ရေတိုကာလကုန်သွယ်ခြင်းနှင့် နှိုင်းယှဥ်ကြည့်ပါက တစ်ရက်အတွင်းကုန်သွယ်မှုကို စတင်လေ့လာသူ ကုန်သည်များအတွက် အစပျိုးလုပ်ဆောင်ရန် အကောင်းဆုံးရွေးချယ်မှုများအနက် တစ်ခုအဖြစ် စဥ်းစားကြပါသည်။ ၎င်းသည် စိတ်ခံစားချက်အရ ထိခိုက်ပင်ပန်းမှုများစွာ မရှိသော်လည်း တချိန်တည်းမှာပင် နာရီအနည်းငယ်ကြာပြီးနောက် ရလဒ်ကို မြင်တွေ့နိုင်ပါသည် - ထိုသည်မှာ သင့်ကိုယ်သင်ယုံကြည်မှုအတွက် စိတ်ပိုင်းဆိုင်ရာအရ အရေးကြီးပါသည်။ တစ်နေ့တာကုန်သွယ်မှုတွင် အခြေအနေကို အကဲဖြတ်ရန်နှင့် ဆုံးဖြတ်ချက်ချရန်အတွက် အချိန်ပိုရှိပါသည်၊ သင်သည် chart များကို အချိန်ပြည့်စောင့်ကြည့်ရန် မလိုအပ်ပါ၊ ထို့ပြင် တစ်နေ့တာကုန်သွယ်မှုနည်းစဥ်များ၏ အဓိကအားသာချက်မှာ swap (ညသိပ်ခ) အတွက် ပေးဆောင်ရန်မလိုအပ်ခြင်း ဖြစ်ပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ဤဆောင်းပါးတွင် တစ်နေ့တာကုန်သွယ်ခြင်း၏ အခြေခံသဘောတရားများကို ဆွေးနွေးထားပါသည်။ သင်သည် တစ်နေ့တာကုန်သွယ်မှု၏ သီးခြားနည်းဗျူဟာအတွက် မှန်ကန်သောပိုင်ဆိုင်မှုနှင့် သတ်မှတ်အချိန်ကာလကို ရွေးချယ်ရန် လေ့လာသင်ယူရပါလိမ့်မည်။ သင်သည် ပင်မနည်းဗျူဟာများနှင့်လည်း သင်ကိုယ်တိုင် ရင်းနှီးကျွမ်းဝင်လာပါလိမ့်မည်၊ ထို့ပြင် သင့်၏ကုန်သွယ်မှုနည်းစနစ်များထဲတွင် အသုံးပြုနိုင်မည့် လက်တွေ့ဥပမာကို လေ့လာရပါမည်။

တစ်နေ့တာကုန်သွယ်ရေး နည်းဗျူဟာများအတွက် စတင် လေ့လာသူများသည် မည်သည်တို့ကို သိရှိနားလည်သင့်ပါသနည်း။

တစ်နေ့တာကုန်သွယ်ခြင်းသည် ကုန်သွယ်ရေးတစ်ရက်တာအတွင်း အရောင်းအဝယ်များကို ဝင်ရောက်ခြင်းနှင့် ပိတ်သိမ်းခြင်းတို့ပါဝင်သည့် နည်းဗျူဟာအမျိုးအစားတစ်ခု ဖြစ်ပါသည်။ ဝယ်ရန် (သို့) ရောင်းရန်အတွက် အော်ဒါတစ်ခုကို မည်သည့်အမှတ်နေရာတွင် သင်သတ်မှတ်သည်မှာ အရေးမကြီးပါ။ အဓိကကျသောကိစ္စရပ်မှာ အဆိုပါကုန်သွယ်မှုနေရာကို ထိုတစ်ရက်မကုန်ဆုံးမီတွင် ပိတ်သိမ်းရန် ဖြစ်ပါသည်။ တချိန်တည်းမှာပင် အကျိုးအမြတ်များစွာကို နှုတ်ယူသွားနိုင်သည့် swap (ညသိပ်ခ) ကို ထည့်သွင်းစဥ်းစားခြင်း မရှိပါ။

တစ်ရက်အတွင်း ကုန်သွယ်မှုနေရာများပိတ်သိမ်းရန်အတွက် စည်းမျဥ်းများကို အတိအကျလိုက်နာရန် မလိုအပ်ပါ။ သို့သော် အမြတ်အများဆုံးရယူမှု ရှုထောင့်အရ သင်သည် အားကောင်းသော လမ်းကြောင်းတစ်ခုတွင် ဝင်ရောက်ထား၍ ယင်းလမ်းကြောင်းမှာ ပြီးဆုံးခြင်း မရှိသေးပါက ကုန်သွယ်မှုနေရာကို နောက်နေ့အထိ ကိုင်ဆောင်ထားမှသာလျှင် အကျိုးရှိပါမည်။

စတင်လေ့လာသူများအတွက် တစ်နေ့တာကုန်သွယ်ရေး ဗျူဟာများ၏ အကျိုးကျေးဇူးများမှာ:

  • သင်သည် ညသိပ်ခအတွက် မပေးဆောင်ရပါ။ Swap size (ညသိပ်ခအတိုးနှုန်းပမာဏ) ကို ပိုင်ဆိုင်မှုတစ်ခုစီ၏ စာချုပ်သတ်မှတ်ချက်ထဲတွင် သတ်မှတ်ထားပါသည်။ Triple swap date (သုံးရက်စာညသိပ်ခ) လည်းရှိပါသည်။ တက်သစ်စကုန်သည်များတွင် ကော်မရှင်ခ အမျိုးအစားအားလုံးကို ခြေရာခံရန် လုံလောက်သောအတွေ့အကြုံ မရှိကြသေး၍ ညသိပ်ခများကို မကြာခဏ ထည့်သွင်းစဥ်းစားခြင်း မရှိပါ။ ၎င်းသည် ကုန်သွယ်မှုရလဒ်များတွင် ထင်ဟပ်ပေါ်လွင်စေပါသည်။

  • ဆုံးဖြတ်ချက်များချမှတ်ရန်အတွက် အဆင်ပြေစေပါသည်။ M30 သတ်မှတ်အချိန်ကာလရှိ တရက်အတွင်း စျေးရွေ့လျားမှုတွင် candlestick 48 ခု နှင့် H1 အချိန်ကာလမှာ candlestick 24 ခု ပါဝင်ကြသည်။ Filtering (ဒေတာစစ်ထုတ်မှု)ထည့်သွင်းကာ အချက်ပြရှာဖွေမှုသည် များသောအားဖြင့် 3-4 candlesticks ကြား၌ ပေါ်ပေါက်လေ့ရှိပါသည်။ စျေးနှုန်း chart ကို စိစစ်သုံးသပ်ရန်၊ ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ရန် နှင့် 5-10 candlesticks လမ်‌ကြောင်းအရှည်တစ်ခုမှ အမြတ်ရယူရန်အတွက် သင့်တွင် အချိန်လုံလုံလောက်လောက် ရရှိပါသည်။

  • ကုန်သွယ်ရေးလုပ်ငန်းစဥ်မှာ အဆင်ပြေလွယ်ကူမှု ရှိပါသည်။ M30-H1 သတ်မှတ်အချိန်ကာလများတွင် သင်သည် candlestick chart ကို အစဥ်တစိုက်စောင့်ကြည့်ရန် မလိုအပ်ပါ။ ဖွင့်လှစ်ထားသော ကုန်သွယ်မှုနေရာများကို ကွပ်ကဲရန်အတွက် တစ်နာရီလျှင် ၁၀မိနစ်မှာ လုံလောက်ပါသည်။ ၎င်းအပြင် ထိုတစ်နေ့အကုန်၌ သင်သည်ရလဒ်ကို သိရှိရပြီး ထိုသည်မှာ တုံ့ပြန်မှုရလဒ်များကို တတ်နိုင်သမျှမြန်ဆန်စွာ သိမြင်ချင်သော စတင်လေ့လာသူများအတွက် စိတ်ပိုင်းဆိုင်ရာ ခံစားချက်အလေ့အထများအရ အားသာချက်တစ်မျိုးဖြစ်ပါသည်။

  • ကနဦးအပ်နှံစပေါ်ငွေမှာ နည်းပါးပါသည်။ Stop-loss အော်ဒါတစ်ခုကို သတ်မှတ်ရန်အတွက် မော်ဒယ်ပုံစံပေါင်းများစွာ ရှိပါသည်။ ဥပမာအားဖြင့် အမြင့်ဆုံး/အနိမ့်ဆုံးစျေးနှုန်း (သို့) အမြတ်ယူစျေးတန်းနှင့်အချိုးကျ တို့ဖြစ်ပါသည်။ စွန့်စားမှုစီမံခန့်ခွဲရေးစည်းမျဥ်းများအရ တစ်နေ့တာကုန်သွယ်မှုဗျူဟာတွင် stop loss ကို ဝင်ရောက်အမှတ်မှ 15-20 pips အကွာအဝေးတွင် သတ်မှတ်ရန် လုံလောက်ပါသည်။ ရေရှည်ကာလနည်းဗျူဟာများ၌ ယာယီစျေးကျဆင်းမှုတွင် ကုန်သွယ်မှုနေရာကို ပိတ်သိမ်းခြင်းမရှိစေရန်အလို့ငှါ stop-loss အော်ဒါတစ်ခုကို 50 pips ထက်ပိုသောအကွာအဝေးတွင် နေရာချထားရပါမည်။ ထို့ပြင် stop loss ရှည်ကြာလေလေ “ ကုန်သွယ်မှုတစ်ကြိမ်စီကို အပ်ငွေ1% ထက်ပို၍ မစွန့်စားရ” ဟူသည့် စည်းမျဥ်းနှင့် ကိုက်ညီရန် ပိုမိုများပြားသောစရံအပ်ငွေ လိုအပ်ပါသည်။

တစ်နေ့တာကုန်သွယ်မှုနည်းဗျူဟာများတွင် ချို့ယွင်းချက်တစ်စုံတစ်ရာ မတွေ့ရှိရပါ။ တစ်ခုတည်းသော အချက်မှာ အကန့်အသတ်ဖြင့်အမြတ်ရရှိမှု ဖြစ်ပါသည်။ အကယ်၍ ရေရှည်ကာလဗျူဟာများသည် 200-300 pips ထက်ပိုသောအမြတ်များကို ယူဆောင်ပေးနိုင်ပါက တစ်နေ့တာကုန်သွယ်မှုတစ်ကြိမ်စီမှ ဝင်ငွေရရှိမှုသည် 20-50 pips ပျမ်းမျှဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ဆုံးရှုံးနိုင်ချေမှာ ပိုမိုနည်းပါးပါသည်။

တစ်နေ့တာကုန်သွယ်မှုတွင် M5-M15 သတ်မှတ်အချိန်ကာလများအတွင်းရှိ ရေတိုကာလ scalping၊ swing trading ၊ ချန်နယ် နှင့် စျေးလမ်းကြောင်း ဗျူဟာများ ပါဝင်ကြသည်။ ၎င်းတို့အားလုံးကို ထပ်မံဖော်ပြပါမည်။

တစ်နေ့တာကုန်သွယ်ခြင်း၏ အခြေခံနည်းဗျူဟာများ

တစ်နေ့တာကုန်သွယ်မှုဗျူဟာတွင် အောက်ပါအရေးပါသည့်အစိတ်အပိုင်းများပါဝင်သင့်ပါသည်။

  • ကုန်သွယ်ရေးပိုင်ဆိုင်မှုရွေးချယ်ခြင်း။ ဤဗျူဟာအမျိုးအစားသည် ကုန်သွယ်ရေးစာချုပ်အမျိုးအစား၊ ၎င်း၏ မတည်ငြိမ်မှု၊ ငွေဖြစ်လွယ်မှု၊ ကုန်သွယ်မှုပမာဏများနှင့် အခြားအင်္ဂါရပ်များပေါ်တွင် မူတည်ပါသည်။ ဥပမာအားဖြင့် စတော့ရှယ်ယာများတွင် ငွေကြေးအတွဲများထက် ပိုမိုရှည်လျားသော လမ်းကြောင်းများ ရှိတတ်ကြပါသည်။ သို့သော် အဖွင့်ကွာဟချက် (သို့) စျေးနှုန်းကွာခြားချက်ကို သင်တွေ့နိုင်ပါသည်။ ခရစ်ပတိုငွေကြေးများတွင် မြင့်မားသောမတည်ငြိမ်မှု ရှိပြီး အရောင်းအဝယ်ပြုလုပ်ခြင်းသည် ပို၍စွန့်စားမှုများပါသည်၊ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများ၏ ရွေ့လျားမှုများသည် ခန့်မှန်းရန် ခက်ခဲပါသည်။

  • စွန့်စားမှုစီမံခန့်ခွဲခြင်း (သို့) ငွေကြေးစီမံကွပ်ကဲမှု။ သင်သည် ကုန်သွယ်မှုတစ်ခု၏ အများဆုံးအရွယ်အစား၊ အပ်နှံစရံငွေပမာဏနှင့်ဆက်နွယ်သော ကုန်သွယ်မှုနေရာအားလုံး၏ တန်ဖိုးပမာဏနှင့် ရောင်းဝယ်မှုတစ်ကြိမ်တိုင်းတွင် အများဆုံးစွန့်စားမှု (stop-loss စျေးတန်း) တို့ကို ထည့်တွက်သင့်ပါသည်။ အကြံပြုထားသောဆုံးရှုံးမှုတန်ဖိုးများမှာ 1%၊ 5% နှင့် 15% အသီးသီး ဖြစ်ပါသည်။

  • အချိန်စီမံခန့်ခွဲမှု။ အချိန်သည် အဖိုးထိုက်တန်ပါသည်။ သင့်မျက်စိနှင့် အမြင်အာရုံမှာ ကောင်းမွန်ပါက သင်သည် ကွန်ပျူတာရှေ့တွင် တနေ့လျှင် 8-12 နာရီအချိန်ကုန်ဆုံးနိုင်ပါသည်၊ ရလဒ်အားဖြင့် တစ်နာရီလျှင် အသုံးစရိတ်ပိုမိုမြင့်မားလာပါမည်။ ထိုသည်မှာ scalper များလုပ်ဆောင်သည့်ပုံစံ ဖြစ်ပါသည်။ အခြားရွေးချယ်မှုမှာ trending (စျေးလမ်းကြောင်း) ဗျူဟာများကို ရွေးချယ်ရန်နှင့် တစ်နာရီလျှင် ၁၀ မိနစ်ကြာကုန်သွယ်မှုအတိုင်း လုပ်ဆောင်ရမည် ဖြစ်သော်လည်း အမြတ်ကို စွန့်လွှတ်ရပါမည်။ Chart များအတွင်း အချိန်မည်မျှမြှုပ်နှံမည်ကို သင်ဆုံးဖြတ်ရပါမည်၊ သို့သော် ထိုဆုံးဖြတ်ချက်သည် ဘဏ္ဍာရေးအရ မျှတသင့်လျော်မှုရှိရပါမည်။

  • အမြတ်စျေးတန်းပစ်မှတ်များ အပါအဝင် အချိန်ကာလနှင့်၎င်းတို့၏ဆက်နွယ်ချက်။ သင့်တွင် ရှင်းလင်းသော ရည်မှန်းချက်ပန်းတိုင် ရှိရပါမည်။ ဥပမာအားဖြင့် တစ်နှစ်လျှင် အနည်းဆုံး 60% (သို့) တစ်လလျှင် 5% ဖြင့် ပြန်လည်ရရှိမှု ။ သို့မဟုတ်ပါက တစ်နှစ်စာအတွက် တခြားရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် တစ်နှစ်လျှင် အမြတ် 25%-40% ရရှိသည့် ယူအက်စ်စတော့အညွှန်းကိန်းများတွင် သင်သည် ငွေအရင်းအနှီးထည့်သွင်းနိုင်ပါက အဘယ်ကြောင့် အချိန်အကုန်ခံပါမည်နည်း။

  • သင်ကြားလေ့ကျင့်ပေးမှု။ လက်တွေ့ကုန်သွယ်မှုအတွေ့အကြုံ တိုးတက်မှုသည်လည်း လေ့ကျင့်မှုတစ်ရပ် ဖြစ်သော်လည်း ၎င်းသည် လုံလောက်မှုမရှိပါ။ သင့်အားလပ်ချိန်၏ တစိတ်တပိုင်းကို Chart များမှ သီအိုရီအထိ လေ့လာမှုအပေါ် မြှုပ်နှံထားသင့်ပါသည်: ထိုတွင် စိစစ်သုံးသပ်မှု အမျိုးအစားအသစ်များကို သိနားလည်လာခြင်း၊ ညွှန်းဆိုချက်အသစ်များ၊ script များနှင့် အကြံပေးများရှိသော နမူနာအကောင့်တစ်ခုပေါ်တွင် လက်တွေ့စမ်းသပ်ခြင်း၊ အရံဆော့ဝဲလ်အသစ်ကို စစ်ဆေးခြင်း၊ ဗျူဟာများကို လေ့လာခြင်း အစရှိသည်တို့ ပါဝင်ကြသည်။ သတင်းအရင်းအမြစ်များတွင် ကိန်းဂဏန်းဒေတာ စိစစ်သုံးသပ်ရေးဆိုက်ဒ်များ ၊ ရင်းနှီးမြှုပ်နှံမှုဘလော့ဂ်များ၊ အခကြေးငွေနှင့် အခမဲ့ဆော့ဝဲလ်၊ ဖိုရမ်များ၊ ကုန်သွယ်မှုအသိုင်းအဝိုင်းများ စသည်တို့ပါရှိသည်။

  • စိတ်ပိုင်းဆိုင်ရာထိန်းချုပ်ခြင်း။ ပုံမှန်မဟုတ်သော အခြေအနေများတွင် စိတ်ခံစားချက်များကို စီမံခန့်ခွဲနိုင်မှုသည် အောင်မြင်မှု၏ တဝက်ဖြစ်ပါသည်။ စိတ်တည်ငြိမ်မှု၊ ကုန်သွယ်ရေးအစီအစဥ်ကို အတိအကျလိုက်နာမှု၊ စိတ်ရှည်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှုအသင့်အတင့်ရှိခြင်းတို့သည် ကျွမ်းကျင်ကုန်သည်တစ်ဦး၏ အဓိကကျသော စိတ်ပိုင်းဆိုင်ရာအရည်အချင်းများ ဖြစ်ပါသည်။

သင့်၏လုပ်ဆောင်မှုအစီအစဥ်သည် သင့်ပန်းတိုင်ကို ရောက်ရှိရန်အတွက် နည်းစဥ်တစ်ခု ဖြစ်ပါသည်။ ရည်မှန်းချက်တစ်ခု ရှိပါက ၎င်းကိုအောင်မြင်စေရေးအတွက် သင့်၏အရည်အသွေးများကို မြှင့်တင်ရန်နှင့် လေ့လာရန် စိတ်ဆန္ဒလည်း ရှိရပါမည်။

တနေ့တာကုန်သွယ်ခြင်းဗျူဟာ၏ ဖွဲ့စည်းမှုအစိတ်အပိုင်းများ

တစ်နေ့တာကုန်သွယ်ရေးဗျူဟာများအတွက် အမြတ်အများဆုံးရရှိ၍ စွန့်စားမှုအသင့်အတင့်ဖြစ်စေမည့် စည်းမျဥ်းများကို လိုက်နာရန် အရေးကြီးပါသည်။

၁။ အရေအတွက်နောက်သို့ မလိုက်ဘဲ အရည်အသွေးသာလျှင် အရေးကြီးပါသည်။ ရောင်းဝယ်မှုအကြိမ်ရေမှာ အခြေခံလိုအပ်ချက်မဟုတ်ဘဲ အချက်ပြများ၏တိကျမှုသည်သာ အ‌ရေးကြီးဖြစ်ပါသည်။ ကုန်သွယ်ရေးပိုင်ဆိုင်မှုများ 3-4 ခုအထိ ရွေးချယ်၍ လုပ်ဆောင်ပါ။ သတ်မှတ်ချိန်တိုလေလေ ကုန်သွယ်မှုနေရာအားလုံးကို ထိန်းချုပ်ရန်အတွက် အချိန်ပိုရပါသည်။ သင့်အာရုံထွေပြားသွားပါက အမှားများပြုလုပ်နိုင်ချေ ပိုမိုများပြားပါသည်။

၂။ ကုန်သွယ်မှုတစ်ခုဝင်ရောက်ရန်အတွက် အကြောင်းအရာများကို ရှင်းလင်းစွာသတ်မှတ်ပါ။ ဤနေရာတွင် အောက်ပါအချက်များမှာ အရေးကြီးပါသည်။

  • မည်သည့်နည်းပညာဆိုင်ရာညွှန်ပြချက်သည် အဓိကဖြစ်ပြီး မည်သည်တို့မှာ ဖြည့်စွက်ချက်အရံဖြစ်ပါသနည်း။ မည်သည့်ဝင်ရောက်ခွင့်သတ်မှတ်ချက်ကို လိုက်နာ၍ မည်သည့်အချက်များကို ဖြည့်ဆည်းရန် မဖြစ်နိုင်ပါသနည်း။

  • မည်သည့်အချိန်ကာလသည် အခြေအနေများနှင့် ကိုက်ညီမည်နည်း။ ဥပမာအားဖြင့် H1 အချိန်ကာလအတွက် သတ်မှတ်ချက်အားလုံးကို candlestick တစ်ခုပေါ်တွင် ပြည့်မီရပါမည် (ထိုသည်မှာ လွန်စွာကောင်းမွန်ပါသည်။)၊ အဘယ်ကြောင့်ဆိုသော် သင့်တွင်စောင့်ဆိုင်းရန် အချိန်မရှိသောကြောင့် ဖြစ်ပါသည်။ M5 သတ်မှတ်ချိန်တွင် scalpingလုပ်ဆောင်သည့်အခါ အဓိကအချက်ပြ candlestick 1-2 ခုအထိပေါ်ပေါက်လာပြီးနောက် “စောင့်ဆိုင်းခြင်း” ကို ခွင့်ပြုပေးပါသည်။

တစ်နေ့တာကုန်သွယ်မှုတွင် (scalping မှလွဲ၍) အတည်ပြုအချက်ပြမှုများကို ရှာဖွေရန် သင့်တွင် အချိန်လုံလုံလောက်လောက် ရှိပါလိမ့်မည်။ သင်သည် နည်းပညာဆိုင်ရာအညွှန်းများကို သုံးခြင်းဖြင့် M30 သတ်မှတ်ချိန်အတွင်း စျေးကွက်ဝင်ရောက်မှတ်များနှင့် H4 သတ်မှတ်ချိန်အတွင်း အားကောင်းသော ရေတိုလမ်းကြောင်းတစ်ခုကို ရှာဖွေသင့်ပါသည်။

၃။ ထွက်ခွာမှုအနေအထားများကို ရှင်းလင်းစွာသတ်မှတ်ပါ။ ဤတွင် အောက်ပါအချက်များမှာ အရေးကြီးပါသည်။

  • သင့်၏ အမြတ်စျေးတန်းပစ်မှတ်သို့ ရောက်ရှိသည်နှင့် အမြတ်များကို သိမ်းယူပါ။ တစ်ရက်တာကုန်သွယ်မှုသို့ ဝင်ရောက်ကြသော စတင်လေ့လာသူများအတွက် ပြဿနာမှာ ‌ကြောက်ရွံ့မှု (သို့) လောဘကြီးခြင်း ဖြစ်ပါသည်။ ပထမကိစ္စရပ်တွင် စျေးယာယီကျဆင်းမှုအတွက် အရိပ်လက္ခဏာအနည်းအပါးကြောင့် ကုန်သွယ်မှုများကို အလွန်စောစီးစွာ ပိတ်သိမ်းခြင်း ဖြစ်ပါသည်။ ဒုတိယတစ်ချက်တွင် စျေးနှုန်းဆန့်ကျင်ပြောင်းလဲသည့် အခိုက်အတန့်ကို မမှီလိုက်သောကြောင့် ဖြစ်ပါသည်။ ကိုယ်တွေ့စိတ်ပိုင်းဆိုင်ရာရှုထောင့်အရ လိုချင်သည့်အမြတ်စျေးတန်း၌ ကုန်သွယ်မှု၏ 50% ကိုပိတ်သိမ်းရန်နှင့် ကျန်ရှိနေသည့် 50% ကို trailing stop ဖြင့်စောင့်ကြည့်ထိန်းချုပ်ရန် (သို့) ပေါက်စျေးနှုန်းများနောက်သို့လိုက်ပါနေသည့် stopကို ကိုယ်တိုင်ရွေ့ပြောင်းရန်မှာ ပို၍ကောင်းမွန်ပါသည်။

  • အရှုံးပြနေသောကုန်သွယ်မှုနေရာများကို တွန့်ဆုတ်ခြင်းမရှိဘဲ အချိန်မီပိတ်သိမ်းရပါမည်။ လမ်းကြောင်းဆန့်ကျင်ပြောင်းလဲမည်ဟူသော မျှော်လင့်ချက်ဖြင့် သင်သည် stop loss ကိုကိုယ်တိုင်မတိုးသင့်ပါ။ စွန့်စားမှုစီမံခန့်ခွဲရေးစည်းမျဥ်းများကို စောင့်ကြည့်လေ့လာသင့်ပြီး ကြိုတင်စီမံဆောင်ရွက်မှုအစီအစဥ်တစ်ရပ်အတိုင်း လိုက်နာသင့်ပါသည်။

သင့်အောင်မြင်မှု၏သော့ချက်မှာ ကုန်သွယ်မှုစနစ်တစ်ခုရှိနေခြင်း၊ ၎င်းကို အတိအကျလိုက်နာမှု နှင့် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတို့ဖြစ်ကြပါသည်။

တစ်နေ့တာကုန်သွယ်ခြင်းအတွက် မှန်ကန်သောပိုင်ဆိုင်မှုကို မည်သို့ရွေးချယ်ပုံ။

ကုန်သွယ်ရေးပိုင်ဆိုင်မှုများသည် မတည်ငြိမ်မှု၊ ငွေဖြစ်လွယ်မှု၊ မတူညီသောအချိန်များအတွင်းရှိ ကုန်သွယ်မှုပမာဏများ၊ အခြေခံအချက်များ၏ လွှမ်းမိုမှုအတိုင်းအတာ နှင့် positive (သို့) negative correlation level စသည်ဖြင့် အမျိုးမျိုးကွဲပြားနေပါသည်။ ဤလက္ခဏာရပ်များကို ထည့်တွက်ခြင်းဖြင့် ပိုင်ဆိုင်မှုတစ်ခုစီတွင် ၎င်း၏ကိုယ်ပိုင်ကုန်သွယ်မှုစနစ် ရှိပါသည်။

ပိုင်ဆိုင်မှုကို ရွေးချယ်ရာတွင် သက်ရောက်မှုဖြစ်စေသည့် အဓိကအချက်များမှာ

  • ငွေဖြစ်လွယ်မှု။ အကောင်းဆုံးစျေးနှုန်းဖြင့် ပိုင်ဆိုင်မှုတစ်ခုကို အလျင်အမြန် ရောင်း/ဝယ်နိုင်မှု။ ငွေဖြစ်လွယ်မှုနိမ့်သည့်ပိုင်ဆိုင်မှုများတွင် မြင့်မားသော spread (ဝယ်/ရောင်းစျေးကွာဟချက်) နှင့် slippages များရှိပါသည်၊ ဆိုလိုသည်မှာ ကုန်သွယ်မှုပမာဏနည်းပါးသောကြောင့် အရောင်းအဝယ်များကို သက်သာသောစျေးနှုန်းဖြင့် ပြုလုပ်ကြပါသည်။ ငွေဖြစ်လွယ်မှုနည်းသော ပိုင်ဆိုင်မှုများတွင် "junk" စာချုပ်များနှင့် ထူးကဲဆန်းပြားသော ငွေကြေးအတွဲများ ပါဝင်ကြပါသည်။ နှိုင်းရကုန်သွယ်မှုပမာဏများစွာရှိပြီး ငွေဖြစ်လွယ်မှုမြင့်မားသောပိုင်ဆိုင်မှုများမှာ “blue chips,” ဖြစ်၍ ၎င်းတို့သည် အဓိကကျသော ငွေကြေးအတွဲများဖြစ်ပါသည်။ Liquidity နိမ့်ပါးသည့် ပိုင်ဆိုင်မှုများကို ရေတိုကုန်သွယ်ရန် မသင့်တော်ပါ။

  • မတည်ငြိမ်မှု။ volatility မြင့်မားလေလေ ဦးတည်ချက်နှစ်ဖက်လုံးတွင် လမ်းကြောင်းရွေ့လျားမှုမှ အမြတ်ရယူရန် အခွင့်အလမ်းပို၍များလေလေ ဖြစ်ပါသည်။ သို့သော် စျေးနှုန်းအတက်အကျ မြင့်မားသောကြောင့် စွန့်စားမှုသည်လည်း ပို၍များပြားပါသည်။ စျေးအတက်အကျအမြန်ဆုံး ပိုင်ဆိုင်မှုမှာ crypto ငွေကြေးများ ဖြစ်ပါသည်။ ၎င်းတို့၏ နေ့စဥ်စျေးနှုန်းသည် 5% (သို့) ထိုထက်ပို၍ပင် ပြောင်းလဲနိုင်ပါသည်။

LiteFinance: တစ်နေ့တာကုန်သွယ်ခြင်းအတွက် မှန်ကန်သောပိုင်ဆိုင်မှုကို မည်သို့ရွေးချယ်ပုံ။

  • ကုန်သွယ်ရေးပမာဏများ။ ၎င်းတို့သည် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်သည့်အခိုက်အတန့်အပေါ် လွှမ်းမိုးမှုရှိပါသည်။ ဥပမာအားဖြင့် ဂျပန်ယန်းငွေအတွက် အကြီးမားဆုံးပမာဏများမှာ အာရှတွင်းကုန်သွယ်ရေးအစည်းအဝေးအတောအတွင်း ဖြစ်ပါသည်။ ထို့ပြင် ဘဏ္ဍာရေးရှင်းတမ်းများ မထုတ်ပြန်မီ စတော့ရှယ်ယာ၏ ကုန်သွယ်မှုပမာဏများမှာ တိုးပွားလာပါသည်။

သင်သည် correlation (အပြန်အလှန်ဆက်နွယ်မှု) အပေါ်အခြေခံ၍လည်း ပိုင်ဆိုင်မှုများကို ရွေးချယ်နိုင်ပါသည်။ ဥပမာအားဖြင့် အားကောင်းသော positive correlation (အပြန်အလှန်တူညီသည့်ဆက်နွယ်မှု)ရှိသည့် ငွေကြေးအတွဲများကို ဤနည်းလမ်းအတိုင်း အသုံးပြုနိုင်ပါသည်၊ ငွေကြေးတစ်မျိုးသည် သတင်းထုတ်ပြန်ချက်များကို ပိုမိုလျင်မြန်စွာ တုံ့ပြန်နိုင်သောကြောင့် အခြားငွေကြေးအတွဲအတွက် ကုန်သွယ်မှုနေရာတစ်ခုကို ဖွင့်လှစ်ရန် အချက်ပြပေးနိုင်ပါသည်။ အပြန်အလှန်ဆက်နွယ်မှုအင်အားကို ကုန်သွယ်ရေးပလက်ဖောင်း (သို့) အထူးဝက်စ်ဆိုဒ်ပေါ်တွင် တွေ့ရှိနိုင်သည့် ဂဏန်းတွက်စက်များအသုံးပြုကာ တိုင်းတာပါသည်။

LiteFinance: တစ်နေ့တာကုန်သွယ်ခြင်းအတွက် မှန်ကန်သောပိုင်ဆိုင်မှုကို မည်သို့ရွေးချယ်ပုံ။

တစ်နေ့တာကုန်သွယ်မှု Forex နည်းဗျူဟာများ၏ အမျိုးအစားများ

ဤကဏ္ဍတွင် တစ်နေ့တာကုန်သွယ်မှုဗျူဟာများ၏ အမျိုးအစားအစုံအလင်၊ ဝင်ရောက်ခွင့်စည်းမျဥ်းများနှင့် ကုန်သွယ်မှုများဝင်ရောက်ရန်နှင့် ထွက်ခွာရန် ကုန်သွယ်ရေးအချက်ပြများ စသည်ကို ဆွေးနွေးပါမည်။

ဈေးနှုန်းရွေ့လျားမှု အရှိန်အဟုန်အရ ကုန်သွယ်ခြင်း

Momentum trading မှာ ရုတ်တရက်စျေးထောင်တက်သည့်အခါ၌ ကုန်သွယ်မှုများသို့ ဝင်ရောက်ခြင်း ဖြစ်ပြီး ပုံမှန်စျေးကွက်အနေအထားနှင့် မတူညီပါ။ ထိုဗျူဟာ၏ အကျိုးကျေးဇူးမှာ စျေးနှုန်းသည် ပုံမှန်လမ်းကြောင်းထက် ပိုမိုမြန်ဆန်စွာမြင့်တက်သောကြောင့် အချိန်တိုအတွင်း သင့်အား အမြတ်ကြီးကြီးမားမား ရရှိစေနိုင်ပါသည်။ သို့သော် အားနည်းချက်ရှိပါသည်။ သင်သည် အရှိန်အဟုန်စတင်မှုကို ရှာဖွေတွေ့ရှိရန်နှင့် အချိန်အတိအကျဖြင့် ကုန်သွယ်မှုမှ ထွက်ခွာရန် လိုအပ်ပါသည်။

မျှော်မှန်းမထားသော စျေးနှုန်းအရှိန်အဟုန်ပေါ်ပေါက်စေသည့် ဖြစ်နိုင်ဖွယ်အကြောင်းရင်းများ။

  • သတင်းများ။ အခြေခံကျသောစိစစ်သုံးသပ်မှု အပေါ် အခြေခံ၍ ကုန်သွယ်ခြင်း။ ဘဏ္ဍာရေးအစီရင်ခံစာ ထုတ်ပြန်ခြင်း၊ စီးပွားရေးရာအချက်အလက်များ စသည်တို့ဖြစ်ပါသည်။

  • Short squeeze။ ဤတွင် ရုတ်ချည်းရွေ့လျားမှု၏သဘောသဘာဝမှာ နည်းပညာပိုင်းဖြစ်ပါသည်- အရောင်းအော်ဒါများစွာကို အလိုအလျောက်ပိတ်သိမ်းသောကြောင့် ထပ်တိုးဝယ်လိုအားပမာဏကို ဖြစ်ပေါ်စေပါသည်။ ဆောင်းပါး Short Squeeze Explained တွင် ဤအကြောင်းအရာကို ပိုမိုဖတ်ရှုနိုင်ပါသည်။

  • စျေးကွက်ဖန်တီးသူများ။ အကြီးစားပမာဏများဖြင့် ကုန်သွယ်မှုနေရာများကို ရောင်းဝယ်ခြင်း အနေအထား။ ဤဖြစ်ရပ်မျိုးတွင် ပြင်းထန်သောစျေးရွေ့လျားမှုများသည် အများအားဖြင့် သတ်မှတ်ချိန် M5-M15 အတွင်း ပေါ်‌ပေါက်ပါသည်။

  • Pumps။ ကုန်သည်များ ပူးပေါင်းလိမ်လည်ခြင်း (သို့) အမှားအယွင်းများကြောင့် စျေးထိုးတက်မှုအတုအယောင်များ ပေါ်ပေါက်လာပါသည်။ Pumps ကို cryptoငွေကြေးစျေးကွက်များအတွင်း မကြာခဏတွေ့ရှိရပါသည်။ ဥပမာအားဖြင့် ကုန်သည်များသည် ရှယ်ယာလက်မှတ်များကို ရောထွေးပြီး အခြားကုမ္ပဏီတစ်ခုထဲသို့ မှားယွင်းစွာဖြင့် ရင်းနှီးမြှုပ်နှံမိသည့်အခါ အဆိုပါဖြစ်ရပ်မျိုးမှာ စတော့စျေးကွက်တွင်လည်း ဖြစ်ပွားပါသည်။

ဈေးနှုန်းရွေ့လျားမှု အရှိန်အဟုန်အရ ကုန်သွယ်ခြင်း အတွက် ဥပမာတစ်ခု

LiteFinance: ဈေးနှုန်းရွေ့လျားမှု အရှိန်အဟုန်အရ ကုန်သွယ်ခြင်း

Impulse ‌ရွေ့လျားမှုများကို နာရီအလိုက် BTCUSD chart တွင်ရှင်းလင်းစွာမြင်တွေ့နိုင်ပါသည်။ ၎င်းတွင် ပုံမှန်မဟုတ်သောအကြီးစား candlestick များတွဲဖက်ပါရှိပြီး ၎င်းမဖြစ်ပေါ်မီတွင် ဘေးတိုက်အ‌ရွေ့လမ်းကြောင်းနှင့် ကိုယ်ထည်အသေး candlestick များ ရှေ့ပြေးဖြစ်ပေါ်ပါသည်။ ဤ impulse ရွေ့လျားမှုသည် မြင့်တက်နေသော တိုတောင်းသည့် candlestick အုပ်စုတွဲဖြင့် စတင်ပြီး ထိုနောက်တွင် အဓိကမြင့်တက်မှု လိုက်ပါလာသည်။ Chart အစပိုင်း၌ အလွန်တိုတောင်းသောအချိန်ကာလအတွင်း impulse သုံးခုပေါ်ပေါက်ခဲ့ကြောင်း မြင်တွေ့ရပါသည်၊ တစ်ခုချင်းစီသည် ယခင်တစ်ခုထက် ပိုမိုအားကောင်းလာပါသည်။ စိစစ်သုံးသပ်သူများ၏ အဆိုအရ အကြောင်းပြချက်မှာ BTC စျေးနှုန်းသည် ၎င်း၏အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သောကြောင့် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် အတက်လမ်းကြောင်း ပြန်လည်စတင်ရန်အတွက် ထိုကဲ့သို့အရှိန်အဟုန်မျိုးကို လိုအပ်ပါသည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယူအက်စ်ငွေကြေးဖောင်းပွမှု အစီရင်ခံစာကြောင့် ဖြစ်ပါသည်။

Scalping နည်းဗျူဟာ

Scalping သည် မြန်နှုန်းမြင့်အကြိမ်ရေများစွာ ကုန်သွယ်ခြင်း ဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်မှာ ရေတိုကာလ ကုန်သွယ်မှုများပေါ်တွင် ငွေရှာရန် ဖြစ်ပါသည်။ ကုန်သွယ်မှုနေရာကို မိနစ်များစွာ ၊ ထူးကဲမှုအနေဖြင့် တစ်နာရီအထိ ကိုင်ဆောင်ဖွင့်လှစ်ထားပြီး M5-M15 သတ်မှတ်အချိန်များကို အသုံးပြုကြပါသည်။ ကုန်သွယ်မှုတစ်ခုမှ ရရှိသည့်အကျိုးအမြတ်သည် လွန်စွာသေးငယ်ပါသည်၊ ကုန်သည်မှာ မြောက်များစွာသောရောင်းဝယ်မှုမှသာလျှင် အမြတ်ရှာဖွေရပါသည်။ scalping ဗျူဟာများ၏ ကောင်းကျိုးမှာ သင်သည် ဘေးတိုက်အ‌ရွေ့လမ်းကြောင်း (သို့) စျေးယာယီကျဆင်းချိန်အတွင်း ကုန်သွယ်မှုများသို့ ဝင်ရောက်နိုင်ခြင်း ဖြစ်ပါသည်။ အားနည်းချက်မှာ မြန်နှုန်းမြင့်ကုန်သွယ်မှုသည် စိတ်ပိုင်းဆိုင်ရာအရ အားအင်ကုန်ခမ်းစေပါသည်။ သို့ဖြစ်၍ ကုန်သည်များသည် scalping intraday ဗျူဟာများတွင် robot များနှင့် အကြံပေးများကို မကြာခဏ အသုံးပြုကြပါသည်။

Scalping intraday ကုန်သွယ်ရေးဗျူဟာများ၏ ဥပမာ

LiteFinance: Scalping နည်းဗျူဟာ

M15 သတ်မှတ်အချိန်ကာလတွင် ပိုင်ဆိုင်မှု၏မတည်ငြိမ်မှုမြင့်မားခြင်းမှ ဖြစ်ပေါ်လာသည့် လွန်စွာကျယ်ပြန့်သောလမ်းကြောင်းတစ်ခုကို သင်မြင်တွေ့နိုင်ပါသည်။ ချန်နယ်အနားသတ်များမှ ပြန်ခုန်တက်လာသည့်အခိုက်အတန့်၌ ကုန်သွယ်မှုများကို ဖွင့်လှစ်ပါသည်။ အတည်ပြုအချက်ပေးမှုမှာ အားကောင်းသောရေတိုအရွေ့ကို ညွှန်းဆိုနေသည့် bullish (သို့) bearish candles အတန်းလိုက် ဖြစ်ပါသည်။

Forex ရှိ Scalping အကြောင်းဖော်ပြထားသည့် ထိုဆောင်းပါးထဲတွင် မြန်နှုန်းမြင့်တစ်နေ့တာကုန်သွယ်မှု၏ နိယာမများနှင့် နည်းဗျူဟာများ၏ ဥပမာများကို သင်ပိုမိုလေ့လာတွေ့ရှိရပါမည်။

ဈေးတန်းဖောက်ထွက်မှုအရ ကုန်သွယ်ခြင်း (Breakout Trading)

Breakout trade သည်ရောင်းလိုအား၊ ဝယ်လိုအား (သို့) trendline (လမ်းကြောင်းလိုင်းတစ်ခု) ကဲ့သို့သော ပင်မစျေးတန်းတစ်ခုကို ကျိုးဖောက်သည့်အခါတွင် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်ခြင်း ဖြစ်ပါသည်။ Pending orders အပါအဝင် အဝယ်နှင့်အရောင်း‌အော်ဒါအရေအတွက်များစွာ စုပုံလာသည့်နေရာ၌ စျေးတန်းများကို သတ်မှတ်ပါသည်။ ဝယ်သူများ (သို့) ရောင်းသူများအတွက် ဤဧရိယာတွင် ပြင်းထန်သော ဟန်ချက်မညီမျှမှုပေါ်ပေါက်လာပါက စျေးနှုန်းသည် အဆိုပါစျေးတန်းကို ဖောက်ကျော်၍ လမ်းကြောင်းအသစ်တစ်ခုကို စတင်ပါသည်။ ဤဗျူဟာသည် M30-H1 အချိန်ကာလများအတွက် သင့်တော်ပါသည်။ ပိုမိုတိုတောင်းသောအချိန်ကာလများတွင် စျေးကွက်ဖန်တီးသူများ၏လုပ်ရပ်ကြောင့် အတုအယောင်ဖောက်ကျော်မှုများ မကြာခဏကြုံကြိုက်ရပါသည်။

Intraday breakout ဗျူဟာများအတွက် ကိရိယာများ

  • ချန်နယ်အညွှန်းများ။ ချန်နယ် နယ်နိမိတ်များကို ဖောက်ထွက်မှုသည် အားကောင်းသောလမ်းကြောင်း (သို့) ပြင်းထန်သောအရှိန်အဟုန်တစ်မျိုးမျိုးကို ဆိုလိုခြင်းဖြစ်နိုင်ပါသည်။

  • လမ်းကြောင်းအညွှန်းများ။ စျေးနှုန်းသည် ဘေးတိုက်လမ်းကြောင်းမှ ထွက်သွားသည့်အချိန်တွင် အချက်ပြမှုများကို ရှာဖွေရန်အတွက် ၎င်းတို့ကို အသုံးပြုကြပါသည်။

  • Chart pattern များနှင့် ပုံကားချပ်အရ စိစစ်ခွဲဖြာမှုပုံစံများ။ Flag pattern၊ pennant၊ double/triple top chart pattern၊ bull flag စသည်တို့ဖြစ်ကြပါသည်။ Pattern နယ်နိမိတ်များ ဖော်ထွက်မှုသည် စျေးနှုန်းလမ်းကြောင်းကို အတည်ပြုပေးပါသည်။

စျေးနှုန်းသည် စျေးတန်းအဆင့်ကို ဖောက်ကျော်၍ နောက်သို့ပြန်လှည့်သွားပြီးနောက် လမ်းကြောင်းသစ်အတိုင်း ဆက်လက်သွားသည့်အခါ အားကောင်းသောအချက်ပြမှုမှာ retest (ချဥ်းကပ်စမ်းသပ်မှု) ဖြစ်ပါသည်။ Retest trading သည် သင့်အား အတုအယောင်စျေးတန်းဖောက်ထွက်မှုများတွင် ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ခြင်းမှ ရှောင်ရှားနိုင်စေပါသည်။ စျေးနှုန်းသည် retest (ချဥ်းကပ်စမ်းသပ်မှု) မရှိဘဲ စျေးတန်းကို ဖောက်ထွက်၍ လမ်းကြောင်းသစ်ဆက်လက်ရှိနေမည်ဖြစ်သောကြောင့် ဝင်‌ရောက်မှုတင်သွင်းသည့် အခိုက်အတန့်ကို လက်လွတ်မခံရန် အရေးကြီးပါသည်။

Intraday breakout နည်းဗျူဟာအတွက် ဥပမာ

LiteFinance: ဈေးတန်းဖောက်ထွက်မှုအရ ကုန်သွယ်ခြင်း (Breakout Trading)

EURUSD နာရီပိုင်း chart တွင် အတက်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ အမြင့်ဆုံးသုံးနေရာအရ တစ်ခုစီသည် ယခင်ထက် ပိုမိုမြင့်မားပါသည်၊ လေးခုမြောက်အမြင့်ဆုံးသည် တတိယမြောက်၏ အောက်တွင် ဖြစ်ပေါ်ပါသည်။ ဤအချက်ပြမှုသည် လမ်းကြောင်းမှာ အားနည်းလာကြောင်း ပြသပါသည်။ Double Top pattern နှင့် လမ်းကြောင်း‌ပြောင်းလဲခြင်းအချက်ပြမှုတစ်ခုလည်း ရှိပါသည်။ အနာဂတ်တွင် စျေးနှုန်းမှာ နက်ရှိုင်းစွာထိုးကျ၍ ရေပြင်ညီစျေးတန်းဖောက်ထွက်မှု၌ သင်သည် အရောင်းကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်နိုင်ပါသည်။

သတင်းထုတ်ပြန်မှုအရ ကုန်သွယ်ခြင်း

သတင်းများအရ ကုန်သွယ်မှုကို fundamental analysis ကုန်သွယ်ခြင်းဟုလည်း ခေါ်ဆိုကြပါသည်။ သတင်းများ (သို့) စီးပွားရေးအချက်အလက်များ ထုတ်ပြန်ကြေငြာခြင်းသည် ပိုင်ဆိုင်မှု၏ တန်ဖိုးကို အတိုင်းအတာအမျိုးမျိုးဖြင့် သက်ရောက်မှုဖြစ်စေပြီး ရေတိုတွင် မတည်ငြိမ်မှုများ မြင့်တက်လာစေပါသည်။ တစ်ခုတည်းသောမေးခွန်းမှာ စျေးကွက်သည် သတင်များကို မည်သို့အဓိပ္ပာယ်ဖော်ဆောင်၍ စျေးနှုန်းသည် မည်သည့်လားရာသို့ဦးတည်သွားမည်နည်း။ ထို့ကြောင့် သတင်းများအရ ကုန်သွယ်သည့်အခါ အဓိကဗျူဟာနှစ်ခု ရှိပါသည်။ ပထမဦးဆုံးအချက်မှာ သတင်းများမထုတ်ပြန်မီ မိနစ်အနည်းငယ်အလိုတွင် ဦးတည်ချက်လမ်းကြောင်းနှစ်ခုစလုံး၌ ဆိုင်းငံအော်ဒါများကို သတ်မှတ်ရန်ဖြစ်ပါသည်။ ဒုတိယတစ်ခုမှာ သတင်းများထုတ်ပြန်ပြီးနောက် ဒုတိယမြောက် candlestick ပေါ်ရှိ လမ်းကြောင်းဦးတည်ချက် M5 interval တွင် ကုန်သွယ်မှုများသို့ ဝင်ရောက်ရန် ဖြစ်ပါသည်။ ကုန်သွယ်မှုနေရာကို ကိုင်ဆောင်ချိန်မှာ ပျမ်းမျှအားဖြင့် ၂ နာရီအထိ ဖြစ်ပါသည်။

သတင်းများအရ တစ်နေ့တာကုန်သွယ်ခြင်း၏ ထင်ရှားသောလက္ခဏာရပ်များ။

  • သင်သည် ကြိုတင်ခန့်မှန်းချက်များကို ထည့်သွင်းစဥ်းစားရပါမည်။ ဥပမာအားဖြင့် ကုမ္ပဏီ၏ အသားတင်ဝင်ငွေတိုးပွားမှုသည် မျှော်မှန်းထားသည့် 6% အစား 3% ဖြစ်ခဲ့ပါက ရှယ်ယာစျေးနှုန်းကျဆင်းမှုကို မျှော်လင့်ရပါသည်။

  • သင်သည် ဖြစ်ရပ်တစ်ခု၏ အလားအလာနှင့် ကုန်သည်များမှာ ၎င်းကို မည်သို့အဓိပ္ပာယ်ဖောင်ဆောင်မည်ကို ထည့်သွင်းချိန်ဆရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် စျေးကွက်သည် Fed ကို ဖြစ်နိုင်ချေ 90% (သို့) ထိုထက်ပို၍ အတိုးနှုန်းမြှင့်တင်ရန် မျှော်လင့်ပါက ၎င်းမြင့်တက်လာသည့်အခိုက်အတန့်တွင် USD နှုန်းအပေါ် သက်ရောက်မှုအနည်းအပါး ရှိပါလိမ့်မည်။ တခါတရံတွင် Fed အတိုးနှုန်းမြှင့်တင်လိုက်မှုသည် ဆန့်ကျင်ဖက်အားဖြင့် ယူအက်စ်ဒေါ်လာစျေးနှုန်းကို ကျဆင်းမှု ဖြစ်ပွားစေပါသည်။

  • သတင်းများ၏ လွှမ်းမိုးမှုအတိုင်းအတာကို ထည့်တွက်ရန် လိုအပ်ပါသည်။ ဥပမာအရ စ‌တော့စျေးကွက်တစ်ခုလုံး၏ ယေဘုယျအပျက်သဘောဆောင် နောက်ခံအကြောင်းရင်းကို ဆန့်ကျင်လျက် ကုမ္ပဏီတစ်ခု၏ အသားတင်အမြတ်တိုးတက်မှုသည် ရှယ်ယာစျေးနှုန်းကို အထက်သို့ တွန်းပို့ရန် မဖြစ်နိုင်ပါ။

သတင်းများအရ Forex ပေါ်တွင်ကုန်သွယ်နေသည့် ကုန်သည်တစ်ဦး၏ အဓိကအသုံးပြုမှုများမှာ စီးပွားရေးဆိုင်ရာရက်စွဲများ၊ အကြီးစားကုမ္ပဏီများ၏ ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ချက်များအတွက် ရက်သတ္တပတ်များနှင့် သတင်းဖော်ပြချက် တို့ဖြစ်ပါသည်။

သတင်းများအရ တစ်နေ့တာကုန်သွယ်ခြင်း၏ နမူနာတစ်ခု

LiteFinance: သတင်းထုတ်ပြန်မှုအရ ကုန်သွယ်ခြင်း

၂၀၂၂ ခုနှစ် Facebook၏ ဝင်ငွေအစီရင်ခံစာသည် ရှယ်ယာစျေးနှုန်း 24% ထိုးကျမှုကို ဖြစ်ပေါ်စေခဲ့သည်။ အကြောင်းရင်းမှာ အသားတင်အမြတ်တွင် တစ်နှစ်ထက်တစ်နှစ် 52% ကျဆင်းမှု၊ အသုံစရိတ်19% တိုးများလာမှု နှင့် အပျက်သဘောဆောင်ခန့်မှန်းချက်များကြောင့် ဖြစ်ခဲ့ပါသည်။ ရက်အနည်းငယ်ကြာပြီးနောက် Facebook ကို Meta အတွင်းသို့ ပြန်လည်ဖွဲ့စည်းခဲ့သော်လည်း ကုမ္ပဏီ၏ အနာဂတ်အလားအလာများအပေါ် ရင်းနှီးမြှုပ်နှံများလက်ခံယုံကြည်ရန် သိမ်းသွင်းမှု ကျရှုံးခဲ့ရပါသည်။ ဘဏ္ဍာရေးရှင်းတမ်းထုတ်ပြန်မှုအတွင်း စျေးကွာဟပြီးနောက် အရောင်းကုန်သွယ်မှုမှာ နာရီအနည်းငယ်အတွင်း အမြတ်အသင့်အတင့်ကို ဆောင်ကြည်းလာနိုင်ခဲ့ပါသည်။

Ichimoku Kinko Hyo အညွှန်း

Ichimoku cloud ဟုခေါ်သည့် Ichimoku Kinko Hyo indicator သည် အတတ်ပညာဆိုင်ရာ ဗျူဟာများအတွက် ရှုပ်ထွေးသည့်ကိရိယာတစ်ခု ဖြစ်ပါသည်။ ၎င်းသည် လမ်းကြောင်းညွှန်ပြချက်၊ အရှိန်အဟုန်ညွှန်းဆိုချက်နှင့် filter တစ်ခုအနေဖြင့် ဆောင်ရွက်နိုင်ပါသည်။ ထိုအညွှန်းတွင် မျဥ်း ၅ ကြောင်း ပါဝင်ပြီး နှစ်ခုမှာ cloud များကို ဖြစ်ပေါ်စေ၍ အခြားသုံးခုမှာ filtering oscillator များအဖြစ် လုပ်ဆောင်ပါသည်။

Ichimoku ဖြင့် တစ်နေ့တာကုန်သွယ်ခြင်းဗျူဟာ နမူနာ

LiteFinance: Ichimoku Kinko Hyo အညွှန်း

Ichimoku သည်ပြီးပြည့်စုံသော ကုန်သွယ်ရေးစနစ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ပါသည်။ အချက်ပြများကို အဓိပ္ပာယ်ဖွင့်ဆိုရန်အတွက် ရွေးချယ်မှုများအနက်တစ်ခုမှာ စျေးနှုန်းသည် မြင့်တက်နေသော cloud အထက်တွင် ရှိပါက အဝယ်ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ရန် အချိန်တန်ပြီဖြစ်ကြောင်း ဆိုလိုပါသည်။ စျေးနှုန်းသည် ကျဆင်းလျက်ရှိသော cloud အောက်တွင် ရှိပါက သင်သည် အရောင်းကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်နိုင်ပါသည်။

Pivot Points (ဆုံချက်အမှတ်များ)

Pivot points (သို့) ဆုံချက်ဇုန်များသည် လမ်းကြောင်းပြောင်းလဲနိုင်ချေရှိသော စျေးတန်းများ ဖြစ်ပါသည်။ စျေးနှုန်းသည် ၎င်း၏ပျမ်းမျှတန်ဖိုးနှင့် ပိုမိုဝေးကွာလေလေ၊ ဆန့်ကျင်ဘာက်သို့ ပြောင်းလဲနိုင်ချေ ပိုမိုများလေ ဖြစ်ပါသည်။

ဖြစ်နိုင်ချေရှိသော ဆုံချက်အမှတ်များကို ရှာဖွေဖော်ထုတ်ရန် ကိရိယာများ။

အားကောင်းသောအချက်ပြမှုသည် ရောင်းလိုအား(သို့)ဝယ်လိုအားစျေးတန်း နှင့် ဆုံချက်အမှတ်တို့၏ တစ်ထပ်တည်းကျတွေ့ဆုံမှု ဖြစ်ပါသည်။

ဆုံချက်ဇုန်များဖြင့် တစ်နေ့တာကုန်သွယ်ခြင်း နမူနာတစ်ခု။

LiteFinance: Pivot Points (ဆုံချက်အမှတ်များ)

တိကျသောဆုံချက်အမှတ်ကို ခန့်မှန်းရန် ခက်ခဲပါသည်၊ သို့သော် ဖြစ်နိုင်ချေအများဆုံး စျေးနှုန်းဆန့်ကျင်ပြောင်းလဲမှုရှိမည့် corridor ကိုဆုံးဖြတ်နိုင်ပါသည်။ ယခင်အချိန်ကာလများရှိ အမြင့်ဆုံးတန်ဖိုးများအပေါ်အခြေခံကာ ရေပြင်ညီစျေးတန်းအဆင့် L2 ကို တည်ဆောက်နိုင်ပြီး စျေးနှုန်းသည် ၎င်းကို မဖောက်ကျော်နိုင်ပါ။ စျေးနှုန်းသည် L1 အဆင့်ကို ကြိမ်ဖန်များစွာ စမ်းသပ်ရောက်ရှိခဲ့ပြီး ထိုမှ အောက်သို့ ပြန်ကန်ကျသွားပါသည်၊ သို့သော် တချိန်တည်းတွင် ဖောက်ထွက်မှုများ ရှိခဲ့ပါသည်။

L1 နှင့် L2 ကြားအပိုင်းအခြားသည် ဝယ်လိုအားဇုန် ဖြစ်ပါသည်။ L2 ကိုဖောက်ထွက်မှုသည် အတက်လမ်းကြောင်းတစ်ခုကို အချက်ပေးခြင်းဖြစ်ပါလိမ့်မည်။ ဝယ်လိုအားဇုန်အတွင်း စျေးနှုန်းပြောင်းလဲခြင်းသည် အကျလမ်းကြောင်းတစ်ခုကို အသိပေးခြင်း ဖြစ်ပါမည်။ ဆန့်ကျင်ပြောင်းလဲမှုနောက်ပိုင်း စျေးနှုန်းသည် L1 အဆင့်ကို ဖောက်ထွက်ပါက ၎င်းသည် အရောင်းကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ရန် အချက်ပြခြင်း ဖြစ်ပါမည်။

ဈေးနှုန်းဦးတည်ရာလမ်းကြောင်းအတိုင်း ကုန်သွယ်ခြင်း

လမ်းကြောင်းအရ တစ်နေ့တာကုန်သွယ်ခြင်းသည် လမ်းကြောင်းအလုံးစုံ၏ ဦးတည်ချက်လားရာတွင် ကုန်သွယ်မှုဖြစ်ပြီး ထိုတွင် စျေးယာယီကျဆင်းမှုများကို လျစ်လျူရှုထားပါသည်။ ကုန်သည်မှာ လမ်းကြောင်းအသစ်၏ အစပိုင်းကို ရှာဖွေ၍ လမ်းကြောင်းဦးတည်ချက်အား အတည်ပြုပြီးနောက် သက်ဆိုင်ရာကုန်သွယ်မှုနေရာတစ်ခုကို ဖွင့်လှစ်ပါသည်။ ကုန်သွယ်နေ့ကုန်ဆုံးသွားချိန် (သို့) စျေးနှုန်းဆန့်ကျင်ပြောင်းလဲသွားပြီးနောက်တွင် အဆိုပါကုန်သွယ်မှုနေရာကို ပိတ်သိမ်းပါသည်။ stop loss (သို့) trailing stop ကိုသတ်မှတ်သည့်အခါ သင်သည် chart ကိုအချိန်တိုင်း စောင်ကြည့်ရန် မလိုပါ။

လမ်းကြောင်းအသစ်စတင်မှုအတွက် အချက်ပြမှုများ

  • အရေးကြီးသတင်းထုတ်ပြန်ချက်များ။

  • အားကောင်းသော ဝယ်လိုအား (သို့) ရောင်းလိုအားစျေးတန်းမှ ပြန်ကန်တက်လာသည့် reversal pattern တစ်ခု၊ (သို့) ဆန့်ကျင်ဘက်လားရာတွင် trend line ဖောက်ထွက်မှု။

  • ဝယ်လိုအား (သို့) ရောင်းလိုအားဇုန်များအတွင်း လမ်းကြောင်းအားပျော့လာမှု၊ လမ်းကြောင်းဆန့်ကျင်ဘက်သို့ ပြောင်းလဲမှု။

  • စျေးကွက်ဖန်တီးသူများမှ အတုအယောင် ဝယ်လိုအား (သို့) ရောင်းလိုအားများ ဖန်တီးခြင်း။

လမ်းကြောင်းအရ တစ်နေ့တာကုန်သွယ်ခြင်းအတွက် ဥပမာတစ်ခု

LiteFinance: ဈေးနှုန်းဦးတည်ရာလမ်းကြောင်းအတိုင်း ကုန်သွယ်ခြင်း

မတည်ငြိမ်မှုမြင့်မားသောဘေးတိုက်လမ်းကြောင်းတစ်ခုနှင့် ပိုမိုဆင်တူသည့် အနည်းငယ်ကျဆင်းမှုအရွေ့နောက်တွင် အလွန်နက်နဲသောစျေးယာယီကျဆင်းမှုနှင့်အတူ အားကောင်းသော ရေရှည်လမ်းကြောင်းတစ်ခု စတင်ပါသည်။ ကုန်သွယ်မှုကို လမ်းကြောင်းအစတွင် ဖွင့်လှစ်ထားပါက စျေးယာယီကျဆင်းမှု၏ အတိမ်အနက်သည် ၎င်းအပေါ် ထိခိုက်မှုရှိမည်မဟုတ်ပါ။ trailing stop တစ်ခုကို သတ်မှတ်သည့်အခါ ကုန်သွယ်မှုနေရာမှာ နောက်ဆုံးတွင် အမြတ်ရရှိမှုဖြင့် ပိတ်သိမ်းပါလိမ့်မည်။ တစ်ရက်တာနည်းဗျူဟာတွင် တနေ့ချင်းစီ၏ အဆုံးသတ်၌ ကုန်သွယ်မှုနေရာကို ပိတ်သိမ်းခြင်း ပါရှိသည်။ ၎င်းသည် လမ်းကြောင်းသက်တမ်းနှင့် ဖြစ်နိုင်ဖွယ်စွန့်စားမှုများကို လက်ခံလိုစိတ်အပေါ် မူတည်ပါသည်။

ဤဆောင်းပါး စျေးကွက်လမ်းကြောင်းဆိုသည်မှာအဘယ်နည်း၊ ထဲတွင် တစ်နေ့တာကုန်သွယ်ဗျူဟာအကြောင်း သင်ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။

Swing (သို့) Pullback ကုန်သွယ်မှုဗျူဟာ

Swing trading သည်ရေရှည်လမ်းကြောင်းအတွင်း pullbacks ကိုအသုံးပြုကာ အရှိန်အဟုန်ဖြင့်ရွေ့လျားမှုများပေါ်တွင် တစ်ရက်တာကုန်သွယ်ခြင်း ဖြစ်ပါသည်။ လမ်းကြောင်းတိုင်းတွင် စျေးယာယီကျဆင်းမှုအတွက် မတူညီသောအတိမ်အနက်များ ရှိကြပါသည်။ swing ကုန်သွယ်မှုဗျူဟာများထဲမှ တစ်ခုမှာ စျေးယာယီကျဆင်းမှုအပြီးနောက် လမ်းကြောင်းပြန်လည်စတင်ခြင်းနှင့်အတူ စျေးအလွှဲအပြောင်းပေါ်တွင် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်ခြင်း ဖြစ်ပါသည်။ လမ်းကြောင်းနှင့် ဆန့်ကျင်ကာ နောက်သို့ဆက်တိုက်ပြန်ဆုတ်သည့်အခါတွင် ကုန်သွယ်မှုနေရာကို ပိတ်သိမ်းပါသည်။

Swing trading ဖြင့်ကုန်သွယ်မှုများသို့ ဝင်ရောက်သည့် အမြန်နှုန်းမှာ trend trading ထက်ပို၍မြင့်မားပါသည်။ ဤဗျူဟာသည် အမြတ်၏ တစ်စိတ်တပိုင်းဖြစ်သည့် local price pullbacks (စျေးနှုန်းဆုတ်ယူမှုများ)ကိုလည်း ဖယ်ရှားပါသည်။

Swing trading ၏ဥပမာ

LiteFinance: Swing (သို့) Pullback ကုန်သွယ်မှုဗျူဟာ

မတည်ငြိမ်သော အတက်လမ်းကြောင်းတို ဖြစ်ပေါ်ပြီးနောက် စျေးနှုန်းစတင်ကျဆင်းလာပါသည်၊ ထို့နောက်တွင် ပွိုင့် ၁နှင့် ၂ ဖြင့် အကျလမ်းကြောင်းကို ပုံဖော်ဆွဲသားနိုင်ပါသည်။

  • ပွိုင့် ၂ နောက်ပိုင်းတွင် စျေးနှုန်းသည် trendline (လမ်းကြောင်းလိုင်း)မှ ပြန်လည်ကျဆင်းလာပါသည်၊ သင်သည် ထပ်မံစျေးယာယီကျဆင်းမှုကို မျှော်မှန်းထားသင့်ပါသည်။

  • ပွိုင့် ၃ ၌ လမ်းကြောင်းကို အတည်ပြုပေးပါသည်။ pullback (စျေးဆုတ်ယုတ်မှု) နှစ်ကြိမ်နောက်ပိုင်းတွင် စျေးနှုန်းမှာ trendline ကို သုံးကြိမ်တိုင်ထိတွေ့ခဲ့ပါသည်။

  • ပွိုင့် ၄ သည် လမ်းကြောင်းကို အတည်ပြုသေချာစေပြီး အဆိုပါမျဥ်းလိုင်းကို ဖောက်ထွက်မှုမရှိခဲ့ပါ။ ကုန်သွယ်မှုနေရာကို ဆက်လက်ဖွင့်ထားဆဲ ဖြစ်ပါသည်။

  • ပွိုင့် ၅ ၌ engulfing candlestick တစ်ခု ပေါ်ပေါက်၍ စျေးယာယီကျဆင်းမှု ပြီးဆုံးပါသည်၊ ထို့နောက် ကုန်သွယ်မှုမှ ထွက်ခွာသင့်ပါသည်။ စျေးနှုန်းမှာ trendline သို့ရောက်ရှိသည့်အခါတွင် ထွက်ခွာမည့် အဝယ်ကုန်သွယ်မှုတစ်ခုသို့ သင်ဝင်ရောက်နိုင်ပါသည်။

  • ပွိုင့် ၆ ၌ စျေးနှုန်းသည် trendline ကိုထိတွေ့ပါသည်၊ ထို့နောက် bearish candlesticks အနည်းငယ် ဆက်တိုက်ပေါ်‌ပေါက်လာပါသည်– အရောင်းကုန်သွယ်မှုသို့ ဝင်ရောက်ပါ။ သင်သည် ပွိုင့် ၅ ၌ ဝင်ရောက်ခဲ့ပါက ၎င်းအဝယ်ကုန်သွယ်မှုမှ အရင်ဆုံးထွက်ခွာပါ။

  • ပွိုင့် ၇ ၌ ယာယီစျေးကျဆင်းမှု ပြီးဆုံးကြောင်း အချက်ပြမှု ရှိပါသည်၊ ကုန်သွယ်မှုမှ ထွက်ခွာပါ။

  • ပွိုင့် ၈ ၌ စျေးနှုန်းသည် trendline ကို ဖောက်ထွက်ပြီး အကျလမ်းကြောင်းမှာ အပြီးသတ်သွားပါသည်။

Trend ဗျူဟာဖြင့် ကုန်သွယ်မှုတစ်ခုကို ပွိုင့် ၃ ၌ ဝင်ရောက်၍ ပွိုင့် ၈ ၌ ထွက်ခွာနိုင်ပါသည်။ စျေးယာယီကျဆင်းမှုတွင် ကုန်သွယ်မှုနေရာများကို ပိတ်သိမ်းခြင်းသည် သင့်အား လမ်းကြောင်းမှ အမြတ်များပိုမိုရယူနိုင်စေပါသည်။

Swing Trading အကြောင်းဖော်ပြထားသည့် ဤဆောင်းပါးထဲတွင် နည်းပညာဆိုင်ရာစိစစ်ချက်အပေါ် အခြေခံထားသော နည်းဗျူဟာဥပမာများနှင့် Pullback တစ်ခုပေါ်ရှိ CFD trading အကြောင်းအရာတို့ကို ပိုမိုဖတ်ရှုနိုင်ပါသည်။

မည်သည်တို့သည် အကောင်းဆုံးတစ်ရက်တာ ကုန်သွယ်ဗျူဟာ များ ဖြစ်ပါသနည်း။

ဤကဏ္ဍတွင် သင်သည် အကောင်းဆုံး တစ်ရက်တာကုန်သွယ်ဗျူဟာများ၊ ကုန်သွယ်နေရာဖွင့်လှစ်ခြင်းအတွက် စည်းမျဥ်းများ နှင့် စျေးကွက်သို့ ဝင်ထွက်ရန် အချက်ပြများကို ရှာဖွေခြင်း၏ အခြေခံနိယာမများအကြောင်း သိရှိလေ့လာရပါလိမ့်မည်။

သုံးဆင့် အတည်ပြုခြင်း (Triple Confirmation)

စတင်လေ့လာသူများအတွက် သာလွန်ကောင်းမွန်သောဗျူဟာတစ်ခု ဖြစ်ပြီး ၎င်း၏အဓိကအကျိုးကျေးဇူးမှာ 80% ထက်ပိုသောစွမ်းဆောင်ရည်ဖြင့် အချက်ပြမှုများကို အတိအကျသရုပ်ဖော်နိုင်ခြင်း ဖြစ်ပါသည်။ ၎င်းသည် လမ်းကြောင်းတိုများ၏ စဦးပိုင်းအခိုက်အတန့်၌ ကုန်သွယ်မှုများသို့ ဝင်ရောက်ခြင်းမျိုး ဖြစ်ပြီး ဤသည်ကို oscillators သုံးခု၏ အချက်ပြမှုများ တထပ်တည်းကျပါက အဆုံးအဖြတ်ပေးနိုင်ပါသည်။

ဖြည့်သွင်းရမည့်အချက်အလက်များ။

  • ငွေကြေးအတွဲများ, အဓိကငွေကြေးအတွဲများ။

  • သတ်မှတ်အချိန်ကာလ – M30-H1။

  • အညွှန်းများ RSI (14, 35,65)၊ stochastic(14, 1, 3)၊ CCI (14)။

အညွှန်းသုံးခုလုံးသည် တပြိုင်နက်အဝယ်လွန်ဇုန်တွင် ရှိပြီး ဆန့်ကျင်ပြောင်းလဲသည့်အခါ (ဆန့်ကျင်ဘက်သို့ပြောင်းလဲခြင်းသည် မရှိမဖြစ်အခြေအနေတစ်ခု ဖြစ်သည်။) အရောင်းကုန်သွယ်မှုကို ဖွင့်လှစ်ပါ။ အညွှန်းသုံးခုလုံးသည် အရောင်းလွန်ဇုန်သို့ လှည့်ပြောင်းသွားသည့်အခါ အဝယ်ကုန်သွယ်မှုကို ဖွင့်လှစ်ပါ။ အများဆုံး candlestick တစ်ခုစာဖြင့် အညွှန်းတန်ဖိုးများကြားကွာဟချက်ကို ခွင့်ပြုပါသည်။ Stop loss ကို local extreme (အနီးဆုံးအစွန်းအမှတ်များ)ကို ကျော်လွန်၍ သတ်မှတ်ပါ။ အမြတ်မျှော်မှန်းပစ်မှတ်မှာ 20-30 pips ဖြစ်ပြီး ထို့နောက်တွင် ကုန်သွယ်မှုကို တစိတ်တပိုင်းပိတ်သိမ်းနိုင်ပြီး တစိတ်တပိုင်းကို trailing stop ဖြင့် ယုံကြည်စွာထားရှိနိုင်ပါသည်။

ဥပမာ။

LiteFinance: သုံးဆင့် အတည်ပြုခြင်း (Triple Confirmation)

  • ၁။ အားပျော့သော်လည်း အလုပ်လုပ်နေသော အချက်ပြ။ CCI သည်အဝယ်လွန်ဇုန်မှ ထွက်ခွာသွားပါသည်၊ stochastic မှာယခုအထိ ဆန့်ကျင်ပြောင်းလဲမှု မစတင်သေးပါ။ သို့သော် စွန့်စားမှုကို ချိန်ဆထားပါသည်။ အမြတ်မှာ 35 pips ခန့်ဖြစ်ပါသည်။

  • ၂။ အားပျော့သော်လည်း အလုပ်လုပ်နေသော အချက်ပြ။အညွှန်းများသည် အဝယ်ဇုန်သို့သာ ထိတွေ့ရောက်ရှိခဲ့ပါသည်။ သို့သော် ကုန်သွယ်မှုမှ အမြတ်ရရှိနိုင်ပါသည်။

  • ၃။ အားကောင်းသောအချက်ပြ။ အညွှန်းအားလုံးသည် အရောင်းလွန်ဇုန်သို့ ဝင်ရောက်ခဲ့ပြီး ထိုတွင် ဆန့်ကျင်ဘက်သို့ ပြောင်းလဲခဲ့ပါသည်။ အမြတ်မှာ 50 pips ခန့်ဖြစ်ပါသည်။

ဤနည်းဗျူဟာ၏ အားနည်းချက်မှာ အားကောင်းသောအချက်ပြများ နည်းပါးခြင်း ဖြစ်ပါသည်။

သတင်းထုတ်ပြန်မှုအရ ကုန်သွယ်ခြင်း

အခြေခံခွဲခြမ်းစိတ်ဖြာချက်အား EURUSD အတွဲကို အရောင်းအဝယ်လုပ်ရာတွင် အများဆုံးအသုံးပြုလေ့ရှိပါသည်။ ဤအတွဲသည် ယူအက်စ် စီးပွားရေးဒေတာများဖြစ်သည့် အလုပ်အကိုင်အစီရင်ခံစာများ၊ ငွေကြေးဖောင်းပွမှုနှင့် ယူအက်စ်ဖက်ဒရယ်ဘဏ် ၏ အတိုးနှုန်းတို့ အပေါ် သက်ရောက်မှု မြင့်မားပါသည်။

ဥပမာအားဖြင့်၊ စီးပွားရေးသတင်းထုတ်ပြက္ခဒိန်တွင် လာမည့် ယူအက်စ်ဖက်ဒရယ်ဘဏ်၏ အတိုးနှုန်းအစီရင်ခံစာ ကို ယခုနှစ်အစတွင် ထုတ်ပြန်ရန် မျှော်လင့်ထားကြောင်း ပြသထားသည်။ ပြီးခဲ့သောနှစ်တွင်၊ အမေရိကန်စီးပွားရေးမူဝါဒသည် ကူးစက်ရောဂါနှင့် ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုမြင့်မားခြင်းကို တိုက်ဖျက်ရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် ယူအက်စ်ဖက်ဒရယ်ဘဏ် သည် အတိုးနှုန်းကို ဆက်လက်မြှင့်တင်နိုင်ဖွယ်ရှိကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။

သီအိုရီအရ အတိုးနှုန်းမှာ ယူအက်စ်ဒေါ်လာကို အားကောင်းစေသော်လည်း ပြည်တွင်းငွေကြေးလက်ကျန်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ သို့သော် ယူအက်စ်တွင် အခြေအနေ ကွဲပြားမှုရှိနေပြီး ဈေးနှုန်းများမြင့်မားလာခြင်းကို တားဆီးရန် အတိုးနှုန်းထားအား မြှင့်တင်ပေးခြင်းဖြစ်ပါသည်။ ယူအက်စ်ဖက်ဒရယ် ၏ အဆိုအရ ငွေကြေးဖောင်းပွမှုမှာ ရည်မှန်းထားသည့် အဆင့်သို့ နီးကပ်လာသည့်အတွက် အတိုးနှုန်းမြင့်တင်ခြင်း မှာ နှေးကွေးသွားမည် ဖြစ်ပါသည်။ ရလဒ်အနေဖြင့် ယူအက်စ်ဖက်ဒရယ်သည် အတိုးနှုန်းထား လျှော့ချမှုအား ဒုတိယ နှစ်ဝက်တွင် စတင်လာနိုင်ပါသည်။

ယူအက်စ်ဖက်ဒရယ် ၏ ဆုံးဖြတ်ချက်ကို မထုတ်ပြန်မီတွင်၊ အမေရိကန်ဒေါ်လာသည် တဖြည်းဖြည်း ကျဆင်းခဲ့ပြီး ၉ လကြာ အနိမ့်ဆုံးသို့ ချဉ်းကပ်လာခဲ့သည်။ ထို့ကြောင့်၊ သတင်းမထုတ်ပြန်မီ ၁၀ မိနစ် မှ ၁၅ မိနစ် တွင်  H1 candlesticks body များ၏ အထက် ၂၅ ပွိုင့် အကွာတွင် penind Buy Stop အော်ဒါကို သတ်မှတ်ခြင်းသည် ကျိုးကြောင်းဆီလျော်မှု ရှိမည်ဖြစ်သည်။

LiteFinance: သတင်းထုတ်ပြန်မှုအရ ကုန်သွယ်ခြင်း

Candlestick အပိတ်မတိုင်မီ ၁၀ မိနစ်အလိုတွင် 20.30 ၌ (GMT +2, ကုန်သွယ်မှုဆာဗာအချိန်၊ အချိန်ကွာဟချက်ကို ထည့်တွက်ရပါမည်) Buy Stop ကို နေရာချထားပါ။ ပထမဦးဆုံး candlestick ဆန့်ကျင်ပြောင်းလဲမှု ပေါ်ပေါက်လာသည့်အခါတွင် ကုန်သွယ်မှုကို ပိတ်သိမ်းပါသည်။

အမြတ်မှာ ၂နာရီအတွင်း 5 pips points ခန့်ရှိပါသည်။

Keltner Channel နည်းဗျူဟာ

ချန်နယ်ကုန်သွယ်ရေးဗျူဟာများထဲမှ တစ်ခုမှာ breakout trading ဖြစ်ပါသည်။ စျေးနှုန်းသည် ချန်နယ်ကို ဖောက်ထွက်၍ ၎င်း၏ ပျမ်းမျှတန်ဖိုးမှ အဝေးသို့ရွေ့လျားပါက စျေးကွက်တွင် အားကောင်းသောလမ်းကြောင်း (သို့) ရေတိုတွန်းအားတစ်ခု ရှိပါသည်။ oscillator မှ အဆိုပါဖောက်ထွက်မှုကို အတည်ပြုပေးပါက သင်သည် ကုန်သွယ်မှုတစ်ခုကို ဝင်‌ရောက်နိုင်ပါသည်။

ထည့်သွင်းရမည့်အချက်များ:

  • အဓိကငွေကြေးအတွဲများ။ ပင်မငွေကြေးအတွဲများပေါ်တွင် အခြေခံအရှိန်အဟုန်အတည်ပြုချက်ကို ရှာဖွေတွေ့ရှိရန် ပိုမိုလွယ်ကူပါသည်။

  • သတ်မှတ်အချိန်ကာလ- M30-H1။ ချန်နယ် နယ်နိမိတ်ဖောက်ထွက်ခြင်းသည် candlestick များစွာအထိ ကြာမြင့်ပါသည်။ ပိုမိုတိုတောင်းသောအချိန်ကာလများတွင် ဝင်ငွေမရသလောက် ဖြစ်ပါလိမ့်မည်၊ H4 သတ်မှတ်ချိန်တွင် သင်သည် တစ်ရက်တာကုန်သွယ်မှုထက် ကျော်လွန်သွားပါလိမ့်မည်။

  • အညွှန်းများ: Keltner Channel (20,1)၊ RSI (14၊ ဇုန်များ၏စည်းခြားမျဥ်းများ – 65, 35).

Candlestick သည် ချန်နယ်ကို ကျော်လွန်သွားသည့်အခါ အစောပိုင်းအချက်ပြမှု ပေါ်ပေါက်လာပါသည်၊ ထို့ပြင် တူညီသော candlestick ရှိ RSI သည် အဝယ်လွန်ဇုန် (သို့) အရောင်းလွန်ဇုန် အပြင်ဘက်သို့ ထွက်သွားပါသည်။ ဖောက်ထွက်မှုဖြစ်ချိန်တွင် RSI သည် ဇုန်အတွင်းရှိနေပြီး median (အလယ်မှတ်တန်ဖိုး)သို့ လှည့်ပြောင်းသွားပါက အချက်ပြမှုမှာနောက်ကျ၍ ၎င်းကို လျစ်လျှူရှုသင့်ပါသည်။ ထွက်ခွာရန်စည်းမျဥ်းများ: candlesticks 3-4 ခုနောက်တွင် (သို့) ဆန့်ကျင်ဘက်သို့ပြောင်းလဲသည့် candlestick တစ်ခု ပေါ်ပေါက်သည့်အခါ (သို့) RSI တန်ဖိုး သုညသို့ရောက်သည့်အခါတွင် ထွက်ခွာရပါမည်။ အချက်ပြမှုသည် မှားယွင်းနေပြီး စျေးနှုန်းသည် ချန်နယ်ထဲသို့ ပြန်ဝင်လာပါက stop loss အလုပ်လုပ်သည်အထိ စောင့်မနေဘဲ ကုန်သွယ်မှုကို ကိုယ်တိုင် ပိတ်သိမ်းပါ။

ဥပမာ။

LiteFinance: Keltner Channel နည်းဗျူဟာ

ဖြစ်စဥ်နှစ်ခုလုံးတွင် ချန်နယ်နယ်နိမိတ် ပျက်သွား၍ RSI မှာ ပင်မcorridorမှ ထွက်ခွာပြီးနောက် နောင်လာမည့် candlestick တွင် ကုန်သွယ်မှုကို ဖွင့်လှစ်ပါ။ သာမန်ရိုးကျနည်းလမ်းတစ်ခုအနေဖြင့် candlestick တစ်ခု၏ ဆန့်ကျင်ဘက်အရောင်ပြီးဆုံးသည့်အခါတွင် ကုန်သွယ်မှုကို ပိတ်သိမ်းပါ၊ ပထမဦးဆုံးဖြစ်စဥ်တွင် အမြတ်မှာ ဝယ်/ရောင်းစျေးကွာဟချက်ကို ထည့်တွက်ထားခြင်းမရှိဘဲ 37 pips ခန့်ရှိပါသည်။ ဒုတိယမြောက်ကုန်သွယ်မှုသည် အမြတ် 26 pips ခန့်ရရှိပါသည်။

တော့ရှယ်ယာအား တနေ့တာ ကုန်သွယ်ခြင်း ဗျူဟာ

အထက်တွင်ဆွေးနွေးခဲ့ပြီးသော ဗျူဟာများသည်လည်း စတော့ရှယ်ယာများကို တစ်နေ့တာ ကုန်သွယ်ခြင်း အတွက် သင့်တော်ပါသည်။ တစ်နေ့တာအတွင်း စတော့ရောင်းဝယ်မှုသည် ပိုမိုရှည်လျားသော လမ်းကြောင်းများနှင့် သတင်းထုတ်ပြန်မှုများကြောင့် စျေးနှုန်းအပေါ် ထိခိုက်လွယ်ခြင်းတို့ ရှိပါသည်။ စတော့များကို ၂၄ နာရီပတ်လုံး အရောင်းအဝယ်မလုပ်ကြောင်း မှတ်သားထားရန် အရေးကြီးပါသည်၊ သို့ဖြစ်၍ နောင်လာမည့်ကုန်သွယ်မှုကို ကွာဟချက်တခုဖြင့် ဖွင့်လှစ်နိုင်သောကြောင့် ကုန်သွယ်ချိန်မပြီးဆုံးမီတွင် ကုန်သွယ်မှုများကို ပိတ်သိမ်းရန် အရေးကြီးပါသည်။ ဤကိစ္စရပ်တွင် ဆုံးရှုံးမှုကန့်သတ်စျေးတန်းများမှာ အလုပ်မဖြစ်ပါ။

ထည့်သွင်းရမည့်အချက်များ:

  • လမ်းကြောင်းနောက်သို့လိုက်သည့်ဗျူဟာ။ စျေးနှုန်းသည် trendline မှ ပြန်တက်လာသည့်အခါ အတည်ပြုထားသည့်လမ်းကြောင်းအတွင်း ကုန်သွယ်မှုကို ဖွင့်လှစ်ပါ။ အတည်ပြုအညွှန်းကိန်းမှာ ၂၄နာရီကာလရှိသော moving average ဖြစ်ပါသည်။ (ယခင်နေ့အတွက် ပျမ်းမျှတန်ဖိုးဖြစ်ပါသည်။)

  • သတ်မှတ်အချိန်ကာလမှာ H1 ဖြစ်ပါသည်။

  • အချက်ပြများကို ရှာဖွေခြင်းသည် ကုန်သွယ်ချိန်အသစ်ဖွင့်လှစ်သည့် အခိုက်အတန့်မှ စတင်ပါသည်။

စျေးနှုန်းသည် trendline မှပြန်ကန်တက်လာသည့်အခါ ကုန်သွယ်မှုကို နောင်လာမည့် candlestick တွင် ဝင်ရောက်ပါ၊ ထို့ပြင် အဆိုပါ candle သည် long/short moving average ၏ အထက်/အောက် အသီးသီးတွင် ပိတ်သွားပါသည်။

အွန်လိုင်းတွင် တစ်နေ့တာအတွင်း စတော့ရှယ်ယာရောင်းဝယ်မှု၏ လက်တွေ့ဥပမာ။

LiteFinance: တော့ရှယ်ယာအား တနေ့တာ ကုန်သွယ်ခြင်း ဗျူဟာ

ကုန်သွယ်ရေးပိုင်ဆိုင်မှုသည် နာရီပိုင်းအချိန်ကာလအတွင်းရှိ NVIDIA ဖြစ်ပါသည်။

စျေးကွက်တွင် ရှင်းလင်းပြတ်သားသော အတက်လမ်းကြောင်းတစ်ခု ရှိပြီး စျေးနှုန်းသည် trend line မှ အပေါ်သို့ ပြန်တက်ပြီး အစိမ်းရောင် candlestick သည် moving average အထက်တွင် ပိတ်သိမ်းခဲ့ပါသည်။ ထိုသည်မှာ ယာယီစျေးကျဆင်းမှုအပြီးနောက် လမ်းကြောင်းဆက်လက်ဖြစ်ပွားမှုမှာ အသေအချာပင်ဖြစ်ပါသည်။ ရှယ်ယာတစ်စောင်လျှင် 199 USD ခန့်စျေးနှုန်းဖြင့် နောင်လာမည့် candlestick တွင် အဝယ်ကုန်သွယ်မှုတစ်ခုကို ကျွန်ုပ်တို့ ဖွင့်လှစ်ပါမည်။ အနည်းဆုံးရည်မှန်းအမြတ်ပစ်မှတ်မှာ နောက်ဆုံးအမြင့်ဆုံးစျေးတန်းတွင် ဖြစ်ပြီး ၎င်းသည် ရှယ်ယာတစ်စောင်လျှင် 205 USD ခန့်နှင့် ညီမျှပါသည်။

အချက်ပြမှုကို အတည်ပြုရေးအတွက် ကျွန်ုပ်တို့သည် နေ့စဥ် chart သို့ရွေ့ပြောင်းပါမည်။

LiteFinance: တော့ရှယ်ယာအား တနေ့တာ ကုန်သွယ်ခြင်း ဗျူဟာ

အနီရောင်နေ့စဥ် candlestick သည် ယာယီစျေးကျဆင်းမှုဖြစ်ကြောင်း ရှင်းလင်းစွာပြသပါသည်။ ကုန်သွယ်ချိန်အသစ်မှအစပြုကာ ကွာဟချက်တစ်ခုတက်လာပြီးနောက်တွင် အစိမ်းရောင် candlestick သည် စတင်ဖြစ်ပေါ်လာပြီး ၎င်းသည် စျေးကွက်မြင့်တက်မှုအနေအထားကို ထပ်မံအတည်ပြုပေးခြင်း ဖြစ်ပါသည်။

ကုန်သွယ်မှုကို နာရီပိုင်း candlestick ပေါ်တွင် ၂၀၂၃ ဖေဖေါ်ဝါရီ ၁ရက်17.00 အချိန်တွင် ဝင်ရောက်ခဲ့ကြောင်း နာရီအလိုက်သတ်မှတ်ကာလအရ ရှင်းလင်းစွာသိရှိရပါသည်။

LiteFinance: တော့ရှယ်ယာအား တနေ့တာ ကုန်သွယ်ခြင်း ဗျူဟာ

၂၀၂၃ ဖေဖေါ်ဝါရီ ၁ ရက်အရ bullish (မြင့်တက်နေသော) candlestick များသည် ရောင်းလိုအားစျေးတန်းကို (ပထမဦးဆုံးအမြတ်ယူစျေးတန်း) ဖောက်ကျော်ပြီးနောက်တွင် ထပ်မံတိုးမြင့်သွားပါသည်။ အထက်ပါ မျက်နှာပြင်ရိုက်ချက်ပုံတွင် မြှားနှစ်ခွသည် အဆိုပါ candlestick နှင့် ကုန်သွယ်မှုဝင်‌ရောက်ရန် စျေးနှုန်းတို့ကို အမှတ်အသားပြုပါသည်။

ကုန်သွယ်မှုမှရရှိသောအမြတ်။ စာချုပ်သတ်မှတ်ချက်အရ အနည်းဆုံးကုန်သွယ်မှုမှာ ရှယ်ယာတစ်စောင်ဖြစ်ပြီး မာဂျင်အချိုး မှာ 2% ဖြစ်၍ ၎င်းမှာ leverage (ချေးငွေအချိုး) 1:50 နှင့်ကိုက်ညီပါသည်။ ဤဗျူဟာတွင် ကုန်သွယ်မှုနေရာတစ်ခုကို ရှယ်ယာတစ်စောင်လျှင် 200 USD စျေးနှုန်းခန့်၊ 20 lots ပမာဏ ဖြင့် ဖွင့်လှစ်ထားပါသည်။ စုစုပေါင်းကုန်သွယ်မှုအရွယ်အစား = 200*20 = 4000 USD။ leverage ကိုထည့်တွက်ပါက 4000/50 = 80 USD မှာကုန်သွယ်မှုတွင် ပါဝင်ပါသည်။ Chart ကို ကနဦးစိစစ်သုံးသပ်မှုအတွက် မိနစ် ၂၀ ကြာမြင့်ခဲ့ပါသည်။ ရလဒ်: ကျွန်ုပ်သည် အချိန်မိနစ် ၂၀ သုံးစွဲကာ အပ်နှံစရံငွေမှ 80 USD ကိုအသုံးပြုခဲ့ပါသည်၊ ထို့နောက် ၅နာရီအတွင်း 160 USD ထက်ပို၍ ဝင်ငွေရရှိခဲ့ပါသည်။ ဤ‌‌အောင်မြင်မှု၏လျှို့ဝှက်ချက်မှာ အညွှန်ကိန်းများအနည်းငယ်သာ အသုံးပြုခြင်း၊ လမ်းကြောင်းအရ ကုန်သွယ်ခြင်း နှင့် ပိုမိုကြာမြင့်သော အချိန်ကာလတစ်ခုကို စိစစ်သုံးသပ်ခြင်းတို့ဖြစ်ပါသည်။

တစ်နေ့တာကုန်သွယ်ခြင်း အကြံပြုချက်များ

ကုန်သွယ်ရေးအယူအဆတိုင်းတွင် တွေ့ရှိနိုင်သည့် စတင်လေ့လာသူများအတွက် အသုံးများသော တစ်ရက်တာကုန်သွယ်ခြင်းအကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • အကြပ်အတည်းအခြေအနေများကိုလည်း ထည့်သွင်းစဥ်းစားထားသည့် ကြိုတင်သတ်မှတ်ထားသော အစီအစဥ်တစ်ရပ်အတိုင်းသာ ဆောင်ရွက်ပါ။

  • သင်အဆုံးအရှုံးခံနိုင်မည့် ငွေကြေးပမာဏဖြင့်သာလျှင် ကုန်သွယ်ပါ။ သို့သော် ထိုသည်မှာ သင်သည် မဆင်မခြင်စွန့်စားရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။

  • အပ်နှံငွေအရ ရောင်းဝယ်မှုအ‌ရေအတွက်၊ စုစုပေါင်းကုန်သွယ်မှုပမာဏ နှင့် ခွင့်ပြုထားသော stop-loss စျေးတန်း စသည်တို့နှင့်သက်ဆိုင်သော စွန့်စားမှုစီမံခန့်ခွဲရေးစည်းမျဥ်းများကို လိုက်နာပါ။

  • အတွေ့အကြုံနှင့် အသိပညာဗဟုသုတကို ရယူပါ။ အညွှန်းအသစ်များကို စမ်းသပ်ကြည့်ပါ၊ Forex စျေးကွက်ကို အလိုလိုခံစားသိရှိရန် လေ့လာသင်ယူပြီး အဓိကစျေးတန်းများနှင့် pattern များကို လျင်မြန်စွာရှာဖွေရန် ကြိုးစားကြည့်ပါ။

  • စွန့်စားမှုများကို အမျိုးမျိုးခွဲဖြာကြည့်ပါ။ ငွေကြေးအတွဲများ၊ စတော့များနှင့် cryptoငွေကြေးများ ကဲ့သို့သော မတူညီသောပိုင်ဆိုင်မှုအမျိုးအစားများဖြင့် လုပ်ဆောင်ကြည့်ပါ။ သတ်မှတ်အချိန်ကာလ အမျိုးမျိုး နှင့် ကွဲပြားခြားနားသော ကုန်သွယ်ဗျူဟာအမျိုးအစားများကို အသုံးပြုပါ။

  • stop loss (ဆုံးရှုံးမှုကန့်သတ်စျေးတန်း) တစ်ခုကို အစဥ်အမြဲအသုံးပြုပါ။

  • စိတ်ခံစားချက်များကို ထိန်းချုပ်ရန် လေ့လာသင်ယူပါ။ တည်ငြိမ်မှု၊ ကျိုးကြောင်းဆီလျော်မှုနှင့် စိတ်ရှည်သည်ခံခြင်းတို့သည် အောင်မြင်သောကုန်သည်တစ်ဦး၏ အဓိကအရည်အသွေးများ ဖြစ်ပါသည်။

ထို့ပြင် တစ်ရက်တာကုန်သွယ်ခြင်းအတွက် ပိုမိုအသုံးဝင်သော အကြံပြုချက်အချို့ ရှိပါသည်။

Trailing stop အသုံးပြုပုံ

Trailing stop တစ်ခုသည် ကြိုတင်ခန့်မှန်းထားသည့် ဦးတည်ချက်စျေးနှုန်းအတိုင်း လိုက်နာ‌သော အော်ဒါတစ်ခု ဖြစ်ပြီး စျေးနှုန်းပြောင်းလဲပါက အမြတ်ရရှိမည်မဟုတ်ပါ။ ၎င်း၏အသုံးပြုပုံဥပမာမှာ:

  • သင်သည် အားကောင်းသောလမ်းကြောင်းတစ်ခုတွင် ကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်ခဲ့၍ သင့်၏ stop ကို အရင်းကြေအဆင့်သို့ ရွေ့ပြောင်းခဲ့ပါသည်၊ ထို့နောက် သင်သည် ကွန်ပျူတာရှေ့မှ အဝေးသို့ ထွက်သွားခဲ့ပါသည်။

  • Trailing stop မထားရှိခြင်း။ စျေးနှုန်းသည် ခန့်မှန်းထားသည့်ဦးတည်ချက်အတိုင်း ရွေ့လျားသွားခဲ့ပြီးနောက်တွင် ဆန့်ကျင်ဘက်လားရာသို့ ပြောင်းလဲခဲ့ပါသည်။ သင်သည် chart အတိုင်း လိုက်နာလုပ်ဆောင်ခဲ့ခြင်း မရှိ၍ ကုန်သွယ်မှုကို အမြတ်မရရှိဘဲ stop loss ဖြင့် ထွက်ခွာခဲ့ရပါသည်။

  • Trailing stop ထားရှိခြင်း။ Trailing stop သည်ခန့်မှန်းထားသည့် စျေးနှုန်းနောက်သို့ လိုက်ပါရွေ့လျားခဲ့ပါသည်။ စျေးနှုန်းမှာ ဆန့်ကျင်ဘက်သို့ ပြောင်းလဲခဲ့ပြီး trailing stop သည်အမြတ်ရရှိမှုနှင့်အတူ ကုန်သွယ်မှုကို ပိတ်သိမ်းခဲ့ပါသည်။

Correlation အသုံးပြုပုံ

နာရီပိုင်းသတ်မှတ်ချိန်ကာလအတွင်း အတည်ပြုချက်ပါရှိသည့် ကောင်းမွန်သောအချက်ပြမှုသည် ပျမ်းမျှအားဖြင့် ၁ရက်မှ ၂ရက်ကြားတစ်ကြိမ် ပေါ်ပေါက်ပါသည်။ ကုန်သွယ်နေရာတစ်ခု၏ ပမာဏတိုးလာခြင်း (သို့) ပိုင်ဆိုင်မှုတစ်ခုတွင် အရောင်းအဝယ်များစွာကို ဖွင့်လှစ်ခြင်းသည် စွန့်စားမှုများလာစေပါသည်။ ၎င်းတို့ကို အားကောင်းသော အလားတူ positive (သို့)ဆန့်ကျင်ဘက် negative ဆက်နွယ်မှုရှိသည့် ပိုင်ဆိုင်မှုများတွင် ကုန်သွယ်နေရာများကို ဖွင့်လှစ်ခြင်းဖြင့် လျော့ချနိုင်ပါသည်။

ကွဲပြားခြားနားသော ကုန်သွယ်ရေးဗျူဟာများကို အသုံးပြုပုံ

ရောင်းဝယ်မှုအကြိမ်ရေနောက်သို့ မလိုက်ဘဲ ၎င်း၏အရည်အသွေးအတွက် ကြိုးပမ်းပါ။ မြန်နှုန်းမြင့် အရောင်းအဝယ်များစွာကို ဖွင့်လှစ်ပေးသောကြောင့် Scalping သည် အမြတ်များစွာရရှိရန် အထောက်အကူဖြစ်သော်လည်း မတူညီသောနည်းဗျူဟာအချို့ နှင့် အချိန်အလိုက်ခွဲခြားထားသည့် အချက်ပြများကိုအသုံးပြုရန်မှာ ပိုမိုသင့်တော်ပါသည်။ ဥပမာအားဖြင့် ကုန်သွယ်ဗျူဟာတစ်မျိုးသည် သင့်အား လန်ဒန်ကုန်သွယ်ချိန်အဖွင့်၌ အမြတ်ရရှိစေပြီး အခြားတစ်ခုမှာ ထိုနေ့လယ်ပိုင်းရှိ အရေးကြီးသတင်းများကို ရရှိစေနိုင်ပါသည်။

ဤချဥ်းကပ်မှုနည်းလမ်းသည် မေးခွန်းများစွာကို ဖြေရှင်းပေးပါသည်။

  • ၎င်းသည် အပ်နှံစရံငွေအပေါ် ဝန်ပိခြင်းမှ လျော့ချပေးပါသည်။ ရောင်းဝယ်မှုများကို မတူညီသောအချိန်ကာလများ၌ ဖွင့်လှစ်ပြီး အပ်ငွေပမာဏနှင့် ကုန်သွယ်မှုအရွယ်အစားတို့၏ အချိုးအစားအရ စွန့်စားမှုစီမံခန့်ခွဲရေးစည်းမျဥ်းများကို လိုက်နာပါသည်။

  • ဝင်ငွေကို တိုးပွားစေပါသည်။ အခြေအနေအရ နည်းဗျူဟာတစ်ခုသည် တစ်ရက်ချင်းစီအတွက် တိကျသောအချက်ပြုမှုကို ပေးစွမ်းပါက ဗျူဟာနှစ်မျိုးသည် အချက်ပြမှုနှစ်ခုကို ထုတ်ပေးပါမည်။

  • ၎င်းသည် ကုန်သည်ထမ်းဆောင်နေရမည့်ဝန်ကို ချိန်ညှိုဆောင်ရွက်ပေးပါသည်။ scalper တစ်ဦးသည် chart ကို မိနစ်တိုင်းလိုလိုစောင့်ကြည့်ရပါသည်။ H1 interval ပေါ်ရှိကုန်သွယ်မှုများကို တစ်နာရီလျှင် မိနစ်အနည်းငယ်လိုက်နာခြင်းသည် လုံ‌လောက်မှုရှိပါသည်။

  • ၎င်းသည် စွန့်စားမှုများကို အမျိုးမျိုးခွဲဖြာပေးပါသည်။ ကုန်သွယ်ဗျူဟာတစ်မျိုးသည် အခြေခံအကြောင်းရင်းများအတွက် အလုပ်မဖြစ်ပါက အခြားတစ်ခုဖြင့် စွမ်းဆောင်နိုင်ပါသည်။

အညွှန်းများ၊ pattern များ၊ စျေးတန်းများ ၊ လှိုင်းများ ၊ သတင်းများစသည့် ပင်မကိရိယာအားလုံးကို နည်းဗျူဟာများထဲတွင် ပေါင်းစပ်ကြည့်ပါ။

နည်းဗျူဟာ မှန်မမှန် စမ်းသပ်စစ်ဆေးခြင်း (Strategy Tester)

နမူနာအကောင့်ပေါ်တွင် ကုန်သွယ်မှုအချို့ကို ဝင်ရောက်စမ်းသပ်ကြည့်ခြင်းသည် လုံလောက်မှုမရှိပါ။ အကောင့်အစစ်တွင် ကုန်သွယ်ခြင်းမတိုင်မီ ဗျူဟာကို စမ်းသပ်၍ အနည်းဆုံးရောင်းဝယ်မှုအကြိမ်ရေ 200-300 အထိဖြင့် ကြာချိန်အနည်းဆုံးတစ်နှစ်ပေါ်တွင် ကောင်းမွန်စွာလုပ်ဆောင်ထားရပါမည်။ ဗျူဟာအရည်အသွေးကို အဆုံးအဖြတ်ပေးသည့် အဓိကအချက်မှာ နောက်ခံရာဇဝင်စစ်ဆေးခြင်း ဖြစ်ပါသည်။ စမ်းသပ်စစ်‌ဆေးမှု၏ နိယာမအချို့မှာ

  • MT4/MT5 ပလက်ဖောင်းများတွင် ထည့်သွင်းထားသော tester များရှိကြပါသည်။ သင်သည် သင့်ကိုယ်ပိုင် tester များ (သို့) အပိုထပ်ထည့်၍ သုံးစွဲနိုင်ပါသည်။ ဥပမာ Forex Simulator (သို့) Fx Blue။

  • ဤဗျူဟာ၏ အဓိကစွမ်းဆောင်မှုအညွှန်းများမှာ: equity တန်ဖိုး (deposit curve)၊ တွက်ချက်မှုအရ မျှော်မှန်းချက်၊ အများဆုံးကျဆင်းမှု၊ ဆုံးရှုံးမှုအများဆုံး ကုန်သွယ်မှုအတွဲများ နှင့် ရောင်းဝယ်မှုများ၏ အမြတ်အရှုံးအချိုး ။

  • အညွှန်းဆက်တင်အမျိုးမျိုးဖြင့် စမ်းသပ်စစ်ဆေးခြင်းကို ရလဒ်အကောင်းဆုံး ရရှိသည်အထိ လုပ်ဆောင်ပါသည်။ ထို့ပြင် အမြတ်ငွေပမာဏသည် ဗျူဟာကောင်းမွန်မှုကို သတ်မှတ်ပေးသည့် စံနှုန်းတစ်ခု မဟုတ်ပါ။ အများဆုံးတန်ဖိုးကျဆင်းမှုနှင့် အရှုံးပေါ်သည့် ရောင်းဝယ်မှုအ‌ရေအတွက်ကို လျော့ချစေရေးအတွက် ၎င်းမှာ နိမ့်ကျသွားနိုင်ပါသည်။

လက်တွေ့အကောင့်အစစ်ပေါ်တွင် ကိန်းဂဏန်းတွက်ချက်မှုဆိုင်ရာရလဒ်များသည် စစ်ဆေးစမ်းသပ်မှု အဖြေထက် 10%-15% ပို၍ ကွဲလွဲနေပါက ကုန်သွယ်မှုကို ဆိုင်းငံ့ရန် နှင့် ပြန်လည်စစ်ဆေးရန် အကြံပြုပါသည်။

လက်ရှိကုန်သွယ်ရေးအပေါ် စိစစ်သုံးသပ်ရန်အတွက် graphs၊ charts နှင့် histograms ပုံစံဖြင့် ကိန်းဂဏန်းအချက်အလက်များအား ပေးစွမ်းနိုင်သည့် MyFxBook ကို သင်အသုံးပြုနိုင်ပါသည်။

နိဂုံးချုပ်

တစ်နေ့တာကုန်သွယ်မှုဗျူဟာများ: ပင်မကောက်နှုတ်ချက်များ။

၁။ တစ်နေ့တာကုန်သွယ်ခြင်းသည် တစ်ရက်အတွင်းရောင်းဝယ်မှု ဖြစ်ပါသည်။ သင်သည် ထိုနေ့ကုန်ဆုံးသည်အထိ သင့်၏ရည်မှန်းပန်းတိုင်သို့ မရောက်ရှိပါက ကုန်သွယ်မှုမှ ထွက်ခွာပါ။ မည်မျှအမြတ်ရရှိစေကာမူ သင်သည် နောက်တစ်နေ့အထိ ၎င်းကို ဖွင့်လှစ်မထားသင့်ပါ။ ညသိပ်ခကုန်ကျစရိတ်အပြင် စျေးကွာဟချက်တစ်ခုဖြင့် စျေးကွက်ဖွင့်သည့်အခါ သင်သည် ငွေဆုံးရှုံးနိုင်ချေ စွန့်စားမှုရှိပါသည်။ အားကောင်းသောလမ်းကြောင်းသည် စံပြုရွေ့လျားမှု၏ တဝက်ထက်ပင် မကျော်လွန်ပါက ၎င်းမှာ ချွင်းချက်တစ်ခု ဖြစ်နိုင်ပါသည်။ ဤဖြစ်ရပ်မျိုးတွင် အမြတ်၏တစိတ်တပိုင်းမှာ ရယူပြီး ဖြစ်၍ ကျန်ရှိသည့်ပမာဏကို stop loss (သို့) trailing stop ဖြင့်သေချာစွာထိန်းသိမ်းထားပါသည်။

၂။ အကောင်းဆုံးသတ်မှတ်အချိန်ကာလမှာ M30-H1 အထိဖြစ်ပါသည်။ candlestick ၆ ခုအတွက် H4 ကြာချိန်တွင် ပြီးပြည့်စုံသော တစ်ရက်တာကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ရန် အချိန်မရရှိနိုင်ပါ။ M5-M15 မှာ scalping အတွက်သတ်မှတ်ချိန်များ ဖြစ်ပြီး ၎င်းသည် ဝါရင့်ကုန်သည်များအတွက် ပိုမိုသင့်တော်ပါသည်။

၃။ သင့်အောင်မြင်မှု၏သော့ချက်မှာ သင့်၏အစီအစဥ်အတိုင်း လိုက်နာလုပ်ဆောင်ခြင်း ဖြစ်ပါသည်။ မည်သည့်ပိုင်ဆိုင်မှု (သို့) နည်းပညာအညွှန်းကို သင်ရွေးချယ်သည်မှာ အရေးမကြီးပါ။ တစ်နေ့တာကုန်သွယ်ရေးတွင် စွဲမက်ဖွယ်ထူးကဲသော ငွေကြေးအတွဲများနှင့် ငွေဖြစ်လွယ်မှုနိမ့်သော စတော့များမှအပ ပိုင်ဆိုင်မှုအားလုံးနီးပါး ပါဝင်ကြသည်။ စွန့်စားမှုစီမံခန့်ခွဲရေးစည်းမျဥ်းများနှင့် ရွေးချယ်ထားသော နည်းဗျူဟာကို လိုက်နာရန် အရေးကြီးပါသည်။

၄။ အလိုက်သင့် ပြောင်းလဲလုပ်ကိုင်နိုင်စွမ်းရှိပါစေ။ စျေးကွက်ကို မထင်မှတ်ဘဲ ထိခိုက်စေသည့် သတင်းများထွက်ရှိလာပါက သင့်၏ကုန်သွယ်မှုများမှ ပိုမိုစောလျင်စွာ ထွက်ခွာပါ။ ဤကဲ့သို့ဖြစ်နိုင်ခြေတစ်ရပ် ရှိပါက သင်သည် stop loss များကို ကိုယ်တိုင်ရွေ့ပြောင်းနိုင်ပါသည်၊ သို့သော် ကုန်သွယ်မှုသည် စျေးယာယီကျဆင်းမှုတွင် ပိတ်သိမ်းခြင်း မဖြစ်စေရန်အလို့ငှာ သင့်တင့်သော အကန့်အသတ်အတွင်း ဖြစ်ရပါသည်၊

၅။ ဤနည်းဗျူဟာ tester သည် သင့်၏အဓိကအထောက်အကူပစ္စည်း ဖြစ်ပါသည်။ နည်းဗျူဟာတိုင်းကို အနည်းဆုံးကြာချိန်သက်တမ်း တစ်နှစ် (သို့) အနည်းဆုံးကုန်သွယ်မှု 200-300 ခုဖြင့် tester တွင် ပထမဦးစွာ စမ်းသပ်ရပါမည်။ နောက်ခံရာဇဝင်စစ်ဆေးမှုနှင့် ကိန်းဂဏန်းဆိုင်ရာတွက်ချက်မှု၏ နှိုင်းယှဥ်ရလဒ်များသည် အမြတ်ရရှိနိုင်ချေနှင် စွန့်စားမှုအရ ကုန်သွယ်ရေးဗျူဟာများကို အကဲဖြတ်ရန်အတွက် သင့်အား ကူညီပေးပါလိမ့်မည်။

၆။ အကောင်းဆုံးနည်းဗျူဟာမှာ သင်သုံးစွဲရအဆင်ပြေသောဗျူဟာ ဖြစ်ပါသည်။ ကနဦးအဆင့်တွင် အကျိုးအမြတ်နောက်သို့ မလိုက်ပါနဲ့။ သင့်၏တာဝန်မှာ စွန့်စားမှုများ အနည်းဆုံးသို့လျော့ချရန်နှင့် စျေးကွက်ကို နားလည်ရေးအတွက် လေ့လာသင်ယူရန် ဖြစ်ပါသည်။

သင့်ကိုယ်သင် ယုံကြည်ပါ၊ အတွေ့အကြုံရယူပါ၊ ထို့နောက် သင်သည် မုချအောင်မြင်ပါလိမ့်မည်။ သင့်တွင် မေးခွန်းများရှိပါက ကွန်မန့်ထဲတွင် လွတ်လပ်စွာရေးသားနိုင်ပါသည်။ ဝမ်းမြောက်ဝမ်းသာဖြင့် ဖြေကြားပေးပါမည်။

တစ်နေ့တာကုန်သွယ်မှုဗျူဟာများ၏ မေးလေ့ရှိသော မေးခွန်းများ

တစ်နေ့တာကုန်သွယ်ဗျူဟာများသည် ကုန်သွယ်နေ့တစ်နေ့အတွင်း ရောင်းဝယ်မှုများကို အပြီးတိုင်ဆောင်ရွက်ခြင်းမျိုး ဖြစ်ပါသည်။ စျေးကွက်အတွင်း ကုန်သွယ်မှုတစ်နေရာကို ကိုင်ဆောင်ထားသည့် အကြာရှည်ဆုံးကာလမှာ ၂၄ နာရီအထိ ဖြစ်ပါသည်။အရောင်းအဝယ်များကို မိနစ်အနည်းငယ်မှ နာရီများစွာအထိ ဖွင့်လှစ်နိုင်ပါသည်၊ သို့သော် ညသိပ်ခအတွက် ငွေကုန်ကြေးကျ သက်သာစေရန်အတွက် ၎င်းတို့ကို ကုန်သွယ်မှုတစ်နေ့တာ မကုန်ဆုံးမီတွင် ပိတ်သိမ်းရပါမည်။

တစ်နေ့တာကုန်သွယ်ဗျူဟာများထဲတွင် စွန့်စားမှုအတိုင်းအတာကို ကန့်သတ်ပေးသည့် စွန့်စားမှုစီမံခန့်ခွဲ‌ရေးစည်းမျဥ်းတစ်ခု ရှိပါသည်၊ သင်သည် ကုန်သွယ်မှုတစ်ကြိမ်လျှင် သင့်၏အပ်ငွေ1% ထက်ပို၍ မည်သည့်အခါမှ မစွန့်စားသင့်ပါ။ ဥပမာ- သင့်တွင် စရံအပ်ငွေလက်ကျန် 1000 USD ရှိပါသည်။ 1% စည်းမျဥ်း၏ ဆိုလိုရင်းမှာ

  • သင်သည် leverage ကို အသုံးမပြုပါက ရောင်းဝယ်မှု၏ တန်ဖိုးပမာဏသည် 10 USD ထက်မကျော်သင့်ပါ။ 
  • ချေးငွေအချိုးကို သုံးစွဲသည့်အခါ ကုန်သွယ်မှုပမာဏတန်ဖိုးသည် 10 USD ထက် ကျော်လွန်နိုင်ပါသည်၊ သို့သော် ဖြစ်နိုင်ချေဆုံးရှုံးမှုသည် 10 USD ကို မကျော်လွန်စေရန် အလို့ငှါ stop loss ကိုသတ်မှတ်ရပါသည်။
စွန့်စားမှုတွက်ချက်ခြင်း နည်းလမ်းများထဲမှ မည်သည်ကို သုံးစွဲရမည်မှာ သင့်ရွေးချယ်မှု ဖြစ်ပါသည်။ စိတ်ခံစားချက်အရ သင့်လက်ခံလိုသည့် စွန့်စားမှုအတိုင်းအတာပေါ်တွင် မူတည်ကာ 1% တန်ဖိုးကို သင်ချိန်ညှိုနိုင်ပါသည်။

စွန့်စားမှုစီမံခန့်ခွဲရေးတွင် အဓိကအတိုင်းအတာသုံးခု ရှိပါသည်။

  • အပ်နှံစရံငွေနှင့် နှိုင်းဆကာ ရောင်းဝယ်မှုတစ်ခု၏ အများဆုံးတန်ဖိုးပမာဏ။ 1% ထက်မပိုရန် အကြံပြုပါသည်။ 
  • အပ်နှံစရံငွေနှင့် နှိုင်းဆကာ ဖွင့်လှစ်ထားသော ကုန်သွယ်မှုစုစုပေါင်း၏ အများဆုံးတန်ဖိုးပမာဏ။ 5% ထက်မပိုရန် အကြံပြုပါသည်။
  • ကုန်သွယ်မှုအားလုံးပေါ်တွင် ခွင့်ပြုထားသော အများဆုံးဆုံးရှုံးမှု။ ၎င်းကို pips တွင် stops ၏အရှည်အကွာအဝေးဖြင့် ဆုံးဖြတ်ပါသည်။ pipတစ်ခု၏ တန်ဖိုးသည် ကုန်သွယ်မှုနေရာ၏ အရွယ်အစားအပေါ် မူတည်ပါသည်။ 15% ထက်မကျော်လွန်ရန် အကြံပြုပါသည်။
ဤတိုင်းတာချက်များသည် တစ်နေ့တာကုန်သွယ်ဗျူဟာများအတွက် သင့်တော်ပါသည်၊ သို့သော် ၎င်းတို့ကို သင့်စိတ်ကြိုက်ချိန်ညှိုနိုင်ပါသည်။ ဥပမာအားဖြင့် testing ရလဒ်များအရ အမြင့်မားဆုံး တန်ဖိုးကျဆင်းမှုသည် သေးငယ်ပါက စွန့်စားမှုအတိုင်းအတာ (ခွင့်ပြုထားသော အများဆုံးဆုံးရှုံးမှု) ကိုတိုးမြင့်နိုင်ပါသည်။

အမြတ်အများဆုံးရရှိနိုင်သည့် day trading ဗျူဟာများထဲတွင် swing trading နှင့် intra-channel trading တို့ပါရှိကြသည်။ ဤဗျူဟာများသည် စျေးနှုန်းအထက်နှင့်အောက် ရွေ့လျားမှုနှစ်မျိုးလုံးတွင် သင့်အား ဝင်ငွေရရှိစေနိုင်ပါသည်။ သို့သော် scalping နှင့်မတူဘဲ ၎င်းတို့တွင် မှားယွင်းသော အချက်ပြမှုများ ပိုမိုနည်းပါးပါသည်၊ ထိုသည်မှာ အမြတ်ရရှိနိုင်ချေ ပို၍များကြောင်း ဆိုလိုပါသည်။

EURUSD အတွဲအတွက် အနည်းဆုံးခွင့်ပြုထားသော ငွေကြေးပမာဏတန်ဖိုး0.01 lots တွင် pip တန်ဖိုးမှာ 0.1 USD ဖြစ်ပါသည်။ ငွေကြေးတစ်တွဲ၏ ပျမ်းမျှနေ့စဥ်မတည်ငြိမ်မှုမှာ 80-100 pips ဖြစ်ပါသည်။ သင့်တွင် ရွေးချယ်မှုအချို့ ရှိပါသည်။

  • ဖွင့်လှစ်ထားသောကုန်သွယ်မှုများ၏ ပမာဏကို ၁၀ ဆ ထက်ပို၍ မြှင့်တင်ပါ။
  • တစ်ရက်အတွင်း ကုန်သွယ်မှုနေရာများစွာ ဆက်တိုက်ဖွင့်လှစ်ခြင်းဖြင့် ဦးတည်ချက်နှစ်ဖက်လုံးတွင် ရွေ့လျားမှုများကို ဖမ်းယူပါ။
  • ငွေကြေးအတွဲများထက် မတည်ငြိမ်မှုသာလွန်မြင့်မားသည့် cryptငွေကြေးများအတွင်းရှိ ကုန်သွယ်မှုများကို ဝင်‌ရောက်ပါ။
ဝယ်ရောင်းစျေးကွာဟချက်၏ ကုန်ကျစရိတ်နှင့် မအောင်မြင်သောရောင်းဝယ်မှုများတွင်  ဆုံးရှုံးနိုင်ချေတို့ကို ထည့်သွင်းတွက်ချက်ပါ။

အများအားဖြင့် ကုန်သည်များသည် M30 နှင့် H1 သတ်မှတ်ချိန်များကို အသုံးပြုကြပါသည်။ H4 သည် ရေရှည်ကာလ Forex နည်းဗျူဟာများအတွက် ရည်ညွှန်းပြီး ၎င်းကို တစ်ရက်တာကုန်သွယ်ခြင်းတွင် စျေးကွက်စိစစ်သုံးသပ်ရေးအတွက်သာ အသုံးပြုပါသည်။ M5-M15 ကြားကာလများကိုလည်း အသုံးပြုကြပါသည်၊ သို့သော် ထိုကဲ့သို့ကာလအပိုင်းအခြားတစ်ခုပေါ်ရှိ နည်းဗျူဟာများသည် စွန့်စားမှုများပြားသော ကုန်သွယ်ရေးစနစ်များဖြစ်ကြပါသည်။ M1 အချိန်ကာလကို အကြံမပြုလိုပါ။

စတင်လေ့လာသူများအတွက် တစ်နေ့တာ ကုန်သွယ် ခြင်း ၏ အကောင်းဆုံးနည်းဗျူဟာများ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat