Heikin-Ashi ဇယားသည် အလွန်ရေပန်းစားပြီး အသုံးပြုရအဆင်ပြေသော နည်းပညာပိုင်း ခွဲခြမ်းစိတ်ဖြာသည့်ကိရိယာဖြစ်ပြီး သင် ပုံမှန်အသုံးပြုနေကျ Japanese candlesticks များနှင့် အလွန်ဆင်တူပါသည်။ သို့သော် Heiken-Ashi သည် ပုံမှန်ပုံစံနှင့် လုံးဝကွဲပြားသည့် တစ်မူထူးခြားသောဖော်မြူလာကို အခြေခံ၍ တွက်ချက်ပါသည်။ ယနေ့တွင် Heiken-Ashi bars များ မည်သို့အလုပ်လုပ်ကြောင်း၊ Japanese candlesticks များနှင့် မည်သို့ကွာခြားကြောင်း၊ ၎င်းတို့၏ အချက်ပြမှုများကို ဖတ်ရှုပုံနှင့် Forex စျေးကွက် တွင် ရောင်းဝယ်ပုံတို့ကို တင်ပြသွားပါမည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Heikin-Ashi Candlesticks ဆိုသည်မှာ အဘယ်နည်း?

"Heikin Ashi" သည် ဂျပန်လို "ပျမ်းမျှဘား" ဟု အဓိပ္ပါယ်ရသည်။ စိတ်ဝင်စားစရာမှာ လက်တင်အက္ခရာတွင် ဤစာစု၏ မှန်ကန်သောစာလုံးပေါင်းမရှိပါ။ အချို့သော နာမည်ကြီး ကုန်သည်များ နှင့် စာပေများသည် "Heikin-Ashi" ဟု အသုံးပြုကြသည်။ အခြားသူများက "Heiken-Ashi" ဟု သုံးသည်။

စျေးကွက်အတက်အကျများကို စစ်ထုတ်ရန် ဤအချက်ပြကိရိယာကို အသုံးပြုသည်။ ၎င်းသည် Heikin-Ashi candlestick ၏ တစ်မူထူးခြားသော ဒီဇိုင်းမှ ပေါက်ဖွားလာခြင်းဖြစ်သည် - ၎င်းကို အဖွင့်၊ အပိတ်၊ အမြင့်ဆုံးနှင့် အနိမ့်ဆုံး (အမြင့်ဆုံးနှင့် အနိမ့်ဆုံးစျေးနှုန်းတန်ဖိုးများ) ဖြင့် တည်ဆောက်ထားသည်။

၎င်းကို ကွဲပြားစေရန်အတွက်၊ စံပုံစံဇယား ဖြစ်သော Japanese bar chart ၏ အသေးစားစျေးနှုန်း  အတက်အကျများကို ချောမွေ့စေပြီး ပျမ်းမျှပုံစံအဖြစ် ပြန်လည်ရေးဆွဲထားခြင်းဖြစ်သည်။ ထို့ကြောင့် ရိုးရှင်းစေရန်အတွက် Heiken-Ashi သည် candlestick ၏ moving average အမျိုးအစားဟု ခေါ်နိုင်သည်။

LiteFinance: Heikin-Ashi Candlesticks ဆိုသည်မှာ အဘယ်နည်း?

EURUSD ဇယား၏ အပေါ်ပိုင်းတွင် ဂျပန်ရိုးရာ Japanese candlesticks များကို ပြသထားပြီး အောက်ပိုင်းတွင် Heiken-Ashi ကို ပြသထားသည်။ ၎င်းတို့ကို အမြင်အားဖြင့် နှိုင်းယှဉ်ရာတွင်၊ အောက်ဇယားသည် ပိုမိုချောမွေ့ကြောင်း တွေ့မြင်နိုင်ပါသည်။ ဈေးနှုန်းဘားများသည် ကွာဟချက်မပြဘဲ ဘားအများအပြားသည် ယခင်ဘားများ၏ အလယ်လိုင်းနှင့် နီးကပ်စွာ ပွင့်ထားသည်ကို တွေ့ရသည်။

စကားမစပ် သင်သည် Heikin-Ashi ဇယားများ အသုံးပြုရန် အွန်လိုင်း တာမင်နယ် ၌သာ ဝင်ရောက်နိုင်သည်။ လော့ဂ်အင် ဝင်ရန်မလိုဘဲ မည်သည့် အင်တာနက်စာမျက်နှာ ပေါ်တွင်မဆို ဖွင့်နိုင်သည်။ MetaTrader 4 ပလပ်ဖောင်းတွင် ဤကိရိယာသည် ဇယားတစ်ခုပေါ်တွင် ထပ်ထားသည့် ညွှန်ပြချက်တစ်ခုနှင့်တူသည်။ အသုံးပြုပုံကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမည်။

Heikin-Ashi ကို လမ်းကြောင်းပြညွှန်ပြချက်အဖြစ် မကြာခဏအသုံးပြုကြသည်။ ထို့အပြင် ပုံမှန် candlesticks များအတွက် တီထွင်ထားသော Price Action ၏ ပြောင်းပြန်လှန်သည့် ဖွဲ့စည်းပုံများသည် အားကောင်းသည့်အချက်ပြမှုများကိုလည်း ပေးစွမ်းနိုင်ပါသည်။

ညွှန်ပြချက်၏နောက်ထပ်အင်္ဂါရပ်မှာ တွက်ချက်မှုများတွင် အချိန်ယူခြင်း ဖြစ်သည်။ Japanese candlesticks များ ဇယားပေါ်တွင် ပေါ်လာပြီးမှသာ Heiken-Ashi ဘားအသစ်များကို ဖွဲ့စည်းသည်။ ထို့ကြောင့် မတည်ငြိမ်မှု မြင့်မားသော ကုန်သွယ်ရေးပစ္စည်းများအတွက် သေးငယ်သော timeframes များတွင် ၎င်းသည် အလွန်ထိရောက်သည်။

အထက်ပါဖော်ပြချက်နှင့် ကိုက်ညီသော ငွေကြေးအတွဲအချို့မှာ CAD/JPY သို့မဟုတ် GBP/JPY ဖြစ်သည်။ ဤအတွဲများအတွက် Heikin-Ashi သည် အတက်အကျများပြားခြင်းကို ထိရောက်စွာဖယ်ရှားနိုင်ပြီး မှားယွင်းသောဖောက်ထွက်မှုများနှင့် လမ်းကြောင်းပြောင်းပြန်လှန်သော အချက်ပြမှုများကို တားဆီးပေးမည် ဖြစ်သည်။

Heiken-Ashi ညွှန်ပြချက်ဆိုတာ ဘာလဲ?

MetaTrader 4 ၌ ၎င်းသည် စံသတ်မှတ်ချက် စာရင်းတွင် ပါဝင်သောကြောင့် Heikin-Ashi ဇယားများကို အခမဲ့ ထည့်သွင်းနိုင်သည်။ ထို့ကြောင့် တခြားနေရာမှ ဒေါင်းလုဒ်လုပ်ရန် မလိုပါ။

LiteFinance: Heiken-Ashi ညွှန်ပြချက်ဆိုတာ ဘာလဲ?

ဤကိရိယာသည် moving average ဖြင့် အကောင်းဆုံး တွဲဖက်အလုပ်လုပ်သည်။ ဤနည်းဖြင့် ၎င်းကို Japanese candlesticks များပေါ်တွင် ရေးဆွဲမည်မဟုတ်ပါ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ဇယားကိုနားလည်ရန်ပိုမိုလွယ်ကူစေပြီး Heiken-Ashi ညွှန်ပြချက်၏ ချောမွေ့သော candles များကို ပြသစေသည်။

LiteFinance: Heiken-Ashi ညွှန်ပြချက်ဆိုတာ ဘာလဲ?

နှိုင်းယှဉ်ရန်အတွက် အထက်ပါပုံမှာ အွန်လိုင်းတာမင်နယ်တွင် တွေ့မြင်ရသည့် Heikin-Ashi candles ပုံသဏ္ဌာန်ဖြစ်သည်။ ဤဇယားနှင့် MT4 ကို နှိုင်းယှဉ်ကြည့်လျှင် Japanese candlesticks များကို စျေးနှုန်းဇယားတွင် လုံးဝအစားထိုးထားသည်ကို တွေ့မြင်နိုင်သည်။

Heiken-Ashi ဘယ်လိုအလုပ်လုပ်သလဲ ?

Heikin-Ashi ချောချောမွေ့မွေ့ဖြစ်နေခြင်း ကို Japanese candlesticks များ၏ ပျမ်းမျှသတ်မှတ်ချက် လေးခု ဖြစ်သော Open, Close, Max, Min တို့ဖြင့် လုပ်ဆောင်သည်။

အဆိုပါသတ်မှတ်ချက်လေးခု ၏ အသီးသီး ကိုအောက်ပါအတိုင်းဖွဲ့စည်းထားသည်။

  • Open - (ယခင်ဈေးနှုန်းဘား ၏ အဖွင့် + ယခင်ဈေးနှုန်းဘား၏အပိတ်)/2
  • Close - (အဖွင့် + အမြင့် + အနိမ့် + လက်ရှိဘား၏ အပိတ်)/4
  • Max (သို့မဟုတ် High) - လက်ရှိကာလ၏အမြင့်ဆုံးတန်ဖိုး သို့မဟုတ် လက်ရှိကာလ၏ Heikin-Ashi အဖွင့် သို့မဟုတ် အပိတ်။
  • Min (သို့မဟုတ် Low) - လက်ရှိကာလ၏ အနိမ့်ဆုံးတန်ဖိုး သို့မဟုတ် လက်ရှိကာလ၏ Heikin-Ashi အဖွင့် သို့မဟုတ် အပိတ်။

 

ယခုအခါ သင်သည် Heikin-Ashi ဘားများ တွက်ချက်နည်းကို သိပြီဖြစ်သည်။ ထို့ကြောင့် HA-bar များ၏ လွန်ကဲမှုသည် တူညီသော အနေအထား၌ Japanese candlestick များနှင့် နှိုင်းယှဉ်ပါက လမ်းကြောင်း နှစ်ခုလုံးတွင် ကွဲပြားနိုင်ကြောင်း နားလည်မည်ဖြစ်သည်။ အစပြုသူများသည် ဤအချက်ကို မေ့လျော့နေတက်ပြီး Heikin-Ashi ဘားများ၏ လွန်ကဲအမှတ်များတွင် အရောင်းအဝယ်အတွက် ရပ်တံ့အမှတ်များကို ထားရှိတက်ကြသည်။

HA candle ၏ ကိုယ်ထည်သည် Japanese candles များနှင့် တူညီပြီး စျေးကွက်၏ လက်ရှိ ညီမျှမှု အား ကို ‌ညွှန်ပြသည်။ အဖြူ သို့မဟုတ် အစိမ်းရောင်ဘားသည် အဝယ်လိုက်သောစျေးကွက်ကိုဆိုလိုပြီး အနက်ရောင် သို့မဟုတ် အနီရောင်ဘားသည် အရောင်းအားသာသောစျေးကွက်ကိုညွှန်ပြသည်။

Japanese Candlesticks နှင့် Heikin-Ashi Candles

Japanese CandlesticksHeikin-Ashi
Shadows ရှည်ခြင်းShadows တိုခြင်း
ကိုယ်ထည်၏ အစ သည် ယခင်ဘား၏ အပိတ်အနီးတွင် ဖြစ်သည်။ကိုယ်ထည်၏ အစသည် ယခင်ဘား၏ အလယ်နဲ့ အလွန်နီးကပ်သည်။
ဘားများသည် လက်တွေ့ဈေးနှုန်းအခြေအနေကို ပြသသည်။အချိန်အနည်းငယ်နောက်ကျပြီးမှ ဖွဲ့စည်းသော ဘားများ ၏ ချောမွေ့ခြင်းကြောင့် တိကျသော ဈေးနှုန်းအရွေ့များထက် ပို၍ လမ်းကြောင်းကို ထင်ဟပ်စေသည်။

ပထမတစ်ချက်တွင်၊ Heikin-Ashi နှင့် candle ဇယားများသည် အတူတူပင်ဖြစ်သည်။ သို့သော် အနီးကပ်ကြည့်လျှင် အရေးကြီးသော ခြားနားချက်တစ်ခုကို သတိပြုမိလိမ့်မည် - ချောမွေ့သောဘားများသည် တိုသော shadows များရှိပြီး ၎င်း၏အမြင့်ဆုံးသည် candlestick ၏ ထိပ်ဆုံးလောက် မရောက်နိုင်ပါ။ တစ်ချိန်တည်းတွင် Heikin-Ashi ဘားတစ်ခုစီ၏ကိုယ်ထည်သည် ယခင်ဘား၏ အလယ်မှတ်အနီးတွင် စတင်သည်။

နောက်တစ်ချက်မှာ - ချောမွေ့ခြင်းကြောင့်ဖြစ်သည်၊ Heikin-Ashi ညွှန်ပြချက်များသည် အနည်းငယ် နောက်ကျပါသည်။ ဥပမာအားဖြင့် ဇယား နှစ်ခု ဖြစ်သော - ဘယ်ဘက်ရှိ Heikin-Ashi ဇယား နှင့် ညာဘက်ရှိ Japanese candlesticks ကို နှိုင်းယှဉ်ပြထားပါသည်။

LiteFinance: Japanese Candlesticks နှင့် Heikin-Ashi Candles

အရောင်နှင့်စက်ဝိုင်းများသည် အကြီးမားဆုံးကွာခြားချက်ရှိသော ဧရိယာများကို ညွှန်ပြသည်။ ပထမအနီစက်ဝိုင်းတွင် နောက်ကျခြင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ Japanese candlestick သည် ရှည်လျားသောအနီရောင်ကိုယ်ထည်ကို ဖွဲ့စည်းထားပြီး HA candlestick သည် အစိမ်းရောင် ရှိနေဆဲ ဖြစ်သည်။ နောက်ပိုင်းတွင်၊ ထိုကဲ့သို့သော ကွဲပြားမှုများအား မည်သို့ ရှာဖွေပုံနှင့် အသုံးချပုံများကို ဆက်လက်တင်ပြပါမည်။

Heiken-Ashi Candles အား ဖတ်ရှုနည်း

Heikin-Ashi လျှို့ဝှက်ချက်များ ကို သိရှိခြင်းဖြင့် လက်ရှိလမ်းကြောင်း၏ ဦးတည်ချက်၊ ၎င်း၏အစနှင့် အဆုံးသတ် အမှတ်များကို ဆုံးဖြတ်နိုင်ပါသည်။ စျေးနှုန်းများ ပုံမှန်မြင့်တက်ခြင်း သို့မဟုတ် ကျဆင်းခြင်းနှင့်အတူ shadow အနည်းငယ်မျှသာ ရှိပါက (သို့မဟုတ် လုံးဝမရှိ) ၊ ၎င်းသည် အရေးကြီးသော လက္ခဏာဖြစ်သည်။

ဤအချက်ပြမှုသည် လမ်းကြောင်း၏ ကြံ့ခိုင်မှု နှင့် မဝေးတော့သော အနာဂတ်တွင် ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း ညွှန်ပြခြင်းဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်သော အကျဘက် ရွေ့လျားမှုအား shadow အထက်ပိုင်း ကျဆင်းမှု ဖြင့်တွေ့မြင်နိုင်ပြီး တည်ငြိမ်သော အတက်ဘက်ရွေ့လျားမှုအား shadow အောက်ပိုင်းတွင် တွေ့နိုင်သည်။

ဈေးနှုန်းဘား၏ အဖွင့်မျဉ်း သည် တိကျသောလမ်းကြောင်းတစ်ခုအတွင်းရှိ တည်ငြိမ်သောရွေ့လျားမှု၏ သွယ်ဝိုက်သောလက္ခဏာဖြစ်သည်။ ဤအခြေအနေတွင် ၎င်းသည် ယခင်ဘား၏အလယ်တွင် ဖြစ်သည်။ စျေးနှုန်းဦးတည်ချက်ကို ထောက်ပံ့သည့် တတိယအထောက်အထားမှာ candles ၏ အရောင်ဖြစ်သည်။ ဤကဲ့သို့သော Heikin-Ashi ဇယားများ သည် များသောအားဖြင့် မြင့်တက်လာသောဘားများကို ပြသပါက (အွန်လိုင်းတာမင်နယ်တွင်အစိမ်းရောင်) ၊ လမ်းကြောင်းသည် အဝယ်လိုက်နေခြင်းဖြစ်သည်။ ကျဆင်းနေသော ဘားများ ဖြစ်ပါက(အနီရောင်) ၊ ၎င်းသည် အရောင်းများနေခြင်းဖြစ်သည်။

လမ်းကြောင်း၏ ကြံ့ခိုင်မှု ကို သွယ်ဝိုက်ဖော်ပြသော ညွှန်ပြချက်မှာ ဘား အရွယ်အစားများ၏ အချိုးဖြစ်သည်။ Candle တစ်ခုစီ၏ ကိုယ်ထည်သည် ယခင်တစ်ခုထက် ပိုကြီးပါက၊ လမ်းကြောင်း၏ ကြံ့ခိုင်မှု တိုးလာခြင်း ဖြစ်သည်။ အထူးသဖြင့် shadows များ တိုးလာခြင်းနှင့် အတူ ဘားများ တဖြည်းဖြည်း သေးငယ်လာပါက၊ လက်ရှိ ဦးတည်ချက်ရွေ့လျားမှုမှာ မကြာမီ၌ အဆုံးသတ်တော့မည် ဖြစ်ကြောင်း ခန့်မှန်းနိုင်ပါသည်။

LiteFinance: Heiken-Ashi Candles အား ဖတ်ရှုနည်း

အပေါ်ပုံမှာ လမ်းကြောင်းတစ်ခုအား ပြသထားခြင်းဖြစ်သည်။ ဘားအားလုံးနီးပါးတွင် သေးငယ်သော shadows အောက်ပိုင်း များရှိသည်ကို သတိပြုပါ။ ၎င်းသည် အခြားသော အခြေအနေများနှင့်လည်း ကိုက်ညီသည် - ဖွဲ့စည်းထားသော ဘားအများစုသည် တူညီသောအရောင်ရှိသည်။ လမ်းကြောင်း၏ ကြံ့ခိုင်မှု အားကောင်းလာသောအခါ၊ candlestick ကိုယ်ထည်များ ပိုမိုကြီးလာပြီး ကာလတို ဈေးကွက် correction မပြုလုပ်မီနှင့် ထိုကာလတိုအတွင်း၌ ၎င်းတို့သည် သေးငယ်သွားသည်။

လမ်းကြောင်းဖြင့် ကုန်သွယ်မှုတွင်၊ ကုန်သည်အများစုသည် တူညီသောဘားများဆက်တိုက်ဖြစ်ပေါ်ပြီးနောက် စျေးကွက်ထဲသို့ဝင်ရောက်သည်။ ဥပမာအားဖြင့် တူညီသောအရောင်နှင့် ဦးတည်ချက် တူညီသော Heiken-Ashi candles သုံးခုသည် အရောင်းအဝယ်တစ်ခုဖွင့်ရန် အခြေအနေများဖြစ်လာနိုင်သည်။

စျေးကွက်ထဲသို့ဝင်ရောက်မည့် အချိန်ကိုဆုံးဖြတ်ရန် အခြား အချက်ပြကိရိယာများကိုအသုံးပြုနိုင်သည်။ အများစုသည် Heiken-Ashi နှင့် ပုံမှန်ဇယားကွက်နှစ်ခုစလုံးအတွက် ကောင်းမွန်စွာလုပ်ဆောင်ကြသည်။ ဥပမာအားဖြင့်၊ ပြောင်းပြန်ဖြစ်စဉ်တစ်ခုအတွင်း Bollinger Band ၏ ထိတွေ့ခြင်း သို့မဟုတ် ဖြတ်ကျော်ခြင်း ကို အချက်ပြမှုအဖြစ် အသုံးပြုနိုင်သည်။ "Forex Bollinger Bands Indicator."ဆောင်းပါးတွင် ဤအရာအား အသေးစိတ် ဖော်ပြထားပါသည်။

မည်သည့်နည်းလမ်းတွင်မဆို ဘားများကို ဖော်မြူလာဖြင့် တွက်ချက်ထားကြောင်း မှတ်သားထားရန် အရေးကြီးပါသည်။ ထို့ကြောင့်၊ ၎င်းတို့၏ ကိုယ်ထည်နှင့် လွန်ကဲတန်ဖိုးများသည် လက်တွေ့ဈေးနှုန်း တန်ဖိုးများကို ထင်ဟပ်ခြင်းမရှိပါ။ ယခုအခါ  Heikin-Ashi ဖော်မြူလာကို လေ့လာကြည့်ကြရအောင်!

Heikin-Ashi Formula - Heiken-Ashi Candle တွက်ချက်ခြင်း

HA-bar ကိုဆွဲရန်၊ ညွှန်ပြချက်အတွက် candlestick ကန့်သတ်ချက်လေးခုကို သတ်မှတ်ရန် လိုအပ်သည်-

  • အဖွင့်ဈေး (HA-Open)
  • အပိတ်ဈေး (HA-Close)
  • အများဆုံးဈေး (HA-High)
  • အနည်းဆုံးဈေး (HA-Min)

ဤသည်မှာ Heikin-Ashi တွက်ချက်မှု ဖော်မြူလာဖြစ်သည်။

ပထမဆုံး candlestick အတွက် HA-Open သည် ပုံမှန်ဘားတစ်ခု၏ အဖွင့်စျေးနှုန်းဖြစ်သည်။ ဒုတိယ

candlestick အတွက် HA-Open = (HA-Open (-1) + HA-Close (-1)) / 2၊

ဖော်မြူလာတွင်ပါဝင်သော "-1" မှာ ယခင်ဈေးနှုန်းဘား ၏ တန်ဖိုးဖြစ်သည်။

HA-Close = (Open (0) + High (0) + Low (0) + Close (0)) / 4.

ဤဖော်မြူလာရှိ "0" သည် လက်ရှိဈေးနှုန်းဘားကို ရည်ညွှန်းပြီး "HA" နှင့်တွဲရက် တန်ဖိုး မပါဝင်ပါက၊ တွက်ချက်မှုသည် ၎င်း၏ တန်ဖိုးအမှန်များပေါ်တွင် အခြေခံသည်။

HA-High = Maximum of the High (0), HA-Open (0) or HA-Close (0)

HA-Low = Minimum of the Low (0), HA-Open (0) or HA-Close (0)

LiteFinance: Heikin-Ashi Formula - Heiken-Ashi Candle တွက်ချက်ခြင်း

အထက်ဖော်ပြပါပုံသည် အဝယ် နှင့် အရောင်းဈေးနှုန်းဘားများ၏ တန်ဖိုးများ အား မည်သည့်နေရာမှယူရမည်ကို ပြသထားသည်။ အဝယ်လိုက်သော candlesticks များအတွက်၊ အမြင့်ဆုံးသည် ထိပ်တွင်ရှိပြီး အရောင်းများသော candlesticks များအတွက် အနိမ့်ဆုံး သည် အောက်ခြေတွင်ရှိ၍  ၎င်းတို့သည် မတူညီသောနည်းလမ်းဖြစ်ကြောင်း သတိပြုပါ။ ထို့ကြောင့် အဓိပ္ပာယ်ဖတ်ခြင်းသည် ဈေးနှုန်း၏ ဦးတည်ချက်ပေါ်တွင် မူတည်ပါသည်။

Excel တွင် Heikin-Ashi တွက်ချက်နည်း

နားလည်သဘောပေါက်စေရန်အတွက် ကျွန်ုပ်သည် ဤနေရာတွင် ဒေါင်းလုဒ်ပြုလုပ်နိုင်သော Excel ဂဏန်းတွက်စက် ကို ပံ့ပိုးပေးထားပါသည်။

လင့်ခ်ကို နှိပ်ပြီးနောက် ညာဘက်အပေါ်ထောင့်ရှိ မြှားပုံသဏ္ဍာန် ကို နှိပ်ပါ။

LiteFinance: Excel တွင် Heikin-Ashi တွက်ချက်နည်း

ဂဏန်းတွက်စက်၏ဒီဇိုင်းသည် အလွန်ရိုးရှင်းသည် - စာရင်း၏ဘယ်ဘက်ခြမ်းရှိ ခရမ်းရောင်ဆဲလ်များတွင် ဖြည့်စွက်ရန်လိုအပ်သည်-

  • ရက်စွဲ (အော်ဒါနံပတ်များကို သတ်မှတ်နိုင်သည်)
  • အဖွင့်နှင့်အပိတ်ဈေးတန်းများနှင့် Japanese candlestick ၏ အမြင့်နှင့် အနိမ့်ဈေးတန်းများ

အရေးကြီးသည်! သင့်တန်ဖိုးများမထည့်မီ ရှိပြီးသားတန်ဖိုးများကို ဖျက်ပါ။

ခရမ်းရောင်ဆဲလ်များကို သင်ဖြည့်သည့်အခါ တန်ဖိုးများကို အလိုအလျောက်တွက်ချက်၍ အပြာရောင်ဆဲလ် များက ပြသပေးသောကြောင့် မည်သည့်အရာကိုမျှ ထည့်ရန်မလိုအပ်ပါ။

LiteFinance: Excel တွင် Heikin-Ashi တွက်ချက်နည်း

ညာဘက်တွင်၊ LiteFinance တာမင်နယ်  ၌ ရှိသည့်ပုံစံနှင့်ဆင်တူသော အပ်ဒိတ်လုပ်ထားသည့် Heikin-Ashi candlestick ဇယား ကို တွေ့မြင်ရမည်ဖြစ်သည်။

Heiken-Ashi Candles ပုံစံများ

Heiken-Ashi ဖြင့် အရောင်းအဝယ်လုပ်သောအခါ၊ စျေးကွက်ထဲသို့ဝင်ရောက်မည့် အချိန်မှန်ကိုဆုံးဖြတ်နိုင်ရန် candlestick ပုံစံများကို မကြာခဏအသုံးပြုကြသည်။ ဤဆောင်းပါးတွင်၊ အတိကျဆုံး Heiken-Ashi အချက်ပြမှုများ ဖြင့် လူကြိုက်အများဆုံး candles ဖွဲ့စည်းပုံများကို ဖော်ပြပါမည်။

  • Doji;
  • Cross;
  • Hammer;
  • Falling star;
  • High wave.

LiteFinance: Heiken-Ashi Candles ပုံစံများ

အထက်ဖော်ပြပါပုံတွင် Heiken-Ashi ပုံစံများ အားလုံးကို ပြသထားပြီး ၎င်းကို စုစည်းမှုစာရင်းတစ်ခု ပြုလုပ်၍ အသုံးပြုနိုင်ပါသည်။

ယခုအခါ ပုံစံတစ်ခုစီကို အနီးကပ်လေ့လာကြည့်ရအောင်။

Heiken-Ashi Doji

အဖွင့်နှင့် အပိတ်စျေးနှုန်းများသည် တူညီလုနီးပါးဖြစ်သောအခါ ဤပုံစံဖြစ်ပေါ်သည်။ အဆိုပါအချိန်တွင် အဝယ်သမားများနှင့် အရောင်းသမားများသည် မျှတမှု အားကြီးနေပြီး စျေးကွက်တွင် မသေချာမရေရာမှုကို ပြသနေသည်။ ထို့ကြောင့်၊ Doji သည် အတက်လမ်းကြောင်းတစ်ခု၏ထိပ်တွင်ပေါ်လာသောအခါ၊ အရောင်းဖွင့်ရန် ပြင်ဆင်နိုင်ပြီး အကျလမ်းကြောင်း ၏အောက်ခြေ၌ ဆိုလျှင် အဝယ် ပြုလုပ်ရမည် ဖြစ်သည်။ စိတ်ချရမှုကို အမြင့်ဆုံးရရှိရန်၊ Stochastic ကဲ့သို့သော oscilllator တစ်ခုနှင့် Doji ကို ပေါင်းစပ်ပါ။

LiteFinance: Heiken-Ashi Doji

EURJPY ဇယားတွင်၊ Doji candlesticks များကို အပြာရောင်ဘဲဥပုံဖြင့် မှတ်သားထားသည်။ ကိုယ်ထည်သည် အလွန်သေးငယ်ပြီး ကျဉ်းမြောင်းသော အမြှောင်းပုံသဏ္ဍာန်ရှိကြောင်း သတိပြုပါ။

Cross

Harami Cross (သို့မဟုတ် Cross) သည် အလွန်အားကောင်းသော အလှည့်အပြောင်းဖြစ်နိုင်သည့် ပြောင်းပြန်ဖွဲ့စည်းပုံများဖြစ်သည်။ ၎င်းသည် လမ်းကြောင်းတစ်ခု၏အဆုံးနှင့် အသစ်တစ်ခု၏အစကို ဆုံးဖြတ်ရန် ကူညီပေးသည်။ ဤပုံစံတွင် candlesticks နှစ်ခု ပါရှိသည်။ ပထမတစ်ခုသည် အလွန်ကြီးမားသောကိုယ်ထည်ရှိပြီး ဒုတိယသည် သေးငယ်၍ Doji နှင့်ဆင်တူသည်။ တစ်ချိန်တည်းမှာပင်၊ ဒုတိယဘားသည် ပထမတစ်ခုထက် မကျော်လွန်သင့်ပါ။

LiteFinance: Cross

Cross ၏ ဥပမာတစ်ခုအား အထက်တွင် ဖော်ပြထားသည်။ ဒုတိယ candlestick သည် သေးငယ်သော ကိုယ်ထည်ရှိပြီး ယခင်တစ်ခု၏ အကွာအဝေးအတွင်း တည်ရှိကြောင်း သတိပြုပါ။

Hammer

တခါတရံ Hanging Man ဟုလည်းခေါ်သော Hammer ဆိုသည်မှာ သေးငယ်သော  candle  ကိုယ်ထည်ဖြစ်ခြင်း၊ အပေါ်ပိုင်း ၌ သေးငယ်သော shadow ရှိခြင်း သို့မဟုတ် လုံးဝ မရှိခြင်း၊ အောက်ခြေ ၌ ရှည်လျားသော shadow  ရှိသည့် ဖွဲ့စည်းပုံဖြစ်သည်။ အတက်လမ်းကြောင်းတစ်ခုအတွင်း၊ ၎င်းပုံစံကို Hanging Man ဟုရည်ညွှန်းသည်။ အကျလမ်းကြောင်းတစ်ခုအတွင်း၊ ၎င်းပုံစံကို Hammer ဟု ခေါ်ဆိုသည်။ နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှုတွင်၊ ဤပုံစံများသည် အဝယ်လွန်ခြင်း သို့မဟုတ် အရောင်းလွန်ခြင်းအခြေအနေများကို ဆိုလိုသည်။ ထို့ကြောင့်၊ လမ်းကြောင်း အလှည့်အပြောင်းဖြစ်မည့် ပြောင်းပြန်လှန်ခြင်းသည် အလွန်ဖြစ်နိုင်ချေရှိကြောင်း ၎င်းတို့က ထောက်ပြသည်။ Japanese candlesticks များနှင့် မတူဘဲ၊ HA Hammer သည် လမ်းကြောင်းအရ မည်သည့်နေရာတွင် တည်ရှိနေပါစေ အနီရောင်/အနက်ရောင်သာ ဖြစ်နိုင်ပါသည်။

LiteFinance: Hammer

အထက်ပါဇယားတွင်၊ Hammer ကို အပြာရောင်ဘဲဥပုံဖြင့် မှတ်သားထားသည်။ အပေါ်ပိုင်း shadow မရှိခြင်း၊ အောက်ပိုင်းရှည်လျားခြင်း ရှိသည်။ အဆိုပါပုံစံကိုဖွဲ့စည်းပြီးနောက်၊ အကျလမ်းကြောင်းသည် အတက်လမ်းကြောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

Shooting Star

ဤပုံစံသည် shooting star သို့မဟုတ် comet နှင့်တူသောကြောင့် ဤနာမည်တွင်ခြင်းဖြစ်သည်။ ၎င်းသည် အဝယ်လိုက်သောလမ်းကြောင်းတစ်ခု၏ထိပ်တွင် ပေါ်လာပြီး မကြာမီ၌ အောက်ဘက် ပြောင်းပြန်လှန်ခြင်းကို အချက်ပြသည်။ တိကျစွာသိရှိနိုင်ရန် ရိုးရှင်းသော စည်းမျဉ်းအချို့ကို မှတ်သားထားပါ-

  • Candle ဘား၏ ကိုယ်ထည်သည် အပေါ်ပိုင်း shadow ထက် အနည်းဆုံး နှစ်ဆသေးငယ်ရပါမည်။
  • အောက်ပိုင်း shadow သည် candle ကိုယ်ထည် ၏ ၁၀ %  သို့မဟုတ် ထို့ထက်နည်းသင့်သည်။

Hammer ကဲ့သို့ပင်၊ HA shooting star သည် ပုံမှန်အားဖြင့် အကျ ဘက်ပြောင်းပြန်လှန်ခြင်းမပြုမီတွင် ဖြစ်ပေါ်လေ့ရှိသော်လည်း ၎င်းသည် အတက် candle အစိမ်း/အဖြူရောင်သာဖြစ်သည်။

LiteFinance: Shooting Star

အထက်ပါဇယားတွင်၊ အပြာရောင်ဘဲဥပုံသည် shooting star ကို ပြသထားသည်။ ဤဘားသည် အောက်ပိုင်း shadow မရှိပါ၊ ၎င်း၏ ကိုယ်ထည်သည် အပေါ်ပိုင်း shadow ထက် သုံးဆခန့်သေးငယ်သည်။

High Wave

High waves သည် ရှည်လျားပြီး အကြမ်းအားဖြင့် အပေါ်နှင့်အောက် shadows များပါရှိသော ဘားများဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရောင်မဆိုရှိနိုင်သည်။ Doji ကဲ့သို့ ထိုပုံစံများသည် ဝယ်သူများနှင့် ရောင်းချသူများ၏ မျှတမှုကို ညွှန်ပြပြီး လမ်းကြောင်းရွေ့လျားမှု ပြီးဆုံးတော့မည့် ပထမဆုံးအချက်ပြဖြစ်နိုင်သည်။

LiteFinance: High Wave

ဇယားသည် high wave တစ်ခု၏ ဥပမာကို ပြသထားသည်။ ၎င်း၏ shadows များသည် ကိုယ်ထည်ထက် အဆများစွာ ပိုကြီးပြီး အရှည်မှာ ခန့်မှန်းခြေအားဖြင့် တူညီသည်။

Heikin-Ashi လမ်းကြောင်းများ

Heikin-Ashi နှင့် candle ၏ သတ်မှတ်စည်းကမ်းချက်များအရ၊ ပိုမိုကောင်းမွန်သော ကုန်သွယ်မှုရလဒ်များရရှိနေချိန်တွင် Heikin-Ashi ဖြင့် လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိရန် ပိုမိုလွယ်ကူပါသည်။ အတွေ့အကြုံရှိသော ကုန်သည်များသည် အချက်အလက်များစွာကို တစ်ပြိုင်နက် ကြည့်ရှုကြသည်-

  • ကိုယ်ထည်၏အရှည်နှင့်၎င်း၏အချိန်နှင့်အမျှပြောင်းလဲမှု
  • ကိုယ်ထည်အရွယ်အစားနှင့် shadow များကြား အချိုး၊
  • အဝယ် သို့မဟုတ် အရောင်း ရွေ့လျားမှု မှ မည်သည့်ရွေ့လျားမှုအားကောင်းသည်ဖြစ်စေ၊
  • စျေးနှုန်းရွေ့လျားမှု၏ဦးတည်ချက်၊

အောက်တွင်၊ ဤလက္ခဏာရပ်များနှင့်အတူ အဝယ်နှင့် အရောင်းလမ်းကြောင်းများကို ခွဲခြားသတ်မှတ်ရန် ညွှန်ကြားချက်အဆင့်ဆင့် ကို တင်ပြပေးပါမည်။

အဝယ်လိုက်သော Heikin-Ashi လမ်းကြောင်း

အဝယ်လိုက်သောလမ်းကြောင်းသည် အောက်ပါအခြေအနေများနှင့် ကိုက်ညီသည်-

  • ဈေးတက်နေခြင်း
  • ဇယားပေါ်တွင် အစိမ်းရောင်အတက်ဘား အများစုရှိခြင်း
  • ဘားများ၏ကိုယ်ထည်များသည် အချိန်ကြာလာသည်နှင့်အမျှ များပြားလာပါက၊  အပြန်အလှန် အားဖြင့် အဝယ်လှုပ်ရှားမှုသည် အားကောင်းလာမည် ဖြစ်သည်။ သေးငယ်သော ကိုယ်ထည်များသည် လမ်းကြောင်းမကြာမီ ပြီးဆုံးတော့မည်ကို ဆိုလိုသည်။
  • ခိုင်ခံ့ပြီး တည်ငြိမ်သော အတက်ရွေ့လျားမှုဖြင့်၊ Heiken-Ashi ‌candles များသည် သေးငယ်သော shadow သို့မဟုတ် လုံးဝမရှိသော shadow  ဖြစ်ပေါ်လာသည်။

 

LiteFinance: အဝယ်လိုက်သော Heikin-Ashi လမ်းကြောင်း

XAUUSD  ဇယားသည် အဝယ်လိုက်သောလမ်းကြောင်းကို ပြသသည်။ အစပိုင်းတွင်၊ အောက်ပိုင်း shadows များ မရှိသလောက်နည်းပါးသည်ကို တွေ့ရသည် (အစိမ်းရောင်မြှားဖြင့်ညွှန်ပြထားသည်)။ အထက်သို့ရွေ့လျားမှု မပြီးဆုံးမီ၊ ဤပြောင်းလဲမှုနှင့် ဘားတိုင်းနီးပါးသည် အောက်ပိုင်း shadow ကို ပြသသည်။

အရောင်းများသော  Heikin-Ashi လမ်းကြောင်း

အရောင်းအားသာသောလမ်းကြောင်းသည် ဤစည်းမျဉ်းများနှင့် လျော်ညီသည်-

  • ဈေးကျနေခြင်း
  • ဇယားတွင် အနီရောင် အကျဘားများဖြင့် ပြည့်နေခြင်း
  • ဘားများ၏ ကိုယ်ထည်များသည် အချိန်နှင့်အမျှ တိုးပွားလာပါက၊ အပြန်အလှန်အားဖြင့် အရောင်းလှုပ်ရှားမှု တိုးလာခြင်းဖြစ်သည်။ သေးငယ်သော ကိုယ်ထည်များသည် လမ်းကြောင်း မကြာမီ ပြီးဆုံးတော့မည်ကို ဆိုလိုသည်။
  • ခိုင်မာပြီး တည်ငြိမ်သော အကျလမ်းကြောင်းတွင်၊ candles များသည် အပေါ်ပိုင်း shadow သေးခြင်း သို့မဟုတ် လုံးဝမရှိပေ။

LiteFinance: အရောင်းများသော  Heikin-Ashi လမ်းကြောင်း

အစပိုင်းတွင် အားကောင်းသော အကျလမ်းကြောင်း ရှိသည် (အနီရောင်မြှားဖြင့် အမှတ်အသားပြုထားသည်)။ အပေါ်ပိုင်း shadows များမပါရှိသော ဘားများဖြစ်ပေါ်လာပြီး လမ်းကြောင်းကျဉ်းမြောင်းမှုသည် ကာလတို correction မပြုလုပ်မီတွင် စတင်လာသည်။ နောက်တစ်ဆင့်တွင် (အပြာရောင်မြှားဖြင့် အမှတ်အသားပြုထားသော) Doji နှင့်အဆုံးသတ်သည့် ပို၍အားကောင်းသော လမ်းကြောင်းကျဉ်းမြောင်းမှုကို ပြသလာသည်။

Heiken-Ashi ပုံစံများ

မဝေးတော့သောအနာဂတ်တွင် စျေးကွက် အပြုအမူကို ခန့်မှန်းရန်အတွက် အထောက်အကူဖြစ်စေသော အခြားပုံစံများရှိပါသည်။ အများစုမှာ expanding triangles နှင့် wedges ဟု ခေါ်ဝေါ်သော ပုံစံများနှင့် Heiken-Ashi များကို ပုံဖော်လာကြသည်။ လေ့လာကြည့်ရအောင်။

LiteFinance: Heiken-Ashi ပုံစံများ

အထက်ဖော်ပြပါပုံသည် Heikin-Ashi patterns များကို နမူနာပြထားခြင်းဖြစ်သည်။

Triangles

ဤသည်မှာ Heiken-Ashi တွင် အသုံးအများဆုံးပုံစံဖြစ်သည်။ နယ်နိမိတ်ဈေးတန်းများသည် ရောင်းလိုအားနှင့် ဝယ်လိုအားအတွက် ခုခံဈေးတန်းများနှင့် ဆင်တူသည်။ ပြီးခဲ့သည့် အတက်လမ်းကြောင်းအတွင်း  အထက်ပိုင်းအား ဖောက်တက်ပါက၊ လမ်းကြောင်း ဆက်လက် ရှိနေမည်ဖြစ်သောကြောင့် အဝယ်ကိုဖွင့်ပါ။ စျေးနှုန်းသည် အောက်ဘက်နယ်နိမိတ်ဈေးတန်းကို ဖောက်ဆင်းပါက၊ ပြောင်းပြန်လှန်ခြင်း ဖြစ်နိုင်သည်ကို သုံးသပ်၍ အရောင်းကို ဖွင့်ပါ။ ဆန့်ကျင်ဘက်အရ အကျလမ်းကြောင်းအတွက်ဆိုလျှင် ဆန့်ကျင်ဘက်သဘောတရားဖြစ်သည်။

LiteFinance: Triangles

S&P500 ဇယားတွင်၊ ခရမ်းရောင်လိုင်းများဖြင့် တြိဂံပုံစံ၏ ဈေးတန်းနယ်နိမိတ်များကို ပြသထားသည်။ နောက်ပိုင်းတွင်၊ စျေးနှုန်းသည် အပေါ်ဘက် (အစိမ်းရောင် စက်ဝိုင်း) ကို ဖောက်တက်ခဲ့သည်၊ ဤအချိန်တွင် သင်သည် အဝယ်ကိုဖွင့်နိုင်သည် (အစိမ်းရောင်မျဉ်း) ။

Wedges

ဤပုံစံကို Heiken-Ashi ဇယားတွင် မကြာခဏမြင်ရပြီး ကျဉ်းမြောင်းသော တြိဂံပုံစံ နှင့် တူညီသည်။ အမျိုးအစား နှစ်မျိုးရှိသည်။

  • Rising - အကျလမ်းကြောင်းတစ်ခု မဖြစ်ပေါ်မှီ ဖြစ်ပေါ်သော အထက်ဘက် ရွေ့လျားမှု
  • Falling - အထက်သို့ ပြောင်းပြန်လှန်ခြင်း မတိုင်မီ အောက်ဘက်သို့ ရွေ့လျားမှု

LiteFinance: Wedges

Falling wedge တစ်ခုကို ခရမ်းရောင်မျဉ်းကြောင်းများဖြင့် မှတ်သားထားသည်။ ထို့ကြောင့် အထက်သို့ ပြောင်းပြန်လှန်မှု ဖြစ်နိုင်သည်ကို သုံးသပ်ရမည်။ စျေးနှုန်းအပေါ်ပိုင်းနယ်နိမိတ်(အစိမ်းရောင်စက်ဝိုင်း) ကို ဖောက်တက်သည့်အခါ ကျွန်ုပ်တို့၏ခန့်မှန်းချက်များကို အတည်ပြုနိုင်သည်။ ဤအချိန်တွင် သင်သည် အ၀ယ်ကုန်သွယ်မှုကို ဖွင့်နိုင်သည်(အစိမ်းရောင်လိုင်း) ။

Heikin-Ashi Candlesticks ဖြင့် လမ်းကြောင်းအား ခွဲခြမ်းစိတ်ဖြာခြင်း ဥပမာ

BTCUSD ဇယားတွင် Heikin-Ashi ကိုအသုံးပြု၍ လမ်းကြောင်းခွဲခြမ်းစိတ်ဖြာမှုကို လေ့လာကြပါစို့။

LiteFinance: Heikin-Ashi Candlesticks ဖြင့် လမ်းကြောင်းအား ခွဲခြမ်းစိတ်ဖြာခြင်း ဥပမာ

ကာလရှည် အရောင်းရွေ့လျားမှုပြီးနောက် ထိုနေရာတွင် high wave တစ်ခုရှိသည် (အပြာရောင်ဘဲဥပုံ)။ အထက်တွင် ဖော်ပြထားသည့်အတိုင်း ၎င်းမှာပြောင်းပြန်ပုံစံဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အတက်လမ်းကြောင်းတစ်ခု ကို မျှော်လင့်နိုင်ပါသည်။

LiteFinance: Heikin-Ashi Candlesticks ဖြင့် လမ်းကြောင်းအား ခွဲခြမ်းစိတ်ဖြာခြင်း ဥပမာ

နောက်ဘားတစ်ခု တက်လာပြီး ၎င်း၏ ကိုယ်ထည်သည် ယခင်ဘားအမြင့်ထက် ပိုကြီးသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နောက်တစ်ဆင့်မှာ အရောင်းဖွင့်ရန် (အပြာလိုင်း) ဖြစ်သည်။ လက်ရှိအနိမ့်ဆုံး (အနီရောင်မျဉ်း) ၏ အနီးတွင် အရှုံးခံဈေး ကိုသတ်မှတ်သည်။

LiteFinance: Heikin-Ashi Candlesticks ဖြင့် လမ်းကြောင်းအား ခွဲခြမ်းစိတ်ဖြာခြင်း ဥပမာ

ကာလတိုအတက် ရွေ့လျားပြီးနောက် စျေးနှုန်းကျသွားသည်။ သို့သော် ကျွန်ုပ်တို့သည် ပြောင်းပြန်လှန်ခြင်း၏ အချက်ပြမှုများကိုမတွေ့ရဘဲ ဘားတွင်လည်းကြီးမားသော အကွာအဝေး မရှိပါ  (ခရမ်းရောင် စက်ဝိုင်း)။ Heikin-Ashi ဇယား ၌ ကျဆင်းမှုသည် ကာလတို correction ဖြစ်နိုင်သောကြောင့် အရောင်းအဝယ်ပိတ်မည့် အစား ဈေးကွက်ကိုစောင့်ကြည့်လိုက်သည်။

LiteFinance: Heikin-Ashi Candlesticks ဖြင့် လမ်းကြောင်းအား ခွဲခြမ်းစိတ်ဖြာခြင်း ဥပမာ

အနီရောင်စက်ဝိုင်းဖြင့် အမှတ်အသားပြုထားသည့်နေရာကို အထူးဂရုပြုပါ။ ဤနေရာရှိ candlestick နီးပါးတွင် သိသာထင်ရှားသော အောက်ပိုင်း shadow ရှိသည်။ ဤသည်မှာအထက်သို့ ရွေ့လျားခြင်း အဆုံးသတ်၏ နိမိတ်လက္ခဏာဖြစ်နိုင်သည်။

LiteFinance: Heikin-Ashi Candlesticks ဖြင့် လမ်းကြောင်းအား ခွဲခြမ်းစိတ်ဖြာခြင်း ဥပမာ

ခဏအကြာတွင် အားကောင်းသောပြောင်းပြန်လှန်အချက်ပြမှု - Double Doji (အစိမ်းရောင်ဘဲဥပုံ) တစ်ခုရှိသည်။ ဆက်တိုက် ဖြစ်ပေါ်သောဘားနှစ်ခုတွင် သေးငယ်သောကိုယ်ထည်၊ ရှည်လျားသော အပေါ်ပိုင်း shadow နှင့် အောက်ပိုင်း shadow များရှိသည်။ အနီရောင်ဘားပိတ်ချိန်တွင် စျေးကွက်မှအမြတ်ဖြင့်ထွက်ပါ( အစိမ်းရောင်လိုင်း) ။

Forex ကုန်သွယ်မှု တွင် Heiken-Ashi ညွှန်ပြချက် ကို အသုံးပြုနည်း

Heiken-Ashi Forex ကုန်သွယ်မှုကို ယခုဘဲ ကြည့်ကြပါစို့။ ရေရှည်လမ်းကြောင်းရွေ့လျားမှုကိုပြသသည့် မည်သည့်ငွေကြေးအတွဲများမဆို အမြတ်အစွန်းရနိုင်သော ကုန်သွယ်ရေးအတွဲများဖြစ်နိုင်သည်။

LiteFinance: Forex ကုန်သွယ်မှု တွင် Heiken-Ashi ညွှန်ပြချက် ကို အသုံးပြုနည်း

၎င်းကို LiteFinance အွန်လိုင်း တာမင်နယ် တွင်အသုံးပြုရန် candlestick ပုံ ကိုနှိပ်ပြီး "Heiken-Ashi" ကို ရွေးချယ်ပါ။ MetaTrader တွင်လည်း လုပ်ဆောင်ပုံသည် အတူတူပင်ဖြစ်သည်။ MT4 ၌ ညွှန်ပြချက် ထည့်ခြင်းအတွက် ထပ်မံတင်ပြပေးပါမည်။ 

Heiken-Ashi ကုန်သွယ်မှု ၏ ပန်းတိုင်မှာ ရေရှည်တည်ငြိမ်သော လမ်းကြောင်းများကိုဖော်ထုတ်ရန်နှင့် HA-bars များရှိ ဇယား ဖွဲ့စည်းပုံ များကိုရှာဖွေရန်ဖြစ်သည်။ Heikin-Ashi ဇယား များတွင် စျေးနှုန်း အတက်အကျနည်းခြင်းကြောင့် ၎င်းသည် Japanese candlesticks များထက် ပိုမိုကြည့်ရလွယ်ကူသည်။ တစ်ချိန်တည်းမှာပင် HA candles’ ၏ လွန်ကဲမှုအပေါ်  အခြေခံ၍ stop loss နှင့် take profit ထားရန် မသင့်သည်ကို သတိပြုပါ။ ယင်းအတွက် သမာရိုးကျ ဈေးနှုန်းဘားများ (သို့မဟုတ်) Japanese candlesticks များကို အသုံးပြုရန် အကြံပြုလိုပါသည်။

Heikin-Ashi ကုန်သွယ်မှုဗျူဟာ

ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှု အဆင့်ဆင့်ပါ၀င်သည့် ပထမဆုံး Heiken-Ashi ဗျူဟာ ကိုလေ့လာကြည့်ကြပါစို့။

  • တည်ငြိမ်သော ဦးတည်ရွေ့လျားမှုကို ဆုံးဖြတ်ပါ
  • ရွေ့လျားမှုဦးတည်ချက် အပြောင်းအလဲကို ရှာဖွေပါ
  • ဖွဲ့စည်းပုံ များကိုအသုံးပြု၍ ပြောင်းပြန်လှန်မှုကို အတည်ပြုပါ
  • အရောင်းအဝယ်တစ်ခုဖွင့်ပါ
  • အရှုံးခံမည့် ဈေးကိုသတ်မှတ်ပါ
  • အမြတ်ဈေးတန်းကို သတ်မှတ်ပါ

GBPUSD ငွေကြေးအတွဲကို အသုံးပြု၍ ဗျူဟာကို အနီးကပ်လေ့လာကြည့်ကြပါစို့။

LiteFinance: Heikin-Ashi ကုန်သွယ်မှုဗျူဟာ

အဆင့် ၁။ အကျလမ်းကြောင်းကို သတ်မှတ်ပါ။ "အရောင်းများသော Heikin-Ashi  လမ်းကြောင်း" ခေါင်းစဉ်အောက်မှ လက္ခဏာရပ်များကို အသုံးပြုပါ။ ဤတွင် သေးငယ်သော အထက်ပိုင်း shadow ရှိခြင်း (သို့မဟုတ်) အထက်ပိုင်း shadow လုံးဝ မရှိသော အနီရောင်ဘားများရှိနေသည်။

LiteFinance: Heikin-Ashi ကုန်သွယ်မှုဗျူဟာ

အဆင့် ၂။ အတက်ဘက် ဘားတစ်ခု (ခရမ်းရောင်ဘဲဥပုံ) ကို ကျွန်ုပ်တို့မြင်ရသည်။ ပြောင်းပြန်လှန် အချက်ပြမှုကိုသိရှိရန် အနီးနားရှိဘားများကို အနီးကပ်ကြည့်ရှုပါ။

LiteFinance: Heikin-Ashi ကုန်သွယ်မှုဗျူဟာ

အဆင့် ၃။ နည်းပညာပိုင်းခြား စိတ်ဖြာမှုကို အသုံးပြု၍ Price Action ဖွဲ့စည်းပုံများ (သို့မဟုတ်) ပြောင်းပြန်လှန်သည့် ပုံစံများကိုရှာဖွေပါ။ ပထမဆုံးပြောင်းပြန်ပုံစံသည် နောက်ဆုံး ရှိ အနီရောင် Hammer bar (အနက်ရောင်ဘဲဥ) ပုံဖြစ်သည်။

LiteFinance: Heikin-Ashi ကုန်သွယ်မှုဗျူဟာ

၎င်းနောက်တွင် ရှည်လျားသော Doji (အနက်ရောင်ဘဲဥပုံ) ရှိသည်။ ပြောင်းပြန် ပုံစံနှစ်ခု တစ်တန်းထဲတွင် ကြုံတောင့်ကြုံခဲ ဖြစ်ခဲ့သည်။ ၎င်းတို့သည် တစ်ချိန်တည်းမှာပင် အားကောင်းသောစျေးကွက်ထဲသို့ ဝင်ရောက်ရန် လုံလောက်သော ယုံကြည်ချက်ဖြစ်စေသည်။

LiteFinance: Heikin-Ashi ကုန်သွယ်မှုဗျူဟာ

အဆင့် ၄။ Doji (အပြာလိုင်း) ဖြစ်ပေါ်ပြီးနောက် candle အသစ်အဖွင့်တွင် အဝယ်ကိုလုပ်ဆောင်ပါ။

LiteFinance: Heikin-Ashi ကုန်သွယ်မှုဗျူဟာ

အဆင့် ၅။  Japanese candlestick ၏ အနီးဆုံး လက်ရှိအနိမ့်ဆုံးတွင် အရှုံးခံဈေးကိုသတ်မှတ်ပါ။ အကယ်၍ သင်၏ ဆုံးရှုံးနိုင်ချေအန္တရာယ်စီမံခန့်ခွဲမှုစနစ်နှင့် ကိုက်ညီပါက trailing stop တစ်ခုသတ်မှတ်ပါ။

LiteFinance: Heikin-Ashi ကုန်သွယ်မှုဗျူဟာ

အဆင့် ၆။ သမာရိုးကျ Heiken-Ashi ဗျူဟာ တွင် ပထမဆုံးဖြစ်ပေါ်သော အကျ candlestick ၏အပိတ်တွင် စျေးကွက်မှ ထွက်ပါ။ ကျွန်ုပ်တို့၏အခြေအနေတွင် ပထမအနီဘားသည် လမ်းကြောင်းပြောင်းပြန်လှန်ခြင်း၏ လက္ခဏာတစ်ခုလည်းဖြစ်သည်။ Shadows များသည် ဘေးတစ်ဖက်တစ်ချက်ရှိ ကိုယ်ထည်နှင့် နှိုင်းယှဉ်ပါက ရှည်လျားပြီး အဝယ် နှင့် အရောင်းကြားတိုက်ပွဲကို ညွှန်ပြနေသည်။ ထို့ကြောင့် ဈေးနှုန်းဘားပိတ်ပြီးနောက် အမြတ်ကောင်းကောင်းဖြင့် စျေးကွက်မှထွက်လိုက်ပါ။

Heiken-Ashi Scalping ဗျူဟာ

ချောမွေ့ခြင်းသည် ဇယား ကို တစ်ပြေးညီပုံပေါ်စေသည်၊ ထို့ကြောင့် Heikin-Ashi သည် scalping အတွက် အလွန်ကောင်းမွန်ပါသည်။

Heiken-Ashi's scalping ဗျူဟာ တွင်အလွန်ရိုးရှင်းသော ခွဲခြမ်းစိတ်ဖြာမှုတစ်ခု ပါဝင်ပါသည်။ အထူးသဖြင့် နောက်ဖြစ်ပေါ်သော ဈေးနှုန်းဘားသည် Price Action အချက်ပြမှုဖြင့် အလိုရှိသော ဦးတည်ချက်တွင် ပေါ်လာပါက ဝင်ရောက်ရန် လုံလောက်ပါသည်။ AUDUSD ငွေကြေးအတွဲ၏ ဥပမာကို ကြည့်ကြပါစို့။

LiteFinance: Heiken-Ashi Scalping ဗျူဟာ

ရှည်လျားသော အတက်လမ်းကြောင်းဖြစ်ပေါ်ပြီးနောက် အကျလမ်းကြောင်းတစ်ခုရှိပြီး အောက်ပိုင်း shadow သည် အပေါ်ပိုင်းထက် များစွာပိုကြီးသည် (အပြာရောင်စက်ဝိုင်း) ။ ၎င်းသည် လမ်းကြောင်း ပြောင်းခြင်းအတွက် သွယ်ဝိုက်သောအချက်ပြမှုတစ်ခု ဖြစ်နိုင်သည်။ ယခင် ဘားအနည်းငယ်သည် အခြေအနေက ပြောင်းပြန်လှန်ရန် ညွှန်ပြနေသော်လည်း လမ်းကြောင်းသည် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေနိုင်သည်ကို သတိပြုပါ။ Heiken-Ashi scalping တွင် ထိုသို့သောအခြေအနေများသည် ဖြစ်ပေါ်တက်သည်။ ထို့ကြောင့်ကုန်သွယ်မှုတွင် အရောင်းအ၀ယ် လုပ်သောအခါတွင် သင်သည်အရောင်းအ၀ယ် အဖွင့်အမှတ် အနီးတွင် အရှုံးခံဈေး ကို သတ်မှတ်ပြီး သင်၏ ငွေကြေးစီမံခန့်ခွဲမှုဗျူဟာကို တင်းကြပ်စွာလိုက်နာသင့်သည်။

LiteFinance: Heiken-Ashi Scalping ဗျူဟာ

နောက် candle ပွင့်လာသည်နှင့်အမျှ အရောင်း ကုန်သွယ်မှု (အပြာလိုင်း) ကို ပြုလုပ်ပါ။ အနီးနားရှိ မြင့်မားသောနေရာ (အနီရောင်မျဉ်း) တွင် အရှုံးခံဈေးကိုသတ်မှတ်ပါ။ ထို့အပြင် လက်ရှိအမြင့်ဆုံးသည် အဖွင့်စျေးနှုန်းနှင့် ဝေးနေပါက အရောင်းအဝယ်ရပ်တန့်မည့်ဈေးကို အောက်ခြေတွင် သတ်မှတ်ပါ။

LiteFinance: Heiken-Ashi Scalping ဗျူဟာ

လမ်းကြောင်း အားကောင်းလာသည်နှင့်အမျှ HA-candles’ များ၏ကိုယ်ထည်များသည် တဖြည်းဖြည်းတိုးလာပြီး အောက်ဘက်ရွေ့လျားမှု မပြီးဆုံးမီ တဖြည်းဖြည်း လျော့နည်းလာသည်။ နောက်ဆုံးတွင် Doji ကိုတွေ့နိုင်သည်။ ဤအချက်ကို ထည့်သွင်းစဉ်းစား၍ နောက် candle အဖွင့်တွင် အမြတ်ငွေဖြင့် စျေးကွက်မှထွက်ပါ။

Ichimoku နှင့် Heiken-Ashi

Swing trading Heiken-Ashi အတွက် ဗျူဟာသည် Ichimoku charting နည်းလမ်းနှင့် HA candlestick ခွဲခြမ်းစိတ်ဖြာခြင်း ပေါင်းစပ်မှုတစ်ခုဖြစ်သည်။ ဤညွှန်ပြချက်သည် ကုန်သွယ်မှုအတွက်လုံလောက်ပြီး အောင်မြင်သော ကုန်သွယ်မှုအတွက် အချက်ပြမှုကို ပံ့ပိုးပေးသည်။ Heiken-Ashi သည်အသုံးမဝင်သော စျေးနှုန်း အတက်အကျဘားများကို စစ်ထုတ်ပြီး မှားယွင်းသော အချက်ပြမှုများကို ဖယ်ရှားရန်သာ ကူညီပေးသည်။ ဤအချက်ပြကိရိယာများသည် မည်သည့်ငွေကြေးအတွဲတွင်မဆို အတူတကွ ကောင်းစွာအလုပ်လုပ်သည်။ အကောင်းဆုံးအချိန်ကာလသည် H4 (သို့မဟုတ်) အလားတူအချိန်များဖြစ်သည်။ အောင်မြင်သော ကုန်သွယ်မှုအတွက် Ichimoku Kinko Hyo ညွှန်ပြချက် အတွက် စံသတ်မှတ်ချက်ဖြစ်သည့် 9, 26, 52 ကို အသုံးပြုရန် အကြံပြုအပ်ပါသည်။

အ၀ယ်တစ်ခုဖွင့်ခြင်းအတွက် အခြေအနေများမှာ-

  • ဈေးနှုန်းဘားသည် Kumo cloud မှထွက်ပြီး ၎င်းအပေါ်တွင် ပိတ်သွားခြင်း
  • Tenkan Sen သည် Kijun Sen ကို ကျော်လွန်နေခြင်း
  • Chico Span သည် အတက်လမ်းကြောင်း၌ စျေးနှုန်းဇယားအထက်ရှိနေခြင်း
  • Senkou Span A သည် Senkou Span B ကိုကျော်လွန်ခြင်း
  • Heiken-Ashi candle သည်အစိမ်းရောင်ဖြစ်ခြင်း

အရောင်းဖွင့်ခြင်းအတွက် အခြေအနေများမှာ-

  • ဈေးနှုန်းဘားသည် Kumo cloud အောက်မှထွက်ပြီး ၎င်းအောက်တွင် ပိတ်သွားခြင်း
  • Tenkan Sen သည် Kijun Sen အောက်သို့ ကျဆင်းသွားခြင်း
  • Chico Span သည် အကျလမ်းကြောင်း၌ စျေးနှုန်းဇယားအောက်ရှိနေခြင်း
  • Senkou Span A သည် Senkou Span B အောက်တွင်ရှိခြင်း
  • Heiken-Ashi candle သည်အနီရောင်ဖြစ်ခြင်း

အရှုံးခံဈေးတန်း ကို များသောအားဖြင့် Japanese candlestick ၏အနီးဆုံး လက်ရှိအနိမ့်ဆုံးဈေးတန်းတွင် သတ်မှတ်ထားသည်။ ဤ Heiken-Ashi ဗျူဟာ သည် လမ်းကြောင်းနောက်လိုက်သည့် အခြေအနေများ ပါ၀င်သောကြောင့် trailing stop အားထည့်သွင်းစဉ်းစားပါ။

စျေးကွက်မှ ထွက်ရန် အောက်ပါ အခြေအနေနှစ်ရပ်ဖြင့် စဉ်းစားနိုင်သည်-

  • Trailing stop ဖြင့် ထွက်ခြင်း
  • Tenkan Sen နှင့် Kijun Sen လိုင်းများ ဆန့်ကျင်ဘက်အနေဖြင့် ဖြတ်သန်းခြင်း

ဥပမာအနေဖြင့် EURJPY ကို လေ့လာကြည့်ရအောင်။

LiteFinance: Ichimoku နှင့် Heiken-Ashi

ဇယားပေါ်ရှိ အပြာရောင်ဘဲဥပုံအား ဂရုပြုပါ။ ဘားသည် Kumo cloud အထက်တွင်ရှိသည်။ Tenkan Sen (အဝါရောင်မျဉ်းကွေး) သည် Kijun Sen (ခရမ်းရောင်မျဉ်းကွေး) ကိုကျော်လွန်နေသည်။

LiteFinance: Ichimoku နှင့် Heiken-Ashi

Chico Span (အပြာလိုင်း) သည် ဈေးနှုန်းဘား၏အထက်တွင်ရှိပြီး အပေါ်ဘက်သို့ ဦးတည်သည်။ Chico Span ၏ အနိမ့်မှတ် မြင့်တက်လာကြောင်းပြသရန် ၎င်းတို့ကို အနက်ရောင်မျဉ်းဖြင့် ချိတ်ဆက်ပြထားပါသည်။ Senkou Span A (အစိမ်းရောင်မျဉ်းကွေး) သည် Senkou Span B (အနီရောင်မျဉ်းကွေး) ကိုကျော်လွန်နေပါသည်။ Heiken-Ashi candle သည်အစိမ်းရောင်ဖြစ်သည်။

LiteFinance: Ichimoku နှင့် Heiken-Ashi

အဝယ်အတွက် အခြေအနေအားလုံး ကိုက်ညီသောကြောင့် အပြာရောင်ဘဲဥပုံ (အပြာလိုင်း) ဖြင့် အမှတ်အသားပြုထားသည့် ဈေးနှုန်းဘား၏အပိတ်တွင် အရောင်းအဝယ်ကိုဖွင့်ပါ။ Japanese candlestick ၏ အနီးစပ်ဆုံး အနိမ့်မှတ်တွင် အရှုံးခံဈေးကို အကွာအဝေးတစ်ခုဖြင့် trailing stop (အဝင်ဈေး  နှင့် အရှုံးခံဈေး ကြားအကွာအဝေး) ထည့်၍ သတ်မှတ်ပါ။

LiteFinance: Ichimoku နှင့် Heiken-Ashi

သတ်မှတ်ထားသောပမာဏသို့ စျေးနှုန်းပြန်တက်ပြီးနောက် trailing stop ဖြင့် ရပ်တန့်သွားမည်ဖြစ်သည်။ ရလဒ်အနေဖြင့် အဆိုပါ အဝယ်ကုန်သွယ်မှု ကိုအမြတ်တစ်ခုဖြင့်ပိတ်ခဲ့သည်။

ကုန်သွယ်မှုကို အခုပဲ စတင်မည်

MT4 ဖြင့် Heikin-Ashi ညွှန်ပြချက် ကိုအသုံးပြုနည်း

Heiken-Ashi MT4 ညွှန်ပြချက်သည် စံသတ်မှတ်ချက်စာရင်း တွင် ပါဝင်ပြီးဖြစ်သောကြောင့် ၎င်းကို ဒေါင်းလုဒ်လုပ်ရန် မလိုအပ်ပါ။

LiteFinance: MT4 ဖြင့် Heikin-Ashi ညွှန်ပြချက် ကိုအသုံးပြုနည်း

၎င်းကို ဇယားတွင်ထည့်ရန် MT4 ပင်မမီနူးရှိ View ကိုဖွင့်ပါ။ "Indicators" - "Custom" - "Heiken Ashi" ကို ရွေးပါ။

LiteFinance: MT4 ဖြင့် Heikin-Ashi ညွှန်ပြချက် ကိုအသုံးပြုနည်း

အထက်ပါပွင့်လာသောပုံသည် ညွှန်ပြချက် ဆက်တင်များဖြစ်ပြီး ၎င်းကို ပုံသေသတ်မှတ်ချက်များဖြင့် ဇယားတွင်ထည့်ရန် "OK" ကိုနှိပ်ပါ။ သတ်မှတ်ချက်အများစုသည် အခြား အချက်ပြကိရိယာများနှင့် တူညီသည်။ "Bollinger Bands Indicator in Forex Explained" တွင် ၎င်းတို့အကြောင်းကို အသေးစိတ်တင်ပြခဲ့ပြီးဖြစ်ပါသည်။

LiteFinance: MT4 ဖြင့် Heikin-Ashi ညွှန်ပြချက် ကိုအသုံးပြုနည်း

Heiken-Ashi ညွှန်ပြချက်  အား မည်သို့အသုံးပြုရမည်ကို ယခုဘဲ ကြည့်ကြပါစို့။ မူရင်းပုံအရ ၎င်းမှာ အထက်ပါပုံကဲ့သို့ Japanese candlesticks ပေါ်တွင် ပြသထားသည်။ ညွှန်ပြချက်သည် အွန်လိုင်း တာမင်နယ် တွင်ကဲ့သို့ ဈေးနှုန်းဘားများကို အစားထိုး၍ ပြသခြင်းမဟုတ်ဘဲ ၎င်းတို့ကို ထပ်၍ ပြသသောကြောင့် အလွန်အဆင်ပြေမည်မဟုတ်ပေ။

LiteFinance: MT4 ဖြင့် Heikin-Ashi ညွှန်ပြချက် ကိုအသုံးပြုနည်း

ထို့အတွက်ကြောင့် candles များအစား lines များ ထည့်သွင်းရန် အကြံပြုအပ်ပါသည်။

LiteFinance: MT4 ဖြင့် Heikin-Ashi ညွှန်ပြချက် ကိုအသုံးပြုနည်း

နောက်ထပ်ထူးခြားချက်မှာ အတက် ဈေးနှုန်းဘားများအတွက် အစိမ်းရောင်သတ်မှတ်ခြင်း ဖြစ်သည်။ အကယ်၍ အနက်ရောင်နောက်ခံကို အသုံးပြုပါက ဘာမှပြောင်းလဲစရာ မလိုပါ။ အဖြူရောင်နောက်ခံဆိုလျှင် များပြားလာသော candles များ ရောနှောသွားပါမည်။ သို့သော်မှန်ကန်သော ချိန်ညှိချက်ဆက်တင်များဖြင့်ပင် Heikin-Ashi charting သည် သတင်းအချက်အလက်ပံ့ပိုးမှု နည်းပါးလာသည်ဟု ကျွန်ုပ် ယူဆမိသည်။ ထိုကြောင့် LiteFinance တာမင်နယ် အား အသုံးပြုရသည်ကို ပို၍နှစ်သက်ပါသည်။

အကျိုးကျေးဇူးများနှင့် ကန့်သတ်ချက်များ

Heiken-Ashi ၏ ကောင်းကျိုး နှင့် ဆိုးကျိုးများကို သုံးသပ်ကြည့်ကြပါစို့။

အားသာချက်များအားနည်းချက်များ
ဇယားသည် အမြင်အာရုံ ပိုမိုရှင်းလင်းသည်။ စျေးကွက်အတက်အကျ ပမာဏသည် များစွာ နည်းပါးသည်။၎င်း၏ ဒီဇိုင်းကြောင့် candles များသည် အနည်းငယ် နှောင့်နှေးသည့်ပုံစံဖြင့် စျေးကွက်ကို ထင်ဟပ်စေသည်။
အသုံးပြုရလွယ်ကူသည်။Candlestick ဖွဲ့စည်းပုံများနှင့် စျေးနှုန်းတုံ့ပြန်မှု အချက်ပြ အရေအတွက်သည် Japanese candlesticks များထက် လျော့နည်းသည်
Heiken-Ashi ကိုအခြေခံထားသော ညွှန်ပြချက် များသည် မှားယွင်းသော အချက်ပြမှုများကို နည်းပါးစေသည်။အချက်ပြမှုများသည် Japanese candlesticks များထက် နောက်ကျနိုင်သည်။
၎င်းသည် သေးငယ်သော timeframes များပေါ်တွင် ကုန်သွယ်မှုပြုလုပ်ရန် လွယ်ကူစေသောကြောင့် scalping အတွက် အလွန်ကောင်းမွန်ပါသည်။

 

HA candles များအား မည်သည့်ကုန်သွယ်မှု စနစ်တွင်မဆို အသုံးပြုနိုင်ပါသည်။

 

Heikin-Ashi နှင့် Renko

LiteFinance: Heikin-Ashi နှင့် Renko

အထက်ပုံတွင် Renko သည် စျေးကွက်အတက်အကျများကို စစ်ထုတ်ခြင်း၏ ရည်ရွယ်ချက်အား အပြည့်အဝ နားလည်ကြောင်း သင်တွေ့မြင်နိုင်သည်။ Renko bricks များသည် Japanese candlesticks များကဲ့သို့ candle ဖွဲ့စည်းပုံများဖြင့် မပြခြင်း (သို့မဟုတ်) အချိန်ကိုလည်း ထည့်သွင်းမစဉ်းစားပါ။ ၎င်းတို့သည် အချိန်အတိုင်းအတာတစ်ခုအတွက် ပွိုင့်များဖြင့် စျေးနှုန်းပြောင်းလဲမှုအပေါ် သီးသန့်တုံ့ပြန်သည်။ Renko သည် ဘေးတိုက်လှုပ်ရှားမှုများကို မစဉ်းစားသောကြောင့် စျေးကွက်ပုံသည် Heiken-Ashi candles များနှင့် မကြာခဏ ကွဲပြားသည်။ Renko ဇယားတွင် ဦးတည်ချက်မရှိသော ဈေးကွက်အတွက် အနက်ရောင်ဘဲဥပုံများ မရှိပါ။

Renko ၏ကြီးမားသော အားနည်းချက်မှာ ညွှန်ပြချက်အများစုသည် တိကျသောပုံမပြနိုင်ခြင်းကြောင့် ဖြစ်သည်။

စျေးကွက်အတက်အကျများမှုကို စစ်ထုတ်ခြင်းနှင့် နှိုင်းယှဉ်ပါက Heikin-Ashi သည် Renko နှင့် Japanese candlesticks များ၏ ပြီးပြည့်စုံသော ချိန်ခွင်လျှာဖြစ်သည်။ သို့သော် ညွှန်ပြချက်များဖြင့် Heikin-Ashi ဇယား များကို အသုံးပြုနိုင်စွမ်းသည် ကြီးမားသော အားသာချက်တစ်ခုဖြစ်သည်။

အမေးများသော မေးခွန်းများ

Heiken-Ashi သည် သမာရိုးကျ Japanese candlesticks များ၏ ချောမွေ့သော ဗားရှင်းဖြစ်သည်။ အဖွင့်နှင့် အပိတ်အမှတ်များအပြင် အမြင့်ဆုံးနှင့်အနိမ့်များကို ပျမ်းမျှအားဖြင့် လက်ရှိနှင့်ယခင်ဘားများ၏ တန်ဖိုးများ (သို့မဟုတ်) အမြင့်ဆုံးနှင့်အနိမ့်ဆုံးများကို ရယူခြင်းဖြင့် ဆုံးဖြတ်သည်။ ၎င်းသည် စျေးနှုန်းလှုပ်ရှားမှုကို အပြည့်အဝထင်ဟပ်ခြင်းမရှိသော်လည်း Heiken-Ashi အား အသေးစားစျေးကွက်အတက်အကျများ အတွက် တုံ့ပြန်မှုလျော့နည်းစေသည်။

Heiken-Ashi candles များသည် Japanese candlesticks များ၏ ပျမ်းမျှအဖွင့်၊ အပိတ်၊ အမြင့်ဆုံးနှင့်အနိမ့်ဆုံး ဂရပ်ဖစ်ရုပ်ပုံလွှာဖြစ်သည်။ အခြေခံအားဖြင့် သမာရိုးကျ ဇယားကို candlesticks များသာ အသုံးပြု၍ moving average အမျိုးအစားအသွင်ဖြင့် ပြန်လည်ရေးဆွဲထားခြင်းဖြစ်သည်။

Heiken-Ashi ကို သတ်မှတ်ချက်လေးခုပေါ်တွင် အခြေခံ၍တွက်ချက်သည်။ အဖွင့်စျေးနှုန်းသည် ယခင် HA candle ၏ အဖွင့်နှင့်အပိတ်စျေးနှုန်းပေါင်း၍ နှစ်ဖြင့် စားထားခြင်း၏ ရလာဒ်ဖြစ်သည်။။ အပိတ်စျေးနှုန်းသည် အဖွင့်စျေးနှုန်း၊ လက်ရှိ candle ၏အပိတ်စျေးနှုန်း၊ အမြင့်ဆုံးနှင့်အနိမ့်ဆုံးတန်ဖိုးလေးခုကို ပေါင်း၍ လေး ဖြင့်စားထားခြင်း၏ ရလဒ်ဖြစ်သည်။ အမြင့်ဆုံးနှင့် အနိမ့်ဆုံးများသည် Heiken-Ashi ဘား၏ အဖွင့်နှင့်အပိတ်စျေးနှုန်းများနှင့် လက်ရှိ Japanese candlestick ၏ အမြင့်ဆုံးတန်ဖိုးများကြားရှိ အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးများဖြစ်သည်။

အစဉ်အလာအတိုင်း အရောင်းအဝယ်ပြုလုပ်သည်ကို ကျွန်ုပ်အနေဖြင့် ပိုမိုနှစ်သက်ပါသည်။ ပထမဦးစွာ လမ်းကြောင်းကို ဆုံးဖြတ်သည်။ ထို့နောက် candlestick ဖွဲ့စည်းပုံများ၊ ပြောင်းလဲနေသော candle ပုံသဏ္ဍာန်နှင့် နည်းပညာပိုင်းခွဲခြမ်း စိတ်ဖြာမှုများကို အသုံးပြု၍ pivot အမှတ် ကို ဖော်ထုတ်သည်။ အချက်ပြ ရရှိပြီးနောက် အရောင်းအဝယ်တစ်ခုကို ဖွင့်လိုက်သည်။ အမြတ်အစွန်းများကို သိမ်းဆည်းရန် trailing stop (သို့မဟုတ်) လမ်းကြောင်းပြောင်းပြန်လှန်မည့် အချက်ပြကို အသုံးပြုပါသည်။

အလွယ်ဆုံးနည်းလမ်းမှာ LiteFinance အွန်လိုင်း တာမင်နယ် ၌ ဇယားတစ်ခုကို ဖွင့်ရန်ဖြစ်သည်။ ၎င်းသည် သမာရိုးကျ Japanese candlesticks များကို ချောမွေ့သော အရာများဖြင့် ချက်ချင်း အစားထိုးမည်ဖြစ်သည်။ ထို့အပြင် သင်သည် Heiken-Ashi အား MT4 သို့ အချက်ပြကိရိယယာတစ်ခုအဖြစ်ထည့်နိုင်သည်။ သို့သော် ချောမွေ့သော Heiken-Ashi candles များသည် ပုံမှန် candles များနှင့်ထပ်နေပါမည်။ ထို့ကြောင့် နောက်ပိုင်းဖြစ်ပေါ်သောဇယားမှာ ယခင်စျေးနှုန်းလိုင်း၏ ဦးစားပေးဖော်ပြချက်အရ ရောနှောနေမည်ဖြစ်သည်။

Heikin-Ashi သည် လမ်းကြောင်းညွှန်ပြချက်ဖြစ်ပြီး ဘေးတိုက်လမ်းကြောင်းတွင် မှားယွင်းသောအချက်ပြမှုများကို ပေးနိုင်ပါသည်။ သို့ရာတွင် ၎င်း၏ဒီဇိုင်းကြောင့် ဦးတည်ချက်မရှိသော ဈေးကွက်၏ စျေးနှုန်းအတက်အကျသည် Japanese candlesticks နှင့် နှိုင်းယှဉ်ပါက နည်းပါးပြီး အရောင်းအ၀ယ်ဆုံးရှုံးခြင်းကို ရှောင်ရှားရန် ကူညီပေးသည်။

MT4 တွင် Heiken-Ashi သည် စံသတ်မှတ်ချက် နည်းပညာဆိုင်ရာ ကိရိယာစာရင်းတွင် ပါ၀င်သောကြောင့် ၎င်းကိုဒေါင်းလုဒ်လုပ်ရန် မလိုအပ်ပါ။ ၎င်းကို ဇယားတွင်ထည့်ရန် MT4 main menu ရှိ "View" ကိုဖွင့်ပါ။ "Indicators" - "Custom" - "Heiken Ashi" ကိုရွေးပါ။ ထို့နောက် ကျွန်ုပ် အနေဖြင့် ဇယားကို "line" သို့ပြောင်းရန် အကြံပြုလိုပါသည်။

နေ့တွင်းကုန်သွယ်မှုသည် တနေ့တာအတွင်း အရောင်းအဝယ်များစွာကို ဖွင့်ခြင်းနှင့်ပိတ်ခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် စျေးကွက်သို့ဝင်ရောက်ရန် အနည်းဆုံး လမ်းကြောင်းပြောင်းပြန်လှန်သော အချက်ပြမှုနှစ်ခုကို လက်ခံရရှိရန် လုံလောက်ပါသည်။ ဥပမာအားဖြင့် ၎င်းသည် counter-trend candlestick နှင့် candlestick ဖွဲ့စည်းပုံ ဖြစ်နိုင်သည်။ ထို့အပြင် အဖွင့်အမှတ်နှင့် သိပ်မဝေးသော အမှတ်များ၌ အရှုံးခံနှင့်အမြတ်ဈေးတန်း များ သတ်မှတ်ခြင်းကို အကြံပြုပါသည်။။ ပြောင်းပြန်အချက်ပြမှု တစ်ခုရရှိပြီးနောက် trailing stop ကို အသုံးပြုခြင်း (သို့မဟုတ်) counter-trend candles အနည်းဆုံးနှစ်ခုရရှိပြီးနောက် ထွက်ပါ။

ပထမဦးစွာ လမ်းကြောင်း ကိုခွဲခြားသတ်မှတ်ပါ။ ထို့နောက် candles များ၏ ဖွဲ့စည်းပုံကို ခွဲခြမ်း စိတ်ဖြာခြင်းဖြင့် လက်ရှိလမ်းကြောင်း၏အဆုံးသတ်ကို ဆုံးဖြတ်ပါ။ သင်သည် candlestick ဖွဲ့စည်းပုံများ၊ အချက်ပြကိရိယာများ (သို့မဟုတ်) နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ကိန်းဂဏန်းများ ကိုလည်း အသုံးပြုနိုင်သည်။ အရောင်းအဝယ်တစ်ခုဖွင့်ပြီးနောက် အနီးဆုံး လွန်ကဲအမှတ်၌ အရှုံးခံအမှတ် အား သေချာအောင်သတ်မှတ်ပါ။ ထို့နောက် လမ်းကြောင်းနောက် အနီးကပ်လိုက်၍ ပြောင်းပြန်အချက်ပြမှု (သို့မဟုတ်) counter-trend လှုပ်ရှားမှုစတင်ပြီးနောက် ထွက်ခွာပါ။

Summary

ဂျပန်ကုန်သည်များသည် စတော့ရှယ်ယာ ရောင်းဝယ်ရေးတွင် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြသည်။ Heikin-Ashi သည် candlesticks ကဲ့သို့သော အလွန်အသုံးဝင်သည့် ကိရိယာကိုပင် မြှင့်တင်ပေးနိုင်သည့် အဓိကဥပမာတစ်ခုဖြစ်သည်။

အကယ်၍ သင့်ကုန်သွယ်မှုစနစ်သည် စျေးကွက်အတက်အကျများစွာကြောင့် မှားယွင်းသော အချက်ပြမှုများကို မကြာခဏပြသပါက Heiken-Ashi သည် ဖြေရှင်းချက်တစ်ခုဖြစ်သည်။ တစ်ချိန်တည်းတွင် ချောမွတ်သော candles သည် အလုံးစုံလွှမ်းခြုံနိုင်သည့် နည်းပညာပိုင်းခြားစိတ်ဖြာမှု ကိရိယာတစ်ခုမဟုတ်ကြောင်း မမေ့ပါနှင့်။ ၎င်းကို candlestick ပုံစံ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ထပ်ပေါင်း အချက်ပြကိရိယာများဖြင့်သာ အသုံးပြုသင့်သည်။ ကျွန်ုပ်တို့သည် ဆောင်းပါးတွင် Ichimoku ၏ နမူနာကို ပိုင်းခြားစိတ်ဖြာထားသည်၊ သို့သော် သင့်ကိုယ်ပိုင် နည်းလမ်းများဖြင့် စမ်းသပ်ပြီး Heikin-Ashi ကုန်သွယ်မှုဗျူဟာများကို အကျွမ်းတဝင်ရှိသော အခြားညွှန်ပြချက်များနှင့် စမ်းသုံးရန်အကြံပြုပါသည်။ LiteFinance ဘလော့ဂ်တွင် ဖော်ပြထားပြီးသော ဆောင်းပါးအကြောင်းအရာများမှ တင်ပြချက်များကိုလည်း ထည့်သွင်းစဉ်းစားပါ။ အခုဘဲ စာရင်းသွင်းပြီး အကောင်းဆုံး လေ့လာသုံးသပ်သူများနှင့် ကုန်သည်များထံမှ အသုံးဝင်သော အချက်အလက်များစွာကို လက်ဦးမှုရယူပါ။

ဒီလောက်နဲ့ဘဲနိဂုံးချုပ်ပါရစေ။

သင့်ကိုယ်သင် နှင့် သင့်၏ငွေကို ဂရုစိုက်ပါ။

သင်၏ ယုံကြည်ရသော

Michael @Hypov

Heikin-Ashi Candles

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat