Leverage သည် သင့်အား နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ရှိ အရောင်းအဝယ်ပမာဏများအား မြှင့်တင်နိုင်စေပါသည်။ သို့သော် အတွေ့အကြုံမရှိသေးသော ကုန်သည်များသည် leverage အရွယ်အစား၏ မှားယွင်းသောရွေးချယ်မှုကြောင့် ဤကိရိယာကို အောင်မြင်စွာအသုံးမပြုနိုင်ပါ။ ယခင်ဆောင်းပါးဖြစ်သော Forex ကုန်သွယ်မှုအတွက် အကောင်းဆုံး Leverage အချိုး တွင် Leverage ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများအကြောင်း၊ မှန်ကန်သော အချိုးကို ရွေးချယ်ရန် နည်းလမ်းများအကြောင်း အသေးစိတ်ကို တင်ပြခဲ့သည်။
ယနေ့ ကျွန်ုပ်အနေဖြင့် ၂၀၂၂ ခုနှစ်၌ Forex တွင် leverage မပါသော မတူညီသည့် ကုန်သွယ်မှု အမျိုးအစားများအကြောင်း သင့်အား တင်ပြပေးပါမည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Leverage ဆိုတာ ဘာလဲ
- Leverage ဖြင့် ကုန်သွယ်မှုသည် အဘယ်ကြောင့် အန္တရာယ် ရှိနိုင်သနည်း?
- သင်သည် Forex ကုန်သွယ်မှုကို Leverage မပါဘဲ ရောင်းဝယ် နိုင်ပါသလား?
- Leverage မပါသော တနေ့တာကုန်သွယ်ခြင်း - Day Trading: အားသာချက်များနှင့် အားနည်းချက်များ
- နိဂုံးချုပ် - Leverage ဖြင့် (သို့မဟုတ်) Leverage မပါဘဲ ကုန်သွယ်ခြင်း
- Leverage မပါရှိသော ကုန်သွယ်မှု ၏ အမေးများသောမေးခွန်းများ
Leverage ဆိုတာ ဘာလဲ
Leverage သည် ကုန်သည်များမှ ၎င်းတို့၏အကောင့်ရှိ ရင်းနှီးငွေအစစ်အမှန်ပမာဏထက် သိသိသာသာကျော်လွန်သောပမာဏအတွက် အရောင်းအဝယ်အော်ဒါများ ဖွင့်ခွင့်ပြုသော အပ်ငွေဖြင့် အာမခံထားသည့် ကုန်သွယ်ရေးအကျိုးဆောင်မှထုတ်ပေးသော ချေးငွေဖြစ်သည်။
ဤနည်းဖြင့် ကုန်သွယ်မှုပမာဏကို တိုးမြှင့်ခြင်းဖြင့် ကုန်သည်တစ်ဦးသည် ကြီးမားသော အမြတ်အစွန်းများကို ရရှိနိုင်သည်။ သို့သော် ဖြစ်နိုင်ချေရှိသော ဆုံးရှုံးမှုမှာလည်း ဖြစ်နိုင်ချေရှိသော အမြတ်အတိုင်း အချိုးအစား တိုးမည်ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် 1:100 leverage ဖြင့် ရောင်းဝယ်ပါက၊ သင့်ကိုယ်ပိုင်ငွေ၏ $1 ကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် သင်သည် $100 တန် အော်ဒါများကို ဖွင့်နိုင်သည်။
Leverage ၏ သဘောနှင့် အလုပ်လုပ်ပုံအကြောင်း ကို ဤဆောင်းပါး တွင် ဖတ်ရှုပါ။
Leverage ဥပမာ
ရှင်းရှင်းလင်းလင်းသိရှိရန်၊ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် 1,000 USD ရှိသော live account တစ်ခု၏ ဖြစ်နိုင်ချေရှိသော အမြတ်အစွန်း နှင့် ဆုံးရှုံးမှုကို leverage ပါဝင်သည့် ပုံစံ နှင့် မပါဝင်သည့် ပုံစံဖြင့် နှိုင်းယှဉ်ကြည့်ကြပါစို့။
Leverage ဖြင့် ကုန်သွယ်မှုသည် အဘယ်ကြောင့် အန္တရာယ် ရှိနိုင်သနည်း?
အထက်ဖော်ပြပါ ဥပမာမှ leverage ပိုကြီးလေလေ ပိုကောင်းလေဟု ထင်ရပေမည်၊ အကြောင်းမှာ တူညီသော အခြေအနေများဖြင့် ကျွန်ုပ်တို့သည် ငွေပိုမိုရရှိမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ကျွန်ုပ်တို့၏ဆုံးရှုံးမှုများကို ကျွန်ုပ်တို့၏အကောင့်ရှိ ငွေများဖြင့်သာ ကန့်သတ်ထားပါသည်။ သို့သော်၊ ဤမျှမရိုးရှင်းပါ။
ပထမဦးစွာ၊ ကုန်သွယ်ရေးအကျိုးဆောင်က ဤကဲ့သို့ အာမခံချက်ပေးပြီး အနုတ်လက်ကျန်ရှင်းတမ်းမှ အကာအကွယ်ပေးမှသာ သင့်အနေဖြင့် ငွေဆုံးရှုံးနိုင်ခြေမှကင်းလွတ်မည်ဖြစ်သည်။ စကားမစပ်တင်ပြရလျှင် ဤကဲ့သို့ အာမခံချက်ဖြင့် ၎င်းတို့၏ဖောက်သည်များအားလုံးကို အခကြေးငွေ လုံးဝကင်းလွတ်ခွင့် ပေးထားသည့် ကုန်သွယ်ရေးအကျိုးဆောင်အနည်းငယ်ထဲမှ တစ်ခုမှာ LiteFinance ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် leverage မြင့်လေ သင့်အရောင်းအဝယ်တွင် မာဂျင်အတွက် ဘေးကင်းမှုနည်းလေ ဖြစ်သည်။ ရှင်းလင်းစွာတင်ပြရလျှင်၊ အထက်ဖော်ပြပါ ဥပမာသို့ ပြန်သွားပြီး ကျွန်ုပ်တို့ ၏ အပ်ငွေ $1,000 တွင် မတူညီသော leverage ဖြင့် အကောင့်ပမာဏတစ်ခုလုံးအတွက် အရောင်းအဝယ်တစ်ခုဖွင့်ရန် ခံနိုင်ရည်ရှိသော အမြင့်ဆုံး drawdown ရာခိုင်နှုန်းကို တွက်ချက်ကြပါစို့။
Leverage | Maximum drawdown, % |
|---|---|
1:1 | 100% |
1:10 | 10% |
1:100 | 1% |
1:500 | 0,2% |
အထက်ဖော်ပြပါ ရိုးရှင်းသောဇယားမှ သင်တွေ့မြင်နိုင်သည်အတိုင်း leverage မပါဘဲ အရောင်းအဝယ် ပြုလုပ်သည့်အခါ ကုန်သွယ်ရေးပိုင်ဆိုင်မှုတန်ဖိုး သုညအထိ ကျဆင်းသွားသည့် မယုံနိုင်လောက်စရာ အခြေအနေတွင် သင့်အပ်ငွေကို လက်လွှတ်ရနိုင်သည်။ သို့သော် 1:10 leverage ဖြင့် အရောင်းအဝယ်လုပ်သောအခါ အပ်ငွေ၏ တာရှည်ခံနိုင်မှုသည် အချိုးအားဖြင့် ၁၀ ဆ လျော့ကျမည်ဖြစ်ပြီး 1:500 ဖြင့်ဆိုလျှင် အဆ ၅၀၀ အထိ အသီးသီး လျော့ကျမည်ဖြစ်သည်။
သင် ဖွင့်ထားသော အရောင်းအဝယ် နှင့် 0.2% ဖြင့် သွေဖည်သွားနိုင်သော စျေးကွက်၏ဖြစ်နိုင်ခြေသည် 100% သို့မဟုတ် အနည်းဆုံး 10% ထက် အဆများစွာ မြင့်မားနေသည်မှာ ထင်ရှားပါသည်။ အထက်ဖော်ပြပါ တွက်ချက်မှုများသည် ဖွင့်ထားသော အရောင်းအဝယ်များကို ဖျက်သိမ်းလိုက်နိုင်သည့် Stop Out % ကို ထည့်သွင်းတွက်ချက်ခြင်းမရှိကြောင်း သတိပြုသင့်သည်။ ဤရာခိုင်နှုန်းသည် အကျိုးဆောင်များ အားလုံးအတွက် ကွဲပြားပြီး ကျွန်ုပ်တို့အနေဖြင့် ထည့်သွင်းစဉ်းစားထားပါက အပ်နှံငွေ ၏ သက်တမ်း သည် ပို၍ တိုတောင်းသွားမည်ဖြစ်သည်။
ထို့ကြောင့် leverage ကို အလွန်အကျွံသုံးသောအခါ သင်သည် သင်၏အပ်ငွေကို လုံးဝ လက်လွတ်သွားနိုင် သည်။ သင့်အား အမြတ်အစွန်းများ တိုးလာစေမည့် အကောင်းဆုံးသော leverage ပမာဏကို ရွေးချယ်ရန် အလွန်အရေးကြီးပြီး တစ်ချိန်တည်းတွင် ဆုံးရှုံးမှုအန္တရာယ်များဖြစ်နိုင်သော အရေးပါသည့် အဆင့်အထိ မရောက်ရှိစေပေ။ 1:1000 ထက် မြင့်မားသော leverage သည် သင့်အပ်နှံငွေကို လွယ်လွယ်ပင် ဆုံးရှုံးစေနိုင်ကြောင်း မှတ်သားထားရန်မှာ အရေးကြီးသည်၊ အကြောင်းမှာ စျေးနှုန်းသည် သင် ၏ အရောင်းအဝယ် နှင့် ဆန့်ကျင်ဘက်သို့ အနည်းငယ်လောက်ရွေ့လျားသွားရုံဖြင့် သင်သည် အကောင့် ရပ်တံ့သည့် အဆင့်ဖြစ်သော Stop Out level ဖြစ်ပေါ်နိုင်သည်။ ထို့အပြင် 1:1000 ထက်မြင့်သော leverage ကို အမျိုးမျိုးသော အလိမ်အညာ အကျိုးဆောင်များမှ ပေးအပ်ကြသည်။
သင်သည် Forex ကုန်သွယ်မှုကို Leverage မပါဘဲ ရောင်းဝယ် နိုင်ပါသလား?
ယခု Forex ကုန်သွယ်ရေးတွင် leverage မပါဘဲ လေ့လာကြည့်ကြပါစို့။ သီအိုရီအရ သင်သည် leverage ကို အသုံးချခြင်းမရှိဘဲ အမြတ်အစွန်း ရအောင်ပြုလုပ်နိုင်သည်။ သို့သော် သင့်တွင် လုံလောက်သော အပ်ငွေပမာဏရှိမှသာလျှင် leverage မပါဘဲ Forex တွင် ပိုမိုမြင်သာထင်သာရှိသော အကျိုးအမြတ်ကို ဆောင်ကြဉ်းနိုင်မည်ဖြစ်သည်။
ပျမ်းမျှအားဖြင့် အတွေ့အကြုံမရှိသေးသော ကုန်သည်များသည် $100 အပ်နှံပြီး 1:100 leverage ကို အသုံးပြုသည်ဟု ယူဆကြပါစို့။ တူညီသောအမြတ်အစွန်း ရရှိရန် leverage မပါသောကုန်သွယ်မှုကို ပြုလုပ်မည်ဆိုလျှင် သင့်အနေဖြင့် $ 10,000 ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်။ အဆိုပါ အနေအထားမှာ ကြီးမားသော ကွာခြားချက်ပင် မဟုတ်ပေလား?
ငွေကြေးအတွဲများကို မတည်ငြိမ်မှုနည်းသော အရောင်းအဝယ်အမျိုးအစားများအဖြစ် သတ်မှတ် ထည့်သွင်းစဉ်းစားရန်လည်း အရေးကြီးပါသည်။ ဆိုလိုသည်မှာ စျေးနှုန်းသည် သိသိသာသာ ပြောင်းလဲရန် အချိန်ကြာမြင့်မည်ဖြစ်သည်။ သင့်ကိုယ်ပိုင်ရင်းနှီးငွေဖြင့် သီးသန့်အရောင်းအဝယ်ပြုလုပ်သည့်တိုင် အကျိုးဆောင်အား ကော်မရှင်ခ ၊ ကုန်သွယ်မှုတစ်ခုဖွင့်ခြင်းအတွက် ကျသင့်သော spread နှင့် အရောင်းအဝယ်ကို တစ်ညတာကျော်လွန်၍ထားရှိခြင်းအတွက် swaps စရိတ်များ ပေးဆောင်ရမည် ဖြစ်သည်ကို သတိရပါ။
ထို့ကြောင့် Forex ကုန်သွယ်မှုကို leverage မပါဘဲ ရောင်းဝယ်ဖို့ ဖြစ်နိုင်ပါသလား?
အရေးကြီးသည်- အများအားဖြင့် အကျိုးဆောင်များသည် အနိမ့်ဆုံး leverage 1:33 နှင့်အထက် ပံ့ပိုးပေးသောကြောင့် ၎င်းတို့နှင့် ကုန်သွယ်လျှင် leverage မပါဘဲမဖြစ်နိုင်ပါ။ Leverage မပါဘဲ အရောင်းအ၀ယ်လုပ်လိုပါက 1:1 ဖြင့် ကုန်သွယ်မှုအကောင့်ဖွင့်နိုင်သည့် အကျိုးဆောင် ကိုရှာပါ။
1:1 leverage အသုံးပြုပြီး သင့်ကိုယ်ပိုင်ရင်းနှီးငွေဖြင့် အရောင်းအဝယ်လုပ်ခြင်းသည် အခြေအနေသုံးရပ်တွင်သာ သင့်လျော်မှုရှိသည်။
- ရင်းနှီးမြှုပ်နှံသူသည် ခရစ်ပတိုငွေကြေး၊ စတော့များနှင့် စတော့ညွှန်းကိန်းများ၊ ရေနံနှင့် သတ္တုများစသည့် CFDs ကဲ့သို့သော မတည်ငြိမ်သည့် ကုန်သွယ်ရေး အမျိုးအစားများ ပေါ်တွင် ကုန်သွယ်မှုပြုသည့်အခါဖြစ်သည်။ ဤအမျိုးအစားများရှိ အနိမ့်ဆုံး lot စရိတ်သည် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ထက် နည်းပါးသည်။ မြင့်မားသော မတည်ငြိမ်မှုသည် သင့်အား leverage ကို အသုံးမပြုပါဘဲ သိသာသော အကျိုးအမြတ်ရာခိုင်နှုန်းကို ရရှိစေပါသည်။
- ကုန်သည်တစ်ဦး၏ ရည်မှန်းချက်ရှိ ကနဦးအရင်းအနှီးသည် အမေရိကန်ဒေါ်လာ 10,000 ကျော်ရှိသည်။ အရောင်းအဝယ် ၁ခု - ၂ခု ထက်ပို၍ မပြုလုပ်နိုင်ခြင်း၊ သင်၏ အရင်းအနှီး အစုအဝေးကို မကွဲပြားစေခြင်း၊ သင်၏ အရောင်းအဝယ် အား တိုးမြင့်ခြင်းနှင့် ပျမ်းမျှခြင်း ချနိုင်ခြင်းတို့ကြောင့် ပိုမိုသေးငယ်သော အရောင်းအဝယ်ပမာဏများ ဖြင့် ကုန်သွယ်မှု ပြုလုပ်ခြင်းသည် အနည်းငယ်သာလွန်ကောင်းမွန်ပါသည်။
- ကုန်သည်သည် အဖွဲ့အစည်းနှင့် ဖြစ်သည်။ အောက်တွင် ၎င်းတို့အကြောင်း တင်ပြပါမည်။
အဖွဲ့အစည်းဖြင့်ပြုလုပ်သော ကုန်သွယ်မှု - Institutional Trading
အဖွဲ့အစည်းဖြင့်ပြုလုပ်သော ကုန်သည်များအကြောင်း သင့်အနေဖြင့် ကြားဖူးပေမည်။ ၎င်းတို့သည် သာမန် ကုန်သည်များနှင့် မည်သို့ကွာခြားသနည်း၊ ၎င်းတို့သည် အခြားဈေးကစားသူများနှင့်မတူဘဲ leverage ကို အဘယ်ကြောင့် အသုံးမပြုကြသနည်း?
ဤမေးခွန်းများကို ဖြေဆိုရန်အတွက်၊ အဆိုပါကုန်သည်များ သည် မည်သူဖြစ်သည်ကို ဦးစွာ သတ်မှတ်ပါမည်။ ၎င်းတို့သည် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ၊ ပင်စင်နှင့် အာမခံရန်ပုံငွေများ၊ ဘဏ်များ သို့မဟုတ် အတိုးနှုန်းသက်သာစွာဖြင့် ချေးယူနိုင်သော အကျိုးအမြတ်မယူသည့် ငွေကြေးသမဝါယမအဖွဲ့အစည်းများ မှ အမြတ်အစွန်းရရှိရန် ငွေချေးစာချုပ်နှင့် အခြားပိုင်ဆိုင်မှုများတွင် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများဖြစ်သည်။ အကြီးဆုံးအဖွဲ့အစည်းအချို့မှာ BlackRock, Fidelity Investments, Vanguard နှင့် State Street Corporation တို့ဖြစ်သည်။ စုစုပေါင်းအားဖြင့် ဤ လေးဖွဲ့သည် S&P 500 အညွှန်းကိန်းတွင် ရှယ်ယာ 90% နီးပါးနှင့် US စတော့ဈေးကွက်တစ်ခုလုံး၏ ရှယ်ယာ 40% ကို ပိုင်ဆိုင်ထားသည်။
အဖွဲ့အစည်းဖြင့် ရင်းနှီးမြုပ်နှံသူ ဟူသော အသုံးအနှုန်းသည် စုပေါင်း၍လုပ်ဆောင်ကြသော အသုံးအနှုန်း ဖြစ်ကြောင်း ထင်ရှားပါသည်။ ဤစကားလုံးသည် အသေးစိတ်လေ့လာသုံးသပ်သူများ၊ ကုန်သည်များ၊ ရှေ့နေများနှင့် စီးပွားရေးပညာရှင်များ၏ ကြီးမားသောဝန်ထမ်းများပါရှိသော ကုမ္ပဏီများကို ရည်ညွှန်းသည်။
ဒီတော့ အဆိုပါကုန်သည်များမှာ ဘာကြောင့် leverage ကိုမသုံးတာလဲ?
အကြောင်းရင်း နှစ်ခု ရှိသည် -
- အဖွဲ့အစည်းဖြင့်ပြုလုပ်သည့် ကုန်သည်များသည် အမှန်တကယ်ကြီးမားသော အရင်းအနှီး (ဒေါ်လာသန်းပေါင်းများစွာနှင့် ဘီလီယံပေါင်းများစွာ) ကို စီမံခန့်ခွဲနိုင်ပြီး ၎င်းတို့၏ ကုန်သွယ်မှု အတွက် မည်သည့်ငွေကိုမဆို ဆွဲဆောင်နိုင်သည်။ အကျိုးဆောင်ထံမှ ချေးငွေများ မလိုအပ်ပါ။
- အကျိုးဆောင် liquidity providers များသည် အဆိုပါကုန်သည်များ၏ ကြီးမားသည့် အရောင်းအဝယ် ပမာဏများကြောင့် leverage ကို ပေးစွမ်းနိုင်ခြင်းမရှိပါ။ ထို့အပြင် များသောအားဖြင့် အဖွဲ့အစည်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကိုယ်တိုင် liquidity providers များအဖြစ် ဆောင်ရွက်ကြသည်။
အဖွဲ့အစည်းဖြင့်ပြုလုပ်သော ကုန်သည်များသည် leverage ကိုအသုံးမပြုသော်လည်း ၎င်းတို့သည် ကြီးမားသောအမြတ်အစွန်းများကိုရရှိကြသည်။ မည်သို့နည်း? ရိုးရှင်းပါသည်
တစ်ဖက်တွင် အဆိုပါကုန်သည်များသည် အရောင်းအ၀ယ်စရိတ်နှင့် ကုန်ကျစရိတ်များကို လျှော့ချပေးသည့် စျေးကွက်တွင် တိုက်ရိုက်အလုပ်လုပ်သည်။ အခြားတစ်ဖက်၌ စျေးကွက်တွင် ၎င်းတို့၏ တိုက်ရိုက်တည်ရှိနေမှု နှင့် ကြီးမားသော ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ကိရိယာများကြောင့် အဖွဲ့အစည်းဖြင့် ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံသူများသည် စျေးကွက်၏ ပုံရိပ်ကို အပြည့်စုံဆုံးနှင့် အပွင့်လင်းဆုံးနည်းလမ်းဖြင့် ရှုမြင်နိုင်ကြသည်။ ၎င်းတို့သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများထက် ခြေတစ်လှမ်းသာလေ့ရှိပြီး အမြတ်အစွန်းအများဆုံးရနိုင်စေသည့် အခွင့်အရေးရှိသည်။
အဖွဲ့အစည်းဖြင့်ပြုလုပ်သော ကုန်သည်များသည် အကျိုးဆောင်များမလိုအပ်ပါ။ အဆိုပါကျွမ်းကျင် ကုန်သည်များအတွက် ထိုသို့သောကုန်သွယ်မှုမျိုးဖြင့် ငွေအမြောက်အမြားရရှိပြီး leverage မလိုအပ်ဘဲ မြင့်မားသောအမြတ်အစွန်းဖြင့် ကုန်သွယ်မှုပြုလုပ်နိုင်ကြသည်။
Leverage မပါဘဲ CFDs များကို ရောင်းဝယ်ရန် ဖြစ်နိုင်ပါသလား?
ယခုအခါ leverage မပါသော CFD ကုန်သွယ်မှုများအကြောင်း ဆွေးနွေးကြပါစို့။ Leverage မပါသော စတော့ရှယ်ယာရောင်းဝယ်ခြင်းသည် Forex ဈေးကွက်အတွင်း ရောင်းဝယ်ခြင်းနှင့် ကွဲပြားပြီး နှစ်မျိုးလုံးသည် လည်ပတ်မှုပုံစံနှင့် အလားအလာရှိသောအမြတ်ကို ဖြစ်စေနိုင်သည်။
ပထမဆုံးအနေဖြင့် leverage သဘောတရားကို CFDs တွင် အသုံးမပြုသည်ကို သတိပြုသင့်သည်။ ယင်းအစား အထူးဖော်မြူလာဖြင့် တွက်ချက်ထားသည့် မာဂျင်ရာခိုင်နှုန်း ကို အသုံးပြုသည်။ မာဂျင်ရာခိုင်နှုန်းသည် အကျိုးဆောင်တစ်ဦးစီအတွက် ကွဲပြားပြီး liquidity providers များမှ သတ်မှတ်ထားသည့် အခြေအနေများအပေါ်အခြေခံ၍ တွက်ချက်သည်။
မတူညီသော ကုန်သွယ်ရေးအမျိုးအစားများအတွက် leverage အလုပ်လုပ်ပုံအကြောင်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
စတော့ရှယ်ယာများအတွက် မာဂျင်ပမာဏကို အောက်ပါအတိုင်း တွက်ချက်ပါသည် -
ဥပမာတစ်ခုပေးပါရစေ။ ကုန်သည်တစ်ဦးသည် Pfizer( အဆိုပါ ရှယ်ယာ၏ အသေးစိတ် အချက်အလက် များကို ဤနေရာတွင် ကြည့်ပါ) ၏ ရှယ်ယာ 100 အတွက် စာချုပ်တစ်ခု ကို ရှယ်ယာတစ်ခုလျှင် $35 စျေးနှုန်း၌ ဝယ်ယူသည်ဆိုပါစို့။ အကျိုးဆောင်၏ မာဂျင်ရာခိုင်နှုန်းသည် 15% ဖြစ်သည်။
ဤအခြေအနေတွင်၊ မာဂျင် ပမာဏသည်-
100 × $35 × 15% = $525.
Leverage မပါဘဲ စတော့ရှယ်ယာများဝယ်ရန် 3,500 USD (100 * 35) လိုအပ်ပြီး အကျိုးဆောင်ထံမှ ဝယ်ယူသည့်အခါ မာဂျင်အတွက် 525 USD သာ လိုအပ်ပါသည်။
- Leverage မပါဘဲ စတော့ရှယ်ယာများ၏ CFDs များအရောင်းအဝယ်ပြုလုပ်ရန်အတွက် ဖြစ်နိုင်ပါသလား?
- ဖြစ်နိုင်ပါသည်။ ဖြစ်နိုင်ရုံသာမက သင့်တော်သော အမြတ်အစွန်းကိုပါ ဆောင်ကြဉ်းကြောင်း ရလာဒ်ရှိပါသည်။
စတော့ရှယ်ယာများသည် ငွေကြေးအတွဲများထက် သိသိသာသာ အပြောင်းအလဲများသည်။ ငွေကြေးအတွဲတစ်ခု၏ ပျမ်းမျှနေ့စဉ်ပြောင်းလဲမှုသည် 1-2% ထက် နည်းပါးသော်လည်း စတော့ရှယ်ယာများသည် အရောင်းအဝယ်ဖြစ်သည့်နေ့တွင် 5% သို့မဟုတ် 10-15% အထိ အတက်အကျ ရှိနိုင်ပါသည်။
ထို့ကြောင့် liquidity providers များသည် အများအားဖြင့် အကျိုးဆောင်၏ leverage ဖြစ်သော အကြမ်းအားဖြင့် 1:5 မှ 1:10 နှင့် ညီမျှသည့် မာဂျင်ရာခိုင်နှုန်း 10-20% ကို သတ်မှတ်လေ့ရှိသည်။ မည်သို့ပင်ဆိုစေ leverage မပါသော စတော့ရှယ်ယာရောင်းဝယ်မှုတွင် စတော့ရှယ်ယာများ ၏ မတည်ငြိမ်မှုမြင့်မားခြင်းကြောင့် အမြတ်အစွန်းများစွာရနိုင်သည်။ သင့်အနေဖြင့် တကယ့်ရှယ်ယာအား အရောင်းအ၀ယ်မလုပ်သော်လည်း အဆိုပါရှယ်ယာ ၏ စျေးနှုန်းကွာခြားချက် CFDs အား အရောင်းအဝယ် ပြုလုပ်သောကြောင့် ၊ သင်သည် အဝယ် သို့မဟုတ် အရောင်း ကုန်သွယ်မှုများကို ပြုလုပ်နိုင်သည်။
Leverage မပါသော တနေ့တာကုန်သွယ်ခြင်း - Day Trading: အားသာချက်များနှင့် အားနည်းချက်များ
Forex ရှိ leverage မပါသော တနေ့တာကုန်သွယ်ခြင်း၏ အားသာချက်များနှင့် အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ကြပါစို့။
အားသာချက်များ | အားနည်းချက်များ |
|
|
လက်တွေ့နှင့်အနီးစပ်ဆုံး ဥပမာတစ်ခုဖြင့် ရှင်းအောင်ပြောရမည်ဆိုပါက။
ထည့်သွင်းဒေတာ -
- ကနဦးအပ်ငွေ - 10,000 USD
- Leverage - 1:1
- ကျွန်ုပ်တို့သည် EURUSD အတွက် ဖြစ်နိုင်ချေအများဆုံး စာချုပ်အရွယ်အစားကိုဝယ်ယူသည်
- ရင်းနှီးမြှုပ်နှံမှု သက်တမ်း - ၁ လ
1.16555 တွင် အရောင်းအဝယ်ဖြစ်နေသောကြောင့် အထက်ဖော်ပြပါ အခြေအနေများအောက်တွင် ယူနစ် 100,000 စာချုပ်အတွက် အမြင့်ဆုံး standard lot size သည် 0.08 ဖြစ်သည်။
ထို့ကြောင့် ၁ ပွိုင့်၏စျေးနှုန်းသည် $0.08 ဖြစ်သည်။ အဆိုပါအခြေအနေတွင် မာဂျင်သည် 9,324.4 (100,000 * 1.16555 * 0.08) ဖြစ်မည်။
ကျွန်ုပ်တို့၏ forex အကောင့်တွင် အသုံးမပြုရသေးသော USD 675.6 လက်ကျန်ငွေရှိနေသေးသည်၊ ဤရင်းနှီး ငွေများသည် leverage မရှိဘဲ အနည်းငယ်မျှသောစာချုပ်ကိုပင် ဝယ်ယူရန်မလုံလောက်နိုင်ပါ။
EURUSD ၏ စျေးနှုန်းသည် တစ်လအတွင်း 1% တိုးလာသဖြင့် ကျွန်ုပ်တို့ကံကောင်းသည်ဟု ယူဆကြပါစို့။ ထို့ကြောင့် 1.17731 တွင် ပိတ်ခြင်းဖြင့် ဈေးကွက်မှ အမြတ်ဖြင့်ထွက်လိုက်သည်။၊ ကျွန်ုပ်တို့သည် ငွေကြေးအရောင်းအ၀ယ်ပြုလုပ်သည့် တစ်လတွင် ရလဒ်အနေဖြင့် အမြတ်ငွေ $93.24 - spread (11 * $0.08) - ပျမ်းမျှ swap ပမာဏအား အရောင်းအဝယ်ဖွင့်သည့် ရက်အရေအတွက် ဖြင့် မြှောက်ခြင်းဖြင့် ရလာဒ်ထွက်လာသည် (Swap = $0.5 * 30) ။ ၎င်းသည် စုစုပေါင်း အပ်ငွေ USD 10,000 ပေါ်တွင် ကော်မရှင်ခ အားလုံးနှုတ်ယူပြီး အသားတင်ဝင်ငွေ 77.36 USD ရရှိပြီးဖြစ်သည်။
ကုန်သွယ်မှုနှင့်ဆက်စပ်နေသော ဆုံးရှုံးနိုင်ချေအန္တရာယ်များအား ထည့်သွင်းစဉ်းစားပါက ဘဏ်တစ်ခုတွင် အပ်ငွေတစ်ခု ထားရှိခြင်းသည် ထိုကဲ့သို့သော ရင်းနှီးမြုပ်နှံမှုအတွက် လုံလောက်သော အခြားရွေးချယ်စရာတစ်ခုဖြစ်သည်။ အကယ်၍ leverage မရှိလျှင် ဖြစ်သည်။ Leverage ဖြင့်ဆိုပါက မာဂျင်ပမာဏသေးငယ်လာပြီး တစ်လလျှင် အမှန်တကယ်ရရှိနိုင်သော အမြတ်အစွန်း 100% အထက်ဖြင့် ပမာဏကြီးမားသော အရောင်းအဝယ်များကို ဖွင့်နိုင်မည် ဖြစ်သည်။
နိဂုံးချုပ် - Leverage ဖြင့် (သို့မဟုတ်) Leverage မပါဘဲ ကုန်သွယ်ခြင်း
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း leverage မပါသော ကုန်သွယ်ခြင်း မှ မြင်သာထင်သာရှိသည့် တစ်ခုတည်းသောအားသာချက်မှာ အနည်းဆုံး ဆုံးရှုံးနိုင်ချေဖြစ်နိုင်သည်။ သို့ရာတွင် 1:1 ဖြင့် အရောင်းအဝယ် လုပ်သောအခါတွင် အမြတ်အစွန်းရနိုင်မှုအရ ထူးထူးခြားခြားရလဒ်များကို ရရှိနိုင်မည်မဟုတ်ကြောင်း သတိထားရန်လိုအပ်သည်။
Leverage မပါရှိသော Forex ကုန်သွယ်မှုတွင် အဖွဲ့အစည်းဖြင့် ကုန်သွယ်သည့် ကုန်သည်များ သို့မဟုတ် စတင်သူ ကုန်သည်အသစ်စက်စက်များ အား ချန်လှပ်ထားခဲ့သင့်သည်။ ၎င်းတို့အတွက် အဓိကပန်းတိုင်မှာ အဖိုးတန်ကုန်သွယ်ရေး အတွေ့အကြုံကိုရရှိရန်ဖြစ်ပြီး တစ်ချိန်တည်းတွင် အပ်ငွေမဆုံးရှုံးစေရန်ဖြစ်သည်။ CFD များအတွက် ၎င်းကုန်သွယ်ရေးအမျိူးအစား၏ မငြိမ်မသက်မှု မြင့်မားခြင်းသည် မာဂျင်မရှိဘဲပင် မြင်သာထင်သာသောအမြတ်အစွန်းကို ရရှိစေပါသည်။
မည်သို့ပင်ဆိုစေ leverage မပါရှိဘဲ အရောင်းအဝယ်ပြုလုပ်သည့်အခါတွင် သင်၏ အပ်ငွေ လုံခြုံဘေးကင်းမှုဆိုသည်မှာ ထင်ယောင်ထင်မှားတစ်ခုသာဖြစ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် leverage ၏ အကျိုးကျေးဇူးမရှိဘဲ မာဂျင်ကုန်သွယ်မှုကိုအသုံးပြုရန်အတွက် နေ့စဉ်အခကြေးငွေပေးဆောင် နေရဆဲ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် လုံခြုံစိတ်ချစွာငွေရှာနိုင်ရန် leverage ကိုလက်လွှတ်မခံပါနှင့်။ မာဂျင် ၏အရွယ်အစားသည် ကုန်သွယ်မှုတစ်ခုစီအတွက် အများဆုံး ဆုံးရှုံးမှုနှင့် အကောင့်တစ်ခုလုံးအတွက် ထိရောက်စွာထိန်းချုပ်ရန် ပိုမိုအသုံးဝင်မည်ဖြစ်သည်။ ထို့အပြင် မှန်ကန်သော ကုန်သွယ်ရေးအကျိုးဆောင်ကို ရွေးချယ်ခြင်းသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။
LiteFinance ကုန်သွယ်ရေးအကျိုးဆောင်သည် leverage ပါသည်ဖြစ်စေ/မပါသည်ဖြစ်စေ အကောင်းမွန်ဆုံး ကုန်သွယ်ရေးအခြေအနေများကို ပံ့ပိုးပေးထားသည်။ Leverage အချိုးအစားအကွာအဝေးသည် 1:1 မှ 1:1000 ဖြစ်သည်။ ရွေးချယ်ထားသော leverage မည်သို့ပင်ရှိစေကာမူ Stop Out Level သည် အမြဲတမ်း 20% ဖြစ်ပြီး ဘယ်တော့မှပိုမည်မဟုတ်ပါ။
Margin call level သည် ECN အကောင့်များအတွက် 100% ဖြစ်သည်။ ၎င်းသည် သင့်အကောင့်တွင် ရင်းနှီးငွေမလုံလောက်မှုကို စောစီးစွာအသိပေးရန် သင့်တော်သောအဆင့်ဖြစ်သည်။ ၎င်းသတိပေးချက်အား အချိန်မှီတုံ့ပြန်သည့်အနေဖြင့် ကုန်သည်တစ်ဦးအတွက် ၎င်း၏ကုန်သွယ်မှုအရင်းအနှီးဆုံးရှုံးနိုင်ခြင်းမှ ရှောင်ရှားနိုင်ရန် အခွင့်အလမ်းပေးထားသည်။
တစ်ချိန်တည်းမှာပင် ECN နည်းပညာသည် spreads အနည်းဆုံးနှင့် swaps များကို အာမခံသည့် liquidity providers များကို တိုက်ရိုက် အသုံးပြုခွင့် ပြုပေးသည်။ သင့်အား မမျှော်လင့်ထားသောဆုံးရှုံးမှုများမှ ကာကွယ်ရန် အနုတ်လက္ခဏာ လက်ကျန်ကာကွယ်မှုသည် အာမခံပေးထားသည်။ ရေရှည်ရင်းနှီးမြုပ်နှံမှု ပြုလုပ်သော ကုန်သည်များနှင့် scalpers များအတွက် ၎င်းတို့ ဖွင့်ထားသည့် အရောင်းအဝယ် အရေအတွက်နှင့် အဆိုပါအရောင်းအဝယ်များ၏ အကန့်အသတ်မရှိကြာချိန်အတွက် ကုန်သွယ်မှုအခွင့်အလမ်းများကို ပံ့ပိုးပေးထားသည်။
အတွေ့အကြုံရှိကုန်သည်များထံမှ အမြတ်အစွန်းများသောနှုန်းထားဖြင့် ရောင်းဝယ်မှုများကို အလိုအလျောက် ကူးယူနိုင်စွမ်းရှိသည် copy trading ကို စတင်သူ ကုန်သည်များအနေဖြင့် စိတ်ဝင်စားဖွယ် ဖြစ်နိုင်သည်။
အထက်ဖော်ပြပါအားလုံးအတွက် ကောင်းမွန်သောအပိုဆုကြေးတစ်ခုမှာ အရောင်းအဝယ်ပြုလုပ်သည့် နေ့တိုင်း ၏ အဆုံးတွင် ကုန်သွယ်မှု၌ အသုံးမပြုသော ရန်ပုံငွေများအတွက် LiteFinance အနေဖြင့် တစ်နှစ်လျှင် 2.5% ခရက်ဒစ် ပေးထားသည်။
အထက်ပါအတိုင်းဆိုလျှင် Forex ကုန်သွယ်မှုကို leverage မပါရှိဘဲ ရောင်းဝယ်နိုင်ပါသလား? ကျွန်ုပ်၏ပုဂ္ဂိုလ်ရေးထင်မြင်ချက်အရ leverage မပါဝင်သော ကုန်သွယ်မှုသည် CFDs၊ ECN နှင့် အနုတ်လက္ခဏာ လက်ကျန်ကာကွယ်မှု များတွင်သာ အဓိပ္ပါယ်ရှိစေပါသည်။
ကျွန်ုပ်အနေဖြင့် အခြားဘလော့ဂါများ၏ စိတ်ဝင်စားစရာအကောင်းဆုံး ထင်မြင်ယူဆချက်ဖြစ်သည့် leverage မပါဝင်သော ကုန်သွယ်ခြင်း အကြောင်းအရာများ ကိုစုစည်းထားပါသည် -
Leverage မပါရှိသော ကုန်သွယ်မှု ၏ အမေးများသောမေးခွန်းများ
နည်းပညာအရ Forex တွင် 1:1 leverage ဖြင့် အရောင်းအဝယ်ဖြစ်နိုင်သည်။ သို့သော်လည်း ၎င်းသည်လက်တွေ့တွင် မတည်ငြိမ်မှုနည်းပြီး စာချုပ်များ၏ ကုန်ကျစရိတ်မြင့်မားမှုကြောင့် အဓိပ္ပာယ်မရှိပေ။ Forex တွင် leverage မပါဘဲ အမြတ်အစွန်း ရရှိအောင် ကုန်သွယ်ရန် တစ် ခုတည်းသော စစ်မှန်သည့် နည်းလမ်းမှာ အပ်ငွေ ဒေါ်လာဆယ်ဂဏန်း(သို့မဟုတ်)ရာပေါင်းများစွာ ဖြင့် တစ်နေ့တာကုန်သွယ်မှု ပြုလုပ်ခြင်းဖြစ်သည်။
Forex ကုန်သွယ်ရေးအကျိုးဆောင်များသည် စည်းကမ်းအတိုင်း ၎င်းတို့၏ကုန်သွယ်ရေး အမျိူးအစားများကြားတွင် ကုမ္ပဏီအမျိုးမျိုး၏ CFDs ရှယ်ယာများကို ကမ်းလှမ်းသော်လည်း ၎င်းတို့ကိုယ်တိုင်၏ ရှယ်ယာများမဟုတ်ပါ။ ဥပမာ LiteFinance သည် ဒါဇင်ပေါင်းများစွာသော စတော့ရှယ်ယာများတွင် နယူးယောက်စတော့အိတ်ချိန်းနှင့် NASDAQ ၏ CFD ကုန်သွယ်မှုကို ဝင်ရောက်ခွင့်ပေးသည် (စတော့ရှယ်ယာစာရင်းအပြည့်အစုံကို ဒီမှာ ကြည့်ပါ)
ဤကုန်သွယ်ရေးအမျိူးအစားများအတွက် leverage မှာ ငွေကြေးအတွဲများ၏ ကွာခြားချက်ဖြစ်ပြီး မာဂျင်ရာခိုင်နှုန်းကိုအသုံးပြု၍ တွက်ချက်သည်။ CFD စာချုပ်များအတွက် မာဂျင် တွက်ချက်ခြင်း အကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။ ဤနေရာတွင် CFD ကုန်သွယ်ရေးအမျိူးအစားများ ဝယ်ယူရန်ဖြစ်နိုင်ခြေအတွက် ကန့်သတ်ချက်များမရှိပါ။ မည်သည့် leverage ဖြင့်မဆို ဝယ်ယူနိုင်ပါသည်။
အရေးကြီးပါသည်! ဤအခြေအနေတွင် မာဂျင်ပမာဏသည် CFDs များကိုဝယ်ယူသောအခါတွင် အလွန်သင့်လျော်မှုမရှိသော ကိုးကားထားသော ရှယ်ယာတန်ဖိုး၏ 100% နှင့်ညီမျှမည်ဖြစ်သည်။
အကောင်းဆုံးကုန်သွယ်ရေးပလပ်ဖောင်းမှာ -
- နှစ်ကြာလာသည်နှင့်အမျှ သုံးစွဲသူများ၏ယုံကြည်မှုကို ရရှိထားခြင်း
- ကမ္ဘာတစ်ဝှမ်းတွင်လူသိများပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ ကိုယ်စားလှယ်ရုံးကွန်ရက် ရှိခြင်း
- စျေးကွက်အမျိုးမျိုးတွင် ကုန်သွယ်ရေးအမျိုးအစားများစွာကို ပံ့ပိုးပေးခြင်း
- ကောင်းမွန်သော ပြောင်းလွယ်ပြင်လွယ်သည့်နှုန်းထားများကို ပံ့ပိုးပေးခြင်း
- သုံးစွဲသူအား 24/7 ပံ့ပိုးမှုပေးခြင်း
- အခမဲ့လေ့ကျင့်ရေးပစ္စည်းများနှင့် သင်တန်းများကို ပံ့ပိုးပေးခြင်း
- သုံးစွဲသူအားကူညီပေးပြီး ၎င်းတို့၏အောင်မြင်မှုကို ရှေးရှုခြင်း
Leverage မပါရှိသည့် Forex ကုန်သွယ်ရေးအကျိုးဆောင် သို့မဟုတ် အခြားတစ်ခုခုကို ရှာနေသည်ဖြစ်စေ - အကောင်းဆုံးကုန်သွယ်ရေးအကျိုးဆောင်ကို ရှာဖွေရန် ရက်/လ ချီ၍ အချိန် ကုန်ဆုံးနိုင်ပါသည်။ ထိုသို့ အချိန်နှင့်ငွေကြေးကုန်ဆုံးပြီးနောက် မိမိဘာသာ ကောက်ချက် ချနိုင်ပါသည်။
ပုဂ္ဂိုလ်ရေးအရ ကျွန်ုပ်သည် LiteFinance နှင့်အလုပ်လုပ်ရန် ရွေးချယ်မှုတစ်ခုပြုလုပ်ခဲ့ပါသည်။ ၎င်းသည် ကျွန်ုပ်၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များနှင့်ကိုက်ညီ၍ အထက်ပါအချက်များ အားလုံးကို ဖြည့်ဆည်းပေးပါသည်။ ကျွန်ုပ်အတွက် LiteFinance သည် နံပါတ် ၁ ဖြစ်သည်။
၎င်းသည် အခြေအနေနှစ်ခုတွင်သာ အဓိပ္ပာယ်ရှိပါသည် -
- အခြေအနေ ၁ – သင်သည်ကုန်သွယ်မှု၏ အခြေခံများကိုနားလည်ဖို့ အစပြုသူဖြစ်သည်။ တန်ဖိုးကြီးသော ကုန်သွယ်မှုအတွေ့အကြုံများကို ရရှိရန်အရေးကြီးပြီး ၎င်းအတွက် တန်ဖိုးကြီးကြီး ပေးခြင်း မပြုရန် အရေးကြီးပါသည်။
- အခြေအနေ ၂ – ခရစ်ပတိုငွေကြေးများ နှင့် စတော့ရှယ်ယာများအတွက် derivatives များကို ရောင်းဝယ်ခြင်းဖြစ်သည်။ ဤဈေးကွက်များ၏ မတည်ငြိမ်မှုမှာ အလွန်မြင့်မားပြီး သေးငယ်သော leverage (သို့မဟုတ်) leverage မပါဝင်ဘဲ အရောင်းအ၀ယ်ပြုလုပ်ခြင်းဖြင့်ပင် မြင်သာထင်သာသော အမြတ်အစွန်းများကို ယူဆောင်လာနိုင်သည်။ သို့သော်လည်း အဆိုပါအခြေအနေတွင် leverage ကို အလွဲသုံးစားလုပ်ကာ အန္တရာယ်များကို ထည့်သွင်းစဉ်းစားခြင်းမပြုသော ပရော်ဖက်ရှင်နယ် မဟုတ်သူများအတွက်လည်း သက်ဆိုင်ကြောင်း သတိပြုသင့်ပါသည်။
အတွေ့အကြုံရှိသော ကုန်သည်တစ်ဦး၏ စိတ်ချရသောလက်ထဲတွင် leverage သည် တည်ငြိမ် မြင့်မားသောဝင်ငွေအတွက် ထိရောက်သောကိရိယာတစ်ခုဖြစ်လာသည်။
ပထမဦးစွာ Forex စျေးကွက်တွင် သင်၏အမြတ်အစွန်းသည် leverage မရှိလျှင် အကောင်းဆုံး ဖြစ်နိုင်ချေ 1-2% ဝန်းကျင်ရှိကြောင်း သတိထားရန်လိုအပ်ပါသည်။
ထို့နောက်သင့်အတွက် လုံလောက်မည့်အမြတ်ငွေကို နိမ့်ပါးသော အမြတ်ရနှုန်းဖြင့်တွက်ချက်ပါ။ ထိုပမာဏမှ လိုအပ်သော အပ်ငွေကိုတွက်ချက်ပြီး သင့်၏အကောင့်ကိုငွေဖြည့်ပါ။ ထို့နောက် အကောင့် ဆက်တင်များတွင်ရှိပြီးသား leverage ကို 1:1 သို့ပြောင်းပါ။ ကုန်သွယ်ရေး အကျိုးဆောင်တိုင်းသည် သုည leverage ကို ခွင့်မပြုကြောင်းသတိရပါ။
သင်၏အကောင့်ကို အပ်ငွေတစ်ခုပြုလုပ်၍ ဆက်တင်များပြောင်းလဲပြီးနောက် အရောင်းအဝယ် စတင်နိုင်ပါသည်။ Swaps အကြောင်းကိုသတိရပါ။ သင်၏အမြတ်ငွေကို ကော်မရှင်များမှ မစားနိုင်အောင် စီမံခန့်ခွဲရန် အရေးကြီးပါသည်။ အဆိုပါအခြေအနေတွင် ၎င်းကိုရှောင်ရှားရန် တစ်နေ့တာအတွင်း အရောင်းအ၀ယ်လုပ်ဆောင်ခြင်းသည် အကျိုးရှိမည်ဖြစ်သည်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။























