ဈေးနှုန်းတန်ဖိုး အပြောင်းအလဲများကို မြင်သာခြင်းသည် ဈေးနှုန်းလားရာကို ခြေရာခံရန် ပိုမိုလွယ်ကူစေသည်။ ထို့ကြောင့် အရှေ့တိုင်းလေ့လာသုံးသပ်သူများသည် ပုံမှန် candlesticks များဖြင့် မကျေနပ်နိုင်ဘဲ ဈေးနှုန်းအပြောင်းအလဲများကို ကိုယ်စားပြုပေးမည့် အခြားနည်းလမ်းများ ကို ဖန်တီးခဲ့ကြသည်။ ၎င်းတို့ထဲမှတစ်ခုမှာ စျေးကွက်အတက်အကျဖော်ပြချက်များကို လျှော့ချခြင်း ဖြင့် ကုန်သွယ်မှုကို ရိုးရှင်းစွာမြင်သာစေရန် ဒီဇိုင်းထုတ်ထားသော Renko charts ဖြစ်သည်။ ယနေ့မှာတော့ Renko bricks ဆိုတာ ဘာလဲ၊ ၎င်းတို့နဲ့ ဘယ်လိုအလုပ်လုပ်ရမလဲ၊ ၎င်းတို့ပေးသော အချက်ပြများဖြင့် ကုန်သွယ်မှုတွင် မည်သို့ အကူအညီရမလဲ ဆိုသည်ကို ပြောပြပေးပါမည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Renko Charts ဆိုတာ ဘာလဲ?
- Renko Bars (Bricks)
- Renko settings
- Renko Charts အသုံးပြုပုံ
- Renko Charts တွက်ချက်မှု
- Candlestick Charts နှင့် နှိုင်းယှဉ်ချက်
- Renko Chart ကို Mt4 သို့ထည့်သွင်းနည်း
- Renko Charts များနှင့် အခြား ညွှန်ပြချက်ကိရိယာများ
- Renko Charts ၏ အားသာချက်များနှင့် အားနည်းချက်များ
- Renko charts ဗျူဟာများ
- Renko Chart ၏ အမေးများသောမေးခွန်းများ
Renko Charts ဆိုတာ ဘာလဲ?
Renko သည် စျေးနှုန်းလှုပ်ရှားမှုများကိုပြသသော ဇယားအမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းသည် စျေးနှုန်းပြောင်းလဲမှုများကို ကိုယ်စားပြုသည့် Japanese candlesticks များအပြင် အခြား ရွေးချယ်စရာတစ်ခုဖြစ်သည်။ Forex Renko chart သည် တူညီသောအလျားနှင့်အနံရှိ- အရောင်နှစ်ရောင်ပါဝင်သည့် အတုံးအခဲ နှင့်တူပြီး နောက်ဆက်တွဲ တစ်ခုစီသည် ယခင်တစ်ခုထက် မြင့်သည့် သို့မဟုတ် နိမ့်သည့် နေရာတွင်ရှိသည်။
EURUSD ဇယားတွင် Renko ၏ ပုံသဏ္ဍာန်ကို နမူနာပြထားသည်။ Japanese candlesticks များ၊ ပုံမှန်ဈေးနှုန်းဘားများ နှင့် မတူဘဲ renko bricks များကို shadow မပါဘဲ ရေးဆွဲထားကြောင်း သတိပြုပါ။ အချို့သောပုံစံများတွင်သော်လည်းကောင်း၊ Renko bars များတွင်လည်း candlestick wicks များရှိနိုင်သည်။ သို့သော် အစဉ်အဆက်အသုံးပြုခဲ့သည့် Renko မှာ အထက်ပါပုံစံအတိုင်း ဖြစ်သည်။
Heiken Ashi ကဲ့သို့ Renko charts များသည် ကြီးကြီးမားမား မဟုတ်သော ဈေးနှုန်းအတက်အကျ များကို ပိုမိုကြည့်ရှုရ ရှင်းလင်းစေသည့် စျေးနှုန်းလှုပ်ရှားမှုများကို ပြသသည်။ ထိုသို့လုပ်ဆောင်ခြင်း သည် လမ်းကြောင်းရှာဖွေခြင်းကို ပိုမိုလွယ်ကူစေသည်။ အဆိုပါစနစ်တွင် အချိန်ကို ထည့်သွင်း စဉ်းစားခြင်းမရှိသောကြောင့် ဘားများသည် အရွယ်အစား တူညီပါသည်။
ပုံမှန်အားဖြင့် ဈေးနှုန်းဖွဲ့စည်းမှုကာလတစ်လျှောက် ချိန်ညှိချက်ဆက်တင်များတွင် brick တစ်ခု၏ အရွယ်အစားကို သတ်မှတ်သည်။ ညွှန်ပြချက်တစ်ခုအတွက် ဈေးနှုန်းဘားတစ်ခုဆွဲရန် ၎င်းသည် စျေးနှုန်းဖြတ်သန်းရမည့် အမှတ် အရေအတွက်ကို ကိုယ်စားပြုသည်။ အရွယ်အစားပိုကြီးလေ၊ ရွေ့လျားမှုနည်းလေ ဖြစ်သည်၊ သို့သော် ယာယီဖွဲ့စည်းမှုပုံသဏ္ဍာန် မြင့်မားလေလေ ချောမွေ့လေလေ ဖြစ်သည်။ ထို့ကြောင့် သေးငယ်သော brick အရွယ်အစားတစ်ခုသည် မတည်ငြိမ်မှုဖြစ်စေသည့် အလားအလာကိုတိုးစေသည်။
ပိုမိုနားလည်စေရန် ဥပမာပေးပါမည်။ ဥပမာအားဖြင့်၊ ကုန်သည်တစ်ဦးသည် ကုန်သွယ်ရေး တာမင်နယ်ဆက်တင်များတွင် ၂၀ ပွိုင့် အဖြစ် ညီညာသော brick အရွယ်အစား ကို သတ်မှတ်ထားသည်။ ဆိုလိုသည်မှာ ဈေးနှုန်းတန်ဖိုးသည် ၂၀ ပွိုင့် ဖြင့် ပြောင်းလဲသည့်အခါ ဈေးနှုန်းဘားတစ်ခုစီကို ရေးဆွဲမည်ဖြစ်သည်။ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက် သို့မဟုတ် တစ်လအတွင်း ဖြစ်ပွားနိုင်သည် - အချိန်သည် အရေးမကြီးပါ။
အပေါ်ပုံတွင် မတ်လမှ ဧပြီလအထိ ဖွဲ့စည်းထားသော Renko brick များကို အပြာရောင်စတုဂံပုံ ၊ ဧပြီလမှ မေလအား အနီရောင်စတုဂံဖြင့် အမှတ်အသားပြုထားသည်။ ၎င်းတို့ကို ရေတွက်ပါက မတ်လတွင် ဘား ၁၉ ခု ဖွဲ့စည်းခဲ့ပြီး ဧပြီလတွင် ၄ ခုသာ ရှိသည်။
Renko သည် Pareto rule မည်သို့လုပ်ဆောင်သည်ကို အပြည့်အဝ သရုပ်ဖော်သည်။ အရောင်းအ၀ယ်လုပ်ရာတွင် စျေးကွက်၏ အချိန် 80% ခန့်သည့် မျှော်လင့်ထားသည့်အခြေအနေ သို့မဟုတ် ဦးတည်ချက် မဲ့နေသည့် အခြေအနေတွင်သာ ရှိနေကြောင်း သတိပေးပါရစေ။ ဤကာလအတွင်း အရောင်းအဝယ်သည် မထိရောက်ပါ။ ကျန်အချိန်၏ 20% တွင်သာ မြင်သာထင်သာသောအမြတ်အစွန်းများကို ယူဆောင်လာနိုင်သည့် သိသာထင်ရှားသော လမ်းကြောင်းများရှိပါသည်။
အရေးကြီးသည်! MT4 နှင့် MT5 ၌ Renko အား ပုံမှန်ဘားများ ၏ ထိပ်တွင် ထားရှိသည့် ညွှန်ပြချက် Renko အဖြစ်သာ ပေါင်းထည့်နိုင်သည်။ ၎င်းကိုလည်း သက်ဆိုင်ရာနေရာမှ ဒေါင်းလုဒ် ရယူပြီး အပိုပရိုဂရမ်တစ်ခုအဖြစ် သီးခြားထည့်သွင်းရန် လိုအပ်သည်။ ထို့ကြောင့် LiteFinance online terminal တွင် Renko chart ကြည့်ရှုရသည်မှာ ပိုမိုအဆင်ပြေသည်။ ဤနေရာတွင် အခြားပြင်ဆင်ချက် ဆက်တင်များမပါဘဲ ဤဇယားအမျိုးအစားကို ရွေးချယ်နိုင်ပါသည်။ ဤ အခြေအနေတွင် Renko bricks များသည် Japanese candles ကို လုံးဝအစားထိုးထားသည်၊ ၎င်းမှာ အလွန်အဆင်ပြေသည့် အနေအထားဖြစ်သည်။
Renko Charts ၏ သမိုင်းကြောင်း
Brick charts များကို လွန်ခဲ့သော နှစ်ရာချီက ဆန်ကုန်သည်များတီထွင်ခဲ့ကြသည်။ ၎င်းတို့၏ ထုတ်ကုန်အတွက် စျေးနှုန်းလှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်ခြင်းထက် ကုန်သည်များသည် အရေးကြီးသော ပြောင်းလဲမှုများကိုသာ မှတ်တမ်းတင်ရန် စနစ်တစ်ခု ဖန်တီးခဲ့သည်။ ဤနည်းဖြင့် ၎င်းတို့၏အချိန်၊ စာရွက်စာတမ်းနှင့် မှင်တို့ကို သိမ်းဆည်းခဲ့သည်။
ဂျပန်စကားလုံး Renko ၏ ဘာသာပြန်ဆိုချက် နှစ်ခုမှာ- အထက်တွင်ဖော်ပြခဲ့သည့် "brick" ဟူသော စကားလုံးနှင့် "quiet path" ဟူသော စကားလုံးဖြစ်သည်။ ဒုတိယအမျိုးအစားမှာ သိသိသာသာ မဟုတ်သော လှုပ်ရှားမှုများ မရှိသည့် စျေးနှုန်းပြောင်းလဲမှုများ၏ နှေးကွေးချောမွေ့သော ပုံစံတစ်ခု အနေဖြင့် ဤဇယားများ၏ အနှစ်သာရကို ထင်ဟပ်စေသည်။ ၎င်းတို့ကို စာရွက်ပေါ်တွင် လက်ဖြင့် ရေးဆွဲခဲ့ကြသော်လည်း ဒစ်ဂျစ်တယ်စနစ်များ ထွန်းကားလာခြင်းဖြင့် ယခုအခါ အလိုအလျောက် သို့မဟုတ် တစ်စိတ်တစ်ပိုင်း-အလိုအလျောက် စနစ်ဖြင့် တည်ဆောက်လာကြသည်။
ဘဏ္ဍာရေးဆိုင်ရာစာပေများတွင်၊ Renko ၏ ပထမဆုံးဖော်ပြချက်မှာ Steve Nison ၏ Beyond Candlesticks စာအုပ်တွင်ဖြစ်သည်။ ၎င်းတွင်၊ ဘဏ္ဍာရေးလေ့လာဆန်းစစ်သူသည် ဈေးနှုန်းဘားများတည်ဆောက်ခြင်းနှင့် ၎င်းတို့နှင့်လုပ်ဆောင်ခြင်းဆိုင်ရာ အခြေခံမူများကို ဖော်ပြခဲ့ပြီး ကုန်သည်များစွာမှ Forex တွင်အသုံးပြုဆဲ ဖြစ်သော အခြေခံ Renko ဗျူဟာ များအကြောင်း ဆွေးနွေးခဲ့သည်။
Renko Bars (Bricks)
Japanese candlesticks များကဲ့သို့ Renko bricks များသည် အတက်အဆင်းရှိနိုင်သည်။ ဈေးနှုန်း မြင့်မားလာချိန်တွင် Renko bricks များအတွက် သတ်မှတ်အရောင်သည် အစိမ်း သို့မဟုတ် အဖြူရောင်ဖြစ်ပြီး ကျဆင်းလာချိန်တွင် အနီရောင် သို့မဟုတ် အနက်ရောင်ဖြစ်သည်။
ကုန်သွယ်ရေးအမျိုးအစားတစ်ခု၏တန်ဖိုးသည် ဘားအရွယ်အစားထက်ကြီးသောပမာဏ သို့မဟုတ် ထိုအတိုင်းအတာထက် ကြီးသော ပမာဏတစ်ခုဖြင့် နောက်ဆုံးသတ်မှတ်ထားသောတန်ဖိုးမှ ပြောင်းလဲသောအခါ ဘားအသစ်တစ်ခုဖွဲ့စည်းသည်။ သတ်မှတ်ချက်ကို ပွိုင့်များဖြင့် တိုင်းတာပြီး ပြင်ဆင်ချက်များတွင် သတ်မှတ်ထားသည်။ အသုံးပြုနေကျစနစ်တွင်၊ ၎င်းသည် လက်ရှိစျေးနှုန်း၏ 1% ခန့်ဖြစ်သည်။
မူရင်းသတ်မှတ်ချက်ဈေးနှုန်းသည် အပိတ်စျေးနှုန်းဖြစ်သည်။ သို့သော် လိုအပ်ပါက ရင်းနှီးမြှုပ်နှံသူ သည် မည်သည့်ကန့်သတ်ချက်များကိုမဆို အားကိုးနိုင်သည်။ ဥပမာအားဖြင့်၊ အချို့သောကုန်သည် များသည် သေးငယ်သောအချိန်ဇယားများတွင် အမြင့်ဆုံး သို့မဟုတ် အနိမ့်ဆုံးမှ စ တွက်ချက်သည်။
ဈေးနှုန်းနောက်ဆုံးပိတ်သည့်အချိန်မှစ၍ ရွေးချယ်ထားသည့်အချိန်အတွင်း အချိန်အတိုင်းအတာ တစ်ခုအထိ သတ်မှတ်ထားသည့်ဈေးတန်းထက် ပိုကြီးသောတန်ဖိုးဖြင့် မြင့်တက်လာသည့်ဘားကို ဖြစ်ပေါ်စေသည်။ စျေးနှုန်းသည် သတ်မှတ်ထားသော အတိုင်းအတာထက် ပိုကြီးသောတန်ဖိုးဖြင့် ကျဆင်းသွားသောအခါ အဆင်းဘားကို ပုံဖော်သည်။ ဤအခြေအနေတွင်၊ Renko bricks အသစ်များ၏ အရေအတွက်သည် သတ်မှတ်ထားသော အတိုင်းအတာအထိ စျေးနှုန်းပြောင်းလဲမှု၏ များပြားသောသက်ရောက်မှုနှင့် ညီမျှမည်ဖြစ်သည်။
ထို့ကြောင့် Renko brick တစ်ခုတွင် အသေးစား စျေးနှုန်းအတက်အကျများ၏ အချိန်အပိုင်းအခြားများစွာ ပါဝင်နိုင်သည်။ ဥပမာအားဖြင့် ၁၀ ပွိုင့်သတ်မှတ်ချက်ဖြင့် စျေးနှုန်းသည် ပွိုင့် ၁၀၀ မှ ၁၀၈ ပွိုင့် သို့ တိုးလာပြီးနောက် ၁၀၅ ပွိုင့်သို့ ကျဆင်းသွားပါက ဤပြောင်းလဲမှုများသည် သတ်မှတ်ထားသော သတ်မှတ်ချက်ထက် ကျော်လွန်သွားခြင်းမရှိသောကြောင့် ဇယားတွင် မည်သည့်နည်းနှင့်မျှ ပေါ်လွင်မည်မဟုတ်ပါ။ သို့သော် စျေးနှုန်းသည် ပွိုင့် ၁၁၀ ကို ကျော်လွန်သောအခါ အတက်ဘားအသစ်တစ်ခုပေါ်လာမည်ဖြစ်သည်။ သို့မဟုတ် ၎င်းသည် ပွိုင့် ၉၀ သို့ ကျဆင်းခဲ့ပါက ဇယားတွင် အကျဘားအသစ်တစ်ခု ပေါ်လာမည်ဖြစ်သည်။
သတ်မှတ်ကာလတစ်ခုအတွင်း ဈေးနှုန်းပြန်လှည့်သွားပါက ပေါ်ထားသောသော Renko bricks များသည် ပျောက်ကွယ်သွားနိုင်သည်။ ဆိုလိုသည်မှာ Renko bricks များကို အချိန်အပိုင်းအခြားတစ်ခု ပိတ်ချိန်မှသာ သတ်မှတ်သည်။ ဥပမာအားဖြင့် နေ့စဉ်အချိန် သတ်မှတ်ချက်အတွက်ဆိုလျှင် ကုန်သွယ်မှု တစ်ရက်တာ ပြီးဆုံးမှ သတ်မှတ်မည်ဖြစ်ပြီး W1 အတွက်ဆိုလျှင် ကုန်သွယ်မှုရက်သတ္တပတ်ပြီးဆုံးပြီးမှဖြစ်သည်။
Renko settings
အွန်လိုင်း ကုန်သွယ်ရေးတာမင်နယ်တွင် အရေးကြီးဆုံး ပြင်ဆင်ချက်မှာ Renko bricks များ၏ အရွယ်အစား ဖြစ်သည်။
၎င်းကို -general chart setting တွင် တွေ့ရှိနိုင်သည်။ လုပ်ဆောင်ရန် ဘယ်ဘက်အပေါ်ထောင့်ရှိ ဂီယာပုံကို နှိပ်ပါ။
ပွင့်လာသော စာမျက်နှာတွင် - "Tools" သို့သွားပါ။ အဆိုပါနေရာတွင် "ATR Renko Length" သတ်မှတ်ချက်ကို နှစ်သက်ရာအတိုင်း ပြောင်းလဲနိုင်သည်။ ဤပြင်ဆင်ချက်သည် Renko bricks များ၏ အရွယ်အစားကို ထိန်းညှိပေးသည်၊ သို့သော် ATR ဖြင့်ဆိုလျှင် ပွိုင့်မဟုတ်ပါ။ အောက်တွင် ATR ၏ အကြောင်းအရာနှင့် ၎င်းကန့်သက်ချက်အား တွက်ချက်ပုံကို ရှင်းပြပါမည်။
Renko Charts အသုံးပြုပုံ
တူညီသောကုန်သွယ်ရေးအချက်ပြမှုများအား ပုံမှန် Japanese candlesticks များကဲ့သို့ Renko charts များအတွက် အသုံးပြုသည်-
- ဝယ်လိုအား နှင့် ရောင်းလိုအား ဈေးတန်းများ၊
- အဝယ်လွန်ခြင်း နှင့် အရောင်းလွန်ခြင်း၊
- ဈေးတန်းကျိုးခြင်း၊
- ဈေးကွက်ဖွဲ့စည်းပုံများ။
တစ်ပုံချင်းကြည့်ရအောင်။
ဝယ်လိုအား နှင့် ရောင်းလိုအား ဈေးတန်းများ
တခါတရံတွင် စျေးနှုန်းသည် သတ်မှတ်ဈေးတန်းသို့ ရောက်ပြီးလျှင် ပြန်လှည့်သွားတက်သည်။ ဤဈေးတန်းသည် စျေးနှုန်းအောက်တွင်ရှိနေပါက၊ ၎င်းကို ဝယ်လိုအားဈေးတန်းဟုခေါ်ပြီး အထက်တွင်ရှိလျှင် ရောင်းလိုအားဈေးတန်းဟု ခေါ်သည်။
ထိုသို့သောအချက်ပြမှုများသည် မည်သည့်အချိန်သတ်မှတ်ချက်တွင်မဆို ပေါ်လာတက်ပြီး candlestick charts များပေါ်တွင် ဤနည်းလမ်းဖြင့်အရောင်းအဝယ်လုပ်ခြင်းသည် အလွန်ကျော်ကြားသည်။ Renko brick charts ဆိုလျှင်ရော? ၎င်းတို့တွင် ဝယ်လိုအားနှင့် ရောင်းလိုအားဈေးတန်းများ ရှိပါသလား?
ဥပမာအနေဖြင့် GBPUSD ဇယားကို ကြည့်ကြပါစို့။ ဇယားတွင် Japanese candlesticks ရှိသည်။ ရောင်းလိုအားမျဉ်းကို လက်ရှိတွေ့ရသည့် အမြင့်ဖြင့် ဆုံးဖြတ်ထားသည်။ ဇယားတွင် စျေးနှုန်းသည် တူညီသောအမှတ်အသားတွင် အနည်းဆုံး နှစ်ကြိမ်အထိ ရပ်တံ့ခဲ့ပြီး နောက်ပြန်လှည့်ခဲ့သည်။
နှိုင်းယှဉ်ရန်အတွက် တူညီသောငွေကြေးအတွဲကိုသာ လေ့လာပါမည်။ သို့သော် ပုံမှန်ဇယားအစား Renko ကိုသုံးပါမည်။ ဤနေရာတွင် ချောမွေ့သော အတက်အကျ များကြောင့် ရောင်းလိုအားမျဉ်းကို ပိုမိုလွယ်ကူစွာ တွေ့ရှိနိုင်သည်။ အကောင်းဆုံးသုံးသပ်ရန်မှာ အဆိုပါမျဉ်းသည် ထိပ်နှစ်ခုပေါ် ရှိနေပြီး တတိယအကြိမ် ပြန်လည်စမ်းသပ်ခြင်းဖြင့် အတည်ပြုချက် ရယူမည်ဖြစ်သည်။ ဝယ်လိုအားမျဉ်းကို ဆုံးဖြတ်ရန် တူညီသောစည်းမျဉ်းများကို အသုံးပြုပါ၊ double bottom ဖွဲ့စည်းပုံကိုသာ စောင့်ကြည့်ရန် လိုအပ်ပါသည်။
Breakouts
ဝယ်လိုအား နှင့် ရောင်းလိုအားဈေးတန်းများ ၏ အကြောင်းအရာ ကို ဆက်လက် လေ့လာ၍ ဈေးတန်းတစ်ခု ကျိုးပျက်သွားသောအခါ ဘာဆက်ဖြစ်မည်ကို သုံးသပ်ပါ။ ဤအခြေအနေတွင် ပုံမှန်ဘားများကဲ့သို့ ဈေးနှုန်းလားရာသစ်ကို ဆက်လက် မျှော်လင့်ထားသင့်သည်။ ဆိုလိုသည်မှာ ရောင်းလိုအားဈေးတန်း ကျိုးပျက်သွားပါက အထက်သို့ ဆက်လက်ရွေ့လျားမှုနှင့် ဝယ်လိုအား ဈေးတန်း ကျိုးပျက်သွားပါက အောက်သို့ ဆက်လက်ရွေ့လျားမှုကို ဆိုလိုသည်။
အထက်ဖော်ပြပါဇယားသည် ဈေးတန်းကျိုးပျက်မှုအခြေအနေအား သရုပ်ဖော်ထားသည်။ ဤတွင် ဈေးတန်း ကျိုးပျက်ပြီးနောက်ချက်ချင်းပင် လမ်းကြောင်းသစ်၏ ဆက်လက်ရွေ့လျားမှုကို မျှော်လင့်ထားသော အစိမ်းရောင်ဘဲဥပုံ ဧရိယာတွင် အဝယ် ကိုဖွင့်ရန် ဆောင်ရွက်ခြင်းသည် သင့်လျော်မှုရှိသည်။
အဝယ်လွန်ခြင်း နှင့် အရောင်းလွန်ခြင်း
Forex စျေးကွက်တွင် ကုန်သွယ်နည်းကို လေ့လာနေသောသူပင် အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ခြင်းအကြောင်း တစ်ကြိမ်ထက်ပို၍ ကြားဖူးပေမည်။
အဝယ်လွန်စျေးကွက်သည် စျေးကွက်တွင်ပါဝင်သူအများစုသည် အဝယ်အနေအထားတွင် ကြာရှည်စွာရှိနေကြပြီး အဝယ်အရောင်းများသော ကုန်သည်အနည်းငယ်သာ ရှိသောအခါတွင် ဖြစ်သည်။ အရောင်းလွန်ဈေးကွက်သည် ဆန့်ကျင်ဘက်အခြေအနေဖြစ်ပြီး အလွန်အကျွံ ရောင်းချပြီး နောက်တွင် ကုန်သည်အများစုသည် အရောင်းအနေအထား၌ဖြစ်စေ သို့မဟုတ် စျေးကွက်ပြင်ပတွင် ရှိနေသောအခါတွင် ဖြစ်သည်၊ ထို့ကြောင့် အရောင်းပမာဏများကြား ကြီးမားသော မညီမျှမှု ရှိနေပါသည်။ ထိုသို့သော ဖြစ်စဉ်များကို မကြာမီ စျေးကွက် အလှည့်အပြောင်းဖြစ်ပေါ်နိုင်ခြင်း အတွက် အားကောင်းသော အချက်ပြမှုများဟု ယူဆပါသည်။ ဇယားတွင် လက်ရှိလမ်းကြောင်းသည် အချိန်အတန်ကြာရှိသော အရွေ့ကြောင့် အားကောင်းနိုင်သည်။ သို့သော် ဤ အားကောင်းမှုသည် သိသာထင်ရှားသောစျေးနှုန်းအပြောင်းအရွှေ့ဖြင့် လိုက်ပါသွားဖွယ်မရှိပါ။
Renko charts များတွင် စျေးနှုန်းလှုပ်ရှားမှုကို ပြသခြင်း၏ ထူးခြားချက်မှာ အဝယ်လွန်ခြင်းနှင့် အရောင်းလွန်ခြင်း အခြေအနေများကို ဆုံးဖြတ်ရန် အထောက်အကူမပြုခြင်းဖြစ်သည်။ သို့သော်လည်း လမ်းကြောင်းရွေ့လျားမှု ကြာမြင့်နေသော်လည်း ရွေ့လျားမှု မမှန်သည့်အခါတွင် ဤအခြေအနေကို သွယ်ဝိုက်၍ ခန့်မှန်းနိုင်သည်။
အထက်ဖော်ပြပါဇယားတွင် နောက်ဆုံး ဖြစ်ပေါ်သော ဈေးနှုန်းလှိုင်းအား လမ်းကြောင်း၏အစရှိ လှိုင်းနှင့် ယှဉ်နိုင်သည်ကို ကျွန်ုပ်တို့တွေ့နိုင်သည်။ လက်ရှိ အစိမ်းရောင်လိုင်းကြောင်းကို ဈေးနှုန်းဖွဲ့စည်းပုံရှိ အရှည်ဆုံး ဆက်လက်ရွေ့လျားနေသည့် လိုင်းကြောင်းနှင့် နှိုင်းယှဉ်ခြင်းဖြင့် ကျွန်ုပ်တို့သည် လမ်းကြောင်း အလှည့်အပြောင်းတည်နေရာကို တွက်ချက်နိုင်ပါသည်။
ဤအရောင်းလွန်နှင့် အဝယ်လွန်သောနေရာများ၏ ထပ်လောင်းညွှန်ပြချက်များအတွက် ကျွန်ုပ်တို့သည် သမာရိုးကျ oscillators များကို အသုံးပြုနိုင်ပါသည်။ ဥပမာ RSI ။ ဤ ညွှန်ပြချက်အကြောင်း ပိုမိုလေ့လာလိုသူများအတွက် “RSI Relative Strength Indicator” ဆောင်းပါးကို ဖတ်ကြည့်ရန် အကြံပြုလိုပါသည်၊
XAUUSD ဇယားတွင် အဝယ်လိုက်သောလမ်းကြောင်း၏ ဆက်လက်တိုးတက်မှုသည် RSI ညွှန်ပြချက်တွင် အပြာရောင်စက်ဝိုင်းတစ်ခုဖြင့် အမှတ်အသားပြုထားသည့် အဝယ်လွန်ဈေးကွက်တစ်ခုကို ပေါ်ပေါက်လာစေသည်။ နောက်ပိုင်းတွင် အောက်ဘက်သို့ရွေ့လျားမှု၏ ဦးတည်ချက်ပြောင်းလဲမှုဖြင့် အချက်ပြမှုကို အတည်ပြုခဲ့သည်။
Fibonacci levels
Fibonacci မျဉ်းများသည် Renko brick chart ဖြင့် ကောင်းမွန်စွာ လုပ်ဆောင်သည်။
EURJPY ဇယားတွင် Fibonacci ဂရစ်ကွက်ကို တည်ဆောက်ထားသည်။ သုညအမှတ်အသားအဖြစ် ရှည်လျားသောလမ်းကြောင်း ၏ အစမှတ်ကိုယူကာ ၎င်း၏ထိပ်ကို 1 အဖြစ်သတ်မှတ်ထားသည်။ မြှားများသည် ဈေးနှုန်းမှ Fibo မျဉ်းများအား ထိတွေ့သည့် လက်ရှိအဆုံးမှတ်နေရာများကို အမှတ်အသားပြုသည်။
ချောမွေ့ခြင်းသည် Fibonacci မျဉ်း ထိတွေ့မှု ၏ တိကျမှုကို တိုးစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ချန်နယ်ဖြင့် ကုန်သွယ်သောစနစ်များနှင့် ဈေးတန်းကျိုးခြင်းအပေါ် ပြုလုပ်သော အရောင်းအ၀ယ်များအတွက် အတည်ပြုညွှန်ပြချက်အဖြစ် အသုံးပြုနိုင်သည့် ရောင်းလိုအား နှင့် ဝယ်လိုအားဈေးတန်းများ၏ မြင်သာသော ဇယားကွက်ကို ရရှိသည်။
Renko charts နှင့် ဂရစ်ဖစ် ပုံစံများ
ဈေးနှုန်းဖွဲ့စည်းပုံများသည် Renko ဖြင့် ကုန်သွယ်ခြင်း အတွက် သင့်လျော်ပြီး အခြားနည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းများထက် မဆိုးပါ။ Renko charts များတွင် ပုံမှန် candlestick chart ထက် ပို၍လွယ်ကူသော ဈေးနှုန်းဖွဲ့စည်းပုံများ ရှိပါသည်။
Head and shoulders ။ ဈေးနှုန်းအလှည့်အပြောင်း ဖွဲ့စည်းပုံဖြစ်ပြီး သေးငယ်သော ထိပ်နှစ်ခု (shoulders) နှင့် ၎င်းတို့ကြား ဦးခေါင်း (head) ကဲ့သို့ ထိုးထွက်နေခြင်း - လက်ရှိအမြင့်။ အဆိုပါ ဖွဲ့စည်းပုံ၏ သတ်မှတ်မျဉ်း (neck level) မှ အရောင်းအဝယ်လုပ်ရမည် ဖြစ်သည်။
ခရမ်းရောင်လိုင်းများသည် head and shoulders ၏ အကွက်များကို အမှတ်အသားပြုသည်။ အပြာရောင်မျဉ်းသည် neck လိုင်းဖြစ်ပြီး အရောင်း ကို ဖွင့်သင့်သည်။ လက်တွေ့တွင် ထိုသို့သောပုံစံသည် စာအုပ်ထဲမှကဲ့သို့ အမြဲတမ်း ပြီးပြည့်စုံနေမည်မဟုတ်ပါ။ သို့သော် Renko ၏ ဖြစ်ရပ်တွင်၊ စျေးကွက်အတက်အကျ မရှိခြင်းကြောင့် ဤပုံစံကိုခွဲခြားရန်ပိုမိုလွယ်ကူသည်။
Double top ။ အချိန်ကြာရှည်စွာ ဈေးနှုန်းအားကောင်းပြီးနောက် ပေါ်လာသည်။ စျေးနှုန်းသည် ရောင်းလိုအားမျဉ်းကို ပထမဆုံးစမ်းသပ်ပြီးနောက် လက်ရှိအတွက် အမြင့်မှတ် ဖော်ဆောင်လာသော အခါတွင် ဖြစ်ပေါ်သည်။ ပထမ အမြင့်ထိပ် ဖြစ်ပေါ်ပြီးနောက် retracement pivot အမှတ်ကို ဖြတ်သည့်အခါ အရောင်းအ၀ယ်ပြုလုပ်သင့်သည်။
EURUSD ဇယားသည် double top ၏ ဥပမာကို ပြသထားသည်။ ဤပုံစံ၏ အောက်ခြေမှတ် (အပြာလိုင်း) ကိုဖြတ်ကျော်သည့်အခါ အရောင်း ပြုလုပ်သင့်သည်။
Double bottom။ ဤပုံစံသည် double top နှင့် ဆင်တူသော်လည်း ကျဆင်းနေသော လမ်းကြောင်း၏ အဆုံးတွင် ဖြစ်ပေါ်သည်။
Double top နှင့်ဆင်တူသည်၊ double bottom သည် ပြောင်းပြန်ပုံစံဖြစ်သည်။ ဈေးနှုန်းပြုပြင်မှု အဆုံးအမှတ် (အပြာလိုင်း) ကို ဖြတ်ကျော်ရာတွင် အဝယ် ပြုလုပ်သင့်သည်။
Renko Charts တွက်ချက်မှု
ဈေးနှုန်းတန်ဖိုးပြောင်းလဲမှုသည် Renko brick တစ်ခု၏ သတ်မှတ်ထားသော အရွယ်အစားထက် ကျော်လွန်သည့်အခါ ဘားအသစ်တစ်ခုဖွဲ့စည်းခြင်းကို သိထားပြီးဖြစ်သည်။ အရွယ်အစား တွက်ချက်ပုံကို လေ့လာကြည့်ရအောင်။
Brick အရွယ်အစား တွက်ချက်ရာတွင် ယေဘူယျအားဖြင့် သုံးနည်းရှိပါသည်။
- တန်ဖိုး၏ရာခိုင်နှုန်းအားဖြင့်၊
- ATR ဖြင့် (ဆောင်းပါးအစတွင်ဖော်ပြထားသည်)၊
- မပြောင်းလဲသော Box အရွယ်အစားတန်ဖိုးအားဖြင့်။
အသုံးများသောနည်းတွင်၊ Renko brick များကို ကုန်သွယ်ရေးအမျိုးအစား လက်ရှိတန်ဖိုး၏ ရာခိုင်နှုန်းတစ်ခုအဖြစ် တိုင်းတာသည်။ ပုံမှန်အားဖြင့် 0.25% မှ 1% အထိ အသုံးပြုသည်။ တန်ဖိုးနိမ့်လေ၊ Renko brick အသစ်များ မကြာခဏ ပေါ်လာလေဖြစ်သည်။ သို့သော် ချောမွေ့မှုမှာ သိပ်မသိသာပါ။ မြှောက်ကိန်းဂဏန်းများ တိုးလာသည်နှင့်အမျှ ချောမွေ့မှု တိုးလာကာ Renko brick အသစ်များ လျော့နည်းလာလေ့ရှိသည်။
ATR (Average True Range) သည် အချိန်အတိုင်းအတာတစ်ခုအတွင်း ကုန်သွယ်ရေးအမျိုးအစားတစ်ခု၏ တန်ဖိုးမည်မျှပြောင်းလဲသွားသည် ကို ပြသသည့်အကွာအဝေး ဖြစ်သည်။ တစ်နည်းဆိုရသော် အမျိုးအစားတစ်ခု၏ မတည်ငြိမ်မှုကို ပြသသည်။ ATR သည် တန်ဖိုးသုံးခု၏ သီးခြားယူနစ် များကြားတွင် အကြီးဆုံး moving average အား တွက်ချက်ခြင်းဖြင့် ဆုံးဖြတ်သည်-
- လက်ရှိ အစွန်ဆုံးအမှတ်များကြား ခြားနားချက်၊
- အမြင့်စျေးနှုန်းနှင့်အပိတ်စျေးနှုန်းအကြားကွာခြားချက်;
- အနိမ့်ဈေးနှုန်းနှင့် အပိတ်စျေးနှုန်းကြား ကွာခြားချက်။
ဤ moving average ကာလကို ကုန်သွယ်မှုတာမင်နယ် ဆက်တင်များတွင် သတ်မှတ်ထားသည်။ ၎င်းနောက် ဂဏန်းတွက်စက်သည် ပုံမှန်ဇယားတစ်ခုတွင် ATR တန်ဖိုးကို တွက်ချက်ပြီး brick အရွယ်အစားအား သတ်မှတ်ပေးသည်။ ဤနည်းလမ်းသည် မတည်ငြိမ်မှု များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ဈေးနှုန်းအတက်အကျ များစွာကို ဖယ်ထုတ်နိုင်ပြီး အရေးကြီးသော စျေးကွက်လှုပ်ရှားမှုများကို ချန်ထားနိုင်သည်။
နောက်ဆုံးနည်းလမ်းမှာ အစဉ်အဆက် အသုံးပြုသည့်နည်းလမ်းဖြစ်သည်။ ကုန်သည်သည် ပွိုင့် အရေအတွက် အဖြစ် ဖော်ပြသည့် ကိန်းသေတန်ဖိုးကို ကိုယ်တိုင်သတ်မှတ်ခြင်းဖြင့် Renko brick အရွယ်အစားကို ဆုံးဖြတ်သင့်သည်ဟု အကြံပြုထားသည်။
Excel ဇယားတွင် Renko Chart တွက်ချက်နည်း
အကြောင်းတစ်ခုခုကြောင့် အဆင်သင့်လုပ်ထားသော ညွှန်ပြချက်များနှင့် အလိုအလျောက် စနစ်များကို အသုံးမပြုလိုပါက Excel ဇယားများကို အသုံးပြု၍ Renko brick အတွက် ကန့်သတ်ချက်များကို တွက်ချက်နိုင်ပါသည်။ Renko chart ကို တွက်ချက်ရန်အတွက် ကျွန်ုပ် ၏ google drive မှ အဆင်သင့်တွက်ချက်ထားသော ပုံသေနည်းဖြင့် excel ဇယားကို ဒေါင်းလုဒ် ရယူနိုင်ပါသည်။
tradinformed.com ဝက်ဘ်ဆိုဒ်တွင် မှတ်ပုံတင်ပြီးနောက် မူရင်းဖိုင်ကိုလည်း ဒေါင်းလုဒ်ရယူ နိုင်ပါသည်။
ဇယားနှင့်အလုပ်လုပ်ရန် ဈေးနှုန်းသမိုင်းအချက်အလက် လိုအပ်မည်ဖြစ်သည်။
F2 ခလုတ်ကိုနှိပ်ခြင်းဖြင့် MT4 ရှိ မှတ်တမ်းကိုဖွင့်ကြပါစို့။
မှတ်တမ်းနေရာတွင် အလိုရှိသော ကုန်သွယ်ရေးအမျိုးအစားနှင့် အချိန်ကာလကို ရွေးချယ်ရန် လိုအပ်သည်။ အထက်ပါပုံတွင် EURUSD ငွေကြေးအတွဲအတွက် ၄ နာရီ ဇယား မည်သို့ရွေးချယ်ရမည်ကို ပြသထားသည်။
နှစ်သက်ရာကို ရွေးချယ်ပြီးနောက် ဈေးနှုန်းသမိုင်းအချက်အလက်မှာ ဇယားတွင် ပေါ်လာပါမည်။ "Export" ခလုတ်ကိုနှိပ်ခြင်းဖြင့် သီးခြားဇယားတစ်ခုသို့ ချက်ချင်းပို့လိုက်ခြင်းသည် ပိုကောင်းသည်
ယခုအခါ Renko ပုံသေနည်းများ ဖြင့် ဒေါင်းလုဒ် ရယူထားသောဇယားကို ဖွင့်ကြည့်ရအောင်။ Data နေရာတွင် Renko brick များကို တွက်ချက်ရန်အတွက် လိုအပ်သော ကနဦးအချက်အလက်များ ပါရှိသည်။ ဒေါင်လိုင်ကော်လံများဖြစ်သော Date, Time, Open, High, Low နှင့် Close စသည်တို့ရှိ အချက်အလက်များကို အစဉ်လိုက်ကူးယူပါ။ အပေါ်ပုံမှာ ဖြည့်ထားသော ဆဲလ်ကွက်များ မည်သည့်ပုံစံရှိသင့်သည်ကို ပြထားသည်။
ကော်လံ G (Target Long) မှ ကော်လံ M (Bar Number) ထိ အထက်ပါကော်လံများတွင် ဈေးနှုန်းသမိုင်းဆိုင်ရာ အချက်အလက်များဖြင့် ကော်လံများကို ဖြည့်သောအခါ၊ ထည့်သွင်းထားသော ဒေတာ၏အဆုံးအထိ လိုင်းများကို တိုးချဲ့ရပါမည်။ ဤနည်းဖြင့် ဤဆဲလ်ကွက်များရှိ အတန်းလိုက် အရေအတွက်သည် ဈေးနှုန်းသမိုင်းအချက်အလက်ပမာဏနှင့် ကိုက်ညီပါသည်။
ထို့နောက် Renko ရှိ brick အရွယ်အစားကို သတ်မှတ်ရန် လိုအပ်ပြီး ၎င်းနောက် ဇယားကို အလိုအလျောက် တွက်ချက်မည်ဖြစ်သည်။ အောက်တွင် အစိမ်းနှင့် အနီရောင် brick ပုံသဏ္ဍာန်ဖြင့် ဂရပ်ဖစ် ဖော်ပြမှုတစ်ခု ပါရှိမည်ဖြစ်ပြီး နှိုင်းယှဉ်ရန်အတွက် ပုံမှန်စျေးနှုန်း ဖော်ပြချက် လိုင်းပုံစံဖြင့် တူညီသော ဇယားကွက်တစ်ခု ရှိပါမည်။
Candlestick Charts နှင့် နှိုင်းယှဉ်ချက်
လွန်ခဲ့သည့်နှစ်နှစ်က၊ Renko charts များနှင့် Japanese candlestick charts များကို နှိုင်းယှဉ်ကာ စိတ်ဝင်စားစရာကောင်းသော စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ “Forex charts - စတင်သူများအတွက် အထိရောက်ဆုံး လမ်းညွှန်" ဆောင်းပါးတွင် ၎င်းအကြောင်း ပိုမိုဖတ်ရှုနိုင်ပါသည်။ ဤနေရာတွင် ကျွန်ုပ်၏ ကောက်ချက်ချမှု အတိုချုံးကိုသာ ပြောပြပါမည်။
အထက်တွင် အရေးကြီးဆုံး ကွာခြားချက်များကို တင်ပြပြီးပါပြီ။ တစ်အချက်- ၎င်းသည် သေးငယ်သောလှုပ်ရှားမှုအားလုံးကို ဖယ်ရှားပေးသည့် ချောမွေ့မှုဖြစ်သည်။ နှစ်အချက်- Renko brick များကို အချိန် ဝင်ရိုးနှင့် တွဲမထားပါ။ ၎င်းအချက်သည် အတွေ့အကြုံမရှိသေးသော ကုန်သည်များအတွက် ဇယားအမျိုးအစားနှစ်ခုလုံးကို နှိုင်းယှဉ်ရန် ခက်ခဲစေသည်။
သုံးအချက်- ညွှန်ပြချက်များသည် candlestick chart နှင့် Renko အတွက် ကွဲပြားစွာ အလုပ်လုပ်သည်ကို သတိပြုသင့်သည်။ MACD အသုံးပြုထားသော ဥပမာကို လေ့လာ ကြည့်ရအောင်။
ဈေးနှုန်းဖော်ပြချက် နေ့စဉ်ဇယားတွင် ကျွန်ုပ်သည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိ ခန့်မှန်းခြေတူညီသောကာလကို ရယူခဲ့သည်။ Japanese candlesticks များကို အသုံးပြုသောအခါတွင် အပေါင်းမှ အနုတ်ဇုန်သို့ မျဉ်းကြောင်းများဖြတ်ကျော်မှုနှင့် ကူးပြောင်းမှုများ မည်မျှရှိသည်ကို အာရုံစိုက်ပါ။ ဇယား၏အတိုင်းအတာသည် ကုန်သွယ်မှုပမာဏ ကိုလည်း ဖော်ပြသည်။
လက်ရှိ Renko ကို ကြည့်ပါ။ ဇယားသည် တူညီသောအချိန်ပေါ်တွင် အခြေခံထားသော်လည်း MACD အချက်ပြမှု အရေအတွက်သည် များစွာသေးငယ်ပြီး ၎င်းတို့၏ အရည်အသွေးသည် ပိုမို မြင့်မားနေသည်။
နံပတ်လေးအချက်- နှောင့်နှေးမှု ကြီးကြီးရှိနေသည်။ Renko သည် အချက်ပြနောက်ကျသော ညွှန်ပြချက်တစ်ခုဖြစ်သည်။ MACD သည် moving averages များအပေါ် အခြေခံထားပြီး နောက်ကျမှုရှိသည်။ ထို့ကြောင့် Renko chart ရှိ ညွှန်ပြချက်သည် candlestick chart နှင့် နှိုင်းယှဉ်ပါက သိသိသာသာ နောက်ကျနေမည်ဖြစ်သည်။
Renko bricks များနှင့် အချိန်သတ်မှတ်ချက်များ၏ အကောင်းဆုံးအရွယ်အစားကို ကိုယ်တိုင် ရွေးချယ်ခြင်းသည် အခြေအနေကို အနည်းငယ်ကူညီပေးနိုင်သည်။ ၎င်းကို လက်တွေ့တွင်သာ လုပ်ဆောင်နိုင်သော်လည်း candlestick chart နှင့် ကွာဟချက်မှာ ကျန်ရှိနေဦးမည်ဖြစ်သည်။
နံပတ်ငါး အချက်- Renko bricks များသည် candlestick chart နှင့်မတူဘဲ ကုန်သွယ်မှုပမာဏကို ပိုင်းခြားစိတ်ဖြာရန် မသင့်လျော်ပါ။ ဆိုလိုသည်မှာ အရောင်းအဝယ်ပမာဏ နှင့်ပတ်သက်သည့် မည်သည့်နည်းဗျူဟာကိုမှ အသုံးပြုရန် မကြိုးစားသင့်ဟု ဆိုလိုသည်။
နံပတ်ခြောက် - အသွင်အပြင် ခြားနားချက်။ Renko bricks များသည် အရွယ်အစား အမြဲတူညီပြီး shadows မရှိပါ။ ဆိုလိုသည်မှာ နည်းပညာ လေ့လာသုံးသပ်မှုတွင် အရေးပါသောနေရာတစ်ခုကို သိမ်းပိုက်ထားသည့် candlestick ပုံစံများသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဆိုလိုသည်။ ဟုတ်ပါသည်၊၊ Renko bricks များကို ခန့်မှန်းချက်များ၏ ထပ်လောင်းအတည်ပြုချက်အဖြစ် သုံးသပ်ပြီး candlestick ဖွဲ့စည်းပုံများကို ဈေးနှုန်းအလှည့်အပြောင်းဖြစ်နိုင်ခြင်း၏ အဓိက လက္ခဏာအဖြစ် အသုံးပြုကာ ဇယားအမျိုးအစားနှစ်ခုလုံးကို တစ်ပြိုင်နက်ကြည့်ရှုခြင်းမှ သင့်အား မည်သူမျှ တားဆီးနေမည်မဟုတ်ပေ။
Renko Chart ကို Mt4 သို့ထည့်သွင်းနည်း
ကံမကောင်းစွာဖြင့် Renko charts သည် standard MetaTrader ၏ ပံ့ပိုးမှုတွင်မပါဝင်ပါ။ ထို့ကြောင့် Renko bricks များကိုအသုံးပြုရန် သီးသန့်ထည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။ ၎င်းတို့ကို www.mql5.com ဝက်ဘ်ဆိုဒ် မှဒေါင်းလုဒ် ရယူရန် အကြံပြုပါသည်။ MT4 တွင် Renko charts များတည်ဆောက်ရန်အတွက် စိတ်ဝင်စားစရာအကောင်းဆုံး ထည့်သွင်းကိရိယာများအကြောင်း ပြောပြပါမည်။
KT Renko Live Chart
ဤအရာသည် ထပ်ပေါင်းထည့်သွင်းစရာမလိုဘဲ Renko bricks များကိုပြသသည့် ရိုးရှင်းသော ညွှန်ပြချက်တစ်ခုဖြစ်သည်။ ၎င်းသည် စိတ်ကြိုက်ညွှန်ပြချက်များ၊ အလိုအလျောက်စနစ်အများစုနှင့် သဟဇာတဖြစ်စေသည်။
ဒေါင်းလုဒ် ရယူရန်လင့် KT Renko Live Chart indicator
KT Renko Patterns MT4
Renko Live Chart ၏ တီထွင်သူများမှ ဈေးနှုန်းဖော်ပြချက်ဇယားအတွင်းရှိ ဂရပ်ဖစ်ပုံစံများကို ခွဲခြားသတ်မှတ်ပြီး ၎င်းတို့အားရောင်စုံလိုင်းများအဖြစ်ပြသပေးသည့် အသုံးဝင်သော ကိရိယာတစ်ခု ဖြစ်သည်။ လုပ်ဆောင်မှုများတွင် အလှည့်အပြောင်းဖြစ်ခြင်းဆိုင်ရာ အကြောင်းကြားချက်များ ပါဝင်သည်။
ဒေါင်းလုဒ် ရယူရန်လင့် KT Renko Patterns indicator
TSV Renko FX
ဤကိရိယာသည် candlestick chart တွင် semi-transparent bricks များကို နေရာချပေးသည်။ Japanese candlesticks များကိုမြင်တွေ့နိုင်သည့် မြင်ကွင်းတွင် brick တစ်ခုစီကို ရောင်စုံဧရိယာ အဖြစ် ပြသထားသည်။ ထို့ကြောင့် ကုန်သည်တစ်ဦးသည် Renko chart ကို Japanese candlesticks များနှင့်နှိုင်းယှဉ်ရန် လွယ်ကူသည်။
ဒေါင်းလုဒ် ရယူရန်လင့် TSV Renko FX indicator.
Renko Shade
ကြည်လင်သည့် ဧရိယာပုံစံဖြင့် bricks များကိုဆွဲထားသည့် နောက်ထပ်ညွှန်ပြချက်ဖြစ်သည်။ သို့သော်ယခင်တစ်ခုနှင့်မတူဘဲ ၎င်းသည် brick တစ်ခုစီတွင် မည်သည့် brick ကမည်သည့် brick များနှင့် သက်ဆိုင်သည်ကို သိမြင်နိုင်စေရန်ကူညီပေးသည့် semitransparent shadow ဖြင့် ထောက်ပံ့ပေးသည်။
ဒေါင်းလုဒ် ရယူရန်လင့် Renko Shade indicator
AG Renko
ဤညွှန်ပြချက်သည် candlestick chart တွင် bricks များကိုရောင်စုံမျဉ်းများ အဖြစ် ပြုလုပ်ပေးသည်။ အထက်သို့ရွေ့လျားနေစဉ် အပြာရောင်မျဉ်းများပါ၀င်သော brick ကို ဖြစ်ပေါ်စေပြီး အောက်ဘက်သို့ ရွေ့လျားနေစဉ်တွင် - အနီရောင်ဖြစ်သည်။ AG Renko ၏ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသည့်အင်္ဂါရပ်မှာ စျေးကွက်သို့ဝင်ရောက်ရန် အချက်ပြသည့်အခါတွင် ပေါ်လာသည့် အပြာနှင့်အနီရောင် မြှားပုံစံ အညွှန်းကိန်းများဖြစ်သည်။
ဒေါင်းလုဒ် ရယူရန်လင့် AG Renko indicator
AG Renko ဥပမာကိုအသုံးပြု၍ MT4 ရှိ Renko indicators များ၏ အသုံးပြုပုံကို လေ့လာကြည့်ကြပါစို့။
ဒေါင်းလုဒ် ရယူထားသော ဖိုင်မှတ်တမ်းကို ထည့်သွင်းပြီး ၎င်းကို “Indicators” ဖိုင်ထဲသို့ရွှေ့ပါ။ MetaTrader ကို ပြန်လည်စတင်ပြီးနောက် ကိရိယာသည် ညွှန်ပြချက် - indicators စာရင်းတွင် ပေါ်လာမည်ဖြစ်သည်။
AG Renko ကိုထည့်ရန် ပရိုဂရမ်ခေါင်းစီးတွင်ရှိသော ပင်မမီနူးရှိဇယားတွင် "Insert" ကိုဖွင့်ပါ။ ထို့နောက် "Indicators", "Custom" ကိုရွေးချယ်ပြီး ဖွင့်လှစ်ထားသည့်စာရင်းတွင် "AG_Renko_Chart" ကိုနှိပ်ပါ။
ထို့နောက် တူညီသော စာမျက်နှာတွင် ညွှန်ပြချက် ကို ပြသရန် ပုံသေဆက်တင်များဖြင့် (သို့မဟုတ်) ကိုယ်ပိုင်ကန့်သတ်ချက်များဖြင့် သတ်မှတ်၍ "OK" ခလုတ်ကိုနှိပ်နိုင်ပါသည်။
ဒုတိယအခြေအနေတွင် "Input parameters" သည် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်သည်။ ဤနေရာတွင် bricks များ၏အရွယ်အစားနှင့် အချက်ပြ-အင်္ဂါရပ်လုပ်ဆောင်ချက်များကို သတ်မှတ်နိုင်ပါသည်။
ဈေးနှုန်းဖော်ပြချက်ဇယားတွင် ညွှန်ပြချက် သည်အထက်တွင်ပြထားသည့် အတိုင်းမြင်ရပါသည်။ Bricks များကိုမျဉ်းကြောင်းများအဖြစ် ပြသထားသည်။ အပြာရောင်မျဉ်းများသည် အထက်သို့ ရွေ့လျားမှုအတွက်ဖြစ်ပြီး အနီရောင်သည်အောက်သို့ ရွေ့လျားမှုအတွက်ဖြစ်သည်။
Renko Charts များနှင့် အခြား ညွှန်ပြချက်ကိရိယာများ
Bricks များနှင့်အတူ စျေးနှုန်းလှုပ်ရှားမှုကို ကိုယ်စားပြုသည့် အသုံးများသော ညွှန်ပြချက် ကိရိယာများစွာနှင့် အလွယ်တကူပေါင်းစပ်နိုင်ပါသည်။ အောက်တွင်လူကြိုက်အများဆုံး ပေါင်းစပ်မှုများအကြောင်း ပြောပြပါမည်။
Heikin Ashi နှင့် Renko
ဤ ရွေးချယ်ချက် ဇယားနှစ်မျိုးကိုပေါင်းစပ်ခြင်းဖြင့် အံ့သြဖွယ်ရလဒ်များကို ထုတ်ပေးနိုင်ပါသည်။
Heikin Ashi သည် Renko ကဲ့သို့မတည်ငြိမ်မှုကို ပြေလျော့စေသည့် စျေးနှုန်းလှုပ်ရှားမှု၏ လမ်းကြောင်းကိုကိုယ်စားပြုသည်။ Bars များကိုပျမ်းမျှကန့်သတ်ချက်လေးခုဖြင့် ပုံဖော်ထားသည် - အဖွင့် (ဘားအဖွင့်)၊ အပိတ် (ဘားအပိတ်)၊ အများဆုံးနှင့်အနည်းဆုံး (အမြင့်ဆုံးနှင့် အနိမ့်ဆုံး စျေးနှုန်းတန်ဖိုးများ) ဖြစ်သည်။ ဤဆောင်းပါးတွင် ပိုမိုဖတ်ရှုနိုင်ပါသည်။
Heikin Ashi နှင့် Renko တို့ကို ပေါင်းစပ်အသုံးပြုခြင်း သည် ကုန်သည် ၏ ဇယားအမြင်နှစ်မျိုးလုံးအပေါ် အခွင့်ကောင်းယူနိုင်ပြီး ၎င်းတို့၏ အားနည်းချက်များကို လျော့ကျစေသည်။ Renko chart သည် ပိုမိုတိကျသောအချက်ပြမှုများကို ပေးစွမ်းသော်လည်း ပိုမိုနှေးကွေးမှုရှိသည်။ အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုကို လျှော့ချရန် brick အရွယ်အစားကို ရွေးချယ်ပြီး Heikin Ashi ထက်နိမ့်သော အချိန်သတ်မှတ်ချက်တွင် စောင့်ကြည့်ရန် လိုအပ်သည်။
စျေးကွက်ဝင်ရန်နှင့်ထွက်ရန် Heikin Ashi ၏အတည်ပြုချက် အချက်ပြမှုများကို အသုံးပြုရန် အဆင်ပြေသည်။
ပိုမိုရှင်းလင်းစေရန် XAUUSD ဥပမာတစ်ခုကို သုံးသပ်ကြည့်ကြပါစို့။
အထက်ပါနေ့စဉ်ဈေးနှုန်းဖော်ပြချက်ဇယားတွင် triple bottom ပုံစံကိုဖွဲ့စည်းပြီးနောက် ဇွန်လ ၃၀၊ ၂၀၁၉ ခုနှစ်ဝန်းကျင်တွင် ရောင်းလိုအားမျဉ်း 1350 USD တွင် ကျိုးပျက်သွားသည် ကို မြင်တွေ့နိုင်သည်။
ပုံစံတူ algorithm ကိုအသုံးပြု၍ အရောင်းအချက်ပြမှုကို လုပ်ဆောင်ပါမည်။
ကျွန်ုပ်တို့သည်ဦးစွာ Renko chart ရှိ ဝယ်လိုအားမျဉ်း၏ကျိုးပျက်နိုင်သော အချက်ပြမှုကို စောင့်မျှော်နေသည်။ အထက်ဖော်ပြပါသည် နေ့စဉ်ရွှေဈေးနှုန်းဖော်ပြချက်ဇယားတွင် ဖြစ်နိုင်ချေ ရှိသော Triple Top ပြောင်းပြန်လှန်သည့်ပုံစံ၏ ဥပမာတစ်ခုဖြစ်သည်။ အကယ်၍ အပတ်စဉ် Heikin Ashi chart မှ ဤသို့သောအချက်ပြမှုကို အတည်ပြုထားပါက အဝယ်ကို ပိတ်သင့်သည်။
Renko နှင့် MACD
MACD သည် Renko bars များနှင့် ကောင်းမွန်စွာအလုပ်လုပ်သည်။ ၎င်း ၏ အကြောင်းအရာကို "Moving Average Convergence Divergence (MACD) Indicator ရှင်းလင်းချက်" ဆောင်းပါးတွင် အသေးစိတ် ရေးသားထားပါသည်။ Renko အတွက် တူညီသော ညွှန်ပြချက်ဆိုင်ရာ အချက်ပြမှုများသည် candlestick charts ကဲ့သို့ အလုပ်လုပ်ပါသည်။ ၎င်းတို့တွင် -
- moving averages များဖြတ်ကျော်ခြင်း၊
- ညွှန်ပြချက်သည် အပေါင်းဇုန်မှ အနုတ်ဇုန်သို့ရွေ့လျားပြီး အပြန်အလှန်အားဖြင့် အနုတ်ဇုန်မှ အပေါင်းဇုန်၊
- ညွှန်ပြချက်ဖော်ပြသော ဇယား နှင့် ပင်မဈေးနှုန်းဖော်ပြချက်ဇယား၏ ကွဲလွဲမှု။
ဥပမာအားဖြင့် ဤအချက်ပြမှုများကို သုံးသပ်ကြည့်ကြပါစို့။
MACD သည် အောက် မှ အထက် သို့ moving averages ဖြတ်ကျော်မှုကိုပြသသည်။ ၎င်းသည် အဝယ်လိုက်လမ်းကြောင်း တစ်ခုအစပြုသည့် လက္ခဏာတစ်ခု ဖြစ်သည်။ ထို့ကြောင့် အချက်ပြမှုရှိ လာပြီးနောက် အဝယ်ကို ဖွင့်သင့်သည်(အပြာလိုင်း) ။
MACD chart ၏ အပေါင်းမှအနုတ်သို့ကူးပြောင်းခြင်းသည် အောက်ဘက် သို့ အလှည့်အပြောင်း ဖြစ်နိုင်ခြင်း၏ လက္ခဏာဖြစ်ပြီး အထက်ပါပုံတွင်ဖော်ပြထားသကဲ့သို့ အနုတ်လက္ခဏာမှ အပေါင်းသို့ ပြောင်းလဲခြင်းသည် အထက်သို့ အလှည့်အပြောင်းဖြစ်နိုင်ခြင်း၏ အချက်ပြမှု ဖြစ်သည်။ Histogram ၏ ပထမဆုံး အပေါင်းလက္ခဏာဆောင်သော ဘား ပေါ်လာပြီးနောက် အဝယ်လုပ်ဆောင်ရန် စျေးကွက်ထဲသို့ဝင်ပါ(အပြာလိုင်း) ။
ဈေးနှုန်းဖော်ပြချက်ဇယား၏ လွန်ကဲနေသော အမှတ်များအား ချိတ်ဆက်ထားသော divergences နှင့် convergences များ နှင့် ညွှန်ပြချက်၏ moving average များသည် အားကောင်းသော အလှည့်အပြောင်းအချက်ပြများဖြစ်သည်။ ယခင်နှစ်ခုထက် ပိုမို၍တိကျသည်။ “Forex ရှိ Divergence နှင့် Convergence ဆိုတာဘာလဲ ။ ၎င်းတို့အား မှန်ကန်စွာ အသုံးပြုပုံ” ဆောင်းပါးတွင် အသေးစိတ် လေ့လာသုံးသပ်ထားသည်။
အထက်ဖော်ပြပါ ပုံတွင် ဈေးနှုန်းဖော်ပြချက်ဇယားရှိ အနက်ရောင်မျဉ်းသည် အောက်ဘက်သို့ ဦးတည်နေကြောင်း မြင်တွေ့နိုင်သော်လည်း ၎င်းသည် MACD တွင် ဆန့်ကျင်ဘက်အနေနှင့် အထက်သို့ဦးတည်နေပါသည်။ ဤသည်မှာ classic bullish divergence တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည်အထက်သို့ လမ်းကြောင်းပြောင်းပြန်လှန်မှုကို မျှော်လင့်သင့်သည်။
Bollinger Bands နှင့် Renko
Renko charts သည် Bollinger bands များနှင့်တွဲဖက်၍အလုပ်လုပ်ပြီး Japanese candlesticks များ ကဲ့သို့ မဟုတ်ပါ။ ဤ ညွှန်ပြချက်ကို Forex ကုန်သွယ်ခြင်းတွင် Bollinger Bands အညွှန်းကိန်းအကြောင်း ရှင်းလင်းတင်ပြခြင် ဆောင်းပါးတွင်အသေးစိတ် ဆွေးနွေးခဲ့ပါသည်။
အတိုချုပ်အားဖြင့် ဈေးနှုန်းဖော်ပြချက်ဇယားတွင် bricks များနှင့် bollinger bands များပေါင်းစပ်မှု သည် ကျွန်ုပ်တို့အား အောက်ပါအချက်ပြမှုများကို ပေးစွမ်းနိုင်သည် -
- အဝယ် - ဘားသည် အောက်ခြေ မှ အပေါ်အတိုင်း အလယ်မျဉ်းကိုဖြတ်သွားသည်၊ အထက်နှင့်အောက် bands များသည် မတူညီသော ဦးတည်ချက်များသို့ ကွဲပြားသွားသည်။
- အရောင်း - ဘားသည် အပေါ် မှ အောက်ခြေ အတိုင်း အလယ်မျဉ်းကိုဖြတ်သွားသည်၊ အထက်နှင့်အောက် bands များသည် မတူညီသော ဦးတည်ချက်များသို့ ကွဲပြားသွားသည်။
အရောင်းအဝယ်တစ်ခုပိတ်ရန် အချက်ပြမှုသည် ဈေးနှုန်း မှ Bollinger Band ကို ထိတွေ့ခြင်း (သို့မဟုတ်) ၎င်းကို ချဉ်းကပ်သည့်အခါ ဖြစ်သည်။ မျှော်လင့်ထားသည့်လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်မျဉ်းတွင် အရှုံးခံဈေးတန်းကိုသတ်မှတ်ပါ။
ဥပမာတစ်ခုအသုံးပြုပြီး Bollinger ဖြင့် ကုန်သွယ်မှုကို စဉ်းစားကြည့်ရအောင်။
အပြာရောင်မြှားသည် ညွှန်ပြချက်၏ အလယ်မျဉ်းကိုဖြတ်သော ဘားတစ်ခုကို အမှတ်အသား ပြုသည်။ Crossover သည် အောက် မှ အထက်သို့ ဖြတ်ခြင်းကြောင့် အပြာလိုင်းတွင် အဝယ်ကိုဖွင့်ပါ။ အရှုံးခံဈေးတန်းကို ဆန့်ကျင်ဘက် band အနီးတစ်ဝိုက်တွင် သတ်မှတ်ပါ (အနီရောင်မျဉ်း) ။
ဈေးနှုန်းသည် အထက် Bollinger band သို့ရောက်ရှိပြီးနောက် အလှည့်အပြောင်းဖြစ်ရန် ဖြစ်နိုင်ချေ တစ်ရပ်ရှိနေသည်။ ထို့ကြောင့် ဤအချိန်တွင် အမြတ် ဖြင့် စျေးကွက်မှထွက်သွားခြင်းသည် ပိုကောင်းသည် (အစိမ်းရောင်လိုင်း) ။
Renko Charts ၏ အားသာချက်များနှင့် အားနည်းချက်များ
အကယ်၍ သင်သည် ပုံမှန် ဈေးနှုန်းဘားများအစား Renko ကို တစ်ကြိမ်တည်းသာ အသုံးပြုရန်ကြိုးစားပါက ၎င်းတို့သည် စျေးနှုန်းလှုပ်ရှားမှုများကို ပိုင်းခြားစိတ်ဖြာရန် အလွန် အဆင်ပြေကြောင်း တွေ့မြင်နိုင်ပါသည်။
သို့သော် ၎င်းဈေးနှုန်းဖော်ပြချက်ဇယားများတွင် ချို့ယွင်းချက်များရှိသော်လည်း အားသာချက် များစွာ ရှိပါသေးသည်။
| အားသာချက်များ | အားနည်းချက်များ |
|---|---|
| စျေးကွက်၏ဦးတည်ချက် - လမ်းကြောင်း နှင့် ကုန်သွယ်မှုလမ်းကြောင်းများကိုဆုံးဖြတ်ရန် လွယ်ကူသည်။ | ချောမွေ့ခြင်းသည် ခွဲခြမ်းစိတ်ဖြာမှုအတွက် အသုံးဝင်သော ဈေးကွက် အတက်အကျများမှု ကိုသာမက မတည်ငြိမ်မှုကိုလည်း ဖယ်ရှား ပေးပါသည်။ ထို့အတွက်ကြောင့် bricks များ ကိုသာ အခြေခံသော ကုန်သွယ်မှုသည် အချက်ပြမှုစောနေခြင်း၏ လေ့လာသုံးသပ် ချက်ဖြင့် ပြဿနာများ ကို ဖြစ်စေသည်။ |
| အချက်ပြမှုများသည် ဖတ်ရလွယ်ကူသည် - အရောင်ပြောင်းခြင်း (သို့မဟုတ်) ဈေးနှုန်းဖော်ပြချက်ဇယားရှိ brick ၏ ရှိနေခြင်းသည် ဝယ်ရန်ရောင်းရန် အချက်ပြပြီးသားဖြစ်သည်။ | အားကောင်းနေသော ဈေးကွက်လားရာအား Bricks များ ဖြင့် အချက်ပြမှုသည် နောက်ကျမှုရှိနေသည်။ ကြန့်ကြာမှုသည် အချိန်တစ်ခုနှင့်တစ်ခု မတူညီပါ။ အထူးသဖြင့် ဈေးနှုန်းပြန်လည်စုစည်းမှုကာလတွင် သိသာထင်ရှားသည်။ |
| ၎င်းတို့သည် ဝယ်လိုအားနှင့် ရောင်းလိုအားမျဉ်းများ(ဈေးတန်းကျိုးခြင်း အပါအဝင်)ဖြင့် အရောင်းအ၀ယ် ပြုလုပ်ခြင်းအတွက် သင့်လျော်ပါသည်။ | ကုန်သွယ်မှုပမာဏကို တိုင်းတာခြင်းနှင့် အချိန်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် ညွှန်ပြချက်များဖြင့် အသုံးပြုရန် မဖြစ်နိုင်ပါ။ |
| အသုံးများသည့်နည်းပညာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ညွှန်ပြချက်တစ်ခုဖြစ်ပြီး အရောင်းအဝယ်ပမာဏများကို တိုင်းတာခြင်းမရှိဘဲ Japanese candlestick charts များထက် ပိုကောင်းလေ့ရှိသည့် ဈေးနှုန်းဖော်ပြချက်ဇယား၌ အရည်အသွေးမြင့် ကုန်သွယ်မှုအချက်ပြမှုများကို ထုတ်ပေးသည်။ | |
| အမျိုးမျိုးသော ဂရပ်ဖစ်ပုံစံများကို အလွယ်တကူသိရှိနိုင်ပြီး ၎င်းတို့ ၏ အချက်ပြမှုများမှာ အရည်အသွေးမြင့်သည်။ |
Renko charts ဗျူဟာများ
Japanese candlesticks များအတွက် မူလတီထွင်ခဲ့သော သာမန်နည်းဗျူဟာ များစွာကို Renko charts များအတွက် အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်သည်အောက်တွင် စိတ်ဝင်စားစရာ အကောင်းဆုံး နည်းဗျူဟာ နှစ်ခုကိုမျှဝေပါမည်။
Trendline breakout
ဈေးနှုန်းလမ်းကြောင်းကျိုးပျက်မှုအပေါ် ကုန်သွယ်ခြင်းသည် ရိုးရှင်းပြီးထိရောက်သော ကုန်သွယ်မှုဗျူဟာတစ်ခုဖြစ်သည်။ ဗျူဟာ၏အနှစ်သာရမှာ လွန်ကဲသော ဈေးနှုန်းအမှတ်များအပေါ် အခြေခံ၍ လမ်းကြောင်းမျဉ်းကို တည်ဆောက်ရန်နှင့် ၎င်း၏ ကျိုးပျက်မှုများကို မှတ်တမ်းတင်ရန် ဖြစ်သည်။ အဝယ်လိုက်သောလမ်းကြောင်းအတွက် မျဉ်းအား လက်ရှိ အနိမ့်ဆုံးအမှတ်များပေါ်တွင် အခြေခံ၍ရေးဆွဲထားပြီး အရောင်းသွက်သောလမ်းကြောင်းအတွက် ၎င်းကို အမြင့်ဆုံးပေါ်တွင် တည်ဆောက်ထားသည်။
လမ်းကြောင်းမျဉ်း၏ ကျိုးပျက်ခြင်းသည် ပြောင်းပြန်လှန်ခြင်းနှင့် ဆန့်ကျင်ဘက်ဦးတည်ရာသို့ ရွေ့လျားမှု၏အစကို ညွှန်ပြသည်။ ပိုမိုတိကျမှုရှိရန်အတွက် အတည်ပြု ဘားများကိုအသုံးပြုရန် အကြံပြုပါသည်။ ၎င်းသည် ခွဲထွက်ဘား နောက် ဖြစ်ပေါ်သော brick ဖြစ်ပြီး ယခင် candlestick ကဲ့သို့ တူညီသောဦးတည်ချက်တွင် ဖြစ်ထွန်းလာခြင်းဖြစ်သည်။
ဥပမာတစ်ခုကိုကြည့်ကြရအောင်။
EURUSD ဈေးနှုန်းဖော်ပြချက်ဇယားတွင် အတက်လမ်းကြောင်း၏အနိမ့်ဆုံးတွင် အနက်ရောင် လိုင်းတစ်ကြောင်းကိုဆွဲခဲ့ပါသည်။ ခရမ်းရောင်မြှားသည် မှားယွင်းသောဖြတ်ကျော်မှု၏ အခိုက်အတန့်ကို အမှတ်အသားပြုသည်။ ဤနေရာတွင်လမ်းကြောင်းမျဉ်းကို brick တစ်ခုတည်းဖြင့် ဖြတ်သွားသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ဤဖြစ်ရပ်ကို ဈေးနှုန်းပြောင်းပြန်လှန်ခြင်းအတွက် အချက်ပြမှုတစ်ခုအဖြစ် မယူဆသင့်ပါ။
ဖြတ်ကျော်မှုနောက်တစ်ခုကို အောက်ဘက်ဦးတည်သည့် ဒုတိယ brick (အပြာရောင်မြှား) ပေါ်လာခြင်းဖြင့် အတည်ပြုသည်။ အဆိုပါဖွဲ့စည်းခြင်းပြီးနောက် အရောင်းကိုချက်ချင်းဖွင့်ပါ။ အနီးဆုံး အမြင့် အထက်တွင် အရှုံးခံဈေးကိုသတ်မှတ်ပါ။ Bricks များပေါ်တွင် shadows များကိုမတွေ့နိုင်သောကြောင့် တိကျသော အရှုံးခံအမှတ်နေရာကို Japanese candlestick chart အသုံးပြု၍ ဆုံးဖြတ်သင့်သည်။
လမ်းကြောင်းမျဉ်း၏ဖြတ်ကျော်မှုကို အခြေခံ၍ စျေးကွက်မှထွက်ရန် အချိန်ကိုရှာဖွေပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဒုတိယအကြိမ် ကာလတို ဈေးပြင်ဆင်မှုအဆုံးတွင် ၎င်း၏ထိပ်နှင့် ၎င်း၏ရှေ့ မှထိပ်ကို အနက်ရောင်မျဉ်းဖြင့် ချိတ်ဆက်ထားသည်။ ခဏကြာပြီးနောက် ဖြတ်ကျော်မှု တစ်ခုဖြစ်ပေါ်လာသည်။ ဒုတိယမြောက် အစိမ်းရောင်ဘား တွင်အမြတ်ဖြင့် ပိတ်ပါ (အစိမ်းရောင်လိုင်း)။
ဝယ်လိုအား နှင့် ရောင်းလိုအားမျဉ်း ကျိုးပျက်ခြင်း ဗျူဟာ
ဤကုန်သွယ်မှုနည်းလမ်းသည် အစောပိုင်းတွင်ဖော်ပြခဲ့သည့် ဗျူဟာနှင့်အလွန်ဆင်တူသည်၊ သို့သော် ၎င်းသည် လမ်းကြောင်းလိုင်းအစား ဝယ်လိုအား နှင့် ရောင်းလိုအားမျဉ်းများကို အသုံးပြုသည်။ ပထမဦးစွာ ၎င်းတို့ကို မည်သို့တည်ဆောက်ရမည်ကို လေ့လာကြပါစို့။
မျဉ်းများကို အမြင့်ဆုံးနှင့်အနိမ့်ဆုံးအလိုက် ပုံဖော်ထားသည်။ ဆိုလိုသည်မှာ မြင့်တက်မှု (သို့မဟုတ်) ကျဆင်းနေသည့်နယ်ပယ်များတွင် အတားအဆီးတစ်မျိုးမျိုးနှင့် ကြုံတွေ့နေရသည်။
အထက်ဖော်ပြပါဈေးနှုန်းဖော်ပြချက်ဇယားတွင် အနက်ရောင်မျဉ်းနှင့် ခရမ်းရောင်စက်ဝိုင်းများဖြင့် ရောင်းလိုအားမျဉ်းကို အမှတ်အသားပြုထားသည် - ဤမျဉ်းရောက်သည်နှင့်အမျှ မြင့်တက်မှု ရပ်တန့်သွားသည့် အခိုက်အတန့်ဖြစ်သည်။ တိတိကျကျ တူညီရန် မလိုအပ်ကြောင်းသတိပြုပါ။ ဤကုန်သွယ်မှုနည်းလမ်းအတွက် ခွင့်ပြုနိုင်သောအမှားသည် ဘားတစ်ခုဖြစ်သည်ဟုယူဆပါမည်။
ကျွန်ုပ်တို့သည် ရောင်းလိုအားမျဉ်းကို ဆုံးဖြတ်ပြီးနောက် ၎င်း၏အကူးအပြောင်းကို စောင့်မျှော်နေသည်။ ယခင်နည်းဗျူဟာများအတိုင်း ယူဆထားသောလမ်းကြောင်း၏ ဦးတည်ချက် တွင် ဒုတိယဘား ကို ဖွဲ့စည်းခြင်းသည် တစ်ခုနှင့်တစ်ခု တွေ့ဆုံနေခြင်း ကိုအတည်ပြုခြင်း ဖြစ်မည်ဖြစ်သည်။ ဈေးနှုန်းဖော်ပြချက်ဇယားတွင် အပြာရောင်မြှားဖြင့် အမှတ်အသားပြုထားသည်။
ယခုအခါ အပြာရောင်လိုင်း တွင် အဝယ်ကိုဖွင့်နိုင်သည်။ အနီးဆုံးလက်ရှိအနိမ့်မှတ်သည် ဝေးကွာသောကြောင့် ကျွန်ုပ်တို့သည် အရှုံးခံအမှတ်ကို ရောင်းလိုအားမျဉ်း (အနီရောင်မျဉ်း) ၏ ဘားအနည်းငယ်အောက်တွင် ထားရှိပါသည်။
ကျွန်ုပ်တို့သည် လမ်းကြောင်းဖော်ဆောင်မှုအတွင်း ပြောင်းပြန်လှန်အချက်ပြမှုများ ပေါ်လာသော အခါ အမြတ်ကိုရယူသည်။ အဆိုပါအခြေအနေတွင် double top တစ်ခုပေါ်လာသည်။ ထို့ကြောင့် ၎င်း၏အောက်ခြေကိုဖြတ်သွားသောအခါ အဝယ် ကိုပိတ်ပါ(အစိမ်းရောင်မျဉ်း)။
ဗျူဟာနှစ်ခုစလုံးသည် အခြေခံဖြစ်ပြီး MACD နှင့် RSI၊ Fibonacci grid၊ ဈေးနှုန်းဖော်ပြချက်ဇ ယားပုံစံများကို ခွဲခြမ်းစိတ်ဖြာခြင်း နှင့် candlestick ခွဲခြမ်းစိတ်ဖြာခြင်းကဲ့သို့သော အသုံးများသည့် အဝယ်လွန်ခြင်း နှင့် အရောင်းလွန်ခြင်း ညွှန်ပြချက်များမှ အချက်ပြမှုများဖြင့် အလွယ်တကူ ပေါင်းစပ်နိုင်သည်။
Renko Chart ၏ အမေးများသောမေးခွန်းများ
Renko chart သည် ဂျပန်နိုင်ငံတွင်တီထွင်ထုတ်လုပ်ပြီး နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာရန်အတွက် ကုန်သည်များအသုံးပြုသည့် စျေးနှုန်းဖော်ပြချက်ဇယားအမျိုးအစားတစ်ခုဖြစ်သည်။ Renko သည်စတုဂံပုံများ (bricks) ဖြင့်တည်ဆောက်ထားပြီး ထောင့်ဖြတ်တန်းများပုံစံဖြင့် စျေးနှုန်းပြောင်းလဲမှုများကို တိုင်းတာပြီးပြသသည်။ Renko သည် ဈေးနှုန်းဖော်ပြချက် ဇယားအများစုကဲ့သို့ ဈေးနှုန်းများနှင့် စံသတ်မှတ်ထားသော သီးခြားတန်ဖိုးများ နှင့် သတ်မှတ်အချိန်ကာလများထက် စျေးနှုန်းလှုပ်ရှားမှုအပေါ်သာ အခြေခံ၍ တည်ဆောက်ထားသည်။ ဈေးနှုန်းဖော်ပြချက်ဇယားကို “bricks” ဟုအဓိပ္ပါယ်ရသော ဂျပန်စကားလုံး "renko" ၏ အမည် ကို ယူသုံးထားသည်ဟု ယုံကြည်ရသည်။ Renko သည်မလိုအပ်သော မတည်ငြိမ်မှုများကို ဖယ်ရှားနိုင်ပြီး အသုံးများသည့် candlestick charts များနှင့်နှိုင်းယှဉ်ပါက စျေးကွက်လမ်းကြောင်းများကို ပိုမိုရှင်းလင်းစွာပြသနိုင်စေပါသည်။
Renko charts များကို မည်သည့် အချိန်တွင်မဆို အသုံးပြုကြသည်။ သို့ရာတွင် စျေးကွက်မတည်ငြိမ်မှု၏ ပမာဏသည် နေ့စဉ် (သို့မဟုတ်) အပတ်စဉ် အချိန်များထက် အဆများစွာ ပိုများသည့် အချိန်တိုကာလများတွင်၎င်းတို့သည် အသုံးဝင်ဆုံးဖြစ်ပါလိမ့်မည်။
Brick တစ်ခု၏အရွယ်အစားထက် ကျော်လွန်သောတန်ဖိုး - ကုန်သည်မှသတ်မှတ်ထားသောတန်ဖိုး (သို့မဟုတ်) ပူးတွဲပါ ATR ညွှန်ပြချက် မှ သတ်မှတ်ထားသော တန်ဖိုးဖြင့် စျေးနှုန်း ပြောင်းလဲသောအခါ bricks အသစ်ဖြစ်ပေါ်လာသည်။ စျေးကွက်မတည်ငြိမ်မှုဆီသို့ ဈေးနှုန်း ဖော်ပြချက်ဇယား၏ အာရုံခံနိုင်စွမ်းသည် ရွေးချယ်ထားသော brick အရွယ်အစားပေါ်တွင် မူတည်သည်။
Bricks များသည် အရောင်းအဝယ်ပမာဏကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စျေးနှုန်းလှုပ်ရှားမှုကို ခွဲခြမ်းစိတ်ဖြာသည့် ညွှန်ပြချက်ကိရိယာအားလုံးနီးပါးနှင့် ကောင်းစွာအလုပ်လုပ်သည်။ လူကြိုက် အများဆုံးမှာ Bollinger Bands၊ MACD နှင့် RSI တို့ဖြစ်သည်။
ATR (Average True Range) သည် အချိန်အတိုင်းအတာတစ်ခုအတွင်း ကုန်သွယ်မှုအမျိုးအစား၏ တန်ဖိုးပြောင်းလဲမှု အတိုင်းအတာကိုပြသသည့် အတိုင်းအတာဖြစ်သည်။ ATR သည်စျေးကွက်၏ လက်ရှိမတည်ငြိမ်မှုကိုတိုင်းတာပြီး Renko charts များတွင် brick အရွယ်အစားကိုဆုံးဖြတ်ရန် မကြာခဏအသုံးပြုလေ့ရှိသည်။
အကောင်းဆုံး brick အရွယ်အစားကို ကုန်သွယ်ရေးအမျိုးအစား၏လက်ရှိတန်ဖိုး၊ ကိုယ်တိုင်ဘ ရွေးချယ်ခြင်း (သို့မဟုတ်) ATR အလိုက်ရွေးချယ်သည်။ နောက်ဆုံးအခြေအနေတွင် လက်ရှိ စျေးကွက်မတည်ငြိမ်မှုပေါ် မူတည်၍ brick အရွယ်အစားကိုရွေးချယ်သည်။
အခြား အချက်ပြကိရိယာများနှင့် ဈေးနှုန်းဖော်ပြချက်ဇယားပုံစံများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ပေါင်းစပ်လိုက်သောအခါတွင် အကောင်းဆုံးရလဒ်များကို လမ်းကြောင်းပြ ဗျူဟာများတွင်ပြသပါသည်။ Renko ကို Japanese candlesticks (သို့မဟုတ်) Heiken Ashi နှင့် တွဲဖက်အသုံးပြုလေ့ရှိသည်။
Bars (သို့မဟုတ်) bricks များသည် shadows မရှိသော လေးထောင့်တုံးများဖြစ်သည်။ စျေးနှုန်းသည် အချို့သောတန်ဖိုး (brick အရွယ်အစား) ဖြင့် ပြောင်းလဲသောအခါ ၎င်းတို့တစ်ခုစီကို ဖွဲ့စည်းထားသည်။ ဥပမာအားဖြင့် အကယ်၍ ကုန်သည်တစ်ဦးသည် ဈေးနှုန်းဖော်ပြချက်ဇယား ဆက်တင်များတွင် ၁၀ ပွိုင့် အရွယ်အစားကို သတ်မှတ်ပါက ပိုင်ဆိုင်မှုတန်ဖိုး ၁၀ ပွိုင့်တိုးလာခြင်း (သို့မဟုတ်) လျော့သွားသောအခါတွင် brick အသစ်တစ်ခုစီပေါ်လာပါမည်။
တစ်ခုတည်းသော အရေးကြီးသောသတ်မှတ်ချက်မှာ brick အရွယ်အစားဖြစ်သည်။ ထို့အပြင် အချို့သော အချက်ပြကိရိယာများတွင် အချက်ပြမှုဆိုင်ရာ ကန့်သတ်ချက်များ ပါဝင်နိုင်သည်။
Bricks များသည် မတည်ငြိမ်မှုကို ထည့်မတွက်ပဲ စျေးနှုန်းအပြောင်းအလဲကိုဖော်ပြသည်။ ၎င်းသည် လမ်းကြောင်းကိုဖော်ထုတ်ရန် ပိုမိုလွယ်ကူစေသည်။ ထို့အပြင် bricks များသည် အချိန်နှင့်မသက်ဆိုင်ပါ။ စျေးကွက်လှုပ်ရှားမှုနှင့် brick အရွယ်အစားပေါ်မူတည်၍ brick တစ်ခုကို မိနစ်များစွာ (သို့မဟုတ်) ရက်ပေါင်းများစွာရေးဆွဲနိုင်သည်။
Renko သည် Japanese candlesticks အပြင် အခြား ရွေးချယ်စရာတစ်ခုဖြစ်သည့် စျေးနှုန်း ပြောင်းလဲမှုများ၏ ဂရပ်ဖစ်ကိုယ်စားပြုမှုတစ်ခုဖြစ်သည်။ ၎င်းတွင် shadows မပါသော အရောင် နှစ်မျိုးစတုဂံပုံစံ bricks များပါ၀င်ပြီး စျေးကွက်မတည်ငြိမ်မှုမှ စိစစ်ထားသော စျေးနှုန်းလှုပ်ရှားမှု ကို ပြသသည်။
စျေးကွက်ရှိ ကြီးမားသောစျေးနှုန်အရွေ့များကိုမြင်သာရန် နောက်ထပ်ရွေးချယ်စရာတစ်ခုဖြစ်ပြီး Japanese candlesticks (သို့မဟုတ်) Heiken Ashi နှင့် brick charts များ ကို စမ်းသပ်နိုင်သည်။
MT4 တွင်ပုံမှန်အားဖြင့် မရှိပါ။ သို့သော် ဒေါင်းလုဒ် ရယူနိုင်ပါသည်။ အသုံးများသည့် ဗားရှင်းအပြင် ရောင်စုံစတုဂံပုံစံ (သို့မဟုတ်) ရောင်စုံမျဉ်းကြောင်းများဖြင့် bricks များကို ကိုယ်စားပြုသည့် အဆင့်မြှင့်တင်ထားသော Renko charts များကို တွေ့မြင်နိုင်သည်။
Renko chart ကို candlestick chart ပေါ်တွင် ရောင်စုံ bricks များဖြင့် ထပ်ထားသည်။ ညွှန်ပြချက်၏ ဗားရှင်းအချို့သည် ဤ bricks များ ကို တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နိုင်စေပြီး bricks များနှင့် candlesticks နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ခွဲခြမ်းစိတ်ဖြာနိုင်စေပါသည်။
P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)
အသုံးဝင်သောလင့်ခ်များ
- ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
- LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
- ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
- အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။















































