အကယ်၍ သင်သည် ဈေးကွက်ရွေ့လျားမှုများပေါ်တွင် ကွဲပြားခြားနားသော ထင်မြင်ယူဆချက်တစ်ခုကို နားလည်သဘောပေါက်ပါက သင်သည် စျေးကွက်လမ်းကြောင်းများအတွင်း ပြောင်းလဲမှုများကို ပိုမိုတိကျစွာ ရှာတွေ့နိုင်ပါသည်။ ထို့ကြောင့် ဝါရင့်ကုန်သည်များသည် Japanese candlestick chart တစ်ခုတည်းကိုသာ မမှီခိုဘဲ အခြားထပ်တိုးကိရိယာအထောက်အပံ့များကို အသုံးချကြပါသည်။
Line break chart တစ်ခုမှာ စျေးကွက်လှုပ်ရှားမှုကို လေ့လာစောင့်ကြည့်ခြင်းအတွက် အခြားကိရိယာတစ်မျိုးဖြစ်ပြီး စျေးလမ်းကြောင်းပြောင်းလဲမှုများကို ခွဲခြားဖော်ထုတ်ရန်နှင့် အမြတ်ရနိုင်သော ကုန်သွယ်မှုများကို ဖွင့်ရန်အတွက် သင့်အား အထောက်အကူဖြစ်စေပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
ထို chart သည်ရှုပ်ထွေးပုံ ထင်ရသော်လည်း စိစစ်သုံးသပ်ရန်အတွက် လွန်စွာရိုးရှင်းပါသည်။ Line break chart တစ်ခုမှာ စျေးကွက်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ရန်အတွက် စျေးနှုန်းသည် သတ်မှတ်ရွေးချယ်ထားသည့် အချိန်ကာလပေါ်တွင် ပြီးခဲ့သည့်လိုင်းသုံးကြောင်း၏ ပိတ်သိမ်းပြီးသော စျေးတန်းများကို ဖောက်ကျော်ရမည် ဖြစ်ကြောင်း ညွှန်ပြပါသည်။
မူသေလိုင်းဆက်တင်များ၏ အရေအတွက်မှာ သုံးကြောင်း ဖြစ်သော်လည်း chart သည် စျေးကွက်အတက်အကျများကို ပိုမိုတုံ့ပြန်စေရန်အလို့ငှါ သင်သည် ၎င်းကို Renko box size ကဲ့သို့ ပြုပြင်ပြောင်းလဲနိုင်ပါသည်။
အကြောင်းမသင့်စွာဖြင့် သင်သည် chart ပေါ်တွင် စျေးတန်းအဆင့်အမျိုးအစားများကို ပြောင်းလဲနိုင်မည် မဟုတ်ပါ။ Chart မှာ စျေးတန်းအပိတ်နေရာများထက် အမြင့်ဆုံးနှင့် အနိမ့်ဆုံး ဖောက်ကျော်မှုများအပေါ် အခြေခံသည့် လိုင်းများကို ဖော်ပြပေးပါက ၎င်းသည် ပိုမို၍သုံးစွဲရ အဆင်ပြေလွယ်ကူစေပါလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ရွေ့လျားမှုများသည် စျေးလမ်းကြောင်းတစ်ခု၏ လားရာကို ဆုံးဖြတ်ရန် နောက်ဆုံးအချက်ပြမှုအား ပေးစွမ်းသောကြောင့် ဖြစ်ပါသည်။
Chart ဖွဲ့စည်းတည်ဆောက်ပုံ
အပတ်စဥ်အချိန်ကာလပေါ်တွင်ရှိသော ဤ chart နှစ်ခုကို ခွဲခြမ်းစိတ်ဖြာကြည့်ကြပါစို့။ Candlestick chart တစ်ခုမှာ ဘယ်ဘက်ခြမ်းပေါ်တွင် ဖြစ်ပြီး line break chart တစ်ခုမှာ ညာဘက်တွင် ဖြစ်ပါသည်။
အစိမ်းရောင်စက်ဝန်းပုံသည် ဆန်းစစ်ရှာဖွေနေသည့် ဧရိယာကို အမှတ်အသားပြုပါသည်။ July 16 တွင် ဖြစ်ပေါ်ခဲ့သော bullish candle အရှည်တစ်ခုသည် ယခင်ပြီးခဲ့သည့်ကာလရှိ candlestick သုံးခု၏ အပိတ်ဈေးတန်းများကို ဖောက်ကျော်ခဲ့ပါသည်။ ထို candlestick များကို chartပေါ်တွင် နံပါတ်စဥ် တပ်ထားပါသည်။ ထို့ကြောင့် line break chart ပေါ်တွင် bullish မျဥ်းတစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ သို့သော် ထိုမျဥ်း၏အမြင့်သည် Japanese candlestick ၏ အမြင့်နှင့် ထပ်တူညီမှုမရှိသော်လည်း စျေးနှုန်းအပိတ်နေရာနှင့် တထပ်တည်းကျပါသည်။
ထိုသို့ဖြစ်၍ line break chart ပေါ်ရှိ အဖွင့်မျဥ်းနေရာသည် ယခင်ပြီးခဲ့သည့် candlestick ၏အပိတ်ဈေးနှုန်းနှင့် အမြဲတမ်း ထပ်တူညီနေပါလိမ့်မည်။
ထိုညွှန်ပြချက်သည် အဓိပ္ပာယ်ကောက်ယူရန် လွယ်ကူသော အချက်ပြမှုများကို ပေးစွမ်းပါသည်။
ဆက်တိုက်ဖြစ်ပေါ်နေသော bearish မျဥ်းသုံးကြောင်းနောက်တွင် bullish မျဥ်းတစ်ကြောင်း လိုက်ပါဖြစ်ပေါ်ချိန်တွင် ဝယ်ရန်အချက်ပေးမှု ပေါ်ပေါက်ပါသည်။
- ဆက်တိုက်ဖြစ်ပေါ်နေသော bullish မျဥ်းသုံးကြောင်းနောက်တွင် bearish မျဥ်းတစ်ကြောင်း လိုက်ပါဖြစ်ပေါ်ချိန်တွင် ရောင်းရန်အချက်ပေးမှု ပေါ်ပေါက်ပါသည်။
အထူးသဖြင့် line break chart အသုံးပြုသူများစွာသည် လမ်းကြောင်းပြောင်းလဲမှု မျဥ်းတစ်ခုနောက်သို့ လိုက်ပါနေပြီး တူညီသောလားရာရှိသည့် ထပ်တိုးမျဥ်းတစ်ခုကို မျှော်လင့်ခန့်မှန်းရန် အကြံပြုပါသည်။ ထိုမျဥ်းသည် လမ်းကြောင်း ဆန့်ကျင်ပြောင်းလဲမှုကို အတည်ပြုပေးပါလိမ့်မည်။ ထို့ကြောင့် pattern သည် ပြည့်စုံမှုမရှိဘဲ အဆင်းလမ်းကြောင်းများမှာ အတက်လမ်းကြောင်းများနှင့် တလှည့်စီဖြစ်ပေါ်နေပါက သင်သည် ကုန်သွယ်မှုကို ရှောင်ရှားရပါမည်။
ဂျပန်လူမျိုးများသည် ၎င်းတို့၏ pattern များကို သာမန်ရိုးကျမဟုတ်သော နာမည်များ ပေးရန် ရည်ရွယ်လေ့ ရှိပါသည်။
Line break chart ပေါ်တွင် bullish pattern ကို စိစစ်သုံးသပ်ကြပါစို့။
စက်ဝန်းတစ်ခုဖြင့် မှတ်သားထားသည့် bearish လိုင်းသုံးကြောင်းကို "shoes" ဟုခေါ်ပါသည်။ အဝါရောင်စက်ဝန်းသည် "suit” ဟုခေါ်သည့် bullish လိုင်းတစ်ကြောင်းကိုပြသပြီး shoes နောက်တွင် လိုက်ပါလာပါသည်။ အစိမ်းရောင်စက်ဝန်းဖြင့် ခြုံငုံမိသော လိုင်းသည် "neck" ဟုခေါ်တွင်သည့် အတည်ပြုမျဥ်းတစ်ကြောင်း ဖြစ်ပါသည်။
ဂျပန်များ ယုံကြည်ထားသည်မှာ “စျေးကွက်တွင် bear shoes ဖြစ်ပေါ်တည်ရှိပြီး bull suit တစ်ခုထဲတွင် ၎င်း၏စွန့်စားနိုင်ချေအလားအလာကို ပြသနေသောအခါတွင်” သင်ဝယ်ယူသင့်ပါသည်။ တနည်းအားဖြင့် ဆိုရသော် စျေးကွက်သည် bull (သို့) bear suit တစ်ခုထဲတွင် ပြီးပြည့်စုံစွာ ပေါ်ပေါက်လာချိန်တွင် ဖြစ်ပါသည်။
"Suit" အရှည်ကို ဂရုပြုပါ။ အကယ်၍ ၎င်းသည် တိုတောင်းလွန်းပါက လမ်းကြောင်း ဆန့်ကျင်ပြောင်းလဲမှု မဖြစ်နိုင်ပါ။ ထိုသည်မှာ "suit" အရှည် လွန်စွာတိုတောင်းချိန်တွင် chart ပေါ်၌ ပထမဦးဆုံးဖြစ်စဥ်အတွင်း ဖြစ်ပေါ်ခဲ့သောအကြောင်းအရာ အတိအကျပင် ဖြစ်ပါသည်။
အထက်ပါ chart သည် စျေးကွက်တွင် "bear suit" တစ်ခုဖြစ်ပေါ် ချိန်တွင် ရောင်းရန်အချက်ပြမှုတစ်ခုကို ပြသပါသည်။ ထို့အတူပင် "bull suit" တစ်ခုတွင် သက်ရောက်ပါသည်။
ယေဘုယျအားဖြင့် ထို pattern တွင် သိသာထင်ရှားသော ဆိုးကျိုးတစ်ရပ်ရှိပါသည် — စျေးကွက်တွင် ဆုံးရှုံးနိုင်ချေအလားအလာကို ပြသသည်အထိ ပင်မစျေးလမ်းကြောင်း၏ အနည်းဆုံးတဝက်သည် ကုန်လွန်ပြီးဆုံးသွားနိုင်ပါသည်။ ထိုနှောင့်နှေးကြန့်ကြာမှုကို လျော့ချရန်အတွက် သင်သည် ဖောက်ကျော်စျေးတန်းနေရာများ၏ အရေအတွက်ကို နိမ့်ချနိုင်ပါသည်။ စိစစ်သုံးသပ်ချက်ထဲတွင် MACD နှင့် moving averages ကို အသုံးပြုကြပါစို့။
ထို line break chart သည် ၄-နာရီကြာ အချိန်ကာလာပေါ်တွင် နှောင်နှေးမှုအနည်းငယ်ဖြင့် အချက်ပြမှုတစ်ခုကို ပြသပါသည်။ သို့သော် အနီရောင်စက်ဝန်းဖြင့် အသားပေးပြသထားသည့် ဘေးတိုက်ရွေ့လျားမှု ဖြစ်စဥ်တွင် ထိုညွှန်ပြချက်မှာ မှားယွင်းသော အချက်ပေးမှုများစွာကို ပေးစွမ်းပြီး အကျိုးထိရောက်မှုမရှိ ဖြစ်စေပါသည်။ ဤတွင် MACD မှာအထောက်အပံ့ဖြစ်နိုင်ပါသည်။ ထိုအညွှန်းသည် line break chart ပေါ်တွင် မြင့်မားလာသော စျေးအတက်အကျပြောင်းလဲမှုများကို မပြသပါ၊ ထိုသည်မှာ Japanese candlestick chart ဖြစ်စဥ်နှင့် မတူညီပါ။
ထိုအညွှန်းကို ပိုမိုအသေးစိတ် လေ့လောရန်အလို့ငှါ ၎င်းကို လက်တွေ့တိုက်ရိုက်လုပ်ဆောင်သော ကုန်သွယ်ရေးတွင် စစ်ဆေးကြည့်ကြပါစို့။
Line Break Chart ကိုမည်သို့ အသုံးပြုပုံ
အောက်တွင် MACD နှင့် moving averages အညွှန်းများကို သုံး၍ line break chart ပေါ်တွင် စျေးရွေ့လျားမှုများ၏ စိစစ်သုံးသပ်ချက်ကို သင်ရှာဖွေနိုင်ပါသည်။ ထို့ပြင် အပြည့်အစုံ နားလည်သဘောပေါက်မှုကို ပေးစွမ်းရန်အတွက် Renko နှင့် Japanese candlestick charts ကို အသုံးပြုခဲ့ကြပါသည်။
စိစစ်သုံးသပ်ချက်အတွက် ပိတ်သိမ်းထားသော စျေးတန်းသုံးနေရာကို အသုံးပြုချိန်တွင် line break chart တစ်ခုသည် အကောင်းဆုံးရလဒ်များကို ပေးအပ်ပါသည်။
နှစ်နေရာတည်းကိုသာ သုံးခြင်းသည် မြောက်များစွာသော မှားယွင်းအချက်ပြမှုများကို ဖြစ်စေပြီး စျေးကွက်ပွက်လောရိုက်မှုကို ဖယ်ထုတ်ရန်အတွက် ကျဆုံးမှုကိုဖြစ်စေပါသည်။
လေးနေရာ (သို့) ထိုထက်ပို၍ အသုံးပြုချိန်တွင် line break chart သည် နှောင့်နှေးကြန့်ကြာမှုများစွာဖြင့် အချက်ပြမှုများကို ထုတ်ပေးပြီး အဓိကစျေးရွေ့လျားမှုများကို ပျောက်ဆုံးစေပါသည်။
Renko chart နှင့်နှိုင်းယှဥ်ပါက line break chart မှာစျေးနှုန်းပြောင်းလဲမှုများကို ပိုမိုသိသာစွာ တုံ့ပြန်ပါသည်၊ ထိုသည်မှာ ကောင်းကျိုးသာမက ဆိုးကျိုးကိုပါ ဖြစ်စေနိုင်ပါသည်။ အချက်ပြမှုကို ပိုမိုစောစီးစွာ လက်ခံရရှိနိုင်သော်လည်း ၎င်းမှာ မှားယွင်းမှုလည်း ဖြစ်နေနိုင်ပါသည်။
အလည်တွင် တည်ရှိသည့် line break chart သည် စက်ဝိုင်းများဖြင့်မှတ်ထားသော patterns ပြောင်းလဲမှု အမှားနှစ်ခုကို ပြသသော်လည်း စျေးနှုန်းသည် ဆက်လက်မြင့်တက်ခဲ့ပါသည်။
ထပ်မံအချက်ပြစစ်ထုတ်မှုအတွက် MACD အညွှန်းကို သုံးစွဲရန်မှာ ပို၍သင့်တော် ကောင်းမွန်ပါသည်။ သို့သော် အလယ်ရှိ line break chart မှာ MACD သည် Renko chart ပေါ်တွင် တူညီသောအညွှန်းထက် ရက်အနည်းငယ် ပို၍စောစွာ လမ်းကြောင်းပြောင်းအချက်ပြမှုကို ထုတ်ပေးကြောင်းကို ပြသပါသည်။
နိဂုံးချုပ်
Line break chart တစ်ခုသည် ဈေးလမ်းကြောင်း ပြောင်းလဲမှုကို အတည်ပြုချက်တစ်ခု အနေဖြင့် ဆောင်ရွက်ပါသည်။ Renko chart တစ်ခုနှင့် အလားတူညီစွာ ထို chart သည် ကာလတို စျေးအတက်အကျပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော စျေးကွက်မတည်ငြိမ်မှုများကို စစ်ထုတ်ဖယ်ရှားပေးပါသည်။ သို့သော် wide channel တစ်ခုအတောအတွင်း ကြာရှည်သော ဘေးတိုက်လမ်းကြောင်းများတွင် မှားယွင်းအချက်ပြချက်များအတွက် စွန့်စားမှုတစ်ရပ် ရှိပါသည်။ ထို့အပြင် ဖော်ကျော်နေရာများကို တွေ့မြင်ရန်အတွက် ပိတ်သိမ်းပြီးကုန်သွယ်မှုနေရာများကို အလေးထားသည်မှာ ထူးဆန်းဖွယ်ထင်မှတ်ရပါသည်။ technical analysis တွင် အမြင့်ဆုံးနှင့် အနိမ့်ဆုံးစျေးတန်းများသည် ပိုမိုအရေးပါသော ဖောက်ကျော်မှုနေရာများ ဖြစ်ပါသည်။
Line Break Chart တွင် မေးလေ့ရှိသော မေးခွန်းများ
Line break chart တစ်ခုမှာ သတ်မှတ်အချိန်ကာလပေါ်တွင် စျေးနှုန်းသည် လွန်ခဲ့သောကာလမှ ပိတ်သိမ်းပြီး စျေးတန်းသုံးနေရာကို ဖောက်ကျော်မျှသာလျှင် စျေးရွေ့လျားမှုကို ပြသပေးသည့် chart အမျိုးအစားတစ်ခု ဖြစ်ပါသည်။ ထိုနည်းလမ်းသည် စျေးကွက်မတည်ငြိမ်မှုကို လျော့ချရန် ကူညီပေးပြီး စျေးလမ်းကြောင်းအသစ်တစ်ခု စတင်မှုကို အတည်ပြုရန် ကုန်သည်အား ထောက်ကူပါသည်။
ကာလရှည် စျေးလမ်းကြောင်းများနှင့် ပင်မ ရောင်းလိုအားနှင့် ဝယ်လိုအားစျေးတန်းများကို ဆုံးဖြတ်ရာတွင် နေ့တွင်းချင်းကဲ့သို့သော မြင့်မားသော အချိန်ကာလများကို သုံးစွဲရန်မှာ ပိုမိုကောင်းမွန်ပါသည်။ ရေတိုကုန်သွယ်ခြင်းအတွက် နာရီပိုင်းအချိန်ကာလမှာ သင့်၏ရွေးချယ်ခွင့် ဖြစ်ပါသည်။
ဝါရင့်ကုန်သည်များသည် line break chart များဖြင့် MACD နှင့် moving averages ကိုမကြာခဏ ပေါင်းစပ်တွဲသုံးပါသည်။ သာမန်ရိုးကျအတိုင်း line break chart တစ်ခုသည် နှောင့်နှေးကြန့်ကြာမှုဖြင့် အချက်ပေးမှုများကို ထုတ်ပေးပါသည်။ သို့သော် ထပ်တိုးအညွှန်းများသည် ထိုကွာဟမှုကို လျော့ချရန် ကူညီနိုင်ပြီး ကုန်သည်များအား အမြတ်ထွက်ပေါ်နိုင်သော ကုန်သွယ်မှုများကို အချိန်မီ ဖွင့်ရန်အတွက် အခွင့်ပေးစွမ်းပါသည်။
Bearish လိုင်းသုံးကြောင်းနောက်တွင် line break chart တစ်ခုပေါ်၌ bullish လိုင်းတစ်ခုပေါ်ပေါက်လာပါက တစ်စုံတစ်ဦးသည် အဝယ်ကုန်သွယ်မှုများကို စဥ်းစားနိုင်ပါသည်။ အကယ်၍ bullish လိုင်းသုံးကြောင်း နောက်တွင် bearish လိုင်းတစ်ခုထွက်ပေါ်ပါက အရောင်းကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်နိုင်ပါသည်။ မှာယွင်းအချက်ပြမှုများကို ဖယ်ရှားရန် line break chart တစ်ခုနှင့်အတူ ယှဥ်တွဲ၍ Japanese candlestick chart၊ the MACD နှင့် moving average အညွန်းများကို အသုံးပြုပါ။
မူသေ line break chart ကို MetaTrader 4 နည်းပညာဆိုင်ရာကိရိယာများတွင် မထည့်သွင်းထားသော်လည်း MQL5.com တရားဝင်ဝက်ဘ်ဆိုဒ်မှ ဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။ ထို chart သည် ပုံမှန်အားဖြင့် ပိတ်သိမ်းထားသော သုံးနေရာကို အသုံးပြုပြီး သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုကို သုံးစွဲပါသည်။ သင်သည် စျေးကွက်မတည်ငြိမ်မှုကြောင့် chart၏ တုံ့ပြန်မှုကို ချိန်ညှိရန်အတွက် ဆက်တင်များကို ပြောင်းလဲနိုင်ပါသည်။
သတ်မှတ်အချိန်ကာလပေါ်တွင် စျေးနှုန်းသည် လွန်ခဲ့သော ပိတ်သိမ်းပြီး စျေးတန်းသုံးနေရာကို ဖောက်ကျော်သွားသောအခါ လိုင်းများသည် line break chart ပေါ်တွင် ပေါ်ပေါက်လာပါသည်။ အဆင်းလိုင်းသုံးခုနောက်တွင် အတက်လမ်းကြောင်း ဖြစ်ပေါ်ပါက ထိုသည်မှာ ဝယ်ယူရန် အချက်ပြမှုတစ်ခု ဖြစ်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် အတက်လိုင်းသုံးခုနောက်တွင် အဆင်းလိုင်း ဖြစ်ပေါ်ပါက ထိုသည်မှာ ရောင်းချရန် အချက်ပြမှုတစ်ခု ဖြစ်ပါသည်။
လမ်းကြောင်းတစ်ခုပေါ် မူတည်ပြီး သတ်မှတ်အချိန်ကာလတစ်ခု၌ ပိတ်သိမ်းပြီးခဲ့သော စျေးတန်းသုံးနေရာ၏ အထက် (သို့) အောက်ဘက်တွင် စျေးနှုန်းတည်ငြိမ်သောအခါ line break chart လိုင်းများ ထွက်ပေါ်ပါသည်။ ထိုနည်းဖြင့် သင်သည် လမ်းကြောင်း ဆန့်ကျင်ပြောင်းလဲမှု (သို့) တသမတ်တည်း ဆက်လက်ဖြစ်ပေါ်မှုတို့ကို ဆုံးဖြတ်နိုင်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။














