Engulfing pattern သည် ဆန်လဲလှယ်ရေးအတွင်း ၁၈ ရာစု၌ ပေါ်ထွန်းခဲ့သော candlestick နည်းပညာဆိုင်ရာစိစစ်ခွဲဖြာမှုကို ပြုလုပ်ခဲ့သည့် ဂျပန်မှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ အဆိုပါ pattern သည် candlestick chart တစ်ခုပေါ်၌ အပြင်ဘက်တွင်ဘားနှစ်ခုပါရှိပြီး ထိုတွင် ဒုတိယမြောက် candle မှာ ပထမတစ်ခုကို ဖုံးလွှမ်းသွားမည် ဖြစ်ပါသည်။

အဆိုပါ pattern မှာ သက်တမ်းကြာမြင့်နေပြီဖြစ်သော်လည်း ၎င်းသည် ၂၁ရာစုတွင် ဆက်လက်အသုံးဝင်နေဆဲ ဖြစ်ပါသည်။ ဦးစွာအနေဖြင့် ၎င်းသည် စျေးကွက်ပါဝင်သူများ၏ စိတ်ပိုင်းဆိုင်ရာအနေအထားနှင့် စျေးကွက်အတွင်း ဝယ်သူများနှင့်ရောင်းသူအများအကြား အင်အားညီမျှမှုကို မြင်သာစေပါသည်။ ထို့ပြင် engulfing သည်မကြာမီလမ်းကြောင်းပြောင်းလဲမည်ကို သတိပေးသည့် အဓိက reversal pattern များအနက် တစ်ခုဖြစ်ပါသည်။

Engulfing candlestick သည်မည်သည်တို့ကိုခန့်မှန်းပေးနိုင်ပြီး ၎င်း pattern အားအသုံးပြုကာ မည်သို့ကုန်သွယ်ရမည်ကို သိရှိရန်အတွက် ဤဆောင်းပါးတွင် ဖတ်ရှုပါ။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ပင်မကောက်နှုတ်ချက်များ

  • Engulfing candlestick pattern သည် အစိမ်းရောင်နှင့် အနီရောင် candle များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် chart pattern တစ်ခုဖြစ်ပါသည်။ Bearish pattern တစ်ခုတွင် အနီရောင် candle သည် အစိမ်းရောင် candle ပေါ်ပေါက်ပြီးနောက်တွင် ဖြစ်ပေါ်လာပြီး ၎င်းအစိမ်း‌ရောင်ကို လွှမ်းမိုးသွားပါသည်။ Bullish pattern တွင် ဆန့်ကျင်ဖက်အားဖြင့် အစိမ်းရောင် candle သည် အနီရောင်ကို လွှမ်းခြုံသွားပါသည်။
  • Engulfing pattern သည်အများအားဖြင့် လမ်းကြောင်းပြောင်းလဲမှုကို အချက်ပြပေးပါသည်။ သို့သော် အခြား candlestick pattern များနည်းတူ engulfing သည် စျေးနှုန်း chart ပေါ်တွင် ထပ်မံအတည်ပြုချက်ကို လိုအပ်ပါသည်။
  • Engulfing ကုန်သွယ်မှုအတွက် အဓိကနည်းဗျူဟာများစွာ ရှိပါသည်၊ ၎င်းဗျူဟာများကြောင့် ကုန်သည်များသည် စွန့်စားမှုများကို လျော့ချနိုင်၍ အမြတ်များစွာ ရရှိနိုင်ပါသည်။
  • ဤ engulfing pattern တွင် အားသာချက်နှင့် အားနည်းချက်အချို့ ရှိပါသည်။

Engulfing Candlestick Pattern ဆိုသည်မှာအဘယ်နည်း။

Engulfing candlestick pattern သည်ဂျပန်တို့၏ candlestick pattern ဖြစ်ပြီး bullish နှင့် bearish စသည့် candlestick နှစ်ခုဖြင့်ဖွဲ့စည်းထားပါသည်။ ဤရုပ်ပုံသည် pattern ၏သဘောသဘာဝပေါ်မူတည်ကာ လာမည့်စျေးနှုန်းပြောင်းလဲမှုအကြောင်းကို စျေးကွက်ပါဝင်သူများအား အသိပေးပါသည်။

Engulfing pattern ကို Forex အပါအဝင် စတော့၊ crypto ငွေကြေးနှင့် ကုန်စည်ပစ္စည်းစျေးကွက်များတွင် မကြာခဏအသုံးပြုကြပါသည်။

Pattern ပေါ်ပေါက်သည့် အချိန်ကာလကြာမြင့်လေလေ ပိုမိုအားကောင်းသော လမ်းကြောင်းပြောင်းလဲမည့်အချက်ပြမှုကို ပေးစွမ်းလေ ဖြစ်ပါသည်။ ထို့ပြင် အခြား candlestick pattern များ (သို့) နည်းပညာဆိုင်ရာအညွှန်းမျာသည် engulfing pattern ကိုအတည်ပြုပေးပါက စျေးနှုန်းပြောင်းလဲနိုင်ချေမှာ တိုးလာနိုင်ပါသည်။

LiteFinance: Engulfing Candlestick Pattern ဆိုသည်မှာအဘယ်နည်း။

Engulf Candlestick Pattern အမျိုးအစားများ

ဤကဏ္ဍတွင် သင်သည် စျေးကွက်တွင်တွေ့ရှိရသော pattern အမျိုးအစားများအကြောင်း လေ့လာရပါမည်။ Pattern အမျိုးအစားနှစ်မျိုး ရှိပါသည်: bullish နှင့် bearish engulfing ။

ဤ pattern ကို harami pattern နှင့် မရောထွေးစေရန် အရေးကြီးပါသည်။

Harami တွင် ပထမဦးဆုံး candle သည် ဒုတိယမြောက်တစ်ခုကို လွှမ်းခြုံသွားသော်လည်း ၎င်း pattern မှာ ဆန့်ကျင်ပြောင်းလဲမှု မဖြစ်ပါ။ ဤသည်မှာ စျေးကွက်အတွင်း ခဏတာရပ်တန့်ငြိမ်သက်မှုတစ်ခုကို သတိပေးခြင်းသာ ဖြစ်ပါသည်။ ထို့ပြင် harami သည် candle တစ်ခုပါရှိသော pattern ဖြစ်ပြီး ၎င်းသည် bullish (သို့) bearish ဖြစ်နိုင်ပါသည်။

Bullish engulfing pattern

Bullish engulfing pattern သည် ဒုတိယမြောက်မြင့်တက်လာသော candle မှာ ပထမဦးဆုံး bearish candle ကိုလွှမ်းခြုံသွားသည့် pattern တစ်မျိုးဖြစ်ပါသည်။ ဆိုလိုသည်မှာ အဝယ်များသည် ၎င်းတို့၏အင်အားကို ပြသနေပြီး ပိုင်ဆိုင်မှုတွင် ကြီးမားသောဝယ်ယူမှုများကို ဖွင့်လှစ်ပေးပါသည်။

Bullish engulfing pattern သည် အနိမ့်စျေးနှုန်းဧရိယာအတွင်းရှိ အကျလမ်းကြောင်းတစ်ခုနောက်တွင် ပေါ်ပေါက်ပါသည်။ အခြေပိုင်းရှိ ထို pattern သည် စျေးနှုန်းပြောင်းလဲမည့်အကြောင်းကို သတိပေးနှိုးဆော်ပါသည်။ H4 မှစ၍ ပိုမိုမြင့်မားသော အချိန်ကာလပေါ်၌ ၎င်း pattern သည် လမ်းကြောင်းပြောင်းလဲမှုအတွက် ပိုမိုခိုင်မာသောအချက်ပြမှုကို ထုတ်ပေးပါသည်။

H1 အထိအချိန်ကာလများအပေါ်၌ အဆိုပါ pattern မှာ အဓိကအားဖြင့် စျေးနှုန်းယာယီနိမ့်ဆင်းမှုများအတွင်း ပေါ်ပေါက်ပါသည်။ ပိုမိုသေးငယ်သောအချိန်ကာလများ၌ ဤ pattern ကို အကျလမ်းကြောင်း၏ အလယ်ပိုင်းအတွင်း (သို့) ပင်မထိပ်ဆုံးပိုင်းတို့တွင် မကြာခဏတွေ့ရနိုင်ပါသည်။ ထိုသည်မှာ စျေးကွက်ဆူညံမှုအဆင့် မြင့်မားခြင်းကြောင့် ဖြစ်ပါသည်။ Pattern အတုအယောင်များသည် chart ပေါ်တွင် ဖြစ်ပေါ်ပြီး ၎င်းတို့သည် ကုန်သည်များကို အထင်အမြင်မှားယွင်းစေနိုင်ပါသည်။

Engulfing ကို တစ်နေ့တာကုန်သွယ်မှုတွင် အသုံးပြုနိုင်ပါသည်။ သို့သော် အခြား candlestick pattern များ (သို့) နည်းပညာဆိုင်ရာအညွှန်းများအား အသုံးပြု၍ ထို pattern ကိုထပ်မံအတည်ပြုရန် အရေးကြီးပါသည်။

LiteFinance: Bullish engulfing pattern

Bullish engulfing patternများသည် ကုန်သည်များအား မည်သည့်အရာများကို ဖော်ပြပေးပါသနည်း။

Chart အတွင်းရှိ bullish engulfing pattern တစ်ခုဖြစ်ပေါ်ခြင်းသည် စျေးနှုန်းအောက်ခြေသို့ ရောက်ရှိ၍ လမ်းကြောင်း ပြောင်းကာပြန်လည်မြင့်တက်ရန် ပြင်ဆင်နေကြောင်း အချက်ပြပေးပါသည်။

Bullish engulfing candle တစ်ခုသည် လတ်တလောစျေးနှုန်းပြောင်းလဲမှုကို အတည်ပြုရန်အတွက် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီရပါမည်။

  • Bullish engulfing pattern တစ်ခုသည် သိသာထင်ရှားသော အကျလမ်းကြောင်းတစ်ခုမတိုင်မီတွင် ဖြစ်ပေါ်ရပါမည်။
  • ဦးစွာအနေဖြင့် bearish candle တစ်ခုဖြစ်ပေါ်ရမည် ဖြစ်ပြီး ၎င်းသည် ကိုယ်ထည်ပြည့် (သို့) အထက် နှင့် အောက်ဘက်တွင် သေးငယ်သောမီးစာအတံများ ရှိနိုင်ပါသည်။
  • ဒုတိယမြောက် candle ၏ အဖွင့်စျေးနှုန်းသည် ပထမတစ်ခု၏ အပိတ်စျေးနှုန်းအောက် လျော့နည်းရပါမည်။ ဆိုလိုသည်မှာ စျေးကျဆင်းမှုကွာဟချက် ဖြစ်ပေါ်သင့်ပါသည်။
  • ဒုတိယမြောက် candle အဆုံးသတ်၌ အပိတ်စျေးနှုန်းသည် ပထမ candle ၏အဖွင့်စျေးနှုန်းထက် ပိုမိုမြင့်မားသင့်ပါသည်။ ဤဖြစ်စဥ်တွင် absorbing candle ၏ပုံရိပ်များကို ခွင့်ပြုထားပါသည်။

Bullish engulfing အချက်ပြမှုကို အောက်ပါအချက်များဖြင့် ပိုမိုအဆင့်မြှင့်တင်ပေးနိုင်ကြောင်း အလေးထားဂရုပြုသင့်ပါသည်။

  • ကြီးမားသော စျေးကျဆင်းမှုကွာဟချက်တစ်ခု ဖြစ်ပေါ်စေခဲ့ပါသည်။ ဒုတိယမြောက် candle သည် ပိုမိုမြင့်မားစွာပိတ်သိမ်းခဲ့ပါသည်။
  • ရှည်လျားသော bullish engulfing candle တစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် လမ်းကြောင်းပြောင်းလဲနိုင်ချေ တိုးမြင့်လာပါသည်။
  • Engulfing candle သည် ယခင် candle များစွာကို ဖုံးလွှမ်းသွားခဲ့ပါသည်။
  • Engulfing candle ၏ပုံရိပ်များ မရှိပါ။
  • Engulfing candle သည် ပထမဆုံး candle ၏ကိုယ်ထည်ကိုသာမက ၎င်း၏ shadow များကိုပါ လွှမ်းခြုံသွားပါသည်။
  • Bullish engulfing candle တစ်ခု ဖွဲ့စည်းဖြစ်ပေါ်သည့်အခါတွင် ကုန်သွယ်ရေးပမာဏများ တိုးလာပါသည်။

LiteFinance: Bullish engulfing patternများသည် ကုန်သည်များအား မည်သည့်အရာများကို ဖော်ပြပေးပါသနည်း။

Bullish Engulfing Pattern ဥပမာများ

Nvidia နေ့စဥ်သတ်မှတ်အချိန်ကာလပေါ်ရှိ bullish engulfing pattern ကို အနီးကပ်လေ့လာကြည့်ရှုကြပါစို့။

Chart အတွင်း ရှည်လျားသော အကျလမ်းကြောင်းတစ်ခုနောက်တွင် reversal bullish engulfing candlestick patternများ အတွဲလိုက်ကို ပြသထားပါသည်။ ဤ pattern များသည် ကမ္ဘာ့စျေးနှုန်းပြောင်းလဲမှုနှင့် ရေရှည်မြင့်တက်မည့်လမ်းကြောင်း အစပျိုးမှုအတွက် အချက်ပြတစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။

LiteFinance: Bullish Engulfing Pattern ဥပမာများ

Bullish engulfing candle တစ်ခု၏ အခြားဥပမာတစ်ခုကို XAUUSD နေ့စဥ် chart တွင် တွေ့ရှိနိုင်ပါသည်။ Gold pattern ဖြစ်ပေါ်ပြီးနောက် စျေးနှုန်းများသည် အတက်ဘက်ဆီသို့ ပြောင်းလှည့်သွားခဲ့ပြီး ၅လအတွင်း 43% ကျော်ဖြင့် တိုးပွားလာခဲ့ပါသည်။

LiteFinance: Bullish Engulfing Pattern ဥပမာများ

Bearish engulfing pattern

Bearish engulfing pattern တစ်ခုတွင် candle နှစ်ခု ပါဝင်ပြီး ပထမတစ်ခုမှာ bullish ဖြစ်သင့်၍ ဒုတိယတစ်ခုမှာ bearish ဖြစ်သင့်ပါသည်။ ဒုတိယမြောက် candle သည် engulfing candle တစ်ခု ဖြစ်ပြီး ၎င်းသည် အတက်လမ်းကြောင်းတစ်ခုအပြီးနောက် စျေးနှုန်းပြန်လည်ကျဆင်းမှုဖြစ်နိုင်ကြောင်း အသိပေးနှိုးဆော်ပါသည်။ ပထမဆုံး candle ၏ကိုယ်ထည်မှာ ပိုမိုသေးငယ်၍ engulfing candle ၏ကိုယ်ထည် ပိုမိုရှည်လျားလေလေ bearish reversal ဖြစ်နိုင်ချေ ပိုမိုမြင့်မားလေ ဖြစ်ပါသည်။ ထို့ပြင် ပထမ candle ၏ shadow များအပြင် ၎င်း၏ ကိုယ်ထည်ကိုပါ လွှမ်းခြုံခြင်းသည် အကျိုးသက်ရောက်မှုကို ပိုမိုကောင်းမွန်စေပြီး ဆန့်ကျင်ဘက်သို့ ပြောင်းလဲနိုင်ချေကို တိုးလာစေပါသည်။

LiteFinance: Bearish engulfing pattern

Bearish Engulfing Pattern တစ်ခုသည် သင့်အား မည်သည့်အကြောင်းအရာတို့ကို ပြောပြပေးနိုင်ပါသနည်း။

Bearish engulfing pattern သည် အမြင့်ဆုံးစျေးနှုန်းဧရိယာထိပ်ဆုံး၌ ပေါ်ပေါက်ပါသည်။ ဤ pattern သည် အကျဘက်သို့ စျေးနှုန်းပြောင်းလဲနိုင်ချေကို အချက်ပြပေးပါသည်။ Bearish engulfing candle ပေါ်ပေါက်မှုသည် ရှည်လျားသော အတက်လမ်းကြောင်းတစ်ခု မတိုင်မီတွင် ဖြစ်ပါသည်။ ပထမဆုံး bullish candle ပေါ်ပေါက်သည့်အချိန်၌ ကုန်သွယ်ရေးပမာဏများ ကျဆင်းပါသည်။ ဤဖြစ်စဥ်မျိုးတွင် candle ကိုယ်ထည်အရွယ်အစားမှာ အရေးမကြီးပါ။

ဒုတိယမြောက် candle ဖွင့်သည့်အခါ စျေးမြင့်တက်မှုကွာဟချက် ဖြစ်ပေါ်လာပါသည်၊ ၎င်းသည် အတက်လမ်‌ကြောင်းဆက်လက်ဖြစ်ပွားမှုကို အချက်ပြပေးခြင်း ဖြစ်ပါသည်။ သို့သော် သတ်မှတ်ထားသည့် အချိန်ကာလကုန်ဆုံးသောအခါ စျေးနှုန်းမှာ ပထမဆုံး candle ၏ အဖွင့်စျေးအောက်သို့ ထိုးကျပါသည်။ ဆိုလိုသည်မှာ ကုန်သွယ်ရေးပမာဏများ စတင်မြင့်တက်လာစဥ်တွင် ဒုတိယမြောက် candle ၏ ကိုယ်ထည်သည် ပထမတစ်ခု၏ ကိုယ်ထည်ကို လွှမ်းခြုံသွားခြင်း ဖြစ်ပါသည်။

တချိန်တည်းမှာပင် အဝယ်များမှာ ၎င်းတို့၏ကုန်သွယ်မှုနေရာများကို အမြတ်တစ်စုံတစ်ရာဖြင့် စတင်ပိတ်သိမ်းပါသည်။ ဆန့်ကျင်ဘက်အားဖြင့် အရောင်းများမှာ စျေးကွက်အတွင်းသို့ အမြတ်ရရှိနိုင်သော ဝင်ရောက်အမှတ်များကို ရှာဖွေကာ အရောင်းကုန်သွယ်မှုများကို ဖွင့်လှစ်ကြပါသည်။

အောက်ပါအကြောင်းရင်းများကို ကိုက်ညီပါက လမ်းကြောင်းပြောင်းလဲမည့်အချက်ပြမှုသည် ပို၍အားကောင်းပါမည်။

  • Engulfing bearish candle ၏ ကိုယ်ထည်သည် ပိုမိုရှည်လျားပြီး bullish တစ်ခု၏ ကိုယ်ထည်မှာ ပို၍တိုတောင်းလေလေ အကျဘက်သို့ပြောင်းလဲမည့် အချက်ပြမှုသည် ပို၍အားကောင်းလေ ဖြစ်ပါသည်။
  • Bearish candle တွင် တိုတောင်းသော မီစာချောင်း (သို့) ၎င်းတို့မရှိခြင်းသည် ရောင်းသူများထံမှ ပြင်းထန်သော ဖိအား (သို့) စျေးအကျလမ်းကြောင်း၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုကို ညွှန်ပြပါသည်။
  • Candle များအကြား ပိုမိုကြီးမားသော ကွာဟချက်သည် ဆန့်ကျင်ဘက်သို့ ပြောင်းလဲမည့် အချက်ပြမှုကိုလည်း အားကောင်းလာစေပါသည်။
  • Bearish candle သည် bullish candle ၏ကိုယ်ထည်ကို သာမက ၎င်း၏ shadow များကိုပါ လွှမ်းခြုံသွားပါက ။

LiteFinance: Bearish Engulfing Pattern တစ်ခုသည် သင့်အား မည်သည့်အကြောင်းအရာတို့ကို ပြောပြပေးနိုင်ပါသနည်း။

Bearish Engulfing Pattern ဥပမာများ

အောက်ပါ Adidas AG စတော့ chart သည် bearish engulfing ကို ပြသပါသည်။ စျေးလမ်းကြောင်း မြင့်တက်မှုအပြီးနောက် ပိုင်ဆိုင်မှုစျေးနှုန်းမှာ ပင်မရောင်းလိုအားဇုန်တွင် အကျဘက်သို့ လှည့်ပြောင်းသွားခဲ့ပါသည်။

ဝယ်သူများသည် ဝယ်လိုအားစျေးတန်းမှ စျေးနှုန်းကို ပြန်လည်တည့်မတ်ရန် ကြိုးစားခဲ့သော်လည်း ၎င်း ဇုန်တွင် bearish engulfing candlestick pattern များအစဥ်လိုက် ဖြစ်ပေါ်လာခဲ့ပါသည်။ ပထမနှင့် ဒုတိယ ရုပ်ပုံများတွင် အပေါ်ပိုင်း wick များမရှိခြင်းသည် လမ်းကြောင်းပြောင်းလဲမှုအတွက် အချက်ပြခြင်းကို ပိုမိုခိုင်မာစေခဲ့ပါသည်။ ပထမ candle ဖြစ်ပေါ်နေစဥ် ကုန်သွယ်ရေးပမာဏများ ကျဆင်းခြင်း နှင့် engulfing candle တစ်ခုဖြစ်ပေါ်နေစဥ် ၎င်းတို့ တိုးမြင့်လာခြင်းသည် ထပ်မံပို၍သေချာသွားစေပါသည်။

အရောင်းကုန်သွယ်မှုများ ဖွင့်လှစ်ရန်အတွက် နောက်ဆုံးအတည်ပြုပေးသည့် အချက်ပြမှုမှာ ပထမဆုံးဝယ်လိုအားစျေးတန်း ဖောက်ထွက်မှုပင် ဖြစ်ပါသည်၊ ထို့နောက်တွင် စျေးနှုန်းများ စဥ်ဆက်မပြတ် စတင်ကျဆင်းခဲ့ပါသည်။

LiteFinance: Bearish Engulfing Pattern ဥပမာများ

EURUSD နာရီပိုင်း chart ရှိ bearish engulfing pattern ကို စဥ်းစားလေ့လာကြည့်ကြပါစို့။

Forex တွင်ကုန်သွယ်သည့်အခါ စျေးနှုန်းကွာဟချက်မရှိဘဲ engulfing pattern တစ်ခုကို သင်မြင်တွေ့ရနိုင်ပါသည်။ ထိုသည်မှာ ငွေကြေးအတွဲများသည် ပိတ်ရက်များမှလွဲ၍ အစဥ်မပြတ်ကုန်သွယ်နေသောကြောင့် ဖြစ်ပါသည်။ ဤဖြစ်စဥ်တွင် အချို့သော အခြေခံအကြောင်းရင်းများကြောင့် စျေးနှုန်းကွာဟချက် ဖြစ်ပေါ်လာနိုင်ပါသည်။

Bearish engulfing candlesticks pattern များပေါ်ပေါက်ပြီးနောက် စျေးနှုန်းမှာ အကျဘက်သို့ လှည့်ပြောင်းခဲ့ပြီး စဥ်ဆက်မပြတ် စတင်စျေးကျဆင်းခဲ့ပါသည်။ အကျလမ်းကြောင်းကို hammer နှင့် inverted hammer ဟူသော reversal pattern နှစ်ခုမှ ရပ်တန့်စေခဲ့ပါသည်။

LiteFinance: Bearish Engulfing Pattern ဥပမာများ

Bullish နှင့် Bearish Engulfing Patterns: မည်သည်တို့ ကွာခြားပါသနည်း။

Bullish နှင့် bearish engulfing pattern များသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်ပါသည်။

သို့သော် ၎င်းတို့နှစ်ခုလုံးသည် လမ်းကြောင်းပြောင်းလဲမှုကို သတိပေးပြီး စျေးကွက်ပါဝင်သူများအတွက် ခိုင်မာသောအချက်ပြမှုများကို ပေးစွမ်းပါသည်။

LiteFinance: Bullish နှင့် Bearish Engulfing Patterns: မည်သည်တို့ ကွာခြားပါသနည်း။

ထို pattern များကြားရှိ ကွဲပြားခြားနားချက်များအကြောင်း ပိုမိုအသေးစိတ်အချက်အလက်များကို အောက်တွင် တင်ဆက်ပြသထားပါသည်။

Bullish Engulfing Pattern

Bearish engulfing pattern

အကျလမ်းကြောင်းတစ်ခု အပြီးနောက် ဝယ်လိုအားဇုန်တွင် ဖြစ်ပေါ်ပါသည်။

အတက်လမ်းကြောင်းတစ်ခု အပြီးနောက် ရောင်းလိုအားဇုန်တွင် ဖြစ်ပေါ်ပါသည်။

စျေးနှုန်းအတက်ဘက်သို့ ပြောင်းလဲမည်ကို သတိပေးနှိုးဆော်ပါသည်။

စျေးနှုန်းအကျဘက်သို့ ပြောင်းလဲမည်ကို သတိပေးနှိုးဆော်ပါသည်။

Bullish engulfing candle တစ်ခုကို စျေးကျဆင်းမှု ကွာဟချက်ဖြင့် စတင်ဖွင့်လှစ်ပါသည်။ ထိုအချိန်ကာလပြီးဆုံးသည့်အခါ ၎င်းသည် ယခင် candle ၏ အဖွင့်စျေးနှုန်းအထက်တွင် ပိတ်သိမ်းပါသည်။

Bearish engulfing candle တစ်ခုကို စျေးနှုန်းမြင့်တက်မှု ကွာဟချက်ဖြင့် ဖွင့်လှစ်ပါသည်။ အချိန်ကာလပြီးဆုံးသည့်အခါ ၎င်းသည် ယခင် candle ၏ အဖွင့်စျေးနှုန်းအောက်တွင် ပိတ်သိမ်းပါသည်။

ကုန်သွယ်ရေးဗျူဟာများတွင် Engulf Candle ကိုမည်သို့ အသုံးပြုပုံ

အခြားနည်းပညာဆိုင်ရာစိစစ်ခွဲဖြာရေး pattern များနည်းတူ engulfing pattern သည် တစ်မူထူးခြားသော သတိပေးနှိုးဆော်သည့် အချက်ပြမှုများကို ထုတ်ပေးပါသည်။ အောက်ပါတို့မှာ engulfing ကုန်သွယ်ရေးဗျူဟာများ၏ စိစစ်သုံးသပ်မှုတစ်ခု ဖြစ်ပါသည်။

Engulfing Candle Reversal ဗျူဟာ

ဤနည်းဗျူဟာသည် pattern ဖြစ်ပေါ်ပြီးနောက် လမ်းကြောင်းဆန့်ကျင်ဘက်သို့ ပြောင်းလဲမှုပေါ်တွင် ကုန်သွယ်မှုနေရာများဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ စွန့်စားမှုနှင့် ငွေကြေးစီမံခန့်ခွဲရေး နည်းဥပဒေများအရ ကုန်သွယ်မှုတစ်ခု ဖွင့်လှစ်ခြင်း/ ပိတ်သိမ်းခြင်းကို လုပ်ဆောင်ပါသည်။

Bullish candle တစ်ခုအတွက်

ရှည်ကြာသော စျေးကျဆင်းမှုလမ်းကြောင်းအပြီးတွင် အောက်ခြေဘက်၌ bullish engulfing candlestick pattern တစ်ခုဖြစ်ပေါ်ခြင်းသည် ပိုင်ဆိုင်မှုမှာ စျေးအနိမ့်ဇုန်သို့ ရောက်ရှိခဲ့သောကြောင့် နောက်ဆက်တွဲအားဖြင့် လမ်းကြောင်းပြောင်းလဲနိုင်ကြောင်းကို ညွှန်ပြပါသည်။

GBPUSD ငွေကြေးအတွဲ၏ ဥပမာအား အသုံးပြုကာ bullish engulfing ကုန်သွယ်ရေးကို စဥ်းစားတွေးတောကြည့်ကြပါစို့။ အောက်ပါ H4 chart သည် ဝယ်လိုအားစျေးတန်း 1.2331အနီးတွင် hammer နှင့် bullish engulfing ၏ reversal pattern အချို့ကို ပြသထားပါသည်။ ထို့နောက် စျေးနှုန်းအတက်ဘက်သို့ ပြောင်းလဲပြီး 1.2493 တွင်ရောင်းလိုအားစျေးတန်းသို့ ရောက်ရှိခဲ့ပါသည်။ ၎င်းနောက်ပိုင်းတွင် စျေးယာယီကျဆင်းမှုကို ကြုံကြိုက်ခဲ့ရပါသည်။

သို့သော် စျေးနှုန်းသည် ၎င်း၏အောက်ဆုံးအမှတ်သို့ ရောက်သွားခဲ့ကြောင်း ရှင်းလင်းစွာသိရှိခဲ့ရပါသည်။ ထို့ကြောင့် 1.2385 စျေးတန်း၌ ပထမဆုံး engulfing pattern ပေါ်ပေါက်ပြီးနောက် အဝယ်ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ Stop loss ကို 1.2304 ဝန်းကျင် ဝယ်လိုအားစျေးတန်းအောက်တွင် သတ်မှတ်ထားပါသည်။

ယင်းနောက် bullish engulfing နှင့် hammer pattern များအစုံလိုက် chart ထဲတွင် ထပ်မံပေါ်ပေါက်လာခဲ့ပါသည်။ စျေးနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးတန်ဖိုးများလည်း ပေါ်ထွက်လာပြီး ထိုသည်မှာ bullish reversal ၏ နောင်ထပ်လက္ခဏာတစ်ခု ဖြစ်ပါသည်။

အဝယ်ကုန်သွယ်မှုတစ်ခု ဖွင့်လှစ်ရန် ဒုတိယမြောက်အခွင့်အလမ်းမှာ 1.2439 ဝန်းကျင်၌ ဖြစ်ပါသည်။ Stop loss ကို ပိုမိုနိမ့်သော 1.2358 ဝန်းကျင်တွင် သတ်မှတ်ခဲ့ရပါမည်။ 1.2493 ၌ ပင်မရောင်းလိုအားစျေးတန်း ဖောက်ထွက်မှုသည် ကျွန်ုပ်တို့အား 1.2574 စျေးတန်း၌ ပထမဆုံးပစ်မှတ်သို့ ရောက်ရှိနိုင်စေခဲ့ပါသည်။ ဤအခြေအနေမျိုးတွင် အမြတ် 50% ကို ရယူနိုင်ပြီး ကုန်သွယ်မှု၏ တစိတ်တပိုင်းကို ဒုတိယမြောက်နှင့် တတိယမြောက်ပစ်မှတ်များဖြစ်သော စျေးတန်း1.2682 နှင့် 1.2763 အသီးသီးအတွက် ချန်ထားနိုင်ပါသည်။LiteFinance: Bullish candle တစ်ခုအတွက်

Bearish candle တစ်ခုအတွက်

Bearish engulfing pattern တစ်ခုသည် ရှည်လျားသော မြင့်တက်မှုလမ်းကြောင်းတစ်ခုအပြီးတွင် အမြင့်ဆုံးစျေးနှုန်းဇုန်အတွင်းရှိ ထိပ်ပိုင်း၌ ဖြစ်ပေါ်ပါသည်။ Tesla Inc ရှယ်ယာများ၏ ဥပမာအား အသုံးပြုကာ bearish engulfing ကုန်သွယ်ရေးအကြောင်း ဆင်ခြင်တွေးတောကြည့်ကြပါစို့။ အောက်ပါ မျက်နှာပြင်ရိုက်ချက်ပုံတွင် ပိုင်ဆိုင်မှုမှာ 310.00 သို့ရောက်ရှိခဲ့ပြီး ရောင်းလိုအားစျေးတန်းကို ဖောက်ထွက်မှု မဖြစ်နိုင်ပါ။

စျေးနှုန်းမှာ ဘေးတိုက်ချန်နယ် 268.00 - 310.00 အတွင်း ကြာမြင့်စွာ တည်ရှိခဲ့ပြီး reversal pattern များ ဖြစ်ပေါ်လာပါသည်။ ဆန့်ကျင်ဘက်သို့ ပြောင်းလဲခြင်းအတွက် ပထမဆုံးအချက်ပြမှုသည် evening star pattern ပုံပေါ်ခြင်း ဖြစ်ခဲ့ပြီး ၎င်းသည် အဝယ်ကုန်သွယ်မှုများကို ပိတ်သိမ်းရန်အတွက် bull များကို အချက်ပြပေးပါသည်။ hanging man နှင့် dark cloud cover ဟူသည့် နောက်ထပ် reversal candlestick pattern နှစ်ခုသည် တစ်ခုပြီးတစ်ခု ပုံပေါ်လာခဲ့ပါသည်။

နောက်ဆုံးလမ်းကြောင်း ပြောင်းလဲမှုနှင့် 268.00 ၌ ပင်မဝယ်လိုအား ဖောက်ထွက်မှုမတိုင်မီ bearish engulfing pattern များအတွဲလိုက် chart ထဲတွင် ဖြစ်ပေါ်လာခဲ့ပါသည်။ စျေးတန်း 310.00 သို့ချဥ်းကပ်စမ်းသပ်ပြီးနောက် ဖြစ်ပေါ်လာသော pattern သည် 268.00၊ 226.00၊ 194.50၊ 163.00၊ 142.00 ရည်မှန်းပစ်မှတ်များဖြင့် အရောင်းကုန်သွယ်မှုများကို ဖွင့်လှစ်ရန် အချက်ပြမှု ဖြစ်လာခဲ့ပါသည်။ Stop loss ကို ပိုမိုမြင့်သောနေရာ 320.50 ဝန်းကျင်တွင် သတ်မှတ်ရပါမည်။

LiteFinance: Bearish candle တစ်ခုအတွက်

Trend လမ်းကြောင်းအရ ကုန်သွယ်သည့်အခါတွင် Engulfing Candle ကို သုံးစွဲခြင်း

Engulfing pattern များကို reversal pattern များအဖြစ် အစဥ်အမြဲ မှတ်ယူ၍မရနိုင်ပါ။ အားကောင်းသော လမ်းကြောင်းတစ်ခုတွင် ဤ pattern များသည် လမ်းကြောင်း ဆက်လက်ဖြစ်ပွားမှု၏ အချက်ပြတစ်ခု ဖြစ်လာနိုင်ပါသည်။ Apple Inc ရှယ်ယာများ၏ ဥပမာအား အသုံးပြုကာ ဤဖြစ်စဥ်ကို ပိုမိုသေးစိတ်လေ့လာကြည့်ကြပါစို့။

အောက်ပါ chart တွင် ပိုင်ဆိုင်မှု၏ စျေးနှုန်းမှာ ပင်မဝယ်လိုအားဇုန် 22.40 ရှိ အောက်ခြေဘက်သို့ ရောက်ရှိခဲ့ပြီး ထိုနေရာတွင် double bottom စျေးနှုန်း pattern တစ်ခု ပေါ်ပေါက်ခဲ့ပါသည်။ ၎င်းကို bullish engulfing reversal pattern ဖြင့် အတည်ပြုပေးခဲ့ပါသည်၊ ထို့နောက်တွင် ရည်မှန်းအမြတ် 27.20 ဖြင့် 24.00 ဝန်းကျင်တွင် အဝယ်ကုန်သွယ်မှုတစ်ခု ဖွင့်လှစ်ရန် ဖြစ်နိုင်ခဲ့ပါသည်။ Stop loss ကို engulfing candle ၏ အနိမ့်ဆုံးအောက် 23.20 တွင် သတ်မှတ်ပါသည်။

ထို့နောက် စျေးနှုန်းသည် ပထမဦးဆုံးရောင်းလိုအားစျေးတန်း 24.80 သို့အောင်မြင်စွာ ချဥ်းကပ်ရောက်ရှိခဲ့ပြီး ယခင်မှ bullish engulfing candlestick pattern အတိုင်း ထပ်မံဖြစ်ပေါ်လာခဲ့ပါသည်။ လမ်းကြောင်းအတွင်း အဝယ်များ ထပ်မံမြင့်မားမည့် စျေးတန်းအသစ်နီးပါးတိုင်းတွင် ဤ pattern များဖြစ်ပေါ်သည်ကို သတိပြုသင့်ပါသည်။ တချိန်တည်းမှာပင် bearish engulfing pattern မှာ စျေးတန်း 27.20 ၌ ဖြစ်ပေါ်ခဲ့ပြီး ထိုသည်မှာ ကုန်သည်များအတွက် အလွန်အရေးကြီးကြောင်း ညွှန်ပြပါသည်။ သို့သော် bullish hammer pattern များမှ ညွှန်ပြထားသည့်အတိုင်း ထိုအခြေအနေကို ပြောင်းလဲရန် ရောင်းသူများ၏ကြိုးပမ်းချက်မှာ မ‌အောင်မြင်ခဲ့ပေ။

လမ်းကြောင်းအရ engulfing pattern ကိုကုန်သွယ်ခြင်းနည်းဗျူဟာသည် pattern ဖြစ်ပေါ်သည့်နေရာတွင် ရည်မှန်းစျေးတန်းပစ်မှတ်အသစ်များအတွက် စျေးနှုန်းတသမတ်တည်း တိုးလာခြင်း (သို့) ကျဆင်းခြင်းအပေါ် အခြေခံပါသည်။ ထိုကဲ့သို့ pattern များဖြစ်ပေါ်ခြင်းသည် စျေးတည်ငြိမ်စွာရွေ့လျားမှု ဆက်လက်ဖြစ်ပွားနေကြောင်း ညွှန်းဆိုပါသည်။

ဤနည်းဗျူဟာသည် စျေးကွက်၏ လက်ရှိအမှန်အခြေအနေကို မြင်စေ၍ ထင်ရှားသော ရည်မှန်းပစ်မှတ်များဖြင့် ကုန်သွယ်မှုများကို ဖွင့်လှစ်ရန်အတွက် ကုန်သည်များအား အခွင့်အလမ်းပေးစွမ်းပါသည်။ ဤနည်းဗျူဟာကို အားကောင်းသောလမ်းကြောင်းအတွင်း နှင့် စျေးနှုန်းဆန့်ကျင်ဘက်သို့ ပြောင်းလဲသည့်အမှတ်မှစ၍ အသုံးပြုသင့်ကြောင်း သတိပြုသင့်ပါသည်။

LiteFinance: Trend လမ်းကြောင်းအရ ကုန်သွယ်သည့်အခါတွင် Engulfing Candle ကို သုံးစွဲခြင်း

Engulfing ကုန်သွယ်မှုဝင်ရောက်နိုင်ချေ နှင့် ရောင်းချနိုင်သည့် အချက်ပြမှုများ

Engulfing pattern သည်အားကောင်းသော reversal pattern တစ်ခုဖြစ်ပါသည်။ Chart ထဲတွင် pattern တစ်ခုပေါ်ပေါက်လာခြင်းသည် လမ်းကြောင်းပြောင်းလဲနိုင်ချေကို အချက်ပြပါသည်။ သို့သော် engulfing တွင် အခြားနည်းပညာဆိုင်ရာအညွှန်းများ (သို့) candlestick pattern များမှ ထပ်မံအတည်ပြုချက်ကို လိုအပ်ပါသည်။

Engulfing သည် H4 နှင့် ထိုထက်ပိုမြင့်သော အချိန်ကာလများပေါ်တွင် ပို၍တိကျသည့်အချက်ပြမှုများကို ပေးစွမ်းကြောင်း သတိပြုသင့်ပါသည်။ ပိုမိုနိမ့်သောအချိန်ကာလများတွင် ဤ pattern သည် အချက်ပြမှုအတုအယောင်များကို ထုတ်ပေးနိုင်ပြီး ကုန်သည်များအတွက် ထောင်ချောက်တစ်ခု ဖြစ်စေနိုင်ပါသည်။ ထိုသည်မှာ အားကောင်းသော စျေးကွက်ဆူညံမှုကြောင့် ဖြစ်ပေါ်လာရပါသည်။

Engulfing သည်အောက်ပါသတ်မှတ်ချက်များကို ပြည့်မီရပါမည်။

  • အဆိုပါ pattern သည် ရှည်လျားသော အတက်(သို့)အကျဘက် လမ်းကြောင်းတစ်ခုအပြီးနောက် အမြင့်ဆုံး (သို့) အနိမ့်ဆုံးစျေးနှုန်းဇုန်တွင် ဖြစ်ပေါ်ပါသည်။ အားကောင်းသောလမ်းကြောင်း ဖြစ်စဥ်များတွင် engulfing သည် ထိုလမ်းကြောင်းဆက်လက်ဖြစ်ပေါ်မှုကို အတည်ပြုပေးပါသည်။
  • အဆိုပါ pattern ကိုဖွဲ့စည်းဖြစ်ပေါ်စေသည့် candle နှစ်ခုတွင် မတူညီသောဦးတည်ချက်များ ရှိရပါမည်။ Engulfing candle တစ်ခုသည် ယခင် candle ကို ထပ်နေရပါမည်။

အောက်ပါအချက်များသည် engulfing candle တစ်ခုကို အဆင့်မြှင့်တင်ပေးနိုင်ပါသည်။

  • ပထမဦးဆုံး candle ဖြစ်ပေါ်သည့်အခါတွင် ကုန်သွယ်ရေးပမာဏ ကျဆင်းခြင်း နှင့် ဒုတိယ candle ဖြစ်ပေါ်ချိန်တွင် ကုန်သွယ်ရေးပမာဏ တိုးလာြခင်း။
  • Engulfing candle မှာ ပိုမိုကြီးမား၍ ထို pattern ၏ ပထမဦးဆုံး candle သည် ပိုမိုသေးငယ်လေလေ စျေးနှုန်းပြောင်းလဲခြင်းအတွက် အချက်ပြပေးမှုသည် ပို၍အားကောင်းလေ ဖြစ်ပါသည်။
  • Engulfing candle သည် ယခင် candle အချို့ကို ထပ်နေပါသည်။

Engulfing Candlestick Pattern များပေါ်တွင် မည်သို့ကုန်သွယ်ပုံ

Engulfing ကိုအသုံးပြု၍ Forex တွင် အောင်မြင်စွာကုန်သွယ်ရန်အတွက် နည်းပညာဆိုင်ရာအညွှန်းများစွာ အမျိုးမျိုးဖြင့် candlestick analysis ကိုသုံးနိုင်ပါသည်။

အောက်ပါတို့မှာ GBPUSD ငွေကြေးအတွဲကို ဥပမာအဖြစ် အသုံးပြု၍ အဆင့်အဆင့်လမ်းညွှန်ချက် ဖြစ်ပါသည်။

  • ၁။ ပထမဦးစွာ ကုန်သွယ်ရေးအတွက် ပိုင်ဆိုင်မှုစာချုပ်တစ်ခုကို ရွေးချယ်ရပါမည်၊ အနီးစပ်ဆုံး ဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများကို ဆုံးဖြတ်ပါ။
  • ၂။ အောက်ပါနည်းပညာဆိုင်ရာအညွှန်းများ ကို chart ထဲသို့ ပေါင်းထည့်ပါ။ RSI နှင့် MACD
  • ၃။ Bullish engulfing pattern တစ်ခုကို တွေ့ရှိပါက နည်းပညာဆိုင်ရာအညွှန်းများနှင့် အခြား candlestick pattern များကိုအသုံးပြုကာ ထို pattern၏ အတည်ပြုချက်ကို စောင့်ဆိုင်းပါ။

    Bullish engulfing pattern တစ်ခုဖြစ်ပေါ်ပြီးနောက် အခြား engulfing pattern နှင့် hammer reversal pattern တစ်ခုမှာ chart ထဲတွင် ဖြစ်ပေါ်ခဲ့ပါသည်။ Hammer ဇုန်ထဲတွင် MACD အညွှန်းသည် သုညနယ်နိမိတ်ကို အောက်ခြေမှ ထိပ်ပိုင်းသို့ ကန့်လန်ဖြတ်ကျော်ခဲ့ပြီး အပေါင်းဇုန်ထဲတွင် စတင်တိုးပွားလာခဲ့ပါသည်။ ထို့ပြင် RSI သည် စျေးတန်းအဆင့် 50 ကို ဖြစ်ကျော်ခဲ့ပြီး ထိုသည်မှာ မြင့်တက်မည့်အပြောင်းအလဲကို ဖော်ညွှန်းပါသည်။

  • ၄။ ထိုသို့သော အတည်ပြုချက် ရရှိပြီးမှသာလျှင် တိုးပွားမှုစတင်ကြောင်း ကျွန်ုပ်တို့ ပြောဆိုနိုင်ပါသည်။ စျေးနှုန်းသည် ပထမဆုံးရောင်းလိုအားစျေးတန်းအထက်တွင် တည်ငြိမ်ပြီးနောက် သင်သည် အဝယ်ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ ဖြစ်စဥ်မျိုးတွင် အမြတ်ပစ်မှတ်များသည် ဒုတိယနှင့်တတိယမြောက် ဒေသတွင်းရောင်းလိုအားစျေးတန်းများတွင် ရှိခဲ့ပါသည်။
  • ၅။ Stop loss ကို ပထမဆုံးရောင်းလိုအားစျေးတန်း၏ အောက်တွင် သတ်မှတ်ရပါမည်။ ကျွန်ုပ်တို့၏ အခြေအနေမျိုးတွင် စွန့်စားမှုစီမံခန့်ခွဲရေးအရ stop order ကို engulfing candle များ၏ အများဆုံးဇုန်တွင် နေရာချထားရပါမည်။ ထိုထက်ပိုနိမ့်သောနေရာတွင် သတ်မှတ်ထားပြီး ခန့်မှန်းချက်မှာ မှန်ကန်မှုမရှိပါက ကုန်သည်များသည် စရံအပ်ငွေ၏ အရေးပါသော တစိတ်တပိုင်းကို ဆုံးရှုံးနိုင်ပါသည်။

LiteFinance: Engulfing Candlestick Pattern များပေါ်တွင် မည်သို့ကုန်သွယ်ပုံ

Engulfing Pattern ကုန်သွယ်မှုအကြံပြုချက်များ

အောက်ပါတို့မှာ ကုန်သွယ်ရာတွင် engulfing candlestick pattern အသုံးပြုမှုအတွက် အကြံပြုချက်များစွာ ဖြစ်ပါသည်။

  • ပိုမိုမြင့်မားသော သတ်မှတ်အချိန်ကာလပေါ်တွင် engulfing ကိုစမ်း၍ အသုံးပြုကြည့်ပါ၊ ထိုတွင် အားကောင်းသောအချက်ပြမှုများ ပေါ်ပေါက်မှုသည် လမ်းကြောင်းပြောင်းလဲမှု (သို့) လမ်းကြောင်းဆက်လက်ဖြစ်ပေါ်မှုကို ညွှန်းဆိုပါသည်။ တစ်နေ့တာကုန်သွယ်မှုအတွက် H1 မှ သတ်မှတ်အချိန်ကာလများကို အသုံးပြုရန် ပိုမိုသင့်‌တော်ကောင်းမွန်ပါသည်။
  • Pattern ကိုစစ်ဆေးရန် နှင့် စျေးကွက်‌ထောင်ချောက်များရှောင်ရှားရေးအတွက် ကုန်သွယ်မှုပမာဏအညွှန်းအား အသုံးပြုပါ။
  • ကုန်သွယ်မှုနေရာကို မဖွင့်လှစ်မီ အခြား candlestick pattern များနှင့် နည်းပညာဆိုင်ရာအညွှန်းများ အသုံးပြုကာ engulfing အတည်ပြုချက်ကို သေချာစွာစောင့်ဆိုင်းရပါမည်။
  • အမြတ်ယူပစ်မှတ်များ သတ်မှတ်ရန်အတွက် ဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများကို အသုံးပြုပါ။
  • စျေးကွက်မှာ ကြိုတင်မျှော်လင့်၍မရသောကြောင့် သင့်၏အပ်နှံစရံငွေ ဆုံးရှုံးခြင်းအန္တရာယ် လျော့ပါးသက်သာစေရန်အတွက် stop loss များကို သတ်မှတ်ပါ။

Engulfing Pattern ကုန်သွယ်မှု၏ ကောင်းကျိုးများ

Bullish နှင့် bearish engulfing သည် စတင်လေ့လာသူများနှင့် အတွေ့အကြုံရှိသော ကုန်သည်နှစ်မျိုးလုံးကြားတွင် အလွန်ရေပန်းစားပါသည်။ ထို့ကြောင့် ဤ pattern သည် အဘယ်ကြောင့် ကုန်သွယ်ရာတွင် စွဲမက်ဖွယ်ဖြစ်စေပါသနည်း။

အောက်ပါတို့မှာ engulfing candlestick pattern ၏ အားသာချက်များ ဖြစ်ပါသည်။

၁။ ဤ pattern သည် စျေးနှုန်း chart ပေါ်တွင် တွေ့ရှိရန် လွယ်ကူပါသည်။ ၎င်းတွင် မတူညီသော ဦးတည်ချက်များရှိသည့် candle နှစ်ခုဖြင့် ဖွဲ့စည်းထားပါသည်။

၂။ Engulfing pattern ကို ငွေကြေးစျေးကွက်တိုင်းရှိ မည်သည့်အချိန်ကာလတွင်မဆို တွေ့ရှိနိုင်ပါသည်။

၃။ စွဲမက်ဖွယ် စွန့်စားမှု-အကျိုးခံစားခွင့်အချိုး ။ Engulfing stop loss တစ်ခုကို လမ်းကြောင်းအပေါ် မူတည်ကာ engulfing candle အမြင့်ပိုင်း (သို့) အနိမ့်ပိုင်း ၏ အောက် (သို့) အထက်အနည်းငယ်တွင် သတ်မှတ်ပါသည်။

Engulfing Pattern များ၏ အကန့်အသတ်များ

၁။ ကုန်သည်များသည် engulfing pattern ကို စျေးနှုန်းပြန်လည်ကျဆင်းသည့် ဖြစ်စဥ်နှင့် မကြာခဏရောထွေးလေ့ ရှိကြသည်။ ၎င်းသည် ပင်မရောင်းလိုအားနှင့် ဝယ်လိုအားစျေးတန်းဇုန်တွင် ပေါ်ပေါက်သည်။ ထို့ပြင် ဒုတိယမြောက် candle ဖွဲ့စည်းတည်ဆောက်သည့်အခါ ကုန်သွယ်မှုပမာဏများကို သတိပြုပါ။ ဒုတိယမြောက် candle၏ ပမာဏသည် ပထမတစ်ခု၏ ပမာဏအောက် ပိုမိုနိမ့်ပါက စျေးနှုန်းပြန်လည်ကျဆင်းရန် ပိုမိုဖြစ်နိုင်ချေ ရှိပါသည်။ Engulfing pattern ကို လမ်းကြောင်းတစ်ခုဆက်လက်ဖြစ်ပွားမှုအား ညွှန်ပြ၍ ရှည်းလျားသောကိုယ်ထည် ရှိသည့် Marubozu pattern နှင့်လည်း အလွယ်တကူ ရောထွေးတတ်ကြပါသည်။

၂။ Engulfing pattern သည် အခြား candlestick pattern များ နှင့် နည်းပညာဆိုင်ရာအညွှန်းများကို အသုံးပြုကာ အတည်ပြုရန် လိုအပ်ပါသည်။ ထို့ကြောင့် ကုန်သွယ်မှုမတိုင်မီ candlestick စိစစ်ခွဲဖြာမှုတွင် ပါဝင်သော အခြား reversal pattern များကို လေ့လာထားရန် လိုအပ်ပါသည်။

နိဂုံးချုပ်

Engulfing pattern သည် ကုန်သွယ်ရာတွင် အထူးအခန်းဏ္ဍတစ်ခု ဖြစ်ပါသည်။ Chart ထဲတွင် ဤ pattern ဖြစ်ပေါ်မှုသည် စျေးကွက်အတွင်း လမ်းကြောင်းပြောင်းလဲမှုကို ကြိုတင်ညွှန်ပြပါသည်။ ထို pattern ကို ငွေကြေးစျေးကွက်များထဲတွင် တွေ့ရလေ့ရှိပြီး ရှာဖွေဖော်ထုတ်ရန် လွယ်ကူပါသည်။ ပိုမိုမြင့်မားသော သတ်မှတ်အချိန်ကာလများပေါ်တွင် pattern တစ်ခုပေါ်ပေါက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာစျေးလမ်းကြောင်း များစွာပြောင်းလဲမှုကို အချက်ပြပေးပါသည်။

စိတ်ပိုင်းဆိုင်ရာရှုထောင့်အရ ထို pattern ဖြစ်ပေါ်သည့်အခိုက်အတန့်တွင် ကုန်သွယ်မှုနေရာမြောက်များစွာ ပိတ်သိမ်းမှုကြောင့် ယခင်လမ်းကြောင်း အားပျော့သွားပါသည်။ တချိန်တည်းမှာပင် အခြားအစားထိုးလမ်းကြောင်း အားကောင်းလာပြီး ရလဒ်အားဖြင့် ဆန့်ကျင်ဘက်လားရာတွင် ကုန်သွယ်မှုများကို ဖွင့်လှစ်လာပါသည်။

ကုန်သွယ်ရေးပိုင်ဆိုင်မှုမျိုးစုံဖြင့် အဆင်ပြေလွယ်ကူ၍ စွမ်းဆောင်ချက်များစုံလင်သော LiteFinance ဝက်စ်တာမီနစ်တွင် engulfing pattern ကိုအသုံးပြုကာ ကုန်သွယ်မှုများစမ်းသပ်လုပ်ဆောင်နိုင်ပါသည်။

Engulfing Candlestick Pattern များတွင် မေးလေ့ရှိသော မေးခွန်းနှင့်အဖြေများ

Engulfing candle တစ်ခုသည် bullish (သို့) bearish တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်နိုင်ပါသည်။ Bullish pattern တစ်ခုသည် ရှည်လျားသော bearish လမ်းကြောင်းအဆုံးသတ်တွင် ဖြစ်ပေါ်ပြီး bearish candlestick တစ်ခုသည် အတက်လမ်းကြောင်း၏ အဆုံးသတ်၌ ဖြစ်ပေါ်ပါသည်။

အခြား candlestick pattern များနည်းတူ engulfing သည် 100% အောင်မြင်မှုကို အာမခံချက်မပေးနိုင်ပါ။ သို့သော် ထို pattern သည် ကုန်သွယ်ရာတွင် အချက်အချာကျသော reversal pattern များအနက်တစ်ခု ဖြစ်ပြီး ကုန်သည်များစွာသည် ၎င်းကို အသုံးပြုပါသည်။

ဤ pattern ၏တိကျမှုသည် ၎င်းဖြစ်ပေါ်ခဲ့သည့် အချိန်ကာလနှင့် အတည်ပြု candlestick pattern များရှိ/မရှိ အပေါ်တွင် မူတည်ပါသည်။ ဤပုံစံသည် ပိုမိုသက်တမ်းကြာမြင့်သော အချိန်ကာလများတွင် ပို၍တိကျစွာဖြင့် လမ်းကြောင်းပြောင်းလဲမှုကို ခန့်မှန်းပေးပါသည်။

မလိုအပ်ပါ၊ engulfing candle သည် ယခင် candle ၏ wick ကို လွှမ်းခြုံသွားရန် မလိုအပ်ပါ။ အရေးကြီးသောအနေအထားတစ်ခုမှာ ယခင် candle ၏ ကိုယ်ထည်ကို ဖုံးလွှမ်းရန် ဖြစ်ပါသည်။ Shadow များကို လွှမ်းမိုးလိုက်ခြင်းသည် ဆန့်ကျင်ဘက်သို့ ပြောင်းလဲမည့် အချက်ပြမှုကို အားကောင်းလာစေပါသည်။

ထို pattern ကို chart ထဲတွင် ရှာဖွေဖော်ထုတ်ရန် လွယ်ကူပါသည်။ ဝယ်လိုအား (သို့) ရောင်းလိုအားစျေးတန်း အနီးတွင် ၎င်းပေါ်ပေါက်လာရန် စောင့်ဆိုင်းပါ (သို့) ရှာဖွေပါ။ ပုံပန်းသွင်ပြင်အရ ဒုတိယမြောက် candle သည် ပထမတစ်ခုကို ဖုံးလွှမ်းသည့်အခါ candle များ၏ မတူညီသော ဦးတည်ချက်များအား ထည့်သွင်းတွက်ဆကာ ဤ pattern ကို chart ထဲတွင် ပြသပေးပါသည်။

H1 အောက်ပို၍မနိမ့်သော သတ်မှတ်အချိန်ကာလတစ်ခုတွင် ဤ pattern ကို အသုံးပြုရန် အကောင်းဆုံး ဖြစ်ပါသည်။ ပို၍နိမ့်သော အချိန်ကာလများတွင် စျေးကွက်ဆူညံ့မှုများစွာ ရှိပါသည်။ ထိုသည်မှာ ကုန်သည်များကို စိတ်ရှုပ်ထွေးစေ၍ ကုန်သွယ်မှုနေရာမှားယွင်းစွာ ဖွင့်လှစ်မိစေသည့် စွန့်စားမှု ရှိပါသည်။

ယုံကြည်စိတ်ချရဆုံး pattern ဟူ၍ မရှိပါ။ မည်သည့် candlestick pattern တိုင်းမဆိုတွင် ၎င်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိကြပါသည်။ ထိုသည်မှာ အကြောင်းအချက်ပေါင်းမြောက်များစွာကြောင့် စျေးကွက်မှာ ခန့်မှန်းမရနိုင်ဘဲ တုံ့ပြန်ပြုမူနိုင်သောကြောင့် ဖြစ်ပါသည်။ Chart ၏ နည်းပညာဆိုင်ရာစိစစ်ချက်အပြင် အခြေခံကျသောသုံးသပ်မှုကိုလည်း ကုန်သွယ်သည့်အခါတွင် အသုံးပြုရပါမည်။

Engulfing candle များ ဖွဲ့စည်းတည်ဆောက်သည့်အခါတွင် အထူးသဖြင့် wick မှာ အရေးမကြီးပါ။ Wick သည် သီးခြားအချိန်ကာလတစ်ခုအတွက် အနည်းဆုံးနှင့် အများဆုံးစျေးနှုန်းတန်ဖိုးများကိုသာ ဖော်ပြပါသည်။

ဒုတိယ candle ဖွင့်လှစ်မှု နှင့်အတူ အပေါ် (သို့) အောက်သို့ window ဖြစ်ပေါ်မှု အပါအဝင် ယခင် candle အောက် (သို့) အထက်တွင် စျေးနှုန်းပိတ်သိမ်းမှု အသီးသီးကို engulfing candle တစ်ခုအဖြစ် ယူဆပါသည်။

Reversal candle များကို အခြားစျေးနှုန်း pattern များ (သို့) နည်းပညာဆိုင်ရာအညွှန်းများဖြင့် တွဲစပ်ကာ အသုံးပြုသင့်ပြီး ၎င်းတို့ကို အခြေခံကျသောစိစစ်သုံးသပ်ချက်ဖြင့် ပေါင်းစပ်သင့်ပါသည်။ Reversal pattern တစ်ခုဖြစ်ပေါ်လာခြင်းသည် လမ်းကြောင်းအသစ်ပေါ်တွင် ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ရန်အတွက် အချက်ပြခြင်း ဖြစ်ပါသည်။

Engulfing Candlestick Patterns: လမ်းညွန်ချက် အပြည့်အစုံနှင့် အကြံပြုချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat