Forex စျေးကွက်တွင် mirror trading သည် အတွေ့အကြုံရှိသော ကုန်သည်များ၏ ကုန်သွယ်မှုများနှင့် နည်းဗျူဟာများကို ရင်းနှီးမြှုပ်နှံသူများမှ အလိုအလျောက် ပုံတူပွားကူးယူနိုင်စေသည့် နည်းလမ်းတစ်ခုကို ကိုယ်စားပြုပါသည်။ ရင်းနှီးမြှုပ်နှံသူသည် ကုန်သည်၏ အကောင့်သို့ စာရင်းသွင်းဝင်ရောက်၍ ထိုကုန်သည်နှင့်အတူတကွ အကျိုးအမြတ်များ ရရှိပါသည်။ အဆိုပါကုန်သည်မှာ ရင်းနှီးမြှုပ်နှံသူ၏ အမြတ်မှ 20% အထိ ကော်မရှင်ခ လက်ခံရရှိပါသည်။ အကျိုးဆောင်မှာ spread ( စျေးကွာဟချက်) ပေါ်တွင် အကျိုးအမြတ်ရရှိကြပါသည်။ Mirror ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုဗျူဟာသည် စတင်လေ့လာသူများအတွက် သင့်တော်ပြီး ကျွမ်းကျင်ကုန်သည်များ၏ ဆုံးဖြတ်ချက်များ နောက်လိုက်ပါ၍ လက်ဆင့်ကမ်းအတွေ့အကြုံ ရယူနိုင်ပါသည်။ 

ဤဆောင်းပါးသည် mirror trading ၏ နိယာမများ အပါအဝင် ၎င်း၏ အကျိုးကျေးဇူးများနှင့် အားနည်းချက်များကို သင့်အား နားလည်သဘောပေါက်စေရန် ပံ့ပိုးကူညီပေးပါလိမ့်မည်။ ကုန်သွယ်မှုကော်ပီ ကူးယူခြင်း၏ အခွင့်အလမ်းများ နှင့် စွန့်စားမှုအလားအလာများအကြောင်းကို သင်လေ့လာရပါလိမ့်မည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Mirror Trading ဆိုသည်မှာ အဘယ်နည်း။

Mirror trading သည် ကုန်သွယ်မှုများကို ပိတ်ခြင်းနှင့် ဖွင့်ခြင်းတို့တွင် copy trading နှင့်လွန်စွာဆင်တူသော်လည်း ထိုနေရာတွင်သာ တူညီမှု ရှိကြပါသည်။ 

ကုန်သွယ်မှုများကို ပုံစံတူကူးယူးခြင်းသည် လူကိုယ်တိုင် (သို့) အလိုအလျောက် ဆောင်ရွက်နိုင်သည့် ကိုယ်တိုင်စဥ်းစားတွေးခေါ်ရန် မလိုအပ်သော ရင်းနှီးမြှုပ်နှံမှုပုံစံတစ်မျိုး ဖြစ်ပါသည်။ 

  • Manual copy trading (လူကိုယ်တိုင်ပုံတူကူးယူ ကုန်သွယ်ခြင်း) ။ ရင်းနှီးမြှုပ်နှံသူသည် ကုန်သည်၏ ကုန်သွယ်ရေးလှုပ်ရှားမှုကို စောင်ကြည့်ပြီး ကုန်သည်များ၏ ဆောင်ရွက်ချက်များကို ထပ်ခါလုပ်ဆောင်ပါသည်။ တစ်ခုတည်းသော အခက်အခဲမှာ ကုန်သည်အနည်းစုသာ ၎င်းတို့၏ ကုန်သွယ်မှုများကို အွန်လိုင်းပေါ်တွင် တင်ကြခြင်း ဖြစ်ပါသည်။ အကောင်းဆုံးအနေဖြင့် ရင်းနှီးမြှုပ်နှံသူများသည် အချက်ပြမှုများကို နောက်ကျပြီးမှသာ လက်ခံရရှိပါသည်။  

  • Automated copy trading (အလိုအလျောက်ပုံတူကူးယူ ကုန်သွယ်ခြင်း)။ ရင်းနှီးမြှုပ်နှံသူသည် ကုန်သည်၏ အကောင့်သို့ တိုက်ရိုက် ချိတ်ဆက်ကြပါသည်။ ကုန်သည်၏ လုပ်ဆောင်ချက်များကို အမြန်နှုန်း 0.1 စက္ကန့်ဖြင့် ရင်းနှီးမြှုပ်နှံသူ၏ အကောင့်သို့ ပုံစံတူကူးယူပါသည်။ အကယ်၍ ရင်းနှီးမြှုပ်နှံသူသည် ငွေကြေးဆုံးရှုံမှု စတင်လာပါက မည်သည့်အချိန်တွင်မဆို copy trading ကို ရပ်တန့်နိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူသည် လက်ခံရရှိသော အမြတ်ငွေများမှ ကုန်သည်အတွက် ကော်မရှင်ခတစ်ရပ် ပေးဆောင်ရပါသည်။ ကော်မရှင်ခသည် ပျမ်းမျှအားဖြင့် 20% အထိ ရှိနိုင်ပါသည်။ အကျိုးဆောင်သည် ကုန်သည်၏ စွမ်းဆောင်ရည် အကဲဖြတ်ခြင်း နှင့် copy trading ပလက်ဖောင်း၏ ချောမွေ့စွာ လည်ပတ်ဆောင်ရွက်မှု သေချာစေရေးအတွက် တာဝန်ယူရပါသည်။ 

Mirror trading သည် copy trading နှင့် လုပ်ပုံကိုင်ပုံများစွာ ဆင်တူကြပါသည်။ ကွဲပြားခြားနားချက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံသူများသည် ကုန်သွယ်မှုအချက်ပြများကို ကူးယူရုံသာ မဟုတ်ပါ။ ၎င်းတို့သည် ကုန်သည်များ၏ စွမ်းဆောင်မှု နောက်သို့လိုက်နာကြပြီး ထိုသူတို့၏ ကုန်သွယ်ရေးဗျူဟာကို ကူးယူရန် သင်ယူကြပါသည်။ ရင်းနှီးမြှုပ်နှံသူသည် ကုန်သွယ်မှုများကို မည်သို့ဖွင့်လှစ်ရန်၊ stop-loss နှင့် take-profit ကို မည်သို့နေရာချထားရန် လေ့လာကြသည့်အခါ ၎င်းတို့သည် ကုန်သွယ်မှုများကို ပုံစံတူကူးယူကြရုံသာမက အရေးကြီးသော ကုန်သွယ်ရေး အခြခံသဘောတရားများကိုပါ အမိအရအသုံးချကြပါသည်။ 

တရားဝင် mirror trading ကို လိမ်ညာကြံစည်မှုများနှင့် ခွဲခြားသိမြင်ရန် အရေးကြီးလှပါသည်။ ဥပမာအားဖြင့် mirror ကုန်သွယ်မှုများ နှင့် Deutsche Bank အကြောင်းကို စဥ်းစားကြည့်ကြပါစို့။ ၂၀၁၇ ခုနှစ်၌ အမေရိကန်နှင့် အင်္ဂလန် ဘဏ္ဍာရေးရာအာဏာပိုင်များသည် ဂျာမနီနိုင်ငံရှိ Deutsche Bank မှာ စျေးကွက်တွင် mirror trading လုပ်ကြောင်း စွပ်စွဲထားပါသည်။ 

Mirror-trading ကြံစည်မှု၏ အဓိကအကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • Deutsche Bank ၏ ရုရှားရှိ ဌာနခွဲသည် ရူဘယ်ဖြင့် စျေးကွက်အတွင်း ရှယ်ယာများကို ဝယ်ယူခဲ့ပါသည်။ 

  • ဝယ်ယူပြီး ပိုင်ဆိုင်မှုများကို ဥရောပရှိ အဆိုပါဘဏ်ခွဲ၏ ငွေစာရင်းရှင်းတမ်းထဲသို့ လွှဲပြောင်းခဲ့ပါသည်။ 

  • ဥရောပတွင်  ထိုရှယ်ယာများကို နိုင်ငံခြားငွေဖြင့် ရောင်းချခဲ့ပါသည်။ ထိုငွေလွှဲပြောင်းမှုများသည် စီးပွားရေးအရ အဓိပ္ပာယ်မရှိခဲ့ပါ၊ ၎င်းတို့၏ ရည်ရွယ်ချက်သည် ပိတ်ဆို့အရေးယူမှုများမှ ရှောင်တိမ်းရန်အတွက် ငွေကြေခဝါချခြင်း ဖြစ်ပါသည်။ 

စတော့စျေးကွက်အတွင်း နိုင်ငံတကာ mirror trading တွင် ထိုကဲ့သို့အကွက်ချကြံစည်ခြင်းမျိုး ရှိနေပါသည်။ သို့သော် ဘဏ္ဍာရေးရာအာဏာပိုင်များသည် ထိုသို့သော ငွေလွှဲမှုဖြစ်စဥ်များကို နိုင်ငံခြားသို့ ငွေကြေးပြောင်းရွေ့ရန် အလွှဲသုံးစားလုပ်၍ အမြတ်ထုတ်ပါက မသမာမှုအဖြစ် ဆုံးဖြတ်ကြပါသည်။ ဤကြံစည်မှုများသည် Forex စျေးကွက်ထဲရှိ တရားဝင် mirror trading နှင့် သက်ဆိုင်မှုမရှိပါ။ တရားဝင် mirror trading သည် တစ်စုံတစ်ဦးမှာ အခြားသူတစ်ဦ၏ ကုန်သွယ်ရေးဗျူဟာကို ပုံစံတူကူးယူးခြင်းကို လက်ခံပါသည်။ 

ထိုသည်မှာ mirror trading မည်သို့အလုပ်လုပ်ပုံအကြောင်း သင်သိသင့်သိထိုက်သည့် အရာများ ဖြစ်ပါသည်။ 

  • Mirror trading တွင် သီးခြား (သို့) အထူးအကောင့်တစ်ခု မလိုအပ်ပါ။ အကျိုးဆောင်မှ ပေးထားသော ကုန်သွယ်ရေးအကောင့်တိုင်းသည် copy trading နှင့် mirror trading အတွက် အသုံးပြုနိုင်ပါသည်။ သင့်တွင် စရံအပ်ငွေ အလုံအလောက်ရှိပါက ကုန်သွယ်မှုများကို သင်ကိုယ်တိုင် ဖွင့်လှစ်နိုင်ပါသည် (သို့) အလိုအလျောက် ကုန်သွယ်ရေးဆော့ဝဲလ်အား အသုံးပြုနိုင်ပါသည်။ 

  • ဝါရင့်ကုန်သည်များသည် ကုန်သွယ်မှုအတွက် အလိုအလျောက်ဆော့ဝဲလ်ကို အသုံးပြုနိုင်ပါသည်။ ဤကိစ္စတွင် သင်သည် ထိုသူ၏ ကျွမ်းကျင်သောအကြံ‌ပေးထံမှ အချက်ပြများကို ကူးယူနိုင်မည် ဖြစ်ပါသည်။ ဤနည်းလမ်းသည် အခကြေးငွေဖြင့် ဆော့ဝဲလ် ဝယ်ယူခြင်းအတွက် အစားထိုးလုပ်ဆောင်ချက်တစ်ရပ် ဖြစ်ပါသည်။ 

  • Mirror trading အတွက် သင့်အကျိုးဆောင်ကိုယ်စားလှယ်၏ ပလက်ဖောင်းကို အသုံးပြုရန် ပို၍သင့်တော်ပါသည်။ ကုန်သည်နှင့် ရင်းနှီးမြှုပ်နှံသူများတွင် အကောင့်အမျိုးအစားများလည်း တူညီကြပါက spread ကို အတူတူပင် ပေးဆောင်ရပြီး တူညီသော execution speed ရှိပါသည်။ ထို့ပြင် စျေးနှုန်း ကွဲပြားခြားနားခြင်း မရှိ၍ swap/triple swap သတ်မှတ်ချက်များမှာ တူညီကြပါသည်။ 

  • နည်းပညာပိုင်းအရ ဖြစ်နိုင်ပါက ကုန်သည်များ၏ mirror အကောင့်များသည် ရင်းနှီးမြှုပ်နှံသူများ၏ အကောင့်များ ဖြစ်နိုင်ပါသည် ( အဆင့်အဆင့်ပုံစံတူကူးယူးခြင်း)။ ပထမဦးစွာ သင်သည် ရင်းနှီးမြှုပ်နှံသူ တစ်ဦးအဖြစ် ဆောင်ရွက်နိုင်ပါသည်။ မတူညီသော ကုန်သည်များ၏ အကောင်းဆုံး ရောင်းဝယ်မှုကာလအတွင်း ၎င်းတို့၏ ကုန်သွယ်မှုများကို ကူးယူသည့်အခါ သင့်တွင် ကောင်းမွန်သော ကုန်သွယ်ရေးစာရင်းအချက်အလက်များ ရရှိလာပါလိမ့်မည်။ ထို့သို့ဖြင့် အခြားရင်းနှီးမြှုပ်နှံသူများသည် သင့်အကောင့်မှ ကုန်သွယ်မှုများကို ကူးယူနိုင်ပါသည်။ သင့်၏ နည်းဗျူဟာမှာ အောင်မြင်သော ကုန်သည်အနည်းစု၏ ကုန်သွယ်မှုများကို ကူးယူရန် နှင့် သင့်အကောင့်ပေါ်တွင် လုပ်ဆောင်ခဲ့သော ရောင်းဝယ်မှုများကို အခြားရင်းနှီးမြှုပ်နှံသူများအား ကူးယူခွင့်ပြုရန် ဖြစ်ပါသည်။ 

Mirror trading သည် ရောင်းဝယ်မှုများကို ကူးယူခြင်းအတွက် အလိုအလျောက်စီမံပေးသော ကုန်သွယ်ရေး ဝန်ဆောင်မှုတစ်ခုထက်မက ဖြစ်နိုင်ပါသည်။ ၎င်းသည် သီးခြားကုန်သွယ်ရေးစနစ်တစ်ခု တည်ဆောက်နိုင်သည့် အပိုဆောင်းကိရိယာတစ်ခု ဖြစ်ပါသည်။ 

Mirror trading နှင့် social trading တို့အကြား မည်သည်တို့ကွာခြားပါသနည်။

မတူညီသော အရင်းအမြစ်များသည် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များအတွက် ချဥ်းကပ်ပုံနည်းလမ်းအမျိုးမျိုး ရှိကြပါသည်။ 

  • Social trading သည် စိတ်ကူးအကြံဥာဏ်မျာ ဖလှယ်ခြင်း၊ ကုန်သွယ်ရေးဗျူဟာများ ဆွေးနွေးခြင်း နှင့် ဆိုရှယ်ကွန်ယက်များ၊ ဖိုရမ်များ၊ အဖွဲ့အစည်းများ နှင့် မက်ဆင်ဂျာချန်နယ်များမှတဆင့် အကောင်းဆုံးစီမံဆောင်ရွက်ခြင်းတို့ ပါဝင်သည့် နိယာမတစ်ခု ဖြစ်ပါသည်။ ၎င်းတွင် အလိုအလျောက်လုပ်ဆောင်ခြင်းမျိုး မရှိပါ။ ၎င်းမှာ ဆွေးနွေးမှုတစ်ခု ဖြစ်ပြီး ထိုဖြစ်စဥ်အတွင်း လူတိုင်းသည် ၎င်းတို့ရရှိသော အချက်အလက်များကို မည်သို့အသုံးချရန် ဆုံးဖြတ်ကြပါသည်။ 

ဥပမာအားဖြင့်၊ သင်သည် အင်တာနက်ပေါ်တွင် ” အသုံးတည့်သော အညွှန်းများ” (သို့) “Swing trading  ဗျူဟာများ” ကဲ့သို့သော အဖွဲ့အစည်းများနှင့် ဖိုရမ်များကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ ဤအသိုင်းအဝိုင်းများတွင် ကျွမ်းကျင်ကုန်သည်များသည် ၎င်းတို့၏ အတွေးအမြင်များ နှင့် ကုန်သွယ်ရေးအကြံဥာဏ်များကို မျှဝေကြပြီး တက်သစ်စကုန်သည်များအနေဖြင့် ၎င်းတို့ကိုအသုံးပြုကာ အတွေ့အကြုံရယူ၍ မိမိတို့၏ ကုန်သွယ်မှုအရည်အသွေးများကို ပြုစုပျိုးထောင်နိုင်ပါသည်။ ထိုသည်မှာ ကုန်သွယ်မှုများကို ထပ်တူကူးပွားများရုံ သက်သက် မဟုတ်ပါ။ အဓိကအယူအဆမှာ ဗဟုသုတနှင့် အတွေ့အကြုံကို မျှဝေရန် ဖြစ်ပါသည်။ 

Mirror trading သည် ကုန်သွယ်မှုဗျူဟာ၏ တစိတ်တပိုင်း (သို့) အပြည့်အဝကို မိမိကိုယ်တိုင်ကိုယ်ကျ ကူးယူခြင်း (သို့) အလိုအလျောက်ကုန်သွယ်မှုအတွက် ဆော့ဝဲလ်အသုံးပြုခြင်းကို ရည်ညွှန်းပါသည်။ 

ထို့ပြင် အရင်းအမြစ်များစွာမှ "mirror trading" နှင့် "social trading" ကို ဝေါဟာရအတူတူပင် ဖြစ်ကြောင်း သတ်မှတ်ကြပါသည်။ 

Mirror trading နှင့် copy trading တို့အကြား မည်သည်တို့ ကွဲပြားခြားနားပါသနည်း။ 

အထက်တွင် ဖော်ပြထားသည့်အတိုင်း မတူညီသော အရင်းအမြစ်များမှ ဤသဘောတရားများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ပတ်သက်၍ ချဥ်းကပ်မှုနည်းလမ်းအမျိုးမျိုး ရှိကြပါသည်။

  • Copy-trading သည် ကုန်သည်၏ အကောင့်မှ သင်၏ အကောင့်သို့ ကုန်သွယ်မှုများအား တိုက်ရိုက် ကူးယူးခြင်းကို ရည်ညွှန်းပါသည်။ အဆိုပါကုန်သည်မှ ဖွင့်လှစ်သော (သို့) ပိတ်သိမ်းသော ကုန်သွယ်မှုတိုင်းကို အများဆုံး 0.1 စက္ကန့်နှောင့်နှေးမှုဖြင့် သင့်၏ အကောင့်ထဲသို့ ကူးယူပေးပါသည်။ 

  • Mirror trading သည် ပိုမိုယေဘုယျဆန်သော အယူအဆတစ်ခု ဖြစ်ပါသည်။ သင်သည် ကုန်သွယ်မှုများကို ကူးယူရုံသာမက ၎င်းတို့၏ အဖွင့်နှင့် အပိတ်ဆိုင်ရာ ကုန်သွယ်ရေးနိယာမကို စိစစ်ခွဲဖြာပြီး စွန့်စားမှုစီမံခန့်ခွဲရေး အခြေခံများကိုလည်း စူးစမ်းလေ့လာနိုင်ပါသည်။ တနည်းဆိုရသော် သင်သည် သင့်တင့်သော Forex ကုန်သွယ်မှု၏ အနှစ်သာရကို ကူးယူပြီး သင့်ရည်မှန်းချက်ပန်းတိုင်များနှင့် စွန့်စားလိုသည့်စိတ်ဆန္ဒအတိုင်း ကုန်သွယ်ရေးဗျူဟာကို သင့်စိတ်ကြိုက်ပြင်ဆင်ခြင်း ဖြစ်ပါသည်။ 

အရင်းအမြစ်အများစုတွင် "mirror trading" နှင့် "copy trading" သည် အနက်အဓိပ္ပာယ်တူညီကြပါသည်။

Mirror Trading မည်သို့အလုပ်လုပ်ပုံ

၁။  Mirror trading မှာ ကုန်သွယ်ရေးဗျူဟာဆိုင်ရာ ကူးယူမှုနည်းလမ်းတစ်သွယ် ဖြစ်ပါသည်။ 

ထိုနည်းလမ်း၏ အယူအဆမှာ ကုန်သည်တစ်ဦး၏ ကုန်သွယ်ရေးဗျူဟာကို ပုံစံတူကူးယူရန် ဖြစ်ပါသည်။ သင်အနေဖြင့် အဆိုပါကုန်သည်မှာ အချက်ပြများကို မည်သို့ခွဲခြားသတ်မှတ်ပုံ နှင့် ၎င်းရည်ရွယ်ချက်အတွက် အသုံးပြုသည့်ကိရိယာများ၊ ကုန်သွယ်မှုများအား မည်သို့အပိတ်အဖွင့်လုပ်၍ pending၊ stop-loss နှင့် take-profit အော်ဒါများ၏ နေရာချထားပုံတို့ကို ခြေရာခံနိုင်ပါသည်။ သင်သည် ကုန်သွယ်ရေးအလေ့အထကောင်းများကို ရွေးချယ်နိုင်ပြီး ၎င်းတို့ကို သင့်၏ဗျူဟာထဲတွင် အသုံးချနိုင်ပါသည်။ 

ဤသည်မှာ ၎င်း၏ လုပ်ဆောင်ပုံ ဖြစ်ပါသည်။

  • သင်သည် ကုန်သွယ်ရေးအချက်အလက်၏ သတ်မှတ်အကြောင်းအရာ တစ်ခုချင်းစီကို စိစစ်ခွဲဖြာ ပါသည်။ ၎င်းတို့၏ အဆိုအရ သင်သည် ထိုကုန်သည်၏ ကုန်သွယ်ရေးဗျူဟာကို ပြန်လည်ဖန်တီးနိုင်ပါသည်။ 

  • ဖြစ်နိုင်ပါက နမူနာဒီမိုအကောင့်ပေါ်တွင် အလိုအလျောက်ကုန်သွယ်မှု ကူးယူခြင်းကို အသက်သွင်းပါ။ ထို့နောက် ကုန်သည်၏ လုပ်‌ဆောင်ချက်တိုင်းကို လိုက်နာပါ၊ အထူးသဖြင့် chart patterns များ ပေါ်ပေါက်လာသည့်အခါတွင် ကုန်သွယ်မှုများ မည်သို့ဖွင့်ပိတ်သည်ကို နားလည်သဘောပေါက်ပါစေ။

၂။ အထောက်အထားအများစုမှ သတ်မှတ်ထားသည့်အတိုင်း Mirror trading သည် အလိုအလျောက်စီမံပေးသော ကုန်သွယ်မှုကူးယူးခြင်းနည်းလမ်းတစ်ခု ဖြစ်ပါသည်။

ဤပုံစံတွင် ရင်းနှီးမြှုပ်နှံသူသည် လွတ်လပ်သော mirror trading နှင့် အကျိုးဆောင်ဝန်ဆောင်မှုများမှတဆင့် ကုန်သွယ်မှုများကို အလိုအလျောက် ကူးယူပါသည်။ ဥပမာအားဖြင့် ZuluTrade နှင့် MQL5 ကို MT4/MT5 ပလက်ဖောင်းများမှတဆင့် ရယူသုံးစွဲနိုင်ပါသည်။ ၎င်းတို့သည် မတူညီသော အကျိုးဆောင်များမှ ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများကို ချိတ်ဆက်ပေးပါသည်။ Mirror trading ၏ ဒုတိယအမျိုးအစားသည် အကျိုးဆောင်တစ်ဦး၏ ဝန်ဆောင်မှုကို ကိုယ်စားပြုပါသည်။ ဤကိစ္စရပ်တွင် အကျိုးဆောင်သည် ၎င်း၏ နည်းပညာပိုင်းဆိုင်ရာ ထိန်းသိမ်းမှု နှင့် ပံ့ပိုးမှုအတွက် တာဝန်ယူ‌ဆောင်ရွက်ပေးပါသည်။ 

၎င်းသည် ဤကဲ့သို့ လုပ်ဆောင်ပါသည်။ 

  • အကျိုးဆောင်တစ်ဦးသည် စွမ်းဆောင်ရည်အမြင့်မားဆုံး ကုန်သည်များ၏ အဆင့်သတ်မှတ်ချက် တစ်ခုကို ပြုလုပ်ပေးပါသည်။ 

  • ကုန်သည်တစ်ဦးချင်းစီ၏ ပရိုဖိုင်တွင် အဓိကကုန်သွယ်ရေးအချက်အလက်များဖြစ်သည့် အကောင့်၏ သက်တမ်း၊ ဆောင်ရွက်ထားသော ကုန်သွယ်မှုအရေအတွက်များ၊ အမြတ်/အရှုံးအချိုး၊ ရင်းနှီးမြှုပ်နှံမှုငွေပမာဏ၊ အများဆုံးကျဆင်းမှု၊ အမြတ်ရရှိမှု နှင့် ဆုံးရှုံမှုရှိသော ကုန်သွယ်ရေးအတွဲများ၊ နောက်လိုက်ရင်းနှီးမြှုပ်နှံသူများ စသည်တို့ပါဝင်သည်။ ဤအချက်အလက်များသည် စွန့်စားမှုအတိုင်းအတာ အပါအဝင် အမြတ်အစွန်းနှင့် ၎င်း၏ဆက်စပ်မှုတို့ကို ဆုံးဖြတ်ပေးပါသည်။ 

LiteFinance: Mirror Trading မည်သို့အလုပ်လုပ်ပုံ

  • ရင်းနှီးမြှုပ်နှံသူသည် ကုန်သည်၏ ပရိုဖိုင်တွင် copy trading ကိုအသက်သွင်း၍ ကူးယူးခြင်းဆိုင်ရာ အကြောင်းအရာများကို သတ်မှတ်ပေးရပါသည်။ ဥပမာအားဖြင့် သင်သည် ၁ မှ ၁သို့ အပြည့်အဝ ကူးယူးခြင်းကို ကျင့်သုံးနိုင်ပါသည်။ သို့သော် ကုန်သည်တွင် အပ်နှံစရံငွေ $1,000 ရှိ၍ သင့်တွင် $100 ရှိပါက ဤရွေးချယ်မှုမှာ အကျုံးဝင်မည်မဟုတ်ပါ။ ကုန်သွယ်မှုတစ်ခုချင်းစီ၏ ကြိုတင်သတ်မှတ်ထားသော % ကို ရွေးချယ်ရန် ပို၍ကောင်းမွန်ပါသည်။ 

  • ကော်ပီကူးယူးခြင်း အသက်ဝင်ပါက ကုန်သည်၏ အကောင့်ပေါ်တွင် လုပ်ဆောင်သော ကုန်သွယ်မှုအားလုံးကို ရင်းနှီးမြှုပ်နှံသူ၏ အကောင့်တွင် ပုံတူပွားပါမည်။ 

ရင်းနှီးမြှုပ်နှံသူသည် အမြတ်အစွန်းများ စဥ်ဆက်မြတ် ရယူပေးမည့် ကုန်သည်တစ်ဦးကို ရှာဖွေသင့်ပါသည်။ သို့သော် ၎င်းတွင် ကြိုးစားအားထုတ်မှုများစွာ ပါဝင်သည်။ အတွေ့အကြုံများသော ကုန်သည်များသည်ပင် အမှားများပြုလုပ်လေ့ရှိသောကြောင့် သင်သည် ကုန်သွယ်ရေးဗျူဟာများကို စိစစ်သုံးသပ်ရာတွင် ကျွမ်းကျင်ရန် နှင့် ၎င်းတို့ကို ချိန်ညှိုမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ 

  • မည်သည့်အချိန်တွင်မဆို ရင်းနှီးမြှုပ်နှံသူသည် ပုံစံတူကူးယူကုန်သွယ်ခြင်းကို ပိတ်နိုင်ပါသည်။ 

Mirror trading အကြံပြုချက်များ 

Mirror trading အသုံးပြုရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အကြံပြုချက်များ။

  • မြင့်မားသော အရေအတွက်များကြောင့် စိတ်တိမ်းညွတ်မှုမရှိစေရန် အရေးကြီးပါသည်။ သတိပြုရမည်မှာ ပိုမိုမြင့်မားသော အကျိုးအမြတ်များတွင် စွန့်စားမှုကြီးမားစွာ ပါလေ့ရှိသည်။ ကုန်သည်မှာ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း သင့်အနေဖြင့် ထိုသို့သော စွန့်စားမှုများကို လက်ခံရန် အဆင်သင့်ဖြစ်မဖြစ် ဂရုတစိုက်စဥ်းစားရန် အရေးကြီးပါသည်။ 

LiteFinance: Mirror trading အကြံပြုချက်များ 

ဤကုန်သည်မှာ တစ်နှစ်မတိုင်မီအတွင်း အံ့သြဖွယ်အမြတ်အစွန်း 2,618.61% ကိုရရှိခဲ့ပါသည်။ ၁ မှ ၁ သို့ ကော်ပီကူးယူခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူ၏ အကောင့်တွင်လည်း အလားတူအကျိုးအမြတ်ကို ရရှိနိုင်ခဲ့ပါသည်။ 

LiteFinance: Mirror trading အကြံပြုချက်များ 

ထို chart သည် H4 သတ်မှတ်အချိန်ပေါ်ရှိ အကောင့်၏ လက်ကျန်တန်ဖိုးကို ပြသပါသည်။ ၎င်းသည် မကြာခဏ နက်ရှိုင်းသော ကျဆင်းမှုများကို မြင်သာစေပြီး ကုန်သည်၏ ရံပုံငွေများမှ 25-35% (သို့) ထိုထက်ပိုသော ပမာဏအထိ ကျဆုံးသွားပါသည်။ နောက်ဆုံးတွင် ကုန်သည်မှာ ထပ်မံကျဆင်းမှုမှ ပြန်လည်ဦးမော့လာနိုင်မည် မဟုတ်ပါ၊ ၎င်းကို ရှောင်လွှဲ၍ မရနိုင်ပါ။ ထိုသို့သော ကုန်သည်မျိုး၏ အချက်ပြများကို အသုံးပြုကာ ကုန်သွယ်ရန် ဆုံးဖြတ်ခြင်းသည် ရောင်းဝယ်မှုတစ်ကြိမ်အတွင်း ရင်းနှီးမြှုပ်နှံမှုအရင်းငွေအကုန်လုံး ဆုံးရှုံးနိုင်ခြေမြင့်မားသော စွန့်စားမှုတစ်ခု ဖြစ်ပါသည်။ 

  • ကုန်သည်၏ ပရိုဖိုင်ထဲရှိ ကုန်သွယ်ရေးကိန်းဂဏန်း အချက်အလက်များကို စိစစ်ခွဲဖြာရန် လေ့လာပါ။ ကုန်သည်တစ်ဦးသည် ကော်မရှင်ခပေါ်တွင် အမြတ်ရရှိရန် စီစဥ်ထားနိုင်ပြီး ၎င်းတို့အကောင့်၏ အမြတ်ရရှိမှုကို ဖယ်ထုတ်ထားနိုင်ကြောင်း သတိပြုပါ။ သင်သည် နောက်ကြောင်းပြန် စမ်းသပ်စစ်ဆေးမှု အကြောင်းအရာတစ်ခုချင်းစီ၏ ဆိုလိုရင်းကို နားလည်ထားသင့်ပါသည်။ 

  • စရံအပ်ငွေအကုန်လုံးကို မစွန့်စားပါနဲ့။ Copy-trading သည် “ကလစ်အနည်းငယ်နှိပ်ရုံဖြင့် လွယ်လင့်တကူ အကျိုးအမြတ်” ရရှိမည်မဟုတ်ပါ။ Copy-trading သတ်မှတ်ချက်များရှိ ဆက်တင်အမှားအယွင်းများ နှင့် ကုန်သည်ဘက်မှ အမှားများသည် ရင်းနှီးမြှုပ်နှံသူ၏ အရင်းငွေကို လုံးဝကုန်ဆုံးသွားစေနိုင်ပါသည်။ 

  • သင့်၏ စရံအပ်ငွေသည် ကျဆင်းမှုဒဏ်ကို ခံနိုင်ရည်ရှိ၍ လုံလောက်သော မာဂျင်အဆင့်ကို  ထိန်သိမ်းထားနိုင်သည်ဟု မသေချာပါက ကုန်သည်များစွာကို တပြိုင်နက်တည်း စာရင်းသွင်းအပ်နှံခြင်း မပြုလုပ်ပါနှင့်။ သို့မဟုတ်ပါက သင့်ကုန်သွယ်မှုများသည် stop out အဆင့်သို့ ရောက်ရှိပြီးနောက် ပိတ်သိမ်းခံရနိုင်ပါသည်။ 

  • ထိုအကောင့်ကို မျက်ခြေမပြတ်စောင့်ကြည့်ပါ။ ကုန်သည်တစ်ဦး၏ ဗျူဟာနှင့် စွန့်စားမှုတင်ပြချက်သည် မမျှော်လင့်ဘဲ ပြောင်းလဲသွားနိုင်ပါသည်။ 

  • အခြားစွန့်စားမှုအကြောင်းအရာကို ပြသသော ပိုင်ဆိုင်မှုများအား အလေးပေးဂရုပြုပါ။ ဥပမာအားဖြင့် ကုန်သည်တစ်ဦးတွင် ခရစ်တိုငွေကြေးများဖြင့် 80% ငွေလွှဲပြောင်းမှုရှိပါက ၎င်းသည် အမြတ်အစွန်းရရှိစေကာမူ မြင့်မားသော စွန့်စားမှုအတိုင်းအတာကို ဖော်ညွှန်းပါသည်။ 

ကုန်သည်၏ လှုပ်ရှားမှုများကို ဆက်လက်ခြေရာခံကြည့်ပါ။ သင်သည် ကုန်သွယ်မှုများကို ကူးယူနိုင်ပြီး သင့်အနေဖြင့် ကုန်သည်မှာ စွန့်စားမှုအများအပြား ယူသည် (သို့) ငွေကြေးစျေးကွက်မှ ထွက်ခွာရန် နှောင်းနှေးနေသည်ဟု ထင်မြင်ပါက သင့်ဆန္ဒအလျောက် ၎င်းတို့ကို ပိတ်သိမ်းနိုင်ပါသည်။ 

Mirror Trade ပြုလုပ်နည်း

ကုန်သည်၏ ကိန်းဂဏန်းဆိုင်ရာအချက်အလက်များကို စိစစ်သုံးသပ်ပြီးနောက် ဒုတိယမြောက်အရေးပါသည့် ဖော်ပြချက်မှာ ကော်ပီကူးယူးမှုဆိုင်ရာ သတ်မှတ်ချက်များကို ရွေးချယ်ခြင်း ဖြစ်ပါသည်။ 

Lite Finance တွင်တင်ပြထားသော Copy trading အမျိုးအစားပုံစံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။  အရွယ်အစားအပြည့် ကူးယူခြင်း။ ကုန်သည်မှာ 0.5 lot ပမာဏဖြင့် ကုန်သွယ်မှုတစ်ခု ဖွင့်လှစ်ပါက သင့်အကောင့်တွင် တူညီသော ပမာဏကို ဖွင့်လှစ်ပေးပါလိမ့်မည်။ ဤအမျိုးအစားသည် ကုန်သည် ပိုင်ဆိုင်သည့် အလားတူပမာဏအတိုင်း ပိုင်ဆိုင်သူ (သို့) ထိုထက်ပိုမိုများပြားစွာ ပိုင်ဆိုင်သူများအတွက် သင့်တော်ပါသည်။ 

၂။ ကုန်သွယ်မှုတစ်ခုချင်းစီ၏ သတ်မှတ်ထားသော အရွယ်အစားဖြင့် ကူးယူခြင်း။ သတ်မှတ်ထားသော lots ပမာဏကိုသာ ပုံစံတူကူးယူမည် ဖြစ်ပါသည်။ အနည်းဆုံး 0.01 lots ပမာဏ သတ်မှတ်၍ စနစ်ကို စမ်းသပ်ပါ။ 

၃။ ကုန်သွယ်မှုတစ်ခုချင်းစီ၏ ကြိုတင်သတ်မှတ်ထားသော % ကို ကူးယူခြင်း။ ဥပမာအားဖြင့် 10% ။ ကုန်သည်တစ်ဦးသည် 1 lot ပမာဏဖြင့် ကုန်သွယ်မှုတစ်ခုကို ဖွင့်ပါက၊ သင်သည် 0.1 lot ပမာဏဖြင့် ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ရပါမည်။ သင့်တွင် ကုန်သည်ထက် စရံအပ်ငွေအမြောက်အမြား ပိုမိုနည်းပါးသော်လည်း ကုန်သွယ်ရေးဗျူဟာကို ကူးယူလိုပါက ၎င်းနည်းလမ်းမှာ အဆင်ပြေစေပါသည်။ 

၄။ ရင်းနှီးမြှုပ်နှံသူ၏ လက်ကျန်တန်ဖိုးမှ ပုံသေသတ်မှတ်ထားသော တစိတ်တပိုင်းကို ကူးယူခြင်း။ ရင်းနှီးမြှုပ်နှံသူ၏ အပ်ငွေသည် $100 ဖြစ်သော်လည်း ကုန်သည်မှာ စရံအပ်ငွေ $1,000 ရှိ၍ 0.1 lot ပမာဏဖြင့် ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ပါက 0.01 lot ၏ကုန်သွယ်မှုကို ပုံစံတူကူးယူပါလိမ့်မည်။ စွန့်စားမှုစီမံခန့်ခွဲရေးအရ ၎င်းသည် အကောင်းဆုံးအမျိုးအစား ဖြစ်ပါသည်။ 

ဆက်တင်များထဲရှိ မြှောက်ဖော်ကိန်းများသည် သင့်အား ကုန်သည်၏ပမာဏထက် ပိုမိုကြီးမားသော ကူးယူမှုပမာဏကို သတ်မှတ်နိုင်စေပါသည်။ ကျဆင်းမှု / ဆုံးရှုံးမှုသည် သင်တတ်နိုင်သည်ထက် ပိုမိုများပြားပါက သင်သည် အလိုအလျောက်ကူးယူခြင်းအား ပိတ်ထားမှုသို့ ပြောင်းလဲနိုင်သည်။ ဤသို့ဖြင့် ကုန်သည်၏ အကောင့်ပေါ်တွင် လုပ်ဆောင်သော ကုန်သွယ်မှုအားလုံးကို ရင်းနှီးမြှုပ်နှံသူ၏ အကောင့်ပေါ်၌ ထပ်တူပွားခြင်း ရပ်တန့်သွားမည် ဖြစ်ပါသည်။ 

Mirror Trading သည် အကျိုးအမြတ်ရရှိနိုင်ပါသလား။

ထိုသည်မှာ သင်နှင့်သင့်အတွေ့အကြုံပေါ်တွင် မူတည်ပါသည်။ ကုန်သည်တစ်ဦးသည် ဝင်ငွေရရှိရန် ရည်ရွယ်၍ ၎င်းတို့ ကော်မရှင်ခ ရရှိမည့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ပါသည်။ သို့သော် ကုန်သည်နှင့် ရင်းနှီးမြှုပ်နှံသူတို့၏ အမှားမှ နည်းပညာဆိုင်ရာ လွှဲမှားချက်များအထိ မသိမသာကွဲပြားမှုအမျိုးမျိုး ရှိပါသည်။ သင်သည် ထိရောက်သော ရင်းနှီးမြှုပ်နှံ‌ရေးဗျူဟာတစ်ခုကို ဖန်တီး၍ အပ်ငွေအနည်းဆုံးဖြင့် နမူနာနှင့် ဆင့်အကောင့်များပေါ်တွင် ၎င်းတို့ကို စမ်းသပ်ကြည့်ပါက Forex ပေါ်ရှိ Mirror trading တွင် အကျိုးအမြတ်ရရှိနိုင်ပါသည်။ 

Mirror Trading ၏ ကောင်းကျိုးများ 

  • အခြေခံဗဟုသုတဖြင့် ငွေရှာဖွေနိုင်ပါသည်။ ကုန်သွယ်ရေးနည်းဗျူဟာများ ခွဲခြားစိတ်ဖြာရန်အတွက် စွန်စားမှုစီမံခန့်ခွဲမှုအကြောင်း သိရုံဖြင့် လုံလောက်ပါသည်။ နည်းပညာပိုင်း  နှင့် အခြေခံတကျစိစစ်သုံးသပ်မှု ၏ အခြေခံသဘောတရာများလည်း လိုအပ်ပါသည်။ 

  • အတွေ့အကြုံရရှိပါမည်။ ကုန်သွယ်မှုများ ဖွင့်လှစ်ခြင်းနိယာမကို လေ့လာစောင့်ကြည့်ခြင်းနှင့် အောင်မြင်သော ကုန်သွယ်စနစ်များကို နားလည်ရန် ကြိုးပမ်းခြင်းသည်လည်း လေ့ကျင့်မှုတစ်မျိုး ဖြစ်ပါသည်။ ထိုသို့ဖြင့် ကုန်သွယ်မှုများ ကူးယူသည့်အခါတွင်လည်း ဝင်ငွေကို ဆောင်ကြည်းပေးပါမည်။ 

  • ကိုယ်ပိုင်ငွေကြေးစီမ့ခန့်ခွဲမှု။ PAMM အကောင့်များ (သို့) ယုံကြည်အပ်သော စီမံခန့်ခွဲမှု ရှိသောကြောင့် ငွေကြေးကို ပြင်ပကြားခံအဖွဲ့အစည်းများသို့ လွှဲပြောင်းမှု မရှိပါ။ ငွေကြေးများကို ရင်းနှီးမြှုပ်နှံသူမှ အပြည့်အဝ ထိန်းချုပ်ထားပါသည်။ 

  • အချိန်ကုန်သက်သာပါသည်။ ရင်းနှီးမြှုပ်နှံသူ၏ ပါဝင်ပတ်သက်ရမှုမရှိဘဲ ကုန်သွယ်မှုများကို အလိုအလျောက်ကူးယူပေးပါသည်။ ရင်းနှီးမြှုပ်နှံသူအနေဖြင့် Forex စျေးကွက်ကို စိစစ်ခွဲဖြာရာတွင် အချိန်မကုန်ဆုံးစေဘဲ ပုံမှန်စောင့်ကြည့်ခြင်းကိုသာ လုပ်ဆောင်ရန် လိုအပ်ပါသည်။ ထိုအစား အကောင့်ကို အချိန်မှန်စစ်ဆေးပေးခြင်းသည် လုံလောက်ပါသည်။ 

  • စိတ်ခံစားချက်မပါဝင်ဘဲ ကုန်သွယ်ခြင်း။ လောဘ၊ စိတ်လှုပ်ရှားခြင်း နှင့် ဆုံးရှုံးမှုများ ပြန်လည်ကာမိလိုစိတ်သည် စတင်လေ့လာသူများအတွက် ဖြစ်လေ့ရှိသော အမှားများ ဖြစ်ပါသည်။ Mirror trading တွင် စိတ်ခံစားချက်များ မည်သို့ထိန်းချုပ်ရမည်ကို နားလည်သော ကျွမ်းကျင်သူတစ်ဦးမှ အရောင်းအဝယ်များကို စီမံခန့်ခွဲပါသည်။

ဤရင်းနှီးမြှုပ်နှံမှုအမျိုးအစား၏ အကျိုးကျေးဇူးများတွင် စွန့်စားမှုအတိုင်းအတာ လွန်စွာနိမ့်ပါး၍ မြင့်မားသော ဖြစ်နိုင်ခြေ ရှိပါသည်။ ရင်းနှီးမြှုပ်နှံသူတစ်ဦးအတွက် mirror trading သည် အပိုဝင်ငွေတစ်ခု ဖြစ်ပါသည်။ ကုန်သည်တစ်ဦးအတွက် ၎င်းသည် ကော်မရှင်ခ ရရှိစေရန် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။ 

Mirror Trading ၏ အားနည်းချက်များ 

  • စိစစ်ခွဲဖြာမှုတွင် အမှားအယွင်းဖြစ်နိုင်ခြေ။ ကုန်သည်၏ အကျိုးအမြတ် ပိုမိုမြင့်မားလေလေ၊ ၎င်းတို့၏ အဆင့်သတ်မှတ်ချက် ပို၍မြင့်လေလေ ဖြစ်ပါသည်။ တချိန်တည်းမှာပင် အမြတ်အစွန်း ပိုမိုများပြားလေလေ၊ စွန့်စားမှု ပိုမိုမြင့်မားနိုင်ပါသည်။ ဥပမာအားဖြင့် equity တန်ဖိုးကျဆင်းမှုကို ကြည့်၍ ကုန်သည်သည် Martingale ဗျူဟာကို အသုံးပြုကြောင်း ဆုံးဖြတ်နိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် ဤအချက်ကို လျစ်လျှူရှုပါက ၎င်းတို့၏ အပ်နှံငွေများ ဆုံးရှုံးသွားနိုင်ပါသည်။ 

  • ကူးယူမှုအတွက် စံသတ်မှတ်ချက်များ ရွေးချယ်ရာတွင် မှားယွင်းခြင်းများ။ ထိုထဲတွင် မတူညီသော leverage (ချေးငွေအချိုး) (သို့) စရံအပ်ငွေပမာဏများ ပါဝင်သည်။ ကုန်သည်၏ စရံအပ်ငွေသည် ယာယီကျဆင်းမှုကို ခံနိုင်ရည်ရှိနိုင်သော်လည်း ရင်းနှီးမြှုပ်နှံသူ၏ ကုန်သွယ်မှုများသည် stop out အဆင့်သို့ ရောက်ရှိပါက အတင်းအကြပ် ပိတ်သိမ်းခံရနိုင်ပါသည်။ 

  • နည်းပညာဆိုင်ရာစွန့်စားမှုများ။ အကျိုးဆောင်တစ်ဦးအတွင်းမှ ကုန်သွယ်မှုများကို ကူးယူးခြင်းသည် ပိုမိုကောင်းမွန်ပါသည်။ ဥပမာအားဖြင့် MT4 နှင့် MT5 ပလက်ဖောင်းသည်လည်း copy trading ကို ပေးစွမ်းပါသည်၊ သို့သော် ကုန်သည်များသည် မတူညီသော အကျိုးဆောင်များကို ကိုယ်စားပြုကြပါသည်။ ထိုတွင် ကုန်သွယ်မှုဆောင်ရွက်ခြင်း၏ အမြန်နှုန်း၊ စျေးကွာဟချက် နှင့် slippage ကဲ့သို့သော နည်းပညာဆိုင်ရာစွန့်စားမှုများ ပေါ်ပေါက်လာပါမည်။ ၎င်းတို့သည် ကုန်သွယ်ရေးစွမ်းဆောင်ချက်ကို ထိခိုက်စေနိုင်ပါသည်။ ဤအခြေအနေတွင် ကုန်သည်အနေဖြင့် ကုန်သွယ်မှုမှ အမြတ်များ ရရှိနိုင်သော်လည်း ရင်းနှီးမြှုပ်နှံသူသည် ကော်ပီကူးယူထားသော ကုန်သွယ်မှုမှ ငွေကြေးဆုံးရှုံနိုင်ချေ ရှိပါသည်။ 

  • လိမ်လည်မှုအန္တရာယ် ။ ကုန်သည်မှာ ရင်းနှီးမြှုပ်နှံသူ၏ စရံအပ်ငွေများ ကုန်ခမ်းသွားစေရန် အကျိုးဆောင်မှ ဖန်တီးထားသော လက်တွေ့အမှန်တကယ်မရှိသူတစ်ဦး ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ အကျိုးဆောင်တစ်ဦးသည် ယုံကြည်စိတ်ချရမည် ဖြစ်ပြီး ကုန်သည်များကို အဆင့်သတ်မှတ်ချက်တွင် ထည့်သွင်းရန် ဂရုတစိုက်ရွေးချယ်ရပါမည်၊ တချိန်တည်းမှာပင် ၎င်းတို့ကို ထိန်းချုပ်ကွပ်ကဲရပါမည်။ 

Forex ပေါ်ရှိ mirror trading ၏အားနည်းချက်များသည် အကြောင်းအမျိုးမျိုးကြောင့် စရံအပ်ငွေ ဆုံးရှုံမှုသို့ အခြေစိုက်သွားပြီး ရင်းနှီးမြှုပ်နှံသူမှာ အများအားဖြင့် အပြစ်တင်ခံရပါသည်။ 

နိဂုံးချုပ်

  • Mirror trading သည် လက်တွေ့တွင် social trading နှင့် copy trading တို့နှင့် ဆင်တူပါသည်။ အထောက်အထားအများစုတွင် ၎င်းတို့တွင် အလားတူသော အခြေခံသဘောတရားများ ရှိသော်လည်း ကွဲပြားခြားနာချက်အချို့ ရှိပါသည်။ Copy trading တွင် ကုန်သွယ်မှုများကို အလိုအလျောက်ကူးယူခြင်းသာလျှင် ပါဝင်သည်။ Mirror trading သည် ကုန်သွယ်ရေးအချက်ပြများ ဖော်ထုတ်ခြင်းနိယာမ မှ ကုန်သွယ်မှုများဖွင့်လှစ်ခြင်း နှင့် pending အော်ဒါများ နေရာချခြင်းအထိ ရင်းနှီးမြှုပ်နှံ‌ရေးဗျူဟာတစ်ခုလုံးအား ပုံစံတူကူးယူးမှုကို ရည်ညွှန်းပါသည်။ 

  • မတူညီသော အကျိုး‌ဆောင်များမှ ကုန်သည်များကို ဆက်သွယ်ပေးသည့် သီးခြားကုန်သွယ်ရေး ပလက်ဖောင်းများပေါ်တွင် အလိုအလျောက် စီမံဆောင်ရွက်ပေးသည့်  copy trading မှာ ဖြစ်နိုင်စွမ်း ရှိပါသည်။ ၎င်းသည် သီးသန့်အကျိုးဆောင်တစ်ဦး၏ ဝန်ဆောင်မှုလည်း ဖြစ်နိုင်ပါသည်။ 

  • ကုန်သည်တစ်ဦးအတွက် mirror trading သည် ရင်းနှီးမြှုပ်နှံသူ၏ အကျိုးအမြတ်မှ အပိုဆောင်းကော်မရှင်ခ ရရှိရန် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။ 

  • ရင်းနှီးမြှုပ်နှံသူတစ်ဦးအတွက် mirror trading သည်တဖက်တလမ်းမှ ဝင်ငွေရရှိရန် အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူ (mirror trader) သည် ကုန်သည်၏ အကောင့်တွင် စာရင်းသွင်းပြီးနောက် ကုန်သွယ်မှုအားလုံးကို ရင်းနှီးမြှုပ်နှံသူ၏အကောင့်ပေါ်တွင် အလိုအလျောက် အွန်လိုင်းမှ အဖွင့်၊ အပိတ် ပြုလုပ်ပါသည်။ သင်သည် ထိုလုပ်‌ဆောင်ချက်ကို အချိန်မရွေး ရုပ်သိမ်းနိုင်ပါသည်။ 

  • အောင်မြင်သော mirror trading ၏ လျှို့ဝှက်ချက်များမှာ ကုန်သည်၏ ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို အသေးစိတ်စိစစ်သုံးသပ်ခြင်း နှင့် စွန့်စားမှုအကဲဖြတ်ခြင်း၊ သင့်အပ်ငွေပမာဏနှင့် စွန့်စားလိုစိတ်အရ ကူးယူခြင်းစံနှုန်းများ ရွေးချယ်ခြင်းတို့ ဖြစ်ပါသည်။ 

ငွေပမာဏများစွာကို မစွန့်စားပါနဲ့။ ပထမဦးစွာ သင်သည် copy trading ဝန်ဆောင်မှုများ၏ လုပ်ဆောင်ပုံကို နားလည်သင့်၍ တစ်ဦးချင်းကုန်သည်များ၏ ရလဒ်များအား မည်သို့ချိန်ညှိုနည်းကို လေ့လာသင့်ပါသည်။ သင့်တွင် ပုံမှန်အမြတ် စတင်ရရှိလာသည့်အခါ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရန် ကြိုးစားနိုင်ပါသည်။ 

Mirror Trading တွင် မေးလေ့ရှိသော အမေးနှင့်အဖြေများ

ကုန်သွယ်ရေးလုပ်ဆောင်ချက်များသည် ဥပဒေကို မချိုးဖောက်ပါက တရားဝင်ဖြစ်ပါသည်။ ကုန်သွယ်မှုများ ပုံစံတူပွားခြင်းကို မည်သည့်အာဏာပိုင် အဖွဲ့အစည်းတစ်ခုမှ တားမြစ်ခြင်း မရှိပါ၊ ၎င်းသည် လိမ်လည်မှု၊ မတရားသော ပြိုင်ဆိုင်မှု၊ ဘဏ္ဍာရေးဆိုင်ရာဥပဒေ ချိုးဖောက်ခြင်းမျိုး မဟုတ်ပါ။ သို့သော် ကုန်သွယ်မှုတွင် ကန့်သတ်ချက်များ ရှိလာပါက mirror trading နှင့် copy trading နှစ်မျိုးလုံးသည် ဥပဒေအရ ဖောက်ဖျက်မှု ဖြစ်ပါလိမ့်မည်။

အကျိုးဆောင်တစ်ဦးသည် ကုန်သည်များ၏ အဆင့်သတ်မှတ်ချက်များနှင့်အတူ copy trading ဝန်ဆောင်မှုကို ပေးအပ်ပါသည်။ သင်သည် ကုန်သည်၏ စာရင်းအင်းအချက်အလက်၊ စွမ်းဆောင်ရည်နှင့် အခြားစံနှုန်းများကို စစ်ဆေး၍ သင်ပုံစံတူကူးယူချင်သူ၏ ကုန်သွယ်မှုများကို ရွေးချယ်ရပါသည်။ ကူးယူခြင်းစံနှုန်းများကို သင့်စိတ်ကြိုက်သတ်မှတ်၍ ကုန်သည်တစ်ဦးထံသို့ စာရင်းပေးသွင်းရပါသည်။ ထိုကုန်သည်၏ အဖွင့်အပိတ် ပြုလုပ်မည့် ကုန်သွယ်မှုအားလုံးသည် သင့်အကောင့်ပေါ်တွင် အွန်လိုင်းမှတဆင့် အလိုအလျောက် ဖွင့်ခြင်းနှင့် ပိတ်ခြင်းကို ဆောင်ရွက်ပေးပါမည်။

Mirror stock trading သည် အခြားကုန်သည်တစ်ဦးထံမှ လူကိုယ်တိုင် (သို့) အလိုအလျောက်စနစ်ဖြင့် ကုန်သွယ်ရေးဗျူဟာများနှင့် ကုန်သွယ်မှုများကို ကူးယူခြင်း ဖြစ်ပါသည်။ ကုန်သည်မှာ ရှယ်ယာများကို ရောင်းချခြင်း (သို့) ဝယ်ယူခြင်း ပြုလုပ်ပါက အလားတူလုပ်ဆောင်ချက်များသည် သင့်အကောင့်ပေါ်တွင် ပြန်လည်ဖြစ်ပေါ်ပါမည်။ ဥပမာ- ပမာဏနှင့် စွန့်စားမှုအတိုင်းအတာတွင် အချိုးကျနည်းပါးစွာဖြင့် သင်သည် ကုန်သည်၏ လုပ်ဆောင်ချက်များကို အပြည့်အဝ (သို့) တစိတ်တပိုင်း ကူးယူနိုင်ပါသည်။ သင်သည် ကုန်သည်၏ ဗျူဟာ (သို့) ၎င်း၏ အစိတ်အပိုင်းအချို့ကို အလုံးစုံကူးယူနိုင်ပါသည်။

Copy trading ဆက်တင်များသည် အသုံးပြုသော ကုန်သွယ်ရေးပလက်ဖောင်း၊ အကျိုးဆောင်၏ သတ်မှတ်ချက်များပေါ်တွင် မူတည်ပါသည်။ ဥပမာ- LiteFinance's copy trading ဝန်ဆောင်မှု တွင် အရွယ်အစားအပြည့် ကူးယူခြင်း၊ ကုန်သွယ်မှုတစ်ခုချင်းစီ၏ ပုံသေသတ်မှတ် အရွယ်အစားဖြင့် ကူးယူခြင်း၊ ကုန်သွယ်မှုတစ်ခုချင်းစီ၏ ကြိုတင်သတ်မှတ်ထားသော ရာခိုင်နှုန်းအရ ကူးယူခြင်း ၊ copy trader ၏ equity တွင် ပုံသေသတ်မှတ်ထားသော တစိတ်တပိုင်းကို ကူးယူခြင်းစသည်ဖြင့် အမျိုးအစားများစွာကို ပံ့ပိုးပေးထားပါသည်။

Forex ပေါ်တွင် mirror trading

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat