Kagi chart သည် မျဉ်းတကြောင်းပါဝင်သော linear price chart နှင့် အသွင်တူပါသည်။ သို့သော် လုပ်ဆောင်ချက်အားဖြင့် အလုံးစုံကွဲပြားပါသည်။ ရေပြင်ညီမျဉ်းတိုများဖြင့် အစဉ်လိုက်ဆက်သွယ်ထားသည့် ‌ဒေါင်လိုက်မျဉ်းများ ပါဝင်သော Kagi chart သည် တိကျသော အချိန်အပိုင်းအခြားအတွင်းမှ နှုန်းထားရွေ့လျားမှုများကို ကိုယ်စားမပြုပဲ၊ ပိုင်ဆိုင်မှုတခု၏ တိကျသော ဈေးနှုန်းလှုပ်ရှားမှု အတိုင်းအတာကိုသာ ကိုယ်စားပြုရည်ညွှန်းပါသည်။

ဤဆောင်းပါးတွင် ကျွန်ုပ်တို့သည် Kagi chart ကို အသုံးပြု၍ မည်ကဲ့သို့ ကုန်သွယ်မည်၊ ထိုသို့ ကုန်သွယ်ရာ တွင် မည်သို့သော အချက်ပြမှုများကို ရရှိနိုင်သည်ကို လေ့လာဆန်းစစ်ကြပါမည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Kagi Chart တည်ဆောက်ပုံ

Kagi chart တွင် အလျားလိုက်မျဉ်းများဖြင့် ချိတ်ဆက်ထားသော ဒေါင်လိုက်မျဉ်းများ ပါဝင်ပါသည်။၊ အဆက်မပြတ်ချိတ်ဆက်ထားသော မျဉ်းကြောင်းများသည် ဇယားပေါ်တွင် L ပုံသဏ္ဍာန်နှင့် ဆင်တူသည့် ညွှန်ပြချက်များအဖြစ် ပေါ်ပေါက်လာပါသည်။

LiteFinance: Kagi Chart တည်ဆောက်ပုံ

Kagi chart တွင် မျဉ်းလေးကြောင်း ပါဝင်ပါသည်။

  • Yin သည် အကျလိုင်း ဖြစ်ပါသည် (ဇယားပေါ်တွင် အနီရောင်ဖြင့် ပြသထားပါသည်)။

  • Yang သည် အတက်လိုင်းဖြစ်ပါသည် (ဇယားပေါ်တွင် အစိမ်းရောင်ဖြင့် ပြသထားပါသည်)။

  • Shoulder သည် အထက်သို့ရွေ့လျားမှုအား အောက်သို့ရွေ့လျားမှုနှင့် ချိတ်ဆက်ပေးသော ရေပြင်ညီမျဉ်းဖြစ်ပါသည်။

  • Waist သည် အောက်သို့ရွေ့လျားမှုအား အထက်သို့ရွေ့လျားမှုနှင့် ချိတ်ဆက်ပေးသော ရေပြင်ညီမျဉ်းဖြစ်ပါသည်။

Kagi Chart တည်ဆောက်ခြင်း

Kagi Chart သည် Renko chart နှင့် ဆင်တူပါသည်။ ၎င်းသည်လည်း အချိန်ကာလအပိုင်းအခြားများကို ဥပက္ခာ ပြု၍ စျေးနှုန်းလုပ်ဆောင်ချက်ကိုသာ ထည့်သွင်းစဉ်းစားပါသည်။ ပုံမှန်အားဖြင့် စျေးနှုန်းပြောင်းလဲမှု ပမာဏကို ကြိုတင်သတ်မှတ်ထားလေ့ရှိသော်လည်း ATR (Average True Range) အချက်အလက်အပေါ် မူတည်‌၍လည်း ဆုံးဖြတ်သတ်မှတ်နိုင်ပါသည်။ အချို့သော ပလပ်ဖောင်းများကမူ ရာခိုင်နှုန်း ပမာဏများကို အသုံးပြုရန် အကြံပြုကြသည်။

ကျွန်ုပ်သည် Renko chart သို့ တိုက်ရိုက်ချိတ်ဆက်မှုတခု ပြုလုပ်ရန်အလို့ငှာ၊ Kagi chart အတွက် ကြိုတင်သတ်မှတ်ထားသော ဈေးနှုန်းပြောင်းလဲမှုပမာဏတခုကို ရွေးချယ်ထားပါသည် - ၎င်းသည် 125.1 USD ဖြစ်ပြီး၊ ဤပြောင်းလဲမှုပမာဏကို BTCUSD အတွဲအပေါ် သက်ရောက်စေပါမည်။

LiteFinance: Kagi Chart တည်ဆောက်ခြင်း

အကယ်၍ ဈေးနှုန်းရွေ့လျားမှုသည် သတ်မှတ်တန်ဖိုး (ကျွန်ုပ်တို့၏ ဥပမာတွင် 125.1 USD) ထက် လျော့နည်းပါက၊ Kagi ဇယားပေါ်တွင် ပုံသဏ္ဍန်ပေါ်ပေါက်ခြင်း ရှိမည်မဟုတ်ပေ။ ပိုမိုလွယ်ကူစွာ သဘောပေါက်နားလည်နိုင်ရန်အတွက် Japanese candlestick chart ပေါ်မှ စျေးနှုန်းရာဇဝင်ကို ဆန်းစစ်ကြည့်ကြပါစို့။

ဘယ်ဘက်မှ ဇယားကိုကြည့်ပါ။ ဩဂုတ်လ ၁၁ ရက်တွင် BTC သည် $6,388.8 (နံပါတ်တစ် မြှား အမှတ်အသား) သို့ ရုတ်တရက်မြင့်တက်ပြီးနောက် အောက်သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ ဈေးနှုန်းပြောင်းလဲမှုသည် ကြိုတင်သတ်မှတ်ထား‌သောတန်ဖိုး $125.1 ကို ကျော်လွန်သွားခဲ့ပြီး၊ Kagi chart ပေါ်တွင် အောက်ဘက်သို့ဒေါင်လိုက်မျဉ်းတခုကို ပေါ်ပေါက်စေခဲ့သည်။ နောက်ဆုံးသော Japanese candlestick ၏ အပိတ် level သည် Kagi chart ၏ base level (အခြေခံအဆင့်)နှင့် ကိုက်ညီပါသည်။

ထို့နောက် အထက်သို့ဦးတည်သော candlesticks လေးခု ပေါ်ပေါက်လာပါသည်။ စုစုပေါင်း ဈေးနှုန်းတိုးတက်မှုသည် $125.1 ထက်ကျော်လွန်သွားသောအခါ၊ Kagi chart သည် base level မှ စတင်ရေးဆွဲသော အခြားမျဉ်းတကြောင်းကို ပုံဖော်ပြသပါသည်။

အထက်ပါ ရုပ်ပုံတွင် မြင်တွေ့ရသည့်အတိုင်း နံပါတ်နှစ်မျဉ်းသည် candlesticks ကိုးခုကို စုဆောင်းထားပါသည်။ ထိုအချက်ကိုကြည့်၍ Kagi chart သည် အချိန်နှင့်ဆက်နွယ်မှုမရှိကြောင်း အတည်ပြုနိုင်ပါသည်။

တခုသောအခိုက်အတန့်၌ ဈေးနှုန်းသည် base level ဖြစ်သော $6,388.8 ကို ဖြတ်ကျော်သွားသောအခါ၊ နံပါတ်နှစ်မျဉ်း၏အရောင်သည် အနီမှ အစိမ်းသို့ ပြောင်းလဲသွားပါသည်။ ဤသည်မှာ Kagi မျဉ်း Yin မှ Yang သို့ ပြောင်းလဲခြင်းဖြစ်၍ ရှင်းလင်းသော အဝယ်အချက်ပြမှုတခု ဖြစ်ပါသည်။

အထက်သို့ဦးတည်သည့် နောက်ဆုံး candlestick သည် $6,441.3 တွင်ပိတ်သိမ်းကာ၊ base level အသစ်ကို ဖွဲ့စည်းပါသည်။ Bitcoin ဈေးနှုန်း သိသိသာသာကျဆင်းသွားပြီး၊ အောက်သို့ဦးတည်သည့် ပထမဆုံး candlestick သည် မျဉ်းအသစ်ကို ပေါ်ပေါက်စေပါသည်။ ပေါ်ပေါက်လာသော မျဉ်းအသစ်နှင့် ယခင်မျဉ်း‌တခုအား နောက်ဆုံးအခြေခံအဆင့်(base level)၌ shoulder ဖြင့် ချိတ်ဆက်ထားပါသည်။

နောက်ဆုံးနှင့် အရှည်ဆုံး bearish candlestick သည် ယခင် base level ၏အရှေ့မှ base level တခုဖြစ်သော၊ waist အောက်သို့ ကျဆင်းခဲ့သည်။ ရလာဒ်အနေဖြင့် ကျန်ရှိသောမျဉ်းသည် ဤ level ၏အောက်တွင် အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

အပိတ် level ဖြစ်သော $5,975.30 ၌ လမ်း‌ကြောင်းအပြောင်းအလဲဖြစ်ပေါ်ပြီးချိန်တွင် တိုးတက်မှုလှိုင်းတခုကို မြင်တွေ့ရပါသည်။ မည်သို့ပင်ဖြစ်စေ စတုထ္ထမြောက်မျဉ်းသည် $6,444.1 တွင် ယခင်တခုမတိုင်မီ နောက်ဆုံး base level ၏ shoulder သို့ ရောက်ရှိခဲ့ပြီး၊ ထိုအဆင့်တွင် တိုးတက်မှုအလားအလာအတွက် အချက်ပြခဲ့ပါသည်။

ယေဘုယျအားဖြင့် Kagi chart သည် Renko နှင့် Line Break charts များ၏ အင်္ဂါရပ်များကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။

  1. Kagi chart တွင် ဘေးတိုက်ရွေ့လျားမှုများနှင့် သေးငယ်သောယာယီအတက်၊အကျများ မပါဝင်ပါ။

  2. ၎င်းသည် လမ်းကြောင်းအလှည့်အပြောင်းအတွက် အရေးပါသော levels များ(အလားအလာရှိသော support နှင့် resistance) ကို အမှတ်အသားပြုပါသည်။

  3. ၎င်းသည် လမ်းကြောင်းအလှည့်အပြောင်းကို အချက်ပြပါသည်။

Kagi အချက်ပြမှုများ -

  1. အရောင်နှစ်ခုပါဝင်သော Kagi မျဉ်းသည် မျှခြေအဆင့်သို့ ဈေးကွက်ရောက်ရှိမှုကို ညွှန်ပြပြီး၊ လမ်းကြောင်းအလှည့်အပြောင်းတခုကို အချက်ပြပါသည်။

  2. အနီရောင်မျဉ်း (Yin) သည် အကျလမ်းကြောင်းကို ညွှန်ပြ၍ ရောင်းချရန် အချက်ပြပါသည်။

  3. အစိမ်းရောင်မျဉ်း (Yang) သည် အတက်လမ်းကြောင်းကို ညွှန်ပြ၍ ဝယ်ယူရန် အချက်ပြပါသည်။

  4. မှတ်တမ်းများအရ လမ်းကြောင်း၏ ကြာချိန်သည် Kagi မျဉ်းဆယ်ခုထက် မကျော်လွန်ပါ။

Kagi chart နှင့် technical indicators များ ပေါင်းစပ်ခြင်း

LiteFinance: Kagi chart နှင့် technical indicators များ ပေါင်းစပ်ခြင်း

Kagi chart ဖွဲ့စည်းမှု၏ သတ်မှတ်ချက်များကို စဉ်းစားကြည့်သောအခါ၊ L သဏ္ဍန်ရှိသော ၎င်း၏ အလယ်မျဉ်းများသည် တစထက်တစ ပိုများလာသော ထောင့်ချိုးများကြောင့် တိကျသော သတင်းအချက်အလက်ကို ပံ့ပိုးပေးနိုင်ခြင်းမရှိပေ။

မည်သို့ပင်ဖြစ်စေ ဩဂုတ်လ ၂၁ ရက်တွင် MACD indicator သည် သုညအ‌ဆင့်အား အောက်ဘက်မှ ကျော်ဖြတ်သွားခဲ့ပြီး၊ Kagi chart ပေါ်တွင် လမ်းကြောင်းအလှည့်အပြောင်းတခုရှိလာနိုင်ကြောင်း အချက်ပြပါသည်။ ၎င်းသည် အခြားသော moving average ဖြတ်မျဉ်းများနှင့်အတူ တိုးတက်မှုအတွက် အားကောင်းသော အချက်ပြမှုတခု ဖြစ်ခဲ့ပါသည်။ ရလာဒ်အနေဖြင့် အခြား indicators များမှ လမ်းကြောင်း အလှည့်အပြောင်းအတွက် အချက်ပြမှု မထုတ်ပေးသောအချိန်တွင် ထိုအချက်ပြမှုသည် အထက်သို့ ဦးတည်သော လမ်းကြောင်းသစ်၏အစကို ပြသခဲ့ပါသည်။

ကုန်သွယ်ရေးတွင် Kagi Chart အား အသုံးပြုခြင်း

ကျွန်ုပ်သည် ဤရက်သတ္တပတ်အတွင်း Kagi chart ကို စမ်းသပ်ခဲ့ပါသည်။ ဤအပိုင်းတွင် စမ်းသပ်မှုရလာဒ်ကို ဝေမျှသွားပါမည်။ ကျွန်ုပ်သည် ၎င်းကို ပိုမိုလွယ်ကူစွာ သဘောပေါက်နားလည်ရန်အတွက် Japanese candlestick နှင့် Kagi charts များပေါ်တွင် ETHUSD နှင့် XMRUSD နှုန်းထားများကို အသုံးပြုခဲ့ပါသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၇ရက်၊ ETHUSD ခန့်မှန်းချက်

LiteFinance: ၂၀၁၈ ခုနှစ် စက်တင်ဘာ ၇ရက်၊ ETHUSD ခန့်မှန်းချက်

Japanese candlestick ဇယားပေါ်တွင် ဈေးနှုန်းသည် မြန်ဆန်စွာ ကျဆင်းခဲ့ပါသည်။ Kagi chart တွင် အောက်သို့ကျဆင်းသော ရွေ့လျားမှုတခု ပေါ်ပေါက်လာပါသည်။ မျဉ်းအရောင်သည် အနီရောင်သို့ ပြောင်းလဲသွားပြီး လမ်းကြောင်းအလှည့်အပြောင်းကို အချက်ပြပါသည်။ ETHUSD နှုန်းထားဆက်လက် ကျဆင်းမည်ဟု ခန့်မှန်းရသောကြောင့် ကျွန်ုပ်တို့အနေဖြင့် အရောင်းကုန်သွယ်မှုတခုကို ဖွင့်နိုင်ပါသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၉ ရက်၊ ETHUSD ခန့်မှန်းချက်

LiteFinance: ၂၀၁၈ ခုနှစ် စက်တင်ဘာ ၉ ရက်၊ ETHUSD ခန့်မှန်းချက်

ဇယားပေါ်တွင် အောက်သို့ဦးတည်သော candlesticks သုံးခု ပေါ်ထွက်လာသည်နှင့်အမျှ ဈေးနှုန်း ဆက်လက်ကာ ကျဆင်းခဲ့ပါသည်။ သို့သော်လည်း ထိုမှနောက်တွင် နှုန်းထားများသည် အထက်သို့ ပြန်လည်ဦးတည်ခဲ့ပြီး၊ Kagi chart သည် ဦးတည်ရာအပြောင်းအလဲတခုကို ပြသခဲ့ပါသည်။ ထို့ကြောင့် သင်၏အရောင်းကုန်သွယ်မှုကို ပိတ်သိမ်း၍ အမြတ်ကိုသိမ်းဆည်းနိုင်ပါသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၅ ရက်၊ XMRUSD ခန့်မှန်းချက်

LiteFinance: ၂၀၁၈ ခုနှစ် စက်တင်ဘာ ၅ ရက်၊ XMRUSD ခန့်မှန်းချက်

Japanese candlestick chart ပေါ်တွင် ဈေးနှုန်းသည် မြန်ဆန်စွာ ကျဆင်းသွားပါသည်။ တချိန်တည်းမှာပင် Kagi chart ပေါ်တွင် လမ်းကြောင်းအလှည့်အပြောင်းတခု ပေါ်ပေါက်လာပါသည်။ မျဉ်းအရောင်မှာ ပြောင်းလဲခြင်း မရှိသေးပါ။ ဈေးနှုန်းသည် အောက်သို့ရွေ့လျားသော လမ်းကြောင်းအတွင်း ဆက်လက်ကျဆင်းလိမ့်မည်ဟု မျှော်လင့်ရပါသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၉ ရက်၊ XMRUSD ခန့်မှန်းချက်

LiteFinance: ၂၀၁၈ ခုနှစ် စက်တင်ဘာ ၉ ရက်၊ XMRUSD ခန့်မှန်းချက်

ဇယားသည် ခန့်မှန်းချက် မှန်ကန်ခဲ့ကြောင်း ပြသနေပါသည်။ ဈေးနှုန်းသည် မပြောပလောက်သော ယာယီမြင့်တက်မှုများနှင့်အတူ အောက်သို့ဦးတည်သောလမ်းကြောင်းအတွင်း ဆက်လက်၍ ကျဆင်းနေပါသည်။

အနှစ်ချုပ်

Kagi chart သည် Japanese candlestick chart နှင့် မည်သည့်လမ်းကြောင်း‌ဗျူဟာအတွက်မဆို အားဖြည့်ပေးနိုင်သော ထိရောက်သည့် ကိရိယာတခုဖြစ်ပါသည်။ သို့သော်လည်း ၎င်းတွင် အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်း ရှိပါသည်။

အားသာချက်များ -

  • ၎င်းသည် အရေးမကြီးသော ဘေးတိုက်ရွေ့လျားမှုများနှင့် ယာယီမတည်ငြိမ်မှုများကို စစ်ထုတ်ပေးပါသည်။

  • ၎င်းသည် လမ်းကြောင်းအလှည့်အပြောင်းကို အချက်ပြပါသည်။

  • ၎င်းသည် support နှင့် resistance levels များကို အလွယ်တကူ ခွဲခြားပေးပါသည်။

  • MACD နှင့် moving averages indicator များသည် Kagi အချက်ပြမှုများကို အားဖြည့်ပေးပြီး၊ ၎င်းတို့အား ပိုမိုတိကျစေပါသည်။

အားနည်းချက်များ -

  • ၎င်းသည် နှောင့်နှေးသော အချက်ပြမှုများကို ပေးနိုင်ပါသည်။

  • Volume indicators များကို Kagi chart တွင် အသုံးမပြုနိုင်ပါ။

  • အချက်ပြမှုအမှားများ ပေါ်ပေါက်နိုင်ပါသည်။

လမ်းကြောင်း၏ဦးတည်ရာကို ခွဲခြားရာတွင် Kagi chart သည် အထူးအရေးပါပါသည်။ နည်းပညာပိုင်းဆိုင်ရာ indicators များနှင့် ပေါင်းစပ်လိုက်သောအခါ၊ Kagi ဇယားသည် သင့်အား အဝင်၊ အထွက်ပွိုင့်များကို ခွဲခြားနိုင်ရန် ကူညီပေးပြီး ကုန်သွယ်ရေးဗျူဟာများ၏ ထိရောက်မှုကို မြှင့်တင်ပေးနိုင်ပါသည်။

Kagi chart အမေး၊ အဖြေများ

Kagi chart သည် ဈေးနှုန်းလှုပ်ရှားမှုကို တိုင်းတာရန်အသုံးပြုသော ဈေးနှုန်းဇယားအမျိုးအစား ဖြစ်ပါသည်။ ၎င်းတွင် အလျားလိုက်မျဉ်းများဖြင့် ချိတ်ဆက်ထားသော ဒေါင်လိုက်မျဉ်းများ ပါဝင်ပါသည်။ ဤကိရိယာသည် မလိုအပ်သော ဈေးကွက်လှုပ်ခတ်မှုများကို ဖယ်ရှားပေးပြီး၊ ဈေးကွက်လမ်းကြောင်းများကို Japanese candlestick chart များထက် ပိုမိုတိကျစွာ တိုင်းတာပေးပါသည်။

Japanese candlesticks များသည် ဥပမာအားဖြင့် အဖွင့်နှင့် အပိတ်ဈေးနှုန်းများ၊ H1 timeframes တွင် တနာရီအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးများ စသဖြင့် ပိုင်ဆိုင်မှုတခု၏ နှုန်းထားများ အချိန်နှင့်အမျှပြောင်းလဲမှုကို ပြသပါသည်။ Kagi chart ၏ သဘာဝမှာ ဈေးနှုန်းသည် ကြိုတင်သတ်မှတ်ထားသော ပမာဏတခုအထိ ပြောင်းလဲသောအခါ၊ ဇယားတွင် အပြောင်းအလဲ ပေါ်ပေါက်ပါသည်။ ဆိုလိုသည်မှာ အကယ်၍ သင်သည် ဇယားဆက်တင်တွင် $100 တန်ဖိုးကို ကြိုတင်သတ်မှတ်ထားပါက၊ ဈေးနှုန်းသည် $100 နှင့်အထက် ပြောင်းလဲမှသာလျှင် ဇယားပေါ်တွင် ပုံသဏ္ဍန်အသစ် ဖြစ်ပေါ်မည်ဖြစ်သည်။

Kagi chart သည် moving averages၊ MACD နှင့် RSI ကဲ့သို့သော လမ်းကြောင်းညွှန်ပြသည့် indicators အားလုံးနှင့် ကောင်းစွာ တွဲဖက်လုပ်ဆောင်ပါသည်။

ကုန်သည်မှ ဇယားဆက်တင်များအတွင်း ကြိုတင်သတ်မှတ်သောတန်ဖိုးတခုအထိ ဈေးနှုန်း ပြောင်းလဲသောအခါ ဇယားသည် ၎င်း၏မျဉ်းများကို ရေးဆွဲပါသည်။ ဈေးကွက်လှုပ်ခတ်မှုများအပေါ် ဇယား၏တုံ့ပြန်မှု အတိုင်းအတာသည် ရွေးချယ်ထားသောတန်ဖိုးအပေါ် မူတည်ပါသည်။

အကယ်၍ ဈေးနှုန်းသည် ဆက်တင်များအတွင်း ကြိုတင်သတ်မှတ်သောတန်ဖိုးတခုအထိ ပြောင်းလဲသောအခါ Kagi chart သည် အလျားလိုက်မျဉ်းများဖြင့် ချိတ်ဆက်ထားသည့် ဒေါင်လိုက်မျဉ်းများကို ရေးဆွဲပါသည်။ ဈေးနှုန်းသည် ယခင် base level ကို ဖြတ်‌သန်းသွားသောအခါ၊ မျဉ်းများ၏ အရောင်များ ပြောင်းလဲပါသည်။ အစဉ်အလာအရ မျဉ်းကြောင်း၏အရောင် ပြောင်းလဲသောအခါ၊ ဇယားသည် လမ်းကြောင်း အလှည့်အပြောင်းအတွက် အားကောင်းသော အချက်ပြမှုကို ပေးပါသည်။

Kagi chart သည် နည်းပညာပိုင်းဆိုင်ရာ indicators များနှင့် candlestick pattern ခွဲခြမ်းစိတ်ဖြာမှုများ ပါဝင်သော လမ်းကြောင်းဦးတည်ချက်ဗျူဟာများအတွက် အလွန်ထိရောက်မှုရှိပါသည်။ ၎င်းသည် ကုန်သွယ်မှုများ ဖွင့်ခြင်း၊ ပိတ်ခြင်းများအတွက် ယုံကြည်စိတ်ချရသော အချက်ပြမှုများကို ပံ့ပိုးပေးပါသည်။

Kagi Chart - Forex ကုန်သွယ်ရေးတွင် Kagi Chart အား မည်သို့ အသုံးပြုရမည်နည်း။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat