Forex တွင် ကုန်သွယ်မှုပြုလုပ်၍ ငွေရှာရန်၊ ငွေကြေးအစစ်များပါဝင်သော သင်၏ကိုယ်ပိုင် Forex ကုန်သွယ်ရေးအကောင့်တခု ရှိထားရန် လိုအပ်ပါသည်။ ယနေ့ခတ် Forex ဈေးကွက်များတွင် ထင်ရှားသော အကျိုးဆောင်များနှင့် ကုန်သွယ်ရေးပလပ်ဖောင်းများ အားလုံးနီးပါးသည် ၎င်းတို့၏ Clients များအတွက် ရွေးချယ်စရာ အကောင့်အမျိုးအစားများစွာကို ကမ်းလှမ်းကြလေ့ရှိသည်။ အကောင့်အမျိုးအစားတခုစီသည် သီးသန့်ပြဿနာတခုစီအတွက် ကောင်းမွန်သော ဖြေရှင်းမှုတခု ဖြစ်ပါသည်။ ကုန်သွယ်ရေး အကောင့်တခု ဖွင့်ခြင်းသည် အလွန်လွယ်ကူ၍ အချိန်တမိနစ်ခန့်သာ ကြာမြင့်နိုင်သည်ဖြစ်ရာ၊ ကွန်ပျူတာ အသုံးပြုမှု အရည်အချင်းနှင့် မသက်ဆိုင်ပဲ မည်သူမဆို လုပ်ဆောင်နိုင်ပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- အဓိကမှတ်သားဖွယ်ရာများ
- Standard ကုန်သွယ်ရေးအကောင့်များ
- Demo အကောင့်
- Mini အကောင့်
- Micro အကောင့်
- Cent အကောင့်
- Forex ECN အကောင့်များ
- STP အကောင့်များ
- PAMM Forex အကောင့်များ
- Forex managed အကောင့် — MAM (Multi Account Manager)
- Copy trading အကောင့်များ
- Forex swap free account
- အနှစ်ချုပ်
- Forex အကောင့်အမျိုးအစားများအတွက် - မေးလေ့မေးထရှိသော မေးခွန်းများနှင့် အဖြေများ
အဓိကမှတ်သားဖွယ်ရာများ
အဓိကအကြောင်းအရာ | အသိအမြင်နှင့် အဓိကအချက်များ | |
|---|---|---|
Forex အကောင့် ဆိုသည် မှာ အဘယ်နည်း။ | Forex အကောင့်တခုသည် လူပုဂ္ဂိုလ်တဦးချင်းအား Forex ဈေးကွက်အတွင်း ပါဝင်ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးပါသည်။ ၎င်းသည် Forex ဈေးကွက်အတွင်း ကုန်သွယ်ခြင်းနှင့် ဝင်ငွေရှာဖွေခြင်းများအတွက် မရှ်ိမဖြစ် အရေးပါပါသည် | |
အမျိုးအစားများ - | ဤဆောင်းပါးတွင် Forex အကောင့်အမျိုးအစားများစွာအကြောင်းကို ဆွေးနွေးတင်ပြထားပါသည် - Standard ၊ Demo ၊ Mini ၊ Micro၊ Cent၊ ECN၊ STP၊ PAMM၊ MAM၊ Copy Trading နှင့် Swap Free အကောင့်အမျိုးအစားများ ဖြစ်ကြပါသည်။ | |
စတင်လေ့လာသူများအတွက် မည်သည့် အကောင့် အမျိုးအစား သည် အကောင်းဆုံး ဖြစ် သနည်း။ | Forex ဒီမိုအကောင့်သည် စတင်လေ့လာသူများအတွက် အကောင်းဆုံး ဖြစ်ပါသည်။ ၎င်းသည် အခြေအနေအစ်အမှန်များအတိုင်း ထင်ဟပ်ပြသ သော်လည်း သရုပ်ပြငွေကြေး(စိတ်ကူးယဉ်ငွေကြေး)ကိုသာ အသုံးပြုပါသည်။ Forex အကောင့်ပိုင်ရှင်၏ ငွေကြေးအစစ်များ ဆုံးရှုံးမှုမရှိကြောင်း သေချာစေသော အမျိုးအစား ဖြစ်ပါသည်။ | |
မည်သို့ရွေးချယ်ရ မည်နည်း | မှန်ကန်သော Forex အကောင့်ကို ရွေးချယ်ခြင်းသည် တဦးတယောက်ချင်း စီ၏ လိုအပ်ချက်များအပေါ်တွင်သာ မူတည်ပါသည်။ နောက်ခံ အကြောင်းအရာများတွင် စွန့်စားမှုအတိုင်းအတာ၊ အပ်ငွေပမာဏ၊ ကုန်သွယ်ရေးအတွေ့အကြုံနှင့် နှစ်သက်သောအင်္ဂါရပ်များ ပါဝင်ပါသည်။ | |
နှိုင်းယှဉ်မှု | Forex အကောင့်တခုချင်းစီတွင် ၎င်း၏ အားသာချက်များနှင့် အားနည်းချက်များ အသီးသီး ရှိကြပါသည်။ ဥပမာအားဖြင့် Standard အကောင့်များသည် မြင့်မားသော leverage ကို ကမ်းလှမ်းကြပါသည်။ ECN အကောင့်များသည် interbank ကုန်သွယ်ရေးကို ပံ့ပိုးပေးပါသည်။ |
Standard ကုန်သွယ်ရေးအကောင့်များ
Standard Forex retail investor အကောင့်များသည် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်အထိ ရေပန်းအစားဆုံး ကုန်သွယ်ရေး အကောင့်အမျိုးအစား ဖြစ်ခဲ့ပါသည်။ ဤအကောင့်အမျိုးအစားအတွက် မကြာခဏ တွေ့မြင်ရလေ့ရှိသော အခြားအမည်တခုမှာ — CLASSIC ဖြစ်ပါသည်။ ကျွန်ုပ်၏အကျိုးဆောင်ဖြစ်သော LiteFinance သည် standard အကောင့်အမျိုးအစားအား Classic အဖြစ် စာရင်းသွင်းပါသည်။
ဤအကောင့်အမျိုးအစားသည် ယခုအခါတွင် ယခင်ကကဲ့သို့ ရေပန်းစားမှုမမြင့်မားသော်လည်း၊ ၎င်းတွင် ပုံသေ spread ပါဝင်လေ့ရှိသောကြောင့် ကုန်သည်များသည် ဤအကောင့်အမျိုးအစားကို အသုံးပြုကြဆဲ ဖြစ်ပါသည်။
ဤ retail investor အကောင့်၏ အားသာချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်။
- နှုန်းထားတိကျမှုပိုမိုမြင့်မားခြင်း၊
- အော်ဒါများအား ဈေးကွက်ပေါက်ဈေးဖြင့် အကောင်အထည်ဖော်ခြင်း၊
- ဈေးနှုန်းပြင်ဆင်မှုမရှိခြင်း၊
- Stop သို့မဟုတ် Limit levels များ မရှိခြင်း၊
- မြင့်မားသော Leverage ပမာဏ 1:1,000 အထိ ပံ့ပိုးထားခြင်း။
- နိမ့်ပါးသော အပ်ငွေပမာဏ - အနည်းဆုံး $50 မှစတင်နိုင်ခြင်း။
Standard အကောင့်တခု၏ အားနည်းချက်များကိုလည်း ဖော်ပြသင့်ပေသည်။
- အချို့သော အကျိုးဆောင်များသည် ဤအကောင့်အမျိုးအစားတွင် ကုန်သွယ်မှုများအား interbank ဈေးကွက်သို့ သယ်ဆောင်ပေးခြင်း မရှိပေ - ဤဖြစ်စဉ်မျိုးတွင် သင်၏ အရောင်းအဝယ်အတွက် တဖက်မှကုန်သွယ်သူအဖြစ် အကျိုးဆောင်ကိုယ်တိုင် ပါဝင်ဆောင်ရွက်လေ့ ရှ်ိပါသည်။
- မြင့်မားသော spreads။
- နှစ်အလိုက် စုဆောင်းမှုနှုန်းထား မရှိခြင်း။
- အော်ဒါအကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှု ရှိနိုင်ခြင်း။
LiteFinance တွင် အားသာမှုရှိသော spreads များနှင့် မြန်ဆန်သော အော်ဒါအကောင်အထည်ဖော်မှုများ ပါဝင်သော classic အကောင့်တခု ရှိပါသည်။ အကယ်၍ ဤအကောင့်အမျိုးအစား၏ ကုန်သွယ်ရေး အခြေအနေများသည် သင့်အတွက် ဆွဲဆောင်မှုရှိပါက၊ ဤနေရာတွင် ပိုမိုရှာဖွေလေ့လာကာ အကောင့် ဖွင့်လှစ်နိုင်ပါသည်။
Demo အကောင့်
Forex demo အကောင့်သည် Forex ဈေးကွက်အတွင်း မည်သို့ အလုပ်လုပ်ရမည်ကို လေ့လာသင်ယူခြင်း အတွက် ရေပန်းအစားဆုံး အကောင့်အမျိုးအစား ဖြစ်ပါသည်။ ဤအကောင့်အမျိုးအစား၏ အခြေအနေများသည် standard retail investor အကောင့်များနှင့် အပြည့်အဝ ထပ်တူကျပါသည်။ သို့ရာတွင် live အကောင့်တခုနှင့် ဆန့်ကျင်ဘက်ဖြစ်သောအချက်မှာ ၎င်းသည် Forex ကုန်သွယ်ရေးအတွက် သရုပ်ဖော်ငွေကြေး(စိတ်ကူးယဉ်ငွေကြေး) ကိုသာ အသုံးပြုပါသည်။ အခြားတနည်းဖြင့် ရှင်းပြရလျှင်၊ ဒီမိုကုန်သွယ်မှုတခုတွင် သင့်အတွက် ဆုံးရှုံးနိုင်ခြေ မရှိပါ။ အရှုံးပေါ်သော ဖြစ်ရပ်မျိုးတွင် သင်၏ လက်ကျန်ငွေအား နောက်ထပ်အကြိမ်များစွာ ထပ်မံဖြည့်သွင်းနိုင်ပါသည်။
Demo retail investor အကောင့်၏ အားသာချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်။
- Liquidity provider ထံမှ နှုန်းထားအစစ်အမှန်များ၊
- Scalping နှင့် ဈေးကွက်သတင်းများအပေါ် အခြေခံသော ကုန်သွယ်ရေးကို ခွင့်ပြုခြင်း၊
- နှုန်းထားပြင်ဆင်မှုမရှိခြင်း၊
- ကုန်သွယ်မှုကြာချိန်အပေါ် ကန့်သတ်ချက်များ မရှိခြင်း၊
- CFDs အစရှိသော ရှုပ်ထွေးသည့် ကိရိယာများအပါအဝင် ကုန်သွယ်ရေးအမျိုးအစားအားလုံးကို အပြည့်အဝရရှိနိုင်ခြင်း၊
- ငွေကြေးအစစ်များကို ဆုံးရှုံးနိုင်သော အလားအလာမရှိခြင်း၊
- ကုန်သွယ်ရေးဗျူဟာစမ်းသပ်ခြင်းနှင့် လေ့လာသင်ယူခြင်းအတွက် စံပြဖြစ်ခြင်း။
ဤအကောင့်တွင် အားနည်းချက် များများစားစား မရှိပါ။
- ရရှိသော အမြတ်ကို ထုတ်ယူ၍ မရပါ။
- Forex နှင့် အခြားဘဏ္ဍာရေးဆိုင်ရာ ကုန်သွယ်မှုများ ပြုလုပ်ရာတွင် စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖိအားများ မရှိခြင်း - ရင်းနှီးမြှုပ်နှံသူအနေဖြင့် ဈေးကွက်အစစ်အတွင်း ကုန်သွယ်သကဲ့သို့ စိတ်ဖိစီးမှု အတွေ့အကြုံ များကို ရနိုင်မည်မဟုတ်ပါ။
ဤအကောင့်အမျိုးအစား၏ ကုန်သွယ်ရေး အခြေအနေများသည် သင့်အတွက် ဆွဲဆောင်မှုရှိပါက၊ ဤနေရာတွင် ပိုမိုရှာဖွေလေ့လာကာ အကောင့်ဖွင့်လှစ်နိုင်ပါသည်။
ထို့အတူ ကျွန်ုပ်သည် ဒီမိုအကောင့် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ကျယ်ပြန့်သော သုံးသပ်ချက်ဆောင်းပါးတပုဒ်ကို မကြာသေးမီကပင် ရေးသားခဲ့ပါသည်။ ၎င်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။
Mini အကောင့်
Forex mini အကောင့် သည် standard ကုန်သွယ်ရေးအခြေအနေများထက် ဆယ်ဆ လျော့နည်းသော အပ်ငွေကိုအသုံးပြု၍ အထူးဖန်တီးပေးထားသော Forex ကုန်သွယ်ရေး အကောင့်အမျိုးအစားဖြစ်ပါသည်။ အခြားတနည်းဖြင့်၊ အကယ်၍ သင်သည် ဤအကောင့်အတွက် $100 ပမာဏကို ဖြည့်သွင်းခဲ့ပါက၊ သင်၏ ကုန်သွယ်ရေးတာမီနယ်တွင် 1,000 ငွေကြေးယူနစ်ပမာဏကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ဤ Forex ကုန်သွယ်ရေးအကောင့်အမျိုးအစားဖြင့် အလုပ်လုပ်သောအခါ၊ 1 lot ပမာဏရှိသော ငွေကြေးကုန်သွယ်မှုတခုအတွက် 100,000 အစား၊ 10,000 သာကျသင့်ပါမည်။ ၎င်းကို mini lot ဟု ခေါ်ပါသည်။
ဤအကောင့်၏ အားသာချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- ၎င်းသည် သင့်အား ငွေကြေးအစစ်ကိုအသုံးပြု၍ Forex ကုန်သွယ်ရေးဆောင်ရွက်ခြင်းနှင့် ရင်းနှီးမှုရှိစေပါသည်။
- သင်၏ ဆုံးရှုံးနိုင်ခြေ သတိပေးချက်မှာ ဆယ်ဆ လျော့နည်းပါသည်။
- အခြား Forex ကုန်သွယ်ရေးအကောင့်များနှင့် နှိုင်းယှဉ်ပါက၊ အော်ဒါများ အကောင်အထည် ဖော်ခြင်းနှင့်စပ်လျဉ်း၍ ထင်ရှားသော ကွဲလွဲမှုမရှိပါ။
- ကုန်သွယ်ရေးပလပ်ဖောင်းအခြေအနေများကို စမ်းသပ်ရန် ကောင်းစွာသင့်တော်ပါသည်။
- ဝါရင့်ကုန်သည်များမှ PAMM စနစ်တွင် အတိုးနှုန်းမျဉ်းကွေးဇယား (yield curve)ကို သရုပ်ဖော်ရန်အတွက် ဤအကောင့်ကို အသုံးပြုကြပါသည်။
ဤအကောင့်အမျိုးအစား၏ အားနည်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- အကျိုးဆောင်၏အော်ဒါများကို နောက်ဆုံးမှသာ အကောင်အထည်ဖော်ခြင်း၊
- တခါတရံတွင် ကုန်သွယ်ရေးပလပ်ဖောင်းများသည် ကုန်သွယ်မှုများအား interbank market သို့ သယ်ယူပေးပို့မှုမပြုခြင်း၊
- အော်ဒါအကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှုရှိနိုင်ခြင်း၊
- ကာလတိုကုန်သွယ်မှုများအတွက် မသင့်တော်ခြင်း။
Micro အကောင့်
Micro Forex အကောင့်သည် standard ကုန်သွယ်ရေးအခြေအနေများထက် အဆတရာ လျော့နည်းသော အပ်ငွေကိုအသုံးပြု၍ အထူးဖန်တီးပေးထားသော Forex ကုန်သွယ်ရေး အကောင့်အမျိုးအစားဖြစ်ပါသည်။ အခြားတနည်းဖြင့် ရှင်းပြရလျှင်၊ အကယ်၍ သင်သည် ဤအကောင့်အတွက် $10 ပမာဏကို ဖြည့်သွင်းခဲ့ပါက၊ သင်၏ ကုန်သွယ်ရေးတာမီနယ်တွင် 1,000 ငွေကြေးယူနစ်ပမာဏကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ဤ Forex ကုန်သွယ်ရေးအကောင့်အမျိုးအစားဖြင့် အလုပ်လုပ်သောအခါ၊ 1 lot ပမာဏရှိသော ငွေကြေး ကုန်သွယ်မှုတခုအတွက် 100,000 အစား၊ 1000 သာကျသင့်ပါမည်။ ၎င်းကို micro lot ဟု ခေါ်ပါသည်။
Micro ကုန်သွယ်ရေးအကောင့်၏ အားသာချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- ၎င်းသည် သင့်အား ငွေကြေးအစစ်ကိုအသုံးပြု၍ Forex ကုန်သွယ်ရေးဆောင်ရွက်ခြင်းနှင့် ရင်းနှီးမှုရှိစေပါသည်။
- သင်၏ ဆုံးရှုံးနိုင်ခြေ သတိပေးချက်မှာ အဆတရာ လျော့နည်းပါသည်။
- အခြား Forex ကုန်သွယ်ရေးအကောင့်များနှင့် နှိုင်းယှဉ်ပါက၊ ကုန်သွယ်မှုများ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ထင်ရှားသော ကွဲလွဲမှုမရှိပါ။
- ဝါရင့်ကုန်သည်များမှ PAMM စနစ်တွင် yield curve ကို သရုပ်ဖော်ရန်အတွက် ဤအကောင့် အမျိုးအစားကို အသုံးပြုကြပါသည်။
- နည်းဗျုဟာများကို စမ်းသပ်ရာတွင် ဒီမိုအကောင့်များအစား ဤအကောင့်အမျိုးအစားကိုလည်း အသုံးပြုလေ့ရှိကြပါသည်။
ဤအကောင့်အမျိုးအစား၏ အားနည်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- အကျိုးဆောင်၏အော်ဒါများကို နောက်ဆုံးမှသာ အကောင်အထည်ဖော်ခြင်း၊
- တခါတရံတွင် အကျိုးဆောင်များသည် ကုန်သွယ်မှုများအား interbank market သို့ ပေးပို့မှုမပြုခြင်း၊
- အော်ဒါအကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှုရှိနိုင်ခြင်း၊
- Satandard lot သို့ ကူးပြောင်းရန် စိတ်ပိုင်းဆိုင်ရာအရ ခဲယဉ်းနိုင်ခြင်း။
Cent အကောင့်
Forex cent အကောင့်သည် standard ကုန်သွယ်ရေးအခြေအနေများထက် အဆတထောင် လျော့နည်းသော အပ်ငွေကိုအသုံးပြု၍ အထူးဖန်တီးပေးထားသော Forex ကုန်သွယ်ရေး အကောင့်အမျိုးအစားဖြစ်ပါသည်။ Cent အကောင့်များကို NANO အကောင့်များဟုလည်း ခေါ်ဆိုလေ့ ရှိကြပါသည်။ အခြားတနည်းဖြင့် ရှင်းပြရလျှင်၊ အကယ်၍ သင်သည် ဤအကောင့်အတွက် $10 ပမာဏကို ဖြည့်သွင်းခဲ့ပါက၊ သင်၏ Forex ကုန်သွယ်ရေးတာမီနယ် တွင် 10,000 ငွေကြေးယူနစ်ပမာဏကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ဤ Forex ကုန်သွယ်ရေးအကောင့်အမျိုးအစားဖြင့် အလုပ်လုပ်သောအခါ၊ 1 lot ပမာဏရှိသော ငွေကြေးကုန်သွယ်မှုတခုအတွက် 100,000 အစား၊ 100 သာကျသင့်မည်ဖြစ်သည်။
ဤအကောင့်အမျိုးအစား၏ အားသာချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- Nano၊ micro နှင့် mini စသဖြင့် lots အရွယ်အစားအားလုံးကို အသုံးပြု၍ ကုန်သွယ်နိုင်ပါသည်။
- သင်၏ ဆုံးရှုံးနိုင်ခြေ သတိပေးချက်မှာ အဆတထောင် လျော့နည်းပါသည်။
- အခြား Forex ကုန်သွယ်ရေးအကောင့်များနှင့် နှိုင်းယှဉ်ပါက၊ ကုန်သွယ်မှုများ အကောင်အထည် ဖော်ခြင်းနှင့်စပ်လျဉ်း၍ ထင်ရှားသော ကွဲလွဲမှုမရှိပါ။
- PAMM စနစ်တွင် yield curve ကို သရုပ်ဖော်ရာတွင် ရေပန်းအစားဆုံး အကောင့်တခု ဖြစ်ပါသည်။
- နည်းဗျုဟာများကို စမ်းသပ်ရာတွင် ဒီမိုအကောင့်များအစား ဤအကောင့်အမျိုးအစားကိုလည်း အသုံးပြုလေ့ရှိကြပါသည်။
- ဒီမိုကုန်သွယ်ရေးကို မလုပ်ဆောင်ပဲ ကျော်သွားလိုသူများအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။
- ကုန်သွယ်ရေးကိရိယာအသစ်များနှင့် CFDs ကုန်သွယ်ရေးကို စမ်းသပ်ရန်အတွက် သင့်တော်ပါသည်။
- ကုန်သွယ်ရေးရိုဘော့များကို စမ်းသပ်ရန်အတွက် မကြာခဏ အသုံးပြုလေ့ ရှိပါသည်။
ဤအကောင့်အမျိုးအစားနှင့် စပ်လျဉ်းသော အားနည်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- အကျိုးဆောင်၏အော်ဒါများကို နောက်ဆုံးမှသာ အကောင်အထည်ဖော်ခြင်း၊
- တခါတရံတွင် အကျိုးဆောင်များသည် ကုန်သွယ်မှုများအား interbank market သို့ ပေးပို့မှုမပြုခြင်း၊
- အော်ဒါအကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှုရှိနိုင်ခြင်း။
- ရရှိသည့်အမြတ်နှင့် ပေးဆပ်ရသောအချိန် မမျှတခြင်း။
ယေဘုယျအားဖြင့် mini မှ nano အရွယ်အစားရှိသော Forex အကောင့်များသည် ကုန်သွယ်ရာတွင် ကနဦးအပ်နှံသော ငွေပမာဏနှင့် မြင့်မားသောစွန့်စားမှုကို လျော့ချရန် နည်းလမ်းတခုသာ ဖြစ်ပါသည်။ အဆိုပါအကောင့်များ၏ အမည်များသည် standard lots ကို ခွဲစိတ်ပိုင်းဖြတ်ထားသော lot အရွယ်အစားသတ်မှတ်ချက်များ ဖြစ်ကြပါသည်။
ဤ Forex ကုန်သွယ်ရေးအကောင့်များသည် ပရော်ဖက်ရှင်နယ်ကုန်သွယ်ရေးအတွက် များစွာသင့်လျော်မှု မရှိလှပါ။ ကုန်သွယ်ရေးတွင် အဓိက အနှောက်အယှက်တခုမှာ စိတ်ပိုင်းဆိုင်ရာ ဖိအားများဖြစ်သောကြောင့် ဤအကောင့်များသည် ထိုအတားအဆီးကို အပေါ်ယံအားဖြင့် လျော့ပါးစေသောကြောင့်ပင် ဖြစ်ပါသည်။ အဆိုပါအကောင့်များသည် ကောင်းမွန်သော ဝင်ငွေကို ဖန်တီးပေးနိုင်ခြင်း မရှိပါ။ ၎င်းတို့သည် လေ့ကျင့်ရန်အတွက်သာ ကောင်းမွန်ပါသည်။
သင့်ရည်မှန်းချက်သည် ငွေရှာရန်ဖြစ်ပါက၊ lot အသေးစားတစ်ခု၏ အခြေအနေအားလုံးကို standard ECN မှ ပံ့ပိုးပေးပါသည်။ ၎င်းတွင် သင်သည် mini နှင့် micro lots နှစ်မျိုးလုံးဖြင့် ရောင်းဝယ်နိုင်သည်။
နိုင်ငံခြားငွေလဲလှယ်ကုန်သွယ်ရေး၏ lot အကြောင်းကို ဤအသုံးဝင်လှသော ဆောင်းပါးတွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။ CFDs သို့မဟုတ် ငွေကြေးများကုန်သွယ်ရေးအတွက် lot သည် ပုဂ္ဂလိကအကျိုးဆောင်တခု၏ အတွေးအခေါ်တခုမဟုတ်ပဲ နိုင်ငံတကာမှ လက်ခံအသုံးပြုသော စံသတ်မှတ်ချက်တခု ဖြစ်ပါသည်။
အကယ်၍ သင်သည် cent အကောင့်အမျိုးအစားဖြင့် နိုင်ငံတကာငွေကြေးကုန်သွယ်ရေးကို စိတ်ဝင်စားပါက၊ ဤနေရာသို့ ကလစ်နှိပ်၍ သင်ကိုယ်တိုင် စမ်းသပ်လုပ်ဆောင်နိုင်ပါသည်။
Forex ECN အကောင့်များ
လက်ရှိအချိန်အတွင်း ECN သည် ရေပန်းအစားဆုံး ကုန်သွယ်ရေးအကောင့်အမျိုးအစားဖြစ်ကာ (Forex ကုန်သည်များအပါအဝင်) မည်သည့်ရင်းနှီးမြှုပ်နှံသူအမျိုးအစားဖြင့်မဆို ၎င်းတို့၏ ရည်မှန်းချက် မည်သို့ပင်ရှိပါစေ အပြည့်အဝ သင့်တော်ပါသည်။ ECN အကောင့်တခုသည် အကောင်းဆုံး အော်ဒါအကောင်အထည်ဖော်မှုနှင့် ဈေးနှုန်းတိကျမှုတို့ကို ရရှိလိုသော ပရော်ရှယ်နယ်ကုန်သည်များအတွက် စစ်မှန်သော ရွေးချယ်မှု ဖြစ်ပါသည်။ ECN အကောင့်မှတဆင့် interbank market အတွင်း ကုန်သွယ်ခြင်းအားဖြင့် လုပ်ငန်းစဉ်အတွင်း အကျိုးဆောင်၏ ကဏ္ဍကို လျှော့ချနိုင်ပါသည်။ အကြံပြုသော အပ်ငွေပမာဏမှာ $500 မှ စတင်ပါသည်။
ECN အကောင့်များ၏ အားသာချက်များမှာ -
- Interbank market အတွင်း ဝင်ရောက်ခွင့်ကို အာမခံနိုင်ခြင်း၊
- နှုန်းထားတိကျမှုအမြင့်မားဆုံးဖြစ်ခြင်း၊
- နှုန်းထားပြင်ဆင်မှုမရှိခြင်းနှင့် မြန်ဆန်သောအော်ဒါအကောင်အထည်ဖော်မှု၊
- 0.01၊ 0.1 နှင့် 1 lots အရွယ်အစား များကို ကုန်သွယ်ရန်ရွေးချယ်နိုင်ခြင်း၊
- 1:1 မှ 1:500 အထိ အမြင့်ဆုံး leverage၊
- အနည်းဆုံးသော (တခါတရံ သုညအထိနည်းပါးသော) spread များ၊
- Scalping အတွက် အကောင်းဆုံးရွေးချယ်မှု၊
- အကောင့်တွင်းမှငွေကြေးစနစ်ဖြင့် နှစ်စဉ် စုဆောင်းငွေအတိုးနှုန်း 2.5% အထိ ရရှိနိုင်ခြင်း၊
- အနည်းဆုံး အပ်ငွေပမာဏ $50 မှ စတင်နိုင်ခြင်း၊
- Leverage မပါဝင်ပဲ ကုန်သွယ်နိုင်ခြင်း။
မည်မျှပင် နှစ်သက်ဖွယ်ရာ အားသာချက်အများအပြား ရှိစေကာမူ၊ ၎င်းတွင် အားနည်းချက်များလည်း ရှိပါသည်။
- ဈေးနှုန်းလွဲချော်မှု ဖြစ်ပေါ်နိုင်ခြင်း၊
- မတည်ငြိမ်မှုမြင့်မားခြင်းကြောင့် spread ပမာဏ ပိုမိုကျယ်ပြန့်လာနိုင်ခြင်း၊
- အကျိုးဆောင်များမှ မြင့်မားသော ကနဦးအပ်ငွေပမာဏကို သတ်မှတ်ထားကြလေ့ရှိခြင်း။
ECN အကောင့်များသည် NDD သို့မဟုတ် STP ကုန်သွယ်ရေးပုံစံကို အသုံးပြုပါသည်။ သင်၏ အကျိုးဆောင်တွင် သီးသန့်ဆာဗာများ ရှိသည်ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ ဤဆောင်းပါးကို ဖတ်ရှုခြင်းဖြင့် ကုန်သည်တဦးအတွက် ECN ဖြင့် အလုပ်လုပ်ရန် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများကို ရရှိနိုင်ပါသည်။
အကယ်၍ သင်သည် ECN အကောင့်တခုဖြင့် ကုန်သွယ်ရေးဆောင်ရွက်ရန် စိတ်ပါဝင်စားမှုရှိပါက၊ ဤနေရာတွင် ကလစ်နှိပ်၍ မှတ်ပုံတင်စာရင်းပေးသွင်းကာ၊ ကုန်သွယ်ရေးကို စတင်နိုင်ပါသည်။
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
STP အကောင့်များ
STP သည် Straight Through Processing ကို ရည်ညွှန်းပါသည်။ STP အကောင့်တခုသည် သင်၏အော်ဒါများကို သင့်အကျိုးဆောင်၏ ပါတနာဖြစ်သော liquidity provider ထံသို့ လွှဲပြောင်းပေးပါသည်။
ပုံမှန်အားဖြင့် ဘဏ်တခု သို့မဟုတ် ဘဏ်များစွာတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဈေးနှုန်းများကို အသီးသီးကမ်းလှမ်းကာ liquidity provider အဖြစ်ဆောင်ရွက်ကြပါသည်။ Client ၏ အော်ဒါနှင့် အနီးစပ်ဆုံးဈေးနှုန်းသည် ကုန်သွယ်ရေးတာမီနယ်ပေါ်တွင် ပေါ်လာပါသည်။
STP အကောင့်များ၏ အားသာချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- Interbank marlet အတွင်း ဝင်ရောက်ခွင့်ကို အာမခံနိုင်ခြင်း၊
- နှုန်းထားတိကျမှုအမြင့်မားဆုံးဖြစ်ခြင်း၊
- နှုန်းထားပြင်ဆင်မှုမရှိခြင်းနှင့် မြန်ဆန်သောအော်ဒါအကောင်အထည်ဖော်မှု၊
- 0.01၊ 0.1 နှင့် 1 lots အရွယ်အစား များကို ကုန်သွယ်ရန်ရွေးချယ်နိုင်ခြင်း၊
- 1:1 မှ 1:500 အထိ အမြင့်ဆုံး leverage၊
- အနည်းဆုံး leverage၊
- အကောင်းဆုံးဈေးနှုန်း အာမခံချက်၊
- ပုံမှန်အားဖြင့် ပါတနာများစွာရှိခြင်း၊
- $10 မှ စ၍ အနည်းဆုံး အပ်ငွေပမာဏဖြင့် စတင်နိုင်ခြင်း။
အားသာချက်များရှိသကဲ့သို့၊ အားနည်းချက်များလည်း ရှိပါသည်။
- ဈေးနှုန်းလွဲချော်မှု ဖြစ်ပေါ်နိုင်ခြင်း၊
- Pending orders များ တစိတ်တပိုင်း လွဲချော်နိုင်ခြင်း။
PAMM Forex အကောင့်များ
PAMM အကောင့်များသည် ရင်းနှီးမြှုပ်နှံခြင်းအတွက် အထူးဖန်တီးထားသော Forex အကောင့်များ ဖြစ်ကြပါသည်။ သင့်တွင် ကုန်သွယ်ရေးဗဟုသုတနှင့် ကုန်သွယ်ရန်အချိန် မရှိပါက၊ PAMM Forex အကောင့်တခုသည် Forex ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံရန် ပထမဆုံးနည်းလမ်းများမှ တခုပင်ဖြစ်ပါသည်။
PAMM accounts များတွင် ရင်းနှီးမြှုပ်နှံသူ၏ကိုယ်စား Forex အကောင့်စီမံခန့်ခွဲရန် ယုံကြည်အပ်နှင်းမှု ပါဝင်ပါသည်။ သို့သော် တချိန်တည်းမှာပင် ၎င်းတွင် ငွေလွှဲပြောင်းခြင်း မပါဝင်ပါ။ ထို့အပြင် Forex အကောင့် စီမံခန့်ခွဲသူများသည် ရင်းနှီးမြှုပ်နှံသူများထံ အမြတ်များဖြန့်ဝေပေးခြင်းအပေါ် မထိန်းချုပ်ပါ။ သင်၏ကိုယ်ပိုင် ကုန်သွယ်ရေးအကောင့်အား ကုန်သည်၏ ကုန်သွယ်ရေးအကောင့်နှင့် ရိုးရှင်းစွာ ချိတ်ဆက်ထားခြင်းသာ ဖြစ်သည်။ သီးသန့်ရင်းနှီးမြှုပ်နှံသူသည် နောက်ဆုံးရလာဒ်ကိုသာ မြင်တွေ့ရမည်ဖြစ်ပြီး၊ ကုန်သွယ်ရေး လုပ်ငန်းစဉ်ကိုမူ အကဲဖြတ်နိုင်မည် မဟုတ်ပါ။
ဤအကောင့်အမျိုးအစား၏ အားသာချက်များမှာ အောင်ပါအတိုင်း ဖြစ်ပါသည်။
- PAMM အကောင့်တခုမှ ငွေကြေးများကို စီမံခန့်ခွဲသော ဈေးနှုန်းခန့်မှန်းကုန်သွယ်သူသည် ရင်းနှီးမြှုပ်နှံသူ၏ ငွေကြေးများကို ဝင်ရောက်အသုံးပြုခွင့် မရှိပါ။
- ရင်းနှီးမြှုပ်နှံသူသည် PAMM အကောင့်သို့ လွှဲပြောင်းထားသော ငွေပမာဏကိုသာလျှင် စွန့်စားရမည် ဖြစ်ပါသည်။
- လုပ်ငန်းအားလုံးကို ကုန်သည်ကသာဆောင်ရွက်ပြီး၊ ရင်းနှီးမြှုပ်နှံသူသည် ရလာဒ်ကိုသာ ရရှိပါသည်။
- ကုန်သွယ်မှုစတင်ရန် သတ်မှတ်ချက်နိမ့်ပါး၍ mini-account များတွင် အလုပ်လုပ်နိုင်ခြင်း။
- ရင်းနှီးမြှုပ်နှံသူမှ အနိမ့်ဆုံး အကန့်အသတ်ကို ဆုံးဖြတ်၍ ဆုံးရှုံးမှုချိန်ညှိနိုင်သော စနစ်။
ဤအကောင့်အမျိုးအစားတွင် အားနည်းချက်များလည်း ရှိပါသည်။
- ရင်းနှီးမြှုပ်နှံသူသည် ကုန်သွယ်ရေးလုပ်ငန်းစဉ်ကို သဘောပေါက်နားလည်ခြင်း မရှိပါ၊ ရလာဒ်ကိုသာ တွေ့မြင်ရပါသည်။
- PAMM ကုန်သွယ်ရေးအကောင့်ရှိငွေများကို ထိန်းသိမ်းထားမည်ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံသူမှ အသုံးပြုခွင့်မရှိပါ။
- တခါတရံတွင် အတွေ့အကြုံရင့်ကျက်သော ကုန်သည်များသည် micro-accounts များတွင် ၎င်းတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုများထက် အဆတရာ သို့မဟုတ် ထို့ထက်ပိုမိုမြင့်မားသော နှစ်သက်ဖွယ်ရာ စာရင်းအင်းများကို ဖန်တီးထားလေ့ရှိသည်။
Forex managed အကောင့် — MAM (Multi Account Manager)
MAM ကုန်သွယ်ရေးအကောင့်များ သို့မဟုတ် Multi Account Manager သည် ရင်းနှီးမြှုပ်နှံခြင်းအတွက် အထူးဖန်တီးထားသော ငွေကြေးစီမံခန့်ခွဲမှုအကောင့်အမျိုးအစား ဖြစ်ပါသည်။ MAM စီမံခန့်ခွဲမှုအကောင့်များသည် PAMM အကောင့်အမျိုးအစားမှ ဤအချက်တွင် ကွဲပြားပါသည် - ၎င်းသည် ရင်းနှီးမြှုပ်နှံသူအား ကုန်သွယ်ရေးလုပ်ငန်းများတွင် ကြားဝင်စွက်ဖက်ခွင့် ပေးပါသည်။ အခြားစကားရပ်ဖြင့် ရှင်းပြရပါက၊ ရင်းနှီးမြှုပ်နှံသူသည် ကုန်သည်၏ လုပ်ငန်းစဉ်ကို တွေ့မြင်နိုင်ပြီး၊ ၎င်းတို့အနေဖြင့် မှန်ကန်သည်ဟု ယူဆပါက ကုန်သွယ်မှုကို ပိတ်သိမ်းနိုင်ပါသည်။
Forex စီမံခန့်ခွဲမှုအကောင့်များ၏ အားသာချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- MAM အကောင့်၏ စီမံခန့်ခွဲသူသည် ရင်းနှီးမြှုပ်နှံသူ၏ ငွေများကို ရယူအသုံးပြုခွင့်မရှိပါ။
- ရင်းနှီးမြှုပ်နှံသူသည် PAMM အကောင့်သို့ လွှဲပြောင်းထားသော ငွေပမာဏကိုသာလျှင် စွန့်စားရမည် ဖြစ်ပါသည်။
- ရင်းနှီးမြှုပ်နှံသူသည် ကုန်သည်၏ ကုန်သွယ်မှုများအား ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပိတ်သိမ်းနိုင်ပါသည်။
- ကုန်သွယ်မှုစတင်ရန် သတ်မှတ်ချက်နိမ့်ပါး၍ mini-account များတွင် အလုပ်လုပ်နိုင်ခြင်း။
- ရင်းနှီးမြှုပ်နှံသူမှ အနိမ့်ဆုံး အကန့်အသတ်ကို ဆုံးဖြတ်၍ ဆုံးရှုံးမှုချိန်ညှိနိုင်သော စနစ်။
- MAM အကောင့်တွင် အပိုကုန်သွယ်မှုများ ဖွင့်နိုင်သော အခွင့်အရေး။
ဤအကောင့်အမျိုးအစား၏ အားနည်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- ရင်းနှီးမြှုပ်နှံသူမှ ဝင်ရောက်စွက်ဖက်ခြင်းအားဖြင့် ကုန်သည်၏ နည်းဗျူဟာတွင် အနှောက်အယှက်ဖြစ်ကာ အရှုံးများဆီသို့ ဦးတည်စေနိုင်ပါသည်။
- ရင်းနှီးမြှုပ်နှံသူမှ ဖွင့်လှစ်ထားသော အပိုကုန်သွယ်မှုများသည် အကောင့် ပမာဏကိုလေးပင်စေကာ ကုန်သွယ်မှုဖွင့်ခြင်းကို တားဆီးနိုင်ပါသည်။
- တခါတရံတွင် အတွေ့အကြုံရင့်ကျက်သော ကုန်သည်များသည် micro-accounts များတွင် ၎င်းတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုများထက် အဆတရာ သို့မဟုတ် ထို့ထက်ပိုမိုမြင့်မားသော နှစ်သက်ဖွယ်ရာ စာရင်းအင်းများကို ဖန်တီးထားလေ့ရှိသည်။ ၎င်းသည် ကုန်သွယ်ရေးအတွေ့အကြုံ မရှိသော ရင်းနှီးမြှုပ်နှံသူတဦးအတွက် ဆုံးရှုံးနိုင်ခြေ မြင့်မားပါသည်။
Copy trading အကောင့်များ
Social Trading သို့မဟုတ် copy trading စနစ်သည် လက်ရှိအချိန်တွင် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်သွယ်ရေးမှ ဝင်ငွေရှာဖွေရန် အဆင့်အမြင့်ဆုံးနှင့် ဘေးကင်းမှုအရှိဆုံး နည်းလမ်းတခု ဖြစ်ပါသည်။
Copy trading ၏ အခြားသော စနစ်များနှင့် ကွဲပြားသော အဓိကအင်္ဂါရပ်တခုမှာ သင်နှစ်သက်ရာ ရင်းနှီးမြှုပ်နှံသူ၏ ကုန်သွယ်မှုများကို လွယ်ကူစွာ ကူးယူနိုင်ခြင်း ဖြစ်ပါသည်။ ဤစနစ်တွင် ရင်းနှီးမြှုပ်နှံသူသည် ၎င်းတို့၏ အကောင့်အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိပါသည်။
ဤစနစ်သည် အကျိုးအမြတ်၊ ကိုယ်ပိုင်ငွေပမာဏ၊ လုပ်သက်၊ စီမံခန့်ခွဲမှုနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု မျှဝေခြင်း အစရှိသော အဓိက အတိုင်းအတာများစွာဖြင့် နှိုင်းယှဉ်ထားသော ကုန်သည်များ၏ အဆင့် သတ်မှတ်ချက်တခုကို ပံ့ပိုးပေးထားပါသည်။
Copy trading စနစ်၏ အားသာချက်များမှာ -
- ဤအကောင့်အမျိုးအစားသည် မည်သည့်ကုန်သည်အပေါ်တွင်မဆို အပိုဝန်ထုပ်ဝန်ပိုးကို မဖြစ်စေပါ၊
- ရင်းနှီးမြှုပ်နှံသူအနေဖြင့် အပြည့်အဝ လွပ်လပ်မှုရှိပါသည်။
- ရင်းနှီးမြှုပ်နှံသူသည် အကောင့်အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်ပါသည်။
- ကုန်သည်၏ ကုန်သွယ်မှုပမာဏ တစိတ်တပိုင်းကို ကူးယူနိုင်ပါသည်။
- ကုန်သည်၏ ကုန်သွယ်ရေးစနစ်ကို နားလည်သဘောပေါက်နိုင်ပါသည်။
- ကုန်သည်အနေဖြင့် အပိုဝင်ငွေရရှိနိုင် ရရှိနိုင်ပါသည်။
- အကောင့်အပိုများ ဖွင့်လှစ်ရန် မလိုအပ်ပါ။
Copy trading စနစ်၏ အားနည်းချက်များ -
- ရင်းနှီးမြှုပ်နှံသူ၏ အလွန်အကျွံထိန်းချုပ်မှု - ၎င်းသည် ကုန်သည်နှင့် ရင်းနှီးမြှုပ်နှံသူ နှစ်ဦးစလုံး၏ ရလာဒ်အပေါ် သက်ရောက်မှုရှိတတ်ပါသည်။
- မကြာသေးမီက အကောင့်ဖွင့်သော ကုန်သည်တဦးအတွက် အဆင့်သတ်မှတ်ချက်တွင် အမြင့်သို့ ရောက်ရန် ခက်ခဲပါသည်။
Investor account
Copy trading စနစ်တွင် ရင်းနှီးမြှုပ်နှံသူတဦး ဖြစ်လာစေရန်၊ သင့်အတွက် သင့်တော်မည့် ကုန်သည်တဦးကို ရွေးချယ်၍ ၎င်းတို့၏ ကုန်သွယ်မှုများကို ကူးယူရန်သာ လိုအပ်ပါသည်။
- အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုများကို စတင်ကူးယူရန်၊ အကျိုးဆောင်၏ ဝက်ဘ်ဆိုက်တွင် ကိုယ်ပိုင်နေရာတခုအတွက် စာရင်းပေးသွင်းရန်လိုအပ်ပါသည်။ ကုန်သွယ်ရေး အကောင့်တခု ဖွင့်ပါ။ Copy ခလုပ်သို့ သွားပါ။
- ထို့နောက် သင်၏ မျှော်မှန်းသောအမြတ်၊ ဆုံးရှုံးနိုင်ခြေသတိပေးချက် စံနှုန်းများ စသည်တို့နှင့် ကိုက်ညီသော ကုန်သည်တဦးကို ရွေးချယ်ရန် လိုအပ်ပါသည်။ ထိုသို့ရွေးချယ်ပြီးနောက် ကုန်သည်၏ စာမျက်နှာကို သွားရပါမည်။
- ပွင့်လာသော ဝင်းဒိုးတွင် အမြတ်နှုန်းဇယားတခုကို တွေ့မြင်ရပါမည်။ ညာဘက်ရှိ ဘောင်ကွက်တွင် ကူးယူမှုအတွက် ဆက်တင်များရှိပါသည်။ ထိုနေရာ၌ ပထမဆုံး ပြုလုပ်ရမည့်အချက်မှာ ဤကုန်သည်ထံမှ ကုန်သွယ်မှုများ ကူးယူခြင်းအတွက် ပမာဏသတ်မှတ်ရန် ဖြစ်ပါသည်။
- အတိုင်းအတာများအားလုံးကို သတ်မှတ်ပြီးသည့်အခါ၊ “Copy” ခလုပ်ကို နှိပ်ပါ။
ထို့နောက်၊ ကုန်သည်မှ ကုန်သွယ်မှုအသစ်တခုကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ၎င်းသည် သင်၏အကောင့်တွင် အလိုအလျောက်ပွင့်လာမည်ဖြစ်ပြီး၊ ကူးယူမှု စတင်မည် ဖြစ်ပါသည်။
ကော်ပီကုန်သွယ်ရေးသည် ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ချဉ်းကပ်မှုအသစ်ဖြစ်သည်။
သင့်တွင် ကုန်သွယ်မှုအတွေ့အကြုံမရှိသေးသော်လည်း အမြတ်အစွန်းများဖြင့် သင်၏ Forex ခရီးကို စတင်နိုင်သည်။ ပရော်ဖက်ရှင်နယ် ကုန်သည်များ၏ အရောင်းအဝယ်များကို သင့်အကောင့်များသို့ ကူးယူပါ။
Trader account
Copy trading စနစ်တွင် ကုန်သည်တဦး ဖြစ်လာစေရန်၊ အကျိုးဆောင်ထံတွင် ကိုယ်ပိုင်အကောင့်တခုဖွင့်၍ အပ်ငွေဖြည့်သွင်းရန် လိုအပ်ပါသည်။ သဘာဝအားဖြင့် သင့်တွင် လုပ်ငန်းဆောင်ရွက်မှုဗျူဟာတခုရှ်ိရန် လိုအပ်ပါသည်။
- သင်၏အကောင့် အဆင်သင့်ဖြစ်သောအခါ၊ ပင်မဘောင်အကန့်အတွင်းမှ “Profile” ခလုပ်ကိုနှိပ်ပါ။
- သင့်ပရိုဖိုင်၏ ပွင့်လာသောဝင်းဒိုးတွင် “Edit” ခလုပ်ကို နှိပ်ပါ။
- ပွင့်လာသော ဝင်းဒိုးတွင် ရင်းနှီးမြှုပ်နှံသူမှ သင့်ကို ရွေးချယ်စေရန် ကူညီပံ့ပိုးပေးမည့် သတင်းအချက်အလက်များကို ထည့်သွင်းပါ။
- ထို့နောက်၊ ရင်းနှီးမြှုပ်နှံသူ၏ အမြတ်ရသော ကုန်သွယ်မှုများမှ သင့်အတွက် ကော်မရှင်ကို သတ်မှတ်ရန် လိုအပ်ပါသည်။
- အကယ်၍ သင့်တွင် ပါတနာများ ရှိပါက၊ ပါတနာဝင်ငွေ၏ ရာခိုင်နှုန်းကိုလည်း သတ်မှတ်ပါ။
- ထို့နောက် သင်၏ ကုန်သွယ်မှုများကို ကူးယူရန် အနည်းဆုံးအပ်ငွေပမာဏကို သတ်မှတ်ပါ။ ဤ ရွေးချယ်မှုကို သတ်မှတ်ရာတွင် ကူးယူသူများသည် အတွေ့အကြုံနည်းပါးသူများ ဖြစ်လေ့ရှိသောကြောင့် ကူးယူခြင်း၏ ရှုပ်ထွေးသော အခြေအနေများကို အမြဲတစေ သဘောပေါက်နားလည်ခြင်း မရှိနိုင်ကြောင်းကို သတိပြုရပါမည်။
- အတိုင်းအတာများကို သတ်မှတ်ပြီးသောအခါ၊ slider အား ညာဘက်ကော်လံအတွင်းရှိ “Make available for copying” သို့ ရွှေ့ပါ။
- နောက်ဆုံးတွင် “Save” ခလုပ်ကို နှိပ်ပါ။
အတိုင်းအတာများကို သတ်မှတ်သိမ်းဆည်းပြီးသည့်အခါ၊ ကုန်သည်အဆင့်သတ်မှတ်ချက်တွင် သင်၏အကောင့် ပေါ်လာပါမည်။ သင်၏ ကိုယ်ပိုင်အမြတ်အပြင်၊ သင့်ထံမှ ကူးယူသော ရင်းနှီးမြှုပ်နှံသူများ၏ အမြတ်ရာခိုင်နှုန်းတခုကို အပိုဝင်ငွေအဖြစ် ရရှိမည် ဖြစ်ပါသည်။ ဤသည်မှာ Forex နယ်ပယ်အတွင်း ကျွမ်းကျင်သော ကုန်သည်များအတွက် ၎င်းတို့၏ ဝင်ငွေများကိုတိုးပွားစေသော နည်းလမ်းကောင်းတခုပင် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ သင်၏ ဆုံးရှုံးနိုင်ခြေကို ကန့်သတ်ရန်နှင့် ငွေကြေးများ လျင်မြန်စွာ ဆုံးရှုံးရခြင်းကို ရှောင်ရှားနိုင်ရန် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အထောက်အကူကိရိယာများ၏ ညွှန်ပြချက်များကို သတိပြုစောင့်ကြည့်ရန် အကြံပြုအပ်ပါသည်။
ကုန်သည်များ ဝင်ငွေပိုမိုရရှိသောပလပ်ဖောင်း
LiteFinance ၏ နည်းပညာမြင့် ECN ပလပ်ဖောင်းပေါ်တွင် ရောင်းဝယ်ဖောက်ကားပြီး စတင်ကုန်သွယ်သည့် ကုန်သည်များသည် သင့်ကုန်သွယ်မှုအား ကူးယူနိုင်စေရန် အကောင့်တစ်ခုဖွင့်ပါ။ ကော်ပီကုန်သွယ်မှုအတွက် ကော်မရှင်တစ်ခုရယူပြီး သင့်ဝင်ငွေကို မြှင့်တင်ပါ။
Forex swap free account
Swap-free Forex ကုန်သွယ်ရေးအကောင့်များသည် ရက်ကျော်ကြေး ပေးဆောင်ရန်မလိုသော အကောင့်များ ဖြစ်ကြပါသည်။ အဆိုပါအကောင့်များကို Islamic accounts ဟုလည်း ရည်ညွှန်းလေ့ရှိပြီး၊ မိမိတို့ ကိုးကွယ်ရာ ဘာသာ၏ စည်းမျဉ်းများကို လိုက်နာလိုသော ကုန်သည် များအတွက် သင့်တော်ပါသည်။
Islamic swap free အကောင့်များတွင် အတိုးနှုန်းပုံစံ ကော်မရှင် အဖိုးအခ တစုံတရာ ပါဝင်ခြင်း မရှိပါ။ အဘယ့်ကြောင့်ဆိုသော် အစ္စလာမ်ဘာသာရေးဥပဒေအရ မူစလင်များအား အတိုးနှုန်းပုံစံဖြင့် ဝင်ငွေလက်ခံရယူခြင်းမှ တားမြစ်ထားသောကြောင့်ဖြစ်ပါသည်။ ဤအကောင့်များသည် ၎င်းတို့အတွက် သီးသန့်ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်ပါသည်။
ယခုအခါ၊ မည်သူမဆို Forex swap-free account ကို ဖွင့်နိုင်ပါသည်။ သို့သော် ထိုသို့လုပ်ဆောင်ရန်အတွက် သင်၏ အကျိုးဆောင် သို့မဟုတ် ကုန်သွယ်ရေးပလပ်ဖောင်းသို့ အထူးလျှောက်ထားချက်တခု တင်သွင်းရန် လိုအပ်ပါသည်။
အနှစ်ချုပ်
အနှစ်ချုပ်ရသော် ယနေ့ခေတ် Forex ဈေးကွက်တွင် မတူညီသော အကောင့်အမျိုးအစားများစွာ ရှိပါသည်။ ကုန်သည်တဦးသည် မည်သို့ကုန်သွယ်မည်၊ မည်သည်ကိုကုန်သွယ်မည် စသည်တို့အား အပြည့်အဝ လွပ်လပ်စွာ ရွေးချယ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အကောင့်တခုကို ရွေးချယ်ရာတွင် ကျွန်ုပ်သည် ရလာဒ်များအတွက် မည်မျှကြာကြာ စောင့်စားလိုပါသနည်း၊ မည်သည့် စွန့်စားမှုအတိုင်းအတာအထိ လက်သင့်ခံနိုင်ပါသနည်း – စသည့် ရိုးရှင်းသော မေးခွန်းအချို့အား သင့်ကိုယ်သင် မေးမြန်းကြည့်သင့်ပါသည်။ ဤမေးခွန်းများကို ဖြေဆိုပြီးသောအခါ မည်သည့်အကောင့်အမျိုးအစားသည် သင့်အတွက် အကောင်းဆုံးဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိမြင်လာပါလိမ့်မည်။
ကျွန်ုပ်အနေဖြင့်ဆိုရပါမူ ECN အကောင့်သည် မည်သည့်ကုန်သည်အတွက်မဆို စံပြရွေးချယ်မှုဖြစ်သည်ဟု ယုံကြည်ပါသည်။ အဆိုပါအကောင့်များသည် သင့်အား ငွေအရင်းအနှီးအနည်းငယ်ဖြင့် စတင်နိုင်ရန် ခွင့်ပြုပေးပြီး၊ သင်၏ ကုန်သွယ်ရေးတွင် အကျိုးဆောင်၏ အခန်းကဏ္ဍကို လျော့ချပေးပါသည်။ ထို့ကြောင့် “အကျိုးဆောင်မှ မရိုးဖြောင့်သော ဝန်ဆောင်မှုများ ပေးခဲ့လျှင်” စသဖြင့် မလိုလားအပ်သည့် မြင့်မားသော ဆုံးရှုံးနိုင်ခြေများမှ ရှောင်ရှားနိုင်ပါသည်။
Forex အကောင့်အမျိုးအစားများအတွက် - မေးလေ့မေးထရှိသော မေးခွန်းများနှင့် အဖြေများ
Forex အကောင့်တခု သို့မဟုတ် ပုံမှန် Forex ကုန်သွယ်ရေးအကောင့်တခုသည် သင့်အကျိုးဆောင်၏ ကိုယ်ပိုင်နေရာလွတ်တွင် ဖန်တီးထားသော အထူးပြုလုပ်ထားသည့် အကောင့်တခု ဖြစ်ပါသည်။ ၎င်းသို့ ငွေဖြည့်သွင်းပြီးသောအခါ၊ ကုန်သည် သည် နိုင်ငံတကာငွေကြေးဈေးကွက်အတွင်း ကုန်သွယ်ခွင့်ကို ရရှိပါသည်။
Forex အကောင့်အမျိုးအစားသည် ကုန်သွယ်ရေးအကောင့်တခု၏ အတိုင်းအတာများကို အကဲဖြတ်သော စနစ်တခု ဖြစ်ပါသည်။ ၎င်းသည် ကုန်သည် များအတွက် Forex ဈေးကွက်အတွင်း ကုန်သွယ်ရန်နှင့် ဝင်ငွေရှာဖွေရန် အကောင်းဆုံး ရွေးချယ်မှုကို ခွင့်ပြုပေးပါသည်။ မတူညီသော Forex အကောင့်အမျိုးအစားများတွင် မတူညီသော အခွင့်အရေးများရှိကြပြီး၊ မတူညီသော ရည်မှန်းချက်များအတွက် ဖြည့်ဆည်းပေးကြပါသည်။
Forex ကုန်သွယ်ရေးအကောင့်တခုကိုဖွင့်ရန် သင်ရွေးချယ်ထားသော အကျိုးဆောင်၏ စာမျက်နှာတွင် မှတ်ပုံတင် စာရင်းပေးသွင်း၍ သင်ရွေးချယ်ထားသော ကုန်သွယ်ရေး အကောင့်အမျိုးအစားကို သင်၏ ကိုယ်ပိုင် cabinet တွင် ဖွင့်လှစ်ရပါမည်။ ပုံမှန်အားဖြင့် အကောင့်တခုဖွင့်ရန် မှတ်ပုံတင်လင့် သည် အကျိုးဆောင် ဝက်ဘ်ဆိုက်၏ ပင်မစာမျက်နှာတွင် တည်ရှိပါသည်။
Forex demo account တခုသည် Forex ဈေးကွက်အတွင်း မည်သို့ ကုန်သွယ်ရမည်ကို ဆုံးရှုံးနိုင်ခြေ စိုးစဉ်းမျှ မပါဝင်ပဲ လေ့လာသင်ယူရန် နည်းလမ်းတခု ဖြစ်ပါသည်။ Demo အကောင့်တခုတွင် ကုန်သွယ်ခြင်းသည် အိတ်ချိန်းနှင့် ကုန်သွယ်ရေးတာမီနယ်များပေါ်တွင် မည်သို့ အလုပ်လုပ်ရမည်ကို ဆုံးရှုံးမှုမရှိပဲ လေ့လာခြင်းဖြစ်သောကြောင့် ကုန်သည်များအတွက် အထူးအသုံးဝင်ပါသည်။ အခြားတနည်းဖြင့်ဆိုရသော်၊ ၎င်းသည် အကောင်းဆုံး လေ့ကျင့်ရေးအကောင့်တခု ဖြစ်ပါသည်။
Forex cent account သည် မပြောပလောက်သော 10 - 20 ဒေါ်လာခန့်ကို စွန့်စား၍ ငွေကြေးအစစ်ဖြင့် ကုန်သွယ်ရေး စတင်လုပ်ဆောင်ရန် ပထမဆုံး ခြေလှမ်းပင်ဖြစ်သည်။ Cent အကောင့်များသည် ကုန်သွယ်ရေးဗျူဟာများကို ငွေကြေးအစစ်ဖြင့် စမ်းသပ်လုပ်ဆောင်ရန်နှင့် ဒီမိုအကောင့်တခုမှ အကောင့်စစ်တခုသို့ ကူးပြောင်းရန် ကြားနေအဆင့်တခုအဖြစ် သင့်တော်ပါသည်။
Trading account သည် အကျိုးဆောင်ကုမ္ပဏီထံတွင် ကုန်သည် ၏ အမည်ဖြင့် ဖွင့်လှစ်ထားသော အကောင့်တခု ဖြစ်ပါသည်။ ကုန်သွယ်ရေးပစွည်းများ ဝယ်ယူရန်နှင့် ရောင်းချရန်အတွက် လိုအပ်သော ကုန်သည် ၏ ငွေကြေးအစစ်များကို ၎င်းအကောင့်တွင် သိမ်းဆည်းထားပါသည်။ ကုန်သည်များအတွက် အကောင့်အမျိုးအစားများစွာ ရရှိနိုင်ပါသည်။ ဥပမာ - အကြမ်းဖျင်း spread အကောင့်များ၊ ဒီမိုအကောင့်များ၊ swap free အကောင့်များ၊ standard အကောင့်များ စသည်တို့ ဖြစ်ကြပါသည်။
Micro နှင့် mini အကောင့်များနှင့် standard ECN သို့မဟုတ် classic ကုန်သွယ်ရေး အကောင့်များကြား အဓိကခြားနားချက်မှာ mini သို့မဟုတ် micro အကောင့်များ၏ ပမာဏလျော့ချထားသော ကုန်သွယ်ရေးစနစ်ပင် ဖြစ်ပါသည်။ Mini အကောင့်သည် ပမာဏအစစ်၏ 10% ကို အသုံးပြု၍၊ micro အကောင့်သည် ပမာဏအစစ်၏ 1% ကို အသုံးပြုပါသည်။
အကောင့်အမျိုးအစားသည် ကုန်သည်၏ ပန်းတိုင်နှင့် ရည်မှန်းချက်များအပေါ်တွင် မူတည်ပါသည်။ အကောင့်တခုကို ရွေးချယ်သောအခါ၊ သင်ရှာဖွေလိုသော ငွေပမာဏနှင့် သင်၏ ကုန်သွယ်ရေးဗျူဟာအပေါ် အာရုံစိုက်သင့်ပါသည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်သည် ဝင်ငွေများစွာ ရှာဖွေရန် ဖြစ်ပါက၊ mini နှင့် micro အကောင့်များသည် သင့်အတွက် အလုပ်မဖြစ်နိုင်ပါ။ ယေဘုယျအားဖြင့် ECN အကောင့်တခုသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါသည်။
စတင်လေ့လာသူ ကုန်သည်အသစ်များအတွက် အဆင့်ပေါင်းများစွာတွင် လေ့ကျင့်လုပ်ဆောင်ခြင်း သည် အကောင်းဆုံး ဖြစ်ပါသည်။ ပထမဆုံးအဆင့်မှာ အရင်းအနှီးဆုံးရှုံးနိုင်ခြေမရှိသော demo အကောင့်တခုတွင် စတင်အလုပ်လုပ်ရန် ဖြစ်သည်။ demo ပြီးသည့်နောက် cent အကောင့်တခုသို့ ကူးပြောင်းနိုင်ပါသည်။ ထို့နောက် သင့်ထံတွင် အကျိုးအမြတ်ရရှိစေသော ဗျူဟာတခု ရှိလာသောအခါ ECN သို့မဟုတ် Classic အကောင့်တခုကို ဖွင့်ပါ။
ခေတ်မီ Forex အကျိုးတော်ဆောင်ကုမ္ပဏီတခု၏ ကုန်သည်တဦးသည် အကန့်အသတ်မရှိသော ကုန်သွယ်ရေးအကောင့်များကို ပိုင်ဆိုင်နိုင်ပါသည်။ ထို့အပြင် ကုန်သွယ်ရေးအကောင့် အမျိုးအစားကွဲများကို ဖန်တီးကာ တပြိုင်နက် ကုန်သွယ်နိုင်ပါသည်။
STP သည် Straight Through Processing ကို ကိုယ်စားပြုပါသည်။ ရိုးရှင်းသော အသုံးအနှုန်းဖြင့်ဆိုရသော် STP အကောင့်ဆိုသည်မှာ သင်၏ အော်ဒါများကို သင့်အကျိုးဆောင်၏ ပါတနာဖြစ်သော liquidity provider (ပုံမှန်အားဖြင့် ဘဏ်တခု သို့မဟုတ် ဘဏ်များစွာ) ထံသို့ တိုက်ရိုက်လွှဲပြောင်းခြင်း နည်းလမ်းတခု ဖြစ်ပါသည်။
ECN သည် ဈေးကွက်အတွင်း ကြားခံတခု၏ အခန်းကဏ္ဍကို လျော့ချပေးသည့် အီလက်ထရွန်းနစ် ကုန်သွယ်ရေးစနစ်ကိုအသုံးပြု၍ ကုန်သွယ်ခွင့်ပေးသော ကုန်သွယ်ရေးအကောင့်အမျိုးအစား ဖြစ်ပါသည်။ ECN ကုန်သွယ်ရေးအား ECN အကျိုးဆောင်မှတဆင့် ဆောင်ရွက်နိုင်ပါသည်။ ECN အကျိုးဆောင်သည် ၎င်း၏ ကုန်သည် များမှ ပြုလုပ်သော ကုန်သွယ်မှုများကို သေးငယ်သော ကော်မရှင်ခတခုကောက်ခံ၍ စနစ်အတွင်း ထည့်သွင်းပေးပါသည်။
Forex အကောင့်တခုဖွင့်ရန်အတွက် ငွေကြေးတစုံတရာ မလိုအပ်ပါ။ ကုန်သွယ်ရေး အကောင့်ဖွင့်လှစ်သော လုပ်ငန်းစဉ်သည် အခမဲ့ ဖြစ်ပါသည်။ အကောင့်ဖွင့်ပြီးနောက် သင်၏ ကိုယ်ပိုင်ဆန္ဒဖြင့် ငွေအပ်နှံနိုင်ပါသည်။ ငွေကြေးအစစ်ကို အပ်နှံရန် လုံးဝမလိုအပ်သော demo အကောင့်အမျိုးအစားများလည်း ရှိကြပါသည်။
ဤသည်မှာ swap ကောက်ခံခြင်း မပါဝင်သော အကောင့်အမျိုးအစားတခု ဖြစ်ပါသည်။ ၎င်းတွင် အတိုးနှုန်းပုံစံ ကော်မရှင်ခများ မပါဝင်ပါ။ ၎င်းတို့အား swap free အကောင့်များဟုလည်း ခေါ်ဆိုလေ့ရှိကြပါသည်။ သင်၏ အကျိုးဆောင်ထံသို့ လျှောက်ထားမှုပေးပို့ခြင်းအားဖြင့် Islamic အကောင့်တခု ဖွင့်လှစ်နိုင်ပါသည်။
ပုံမှန်အားဖြင့် ၎င်းနှင့်ပတ်သတ်၍ သင့်ထံတွင် ဝတ္တရားများ မရှိခြင်းကြောင့် Forex ကုန်သွယ်ရေးအကောင့်တခုကို ပိတ်ရန် မလိုအပ်ပါ။ မည်သို့ပင်ဖြစ်စေ အကယ်၍ သင်၏ကုန်သွယ်ရေးအကောင့်အား ပယ်ဖျက်လိုပါက၊ သင်၏ ကိုယ်ပိုင် cabinet မှတဆင့် သင်၏အကျိုးဆောင်ထံသို့ လျှောက်ထားနိုင်ပါသည်။
ECN and STP အကောင့်များသည် လွန်စွာဆင်တူပါသည်။ နှစ်မျိုးစလုံးတွင် ကုန်သွယ်မှုသည် တဖက်ကုန်သွယ်သူထံ တိုက်ရိုက်ရောက်ရှိပါသည်။ တခုတည်းသော ကွဲပြားချက်မှာ ECN အကောင့်တခုတွင် ကုန်သွယ်သောအခါ ECN စနစ်တွင် ပါဝင်သူအားလုံးသည် တဖက်ကုန်သွယ်သူအဖြစ် ဆောင်ရွက်ကြပါသည်။ STP တွင် တဖက်မှကုန်သွယ်သူသည် ဘဏ်တခု သို့မဟုတ် ဘဏ်များ ဖြစ်ကြပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။
















