တနေ့တာအတွင်း ကုန်သွယ်ခြင်းနည်းဗျူဟာများကို intraday trading ဟုလည်း ညွှန်းဆိုလေ့ရှိကြသည်။ အဓိပ္ပါယ်မှာ ကုန်သွယ်မှု အဖွင့်နှင့်အပိတ်ကို တနေ့အတွင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ လူသုံးအများဆုံး အချိန်မှာ H1 ဖြစ်သော်လည်း ဤနည်းဗျူဟာများအတွက် Forex စျေးကွက်ကို ခွဲခြမ်းစိတ်ဖြာရာတွင် M30 မှ H4 အထိ အချိန်များကို အသုံးပြုပါသည်။ အခြားအချိန်အပိုင်းအခြားများကိုလည်း အသုံးပြုနိုင်ပါသည်။ သို့ရာတွင် စည်းကမ်းချက်တခု ရှိပါသည်။ Swap အဖိုးအခများကို ရှောင်ရှားရန်အတွက် ကုန်သွယ်မှု ဖွင့်ခြင်းနှင့် ပိတ်ခြင်းများအား တရက်အတွင်း အပြီးလုပ်ဆောင်ရပါမည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- တနေ့တာအတွင်း ကုန်သွယ်ခြင်း ဆိုသည်မှာ အဘယ်နည်း။
- တနေ့တာအတွင်းကုန်သွယ်ခြင်း သည် မည်သူတို့အတွက် သင့်တော်ပါသနည်း။
- တနေ့တာအတွင်းကုန်သွယ်ခြင်းအား မည်သို့ စတင်ရမည်နည်း။
- ဟာ့ဒ်ဝဲလ် နှင့် ဆော့ဖ်ဝဲလ် လိုအပ်ချက်များ။
- တနေ့တာအတွင်းကုန်သွယ်ခြင်းအား မည်သို့လေ့လာရမည်နည်း။
- တနေ့တာအတွင်းကုန်သွယ်ခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အခြေခံများ။
- ငွေအရင်းအနှီး မည်မျှလိုအပ်ပါသနည်း။
- တနေ့တာအတွင်း ကုန်သွယ်ခြင်းအတွက် အကောင်းဆုံး ကုန်သွယ်ရေးပစ္စည်း အမျိုးအစားများ။
- တနေ့တာအတွင်းကုန်သွယ်ခြင်း နည်းဗျူဟာများ။
- တနေ့တာအတွင်းကုန်သွယ်ခြင်း၏ ဆုံးရှုံးနိုင်ခြေများ။
- စတင်သူများအတွက် တနေ့တာအတွင်းကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများနှင့် အကြံဉာဏ်များ။
- ဘဝရပ်တည်မှုအတွက် တနေ့တာအတွင်းကုန်သွယ်ခြင်း။
- တနေ့တာအတွင်းကုန်သွယ်ခြင်း၏ အားသာချက်၊ အားနည်းချက် များ။
- နိဂုံး။တနေ့တာအတွင်း ကုန်သွယ်ခြင်းသည် သင့်အတွက် သင့်တော်မှု ရှိပါသလား။
- တနေ့တာအတွင်းကုန်သွယ်ခြင်း အမေး၊ အဖြေများ။
ဤသုံးသပ်ချက်တွင် တနေ့တာအတွင်းကုန်သွယ်ခြင်း၏ အလုပ်လုပ်ပုံနှင့် စပ်ဆက်ရာ ကုန်သွယ်ရေး အခြေခံများကို လေ့လာသင်ယူနိုင်ပါသည်။
တနေ့တာအတွင်းကုန်သွယ်ခြင်း၏ ထူးခြားချက်များ။
တနေ့တာအတွင်းကုန်သွယ်ခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ။
ပုံမှန် နှင့် ပေါင်းစပ်ထားသော Indicators များအပေါ် အခြေခံသော တနေ့တာအတွင်းကုန်သွယ် ခြင်း ၏ နည်းဗျူဟာများ။
တနေ့တာအတွင်း ကုန်သွယ်ခြင်း ဆိုသည်မှာ အဘယ်နည်း။
တနေ့တာအတွင်း ကုန်သွယ်ခြင်း ဆိုသည်မှာ ကုန်သွယ်မှုတခုအား ၂၄ နာရီထက်ပို၍ ဖွင့်ထားခြင်းမရှိသော၊ နောက်တရက်သို့ ညအိပ်ကူးပြောင်းခြင်းမရှိသော ကုန်သွယ်ရေးအမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့် Swap အဖိုးအခများ မပါဝင်သော အမျိုးအစား ဖြစ်ပါသည်။ ခွဲခြမ်းစိတ်ဖြာရန်အတွက် မည်သည့် အချိန်ဘောင်ကိုမဆို အသုံးပြုနိုင်သော်လည်း ရေပန်းအစားဆုံးမှာ H1 နှင့် H4 အချိန်အပိုင်းအခြားများဖြစ်ကြသည်။ မိနစ်ပိုင်းအတွင်း ကုန်သွယ်ရေး (scalping) နှင့် မတူသောအချက်မှာ ကုန်သွယ်မှုများကို နာရီများစွာကြာမြင့်သည်ထိ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် အခြေအနေများကို အကဲဖြတ်ရာတွင် စိတ်ခံစားချက်များ၊ အလျင်စလိုပြုမူမိခြင်းများ ကင်းဝေးစေသည့်အပြင် တချိန်တည်းတွင် အလွန်အကျွံ လုပ်ဆောင်မိခြင်းများကိုလည်း ထိန်းချုပ်နိုင်ပါသည်။ လက်ရှိအချိန်ကာလအတွင်း ဈေးနှုန်းမတည်ငြိမ်ချိန်တွင် ပေါ်ပေါက်လာတတ်သော spike များကို ရှောင်ရှားနိုင်ပါက ကြီးမားသော အပ်ငွေပမာဏကို မလိုအပ်ပါ။
တနေ့အတွင်းကုန်သွယ်ခြင်းအား အတွေ့အကြုံနည်းပါးသော ကုန်သည်အသစ်များမှ အထူး နှစ်သက်ကြသည်။ အကျိုးဆောင်ကုမ္ပဏီဘက်မှကြည့်လျင် မိနစ်ပိုင်းအတွင်းရောင်းဝယ်ခြင်းဟုမဆိုနိုင်သော တနေ့အတွင်းကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ ပြဿနာတစုံတရာမရှိပါ။ ဈေးနှုန်းမငြိမ်မှုများ တစိတ်တပိုင်း ပြေလျော့သွားမည်ဖြစ်ပြီး (လက်ရှိကာလအတွင်း ရှုပ်ထွေးသော နှစ်ခွရွေ့လျားမှုများ မရှိပါ)၊ လှိုင်းပုံသဏ္ဍာန်များကိုလည်း သိသာထင်ရှားစေပါသည်။ အရေးအကြီးဆုံးအချက်မှာ သင့်အနေဖြင့် အလောတကြီး ဆုံးဖြတ်ချက်ချရန် မလိုအပ်သကဲ့သို့ တချိန်တည်းမှာပင် ရလာဒ်အတွက်လည်း ကြာရှည်စောင့်ဆိုင်းရန် မလိုအပ်ခြင်းပင်ဖြစ်သည်။
တနေ့တာအတွင်း ကုန်သွယ်ခြင်းသည် ဈေးနှုန်းခန့်မှန်းတွက်ချက်ရသော အမျိုးအစားဖြစ်သောကြောင့် အဓိကကုန်သွယ်ရေး ပစ္စည်းအဖြစ် ငွေကြေးအတွဲများကို အများဆုံးကုန်သွယ်ကြလေ့ရှိသည်။ စတော့များနှင့် commodity CFDs များမှာမူ ဈေးကွက်အတွင်း ၃ ရက် မှ ၅ ရက်အထိ ကုန်သွယ်မှုကို ထိန်းသိမ်းထားရသော ကာလရှည် နည်းဗျူဟာများနှင့် ပိုမိုသင့်လျော်သည်။ တဖက်မှစဉ်းစားကြည့်ပါက ခရစ်ပတိုငွေကြေးများသည် တနေ့တာအတွင်းကုန်သွယ်ခြင်းနှင့်သာ အသင့်တော်ဆုံး ဖြစ်ကြသည်။ ၎င်းတို့အား မိနစ်ပိုင်းအတွင်း ရောင်းဝယ်သောအခါ မာဂျင်ပမာဏ ကြီးမားခြင်းကြောင့် အကျိုးအမြတ် မရရှိနိုင်ပေ။ ကာလရှည်ကုန်သွယ်ရေးတွင်လည်း မမျှတသော ဆုံးရှုံးနိုင်ခြေများ ပါဝင်နေပြန်သည်။ ၎င်းတို့သည် တနေ့အတွင်း ၃-၅-၁၀% အထိ အတက်အကျမြင့်မားလေရာ အမျှော်အမြင်ရှိသော ကုန်သည်များအနေဖြင့် တနေ့တာအတွင်း ကုန်သွယ်ခြင်းကို ရွေးချယ်လုပ်ဆောင်လေ့ရှိကြသည်။
တနေ့တာအတွင်း ကုန်သွယ်ခြင်းတွင် ထုတ်ပြန်မထားသော စည်းမျဉ်းများစွာ ရှိပါသည်။ ပထမဆုံးတခုမှာ သီတင်းပတ်ကုန်ဆုံးချိန် မတိုင်ခင်နှင့် ပြီးဆုံးကာစ ကာလများတွင် ကုန်သွယ်မှု ဖွင့်ခြင်း၊ ပိတ်ခြင်းများနှင့် သက်ဆိုင်သည်။ တနေ့တာ အတွင်း ကုန်သွယ်သည့် ကုန်သည်များ သည် တနင်္လာနေ့တွင် ဥရောပ ကုန်သွယ်ရေးအချိန်ပိုင်း၏ ပထမဆုံး နှစ်နာရီကို ကျော်၍သွားကြသည်။ ပိတ်ရက်များအပြီးတွင် Forex ဈေးကွက်အား ဈေးနှုန်းလစ်လပ်မှုတခုဖြင့် စတင်ကောင်း စတင်နိုင်သည်။ ထိုအချိန်အတွင်း ကုန်သည်များသည် ခွဲခြမ်းစိတ်ဖြာမှုများကို စတင်လုပ်ဆောင်ကြပြီး တပတ်စာ အစီအစဉ်များကို ချမှတ်ကြလေ့ရှိသည်။ တနင်္လာနေ့၏ ပထမဆုံး နာရီများသည် ခန့်မှန်းရခြင်း အနည်းဆုံး ဖြစ်သော်လည်း ထို့နောက်တွင်မူ ငွေကြေးဈေးကွက်သည် ၎င်း၏ ပုံမှန်လည်ပတ်မှုပုံစံသို့ ချဉ်းနင်းဝင်ရောက်လာပါသည်။ သောကြာနေ့သည်လည်း အလားတူပင်ဖြစ်သည်။ swap အဖိုးအခများနှင့် အခြေခံပိုင်းဆိုင်ရာ အပြောင်းအလဲများကြောင့် ဆုံးရှုံးရခြင်းများကို ရှောင်ရှားနိုင်ရန် ပိတ်ရက်များ မစတင်မှီတွင် ကုန်သွယ်မှုများအား အပြိုင်အဆိုင် ပိတ်သိမ်းလေ့ရှိကြသည်။
ဒုတိယစည်းမျဉ်းမှာ သီးခြား ကုန်သွယ်ရေး အချိန်ပိုင်းတခုအတွင်း ကုန်သွယ်ရေးပစ္စည်း၏ မတည်ငြိမ်မှု ရာခိုင်နှုန်းကို ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။ H4 အချိန်တွင် ဖွင့်ထားသော ကုန်သွယ်မှုတခုသည် ကုန်သွယ်ရေးပမာဏချင်း အလုံးစုံကွဲပြားသော ဒုတိယ ကုန်သွယ်ရေးအချိန်ပိုင်းနှင့် ထပ်လျက် ကျနေနိုင်သည်။ အာရှကုန်သွယ်ရေးအချိန်ပိုင်းတွင် အလေးထားသင့်သော ငွေကြေးမှာ JPY ဖြစ်ပြီး၊ ဥရောပကုန်သွယ်ရေးအချိန်ပိုင်းအတွင်း ဥရောပငွေကြေးများကို အလေးထားသင့်ပါသည်။
တနေ့တာအတွင်းကုန်သွယ်ခြင်းသည် မည်ကဲ့သို့အလုပ်လုပ်ပါသနည်း။
စတင်လေ့လာသူ များအတွက် တနေ့တာအတွင်းကုန်သွယ်ခြင်းတွင် EUR/USD ငွေကြေးအတွဲအား ခန့်မှန်းပုံကို ဥပမာတခုဖြင့် ကြည့်ရှုကြပါစို့။
D1 အချိန်အား ခွဲခြမ်းစိတ်ဖြာခြင်း။
နေ့စဉ်အချိန်တွင် ဈေးနှုန်းသည် အနိမ့်ဆုံးဈေးတန်း "2" ၌ ရပ်တန့်သွားခဲ့သည်။ "3" နှင့် "4" များသို့ ရွေ့လျားနိုင်ခြေရှိသည်။ သို့သော် ဈေးနှုန်းသည် ၂၀၂၀ ကျဆင်းမှုကာလတွင် "4" သို့ နောက်ဆုံးကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လတွင် "3" သို့ တကြိမ်တခါရောက်ရှိခဲ့သည်ကို တွေ့မြင်ရသည်။ ဖြစ်နိုင်ခြေအရှိဆုံး အရိပ်အယောင် မှာ "3" သို့ဆက်လက်ကျဆင်းပြီး၊ နောက်ပြန်လှည့်ကာ အဆင့် "1" သို့ ပြန်လည် တိုးတက်သွားသော လမ်းကြောင်းဖြစ်သည်။ သို့ရာတွင် "2" သို့ရောက်ရှိပြီးမှ အထက်သို့ ခုန်တက်ခြင်း သည်လည်း ဖြစ်နိုင်ချေတခုပင် ဖြစ်ပါသည်။
2. H1 အချိန် (တနေ့အတွင်းကုန်သွယ်ရေးအခြေအနေ) ကို ကြည့်လိုက်ကြရအောင်။
ဇယားပေါ်တွင် ဩဂုတ်လ ၆ ရက် သောကြာနေ့၌ ဈေးနှုန်းသိသာစွာ ကျဆင်းခဲ့ပြီး အနိမ့်ဆုံး ဈေးတန်းသို့ ရောက်ရှိသွားခြင်းနှင့် ပိတ်ရက်မစတင်မှီ candlestick ပုံစံငယ်လေးများပေါ်ပေါက်လာပြီး အထက်သို့ ပြန်တက်သွားသည်ကို မြင်နိုင်ပါသည်။ ပိတ်ရက်များ၊ အားလပ်ရပ်များ မစတင်မှီတွင် အများအားဖြင့် ဈေးကွက်တည်ငြိမ်လေ့ ရှိပါသည်။
နေ့စဉ်အချိန်ဇယားတွင် ကျွန်ုပ်တို့သည် အနီးစပ်ဆုံး ဈေးတန်းများကို မြင်နိုင်သော်လည်း ဈေးနှုန်းသည် မည်သည့်အဆင့်သို့ ရွေ့လျားလိမ့်မည်ဟု တိကျသော အဖြေမရှိပါ။ တနာရီအချိန်အတွင်း ဈေးနှုန်းသည် အမြင့်ဆုံးဈေးတန်းကို ထိတွေ့ခဲ့ပြီး အထက်သို့တိုးတက်ရန် မျှော်လင့်နိုင်ကြောင်း တွေ့ရှိရသည်။ တနင်္လာနေ့ ကုန်သွယ်မှု ဖွင့်လှစ်ပြီးချိန်တွင် ကျွန်ုပ်တို့သည် candlestick ပုံစံငယ် ၂ခု မှ ၅ခု ပေါ်ပေါက်သည်အထိ ဦးစွာစောင့်ဆိုင်းပါသည်။ ၎င်းတို့သည် ပင်မရွေ့လျားမှုများကို သရုပ်ကွဲစေသည်။ ကျွန်ုပ်တို့သည် လမ်းကြောင်း၏ ဦးတည်ရာအတိုင်း ကုန်သွယ်မှုကိုဖွင့်ပြီး stop အော်ဒါတခုအား လက်ရှိ အမြင့်ဆုံးဈေးတန်း၏အောက်တွင် နေရာချပါသည်။ အမြတ်ကန့်သတ်ချက်အား ပထမပုံမှ ဈေးတန်းအမှတ် "1" ၏ အောက်နားရှိ အမှတ်တခု၊ ဒုတိယပုံ တွင် ဈေးနှုန်းမှ မျှားပြထားသောပွိုင့်များ၌ သတ်မှတ်ပါသည်။ သို့မဟုတ် တနေ့တာ၏အဆုံးတွင် ကုန်သွယ်မှုကို ပိတ်သိမ်းပါသည်။ ပျမ်းမျှ အမြတ်အလားအလာမှာ ၅၀ မှ ၆၀ ပွိုင့် အတွင်းဖြစ်ပြီး ဤအတွဲ၏ နေ့စဉ် ပျမ်းမျှလှုပ်ရှားနှုန်းနှင့် ကိုက်ညီပါသည်။
နိဂုံး။ ။ဤသည်မှာ ယေဘုယျဈေးကွက်သဘောတရားများကို ပြသသော ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှု ဥပမာတခုဖြစ်သည်။ ပို၍ရှည်လျားသော အချိန်အားခွဲခြမ်းစိတ်ဖြာသည်။ ဈေးတန်းများကိုရေးဆွဲ၍ ဇယားပုံစံများတည်ဆောက်သည်။ လက်ရှိလမ်းကြောင်း သို့မဟုတ် ပုံစံကို ဖြစ်ပေါ်စေသော အခြေခံအကြောင်းတရားများကို ဆန်းစစ်လေ့လာသည်။ ထို့နောက် ပို၍နိမ့်သော အချိန်သို့သွားကာ candle ၁ ခု မှ ၃ ခု ဖြစ်ပေါ်သည်ကိုစောင့်ပြီး မြင့်မားသောအချိန်တွင် ပြုလုပ်ထားသော အယူအဆကို အတည်ပြုပါ။ ထို့နောက် လမ်းကြောင်းသစ်၏ ဦးတည်ချက်နှင့် ဆက်စပ်သော စျေးကွက်များ၏ ယေဘူယျ ရွေ့လျားမှုဖြင့် တနေ့တာကုန်သွယ်မှု ကို ပြုလုပ်ပါ။
တနေ့တာအတွင်းကုန်သွယ်ခြင်း သည် မည်သူတို့အတွက် သင့်တော်ပါသနည်း။
တနေ့တာအတွင်းကုန်သွယ်ရေးနည်းဗျူဟာသည် အောက်ပါကုန်သည်အမျိုးအစားများအတွက် သင့်တော်ပါသည်။
စတင်သူများ။ တနေ့အတွင်းကုန်သွယ်ရေးတွင် အလျင်စလို ဆုံးဖြတ်ချက်များ ပြုလုပ်ရန် မလိုအပ်ပါ။ အချက်ပေး candlestick တခုတွင်ပေါ်ပေါက်လာသော အချက်ပြမှုတခုအား ဆက်နွယ်မှုရှိသော သို့မဟုတ် တိုက်ရိုက်ဆက်စပ်နေသော ဈေးကွက်များရှိ အခြားအချိန်ဘောင် များတွင် အတည်ပြုနိုင်ကာ ဇယားပုံစံများကိုလည်း ရှာဖွေတွေရှိနိုင်သည်။ H1 အချိန်ဘောင်တွင် သင့်အတွက် ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန် အချိန်ဆယ်မိနစ် အပြည့်အဝ ရရှိပါသည်။
ကွန်ပျူတာရှေ့တွင် ၈ နာရီမှ ၁၀ နာရီ ကြာသည်ထိ အချိန်မပေးနိုင်သော ကုန်သည်များ။ H1 အချိန်ဘောင်အတွင်း ဖွင့်ထားသောကုန်သွယ်မှုတခုအား တနာရီလျှင် အချိန် ၅ မိနစ်မှ ၁၀ မိနစ်ခန့်သာ စောင့်ကြည့်ရန် လိုအပ်ပါသည်။
မတူညီသော ဈေးကွက်များအတွင်း ကုန်သွယ်ရေးအမျိုးအစားများစွာကို တပြိုင်တည်း ဆောင်ရွက်ကြသော ကုန်သည်များ။ H1 အချိန်အပိုင်းအခြားတွင် ကုန်သွယ်မှုတခုအတွက် တနာရီလျှင် ၅ မိနစ်မှ ၁၀ မိနစ်ခန့် အချိန်ပေးလျင် လုံလောက်သည်ဖြစ်ရာ အခြားကုန်သွယ်မှု ၅ ခု မှ ၁၀ ခုထိဖွင့်လှစ်နိုင်ပြီး တခုပြီးတခု လိုက်လံဆောင်ရွက်နိုင်ပါသည်။
ဆုံးရှုံးနိုင်ခြေကို ဖြန့်ကျက်ရန်အတွက် အမျိုးမျိုးသော နည်းဗျူဟာများဖြင့် အလုပ်လုပ်သော ကုန်သည်များ။ ဥပမာ - ၎င်းတို့သည် မတူညီသော ဇယားများတွင် မိနစ်ပိုင်းကုန်သွယ်ရေး (scalping) ၊ ရက်ပိုင်း/လပိုင်းအတွင်းကုန်သွယ်ရေး (swing trading) နှင့် တနေ့တာအတွင်း ကုန်သွယ်ရေးများကို ပေါင်းစပ်လုပ်ဆောင်ကြသည်။
အခြေခံပိုင်းအကြောင်းအရာများကို အသုံးချ၍ ကုန်သွယ်ကြသူများ။ ဈေးနှုန်းသည် စီးပွားရေးပြက္ခဒိန် မှ သတင်းများအပေါ် ၁ နာရီ မှ ၄ နာရီအတွင်း တုံ့ပြန်လေ့ရှိသည်။ နေ့စဉ် ကုန်သွယ်ရေးနည်းဗျူဟာများသည် လက်တွေ့ဖြစ်ပျက်နေသော အကြောင်းအရာများအပေါ် အခြေခံလေ့ရှိသည်။
မည်သည်က သင့်အတွက် အသင့်တော်ဆုံးဖြစ်မည်နည်း။ အထိုင်ချ၍ ရက်ရှည်ကုန်သွယ်မှုဖွင့်ခြင်းလော။ တနေ့တာအတွင်းကုန်သွယ်ခြင်းလော။ အချိန်ပိုင်း သို့မဟုတ် ကာလရှည် စသဖြင့် အထက်ပါ နည်းဗျူဟာ တမျိုးစီအား ဒီမိုအကောင့် တခုတွင် သင်ကိုယ်တိုင် စမ်းသပ်ကြည့်ပြီးမှသာ အဖြေကို ရရှိပါလိမ့်မည်။
တနေ့တာအတွင်းကုန်သွယ်ခြင်းအား မည်သို့ စတင်ရမည်နည်း။
တနေ့တာအတွင်း ကုန်သွယ်ခြင်း၏ အလုပ်လုပ်ပုံကို အဖြေရှာကြည့်ကြရအောင်။ ၎င်းတို့အား အောက်ပါအဆင့်များအတိုင်း စတင်သင့်ပါသည်။
အကျိုးဆောင်၏ ကုန်သွယ်ရေး သတ်မှတ်ချက်များကို လေ့လာပါ။ Spread ကွာဟချက် နှင့် အမျိုးအစား၊ အမြင့်ဆုံး leverage အချိုး၊ ကုန်သွယ်ရေးပစ္စည်း၏ အသေးဆုံးစာချုပ်အရွယ်အစား စသည်တို့အား သိရှိထားသင့်ပါသည်။ ဤအချက်များသည် အနာဂါတ်တွင် ကုန်ကျစားရိတ်နှင့် အသားတင်အမြတ်ကို တွက်ချက်ရာ၌ အကူအညီဖြစ်စေသည့်အပြင်၊ leverage ပါဝင်သော ကုန်သွယ်မှုတခုတွင် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်သောအခါ ထည့်သွင်းစဉ်းစားရလေ့ ရှိသော stop အော်ဒါ၏အကွာအဝေးနှင့် အပ်ငွေပမာဏတို့အား တွက်ချက်ရန်အတွက် အသုံးဝင်ပါသည်။ ကနဦး အချက်အလက်များကို အသုံးပြု၍ ကုန်သွယ်မှုပမာဏအား မည်သို့တွက်ချက်ရမည်ကို အောက်ပါဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။ "Forex ဈေးကွက်တွင် lot ဆိုသည်မှာအဘယ်နည်း။"
ကုန်သွယ်ရေးပိုင်ဆိုင်မှုအသီးသီး၏ ဝိသေဿလက္ခဏာများကို လေ့လာပါ။ မတည်ငြိမ်မှု အမြင့်မားဆုံး ကာလအပိုင်းအခြား၊ ဈေးနှုန်းရွေ့လျားမှု သဘာဝ၊ ကုန်သွယ်ရေး ပစ္စည်းတခုချင်း အပေါ် လွှမ်းမိုးနိုင်သော အခြေခံအကြောင်းတရားများ စသည်တို့ကို သိရှိထားရပါမည်။
ကြိုတင်ပြင်ဆင်ခြင်း။ ပလက်ဖောင်းအား တပ်ဆင်ခြင်း၊ အကောင့်ဖွင့်၍ ၎င်းအကောင့်အား ပလက်ဖောင်းသို့ ချိတ်ဆက်ခြင်း၊ အကောင့်တွင်းသို့ ငွေဖြည့်သွင်းခြင်း။
ဒီမိုအကောင့် တခုကိုဖွင့်၍ တနေ့တာအတွင်း ကုန်သွယ်ခြင်းကို စတင်လေ့ကျင့်ပါ။ ဈေးကွက်များ၏ အပြန်အလှန်ဆက်နွယ်မှုများကို သိမြင်နိုင်ရန် မတူညီသော ဈေးကွက်များတွင် စမ်းသပ်ကုန်သွယ်ပါ။
ဟာ့ဒ်ဝဲလ် နှင့် ဆော့ဖ်ဝဲလ် လိုအပ်ချက်များ။
Forex ဈေးကွက်တွင် တနေ့တာအတွင်းကုန်သွယ်ခြင်းအတွက် လိုအပ်သော ကိရိယာများ။
ကွန်ပျုတာ။ ။ Ram ပမာဏပိုများလေ ကြိမ်နှုန်းပိုမြင့်လေဖြစ်ပြီး၊ processor ပိုမြင့်လေ ပိုကောင်းလေ ဖြစ်ပါသည်။ ဝါရင့်ကုန်သည်များသည် မော်နီတာများစွာဖြင့် အလုပ်လုပ်ကြသော်လည်း စတင်သူများအတွက် ကွန်ပျူတာတလုံးရှိလျှင် လုံလောက်ပါသည်
ကုန်သွယ်ရေးပလက်ဖောင်းကို ထည့်သွင်းအသုံးပြုနိုင်သော မိုဘိုင်းစက်ပစ္စည်း။ ။ ပလက်ဖောင်းများ၏ မိုဘိုင်းဗားရှင်းများတွင် လုပ်ဆောင်ချက်များကို လျော့ချထားပြီး၊ ၎င်းတို့သည် ဈေးကွက် ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန် အဆင်မပြေပါ။ သို့ရာတွင် ၎င်းတို့၏ အကူအညီဖြင့် နှုန်းထားများကို ခြေရာခံ၍ ကုန်သွယ်မှု ဖွင့်ခြင်း၊ ပိတ်ခြင်းများကို ဆောင်ရွက်နိုင်ပါသည်။ တိကျသော အခြေအနေများ၌ ကုန်သွယ်မှုဖွင့်ရန်အတွက် desktop ပလက်ဖောင်းတခုတွင် သတိပေးအချက်ပြမှုကို သတ်မှတ်ထားနိုင်ပြီး၊ ထိုအချက်ပေးမှု ရရှိသည့်အပေါ်မူတည်၍ မိုဘိုင်းပလက်ဖောင်းတွင် ကုန်သွယ်မှုဖွင့်နိုင်ပါသည်။ ထိုနည်းလမ်းသည် သင်အလုပ်အသွားအပြန် ပြုလုပ်နေချိန်များ သို့မဟုတ် လက်ပ်တော့နှင့် ဝေးရာသို့ ရောက်ရှိနေချိန်များအတွက် အတော်ပင် အဆင်ပြေသော အစီအစဉ်တခုဖြစ်ပါသည်။ မိုဘိုင်းလ်ကုန်သွယ်ရေး app များသည် ဈေးကွက်များကို စောင့်ကြည့်ခြင်း နှင့် ကုန်သွယ်မှုဖွင့်ခြင်းများကိုလည်း ပိုမိုလွယ်ကူစေပါသည်။
အင်တာနက်ချိတ်ဆက်မှု။ ။ အချက်အလက်လွှဲပြောင်းမှုနှုန်း မြင့်မားလေလေ အော်ဒါလက်ခံဆောင်ရွက်ရာတွင် မြန်ဆန်လေဖြစ်ပါသည်။ အင်တာနက်ချိတ်ဆက်မှု တည်ငြိမ်ရပါမည်။ နောက်ဆက်တွဲကန့်သတ်ချက်အော်ဒါများနှင့် မတူညီပဲ ကုန်သွယ်မှုများကို အကျိုးဆောင်ကုမ္ပဏီ၏ ဆာဗာ၌ ဖွင့်ထားခြင်းဖြစ်ရာ အကယ်၍ သင်၏ အင်တာနက်ချိတ်ဆက်မှုချို့ယွင်းပါက ကုန်သွယ်မှုများမှာ ဖွင့်ထားသည့်အတိုင်းသာ ရှိနေမည်ဖြစ်သည်။
VPS ဆာဗာ။ ။ VPS ဆာဗာဆိုသည်မှာ စစ်မှန်သော ဆာဗာတခုတွင် အယောင်ဆောင် နေရာလွတ်တခုအား ငှားရမ်းအသုံးပြုခွင့်ပေးသော ဝန်ဆောင်မှုတခု ဖြစ်ပါသည်။ တနေ့လျှင် ၂၄ နာရီပတ်လုံး နေ့စဉ်ကုန်သွယ်ရာတွင် အင်တာနက်ချိတ်ဆက်မှုချို့ယွင်းခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ ဖြစ်ပေါ်သောအခါ၌ VPS ဆာဗာကို လိုအပ်ပါသည်။ အကယ်၍ သင်၏ကုန်သွယ်ရေးတွင် နောက်ဆက်တွဲကန့်သတ်ချက်ကို အသုံးပြုပါက VPS ဆာဗာသည် လွန်စွာအသုံးဝင်ပါသည်။
Forex ကုန်သွယ်ရေးဆော့ဖ်ဝဲလ်
အဓိကပရိုဂရမ်မှာ MT4၊ MT5၊ cTrader သို့မဟုတ် အခြား ကုန်သွယ်ရေး ပလက်ဖောင်းတခုဖြစ်သည်။ ကွန်ပျူတာနှင့် မိုဘိုင်းစက်ပစ္စည်းများအတွက် တပ်ဆင်မှုဖိုင်အား အကျိုးဆောင်ကုမ္ပဏီ၀က်ဘ်ဆိုဒ် တွင် ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပါသည်။
အပိုဆောင်းပရိုဂရမ်များ
နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေး လမ်းညွှန်ကိရိယာများ - အခြေခံ indicators များအပြင် ပလက်ဖောင်းပေါ်တွင် မိမိစိတ်တိုင်းကျ ထပ်မံတပ်ဆင်ထားသော indicator များ။ ၎င်းတို့မှာ တစ်ခုချင်းသော်လည်းကောင်း ပေါင်းစပ်ခြင်းဖြင့်သော်လည်းကောင်း ဖြစ်နိုင်သည် (ရိုးရှင်းသော နည်းလမ်းများကို အခြေခံခြင်းဖြင့်)
ကုန်သွယ်ရေးအကြံပေးစနစ်များ - လူကိုယ်တိုင်ဆောင်ရွက်ရသော ကုန်သွယ်ရေးစနစ် တခုအပေါ် အခြေခံ၍ သီးသန့်ပလက်ဖောင်းကုဒ်တခုအတွက် ရေးဆွဲထားသော ပရိုဂရမ်များ။ အချက်ပြမှုများ ရှာဖွေခြင်း၊ ကုန်သွယ်မှုများ ဖွင့်ခြင်း/ပိတ်ခြင်း၊ ဆိုင်းငံ့အော်ဒါများကို နေရာချခြင်း စသည်တို့အား ကုန်သည်ကိုယ်တိုင် ပါဝင်လုပ်ဆောင်ရန်မလိုပဲ အလိုအလျောက်စနစ်ဖြင့် အပြည့်အဝ သို့မဟုတ် တစိတ်တပိုင်း လုပ်ဆောင်နိုင်ရန် ၎င်းတို့အား ပလက်ဖောင်းတွင် တပ်ဆင်အသုံးပြုပါသည်။
Scripts - ကုန်သွယ်ရေးပလက်ဖောင်းအတွက် ကုန်သွယ်ရေးကိုပိုမို လွယ်ကူရိုးရှင်းစေပြီး၊ အသင်းအချက်အလက်များကို ထပ်ဆောင်းထောက်ပံ့ပေးသည့် အရန်ပရိုဂရမ်များ။ ဥပမာ - လက်ရှိ spread နှုန်းထား သို့မဟုတ် ကုန်သွယ်ရေးအချိန်ပိုင်းများ၏ အချိန်စာရင်းများ။
စမ်းသပ်မှုစနစ်များ - ပလက်ဖောင်းတွင် တပါတည်းထည့်သွင်းထားသော သို့မဟုတ် သီးခြားတည်ရှိသော ဆော့ဖဲဝ်ဖြစ်ပြီး၊ နှုန်းထားရာဇဝင်များပေါ်တွင် ကုန်သွယ်ရေး နည်းဗျူဟာ၏ ထိရောက်မှုကို စမ်းသပ်နိုင်ရန် ကူညီပေးပါသည်။ စမ်းသပ်မှုစနစ်များကို နမူနာပြရလျင် FxBlue, Forex Simulator စသည်တို့ဖြစ်ကြပါသည်။ ပလက်ဖောင်းတွင် ပါဝင်သော MT4 tester ကိုလည်း အသုံးပြုနိုင်ပါသည်။
အသုံးဝင်သောခွဲခြမ်းစိတ်ဖြာရေးအရင်းအမြစ်များနှင့် အထောက်အကူများ။
Autochartist သည် Metatrader ၏ လုပ်ဆောင်နိုင်စွမ်းကို ချဲ့ထွင်ပေးသော ဆော့ဖဲဝဲလ်တခုဖြစ်သည်။ ၎င်းသည် ဇယားပုံစံများကို အလိုအလျောက် ခွဲခြမ်းစိတ်ဖြာပေးပြီး အလေးသာသော အခြေအနေကို အကြုံပြုပါသည်။
Trading Central သည် နည်းပညာပိုင်းဆိုင်ရာ အလိုအလျောက် ဈေးကွက်စိတ်ဖြာခြင်းအတွက် ဝန်ဆောင်မှုဖြစ်ပါသည်။ ၎င်း၏အမည်မှာ ၎င်းကို တီထွင်ဖန်တီးသော ကုမ္ပဏီကို အစွဲပြုထားခြင်းဖြစ်သည်။
TradingView သည် ကုန်သည်များအတွက် ဆိုရှယ်လ်ကွန်ယက်နှင့် ဝက်ဘ်ဝန်ဆောင်မှုတခု ဖြစ်ပါသည်။ ၎င်းတွင် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူကိရိယာများနှင့် ထောင်ပေါင်းများစွာ သော ကုန်သွယ်ရေးပစ္စည်းများ၏ အချိန်နှင့်အမျှ ဈေးနှုန်းများပါဝင်သော ကိုယ်ပိုင်ပလက်ဖောင်း တခု ရှိပါသည်။ ထိုပလက်ဖောင်းတွင် အပြန်အလှန်ဆက်သွယ်ရေးကို ဆောင်ရွက်နိုင်ပြီး၊ နည်းဗျူဟာများ၊ indicators များ၊ အကြံပေးစနစ်များနှင့် ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာများ အကြောင်းကို အပြန်အလှန် နှီးနှောဖလှယ်နိုင်ပါသည်။
Finviz သည် US စတောဈေးကွက် ခွဲခြမ်းစိတ်ဖြာရေး လမ်းညွှန်ဝက်ဘ်ဆိုဒ်တခု ဖြစ်ပါသည်။ ၎င်းဝက်ဆိုဒ်တွင် ကုမ္ပဏီ၏ ဈေးကွက်အမြင်နှင့် ဝေဖန်ပိုင်းခြားမှုများ၊ စတော့အမျိုးအစား ခွဲခြားပေးသော ကိရိယာများ၊ ခွဲခြမ်းစိတ်ဖြာမှုများ၊ သတင်းများ အစရှိသဖြင့် စဝောာ့ခွဲခြမ်းစိတ်ဖြာရေးအတွက် လိုအပ်သမျှ အရာအားလုံးကို ရှာဖွေနိုင်ပါသည်။
Investing သည် ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ လမ်းညွှန်ဝက်ဆိုဒ်တခုဖြစ်ပြီး၊ ထောင်ပေါင်းများစွာ သော အချိန်နှင့်တပြေးညီ စျေးနှုန်းဇယားများစွာကို တွေ့ရှိနိုင်သောနေရာ ဖြစ်ပါသည်။ မတညိငြိမ်မှုရာခိုင်နှုန်း တွက်ချက်စက်၊ ဆုံမှတ်များ၊ ရောင်စုံသရုပ်ဖော်ဇယားများ၊ စတော့ခွဲခြမ်းခြင်းကိရိယာများ အစရှိသော အထောက်အကူကိရိယာ ဒါဇင်ပေါင်းများစွာကို ရရှိနိုင်ပါသည်။
MyFxBook သည် ကုန်သည်များနှင့် ရင်းနှီးမြှပ်နှံသူများအတွက် အမှီအခိုကင်းသော ခွဲခြမ်းစိတ်ဖြာရေး ပလက်ဖောင်းတခု ဖြစ်ပါသည်။ ၎င်းတွင် နည်းဗျူဟာများအား ဇယားဖြင့်လည်းကောင်း၊ ကိန်းဂဏန်းဖြင့်လည်းကောင်း ခွဲခြမ်းစိတ်ဖြာနိုင်သော အထောက်အကူကိရိယာများ ပါဝင်သည့်အပြင်၊ ကုန်သွယ်ရေးအကောင့်တခုအား ပလက်ဖောင်းတခုသို့ ရင်းနှီးမြှပ်နှံသူစကားဝှက်ဖြင့် ချိတ်ဆက်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များလည်း ပါဝင်ပါသည်။ ထိုစကားဝှက်သည် ကုန်သည်၏ ရင်းနှီးမြှုပ်နှံသူအဖြစ် သက်သေခံချက်ဖြစ်ပါသည်။
အကယ်၍ လူကြီးမင်း သိရှိထားသော အခြားအသုံးဝင်သည့် ပရိုဂရမ်များ၊ application များရှိပါက comment တွင် မျှဝေနိုင်ပါသည်။
ကုန်သွယ်ရေးပလက်ဖောင်း။
ဤအချက်မှာမူ တဦးတယောက်ချင်း၏ အကြိုက်နှင့် ဦးစားပေးမှုအပေါ် မူတည်ပါသည်။ တဖက်မှကြည့်လျှင် နောက်ဆက်တွဲကန့်သတ်ချက်များ သို့မဟုတ် Buy Stop အော်ဒါများ အစရှိသော ရှုပ်ထွေးသည့် ကိရိယာများ မပါဝင်ပဲ၊ လုပ်ဆောင်ချက်အနည်းဆုံးဖြင့် ဖွဲ့စည်းထားသော ပလက်ဖောင်းသည် လူသစ်တဦးအတွက် ပို၍ အသုံးပြုရလွယ်ကူနိုင်ပါသည်။ ထိုပလက်ဖောင်းများ၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်နိုင်စွမ်းသည် yes/no ရွေးချယ်ခွင့်ကုန်သွယ်ရေးအတွက် အကျိုးဆောင်များမှ ပံ့ပိုးပေးသော ပလက်ဖောင်းများနှင့် ဆင်တူပါသည်။ အခြားတဖက်မှကြည့်လျင် ရှုပ်ထွေးသော ပလက်ဖောင်းများကို ကျင့်သားရစေရန်အတွက် အချိန်မဆိုင်းပဲ စတင်လေ့လာသင့်ပါသည်။ သို့မှသာ ၎င်းတို့အား မည်သို့အသုံးချရမည်ကို လျင်မြန်စွာ သင်ယူနိုင်မည်ဖြစ်သည်။
ဥပမာအနေဖြင့် - စတင်လေ့လာသူများအတွက် သင့်တော်သော ပလက်ဖောင်းနှစ်ခုကို စမ်းသပ်ကြည့်ရန် အကြုံပြုလိုပါသည်။
MT4 - ပရောက်ဖက်ရှင်နယ် Forex ကုန်သွယ်ရေးအတွက် ပလက်ဖောင်းတခုဖြစ်ပြီး လေ့လာသူများ အတွက်လည်း အဆင်ပြေပါသည်။ ထိုပလက်ဖောင်းတွင် တထပ်တည်းကျသော လုပ်ဆောင်ချက်များစွာ ပါရှိပါသည်။ ၎င်းတွင် MQL5 portal မှတဆင့် လူမှုကုန်သွယ်ရေးစနစ်ပါဝင်ပြီး သတိပေးအချက်ပြမှုများ သတ်မှတ်နိုင်ကာ နှုန်းထားရာဇဝင်များကို ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပါသည်။ ပထမဆုံးစတင်အသုံးပြုရာ၌ အပေါ်ယံအားဖြင့် ရှုပ်ထွေးသည်ဟု ထင်မြင်နိုင်ဖွယ်ရာရှိပါသည်။
LiteFinance platform - ကုန်သည်အသစ်များအတွက် သေသေချာချာ စီမံဖန်တီးထားသော Browser ပလက်ဖောင်းတခုဖြစ်ပါသည်။ ၎င်းသည် အဆင့်အနည်းငယ်ဖြင့် လူကိုယ်တိုင် ကုန်သွယ်မှုဖွင့်ခြင်းတမျိုးကိုသာ ပံ့ပိုးပေးပါသည်။ ၎င်းပလက်ဖောင်းအား သင်၏ ကုန်သွယ်ရေးအကောင့်သို့ ပေါင်းထည့်၍ လေ့ကျင့်ရေးအထောက်အကူများကို ရှာဖွေနိုင်ပြီး နည်းပညာပိုင်းအကူအညီဝန်ဆောင်မှုများကို ဆက်သွယ်ရယူနိုင်ပါသည်။
LiteFinance ပလက်ဖောင်း၏ အားသာချက်များ။ ။
သင်၏ကုန်သွယ်ရေးအကောင့်အား သင်၏ copy trading အကောင့်သို့ ချိတ်ဆက်နိုင်ပါသည်။ ကုန်သည် Cabinet တွင် LiteFinance ကုန်သည်များ၏ အဆင့်သတ်မှတ်ချက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။
၎င်း၏ ဖွဲ့စည်းပုံတွင် မတူညီသော အချိန်အပိုင်းအခြားများအတွက် ကုန်သွယ်ရေးပစ္စည်းတခုချင်းစီ၏ ဈေးကွက်အခြေအနေ အားသာရာကို ညွှန်ပြပေးသော indicator များ ပါဝင်ပါသည်။
Indicator အရေအတွက် ၆၀ ကျော်ပါဝင်သောကြောင့် MT4 တွင် ပါဝင်သော indicator အရေအတွက်ထက် ပို၍များပါသည်။ Indicator အသစ်များကိုလည်း ပုံမှန်ဖြည့်သွင်းပေးလေ့ ရှိပါသည်။
ပလက်ဖောင်းသည် သုံးစွဲသူများအတွက် နားလည်သဘောပေါက်ရန် လွယ်ကူပါသည်။
ဤသုံးသပ်ချက် ၏ တခုသောကဏ္ဍတွင် အဆိုပါပလက်ဖောင်းနှင့် ပတ်သတ်သော အသေးစိတ် ရှုမြင်သုံးသပ်ချက်များကို ဖတ်ရှုနိုင်ပါသည်။
MT4 ပလက်ဖောင်း၏ အားသာချက်များ။
ကုန်သွယ်ရေးအကြံပေးစနစ်များ၏ အကူအညီဖြင့် တနေ့တာအတွင်း ကုန်သွယ်ရေးကို ဆောင်ရွက်နိုင်ခြင်း။
မိမိစိတ်ကြိုက် indicator များ၊ script များ၊ အကြံပေးစနစ်များကို ထပ်မံဖြည့်သွင်းနိုင်ခြင်း။
ကိုယ်တိုင်ကုန်သွယ်ခြင်း နှင့် အလိုအလျောက် ကုန်သွယ်ရေးနည်းဗျူဟာများကို စမ်းသပ်နိုင်ခြင်း။
MT4 ပလက်ဖောင်းအား ဤနေရာတွင် ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပါသည်။
လေ့လာသူများအတွက် LiteFinance ပလက်ဖောင်းဖြင့် စတင်ခြင်းက ပို၍ လွယ်ကူနိုင်ပါသည်။ MT4 သည် ပိုမိုအဆင်မြင့် ရှုပ်ထွေးသော လုပ်ဆောင်ချက်များ ပါဝင်သော ကိရိယာတခုဖြစ်ပြီး၊ LiteFinance တာမီနယ်မှာမူ လွန်စွာရိုးရှင်းပါသည်။ မဖြစ်မနေလိုအပ်သော နည်းပညာပိုင်းနှင့် ဂရပ်ဖစ်ပိုင်း အထောက်အကူကိရိယာများ၊ ခလုပ်တချက်နှိပ်ယုံသာ လိုအပ်သော ကုန်သွယ်ရေး၊ အဆင်ပြေသော ဇယားအရွယ်အစား ချုံ့ခြင်း/ချဲ့ခြင်းများနှင့် အခြား အလိုအပ်ဆုံး လုပ်ဆောင်ချက်များသာ ပါဝင်ပါသည်။ ပလက်ဖောင်းပေါ်မှ "Beginners / Open a Demo Account" မီနူးတွင် ဒီမိုအကောင့်တခုကို ဖွင့်လှစ် နိုင်ပါသည်။
မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။
တနေ့တာအတွင်း ကုန်သွယ်ခြင်းအတွက် အကျိုးဆောင်ကုမ္ပဏီ။
တနေ့တာအတွင်း ကုန်သွယ်ခြင်းအတွက် အကျိုးဆောင် ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ။
အနည်းဆုံး အပ်ငွေပမာဏနှင့် leverage - အပ်ငွေနှင့် leverage အချိုး အဆင်ပြေမှုရှိပြီး ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု စည်းမျဉ်းများနှင့်အညီ အနည်းဆုံးပမာဏဖြင့် ကုန်သွယ်မှုဖွင့်ရန် ခွင့်ပြုပေးသော အကျိုးဆောင်ကို ရွေးချယ်သင့်ပါသည်။ ဥပမာ - LiteFinance ၏ အနည်းဆုံး အပ်ငွေပမာဏမှာ 50 USD ဖြစ်သည်။ Leverage အချိုးမှာ 1:500 ဖြစ်သောကြောင့် ကုန်သည်အနေဖြင့် 25000 USD တန်ဖိုးရှိ ကုန်သွယ်မှုကို ဆောင်ရွက်နိုင်ပါသည်။ EUR/USD အတွဲအတွက် အနည်းဆုံး lot ပမာဏမှာ 0.01 ဖြစ်ပြီး နှုန်းထားမှာ 1.18665 ဖြစ်ပါသည်။ ထို့ကြောင့် အနည်းဆုံး ကုန်သွယ်မှုပမာဏသည် 1.18665 * 100,000 * 0.01 = 1186.65 ဖြစ်ပါသည်။ အနှစ်ချုပ်သော် 50 USD ရှိယုံဖြင့် အနည်းဆုံး lot ပမာဏဖြင့် ကုန်သွယ်မှုဖွင့်ရန် လုံလောက်ပါသည်။ အကယ်၍ ကုန်သွယ်မှုပမာဏကို တိုးမြှင့်လိုပါက ဖြစ်နိုင်ခြေရှိသော stop အော်ဒါ၏ အကွာအဝေးနှင့် "ကုန်သွယ်မှုတခုအတွက် စွန့်စားမှုသည် leverage မပါဝင်သော အပ်ငွေ၏ 2% ထက် မကျော်လွန်စေရ" ဟူသော စည်းမျဉ်းတို့အပေါ် အခြေခံ၍ အများဆုံးတိုးမြှင့်နိုင်သော ပမာဏကို တွက်ချက်ရပါမည်။
Spread ကွာဟချက် နှင့် အမျိုးအစား - Spread ပမာဏ သေးငယ်လေ၊ ကုန်သည်အတွက် စားရိတ်သက်သာလေဖြစ်သည်။ ပုံသေ Spread သည် ပုံမှန်အားဖြင့် အပြောင်းအလဲရှိသော Spread ထက် ပို၍ကြီးမားသည်။ သို့သော် အခြေခံအကြောင်းကိစ္စများ မတည်ငြိမ်ချိန်မျိုးတွင် ပုံသေ Spread သည် ပိုမိုကျယ်ပြန့်လာရန် မရှိပေ။ အသေးငယ်ဆုံး Spread ကို ECN အကောင့်များတွင် တွေ့ရှိရသည်။ သို့ရာတွင် ကုန်သွယ်မှု 1 lot တိုင်းအတွက် ပုံသေကော်မရှင်နှုန်းထားတခု ပေးဆောင်ရနိုင်ပါသည်။
ငွေထုတ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ - အော်ဒါအရေအတွက်နှင့် အနည်းဆုံးထုတ်ယူနိုင်သော ပမာဏအတွက် ကန့်သတ်ချက်များ မရှိခြင်း။ အကျိုးဆောင် ကော်မရှင်ခ မရှိခြင်း။
လိုင်စင်များ - ဂုဏ်သိက္ခာအရှိဆုံး လိုင်စင်များမှာ ဥရောပ MiFID ညွှန်ကြားချက်အောက်တွင် အလုပ်လုပ်သော FCA (UK) နှင့် CySEC (Cyprus) တို့ဖြစ်ကြသည်။ ASIC (Australia) နှင့် BaFin တို့သည်လည်း အလားတူ တင်းကြပ်သော စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းများ ဖြစ်ကြသည်။ အကျိုးဆောင်ကုမ္ပဏီတခုသည် လိုင်စင်များစွာကို ရရှိထားပါက တရားဝင် အဖွဲ့အစည်းများစွာ၏ ထိန်းကျောင်းမှုအောက်တွင် အလုပ်လုပ်ကြောင်း သိရှိနိုင်သည်။ သို့ရာတွင် အကျိုးဆောင်ကုမ္ပဏီရွေးချယ်ရာတွင် ထိုအချက်သည် ယတိပြတ်မှန်ကန်မှုကို မဖြစ်စေပါ။ FCA နှင့် CySEC နှစ်ဖွဲ့စလုံးမှ အမှားပြုလုပ်မိသော ဖြစ်ရပ်များလည်း ရှိခဲ့ဖူးပါသည်။ ထို့အပြင် အပ်ငွေပမာဏသေးငယ်သော သီးခြားကုန်သည်တဦးအနေဖြင့် တရားစွဲဆိုရန် မလွယ်ကူလှပါ။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အား တရားစွဲဆိုခြင်းအကြောင်းနှင့် စပ်လျဉ်း၍ ပိုမိုသိရှိလိုပါက ဤနေရာတွင် ဖတ်ရှုလေ့လာပါ။
ဝေဖန်သုံးသပ်ချက်များ - တိကျသော သတင်းအချက်အလက်ပါဝင်သည့် ဝေဖန်သုံးသပ်ချက်များ။
အခြားအရေးကြီးသော အချက်များမှာ ပွင့်လင်းမြင်သာမှုရှိသော ကမ်းလှမ်းချက်နှင့် အချို့သော နည်းဗျူဟာများနှင့် အကြံပေးစနစ်များကို အသုံးပြုခြင်းအပေါ်တွင် ကန့်သတ်ချက်များ မရှိခြင်းတို့ ဖြစ်ကြသည်။ အပိုဆောင်းဝန်ဆောင်မှုများ - ဥပမာအားဖြင့် ကုန်သွယ်မှုအလိုအလျောက် ကူးယူခြင်း စသည့် ဝန်ဆောင်မှုများကို ရရှိနိုင်ခြင်းသည်လည်း အားသာချက်တရပ်ဖြစ်ပါသည်။
အရေးအကြီးဆုံးသောအချက်မှာ အကျိုးဆောင် ကုမ္ပဏီသည် သုံးစွဲသူသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်။ ကုန်သည်၏ အဆင်ပြေမှုမှာလည်း အရေးကြီးပါသည်။ ပလက်ဖောင်း၏ဖွဲ့စည်းပုံနှင့် အထောက်အကူကိရိယာများ ပါဝင်မှုသည် သင့်စိတ်တိုင်းကျဖြစ်ပြီး အကူအညီဝန်ဆောင်မှုများကို ဆက်သွယ်ရယူရာတွင် စိတ်ကျေနပ်မှုရှိပါက ထိုအကျိုးဆောင်ကုမ္ပဏီအား သင်၏ အကျိုးဆောင်အဖြစ် ရွေးချယ်သင့်ပါသည်။
တနေ့တာအတွင်းကုန်သွယ်ခြင်းအား မည်သို့လေ့လာရမည်နည်း။
အောင်မြင်မှုအားလုံး၏ လျှို့ဝှက်ချက်သည် အဆက်မပြတ်လေ့လာသင်ယူခြင်းပင် ဖြစ်သည်။ လေ့လာသင်ယူသည်ဆိုရာတွင် စာတွေ့၊ လက်တွေ့နှစ်မျိုးစလုံး ပါဝင်ပါသည်။ ပထမဆုံးခြေလှမ်းကို ယခုမှ စတင်လျှောက်လှမ်းကြမည့် ကုန်သည်များအတွက် ယေဘုယျ နည်းလမ်းအစဥ်အလာတခုကို ဖော်ပြပေးပါမည်။
ပထမဦးစွာ ကုန်သွယ်ရေး၏ အခြေခံ သဘောတရားများကို သိနားလည်ထားရန် လိုအပ်ပါသည်။
ပွိုင့်ဆိုသည်မှာ အဘယ်နည်း။ ဒဿမ လေးနေရာနှင့် ဒဿမငါးနေရာ နှုန်းထားဖော်ပြချက်များ၏ ကွာခြားချက်မှာ အဘယ်နည်း။ ပွိုင့်တန်ဖိုးဆိုသည်မှာ အဘယ်နည်း။ ၎င်းအား ငွေကြေးဆိုင်ရာ အသုံးအနှုန်းအရ မည်သို့ဖော်ပြလေ့ရှိသနည်း။
အော်ဒါအမျိုးအစားများ ဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် မည်သို့ ကွဲပြားကြ၍ ၎င်းတို့အား မည်သို့ နေရာချရမည်နည်း။
Indicator အချက်ပြမှုများအား မည်ကဲ့သို့ ခွဲခြား၍ အတည်ပြုရမည်နည်း။
အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု။ ပိုင်ဆိုင်မှုပစ္စည်းတခုအပေါ် မည်သည့် သတင်းအကြောင်းအရာ များက အကျိုးသက်ရောက်စေနိုင်သနည်း။ အခြေခံပိုင်းဆိုင်ရာ သတင်း အချက်အလက်များကို မည်သည့်နေရာများတွင် ရှာဖွေနိုင်သနည်း။
ကုန်သွယ်ရေးတွင် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုဆိုသည်မှာ အဘယ်နည်း။ နည်းပညာပိုင်းနှင့် ဂရပ်ဖစ်ဆိုင်ရာ အထောက်အကူကိရိယာများမှာ မည်သည်တို့ဖြစ်သနည်း။ တနေ့အတွင်းကုန်သွယ်ရေး နည်းဗျူဟာအမျိုးအစားများမှာ အဘယ်နည်း။
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုသည်မှာ အဘယ်နည်း။ lot အရွယ်အစားနှင့် အနည်းဆုံး စွန့်စားမှု ပမာဏကို မည်သို့တွက်ချက်ရမည်နည်း။
နောက်တဆင့်။
အမြတ်ပမာဏသေးငယ်သည်ဖြစ်ပါစေ အနည်းဆုံးအနေဖြင့် ကုန်သွယ်မှုများကို ကြိုးစား၍ ဖွင့်လှစ်ပါ။ သီအိုရီပိုင်းကို လေ့လာသင်ယူပါ။ ဗဟုသုတအသစ်များကို လက်တွေ့အသုံးချပါ။ အကြောင်းအရာတခုအား လေးလေးနက်နက် နားလည်သဘောပေါက်သည်အထိ လေ့လာပါ။ အချိန်ယူပါ။ သို့သော် ဈေးကွက်ဗဟုသုတအသစ်များ၊ ကုန်သွယ်ရေးသီအိုရီများနှင့် သေးငယ်သော အမြတ်တခု စသဖြင့် ရလာဒ်အနည်းအကျင်းပင်ဖြစ်စေ နေ့စဉ်ရရှိရန် ကြိုးစားပါ။
ရေတို၊ ရေရှည် ကာလနှစ်မျိုးစလုံးအတွက် လုပ်ဆောင်မှုအစီအစဉ်ကို ရေးဆွဲပါ။ နေ့စဉ်မှတ်တမ်းတခုကို ပြုစုပါ။
ကုန်သွယ်ရေးစနစ်အား မည်သို့ စမ်းသပ်ရမည်ကို လေ့လာပါ။ ထိရောက်မှုမြင့်မားသော ကုန်သွယ်ရေးနည်းဗျူဟာကို ဖော်ဆောင်ရန်သာမက ၎င်း၏ ကိန်းဂဏန်း အချက်အလက်များကိုလည်း သဘောပေါက်နားလည်ထားရန် လိုအပ်ပါသည်။
အကယ်၍သင်သည် ကုန်သွယ်ရေးနည်းဗျူသာတခုအား မည်သို့စမ်းသပ်ရမည်ကို လေ့လာသိရှိပြီးပါက သင်၏ တနေ့အတွင်းကုန်သွယ်ရေး နည်းစနစ်သည် အခြားသော ဝင်ငွေရှာဖွေမှု နည်းလမ်းများနှင့် ယှဉ်ပြိုင်နိုင်သော အကျိုးအမြတ်ကို ပေးစွမ်းပါလိမ့်မည်။ သင့်ကိုယ်သင် ပျမ်းမျှအဆင့်ရှိသော နေ့စဉ်ကုန်သွယ်သူတဦးအဖြစ် စဉ်းစားကြည့်ပါ။
ကုန်သွယ်ရေးစွမ်းရည်များကို လေ့ကျင့်ရန် ဒီမိုအကောင့်တခုကို အသုံးပြုပါ။
တနေ့တာအတွင်းကုန်သွယ်ခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အခြေခံများ။
တနေ့တာအတွင်းကုန်သွယ်ခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု နည်းလမ်းများ။
နေ့စဉ်ဇယားများကို ခွဲခြမ်းစိတ်ဖြာခြင်း။ နေ့စဉ်ဇယား၏ အချိန်အကူးအပြောင်းကာလအတွင်း အောက်ပါမေးခွန်းများကို အဖြေရှာသင့်ပါသည်။
ဈေးကွက်သည် မည်သည့်အခြေအနေတွင် ရှိနေပါသနည်း။ ရှင်းလင်းပြတ်သားသော လမ်းကြောင်းတခု သို့မဟုတ် ဈေးနှုန်းစုဖွဲ့မှုဇုန်တခု ရှိနေပါသလား။ အကယ်၍ လမ်းကြောင်းတခု ရှိနေပါက ၎င်းသည် မည်သည့်အချိန်က စတင်ပေါ်ထွက်လာခဲ့သနည်း။
အားကောင်းသော ဝယ်လိုအားနှင့် ရောင်းလိုအားခံဈေးတန်းများဆိုသည်မှာ အဘယ်နည်း။
အကယ်၍ နေ့စဉ်ဇယားအတွင်း မြင်သာသော လမ်းကြောင်းတခုရှိနေလျင်၊ ပို၍နိမ့်သော အချိန်ဘောင်သို့သွား၍ ၎င်း၏ဦးတည်ရာအတိုင်း ကုန်သွယ်မှုတခုကိုဖွင့်လှစ်၍ အထိုင်ချပါ။ တနေ့တာအတွင်း ယာယီအရှုံးပေါ်ခြင်းများကို ခံနိုင်ရည်ရှိစေရန် အကောင့်အပ်ငွေပမာဏ လုံလောက်စွာရှိရမည်ကို အစဉ်သတိရပါ။
ဈေးတန်းများကို ခွဲခြမ်းစိတ်ဖြာခြင်း။ အမြင့်ဆုံးနှင့် အနိမ့်ဆုံး ဝယ်လိုအားနှင့် ရောင်းလိုအားဈေးတန်းများသည် ပန်းတိုင်များ သတ်မှတ်ရန်အတွက် အရေးပါသော အဓိက ဈေးတန်းများဖြစ်သည်။
လက်ရှိမတည်ငြိမ်မှုနှင့် လမ်းကြောင်းအင်အားကို အကဲဖြတ်ခြင်း။ ဤခွဲခြမ်းစိတ်ဖြာမှုမှတဆင့် ဈေးကွက်အတွင်းဝင်ရောက်ရန် အကောင်းဆုံးအချိန်ကို သိရှိနိုင်ပါသည်။
လက်ရှိလမ်းကြောင်းကို ပြင်းထန်စွာ ပြောင်းလဲနိုင်သည့် အခြေခံအချက်များကို သုံးသပ်ပါ။
ငွေအရင်းအနှီး မည်မျှလိုအပ်ပါသနည်း။
စတင်မည့်ပမာဏကို ရွေးချယ်ရာတွင် မိမိ၏ပန်းတိုင်အပေါ်အခြေခံ၍ အရင်းအနှီးကို တည်ထောင်သင့်ပြီး ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းစည်းမျဉ်းများကို လိုက်နာရပါမည်။
ပစ်မှတ်များအတွက် ရွေးချယ်ရန် နည်းလမ်းများနှင့် အနီးစပ်ဆုံး ကနဦး အပ်ငွေပမာဏ။
အကျိုးဆောင်ကုမ္ပဏီသည် ၎င်းတို့၏ ဝတ္တရားများကို မည်သို့ကျေပွန်စွာ ဆောင်ရွက်သည်၊ ငွေဖြည့်သွင်းရန် အချိန်မည်မျှ ကြာမြင့်သည်၊ Spread နှုန်းထားအစစ်အမှန်မှာ မည်မျှဖြစ်သည်၊ လွဲချော်မှုများ ရှိမရှိ၊ ငွေထုတ်ခြင်းနှင့်စပ်လျဉ်း၍ ပြဿနာတစုံတရာ ရှိမရှိ စသည်တို့အား ဆန်းစစ်အတည်ပြုပါ။ ဒီမိုအကောင့်တွင် ထိုအချက်များကို မသိရှိနိုင်ပါ။
အချို့သော ကုန်သွယ်ရေးပစ္စည်းများတွင် အမြင့်ဆုံး leverage ကို အသုံးပြု၍အနည်းဆုံး အပ်ငွေပမာဏဖြင့် ကုန်သွယ်မှုဖွင့်ရန် လုံလောက်ပါသည်။ LiteFinance တွင် အနည်းဆုံး အပ်ငွေပမာဏမှာ 50 USD ဖြစ်ပြီး၊ အများဆုံး leverage အချိုးမှာ 1:1500 ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကုန်သည်တဦးသည် 50 USD ဖြင့် ဒေါ်လာနှစ်သောင်းခွဲတန်ကြေးရှိသော ကုန်သွယ်မှုကို ဆောင်ရွက်နိုင်သည်ဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။ ဤ leverage အချိုးကိုအသုံးပြု၍ ကုန်သွယ်ရေးပစ္စည်းတိုင်းအတွက် အနည်းဆုံး lot ပမာဏဖြင့် ကုန်သွယ်မှုဖွင့်လှစ်ရန် လုံလောက်ပါသည်။
အရေးကြီးမှတ်သားရန်! Leverage 1:1500 အချိုးသည် အချို့သော ကုန်သွယ်ရေးပစ္စည်းများအတွက်သာ ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ထိုအချိုးသည် ငွေကြေးအတွဲများအတွက်ဖြစ်သည်။ အခြားသော ကုန်သွယ်ရေးပစ္စည်းများအတွက် ပံ့ပိုးပေးသော leverage အချိုးအား စာချုပ်သတ်မှတ်ချတ် အသေးစိတ်တွင် ကြည့်ရှုနိုင်ပါသည်။ ဤအကြောင်အရာနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက "leverage ဆိုသည်မှာ အဘယ်နည်း" သုံးသပ်ဆောင်းပါး တွင် ဖတ်ရှုနိုင်ပါသည်။
ပန်းတိုင် — ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း နည်းလမ်းများနှင့်အညီ အကျိုးအမြတ်ရှိသော ကုန်သွယ်မှုများကို မည်သို့ဖွင့်လှစ်ရမည်ကို သင်ယူလေ့လာရန် သို့မဟုတ် live အကောင့်တခုတွင် ပလက်ဖောင်း၏ လုပ်ဆောင်ချက်များကို မည်သို့အသုံးချရမည်ကို လေ့လာရန်။ အဓိကအချက်မှာ သင်၏ ကုန်သွယ်မှုမှ အမြတ်ရရှိရန်သာဖြစ်ပြီး အမြတ်ပမာဏမှာ လောလောဆယ်အတွက် အရေးမကြီးပါ။ ဤနေရာတွင် ဆုံးရှုံးမှုအချို့ကိုလည်း လက်ခံရနိုင်ဖွယ်ရာ ရှိပါသည်။ ရလာဒ်တခုအနေဖြင့် စိတ်ခံစားချက်များ တည်ငြိမ်စေရန် မည်သို့ထိန်းချုပ်၍ အလုပ်လုပ်ရမည်ကို အရှုံးထဲမှ အမြတ်အဖြစ် သင်ခန်းစာယူနိုင်ပါသည်။
ဤရည်ရွယ်ချက်အတွက် မည်သည့်ပမာဏမဆို သင့်လျော်ပါသည်။ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု စည်းမျဉ်းများအပေါ် မူတည်၍ အနည်းဆုံး ပမာဏ ဖြင့် ကုန်သွယ်မှုများကို ဖွင့်နိုင်ပါသည်။
ဥပမာ - သင့်တွင် အပ်ငွေ 50 USD ရှိပြီး၊ leverage အချိုးမှာ 1:1500 ဖြစ်သည် ဆိုကြပါစို့။ EUR/USD အတွဲဖြင့် ကုန်သွယ်မှုတခုကို ဖွင့်မည်ဟု ယူဆပါ။ ပုံမှန် lot အရွယ်အစားအပြည့်မှာ အခြေခံငွေကြေး 1000 ယူနစ်ဖြစ်သည်။ အနည်းဆုံး ပမာဏဖြစ်သော 0.01 lot တွင် ပွိုင့်တခု၏ ဈေးနှုန်းသည် 100,000 (lot အပြည့်) * 0.01 (အနည်းဆုံးပမာဏ) * 0.0001 (1 ပွိုင့်) = 10 cents (ဒဿမလေးနေရာနှုန်းထားအတွက်) ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ကုန်သွယ်မှုပမာဏကို တွက်ချက်ရာတွင် "ကုန်သွယ်မှုတခုအတွက် 2 % စွန့်စားမှု" စည်းမျဉ်းအပေါ် အခြေခံ၍ တွက်ချက်ပါသည်။ မတည်ငြိမ်မှု ရာခိုင်နှုန်းတွက်ချက်စက်သည် တနေ့အတွင်း ဈေးနှုန်းရွေ့လျားမှု 60 မှ 80 ပွိုင့်ကို ပြသနေသည်။ ကုန်သွယ်ရေးသီအိုရီအရ အမြတ် ကန့်သတ်ချက်အော်ဒါသည် အရှုံးကန့်သတ်ချက်အော်ဒါထက် နှစ်ဆမှ ငါးဆခန့် ပို၍ကြီးသင့်သည်ဟု ဆိုပါသည်။ အကယ်၍ သင်သည် အမြတ်ကန့်သတ်ချက်ကို 45 ပွိုင့်သတ်မှတ်၍ နေ့စဉ်မတည်ငြိမ်မှုအပေါ်မှ အများဆုံး ရလာဒ်ကို ရယူလိုပါက အရှုံးကန့်သတ်ချက်အော်ဒါသည် 15 ပွိုင့်နှင့် ညီမျှသင့်ပါသည်။
ကုန်သွယ်မှု 1 lot အတွက် ဆုံးရှုံးနိုင်ခြေသည် 15 * 10 = 150 USD ဖြစ်ပါသည်။ သင်တတ်နိုင်သော စွန့်စားမှု အဆင့်မှာ 50 USD ၏ 2% သို့မဟုတ် 1 USD ဖြစ်သည်။ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု လစ်မစ်အရ သင့်အတွက် ခွင့်ပြုသော ကုန်သွယ်မှုပမာဏသည် 0.0067 lots ဖြစ်ပါသည်။
နိဂုံး။ ။ EUR / USD ၏ အနည်းဆုံး ကုန်သွယ်မှုပမာဏဖြစ်သော 0.01 lot ကို Stop အော်ဒါ 15 ပွိုင့်သတ်မှတ်၍ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း စည်းမျဉ်းနှင့်အညီ ကုန်သွယ်မှုဖွင့်ရန်အတွက် 50 USD သည် မလုံလောက်ပါ။ ဖြစ်နိုင်ချေရှိသော နည်းလမ်းများမှာ -
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများကို ချိုးဖောက်ကာ ကုန်သွယ်မှုတခုအတွက် စွန့်စားမှုအဆင့်ကို မြှင့်တင်ပါ။
အရှုံးကန့်သတ်ချက် (stop-loss) ၏ အကွာအဝေးကို လျော့ချပါ။ တနေ့လျှင် မတည်ငြိမ်မှု 60 မှ 80 ပွိုင့်အတွက် စွန့်စားမှုပို၍ မြင့်မားနိုင်ပါသည်။
မတည်ငြိမ်မှု ရာခိုင်နှုန်းနည်းပါးသော ကုန်သွယ်ရေးပစ္စည်းများကို ရှာဖွေပါ။ ထိုအခါ အရှုံးကန့်သတ်ချက်၏ အကွာအဝေးကို လျော့ချနိုင်ပါလိမ့်မည်။
အပ်ငွေပမာဏအား 100 USD အထိ တိုးမြှင့်ပါ။
တွက်ချက်မှုသည် အခြားသော ကုန်သွယ်ရေးပစ္စည်းများအတွက်လည်း အတူတူပင် ဖြစ်ပါသည်။ အသေးစိတ်ဖော်ပြချက်တွင် ကုန်သွယ်မှုပမာဏနှင့် နှုန်းထားများကို ရှာဖွေပါ။
ပန်းတိုင် — ကုန်သွယ်ရေးဖြင့် ဝင်ငွေဖန်တီးရန်။ ဤနေရာတွင် အခြားအလုပ်အကိုင်များနှင့် ရင်ဘောင်တန်းနိုင်သော ဝင်ငွေပမာဏကို ရွေးချယ်သင့်ပြီး၊ စတင်သင့်သော အပ်ငွေ ပမာဏကို အောက်ပါ အချက်များအပေါ်မူတည်၍ ရွေးချယ်သင့်ပါသည် - အခြားအလုပ်ဖြင့် ရရှိနိုင်သော ဝင်ငွေပမာဏ၊ တနေ့/ တပတ်လျှင် သုံးစွဲနိုင်သော အချိန်ပမာဏ၊ ကုန်သွယ်ရေးနည်းစနစ်၏ အကျိုးဖြစ်ထွန်းနှုန်း၊ စွန့်စားမှုအဆင့်နှင့် ကုန်သွယ်ရေး အခြေအနေများ (Spread၊ နေ့စဉ်ပျမ်းမျှမတည်ငြိမ်နှုန်း၊ အများဆုံး leverage)။
ဥပမာအားဖြင့် သင်သည် ပျမ်းမျှရုံးအလုပ်တခုမှ တလလျင် 1000 USD ဝင်ငွေကို ရရှိသည် ဆိုပါစို့။ သင်၏ တရက်ဝင်ငွေမှာ 1,000/22 = 45 USD ဖြစ်သည်။ ထိုပမာဏမှာ အနီးစပ်ဆုံးပမာဏ ဖြစ်ပါသည်။ အခွန်အခများ၊ လစာရသော အားလပ်ရက်များနှင့် အခြားအကြောင်းအရာများကို ထည့်သွင်းစဉ်းစားထားခြင်း မရှိပါ။ သင့်အနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းမှ တရက်လျင် အနည်းဆုံး 50 USD ရရှိသင့်သည်။ သို့မဟုတ်လျှင် အလုပ်အကိုင်ပြောင်းလဲခြင်းဖြင့် သင့်အတွက် အကျိုးမရှိနိုင်ပါ။
ယခင် ဥပမာတွင် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု ကန့်သတ်ဘောင်အတွင်း အသေးဆုံး lot အရွယ်အစားဖြင့် ကုန်သွယ်မှုဖွင့်ရန် အနည်းဆုံး 100 USD လိုအပ်ကြောင်း ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။ 0.01 lot ဖြင့် အမြတ်ကန့်သတ်ချက် 45 ပွိုင့်သည် 4.5 USD ဖြစ်သည်။ ဆုံးရှုံးမှုတခုတလေမှ မပါဝင်ပဲ 45 pips အမြတ်နှုန်းရရှိသော ကုန်သွယ်မှု 11 ခုကို ဖွင့်နိုင်မှသာလျှင် သင်အလိုရှိသော 50 USD ကို ရရှိနိုင်လိမ့်မည်။ လက်တွေ့တွင် ထိုသို့ လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။
နိဂုံးချုပ်ရလျှင် ဝင်ငွေရှာဖွေနိုင်သော နည်းလမ်း တခုဟု အမည်တပ်နိုင်လောက်သော အမြတ်အစွန်းကို ရရှိရန်အတွက် အသက်မွေးဝမ်းကြောင်း ကုန်သွယ်ရေးတွင် အနည်းဆုံး 500 မှ 1000 USD အပ်ငွေကို လိုအပ်ပါသည်။ ထိုပမာဏသည် သင့်အား ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း စည်းမျဉ်းနှင့်အညီ အနည်းဆုံး 0.07 lots မှ 1 lot ပမာဏရှိသော ကုန်သွယ်မှုကို ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးပါသည်။ ထိုပမာဏဖြင့် အလုပ်မစတင်မှီ ရှေ့တွင် ရေးသားဖော်ပြထားသော အဆင့်နှစ်ဆင့်အား ဦးစွာပထမ လိုက်နာဆောင်ရွက်ရပါမည်။
တနေ့တာအတွင်း ကုန်သွယ်ခြင်းအတွက် အကောင်းဆုံး ကုန်သွယ်ရေးပစ္စည်း အမျိုးအစားများ။
တနေ့တာအတွင်းကုန်သွယ်ခြင်းအတွက် အကောင်းဆုံး ကုန်သွယ်ရေးပစ္စည်းများမှာ ငွေဖြစ်လွယ်မှုမြင့်မား၍ မတည်ငြိမ်မှု အလယ်အလတ်ရှိသော အမျိုးအစားများဖြစ်သည်။ ၎င်းတို့၏ ဈေးနှုန်းများသည် မိမိတို့ရည်ရွယ်ထားသော အမြတ်ပမာဏကို ရယူရန် လုံလောက်သော ရွေ့လျားမှုရှိသင့်သည်။ ဖြစ်နိုင်ခြေရှိသော အရှုံးများကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ တည်ငြိမ်သော ဘောင်တခုအတွင်း အထက်၊ အောက် ရွေ့လျားနေကြသော ငွေကြေးအတွဲများနှင့် ခရစ်ပတိုငွေကြေးများကို နေ့စဉ်ကုန်သွယ်ရေး နည်းဗျူဟာများအတွက် အများဆုံး အသုံးပြုကြသည်။ စတော့များနှင့် ကုန်စည်များကိုမူ အသုံးပြုခြင်း နည်းပါးပါသည်။
BTC/ USD. Bitcoin သည် ခရစ်ပတိုငွေကြေးဈေးကွက်၏ အထင်ကရ ဖြစ်ပြီး တနေ့တာအတွင်း ကုန်သွယ်ခြင်းအတွက် အကောင်းဆုံး ပိုင်ဆိုင်မှုများတွင် တခုအပါအဝင်ဖြစ်သည်။ ၎င်းသည် အခြေခံပိုင်းအကြောင်းတရားများအပေါ် အရင်ဆုံး တုံ့ပြန်ပြီး၊ ဈေးကွက်အခြေအနေများမှာ ဒုတိယ အကျိုးသက်ရောက်မှု ရှိသောအချက်ဖြစ်သည်။ ၎င်းသည် အခြားရွေးချယ်စရာ coin များနှင့် နှိုင်းစာပါက မတည်ငြိမ်မှု ပိုနည်းသော်လည်း လိမ်လည်မှုများနှင့် Pump&Dump နည်းဗျူဟာများကို ပို၍ ခံနိုင်ရည်ရှိပါသည်။ နေ့စဉ် အတက်အကျ 2 % မှ 5 % အတွင်းရှိပြီး ရှားရှားပါးပါး အခြေအနေများ တွင် 5 မှ 10% အထိ အတက်၊အကျ ဖြစ်ပေါ်သည်ကိုလည်း တွေ့ရတတ်ပါသည်။
EUR/USD။ ဤအတွဲသည် ကုန်သွယ်မှု အဖွင့်၊ အပိတ် ပမာဏအကြီးမားဆုံး အမျိုးအစားဖြစ်သည်။ အခြားငွေကြေးအတွဲများနှင့် နှိုင်းယှဥ်လျှင် မတည်ငြိမ်မှု အသင့်အတင့်ဖြစ်ပြီး၊ ငွေဖြစ်လွယ်မှု အမြင့်မားဆုံး ဖြစ်သည်။ ထို့ကြောင့် spread နှုန်းထား အသေးငယ်ဆုံးဖြင့် အော်ဒါ အကောင်အထည်ဖော်ရာတွင် လွဲချော်ခြင်း မရှိပဲ မြန်ဆန်စွာ ဆောင်ရွက်နိုင်ပါသည်။ ၎င်းအတွဲကို ကုန်သွယ်ခြင်းဖြင့် တနေ့လျှင် 50 မှ 80 ပွိုင့်အတွင်း ရှာဖွေနိုင်ပါသည်။
အခြေခံအကြောင်းတရားများအပေါ် အမှီအခို မြင့်မားသော blue-chip စတော့များ။ မတူညီသော အချိန်များအတွက် မတူညီသော ကုမ္ပဏီများ ဖြစ်နိုင်ပါသည်။ ဥပမာပေးရလျင် - ရေပန်းစားသော ကုန်သွယ်ရေးနည်းဗျူဟာများမှာ အမြတ်ဝေစု လစ်လပ်မှုအတွင်း ကုန်သွယ်ခြင်းနှင့် ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ ထုတ်ပြန်ချိန်တွင် ကုန်သွယ်ခြင်း တို့ဖြစ်ကြသည်။
ရေနံ။ တနေ့အတွင်း ကုန်သွယ်ရေး နည်းဗျူဟာများမှ တခုမှာ NFP လပတ်လည်အစီရင်ခံစာ ထုတ်ပြန်ချိန်တွင် တိုတောင်းသော လမ်းကြောင်းတခုဖြင့် ကုန်သွယ်ခြင်းဖြစ်သည်။ ဤနည်းဗျူဟာအကြောင်း ပိုမို နားလည်သဘောပေါက်နိုင်ရန် အောက်ပါ သုံးသပ်ချက်ကို ဖတ်ရှုလေ့လာပါ - "Forex တွင် Non-Farm Payrolls ဆိုသည်မှာ အဘယ်နည်း"။
တနေ့တာအတွင်း ကုန်သွယ်ခြင်းအတွက် သင့်တော်သော ပိုင်ဆိုင်မှုစာရင်းမှာ ဤမျှနှင့် မပြီးဆုံးပါ။ သင့်တွင် အခြား စိတ်ဝင်စားဖွယ်ရာ ကုန်သွယ်ရေးပစ္စည်းများကို ဥပမာပြရန်ရှိပါက comment တွင် ဆွေးနွေးနိုင်ပါသည်။
တနေ့တာအတွင်း ကုန်သွယ်ခြင်းအတွက် အကောင်းဆုံး ငွေကြေးအတွဲများ။
အခြားဈေးကွက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်အား ငွေဖြစ်လွယ်ရန် အလွယ်ကူဆုံးဟု ယူဆလေ့ ရှိကြသည်။ တနေ့အတွင်းကုန်သွယ်ရေးအတွက် အကောင်းဆုံးမှာ အဓိကငွေကြေး အတွဲများ ဖြစ်ကြသည်။ EUR၊ GBP၊ CHF၊ JPY၊ CAD၊ AUD နှင့် NZD စသည့် ငွေကြေးများအား USD နှင့် တွဲဖက်ထားသော ငွေကြေးအတွဲများသည် ငွေဖြစ်လွယ်မှုနှင့် မတည်ငြိမ်မှုအရှိဆုံးဖြစ်ပြီး အကောင်းဆုံး ကုန်သွယ်ရေး ပိုငိဆိုင်မှုများ ဖြစ်ကြပါသည်။ အောက်ပါကော်လံဇယားကွက်တွင် အဓိကငွေကြေးအတွဲတခုစီ၏ ကုန်သွယ်ရေးလည်ပတ်မှုအား ၎င်းတို့၏ အဝင်၊ အထွက် ပမာဏ ရာခိုင်နှုန်းဖြင့် ပြသထားပါသည်။
ငွေကြေး | ကုန်သွယ်မှု အဝင်/အထွက် % |
USD | 85 |
EUR | 39 |
JPY | 19 |
GBP | 13 |
AUD | 8 |
CHF | 6 |
CAD | 5 |
အခြားငွေကြေးများ | 25 |
အနှစ်ချုပ်။
USD ပါဝင်သော ငွေကြေးအတွဲများသည် နိုင်ငံခြားငွေကြေးကုန်သွယ်ရေး၏ 85% ကို နေရာယူထားသည်။ ရေပန်းအစားဆုံး အတွဲများမှာ EUR/GBP၊ EUR/CHF၊ EUR/JPY၊ GBP/JPY နှင့် AUD/CAD တို့ဖြစ်ကြသည်။
USD မပါဝင်သော ကြားဖြတ်အတွဲများ၏ ကုန်သွယ်မှုပမာဏသည် အဓိကအတွဲများထက် နှစ်ဆခန့်ပိုနည်းပါသည်။ ကြားဖြတ်နှုန်းထားများတွင် ရေပန်းစားသော ငွေကြေးမှာ EUR ဖြစ်သည်။ ရေပန်းစားသော ကြားဖြတ်အတွဲများမှာ - EUR/CHF၊ EUR/JPY၊ GBP/JPY နှင့် AUD/CAD တို့ ဖြစ်ကြသည်။
ကျေးဇူးပြု၍ သတိပြုပါ။ ငွေကြေးအတွဲတခုစီသည် ၎င်း၏သတ်မှတ်ချိန်အတွင်း၌သာ တနေ့တာအတွင်း ကုန်သွယ်ခြင်းအတွက် အကျိုးပြုပါသည်။ ဥပမာ - EUR/USD ကုန်သွယ်ရေးသည် ဥရောပနှင့် အမေရိကန် ဆက်ရှင်များတွင် အရောင်းအဝယ်အသွက်ဆုံးဖြစ်သည်။ USD/JPY သည် အာရှကုန်သွယ်ချိန်တွင် အရောင်းအဝယ်သွက်လက်သည်။ ကုန်သွယ်ရေးလှုပ်ရှားမှုမြင့်မားလေ အဆိုပါ ကုန်သွယ်ရေးပစ္စည်း၏ ငွေဖြစ်မှုမြင့်မားလေ ဖြစ်ပါသည်။
တနေ့တာအတွင်းကုန်သွယ်ခြင်း နည်းဗျူဟာများ။
ပွင့်လင်းသော အခြေခံ နည်းဗျူဟာများစွာကို အောက်တွင် ကြည့်ရှုကြပါမည်။
တခုတည်းသော indicator အပေါ်မူတည်၍ ကုန်သွယ်ရေးစနစ်ကို တည်ဆောက်ရန် စည်းမျဉ်းများ။
Price Action ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှု၊ အနိမ့်ဆုံးနှင့် အမြင့်ဆုံး ဈေးတန်းများ စသည့် ကိရိယာများကို indicator များနှင့် ပေါင်းစပ်ခြင်း။
မတူညီသော အချိန်ဘောင်များကို အသုံးပြု၍ လမ်းကြောင်း၏ဦးတည်ရာအတိုင်း တနေ့တာအတွင်း ကုန်သွယ်ခြင်း။
ကုန်သွယ်ရေးနည်းဗျူဟာ | အကျဥ်းချုပ်ဖော်ပြချက် |
Bullish Flag pattern | ဇယားပုံစံများဖြင့် ကုန်သွယ်ခြင်း။ အတက်လမ်းကြောင်းတွင် ဈေးနှုန်းသည် ရေပြင်ညီမျဉ်းသို့ နီးကပ်လာကာ ကျဉ်းမြောင်းသော ချန်နယ်လ်ပေါ်ပေါက်လာသည်။ ကျွန်ုပ်တို့သည် ချန်နယ်လ်၏ အထက် နယ်နိမိတ်မျဉ်းအား ဖောက်ထွက်၍ အတက်လမ်းကြောင်း ဆက်လက် ဖြစ်ပေါ်ရာအမှတ်တွင် ကုန်သွယ်မှုကို ဖွင့်ပါသည်။ |
KC indicator အပေါ် အခြေခံသော ချန်နယ်လ် နည်းဗျူဟာ။ | ချန်နယ်လ်မှ ဖောက်ထွက်ခြင်းအပေါ် အခြေခံ၍ ကုန်သွယ်ရေး။ အကယ်၍ 50% ထက်မနည်းသော အချက်ပြ candlestick များသည် Keltner ချန်နယ်လ်၏ ပြင်ပတွင် ပိတ်သိမ်းပါက ကျွန်ုပ်တို့သည် ပင်မ ရွေ့လျားမှုလမ်းကြောင်း၏ လားရာအတိုင်း ကုန်သွယ်မှုကို ဖွင့်ပါသည်။ |
Alligator trading strategy | Alligator ၏ ပျမ်းမျှရွေ့လျားမှုမျဉ်းသုံးကြောင်း စတင်ခွဲထွက်သောအခါတွင် လမ်းကြောင်းပေါ်၌ ကုန်သွယ်မှုကို ဖွင့်ပါသည်။ ထပ်လောင်းအခြေအနေ - ခွဲထွက်မှု၏အရှေ့တွင် ဘေးတိုက်လမ်းကြောင်းတခုရှိခဲ့ပြီး၊ ခွဲထွက်မှု ဖြစ်ပေါ်သော အခိုက်အတန့်တွင် ပျမ်းမျှရွေ့လျားမှုမျဉ်းအားလုံးသည် ဦးတည်ရာ တူညီပါသည်။ |
Fibonacci retracement level trading | တနေ့တာအတွင်း swing trading နိယာမ အပေါ်အခြေခံ၍ အရေးကြီးသော အဆင့်များဖြင့် ကုန်သွယ်ခြင်း။ |
EMA trading | ကျွန်ုပ်တို့သည် မတူညီသော ဈေးနှုန်းအမျိုးအစားနှစ်ခုဖြင့် EMA indicator 2 ခုကို အသုံးပြု၍ ကုန်သွယ်ပါသည်။ ၎င်းသည် ချန်နယ်လ် နည်းဗျူဟာနှင့် မပြောင်းလဲသော ဈေးနှုန်းရွေ့လျားမှု နိယာမ ကို ပေါင်းစပ်ပေးပါသည်။ |
အရေးကြီးသောအချက်
အောက်တွင်ဖော်ပြထားသော နည်းဗျူဟာများသည် တိုက်ရိုက်ကုန်သွယ်ရေး လမ်းညွှန်မဟုတ်ပါ။ ၎င်းတို့သည် သင်၏ ပန်းတိုင်သို့ ချောမွေ့စွာရောက်ရှိစေရေးအတွက် လိုအပ်သော အခြေခံနှင့် ထည့်သွင်းစဉ်းစားရမည် စွန့်စားမှု နည်းဗျူဟာသာ ဖြစ်သည်။
ငွေကြေးအတွဲတခုစီတိုင်းသည် အဓိကနှင့် အရန် indicator များအတွက် သီးသန့်ချိန်ညှိမှုကို လိုအပ်ပါသည်။ ၎င်းတို့အား ဈေးကွက်အခြေအနေအပေါ်မူတည်၍ သီးခြားစီ ရွေးချယ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းအား ကုန်သွယ်ရေးစနစ်ကို အားဖြည့်ခြင်းဟု ခေါ်ပါသည်။ အားဖြည့်ခြင်း အတွက် ချိန်ညှိမှုများအား MT4 စမ်းသပ်မှုစနစ်ရှိ နှုန်းထားရာဇဝင်များအပေါ်တွင် နည်းဗျူဟာကို အလုပ်လုပ်စေခြင်းဖြင့် ဆုံးဖြတ်ပါသည်။
နည်းဗျူဟာ တခုချင်းစီအတွက် အသုံးပြုသော ကိရိယာများအကြောင်း အသေးစိတ် သုံးသပ်ချက်များသို့ လမ်းညွှန်လင့်ခ်များကို အောက်တွင် တွေ့ရှိရပါမည်။
Bullish Flag pattern
Bullish flag ပုံစံ သည် အတက်လမ်းကြောင်းပေါ်တွင် ဖြစ်ပေါ်လေ့ရှိပြီး flagpole နှင့် flag ဟူ၍အစိတ်အပိုင်းနှစ်ခု ပါဝင်ပါသည်။ ဤပုံစံသည် ယခင်ဈေးနှုန်းရွေ့လျားမှုကို ဆန့်ကျင်၍ တြိဂံပုံစံ သို့မဟုတ် လေးထောင့်ပုံစံဖြင့် အောက်သို့ ကျဆင်းသော ချန်နယ်လ်တခုအဖြစ် ပေါ်ပေါက်လာလေ့ရှိသည်။ Flagpole သည် အတက်လမ်းကြောင်းဖြစ်ပြီး၊ flag သည် ကုန်သွယ်မှုပမာဏနှင့် လမ်းကြောင်း၏အရှိန် လျော့ကျသော ဈေးနှုန်းစုဖွဲ့သည့်ဇုန် ဖြစ်သည်။ ဈေးနှုန်းသည် ချန်နယ်လ်၏ အပေါ်နယ်နိမိတ်မျဉ်းကို စတင်ဖောက်ထွက်၍ အထက်သို့ ပြန်လည်ရွေ့လျားမှုစတင်သော အခိုက်အတန့်တွင် ကုန်သွယ်မှုကိုဖွင့်ပါ။
ကုန်သွယ်မှုတခုကိုဖွင့်ရန် စည်းမျဉ်းများ။
အချိန် - M30 - H1။ ပိုမြင့်သော အချိန်ဘောင်များတွင် ကုန်သွယ်ရေး နည်းဗျူဟာသည် ကာလအလယ်အလတ်အတွက်သာ အကျိုးပြုနိုင်ပြီး ပိုနိမ့်သော အချိန်ဘောင်များတွင် ပုံစံသည် မပီပြင်နိုင်ပါ။
ကုန်သွယ်ရေးပစ္စည်း - ခရစ်ပတိုငွေကြေးများနှင့် အဓိကငွေကြေးအတွဲများ။ အခြားဈေးကွက်များ ကိုလည်း စမ်းသပ်ကြည့်လိုက စမ်းသပ်နိုင်ပါသည်။ သို့ရာတွင် နည်းဗျူဟာသည် ထိုဈေးကွက်များအတွက် အကျိုးပြုလိမ့်မည် မဟုတ်ပါ။
ချန်နယ်လ်တည်ဆောက်မှု - အနည်းဆုံးအနေဖြင့် ပိုမြင့်သော ၃ ပွိုင့် နှင့် ပိုနိမ့်သော ၃ ပွိုင့်။ ချန်နယ်လ်မျဉ်းသည် အပြိုင်ဖြစ်ရမည် သို့မဟုတ် ထောင့်တခုတွင်ပေါင်းဆုံရမည်။
အမြတ်ကန့်သတ်ချက်သည် flagpole အရှည်၏ ထက်ဝက် အနည်းဆုံး ရှိရမည်။ အရှုံးကန့်သတ်ချက်အား အောက်နယ်နိမိတ်မျဉ်း၏ အောက်ဘက်တွင် သတ်မှတ်ပါ။
ဥပမာ -
ဇယားပေါ်တွင် အတက်လမ်းကြောင်းတခု ပေါ်ပေါက်လာသည် ထိုလမ်းကြောင်းသည် flagpole "1" ဖြစ်သည်။ ထို့နောက် ဈေးနှုန်းသည် ရေပြင်ညီ ချန်နယ်လ် "2" သို့ ယာယီ ရွေ့လျားသွားသည် - ထိုနေရာမှ အထက်သို့ပြန်တက်နိုင်သလို အောက်သို့လည်းဆက်၍ ကျဆင်းသွားနိုင်သည်။ ဈေးနှုန်းသည် အထက်သို့တက်ရန် (မျှားပြထားသောပွိုင့်ဆီသို့ဦးတည်၍) ချန်နယ်ကို ဖောက်ထွက်သွားသောအချိန်တွင် လမ်းကြောင်း “3” ၏ ဦးတည်ရာအတိုင်း ကုန်သွယ်မှုကို ဖွင့်ပါသည်။ အမြတ်ကန့်သတ်ချက်သို့ ရောက်ရှိသောအခါ သို့မဟုတ် ဆန့်ကျင်ဘက်ပုံစံပေါ်ပေါက်သောအခါ ကုန်သွယ်မှုကို ပိတ်ပါသည်။ ဤဥပမာတွင် ကုန်သွယ်မှုဖွင့်ပြီးနောက်ပိုင်း သေးငယ်သော candlestick နှစ်ခုကို တွေ့ရပါသည်။ ၃ နာရီမှ ၄ နာရီအချိန်တွင်း Spread မပါဝင်သော အမြတ်နှုန်းမှာ 1,100 USD ဖြစ်ပါသည်။
ဤပုံစံအကြောင်း ပိုမိုသိရှိလိုပါက "ထိပ်တန်း Forex ပုံစံများ: နားလည်ရန်နှင့် အသုံးချနိုင်ရန် လေ့လာ သင်ယူပါ။" တွင် ဖတ်ရှုနိုင်ပါသည်။
KC channel indicator အပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာ။
Keltner Channel သည် သီးခြားအင်္ဂါရပ်များပါဝင်သော indicator ချန်နယ်လ်တခုဖြစ်သည်။ ၎င်းသည် ဈေးကွက်၏အနောက်သို့ လိုက်ပါလေ့မရှိပါ။ အကယ်၍ ဈေးနှုန်းသည် ချန်နယ်လ်၏ အပြင်ဘက်သို့ ရွေ့လျားသွားပါက indicator သည် ဈေးနှုန်းနောက်သို့လိုက်၍ ၎င်း၏ နယ်နိမိတ်ကို ချဲ့ထွင်ခြင်းမရှိပေ။ ထိုအချက်အပေါ်မူတည်၍ ကုန်သွယ်ရေးစနစ်ကို တည်ဆောက်ထားခြင်း ဖြစ်ပါသည်။
ကုန်သွယ်မှုဖွင့်ရန် စည်းမျဉ်းများ။
ကုန်သွယ်ရေးပစ္စည်း - အဓိကငွေကြေးအတွဲများ။
အချိန်ဘောင် - H1။
ကုန်သွယ်မှုတခုကိုဖွင့်ခြင်း။ Candlestick သည် ချန်နယ်လ်နယ်နိမိတ်ကို ဖောက်ထွက်ကာ ၎င်း၏အပြင်ဘက်တွင် ပိတ်သိမ်းပါသည်။ Candlestick များ၏ ကိုယ်ထည် 50% နှင့်အထက်သည် ချန်နယ်လ်၏ ပြင်ပတွင် ရှိရပါမည်။ နောက်ထပ် candlestick တခုဖြစ်ပေါ်သော နေရာတွင် ဖောက်ထွက်ရာသို့ ဦးတည်၍ ကုန်သွယ်မှုကို ဖွင့်ပါ။
ကုန်သွယ်မှုတခုကိုပိတ်ခြင်း - ဆန့်ကျင်ဘက် candle ပေါ်ပေါက်လာသောအခါ ကုန်သွယ်မှုကို ပိတ်ပါ။
ချန်နယ်လ်၏ အလယ်တွင် သို့မဟုတ် ၎င်း၏ ဆန့်ကျင်ဘက်တွင် အရှုံးကန့်သတ်ချက်အော်ဒါကို ပြုလုပ်ပါ။
ဥပမာ -
"1" နှင့် "2" သည် အချက်ပြမှုအမှားများဖြစ်ကြသည်။ အရှုံးကန့်သတ်ချက်သို့အရောက်တွင် ကုန်သွယ်မှု များကို ပိတ်သိမ်းရနိုင်သည်။
"3" သည် ကောင်းစွာအလုပ်လုပ်သော အချက်ပြမှုတခုဖြစ်သည်။ လမ်းကြောင်း၏ ထိပ်ဆုံးတွင် သေးငယ်၍ ရေပြင်ညီရွေ့လျားမှုရှိသော candlestick တခုနှင့်အတူ ကုန်သွယ်မှုအား ပိတ်သိမ်းပါသည်။
“4” - ကုန်သွယ်မှုမဖွင့်ပါ။ Candle ၏ 50% နီးပါးခန့်သည် ချန်နယ်လ်၏ ပြင်ပတွင်ရှိနေသည်။
"5" သည် မှားယွင်းအချက်ပြမှုတခု ဖြစ်သည်။
“6” သည် ယခင် အချက်ပြမှုများတွင် ဆုံးရှုံးခဲ့သမျှကို ကာမိစေသော တိကျသည့် အချက်ပြမှုတခုဖြစ်သည်။
"7" သည် မှားယွင်းအချက်ပြမှုတခု ဖြစ်သည်။
"8" သည် တိကျသော အချက်ပြမှုတခုဖြစ်သည်။
မှားယွင်းသော အချက်ပြမှုအရေအတွက်ကို လျော့ချနိုင်ရန် Oscillator တခုအား ဖြည့်စွက်အသုံးချရန် အကြံပြုလိုပါသည်။
ဤကုန်သွယ်ရေးနည်းဗျူဟာနှင့် နည်းဗျုဟာတွင်အသုံးပြုသော indicator အကြောင်းကို ပိုမိုသိရှိလိုပါက အောက်ပါသုံးသပ်ချက်တွင် ဖတ်ရှုနိုင်ပါသည်။ Keltner Channel Indicator - လမ်းညွှန်ချက်အပြည့်အစုံ".
Fibonacci level trading
Fibo levels များသည် ကုန်သည်အများစု သတိပြုလိုက်နာကြသော အစွန်းနှစ်ဖက်ဒဿန အပေါ် အခြေခံပါသည်။ သို့ရာတွင် ဤကိရိယာတွင် အခြားရှုထောင့်တခု ရှိ၍နေပါသည် - Fibo levels များ၏ ရေပန်းစားရခြင်း သော့ချက်မှာ ကုန်သည်အများစုသည် ၎င်းတို့၏ ထိရောက်မှုအပေါ် ယုံကြည်ကြပြီး၊ ၎င်းတို့၏အနီးအနားတွင် pending orders များ၊ stop အော်ဒါများကို ပြုလုပ်လေ့ ရှိကြသောကြောင့်ဖြစ်သည်။
ကုန်သွယ်ရေးစည်းမျဉ်းများ
သင်နှစ်သက်ရာ ကုန်သွယ်ရေးပစ္စည်းကို အသုံးပြုနိုင်ပါသည်။ ဤ indicator ၏ သဘောတရားသည် မည်သည့် ကုန်သွယ်ရေးပစ္စည်း အမျိုးအမည်အတွက်မဆို အလုပ်ဖြစ်ပါသည်။
အချိန်ဘောင် - M30 မှ H1။ ပို၍တိုတောင်းသော အချိန်ဘောင်များတွင် အဓိကအဆင့်များကြား ပွို့င့်အကွာအဝေး သေးငယ်လွန်းသောကြောင့် ရည်မှန်းထားသော အမြတ်ကို မရရှိနိုင်ပါ။ ပို၍ရှည်လျားသော အချိန်အပိုင်းအခြားတွင် နည်းဗျူဟာသည် ကာလအလယ်အလတ် နည်းဗျူဟာ အဖြစ် အသွင်ပြောင်းသွားပါသည်။
ကုန်သွယ်မှုဖွင့်ခြင်း - ဇယားအတွင်း တည်ငြိမ်၍ရှည်လျားသော လမ်းကြောင်းကို ရှာဖွေပါ။ Fibonacci ခြေရာခံအဆင့်များကို အသုံးချပါ။ ဈေးနှုန်းသည် ပထမ သို့မဟုတ် ဒုတိယ အရေးကြီးအဆင့်မှ ပြန်၍ခုန်ထွက်လာသော အချိန်တွင် ပင်မလမ်းကြောင်းပေါ်ရှိ ယာယီဆန့်ကျင်ဘက်ရွေ့လျားမှု၏ အဆုံး၌ ကုန်သွယ်မှုကို ဖွင့်ပါ။ အရေးကြီးအဆင့်မှ 0.5 ထိ ကျော်လွန်သွားပါက ယာယီဆန့်ကျင်ဘက်ရွေ့လျားမှုမှတဆင့် ဆန့်ကျင်ဘက်လမ်းကြောင်း ဖြစ်လာပါမည်။ ဦးတည်ရာအသစ် လမ်းကြောင်းပေါ်တွင် ကုန်သွယ်မှုကို ဖွင့်ပါ။
ကုန်သွယ်မှုတခုကို ပိတ်ခြင်း။ ဆန့်ကျင်ဘက် ရွေ့လျားမှု၏ အစ သို့မဟုတ် လမ်းကြောင်း၏ အဆုံးတွင် ကုန်သွယ်မှုကို ပိတ်ပါ။ နောက်ဆက်ဆွဲ အရှုံးကန့်သတ်အော်ဒါကို အသုံးပြုနိုင်ပါသည်။
ဥပမာ -
CAD/CHF ကြားဖြတ်နှုန်းထားဇယားတွင် ရှင်းလင်းထင်ရှား၍ အားကောင်းသော လမ်းကြောင်းများစွာ ရှိနေပါသည်။ နောက်ဆုံးအတက်လမ်းကြောင်းပေါ်တွင် Fibonacci အဆင့်များကို ခြေရာကောက်ပါ။ ဈေးနှုန်းသည် 0.236 ဈေးတန်းဝန်းကျင်တွင် အချိန်အတန်ကြာ လှုပ်ရှားပြီးနောက်တွင် 0.382 အဆင့်သို့ ရွေ့လျားသွားသည်ကို ဇယားမှတဆင့် တွေ့မြင်ရပါသည်။ ဆက်လက်ဆောင်ရွက်ရမည့် နည်းဗျူဟာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အကယ်၍ ဈေးနှုန်းသည် 0.385 အဆင့်ကို ဖောက်ဆင်းသွားသော်လည်း 0.5 ထက်မကျော်ပဲ ဆန့်ကျင်ဘက် ရွေ့လျားမှု ဖြစ်ပေါ်လာပြီး 0.382 အဆင့်ကို အောက်မှအထက်သို့ ပြန်လည်ဖောက်တက်သွားပါက ပထမဆုံး ပစ်မှတ်အဆင့်ဖြစ်သော 0.236 နှင့် ဒုတိယပစ်မှတ် အဆင့်ဖြစ်သော 0 တွင် အဝယ်ကုန်သွယ်မှုကို ဖွင့်ပါ။
အကယ်၍ ဈေးနှုန်းသည် 0.5 အဆင့်ထက် ထက်ကျော်လွန်ကာ ဖောက်ထွက် ကျဆင်းသွားပါက ဈေးကွက်အခြေအနေကိုလိုက်၍ ပစ်မှတ်အဆင့်များ ဖြစ်ကြသော 0.786 နှင့် 1 တွင် အရောင်းကုန်သွယ်မှုကို ဖွင့်ပါ။
အဝင်ပွိုင့်များကို အတည်ပြုရန် အထောက်အကူကိရိယာအပိုများကို ဖြည့်စွက် အသုံးပြုပါ။
Fibo ခြေရာခံအဆင့်များကို တည်ဆောက်ခြင်းနှင့် ကုန်သွယ်မှုဖွင့်ခြင်းဆိုင်ရာ သတင်းအချက်အလက်များ ကို ပိုမိုသိရှိလိုပါက အောက်ပါဆောင်းပါးကို ဖတ်ရှုလေ့လာပါ။ "Fibonacci level ဆိုသည်မှာ အဘယ်နည်း"
Alligator ကို အသုံးပြု၍ ကုန်သွယ်ခြင်း။
ဤသည်မှာ အချိန်အပိုင်းအခြားနှင့် ပြောင်းလဲမှု အကွာအဝေး မတူညီကြသော ပျမ်းမျှရွေ့လျားမှု သုံးခုပါဝင်သည့် လမ်းကြောင်း indicator တခုဖြစ်သည်။ ပျမ်းမျှရွေ့လျားမှုမျဉ်းသုံးကြောင်းသည် ပွိုင့်တခု၌ ပေါင်းဆုံကြသောအခါ သို့မဟုတ် အချင်းချင်း ရောထွေးပူးယှက်ကြသောအခါ ထိုအခြေအနေသည် ဈေးနှုန်းစုဖွဲ့မှု၏ သင်္ကေတဖြစ်ပြီး အချိန်မရွေး လမ်းကြောင်းတခု စတင်နိုင်ကြောင်း အချက်ပြမှုလည်း ဖြစ်ပါသည်။
ကုန်သွယ်ရေး အခြေအနေများ
ကုန်သွယ်ရေးပစ္စည်း - အဓိက ငွေကြေးအတွဲများ။
အချိန်ဘောင် - M30 မှ H1။
Indicator ချိန်ညှိမှုများ - အခြေခံချိန်ညှိမှုများ။
ကုန်သွယ်မှုဖွင့်ခြင်း - ပွိုင့်တခုတည်းမှ ပျမ်းမျှရွေ့လျားမှုမျဉ်းများ စတင်ခွဲထွက်သော အခိုက်အတန့်။ ပျမ်းမျှရွေ့လျားမှုအားလုံးသည် ဦးတည်ရာ တခုတည်းကိုသာ တသမတ်တည်း ညွှန်ပြနေရမည်။
ကုန်သွယ်မှုပိတ်ခြင်း - ဆန့်ကျင်ဘက်ပုံစံ ဖြစ်ပေါ်သောအချိန် သို့မဟုတ် နောက်ဆက်တွဲ အရှုံးကန့်သတ်ချက်သို့ ရောက်ရှိချိန်တွင် ပိတ်သိမ်းပါ။ (သို့မဟုတ်) ရှည်လျားသော ပျမ်းမျှရွေ့လျားမှုမျဉ်းတကြောင်း၏ ဦးတည်ရာ ပြောင်းလဲသောအခါ သို့မဟုတ် ပျမ်းမျှရွေ့လျားမှုမျဉ်းများ စတင်ပေါင်းဆုံသောအခါများတွင် ပိတ်သိမ်းပါ။
အရှုံးကန့်သတ်ချက် - သတ်မှတ်အချိန်ကာလအတွင်း အမြင့်ဆုံး/ အနိမ့်ဆုံး အဆင့်များ၏ အထက်/အောက် တွင် နေရာချပါ (သို့မဟုတ်) ကိုယ်ပိုင် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု နည်းဗျူဟာနှင့်အညီ ဆောင်ရွက်ပါ။
အကယ်၍ ဤမျဉ်းသုံးကြောင်း အပြန်အလှန် ဖြတ်သန်းခြင်း မရှိပါက ကုန်သွယ်မှုကို မဖွင့်ပါနှင့် သို့မဟုတ် လမ်းကြောင်းစတင်ဖြစ်ပေါ်ပြီး candle 6 ခုနှင့်အထက်တွင် ကွဲလွဲမှု စတင်ပေါ်ပေါက်ပါက နောက်ကြောင်းပြန်လှည့်မည့် အချက်ပြမှုဖြစ်သည်။ Swap ကောက်ခံချိန်မတိုင်မှီတွင် 6 ခုထက်နည်းသော candle များ ကျန်ရှိ၍နေပါလျင်လည်း ကုန်သွယ်မှုကို မဖွင့်သင့်ပါ။ သို့မဟုတ်လျှင် Swap အဖိုးအခများ ကုန်ကျနိုင်ပါသည်။
အပိုဆောင်း indicator များ - တဦးချင်းစီ၏ ဦးစားပေးမှုနှင့် အကြိုက်အပေါ် မူတည်ပါသည်။ ဤနည်းဗျူဟာသည် ဥပမာတခုသာဖြစ်ပြီး သင်၏ ကိုယ်ပိုင် ကုန်သွယ်ရေး မူဝါဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်နိုင်ပါသည်။ Trend Alligator အား အတည်ပြု Oscillator များ၊ Price Action ခွဲခြမ်းစိတ်ဖြာမှု အစိတ်အပိုင်းများဖြင့် မကြာခနဆိုသလို တွဲဖက်အသုံးပြုလေ့ရှိကြပါသည်။
ဥပမာ
ဈေးကွက်အတွင်း ရေပြင်ညီရွေ့လျားမှုတခု ရှိနေပါသည်။ Indicator သည် ဤအချက်ကို အတည်ပြုသည် - ပျမ်းမျှရွေ့လျားမှုများသည် မျဉ်းတကြောင်းအဖြစ် ပူးကပ်သွားကြသည်။ ကုန်သွယ်ရေးအချိန်ပိုင်း စတင်ကာစဖြစ်ပြီး ဇယားပေါ်တွင် ကြီးမားသော အနီရောင် Candle ပေါ်ပေါက်နေပါသည်။ ဤနေရာတွင် ရွေးချယ်စရာ နည်းလမ်းနှစ်မျိုး ရှိပါသည်။
ပွိုင့် "1" ရှိ candlestick တွင် ကုန်သွယ်မှုဖွင့်ပါ။ Alligator သည် အကျလမ်းကြောင်း ဆက်လက်ဖြစ်ပေါ်မည့် အခြေအနေကို ညွှန်ပြနေသည်။ သို့သော် ဈေးနှုန်းသည် သေးငယ်သော အပ်သဏ္ဍန် ဘားပုံစံ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် အထက်သို့ ပြန်တက်နိုင်သော အလားအလာတခုလည်း ရှိနေပါသည်။
ပွိုင့် "2" တွင် ကုန်သွယ်မှုဖွင့်ပါ။ ဤနေရာ၌ အထက်တွင် ခွဲခြမ်းစိတ်ဖြာခဲ့သော Bearish Flag pattern ဖြစ်ပေါ်လာသည်။ ဈေးနှုန်းသည် ပေါ်ပေါက်လာသော စုဖွဲ့မှုဘောင်အတွင်းမှတဆင့် အောက်သို့ဖောက်ဆင်းသွားပါသည်။
ကုန်သွယ်မှုအား သင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပိတ်သိမ်းပါ။ ဇုန် "3" နှင့် "4" တွင် ရေပြင်ညီ ရွေ့လျားမှုအခြေအနေများ ဖြစ်ပေါ်နေသောအချိန်ဖြစ်သည်။ ၎င်းတို့အနက် တခုခုတွင် ကုန်သွယ်မှုကို ပိတ်သိမ်းနိုင်ပါသည်။ အခြားနည်းလမ်းတခုမှာ ဇုန် "3" တွင် ကုန်သွယ်မှုတဝက်ကို ပိတ်သိမ်းပြီး ကျန်တဝက်အား နောက်ဆက်တွဲ အရှုံးကန့်သတ်ချက်နှင့်အတူ ဆက်လက်ထိန်းသိမ်းထားရန်ဖြစ်သည်။
Alligator indicator ကိုအသုံးပြု၍ ကုန်သွယ်ရေးနည်းစနစ်များ တည်ဆောက်ပုံကို အောက်ပါ သုံးသပ်ချက်တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။ "Bill Williams' Alligator Indicator"
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
Intraday moving average strategy
ဤနည်းဗျူဟာအား ကာလအပိုင်းအခြားတူညီသော်လည်း ဈေးနှုန်းမတူညီသော တိကျသည့် ပျမ်းမျှ ရွေ့လျားမှု နှစ်ခုအပေါ် အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ Indicators များသည် ကျဉ်းမြောင်းသော ချန်နယ်လ်တခုကို ဖွဲ့စည်းသည်။ ၎င်း၏ အကျယ်သည် ပျမ်းမျှဈေးနှုန်းတန်ဖိုးဖြစ်သည်။ အကယ်၍ ဈေးနှုန်းသည် ၎င်း၏ ကန့်သတ်ချက်ကို ကျော်လွန်ပြီး ဆန့်ကျင်ဘက်သို့ ပြန်လှည့်သွားပါက ဈေးကွက်အခြေအနေကိုလိုက်၍ ထိုဆန့်ကျင်ဘက် လမ်းကြောင်းတွင် ကုန်သွယ်မှုကို ဖွင့်ပါ။
ကုန်သွယ်ရေးအခြေအနေများ။
ကုန်သွယ်ရေးပစ္စည်း - မည်သည့်ငွေကြေးအတွဲမဆို။
အချိန်ဘောင် - H4။ ဤနည်းဗျူဟာသည် သင့်အား candles ၂ ခု မှ ၄ ခု အကွာအဝေးများဖြင့် တိုတောင်းသော ဈေးကွက်အတက်အကျများကို အမိအရ ဖမ်းယူနိုင်ရန် ကူညီပေးပါသည်။ ထို့ကြောင့် သေးငယ်လွန်းသော အချိန်ဘောင်များတွင် အကျိုးအမြတ်၊ Spread နှင့် အချိန်သုံးစွဲမှုတို့ကို စဉ်းစားရာ၌ လက်တွေ့မကျနိုင်ပါ။
Indicators - ဈေးအမြင့်ကို အသုံးချသော EMA (5) နှင့် ဈေးအနိမ့်ကို အသုံးချသော EMA (5)။
ကုန်သွယ်မှုဖွင့်ခြင်း။
ဈေးနှုန်းသည် ချန်နယ်လ်မှ ကျော်လွန်ထွက်ခွာသွားပြီး candlestick သည် ၎င်း၏ အပြင်ဘက်တွင် ပိတ်သိမ်းခဲ့သည်။ အနည်းဆုံး 50% သော candlesticks ကိုယ်ထည်များသည် ချန်နယ်လ်၏ ပြင်ပတွင်ရှိနေခြင်းကြောင့် အဖြေကိုပို၍ ရှင်းလင်းစေသည်။ အကယ်၍ နောက်ထပ် candlestick တခု ဆက်လက်ရွေ့လျားပါက ကုန်သွယ်မှုကို မဖွင့်ပါနှင့်။
ဈေးနှုန်း နောက်ပြန်လှည့်သည်။ အချက်ပြ candlestick သည် ချန်နယ်လ် နယ်နိမိတ်အား အပြင်ဘက်မှ ထိတွေ့သည် (သို့မဟုတ်) ချန်နယ်အတွင်း၌ ပိတ်သိမ်းသွားသည်။
နောက်ထပ် candlestick ဖြစ်ပေါ်သောအခါ၌ ရွေ့လျားမှု၏ ဦးတည်ရာတွင် ဈေးကွက်အော်ဒါတခုကို နေရာချပါ။ အရှုံးကန့်သတ်ချက်အား လက်ရှိအချိန်ဘောင်အတွင်း ဈေးနှုန်းနောက်ပြန်လှည့်သော အစွန်ဆုံးအဆင့်မှ ရေတွက်လျှင် 2 ပွိင့် မှ 3 ပွိုင့်အတွင်း သတ်မှတ်ပါ။ တဖက်မှဝင်ရောက်လာသော ဈေးနှုန်းသည် ချန်နယ်မှထွက်ခွာပြီး စတင်၍ နောက်ပြန်လှည့်ပါက candles 2 ခု မှ 3 ခုတွင် ကုန်သွယ်မှုကို ပိတ်ပါ။
ဥပမာ
1 – ရှင်းလင်းသော အချက်ပြမှုတခု။ ကြီးမားသော အစိမ်းရောင် candlestick သည် ချန်နယ်လ်၏ နယ်နိမိတ်ကို ဖောက်ထွက်သွားပြီး ၎င်း၏ပြင်ပတွင် ပိတ်သိမ်းသည်။ နောက်ထပ် doji candlestick သည် ဆန့်ကျင်ဘက်ပုံစံ အချက်ပြမှုဖြစ်သည်။ ၎င်း၏နောက်မှ အထက်သို့ဦးတည်သော candlestick အငယ်စားနှစ်ခု ပေါ်ပေါက်လာပြီး အောက်ဘက်သို ဦးတည်သော candlestick သည် မျှားဖြင့်ညွှန်ပြထားသည့်အတိုင်း ချန်နယ်လ်အတွင်း ပိတ်သိမ်းပါသည်။ နောက်ထပ် candlestick တွင် ကုန်သွယ်မှုကို ဖွင့်ပါ။ အစိမ်းရောင် candlestickမှ ထွက်ပေါ်သော shadow ၏ အထက်တွင် အရှုံးကန့်သတ်အော်ဒါကို နေရာချပါ - ၎င်း၏ အရှည်သည် ဒဿမ လေးနေရာ နှုန်းထားအတွက် 12 မှ 15 ပွိုင့်ဖြစ်သည်။ နောက်လာမည့် ဆန့်ကျင်ဘက် လမ်းကြောင်းအစတွင် ကုန်သွယ်မှုကို ပိတ်ပါ။ ကုန်သွယ်မှုတခုလျှင် 22 ပွိုင့် မှ 25 ပွိုင့်ကြား အမြတ်ကို ရရှိပါမည်။
2 - ရှင်းလင်းသော အချက်ပြမှုတခု။ အောက်ပါအခြေအနေအားလုံး ကိုက်ညီသည် _ အောက်သို့ နိမ့်ဆင်းသော candlestick သည် ချန်နယ်လ်၏ အောက်ဘက်တွင် အပြည့်အဝ ပိတ်သိမ်းပါသည်။ ၎င်း၏နောက်မှ တတိယမြောက် doji candlestick သည် ချန်နယ်လ်၏ အတွင်းဘက်တွင် ပိတ်သိမ်းပါသည်။ မျှားမှညွှန်ပြသော candlestick ပေါ်တွင် ကုန်သွယ်မှုကို ဖွင့်ပါ။
3 - အချက်ပြမှု မရှိပါ။ ချန်နယ်လ်ဆီသို့ ပြန်လှည့်လာသော အနီရောင် candle သည် ချန်နယ်လ်ကို ဖောက်ထွင်းဖြတ်ကျော်သွားပါသည်။
4 - မှားယွင်း အချက်ပြမှု ဖြစ်သည်။ အခြေအနေများ ကိုက်ညီမှုရှိသည်။ သို့သော် လမ်းကြောင်းသည် အထက်သို့ မတက်ပါ။ ဈေးနှုန်းသည် ချန်နယ်လ်၏ နယ်နိမိတ်မှ အောက်သို့ ဖောက်ဆင်းသွားသော အခိုက်အတန့်တွင် ကုန်သွယ်မှုအား ကိုယ်တိုင် ပိတ်သိမ်းသင့်ပါသည်။
5 - ရှင်းလင်းသော အချက်ပြမှု တခုဖြစ်သည်။ အနီရောင် candlestick သည် ချန်နယ်လ်၏ အောက်တွင် ပိတ်သိမ်းပြီး နောက်ထပ် အစိမ်းရောင် candlestick သည် ချန်နယ်လ်၏ အထက်တွင် ပိတ်သိမ်းပါသည်။ အချက်ပြမှုသည် candle တခုစာ ကြာမြင့်ခဲ့သည်။ ကုန်သွယ်မှုအား အရှုံးမရှိပဲ သို့မဟုတ် သေးငယ်သော အမြတ်ဖြင့် ပိတ်သိမ်းနိုင်ပါသည်။
အဓိပ္ပါယ်နှစ်ခွထွက်စေသော အချက်ပြမှုများသည် နည်းဗျူဟာကို ရှုပ်ထွေးစေပါသည်။ အထက်ပါ ဥပမာသည် လုပ်ငန်းဆောင်ရွက်ရန် ပြည့်စုံသော လမ်းညွှန်မှုတခု မဟုတ်ပါ။ ၎င်းသည် အဝင်ပွိုင့်များရှာဖွေခြင်းနိယာမကိုသာ ပြသပေးပါသည်။ အတွဲတခုစီသည် ၎င်း၏ ကိုယ်ပိုင် EMA အချိန်ပိုင်းအခြားကို လိုအပ်ပါသည်။ မရှင်းလင်းသောမေးခွန်းများရှိပါက comment တွင်မေးမြန်းနိုင်ပါသည်။ ထို့အပြင် သင်သည် အထက်ပါနည်းဗျူဟာများကို ကျွမ်းကျင်ပြီးဖြစ်ကာ ပိုမိုရှုပ်ထွေး၍ ထိရောက်မှုရှိသော ကုန်သွယ်ရေးစနစ်များကို လေ့လာလိုပါက ဤနေရာ ကို နှိပ်ပါ။
နည်းဗျူဟာ အကြံပြုချက်များ။
အချက်ပြမှုများ အတော်ပင် နည်းပါးပါသည်။ ထို့ကြောင့် ငွေကြေးအတွဲများစွာအတွက် တပြိုင်နက် အချက်ပြမှုများကို ရှာဖွေခြင်းက အကျိုးရှိနိုင်ပါသည်။
ကုန်သွယ်နေ့၏ အစတွင် အချက်ပြမှုများကို ရှာဖွေသင့်ပါသည်။ H4 မှ candle လေးခုသည် ၂၄ နာရီကို ဖြစ်စေပါသည်။ အကယ်၍ ကုန်သွယ်မှုတခုအား ဈေးကွက်အတွင်း ပို၍ အချိန်ကြာကြာ ထိန်းသိမ်းထားလိုပါက swap များကို ထည့်သွင်းစဉ်းစားရန် သတိရပါ။
ဖွင့်ထားသော ကုန်သွယ်မှုများအပေါ် မျက်ခြေမပြတ် ပုံမှန် စောင့်ကြည့်ပါ။ အချက်ပြမှုတခုကို ရှာဖွေရန် လွယ်ကူသလောက် ကုန်သွယ်မှုတခုကို အချိန်မှီပိတ်သိမ်းရန် ခက်ခဲပါသည်။ အထက်ပါဥပမာကိုကြည့်လျှင် ရွေ့လျားမှုသည် candle တခုစာထိ ကြာမြင့်နိုင်ကြောင်း သိရှိနိုင်ပါသည်။
တနေ့တာအတွင်းကုန်သွယ်ခြင်း၏ ဆုံးရှုံးနိုင်ခြေများ။
တနေ့တာအတွင်းကုန်သွယ်ရာတွင် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသော အရာများ။
1. အခြေခံအကြောင်းတရားများ၏ လွှမ်းမိုးမှု။ ကုန်သည်များ၏ စိတ်ကိုပြောင်းလဲစေတတ်သော သတင်းများထွက်ပေါ်ချိန်မျိုးတွင် မည်သည့်လမ်းကြောင်းမဆို ရုတ်တရက် အဆုံးသတ်နိုင်သည်။
မည်သို့လုပ်ဆောင်ရမည်နည်း။
စီးပွားရေးပြက္ခဒိန်တခုကို အသုံးပြုပါ။ အရေးကြီးသတင်းများ မထုတ်ပြန်မှီ မိနစ် 30 မှ 60 အတွင်း ကုန်သွယ်မှုများကို ပိတ်နိုင်ရန် ကြိုးစားပါ။ သတင်းထုတ်ပြန်အပြီး မိနစ် 30 မှ 60 ကြားတွင် ကုန်သွယ်မှု မဖွင့်ပါနှင့်။
အရှုံးကန့်သတ်ချက်တခုအား လိုက်လျောညီထွေရှိစွာ အသုံးပြုနိုင်ပါစေ။ အရှုံးကန့်သတ်ချက်အား လိုအပ်သလို ကိုယ်တိုင် ချိန်ညှိနိုင်သကဲ့သို့ ဈေးနှုန်း၏အနောက်မှ အလိုအလျောက် လိုက်ပါရွေ့လျားသော နောက်ဆက်တွဲ အရှုံးကန့်သတ်ချက်မျိုးကိုလည်း အသုံးပြုနိုင်ပါသည်။
2. အရှုံးကန့်သတ်ချက်၏ အကွာအဝေးနှင့် ကုန်သွယ်မှုပမာဏတို့အား မှားယွင်းတွက်ချက်မိခြင်း။ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များအနေဖြင့် — အမြတ်ရနေသော ကုန်သွယ်မှုအား သေးငယ်သော ယာယီဆန့်ကျင်ဘက်ရွေ့လျားမှုတခုကြောင့် စောစီးစွာ ပိတ်သိမ်းမိခြင်း၊ အမြတ်ရနေသော ကုန်သွယ်မှုများ အပါအဝင် ကုန်သွယ်မှုအားလုံးကို stop-out ဖြင့် ပိတ်သိမ်းရခြင်းများ ဖြစ်နိုင်ပါသည်။
မည်သို့ လုပ်ဆောင်ရမည်နည်း။
ကုန်သွယ်မှုတခု၏ ဆုံးရှုံးနိုင်ခြေနှင့် ကုန်သွယ်မှုအားလုံး၏ ဆုံးရှုံးနိုင်ခြေများအတွက် စည်းမျဉ်းများကို ချမှတ်ပါ။ ပွိုငိ့တခု၏ ဈေးနှုန်းနှင့် ကုန်သွယ်မှုပမာဏအပေါ် အခြေခံ၍ အရှုံးကန့်သတ်ချက်၏ အရှည်ကို မြန်ဆန်စွာတွက်ချက်နိုင်ရန်အတွက် သီးသန့် Excel Sheet တခုကို ဖန်တီးပါ။ ထို့ထက်ပို၍ ကုန်သည်ဂဏန်းတွက်စက် ကိုလည်း အသုံးပြုနိုင်ပါသည်။
အဝင်နောက်ကျခြင်း။ အဝင်ပွိုင့်ကို ဆုံးဖြတ်ရာတွင် မှားယွင်းခြင်းအတွက် ဖြစ်နိုင်ချေရှိသော အကျိုးဆက်များအနေဖြင့် — အမြတ်ဆုံးရှုံးခြင်း သို့မဟုတ် ဈေးနှုန်းပြောင်းပြန်ရွေ့လျားမှုကြောင့် ဆုံးရှူံးရခြင်းများ ဖြစ်နိုင်ပါသည်။
မည်သို့ လုပ်ဆောင်ရမည်နည်း။
နောက်ထပ်ဖြစ်နိုင်ချေများနှင့် ဖြစ်ခဲ့ပြီးသော အခြေအနေများကို ညွှန်ပြသော indicator များကို ပေါင်းစပ် အသုံးပြုပါ။ များစွာသော နည်းဗျူဟာတို့တွင် နောက်ထပ်ဖြစ်လာနိုင်ခြေကို ညွှန်ပြသော Oscillator များသည် အချက်ပြမှုကို အတည်ပြုပါသည်။ ဇယားပေါ်မှ ပုံစံများနှင့် နေ့စဉ်ဈေးနှုန်းဇယားများကို စောင့်ကြည့်ပါ။
အများယောင်တိုင်း လိုက်၍ မယောင်ပါနှင့်။ ထွက်ခွာစပြုနေသော ရထား၏ နောက်ဆုံးအတွဲသို့ အလျင်စလို ခုန်ဝင်ရန် မလိုအပ်ပါ။ အောက်ပါအကြုံပြုချက်သည် ခရစ်ပတိုငွေကြေးများအတွက် အထူးသဖြင့် မှန်ကန်ပါသည်။ နောက်ထပ်ပေါ်ပေါက်လာမည့် သေးငယ်သော တိုးတက်မှုတိုင်းသည် အမြင့်ဆုံး စံချိန်အသစ်များအတွက် အားကောင်းသော ရွေ့လျားမှု ဖြစ်လာနိုင်ပါသည်။
4. နည်းပညာပိုင်းဆိုင်ရာ သုံးသပ်ချက်ချို့ယွင်းမှုများကြောင့် ဆုံးရှုံးနိုင်ခြေများ။ တနေ့တာအတွင်း ကုန်သွယ်ခြင်းတွင် နောက်ဆက်တွဲ ကန့်သတ်ချက်တခုအား မကြာခနဆိုသလို အသုံးပြုလေ့ ရှိကြပါသည်။ ပထမဆုံး သတ်မှတ်အဆင့်သို့ ရောက်ရှိပြီး ကုန်သွယ်မှုများ၏ 50% အား ပိတ်သိမ်းပြီးချိန်တွင် ၎င်းအော်ဒါကို သတ်မှတ်လေ့ရှိသည်။ နောက်ဆက်တွဲ stop အော်ဒါအား ကုန်သည်၏ ကွန်ပျူတာတွင် သတ်မှတ်သည်။ ထို့ကြောင့် အကျိုးဆောင်၏ ဆာဗာနှင့် သင်၏ကွန်ပျူတာကြား ချိတ်ဆက်မှု ပြတ်တောက်ပါက နောက်ဆက်တွဲ အရှုံးကန့်သတ်ချက် ပျောက်ကွယ်ပြီး ကုန်သွယ်မှုတွင် အကာအကွယ်မဲ့နိုင်ပါသည်။
မည်သို့ လုပ်ဆောင်ရမည်နည်း။
အရှုံးကန့်သတ်ချက် အပိုတခုကို နေရာချပါ။
VPS server တခုကို ငှားရမ်း အသုံးပြုပါ။
5. စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် ဆုံးရှုံးနိုင်ခြေများ။ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း စည်းမျဉ်းကို ဆန့်ကျင်၍ လမ်းကြောင်းတလျောက် ကုန်သွယ်မှုပမာဏများ တိုးမြှင့်လိုသော စိတ်ဆန္ဒ။ ကုန်သွယ်မှုတခုအား နောက်တရက်ထိ ထိန်းသိမ်းထားလိုသော စိတ်ဆန္ဒ။ ဒွိဟစိတ်များကြောင့် အဝင် သို့မဟုတ် အထွက်ပွိုင့် လွဲချော်သွားခြင်း။
မည်သို့ လုပ်ဆောင်ရမည်နည်း။
ခံနိုင်ရည်ကို တည်ဆောက်ပါ။ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း စည်းမျဉ်းများကို လိုက်နာပါ။
သတိပေးမှုများကို အသုံးပြုပါ - ဖြစ်ရပ်တခုအတွက် အသံဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ သတိပေးအချက်ပြမှုများကို လက်ခံရယူပါ။ ဥပမာ - ဈေးနှုန်းသည် သတ်မှတ်အဆင့်တခုသို့ ရောက်ရှိသောအခါ သို့မဟုတ် ဆိုင်းငံ့အော်ဒါတခု အစပျိုးသည့်အခါ။
လက်တွေ့ကျသော အတွေ့အကြုံများကို ရယူပါ။ ထိုအတွေ့အကြုံများမှတဆင့် ကုန်သွယ်ရေးစနစ်အတွင်း လျစ်လျူရှုနိုင်သော စွန့်စားမှုများနှင့် ထည့်သွင်းစဉ်းစားရမည့် စွန့်စားမှုများကို ခွဲခြားသိရှိနိုင်မည် ဖြစ်သည်။
စတင်သူများအတွက် တနေ့တာအတွင်းကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများနှင့် အကြံဉာဏ်များ။
တနေ့တာအတွင်းကုန်သွယ်ခြင်းတွင် သင်၏ ဆုံးရှုံးမှုအန္တရာယ်ကို အနည်းဆုံးထိ လျှော့ချပေးနိုင်မည့် အသုံးဝင်သော စည်းမျဉ်း အချို့။
အဝင် နှင့် အထွက် ပွိုင့်များ ဆုံးဖြတ်ခြင်း။
ကုန်သွယ်ရေးစနစ်တွင် ကုန်သွယ်မှု ဖွင့်ခြင်းနှင့် ပိတ်ခြင်းများအတွက် ရှင်းလင်းသော စည်းမျဉ်းများ ပါဝင်သင့်ပါသည်။ အမည်တပ်၍ဆိုရလျှင် အောက်ပါတို့ကို ဆုံးဖြတ်ရပါမည်။
1.ကိရိယာများကို ပေါင်းစပ်ခြင်း။ လမ်းကြောင်းများ၊ ခေတ်မှီ indicator များ၊ ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှု အထောက်အကူများ၊ အခြေခံပိုင်းဆိုင်ရာ အကြောင်းအရာများကို အသုံးချပါ။ သင်၏ ကုန်သွယ်ရေးစနစ်တွင် အောက်ပါမေးခွန်းများအတွက် အဖြေရှိသင့်ပါသည်။
မည်သည့် indicator နှင့် ကိရိယာက အဓိကဖြစ်၍ မည်သည်က အရန် သို့မဟုတ် အတည်ပြုရန်အတွက် ဖြစ်သနည်း။
မည်သည့်အချက်ပြမှုသည် အဓိကဖြစ်၍ မည်သည်ကို လျစ်လျူရှုနိုင်သနည်း။
အချက်ပြမှုများနှင့် indicator များစွာအကြား အချိန်ကိုက် ဈေးကွက်သို့ဝင်ရောက်ရန် မည်မျှလစ်လပ်မှု(candlestick မည်မျှ)ကို ခွင့်ပြုသနည်း။
2. ဈေးကွက်မှ ထွက်ခွာခြင်းအတွက် အောက်ပါ စည်းမျဉ်းများဖြင့် ဆုံးဖြတ်ပါသည်။
အရှုံးကန့်သတ်ချက်နှင့် အမြတ်ကန့်သတ်ချက် အချိုးဖြင့် ဆုံးဖြတ်ခြင်း။ သီအိုရီများမှ တခုကမူ အမြတ်ကန့်သတ်ချက်သည် အရှုံးကန့်သတ်ချက်ထက် နှစ်ဆမှ သုံးဆ ပိုကြီးသင့်သည်ဟု အဆိုပြုပါသည်။
ဇယားပုံစံဖြင့် ဆုံးဖြတ်ခြင်း။ ဆန့်ကျင်ဘက် ပုံစံဖြစ်ပေါ်သောအခါ သို့မဟုတ် ဈေးနှုန်းစုဖွဲ့မှုဇုန်တခု ပေါ်ပေါက်လာသောအခါတွင် ကုန်သွယ်မှုကို ပိတ်သိမ်းပါသည်။
တဦးတယောက်ချင်းစီ၏ အမြတ်ရည်မှန်းချက် အဆင့်အပေါ်မူတည်၍ ဆုံးဖြတ်ခြင်း။
အဓိကကျသော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ဈေးတန်းများသို့ ရောက်ရှိခြင်းအပေါ်မူတည်၍ ဆုံးဖြတ်ခြင်း။
ဈေးနှုန်းရာဇဝင်များအပေါ်တွင် ကုန်သွယ်ရေး နည်းစနစ်ကို စမ်းသပ်ခြင်းသည် ဈေးကွက်အတွင်း အဝင်၊ အထွက်ပြုလုပ်ရန် စည်းမျဉ်းများ တည်ဆောက်ရာတွင် အကူအညီပေးနိုင်ပါသည်။
အကောင်းဆုံး ကုန်သွယ်ရေးကာလကို ဆုံးဖြတ်ခြင်း။
အောက်ပါ စည်းမျဉ်းများကို လိုက်နာရန် ကြိုးစားပါ။
ဈေးကွက်ဖွင့်အပြီး ပထမဆုံးမိနစ် သုံးဆယ်တွင် ကုန်သွယ်မှုဖွင့်ရန် အလျင်မလိုပါနှင့်။ လမ်းကြောင်းကို သတ်မှတ်ပေးနိုင်သော ဈေးကွက် အလားအလာကို သုံးသပ်ပါ။
ဈေးကွက်မပိတ်မှီ 30 မှ 60 မိနစ်မတိုင်မှီ ကုန်သွယ်မှုများကို ပိတ်ရန်ကြိုးစားပါ။ ကုန်သွယ်ရေး၏ နောက်ဆုံးမိနစ်များတွင် ကုန်သွယ်မှုပမာဏများ လျော့ကျလေ့ရှိသည်။ ထိုအချိန်များတွင် ငွေဖြစ်မှုနိမ့်ပါးပြီး ဈေးနှုန်းငြိမ်သက်ခြင်းများ၊ လွဲချော်ခြင်းများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါသည်။
ကုန်သွယ်ရေးပစ္စည်း တခုစီ၏ ငွေဖြစ်လွယ်မှုအဆင့်နှင့် မတည်ငြိမ်မှုများအပေါ် မူတည်၍ အကောင်းဆုံး အချိန်ကာလကို ရွေးချယ်ပါ။
ဖြစ်နိုင်လျှင် သတင်းများ ထွက်ပေါ်ချိန်မျိုးတွင် ကုန်သွယ်မှု မဖွင့်ပါနှင့်။
ကာအကွယ်ပေးသော အော်ဒါများကို အသုံးပြုခြင်း။
အရှုံးကန့်သတ်ရန် stop အော်ဒါများကို အမြဲသဖြင့် အသုံးပြုပါ။ ဈေးနှုန်းသည် ဆန့်ကျင်ဘက်သို့ ရွေ့လျားပြီးနောက် လမ်းကြောင်းအမှန်သို့ ပြန်လှည့်လာဦးမည်ဟူသော အထင်အမြင်ဖြင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း စည်းမျဉ်းများကို ဆန့်ကျင်ကာ အရှုံးကန့်သတ်ချက်များကို ဖယ်ရှားခြင်း မပြုရပါ။ အရှုံးကို လက်ခံပါ။ ပြောင်းလဲမှုကို ထိုင်၍စောင့်စားနေခြင်းဖြင့် အကျိုးထူးမည်မဟုတ်ပါ။
တ်ခံစားချက်များကို ထိန်းချုပ်ခြင်း။
သင်၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ရန် ကြိုးစားပါ။ ကုန်သွယ်ရေးတွင် အောင်မြင်မှု၏ သော့ချက်မှာ စိတ်တည်ငြိမ်မှု၊ တွက်ချက်မှုစွမ်းရည်၊ ကိုယ်ပိုင်စည်းမျဉ်းနှင့် အမှားများမှသင်ယူခြင်းတို့ ဖြစ်ပါသည်။ အကယ်၍ သင့်တွင် ဝမ်းမြောက်ခြင်း၊ စိတ်တိုခြင်း၊ ကြောက်ရွံ့ခြင်း၊ မသေချာခြင်း စသော စိတ်ခံစားချက်များ ဖြစ်ပေါ်နေပါက လှုပ်ရှားမှုများကို ခေတ္တရပ်နားသင့်ပါသည်။ သင့်၏စိတ်ခံစားမှုများ ဖြစ်ပေါ်ရသော အကြောင်းရင်းကို သဘောပေါက်နားလည်ရန် ကြိုးစားပါ။ စိတ်တည်ငြိမ်သည်အထိ အခြားတခုခုကို တခဏတာ အစားထိုးပြုလုပ်နေပါ။ တနေ့အတွင်း ကုန်သွယ်ရေး၏ အားသာချက်မှာ ဆုံးဖြတ်ချက် အလျင်စလိုချမှတ်ရန် မလိုခြင်းပင်ဖြစ်သည်။ သင့်အနေဖြင့် ခွဲခြမ်းစိတ်ဖြာရန်၊ အခြေအနေများကို အကဲဖြတ်ရန်၊ စိတ်ခံစားချက်များမှ ရုန်းထွက်ရန် ကောင်းစွာ အချိန်ရပါသည်။ စိတ်ခံစားချက်လွန်ကဲခြင်းနှင့် ပူပင်စိတ်များသည် ကုန်သည်တဦးအတွက် ရန်သူများပင်ဖြစ်သည်။
လေ့ကျင့်မှု
Live အကောင့်တခုသို့ ကူးပြောင်းရာတွင် အချိန်ယူပါ။ လက်တွေ့လေ့ကျင့်မှုမှတဆင့် မိမိကိုယ်ကို ယုံကြည်စိတ်ချမှု အခြေခံအဆင့်တခုရရှိစေပြီး၊ ကုန်သွယ်ရေး၏ ထူးခြားချက်များကို နားလည်သဘောပေါက်စေရန်အလို့ငှာ ကုန်သည်တဦးသည် ၃လ မှ ၆လအထိ လေ့ကျင့်ရန် အချိန်ယူ၍ အနည်းဆုံး ကုန်သွယ်မှုပေါင်း ၅၀၀ ခန့်ကို စမ်းသပ်ဖွင့်လှစ်ရန် လိုအပ်ပါသည်။ ဒီမိုအကောင့်တခုပြီးလျင် cent အကောင့်များတွင် လေ့ကျင့်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သင့်တွင် 10 USD ရှိယုံမျှဖြင့် ကုန်သွယ်မှု အရေအတွက်များကို ဖွင့်လှစ်နိုင်ပါသည်။
ဘဝရပ်တည်မှုအတွက် တနေ့တာအတွင်းကုန်သွယ်ခြင်း။
တနေ့တာအတွင်းကုန်သွယ်ခြင်းဖြင့် ငွေရှာနိုင်ပါသလား။
အခြားသော နည်းဗျူဟာ အမျိုးအစားများနည်းတူ ငွေရှာနိုင်ပါသည်။ အဝင်၊ အထွက် ချဉ်းကပ်ပုံချင်း ကွဲပြားသော်လည်း တနေ့အတွင်းကုန်သွယ်ခြင်းသည် Forex ကုန်သွယ်ရေး အမျိုးအစားများမှ တခုပင်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ဤနေရာတွင် ထောက်ပြလိုသော အချက်မှာ အောင်မြင်မှုသည် သင်ရွေးချယ်သော နည်းလမ်းအပေါ် မူတည်သည်မဟုတ်ပါ၊ သင့်အပေါ်တွင်သာ မူတည်ပါသည်။
တိကျသောအချက်ပြမှုများအား ရှာဖွေနိုင်သော အရည်အချင်း။
ဆုံးရှုံးနိုင်ခြေများကို ကျိုးကြောင်းဆီလျော်စွာ အကဲခတ်နိုင်ပြီး ဈေးကွက်မှ အချိန်မှီထွက်ခွာနိုင်သော အရည်အချင်း။
အမှားများကို ခွဲခြမ်းစိတ်ဖြာ၍ မှန်ကန်သော ကောက်ချက်များကို ပြုလုပ်နိုင်သော အရည်အချင်း။
တည်ငြိမ်သော စိတ်နေသဘောထားနှင့် ခံစားချက်များကို ထိန်းချုပ်နိုင်သော အရည်အချင်း။
အပ်ငွေပမာဏသည် အဓိကအကျဆုံး အချက်မဟုတ်ပါ။ 50 USD ရှိယုံဖြင့် ကုန်သွယ်မှုများကို ဖွင့်နိုင်ကြောင်း အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။ ထို့ထက် အရေးပါသော အချက်များမှာ သင်၏ အသိပညာကို သင်ကိုယ်တိုင် မြှင့်တင်လိုစိတ်ရှိမရှိ၊ သင်၏အရည်အချင်းများနှင့် နေ့စဉ် ရလာဒ်အသစ်များ ရရှိခြင်း တို့ပင်ဖြစ်ကြပါသည်။
တနေ့တာအတွင်းကုန်သွယ်ခြင်း၏ အားသာချက်၊ အားနည်းချက် များ။
တနေ့တာအတွင်းကုန်သွယ်ခြင်း၏ အားသာချက်များ။
Swap အဖိုးအခများ မရှိခြင်း။ H1 နှင့် H4 အချိန်ဘောင်များ၌ ကုန်သွယ်မှုများအား candles 1 ခု မှ 3 ခု အတွင်း (တခါတရံတွင် လက်ရှိ candle တခုပိတ်သိမ်းချိန်တွင်) ပိတ်သိမ်းပါသည်။ Swap အဖိုးအခများ မရှိပါ။
စိတ်ခံစားမှုဆိုင်ရာ ဖိအားများ အသင့်အတင့်သာ ရှိပါသည်။ မိနစ်ပိုင်းအတွင်းရောင်းဝယ်သော Scalping နှင့် မတူညီသောအချက်မှာ ဤကုန်သွယ်ရေးတွင် candlestick တခုသည် အနည်းဆုံး မိနစ်သုံးဆယ် ကြာရှည်ခံပါသည်။ ထိုအချိန်သည် ပင်မလမ်းကြောင်းများကို ကြည့်ရှုလေ့လာရန်နှင့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို အသုံးချရန် ကောင်းစွာ လုံလောက်သော အတိုင်းအတာဖြစ်ပါသည်။
အားသာမှုရှိသော အမြတ်အလားအလာ။ ကာလရှည်နည်းဗျူဟာများတွင် အမြတ်ရရှိရန် တရက်ထက်မက ကြာမြင့်ပြီး၊ မိနစ်ပိုင်းအတွင်း ရောင်းဝယ်ရာတွင် ဆုံးရှုံးနိုင်သော အလားအလာမြင့်မားပါသည်။ ဖြစ်နိုင်ချေရှိသော အမြတ်၊ အရှုံး အလားအလာများကို ချိန်ထိုးစဉ်းစားကြည့်ပါက တနေ့တာအတွင်း ကုန်သွယ်ရေးနည်းဗျူဟာများသည် အကောင်းဆုံး ဖြစ်ပါသည်။
တနေ့တာအတွင်းကုန်သွယ်ခြင်း၏ အားနည်းချက်များ။
Spread - ကုန်သွယ်မှုများလေ Spread ကြီးမားလေဖြစ်သည်။ ကာလရှည်ကုန်သွယ်ရေးတွင် ၎င်းအချက်သည် မှုစရာမရှိသော်လည်း တနေ့တာအတွင်း ကုန်သွယ်ရေးတွင် အတော်ပင် သိသာမှုရှိပါသည်။ ကုန်သည်အများစုသည် တနေ့လျှင် 20 ပွိုင့် ရရှိရန် အစီအစဉ်ချမှတ်ရာတွင် Spread များကို မေ့လျော့နေလေ့ ရှိကြသည်။
ဆုံးရှုံးနိုင်ခြေများ။ အချို့ ဆုံးရှုံးမှုများကို ရှောင်လွှဲ၍ မရနိုင်ပါ။ ခန့်မှန်းချက်များသည် ကာလရှည် ကုန်သွယ်ရေးနည်းဗျူဟာများအပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း၊ တနေ့အတွင်း ကုန်သွယ်ရေးအတွက် ထိရောက်မှုအလွန်ရှိပါသည်။ ဈေးနှုန်းခန့်မှန်းသူများသည် လက်ငင်း အကျိုးအမြတ် လျင်မြန်စွာ ရရှိခြင်းကို ပိုမိုနှစ်သက်ကြသည်။
အချိန်။ ကာလရှည် နည်းဗျူဟာများနှင့် နှိုင်းယှဉ်ကြည့်လျှင် တနေ့တာအတွင်းကုန်သွယ်ခြင်းတွင် နှုန်းထားရွေ့လျားမှုများကို ခြေရာခံရန်အတွက် ကွန်ပျူတာရှေ့တွင် ပို၍အချိန်ပေးရန် လိုအပ်ပါသည်။
တနေ့တာအတွင်း ကုန်သွယ်ခြင်းကို အခြားနည်းဗျူဟာ အမျိုးအစားများနှင့် နှိုင်းယှဉ်ပြသထားသော ဇယား။
| တနေ့တာအတွင်းကုန်သွယ်ခြင်း | မိနစ်ပိုင်းအတွင်းကုန်သွယ်ခြင်း | ရက်ကူး၍ကုန်သွယ်ခြင်း | ကာလအလတ်နှင့်ကာလရှည်ကုန်သွယ်ခြင်း | |
ကုန်သွယ်မှုအမျိုးအမည် | မတည်ငြိမ်မှုနှင့် ငွေဖြစ်လွယ်မှုမြင့်မားသောမည်သည့် ကုန်သွယ်ရေး ပစ္စည်းမဆို - အဓိကငွေကြေးအတွဲများ၊ ရေနံ၊ ရွှေ၊ ခရစ်ပတိုငွေကြေးများ နှင့် စတော့။ | မတည်ငြိမ်မှုမြင့်မား၍ Spread ပမာဏသေးငယ်သောပိုင်ဆိုင်မှုအမျိုးအစားများ - ငွေကြေးအတွဲများ၊ blue chip များ။ | အားကောင်းသောလမ်းကြောင်းရှည်တခုနှင့် လက်ရှိကာလတွင် ဈေးနှုန်း အဆုတ်၊ အတက်ရှိပြီး မတည်ငြိမ်မှု အတန်အသင့်မြင့်မားသော ပိုင်ဆိုင်မှုများ - အညွှန်းကိန်းများ၊ ခရစ်ပတိုငွေကြေးများ။ | အားကောင်းသော ကာလရှည်လမ်းကြောင်းတခုရှိသော ပိုင်ဆိုင်မှုများ။ စတော့ပိုင်ဆိုင်မှုများ - ရံဖန်ရံခါတွင် ဖြစ်တောင့်ဖြစ်ခဲ ခရစ်ပတိုငွေကြေးများနှင့် ရှားပါးငွေကြေးအတွဲများ။ | |
ဈေးကွက်အတွင်းကုန်သွယ်မှုဖွင့်လှစ်ထားသော ကြာချိန် | တနာရီမှရှစ်နာရီနှင့်အထက်။ | မိနစ်အနည်းငယ် - ရှားရှားပါးပါး ရံဖန်ရံခါတွင် မိနစ် သုံးဆယ်အထိ။ | မိနစ်အနည်းငယ်မှ နာရီများစွာအထိ။ | ရက်ပေါင်းများစွာမှရက်သတ္တပတ်များစွာအထိ။ | |
အချိန်ဘောင်များ | M30-H4 | M1-M15 | M5-M30 | H4-MN | |
အထောက်အကူကိရိယာများ | လမ်းကြောင်းပြ indicator များ၊ Oscillator များ၊ Price Action၊ Levels၊ အခြေခံပိုင်းခွဲခြမ်းစိတ်ဖြာမှု။ |
| လမ်းကြောင်းပြ indicator များ၊ Fibonacci Levels ၊ Pattern များ၊ Oscillator များ။ | လမ်းကြောင်းပြ indicator များ၊ Levels ၊ Price Action။ | |
ကုန်သွယ်မှုတခုလျှင် ရရှိနိုင်သော အမြတ်နှုန်း (ပွိုင့်ဖြင့်) | 10-20 | 5-10 | 10-20 | 50-100 and more |
ကာလအလတ်နှင့် ကာလရှည် နည်းဗျူဟာများတွင် ထပ်ဆောင်း ကုန်ကျစားရိတ်များ ရှိနိုင်သည်ကို သတိပြုပါ — Swap (တညတာထိန်းသိမ်းခ)။ အခြားနည်းဗျူဟာများတွင် Swap မပါဝင်ပဲ အလုပ်လုပ်နိုင်ပါသည်။
နိဂုံး။တနေ့တာအတွင်း ကုန်သွယ်ခြင်းသည် သင့်အတွက် သင့်တော်မှု ရှိပါသလား။
ပထမဆုံးကုန်သွယ်မှုများကို ဖွင့်ရန်ကြိုးစားချိန်တွင် ရလာဒ်ကောင်းများထွက်ပေါ်ပြီး အောင်မြင်မှု၏ အရသာကို ခံစားရချိန်တွင်၊ ဤမေးခွန်း၏ အဖြေကို သင်ကိုယ်တိုင် ဖြေဆိုနိုင်ပါလိမ့်မည်။ စွန့်စားမှုများကို လက်ခံရန် မကြောက်ရွံ့ပါနှင့် - ဒီမိုအကောင့်တွင် သင်၏ စွမ်းရည်ကို လေ့ကျင့်ကာ စိတ်လှုပ်ရှားဖွယ်ရာ ရင်းနှီးမြှုပ်နှံမှုကမ္ဘာအား စူးစမ်းလေ့လာပါ။ ဒီမိုအကောင့်တွင် လက်တွေ့လေ့ကျင့်ပြီးမှ သာ တနေ့တာအတွင်း ကုန်သွယ်ခြင်းသည် မည်သို့အလုပ်လုပ်၍ သင်၏စရိုက်နှင့် မည်မျှကိုက်ညီသည်ကို သိရှိရမည်ဖြစ်ပြီး၊ အခြားအလုပ်အကိုင်အမျိုးအစားများနှင့် နှိုင်းယှဉ်လျင် သင့်အတွက် မည်သည်ကပို၍ အဆင်ပြေသည်ကို ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။
မေးစရားများရှိပါက comment တွင်မေးပါ ကူညီဖြေဆိုပေးပါမည်။ ကံကောင်းပါစေ။
တနေ့တာအတွင်းကုန်သွယ်ခြင်း အမေး၊ အဖြေများ။
ကုန်သွယ်ရေး နည်းဗျူဟာတခုဖြစ်ပါသည်။ ၎င်း၏ အဓိက အင်္ဂါရပ်မှာ ကုန်သွယ်မှု အစအဆုံးကို တရက်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရခြင်းဖြစ်သည်။ ဤကုန်သွယ်ရေးသည် ကုန်သည်အသစ်များအကြား ရေပန်းအစားဆုံး အမျိုးအစား ဖြစ်ပါသည်။ ဤကုန်သွယ်ရေးတွင် ဈေးကွက်သဘောတရားများနှင့် ဈေးနှုန်းပြောင်းလဲပုံများကို နားလည်သဘောပေါက်ရန် အချိန်ကောင်းစွာ ရရှိပါသည်။ ရံဖန်ရံခါတွင် မိနစ်ပိုင်းအတွင်း ရောင်းဝယ်ရေးကိုလည်း တနေ့အတွင်း ကုန်သွယ်ရေးဟုပင် ခေါ်ဆိုကြလေ့ရှိသည်။ သို့ရာတွင် ဤအခေါ်အဝေါ်သည် အပြည့်အဝ မှန်ကန်ခြင်း မရှိပါ။ မိနစ်ပိုင်းကုန်သည်တဦးသည် ဘေးတိုက်လမ်းကြောင်းတွင်လည်း အလုပ်လုပ်ပြီး၊ ကုန်သွယ်မှုအား မိနစ်များစွာဖွင့်ထားရသည်။ တနေ့တာကုန်သည်တဦးသည် လမ်းကြောင်းကို ရှာဖွေရပြီး ကုန်သွယ်မှုအား နာရီများစွာထိန်းသိမ်းထားကြပါသည်။
Forex ဈေးကွက်အတွင်း သီးခြားကုမ္ပဏီ တခုချင်းစီ၏ ရှယ်ယာများတွင် အဝယ် သို့မဟုတ် အရောင်းအနေဖြင့် ကုန်သွယ်မှုဖွင့်လှစ်ပြီး Swap မကောက်ခံမှီ ကုန်သွယ်မှုအား မဖြစ်မနေ ပိတ်သိမ်းခြင်းကို ဆိုလိုပါသည်။ Swap ကောက်ခံသော အချိန်အား စာချုပ်ရှင်းလင်းဖော်ပြချက်များတွင် ညွှန်ပြထားပါသည်။ ၎င်းကို MT4 တွင် ရှာဖွေနိုင်ပါသည်။
Swap အဖိုးအခများ ကျသင့်ခြင်းမရှိပဲ ကုန်သွယ်မှုများကို တနေ့အတွင်း ဖွင့်လှစ်၊ ပိတ်သိမ်းသော ကုန်သည်တဦး ဖြစ်ပါသည်။ တနေ့အတွင်းကုန်သွယ်ရေးကို နှစ်သက်သူများသည် M30 မှ H4 အကြား အချိန်ဘောင်များကို ရွေးချယ်လေ့ ရှိကြပြီး၊ အားကောင်းသော ရွေ့လျားမှုများကို ရှာဖွေကာ ရေပြင်ညီရွေ့လျားမှုများကို ရှောင်ရှားကြသည်။ ၎င်းတို့သည် လမ်းကြောင်း indicator များ၊ Oscillator များ၊ ဇယားပုံစံများကို အသုံးပြု၍ အချက်ပြမှုများကို ရှာဖွေကြပြီး၊ အခြေခံပိုင်းအကြောင်းအရာများကိုလည်း အမြဲလိုလို ထည့်သွင်းစဉ်းစားကြပါသည်။
အခြားသောနည်းဗျူဟာများနည်းတူ ကုန်သွယ်သောနေ့အတွင်း နောက်ထပ်နာရီအနည်းငယ်အတွက် ဈေးနှုန်းရွေ့လျားမှု ဦးတည်ချက်ကို ခန့်မှန်းပါ။ ဒီမိုအကောင့် သို့မဟုတ် live အကောင့်တခုတွင် မိမိခန့်မှန်းထားသော ဦးတည်ချက်အတိုင်း ကုန်သွယ်မှုများကိုဖွင့်ပါ။ အမြတ်ဖြင့်ပိတ်သိမ်းပါ။
ကုန်သွယ်နေ့တနေ့အတွင်း ကုန်သွယ်မှုများ ဖွင့်ခြင်းဖြင့်သာ စတင်ရမည်ဖြစ်သည်။ ကုန်သွယ်မှုများအား တညတာကိုကျော်ဖြတ်ခြင်း မရှိစေရန် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် တညတာကို ဖြတ်သန်းသောအခါ swap အဖိုးအခများ တွက်ချက်ခြင်းကြောင့်ဖြစ်သည်။ ဤကုန်သွယ်ရေးအမျိုးအစားသည် မတည်ငြိမ်မှုမြင့်မားသော ပိုင်ဆိုင်မှုများအတွက် ကောင်းစွာ အလုပ်ဖြစ်ပါသည်။ ထို့ကြောင့် အဓိကငွေကြေးအတွဲများ၊ ကြီးမားသောလုပ်ငန်းစု စတော့များ၊ အညွှန်းကိန်းများ စသည်တို့အား ရွေးချယ်သင့်ပါသည်။
တနေ့တာအတွင်း ကုန်သွယ်ခြင်းနည်းဗျူဟာများအား Forex ဈေးကွက်တွင် အများဆုံး အသုံးပြုကြလေ့ရှိပါသည်။ အကြောင်းမှာ ငွေလဲလှယ်မှုကော်မရှင်ခ မြင့်မားသောကြောင့် အချိန်တိုအတွင်း ကုန်သွယ်မှုများကို ပိတ်သိမ်းလျှင် အမြတ်မရနိုင်သောကြောင့်ဖြစ်သည်။ တနေ့တာအတွင်းကုန်သွယ်ခြင်းသည် မတည်ငြိမ်မှုနင့် ငွေဖြစ်လွယ်မှုမြင့်မားပြီး၊ မြင်သာသော ရွေ့လျားမှုဘောင်အတွင်းမှ ကုန်သွယ်ရေးပစ္စည်းများနှင့် ပို၍သင့်တော်ပါသည်။ ဥပမာ - ငွေကြေးအတွဲများ၊ အညွှန်းကိန်းများ၊ blue-chip စတော့များနှင့် ခရစ်ပတိုငွေကြေးများ။
ဤအချက်သည် ကုန်သွယ်မှုဖွင့်သော အကြိမ်အရေအတွက်၊ ဈေးကွက်အတွင်း ကုန်သွယ်မှုဖွင့်ထားသော ကြာချိန်တို့အပြင် သင်၏ကံကောင်းမှုအပေါ် များစွာမူတည်ပါသည်။ များစွာသော ကုန်သွယ်ရေး ဖိုရမ်များမှ ကိန်းဂဏန်းအချက်အလက်များအရ ၃၀ မှ ၃၂ ရာခိုင်နှုန်းသော ကုန်သည်များသည် တပတ်လျှင် ၁၀၀ ပွိုင့် (တရက်လျှင် ၂၀ ပွိုင့်)၊ ၂၅ မှ ၂၇ ရာခိုင်နှုန်းသော ကုန်သည်များသည် တပတ်လျှင် ၁၀၀ မှ ၂၀၀ ပွိုင့် (တရက်လျှင် ၂၀ မှ ၄၀ ပွိုင့်)၊ ၁၀ မှ ၁၂ ရာခိုင်နှုန်းသော ကုန်သည်များသည် တပတ်လျှင် ၂၀၀ မှ ၃၀၀ ပွိုင့် အထိ ရရှိကြသည်ဟု ဆိုပါသည်။ ထိုအမြတ်နှုန်းသည် နေ့စဉ်ပျမ်းမျှ အမြတ် ၅၀ မှ ၁၀၀ pips ကြား ရရှိသော ကာလရှည် နည်းဗျူဟာများနှင့် နှိုင်းယှဉ်ပါက မများလှဟု ဆိုနိုင်သော်လည်း အချက်ပြမှု အကြိမ်နှုန်းကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။
ယေဘုယျအားဖြင့် ရင်းနှီးမြှုပ်နှံခြင်းအလုပ်သည် သင့်အတွက်ဖြစ်သည်ဟု ယူဆပါက တနေ့တာအတွင်း ကုန်သွယ်ရေးလော၊ မိနစ်ပိုင်းအတွင်း ကုန်သွယ်ရေးလော၊ ကာလရှည်ကုန်သွယ်ရေးလောဆိုသည့်အချက်မှာ အရေးမကြီးပါ။ သင်၏စရိုက်၊ ရည်မှန်းချက်များ၊ အားလပ်ချိန်ပမာဏ၊ စိတ်ခံစားချက်အဆင်ပြေမှု အစရှိသည်တို့နှင့် ကိုက်ညီမှုအရှိဆုံး နည်းဗျူဟာကို အသုံးပြု၍ ငွေရှာပါ။
ကုန်သွယ်နေ့ တနေ့တာအတွင်း ကုန်သွယ်မှုများဖွင့်လှစ်ရန် ကုန်သွယ်ရေးစနစ်တခုကို ဖန်တီးပါ။ ဒီမိုအကောင့် သို့မဟုတ် live အကောင့်တခုတွင် ထိုကုန်သွယ်ရေးစနစ်ဖြင့် စတင်အလုပ်လုပ်ပါ။ ပရော်ဖက်ရှယ်နယ် ကုန်သွယ်ရေးတွင် ရလာဒ်များကို နေ့စဉ်ခွဲခြမ်းစိတ်ဖြာခြင်းသည်လည်း တခုအပါအဝင် ဖြစ်ပါသည်။
1. ကုန်သွယ်ရေးပစ္စည်းအမျိုးအစားတခုချင်း၏ သဘောသဘာဝကို နားလည်ရပါမည်။
- ပျမ်းမျှ မတည်ငြိမ်မှု ရာခိုင်နှုန်းနှင့် ရွေ့လျားသော အကွာအဝေးဘောင်ကို ဆုံးဖြတ်ပါ။
- နှုန်းထားရာဇဝင်များအပေါ်အခြေခံ၍ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အတက်၊ အကျ လှုပ်ရှားမှုများကို ဆုံးဖြတ်ပါ။2. နှုန်းထားများအပေါ် လွှမ်းမိုးနိုင်သော အခြေခံပိုင်းဆိုင်ရာအကြောင်းအရာများကို ဆုံးဖြတ်ပါ။ 2. အောက်ပါအချက်များကို ထည့်သွင်းစဉ်းစား၍ ကုန်သွယ်ရေးစနစ်တခုအား ဖန်တီးပါ။
- ဖြစ်နိုင်ခြေရှိသော အရှုံးများ အပါအဝင် ပျမ်းမျှနေ့စဉ်အမြတ်နှင့် လစဉ်အမြတ်။
- ကုန်သွယ်ရေး နည်းဗျူဟာတွင် အသုံးပြုမည့် indicator များနှင့် ဂရပ်ဖစ်ကိရိယာများအတွက် စည်းမျဉ်းများ။ 3. ကုန်သွယ်မှု အဖွင့်၊ အပိတ်ပြုလုပ်ရန် အခြေအနေများ။ အပ်ငွေနှင့် leverage အချိုးအစားအလိုက် အရှုံးကန့်သတ်ချက်နှင့် အမြတ်ကန့်သတ်ချက်၏ အရှည်။ ကုန်သွယ်ရေးစနစ်အား အစမ်းသပ်ခံစနစ်ရှိ နှုန်းထားရာဇဝင်များအပေါ်တွင် မိမိစိတ်တိုင်းကျ ရလာဒ်ထွက်ပေါ်သည်အထိ စမ်းသပ်အသုံးချပါ။
စတင်နိုင်ပါသည်။ ဤပမာဏသည် အချို့သော ကုန်သွယ်ရေးပစ္စည်းများအတွက် အနည်းဆုံးပမာဏဖြစ်ပြီး အမြင့်ဆုံး leverage အချိုး 1:500 ကို အသုံးပြု၍ "ကုန်သွယ်မှုတခုလျှင် ၂% စွန့်စားမှု" စည်းမျဉ်းနှင့်အညီ 0.05 lots နှင့်အထက် ပမာဏ ရှိသော ကုန်သွယ်မှုများကို ဆောင်ရွက်နိုင်ပါသည်။ အမြတ်မရသော ကုန်သွယ်မှုများကို အနည်းဆုံးဖြစ်စေရန် စီမံနိုင်ခဲ့လျှင် ဤပမာဏကို အရင်းပြု၍ အခြားပြင်ပအလုပ်အကိုင်များနှင့် ရင်ဘောင်တန်းနိုင်သော နေ့စဉ်ဝင်ငွေကို ရရှိနိုင်ပါသည်။ ဤသုံးသပ်ချက်၏ တနေရာမှ "စတင်ရန် ငွေအရင်းအနှီး မည်မျှလိုအပ်ပါသနည်း" ဟူသော ခေါင်းစဉ်အောက်တွင် အသေးစိတ် တွက်ချက်မှုများကို ကြည့်ရှုနိုင်ပါသည်။
Swap အဖိုးအခများ ပါဝင်ခြင်းမရှိစေရန် ကုန်သွယ်နေ့ အဆုံးမသတ်မှီတွင် ကုန်သွယ်မှုများကို ပိတ်သိမ်းရမည်။ မည်သည့်အချိန်တွင် ကုန်သွယ်မှုဖွင့်လှစ်ခြင်းသည် အရေးမကြီးပါ။ရေပန်းအစားဆုံး အချိန်ဘောင်များမှာ M30 မှ H4 ဖြစ်သည်။ မတည်ငြိမ်မှု မြင့်မားပြီး သတ်မှတ်ထားသောဘောင်တခုအတွင်း အတက်၊အကျ ရွေ့လျားမှု အကြိမ်ရေများပြားသော ကုန်သွယ်ရေးပစ္စည်းများသည် အကောင်းဆုံး ဖြစ်ပါသည်။ အထူးသဖြင့် အဓိကငွေကြေးအတွဲများ၊ ခရစ်ပတိုငွေကြေးများ စသည်တို့ဖြစ်သည်။
ထိုသို့မဟုတ်ပါ။ အခြားနည်းဗျူဟာများကဲ့သို့ပင် ၎င်းတွင်လည်း အားနည်းချက်များ ရှိပါသည်။ ဥပမာအားဖြင့် ကာလရှည်ကုန်သွယ်ရေးနှင့် နှိုင်းယှဉ်ပါက ဇယားကို ခွဲခြမ်းစိတ်ဖြာရန် အချိန်များစွာ ပို၍သုံးစွဲရနိုင်သည်။ ပို၍မြင့်မားသော အကျိုးအမြတ်ကို ရရှိရန် မတည်ငြိမ်မှုနှင့် ငွေဖြစ်မှု မြင့်မားသော ကုန်သွယ်ရေးပိုင်ဆိုင်မှုများကို လိုအပ်ပါသည်။
1. သင်အသုံးပြုနိုင်သော ငွေပမာဏအား leverage ကို ထည့်သွင်းစဉ်းစား၍ တွက်ချက်ပါ။ ဥပမာ - leverage 1:500 အချိုးဖြင့် သင်သည် 50,000 USD တန်ကြေးရှိသော ကုန်သွယ်မှုများကို ဖွင့်လှစ်နိုင်ပါသည်။
2. ခွင့်ပြုသော အရှုံးကန့်သတ်ချက်၏ အကွာအဝေး စသည်များကို ထည့်သွင်းစဉ်းစား၍ ကုန်သွယ်မှု တခုအတွက် အများဆုံး စွန့်စားမှုအဆင့်ကို ကန့်သတ်ထားသော ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းမူဝါဒကို ချမှတ်ပါ။ Excel spreadsheet ကို အသုံးပြုနိုင်ပါသည်။ ရလာဒ်အနေဖြင့် သင်စွန့်စားလိုသော ပမာဏနှင့် ကုန်သွယ်မှုဖွင့်ရန် လိုအပ်သော ပမာဏများကို ရရှိပါလိမ့်မည်။
3. ခွင့်ပြုထားသော အနည်းဆုံး ကုန်သွယ်မှုပမာဏ (Lot) နှင့် တွက်ချက်မှုများအရ ကိုက်ညီသော ကုန်သွယ်ရေးပစ္စည်းအမျိုးအစားကို ရှာဖွေပါ။1:500 leverage အချိုးဖြင့်ဆိုလျင် 100 USD သည် မည်သည့်အတွဲအတွက်ဖြစ်စေ အနည်းဆုံး lot ပမာဏ 0.01 ဖြင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သီအိုရီအတွင်းမှ ကုန်သွယ်မှုဖွင့်ရန် လုံလောက်ပါသည်။ သို့ရာတွင် ကုန်သွယ်ရေးလုပ်ငန်းမဟုတ်သော အခြားအသက်မွေးဝမ်းကြောင်း ဝင်ငွေများနှင့် ယှဉ်ပြိုင်နိုင်သော အကျိုးအမြတ်ပန်းတိုင် အဆင့်သို့ မရောက်ရှိနိုင်ပါ။
ဤသည်မှာ ရိုးရှင်းသော တွက်ချက်မှုတခု ဖြစ်ပါသည်။ သင်သည် တရက်လျှင် အမြတ် ၂၀ မှ ၃၀ ပွိုင့်ကို ရရှိနိုင်သည် (နေ့စဉ်ထိုမျှရရှိခြင်းမဟုတ်သော်လည်း ပျမ်းမျှရလာဒ်ကိုသာ စဉ်းစားခြင်းဖြစ်ပါသည်)။ အဓိပ္ပာယ်မှာ 1000 USD ကုန်သွယ်မှုပမာဏဖြင့် တရက်လျှင် 20 မှ 30 USD ကြားရရှိနိုင်သည်။ ထိုပမာဏသည် နည်းသည်၊ များသည် ဆိုသည်ကိုမူ သင်၏နိုင်ငံအတွင်း အခြားအလုပ်အကိုင် ဝင်ငွေများဖြင့် နှိုင်းယှဉ်၍ဆုံးဖြတ်ပါ။ ကျွန်ုပ်အနေဖြင့် ဖြည့်စွက်ရှင်းပြလိုသောအချက်မှာ - 10,000 ဒေါ်လာရှိရန် မဖြစ်မနေ မလိုအပ်ပါ။ leverage 1:100 ဖြင့် ဆိုပါက 100 ဒေါ်လာရှိလျှင် လုံလောက်ပါသည်။ သို့ရာတွင် သတိပေးလိုသော အချက်မှာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအရ မည်သူမဆို စပေါ်ငွေ၏ 100% ကိုအသုံးပြု၍ ဈေးကွက်သို့ မဝင်ရောက်သင့်ပါ။ သင့်အတွက် အနည်းဆုံး အပ်ငွေပမာဏအား သင်ကိုယ်တိုင်တွက်ချက်နိုင်ရန် လိုအပ်သော အချက်အလက်အားလုံး သင့်တွင်ရှိပြီးဖြစ်ပါသည်။
အတော်ပင်ရေပန်းစားသော မေးခွန်းတခုဖြစ်ပါသည်။ သို့ရာတွင် ဤအယူအဆသည် မှားယွင်းပါသည်။ သင်၏ ပန်းတိုင်သည် ကုန်သွယ်မှု အရေအတွက် တိုးပွားရေး မဟုတ်ပါ။ သင်၏ ပန်းတိုင်သည် အရှုံး၊ အမြတ် ဟန်ချက်ကို ထိန်းသိမ်းထားနိုင်ရန်သာဖြစ်သည်။ တခါတရံတွင် ကုန်သွယ်မှု တခုသာဖွင့်ပြီး နောက်ဆက်တွဲကန့်သတ်ချက်ကို သတ်မှတ်၍ တစိုက်မတ်တမတ်စောင့်ကြည့်ကာ ရနိုင်သမျှ အမြတ်ကို ညှစ်ထုတ်ရယူခြင်းက ကုန်သွယ်မှုနှစ်ခုနှင့်အထက် ဖွင့်လှစ်ခြင်းထက် ပိုမို ကောင်းမွန်ပါသည်။ သင်၏ပန်းတိုင်သည် ပွိုင့်ဖြင့်လည်းကောင်း၊ ငွေကြေးပမာဏဖြင့်လည်းကောင်း သတ်မှတ်ထားသော နေ့စဉ်အကျိူးအမြတ်ပမာဏသာ ဖြစ်သင့်သည် (တဦးနှင့် တဦး ပန်းတိုင်အဆင့်ချင်း မတူညီနိုင်ပါ)။ အမြတ်မရသော ကုန်သွယ်မှုများလည်း ရှိလာနိုင်သည်ကို မမေ့ပါနှင့်။ ထိုအရှုံးများကို ကာမိစေရန် စီစဉ်ရပါမည်။ စာရင်းပြုစုထားသော ကိန်းဂဏန်းများအရ တနေ့အတွင်း ကုန်သွယ်ရေးကို ဆောင်ရွက်ကြသော ကုန်သည်များသည် တရက်လျှင် ကုန်သွယ်မှု ၃ခု၊ ၅ခု မှ ၁၀ ခုအတွင်း ဖွင့်လေ့ရှိကြသည်။ သို့သော် ထိုကုန်သွယ်မှုများအတွက် တပြိုင်နက်တည်း အလုပ်လုပ်ရသည် မဟုတ်ပါ။ အတွဲတခုသည် တရက်အတွင်း အချက်ပြမှု ၃ ခုမှ ၅ ခုအထိ ပေါ်ပေါက်နိုင်သည်။ ထို့ကြောင့် အပြန်အလှန် တိုက်ရိုက်ဆက်နွယ်မှုရှိသော အတွဲများစွာကို တချိန်တည်းတွင် ကုန်သွယ်မှုဖွင့်ရန် စဉ်းစားကြည့်ခြင်းသည် အကျိုးအကြောင်းဆီလျော်သည်ဟု ဆိုနိုင်ပါသည်။
အထက်တွင် တွက်ပြထားသည့် အကျိုးအမြတ်ဖြစ်သော တရက်လျှင် ၂၀ မှ ၃၀ ဒေါ်လာသည် ပမာဏအားဖြင့် သေးငယ်သည်ဟု ထင်ရပါသည်။ သို့ရာတွင် ကုန်သည်အနေဖြင့် ကွန်ပျူဝာာရှေ့တွင် တရက် ၈ နာရီ အလုပ်ချိန်ပြည့်သည်အထိ ကျောက်ချ၍ ထိုင်နေရန် မလိုအပ်ပါ။ အချို့သောသူများသည် အချက်ပြမှုများ ရှာဖွေရန် တနာရီလျှင် ဆယ်မိနစ်ခန့် အချိန်ပေးရကောင်း ပေးရနိုင်သည်။ အချို့သူများအတွက် ထို့ထက် အချိန်ပိုများနိုင်သလို ပို၍လည်း နည်းနိုင်သည်။ ဤမေးခွန်း၏ အဖြေကို ရရှိရန် သင်ကိုယ်တိုင် လက်တွေ့ လုပ်ဆောင်ကြည့်သင့်ပါသည်။
ဤမေးခွန်းအတွက် အဖြေမှန် မရှိပါ။ မည်သူမဆို တရက်လျှင် ၈၀ မှ ၁၀၀ ပွိုင့်အတွင်း မတည်ငြိမ်မှုများသော အတွဲများအပေါ်မှ ငွေရှာလိုကြသည်။ သို့ရာတွင် ဈေးနှုန်းသည် ထိုဘောင်အတွင်းမှ တရက်လျှင် အကြိမ်ပေါင်းများစွာ ကျော်ဖြတ်သွားနိုင်သည်။ ရပ်တန့်မည့် အချက်ပြမှုများကို ချိုးဖောက်၍ အရှုံးများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ ရှားပါးအတွဲများနှင့် စပ်လျဉ်း၍ သတိကြီးစွာထားရန် လိုအပ်ပါသည်။ သို့မဟုတ်လျှင် အရာအားလုံးသည် သင့်အပေါ်သာ အလုံးစုံ မူတည်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။


















