ယနေ့ခေတ်တွင် မည်သူတဦးတယောက်မဆိုသည် ၎င်းတို့ စိတ်ဝင်စားသော မည်သည့်ကုမ္ပဏီစတော့ကိုမဆို စက္ကန့်အနည်းငယ်အတွင်း ဝယ်ယူနိုင်ကြပါသည်။ အကယ်၍ ဒါဇင်များစွာသော ကုမ္ပဏီတို့၏ အစုရှယ်ယာများကို ကုန်သွယ်မှုတခုတည်းဖြင့် ဝယ်ယူနိုင်ပါက မည်သို့ ဖြစ်မည်နည်း။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကုမ္ပဏီတခုတည်း၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းခြင်းနှင့် စပ်လျဉ်းသော ငွေကြေးဆုံးရှုံးမှုအလားအလာများကို လျှော့ချနိုင်မည် ဖြစ်ပါသည်။
၎င်းသည် စတော့ indexes များကို ဖန်တီးခဲ့ရခြင်း အကြောင်းရင်းပင် ဖြစ်ပါသည်။ Index များကို ကုန်သွယ်ခြင်းအားဖြင့် သင်သည် နယ်ပယ်တခုလုံး သို့မဟုတ် အကြောင်းအရာတခုခုအပေါ် အခြေခံ၍ စုစည်းထားသော ကုမ္ပဏီများ၏အစုအဝေးတခုတွင် ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်ပါသည်။ ဤဆောင်းပါးတွင်၊ ကျွန်ုပ်သည် စတော့ကုန်သွယ်ရေးရှိ index ဆိုသည်မှာ အဘယ်နည်း၊ စတော့အိတ်ချိန်းများတွင် ကုန်သွယ်နိုင်သော index များ၊ ၎င်းတို့၏ အလုပ်လုပ်ပုံနှင့်တကွ LiteFinance ဖြင့် စတော့ index ကုန်သွယ်ရေးဆောင်ရွက်ခြင်း၏ အင်္ဂါရပ်များအပါအဝင် အမြတ်ရရှိမှုအလားအလာ အမြင့်မားဆုံး ကုန်သွယ်ရေးဗျူဟာများကိုပါ စေ့စပ်သေချာစွာ သုံးသပ်ဖော်ပြထားပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
Stock Index တခု ဆိုသည်မှာ အဘယ်နည်း
စတော့ဈေးကွက် index များသည် ရွေးချယ်ထားသော စတော့များ သို့မဟုတ် အရင်းခံပိုင်ဆိုင်မှုများပါဝင်သော အုပ်စုတခုအတွက် လက်ရှိဈေးနှုန်း အပြောင်းအလဲများကို ညွှန်ပြသော momentum indicator တခု ဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုရသော်၊ index တခုသည် ဘုံအင်္ဂါရပ်အချို့ဖြင့် ပေါင်းစပ်သတ်မှတ်ထားသော စတော့အစုအဝေးတခု၏ ဈေးနှုန်းများအတွက် ပျမ်းမျှတန်ဖိုးကို ညွှန်ပြပါသည်။
စတော့ဈေးကွက် indices တွက်ချက်နည်းဗျူဟာသည် မတူညီသော ဖော်မြူလာများပေါ်တွင် အခြေခံသည်- ရိုးရှင်းသောဂဏန်းသင်္ချာနည်းဖြင့် သို့မဟုတ် စျေးနှုန်းများအပေါ် အခြေခံထားသော အစိတ်အပိုင်းတစ်ခု၊ ဆိုလိုသည်မှာ ကုမ္ပဏီ၏စတော့စျေးနှုန်း၏ ပျမ်းမျှဂဏန်းသင်္ချာပျမ်းမျှတွက်ဆချက်ဖြစ်သည်။ သို့သော်၊ ဖော်မြူလာအားလုံးကို လေ့လာရန် သို့မဟုတ် စတော့ indices တန်ဖိုးကို အလိုအလျောက် တွက်ချက်ထားသောကြောင့် ၎င်းတို့ကို စေ့စေ့စပ်စပ် နားလည်ရန် ကြိုးစားခြင်းသည် အဓိပ္ပာယ်မရှိပေ။
Index ဥပမာများ
မည်သည့်ဈေးကွက်တွင်မဆို index ရင်းနှီးမှု တခုတွင် ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အရေးကို ဖန်တီးပေးထားလေ့ ရှိပါသည်။ ကျွန်ုပ်သည် အမြင့်ဆုံး ဈေးကွက်အရင်းအနှီးရှိသော စတော့ index များကို အောက်ပါအတိုင်း အသေးစိတ် စာရင်းပြုစုပေးထားပါသည်။
Dow Jones
Index ကုန်သွယ်ရေး၏ ပျံ့နှံ့မှုသည် Dow Jones Industrial Average index (DJIA) ပေါ်ထွက်လာခြင်းနှင့် များစွာသက်ဆိုင်ပါသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးနှင့် အသုံးပြုမှုအများဆုံး indexes များမှ တခု ဖြစ်ပါသည်။ ၎င်းတွင် အမေရိကန်နိုင်ငံရှိ အကြီးဆုံးကုမ္ပဏီ ၃၀ တို့၏ စတော့များ ပါဝင်ပါသည်။
ကနဦးတွင်၊ Dow Jones သည် US ဘဏ္ဍာရေးဈေးကွက်တွင် ပါဝင်သော စက်မှုလုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို ကိုယ်စားပြုခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် IT နှင့် ဝန်ဆောင်မှုနယ်ပယ်တခုလုံး ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ DJI 30 သည် ယခုအခါ၌ စက်မှုနယ်ပယ်အတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်းနှင့် အနည်းငယ်သာလျှင် တူညီမှုရှိပါသည်။ လက်ရှိအချိန်၌ ၎င်းတွင် 3M၊ American Express၊ Amagen၊ Apple၊ Boeing၊ Caterpillar အစရှိသော ကုမ္ပဏီများ ပါဝင်ပါသည်။
ရှယ်ယာဈေးနှုန်းဖြင့်ချိန်တွယ်သော Dow Jones index အား New York Stock Exchange (NYSE) သို့မဟုတ် Nasdaq စတော့အိတ်ချိန်းများပေါ်တွင် ကုန်သွယ်ကြသော စတော့များဖြင့် ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် DJIA အား ကုန်သွယ်မှုပြုလုပ်ရန် အကောင်းဆုံးအချိန်မှာ အဆိုပါအိတ်ချိန်းနှစ်ခု အလုပ်လုပ်ချိန်ဖြစ်သော၊ တနင်္လာမှ သောကြာ - 9:30 မှ 16:00 EST အချိန်ပိုင်း ဖြစ်ပါသည်။
S&P 500
S&P 500 ဟု အများသိကြသော Standard & Poor's 500 Index သည် ဈေးကွက်အရင်းအနှီးဖြင့် ချိန်တွယ်သော index တခုဖြစ်ပြီး၊ ၎င်းတွင် ထိပ်တန်းကုမ္ပဏီ ၅၀၀ ၏ ရှယ်ယာများ ပါဝင်ပါသည်။ ဤ index အား ၎င်း၏စာရင်းတွင်ပါဝင်သော ကုမ္ပဏီများ၏ ပျမ်းမျှဈေးကွက်အရင်းအနှီးအပေါ်တွင် အခြေခံ၍ တွက်ချက်ပါသည်။ ထို့ကြောင့် Index တွင် ပါဝင်သော စတော့တခုစီတိုင်းသည် index ၏ စုစုပေါင်း ဈေးကွက်အရင်းအနှီးကို အချိုးကျ ကိုယ်စားပြုပါသည်။
S&P 500 ၏ အင်္ဂါရပ်များတွင် တန်ဖိုးမြင့်မားခြင်းသည်လည်း တခုအပါအဝင်ဖြစ်ပါသည်။ ထို့ကြောင့် leverage ကုန်သွယ်ရေးကို အသုံးပြုသော သို့မဟုတ် အပ်ငွေပမာဏကြီးမားသော ကုန်သည်များ(စတော့နှင့် futures ကုန်သည်များ)သာလျှင် စာချုပ်များကို ဝယ်ယူနိုင်ကြပါသည်။ ဤ index အား NYSE နှင့် Chicago Stock Exchange တွင် စာရင်းသွင်းထားပါသည်။ သို့သော် အဆိုပါ အိတ်ချိန်းများ ပိတ်သိမ်းပြီးချိန်တွင်လည်း SP500 ကို ကုန်သွယ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ထိုသို့လုပ်ဆောင်ချိန်၌ S&P 500 ၏ ဈေးနှုန်းခန့်မှန်းကုန်သွယ်ခြင်းဆိုင်ရာ liquidity သည် သိသိသာသာ လျော့နည်းသွားမည် ဖြစ်ပါသည်။
ETFs များကိုလည်း ကုန်သွယ်၍ ရနိုင်ပါသည်။ ETFs ဆိုသည်မှာ မူလ ဈေးကွက်အရင်းအနှီးဖြင့် ချိန်တွယ်သော market-cap weighted index ၏ ရွေ့လျားမှုအတိုင်း ထပ်တူလိုက်ပါရွေ့လျားသော်လည်း ဈေးကွက်ပေါက်ဈေး ပိုမိုနိမ့်ပါးသော derivative ကုန်သွယ်ရေးကိရိယာတခု ဖြစ်ပါသည်။
NASDAQ
၎င်းသည် နယ်ပယ်စုံအခြေခံသော broad-based index တခု ဖြစ်ပါသည်။ အမှန်စင်စစ် NASDAQ indexes သုံးမျိုးရှိပါသည်။
- NASDAQ - ဤသည်မှာ ရေပန်းအစားဆုံး တခုဖြစ်ပါသည်။ ၎င်းတွင် ကုမ္ပဏီပေါင်း ၂၅၀၀ ကျော် ပါဝင်ပါသည်။
- NASDAQ 100 သည် ဈေးကွက်အရင်းအနှီးဖြင့် ချိန်တွယ်သော market-capitalization-weighted index တခုဖြစ်ပြီး အရင်းအနှီးအကြီးမားဆုံးသော အဆင့်မြင့်နည်းပညာကုမ္ပဏီပေါင်း ၁၀၀ ခန့်၏ အစုရှယ်ယာများ ပါဝင်ပါသည်။
- NASDAQ Biotechnology သည် အကြီးဆုံးဇီဝနည်းပညာနှင့် ဆေးဝါးကုမ္ပဏီများဖြင့် ဖွဲ့စည်းထားသော စတော့ဈေးကွက် indexes များမှ တခုဖြစ်ပါသည်။
Nasdaq (IXIC) ရှယ်ယာများကို ကုန်သွယ်ရန်အတွက် အကောင်းဆုံးအချိန်မှာ 9:30 am မှ 4:00 pm (GMT-5) အချိန်အပိုင်းအခြား ဖြစ်ပါသည်။ ဤ index တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များအနက် အထင်ရှားဆုံး အချက်တခုမှာ NQ100 တွင် ပါဝင်သော ကုမ္ပဏီများသည် ဖြစ်လေ့ဖြစ်ထရှိသော (စီးပွားရေးသတင်းများ၊ နိုင်ငံရေးအကြောင်းအရာများ၊ ကုမ္ပဏီများ၏ ဝင်ငွေအစီရင်ခံစာများ၊ ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်အားထက်သန်မှု အစရှိသော) စီးပွားရေးအခြေခံအကြောင်းတရားများ အပေါ် မှီခိုမှုအားနည်းခြင်းပင် ဖြစ်ပါသည်။ ထိုအစား၊ NASDAQ နှုန်းထားများအပေါ် ကြီးမားစွာလွှမ်းမိုးသော အကြောင်းအရာမှာ အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ သတင်းများပင် ဖြစ်ပါသည်။
FTSE
FTSE 100 Index သည် UK တွင် အထင်ရှားဆုံး index တခု ဖြစ်ပါသည်။ ၎င်းသည် ဈေးကွက်အရင်းအနှီးဖြင့် ချိန်တွယ်သော index တခုဖြစ်ကာ၊ ၎င်းတွင် UK မှ ထိပ်တန်းကုမ္ပဏီပေါင်း ၁၀၀ ခန့် ပါဝင်ပါသည်။ ၎င်းအား London Stock Exchange ပေါ်တွင် ကုန်သွယ်ပါသည်။
FTSE 100 အား ကုန်သွယ်မှုပြုလုပ်ရန် အကောင်းဆုံး အချိန်မှာ London Exchange ၏ အလုပ်ချိန်ဖြစ်သော 8:00 မှ 16.30 ကြားဖြစ်ပါသည်။ ၎င်းသည် စွယ်စုံကုန်သွယ်သော index အမျိုးအစားဖြစ်ပါသည်။ ၎င်းအား ကုန်သွယ်ရာ၌ စတော့များ၊ options များ၊ ETFs များ၊ CFDs ကုန်သွယ်မှု ၊ index futures (futures contracts) နှင့် အခြားသော ကုန်သွယ်ရေးကိရိယာအမျိုးအစားအားလုံးကို အသုံးပြုနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု(ဇယားပုံစံများ၊ indicators များ)၊ နည်းပညာဆိုင်ရာ indicators များ နှင့် စီးပွားရေးအခြေခံအကြောင်းအရာများ (နိုင်ငံရေး၊ စီးပွားရေး ရှုမြင်ချက်များ)အပေါ် အခြေခံကာ index ကုန်သွယ်ရေး ဆုံးဖြတ်ချက်များကို ပြုလုပ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ CFDs ကုန်သွယ်ရေးသည် ငွေကြေးများလျင်မြန်စွာဆုံးရှုံးနိုင်သော အန္တရာယ်နှင့် ယှဉ်တွဲလျက်ရှိသောကြောင့် လုံလောက်သော ကုန်သွယ်ရေးဗဟုသုတနှင့် ကာလရှည် ဈေးကွက် ရှုမြင်သုံးသပ်ချက်များကို နားလည်သဘောပေါက်ခြင်း မရှိပါက ဆုံးရှုံးနိုင်ခြေ အထူးသဖြင့် မြင့်မားပါသည်
FDAX
အခြားသော ဥရောပ index တခုမှာ FDAX 40 (former DAX30) ဖြစ်ပါသည်။ ၎င်းတွင် ထိပ်တန်းဂျာမန်ကုမ္ပဏီ ၄၀ နှင့်တကွ ၎င်းတို့၏ အမြတ်ခွဲဝေမှုများ ပါဝင်ပါသည်။ အရင်းခံပိုင်ဆိုင်မှု အမျိုးအစားများ ကွဲပြားခြင်းကြောင့် ၎င်းသည် liquidity လွန်စွာမြင့်မားကာ ရင်းနှီးမြှုပ်နှံသူများစွာကို ဆွဲဆောင်နိုင်ပါသည်။ DAX အတွက် အကောင်းဆုံး ကုန်သွယ်ရန်အချိန်မှာ တနင်္လာ မှ သောကြာ - 09:00 မှ 23:00 EET အချိန်အပိုင်းအခြား ဖြစ်ပါသည်။
ASX200
S&P/ASX200 သည် ဩစတေးလျ ဘဏ္ဍာရေးဈေးကွက်များအတွက် စံသတ်မှတ်ထားသော index ဖြစ်ပါသည်။ ၎င်းအား တန်ဖိုးအလိုက်ချိန်တွယ်ခြင်း နည်းလမ်းအပေါ် အခြေခံတွက်ချက်ကာ၊ ဩစတေးလျ၏ အကြီးဆုံးကုမ္ပဏီပေါင်း ၂၀၀ ခန့်ဖြင့် ဖွဲ့စည်းထားပါသည်။ အခြားသော အဓိက indexes များနည်းတူ၊ ASX200 သည်လည်း liquidity မြင့်မားပါသည်။ အကောင်းဆုံး ကုန်သွယ်ရေးအချိန်ပိုင်းမှာ Australian Securities Exchange ၏ အလုပ်ချိန်ဖြစ်သော 10:00-16:00 (GMT+10) ဖြစ်ပါသည်။
HK50
HK50 (Hong Kong 50) သည် Stock Exchange of Hong Kong (ဟောင်ကောင်စတော့အိတ်ချိန်း)တွင် ကုန်သွယ်သော index တခု ဖြစ်ပါသည်။ ကျွမ်းကျင်သူအများစုမှ ၎င်းအား တိကျမှုအရှိဆုံး စတော့ကုန်သွယ်ရေးညွှန်ပြချက်တခုအဖြစ် ယူဆကြလေ့ရှိသည်။ ၎င်း၏တန်ဖိုးအား အရှေ့တောင်အာရှ၏ မတူညီသော နယ်ပယ် ၁၂ ခုမှ အကြီးဆုံး ကုမ္ပဏီကြီးများ၏ ဈေးကွက်အရင်းအနှီးအပေါ်အခြေခံ၍ တွက်ချက်ပါသည်။
HK50 ၏ ဈေးနှုန်းခန့်မှန်းမှု တန်ဖိုးသည် ကုန်သည်များအား အထူးဆွဲဆောင်ပါသည်။ ကုန်သွယ်ရန်အကောင်းဆုံးအချိန်မှာ 9:00 - 16:00 (GMT+4) ဖြစ်ပါသည်။
Japan225
Japan 225 အား Nikkei 225 သို့မဟုတ် Nikkei ဟု လူသိများပါသည်။ ရှယ်ယာဈေးနှုန်းဖြင့်ချိန်တွယ်သော price-weighted index အမျိုးအစားဖြစ်ပြီး၊ Tokyo Stock Exchange တွင် ကုန်သွယ်ကြသော ဂျပန်ပြည်၏ အကြီးဆုံးကုမ္ပဏီ ၂၂၅ ခုခန့်ပါဝင်သော index တခုဖြစ်ပါသည်။ အတွေအကြုံရင့်ကျက်သော ကုန်သည်များသည် အချိန်ဘောင်အားလုံးနီးပါးအတွင်း Nikkei 225 ဇယားနှင့် DJIA တို့၏ နီးစပ်သောဆက်နွယ်မှုကို သတိပြုမိကြသည်။ ၎င်းသည် မကြာခဏဆိုသလို Dow Jones ၏ နေ့စဉ်ရွေ့လျားမှုများအတိုင်း အချိန်အနည်းငယ်နောက်ကျ၍ ထပ်တူရွေ့လျားလေ့ရှိပါသည်။ ကုန်သွယ်ရန် အကောင်းဆုံး အချိန်ပိုင်းမှာ Tokyo Stock Exchange အလုပ်ချိန်ဖြစ်သော 9:00 မှ 15:15 (GMT + 9) အတွင်းဖြစ်ပါသည်။
စတော့ Index တခုအား မည်သို့ တွက်ချက်ပါသနည်း။
အကယ်၍ ကုမ္ပဏီများသည် ၎င်းတို့၏ စတော့များကို အိတ်ချိန်းတခုတည်းတွင် ကုန်သွယ်ကြ၍ ၎င်းတို့တွင် တူညီသောဘုံဈေးကွက်တခု ရှိစေကာမူ (ဥပမာ - Euronext NV) ၎င်းတို့အား ဈေးကွက် index တခုအဖြစ် ပေါင်းစပ်ရန် မလွယ်ကူလှပါ။ အနည်းဆုံးအားဖြင့် ကုမ္ပဏီများသည် ထုတ်ဝေသော စတော့ရှယ်ယာ အရေအတွက်ချင်း မတူညီကြ၍ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် အရိုးရှင်းဆုံး သင်္ချာပျမ်းမျှ တွက်ကိန်းအပေါ်သာလျှင် အခြေခံ၍ အခြေအနေအလိုက် ရွေးချယ်သော passive index အမျိုးအစားကို ဖယ်ထုတ်လိုက်ပါက အဆိုပါ အကြောင်းရင်းသည် မှန်ကန်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ၊ NYSE၊ Nasdaq နှင့် အခြားအိတ်ချိန်းများတွင် ကုန်သွယ်ကြသော indexes များသည် ပိုမိုရှုပ်ထွေးသော ဖော်မြူလာများကို အသုံးပြုကြပါသည်။ အလေးချိန်သတ်မှတ်ခြင်း အမျိုးအစားအပေါ်မူတည်၍ စတော့ indexes များကို သုံးမျိုးခွဲခြားနိုင်ပါသည်။
- Market-capitalization-weighted index၊
- Price-weighted-index index၊
- Equal-weighted index
ပို၍အဆင့်မြင့်သော smart beta index အစရှိသဖြင့်၊ ဈေးကွက်အရင်းအနှီးအပေါ် အခြေခံသည့် ထုံးတမ်းစဉ်လာများမှ ခွဲထွက်ကာ၊ အလေးချိန်ဖွဲ့စည်းမှုတွင် မတူညီသည့် index တည်ဆောက်မှု စည်းမျဉ်းများကို အသုံးပြုသော အခြား indexes အမျိုးအစားများလည်း ရှိနိုင်ပါသည်။ Beta ၏ အမှတ်ပေးဖော်မြူလာသည် ဈေးနှုန်းမပါဝင်သော အတိုင်းအတာများကို အသုံးပြုပါသည်။ ဥပမာအားဖြင့် မတည်ငြိမ်မှု၊ အမြတ်အစွန်းများ၊ အမြတ်ဝေစုများနှင့် ငွေသားစီးဆင်းမှု အစရှိသည့်အချက်များ ဖြစ်ကြပါသည်။
Market cap weighted
ဈေးကွက်အရင်းအနှီးအပေါ်အခြေခံသော index (market cap weighted index) တခုသည် စတော့အရင်းခံ ဈေးကွက် index တခုဖြစ်ပါသည်။ Index တွင် ပါဝင်သော စတော့တခုစီတိုင်းသည် index ၏တန်ဖိုးအပေါ် ၎င်းတို့၏ စုစုပေါင်းဈေးကွက်အရင်းအနှီးပမာဏအတိုင်း အချိုးကျ သက်ရောက်ပါသည်။ အရင်းအနှီး ကြီးမားသော ကုမ္ပဏီတခုသည် index တန်ဖိုးအပေါ် သက်ရောက်မှု ပိုမိုမြင့်မားပါသည်။ အလားတူပင် အရင်းအနှီးပမာဏဖြင့်ချိန်တွယ်သော index တခုတွင် အရင်းအနှီးပမာဏ အလတ်စားနှင့် အသေးစားရှိသော ကုမ္ပဏီများ၏ စွမ်းဆောင်ရည်သည် index တခုလုံး၏ တန်ဖိုးအပေါ် သက်ရောက်မှု နည်းပါးပါသည်။
Price weighted
ဈေးနှုန်းအပေါ်အခြေခံ၍ ချိန်တွယ်သော price-weighted stock index တခုတွင် ကုမ္ပဏီ စတော့တခုစီတိုင်း အား ၎င်းတို့၏ ရှယ်ယာဈေးနှုန်းဖြင့် ချိန်တွယ်တိုင်းတာကာ၊ index တန်ဖိုးသည် ကုမ္ပဏီအားလုံး၏ ရှယ်ယာဈေးနှုန်းများ၏ ပျမ်းမျှခြင်းဖြစ်ပါသည်။ ဈေးနှုန်းဖြင့် ချိန်တွယ်သော index များသည် ရှယ်ယာဈေးနှုန်း မြင့်မားသည့် စတော့များအား ပိုမြင့်သောအလေးချိန်ကို ပေးပါသည်။ ထို့ကြောင့် ဈေးနှုန်းကြီးမြင့်သော စတော့များကို ပိုင်ဆိုင်သည့် ကုမ္ပဏီများသည် စတော့ index တန်ဖိုးအပေါ် အကျိုးသက်ရောက်မှု ပိုမိုမြင့်မားပါသည်။
Equal-weight
Equal weight သည် ဈေးကွက်အရင်းအနှီးဖြင့်ချိန်တွယ်ခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ Indexes များနှင့် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအများစုသည် ဤနည်းလမ်းကို အများဆုံး အသုံးပြုကြပါသည်။ Equal weight သည် ကုမ္ပဏီအရွယ်အစား သို့မဟုတ် ရှယ်ယာဈေးနှုန်းများကို ထည့်သွင်းစဉ်းစားခြင်းမရှိပဲ၊ ရင်းနှီးမြှုပ်နှံမှုအစုအဝေး သို့မဟုတ် index တခုတွင် ပါဝင်သော စတော့တခုချင်းစီအား ညီမျှသော အရေးပါမှုကို ပေးပါသည်။
Indices များကို မည်သို့ ကုန်သွယ်ရမည်နည်း
စတော့ indexes များသည် ပင်ကိုယ်အားဖြင့် ကုန်သွယ်ရေးပိုင်ဆိုင်မှုများ မဟုတ်ကြပါ။ ထို့ကြောင့် indexes များကို ကုန်သွယ်ရန်အတွက် futures သို့မဟုတ် options စာချုပ်များကဲ့သို့သော ကုန်သွယ်ရေး derivatives များကို အသုံးပြုကြရပါသည်။ ၎င်းတို့သည် လက်ရောက်ပေးပို့ခြင်း အခွင့်အရေးများ မပါဝင်ပဲ၊ ငွေသားသီးသန့်ဖြင့်သာ စာရင်းရှင်းလင်းသော ဘဏ္ဍာရေး derivative များဖြစ်ကြပါသည် (ဥပမာအားဖြင့် စွမ်းအင် index futuresများ) ။ ထို့ကြောင့် index futures များကို ဝယ်ယူပြီးသောအခါ၊ index တွင် ပါဝင်သော ကုမ္ပဏီများ၏ ရှယ်ယာများကို ပိုင်ဆိုင်နိုင်သော အခွင့်အရေးကို မရရှိပါ။
Index futures များကို ကုန်သွယ်ရန်အတွက် နောက်ထပ်နည်းလမ်းတခုမှာ ETFs ရှယ်ယာများကို ဝယ်ယူခြင်း ဖြစ်ပါသည်။ အဆိုပါ index ရန်ပုံငွေတခုကို mutual fund ဟု ခေါ်ပါသည်။ အများပိုင်ကုမ္ပဏီတခုသည် ရေပန်းစားသော စတော့ဈေးကွက် indices များ၏ စတော့ရှယ်ယာများကို ဝယ်ယူကာ၊ ရှယ်ယာများကို ETFs ပိုင်ဆိုင်မှုများအဖြစ် ပြန်လည်ထုတ်ဝေခြင်း ဖြစ်ပါသည်။
ETFs ရှယ်ယာများကို အကျိုးဆောင်မှတဆင့် ကုန်သွယ်ရန် အတော်အသင့်သေးငယ်သော ငွေပမာဏကိုသာ ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါသည်။ ငွေအစုအဝေးများတွင် ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် ETFs ကုန်သွယ်ရေးတွင် ကုန်သည်တဦးသည် scalping မှစ၍ swing trading အထိ မည်သည့်ကုန်သွယ်ရေးဗျူဟာကိုမဆို အသုံးပြုနိုင်ပါသည်။
MT4 တွင် indices များကို ကုန်သွယ်ခြင်း
MT4 သို့မဟုတ် MT5 ပလပ်ဖောင်းများတွင် index ကို ကုန်သွယ်ရန်အတွက် ရိုးရှင်းသော အဆင့်အချို့ကို လိုက်နာပါ။
အဆင့် ၁။ အကောင့်တခုဖွင့်ပါ။
ပထမဦးစွာ၊ www.litefinance.org ဝက်ဘ်ဆိုက်ပေါ်တွင် အကောင့်တခုအတွက် စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ Registration ခလုပ်ကိုနှိပ်၍ ညွှန်ကြားချက်ကို လိုက်နာပါ။ အကောင့်တခုဖွင့်ရန်အတွက် အချိန်နှစ်မိနစ် ကြာမြင့်နိုင်ပါသည်။
အဆင့် ၂။ အပ်နှံငွေဖြည့်သွင်းပါ။
မှတ်ပုံတင်စာရင်းသွင်းပြီးသောအခါ သင်၏အမည်ဖြင့် log in ပြုလုပ်ကာ၊ ဘယ်ဘက်ရှိ FINANCE ခလုပ်ကို နှိပ်ပါ။
ပွင့်လာသော ဝင်းဒိုးတွင် “Deposit” ခေါင်းစဉ်အောက်၌ ငွေပေးချေမှုစနစ်ကို ရွေးချယ်ပါ။ ငွေကြေးစနစ်နှင့် ငွေပမာဏကို ဖြည့်သွင်းပါ။ ထို့နောက် “Continue” ခလုပ်ကို နှိပ်ပါ။ အနည်းဆုံး အပ်နှံနိုင်သော ငွေပမာဏမှာ 10 USD ဖြစ်ပါသည်။ LiteFinance တွင် ဘဏ်ငွေလွှဲခြင်း၊ အီလက်ထရွန်းနစ်ငွေပေးချေမှုစနစ် အစရှိသည့် နိုင်ငံတကာစနစ်များကို အသုံးပြုနိုင်ပါသည်။ ထို့နောက် သင့်အနေဖြင့် ငွေပေးချေမှုကို အတည်ပြုရန် လိုအပ်ပါသည်။ ပြီးလျှင် သင်၏အကောင့်သို့ ငွေများကို ထည့်သွင်းပြီးသည်အထိ စောင့်ဆိုင်းပါ။ ပုံမှန်အားဖြင့် ဤလုပ်ငန်းစဉ်သည် ချက်ချင်းပြီးမြောက်လေ့ရှိပါသည်။
အဆင့် ၃။ တာမီနယ်ကို ဒေါင်းလုပ်ဒ်ပြုလုပ်ပါ
METATRADER ခလုပ်ကို ရွေးချယ်၍ DOWNLOAD TERMINAL ပေါ်တွင် ကလစ်နှိပ်ပါ။ တာမီနယ်ကို ဒေါင်းလုပ်ဒ်ပြုလုပ်ပြီးသောအခါ၊ MT4 ကို ထည့်သွင်း၍ ၎င်းကို သင်၏ကုန်သွယ်ရေးအကောင့်သို့ ချိတ်ဆက်ပါ။
အဆင့် ၄။ Indices ဈေးကွက်ကို ဖွင့်ပါ။
MetaTrader ကိုဖွင့်၍ Index ကုန်သွယ်ရေးပြုလုပ်မည့် အကောင့်တခုကို ၎င်းနှင့် ချိတ်ဆက်ပါ။ ထိုသို့လုပ်ဆောင်ရန် ကုန်သည်၏ login နှင့် စကားဝှက်ကို ဖြည့်၍ သင့်တော်သောဆာဗာကို ရွေးချယ်ပါ။ သင်၏ကုန်သွယ်ရေးအကောင့်ကို ဖွင့်လှစ်ပြီးသည်နှင့် သင်၏အီးမေးလ်တွင် ၎င်းနှင့်စပ်လျဉ်းသော သတင်းအချက်အလက်အားလုံးကို ရရှိလိမ့်မည်ဖြစ်သည်။ ထို့အပြင် LiteFinance ဝဘ်ဆိုက်ပေါ်မှ METATRADER ခေါင်းစဉ်အောက်တွင်လည်း ဤသတင်းအချက်အလက်များကို ကြည့်ရှုနိုင်ပါသည်။
ထိပ်ဆုံးမီနူးမှ View ခလုပ်ကိုနှိပ်၍ ‘Symbols’ ကို ရွေးချယ်ပါ။
ထိုနေရာတွင်၊ ရရှိနိုင်သော ကုန်သွယ်ရေးပစ္စည်း အမျိုးအစားများကို တွေ့မြင်ရပါမည်။ သို့သော် ၎င်းတို့အနက် အများစုမှာ အလုပ်မလုပ်ပါ။ စတော့ index များကို ကုန်သွယ်ရန် Major Indices ခလုပ်ကိုဖွင့်၍ လိုအပ်သော အမျိုးအစား၏ သင်္ကေတပေါ်တွင် ကလစ်နှိပ်ပါ။ ထိုကုန်သွယ်ရေးပစ္စည်း အလုပ်လုပ်ရန်အသင့်ဖြစ်လျှင် သင်္ကေတသည် အဝါရောင်ပြောင်းသွားပါလိမ့်မည်။ လိုအပ်သော ကုန်သွယ်ရေးအမျိုးအစားအားလုံးကို ဖွင့်ထားပြီးသောအခါ၊ Close ခလုပ်ကိုနှိပ်၍ ဝင်းဒိုးကို ပိတ်ပါ။
ယခုအခါ Market Watch ခလုပ်တွင် Indices များကို မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ မည်သည့်ကုန်သွယ်ရေးအမျိုးအစား၏ ကုန်သွယ်ရေးဇယားကိုမဆို ဖွင့်နိုင်ပြီဖြစ်သည်။
အဆင့် ၅။ ကုန်သွယ်ခြင်း
လိုအပ်သော ကုန်သွယ်ရေးကိရိယာ၏ ဇယားကို ဖွင့်ရန်၊ Market Watch ဝင်းဒိုးအတွင်းရှိ ၎င်း၏ သင်္ကေတပေါ်တွင် right-click နှိပ်၍ ပေါ်လာသော အကြောင်းအရာမီနူးတွင် Chart Window ကိုရွေးချယ်ပါ။ ထိုမီနူးတွင် New Order ကိုလည်း ရွေးချယ်နိုင်ပါသည်။ New Order ပေါ်တွင် ကလစ်နှိပ်လိုက်လျှင် အဆင့်မြင့်ဆက်တင်များနှင့်အတူ အော်ဒါချမှတ်ရန် ဝင်းဒိုးတခု ပေါ်ပေါက်လာပါမည်။
ဘယ်ဘက်အပေါ်ထောင့်တွင် အဝယ်နှင့် အရောင်းကုန်သွယ်မှုများကို ချက်ချင်းဖွင့်လှစ်နိုင်ရန် Buy နှင့် Sell ခလုပ်များ ရှိပါသည်။ စတော့ index များကို ကုန်သွယ်ရန်အတွက် ရေပန်းစားသော ဗျူဟာအချို့ကို အောက်တွင် ရေးသားဖော်ပြပေးထားပါသည်။
ရေပန်းစားသော Indices ကုန်သွယ်ရေးဗျူဟာများ
Underlying market indexes များအကြောင်းကို ရှင်းပြခဲ့ပြီးဖြစ်၍၊ ယခုအခါ လက်တွေ့လေ့ကျင့်ရန် အချိန်ရောက်ပြီ ဖြစ်သည်။ ကုန်သွယ်ရေးကိရိယာအားလုံးတို့သည် ဇယားများအတွင်း နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု pattern များကို ရေးဆွဲကာ အခြေခံပိုင်းအကြောင်းအရာများ၏ သက်ရောက်မှုကို ခံစားကြရသည်။ ထို့ကြောင့် Indices ကုန်သွယ်ရေးသည် အခြား Forex ပိုင်ဆိုင်မှုများကို ကုန်သွယ်ခြင်းနှင့် ဆင်တူပါသည်။
ကုန်သွယ်မှုများ ဖွင့်လှစ်ရန်အတွက် အောင်မြင်သော index ကုန်သွယ်ရေးဗျူဟာများအကြောင်းကို ထပ်မံဖော်ပြပေးသွားပါမည်။ စတော့အိတ်ချိန်းများ၏ အလုပ်ချိန်များကိုလည်း ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးပါသည်။ စတော့ indexes များသည် ပတ်ဝန်းကျင်အသစ်အပေါ် တုံ့ပြန်လွယ်သော သဘောရှိပါသည်။ အိတ်ချိန်းစတင်ပြီး ပထမဆုံးနာရီဝက်နှင့် မပိတ်သိမ်းမီ နောက်ဆုံးနာရီဝက်တွင် ကုန်သွယ်မှုမဖွင့်သင့်ပါ။ တနေ့တာ၏ အဆုံးတွင် ကုန်သွယ်မှုအားလုံးကို ပိတ်သိမ်းရန်လည်း အကြံပြုလိုပါသည်။
နည်းပညာပိုင်းဆိုင်ရာ ဇယားပုံစံများဖြင့် ကုန်သွယ်ခြင်း
ဤနည်းဗျူဟာသည် မည်သည့် timeframe ၊ မည်သည့်ကုန်သွယ်ဟန်ပန်ဖြင့်မဆို အလုပ်လုပ်ပါသည်။ စတော့ဇယားပုံစံများဖြင့် ကုန်သွယ်ခြင်းသည် ဇယားအတွင်း Flag၊ Pennant၊ Head and Shoulders နှင့် အခြားသော ဈေးနှုန်းလှုပ်ရှားမှုပုံစံများကို ရှာဖွေရခြင်းဖြစ်ပါသည်။ ဈေးနှုန်းဇယားပုံစံများအတွက် ပြည့်စုံမှုအရှိဆုံး စာရင်းကို “ထိရောက်မှုအရှိဆုံး patterns များ - လမ်းညွှန်ချက်အပြည့်အစုံ” ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။ ဈေးနှုန်းသည် ထို Pattern တခုကို ဖောက်ထွက်သွားသောအခါ ၎င်းသည် အဝင်အချက်ပြမှုဖြစ်ပါသည်။ ဈေးနှုန်းသည် အရေးပါသော Support သို့မဟုတ် Resistance level သို့ ရောက်ရှိသောအခါ၊ ၎င်းသည် အထွက်အချက်ပြမှုဖြစ်ပါသည်။
FDAX ဇယားတွင် Double Bottom ပုံစံအား ပန်းခရမ်းရောင်မျဉ်းဖြင့် အမှတ်အသားပြုထားပါသည်။ Pattern စတင်ပေါ်ပေါက်လာသောအခါ၊ ဈေးနှုန်းသည် pattern ၏ အမြင့်ဆုံးအမှတ်ကို ကျော်လွန်သွားသည့်အချိန်၌ အဝယ်ကုန်သွယ်မှုတခုကို ဖွင့်သင့်ပါသည်။ ဇယားအတွင်း အဝင် level အား အပြာရောင်မျဉ်းဖြင့် ပြသထားပါသည်။ Stop-loss အား လက်ရှိနှင့်အနီးစပ်ဆုံး အနိမ့်ဆုံးတန်ဖိုးအောက်မှ အနည်းငယ် ပိုနိမ့်သောပွိုင့်တွင် သတ်မှတ်ကာ၊ trailing stop ကို ဖွင့်ထားပါသည်။
တိုးတက်သောရွေ့လျားမှု bullish အတွက် အနီးစပ်ဆုံး ပစ်မှတ်မှာ 13900-14100 USD ကြားတွင်ရှိသော resistance ဇုန်ဖြစ်ပါသည်။ ဈေးနှုန်းသည် ၎င်းအားဖောက်ထွက်ရန် ခဲယဉ်းပါသည်။ အဆိုပါဇုန်၏ အောက်နယ်နိမိတ်တွင် take-profit ကို သတ်မှတ်ပါသည်။ Take-profit သို့ ဈေးနှုန်းရောက်ရှိသောအခါ၊ ကုန်သွယ်မှုအား အမြတ်ဖြင့် အလိုအလျောက်ပိတ်သိမ်းမည် ဖြစ်ပါသည်။
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
Support နှင့် Resistance ဖြင့် ကုန်သွယ်ခြင်း
ကုန်သည်တဦးသည် ကုန်သွယ်ရက်တနေ့တာ၏ အဆုံးတိုင်းတွင် ရေပြင်ညီမျဉ်းနှစ်ကြောင်းကို ရေးဆွဲသင့်ပါသည်။ တနေ့တာ၏ အနိမ့်ဆုံးဈေးတန်းအနီးတွင် support level ကို ရေးဆွဲပါသည်။ Resistance level ကို အမြင့်ဆုံးဈေးတန်းအနီးတွင် ရေးဆွဲပါသည်။
ဤသည်မှာ intraday trading breakout strategy ဖြစ်ပါသည်။ ဈေးနှုန်းသည် အရေးပါသော levels များမှတခုကို ဖောက်ထွက်သွားပြီး၊ ၁၅ မိနစ် သို့မဟုတ် ၃၀ မိနစ် candlestick သည် level ကိုကျော်လွန်၍ ပိတ်သိမ်းသွားချိန်တွင် ကုန်သွယ်မှုကိုဖွင့်ပါ။ Take-profit အား အောက်ပါဖော်မြူလာအတိုင်း တွက်ချက်ပါသည်။
ဖောက်ထွက်သောဈေးနှုန်း (အဝယ်ကုန်သွယ်မှုတခုအတွက်) “+” သို့မဟုတ် (အရောင်းကုန်သွယ်မှုတခုအတွက်) “-” ATR/3 ၏ အကွာအဝေး
ဖောက်ထွက်သည့် candlestick ထက် အနည်းငယ် ပိုနိမ့်သော/ပိုမြင့်သော ဈေးတန်းတွင် Stop loss အား သတ်မှတ်၍ ပထမဆုံး အခွင့်အလမ်းပေါ်လာသည်နှင့် မျှခြေ level သို့ ရွှေ့ပါ။
အထက်ပါဇယားကို တချက်ကြည့်ကြပါစို့။ ဧပရယ်လ ၁၁ရက်တွင်၊ ဈေးနှုန်းသည် အနိမ့်ဆုံး 14058 နှင့် အမြင့်ဆုံး 14096 တန်ဖိုးများကို အသီးသီး ပြုလုပ်ခဲ့သည်။ အဆိုပါပွိုင့်များတလျှောက်တွင် support နှင့် resistance levels များကို ပန်းခရမ်းရောင်မျဉ်းဖြင့် ရေးဆွဲပါသည်။
ဧပရယ်လ ၁၂ ရက် 4:00 တွင်၊ အနီရောင် candlestick သည် support level အောက်တွင် ပိတ်သိမ်းသွားပါသည်။ ထို့ကြောင့် နောက်ထပ် candle ၏ အဖွင့်ဈေးတွင် အရောင်းကုန်သွယ်မှုတခုကို ဖွင့်ပါသည်။ ထိုအချိန်၌ ATR မှာ ၄၀ ပွိုင့်ဝန်းကျင်ဖြစ်ပါသည်။ Take-profit level ကို တွက်ချက်ကြည့်ပါစို့။
40/3=13.3 ပွိုင့်။
အဆိုပါပွိုင့်သည် အကျိုးဆောင်ထံတွင် 10 ticks ဖြစ်သောကြောင့် take-profit level သည် -
14058-13.3*10=13925 ဖြစ်ပါသည်။
၎င်းကို ဇယားအတွင်း အစိမ်းရောင်မျဉ်းဖြင့် ပြသပါသည်။ ပထမတွင် ဖောက်ထွက်သည့် အနီရောင် candlestick ထက် အနည်းငယ်မြင့်သောပွိုင့်၌ Stop loss အော်ဒါတခုကို သတ်မှတ်ပါသည်။ ဇယားအတွင်း ၎င်းကို အနီရောင်မျဉ်းဖြင့် အမှတ်အသားပြုပါသည်။ ဈေးနှုန်းသည် အောက်သို့ကျဆင်းသောအခါ၊ stop loss အား မျှခြေသို့ ရွှေ့ပါသည်။ Trailing Stop ကိုလည်း ဖွင့်ထားနိုင်ပါသည်။
Swing trading
ဤသည်မှာ အလွန်ရိုးရှင်းသော intraday indices trading strategy တခု ဖြစ်ပါသည်။ ဤနည်းလမ်းဖြင့် indices ကုန်သွယ်ရေးကို စတင်ရာတွင် အခြေခံပိုင်းဆိုင်ရာအကြောင်းအရာများ သို့မဟုတ် မရေတွက်နိုင်သော နည်းပညာပိုင်းဆိုင်ရာ အချက်ပြမှုများကို ထည့်သွင်းစဉ်းစားရန် မလိုအပ်ပါ။
နည်းပညာပိုင်းဆိုင်ရာ indicator တခုမှ ပေးပို့သော ဆန့်ကျက်ဘက်အချက်ပြမှုတခုအပေါ်မူတည်၍ ကုန်သွယ်မှုတခုကို ဖွင့်ပါသည်။ ဥပမာ - MACD ဆန့်ကျင်ဘက်အချက်ပြမှုသည် မျဉ်းများကို ဖြတ်သန်းသွားခြင်းဖြစ်သည်။ လမ်းကြောင်း အရှိန်ကုန်ခမ်းသော လက္ခဏာများ ပေါ်ပေါက်လာချိန်တွင် ကုန်သွယ်မှုကို ပိတ်ပါသည်။ ဖြည့်စွက်သည့်အနေဖြင့် support/resistance levels များကိုလည်း အသုံးပြုနိုင်ပါသည်။ ဤနည်းဗျူဟာ၏ ဆိုလိုရင်းမှာ တနေ့တာအတွင်း ကုန်သွယ်မှုအရေအတွက် များနိုင်သလောက်များစွာ ဖွင့်လှစ်ခြင်းပင် ဖြစ်သည်။
အထက်ပါဇယားတွင် အဝင်ပွိုင့်များကို အပြာရောင်စက်ဝိုင်းများဖြင့် ပြသထားပါသည်။ MACD မျဉ်းများ ဖြတ်သန်းသွားချိန်တွင် ကုန်သွယ်မှုများကို ဖွင့်ပါသည်။ အစိမ်းရောင် စက်ဝိုင်းများသည် အထွက်ပွိုင့်များကို အမှတ်အသားပြုပါသည်။ အထွက်ပွိုင့်များတွင် – လမ်းကြောင်းအရှိန်ကုန်သော လက္ခဏာများ ရှိနေပါသည် – MACD ဘားများသည် ဘေးတိုက်ရွေ့လျားနေသည် သို့မဟုတ် ဆန့်ကျင်ဘက်ဦးတည်ရာနှင့် ဈေးကွက်အခြေအနေကို ညွှန်ပြလျှက်ရှိသည်။
စတော့ Indexes များ၏ အားသာချက်များနှင့် အားနည်းချက် များ
အခြားသော ကုန်သွယ်ရေးကိရိယာများကဲ့သို့ပင် စတော့ Indexes များတွင်လည်း ၎င်းတို့၏ အားသာချက်နှင့် အားနည်းချက်များ ကိုယ်စီရှိကြပါသည်။ အောက်ပါ ဇယားကွက်တွင် ကျွန်ုပ်သည် သင့်အနေဖြင့် ထည့်သွင်းစဉ်းစားသင့်သော indexes ကုန်သွယ်ရေး၏ အဓိက အားသာချက်များနှင့် အားနည်းချက်များကို စုစည်းပေးထားပါသည်။
အားသာချက်များ | အားနည်းချက်များ |
ဝယ်ယူရန်လွယ်ကူခြင်း။ ကမ္ဘာ့အကြီးဆုံး indexes များအတွက် futures များ သို့မဟုတ် အခြား ဘဏ္ဍာရေး derivative အမျိုးအစားများကို Forex အကျိုးဆောင်များ မှတဆင့် ဝယ်ယူနိုင်ပါသည်။ ကုန်သွယ်ရေးစတင်ရန် ကြီးမားသော အရင်းအနှီး မလိုအပ်ပါ။ | အပိုကုန်ကျစားရိတ်များ။ အကျိုးဆောင်များသည် ဘဏ္ဍာရေးဈေးကွက်များအတွင်း ငွေအပ်နှံခြင်း ဆိုင်ရာဝန်ဆောင်မှုများအတွက် ပေးချေကြရ သောကြောင့် spread များကို ပိုမို ကျယ်ပြန့်စေပါသည်။ |
Diversification ။ သီးသန့်ကုမ္ပဏီတခုမှ သီးခြား စတော့များကို ကုန်သွယ်သောအခါ၊ ကုမ္ပဏီ၏ ပြသနာအချို့ကြောင့် သင်၏ငွေများကို ဆုံးရှုံးရနိုင် ပါသည်။ ကုန်သွယ်ရေး indices များသည် သင်၏ လက်လီရင်းနှီးမြှုပ်နှံသူအကောင့်မှ ငွေများကို ဆုံးရှုံးရခြင်းနည်းပါးစေရန် ထိုကဲ့သို့ မြင့်မားသော စွန့်စားမှုများကို လျှော့ချပေးပါသည်။ | ကုန်သွယ်ချိန်များ အကန့်အသတ်ရှိခြင်း။ indices များကို ကုန်သွယ်ရာဖြစ်သော စတော့အိတ်ချိန်း များ၏ အလုပ်ချိန်များတွင်သာ ကုန်သွယ်မှု ဆောင်ရွက်နိုင်ပါသည်။ |
Liquidity။ စတော့ indexes များကို မည်သည့်အချိန်၌မဆို ဝယ်ယူ၊ ရောင်းချနိုင်ပါသည်။ | Index futures များကို ကုန်သွယ်သောအခါ၊ အဆိုပါ indices များတွင် ပါဝင်သော ကုမ္ပဏီများ၏ အမြတ်ဝေစုများကို မရရှိနိုင်ပါ။ သင်သည် CFDs၊ ETFs သို့မဟုတ် အခြားရှုပ်ထွေးသော ကိရိယာများကို ကုန်သွယ်ခြင်းဖြစ်၍ ကုမ္ပဏီ၏ ရှယ်ယာ ပိုင်ဆိုင်ခွင့်ကို မရရှိပါ။ |
သင့်တင့်လျောက်ပတ်မှု။ စတော့ဈေးကွက်သည် အမှန်ပင်ရေပန်းစားပါသည်။ ဆိုလိုသည်မှာ အနည်းဆုံး အားဖြင့် နီးစပ်သော အနာဂါတ် ကာလ အတွင်း ETFs များ၏ ဝယ်လိုအား ကျဆင်းသွား နိုင်ခြေ အလွန်ပင် နည်းပါးပါသည်။ | |
မတည်ငြိမ်မှု။ စတော့ indexes များ၏ ဈေးနှုန်းရွေ့လျားမှုလမ်းကြောင်းများသည် သီးခြား ကုမ္ပဏီစတော့များ၏ ဈေးနှုန်းရွေ့လျားမှုများထက် ပိုမို၍ ခန့်မှန်းရလွယ်ကူပါသည်။ |
အနှစ်ချုပ်
စတော့ indexes များသည် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းစုကြီးများ၏ စွမ်းဆောင်ရည် ညွှန်ပြချက်များဖြစ်ယုံသာမက၊ စတော့များ သို့မဟုတ် ငွေကြေးအတွဲများကဲ့သို့ပင် ကုန်သွယ်နိုင်သော ကုန်သွယ်ရေးကိရိယာတခုလည်း ဖြစ်ပါသည်။ စတော့ indices ကုန်သွယ်ရေးမှ အမြတ်ရရှိစေရန် ကုန်သွယ်ရေး ရာဇဝင်ကို လေ့လာ၍ နည်းပညာပိုင်းနှင့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို အသုံးချကာ၊ indicator အချက်ပြမှုများကို စောင့်ကြည့်ရပါမည်။ ထို့နောက် အကျိုးအမြတ်ရရှိစေသော ကုန်သွယ်ရေးဗျူဟာတခုကို ချမှတ်၍ စမ်းသပ်လုပ်ဆောင်ရပါမည်။
Index ကုန်သွယ်ရေးဆိုင်ရာ အမေးများသော မေးခွန်းများ
Index futures များကို ကုန်သွယ်သောအခါ၊ အဆိုပါ indices များတွင် ပါဝင်သော ကုမ္ပဏီများ၏ ရှယ်ယာများကို ပိုင်ဆိုင်ခွင့်နှင့် ၎င်းတို့၏ အမြတ်ဝေစုများကို ခံစားခွင့်များ ရရှိမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် CFDs၊ ETFs သို့မဟုတ် အခြားရှုပ်ထွေးသည့် ကုန်သွယ်ရေးကိရိယာများကို ကုန်သွယ်နေခြင်းကြောင့် ဖြစ်ပါသည်။
စတော့ index ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ၊ index သည် အင်္ဂါရပ်တခုခု သို့မဟုတ် အင်္ဂါရပ်အုပ်စုတခုဖြင့် စုစည်းထားသော ကုမ္ပဏီများ၏ ရှယ်ယာများကို အုပ်စုဖွဲ့၍၊ တိကျသော နည်းလမ်းတခုဖြင့် တွက်ချက်ထားသော ပျမ်းမျှတန်ဖိုး ညွှန်ပြချက်တခု ဖြစ်ပါသည်။ ဘဏ္ဍာရေးလောကတွင် ၎င်းတို့သည် နယ်ပယ်များ၊ ကဏ္ဍများ သို့မဟုတ် စီးပွားရေး ဈေးကွက်တခုလုံး၏ စွမ်းဆောင်ရည်ကို ညွှန်ပြပါသည်။ Indices များကို CFD ကုန်သွယ်ရေးဖြင့် ကုန်သွယ်၍ ရနိုင်ပါသည်။ ၎င်းတို့သည် အရင်းခံပိုင်ဆိုင်မှုများကို အမှန်တကယ် ပိုင်ဆိုင်ခွင့် မပါဝင်သော်လည်း၊ စတော့ indexes များ စသဖြင့် အရင်းခံပိုင်ဆိုင်မှုများ၏ ဈေးနှုန်း ရွေ့လျားမှုများကို ခန့်မှန်းရသော ကုန်သွယ်ရေး အမျိုးအစား ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ CFDs များသည် ရှုပ်ထွေးသောကိရိယာများဖြစ်သည့်အပြင် leverage နှင့် ဈေးကွက် မတည်ငြိမ်မှု မြင့်မားခြင်းတို့ကြောင့် ငွေကြေးများ လျင်မြန်စွာ ဆုံးရှုံးရနိုင်သော မြင့်မားသည့် စွန့်စားမှုနှင့် ယှဉ်တွဲနေပါသည်။
Indexes များသည် နယ်ပယ်တခု သို့မဟုတ် ပေါင်းစည်းထားသော နယ်ပယ်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရန် ကူညီပေးပါသည်။ Indexes များကို အသုံးပြုခြင်းအားဖြင့်၊ စီးပွားရေးတခုတွင် ယေဘုယျ ဈေးကွက်လမ်းကြောင်းကို သတ်မှတ်ကာ၊ စွမ်းဆောင်ရည် အကောင်းမွန်ဆုံး နယ်ပယ်များကို ဆုံးဖြတ်နိုင်သည့်အပြင် သီးခြားစတော့များကုန်သွယ်ရေးနှင့် စတော့ index တို့၏ ဆက်နွယ်မှုများကို သုံးသပ်၍ ကုန်သွယ်ရေးဆုံးဖြတ်ချက်များကို ချမှတ်နိုင် ပါသည်။ မည်သို့ပင်ဖြစ်စေ အခြားသော ကုန်သွယ်ရေးအမျိုးအစားများနည်းတူ ၎င်းတွင် လည်း ဆုံးရှုံးနိုင်ခြေပါဝင်ကာ၊ သင်၏ လက်လီရင်းနှီးမြှုပ်နှံသူအကောင့်မှ ငွေကြေးများကို ဆုံးရှုံးရနိုင် ကြောင်းကို မမေ့အပ်ပါ။
အများဆုံးတွေ့ရှိရသော index အမျိုးအစားများမှာ၊ price-weighted, market-capitalization- weighted သို့မဟုတ် equally-weighted indexes တို့ ဖြစ်ကြပါသည်။ ၎င်းတို့တွင် မတူညီသော တွက်ချက်မှုဖော်မြူလာများရှိကြပါသည်။ မတူညီသော အတိုင်းအတာသတ်မှတ်ချက်များအပေါ် အခြေခံ၍ စတော့များကို အလေးချိန်များ ထည့်သွင်းကြပါသည်။ Index တခုတွင် ရင်းနှီးမြှုပ်နှံခြင်း မပြုမီ၊ သင်ကိုယ်တိုင်လေ့လာသင်ယူ၍ သင်၏ လက်လီရင်းနှီးမြှုပ်နှံသူအကောင့်မှ ငွေများ မဆုံးရှုံးစေရေးအတွက် အတွေ့အကြုံများကို ဦးစွာရယူပါ။
LiteFinance အကျိုးဆောင်ဖြင့် အကောင့်တခုဖွင့်၍ ၎င်းကို MetaTrader သို့ ထည့်သွင်းပါ။ Symbols ခေါင်းစဉ်တွင် စတော့ index စာရင်းကို ဖွင့်ပါ။ လိုအပ်သော အမျိုးအစားကို ရွေးချယ်၍ စတင်ကုန်သွယ်ပါ။
အိန္ဒိယ စံနမူနာစတော့ index တခုဖြစ်သော NiFTY 50 ကို အကျိုးဆောင်များမှ တဆင့်ဝယ်ယူရန် ခဲယဉ်းပါသည်။ ဤ index အား လက်တွေ့အသုံးချရန် သို့မဟုတ် ခန့်မှန်းကုန်သွယ်ရန်အတွက် စတော့အိတ်ချိန်းတခုတွင်သာ ဝယ်ယူနိုင်ပါသည်။
Indices များကို စတင်ကုန်သွယ်သောအခါ၊ ဘဏ္ဍာရေးဈေးကွက်၏ indexes ကုန်သွယ်ရေးသည် အခြားသော ကုန်သွယ်ရေးကိရိယာများနည်းတူဖြစ်ပြီး၊ အမြတ်အစွန်းကို ပေးစွမ်းနိုင်သကဲ့သို့၊ မြင့်မားသော ငွေကြေးဆုံးရှုံးမှုအလားအလာသို့ ဦးတည်နိုင်ကြောင်းကို သဘောပေါက်နားလည်ရန် လိုအပ်ပါသည်။ အမြတ်ရသော ကုန်သွယ်မှုများ၏ အရေအတွက်ကို တိုးမြှင့်ရန် သင်ကုန်သွယ်လိုသော ရှယ်ယာ index နှင့် စပ်လျဉ်းသည့် ကုန်သွယ်ရေးဗျူဟာများ၊ အခြေခံပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းများကို စူးစမ်းရှာဖွေလေ့လာရန် လိုအပ်ပါသည်။
ဝယ်ယူပါသည်။ ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်တွင် Warren Buffett ၏ ကုမ္ပဏီသည် S&P 500 ရှယ်ယာပမာဏအချို့ကို ဝယ်ယူခဲ့သည်။ ထို့အပြင် ကျော်ကြားသော ရင်းနှီးမြှုပ်နှံသူတဦးအနေဖြင့် ကုန်သည်အသစ်များအား indices များတွင် ရင်းနှီးမြှုပ်နှံရန် အကြံပြုခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အခြားသော ကုန်သွယ်ရေးကိရိယာများထက် လမ်းကြောင်းအပြောင်းအလဲများကို ခန့်မှန်းရာတွင် ပိုမိုလွယ်ကူသောကြောင့် ဖြစ်ပါသည်။
အတိတ်ကာလများဆီက စတော့ index တွင် ရင်းနှီးမြှုပ်နှံခြင်းအတွက် ပြင်ပအိတ်ချိန်းတခုတွင် အစုရှယ်ယာများကို ဝယ်ယူရန် လိုအပ်ခဲ့ပါသည်။ ယနေ့ခေတ်တွင် မည်သူမဆို indices များကို အလွယ်တကူ ကုန်သွယ်နိုင်ကြပါသည်။ Index ရင်းနှီးမြှုပ်နှံခြင်းကို စတင်ရန်အတွက် LiteFinance တွင် အကောင့်တခုဖွင့်ပါ၊ အပ်ငွေဖြည့်သွင်းပါ။ ထို့နောက်တွင် သင်သည် ကမ္ဘာ့အကြီးဆုံး indices များ၏ ETFs များကို ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။
Indexes များကို စတင်ကုန်သွယ်သောအခါ၊ ရေပန်းအစားဆုံး စတော့ indexes သုံးခုကို သိရှိထားရန် လိုအပ်ပါသည်။
- Dow Jones Industrial Average တွင် အရင်းအနှီးပမာဏ အကြီးမားဆုံး အမေရိကန်ကုမ္ပဏီ ၃၀ ခန့် ပါဝင်ပါသည်။
- S&P 500 သည် ပိုမိုကျယ်ပြန့်သော index တခုဖြစ်ပြီး၊ ၎င်းတွင် အမေရိကန်ကုမ္ပဏီပေါင်း ၅၀၀ ခန့်ပါဝင်ပါသည်။
- NASDAQ - ဤပေါင်းစပ်မှုသည် New York Stock Exchange တွင် ကုန်သွယ်သော ကုမ္ပဏီပေါင်း ၂၅၀၀ ကျော် ပါဝင်ပါသည့် အခြားသော အမေရိကန် စတော့ index တခုပင်ဖြစ်ပါသည်။
ပရော်ဖက်ရှင်နယ်ကုန်သည်များသည် ကုန်သည်အသစ်များအား S&P 500 နှင့် NASDAQ ကဲ့သို့ ရေပန်းအစားဆုံး ကမ္ဘာ့ index များကို ဝယ်ယူရန် တိုက်တွန်းကြလေ့ ရှိပါသည်။ သင့်အနေဖြင့် ၎င်းတို့၏ ဈေးကွက်စွမ်းဆောင်ရည်နှင့် ဈေးကွက်တန်ဖိုးများအပေါ် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ သတင်း အချက်အလက်များနှင့် ခန့်မှန်းချက်များစွာကို ရှာဖွေတွေ့ရှ်ိနိုင်ပါသည်။ ထို့အပြင် အဆိုပါ indexes များသည် မြင့်မားသော liquidity နှင့် ခန့်မှန်းရလွယ်ကူသော ဈေးနှုန်းရွေ့လျားမှုများ စသည့်အင်္ဂါရပ်များကို ပိုင်ဆိုင်ထားပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့တွင် ထင်ရှားသော ငွေကြေးဆုံးရှုံးနိုင်ခြေများ ပါဝင်မြဲသာ ဖြစ်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။





















