ချစ်ခင်ရပါသော မိတ်ဆွေများခင်ဗျာ! 

ယနေ့အတွက် Forex hedging အကြောင်းဆွေးနွေးပေးပါမည်။ Forex ကုန်သွယ်မှုတွင် ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုနည်းဗျူဟာသည် ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ခြင်းနှင့် ဆက်စပ်နေသော အန္တရာယ်များကို လျှော့ချရန် သို့မဟုတ် ဖယ်ရှားရန် ပထမဆုံးသော စနစ်တစ်ခုဖြစ်သည်။ ထို့အပြင် အချို့သော ကုန်သည်များသည် ဤနည်းလမ်း၏ပုံစံကိုပြောင်းလဲပြီး အမြတ်အစွန်းရှိသော Forex ကုန်သွယ်မှုဗျူဟာ အဖြစ် အသွင်ပြောင်းနိုင်ခဲ့သည်။

ကံမကောင်းစွာဖြင့် အရင်းအနှီးအားကာကွယ်မှု၏ရိုးရှင်းသောနည်းဗျူဟာသုံးစွဲမှု မအောင်မြင်ပြီးနောက် ကုန်သည်များစွာသည် ဆုံးရှုံးနိုင်ချေအားကန့်သတ်ခြင်း၏အကျိုးကျေးဇူးအားလုံးကို သဘောမပေါက်ကြပါ။ ထို့ကြောင့် သိသာထင်ရှားသောဆုံးရှုံးမှုများမခံစားရမီ သင်၏အပ်ငွေကိုကာကွယ်ခြင်း၏ အကျိုးကျေးဇူး အားလုံးကို သိမြင်နိုင်စေရန် Forex hedging ဗျူဟာများကို ရိုးရှင်းသောအသုံးအနှုန်းများဖြင့် ရှင်းပြလိုပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


LiteFinance:

Forex hedging ဆိုတာဘာလဲ?

Hedging ဆိုသည်မှာ ကုန်သွယ်ရေးအမျိုးအစားများ၏ အနာဂတ်စျေးနှုန်းအတက်အကျ ဆုံးရှုံးနိုင်ချေများအား ကြိုတင်စီစဉ်၍ အကာအကွယ်ပြုလုပ်ထားခြင်းကို ဆိုလိုသည်။ ဤနည်းလမ်းသည် Forex စျေးကွက်နှင့် အခြားဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်များမှ ဖြစ်ပေါ်လာသည့် ဆုံးရှုံးနိုင်ချေများကို မလိုလားအပ်ဘဲ ရင်မဆိုင်ရစေရန် ပြုလုပ်ခြင်းဖြစ်သည်။

Hedging သည် ငွေကြေးအတွဲများ၏ ဆိုးရွားသော ရွေ့လျားမှုများကြောင့် ဖြစ်ပေါ်လာသော ကုန်သွယ်မှုများ ဆုံးရှုံးခြင်းမှ ကုန်သည်တစ်ဦးကို ကာကွယ်ရန် အသုံးပြုသည့် ဘဏ္ဍာရေးဗျူဟာတစ်ခုဖြစ်သည်။

အာမခံခြင်း၏ သဘောတရားသည် ဤသို့ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုဗျူဟာနှင့် အနီးစပ်ဆုံးဖြစ်သည်။

Hedging ကို ဘဏ္ဍာရေးလုပ်ငန်း အမျိုးအစားအားလုံးနီးပါးတွင် အသုံးပြုသော်လည်း နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွင် ပိုမိုတိကျသောပုံစံတစ်ခုရှိသည်။

ကုန်သည်များသည် ငွေကြေး၏ဆုံးရှုံးနိုင်ချေအန္တရာယ်များကို ကာကွယ်ရန် ဆက်စပ်ငွေကြေးအတွဲများဟု ခေါ်သော ငွေကြေးအတွဲများကို အသုံးပြုလေ့ရှိသည်။

ဆက်နွယ်နေသောငွေကြေးအတွဲများသည် တူညီသောဦးတည်ချက်ဖြင့် တစ်ပြိုင်တည်း ရွေ့လျားလျက် ရှိသည်။ အပေါင်းသဘောဆက်စပ်နေသောအတွဲများအပြင်၊ အနှုတ်လက္ခဏာဆက်စပ်မှုရှိသော ငွေကြေးအတွဲများကိုပါ အသုံးပြုနိုင်ပြီး ၎င်းတို့သည် အချိုးကျစွာ ရွေ့လျားနေသော်လည်း ဆန့်ကျင်ဘက်သို့ ဦးတည်နေသည်။ ဤအခြေအနေတွင်၊ ကုန်သည်တစ်ဦးသည် အဝယ် သို့မဟုတ် အရောင်း ကုန်သွယ်မှုနှစ်ခုကို ဖွင့်သည်။ ငွေကြေးအတွဲများ၏ ဆက်စပ်မှုကို ဤနေရာတွင် ထပ်မံလေ့လာနိုင်ပါသည်။

Hedging တွင် တူညီသော ဆုံးရှုံးနိုင်ချေပမာဏရှိသည့် အဝယ်ကိုဖွင့်ခြင်းနှင့် အရောင်းပြုလုပ်ခြင်း ပါဝင်သည်။ အရောင်းအဝယ်များကို တူညီသောငွေကြေးအတွဲ သို့မဟုတ် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ကုန်သွယ်ရေးအမျိုးအစားများတွင် ဖွင့်နိုင်သည်။ ကုန်သည်တစ်ဦးသည် ငွေကြေးအတွဲနှစ်ခုကို ရွေးချယ်ပါက၊ ၎င်းတို့သည် အပေါင်းသဘောဖြင့် ဆက်နွယ်နေသင့်သည်။

ဝေါဟာရဆိုင်ရာ မှတ်ချက်-

Long position (a long) ဆိုသည်မှာ အဝယ်၊

Short position (a short) ဆိုသည်မှာ အရောင်း။

အခြားသော forex hedging နည်းဗျူဟာတွင် အနှုတ်လက္ခဏာဖြင့် ဆက်နွယ်နေသော ငွေကြေးအတွဲနှစ်ခု၌ အဝယ် ကုန်သွယ်မှုနှစ်ခုကို ဖွင့်လှစ်ခြင်းဖြစ်သည်။

ဥပမာအားဖြင့် EURUSD နှင့် USDCHF သည် အားပြင်းသော အနုတ်လက္ခဏာဆက်စပ်မှုရှိသည်။ ဆိုလိုသည်မှာ ပထမအတွဲ ဈေးနှုန်းမြင့်တက်လာသည့်အခါ ဒုတိယအတွဲ၏ ဈေးနှုန်းပွိုင့်များ ကျသွားခြင်းကို ကြုံတွေ့ရခြင်းဖြစ်သည်။ ဤအခြေအနေတွင် Forex hedging ဗျူဟာသည် အောက်ပါအတိုင်းဖြစ်နိုင်သည်။

  • EURUSD တွင် အဝယ်ပြုလုပ်ခြင်း
  • USDCHF တွင် အဝယ်ပြုလုပ်ခြင်း

သို့ရာတွင်၊ အရောင်းအဝယ်တစ်ခုလုံး သို့မဟုတ် အပြည့်အဝ hedging ပြုလုပ်သည့်အခါမှသာ တူညီသောကုန်သွယ်မှုပမာဏကို လိုအပ်ပါသည်။ သင့် အရောင်းအဝယ်ကို ဆုံးရှုံးနိုင်ချေအချို့မှ ကာကွယ်ရန် နည်းလမ်းအဖြစ် Forex hedging အား တစ်စိတ်တစ်ပိုင်းပြုလုပ်သည့် ဗျူဟာလည်း ရှိပါသည်။ ကုန်သွယ်မှုအခြေအနေတစ်ခုအတွက် အားကောင်းသောအချက်ပြမှုများရှိပါက ထိုသို့သော အရောင်းအဝယ်များကို ဖွင့်နိုင်သည်။ Hedging ဗျူဟာများကို အောက်တွင် အသေးစိတ်ဖော်ပြပါမည်။

ဥပမာအားဖြင့် အကယ်၍ သင်သည် EURUSD စျေးကွက် မြင့်တက်လာမည်ကို အပြည့်အဝ ယုံကြည်ပါက၊ သေးငယ်သော ကုန်သွယ်မှုပမာဏဖြင့် USDCHF အရောင်းအဝယ်ကိုဖွင့်ခြင်းသည် အပြည့်အဝပြုလုပ်သော hedging နှင့် နှိုင်းယှဉ်ပါက သင့်အမြတ်ငွေကို တိုးစေမည်ဖြစ်သည်။ သို့သော်လည်း အနုတ်လက္ခဏာပြသည့် အခြေအနေမျိုးတွင် ဆုံးရှုံးမှု၏ အစိတ်အပိုင်းတစ်ခုအတွက်သာ ပေးလျော်ရမည်ဖြစ်သည်။

Hedging သည် တရားဝင်ပါသလား?

နိုင်ငံတော်အဆင့်တွင် hedging နှင့် စတော့ရှယ်ယာဈေးကစားခြင်းကို Forex ၏ ဆုံးရှုံးနိုင်ချေအာမခံခြင်း၏ တရားဝင်အသုံးပြုမှုများအဖြစ် အမြဲတမ်းထည့်သွင်းစဉ်းစားမှုမရှိပါ။ ထူးဆန်းသည်မှာ အချို့သော hedging ပြုလုပ်ခြင်းလုပ်ငန်းများကို အမေရိကန်ပြည်ထောင်စုတွင်ပင် တားမြစ်ထားသည်။ တားမြစ်ချက်တစ်ခုသည် Forex စျေးကွက်တွင် hedging  ပြုလုပ်ခြင်းနှင့် ပတ်သက်သည်။ တူညီသော ငွေကြေးအတွဲကို တူညီသော သို့မဟုတ် ကွဲပြားသော ဖန်တီးစျေးနှုန်းများဖြင့် တစ်ပြိုင်နက် ဝယ်ယူရောင်းချခြင်းသည် အမေရိကန်ပြည်ထောင်စုတွင် တရားမဝင်ပါ။

Hedging ပြုလုပ်ထားသည့်အရောင်းအဝယ်များကို တားမြစ်ထားကြောင်း သေချာစေရန် CFTC (Commodity Futures Trading Commission) သည် ကုန်သွယ်ရေးအကျိုးဆောင်များအား ၎င်းတို့၏ပလပ်ဖောင်းများတွင် OCO (One Cancels Other) အော်ဒါကို ထည့်သွင်းရန် တာဝန်ခံသည်။ ဤအော်ဒါသည် တူညီသောအတွဲအား ဝယ်ယူခြင်းနှင့် ရောင်းချခြင်းကို တားမြစ်ထားသည်။ ဘဏ္ဍာရေးကော်မရှင်သည် ကုန်သည်များအား ၎င်းတို့ဖွင့်လှစ်သည့်အစီအစဉ်တိုင်းသာ ပိတ်ရန် လိုအပ်သည့် FIFO စည်းမျဉ်းကိုလည်း ကျင့်သုံးခဲ့သည်။

ယင်းသို့ တားမြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အရေးမပါသော ကုန်သွယ်မှုရလဒ်ဖြင့် နှစ်ဆကုန်ကျသော ကုန်သွယ်မှုစရိတ်ဟု ယူဆခြင်းဖြစ်သည်။ အကျိုးဆောင်များသည် ကုန်သည်များထက် အမြတ်အစွန်းများစွာ ရရှိစေသည်။

နိုင်ငံတကာတွင် Forex hedging ကို ဆုံးရှုံးနိုင်ချေအတွက်အာမခံကိရိယာအဖြစ် တရားဝင် သတ်မှတ်သည်။ အထူးသဖြင့် ဥရောပ၊ အာရှနှင့် သြစတြေးလျတို့သည် ကုန်သွယ်မှုတွင် အသုံးပြုသည့် နည်းလမ်းများနှင့် ဗျူဟာများကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ အဆိုပါနေရာများတွင် တူညီသောငွေကြေးအတွဲအား တစ်ပြိုင်နက် ဝယ်ယူရောင်းချခြင်းကို တားမြစ်ထားခြင်းမရှိပေ။ Hedging ဖြင့် ကုန်သွယ်ခြင်းသည် ပုံမှန် အရောင်းနှင့် အဝယ် ကုန်သွယ်မှုများထက် နှစ်ဆပို၍ ဝယ်/ရောင်းဈေးကွာဟမှုကြောင့် အကျိုးဆောင်များသည် ဘဏ္ဍာရေးအာဏာပိုင်များ၏ ဤမူဝါဒကို တက်ကြွစွာ ထောက်ခံကြသည်။

Forex စျေးကွက်တွင် hedging  မည်သို့အလုပ်လုပ်သနည်း?

Hedging ဆိုသည်အား ရိုးရှင်းသောအသုံးအနှုန်းဖြင့် စဉ်းစားကြည့်ရအောင်။ သင်၏အရင်းအနှီးကို အကာအကွယ်ထားရန် အလွယ်ဆုံးနည်းလမ်းမှာ မကြာမီ အကျိုးအမြတ်မရနိုင်တော့သည့် အရောင်းအဝယ်ကို ပိတ်ရန်ဖြစ်သည်။ အစပိုင်းတွင် ဈေးကွက်၏ အကျိုးအမြတ်မရှိသောဇုန် မှ ရိုးရှင်းစွာ ထွက်ခွာနိုင်သောအခါ ဆက်လက်ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းသည် အဓိပ္ပါယ်မဲ့ပုံပေါ်သည်။ သို့သော် အချို့သောအခြေအနေများတွင် ဆန့်ကျင်ဘက်ကုန်သွယ်မှုများဖွင့်ခြင်းသည် ၎င်းတို့ကို ပုံမှန်အတိုင်း ပိတ်ခြင်းထက် ပိုအဆင်ပြေနိုင်သည်။ EURUSD ငွေကြေးအတွဲအပေါ် ဆုံးရှုံးနိုင်ချေ-ကန့်သတ်ခြင်း၏ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။

LiteFinance: Forex စျေးကွက်တွင် hedging  မည်သို့အလုပ်လုပ်သနည်း?

ကနဦးတွင် ကုန်သည်သည် ဒေါ်လာ၏ ပင်ကိုယ်တန်ဖိုးအပေါ် မူတည်၍ လျင်မြန်စွာ အထက်သို့ ဆက်လက်ရွေ့လျားမည်ဟု ထင်မြင်ယူဆသည်ဆိုပါစို့။ အစိမ်းရောင်လိုင်းတွင် အရောင်းအ၀ယ်ပြုလုပ်ပြီး မျှော်လင့်ထားသည့် တိုးတက်မှုမှ အမြတ်ရရန် ဆုံးဖြတ်ခဲ့သည်။

LiteFinance: Forex စျေးကွက်တွင် hedging  မည်သို့အလုပ်လုပ်သနည်း?

သို့သော် နောက်ပိုင်း ကျဆင်းသွားသော ဈေးကွက်အလှည့်အပြောင်းသည် ကုန်သည်၏ ကနဦးခန့်မှန်းချက်ကို ပြန်လည်စဉ်းစားစေခဲ့သည်။ အမြတ်အနည်းငယ်ဖြင့် အဝယ်ကို ပိတ်မည့်အစား အောက်သို့ကျဆင်းသည့် ဒုတိယဈေးနှုန်းဘား (အနီလိုင်း) ပိတ်ချိန်တွင် အရောင်း အနေအထားဖြင့် နောက်ထပ် စျေးနှုန်း ကျဆင်းသွားမည့်အန္တရာယ်ကို လျှော့ချလိုက်သည်။

LiteFinance: Forex စျေးကွက်တွင် hedging  မည်သို့အလုပ်လုပ်သနည်း?

နောက်ပိုင်းတွင် လက်ဝါးကပ်တိုင်ပုံစံဖြင့် ပေါ်လာသော ဈေးနှုန်းဘား ဖွဲ့စည်းပုံ၏ အလှည့်အပြောင်းဖြစ်ရန် အချက်ပြသည့်အချိန်အထိ ဆန့်ကျင်ဘက်ကုန်သွယ်မှုနှစ်ခုကို ချန်ထားခဲ့သည်။ အဝယ်အားသန်သော ဘက်သို့ စျေးကွက်လွှမ်းမိုးလာသည်နှင့်တပြိုင်နက် ကုန်သည်သည် ခရမ်းရောင်လိုင်းတွင် အရောင်းကို ပိတ်လိုက်သည်။

အောက်သို့ရွေ့လျားမှု ဆက်လက်ရှိနေပါက ဆုံးရှုံးမှုများအတွက် အလျော်အစားရှိနိုင်သောကြောင့် ရရှိလာသော အကျိုးအမြတ်သည် ကုန်သည်အား ဆုံးရှုံးနိုင်ချေကို ပိုမိုလွတ်လပ်စွာ စီမံခန့်ခွဲနိုင်စေပါသည်။ ထို့ကြောင့် ကုန်သည်သည် စျေးကွက်ကို တည်ငြိမ်စွာကြည့်ရှုနိုင်ပြီး အလှည့်အပြောင်းဖြစ်ပေါ်ပြီးနောက် ဈေးနှုန်းစတင်အားကောင်းလာမည်ဟု မျှော်လင့်ထားသည်။

LiteFinance: Forex စျေးကွက်တွင် hedging  မည်သို့အလုပ်လုပ်သနည်း?

ကုန်သည်မျှော်လင့်ထားသည့်အတိုင်း ဈေးနှုန်းတိုးတက်မှုသည် ဆက်လက်ရှိနေသည်။ ရှည်လျားသော shadow များဖြင့် ဆက်တိုက် ဖွဲ့စည်းလာသော ဈေးနှုးန်ဘားများစွာဖြင့် အချက်ပြသည့် ဘေးတိုက်ဦးတည်ချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသောအခါ ကုန်သည်သည် အဖွင့်စျေးနှုန်းထက် များစွာမြင့်မားသောစျေးနှုန်းဖြင့် အဝယ်ကို ပိတ်လိုက်သည်။

ကုန်သည်သည် ကုန်သွယ်မှုနှစ်ခုမှ အမြတ်နှစ်ဆရရှိနိုင်ခဲ့သည်။ အနုတ်လက္ခဏာပြသည့်အခြေအနေမျိုးတွင် ကုန်သည်သည် hedging ဖြင့် ငွေရှာနိုင်မည်မဟုတ်ပေ။ သို့သော် ဆုံးရှုံးမှု နည်းပါးနိုင်မည်ဖြစ်သည်။ အတွေ့အကြုံရင့်ကုန်သည်များသည် အကျိုးအမြတ်မရှိသောဇုန်တွင် စျေးကွက်မှထွက်ခွာခြင်းဖြင့် ဆုံးရှုံးနိုင်ချေများကို ကန့်သတ်ရန် ပိုမိုနှစ်သက်ကြပြီး ၎င်းသည် ကြီးမားသောအမြတ်အစွန်းများရရှိနိုင်ချေ ရှိခြင်းကြောင့်ဖြစ်သည်။

Hedging ကုန်သွယ်မှုကို ပင်မကုန်သွယ်မှုဖွင့်ရန် အသုံးပြုခဲ့သည့် တူညီသောကုန်သွယ်ရေးအမျိုးအစားတွင် ဖွင့်ရန်မလိုအပ်ပါ။ ထို့အပြင် အကျိုးဆောင်များစွာတွင် ဤလုပ်ဆောင်ချက်မျိုး လုံးဝမရှိပါ။ တစ်စုံတစ်ဦးသည် မြင့်မားသော အနုတ်လက္ခဏာ သို့မဟုတ် အပေါင်းလက္ခဏာဆောင်သော ဆက်နွယ်မှုဖြင့် ကုန်သွယ်ရေးအမျိုးအစားများကို အမြဲ အသုံးပြုနိုင်သည်။ 

Forex တွင် hedging မည်သို့ပြုလုပ်ရမည်နည်း?

Hedging သည် ကုန်သည်၏ ဆုံးရှုံးနိုင်ချေကို လျှော့ချရန်၊ မလိုလားအပ်သော ဈေးနှုန်း အလှည့်အပြောင်း များကို ကာကွယ်ရန်ဖြစ်သည်။ ၎င်းသည် အနုတ် လက္ခဏာဆောင်သည့် အခြေအနေတွင် စုစုပေါင်းဆုံးရှုံးမှုကို လျှော့ချမည့် အရောင်းအဝယ်ကိုဖွင့်ရန် အကြံပြုထားသည်။

ဥပမာအားဖြင့် သင်သည် GBPUSD နှင့် USDCHFငွေကြေးအတွဲများ ကို တစ်ချိန်တည်းတွင် ဝယ်ယူသည့်အခါ ၎င်းတို့သည် အနုတ်လက္ခဏာနှင့် ဆက်စပ်နေပါသည်။ အတွဲတစ်တွဲသည် မလိုလားအပ်သော ဦးတည်ရာသို့ စတင်ရွေ့လျားနေပါက ပထမအတွဲ၏ ဆုံးရှုံးသွားသော ဆုံးရှုံးမှုအတွက် အလျော်အစားဖြစ်မည့် အမြတ်ငွေကို အခြားတစ်တွဲမှ ပေးမည်ဖြစ်သည်။ Forex တွင် ဆုံးရှုံးနိုင်ချေများကို ကန့်သတ်ရန် နည်းဗျူဟာ အမျိုးမျိုးရှိသည်။

  • ဆန့်ကျင်ဘက် ရွေ့လျားနေသော ငွေကြေးအတွဲများကို ဝယ်ယူခြင်း၊
  • အပေါင်းလက္ခဏာဆက်စပ်နေသောငွေကြေးအတွဲများကိုဝယ်၍ တစ်ပြိုင်နက်ရောင်းခြင်း၊
  • တူညီသောငွေကြေးအတွဲကို တူညီသောစျေးနှုန်းဖြင့် တစ်ပြိုင်နက် ဝယ်/ရောင်းခြင်း၊
  • တူညီသော Forex ကုန်သွယ်ရေးအတွဲကို တစ်ချိန်တည်းတွင် မတူညီသောစျေးနှုန်းများဖြင့် ဝယ်/ရောင်းခြင်း။

နောက်ဆုံး forex hedging နည်းဗျူဟာနှစ်ခုကို locking ပြုလုပ်ခြင်းဟုလည်း ရည်ညွှန်းနိုင်သည်။ 

Hedging နှင့် stop loss ကို အသုံးပြုခြင်း

ကုန်သွယ်မှုတာမင်နယ်တစ်ခုစီတွင် အလိုအလျောက်အမြတ်အစွန်းရယူသည့် လုပ်ဆောင်ချက်တစ်ခု ပါရှိသော်လည်း အရှုံးခံသည့်လုပ်ဆောင်ချက်လည်းရှိသည်။ Stop Loss သည် သတ်မှတ်ထားသော ပမာဏတစ်ခုဖြင့် သင့်မျှော်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဦးတည်ချက်တွင် သင့်အား အရောင်းအ၀ယ်မှ ထွက်ခွာစေသော အော်ဒါဖြစ်သည်။ စတင်ကုန်သွယ်သူများသည် ဆုံးရှုံးမှုကို ပြန်လည်ရရှိရန်မျှော်လင့်ထားသောကြောင့် stop loss အသုံးပြုခြင်းကို မကြိုက်ပါ။

စတင်သူကုန်သည်တစ်ဦး၏ အဓိကအမှားမှာ ဆုံးရှုံးသောကုန်သွယ်မှုကို ထိန်းထားပြီး စျေးနှုန်းပြောင်းပြန်ဖြစ်၍ ဆုံးရှုံးနေသည့်ကုန်သွယ်မှုမှ အမြတ်ရသည့်ကုန်သွယ်မှုအဖြစ်သို့ ပြောင်းလဲသည်အထိ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ထို့ကြောင့် သင်သည် ကုန်သွယ်ရေးအမျိုးအစားတစ်ခုကို မဝယ်မီ စျေးကွက်၏ သဘောထားကို ပိုင်းခြားစိတ်ဖြာပြီး အမြင့်ဆုံးအရှုံးပြခြင်းအဆင့်ကို သတ်မှတ်ရန် လိုအပ်ပါသည်။ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု စည်းမျဉ်းအရ လိုအပ်သည့် ပမာဏထက် ကျော်လွန်ပါက အရောင်းအ၀ယ်တစ်ခုသို့ မဝင်ပါနှင့်။

စျေးကွက်အခြေအနေသည် အခွင့်သာသည်ဟုထင်ရသော်လည်း ဆုံးရှုံးနိုင်ချေရှိသော အခြေအနေက သင့်အား lot အပြည့်ဖြင့် ကုန်သွယ်မှုသို့ဝင်ရောက်ခွင့်မပြုပါက အရောင်းအဝယ်အရွယ်အစားကို လျှော့ချနိုင်သည်။ မတူကွဲပြားသော Forex ကုန်သွယ်မှုဗျူဟာများသည် အမြတ်အစွန်းရယူခြင်းနှင့် အရှုံးခံခြင်း၏ မတူညီသောအချိုးအစားများကို ညွှန်ပြသော်လည်း အလားအလာရှိသောအမြတ်သည် အရှုံးထက် အမြဲပိုများနေသင့်သည်။ ထို့အပြင် အရောင်းနှင့် အဝယ်စျေးနှုန်းအကြား ကွာဟချက်ကို ထည့်သွင်း စဉ်းစားသင့်သည်။

သင်၏ forex hedging နည်းဗျူဟာများကို စနစ်တစ်ခုဖြစ်စေလိုပါက စည်းမျဉ်းနှစ်ခုကိုသာ လိုက်နာရန် လိုအပ်သည်-

  1. ကုန်သွယ်မှုတစ်ခုမ၀င်မီ အရှုံးခံအမှတ်ကို သတ်မှတ်ပါ။
  2. သတ်မှတ်ပြီးသည်နှင့် အရှုံးခံအမှတ်ကို ဘယ်တော့မှ မရွှေ့ပါနှင့်။

ဤသည်မှာ စည်းကမ်းလိုက်နာမှု အားနည်းသော စတင်ခါစကုန်သည်များ၏ နောက်ထပ်ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မည်။ သင့်လျော်သော ခွဲခြမ်းစိတ်ဖြာမှုမရှိဘဲ ဈေးနှုန်းအဆင့်တစ်ခုကို သတ်မှတ်ပြီး အရှုံးကိုရင်ဆိုင်ပါက နောက်တစ်ကြိမ်တွင် စျေးကွက်အခြေအနေကို ပိုမိုသေချာစွာ ပိုင်းခြားစိတ်ဖြာနိုင်မည် ဖြစ်သည်။

ငွေကြေးဆက်စပ်မှုနှင့် Forex hedging

ဆက်စပ်မှုသည် မတူညီသော ငွေကြေးအတွဲများ ခန့်မှန်းခြေအားဖြင့် တစ်ချိန်တည်း၌ ရွေ့လျားပုံကို ကိန်းဂဏန်းဆိုင်ရာ တိုင်းတာမှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် တူညီသောဦးတည်ချက် (အပေါင်းသဘော ဆက်စပ်မှု) သို့မဟုတ် ဆန့်ကျင်ဘက် (အနုတ်သဘောဆက်စပ်မှု) ဦးတည်ရာသို့ ရွေ့လျားနိုင်သည်။

ပုံမှန်အားဖြင့် ကုန်သည်များသည် ၎င်းတို့၏ ခန့်မှန်းချက်များကို အတည်ပြုရန် ငွေကြေးအတွဲများ၏ ဆက်စပ်မှုကို အသုံးပြုကြသည်။

ဥပမာအားဖြင့် ဆက်စပ်နေသောအတွဲများကို အသုံးပြု၍ အနှုတ်လက္ခဏာ ဆက်စပ်မှုရှိသော ငွေကြေးအတွဲများတွင်  တူညီသောအရောင်းအဝယ်နှစ်ခုကို  ဖွင့်လှစ်ခြင်းဖြင့် hedging ပြုလု်ပနိုင်သည်။

ငွေကြေးအတွဲများ၏ ဆက်စပ်မှုကို ကိုယ်တိုင်တွက်ချက်ရန် မလွယ်ကူသောကြောင့် ကုန်သည်များသည် ဤရည်ရွယ်ချက်အတွက် အထူးတွက်ချက်ထားသောအညွှန်းကိန်းများကို အသုံးပြုကြသည်။ LiteFinance သည် မတူညီသော ကုန်သွယ်ရေးအမျိုးအစားများ မည်သို့ဆက်စပ်နေကြောင်း ပြသသည့် အဆင်ပြေလွယ်ကူသော ဆက်စပ်ဂဏန်းတွက်စက်ကို ဖန်တီးထားသည်။

အောက်ပါ ဂဏန်းတွက်စက်ကို အသုံးပြု၍ EURUSD အတွဲအတွက် ဆက်စပ်မှုကို တွက်ချက်ကြည့်ပါ-

သင်တွေ့မြင်ရသည့်အတိုင်း EURUSD အတွက် အပေါင်းလက္ခဏာဆောင်သောဆက်စပ်မှုရှိသည့် အလားအလာ အကောင်းဆုံး အတွဲသုံးမျိုးတွင် NZDUSDEURJPYAUDUSD ပါဝင်ပြီး အနုတ်လက္ခဏာအတွက် USDDKKUSDCHFUSDSEK တို့ ပါဝင်သည်။

Forex ကုန်သွယ်မှုကို မည်သို့ hedging ပြုလုပ်မလဲ?

EURUSD တစ်ခုတည်းကို အသုံးပြုပြီး သမာရိုးကျနည်းစနစ်ကို အခြေခံ၍ Forex တွင် hedging ပြုလုပ်ခြင်း၏ ဥပမာတစ်ခုကို လေ့လာကြည့်ကြပါစို့။

LiteFinance: Forex ကုန်သွယ်မှုကို မည်သို့ hedging ပြုလုပ်မလဲ?

EURUSD သည် အချိန်အတန်ကြာ အဝယ်လိုက်သောလမ်းကြောင်းပေါ်၌ အရောင်းအဝယ်ဖြစ်နေသည်ဟု ယူဆကြပါစို့။ ကျွန်ုပ်တို့သည် လမ်းကြောင်းအလှည့်အပြောင်းဖြစ်ပေါ်၍ ကျဆင်းရန်မျှော်လင့်ထားပြီး candlestick patterns များဖြင့် အချက်ပေးသော ပြောင်းပြန်ပြန်လှန်အချက်ပြမှုကို မျှော်လင့်ထားသည်။

ဖော်ပြပါ ပုံရှိ shooting star ပုံစံဖွဲ့စည်းပုံကြောင့် (အပေါ်ပိုင်းတွင်ရှည်လျားသော shadow နှင့် အောက်ပိုင်းတွင် တိုတောင်းသော  သို့မဟုတ် လုံးဝမရှိသော shadow ပါဝင်သည့် အရောင်းအားသာသော candlestick) ဆက်တိုက်ကျဆင်းနေသော ဈေးနှုန်းဘားနှစ်ခုရှိနေသည် (ပုံတွင် အပြာရောင်ဘဲဥပုံဖြင့် အမှတ်အသား ပြုထားသည်)။ ထို့ကြောင့် ကျွန်ုပ်တို့သည် 1.13 ဝန်းကျင်တွင် အနီရောင်အလျားလိုက်မျဉ်း၌ အရောင်း ပမာဏ1 lot ရှိ ကုန်သွယ်မှုကို ဝင်ရောက်ခဲ့သည်-

LiteFinance: Forex ကုန်သွယ်မှုကို မည်သို့ hedging ပြုလုပ်မလဲ?

ထို့နောက် အရောင်း ကို ကိုင်ထားပြီး တည်ငြိမ်သော အရောင်းလမ်းကြောင်းအစား ဘေးတိုက်ရွှေ့နေကြောင်း ကျွန်ုပ်တို့ မြင်တွေ့ရသည်။ အရောင်းရွေ့လျားမှုတစ်ခုလုံးကို လွှမ်းမိုးလုနီးပါးရှိသော ကိုယ်ထည်အပြည့်ရှိသည့် candlesticks နှစ်ချောင်းရှိလာသောအခါ EURUSD အတွဲအတွက် ဈေးနှုန်းမြင့်တက်သွားနိုင်သည့် ကြီးမားသော ဆုံးရှုံးနိုင်ချေရှိနေသည် (ညာဘက်တွင် ဒုတိယအပြာရောင်ဘဲဥပုံဖြင့် အဆိုပါအခြေအနေကို ပြသထားသည်)

LiteFinance: Forex ကုန်သွယ်မှုကို မည်သို့ hedging ပြုလုပ်မလဲ?

အဆိုပါဆုံးရှုံးနိုင်ချေအန္တရာယ်ကို လျှော့ချရန် ကျွန်ုပ်တို့သည် ပထမတစ်ခုနှင့် ဆန့်ကျင်ဘက် တူညီသောပမာဏ 1 lot ဖြင့် အရောင်းအဝယ်ပြုလုပ်လိုက်သည်။ အထက်ပါပုံတွင် EURUSD အတွက် ဝယ်စျေးကို အစိမ်းရောင်မျဉ်းဖြင့်အမှတ်အသားပြုထားပြီး ၎င်းသည် 1.134 ခန့်ဖြစ်သည်။

LiteFinance: Forex ကုန်သွယ်မှုကို မည်သို့ hedging ပြုလုပ်မလဲ?

ထို့ကြောင့် ကုန်သွယ်မှုနှစ်ခုသည် တစ်ခုနှင့်တစ်ခု ထပ်နေမည်ဖြစ်ပြီး ကျွန်ုပ်တို့၏အပ်ငွေကို ကာကွယ်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဈေးကွက်၏အားကောင်းသော မရေရာမှု အခြေအနေများ အောက်တွင် ပွိုင့် ၄၀၀ (ဖွင့်ထားသော အရောင်းနှင့်အဝယ်ကြားရှိ ဈေးနှုန်းကွာဟချက်) ဖြစ်နိုင်ချေရှိသော ဆုံးရှုံးမှုကို သတ်မှတ်ခြင်းဖြစ်သည်။

ယခု ကျွန်ုပ်တို့သည် သိသာထင်ရှားသော ဆုံးရှုံးမှုများကို စိုးရိမ်ရန် မလိုဘဲ စျေးကွက်ကို လုံခြုံစွာ ခြေရာခံနိုင်ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ စျေးကျသွားလျှင် အဝယ်ကိုပိတ်ပြီး အရောင်းမှအမြတ် ကို ယူမည်ဖြစ်သည်။ အကယ်၍ အဝယ်လိုက်မည့်လမ်းကြောင်းဆက်ရန် အချက်ပြမှုတစ်ခုရှိလာပါက အရောင်းမှ ထွက်ပြီး အဝယ်မှ အမြတ်အစွန်းထွက်ရှိလာမည်ဖြစ်သည်။

Forex hedging ဗျူဟာ၏ ဥပမာ

Full forex hedging ဖြင့်ကုန်သွယ်ခြင်း ၏ အခြားသော ဥပမာကို လေ့လာကြည့်ကြပါစို့။ ဤတစ်ကြိမ်တွင် ကျွန်ုပ်တို့အနေဖြင့် ပြုလုပ်ပြီးသား hedging အနေအထားမှ ထွက်၍ ရရှိလာသော ဖြစ်နိုင်ဖွယ် အမြတ်နှင့်အရှုံးကိုပါ ထပ်မံတွက်ချက်မည်ဖြစ်သည်။

LiteFinance: Forex hedging ဗျူဟာ၏ ဥပမာ

အထက်ပါပုံ၌ အပြာရောင်ဘဲဥပုံဖြင့် အမှတ်အသားပြုထားသည့် အခြေအနေတွင် စျေးနှုန်းသည် မကြာမီ တက်သင့်သည်ဟု ကျွန်ုပ်တို့ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဈေးနှုန်းဘားပိတ်ပြီးသည်နှင့် 1.08578 (အစိမ်းရောင်လိုင်း) တွင် အဝယ်ကို ဖွင့်လိုက်သည်။

LiteFinance: Forex hedging ဗျူဟာ၏ ဥပမာ

သို့ရာတွင် ဈေးနှုန်းသည် အနီရောင်ရေပြင်ညီမျဉ်းဖြင့် မှတ်သားထားသည့် ဝယ်လိုအားဈေးတန်း 1.08180 အောက် ဖောက်၍ ဆက်လက်ကျဆင်းခဲ့သည်။ ဤသည်မှာ အရောင်းလမ်းကြောင်းဆက်လက်ဖြစ်ပေါ်ရန် အလွန်အားကောင်းသော အချက်ပြမှုဖြစ်သည်။ ကျွန်ုပ်တို့၏ အရင်းအနှီး ဆုံးရှုံးခြင်းမှ ကာကွယ်ရန် Forex hedging ကို အသုံးချသင့်သည်။ ကြီးမားသော ဆုံးရှုံးမှုများ မှ ရှောင်ရှားရန် အဆင်း candlestick ပိတ်ပြီးသည့်နောက် ဈေးတန်း 1.08166 ၌ တူညီသော ကုန်သွယ်မှုပမာဏဖြင့် ဆန့်ကျင်ဘက် အရောင်းအဝယ် ဖွင့်မည်ဖြစ်သည်။

ထို့ကြောင့် ဤဆန့်ကျင်ဘက် အရောင်းအဝယ်နှစ်ခုကြား ကွာခြားချက်မှာ 0.00412 ပွိုင့်သာဖြစ်သည်။ ဤသည်မှာ Forex hedging ၏ အကူအညီရယူခြင်းဖြင့် ကျွန်ုပ်တို့ကန့်သတ်ထားသော ဆုံးရှုံးမှုပမာဏ ဖြစ်သည်။

LiteFinance: Forex hedging ဗျူဟာ၏ ဥပမာ

အထက်ဖော်ပြပါဇယားတွင် Forex အရောင်းအဝယ်များ၏ full hedging သည် သင့်လျော်ကြောင်း ပြသသည်။ ဤ Forex နည်းဗျူဟာသည် စျေးကွက်၌ မလိုလားအပ်သော ဦးတည်ရာသို့ ရွေ့လျားနေချိန်တွင် ဘေးကင်းစွာ စောင့်ဆိုင်းနိုင်စေပါသည်။ အဝယ်လမ်းကြောင်းသည် ခဏအကြာတွင် ပြန်လည် စတင်လာသည်။

စျေးနှုန်းသည် 1.08852 (ဇယားရှိ အနက်ရောင်မျဉ်း) တွင် ကနဦးအနေအထားထက် လုံလောက်သော အနေအထားဖြင့် စုစည်းခဲ့သောအခါ ကျွန်ုပ်တို့သည် အရောင်းမှ ထွက်လိုက်သည်၊ ထို့ကြောင့် အရောင်း အနေအထားမှ ရလဒ်ထွက်လာသော ဆုံးရှုံးမှုပွိုင့် 0.00686 ဖြင့် ဆုံးရှုံးမှုကို သတ်မှတ်လိုက်ခြင်းဖြစ်သည် (အရောင်းဝင်ရောက်သည့် အမှတ်-အရောင်းမှထွက်သည့်အမှတ်)။ သို့သော် ကျွန်ုပ်တို့တွင် 1.08578 ၌ ဖွင့်လှစ်ထားသော အဝယ်ရှိနေဆဲဖြစ်သောကြောင့် ကုန်သွယ်မှုမှာ မပြီးပြတ်သေးပါ။

LiteFinance: Forex hedging ဗျူဟာ၏ ဥပမာ

ဇယားမှမြင်ရသည့်အတိုင်း နောက်ပိုင်းတွင် အားကောင်းသည့် အဝယ်ပိုင်းအရှိန်အဟုန်ရှိနေသည်။ ကျွန်ုပ်တို့သည် အဆိုပါအဝယ်လမ်းကြောင်းနောက်  လိုက်လျက်ရှိပြီး အလှည့်အပြောင်းပုံစံဖြစ်သည့် shooting star ပုံစံနှင့် အတည်ပြုထားသော အဆင်းဘက် အနီရောင် candlestick နှစ်ချောင်း (ဇယားတွင် ခရမ်းရောင်ဖြင့် ပြသထားသည်) ပေါ်ပေါက်လာသောအခါတွင် အဝယ်မှ ထွက်လိုက်ပါသည်။ ခရမ်းရောင်မျဉ်းဖြင့် အမှတ်အသားပြုထားသော ဈေးတန်း 1.09484 တွင် အရောင်းအဝယ်ကို ပိတ်လိုက်သည်။

ထို့ကြောင့် ကော်မရှင်များကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ အဝယ်မှရရှိသော အသားတင်အမြတ်သည် 0.00906 ပွိုင့် (1.09484 - 1.08578) နှင့် ကုန်သွယ်မှုတစ်ခုလုံးမှ စုစုပေါင်းအမြတ် - 0.00220 ပွိုင့် (0.00906 - 0.00686) ဖြစ်သည်။ သင်တွေ့မြင်ရသည့်အတိုင်း hedging ပြုလုပ်ခြင်းကြောင့် စုစုပေါင်းအမြတ်များစွာ လျော့ကျသွားခဲ့သည်။ သို့သော် ကျွန်ုပ်တို့သည် အနုတ်လက္ခဏာဆောင်သော အခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ချေမှ ကင်းဝေးသည့် အာမခံချက်ရရှိခဲ့သည်။

Forex Hedging ပြုလုပ်သည့်နည်းလမ်းများ

ကောင်းပါပြီ၊ ကျွန်ုပ်တို့အနေဖြင့် Forex hedging ၏ဥပမာကိုလေ့လာပြီးဖြစ်သည်။ ယခုအခါ ဘယ်လို အရင်းအနှီးကာကွယ်မှုနည်းလမ်းတွေရှိမလဲ၊ ၎င်းတို့၏ ထူးခြားချက်များကို လေ့လာကြည့်ကြရအောင်။ ပထမဦးစွာ hedging ပြုလုပ်သည့်နည်းလမ်းများအလိုက် ကန့်သတ်ချက်များကို ဖော်ပြပါရစေ။

Hedging ပြုလုပ်သည့်ကုန်သွယ်ရေးအမျိုးအစားများ

နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်နှင့် over-the-counter ဟူ၍ hedging ကုန်သွယ်ရေးအမျိုးအစားများ ရှိပါသည်။ Forex ကုန်သွယ်မှုအကျိုးဆောင်ကုမ္ပဏီဖြစ်သည့် မိတ်ဖက်တစ်ဦး၏ ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း Forex hedge ကုန်သွယ်မှုများကို ထည့်သွင်းထားပါသည်။ Over the counter hedging အရောင်းအဝယ်များကို ပိုင်ဆိုင်မှုပစ္စည်းလဲလှယ်ရာတွင် လုပ်ဆောင်၍မရပါ။ ၎င်းတို့ကိုစျေးကွက်တွင် ကုန်သွယ်ခြင်းမပြုဘဲ တစ်ကြိမ်ခန့်သာ ပြုလုပ်လေ့ရှိသည်။

ပြန်လည်ရယူနိုင်သည့် ဆုံးရှုံးနိုင်ချေပမာဏ

Forex hedging ကို အပြည့်အဝပြုလုပ်ခြင်း (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းပြုလုပ်ခြင်း ဖြစ်နိုင်သည်။ အပြည့်အဝပြုလုပ်ခြင်းသည် အရောင်းအဝယ်တစ်ခုလုံးအတွက် ဆုံးရှုံးနိုင်ချေများကို အာမခံသည့် သဘောဖြစ်သည်။ တစ်စိတ်တစ်ပိုင်းပြုလုပ်ခြင်းသည် အရောင်းအဝယ်၏ အစိတ်အပိုင်းတစ်ခုအတွက်သာ အာမခံခြင်းကိုဆိုလိုသည်။ အကယ်၍ဆုံးရှုံးနိုင်ချေအနည်းငယ်ရှိလျှင် ၎င်းကိုအသုံးပြုသည်။

ဝယ်သူ (သို့မဟုတ်) ရောင်းသူ

စျေးနှုန်းအတက်(သို့မဟုတ်)အကျ ခန့်မှန်းချက်ပေါ် မူတည်၍ buyer hedge (သို့မဟုတ်) seller hedge ကိုထားရှိသည်။ ပထမအခြေအနေတွင် အရင်းအနှီးသည်ဖြစ်နိုင်ချေရှိသော ဈေးနှုန်းများမြင့်တက်ခြင်းအတွက် ကာကွယ်မှုပြုလုပ်သည့်သဘောဖြစ်ပြီး ဒုတိယအခြေအနေမှာ ကျဆင်းခြင်းအတွက်ဖြစ်သည်။

ကုန်သွယ်ရေးအမျိုးအစား

Forex hedging သည် pure hedge (သို့မဟုတ်) cross hedge ပုံစံဖြစ်နိုင်သည်။ Pure hedge သည် တူညီသောကုန်သွယ်ရေးအမျိုးအစားအတွက် ဆန့်ကျင်ဘက်အရောင်းအဝယ်ပြုလုပ်ခြင်း ပါဝင်သည်။ Cross hedging တွင် မတူညီသော ကုန်သွယ်ရေးအမျိုးအစားအတွက် hedge position ဖွင့်ခြင်းဖြစ်သည်။ ဤအခြေအနေတွင် ဒုတိယအမျိုးအစားသည် မူလအမျိုးအစားနှင့် ဆက်စပ်နေသင့်သည်၊ ဆိုလိုသည်မှာ ၎င်း၏စျေးနှုန်းသည် မူလအမျိုးအစား၏စျေးနှုန်းအပေါ် မူတည်သင့်သည်။

ဥပမာအားဖြင့် မူလအမျိုးအစား၏စျေးနှုန်း တက်သွားသောအခါ hedge အတွက် ကျွန်ုပ်တို့အသုံးပြုခဲ့သည့် အမျိုးအစားတန်ဖိုးသည်လည်း နှိုင်းရအတိုင်းအတာအရ အထက် (သို့မဟုတ်) အောက် ရွေ့လျားနေသင့်သည်။

ပင်မအရောင်းအဝယ်ဖွင့်ချိန်

ဤကန့်သတ်ချက်များအရ forex hedging နည်းဗျူဟာသည် ပုံမှန် (သို့မဟုတ်) ကြိုတင်ခန့်မှန်းနိုင်သည်။ 

ပထမအခြေအနေတွင် ပင်မ (ကာကွယ်မှု) အရောင်းအဝယ်တစ်ခုပြီးနောက် ချက်ချင်းပင် ဆန့်ကျင်ဘက် အရောင်းအဝယ်ကိုဖွင့်သည်။ Classical hedge ၏ ဥပမာတစ်ခုသည် ပင်မကုန်သွယ်မှုကို ကာမိသော option တစ်ခုကို ဝယ်ယူခြင်းဖြစ်သည်။ 

ဒုတိယနည်းဗျူဟာမှာ futures ဝယ်ယူမှုတွင် ဖြစ်ပေါ်သည့် ကာကွယ်မှုပြုလုပ်ထားသော အရောင်းအဝယ် မဖွင့်မှီ အချိန်အတန်ကြာ hedge ထားရှိခြင်းကိုဆိုလိုသည်။

Forex hedging နည်းစနစ်အမျိုးအစားများ

အထက်ဖော်ပြပါ လက္ခဏာများပေါ် မူတည်၍ hedging နည်းစနစ် အမျိုးအစားများစွာ ရှိပါသည်။

ကျေးဇူးပြုပြီးမှတ်သားထားပါ!

  • Hedging ပြုလုပ်သည့်အခါ အရှုံးထက် အမြတ်များစေရန် ရွေးချယ်ထားသော ကုန်သွယ်ရေး အမျိုးအစားများသည် လွန်စွာ အလှုပ်အခတ်ရှိသင့်ပြီး အရောင်းအ၀ယ်များကို တနေ့တာအတွင်း ဖွင့်သင့်သည်။
  • Hedging ပြုလုပ်သည့် နည်းစနစ်အမျိုးအစားအားလုံးသည် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု၏ အခြေခံစည်းမျဉ်းအပေါ် အခြေခံသည် - ကုန်သွယ်မှုတစ်ခုတွင် အပ်ငွေ၏ ၅  ရာခိုင်နှုန်း ထက်ပို၍ အဆုံးရှုံးမခံသင့်ပါ။ ထို့အပြင် အပေါင်း လက္ခဏာဖြင့် အားကောင်းစွာဆက်စပ်မှုရှိသော ကုန်သွယ်ရေးအမျိုးအစားများတွင် သင့်အရင်းအနှီး၏ ၁၀ ရာခိုင်နှုန်းထက်ပို၍ မရင်းနှီးသင့်ပါ။

Full hedge (သို့မဟုတ်) perfect hedge

၎င်းတွင်ပထမတစ်ခုကဲ့သို့ တူညီသောပမာဏဖြင့် အရောင်းအဝယ်ကို ဖွင့်ထားသော်လည်း ဆန့်ကျင်ဘက်ဦးတည်ချက်တွင် တူညီသောအမျိုးအစားကို ဝယ်ခြင်း (သို့မဟုတ်) ရောင်းခြင်းဖြစ်ပါသည်။ ထို့ကြောင့်သင်သည် ပထမကုန်သွယ်မှုတွင် ရင်းနှီးမြှုပ်နှံထားသောအပ်ငွေကို ဆုံးရှုံးမှုဖြစ်ပေါ်၍ မလိုလားအပ်သော ဦးတည်ချက်တစ်ခုသို့ စျေးနှုန်းရွေ့လျားမှုများမှ အပြည့်အဝကာကွယ်ထားပါသည်။

Partial hedge

မလိုလားအပ်သောဦးတည်ချက်တွင် ဖြစ်ပေါ်နိုင်မည့် စျေးနှုန်းရွေ့လျားမှု၏ ဆုံးရှုံးနိုင်ချေ အလားအလာ နည်းပါးရန် ပင်မအရောင်းအဝယ်၏တစ်စိတ်တစ်ပိုင်း ကို ကာကွယ်ထားနိုင်သည်။ ဤအခြေအနေတွင် အလားအလာရှိသောအမြတ်တိုးလာပြီး တစ်ချိန်တည်းတွင် hedging အတွက် ကုန်ကျစရိတ်များကို လျှော့ချထားသည်။ သို့သော် ဆုံးရှုံးနိုင်ချေများကိုလျှော့တွက်ပါက မထင်မှတ်ထားသော ဆုံးရှုံးမှုများ နှင့် ရင်ဆိုင်ရနိုင်သည်။

Anticipatory hedge

ဤအမျိုးအစားတွင် ပိုင်ဆိုင်မှုတန်ဖိုးကို အနာဂတ်တွင် အကောင်းဆုံးစျေးနှုန်းဖြင့် ရောင်းချမည်ဟု မျှော်လင့်၍ ပုံသေစျေးနှုန်းသတ်မှတ်ကာ future contract ဝယ်ယူသည့်ပုံစံများ ပါဝင်သည်။

Forex cross hedge

ဤနည်းလမ်းတွင် ပင်မကုန်သွယ်ရေး အမျိုးအစားနှင့် မတူညီသော အမျိုးအစားတစ်ခုတွင် အရောင်းအဝယ်တစ်ခုဖွင့်လှစ်ခြင်း ပါဝင်သည်။ အထက်တွင် ဖော်ပြပြီးသကဲ့သို့ cross hedge တစ်ခု၏ ဥပမာတစ်ခုမှာ EURUSD နှင့် USDCHF တွင် အဝယ်ဖွင့်ထားခြင်းဖြစ်သည်။

Selective hedging

၎င်းသည်အတွေ့အကြုံရင့် ကုန်သည်များအတွက်သာ အကြံပြုထားသည့် ရှုပ်ထွေးသော Forex hedging နည်းဗျူဟာဖြစ်သည်။ 

၎င်းတွင် ပင်မပစ္စည်းဈေးကွက်နှင့် ဆင့်ပွား (ကာကွယ်မှုပြုခြင်း) စျေးကွက်တွင် အရောင်းအဝယ်ဖွင့်ခြင်း ပါဝင်သည်။ အရောင်းအဝယ်များသည် အချိန်နှင့်အရွယ်အစား ကွဲပြားမည်ဖြစ်သည်။ 

နည်းစနစ်အား ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင်ပြုလုပ်ခြင်းသည် သင့်အား ကုန်သွယ်ရေးဆိုင်ရာ ဆုံးရှုံးနိုင်ချေများနှင့် စပ်လျဉ်း၍ ဖြစ်နိုင်ချေရှိသော အမြတ်အစွန်း၏ အကောင်းဆုံးအချိုးအစား ကို ရရှိစေခြင်းဖြင့် အခွင့်အလမ်းကောင်းများကို ရွေးချယ်နိုင်စေပါသည်။

ဥပမာတစ်ခုကို လေ့လာကြည့်ရအောင် -

သင်သည် ယခုနှစ်အစတွင်အစုရှယ်ယာ 1,000 ကို၀ယ်ယူပြီး ၎င်းတို့ကိုတတိယသုံးလပတ်တွင် ပိုမိုမြင့်မားသောစျေးနှုန်းဖြင့် ရောင်းချရန်စီစဉ်ထားသည်ဆိုပါစို့။ ဒုတိယသုံးလပတ်တွင် အစုရှယ်ယာ 1,500 ကိုရောင်းချရန် option contract တစ်ခုပြုလုပ်ထားသည်။ တစ်ချိန်တည်းမှာပင် ပြုလုပ်ထားသော တွက်ချက်မှုများသည် မတူညီသောအချိန်များတွင် ပိတ်ထားသောအရောင်းအဝယ်နှစ်ခုလုံးမှ အမြတ်များရရှိရန် ဖြစ်နိုင်ခြေမြင့်မားသော အတိုင်းအတာတစ်ခုအထိ မျှော်လင့်ခွင့်ရရှိနိုင်စေမည်ဖြစ်သည်။

Inter-industry hedging

၎င်းတွင်ကဏ္ဍတစ်ခု၏ ပိုင်ဆိုင်မှုတစ်ရပ်အပေါ် ရပ်တည်ချက်သည် အခြားကဏ္ဍတစ်ခု၏ ပိုင်ဆိုင်မှုဆိုင်ရာ အရောင်းအဝယ်တစ်ခုဖြင့် ရပ်တည်ချက်ပါဝင်သည်။ ဥပမာအားဖြင့် စွမ်းအင်အရင်းအမြစ်များပေါ်တွင် CFDs ကုန်သွယ်ခြင်းဖြင့် EURUSD စျေးကွက်တွင် မလိုလားအပ်သောစျေးကွက်ရွေ့လျားခြင်းကို hedge လုပ်ဆောင်နိုင်သည်။

တင်ပြခဲ့သော Forex hedging ဗျူဟာအများစုကို ကုန်သည်များ (သို့မဟုတ်) မတူညီသောကုန်သွယ်ရေးအမျိုးအစားများ (သို့မဟုတ်) အမျိုးမျိုးသော ဗျူဟာများ ဖြင့် အသုံးပြုကြသည်။ ကျွန်ုပ်၏  ပညာပေးဆောင်းပါး  များထဲမှတစ်ခုဖြစ်သည့် hedged grid forex strategies, Forex grid and Forex Double Grid Strategy ကဲ့သို့သော စနစ်အချို့ကို အသေးစိတ်ဖော်ပြထားခဲ့ပါသည်။

ယခုအချိန်သည် အထက်ဖော်ပြပါအချက်အလက်များကို အကျဉ်းချုပ်ပြီး hedging ၏အဓိက ကောင်းကျိုးဆိုးကျိုးများအကြောင်း အကျဉ်းချုံးပြောရန် အချိန်ဖြစ်ပါသည်။

Forex hedging ၏အားသာချက်များ

ဆုံးရှုံးနိုင်ချေ-ကန့်သတ်ခြင်း နည်းဗျူဟာ များကို အသုံးချရာတွင် အားသာချက်များစွာရှိသည်။ ထို့ကြောင့် Forex hedging ဗျူဟာများသည် အလွန်ရေပန်းစားလာပါသည်။

Forex ကုန်သွယ်မှုတွင် hedging ပြုလုပ်သည့် နည်းစနစ်များအသုံးပြုခြင်း၏ အားသာချက်အားလုံးကို လေ့လာကြည့်ကြပါစို့ -

၁။ hedging ကိုအသုံးချနိုင်မှု

Forex hedging နည်းဗျူဟာများနှင့် ကုန်သွယ်ရေးအမျိုးအစားများမှာ ကျယ်ပြန့်သောကြောင့် ၎င်းကို မည်သည့်စျေးကွက်၊ မည်သည့်ကုန်သွယ်ရေးအမျိုးအစားအတွက်မဆို ကျွမ်းကျင်မှုအဆင့်ရှိ ကုန်သည်များမှ အသုံးချနိုင်ပါသည်။ ၎င်းကိုကုန်သည်တစ်ဦးချင်း၊ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြုပ်နှံမှုငွေများမှ အသုံးပြုကြပြီး ၎င်းသည်နိုင်ငံတစ်နိုင်ငံလုံး၏ စီးပွားရေးမူဝါဒများ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။

သို့နှင့် သာမန်လူများသည် ပြည်တွင်းငွေကြေးတန်ဖိုးကျဆင်းခြင်း၏ဆုံးရှုံးနိုင်ချေများကို ကာကွယ်ရန်အတွက် ရွှေ (သို့မဟုတ်) နိုင်ငံခြားငွေတွင် ရင်းနှီးမြှုပ်နှံသည့်အခါတွင်  hedging  ကိုဗျူဟာတစ်ခုအနေဖြင့် အသုံးပြုလေ့ရှိကြသည်။ အခြားဥပမာတစ်ခုအနေဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဝင်ငွေရင်းမြစ်များကို ကွဲပြားစေရန်နှင့် ဟိုက်ဒရိုကာဗွန်တင်ပို့မှုအပေါ် မှီခိုမှုလျှော့ချရန်အတွက် ယူအေအီးနိုင်ငံရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ချက်အစီအစဉ်ဖြစ်သည်။ နိုင်ငံတော်မှ “ဆီ” ရောင်းပြီး “ခရီးသွားလုပ်ငန်း” ကိုဝယ်ယူခြင်းဖြစ်သည်။

၂။ ချဉ်းကပ်ခြင်း၏ ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် ဘက်စုံအကျိုးရှိမှု

ဤအချက်သည် ပထမတစ်ခု၏ယုတ္တိရှိသော တိုးချဲ့မှုဖြစ်သည်။ Hedging ၏ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုသည် ရိုးရှင်းသော ရလဒ်ထွက်စေပြီး တစ်ချိန်တည်းတွင် hedging လုပ်ငန်းစဉ် သည် အသုံးတည့်၍ အရောင်းအ၀ယ်ပြုလုပ်ရာတွင် အသုံးချနိုင်သည့် အကျယ်ပြန့်ဆုံးသော ကိရိယာများ ဖြစ်သည်။ ထိုသို့သော  hedging ကိရိယာများ ကျယ်ပြန့်သောကြောင့် ၎င်းကိုအမျိုးအစားများစွာ ခွဲခြားထားသည် -

  • Full hedging နှင့် partial hedging၊
  • သာမန်စနစ် နှင့် နှစ်သက်ရာရွေးချယ်ချက်၊
  • စတော့အိတ်ချိန်း၊ otc market နှင့် ဆက်စပ်မှု၊
  • Pure hedging နှင့် cross hedging
  • Anticipatory hedging နှင့် classical hedging

၃။ ကွဲပြားသော ဆုံးရှုံးနိုင်ချေပမာဏ

ရင်းနှီးမြှုပ်နှံသူတိုင်းအတွက် မန္တန်တစ်မျိုးဖြစ်သည်။ ကွဲပြားသော ဆုံးရှုံးနိုင်ချေပမာဏ သည် selective နှင့် cross hedging ၏ ဥပမာတစ်ခုအဖြစ် ယူဆနိုင်သည်။ ဤအဓိပ္ပါယ်အား “ဥအားလုံးကို ခြင်းတောင်း တစ်ခုတည်းတွင် မထည့်ပါနှင့်” ဟူသောစကားပုံဖြင့်ဖော်ပြနိုင်သည်။ 

ဤဖော်ပြချက်၏ယုတ္တိဗေဒသည် အလွန်ရိုးရှင်းပြီး ရှင်းလင်းသည်။ သို့သော်လည်း ဘဏ္ဍာရေးလောကတွင် ဤစည်းမျဉ်းကို လိုက်နာရန်မှာမလွယ်ကူပါ။

Hedging ၏ အခြေခံမူများသည် ရင်းနှီးမြှုပ်နှံသူတစ်ဦးအတွက် ရည်မှန်းချက်ပန်းတိုင်များ လွယ်ကူစွာ အကောင်အထည်ဖော်ရန် အထောက်အကူဖြစ်စေပြီး အဓိကစည်းမျဉ်းနှစ်ခုကို သတ်မှတ်ပေးခြင်းဖြစ်သည် - ၎င်းမှာ ရောင်းဝယ်မှုအမျိုးအစားများကို အပိုင်းခွဲခြင်းနှင့် အရောင်းအဝယ်ပြုလုပ်ထားသည့်အမျိုးအစား စာရင်းရှိ သက်ဆိုင်ရာ အမျိုးအစားစျေးနှုန်းများ ဆက်စပ်မှုဖြစ်သည်။

အပိုင်းခွဲခြင်းဆိုသည်မှာ အရောင်းအဝယ်ပြုလုပ်ထားသည့်အမျိုးအစား စာရင်းရှိ ကုန်သွယ်ရေး အမျိုးအစားများသည် မတူညီသောစျေးကွက်များ၊ လုပ်ငန်းခွဲများနှင့် ပိုင်ဆိုင်ကြောင်းပုံစံများနှင့် သက်ဆိုင်သင့်သည် ကို ဆိုလိုသည်။ ဥပမာ ခရစ်ပတိုငွေကြေး များသာပါဝင်သည့် စာရင်းသည် အခြား ကုန်သွယ်ရေးအမျိုးအစားများဖြစ်သော ဥပမာ-အစုရှယ်ယာများ (သို့မဟုတ်) ငွေချေးစာချုပ်များပါ၀င်သည့် စာရင်းထက် ကွဲပြားမှုနည်းသည်။

ဤနေရာတွင် ယုတ္တိတန်ခြင်း/မတန်ခြင်းသည်  ရှင်းလင်းသည်။ ကုန်သွယ်ရေးအမျိုးအစားများ၏ စျေးနှုန်းများကြားဆက်စပ်မှုကို ဤဆောင်းပါးနှင့် LiteFinance ကုန်သည် ဘလော့ဂ် ရှိအခြားများစွာသော အကြောင်းအရာများတွင်ဖော်ပြထားသောကြောင့် ထပ်မံ မဖြည့်စွက်တော့ပါ။

၄။ Hedging သည် ကုန်သည်များ၏ အရှုံးများကိုလျှော့ချရုံသာမက အမြတ်အစွန်းများရရှိစေသည်

Hedging ၏အဓိကပန်းတိုင်မှာ ဆုံးရှုံးနိုင်ချေများကို ကာကွယ်ခြင်းပင်ဖြစ်သည်။ ဤအခြေအနေတွင် ကြီးမားသောအမှားတစ်ခုဖြစ်သည့် stop loss အသုံးပြုခြင်းကို မကြာခဏဆန့်ကျင်တက်သည်။ "အရာအားလုံးကို အရှုံးမရှိဘဲရရှိသည်" ဟူသော hedging နိယာမကို အလွယ်တကူ ဖော်ပြနိုင်သော်လည်း ၎င်းကို ကုန်သွယ်မှုအတွက် ဗျူဟာတစ်ခုအဖြစ်ပြောရလျှင် အမြတ်၏သဘောတရားသည် ပိုမိုသိသာထင်ရှားသော အဓိပ္ပါယ်အနေဖြင့်သက်ရောက်သည်။

Grid trading strategies ၏ ဥပမာအားဖြင့် ဆုံးရှုံးနိုင်ချေမရှိသလောက်ဖြင့် သင့်တင့်သော အမြတ်အစွန်းများရရှိရန် အခွင့်အလမ်းကောင်းများပေးပါသည်။ ဤ Forex ကုန်သွယ်မှုဗျူဟာကို အသုံးပြုခြင်းဖြင့် အကယ်၍ ရှင်းလင်းပြတ်သားသောလမ်းကြောင်းမရှိသော် အမြတ်အစွန်းများရရှိနိုင်ပါသည်။

ငွေရှာရန်အတွက် အဖွဲ့အစည်းဖြင့် ဆောင်ရွက်သည့်ရင်းနှီးမြုပ်နှံသူများ မှ လိုလားစွာ အသုံးပြုထားပြီး ဖြစ်သည့် အခြားသော hedging ၏ ပုံစံမှာ Carry trades ဖြစ်သည်။ Carry trades ဆိုသည်မှာ ငွေကြေးတစ်မျိုးရှိ အတိုးနည်းသောချေးငွေဖြစ်ပြီး အခြားတစ်မျိုးတွင် အမြတ်နှုန်းများသော အပ်ငွေများ ပြုလုပ်ခြင်းဖြစ်သည်။ အဓိကအခန်းကဏ္ဍမှာ hedging လုပ်ဆောင်သည့် futures နှင့် options ကဲ့သို့သော ဆင့်ပွားဈေးကွက်များလည်း ရှိပါသည်။ သို့သော် အဆိုပါကုန်သွယ်ရေးအမျိုးအစားများသည် ယခုအခါ အရောင်းအဝယ်များသောကုန်သွယ်မှုရှိ ဈေးကစားသူများအတွက် ပိုမိုရေပန်းစားလာပါသည်။.

၅။ Forex hedging နည်းပညာ၏ ဆက်စပ်မှု။

Hedging ၏အခြေခံမူများကို နားလည်ခြင်းနှင့် ဗျူဟာများကို မှန်ကန်စွာအသုံးချနိုင်မှုသည် အကျပ်အတည်းများနှင့် စီးပွားရေးမတည်ငြိမ်မှုများအတွင်း အထူးအရေးကြီးပါသည်။ ကုန်သွယ်မှုကုမ္ပဏီများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များပင်လျှင် စျေးကွက် အကျပ်အတည်းကာလတွင် တည်ငြိမ်စွာလည်ပတ်နိုင်စေရန်အတွက် ၎င်းတို့ကိုယ်ပိုင် hedging ဗျူဟာများရှိပါသည်။

၎င်းကို လက်ရှိစာရှုသူပင် မတွေးနိုင်သော်လည်း လူမှုမီဒီယာတွင် hedging အကြောင်း အမြဲကြားရခြင်း (သို့မဟုတ်) မြင်တွေ့နေရပါသည်။ ဤစကားလုံးအစား "risk aversion"၊ "safe haven"၊ "burning money" စသည်အသုံးအနှုန်းများကို မကြာခဏအသုံးပြုကြသည်။ အချို့သောရင်းနှီးမြုပ်နှံမှုငွေများသည် စတော့များကို ရောင်းချပြီး ရွှေနှင့်အစိုးရငွေချေးစာချုပ်များသို့ ပြောင်းသွားကြောင်း သတင်းများကြားရတိုင်း ၎င်းတို့သည် ဆုံးရှုံးနိုင်ချေများကို hedging လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ပါသည်။ ကျွန်ုပ်တို့တစ်ဦးချင်းကုန်သည်များအနေဖြင့်လည်း Forex ကုန်သွယ်မှုတွင် hedging နည်းဗျူဟာများကို အသုံးပြုနိုင်သည်။

Forex hedging ၏အားနည်းချက်များ

ယခု Forex hedging ၏အားနည်းချက်များကို လေ့လာကြည့်ကြပါစို့။ ၎င်းတို့သည် များပြားလှသည် မဟုတ်သော်လည်း အချို့ရှိပါသေးသည် -

၁။ သင့်အပ်ငွေကို အပြည့်အဝကာကွယ်ထားကြောင်း အာမခံချက်မရှိပါ။

Hedging သည် အရှုံးခံအမှတ်-stop lss နှင့် အတူတူပင်ဖြစ်သည်ဟု ယုံကြည်ခြင်းသည် ကြီးမားသော အမှားတစ်ခုဖြစ်သည်။ ကံမကောင်းစွာဖြင့် အစပြုသူကုန်သည်အများအပြားသည် ထိုကဲ့သို့ထင်မြင်ကြပြီး ရလဒ်အနေဖြင့် ၎င်းတို့၏အပ်ငွေများဆုံးရှုံးသွားကြသည်။ ဤနည်းလမ်းသည် သင့်ငွေများ၏လုံခြုံရေးကို အာမမခံနိုင်ကြောင်း သဘောပေါက်သင့်သည်။

အမြတ်ရရှိမည်ဟုလည်း အာမမခံနိုင်ပါ။ Hedging သည် အရှုံးများကိုလျှော့ချရန် ချဉ်းကပ်မှုတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းတို့ကို အပြည့်အဝဖယ်ရှားပစ်ရန်မဟုတ်ပါ။

၂။  ငွေများ စီးဆင်းမှုမရှိ-ရပ်တန့်နေခြင်း

Hedging  သည် အပိုငွေများစွာလိုအပ်ပါသည်။ သင်၏ရင်းနှီးမြှုပ်နှံမှုများကို နှစ်ဆတိုးရန်နှင့် ပထမတစ်ခု အား လုံးလုံးလျားလျားကာမိရန် ဒုတိယအရောင်းအဝယ်အား ဖွင့်သည့်အခါတွင် အထူးသဖြင့် ၎င်းသည် အပြည့်အဝ hedging လုပ်ဆောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ပါသည်။

အများအားဖြင့် အခြားအခြားသောရင်းနှီးမြုပ်နှံမှုများသည် ဆုံးရှုံးနိုင်ချေကိုရှောင်ရှားရန်အတွက် ဖွင့်ထားသော အရောင်းအ၀ယ်များကို အကာအကွယ်ပြုလုပ်ထားခြင်းထက် အမြင့်ဆုံးအမြတ်ရှိမည် ဖြစ်သည်။

၃။ စိတ်ပိုင်းဆိုင်ရာထောင်ချောက်

အကယ်၍သင့်ကုန်သွယ်မှုတွင် hedging ကို လိုလားစွာအသုံးပြုပါက သင်၏အရောင်းအဝယ်များသည် မည်သည့်အခါမျှ ဆုံးရှုံးနိုင်ချေမရှိကြောင်းနှင့် သင့်ငွေများသည် လုံးဝလုံခြုံသည်ဟူသော မှားယွင်းသောခံစားချက်တစ်ခု ရှိနေနိုင်သည်။ ထိုသို့သောကုန်သည်သည် locking လုပ်ဆောင်ချက်ကို အလွန်အကျွံအသုံးပြုကြသည်။ ဆုံးရှုံးနိုင်ချေကိုတိုးစေပြီး အလွန်မြင့်မားသော leverage ကိုအသုံးပြုသည်။

ထိုသို့သောကုန်သည် သည် ဆုံးရှုံးသွားသောကုန်သွယ်မှုကို ရိုးရှင်းစွာ  locking လုပ်ဆောင်၍ စျေးနှုန်းသည် လိုအပ်သောဦးတည်ချက်သို့ ပြန်သွားသည်အထိစောင့်နိုင်သောကြောင့် stop losses ထားရှိရန်မလိုအပ်ဟု မှားယွင်းထင်မြင်မိသောကြောင့် stop losses ကိုအသုံးမပြုပါ။ သို့သော်လက်တွေ့တွင် အရာအားလုံးသည် ထိုမျှလောက်မရိုးရှင်းပါ။ 

၄။ အပိုကုန်ကျစရိတ်

Hedging သည် များသောအားဖြင့် အပိုကုန်ကျစရိတ်များ ပါဝင်ပါသည်။ ဆုံးရှုံးနိုင်ချေများကိုကန့်သတ်ရန် အရောင်းအဝယ်တစ်ခုဖွင့်သောအခါတွင် ကော်မရှင်ခပေးဆောင်ရပါမည်။ Forex အရောင်းအ၀ယ်တွင် spread နှင့် swap fees များကြောင့် အပိုကုန်ကျစရိတ်များ ရှိနိုင်ပါသည်။ Forex hedging ဗျူဟာများကို အခြေခံ၍၎င်းတို့၏ ကုန်သွယ်မှုစနစ်များကို တည်ဆောက်သည့်အခါ အစပြုသူကုန်သည်များသည် များသောအားဖြင့် ဤကုန်ကျစရိတ်များကို ထည့်သွင်းစဉ်းစားလေ့မရှိပါ။

၅။ ကုန်သွယ်ရေးကျွမ်းကျင်မှုအတွက် မြင့်မားသော စံသတ်မှတ်ချက်များ

ကျွန်ုပ်ဆိုလိုသည်မှာ ၎င်းတို့၏တစ်ဦးချင်းကုန်သွယ်မှုဗျူဟာများတွင် hedging ကိုအသုံးပြုလိုသော ကုန်သည် (သို့မဟုတ်) ရင်းနှီးမြှုပ်နှံသူတစ်ဦး၏ ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်နှင့် ကုန်သွယ်မှု အတွေ့အကြုံအတွက် မြင့်မားသောလိုအပ်ချက်များဖြစ်သည်။ သဘောတရားသည် ရိုးရှင်းသော်လည်း စစ်မှန်သောကုန်သွယ်မှုတွင် ကျင့်သုံးရန်မလွယ်ကူပါ။ Hedging သည် ကွဲပြားခြားနားသော ကုန်သွယ်ရေး အမျိုးအစားနှင့် နည်းလမ်းများစွာနှင့် အဓိကဆက်စပ်နေသည့် လေ့လာမှုအတွက် အလွန်လေးနက်သော ဘာသာရပ်ဖြစ်သည်။

အသစ်တစ်ယောက်သည် သီအိုရီကိုလေ့လာရန် အချိန်များစွာအားထုတ်သင့်သည်။ ထို့အပြင်သီအိုရီသည် လက်တွေ့မရှိပဲ ဘာမှမရှိနိုင်ပါ။ Hedging Forex ဗျူဟာများဖြင့် စမ်းသပ်မှုများသည် မကြာခဏဆုံးရှုံးမှု ဖြစ်စေနိုင်သည်။

ထို့ကြောင့်အတွေ့အကြုံအတွက် ငွေအနည်းငယ်ကုန်ကျမည်ဖြစ်သည်။ အချိန်၊ အားထုတ်မှု၊ ငွေကို မသုံးချင်သောသူများသည် လိုအပ်ချက်များကိုမဖြည့်ဆည်းနိုင်ပါ။

Hedging ဖြင့် အလိုအလျောက်ကုန်သွယ်မှု

အလိုအလျောက် ကုန်သွယ်ရေးစနစ်များ (သို့မဟုတ်) robots များဖြင့် Forex hedging ကုန်သွယ်ခြင်းသည် ကုန်သည်တစ်ဦးအတွက် အကျိုးကျေးဇူးများစွာကို ဆောင်ကြဉ်းပေးနိုင်သည်။ Robots များသည် အသုံးပြုသူ၏ဝင်ရောက်စွက်ဖက်မှုအနည်းငယ် (သို့မဟုတ်) လုံးဝမရှိဘဲ ၎င်း၏မူလအဆင့်တွင် ပိုင်ဆိုင်မှုတန်ဖိုးကို ထိန်းသိမ်းထားပြီး ပုံမှန်လုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင်ရန်လိုအပ်ခြင်းမှ ကင်းဝေးစေသည်။

အလိုအလျောက်စနစ်များသည် စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ နောက်ထပ် အဝယ် (သို့မဟုတ်) အရောင်းများကိုဖွင့်ပေးသည်။ Robots များသည် လမ်းကြောင်းမြင့်တက်လာခြင်း၊ နောက်ပြန်ဆုတ်ခြင်း၊ ၎င်း၏ အလားအလာအင်အားနှင့် ကြာချိန်နှင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်နိုင်ခြေကို သေချာစေရန် အခြားအချက်များစွာကို အကဲဖြတ်ပါသည်။

Forex တွင် အလိုအလျောက် hedging လုပ်ဆောင်ခြင်းကို ကုန်သည်များနှင့် စတော့ဈေးကစားသူများနှင့် လုပ်ငန်းကြီးများတွင်အသုံးပြုကြသည်။ ဥပမာအားဖြင့် Deutsche Bank သည် အွန်လိုင်းဘဏ် လုပ်ငန်းစနစ်တွင် Maestro  risk hedging application ကိုနှစ်အတော်ကြာ စမ်းသပ်နေခဲ့ပါသည်။

အက်ပလီကေးရှင်းသည် သင့်လက်ရှိကုန်သွယ်မှုဆိုင်ရာ အချက်အလက်များကို ဒေါင်းလုဒ်လုပ်ရန် (သို့မဟုတ်) ကိုယ်တိုင်ရိုက်ထည့်ရန် စျေးကွက်ကိုပိုင်းခြားစိတ်ဖြာကာ ငွေကြေးဆုံးရှုံးမှုကို ကန့်သတ်ရန်အတွက် လုပ်ထုံးလုပ်နည်းကို စတင်ခွင့်ပြုသည်။ ဤအက်ပ်၏အားသာချက်များထဲမှတစ်ခုမှာ လိုက်လျောညီထွေရှိသောချဉ်းကပ်မှုတစ်ခုဖြစ်သည်။ အသုံးပြုသူများသည် စုစည်းထားသော Forex အရောင်းအဝယ်ပုံစံနှင့် သီးခြားအရောင်းအဝယ်ပုံစံဖြင့် စာရင်းဇယားများကို ဒေါင်းလုဒ်လုပ်နိုင်ပါသည်။ သင်အလိုရှိသလောက် မကြာခဏပြုလုပ်နိုင်ပါသည်။ အသုံးပြုသူသည် Forex စျေးကွက်ကိုနေ့စဉ် (သို့မဟုတ်) နာရီတိုင်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး အရောင်းအ၀ယ်အသစ်များကို အပ်လုဒ်လုပ်ကာ ၎င်းတို့ကို အပလီကေးရှင်း၏ဒေတာဘေ့စ်တွင် ထည့်သွင်းနိုင်သည်။

အက်ပ်၏လုပ်ဆောင်နိုင်စွမ်းသည် လက်ကျန်ငွေအတွက်ကာကွယ်မှုကို အပြည့်အဝရရှိစေပါသည်။ စုစုပေါင်းဆုံးရှုံးမှုကို ပေးချေရမည့်အကောင့်များနှင့် လက်ခံရနိုင်သည့်အချိုး၊ ဘဏ်အကောင့်ရှိ ငွေဖြစ်လွယ်မှုနှင့် Forex စျေးကွက်ရှိ hedging transactions မှန်သမျှ စသည်တို့အကြောင်း အချက်အလက်များအပေါ် အခြေခံ၍တွက်ချက်ပါသည်။ အရောင်းအဝယ်အားလုံးကို ဒေတာဘေ့စ်ထဲသို့ အပ်လုဒ်လုပ်ပြီးသည်နှင့် အက်ပ်ပလီကေးရှင်းသည် စျေးကွက်ကို ပိုင်းခြားစိတ်ဖြာကာ လိုအပ်သော hedge ချိန်ညှိမှုကိုတွက်ချက်သည်။

အက်ပ်အတွင်း ချိန်ညှိမှုတစ်ခုသည် အသုံးပြုသူမှ ပြန်လည်သုံးသပ်ပြီးနောက် (သို့မဟုတ်) အလိုအလျောက်ဝင်ရောက်ကာ လိုအပ်ပါက ပြင်ဆင်နိုင်သည့် ငွေပေးငွေယူတစ်ခုဖြစ်သည်။

Maestro အက်ပ်ပလီကေးရှင်းကိုအခြေခံ၍ Forex အဝင်အထွက်များ၏ အလိုအလျောက်  hedging ပြုလုပ်ခြင်းကို မိတ်ဆက်လာခြင်းသည် Deutsche Bank အသုံးပြုသူကုမ္ပဏီများနှင့် ရလဒ်ကောင်းများကိုပြသခဲ့သည်။ သို့သော် အလိုအလျောက် Forex hedging ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် လိုအပ်သောတာဝန်များကိုဆောင်ရွက်ရန် ဆော့ဖ်ဝဲလ်ကို ပြင်ဆင်နိုင်သော ကျွမ်းကျင်သူများ၏ ပူးပေါင်းပါဝင်မှု လိုအပ်ပါသည်။

Hedge advisors များကိုအသုံးပြု၍ အလိုအလျောက် ရောင်းဝယ်ခြင်းအကြောင်းလည်း အလားတူ ဖြစ်သည်။  ဤဆောင်းပါးတွင် အရောင်းအ၀ယ်မှ တည်ငြိမ်သောအမြတ်ရရန် တွေ့ရှိနိုင်သောသီအိုရီကို ကျွမ်းကျင်ပိုင်နိုင်စွာလေ့လာပြီး ၎င်း၏အသုံးချပုံကို လေ့လာရန်လိုအပ်သည်။

Currency hedging ဆိုသည်မှာ အဘယ်နည်း?

Currency hedging ဆိုသည်မှာ Forex ကုန်သွယ်မှုတွင် ဖြစ်ပေါ်နိုင်သည့်ဆုံးရှုံးမှုကို လျှော့ချရန်အတွက် အရောင်းနှင့်အဝယ် ကုန်သွယ်မှုများကိုဖွင့်လှစ်ခြင်းဖြစ်သည်။ ဤဘဏ္ဍာရေးလှုပ်ရှားမှုသည် ပုံသေနှုန်းဖြင့်လုပ်ဆောင်သည့် ငွေကြေးလဲလှယ်မှုတစ်ခုနှင့် ဆင်တူသော ကုန်သွယ်မှုပြုလုပ်နိုင်ရန် စျေးကွက်တွင် ဖြစ်ပေါ်နေသော စျေးနှုန်းအတက်အကျများကို ဖယ်ရှားပေးနိုင်သည်။

Currency hedging ကိုရိုးရှင်းစွာ ဥပမာပေးပါမည်။ သင်သည် USDJPY အတွဲ မြင့်တက်လာမည်ဟု မျှော်လင့်၍ ဝယ်ယူမည်ဟုဆိုကြပါစို့။ သို့သော်လည်း ကာလတိုမတည်ငြိမ်မှုကိုနှိုးဆွနိုင်သော အရေးကြီး သတင်းအချို့ မကြာမှီထွက်ပေါ်လာမည်ဖြစ်သည်။ ငွေကြေးဈေးကွက်တွင် အနည်းငယ်သော အတက်အကျများပင်လျှင် အပ်ငွေအနည်းငယ် (သို့မဟုတ်) မြင့်မားသော  leverage သည် သင်၏ အကောင့်တွင် မည်သည့်ငွေမှမကျန်ရှိအောင် ထားခဲ့နိုင်ပါသည်။

ထိုသို့သောအခြေအနေမျိုးတွင် ဖြစ်နိုင်ချေရှိသောဆုံးရှုံးမှုကိုစဉ်းစာ၍ hedge အဖြစ် ဆန့်ကျင်ဘက် ကုန်သွယ်မှုကို ဖွင့်ထားရန်လိုအပ်ပါသည်။ စျေးကွက်ပြန်လည်တည်ငြိမ်၍ မငြိမ်သက်မှု နည်းပါးသွားသော အခါတွင် hedge အရောင်းအဝယ်ကိုပိတ်နိုင်ပြီး ပင်မကုန်သွယ်မှုမှ အကျိုးအမြတ်ကို ရယူနိုင်ပါသည်။

သတ်မှတ်စျေးနှုန်းနှင့် စျေးကွက်အကောင်အထည်ဖော်မှုစျေးနှုန်း၊ spreads များနှင့် ကုန်သွယ်ရေး အကျိုးဆောင်များ၏ ကော်မရှင်များအကြား ကွာဟချက်ကြောင့် ဆန့်ကျင်ဘက်ကုန်သွယ်မှုများကို ဖွင့်လှစ်စဉ်တွင် သင်သည်မကြာခဏဆိုသလို ဆုံးရှုံးမှုအနည်းငယ်သာရှိလိမ့်မည်။ သို့သော် အကယ်၍ သင်ကြုံတွေ့ရနိုင်သော ဆုံးရှုံးနိုင်ချေများကိုစဉ်းစားပါက ၎င်းတို့သည်ထိုက်တန်ပါသည်။

အထက်ဖော်ပြပါ ဥပမာတွင်ပြထားသည့်အတိုင်း မတည်မှုဖြစ်ပေါ်ခြင်းကို အသုံးပြု၍ မှန်ကန်သော ချဉ်းကပ်မှုဖြင့် ကုန်သွယ်မှုနှစ်ခုမှတစ်ပြိုင်နက် အမြတ်ငွေကိုရယူနိုင်သည်။

ငွေကြေးဆုံးရှုံးမှုအမျိုးအစားများကို ပိုမိုအသေးစိတ်‌လေ့လာသုံးသပ်ပြီး ၎င်းတို့နှင့်ပတ်သက်သော ဆုံးရှုံးမှုများကို ကန့်သတ်သည့်နည်းလမ်းများအကြောင်း ပိုမိုလေ့လာကြည့်ကြပါစို့။

နိုင်ငံခြားငွေလဲလှယ်မှု၏ ဆုံးရှုံးနိုင်ချေ အခြေခံအမျိုးအစား လေးမျိုးရှိသည်- 

Transaction risk ဟုလည်း လူသိများသော conversion risk သည်အသုံးပြုထားသော ငွေကြေးများ၏ငွေလဲနှုန်းတွင် အနုတ်သဘောဆောင်သော အပြောင်းအလဲများကြောင့် ပို့ကုန်လုပ်ငန်းများ မှရရှိသည့် အမြတ်အနည်းငယ် (သို့မဟုတ်) ဆုံးရှုံးမှုပင်ဖြစ်ပါသည်။ ပို့ကုန်များကိုကန့်သတ်ခြင်း၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် တင်သွင်းသူများအတွက် ၎င်းတို့ဖော်ပြသည့် ငွေချေးခြင်းအတွက် အကောင်းဆုံး စျေးနှုန်းအဆင့်ကို သတ်မှတ်ခြင်း၊ ကုန်ကျစရိတ်များ ကာမိစေရန် ပြေစာများ၏ ငွေကြေးကို အသုံးပြု၍ ငွေလက်ခံရရှိခြင်းနှင့် ငွေပေးချေခြင်းအတွက် အချိန်အပိုင်းအခြားကို ကျဉ်းမြောင်းခြင်းဖြင့် လျှော့ချနိုင်သည်။

Forex ကုန်သွယ်မှုတွင် ဆုံးရှုံးနိုင်ချေများကိုဆန့်ကျင်သော ကာကွယ်မှုသည် အရှုံးနှင့်အမြတ်နှစ်ခုစလုံးကို ရနိုင်သည့် အခွင့်အလမ်းကိုပေးဆောင်သည့် ဆန့်ကျင်ဘက်လမ်းကြောင်းတွင် ကုန်သွယ်မှုနှစ်ခု ဝင်ရောက်ခြင်းကိုဆိုလိုသည်။

Translation risk (ငွေစာရင်းရှင်းတမ်း (သို့မဟုတ်) ငွေစာရင်းရှင်းတမ်းအရှုံး)။ ၎င်းသည် မတူညီသောနိုင်ငံများ၏ ငွေကြေးများတွင်ဖော်ပြထားသော အမြတ်နှင့်အရှုံးကြား ကွာဟချက်အပေါ် အခြေခံထားသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတကာကုမ္ပဏီတစ်ခုသည် ဂျာမနီတွင် လုပ်ငန်းခွဲ တစ်ခုရှိသည်။

ထို့ကြောင့် ၎င်း၏ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကို ယူရိုဖြင့်သတ်မှတ်သည်။ အကယ်၍၎င်းတွင် US ပိုင်ဆိုင်မှုများနှင့်ယှဉ်နိုင်သော ပေးရန်ရှိပမာဏများမရှိပါက ယူရိုငွေစုထားသော ပိုင်ဆိုင်မှုများသည် ငွေကြေးလဲလှယ်မှုဆုံးရှုံးနိုင်ချေ နှင့်ထိတွေ့နိုင်သည်။ ယူရိုငွေတန်ဖိုးကျဆင်းခြင်းသည် မိခင်ကုမ္ပဏီ၏ ဝင်ငွေတန်ဖိုးကို ကျဆင်းစေမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာဖြင့်ဖော်ပြသည်။

အလားတူပင် ပိုင်ဆိုင်မှုများထက် သိသာထင်ရှားသော ကြွေးမြီများပိုလျှံနေခြင်းသည် ယူရိုစျေးနှုန်းသည် အမေရိကန်ဒေါ်လာနှင့်ယှဉ်ပါက ပိုမိုကြီးမားသောဆုံးရှုံးမှုများကို ဖန်တီးပေးလိမ့်မည်။ ထို့ကြောင့် ကုမ္ပဏီ၏ငွေများကို ရှင်းတမ်းပြုလုပ်သည့်အခါ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ချေ မှကာကွယ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ပိုင်ဆိုင်မှုနှင့် ပေးရန်ရှိ ပမာဏများကြား ဟန်ချက်ညီအောင် ထိန်းသိမ်းထားခြင်းဖြစ်သည်။

Economic risk ဆိုသည်မှာ ကုမ္ပဏီ၏လုပ်ဆောင်ချက်များနှင့် ဆက်စပ်နေသည့် မည်သည့်ကဏ္ဍများတွင်မဆို အဆင်မပြေသော ငွေကြေးအတက်အကျများ၏ အကျိုးသက်ရောက်မှုကို ရည်ညွှန်းသည် - ကုန်စည်လည်ပတ်မှု၊ ထုတ်လုပ်မှု၊ ဝယ်လိုအား၊ ထုတ်လုပ်မှုကုန်ကျစရိတ်၊ ပြိုင်ဆိုင်မှု စသည်ဖြင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ကုမ္ပဏီ၏ဈေးကွက်တန်ဖိုး ကျဆင်းသွားမည်ဖြစ်သလို ၎င်း၏ စီးပွားရေးစွမ်းဆောင်ရည်လည်း ကျဆင်းသွားမည်ဖြစ်သည်။ စီးပွားရေးဆိုင်ရာ ဆုံးရှုံးနိုင်ချေအားလုံး၏ အနည်းဆုံးသည် ပြည်တွင်းငွေကြေးဖြင့် ကုန်ကျစရိတ်သာကျခံသော ကုမ္ပဏီများအပေါ် သက်ရောက်မှုရှိသည်။

Hidden risk။ အထက်ဖော်ပြပါတစ်ခုခုကို ရည်ညွှန်းနိုင်သည်။ တစ်ခုတည်းသောခြားနားချက်မှာ ကုမ္ပဏီ၏ စီးပွားရေးနှင့်ဘဏ္ဍာရေးမူဝါဒတွင် ထည့်သွင်းစဉ်းစားခြင်းမရှိသောကြောင့် ၎င်းကိုဖုံးကွယ်ထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် ကုမ္ပဏီတစ်ခု၏ပေးသွင်းသူတစ်ဦး (သို့မဟုတ်) အများအပြားသည် ထုတ်လုပ်မှုတွင် တင်သွင်းသည့် အရင်းအမြစ်များကိုအသုံးပြုနိုင်ပြီး Forex မတည်ငြိမ်မှုများကြောင့် ပံ့ပိုးထားသော အစိတ်အပိုင်းများ၏ ဈေးနှုန်းသည်သိသိသာသာ မြင့်တက်လာနိုင်သည်။

အထက်ဖော်ပြပါဆုံးရှုံးမှုများကို hedge လုပ်ဆောင်ရန်နည်းလမ်းများစွာရှိပါသည်။

Forex hedging အမျိုးအစားများ

Hedging ကုန်သွယ်ရေးအမျိုးအစားများမှာ အုပ်စုနှစ်စုရှိပါသည် -

  • Exchange-traded assets (exchange-traded futures, swaps နှင့် options);
  • Over-the-counter (OTC) assets (forward contracts, over-the-counter swaps နှင့် options).

Exchange-traded ထုတ်ကုန်များတွင် ငွေဖြစ်လွယ်မှု၊ နိမ့်ပါးသောခရက်ဒစ်ဆုံးရှုံးနိုင်ချေများ ပါ၀င်ပြီး မည်သည့်ငွေပေးငွေယူမှု မဆို ၎င်း၏ အခြားတစ်ဖက်မှ ၎င်း၏တာဝန်ဝတ္တရားများအတိုင်း လုပ်ဆောင်ကြောင်း အာမခံချက်ရှိသည်။  သို့ရာတွင် မူလအရင်းခံပိုင်ဆိုင်မှုအမျိုးအစား စည်းမျဉ်းစည်းကမ်းများနှင့် ပေးပို့မှုအခြေအနေများကို တင်းကြပ်စွာ စံဖြင့်သတ်မှတ်ထားပါသည်။

Over-the-counter products (OTC) သည် ရင်းနှီးမြုပ်နှံသူအား ပိုင်ဆိုင်မှုအမျိုးအစားနှင့် အရောင်းအ၀ယ်စည်းကမ်းသတ်မှတ်ချက်များအတွက် အလွယ်ကူဆုံးသောလိုအပ်ချက်များကို တင်ပြနိုင်စေသော်လည်း၊ ၎င်းတို့သည် ပြိုင်ဘက်ကိုရှာဖွေရန်ခက်ခဲပြီး မြင့်မားသော credit risks မျာနှင့် ငွေဖြစ်လွယ်မှုနည်းခြင်းတို့ပါရှိသည်။

Futures

Futures contracts များသည် သတ်မှတ်ထားသောစျေးနှုန်းဖြင့် ပိုင်ဆိုင်မှုတစ်ခုအား ကြိုတင်သတ်မှတ်ထားသောအချိန်အတွင်း ဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချခြင်း သဘောတူညီချက်များ ဖြစ်သည်။ Forex စျေးကွက်အပြင် ၎င်းတို့ကို စတော့ဈေးကွက်နှင့် ကုန်စည်ဈေးကွက်တွင် အများဆုံး အသုံးပြုကြသည်။

ရရှိနိုင်သောစျေးကွက်အားလုံးနီးပါးတွင် ၎င်းတို့နှင့်အလုပ်လုပ်နိုင်သောကြောင့် Futures သည်ရေပန်းစားသည်။ ၎င်းတို့သည် စံသတ်မှတ်ထားပြီးအစပိုင်းတွင် ငွေရင်းနှီးမြှုပ်နှံရန် မလိုအပ်သောကြောင့် မာဂျင်နည်းပါးသည်။ စတော့ရှယ်ယာများ၊ ကုန်ပစ္စည်းများ (သို့မဟုတ်) ငွေကြေးအတွဲများ မည်မျှပင်ပြောင်းလဲသွားပါစေ ဆုံးရှုံးမှုများအတွက်လည်း အပြည့်အဝ ပြန်လည် ရယူနိုင်ပါသည်။

ငွေကြေးကုန်သွယ်မှုအမျိုးအစားတစ်ခု၏ စျေးနှုန်းရွေ့လျားမှုလမ်းကြောင်းပေါ် မူတည်၍ ဆုံးရှုံးမှုများကိုကန့်သတ်ရန် နည်းလမ်းနှစ်ခုရှိသည်။ ရင်းနှီးမြှုပ်နှံသူသည် ဝယ်ယူခြင်းဖြင့် future တွင် စျေးနှုန်းမြင့်တက်မှုကို hedges လုပ်ဆောင်နိုင်ပြီး ရောင်းချခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ တန်ဖိုးကျဆင်းမှုကို hedge လုပ်ဆောင်ခြင်းအတွက် ကုန်ပစ္စည်းများကိုရောင်းချသည်။

Futures များကို အသုံးပြု၍ Forex အရောင်းအဝယ်များကို အပြည့်အဝ hedging လုပ်ဆောင်ခြင်းသည် ဆုံးရှုံးမှုများအတွက် ၁၀၀ ရာခိုင်နှုန်း အကာအကွယ်ဖြစ်ပါသည်။ အကယ်၍ ဆုံးရှုံးနိုင်ချေများကို တစ်စိတ်တစ်ပိုင်းအားဖြင့် hedged လုပ်ဆောင်ထားမည်ဆိုပါက ရင်းနှီးမြှုပ်နှံသူသည် ဆုံးရှုံးမှု၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြန်လည်ရယူနိုင်မည်ဖြစ်သည်။ သို့သော်အခွင့်သာသည့်အခြေအနေမျိုးမှာ အမြတ်လည်းပိုများပါလိမ့်မည်။

Options

အချို့သောကုန်သည်များသည် သမာရိုးကျ futures ကုန်သွယ်မှုအတွက် options များကို နှစ်သက်ကြသည်။ ရွေးချယ်ခွင့်မကုန်ဆုံးမီ ပိုင်ဆိုင်မှုတစ်ခုကို ဝယ်ယူရန် (သို့မဟုတ်) ရောင်းချခွင့်ပြုသည့် futures contracts များအတွက် ရွေးချယ်စရာများကို ကမ်းလှမ်းထားသည်။ ဤအခြေအနေတွင် ကုမ္ပဏီသည် ပရီမီယံဟုခေါ်သော ကော်မရှင်တစ်ရပ်ကို ပေးဆောင်သော်လည်း ငွေကြေးအတက်အကျနှင့်ဆက်စပ်သော ဆုံးရှုံးမှုများကို အပြည့်အဝ hedges လုပ်ဆောင်ပေးပါသည်။

၎င်းသည် ရိုးရှင်းသည့် ဥပမာတစ်ခုဖြစ်ပါသည်။ ရေနံကုမ္ပဏီတစ်ခုသည် ၎င်း၏ပင်မအရင်းအနှီးကို ယူရိုဖြင့် သိမ်းဆည်းထားချိန်တွင် တစ်လအတွင်း ဒေါ်လာ 5,000,000 တန်ဖိုးရှိသော ရေနံဆီများကိုဝယ်ယူရန် စီစဉ်နေသည်ဟုဆိုကြပါစို့။ အကယ်၍ အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် ဤကာလအတွင်း 1% မျှသာ တိုးလာပါက ဆုံးရှုံးမှုပမာဏမှာ ဒေါ်လာ 50,000 ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ ရွေးချယ်ခွင့်ကိုဝယ်ယူပါက ဒေါ်လာတန်ဖိုးသည် လက်ရှိအဆင့်တွင် ပုံသေဖြစ်နေလိမ့်မည်။ အကယ်၍ ကုမ္ပဏီသည် ပရီမီယံဒေါ်လာ ထောင်ပေါင်းများစွာကို ပေးဆောင်ရလျှင်ပင် ယင်းဆုံးရှုံးမှုများသည် ဖြစ်နိုင်ချေရှိသော ငွေကြေးဆုံးရှုံးမှုများထက် သိသိသာသာ လျော့နည်းသွားမည်ဖြစ်သည်။

Forward contracts

Forward contract ဆိုသည်မှာ အနာဂတ်တွင်ပုံသေစျေးနှုန်းဖြင့် ပစ္စည်းတစ်ခုကို ပေးပို့ခြင်းအတွက် စံသတ်မှတ်ချက် မရှိသော စာချုပ်ဖြစ်သည်။ ဤစာချုပ်များသည် exchange-traded ကဲ့သို့သော ကုန်သွယ်ရေး အမျိုးအစားများနှင့် မသက်ဆိုင်ပါ။

Swaps

Swap ဆိုသည်မှာ မတူညီသောငွေကြေးဆိုင်ရာ ကုန်သွယ်ရေးအမျိုးအစားနှစ်ခုမှ ငွေသားစီးဆင်းမှု (သို့မဟုတ်) ငွေသားစီးဆင်းမှုကိုနှစ်ဦးနှစ်ဘက် အပြန်အလှန်ဖလှယ်သည့် အရောင်းအ၀ယ်တစ်ခု ဖြစ်သည်။ Forex ကုန်သွယ်ရေးအကျိုးဆောင်၏ swaps သည် ကုမ္ပဏီတစ်ခုအနေဖြင့် Forex မတည်ငြိမ်မှုမှ ထွက်ပေါ်လာသော ငွေကြေးလဲလှယ်နှုန်း ဆုံးရှုံးနိုင်ချေများကို မည်သို့ကာကွယ်မည်ဆိုသော ဥပမာတစ်ခုဖြစ်သည်။

Forex hedging ကိုအသုံးပြုခြင်းအပေါ်  နိဂုံးချုပ်

Forex စျေးကွက်တွင် hedging သည် မတူညီသောကုန်သွယ်မှု ဆုံးရှုံးနိုင်ချေများကိုကန့်သတ်ရန် ရေပန်းအစားဆုံးကိရိယာများထဲမှတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် မှန်ကန်သောအသုံးပြုပုံဖြင့် Forex ကုန်သည်များကို အမြတ်အစွန်းအနည်းဆုံးဖြင့် ဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်စေပါသည်။ သို့သော်လည်း Forex တွင် ဤနည်းလမ်း၏ တစ်ခုတည်းသောအားနည်းချက်မှာ အရောင်းအဝယ်တစ်ခုဖွင့်ရန် ကုန်ကျစရိတ် အနည်းဆုံး နှစ်ဆတိုးလာခြင်းဖြစ်သည်။

ထပ်မံဖော်ပြမည့် Forex လမ်းညွှန်ချက်တွင် forex hedging နည်းစနစ်များနှင့်ကွဲပြားသော ဥပမာ - Forex grid and Forex Double Grid Strategy ကဲ့သို့နည်းပညာများကို တင်ပြသွားပါမည်။ အခုဘဲ စာရင်းပေး၍ နောက်ဆုံးရဆောင်းပါးများ ဖတ်ရှုပါ။ 

အရေးကြီးပါသည်! သင်ဖတ်ပြီးသည်နှင့် လက်တွေ့အသုံးချမှုမှတစ်ဆင့် သင်ယူမှုကိုတတ်နိုင်သမျှ လုပ်ဆောင်ရန် အကြံပြုလိုပါသည်။ ဤဆောင်းပါးတွင်ဖော်ပြထားသော hedging ဗျူဟာအားလုံးကို ဒီမိုကဲ့သို့ သရုပ်ပြအကောင့်တစ်ခုဖွင့်ပြီး စမ်းသပ်ကြည့်ပါ။ 

ဤနေရာတွင်ပြုလုပ်နိုင်ပါသည်။ဤဆောင်းပါးကိုရေးသားနေစဉ်အတွင်း ကျွန်ုပ်အသုံးပြုခဲ့သော LiteFinance ကုန်သွယ်မှုတာမင်နယ်တွင် ၎င်းသည်အလွန်အဆင်ပြေပြီး အသုံးပြုရလွယ်ကူပါသည်။ ယနေ့ ကျွန်ုပ်ဖော်ပြခဲ့သည့် ငွေကြေးအတွဲများအားလုံးတွင် အဝယ် (သို့မဟုတ်) အရောင်း ကုန်သွယ်မှု ပြုလုပ်နိုင်ပါသည်။

အောင်မြင်စွာ ကုန်သွယ်ပြီး အကျိုးအမြတ်များများရပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည်!

Mikhail @Hypov

Forex Hedging FAQ

Hedging သည် အာမခံ (သို့မဟုတ်) အကာအကွယ်ပုံစံတစ်ခုဖြစ်သည်။ ကုန်သည်၏ အပ်ငွေအကြောင်း ပြောဆိုရာတွင် မမျှော်လင့်ထားသော စျေးနှုန်းအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုအတွက် ကာမိရန် ဤနည်းလမ်းကို အသုံးပြုပါသည်။

အခြားအရောင်းအဝယ်နှင့်ဆက်စပ်နေသော ဆုံးရှုံးမှုများ ကို အကာအကွယ်ဖြစ်ရန် အရောင်းအဝယ်အသစ်များဖွင့်လှစ် သည့် အလေ့အကျင့်ဖြစ်သည်။ အရောင်းအဝယ်နှစ်ခုစလုံးသည် အများအားဖြင့် အရွယ်အစားတူညီကြသည်။ ဤနည်းလမ်းကို ကုန်စည်များ၊ နိုင်ငံခြားငွေလဲလှယ်မှု၊ ငွေချေးစာချုပ်များ၊ forward contracts များ၊ options များတွင်မျှတစေရန် အသုံးပြုကြသည်။

Hedging အခြေခံနည်းလမ်းနှစ်ခုရှိသည် - ဝယ်ယူခြင်း (ဖြစ်နိုင်ချေရှိသော စျေးနှုန်း မြင့်တက်ခြင်းမှ ကာကွယ်ရန် ပိုင်ဆိုင်မှုတစ်ခုဝယ်ယူခြင်း) နှင့် ရောင်းချခြင်း (တန်ဖိုးကျဆင်းခြင်း ဆုံးရှုံးမှုမှ ကာကွယ်ရန် ပိုင်ဆိုင်မှုကိုရောင်းချခြင်း)။ သို့သော်လည်း ဆုံးရှုံးနိုင်ချေ လျှော့ချခြင်းသည် အလားအလာရှိသော အမြတ်များကို လျှော့ချခြင်းကိုလည်းရည်ညွှန်းသည်။

Forex hedging ၏မတူညီသော နည်းလမ်းများစွာရှိသည်။ အရိုးရှင်းဆုံးနည်းဗျူဟာသည် အရွယ်အစားတူညီသော ဆန့်ကျင်ဘက်အရောင်းအဝယ်နှစ်ခု (ဝယ်၊ ရောင်း) ကိုဖွင့်ရန် အကြံပြုထားသည်။ အကယ်၍ ကာကွယ်လိုက်သည့် အရောင်းအဝယ်သည် ပင်မထက်နည်းပါက ၎င်းသည် ဖြစ်နိုင်ချေဆုံးရှုံးမှု၏ တစ်စိတ်တစ်ပိုင်းအတွက် ပြန်လည်ရယူရန်ရည်ညွှန်းသည့် partial hedging ဖြစ်ပါသည်။ အကယ်၍ဖြစ်နိုင်ခြေရှိသော ဆုံးရှုံးနိုင်ချေများသည် နည်းပါးပါက ဤနည်းလမ်းကိုအသုံးပြုပါသည်။

ဆုံးရှုံးနိုင်ချေများကို ကာကွယ်ရန် cross hedging ကိုလည်း အသုံးပြုနိုင်သည်။ ဤနည်းလမ်းသည် ပင်မပစ္စည်းမဟုတ်သည့် အခြားအရာတစ်ခုအတွက် အရောင်းအဝယ်တစ်ခုဖွင့်ခြင်းကို ဆိုလိုသည်။ ပင်မ အရောင်းအဝယ် နှင့် hedge ၏ အရွယ်အစားနှင့် ဖွင့်ချိန်ကွာခြားသောအခါတွင် အရှုပ်ထွေးဆုံးနည်းလမ်းမှာ ဤရွေးချယ်မှုဖြစ်သည်။

Hedging နည်းဗျူဟာ၏ သမာရိုးကျနမူနာကို ကြည့်ကြပါစို့။ လမ်းကြောင်းသည်ကျဆင်းသွားပြီး အရောင်းကုန်သွယ်မှုတစ်ခုသို့ ဝင်ရောက်မည်ဟု သင်ဆုံးဖြတ်သည်။ သို့သော်ကုန်သွယ်မှု ပြုလုပ်လိုက်သည်နှင့် လမ်းကြောင်းတက်လာသောကြောင့် hedge လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

သင်သည်တူညီသောအရွယ်အစားရှိ အ၀ယ်တစ်ခုကိုဝင်ရောက်ခြင်းဖြင့် သင်၏အရောင်းအဝယ်ကို locking လုပ်ဆောင်ထားသည်။ စျေးနှုန်းဖော်ပြချက်ဇယားသည် အောက်သို့ရွေ့သွားပြီး သင်သည် အဝယ်ကုန်သွယ်မှုမှထွက်၍ ဖွင့်ထားဆဲအရောင်းမှ အမြတ်တစ်ခုရရှိနိုင်ပါသည်။

Partial hedging (ပင်မတစ်ခုထက် အရွယ်အစားသေးငယ်သော အရောင်းအဝယ်ကိုဖွင့်ခြင်း) ကို မကြာမှီတွင် ပြန်လည်စတင်နိုင်မည်ဟု ၁၀၀ ရာခိုင်နှုန်း သေချာသည့်အခြေအနေတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဆန့်ကျင်ဘက်အရောင်းအဝယ်နှစ်ခုကို တစ်ပြိုင်နက်တည်းဖွင့်ခြင်းဖြင့် ဘေးတိုက်လမ်းကြောင်းတစ်ခုဖြစ်လာသည့်အခါ ဆုံးရှုံးမှုကိုလျှော့ချနိုင်သည်။

Forex တွင်ဆုံးရှုံးသွားသော ကုန်သွယ်မှုများကို hedging လုပ်ဆောင်ရန် ချဉ်းကပ်ပုံနည်းလမ်းနှစ်ခုရှိပါသည်။ ပထမအချက်မှာ ရှိပြီးသားအရာများကို ပြန်လည်မရရှိနိုင်သော်လည်း ထပ်မံဆုံးရှုံးမှုများမှ အကာအကွယ်ပေးသည်ဟု ယူဆသည်။ ဤအခြေအနေတွင် ပင်မအရောင်းအဝယ်နှင့် ညီမျှသော အရောင်းအဝယ်ကို ဆန့်ကျင်ဘက် ဦးတည်ချက်ဖြင့်ဖွင့်သည်။

ဒုတိယနည်းမှာ ဆုံးရှုံးမှုများကို အပြည့်အဝပြန်လည်ရရှိစေနိုင်သော်လည်း အလွန်သတိထားရန်လိုအပ်သည်။ တစ်ခုက ပိုကြီးသည့်ပမာဏ၏ ဆန့်ကျင်ဘက်ကုန်သွယ်မှုကိုဖွင့်ရမည်။ ဥပမာအားဖြင့် အကယ်၍ ဆုံးရှုံးသွားသော အဝယ်၏ပမာဏသည် 1 lot ဖြစ်ပြီး စျေးနှုန်းဆက်လက်ကျဆင်းနေမည်သေချာပါက 2 lots ဖြင့်ကုန်သွယ်မှုတစ်ခုဖွင့်သင့်ပါသည်။ နောက်ပိုင်းတွင် ဆုံးရှုံးမှုများကို အပြည့်အဝပြန်လည်ရရှိပြီး အမြတ်ငွေ စတင်ရရှိမည်ဖြစ်သည်။

ဤချဉ်းကပ်မှု၏ အဓိကအန္တရာယ်မှာ အထက်သို့ လျင်မြန်စွာ အလှည့်အပြောင်းဖြစ်ခြင်းဖြစ်သည်။ ကုန်သည်သည် အချိန်နှင့်တပြေးညီ လမ်းကြောင်းပြောင်းသွားသည့် လက္ခဏာများကို သတိပြုမိစေရန်နှင့် hedge position ကိုပိတ်ဖို့ အချိန်ရရှိရန် (သို့မဟုတ်) အခြားအဝယ်ကုန်သွယ်မှုဖြင့် hedge လုပ်ဆောင်ရန် စျေးကွက်ကိုစောင့်ကြည့်သင့်သည်။

Currency hedging သည် ငွေကြေးအတက်အကျမှ ငွေများကိုကာကွယ်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်း၏အဓိကကိရိယာများနှင့် ၎င်းတို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • Options များသည် တစ်ဦးကိုတစ်ဦး အခွင့်အရေးပေးသော စာချုပ်များဖြစ်သည်၊ သို့သော် သတ်မှတ်ထားသောပိုင်ဆိုင်မှုတစ်ခုအား ကြိုတင်သတ်မှတ်ထားသောစျေးနှုန်းဖြင့် (သို့မဟုတ်) သတ်မှတ်ထားသည့်ရက်စွဲဖြင့် ဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချခြင်း
  • Futures ဆိုသည်မှာ ပိုင်ဆိုင်မှုတစ်ခုအား သတ်မှတ်ထားသောအချိန်တစ်ခုတွင် ကြိုတင်သတ်မှတ်ထားသောစျေးနှုန်းဖြင့် ဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချရခြင်း မှပေးဆောင်ရမည့် စာချုပ်များဖြစ်သည်
  • Forward contract ဆိုသည်မှာ (ကုန်ပစ္စည်းတစ်ခု၊ ပမာဏနှင့် ပေးပို့သည့် ရက်စွဲတစ်ခုအဖြစ် စိတ်ကြိုက်သတ်မှတ်နိုင်သည်) သတ်မှတ်ထားသောရက်စွဲတစ်ခုတွင် ပိုင်ဆိုင်မှုတစ်ခုအား သတ်မှတ်ထားသောစျေးနှုန်းဖြင့် ဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချခြင်း စာချုပ်တစ်ခုဖြစ်သည်။
  • Swap ဆိုသည်မှာ နှစ်ဦးနှစ်ဘက်ကြားတွင် ပိုင်ဆိုင်မှု (သို့မဟုတ်) ပေးရန်ရှိပမာဏ လဲလှယ်ခြင်းလုပ်ငန်းဖြစ်သည်။

Futures နှင့် options များသည် exchange-traded contracts များဖြစ်ပြီး swap နှင့် forward contracts များသည် over-the-counter (OTC) ကုန်သွယ်ရေးအမျိုးအစားများဖြစ်သည်။

Forex hedge မှထွက်ရန် အရောင်းအဝယ်နှစ်ခုထဲမှ တစ်ခုကိုပိတ်ရန်လိုအပ်သည်။ ၎င်းမှထွက်ရန် အဓိကပြဿနာမှာ မှန်ကန်သည့်အခိုက်အတန့်ကို ရွေးချယ်ခြင်းဖြစ်သည်။ အရောင်းအဝယ်တစ်ခုမပိတ်မှီ လမ်းကြောင်း၏နောက်ထပ်ဦးတည်ချက်တွင် သေချာမှုရှိရန် လိုအပ်သည်။ သို့မဟုတ်ပါက သင်၏အရင်းအနှီးကို ကာကွယ်ရန်လုပ်ဆောင်သည့် အစီအမံများအားလုံးသည် အသုံးမဝင်တော့ပါ။ ဝယ်ရန် (သို့မဟုတ်) ရောင်းရန် မဆုံးဖြတ်မှီ လာမည့်စျေးနှုန်းအပြောင်းအရွှေ့ကို အတည်ပြုရန် သက်ဆိုင်ရာ အချက်ပြမှုများကို မျှော်လင့်ရန် အကြံပြုလိုပါသည်။

သို့ရာတွင် အကယ်၍ပင်မကုန်သွယ်မှုအရွယ်အစားနှင့် hedge သည်တူညီပါက မျှော်မှန်းထားသောစျေးနှုန်းတုံ့ပြန်မှု အပေါ် အခြေခံ၍ ၎င်းတို့ထဲမှတစ်ခုခုကို ပိတ်နိုင်ပါသည်။ အကယ်၍၎င်းသည် partial hedging ကိုရည်ညွှန်း၍ ပင်မအရောင်းအဝယ်ကိုပိတ်လိုပါက hedge အရွယ်အစားကို တိုးမြှင့်ရန် လိုအပ်သည်။

ဤမေးခွန်းကိုဖြေဆိုရန် အစပြုသူများ၊ အတွေ့အကြုံရင် ကုန်သည်များနှင့် hedge traders များမည်သို့ရောင်းဝယ်ရမည်ကို ကျွန်ုပ်တို့လေ့လာကြည့်ရှုကြပါစို့။ ကုန်သည်သစ်များအနေဖြင့် ဆက်စပ်မှုမရှိသောကုန်သွယ်မှု ကုန်သွယ်ရေးအမျိုးအစားတစ်ခု (သို့မဟုတ်) ကုန်သွယ်မှုများစွာတွင် ပမာဏကြီးမားသော ကုန်သွယ်မှုတစ်ခုကိုဝင်ရောက်လေ့ရှိသည်။ အတွေ့အကြုံရင့်ကုန်သည်များ သည် အနိမ့်ဆုံး lot ဖြင့်ဝင်ရောက်ပြီး ပျမ်းမျှအားဖြင့် လမ်းကြောင်းကိုတန်ပြန်လေ့ရှိသည့် အရောင်းအဝယ်တွင် တဖြည်းဖြည်းပေါင်းထည့်ကြသည်။

Hedge traders များသည် ပိုမိုရှုပ်ထွေးသောချဉ်းကပ်မှုကို အသုံးပြုသည်။ ၎င်းတို့အသုံးပြုသော Forex ကုန်သွယ်မှုစနစ်မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ဗျူဟာသည် မြင့်မားသော ဆုံးရှုံးနိုင်ချေ ကွဲပြားချက်အပေါ်အခြေခံထားသည်။ ထို့အပြင် ၎င်းတို့သည် ဆုံးရှုံးနိုင်ချေအဆင့်၊ စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုအမျိုးအစားနှင့် အခြားကန့်သတ်ချက်များတွင် ကွဲပြားသည့် ကုန်သွယ်မှုဗျူဟာမျိုးစုံကို အသုံးပြုနိုင်သည်။ ရိုးရှင်းသော ဥပမာတစ်ခုပေးပါမည် - အကဲဆက်သော နည်းဗျူဟာတစ်ခုသည် ကောင်းသောအမြတ်အစွန်းကို ထုတ်ပေးနိုင်ပြီး အကယ်၍မအောင်မြင်ပါက တည်ငြိမ်သော ဗျူဟာဖြင့် ဆုံးရှုံးမှုအတွက် ပြန်လည်ရယူမည်ဖြစ်သည်။

Hedge Fund ကုန်သွယ်မှုဗျူဟာများသည် စည်းမျဉ်းသုံးရပ်အပေါ် အခြေခံသည် -

  1. ကုန်သွယ်မှုများ ကြာမြင့်စွာ ဖွင့်လှစ်ထားခြင်း (တစ်နှစ် (သို့မဟုတ်) တစ်နှစ်နှင့်အထက်)။
  2. အနည်းငယ်သော အရောင်းအဝယ်များဖြင့် စျေးကွက်သို့ဝင်ပါ (စုစုပေါင်းအရင်းအနှီးနှင့် နှိုင်းယှဉ်လျှင်)။
  3. အခွင့်သာသောလမ်းကြောင်းတစ်ခု မြင့်တက်နေချိန်တွင် အရောင်းအဝယ်များ၏ ပမာဏကို တဖြည်းဖြည်းတိုးမြှင့်ပါ။

Hedge funds များသည် ဆက်စပ်ငွေကြေးအတွဲများကို လိုလားတက်ကြွစွာအသုံးပြုခြင်းဖြင့် ၎င်းတို့၏ ဆုံးရှုံးနိုင်ချေများကို ကွဲပြားစေရန်ရှာဖွေကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည်ရရှိနိုင်သော အချက်ပြမှုများ၏ အကွာအဝေးကို သိသိသာသာချဲ့ထွင်သည်။ အမှန်တကယ်တွင် လမ်းကြောင်းတစ်ခု၏ ဆက်တိုက်ဖြစ်ပေါ်ခြင်း (သို့မဟုတ်) နောက်ပြန်လှည့်မှုတစ်ခု၏ ဈေးနှုန်းဖော်ပြချက်ဇယားကွက်နှစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော လမ်းကြောင်းတစ်ခုပေါ်တွင် တွေ့ရှိနိုင်ပါသည်။ အပြန်အလှန်ဆက်စပ်မှုသည် ဆုံးရှုံးနိုင်ချေကို ကန့်သတ်ရန်အတွက် ငွေများကိုတိုးမြင့်ရန် အကူအညီပေးသည်။

Option တစ်ခုသည် ပုံသေစျေးနှုန်းဖြင့် ပိုင်ဆိုင်မှုတစ်ခုကို ဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချခြင်း စာချုပ်တစ်ခုဖြစ်သည်။ ရွေးချယ်မှု၏ သက်တမ်းကုန်ဆုံးရက်မတိုင်မီသာ ကုန်သွယ်မှုကို ဆောင်ရွက်နိုင်သည်။ အဝယ်စာချုပ်များကို Call Options ဟုခေါ်ဆိုပြီး အရောင်းစာချုပ်များကို Put Options ဟုခေါ်သည်။

အကယ်၍စျေးကွက်လမ်းကြောင်းသည် ကုန်သည်၏မျှော်လင့်ချက်များနှင့် ဆန့်ကျင်နေသော်လည်း ကြိုတင်သတ်မှတ်ထားသောစျေးနှုန်းဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်းဖြင့် ဆုံးရှုံးမှုကိုရှောင်ရှားနိုင်မည်ဖြစ်သည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံသူသည် ဤကုန်သွယ်မှုအတွက် ကုန်သွယ်ရေးအကျိုးဆောင်အား ပရီမီယံကြေး ပေးဆောင်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ရင်းနှီးမြှုပ်နှံသူသည် ဆုံးရှုံးမှုကြီးကြီးမားမားကို ရှောင်ရှားရန် အတွက် သေးငယ်သောဆုံးရှုံးမှုများကို ကြိုတင်၍ပေးရမည်ဖြစ်ပါသည်။

ကုမ္ပဏီတစ်ခုသည် call option အတွက် ယူရို 1,000,000 ကို 1.1100 နှုန်းထားဖြင့် ဝယ်ယူသည်ဆိုပါစို့။ ၎င်းသည်စာချုပ်အတွက် ကုန်သွယ်ရေးအကျိုးဆောင်အား ပရီမီယံ $300 ပေးချေရမည်ဖြစ်သည်။ အကယ်၍စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ယူရိုနှုန်းသည် 2% တိုးလာပါက အသားတင်ဆုံးရှုံးမှုမှာ $300 သာရှိမည်ဖြစ်သည်။ နှိုင်းယှဉ်ကြည့်ပါက hedging မပါဘဲ ယူရိုဝယ်ယူခြင်းသည် ကုမ္ပဏီအတွက် $ 20,000 ကုန်ကျမည်ဖြစ်သည်။


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance
Forex hedging ဆိုသည်မှာ အဘယ်နည်း?

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat