ကုန်သွယ်ရေးလမ်းညွှန် (သို့) ညွှန်ကြားချက်တိုင်းသည် အောင်မြင်သောကုန်သွယ်ခြင်းအတွက် ကုန်သွယ်ရေး နည်းဗျူဟာများအား မဖြစ်မနေလိုအပ်သည်ကို အခိုင်အမာပြဆိုသည်။ ဦးဆုံးအနေဖြင့် သင်သည် သင့်၏ forex နည်းဗျူဟာကို ရွေးချယ်သောအခါ ကုန်သွယ်ခြင်းတွင်ဆုံးရှုံးနိုင်ချေများအား လျော့ချရန်အတွက် အကူအညီဖြစ်စေသည့် ပိုမိုကောင်းမွန်သောကုန်သွယ်ရေးလုပ်ငန်းစဥ်ကို ရရှိပါသည်။
အကျိုးအမြတ်ရနိုင်သော Forex ကုန်သွယ်ရေးနည်းဗျူဟာသည် ညွှန်ကြားချက်တစ်ခုဖြစ်ပါသည်။ ကုန်သည်တစ်ယောက်သည် မည်သည့်နည်းစနစ် (သို့) စီမံချက်မှ အသုံးမပြုလျှင် ကြီးမားသောဆုံးရှုံမှုကို ရင်ဆိုင်ကြုံတွေ့ရပါမည်။ ကုန်သည်တစ်ယောက်သည် ၎င်းတို့ကို ကြပ်မတ်စွာလိုက်နာလျှင် ၎င်းသည် အမှားများစွာကို ရှောင်ရှားနိုင်ပါလိမ့်မည်။ စျေးကွက်ကို ကြိုတင်ခန့်မှန်းရန် ခက်ခဲပြီး ၎င်းသည် ကုန်သွယ်ခြင်းအယူအဆအမှားများကို မကြာခဏပေါ်ပေါက်စေသည်။
သင့်၏ forex နည်းဗျူဟာသည် ပြောင်းလဲနိုင်သောစျေးကွက်အခြေအနေမျိုးစုံအတွင်းတွင် သင်မည်သို့လုပ် ဆောင်သင့်သည်ကို သင့်အားပြောပြပေးပါလိမ့်မည်။ သင့်၏ ကုန်သွယ်ခြင်းနည်းဗျူဟာသည် မည်သည့်အခြေ အနေမျိုးအတွက်မဆို အဆင်ပြေကိုက်ညီသင့်ပါသည်။
မည်သည့်အချိန်တွင် ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ရန် (သို့) ထွက်ခွာရန်ကို သင်မှန်းဆမိလိမ့်မည်မဟုတ်ပါ။ သင်ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ရန် (သို့) ထွက်ခွာရန် လိုအပ်ချိန်တွင် သင့်၏ ကုန်သွယ်ရေးနည်းဗျူဟာသည် သင့်ကိုသတိပေးနှိုးဆော်ပါလိမ့်မည်။ သို့သော် ၎င်းသည် မလိုလားအပ်သော မည်သည့်အစိတ်အပိုင်းမဆို မပါဝင်ပါ။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
အဓိကကောက်နှုတ်ချက်များ
ပင်မစာတမ်း | သဘောတရားများနှင့်အဓိကအချက်များ |
အဓိပ္ပာယ်ဖွင့်ဆိုချက် | Forex ကုန်သွယ်ရေးနည်းဗျူဟာများသည် ငွေကြေးစနစ်ကုန်သွယ်ခြင်းတွင် အဝယ်(သို့)အရောင်းဆုံးဖြတ်ချက်များကို လမ်းညွှန်ရန်အတွက် စီမံချက်များ (သို့) နည်းဥပဒေအစုအဝေးများ ဖြစ်သည်။ |
အရေးပါမှု | Forex ကုန်သွယ်ရေးနည်းဗျူဟာတစ်ခုတွင် ပြတ်သားသေချာမှုကို ပေးစွမ်းသည်၊ ဆုံးရှုံးနိုင်ချေကို လျော့ချပေးပြီး စျေးကွက်ကြောင့်ဖြစ်ပေါ် သောအမှားများကို ရှောင်းရှားရန် အထောက်အကူပြုသည်။ |
အမျိုးအစားများ | ဤဆောင်းပါးသည် နည်းပညာဆိုင်ရာအညွှန်းများ၊ Bollinger bands၊ moving averages နှင့် အစရှိသည်တို့အပေါ်အခြေခံသော Forex ကုန်သွယ်ရေးနည်းဗျူဟာမျိုးစုံကို စာရင်းပြုစုထားသည်။ |
အကျိုးအမြတ်အများဆုံးရနိုင်သော Forex ကုန်သွယ်ရေးနည်းဗျူဟာများ | အသားပေးဖော်ပြထားသော အကျိုးအမြတ်ရနိုင်စွမ်း Forex ကုန်သွယ်ခြင်းနည်းဗျူဟာ သုံးခုမှာ: Scalping နည်းဗျူဟာ “Bali” ။ Candlestick နည်းဗျူဟာ “Fight the tiger” ။ “Profit Parabolic” ကုန်သွယ်ခြင်းနည်းဗျူဟာ ။ |
ရွေးချယ်နည်း | Backtesting ၊ အကောင့်အစစ်လုပ်ဆောင်ချက် နှင့် စျေးကွက် အခြေအနေ များ အပေါ်အခြေခံထားသော forex ကုန်သွယ်ရေး နည်းဗျူဟာတစ်မျိုးကို ရွေးချယ်ပါ။ တစ်မျိုးချင်း စီ သတ်မှတ်ချက်များ ပေါ်မူတည်၍ ပြုပြင်ညှိနှိုင်းပါ။ |
Forex ကုန်သွယ်ရေးနည်းဗျူဟာများ၏အမျိုးအစားများ
ကုန်သွယ်ရေး နည်းဗျူဟာများ သည် များစွာသောအသုံးပြုပုံစံများပေါ်တွင် အခြေခံနိုင်ပါသည်။ လူကြိုက်အများဆုံးသော ကုန်သွယ်ရေးနည်းဗျူဟာများမှာ
နည်းပညာဆိုင်ရာအညွှန်းများ အပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာ
Bollinger bands ပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာ
Moving averages ပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာ
နည်းပညာစစ်တမ်းနှင့် စျေးနှုန်းပုံစံများ အပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာ
Fibonacci retracements အပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာ
Candlestick ကုန်သွယ်ရေးနည်းဗျူဟာ
စျေးနှုန်းလားရာလမ်းကြောင်း အပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာ
စျေးတည်ငြိမ်ချိန်တွင် ကုန်သွယ်ခြင်းနည်းဗျူဟာ
Scalping
အခြေခံစီးပွားရေးစစ်တမ်းအပေါ်အခြေခံသော ကုန်သွယ်ရေးနည်းဗျူဟာ
အကျိုးအမြတ်အများဆုံးရနိုင်သော Forex ကုန်သွယ်ရေး နည်းဗျူဟာ သုံးမျိုး
အရေးကြီးသတိပေးမှု! ဤကဲ့သို့နည်းဗျူဟာများသည် သင့်ကိုယ့်ပိုင် forex ကုန်သွယ်ရေးနည်းဗျူဟာ ဖြစ်ပေါ်ရန်အတွက် အခြေခံစနစ်တစ်ခုကို ဖန်တီးပေးသည်။ အကြံပြုထားသော အကြောင်းအရာများနှင့် ကြိုတင် အမိန့်များကို ထည့်သွင့်ရန် ထောက်ခံညွှန်းဆိုထားသောအဆင့်များသည် အကြံပြုဖော်ပြချက် တစ်ခုမျှသာ ဖြစ်သည်။
သင်သည် backtesting (သို့) အကောင့်စစ်ပေါ်တွင် လုပ်ဆောင်ချက် တို့ကို မကြိုက်သောအခါတွင် ထိုနည်းဗျူဟာသည် ကျရှုံးမှုတစ်ခု မဖြစ်နိုင်ပါ။ သင်သည် သီးခြားပိုင်ဆိုင်မှုတစ်ခု (သို့) လတ်တလောစျေးကွက်အခြေအနေတစ်ခုနှင့် ကိုက်ညီသောညွှန်းဆိုချက်များအတွက် သတ်မှတ်ချက် တစ်မျိုးချင်းစီကို ရှာဖွေရန်လိုအပ်ရုံမျှသာဖြစ်သည်။
မှတ်ချက်! နည်းဗျူဟာတစ်ခုစီ၏ဖော်ပြချက်တွင် ညွှန်းဆိုချက်များနှင့်အတူ ၎င်းတို့၏ လုပ်ထုံးလုပ်နည်း ပုံစံကွက်နှင့် ၎င်းတို့၏အသုံးပြုနည်းအတွက် လမ်းညွှန်မှုအကျဥ်းချုပ်တစ်ခုတို့ ပါဝင်ပါသည်။ ဤဆောင်းပါး၏အဆုံး၌ လက်တွေ့အကြံပြုချက်များကို ရည်ရွယ်ဖော်ပြထားသော သီခြားကဏ္ဍတစ်ခုရှိ ပါသည်။ ထိုအရာသည် လက်တွေ့ကုန်သွယ်ရာတွင် ထိုကဲ့သို့ templates (ပုံစံကွက်များ) စတင်ဆောင်ရွက်နည်း နှင့် LiteFinance နှင့်အတူ ငွေစတင်ရှာဖွေနည်းတို့ကို ရှင်းလင်းပြသပါသည်။ သင်သည် နည်းဗျူဟာတစ်ခုကို စိတ်ဝင်စားလျှင် LiteFinance နှင့်အတူ နမူနာအကောင့်တစ်ခု ဖွင့်ပြီး ဤခြုံငုံသုံးသပ်ချက်ထဲတွင် ဖော်ပြထားသောအကြံပြုချက်များကို လိုက်နာပါ။ သင့်တွင် မေးရမည့် မေးခွန်းများရှိလျှင် မှတ်ချက်များထဲတွင် ၎င်းတို့ကို လွတ်လပ်စွာမေးမြန်းနိုင်ပါသည်။
1. ၁။ Scalping နည်းဗျူဟာ “Bali”
ထိုနည်းဗျူဟာသည် အတော်အတန်ရေပန်းစားလူကြိုက်များသည် ၊ များစွာသော ကုန်သွယ်ရေးဝက်ဘ်ဆိုက် များပေါ်တွင် သင်သည် ၎င်း၏ဖော်ပြချက်ကို မည်သို့ဖြစ်စေ ရှာဖွေတွေ့ရှိနိုင်ပါသည်။ သို့သော် အင်တာနက်မှီငြမ်းမှုအရင်းအမြစ်များသည် Bali ကုန်သွယ်ရေးနည်းဗျူဟာနှင့် ပတ်သက်၍ မတူညီသော ညွှန်းဆိုမှုများကို အကြံပြုပါသည်။
ဆော့ဝဲလ်တီထွင်သူ တစ်ယောက်အနေဖြင့် Bali သည် scalping forex နည်းဗျူဟာတစ်ခုဖြစ်သည် (သို့) မည်သို့ပင်ဖြစ်စေ ၎င်းသည် ရေတိုအချိန်ကာလဘောင်အတွက် ရေးဆွဲထားသည် ။ နေ့စဉ်ကုန်သွယ်မှု အတွက်လည်း ကောင်းမွန်သည်။ ၎င်း သည် အလွန်နည်းပါးသော ကန့်သတ်အရှုံး ( SL ) နှင့် အမြတ် ( TP ) ကို အကြံပြုသည် ။ သို့သော် အကြံပြုထားသော အချိန်ဇယားသည် ရှည်လျားသောကြောင့် အချက်ပြများသည် တန်ရုံသဖြင့် မပြသချေ။
ဆော့ဝဲလ်တီထွင်သူများသည် H1 အချိန်ကာလသတ်မှတ်ချက်နှင့် EUR/USD ငွေကြေးအတွဲကိုသုံးရန် အကြံပြုကြသည်။
အသုံးပြုထားသော အညွှန်းများ:
Linear Weighted Moving Average. Period 48 (အနီလိုင်း)
Linear Weighted Moving Average သည် အပိုစစ်ထုတ်ချက်တစ်ခုအနေဖြင့် ဤနေရာတွင် ဆောင်ရွက် ပေးသည်။ LWMA သည် များမကြာသေးမီကာလရှိဈေးလှုပ်ရှားများ ပိုမိုအရေးပါမှုကို အလေးပေးထည့်တွက် ထားသောကြောင့် ရေရှည်အချိန်ကာလသတ်မှတ်ဘောင်အတွင်းတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိလုနီးပါး ဖြစ်သည်။
အခါအားလျော်စွာ ထို LWMA သည် ရေရှည်တွင် အစောပိုင်းသတိပေးမှုတစ်ခုကို သတင်းပို့နိုင်ပါသည်။ သို့သော် ထိုနည်းဗျူဟာသည် စျေးလှုပ်ရှားမှုများနှင့်သက်ဆိုင်သော MA အဆင့်နေရာကိုသာလျှင် ထည့်သွင်း စဥ်းစားပါသည်။ LWMA သည် အောက်ဘက်တွင်ရှိနေလျှင် ၎င်းသည် ဝယ်ယူရန်အချက်ပြမှုတစ်ခု ဖြစ်သည်။ မျဥ်းသည် ဈေးနှုန်းအထက်တွင် ရှိသောအခါ ထိုသည်မှာ ရောင်းရန်ညွှန်ပြချက်တစ်ခု ဖြစ်သည်။
Trend Envelopes V2. Period 2 (လိမ္မော် နှင့် အပြာလိုင်းများ)
အညွှန်းကိန်းသည် Moving Average အပေါ်တွင်လည်း အခြေခံသည်၊ သို့သော် ယင်းတွင် ကွဲပြားခြားနားသော တွက်ချက်မှုပုံသေနည်းတစ်ခုရှိပါသည်။ ၎င်း၏ခင်းကျင်းပုံစံချထားမှုသည် ပို၍တိကျသည် (ဈေးမငြိမ်သက် ဂယက်ထခြင်းကို လျော့ချပေးသည်)
ထိုအရာသည် သင့်ကို သာမန် MA ထက်အနည်းငယ်စောစီးစွာ လမ်းကြောင်းအတွင်းကျိုးပျက်မှုများကို ခွဲခြားဖော်ထုတ်ရန် အခွင့်ရစေပါသည်။ Trend Envelopes တွင် စိတ်ဝင်စားဖွယ်ဂုဏ်သတ္တိတစ်ခု ရှိသည်။ ဈေးနှုန်းသည် ၎င်း၏ယခင်လမ်းကြောင်းမျဥ်းကို ကျိုးပျက်ဖောက်ကျော်ချိန်တွင် မျဥ်း၏အရောင်နှင့် ယင်း၏ တည်နေရာသည် ပြောင်းလဲသွားသည်။ ထိုသည်မှာ ကုန်သွယ်ရေးအချက်ပြတစ်မျိုး ဖြစ်သည်။
DSS ၏ momentum။ ချိန်ညှိချက်များအား အောက်ပါ ပုံတွင် ပြသထားသည်။
အညွှန်းကို chart အောက်ရှိ သီးခြားအကွက်ထဲတွင် ဖော်ပြထားသည်။ ဤသည်မှာ လမ်းကြောင်းဆုံချက်အမှတ် များကို ခွဲခြားဖော်ထုတ်ပေးသည့် နည်းပညာဆိုင်ရာဆန်းစစ်မှုကိရိယာတစ်ခု ဖြစ်ပါသည်။ ထိုအရာသည် စံပြုကိရိယာများထက် ပိုမိုလျှင်မြန်စွာလုပ်ဆောင်ပါသည်။
၎င်းတွင် မျဥ်းနှစ်ကြောင်းရှိသည်: အချက်ပြမျဥ်းကို အစက်ဖြင့်မှတ်သားထားသည်၊ အရံမျဥ်းကို မျဥ်းပြည့်ဖြစ် သည်။ သို့သော် receiving line တွင် အရောင်နှစ်မျိုးရှိပါသည်။ ( လိမ္မော်နှင့်အစိမ်းရောင်)
အရေးကြီးသတိပေးမှု! အဝယ်နှင့်အရောင်းကြိုတင်အချက်ပေးမှုတစ်ခုကို ပြသရန်အလို့ငှါ Bali ကုန်သွယ်ရေးနည်းဗျူဟာထဲရှိ အညွှန်းများကို ရွေးချယ်မှတ်သားထားသည်ကို သတိပြုပါ။ ထိုသည်မှာ ကုန်သည်တစ်ယောက်အား ဈေးကွက်လှုပ်ရှားမှုကို အတည်ပြုရန်နှင့် အခြေခံကျသော အချက်အလက်များကို စစ်ဆေးရန်အတွက် အချိန်ပိုမို ပေးစွမ်းပါသည်။
MA သည် စံပြု MT4 အသုံးချကိရိယာတစ်ခုဖြစ်သည်၊ ကျန်ရှိသောအညွှန်းနှစ်ခုကို ဤလင့်မှ မှတဆင့် မှတ်တမ်းဖိုင်ထဲတွင် အခမဲ့ရယူနိုင်ပါသည်။ ၎င်းတို့ကို ကုန်သွယ်ရေးတာမင်နယ် သို့ ပေါင်းထည့်ရန် အတွက် MT4 ထဲတွင် “File – Open data folder” ပေါ်ကို နှိပ်ပါ ။ ထို့နောက် the directory MQL4/Indicators နောက်ကို ဆက်လိုက်ပါ။ Folderထဲရှိ အညွှန်းများကို ကျော်၍ ထို ပလက်ဖောင်း ကို ပြန်လည်စတင်လုပ်ဆောင်ပါ။
အဝယ် ကုန်သွယ်မှု တစ်ခုကို ဖွင့်လှစ်ရန် အခြေအနေများ
ဈေးနှုန်းသည် Trend Envelopes အထက်ပိုင်း ၏ လိမ္မော်ရောင်မျဥ်းကို ဖောက်ကျော်သွားသည်။ တူညီသော candlestick ၌ အောက်ဘက်လိမ္မော်ရောင်မျဥ်းသည် မြင့်တက်နေသောအပြာရောင်မျဥ်း အဖြစ်သို့ ပြောင်းလဲခဲ့သည်။
Candlestick သည် LWMA အထက်တွင်ရှိသည် ။ ယခင်အခြေအနေမျိုးကို တွေ့ကြုံရသောအခါ MA အထက်တွင် candlestick ပေါ်လာစေရန်ကို မျှော်လင့်ထားပါ။ ထို candlestick သည် LWMA ၏ အနီရောင်မျဥ်းအထက်တွင် နီးကပ်နေရမည်။ အချက်ပြနေသာ candlestick ၌ Trend Envelopes ၏ အပြာရောင်မျဥ်း ရှိရမည်။
အချက်ပြနေသာ candlestick၌ DSS ဈေးအရှိန်အဟုန် ၏ အပိုမျဥ်းသည် အစိမ်းရောင်ဖြစ်သင့်သည်။ ထို မျဥ်းသည် အချက်ပြနေသော အစက်ချမျဥ်းအထက်တွင် တည်ရှိရမည်။ (ဆိုလိုသည်မှာ ၎င်းသည် ထိုအစက်ချမျဥ်းကို ဖြတ်ကျော်နေသည် (သို့) ကျိုးပျက်ပြီး ဖြစ်သည်)
အချက်ပြ candlestick ပိတ်၍ ရပ်တန့်သွားချိန်တွင် ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ပါ။ ဂဏန်းလေးခုရှိ ဈေးနှုန်းထဲတွင် 20 နှင့် 25 အမှတ်များကြားအကွာ၌ stop loss တစ်ခုကို ကျွန်ုပ် အကြံပြုပါသည်။ Take profit သည် 40နှင့်50 ကြားအမှတ်များတွင် ဖြစ်ပါသည်။
မြှားသည် Trend Envelopes အရောင်များ ပြောင်းလဲသောနေရာရှိ အချက်ပြ candlestick တစ်ခုကို ညွှန်ပြသည်။ အပြာမျဥ်းသည် လိမ္မော်မျဥ်းအောက်ရှိပြီး ရွေ့လျားနေသည်(သို့မဟုတ်လျှင် အချက်ပြကို လျစ်လှုရှုသင့်သည်)။ အချက်ပြ candlestick ၌ DSS ၏ momentum အစိမ်းရောင်မျဉ်း သည် အစက်ချမျဉ်း အထက် တွင် တည်ရှိသည်။
အရောင်း ကုန်သွယ်မှု တစ်ခုဖွင့်ရန် အခြေအနေများ
စျေးနှုန်းသည် Trend Envelopes အောက်ခြေရှိ အပြာရောင်မျဥ်းကို ကျော်ဖြတ်သွားသည်။ တူညီသော candlestick ၌ မြင့်တက်နေသောအပြာရောင်မျဥ်းသည် ကျဆင်းသွားသော လိမ္မော်ရောင်မျဥ်း အဖြစ်သို့ ပြောင်းလဲခဲ့သည်။
ထို candlestick သည် LWMA အောက်တွင်ရှိသည်။ ယခင်အခြေအနေမျိုးကို တွေ့ကြုံရသောအခါ moving average အောက်တွင် candlestick ပေါ်လာရန်ကို မျှော်လင့်ထားပါ။ ၎င်းသည် LWMA ၏ အနီရောင်မျဥ်းအောက်နားနှင့် နီးကပ်ရပါမည်။ အချက်ပြ candlestick ၌ Trend Envelopes ၏ လိမ္မော်ရောင်မျဥ်း ရှိရမည်။
အချက်ပြနေသာ candlestick ၌ DSS momentum ၏ အပိုမျဥ်းသည် လိမ္မော်ရောင်ဖြစ်သင့်သည်။ ထို မျဥ်းသည် အချက်ပြနေသော အစက်ချမျဥ်းအောက်တွင် တည်ရှိရမည်။(ဆိုလိုသည်မှာ ၎င်းသည် ထိုအစက်ချမျဥ်းကို ဖြတ်ကျော်နေသည် (သို့) ကျိုးပျက်ပြီး ဖြစ်သည်။)
သင်ကုန်သွယ်မှုတစ်ခု မလုပ်ဆောင်သင့်သောအချိန်ရှိ ကိစ္စရပ်အချို့
1. အောက်ရှိ မော်နီတာမျက်နှာပြင်တွင် MA အဆင့် (မျဥ်းအနီ) နှင့် နီးကပ်နေသော candlestick တစ်ခုကို ပြသပါသည်၊ ၎င်းသည် ထိုမျဥ်းနီ၏ အောက်ဘက်တွင် အပြည့်အဝနီးပါး ရှိနေသည်။
2. အောက်ရှိ မော်နီတာမျက်နှာပြင်တွင် DSS သည် ၎င်း၏အချက်ပြမျဥ်းအောက် အချက်ပေး candlestick နေရာ၌ ရှိနေသည်ကို ပြသသည်။ ထို့အပြင် အပြာရောင်မျဥ်းသည် ငြိမ်သက်နေပြီး မြင့်တက်မှုများမရှိပါ။
အချက်ပြများသည် မရှိသလောက် ရှားပါးပြီး အချက်ပြတစ်ခုကို ရက်အနည်းငယ် ကြာသည်အထိ စောင့်ဆိုင်းနိုင်ပါသည်။ အခြေအနေများ ၏ ၅၀ % တွင် ၊ သင် သည် ကုန်သွယ် မှု ကို ပိုမို ကောင်းမွန် စွာ စောင့်ကြည့်ပြီး ဈေးနှုန်း သည် အမြတ်အစွန်း ကို မ ထိခိုက်မီ ၊ ဈေးကွက်မှ စောစော ထွက်နိုင်ပါ သည် ။ ဈေးကွက် ဘေးတိုက်ရွေ့လျားသွားသည့်အခါ ကုန်သွယ်မှု မပြုလုပ်ပါနဲ့။ ဘရောက်ဆာ ထဲတွင် ဤနည်းဗျူ ဟာ ကို စမ်းသပ်မှု တိုက်ရိုက် ပြုလုပ်ပြီး စွမ်းဆောင်ရည်ကို အကဲဖြတ်ပါ။
၂။ Candlestick နည်းဗျူဟာ “Fight the tiger”
ဤသည်မှာ အကျိုးအမြတ်ဖြစ်ထွန်းသော တပတ်တာကုန်သွယ်ရေးနည်းဗျူဟာတခု ဖြစ်ပါသည်။ ၎င်းကို ငွေကြေးအတွဲအမျိုးမျိုးအား အထိုင်ချကုန်သွယ်ခြင်းအတွက် အသုံးပြုနိုင်ပါသည်။ ၎င်းသည် ဈေးနှုန်း၏ ရုန်းကန်တတ်သော သဘာဝအပေါ်အခြေခံပါသည် — အကယ်၍ ဈေးနှုန်းသည် လျင်မြန်စွာ မြင့်တက်လာပါက၊ ၎င်းသည် အနှေးနှင့်အမြန် ပြန်လည်ကျဆင်းလိမ့်မည်ဖြစ်သည်။
မည်သည့်တာမီနယ်တွင်မဆို W1 timeframes အတွင်း ဇယားတခုကို အသုံးပြုနိုင်ပါသည်(တနေ့တာ ခွဲခြမ်းစိတ်ဖြာမှုဇယားကိုလည်း အသုံးပြုနိုင်ပါသည်)။ မတူညီသော ငွေကြေးအတွဲများ၏ candlestick ကိုယ်ထည်အရွယ်အစားကို လေ့လာဆန်းစစ်သင့်ပါသည်။ AUDCAD၊ AUDJPY၊ AUDUSD၊ EURGBP၊ EURJPY၊ GBPUSD၊ CHFJPY၊ NZDCHF၊ EURAUD၊ AUDCHF၊ CADCHF၊ EURUSD၊ EURCAD၊ GBPCHF စသဖြင့် ငွေကြေးအတွဲများစွာ ရှိကြပါသည်။
ထို့နောက် တပတ်တာ၏ အဖွင့်ဈေးနှင့် အပိတ်ဈေးကြား အရှည်လျားဆုံး အကွာအဝေးရှိသည့်အတွဲကို ရွေးချယ်ပါ။ နောက်တပတ်၏အစတွင် ထိုအတွဲဖြင့် ကုန်သွယ်မှုဆောင်ရွက်ပါ။
အဝယ်ကုန်သွယ်မှုတခုဖွင့်ရန်အတွက် အခြေအနေများ -
ယခင်တပတ်၏ ဈေးနှုန်းလှုပ်ရှားမှုအနေအထားကို ညွှန်ပြသည့် bear candlestick တွင် အတန်အသင့် ကြီးမားသောကိုယ်ထည်ရှိပါသည်။
နောက်လာမည့်တပတ်တာ၏ အစတွင် အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ပါ။ Stop-loss အား ပွိုင့် ၁၀၀ မှ ၁၄၀ ကြားတွင်လည်းကောင်း၊ take profit အား ပွိုင့် ၅၀ မှ ၇၀ ကြားတွင်လည်းကောင်း သတ်မှတ်သင့်ပါသည်။
တပတ်တာ၏ အလယ်ခန့်တွင်၊ ကုန်သွယ်မှုကို ပိတ်သိမ်းပါ။ ၎င်းအား take profit သို့မဟုတ် stop loss ဖြင့် ပိတ်သိမ်းသင့်ပါသည်။ ထို့နောက် နောက်ထပ်တပတ်စတင်ချိန်ကို စောင့်ဆိုင်း၍ ကုန်သွယ်မှုအသစ်ကို နေရာချပါ။ တပတ်တာပြီးဆုံးသောကာလများတွင် ကုန်သွယ်မှုများကို မပြုလုပ်သင့်ပါ။
Berish candlestick တခုစီ၏အနောက်၌ bullish candlestick တခု အမြဲလိုလို လိုက်ပါလေ့ရှိကြောင်း ဇယားပေါ်တွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။
အရေးကြီးသောကိစ္စရပ်တခုမှာ candlesticks များ၏ အရှည်များအသီးသီးကို နှိုင်းယှဉ်ရန် မည်သည့် ကာလအပိုင်းအခြားကို အသုံးပြုမည်နည်းဟူသော အချက်ဖြစ်ပါသည်။ ၎င်းသည် ငွေကြေးအတွဲစီအတွက် သီးခြားသတ်မှတ်ချက် ဖြစ်ပါသည်။
အချို့ သေးငယ်သော bear candlestick များ၏နောက်တွင် အထက်သို့တိုးတက်နေသော candlesticks များ လိုက်ပါလေ့ရှိကြောင်းကိုလည်း သတိပြုရပါမည်။ မည်သို့ပင်ဖြစ်စေ ဆန့်ကျင်ဘက် ကုန်သွယ်မှု (အဝယ်ကုန်သွယ်မှု) တခုကို မပြုလုပ်သင့်ပါ။ ယခင်တပတ်အတွင်းမှ အတန်အသင့် သေးငယ်သော ကျဆင်းမှုတခုသည် လက်ရှိကာလတွင် ဆက်လက်ကျဆင်းနိုင်ပါသည်။
အရောင်းကုန်သွယ်မှုတခုဖွင့်ရန် အခြေအနေများ -
ယခင်တပတ်၏ ဈေးနှုန်းလှုပ်ရှားမှုအနေအထားကို ညွှန်ပြသည့် bullish candlestick တွင် အတန်အသင့် ကြီးမားသောကိုယ်ထည်ရှိပါသည်။
နောက်လာမည့်တပတ်တာ၏ အစတွင် အရောင်းကုန်သွယ်မှုတခုကို ဖွင့်ပါ။
အနီရောင်မြှားများသည် ယခင် bullish candlestick နှင့် နှိုင်းယှဉ်ပါက ပိုမိုကြီးမားသော ကိုယ်ထည်များရှိကြသည့် candlesticks များကို ညွှန်ပြပါသည်။ အပြာရောင်ဖြင့် အမှတ်အသားပြုထားသော ကုန်သွယ်မှုမှအပ အခြားသော အချက်ပြမှုများအားလုံးသည် အမြတ်အလားအလာကို ပြသနေပါသည်။ နည်းဗျူဟာ၏ အားနည်းချက်များမှာ အမြတ်ရာခိုင်နှုန်း မြင့်မားသော်လည်း အချက်ပြမှုများ နည်းပါးခြင်းပင်ဖြစ်သည်။ ငွေကြေးအတွဲမျိုးစုံကို တပြိုင်တည်းကုန်သွယ်ရာတွင် ဤနည်းဗျူဟာကို အသုံးပြုနိုင်ပါသည်။
ဤနည်းဗျူဟာတွင် တူညီသော ကျိုးကြောင်းဆက်စပ်မှုအပေါ်အခြေခံသည့် စိတ်ဝင်စားဖွယ်ရာ မွမ်းမံပြင်ဆင်မှုများ ပါဝင်ပါသည်။ ကြီးမားသောကုန်သွယ်မှုပမာဏများဖြင့် အလုပ်လုပ်ကြသော ရင်းနှီးမြှုပ်နှံသူများ၊ တနေ့တာအတွင်းကုန်သွယ်သူများသည် နေ့ချင်းကုန်သွယ်ရေးဗျူဟာများကို ပိုမိုနှစ်သက်ကြသည်။ ကုန်သွယ်မှုများဖြင့် ဈေးကွက်အပေါ် ထင်ထင်ရှားရှား လွှမ်းမိုးရန် ၎င်းတို့ထံ၌ လုံလောက်သော ငွေပမာဏမရှိကြပါ။
ထို့ကြောင့် အကယ်၍ ယခင်တပတ်၏ ခွဲခြမ်းစိတ်ဖြာမှုဇယားအတွင်း ထင်ရှားသော ဈေးကွက် လုပ်ဆောင်ချက်တခုကို တွေ့ရှိရပါက၊ ၎င်းသည် အရင်းအနှီးကြီးမားသော ကုန်သည်ကြီးများကြောင့် ဖြစ်ပေါ်လာသော ဖိအားကို အချက်ပြပါသည်။ အခြားတနည်းဖြင့်ဆိုရသော် တူညီသောဦးတည်ရာရှိသည့် candlesticks သုံးခုကို တွေ့ရှိရပါက၊ လေးခုမြောက် candlestick သည်လည်း ၎င်းတို့နှင့် တူညီသော ဦးတည်ရာကိုသာ ပြသပါလိမ့်မည်။
ဤနေရာတွင် စိတ်ပညာအယူအဆသည်လည်း အရေးပါသော အခြေခံအချက်တခုဖြစ်ပါသည်။ candlesticks ၄ ခုသည် တလတာကာလနှင့် ညီမျှပါသည်။ ဈေးကွက်အား ဦးတည်ရာတခုတည်းသို့ ရွေ့လျားစေရန် ဖိအားပေးနိုင်သော ကုန်သည်အဖွဲ့အစည်းများသည် ၎င်းတို့၏ ကုန်သွယ်မှုများကို တလအတွင်း အမြတ်ဖြင့် ပိတ်သိမ်းနိုင်ပါသည်။
နည်းဗျူဟာနိယာမ -
တပတ်တာဇယားအတွင်း (မြင့်တက်နေသော သို့မဟုတ် ကျဆင်းသော) candlesticks သုံးခုရှိပါသည်။
နောက်ထပ်ပေါ်ပေါက်လာသော candlestick သည် ယခင်တခုထက် အရွယ်အစားပိုကြီးပါက အချက်ပြမှုပိုမိုခိုင်မာပါသည်။ Doji candlesticks များ (ကိုယ်ထည်မပါသော candles များ) ကို ထည့်သွင်းစဉ်းစားခြင်း မပြုပါ။
Stop loss အား အစဉ်လိုက်ပေါ်ပေါက်သော candlesticks များမှ ပထမ candle ၏ အပိတ် level တွင် သတ်မှတ်ပါသည်။ Take profit အား နောက်ဆုံး candle ၏ ၅၀% မှ ၁၀၀% ကြားတွင် သတ်မှတ်ပါသည်။ သို့သော် အများအားဖြင့် လူကိုယ်တိုင် စောင့်ကြည့်ပိတ်သိမ်းခြင်းက ပိုမိုကောင်းမွန်လေ့ရှိပါသည်။
အဆိုပါ ကုန်သွယ်မှုအစီအစဉ်မျိုးကို အောက်ပါရုပ်ပုံတွင် ဥပမာအဖြစ် ကြည့်ရှုနိုင်ပါသည်။
ဇယားပုံစံ ၅ ခုအနက် ၄ ခုမှာ အမြတ်ရရှိသည်ကို တွေ့ရပါသည်။ ဤနည်းဗျူဟာ၏ အားနည်းချက်မှာ ပုံစံတခုပေါ်ပေါက်လာရန် အတော်ကြာမြင့်သော ကာလတခုအထိ စောင့်ဆိုင်းရနိုင်ပါသည်။ ၎င်းသည် ၂ လမှ ၃ လအထိ ကြာမြင့်နိုင်ပါသည်။
သို့သော် အကယ်၍သင်သည် ဤနည်းဗျူဟာကို ငွေကြေးအတွဲများစွာအပေါ်တွင် အသုံးပြုထားပါက၊ ထိုကဲ့သို့ စောင့်ဆိုင်းရသောကာလကို လက်ခံနိုင်ဖွယ်ရာရှိပါသည်။ Swaps များကို ထည့်သွင်းစဉ်းစားရန် မမေ့ပါနှင့်။
၃။ Moving Average တခုအပေါ်အခြေခံသည့် “Profit Parabolic” ကုန်သွယ်ရေးဗျူဟာ
ဤနည်းဗျူဟာအား အခြေအနေတိုင်းနှင့် အဆင်ပြေကိုက်ညီသော ကုန်သွယ်ရေးနည်းလမ်းတခုအဖြစ် ရည်ညွှန်းကြပြီး၊ ပုံသေအမြတ်ရရှိစေရန် အကောင်းဆုံးဗျူဟာတခုအဖြစ် အကြံပြုကြလေ့ရှိပါသည်။ ၎င်းသည် စံသတ်မှတ်ထားသော MT4 indicators များ၊ EMAs (exponential moving averages) နှင့် အတည်ပြုကိရိယာအဖြစ်ဆောင်ရွက်သည့် Parabolic SAR တို့ကို ထည့်သွင်းအသုံးချပါသည်။
၎င်းသည် လမ်းကြောင်းဦးတည်ရာအပေါ် အခြေခံသော နည်းဗျူဟာတခု ဖြစ်ပါသည်။ ၎င်းကို တမိနစ်စာခွဲခြမ်းစိတ်ဖြာမှုအပါအဝင် မတူညီသော timeframes (ခွဲခြမ်းစိတ်ဖြာမှုကာလအပိုင်းအခြား) များတွင် အသုံးပြုနိုင်ကြောင်း ကျွမ်းကျင်သူအများစုမှ အဆိုပြုကြသည်။ သို့သော် အလွန်တိုတောင်းသော ကာလအပိုင်းအခြားများတွင် ယာယီဈေးကွက်အတက်၊အကျများသည် နည်းဗျူဟာ၏ ထိရောက်မှုကို ကျဆင်းစေနိုင်သည်။ အကောင်းဆုံး အသုံးပြုသင့်သော timeframes များမှာ M15 မှ M30 အထိ ဖြစ်ပါသည်။ သင့်အနေဖြင့် မည်သည့်ငွေကြေးအတွဲကိုမဆို အသုံးပြုနိုင်သည်။ သို့ရာတွင် indicator ဆက်တင်များကိုမူ သင့်တော်သလို ချိန်ညှိရန် လိုအပ်နိုင်ပါသည်။
အသုံးပြုသော indicators များ
5၊ 25 နှင့် 50 periods များ ပါဝင်သော EMA။ EMA (5) မှာ အနီရောင်ဖြစ်ပြီး၊ EMA(25) နှင့် EMA(50) တို့မှာ အဝါရောင် ဖြစ်ပါသည်။ Apply to တွင် close (အပိတ်ဈေး) ကို အသုံးပြုပါသည်။
Parabolic SAR။ မူရင်း သတ်မှတ်ချက်များအတိုင်းထားပါ (အရောင်ကိုမူ စိတ်ကြိုက် ချိန်ညှိနိုင်ပါသည်)။
Parabolic SAR။ မူရင်း သတ်မှတ်ချက်များအတိုင်းထားပါ (အရောင်ကိုမူ စိတ်ကြိုက် ချိန်ညှိနိုင်ပါသည်)။
အဝယ်ကုန်သွယ်မှုတခုဖွင့်ရန် အခြေအနေများ -
အနီရောင် EMA (5) သည် အဝါရောင်အား အောက်မှ အထက်သို့ ဖောက်ထွက်သွားသည်။
Parabolic SAR သည် candlesticks များ၏ အောက်တွင်ရှိသည်။
အရောင်းကုန်သွယ်မှုတခုဖွင့်ရန် အခြေအနေများ -
အနီရောင် EMA (5) သည် အဝါရောင်အား အထက်မှ အောက်သို့ ဖောက်ထွက်သွားသည်။
Parabolic SAR သည် candlesticks များ၏ အထက်တွင်ရှိသည်။
Moving averages မျဉ်းများ ဖြတ်ကျော်သွားသော candlesticks တွင် ကုန်သွယ်မှုကို ဖွင့်နိုင်ပါသည်။ လက်ရှိကာလ၏ အနိမ့်ဆုံးဈေးတန်းအနီးတွင် stop loss နှင့် ၂၀ မှ ၂၅ ပွိုင့်ကြားတွင် take profit ကို သတ်မှတ်ပါ။ သို့သော် ကုန်သွယ်မှုများကို ကိုယ်တိုင်စောင့်ကြည့်ပိတ်သိမ်းခြင်းဖြင့် ပိုမိုကြီးမားသော အမြတ်အစွန်းကို ရရှိစေနိုင်ပါသည်။
ဥပမာအားဖြင့် ဇယားပေါ်တွင် EMA(5) သည် တဖြည်းဖြည်းနှင့် ရေပြင်ညီ အနေအထားဖြစ်လာသောအခါတွင် ကုန်သွယ်မှုအား ပိတ်သိမ်းနိုင်ပါသည်။ ၎င်းသည် အထက်သို့ ဦးတည်နေရာမှ ဘေးတိုက်အနေအထားသို့ တဖြည်းဖြည်း ပြောင်းလဲလာသော ဈေးနှုန်းရွေ့လျားမှုကို ညွှန်ပြပါသည်။
အထက်ပါရုပ်ပုံတွင် အချက်ပြမှု သုံးခုစလုံး (အဝယ်နှစ်ခု၊ အရောင်းတခု) မှ အမြတ်ရရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။
(လမ်းကြောင်းဦးတည်ရာကို သေချာစေရန်အတွက်) ပထမအချက်ပြမှုအပြီး၊ နောက်ထပ်ပေါ်လာမည့် candlestick တွင် ကုန်သွယ်မှုကို ဖွင့်လှစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ အကောင်းဆုံး အဝင်ပွိုင့်တခုကိုမူ လက်လွှတ်လိုက်ရသည်ဟု ဆိုနိုင်ပါသည်။
စွန့်စားမှုပြုလုပ်မည် သို့မဟုတ် မပြုလုပ် ဆိုသည်မှာ သင့်အပေါ်တွင်သာ မူတည်ပါသည်။ ဤသတ်မှတ်အတိုင်းအတာများသည် နာရီပိုင်းဇယားများတွင် ကောင်းစွာအလုပ်လုပ်မည် မဟုတ်ပါ။ ထို့ကြောင့်၊ အနည်းဆုံး လွန်ခဲ့သည့်သုံးနှစ်တာကာလအတွင်း timeframe တခုစီတွင် indicators များ၏ စွမ်းဆောင်ရည် မည်မျှကောင်းမွန်သည်ကို စမ်းသပ်ရန် အထူးအရေးကြီးပါသည်။
ယခုလောက်ဆိုပါက၊ သင်သည် သီအိုရီကို ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်ဟု ကျွန်ုပ်ယူဆမိပါသည်။ လက်တွေ့ကုန်သွယ်ရေးတွင် ဤနည်းဗျူဟာများကို မည်သို့အသုံးချရမည်ကို အသေးစိတ် ထပ်မံ၍ ရှင်းလင်းသွားပါမည်။
အသင့်ဖြစ်ပြီဆိုလျှင် Forex ဈေးကွက်အတွင်း လက်တွေ့ကုန်သွယ်ရေးကို ကွင်းဆင်းလေ့လာကြပါစို့။
စာတွေ့မှ လက်တွေ့
အဆင့် ၁။ ဒီမိုအကောင့်တခုကို ဖွင့်ပါ။ ၎င်းသည် အခမဲ့ဖြစ်ပါသည်။ သင်၏အကောင့်သို့ ငွေဖြည့်သွင်းရန် မလိုအပ်ပါ။ ၎င်းသည် ၁၅ မိနစ်သာကြာမြင့်ပြီး၊ သက်သေခံအထောက်အထားပေးသွင်းရန် မလိုအပ်ပါ။
ဝက်ဘ်ဆိုက်၏ ပင်မစာမျက်နှာတွင် Registration ခလုပ်ရှိပါသည်။ ထိုခလုပ်ပေါ်တွင် ကလစ်နှိပ်၍ ညွှန်ကြားချက်များကို လိုက်နာပါ။ အခြားမီနူးများတွင်လည်း အကောင့်ဖွင့်နိုင်ပါသည်။ ဥပမာအားဖြင့် အပေါ်ဘက်ရှိ မီနူး၊ အကောင့်တခုအတွက် ကုန်သွယ်ရေးအခြေအနေများ အစရှိသဖြင့်။
အဆင့် ၂။ ကုန်သည်ပရိုဖိုင်၏ အင်္ဂါရပ်များကို စူးစမ်းလေ့လာပါ။ ထိုလေ့လာမှုအတွက် အချိန်များစွာ မလိုအပ်ပါ။ ၎င်းတွင် အသုံးပြုရအဆင်ပြေပြီး၊ အလွယ်တကူ နားလည်သဘောပေါက်နိုင်သော အသွင်အပြင်နှင့် ဖွဲ့စည်းပုံ ရှိပါသည်။
ပလက်ဖောင်းပေါ်တွင် ကုန်သွယ်ရေးအမျိုးအစားများကို လေ့လာ၍ မည်ကဲ့သို့ကုန်သွယ်ရမည်ကို အဖြေရှာရန် လိုအပ်ပါသည်။ ကုန်သည်ပရိုဖိုင်အကြောင်းကို ဤသုံးသပ်ချက်တွင် ရှင်းလင်းဖော်ပြထားပါသည်။
အဆင့် ၃။ ကုန်သွယ်ရေးပလပ်ဖောင်းကို ဖွင့်ပါ။ Client space တွင်ပါဝင်သော မူရင်းတာမီနယ်တခုကို တွေ့ရပါလိမ့်မည်။ သို့သော် ၎င်းတွင် အခြားသော စီစဉ်တင်ပြမှုဆက်တင်များကို ပေါင်းထည့်၍ မရနိုင်ပါ။ ထို့ကြောင့် “Bali” သို့မဟုတ် “Profit Parabolic” အစရှိသော နည်းဗျုဟာများကို MT4 တွင်သာ အသုံးပြုနိုင်ပါသည်။
၃.၁။ MT4 ဖြင့် ကုန်သွယ်ခြင်း
Client profile ရှိ METATRADER ခလုပ်သို့သွားပါ။ ၎င်းကို လင့်ခ်မှတဆင့် ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပါသည်။ (အောက်ပါရုပ်ပုံကိုကြည့်ပါ)
Template ကို ဒေါင်းလုပ်ဒ်ပြုလုပ်ပါ (မရခဲ့လျှင်၊ ဤလင့်ကို နှိပ်ပါ။ အထက်ပါဗျူဟာအကြောင်း အသေးစိတ်ဖော်ပြချက်၌ MT4 တွင် template ထည့်သွင်းပုံကို ရှင်းပြထားပါသည်)။
“Bali” နှင့် “Profit Parabolic” ဗျူဟာများ၏ ရှင်းလင်းဖော်ပြချက်များနှင့်အညီ ကုန်သွယ်မှုများကို စမ်းသပ်ဖွင့်လှစ်ပါ။
၃.၂။ မူရင်း LiteFinance တာမီနယ်ဖြင့် ကုန်သွယ်ခြင်း။
“Fight the tiger” ဗျုဟာ၏ဖော်ပြထားချက်များနှင့်အညီ ဇယားအခင်းအကျင်းကို ချိန်ညှိပါ (ငွေကြေးအတွဲများ၊ timeframes များ)။ အညွှန်းများကို စိတ်ကြိုက်ပေါင်းထည့်နိုင်သည်။
သုံးသပ်ချက်များတွင် ဖော်ပြထားသည့် အချက်ပြများနှင့်အညီ ကုန်သွယ်မှုများကို စမ်းသပ်ဖွင့်လှစ်ပါ။
LiteFinance နှင့်အတူ ကုန်သွယ်ခြင်းသည် အစဉ်အမြဲ ထိရောက်အကျိုးရှိပါသည်။ အဘယ်ကြောင့်ဆိုသော် -
LiteFinance သည် ဒါဇင်ပေါင်းများစွာသော indicators များနှင့် နည်းဗျူဟာများ၏ အသေးစိတ်ရှင်းလင်းဖော်ပြချက်များကို ပံ့ပိုးပေးပါသည်။ သင်၏ မေးခွန်းတိုင်းအတွက် အဖြေရှိပြီး၊ ဝါရင့်ကျွမ်းကျင်သူများ၏ အကြံပြုချက်များကိုလည်း ရရှိနိုင်ပါသည်။
LiteFinance တွင် ဝါရင့်ကုန်သည်များ၏ ဘလော့ကဏ္ဍ၊ ခွဲခြမ်းစိတ်ဖြာမှုများ၊ အဆင့်မြင့် သင်ကြားရေးအစီအစဉ်များ ပါဝင်ပါသည်။ ၎င်းသည် သင့်အား စတင်လေ့လာသူ တဦးအဖြစ်မှ ကျွမ်းကျင်သောကုန်သည်တဦးအဖြစ်သို့ ရောက်ရှိသည်အထိ လိုအပ်သော အထောက်အကူ အားလုံးကို ပံ့ပိုးပေးပါသည်။
သင်ကိုယ်တိုင် ကြိုးစားလုပ်ဆောင်ပါ။ စတင်ရန်အတွက် ဤ လင့်ခ် မှတဆင့် ဒီမိုအကောင့်တခုဖွင့်ရန်သာ လိုအပ်ပါသည်။ ညွှန်ကြားချက်များကို လိုက်နာ၍ ဤဆောင်းပါးတွင်ပါဝင်သော အကြံပြုချက်များကို စူးစမ်းလေ့လာပါ။ သင့်ကိုယ်သင် ယုံကြည်ပါ။ စမ်းသပ်မှုများပြုလုပ်ရန် မကြောက်ရွံ့ပါနှင့်။
ထိရောက်မှုရှိသော Forex ဗျူဟာများ၏ အင်္ဂါရပ်များ
နောက်ဆုံးအနေဖြင့်၊ အကျိုးအမြတ်ပေးစွမ်းသော ကုန်သွယ်ရေးဗျူဟာတခု၏ အင်္ဂါရပ်များကို လေ့လာကြည့်ကြပါစို့။ ၎င်းတွင် မည်သို့သော ဝိသေသလက္ခဏာများ ပါဝင်သင့်သနည်း။ ကျွန်ုပ်အနေဖြင့် ထိရောက်မှုရှိသော ကုန်သွယ်ရေးနည်းဗျူဟာတခု၏ အရေးကြီးအင်္ဂါရပ်သုံးခုကို ဖော်ပြပေးနိုင်ပါသည်။
နှောင့်နှေးသော ညွှန်ပြကိရိယာများ အနည်းဆုံးသာ ပါဝင်ခြင်း၊ ညွှန်ပြချက်များ နှောင့်နှေးမှု နည်းပါးလေ၊ ခန့်မှန်းချက်များ ပို၍တိကျလေဖြစ်ပါသည်။ ထိရောက်သော Forex ကုန်သွယ်ရေး ဗျူဟာများတွင် နှောင့်နှေးသော ညွှန်ပြချက်များ မပါဝင်သင့်ပါ။
ရိုးရှင်းမှု။ သင်အသုံးပြုသော ကုန်သွယ်ရေးဗျူဟာ၏ အဓိကစည်းမျဉ်းများကို နားလည်သဘော ပေါက်ရန် အထူးအရေးကြီးပါသည်။ ရှုပ်ထွေးသော ဗျူဟာများကို အသုံးပြုခြင်းထက် ရိုးရှင်းသော နည်းဗျူဟာတခုတွင် တဖက်ကမ်းခတ်ကျွမ်းကျင်ခြင်းက ပို၍ကောင်းမွန်ပါသည်။ သင်၏ forex ကုန်သွယ်ရေးဗျူဟာကို နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။
အထူးအင်္ဂါရပ်များ။ သင်နှစ်သက်သောကုန်သွယ်မှုပုံစံနှင့် နည်းလမ်းများ၊ သင်၏စိတ်နေသဘောထား၊ ဖြစ်ပေါ်နေသောအခြေအနေများအပေါ် မူတည်၍ နည်းဗျူဟာတစ်ခုအား ချိန်ညှိသင့်ပါသည်။
သင်၏ ကုန်သွယ်ရေးဗျူဟာကို ဖော်ထုတ်ရန် လွန်စွာအရေးကြီးပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ပထမဆုံးအနေဖြင့်၊ အခြားဖော်ထုတ်ပြီးသား နည်းဗျူဟာများစွာကို စမ်းသပ်ကြည့်ရန် လိုအပ်ပါသည်။ Forex ဘလော့ကဏ္ဍတွင်၊ သင့်အနေဖြင့် လက်တွေ့အလုပ်ဖြစ်သော နည်းဗျူဟာများစွာကို အခမဲ့ ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပါသည်။ ကုန်သွယ်ရေးဗျူဟာတခုအား စတင်၍ အသုံးမပြုမီ၊ MetaTrader တာမီနယ်ရှိ ဒီမိုအကောင့် တွင်၊ ယင်းနည်းဗျူဟာကို ကြိုတင်စမ်းသပ်ပါ။
အနှစ်ချုပ်။ အောင်မြင်သော Forex ကုန်သည်တဦးဖြစ်လာစေရန် အကောင်းဆုံးနှင့် အကျိုးအမြတ်ရရှိမှုအမြင့်မားဆုံး ကိုယ်ပိုင်နည်းဗျူဟာတခုကို ထုတ်ဖော်ချမှတ်သင့်ပါသည်။
နောက်ဆုံးပေါ် Forex ကုန်သွယ်ရေး နည်းဗျူဟာများနှင့် ရင်းနှီးကျွမ်းဝင်စေရန် လေ့လာစမ်းသပ်ပါ။ သင်၏ ကုန်သွယ်ရေးအစီအစဉ်ကို ကိုယ်တိုင်ချမှတ်ရေးဆွဲ၍ လိုအပ်ပါက အဆင့်မြှင့်တင်ပါ။ ဤရိုးရှင်းသော ညွှန်ကြားချက်ကို လိုက်နာခြင်းဖြင့် သင်၏ ကုန်သွယ်မှုစွမ်းဆောင်ရည်အပေါ် သင်ကိုယ်တိုင်ကျေနပ်မှုကို ရရှိပါလိမ့်မည်။
အောင်မြင်သောကုန်သွယ်ရေးကို ရရှိပါစေဟု ကျွန်ုပ်မှ ဆုတောင်းပေးလိုက်ပါသည်!
အမေးအဖြေများ
ရိုးရှင်း၍ လွန်စွာထိရောက်မှုရှိသော Forex ကုန်သွယ်ရေးနည်းဗျူဟာ သုံးခုရှိပါသည်။
၁။ Triangle Breakout - တိကျမှု ၈၅%
၂။ EMA Breakout - တိကျမှု ၇၀%
၃။ Trend Line Breakout - တိကျမှု ၆၅ %
Forex နည်းဗျူဟာသည် ငွေကြေးအတွဲတခုအား ပေးထားသောအချိန်၌ ဝယ်ယူရန် သို့မဟုတ် ရောင်းချရန် သင့်မသင့်ကို ဆုံးဖြတ်ရန်အလို့ငှာ ကုန်သည်များမှ အသုံးပြုသော အထူးနည်းပညာတခု သို့မဟုတ် ကုန်သွယ်ရေးနည်းစနစ်တခု ဖြစ်ပါသည်။ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အပေါ်အခြေခံသော ဗျူဟာများတွင် indicators (သင်္ချာနှင့် ဈေးနှုန်းရွေ့လျားမှု ဆိုင်ရာ ညွှန်ပြမှုအထောက်အကူများ) လိုအပ်၍၊ စီးပွားရေးခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံသော ဗျူဟာများ တွင် လုပ်ငန်းဆိုင်ရာအချက်အလက်များနှင့် စီးပွားရေးသတင်းများကို လိုအပ်ပါသည်။ အသေးစိတ် လက်တွေ့အသုံးချဥပမာများနှင့်အတူ Forex trading ဗျူဟာများ စုစည်းမှုအား လင့်ခ်ကိုနှိပ်၍ လေ့လာဖတ်ရှုနိုင်ပါသည်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။























