော ရည်ညွှန်းအမှတ်ထက် နိမ့်သည်။ "အခြေခံအဖြစ်သတ်မှတ်ခြင်း" ဆိုသည်မှာ ပျမ်းမျှနေ့စဉ် မတည်ငြိမ်မှုတန်ဖိုးကို ဆိုလိုသည်။

တွက်ချက်မှု ဖော်မြူလာ-

HL(i) = High(i) - Low(i) - candlestick ၏ လက်ရှိအမြင့်နှင့် အနိမ့်ကြား ကွာခြားချက်။

HL(i-n) = High(i-n) - Low(i-n) - ပြီးခဲ့သည့် n ကာလ က candlesticks များ၏ အမြင့်နှင့်အနိမ့်ကြား ကွာခြားချက်။

CHV = (MA(HL(i),n) - MA(HL(i-n),n)) / MA(HL(i-n),n) *100%

MA(HL,n) - ဆက်တင်တွင် သတ်မှတ်ထားသည့် n ကာလအတွက် moving average

ကိရိယာအတွက် သင့်လျော်သည်များမှာ -

  • အချက်ပြမှုကို အတည်ပြုရန် လမ်းကြောင်းနောက်လိုက်သော ဗျူဟာများ ။ လမ်းကြောင်း ၏ pivot အမှတ်များကို ဆုံးဖြတ်ရန် ဤကိရိယာကို အသုံးပြုနိုင်သည်။
  • M30-H1 timeframes များ။ အချက်ပြနောက်ခြင်းကြောင့် scalping စနစ် တွင် အလုပ်မလုပ်ပါ။ ဈေးနှုန်းကွာဟချက်ဖြစ်ပေါ်မှုကို ထည့်သွင်းစဉ်းစားခြင်းမရှိသောကြောင့် အဆိုပါကိရိယာကို daily timeframes အတွက် အကြံပြုထားခြင်းမရှိပါ။ သို့သော် တနေ့တာအတွင်း ကုန်သွယ်သည့်ဗျူဟာများတွင် ကောင်းစွာအသုံးချနိုင်သည်။
  • စတော့ နှင့် ခရစ်ပတိုငွေကြေး အပါအဝင် မည်သည့်ဈေးကွက်အမျိုးအစားမဆို အသုံးပြုနိုင်သည်။

Chaikin Volatility Indicator သည် အခြားသော မတည်ငြိမ်မှု အညွှန်းကိန်းများနှင့် အကျွမ်းတဝင်ရှိသော ကုန်သည်များအတွက် စိတ်ဝင်စားဖွယ်ဖြစ်မည်ဖြစ်သည်။ ATR နှင့် နှိုင်းယှဉ်ပါက Chaikin Volatility ညွှန်ပြချက်သည် အချက်ပြများအား ကောက်ချက်ချမှု၏ မတူညီနိုင်မှုများ ပိုများသည်။ ထို့ကြောင့် စတင်သူများအတွက် အနည်းငယ်ရှုပ်ထွေးနိုင်သည်။

Volatility Ratio

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Volatility Ratio အချက်ပြကိရိယာသည် ၎င်း၏ ပျမ်းမျှအကွာအဝေးအမှန်မှ စျေးနှုန်းရွှေ့သွားသည့် အချိန်များကို ဆုံးဖြတ်ပေးသည်၊ ဆိုလိုသည်မှာ ဖောက်ထွက်သည့်အမှတ်ကို ဆိုလိုသည်။ ညွှန်ပြချက်သည် 0.01 မှ 1 အကွာအဝေးအတွင်း ရွေ့လျားသည်။ VR သည် 0.5 ထက်ကျော်လွန်ပါက၊ လမ်းကြောင်းပြောင်းသွားနိုင်သည်။

တွက်ချက်မှုပုံသေနည်း- VR ကို အဆင့်များစွာဖြင့် တွက်ချက်သည်။ Candlesticks များစွာ၏ လွန်ကဲစျေးနှုန်းများကို နှိုင်းယှဉ်ပြီး သတ်မှတ်အခြေအနေများနှင့် ကိုက်ညီသော အခြေအနေများထဲမှ တစ်ခုကို ရွေးချယ်သည်။

Volatility Ratio အတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းသည် ပျမ်းမျှအကွာအဝေးအတွင်းမှ ထွက်ခွာသွားသည့်အချိန်အပေါ်အခြေခံ၍ အဆုံးအဖြတ်ပေးသည့် ဗျူဟာများဖြစ်ပြီး၊ အဆိုပါပုံစံဖြင့် လမ်းကြောင်းပြောင်းပြန်လှန်ခြင်းကို အချက်ပြနိုင်သည်။
  • H1 နှင့်အထက် timeframes များ ။
  • စတော့ဈေးကွက် တွင် အသုံးပြုပြီး ငွေကြေးအတွဲ ကုန်သွယ်ခြင်းတွင် အသုံးနည်းသည်။

Volatility Ratio အချက်ပြကိရိယာသည် စတော့ရှယ်ယာကုန်သွယ်သည့် ပရော်ဖက်ရှင်နယ် ကုန်သည်များ အတွက် စိတ်ဝင်စားဖွယ်ဖြစ်မည်ဖြစ်သည်။ ကိရိယာကို အဓိကကိရိယာတစ်ခုအဖြစ် အသုံးပြုခြင်းနှင့် အခြားသောအတည်ပြုချက်ကိရိယာများ ပေါင်းစပ်၍ စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုအတွက်သာ အသုံးပြုသည်။

Chande Kroll Stop

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Chande Kroll Stop သည် စျေးနှုန်းအရှိန်အဟုန်နှင့် မတည်ငြိမ်မှု၏ ပျမ်းမျှအကွာအဝေးအမှန်ကို တိုင်းတာသည့် လမ်းကြောင်းနောက်လိုက်အချက်ပြကိရိယာတစ်ခုဖြစ်သည်။ Chande Kroll Stop သည် stop loss ကိုသတ်မှတ်ရန်နှင့် ဘေးတိုက်လမ်းကြောင်းကိုဖော်ထုတ်ရန်အတွက် အများအားဖြင့် အသုံးပြုသည်။ ကိရိယာသည် ကုန်သွယ်မှုမှ စောစီးစွာ ထွက်လိုက်ခြင်း (သို့မဟုတ်) အချိန်ကြာကြာကိုင်ထားခြင်းကို ရှောင်ရှားရန် ကူညီပေးပြီး အကောင်းဆုံးသော stop loss အမှတ်ကို သတ်မှတ်ပေးပါသည်။

တွက်ချက်မှုပုံသေနည်း-ညွှန်ပြချက်သည် ဖော်မြူလာရှိ ATR တန်ဖိုးများနှင့် မြှောက်ဖော်ကိန်းများကို အသုံးပြုသည်။

  1. ATR သည် ကာလ(P)အတွက် ပျမ်းမျှတန်ဖိုးကို တွက်ချက်သည်။ ပုံမှန်အားဖြင့် ၎င်းသည် candlesticks ၁၀ ချောင်းဖြစ်သည်။
  2. Stop-loss အမှတ်ကို ကာလတစ်ခုအတွက် မြင့်သထက်မြင့်သည့်အမှတ်နှင့် နိမ့်သထက် နိမ့်သည့်အမှတ်အဖြစ် တွက်ချက်သည်။
  3. အဝယ်အနေအထားတစ်ခုအတွက် stop loss ကို မြင့်သထက်မြင့်သည့်အမှတ် မှ မြှောက်ဖော်ကိန်း x(1) , ATR ကို နုတ်ခြင်းဖြင့် တွက်ချက်သည်။ X ကို ဆက်တင်များတွင် သတ်မှတ်ထားသည်။
  4. အရောင်းအနေအထားအတွက် stop loss ကို အလားတူတွက်ချက်ထားသော်လည်း ဤနေရာတွင်၊ x*ATR သတ်မှတ်ချက်ကို candlesticks ကိုးချောင်း (Q) အတွက် နိမ့်သထက် နိမ့်သည့်အမှတ်သို့ ထည့်ပေါင်းလိုက်သည်

အသုံးပြုပုံ ဥပမာ-

LiteFinance: Chande Kroll Stop

အချက်ပြမှုများ- ညွှန်ပြချက်မျဉ်းနှစ်လိုင်းစလုံးသည် ကျဉ်းမြောင်းသောလမ်းကြောင်းတစ်ခုဖြစ်လာသောအခါ၊ စျေးကွက်သည် အရောင်းအဝယ်ငြိမ်နေမည်ဖြစ်သည်။ အဝင်အချက်ပြမှုများကို ရှာဖွေရန် ညွှန်ပြချက်ကို အသုံးပြုသည်။ အကယ်၍ candlestick သည် အပေါ်လိုင်းအထက် အပြည့် (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ပိတ်ပါက၊ အရောင်းအနေအထားမှ ထွက်ပါ။ candlestick သည် အောက်မျဉ်းအောက်တွင် ပိတ်ပါက၊ အဝယ်ကုန်သွယ်မှုမှ ထွက်ပါ။

ညွှန်ပြချက်အတွက် သင့်လျော်သည်များမှာ -

  • ကာလတိုဖြင့် လမ်းကြောင်းနောက်လိုက်ခြင်း နှင့် တနေ့တာ ကုန်သွယ်သည့် ဗျူဟာများတွင် stop loss အမှတ်ကို ဆုံးဖြတ်ရန် ကိရိယာတစ်ခုအဖြစ် အသုံးပြုသည်။ Scalping တွင် အလုပ်မလုပ်ပါ။
  • M15-H4 timeframes များ ။
  • မည်သည့်ဈေးကွက်တွင် မဆိုအသုံးချနိုင်ပြီး ငွေကြေးအတွဲ ကုန်သွယ်ခြင်းတွင် အသုံးများသည်။

Chande Kroll Stop သည် ညွှန်ပြချက်၏အချက်ပြမှုများဖြင့် price action ပုံစံများကို အသုံးပြုနိုင်သည့် ပရော်ဖက်ရှင်နယ်ကုန်သည်များအတွက် စိတ်ဝင်စားဖွယ်ဖြစ်မည်ဖြစ်သည်။ အချက်ပြမှုများသည် ရှုပ်ထွေးနိုင်ပြီး ကောက်ချက်ချရန် ခက်ခဲနိုင်သောကြောင့် ကုန်သည်အသစ်များကို အကြံပြုထားခြင်းမရှိပါ။

Volume Indicators

Volume indicators သည် ကုန်သွယ်မှုပမာဏများကို ၎င်း ၏ ဖော်မြူလာတွင် ထည့်သွင်းတွက်ချက်သည့် အပြင် ဆက်တင်များအတွင်း သတ်မှတ်ထားသည့် အစိတ်အပိုင်းတစ်ခုစီအတွက် ပျမ်းမျှစျေးနှုန်းတန်ဖိုးများ ထည့်ပေါင်းသည့် ကိရိယာများဖြစ်သည်။ ကုန်သွယ်မှုပမာဏဆိုသည်မှာ အချိန်ကာလတစ်ခုအတွင်း ဖော်ပြပါ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှုတစ်ခု၏ မည်မျှကုန်သွယ်သည်ကို တိုင်းတာခြင်းဖြစ်သည်။ သာမာန် Forex ပျမ်းမျှအချက်ပြကိရိယာများနှင့် နှိုင်းယှဉ်ပါက အရောင်းအဝယ်ပမာဏတိုင်းတာသည့် ကိရိယာများသည် အရောင်းအဝယ်ပမာဏပေါ်မူတည်၍ အစိတ်အပိုင်းတစ်ခုစီ၏ထိရောက်ခြင်းကို ပိုမိုတိကျစွာ ဖြန့်ကျက်ပေးသည်။ Forex တွင်၊ ပမာဏဆိုသည်မှာ သတ်မှတ်ထားသော ကာလတစ်ခုအတွင်း ရှိသော စျေးနှုန်းများကို ဆိုလိုသည်။ ဤညွှန်ပြချက်များကို လမ်းကြောင်းနောက်လိုက်သောဗျူဟာများတွင် အသုံးပြုပါသည်။ ၎င်းတို့သည် စတော့ဈေးကွက်အတွက် ပိုမိုသင့်လျော်သည်။

ဥပမာ: VWAP, OBV.

Chaikin Oscillator

အမျိုးအစား - အချက်ပြစောခြင်း ။

Chaikin Oscillator သည် Accumulation/Distribution အချက်ပြကိရိယာ၏ moving averages ကွာခြားချက်အပေါ် အခြေခံ၍ ဆင်းသက်လာသော oscillator တစ်ခုဖြစ်သည်။ ကိရိယာကို အခြေခံမူများစွာဖြင့် ဖော်ပြနိုင်သည်။

  • အကယ်၍ လက်ရှိအပိတ်စျေးနှုန်းသည် ယခင်ကာလ၏ ပျမ်းမျှတန်ဖိုးထက် မြင့်မားပါက၊ စျေးကွက်သည် စုဆောင်းမှုအဆင့်တွင် ရှိနေပါသည်။ လက်ရှိအပိတ်ဈေးနှုန်းသည် ပျမ်းမျှတန်ဖိုးထက် နိမ့်ပါက၊ စျေးကွက်တွင် ဖြန့်ကျက်မှုရှိနေသည်။
  • စျေးနှုန်းအားကောင်းမှုသည် ကုန်သွယ်မှုပမာဏတိုးလာမှုနှင့်အတူ လိုက်ပါလာသည်။ အကယ်၍ အရောင်းအ၀ယ်ပမာဏသည် ဈေးနှုန်းထက် နှေးကွေးနေပါက၊ စျေးနှုန်းမြင့်တက်မှုသည် မကြာမီ ပြီးဆုံးမည်ဖြစ်သည်။ ကုန်သွယ်မှုပမာဏ မတိုးပါက စျေးနှုန်းတက်မည်မဟုတ်ပါ။

Chaikin Oscillator သည် စျေးကွက်အရောင်းအဝယ်ပမာဏကို စောင့်ကြည့်ရန် ကူညီပေးပြီး ထိပ်နှင့်အောက်ခြေကို ဆုံးဖြတ်နိုင်သည်။

တွက်ချက်မှုဖော်မြူလာ -

CHO = EMA (A/D, N) - EMA (A/D, M)

EMA (A/D) သည် AD အချက်ပြကိရိယာ ၏ exponential moving average ဖြစ်ပြီး N နှင့် M မှာ ကာလများဖြစ်သည်၊ ၎င်းတို့၏ ပုံသေတန်ဖိုးမှာ N=3, M=10.

A/D(i) =((Close(i) - Low(i)) - (High(i) - Close(i)) / (High(i) - Low(i)) * Volume(i) + A/D(i-1)

Close, High, Low သည် candlestick စျေးနှုန်းများ၊ i သည် လက်ရှိ candlestick ဖြစ်သည်၊ (i-1) သည် ယခင် candlestick ဖြစ်သည်။ Volume(i) သည် လက်ရှိ candlestick ၏ ကုန်သွယ်မှုပမာဏဖြစ်သည်။

Chaikin Oscillator အတွက် သင့်လျော်သည်များမှာ -

  • တနေ့တာအတွင်း ကုန်သွယ်သည့် လမ်းကြောင်းနောက်လိုက်သော ဗျူဟာများ ။ Scalping တွင် အလုပ်မလုပ်ပါ ။
  • စတော့ နှင့် ဆင့်ပွားဈေးကွက်များကဲ့သို့ လဲလှယ်ရေးဈေးကွက်များတွင် အသုံးပြုသည်။ သို့သော် ခရစ်ပတိုငွေကြေး ကုန်သွယ်ရေးတွင် အသုံးနည်းသည်။
  • ကာလရှည် နှင့် ကာလလတ် ကုန်သွယ်ရေးဗျူဟာများ ။

Chaikin Oscillator သည် ပရော်ဖက်ရှင်နယ် စတော့ရှယ်ယာကုန်သည်တစ်ဦးအတွက် စိတ်ဝင်စားဖွယ်ကောင်းသည်။ကုန်သွယ်မှုပမာဏအမှန်စုစည်းခြင်း ရှိမရှိသိနိုင်ရန် အခက်အခဲများ ရှိသောကြောင့် အဆိုပါကိရိယာကို Forex ကုန်သွယ်မှုတွင်အသုံးပြုခဲသည်။

Volume-Weighted Average Price (VWAP)

အမျိုးအစား - အချက်ပြနောက်ကျခြင်း

VWAP သည် ပျမ်းမျှစျေးနှုန်းများအလိုက် အရောင်းအ၀ယ်ပမာဏများကို ထည့်သွင်းစဉ်းစားသည့် moving averages အချက်ပြကိရိယာများ မှ ဆင်းသက်သော ကိရိယာတစ်ခုဖြစ်သည်။ VWAP သည် volume-weighted average price ၏ အတိုကောက်ဖြစ်သည်။ Candlestick တစ်ခု၏ ကုန်သွယ်မှုပမာဏ ပိုများလေ၊ စုစုပေါင်းရလဒ်အတွက် ၎င်း၏ထိရောက်မှု ပိုများလေဖြစ်သည်။ Algorithm ၏ အလုပ်လုပ်ပုံသည် moving averages နှင့် ဆင်တူသည်။

တွက်ချက်မှုဖော်မြူလာ-

VWAP = SUM(P*V)/SUM(V) , ပုံသေနည်းရည်ညွှန်းချက်

P ဆိုသည်မှာ ပုံသေနည်းဖြင့် ဆုံးဖြတ်ထားသောပုံမှန်စျေးနှုန်းဖြစ်သည်- (အမြင့် + အနိမ့် +အပိတ်)/3 ၊ V သည် အရောင်းအဝယ်ပမာဏကို ဆိုလိုသည်။

အသုံးချပုံ ဥပမာ -

LiteFinance: Volume-Weighted Average Price (VWAP)

စျေးနှုန်းသည် VWAP မျဉ်းအောက်၌ အချိန်အတော်ကြာနေခဲ့ပြီး၊ ဆိုလိုသည်မှာ ကျဆင်းသွားခြင်းဖြစ်သည်။ စျေးနှုန်းသည် ညွှန်ပြချက်မျဉ်းအောက်၌ ကြာရှည်နေလေ၊ အတက်ဘက်သို့ ပြန်လှည့်ရန် အလားအလာ ပိုများလေဖြစ်သည်။ စျေးနှုန်းသည် VWAP လိုင်းကို အတက်ဘက်သို့ ဖောက်တက်သွားသောအခါတွင် ၎င်းသည် အတက်ဘက်ပြောင်းပြန်လှန်ခြင်း၏ အချက်ပြမှုဖြစ်သည်။ စျေးနှုန်းသည် VWAP အထက်ရှိနေသောအခါ အတက်လမ်းကြောင်းကို ဆိုလိုသည်။ စျေးနှုန်းသည် ညွှန်ပြချက်မျဉ်းအထက်တွင် ကြာရှည်နေလေ၊ လမ်းကြောင်းသည် အောက်သို့ပြန်ကျသွားရန် အလားလာပိုများလေဖြစ်သည်။ စျေးနှုန်းသည် VWAP မျဉ်းအား အကျဘက်သို့ဖြတ်သွားသောအခါ၊ လမ်းကြောင်းသည် ကျဆင်းသွားမည်ဖြစ်သည်။

VWAP အတွက် သင့်လျော်သည်များမှာ -

  • ကုန်သွယ်မှုပမာဏကို အွန်လိုင်းတွင်ကြည့်ရှုရန်အခွင့်အရေးရှိပါက စတော့ရှယ်ယာရောင်းဝယ်ရေး အတွက် သင့်လျော်သည်။ Forex ကုန်သွယ်မှုအတွက်ဆိုလျှင် ကန့်သတ်ချက်ရှိသည့် လုပ်ဆောင်ချက်များပါရှိသော simplified VWAP ဗားရှင်း ကို အသုံးပြုရမည် ဖြစ်သည်။
  • M30-H1 နှင့်အထက် timeframes များ။
  • ကာလရှည် နှင့် ကာလလတ် ဖြင့် လမ်းကြောင်းနောက်လိုက်သော ကုန်သွယ်ရေးဗျူဟာများ ။

VWAP သည် ပရော်ဖက်ရှင်နယ် စတော့ရှယ်ယာကုန်သည်များအတွက် စိတ်ဝင်စားဖွယ်ဖြစ်လိမ့်မည်။ ကုန်သည်အသစ်များအနေဖြင့် လိုင်းတစ်ခုသာပါရှိသော VWAP ၏ Forex ဗားရှင်းကိုအသုံးပြုခြင်းသည် ပိုမိုကောင်းမွန်သည်။ ကိရိယာသည် moving averages များနှင့် ကောင်းစွာလိုက်ဖက်သည်။

On-Balance Volume (OBV)

အမျိုးအစား - အချက်ပြစောခြင်း

OBV ညွှန်ပြချက်သည် စျေးနှုန်းပြောင်းလဲမှုနှင့်အတူ ပမာဏပြောင်းလဲမှုများကို တိုင်းတာသည်။ ၎င်းကို စျေးနှုန်းဇယားအောက်တွင် မျဉ်းတစ်ကြောင်းအဖြစ် ပြသထားပြီး OBV လိုင်းကို အကွာအဝေး တစ်ခုခုဖြင့် ကန့်သတ်မထားပါ။ အချက်ပြမှုများကို အတည်ပြုရန် ကိရိယာကို အသုံးပြုသည်။ ညွှန်ပြချက်တက်လာပါက၊ လမ်းကြောင်းဖြစ်ပေါ်မှုကို အတည်ပြုသည်။ အကယ်၍ စျေးနှုန်းဇယားသည် OBV ရှေ့ရောက်နေပါက၊ ကုန်သွယ်မှုပမာဏအားဖြင့် လမ်းကြောင်းကို အတည်မပြုနိုင်ပါ။ လမ်းကြောင်းသည် အားပျော့လာပြီဟု ဆိုလိုသည်။

OBV တွက်ချက်မှုဖော်မြူလာ မှာ အောက်ပါအတိုင်းဖြစ်သည်- လက်ရှိအပိတ်စျေးနှုန်းသည် နောက်ဆုံးအပိတ်စျေးနှုန်းထက် မြင့်မားပါက၊ လက်ရှိ obv ကို ယခင်တန်ဖိုးသို့ ပေါင်းထည့်မည်ဖြစ်သည်။ လက်ရှိအပိတ်စျေးနှုန်းသည် နောက်ဆုံးအပိတ်စျေးနှုန်းထက် နိမ့်သောအခါ၊ လက်ရှိပမာဏကို ယခင်တန်ဖိုးမှ နုတ်ယူပါသည်။

အသုံးပြုပုံဥပမာ -

LiteFinance: On-Balance Volume (OBV)

OBV သည် နှိုင်းယှဉ်ကိရိယာတစ်ခုဖြစ်သည်။ ယခင်ကာလများနှင့် စပ်လျဉ်း၍ သိသာသောရွေ့လျားမှုဖြင့် လမ်းကြောင်းကိုအတည်ပြုရန် ထည့်သွင်းစဉ်းစားသည်။ ညွှန်ပြချက်၏ အလျားလိုက်ရွေ့လျားမှုကို လျစ်လျူရှုသည်။

OBV အချက်ပြကိရိယာအတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းနောက်လိုက်သည့်အချက်ပြကိရိယာ အသုံးပြုသည့် ကုန်သွယ်ရေးဗျူဟာများ။ ၎င်းသည် divergence တစ်ခု ဖြစ်ပေါ်လာသောအခါ moving averages များနှင့်အတူ ကောင်းစွာ အလုပ်လုပ်၍ အချက်ပြမှုကို အတည်ပြုသည်။
  • H1-H4 အထက် timeframes များ ။
  • လက်ရှိစတော့ရှယ်ယာပမာဏများပေါ်ရှိ အချက်အလက်များကို အချိန်နှင့်တပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်လျှင် စတော့ရှယ်ယာရောင်းဝယ်ခြင်းတွင် အသုံးပြုနိုင်သည်။

OBV သည်စတော့စျေးကွက်အမျိုးအစားများကိုနှစ်သက်သော ပရော်ဖက်ရှင်နယ်ကုန်သည်များအတွက် အကြံပြုထားသည်။ ၎င်းသည် Forex တွင် အသုံးဝင်မှုနည်းပြီး အချက်ပြတိကျမှုနှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်များတွင် အခြား oscillator များထက် ပိုဆိုးသည်။

Volume Price Trend Indicator (PVT)

အမျိုးအစား - အချက်ပြနောက်ကျခြင်း

PVT ညွှန်ပြချက် သည် ဈေးကွက်အမျိုးအစားတစ်ခုဖြစ်သော securities ၏ ဝယ်လိုအားနှင့် ရောင်းလိုအားကြား ချိန်ခွင်လျှာကို တိုင်းတာသည်။ လက်ရှိစျေးနှုန်းသည် ယခင်ရက်များ၏ စျေးနှုန်းများထက် ပိုမြင့်ခြင်း (သို့မဟုတ်) ပိုနိမ့်ခြင်း ဟူသောအချက်အပေါ် အခြေခံ၍ ကုန်သွယ်မှုပမာဏကို ပေါင်းထည့်ခြင်း (သို့မဟုတ်) နုတ်ခြင်း ပြုလုပ်သည်ထက် ရာခိုင်နှုန်း တိုးခြင်း (သို့မဟုတ်) လျော့ခြင်းကိုထည့်သွင်းစဉ်းစားသည်။ PVT သည် OBV ညွှန်ပြချက်နှင့်ဆင်တူသော လမ်းကြောင်းအတည်ပြုမှု ပြုလုပ်ပြီး ပုံစံတူဖော်မြူလာတစ်ခုလည်းရှိသည်။

PVT တွက်ချက်မှုဖော်မြူလာ-

PVT=((CLOSE(i) - CLOSE(i-1)) / CLOSE(i-1)) * VOL (i) +PVT (i-1)

Close — အပိတ်ဈေးနှုန်း, Vol — အရောင်းအဝယ်ပမာဏ ။

အသုံးပြုပုံဥပမာ -

LiteFinance: Volume Price Trend Indicator (PVT)

PVT အားကောင်းမှုဆိုသည်မှာ စျေးနှုန်းလှုပ်ရှားမှုသည် စုစည်းနေသည့်ကုန်သွယ်မှုပမာဏ တိုးလာခြင်းဖြင့် တွဲလျက်ပါလာသည်ဟု ဆိုလိုသည်။ ညွှန်ပြချက်မျဉ်း၏ အထက်ဘက်ရွေ့လျားမှုသည် အတက်လမ်းကြောင်းကို အတည်ပြုသည်။ ညွှန်ပြချက်မျဉ်း၏ အောက်ဘက်ရွေ့လျားမှုသည် အဆင်းလမ်းကြောင်းကိုအတည်ပြုသည်။

PVT အချက်ပြကိရိယာအတွက် သင့်လျော်သည်များမှာ -

  • ကုန်သွယ်မှုပမာဏ ကို ထည့်သွင်းစဉ်းစားသည့် လမ်းကြောင်းနောက်လိုက်သည့် ကုန်သွယ်ရေး ဗျူဟာများ ။ လမ်းကြောင်းအချက်ပြကိရိယာများ ၊ oscillators များနှင့်အတူ ၎င်းကို ဖြည့်စွက်ကိရိယာတစ်ခုအဖြစ်အသုံးပြုသည်။
  • H1 နှင့်အထက် timeframes များ ။
  • စတော့အရောင်းအဝယ်များ ။ ကုန်သွယ်မှုပမာဏ အမှန်ကို အချိန်ကိုက် မသိရနိုင်ခြင်းကြောင့် Forex ကုန်သွယ်ရေးတွင် အသုံးနည်းသည်။

PVT သည် စတော့ဈေးကွက်များတွင် ကာလရှည်ဗျူဟာများကို အသုံးပြုသည့် ပရော်ဖက်ရှင်နယ် ကုန်သည်များအတွက် စိတ်ဝင်စားဖွယ်ဖြစ်မည်ဖြစ်သည်။

Volume Rate of Change

အမျိုးအစား - အချက်ပြနောက်ကျခြင်း

VROC ညွှန်ပြချက်သည် ပမာဏပြောင်းလဲမှုနှုန်းကို တိုင်းတာသည်။ VROC တန်ဖိုး၏ပြောင်းလဲမှုသည် အောက်ပါတို့ကိုဆိုလိုသည်- လမ်းကြောင်းသည် ကြာရှည်လေလေ၊ ကုန်သည်များ စျေးကွက်ထဲသို့ ဝင်ရောက်လိုစိတ်များလေလေ၊ ကုန်သွယ်မှုပမာဏ ပိုများလေဖြစ်သည်။ သို့သော်လည်း ကုန်သွယ်မှုပမာဏ မြင့်မားနေခြင်းသည် စျေးကွက်တွင် အဝယ်လွန်ခြင်း/အရောင်းလွန်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရပြီး လမ်းကြောင်းသည် မကြာမှီ ပြောင်းပြန်ဖြစ်သွားနိုင်သည်။ VROC သည် မှားယွင်းသော ကွဲထွက်မှုများကို ဆုံးဖြတ်ရန် အသုံးပြုသည်- စျေးနှုန်း အမြင့်/အနိမ့်များသည် ပမာဏကြီးထွားမှုနှင့်အတူ မကိုက်ညီပါက၊ စျေးနှုန်းလွန်ကဲနေခြင်းသည် မှားယွင်းသည်။ လမ်းကြောင်းဆက်ခြင်းအစား ဈေးနှုန်းပြင်ဆင်ချက်တစ်ခုသာ ဖြစ်နိုင်သည်။

တွက်ချက်မှုဖော်မြူလာ -

(Volume(i) - Volume(i-n))/Volume(i-n) * 100%

Volume(i) — လက်ရှိ candlestick ၏ ကုန်သွယ်မှုပမာဏ, Volume(i-n) — လွန်ခဲ့သည့် n ကာလများ၏ candlestick ၏ ကုန်သွယ်မှုပမာဏ။။

VROC အတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းနောက်လိုက်သည့် ကုန်သွယ်ရေး ဗျူဟာများ။ Swing trading ကုန်သွယ်ရေးတွင် အသုံးနည်းပြီး scalping တွင် အလုပ်မလုပ်ပေ။
  • M30-H1 နှင့် အထက် timeframes များ ။
  • ကုန်သွယ်မှု ပမာဏအမှန် အချက်အလက်များကိုရယူသုံးစွဲနိုင်လျှင် စတော့စျေးကွက်ကုန်သွယ်မှုတွင် အသုံးပြုနိုင်သည်။ ကုန်သွယ်မှုပမာဏအမှန်ကို ထည့်သွင်းစဉ်းစားထားသောကြောင့် Forex တွင် အသုံးပြုခဲပါသည်။ စတော့ဈေးကွက် ပမာဏထက် အဝယ်/အရောင်း ဦးတည်ချက် နှစ်ဘက်စလုံးသို့ဝင်ရောက်သည့် ယေဘုယျကုန်သွယ်မှုပမာဏမှာ များပြားသောကြောင့်ဖြစ်သည်။

VROC သည် စတော့ပိုင်ဆိုင်မှုများကိုနှစ်သက်သော ပရော်ဖက်ရှင်နယ်ကုန်သည်များအတွက် သင့်လျော်သည်။

Money Flow Index (MFI)

အမျိုးအစား - အချက်ပြနောက်ကျခြင်း

MFI သည် သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ခုအတွင်း ဈေးကွက်အမျိုးအစားတစ်ခုဖြစ်သော securities အတွင်းနှင့် အပြင်သို့ငွေစီးဆင်းမှုကို တိုင်းတာသည့် အရှိန်အဟုန်ပြညွှန်ပြချက်တစ်ခုဖြစ်သည်။ အချက်ပြများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် RSI နှင့် ဆင်တူသော်လည်း ကုန်သွယ်မှုပမာဏကိုလည်း ထည့်သွင်းစဉ်းစားသည်။ ပင်မအချက်ပြမှုများသည် divergence နှင့် အဝယ်လွန်ခြင်း/အရောင်းလွန်ခြင်း အခြေအနေဖြစ်သည်။

တွက်ချက်မှုဖော်မြူလာ

Typical price (TP) = (High + Low + Close)/3

MF = TP * Volume

လက်ရှိ ပုံမှန်စျေးနှုန်းသည် ယခင် candlestick ၏ ပုံမှန်ဈေးနှုန်း ထက်မြင့်မားနေပါက၊ ငွေစီးဆင်းမှုသည် အပေါင်းလက္ခဏာဖြစ်သည်။ အကယ်၍ လက်ရှိ ပုံမှန်ဈေးနှုန်း သည် ယခင်တစ်ခုထက် နိမ့်ပါက၊ ငွေစီးဆင်းမှုမှာ အနုတ်လက္ခဏာဖြစ်သည်။ ဆက်တင်များတွင်၊ အပေါင်းလက္ခဏာ ဆောင်သောစီးဆင်းမှုများနှင့် အနုတ်လက္ခဏာစီးဆင်းမှုအားလုံးကို သီးခြားစီခွဲထုတ်သည့်ကာလကို သတ်မှတ်ပေးထားသည်။

MR = Sum of positive flows / Sum of negative flows

MFI = 100 - (100/(1-MR))

ကိရိယာအတွက် သင့်လျော်သည်များမှာ -

  • တနေ့တာ/ကာလလတ်နှင့်ကာလရှည် ဗျူဟာများ ။ Scalping နှင့် လမ်းကြောင်းနောက်လိုက်သော အချက်ပြကိရိယာ အသုံးပြုမှုများအတွက် အကြံမပြုပါ ။
  • M30-H1 နှင့် အထက် timeframes များ ။
  • Equities, indexes နှင့် derivatives ကဲ့သို့သော စတော့ရှယ်ယာပိုင်ဆိုင်မှုအရောင်းအဝယ်များ ။ ကုန်သွယ်မှုပမာဏထက် ပိုင်ဆိုင်မှုတန်ဖိုးကို ထည့်သွင်းစဉ်းစားသည့်အချက်ကြောင့် Forex တွင် အသုံးဝင်မှုနည်းသည်။

Force Index Indicator

အမျိုးအစား - အချက်ပြနောက်ကျခြင်း

Force Index သည် စျေးနှုန်းမြင့်တက်မှု၏ အတက်အားနှင့် ဈေးနှုန်းကျဆင်းမှုနောက်ကွယ်ရှိ အဆင်းအား ကိုတိုင်းတာသည့် oscillator တစ်ခုဖြစ်သည်။ ၎င်းသည် ကုန်သွယ်ရေးပိုင်ဆိုင်မှုတွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ပြသသည်။ ယခင်ကာလနှင့် နှိုင်းယှဉ်လျှင် အညွှန်းကိန်း မြင့်တက်လာပါက စျေးနှုန်းမြင့်တက်လာသည်။ ဆိုလိုသည်မှာ ရင်းနှီးမြှုပ်နှံသူ အရေအတွက်နှင့် ကုန်သွယ်မှုပမာဏ မြင့်တက်လာနေပြီး လမ်းကြောင်းသည် ဆက်လက်ဖြစ်နိုင်ဖွယ်ရှိသည်။

တွက်ချက်မှုဖော်မြူလာ -

Force Index = Volume(i) * (MA(N,i) - MA(N,i-1))

Volume(i) သည် လက်ရှိ candlestick ၏ ကုန်သွယ်မှုပမာဏဖြစ်သည်။ MA(N,i) သည် N ကာလအတွက် လက်ရှိ candlestick ၏ moving average ။ MA(N,i-1) သည် ယခင် candlestick ၏ moving average ဖြစ်သည်။ Force Index အညွှန်းကိန်းတွင် MA အမျိုးအစားနှင့် စျေးနှုန်းအမျိုးအစားကိုလည်း သတ်မှတ်နိုင်သည်။

Force Index အတွက် သင့်လျော်သည်များမှာ -

  • လမ်းကြောင်းနောက်လိုက်သည့် ကုန်သွယ်ရေး ဗျူဟာများ။၎င်းသည် လမ်းကြောင်းအား အားကောင်းစေသည့် အခိုက်အတန့်များ၊ အဆုံးသတ်ဖွယ်ရှိသည့်လမ်းကြောင်း၏ အလားအလာရှိသော အမှတ်များကို ဆုံးဖြတ်ရန် ကူညီပေးသည်။ FI သည် လမ်းကြောင်းအားကောင်းမှု၊ corrections ဖော်ထုတ်မှုများကို အတည်ပြုသည်။ ထို့ကြောင့်၊ ၎င်းကို swing trading တွင်သုံးနိုင်သည်။
  • M30-H1 နှင့်အထက် timeframes များ ။
  • စတော့ဈေးကွက်၊ equities၊ futures၊ options များတွင် ကုန်သွယ်နိုင်ခြင်း။ OTC စျေးကွက်တွင် ကုန်သွယ်မှုပမာဏအမှန် အတွက်ဒေတာမရှိသောကြောင့် Forex ကုန်သွယ်မှုတွင် ၎င်းကို အသုံးချခဲပါသည်။

Force Index ညွှန်ပြချက်ကို ကျွမ်းကျင်သော စတော့ကုန်သည်များအတွက် အကြံပြုနိုင်ပါသည်။

Entry indicators

Fibonacci retracement

အမျိုးအစား - အချက်ပြစောခြင်း

Fibonacci retracement လယ်ဗယ်များသည် လက်ရှိဖြစ်ပေါ်နေသော correction ၏ အဆုံးသတ်နှင့် ပင်မလမ်းကြောင်းသို့ ပြန်သွားခြင်းကို ညွှန်ပြသည့် support နှင့် resistance လယ်ဗယ်များဖြစ်သည်။ တွက်ချက်မှုမှာ ကိန်းဂဏန်းပုံစံများနှင့် အများစု၏ စိတ်နေသဘောထားအပေါ် အခြေခံသည်။

တွက်ချက်မှုပုံသေနည်း - ညွှန်ပြချက်သည် အဖိုးတန်အချိုးဖြစ်သော golden ratio နိယာမအပေါ် အခြေခံထားသည်။ ဇယားကွက်အား လက်ရှိ အမြင့်နှင့် အနိမ့်ကြားတွင် တည်ဆောက်ထားသည်။ အကွာအဝေးသည် 100% ဖြစ်သည်။ အကွာအဝေးများကို 23.6% မှ 76.4%. အထိ လယ်ဗယ်များဖြင့် ပိုင်းခြားထားသည်။ ၎င်းတို့မှာ golden ratio လယ်ဗယ်များ ဖြစ်သည်။

အသုံးပြုပုံ ဥပမာ -

LiteFinance: Fibonacci retracement

Fibonacci ဂရစ်ကို အမှတ် 1 နှင့် 2 အရ နေရာချထားသည်။ ပထမ တန်ပြန်-လမ်းကြောင်းရွေ့လျားမှုသည် အမှတ် 3 (0.236) ကိုဖြတ်သွားသော်လည်း လမ်းကြောင်းသည် ချက်ချင်းပင် ပင်မလမ်းကြောင်းအတွင်း ပြန်ဝင်သွားသည်။ ကျွန်ုပ်တို့သည် 50% အောက် အနည်းငယ်နိမ့်သော နေရာတွင် stop loss ကို သတ်မှတ်နိုင်သည်။ ဒုတိယ correction သည် အမှတ် 4 (0.382) တွင်အဆုံးသတ်သည်၊ ဤလယ်ဗယ်သည် သော့ချက်တစ်ခုဖြစ်သည်။ ဤတွင်၊ လမ်းကြောင်းတက်သွားပါက အရောင်းအဝယ်တစ်ခု ဝင်ရောက်နိုင်သည်။ ထို့နောက်စျေးနှုန်းတက်သွားပြီး ကုန်သွယ်မှုနှစ်ခုလုံး၏ 50% အတွက်အမြတ်အစွန်းကို 0% တွင်သတ်မှတ်ထားသည်။ ကျန် 50% အား အမှတ် 0.236 နှင့် 0% ကြားအကွာအဝေးနှင့် ကိုက်ညီသော trailing stop တစ်ခုဖြင့် ကာကွယ်ထားသည်။

Fibo အချက်ပြကိရိယာအတွက် သင့်လျော်သည်များမှာ -

  • Scalping နှင့် swing trading ကုန်သွယ်မှု။ Correction တစ်ခုပြီးနောက် ပုံမှန်လမ်းကြောင်း ပြန်လည်စတင်သောအခါတွင် အော်ဒါများကို ထားရှိသည်။ ၎င်းသည် လမ်းကြောင်းနောက်လိုက်နည်းဗျူဟာများတွင်လည်း ကောင်းမွန်သည်၊ correction သည် အပိုင်းအခြား၏ 50% ထက်ကျော်လွန်သောအခါ လမ်းကြောင်းပြောင်းပြန်လှန်မှုကို ကိရိယာက ထောက်ပြသည်။
  • မည်သည့် timeframes မဆို အသုံးပြုနိုင်သည်။ အနီးစပ်ဆုံးလယ်ဗယ်များကြားအကွာအဝေးသည် အနည်းဆုံး 8 pips မှ 10 pips ရှိသည့် H1 နှင့်အထက် timeframes များတွင် အဝင်အထွက်အမှတ်များကို ဆုံးဖြတ်ရာ၌ ကိရိယာသည် ပိုမိုကောင်းမွန်သည်။ စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုကို မည်သည့် timeframes တွင်မဆို လုပ်ဆောင်နိုင်ပါသည်။
  • မည်သည့်ဈေးကွက်မဆို အသုံးပြုနိုင်သည်။ Fibo လယ်ဗယ်များကို ငွေကြေးအတွဲများ၊ ခရစ်ပတိုငွေကြေးများ နှင့် စတော့ပိုင်ဆိုင်မှုများတွင် မကြာခဏအသုံးပြုကြသည်။

Fibonacci retracement ညွှန်ပြချက်သည် ကုန်သွယ်မှုစနစ်တစ်ခု၌ အဓိကကိရိယာတစ်ခုအဖြစ် အချက်ပြမှုများကို အတည်ပြုရန်နှင့် အနာဂတ်စျေးနှုန်းလှုပ်ရှားမှုများကို ခန့်မှန်းရန် ဖြည့်စွက်ညွှန်ပြချက်တစ်ခုအဖြစ် လုပ်ဆောင်နိုင်သည်။ ၎င်းကို ခန့်မှန်းချက်ျညွှန်ပြမှုအဖြစ် မကြာခဏအသုံးပြုသည်။ Fibo အညွှန်းကိန်းများသည် စတင်သူများအတွက် အကြံပြုထားသော အကောင်းဆုံးကုန်သွယ်ရေး ညွှန်ပြချက် ထဲမှတစ်ခုဖြစ်သည်။

LiteFinance ကုန်သွယ်ရေးတာမင်နယ်ရှိ ထည့်သွင်းပေးထားသောကိရိယာများကြားတွင် Auto Fib Retracement အချက်ပြကိရိယာပါရှိကြောင်း သတိပြုပါ။ ၎င်းသည် လတ်တလောအမြင့်ဆုံးနှင့် အနိမ့်ဆုံးအဆင့်များအလိုက် Fibonacci retracement လယ်ဗယ်များကို အလိုအလျောက်တည်ဆောက်ပြီး လွန်ကဲစျေးနှုန်းအသစ်ပေါ်လာသောအခါ အပ်ဒိတ်လုပ်ပေးသည်။ Support နှင့် resistance အဆင့်များကို ခွဲခြားသတ်မှတ်ရန်၊ retracement အဆင့်များ ပြောင်းလဲခြင်းကို စောင့်ကြည့်ရန်၊ စသည်တို့ဖြစ်သည်။

LiteFinance: Fibonacci retracement

Forex price extremes indicators

Forex ၏ စျေးနှုန်းလွန်ကဲမှုအချက်ပြကိရိယာများ သည် အလားအလာရှိသော လမ်းကြောင်း ပြောင်းပြန်လှန်သည့်အမှတ်များကို ဆုံးဖြတ်ပေးသည့် ဖြည့်စွက်ကိရိယာများဖြစ်သည်။ ၎င်းတို့သည် အဓိကကျသောအဆင့်များတည်ဆောက်ရန်အတွက် ပင်မအမြင့်ဆုံးနှင့် အနိမ့်ဆုံးများကို မီးမောင်းထိုးပြကာ ဂရပ်ဖစ်ဇယားခွဲခြမ်းစိတ်ဖြာမှုကို ထိရောက်စွာဖြည့်စွက်ပေးပါသည်။ ထိုကဲ့သို့သော ကုန်သွယ်မှု အချက်ပြကိရိယာများကို support နှင့် resistance များ ရေးဆွဲရန်နှင့် အလားအလာရှိသော လမ်းကြောင်း ၏ pivot အမှတ်များကို ဆုံးဖြတ်ရန်အတွက် အသုံးပြုပါသည်။

Pivot Point

အမျိုးအစား - ဖြည့်စွက်ကိရိယာ

Pivot Point ရှေးရိုးအဓိပ္ပာယ်ဖွင့်ဆိုချက်တွင်၊ ညွှန်ပြချက်သည် ဖြစ်နိုင်ချေရှိသော လမ်းကြောင်း ပြောင်းပြန်လှန်သည့်အမှတ်များကို ဆုံးဖြတ်ပေးသည်။ Pivot Point ညွှန်ပြချက်သည် အဓိကအဆင့်များအား မြင်သာအောင် ဖော်ထုတ်ရန် ၊ အရှုံးခံအမှတ် နှင့် အမြတ်ယူရန် အမှတ်များ သတ်မှတ်ရန် အသုံးပြုသည်။

တွက်ချက်မှုပုံသေနည်း - ညွှန်ပြချက်သည် ဆက်တင်များတွင် သတ်မှတ်ထားသည့် ကာလတစ်ခုအတွက် အရေးပါဆုံး လွန်ကဲစျေးနှုန်းတန်ဖိုးများကို ဆုံးဖြတ်သည်။

အသုံးပြုပုံ ဥပမာ -

LiteFinance: Pivot Point

ညွှန်ပြချက်သည် ဇယားတွင် လွန်ကဲဈေးနှုန်းတန်ဖိုးများကို ပြသသည်။ ဆက်တင်များရှိ တန်ဖိုးအရေအတွက်များကို လျှော့ချနိုင်ပြီး အရေးပါသည့်တန်ဖိုးများကိုသာ ချန်ထားနိုင်သည်။ Pivot Point သည် စျေးနှုန်းအကွာအဝေးကို လျင်မြန်စွာဖတ်ရှုပြီး support နှင့် resistance လယ်ဗယ်များကိုဆွဲရန် အသုံးပြုသည်။

The Pivot Point အတွက် သင့်လျော်သည်များမှာ -

  • မည်သည့်ဈေးကွက်မဆို အသုံးပြုသည်။ ၎င်းသည် ငွေကြေးအတွဲများ၊ ခရစ်ပတိုငွေကြေးများ နှင့် စတော့ပိုင်ဆိုင်မှုကုန်သွယ်ရေးများတွင် ညီမျှစွာ ထိရောက်မှုရှိသည်။
  • မည်သည့် timeframes မဆို အသုံးပြုသည်။ ၎င်းသည် အချက်အလက်ပေးသည့် ညွှန်ပြချက်တစ်ခုဖြစ်သောကြောင့် timeframes များသည် အရေးမကြီးပါ။
  • မည်သည့်ကုန်သွယ်ရေး ဗျူဟာမဆို အသုံးပြုသည်။ ၎င်းသည် scalping နှင့် ကာလရှည်ဗျူဟာ နှစ်မျိုးလုံး တွင် အလုပ်လုပ်သည်။

Pivot Point ကို ကျွမ်းကျင်မှုအဆင့်ရှိ ကုန်သည်များအတွက် အကြံပြုနိုင်ပါသည်။ ၎င်းသည် နည်းပညာဆိုင်ရာ အချက်ပြကိရိယာများနှင့် ကောင်းစွာလိုက်ဖက်သော အချက်အလက်ပြ ဖြည့်စွက်ကိရိယာတစ်ခုဖြစ်သည်။

Support and resistance

အမျိုးအစား - ဖြည့်စွက်ကိရိယာ

Support and Resistance ညွှန်ပြချက်သည် လမ်းကြောင်းပြောင်းသွားနိုင်သည့် အဓိကအမှတ်များကို ရေးဆွဲသည်။

တွက်ချက်မှုပုံသေနည်း - Support and Resistance ညွှန်ပြချက်သည် Bill Willam’s Fractals ညွှန်ပြချက်ကို အခြေခံပြီး အဆိုပါ Fractal pattern ကို ဖော်ထုတ်ရန် အတွဲလိုက်ရှိသော candlesticks ၅ ချောင်း ၏ အလယ် candlesticks သည် ယခင် candlesticks / bars များနှင့် နှိုင်းယှဉ်လျှင် အမြင့်ဆုံး (သို့မဟုတ်) အနိမ့်ဆုံး ဖြစ်မဖြစ် ဖော်ထုတ်ခြင်း ဖြစ်သည်။

ကိရိယာအတွက် သင့်လျော်သည်များမှာ

  • မည်သည့်နည်းဗျူဟာအမျိုးအစားမဆို အသုံးဝင်သည်။ ၎င်းသည် အဓိက အမြင့်နှင့် အနိမ့်များ အတိုင်း အလျားလိုက်ရေးဆွဲသည်။ ၎င်းသည် စျေးကွက် ၏ အကောင်းဆုံးအဆင့်များကို သတ်မှတ်ရန် နှင့် ဆိုင်းငံ့အော်ဒါများ ၊ အမြတ်ယူမည့် အမှတ်များနှင့် အရှုံးခံမည့်အမှတ်များကို သတ်မှတ်ရန် ကူညီပေးသည်။
  • မည်သည့်ကုန်သွယ်ရေးဈေးကွက်မဆို အသုံးဝင်သည်။၊ Forex နှင့်စတော့အိတ်ချိန်း ဈေးကွက်များ ။
  • မည်သည့် timeframe မဆို အသုံးဝင်သည်။ ၎င်းသည် စျေးကွက်လှုပ်ခတ်မှုနည်းပါးသော M15-M30 timeframe များတွင် ပိုမိုတိကျသောအချက်ပြမှုများကို ပေးပို့နိုင်ပြီး၊ စျေးနှုန်းအတက်အကျမှာ အလွန်ပြတ်သားခြင်းမရှိပါ။

Support and resistance ညွှန်ပြချက်သည် သီးခြားအသိပညာ (သို့မဟုတ်) အတွေ့အကြုံ မလိုအပ်သောကြောင့် ကုန်သည်များအားလုံးအတွက် သင့်လျော်ပါသည်။ ဂရပ်ဖစ်ပိုင်းခွဲခြမ်းစိတ်ဖြာခြင်းကို နှစ်သက်သောကုန်သည်များအတွက် အသုံးဝင်မည် ဖြစ်သည်။

Day Trading အတွက် အကောင်းဆုံး အချက်ပြကိရိယာ များ

Day trading ဆိုသည်မှာ တစ်ရက်အတွင်း ပြုလုပ်သော အရောင်းအဝယ်ဖြစ်ပြီး၊ swap မကောက်ခံမှီ ပိတ်သော အရောင်းအဝယ်များကို ဆိုလိုသည်။ တစ်နေ့တာကုန်သွယ်မှုတွင် ရေတို scalping လည်း ပါ၀င်သည်၊ သို့သော် အများအားဖြင့်၊ ၎င်းသည် M15-H1 timeframe တွင် ပြုလုပ်လေ့ရှိသောအရောင်းအ၀ယ်များကို ဆိုလိုသည်၊၊ အရောင်းအဝယ်မှာ နာရီအနည်းငယ်အထိ ကြာမြင့်သည်။

တစ်နေ့တာကုန်သွယ်ရေးအတွက် အကောင်းဆုံးအချက်ပြကိရိယာများ

  • Trend following indicators ။ Alligator၊ Ichimoku cloud၊ moving averages၊ ADX စသည်ဖြင့် ဖြစ်သည်။ လမ်းကြောင်းပြအချက်ပြကိရိယာများအားလုံးသည် တစ်နေ့တာကုန်သွယ်ခြင်းတွင် အလုပ်လုပ်သည်။ ၎င်းတို့သည် အလားအလာရှိသော ဘေးတိုက်လမ်းကြောင်း စတင်ခြင်းနှင့် လမ်းကြောင်းတစ်ခု၏ရွေ့လျားခြင်းအစတို့ကို ညွှန်ပြမည်ဖြစ်သည်။ ထိုကဲ့သို့သော ကိရိယာများသည် candlesticks များစွာ၏ လှုပ်ရှားမှုမှ သင့်အား အမြတ်အစွန်းများရအောင် ကူညီပေးပါလိမ့်မည်။
  • Channel indicators ။ Bollinger Bands, Keltner Channel, Donchian Channels။ M30-H1 timeframes များတွင် ကုန်သည်များသည်ခွဲခြမ်းစိတ်ဖြာရန်အချိန်ရသည်၊ စျေးကွက် အလှုပ်အခတ်၏ လွှမ်းမိုးမှုကို ဖယ်ရှားပေးသည်။ ချန်နယ်ညွှန်ပြချက်ကိရိယာများသည် ကာလလတ် timeframes များတွင် ပိုမိုတိကျသောအချက်ပြမှုများကို ပေးပို့ပါသည်။
  • Oscillators ။ ပိုမိုအားကောင်းသောအချက်ပြမှုများရရှိရန် MACD, RSI, CCI နှင့် stochastic ကို လမ်းကြောင်းပြ အချက်ပြကိရိယာများနှင့်အတူ ပေါင်းစပ်အသုံးပြုထားသည်။
  • Information indicators ။ ZigZag, Market Sentiment, volatility indicators ။ ဤကိရိယာများသည် မျှော်မှန်းလမ်းကြောင်းဦးတည်ချက်နှင့် အားကောင်းမှုကို ညွှန်ပြသော ဖြည့်စွက်ကိရိယာများဖြစ်သည်။

တစ်နေ့တာကုန်သွယ်ခြင်း၏ အားသာချက်မှာ ဆက်တင်များကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားသောကြောင့် အဆိုပါ ကုန်သွယ်မှုဗျူဟာအမျိုးအစားတွင် အချက်ပြကိရိယာအားလုံးနီးပါးကို အသုံးပြုနိုင်သည်။

ယေဘုယျအားဖြင့်၊ တစ်နေ့တာကုန်သွယ်ခြင်းကို daily timeframe အတွင်း ရောင်းဝယ်မှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ကာလရှည်ကုန်သွယ်မှုဗျူဟာအဖြစ် ရည်ညွှန်းနိုင်သည်။ တူညီသော လမ်းကြောင်းနောက်လိုက်သည့် အချက်ပြကိရိယာများသည် D1 timeframes များတွင် ကောင်းစွာလုပ်ဆောင်သည်။ အောက်ဖော်ပြပါ မှတ်ချက်အနည်းငယ်မှာ

  • D1 timeframes များတွင် အချက်အလက်ပြသည့်ညွှန်ပြချက်များမှာ ဆိုးဝါးစွာလုပ်ဆောင်သည်။ ရေရှည်ခန့်မှန်းချက်များမှာ စီးပွားရေးဆိုင်ရာအချက်များ၏ အားကောင်းသော လွှမ်းမိုးခြင်း ခံထားရသောကြောင့် စျေးကွက်၏စိတ်သဘောထားပြသည့် ညွှန်ပြချက်သည် ရေတိုကာလအတွင်း ထိရောက်မှုရှိသည်။
  • Oscillator များမှ မှားယွင်းသည့် အချက်ပြမှုများစွာ ပေးပို့တက်သည်။

စတော့ကုန်သွယ်ရေးအတွက် အကောင်းဆုံးအချက်ပြကိရိယာများ

ဘဏ္ဍာရေးဆိုင်ရာကုန်သွယ်မှုအမျိုးအစားများအတွက် ရွေးချယ်စရာများ- စတော့ရှယ်ယာ CFD များနှင့် equities များ။

  1. စတော့ရှယ်ယာ CFDများ။ CFD များကို OTC စျေးကွက်ဖြစ်သည့် Forex စျေးကွက်တွင် ကုန်သွယ်မှုပြုလုပ်ပါသည်။ ကုန်သွယ်မှုငွေကြေးအတွဲများကဲ့သို့ တူညီသောအညွှန်းကိန်းများကို အသုံးပြုနိုင်သည်။ စတော့ဈေးကွက်၏ အင်္ဂါရပ်မှာ ငွေကြေးများနှင့် နှိုင်းစာလျှင် ပိုရှည်သော လမ်းကြောင်းများဖြစ်သည်။ ထို့ကြောင့်၊ သင်သည် လမ်းကြောင်းပြကိရိယာများနှင့် အရေးကြီးသောလယ်ဗယ်များဖြစ်သော ဥပမာ၊ Fibonacci retracement နှင့် extensions များကို အသုံးပြုနိုင်သည်။ Parabolic SAR၊ MACD၊ Alligator သည် စတော့ရှယ်ယာ CFD တစ်ခုချင်းကို ရောင်းဝယ်ရာတွင် အတော်လေး ကောင်းမွန်ပါသည်။
  2. Equities ။ စတော့အိတ်ချိန်းတွင် အာမခံငွေချေးစာချုပ်များရောင်းဝယ်ခြင်း။ ဤတွင်၊ စံသတ်မှတ်ချက်ကိရိယာများအပြင်၊ သင်သည် ကုန်သွယ်မှုပမာဏပြကိရိယာများကို သုံးနိုင်သည်-
    • VWAP – volume-weighted average price.Candlestick တစ်ခုစီ၏ ကုန်သွယ်မှုပမာဏကို ထည့်သွင်းစဉ်းစားရာတွင် ပိုမိုတိကျသော ပျမ်းမျှစျေးနှုန်းများကို ညွှန်ပြသည်။
    • On Balance Volume သည် သတ်မှတ်ထားသော ကာလတစ်ခုအတွက် ပျမ်းမျှ စုစည်းနေသည့်ပမာဏကို ညွှန်ပြသည်။

စတော့ဈေးကွက်တွင်၊ ဤအညွှန်းကိန်းများသည် အရေအတွက်အမှန်နှင့် အရောင်းအဝယ်ပမာဏ အမှန်များကို ထင်ဟပ်စေသည်။ Forex တွင်၊ ပမာဏပြ ညွှန်ပြချက်ကိရိယာများသည် OTC စျေးကွက်တွင် စုစုပေါင်းစာရင်းဇယားများကို ရယူနိုင်သကဲ့သို့ ဈေးနှုန်းများ၊ စျေးနှုန်းပြောင်းလဲမှုအရေအတွက်များကိုသာ ပြသသည်။ ထို့ကြောင့်၊ ပမာဏပြ ညွှန်ပြချက်ကိရိယာများသည် CFD များကို ရောင်းဝယ်ရာတွင် ထိရောက်မှုမရှိပါ။

Swing Trading အတွက် အကောင်းဆုံးအချက်ပြကိရိယာများ

Swing trading သည် correction ၏အဆုံးသတ်၌ ပင်မလမ်းကြောင်းအတိုင်း အော်ဒါ ပြုလုပ်ရန် ရည်ရွယ်ချက်အပေါ် အခြေခံသော ကာလတိုဗျူဟာတစ်ခုဖြစ်သည်။

swing trading စနစ်၏ algorithm -

  • လမ်းကြောင်းအစကို ခန့်မှန်းခြင်း။ ဘေးတိုက်လမ်းကြောင်း ပြီးသွားသောအခါတွင် လမ်းကြောင်းတစ်ခုစတင်ခြင်းကို အသိအမှတ်ပြုရန်အကောင်းဆုံးအခြေအနေဖြစ်သည်။ စျေးနှုန်း ပြောင်းပြန်လှန်ခြင်းကို အချက်ပြမှုအဖြစ် အသုံးနည်းသည်။
  • ပထမဦးစွာ စျေးနှုန်းပြောင်းပြန်လှန်ခြင်းကို ခန့်မှန်းခြင်း။ တန်ပြန်-လမ်းကြောင်းရွေ့လျားမှု အဆုံးသတ်ပြီး စျေးနှုန်းသည် လမ်းကြောင်းအတွင်းသို့ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်ပါ။
  • အရောင်းအဝယ်ကို အဆင့်နှစ်ဆင့်ဖြင့် ပိတ်ပါ။ ကုန်သွယ်မှုဦးတည်ချက်ပေါ်မူတည်၍ စျေးနှုန်းသည် လတ်တလောအမြင့်ဆုံး (သို့မဟုတ်) အနိမ့်ဆုံးသို့ရောက်ရှိသောအခါ အမြတ်၏ 50% ကိုယူပါ။ Correction နောက်တစ်ခု စတင်သောအခါတွင် trailing stop (သို့မဟုတ်) ကုန်သွယ်မှုမှထွက်ခြင်းဖြင့် ကျန် 50% ကို ကာကွယ်ပါ။

Swing trading အတွက် အကောင်းဆုံးအချက်ပြကိရိယာများ

  • Fibo retracement levels. ညွှန်ပြချက်သည် လမ်းကြောင်းပြောင်းသွားနိုင်သည့် အဓိကလယ်ဗယ်များ ကို တည်ဆောက်ပေးသည်။
  • ADX ။ ADX ညွှန်ပြချက်သည် bulls နှင့် bears ၏ အင်အားကိုပြသသည်၊ ၎င်းသည် စျေးနှုန်းလှုပ်ရှားမှု၏ အရှိန်အဟုန် (သို့မဟုတ်) နှေးကွေးမှုကို ညွှန်ပြနိုင်သည်။
  • CCI, RSI, stochastic ကဲ့သို့သော oscillator များ။ ၎င်းတို့သည် အဝယ် (သို့မဟုတ်) ရောင်းချသည့် ပမာဏများ (အဝယ်လွန်ခြင်းနှင့် အရောင်းဈေးလွန်နေသည့် အခြေအနေများ) ဖြင့် စျေးကွက်၏ ပြည့်ဝမှုကို ပြသသည်။ ဥပမာအားဖြင့်၊ အတက်လမ်းကြောင်းတွင် အကျ correction တစ်ခု ဖြစ်ပေါ်ပြီး oscillator များသည် အဝယ်လွန်ဇုန် တွင် ရှိနေသည်။ ဤအခြေအနေတွင်၊ စျေးနှုန်းသည်ဆက်လက်ကျဆင်းသွားနိုင်သောကြောင့်၊ correction အဆုံးတွင် ကုန်သွယ်မှုမဝင်သင့်ပါ။

Option Trading အတွက် အကောင်းဆုံးအချက်ပြကိရိယာများ

Binary options နှင့် stock options ဟူ၍အမျိုးအစား နှစ်မျိုးရှိသည်။ Binary options ကုန်သွယ်ရေးသည် လက်ရှိတန်ဖိုးများနှင့် နှိုင်းယှဉ်ပါက အနာဂတ်စျေးနှုန်းများ ၏ အတက် သို့မဟုတ် ကျဆင်းမည်ကို ကုန်သည်မှ ခန့်မှန်းသော CFD ကုန်သွယ်မှု၏ ရိုးရှင်းသောဗားရှင်းတစ်ခုဖြစ်သည်။ Stock options ဆိုသည်မှာ အာမခံငွေရေး‌ကြေးရေးဆိုင်ရာ ဆင့်ပွားဈေးကွက်ဖြစ်သည်။

  1. Binary options။ကုန်သွယ်ရေးအမျိုးအစား၏ရွေးချယ်မှုသည် ကုန်သွယ်မှုစနစ်ပေါ်တွင်မူတည်သည်။ ယေဘုယျအားဖြင့်၊ သင်သည် Forex ကုန်သွယ်မှုတွင်ကဲ့သို့ တူညီသောအချက်ပြကိရိယာများကို အသုံးပြုနိုင်သည်။

    Options trading အတွက် အကောင်းဆုံးအချက်ပြကိရိယာများ

    • Moving Averages ။ Moving averages များ ပေါင်းစပ်မှုကို swing trading မှ ရေရှည်ခွဲခြမ်းစိတ်ဖြာခြင်းအထိ မည်သည့်ကုန်သွယ်ရေးနည်းဗျူဟာတွင်မဆို အသုံးပြုနိုင်သည်။ MA ပေါင်းစပ်မှု၏ ကောင်းမွန်သော ဥပမာမှာ Alligator ဖြစ်သည်။
    • Oscillators: stochastic, RSI, CCI ။ လမ်းကြောင်းကို အတည်ပြုရန် ၎င်းတို့ကို အသုံးပြုကြသည်။
  2. Stock options ။ စတော့အရောင်းအဝယ်အတွက် သင့်လျော်သော အချက်ပြကိရိယာများဖြင့် အလုပ်လုပ်မည် ဖြစ်သည်။

    အောက်ပါတို့ကိုလည်း အသုံးပြုနိုင်သည် ။

    • TD Sequential ။ ၎င်းသည် ပြောင်းပြန်လှန်သည့်ပုံစံများကို အမှတ်အသားပြုကာ ရေရှည်လမ်းကြောင်းကို ခန့်မှန်းပေးသည့် လမ်းကြောင်းအတိုင်းကုန်သွယ်သော အချက်ပြကိရိယာတစ်ခုဖြစ်သည်။
    • Money Flow Index ။ ၎င်းသည် RSI နှင့်ဆင်တူသော ပမာဏပြ အချက်ပြကိရိယာတစ်ခုဖြစ်သည်။
    • PVT ။ ၎င်းသည် အများအားဖြင့် စတော့ဈေးကွက်တွင် အသုံးပြုသော အခြားပမာဏပြ အချက်ပြကိရိယာတစ်ခုဖြစ်သည်။

Scalping အတွက် အကောင်းဆုံးအချက်ပြကိရိယာများ

Scalping သည် အချိန်တိုအတွင်း အကြိမ်ရေများသော ကုန်သွယ်မှုဖြစ်ပြီး ကုန်သွယ်မှုများစွာကို ဝင်ရောက်၍ မိနစ်အနည်းငယ်ကြာ ချုပ်ကိုင်ထားခြင်းဖြစ်သည်။ ကုန်သွယ်မှု timeframes များမှာ M5-M15၊ အနိမ့်ဆုံး spreads နှင့် မတည်ငြိမ်မှုမြင့်မားခြင်းသည် scalper အတွက် အရေးကြီးပါသည်။ လမ်းကြောင်းဦးတည်ချက်သည် အရေးမကြီးဘဲ scalper တစ်ဦးသည် ကုန်သွယ်မှုတစ်ခုမှလျင်မြန်စွာထွက်ပြီး စျေးနှုန်းသည် ဆန့်ကျင်ဘက်သို့သွားပါက ဆန့်ကျင်ဘက်ကုန်သွယ်မှုတစ်ခု ဝင်ရောက်ခြင်းဖြစ်သည်။ အကွာအဝေးတစ်ခုအတွင်းတွင် အမြင့်မားဆုံးနေရာသို့ စျေးနှုန်းရောက်ရှိပြီး spread ပမာဏကို ကာမိပါက ဘေးတိုက်လမ်းကြောင်းတွင် ကုန်သွယ်မှုပြုလုပ်နိုင်သည်။

Scalping အချက်ပြကိရိယာများသည် အချက်ပြစောသင့်ပြီး၊ စျေးနှုန်းအတက်အကျကို လျစ်လျူရှုကာ ဈေးနှုန်းကို ပြန်လည် မမွမ်းမံသင့်ပါ။

Scalping အတွက် အကောင်းဆုံးအချက်ပြကိရိယာများ

  • Spread indicator ။ Scalper များအတွက် spread သည် အရေးကြီးသည်။ Spread ကျဉ်းလေ၊ အရောင်းအဝယ်ကို မြန်မြန်ပိတ်နိုင်လေလေ၊ ဈေးနှုန်းလှုပ်ရှားမှုမှအမြတ်များရလေ ဖြစ်သည်။ Spread ညွှန်ပြချက်သည် အခြေခံအားဖြင့် ဖြစ်ပေါ်သော မတည်ငြိမ်မှုများကြားရှိ spread ကို ပြသသည်။
  • Heiken Ashi chart ။ ဇယားသည် စျေးကွက်၏ ဈေးနှုန်းလမ်းကြောင်းကို ချောမွေ့စွာဖော်ဆောင်ပေးပြီး အတက်အကျများကို ဖယ်ရှားပေးသောကြောင့် ပိုမိုအဆင်ပြေသည်။
  • The Ichimoku cloud ။ ဤညွှန်ပြချက်သည် လမ်းကြောင်း ခိုင်မာမှုနှင့် ဦးတည်ချက်ကို တိုင်းတာသည်။ ၎င်းသည် အရောင်းအဝယ်ငြိမ်နေချိန်တွင် အချက်ပြမှု ရှားပါးသော်လည်း တိကျသောအချက်ပြမှုများ ပေးပို့သည်။

ခရစ်ပတိုကုန်သွယ်ရေးအတွက် အကောင်းဆုံးအချက်ပြကိရိယာ များ

ခရစ်ပတိုကုန်သွယ်ရေး ဆိုသည်မှာ USD နှင့် ခရစ်ပတိုငွေကြေးများကို ရောင်းဝယ်ခြင်း ဖြစ်သည်။ ခရစ်ပတိုငွေကြေးစျေးကွက်၏အင်္ဂါရပ်မှာ -

  • မတည်ငြိမ်မှုမြင့်မားခြင်း - တစ်နေ့လျှင် 2%-3% သည်ပုံမှန်ဖြစ်သည်။
  • မြင့်မားသော spread, slippages ။
  • စီးပွားရေးဆိုင်ရာအချက်များကြောင့် မြင့်မားသော အလှုပ်အခတ်ရှိခြင်း ။

သင်္ချာဆိုင်ရာ အယ်လ်ဂိုရီသမ်များအပေါ် အခြေခံထားသော ညွှန်ပြချက်များသည် ငွေကြေးအတွဲများတွင် ကုန်သွယ်ခြင်းထက် ခရစ်ပတိုငွေကြေးစျေးကွက်တွင် ပိုမိုဆိုးရွားသည်။ မည်သည့်ပုံစံ (သို့မဟုတ်) မည်သည့်ပုံမှန်အခြေအနေပင်ဖြစ်စေ စီးပွားရေးဆိုင်ရာအချက်များ၊ market-makers များ၏လုပ်ဆောင်ချက်များ၊ ထိန်းကျောင်းသူများနှင့် ဗဟိုဘဏ်များ၏ ထုတ်ပြန်ချက်များ၊ မီဒီယာသမားများကြောင့် မှားယွင်းလွဲချော်သွားနိုင်သည်။

ခရစ်ပတိုငွေကြေးကုန်သွယ်ရေးအတွက် အကောင်းဆုံးအချက်ပြကိရိယာများ

  • Fibonacci levels၊ support/resistance levels၊ ဈေးကွက်ဖွဲ့စည်းမှုပုံစံများ။ ခရစ်ပတိုငွေကြေးကိုးကားချက်များအပေါ် ကြီးမားစွာ သက်ရောက်နေသည့် အချက်အလက်များမှာ စီးပွားရေးဆိုင်ရာအခြေခံအချက်များ၊ အများစု၏ စိတ်နေသဘောထားနှင့် ကုန်သည်များ၏ အပြုအမူကို ပိုင်းခြားစိတ်ဖြာသည့် ညွှန်ပြချက်ကိရိယာများ ပင် ဖြစ်သည်။
  • Market sentiment indicators ။ စျေးကွက်၏ အတက် (သို့မဟုတ်) အကျ ဖြစ်ပေါ်ခြင်းကို ထင်ဟပ်စေသည့် အများစု၏ ထင်မြင်ယူဆချက် ကိုပြသသည်။
  • Spread indicator ။ မတည်ငြိမ်မှုအားကောင်းခြင်းကြောင့် spread ဟလာခြင်း ၏ အစကို သတိပြုမိစေရန် ကိရိယာကကူညီပေးသည်

အခြေခံနည်းပညာဆိုင်ရာ အချက်ပြကိရိယာများကို ကောင်းစွာအသုံးချနိုင်သော်လည်း အချက်ပြမှုများကို အခြေခံကျကျနှင့် ဇယားတွင်ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အတည်ပြုသင့်သည်။

အကောင်းဆုံး Forex ကုန်သွယ်ရေးအချက်ပြကိရိယာများ -အကျဉ်းချုပ်

အကျဉ်းချုပ်ကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။ Forex ကုန်သွယ်မှုအတွက် ရေပန်းအစားဆုံး၊ အတိကျဆုံး နှင့် အကောင်းဆုံးသော အချက်ပြကိရိယာ ၁၅ မျိုး ကိုသာဖော်ပြထားပါသည်။ ဤကိရိယာများကို ကုန်သွယ်မှုအတွေ့အကြုံရှိ မည်သည့်ကုန်သည်မျိုးမဆို အသုံးချနိုင်သည်။ သင်သည်ကွဲပြားသော အချက်ပြကိရိယာအမျိုးအစားများအတွက် ခွဲဝေပေးထားသည့် ကဏ္ဍများရှိ လင့်ခ်များကို အသုံးပြုခြင်းဖြင့် ကိရိယာတစ်ခုစီ၏ အသေးစိတ်ခြုံငုံသုံးသပ်ချက်ကို ဖတ်ရှုနိုင်ပါသည်။

ကိရိယာ

အမျိုးအစား

စနစ်

သင့်တော်မှု

အသုံးပြုပုံ

ကန့်သတ်ချက်

MA

အချက်ပြ နောက်ကျခြင်း

Trend Following

Day Trading

အဝယ်: အမြန် MA သည် အနှေး ကို အထက်ဘက် ဖြတ်ခြင်း။

အရောင်း: အမြန် MA သည် အနှေး ကို အောက်ဘက် ဖြတ်ခြင်း

(9), (21)

TEMA

အချက်ပြ စောခြင်း

Trend Following

Scalping, Day Trading, Long-term Tradin

အဝယ်: TEMA အထက်တွင် candlesticks ၁ခုမှ၂ခု ဆက်တိုက် ပိတ်ခြင်း။

အရောင်း-TEMA အောက်တွင် candlesticks ၁ခုမှ၂ခု ဆက်တိုက် ပိတ်ခြင်း

(9)

Alligator

အချက်ပြ နောက်ကျခြင်း

Trend Following

Day Trading, Long-term Trading

အဝယ်/အရောင်း: MA လိုင်း စတင် ဝေးကွာခြင်း

(21, 13, 13, 8, 8, 5)

MACD

အချက်ပြ နောက်ကျခြင်း

Trend Following

Day Trading, Long-term Trading

အဝယ်/အရောင်း - histogram ကော်လံများ

အားကောင်းခြင်း/ကျဆင်းခြင်း MACD လိုင်းများ လမ်းကြောင်းဦးတည်ချက်နှင့် ဝေးကွာခြင်း

(12, 26, 9)

Parabolic SAR

အချက်ပြ နောက်ကျခြင်း

Trend Following

Day Trading, Long-term Trading

အဝယ်: PSAR သည် ဈေးနှုန်းဇယားအောက်ရောက်ခြင်း။ အရောင်း: PSAR သည် ဈေးနှုန်းဇယားအထက်ရောက်ခြင်း ။

(0,02, 0,02, 0,2)

ADX

အချက်ပြ နောက်ကျခြင်း

Momentum

Day Trading, Long-term Trading

အဝယ်/အရောင်း: ဖြတ်ကျော်ပြီးနောက် DI+ အထက်/အောက် ရောက်ခြင်း

ထပ်ဆင့်အချက်ပြမှု: လမ်းကြောင်းကြံ့ခိုင်မှုကို အတည်ပြုသည့် ပင်မလိုင်း အထက်သို့တက်ခြင်း (အတက်/အဆင်း ၂ မျိုးလုံး)

(14, 14)

CCI

အချက်ပြ စောခြင်း

Momentum

Day Trading, Long-term Trading, Swing Trading, Reversal Trading

အဝယ်/အရောင်း - အဝယ်လွန်/အရောင်းလွန်ဇုန်သို့ ရောက်ရှိပြီးနောက် အလယ်ဗဟိုသို့ CCI ပြန်လည်ဦးတ

ည်ခြင်း

(20)

RSI

အချက်ပြ စောခြင်း

Momentum

Day Trading, Long-term Trading, Swing Trading, Reversal Trading

အဝယ်/အရောင်း - အဝယ်လွန်/အရောင်းလွန်ဇုန်သို့ ရောက်ရှိပြီးနောက် အလယ်ဗဟိုသို့ RSI ပြန်လည် ဦးတည်ခြင်း

(14)

Stochastic

အချက်ပြ နောက်ကျခြင်း

Momentum

Day Trading, Long-term Trading, Swing Trading, Reversal Trading

အဝယ်: အရောင်းလွန်ဇုန် 20 အောက်တွင်Stochastic ရောက်ရှိနေပြီး အထက်သို့ ပြန်တက်ခြင်း။.

အရောင်း: အဝယ်လွန်ဇုန်80အထက်တွင်Stochastic ရောက်ရှိနေပြီး အောက်သို့ ပြန်ကျခြင်း.

(14, 3, 3)

Fibonacci retracement

အချက်ပြ စောခြင်း

Enter

Swing Trading, Scalping

အဝယ်/အရောင်း- Fibo levels များ၌ correction ပြီးဆုံးသည့်အခါ ပင်မလမ်းကြောင်းဦးတည်ချက်အတိုင်း ကုန်သွယ်ခြင်း

Default

Chande Kroll Stop

အချက်ပြ နောက်ကျခြင်း

Volatility

Day Trading

stop loss သတ်မှတ်ရန် အသုံးပြုခြင်း

(10, 1, 9)

ATR

အချက်ပြ နောက်ကျခြင်း

Volatility

All Types

အဝယ်/အရောင်း - ATR တန်ဖိုးတက်ခြ

င်းသည် မတည်ငြိမ်မှုများလာခြင်း ဖြစ်သည်။ပင်မလမ်းကြောင်းဦးတည်ချက်အတိုင်း ကုန်သွယ်မှုဝင်ရောက်ခြင်း။

(14)

BBW

အချက်ပြ နောက်ကျခြင်း

Volatility

Channel Trading

Long/Short: BBW သည် ၎င်း၏ support level မှ ပြန်တက်လာသည်၊ လမ်းကြောင်းဦးတည်ချက်အတိုင်း candlesticks ၁ခုမှ ၂ခု ဖြစ်ပေါ်ပြီးလျှင် ကုန်သွယ်မှုဝင်ရောက်ခြင်း

(20, 2)

Keltner Channe

အချက်ပြ နောက်ကျခြင်း

Volatility

Channel Trading

အဝယ်/အရောင်း- ချန်နယ်ကို ကျော်၍ candlestick ပိတ်လျှင် လမ်းကြောင်းဦးတည်ချက်အတိုင်း ကုန်သွယ်မှုဝင်ရောက်ခြင်း

(20, 1)

On Balance Volume

အချက်ပြ စောခြင်း

Volume

Day Trading, Long-term Trading, Swing Trading

အဝယ်/အရောင်း- ညွှန်ပြချက်တန်ဖိုး သိသာစွာ ကျခြင်း/တက်ခြင်း သည် အတက်/အဆင်းလမ်းကြောင်း ကို ဖြစ်ပေါ်စေခြင်း

Default


အမေးများသော နိုင်ငံတကာငွေကြေးလဲလှယ်ရေးဈေးကွက်သုံး အချက်ပြကိရိယာများ

မည်သည့်ကိရိယာမဆို ဖြစ်နိုင်သည်။ သိထားရန်မှာ ကိရိယာအမျိုးအစားအပေါ်မူတည်မှုမရှိဘဲ ၎င်းကို ကျွမ်းကျင်စွာအသုံးပြုနိုင်မှုဖြစ်သည် - အချက်ပြမှုများကို ခွဲခြားသတ်မှတ်ခြင်း၊ မတူညီသောကိရိယာများကို ဇယားပုံစံများဖြင့် ပေါင်းစပ်ခြင်းနှင့် အခြေခံခွဲခြမ်းစိတ်ဖြာခြင်းများ။ ဥပမာအားဖြင့် ပေါင်းစပ်ရေးသားသူ၏အချက်ပြကိရိယာများ၊ဒစ်ဂျစ်တယ်ညွှန်ပြချက်များ 3ခု မှ 5ခု အထိအသုံးပြုသည့် ရှုပ်ထွေးသော digital indicators ကုန်သွယ်မှုစနစ်များရှိပါသည်။ စံသတ်မှတ်ချက် နည်းပညာညွှန်ပြချက်များအပေါ် အခြေခံ၍ အမြတ်အစွန်းရှိသော ကုန်သွယ်မှုဗျူဟာများလည်း ရှိပါသည်။ ကုန်သည်၏စတိုင်နှင့် ပန်းတိုင်များပေါ်မူတည်၍ ကုန်သွယ်မှုဗျူဟာတစ်ခုစီအတွက် အကောင်းဆုံးကုန်သွယ်ရေးအချက်ပြကိရိယာများကို ရွေးချယ်ထားသည်။

  1. အခြေခံ Forex အချက်ပြကိရိယာများ။ MT4 တွင်၊ စံသတ်မှတ်ချက်နည်းပညာဆိုင်ရာ ကိရိယာ အခု ၃၀ နှင့် ဇယားကွက် ၃၁ ခု ရှိသည်။ MT5 တွင် ၃၈ ခုနှင့် ဇယားကွက် ၄၄ ခု ရှိသည်။ LiteFinance ကုန်သွယ်မှုတာမင်နယ်သည် နည်းပညာဆိုင်ရာ အချက်ပြကိရိယာ ၄၅ ခုနှင့် ဇယားကွက် ၂၅ ခုကို ပံ့ပိုးပေးသည်။
  2. စိတ်ကြိုက်ပြုပြင်နိုင်သော Forex အချက်ပြကိရိယာများ ။ ၎င်းတို့မှာ ရာနှင့်ချီရှိပါသည်။ ၎င်းတို့ထဲမှ အချို့သည် အခြေခံကိရိယာ၏ဗားရှင်းများ၊ အဆင့်မြှင့်ထားသော၊ ပြုပြင်ထားသော အခြေခံကိရိယာများ၏ ဗားရှင်းများဖြစ်သည်။ အခြားသော ကိရိယာများသည် စံသတ်မှတ်ချက်အယ်လ်ဂိုရီသမ်များ (သို့မဟုတ်) ကောင်းမွန်သည့်ပြုပြင်မှုများအပေါ် အခြေခံသည့် မူရင်းကိရိယာများဖြစ်သည်။ TradingView ဝဘ်ဆိုက်တွင် (သို့မဟုတ်) MQL5 ဝဘ်ဆိုက်၊ MT4/MT5 ဆော့ဖ်ဝဲရေးသားသူမှ မူရင်းကိရိယာများကို သင်သိရှိနိုင်သည်။ ထို့အပြင်သင်သည် MQL5 ၏ အခမဲ့ကဏ္ဍတွင်၊ original trading algorithm ကိုအခြေခံ၍ ပရိုဂရမ်မာများအား ညွှန်ပြချက်ကုဒ်တစ်ခုရေးရန် တောင်းဆိုနိုင်သည်။

အသုံးအများဆုံး ကုန်သွယ်မှုအချက်ပြကိရိယာများစွာ ရှိပါသည်

  1. မတူညီသော အဆင့်မြှင့်တင်ချက်များရှိ moving Averages ။ ပျမ်းမျှတန်ဖိုးတွက်ချက်ခြင်းနည်းလမ်းကို အသုံးပြု၍ အချိန်အပိုင်းအခြားအလိုက် ဖြစ်ပေါ်သောဈေးနှုန်းပါဝင်ခြင်း (သို့မဟုတ်) မပါဝင်သော စျေးနှုန်းပျမ်းမျှ ကိရိယာ။ MA များကို အောက်ပါတို့တွင် အသုံးချသည် -
    • MA အခြေခံသည့် ဗျူဟာ ။ ၎င်းတို့သည် မတူညီသောကာလများဖြင့် MAs ၏ဖြတ်ကျော်မှုကို အခြေခံထားသည်။
    • ရှုပ်ထွေးသော ကိရိယာများ-. ဥပမာအားဖြင့် Bollinger bands။
    • Moving average အသုံးပြုခြင်းနည်းလမ်းဖြင့် ချောမွေ့စေခြင်း၊ ဥပမာ၊ VWAP အချက်ပြကိရိယာဖြင့် နည်းပညာဆိုင်ရာအချက်ပြကိရိယာများနှင့် ပေါင်းစပ်ရန် လိုအပ်သည်။
  2. Fibonacci retracements ။ ဤကိရိယာသည် golden ratio အပေါ် အခြေခံ၍ Fibonacci ဇယားကွက်ကို တည်ဆောက်ပြီး ကုန်သည်အများစု၏ စိတ်သဘောထားကို ထည့်သွင်းစဉ်းစားသည်။
  3. အခြေခံ oscillators: stochastic, RSI, MACD, CCI.

အချက်ပြကိရိယာများအားလုံးသည် မတူညီသောစျေးကွက်အခြေအနေများတွင် တိကျနိုင်ပါသည်။ အကြံပြုချက်များ-

  • တိကျသောအချက်ပြမှုများကို ရနိုင်သလောက်ရရှိနိုင်စေရန် အချက်ပြကိရိယာ၏ ကန့်သတ်ချက်များကို ရွေးချယ်ပါ။
  • စျေးကွက်အခြေအနေအမျိုးမျိုးတွင် ဒီမိုအကောင့်တစ်ခုဖြင့် ကိရိယာကို စမ်းသပ်ပါ၊ အချက်ပြမှုများ၏ အတိကျဆုံးဖြစ်မည့်အချိန်များကို ဆုံးဖြတ်ပါ။ ဥပမာအားဖြင့်၊ ဈေးကွက်ငြိမ်နေခြင်း (သို့မဟုတ်) မိနစ် timeframes များတွင် အလုပ်မလုပ်သော ကိရိယာများရှိသည်။
  • MT4 strategy tester ကိုအသုံးပြုပါ။ မတူညီသောကုန်သွယ်ပိုင်ဆိုင်မှုအမျိုးအစားများနှင့် မတူညီသော timeframes များတွင် ကိရိယာကိုစမ်းသပ်ပါ၊ စမ်းသပ်မှုပြုလုပ်ထားသော ကိန်းဂဏန်းများကိုခွဲခြမ်းစိတ်ဖြာပါ။
  • အချက်ပြမှုများကို အတည်ပြုရန် ဖြည့်စွက်ကိရိယာအချို့ကို ထည့်ပါ။

အတိကျဆုံး Forex အချက်ပြကိရိယာသည် သင်၏ကုန်သွယ်မှုဗျူဟာတစ်ခုချင်းတွင် အကောင်းဆုံး လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အချက်ပြကိရိယာအားလုံးနီးပါးသည် အဝင်နှင့်အထွက် အမှတ်များကို သတ်မှတ်သည်။ ဥပမာများ-

  • Channel indicators - ကုန်သွယ်မှုကို Keltner ချန်နယ် (သို့မဟုတ်) Bollinger bands များအတွင်း ချန်နယ်နယ်နိမိတ်မှ ပြန်ကန်တက်ခြင်းအတိုင်း ဝင်ရောက်ခဲ့လျှင် ၊ စျေးနှုန်းသည် ချန်နယ်၏ အလယ် (သို့မဟုတ်) ဆန့်ကျင်ဘက်နယ်နိမိတ်သို့ ရောက်ရှိသောအခါ ထွက်ရမည့်အမှတ် အား အချက်ပြမှု ပေါ်လာမည် ဖြစ်သည်။
  • Trend following indicators - Alligator ၏ အဝင်အချက်ပြလိုင်းများသည် ညွှန်ပြချက်လိုင်းများဝေးသွားသည့်အခါဖြစ်သည်။ လိုင်းများ အတူတကွ စတင်တွေ့ဆုံသောအခါ၊ ၎င်းသည် ထွက်ရန်အချက်ပြမှုဖြစ်သည်။
  • Oscillators- ညွှန်ပြချက်သည် စံသတ်မှတ်ချက် ၏ အကွာအဝေးအပြင်ဘက် ရောက်သွားသောအခါ stochastic ၏ အဝင်အချက်ပြမှု ပေါ်လာသည်။ ညွှန်ပြချက်သည် ဆန့်ကျင်ဘက်နယ်နိမိတ်၊ 20 နှင့် 80 ကိုထိသောအခါ ထွက်ရန် အချက်ပြမှုဖြစ်သည်။
  • Trend strength indicators - ADX တန်ဖိုးသည် 50 နှင့် အထက်ရှိသောအခါ၊ လမ်းကြောင်းသည် အားပျော့သွားသည်ဟု ဆိုလိုပြီး ကုန်သွယ်မှုတစ်ခုမှ ထွက်ရန်အချိန်ရောက်ပြီဖြစ်သည်။

အရေးပါသည့် လယ်ဗယ်များကိုလည်း အသုံးပြုနိုင်သည်။ Stop loss သတ်မှတ်ရန် ATR ကို အသုံးပြုနိုင်သည်။.

၎င်းတို့သည် အချက်ပြမှုကို အတည်ပြုသည့် ဖြည့်စွက်ကိရိယာများဖြစ်သည်။ အဝင် (သို့မဟုတ်) အထွက် အချက်ပြမှုများကို ရှာဖွေခြင်း၏ အယ်လ်ဂိုရီသမ်-

  • ပင်မညွှန်ပြချက်အပေါ်အခြေခံ၍ အချက်ပြမှုကိုသတ်မှတ်သည်။ အချက်ပြမှုဆိုသည်မှာ အခြေအနေတစ်ခု သို့မဟုတ် အများအပြား ပြည့်မီသည်ဟု ဆိုလိုသည်။ ဥပမာအားဖြင့်၊ ညွှန်ပြချက်သည် စျေးနှုန်းဇယားကို အောက် မှ အထက်သို့ ဖြတ်သွားသောအခါ ဖြစ်သည်။
  • အချက်ပြမှုကို သင်တွေ့ရှိသောအခါ၊ အတည်ပြုပြီးသည်နှင့် အရောင်းအ၀ယ်တစ်ခု ဝင်ရောက်ပါ။

ညွှန်ပြချက်များကိုအတည်ပြုခြင်း၏ဥပမာတစ်ခုမှာ oscillators ဖြစ်သည်။

  1. သင်၏ကုန်သွယ်မှုစနစ်နှင့် ကောင်းစွာလိုက်ဖက်သော ကိရိယာများ ။
  2. သင်နားလည်ပြီး ကုန်သွယ်မှုပြုလုပ်ရန် အဆင်ပြေသော ကိရိယာများ ။
  3. သင်၏ကုန်သွယ်မှုဗျူဟာတွင် အတိကျဆုံးနှင့် အကျိုးအမြတ်အရှိဆုံးအချက်ပြမှုများကို ပေးပို့သည့် ကိရိယာများ ။

လမ်းကြောင်းနောက်လိုက်သည့်အချက်ပြကိရိယာများ၊ ချန်နယ် အချက်ပြကိရိယာများ၊ oscillators များ၊ မတည်ငြိမ်မှုတိုင်းတာသည့် ကိရိယာများ၊ လမ်းကြောင်းကြံ့ခိုင်မှုတိုင်းသော ကိရိယာများ ၊ ကုန်သွယ်မှုပမာဏတိုင်းသော ကိရိယာများ၊ သတင်းအချက်အလက် ပေးသည့် ကိရိယာများ ရှိကြသည်။

  1. အချက်ပြကိရိယာကို Metatrader 4 နှင့် Metatrader 5 ရှိ ဇယားတွင် ထည့်သွင်းခြင်း။ Insert-Indicators မီနူးကို နှိပ်ပါ။ တက်ဘ်ရှိ လိုအပ်သောကိရိယာကို ရွေးပါ။။
  2. LiteFinance ကိုယ်ပိုင်ပရိုဖိုင်တွင် အခြေခံအချက်ပြကိရိယာကို ထည့်သွင်းခြင်း။ ကုန်သွယ်မှု(Trade) ကို နှိပ်၍ ဝင်းဒိုးတာမင်နယ်၏ဘယ်ဘက်ထောင့်ကိုနှိပ်ပါ။ ဖွင့်လိုသောဈေးကွက်၏ဇယားကိုဖွင့်ပြီး Indicators tab ကိုနှိပ်ပါ။
  3. Metatrader 4 နှင့် Metatrader 5 တွင် အပိုအချက်ပြကိရိယာများ ထည့်သွင်းခြင်း-
    • နမူနာပုံစံကို သင့်ကွန်ပျူတာထဲသို့ ထည့်ပါ။
    • အပေါ်ဘက် ဖိုင်မီနူးရှိ ဒေတာစာရင်းတွင် နမူနာပုံစံများထည့်ရန် တက်ဘ်ကိုဖွင့်ပါ။
    • MQL4/5 – Indicators လမ်းညွှန်ချက် သို့သွားပါ။ နမူနာပုံစံကို ဖိုဒါသို့ ကူးထည့်ပါ။
    • ပလပ်ဖောင်းကို ပြန်လည်စတင်ပါ။

H1 နှင့်အထက် timeframe များအတွက် ရေးဆွဲထားသော မည်သည့်အချက်ပြကိရိယာမဆို အသုံးပြုနိုင်သည်။ ကာလရှည်ဗျူဟာများတွင်၊ လမ်းကြောင်းနောက်လိုက်သည့်ကိရိယာများ၊ မတည်ငြိမ်မှုတိုင်းသည့် ကိရိယာများနှင့် လမ်းကြောင်း-ကြံ့ခိုင်မှုပြ ကိရိယာများကို အသုံးပြုခြင်းသည် ပိုကောင်းသည်။ ၎င်းတို့သည် သင့်အား လမ်းကြောင်း၏ အားလျော့လာသည့် အခိုက်အတန့်များကို သတ်မှတ်ရာတွင် ကူညီပေးပါလိမ့်မည်။ Oscillator များသည် daily timeframes များတွင် ထိရောက်မှုနည်းပါသည်။ သတင်းအချက်အလက်ပြသည့်ကိရိယာများကိုလည်း ထည့်သွင်းနိုင်သည်-

  1. Spread indicator - စျေးကွက်အတွင်း သိသိသာသာ မညီမျှမှု အခိုက်အတန့်ကို သွယ်ဝိုက်၍ အချက်ပြသည်။
  2. Market sentiment - ကိရိယာသည် အော်ဒါအရေအတွက်၊ ပမာဏများကို တိုင်းတာပြီး သီးခြား timeframe အတွင်း ဖြစ်ပေါ်သောအများစု၏ ထင်မြင်ယူဆချက်များကို ပြသသည်။
  3. Indicator of trading sessions - အချို့သော ပိုင်ဆိုင်မှုတန်ဖိုးများသည် ရောင်းဝယ်မှု အချိန်တစ်ခုအတွင်း မတည်ငြိမ်မှုများ မြင့်မားသည်။

Daily timeframe တွင် ကုန်သွယ်မှုလုပ်ဆောင်သည့်အခါ စီးပွားရေးပြက္ခဒိန်ကိုလည်း ကိုးကားနိုင်သည်။ မတည်ငြိမ်မှုများ ပြောင်းလဲသင့်သည်အခါ၌ အကြံပြုပေးမည်ဖြစ်သည်။

ပေါင်းစပ်အမျိုးအစားများ-

  1. Forex လမ်းကြောင်းပြကိရိယာများနှင့် oscillators များ။ လမ်းကြောင်းတစ်ခု၏ အစကိုအဆုံးအဖြတ်ပေးပြီး oscillators ဖြင့် အဝင်အချက်ပြမှု ကိုအတည်ပြုခြင်းဖြင့် ရွေ့လျားနေသော လမ်းကြောင်းလှုပ်ရှားမှုမှ အမြတ်များရယူပါ။ Oscillators များသည် ဖြစ်နိုင်ချေရှိသော လမ်းကြောင်းပြောင်းပြန်လှန်သည့်အမှတ်များကို ရှာဖွေရာတွင်လည်း ကူညီပေးပါမည်။
  2. Forex လမ်းကြောင်းပြ ညွှန်ပြချက်ကိရိယာများ နှင့် ဇယားအားခွဲခြမ်းစိတ်ဖြာခြင်း။ အားကောင်းသော လယ်ဗယ်များကိုရှာပါ၊ စျေးနှုန်းမှ အဆိုပါလယ်ဗယ်များကို ဖောက်ခြင်း သို့မဟုတ် ပြန်ကန်သည့်အခါတွင် ကုန်သွယ်မှု ပြုလုပ်ပါ။လမ်းကြောင်းပြောင်းပြန်လှန်မှုကို အတည်ပြုပြီး ပြောင်းပြန်လှန်သည့်ပုံစံများကို ကိုးကားမှုပြုလုပ်ပါ ၊
  3. ချန်နယ်ညွှန်ပြချက်ကိရိယာများ နှင့် လမ်းကြောင်းကြံ့ခိုင်မှု ညွှန်ပြသည့် ကိရိယာများ။ ၎င်းတို့သည် သင့်အား ချန်နယ် မှ ဖောက်ထွက်ခြင်း (သို့မဟုတ်) စျေးနှုန်းသည် ပျမ်းမျှတန်ဖိုးသို့ ပြန်သွားခြင်း ဖြစ်နိုင်ခြေကို ရှာဖွေရန်ကူညီပေးပါမည်။

ကုန်သွယ်မှုစနစ်တစ်ခုစီသည် သီးခြားစီဖြစ်သည်၊ အကြံပြုထားသော ရွေးချယ်မှုများဖြင့် သင့်ကိုယ်သင် ကန့်သတ်မထားပါနှင့်။ သင့်အတွက် အဆင်ပြေမည့် Forex ကုန်သွယ်မှုအတွက် ညွှန်ပြချက် ကိရိယာများကို သင့်ကိုယ်ပိုင်ပုံစံဖြင့် အကောင်းဆုံးပေါင်းစပ်မှုကို ရှာဖွေပါ။

ရေတိုကုန်သွယ်မှုအတွက် M15-H1 timeframe များတွင် ၊ လမ်းကြောင်းအချက်ပြကိရိယာများနှင့် oscillators များကို အသုံးပြုနိုင်သည်။ ဥပမာအားဖြင့်၊ သင်သည် CCI၊ RSI၊ MACD နှင့် moving averages၊ Ichimoku cloud စသည်တို့ကို ပေါင်းစပ်၍ စမ်းကြည့်နိုင်သည်။ တနေ့တာဖြစ်သောဈေးနှုန်းလမ်းကြောင်းကို မတူညီသောကာလများ (သို့မဟုတ်) TEMA နှင့် moving averages များပေါင်းစပ်ထားသည့် Alligator မှ ကောင်းစွာသတ်မှတ်ထားသည်။ ချန်နယ်ဗျူဟာများတွင်၊ တူညီသောကာလများနှင့်အတူ EMA များကို စျေးနှုန်းအမျိုးမျိုး၊ အမြင့်၊ အနိမ့်၊ Keltner Channel သည် စျေးနှုန်းလုပ်ဆောင်ချက်ပုံစံများနှင့်အတူ ကောင်းစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။

ကုန်သွယ်မှုပမာဏကို ထည့်သွင်းစဉ်းစားသည့် နည်းပညာဆိုင်ရာ အချက်ပြကိရိယာများ - VWAP၊ On-Balance Volume။ ထိုကဲ့သို့သော ကိရိယာများသည် candlestick တစ်ခုစီ၏ ကုန်သွယ်မှုပမာဏကို ပျမ်းမျှအားဖြင့် ထည့်သွင်းစဉ်းစားသောကြောင့် စျေးကွက်အခြေအနေကို ပိုမိုတိကျစွာ ထင်ဟပ်စေသည်။ ပမာဏပြအချက်ပြကိရိယာများကို လမ်းကြောင်းကိရိယာများ ၊ oscillators များနှင့်အတူ အသုံးပြုကြည့်ပါ။

အဝယ် (သို့မဟုတ်) အရောင်း များ၏ လွှမ်းမိုးမှုအတိုင်းအတာ ၊ စျေးကွက်မတည်ငြိမ်မှု ကို တိုင်းတာသည့် အချက်ပြကိရိယာများ၊

  • ATR သည် အတွဲလိုက်ရှိသော candlesticks နှစ်ခု၏ လွန်ကဲစျေးနှုန်းကို တိုင်းတာသည့် မတည်ငြိမ်မှု ညွှန်ပြချက်ဖြစ်သည်။ မတည်ငြိမ်မှု မြင့်မားလေ၊ စျေးကွက်အရှိန် အားကောင်းလေဖြစ်သည်။
  • ADX သည် အဝယ် (သို့မဟုတ်) အရောင်း များ၏ အင်အားပြောင်းလဲမှုနှင့် လမ်းကြောင်းကို တိုင်းတာသည့် ရှုပ်ထွေးသောညွှန်ပြချက်တစ်ခုဖြစ်သည်။
  • Alligator သည် moving averages များအား အခြေခံသည့် လမ်းကြောင်းညွှန်ပြချက်တစ်ခုဖြစ်သည်။ MAs များကြား အကွာအဝေးပိုကျယ်လေ၊ စျေးနှုန်းအရှိန်အဟုန် အားကောင်းလေဖြစ်သည်။ လိုင်းများ ဆုံဆည်းသောအခါ၊ လမ်းကြောင်းမှာ အားပျော့နေမည်ဖြစ်သည်။

အသုံးများသော Forex လမ်းကြောင်းပြညွှန်ပြချက်များနှင့် oscillators များအပြင်၊ futures ကုန်သွယ်မှုနှင့် အခြားစတော့ဈေးကွက်ပိုင်ဆိုင်မှုများတွင် ပမာဏညွှန်ပြချက်ကိရိယာများကို အသုံးပြုနိုင်ပါသည်။

Scalping အတွက် အကောင်းဆုံးကိရိယာများမှာ စျေးကွက်အတက်အကျမှ လွှမ်းမိုးမှုနည်းပါးသည့် အချက်ပြစောသောကိရိယာများဖြစ်ပြီး မိနစ် timeframes များနှင့် ဘေးတိုက်လမ်းကြောင်းတွင် အလုပ်လုပ်နိုင်သည်။ အချက်ပြစောသောကိရိယာ နှင့် အချက်ပြနောက်ကျသောကိရိယာများကို ပေါင်းစပ်နိုင်သည်။ ဥပမာအားဖြင့်၊ သင်သည် Bollinger Bands နှင့် RSI (သို့မဟုတ်) stochastic ကိုတွဲဖက်သုံးနိုင်သည်။ Ichimoku cloud ကိုအခြေခံသော ကုန်သွယ်မှုစနစ်များလည်းရှိသည်။ Spread indicators များကို အပိုကိရိယာတစ်ခုအဖြစ် အသုံးပြုခြင်းသည်လည်း ကောင်းမွန်သည်။

  1. စတော့ရှယ်ယာ options များအတွက် ပမာဏပြ ကိရိယာများ၊ လမ်းကြောင်းပြညွှန်ပြချက်များကို အသုံးပြုနိုင်သည်။ MQL5 ဝဘ်ဆိုက်တွင် မူရင်းညွှန်ပြချက်တစ်ခုကို ဖန်တီးရန် ပရော်ဖက်ရှင်နယ်တစ်ဦးကိုလည်း သင်တောင်းဆိုနိုင်သည်။
  2. Binary options အတွက် သင်သည် Forex ကုန်သွယ်မှုကဲ့သို့တူညီသော အချက်ပြကိရိယာများကို သုံးနိုင်သည်။ အသုံးပြုမှုများမှာ ကုန်သွယ်မှုစနစ်ပေါ်တွင်မူတည်သည်။

  1. Fibonacci ကိရိယာအားလုံး ။ Fibo အညွှန်းကိန်းများသည် correction ကို အဆုံးသတ်ရန် မျှော်လင့်ထားသည့် အများစု၏ စိတ်သဘောထားဆိုင်ရာ လယ်ဗယ်များ၌ ရေးဆွဲသည်။ Fibonacci extension သည် correction ပြီးဆုံးပြီးနောက် ဖြစ်ပေါ်နိုင်သည့် လမ်းကြောင်း၏ အမြင့်/အနိမ့်ကို တွက်ဆထားသည်။
  2. ADX သည် ဝယ်သူ (သို့မဟုတ်) ရောင်းသူ၏ လွှမ်းမိုးမှုကို ဖော်ပြသည့် အဝယ် (သို့မဟုတ်) အရောင်း၏ အင်အားကို တိုင်းတာသည်။
  3. Oscillators - RSI နှင့် stochastic။ Oscillator လိုင်းသည် အပိုင်းအခြားဘောင်များနှင့် နီးကပ်နေပါက၊ correction သည် လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။

Elliot wave ခွဲခြမ်းစိတ်ဖြာမှု၊ support နှင့် resistance တန်းများ ဖြင့် ကုန်သွယ်ခြင်းတို့ကိုလည်း သင်အသုံးပြုနိုင်သည်။

မြှားဖြင့်ညွှန်ပြသည့် အကောင်းဆုံး Forex အချက်ပြကိရိယာသည် အထူးသဖြင့် သင်၏ကုန်သွယ်မှုစနစ်အတွက် တီထွင်ထားသည့်အချက်ပြကိရိယာတစ်ခုဖြစ်သည်။ ပြန်လည် မွမ်းမံရန်မလိုဘဲ အတိကျဆုံးအချက်ပြမှုများကို ပေးပို့မည့်ကိရိယာကို ရှာဖွေရန် သင်သည် စမ်းသပ်မှုများစွာကို လုပ်ဆောင်သင့်သည်။ mql5.com ဝဘ်ဆိုဒ်ရှိ အခမဲ့ကဏ္ဍတွင် ထည့်သွင်းပြီး အချက်ပြမှုတစ်ခု ဖွဲ့စည်းသည့်အချိန်၌ ညွှန်ပြချက်ကိရိယာထဲသို့ မြှားများထည့်၍ အော်ဒါတစ်ခုဖန်တီးပါ။ ထိုအခါ သင်၏ကုန်သွယ်မှုဗျူဟာနှင့် အကိုက်ညီဆုံးဖြစ်မည့် မြှားဖြင့်ညွှန်ပြသည့် အကောင်းဆုံး အချက်ပြကိရိယာကို ရရှိမည်ဖြစ်သည်။

သင့်တွင် မေးခွန်းများ ရှိပါသလား ? ၎င်းတို့ကို မှတ်ချက်ပေးသည့်နေရာတွင် ဆွေးနွေးကြပါစို့။ ကောင်းမွန်သော ကုန်သွယ်မှုအချက်ပြကိရိယာတစ်ခုခုကို သိရှိပါက မှတ်ချက်ပေးသည့်နေရာတွင် ရေးသားပေးပါ၊ ကျွန်ုပ်အနေဖြင့် ပြန်လည် သုံးသပ်ပေးပါမည်။

လက်တွေ့ဈေးကွက်အချိန်ရှိ EURUSD ၏စျေးနှုန်းဇယား

ကုန်သည်တိုင်းအသုံးပြုသင့်သည့် နိုင်ငံတကာ ငွေကြေးလဲလှယ်ရေးဈေးကွက်သုံး အကောင်းဆုံး ကုန်သွယ်ရေး အချက်ပြကိရိယာများ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat