လူအများစုသည် ရွှေနှင့် ငွေသတ္တုများကို ရင်းနှီးမြှုပ်နှံမှုနှင့်ယှဉ်တွဲ၍ စဉ်းစားလေ့ရှိကြသည်။ တည်ငြိမ်၍ မာကျောသော အဖိုးတန်သတ္တုများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အမြတ်အစွန်းများ ပြန်လည်ရရှိရန်အတွက် အာမခံချက်ရှိပြီး၊ အခြား မတည်ငြိမ်သော ငွေကြေးများ၊ စတော့များနှင့်မတူပဲ အရင်းအနှီးများကို ပိုမိုလုံခြုံဘေးကင်းစေသည်ဟု ထင်မြင်ရပါသည်။

ဤသတ္တုများအပေါ် စက်မှုနယ်ပယ်၏လိုအပ်ချက်နှင့် ငွေကြေးဖောင်းပွသောကာလများတွင် ၎င်းတို့၏ ပုံမှန်တန်ဖိုးတက်မှုများကြောင့်၊ အခြားသောပိုင်ဆိုင်မှုများထက် သာလွန်သည်ဟု ထောက်ပြ ငြင်းခုံမှုများ ရှိနေသော်လည်း၊ ဤပိုင်ဆိုင်မှုသည် အခြားဤရင်းနှီးမြှုပ်နှံမှုများနှင့် နှိုင်းယှဉ်ပါက ဆုံးရှုံးနိုင်ခြေ အတိုင်းအတာအားဖြင့် ကွဲပြားခြင်းမရှိပါ။ ငွေတွင်ရင်းနှီးမြှုပ်နှံခြင်းကို စ‌တော့ကုန်သွယ်ရေး နယ်ပယ်၌သာလျှင် ဆောင်ရွက်နိုင်သည်မဟုတ်ပါ၊ သို့သော် ၎င်း၏ ဈေးနှုန်းတွင် တမူထူးခြားသော သဘာဝများ ရှိပါသည်။ ဤဆောင်းပါးသည် ငွေသတ္တုအား မည်သို့ကုန်သွယ်၍၊ အဖိုးတန်သတ္တုများတွင် မည်သို့ရင်းနှီးမြှုပ်နှံရမည်၊ သင်၏ရင်းနှီးမြှုပ်နှံမှုများကို မည်သို့ထိရောက်စွာစီမံရမည်ကို ရှင်းပြပေးပါ လိမ့်မည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ငွေဆိုသည်မှာအဘယ်နည်း။

ငွေဆိုသည်မှာ ရှေးယခင်က ဒင်္ဂါးပြားများသွန်းလောင်းရာတွင် အသုံးပြုခဲ့သော တော်ဝင် သတ္တုတမျိုးဖြစ်ပါသည်။ ယခုအချိန်၌ပင်၊ လူအများသည် ရွှေနှင့် ငွေသတ္တုများကို အရန်ငွေကြေးအဖြစ် သတ်မှတ်ထားကြဆဲဖြစ်သည်။ လက်ရှိတွင် ငွေသည် စက်မှုနယ်ပယ်အတွင်း ၎င်း၏ အပြားခတ်ခံနိုင်ခြင်း၊ နန်းကြိုးဆွဲနိုင်ခြင်းစသည့် ဂုဏ်သတ္တိများ၊ ငွေထည်လက်ဝတ်ရတနာများ၏ အကြမ်းခံခြင်းနှင့် အခြားသောဂုဏ်သတ္တိများကြောင့် တန်ဖိုးထားခြင်းခံရသော သတ္တုအမျိုးအစားတခု ဖြစ်ပါသည်။ ဤသတ္တုအား ထုတ်လုပ်ရေးလုပ်ငန်းများအတွက်သာမက၊ ရင်းနှီးမြှုပ်နှံမှုရည်ရွယ်ချက်များအတွက်လည်း အသုံးပြုကြပါသည်။ ၎င်းကို စတော့အိတ်ချိန်းများပေါ်တွင် ထရိုင်အောင်စဖြင့် အရောင်းအဝယ်ပြုလုပ်ကြပါသည် - တစ်အောင်စသည် ၃၁.၁ ဂရမ်နှင့် အနီးစပ်ဆုံးညီမျှပါသည်။

နည်းပညာပိုင်းဆိုင်ရာလေ့လာဆန်းစစ်မှုရှုထောင့်မှ သုံးသပ်ရလျှင်၊ ၂၀၂၀ နှစ်လယ်မှစ၍၊ ဤသတ္တုသည် $21.21 နှင့် $29.78 ကြားတွင် ဘေးတိုက်ရွေ့လျားနေခဲ့သည်။ ၂၀၂၂ ဇွန်လတွင် ဈေးနှုန်းသည် ထိုဈေးတန်းများကြားမှ အောက်ဘက်သို့ ထိုးဖောက်ကျဆင်းသွားပါသည်။

LiteFinance: ငွေဆိုသည်မှာအဘယ်နည်း။

ငွေသတ္တုတွင် အများဆုံးတွေ့မြင်ရသော ရင်းနှီးမြှုပ်နှံမှုအမျိုးအစားများမှာ -

  • ငွေဒင်္ဂါးပြားများ
  • ငွေချောင်းများ
  • ငွေတူးဖော်ရေးကုမ္ပဏီများ၏ရှယ်ယာများ
  • ငွေသတ္တုပိုင်ဆိုင်မှုပါဝင်သောဘဏ်အကောင့်အမျိုးအစားများ
  • derivative ကုန်သွယ်ရေးအမျိုးအစားများ (ဥပမာ - futures များ သို့မဟုတ် options များ)
  • လက်ငင်းအရောင်းအဝယ်စာချုပ် (အိတ်ချိန်းပေါ်တွင် ငွေသတ္တုပိုင်ဆိုင်မှုကို ဝယ်ယူခြင်း)

ကြီးဆုံးငွေသတ္တုတူးဖော်ရေးများ

ကမ္ဘာလုံးဆိုင်ရာ ငွေဈေးကွက်ပေါ်တွင်၊ အကြီးမားဆုံးငွေသတ္တုရိုင်းပမာဏများကို အောက်ပါနိုင်ငံများမှ တူးဖော်ရရှိပါသည်။

  • မက္ကဆီကို (တနှစ်လျှင် တန်ချိန် ၆၀၀၀ ခန့်)။ နိုင်ငံတွင်း ငွေသတ္တုရိုင်းတူးဖော်ရေးအတွက် ငွေသတ္တုတွင်း ၂၀၀ ကျော်ကို အသုံးပြုပါသည်)
  • ပီရူး (တနှစ်လျှင် တန်ချိန် ၄၃၀၀ ခန့်)။ အကြီးဆုံးငွေသတ္တုတူးဖော်ရရှိသောတွင်းမှာ ငွေထက် ကြေးနီကို အဓိကထုတ်လုပ်သည့် Antamina သတ္တုတွင်းဖြစ်သည်)
  • တရုတ် (တနှစ်လျှင် တန်ချိန် ၃၅၀၀ ခန့်)။ နိုင်ငံ၏အကြီးဆုံး ငွေသတ္တုရိုင်းထုတ်လုပ်ရေးမှာ Silvercorp Metals သတ္တုတူးဖော်ရေးကုမ္ပဏီဖြစ်သည်။
  • ပိုလန် (တနှစ်လျှင် တန်ချိန် ၁၃၀၀ ခန့်)။ ၎င်းသည် ကမ္ဘာပေါ်တွင် ဩစတေးလျနှင့်အတူ ငွေသတ္တုသိုက်အရေအတွက် ဒုတိယအများဆုံး တွေ့ရှိထားသော နိုင်ငံတခုဖြစ်ပါသည်။

ငွေဈေးကွက်အတွင်း အကြီးဆုံးအရောင်းအဝယ်ပြုလုပ်သူများမှာ အောက်ပါကုမ္ပဏီများ ဖြစ်ကြပါသည်။

၁။ Industrias Penoles SAB de CV

  • ဝင်ငွေ ~ ၂၀၂၁ အတွက် $၄.၂ ဘီလီယံ
  • ဈေးကွက်အရင်းအနှီး - $၆.၅ ဘီလီယံ

မက္ကဆီကိုတွင် အခြေစိုက်သည်။ ၎င်းသည် ဆိုဒီယမ်ဆာလဖိတ်၊ ရွှေ၊ ဇင့်နှင့် ခဲတို့ကိုလည်း ထုတ်လုပ်ပါသည်။

၂။ Polymetal International PLC

  • ဝင်ငွေ (TTM) - ၂၀၂၁ အတွက် $.၂.၂၅ ဘီလီယံ
  • ဈေးကွက်အရင်းအနှီး - ၂၀၂၁ ခုနှစ်အတွက် $၁၁.၈ ဘီလီယံ

ဤရုရှားကုမ္ပဏီသည် ကြေးနီနှင့် ရွှေတို့ကိုလည်း တူး‌ဖော်ပါသည်။

၃။ Fresnillo PLC:

  • ဝင်ငွေ (TTM) - ၂၀၂၁ အတွက် $.၂.၂ ဘီလီယံ
  • ဈေးကွက်အရင်းအနှီး - ၂၀၂၁ အတွက် $၁၂.၅ ဘီလီယံ

ဤကုမ္ပဏီသည် Sonora နှင့် Durango ကဲ့သို့သော မက္ကဆီကန်ပြည်နယ်များတွင် ငွေသတ္တုတူးဖော်ရေးကို ဆောင်ရွက်ပြီး၊ တောင်နှင့် မြောက်အမေရိကတွင် လုပ်ငန်းခွဲများရှိပါသည်။

၄။ Pan American Silver Corp

  • ဝင်ငွေ (TTM) - ၂၀၂၁ အတွက် $.၁.၄၁ ဘီလီယံ
  • ဈေးကွက်အရင်းအနှီး - ၂၀၂၁ အတွက် $၈.၁ ဘီလီယံ

ဤကနေဒီးယမ်းကုမ္ပဏီသည် အာဂျင်တီးနား၊ ဘိုလံဗီယာ၊ မက္ကဆီကိုနှင့် ပီရူးတွင် သတ္တုတွင်းများ ရှိပါသည်။ တွေ့ရှိထားသော ငွေသတ္တုသိုက်များသည် လက်ရှိထုတ်လုပ်မှုနှုန်းထားဖြင့် နောက်ထပ် နှစ်ပေါင်း ၃၀ အထိ လုံလောက်နိုင်ပါသည်။

ကျွန်ုပ်တို့သည် ငွေသတ္တုအား အရောင်းအဝယ် ပြုလုပ်သင့်ပါသလား။

ပလက်တီနမ်၊ ပလေဒီယမ်နှင့် ရွှေ အစရှိသော အခြားအဖိုးတန်သတ္တုအများစုနှင့် နှိုင်းယှဉ်ပါက၊ ငွေသည် တစ်ထရိုင်အောင်စလျှင် $20.26 ဖြင့် အနိမ့်ဆုံးဈေးနှုန်းတွင် ရှိပါသည်။ ဥပမာအားဖြင့်၊ ပလေဒီယမ် ၁၀,၀၀၀ အောင်စသည် $2,200 ခန့်ကျမည်ဖြစ်ပြီး၊ ၎င်းသည် ငွေသတ္တုတသိန်းအောင်စနှင့် ညီမျှပါသည်။ ဤအချက်သည် စတင်လေ့လာသူများနှင့် သင့်တင့်ယုံအရင်းအနှီးရှိသော ကုန်သည်များအပါအဝင် ရင်းနှီးမြှုပ်နှံသူများစွာကြား ငွေသတ္တုအား စိတ်ဖွယ်စားဖွယ်ရာကောင်း၍ လက်လှမ်းမီသော ကုန်သွယ်မှုအမျိုးအစားတခုဖြစ်လာစေပါသည်။

ပလေဒီယမ်ဇယား -

LiteFinance: ကျွန်ုပ်တို့သည် ငွေသတ္တုအား အရောင်းအဝယ် ပြုလုပ်သင့်ပါသလား။

ငွေအစစ်ကိုဝယ်ယူခြင်းနှင့် မတူညီစွာ၊ ငွေနှင့်ဆက်နွယ်သော ကုန်သွယ်ရေးအမျိုးအစားများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ဝယ်ဈေး/ရောင်းဈေးကွာဟမှုပိုနည်းပြီး၊ ကော်မရှင်နှုန်းထားပိုမိုနိမ့်ပါးသော‌ကြောင့် ကုန်ကျစရိတ်ပို၍သက်သာပါသည်။ ဒုတိယအားသာချက်မှာ ရင်းနှီးမြှုပ်နှံမှုကာလကို လွပ်လပ်စွာ ရွေးချယ်နိုင်ခြင်းဖြစ်သည်။ ငွေတုံးငွေခဲများကိုအသုံးပြု၍ ကာလတိုမှ ကာလအလယ်လတ်အထိ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းသည် အဓိပ္ပါယ်မရှိလှပေ။ သို့သော် ငွေကိုအရင်းခံသော futures များ၊ options များနှင့် CFDs ပုံစံကုန်သွယ်ရေးအမျိုးအစားများသည် ကောင်းမွန်သောအမြတ်အစွန်းကို ပေးစွမ်းပါသည်။

ထို့အပြင် ငွေသတ္တု၏ကုန်သွယ်ရေးအမျိုးအစားကွဲများသည် ငွေအတုံးအခဲများထက်ပိုမို၍ အချိန်တိုအတွင်း အရောင်းအဝယ်ပြုလုပ်ရန် လွယ်ကူပါသည်။ အိတ်ချိန်းများအားလုံးနီးပါးပေါ်တွင် futures များကို ရောင်းချနိုင်သောကြောင့်ဖြစ်သည်။

ငွေသတ္တု Futures ဈေးကွက်များ

ကမ္ဘာပေါ်ရှိ ပထဝီနိုင်ငံရေးတင်းမာမှုများ၏ ‌နောက်ခံပြုမှုဖြင့် ဖေဖော်ဝါရီ ၂၀၂၂ တွင် ငွေ futures စာချုပ်သည် $22 မှ စတင်၍ ပုံမှန်တိုးတက်မှုတခုကို ပြသခဲ့သည်။ မတ်လ ၈ ရက်နေ့တွင် ၎င်းသည် စာချုပ်တခုလျှင် $27.49 တန်ဖိုးဖြင် အမြင့်ဆုံးအထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက်တွင် အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းများကို အခြေခံပွိုင့် ၂၅ပွိုင့် (၀.၂၅%) တိုးမြှင့်ခဲ့ခြင်းကြောင့်၊ ယင်းဈေးတန်းမှ အောက်သို့ပြန်လည် ကျဆင်းသွားခဲ့သည်။ လကုန်ချိန်တွင် ငွေစာချုပ်သည် $23.92 အထိတန်ဖိုးနိမ့်ပါးသွားခဲ့သော်လည်း၊ ဧပရယ်လလယ်တွင် $26.2 သို့ ပြန်လည်မြင့်တက်ခဲ့သည်။

LiteFinance: ငွေသတ္တု Futures ဈေးကွက်များ

၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ငွေသတ္တုသည် ၂၃% တန်ဖိုးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။ အကြောင်းရင်းမှာ ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုကို မျှော်မှန်းခဲ့ကြပြီး၊ လက်တွေ့တွင် အမေရိကန်ဗဟိုဘဏ်သည် မျှော်မှန်းချက်များထက်ပင်ကျော်လွန်၍ အခြေခံပွိုင့် ၅၀ အတိုးနှုန်းမြှင့်တင်မှုကို မှတ်တမ်းတင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ မေလ ၁၃ ရက်တွင်၊ စာချုပ်သည် အနိမ့်ဆုံးဈေးတန်း $20.42 သို့‌ ရောက်ရှိခဲ့သည်။

LiteFinance: ငွေသတ္တု Futures ဈေးကွက်များ

အခြား စံချိန်တင် အတိုးနှုန်းမြှင့်တင်မှုတခုမှာ ဇွန်လ ၁၅ ရက်နေ့တွင် အခြေခံပွိုင့် ၇၅ပွိုင့် တိုးမြှင့်ခဲ့သော ဖြစ်စဉ်ဖြစ်သည်။ ယင်းမတိုင်မီက၊ ဤမျှနှုန်းထားအထိ အမြင့်ဆုံးမြှင့်တင်ခဲ့သော နောက်ဆုံးမှတ်တမ်းမှာ ၁၉၉၅ တွင်ဖြစ်သည်။ ထိုအချိန်မှစ၍ ငွေ futures များ၏ ဈေးနှုန်းသည် $21.97 ဈေးတန်းမှ နောက်ထပ်ကျဆင်းသွားခဲ့ပြန်သည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စာချုပ်သည် $20.35 ဝန်းကျင်တန်ကြေးရှိခဲ့သည်။

LiteFinance: ငွေသတ္တု Futures ဈေးကွက်များ

ကျဆင်းမှုသည် လာမည့်လများအထိ ဆက်လက်ရှည်ကြာလိမ့်မည်ဟု မျှော်မှန်းရပါသည်။ မည်သို့ပင်ဖြစ်စေ၊ ၂၀၂၂ တွင် ငွေထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၈% တိုးတက်လာမည်ဟု မျှော်မှန်းရပါသည်။ လျှပ်စစ်ပစ္စည်းများကဲ့သို့သော ‌ငွေသတ္တုပါဝင်သည့် ကုန်ချောများ၏ ဝယ်လိုအားသည်လည်း တိုးတက်လာမည်ဟု မျှော်လင့်ရပါသည်။

ငွေကို မည်ကဲ့သို့ ကုန်သွယ်မှုပြုလုပ်ရမည်နည်း။

ပထမဦးစွာ သင်သည် spot(ပေါက်ဈေးအတိုင်းလက်ငင်းပေးချေ၍ချက်ချင်းလွှဲပြောင်းသောအမျိုးအစား)၊ futures၊ options သို့မဟုတ် အခြားကုန်သွယ်မှုနည်းလမ်းများ အစရှိသဖြင့် ကုန်သွယ်မှုအမျိုးအစားကို ရွေးချယ်ရန်လိုအပ်ပါသည်။ သင်၏ရွေးချယ်မှုအပေါ်မူတည်၍ သင်ရွေးချယ်ထားသော အမျိုးအစားကို အရောင်းအဝယ်ပြုလုပ်သော ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိစေရန် အကျိုးဆောင်မှ ပံ့ပိုးပေးပါသည်။ ဥပမာအားဖြင့်၊ futures များသည် အိတ်ချိန်းပေါ်တွင် ရရှိနိုင်သော ကုန်သွယ်မှုအမျိုးအစားဖြစ်ပြီး၊ တန်ဖိုးခြားနားချက်စာချုပ်များ (CFDs) ကို Forex တွင် ကုန်သွယ်နိုင်ပါသည်။

စာရင်းပေးသွင်းခြင်းမပြုမီ၊ ဝန်ဆောင်မှုအဖိုးအခကို အလေးထားစိစစ်ပါ။ အပ်ငွေပမာဏသေးငယ်သော ကုန်သည်တဦးအတွက် စရိတ်စကအသက်သာဆုံးအကျိုးဆောင်သည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ အကယ်၍ သင်၏ငွေပမာဏလုံလောက်မှုရှိပါက၊ အမြန်ဆုံးအော်ဒါအကောင်အထည်ဖော်နှုန်းကို ကမ်းလှမ်းသောအကျိုးဆောင်အား ရွေးချယ်ပါ။ ကော်မရှင်ခများသာမက spread နှုန်းထားကိုလည်း လေ့လာပါ။ သင်၏ ကုန်သွယ်ရေးတွင် အနှုတ်သဘောမသက်ရောက်စေရန် spread သည် အနည်းဆုံးနှုန်းထားဖြစ်သင့်ပါသည်။

အချို့သော အကျိုးဆောင်များတွင် ကုန်သွယ်ရေးအတွက် ဝက်ဘ်တာမီနယ်များရှိပါသည်။ ၎င်းတို့ကို အသုံးပြု၍ သင်သည် ငွေ၊ ရွှေနှင့် အကျိုးဆောင်ထံတွင် ရရှိနိုင်သော အခြားပိုင်ဆိုင်မှုအမျိုးအစားများကို အရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။

အောက်တွင်၊ LiteFinance ဝဘ်တာမီနယ်၏ သတ္တုကုန်သွယ်ရေးအမျိုးအစားများကဏ္ဍကို နမူနာကြည့်ရှုနိုင်ပါသည်။

LiteFinance: ငွေကို မည်ကဲ့သို့ ကုန်သွယ်မှုပြုလုပ်ရမည်နည်း။

Forex အကျိုးဆောင်ကုမ္ပဏီတခုနှင့်အတူ ငွေသတ္တုကုန်သွယ်မှုကို လေ့ကျင့်ရန်အတွက်၊ ငွေအစစ်ပေးသွင်းရန်မလိုအပ်သော ဒီမိုအကောင့်တခုကို ဖွင့်လှစ်နိုင်ပါသည်။ ၎င်း၏ အိတ်ချိန်းအစားထိုးဖော်ပြမှုမှာ ဒီမိုအော်ဒါများဖြစ်သည် - ၎င်းတို့အား သရုပ်ပြပုံစံဖြင့် အကောင်အထည်‌ဖော်ပါသည်။ ဆိုလိုသည်မှာ၊ ၎င်းတို့အား အိတ်ချိန်းပေါ်တွင် အမှန်တကယ်နေရာချထားခြင်းမရှိသကဲ့သို့၊ သင်၏ကုန်သွယ်ရေးအကောင့်လက်ကျန်ငွေနေရာတွင် ငွေအစစ်များရှိနေရန် မလိုအပ်ပါ။

ငွေကို လက်ရှိပေါက်ဈေးဖြင့် ဝယ်ယူ၊ ရောင်းချနိုင်သည့်အပြင်၊ အကယ်၍ ကုန်သည်မှ လက်ရှိပေါက်ဈေးထက် ပိုမြင့်သော/ပိုနိမ့်သော နှုန်းထားဖြင့် အရောင်းအဝယ်ပြုလုပ်လိုပါက pending orders များကိုအသုံးပြု၍ ဆောင်ရွက်နိုင်ပါသည်။ ကာလလတ်မှ ကာလရှည်ကုန်သွယ်မှုများအတွက်၊ ငွေတူးဖော်ရေးနှင့် ထုတ်လုပ်‌ရေးသတင်းများကို မျက်ခြေမပြတ်စေရန် သတင်းပြက္ခဒိန်ကို ပုံမှန်စောင့်ကြည့်သင့်ပါသည်။

ငွေအတုံးအခဲများ

ငွေတုံး၊ ငွေချောင်းများသည် အနည်းငယ်နေရာယူသောကြောင့် ဘဏ်တခု၏ အာမခံမီးခံသေတ္တာတခုတွင် သိမ်းဆည်းထားရန် သင့်တော်ပါသည်။ စံနှုန်းပြည့် ငွေချောင်းတခုသည် ၁,၀၀၀ ထရိုင်အောင်စအလေးချိန်ရှိပြီး၊ ထိုအလေးချိန်သည် ၃၀ ကီလိုဂရမ်နှင့်ညီမျှပါသည်။ သို့သော် သင်သည် ၁၀၀ ဂရမ်အလေးချိန်မှစ၍ ငွေတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ပါသည်။ ငွေချောင်းများနှင့် အိတ်ချိန်းပေါ်မှ ငွေပိုင်ဆိုင်မှုနှုန်းထားများ၏ ဈေးနှုန်းခြားနားချက်မှာ ပုံမှန်အားဖြင့် ၁၀% ဝန်းကျင်ဖြစ်ပါသည်။ ဤအချက်သည် ငွေသတ္တု၏ အခြားရုပ်ဝထ္ထုပိုင်ဆိုင်မှုများဖြစ်သော ဒင်္ဂါးပြားများနှင့် လက်ဝတ်ရတနာများနှင့် နှိုင်းယှဉ်ပါက ငွေတုံး၊ငွေချောင်းများတွင် ရင်းနှီးမြှုပ်နှံခြင်းအား အမြတ်အစွန်းအများဆုံး ဖြစ်စေပါသည်။

နိုင်ငံအပေါ်မူတည်၍၊ ငွေချောင်းများရောင်းချရာတွင် အမြတ်ခွန် သို့မဟုတ် ဝယ်ယူခွန်ကို ပေါင်းထည့်နိုင်ပါသည်။

Futures CFD

အရင်းအနှီးပမာဏသေးငယ်သောကုန်သည်များအတွက် CFDs များသည် ငွေတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ဤကုန်သွယ်မှုအမျိုးအစားကို Forex တွင် ရရှိနိုင်ပါသည်။ ထို့ကြောင့် ၎င်း၏ကုန်သွယ်မှုအမျိုးအစားစာရင်းတွင် ‌ငွေသတ္တုအရင်းခံ CFDs (Silver CFDs) ကို ဖော်ပြထားသော အကျိုးဆောင်များကို ရှာဖွေပါ။ စီးပွားရေးနယ်ပယ်တွင် သက်တမ်းကြာမြင့်ပြီးသော အကျိုးဆောင်ကုမ္ပဏီဖြစ်ပါက ပို၍ကောင်းပါသည်။ ဥပမာအားဖြင့် - LiteFinance အကျိုးဆောင်ကုမ္ပဏီ။ LiteFinance ကုမ္ပဏီသည် ငွေသတ္တုကဲ့သို့ ငွေဖြစ်လွယ်သော ပိုင်ဆိုင်မှုအမျိုးအစားများအတွက် မြန်ဆန်သောအော်ဒါအကောင်အထည်ဖော်နှုန်းနှင့် နည်းပါးသော spread နှုန်းထားကို ကမ်းလှမ်းပါသည်။

ငွေသတ္တုသည် ငွေကြေးအတွဲများထက် အပ်ငွေအရင်းအနှီး ပိုမိုလိုအပ်ပါသည်။ အသေးဆုံးကုန်သွယ်မှုပမာဏ 0.01 lots ဖြင့် ကုန်သွယ်ရာတွင် အော်ဒါတခုအတွက် အနည်းဈေးနှုန်းတိုးမြှင့်မှုတကြိမ် (1 tick) သည် $0.05 ဖြစ်ပါသည်။ ဤကုန်သွယ်မှုအမျိုးအစားအတွက် နှုန်းထားဖော်ပြမှုမှာ ဒဿမသုံးနေရာအထိ ဖြစ်ပါသည်။ ထို့ကြောင့် အနည်းဆုံးဈေးနှုန်းပြောင်းလဲမှုမှာ $0.001 ဖြစ်ပါသည်။

သင်သည် အနည်းဆုံးပမာဏ $9.37 ဖြင့် ကုန်သွယ်မှုတခုကိုဖွင့်သောအခါ၊ ‌ဤပမာဏအား သင်၏အကောင့် မှ သီးသန့်သိမ်းဖယ်ထားပါသည်။ ယင်းတန်ဖိုးသည် ကုန်သွယ်မှုပမာဏနှင့် အချိုးကျ တိုးတက်လာမည်ဖြစ်သည်။ ဥပမာ၊ သင်သည် ငွေသတ္တု 0.03 lots ကို ဝယ်ယူပါက၊ ထိုကုန်သွယ်မှုကို ထိန်းသိမ်းရန် သင်၏အကောင့်တွင် 3 x $9.37 = $28.11 လိုအပ်ပါသည်။

CFDs များကို တရက်လျှင် ၂၃ နာရီ ကုန်သွယ်မှုပြုလုပ်ပါသည်။ ထို့ကြောင့် အချိန်ဇုန်နှင့် မသက်ဆိုင်ပဲ ၎င်းတို့သည် လူတိုင်းအတွက် သင့်တော်ပါသည်။

ငွေသတ္တုအရင်းခံ CFD ကုန်သွယ်ရေးအမျိုးအစား၏ ပြီးဆုံးချိန်နှင့် စတင်ချိန်များကို အောက်ပါ Metatrader 4 တာမီနယ်မှ screenshot ရုပ်ပုံတွင် ညွှန်ပြထားပါသည်။

LiteFinance: Futures CFD

ဤပိုင်ဆိုင်မှုအမျိုးအစားသည် scalping နှင့် တနေ့အတွင်းကုန်သွယ်ခြင်းနည်းလမ်းများမှလွဲ၍၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားအားလုံးအတွက် သင့်တော်ပါသည်။

Silver Options

Options အမျိုးအစားနှစ်ခုရှိပါသည် - ၎င်းတို့မှာ call နှင့် put အမျိုးအစားများ ဖြစ်ကြသည်။ Call option သည် သင့်အား strike price (အနာဂါတ်ပုံသေနှုန်းထား) အဖြစ် ရည်ညွှန်းသော ကြိုတင်ဆုံးဖြတ်ထားသည့် ဈေးနှုန်း၌ ငွေသတ္တုကို ဝယ်ယူခွင့်ပေးပါသည်။ အကယ်၍ ငွေ၏ လက်ငင်းပေါက်ဈေးသည် strike price ထက် ပို၍မြင့်မားပါက၊ ကုန်သည်အနေဖြင့် ၎င်း၏အခွင့်အရေးကို အသုံးပြု၍၊ ကြိုတင်သတ်မှတ်ထားသော နှုန်းထားဖြင့် ဝယ်ယူကာ အမြတ်အစွန်းကို ရရှိပါသည်။ အကယ်၍ ဈေးနှုန်းသည် strike price အောက် ကျဆင်းသွားပါက၊ ကုန်သည်အနေဖြင့် ၎င်း၏ ဝယ်ယူခွင့်ကို အကောင်အထည်မဖော်ပဲ option ပရီမီယံကြေးဟု ခေါ်ဆိုကြသည့်၊ option စာချုပ်ပြုလုပ်ခြင်းအတွက် အဖိုးအခကိုသာလျှင် ပေးချေမည်ဖြစ်သည်။

Put option သည် အလားတူ ဆန့်ကျင်ဘက်နည်းလမ်းဖြင့် အလုပ်လုပ်ပါသည် - ကုန်သည်သည် ပိုင်ဆိုင်မှုအား ကြိုတင်ဆုံးဖြတ်ထားသည့်ဈေးနှုန်းဖြင့် ရောင်းချခွင့်ရှိပါသည်။ ထို့ကြောင့် ငွေသတ္တုဈေးနှုန်းသည် strike price အောက်နိမ့်ပါက၊ ကုန်သည်အနေဖြင့် ၎င်း၏အခွင့်အရေးကို အသုံးချ၍ အမြတ်ရနိုင်ပါသည်။ အကယ်၍ ‌ဈေးနှုန်းသည် strike price ထက်ပိုမြင့်ပါက၊ အခွင့်အရေးကို အသုံးချ၍ အကျိုးမရှိပါ၊ ထိုအခါ option ပရီမီယံကြေးကိုသာလျှင် ပေးချေရပါမည်။

Option ၏ strike price သည် ငွေ၏လက်ရှိဈေးနှုန်းနှင့် ကွာဟလေလေ၊ option စာချုပ်၏ ပရီမီယံကြေး ပို၍သက်သာလေဖြစ်သည်။ အကြောင်းမှာ အခွင့်အရေးကိုအသုံးချရန် အလားအလာပိုနည်းသောကြောင့် ဖြစ်ပါသည်။

Options များသည် အိတ်ချိန်းကုန်သွယ်ရေးအမျိုးအစားများ ဖြစ်ပါသည်။ ထို့ကြောင့် option ကုန်သွယ်ရေး ကို ကိုယ်တိုင်စမ်းသပ်လုပ်ဆောင်လိုပါက၊ အိတ်ချိန်းတခုခုသို့ ဝင်ရောက်ခွင့်ကို ပံ့ပိုးပေးသော အကျိုးဆောင်ကုမ္ပဏီတခုကို ရှာဖွေရပါမည်။

ချီကာဂိုစတော့အိတ်ချိန်းပေါ်တွင်၊ ငွေသတ္တုအရင်းခံ options အား SO အမှတ်အသားအောက်တွင် ကုန်သွယ်မှုပြုလုပ်ပါသည်။

Silver ETFs

သင့်တွင် ငွေသတ္တုတူးဖော်ရေးကုမ္ပဏီတခု၏ ရှယ်ယာများပါဝင်သော ရင်းနှီးမြှုပ်နှံမှုအစုတခု ရှိသည်ဟု ဆိုကြပါစို့။

  • ၄၀% - Industrias Penoles SAB de CV
  • ၃၀% - Polymetal International PLC
  • ၂၀% - Fresnillo PLC
  • ၁၀% - Pan American Silver Corp။

ပထမကုမ္ပဏီနှစ်ခု၏ ရှယ်ယာများ (၄၀% နှင့် ၃၀%) တို့သည် အထက်သို့မြင့်တက်ခဲ့ပြီး၊ တတိယနှင့် စတုထ္တကုမ္ပဏီ (၂၀% နှင့် ၁၀%) တို့သည် အသီးသီးကျဆင်းခဲ့သည်ဟု ထပ်မံ၍ ယူဆကြပါစို့။ ရလာဒ်တခုအနေဖြင့်၊ ရင်းနှီးမြှုပ်နှံမှုအစု၏ တန်ဖိုးမှာ တိုးတက်သွားပါသည်။ သင်၏ အောင်မြင်သော ရင်းနှီးမြှုပ်နှံသူအတွေ့အကြုံကို တွေ့မြင်ရပြီးသည့်နောက်၊ ကျွန်ုပ်သည် ထိုရင်းနှီးမြှုပ်နှံမှုအမျိုးအစားတွင် သေချာပေါက် ပါဝင်လိုမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်သည် ကျွန်ုပ်၏ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုအစုကို တည်ဆောက်ရန်မလိုပေ။ ကျွန်ုပ်သည် သင့်ထံမှ ဝေစုတစိတ်တပိုင်းကို ဝယ်ယူနိုင်သည်။ ဤသည်မှာ ETF ၏ အလုပ်လုပ်ပုံဖြစ်သည်။

ETF သည် စတော့နှင့်ဆင်တူသော အစုရှယ်ယာအမျိုးအစားဖြစ်ပါသည်။ စတော့များတွင် သင်သည် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုဝေစုတခုကို ရရှိသည်။ ETF တွင် သင်သည် စုစည်းထားသောအစုရှယ်ယာများ၏ ဝေစုတခုကို ရရှိသည်။ အကယ်၍ ရင်းနှီးမြှုပ်နှံမှုအစုသည် တန်ဖိုးမြင့်တက်၊ ကျဆင်းလာသောအခါ၊ ထိုရင်းနှီးမြှုပ်နှံမှုအစုတွင် ပါဝင်သော သင့်၏ဝေစုနှင့်အညီ အချိုးကျ အမြတ်၊ အရှုံးများကို သင် လက်ခံရရှိမည်ဖြစ်သည်။

အချို့ ETFs များသည် အမြတ်ဝေစုပေးချေမှုမပြုပါ။ သို့သော် ပြန်လည်၍ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါသည်။ ထိုအခါ အမြတ်အစွန်းကို တွေ့မြင်ရရန်အတွက်၊ ETF ကို ရောင်းချနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှုတစုလုံး၏ တန်ဖိုးတိုးတက်လာသောအခါ၊ ၎င်း၏ ETF တန်ဖိုးသည်လည်း မြင့်တက်လာပါသည်။

ETF တခုသည် option တခုကဲ့သို့ပင် အိတ်ချိန်းပေါ်တွင် အရောင်းအဝယ်ပြုလုပ်သော ပိုင်ဆိုင်မှုအမျိုးအစားတခုဖြစ်သည်။ ထို့ကြောင့် အကယ်၍ သင်သည် ဤကုန်သွယ်မှုအမျိုးအစားကို စိတ်ပါဝင်စားပါက၊ သင့်အနေဖြင့် စတော့အကျိုးဆောင်ကို လိုအပ်နိုင်ပါသည်။ နာမည်အကျော်ကြားဆုံး ငွေသတ္တု ETFs များမှ တခုမှာ ၂၀၀၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော iShares silver trust (ticker: SLV) ဖြစ်ပါသည်။

ဤအဖိုးတန်သတ္တုကို ဘဏ်မှဝယ်ယူခြင်းနှင့်နှိုင်းယှဉ်သော် ငွေသတ္တု ETFs များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ပိုမိုမြင့်မားသော liquidity (အရင်းခံပိုင်ဆိုင်မှု၏ ၀.၅% အထိ)ကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုပိုမိုရရှိပါသည်။ ရွေးချယ်မှုပြုလုပ်ရာတွင် ရန်ပုံငွေအစု၏ ယခင်စွမ်းဆောင်မှုရာဇဝင်၊ အထူးသဖြင့် အမြတ်ရနှုန်းနှင့် စွမ်းဆောင်ရည်ကျဆင်းမှုတန်ဖိုးများကို သေချာစွာလေ့လာကာ၊ လေ့လာမှုရလာဒ်အပေါ် အခြေခံ၍ ဆုံးဖြတ်သင့်ပါသည်။

Silver Stocks

ငွေသတ္တုတူးဖော်ရေးကုမ္ပဏီများ၏ စတော့များရွေးချယ်မှုသည် သင်၏ အပ်ငွေအရင်းအနှီး အရွယ်အစားအပေါ် မူတည်ပါသည်။ ဥပမာ Wheaton Precious Metals Corp. (စတော့အမှတ်အသား - WPM)၏ ရှယ်ယာဈေးနှုန်းသည် $35 ဝန်းကျင်ဖြစ်ပြီး၊ Silvercorp Metals Inc. ၏ ရှယ်ယာဈေးနှုန်းသည် $2.39 ဖြစ်သည်။ ဈေးနှုန်းပိုမြင့်လေလေ၊ အမြတ်ရနိုင်သောအလားအလာပိုများလေလေဖြစ်သည်။ သို့သော် အပ်ငွေပမာဏသေးငယ်ပါက၊ ပိုမိုဈေးသက်သာသော အစုရှယ်ယာများဖြင့် စတင်ခြင်းက ပို၍သင့်တော်ပါသည်။

ကာလရှည်အတွက် ရှယ်ယာများဝယ်ယူသောအခါ၊ အရင်းခံစီးပွားရေးအကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်သင့်ပါသည်။ ဥပမာအားဖြင့်၊ ကုမ္ပဏီ၏ အတွင်းပိုင်း ပြဿနာများကြောင့်၊ ငွေဈေးများတိုးတက်နေသည့်တိုင် ကုမ္ပဏီရှယ်ယာတန်ဖိုးများ တိုးတက်မလာခြင်းမျိုး ရှိနိုင်ပါသည်။

အောက်ပါ ဂရပ်ဖစ်ရုပ်ပုံသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ငွေဈေးနှုန်းများ ပြောင်းလဲရွေ့လျားမှုကို ပြသပါသည်။ စတော့များကို ဝယ်ယူရာတွင်၊ ငွေသတ္တု၏ဈေးနှုန်းများတိုးတက်လျှင် စတော့ဈေးနှုန်းများ သည် ငွေသတ္တု၏တိုးတက်နှုန်းထက် ပို၍မြန်ဆန်စွာ တိုးတက်လာပြီး၊ ငွေဈေးနှုန်းများကျဆင်းသောအခါ စတော့ဈေးနှုန်းများသည် ပို၍နှေး‌ကွေးစွာ လိုက်ပါကျဆင်းသော စတော့အမျိုးအစားကို ရွေးချယ်ရပါမည်။ အခြားတဖက်မှကြည့်လျှင်၊ စတော့များကို ရောင်းချလိုပါက ငွေသတ္တုထက် ဈေးနှုန်းကျဆင်းမှုပိုမြန်ပြီး၊ တိုးတက်မှုပိုနှေးသော အမျိုးအစားကို ရွေးချယ်ရပါမည်။

LiteFinance: Silver Stocks

၂၀၂၂ တွင် အောက်ပါကုမ္ပဏီများ၏ စတော့များကို ပို၍အာရုံစိုက်သင့်သည်ဟု ကျွန်ုပ်အနေဖြင့် ထင်မြင်ယူဆပါသည်။

  • Wheaton Precious Metals။ ဤကုမ္ပဏီသည် ၂၀၁၉ မှစတင်၍ ပုံမှန်တိုးတက်မှုကို ပြသခဲ့သည်။ ယခုအခိုက်အတန့်တွင် ၎င်းသည် ဘေးတိုက်ရွေ့လျားမှုဘောင်၏ အောက်နယ်နိမိတ်အနီး၌ ရှိနေသည်။ ၎င်း၏ ရွေ့လျားမှုများသည် ငွေဈေးနှုန်းထက်ပို၍ အပြုသဘောဆောင်ပါသည်။

LiteFinance: Silver Stocks

  • First Majestic Silver။ ကျန်ခဲ့သော ၃ နှစ်တွင် အကျလမ်းကြောင်းတခုကို တွေ့မြင်ခဲ့ကြရသည်။ စတော့သည် တန်ဖိုးတိုးတက်မှုအားနည်းကာ၊ ‌ငွေသတ္တုဈေးထက် ပိုမိုမြန်ဆန်စွာ ကျဆင်းပါသည်။

LiteFinance: Silver Stocks

  • Coeur Mining။ ၂၀၂၁ မှစတင်၍ First Majestic Silver ထက်ပင် စွမ်းဆောင်ရည်ကျဆင်းခဲ့သည်။ ရှယ်ယာဈေးနှုန်းမှာ နည်းပါးပြီး - ကနဦးအရင်းအနှီးပမာဏသေးငယ်သူများအတွက် သင့်တော်ပါသည်။

LiteFinance: Silver Stocks

  • Endeavor Silver Corp။ တိုးတက်မှုရှိသော်လည်း ထင်ရှားမှုမရှိပါ။ သို့သော် ငွေသတ္တုဈေးကျသောအခါ စတော့တန်ဖိုးများ ပိုမိုမြန်ဆန်စွာကျဆင်းပါသည်။ အဝယ်နှင့် အရောင်းနှစ်ခုစလုံးအတွက် သင့်တော်ပါသည်။

LiteFinance: Silver Stocks

  • Silvercorp Metals Inc. (SVM)။ ငွေသတ္တုသည် အတက်၊အကျများနှင့်အတူ ဘေးတိုက်ရွေ့လျားနေစဉ်၊ စတော့သည် ပုံမှန် ဆက်လက်ကျဆင်းသွားပါသည်။

LiteFinance: Silver Stocks

၎င်းတို့မှာ ဥပမာအချို့သာလျှင် ဖြစ်ပါသည် - အခြား‌သော အများပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီများစွာရှိပါသည်။ ငွေ၏ဈေးနှုန်းနှင့်အတူ အတိအကျ လိုက်ပါရွေ့လျားသော စတော့ဟူ၍မရှိပါ။ သို့ရာတွင်၊ ၎င်းတို့သည် သင့်အတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်နိုင်ပါသည်။ အထူးသဖြင့် ၎င်းတို့၏ စတော့များသည် ဈေးသက်သာပြီး၊ သင်သည် မြင့်မားသောဆုံးရှုံးမှုကို ရှောင်ရှားလိုပါက၊ ၎င်းတို့သည် သင့်အတွက် သင့်တော်နိုင်ပါသည်။ သို့သော် အကယ်၍ ၎င်းတို့သည် ဈေးနှုန်းအလွန်မြင့်မားပါက၊ အခြားဈေးနှုန်း အတက်၊ အကျမြန်ဆန်သော ကုန်သွယ်ရေးအမျိုးအစားကို ရွေးချယ်ခြင်းက သင့်အတွက် ပို၍အကျိုးရှိနိုင်ပါသည်။

ငွေသတ္တုကုန်သွယ်ရေးအချိန်နာရီများ

ငွေကို လန်ဒန်၊ ရှန်ဟိုင်းနှင့် နယူးယောက် စတော့အိတ်ချိန်းများပေါ်တွင် ကုန်သွယ်မှုပြုလုပ်ပါသည်။ အိတ်ချိန်းဖွင့်ချိန်များမှာ (ဥရောပစံတော်ချိန်၊ GMT+2 LiteFinance တာမီနယ်တွင် GMT+2) ဖြစ်ပါသည်။

  • လန်ဒန် - 10.00 - 18.30
  • ရှန်ဟိုင်း - 5.30 - 11.00
  • နယူးယောက် - 13.00 - 23.00

ထို့ကြောင့် ငွေကုန်သွယ်ရေးအချိန်နာရီများမှာ တနင်္လာမှ သောကြာ - ၅:၃၀ မှ ၂၃:၀၀ (LiteFinance တာမီနယ်စံတော်ချိန်) ဖြစ်ပါသည်။

ဥရောပနှင့် အမေရိကန် ကုန်သွယ်ရေးဈေးကွက်အလုပ်ချိန်များတွင် liquidity ပိုမိုမြင့်မားသောကြောင့်၊ ထိုအချိန်ပိုင်းများတွင် ကုန်သွယ်မှုပြုလုပ်ခြင်းသည် ပို၍ ကောင်းမွန်ပါသည်။

ငွေကုန်သွယ်ရေးအားသာချက်များနှင့် အားနည်းချက်များ

ငွေကုန်သွယ်ရေး၏အားသာချက်များနှင့် အားနည်းချက်များကို အသေးစိတ်စူးစမ်းကြည့်ကြပါစို့။

အားသာချက်များ

အနုတ်လက္ခဏာများ

ဈေးအတက်၊ အကျမြင့်မားခြင်း

ဝယ်ဈေး၊ ရောင်းဈေးကွာဟနှုန်း ကြီးမားခြင်း

ရင်းနှီးမြှုပ်နှံရန်နည်းလမ်းများစွာရွေးချယ်နိုင်ခြင်း

ကနဦးအရင်းအနှီးပမာဏပိုများခြင်း

စီးပွားရေးအခြေခံပိုင်းဆိုင်ရာအကြောင်းအရာများ၏ သက်ရောက်မှုအောက်တွင်ရှိခြင်း

 

အခြားသတ္တုများထက် ဈေးသက်သာခြင်း

 

ားသာချက်များ -

  • ကာလရှည် ဈေးနှုန်းရွေ့လျားမှုများအတွက် ငွေသတ္တု၏ မတည်ငြိမ်မှုသည် ကုန်သည်၏ အမြတ်အလားအလာကို တိုးမြှင့်ပေးပါသည်။
  • သင်၏ အရင်းအနှီးပမာဏနှင့် လက်ခံနိုင်သော စွန့်စားမှုအတိုင်းအတာအပေါ် မူတည်၍ ငွေသတ္တုအား ကုန်သွယ်မှုအမျိုးအစားများစွာမှတဆင့် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။
  • ငွေသတ္တုသည် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားတခုသာလျှင်မကပဲ၊ စက်မှုထုတ်လုပ်ရေးတွင်ပါဝင်သော ကုန်စည်တခုလည်း ဖြစ်ပါသည်။ ၎င်း၏ ဈေးနှုန်းသည် အခြားသတ္တုများ (ဥပမာ-ရွှေ)ထက်ပို၍ စီးပွား‌ရေးအခြေခံပိုင်းအကြောင်းအရာများ၏ သက်ရောက်မှုကို ခံစားရပါသည်။ ထို့ကြောင့် နယ်ပယ်တူကုမ္ပဏီများ၏ စတော့များ၊ ကုန်ထုတ်လုပ်မှုတိုးတက်နှုန်းများနှင့် အကျပ်အတည်းများ၊ ကပ်ရောဂါကာလများအတွင်း ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေ အစရှိသည်တို့ကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့်၊ ကာလရှည်နှင့် ကာလလတ်အတွက် ၎င်း၏ နောက်ထပ်ရွေ့လျားမှု များကို ကြိုတင်ခန့်မှန်း၍ရနိုင်ပါသည်။
  • အခြားသတ္တုများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် နှိုင်းယှဉ်လျှင်၊ ငွေသည် လက်လှမ်းမီရန် အလွယ်ကူဆုံး ရွေးချယ်မှုတခုဖြစ်ပါသည်။

အားနည်းချက်များ -

  • နိမ့်ပါးသော liquidity သည် ကျယ်ပြန့်သော spread ကို ထွက်ပေါ်စေပါသည်။ ရိုးရှင်းသောရလာဒ်အနေဖြင့် ငွေသတ္တုကိုအသုံးပြု၍ အလွန်တိုတောင်းသောကာလအတွင်း (scalping)ကုန်သွယ်ရေး ဆောင်ရွက်ရန် မဖြစ်နိုင်ပါ။
  • ငွေဈေးနှုန်း၏ အနည်းဆုံးပြောင်းလဲမှုသည် ငွေကြေးအတွဲများထက် ငါးဆပိုမိုကြီးမြင့်ပါသည်။ ရလာဒ်အနေဖြင့် ငွေကြေးအတွဲများနည်းတူ ချောမောစွာ ကုန်သွယ်မှုပြုလုပ်ရန်အတွက်၊ အပ်ငွေပမာဏ ငါးဆပိုမိုလိုအပ်ပါသည်။

ငွေသတ္တုကုန်သွယ်ရေးအကောင်းဆုံးနည်းဗျူဟာ

ငွေသတ္တုကုန်သွယ်ရေးအတွက် ယေဘုယျစည်းမျဉ်းများသည် အခြားပိုင်ဆိုင်မှုများနှင့် အတူတူသာ ဖြစ်ပါသည်။ လမ်းကြောင်းလားရာတွင်သာ အရောင်းအဝယ်ပြုလုပ်ရန်နှင့် ဘေးတိုက်ရွေ့လျားနေစဉ် အထက်နယ်နိမိတ်မှ ရောင်းချ၍ အောက်နယ်နိမိတ်မှ ဝယ်ယူရန် စသည်တို့သာ ဖြစ်ပါသည်။

လမ်းကြောင်းဦးတည်ရာအတိုင်း ကုန်သွယ်ရန်အတွက်၊ လမ်းကြောင်းမျဉ်း + RSI indicator ကို အသုံးပြုပါမည်။ ပိုမိုကျယ်ပြန့်သောဈေးနှုန်းရွေ့လျားမှုများတွင် လမ်းကြောင်းမျဉ်းများရေးဆွဲခြင်းက ပို၍ကောင်းပါသည် - ၎င်းသည် သင့်ကုန်သွယ်မှုများ၏ အမြတ်အလားအလာကို မြှင့်တင်ပေးပါသည်။

LiteFinance: ငွေသတ္တုကုန်သွယ်ရေးအကောင်းဆုံးနည်းဗျူဟာ

အကယ်၍သင်သည် လက်ရှိရွေ့လျားမှုများအပေါ် လမ်းကြောင်းမျဉ်းကို ရေးဆွဲပါက၊ လမ်းကြောင်းသည် တိကျမှန်ကန်မှုမရှိနိုင်ပဲ၊ ကုန်သွယ်မှုများ၏ အမြတ်အစွန်းကို ဆုံးရှုံးစေနိုင်ပါသည်။

ကျွန်ုပ်သည် H4 timeframe ကို လေ့လာဆန်းစစ်ပါမည်။ ကျွန်ုပ်သည် စံသတ်မှတ်ထားသော အတိုင်းအတာဖြစ်သည့် 14 နှင့်အတူ (70 နှင့် 30 levels များအစား) RSI levels 60 နှင့် 40 ကို အသုံးပြုပါမည်။ 14 ကိုရွေးချယ်ခြင်းဖြင့်၊ ၎င်းသည် နောက်ဆုံး candle ၁၄ ခုအား ခွဲခြမ်းစိတ်ဖြာမည်ဖြစ်သည်။ အခြားအတိုင်းအတာတန်ဖိုးများကိုလည်း အသုံးပြုနိုင်ပါသည်။

အောက်ပါအခြေအနေများတွင် အရောင်းအချက်ပြမှု ပေါ်ပေါက်လာပါသည်။

  • အကျလမ်းကြောင်း - အမြင့်ဆုံး ထိပ်ဖျားတန်ဖိုးများတွင် ရေးဆွဲသော လမ်းကြောင်းမျဉ်းသည် အောက်ဘက်သို့ဦးတည်နေခြင်း
  • လမ်းကြောင်းမျဉ်းကို ထိတွေ့ချိန်တွင် RSI (14) သည် level 60 အထက်တွင်ရှိခြင်း
  • ထိတွေ့ပြီးချိန်၌၊ pin bar သို့မဟုတ် bearish engulfing candlestick pattern တခု ပေါ်ပေါက်လာခြင်း။

အရောင်းကုန်သွယ်မှုတခု ဝင်ရောက်ခြင်းဥပမာ။ အပြာရောင်အစက်သည် လမ်းကြောင်းမျဉ်း တည်ဆောက်သည့် အမြင့်ဆုံးထိပ်ဖျားများကို ညွှန်ပြပါသည်။ မြှားသည် အဝင်ပွိုင့်ကို ပြသပါသည် - RSI (14) မှ ဝယ်လိုအားလွန်ကဲမှု အချက်ပြမှုနှင့်အတူ engulfing pattern တပြိုင်တည်းပေါ်ပေါက်လာပါသည်။

အကယ်၍ stop အော်ဒါအား ၎င်း၏ ပထမဆုံး candle အထက်တွင် pattern စည်းမျဉ်းများနှင့်အညီ သတ်မှတ်ပါက အမြတ်အလားအလာမှ ဆုံးရှုံးနိုင်ခြေအချိုးသည် 2/1 ဖြစ်ပါသည်။

LiteFinance: ငွေသတ္တုကုန်သွယ်ရေးအကောင်းဆုံးနည်းဗျူဟာ

အဝယ်အချက်ပြမှု -

  • အတက်လမ်းကြောင်း - အနိမ့်ဆုံး‌အမှတ်များတွင် ရေးဆွဲသောလမ်းကြောင်းမျဉ်းသည် အထက်သို့ ဦးတည်နေခြင်း။
  • လမ်းကြောင်းမျဉ်းကို ထိတွေ့ချိန်တွင် RSI (14) သည် level 40 အောက်တွင်ရှိခြင်း
  • ထိတွေ့ပြီးချိန်၌၊ pin bar သို့မဟုတ် bullish engulfing candlestick pattern တခု ပေါ်ပေါက်လာခြင်း။

အဝယ်ကုန်သွယ်မှုတခု ဝင်ရောက်ခြင်းဥပမာ။ မြှားသည် pin bar pattern ကို ညွှန်ပြပါသည် - ၎င်းပေါ်ပေါက်လာပြီးနောက်၊ ကျွန်ုပ်တို့အနေဖြင့် ကုန်သွယ်မှုကို ဖွင့်နိုင်ပါသည်။

LiteFinance: ငွေသတ္တုကုန်သွယ်ရေးအကောင်းဆုံးနည်းဗျူဟာ

Stop loss အား pin bar ၏ tail နေရာတွင် သတ်မှတ်ခြင်းဖြင့်၊ ကုန်သွယ်မှုသည် 3/1 အမြတ်/အရှုံးအလားအလာအချိုးကို ပေါ်ထွက်စေပါသည်။

ဈေးနှုန်းသည် လမ်းကြောင်းမျဉ်းသို့ ရောက်ရှိရန် အနည်းငယ်မျှ ကွာဟနေခြင်း သို့မဟုတ် အနည်းငယ်ကျော်လွန်သွားခြင်းများအတွက် စိတ်မပူပါနှင့်။ ကုန်သွယ်ရေးသည် တိကျသော သိပ္ပံပညာမဟုတ်ပါ။

(pin bar သို့မဟုတ် engulfing ကဲ့သို့) candlestick pattern တခု ပေါ်ပေါက်လာသောအခါ၊ RSI သည် ပုံမှန်အားဖြင့် အရောင်းကုန်သွယ်မှုများအတွက် 60 အောက်နှင့် အဝယ်ကုန်သွယ်မှုများအတွက် 40 အထက်တွင်ရှိပါသည်။ RSI ကို သင့်တော်သည့်အခြေအနေကိုဆုံးဖြတ်ရန် အသုံးပြုခြင်းဖြစ်သောကြောင့် ဤသည်မှာ ပုံမှန်ပင်ဖြစ်သည်။ pattern ကို သတိပေးအချက်ပြမှုအဖြစ် အသုံးပြုပါသည်။

အကယ်၍ ငွေသတ္တုသည် ဘေးတိုက်ရွေ့လျားနေသော် ၎င်းကို မည်သို့ ကုန်သွယ်မည်နည်း။ သင့်အနေဖြင့် ထူးဆန်းသည်ဟု အံ့အားသင့်နိုင်ပါသည်။ သို့သော် သင်သည် လမ်းကြောင်းမျဉ်း နှင့် RSI တို့၏အကူအညီဖြင့် ကုန်သွယ်မှုဆောင်ရွက်စဉ်၌ ဘေးတိုက်ရွေ့လျားနေခြင်းကို၊ သတိပြုမိမည်မဟုတ်ပေ။ သင့်အနေဖြင့် လမ်းကြောင်းမျဉ်းများ တည်ဆောက်နိုင်သည့်အပေါ် အခြေခံ၍ ဘေးတိုက်ရွေ့လျားမှုအကွာအဝေးဘောင်အတွင်း၌ပင် အထက်နှင့်အောက်သို့ ဦးတည်သောရွေ့လျားမှုများလည်း ရှိနေမည်သာ ဖြစ်သည်။

LiteFinance: ငွေသတ္တုကုန်သွယ်ရေးအကောင်းဆုံးနည်းဗျူဟာ

အချို့အခြေအနေများတွင် ဘေးတိုက်လမ်းကြောင်းတခုအတွင်း ကုန်သွယ်မှုဖွင့်ရန် အချက်ပြမှုမရှိပါ။

LiteFinance: ငွေသတ္တုကုန်သွယ်ရေးအကောင်းဆုံးနည်းဗျူဟာ

အနိမ့်ဆုံးအမှတ်များသည် ပို၍ကျဆင်းလာသည်၊ သို့သော် အမြင့်များမှာ တူညီသောတန်ဖိုးအဆင့်တွင် တည်ရှိနေကြသည်။ ထို့ကြောင့်၊ ၎င်းတို့အပေါ် လမ်းကြောင်းမျဉ်းတခု ရေးဆွဲသောအခါ၊ ၎င်းသည် ရေပြင်ညီသာဖြစ်လိမ့်မည်။ ထို့အပြင် RSI မှ အချက်ပြမှု တစုံတရာမရှိပါ။

စီးပွားရေးအခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု - ငွေသတ္တုဈေးအပေါ် မည်သည့် အကြောင်းအရာ များက လွှမ်းမိုးပါသနည်း။

စီးပွားရေးအခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွင်၊ အရေးအကြီးဆုံး ညွှန်ပြချက် ၃ရပ်ရှိပါသည်။

၁။ ရောင်းလိုအား/ဝယ်လိုအား။ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လက်ဝတ်ရတနာများ စသဖြင့် ငွေသတ္တုကို အသုံးပြု၍ထုတ်လုပ်သော ကုန်စည်ထုတ်လုပ်မှုကဏ္ဍများ၏ အခြေအနေသည် ဝယ်လိုအားကို ထိခိုက်ပါသည်။ ထုတ်လုပ်မှု တိုးတက်မှုနှုန်းသည် ရောင်းလိုအားအပေါ် သက်ရောက်မှု ရှိပါသည်။

သက်ဆိုင်ရာကဏ္ဍများ၏ အကြီးဆုံးထောက်တိုင်ကုမ္ပဏီများ၏ စတော့များကို ဆန်းစစ်ခြင်းဖြင့် ဤညွှန်ပြချက်ကို ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။

၂။ ကမ္ဘာ့စီးပွားရေးအခြေအနေ။ စီးပွားရေးဈေးကွက် မရေရာချိန်များတွင်၊ ရင်းနှီးမြှုပ်နှံသူများသည် အခြားပိုင်ဆိုင်မှုများမှ ၎င်းတို့၏အရင်းအနှီးကို ငွေနှင့် ရွှေသို့ ပြောင်းရွှေ့ကြသည်။

ရင်းနှီးမြုပ်နှံသူများ၏ မျှော်မှန်းချက်များကို အမေရိကန်စီးပွားရေး မတည်ငြိမ်မှု၏ ညွှန်ပြချက်ဖြစ်သည့် VIX indicator ကို အသုံးပြု၍ ခြေရာခံနိုင်သည်။ ထို indicator မြင့်မားလေ‌၊ စတော့ဈေးကွက်၏ မျှော်မှန်းထားသော မတည်မငြိမ်နှုန်း ပို၍မြင့်မားလေဖြစ်ပြီး ရလာဒ်အနေဖြင့် နီးစပ်သောအနာဂါတ်တွင် အကျပ်အတည်းဖြစ်လာစေပါသည်။

၃။ ရွှေဈေးနှုန်းနှင့် ဆက်နွယ်မှု။ GSR အချိုး တိုးတက်မှုနှင့်အတူ ငွေသတ္တုအပေါ် စိတ်ပါဝင်စားမှုများ တိုးမြင့်လာမည်။ အကယ်၍ GSR အချိုးဇယားကို မရှာဖွေလိုပါက ရွှေဈေးနှုန်းဇယားနှင့် ငွေဈေးနှုန်းဇယားကို နှိုင်းယှဉ်နိုင်ပါသည်။

ငွေသတ္တု၏ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုစည်းမျဉ်းများ

ငွေ၏နည်းပညာပိုင်ဆိုင်ရာပိုင်းခြားစိတ်ဖြာမှုတွင် အဓိကနိယာမမှာ တလတာခွဲခြမ်းစိတ်ဖြာမှုဇယား (MN) မှ စတင်ရန်နှင့် M15 ထက်ပိုနိမ့်သော အချိန်အပိုင်းအခြားများတွင် ခွဲခြမ်းစိတ်ဖြာမှုမပြုလုပ်ရန် ဖြစ်ပါသည်။ ‌‌ငွေသည် ရွှေထက် liquidity နိမ့်ပါးပါသည်။ ရလာဒ်အနေဖြင့် ၎င်းတွင် ကြီးမားသော spread တန်ဖိုးတခုကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကာလတိုကုန်သွယ်မှုများပြုလုပ်ရန် မသင့်တော်ပါ။

တချိန်တည်းမှာပင် နိမ့်ပါးသော liquidity တွင်လည်း အားသာချက်ရှိပါသည်။ ၎င်းသည် ငွေ၏ ဈေးနှုန်းကို မတည်ငြိမ်မှုမြင့်မားစေပြီး၊ ဈေးနှုန်းရွေ့လျားမှုများကို ပိုမိုရှည်ကြာစေကာ၊ ငွေကြေးအတွဲမျအပါအဝင် အခြားရေပန်းစားသောပိုင်ဆိုင်မှုများနှင့်နှိုင်းယှဉ်ပါက ပိုမိုတိကျပြတ်သားသော ဈေးနှုန်းဦးတည်ရာကို ထွက်ပေါ်စေပါသည်။ ငွေသတ္တုသည် အခြားပိုင်ဆိုင်မှုအမျိုးအစားများ ဥပမာ-EURUSD ထက် ပိုမိုသာလွန်သော အမြတ်အလားအလာကို ပေးစွမ်းပါသည်။

ကမ္ဘာလုံးဆိုင်ရာဈေးကွက်များတွင် ငွေသတ္တုကုန်သွယ်ရေးအမျိုးအစားအား တရက်လျှင် (၂၄ နာရီအစား) ၂၃ နာရီ အရောင်းအဝယ်ပြုလုပ်နိုင်ပြီး၊ ပြည်တွင်းဈေးကွက်များတွင် - အိတ်ချိန်းဖွင့်သော အချိန်နာရီများအတွင်း ကုန်သွယ်မှုပြုလုပ်နိုင်ပါသည်။ ကာလအရေအတွက် အပါအဝင် သတ်မှတ်အတိုင်းအထွာများပါဝင်သော indicators များကို အသုံးပြုရာ၌ ဤအချက်ကို သတိပြုသင့်ပါသည်။ ဥပမာ အကယ်၍ သင်သည် H1 timeframe ကို ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ပြီး၊ တရက်တာအတွက် ပျမ်းမျှရွေ့လျားမှုကို တွက်ချက်လိုပါက၊ ငွေသတ္တုကုန်သွယ်ရေးအမျိုးအစားတွင် ၂၄ ကာလအစား၊ ၂၃ ကာလကို ရွေးချယ်ရပါမည်။ ထို့နောက် ပြည်တွင်းအိတ်ချိန်းပေါ်တွင် အိတ်ချိန်းဖွင့်လှစ်သောနာရီအတိအကျကို ညွှန်ပြရပါမည်။

H1 timeframe နှင့်အောက်တွင် မြင့်မားသော မတည်ငြိမ်မှုကို ထင်ရှားစွာတွေ့ရပါမည်။ ဖောက်ထွက်ကုန်သွယ်ရေးဗျူဟာများ (M15 timeframe နှင့်အထက်)နှင့် Moving average၊ Bollinger Bands ကဲ့သို့ လမ်းကြောင်းညွှန်ပြကိရိယာများကို အသုံးပြုနိုင်ပါသည်။

M15 timeframe တွင် Bollinger Bands အသုံးပြုခြင်းဥပမာတခုကို အောက်တွင် ပြသထားပါသည်။ candlestick သည် နယ်နိမိတ်မျဉ်းများကို ကျော်လွန်ပိတ်သိမ်းသွားပြီးနောက် လမ်းကြောင်းအပေါ်အခြေခံ၍ ကုန်သွယ်မှုကို ဖွင့်လှစ်ပါသည်။ ၎င်းသည် ထိပ်ဆုံးပွိုင့်ထက် ပိုမြင့်ပါက၊ အဝယ်ကုန်သွယ်မှုပြုပါ။ အောက်ဆုံးမှတ်ထက် ပိုနိမ့်လျှင် အရောင်းကုန်သွယ်မှု လုပ်ဆောင်ပါ။

LiteFinance: ငွေသတ္တု၏ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုစည်းမျဉ်းများ

#3 မှအပ၊ အခြားဖြစ်စဉ်အားလုံးတွင် ဈေးနှုန်းသည် ဖောက်ထွက်သောဦးတည်ရာသို့ ဆက်လက်ရွေ့လျားပါသည်။

M15 ထက်တိုတောင်းသော timeframe များတွင် ဖောက်ထွက်ခြင်းဗျူဟာကို အသုံးပြုရန်မသင့်တော်ဟု ကျွန်ုပ်ယူဆပါသည်။ အော်ဒါအကောင်အထည်ဖော်စဉ်တွင် ဤအချက်သည် အမြတ်အလားအလာကို လျော့ပါးစေနိုင်ပါသည်။ ပိုမို‌တိုတောင်းသော timeframe များတွင် ဖောက်ထွက်မှုအပြီး ကုန်သွယ်မှုဖွင့်ရမည့်အချိန်၌ ဈေးနှုန်းသည် take profit ဖြင့်ထွက်ခွာရမည့်ပွိုင့်သို့ ရောက်ရှိနေနိုင်ပါသည်။

ထိုအချက်မှအပ၊ ငွေသတ္တု၏ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုပြလုပ်ပုံသည် အခြားဘဏ္ဍာရေး ကိရိယာများနှင့် ကွဲပြားခြားနားခြင်း မရှိပါ။

တနေ့အတွင်းဆောင်ရွက်သော ငွေသတ္တုကုန်သွယ်ရေး

Forex တွင် ငွေသတ္တုအား အသုံးပြု၍ တနေ့အတွင်း ကုန်သွယ်ရေးဆောင်ရွက်ရန် ကျွန်ုပ်အကြံမပြုလိုပါ။ ကုန်သွယ်မှုဖွင့်ခြင်းနှင့် ပိတ်သိမ်းခြင်း နှစ်မျိုးစလုံးအတွက် XAUUSD CFD တွင် အတော်ပင်သိသာထင်ရှားသော spread နှုန်းထားရှိပြီး၊ ၎င်းသည် အမြတ်အစွန်းတစိတ်တပိုင်းကိုပင် လျော့နည်းစေပါသည်။ (XAUUSD CFD သည် ငွေသတ္တုကုန်သွယ်ရေးနှင့် သဘောတရား တူညီပါသည်)။

ဤအချက်သည် သင်၏ကုန်သွယ်မှုရလာဒ်များအပေါ် သက်ရောက်မှုရှိပါသည်။ တနေ့အတွင်းဆောင်ရွက်သော ငွေသတ္တုကုန်သွယ်ရေးတွင် take profit တန်ဖိုးနှင့် profit/risk အချိုးတို့အား တရက်အတွင်း ဈေးနှုန်းရွေ့လျားနိုင်သော အကွာအဝေးဖြင် ကန့်သတ်ထားပါသည်။

ကျွန်ုပ်သည် D1 timeframe ပေါ်တွင် ပေါင်းထည့်ထားသော ATR (14) indicator နှင့်အတူ ဇယားရုပ်ပုံကို ရိုက်ယူသိမ်းဆည်းခဲ့ပါသည်။ Indicator သည် တရက်အတွင်း ဦးတည်ရာတဖက်သို့ ဈေးနှုန်းရွေ့လျားသွားလာသော အကွာအဝေးကို ညွှန်ပြပါသည်။

LiteFinance: တနေ့အတွင်းဆောင်ရွက်သော ငွေသတ္တုကုန်သွယ်ရေး

၂၀၂၂ ‌ဧပရယ်မှ ၂၀၂၂ ဇူလိုင်အထိ၊ မတည်ငြိမ်မှုမှာ အပြောင်းအလဲမရှိခဲ့ပါ။ ထို့နောက် indicator သည် 0.85 (850 pips နှင့်ညီမျှသောတန်ဖိုး)အနီးတွင် အတက်၊အကျများကို ပြသပါသည်။

ငွေသတ္တုနှင့်ဆက်နွယ်သော အိတ်ချိန်းကုန်သွယ်မှုအမျိုးအစားများသည် liquidity မမြင့်မားလှပေ။ ဤအချက်သည်လည်း ၎င်းတို့အား တနေ့အတွင်းကုန်သွယ်မှုပြုလုပ်ရန် အားမပေးရခြင်း အကြောင်းရင်း တရပ်ပင်ဖြစ်ပါသည်။

ငွေသတ္တု နှင့် ရွှေ

LiteFinance: ငွေသတ္တု နှင့် ရွှေ
TrustTrade
အမြတ်ရနှုန်း
29593.33%
LiteFinance: ငွေသတ္တု နှင့် ရွှေ
misaghrezaei
အမြတ်ရနှုန်း
13643.39%
v
vahidpr
အမြတ်ရနှုန်း
12417.74%
LiteFinance: ငွေသတ္တု နှင့် ရွှေ
Sharokin
အမြတ်ရနှုန်း
8983.43%
LiteFinance: ငွေသတ္တု နှင့် ရွှေ
investormaster
အမြတ်ရနှုန်း
8120.08%

အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူပါ

လေ့ကျင့်မှုမပါဘဲ အရောင်းအ၀ယ်လုပ်သည့် ပထမဆုံးနေ့မှ အမြတ်ငွေကို ရယူပါ။ ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံးကုန်သည်များသည် ၎င်းတို့၏ ငွေရှာနည်းဗျူဟာများကို မျှဝေရန်အတွက် တူညီသောပလက်ဖောင်းပေါ်တွင် စုဝေးနေကြသည်။

ထပ်မံလေ့လာရန်

ငွေဖြစ်လွယ်မှုပိုမိုမြင့်မားသောကြောင် ရွှေသည် နေ့ချင်းကုန်သွယ်မှုအတွက် ပို၍သိသာထင်ရှားစွာ သင့်တော်ကိုက်ညီမှုရှိပြီး ရလဒ်တစ်ခုအနေဖြင့် ငွေသတ္တုနှင့်နှိုင်းဆပါက ပိုမိုနည်းပါးသော spread (ရောင်းစျေးနှင့် ဝယ်စျေးတို့အကြား ခြားနားချက်) ရှိပါသည်။ သို့သော် အလယ်အလတ်ကာလနှင့် ရေရှည်အတွက်မူ ထိုကွာခြားချက်မှာ သိသိသာသာအရေးပါမှုမရှိပေ။

အကြွင်းမဲ့ကာလများအနေဖြင့် လွန်ခဲ့သော ၂၂ နှစ်တာအတွင်း ရွှေစျေးနှုန်းမှာ $250 မှ $2,075 ထိသို့ ၎င်း၏ အမြင့်ဆုံးအထွတ်အထိပ်ကို မြင့်တက်လာခဲ့ပြီး ငွေသတ္တုမှာ $4.25 မှ $49.65 သို့တိုးမြင့်လာပါသည်။ သမိုင်းတလျောက် သင်မြင်တွေ့ရသည့်အတိုင်း ငွေသတ္တုသည် ရွှေမှ အမြတ်ရရှိနှုန်း 7,300% (တလလျှင် ပျမ်းမျှ 27.65%) ထက်ပိုမိုသိသာသောအကျိုးအမြတ်- 10,680% ( တလလျှင် ပျမ်းမျှ 40.45%) ကို ပြသခဲ့ပါသည်။

ငွေသတ္တုစျေးနှုန်း၏ အကြီးမားဆုံထိုးကျမှုမှာ 76.78% (၂၀၁၁ ဧပြီတွင် $49.65 မှ ၂၀၂၀ မတ်လတွင် $18.52 သို့) ဖြစ်ခဲ့ပြီး ရွှေအတွက်မူ - 45.68% ( ၂၀၁၁ စက်တင်ဘာလတွင် $1919.7 မှ ၂၀၁၅ ဒီဇင်ဘာလတွင် $1042.8 သို့) ဖြစ်ပါသည်။ အကယ်၍ ရည်မှန်းချက်ပန်းတိုင်မှာ အရင်းအနှီးကို ထိန်းသိမ်းထားချင်ပါက ‌ရွှေမှာ ငွေသတ္တုထက် ပိုမိုဆွဲဆောင်ဖွယ်ကောင်းပါသည်၊ အကြောင်းမူကား ၎င်း၏ကျဆင်းမှုနှုန်းမှာ လွန်စွာသေးငယ်နည်းပါးသောကြောင့် ဖြစ်ပါသည်။

အကြီးမားဆုံးစျေးထိုးကျမှုကို ပြသထားသော ငွေသတ္တုစျေးဇယား။

LiteFinance: ငွေသတ္တု နှင့် ရွှေ

အကြီးမားဆုံးစျေးထိုးကျမှုကို ပြသထားသည့် ရွှေစျေးဇယား။

LiteFinance: ငွေသတ္တု နှင့် ရွှေ

ထိုသတ္တုနှစ်မျိုးလုံးအတွက် တစ်နှစ်အတွင်း နေ့စဥ်ပျမ်းမျှတက်ကျပြောင်းလဲမှုကို တိုင်းတာရန် ကျွန်ုပ်သည် D1 အချိန်ကာလပေါ်တွင် ၂၆၀ အတိုင်းအတာယူနစ်ဖြင့် ATR အညွှန်းကို အသုံးပြုခဲ့ပါသည်။ ၂၆၀ ဆိုသည်မှာ တစ်နှစ်အတွင်းရှိ ကုန်သွယ်ရက်အရေအတွက်များ ဖြစ်ပါသည်။

ငွေသတ္တု၏ စျေးတက်ကျပြောင်းလဲမှုမှာ 617 ticks ဖြစ်ခဲ့ပါသည်။

LiteFinance: ငွေသတ္တု နှင့် ရွှေ

ရွှေ၏ စျေးတက်ကျပြောင်းလဲမှု- 2553 ticks။

LiteFinance: ငွေသတ္တု နှင့် ရွှေ

ထို့ကြောင့် စျေးနှုန်းရွေ့လျားမှု ပို၍ရှည်ကြာလေလေ အမြတ်ရရှိနိုင်ချေ ပိုမိုများပြားလေလေ ဖြစ်သောကြောင့် ရွှေမှာ ကုန်သွယ်ရာတွင် ပိုမိုနှစ်ခြိုက်ဖွယ်ကောင်းပါသည်။

အချုပ်အားဖြင့်ဆိုရသော် ကျွန်ုပ်သည် အစပျိုးရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များအတွက် ရွှေကို အကြံပြုထောက်ခံချက်ပေးပါသည်။

ကျွန်ုပ်၏အမြင်မှာ ငွေသတ္တုသည် အလယ်အလတ်ကာလ နှင့် ရေရှည်ကုန်သွယ်ရေးအတွက် သာမက စျေးကွက်ဝင်ရောက်မှုကို ရွှေနှင့် ငွေသတ္တုစျေးနှုန်းများ အကြီးမားဆုံးကွာဟမှုအခိုက်အတန့်၌ လုပ်ဆောင်ပြီး ထွက်ခွာမှုအား ၎င်းတို့၏ စျေးနှုန်းများ ဆုံးစည်းကိုက်ညီချိန်၌ ဆောင်ရွက်သည့် လက်လှည့်ရောင်းခြင်းနည်းဗျူဟာများအတွက်လည်း သင့်တော်ကောင်းမွန်ပါသည်။

ရွှေနှင့် ငွေသတ္တုတို့၏ ဆက်နွယ်ပတ်သက်မှု

ရွှေနှင့် ငွေသတ္တုတို့သည် သမိုင်းကြောင်းအရ အကြောင်းပြချက်များစွာဖြင့် တိုက်ရိုက်ဆက်နွယ်ပတ်သက်မှု ရှိခဲ့ကြပါသည်၊ အဆိုပါ သတ္တုနှစ်မျိုးလုံးသည် အဖိုးထိုက်တန်ပြီး၎င်းတို့ကို စီးပွားရေးမတည်ငြိမ်သည့် အချိန်အခါများအတွင်း ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် ပိုမိုနှစ်ခြိုက်လိုလားကြပါသည်။

ငွေသတ္တုကို စက်မှုလုပ်ငန်းသုံးအနေဖြင့် ခွဲခြားသတ်မှတ်ထားပြီး ရွှေသည် ရင်းနှီးမြှုပ်နှံရေး ပိုင်ဆိုင်မှုတစ်ခုထက်ပင် ပိုမိုသာလွန်ပါသည်။ ထို့ကြောင့် ဓာတ်သတ္တုတူးဖော်ရေးနှင့် ငွေသတ္တုထုတ်လုပ်ရေး ကုမ္ပဏီများ၏ စီးပွားရေးရာစွမ်းဆောင်မှုသည် သတ္တုစျေးနှုန်းများအပေါ် သိသာသောသက်ရောက်မှု ရှိကြပါသည်။ ရွှေစျေးကွက်နှင့်စပ်လျဥ်းသော ကုမ္ပဏီများသည် ရွှေစျေးနှုန်းအပေါ် ဆက်စပ်မှုအားဖြင့် လွှမ်းမိုးသက်ရောက်မှု နည်းပါးကြပါသည်။

GSR အညွှန်းကိန်း (ရွှေ/ ငွေသတ္တုတို့၏ အချိုး)

GSR အညွှန်းကိန်းသည် ရွှေနှင့် ငွေသတ္တုတို့၏ လက်ရှိစျေးနှုန်းများအချိုး ဖြစ်ပါသည်။ ၎င်းသည် EURUSD ငွေကြေးအတွဲနှင့် ဆင်တူ၍ ထိုအတွဲတွင် ယူရို၏တန်ဖိုးကို ဒေါ်လာဖြင့် ဖော်ပြပါသည်။ GSR ကိုအသုံးပြုသည့် တွေ့ရများသောကုန်သွယ်ရေးဗျူဟာများထဲမှ တစ်ခုတွင် အဆိုပါသတ္တုနှစ်မျိုးအနက်မှ တစ်မျိုးအား ဆင့်ကဲစုဆောင်းခြင်းတို့ ပါဝင်ပါသည်။

ဥပမာအားဖြင့် ကုန်သည်တစ်ဦးသည် GSR အညွှန်းကိန်းကို ခြေရာခံနေစဥ်အတွင်း ရွှေတွင် အချိန်ကြာမြင့်စွာ ရင်းနှီးမြှုပ်နှံပါသည်။ အညွှန်းကိန်းမှာ ရွှေတ‌အောင်စလျှင် ငွေသတ္တု ၁၀၀ အောင်စဝန်းကျင်ဖြင့် ပြီးခဲ့သည့်အချိန်ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဆန့်ကျင်ပြောင်းလဲမှုအတွက် အချက်ပေးခြင်းများကို စတင်ပြသခဲ့သည်ဟု ယူဆကြည့်ကြပါစို့။ ထိုသည်မှာ ငွေသတ္တုအတွက် ဝယ်လိုအားမြင့်တက်မှုနှင့် ရွှေ၏ ဝယ်လိုအားကျဆင်းမှုနှစ်ခုလုံးကို ညွှန်းဆိုပါသည်။ ထို့ကြောင့် ကုန်သည်တစ်ဦးသည် လက်ရှိနှုန်းထားဖြင့် ငွေသတ္တုအတွက် ရွှေကိုအလဲအလှယ်ပြုရန် ဆုံးဖြတ်နိုင်ပါသည်။ ထိုသူတို့သည် ရွှေ ၁၀ အောင်စ စုဆောင်းခဲ့ပါက ထို့နောက်တွင် ငွေသတ္တု ၁,၀၀၀ အောင်စအတွက် လဲလှယ်ခဲ့ကြပါသည်။ နောက်ဆက်တွဲအားဖြင့် အညွှန်းကိန်းကျဆင်းမှုနှင့် ပတ်သက်၍ ကြိုတင်ခန့်မှန်းချက်ကို သတ်မှတ်အတည်ပြုပါက အဆိုပါကုန်သည်မှာ ဆန့်ကျင်ဘက်လုပ်ငန်းစဥ်တစ်ရပ်ကို လုပ်ကိုင်နိုင်သော်လည်း ပိုမိုသင့်တင်လျောက်ပတ်သော အခြေအနေများအပေါ်၌သာလျှင် ၎င်းကို ဆောင်ရွက်နိုင်ပါမည်။ အကယ်၍ GSR သည် ၁၀၀ မှ ၅၀ သို့ ကျဆင်းပါက ထို့နောက်တွင် ကုန်သည်သည် သူတို့၏ ငွေသတ္တု ၁၀၀၀ အောင်စအတွက် ရွှေ ၂၀ အောင်စကို လက်ခံရရှိသောကြောင့် ၎င်းတို့ထည့်သွင်းသောရင်းနှီးမှုပမာဏကို နှစ်ဆတန်ဖိုးတက်စေပါသည်။

သက္ကရာဇ် ၂၀၀၀ မှစတင်သော GSR chart။

LiteFinance: GSR အညွှန်းကိန်း (ရွှေ/ ငွေသတ္တုတို့၏ အချိုး)

GSR အညွှန်းစိစစ်သုံးသပ်ချက်ကို သတ္တုနှစ်မျိုးလုံးအတွင်း ကုန်သွယ်မှုများအား ထိန်းချုပ်ကန့်သတ်ရန် အတွက်လည်း အသုံးပြုကြပါသည်။ ဥပမာအားဖြင့်

  • ကူးသန်းရောင်းဝယ်သူသည် ရွှေအတွက် အဝယ်ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။
  • ကူးသန်းရောင်းဝယ်သူသည် ငွေသတ္တုတွင် အရောင်းကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။

GSR အညွှန်းကိန်းဆက်လက်မြင့်တက်နေစဥ်ကာလပတ်လုံးတွင် ထိုကုန်သွယ်မှုနှစ်ခု၏ ပေါင်းစပ်ရလဒ်များ သည် အကောင်းဘက်သို့ ဦးတည်နေပါလိမ့်မည်။ အညွှန်းကိန်းတိုးမြင့်လာခြင်းသည် အကြောင်းတရား သုံးမျိုးအနက် တစ်မျိုးကို ဆိုလိုပါသည်။

  • ရွှေသည် ငွေသတ္တုထက် ပိုမိုမြန်ဆန်စွာ တိုးပွားနေပါသည်။ ထို့ကြောင့် ရွှေဖြင့်အဝယ်ကုန်သွယ်မှုမှ ရရှိသောအကျိုးအမြတ်သည် ငွေသတ္တုဖြင့်အရောင်းကုန်သွယ်မှုတစ်ခုမှ ဆုံးရှုံးမှုထက် ပိုမိုသာလွန်ပါလိမ့်သည်။
  • ရွှေသည် ငွေသတ္တုထက် ပိုမိုနှေးကွေးစွာ စျေးကျဆင်းပါသည်။ ထို့သို့ဖြစ်၍ ငွေသတ္တု၏ အရောင်းကုန်သွယ်မှုနေရာမှ ထွက်ပေါ်သော အမြတ်သည် ရွှေဖြင့် အဝယ်ကုန်သွယ်မှုတစ်ခုမှ အရှုံးပေါ်ပေါက်မှုထက် ပိုမိုအားသာကောင်းမွန်ပါလိမ့်မည်။
  • ရွှေမှာ စျေးမြင့်တက်၍ ငွေသတ္တုမှာ တန်ဖိုးထိုးကျနေပါသည်။ ကုန်သည်မှာ အဝယ်နှင့်အရောင်း ကုန်သွယ်မှုနေရာနှစ်ခုလုံးမှ အမြတ်ဝင်ငွေရရှိပါမည်။

ထို့ကြောင့် GSR အညွှန်းကိန်း၏ အရွေ့သည် စတင်ပြောင်းလဲပါက ထိုသည်မှာ ကုန်သည်အား ရွှေနှင့် ငွေသတ္တုအပေါ်တွင် ၎င်းတို့၏ ကုန်သွယ်မှုများကို ပြန်လည်ချင့်တွက်ရန်အတွက် အချက်ပြပေးမှုတစ်ခု ဖြစ်ပါလိမ့်မည်။

ကျွန်ုပ်သည် ဆိုလိုရင်းကို သရုပ်ပေါ်မြင်တွေ့စေရန်သာ အောင်မြင်သောကုန်သွယ်မှုများ၏ ဥပမာများကို ပေးစွမ်းဖော်ပြ‌ခဲ့ပါသည်။ GSR အညွှန်းကိန်းသည် စျေးကွက်ကို စိစစ်သုံးသပ်ရန်အတွက် ပိုမိုလွယ်ကူသောနည်းလမ်းတစ်ခု မဟုတ်ပေ။ ဆန့်ကျင်ပြောင်းလဲမှုတစ်ခုအတွက် ပထမဦးဆုံးအချက်ပြမှုများအပြီးတွင် ၎င်းသည် တူညီသောဦးတည်ချက်သို့ ကောင်းမွန်စွာ ဆက်လက်ရွေ့လျားနိုင်ပါသည်။ စျေးလမ်းကြောင်းပြောင်းလဲမှု ကြိုတင်ခန့်မှန်းချက်နှင့်အညီ ကုန်သွယ်မှုများကို လုပ်ဆောင်သော ကုန်သည်များသည် စျေးနှုန်းများ လွဲမှားသွားသည့်အချိန်၌ ငွေကြေးအတွဲများ (သို့) အရင်းအနှီးစာချုပ်များအား ကုန်သွယ်ရောင်းဝယ်ရာတွင် ပိုမိုကောင်းမွန်သည့် ကုန်သွယ်မှုအနေအထားမျိုး ရရှိလိမ့်မည်မဟုတ်ပါ။

ငွေသတ္တု ဝယ်ယူရမည့် အချိန်အခါ

သမိုင်းကြောင်းအရ ငွေသတ္တုစျေးနှုန်းများတိုးပွားမှုသည် ငွေကြေးဖောင်းပွမှုနှင့်စပ်လျဥ်းသော အဆိုးဘက်ရှုမြင်မျှော်မှန်းချက်များနှင့် တစ်ချိန်တည်းဖြစ်ပွားထပ်တူကျလေ့ ရှိပါသည်၊ ထို့ကြောင့် ရင်းနှီးပိုင်ဆိုင်မှုတန်ဖိုးများလျော့ကျခြင်း အန္တရာယ်များကို ဆန့်ကျင်ကာကွယ်ရန်အလို့ငှါ ရင်းနှီးမြှုပ်နှံသူများသည် သတ္တုများအတွင်း အရင်းအနှီးထည့်ရန် အစပျိုးကြပါသည်။ ထိုသို့ဖြစ်၍ အလယ်အလတ်ကာလနှင့် ရေရှည်ကာလများအတွက် ငွေသတ္တုဝယ်ယူရန် အကောင်းမွန်ဆုံး အချိန်အခိုက်အတန့်မှာ ယေဘုယျငွေကြေးဖောင်းပွမှုမျှော်မှန်းချက်များ မြင့်တက်လာချိန်၌ ဖြစ်ပါသည်။

ငွေကြေးဖောင်းပွမှုအတွက် ထင်မြင်မှန်းဆချက်များအား သတိပေးနှိုးဆော်မှုကို ဖန်တီးဖြစ်ပေါ်စေသည့် အကြောင်းအရာများကို တချက်ကြည့်ရှုကြပါစို့။

  • အခြေခံလူသုံးကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်လာခြင်း။ လူထုသည် အနာဂတ်အတွက် ၎င်းပစ္စည်းများကို စတင်ဝယ်ယူနိုင်ချေရှိပြီး ထိုသည်မှာ ဝယ်လိုအားတိုးမြင့်မှုကို ဦးတည်စေပြီး ရလဒ်အနေဖြင့် ထပ်တိုးစျေးတန်ဖိုးမြင့်တက်မှုကို ဖြစ်ပေါ်စေပါလိမ့်မည်။
  • နိုင်ငံခြားငွေကြေးများနှင့်နှိုင်းယှဥ်ပါက ပြည်တွင်းငွေကြေးတန်ဖိုး အားနည်းဆုတ်ယုတ်နေခြင်း၏ အကြောင်းပြချက်များ။ ဤဖြစ်စဥ်တွင် နိုင်ငံအတွင်း တွင်သွင်းသောကုန်ပစ္စည်းများ၏ တန်ဖိုးမြင့်တက်လာပါသည်။
  • ဘဏ္ဍာရေးဆိုင်ရာအရေးပေါ်အခြေအနေများ (သို့) မကြာသေးမီကာလရှိ ကိုဗစ်၁၉ ကူးစက်ပျံ့ပွားမှုကဲ့သို့သော ကမ္ဘာတစ်ဝှမ်းရုတ်ချည်းကပ်ဘေးဆိုက်ရောက်မှုများ။ ထိုအချိန်ကာလမျိုးအတွင်း စီးပွားရေးမှာ အလုံးစုံလည်ပတ်မဆောင်ရွက်နိုင်ပေ။
  • နိုင်ငံအတွင်း ငွေကြေးဆိုင်ရာမူဝါဒ တစိတ်တပိုင်းအရ အတိုးနှုန်းမြင့်တက်လာမှု။ တဖက်တွင်မူ ထိုစည်းမျဥ်းသည် နိုင်ငံတွင်းငွေကြေးကို ခိုင်မာတောင့်တင်းလာစေပြီး အခြားတဖက်တွင် အဆိုပါဥပဒေကို အနာဂတ်အတွင်း ငွေကြေးဖောင်းပွတိုးမြင့်လာမှုအတွက် မျှော်မှန်းချက်များ၏ နောက်ခံအကြောင်းတရားများကို ဆန့်ကျင်ကာကွယ်ရန်သာ ကျင့်သုံးကြပါသည်။

ငွေသတ္တုသည် အမေရိကန်ဘွန်းစာချုပ်များနှင့် ပြောင်းပြန်ဆက်နွယ်မှုတစ်ရပ် ရှိပါသည်။

ယူအက်စ်ငွေတိုက်စာချုပ်များနှင့် ငွေသတ္တု Chart။

LiteFinance: ငွေသတ္တု ဝယ်ယူရမည့် အချိန်အခါ

LiteFinance: ငွေသတ္တု ဝယ်ယူရမည့် အချိန်အခါ

အဆိုပါဘွန်းများအပေါ်မှ အမြတ်ထွက်ရှိနှုန်းများ ကျဆင်းလာမှုမှာ ရွှေနှင့် ငွေသတ္တုစျေးနှုန်းတိုးမြင့်မှုနှင့်အတူ လိုက်ပါဖြစ်ပေါ်ပါသည်။ အကျိုးအမြတ်ရရှိနိုင်ချေ မြင့်တက်လာမှုသည် ရွှေနှင့် ငွေသတ္တုစျေးနှုန်းနိမ့်ဆင်းမှုနှင့် ပတ်သက်ဆက်နွယ်လျက်ရှိပါသည်။

စတော့စျေးနှုန်းများမှာလည်း ငွေသတ္တုထုတ်ကုန်များ၏ စက်မှုလုပ်ငန်းသုံးထုတ်လုပ်မှုပမာဏများနှင့် ငွေသတ္တုတူးဖော်ရေးကုမ္ပဏီများ၏ ထွက်ရှိမှုပမာဏများဖြင့် လွှမ်းမိုးသက်ရောက်မှုရှိပါသည်။ ထုတ်လုပ်မှုအရေအတွက်များမှာ ဝယ်လိုအားကို ညွှန်ပြနေပြီး အထွက်နှုန်းများသည် ရောင်းလိုအားကို ဖော်ပြပါသည်။ ထို့ကြောင့် ထွက်ရှိမှုဆက်တိုက် လျော့ချခြင်းနှင့် ထုတ်လုပ်မှုတိုးပွားခြင်းသည် စျေးနှုန်းမြင့်တက်မှုအပေါ် အကောင်းဘက်ဆောင်သောသက်ရောက်မှုတစ်ခု ရှိနိုင်ပါသည်။

ငွေသတ္တုကို သင်မည်သို့ ဝယ်ယူမည်နည်း။

အကယ်၍ သင်သည် ငွေသတ္တုကုန်သွယ်ရေးကို စိတ်ပါဝင်စားသူတဦးဖြစ်ပါက၊ ဤသည်မှာ အကျိုးဆောင်တစ်ဦးဖြင့် ငွေသတ္တုအား မည်သို့ဝယ်ယူပုံကို တဆင့်ချင်းစီညွှန်ကြားချက်တစ်ရပ် ဖြစ်ပါသည်။

  1. ငွေသတ္တုအား ကုန်သွယ်ရန်သင်စီမံထားသည့် စျေးကွက်နေရာသို့ ဝင်ရောက်ရေးအတွက် ကူညီထောက်ပံ့ပေးမည့် အကျိုးဆောင်တစ်ဦးဖြင့် သဘောတူညီချက်တစ်ရပ်ကို အပြီးသတ်လုပ်ဆောင်ပါ ။ (spot၊ ရင်းနှီးမှုစာချုပ်များ ၊ ငွေကြေး (သို့) အဖိုးတန်သတ္တုစျေးကွက်)
  2. ကုန်သွယ်ရေးတာမီနယ်တစ်ခုကို ဒေါင်းလုတ်ဆွဲပါ (ဥပမာအားဖြင့် Metatrader 4) (သို့) ဝက်စ်ဆိုဒ်ပေါ်ရှိ အကျိုးဆောင်၏ တာမီနယ်သို့ သွားရောက်ပါ။
  3. သင်သည် နည်းပညာဆိုင်ရာစိစစ်သုံးသပ်ချက်ကို သုံးစွဲနေပါက ငွေသတ္တုစျေးနှုန်းဇယားတစ်ခုကို ဖွင့်ရန်နှင့် သင့်၏ကုန်သွယ်ရေးဗျူဟာနှင့်အညီ ကုန်သွယ်ရေးဝင်ရောက်မှတ်နှင့် ထွက်ခွာမှတ်များကို ဆုံးဖြတ်ရန် အကြံပြုပါသည်။ ကာလရှည်ရောင်းဝယ်ခြင်းများအတွက် သင်သည် chart ကိုစိစစ်ခွဲဖြာရန် မလိုအပ်ပေ၊ အကြောင်းမူကား စီးပွားရေးအခြေခံပိုင်းဆန်းစစ်သုံးသပ်ချက်မှာ သင့်အတွက် ဦးစားပေးသတ်မှတ်ချက် ဖြစ်ပါလိမ့်မည်။
  4. ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ရောင်းရန် (သို့) ဝယ်ယူရန်အလို့ငှါ အော်ဒါတစ်ခုတင်ပါ။ အကယ်၍ သင်သည် လက်ရှိစျေးနှုန်းဖြင့် ကျေနပ်မှုရှိပါက အကောင်းဆုံးရွေးချယ်မှုမှာ ချက်ချင်း စီမံဆောင်ရွက်နိုင်ခွင့်ပါရှိသည့် အော်ဒါတစ်ခု ဖြစ်ပါလိမ့်မည်။ သင်သည် လက်ရှိစျေးနှုန်းထက် ပိုမြင့် (သို့) ပိုမိုနိမ့်သော စျေးနှုန်းကို ရယူချင်ပါက သင်သည် စောင့်ကြည့်လုပ်ဆောင်မှု စီမံချက်တစ်ရပ် ပါရှိသည့် အော်ဒါတစ်ခုကို တင်သွင်းသင့်ပါသည်။ ဆိုင်းငံ့စောင့်ကြည့်မှု စီမံချက်တစ်ရပ်နှင့်အတူ လက်ရှိစျေးနှုန်းမှာ သတ်မှတ်အဆင့်ကို မရောက်ရှိပါက အော်ဒါအား အကောင်ထည်ဖော်ဆောင်ရွက်လိမ့်မည် မဟုတ်ပါ။
  5. ဝယ်ယူသည့်အခိုက်အတန့်မှစ၍ ငွေသတ္တုကို ကုန်သည်၏ ပုဂ္ဂိုလ်ရေးအချက်အလက်နှင့်တကွ မှတ်ပုံတင်ပါလိမ့်မည်။ ထိုသည်မှာ ရုပ်ပိုင်းဆိုင်ရာပေးပို့ခြင်းကို ရရှိလိမ့်မည်မဟုတ်ကြောင်း ဆိုလိုပါသည်။

နည်းလမ်းများ နှိုင်းယှဉ်ချက် - ကုန်သွယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း

ကုန်သွယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းမှာ ကုန်သွယ်ရေးလုပ်ငန်းစဥ်အမျိုးအစားများတွင် ကွဲပြားခြားနား ပါသည်။ ရင်းနှီးမြှုပ်နှံခြင်းတွင် အဝယ်ကုန်သွယ်မှုနေရာများကို ဖွင့်လှစ်ခြင်းနှင့် ပိတ်သိမ်းခြင်းတို့သာ ပါဝင်သည်၊ ရင်းနှီးမြှုပ်နှံသူသည် ဝယ်ယူပြီးသောပိုင်ဆိုင်မှု၏ နောင်လာမည့်ပိုမိုမြင့်မားသောစျေးနှုန်းကို မျှော်လင့်စောင့်စားကြပါသည်။ ကုန်သွယ်ခြင်းတွင် အဝယ်ကုန်သွယ်မှုနေရာများအပြင် ပိုင်ဆိုင်မှုတန်ဖိုး ကျဆင်းသောအခါ၌ပင် အမြတ်ထွက်ပေါ်ရရှိနိုင်စေရန် အရောင်းနေရာများ (သို့) ၎င်းတို့၏ ရင်းနှီးမှုပုံစံအမျိုးမျိုးတို့ကိုလည်း အသုံးပြုကြပါသည်။

ရင်းနှီးမြှုပ်နှံခြင်းတွင် အများအားဖြင့် အချိန်တစ်ခုအကြာတိုင် ဖွင့်လှစ်ထားသောကုန်သွယ်မှုအား လက်ဝယ်ထားခြင်းပါဝင်သော်လည်း ကုန်သွယ်ရေးတွင် ရောင်းဝယ်မှုတစ်ခုကို တစ်နေ့တာအတွင်း အဖွင့်အပိတ်လုပ်နိုင်ပါသည်။

 

အရောင်းကုန်သွယ်မှု

ချေးငွေအချိုးဖြင့် ကုန်သွယ်မှု

၂၄-နာရီကုန်သွယ်မှု

ထပ်တိုးကော်မရှင်ခများ

ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုများ

x

x

x

ထိန်းသိမ်းထားရှိခြင်း

စတော့ရှယ်ယာ

တချို့တလေ

v

x

x

ETF

တချို့တလေ

x

x

စီမံဆောင်ရွက်ရမှု

CFD

v

v

v*

x

Futures

v

v

v*

x

Options

v

v

v*

x

* အိတ်ချိန်းတွင် များသောအားဖြင့် တစ်ရက်လျှင် တစ်နာရီကြာခေတ္တရပ်နားမှု ရှိပါသည်။

ရင်းနှီးမြှုပ်နှံခြင်းအတွက် လူကြိုက်များရေပန်းအစားဆုံး ပိုင်ဆိုင်မှုများမှာ ငွေချောင်းများ (သို့) ဒင်္ဂါးပြား များကဲ့သို့ ရုပ်ပိုင်းဆိုင်ရာငွေသတ္တုနှင့် စတော့ရှယ်ယာများ ဖြစ်ကြပါသည်။ ကုန်သွယ်ခြင်းတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများမှာ ပို၍အမျိုးအစားစုံလင်ကျယ်ပြန့်ပါသည်။ သို့သော် ကျွန်ုပ်သည် အထူးသဖြင့် ရွှေချောင်း (သို့) ဒင်္ဂါးပြားများကို တနေ့တာအတွင်း ရောင်းဝယ်မှုလုပ်ဆောင်သော ကုန်သည်တစ်ဦးကို မည်သည့်အခါမျှမတွေ့မြင်ခဲ့ဖူးပါ။

စျေးကွက်ကျဆင်းမှုအခြေအနေတွင် ကုန်သည်များအနေဖြင့် CFDs၊ futures၊ (သို့) options များကို ရောင်းဝယ်ခြင်းမှာ ပို၍အဆင်ပြေကောင်းမွန်ပါသည်။ ယေဘုယျအားဖြင့် ETFs (သို့) စတော့ရှယ်ယာများတွင် ရေပန်းစားလူကြိုက်အများဆုံး ပိုင်ဆိုင်မှုများသာလျှင် အရောင်းကုန်သွယ်မှုကို လုပ်ဆောင်နိုင်ပါသည်။

ချေးငွေအချိုးဖြင့်ကုန်သွယ်ခြင်းမျိုးကို ရရှိနိုင်ပါက ဖြစ်နိုင်ချေအမြတ်ရရှိမှုအလားအလာများမှာ ပိုမိုမြင့်မားလာပါလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာရင်းနှီးပိုင်ဆိုင်မှုများနှင့် ETFs တို့သည် ထိုသို့ကုန်သွယ်မှုမျိုးကို ခွင့်မပြုပါ။

ကုန်သွယ်မှုအတွက် စွန့်စားမှုစီမံခန့်ခွဲရေးရှုထောင့်အရ အကောင်းဆုံးရွေးချယ်မှုမှာ ၂၄ နာရီလုံးရောင်းဝယ်မှု ပြုလုပ်နိုင်သည့် ပိုင်ဆိုင်မှုများ ဖြစ်ပါလိမ့်မည်။ အခြားရင်းနှီးမှုများအတွက်မူ စျေးနှုန်းကွာဟချက်ဟုခေါ်ဆိုနိုင်ပါသည်- ၎င်းသည် နောက်ရက်၏အဖွင့်စျေးမှာ ယခင်နေ့အပိတ်စျေးနှင့် သိသာစွာကွာခြားသည့် အခြေအနေတစ်ရပ် ဖြစ်ပါသည်။ ကုန်သည်တစ်ဦးသည် ကုန်သွယ်မှုကို ဖွင့်လျက်ထားရှိရန် ဆုံးဖြတ်ပါက နောက်ရက်၏ ကွာဟချက်ကြောင့် stop loss(အရှုံးကန့်သတ်စျေးတန်း) ထက်ပိုမိုဆိုရွားသော စျေးနှုန်း၌ ပိတ်သိမ်းရနိုင်ဖွယ်ရှိပါသည်။

သင်သည် ရွှေ/ငွေ အတုံးအခဲများထဲတွင် ရင်းနှီးမြှုပ်နှံပါက သိုလှောင်ထိန်းသိမ်းမှုအတွက် ကော်မရှင်ခတစ်ရပ်ကို သင်ပေးဆောင်ရပါလိမ့်မည်။ ETF တွင်မူ သင်သည် အပ်နှံငွေစီမံခန့်ခွဲသည့် လုပ်ငန်းအမျိုးမျိုးဆောင်ရွက်ပေးသူမန်နေဂျာများ၏ ဝန်ဆောင်မှုများအတွက်လည်း အဖိုးအခပေးရပါလိမ့်မည်။ အခြားသောပိုင်ဆိုင်မှုများအတွင်း ရင်းနှီးမြှုပ်နှံခြင်းသည် ကော်မရှင်ခကင်းလွတ်ပါသည်။

ငွေသတ္တုကုန်သွယ်ခြင်းအတွက် မှန်ကန်သောအကျိုးဆောင် ရွေးချယ်ခြင်း

ပထမဦးဆုံးသတိပြုရမည့်အရာမှာ လိုင်စင်ဖြစ်ပါသည်။ ထိုအရာမရှိဘဲနှင့် အကျိုးဆောင်တစ်ဦးသည် စီးပွားရေးဆောင်ရွက်ရန် လုပ်ပိုင်ခွင့်မရှိပေ။ စတော့ရှယ်ယာအကျိုး‌ဆောင်များသည် ၎င်းတို့မှတ်ပုံတင်ထားသည့် နိုင်ငံတွင်းဗဟိုဘဏ်မှ လိုင်စင်တစ်ခုကို ရရှိကြပါသည်။

ဒုတိယမြောက်အရေးကြီးဆုံး စံသတ်မှတ်ချက်မှာ အကျိုးဆောင်၏ စီးပွားရေးလုပ်ငန်းအတွင်း လုပ်ငန်းလည်ပတ်မှုသက်တမ်း ဖြစ်ပါသည်။ အကျိုးဆောင်သည် သက်တမ်းရင့်ကြာလေလေ ၎င်းတို့၏ အတွေ့အကြုံကြောင့် ပိုမိုယုံကြည်အားကိုးရဖွယ်ရှိလေလေ ဖြစ်ပါသည်။ ထို့ပြင် သင်သည် သက်တမ်းကြာအကျိုးဆောင်ကုမ္ပဏီများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ သုံးသပ်ချက်များနှင့် ဆွေးနွေးဝေဖန်ချက်များကို အွန်လိုင်းပေါ်တွင် ရှာဖွေနိုင်ပါသည်။ ဖောက်သည်များထံမှ အချက်အလက်များ ပိုမိုရရှိလေလေ သင်သည် ပို၍ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်နိုင်လေလေ ဖြစ်ပါသည်။

အကျိုးဆောင်အရာရှိများသည် ဖောက်သည်များနှင့် အွန်လိုင်းတွင် မည်သို့တုံ့ပြန်ကြောင်းကိုလည်း သတိပြုရပါမည်၊ ထိုတွင် ၎င်းတို့၏ ပြန်လည်ဖြေကြားချက် မည်မျှမြန်ဆန်ပုံ၊ စကားပြောယဥ်ကျေးပုံ နှင့် အကျိုးဆောင်ကိုယ်စားလှယ်သည် အခက်တွေ့စေသောမေးခွန်းများကို ရှောင်လွှဲဖြေကြားမှု ရှိ/မရှိ စသည်တို့ ပါဝင်သည်။

သင့်အား ငွေသတ္တု futures စျေးကွက်တွင် ရောင်းဝယ်ခွင့်ပေးသည်မှာ ဖြစ်နိုင်ဖွယ်မရှိပါ။ ထိုနှိုင်းယှဥ်ချက်မှာ အနည်းငယ်ယုတ္တိမရှိသော်လည်း အဆိုပါအခြေအနေကို အများသုံးအစားအသောက် ဝန်ဆောင်မှုဖြင့် နှိုင်းဆနိုင်ပါသည်၊ ပီဇာဆိုင်တွင် ပီဇာအော်ဒါမှာရန်နှင့် ကဖေးဆိုင်၌ ကော်ဖီမှာယူရန် ပိုမိုသင့်တော်ပါသည်။ ထိုပစ္စည်းကို အထူးပြုလုပ်ဆောင်ရွက်သည့်နေရာ၌ အကောင်းဆုံးထုတ်ကုန်ကို သင်ရယူနိုင်ပါသည်။

နောက်တဆင့်မှာ အနည်းငယ်တွက်ချက်မှုဆန်ပါသည်။ သင်ကြိုက်နှစ်သက်သည့် အကျိုးဆောင်များ၏ အဆင့်သတ်မှတ်ချက်များကို နှိုင်းယှဥ်ရန် လိုအပ်ပါသည်။ အရေးပါဆုံးစံသတ်မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

  • အကောင့်ပြုပြင်ထိန်းသိမ်းမှု။
  • ရောင်းဝယ်မှုအတွက် အဖိုးအခ။
  • အကောင့်မှ ငွေထုတ်ယူမှုအတွက် ကော်မရှင်ခ။ သင်လိုအပ်သည့် ငွေထုတ်ယူမှုနည်းလမ်းများကို အကျိုးဆောင်မှ ပေးစွမ်းမှု ရှိ/မရှိ ကိုလည်း စစ်ဆေးပါ။

အကယ်၍ အကျိုးဆောင်သည် အိတ်ချိန်းတခုဖြစ်ပါက ရောင်းဝယ်လဲလှယ်ရေးသီးသန့် လုပ်ဆောင်သည့်အခါတွင် ထပ်တိုးကော်မရှင်ခ ရှိလိမ့်မည်ဖြစ်ကြောင်းကို စိတ်ထဲတွင်မှတ်သားထားပါ။ ဥပမာအားဖြင့် သိုလှောင်အပ်နှံမှုအတွက် ဝန်ဆောင်ခများ။

ကျန်ရှိနေသည့် စံနှုန်းများမှာ ရွေးချယ်နိုင်သောအရံသာဖြစ်ပြီး မဖြစ်မနေလိုအပ်မှုထက်ပင် ပိုမိုအကျိုးကျေးဇူးများပြားပါလိမ့်မည်။

  • လေ့ကျင့်သင်ကြားရေးအစီအစဉ်နှင့် သီအိုရီဆိုင်ရာပံ့ပိုးမှုအထောက်အကူများ ရှိ/မရှိ။ ကုန်သွယ်ရေးတွင် အထူးသတ်မှတ်ချက်များစွာ ရှိပါသည်။ ထို့ပြင် ငွေသတ္တုတွင် သိရှိနားလည်ထားခြင်းအားဖြင့် အသုံးဝင်သော အင်္ဂါရပ်များစွာ ရှိပါသည်။
  • ကုန်သွယ်‌ရေးပလက်ဖောင်း / ဝက်ဘ်တာမီနယ်/ မိုလ်ဘိုင်းအပ်ပလီကေးရှင်းတို့၏ အဆင်ပြေအသုံးဝင်မှု။ ကျွန်ုပ်တို့ ဝေဖန်ရှုတ်ချခြင်းမဟုတ်သော်လည်း အလွန်ဆိုးရွားစွာ အဆင်ပြေလွယ်ကူမှုမရှိသော ရှေးဟောင်းကုန်သွယ်‌ရေးပလက်ဖောင်းများ ရှိကြပါသည်။ အချို့အကျိုးဆောင်များသည် ယခုအချိန်ထိတိုင် ထိုကဲ့သို့တာမီနယ်များကို သုံးစွဲကြပါသည်။ ကျွန်ုပ်၏ အကြံပြုချက်မှာ ငွေကြေးအစစ်ဖြင့် ငွေသတ္တုကို ကုန်သွယ်ခြင်းမတိုင်မီ အကျိုးဆောင်တစ်ဦးထံမှ တာမီနယ်ကို ဒေါင်းလုတ်ဆွဲ၍ ၎င်းကို သင်ကြိုက်နှစ်သက်ကြောင်း သေချာပါစေ။
  • ၂၄-နာရီနည်းပညာအထောက်အကူ။ ထိုသည်မှာ ရုတ်တရက်ထွက်ပေါ်လာသော မည်သည့်ပြဿနာမျိုးမဆို လွယ်ကူစွာဖြေရှင်ပေးရန်အတွက် သင့်အား ပံ့ပိုးကူညီပေးပါလိမ့်မည်။

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

XAGUSD ကုန်သွယ်ရေးအမေးနှင့် အဖြေများ

ငွေသတ္တုကုန်သွယ်ခြင်းဆိုသည်မှာ ငွေသတ္တုနှင့် ဆက်စပ်သော လဲလှယ်နိုင်သောပိုင်ဆိုင်မှုများ၏ အရောင်းနှင့် ဝယ်ယူမှုတို့ဖြစ်ပါသည်၊ ထိုတွင် ဒင်္ဂါးပြားများ၊ ငွေ‌ချောင်းများ၊ ငွေတူးဖော်ရေးကုမ္ပဏီများ၏ ရှယ်ယာများ၊ futures၊ spot စာချုပ်များနှင့် CFDs တို့ဖြစ်ကြပါသည်။

သင်သည် ငွေသတ္တုနှင့်စပ်လျဥ်းသော ပိုင်ဆိုင်မှုများကို ကုန်သွယ်ရန် အခွင့်အလမ်းအား ပံ့ပိုးပေးသည့် အကျိုးဆောင်တစ်ဦးထံတွင် စာရင်းသွင်းရန် လိုအပ်ပါသည်။ ထို့နောက်တွင် ကုန်သွယ်ရေးတာမီနယ်ကို ဖွင့်လှစ်ပါ၊ ဆန္ဒရှိသည့် ပိုင်ဆိုင်မှုကို ‌ရွေးချယ်ပြီး ရောင်းရန် (သို့) ဝယ်ယူရန်အတွက် ကုန်သွယ်မှုများကို စတင်ဆောင်ရွက်ပါ။

ငွေသတ္တုနှင့်ဆိုင်သော လဲလှယ်ရေးပိုင်ဆိုင်မှုများကို 4:30 am မှ10:00 pm ET (*GMT +2) ထိ အရောင်းအဝယ်ပြုလုပ်ကြပါသည်။ ငွေသတ္တု CFDs ကို 00:00 နှင့် 23:00(*GMT +2) ကြားအတွင်း ကုန်သွယ်ကြပါသည်။ * LiteFinance တာမီနယ်ကုန်သွယ်ချိန်

ငွေသတ္တုအတွက် futures (သို့) spot စာချုပ်များ ရှိကြပါသည်။ Futures တွင် သက်တမ်းကုန်ဆုံးရက်ရှိပါသည်၊ spot စာချုပ်တွင် သတ်မှတ်ကာလမရှိသောကြောင့် ၎င်းမှာ ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုအဆင်ပြေကောင်းမွန်စေပါသည်။ စတော့စျေးကွက် နှုန်းထားများကို ငွေသတ္တု ၁ ထရိုင်အောင်စ ( အနီးစပ်ဆုံး ၃၁.၁ ဂရမ်) အတွက် စျေးခေါ်ဆိုပါသည်။

ငွေသတ္တုတူးဖော်ရေးကုမ္ပဏီများ၏ ရှယ်ယာများဝယ်ယူခြင်းအတွက် နည်းဗျူဟာသည် ကုန်သွယ်ရေးကာလကြာမြင့်ချိန်ပေါ်တွင် မူတည်နိုင်ပါသည်။ ရေရှည်ကာလရင်းနှီးမြှုပ်နှံမှုတွင် ဘဏ္ဍာရေးအရ ကြံ့ခိုင်မှုအရှိဆုံး ကုမ္ပဏီများကို ရှာဖွေရပါမည်။ ၎င်းသည် ကောင်းမွန်သော အမြတ်ထွက်ပေါ်တိုးပွားနှုန်းများကို ပြသ၍ ခိုင်မာသောစီမံခန့်ခွဲမှုရှိပြီး လုပ်ငန်းနယ်ပယ်အတွင်း ကာလကြာရှည်စွာ တည်ရှိနေရပါမည်။ ကုန်သွယ်ချိန်နှင့် ကာလတိုရင်းနှီးမြှုပ်နှံချိန်တွင် သင့်ကုန်သွယ်ရေးဗျူဟာအတွက် အချက်ပြမှုတစ်ရပ်ရှိမှသာလျှင် သင်သည် ရှယ်ယာများကို ဝယ်ယူသင့်ပါသည်။

Shariah နှင့်ကွဲလွဲဆန့်ကျင်မှုများမရှိပါက ဟာလာလ် ဖြစ်ပါသည်။ Forex ပေါ်ရှိ ငွေသတ္တုကုန်သွယ်ခြင်းနှင့် ပတ်သက်၍ အတိအကျထင်မြင်ယူဆချက် မရှိပေ။

သင့်အား အိတ်ချိန်းပေါ်သို့ ဝင်ရောက်ခွင့် ပေးစွမ်းသည့် အကျိုးဆောင်တစ်ဦးမှတဆင့် ဆောင်ရွက်နိုင်ပါသည်။ ရောင်းဝယ်မှုကို အိတ်ချိန်းဖွင့်လှစ်ချိန်အတွင်း၌သာ အဆုံးသတ်နိုင်ပါသည်။ ဝယ်ယူထားသည့် ငွေသတ္တုကို ဝယ်ယူသူထံသို့ ရုပ်ပိုင်းဆိုင်ရာပုံစံဖြင့် ပေးပို့နိုင်မည်မဟုတ်သော်လည်း အမျိုးသားဗဟိုဌာနရုံးအတွင်း သိုလှောင်သိမ်းဆည်းထားပါလိမ့်မည်။

တည်ငြိမ်မှုနှင့်ဆက်စပ်၍ ထင်မြင်တွေးဆမှုအမျိုးမျိုး ရှိလင့်ကစား ငွေသတ္တုသည် ရှိရင်းစွဲစွန့်စားမှုများနှင့်အတူ စံသတ်မှတ်ချက်များပြည့်စုံသော ပိုင်ဆိုင်မှုတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် ငွေသတ္တုစျေးကွက်အတွင်း အခြေခံတကျအချက်အလက်များဖြင့် ပြည့်စုံနှံ့စပ်သော စိစစ်သုံးသပ်မှုပြုလုပ်ပြီးနောက်မှသာလျှင် ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုကို လုပ်ဆောင်သင့်ပါသည်။ ရေတိုရင်းနှီးမြှုပ်နှံမှုများကို သင့်၏ကုန်သွယ်ရေးဗျူဟာ စည်းမျဥ်းများအတိုင်း ဆောင်ရွက်ပါ။

XAGUSD ငွေသတ္တုကို လတ်တလောတွင် ၀၁.၀၅.၂၀၂၆ အရ တအောင်စလျှင် 75.727 USD ဖြင့်ရောင်းဝယ်နေကြပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ XAGUSD ၏စျေးနှုန်းဇယား

၂၀၂၄ ခုနှစ်အတွင်း ငွေကုန်သွယ်ရေး- စတင် လေ့လာသူများ အတွက် အကောင်းဆုံး နည်းဗျူဟာ ကို မည်သို့ရွေးချယ်ရမည်နည်း။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat