Forex ဈေးကွက်အား စတင်ဖန်တီးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး၊ ယခုအချိန်သည် ကနဦးကာလ တွင် ရည်ညွှန်းခဲ့သော အစုရှယ်ယာနှင့် ငွေကြေးဈေးကွက်များမှ အလုံးစုံ ကွဲပြားသွားခဲ့ပြီဖြစ်သည်။ ကုန်သွယ်ရေးနည်းပညာများသည် နှစ်စဉ်တိုးတက်လျက်ရှိပြီး၊ ကုန်သည်များ၏ ကိုယ်စား ဆောင်ရွက်ပေးသော အကျိုးဆောင်ကုမ္ပဏီများသည်လည်း နည်းစနစ်၏ စွမ်းဆောင်ရည်ကို ပုံမှန်မြှင့်တင်ကြလျက် ၎င်းတို့၏ ကုန်သည်များအား အရည်အသွေးအမြင့်မားဆုံး ဝန်ဆောင်မှုများကို ပေးနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်း၍နေကြသည်။ ECN အကောင့်များသည် ခေတ်မှီငွေကြေး ဈေးကွက်အတွင်း အထင်ရှားဆုံး အဆင့်မြှင့်တင်မှုများတွင် တခုအပါအဝင်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် ECN ကုန်သွယ်ရေးဆိုသည်မှာ အဘယ်နည်း၊ ECN အကျိုးဆောင်ဆိုသည်မှာ မည်သူများဖြစ်ကြသနည်း၊ ECN ကုန်သွယ်ရေးကို ရွေးချယ်ခြင်းဖြင့် ကုန်သည်များအနေဖြင့် မည်သည့် အကျိုးကျေးဇူးများ ရရှိနိုင်သနည်း - စသည့် အကြောင်းအရားများကို လေ့လာကြရပါမည်။ နိုင်ငံတကာငွေကြေး ဈေးကွက် အတွင်း ဤအစွမ်းထက်ကိရိယာဖြင့် ကုန်သွယ်ခြင်းသည် အဘယ့်ကြောင့် ဘေးအကင်းဆုံးနည်းလမ်းဟု ခေါ်ဆိုထိုက်သနည်းကို အဖြေရှာရင်းဖြင့်၊ ၎င်း၏ အပြုသဘောဆောင်သောရှုထောင့်များ အနှုတ်သဘော ဆောင်သောရှုထောင့်များအားလုံးကို စာရင်းပြုစုကြည့်ကြပါစို့။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ECN (Electronic Communication Network) ဆိုသည်မှာ အဘယ်နည်း။ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ရည်ရွယ်ချက်

ECN သည် မည်သည်ကို ကိုယ်စားပြုပါသနည်း။ ဤရေပန်းစားသောမေးခွန်းကို ဖြေဆိုရန် ECN ဟူသည်မှာ Electronic Communication Network ကို ရည်ညွှန်းသော အတိုကောက်အမည်ဖြစ်ကြောင်း ဦးစွာရှင်းပြထားရန် လိုအပ်ပါလိမ့်မည်။

တရားဝင် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ECN သည် ဖလှယ်မှုပြုသော ကုန်စည်များကို (ငွေကြေးများ၊ ကုန်ကြမ်းများ စသဖြင့်) ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်ရာတွင် ကြားခံလိုအပ်ချက်များကို လျှော့ချရန်ရည်ရွယ်၍ ဖန်တီးထားသော အီလက်ထရွန်းနစ်စနစ်တခု ဖြစ်ပါသည်။ Forex ECN သည် တဦးချင်းလက်လီကုန်သည်များနှင့် အကျိုးဆောင်ကုမ္ပဏီကြီးများကို ကြားခံမလိုပဲ တိုက်ရိုက်ချိတ်ဆက်ပေးရန် ဖန်တီးထားသော စနစ်တခု ဖြစ်သည်။

ECN နည်းစနစ်၏ အခြေခံနိယာမမှာ ကုန်သည် ၏ အော်ဒါ (ကုန်သွယ်မှု) သည် ဈေးကွက်သို့ တိုက်ရိုက် ရောက်ရှိသည်။ ကုန်သွယ်မှုများ၏ပမာဏ သည် လဲလှယ်သည့်နှုန်းထားများအပေါ်တွင် သက်ရောက်မှု အချို့ပင် ရှိနိုင်ပါသည်။

ECN ကွန်ယက်များအား အသုံးပြုသူ တို့၏ အော်‌ဒါတောင်းဆိုမှုများကို စုစည်းထားသည့် ကြီးမားသော ဒေတာသိုလှောင်ခန်းတခုဟုပင် ခေါ်ဆိုနိုင်ပါသည်။ ထိုကွန်ယက်အတ္ငင်း တူညီသော (အပေးအယူမျှသော) ကုန်သွယ်မှုများကို အကျိူးဆောင်၏ ပါဝင်ပတ်သတ်မှု မရှိပဲ လုပ်ဆောင်နိုင်ပါသည်။

ECN Broker (အကျိုးဆောင်) - မည်သူများ ဖြစ်ပါသနည်း။

ယနေ့ခေတ်တွင် ECN အကျိုးဆောင်နှင့် ECN အကောင့်များအကြောင်းကို မေးမြန်းကြသူ များပြားလှသည်။ သင့်အနေဖြင့် အင်တာနက်ပေါ်တွင် အဆိုပါ ကုန်သွယ်ရေးမျိုးကို ပံ့ပိုးပေးသော အကျိုးဆောင်အများအပြားကို တွေ့ဖူးလိမ့်မည်ဟု ကျွန်ုပ်ထင်ပါသည်။ သို့ရာတွင် ECN ဈေးကွက်အတွင်း ၎င်း၏ အလုပ်လုပ်ပုံကို မသိရှိပဲ စတင်အလုပ်လုပ်ခြင်းသည်၊ အချိန်နှင့်ငွေကို ဖြုန်းတီးခြင်း သက်သက်သာဖြစ်သည်။ ထိုအတွက်ကြောင့် ကုန်သည်များအနေဖြင့် ဤနည်းစနစ်အသစ်၏ စည်းမျဉ်း နိယာမများကို ဦးစွာလေ့လာသင့်ပါသည်။ 

မည်သည့် Forex အကျိုးဆောင်ဖြင့်မဆို ကုန်သွယ်ရေးအကောင့်တခုဖွင့်ယုံဖြင့် ဤအစွမ်းထက် နည်းပညာကို အသုံးပြု၍ ကုန်သွယ်ရေးဆောင်ရွက်ခွင့်ကို မရရှိနိုင်ပါ။ No dealing desk (ndd) နည်းပညာကို အသုံးပြုသော ndd အကျိုးဆောင်ဟု အများသိကြသည့် အချို့သော Electronic Communications Networks Forex အကျိုးဆောင်ကုမ္ပဏီများသာလျှင် မူရင်းကွန်ယက်သို့ ဝင်ရောက်ခွင့်ကို ပေးနိုင်ပါသည်။ ECN အကောင့်တခုသည် ပုံမှန်လက်လီရင်းနှီးမြှုပ်နှံသူအကောင့်တခုနှင့် မတူညီကြောင်းကိုလည်း မှတ်သားထားသင့်ပါသည်။ အဆိုပါ ndd အကျိုးဆောင်များသည် ကုန်သွယ်မှု တခုတွင် မည်သည့်ဘက်ကိုမှ ပူးပေါင်းခြင်းမပြုပဲ ဈေးကွက်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ကို သာလျှင် သီးသန့်ပံ့ပိုးပေးပါသည်။ သို့ရာတွင် အရင်ရောက်သော တောင်းဆိုမှုကို ဦးစားပေး‌သော စနစ်တခု ဖြစ်ပါသည်။

ECN အကျိုးဆောင်ဆိုသည်မှာ ငွေကြေးဈေးကွက်တွင် ပါဝင်သူဖြစ်ပြီး ၎င်း၏ အဓိကတာဝန်မှာ ၎င်းတို့၏ ကုန်သည်များအား အကောင်းဆုံး ကုန်သွယ်ရေးအခြေအနေများကို ပေးအပ်နိုင်ရန်အတွက် ကုန်သွယ်ရေး အဖွဲ့ဝင်အားလုံးထံမှ အော်ဒါများနှင့် နှုန်းထားများအားလုံးကို စုစည်းထားရန်ဖြစ်သည်။

ရိုးရှင်းစွာဆိုရလျှင်၊ ECN အကျိုးဆောင်များသည် ဈေးကွက် သို့မဟုတ် သင်၏ကုန်သွယ်မှုအား အကောင်းဆုံးအကောင်အထည်ဖော်နိုင်မည့် ဈေးနှုန်းတည်ရှိရာ အထွေထွေ ကူးသန်းရောင်းဝယ်ရေး စနစ်တခုသို့ဝင်ရောက်ရန် သင်၏တောင်းဆိုမှုအား ခွင့်ပြုပေးသော ကြားခံဈေးကွက်ဖန်တီးသူများ ဖြစ်ကြပါသည်။

Electronic Communications Networks စနစ်သည် Barclays၊ JP Morgan၊ Merrill Lynch၊ Deutsche Bank၊ Nasdaq အစရှိသည့် အခိုင်မာဆုံး ကုန်သွယ်ရေး‌အသိုင်းအဝိုင်းများ (liquidity providers)ကို အတူတကွစုစည်းပေးထားသော ကွန်ယက်တခု ဖြစ်ပါသည်။ ECN အကျိုးဆောင်သည် ၎င်း၏ ကုန်သည် များအား အနည်းဆုံး ဝယ်ရောင်းဈေးခြားနားမှု(Spread) ဖြင့် အရောင်းအဝယ်များကို လက်ခံပေးသော  အဆိုပါ liquidity provider များနှင့် ချိတ်ဆက်ပေးပါသည်။

ECN သည် မည်သို့ အလုပ်လုပ်ပါသနည်း။

ECN ကုန်သွယ်ရေးသည် အကျိုးအမြတ်ရှိကြောင်းကို မည်သူမဆို နားလည်ကြလိမ့်မည်ဟု ကျွန်ုပ်ထင်ပါသည်။ သို့ရာတွင် ၎င်းသည် မည်သို့ လက်တွေ့ အလုပ်ဖြစ်သနည်း နှင့် ECN ၏ ဆိုလိုရင်းမှာ အဘယ်နည်း စသည်များကို အဖြေရှာကြည့်ကြပါစို့။

LiteFinance: ECN သည် မည်သို့ အလုပ်လုပ်ပါသနည်း။

ဤစနစ်သည် လွန်စွာရိုးရှင်းသောနည်းလမ်းဖြင့် အလုပ်လုပ်ပါသည်။

  1. ဘဏ်များ (liquidity providers) သည် ECN စနစ်ထံဆက်သွယ်၍ ၎င်းတို့၏ BID နှင့် ASK ဈေးနှုန်းအဆိုပြုချက်များကို ECN ဆာဗာသို့ ပေးပို့ပါသည်။

  2. ECN Forex အကျိုးဆောင်များသည် ဤဆာဗာအား ဆက်သွယ်၍ ဆာဗာပေါ်မှ နှုန်းထားများကို ရယူကာ၊ ၎င်းတို့ ကုန်သည်များ၏ ကုန်သွယ်ရေးတာမီနယ်များသို့ ပေးပို့ပါသည်။ ရေပန်းအစားဆုံး ကုန်သွယ်ရေးတာမီနယ်များမှာ MT4 နှင့် MT5 တို့ဖြစ်ကြပါသည်။

  3. ကုန်သည် သည် နှုန်းထားများကို လက်ခံရရှိပြီး၊ အရောင်းအဝယ်လုပ်ငန်းအပေါ် ဆုံးဖြတ်ချက် ပြုလုပ်ကြသည်။

  4. ကုန်သည် သည် အကျိုးဆောင်ထံ တောင်းဆိုမှုများကို ပေးပို့သည်။ အကျိုးဆောင်မှ တောင်းဆိုမှုများကို ဆာဗာပေါ်တွင် အလိုအလျောက်ပြသပေးပြီး၊ မတူညီသော liquidity providers များ အပါအဝင် အခြား ECN အကျိုးဆောင်များ၏ ကမ်းလှမ်းချက်များနှင့် နှိုင်းယှဉ်ပါသည်။

ဥပမာ - ကုန်သည် တဦးသည် EUR/USD ငွေကြေးအတွဲကို လက်ရှိဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူလိုသည်။ စနစ်အတွင်း ကမ်းလှမ်းထားသော ဈေးနှုန်း သုံးခုရှိနေသည်။ 1.1607၊ 1.1608 နှင့် 1.1609 တို့ အသီးသီးဖြစ်ကြသည်။ ဤဖြစ်စဉ်၌ အော်ဒါများကို အကောင်းဆုံးဈေးနှုန်းဖြစ်သော 1.1607 ဖြင့်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

အော်ဒါဆောင်ရွက်ပုံ အစအဆုံးမှာ ဤမျှသာဖြစ်ပါသည်။ အရောင်းအဝယ်အော်ဒါများအား ကုန်သည် အတွက် အားသာမှုအရှိဆုံး နှုန်းထားဖြင့် ဆောင်ရွက်ပေးသောကြောင့် ဝယ်ဈေးရောင်း ဈေးကွာဟမှု ဟူ၍ မရှိပါ။ ထိုအချက်သည် ယခုလက်ရှိအချိန်တွင် ECN ကုန်သွယ်ရေးအား အကျိုးအမြတ် အများဆုံး ဖြစ်စေသော အချက်တခု ဖြစ်ပါသည်။

ECN နှင့် STP

နိုင်ငံတကာငွေကြေးဈေးကွက်သည် ပုံမှန်ဖွံ့ဖြိုးတိုးတက်နေသော ဈေးကွက်တခုဖြစ်ပြီး ကုန်သည် များနှင့် အကျိုးဆောင်များကြား ပုံမှန်ဆက်သွယ်ခြင်းနည်းလမ်းများနေရာတွင် STP နှင့် ECN ကဲ့သို့သော အဆင့်မြင့် နည်းစနစ်များ အစားထိုးဝင်ရောက်လာကြသည်။

အဆိုပါနည်းစနစ်နှစ်ခုစလုံးသည် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်အတွင်း ရှေ့ဆုံးတန်းမှ ဦးဆောင်လျက် ရှိကြသည်။ ၎င်းနည်းစနစ်နှစ်ခုသည် တခုနှင့်တခု ဆင်တူယိုးမှားရှိကြသော်လည်း၊ ၎င်းတို့ကြားတွင် အခြေခံကျသော ခြားနားချက်များ ရှိနေပါသည်။

STP သည် Straight Through Processing ကို ကိုယ်စားပြုသည်။ ၎င်း၏ လုပ်ငန်းစဉ်ဆောင်ရွက်ပုံမှာ သင်၏အော်ဒါများအား သင့်အကျိုးဆောင်နှင့် ချိတ်ဆက်ထားသော လုပ်ငန်းပါတနာများဖြစ်ကြသည့် liquidity providers အသီးသီးထံ တိုက်ရိုက်လွှဲပြောင်းပေးခြင်း နည်းလမ်းဖြစ်သည်။ အဆိုပါ ပါတနာသည် အကြီးဆုံးဘဏ်တခုဖြစ်နိုင်သလို ဘဏ်များစွာသို့ တပြိုင်နက်ပေးပို့ခြင်းလည်း ဖြစ်နိုင်ပါသည်။ သင်၏ အကျိုးဆောင်တွင် တိုက်ရိုက်ချိတ်ဆက်ထားသော ပါတနာအရေအတွက် ပိုများလေလေ၊ သင်၏ အော်ဒါအား အပြီးသတ်အကောင်အထည်ဖော်ဆောင်မည့် ဈေးနှုန်း ပိုမိုကောင်းမွန်လေလေ ဖြစ်ပါသည်။

ECN သည် Electronic Communication Network ကို ကိုယ်စားပြုပါသည်။ ဤစနစ်တွင် STP နှင့် ခြားနားသောအချက်မှာ ကုန်သည် ၏ အော်ဒါအား ဘဏ်အချင်းချင်းချိတ်ဆက်ထားသော ဈေးကွက်တွင် တိုက်ရိုက်ပြသခြင်း မရှိပါ။ ထိုဈေးကွက်တွင် စနစ်အတွင်းပါဝင်သူအားလုံးသည် အော်ဒါများကို မြင်တွေ့နိုင်ပြီး ပမာဏကို ခန့်မှန်းနိုင်ကာ အော်ဒါအကောင်အထည်ဖော်ရန် ဆုံးဖြတ်နိုင်ပါသည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များတွင် ဖော်ပြထားသည့်အတိုင်း ၎င်းစနစ်နှစ်ခုသည် တူညီမှု အတော်ပင် ရှိပါသည်။ ၎င်းတို့ကြားမှ ခြားနားချက်များကို အောက်ပါကော်လံဇယားတွင် ပြသထားပါသည်။

STP

ECN

အနည်းဆုံး အပ်ငွေ $10 မှ စတင်သည်။ပုံမှန်အားဖြင့် အနည်းဆုံးအပ်ငွေ မှာ ပိုမိုမြင့်မားပြီး၊ $100 မှ စတင်သည်။
0.01 lot မှစသော lot များကို ခွင့်ပြုသည်။အသေးဆုံး lot အား စည်းမျဉ်းတခုအနေဖြင့် တင်းကျပ်စွာ သတ်မှတ်ထားပြီး၊ အများအားဖြင့် အနည်းဆုံး lot ပမာဏ အား 0.1 lot အဖြစ်  သတ်မှတ်လေ့ရှိသည်။
Leverage အချိုး 1:1 မှ 1:500 အထိ၊ ရံဖန်ရံခါတွင် 1:1000 အထိပင် ခွင့်ပြုလေ့ရှိသည်။များသောအားဖြင့် Leverage အချိုး 1:200 အထိသာ ကန့်သတ်ထားလေ့ရှိသည်။
လွဲချော်မှု၊ အခြားတနည်းဖြင့်ဆိုရသော် နှုန်းထားပြင်ဆင်သတ်မှတ်မှု မရှိ သလောက်ပင်ဖြစ်သည်။မတည်ငြိမ်မှု မြင့်တက်သောအခါမျိုး၌ ဈေးနှုန်းလွဲချော်မှု ရှိနိုင်ပါသည်။
Sell Limit နှင့် Buy Limit အော်ဒါများကို တစိတ်တပိုင်း ခွဲခြမ်း၍ အကောင်အထည် ဖော်နိုင်ပါသည်။Depth of Market သည် ဈေးနှုန်းများကိုသာမက ကုန်သွယ်ရေးတွင် ပါဝင်ကြသူများအားလုံး၏ အော်ဒါ တခုချင်းအတွက် ပမာဏများကိုပါ ပြသပါသည်။
Spread အတိုးအလျှော့ ရှိနိုင်ပါသည်။Spread သည် အနည်းဆုံးပမာဏသာ ဖြစ်နိုင်ပါသည်။
တဦး သို့မဟုတ် ထို့ထက်ပိုသော ကုန်သွယ်ဖက်များ။ကြီးမားသောပမာဏရှိသည့် ကုန်သွယ်ဖက်အရေအတွက်။
တဖက်မှကုန်သွယ်မှုလက်ခံသူ၏ ဈေးနှုန်းဖြင့် အလိုအလျောက် အော်ဒါ အထမြောက်စေခြင်း။တဖက်မှကုန်သွယ်မှုလက်ခံသူများ၏ ကမ်းလှမ်းချက်များ အားလုံးအနက်မှ အကောင်းဆုံးသော ဈေးနှုန်းဖြင့် ကုန်သွယ် အော်ဒါများကို အလိုအလျောက် ဆောင်ရွက်ပေးခြင်း။
Margin level 50% အောက် လျော့နည်းသောအခါ Margin Call  ပေါ်ပေါက်ခြင်း။ (မာဂျင်ထပ်မံဖြည့်သွင်းရန် သတိ ပေးချက်)Margin level 100% အောက် လျော့နည်းသောအခါ Margin Call  ပေါ်ပေါက်ခြင်း။ (မာဂျင်ထပ်မံဖြည့်သွင်းရန် သတိ ပေးချက်)
Margin level 30% အောက်လျော့နည်းသောအခါ၊ Stop Out ပေါ်ပေါက်ခြင်း။ (ကုန်သွယ်မှုများ အလိုအလျောက် ပိတ်သိမ်းခြင်း)Margin level 50% အောက်လျော့နည်းသောအခါ၊ Stop Out ပေါ်ပေါက်ခြင်း။ (ကုန်သွယ်မှုများ အလိုအလျောက် ပိတ်သိမ်းခြင်း

ဤအကောင့်အမျိုးအစားများအတွက် ကွဲပြားမှုများသည် ဤမျှသာမကပါ။ သို့သော်လည်း ဤအကောင်းဆုံး နည်းစနစ်နှစ်ခုကြားမှ ခြားနားချက်များကို ဤမျှလောက် သိရှိထားလျှင် လုံလောက်သည်ဟု ကျွန်ုပ်အနေဖြင့် ယုံကြည်ပါသည်။

STP နှင့် ECN စနစ်များအပြင် mm၊ dma နှင့် mtf အစရှိသည့် အခြားသော အော်ဒါလက်ခံဆောင်ရွက်ခြင်း နည်းလမ်းများလည်း ရှိကြပါသည်။ 

Forex အကျိုးဆောင်များ၏ အမျိုးအစားအားလုံးအကြောင်း အသေးစိတ်နှင့် ၎င်းတို့၏ စည်းမျ‌‌ဉ်းများအကြောင်းကို “Forex အကျိုးဆောင်အမျိုးအစားများ A-Book နှင့် B-Book” ဆောင်းပါးတွင် လေ့လာဖတ်ရှုနိုင်ပါသည်။

ECN Forex အကျိုးဆောင်၏ အားသာချက်များ

ရင်းနှီးမြှုပ်နှံသူများအတွက် နိုင်ငံခြားငွေလဲလှယ်ခြင်းကုန်သွယ်ရေးကို မစတင်မှီ ECN အကျိုးဆောင်ကို အရင်ရွေးချယ်ခြင်းသည် အမျှော်အမြင်ရှ်ိသော ဆုံးဖြတ်ချက်တခုပင်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အထက်တွင်ဖော်ပြထားသည်များကို ပြန်လည်အကျဉ်းချုပ်ရသော်၊ ထိုကဲ့သို့ အကျိုးဆောင်အမျိုးအစားကို ရွေးချယ်၍ အလုပ်လုပ်ခြင်းအားဖြင့် ကုန်သည်များ ရရှိခံစားနိုင်သော အကျိုးကျေးဇူးများကို နောက်တကြိမ် ထပ်မံ၍ အလေးအနက် ရှင်းပြပေးပါမည်။

ECN အကျိုးဆောင်၏ အားသာချက်များကို အထင်ရှားဆုံးမှစ၍ အသေးဆုံးများအထိ အစီအစဉ်အလိုက် စာရင်းပြုစုပေးထားပါသည်။

လွန်နိမ့်ပါးသော spread နှုန်းထားများ

Forex ဈေးကွက်တွင် spread များသည် Bid နှင့် Ask ဈေးနှုန်းများ၏ ခြားနားချက်အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ECN Forex စနစ်တွင်၊ ပါဝင်သူများအားလုံးသည် အော်ဒါများကို အကောင်အထည်ဖော်ရာတွင် တဦးထက်တဦး အကောင်းဆုံးအခြေအနေများဖြင့် ပံ့ပိုးပေးနိုင်ရန် အပြိုင်အဆိုင်ကြိုးစားကြသည်။ အော်ဒါများကို အကောင်အထည်ဖော်ရာတွင် အကျိုးအရှိဆုံး ဈေးနှုန်းကို ရွေးချယ်ကြသည်။ ဥရောပနှင့် အမေရိကန် ကုန်သွယ်ရေးအချိန်ပိုင်းများ၌ spread လုံးဝမရှိသော အခြေအနေမျိုးကိုပင် မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။ ဖြည့်စွက်၍ဆိုရလျှင် ECN စနစ်တွင် Forex အကျိုးဆောင်များသည်လည်း ဝင်ငွေရရှိလိုကြသည်။ ထိုအခါ ၎င်းတို့သည် 0.1 မှ 0.2 ပွိုင့်ကြား အနည်းဆုံး spread တန်ဖိုးကို သတ်မှတ်ထားကြလေ့ရှိသည်။

အကျိုးဆောင်များသည် ဈေးဆိုခြင်း၊ ဈေးပေးခြင်း လုပ်ငန်းစဉ်တွင် ပါဝင်စွက်ဖက်နိုင်ခြင်းမရှိပါ

ECN အကျိုးဆောင်များသည်    market makers များအဖြစ်သာ အလုပ်လုပ်ကြပါသည်။ ၎င်းတို့၏ လုပ်ငန်းတာဝန်မှာ ထိုက်သင့်‌သော ကော်မရှင်ကြေးကိုယူ၍ စနစ်အတွင်း သင့်အတွက်အကောင်းဆုံး ကမ်းလှမ်းချက်ကို ရှာဖွေထုတ်ယူပေးသည့် ကြားခံအဖြစ် ဆောင်ရွက်ရန်သာ ဖြစ်ပါသည်။ အကျိုးဆောင်သည် ကုန်သွယ်မှုများနှင့် ဈေးနှုန်းများကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်ခွင့် မရှိပါ။ အဆိုပါ အကျိုးဆောင်တို့၏ ကုန်သည် များသည် ငွေကြေးနှင့် စတော့ရှယ်ယာဈေးကွက်များအတွင်း ကုန်သွယ်ရေးလုပ်ဆောင်စဉ် အစအဆုံးတွင် တိကျသော ဈေးနှုန်းအချက်အလက်များကိုသာ လက်ခံရရှိမည်ဖြစ်ကြောင်း အာမခံချက်ရှိကြပါသည်။

အလွန်မြန်ဆန်သောအော်ဒါအကောင်အထည်ဖော်နှုန်း

Electronic Communications Networks အတွင်း ရှိ Market Execution order စနစ်သည် ဈေးကွက်အတွင်း အော်ဒါလက်ခံရာနှင့် အကောင်အထည်ဖော်ရာတွင်  မည်သည့်နှောင့်နှေးကြန့်ကြာမှု ကို မဆို ဖယ်ရှားပေးပါသည်။ ပထမဦး‌ဆုံးသော အီလက်ထရွန်းနစ်အကျိုးဆောင်များနှင့် အလုပ်လုပ်သောအခါ သင်၏အော်ဒါအား ဆက်လက်လုပ်ဆောင်ရန် စက္ကန့်များစွာကြာမြင့်နေပြီးနောက် ဈေးကွက်ပေါက်ဈေး ပြောင်းလဲသွားသောကြောင့် အရောင်းအဝယ် အထမမြောက်ကြောင်း အကြောင်းကြားမှုကို ရရှိနိုင်ပါသည်။ စနစ်အတွင်းရောက်ရှိပြီးသောအခါ အော်ဒါများကို အကောင်အထည်ဖော်သော အမြန်နှုန်းမှာ ၂၀ မီလီစက္ကန့်မှ ၈၀ မီလီစက္ကန့်အတွင်း ဖြစ်သောကြောင့် အဆိုပါ အခြေအနေမျိုးနှင့် မကြုံတွေ့ရနိုင်ပါ။ ဤအချက်ကြောင့်ပင် ဤစနစ်သည် အယ်လ်ဂိုရီသမ်အသုံးပြုသော ကုန်သည်များကြား ရေပန်းစားရခြင်း ဖြစ်ပါသည်။ စတော့များကို စုဆောင်းရခြင်း လုပ်ငန်းစဉ်မှာ ငွေကြေးများကို ဝယ်ယူရခြင်းထက် ပို၍ ရှုပ်ထွေးသော်လည်း ဤစနစ်အတွင်း စတော့ကုန်သွယ်ရေးသည်ပင် သိသာထင်ရှားစွာ အဆင့်မြင့်မား လာခဲ့သည်။

Pending orders များချမှတ်ရာတွင် ကန့်သတ်ချက်များ အနည်းဆုံးဖြစ်ခြင်း

ကုန်သွယ်ရေးရိုဘော့အများစုနှင့် အယ်လ်ဂိုရီသမ်အစီအစ‌ဉ်များမှာ pending orders များအပေါ်အခြေခံ၍ ရေးသားထားခြင်းဖြစ်သောကြောင့်၊ ၎င်းတို့ကို အသုံးပြု၍ ကုန်သွယ်ခြင်းသည် ရေပန်းစားလာခဲ့သည်။ ECN စနစ်သည် pending orders များချမှတ်ခြင်းကို ခွင့်ပြုပြီး ဈေးကွက်ပေါက်ဈေးနှင့် အနီးစပ်ဆုံး ပိတ်သိမ်းပေးပါသည်။ ရံဖန်ရံခါတွင် အခြားသော အကျိုးဆောင်အမျိုးအစားများထံ၌ မည်သို့မျှ ဖြစ်နိုင်ခြေမရှိသော Bid Price နှင့် Ask Price ကြား pending orders ချမှတ်ခြင်းကိုပင် ECN စနစ်တွင် လုပ်ဆောင်နိုင်ပါသည်။ ရလာဒ်မှာ ကုန်သည်များအတွက် အကန့်အသတ်မဲ့သော ကုန်သွယ်မှု အခွင့်အရေးများ ရရှိခြင်းပင် ဖြစ်ပါသည်။

အထူးဖန်တီးထားသောဆော့ဖ်ဝဲလ်

ECN Forex အကျိုးဆောင်များသည် ရေပန်းအစားဆုံး ကုန်သွယ်ရေးတာမီနယ်များအပြင်၊ ၎င်းတို့၏ ကုန်သည် များအတွက် အားသာချက်အချို့ကို ပေးစွမ်းနိုင်သော အကောင်းဆုံး အခြေအနေများ၊ ဆော့ဖ်ဝဲလ်နှင့် အထောက်အကူများကို ပံ့ပိုးပေးနိုင်ရန် ကြိုးစားခြင်းအားဖြင့် စနစ်အတွင်း ထဲထဲဝင်ဝင် ပါဝင်လည်ပတ်ခဲ့ကြသည်။ ဥပမာအားဖြင့် စတော့ဈေးကွက် အကျိုးဆောင်များသည် ကုန်သည် များအား ကုန်သွယ်မှုတဖက်ခြမ်းကို ပြသပေးရန်နှင့် Depth of Market တွင် ကုန်သွယ်မှုပမာဏဆိုင်ရာ စာရင်းဇယားများကို လက်ခံရယူနိုင်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင် ကုန်သွယ်ရေးတာမီနယ် သို့မဟုတ် ပရိုဂရမ်များကို တီထွင်ဖန်တီးခဲ့ကြသည်။ Fxall သည် အဆိုပါရေပန်းစားသော ကုန်သွယ်ရေး ပလက်ဖောင်းများ၏ ကောင်းမွန်သော ဥပမာတခုဟု ဆိုနိုင်ပါသည်။ ဤအထူးဖန်တီးထားသော ဆော့ဖ်ဝဲလ်မပါဝင်ပဲ၊ အထက်ပါ  စတော့များ option စာချုပ်များဖြင့် ECN ကုန်သွယ်ရေးကို ဆောင်ရွက်သော အယူအဆတခု ဖြစ်မလာနိုင်ပါ။

ECN Forex အကျိုးဆောင်၏ အားနည်းချက်များ

အကယ်၍ ECN အကျိုးဆောင်တွင် အားသာချက်များ ရှိသည်ဆိုလျှင် အားနည်းချက်များလည်း ကြိမ်းသေ ရှိရပေမည်။ အဓိကအကျဆုံးတခုမှစ၍ အားနည်းချက်များကို အောက်ပါအတိုင်း အစီအစဉ်အလိုက် စာရင်း ပြုစုပေးထားပါသည်။ 

ECN အကျိုးဆောင်အတုများ

ဈေးကွက်ပါဝင်သူအများစုမှ Electronic Communication Networks သည် ရှေးယခင်က စနစ်များထက် မည်မျှအားသာချက်ရှိသည်ကို သတိပြုမိလာကြသောအခါ၊ မရိုးဖြောင့်သော အကျိုးဆောင်များစွာတို့သည် ECN အကျိုးဆောင်များအဖြစ် အယောင်ဆောင်ရန် စတင်အားထုတ်လာကြသည်။ အင်တာနက်ပေါ်တွင် ပရိုဖိုင်အဆင့်သတ်မှတ်ချက်အတုများဖြင့် လိမ်ညာသောဆိုဒ်များ မရေတွက်နိုင်အောင် ရှိကြပါသည်။ "ECN foreign exchange brokers list of the best rating" ဟူသော ရှာဖွေမေးမြန်းချက်တခုကို ဖြည့်သွင်း၍ ထွက်ပေါ်လာသောစာရင်းမှ ပထမဆုံး ကုမ္ပဏီကို ရွေးချယ်ကြည့်ပါ။ ထုံးစံအားဖြင့် ဤ အဆင့်သတ်မှတ်ချက်တွင် နေရာတခုကို ဝယ်ယူထားသော  လိမ်လည်သူများမှ ထိုစာရင်းကို သိမ်းပိုက်ထားလေ့ရှိသည်။ ဤအကြောင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးများ လျင်မြန်စွာ ဆုံးရှုံးရခြင်းကို ကာကွယ်ရန်အလို့ငှာ အကျိုးဆောာင်ရွေးချယ်ခြင်း လုပ်ငန်းမှာ လွန်စွာ အရေးကြီးပါသည်။ ထို့ကြောင့်ပင် ကျွန်ုပ်သည် ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ အောက်ပါ အခန်းကဏ္ဍတခုလုံးကို ခြုံငုံရေးသားဖော်ပြရန် ဆုံးဖြတ်ခဲ့ပါသည်။ 

ကနဦးအပ်ငွေအတွက် လိုအပ်ချက်မြင့်မားနိုင်ခြင်း

ကုန်သည်များသဘောပေါက်နားလည်ရမည့်အချက်မှာ အကျိုးဆောင်များသည်လည်း ဝင်ငွေရှာဖွေရန် လိုအပ်သည်ဟူသော အချက်ပင်ဖြစ်သည်။ ECN အကျိုးဆောင်ကုမ္ပဏီတခုအတွက် လုံလောက်သော ဝင်ငွေကို ကော်မရှင်မှသာ ရရှိပါသည်။ ကော်မရှင်သည် ကုန်သွယ်မှုပမာဏအပေါ် မူတည်လေရာ၊ အကျိုးဆောင်ကုမ္ပဏီတခုအတွက်  $10 သို့မဟုတ် $20 အပ်ငွေသာ ဖြည့်သွင်းထားသော ကုန်သည်များကို လက်ခံခြင်းဖြင့် အကျိုးမရှိနိုင်ပါ။ ထိုအကြောင်းရင်းကြောင့် အကျိုးဆောင်များသည် ECN စနစ်အတွင်း $100 မှစ၍ $1000 အထိ အနည်းဆုံးအပ်ငွေအရွယ်အစားကို သတ်မှတ်ထားကြသည်။ သင့်လျော်သည်ဟု အကြံပြုသော ပမာဏမှာ $10,000 နှင့်အထက်ဖြစ်ပါသည်။

ကော်မရှင်နှုန်းထားများ

ကော်မရှင်၏ သဘောတရားကို လူတိုင်းနားလည်သဘောပေါက်ကြပြီးဖြစ်ရာ၊ ဤအချက်သည် အားနည်းချက်များတွင် ထိပ်ဆုံးတခုဖြစ်နိုင်ပါသည်။ ဤစနစ်အတွင်း ကော်မရှင်သည် ကုန်သွယ်သောပမာဏအပေါ်တွင် မူတည်ပါသည်။ ကြီးမားသောကုန်သွယ်မှုပမာဏများအတွက် လေးနက်သော ကော်မရှင်တန်ဖိုးအထိ ပေးဆောင်ရနိုင်သော်လည်း၊ သင်၏ Electronic Communication Networks ကုန်သွယ်မှုများအတွက် ကုန်ကျစရိတ်များပြားသည်ဟု မဆိုနိုင်ပါ။

Market Order execution

အကယ်၍ ကုန်သည်များသည် ကုန်သွယ်ရေးတွင်  pending orders များကို အသုံးမပြုပါက၊ အရောင်းအဝယ် သ‌ဘောတူညီမှုသည် “ဈေးကွက်အတွင်းသို့” ရောက်ရှိသွားပါသည်။ အဓိပ္ပါယ်မှာ စနစ်အတွင်းရှိနေသော လက်ရှိပေါက်ဈေးဖြင့် ထိုအော်ဒါကို အကောင်အထည်ဖော်မည်ဖြစ်သည်။ သင်၏အော်ဒါကို ဆောင်ရွက်နေစဉ် စနစ်အတွင်းမှ ဈေးနှုန်းပြောင်းလဲသွားနိုင်ပြီး၊ သင်၏ကုန်သွယ်မှုအား အနီးစပ်ဆုံးဈေးဖြင့် အကောင်အထည်ဖော်ရနိုင်ပါသည်။ ဈေးကွက်မတည်ငြိမ်မှု အလွန်မြင့်မားသော အချိန်မျိုးတွင် ထိုကဲ့သို့ ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်နိုင်သော အခွင့်အရေးမှာမူ လွန်စွာ နည်းပါးပါသည်။ သို့ဖြစ်၍ ထိုအချက်အတွက် စိုးရိမ်ကြောင့်ကြမှု မဖြစ်သင့်ပါ။

ECN အကျိုးဆောင်ကုမ္ပဏီတခုအား မည်သို့ ခွဲခြားစိစစ် ရမည်နည်း။

အားသာချက်များနှင့် အားနည်းချက်များကို လေ့လာပြီးသောအခါ၊ ကုန်သည်များအတွက် အရေးအကြီးဆုံး အကြောင်းအရာတခုကို ဆက်သွားကြပါမည်။ အကျိုးဆောင်များစွာရှိကြသည့်အနက် မှန်ကန်သော ရွေးချယ်မှုကို မည်သို့ ပြုလုပ်ရမည်နည်း။ အထက်တွင် ရေးသားခဲ့ပြီးသည့်အတိုင်း၊ အချို့သော မသမာသည့် အကျိုးဆောင်များသည် ECN သို့မဟုတ် STP အကျိုးဆောင်များအဖြစ် အမည်ခံထားလေ့ရှိကြပြီး၊ အမှန်စင်စစ် အော်ဒါလက်ခံ၍ အကျိုးဆောင်အစစ်အမှန်များထံ တဆင့်ပေးပို့သူများသာ ဖြစ်လေ့ရှိသည်။

အမှန်တကယ်ကောင်းမွန်သော ECN အကျိုးဆောင်သည် အောက်ပါ အခြေအနေများဖြင့် ကိုက်ညီမှုရှိသင့်သည်။

1.အော်ဒါအကောင်အထည်ဖော်ခြင်း (order execution) အမျိူးအစားသည် ဈေးကွက်ပေါက်ဈေး (Market Execution) ဖြင့် အကောင်အထည်ဖော်သော နည်းလမ်းသာ ဖြစ်သင့်ပါသည်။ ယခုအချိန်အထိ ၎င်းနည်းလမ်းသာလျှင် အကောင်းဆုံး အော်ဒါပြီးမြောက်စေခြင်း အမျိုးအစား ဖြစ်ပါသည်။ အကယ်၍ အကျိုးဆောင်သည် အခြားသော အော်ဒါအကောင်အထည်ဖော်ခြင်းပုံစံကို အသုံးပြုပါက၊ ကုန်သွယ်ရေး လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ပြီး၊ ပြည့်စုံမှုမရှိနိုင်ပါ။

2. အော်ဒါအကောင်အထည်ဖော်သော အမြန်နှုန်း (order execution speed)။ အကယ်၍ အကျိုးဆောင်သည် ECN ပုံစံကို အသုံးပြုပါက၊ အော်ဒါအကောင်အထည်ဖော်သော အမြန်နှုန်းမှာ အလှမ်းဝေး‌သော ဆာဗာများအတွက် ၂၀၀ မှ ၃၀၀ မီလီစက္ကန့်ထက် မနှေးသင့်ပါ။ အလှမ်းနီးသော ဆာဗာများအတွက်မူ ၁၀၀ မှ ၁၂၀ ထက်မနှေးကွေးသင့်ပါ။ အကောင်းဆုံး အမြန်နှုန်းမှာ ၄၀ မှ ၆၀ မီလီစက္ကန့်ကြားတွင် ဖြစ်သင့်ပါသည်။

LiteFinance: ECN အကျိုးဆောင်ကုမ္ပဏီတခုအား မည်သို့ ခွဲခြားစိစစ် ရမည်နည်း။

အထက်ပါပုံသည် ကျွန်ုပ်၏အကျိုးဆောင်ဖြစ်သော LiteFinance မှ အော်ဒါဆောင်ရွက်သော အမြန်နှုန်းများကို ပြသထားခြင်း ဖြစ်ပါသည်။ အသုံးပြုသော ပလက်ဖောင်းမှာ MetaTrader 4 ဖြစ်ပြီး ကုန်သွယ်ရေး ဗျူဟာများစွာကို အသုံးပြုနိုင်ပါသည်။ သင်တွေ့မြင်ရသည့်အတိုင်း ကျွန်ုပ်နှင့် အနီးဆုံးဆာဗာပေါ်တွင် အမြန်နှုန်း ၃၆.၅၅ မီလီစက္ကန့်ဖြစ်ရာ၊ အတော်ကောင်းမွန်သော နှုန်းတခုဟု ဆိုနိုင်ပါသည်။

3. ကျဉ်းမြောင်းသော floating spread ။ မည်သည့် ECN အကျိုးဆောင်မဆိုသည် ၎င်း၏ ကုန်သည် များအား floating spread ဖြင့် ဝန်ဆောင်မှုပေးပါသည်။ ငွေဖြစ်ရန်လွယ်ကူသော ကုန်သွယ်ရေး ပစ္စည်းများအတွက် spread တန်ဖိုးမှာ လွန်စွာနည်းပါးသောပမာဏသာ ဖြစ်ပါသည်။

LiteFinance: ECN အကျိုးဆောင်ကုမ္ပဏီတခုအား မည်သို့ ခွဲခြားစိစစ် ရမည်နည်း။

ပုံပါအတိုင်း၊ ပြထားသော အခိုက်အတန့်အတွင်း EURUSD ကုန်သွယ်မှုများအတွက် spread သည် အနည်းဆုံးထက်ပင်ကျော်လွန်၍၊ spread လုံးဝ မရှိသည်ကိုပင် တွေ့မြင်ရပါသည်။

4. ကုန်သွယ်မှုတခုအတွက် ကော်မရှင်နှုန်းထား။ စစ်မှန်သော ECN အကျိုးဆောင်တိုင်းအတွက် တခုတည်းသော ဝင်ငွေရရှိရာ အရင်းအမြစ်မှာ ကော်မရှင်နှုန်းထားများသာ ဖြစ်ပါသည်။

5.Spreads မျာအတွင်း pending orders ချမှတ်နိုင်သော အခွင့်အရေး။ Bid နှင့် Ask ဈေးနှုန်းများဖြင့် လည်ပတ်သော ECN စနစ်အတွင်း အကျိုးဆောင်သည် pending orders များအပေါ် ကန့်သတ်ချက်များ မထားသင့်ပါ။

6.အကျိုးဆောင်သည် ECN စနစ်များမှ တခုသို့ ဝင်ရောက်ခွင့်ရှိသည်။ ဤသည်မှာ မဖြစ်မနေလိုက်နာရမည့် စည်းကမ်းဖြစ်သည်။ အကယ်၍ အကျိုးဆောင်သည် LavaFX၊ IntegralFX၊ instinet၊ atriax၊ 360T သို့မဟုတ် Currenex စသည့်ပလက်ဖောင်းများအနက် မည်သည့်တခုကိုမှ ဝင်ရောက်ခွင့်မရှိပါက၊ ထိုအကျိုးဆောင်သည် ECN အကောင့်တခုကို ပံ့ပိုးပေးနိုင်ခြင်းမရှိသည်မှာ သေချာပါသည်။ 

7. ကုန်သွယ်ရေးတာမီနယ်တွင် ပါဝင်သော Depth of Market။ ပုံမှန်အားဖြင့် Depth of Market (DOM) သည် တဖက်သတ်ဖွင့်ထားသည့် အဝယ်၊ အရောင်း ကြိုတင်အော်ဒါများအား ဈေးနှုန်းအတန်းအစား များအလိုက် စုစည်းထားသည့် အချိန်နှင့်တပြေးညီ အသစ်ပြောင်းလဲနေသော အီလက်ထရွန်းနစ်စာရင်းတခု ဖြစ်ပါသည်။ ပွိုင့် ၃ တွင်ပြသထားသော ပုံသည် လက်ရှိဈေးကွက်အခြေအနေကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် ကူညီပေးသော Depth of Markets တခုကိုပြသပါသည်။

8. အနည်းဆုံးအပ်ငွေပမာဏအတွက် လိုအပ်ချက်များ။ အကယ်၍ အကျိုးဆောင်ကုမ္ပဏီတခုသည် ECN စနစ်ကို အသုံးပြုပါက၊ ၎င်းအတွက် ကုန်ကျငွေသည် အခြားအော်ဒါဆောင်ရွက်သောပုံစံများထက် အဆများစွာ ပို၍မြင့်မားပါသည်။ ECN အကျိုးဆောင်သည် ကုန်သွယ်မှုပမာဏများအပေါ် ကော်မရှင် ရယူခြင်းဖြစ်ရာ၊ $10 သို့မဟုတ် $20 သာဖြည့်သွင်းသော အကောင့်များကို ဝန်ဆောင်မှုပေးခြင်းသည် အဓိပ္ပါယ်မရှိနိုင်ပါ။ သို့မဟုတ်လျှင် အကျိုးဆောင်သည် ဒေဝါလီခံရသော အခြေအနေသို့ ရောက်ရှိ နိုင်ပါသည်။ ထိုအကြောင်းရင်းကြောင့် ECN အကျိုးဆောင်များသည် ECN အကောင့်တခုအတွက် အခြား အကောင့်အမျိုးအစားများထက်မြင့်မားသည့် အနည်းဆုံး အပ်ငွေပမာဏတခု ကို သတ်မှတ်လေ့ရှိပါသည်။ 

ECN ဝန်ဆောင်ခများကို မည်ကဲ့သို့ တွက်ချက်သနည်း။

အကျိုးဆောင်မှ ကော်မရှင်ကောက်ခံရသော အကြောင်းရင်းနှင့် စပ်လျဉ်း၍ အထက်တွင် အကြိမ်များစွာ ‌ဖော်ပြထားခဲ့ပြီး ဖြစ်ပါသည်။ ECN ကော်မရှင်အကြောင်းနှင့် တွက်ချက်ပုံကို အသေးစိတ် ထပ်မံရှင်းပြလိုပါသည်။ 

ကော်မရှင်ဆိုသည်မှာ အဝယ်နှင့် အရောင်း ကုန်သွယ်မှုများအတွက် စနစ်များနှင့် Forex အကျိုးဆောင်များမှ ကောက်ခံသော ငွေပေးချေမှုစုစုပေါင်း ဖြစ်ပါသည်။

ရိုးရှင်းစွာဆိုရပါက၊ ကုန်သည်များမှ ကုန်သွယ်မှုဆောင်ရွက်ခြင်းများအတွက် အကျိုးဆောင်ထံ ပေးချေရသော စုစုပေါင်း ECN ကော်မရှင်တွင် ECN ကွန်ယက်သို့ ဝင်ရောက်ခွင့်ပေးခြင်းအတွက် ECN စနစ်နှင့် အကျိုးဆောင်တို့မှ ၎င်းတို့၏ ဝင်ငွေအဖြစ် ကောက်ခံသော နှုန်းထားများအားလုံးပါဝင်ပါသည်။

ရှည်လျားသော တွက်ချက်မှုများကြောင့် စိတ်မရှုပ်ထွေးရစေရန်အလို့ငှာ ကော်မရှင်ကောက်ခံပုံအား ရိုးရှင်းသော အသုံးအနှုန်းများဖြင့် ရှင်းပြပေးသွားပါမည်။

စည်းမျဉ်းအရ၊ ECN အကျိုးဆောင်များသည် ကော်မရှင်သဘောတရားကို ဖြစ်နိုင်သမျှ ရိုးရှင်းစေရန်အတွက် ကုန်သွယ်မှုတခုလျှင် ပုံသေ ကော်မရှင်တခုကိုသာ (ဥပမာ 1 lot လျှင် $10 သို့မဟုတ် $15) အတတ်နိုင်ဆုံးသတ်မှတ်လေ့ရှိပါသည်။

LiteFinance: ECN ဝန်ဆောင်ခများကို မည်ကဲ့သို့ တွက်ချက်သနည်း။

ဥပမာ ၁

ဤဥပမာတွင် ကော်မရှင်တွက်ချက်မှုဖော်မြူလာသည် အောက်ပါအတိုင်း ဖြစ်ပါသည်။

ECN ကော်မရှင် = (ပုံသေကော်မရှင် * ကုန်သွယ်မှုပမာဏ (lots))။

ECN = (5 USD * 1.0) = 5 USD. 

ဤသည်မှာ မည်သည့်ငွေကြေးအတွဲကိုမဆို ကုန်သွယ်မှု 1 lot ပြုလုပ်ခြင်းအတွက် LiteFinance အကျိုးဆောင်မှ ကောက်ခံသော ကော်မရှင်ဖြစ်ပါသည်။

ဥပမာ ၂ 

အခြားသော Forex အကျိုးဆောင်များသည် ကုန်သွယ်မှုပမာဏအပေါ်မှ ရာခိုင်နှုန်းတခုအား ကော်မရှင်အဖြစ် ကောက်ခံနိုင်ပါသည်။ ဤဖြစ်စဉ်တွင် တွက်ချက်မှုဖော်မြူလာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ECN ကော်မရှင် = (ကော်မရှင် % * ကုန်သွယ်မှုပမာဏ (ငွေကြေးယူနစ်များ)).

ECN ကော်မရှင် = (0.0045% * 100 000 EUR) + (0.0045% * 100 000 USD) = 4.5 EUR + 4.5 USD = (4.5 EUR * 1.1600) + 4.5 USD = 9.72 USD.

သင်မြင်တွေ့ရသည့်အတိုင်း နောက်ဆုံးရလာဒ်သည် ယခင်ဥပမာနှင့် အတူတူနီးပါးပင် ဖြစ်ပါသည်။ သို့သော် တွက်ချက်မှုမှာ အနည်းငယ်ပို၍ ရှုပ်ထွေးပါသည်။

သင်နားလည်ရန် လိုအပ်သောအချက်မှာ အစအဆုံးပြီးမြောက်သော အရောင်းအဝယ်တခုအတွက် ကော်မရှင်ကို အမြဲတစေကောက်ခံပါသည်။ ထို့ကြောင့် ဝယ်ယူပြီး ပြန်လည်ရောင်းချခြင်းအတွက် ကော်မရှင် ပေးဆောင်ရပါသည်။ ပထမဖြစ်စဉ်တွင် အကျိုးဆောင်၏ဘက်မှ ကော်မရှင်ကို ပမာဏတခုအဖြစ်သာ ကောက်ခံပါသည်။ ဒုတိယဖြစ်စဉ်တွင် အဝယ်ကော်မရှင်၌ အရောင်းကော်မရှင်ကို ထပ်မံပေါင်းထည့်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ ကော်မရှင်မည်သို့တွက်ချက်ရမည်ကို နားလည်ပြီးသည့်တိုင် အကျိုးဆောင်သည် ဤတန်ဖိုးများကို မည်သို့ရရှိသည်ကိုမူ ရှင်းလင်းကြမည်မဟုတ်ပေ။ အဘယ်ကြောင့် 5 USD သို့မဟုတ် 0.0045% အတိအကျကောက်ခံကြခြင်း ဖြစ်သနည်း။

ဤအချက်ကို နားလည်ရန် ကော်မရှင် မည်သို့ပေါ်ပေါက်လာသည်ကို နားလည်သိရှိရန်လိုအပ်ပါသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း -

ECN ကော်မရှင် = ( ECN စနစ်၏ကော်မရှင် +  ECN အကျိုးဆောင်၏ကော်မရှင်)။

အကျိုးဆောင်ကော်မရှင်နှင့်စပ်လျဉ်း၍ အရာအားလုံး ရှင်းလင်းလိမ့်မည်ဟု မျှော်လင့်ပါသည်။ ကော်မရှင်ဆိုသည်မှာ အကျိုးဆောင်မှ ၎င်း၏ ကုန်သည် များအား electronic communication network  အတွင်းရှိ အခြားပါဝင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသော ဝန်ဆောင်ခများအတွက် ကောက်ယူသော အာမခံကြေးတခုဖြစ်ပါသည်။ ECN စနစ်၏ ကော်မရှင်အကြောင်းကို အသေးစိတ် လေ့လာ ကြည့်ကြရအောင်။

ထို့ကြောင့် အခြားစနစ်များနှင်းနှိုင်းယှဉ်ပါက ECN စနစ်၏ အဓိက အားသာချက်သည် ဈေးကွက်ဝန်ဆောင်မှု ပြတ်တောက်နိုင်ခြေ လုံးဝနီးပါး မရှိခြင်းပင်ဖြစ်ပါသည်။ ငွေကြေးဈေးကွက် လောကအတွင်း ဈေးကွက် ဝန်ဆောင်မှုဆိုသည်မှာ ကုန်ပစ္စည်းတခုအား မည်မျှလျင်မြန်စွာ ဝယ်ယူ၊ ရောင်းချနိုင်မည်နည်းဟူသော တန်ဖိုးတရပ်ကို ကိုယ်စားပြုသော စကားလုံးဖြစ်ပါသည်။ အခြားတနည်းဖြင့် ဆိုရသော် liquidity သည် အိတ်ချိန်းဈေးကွက်၏ အရည်အသွေးကို ဖော်ပြသော စကားလုံးဖြစ်ပါသည်။

Liquidity ၏ အလုပ်လုပ်ပုံကို ရှင်းပြပါရစေ။ ကုန်စုံဈေးကွက်နှင့် နိုင်ငံခြားငွေကြေးဈေးကွက်ကို နှိုင်းယှဉ်ကြည့်ပါ။ သင့်အနေဖြင့် ကုန်ပစ္စည်းတခုကို သို့မဟုတ် ငွေကြေးတခုကို ယခုချက်ချင်းဝယ်ယူလိုပါက ဈေးကွက်အတွင်း ထိုကုန်ပစ္စည်း သို့မဟုတ် ငွေကြေးတခုကို ရောင်းချလိုသူတဦး ရှိနေရန် လိုအပ်ပါသည်။

ဥပမာ - သင်သည် အသားအချို့ကို ဝယ်ယူရန် ဈေးတခုသို့ ဝင်လိုက်သည်ဟု ဆိုကြပါစို့။ ပထမဦးစွာ သင်သည် ဈေးအတွင်း ရောင်းချလျက်ရှိသော အသားဈေးများကို လှည့်လည်စုံစမ်းလိုက်ပြီးနောက်၊ သင်အလိုရှိသော ဈေးနှုန်းဖြင့် အသားရောင်းချပေးမည့်သူမရှိကြောင်း သိလိုက်ရသည်။ အဓိပ္ပါယ်မှာ ဈေးကွက်အတွင်း သင့်အတွက် လုံလောက်သော ဝန်ဆောင်မှုကိုပေးနိုင်မည့်သူမရှိခြင်း သို့မဟုတ် သင်အလိုရှိသော ကုန်ပစ္စည်းအတွက် ဝန်ဆောင်ပေးနိုင်သူ အနည်းငယ်မျှသာရှိခြင်း ဖြစ်ပါသည်။ ထိုနည်းတူပင် သင်သည် Forex ဈေးကွက်အတွင်း ငွေကြေးအတွဲတခုကို ဝယ်ယူလိုသောအခါ၊ ဈေးကွက်အတွင်း သင်အလိုရှိ‌သော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်သူ အများအပြားရှိနေပါက စက္ကန့်ပိုင်းမျှပင်မကြာသောအချိန်အတွင်း၌ သင်အလိုရှိသော ငွေကြေးအတွဲကို ဝယ်ယူနိုင်ပါသည်။ အဓိပ္ပါယ်မှာ အဆိုပါဈေးကွက်၏ liquidity အရည်အသွေး မြင့်မားသည်ဟူသော အဓိပ္ပါယ်ပင် ဖြစ်ပါသည်။

သို့ရာတွင် အဆိုပါ liquidity ကို မည်သူက ပံ့ပိုးပေးပါသနည်း။ ရင်းနှီးမြှုပ်နှံသူများအဖွဲ့အစည်းဟု အမည်တပ်ရမည့်  electronic communications network မှ ပံ့ပိုးပေးခြင်းဖြစ်ပါသည်။  ကွန်ယက်သည် ဘဏ်များ၊ အကျိုးဆောင်များ၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်းများ၊ ကိုယ်စားလှယ်လုပ်ငန်းများ အပါအဝင် အခြားနေရာများမှ အော်ဒါများကို စုဆောင်းပါသည်။ Electronic Communication Networks သည် ၂၄ နာရီ ပတ်လုံး ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။ ထိုဝန်ဆောင်များအတွက် အဖိုးအခပေးရခြင်းမှာ မျှတသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့်ပင် သင်၏အကျိုးဆောင်မှတဆင့် သင့်ထံမှကောက်ခံ၍ ပေးချေရသော ကော်မရှင်သည် ပွင့်လင်းမြင်သာသော ပုံသေပမာဏတခု ဖြစ်ရခြင်းပင် ဖြစ်ပါသည်။

ECN စနစ်သည် ကော်မရှင်အမြဲတစေ ကောက်ခံပါသလား။ မဟုတ်ပါ။ စနစ်သည် ဝန်‌ဆောင်မှု၏ အရည်အသွေးကို ထိန်းသိမ်းထားသရွေ့ ၎င်းသည် အရောင်းအဝယ်ကို ပေါင်းထည့်ပေးသော မည်သူ့ကိုမဆို အားပေးကာ ဈေးကွက်မှ အဆိုပါ အခြေအနေ အား ရယူမည့် မည်သူ့ထံမှမဆို ကော်မရှင် ခ ကောက်ခံပါသည်။ ထို့အကြောင်းကို ဥပမာတခုဖြင့် ကြည့်လိုက်ကြပါစို့။

ဥပမာ ၁

သင်သည် အဝယ်အော်ဒါတခုကို ပြုလုပ်လိုသည်ဟု ဆိုကြပါစို့။ သင်ဝယ်ယူလိုသော ငွေကြေးအတွဲမှာ EUR/USD ဖြစ်သည်။ ကုန်သွယ်မှုပမာဏမှာ 1 lot (100,000 ငွေကြေးယူနစ်) ဖြစ်သည်။ သင်သည် ထိုအတွဲကို ဈေးကွက်အတွင်းမှ ယခုပင် ဝယ်ယူလိုခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် ကုန်သွယ်ရေးအော်ဒါတခုကို ပြုလုပ်လိုက်သည်။ သင်၏ အကျိုးဆောင်မှ သင်၏အော်ဒါအား ဈေးကွက်အတွင်း ထည့်သွင်းလိုက်ပြီး၊ စနစ်အတွင်းမှ အကျိုးအမြတ်အရှိဆုံး အရောင်းအော်ဒါတခုနှင့် ချက်ချင်းဆိုသလို တွဲဖက်လိုက်သည်။ ဤဖြစ်စဉ်တွင် သင်၏ ကုန်သွယ်မှုကို ဖွင့်ရန် ဈေးကွက်မှ 100,000 ယူနစ်အား သင့်အတွက်ရည်ရွယ်၍ စနစ်အတွင်းမှ အဆိုပါ liquidity ပမာဏ တခုကို ဖယ်ထုတ်လိုက်ရမည်ဖြစ်သည်။ သင်သည် စနစ်အတွင်းမှ liquidity ပမာဏတခုကို လျှော့ချ လိုက်သောကြောင့် ထို့အတွက် ကော်မရှင်ခကို ပေးချေရပါသည်။

ဥပမာ ၂

သင်သည် EURUSD 1 lot (100,000 ငွေကြေးယူနစ်) ကို ဝယ်ယူလိုပါသည်။ သို့ရာတွင် ယခုချက်ချင်း ဝယ်ယူလိုခြင်း မဟုတ်ပါ။ ဤဖြစ်ရပ်တွင် သင့်အနေဖြင့် pending order တခု - အများအားဖြင့် - Limit အော်ဒါတခုကို အသုံးပြုပါသည်။ သင်သည် အကျိုးဆောင်မှတဆင့် အော်ဒါတခုကို သတ်မှတ်လိုက်သည်။ အကျိုးဆောင်မှ သင်၏ အော်ဒါအား ဈေးကွက်အတွင်းရှိ အော်ဒါစာရင်း - Depth of Market  တွင် နေရာချထားလိုက်သည်။ သင်၏ အော်ဒါကို မဖွင့်ရသေးသောကြောင့်၊ ၎င်းသည် စနစ်အတွင်း ဆက်လက်၍ရှိနေသည်။ ECN စနစ်သည် သင့်ကို အားပေးကြိုဆို၍ သင်၏ အော်ဒါ အကောင်အထည် မဖော်မချင်း သင့်ထံမှ ကော်မရှင်ကောက်ခံခြင်းမပြုပါ။

အထက်ပါ အကြောင်းအရာအားလုံးကို အနှစ်ချုပ်ရသော်၊ ကော်မရှင်ခမပါဝင်ပဲ ကုန်သွယ်ရန် မဖြစ်နိုင်ပါဟု ကျွန်ုပ်အနေဖြင့် ဝန်ခံရပါလိမ့်မည်။ အကယ်၍ အကျိုးဆောင်တဦးမှ ကော်မရှင်ခ ကောက်ခံခြင်းမပြုပဲ ECN စနစ်အတွင်း ကုန်သွယ်မှုအော်ဒါကို ထည့်သွင်းပေးမည်ဟု ဆိုလာပါက၊ ၎င်းသည် အမှန်မဟုတ်ပါ။ ကော်မရှင်သည် သင့်ငွေကို ဆုံးရှုံးစေမည့် နည်းလမ်းမဟုတ်ပါ၊ ၎င်းသည် ယုံကြည်စိတ်ချရသော အကျိုးဆောင်တစ်ဦးအတွက် လိုအပ်သော ဝင်ငွေပမာဏတစ်ခုဖြစ်သည်။ သို့သော်၊ အကျိုးဆောင် အများအပြားသည် ၎င်းတို့၏ ဝန်ဆောင်မှုအသုံးပြုသူများအား  rebate ဟုခေါ်သော ကော်မရှင်ငွေပြန်အမ်းပေးမှု cashback ကို ပေးဆောင်သည်။

ECN အကျိုးဆောင်နှင့် ကုန်သွယ်ရန် အဘယ်ကြောင့် စဉ်းစားသင့်ပါသနည်း။

ကုန်သွယ်ရေးပုံစံ ရွေးချယ်မှုကို ပြန်လည် စဉ်းစားကြည့်ကြပါစို့။ လက်ရှိအချိန်တွင် ECN နှင့် STP မှလွဲ၍ အခြားနည်းလမ်းမရှိပါ။ ECN ကုန်သွယ်ရေးကို ရွေးချယ်ကြသော ကုန်သည်များ တနေ့တခြား ပိုမိုများပြားလာကြသည်။

အဘယ်ကြောင့် ECN အကျိုးဆောင်အား ရွေးချယ်သင့်သနည်း။

1. ဈေးကွက်အချက်အလက်များအား လျှို့ဝှက်ထိန်းသိမ်းမှုနှင့် အချက်အလက်များ၏ ယုံကြည်စိတ်ချရမှု။

  • ဈေးကစားခြင်း (နှုန်းထားများကို ကြိုးကိုင်ခြယ်လှယ်ခြင်း)အကြောင်းကို သိရှိပါသလား။ အချိန်တခုထိ ကုန်သွယ်လာကြသူများအတွက် ၎င်းသည် အရေးပါသော မေးခွန်းတခုပင် ဖြစ်ပါသည်။ ECN ကုန်သွယ်ရေးတွင် သင်ရရှိသော နှုန်းထားများသည် စစ်မှန်ကြောင်း သေချာပါသည်။

  • ECN တွင် ကွန်ယက်အတွင်းမှ အခြားပါဝင်သူများ၏ အော်ဒါများအားလုံးကို အချိန်မရွေး ကြည့်ရှုနိုင်သော Depth of Market ပါဝင်ပါသည်။

2. ပုံသေမဟုတ်သော spread.

  • ECN တွင် spread တန်ဖိုးသည် အတက်အကျ (floating) ရှိပြီး၊ ဈေးကွက် မတည်ငြိမ်မှုအပေါ်လိုက်၍ ပြောင်းလဲပါသည်။

  • မတည်ငြိမ်မှုနိမ့်ပါးခြင်းနှင့်အတူ ရေပန်းစားသော ကုန်သွယ်ရေးပစ္စည်းများအတွက် spread တန်ဖိုး သုညသာ ဖြစ်နိုင်ပါသည်။

3. မြန်ဆန်သောအော်ဒါအကောင်အထည်ဖော်မှု (instant order execution)

  • အကယ်၍သင်သည် ဈေးကွက်ပေါက်ဈေးဖြင့် ကုန်သွယ်မှုတခုကို ဖွင့်ပါက၊ အော်ဒါအား ဈေးကွက်သို့ နှောင့်နှေးမှုမရှိပဲ ချက်ချင်း ပေးပို့မည်ဖြစ်ပါသည်။

  • အကောင်းဆုံး ECN အကျိုးဆောင်များသည် 50ms ထက်မပိုသော အော်ဒါ အကော်အထည်ဖော်နှုန်းကို ကမ်းလှမ်းကြလေ့ရှိသည်။

4. အခြားတဖက်မှ ကုန်သွယ်သူများကို မြင်တွေ့နိုင်ခြင်း။

  • ECN တွင် သင်၏အော်ဒါသည် မည်သူနှင့်တွဲဖက်သည် မည်သူက သင်၏ ငွေကြေး သို့မဟုတ် ကုန်ပစ္စည်းကို ဝယ်ယူသည် အစရှိသည်ကို အမြဲတစေ မြင်တွေ့နိုင်ပါသည်။

  • ဈေးကွက်အတွင်း လက်ရှိ ရှိနေသော ကုန်သွယ်မှုပမာဏအား Depth of Market တွင် ကြည့်ရှုနိုင်ပါသည်။

5. သတင်းများအပေါ်သုံးသပ်၍ ကုန်သွယ်နိုင်သကဲ့သို့၊ ကုန်သွယ်ရေးရိုဘော့များကိုလည်း အသုံးပြု နိုင်ပါသည်။

  • ECN သည် liquidity အထူးမြင့်မားလေရာ၊ ဝယ်ဈေးနှင့်ရောင်းဈေးကြားတွင် pending orders များ ချမှတ်နိုင်ပြီး၊ မည်သည့် ဈေးနှုန်းအပြောင်းအလဲကိုမဆို ချက်ချင်းတုံ့ပြန်နိုင်ပါသည်။

  • ATS သို့မဟုတ် အထူးရေးဆွဲထားသော ပရိုဂရမ်များဖြင့် ကုန်သွယ်ကြသော ကုန်သည်များသည် ECN အကောင့်များနှင့် အထူးသင့်လျော်ပါသည်။

ကျွန်ုပ်သည် ENC အကျိုးဆောင်၏ ဤသို့သော အားသာချက်များအားလုံးကို နှစ်ပေါင်းများစွာကပင် သတိပြုချီးမွမ်းမိခဲ့ခြင်းဖြစ်ပြီး၊ ယခုအချိန်ထိ ကျွန်ုပ်၏ ရွေးချယ်မှုမှာ LiteFinance အကျိုးဆောင် ကုမ္ပဏီသာ ဖြစ်ပါသည်။ ထိုအချိန်မှစ၍ ကောင်းမွန်သော ECN အကျိုးဆောင်အများအပြား ပေါ်ပေါက် လာခဲ့သည်။ သို့ရာတွင် ကျွန်ုပ်သည် LiteFinance ၏ ပွင့်လင်းမြင်သာသော ကုန်သွယ်ရေး အခြေအနေ များနှင့် သက်သာသော အဖိုးအခကို နှစ်ခြိုက်သောကြောင့် အကြီးဆုံး ငွေကြေးဈေးကွက် အကျိုးဆောင် များ မှ တခုဖြစ်သော LiteFinance နှင့်သာ ယခုအချိန်ထိ ဆက်လက်၍ လက်တွဲဖြစ်ခဲ့သည်။

ECN ကုန်သွယ်မှု အကျဉ်းချုပ်

ကျွန်ုပ်၏ ဝင့်ကြွားခြင်းအလျင်းမရှိသော အမြင်အရ၊ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်အတွင်း ECN သည် ပြုပြင်ပြောင်းလဲရေးတရပ်ကို ပြုလုပ်ခဲ့သည်ဟု ဆိုချင်ပါသည်။ ယခင်ကာလများတွင် ကုန်သည်တဦး အနေဖြင့် အကျိုးဆောင်များနှင့် အခြားပါဝင်သူများ၏ အခန်းကဏ္ဍကို အပြည့်အဝ ဖယ်ရှားပစ်ပြီး မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ကုန်သွယ်ရေးပုံစံတခု ပေါ်ပေါက်လာမည်ဟု စိတ်ကူးယဉ်နိုင်ခြင်း မရှိခဲ့ပါ။ ECN အကောင့်သည် interbank market. (ဘဏ်အချင်းချင်း ချိတ်ဆက်သည့်ဈေးကွက်) သို့ ဝင်ရောက်ခွင့်ကို ပံ့ပိုးပေးသော အဆင့်အတန်း မြင့်မားသည့် ဝန်ဆောင်မှုများကို ရယူရန်အတွက် ရိုးရှင်း၍ အဆင်ပြေသော နည်းလမ်းတခု ဖြစ်ပါသည်။ Spread အနည်း‌ဆုံးဖြစ်ခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိသော ကော်မရှင်များသည် ECN အကောင့်များအား ကုန်သွယ်ရေးဗျူဟာအမျိုးမျိုးကို အောင်မြင်စွာအသုံးချရန် အကောင်းဆုံး နည်းလမ်းတခု ဖြစ်လာစေပါသည်။ ECN Forex အကျိုးဆောင်များမှာ  အရေအတွက် အတော်ပင် များပြားလှပါသည်။ ကုန်သွယ်ရေးတွင် အောင်မြင်၍ အမြတ်များ ရရှိလိုပါက၊ ခိုင်မာမှန်ကန်၍ ယုံကြည်စိတ်ချထိုက်သော၊ ၎င်း၏ ကုန်သည်များအ‌ပေါ် သစ္စာစောင့်သိသော အကျိုးဆောင်ကို ရွေးချယ်ရန် အရေးကြီးပါသည်။ ထို့အပြင် သင်၏ ECN အ‌တွေ့အကြုံကို မစတင်မီ၊ ဆုံးရှုံးမှုအလားအလာများကို အနည်းဆုံးအထိ လျှော့ချရန်အတွက် ဒီမိုအကောင့်တခုကို အသုံးပြုရန် တိုက်တွန်းလိုပါသည်။

 

ECN ကုန်သွယ်မှု အမေး၊အဖြေ

ECN ကုန်သွယ်မှု ဆိုသည်မှာ electronic communication network အတွင်း ကုန်သွယ်ခြင်း ဖြစ်ပါသည်။ ကုန်သည်များသည် မည်သည့်ကြားခံကိုမှ မလိုအပ်ပဲ အပြန်အလှန် တိုက်ရိုက် ဝယ်ယူ၊ ရောင်းချနိုင်ကြပါသည်။ Liquidity providers များသည် ၎င်းတို့၏ အသုံးပြုသူ များထံမှ အာမခံကြေးအဖြစ် ကော်မရှင်တခုကို ကောက်ခံကာ ကွန်ယက်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိသော ECN ကုန်သွယ်ရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးကြသည်။

Electronic Communication Network အကျိုးဆောင်ကုမ္ပဏီတခုသည် အီလက်ထရွန်းနစ် ဆက်သွယ်ရေး ကွန်ယက်များ (ECNs) ကိုအသုံးပြု၍ ၎င်း၏ ကုန်သည် များအား အခြား market makers (ဘဏ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုများ၊ ကိုယ်စားလှယ်များနှင့် အခြား အကျိုးဆောင်များ) ထံမှ ကုန်သည်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသော Forex အကျိုးဆောင်ဖြစ်ပါသည်။

ECN အကောင့်ဆိုသည်မှာ liquidity provider ပြုလုပ်နိုင်သည့် အနေအထားရှိသော ECN အကျိုးဆောင် မှ ပံ့ပိုးပေးသော အကောင့်အမျိုးအစား ဖြစ်ပါသည်။ ECN အကောင့်တခုတွင် ကုန်သည်တဦးသည် electronic communication network (ECNs) အတွင်း ငွေကြေး‌ဈေးကွက်များ တွင် ကုန်သည်နှင့် အခြားသော ဈေးကွက်ပါဝင်သူများကြား ကြားခံ တစုံတရာ မလိုအပ်ပဲ တိုက်ရိုက်ကုန်သွယ်မှုများ ပြုလုပ်နိုင်ပါသည်။

ကော်မရှင်ဆိုသည်မှာ ECN စနစ်အတွင်း အဝယ်နှင့် အရောင်းအော်ဒါများကို ဆောင်ရွက်ရန်အတွက် အကျိုးဆောင်နှင့် ECN စနစ်၏ ကော်မရှင်များကို ပေါင်းစပ်၍ ကောက်ခံသော ကော်မရှင်ခဖြစ်ပါသည်။ ထို့ကြောင့် ၎င်းသည် ကုန်သွယ်မှုပမာဏအပေါ် မူတည်၍ ပုံသေပမာဏတခု ဖြစ်လေ့ရှိပါသည်။

အမှန်စင်စစ် STP နှင့် ECN တို့သည် လွန်စွာဆင်တူပါသည်။ အမျိုးအစားနှစ်ခုစလုံးတွင် သင်၏ကုန်သွယ်မှုများသည် တဖက်သို့ တိုက်ရိုက်သွားပါသည်။ တဖက်မှ ကုန်သွယ်သူသည် သင်၏အကျိုးဆောင်နှင့် မိတ်ဖက်ဖြစ်သော ဘဏ်တခု (သို့မဟုတ် မိတ်ဖက်များစွာ) ဖြစ်နိုင်ပါသည်။ ECN စနစ်တွင် ကုန်သွယ်မိတ်ဖက်အားလုံးသည် စနစ်၏ အဖွဲ့ဝင်များသာ ဖြစ်ကြပါသည်။ ထင်ရှားသည့် တခုတည်းသော ခြားနားချက်မှာ ကော်မရှင်ကောက်ခံသော နည်းလမ်းဖြစ်ပါသည်။ STP ပုံစံတွင် ကော်မရှင်သည် spread တစိတ်တပိုင်းဖြစ်လေ့ရှိပြီး၊ ECN ပုံစံတွင် ကော်မရှင်အား သီးခြားကောက်ခံလေ့ရှိပါသည်။ သို့ရာတွင် ကုန်သည်တဦးအတွက် ကော်မရှင်အရွယ်အစားတွင် ခြားနားမှုရှိသည်ဟု အမြဲတစေ မှတ်ယူ၍မရနိုင်ပါ။

ဤကုန်သွယ်ရေး အမျိုးအစားတွင် ယုံကြည်စိတ်ချရသော အကျိုးဆောင်ကို ရွေးချယ်ခြင်းသည် အရေးပါသော အချက်တခုဖြစ်ပါသည်။ ECN နှင့် အခြား Forex အကျိုးဆောင်များကြား မည်သို့ ခွဲခြားရမည်ကို အထက်တွင် ရှင်းလင်းရေးသားခဲ့ပြီး ဖြစ်ပါသည်။ သို့ရာတွင် မည်သည့် အကျိုးဆောင်က အကောင်းဆုံးဖြစ်သည်ဟု မည်သို့ သတ်မှတ်မည်နည်း။ အကယ်၍ အကျိုးဆောင်သည် ECN စနစ်တွင်အလုပ်လုပ်ပါက၊ ကွန်ယက်တခုတည်းဖြစ်သည့်အတွက် နှုန်းထားများတွင် ကွဲပြားမှုမရှိနိုင်ပါ။ သို့သော် ကုန်သွယ်ရေးအခြေအနေများတွင် ကွဲပြားမှုရှိပါသည်။အကျိုးဆောင်တဦးချင်းစီသည် ၎င်းတို့ထံတွင် ကုန်သွယ်နိုင်သော ကိုယ်ပိုင်ကုန်သွယ်ရေး ပစ္စည်းအစုံနှင့်တကွ မတူညီသော ကော်မရှင်များကို ကမ်းလှမ်းကြသည်။ ကုန်သည်များသည် ၎င်းတို့၏ ကုန်သွယ်ရေးစတိုင်လ်နှင့် ရည်ရွယ်ချက်အပေါ်မူတည်၍ အကျိုးဆောင်ကို ရွေးချယ်ကြသည်။ ကျွန်ပ်သည် လွန်ခဲ့သော ရှစ်နှစ်မှစ၍ LiteFinance အကျိုးဆောင်ကို ရွေးချယ့်ခဲ့ပြီး၊ ယခုထက်တိုင် ထိုအကျိုးဆောင်နှင့်သာ လက်တွဲနေဆဲဖြစ်ပါသည်။ ကွန်ယက် အကောင့်များအတွက်ဆိုပါက ကျွန်ုပ်သည် LiteFinance ၏ ပုံသေကော်မရှင် ကောက်ခံခြင်းကို သဘောကျပါသည်။ ကျွန်ုပ်ပေးချေရမည့် ပမာဏကို အမြဲတမ်း သိရှိထားနိုင်ခြင်း ကြောင့် ဖြစ်သည်။ ထို့အပြင် ၎င်းသည် ပလက်ဖောင်းနှင့် အသားကျစေရန်အတွက် ဒီမိုအကောင့်ကို အသုံးပြုနိုင်သော အခွင့်အရေးကိုလည်း ပံ့ပိုးပေးထားပါသည်။

ဤကုန်သွယ်ရေးပုံစံမျိုး၏ နိယာမမှာ ရိုးရှင်း၍ တသမတ်တည်းသာ ဖြစ်ပါသည်။ သင်စိတ်ဝင်စားသော ကုန်သွယ်ရေးပစ္စည်းအမျိူးအစားဖြင့် ကုန်သွယ်ရန် သင်၏ အကျိုးဆောင်ထံတွင် အော်ဒါပြုလုပ်ပါ။ ထို့နောက် အကျိုး‌ဆောင်သည် သင်၏အော်ဒါအား (အခြား‌ဈေးကွက်အဖွဲ့ဝင်များ၏ အော်ဒါများ ပါဝင်ပြီးဖြစ်သော ECN စနစ်အတွင်းသို့ ပေးပို့ပါမည်။ ကွန်ယက်အတွင်းရှိ အော်ဒါအားလုံးကို အော်ဒါကော်လံ (order book) တခုတည်းတွင် စာရင်းပြုစုစုစည်းကာ၊ “ပထမဆုံးအော်ဒါအား အကောင်းဆုံးဈေးနှုန်းဖြင့် အကောင်အထည်ဖော်ခြင်း” (“the first one with the best price”) စည်းမျဉ်းနှင့်အညီ ဝန်ဆောင်မှုပေးပါသည်။ တပြိုင်တည်းမှာပင် Forex အကျိုးဆောင်များအပါအဝင် မည်သည့်ကြားခံတခုကမှ ကုန်သွယ်မှုအစီအစဉ်ကို လွှမ်းမိုးခြယ်လှယ်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် ECN ကုန်သွယ်ရေးသည် ပွင့်လင်းမြင်သာ၍ လုံခြုံဘေးကင်းပါသည်။

ECN အကျိုးဆောင်များသည် စနစ်အတွင်း ကုန်သွယ်ရေးအစီအစဉ်အပေါ် လွှမ်းမိုးနိုင်ခြင်း မရှိပါ။ ထို့ကြောင့် အကျိုးဆောင်၏ တခုတည်းသော ဝင်ငွေလမ်းကြောင်းမှာ အဝယ် သို့မဟုတ် အရောင်းအော်ဒါများ အကောင်အထည်ဖော်ရန်အတွက် ကော်မရှင်ကောက်ခံခြင်းပင်ဖြစ်သည်။ ၎င်းသည် ကုန်သွယ်မှုပမာဏအပေါ်မူတည်၍ ပုံသေပမာဏတခု ဖြစ်လေ့ရှိပါသည်။

ပွင့်လင်းစွာဆိုရလျှင် ဤအကောင့်အမျိုးအစားနှစ်ခုတွင် ခြားနားချက် မရှိသလောက်ပင် ဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် Pro ECN MT4 သည် အပေါ်ယံဖွဲ့စည်း ပုံပိုမိုသေသပ်သည်မှအပ ပုံမှန် MT4 နှင့်အတူတူ ဖြစ်သည်ဟုပင် ပြောနိုင်ပါသည်။ အဓိကခြားနားချက်မှာ အနည်းဆုံး အပ်ငွေနှင့် ကော်မရှင်အရွယ်အစားများသာ ဖြစ်သည်။ Pro ECN တွင် spread များကို လုံးဝလျှော့ချရန် စီစဉ်ဖန်တီးထားပြီး၊ ထို့ကြောင့်ပင် ကော်မရှင်ခ ပို၍ မြင့်မားပါသည်။ မည်သို့ပင်ဖြစ်စေ ECN MT4 တွင်လည်း spread များမှာ အနည်းဆုံးတန်ဖိုးခန့်သာ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တဦးတည်း အမြင်၌မူ မည်သည့်ခြားနားချက်မှ မရှိသလောက်ပင် ဖြစ်ပါသည်။

ခေတ်မှီ Forex ဈေးကွက်အတွင်း ယေဘုယျအားဖြင့် အဓိကအကောင့်အမျိုးအစား နှစ်ခု ရှိပါသည်။ ECN နှင့် CLASSIC အကောင့်များသည် အနည်းဆုံး အပ်ငွေပမာဏ၊ spread အရွယ်အစား၊ ကော်မရှင်ပါဝင်ခြင်း/မပါဝင်ခြင်း စသည့်အချက်များတွင် ကွဲပြားမှုရှိကြပါသည်။

ECN ကုန်သွယ်ရေးလမ်းညွှန် - ကုန်သည်တစ်ဦးအတွက် သိရှိရန်လိုအပ်သော အရာအားလုံး

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat