ကုန်သွယ်မှုတွင် သင်၏ ပထမခြေလှမ်းကို စလှမ်းတော့မည်ဖြစ်သော်လည်း ဗျူဟာတစ်ခုကို မရွေးချယ်ရ သေး ဖြစ်နေပါသလား။ စတင်သူများ နှင့် ပရော်ဖက်ရှင်နယ်များ အတွက် မတူညီသော Forex ကုန်သွယ်မှု စနစ်များအကြောင်း လေ့လာလိုပါသလား။ ဤသုံးသပ်ချက်သည် သင့်ကိုယ်ပိုင် ကုန်သွယ်မှု ဗျူဟာကို အခြေခံရန် မတူညီသော စနစ်အမျိုးအစားများကို လေ့လာမည်ဖြစ်ပါသည်။ အခန်းတစ်ခုစီသည် ဗျူဟာ၏ အနှစ်သာရကို ဈေးကွက်အဝင်/အထွက် အမှတ်များနှင့် ဆုံးရှုံးနိုင်ချေအဆင့်များကို ဥပမာဖြင့် ဆွေးနွေးထား ပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Forex မှာ ကုန်သွယ်မှုဗျူဟာ ဆိုတာဘာလဲ။

Forex စျေးကွက်ရှိ ကုန်သွယ်မှုဗျူဟာတစ်ခုသည် သင့်ရည်မှန်းချက်ကို အနည်းဆုံးသော ဆုံးရှုံးနိုင်ချေဖြင့် တတ်နိုင်သမျှ အမြန်ဆုံးအောင်မြင်နိုင်စေမည့် algorithm စနစ်တစ်ခုဖြစ်သည်။ ရည်ရွယ်ချက်မှာ ယေဘုယျအားဖြင့် အမြတ်၏ ရာခိုင်နှုန်းအချို့ကို ရယူရန်ဖြစ်သည်။

အောက်ပါမေးခွန်းများကို ကုန်သွယ်မှု ဗျူဟာ မှ အဖြေထုတ်ပေးနိုင်သည်။

  • ပန်းတိုင်ဆိုတာ ဘာလဲ၊ ဘယ်လောက်မြန်မြန် အောင်မြင်သင့်လဲ။ ဤအချက်ကိုအခြေခံ၍ အချိန်၊ အချက်ပြမှု အရေအတွက်၊ဆုံးရှုံးနိုင်ချေ စသည်တို့နှင့်အညီ ဗျူဟာအမျိုးအစားကို ရွေးချယ်ထား သည်။
  • အဓိကကုန်သွယ်ရေး အမျိုးအစားများနှင့် ၎င်းတို့၏ မတည်ငြိမ်မှုအဆင့်။
  • သုံးသပ်မှုပြုလုပ်ရန် မည်သည့်အချိန်ကာလကို ရွေးချယ်ရမည်နည်း၊ ကုန်သွယ်မှုအတွက် မည်သည့် ကာလကို အသုံးပြုရမည်နည်း။
  • အချက်ပြမှုကို ရှာဖွေရန် မည်သည့်ကိရိယာများကို အသုံးပြုရမည်နည်း။ အခြေခံပိုင်း၊ နည်းပညာ ပိုင်း သို့မဟုတ် ဂရပ်ဖစ်ပိုင်း သုံးသပ်မှုများကို အသုံးပြုရမည်လား။ အရေးပါသည့် အချက်ပြမှု နှင့် ကို ထပ်ဆောင်းအချက်ပြမှုကို မည်သည့်ကိရိယာက ပေးစွမ်းမည်နည်း။
  • အချက်ပြမှုများပေါင်းစပ်ခြင်းဖြင့် မည်သည့်ပေါင်းစပ်မှုက စျေးကွက်အတွင်း ဝင်ရောက်နိုင်ရန် ကောင်းမွန်သော အော်ဒါကို ဖော်ဆောင်မည်နည်း။
  • ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှု စည်းမျဉ်းများမှာ အဘယ်နည်း။ အမြတ် သို့မဟုတ် အရှုံးရှိသောအခါတွင် ပထမ ကုန်သွယ်မှုပမာဏနှင့် နောက်ဆက်တွဲကုန်သွယ်မှုပမာဏကို မည်သို့တွက်ချက်သနည်း။ အရှုံး နှင့် အမြတ်ကန့်သတ်ချက် ကို မည်သို့တွက်ချက်မည်နည်း။ အများဆုံးလက်ခံနိုင်သော စုစုပေါင်းဆုံးရှုံးမှုမှာ အဘယ်နည်း။
  • ကြိုတင်မမြင်နိုင်သောအခြေအနေများတွင် algorithm မှာ မည်သို့လုပ်ဆောင်မည်နည်း။

ကုန်သွယ်မှုအစီအစဉ်တစ်ခုထားရှိခြင်းသည် မည်သည့်ပြောင်းလဲမှုကိုမဆို လျင်မြန်စွာတုံ့ပြန်နိုင်စေပါသည်။ ဗျူဟာမရှိခြင်းသည် ဖရိုဖရဲလုပ်ဆောင်မှုများနှင့် အချိန်ဖြုန်းခြင်းနှင့် ညီမျှသည်။

ကုန်သွယ်မှုဗျူဟာများ၏ လက်တွေ့ကျကျ အလုပ်လုပ်ပုံ

Forex ကုန်သွယ်မှုဗျူဟာများ မည်သို့အလုပ်လုပ်သနည်း။

  • သင့်တွင် ဗျူဟာတစ်ခုရှိနေသည်၊ ဆိုလိုသည်မှာ အမြတ်အစွန်းအများဆုံး သို့မဟုတ် ဆုံးရှုံးနိုင်ချေ အနည်းဆုံးဖြစ်စေရန်အတွက် အရောင်းအဝယ်တစ်ခုစီတွင် မည်သည့်လုပ်ဆောင်မှုများ ပြုလုပ်ရ မည်ကို သိရှိခြင်းဖြစ်သည်။
  • သင့်တွင် အစီအစဉ်တစ်ခုရှိသည့်အခါ အဆုံးသတ်ပန်းတိုင်ကို ချမှတ်ထားပြီးဖြစ်သည်။ သင်သည် ၎င်းကို အဆင့်များစွာ ခွဲ၍ အဆင့်တစ်ခုစီတွင် ဗျူဟာ၏ ထိရောက်မှုကို စစ်ဆေးပါ။ အစီအစဥ် အဆင်မပြေကြောင်း သတိပြုမိပါက ကုန်သွယ်မှုစနစ်ကို ပြန်လည်တည်ဆောက်ပါ။
  • စနစ်တကျ ချဉ်းကပ်ခြင်းသည် သင့်လုပ်ဆောင်ချက်များအပေါ် ယုံကြည်မှုရှိစေသည်။ သင့်တွင် အလုပ်ဖြစ်သော နည်းဗျူဟာတစ်ခုရှိလျှင် ကုန်သွယ်ရေးဆိုင်ရာ အကြံပေးတစ်ဦးကို ညွှန်ကြားခြင်း ဖြင့် သင်၏ စနစ်ကို အလိုအလျောက်ကုန်သွယ်မှုစနစ်အဖြစ် ပြောင်းလဲနိုင်သည်။

ကုန်သွယ်မှုဗျူဟာတစ်ခုထားရှိခြင်းတွင် စိတ်ပိုင်းဆိုင်ရာ ရှုထောင့်တစ်ခုရှိသည်။ အစီအစဉ်ထားရှိသည့် အခါ စိတ်ခံစားချက်များကို ဦးစားမပေးဘဲ ပြတ်ပြတ်သားသား လိုက်နာပါ။ ဥပမာအားဖြင့်၊ သင်သည် ကုန်သွယ်မှုဖွင့်ပြီးနောက် စျေးနှုန်းသည် ဆန့်ကျင်ဖက်သို့သွားသော်လည်း သင့်အစီအစဉ်တွင် လက်ခံနိုင် လောက်သော ဆုံးရှုံးမှုတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ထိတ်လန့်တကြားဖြင့် ကုန်သွယ်မှု ကို ပိတ်ဖို့ မလိုပါ။ စျေးနှုန်းပြန်လှည့်လာမည်ဟုမျှော်လင့်ချက်ဖြင့် နောက်ဆုံးမိနစ်အထိ စောင့်နေခြင်းမျိုး မဟုတ်ဘဲ - သင်သည် သင်၏ဗျူဟာကို တည်တည်ငြိမ်ငြိမ် လိုက်နာရန်သာဖြစ်သည်။

စတင်သူများအတွက် အခြေခံ Forex ကုန်သွယ်မှုဗျူဟာများ

စတင်သူများအတွက် Forex ကုန်သွယ်မှုဗျူဟာများသည် အောက်ပါလက္ခဏာများရှိသည့် ကုန်သွယ်မှုစနစ် များဖြစ်သည်-

  • Indicators အနည်းငယ် သာ အသုံးပြုခြင်း။ ဇယား ရှင်းရှင်းလင်းလင်း ဖြစ်နေခြင်းသည် ကုန်သည် ကို စိတ်ရှုပ်ထွေးစေမည် မဟုတ်ပါ။
  • Timeframes အကြီးများ အသုံးပြုခြင်း။ H1 (တစ်နာရီ) မှ စသော timeframes များသည် အချိန် အကူးအပြောင်း ပြုလုပ်ရန် ပိုမိုလွယ်ကူသောကြောင့် ဈေးကွက်ကို သုံးသပ်ရန် အချိန်ပိုမိုရရှိသည်။
  • အနည်းဆုံးအရှုံး ထားရှိဖြင်း။ တစ်ချို့သော အချက်ပြမှုများသည် အမြတ်အစွန်းအနည်းငယ်သာ ရှိသော်လည်း ကုန်သွယ်မှုအောင်မြင်နိုင်ချေ ရာခိုင်နှုန်းမြင့်မားသည်။
  • အချက်ပြမှုများ၏ ခိုင်လုံသော အကြောင်းပြချက်။

အောက်တွင်ဖော်ပြထားသော အမြတ်အစွန်းရှိ နည်းဗျူဟာများအားလုံးသည် အခြေခံ များဖြစ်သည်။ ၎င်းတို့ကို အချောသတ်ရန် လိုအပ်ပြီး တိကျသော ကုန်သွယ်ရေးအမျိုးအစားနှင့် အချိန်ကာလ သတ်မှတ်ချက် အတွက် indicator တွင် ထည့်သွင်းမည့် အညွှန်းကိန်းများကို ချိန်ညှိရန် လိုအပ်သည်။

ကာလရှည် ကုန်သွယ်ခြင်း

ကာလရှည် ကုန်သွယ်ခြင်းသည် ရေရှည်ဗျူဟာတစ်ခုဖြစ်သည်။ စျေးကွက်သည် စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် wave သီအိုရီ အပေါ် အခြေခံသည်- မည်သည့်တိုးတက်မှုမဆို ဆုတ်ယုတ်မှု၏ နောက်တွင် ရှိနေသည်။ ကုန်သည်တစ်ဦးသည် စျေးနှုန်းတိုးတက်မှု သို့မဟုတ် ကျဆင်းမှု အရွေ့တစ်ခုမှ တတ်နိုင်သမျှ အမြတ်များများယူကာ ကာလတို တန်ပြန်လမ်းကြောင်းအလှည့်အပြောင်း များ ကို လျစ်လျူရှု၍ ရေရှည်ကုန်သွယ်မှု ပြုလုပ်ခြင်းဖြစ်သည်။ စျေးနှုန်း ပြောင်းပြန်ဖြစ်ခြင်း သို့မဟုတ် ဦးတည်ချက်မဲ့သွားသည့်အခါ ကုန်သွယ်မှု ကို ပိတ်သည်။

ဗျူဟာ ဖော်ပြချက်

ခရစ်ပတိုငွေကြေးများနှင့် စတော့ ရှယ်ယာများသည် ကာလရှည်ကုန်သွယ်ခြင်း အတွက် အကောင်းဆုံး ဖြစ် သည်။ ငွေကြေး အတွဲများသည် ကျဉ်းမြောင်းသောဘောင် အတွင်း ရွေ့လျားနေပြီး၊ ခရစ်ပတို ငွေကြေးများ နှင့် စတော့ ရှယ်ယာများသည် တိုးတက်မှု ကန့်သတ်ချက် မရှိ၍ ရှည်လျားသော လမ်းကြောင်းများရှိသည်။ Timeframes - H4 နှင့်အထက်။

စွန့်စားမှုအဆင့်

အလယ်အလတ်တန်း။ အဓိက အန္တရာယ်မှာ အကောင့်ပြုတ်ခြင်း ဖြစ်သည်။ Timeframes အကြီးများရှိ pip တစ်ခု ၏ ကုန်ကျစရိတ်သည် မိနစ်ပိုင်း timeframes များထက် များစွာမြင့်မားသည်။ ထို့ကြောင့် သေးငယ် သော ဈေးနှုန်းအလှည့်အပြောင်းတစ်ခုပင် ကုန်ကျမှု များပြားနိုင်ပါသည်။ ကုန်သည်တွင် အကောင့် ကြံ့ခိုင်မှု ကို ဆက်ထိန်းထားရန် လုံလောက်သော မာဂျင်ရှိရမည်။

အမြတ် အချိုး

ကာလရှည်ရင်းနှီးမြှုပ်နှံမှု ၏ အမြတ်အစွန်း - တစ်နှစ်လျှင် 15-50% ။

ကုန်သွယ်မှုကာလ

ကာလရှည်ကုန်သွယ်မှု။ ကုန်သည်အနေဖြင့် အရောင်းအ၀ယ်များကို ရက်ပေါင်းများစွာမှ ရက်သတ္တပတ် များစွာ သို့မဟုတ် လပေါင်းများစွာအထိ စျေးကွက်ထဲတွင် ထိန်းသိမ်းထားသည်။

အဝင်/အထွက် ပွိုင့်

စျေးကွက်ထဲသို့ဝင်ရောက်ခြင်းအတွက် အကောင်းဆုံးအခြေအနေနှစ်ခုမှာ စျေးကွက်သည် ဘောင်တစ်ခု အတွင်း မှ ထွက်သည့်အချိန် သို့မဟုတ် ဈေးတက် သို့မဟုတ် ကျစေမည့် သတင်းထုတ်ပြန်မှု တွင် ကုန်သွယ်မှု တစ်ခုဖွင့်လှစ်ခြင်းဖြစ်သည်။ ဥပမာ၊ သုံးလပတ် သို့မဟုတ် နှစ်ပတ်လည် အစီရင်ခံစာများ ထုတ်ပြန်ပြီးချိန်။ ဈေးကွက်လမ်းကြောင်းကို ဆုံးဖြတ်ရန်အတွက် ကောင်းမွန်သော indicators များမှာ Alligator၊ ADX၊ moving averages တို့ဖြစ်သည်။ အခြေအနေကြည့်၍ စျေးကွက်မှ ထွက်ပါ။

ဥပမာ

ကာလရှည်အနေအထားအရ အစုရှယ်ယာရောင်းဝယ်မှု။ ကုန်သွယ်မှုတစ်ခုမဖွင့်မီ၊ လုပ်ငန်းအသီးသီး အတွက် စာရင်းအင်းများကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်။ ဇီဝနည်းပညာကုမ္ပဏီများ၏ လုပ်ငန်း ကြီးထွားမှု မှတ်တမ်းရှိထားသော်လည်း ဈေးနှုန်းကျဆင်းနိုင်ခြေမှာ လွန်စွာကြီးမားသည်။ နည်းပညာကုမ္ပဏီ စတော့ရှယ်ယာများသည် ကောင်းမွန်စွာလုပ်ဆောင်နေသော်လည်း ယေဘုယျစျေးကွက်ကျဆင်းနေချိန်တွင် ၎င်းတို့သည် ယာယီအကျအားများနေတက်သည်။ လက်လီရောင်းဝယ်ခြင်း နှင့် စားသုံးသူ နှင့် ဆက်စပ်ရာ စတော့ရှယ်ယာများသည် ကာလရှည်ကုန်သွယ်မှုအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

LiteFinance: ဥပမာ

အထက်ဖော်ပြပါ ပုံတွင် Coca-Cola ရှယ်ယာများ၏ ရေရှည်လမ်းကြောင်းကို ပြသထားသည်။ ဘေးတိုက် ဘောင်အတွင်းမှ ထွက်လာပြီးနောက် ရှယ်ယာဈေးများ မြင့်တက်သွားသည်။ ယာယီဈေးနှုန်း ကျဆင်းမှု ကြာချိန်မှာ ၁ လဖြစ်သည်။ လမ်းကြောင်းမျဉ်းအနီး ဈေးနှုန်းတန်းသွားသည့်အခိုက် နှင့် support လိုင်းသည် resistance လိုင်း အဖြစ်သို့ ပြောင်းလဲသည့်အချိန်တွင် ကုန်သွယ်မှုကို ပိတ်သိမ်းလိုက်သည်။ ၉ လအတွင်း ရရှိသည့်အမြတ်ငွေ - ရှယ်ယာတစ်စောင် ၁၂ ဒေါ်လာ သို့မဟုတ် တစ်နှစ် 23% နှုန်း။

အားသာချက်/အားနည်းချက်များ

ကာလရှည်ကုန်သွယ်ခြင်း ၏ အားသာချက်များ မှာ ရေရှည်တွင်၊ အားကောင်းသော ရွေ့လျားမှုများသည် ပိုရှည်ပြီး ပိုမိုတည်ငြိမ်လာခြင်းဖြစ်သည်။ Market makers များသည် စျေးကွက်ကို ကိုင်တွယ်ရန် လုံလောက်သော အရင်းအနှီးမရှိပေ။ ဘေးတိုက်အရွေ့တစ်ခုမှ ထွက်လာခြင်း သို့မဟုတ် အခြေခံကျသော သက်ရောက်မှုတစ်ခုတွင် လမ်းကြောင်းတစ်ခုကို အမိအရ ဖမ်းဆုပ်ပြီးနောက်၊ အချိန်အနည်းငယ်မျှ သို့မဟုတ် လုံးဝစောင့်ကြည့်မှုစရာ မလိုဘဲ စျေးကွက်အတွင်းရှိ အရောင်းအဝယ်ကို ထိန်းထားနိုင်သည်။ နေ့စဉ်အရ ဆိုပါက နာရီအနည်းငယ်ကြာတိုင်း ၅ မိနစ် မှ ၇ မိနစ်မျှသာ ဈေးကွက်ကို စစ်ဆေးရန် လုံလောက်သည်။ အားနည်းချက်များ- ရှားပါးအချက်ပြမှုများ၊ တနေ့တာ ၏ swing systems များနှင့် နှိုင်းယှဉ်ပါက အကျိုးအမြတ်ပြန်ရမှု နည်းပါးသည်။

Trend Breakdown Strategy

Breakdown ဗျူဟာဖြင့် ကုန်သွယ်ခြင်း သည် ရိုးရှင်းသော Forex ဗျူဟာ တစ်ခုဖြစ်ပြီး အဓိက အချက်ပြမှု သည် လမ်းကြောင်းတစ်ကြောင်း၏ ပြိုကွဲမှုဖြစ်သည်။ အကျလမ်းကြောင်း ကို အမြင့်မှတ်များ အသုံးပြု၍ ရေးဆွဲပြီး အတက်လမ်းကြောင်းကို အနိမ့်မှတ်များ အသုံးပြု၍ ရေးဆွဲပါသည်။ ဈေးကွက်တွင်း ဈေးနှုန်း ဖွဲ့စည်းမှုပုံစံများနှင့် စီးပွားရေးသတင်း ထုတ်ပြန်မှုများဖြင့် အတည်ပြုထားသော သုံးသပ်မှုသည် စျေးနှုန်း ရွေ့လျားမှု၏ အဓိကဦးတည်ချက်ရှိ အပြောင်းအလဲတစ်ခု၏ လက္ခဏာဖြစ်သည်။

ဗျူဟာ ဖော်ပြချက်

ဗျူဟာသည် wave market development ၏ အယူအဆအပေါ် အခြေခံသည်။ ရေရှည်လမ်းကြောင်း သည် စုစည်းမှု သို့မဟုတ် ဦးတည်ချက်ပြောင်းလဲမှုဖြင့် အဆုံးသတ်သည်။ စျေးနှုန်းသည် လမ်းကြောင်းမျဉ်း ကို ချိုးဖျက်ပြီး အနည်းငယ် စုစည်းပြီးနောက်မှ ပြန်တက်လာပါက၊ လမ်းကြောင်းပြောင်းပြန်လှန်မှု ဖြစ်ပေါ်တက်သည်။ ၎င်းသည် ကြားကာလဗျူဟာဖြစ်ပြီး အကောင်းဆုံးအချိန်ကာလသည် H1-H4 ဖြစ်သည်။

စွန့်စားမှုအဆင့်

အလယ်အလတ် အောက်။ အယောင်ပြ ဖောက်ထွက်ခြင်းအန္တရာယ်သည်လဲ ရှိနိုင်သည်၊ ထို့ကြောင့် ထပ်ပေါင်း အချက်ပြမှုများကို ခြေရာခံရန် အရေးကြီးပါသည်။

အမြတ်အချိုး

လမ်းကြောင်း၏ကြာချိန်ပေါ် မူတည်ခြင်း၊ တစ်နာရီခြား အချိန်ကာလအရ ၁ ရက် မှ ၂ ရက်အတွင်း အမြတ်ရရှိမှုနှုန်းသည် ပွိုင့် ၁၀၀ မှ ၁၅၀ ဖြစ်နိုင်ပါသည်။ ရှည်လျားသောလမ်းကြောင်းများသည် ပွိုင့် ၃၀၀ မှ ၄၀၀ ရှိ ၀င်ငွေကို ရရှိစေနိုင်သည်။

ကုန်သွယ်ချိန်

အချက်ပြမှုများသည် အလွန်ပင် ရှားပါးသည် - တစ်နာရီခြား အချိန်ကာလအရ အချက်ပြမှုသည် ၁ ပတ် မှ ၂ ပတ်အတွင်း တစ်ကြိမ်ပေါ်လာနိုင်သည်။ ကုန်သွယ်မှု၏ ကြာချိန်သည် ၁၂ နာရီ မှ ၁၅ နာရီ ကနေ ရက်ပေါင်းများစွာအထိ ဖြစ်နိုင်သည်၊ ထို့ကြောင့် တစ်ဆ မှ သုံးဆ အထိ ကျသင့်နိုင်သည့် ညသိပ်ခ swap ကောက်ခံသည့် အချက်ကို ထည့်သွင်းစဉ်းစားရန်လိုသည်။

အဝင်/အထွက်ပွိုင့်

လမ်းကြောင်းကို ဖောက်ထွက်သော candle ပြီးဆုံးပြီးနောက် လမ်းကြောင်း ဦးတည်ချက်တွင် ရှိသော နောက် candle တွင် ကုန်သွယ်မှုဝင်ရန်ဖြစ်သည်။ လမ်းကြောင်းတည်ဆောက်ရာမျဉ်း အနီးတွင် ဈေးနှုန်း တန်းနေခြင်းသည် Fx စျေးကွက်တွင် ယာယီမျှခြေတစ်ခု ဖြစ်ပေါ်ကြောင်း ဖော်ပြသည်။ ဥပမာအားဖြင့်၊ အတက်လမ်းကြောင်းတွင်၊ ဝယ်သူများသည် ဈေးနှုန်းတက်လာသောအခါ ဝယ်ယူရန် အဆင်သင့် မဖြစ်သေးပါ။ ကုန်သည်အများစုသည် လမ်းကြောင်း ရပ်တန့်သွားသည်ကို မြင်တွေ့ပြီး ဈေးအမြင့်တွင် စတင်ရောင်းချကြသောကြောင့် စျေးကျလာသည်။ အတည်ပြုအချက်ပြမှုများ- ပြောင်းပြန်ပုံစံများ ဖွဲ့စည်းခြင်း၊ အဓိက resistance/support များ ပြိုကွဲခြင်း။

ဥပမာ

ရည်ရွယ်ချက်မှာ လမ်းကြောင်းလိုင်းတစ်ခုတည်ဆောက်ရန်နှင့် အခြား အချက်ပြကိရိယာများမှ အတည်ပြု ချက် ရရှိပြီးနောက် ၎င်း၏ ဖောက်ထွက်မှုကို စောင့်ဆိုင်းရန်ဖြစ်သည်။ ဤနေရာတွင် လမ်းကြောင်း ဦးတည်ချက်ပြောင်းလဲမှု မှ အယောင်ပြ ဖောက်ထွက်မှုအား ခွဲခြားသိမြင်ရန် အရေးကြီးပါသည်။

LiteFinance: ဥပမာ

ကျွန်ုပ်တို့အား လမ်းကြောင်းမျဉ်းတစ်ခု ဆွဲနိုင်စေသည့် AUD/USD အတွဲ ၏ နာရီအလိုက် ကာလတွင် အားကောင်းသော အကျလမ်းကြောင်းကို တွေ့မြင်နိုင်သည်။ အယောင်ပြ ဖောက်ထွက်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် မျဉ်းအား မြင့်မားသော အမှတ်များပေါ်တွင် အခြေခံ၍ ရေးဆွဲသည် (ဖောက်ထွက်မှု တစ်ခု ဖြစ်ပွားပါက လမ်းကြောင်းပြောင်းသွားသည်)။ ပုံတွင် မျဉ်းကြောင်းသည် ပထမနှင့် စတုတ္ထအမြင့်ကို အသုံးပြု၍ တည်ဆောက်ထားကြောင်း ပြသသည်။

လမ်းကြောင်းတစ်ခု၏အဆုံးတွင်၊ မတည်ငြိမ်မှုများတိုးလာပြီး ဈေးနှုန်းသည် ယာယီ အတက်အကျ များ ဖြစ် ပေါ်သည်။ ကနဦးအပိုင်းအခြား လျော့နည်းသွားခြင်းဖြင့် တြိဂံပုံစံဖွဲ့စည်းမှုကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ တြိဂံ၏ အနားနှစ်ဖက်စလုံးသည် ရံဖန်ရံခါတွင် candle shadows များဖြင့်သာ ဖောက်ထွက်သွားသည်၊ ရောင်းသူများ၏ အားနည်းချက်ကို ညွှန်ပြသည် - ဤသည်မှာ ပဏာမအချက်ဖြစ်သည်။ အလွန်ပင် ရှင်းလင်း သော အလျားလိုက်ရှိသည့် resistance level လည်း ရှိနေပါသည်။

စျေးနှုန်းသည် တြိဂံ၏ အပေါ်ဘက်ခြမ်း ကို ဖောက်ထွက်ပြီးနောက်နောက် လမ်းကြောင်းအတိုင်းရှိသည့် မျဉ်းကိုပါ ဖောက်ထွက်သည်။ စျေးနှုန်းသည် resistance level ကို ဖြတ်သွားသည်နှင့်တပြိုင်နက် (သုံးဆင့်အတည်ပြုချက်) ကျွန်ုပ်တို့သည် နောက်ဖြစ်ပေါ်သော candle တွင် ကုန်သွယ်မှုတစ်ခုဖွင့်ပါသည်။ ဈေးနှုန်းပြောင်းပြန်ဖြစ်စေသည့် ဆက်တိုက်ဖြစ်ပေါ်လာသော candle နှစ်ခု (Three Black Crows) ကို ဖွဲ့စည်းပြီးနောက် ကျွန်ုပ်တို့သည် ကုန်သွယ်မှုကိုပိတ်ပါသည်။ ဆုံးရှုံးနိုင်ချေအနည်းဆုံးဖြင့် ရရှိသည့် အမြတ်မှာ ပွိုင့် ၇၀ ဖြစ်သည်။

အားသာချက်များနှင့် အားနည်းချက်များ

အခြေခံပုံစံများကိုအသုံးပြု၍ ကုန်သွယ်ရေး ဆောင်ရွက်နိုင်ပြီး၊ လမ်းကြောင်းမျဉ်းများကို မည်ကဲ့သို့ မှန်ကန်စွာရေးဆွဲရမည်ကို သိရှိပြီးသော စတင်လေ့လာဆဲ ကုန်သည်များအတွက် သင့်လျော်ပါသည်။ ၎င်း၏အားသာချက်မှာ ရှည်လျားသောအချိန်ဘောင်များတွင် ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန် အချိန်ရရှိခြင်းပင် ဖြစ်ပါသည်၊ လမ်းကြောင်းဖောက်ထွက်မှုတခု၏နောက်မှ နောက်ကျသော ဈေးကွက်ဝင်ရောက်မှုသည် အမှားအယွင်းတခု မဟုတ်ပါ။ အားနည်းချက်မှာ လမ်းကြောင်းအသစ်သည် အားကောင်းသော ယာယီအလှည့်အပြောင်းတခုအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။ ထို့ကြောင့် တနာရီလျှင်တကြိမ်ခန့် အနည်းဆုံးထား၍ ဇယားကို စစ်ဆေးကြည့်ရှုသင့်ပါသည်။

Swing Trading

Swing Trading သည် တညတာထိန်းသိမ်းခြင်းအတွက် အဖိုးအခများပါဝင်သော Forex ကုန်သွယ်ရေး နည်းဗျူဟာတခု ဖြစ်ပါသည်။ လက်ရှိအချိန်အတွင်းပေါ်ပေါက်လောသော လမ်းကြောင်းပြင်ဆင်မှုများမှ အများဆုံးအကျိုးအမြတ်ကို ရယူနိုင်ရန်ဟူသော ရည်ရွယ်ချက်အပေါ် အခြေခံပါသည်။ လမ်းကြောင်းတခု ဖြစ်ပေါ်နေစဉ်အတွင်း လမ်းကြောင်းနောက်ပြန်လှည့်သော(ပြင်ဆင်မှုဖြစ်ပေါ်သော) အခိုက်အတန့်များအား ကောင်းစွာအသုံးချနိုင်ရန် အထူးအလေးထား၍ ဤကုန်သွယ်ရေးနည်းလမ်းကို ဖန်တီးထားခြင်းဖြစ်ပါသည်။

နည်းဗျူဟာဖော်ပြချက်

ဤနည်းစနစ်အတွက် လုပ်ဆောင်နိုင်သော ကုန်သွယ်ရေးနည်းလမ်းများမှ တခုမှာ ယာယီအလှည့်အပြောင်း တခု ၏ အဆုံးတွင် ကုန်သွယ်မှုတခုကိုဖွင့်၍ ယာယီအလှည့်အပြောင်းအသစ်၏အစတွင် ထိုကုန်သွယ်မှုကို ပိတ်သိမ်းရန်ဖြစ်သည်။ အကောင်းဆုံး အချိန်ဘောင်မှာ H1 မှ H4 အတွင်းဖြစ်သည်။ တိုတောင်းသော အချိန်အပိုင်းအခြားများတွင် လမ်းကြောင်းတည်ငြိမ်မှု အားနည်းပါသည်။ ထို့ကြောင့် swing trading တွင် တိုလွန်းသော အချိန်ဘောင်များကို အသုံးနည်းပါသည်။

စွန့်စားမှုအဆင့်

အလယ်အလတ်။ အကယ်၍ အားကောင်းသော လမ်းကြောင်းကို တွေ့ရှိထားပါက၊ ဆုံးရှုံးနိုင်သောအလားအလာ အလွန်နည်းပါးပါသည်။ လမ်းကြောင်းစတ‌င်နောက်လှည့်ချိန်တွင် ကုန်သွယ်မှုများကို အချိန်မီပိတ်သိမ်းရန် လိုအပ်ပါသည်။ သို့ရာတွင် လမ်းကြောင်းသည် အစ‌ဉ်အမြဲ မတည်ငြိမ်နိုင်ပါ။ လမ်းကြောင်း ပြန်လည်စတင်မည်ဟု အဓိပ္ပါယ်ရသော အချက်ပြမှုများသည် အမှားအယွင်းတခုဖြစ်၍သွားပြီး ယာယီဆန့်ကျင်ဘက်လမ်းကြောင်း ဆက်လက်ဖြစ်ပေါ်နိုင်ပါသည်။

အမြတ်အချိုး

Swing Trading နည်းဗျူဟာအမျိုးအစားနှင့် အချိန်ဘောင်အပေါ်တွင် မူတည်ပါသည်။ တနာရီ အချိန်အပိုင်းအခြားတွင် လမ်းကြောင်းတလျှောက် ကုန်သွယ်သောအခါ ကုန်သွယ်မှုတခုလျှင် ၈၀ မှ ၁၀၀ ပွိုင့်ကြား အမြတ်ရရှိနိုင်ပါသည်။

ကုန်သွယ်ချိန်

Swing Trading နည်းဗျူဟာအား ရွေးချယ်ထားသော အချိန်ဘောင်အပေါ်မူတည်၍ တနေ့တာဖြင့် ကုန်သွယ်သည့် နည်းဗျူဟာများသာမက၊ ကာလရှည်အချိန်ဘောင်များအတွက်လည်း အသုံးချနိုင်ပါသည်။ H1 အချိန်ဘောင်တွင်၊ ယာယီဆန့်ကျင်ဘက်လမ်းကြောင်း အခိုက်အတန့်များအား candle ၅ ခုမှ ၆ ခုအတွင်း အမိအရဖမ်းယူကာ တနေ့တာနည်းဗျူဟာဖြင့် အမြတ်ရရှိနိုင်ပါသည်။ H4 မှစ၍ ပိုမိုရှည်လျားသော အချိန်ဘောင်များတွင် swing trading သည် ရက်ပေါင်းများစွာ ကုန်သွယ်မှုအရှည်ရှိသော ကာလရှည်ကုန်သွယ်ရေးနည်းဗျူဟာတခုအဖြစ် ပြောင်းလဲသွားပါသည်။

အဝင်/အထွက်ပွိုင့်

ဈေးကွက်အတွင်း အတက်လမ်းကြောင်းတခုရှိနေပြီး၊ အောက်ဘက်သို့ ယာယီဆန့်ကျင်ဘက်လမ်းကြောင်း တခု ပေါ်ပေါက်လာပါက အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

  • ယာယီဆန့်ကျင်ဘက်လမ်းကြောင်း ၏ အဆုံးတွင် လမ်းကြောင်း၏ ဦးတည်ရာသို့လိုက်ပါ၍ ကုန်သွယ်မှုကို ဖွင့်ပါ။ ဥပမာ - သင်သည်လမ်းကြောင်း၏ အစကို မမှီလိုက်သောအခါ၊ အကောင်းဆုံး ဈေးနှုန်းဖြင့် ဈေးကွက်သို့ဝင်ရောက်နိုင်ရန်အတွက် အဝင်ပွိုင့်တခုကို ရှာဖွေရန် လိုအပ်ပါသည်။

  • ယာယီဆန့်ကျင်ဘက်လမ်းကြောင်း၏ အောက်ခြေတွင် လမ်းကြောင်း၏ ဦးတည်ရာအတွင်း ကုန်သွယ်မှုကို ဖွင့်ပါ၊ လမ်းကြောင်း၏အစွန်ဆုံးတန်ဖိုးတွင် ကုန်သွယ်မှုပိတ်ပါ။ နောက်ထပ် ယာယီဆန့်ကျင်ဘက်လမ်းကြောင်း တခုကို စောင့်ပါ၊ အဆိုပါလမ်းကြောင်း၏ အောက်ခြေတွင် ကုန်သွယ်မှုတခုကို နောက်တကြိမ်ထပ်၍ဖွင့်ပါ။

  • ယာယီဆန့်ကျင်ဘက်လမ်းကြောင်းတခုစီ၏ အဆုံးတွင် ကုန်သွယ်မှုပမာဏကို တိုးမြှင့်သွားပါ။

  • ပင်မလမ်းကြောင်း၏ ဦးတည်ရာနှင့် ယာယီဆန့်ကျင်ဘက်လမ်းကြောင်း ၏ ဦးတည်ရာတွင် ဆန့်ကျင်ဘက် ကုန်သွယ်မှုကို တလှည့်စီ ပြုလုပ်ပါ။

ကုန်သွယ်မှုပိတ်ခြင်း။ ။ ယာယီဆန့်ကျင်ဘက်လမ်းကြောင်း၏အစ (နောက်ဆုံးဖြစ်ပေါ်သောအမြင့်ဈေး သို့ပြန်လှည့်ချိန်) တွင် ၅၀% ကိုပိတ်သိမ်းပါ၊ ကျန် ၅၀% အား trailing stop ဖြင့် ပိတ်သိမ်းပါ။

Indicators များ။ ။လမ်းကြောင်းကို ရှာဖွေရန်အတွက် လမ်းကြောင်းပြကိရိယာများ အပါအဝင် အတည်ပြု oscillators များ။ ပြောင်းပြန်ပုံစံများ၊ resistance နှင့် support levels များ၊ Fibonacci levels များ။

ဥပမာ

ရည်ရွယ်ချက်မှာ တနာရီအချိန်ပိုင်းအတွင်း လမ်းကြောင်းတခုကို ရှာဖွေရန်ဖြစ်သည်။ အောက်ပါဇယားတွင် အကျလမ်းကြောင်းတခု၏ နောက်ပိုင်း၌ ရေပြင်ညီ resistance level တခု ရှိနေပါသည်။

LiteFinance: ဥပမာ

1 - Resistance level ကျိုးပေါက်ပြီး၊ ဈေးနှုန်းသည် ထိုအဆင့်မှ ပြန်လည်ခုန်တက်လာချိန်တွင် ကြီးထွားသော candles များ ဆက်တိုက်ပေါ်ပေါက်လာသည်။ ဤသည်မှာ လမ်းကြောင်းတခု၏ အစပင်ဖြစ်သည်။ အဝယ်ကုန်သွယ်မှုတခုကိုဖွင့်ပါ။

2 - အားကောင်းသည့် ပထမဆုံး ဈေးကွက်အလှည့်အပြောင်း - ဆက်တိုက်ကျဆင်းသော candle သုံးခု - ကုန်သွယ်မှုကိုပိတ်ပါ။

3 - ဈေးနှုန်းသည် အထက်သို့ ပြန်တက်လာပြီး လမ်းကြောင်းတခုကို ရေးဆွဲနိုင်သော အခြေအနေဖြစ်သည် - အဝယ်ကုန်သွယ်မှုကိုဖွင့်ပါ။

4 - အောက်သို့ကျဆင်းသော candle သုံးခု - ကုန်သွယ်မှုကို ပိတ်ပါ။

5 - လမ်းကြောင်းမျဉ်းမှ ဈေးနှုန်းခုန်တက်လာပြီး အထက်သို့တက်သော‌ candle သုံးခု ပေါ်ပေါက်လာသည် - အဝယ်ကုန်သွယ်မှုကို ဖွင့်ပါ။

6 - အောက်သို့ကျဆင်းသော candle သုံးခု - ကုန်သွယ်မှုကို ပိတ်ပါ။ ယာယီဆန့်ကျင်ဘက်လမ်းကြောင်း မရှိသော်လည်း၊ စွန့်စားခြင်းမပြုခြင်းသည် ပိုကောင်းသည် - ဈေးနှုန်းပြန်လည်ဆွဲတင်မှုကို စောင့်ပါ။

7 - ဈေးနှုန်းသည် လမ်းကြောင်းမျဉ်းထံ မရောက်ရှိပါ သို့သော် ဆန့်ကျင်ဘက်ပုံစံတခု ရှိနေပါသည် - ကုန်သွယ်မှုတခုကို စွန့်စား၍ ဖွင့်လှစ်နိုင်ပါသည် (အားနည်းသောအချက်ပြမှု)။

8 - အောက်သို့ကျဆင်းသော candle သုံးခု - ကုန်သွယ်မှုကို ပိတ်ပါ။

ကုန်သွယ်မှုတခု၏ အမြတ်မှာ ၈၀ မှ ၁၀၀ ပွိုင့်ကြားဖြစ်သည်။ သို့ရာတွင် Swap အဖိုးအခများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

Forex နည်းဗျူဟာ၏ အားသာချက်များ-

  • အကျိုးအမြတ် ပိုမိုရရှိခြင်း။ လမ်းကြောင်းနည်းဗျူဟာနှင့်မတူသောအချက်မှာ ကုန်သည်တဦးသည် Swing Trading တွင် ဝင်ငွေပိုမိုရရှိနိုင်ပါသည်။ ဥပမာ - Trend ကုန်သည်တဦးသည် ကုန်သွယ်မှုတခု ပိတ်သိမ်းခြင်းအပေါ်မှ ၁၀၀ pips အမြတ်ကို ရရှိသည်။ Swing ကုန်သည်တဦးသည် လမ်းကြောင်းပေါ်တွင် ၅၀ pips အမြတ်ကို ရရှိပြီး ယာယီဆန့်ကျင်ဘက်လမ်းကြောင်း အစတွင် ကုန်သွယ်မှုကို ပိတ်သိမ်းလိုက်သည်။ ဈေးနှုန်းသည် အနောက်သို့ ၁၅ pips ခန့် ပြန်ဆုတ်သည်။ ထိုအခါ swing ကုန်သည်မှ ကုန်သွယ်မှုထပ်မံ၍ ဖွင့်လိုက်သည်။ swing ကုန်သည်၏ ဝင်ငွေမှာ ၅၀ + ၆၅ = ၁၁၅ ပွိုင့်ဖြစ်သည်။

  • စွန့်စားမှုနည်းပါးခြင်း။ Position ကုန်သည်တဦးသည် ယာယီဆန့်ကျင်ဘက်လမ်းကြောင်း ဖြစ်ပေါ်မည့် အချိန်ကို‌စောင့်ကြည့်ကာ ကုန်သွယ်မှုအား stop order ဖြင့် အကာအကွယ်ပေးထားသည်။ အကယ်၍ stop loss အော်ဒါ စတင်အသက်ဝင်သောအခါ အရှုံးသည်ယာယီဆန့်ကျင်ဘက်လမ်းကြောင်း အတိမ်အနက်နှင့် တူညီပါသည်။ ထို့အပြင် ဈေးနှုန်းသည် နောက်ပြန်ဆုတ်ရာမှ လမ်းကြောင်းသစ် တခုအဖြစ် ပြောင်းလဲသွားပါက၊ swing ကုန်သည်တွင် အရှုံးမရှိပါ။

ဤနည်းဗျူဟာ၏ အားနည်းချက်မှာ ယာယီဆန့်ကျင်ဘက်လမ်းကြောင်း ၏အစနှင့် အဆုံးကို ကောင်းစွာ ရှာဖွေတွေ့ရှိရန်အတွက် ဇယားကို ပုံမှန်စောင့်ကြည့်နေရန် လိုအပ်ခြင်းပင် ဖြစ်ပါသည်။ ပြင်ဆင်မှုများသည် အမြဲတစေ တိကျသောပုံစံမျိုးမရှိတတ်ပဲ ဘေးတိုက်ရွေ့လျားမှုအဖြစ်သို့လည်း ပြောင်းလဲသွားနိုင်ပါသည်။

Trend Trading

Trend trading တွင် လမ်းကြောင်းရွေ့လျားမှုတခု၏ အစ၌ ကုန်သွယ်မှုဖွင့်ခြင်းနှင့် ဆန့်ကျင်ဘက်သို့လှည့်ချိန်၌ ကုန်သွယ်မှုပိတ်ခြင်းတို့ ပါဝင်ပါသည်။ ကုန်သည်၏ လုပ်ဆောင်ရမည့် ဝတ္တရားမှာ လမ်းကြောင်း၏အစကို ရှာဖွေရန်ဖြစ်ပြီး၊ ဆန့်ကျင်ဘက်အခြေအနေအပေါ် မှားယွင်း ကောက်ချက်ချခြင်းနှင့် တိုလွန်းသောအချိန်အတွင်း ကုန်သွယ်မှုပိတ်သိမ်းခြင်းများကို ရှောင်ရှားရပါမည်။

နည်းဗျူဟာဖော်ပြချက်

Forex ဈေးကွက်အတွင်း ကုန်သွယ်ရာတွင် အကောင်းဆုံးနည်းဗျူဟာများမှ တခုမှာ ဈေးနှုန်းသည် ဘေးတိုက် ရွေ့လျားသောအခြေအနေမှ ထွက်ခွာလာသောအချိန် သို့မဟုတ် လမ်းကြောင်းပြောင်းပြန် ဖြစ်ချိန်များတွင် ကုန်သွယ်မှုတခုကိုဖွင့်ရန် ဖြစ်ပါသည်။ အချိန်ဘောင် - H1 မှစ၍။ ဤနည်းဗျူဟာသည် နိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်၌ တနေ့အတွင်းကုန်သွယ်ရေးအတွက်လည်းကောင်း၊ စတော့ဈေးကွက် များ၌ position ကုန်သွယ်ရေးအတွက်လည်းကောင်း ကောင်းစွာသင့်လျော်ပါသည်။

စွန့်စားမှုအဆင့်

အလယ်အလတ်၏အောက်။ အဓိက ဆုံးရှုံးနိုင်သောအန္တရာယ်မှာ ကုန်သွယ်မှုအဖွင့်နောက်ကျခြင်း ဖြစ်ပါသည်။ အတွေ့အကြုံနုနယ်သော ကုန်သည်များသည် လမ်းကြောင်း၏ အစကို သတိမမူခဲ့မိပဲ၊ လမ်းကြောင်း၏ အရှိန်ကုန်ခမ်းစပြုမှပင် ဈေးကွက်အတွင်းဝင်ရောက်မိကြသည်။ အကယ်‌၍ သင်သည် ဇယားကို ပုံမှန်စောင့်ကြည့်ပြီး အရှုံးနှင့်အမြတ်ကန့်သတ်အော်ဒါများကို ချမှတ်ထားပါက၊ ဆုံးရှုံးနိုင်ခြေ နည်းပါးပါသည်။

အမြတ်အချိုး

ရွေးချယ်ထားသော အချိန်ဘောင်နှင့် စွန့်စားလိုစိတ်အပေါ် မူတည်ပါသည်။ တနာရီအချိန်ပိုင်းတွင် ၂၄ နာရီမှ ၄၈ နာရီထက် ပိုမိုရှည်လျားသော လမ်းကြောင်းတခုကို တွေ့ရှိနိုင်ပါသည်။ ‌နေ့စဉ်နှုန်းထားမတည်ငြိမ်မှု ၈၀ မှ ၁၀၀ ပွိုင့်နှင့်အတူ အရှည်အားဖြင့် ၅၀ ပွိုင့်နှင့်အထက်ရှ်ိသော လမ်းကြောင်းတခုကို တွေ့ရှိရနိုင်ပါသည်။

ကုန်သွယ်ချိန်

ရွေးချယ်ထားသော အချိန်ဘောင်နှင့် စွန့်စားလိုစိတ်အပေါ် မူတည်ပါသည်။ တနာရီအချိန်ပိုင်းတွင် ၂၄ နာရီမှ ၄၈ နာရီထက် ပိုမိုရှည်လျားသော လမ်းကြောင်းတခုကို တွေ့ရှိနိုင်ပါသည်။ ‌နေ့စဉ်နှုန်းထားမတည်ငြိမ်မှု ၈၀ မှ ၁၀၀ ပွိုင့်နှင့်အတူ အရှည်အားဖြင့် ၅၀ ပွိုင့်နှင့်အထက်ရှ်ိသော လမ်းကြောင်းတခုကို တွေ့ရှိရနိုင်ပါသည်။

အဝင်/အထွက်ပွိုင့်

အဝင် -

  • မကြာမီ အဆုံးသတ်မည့်လက္ခဏာရှိသော လမ်းကြောင်း - candle များ သေးငယ်လာသည်၊ ဘေးတိုက်အနေအထားသို့ ကူးပြောင်းမှုတခု ရှိနေသည်။ ပြောင်းပြန်ပုံစံပေါ်ပေါက်လာခြင်းနှင့် လမ်းကြောင်းမျဉ်း၏ ဆန့်ကျင်ဘက်သို့ ဖောက်ထွက်ခြင်းများသည် ကုန်သွယ်မှုဖွင့်ရန်အတွက် အချက်ပြမှုပင်ဖြစ်သည်။

  • ဘေးတိုက်ဘောင်အတွင်းမှ ဖောက်ထွက်မည့် အခိုက်အတန့်အား ၎င်း၏ နယ်နိမိတ်များ ကျိုးပေါက်ခြင်းနှင့် ဆက်တိုက်ကြီးထွားလာသော candle များ ပေါ်ပေါက်လာခြင်းတို့က အချက်ပြပါသည်။

  • Alligator၊ moving averages၊ Momentum အစရှိသော လမ်းကြောင်းပြ Indicator များနှင့် Oscillator များမှ အချက်ပြမှုများကို ရယူပါ။

ဈေးကွက်မှ အပိုင်းခွဲ၍ ထွက်ခွာပါ။ ဈေးနှုန်းသည် ခန့်မှန်းထားသော ဦးတည်ရာသို့ ရွေ့လျားခဲ့ပြီးနောက်၊ stop loss အား မျှခြေအဆင့်သို့ ရွှေ့ပါ။ ဈေးနှုန်းသည် ကြိုတင်ဆုံးဖြတ်ထားသော ပွိုင့်အရေအတွက်ကို ဖြတ်ကျော်ခဲ့ပြီးသည့်အခါ ကုန်သွယ်မှု၏ ၅၀% ကို ပိတ်သိမ်းပါ။ ဥပမာ - ဈေးနှုန်းသည် နောက်ထပ် ၂၀ pip မတိုင်မီ နောက်ကြောင်းပြန်လှည့်ခြင်း မရှိနိုင်ဟု သင့်ဘက်မှ ၉၉% သေချာသည်ဟု ဆိုကြပါိစို့ - ဤအတိုင်းအတာသည် ပထမပစ်မှတ်ဖြစ်ပါသည်။ ကျန် ၅၀% ကုန်သွယ်မှုအတွက် ပြင်ဆင်မှုအတိမ်အနက်အပေါ်လိုက်၍ ၁၀ မှ ၁၅ pip အကွာတွင် trailing stop တခုသတ်မှတ်ကာ အကာအကွယ်ရယူပါ။

ဥပမာ

ကျွန်ုပ်တို့သည် Alligator indicator ၏ အချက်ပြမှုများအပေါ် အခြေခံ၍ ကုန်သွယ်မှုတခုကို ဖွင့်လိုက်ပါသည်။

LiteFinance: ဥပမာ

အချက်ပြမှုမှာ moving averages (ပျမ်းမျှရွေ့လျားမှုမျဉ်းများ) ၏ ခွဲထွက်မှုပင် ဖြစ်သည်။ ဖြစ်ရပ်နှစ်ခုတွင် အချက်ပြမှုများ မှန်ကန်ကြောင်း တွေ့ရှိရပါသည်။ သို့သော် တတိယအကြိမ်၌မူ အချက်ပြမှုသည် ရှည်လျားသော အထက်သို့ရွေ့လျားမှုတခုကို ညွှန်ပြနေသော်လည်း၊ နောက်ပြန်သောအခိုက်အတန့်တွင် moving averages များ၏ ခွဲထွက်မှု စတင်လိုက်သောကြောင့် ကုန်သွယ်မှုဖွင့်ရန် အဝင်ပွိုင့်ကို အဆုံးအဖြတ်မပေးနိုင်ခဲ့ပါ။ ထို့ကြောင့် indicator အချက်ပြမှုများကို စိစစ်ရန် အပိုအထောက်အကူများကို အသုံးပြုခြင်းသည် ပိုမို၍ကောင်းမွန်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

အားသာချက်မှာ ဤနည်းဗျူဟာသည် စတင်ကုန်သွယ်ကြသူများအတွက် ကောင်းမွန်သော နည်းဗျူဟာတခု ဖြစ်ပါသည်။ ရှည်လျားသော အချိန်ဘောင်များတွင် လမ်းကြောင်းသည် အတော်အသင့် တည်ငြိမ်မှုရှိပြီး၊ ကုန်သည်အနေဖြင့် အခြေအနေကို အကဲဖြတ်ရန် အချိန်လုံလောက်စွာ ရရှိသည့်အပြင် ဇယားကို အချိန်ပြည့်စောင့်ကြည့်ရန် မလိုအပ်ပါ။ ကုန်သွယ်မှု၏ ၅၀% ကို ပိတ်သိမ်းပြီးသောအခါတွင် ဇယားကို ဆက်လက်စောင့်ကြည့်ရန် မလိုအပ်တော့ပါ။ အထက်တွင် ပြသထားသော ဥပမာအတိုင်း သေးငယ်သော လမ်းကြောင်းရွေ့လျားမှုတခုချင်းမှလည်း အမြတ်ရရှိနိုင်ပါသည်။ အားနည်းချက်မှာ အချက်ပြမှုများ ရှားပါးခြင်း ဖြစ်သည်။ Forex ဈေးကွက်တွင် အထူးသဖြင့် ရှည်လျားသော အချိန်ဘောင်များ၌ အားကောင်းသောလမ်းကြောင်းများ မကြာခဏ ပေါ်ပေါက်လေ့မရှိပါ။

Range Trading

Range Trading တွင် Forex ဈေးကွက်အတွင်း ရေပြင်ညီရွေ့လျားသောကုန်သွယ်ရေးနှင့် ချန်နယ်လ် ကုန်သွယ်ရေးနည်းဗျူဟာများ ပါဝင်ပါသည်။ ၎င်းနည်းဗျူဟာများသည် အောက်ပါ အယူအဆအပေါ်တွင် အခြေခံပါသည် - အများအားဖြင့် ဈေးနှုန်းသည် moving averages ဟု သတ်မှတ်လေ့ရှိသော ပျမ်းမျှဈေးတန်းတခုကို ဗဟိုပြု၍ ကော်ရစ်ဒါတခုအတွင်း ရွေ့လျားပါသည်။ ဈေးနှုန်းသည် ၎င်း၏ ပျမ်းမျှတန်ဖိုးအနီး ရစ်ဝဲနေလေ့ရှိသည်။ ဈေးနှုန်းသည် ပျမ်းမျှတန်ဖိုးမှ ပို၍အဝေးသို့ ရွေ့လျားလေလေ၊ ဆန့်ကျင်ဘက် အပြောင်းအလဲဖြစ်နိုင်သော အလားအလာ ပိုများလေလေဖြစ်သည်။

နည်းဗျူဟာဖော်ပြချက်

ဤနည်းဗျူဟာတွင် လုပ်ဆောင်နိုင်သော နည်းလမ်းနှစ်မျိုး ရှိပါသည်။

  • Breakdown trading။ ချန်နယ်လ် တည်ဆောက်ခြင်းဆိုသည်မှာ ဈေးနှုန်းမကြာခဏ နောက်ပြန်လှည့်လေ့ရှိသော ပွိုင့်များအပေါ် အခြေခံ၍ နယ်နိမိတ်မျဉ်းများသတ်မှတ်ခြင်း ဖြစ်ပါသည်။ အကယ်၍ ဈေးနှုန်းသည် နယ်နိမိတ်မျဉ်းကို ဖောက်ထွက်သွားပါက၊ ဈေးနှုန်းဖောက်ထွက်သည့် ဦးတည်ရာသို့လိုက်ပါ၍ ကုန်သွယ်မှုတခုကို ဖွင့်သင့်ပါသည်။

  • Channel trading။ ချန်နယ်လ်တခုကို အနိမ့်ဆုံး/အမြင့်ဆုံး အစွန်းများအပေါ်အခြေခံ၍ တည်ဆောက်ပါသည် - အစွန်းများဆိုသည်မှာ ဈေးနှုန်းသည် ထိုနေရာထိ ရောက်ရှိခဲ့ပြီး ဆက်လက်ဖောက်ထွက်မသွားနိုင်သော ပွိုင့်များဖြစ်ပါသည်။ ဈေးနှုန်းသည် နယ်နိမိတ်မျဉ်းကို ထိတွေ့ပြီးနောက် ချန်နယ်လ်၏ အလယ်သို့ ပြန်လည်ဝင်ရောက်သောအချိန်တွင် ကုန်သွယ်မှုတခုကို ဖွင့်သင့်ပါသည်။

စွန့်စားမှုအဆင့်

အလယ်အလတ်။ ချန်နယ်လ်ကို ဖောက်ထွက်သည်ဟု မှားယွင်းစွာ အချက်ပြခြင်းမျိုး ရှိနိုင်ပါသည်။ ထို့အတူ ကုန်သွယ်မှုတခုဖွင့်ပြီးချိန်တွင် ဈေးနှုန်းသည် ချန်နယ်လ်အတွင်း ပြန်လည်ဝင်ရောက်ခြင်းမရှိပဲ ဖောက်ထွက်သည့်ဦးတည်ရာအတိုင်း ဆက်လက်ရွေ့လျားသွားနိုင်သော ဆုံးရှုံးမှုအန္တရာယ်တခုလည်း ရှိပါသည်။

အမြတ်အချိုး

အချိန်ဘောင်အပေါ်မူတည်ပါသည်။ တနေ့တာအတွင်း အချက်ပြမှု ၁ ခု မှ ၂ ခုထိ ပေါ်ပေါက်နိုင်ပြီး၊ တကြိမ်လျှင် ၂၀ မှ ၃၀ ပွိုင့်အထိ အမြတ်ရနိုင်ပါသည်။

ကုန်သွယ်ချိန်

ဤနည်းဗျူဟာသည် တနေ့အတွင်း၊ ကာလအလတ်၊ ကာလရှည် ကုန်သွယ်ရေးများအတွက် M30 အချိန်ပိုင်းမှ စတင်အလုပ်လုပ်ပါသည်။ ဈေးနှုန်းသည် မိနစ်ပိုင်းအချိန်ဘောင်များ၌ ရွေ့လျားမှု အရှိန်မြင့်မားလေ့ရှိရာ ပျမ်းမျှတန်ဖိုးကို ကောက်ချက်ချရန် ယုတ္တိမတန်သောကြောင့် ဤနည်းဗျူဟာသည် Scalping နည်းလမ်းအတွက် မသင့်လျော်ပါ။

အဝင်/အထွက်ပွိုင့်

လုပ်ဆောင်နိုင်သောနည်းလမ်းများ -

  • မြင့်မားသောစွန့်စားမှု။ ဈေးနှုန်းသည် ချန်နယ်လ်မှ ထွက်ခွာလာပြီးနောက်တွင် ကုန်သွယ်မှုကို ဖွင့်ပါ။ ဖောက်ထွက်မှုသည် အားကောင်းသော ကနဦးရွေ့လျားမှုတခုကို ညွှန်ပြပါသည်။ ဆန့်ကျင်ဘက် အပြောင်းအလဲအတွက် အချက်ပြမှု မဆိုစလောက် ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် ကုန်သွယ်မှုကို ပိတ်ပါ။
  • အလယ်အလတ်စွန့်စားမှု။ ဈေးနှုန်းသည် ချန်နယ်လ်၏ နယ်နိမိတ်ကို ဖောက်ထွက်ပြီး၊ ချန်နယ်လ်အတွင်းသို့ ပြန်လည်ဝင်ရောက်ချိန်တွင် ကုန်သွယ်မှုကိုဖွင့်ပါ။ ချန်နယ်လ်၏ အလယ်မျဉ်းသို့ ဈေးနှုန်း ရောက်ရှိချိန်တွင် ကုန်သွယ်မှုကို ပိတ်ပါ။

အဓိကနည်းပညာပိုင်း‌ဆိုင်ရာ အထောက်အကူကိရိယာများ -

  • ဘေးစောင်း သို့မဟုတ် ရေပြင်ညီ ချန်နယ်လ်များ၏ နယ်နိမိတ်ကို သတ်မှတ်ပေးသည့် Levels များနှင့် လမ်းကြောင်းမျဉ်းများ။
  • Rectangle၊ Rails၊ Flag အစရှိသော ချန်နယ်လ်ပုံစံများ။
  • Bollinger Bands၊ Envelopes၊ Keltner Channel၊ Darvas Box အစရှိသော ချန်နယ်လ် indicator များ။
  • Pivot Points၊ Heat Map အစရှိသော ဆန့်ကျင်ဘက်အလားအလာကို ညွှန်ပြသည့် indicator များ။
  • Stochastic၊ MACD၊ RSI၊ CCI အစရှိသော ဝယ်လိုအား/ရောင်းလိုအား လွန်ကဲမှုများကို ညွှန်ပြသည့် oscillators များ။

ဥပမာ

အဓိကအသုံးပြုသော indicator မှာ ၂ဆချဲ့ထွင်ပေးသော မြှောက်ကိန်းတခု ပါဝင်သော Keltner Channel ဖြစ်သည်။ ဤမြှောက်ကိန်း၏တန်ဖိုးသည် ချန်နယ်လ်ကို ချဲ့ထွင်ပေးခြင်းအားဖြင့် ထိုတန်ဖိုးများသို့ ဈေးနှုန်းရောက်ရှိရန်ခဲယဉ်းပြီး၊ ထိုအချက်ကြောင့်ပင် ထိုတန်ဖိုးများဆီသို့ ဈေးနှုန်းနောက်ပြန်လှည့်နိုင်ခြေ ပိုများသော ပွိုင့်များကို ရှာဖွေတွေ့ရှိနိုင်ရန် ကူညီပေးပါသည်။ အတည်ပြုကိရိယာမှာ RSI oscillator ဖြစ်ပါသည်။

LiteFinance: ဥပမာ

ဈေးနှုန်းသည် ချန်နယ်လ်ကို ကျော်လွန်သွားပြီး အနောက်သို့ ပြန်လှည့်လာခြင်းသည် အချက်ပြမှုပင်ဖြစ်သည်။ ထိုတန်ဖိုး သို့မဟုတ် နောက်ထပ် candle တခုတွင် RSI သည် 70 သို့မဟုတ် 30 အဆင့်သို့ ရောက်ရှိသင့်သည်။ အကယ်၍ RSI သည် ထိုအဆင့်များသို့ မရောက်ရှိလျှင် ကုန်သွယ်မှုကို မဖွင့်သင့်ပါ။ ချန်နယ်လ်၏ အလယ်သို့ ဈေးနှုန်းရောက်ရှ်ိချိန်တွင် ကုန်သွယ်မှု ၅၀% ကို ပိတ်သိမ်းပါ။ ကျန် ၅၀% အား (H1 အချိန်ဘောင်အတွက်) ၁၀ မှ ၁၅ ပွိင့်အရှည်ရှိသော trailing stop တခုဖြင့် ကာကွယ်ပါ။

  • 1 - ချန်နယ်လ်၏ အလယ်မှ အားကောင်းသော candle သုံးခုသည် အရှိန်ပြင်းသော ရွေ့လျားမှုတခုကို ညွှန်ပြပါသည်။ ထို့နောက် ရွေ့လျားမှု အဆုံးသတ်ပြီး ဆန့်ကျင်ဘက်အခြေအနေ ပေါ်ပေါက်လာသည်။ RSI သည် ၇၀ အမှတ်သို့ ရောက်ရှိသွားသည်။ အကျိုးအမြတ်မှာ ၄၀ ပွိုင့်ဝန်းကျင် ဖြစ်သည်။
  • 2 - ဈေးနှုန်းသည် ချန်နယ်လ်ကို စွန့်ခွာခဲ့ပြီး အနောက်သို့ပြန်လှည့်ကာ ချန်နယ်လ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။ ထို့ကြောင့် အားနည်းသော အချက်ပြမှုတခုအဖြစ် ယူဆရသည်။ သို့ရာတွင် အချက်ပြမှုအား RSI မှ အတည်ပြုလိုက်သည်။ အကျိုးအမြတ်မှာ ၃၀ ပွိုင့်ဝန်းကျင် ဖြစ်သည်။
  • 3 - အခြေအနေသည် ယခင်ပုံစံနှင့် အသွင်တူပါသည်။ အကျိုးအမြတ်မှာ ၁၅ ပွိုင့်ဝန်းကျင် ဖြစ်သည်။
  • 4 - အခြေအနေသည် ယခင်ပုံစံနှင့် အသွင်တူပါသည်။ သို့သော် အချက်ပြမှု မှားယွင်းခဲ့ပါသည်။

ချန်နယ်လ်အပြင်ဘက်မှ ဆန့်ကျင်ဘက်ပုံစံများကို ဂရုပြုပါ။ အကယ်၍ ဆန့်ကျင်ဘက်ပုံစံတခုတလေမှ ရှိ၍မနေပါက၊ ထိုအချက်ပြမှုသည် အားနည်းသော အချက်ပြမှုတခုဖြစ်သည်။

Indicator ၏ မြှောက်ကိန်းကို ပြောင်းလဲခြင်းအားဖြင့် အစီအစဉ်တခုလုံးကို ပြောင်းလဲနိုင်ပါသည်။ ဥပမာ - မြှောက်ကိန်း “၁” ကို ရွေးချယ်ခြင်းအားဖြင့် ချန်နယ်လ်ကျိုးပေါက်ချိန်တွင် ကုန်သွယ်မှုဖွင့်နိုင်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

ဤနည်းဗျူဟာသည် ကုန်သည်အသစ်များအတွက် သင့်လျော်မှုရှိသော ရှင်းလင်းသည့် Forex ကုန်သွယ်ရေးနည်းဗျူဟာတခု ဖြစ်ပါသည်။ အားနည်းချက်မှာ ချန်နယ်လ်၏ အကျယ်ကို အဆုံးအဖြတ်ပေးသော ချန်နယ်လ် indicator များ၏ settings များကို ချိန်ညှိရာတွင် အချိန်ကြာမြင့်ပါသည်။

Day Trading

Day Trading ၏ အဓိပ္ပါယ်မှာ Swap အဖိုးအခများကို ရှောင်ရှားရန်အတွက် ကုန်သွယ်ရေး ဆက်ရှင်တခု အတွင်း ကုန်သွယ်မှု ဖွင့်လှစ်၊ ပိတ်သိမ်းခြင်းဖြစ်ပါသည်။ သင့်အနေဖြင့် လမ်းကြောင်း၏ အားကောင်းမှု အပေါ် ယုံကြည်မှုရှိပြီး၊ ဇယားကို ပုံမှန်စောင့်ကြည့်နိုင်စွမ်းရှိပါက တညတာဖြတ်ကျော်ကာ ကုန်သွယ်မှုကို ဆက်လက်သယ်ဆောင်သွားနိုင်ပါသည်။

နည်းဗျူဟာဖော်ပြချက်

Day Trading ဆိုသည်မှာ ဈေးကွက်အတွင်း ကုန်သွယ်မှု၏ကြာချိန်ကိုကြည့်၍ ဆုံးဖြတ်သတ်မှတ်ရသော နည်းဗျူဟာတခု ဖြစ်ပါသည်။ ဥပမာ - တနေ့အတွင်း ကုန်သွယ်ရေးတွင် scalping၊ swig trading၊ trend trading စသည့်နည်းဗျူဟာများ ပါဝင်ပါသည်။ သင့်တော်သော အချိန်ဘောင်များမှာ M5 မှ H1 အထိ ဖြစ်ပါသည်။

‌စွန့်စားမှုအဆင့်

ရွေးချယ်ထားသော တနေ့အတွင်းကုန်သွယ်ရေး အမျိုးအစားအပေါ် မူတည်ပါသည်။ Scalping တွင် မြင့်မားသော စွန့်စားမှုပါဝင်သည်။ Swing trading တွင် စွန့်စားမှုအလယ်အလတ်ပါဝင်ပြီး၊ trend trading တွင် အလယ်အလတ်ထက်နိမ့်သော စွန့်စားမှုသာ ပါဝင်ပါသည်။

အမြတ်အချိုး

Scalping တွင် တနေ့လျှင်အမြတ်ရနိုင်ခြေ ၁၀၀ ပွိုင့်နှင့်အထက် ရှိပါသည်။ Trend trading တွင် မတည်ငြိမ်နှုန်း ၇၀ မှ ၁၀၀ pip ကြားရှိသော ကုန်သွယ်ရေးပစ္စည်းများအတွက် ၃၀ မှ ၅၀ ပွိုင့်ကြား အမြတ်ရနိုင်ပါသည်။

ကုန်သွယ်ချိန်

Day trading သည် ကာလအလယ်အလတ်အထိ ကူးပြောင်းနိုင်သော ကာလတိုနည်းဗျူသာများကို ရည်ညွှန်းပါသည်။

အဝင်/ အထွက်ပွိုင့်

ရှင်းလင်းသောစည်းမျဉ်းများ မရှိပါ။ Scalping တွင် oscillators များနှင့် ဇယားပုံစံများကို အသုံးပြုနိုင်ပါသည်။ Trend trading တွင် ဘေးတိုက်ဘောင်အတွင်းမှ ထွက်ခွာခြင်း သို့မဟုတ် လမ်းကြောင်းအပြောင်းအလဲများကို ပြသသော trend indicator များနှင့် levels များကို အသုံးပြုပါသည်။ အရေးပါသော level များကျိုးပေါက်ခြင်းနှင့် moving averages များ၏ အချက်ပြခြင်းများသည် အဝင်/အထွက်ပွိုင့်များကို ညွှန်ပြပါသည်။

ဥပမာ

တနေ့အတွင်းကုန်သွယ်ရေးတွင် ရွေးချယ်နိုင်သော နည်းလမ်းတခုမှာ လမ်းကြောင်းနောက်ပြန်လှည့်ခြင်းနှင့် ဘေးတိုက်ဘောင်အတွင်းမှ ထွက်ခွာခြင်းများကို အတည်ပြုရန်အတွက် ဂရပ်ဖစ် သို့မဟုတ် အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြု၍ အားကောင်းသည့် အချက်ပြမှုတခုကို ရှာဖွေရန်ဖြစ်သည်။ သင့်အနေဖြင့် candle 5 ခုမှ ၈ ခုအတွင်း ရွေ့လျားမှုအပေါ်မှ အမြတ်ရရှိနိုင်ပါသည်။

LiteFinance: ဥပမာ

EUR/USD ငွေကြေးအတွဲ၏ တနာရီအချိန်ပိုင်းများတွင် အနှေးနှင့် အမြန် အဆုံးသတ်တော့မည့် အတက်လမ်းကြောင်းရှည်တခုကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ၎င်း၏ ပြင်ဆင်မှုများအပေါ် မူတည်၍ လမ်းကြောင်းမျဉ်းကို ရေးဆွဲပါသည်။ လမ်းကြောင်း၏ထိပ်တွင် အမြင့်ဆုံးတန်ဖိုးနှစ်ခုပါဝင်သော ရေပြင်ညီကော်ရစ်ဒါတခု ဖြစ်ပေါ်လာပါသည်။ 14:00 တွင် သေးငယ်သော အနီရောင် candle ပေါ်ပေါက်လာပါသည်။ ထို့ကြောင့် လမ်းကြောင်းသည် resistance level ကို ဖောက်ထွက်နိုင်ခြင်းမရှိဟု အဓိပ္ပာယ်ရပါသည်။ ဝယ်လိုအားနှင့် ရောင်းလိုအား မျှတလျက်ရှိခြင်းက အဝယ်များ၏ အရှိန်ကုန်ခမ်းမှုကို ပြသနေပါသည်။

15.00 ၌ အားကောင်းသို့ candle တခုကို အောက်ဘက်သို့ကျဆင်းလျက် တွေ့ရပါသည်။ ၎င်းသည် အတက်လမ်းကြောင်းကို ဖြတ်ကျော်သွားပါသည် - ဤသည်မှာ ပထမအချက်ပြမှုဖြစ်သည်။ ထို့နောက် ဈေးနှုန်းသည် support level ကိုဖောက်ထွက်သွားပါသည် - ဤသည်မှာ အရောင်းကုန်သွယ်မှု ဖွင့်ရန် အချက်ပြမှုဖြစ်သည်။ အောက်ဘက်သို့ဦးတည်လျက်ရှိသော ကြီးမားသည့် candlestick အား အောက်ပါအခြေခံအကြောင်းတရားတခုက အတည်ပြုပါသည် - အမေရိကန်နိုင်ငံ၏ ဩဂုတ်လအတွက် ငွေကြေးဖောင်းပွမှုနှုန်းအား ကြေငြာခဲ့ပြီး၊ ဖောင်းပွမှုနှုန်းထားသည် ခန့်မှန်းချက်များနှင့်အညီ (၈%နှင့်အထက်) ဆက်လက်မြင့်မားလျက်ရှိပါသည်။ ထို့ကြောင့် ဖက်ဒရယ်ဘဏ်သည် မကြာမှီအချိန် အတွင်း အပ်ငွေအတိုးနှုန်းအား မြှင့်တင်လိမ့်မည်ဖြစ်ပြီး USD ဈေးနှုန်းအားကောင်းလိမ့်မည်ဖြစ်သည်။

Swap အဖိုးအခ မကောက်ခံမီတွင်ဖြစ်စေ၊ အကျလမ်းကြောင်းနှေးကွေးလာပြီး ပြောင်းပြန် candle နှစ်ခုဆက်တိုက်ပေါ်ပေါက်ပြီးနောက်တွင်ဖြစ်စေ ကုန်သွယ်မှုအား ပိတ်သိမ်းပါသည်။ ဤနည်းဗျူဟာကို အသုံးပြု၍ အနိမ့်ဆုံးသောစွန့်စားမှုဖြင့် ၂၅ ပွိုင့်ခန့် အမြတ်ကို ရရှိနိုင်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

အားသာချက်မှာ ဤနည်းဗျူဟာသည် scalping နည်းလမ်းမှစ၍ လမ်းကြောင်းအတိုင်းကုန်သွယ်ခြင်း၊ လမ်းကြောင်းကိုဆန့်ကျင်၍ ကုန်သွယ်ခြင်း သို့မဟုတ် အခြေခံပိုင်းအကြောင်းအရာများအပေါ်အခြေခံ၍ ကုန်သွယ်ခြင်းများအထိ မည်သည့်ကုန်သွယ်ရေးပုံစံနှင့်မဆို သင့်တော်ပါသည်။ ထို့အပြင် Swap အဖိုးအခများ သက်သာပါသည်။ အားနည်းချက်မှာ ဇယားကို ပုံမှန်စောင့်ကြည့်ရန် လိုအပ်ခြင်းပင်ဖြစ်သည်။

Retracement Trading

ဤနည်းဗျူဟာသည် Swing Trading ၏ မျိုးကွဲတခုဖြစ်ပါသည်။ သို့သော် ၎င်းကို Fibonacci tools ဟု အမည်ရသော သီးသန့် indicators အုပ်စုတခုအပေါ် အခြေခံ၍ တည်ဆောက်ထားပါသည်။ မည်သည့်လမ်းကြောင်းတွင်မဆို ပြင်ဆင်မှုများ ရှိကြပြီး၊ ‌၎င်းတို့၏ အတိမ်အနက်သည် Golden Section အချိုးနှင့် ညီညွတ်ပါသည်။ ပြင်ဆင်မှုများသည် သိသာထင်ရှားမှု အနည်းအများ ကွာခြားကြပါသည်။ ဈေးနှုန်းသည် အလှမ်းဝေးသော ပြင်ဆင်မှု level တခုကို ဖောက်ထွက်သွားခြင်းသည် လမ်းကြောင်း၏ဦးတည်ရာတွင် အပြောင်းအလဲရှိသည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။ ထို့အပြင် Fibo correction level များကို အရှုံး/အမြတ်ကန့်သတ်အော်‌ဒါများ သတ်မှတ်ရာတွင်လည်း အသုံးပြုကြပါသည်။

နည်းဗျူဟာဖော်ပြချက်

ပထမဆုံးပြင်ဆင်မှုစတင်ခဲ့ပြီးနောက်၊ Fibonacci ဂရစ်ကို အစွန်း၏အစတွင် စတင်တည်ဆောက်ပြီး၊ လမ်းကြောင်း၏အစတွင် အဆုံးသတ်ပါသည်။ 23.6% သည် အားနည်းသောပထမ level ဖြစ်သည်။ 38.2% သည် ပြင်ဆင်မှုအဆုံးသတ်ရန် အလားအလာများသော level ဖြစ်သည်။ အကယ်၍ ဈေးနှုန်းသည် လမ်းကြောင်း၏ ဦးတည်ရာသို့ ပြန်လှည့်သွားပါက၊ ကုန်သွယ်မှုတခုကို အမြတ်ကန့်သတ်ချက် “0”ပွိုင့်နှင့်အတူ ဖွင့်လှစ်သင့်ပါသည်။ အကယ်၍ ဈေးနှုန်းသည် အစွန်းတန်ဖိုးအသစ်တခုသို့ ရောက်ရှိခဲ့လျှင်၊ “0” ကို ၎င်း level သို့ရွေ့ပါ။

စွန့်စားမှုအဆင့်

အလယ်အလတ်။ Level တည်ဆောက်ခြင်းနည်းလမ်းသည် သင်္ချာတွက်ကိန်းအပေါ် အခြေခံပါသည်။ ထို့ကြောင့် ဈေးနှုန်းသည် level များကြား နောက်ဆုတ်/ရှေ့တိုးနိုင်သော အခွင့်အရေးတခု အမြဲရှ်ိနေပြီး၊ take profit သို့ မရောက်ရှိသော ဖြစ်နိုင်ခြေတခု ရှိနေပါသည်။

အမြတ်အချိုး

အချိန်ဘောင်အပေါ် မူတည်ပါသည်။ H1 အချိန်ဘောင်တွင် ပြင်ဆင်မှုအဆင့်များကြားမှ အကွာအဝေးသည် ၁၃ မှ ၃၅ ပွိုင့်ကြား ရှိနိုင်ပါသည်။

ကုန်သွယ်ချိန်

ဤနည်းဗျူဟာသည် တနေ့အတွင်း၊ ကာလအလယ်အလတ်နှင့် ကာလရှည်နည်းဗျူဟာများအတွက် သင့်တော်ပါသည်။

အဝင်/အထွက်ပွိုင့်

ဈေးနှုန်းသည် ပြင်ဆင်မှု level တခုမှ လမ်းကြောင်း၏ ဦးတည်ရာသို့ ပြန်လည်ခုန်တက်သောပွိုင့်သည် အဝင်ပွိုင့်ဖြစ်သည်။ အမြတ်ကန့်သတ်ချက်အား လမ်းကြောင်းပေါ်တွင် သို့မဟုတ် “0” ပွိုင့်တွင် သတ်မှတ်သင့်ပါသည်။ အရှုံးကန့်သတ်အော်ဒါအား ပြင်ဆင်မှုဦးတည်ရာအတွင်း နောက်ထပ် level တခုတွင် သတ်မှတ်ပါ။ အရန် indicators များအနေဖြင့် ဇယားပုံစံများနှင့် ဆန့်ကျင်ဘက်အခြေအနေကို အတည်ပြုပေးသော oscillators များကို အသုံးပြုပါ။

ဥပမာ

ပထမ ယာယီဆန့်ကျင်ဘက်လမ်းကြောင်းအပြီးတွင်၊ Fibo ဂရစ်တခုကို တည်ဆောက်ပါသည် (အပြာရောင်မျဉ်းများသည် ၎င်း၏ဖွဲ့စည်းမှုအတွက် အစွန်ဆုံးအဆင့်များဖြစ်ကြသည်)။

LiteFinance: ဥပမာ

လမ်းကြောင်းကို ဆန့်ကျင်၍ ပေါ်ပေါက်လာသော candles အရေအတွက်ကိုကြည့်၍ ယာယီဆန့်ကျင်ဘက်လမ်းကြောင်း ကို ဆုံးဖြတ်ပါသည်။ ပထမဖြစ်ရပ်တွင် 0.38 level ကို candle ၏ shadow တခုကသာ ထိတွေ့ခဲ့ခြင်းကြောင့်၊ ထို level တွင် ပြင်ဆင်မှုမရှိပါ။ ဒုတိယအခြေအနေတွင် 0.5 level ကို ရှင်းရှင်းလင်းလင်း ထိတွေ့ခဲ့ပြီး၊ အထက်သို့ညွှန်ပြသော Engulfing Pattern တခုပေါ်ပေါက်လာသည် - ထို့ကြောင့် အ‌ဝယ်ကုန်သွယ်မှုကို ဖွင့်နိုင်ပါသည်။ 0.5 level အား ဒုတိယအကြိမ်ထိတွေ့ခြင်းသည် အချက်ပြမှုကို အတည်ပြုပါသည်။ level 0 တွင် ကုန်သွယ်မှု၏ ၅၀% ကို ပိတ်သိမ်းပါသည်။ ကျန် ၅၀%အတွက် level 0.23 နှင့် 0 ကြားအကွာအဝေးနှင့် ညီမျှသောအရှည်ရှိသည့် trailing stop တခုကို သတ်မှတ်ပါသည်။

လမ်းကြောင်းတိုးတက်လာသောကြောင့်၊ Fibo ဂရစ်တခုကို ရေးဆွဲပါသည်။

LiteFinance: ဥပမာ

ဈေးနှုန်းသည် level 0.23 နှင့် 0.38 ကြားတွင် အချိန်တခုကြာ ရွေ့လျားသည်ကို သတိပြုပါ။ ထို့နောက် ၎င်းသည် level 0.5 သို့ရွေ့လျားပြီး၊ ထိုအဆင့်မှ အထက်သို့ ခုန်တက်ပါသည်။ level 23 နှင့် 0.38 ကြားရှိ မည်သည့်အဆင့်တွင်မဆို ကုန်သွယ်မှုများကို ဖွင့်နိုင်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

ဤနည်းဗျူဟာ၏ သင်္ချာတွက်နည်းအား ဆန့်ကျင်ဘက်စိတ်ပညာသဘောတရားမှ အထောက်အပံ့ ပေးပါသည်။ Fibo levels များသည် အလုပ်ဖြစ်သည်ဟု ကုန်သည်အများစုမှ ယုံကြည်ထားကြသည်။ ထို့ကြောင့် ထို level များ၏ လမ်းညွှန်မှုဖြင့် ဆိုင်းငံ့အော်ဒါများကို ချမှတ်ကြသည်။ အော်ဒါများ အလုပ်လုပ်ခြင်းသည် Fibo နည်းစနစ်အလုပ်လုပ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အားသာချက်မှာ ၎င်းကိရိယာ၏ သဘောပေါက်ရန် လွယ်ကူသော အယူအဆဖြစ်သည်။ အားနည်းချက်မှာမူ အားအကောင်းဆုံး အဆင့်များကို ခွဲခြားသိရှိနိုင်ရန်အတွက် သင်၏ သဘောပေါက်နားလည်နိုင်စွမ်းကို မြှင့်တင်ရန် လိုအပ်ခြင်းပင်ဖြစ်သည်။

The Bladerunner Trade

ဤနည်းဗျူဟာအား လမ်းကြောင်း၏အစကို ညွှန်ပြပေးသော moving average အပေါ်အခြေခံ၍ တည်ဆောက်ထားပါသည်။ ဤနည်းစနစ်တွင် ပါဝင်သော အချက်ပြမှုများသည် အဓိပ္ပါယ်ရှင်းလင်း၍ လွယ်ကူသောကြောင့်၊ ဤနည်းလမ်းသည် စတင်ကုန်သွယ်ကြသူများအတွက် အထူးကောင်းမွန်ပါသည်။ အကောင်းဆုံး အချိန်ဘောင်များမှာ M30 မှ H1 ဖြစ်ပါသည်။ နည်းဗျူဟာအတွက် အထောက်အကူကိရိယာများမှာ EMA (20)၊ level များနှင့် ဖောက်ထွက်မှုပုံစံများ ဖြစ်ပါသည်။

နည်းဗျုဟာဖော်ပြချက်

ဤနည်းဗျူဟာ၏ အယူအဆမှာ ဖြစ်ရပ် ၄ ခုအပေါ်တွင် အဓိက အခြေခံပါသည်။

  • ဈေးနှုန်းသည် ဘေးတိုက်‌ချန်နယ်လ်၏ နယ်နိမိတ်မျဥ်းကို ဖောက်ထွက်ခြင်းသည် စုဖွဲ့သောဇုန်အတွင်းမှ ထွက်ခွာမည့် အချက်ပြမှု ဖြစ်ပါသည်။
  • ဖောက်ထွက်မှုပုံစံ။ ဥပမာ - ဖောက်ထွက်မည့်ဘက်သို့ ဦးတည်သော candle ၃ ခု။
  • Moving average ကျိုးပေါက်ခြင်း။ စုဖွဲ့မှုဧရိယာပြိုကွဲပြီးနောက်၊ candle သည် moving average ၏ အထက်/အောက်တွင် ပိတ်သိမ်းသင့်သည်။ အခြားသော candles များသည်လည်း EMA(20)၏ အထက်/အောက်တွင် ပိတ်သိမ်းသင့်သည်။
  • စမ်းသပ်ခြင်း။ ဈေးနှုန်းသည် moving average သို့ပြန်သွားသည်၊ moving average ကိုထိတွေ့သည်၊ moving average မှ ကန်ထွက်လာသည်၊ လမ်းကြောင်း၏ ဦးတည်ရာအတိုင်း ဆက်သွားသည်။

EMA တွင် စမ်းသပ်ခြင်းပေါ်ပေါက်သော အခိုက်အတန့်သည် အားကောင်းသောလမ်းကြောင်းတခုကို အတည်ပြုပါသည်။

စွန့်စားမှုအဆင့်

စွန့်စားမှုအဆင့် အတော်ပင် နိမ့်ပါးပါသည်။ ဤနည်းဗျူဟာတွင် ဘေးတိုက်ဘောင်အတွင်းမှ ဈေးနှုန်းထွက်ခွာခြင်းကို အတည်ပြုပေးသော ကိရိယာများစွာကို ပေါင်းစပ်အသုံးပြုပါသည်။ အချက်ပြမှုများသည် အရေအတွက် နည်းပါးသော်လည်း ထိရောက်မှုရှိကြပါသည်။

အမြတ်အချိုး

၃၀ မှ ၅၀ ပွိုင့်နှင့်အထက် - ကုန်သွယ်မှုအား trailing stop ဖြင့် ပိတ်သိမ်းသည်။

ကုန်သွယ်ချိန်

ရည်ရွယ်ချက်မှာ လမ်းကြောင်းတခုအား အကောင်းဆုံးအသုံးချရန်ဖြစ်သည်။ M30 မှ H1 အချိန်ဘောင်များတွင် ရှားပါးသော်လည်း တိကျသောအချက်ပြမှုများနှင့်အတူ ကုန်သွယ်မှုအား တနေ့အတွင်း ပိတ်သိမ်းနိုင်ပြီး၊ Swap အဖိုးအခများကို ရှောင်ရှားနိုင်ပါသည်။

အဝင်/အထွက် ပွိုင့်

ဈေးနှုန်းသည် Moving Average ကိုထိတွေ့ခဲ့ပြီး၊ လမ်းကြောင်း၏ ဦးတည်ရာဘက်သို့ ရွေ့လျားမှုတခုစတင်ချိန်တွင် ကုန်သွယ်မှုကို ဖွင့်ပါ။ ကုန်သည်၏ ဆုံးဖြတ်ချက်ဖြင့် ပိတ်သိမ်းပါ။

ဥပမာ

LiteFinance: ဥပမာ

ဈေးနှုန်းသည် ထင်ရှားသော resistance level တခုနှင့်အတူ ဘေးဘက်သို့ ရွေ့လျားလျက်ရှိသည်။ သို့သော် support level သည် ထင်ရှားခြင်းမရှိပေ။ ပထမဆုံး support level (အနီရောင်)တွင် မှားယွင်းဖောက်ထွက်မှုတခုကို တွေ့ရသည် - EMA ကိုစမ်းသပ်ခြင်းမရှိပဲ၊ ဈေးနှုန်းသည် အထက်သို့ဖောက်ထွက်သွားပါသည်။

နောက်ထပ်ဖောက်ထွက်မှုတွင် နည်းဗျူဟာ၏ ပထမအခြေအနေသုံးရပ်နှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရပါသည်။

  • ဈေးနှုန်းသည် EMA ၏ အောက်တွင်ရှိသည်။
  • ပွိုင့် 1 ၌ ရေပြင်ညီကော်ရစ်ဒါ၏ပြင်ပသို့ ထွက်ပေါက်တခု ရှိနေသည်။
  • ပွိုင့် 2 ၌ ဇယားပုံစံတခုပေါ်ပေါက်လာသည် - ပုံမှန်ကြီးထွားလာသော ကိုယ်ထည်နှင့်အတူ အောက်သို့ကျဆင်းသော candle သုံးခု ဆက်တိုက်ပေါ်ပေါက်လာသည်။

ပွိုင့် 3 ၌ ဈေးနှုန်းသည် EMA နှင့် ထိစပ်လုနီးပါးဖြစ်ခဲ့သည်။ ဤသည်မှာ စတုထ္ထအချက်ပြမှု ဖြစ်ပါသည်။ ပထမအပြာရောင်မျှားမှ ညွှန်ပြထားသောပွိုင့်တွင် အရောင်းကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။ ဈေးနှုန်းသည် EMA အားထိတွေ့ရန် သေချာနေကြောင်း ပွိုင့် 4 မှ အတည်ပြုပေးပါသည်။ ထိတွေ့သောပွိုင့်သည် ရှာဖွေခဲ့သော support level ပင်ဖြစ်ပြီး၊ ယခုအခါ resistance level အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ဒုတိယအပြာရောင်မျှားသည် candle တခုကို ညွှန်ပြထားပြီး၊ ထို candle ပေါ်ပေါက်ပြီး နောက်ပိုင်းတွင် အရောင်းကုန်သွယ်မှုတခုကို ယုံကြည်ချက်အပြည့်ဖြင့် ဖွင့်လှစ်နိုင်ပါသည်။

ကုန်သွယ်မှုပိတ်သိမ်းရန်နည်းလမ်းများ

  • H1 အချိန်ပိုင်းတွင် ၃၀ မှ ၅၀ ပွိုင့်အမြတ်ကို ရရှိပြီးသည့်နောက် ကုန်သွယ်မှု ၅၀% ကို ပိတ်သိမ်းပါသည်။ ကျန်ရှိသောကုန်သွယ်မှုအား ၁၅ မှ ၂၀ ပွိုင့် အရှည်ရှိသော trailing stop ဖြင့် အကာအကွယ်ပြုပါသည်။
  • နောက်ထပ်ဘေးတိုက်ကော်ရစ်ဒါတခု ပေါ်လာချိန်တွင် ပိတ်သိမ်းပါသည်။
  • ဈေးနှုန်းမျဉ်းသည် EMA အား အောက်မှအထက်သို့ ဖြတ်ကျော်သွားချိန်တွင် ပိတ်သိမ်းပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

ဤနည်းဗျူဟာ၏ အားသာချက်မှာ အချက်ပြမှုများကို အဓိပ္ပာယ်ကောက်ယူရာ၌ ရှင်းလင်းပြတ်သားခြင်း ဖြစ်ပါသည်။ Moving Average မှ အတည်ပြုပေးသော လမ်းကြောင်းပုံစံတခုနှင့်အတူ ဈေးနှုန်း စုဖွဲ့မှုဧရိယာပြိုကွဲခြင်းသည် အားကောင်းသော အချက်ပြမှုတခုဖြစ်သည်။ အခြားတဖက်မှကြည့်လျှင် Forex ဈေးကွက်သည် မည်သည့်အခါမှ ပြတ်သားခြင်းမရှိလေရာ အခြားသော အချိန်ပိုင်းများတွင်‌ စမ်းသပ်ခြင်း၊ အခြားညွှန်ပြမှုကိရိယာများကို ဖြည့်စွက်အသုံးပြုခြင်းများ မရှိပဲ၊ EMA 20 တခုတည်းကို အလုံးစုံအားကိုးအားထားပြုခြင်းသည် အန္တရာယ်များသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ဤနည်းဗျူဟာ၏ အတွေးအခေါ်ကို ရွေးချယ်ထားသော ကုန်သွယ်ရေးပစ္စည်းနှင့် အချိန်ဘောင်များ အတွက်သာ ချိန်ညှိအသုံးပြုရန် တိုက်တွန်းလိုပါသည်။

The Pop ‘n’ Stop Trade

ဤနည်းဗျူဟာသည် ပြတ်သားသော အတက်လမ်းကြောင်း သို့မဟုတ် အကျလမ်းကြောင်း ပေါ်ပေါက်လာခြင်းနှင့်အတူ ဘေးတိုက်ရွေ့လျားမှုတခုအဆုံးသတ်ချိန်၌ ကုန်သွယ်မှုများ ဖွင့်လှစ်ရသော ရှေးရိုးဆန်သည့် နည်းဗျူဟာတခု ဖြစ်ပါသည်။ ဈေးနှုန်းသည် ကျဉ်းမြောင်းသော ဘေးတိုက်ကော်ရစ်ဒါ အတွင်း အချိန်တခုအထိ ရွေ့လျားပြီးနောက်၊ resistance သို့မဟုတ် support level ကို ကျော်ဖြတ်ကာ ဖောက်ထွက်သွားခြင်းသည် လမ်းကြောင်းသစ်တခု၏ အစကို ညွှန်ပြပါသည်။

နည်းဗျုဟာဖော်ပြချက်

ဘေးတိုက်ရွေ့လျားမှုသည် ဈေးကွက်၏ မသေချာသည့်အခြေအနေကို ဖော်ပြပါသည်။ ၎င်းသည် ပုံမှန်ရှေ့ဆက်မည့်လမ်းကြောင်းနှင့်အတူ လမ်းကြောင်းရွေ့လျားမှုတခု၏ ယာယီနှေးကွေးသော ကာလ အဖြစ် ပေါ်ပေါက်လာနိုင်သည် - ဥပမာအားဖြင့် ပိတ်ရက်များမတိုင်မီ သို့မဟုတ် အရေးကြီးသတင်း ထုတ်ပြန်မှုများမပြုလုပ်မီ အချိန်ကာလများဖြစ်သည်။ တနည်းအားဖြင့် လမ်းကြောင်းသည် အရှိန်ကုန်ဆုံးပြီး၊ အခြားတဖက်မှ အနိုင်ရတော့မည်ဖြစ်သည်။ ချန်နယ်လ်နယ်နိမိတ်များ ကျိုးပေါက်ခြင်းသည် လမ်းကြောင်းတခု၏စတင်မှုကို ဖော်ပြပြီး၊ ထိုအချိန်တွင် ကုန်သွယ်မှုတခုကို ဖွင့်သင့်သည်။ ဤနည်းဗျူဟာသည် ကုန်သည်အသစ်များအတွက် သင့်တော်ပြီး၊ ရှေးရှိးစွဲ စွန့်စားမှုစီမံခန့်ခွဲခြင်းစည်းမျဉ်းတခုနှင့်အတူ H1 မှစသော အချိန်ဘောင်များတွင် အသုံးပြုနိုင်ပါသည်။

စွန့်စားမှုအဆင့်

အောက်ပါအကြောင်းရင်းများကြောင့် စွန့်စားမှုအဆင့် အလယ်အလတ်ဖြစ်ပါသည်။

  • ဘေးတိုက်ချန်နယ်လ်မှ ဖောက်ထွက်မှုသည် လွဲမှားမှုတခု ဖြစ်နိုင်ပါသည်။ အချက်ပြမှုကို အတည်ပြု‌‌ရန်အတွက် ဈေးနှုန်း၏ ချန်နယ်လ်သို့ပြန်လှည့်ရန် ကြိုးပမ်းမှု (ချန်နယ်လ် နယ်နိမိတ်ကိုဖောက်ထွက်ကာ၊ ချန်နယ်လ်နယ်နိမိတ်ဆီသို့ပြန်လှည့်၍၊ နောက်ထပ်တဖန် ချန်နယ်လ်နယ်နိမိတ်မျဉ်းပေါ်မှ ဖောက်ထွက်သည့် ဦးတည်ရာသို့ ပြန်လည်ကန်ထွက်သွားခြင်း)၊ လမ်းကြောင်း indicator များနှင့် oscillators များကို အသုံးပြုနိုင်ပါသည်။
  • ဘေးတိုက်ကော်ရစ်ဒါတခုတွင် မျဉ်းပြိုင်နယ်နိမိတ်များရှိခဲလှပြီး၊ resistance နှင့် support level များကို ရေးဆွဲရန်အတွက် အနိမ့်ဆုံး/အမြင့်ဆုံးအစွန်းများသည်လည်း ရှင်းလင်းပြတ်သားမှု နည်းပါးပါသည်။ ရလာဒ်အနေဖြင့် စောလွန်းစွာ သို့မဟုတ် နောက်ကျလွန်းစွာ ကုန်သွယ်မှုဖွင့်မိခြင်းများ ဖြစ်နိုင်ပါသည်။

အမြတ်အချိုး

အားကောင်းသောလမ်းကြောင်းတခု‌တွင် ၅၀ မှ ၇၀ ပွိုငိ့ကြား အမြတ်ရနိုင်ပါသည်။ သို့ရာတွင် ၂၀ မှ ၂၅ ပွိုင့်ကြားအမြတ်ရပြီးချိန်၌ ကုန်သွယ်မှုတစိတ်တပိုင်းကို ပိတ်သိမ်းခြင်းက ပိုမိုကောင်းမွန်ပါသည်။

ကုန်သွယ်ချိန်

နာရီများစွာမှ ရက်ပေါင်းများစွာအထိ။ လမ်းကြောင်းရွေ့လျားမှုသည် အနည်းဆုံးအားဖြင့် candle ၈ ခုမှ ၁၀ခုအထိ ကြာရှည်ခံလေ့ရှိသည်။ Swap ကောက်ခံခြင်းမတိုင်မီ ကုန်သွယ်မှုကို စောစီးစွာ ပိတ်သိမ်းနိုင်ပါသည်။ သို့မဟုတ် ကုန်သွယ်မှုအား trailing stop တခုဖြင့် အကာအကွယ်ပေးကာ လမ်းကြောင်းပေါ်မှ ရနိုင်သမျှအမြတ်ကို ညှစ်ထုတ်ရယူနိုင်ပါသည်။

အဝင်/အထွက်ပွိုင့်

ပဏာမဇယား - ဘေးတိုက်ရွေ့လျားမှုတခုနှင့်အတူ ထင်ရှားသော resistance/support level များကို ရေးဆွဲနိုင်ခြင်းရှိပါသည် ။ Levels များအား candle shadow များဖြင့် အပေါ်ယံဖောက်ထွက်ခြင်းများကို ခွင့်ပြုထားသည်။ ပဏာမအချက်ပြမှု - ဈေးနှုန်းသည် level ကိုဖောက်ထွက်ပြီး၊ ၎င်း၏နောက်တွင် ပိတ်သိမ်းသည်။ candle ၏ ကိုယ်ထည်မှာ အတော်အတန်ကြီးမားသည်။ ပထမဖောက်ထွက်သော candle နှင့် အရွယ်အစားတူညီသော ဒုတိယ candle တခု ဆက်လက်ဖောက်ထွက်လာသည်။ တတိယမြောက် candle တွင် ကုန်သွယ်မှုဖွင့်ပါ။

ဆုံးရှုံးနိုင်ခြေကို လျှော့ချရန်အတွက် လက်ရှိအချိန်အတွင်း ယာယီဆန့်ကျင်ဘက်လမ်းကြောင်း တစ်ခုပေါ်ပေါက်ခြင်းနှင့် လမ်းကြောင်း၏ ဦးတည်ရာသို့ ဈေးနှုန်းပြန်လှည့်ခြင်းများကို စောင့်ဆိုင်းနိုင်ပါသည် (နောက်ကျ၍ကုန်သွယ်မှုဖွင့်ခြင်း)။ ဖောက်ထွက်မှုအပြီး နောက်ထပ် candle တခု (ဒုတိယမြောက် candle)တွင် ကုန်သွယ်မှုဖွင့်ခြင်းအားဖြင့် စွန့်စားမှုမြင့်မားနိုင်ပါသည်။ ဈေးကွက်သို့ အဝင်စောသော်လည်း အကျိုးအမြတ်ကိုမူ ပိုမိုရရှိနိုင်ပါသည်။ ကုန်သွယ်မှုပိတ်ခြင်း - တနာရီအချိန်ပိုင်းများအတွက် ၃၀ မှ ၄၀ ပွိုင့်အမြတ်ရပြီးချိန်တွင် ၅၀% ပိတ်သိမ်းပါ၊ ကျန် ၅၀% အား ၁၅ မှ ၂၀ ပွိုင့် အရှည်ရှိသော သို့မဟုတ် လမ်းကြောင်း၏ ပျမ်းမျှပြင်ဆင်မှုအနက်ထက် အနည်းငယ်ပိုမိုရှည်လျားသော trailing stop တခုဖြင့် အကာအကွယ်ပြုပါ။

ဥပမာ

ပထမဦးစွာ ဘေးတိုက်ရွေ့လျားသော နယ်ပယ်တခုကို ‌ရှာဖွေရပါမည်။

LiteFinance: ဥပမာ

အတန်ငယ်သေးငယ်သော အောက်ဘက်သို့ရွေ့လျားမှုတခုပြီးသည့်နောက်၊ ဈေးနှုန်းသည် မြင့်မားသော မတည်ငြိမ်မှုနှင့်အတူ ဘေးတိုက်ရွေ့လျားသွားသည်ကို တွေ့ရှိရပါသည်။ မျှားပြထားသော ပွိုင့်သုံးခုတွင်အခြေခံ၍ support level ကိုရေးဆွဲနိုင်ပါသည်။ resistance level သည် ပေါ်လွင်ထင်ရှားခြင်း မရှိလှပါ။ သို့သော် မှန်ကန်စွာရေးဆွဲထားကြောင်း ပြသနေပါသည်။ Level များ ရေးဆွဲပြီးသောအခါ ဈေးနှုန်းသည် နယ်နိမိတ်မျဉ်းများအား အကြိမ်များစွာမက စမ်းသပ်မှုပြုခဲ့ကြောင်း တွေ့ရှိရပါသည်။

လမ်းကြောင်းရွေ့လျားမှုအတွက် အချက်ပြမှုများ -

  • ဈေးနှုန်းသည် resistance level ကို ထိတွေ့ခဲ့ပြီး၊ ထိုဈေးတန်းကို အခြေပြု၍ ခုန်တက်လိုက်၊ ကျဆင်းလိုက်ဖြင့် ဈေးတန်းတလျှောက် ခဏတာ ရွေ့လျားခဲ့ပါသည်။ ဘေးတိုက် candles များတွင် သေးငယ်သော ကိုယ်ထည်ရှိကြသည်။ ၎င်းတို့သည် သေးငယ်သော ကုန်သွယ်မှုပမာဏနှင့် ယာယီငြိမ်သက်သော အခြေအနေတခုကို ညွှန်ပြနေပါသည်။
  • ဈေးနှုန်းသည် resistance အား ဖောက်ထွက်သွားသည်။ ဖောက်ထွက်သော candle တွင် ကြီးမားသော ကိုယ်ထည်ရှိပြီး level ၏ ပြင်ပတွင် အပြည့်အဝနီးပါး ပိတ်သိမ်းသွားသည်။ ဤနေရာတွင် ကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။ သို့သော် ဘေးတိုက်ရွေ့လျားမှုရပ်ဝန်းတခုအတွင်း မှားယွင်းဖောက်ထွက်မှုဥပမာအရ ကြီးထွားသော candle နှစ်ခု ဆက်တိုက်ပေါ်ပေါက်ခြင်းသည်ပင် လမ်းကြောင်းတခုပေါ်ပေါက်လိမ့်မည်ဟု အာမခံနိုင်ခြင်း မရှိကြောင်း သတိပြုရပါမည်။
  • ဖောက်ထွက်မှုအပြီး တတိယ candle သည် အထက်သို့ ဦးတည်သော candle ဖြစ်သည်။ ဈေးနှုန်းသည် EMA(9)၏ အထက်တွင်ရှိပြီး၊ ဤသည်မှာ အတည်ပြုအချက်ပြမှု ဖြစ်သည်။ ထို့ကြောင့် အဝယ်ကုန်သွယ်မှုကို ဖွင့်နိုင်ပါသည်။

ကုန်သွယ်မှုဖွင့်ပြီးသောအခါ ရှည်လျားသော shadow များ အောက်ဘက်သို့ ကျဆင်းနေသော အနီရောင် candles နှစ်ခု ပေါ်ပေါက်လာသည်ကို သတိပြုပါ။ အကယ်၍ stop loss သည် တိုတောင်းပါက၊ ကုန်သွယ်မှုသည် စောစီးစွာ အရှုံးဖြင့် ပိတ်သိမ်းသွားနိုင်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

အားသာချက်မှာ ရှင်းလင်းသော နည်းဗျူဟာအယူအဆနှင့် ကုန်သည်များ၏ အပြုအမူတို့ဖြစ်သည်။ အားနည်းချက်မှာ မှားယွင်းဖောက်ထွက်မှုများနှင့် လမ်းကြောင်းစတင်ပြီးသည်နှင့် ချက်ချင်း နောက်ပြန်လှည့်ခြင်းများဖြစ်သည်။ Levels များ တည်ဆောက်ခြင်းသည် အတော်ပင် ရှုပ်ထွေးပါသည်။ အထက်ပါ ဇယားအတွင်းမှ လက်တလော ဖောက်ထွက်မှုများသည် ထိုအချက်ကို ထင်ရှားစေပါသည်။

ဝါရင့်ကုန်သည်များအတွက် အဆင့်မြင့် Forex ကုန်သွယ်ရေး နည်းဗျူဟာများ

ဤခေါင်းစဉ်အောက်တွင် နည်းပညာပိုင်းနှင့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများ၏ အခြေခံများကို နားလည်နှံ့စပ်ပြီးဖြစ်သော ဝါရင့်ကုန်သည်များအတွက် Forex ကုန်သွယ်ရေးနည်းဗျူဟာများနှင့်တကွ ၎င်းတို့၏ အမြတ်များကို တိုးပွားစေနိုင်မည့် နည်းလမ်းများကို ဖော်ပြပေးသွားပါမည်။ အဆိုပါ နည်းဗျူဟာများတွင် တူညီသော ဘုံဝိသေသလက္ခဏာအချို့ ပါဝင်ပါသည်။

  • စွန့်စားမှု ပိုမိုမြင့်မားခြင်း။ သို့သော် မကြာခဏ ပေါ်ပေါက်သော အချက်ပြမှုများသည် နည်းဗျူဟာ၏ လစဉ်ပျမ်းမျှ အမြတ်ရနှုန်းကို တိုးမြင့်စေပါသည်။
  • အာရုံစူးစိုက်ရန်နှင့် လျင်မြန်စွာတုံ့ပြန်ရန် လိုအပ်သော ရှုပ်ထွေးသည့် ကိရိယာများပေါင်းစပ်မှု။
  • အချက်ပြမှုများကို အဓိပ္ပါယ်ကောက်ရာတွင် ပြတ်သားမှုနည်းပါးခြင်း၊ ထိုမပြတ်သားသော အချက်ပြမှုများသည် လိုအပ်သလိုချိန်ညှိနိုင်သော ကုန်သွယ်ရေးစနစ်တခုကို ဖော်ထုတ်ပေးပါသည်။ ရှင်းလင်းပြတ်သားမှုနည်းသော အချက်ပြမှုများအပေါ် အခြေခံ၍ ဈေးကွက်သို့ ဝင်ရောက်ခြင်းသည် ကုန်သည်၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်သာဖြစ်သည်။ သို့ရာတွင် ဤနည်းလမ်းသည် “လမ်းကြောင်း ရှေ့ပြေး” ကုန်သွယ်မှုများကို ဖွင့်လှစ်နိုင်စေပြီး၊ အကျိုးအမြတ်ကို တိုးတက်စေပါသည်။

ကုန်သွယ်ရေးစနစ်တခုအား နည်းဗျူဟာစမ်းသပ်စနစ်တခုတွင် ဦးစွာစမ်းသပ်ပြီးမှသာ လက်တွေ့စတင်အသုံးပြုသင့်ပါသည်။

သတင်းများအပေါ်အခြေခံ၍ကုန်သွယ်ခြင်း

ဤကုန်သွယ်ရေးနည်းစနစ်အုပ်စုသည် အခြေခံပိုင်းခွဲခြမ်းစိတ်ဖြာမှုအပေါ်တွင် အခြေခံပါသည်။ စာရင်းဇယားဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်အခြေအနေအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။ ဥပမာ - ကုန်သည်များ၏ မျှော်လင့်ချက်များနှင့် အပြည့်အဝကိုက်ညီသော အပြုသဘောဆောင်သည့် ဘဏ္ဍာရေးရှင်းတမ်းများ ထုတ်ပြန်မှုသည် ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများကို တိုးတက်စေပါသည်။

နည်းဗျူဟာ‌ဖော်ပြချက်

အဓိက အထောက်အကူကိရိယာမှာ ဘဏ္ဍာရေးရှင်းတမ်းများ ထုတ်ပြန်သည့် အချိန်စာရင်းများပါဝင်သော စီးပွားရေးပြက္ခဒိန် ဖြစ်ပါသည်။ အကယ်‌၍ စာရင်းဇယားများသည် ခန့်မှန်းချက်များထက် ပိုမိုကောင်းမွန်ပါက၊ အဆိုပါပိုင်ဆိုင်မှု၏ဈေးနှုန်း မြင့်တက်ပါသည်။ အကယ်၍ စာရင်းဇယားများသည် ခန့်မှန်းချက်များထက် ပိုမိုဆိုးဝါးပါက၊ စာရင်းဇယားများသည် အပြုသဘောပင်ဆောင်စေကာမူ အဆိုပါပိုင်ဆိုင်မှု၏ဈေးနှုန်း ကျဆင်းပါသည်။ သတင်းများမထုတ်ပြန်မီ မိနစ်အနည်းငယ်တွင် ဆိုင်းငံ့အော်ဒါများအား ဦးတည်ရာ နှစ်ဖက်စလုံးတွင် နေရာချပါသည်။ ရွေ့လျားမှု အဆုံးသတ်ပြီးနောက် ဆန့်ကျင်ဘက်အခြေအနေအတွက် ပထမဆုံးအချက်ပြမှု၌ ကုန်သွယ်မှုကို ပိတ်သိမ်းပါသည်။

စွန့်စားမှုအဆင့်

ဤနည်းဗျူဟာသည် စွန့်စားမှုမြင့်မားသည်ဟု ယူဆရလောက်သော အကြောင်းရင်းများစွာ ရှိပါသည်။

  • ကုန်သည်အများစု၏ တုံ့ပြန်မှုကို အမြဲတစေ တိကျစွာ ခန့်မှန်းရန် မဖြစ်နိုင်ပါ။ လမ်းကြောင်း၏ ဦးတည်ချက်ကို မရွေးချယ်မီ၊ ဈေးနှုန်းသည် ဦးတည်ရာနှစ်ဖက်စလုံးရှိ candles များစွာကို ကျော်ဖြတ်ပြီး stop loss အော်ဒါများကို အသင့်ပြင်စေခြင်း သို့မဟုတ် ဆိုင်းငံ့အော်ဒါများကို မှားယွင်းချမှတ်မိစေခြင်းများ ဖြစ်နိုင်ပါသည်။
  • မြင့်မားသော မတည်ငြိမ်မှုကြောင့် spread ပမာဏ မြန်ဆန်စွာ တိုးတက်လာပြီး၊ လွဲချော်မှုများ ဖြစ်ပေါ်နိုင်ပါသည်။ အကြောင်းရင်းမှာ အဝယ် သို့မဟုတ် အရောင်းအော်ဒါများ၏ အချိုး ပြောင်းလဲသောကြောင့်ဖြစ်သည်။
  • ကုန်သည်အနေဖြင့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရရှိနေရန် မဖြစ်မနေ လိုအပ်ပါသည်။ သတင်းချန်နယ်လ်အများစုသည် သတင်းများကို ထုတ်ပြန်ရာတွင် ၁၀မိနစ်မှ ၁၅မိနစ်အထိ နှောင့်နှေးတတ်ကြသည်။

အတွေ့အကြုံနုနယ်သော ကုန်သည်များအတွက် သတင်းများမထုတ်ပြန်မှီ မိနစ် ၃၀ အလိုတွင် ကုန်သွယ်ရေးကို ရပ်နားရန်နှင့် စာရင်းအင်းများထုတ်ပြန်ကြေငြာပြီး မိနစ် ၃၀ အတွင်း ကုန်သွယ်ရေးကို ပြန်လည်စတင်ခြင်းမပြုရန် အကြုံပြုပါသည်။

အမြတ်အချိုး

ရွေ့လျားမှု အတိမ်အနက်နှင့် ၎င်း၏ကြာချိန်အပေါ် မူတည်ပါသည်။ ပျှမ်းမျှအားဖြင့် ၁ နာရီ မှ ၄ နာရီအတွင်း ၃၀-၅၀-၈၀ ပွိုင့်ကြား အမြတ်ရရှ်ိနိုင်ပါသည်။

ကုန်သွယ်ချိန်

စီးပွားရေးစာရင်းဇယားများနှင့် သက်ဆိုင်သော သတင်းများသည် ဈေးကွက်အပေါ် ကာလတို အကျိုးသက်ရောက်မှု ရှိပါသည်။ ပထမနာရီအနည်းငယ်တွင် မတည်ငြိမ်မှုများ တိုးတက်လေ့ရှိကြောင်း တွေ့ရှိရသည် - H1 အချိန်ပိုင်းအတွက် candles ၃ ခု မှ ၅ခုအတွင်း ဖြစ်သည်။ ရံဖန်ရံခါ၌ သတင်းများသည် ရှည်လျားသော အကျလမ်းကြောင်းတခုကို ပေါ်ပေါက်စေနိုင်သည်။ ဥပမာအားဖြင့် ကပ်ရောဂါကာလ အတွင်း ကမ္ဘာလုံးဆိုင်ရာ GDP နှင့်စပ်လျဉ်းသော အနှုတ်သဘောဆောင်သည့် ခန့်မှန်းချက်သည် US စတော့အညွှန်းကိန်းများတွင် ကာလရှည်ကျဆင်းမှုတခု ဖြစ်ပေါ်စေခဲ့သည်။

အဝင်/အထွက်ပွိုင့်

အဓိကကိရိယာမှာ ယုံကြည်စိတ်ချရသော အွန်လိုင်းသတင်းအရင်းအမြစ်များပင် ဖြစ်သည်။ သတင်းများသည် ဈေးနှုန်းအား လမ်းကြောင်း၏ ဆန့်ကျင်ရာဘက်သို့ အလွယ်တကူ ဦးလှည့်စေနိုင်သောကြောင့် indicator များကို ဒုတိယနေရာ၌သာထား၍ အသုံးပြုပါသည်။

ဥပမာ

Non-Farm Payrolls ကို တချက်ကြည့်ကြပါစို့။ US အလုပ်အကိုင်အချက်အလက် အစီရင်ခံစာအား လတလ ၏ ပထမဆုံးသောကြာနေ့တိုင်းတွင် ထုတ်ပြန်လေ့ရှိသည်။ အကယ်၍ လက်တွေ့ကိန်းဂဏန်းသည် ခန့်မှန်းချက်နှင့် လွန်စွာကွဲလွဲနေပါက၊ USD/EUR နှုန်းထား မြင့်တက်/ကျဆင်းနိုင်ပါသည်။

  1. ပထမဆုံးအနေဖြင့် စီးပွားရေးပြက္ခဒိန်ကို ခွဲခြမ်းစိတ်ဖြာကြည့်ကြပါစို့။

LiteFinance: ဥပမာ

ဂျူလိုင်လ ၈ရက် အစီရင်ခံစာအရ၊ အလုပ်အကိုင်အရေအတွက် 372K ပမာဏအထိ ရောက်ရှိတိုးတက်လာပြီးနောက် ထိုကိန်းဂဏန်းအား 398K အဖြစ်ပြင်ဆင်သတ်မှတ်ခဲ့သည်။ ခွဲခြမ်းစိတ်ဖြာသူများမှ တိုးတက်နှုန်းနှင့်စပ်လျဉ်း၍ 398K မှ 250K သို့ ကျဆင်းမည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် လက်တွေ့ကိန်းဂဏန်းသည် 528K အထိရောက်ရှိသွားခဲ့သည်။ ခွဲခြမ်းစိတ်ဖြာသူများ၏ အဆိုးမြင်သုံးသပ်မှုများ မှန်ကန်ခြင်းမရှိခဲ့သော အဓိပ္ပါယ်ပင် ဖြစ်ပါသည် - US စီးပွားရေးသည် တိုးတက်မှုကို ပြသခဲ့သည်။

  1. ဩဂုတ်လ ၅ရက်နေ့ အစီရင်ခံစာမထုတ်ပြန်မှီ ငါးမိနစ်အလို။ ကျွန်ုပ်တို့သည် M5 အချိန်ဘောင်တွင် ဒဿမ‌လေးနေရာနှုန်းထားဖြင့် ၅-၇ ပွိုင့်ကြားအကွာအဝေး၌ အဝယ်/အရောင်း ဆိုင်းငံ့အော်ဒါများ သတ်မှတ်ပါသည်။ အကယ်၍ ခန့်မှန်းချက်နှင့် လက်တွေ့ကိန်းဂဏန်းကြား ကြီးမားသောကွာဟမှုမရှိပါက ဆိုင်းငံ့အော်ဒါများမှ တခုသည် အလုပ်လုပ်ပါလိမ့်မည်။

LiteFinance: ဥပမာ

အပြုသဘောဆောင်သော စာရင်းအင်းအချက်အလက်များသည် ဒေါ်လာကို ပို၍အားကောင်းလာစေကာ၊ EUR/USD နှုန်းထားကို ကျဆင်းစေပါသည် - ထို့ကြောင့် Sell Stop အော်ဒါအား အကောင်အထည်ဖော်ရန် စတင်အသင့်ပြင်ပါသည်။ ပထမဆုံး ဆန့်ကျင်ဘက် candle ပေါ်ပေါက်လာသောအခိုက်အတန့် သို့မဟုတ် ဆန့်ကျင်ဘက်အချက်ပြပုံစံတခု (ဤဥပမာတွင် pin bar တခု) ပေါ်ပေါက်လာသောအချိန်တွင် ကုန်သွယ်မှုအား ပိတ်သိမ်းပါသည်။ ၄၀ မိနစ်အတွင်း အမြတ် ၇၀ ပွိုင့်ခန့် ရရှိပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

အားသာချက် - စတင်ကုန်သွယ်သူများအတွက် ရှုပ်ထွေးသည်ဟု ထင်မြင်ဖွယ်ရာရှိသော နည်းပညာပိုင်း ဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုရန် မလိုအပ်ပါ။ အားနည်းချက်မှာမူ သတင်းများအား အချိန်ပြည့် သတိပြုစောင့်ကြည့်နေရန်လိုအပ်ပြီး မည်သည့်သတင်းက အားအကောင်းဆုံး အကျိုးသက်ရောက်နိုင်သည် ကို နားလည်သဘောပေါက်ရန် လိုအပ်ခြင်းပင်ဖြစ်သည်။

Scalp Trading (Scalping)

Scalping သည် အကျိုးအမြတ်ရနိုင်သောပွိုင့်များစွာတွင် ကုန်သွယ်မှုဖွင့်ခြင်းများပါဝင်သော ကြိမ်နှုန်းမြင့် ကုန်သွယ်ရေးနည်းဗျုဟာတခု ဖြစ်ပါသည်။ မတည်ငြိမ်မှုနှင့် ငွေဖြစ်မှုမြင့်မားသော ကုန်သွယ်ရေး ပစ္စည်းများသည် scalping အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။ ကုန်သည်၏ လုပ်ဆောင်ရမည့် ဝတ္တရားမှာ ပထမဆုံး အချက်ပြမှုတွင် ကုန်သွယ်မှုပိတ်သိမ်းခြင်း သို့မဟုတ် ‌ပြောင်းပြန်ကုန်သွယ်မှုပြုခြင်းအားဖြင့် ကာလတိုဈေးနှုန်းရွေ့လျားမှုတခုမှ အများဆုံး အမြတ်ရယူရန် ဖြစ်သည်။ ထို့ကြောင့် scalping အတွက် အကောင်းဆုံး အကောင့်အမျိုးအစားမှာ ECN ဖြစ်ပါသည်။ ECN အကောင့်များတွင် spread တန်ဖိုး သုညနီးပါးအထိ နည်းပါးပြီး၊ ငွေဖြစ်လွယ်မှုမြင့်မား‌ခြင်းကြောင့် လွဲချော်မှုများ မရှိနိုင်ပါ။

နည်းဗျူဟာဖော်ပြချက်

Scalping အတွက် ရေပန်းအစားဆုံး အချိန်ဘောင်များမှာ M 5 မှ M15 ဖြစ်ပြီး၊ ရှားရှားပါးပါး ရံဖန်ရံခါ၌ M1 ဖြစ်လေ့ရှိပါသည်။ ကုန်သွယ်မှုများအား ဈေးကွက်အတွင်း ၁၅ မိနစ်မှ ၃၀ မိနစ်ကြား ထိန်းသိမ်းထားရလေ့ရှိပြီး၊ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုး၌ နာရီများစွာအထိ ထိန်းသိမ်းထားရနိုင်ပါသည်။ အကယ်၍ ရှင်းလင်းသော လမ်းကြောင်းတခုရှိပါက၊ scalping သည် တနေ့အတွင်းကုန်သွယ်ရေးအဖြစ်သို့ ချောမွေ့စွာ ပြောင်းလဲသွားနိုင်ပါသည်။ Scalpers များသည် တနေ့အတွင်း ဒါဇင်ပေါင်းများစွာသော ကုန်သွယ်မှုများကို ဖွင့်လှစ်ကြပြီး၊ ရှင်းလင်းသည့် တိုက်ရိုက် သို့မဟုတ် ပြောင်းပြန်ဆက်နွယ်မှု များရှိကြသော ကုန်သွယ်ပစ္စည်းများ၏ ဇယားများစွာကို တပြိုင်နက် စောင့်ကြည့်သုံးသပ်ကြရပါသည်။

စွန့်စားမှုအဆင့်

စွန့်စားမှုအဆင့်မြင့်မားပါသည်။ ဆုံးရှုံးမှုကို ဖြစ်စေနိုင်သော အဓိက အန္တရာယ်မှာ ခန့်မှန်းရန် ရှုပ်ထွေးခြင်းပင်ဖြစ်သည်။ ကာလတိုအချိန်အပိုင်းအခြားများတွင် တည်ငြိမ်သော လမ်းကြောင်းများမရှိပါ။ ဈေးနှုန်းသည် သမာရိုးကျကုန်သည်များ၏ stop orders များကို စုဆောင်းကြသော ဈေးကွက်ဖန်တီးသူများ၏ ဖိအားများကြောင့် အချိန်မရွေး ဆန့်ကျင်ဘက်သို့ ဦးတည်နိုင်ပါသည်။ တိုတောင်းသော အချိန် အပိုင်းအခြားများတွင် ကြိမ်နှုန်းမြင့်ကုန်သွယ်ရေး (HFT) ရိုဘော့များအား မကြာခဏ အသုံးပြုကြလေ့ ရှိသည်။ ၎င်းတို့၏ ကြိမ်ဖန်များစွာ နေရာချထားသောအော်ဒါများနှင့် ဖျက်သိမ်းသောအော်ဒါများသည် လမ်းကြောင်းတွင် ပရမ်းပတာအခြေအနေကို ပေါ်ပေါက်စေပါသည်။

အမြတ်အချိုး

ပျမ်းမျှအားဖြင့် ကုန်သွယ်မှုတခု၏ အမြတ်ရနှုန်းမှာ spread များကို ထည့်သွင်းစဉ်းစားပါက ၃ ပွိုင့်မှ ၅ ပွိုင့်ကြားဖြစ်သည်။ ဆုံးရှုံးသောကုန်သွယ်မှုများအပါအဝင် Scalpers များ၏ ဝင်ငွေသည် အသားတင်အမြတ် ၁၀၀ ပွိုင့်ထက် ကျော်လွန်နိုင်ပါသည်။

ကုန်သွယ်ချိန်

Scalping သည် ကာလတိုကုန်သွယ်ရေးအမျိုးအစားတခု ဖြစ်ပါသည်။

အဝင်/အထွက်ပွိုင့်

Indicators အမျိုးအစားများမှာ အသုံးပြုသော Scalping နည်း‌ဗျူဟာအပေါ်တွင် မူတည်ပါသည်။ ဥပမာ - အရေးပါသော‌ level များမှ ခုန်ကာရွေ့လျားသော အခြေအနေတခုအတွက် လမ်းကြောင်းမျဉ်း သို့မဟုတ် resistance/support မျဉ်းကို အသုံးပြုရပါမည်။ ဒုတိယနည်းလမ်းမှာ ချန်နယ်လ်တခုအတွင်း ကုန်သွယ်ခြင်းဖြစ်သည်။ ဤနည်းလမ်းအတွက် အဓိက indicator တခုမှာ channel indicator ဖြစ်သည်။ ဈေးနှုန်းသည် ချန်နယ်၏ပြင်ပမှ ပျမ်းမျှတန်ဖိုး(ချန်နယ်လ်၏အလယ်)ထံသို့ ပြန်လှည့်လာချိန်တွင် ကုန်သွယ်မှုကို ဖွင့်ပါသည်။ အမြတ်ပွိုင့်များစွာ ရရှိပြီးသောအခါ သို့မဟုတ် ဆန့်ကျင်ဘက်အချက်ပြမှု ပေါ်ပေါက်လာသော အချိန်တွင် ကုန်သွယ်မှုကို ပိတ်ပါသည်။

ဥပမာ

Scalping သည် အခြေခံပိုင်းဆိုင်ရာ မတည်ငြိမ်မှုမြင့်မားသော အခိုက်အတန့်များနှင့် ဈေးနှုန်းစုဖွဲ့သော ဧရိယာများတွင် ကောင်းစွာအလုပ်ဖြစ်ပါသည်။ လမ်းကြောင်းရွေ့လျားမှုတခုတွင် Scalping သည် Swing Trading အဖြစ် အသွင်ပြောင်းလဲသွားပါသည်။ ထို့ကြောင့် scalper ၏ ရည်မှန်းချက်မှာ ဈေးနှုန်းရွေ့လျားမှုအကွာအဝေး သိသိသာသာ တိုးတက်လာသော အခိုက်အတန့်ကို ရှာဖွေရန်ဖြစ်ပါသည်။

LiteFinance: ဥပမာ

အထက်ပါ ပုံတွင် ၇နာရီ အချိန်ဘောင်အတွင်း အသင့်အတင့် အားကောင်းသော ကာလတို ရွေ့လျားမှုများ(အနီရောင်မျဉ်းများ) ကိုးခုနှင့် အကျိုးအမြတ်မရရှိသော မှားယွင်းမှုသုံးခု (အပြာရောင် မျဉ်းများ)ကို မြင်တွေ့ရပါမည်။ အကျိုးအမြတ်ရရှိသော ရွေ့လျားမှုများတွင် Engulfing နှင့် Pin bar ပုံစံများ ရှိနေပါသည်။ Scalper သည် ပေးထားသောအခိုက်အတန့်အတွင်း ၅၀% အကျိုးအမြတ်ကို ဖန်တီးနိုင်ခဲ့ပြီး၊ spread တန်ဖိုး နှုတ်အပြီး ကုန်သွယ်မှုတခုလျှင် ၇ မှ ၁၀ ပွိုင့်ကြား အမြတ်ရရှိနိုင်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

နည်းဗျူဟာ၏ အားသာချက်မှာ ၎င်းသည် မည်သည့်ကုန်သွယ်ပစ္စည်း၊ မည်သည့်အချိန်ဘောင်ကိုမဆို အသုံးပြု၍ ဘေးတိုက်ရွေ့လျားသောအချိန်များအပါအဝင် မည်သည့်အခြေအနေမျိုးတွင်မဆို ဝင်ငွေ ရှာဖွေနိုင်ရန် ခွင့်ပြုပေးပါသည်။ အားနည်းချက်မှာ သတိကြီးကြီးထား၍ မျက်စိစွင့် နားဖွင့်ထားရန်လိုအပ်ပြီး၊ အာရုံစူးစိုက်ထားရခြင်းပင်ဖြစ်သည်။ Spread သည်လည်း အဓိကအခန်းကဏ္ဍမှပါဝင်သည်။ ထို့ကြောင့် ကုန်သည်တဦးသည် ဈေးကွက်ကို မိနစ်နှင့်အမျှ စောင့်ကြည့်နေစဉ်အတွင်း အကျိုးအမြတ်ရှိသော ကုန်သွယ်မှုများကို တတ်နိုင်သရွေ့ အများဆုံးဖွင့်လှစ်သင့်ပါသည်။

Carry trading

Carry Trade သည် ဗဟိုဘဏ်များ၏ အတိုးနှုန်းခြားနားချက်များအပေါ်တွင် ဝင်ငွေရှာဖွေရသော နည်းဗျူဟာ တခု ဖြစ်ပါသည်။ အကျိုးဆောင်ကုမ္ပဏီအသီးသီးတွင် သတ်မှတ်ထားသော Swap များရှိပါသည် - Swap ဆိုသည်မှာ ကုန်သွယ်မှုအား ကုန်သွယ်ရက်တခုအတွင်း မပိတ်သိမ်းပဲ ဆက်လက် သယ်ဆောင်သွားခြင်းအတွက် ကောက်ခံသော သို့မဟုတ် ဖြတ်တောက်သော ကော်မရှင်ကြေးဖြစ်ပါသည်။ အကယ်၍ ကုန်သွယ်မှုဖွင့်သော ဦးတည်ရာတွင် Swap သည် အပေါင်းတန်ဖိုးဖြစ်ပါက၊ ကုန်သည်အနေဖြင့် သေးငယ်သောဝင်ငွေပမာဏတခုကို နေ့စဉ်ရရှိမည် ဖြစ်ပါသည်။

နည်းဗျူဟာဖော်ပြချက်

၎င်းတွင် H4 အချိန်ဘောင်မှစ၍ ပိုမိုရှည်လျားသော အချိန်ဘောင်များအတွင်း အပေါင်း Swap ရရှိသော ငွေကြေးအတွဲများအား ဈေးနှုန်းရွေ့လျားမှု ဦးတည်ရာတခုတွင် ကာလရှည်ကုန်သွယ်မှုဖွင့်လှစ်ခြင်းများ ပါဝင်ပါသည်။ ဤနည်းဗျူဟာအား ကာလရှည်ကုန်သွယ်ရေးနည်းစနစ်များအတွက် အသုံးပြုလေ့ ရှိကြပါသည်။

စွန့်စားမှုအဆင့်

စွန့်စားမှုအဆင့် နိမ့်ပါသည်။ ဤနည်းဗျူဟာတွင် အဓိကဆုံးရှုံးနိုင်ခြေ နှစ်ခုရှိပါသည် - ဈေးနှုန်းသည် ခန့်မှန်းထားသည်နှင့် ဆန့်ကျင်ဘက်သို့ ဦးတည်သွားခြင်း နှင့် နိုင်ငံတခု၏ ဗဟိုဘဏ်မှ ဘဏ်အတိုးနှုန်း အပြောင်းအလဲပြုလုပ်ခြင်းပင်ဖြစ်သည်။ ပထမဖြစ်ရပ်တွင် stop loss အား spread နှင့်တကွ မျှခြေအဆင့်သို့‌ရွှေ့ထားခြင်းအားဖြင့် အကာအကွယ်ရရှိနိုင်ပါသည်။ ကုန်သွယ်မှုအား သုညအဆင့်၌ ပိတ်သိမ်းသော်လည်း၊ သင်သည် Swap အဖိုးအခများကို ရရှိပါလိမ့်မည်။ ဒုတိယဖြစ်ရပ်၌ ဘဏ်အတိုးနှုန်းများကို ပုံမှန်စောင့်ကြည့်ခြင်းအားဖြင့် ဆုံးရှုံးနိုင်ခြေအား သုညအထိ လျှော့ချနိုင်ပါသည်။

အမြတ်အချိုး

၎င်းသည် Swap ပမာဏနှင့် ကုန်သွယ်ချိန်အပေါ်တွင် မူတည်ပါသည်။ Leverage အသုံးမပြုပဲ အသေးငယ်ဆုံး ကုန်သွယ်မှုအရွယ်အစား 0.01 ဖြင့် ဒဿမလေးနေရာနှုန်းထားများအတွက်၊ တနှစ်လျှင် ၃၅ မှ ၅၀ ဒေါ်လာ ကြား အမြတ်ရရှိနိုင်ပါသည်။

ကုန်သွယ်ချိန်

Carry Trade သည် ကာလရှည်နည်းဗျူဟာတခုဖြစ်သည်။ ကုန်သွယ်မှုအား ဈေးကွက်အတွင်း ကြာရှည်ထိန်းသိမ်းထားလေလေ၊ ရရှိသော ဝင်ငွေပမာဏ ပိုမိုကြီးမားလေလေဖြစ်သည်။ Swap အဖိုးအခများကို နေ့စဉ်တွက်ချက်ပါသည်။

အဝင်/အထွက် ပွိုင့်

အဓိကအချက်ပြမှုမှာ အပေါင်း Swap တခုဖြစ်ပါသည်။ အထောက်အကူကိရိယာအဖြစ် မည်သည့် trend indicator ကိုမဆို အသုံးပြုယုံဖြင့် လုံလောက်ပါသည်။ ၎င်းတို့အား လမ်းကြောင်း၏ ဦးတည်ချက်နှင့် အင်အားကို ဆုံးဖြတ်ရန်အတွက်သာ လိုအပ်ခြင်းဖြစ်သည်။ stop loss အား မျှခြေအဆင့်သို့ ရွှေ့ထားပြီးလျှင်၊ indicators များကို ဆက်လက်စောင့်ကြည့်ရန် မလိုအပ်တော့ပေ။

ဥပမာ

  1. အပေါင်း Swap ပါဝင်သော ငွေကြေးအတွဲတခုကို ရှာဖွေကြည့်ပါစို့။ ရှားပါးအတွဲများကို စတင်ရှာဖွေခြင်းက ပိုမိုကောင်းမွန်ပါသည် - ၎င်းတို့တွင် လွဲချော်မှုများနှင့်အတူ ရှည်ကြာသောလမ်းကြောင်းများရှိကြသည်။ ကြားဖြတ်အတွဲများတွင်လည်း အပေါင်း Swap များ ပါဝင်လေ့ရှိသည်။ Swap အချက်အလက်အသေးစိတ်အား အသေးစိတ်‌ဖော်ပြချက်များတွင် ကြည့်ရှုနိုင်ပါသည်။

LiteFinance: ဥပမာ

2. ယခုအခါ ကာလရှည်လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်ပါသည်။ အကယ်၍ ကျဆင်းသောရွေ့လျားမှုအတွက် ကြိုတင်အချက်ပြမှုများရှိပါက၊ အရောင်းကုန်သွယ်မှုကို ဖွင့်ပါသည်။

LiteFinance: ဥပမာ

အားသာချက်များနှင့် အားနည်းချက်များ

ဤနည်းဗျူဟာသည် အားကောင်းသောလမ်းကြောင်း ရွေ့လျားမှုတခု၌သာ အလုပ်လုပ်ပါသည်။ သို့မဟုတ်ပါက ကုန်သွယ်ရေးဆက်ရှင်မပြီးဆုံးမီတွင် ကုန်သွယ်မှုအား stop loss ဖြင့်ပိတ်သိမ်းပြီး Swap အဖိုးအခ ဖြတ်တောက်ခြင်းခံရမည် ဖြစ်ပါသည်။

အားသာချက်။ ။ ဆုံးရှုံးနိုင်ခြေ မရှိသလောက်နည်းပါးခြင်းနှင့် လမ်းကြောင်းရွေ့လျားမှုအပေါ်တွင် ဝင်ငွေအပိုများ ရရှ်ိနိုင်ခြင်း၊ ခြွင်းချက်အနေဖြင့် stop အော်ဒါသည် ဈေးနှုန်းနှင့်အတူ ရွေ့လျားရပါမည်။

အားနည်းချက်များ။ ။ အပေါင်း Swap တခုနှင့်အတူ ကာလရှည်လမ်းကြောင်းရွေ့လျားမှုရှိသော ကုန်သွယ်ပစ္စည်းအရေအတွက်မှာ အလွန်သေးငယ်ပါသည်။ ဒုတိယအားနည်းချက်မှာ ကောက်ခံသော Swap ပမာဏမှာ အလွန်သေးငယ်သည်ဖြစ်ရာ၊ leverage ကိုအသုံးပြုသည်ပင်ဖြစ်‌စေ လက်ဆုပ်လက်ကိုင် ပြနိုင်သော ဝင်ငွေကိုရရှိရန်အတွက် စပေါ်ငွေပမာဏ US ဒေါ်လာများစွာ လိုအပ်ခြင်းပင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ထို့ထက်မက အကျိုးအမြတ်ရရှိနိုင်သော အခြားငွေကြေးကုန်သွယ်ရေး ပစ္စည်းများစွာ ရှိနေပါလျက် သင်၏ငွေများကို ထိုကုန်သွယ်ရေးတွင် ပိတ်လှောင်ထားခြင်းသည် အဓိပ္ပါယ်မရှိဟု ဆိုနိုင်ပါသည်။

Grid Trading

Grid strategy တွင် မည်သည့်ရွေ့လျားမှုဖြင့်မဆို အော်ဒါတခုမဟုတ်တခု အလုပ်လုပ်ရန် မျှော်မှန်းချက်ဖြင့် လက်ရှိဈေးနှုန်း၏ အထက်နှင့်အောက်တွင် ဆိုင်းငံ့အော်ဒါများ ထားရှိခြင်း ပါဝင်ပါသည်။ Trend strategy - အဝယ်အော်ဒါအား ဈေးနှုန်း၏အထက်တွင် သတ်မှတ်၍ အရောင်းအော်ဒါအား ဈေးနှုန်း၏အောက်တွင် သတ်မှတ်ပါသည်။ Countertrend strategy - အရောင်းအော်ဒါအား ဈေးနှုန်း၏အထက်တွင် သတ်မှတ်၍ အဝယ်အော်ဒါအား ဈေးနှုန်း၏အောက်တွင် သတ်မှတ်ပါသည်။

နည်း‌ဗျူဟာဖော်ပြချက်

မတည်ငြိမ်မှုမြင့်မားသော ဈေးကွက်များတွင် အော်ဒါများအား ပုံသေအဆင့်များ၌ အကွက်စဉ်ဖြင့် နေရာချထားခြင်းနည်းလမ်းကို အသုံးပြုပါသည်။ အဆိုပါနည်းလမ်းသည် ဈေးနှုန်းရွေ့လျားမှု အကွာအဝေးကျယ်ပြန့်သော ဘေးတိုက်ဈေးကွက်များတွင် အလုပ်ဖြစ်ပါသည်။

စွန့်စားမှုအဆင့်

စွန့်စားမှုအဆင့် မြင့်ပါသည်။ ကုန်သည်အနေဖြင့် ဆိုင်းငံ့အော်ဒါများ၏ အကွာအဝေးကိုသာမက နောက်ထပ်ဈေးနှုန်းရွေ့လျားမှုကိုပါ မှန်ကန်စွာ ခန့်မှန်းရန် လိုအပ်ပါသည်။ မတည်ငြိမ်သော ဈေးကွက်တခုတွင် ဈေးနှုန်းသည် တိုတောင်းသော ဆိုင်းငံ့အော်ဒါတခုအား အသင့်‌ဖြစ်စေပြီးသည့်အခါမှ အခြားဦးတည်ရာသို့ ရွေ့လျားသွားခြင်းမျိုး ဖြစ်နိုင်ပါသည်။ ဦးတည်ရာနှစ်ဖက်စလုံးတွင် အကြံပေးစနစ်များ ဖြင့် အရစ်စဉ်အလိုက် ဆိုင်းငံ့အော်ဒါအရေအတွက်များစွာ ချမှတ်ခြင်းအားဖြင့် ဤပြဿနာအား ဖြေရှင်းကြပါသည်။ ဤဆုံးရှုံးမှုကို ကာမိစေရန်အတွက်၊ Martingale coefficient ကို အသုံးပြု၍ lot အရွယ်အစားကို တိုးမြှင့်ကြလေ့ရှ်ိပါသည်။

အမြတ်အချိုး

ကာလတိုအချိန်ဘောင်တခုတွင် အော်ဒါများကို အရစ်စဉ်အလိုက် ချမှတ်သောအခါ၊ ပွိုင့်အနည်းငယ်သာ အမြတ်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဤကုန်သွယ်ရေးနည်းလမ်းအား အလိုအလျောက်စနစ်ဖြင့် လုပ်ဆောင်ကြသည်။ အခြေခံပိုင်းဆိုင်ရာ ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ ကုန်သွယ်သောအခါ၊ ၃၀ မှ ၅၀ ပွိုင့်ကြား အမြတ်ရနိုင်ပါသည်။ အကျိုးအမြတ်ရှိသော trend နည်းဗျူဟာများတွင် ဆိုင်းငံ့အော်ဒါများကို အသုံးပြု၍ မှားယွင်းဖောက်ထုတ်မှုများကို စစ်ထုတ်ခြင်းဖြင့် ၁၀၀ ပွိုင့်နှင့်အထက် အမြတ်ရရှိနိုင်ပါသည်။

ကုန်သွယ်ချိန်

အမြတ်ပစ်မှတ်များနှင့် အော်ဒါများ အလုပ်လုပ်သော အမြန်နှုန်းအပေါ် မူတည်ပါသည်။ Grid trading အား ဆိုင်းငံ့အော်ဒါများ အလိုအလျောက် ချမှတ်/ဖယ်ရှားခြင်းပါဝင်သော scalping ကုန်သွယ်ရေးစနစ်တွင် အသုံးပြုနိုင်ပါသည်။ သင့်တော်သော အချိန်ဘောင်များမှာ M30 မှ H1 ဖြစ်ပါသည်။

အဝင်/အထွက်ပွိုင့်

  • ဈေးနှုန်းသည် ဘေးတိုက်ဘောင်အတွင်းရွေ့လျားနေပြီး၊ မှားယွင်းဖောက်ထွက်နိုင်သော အခွင့်အရေး တခုရှိနေပါသည်။ ဖောက်ထွက်မှုဖြစ်နိုင်ချေရှိသော ဈေးတန်း၏ အထက်နှင့် အောက်တွင် ဆိုင်းငံ့အော်ဒါများ (buy stop/sell stop) များကို အသီးသီး ချမှတ်ရပါမည်။ အကယ်၍ အထက်သို့ ဖောက်ထွက်မှုသည် မှားယွင်းခြင်းမဟုတ်ပါက buy stop အော်ဒါအကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်ပါလိမ့်မည် - အဝယ်ကုန်သွယ်မှုတခုကို ဖွင့်ပါသည်။
  • ဈေးနှုန်းသည် ဘေးတိုက်ဘောင်အတွင်းရွေ့လျားနေပြီး၊ level တခုကို သေချာပေါက်ထိတွေ့ကာ ထို level မှတဆင့် ဘေးတိုက်ကော်ရစ်ဒါ၏ အလယ်သို့ ပြန်လည်ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ထိုသို့ နောက်ပြန်လှည့်နိုင်ခြေရှိသော level များတွင် buy limit/stop limit အော်ဒါများကို ချမှတ်ပါသည်။

အထောက်အကူကိရိယာများ - ဆန့်ကျင်ဘက်ပုံစံများ၊ pivot levels များ၊ ATR volatility indicator အစရှိသည်ဖြင့်။

ဥပမာ

ကုန်သည်တဦးသည် ဖောက်ထွက်မှုတခုအပြီး ဈေးနှုန်း၏ ဦးတည်ရာကို ခန့်မှန်း၍၊ ဆီလျော်သော ဆိုင်းငံ့အော်ဒါတခုကို ချမှတ်ရပါမည်။

LiteFinance: ဥပမာ

ဈေးနှုန်းသည် ရေပြင်ညီကော်ရစ်ဒါတခုအတွင်း အချိန်တခုထိရွေ့လျားနေကြောင်း ဇယားတွင် ပြသထားပါသည်။ ထင်ရှားသော resistance level တခုရှိနေသော်လည်း ထင်ရှားသော support level မရှိပါ။ ရွေ့လျားမှု ၅၀% ခန့်တွင် ဈေးနှုန်းသည် အောက်ဘက်ရှိ အနီရောင်မျဉ်းအား ထိတွေ့၍ ထိုမျဉ်းမှ ပြန်လည်ကန်ထွက်သည်ကို တွေ့ရှ်ိရသည်။ ဈေးနှုန်းသည် ထိုမျဉ်း၏အနီး၌ အချိန်တခုထိ ရွေ့လျား၍နေပါသည်။ အခြား ၅၀ % ရွေ့လျားမှုများတွင်မူ အခြားသော support level တခု (အပြာရောင်မျဉ်း)အား ထိတွေ့ပြီး မှားယွင်းဖောက်ထွက်မှုများ ဖြစ်ပေါ်သည်ကို တွေ့မြင်ရပါသည်။ ဆိုင်းငံ့ Sell Stop အောါဒါတခုအား အပြာရောင်မျဉ်း၏အောက်တွင် သတ်မှတ်ပါသည်။ အကယ်၍ အနီရောင်မျဉ်းအား နောက်ထပ် ဖောက်ထွက်မှုတခုသည် မှားယွင်းဖောက်ထွက်မှုတခု ဖြစ်ခဲ့လျှင် ဈေးနှုန်းသည် အော်ဒါသို့ ရောက်ရှိမည်မဟုတ်ပဲ၊ အပြာရောင်မျဉ်းအနီးသို့ ပြန်လှည့်၍သွားမည်ဖြစ်သည်။ အပြာရောင် level ‌ကျိုးပေါက်ခြင်းသည် အားကောင်းသော အကျလမ်းကြောင်း စတင်မည့် အဓိပ္ပါယ်ပင်ဖြစ်ပါသည်။

အားသာချက်များ နှင့် အားနည်းချက်များ

အားသာချက် - ဈေးနှုန်းသည် မည်သည့်ဦးတည်ရာသို့ ရွေ့လျားပါစေ၊ ဆိုင်းငံ့အော်ဒါသည် အလုပ်လုပ်မည်သာဖြစ်သည်။ အားနည်းချက် - ဈေးနှုန်းသည် အော်ဒါကို အသက်သွင်းခဲ့ပြီးမှ နောက်ကြောင်းပြန်လှည့်သွားနိုင်ပါသည်။

Bounce Strategy

အရေးပါသော မျဉ်းကွေးများ သို့မဟုတ် လိုင်း များမှ ဈေးနှုန်းပြန်လည်ကန်ထွက်သော အခိုက်အတန့်တွင် ကုန်သွယ်မှုများဖွင့်လှစ်ရသော နည်းဗျူဟာအမျိုးအစားအုပ်စုအား ခြုံငုံ၍ ခေါ်ဆိုသော အမည်ဖြစ်ပါသည်။ ၎င်းတို့တွင် ချန်နယ်လ်နည်းဗျူဟာများနှင့် တူညီသော အချက်များစွာရှိကြပြီး၊ ထိုအချက်များအနက် တူညီသော ကုန်သွယ်မှုဖွင့်လှစ်ခြင်းစည်းမျဉ်းသည်လည်း အပါအဝင်ဖြစ်ပါသည်။ ဤနည်းဗျူဟာအား မည်သည့် ကုန်သွယ်ပစ္စည်းအမျိုးအစားအတွက်မဆို အသုံးပြုနိုင်ပါသည်။ ပိုမိုသင့်လျော်သော အချိန်ဘောင်များမှာ M15 နှင့်အထက် ဖြစ်ပါသည်။

နည်းဗျူဟာ ဖော်ပြချက်

Bounce trading ဖြင့် ကုန်သွယ်ရေးနည်းလမ်းများ -

  • လမ်းကြောင်းမျဉ်းမှ ကန်ထွက်ခြင်း။ လမ်းကြောင်းမျဉ်းအား ပထမဆုံးပွိုင့်သုံးခုကို အခြေခံ၍ တည်ဆောက်ပါသည်။ ထို့နောက်လမ်းကြောင်းမျဉ်းပေါ်သို့ ဈေးနှုန်းရောက်ရှိပြီး ပြန်လည် ကန်ထွက်‌သောအခါ ကုန်သွယ်မှုကို ဖွင့်ပါသည်။
  • Moving average မျဉ်းမှ ကန်ထွက်ခြင်း။ ဈေးနှုန်းသည် ထိုအဆင့်မှ ဖောက်ထွက်မသွားမီအထိ အလယ်မျဉ်းသည် moving average ဖြစ်ပါသည်။ ဤဥပမာအား အထက်ပါ Bladerunner Forex နည်း‌ဗျူဟာတွင် ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ 
  • Fibonacci levels များမှ ကန်ထွက်ခြင်း။ H1 မှ H4 အချိန်ဘောင်များအတွင်း Fibo level များမှဈေးနှုန်း ပြန်လည်ကန်ထွက်သော အခိုက်အတန့်တွင် ကုန်သွယ်မှုများကို ဖွင့်ပါသည်။
  • အရေးပါသော ဈေးတန်းများ၏ တန်ပြန်တုံ့ပြန်မှုများ။

Bounce Trading တွင် ဘေးတိုက်ရွေ့လျားမှုကို အသုံးမပြုပါ။

စွန့်စားမှုအဆင့်

အလယ်အလတ်ဖြစ်ပါသည်။ လမ်းကြောင်းရွေ့လျားမှုတွင် ကာလတို ယာယီဆန့်ကျင်မှုများ ပါဝင်ပါသည်။ နည်းဗျူဟာအား အောင်မြင်စွာ အသုံးချရန် အကောင်းဆုံးနည်းလမ်းမှာ အများဆုံး/အနည်းဆုံး တန်ဖိုးများကို အခြေခံ၍ လမ်းကြောင်းမျဉ်းများ ရေးဆွဲရန် ဖြစ်သည်။ Fibo level များနှင့် Moving Average များတွင် ဖောက်ထွက်မှုအချိန်မရွေးပေါ်ပေါက်နိုင်သောကြောင့် ထိုဈေးတန်းများတွင် ကုန်သွယ်ခြင်းသည် ပို၍ခက်ခဲပါသည်။

အမြတ်အချိုး

အချိန်ဘောင်၊ လမ်းကြောင်းချန်နယ်လ်၏ အကျယ်နှင့် လမ်းကြောင်း၏အားတို့အပေါ် မူတည်ပါသည်။ ပျမ်းမျှအားဖြင့် ကုန်သွယ်မှုတခုသည် ၅ ပွိုင့်မှ ၇ ပွိုင့်ကြား သို့မဟုတ် ထို့ထက်ပို၍ အမြတ်ကို ရရှိစေပါသည်။

ကုန်သွယ်ချိန်

M15 အချိန်ဘောင်တွင် ကုန်သွယ်မှုတခုအား ဈေးကွက်အတွင်း ၂ နာရီမှ ၃ နာရီအထိ ထိန်းသိမ်းထားလေ့ရှိပါသည်။ နေ့စဉ်အချိန်ဘောင်တခုတွင် - တပတ် သို့မဟုတ် ထို့ထက်ပို၍ ကြာမြင့်နိုင်ပါသည်။

အဝင်/အထွက်ပွိုင့်

နည်းဗျူဟာနည်းလမ်းများမှ တခုမှာ လမ်းကြောင်းကော်ရစ်ဒါမှ ကန်၍ခုန်တက်ချိန်များတွင် ကုန်သွယ်မှုပြုလုပ်ခြင်းဖြစ်သည်။ ခုန်ထွက်မှုအပြီး နောက်ထပ် candle တွင် သို့မဟုတ် ၎င်းသည် ယခင် candle ထက် သိသာစွာကြီးမားသော ကိုယ်ထည်ရှိပါက ပထမ candle ၏အလယ်တွင် ကုန်သွယ်မှုကို ဖွင့်လှစ်ပါသည်။ အကယ်၍ ဈေးနှုန်းသည် အနည်းငယ် ဖောက်ထွက်သွားပါက၊ ချန်နယ်လ်ဆီသို့ ဈေးနှုန်းပြန်လှည့်သည့်အပေါ် မူတည်၍ ကုန်သွယ်မှုကို ဖွင့်ပါသည်။ ချန်နယ်လ်၏ အခြားနယ်နိမိတ်မျဉ်း၌ ကုန်သွယ်မှုကို ပိတ်ပါသည်။ ကျေးဇူးပြု၍ ချန်နယ်လ် indicator များကို ဤနေရာတွင် အသုံးမပြုနိုင်ကြောင်း သတိပြုပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ချန်နယ်လ်များသည် ဈေးနှုန်း၏နောက်သို့ လိုက်ပါသောကြောင့်ဖြစ်သည်။ အသုံးများသော အထောက်အကူကိရိယာမှာ ထောင့်မှန်စတုဂံပုံစံဖြစ်ပါသည်။ အခြားနည်းလမ်းအားဖြင့် ပွိင့်သုံးခုတလျှောက်တွင် မျဉ်းများကို ကိုယ်တိုင်ရေးဆွဲနိုင်ပါသည်။

ဥပမာ

ရည်ရွယ်ချက်မှာ ပွိုင့်သုံးခုကိုဖြတ်၍ဆွဲထားသောမျဉ်းများဖြင့် ကန့်သတ်ထားသော လမ်းကြောင်းတခုကို ရှာဖွေရန်ဖြစ်သည်။ ဤရည်ရွယ်ချက်အတွက် ရှည်လျားသော အချိန်ဘောင်များသည် ပိုမိုသင့်တော်ပါသည်။ ဈေးနှုန်းသည် ကော်ရစ်ဒါ၏ ဆန့်ကျင်ဘက်နယ်နိမိတ်မျဉ်းသို့ အမြဲတစေ မရောက်ရှိနိုင်ပါ။ ထို့ကြောင့် ကုန်သွယ်မှုအား စော‌စီးစွာပိတ်သိမ်းနိုင်မည့် အခွင့်အရေးများကို ရှာဖွေရန် လိုအပ်ပါသည်။

LiteFinance: ဥပမာ

ကျွန်ုပ်တို့သည် နေ့စဉ်အချိန်ဘောင်တွင် အနီရောင်မျှားဖြင့် ညွှန်ပြထားသော ပွိုင့်များကို အသုံးပြု၍ အတက်လမ်းကြောင်းတခုအတွင်း support နှင့် resistance မျဉ်းများ ကို တည်ဆောက်ပါသည်။ ခုန်၍ ကန်ထွက်ခြင်းများ(အပြာရောင်မျှားများ)တွင် ကုန်သွယ်မှုများကို ဖွင့်ပါသည်။ ပိတ်သိမ်းရန်ဆုံးဖြတ်ချက်မှာ ကုန်သည်၏ ကိုယ်ပိုင်ဆန္ဒအတိုင်းသာ ဖြစ်ပါသည်။ ဇယားသည် နေ့စဉ်အချိန်ဘောင်ဖြစ်သောကြောင့် candle ၃ ခုမှ ၅ခု အတွင်း ပိတ်သိမ်းနိုင်ပါသည်။ ဥပမာအားဖြင့် နောက်ဆုံးကုန်သွယ်မှုတွင် ဈေးနှုန်းသည် ကော်ရစ်ဒါ၏ အလယ်အထိသာ ရောက်ရှိခဲ့သည်။

အားသာချက်များနှင့် အားနည်းချက်များ

Bounce trading အယူအဆဖြင့် ကုန်သွယ်ခြင်းသည် အတော်ပင် ယုတ္တိရှိပါသည်။ ချန်နယ်လ်နည်းဗျူဟာများနှင့် Swing Trading အား ထိုအယူအဆအပေါ်အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် လမ်းကြောင်းကို အမိအရသိရှိရန်နှင့် ဈေးနှုန်းသည် ထိုအဆင့်များမှ သုံးကြိမ်ထက်မက ကန်ထွက်နိုင်သော မျဉ်းများကို ရေးဆွဲနိုင်ရန် အရေးကြီးပါသည်။ ဤအပိုင်းမှာ အခက်ခဲဆုံး ဖြစ်ပါသည်။ ဤနည်းဗျူဟာတွင် ရှင်းလင်းသော ညွှန်ကြားချက်များမပါဝင်သောကြောင့် စတင်လေ့လာဆဲ ကုန်သည်များအတွက် အမြင်အားဖြင့် ရှုပ်ထွေးနိုင်ပါသည်။ ဆုံမှတ်များကို ဆုံးဖြတ်ရန်နှင့် အထွက်ပွိုင့်အပေါ် ဆုံးဖြတ်ချက်ချရန်အတွက် အထောက်အကူကိရိယာများကို သေချာစွာ ရွေးချယ်ရန် လိုအပ်ပါသည်။

နည်းဗျူဟာဖော်ပြချက်

ဤနည်းဗျူဟာသည် head/shoulders၊ double bottom သို့မဟုတ် double top အစရှိသည့် ရှင်းလင်းသော ဇယားပုံစံဖွဲ့စည်းမှုများ မရှိသော လမ်းကြောင်းပြောင်းပြန်ဖြစ်ချိန်တခုတွင် ကုန်‌သွယ်ရေးဆောင်ရွက်ရသော ထူးခြားသည့်အမျိုးအစားဖြစ်ပါသည်။

နည်းဗျူဟာဖော်ပြချက်

“Bulls / bears are running out of steam” (အဝယ်/အရောင်းများ အားကုန်ခြင်း) - ဤသည်မှာ ကုန်သည်များမှ အတက် သို့မဟုတ် အကျလမ်းကြောင်းရွေ့လျားမှုတခုအပြီး ဈေးနှုန်းသည် အထက် သို့မဟုတ် အောက်ဘက်အစွန်းရှိ ဈေးတန်းတခုတွင် ခေတ္တမျှ အနားယူသော အခြေအနေကို ဖော်ညွှန်း၍ ခေါ်ဆိုကြခြင်းဖြစ်သည်။ ထိုဈေးတန်းသည် အဝယ်သမားများမှ ထိုတန်ဖိုး၏အထက်၌ ဝယ်ယူရန် ငြင်းဆန်ကြသော ဈေးတန်း သို့မဟုတ် အရောင်းသမားများမှ ထိုတန်ဖိုး၏အောက်၌ ရောင်းချရန် ငြင်းဆန်ကြသော ဈေးတန်းဖြစ်ပါသည်။

အချက်ပြမှုအချက်အလက်:

  • သင်သည် ရေပြင်ညီမျဉ်းတကြောင်းကိုသာ ရေးဆွဲနိုင်မည်ဖြစ်ပါသည် - အဝယ်များ ရှေ့ဆက်မတိုးနိုင်သော resistance မျဉ်းတခု သို့မဟုတ် အရောင်းများ အားအင်ကုန်ခမ်း၍ ထိုမျဉ်း၏အောက်သို့ ဆက်လက်ဖောက်ထွက်နိုင်ခြင်းမရှိသော support မျဉ်းတခု။ ဒုတိယ level တခုကိုသာ ရေးဆွဲနိုင်မည်ဖြစ်သည် - ဘေးတိုက်ချန်နယ်လ်ပေါ်ပေါက်ခြင်း မရှိပါ။
  • ဈေးနှုန်းသည် ရှည်လျားသော အချိန်ပိုင်းတခုအတွင်း level အား သုံးကြိမ်စမ်းသပ်ခဲ့သည်။
  • ထင်ရှားသော ဆန့်ကျင်ဘက်ပုံစံများ မရှိပါ။

တတိယမြောက် ကန်ထွက်မှုအပြီးတွင် ကုန်သွယ်မှုတခုကိုဖွင့်ပါ။ အခြေအနေအပေါ်မူတည်၍ ပိတ်သိမ်းပါ။

စွန့်စားမှုအဆင့်

စွန့်စားမှု မြင့်မားပါသည်။ တတိယအကြိမ် ပြန်လည်စမ်းသပ်ခြင်း၏နောက်တွင် စတုထ္ထတကြိမ် ထပ်မံစမ်းသပ်မှု ပေါ်ပေါက်နိုင်ပါသည်။ Level အား ဖောက်ထွက်ခြင်း သို့မဟုတ် မှားယွင်းဖောက်ထွက်ခြင်း လည်း ဖြစ်ပေါ်နိုင်ပါသည်။ ဖြစ်ရပ်နှစ်ခုစလုံးတွင် ကုန်သွယ်မှုသည် stop loss ဖြင့် ပိတ်သိမ်းသွားမည်ဖြစ်သည်။

အမြတ်အချိုး

လမ်းကြောင်း၏ ကြံ့ခိုင်မှုအပေါ် မူတည်ပါသည်။ အမြတ်ရနိုင်ခြေမှာ ၂၀ ပွိုင့်မှ ၃၀ ပွိုင့်အတွင်း ဖြစ်ပါသည်။

ကုန်သွယ်ချိန်

ဤနည်းဗျူဟာသည် ကာလရှည်နည်းဗျူဟာတခု ဖြစ်ပါသည်။ ဈေးနှုန်းရှုပ်ထွေးခြင်းများနှင့် ဈေးကွက် ဖန်တီးသူများ၏ လွှမ်းမိုးမှုများကို လျှော့ချရန်အတွက် H1 နှင့်အထက် ရှည်လျားသော အချိန်ဘောင်တခုကို လိုအပ်ပါသည်။ အချက်ပြမှုပေါ်ပေါက်ရန် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။ ဖွင့်ထားသော ကုန်သွယ်မှုတခုအား ဈေးကွက်အတွင်း တရက်ထက်ပို၍ ထိန်းသိမ်းထားရလေ့ရှိပါသည်။

အဝင်/အထွက်ပွိုင့်

Level အား တတိယမြောက်စမ်းသပ်ခဲ့ပြီးနောက်၊ ဈေးနှုန်းနောက်ပြန်လှည့်အပြီး ပေါ်ပေါက်လာသော နောက်ထပ် candle တခုတွင် ကုန်သွယ်မှုတခုကို ဖွင့်ပါ။

ဥပမာ

LiteFinance: ဥပမာ

သီအိုရီအားဖြင့် အထက် resistance level ကို ရေးဆွဲနိုင်ပါသည်။ သို့သော်လည်း ဈေးနှုန်းသည် ထို level သို့ရောက်ရှိရန် ကြိမ်ဖန်များစွာ ကြိုးစားလျက်ရှိသည်။ Support level များမှာ ထင်ရှားခြင်းမရှိပါ - ရေးဆွဲထားသော level တခုစီသည် support level ဖြစ်နိုင်ပါသည်။ သို့ရာတွင် အထက်သို့ အနည်းငယ်ပြင်ဆင်မှုတခုကို ပြသလျက်ကပင် အကျလမ်းကြောင်းတခု စတင်ခဲ့ပါသည်။ ဈေးကွက်သို့ ဝင်ရောက်ရန် အခိုက်အတန့်မှာ ရေရာမှုမရှိပါ။ Resistance မှ ခုန်တက်အပြီး ရှည်လျားသော candle နှစ်ခု အောက်ဘက်သို့ကျဆင်းပေါ်ပေါက်လာသော အခိုက်အတန့်သည် ကောင်းမွန်သော အဝင်ပွိုင့်ဖြစ်သည်ဟု ထင်မှတ်ရပါသည်။ သို့သော်လည်း ပြင်ဆင်မှုတခုပေါ်ပေါက်သည်အထိ စောင့်ဆိုင်း၍ ပြင်ဆင်မှုအဆုံး၌ ကုန်သွယ်မှုဖွင့်ခြင်းက ပို၍ကောင်းမွန်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

ဤနိယာမအား သီးခြားနည်းဗျူဟာတခုအဖြစ် သတ်မှတ်ရန် ခဲယဉ်းပါသည်။ သို့သော် အချို့သော အရင်းအမြစ်များသည် ဤနိယာမအပေါ် အထူးအာရုံစိုက်ကြပါသည်။ ဤနည်းဗျူဟာသည် လမ်းကြောင်းတခုပြောင်းလဲရန် ရှည်လျားသောအချိန်တခု လိုအပ်ကြောင်းကို ပြသပါသည်။ ထို့အပြင် ဈေးနှုန်းသည် ဦးတည်ရာမပြောင်းလဲမီတွင် ပြတ်သားသော ဘေးတိုက်ရွေ့လျားမှုတခုအစား မပီပြင်မ ရေရာသော ပုံစံမျိုးဖြင့် ရွေ့လျားနိုင်ကြောင်းကိုလည်း ထုတ်ဖော်ပြသပါသည်။ ၎င်း၏ အားသာချက်မှာ အနှေးနှင့်အမြန် လမ်းကြောင်းပေါ်ပေါ်လာပြီး၊ အချက်ပြမှု အားကောင်းပါသည်။ အားနည်းချက်မှာ အကယ်၍ ကုန်သွယ်မှုဖွင့်ထားပြီးလျှင် အရေးပါသောဈေးတန်းသို့ နောက်တကြိမ် ဈေးနှုန်းပြန်လှည့်ခြင်းကို ကြံ့ကြံ့ခံနိုင်ရန်အတွက် ကြီးမားသော ငွေပမာဏလိုအပ်ခြင်းပင် ဖြစ်ပါသည်။

ရွေ့လျားမှုအရှိန်အဟုန်၏ အင်အားကို ဖော်ထုတ်ရန်အတွက် Currency Strength Indicator oscillator ကို အသုံးပြုနိုင်ပါသည်။

Breakout Strategy

Breakout strategy တွင် အရေးပါသော level တခုမှ ဈေးနှုန်းဖောက်ထွက်သောဖြစ်ရပ်အတွင်း ကုန်သွယ်မှုတခုကို ဖွင့်လှစ်ခြင်း ပါဝင်ပါသည်။ လမ်းကြောင်းနှင့် ချန်နယ်လ်နည်းဗျူဟာများကို ပေါင်းစပ်အသုံးချသော နည်းဗျူဟာတခု ဖြစ်ပါသည်။ လမ်းကြောင်းသည် မကြာခဏဆိုသလိုပင် အရောင်းနှင့်အဝယ်အော်ဒါများ ညီမျှနေသော level များကို ကြုံတွေ့ရလေ့ရှိသည်။ ဈေးနှုန်းသည် ၎င်း level တလျှောက် အချိန်တခုထိရွေ့လျားပြီးနောက် ဆန့်ကျင်ဘက်ရွေ့လျားမှု (လမ်းကြောင်းအသစ် သို့မဟုတ် ပြင်ဆင်မှုတခု)ကို ပြုလုပ်ပါသည်။ သို့မဟုတ်ပါက level ကို ‌ဖောက်ထွက်ဖြတ်ကျော်သွားနိုင်ပါသည်။ ဖောက်ထွက်မှုအပြီးတွင် ကုန်သွယ်မှုဖွင့်ခြင်းအား Breakout Strategy ဟု ရည်ညွှန်းခေါ်ဆိုကြခြင်း ဖြစ်ပါသည်။

နည်းဗျူဟာဖော်ပြချက်

ဤနည်းဗျူဟာ၏ အယူအဆမှာ ဈေးနှုန်းစုဖွဲ့သော level တခု ကျိူးပေါက်ခြင်းသည် လမ်းကြောင်း၏အရှိန်မကုန်ခမ်းသေးဟု အဓိပ္ပါယ်ရသည်ဟူသော အချက်အပေါ်တွင် အခြေခံပါသည်။ အကယ်၍ သင်သည် လမ်းကြောင်း၏အစတွင် ကုန်သွယ်မှုဖွင့်ရန် အခွင့်အရေးကို လက်လွတ်ခဲ့ပြီး၊ လမ်းကြောင်းသည် မည်သည့်အခိုက်အတန့်၌မဆို အဆုံးသတ်နိုင်သည်ဟု ယူဆပါက ဈေးနှုန်းစုဖွဲ့သည့်ဧရိယာကို ဖောက်ထွက်သောအချိန်သည် ဈေးကွက်သို့ ဝင်ရောက်ရန် အကောင်းဆုံးဖြစ်ပါသည်။

စွန့်စားမှုအဆင့်

အလယ်အလတ်ဖြစ်ပါသည်။ ဖောက်ထွက်မှုများသည် မှားယွင်းနိုင်ပါသည်။ အခြားတဖက်မှကြည့်လျှင် အကယ်၍ ဖောက်ထွက်မှုအား အခြေခံပိုင်းအကြောင်းအရာများမှ အတည်ပြုပါက - ဥပမာ ဈေးနှုန်းသည် သတင်းများထုတ်ပြန်ပြီးချိန်တွင် ဆက်လက်ရွေ့လျားပါက၊ စွန့်စားမှုအဆင့် နိမ့်ပါးနိုင်ပါသည်။

အမြတ်အချိုး

တနာရီအချိန်ပိုင်းတွင် ပွိုင့် ၃၀ မှ ၅၀ ကြား အမြတ်ရနိုင်ပြီး၊ ကံကောင်းလျှင် ၇၀ မှ ၁၀၀ ပွိုင့်ကြား အမြတ်ရနိုင်ပါသည်။

ကုန်သွယ်ချိန်

လမ်းကြောင်း၏ ကြံ့ခိုင်မှု အပေါ်မူတည်ပါသည်။ ပျမ်းမျှအားဖြင့် candle ၄ ခုမှ ၆ ခုအထိ ကြာမြင့်နိုင်ပါသည်။

အဝင်/အထွက်ပွိုင့်

လမ်းကြောင်းတွင် ထင်ရှားသော ရွေ့လျားမှုရှိပါသည်။ ထို့နောက် ယာယီရပ်နားသော အခိုက်အတန့်အတွင်း ဘေးတိုက်ရွေ့လျားမှု ပေါ်ပေါက်လာပါသည်။ ဈေးနှုန်းသည် ဦးတည်ရာနှစ်ဘက်စလုံးသို့ အခါအားလျော်စွာ ဖောက်ထွက်ရန်ကြိုးစားပြီး ဘေးတိုက်ကော်ရစ်ဒါအတွင်းသို့ ပြန်လည်ဝင်ရောက်ပါသည်။ အတည်ပြုပုံစံ တခု နှင့်အတူ လမ်းကြောင်း၏ မူလဦးတည်ရာဘက်သို့ ဈေးနှုန်းဖောက်ထွက်ခြင်းသည် ကုန်သွယ်မှုဖွင့်ရန် အချက်ပြခြင်းပင်ဖြစ်သည်။ ကုန်သွယ်မှုအား ဖောက်ထွက်မှုအပြီး နောက်ထပ်ပေါ်ပေါက်လာသော candle တွင် ဖွင့်လှစ်ရပါမည်။ လက်တွေ့အခြေအနေအပေါ်မူတည်၍ ကုန်သွယ်မှုကို ပိတ်သိမ်းပါ။ ပိတ်သိမ်းရန်အချက်ပြမှုများ - ဆန့်ကျင်ဘက်ပုံစံများ၊ trailing stop စသဖြင့်။

ဥပမာ

LiteFinance: ဥပမာ

  • 1 - အောက်ဘက်သို့ ကျဆင်းသော ရွေ့လျားမှုစတင်အပြီးတွင် ဈေးနှုန်းသည် ပထမဦးဆုံး နောက်ပြန်လှည့်သောပွိုင့်ကို ရေးဆွဲပါသည်။ အောက်သို့ ရွေ့လျားမှုမှာ တိုတောင်းသော်လည်း candles များ၏ အရှည်သည် ယခင် candles များထက် များစွာပိုမိုရှည်လျားသောကြောင့် ၎င်းအား လမ်းကြောင်းရွေ့လျားမှုတခုအဖြစ် ပုံဖော်သတ်မှတ်နိုင်ပါသည်။
  • 2 - ယာယီဆန့်ကျင်မှုတခုစီ၏အဆုံးတွင်။
  • 3 - ဈေးနှုန်းသည် တူညီသော level အား ပြန်လည်စမ်းသပ်ပါသည် - support လိုင်း ကိုရေး‌ဆွဲနိုင်ပါသည်။
  • 4 - ယာယီဆန့်ကျင်မှုအဆုံးသတ်သွားသည် - resistance မျဉ်းတခု ပေါ်ပေါက်လာသည်။
  • 5 - Support level သည် အားကောင်းသော level တခုဖြစ်သည်ဟု အတည်ပြုခြင်း။ candlesticks များတွင် အောက်ဘက်သို့ shadow ကျရောက်ခြင်း မရှိသလောက်ပင်ဖြစ်သည်။ ထိုအချက်အရ အဝယ်များသည် ဝယ်ယူရန် အလျင်စလိုမရှိကြောင်း သိရှိရသည်။ နာရီ၏အဆုံးတွင် ဈေးနှုန်းသည် ၎င်း၏ အနိမ့်ဆုံး တန်ဖိုးအတိုင်းသာ ဆက်လက်ကျန်ရှိနေမည် ဖြစ်ပါသည်။
  • 6 - resistance မျဉ်းအား မှားယွင်းဖောက်ထွက်မှု၊ support level ကျိုးပေါက်ခြင်းနှင့်အတူ အားကောင်းသော candles များ အောက်ဘက်သို့ကျဆင်းလျက် အစဉ်လိုက်ပေါ်ပေါက်လာခြင်း။
  • 7 - အရောင်းကုန်သွယ်မှုကိုဖွင့်ပါ။

အထက်သို့ဦးတည်သော candle နှစ်ခု ဆက်တိုက်ပေါ်ပေါက်လာလျှင် ကုန်သွယ်မှုကိုပိတ်ပါ သို့မဟုတ် trailing stop ဖြင့် ကုန်သွယ်မှုကို ပိတ်သိမ်းပါ။

အားသာချက်များနှင့် အားနည်းချက်များ

ဤနည်း‌ဗျူဟာ၏ အားသာချက်မှာ ဈေးနှုန်း၏ နောက်ထပ်ရွေ့လျားမှုကို အတည်ပြုသော အချက်ပြမှုဖြစ်သည်။

အားနည်းချက် - အားကောင်းသော လမ်းကြောင်းများ ရှားပါးပါသည်။ M15 မှ M30 အချိန်ဘောင်များတွင် ရွေ့လျားမှုမတည်ငြိမ်ခြင်းကြောင့် မှားယွင်းသော အချက်ပြမှုများ ပေါ်ပေါက်နိုင်ပါသည်။

Overbought နှင့် Oversold Trading Strategy

ဤကုန်သွယ်ရေးနည်းဗျူဟာအား လမ်းကြောင်းတခုသည်ထာဝစဉ် တည်မြဲခြင်းမရှိနိုင်ဟူသော သဘောတရား အပေါ် အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ အနှေးနှင့်အမြန်ဆိုသလိုပင် ဈေးနှုန်းသည် အလွန်မြင့်မားစွာ တိုးတက်သွားပြီး အဝယ်သမားများမှ ဝယ်ယူရန် ငြင်းဆန်ကြနိုင်သည်။ သို့မဟုတ် အလွန်အမင်း ကျဆင်းသွားပြီး ရောင်းချသူများမှ အရှုံးခံ၍ မရောင်းချပဲ တိုးတက်မည့်အချိန်ကို ပြန်လည်စောင့်ဆိုင်းနိုင်သည်။ သို့တည်းမဟုတ် နောက်ဆုံးတွင် ဝယ်သူများမှ အလားအလာကောင်းမွန်သော ဈေးနှုန်းတခုဟု ရှုမြင်ကာ ကုန်သွယ်ပစ္စည်းအား ဝယ်ယူရန် သဘောတူညီနိုင်ပါသည်။

ဝယ်ယူသူများ မရှိသောအခါ၊ ရောင်းသူများ ပေါ်ပေါက်လာကာ ၎င်းတို့၏ အရောင်းပမာဏများသည် ဈေးနှုန်းကို ကျဆင်းသွားစေပါသည်။ ဆုံမှတ်ပွိုင့်တွင် ကုန်သွယ်ရေးပစ္စည်းသည် ဝယ်လိုအားလွန်ကဲ‌နေပါသည်။ သို့ရာတွင် ရှင်းလင်းမြန်ဆန်သော ဆန့်ကျင်ဘက်ရွေ့လျားမှု ပေါ်ပေါက်ရန် ခဲယဉ်းပါသည်။ ဝယ်သူများသည် ဈေးကျနေသော ကုန်သွယ်ရေးပစ္စည်းအား တဖန်ပြန်လည်၍ စတင်ဝယ်ယူကြပြန်သည်။ ထို့နောက် အဝယ်လွန်ကဲသော level သို့ တိုးတက်ရွေ့လျားသွားပါသည်။ ဤသည်မှာ ရောင်းလိုအားဇုန်ဖြစ်ပေါ်လာပုံဖြစ်သည်။ အရောင်းလွန်ကဲသောဇုန်သည်လည်း ထိုနည်းတူပင်ဖြစ်ပါသည် - ဤနည်းအားဖြင့် ဝယ်လိုအားဇုန်တခု ပေါ်ပေါက်လာပါသည်။

နည်းဗျူဟာဖော်ပြချက်

ကုန်သည်၏ ဝတ္တရားမှာ ဝယ်လိုအား နှင့်/သို့ ရောင်းလိုအား ဇုန်များ ကို မှန်ကန်စွာ ခွဲခြားသိရှိရန်ဖြစ်ပြီး၊ မှားယွင်းဖောက်ထွက်မှုများနှင့် ဇုန်နယ်နိမိတ်များကို စိစစ်ကာ ၎င်းတို့တွင် ဆိုင်းငံ့အော်ဒါများကို နေရာချထားရန်ဖြစ်သည်။ ထို့နောက် ဇုန်အတွင်းမှ ဈေးနှုန်းနောက်ပြန်လှည့်မည့်အချိန်နှင့် ဆန့်ကျင်ဘက်လမ်းကြောင်းတခုပေါ်ထွက်မည့်အချိန်ကို စောင့်ဆိုင်းရပါမည်။

စွန့်စားမှုအဆင့်

အလယ်အလတ်၏အထက်တွင် ရှိပါသည်။ ဥပမာ - သီအိုရီအရ၊ မည်သည့်နည်းနှင့်မဆို အောက်ဘက်သို့ နောက်ကြောင်းပြန်လှည့်သင့်သည်။ သို့သော် နောက်ပြန်လှည့်ခြင်း၏နောက်တွင် အဝယ်ပမာဏများ တဖန်ပြန်ကာ တိုးတက်လာဦးမည်သာ ဖြစ်သည်။ ဤကဲ့သို့ ရှေ့တိုးနောက်ဆုတ် အခြေအနေမှာ အချိန်ကြာမြင့်နိုင်ပါသည်။ သို့သော် အရောင်းသမားများသည် ထိုကုန်သွယ်ရေးပစ္စည်းအား ပုံအော ရောင်းချရန် အသင့်မဖြစ်သေးကြောင်း (အဓိပ္ပါယ်မှာ ၎င်းတို့သည် ဈေးနှုန်းဆက်လက် တိုးတက်မည်ဟု ယုံကြည်လျက်ရှိကြသည်)ကို အဝယ်သမားများမှ သတိပြုမိကြသည်နှင့် တပြိုင်နက် ဈေးနှုန်းသည် ဆက်လက်တိုးတက်သွားပါသည်။ ထိုကဲ့သို့ အားပြိုင်တိုးတက်မှုများကို ခရစ်ပတိုငွေကြေးဈေးကွက်တွင် ထင်ရှားစွာ တွေ့ရလေ့ရှိပါသည်။

အမြတ်အချိုး

အချိန်ဘောင်အပေါ်တွင် မူတည်ပါသည်။ တနာရီအချိန်ပိုင်းတွင် သင့်အတွက် တနေ့လျှင် ၃၀ မှ ၅၀ ပွိုင့်အမြတ်ကို ပေးစွမ်းသော လမ်းကြောင်းတခုကို ရှာဖွေတွေ့ရှိနိုင်ပါသည်။

ကုန်သွယ်ချိန်

အချိန်ဘောင်အပေါ်တွင် မူတည်ပါသည်။ ဤနည်းဗျူဟာသည် ကုန်သွယ်မှုတခုအား ရက်ပေါင်းများစွာအထိ ထိန်းသိမ်းထားရနိုင်ခြေရှိသော တနေ့အတွင်းကုန်သွယ်ရေးအတွက် သင့်တော်ပါသည်။ မည်သို့ပင်ဖြစ်စေ ဇုန်များကို ကြည့်ရှုရာတွင် H4 နှင့်အထက် အချိန်ဘောင်များသည် အကောင်းဆုံး ဖြစ်ပါသည်။

အဝင်/အထွက်ပွိုင့်

ဇယားအတွင်း အဝယ်နှင့်အရောင်းလွန်ကဲသော ဇုန်များကို ဆုံးဖြတ်ပါ။ ၎င်းတို့အတွင်း ဆန့်ကျင်ဘက်ပုံစံများနှင့် အခြားဆန့်ကျင်ဘက်အချက်ပြမှုများ ပေါ်ပေါက်လာသည်နှင့် တပြိုက်နက် ပေါ်ပေါက်လာသော ဆန့်ကျင်ဘက်ဦးတည်ရာတွင် ကုန်သွယ်မှုကိုဖွင့်ပါ။ အားအကောင်းဆုံး အချက်ပြမှုမှာ ဈေးနှုန်းသည် ဇုန်အတွင်းရှိ အလှမ်းဝေးသောမျဉ်းအား စမ်းသပ်ခြင်းပင်ဖြစ်သည်။ ဈေးနှုန်းသည် ဆန့်ကျင်ဘက် ဇုန်အတွင်းသို့ရောက်ရှိသည်နှင့် တပြိုင်နက်၊ လမ်းကြောင်း၏ အဆုံးတွင် ကုန်သွယ်မှုကို ပိတ်သိမ်းပါ။

ဥပမာ

H4 အချိန်ဘောင်အတွက် ကာလရှည် Forex နည်းဗျူဟာ။

LiteFinance: ဥပမာ

H4 အချိန်ဘောင်တွင် အတက်လမ်းကြောင်းတခု ရှိခဲ့ပါသည်။ ထိုလမ်းကြောင်းတွင် မတည်ငြိမ်မှုမြင့်မားရာမှ ဘေးတိုက်ရွေ့လျားသောအခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

  • ကျွန်ုပ်တို့သည် ပွိုင့် “1”တလျှောက် support level (အနီရောင်ရေပြင်ညီမျဉ်း) နှင့် support level (အပြာရောင်ရေပြင်ညီမျဉ်း) ကို တည်ဆောက်နိုင်ပါသည်။ ၎င်းတို့သည် အနာဂါတ် ဝယ်လိုအား (အနိမ့်ပိုင်း)နှင့် ရောင်းလိုအား(အမြင့်ပိုင်း)ဇုန်များ၏ အလှမ်းနီးသော levels များ ဖြစ်ကြပါသည်။
  • ပွိုင့် "2"တွင် အခြားနောက်ပြန်ရွေ့လျားမှုတခု ဖြစ်ပေါ်လာပါသည်။ Level သီအိုရီရှုထောင့်အရ ၎င်းသည် “မှားယွင်းဖောက်ထွက်မှု”တခုဖြစ်ပါသည် - ၎င်းသည် ယခင် resistance level ကို ဖောက်ထွက်ခဲ့သော်လည်း လမ်းကြောင်းအဖြစ် ရှေ့မဆက်နိုင်ခဲ့ပေ။ ၎င်းသည် အလှမ်းဝေးသော resistance level တခုကို တည်ဆောက်ပါသည်။ အပြာရောင်မျဉ်းများကြားရှိ အကွာအဝေးမှာ supply ဇုန်ဖြစ်ပါသည်။
  • နောက်ထပ်အထက်သို့ ရွေ့လျားမှုတွင် ဈေးနှုန်းသည် အလှမ်းဝေးသော resistance မျဉ်းကို ဖောက်ထွက်၍သွားပါသည်။ ဇုန်ဆီသို့ ပြန်လှည့်ခြင်းသည် အလှမ်းဝေးသော resistance level အား စမ်းသပ်ခြင်းပင်ဖြစ်ပြီး အဝယ်များအနေဖြင့် ဒုတိယကြိုးပမ်းမှုတွင်ပင် အတက်လမ်းကြောင်း ကို ပြုလုပ်နိုင်ခြင်းမရှိကြောင်း သက်သေပြနေပါသည်။ ပွိုင့် "3" တွင် အရောင်းကုန်သွယ်မှုကို ဖွင့်ပါသည်။
  • ဈေးနှုန်းသည် support level ကို‌ဖောက်ထွက်သွားပြီး အထက်သို့ပြန်လှည့်ပါသည်။ ပွိုင့် "4" တွင် ကုန်သွယ်မှုကို ပိတ်သိမ်းပါသညိ။ ထို့နောက် ဆုံချက်ပွိုင့်တွင် အလှမ်းဝေးသော support level ကို ရေးဆွဲခဲ့ပါသည်။ အနီရောင်မျဉ်းများကြားမှ အကွာအဝေးသည် ဝယ်လိုအားဇုန်ကို ဖြစ်ပေါ်စေပါသည်။
  • ပွိုင့် “5”တွင် ဈေးနှုန်းသည် ဝယ်လိုအားဇုန်အတွင်း နောက်တကြိမ်ထပ်မံ ဝင်ရောက်သွားပါသည်။ အလှမ်းဝေးသော support level ကို ပြန်လည်စမ်းသပ်၍ အထက်သို့တက်ပါသည် - အဝယ်ကုန်သွယ်မှုကို ဖွင့်ပါသည်။
  • ပွိုင့် "6"၌ ဈေးနှုန်းသည် အလှမ်းနီးသော resistance level ကို စမ်းသပ်ပါသည်၊ ကုန်သွယ်မှုကို ပိတ်ပါသည်။

ဤဥပမာသည် ကာလရှည် အချိန်အပိုင်းအခြားတခုအတွင်း level စမ်းသပ်ခြင်း စည်းမျဉ်းနှင့်အညီ ပေါ်ပေါက်လာသော ရောင်းလိုအားနှင့် ဝယ်လိုအားဇုန်များမှ အချက်ပြမှုများကို မည်သို့ ဆွဲထုတ်အလုပ်လုပ်နိုင်ကြောင်းကို ပြသပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

ဤနည်းဗျူဟာတွင် အချက်ပြမှုများကို အဓိပ္ပါယ်ကောက်ယူရန် ရှင်းလင်းသော အခြေခံမူတခု မရှိပါ။ ကုန်သည်တဦးစီသည် ဇုန်များ၏ နယ်နိမိတ်ကို ဆုံးဖြတ်၍ မှားယွင်းဖောက်ထွက်မှုများအပေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ကန့်သတ်ချက်များ သတ်မှတ်ရပါသည်။ အယူအဆအားဖြင့် ရှင်းလင်းသော်လည်း ဤနည်းဗျူဟာ၏ ပြတ်သားမှုကင်းမဲ့ခြင်းသည် စွန့်စားမှုအဆင့်ကို မြင့်မားစေပါသည်။ Oscillators များသည် အဝယ်လွန်ကဲဇုန်များနှင့် အရောင်းလွန်ကဲဇုန်များကို ဆုံးဖြတ်ရာတွင် ကူညီနိုင်ခြင်းမရှိပါ။ ဇုန်ကိုယ်တိုင်သည်လည်း ဈေးနှုန်းစုဖွဲ့ဇုန်အဖြစ်ပြောင်းလဲသွားနိုင်ပြီး၊ ၎င်း၏နောက်တွင် လမ်းကြောင်းဆက်လက်ပေါ်ပေါက်နိုင်ပါသည်။

Daily Fibonacci Pivot Trade Strategy

ဤသည်မှာ အပို‌ဆောင်းအတည်ပြုပေးသည့် Pivot Points indicator ပါဝင်သော Fibonacci levels နည်းဗျူဟာတခုဖြစ်ပါသည်။ ကုန်သည်တဦးသည် ပြင်ဆင်မှုအခြေအနေတွင် သို့မဟုတ် Fibo level များကြား လမ်းကြောင်းဆက်လက်ဖြစ်ပေါ်သောအချိန်တွင် ကုန်သွယ်နိုင်ပါသည်။ သို့ရာတွင် indicator နှစ်ခုစလုံး တိုက်ဆိုင်ညီညွတ်မှသာ အတည်ပြုခြင်း အောင်မြင်ပါသည်။

နည်းဗျူဟာဖော်ပြချက်

လမ်းကြောင်းဈေးကွက်တွင် Fibonacci level များအား ပထမဆုံးဖြစ်ပေါ်သော ယာယီဆန့်ကျင်မှု ၏ အစတွင် တည်ဆောက်ပါသည်။ ဈေးနှုန်းသည် Fibo level မှ လမ်းကြောင်း၏ဦးတည်ရာသို့ ခုန်ထွက်ခြင်းသည် ပဏာမအချက်ပြမှုဖြစ်သည်။ တချိန်တည်းမှာပင် level သည် S1/S2/S3 သို့မဟုတ် R1/R2/R3 တို့နှင့် ကိုက်ညီပါသည်။

စွန့်စားမှုအဆင့်

စွန့်စားမှုအဆင့်မြင့်မားပါသည်။ ဤ Forex နည်းဗျူဟာအတွက် တိကျသော ကုန်သွယ်ရေးပစ္စည်းနှင့် အချိန်ဘောင်တခုကို ရွေးချယ်၍ သေချာစွာ ချိန်ညှိရန်လိုအပ်ပါသည်။ ရှည်လျားသော စမ်းသပ်မှုမရှိပါက မှားယွင်းအချက်ပြမှုများစွာ ပေါ်ပေါက်နိုင်ပါသည်။

အမြတ်အချိုး

H4 အချိန်ဘောင်တွင် level များကြား အကွာအဝေးမှာ ၄၀ ပွိုင့်ဝန်းကျင်ဖြစ်ပါသည်။

ကုန်သွယ်ချိန်

ဤသည်မှာ ကာလရှည် နည်းဗျူဟာတခု ဖြစ်ပါသည်။ ကုန်သွယ်မှုအား ဈေးကွက်အတွင်း ရက်များစွာမှ ရက်သတ္တပတ်များစွာအထိ ထိန်းသိမ်းထားလေ့ရှိပါသည်။

အဝင်/အထွက်ပွိုင့်

ယာယီဆန့်ကျင်မှုကာလအတွင်း ဈေးနှုန်းသည် Fibo level ကို ထိတွေ့ကာ Fibo level သည် Pivot level နှင့် ကိုက်ညီနေပါသည်။ ထို့နောက် နောက်ကြောင်းပြန်လှည့်ပါသည်။ Pivot candle ၏ အလယ်တွင် ကုန်သွယ်မှုကိုဖွင့်ပါ။ အနီးဆုံးပစ်မှတ်မှာ နောက်ထပ် လမ်းကြောင်း level ဖြစ်ပါသည်။

ဥပမာ

LiteFinance: ဥပမာ

ဇယားအတွင်း ဤသို့မြင်တွေ့ရပါသည်။ S1/R1 level များကျန်ရှိနေလျက်ကပင် ယာယီဆန့်ကျင်ဘက်လမ်းကြောင်းအတွင်း အဝင်ပွိုင့်တခုကို မြင်နိုင်သည်မှလွဲ၍ ဇယားသည် မျဉ်းကြောင်းများဖြင့် အလွန်အမင်းပြည့်နှက်၍နေပါသည်။ အကြံပေးရမည်ဆိုလျှင် နှုန်းထားများ ရာဇဝင်တွင် ဤနည်းဗျူဟာအား ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် ခဲယဉ်းကြောင်း တွေ့ရပါသည်။ ဒီမိုအကောင့်တခုကို အသုံးပြု၍ “ဆန့်ကျင်ဘက်တန်ဖိုးများ၏နံပါတ်” အတွက် အနိမ့်ဆုံးတန်ဖိုးကို သတ်မှတ်ပါ။ ဤဖြစ်ရပ်တွင် H4အချိန်ပိုင်းအတွက် indicator သည် candle ၆ ခုအထိ ထည့်သွင်းရေတွက်ပါသည်။ H1 အချိန်ပိုင်းအတွက် candle ၂၄ ခုအထိ ထည့်သွင်းရေတွက်ပါသည်။ ထို့နောက် ၎င်းသည် level နှစ်ခု၏ တန်ဖိုးများကို တွက်ချက်မည်ဖြစိသည်။

အားသာချက်များနှင့် အားနည်းချက်များ

Fibonacci level များနှင့် ရင်းနှီးကျွမ်းဝင်ပြီးသည့်အခါ၊ ၎င်းတို့သည် သင့်အတွက် ကောင်းမွန်သော ကိရိယာတခု ဖြစ်လာပါလိမ့်မည်။ သို့ရာတွင် Pivot ပွိုင့်များနှင့် ပေါင်းစပ်လိုက်သောအခါ အတော်အသင့် လွယ်ကူသော Forex နည်းဗျူဟာမှ ရှုပ်ထွေးအဆင့်မြင့်သော နည်းဗျူဟာအဖြစ် ပြောင်းလဲသွားပါသည်။ Pivot ပွိုင့်များတွင် Camarilla၊ Fibonacci၊ Woody စသဖြင့် မတူညီသော ဖော်မြူလာများ ရှိပါသည်။ မည်သည့်ပွိုင့်တွင် မည်သည့်ဖော်မြူလာကို အသုံးပြုရမည်ဆိုသည့်အချက်မှာ အဓိကကျပါသည်။ နှုန်းထားများရာဇဝင်တွင် အတိုင်းအထွာသတ်မှတ်ချက်များဖြင့် အချိန်ယူစမ်းသပ်နိုင်ပါသည်။ သို့သော် ဤသည်မှာလည်း လက်တွေ့အကောင့်၏ ရလာဒ်ကို အာမမခံနိုင်ပါ။

Overlapping Fibonacci Trade Strategy

ဤနည်းဗျူဟာအား Fibonacci ဂရစ်များအပေါ်တွင် အခြေခံ၍ တူညီသောလမ်းကြောင်းအတွင်း တည်ဆောက်ပါသည်။ ပထမဂရစ်အား လမ်းကြောင်း၏အစနှင့် အစွန်းတလျှောက် တည်ဆောက်ပါသည်။ အစွန်းသစ်တခု ပေါ်ပေါက်လာသောကြောင့် ဂရစ်အရစ်စဉ် ပြန့်ကားလာပါသည်။ ဒုတိယဂရစ်အား ပထမပြင်ဆင်မှု၏အစွန်းနှင့် လမ်းကြောင်း၏အစွန်းတလျောက် တည်ဆောက်ပါသည်။ ဂရစ်နှစ်ခုစလုံးတွင် မတူညီသော အစပွိုင့်များနှင့် တူညီသော အဆုံးသတ်ပွိုင့် ရှိကြပါသည်။

နည်းဗျူဟာဖော်ပြချက်

Fibonacci ဂရစ်နှစ်ဖက်၏ level များ ညီညွတ်သွားသောအခါ၊ ၎င်းကို အားကောင်းသော ရေပြင်ညီမျဉ်းတခုအဖြစ် ယူဆပါသည်။ ထိုမျဉ်းပေါ်မှ ဈေးနှုန်းခုန်တက်လာချိန်တွင် “‌နောက်ထပ် trend level သို့မဟုတ် အစွန်း level” -(သုည level) တွင်ပစ်မှတ်ထား၍ ကုန်သွယ်မှုကို ဖွင့်ပါ။

စွန့်စားမှုအဆင့်

စွန့်စားမှုအဆင့်မြင့်မားပါသည်။ နောက်ဆုံးတွင် level များ ကိုက်ညီမည့် ဂရစ်များကိုတည်ဆောက်ရန် ကြိုးပမ်းမှုသည် စိတ်ကူးယဉ်ဆန်သော အတွေးတခု ဖြစ်ကောင်းဖြစ်သွားနိုင်ပါသည်။

အမြတ်အချိုး

အချိန်ဘောင်အပေါ်တွင် မူတည်ပါသည်။ H4 အချိန်ဘောင်တွင် level များကြား အကွာအဝေးမှာ ၄၀ ပွိုင့်ခန့်ဖြစ်ပါသည်။ တနာရီအချိန်ပိုင်းတွင် တိုတောင်းသောရွေ့လျားမှုတခုအတွင်း ၁၅ မှ ၂၀ ပွိုင့်ဝန်းကျင် ရရှိနိုင်ပါသည်။

ကုန်သွယ်ချိန်

အချိန်ဘောင်အပေါ်တွင် မူတည်ပါသည်။ အကယ်၍ ကုန်သွယ်မှုအား နောက်ထပ် Fibo level တွင် ပိတ်သိမ်းပါက၊ H1 အချိန်ပိုင်းအတွက် နည်းဗျူဟာသည် တနေ့အတွင်းနည်းဗျူဟာတခု ဖြစ်၍သွားပါမည်။

အဝင်/အထွက် ပွိုင့်

ဈေးနှုန်းသည် ယာယီဆန့်ကျင်မှုဇုန်အတွင်းမှ Fibo level နှစ်ထပ်ပေါ်ပေါက်သော level ပေါ်မှ လမ်းကြောင်း၏ဦးတည်ရာဘက်သို့ ကန်ထွက်လာချိန်တွင် ဈေးကွက်သို့ ဝင်ပါ။ နှစ်ထပ် level ကျိုးပေါက်ကာ လမ်းကြောင်းဆီသို့ ပြန်လှည့်ခြင်းကို ခွင့်ပြုပါသည်။ လမ်းကြောင်းတလျှောက် နှစ်ထပ် level ကျိုးပေါက်သော အခိုက်အတန့်တွင် ကုန်သွယ်မှုကို ဖွင့်သင့်ပါသည်။ လမ်းကြောင်းတလျှောက်ရှိ နောက်ထပ် Fibo level တွင် ကုန်သွယ်မှုကို ပိတ်ပါ။

ဥပမာ

LiteFinance: ဥပမာ

တခုပေါ်တခုဆင့်လျက်ရှိသော ဂရစ်နှစ်ခုသည် မြင်ကွင်းအားဖြင့် ရှင်းလင်းခြင်း မရှိပါ။ ဇယားအတွင်း မျဉ်းကြောင်းများနှင့် ရွေးချယ်ထားသောဇုန်များစွာ ရှိနေသည်။ အကယ်၍ အခြား indicator များကို ပေါင်းထည့်လိုက်လျှင် သင့်အတွက် ပို၍ရှုပ်ထွေးနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဇယားပေါ်၌ မြင်သာသော ပုံစံအချို့ ရှိ၍နေပါသည်။ ဥပမာအားဖြင့် တွဲဖက်သည့် level များဖြစ်သော 0.5 နှင့် 0.618 တို့သည် အမှန်တကယ်ပင် အားကောင်း၍လာခဲ့သည်။ ထို့အတူ အချို့သော ဧရိယာများတွင် မတူညီသောဂရစ်အဆင့်များကြားမှ ခြားနားသော level များကိုလည်း မြင်တွေ့နိုင်ပါသည်။ ၎င်းတို့မှာ သေးငယ်သောကြောင့်၊ သင့်အနေဖြင့် ၎င်းတို့မှ အကျိုးအမြတ်များစွာ မရရှိနိုင်ပါ။ သို့ရာတွင် တိုတောင်းသော အချိန်ဘောင်များတွင် ၎င်းတို့ကို အသုံးပြုခြင်းအားဖြင့် အဝင်ပွိုင့်များကို စောစီးစွာ တွေ့ရှိနိုင်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

အချက်ပြမှုတခုအား မတူညီသော setting များကို အသုံးပြု၍ တူညီသော setting များဖြင့် အတည်ပြုခြင်းသည် ထိရောက်မှုအရှိဆုံးနည်းလမ်းများမှ တခုဖြစ်သည်ဟု ယူဆထားကြပါသည်။ stochastic indicators၊ moving averages စသဖြင့် အမျိုးမျိုးသော indicator များအပေါ်မူတည်သော နည်းဗျူဟာများစွာ ရှိကြပါသည်။ သို့ရာတွင် ဤနေရာ၌ လမ်းကြောင်း၏ အစနှင့်အဆုံးကို ထိုးထွင်းသိမြင်ဆုံးဖြတ်နိုင်မှသာ နည်းဗျူဟာသည် ကောင်းစွာအလုပ်လုပ်မည် ဖြစ်ပါသည်။ အကယ်၍ ပထမဆုံး Fibo ဂရစ်အား လမ်းကြောင်း၏အစနှင့် အစွန်းတလျှောက်တွင် တည်ဆောက်ပါက၊ ပြဿနာမရှိပါ။ သို့သော် ဒုတိယဂရစ်အဆင့်အတွက် မည်သည့် ပြင်ဆင်မှုပွိုင့်ကို အသုံးပြုသင့်ပါသနည်း။ အကယ်၍ ပြင်ဆင်မှုနှစ်ခုရှ်ိနေခဲ့လျှင်၊ Fibo ဂရစ်နှစ်ခုကို တည်ဆောက်မည်လော။ ဤမေးခွန်းများ၏ အဖြေကိုရရှိရန် သင်ကိုယ်တိုင် အတွေ့အကြုံပြည့်ဝ၍ ထိုးထွင်းသိနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ဂရစ်များကို ကြုံရာနေရာတွင် တည်ဆောက်ခြင်းအားဖြင့် အချက်ပြမှုအမှားများကိုသာ ရရှိမည်ဖြစ်သည်။

ကုန်သွယ်ရေးနည်းဗျူဟာများ အနှစ်ချုပ်

ဤအပိုင်းတွင် အထက်မှ နည်းဗျူဟာအားလုံးအပေါ် အကဲဖြတ်စံနှုန်းတခုဖြင့် ခွဲခြားထားသော အဆင့်သတ်မှတ်ချက် ၁ မှ ၁၉ အထိ ပါဝင်သည့် ကော်လံဇယားတခုကို မြင်တွေ့ရပါမည်။ အဆင့် ၁ သည် စတင်လေ့လာကုန်သွယ်သူများအတွက် အရိုးရှင်းဆုံး နည်းဗျူဟာဖြစ်ပြီး၊ အဆင့် ၁၉ မှာ အရှုပ်ထွေးဆုံးနှင့် အဆင့်အမြင့်ဆုံး ကုန်သွယ်ရေးနည်းစနစ်ဖြစ်ပါသည်။ အဆင့်သတ်မှတ်ချက်သည် တဦးချင်းအပေါ်သာ မူတည်ပါသည်။ အကယ်၍ သင့်ထံတွင် ကွဲပြားသော အမြင်ရှိပါက၊ သင်၏အတွေ့အကြုံနှင့် အတွေးအမြင် ကို မျှဝေလိုပါက သို့တည်းမဟုတ် ဤနည်းစနစ်များနှင့်စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းလိုပါက comment တွင် ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။


နည်းဗျူဟာ - Positional trading

စွန့်စားမှုအဆင့် - အလယ်အလတ်

အမြတ်အချိုး - တနှစ်လျှင် ၁၅ မှ ၅၀ %

ကုန်သွယ်ချိန် - ရက်သတ္တပတ်များစွာ

အဝင်ပွိုင့်များ - ကာလရှည်လမ်းကြောင်းတခု၏အစ

အထွက်ပွိုင့်များ - လမ်းကြောင်းနောက်လှည့်ခြင်း၊ ဘေးတိုက်ရွေ့လျားမှုအဖြစ် ကူးပြောင်းခြင်း၊ trailing stopဖြင့် ပိတ်သိမ်းခြင်း။

အားသာချက်များ - ကာလရှည်အချိန်ဘောင်အတွင်း တည်ငြိမ်သော လမ်းကြောင်းတခု၊ ဇယားကို အချိန်ပြည့်စောင့်ကြည့်ရန် မလိုအပ်ပါ။

အားနည်းချက်များ - အချက်ပြမှုများ ရှားပါးခြင်း၊ အမြတ်အစွန်း အတော်အသင့် နိမ့်ပါးခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၉


နည်းဗျူဟာ - Trend Breakdown strategy

စွန့်စားမှုအဆင့် - အလယ်အလတ်၏အောက်

အမြတ်အချိုး - ရက်များစွာအတွင်း ၁၀၀ မှ ၁၅၀ pips

ကုန်သွယ်ချိန် - ၁၂ နာရီ - ၁၅ နာရီမှ ရက်များစွာအထိ

အဝင်ပွိုင့်များ - လမ်းကြောင်းမျဉ်းအပြီး နောက်ထပ် candle အား ဆန့်ကျင်ဘက်ရွေ့လျားမှုမှ ဖောက်ထွက်သွားချိန်

အထွက်ပွိုင့်များ - ဆန့်ကျင်ဘက်ဇယားပုံစံများ၊ လမ်းကြောင်းရွေ့လျားမှု ယိုယွင်းခြင်း။

အားသာချက်များ - ပြတ်သားသောအချက်ပြမှုအယူအဆ၊ ကုန်သည်အတွက် ခွဲခြမ်းစိတ်ဖြာရန် အချိန်ရသည်၊ အဝင်နောက်ကျခြင်းကို ခွင့်ပြုသည်။

အားနည်းချက်များ - အားကောင်းသော ယာယီဆန့်ကျင်မှုအတွင်း ဆုံးရှုံးခြင်းမဖြစ်စေရန်အတွက် ဇယားကိုစောင့်ကြည့်ရန် လိုအပ်ပါသည်။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁


နည်းဗျူဟာ - Swing trading

စွန့်စားမှုအဆင့် - အလယ်အလတ်

အမြတ်အချိုး - တနာရီအချိန်ပိုင်းတွင် လမ်းကြောင်းကုန်သွယ်ရေးဖြင့် ၈၀ မှ ၁၀၀ ပွိုင့်ကြား

ကုန်သွယ်မှုအရှည် - နာရီများစွာမှ ရက်ပေါင်းများစွာ

အဝင်ပွိုင့်များ - ယာယီဆန့်ကျင်မှုတခုအပြီး လမ်းကြောင်း၏ဦးတည်ရာသို့ ဈေးနှုန်းပြန်လှည့်ခြင်း။

အထွက်ပွိုင့်များ - ဈေးနှုန်းသည် ယာယီဆန့်ကျင်မှု အစပြုသော level သို့ရောက်ရှိသွားချိန်တွင် ၅၀% ပိတ်သိမ်း‌၍၊ ကျန် ၅၀% အား trailing stop ဖြင့် ပိတ်သိမ်းပါသည်။

အားသာချက်များ - အချက်ပြမှုများ ရှင်းလင်းပြတ်သားခြင်း၊ ယာယီဆန့်ကျင်မှု ဧရိယာများကို ကျော်လွှားနိုင်ပါက အကျိုးအမြတ် အတော်အတန် မြင့်မားခြင်း။

အားနည်းချက်များ - ဇယားကို ပုံမှန်စောင့်ကြည့်ရန် လိုအပ်ခြင်း၊ ယာယီဆန့်ကျင်မှုမှ ပင်မ လမ်းကြောင်းတခုအဖြစ် ပြောင်းလဲသွားနိုင်သော ဖြစ်နိုင်ခြေတခုရှိနေခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၆


နည်းဗျူဟာ - Trend trading

စွန့်စားမှုအဆင့် - အလယ်အလတ်၏အောက်

အမြတ်အချိုး - တရက်အတွင်းကုန်သွယ်ရေးအတွက် ၄၀ မှ ၅၀ ပွိုင့်ကြား

ကုန်သွယ်ချိန် - ကာလအလယ်အလတ်ကုန်သွယ်ရေးသို့ ကူးပြောင်းရန် ရွေးချယ်ခွင့်ရှိသော တနေ့အတွင်းကုန်သွယ်ရေး

အဝင်ပွိုင့်များ - လမ်းကြောင်း၏အဆုံး၊ လမ်းကြောင်းနောက်ပြန်လှည့်ချိန် သို့မဟုတ် ဇယားပုံစံများနှင့် indicator များ၏ အတည်ပြုချက်အရ ဘေးတိုက်ဘောင်အတွင်းမှ ထွက်ခွာသောအခိုက်အတန့်။

အထွက်ပွိုင့်များ - ရည်ရွယ်ထားသော အမြတ်ကိုရရှိပြီးသည့်နောက်၊ ကုန်သွယ်မှုတစိတ်တပိုင်းကို ပိတ်သိမ်းပါသည်။ ကျန်ရှိသော တဝက်အား trailing stop ဖြင့် ကာကွယ်ပါသည်။ level များ၊ ဆန့်ကျင်ဘက်ပုံစံများအပေါ်မူတည်၍ ကုန်သွယ်မှုကို ပိတ်ပါသည်။

အားသာချက်များ - ကုန်သည်အတွက် ဇယားကို အကဲဖြတ်ရန် အချိန်ရပါသည် - တနာရီ သို့မဟုတ် ပိုမိုရှည်လျားသော အချိန်ဘောင်များတွင် တည်ငြိမ်သောလမ်းကြောင်းများ ပေါ်ပေါက်ပါသည်။

အားနည်းချက်များ - အချက်ပြမှုများ အတော်ပင် ရှားပါးပါသည်။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၄


နည်းဗျူဟာ - Range trading

စွန့်စားမှုအဆင့် - အလယ်အလတ်

အမြတ်အချိုး - တနာရီအချိန်ဘောင်အတွင်း ၂၀ မှ ၃၀ pips

ကုန်သွယ်ချိန် - တနေ့အတွင်း

အဝင်ပွိုင့်များ - ချန်နယ်၏ ပြင်ပတွင် ဈေးနှုန်းနောက်ပြန်လှည့်၍ ချန်နယ်လ်ကို ‌ဖောက်ထွင်းကာ ချန်နယ်လ်အလယ်သို့ ပြန်လည်ဦးတည်ရွေ့လျားခြင်း သို့မဟုတ် ဖောက်ထွက်မှုမရှိပဲ ဈေးနှုန်းကန်ထွက်ခြင်း။

အထွက်ပွိုင့်များ - ချန်နယ်လ်၏ အလယ်တွင် ၅၀% ပိတ်သိမ်း၍ trailing stop ဖြင့် ကျန် ၅၀% အား ပိတ်သိမ်းခြင်း သို့မဟုတ် ဈေးနှုန်းသည် ချန်နယ်လ်၏ ဆန့်ကျင်ဘက် နယ်နိမိတ်မျဉ်းသို့ ရောက်ရှိချိန်တွင် ပိတ်သိမ်းခြင်း။

အားသာချက်များ - ရှင်းလင်းသော အဓိပ္ပါယ်နှင့် အတော်အတန် တိကျသော အချက်ပြမှုများ။

အားနည်းချက်များ - ချန်နယ်လ်၏ အကျယ်ကို ဆုံးဖြတ်ပေးသော indicator တွင် တိကျသေချာသော setting များကို ရွေးချယ်ရန် ခက်ခဲခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁၂


နည်းဗျူဟာ - Day trading

စွန့်စားမှုအဆင့် - Scalping အတွက် စွန့်စားမှုမြင့်မား၍ လမ်းကြောင်းနည်းဗျူဟာတခုအတွက် စွန့်စားမှုအဆင့် အလယ်အလတ်၏အောက်တွင် ရှိပါသည်။

အမြတ်အချိုး - မတည်ငြိမ်မှုမြင့်မားသော ကုန်သွယ်ရေးပစ္စည်းနှင့် လမ်းကြောင်းနည်းဗျူဟာတခုအတွက် ၇၀ မှ ၁၀၀ ပွိုင့်ကြား

ကုန်သွယ်ချိန် - ပျမ်းမျှကုန်သွယ်မှုအရှည် ၈ နာရီမှ ၁၂ နာရီကြားရှ်ိသော တနေ့အတွင်း ကုန်သွယ်ရေး

အဝင်ပွိုင့်များ - လမ်းကြောင်းနောက်ပြန်လှည့်သော အခိုက်အတန့် သို့မဟုတ် ဘေးတိုက်ဘောင်မှ ထွက်ခွာခြင်းအတွက် ဆန့်ကျင်ဘက်အချက်ပြပုံစံများ၊ လမ်းကြောင်း indicators များ၊ oscillators များ။

အထွက်ပွိုင့်များ - လမ်းကြောင်း၏အဆုံး - အရေးပါသော level များသို့ရောက်ရှိခြင်း၊ သတင်းများမထုတ်ပြန်မီ မိနစ်သုံးဆယ်အလို၊ ဆန့်ကျင်ဘက်အချက်ပြပုံစံပေါ်ပေါက်ခြင်း။

အားသာချက်များ - Swap အဖိုးအခများသက်သာခြင်း၊ မတူညီသောနည်းဗျူဟာများကို အသုံးချနိုင်ခြင်း။

အားနည်းချက်များ - ဇယားကို ပုံမှန်စောင့်ကြည့်ရခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၅


နည်းဗျူဟာ - Retracement trading

စွန့်စားမှုအဆင့် - အလယ်အလတ်

အမြတ်အချိုး - တနာရီလျှင် ၁၅ ပွိုင့်မှ ၃၅ ပွိုင့်ကြား

ကုန်သွယ်ချိန် - တနေ့အတွင်း၊ ကာလအလယ်အလတ်နှင့် ကာလရှည် ကုန်သွယ်ရေး

အဝင်ပွိုင့်များ - ယာယီဆန့်ကျင်မှု၏အဆုံး၊ Fibo level မှ ခုန်တက်၍ လမ်းကြောင်း၏ဦးတည်ရာသို့ နောက်ပြန်လှည့်သော အခိုက်အတန့်

အထွက်ပွိုင့်များ - ရှေးရိုးစွဲ ကာလရှည်နည်းဗျူဟာဗားရှင်း - လမ်းကြောင်းတလျှောက် အနီးစပ်ဆုံး Fibo level သို့ ရောက်ရှိချိန်တွင် ကုန်သွယ်မှု ၁၀၀% အား ပိတ်သိမ်းခြင်း။ တက်ကြွစွန့်စားသောဗားရှင်း - ၅၀% အား “၀” တွင်ပိတ်သိမ်း၍ ၅၀% အား trailing stop ဖြင့်ပိတ်သိမ်းခြင်း။

အားသာချက်များ - လူအများစု၏ စိတ်အခြေအနေကို နောက်ခံပြု၍ တည်ဆောက်ထားသော စနစ်ဖြစ်ပါသည်။

အားနည်းချက်များ - အားကောင်းသော level များကို ထိုးထွင်းသိရှိနိုင်ရန် လိုအပ်ခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁၄


နည်းဗျူဟာ - The Bladerunner trade

စွန့်စားမှုအဆင့် - အလယ်အလတ်၏အောက်

အမြတ်အချိုး - ၃၀ မှ ၅၀ pip

ကုန်သွယ်ချိန် - တနေ့အတွင်း

အဝင်ပွိုင့်များ - အရေးပါသော level များနှင့် ဈေးနှုန်းမှ Moving Average အား စမ်းသပ်သောပွိုင့်တို့ ကိုက်ညီသောအခါ။

အထွက်ပွိုင့်များ - ဆန့်ကျင်ဘက်အချက်ပြပုံစံ၊ trailing stop

အားသာချက်များ - အချက်ပြမှုများ၏ အယူအဆ ရှင်းလင်းပြတ်သားခြင်း။

အားနည်းချက်များ - အချက်ပြမှုများရှားပါးခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၂


နည်းဗျူဟာ - The Pop ‘n’ Stop trade

စွန့်စားမှုအဆင့် - အလယ်အလတ်

အမြတ်အချိုး - ရှေးရိုးစွဲနည်းလမ်း - ၂၅ မှ ၃၀ ပွိုင့်၊ စွန့်စားတက်ကြွသောနည်းလမ်း ၅၀ ပွိုင့်နှင့်အထက်

ကုန်သွယ်ချိန် - နာရီများစွာမှ ရက်ပေါင်းများစွာ

အဝင်ပွိုင့်များ - ဘေးတိုက်ဘောင်တခုအတွင်းမှ ဈေးနှုန်းထွက်ခွာခြင်း (ကော်ရစ်ဒါ၏ ဘောင်ကို ဖောက်ထွက်ခြင်း)၊ လမ်းကြောင်း၏အစ

အထွက်ပွိုင့်များ - ဆန့်ကျင်ဘက်ပုံစံများ၊ candles များ၏ သေးငယ်သောကိုယ်ထည်၊ ဘောင်တခုသို့ ကူးပြောင်းခြင်း

အားသာချက်များ - အချက်ပြမှုများ၏ အယူအဆ ရှင်းလင်းပြတ်သားခြင်း။

အားနည်းချက်များ - မှားယွင်းဖောက်ထွက်မှုများ ပေါ်ပေါက်နိုင်ခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၇


နည်းဗျူဟာ - News trading

စွန့်စားမှုအဆင့် - မြင့်မားပါသည်

အမြတ်အချိုး - ၃၀ မှ ၅၀ ပွိုင့်

ကုန်သွယ်ချိန် - နာရီများစွာ

အဝင်ပွိုင့်များ - သတင်းများထုတ်ပြန်ချိန်၊ ဆိုင်းငံ့အော်ဒါများကို အသုံးပြုနိုင်ပါသည်။

အထွက်ပွိုင့်များ - လမ်းကြောင်းယိုယွင်းပျက်စီးခြင်း

အားသာချက်များ - မတည်ငြိမ်မှု ရုတ်တရက်မြင့်တက်ချိန်တွင် လျင်မြန်စွာအမြတ်ရရှိနိုင်ခြင်း။

အားနည်းချက်များ - မတည်ငြိမ်မှုကြောင့် stop loss ဖြင့် ကုန်သွယ်မှုပိတ်သိမ်းရနိုင်ခြင်း၊ ရွေ့လျားမှု၏ ဦးတည်ရာကို လွဲမှားခန့်မှန်းမိနိုင်ခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁၃


နည်းဗျူဟာ - Scalping

စွန့်စားမှုအဆင့် - မြင့်ပါသည်။

အမြတ်အချိုး - ကုန်သွယ်မှုအရေအတွက်အပေါ်မူတည်၍ ၅၀ မှ ၁၀၀ pip ကြား

ကုန်သွယ်ချိန် - ကာလတို

အဝင်ပွိုင့်များ - မည်သည့်ချဉ်းကပ်ပုံ နည်းလမ်းဖြင့်မဆို ဈေးကွက်သို့ဝင်ရောက်ရန် အချက်ပြမှု ရှာဖွေနိုင်ပါသည်။

အထွက်ပွိုင့်များ - မည်သည့်ချဉ်းကပ်ပုံ နည်းလမ်းဖြင့်မဆို ဈေးကွက်မှထွက်ခွာရန် အချက်ပြမှု ရှာဖွေနိုင်ပါသည်။

အားသာချက်များ - ဤနည်းဗျူဟာသည် ဘေးတိုက်ရွေ့လျားမှုအပါအဝင် မည်သည့်ဈေးကွက်အခြေအနေ၊ မည်သည့် ကုန်သွယ်ရေးပစ္စည်းနှင့်မဆို သင့်တော်ပါသည်။

အားနည်းချက်များ - တရက်အတွင်း ဒါ‌ဇင်ပေါင်းများစွာသော ကုန်သွယ်မှုများဖွင့်လှစ်ရသော စိတ်ဖိစီးမှု။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁၆


နည်းဗျူဟာ - Carry trading

စွန့်စားမှုအဆင့် - အလယ်အလတ်၏အောက်

အမြတ်အချိုး - leverage၊ ကုန်သွယ်မှုအရွယ်အစား၊ Swap အရွယ်အစားတို့‌အပေါ်တွင် မူတည်ပါသည်။

ကုန်သွယ်ချိန် - ကာလရှည်

အဝင်ပွိုင့်များ - positive Swap ပါဝင်သော ကာလရှည်ဈေးနှုန်းရွေ့လျားမှု

အထွက်ပွိုင့်များ - trailing stop ဖြင့်၊ သို့မဟုတ် အတိုးနှုန်းများ အပြောင်းအလဲမပြုလုပ်မီ။

အားသာချက်များ - ဈေးနှုန်းရွေ့လျားမှု၏ ဦးတည်ရာကို လျင်မြန်စွာ ခန့်မှန်းနိုင်ပြီး၊ stop အော်ဒါအား မျှခြေအဆင့်သို့ အချိန်မီ ပြောင်းရွေ့နိုင်ပါက ဆုံးရှုံးနိုင်ခြေ မရှိခြင်း။

အားနည်းချက်များ - Positive Swap ပါဝင်သော ကုန်သွယ်ရေးပစ္စည်းများ၏ အရေအတွက် အကန့်အသတ်ရှိခြင်း၊ ကြီးမားသော‌စပေါ်ငွေပမာဏနှင့် leverage ပါဝင်သော ကုန်သွယ်ရေးတို့အား လိုအပ်ခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၃


နည်းဗျူဟာ - Grid trading

စွန့်စားမှုအဆင့် - မြင့်ပါသည်

အမြတ်အချိုး - ၃၀ မှ ၅၀ ပွိုင့်

ကုန်သွယ်ချိန် - များသောအားဖြင့် တနေ့အတွင်း

အဝင်ပွိုင့်များ - ဆိုင်းငံ့အော်ဒါဖြင့်

အထွက်ပွိုင့်များ - trailing stop ဖြင့်

အားသာချက်များ - ဈေးနှုန်းရွေ့လျားသော ဦးတည်ရာမည်သို့ရှိပါစေ၊ အော်ဒါအလုပ်လုပ်ခြင်း။

အားနည်းချက်များ - ဆိုင်းငံ့အော်ဒါများ၏အရှည်ကို တွက်ချက်ရန် ခက်ခဲခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁၅


နည်းဗျူဟာ - Bounce strategy

စွန့်စားမှုအဆင့် - အလယ်အလတ်

အမြတ်အချိုး - candle ၅ ခုမှ ၇ခု

ကုန်သွယ်ချိန် - M15 အချိန်အပိုင်းအခြားဖြင့် နာရီပေါင်းများစွာ

အဝင်ပွိုင့်များ - ချန်နယ်လ်နယ်နိမိတ်မှ ခုန်တက်အပြီး နောက်ထပ် candle တွင် ကုန်သွယ်မှုဖွင့်ပါ။

အထွက်ပွိုင့်များ - ဆန့်ကျင်ဘက်ချန်နယ်လ်နယ်နိမိတ်မျဉ်းသို့ ရောက်ရှိချိန်တွင် ကုန်သွယ်မှုပိတ်ပါ။

အားသာချက်များ - ရွေ့လျားမှုတခုတွင် အချက်ပြမှုများစွာ ပေါ်ပေါက်နိုင်သည်။

အားနည်းချက်များ - အချက်ပြမှုများကို ခွဲခြားရန်အတွက် ရှင်းလင်းသော လမ်းညွှန်ချက်များ မရှိပါ။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၈


နည်းဗျူဟာ - Running out of steam

စွန့်စားမှုအဆင့် - မြင့်ပါသည်

အမြတ်အချိုး - ၂၀ မှ ၃၀ ပွိုင့်

ကုန်သွယ်ချိန် - တနေ့အတွင်း၊ ကာလရှည်

အဝင်ပွိုင့်များ - အရောင်းကုန်သွယ်မှုအတွက် resistance level နှင့် အဝယ်ကုန်သွယ်မှုအတွက် support level တို့မှ ကန်၍ခုန်တက်သော အခိုက်အတန့်။

အထွက်ပွိုင့်များ - အခြေအနေအပေါ်မူတည်၍

အားသာချက်များ - လမ်းကြောင်း၏ ဦးတည်ရာပြောင်းလဲသော ဖြစ်ရပ်တွင်၊ အားကောင်းသော ရွေ့လျားမှုတခုကို ခွဲခြားသိရှိနိုင်ပါသည်။

အားနည်းချက်များ - အဝင်အချက်ပြမှုများကို အဓိပ္ပါယ်ကောက်ရာတွင် ရှင်းလင်းသော လမ်းညွှန်ချက်များ မရှိပါ။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁၇


နည်းဗျူဟာ - Breakout strategy

စွန့်စားမှုအဆင့် - အလယ်အလတ်

အမြတ်အချိုး - ၅၀ မှ ၇၀ ပွိုင့်

ကုန်သွယ်မှုချိန် - နာရီများစွာမှ ရက်သတ္တပတ်များစွာအထိ

အဝင်ပွိုင့်များ - သေးငယ်သော ရေပြင်ညီရွေ့လျားမှုအပြီးတွင် လမ်းကြောင်းရှေ့ဆက်သွားခြင်း။

အထွက်ပွိုင့်များ - ဆန့်ကျင်ဘက်အချက်ပြမှုများ

အားသာချက်များ - ဖောက်ထွက်မှုဖြစ်ပေါ်သောအခါ လမ်းကြောင်းဆက်လက်ပေါ်ပေါက်နိုင်သော အလားအလာမြင့်မားခြင်း။

အားနည်းချက်များ - မှားယွင်းဖောက်ထွက်မှုဖြစ်ပေါ်နိုင်ခြင်း၊ အချက်ပြမှုရှားပါးခြင်း

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁၀


နည်းဗျူဟာ - Overbought and oversold

စွန့်စားမှုအဆင့် - အလယ်အလတ်၏အထက်

အမြတ်အချိုး - တနာရီလျှင် ၃၀ မှ ၅၀ ပွိုင့်ကြား

ကုန်သွယ်ချိန် - နာရီများစွာမှ ရက်သတ္တပတ်များစွာအထိ

အဝင်ပွိုင့်များ - ရောင်းလိုအားနှင့် ဝယ်လိုအားဇုန်များအတွင်းမှ အချက်ပြမှုများစွာ

အထွက်ပွိုင့်များ - လမ်းကြောင်း၏အဆုံး၊ ဈေးနှုန်းသည် ဆန့်ကျင်ဘက်ဇုန်အတွင်း ရောက်ရှိခြင်း

အားသာချက်များ - နည်းဗျူဟာ၏ ရှင်းလင်းသောအယူအဆ၊ မည်သို့ပင်ဖြစ်စေ ဇုန်များ၏ နယ်နိမိတ်များကို ကုန်သည်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ခွဲခြားသတ်မှတ်ရမည်ဖြစ်သည်။

အားနည်းချက်များ - အချက်ပြမှုများကို အဓိပ္ပါယ်ကောက်ယူရာတွင် ရှင်းလင်းပြတ်သားမှု မရှိခြင်း။

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁၁


နည်းဗျူဟာ - Daily Fibonacci Pivot Trade

စွန့်စားမှုအဆင့် - မြင့်ပါသည်

အမြတ်အချိုး - H4 အချိန်ပိုင်းအတွက် ၄၀ ပွိုင့်ဝန်းကျင်

ကုန်သွယ်ချိန် - ကာလရှည်

အဝင်ပွိုင့်များ - Fibo level များမှ တခုနှင့် Pivot ပွိုင့်သို့နောက်ပြန်လှည့်သော level တခု ကိုက်ညီမှုရှိသော ပြင်ဆင်မှု၏အဆုံး။

အထွက်ပွိုင့်များ - လမ်းကြောင်း၏ဦးတည်ရာအတွင်း ပထမဆုံး Fibo level

အားသာချက်များ - အချက်ပြမှုများအား နှစ်ဆင့်အတည်ပြုခြင်း

အားနည်းချက်များ - အချက်ပြမှုများကို အဓိပ္ပာယ်ကောက်ယူရာတွင် ခက်ခဲခြင်း

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁၈


နည်းဗျူဟာ - Overlapping Fibonacci Trade

စွန့်စားမှုအဆင့် - မြင့်ပါသည်

အမြတ်အချိုး - H4 အချိန်ပိုင်းအတွက် ၄၀ ပွိုင့်ဝန်းကျင်

ကုန်သွယ်ချိန် - ကာလရှည်

အဝင်ပွိုင့်များ - မတူညီသော ဂရစ်အဆင့်နှစ်ခု၏ Fibo level နှစ်ခုစလုံးနှင့် ကိုက်ညီမှုရှိသော ပြင်ဆင်မှု၏အဆုံး။

အထွက်ပွိုင့်များ - လမ်းကြောင်း၏ဦးတည်ရာအတွင်း ပထမဆုံး Fibo level သို့မဟုတ် ဂရစ်နှစ်ခုစလုံးအတွက် တူညီသော “၀” level

အားသာချက်များ - အချက်ပြမှုများအား နှစ်ဆင့်အတည်ပြုခြင်း

အားနည်းချက်များ - အချက်ပြမှုများရှားပါးခြင်း၊ ဒုတိယ Fibo ဂရစ်တည်ဆောက်မည့် ပွိုင့်များကို ခွဲခြားရန် ခက်ခဲခြင်း

စုစုပေါင်းအဆင့်သတ်မှတ်ချက် - ၁၉


ရိုးရှင်းသော နည်းဗျူဟာတခုသည် အကျိုးအမြတ်ရရှိစေသော နည်းဗျူဟာတခုဟု အဓိပ္ပာယ်မရပါ။ ထို့အတူ ရှုပ်ထွေးသောအဆင့်မြင့် ကုန်သွယ်ရေးနည်းစနစ်သည်လည်း အမြတ်ရရှိရန် အာမခံချက် မပေးနိုင်ပါ။ Indicator အရေအတွက်သည်လည်း အကျိုးအမြတ်ကို အဆုံးအဖြတ်မပေးနိုင်ပါ - အချက်ပြမှုကို နှစ်ဆင့်အတည်ပြုရန်ကြိုးစားခြင်းသည် ၎င်းတို့၏အကြိမ်ရေကို လျှော့ချပေးသောကြောင့် အောင်မြင်မှုအခွင့်အလမ်းကို များစွာမတိုးတက်စေပါ။ သင်ကိုယ်တိုင် အသေအချာ နားလည် သဘောပေါက်သော၊ သင်၏ ရည်မှန်းချက်များနှင့် ကိုက်ညီသော၊ သင့်အား စိတ်ဖိစီးမှုမဖြစ်စေပဲ စိတ်ကျေနပ်စေပြီး သက်တောင့်သက်သာရှိစေသော နည်းဗျူဟာသည်သာ အောင်မြင်သော နည်းဗျူဟာတခု ဖြစ်ပါသည်။

ထိုကဲ့သို့ Forex ကုန်သွယ်ရေး နည်းဗျူဟာတခုအား မည်သို့ရှာဖွေရနည်နည်း။

  • ဒီမို အကောင့် တခုတွင် မတူညီသော နည်းဗျူဟာများကို စမ်းသပ်၍ သင်အကြိုက်ဆုံးတခုကို ရှာဖွေပါ။ LiteFinance တွင် ဒီမိုအကောင့်တခုအား မှတ်ပုံတင်စာရင်းသွင်းခြင်းမပြုလုပ်ပဲ အသုံးပြုနိုင်ပါသည်။
  • အမြတ်အစွန်းနောက်ကို မလိုက်ပါနှင့်။ သင်၏ ပထမဆုံး ပန်းတိုင်မှာ အတွေ့အကြုံများ ရယူရန်အတွက်သာ ဖြစ်သင့်ပါသည်။
  • လက်တွေ့စမ်းသပ်ခြင်း။ သင်၏ ကိုယ်ပိုင် အယူအဆများကို နည်းဗျူဟာတွင် ထည့်သွင်းအသုံးချပါ။ စိတ်ကြိုက်ပြင်ဆင်ပါ။ အချိန်ဘောင်များကို အပြောင်းအလဲပြုလုပ်ပါ။ နည်းစနစ်အား မတူညီသော ကုန်သွယ်ရေးပစ္စည်းများတွင် စမ်းသပ်အသုံးပြုကြည့်ပါ။ မတူညီသော စွန့်စားမှုအဆင့်များ သတ်မှတ်ပါ။ မတူညီသော indicators များကို စမ်းသပ်အသုံးပြုပါ။

မိမိကိုယ်ကို ယုံကြည်ပါ။ အသစ်တခုကို စမ်းသပ်ကြည့်ရန် မကြောက်ရွံ့ပါနှင့်။ ထိုသို့ဆိုလျှင် အောင်မြင်မှုကို ရရှိပါလိမ့်မည်။ ကံကောင်းခြင်းများ ရရှိပါစေ!

Forex နည်းဗျူဟာများနှင့် စပ်လျဉ်း၍ အမေးများသော မေးခွန်းများ

အကောင်းဆုံး Forex နည်းဗျူဟာဆိုသည်မှာ သင့်အတွက် အသုံးပြုရန် အဆင်ပြေချောမွေ့မှုအရှိဆုံး နည်းဗျူဟာသာဖြစ်သည်။ Indicator အရေအတွက် သို့မဟုတ် အချက်ပြမှုများ၏ ပေါင်းစပ်မှုသည် အရေးမကြီးပါ။ နည်းဗျူဟာသည် သင်၏ အမြတ်ရည်မှန်းချက်နှင့် ကိုက်ညီသင့်သည်၊ သင့်အတွက် စိတ်ဖိစီးမှုမဖြစ်စေသင့်ပါ။ ထို့အပြင် ဆုံးရှုံးနိုင်ခြေ အနည်းဆုံးနှင့် ထိရောက်မှုအရှိဆုံး အချက်ပြမှုများစွာကို ဖော်ထုတ်ပေးနိုင်သော နည်းဗျူဟာတခု ဖြစ်သင့်ပါသည်။

သင့်အတွက် သက်တောင့်သက်သာ အဖြစ်ဆုံး အချိန်ဘောင်သည် အကောင်းဆုံးဖြစ်ပါသည်။

  • M5-M15 - Scalping နှင့် ကာလတို swing Trading အစရှိသည့် ကြိမ်နှုန်းမြင့် ကုန်သွယ်ရေးများဆောင်ရွက်သော အချိန်ဘောင်များ ဖြစ်ပါသည်။ ၎င်းတို့သည် သင့်အား တနေ့အတွင်းကုန်သွယ်ရေး၏ မြင့်မားသော မတည်ငြိမ်မှုအကြား ဦးတည်ရာနှစ်ဖက်စလုံးမှ အမြတ်ငွေရှာဖွေနိုင်ရန် ခွင့်ပြုပေးပါသည်။ တက်ကြွစူးစမ်း၍ အပြောင်းအလဲများကို လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး စွန့်စားရန်အသင့်ရှိသူများအတွက် သင့်တော်ပါသည်။
  • H1-H4 - မည်သည့် တနေ့အတွင်းကုန်သွယ်ရေး အမျိုးအစားအတွက်မဆို အသုံးပြုနိုင်ပါသည်။ ၎င်းတို့သည် သင့်အား ကာလတိုလမ်းကြောင်းများမှ အမြတ်ရရှိစေရန် ခွင့်ပြုပေးပါသည်။ ၎င်းအချိန်ဘောင်များအတွင်း အချက်ပြမှုများကို ရှာဖွေရန်နှင့် ဆုံးဖြတ်များချမှတ်ရန် အချိန်လုံလောက်စွာ ရရှိသောကြောင့် စတင်ကုန်သွယ်သူများအတွက် သင့်တော်ပါသည်။
  • D1၊ MN - ကာလရှည်ကုန်သွယ်ရေးအတွက် အချိန်ဘောင်များ။ ဤအချိန်ပိုင်းများတွင် လမ်းကြောင်းသည် ပိုမိုတည်ငြိမ်ပါသည်။ သို့ရာတွင် အချက်ပြမှုများ ရှားပါးပါသည်။ သေးငယ်သော အချိန်ပိုင်းများတွင် ကုန်သွယ်ရန်အတွက် ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ရာတွင်လည်း ဤအချိန်ဘောင်များကို အသုံးပြုကြလေ့ရှိပါသည်။
သင့်အတွက် မည်သည့်နည်းဗျူဟာက အရှင်းလင်းဆုံးနှင့် စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးဖြစ်လိမ့်မည်ကို သဘောပေါက်သိရှိလိုပါက နည်းဗျူဟာတခုချင်းစီကို ဒီမိုအကောင့်တခုတွင် စမ်းသပ်ပါ။ မတူညီသော နည်းဗျူဟာများကို ပေါင်းစပ်၍လည်း အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် ကာလတို အချိန်ပိုင်းများတွင် တက်ကြွသော ကုန်သွယ်ရေးကို ဆောင်ရွက်ရာ၌ ကာလရှည်နည်းဗျူဟာများကို ဖြည့်စွက် အသုံးပြုနိုင်ပါသည်။

1. နည်းဗျူဟာအမျိုးအစားများဆောင်းပါးကို ဖတ်ရှုပါ။ အမျိုးအစားမတူညီသော Forex ကုန်သွယ်ရေးနည်းဗျူဟာအချို့ကို ရွေးချယ်ပါ။2. နည်းဗျူဟာ၏ အဓိက သတ်မှတ်အတိုင်းအတာများကို နားလည်သဘောပေါက်ရပါမည် - indicator များနှင့် ၎င်းတို့၏ setting များ (၎င်းတို့၏အကျိုးပြုမှု)၊ ပဏာမခွဲခြမ်းစိတ်ဖြာခြင်းအတွက် စည်းမျဉ်းများ၊ ဈေးကွက်သို့ဝင်ရောက်ခြင်းအတွက် စည်းမျဉ်းများ၊ stop loss နှင့် take profit အော်ဒါများသတ်မှတ်ခြင်း၊ ဈေးကွက်မှထွက်ခွာခြင်းအတွက်စည်းမျဉ်းများ။3. နည်းဗျူဟာများကို စမ်းသပ်မှုစနစ်တွင် စမ်းသပ်ပါ - အဆင်ပြေမှုအရှိဆုံး setting များကို ရွေးချယ်ပါ၊ မည်သည့်အခိုက်အတန့်များတွင် ထိရောက်မှုအရှိဆုံး အချက်ပြမှုများ ပေါ်ပေါက်သည်ကို ဆုံးဖြတ်ပါ။ စာရင်းဇယားများကို သိမ်းဆည်းထားပါ (ပြန်လည်စမ်းသပ်ခြင်း)။4. ဒီမိုအ‌ကောင့်တခုတွင် အားသာမှုအရှိဆုံး setting များနှင့် အကောင်းဆုံးနည်းဗျူဟာကို အသုံးချပါ။ စမ်းသပ်ကာလအတွင်းမှ ရလာဒ်များနှင့် ကွဲပြားမှုရှိသောအခါ၊ အကြောင်းရင်းကို ရှာဖွေ၍ ပြဿနာကိုရှင်းထုတ်ပါ။5. နည်းဗျူဟာ ကောင်းစွာအလုပ်လုပ်ပြီး စမ်းသပ်ရလာဒ်များနှင့် ကွဲပြားမှုမရှိပါက - နည်းဗျူဟာကို live အကောင့်တခုတွင် အသုံးပြုပါ။

Scalping ဆိုသည်မှာ ကာလတိုကုန်သွယ်မှုများဖွင့်လှစ်ခြင်းပါဝင်သည့် နည်းဗျူဟာအုပ်စုဖြစ်ပါသည်။ M5 မှ M15 အချိန်ဘောင်များအတွင်း လမ်းကြောင်းကုန်သွယ်ရေးမှ ဘေးတိုက်ကုန်သွယ်ရေးအထိ မည်သည့်နည်းဗျူဟာနှင့်မဆို သင့်တော်ပါသည်။ Moving Average နှင့် ချန်နယ်လ် indicator များအစရှိသော ပုံမှန် indicator များကို အသုံးပြုနိုင်ပါသည်။ သတင်းကုန်သွယ်ရေးနည်းဗျူဟာတွင်လည်း Scalping ကို အသုံးချနိုင်ပါသည်။ သတင်းကုန်သွယ်ရေးတွင် scalping နည်းဗျူဟာကို အသုံးပြုခြင်းအားဖြင့် ရုတ်တရက် တိုးမြင့်လာသော မတည်ငြိမ်မှုအတွင်း အတော်အတန်ကြီးမားသော ဈေးနှုန်းရွေ့လျားမှုများကို လျင်မြန်စွာ ရွေးချယ်နိုင်ရန် ခွင့်ပြုပေးပါသည်။

Forex တွင် အခွင့်ထူးခံ အခွင့်အရေးများနှင့် အမြတ်အစွန်းများမရှိပါ။ အရာအားလုံးသင့်အပေါ် မူတည်ပါသည်။ သင်၏ သင်ယူလိုစိတ်၊ အတွေ့အကြုံ၊ စိတ်ရှည်သည်းခံနိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုတို့သည် အဓိကဖြစ်ပါသည်။ အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • အစီအစဉ်ချမှတ်ပါ။ အရာအားလုံးကို အလောကြီးစွာ တပြိုင်နက် မလုပ်ဆောင်ပါနှင့်။ ပန်းတိုင် အမြောက်အမြား သတ်မှတ်ပါ။ ဥပမာ တလလျှင် ၁၀% အမြတ်ရရှိရန် သို့မဟုတ် အပတ်စဉ်တိုင်း နည်းဗျူဟာအသစ်တခုကို လေ့လာရန်။
  • သင်၏ အရည်အချင်းများကို အစဉ်မြှင့်တင်ပါ။ ကိရိယာအသစ်များကို ရှာဖွေပါ။ ‌ဈေးကွက်အပြောင်းအလဲများကို လျင်မြန်စွာ တုံ့ပြန်နိုင်ရန် သင်ယူလေ့လာပါ။
  • ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ပါ။ ကော်မရှင်ရယူပါ။
သင့်ကိုယ်သင်ယုံကြည်၍ ရလာဒ်များကို ပုံမှန်မြှင့်တင်ရန် ကြိုးစားပါ။

နည်းဗျူဟာစမ်းသပ်စနစ် strategy tester သည် ပလက်ဖောင်းတွင် ထည့်သွင်း တည်ဆောက်ထားသော ပရိုဂရမ်တခု၊ အသုံးပြုသူ၏ အက်ပ်ပလီကေးရှင်းတခု သို့မဟုတ် လွန်ခဲ့သော အချိန်ပိုင်းများကို အသုံးပြု၍ နည်း‌ဗျူဟာ၏ ထိရောက်မှုကို အကဲဖြတ်ရန် စီစဉ်ရေးဆွဲထားသော သီးခြားဆော့ဖ်ဝဲလ်တခု ဖြစ်ပါသည်။ပလက်ဖောင်းတွင် ထည့်သွင်းဖွဲ့စည်းထားသော MT4 tester၊ Forex Simulator၊ FX Blue စသည်တို့အပေါ် သုံးသပ်ချက်များ။Sharpe ratio - အက်ပ်ပလီကေးရှင်း၏ အနှစ်သာရနှင့် စည်းမျဉ်းများ။ကုန်သွယ်ရေးစနစ်နှင့် ၎င်း၏ equity အား အကဲဖြတ်ခြင်းဆိုင်ရာ စည်းမျဉ်းများ။MT5 Expert Advisors စနစ်များစမ်းသပ်မှု။စမ်းသပ်မှုစနစ်တွင် spread ပမာဏပြောင်းလဲခြင်း၊ အခြေခံပိုင်းအကြောင်းအရာများ ရုတ်တရက် ပေါ်ပေါက်ခြင်းနှင့် ဈေးကွက်ဖန်တီးသူများ၏ လှုံ့ဆော်မှုများ မပါဝင်သောကြောင့် လက်တွေ့ အကောင့်တခုတွင် ကုန်သွယ်ခြင်းသည် စမ်းသပ်မှုရလာဒ်များနှင့် ကွဲပြားနိုင်ပါသည်။

1. အချိန်ဘောင်များ၊ အသုံးပြုသော အထောက်အကူကိရိယာများ၊ နည်းစနစ်များအပေါ်အခြေခံ၍ နည်းဗျူဟာအမျိုးအစားများကို ခွဲခြားသိရှိရန်လေ့လာပါ။
2. ဒီမိုအကောင့်တခုတွင် မတူညီသော နည်းဗျူဟာအမျိုးအစားများကို လက်တွေ့စမ်းသပ်ကြည့်ပါ။ နည်းဗျူဟာများ၏ ထိရောက်မှု၊ ပေးရသည့်အချိန်နှင့် ပြန်ရသည့်အကျိုးအမြတ် မျှတမှုရှိမရှိ စသည်တို့ကို အကဲဖြတ်ပါ။
3. ကုန်သွယ်ရေးဖိုရမ်မှ လူအများနှင့် စကားပြောဆိုပါ။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သင်၏ မေးခွန်းများကို ရှင်းလင်းခိုင်မာစွာ တည်ဆောက်နိုင်စေပြီး၊ ဗဟုသုတတိုးပွားစေကာ၊ သင်၏ စိတ်ကြိုက် ရွေးချယ်မှုများကို ပိုမိုသဘောပေါက်နားလည်စေပါသည်။ ကုန်သွယ်ရေးသီအိုရီတွင် ဖော်ပြထားခြင်း မရှိသော စိတ်ဝင်စားဖွယ်ရာ သီးသန့်အတွေးအခေါ်များကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါသည်။အကျိုးဖြစ်ထွန်းသော စံပြကုန်သွယ်ရေးနည်းဗျူဟာတခုဆိုသည်မှာ မျှတသော စွန့်စားမှုအဆင့်ဖြင့် မျှော်လင့်ထားသည့် အမြတ်အစွန်းရလာဒ်ကို ပေးစွမ်းသော၊ မည်သည့်အခြေအနေတွင်မဆို အလုပ်လုပ်၍ သင်၏စိတ်ခံစားချက်အတက်အကျများနှင့် လိုက်လျောညီထွေရှိသော နည်းဗျူဟာတခုသာ ဖြစ်ပါသည်။

အကောင်းဆုံး Forex ကုန်သွယ်ရေးဗျူဟာများ 2026

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat