ကုန်သည်တစ်ဦး၏ အဓိက ပန်းတိုင်များထဲမှတစ်ခုမှာ အမြတ်ထွက်ပေါ်နိုင်သော ကုန်သွယ်မှုနေရာတစ်ခုကို ဖွင့်လှစ်ရေးနှင့် အမြတ်များရယူရေးအတွက် စျေးလမ်းကြောင်းကို ဆုံးဖြတ်ရန် ဖြစ်ပါသည်။ စျေးကွက်တွင် မြင့်မားသော စျေးတက်ကျလှုပ်ရှားမှုကို ကြုံတွေ့ရပါက ကျွမ်းကျင်ကုန်သည်များသည် သာမန်ရိုးကျ မဟုတ်သည့် နည်းပညာဆိုင်ရာအသုံးချကိရိယာများကို မကြာခဏ အသုံးပြုကြပြီး Tic-Tac-Toe chart မှာ ထိုထဲမှ တစ်ခုဖြစ်ပါသည်။

ဤဆောင်းပါးတွင် Tic-Tac-Toe chart ၏ ဂုဏ်သတ္တိများနှင့် ထင်ရှားသောလက္ခဏာရပ်များကို ဖော်ပြပြီး ၎င်းတို့ကို ထည့်သွင်းအသုံးပြုမည့် ကုန်သွယ်ရေးဗျူဟာများ၏ လက်တွေ့ဥပမာများအား တင်ပြသွားပါ မည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Tic-Tac-Toe chart တစ်ခုကို သဘောပေါက်နားလည်မှု

LiteFinance: Tic-Tac-Toe chart တစ်ခုကို သဘောပေါက်နားလည်မှု

Tic-Tac-Toe chart တစ်ခုသည် ဂျပန်နှင့်တိုက်ရိုက်ဆက်နွယ်မှု မရှိသော ပထမဦးဆုံး စျေးနှုန်းဇယားတစ်ခု ဖြစ်နိုင်ပါသည်။ ထိုနိယာမအား ဦးဆုံးမှတ်တမ်းတင်ထားသော ကိုးကားချက်ကို ၁၈၈၁ တွင် ခြေရာခံတွေ့ရှိနိုင်ပါသည်။ ၎င်းကို လူအများရယူနိုင်သည့်သုတေသနအရင်းအမြစ်မှ ရှာဖွေတွေ့ရှိခဲ့ပြီး Tic-Tac-Toe chart မှာ ယူအက်စ်တွင် ဦးစွာပထမ ပေါ်ပေါက်ခဲ့၍ Joseph Klein နှင့် Charles Dow မှတင်ပြခဲ့ပါသည်။ Tic-Tac-Toe ၏နည်းပညာစိစစ်လေ့လာမှုနည်းလမ်းသည် အထူးသဖြင့် မြောက်အမေရိကားရှိ ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများကြားတွင် ထင်ရှားကျော်ကြားပါသည်။ 

ထိုဇယား၏ တည်ဆောက်ပုံသည် Renko chart နှင့်ဆင်တူပါသည်။ ပစ္စည်းတစ်ခု၏ စျေးနှုန်းများ မြင့်တက်လာချိန်တွင် သင်သည် "X" (အစိမ်းရောင်ကြက်ခြေခတ်ပုံများ) ဖြင့်အလားတူသည့် စျေးနှုန်းယူနစ် (ဘလော့) ၏ အရွယ်အစားနှင့် စျေးနှုန်းကျဆင်းသောအခါ "O" (အနီရောင်စက်ဝိုင်းများ) ကိုလည်း သတ်မှတ်နိုင်ပါသည်။  

Tic-Tac-Toe chart တစ်ခုသည် မည်သို့ ဖြစ်ပေါ်ပါသနည်း။

စျေးကွက်ထဲတွင် သတ်မှတ်ကာလတစ်ခုအတွင်း စျေးနှုန်းမှာ အထက်(သို့) အောက်ကို ရွေ့လျားပြီး Tic-Tac-Toe chart သည် X (သို့) O အသီးသီးကို မှတ်သားခြယ်မှုန်းပါသည်။ X နှင့် O ၏အရေအတွက်မှာ ဘလော့အရွယ်အစား အမျိုးမျိုးဖြစ်ပါသည်။ ထို့အပြင် ကျန်ရှိနေသည့်အပိုင်းကို အစဥ်အမြဲ ဖယ်ရှားပါသည်၊ ထိုသို့ဖြစ်၍ chart သည်ဘလော့အရေအတွက်အားလုံးကိုသာ ပြသပါသည်။

အကယ်၍ စျေးနှုန်းသည် သတ်မှတ်ကာလတစ်ခုအတွင်း မပြောင်းလဲဘဲတည်ရှိနေပါက chart တွင် X (သို့) O ၏ တစ်စုံတစ်ခုမျှ ဖြစ်ပေါ်လိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် စျေးကွက်အခြေအနေနှင့် ဘလော့အရွယ်အစား ပေါ်မူတည်၍ အကန့်အသတ်မရှိ ကြာမြင့်သောကာလတစ်ခုအတွက် X (သို့) O ၏ ကော်လံတိုင်တစ်ခုကို တည်ဆောက်နိုင်ပါသည်။ 

Tic-Tac-Toe chart ၏အခြားလက္ခဏာရပ်မှာ ဆန့်ကျင်ပြောင်းလဲနေသော အတိုင်းအတာဖြစ်ပါသည်။ Chart သည် ကော်လံတိုင်အသစ်တစ်ခုကို စတင်ရန်အလို့ငှါ ဆန့်ကျင်ဘက်လားရားအတွင်းသို့ စျေးနှုန်း ဘလော့ပေါင်း အရေအတွက်မည်မျှ ရွေ့လျားသင့်ကြောင်းကို ပြသပါသည်။

အများအားဖြင့် ပုံသေအရေအတွက်မှာ ဘလော့သုံးခု ဖြစ်ပါသည်။ ဥပမာအားဖြင့် ဘလော့အရွယ် ပမာဏသည် $100 ဖြစ်ပါက O သုံးခု၏ ကော်လံတိုင်အသစ်တစ်ခုအား ဖန်တီးရန် စျေးနှုန်းသည် အတက်လမ်းကြောင်းအတွင်း အနည်းဆုံး $300 ဖြင့် အဆင်းဘက်သို့ ပြောင်းလဲပြင်ဆင်သင့်ပါသည်။ ထိုတူညီသောနည်းလမ်းမှာ အဆင်းလမ်းကြောင်းတစ်ခုအတွက်လည်း မှန်ကန်ပါသည်။

Charles Dow သည် ၎င်းကို book chart တစ်ခုဟုခေါ်တွင်ခဲ့ရသည်မှာ ကုန်သည်များသည် စျေးနှုန်းများကို ခြေရာခံ၍ ၎င်းတို့ကို သူတို့၏စာအုပ်များ (သို့) မှတ်စုများထဲတွင် ကော်လံတိုင်များအဖြစ် ချရေးခဲ့ကြသောကြောင့် ဖြစ်ပါသည်။ ထိုအညွှန်း၏ အင်္ဂါရပ်များသည် လွန်စွာကျစ်လစ်ပြည့်စုံပါသည်၊ ထိုသို့ဖြစ်၍ ဘလော့အရွယ်မှာ လုံလောက်စွာ ကြီးမားမှသာလျှင် သင်သည် စာမျက်နှာပြင်တစ်ရွက်ပေါ်တွင် နှစ်အနည်းငယ်ရှိ စျေးလှုပ်ရှာမှုများ သမိုင်းမှတ်တမ်းတစ်ခုကို ရေးဆွဲနိုင်ပါသည်။

ခေတ်မီနည်းပညာများသည် လူကိုယ်တိုင်လက်တွေ့ ဇယားဆွဲသားရန် လိုအပ်ချက်ကို ကုန်သည်များအား သက်သာစေပါသည်။ Tac-Toe chart ကို သုံးသပ်ဆင်ခြင်၍ ၎င်းကို ရှေးကျသော candlestick chart နှင့် နှိုင်းယှဥ်ကြည့်ကြပါစို့။

Tic-Tac-Toe chart ကိုသုံးစွဲ၍ မည်သို့ကုန်သွယ်ပုံ

LiteFinance: Tic-Tac-Toe chart ကိုသုံးစွဲ၍ မည်သို့ကုန်သွယ်ပုံ

၄ နာရီကြာအချိန်ကာလပေါ်တွင် BTCUSD အတွဲကို ယူကြည့်ကြပါစို့။

Tic-Tac-Toe chart ကို Renko chart နှင့် အခြားစံသတ်မှတ်မထားသော chart များဖြင့် ပိုမိုလွယ်ကူစွာ နှိုင်းယှဥ်ရန်အတွက် $125 ဘလော့အရွယ်နှင့် ဘလော့ ၃ ခု၏ ဆန့်ကျင်ပြောင်းလဲသော အတိုင်းအတာများ ကို သတ်မှတ်ပါ။

မှတ်သားဖွယ်အနေဖြင့် Tic-Tac-Toe chart တည်ဆောက်ပုံ၏ အထူးလက္ခဏာရပ်များ ရှိပါသည်။ 

  • ဘလော့များကို သုည (0) မှစတင်၍ ရေတွက်ပါသည်။

  • စျေးနှုန်းအမြင့်ဆုံး/အနိမ့်ဆုံးများကို ထည့်သွင်းမစဥ်းစားဘဲ အပိတ်စျေးနှုန်းများအရ ဘလော့များကို ရေးဆွဲပါသည်။

  • ဘလော့၏ နယ်နိမိတ်များ (Xs နှင့် Os) သည်စျေးနှုန်းပေါ်တွင် မူတည်ခြင်းမရှိ၍ အမြင်ပသာဒ အတွက်သာ အသုံးဝင်ပါသည်၊ ထို့ကြောင့် ကော်လံတိုင်အရှည်ကို ၎င်းတို့၏ သတ်မှတ် နယ်နိမိတ်များထက် X (သို့) O တစ်ခု၏ အလယ်ဗဟိုမှ စတင်၍ တွက်ချက်ပါသည်။

ညာဘက်ခြမ်းပေါ်ရှိ အထက်ပါ chart သည်အစိမ်း‌ရောင်မြှားအောက်တွင် X များ၏ မြင့်တက်နေသော ကော်လံတစ်ခုကို ဖော်ပြထားပါသည်။ ဂျပန် candlestick chart ပေါ်တွင် ၎င်းတို့ကို ကြီးမားသောအစိမ်းရောင်စက်ဝိုင်းတစ်ခုဖြင့် မှတ်သားပါသည်။ 

ဧပြီလ ၂၅ တွင် စျေးနှုန်းများ ပြောင်းလဲရန် စတင်ခဲ့ပါသည်။ ဆန့်ကျင်ပြောင်းလဲမှုအတိုင်းအတာတန်ဖိုးမှာ ၃ ၌ဖြစ်ပြီး ဘလော့အရွယ်မှာ $125 ဖြစ်သည်မှစ၍ အနီရောင် O's ၏ကော်လံသည် $375 စျေးကျဆင်းမှုအတွင်းတွင် ပေါ်ပေါက်လာပါသည်။ 

LiteFinance: Tic-Tac-Toe chart ကိုသုံးစွဲ၍ မည်သို့ကုန်သွယ်ပုံ

ထိုအစိမ်းရောင်‌ကော်လံ၏ နောက်ဆုံးဘလော့အပြည့်မှာ $9,625 ၌ပိတ်သိမ်းခဲ့ပါသည်။ Chart ပေါ်တွင် ၎င်းကို ခဲရောင်မြှားတစ်ချောင်းဖြင့် မှတ်သားထားပါသည်။ 

စျေးနှုန်းသည် $9,625 အမှတ်မှ $375 ဖြင့်နိမ့်ဆင်းမှုဖြစ်သည့် $9,250 အောက်ကို ပြုတ်ကျခဲ့ပြီးနောက် chart ပေါ်တွင် ပထမဆုံး O သုံးခု ပေါ်ပေါက်ခဲ့ပါသည်။ တချိန်တည်းမှာပင် ပထမ O သည် ယခင်ကော်လံ၏ နောက်ဆုံး X ထက် အမြဲတမ်း တစ်ယူနစ် ပိုမိုနိမ့်ပါလိမ့်မည်။ 

ကော်လံ၏အရှည်ကို X (သို့) O တစ်ခု၏ အလယ်ဗဟိုမှ ရေတွက်သည့်အချက်ကြောင့် chart ပေါ်တွင် O ခြောက်ခု၏ ကော်လံသည် ဒုတိယမြောက်ယူနစ်မှ စတင်ပါသည်။ 

ပထမဆုံး ကော်လံ O ၏ နောက်ဆုံးဘလော့အပြည့်သည် $8,875၌ ပိတ်သိမ်းခဲ့ပါသည်။ တချိန်တည်းတွင် candlestick များစွာသည် နောက်ဆုံးဘလော့တွင် ဝင်ဆံ့ရန် ကျရှုံးခဲ့ပြီး ၎င်းတို့၏ကိုယ်ပိုင်တစ်ခု ဖြစ်ပေါ်လာပါသည်။ ဂျပန် candlestick chart ပေါ်တွင် ထိုကဲ့သို့ candlestick များကို ပိုမိုနိမ့်သောအပြာရောင်အပြည့်စက်ဝိုင်းတစ်ခုဖြင့် မှတ်သားပါသည်။ 

ထို့နောက် စျေးနှုန်းသည် wave 2 တည်ဆောက်ရန် စတင်ခဲ့ပါသည်။၎င်းကို အပြာရောင်မြှား ၂ ဖြင့် မှတ်သားခဲ့ပါသည်။ 

အရှည် $375 ထက်ပိုသော ကြီးမားသည့် အစိမ်းရောင် candlestick တစ်ခုကြောင့် ဘလော့ ၃ ခု၏ အခြေအနေမှာ တကြိမ်တည်းတွင် အံ့ဝင်ကိုက်ညီမှုရှိခဲ့ပါသည်။ X ၏ကော်လံအသစ်တစ်ခုသည် ပေါ်ပေါက်လာခဲ့ပြီး $9,000 ရှိဒုတိယမြောက်အစိမ်းရောင်ဘလော့မှ စတင်ခဲ့ပါသည်။ 

အလျင်အမြန် တိုးတက်လာမှုအပြီးတွင် စျေးနှုန်းပြင်ဆင်ညှိုနှိုင်းမှုရှိခဲ့သော်လည်း ကန့်သတ်ချက် $375 ကိုကျော်လွန်ရန် မအောင်မြင်ခဲ့ပေ။ စျေးအတက်အကျညှိုနှိုင်းချက်ကို Tic-Tac-Toe chart ပေါ်တွင် ပြသခြင်းမရှိပါ၊ ဆိုလိုသည်မှာ ၎င်းကို အလျဥ်းသင့်ရွေ့လျားမှုတစ်ခုအဖြစ် ယူဆခဲ့ပါသည်။

စျေးနှုန်း တိုးမြင့်ရန် ဆက်လက်ဖြစ်ပွားခဲ့ပြီး $125 ဖြင့် $9,250 ကိုကျော်လွန်ခဲ့ပါသည်။ ထို့ကြောင့် ကော်လံထဲတွင် X နောက်တစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။ 

LiteFinance: Tic-Tac-Toe chart ကိုသုံးစွဲ၍ မည်သို့ကုန်သွယ်ပုံ

ထို့နောက် ၎င်းအခြေအနေမှာ ဆန့်ကျင်ဘက်လားရာထဲတွင် အဖန်ဖန်ဖြစ်ပေါ်ပါသည်။ 

နောက်ဆုံးဘလော့အပြည့်မှာ $9,375 ၌ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော် candlestick ပိတ်ပြီးနောက်တွင် စျေးနှုန်းမှာ  $125 အဆင့်တစ်ခုတက်ရန် အောင်မြင်မှုမရှိခဲ့ပါ။

ယင်းနောက် စျေးပြင်ဆင်ညှိနှိုင်းမှုတစ်ခု လိုက်ပါလာခဲ့ပါသည်။ အထူးသဖြင့် ဘလော့များ၏ အခြေအနေမှာ မေလ ၁ရက်တွင်သာ အံ့ဝင်ကိုက်ညီမှုရှိခဲ့ပါသည်။ အကျိုးဆက်တစ်ခုအနေဖြင့် Tic-Tac-Toe chart ပေါ်တွင် အနီရောင် O သုံးခု၏ ကော်လံသစ်တစ်ခု ပေါ်ပေါက်ခဲ့သည့် အခိုက်အတန့်ကာလတစ်ခု ဖြစ်ခဲ့ပါသည်။  

Tic-Tac-Toe chart ၏ ပင်မအကျိုးကျေးဇူးမှာ သင်သည် ထို chart ပုံစံမျိုးကို ဂရပ်အားဖြင့် စိစစ်သုံးသပ်ရာတွင် သုံးစွဲနိုင်ပါသည်။ 

LiteFinance: Tic-Tac-Toe chart ကိုသုံးစွဲ၍ မည်သို့ကုန်သွယ်ပုံ

ထို့အပြင် ပုံမှန်အတိုင်း တူညီသောစည်းမျဥ်းများနှင့်အညီ ဂရပ်အားဖြင့်စိစစ်သုံးသပ်မှုတွင် သာမန် pattern များသည် အလုပ်ဖြစ်စေပါသည်။ 

အထက်ပါ chart တွင် ကွဲပြားခြားနားသော pattern များ၏ စုစုပေါင်းအစုံတစ်ခုကို ပြသပါသည်။ 

  • 1- အတက်လမ်းကြောင်း၏ အနိမ့်ပိုင်းနယ်နိမိတ်ကို ဖောက်ကျော်ခဲ့ပါသည်။

  • 2 - "Bearish flag" pattern တစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ 

  • 3 - "Ascending triangle" pattern တစ်ခု၏ အပေါ်ပိုင်းနယ်နိမိတ်ကို ဖြတ်ကျော်ခဲ့ပါသည်။ 

  • 4 - "Double top" pattern တစ်ခုပေါ်ပေါက်ခဲ့ပါသည်။ 

"Head and shoulders" pattern တစ်ခုနှင့် သုံးနားညီတြိဂံများမှာ ထိုကဲ့သို့ chart များပေါ်တွင်လည်း ပုံမှန် ဖြစ်ပေါ်ပါသည်။  

ထိုကဲ့သို့ pattern များ၏ လုပ်ဆောင်ပုံစည်းမျဥ်းများသည် Japanese candlestick chart ပေါ်ရှိ တည်ဆောက်ပုံများနှင့် ဆင်တူပါသည်၊ ဤဆောင်းပါး ၌ ၎င်းတို့နှင့်ပတ်သက်၍ ပိုမို လေ့လာနိုင်ပါသည်။ 

Tic-Tac-Toe chart ပေါ်တွင် ကုန်သွယ်ခြင်း၏ လက်တွေ့ ဥပမာတစ်ခု

ဥပမာတစ်ခုအနေဖြင့် BTCUSD chart တစ်ခုကို စဥ်းစားကြည့်ကြပါစို့။ စဦးကြိုတင်ခန့်မှန်းချက်အရ ဘေးတိုက်ရွေ့လျားမှုတစ်ခုကို မျှော်လင့်ခဲ့ပါသည်၊ ၎င်းကို Tic-Tac-Toe chart ပေါ်တွင် မြင်တွေ့နိုင်ပါသည်။ ၎င်းကို chart ပေါ်တွင် တည်ဆောက်ထားခဲ့သော ဝယ်လိုအားစျေးတန်းဖြင့် သက်သေပြခဲ့ပါသည်။ MACD အညွှန်းသည် ရှင်းလင်းပြတ်သားသော လမ်းကြောင်းတစ်ခုကို မညွှန်ပြပါ။

LiteFinance: Tic-Tac-Toe chart ပေါ်တွင် ကုန်သွယ်ခြင်း၏ လက်တွေ့ ဥပမာတစ်ခု

Japanese candlestick chart ပေါ်ရှိ bullish convergence သည် ထိုယူဆချက်ကို အတည်ပြုပါသည်။

LiteFinance: Tic-Tac-Toe chart ပေါ်တွင် ကုန်သွယ်ခြင်း၏ လက်တွေ့ ဥပမာတစ်ခု

စျေးနှုန်းသည် တည်ငြိမ်ခဲ့ပြီး ဘေးတိုက်အရွေ့ကို ပြသခဲ့ပါသည်။ ထို့အပြင် BTCUSD အတွဲသည် ထိုစျေးအရွေ့အတွင်း ပေါ်ပေါက်လာသော $108 တန်ဖိုးရှိ X လေးခုဖြင့် Tic-Tac-Toe chart ပေါ်ရှိ channel အကျဥ်းတစ်ခုထဲတွင် ရွေ့လျားခဲ့ပါသည်။ 

ထို့ကြောင့် သုံးနားညီတြိဂံတစ်ခုမှာ chart ညာဘက်ခြမ်းပေါ်တွင် ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ပြင် X များစွာ ထွက်ပေါ်နိုင်ပြီး $7,000 အားရောက်ရှိနိုင်ချေကို ညွှန်ပြပါသည်။ 

စိစစ်တွေ့ရှိချက်မှာ ထို chart သည်စျေးကွက်စိတ်ဖြာခြင်းအားလုံးအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ကြောင်း အတည်ပြုထားပါသည်။  ၎င်း၏ တမူထူးခြားသော လက္ခဏာရပ်များသည် ကျစ်လစ်ပြည့်စုံပြီး အချက်စုံလင်သောပုံစံဖြင့် စျေးရွေ့လျားမှု၏ ကျယ်ပြန့်သောမြင်ကွင်းကို ပေးစွမ်းနိုင်ပါသည်။ ထို chart သည် ဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများ အပါအဝင် ကမ္ဘာ့တစ်ဝှမ်းရှိ chart pattern များကို စိတ်ဖြာရွေးထုတ်ရာတွင် လွယ်ကူအဆင်ပြေစေပါသည်။ 

ထပ်မံ၍ Tic-Tac-Toe chart သည် ရည်မှန်းချက်တစ်ခုအတွက် ရရှိနိုင်သော နည်းစဥ်ပေါင်းများစွာဖြင့် ထွက်ပေါ်နေသော စျေးလမ်းကြောင်း၏ ကြာမြင့်ချိန်ကို ဆုံးဖြတ်ရာတွင် ပံ့ပိုးကူညီပေးပါသည်။

ဆန့်ကျင်ပြောင်းလဲမှုမတိုင်မီ ယခင်လမ်းကြောင်းထဲရှိ ကော်လံ အရေအတွက် များ ကို ရေတွက်ခြင်း

လမ်းကြောင်းကို ဆုံးဖြတ်ရန် ယခင်လှိုင်း၏အရှည်ကို ချမှတ်ပေးခဲ့သည့် ကော်လံအရေအတွက်များကို ရေတွက်ကြပါစို့။ ထွက်ပေါ်လာသောတန်ဖိုးသည် လက်ရှိလမ်းကြောင်းကော်လံထဲရှိ X (သို့) O ၏ အနည်းဆုံးအရေအတွက်နှင့် တူညီပါလိမ့်မည်။

LiteFinance: ဆန့်ကျင်ပြောင်းလဲမှုမတိုင်မီ ယခင်လမ်းကြောင်းထဲရှိ ကော်လံ အရေအတွက် များ ကို ရေတွက်ခြင်း

Chart တွင် ကော်လံကိုးခုဖြင့် ပါဝင်ဖွဲ့စည်းထားသော အကျလမ်းကြောင်းကို တင်ပြထားပါသည်။ ထို့ကြောင့် မြင့်တက်နေသောလှိုင်းတွင် အနည်းဆုံး X ကိုးခုပါဝင်သင့်ပါသည်။

ရေပြင်ညီလားရာအတွင်း ရေတွက်မှု

အကျယ်ပြန့်ဆုံးနေရာအတွင်းရှိ တည်ငြိမ်မှုအခြေနေရာကို ယူကြည့်၍ အက္ခရာအရေအတွက်များကို ရေတွက်ကြပါစို့။ အတက်နှင့် အကျလမ်းကြောင်းများအတွင်း မျှော်မှန်းစျေးတန်းများကို တွက်ချက်ရာတွင် ကျွန်ုပ်တို့သည် အရေအတွက်ကို ၃ နှင့် ၂ အသီးသီးဖြင့် မြှောက်ပါသည်။

LiteFinance: ရေပြင်ညီလားရာအတွင်း ရေတွက်မှု

Chart ပေါ်တွင် အကျယ်ပြန့်ဆုံးကော်လံမှာ X ကိုးခုပါဝင်ပါသည်။ နောင်လာမည့် အတက်လမ်းကြောင်း အတွက် မျှော်မှန်းစျေးတန်းကို တွက်ချက်ရန် ကျွန်ုပ်တို့သည် ထိုနံပါတ်ကို ၃ ဖြင့်မြှောက်သင့်ပါသည်။ X တစ်ခုစီတွင် $108 အဆင့်တစ်ခု ရှိပြီး ထိုသည်မှာ လမ်းကြောင်း၏ အရှည်ဖြစ်ပါသည်။ 

9 x 3 x 108 = $2916

မျှော်မှန်းစျေးတန်းကို တိကျစွာဖြင့် သတ်မှတ်ခဲ့ပါသည်။

ဒေါင်လိုက်လားရားအတွင်း ရေတွက်မှု

ထိုရေတွက်မှုပုံစံသည် ရေပြင်ညီနှင့် တူညီပါသည်။ ဤဖြစ်စဥ်တွင် ကျွန်ုပ်တို့သည် အခြေခံလမ်းကြောင်း ဖြစ်သည့် ပထမဦးဆုံး ဆန့်ကျင်ပြောင်းလဲနေသော ကော်လံကို ယူကြည့်ရပါမည်။

LiteFinance: ဒေါင်လိုက်လားရားအတွင်း ရေတွက်မှု

အထက်ပါပုံထဲတွင် ကြက်ခြေခတ်ပုံ ကိုးခုဖြင့်ကော်လံတစ်ခုသည် အတက်လမ်းကြောင်း ၏ အခြေတွင်ဖြစ်ပါသည်။ ထိုသည်မှာ တွက်ချက်ထားသည့် မျှော်မှန်းစျေးတန်းသည် လမ်းကြောင်းအခြေ၏ အထက် $2,916 တွင်လည်းဖြစ်သင့်ကြောင်းကို ဆိုလိုပါသည်။ စျေးနှုန်းသည် ထိုမျှော်မှန်းအဆင့်ကို ထိလုနီးပါး ဖြစ်ပါသည်။

အကျလမ်းကြောင်းအတွက်မူ တွက်ချက်ပုံမှာ အတူတူပင်ဖြစ်သော်လည်း O ၏အရေအတွက်ကို ၂ ဖြင့် မြှောက်သင့်ပါသည်။

8/1 Gann Fan ၏ ဖောက်ထွက်မှု

လမ်းကြောင်းတစ်ခု၏ အဆုံးသတ်ကို ခွဲခြား‌ဖော်ထုတ်ရန်အတွက် အခြားမူရင်းနည်းလမ်းတစ်ခုမှာ Gann Fan ဖြစ်ပါသည်။ ထိုစိစစ်သုံးသပ်မှုကို လုပ်ဆောင်ရန်အတွက် fan ၏စဦးအမှတ်ကို အတက်(သို့) အကျလမ်းကြောင်းတစ်ခု၏ နောက်ဆုံး  X (သို့) O အသီးသီး၌ နေရာချထားသင့်ပါသည်။ Fan ဖြစ်ပေါ်မှု အတွက် နောက်ဆုံးအမှတ်သည် ဆန့်ကျင်ပြောင်းလဲသော ကော်လံ၏နောက်ဆုံးတန်ဖိုး ဖြစ်ပါသည်။ ရလဒ်တစ်ခုအနေဖြင့် fan  မှာစျေးလမ်းကြောင်းလိုင်းအဖြစ်ရှိနေမည့် အစွန်ဆုံးမျဥ်း 8/1 များဖြင့် ဖွဲ့စည်းဖြစ်ပေါ်ပါလိမ့်မည်၊ ထိုတွင် ကန်လန့်ဖြတ်ကျော်သွားသောအခါ လမ်းကြောင်း ပြောင်းလဲမှုတစ်ခုကို ညွှန်းဆိုပါလိမ့်မည်။ 

LiteFinance: 8/1 Gann Fan ၏ ဖောက်ထွက်မှု

အထက်ပါ chart တွင် အနီရောင် X များသည် ထိန်းချုပ်မှတ်များကို ရည်ညွှန်းပြီး ၎င်းတို့ကို Gann Fan တည်ဆောက်ရန်အတွက် အသုံးပြုပါသည်။ ပထမဆုံးအမှတ်သည် အတက်လမ်းကြောင်းတစ်ခုအတွင်း နောက်ဆုံးမြင့်တက်နေသော ကော်လံ၏ ထိပ်ဆုံး X ဖြစ်ပါသည်။ ဒုတိယထိန်းချုပ်အမှတ်သည် အကျ လမ်းကြောင်းတစ်ခုအတွင်း ပထမဆုံးကျဆင်းနေသောကော်လံ၏ နောက်ဆုံး O ဖြစ်ပါသည်။

8/1 လိုင်းကို ဖြတ်ကျော်၍ fan ဇုန်မှ ထွက်ခွာမှုသည် အကျလမ်းကြောင်းပြောင်းလဲမှုကို ပြသပါသည်။

အတက်လမ်းကြောင်း ၏ အရှည်ကို တူညီသောနည်းလမ်းဖြင့် တွက်ချက်သတ်မှတ်ပါသည်။

LiteFinance: 8/1 Gann Fan ၏ ဖောက်ထွက်မှု

ယခင်မြင့်တက်နေသောလှိုင်းမှ ထွက်ခွာခြင်းသည် ကျွန်ုပ်တို့၏ 8/1 Gann စျေးတန်းဖောက်ဖျက်ခြင်း စည်းမျဥ်းအောက်တွင် ၁၀၀ % ကျဆင်းမှုဖြစ်ပါမည်။ ၎င်းကို အစိမ်းရောင်းအမှန်ခြစ်တစ်ခုဖြင့် မှတ်သားထားပါသည်။ 

Gann fan ကိုတည်ဆောက်ဖွဲ့စည်းပုံစံအရ ကြက်ခြေခတ်အစိမ်းများသည် အကူးအပြောင်း လမ်းကြောင်းနှစ်ခု၏ အစွန်းအမှတ်များကို ပြသပါသည်။

မှတ်သားဖွယ်အနေဖြင့် ဖောက်ကျော်မှုအတုအယောင်များ မရှိပါ။ အကယ်၍ စျေးတန်းဖောက်ထွက်မှု တစ်ခုရှိပါက ကျွန်ုပ်တို့သည် fan အသစ်တစ်ခုကို တည်ဆောက်သင့်ပြီး ၎င်းသည် fan ကိုဖြတ်ကျော်ခဲ့သည့် အလွန်တက်ကျပြောင်းလဲနေသော အမှတ်မှ စတင်ရပါလိမ့်မည်။ 

ထို့ကြောင့် ကျွန်ုပ်တို့သည် တက်ကျပြောင်းလဲမှုတစ်ခုစီပေါ်တွင် fan တစ်ခုကို တည်ဆောက်ပါက အောက်ပါအတိုင်း ရရှိပါလိမ့်မည်။

LiteFinance: 8/1 Gann Fan ၏ ဖောက်ထွက်မှု

အထက်ပါ chart တွင် နောက်ဆုံးပြင်းအားမြင့် တိုးတက်မှုမှာ fan ကိုဖောက်ကျော်ခဲ့ပါသည်။ ထိုအမှတ်ကို အစိမ်း‌ရောင်ဘဲဥပုံဖြင့် မှတ်သားထားပါသည်။ ထိုသည်မှာ လမ်းကြောင်းပြောင်းလဲခြင်း၏ အချက်ပြမှုတစ်ခု ဖြစ်ပါသည်။ သို့သော် ထိုရွေ့လျားမှုသည် လွန်စွာတိုတောင်းသောကြောင့် စျေးနှုန်းမှာ အကျလှိုင်းထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ fan အသစ်တစ်ခုကို တည်ဆောက်သင့်ပါသည်။ 

LiteFinance: 8/1 Gann Fan ၏ ဖောက်ထွက်မှု

ပထမဆုံး impulse wave သည် fan ကိုအထက်ဘက်မှ ဖောက်ကျော်ခဲ့ပါသည်။ ထိုသည်မှာ လမ်းကြောင်းထပ်မံပြောင်းလဲခဲ့ကြောင်းကို ဆိုလိုပြီး ကျွန်ုပ်တို့သည် fan အသစ်တစ်ခု ဖန်တီးရန် လိုအပ်ပါသည်။ 

ထို့ကြောင့် နောက်ဆုံး fan မှာ ကာလတစ်ခုထိတိုင် တည်တံ့ခိုင်မြဲလျက်ရှိပါသည်။

LiteFinance: 8/1 Gann Fan ၏ ဖောက်ထွက်မှု

Chart ပေါ်တွင် သရုပ်ဖော်ထားသည့်အတိုင်း စျေးနှုန်းသည် $7,200 အထက်သို့ မြင့်တက်ပါက အကျလမ်းကြောင်းမှာ ပြောင်းလဲသွားပါလိမ့်မည်။ စျေးနှုန်းမှာ ထိုကဲ့သို့လုပ်ဆောင်ရန် မအောင်မြင်၍ အဝယ်စျေးတန်းများသို့ ပြန်လှည့်သွားပါက နောင်လာမည့်တိုးမြင့်မှုအဆင့်မှာ စျေးနှုန်း $6,700 ကိုကျော်လွန်သည့်အခါတွင် စတင်ပါလိမ့်မည်။ 

ထိုနည်းလမ်းသည် တိုးတက်ပြောင်းလဲနေပြီး BTCUSD အတွဲပါဝင်မှုမရှိဘဲ စမ်းသပ်ခဲ့ကြကြောင်းကို ကျေးဇူးပြုပြီး သတိပြုပေးပါ။ အခြားပိုင်ဆိုင်မှုများကို အသုံးပြုချိန်တွင် ထိုရလဒ်များမှာ ကွဲပြားနိုင်ပါသည်။

နိဂုံးချုပ်

Tic-Tac-Toe chart သည်ပင်မရောင်းလိုအားနှင့် ဝယ်လိုအားစျေးတန်းများကို ဆုံးဖြတ်ခြင်းအတွက် ထူးချွန်ပြောင်မြောက်သော ကိရိယာတစ်ခု ဖြစ်ပါသည်။ ထို chart သည် ထပ်မံစျေးရွေ့လျားမှုအတွက် အချက်ပြပေးသည့် chart pattern များကို ခွဲခြားဖော်ထုတ်ရန် သင့်အား ပံ့ပိုးပေးပါသည်။ 

ထို chart ၏ အဓိကကျသော ဖြစ်နိုင်ဖွယ်ချို့ယွင်းချက်တစ်ခုမှာ အချက်ပေးချက်များတွင် ကြီးမားသောနှောင့်နှေးမှု ဖြစ်ပါသည်။ ထို့ကြောင့် ယင်း chart ကိုဂျပန် candlestick chart နှင့် နည်းပညာအညွှန်းများဖြင့် ယှဥ်တွဲအသုံးပြုရန် ပိုမိုသင့်တော်ပါသည်။

Tic-Tac-Toe chart ကို trend strategy တစ်ခုအတွက် အသုံးချရန် အကောင်းဆုံးဖြစ်ပါသည်။ ထို chart ၏ အကူအညီဖြင့် သင်သည် ပြောင်းလဲမှု အချက်ပြများကို ရှာဖွေဖော်ထုတ်နိုင်ပြီး မှားယွင်းသောအချက်ပေးမှုများစွာကို လျော့ချနိုင်ပါသည်။

Tic-Tac-Toe chart အတွက် အမေးနှင့်အဖြေများ

Tic-Tac-Toe chart မှာ စျေးလမ်းကြောင်းများ ခွဲခြားဖော်ထုတ်ရန် အသုံးပြုသော price chart ပုံစံတစ်မျိုးဖြစ်ပြီး စျေးကွက်ပွက်လောရိုက်မှုကို လျော့ချပေးပါသည်။ စျေးနှုန်းသည် pips အရေအတွက်တချို့ကို ဖြတ်ကျော်လွန်ပြီး များမကြာမီအချိန်အတွင်း ထို chart ကို (မြင့်တက်ချိန်တွင်) X နှင့် (ကျဆင်းချိန်တွင်) O ပုံစံဖြင့် ရေးဆွဲပါသည်။

Tic-Tac-Toe chart ကိုများသောအားဖြင့် H4 နှင့် ထိုအထက်ရှိ ပိုမိုမြင့်မားသော အချိန်ကာလများအပေါ်တွင် အသုံးပြုကြပြီး အဓိကကျသောလမ်းကြောင်းများကို ရှာဖွေဖော်ထုတ်ရန်နှင့် အချက်ပြအတုအယောင်များစွာကို လျော့ချရန် ကုန်သည်များအား ပံ့ပိုးပေးပါသည်။

အတွေ့အကြုံများသော ကုန်သည်များသည် Tic-Tac-Toe chart နှင့်အတူ MACD အညွှန်းကို သုံးစွဲကြပါသည်။ ၎င်း၏ အကူအညီဖြင့် သင်သည် ပိုင်ဆိုင်မှု၏ အဝယ်/အရောင်းလွန်ကဲမှု အနေအထားကို ရှာဖွေဖော်ထုတ်နိုင်ပါသည်။ ထို့ကြောင့် လမ်းကြောင်းပြောင်းလဲမှုတစ်ခုကို ပိုမိုစောစီးစွာ ခန့်မှန်းနိုင်ပါသည်။

Tic-Tac-Toe chart သည် trend strategies ၊ ရှေးကျသော Japanese candlesticks နှင့် နည်းပညာအညွှန်းများဖြင့် ပေါင်းစပ်မှုတွင် လွန်စွာကောင်းမွန်ပါသည်။ Tic-Tac-Toe ဖြင့်ကုန်သွယ်ချိန်တွင် Chart စိစစ်ချက်ကိုလည်း သုံးစွဲကြသည်မှာ စျေးနှုန်း chart ပေါ်ရှိ မတူညီသောpattern များသည် ထပ်မံစျေးရွေ့လျားမှုကို ညွှန်ပြနိုင်သောကြောင့် ဖြစ်ပါသည်။

Chart ဆက်တင်များထဲတွင် ဖော်ပြထားသည့်အတိုင်း စျေးနှုန်းသည် ကြိုတင်သတ်မှတ်ထားသော pips အရေအတွက်ကို ကျော်လွန်သွားသည်နှင့်အမျှ chart ပေါ်တွင် X တစ်ခု (သို့) O တစ်ခုပေါ်ပေါက်ပြီး ထွက်ပေါ်လာမည့်လမ်းကြောင်းကို မြင်သာစေပါသည်။ ထို chart ကို အချိန်တိုင်းတာမှုစကေးများဖြင့် ကန့်သတ်ထားခြင်းမရှိပါ။ ရှင်းလင်းသောစျေးလမ်းကြောင်း မရှိသည့်အခါတွင် X နှင့် O များမဖြစ်ပေါ်ပါ။ ထို့ပြင် chartသည် သမိုင်းတွင်ဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများကို ပြသပါသည်။ X နှင့် O များအား အနက်ပြန်ဆိုခြင်းဖြင့် ကုန်သည်များသည် စျေးကွက်အလားအလာများကို အကဲဖြတ်နိုင်ပြီး အမြတ်များ ပေါ်ထွန်းနိုင်ပါသည်။

သင်သည် LiteFinance's ဝက်ဘ်ပလက်ဖောင်း ပေါ်၌ရရှိနိုင်သော နမူနာအကောင့်တစ်ခုတွင် chart ကို စမ်းသပ်နိုင်ပါသည်။ LiteFinance ဝက်ဘ်ပလက်ဖောင်းထဲတွင် နည်းပညာအညွှန်းမျိုးစုံတို့ကို ရရှိနိုင်ပြီး ၎င်းတို့ကို အမျိုးမျိုးသောစျေးကွက်များတွင် အသုံးချနိုင်ပါသည်။

ပုံသေအားဖြင့် MetaTrader 4 ကုန်သွယ်ရေးပလက်ဖောင်းသည် Tic-Tac-Toe chart ကို မပေးစွမ်းသော်လည်း ၎င်းကို ဖြည့်စွက်ချက်အနေဖြင့် ဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။

Tic-Tac-Toe Chart ပေါ်တွင် ကုန်သွယ်ခြင်း အတွက် ပြီးပြည့်စုံသော လမ်းညွှန်ချက်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat