အောင်မြင်သောကုန်သွယ်ရေးအတွက် အရေးပါသောအချက်များအနက် အရေးပါသော support နှင့် resistance levels များနှင့် လမ်းကြောင်းတခုလုံး နောက်ကြောင်းပြန်လှည့်နိုင်သော pivot points များကို ခွဲခြားသိရှိနိုင်စွမ်းသည်လည်း တခုအပါအဝင်ဖြစ်သည်။ အရေးကြီးသော စိတ်ပညာဆိုင်ရာ levels များကို တွက်ချက်ရန်အတွက် ကောင်းမွန်သောနည်းလမ်းတခုမှာ Pivot Points indicator ပင်ဖြစ်သည်။ Setting များတွင် သတ်မှတ်ထားသော Pivot Point နေရာချထားခြင်းနည်းလမ်းအပေါ်မူတည်၍ indicator သည် (အများဆုံးတန်ဖိုး) High၊ (အနည်းဆုံးတန်ဖိုး) Low နှင့် အပိတ်ဈေးနှုန်း တို့၌ Support နှင့် Resistance levels များစွာကို အလိုအလျောက်ရေးဆွဲပေးပါသည်။ ဆက်လက်ဖတ်ရှုခြင်းအားဖြင့် Pivot Point level များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ Pivot Points indicator အကြောင်း၊ pivot point နေရာချထားခြင်းနိယာမနှင့် Pivot Points indicator အပေါ်အခြေခံသော ကုန်သွယ်ရေးနည်းစနစ်များအကြောင်း စသည်တို့ကို လေ့လာသိရှိရပါလိမ့်မည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Pivot Points ဆိုသည်မှာ အဘယ်နည်း။
- Pivot Points အမျိုးအစားများ
- Forex ကုန်သွယ်ရေးတွင် pivot points များကို အသုံးပြုခြင်း
- Pivot Points indicator ကို MT4 တွင် မည်သို့ ပေါင်းထည့်ရ မည်နည်း။
- LiteFinance ပလက်ဖောင်း တွင် Pivot Points အား မည်သို့ အသုံးပြုရမည်နည်း။
- Pivot point ကုန်သွယ်ရေးနည်းဗျူဟာများ
- Pivot point ဖော်မြူလာ — indicator ကို မည်သို့ တွက်ချက်ရမည်နည်း။
- Pivot Points များမှတဆင့် မည်သည်တို့ကို သိရှိ နိုင်ပါသနည်း။
- Pivot Points များ၏ အားသာချက်များနှင့် အားနည်းချက် များ
- Support & Resistance Levels
- Pivot points အကြောင်း အဓိက မှတ်သားဖွယ်ရာများ
- Pivot Point ကုန်သွယ်ရေး အကျဉ်းချုပ်
- Pivot Points အမေး၊ အဖြေများ
Pivot Points ဆိုသည်မှာ အဘယ်နည်း။
Pivot point ဆိုသည်မှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့် pivot point level များအကြောင်းကို ဦးစွာ ရှင်းပြပါရစေ။ Pivot ဆိုသည်မှာ ပြင်သစ်ဘာသာမှ ငှားရမ်းသုံးစွဲပြီး၊ အင်္ဂလိပ်သဒ္ဒါနည်းကျ တဖြည်းဖြည်းပြောင်းလဲလာသော စကားလုံးဖြစ်၍ မူရင်းအဓိပ္ပါယ်မှာ “အလှည့်တခု” ဖြစ်ပါသည်။ Pivot point သို့မဟုတ် level များသည် ထိုအမှတ်ကိုဗဟိုပြု၍ ဈေးနှုန်းခုန်တက်လေ့ရှိသော သို့မဟုတ် ဆန့်ကျင်ဘက်သို့ပြန်လှည့်လေ့ရှိသော ဗဟိုချက်တခုဖြစ်ပါသည်။ အခြားတနည်းဖြင့် ရှင်းပြရလျှင် Pivot ဆိုသည်မှာ အတက်လမ်းကြောင်းမှ အကျလမ်းကြောင်း သို့မဟုတ် အကျလမ်းကြောင်းမှ အတက်လမ်းကြောင်းအဖြစ်ပြောင်းလဲတတ်သော level တခုဖြစ်ပါသည်။
ဤ indicator ကို အောက်ပါကုန်သည်များ အသုံးပြုသင့်ပါသည်။
Support နှင့် Resistance levels များအပေါ်မူတည်၍ အဝင်၊ အထွက်ပွိုင့်များကို ဆုံးဖြတ်သူများ။
Stop loss နှင့် Take profit တို့၏ အကွာအဝေးကို တွက်ချက်ရသော နည်းလမ်းကို ရွေးချယ်ကြသူများ။
ကုန်သွယ်ရေးဘောင်တခုအတွင်း ကုန်သွယ်ရသော နည်းဗျူဟာများကို အသုံးပြုကြသူများ။
အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးများ (highs and lows) အပေါ်မူတည်၍ Forex pivot points များ ရေးဆွဲခြင်းစည်းမျဉ်းများသည် တဦးနှင့်တဦး ကွဲပြားနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ သင်သည် တိကျသောသင်္ချာတွက်နည်းတခုနှင့်အညီ တည်ဆောက်ထားသော ရေပြင်ညီ levels များကို အသုံးပြုပါက၊ ရှင်းလင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော အထောက်အကူကိရိယာတခုကို ရရှိလိမ့်မည်ဖြစ်သည်။ ထိုအရာသည် Pivot မျဉ်းများပင် ဖြစ်ပါသည်။
Pivot Points အမျိုးအစားများ
Stock pivot points များကို စီစဉ်သတ်မှတ်ခြင်းအတွက် ရှေးရိုးစွဲဖော်မြူလာတွင် candlestick ၏ အမြင့်ဆုံး၊ အနိမ့်ဆုံးနှင့် အပိတ်ဈေးတန်းများဟူသော — ဈေးနှုန်းအမျိုးအစားသုံးခု၏ ပျမ်းမျှခြင်းအပေါ် အခြေခံထားသော pivot points ကုန်သွယ်ရေးနည်းဗျူဟာကို အသုံးပြုခြင်းပါဝင်ပါသည်။ ရှေးရိုးစွဲဖော်မြူလာနှင့် အခြား pivot points ဖော်မြူလာများ၏ ခြားနားချက်မှာ ရေးဆွဲသောမျဉ်းအရေအတွက်၊ အပိုဆောင်း ပြင်ဆင်မှု အချက်အလက်များ အသုံးပြုမှု၊ ပမာဏဆိုင်ရာ အချက်အလက်များဖြစ်သည်။
1. သမာရိုးကျ pivot point တွက်ချက်နည်းဖော်မြူလာ - Pivot Points များ၏ ရေပြင်ညီ မျဉ်းခြောက်ကြောင်းကို တွက်ချက်ရန် လိုအပ်ပါသည် - Resistance level သုံးခု (R1 မှ R3) နှင့် Pivot Support level သုံးခု (S1-S3) တို့ဖြစ်ကြသည်။ အလယ်ဗဟိုကျသော stock Pivot point သည် ဈေးနှုန်းအမျိုးအစားသုံးခု၏ ပျမ်းမျှသင်္ချာကိန်းဖြစ်သည်။
Pivot = (Max + Min + Close)/3
R1 = Pivot + (Pivot - Min)
R2 = Pivot + (Max - Min)
R3 = Max + 2*(Pivot - Min)
S1 = Pivot - (Max - Pivot)
S2 = Pivot - (Max - Min)
S3 = Min - 2*(Max - Pivot)
Max နှင့် Min အမှန်တကယ်ရှိသော အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးများဖြစ်ကြ၍ Close သည် အပိတ်ဈေးနှုန်းဖြစ်သည်။
2. Fibonacci pivot points. မူလကြမ်းခင်း (Pivot Point) မှ ခွဲထွက်လာသော level များကို တွက်ချက်ရာတွင် Fibonacci အချိုးများကို အသုံးပြုပါသည်။ ကြမ်းခင်း pivot မျဉ်းကို တွက်ချက်သောဖော်မြူလာသည် သမာရိုးကျ pivot ဖော်မြူလာနှင့် အတူတူပင်ဖြစ်ပါသည်။
Pivot = (Max + Min + Close)/3
R1 = Pivot + (R*0,382)
R2 = Pivot + (R*0,618)
R3 = Pivot + (R*1,00)
R4 = Pivot + (R*1,618)
S1 = Pivot - (R*0,382)
S2 = Pivot - (R*0,618)
S3 = Pivot - (R*1,00)
S4 = Pivot - (R*1,618)
R = Max - Min
3. The Camarilla pivot point. ဤဖော်မြူလာတွင် Support level လေးခုနှင့် Resistance level လေးခု ပါဝင်ပါသည်။ တွက်ချက်မှုတွင် အချိုးများပါဝင်ပြီး၊ ထို့ကြောင့်ပင် ဈေးနှုန်းသည် level များကို ပို၍မကြာခဏ ထိတွေ့ပါသည်။ သို့ဖြစ်၍ Camarilla pivot points များအား Scalping နှင့် ကာလတို Forex ကုန်သည်များအတွက် ပိုမို၍ အကြံပြုလေ့ရှိကြသည်။
R1 = (Max - Min)*1,1/12 + Close
R2 = (Max - Min)*1,1/6 + Close
R3 = (Max - Min)*1,1/4 + Close
R4 = (Max - Min)*1,1/2 + Close
S1 = Close - (Max - Min)*1,1/12
S2 = Close - (Max - Min)*1,1/6
S3 = Close - (Max - Min)*1,1/4
S4 = Close - (Max - Min)*1,1/2
4. Woodie’s pivot points. ဤတွက်ချက်မှုဖော်မြူလာသည် ပုံမှန် pivot point များနှင့် တူညီပါသည်။ သို့သော် ပုံမှန် pivot point တွက်ချက်စက်များသည် level ခြောက်ခုအစား လေးခုကို အသုံးပြုကြသည်။ ထို့အပြင် Woodie’s pivot points သည် အခြားသော pivot များနှင့် ကွဲပြားသောအချက်မှာ ၎င်းသည် အခြားသော အမျိုးအစားကွဲများထက် လတ်တလောဈေးနှုန်းအချက်အလက်အပေါ် အချိန်အဆပိုမို၍ ထည့်သွင်းတွက်ချက်ရခြင်း ဖြစ်ပါသည်။
Pivot = (Max + Min + 2*Close)/4
R1 = Pivot + (Pivot - Min)
R2 = Pivot + (Max - Min)
S1 = Pivot - (Max - Pivot)
S2 = Pivot - (Max - Min)
5. DeMark Pivot points. Demark pivots များသည် Upper Resistance level နှင့် Lower Support မျဉ်းကိုသာ တွက်ချက်ပါသည်။ Pivot Point သို့ချဉ်းကပ်ပုံနှင့် အခြေခံ level အား တွက်ချက်ပုံ တို့သည်လည်း ကွဲပြားပါသည်။
ကယ်၍ အပိတ်ဈေးသည် အဖွင့်ဈေးထက် ပိုနိမ့်ပါက၊ Pivot = Max + 2*Min + Close
အကယ်၍ အပိတ်ဈေးသည် အဖွင့်ဈေးထက် ပိုမြင့်ပါက၊ Pivot = 2*Max + Min + Close
အကယ်၍ အပိတ်ဈေး နှင့် အဖွင့်ဈေး တူညီပါက၊ Pivot = Max + Min + 2*Close
S1 = Pivot/2 - Min
R1 = Pivot/2 + Max
အကောင်းဆုံး Indicator ဟူ၍ တခုတည်းကို ရွေးထုတ်သတ်မှတ်မရနိုင်ပါ။ တွက်ချက်မှုတခုစီသည် သင့်တော်သော အခြေအနေနှင့် သင့်တော်သော ကုန်သွယ်ရေးပစ္စည်းအမျိုးအစားအပေါ်မူတည်၍ အကောင်းဆုံး ဖြစ်နိုင်ပါသည်။ သင်၏ကုန်သွယ်ရေးနည်းဗျူဟာကို စမ်းသပ်ခြင်းအားဖြင့်သာလျှင် သင့်တော်သော Pivot တွက်ချက်နည်းကို သတ်မှတ်နိုင်လိမ့်မည် ဖြစ်ပါသည်။
Forex ကုန်သွယ်ရေးတွင် pivot points များကို အသုံးပြုခြင်း
Forex Pivot Points indicator သည် အောက်ပါ ရေပြင်ညီ level များကို တည်ဆောက်ပါသည်။
P (PP) – the Pivot level
S – the Support level
R – the Resistance level
Forex ဈေးကွက်အခြေအနေအား ယခုကဲ့သို့ ယူဆလေ့ရှိကြသည် — Candlestick ၏အဖွင့်သည် P points များ၏ အောက်တွင် စတင်ပြီး ဈေးနှုန်းမြင့်တက်လာမည်၊ R1 ပွိုင့်တွင် အနည်းငယ် နှေးကွေး ကျဆင်းမည်၊ ထိုမှတဆင့် R2 ပွိုင့်သို့ တဖြည်းဖြည်းရောက်ရှိလာမည်၊ ထို့နောက် နောက်သို့ ပြန်လှည့်မည်။
Pivot Points ကုန်သွယ်ရေးနည်းဗျူဟာ၏ အခြေခံအယူအဆမှာ စျေးနှုန်းလုပ်ဆောင်ချက်သည် ယခင်ရှိနှင့်သော ကုန်သွယ်ရေးဘောင်အား ကျော်လွန်သွားခြင်းထက် ယခင်ကုန်သွယ်ရက်၏ အပိတ်ဈေး အနီးသို့သာ ပို၍မကြာခဏပြန်လှည့်လေ့ရှိသည်ဆိုသော အချက်ပင်ဖြစ်သည်။ ထို့ကြောင့် indicator ဆက်တင်တွင် D1 အချိန်ဘောင်ကို ရွေးချယ်သတ်မှတ်ရန် အကြုံပြုလိုပါသည်။ ဆိုလိုသည်မှာ နောက်လာမည့်ကုန်သွယ်ရက်အတွက် level များကို ယခင်ကုန်သွယ်ရက်၏ အပိတ် candlestick အပေါ်အခြေခံ၍ တွက်ချက်လိမ့်မည်ဖြစ်သည်။
Indicator ဆက်တင်အတွင်း နေ့စဉ်အချိန်ဘောင်ကို သတ်မှတ်ထားကြောင်း အထက်ပါပုံတွင် ရှင်းလင်းစွာ တွေ့မြင်ရပါသည်။ ဇယား၏အချိန်ဘောင်မှာ H1 ဖြစ်ပါသည်။ ဆိုလိုသည်မှာ indicator သည် ၂၄ နာရီတကြိမ် ရေပြင်ညီ level အသစ်များကို ရေးဆွဲလိမ့်မည်ဖြစ်သည်။ အကယ်၍ ဇယားတွင် H4 ကိုသတ်မှတ်ထားပါက level များကို ၆ နာရီတကြိမ် အသစ်ပြင်ဆင်ရေးဆွဲပြီး၊ D1 အချိန်ဘောင်ကို ရွေးချယ်ပါက levels များကို ရေးဆွဲမည်မဟုတ်ပါ။
နည်းပညာပိုင်းဆိုင်ရာ Pivot Point technical indicator ၏ အချက်ပြမှုများ -
ဈေးနှုန်းလှုပ်ရှားမှု၏ လတ်တလော အမြင့်ဆုံးနှင့် အနိမ့်ဆုံးများသည် R1 and S1 point များကြားတွင် ရှိပြီး၊ Forex ဈေးကွက်သည် ဦးတည်ရာနှစ်ဖက်စလုံးတွင် pivot point ကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်သွားသည်။ ဤအချက်ပြမှုများသည် ဈေးကွက်၏ ဘေးတိုက် ကုန်သွယ်ရေးအခြအနေကို ညွှန်ပြပါသည်။
ဈေးနှုန်းလှုပ်ရှားမှုသည် S3 သို့မဟုတ် R3 ပွိုင့်များကို ဖောက်ထွက်သွားသည် — ဈေးကွက်အတွင်း အားကောင်းသော အကျ သို့မဟုတ် အတက်လမ်းကြောင်းတခု ရှိနေပါသည်။
အတက်လမ်းကြောင်းတွင် ယာယီဆန့်ကျင်မှုတခု၏နောက်၌ ဈေးနှုန်းသည် resistance R ဆီသို့ အလျင်စလိုရွေ့လျားကာ အထက်သို့ဖောက်ထွက်သွားသည်။ ဤသည်မှာ လမ်းကြောင်း ရှေ့ဆက်မည့် အချက်ပြမှုဖြစ်ပြီး၊ အဝယ်ကုန်သွယ်မှုကို ဖွင့်နိုင်ပါသည်။ အကျလမ်းကြောင်းတွင် support level S ကို ဖောက်ထွက်သွားသောအခါ ထိုအခြေအနေတွင် အရောင်းကုန်သွယ်မှုဖွင့်ရန် သင့်လျော်ပါသည်။
Pivot Points အသုံးပြုထားသည့် ကုန်သွယ်မှုဗျူဟာတစ်ခု၏ ဥပမာ။
1 – ပထမဆုံးပေါ်ပေါက်လာသော အစိမ်းရောင် candlestick သည် P level သို့ ရောက်လုရောက်ခင် ဖြစ်သည်။ ဒုတိယပေါ်ပေါက်လာသော candle သည် P ၏ အထက်တွင် ပိတ်သိမ်းသည်။ ဈေးနှုန်းသည် R1 level အား ဖောက်ထွက်ခြင်း မရှိသေးသောကြောင့် လမ်းကြောင်းတခုကို ကောက်ချက်ချရန် စောလွန်း နေပါသည်။
2 – ဈေးနှုန်းသည် ခုန်တက်ကာ S1 level အား ဖောက်ထွက်သွားသည်။ Take Profit ကို S2 တွင် သတ်မှတ်၍ အဝယ်ကုန်သွယ်မှုကို ဖွင့်နိုင်ပါသည်။ ဈေးနှုန်းသည် S2 ကိုဖောက်ထွက်ပြီး၊ S1 ဆီသို့ ပြန်လည်ပြင်ဆင်သည်။ အတက်လမ်းကြောင်း ရှေ့ဆက်နိုင်ခြေရှိသောကြောင့် အချက်ပြမှုတခုကို စောင့်ပါ။
3 – Pin bar တခုပေါ်ပေါက်လာသည်။ ၎င်းသည် ဆန့်ကျင်ဘက်အချက်ပြပုံစံဖြစ်သည်။ ထို့ကြောင့် အရောင်းကုန်သွယ်မှုကို ဖွင့်နိုင်ပါသည်။ Take Profit အား S1 နှင့် S2 တွင် ထားရှိပါ။
4 – Pin bar နှင့် Doji သဏ္ဍာန်ရှိသော candlestick တခု ပေါ်ပေါက်လာသည်။ Take Profit အား S1 သို့မဟုတ် S2 တွင်ထား၍ အရောင်းကုန်သွယ်မှုဖွင့်ရန် အချိန်ဖြစ်သည်။
5 – ဈေးနှုန်းသည် ရေပြင်ညီ level ကို ထိတွေ့ပြီးနောက်တွင် ဆန့်ကျင်ဘက် ကျဆင်းမှုတခု ဖြစ်ပေါ်လာသည်။
6 – ဈေးနှုန်းသည် level ကို ထိတွေ့ပြီးနောက်တွင် ဆန့်ကျင်ဘက်အတက်တခု ဖြစ်ပေါ်လာသည်။
Pivot Points indicator ကို MT4 တွင် မည်သို့ ပေါင်းထည့်ရ မည်နည်း။
Pivot Points indicator သည် MT4၏ စံသတ်မှတ်ထားသော indicator စာရင်းတွင် မပါဝင်ပါ။ ၎င်း၏ တပ်ဆင်မှုဖိုင်အား အင်တာနက်မှတဆင့် ဒေါင်းလုပ်ဒ်ပြုလုပ်ရယူပြီးသည့်နောက်၊ ပလက်ဖောင်းပေါ်သို့ ထည့်သွင်းနိုင်ပါသည်။
1. Google search တွင် “download pivot points indicator MT4”ဟု ရိုက်ထည့်ပါ။
မတူညီသော ဝဘ်ဆိုဒ်များတွင် ဗားရှင်းအမျိုးမျိုးကွဲပြားနိုင်ပါသည်။ ဗားရှင်းများစွာကို ဒေါင်းလုပ်ဒ် ပြုလုပ်၍ သင့်တော်မှုအရှိဆုံးတခုကို ရွေးချယ်နိုင်ပါသည်။
ရင်းနှီးမြှုပ်နှံမှုဘလော့ဂ်များ၊ နောက်ဆုံးပေါ်အချက်အလက်များပါဝင်သည့် ဆိုဒ်များနှင့် အရင်းအမြစ်အမှတ်တံဆိပ်များစွာတို့အား ဦးစားပေးအဖြစ် ရွေးချယ်နိုင်ပါသည်။ ဤနည်းအားဖြင့် လည်ပတ်သောဖိုင်တွင် ဗိုင်းရပ်စ်ပါဝင်နိုင်ခြေကို လျှော့ချနိုင်ပါသည်။
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထည့်သွင်းခိုင်းပါက ဖိုင်ကို ဒေါင်းလုဒ်မလုပ်ပါနှင့်။
ဒေါင်းလုဒ်လုပ်ထားသော indicator ဖိုင်၏ နောက်ဆက်တွဲဖော်ပြချက်မှာ .ex4 ဖြစ်သည်။
2. သင်၏ MT4 သို့သွားပါ။ “File” ကိုဖွင့်ပါ၊ ထို့နောက် “Open Data Folder” ပေါ်တွင်ကလစ်နှိပ်ပါ။
“MQL4/Indicators” လမ်းညွှန်ကိုဖွင့်ပါ။ indicator ဖိုင်အား “Indicators” ဖိုင်တွဲအတွင်းသို့ ကူးထည့်ပါ။
3. MT4 အား စတင်လည်ပတ်ပါ သို့မဟုတ် အသစ်မှပြန်စပါ။ Indicator ကိုရှာဖွေရန် “Insert/Indicators/Custom” စသဖြင့် အဆင့်ဆင့်သွားပါ။
Indicator settings:
တွက်ချက်မှုငါးခုမှ တခု၊ level များ၏ အရေအတွက်၊ အချိန်အပိုင်းအခြား၊ တွက်ချက်မှုကာလ အစရှိသည်တို့အား ရွေးချယ်နိုင်ပါသည်။
LiteFinance ပလက်ဖောင်း တွင် Pivot Points အား မည်သို့ အသုံးပြုရမည်နည်း။
MetaTrader ကဲ့သို့မဟုတ်ပဲ၊ LiteFinance တာမီနယ်၏ စံသတ်မှတ်ထားသော indicators များစာရင်းတွင် Pivot Points များပါဝင်ပြီးသား ဖြစ်ပါသည်။
1. တာမီနယ်ကိုလည်ပတ်ပါ။ အကယ်၍ သင်သည် မှတ်ပုံတင်စာရင်းပေးသွင်းခြင်း မပြုလုပ်ရသေးပါက၊ ဒီမိုအကောင့်တခုတွင် မှတ်ပုံတင်စာရင်းသွင်းရန်မလိုပဲ ဤ indicator ဖြင့် ကုန်သွယ်ရေးကို စမ်းသပ် နိုင်ပါသည်။ ဝဘ်ဆိုဒ်၏ ပင်မစာမျက်နှာတွင် ထိပ်ဆုံးမီနူးမှ “စတင်လေ့လာသူများ အတွက်/ ဒီမိုအကောင့်တခုဖွင့်ပါ” ကိုနှိပ်ပါ။
2. နှစ်သက်ရာကုန်သွယ်ရေးပစ္စည်း၏ ကုန်သွယ်ရေးဇယားကိုဖွင့်၍ “Indicators” ခလုပ်ကို နှိပ်ပါ။
ဖော်ပြစာရင်းတွင် Pivot Points အမည်ဖြင့် ကိရိယာနှစ်ခု ရှိနေပါလိမ့်မည်။
Pivot Points High/Low။ ဤ indicator သည် ဈေးနှုန်းလှုပ်ရှားမှု ၏ အစွန်းများကို မှတ်သား၍ လတ်တလော High/Low(အမြင့်ဆုံး/အနိမ့်ဆုံး) တန်ဖိုးများကို ပြသပါသည်။ ဆက်တင်များတွင် တွက်ချက်မှုကာလကို သင်ကိုယ်တိုင်သတ်မှတ်နိုင်ပါသည် - ၎င်းသည် အစွန်းများကို သတ်မှတ်ရန် အတွက် ခွဲခြမ်းစိတ်ဖြာရမည့် candlesticks အရေအတွက်ဖြစ်ပါသည်။ ဤကာလ တိုတောင်း လေလေ၊ Indicator သည် အစွန်းတန်ဖိုးများကို ပိုမိုပြသလေလေဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ထင်ရှားမြဲထင်ရှားဆဲသာ ဖြစ်ပါလိမ့်မည်။ အမြင့်ဆုံး/အနိမ့်ဆုံးတန်ဖိုးများအတွက် သီးခြားကာလကို သတ်မှတ်နိုင်ပါသည်။
ဤကိရိယာသည် လက်ရှိနှင့် အလားအလာရှိသော အဓိက Support နှင့် Resistance level များကို ကူညီ၍ ခွဲခြားပေးပါသည်။
Pivot Points Standard။ Classic၊ Woodie’s၊ Camarilla အစရှိသဖြင့် ဆက်တင်တွင် သင် နှစ်သက်ရာ တွက်ချက်မှုကာလကို ရွေးချယ်နိုင်ပါသည်။
ဤ indicator သည် ဖြစ်နိုင်ခြေအရှိဆုံးသော ဈေးနှုန်း pivot point များကို တွက်ချက်ရာတွင် ကူညီပေးပါသည်။ ဥပမာ - တွက်ချက်နည်း Indicator အမျိုးမျိုးကို ဇယားအတွင်းသို့ ပေါင်းထည့် နိုင်ပါသည်။ အကယ်၍ မတူညီသော နည်းလမ်းများဖြင့် တွက်ချက်ထားသော အလားအလာ ရှိသည့် support နှင့် resistance levels များသည် တူညီစွာ တိုက်ဆိုင်နေလျှင်၊ ၎င်းတို့သည် အမှန်ပင် အရေးပါသောဈေးတန်းများ ဖြစ်လာနိုင်ပါသည်။
Pivot point ကုန်သွယ်ရေးနည်းဗျူဟာများ
Pivot Points ဖြင့် ကုန်သွယ်ခြင်း။ Pivot Points indicator ကို အသုံးပြု၍ အချက်ပြမှုများအတည်ပြုခြင်း၊ ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းပြန်လှည့်မည့်ပွိုင့်များကို ဆုံးဖြတ်ခြင်းများအတွက် ဥပမာများစွာကို အောက်တွင် ဖော်ပြပေးထားပါသည်။
GBP/USD ဇယားအတွင်း Pivot Points များအပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာ
အထက်ပါဥပမာတွင် မှတ်သားခဲ့သည့်အတိုင်း Support နှင့် Resistance level များကို ခွဲခြားရာတွင် နည်းလမ်းများစွာကို အသုံးပြုခြင်းက ပို၍ကောင်းမွန်ပါသည်။ အကယ်၍ မတူညီသော ကိရိယာများမှ ခွဲခြားပေးသော levels များသည် တူညီပါက သို့မဟုတ် တခုနှင့်တခု နီးစပ်မှုရှိပါက၊ ထို့အပြင် ဈေးနှုန်းသည် ဗဟိုဇုန်အနီးတွင်ရွေ့လျားနေပါက၊ အတွေ့အကြုံနုနယ်သူများပင်လျှင် နောက်ထပ်ကုန်သွယ်မှုတခုဖွင့်ရန် စဉ်းစားနိုင်ပါသည်။ ထို့ကြောင့် စတာလင်ဥပမာတွင် Fibonacci Pivot Point level များကို နေရာချထားခြင်းအပြင်၊ ၎င်းတို့၏ pivot level များနှင့်ပေါင်းစပ်သော ဇုန်များအနီးတွင် GBPUSD အတွဲ၏ ဈေးနှုန်းစုဖွဲ့ခြင်းတို့သည် ကုန်သွယ်ရေးဆုံးဖြတ်ချက် မှန်ကန်ကြောင်း ညွှန်ပြနေပါသည်။
GBP/USD ဇယားရှိ Fibonacci နှင့် Pivots
Pivot levels အား နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ပေါင်းစပ်၍ အကျ သို့မဟုတ် အတက် ကုန်သွယ်ရေး ချန်နယ်လ်တခုအဖြစ် အသုံးပြုခြင်းသည် အတော်ပင် ထိရောက်မှုတခုရှိသော နည်းလမ်းတခုဟု ယူဆ၍ ရပါသည်။ GBP/USD ဇယားပေါ်မှ 1.26 တန်ဖိုးအနီး၌ ၎င်းတို့အနက်မှ ပထမတခု၏ အထက် နယ်နိမိတ်မျဉ်း ကျိုးပေါက်ခြင်းသည် US ဒေါ်လာကိုကျော်တက်၍ စတာလင်ပေါင်၏တန်ဖိုး ဆက်လက် မြင့်တက်နိုင်သော အလားအလာကို တိုးတက်စေပါသည်။
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
Pivot point ဖော်မြူလာ — indicator ကို မည်သို့ တွက်ချက်ရမည်နည်း။
အဓိက Pivot Points အမျိုးအစားများ၏ တွက်ချက်နည်းဖော်မြူလာများကို အထက်တွင် ရှင်းလင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ကုန်သည်တဦးသည် တွက်ချက်နည်းသီအိုရီမဟုတ်လျှင်သော်မှ အနည်းဆုံးအားဖြင့် တည်ဆောက်ပုံစည်းမျဉ်းကို သိနားလည်ထားသင့်ပါသည်။ လက်တွေ့ကုန်သွယ်ရေးတွင်၊ မည်သူတဦးတယောက်မှ level များကို လူကိုယ်တိုင်မတွက်ချက်ပါ။ ပရော်ဖက်ရှင်နယ်ကုန်သည်များသည် Indicator တခုခုကို အသုံးချ၍ ရွေးချယ်သတ်မှတ်ချက်များ သို့မဟုတ် တွက်ချက်စနစ်များနှင့်အညီ ဖြစ်နိုင်ခြေရှိသော ပွိုင့်များကို အလိုအလျောက် တည်ဆောက်ကြသည်။ Pivot points များကို အလိုအလျောက် တွက်ချက်မှုစနစ်အတွက် ဥပမာတခုကို Investing ဝက်ဘ်ဆိုဒ်တွင် ကြည့်ရှုနိုင်ပါသည်။
တွက်ချက်စနစ်တွင် နည်းလမ်းတခုစီအရ ရေးဆွဲထားသော level များနှင့် တွက်ချက်ထားသောတန်ဖိုးများ၏ ခြားနားချက်ကို ပြသထားပါသည်။
အခြား အမျိုးအစားကွဲတခုမှာ ငွေကြေးအတွဲတခုစီအတွက် တွက်ချက်ထားသော ရေပြင်ညီ level များ၏ တန်ဖိုးများကို လေ့လာခြင်း ဖြစ်ပါသည်။ ၎င်းတို့အား “Technical/Pivot Points” ခေါင်းစဥ်အောက်တွင် ရှာဖွေနိုင်ပါသည်။
Pivot Points များကို Excel တွင် မည်သို့တွက်ချက်ရမည်နည်း။
အကယ်၍သင်သည် ခွဲခြမ်းစိတ်ဖြာမှု နေရာများမှ တွက်ချက်စနစ်များနှင့် ဒေါင်းလုပ်ဒ်ပြုလုပ်ထားသော indicator များအပေါ် ယုံကြည်မှုမရှိပါက၊ Excel ကိုအသုံးပြု၍ လှည့်ထွက်သောပွိုင့်များကို ရှာဖွေ နိုင်ပါသည်။ Excel တွင် ဖော်မြူလာကို တွေ့ရှိနိုင်ပြီး၊ သင့်စိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်။ Pivot Point အတွက် နှုန်းထားများကို သင့်တော်သော format ဖြင့် MT4 မှ ဒေါင်းလုပ်ပြုလုပ်နိုင်သကဲ့သို့ လူကိုယ်တိုင် လည်း ဖြည့်သွင်းနိုင်ပါသည်။ Pivot Points များအတွက် Excel spreadsheet နမူနာပုံစံအား ဤနေရာတွင် ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပါသည်။
Pivot Points များမှတဆင့် မည်သည်တို့ကို သိရှိ နိုင်ပါသနည်း။
Pivot Points များကို အသုံးပြု၍ မည်သို့ကုန်သွယ်မည်နည်း -
၎င်းသည် level ကျိုးပေါက်မှုအလားအလာ သို့မဟုတ် ဆန့်ကျင်ဘက် လမ်းကြောင်း အလားအလာကို ဆုံးဖြတ်ပါသည်။ အကယ်၍ အရေးပါသော level တခုခု ကျိုးပေါက်သွားပါက၊ ဈေးနှုန်းသည် နောက်ထပ် level တခုသို့ ဆက်လက်ရွေ့လျားရန် အလားအလာများပါသည်။ အကယ်၍ လမ်းကြောင်းနောက်ပြန်လှည့်သွားပါက၊ ဈေးနှုန်းသည် အနည်းဆုံးအားဖြင့် ယခင်ကုန်သွယ်နေ့၏ level အထိ ပြန်လည်ပြင်ဆင်နိုင်ပါသည်။
၎င်းသည် စိတ်ပိုင်းဆိုင်ရာ အကျိုးအာနိသင်များကို ထည့်သွင်းသုံးသပ်ပါသည်။ အများစုသဘော ဆိုင်ရာ သက်ရောက်မှုကို စတင်စဉ်းစားပါသည်။ ဥပမာအားဖြင့် အကယ်၍ ကုန်သည်များသည် အတက်လမ်းကြောင်းတခုတွင် Pivot ကုန်သွယ်ရေးနည်းဗျူဟာနှင့်အညီ Take Profit အား R2 level ၌ တပြိုင်နက် သတ်မှတ်ကြလျှင် လမ်းကြောင်းသည် R2 ၌ အနောက်သို့ ပြန်လှည့်မည် ဖြစ်သည်။ ထို့ကြောင့် လမ်းကြောင်းနောက်ပြန်လှည့်ခြင်းကို ခန့်မှန်းသောအရာမှာ Pivot indicator မဟုတ်ပဲ၊ ဤကိရိယာကို အသုံးပြုသူ ကုန်သည်အများ၏ အပြုအမူများသာ ဖြစ်ပါသည်။ ၎င်းသည် အမြင့်ဆုံး/အနိမ့်ဆုံးဈေးနှုန်းအပြောင်းအလဲများကို ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်း ပင်ဖြစ်ပါသည်။
၎င်းသည် take profit၊ stop loss နှင့် pending အော်ဒါများ ကိုသတ်မှတ်ရန်အတွက် levels များကို ဆုံးဖြတ်ပေးပါသည်။
Pivot Point သည် Bollinger Bands / Keltner Channel တို့အပေါ်အခြေခံ၍ အရေးပါသော levels များ သို့မဟုတ် ချန်နယ်လ်နည်းဗျူဟာများနှင့်အညီ ကုန်သွယ်ရသော ကိရိယာတခုဖြစ်ပါသည်။ ၎င်းသည် အခြားသော ကိရိယာများထက် ပိုမို၍ ကောင်းခြင်း၊ ဆိုးခြင်းမရှိပါ။ အခြားကိရိယာများနည်းတူ ၎င်းတွင်လည်း အားနည်းချက်များ ရှိပင်ရှိသော်ငြား၊ ကောင်းမွန်သော အကူကိရိယာတခုပင်ဖြစ်ပါသည်။
Pivot Points များ၏ အားသာချက်များနှင့် အားနည်းချက် များ
Pivot Point ၏ အားသာချက်များ -
၎င်းသည် ဈေးနှုန်း တဖက်သို့ ပြန်လှည့်သောပွိုင့်များကို မတူညီသော နည်းလမ်းများဖြင့် အလိုအလျောက်တွက်ချက်ပေးပါသည်။
၎င်းသည် - Fibonacci levels များ၊ ကုန်သွယ်ရေးချန်နယ်လ် indicators များ၊ ဆန့်ကျင်ဘက်ပုံစံများ အစရှိသည့် အခြားသော အထောက်အကူပြုကိရိယာများနှင့် ကောင်းစွာ တွဲဖက်၍ အလုပ်လုပ်ပါသည်။
၎င်းသည် pending orders များကို အသုံးပြုသော နည်းဗျူဟာများအတွက် သင့်တော်ပါသည်။ Indicator သည် ဈေးနှုန်းထိစပ်နိုင်ခြေရှိသော သို့မဟုတ် ဖောက်ထွက်၍ ဆန့်ကျင်ဘက် လမ်းကြောင်း ဖြစ်ပေါ်နိုင်ခြေရှိသော အထောက်အပံ့ level များကို တွက်ချက်ရာတွင် ကူညီပေးပါ သည်။
Pivot Point ၏ အားနည်းချက်များ -
မှန်ကန်သောနည်းလမ်းကို ရွေးချယ်ခြင်းနှင့် ချိန်ညှိခြင်းတို့မှာ အတော်ပင်ရှုပ်ထွေးပါသည်။ Pivot Points indicator တွင် levels များကို တွက်ချက်ရန် နည်းလမ်းခြောက်မျိုးနှင့် အချိန်ဘောင်များစွာ တို့ ပါရှိပါသည်။ လက်ရှိအခြေအနေနှင့် သင့်တင့်လျောက်ပတ်သော အတိုင်းအထွာများသည် အနာဂါတ်တွင် ကောင်းစွာ အလုပ်လုပ်မည်ဟု မသေချာပါ။
ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲပါသည်။ ကုန်သွယ်ချိန် ရက်များအတွင်း ဈေးနှုန်းသည် နေ့စဉ် Pivot level ကို အကြိမ်ပေါင်းများစွာ ဖြတ်သွားနိုင်ပါသည်။ ဤအချက်သည် စတင်လေ့လာသူ ကုန်သည် အသစ်များ အတွက် စိတ်ရှုပ်ထွေးဖွယ်ရာဖြစ်နိုင်ပြီး၊ တနေ့တာ pivot ကုန်သွယ်ရေး၏ ခွဲခြမ်းစိတ်ဖြာမှုကို ရှုပ်ထွေးစေနိုင်ပါသည်။
အမှားအယွင်း ဖြစ်နိုင်ခြေကို လျော့နည်းစေရန်အတွက် ပြန်လှည့်သောပွိုင့်များကို ဆုံးဖြတ်ရာတွင် ယခင်နေ့အပေါ်အခြေခံကာ အမျိုးမျိုးသောကိရိယာများကို အသုံးပြုပါ။ ဥပမာ - အမြင့်ဆုံး /အနိမ့်ဆုံးအမှတ် များအပေါ်မူတည်၍ level များကို ရေးဆွဲပါ၊ ဇယားပုံစံများ၏ အချက်ပြမှုကို လိုက်နာပါ၊ ချန်နယ်လ် indicator များကို ပေါင်းထည့်ပါ။ Pivot အချက်အလက်များနှင့် ကိုက်ညီမှုရှိသော levels များ ပိုများလေလေ၊ ခန့်မှန်းချက်မှန်ကန်နိုင်သော အလားအလာ ပိုများလေလေဖြစ်ပါသည်။
Support & Resistance Levels
Forex ကုန်သွယ်ရေးတွင် Pivots များကို အသုံးပြုရန် စည်းမျဉ်းမှာ Fibonacci levelsများ သို့မဟုတ် support/resistance levelsများနှင့် တူညီပါသည်။ အကယ်၍ ဈေးနှုန်းသည် ဗဟိုဆုံချက်ဖြစ်သော P မျဉ်း၏ အထက်တွင်ရှိလျှင် ၎င်းသည် ဆက်လက်မြင့်တက်မည့် အလားအလာ ဖြစ်ပါသည်။ အကယ်၍ ဈေးနှုန်းသည် P မျဉ်း၏အောက်တွင်ရှိလျှင်၊ ၎င်းသည် ဆက်လက်ကျဆင်းမည့် အလားအလာဖြစ်သည်။ အနီးဆုံး ပြန်လှည့်ရာပွိုင့်များသည် R1 နှင့် S1 တို့ဖြစ်သည်။ အကယ်၍ ဈေးနှုန်းသည် အဆိုပါ level နှစ်ခုအနက် တခုခုမှ ဖောက်ထွက်သွားပါက နောက်ထပ်ပစ်မှတ်ထားသော level များမှာ R2၊ S2 တို့ဖြစ်ကြပါသည်။ ဈေးနှုန်းသည် အလယ်တည့်တည့် P မျဉ်းမှ ပိုမိုဝေးကွာသော level များကို ဖောက်ထွက်သွားလေလေ၊ ဈေးကွက်အကြို မတည်ငြိမ်မှုများ ပိုမိုကြီးမား၍ ဗဟို level သို့ နောက်ပြန်လှည့်ရန် အလားအလာပိုများလေလေ ဖြစ်ပါသည်။ ထို့ကြောင့် R3 နှင့် S3 တို့အား အရေး အကြီးဆုံး level များအဖြစ် စဉ်းစားကြပါသည်။ ၎င်းတို့၏ ကျိုးပေါက်မှုသည် အားကောင်းသော ရွေ့လျားမှု ကို ညွှန်ပြပါသည်။ သို့ရာတွင် ပို၍ဖြစ်လေ့ဖြစ်ထရှိသည်မှာ ဈေးနှုန်းသည် P သို့ ပြန်လှည့်သွားခြင်းသာ ဖြစ်ပါသည်။
ဥပမာ -
ကာလတစ်ခု ၏အစတွင် ဈေးနှုန်းသည် P မျဉ်း၏ အထက်တွင်ရှိနေကာ အတက်လမ်းကြောင်းကို အတည်ပြုလျက်ရှိသည်။ ထို့နောက် ဈေးနှုန်းသည် R2 level ကို ဖောက်ထွက်သွားကာ အနည်းငယ် သာပိုမြင့်သောအဆင့်တွင် ပိတ်သိမ်းလိုက်ခြင်းအားဖြင့် အားကောင်းသော level တခုအဖြစ် အချက်ပြလိုက် သည်။ နောက်ထပ် candlestick တွင် R3 သည် အားကောင်းသော resistance level အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဈေးနှုန်းသည် ၎င်းသို့ ထိစပ်လုနီးပါးရှိပြီးမှ R2 အနီးတွင် ပြန်လည်စုဖွဲ့သွားခဲ့သည်။ အကယ်၍ ထိုအဖြစ်အပျက်သည် ယာယီပြင်ဆင်မှုတခုဖြစ်ခဲ့ပါက ဈေးနှုန်းသည် R3 နှင့်အထက်သို့ ဆက်လက်ရွေ့လျားနိုင်ပါသည်။ အကယ်၍ ဈေးနှုန်းသည် R1 နှင့် R2 ကြားအကွာအဝေးမှ ၅၀% ကျော်သည်အထိ ရွေ့လျားခဲ့ပြီးလျင် လက်ရှိကုန်သွယ်ရေးအခြေအနေအတွင်း P level အနီးတွင် ပထမပစ်မှတ်ကိုထား၍ အကျလမ်းကြောင်းတခုကို စဉ်းစားနိုင်ပါသည်။
Pivot points အကြောင်း အဓိက မှတ်သားဖွယ်ရာများ
Pivot Points များသည် ဝါရင့်ကုန်သည်များမှ အဝင်ပွိုင့်များကို ဆုံးဖြတ်ရန် အသုံးပြုကြသော အရေးပါသည့် ရေပြင်ညီ levels များဖြစ်ကြပါသည်။ Level ဖောက်ထွက်ခြင်း အချက်ပြမှုများသည် လမ်းကြောင်း၏ ဦးတည်ရာတွင် ကုန်သွယ်မှုဖွင့်ရန် လမ်းညွှန်ပေးပါသည်။ အကယ်၍ ဈေးနှုန်းသည် level ကိုအားပြု၍ ခုန်တက်ရွေ့လျားပါက ယာယီပြင်ဆင်မှုတခု သို့မဟုတ် တန်ပြန်လမ်းကြောင်းတခု ပေါ်ပေါက်နိုင်ပါသည်။
Pivot point သည် ယခင်ကုန်သွယ်ရေးနေ့ သို့မဟုတ် ကာလ၏ ပျမ်းမျှ အမြင့်၊ အနိမ့် နှင့် အပိတ်ဈေးနှုန်းများအပေါ်တွင် အခြေခံပါသည်။ ၎င်းသည် လက်ရှိကုန်သွယ်ရေးနေ့အတွက် အလားအလာရှိသော pivot levels များကို ဆုံးဖြတ်နိုင်ရန် ကူညီပေးပါသည်။
Pivot Indicator သည် classic၊ Woodie’s၊ Camarilla၊ Fibonacci၊ DeMark’s အစရှိသော နည်းလမ်းများစွာဖြင့် ဇယားအတွင်း အရေးပါသော level များကို ရေးဆွဲပါသည်။ Pivot levels တွက်ချက်မှုနည်းလမ်းရွေးချယ်ခြင်းသည် ကုန်သွယ်ရေးနည်းဗျူဟာ၊ ဈေးကွက်အကြို အခြေအနေ နှင့် ကုန်သွယ်ရေးပစ္စည်းအမျိုးအစားအပေါ်တွင် မူတည်ပါသည်။
Pivot point စတော့ကုန်သွယ်ရေးနှင့် Forex ကုန်သွယ်ရေး။ Pivots indicator ၏ အချက်ပြမှုများ။ အကယ်၍ဈေးနှုန်းသည် R1 နှင့် S1 ကြား ရွေ့လျားနေပါက၊ ဈေးကွက်သည် ဘေးတိုက် ကုန်သွယ်ရေး အခြေအနေတွင် ရှိနေပါသည်။ အကယ်၍ ဈေးနှုန်းသည် R2 သို့မဟုတ် R3 အား အောက်မှအထက်သို့ ဖောက်ထွက်သွားပါက၊ အတက်လမ်းကြောင်း ဖြစ်ပါသည်။ အကယ်၍ ဈေးကွက်သည် S2 သို့မဟုတ် S3 အား အထက်မှအောက်သို့ ဖောက်ထွက်သွားပါက၊ အကျ လမ်းကြောင်းကို အချက်ပြပါသည်။ Pivot Points indicator ကို swing trading တွင်လည်း အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် အတက်လမ်းကြောင်းသို့ ပြင်ဆင်မှုတခုသည် R3 level တွင် အစပြုသည်။ ပြင်ဆင်မှု၏အဆုံး R2 level တွင် ကုန်သွယ်မှုကို ဖွင့်လှစ်ပါသည်။
Pivot Point ကုန်သွယ်ရေး အကျဉ်းချုပ်
Pivot Points များသည် support နှင့် resistance levels များကို ခွဲခြားနိုင်ရန် ကူညီပေးသော ထိပ်တန်းရှေ့ပြေး indicator များမှ တခုဖြစ်ပါသည်။ Pivots များအား အခြားသော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရေး ကိရိယာများနှင့် ပေါင်းစပ်ခြင်းအားဖြင့် အကျိုးအမြတ်ဖြစ်ထွန်းသော ကုန်သွယ်ရေး နည်းဗျူဟာများကို ဖော်ထုတ်နိုင်ပါသည်။ Pivot Point သည် Trend Trading သို့ဟုတ် Channel Trading နည်းဗျူဟာများနှင့် အတူတကွတွဲဖက်အသုံးပြုရသော အကူကိရိယာတခုဖြစ်ပါသည်။ အားသာချက်မှာ level များကို ကိုယ်တိုင် တွက်ချက်ရန်မလိုခြင်းဖြစ်သည်။ အားနည်းချက်မှာ Pivot indicator သည် လမ်းကြောင်းမျဉ်းများကို ရေးဆွဲပေးခြင်းမပြုပဲ၊ ရေပြင်ညီ level များကိုသာ ညွှန်ပြခြင်းဖြစ်သည်။ Pivot Points များဖြင့် ကုန်သွယ်ရာတွင် စီးပွားရေးအခြေခံပိုင်းဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်းစဉ်းစားသင့်ပြီး၊ အခြား အထောက်အကူပြု ကိရိယာများနှင့် ဈေးကွက်အတွင်း ဖွဲ့စည်းသည့် ပုံစံများကို အသုံးချကာ လမ်းကြောင်းအလှည့်အပြောင်း ဖြစ်နိုင်ချေကို အတည်ပြုသင့်ပါသည်။
Pivot Points အမေး၊ အဖြေများ
Pivot Point သည် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း Indicator တခုဖြစ်ပြီး၊ ရေပြင်ညီ level များကို တည်ဆောက်သည့် အခြားသော တနေ့တာကုန်သွယ်ရေး အထောက်အကူပြု ကိရိယာများနှင့် ယှဉ်တွဲ၍ အသုံးပြုရပါသည်။ ဥပမာအားဖြင့် ၎င်းသည် အမြင့်ဆုံး/ အနိမ့်ဆုံး တန်ဖိုးများ တလျှောက်တွင် ရေးဆွဲထားသော အရေးကြီးအဆင့်များဖြစ်ကြသည့် Fibonacci levels များနှင့် ကောင်းစွာတွဲဖက်၍ အလုပ်လုပ်ပါသည်။ အကယ်၍ မတူညီသော level များ အချင်းချင်းကိုက်ညီ၍နေပါက ထို level သည် အရေးကြီးသောအဓိက level တခု ဖြစ်ပါသည်။ သင့်အနေဖြင့် ဈေးကွက်အတွင်း လမ်းကြောင်း၏ ရွေ့လျားမှုနောက်သို့လည်း လိုက်ပါသင့်ပါသည်။ အကယ်၍ ဈေးနှုန်းသည် S2 ပွိုင့်အား အထက်မှအောက် သို့မဟုတ် R2 ပွိုင့်အား အောက်မှအထက်သို့ ဖောက်ထွက်သွားပါက၊ ကုန်သွယ်မှုဖွင့်ရန် အချက်ပြမှုဟု ယူဆနိုင်ပါသည်။ S3 ထက်အနည်းငယ်နိမ့်သော သို့မဟုတ် R3 ထက်အနည်းငယ်မြင့်သော ပွိုင့်တွင် ဆိုင်းငံ့အော်ဒါတခုကို သတ်မှတ်ပါ။ အကယ်၍ ဈေးနှုန်း ရွေ့လျားမှုသည် S3/R3 ပွိုင့်များတွင် ဦးတည်ရာ ပြောင်းလဲပါက၊ အော်ဒါပွင့်လာမည် မဟုတ်သောကြောင့် သင့်အတွက် ဆုံးရှုံးမှု တစုံတရာ ပေါ်ပါက်မည် မဟုတ်ပေ။ ဤ indicator သည် သင်၏ တနေ့တာ ကုန်သွယ်ရေးနည်းဗျူဟာနှင့် ကိုက်ညီမှုရှိမရှိ သိရှိရန်အတွက် သင်၏ပထမဆုံး ကုန်သွယ်မှုကို မဖွင့်ခင် စေ့စပ်သေချာသော ဆန်းစစ်မှုကို ပြုလုပ်၍၊ ကျွမ်းကျင်သူများ၏ အကြံဉာဏ်များကို လေ့လာပါ။
ဈေးကွက်အခြေအနေ၊ ကုန်သွယ်ရေးပစ္စည်းနှင့် အချိန်ကာလအပေါ် မူတည်ပါသည်။
- Camarilla Pivot သည် scalping အတွက် ပိုမိုသင့်တော်ပါသည်။
- Pivot points များ၏ ဗားရှင်းတခုစီတွင် ဆက်တင်အတွင်း၌ အချိန်ကာလတခု ပါရှိပါသည်။ အချိန်ကာလကို အပြောင်းအလဲပြုလုပ်ခြင်းအားဖြင့် level များကို ပို၍ကျယ်ပြန့်စေပါသည်၊ သို့မဟုတ် ပို၍ကျဉ်းမြောင်းစေပါသည်။
- Pivot ကုန်သွယ်မှုအတွက် အချက်ပြမှုနှင့် level တည်ဆောက်မှုတို့၏ တိကျခြင်းသည် ဈေးကွက်မတည်ငြိမ်မှု၏ သက်ရောက်မှုအောက်တွင် ရှိပါသည်။
သမာရိုးကျနည်းလမ်းတွင် pivot point ၏ အဓိပ္ပါယ်အရ အခြေခံ level အား အမြင့်ဆုံး၊ အနိမ့်ဆုံးနှင့် အပိတ်တန်ဖိုးများ၏ ပေါင်းလာဒ်အား သုံးဖြင့်စား၍ တွက်ချက်ပါသည်။ Level R နှင့် S ကို တွက်ချက်ရာတွင် အသုံးပြုသော နည်းစနစ်များမတူညီသည့်အလျောက် တွက်ချက်မှု တခုနှင့်တခု ကွာခြားကြပါသည်။ ဥပမာအားဖြင့် ကုန်သွယ်ရေးနေ့၏ အပိတ်ဈေးအပေါ် အချိန်အဆ ပိုမိုတွက်ချက်ခြင်း သို့မဟုတ် level များသို့ အကွာအဝေးအား Fibo အချိုးများအတွက် ပြန်လည်ပြင်ဆင်ခြင်း။
- Pivot Point Calculator ကို အသုံးပြုပါ။ ထည့်သွင်းရမည့်အချက်အလက်မှာ အမြင့်ဆုံး၊ အနိမ့်ဆုံးနှင့် အပိတ်ဈေးနှုန်းများ ဖြစ်ကြပါသည်။
- ခွဲခြမ်းစိတ်ဖြာရေး ဝက်ဘ်ပေါ်တယ်လ်များမှ မျှဝေပေးသော တွက်ချက်မှုများကို အသုံးပြုပါ။ ဥပမာ - Investing ဝက်ဘ်ဆိုဒ်တွင် pivot point များကို ရှာဖွေနိုင်ပါသည်။
- Pivot Point ကိရိယာကို ဇယားတွင်ပေါင်းထည့်ပါ။ ၎င်းသည် ဆက်တင်တွင် သတ်မှတ်ထားသော နည်းလမ်းနှင့်အညီ level များကို အလိုအလျောက် တည်ဆောက်ပါသည်။
မည်သည့် တနေ့တာကုန်သွယ်ရေးနည်းဗျူဟာတွင်မဆို ကုန်သည်အနေဖြင့် ကုန်သွယ်ရေး ပစ္စည်းအမျိုးအစား၊ လက်ရှိဈေးကွက်အလေးသာမှု၊ အခြေအနေ၊ အချိန်ကာလတို့အပေါ်မူတည်၍ indicator ဆက်တင်များကို ချိန်ညှိရန်လိုအပ်ပါသည်။ Pivot Points ဗားရှင်းတခုစီတိုင်းသည် သီးသန့်အခြေအနေနှင့် ကုန်သွယ်ရေးအတိုင်းအတာများအတွက် နေ့စဉ် pivot points များကို ရှာဖွေရာ၌ သင့်တော်မှုရှ်ိနိုင်ပါသည်။ တနေ့အတွင်းကုန်သည်များသည် နည်းစနစ်အား ယခင်ဈေးနှုန်းရာဇဝင်အချက်အလက်များပေါ်တွင် စမ်းသပ်ပြီးမှသာ မည်သည့် တနေ့အတွင်း pivot ကုန်သွယ်ရေးသည် မည်သည့်အတိုင်းအတာများနှင့် သင့်တော်သည်ကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။






































