"Piercing” pattern သည် ဈေးနှုန်းဇယားပေါ်မှ ၎င်း၏ တည်ဆောက်ပုံစည်းမျဉ်းအရ အဆိုပါအမည်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ ဤ Japanese candlestick pattern သည် ဆန့်ကျင်ဘက်လားရာပြပုံစံများတွင် အပါအဝင်ဖြစ်ပြီး၊ ပိုင်ဆိုင်မှု၏ ဈေးနှုန်းရွေ့လျားမှုအပေါ် သိသာထင်ရှားစွာ လွှမ်းမိုးပါသည်။ 

ဤ candlestick  pattern ပုံစံကို ဇယားပေါ်တွင် တွေ့မြင်ရမှုနည်းပါးခြင်းမှာ အဘယ်ကြောင့်နည်း။ ဤပုံစံတည်ဆောက်မှု၏ ထူးခြားသောအင်္ဂါရပ်များမှာ အဘယ်နည်း။ 

သင့်အနေဖြင့် ဤဈေးနှုန်းဖွဲ့စည်းမှုပုံစံကို ဇယားပေါ်တွင် တွေ့မြင်ဖူးပါလိမ့်မည်။ သို့သော် ၎င်းသည် အခြားပုံစံများနှင့် ဆင်တူယိုးမှားရှိသောကြောင့် အာရုံမစိုက်မိပဲ ရှိတတ်သည်။

"Piercing" pattern သည်  "Bullish engulfing"၊ Bullish counterattack" နှင့် "Bullish belt hold” ကဲ့သို့သော ပုံစံများနှင့် တူညီမှုအချို့ရှိတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ  "Piercing” ပုံစံအား ယင်းဆင်တူယိုးမှားပုံစံများမှ ခွဲခြားပေး‌သော အဓိကခြားနားချက်များ ရှိပါသည်။

ဤဆောင်းပါးတွင် ထိုခြားနားချက်များကို ရှင်းလင်းဖော်ပြထားသည့်အပြင်၊ ထိုပုံစံမှ ညွှန်ပြပေးသော ကုန်သွယ်ရေးအချက်ပြမှုများ၏ အရေးကြီးပုံကိုပါ စေ့စေ့စပ်စပ် သုံးသပ်တင်ပြထားပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိကမှတ်သားဖွယ်ရာများ

အဓိကအချက်

ရှင်းလင်းဖော်ပြချက်

"Piercing” pattern ဆိုသည်မှာအဘယ်နည်း။

"Piercing” pattern သည် ဆန့်ကျင်ဘက်ရွေ့လျားမှုကို အချက်ပြသော နှစ်ရက်တာဈေးနှုန်းဖွဲ့စည်းမှုပုံစံတခုဖြစ်ပါသည်။ ၎င်းတွင် bearish candlestick နှင့် bullish candlestick တို့ပါဝင်ပါသည်။ ပထမ candlestick သည် သိသာထင်ရှားသော ဈေးနှုန်းလစ်ဟမှုတခုနှင့်အတူ အောက်သို့ ကျဆင်းလျက် စတင်ပေါ်ပေါက်လာကာ၊ ဒုတိယ candlestick သည် သတ်မှတ်ထားသောကာလအတွင်း အနည်းဆုံးအားဖြင့် ပထမ candle ၏ တဝက်ခန့်ကို ဖုံးလွှမ်းသွားရပါမည်။

ဇယားပေါ်တွင် "Piercing” pattern ကို မည်သို့ ခွဲခြားသိရှိ နိုင်သနည်း။

ဤပုံစံသည် ကာလကြာမြင့်စွာ ကျဆင်းသော ဈေးနှုန်းရွေ့လျားမှု လမ်းကြောင်း တခု၏ အောက်ခြေတွင် ပေါ်ပေါက်ပါသည်။ ၎င်းသည် ခိုင်မာသော support level ဝန်းကျင်တွင် ပေါ်ပေါက်လေ့ရှိသောကြောင့် "Piercing” pattern ဟု လွယ်ကူစွာခွဲခြားသိရှိနိုင်ပါသည်။

ဇယားပေါ်တွင်၊ အကယ်၍ ဆန့်ကျင်ဘက် candlesticks နှစ်ခုပေါ်ပေါက်လာသောအခါ၊ ဒုတိယတခုသည် တိုးတက်မှုကိုညွှန်ပြသော bullish candlestick ဖြစ်ပြီး၊ ပထမ candle ထက် များစွာနိမ့်ပါးသောအဆင့်တွင် ကြီးမားသောဈေးနှုန်းကွာဟချက်နှင့်အတူ စတင်ပေါ်ပေါက်ကာ၊ ၎င်းသည် ပထမ candlestick ၏ တဝက်ခန့်ကို ကျော်လွန်၍ပိတ်သိမ်းပါက၊ အဆိုပါဈေးနှုန်းဖွဲ့စည်းမှုပုံစံကို piercing ပုံစံဟု ခေါ်ဆိုပါသည်။

"Piercing” pattern သည် ဈေးကွက်ကို မည်မျှ သိသာထင်ရှားစွာ အကျိုးသက်ရောက်မှု ရှိစေသနည်း။

"Piercing” pattern သည် အင်အားကြီးမား၍ ရှားပါးသော ဈေးနှုန်းဖွဲ့စည်းမှုပုံစံဖြစ်ပါသည်။ ၎င်းသည် ပို၍နိမ့်ကျသော ဈေးတန်းများသို့ ဆက်လက်ကျဆင်းနိုင်ခြင်းမရှိပဲ၊ အဝယ်လှုပ်ရှားမှုများ စတင်၍ တိုးတက်လာသော ဈေးကွက်အခြေအနေကို အချက်ပြပါသည်။ ဤ candlestick ပုံစံသည် အကျလမ်းကြောင်းမှ အတက်လမ်းကြောင်းသို့ ဦးတည်ရာပြောင်းလဲသော အလားအလာကို ညွှန်ပြကာ၊ အရောင်းများအား ၎င်းတို့၏ ကုန်သွယ်မှုများကို အချိန်မီပိတ်သိမ်းရန်  သတိပေးနှိုးဆော်ပါသည်။

"Piercing” pattern ၏ အင်္ဂါရပ်များ

ပထမ candlestick ၏ နောက်မှ ဈေးနှုန်းလစ်ဟနေသော ဧရိယာသည် အဝယ်များအတွက် ခိုင်မာသော resistance အဖြစ်ဆောင်ရွက်ပါသည်။ ဤဇယားပုံစံသည် candlestick ခွဲခြမ်းစိတ်ဖြာမှု၏ ဆန့်ကျင်ဘက် အချက်ပြပုံစံများတွင် အပါအဝင်ဖြစ်ပါသည်။

ဒုတိယ candlestick သည် ပထမ candle နှင့် ၎င်း၏ကြားမှ လစ်ဟနေသော level များကို ကျော်လွန်ကာ၊ ပထမ bearish candlestick ၏ တဝက်ကို ဖုံးလွှမ်းထားပါသည်။ ၎င်းသည် အဝယ်များစတင်အားကောင်းလာသော ရုတ်တရက် ဈေးကွက်အလေးသာမှု အပြောင်းအလဲကို ဖော်ပြပါသည်။

တခါတရံတွင်၊ bullish candlestick သည် ပထမ candlestick ၏ကိုယ်ထည်အား အပြည့်အဝမဟုတ်သော်လည်း တဝက်ထက်ပို၍ ဖုံးလွှမ်းနိုင်ပါသည်။ candle နှစ်ခုကြားမှ လစ်ဟမှုပိုမိုကြီးမား၍ ဒုတိယ candlestick ၏ shadow ပို၍သေးငယ်လေလေ၊ အထက်သို့ ဈေးနှုန်းတိုးတက်ရန်အချက်ပြမှု ပိုမိုခိုင်မာလေလေ ဖြစ်ပါသည်။

ဇယားပေါ်တွင် အဘယ်ကြောင့် "Piercing” ပုံစံတခုပေါ်ပေါက်လာ ရပါသနည်း။

 

 

အခြားသော ဆန့်ကျင်ဘက်အချက်ပြပုံစံများစွာကဲ့သို့ပင် “Piercing” pattern တခုသည် ဈေးကွက်ပါဝင်သူများအား ဈေးကွက်အတွင်း အဝယ်များ သိသိသာသာအားကောင်းလာခြင်းကို ထောက်ပြ၍၊  အကျလမ်းကြောင်း အဆုံးသတ်မည့် အလားအလာကို သတိပေးပါသည်။  

၎င်းပုံစံ ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းများမှာ ကုန်သွယ်မှုပြုလုပ်နေသည့် အရင်းခံပိုင်ဆိုင်မှုအပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်စေနိုင်သော အခြေခံစီးပွားရေးအကြောင်းအရာများကြောင့် ဖြစ်နိုင်ပါသည်။ ဥပမာပေး ရလျှင် - ကုမ္ပဏီရှယ်ယာကဲ့သို့ အရောင်းအဝယ် ပြုလုပ်သော ပိုင်ဆိုင်မှုနှင့် စပ်လျဉ်းသည့် ဘဏ္ဍာရေးအစီရင်ခံစာများ၊ ခိုင်မာသော စာရင်းအင်း အချက်အလက်များ၊ စီးပွားရေး သို့မဟုတ် နိုင်ငံရေး အပြောင်းအလဲဖြစ်ရပ်များ စသည်တို့ ဖြစ်ပါသည်။

"Piercing” pattern တခုကို အသုံးပြု၍ မည်သို့ ကုန်သွယ်ရမည် နည်း။

သင်၏ကုန်သွယ်ရေးတွင် ဤပုံစံကို အသုံးချရန်အတွက်၊ ပထမဦးစွာ ဈေးနှုန်းဇယားပေါ်တွင် ယင်းပုံစံကို စိစစ်ရှာဖွေရပါမည်။ ထို့နောက် support နှင့် resistance levels များကို ဆုံးဖြတ်ရန် အထူးသဖြင့် အရေးကြီးပါသည်။

အကယ်၍ သင်သည် စွန့်စားရမှုကို နှစ်သက်ပါက၊ ၎င်းပုံစံ ပေါ်ပေါက်ပြီးချိန်တွင် အဝယ်ကုန်သွယ်မှုတခုကိုဖွင့်ကာ၊ stop-loss အော်ဒါအား support level ၏အောက်တွင် နေရာချနိုင်ပါသည်။ Take-profit အော်ဒါအား အနီးဆုံး resistance level တွင် ချမှတ်နိုင်ပါသည်။

အကယ်၍ စွန့်စားမှုနည်းပါးသောဗျူဟာကို အသုံးပြုပါက၊ ဤပုံစံပေါ်ပေါက်ပြီးချိန်တွင် အခြားသော candlestick patterns များ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ indicators များကို အသုံးပြု၍ ထပ်ဆောင်းအတည်ပြုချက်များ ရယူသင့်ပါသည်။ ပုံစံ၏အချက်ပြမှုကို အတည်ပြုပြီးသောအခါ၊ အဝယ်ကုန်သွယ်မှုကို ဖွင့်နိုင်ပါသည်။

“Piercing” pattern ပုံစံ ပါဝင်သော ကုန်သွယ်ရေး‌ ဗျူဟာများ

"Piercing" pattern ပုံစံသည် ကုန်သွယ်ရေးဗျူဟာများစွာနှင့် ကောင်းစွာကိုက်ညီပါသည်။ ၎င်းကို scalping၊ day trading၊ ကာလအလတ် နှင့် ကာရှည်ကုန်သွယ်ရေးများတွင် အသုံးပြုနိုင်ပါသည်။

Pattern ၏ အကျိုး၊ အပြစ်များ

“Piercing” pattern ကို ဇယားပေါ်တွင် အလွယ်တကူ ခွဲခြား‌‌သိရှိနိုင်ပါသည်။ ထို့အပြင် ကုန်သွယ်ရေးတွင် အသုံးပြုခြင်းအတွက် ဤပုံစံတွင် ရှင်းလင်းသော စည်းမျဉ်းများ ရှိပါသည်။ ၎င်းသည် ဈေးနှုန်းအကျမှ အတက်သို့ အလှည့်အပြောင်းဖြစ်ပေါ်သော အခိုက်အတန့်မျိုးတွင် ကုန်သည်များ နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ရနိုင်သော အဝင်ပွိုင့်များကို စောလျင်စွာ ရှာဖွေဖော်ထုတ်ပေးကာ၊ ဆုံးရှုံးနိုင်ခြေများကို လျှော့ချပေးပြီး ကုန်သွယ်မှု၏ အမြတ်ရလာဒ်ကို မြှင့်တင်ပေးပါသည်။

ဤပုံစံ၏ အဓိကအားနည်းချက်များမှ တခုမှာ ၎င်းကို မကြာခဏတွေ့မြင်ရန်ခဲယဉ်းခြင်း ဖြစ်ပါသည်။ အခြားများစွာသော candlestick ပုံစံများနည်းတူ “Piercing” ပုံစံအား အခြားသော ဆန့်ကျင်ဘက်အချက်ပြမှုများဖြင့် အတည်ပြုရန် လိုအပ်ပါသည်။ Support level အနီးတွင် “Piercing” ပုံစံနှင့်အတူ အခြားသော ဆန့်ကျင်ဘက်အချက်ပြပုံစံများကို ပို၍တွေ့ရှိရလေလေ၊ အကျမှ အတက်သို့ ပြောင်းလဲသော bullish trend reversal အခြေအနေ ပိုမိုထင်ရှားလေလေ ဖြစ်ပါသည်။ 

Japanese candlestick pattern အား မည်သည့် time frames များတွင် တွေ့ရှိနိုင်သနည်း။

“Piercing” pattern အား time frames အားလုံးတွင် တွေ့ရနိုင်ပါသည်။ ၎င်းသည် သုံးမိနစ်ဇယားပေါ်တွင်ဖြစ်စေ၊ တလတာဇယားပေါ်တွင်ဖြစ်စေ၊ သုံးလတာဇယားပေါ်တွင်ဖြစ်စေ ပေါ်ပေါက်နိုင်သည်။ သို့သော် ၎င်းကို တရက်တာဇယားပေါ်တွင် အများဆုံး တွေ့ရှိရပါသည်။

“Piercing” pattern ပုံစံဖြင့် ကုန်သွယ်မှု ဆောင်ရွက်သောအခါ၊ stop-loss ကို မည်သို့ သတ်မှတ် ရမည်နည်း။

ဤပုံစံ၏ ကုန်သွယ်ရေးစည်းမျဉ်းများအရ၊ အဝယ်ကုန်သွယ်မှုများ ဖွင့်ရာတွင် stop-loss အော်ဒါများကို ပထမနှင့် ဒုတိယ candlesticks များ၏ အနိမ့်ဆုံး levels များအောက်တွင် သတ်မှတ်သင့်ပါသည်။

ဤပုံစံပေါ်ပေါက်လာသော support level ၏ အောက်တွင် stop-loss တခုကို သတ်မှတ်ထားခြင်းသည် ပို၍ဘေးကင်းစိတ်ချရပါသည်။

ခွဲခြမ်းစိတ်ဖြာသောကာလအပိုင်းအခြားနှင့် ပိုင်ဆိုင်မှု၏ ဈေးနှုန်းရွေ့လျားမှု တန်ဖိုးကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

Piercing Candlestick Pattern ဆိုသည်မှာ အဘယ်နည်း။

"Piercing" candlestick pattern ပုံစံတခုသည် ကျဆင်း‌သောလမ်းကြောင်း၏ အဆုံးတွင်ပေါ်ပေါက်ကာ အထက်သို့ ဦးတည်ရာအလှည့်အပြောင်းကို အချက်ပြသော Japanese candlestick ခွဲခြမ်းစိတ်ဖြာမှုပုံစံတခုဖြစ်ပါသည်။

ဤပုံစံကို candlesticks နှစ်ခုဖြင့် ဖွဲ့စည်းထားပါသည် - 

  • ပထမဦးစွာ၊ bearish candlestick တခုသည် အရောင်းများမှ ဈေးကွက်ကို ထိန်းချုပ်ထားကြောင်း ပြသပါသည်။

  • နောက်ထပ် candlestick သည် ပထမ candle ၏ အောက်ခြေတွင်စတင်ပေါ်ပေါက်လာပြီး၊ ၎င်းတို့ကြားတွင် လစ်ဟမှုတခုကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ဈေးကွက်အတွင်း အကျလမ်းကြောင်း ရှေ့ဆက်တိုးလာသည်ကို ပြသနေပါသည်။ သို့သော် ဒုတိယ candlestick ပေါ်ပေါက်လာပြီးသည်နှင့် တပြိုင်နက် ဈေးကွက်အတွင်း အဝယ်ကုန်သွယ်မှုများ ရုတ်တရက်တိုးတက်လာပြီး၊ ဈေးနှုန်းရွေ့လျားမှုအား ပထမ candlestick ၏ အလယ်အထိ အနည်းဆုံးရောက်ရှိစေရန် တွန်းအားပေးပါသည်။ 

ဤပုံစံသည်  "Bullish engulfing” candlestick pattern ပုံစံနှင့် ဆင်တူပါသည်။ သို့သော် engulfing ပုံစံတွင် ဒုတိယ bullish candlestick သည် ပထမ bearish candlestick ၏ ကိုယ်ထည်တခုလုံးကို ဖုံးလွှမ်းကာ ၎င်း၏အထက်တွင် ပိတ်သိမ်းပါသည်။

မှတ်သားရမည့်အချက်မှာ၊ ပထမနှင့် ဒုတိယ candlesticks များကြား လစ်ဟမှု ပိုမိုကြီးမား၍ bullish candlestick သည် bearish candlestick အား ဖုံးလွှမ်းသောဧရိယာပိုများလေလေ ဈေးနှုန်းကျဆင်းရာမှ ပြန်လည်တိုးတက်ရန်အတွက် အလားအလာပိုမိုခိုင်မာလေလေ ဖြစ်ပါသည်။

LiteFinance: Piercing Candlestick Pattern ဆိုသည်မှာ အဘယ်နည်း။

Piercing Pattern ပုံစံသည် မည်ကဲ့သို့ အလုပ်လုပ်သနည်း။

“Piercing” pattern ပုံစံသည် ဈေးနှုန်းတိုးတက်မှုကို ကိုယ်စားပြုသော candlestick ခွဲခြမ်းစိတ်ဖြာမှုပုံစံ ဖြစ်ပါသည်။ ၎င်းသည် ကုန်သည်များအား ကုန်သွယ်ရေးပစ္စည်းတခု၏ ဝယ်လိုအား တိုးတက်များတိုးတက်လာခြင်းကို အချက်ပြပါသည်။ 

ပိုင်ဆိုင်မှု၏တန်ဖိုးသည် ကာလအတန်ကြာကျဆင်းခဲ့ပြီးနောက် သို့မဟုတ် ကာလရှည်ကြာစွာ ငြိမ်သက်နေခဲ့ပြီး နောက်၊ အရေးပါသော support levels တွင် ဤပုံစံပေါ်ပေါက်လာပါသည်။

ပထမ bearish candlestick ၏ ကိုယ်ထည်နှင့် ၎င်း၏နောက်မှလိုက်ပါလာသော ဈေးနှုန်းလစ်ဟမှုသည် ‌အရောင်းများ၏ ထိန်းချုပ်မှုအောက်သို့ရောက်ရှိနေသော ပိုင်ဆိုင်မှု၏ အခြေအနေကို ပြသပါသည်။ သို့သော် ဒုတိယ Japanese candlestick သည် ပိုင်ဆိုင်မှုအပေါ်အကျိုးသက်ရောက်စေသော အကြောင်းရင်းတစုံတရာကြောင့် ဈေးကွက်အခြေအနေ ရုတ်တရက်ပြောင်းလဲသွားခြင်းကို ပြသပါသည်။

ဤပုံစံကိုဖွဲ့စည်းတည်ဆောက်နေစဉ်တွင် အရောင်းကုန်သည်များသည် ၎င်းတို့၏ အရောင်းကုန်သွယ်မှုများကို ပိတ်သိမ်းသင့်ပါသည်။ သို့မဟုတ် အနည်းဆုံးအနေဖြင့် ကုန်သွယ်မှုပမာဏများကို လျှော့ချသင့်ပါသည်။

သို့ပါသော်လည်း၊ ရှားရှားပါးပါးအခြေအနေမျိုးတွင် ဤပုံစံသည် မှားယွင်းသော အချက်ပြမှုများကို ပြသနိုင်ပါသည်။ ဥပမာ - bullish candlestick တခု၏ နောက်တွင် ရှည်လျားသော bearish candlestick ပေါ်ပေါက်လာကာ ယခင် candlestick ၏ အနိမ့် level ၌ ပိတ်သိမ်းပါက၊ ဤအခြေအနေသည် ဆန့်ကျင်ဘက်အချက်ပြမှု မှားယွင်း‌ကြောင်းကို ဖော်ပြနေပြီး အကျလမ်းကြောင်း ရှေ့ဆက်တိုးမည့် အလားအလာဖြစ်ပါသည်။

မှားယွင်းသော ဆန့်ကျင်ဘက် အချက်ပြမှုများ ပေါ်ပေါက်သည့် အကြိမ်ရေမှာ ရွေးချယ်ထားသော time frames (ခွဲဖြမ်းစိတ်ဖြာမှုအချိန်အပိုင်းအခြား) အပေါ်တွင်လည်း မူတည်ပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်သော အချိန်အပိုင်းအခြား ပို၍တိုတောင်းလေလေ၊ မှားယွင်းသော အချက်ပြမှုများကို ထုတ်ပေးနိုင်လေလေ ဖြစ်သည်။ အပြန်အလှန်အားဖြင့် ခွဲခြမ်းစိတ်ဖြာသောအချိန်အပိုင်းအခြား ပို၍ ရှည်လျားလေလေ၊ အချက်ပြမှုများ ပို၍တိကျလေလေဖြစ်ပါသည်။ မြင့်မားသော time frames များသည် ဈေးကွက်၏ ယာယီလှုပ်ခတ်မှုများကို စစ်ထုတ်ပေးပါသည်။

LiteFinance: Piercing Pattern ပုံစံသည် မည်ကဲ့သို့ အလုပ်လုပ်သနည်း။

Piercing Pattern ပုံစံတခုကို မည်ကဲ့သို့ ခွဲခြားသိရှိနိုင်သနည်း။

"Piercing” pattern ပုံစံ၏ဖွဲ့စည်းပုံသည် တချက်ကြည့်ယုံဖြင့်ပင် သိသာထင်ရှားသောကြောင့်၊ ‌ဇယားပေါ်တွင် ၎င်းကို  လွယ်ကူစွာပင် ရှာဖွေနိုင်ပါသည်။

ဤ candlestick pattern ပုံစံအဖြစ်သတ်မှတ်ရန်၊ အောက်ပါစံနှုန်းများဖြင့် ကိုက်ညီရပါမည် - 

  1. ဤပုံစံသည် အကျလမ်းကြောင်း၏ အောက်ခြေတွင် စတင်ဖွဲ့စည်းပါသည်။ ပထမဦးစွာ ပိုင်ဆိုင်မှု၏ လက်ရှိဈေးနှုန်းရွေ့လျားမှုဦးတည်ရာကို ဆုံးဖြတ်ရန် လိုအပ်ပါသည်။ ထို့နောက် အကျလမ်းကြောင်း၏ အနိမ့်ပိုင်းနယ်နိမိတ်အတွင်း ဤပုံစံကို ရှာဖွေရပါမည်။

  2. ဤပုံစံ၏ ပထမ candlestick သည် ဈေးကွက်အတွင်း အရောင်းများ၏အလေးသာမှုကို ဖော်ပြသော bearish candlestick တခုဖြစ်ရပါမည်။ candlestick တွင်  shadows များရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နှစ်မျိုးစလုံးဖြစ်နိုင်ပါသည်။

  3. ဒုတိယ candlestick သည် ယခင် candlestick ၏ အပိတ်ဈေးအောက်တွင် လစ်ဟသော ဧရိယာတခုနှင့်အတူ စတင်ပေါ်ပေါက်သင့်ပါသည်။ ခွဲခြမ်းစိတ်ဖြာမှုကာလ၏အဆုံးတွင် ဒုတိယ candlestick သည် ပထမ candlestick အား အပြည့်အဝမဟုတ်သော်လည်း အနည်း‌ဆုံး တဝက်ခန့်အထိ ဖုံးလွှမ်းသင့်ပါသည်။ Candlestick တွင် shadows များလည်း ပါရှိနိုင်သည်။ သို့သော် သေးငယ်သော shadows များသာဖြစ်သင့်ပါသည်။

"Piercing" bullish pattern ကို ပိုမိုခိုင်မာစေသော အချက်များ - 

  1. Bullish သည် bearish candlestick အား ပုံမှန်အားဖြင့် တဝက်ထက်မက ပို၍ဖုံးလွှမ်းလေလေ၊ ပိုင်ဆိုင်မှုသည် ၎င်း၏အနိမ့်ဆုံးဈေးတန်းသို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ပို၍သေချာလေလေ ဖြစ်ပါသည်။

  2. အကယ်၍ "Piercing" pattern သည် အကျလမ်းကြောင်း၏အဆုံးတွင် ပေါ်ပေါက်ခြင်းဖြစ်ပါက၊ အဝယ်အချက်ပြမှု ပို၍ခိုင်မာပါသည်။ တချိန်တည်းမှာပင် အကယ်၍ candles နှစ်ခုစလုံးတွင် shadows များ မရှိပါက၊ ၎င်းသည် လမ်းကြောင်းအလှည့်အပြောင်းအချက်ပြမှုကို ပို၍အားကောင်းစေပါသည်။ ဆိုလိုသည်မှာ bearish candlestick ၏ အဖွင့်ဈေးသည် ၎င်းရက်၏ အမြင့်ဆုံးတန်ဖိုးတွင်ရှိပြီး၊ အပိတ်ဈေးမှာ အနိမ့်ဆုံးတန်ဖိုးတွင်ရှိသည်။ ဒုတိယ candlestick ၏ အဖွင့်ဈေးသည် လက်ရှိကာလ၏ အနိမ့်ဆုံးဈေးနှင့်ညီမျှကာ၊ အပိတ်ဈေးသည်  အမြင့်ဆုံးဈေးတန်းတွင် တည်ရှိပါသည်။

  3. အကယ်၍ ဒုတိယ candlestick သည် အရေးပါသော support level ၏ အောက်တွင် စတင်ဖွင့်လှစ်ကာ ယင်း level ၏ အထက်တွင်ပိတ်သိမ်းခဲ့လျှင် ထိုဆန့်ကျင်ဘက်အချက်ပြမှုသည်  ခိုင်မာပါသည်။ ၎င်းသည် ဈေးကွက်အတွင်း အရောင်းများ၏ ထိန်းချုပ်မှုလျော့နည်းသွားခြင်းကို ညွှန်ပြပါသည်။

  4. ဒုတိယ candlestick တွင် ကုန်သွယ်ရေးပမာဏများ တိုးတက်လာခြင်းသည်လည်း အကျလမ်းကြောင်းအဆုံးသတ်မှုအလားအလာနှင့် ဇယားပုံစံကို ပို၍ခိုင်မာစေပါသည်။ အရောင်းများမှ ၎င်းတို့၏ ကုန်သွယ်မှုများကို ပိတ်သိမ်းကြခြင်းကြောင့် အဝယ်ပမာဏများ ရုတ်တရက် တိုးတက်လာခြင်း ဖြစ်ပါသည်။

Piercing Pattern ဥပမာ

"Piercing” pattern ပုံစံသည် စတော့များ၊ ကုန်စည်များနှင့် indexes များ၏ ဇယားပေါ်တွင် ပေါ်ပေါက်လေ့ရှိပါသည်။

ဤပုံစံအား နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် တွေ့မြင်ရမှုနည်းပါးပါသည်။

ဤအပိုင်းတွင် အဆိုပါပုံစံ၏ ဥပမာအချို့ကို လေ့လာဆန်းစစ်ကြည့်ကြပါစို့။

၁။ ဂျပန်နိုင်ငံ၏ Nikkei 225 index၊ M30 ဇယား။

LiteFinance: Piercing Pattern ဥပမာ

အထက်ပါဇယားသည် "Piercing” pattern ကို ပြသထားပါသည်။ ဒုတိယ candlestick သည် ပထမ candlestick ၏ တဝက်အထိ ဖုံးလွှမ်းခြင်းမရှိသော်လည်း၊ ‌၎င်းသည် ရှည်လျားသောကိုယ်ထည်ရှိပြီး၊ ယခင် candlestick ၏ အပိတ်ဈေးအထက်တွင် အဆုံးသတ်ခြင်းကြောင့် ဤပုံစံအဖြစ် ယူဆရန်ပြည့်စုံစေပါသည်။ ဒုတိယ candlestick သည် ပထမ bearish candlestick ၏ အပိတ်ဈေးထက် အနည်းငယ်ပိုမြင့်သော အဆင့်တွင် ပိတ်သိမ်းသောအခါ ဤပုံစံအား သီးခြား "Thrusting line" candlestick ပုံစံအဖြစ်လည်း ယူဆနိုင်ပါသည်။

ထို့အပြင် ဤဖွဲ့စည်းမှုပုံစံကို "Bullish counterattack” ပုံစံဟုလည်း ခေါ်ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယ candlestick ၏ ကိုယ်ထည်သည် အောက်ပိုင်း shadow မရှိသောကြောင့်ဖြစ်သည်။

နောက်ထပ်ပေါ်လာသော “Bullish engulfing’’ pattern သည် ဈေးကွက်အတွင်း အဝယ်များအလေးသာနေသော အခြေအနေကို အတည်ပြုပါသည်။ ထို့နောက် ဈေးနှုန်းသည် ရုတ်တတရက်စတင်ကာ မြင့်တက်လာပါသည်။

၂။ COFFEE H1 chart

LiteFinance: Piercing Pattern ဥပမာ

အထက်ပါ ဇယားပုံသည် ကော်ဖီဈေးနှုန်းဇယားပေါ်မှ "Piercing” pattern တခု၏ ဥပမာတခုဖြစ်ပါသည်။ အကျလမ်းကြောင်း၏ အောက်ခြေသို့မရောက်မီ၊  "Piercing” pattern ပေါ်ပေါက်လာခြင်း၊ ဇယားပေါ်တွင် "Hammer" ဆန့်ကျင်ဘက် candlestick ပုံစံထွက်ပေါ်လာခြင်း စသည့်အခြေအနေများသည် ကျဆင်းရာမှ အထက်သို့ ပြန်လည်တိုးတက်မည့် ဈေးနှုန်းဦးတည်ရာ အလှည့်အပြောင်းတခုကို ညွှန်ပြနေပါသည်။

"Piercing” pattern သည် $210.32 တွင် အနိမ့်ဆုံးဈေးကို အမှတ်အသားပြုပါသည်။ ထို့နောက် ဈေးနှုန်းသည် အထက်သို့ ပြန်လည်တိုးတက်သွားပြီး အရေးပါသောဈေးတန်း  $219.01 အား ရုတ်တရက်ပေါ်လာသည့် bullish candlestick တခုနှင့်အတူ ဖြတ်ကျော်သွားပါသည်။ ဤ level တွင် အခြား "Piercing” ပုံစံတခုနှင့်  "Hammer” ပုံစံတခု ပေါ်ပေါက်လာကာ $241.79 အထိ ဆက်လက်တိုးတက်မည့် လမ်းကြောင်းတခု၏အစကို ဖန်တီးပါသည်။ 

"Bearish engulfing" ဆန့်ကျင်ဘက်အချက်ပြပုံစံသည် ကာလတို တိုးတက်မှုလမ်းကြောင်းကို ဦးတည်ရာ ပြောင်းလဲစေပြီး ကော်ဖီဈေးနှုန်းကို စတင်ကျဆင်းစေပါသည်။

၃။ Airbus Group H4 chart

LiteFinance: Piercing Pattern ဥပမာ

ဥရောပ၏ အကြီးဆုံးလေယာဉ်ကုမ္ပဏီဖြစ်သော Airbus ဇယားပေါ်တွင် "Piercing” pattern ပုံစံ၏ ရိုးရှင်းသောဖွဲ့စည်းမှုပုံစံတခုကို တွေ့ရှိရပါသည်။

ဤပုံစံပေါ်ပေါက်လာပြီးနောက်၊ အခြား "Morning star doji" ဆန့်ကျင်ဘက်ပုံစံတခု ပေါ်‌ထွက်လာပါသည်။ ၎င်းသည် လမ်းကြောင်းအလှည့်အပြောင်းကို အချက်ပြပါသည်။

ဈေးနှုန်းသည် $11.39 မှ resistance ဈေးတန်း $14.83 သို့ မြင့်တက်သွားကာ၊ ယခင်ပိုင်ဆိုင်ခဲ့သော တန်ဖိုးတခုကို ပြန်လည်ထိန်းသိမ်းထားသည်။ ထို အရေးပါသော level တွင် စတော့သည်  "Bearish engulfing” ဆန့်ကျင်ဘက်ပုံစံနှစ်ခုကို ဖွဲ့စည်းခဲ့သော်လည်း ဈေးနှုန်းသည် $15.88 သို့ ဆက်လက်တိုးတက်သွားခဲ့ပြီး၊ ထို level အနီးသို့ရောက်ရှိမှသာ တိုးတက်မှုအရှိန် စတင်လျော့ကျလာသည်။ ၎င်းကို အစဉ်လိုက်ပေါ်လာသော "Bearish harami” ပုံစံများက အတည်ပြုပါသည်။ ထို့နောက် ဈေးနှုန်းသည် အောက်သို့ပြန်လှည့်ကာ စတင်၍ကျဆင်းသွားပါသည်။

၄။ XAGUSD D1 chart

LiteFinance: Piercing Pattern ဥပမာ

ကာလရှည်ကြာသော အကျလမ်းကြောင်းတခုအပြီးတွင် ငွေသတ္တု၏ဈေးနှုန်းသည် $21.87 မှ $23.31 အကွာအဝေးဘောင်အတွင်း အနည်ထိုင်လျက်ရှိသည်။

သတိပြုလောက်သော အချက်တခုမှာ ဤပိုင်ဆိုင်မှုသည် Hammer"၊ "Inverted hammer"၊ "Morning star" နှင့် "Bullish engulfing" အစရှိသဖြင့် candlestick ခွဲခြမ်းစိတ်ဖြာမှု၏ ဆန့်ကျင်ဘက်အချက်ပြပုံစံများစွာကို ဖွဲ့စည်းပါသည်။ မည်သို့ပင်ဖြစ်စေ ပထမဦးဆုံး ပေါ်ပေါက်လာသော ဆန့်ကျင်ဘက်အချက်ပြမှုမှာ အစဉ်လိုက်ပေါ်ပေါက်လာသော "Piercing” ပုံစံများဖြစ်သည်။ အဆိုပါ ပုံစံများသည် တိုးတက်လာသော အဝယ်ပမာဏများ၏ အလေးသာမှုကို အခြားပုံစံများထက် ပို၍စောစီးစွာ သတိပေးပါသည်။ အခြားသောပုံစံများမှာ ပိုင်ဆိုင်မှု၏ ဈေးနှုန်းတိုးတက်မှုလမ်းကြောင်းကို အတည်ပြုယုံသာဖြစ်ပါသည်။

ထို့ကြောင့် "Piercing” patterns စတင်ထွက်ပေါ်လာချိန်မှစ၍ အဖိုးတန်သတ္တု‌၏ဈေးနှုန်းသည် သုံးလအတွင်း ယခင်အနိမ့်ဆုံးတန်ဖိုးမှ 36% တိုးတက်ကာ $29.78 ဈေးတန်းသို့ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့ပါသည်။

ရှည်လျားသော upper shadow ပါဝင်သည့်  "Shooting star" နှင့် "Bearish marubozu" ပုံစံများသည် အဝယ်ကုန်သည်များအား ၎င်းတို့ကို အဝယ်ကုန်သွယ်မှုများကို ပိတ်သိမ်းရန်အချက်ပြပြီး၊ ဈေးနှုန်းအား $26.91 ဈေးတန်းသို့ ကျဆင်းသွားစေပါသည်။

Piercing Pattern ပုံစံဖြင့် မည်ကဲ့သို့ ကုန်သွယ်မှု ပြုလုပ်ရမည်နည်း။

"Piercing” pattern ပုံစံသည် ဇယားပေါ်တွင် တွေ့ရခဲသော်လည်း၊ ၎င်းသည် အခြားသော ဆန့်ကျင်ဘက်ပုံစံများနည်းတူ အကျမှ အတက်သို့ ဦးတည်ရာပြောင်းလဲခြင်းကို ကြိုတင်ခန့်မှန်းပေးပါသည်။

"Piercing” ကို အသုံးပြုထားပြီး၊ ထိရောက်၍ အမြတ်ရရှိစေသော ကုန်သွယ်ရေးဗျူဟာများစွာကို လေ့လာဆန်းစစ်ကြပါစို့။

၁။ အခြား candlestick patterns များကို အသုံးပြု၍ "Piercing” ပုံစံအား support levels များမှ ကုန်သွယ်မှုပြုခြင်း။

ဤကုန်သွယ်ရေးဗျူဟာအရ ဇယားပေါ်တွင် "Piercing” pattern ပုံစံကို အတည်ပြုရန်အတွက် အခြား candlestick သို့မဟုတ် chart patterns များကို အသုံးပြုပါသည်။ 

Intel Corp. စတော့အား ဥပမာအဖြစ်ထား၍ ဤနည်းဗျူဟာကို ခွဲခြမ်းစိတ်ဖြာကြည့်ကြပါစို့။

LiteFinance: Piercing Pattern ပုံစံဖြင့် မည်ကဲ့သို့ ကုန်သွယ်မှု ပြုလုပ်ရမည်နည်း။

M30 ဇယားသည် "Piercing” pattern ပုံစံ၏ မသေချာသော ဖွဲ့စည်းမှုကို ပြသပါသည်။ အကြောင်းမှာ ဒုတိယ candlestick သည် ပထမ candlestick ၏ တဝက်အထိ ဖုံးအုပ်ခြင်းမရှိပဲ အနည်းငယ်ပိုနိမ့်သောအဆင့်တွင် ပိတ်သိမ်းသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် အရေးပါသော support level ဖြစ်သည့် $45.66 တွင် အသေအချာပိတ်သိမ်းသွားသောကြောင့် အထက်သို့ ဦးတည်ရာအလှည့်အပြောင်းတခုအတွက် ပဏာမအချက်ပြမှုကို ထုတ်ပေးပါသည်။

"Piercing” pattern ပုံစံအပြင်၊ ဇယားပေါ်တွင် "Inverted hammer" "Morning star" နှင့် "Bullish engulfing" ဆန့်ကျင်ဘက်ပုံစံများလည်း အစဉ်လိုက်ပေါ်ပေါက်နေပါသည်။ ယင်းပုံစံများကို ပေါင်းစပ်ကြည့်ခြင်းအားဖြင့် ပိုင်ဆိုင်မှု၏ဈေးနှုန်းသည် လမ်းကြောင်း၏ အောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ၊ အထက်သို့ ပြန်လှည့်ရန် အသင့်ဖြစ်နေကြောင်း ကြိုတင်သိရှိနိုင်ပါသည်။

ဤဖြစ်စဉ်တွင် အဆိုပါ ဆန့်ကျင်ဘက် candlestick ပုံစံအားလုံး ပေါ်ပေါက်ပြီးသည့်အခါ $45.66 ဈေးတန်း၌ အဝယ်ကုန်သွယ်မှုတခုကို ဖွင့်သင့်ပါသည်။

ပထမဆုံး take-profit အော်ဒါအား   "Bearish engulfing” ပုံစံပေါ်ပေါက်သည့် resistance level  $48.52 တွင် သတ်မှတ်သင့်ပါသည်။ ၎င်းသည် အောက်သို့ပြန်လည်ကျဆင်း‌သော ဆန့်ကျင်ဘက်အခြေအနေကို အချက်ပြပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ၎င်းသည် ကာလတို‌ အတက်လမ်းကြောင်းတခုအတွင်း ယာယီကျဆင်းသောအခြေအနေတခုသာ ဖြစ်ခဲ့ပါသည်။ 

အဝယ်ကုန်သွယ်မှု၏ ကျန်ရှိသော အစိတ်အပိုင်းအား $49.76 ၌ အမြတ်ဖြင့် ပိတ်သိမ်းရနိုင်ပါသည်။ ထို level ၌ အရောင်းများသည် "Evening star"၊ "Hanging man”  နှင့် "Shooting star" ပုံစံများကို စတင်ဖွဲ့စည်းကာ အဝယ်များအားနည်းလာခြင်းကိုပြသလျှက် လမ်းကြောင်းသည် ၎င်း၏အမြင့်ဆုံးအဆင့်မှ အောက်သို့ပြန်လည်ကျဆင်းတော့မည့်အကြောင်းကို သတိပေးပါသည်။

ဤဖြစ်စဉ်တွင်၊ stop-loss အော်ဒါတခုအား support level ဖြစ်သော $45.66 နှင့် "Piercing” pattern ပုံစံ ၏ လစ်ဟဧရိယာအောက်တွင် နေရာချသင့်ပါသည်။

၂။ "Piercing” pattern အား နည်းပညာဆိုင်ရာ ညွှန်ပြကိရိယာများ ဖြင့် အတည်ပြု၍ ကုန်သွယ်ရေး ဆောင်ရွက်ခြင်း

ဤကုန်သွယ်ရေးဗျူဟာသည် "Piercing” pattern ပုံစံမှ ထုတ်ပေးသော ဆန့်ကျင်ဘက်အချက်ပြမှုတခုအား နည်းပညာပိုင်းဆိုင်ရာညွှန်ပြကိရိယာများဖြင့် အတည်ပြုပါသည်။

အသုံးအဝင်ဆုံးနှင့် ထိရောက်မှုအရှိဆုံး indicators များတွင် အောက်ပါတို့ပါဝင်ပါသည်။

  1. ကုန်သွယ်မှုပမာဏနှင့် cash flow indicators များ - OBV MFI၊ VWAP၊ Chaikin Oscillator၊ A/D (Accumulation/Distribution)၊ tick volumes။

  2. လမ်းကြောင်းဦးတည်ရာနှင့် မတည်ငြိမ်မှုနှုန်း ညွှန်ပြကိရိယာများ - MACDMA CrossBollinger Bands

  3. ‌လက်ရှိလမ်းကြောင်း၏ ကြံ့ခိုင်မှုနှင့် ဈေးနှုန်းအလှည့်အပြောင်းဖြစ်ပေါ်ရာ levels များကို အကဲဖြတ်ပေးသော Stochastic indicators နှင့် oscillators များ - RSI Stochastic

ဤနည်းဗျူဟာအား UKBRENT ဇယားပေါ်တွင် စမ်းသပ်ကြည့်ကြပါစို့။

LiteFinance: Piercing Pattern ပုံစံဖြင့် မည်ကဲ့သို့ ကုန်သွယ်မှု ပြုလုပ်ရမည်နည်း။

တနေ့တာဇယားသည် ကာလရှည်အကျလမ်းကြောင်းတခုအပြီးတွင် "Piercing” pattern ပုံစံတခု ပေါ်ပေါက်လာပုံကို ပြသပါသည်။ ၎င်းသည် အားကောင်းသော ဆန့်ကျက်ဘက်အချက်ပြမှုတခု ဖြစ်ပါသည်။

ထို့အပြင်၊ ယင်းပုံစံပေါ်ပေါက်အပြီးတွင် ကုန်သွယ်မှုနှင့် tick volumes ပမာဏများ ရုတ်တရက်ဆိုသလိူ စတင်တိုးတက်လာပါသည်။ ၎င်းသည် ဝယ်သူများဘက်မှ ကုန်သွယ်ရေးဆောင်ရွက်ချက်များ တိုးတက်လာခြင်းကို ညွှန်ပြပါသည်။ 

MACD indicator သည် သုညမျဉ်းအား အောက်မှအထက်သို့ ဖြတ်ကျော်သွားကာ အပေါင်းဇုန်အတွင်း တစထက်တစ မြင့်မားလာပါသည်။ RSI သည် အောက်ဘက်နယ်နိမိတ်ကိုအားပြု၍ အထက်သို့ပြန်လည်ခုန်တက်လာပါသည်။ ၎င်းသည် ပိုင်ဆိုင်မှု၏ ဈေးနှုန်းတိုးတက်မှုအလားအလာကို အတည်ပြုပါသည်။

"Piercing” pattern ပုံစံပေါ်ပေါက်ပြီးနောက် ဇယားပေါ်တွင် ကြီးမားသော "Ascending triangle" ပုံစံစတင်ပေါ်ပေါက်လာသည်ကို အထင်အရှားတွေ့မြင်ရပါသည်။

"Ascending triangle” တခုသည် ရှည်လျားသော အကျလမ်းကြောင်း၏နောက်မှ ဈေးနှုန်းတိုးတက်မှုကို ကိုယ်စားပြုသော ပုံစံတခုဖြစ်ပါသည်။ ၎င်းသည် အထက်သို့ပြန်လှည့်သော ဆန့်ကျင်ဘက် အခြေအနေတရပ်ကို အချက်ပြပါသည်။ ဤပုံစံသည် အတက်လမ်းကြောင်း၏ အလယ်တွင်လည်း စတင်ပေါ်ထွက်လာနိုင်ပါသည်။ ထိုသို့ဖြစ်ပါက ၎င်းသည် ဈေးနှုန်းဆက်လက်တိုးတက်မည့်လက္ခဏာ ဖြစ်ပါသည်။ Triangle ၏ အမြင့်သည် ဤပုံစံအတွင်းရှိ ဈေးနှုန်းရွေ့လျားမှုအတိုင်းအတာဖြစ်ပါသည်။

ကုန်သွယ်ရေးပစ္စည်းသည် အထက်သို့ပြန်လှည့်ရန် ဆန့်ကျင်ဘက်အချက်ပြမှုများစွာကို ဖွဲ့စည်းပါသည်။ ထို့ကြောင့် "Piercing” ပုံစံပေါ်ပေါက်ပြီးချိန်တွင် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။ ဤဖြစ်စဉ်၌ stop-loss အား support ဈေးတန်း $72.66 နှင့် "Piercing” ပုံစံအောက်ခြေတွင် နေရာချထားသင့်ပါသည်။

ပထမဆုံးပစ်မှတ်သည် "Ascending triangle” ၏ အထက်နယ်နိမိတ်ဖြစ်သော $82.50  ဖြစ်ပါသည်။ ထို့အပြင်   "Dark cloud cover” ဆန့်ကျင်ဘက်ပုံစံတခုသည်လည်း ကုန်သွယ်မှုတစိတ်တပိုင်းကိုပိတ်သိမ်း၍ အမြတ်များကို ထိန်းသိမ်းရန် အပိုဆောင်းအချက်ပြမှုတခုအဖြစ် ပေါ်ပေါက်လာပါသည်။ 

Resistance ဧရိယာတွင် အထက်မှအောက်သို့ပြန်လှည့်ရန် အချက်ပြသော ဆန့်ကျင်ဘက်ပုံစံအများအပြား ဖြစ်ပေါ်လာသောကြောင့် ကုန်သွယ်မှုအားလုံးကို $92.39 ဈေးနှုန်းအနီး ပိတ်သိမ်းသင့်ပါသည်။ ၎င်းတို့တွင်  "Evening star pattern"၊ "Gravestone doji"၊ "Long-legged doji" နှင့် "Three black crows" patterns တို့ ပါဝင်ပါသည်။ 

Piercing Line နှင့် Dark Cloud Cover

LiteFinance: Piercing Line နှင့် Dark Cloud Cover

"Piercing” pattern သည် ဆန့်ကျင်ဘက်အားဖြင့် "Dark cloud cover" ပုံစံနှင့် ဆင်တူပါသည်။

အောက်ပါဇယားကွက်တွင် ထိုပုံစံနှစ်မျိုးကြားမှ အဓိကကွာခြားချက်များကို ဖော်ပြပေးထားပါသည်။

Piercing

Dark cloud cover

ရှည်လျားသော အကျလမ်းကြောင်း၏အောက်ခြေ သို့မဟုတ် ဈေးနှုန်းစုဖွဲ့သောဇုန်အတွင်း ပေါ်ပေါက်ပါသည်။

ကာလရှည်အတက်လမ်းကြောင်းတခု၏ ထိပ်ဆုံးတွင် ပေါ်ပေါက်ပါသည်။

ဈေးနှုန်း အကျမှအတက်သို့ ဦးတည်ရာပြောင်းလဲမည့် အလားအလာကို အချက်ပြပါသည်။

ဈေးနှုန်းတိုးတက်ရာမှ ပြန်လည်ကျဆင်းမည့်အလားအလာကို အချက်ပြပါသည်။

ပထမ candlestick သည် bearish ဖြစ်ပြီး၊ ဒုတိယ တခုသည် bullish ဖြစ်ပါသည်။

ပထမ candlestick သည် bearish ဖြစ်ပြီး၊ အနောက်မှလိုက်ပါသော candlestick သည် bearish ဖြစ်ပါသည်။

ဒုတိယ candlestick သည် ပထမ candlestick ၏ အနည်းဆုံး တဝက်ခန့်အထိ ဖုံးလွှမ်းသင့်ပါသည်။ အချို့သောအခြေအနေများတွင် ထိုသို့မဖြစ်ပါ။ ထိုအခါ ဤပုံစံအတွက် နောက်ထပ်အတည်ပြုမှုလိုအပ်ပါသည်။

“Dark cloud cover” ပုံစံ၏ ဒုတိယ candlestick သည် ပထမတခုအား အနည်းဆုံးတဝက်အထိဖြစ်စေ ဖုံးလွှမ်းနေရန် မလိုအပ်ပါ။

Stop-loss အော်ဒါတခုအား support level ၏ အောက်ခြေ သို့မဟုတ် ဒုတိယ candlestick ၏ အနိမ့်ဆုံးအဆင့်တွင် သတ်မှတ်သင့်ပါသည်။

Stop-loss အော်ဒါတခုအား resistance level ၏ အထက် သို့မဟုတ် ဒုတိယ candlestick ၏ အမြင့်ဆုံးအဆင့်တွင် သတ်မှတ်သင့်ပါသည်။

Piercing Pattern ၏ အားသာချက်များနှင့် အားနည်းချက်များ

"Piercing” pattern ပုံစံတွင် အားသာချက်များနှင့် အားနည်းချက်များ ရှိပါသည်။

အားသာချက်များ - 

  • ဇယားပေါ်တွင် ဤပုံစံကို ခွဲခြားထုတ်ဖော်ရန် လွယ်ကူပါသည်။

  • ၎င်းတွင် ကိုယ်ပိုင်ကုန်သွယ်မှုစည်းမျဉ်းများ ရှိပါသည်။ ထို့ကြောင့် ဤပုံစံအား သင်၏ ကုန်သွယ်ရေးဗျူဟာသို့ အလွယ်တကူ ပေါင်းစပ်အသုံးပြုနိုင်ပါသည်။

  • ၎င်းသည် ဆန့်ကျက်ဘက်လမ်းကြောင်းအလှည့်အပြောင်းကို စောစီးစွာအချက်ပြခြင်းအားဖြင့် သင့်အား အဝယ်ကုန်သွယ်မှုများကို ပိုမိုကောင်းမွန်သော ဈေးနှုန်းများဖြင့် ဖွင့်လှစ်နိုင်ရန် ခွင့်ပြုပေးပါသည်။

အားနည်းချက်များ - 

  • ဤပုံစံသည် timeframes အားလုံးတွင် ရှားပါးစွာ ပေါ်ပေါက်လေ့ရှိသော်လည်း ငွေကြေးဈေးကွက် အားလုံးတွင် ပေါ်ပေါက်လေ့မရှိပါ။ 

  • များသောအားဖြင့် ဤပုံစံအား စတော့နှင့် ကုန်စည်ဈေးကွက်များတွင် အတွေ့များပါသည်။ Forex ဈေးကွက်တွင် ဤပုံစံကို အတွေ့နည်းပါသည်။

  • ၎င်းသည် အခြားသော candlestick သို့မဟုတ် ဇယားပုံစံများ၊ နည်းပညာပိုင်းဆိုင်ရာ ညွှန်ပြကိရိယာများ၏ အကူအညီဖြင့် အတည်ပြုခြင်းကို လိုအပ်နိုင်ပါသည်။

အနှစ်ချုပ်

“Piercing” pattern ပုံစံသည် candlestick ခွဲခြမ်းစိတ်ဖြာမှု၏ ထိရောက်မှုရှိသော ပုံစံတခုဖြစ်ပါသည်။ ၎င်းသည် ကာလရှည်အကျလမ်းကြောင်းတခု၏ အနိမ့်ဆုံးဈေးတန်းဝန်းကျင်တွင် ပေါ်ပေါက်လေ့ရှိပါသည်။

ဤပုံစံသည် ဈေးကွက်ပါဝင်သူများအား အရောင်းများအားနည်းလာခြင်းနှင့် အထက်သို့ပြန်လည်တိုးတက်မည့် ဦးတည်ရာအပြောင်းအလဲတခုကို သတိပေးပါသည်။

ဤပုံစံသည် ရံဖန်ရံခါမှသာ ရှားပါးစွာ ပေါ်ထွက်လေ့ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် ငွေကြေးဈေးကွက်များနှင့် နှိုင်းယှဉ်ပါက စတော့ သို့မဟုတ် ကုန်စည်ဈေးကွက်များတွင် ပို၍ ပေါ်ပေါက်လေ့ရှိပါသည်။ 

"Piercing” pattern ပုံစံတွင် ကုန်သွယ်မှုတခုဖွင့်ရန်၊ ပိတ်ရန်နှင့် stop-loss အော်ဒါများ ချမှတ်ရန် ရှင်းလင်းပြတ်သားသော စံနှုန်းများရှိပါသည်။ 

သင်၏  "Piercing” pattern ပုံစံပါဝင်သော ကုန်သွယ်ရေးဗျူဟာများကို LiteFinance မှ အခမဲ့ ဒီမိုအကောင့်တခုတွင် စမ်းသပ်လေ့ကျင့်နိုင်ပါသည်။ ဘက်စုံအသုံးဝင်၍ လက်တွေ့ကျသော အွန်လိုင်းပလပ်ဖောင်းသည် သင့်အတွက် ရွေးချယ်စရာစုံလင်သော ကုန်သွယ်ရေးကိရိယာအမျိုးမျိုးနှင့်အတူ ငွေကြေးဆုံးရှုံးမှုမရှိပဲ ဤပုံစံကို စမ်းသပ်အသုံးပြုနိုင်သော အခွင့်အရေးကိုလည်း ပံ့ပိုးပေးထားပါသည်။

Piercing Candlestick Pattern နှင့်စပ်လျဉ်းသော အမေး၊ အဖြေများ

ဤပုံစံအား candlestick နှစ်ခုဖြင့် တည်ဆောက်ပါသည်။ ပထမတခုသည် ကျဆင်းမှုကို ကိုယ်စားပြုသော bearish ဖြစ်ပြီး၊ ဒုတိယတခုသည် တိုးတက်မှုကို ကိုယ်စားပြုသည့် bullish candlestick ဖြစ်ရပါမည်။ ထို့အပြင် ဒုတိယ candlestick သည် ယခင် candlestick ၏ အပိတ်ဈေးအောက်တွင် သိသာထင်ရှားသော ဈေးနှုန်းလစ်ဟမှုတခုနှင့်အတူ ပွင့်လာသင့်ပါသည်။ ကုန်သွယ်ရေးကာလ၏ အဆုံးတွင် ၎င်းသည် ပထမ candlestick ၏ ကိုယ်ထည်တဝက်ခန့်ကို ဖုံးလွှမ်းကာ၊ တဝက်၏အထက်တွင် ပိတ်သိမ်းသင့်ပါသည်။

“Piercing” pattern သည် တိုးတက်မှုကို ကိုယ်စားပြုကာ ဈေးကွက်ပါဝင်သူများအား အထက်သို့ ပြန်လှည့်လုဆဲဆဲဖြစ်သော ဈေးကွက်အခြေအနေ သို့မဟုတ် ဈေးကွက်အတွင်း အရောင်းဖိအားများလျော့ကျလာခြင်းကို သတိပေးသည့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုပုံစံတခုဖြစ်ပါသည်။

ဤပုံစံသည် သင့်အား အဝယ်ကုန်သွယ်မှုများဖွင့်ရန်၊ stop-loss အော်ဒါတခု သတ်မှတ်ရန်နှင့် ကြိုတင်သတ်မှတ်ထားသော take-profit အော်ဒါသို့ ဈေးနှုန်းရောက်ရှိချိန်တွင် ဈေးကွက်မှထွက်ခွာရန် ခွင့်ပြုပေးပါသည်။

“Bullish engulfing” ပုံစံနှင့် မတူညီစွာ၊ “Piercing” pattern ၏ ဒုတိယ candlestick သည် ပထမ candlestick အား အနည်း‌ဆုံး တဝက်အထိ ဖုံးလွှမ်းသွားသင့်ပါသည်။ သို့သော် အပြည့်အဝမဟုတ်ပါ။ “Bullish engulfing” တွင် ဒုတိယ candlestick သည် ပထမ bearish candlestick ၏ ကိုယ်ထည်ကို အပြည့်အဝကျော်လွန်သင့်ပါသည်။

"Piercing line” pattern ၏ ကန့်သတ်ချက်တခုမှာ ဒုတိယ bullish candlestick ၏နောက်တွင် ရှည်လျားသော တတိယမြောက် candlestick တခုပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ၎င်း၏ အဓိပ္ပါယ်မှာ အရောင်းဖိအားပြန်လည်အားကောင်းလာပြီး၊ အကျလမ်းကြောင်း ဆက်လက်ဖြစ်ထွန်း မည့် အလားအလာဖြစ်ပါသည်။

Piercing Candlestick Pattern ဆိုသည်မှာ အဘယ်နည်း။ မည်သို့ အသုံးပြုရမည်နည်း။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat