ကုန်သွယ်ရေးပလက်ဖောင်းတိုင်း၌ Range bar charts များကို အသားပေးမဖော်ပြသော်လည်း ၎င်းတို့သည် ပညာရှင်ကုန်သည်များထံတွင် အထူးရေပန်းစားသည်။ Range bar chart တစ်ခု၏ အဓိက ထူးခြားကွဲပြားချက်မှာ ၎င်းသည် အချိန်ကိုထည့်သွင်းမစဥ်းစား၍ ၎င်းတို့ကို စျေးနှုန်းအရွေ့ပေါ် အခြေခံကာ ရေးဆွဲသည်။ ဤအရာသည် အထူးသဖြင့် အချိန်တိုတွင်းစျေးအတက်အကျကြမ်းသောပိုင်ဆိုင်မှု များကို ကုန်သွယ်ချိန်တွင် စျေးပွက်လောရိုက်မှုကိုလျော့ချရန် ကူညီပေးသည်။ Range bars များကို အသုံးပြုပုံနှင့် ထို chart အမျိုးအစားဖြင့် ကုန်သွယ်ရာတွင် မည်သည့်နည်းဗျူဟာများပါဝင်သည်တို့ကို လေ့လာရန် ဆက်လက်ဖတ်ရှုပါ။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
Range bar charts များကို မည်သို့ရေးဆွဲရမည်နည်း။
Range chart တစ်ခုသည် ပုံမှန် bar chart တစ်ခုနှင့် ဆင်တူပြီး တူညီသောနည်းလမ်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။
Extrema (အများဆုံးနှင့်အနည်းဆုံးတန်ဖိုးများ) ကို အပြာရောင်မြှားများဖြင့် မှတ်သားထားသည်။
စမှတ်တန်ဖိုးများကို အနီရောင်မြှားများဖြင့် မှတ်သားထားသည်။
ကိုယ်ထည်များကို အစိမ်းရောင်မြှားများဖြင့် မှတ်သားထားသည်။
- အပိတ်တန်ဖိုးများကို အဝါရောင်မြှားများဖြင့် မှတ်သားထားသည်။
Range bar တစ်ခု နှင့် standard bar တစ်ခုကြားရှိ အဓိကကွဲပြားခြားနားချက်မှာ bullish bar တစ်ခု ၏ အများဆုံးနှင့် bearish bar တစ်ခု၏အနည်းဆုံးတို့သည် ပိတ်သည့် အဆင့်တွင် တစ်နေရာတည်း၌ အမြဲတမ်း ထပ်တူကျဖြစ်နေပါလိမ့်မည်။
Range bars ကို တိုင်းတာနည်း
Bar တစ်ခု၏ တန်ဖိုးကို ဒေါ်လာများနှင့် အခြားမည်သည့်ငွေကြေးအတိုင်းအတာဖြင့်မဟုတ်ဘဲ Range စံယူနစ်များအားဖြင့် သတ်မှတ်သည်။ Bar အားလုံးသည် ကြိုတင်သတ်မှတ်ထားသော Range value ပေါ်အခြေခံ၍ တည်ဆောက်ထားသည်၊ထို့ကြောင့် ၎င်းတို့၏အရွယ်အစားများသည် အမြဲ တူညီပါလိမ့်မည်။
ကုန်သည်အနေဖြင့် 1,000 Range၊ 100 Range၊ 10 Range နှင့် 1 Range အရ ရွေးချယ်နိုင်ပါသည်။ Range တစ်ခုသည် အနည်းဆုံးပြောင်းလဲမှုတစ်ခု ဖြစ်သည်။ ပိုင်ဆိုင်မှုအားတစ်ကြိမ်စီ ကုန်သွယ်ခြင်းအတွက် ထိုတန်ဖိုးကို အလိုအလျောက်တွက်ချက်ပေးသည်၊သို့သော် 1 Range အတိုင်းအတာရှိ ထို chart ကိုဖွင့်လျှင် ၎င်းတွက်ချက်မှုတို့ကို လွယ်ကူစွာတွေ့မြင်နိုင်ပါသည်။ ထိုတန်ဖိုးကို အမြင့်ဆုံးနှင့်အနိမ့်ဆုံး bar တန်ဖိုးများကြားရှိ ခြားနားချက်အနေဖြင့် တွေ့နိုင်ပါသည်၊၎င်းသည် BTCUSD အတွက် 0.1 USD နှင့် ညီမျှပါသည်။
Range charts များသည် အချိန်ပေါ်အခြေခံထားခြင်း မဟုတ်သောကြောင့် ထိုကဲ့သို့ဈေးအနည်း ငယ်ပြောင်းလဲခြင်းများသည် ၄င်းတို့ကို tick charts (ရောင်းဝယ်မှုအကြိမ်ပေါ်၌စျေးလှုပ်ရှားမှုပြဇယားများ) အဖြစ် နီးပါးသို့ ပြောင်းလဲပေးသည်။
Range bar charts များ၏ လက္ခဏာရပ်များ
Range charts များသည် ၁-မိနစ်စာဈေးပြောင်းလဲမှုများကို ဖော်ပြနိုင်ပါသည်၊ယင်းသည် scalping တွင် အကူအညီပေးနိုင်သော စျေးကွက်၏အနေအထားအသေးစိတ်ကို ရှာဖွေဖော်ထုတ်ရန်အတွက် ကျွန်ုပ်တို့ကို လမ်းဖွင့်ပေးထားပါသည်။
အထက်ပါကားချပ်ပေါ်တွင် ကျွန်ုပ်သည် တစ်မိနစ်အတောအတွင်းရှိ ဈေးလှုပ်ရှားမှုများကို မှတ်သားထားပြီး ဖြစ်သည်၊ထိုနေရာတွင် block (အကွက်) တစ်ခုစီသည် တစ်မိနစ်နဲ့ တူညီသည်။ အစိမ်းရောင်စတုရန်းပုံတစ်ခုသည် bull market တစ်ခုအတွင်းရှိ တစ်မိနစ်ကိုပြသသော်လည်း အနီရောင်စတုရန်းပုံတစ်ခုသည် bear market တစ်ခုအတွင်းတွင် တစ်မိနစ်ကိုညွှန်ပြသည်။
မြင်တွေ့ရသည့်အတိုင်း ၎င်းတို့၏အရွယ်အစားများသည် ကွဲပြားသည်။ အနီရောင်စတုရန်းပုံတွင် bars ၂၉ ခု ပါဝင်သည်၊ သို့သော်အစိမ်းရောင်စတုရန်းပုံတွင် bars ၅၃ ခု နှင့် ၂၃ ခု အသီးသီးတို့ ထည့်သွင်းထားသည်။ ထိုသည်မှာ Range charts များသည် အချိန်မရွေး စျေးလှုပ်ရှားမှုများကို ပြသသည့်အချက်အားဖြင့် ရှင်းပြလျက်ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် Range bars ၏ ပထမဦးဆုံးသောပိုင်ဆိုင်မှုတစ်ခုတည်းကို ကွက်၍ ရွေးနိုင်ပါသည်: စျေးနှုန်းသည် ၄င်း၏ထိပ်ဆုံးကိုရောက်လျှင် range bars များ၏ အရေအတွက်သည် ကာလအတန်ငယ်အကြာတွင် လျော့ကျပါလိမ့်မည်။
Range bar chart ကို ပုံဖော်ရေးဆွဲရန် လွယ်ကူပါသည်။ BTCUSD အတွက် range တစ်ခုသည် 0.1 USD နှင့် တူညီသည်ကို ကျွန်ုပ်တို့အစောပိုင်းတွင်ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် စျေးတစ်ခုချင်းစီတိုင်း 0.1 USD ဖြင့် မြင့်တက်လာမှုသည် အစိမ်းရောင် bar အသစ်တစ်ခုကို မှတ်သားပေးလိမ့်မည် ဖြစ်ပြီး စျေးတစ်ခုချင်းစီတိုင်း 0.1 USD ဖြင့်ကျဆင်းသွားမှုသည် အနီရောင်တိုင်ပုံ တစ်ခုကို သတ်မှတ်ပါလိမ့်မည်။
1-Range နှုန်းထားတစ်ခုပေါ်တွင် အရာအားလုံးသည် ရိုးရှင်းဟန်ရှိသည်။ Bar တစ်ခု၏အရွယ်အစား သည် စျေးပြောင်းလဲမှုအနည်းဆုံးနှင့် တူညီသည်၊ထို့ကြောင့် မြင့်တက်မှု(သို့)နိမ့်ဆင်းသွားမှုများကို ဆုံးဖြတ်မပေးပါ။
ဤကဲ့သို့ charts များသည် Phantom bars များကို ဖွင့်၍သတ်မှတ်ထားသော Renko နှင့်ဆင်တူနိုင်ပါသည်။
အပေါ်ရှိကားချပ်သည် 1 Range bars များ ဝေးကွာနေသည်ကို ပြသသည်။ထိုသည်မှာ Phantom bar များပိတ်သွားသည်နှင့်အတူ လက်တွေ့အမှန်တွင် ကုန်သွယ်သောအဆင့်များကိုသာ မြင်တွေ့နိုင်သောကြောင့် ဖြစ်သည်။ ထို chart သည် 6,606.0 USD ၌ 0.1 USD တိုးမြင့်နှုန်းဖြင့် ဘေးတိုက်ကုန်သွယ်ခြင်းကိုပြသည် ၊ ထို့နောက်တွင် ညွှန်ကြားချက်တစ်ခုကို 6,617.2 USD ၌ နေရာချထားခဲ့သည်၊ ပြီးနောက် ဈေးနှုန်းသည် ထိုအဆင့်သို့ တဟုန်ထိုးမြင့်တက်ခဲ့သည်။ ဤ gap (ကြားကွက်လပ်) သည် ထို chart အစိတ်အပိုင်းထဲတွင် 13:29 မှ 13:31 ထိ ကုန်သွယ်မှုကို မလုပ်ဆောင်ခဲ့သည်ကို ဆိုလိုပါသည်။
ထို့နောက် ဈေးနှုန်းသည် 6,658.4 USD သို့ ခုန်တက်ခဲ့သည်၊ ဆိုလိုရင်းမှာ ကြီးကြီးမားမားဝယ်ယူသူတို့သည် ထိုဈေးတွင် ပိုင်ဆိုင်မှုကိုဝယ်ယူရန်အတွက် ဆန္ဒမရှိခဲ့ပါ။
ထို gap (ကြားကွက်လပ်) များပေါ်ထွက်လာမှုသည် စီးပွားရေးသမားကြီးများ၏ အတော်အတန်လုပ်ပိုင်ခွင့်ကို ပြဆိုပြီး ကုန်သည်များအား ထပ်မံသတိပေးချက်တစ်ခုကို ပေးစွမ်းနိုင်သည်။ false gaps (ကြားကွက်လပ်အတု) များ ပိုမိုနည်းပါးလာမည့်အလျောက် ထိုလဏ္ခာရပ်ကို ပိုကြီးသော Range values များဖြင့် သုံးရန်မှာ အကောင်းဆုံးဖြစ်ပြီး ကုန်သည်တစ်ယောက်သည် ကမ္ဘာတဝှမ်းရှိအခြေအနေကို လွယ်လင့်တကူ ပိုမိုဆုံးဖြတ်နိုင်ပါသည်။
သို့ပေမဲ့ အထက်ပါ chart သည် ခရစ်ပတို ဈေးကွက်၏အချိန်တိုတွင်းစျေးအတက်အကျကြမ်းမှုများကြားရှိ (မြှားများဖြင့်မှတ်သားထားသော) false gaps များစွာတို့ကို ပြသပါသည်။
Range bar charts များပေါ်တွင် နည်းပညာဆိုင်ရာအညွှန်းများကို အသုံးပြုနည်း
Phantom bar များကို ဖွင့်သောအခါ gaps (ကြားကွက်လပ်) များကို virtual bars များဖြင့် ဖြည့်တင်းထားသည်။ ၎င်းတို့သည် chart ကို ချဲ့ကားသွားစေသော်လည်း လှိုင်းများ ၏ တည်ဆောက်ပုံ ကို ပိုမိုရှင်လင်းစေရန် လုပ်ဆောင်သည်။
အထက်ပါ chart သည် ဘယ်ဘက်ပေါ်၌ phantom bar များကို ကွယ်ဝှက်ထားပြီး ညာဘက်ပေါ်တွင် ၎င်းတို့ကို ပြသထားသည်။ chart ချဲ့ကားမှုကြောင့် moving averages ၏ သတိပေးချက်များသည် နှောင်နှေးကြန့်ကြာမှု နည်းလာသည်၊ထို့ကြောင့် အခြားညွှန်းဆိုချက်များနှင့်အတူ တွဲဖက်သုံးနိုင်ရေးအတွက် Range chart တစ်ခုကို စစ်ဆေးရန် ကျွန်ုပ်သည် phantom bars များကို ဖွင့်ပါမည်။
အထက်ပါ chart တွင် Range chart သည် MAအချက်ပြများကို အတော်ကောင်းမွန်စွာတုံ့ပြန်ပြီး chart patterns ပုံပေါ်စေရန် ကူညီပေးသည်ကို ပြသထားသည်။
စျေးနှုန်းဇယားနှင့်MACD တို့သည် divergences နှင့် convergences (အနီရောင်မျဥ်းများဖြင့်မှတ်သားထား သော) တို့နှင့်အတူ ကောင်းမွန်စွာအလုပ်လုပ်သည်ကိုလည်း ကျွန်ုပ်တို့ မြင်တွေ့နိုင်ပါသည်။ မကြာတော့မည့် အနာဂတ်၌ BTCUSD အတွက် ကြိုတင်ခန့်မှန်းချက်တစ်ခုကို ပြုလုပ်ကြပါဆို့။
အထက်ပါ 10 Range char သည် ဈေးရုတ်ချည်းကျ၍ ယာယီပြန်တက်ခြင်းကို ဦးတည်သော bearish divergences (အနီရောင်မျဥ်းတစ်ခုဖြင့်မှတ်သားထားသော) ၏ အတွဲလိုက်ဖြစ်ပေါ်မှု တခုကို ပြသသည်။ ဝယ်လိုအားစျေးတန်းတစ်ခုသည် 6610 ၌ဖြစ်ပေါ်ခဲ့ပြီး ထိုနေရာမှ အကောင်းဘက်သို့ ပြန်လည် ဦးတည်မှုတစ်ခုကို ကျွန်ုပ်တို့ မျှော်လင့်နိုင်ပါသည်။ ဈေးတည်ငြိမ်မှုကြာရှည်ပြီးနောက်တွင် MACD သည် bearish နယ်နိမိတ်ကို ဝင်ရောက်လာခဲ့သည်၊ထို့ကြောင့် ကျွန်ုပ်တို့သည် တည်ငြိမ်သော အကွာအဝေးတစ်ခု ကိုကျော်လျှင် စျေးပြန်လည်မြင့်တက်လာရန် ခန့်မှန်းနိုင်သည်။
အထက်ပါ 100 Range chart သည် နောက်ဆုံး bar ထဲရှိ 6,628 USD အမြင့်၌ စျေးပြောင်းပြန်အနေအထားတစ်ခုကို ပြသသည်။ MACD သည် bullish reversal တစ်ခုကို အကြံပြုသော်လည်း ပျမ်းမျှရွေ့လျားမှုသည် ထပ်မံကျဆင်းမှုတစ်ခုကို ညွှန်းဆိုပါသည်။ထိုသည်မှာ မကြာတော့မည့်ကာလအတွင်း၌ နိမ့်ဆင်းရွေ့လျားမှုကို ဟန့်တားပေးနိုင်ပါသည်။
အထက်ပါ chart သည် အကြီးဆုံးနှုန်းထားဖြစ်သော 1,000 Range ၌ သတ်မှတ်ထားသည်။ Bar တစ်ခုတန်ဖိုး သည် 100 USD ဖြစ်သည်။ ဈေးကွက်မငြိမ်သက်မှုများလျော့နည်းလာချိန်တွင် စျေးကွက် အလွန်နက်စောက် စွာအောက်သို့ကျဆင်းရန်ကို ဟန့်တားထားသည့် ခိုင်မာသော support levels (ဝယ်လိုအားစျေးတန်း) များကို ကျွန်ုပ်တို့ ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။
Range bar charts ၏ လက်တွေ့အသုံးပြုပုံ
ဤကဏ္ဍတွင် ရက်သတ္တပတ်တစ်ပတ်ကြာ Range chart အသုံးပြုမှု၏ ရလဒ်များကို တင်ပြပါမည်။ လက်တွေ့အချက်အလက်တို့နှင့်အတူ ကျွန်ုပ်တို့၏ခန့်မှန်းချက်များကို ယှဥ်ကြည့်ကြပါဆို့။
30.09.2018 မှစ၍ BTCUSD ကြိုတင်ခန့်မှန်းချက်
ထို chart သည် အနီရောင်နှင့်အစိမ်းရောင် bar များ တလှည့်စီဖြစ်ပေါ်နေမှုကို ပြသသည်။ Contracting triangle တစ်ခုလည်း ဖြစ်ပေါ်နေပါသည်။ ဈေးနှုန်းကို local support (ဝယ်လိုအားနေရာ) ထိရောက်ရှိရန် ခန့်မှန်းထားပြီး ထို့နောက်တွင် မြင့်တက်မှု ဆက်လက်ဖြစ်ပေါ် ပါလိမ့်မည်။
06.10.2018 မှစ၍ BTCUSD အတည်ပြုပေါက်ဈေးများ
အထက်ပါ chart ထဲတွင်မြင်ရသည့်အတိုင်း support levels (ဝယ်လိုအားဈေးတန်းများ) ကို မှန်ကန်စွာချမှတ်ထား ပါသည်၊ ထို့နောက် ဘေးနှစ်ဖက်စလုံး၌ ယုံမှားစေသော ကျိုးပျက်ကျော်ဖြတ်များဖြစ်သည့် အခြေအနေတွင်ပင် Bitcoin သည် တြိဂံပုံတစ်ခုအတွင်းတွင် စျေးလှုပ်ရှားနေပါသည်။
နိဂုံးချုပ်
Range chart ၏ ဝိသေသလက္ခဏာရပ်များ
စျေးနှုန်းလမ်းကြောင်းများသည် အချိန်ပေါ် မမှီခိုပါ။
Gaps သည် ကုန်သည်ကြီးများ ၏ လုပ်ပိုင်ခွင့်ကို စိစစ်ရန်အတွက် ကျွန်ုပ်တို့ကို အခွင့်ရစေသည်။
သာမန်နည်းပညာဆိုင်ရာစိစစ်ရေးကိရိယာများနှင့်အတူ ပြီးပြည့်စုံသောအံ့ဝင်ခွင်ကျမှု၊
Wave structures (လှိုင်းတည်ဆောက်ပုံများ) နှင့် fractal models (ဈေးလမ်းကြောင်း ပြောင်းလဲမှုပြ ပုံစံငယ်) တို့၏ အမျိုးအစားခွဲခြားဖော်ထုတ်ခြင်း
နိဂုံးချုပ်: Range bar charts များသည် trends (လမ်းကြောင်းများ) နှင့် key support/resistance levels (ပင်မဝယ်လိုအား/ရောင်းလိုအားဈေးတန်းများ) ကိုဆုံးဖြတ်ရာတွင် အသုံးဝင်သည်။အခြားညွှန်းဆိုချက်များ (အထူးသဖြင့် MACD ) နှင့်အတူ တွဲသုံးလျှင် ကောင်းမွန်စွာအလုပ်လုပ်သည်။ရှေးကျသော chart analysis patterns(ဇယားစစ်တမ်းပုံစံများ)ကို Range charts များတွင်လည်း အသုံးပြုနိုင်သည်။ထို့ကြောင့် Range bar charts များသည် အကောင်းဆုံးစျေးကွက်စမှတ်များကို ရှာဖွေရန်နှင့် ကုန်သွယ်ခြင်းစွမ်းဆောင်မှုကို မြှင့်တင်ရန် တို့ကို ကူညီပေးပါသည်။
Range bar charts များအပေါ်၌ မကြာခဏမေးလေ့ရှိသော မေးခွန်းများ
Range chart တစ်ခုသည် အချိန်ကာလကိုထည့်သွင်းမစဥ်းစားထားသော ပိုင်ဆိုင်မှု၏ပေါက်ဈေးဖြစ်သည်။ Range bar charts ၏ အဓိကအကျိုးကျေးဇူးမှာ ၎င်းတို့သည် စျေးဂယက်ရိုက်မငြိမ်သက်ခြင်းကိုလျော့ချပြီး ကုန်သွယ်ရေး လုပ်ဆောင်ချက်အား တိုးမြှင့်ရာတွင်ကူညီပေးသော local support နှင့် resistance levels (အခြေခံဝယ်လိုအားနှင့်ရောင်းလိုအား) တို့ကို ပိုမိုတိကျစွာဆုံးဖြတ်ရန်တို့ ဖြစ်ပါသည်။
Candlestick chart တစ်ခုသည် သတ်မှတ်ကာလအတောအတွင်း၌ အဖွင့်စျေး/အပိတ်စျေးများနှင့် အနိမ့်/ အမြင့်များပါဝင်သော အချိန်တစ်ခုအတွင်းရှိပိုင်ဆိုင်မှုတစ်ခု၏ဈေးလှုပ်ရှားမှုကို ပြသသည်။ Range bar chart တစ်ခုသည် တူညီသောအရွယ်အစားရှိ bars များပါသော chart တစ်ခုနှင့် ဆင်တူသည်၊ သို့သော် ၎င်းသည် အချိန်ပေါ်၌ အခြေမခံပါ။ကုန်သည်တစ်ယောက်သည် Range စံနှုန်းများအတွင်းတွင် bar တစ်ခု ၏ အရွယ်အစားကို သတ်မှတ်သည်။ Range charts များပေါ်တွင် gaps (ကြားကွက်လပ်များ) ပေါ်ထွက်လာခြင်းသည် စိတ်ဝင်စားမှုများလာသည်ကို နှိုးဆော်လျက်ရှိသည်၊ထိုသည်မှာ trend direction (လမ်းကြောင်းဦးတည်ချက်) ပေါ်မူတည်နေ၍ bullish (သို့) bearish တို့ဖြစ်နိုင်ပါသည်။
Range bar charts များသည် MACD နှင့် သဟဇာတအဖြစ်ဆုံးဖြစ်ပြီး ဇယားစစ်တမ်းပုံစံများနှင့်လည်း ကောင်းမွန်စွာလုပ်ဆောင်သည်။
Bar တစ်ခုတန်ဖိုးကို Range စံယူနစ် အတွင်းတွင် သတ်မှတ်ထားသည်။ Bars အားလုံးကို ကြိုတင်သတ်မှတ်ထား သော Range တန်ဖိုးပေါ်အခြေခံ၍ တည်ဆောက်ထားသည်၊ထို့ကြောင့် ၎င်းတို့၏ အရွယ်ပမာဏများသည် အမြဲတမ်းတူညီပါလိမ့်မည်။ ကုန်သည်တစ်ဦးအနေဖြင့် 1,000 Range, 100 Range, 10 Range, နှင့် 1 Range များထဲမှ ရွေးချယ်နိုင်သည်။ ထိုတန်ဖိုးကို ကုန်သွယ်ခြင်း တစ်ကြိမ်စီ အတွက် အလိုအလျောက် တွက်ချက်ပေး သည်။1 Range တန်ဖိုးသည် အမြင့်ဆုံးနှင့်အနိမ့်ဆုံး bar တန်ဖိုးများကြားထဲရှိ ခြားနားချက်ဖြစ်သည်။
Trend နည်းဗျူဟာများကို အထောက်အကူပြုနိုင်သော support နှင့် resistance levels (ဝယ်လိုအားနှင့်ရောင်းလိုအားစျေးတန်းများ) ကို ဆုံးဖြတ်ရာတွင် Range bar charts များသည် ကျွန်ုပ်တို့အား အခွင့်တစ်ရပ်ဖြစ်စေသည်။ ၎င်းတို့သည် အချိန်တိုတွင်းစျေးအတက်အကျမြန်ခြင်းအား သတ်မှတ်ရာတွင်လည်း ပိုမိုကောင်းစွာ ပြသပါသည်၊ ထို့ကြောင့် ယင်းတို့သည် စျေးကွက် ငြိမ်သက်နေစဥ်ကာလတွင် ကုန်သွယ်ခြင်းကို ရှောင်ရှားရန် အသုံးပြုနိုင်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။






















