အလိုအလျောက် ကုန်သွယ်ရေးအကြံပေးစနစ် သို့မဟုတ် လူပုဂ္ဂိုလ်တဦး - ၎င်းတို့အနက် ငွေကြေးစျေးကွက် အတွင်း မည်သူက ပို၍ ငွေရှာနိုင်ပါသနည်း။ အကောင်းဆုံး Forex ရိုဘော့များသည် အခြေအနေအား ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဖြစ်နိုင်ချေရှိသောအခွင့်အရေးများအား သုံးသပ်ပြီး အကောင်းဆုံးကိုရွေးချယ်ရာတွင် အဆထောင်ပေါင်းများစွာ ပို၍မြန်ဆန်ပါသည်။ ထို့အပြင် အကြံပေးစနစ် များမှာ လူများကဲ့သို့ စိတ်ခံစားချက်များကို ရှေ့တန်းတင်ခြင်း မရှိပါ။ မည်သို့ပင်ဆိုစေကာမူ အရေးပေါ် အခြေအနေများတွင် ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ မိမိလက်ခံနိုင်သည့် အတိုင်းအတာထိ စွန့်စားမှု မြင့်မားစွာပြုလုပ်ခြင်း၊ အလိုလိုသိစိတ်ရှိ၍ ၎င်းသိစိတ်အပေါ် ယုံကြည်ခြင်း စသောအချက်များကို လူသားတဦးကသာ ပိုင်ဆိုင်ပြီး ၎င်းအချက်များသည် တခါတရံ၌ စက်များတွင်ထည့်သွင်းထားသော သင်္ချာအယ်လ်ဂိုရီသမ်များ(သင်္ချာတွက်ကိန်းများ)ထက် ပိုမိုထိရောက်မှု ရှိတတ်ပါသည်။ Forex ကုန်သွယ်ရေးရိုဘော့များသည် နိုင်ငံတကာငွေကြေးကုန်သွယ်သူ တယောက်၏လက်အတွင်းမှ အထောက်အကူပြုကိရိယာများဖြစ်ကြပြီး ဆုံးဖြတ်ချက်မှာ တဦးချင်းနှင့်သာ သက်ဆိုင်ပါသည်။

ဤသုံးသပ်ချက်ဆောင်းပါးတွင် အောက်ပါတို့ကို လေ့လာနိုင်ပါသည်။

  • Forex ကုန်သွယ်ရေး ရိုဘော့ဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် ကုန်သွယ်ရေးအတွက် မည်ကဲ့သို့ အထောက်အကူ ဖြစ်စေပါသနည်း။
  • အယ်လ်ဂိုရီသမ်ကုန်သွယ်ရေးသည် မည်မျှထိရောက်မှုရှိ၍ မည်သူတို့အတွက် သင့်တော်ပါသနည်း။
  • အလိုအ​​လျောက်ကုန်သွယ်ရေး အတွေ့အကြုံအား ရယူရန် MT4/MT5 ပလက်ဖောင်းများတွင် Expert Advisor အား မည်သို့ထည့်သွင်းရမည်နည်း။

ဤဆောင်းပါးတွင် Martingale ဆပွားမြှောက်ကိန်း အစရှိသော အခြေခံပရိုဂရမ်များမှစ၍ ဥာဏ်ရည်တု နည်းပညာ အပေါ် အခြေခံထားသော ရှုပ်ထွေးကောင်းမွန်သည့် ကုန်သွယ်ရေး စနစ်များအထိ သင်္ချာ အယ်လ်ဂိုရီသမ်အမျိုးအစား အမျိုးမျိုးအား ထည့်သွင်းထားသော Forex ကုန်သွယ်ရေး ရိုဘော့များ အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးသွားပါမည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ဆောင်းပါး အနှစ်ချုပ်။

  • ဤဆောင်းပါးတွင် Forex ကုန်သွယ်ရေးရိုဘော့ ခေါ် Expert Advisors (EAs) များအား Forex ဈေးကွက်အတွင်း အလိုအလျောက် ကုန်သွယ်ရေး စနစ်များအဖြစ် အသုံးချခြင်းအား အဓိက ဖော်ပြထားပါသည်။
  • ဤရိုဘော့များသည် အချိန်ကုန်သက်သာခြင်း၊ ဆုံးဖြတ်ချက် မြန်ဆန်စွာ ချမှတ်နိုင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများအား လျော့ချပေးခြင်း စသော အကျိုး ကျေးဇူးများကို ပေးစွမ်းသော်လည်း လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်စွမ်း မရှိခြင်းနှင့် စက်ပိုင်းဆိုင်ရာ/နည်းပညာပိုင်းဆိုင်ရာ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုများ လိုအပ်ခြင်း စသည်တို့မှာ အားနည်းချက်များဖြစ်ကြသည်။
  • ကုန်သည်၏ မှန်ကန်သော သတ်မှတ်ပြင်ဆင်မှုများကို ရွေးချယ်နိုင်မှုနှင့် ဆုံးရှုံးနိုင်ခြေ အား အကဲဖြတ်နိုင်မှု စွမ်းရည်အပေါ် မူတည်၍ Forex ရိုဘော့များ၏ ထိရောက်မှု အာနိသင်မှာ ကွဲပြားနိုင်ပါသည်။
  • ဤဆောင်းပါးတွင် အပြောင်းအလဲအပေါ် အလိုက်သင့် ဆောင်ရွက်နိုင်သော စက်ပိုင်းဆိုင်ရာ စနစ်များနှင့်အတူ ဥာဏ်ရည်တု နည်းပညာဖြစ်သော အာရုံခံ ကွန်ယက်စနစ်သို့ ကူးပြောင်းခြင်းအား အသားပေးဖော်ပြထားပါသည်။ သို့သော် လည်း လက်ရှိတွင် ထိုကဲ့သို့ အဆင့်မြင့်ရိုဘော့များအား ကြီးမားသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများကသာ အသုံးပြုကြသည်။
  • အခမဲ့ရယူနိုင်သော Forex ကုန်သွယ်ရေးရိုဘော့များကို လေ့လာ၍ အကြံပေး ဆော့ဖ်ဝဲလ်များကို စမ်းသပ်ရန်လည်း အကြံပြုထားသည်။
  • Forex ရိုဘော့များမှာ အလွန်တန်ဖိုးရှိသော အထောက်အကူပြု ကိရိယာများ ဖြစ်ပါသည်။ သို့သော် မြန်ဆန်၍ တည်ငြိမ်မှုနည်းပါးသော စျေးကွက်အတွင်း အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိစေရန်အတွက် ၎င်းတို့အား သေချာစွာ စောင့်ကြည့်စစ်ဆေးရန် နှင့် မိမိစိတ်တိုင်းကျ အသင့်တော်ဆုံး ချိန်ညှိမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။

Forex Robots ဆိုတာဘာလဲ။

LiteFinance: Forex Robots ဆိုတာဘာလဲ။

Forex ကုန်သွယ်ရေး ရိုဘော့ ခေါ် Expert Advisors (EA) သည် ပုံသေသတ်မှတ်ထားသော ကာလတခု အတွင်း ​အတိအကျရေးဆွဲထားသော အယ်လ်ဂိုရီသမ်ကုဒ်များအတိုင်း ကုန်သွယ်မှု အဖွင့်၊အပိတ် များကို ပြုလုပ်ပေးသည့် အယ်လ်ဂိုရီသမ်အချက်ပြမှုဖြင့် လည်ပတ်သော အလိုအလျောက် ကုန်သွယ်ရေး စနစ်များဖြစ်ကြသည်။

ကွန်ပျူတာနည်းပညာတိုးတက်လာသော ၈၀-၉၀ ခုနှစ်များအတွင်း Forex ကုန်သွယ်ရေးလုပ်ငန်းစဥ်အား တစိတ်တပိုင်း အလိုအလျောက်လုပ်ဆောင်ရန် နှင့် ပိုပိုမြန်ဆန်သောကုန်သွယ်ရေးကို လုပ်ဆောင်ရန် လိုအပ်လာရာမှ အယ်လ်ဂိုရီသမ် Forex ကုန်သွယ်ရေး စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

စိတ်ဝင်စားဖွယ်ရာအချက်အချို့။

  • ဖိုက်ဘာကြိုးများမှတဆင့် အချက်ပြမှုတခုအား နယူးယောက်မှ ချီကာဂိုမြို့သို့ ပို့ဆောင်ရန် ပျှမ်းမျှအချိန် 6.55 မီလီစက္ကန့် ကြာမြင့်ပါသည်။
  • အမြန်နှုန်းအားမြှင့်တင်ရန် အချို့သောကုမ္ပဏီများမှ မိုက်ခရို-ရေဒီယိုလှိုင်းများအား ​ပြောင်းလဲ အသုံးပြုခဲ့ကြသည်။ ထိုလှိုင်းများမှတဆင့် အချက်ပြမှုတခုအား အထက်ပါ တူညီသော အကွာအဝေးသို့ 4.25မီလီစက္ကန့်အတွင်း ပို့ဆောင်နိုင်ပါသည်။ ယင်းကွာခြားချက်သည် Forex ကုန်သွယ်မှုများဆောင်ရွက်ရာတွင် ယှဥ််ပြိုင်နိုင်သော အားသာချက်ဖြစ်ပါသည်။
  • Spread Networks ကုမ္ပဏီသည် ချီကာဂိုနှင့် နယူးယောက်အကြား ဖြစ်နိုင်သမျှ အတိုဆုံး နည်းလမ်းဖြင့် ဖိုင်ဘာကြိုးဆက်သွယ်မှုကို ပြုလုပ်ခဲ့ပြီး ထိုလုပ်ဆောင်ချက်အတွက် တောင်တလုံး ကို ဖောက်ခဲ့ရသည်။ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ခန့် ကုန်ကျခဲ့သည်။ သို့သော် အချက်ပြမှုပေးပို့သောအချိန်မှာ 3 မီလီစက္ကန့်ထိ လျော့နည်းခဲ့သည်။
  • ပျှမ်းမျှအားဖြင့် HFT Forex ကုန်သွယ်ရေး ရိုဘော့တခုသည် ကုန်သွယ်မှုတိုင်းတွင် 0.09 cents ရှာဖွေနိုင်ပြီး မိနစ် 260 တွင် ကုန်သွယ်မှု အကြိမ်ငါးထောင်ခန့် ပြုလုပ်နိုင်သည်။

အမျိုးမျိုးသော ကုန်သွယ်ရေး စည်းမျဥ်းများအရ HFT Forex ရိုဘော့များ၊ ဥာဏ်ရည်တုများ၊ စက်ပိုင်းဆိုင်ရာ နားလည်မှုပရိုဂရမ်များ၏ အလွှဲအပြောင်းလုပ်ငန်းစဥ်များမှာ စုစုပေါင်းလည်ပတ်မှု၏ ၆၀မှ ၈၀% အထိ အောင်မြင်ပါသည်။ နည်းပညာအရ မတူညီသော ကုန်သွယ်ရေးနည်းဗျူဟာ အများအပြားသည် ဥပဒေ/စည်းမျဥ်းအား ချိုးဖောက်သောကြောင့် တိကျသော ကိန်းဂဏန်းကိုရရှိရန် ခက်ခဲပါသည်။ ထို့အပြင် ယင်းလုပ်ငန်းစဥ်များမှာ မီလီစက္ကန့်များအတွင်း အရေအတွက် သန်းနှင့်ချီသောကြောင့် စီမံထိန်းသိမ်းမှုစနစ်မှ အရေအတွက်အားလုံးကို ခြေရာခံရန် မဖြစ်နိုင်ပါ။

ပုဂ္ဂလိက ကုန်သွယ်ရေးလှုပ်ရှားမှုများတွင် Forex ကုန်သွယ်ရေး ရိုဘော့များသည် ကုန်သည်၏ကိုယ်စား တူညီသော ဇာတ်ကောင်နေရာမှ ပါဝင်ဆောင်ရွက်နိုင်သည်။ ၎င်းတို့၏ အဓိကလုပ်ငန်းတာဝန်မှာ ခွဲခြမ်းစိတ်ဖြာမှုများနှင့် ကုန်သွယ်ရေးဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် လူသားတဦးကဲ့သို့ အချိန်များစွာ မလိုပဲ သင့်တော်သော ကုန်သွယ်မှုတခုအား မြန်ဆန်စွာ အဆင်သင့် ဆောင်ရွက်ပေးရန်ဖြစ်သည်။ ၎င်းတို့သည် Forex ကုန်သွယ်ရေး အစမှအဆုံးထိ အလိုအလျောက် လုပ်ဆောင်ပေးနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ဖိအားများ မပါဝင်ပဲ ကုန်သည်အတွက် အချိန်ကုန် သက်သာစေပါသည်။

Forex Robot ဘယ်လိုအလုပ်လုပ်လဲ။

LiteFinance: Forex Robot ဘယ်လိုအလုပ်လုပ်လဲ။

Forex ကုန်သွယ်ရေးအကြံပေးစနစ် (နိုင်ငံတကာငွေကြေးကုန်သွယ်ရေးရိုဘော့)သည် အယ်လ်ဂိုရီသမ် အချက်ပြမှုများနှင့်အညီ လုပ်ဆောင်သော အလိုအလျောက် ကုန်သွယ်ရေး စနစ်တခုဖြစ်ပြီး အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်သည်။

  • ဒေတာပမာဏ အမြောက်အများအား တပြိုင်တည်းလုပ်ဆောင်နိုင်ခြင်း။ အချို့သော အပြည့်အဝ အလိုအလျောက် ဆောင်ရွက်နိုင်သော Forex ရိုဘော့များသည် စီးပွားရေးဆိုင်ရာ ခွဲခြမ်းစိတ်မှုများ ကိုပင် ပြုလုပ်နိုင်စွမ်းရှိကြသည်။
  • Forex ကုန်သွယ်ရေးအား အလိုအလျောက်ဆောင်ရွက်ပေးခြင်း။ လူကိုယ်တိုင် ကုန်သွယ်ရန် မလိုအပ်ပဲ လိုအပ်သည်များကို ဆောင်ရွက်ပေးသည်။
  • မြင့်မားသော ဆုံးရှုံးနိုင်ချေများကို စီမံခန့်ခွဲပေးခြင်း။ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲခြင်း နည်းစနစ်အား ပရိုဂရမ်ရေးဆွဲ ထည့်သွင်းထားသောကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို လျော့ချပေးနိုင် ပါသည်။

အပြည့်အဝ အလိုအလျောက် လုပ်ဆောင်သော ကုန်သွယ်ရေးအကြံပေးစနစ်များသည် ကုဒ်များ၏ ညွှန်ကြားချက်အတိုင်း အလုပ်လုပ်သည်။ အရိုးရှင်းဆုံး Forex ကုန်သွယ်ရေး ရိုဘော့အမျိုးမျိုးတွင် ကုန်သွယ်မှုပမာဏ ချိန်ညှိမှုများ၊ အချို့ဖြစ်စဥ်များအတွက် Forex ကုန်သွယ်ရေးအချက်ပြမှုများနှင့် stop-order(အရှုံးကန့်သတ်ချက်)များကို ရွေးချယ်နိုင်သော settings များပါဝင်ကြသည်။ ရှုပ်ထွေးသော Forex ကုန်သွယ်ရေးရိုဘော့တခုတွင် ထိုကဲ့သို့ settings များ ဒါဇင်နှင့်ချီ၍ ပါဝင်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် အစိတ်အပိုင်းများစွာခွဲပြီး ကုန်သွယ်ရေးနည်းလမ်းအမျိုးမျိုးအား အသီးသီး တပြိုင်တည်း လုပ်ဆောင်နိုင်ကြသည်။ အထူးအဆင့်မြင့်အင်္ဂါရပ်များတွင် Spread ပမာဏထိန်းချုပ်ခြင်း၊ Forex စျေးကွက်အတွင်း အပြောင်းအလဲ တစုံတရာဖြစ်ပေါ်ပါက settings များကို အလိုအလျောက်ပြောင်းလဲခြင်း အစရှိသော လုပ်ဆောင်ချက်များ ပါဝင်နိုင်ပါသည်။

ဥပမာပေးရလျှင်- သင့်အနေဖြင့် Forex ကုန်သွယ်ရေး စနစ်တခုအား ဖန်တီးလိုက်သည်။ ယင်းစနစ်အရ stochastic oscillator သည် 80 Level အထက်တွင် ရှိနေပြီး မတူညီသောကာလများမှ ပျမ်းမျှရွေ့လျားမှု(MAs) နှစ်လိုင်း ဆုံဆည်းသော​အခါတွင် ကုန်သွယ်မှုဖွင့်လှစ်ရန် အချက်ပြမည်ဖြစ်သည်။ Stop loss (အရှုံးကန့်သတ်ချက်) အား 20 ပွိုင့် အကွာအဝေးတွင် သတ်မှတ်၍ အမြတ်ရလာဒ်အား 30 တွင်သတ်မှတ်ထားသည်။ ပရိုဂရမ်မာတဦးသည် ဤစနစ်တွင် အခြေခံ၍ ကုဒ်များကို ရေးဆွဲထားသည်။ ဖန်တီးလိုက်သောစနစ်အား Forex ကုန်သွယ်ရေးစနစ်တွင် တပ်ဆင်၍ အသက်သွင်းလိုက်သည်။ ထိုအခါ ယင်းအကြံပေးစနစ်သည် ကုဒ်များ တွင် သတ်မှတ်ထားသော လှုပ်ရှားမှုများအား အလိုအလျောက် စတင် ဆောင်ရွက်မည်ဖြစ်သည်။

Forex ကုန်သွယ်ရေးအကြံပေးစနစ်များအကြောင်းကို ဤသုံးသပ်ချက်တွင် ဖတ်ရှုနိုင်ပါသည်။

Automated Forex Trading Robots များမှာ အမှန်ပင် အလုပ်ဖြစ်ပါသလား။

LiteFinance: Automated Forex Trading Robots များမှာ အမှန်ပင် အလုပ်ဖြစ်ပါသလား။

အပြည့်အဝ အလိုအလျောက် ကုန်သွယ်ပေးသော Forex ရိုဘော့များအား အွန်လိုင်းတွင် အခပေး၍သော်လည်းကောင်း အခမဲ့သော်လည်းကောင်း ရာနှင့်ချီ၍ ရှာဖွေနိုင်ပါသည်။ ငှင်းတို့အားလုံးသည် အကျိုးအမြတ်ရှာဖွေနိုင်ကြလိမ့်မည်ဟု တသမတ်တည်း မယူဆသင့်ပါ။ ၎င်းတို့အား အသုံးပြုသော ကုန်သည်၏ settings များကို သေချာစွာရွေးချယ်နိုင်မှု၊ Forex ကုန်သွယ်ရေးရိုဘော့အား ရပ်တန့်ရမည့် အချိန်ကို ကောင်းစွာ သဘောပေါက်ခြင်း၊ ဆုံးရှုံးမှုအန္တရာယ်အား အကဲဖြတ်နိုင်ခြင်းစသော အရည်အချင်း များပေါ် မူတည်၍ အကျိုးအာနိသင်ရရှိမှုချင်း ကွဲပြားနိုင်ပါသည်။ Forex ကုန်သွယ်ရေး ရိုဘော့တခုတွင် လိုတိုင်းတ၍ရနိုင်သော တန်ခိုးများ မရှိပါ။ ၎င်းသည် မှန်ကန်စွာ အသုံးပြုတတ်သူအတွက် အလုပ်လုပ်ရာတွင် ပိုမိုလွယ်ကူစေသော အထောက်အကူပြု ကိရိယာတခုသာဖြစ်သည်။ မှန်ကန်စွာ အသုံးမချတတ်ပါက "မျောက်လက်ထဲ လက်ပစ်ဗုံးထည့်ပေးလိုက်သကဲ့သို့" ဆိုးကျိုးကိုသာ ပို၍ ဖြစ်ပေါ်စေပြီး မိမိငွေကြေးများအား ဆုံးရှုံးရနိုင်ပါသည်။

Forex ကုန်သွယ်ရေး ရိုဘော့များအား အသုံးပြုနည်းကို မည်သို့ လေ့လာရမည်နည်း။

  1. အခမဲ့ရယူနိုင်သော ရိုဘော့များဖြင့် စတင်ပါ။ ၎င်းတို့တွင် မည်သည့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု indicator အား အသုံးပြုသည်ကို မိမိအနေဖြင့် နားလည်ထားရန် လိုအပ်ပါသည်။ (အချို့သော Forex ရိုဘော့များသည် binary option ကုန်သွယ်ရေးအား ၎င်းတို့၏ အစိတ်အပိုင်း တခုအဖြစ် လုပ်ဆောင်ကြပြီး၊ အချို့မှာမူ binary option ကုန်သွယ်ရေး တမျိုးထဲကို သာ လုပ်ဆောင်ကြသည်)။ ထို့အ​​ပြင် ၎င်းတို့အလုပ်လုပ်သော ကုန်သွယ်ရေး အမျိုးအစားများနှင့် အချိန်ကန့်သတ်ချက်များ၊ Forex ကုန်သွယ်ရေးအချက်ပြမှုများ ​ပြုလုပ်သော အချိန်၊ ကုန်သွယ်မှု ပမာဏအား တွက်ချက်သောနည်းလမ်း စသည်များကို နားလည်ရန် လိုအပ်ပြီး၊ ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲခြင်းနှင့် ကုန်သွယ်ရေး သတ်မှတ်ချက်များအား မည်သို့ ထည့်သွင်းရမည် ကိုလည်း သိရှိထားရန် လိုအပ်ပါသည်။

  2. ဒီမိုအကောင့်တခုအားအသုံးပြုပါ။ မိမိစိတ်ကြိုက်ရလာဒ်ထွက်ပေါ်သည်အထိ သို့မဟုတ် အနည်းဆုံးအနေနှင့် အယ်လ်ဂိုရီသမ် Forex ကုန်သွယ်ရေး စည်းမျဥ်းများကို နားလည်သည်အထိ ဒီမိုအကောင့်ဖြင့် လေ့ကျင့်ပါ။

  3. အကြံပေးစနစ်အား စမ်းသပ်ပါ။ Cent အကောင့်တခုဖြင့် စတင်ပါ။ စမ်းသပ်မှုအပြီးတွင် တိုးတက်လာသော အကောင့်တန်ဖိုး နှင့် ကိန်းဂဏန်းများကို မြင်တွေ့ရသင့်ပါသည်။ လက်တွေ့ကုန်သွယ်သည့်အခါ ဆိုးဝါးသော ရလာဒ်ဖြစ်ပေါ်ခဲ့ပါက အကြောင်းရင်းများကို ရှာဖွေပါ။

  4. Forex ကုန်သွယ်ရေးအကြံပေးစနစ်အား အောက်ပါအခြေအနေများတွင် အသုံးပြုသင့်ပါသည်။
    • Scalping/HFT(မြန်နှုန်းမြင့်ကုန်သွယ်ခြင်း)။ ဤမတူညီသော နည်းဗျူဟာနှစ်ခုတွင် ကုန်သွယ်မှု အဖွင့်၊အပိတ်များနှင့် ဆုံးဖြတ်ချက်ချခြင်းတို့အား လျင်မြန်စွာ လုပ်ဆောင်နိုင်ရန် အရေးကြီးပါသည်။ Forex ကုန်သွယ်ရေး ရိုဘော့အမျိုးမျိုးအား ခရစ်ပတို ငွေကြေးယူနစ်များ၏ လျင်မြန်လှသော စျေးနှုန်းရွေ့လျားမှုအား အမှီလိုက်ရန် အသုံးပြုကြလေ့ရှိသည်။

    • လူနှင့်ရိုဘော့ ပေါင်းစပ်ကုန်သွယ်ခြင်း နည်းဗျူဟာများ။ Forex ကုန်သွယ်ရေးရိုဘော့များမှ အလိုအလျောက် ကုန်သွယ်မှု ဆောင်ရွက်စဥ်တွင် ကုန်သည်မှ လူကိုယ်တိုင် ဆောင်ရွက်ရသော ကုန်သွယ်ရေးနည်းဗျူဟာများဖြင့် အလုပ်လုပ်နိုင်သည်။ နည်းပါးသော မာဂျင်ပမာဏဖြင့် အလိုအလျောက်ကုန်သွယ်မှု ဖွင့်လှစ်ခြင်းအား ဤနည်းလမ်းတွင် ထည့်သွင်းစဥ်းစားသင့်သည်။

    • သင့်တွင် သက်သေပြနိုင်သော ကုန်သွယ်ရေး နည်းဗျူဟာတခုရှိသည်။ အကယ်၍ သင့်တွင် သက်သေပြနိုင်သော Forex ကုန်သွယ်ရေး အယ်လ်ဂိုရီသမ်တခု ရှိခဲ့ပါက — ကုဒ်များအဖြစ်သို့ ဘာသာပြန်ဆိုပါ(ကွန်ပျူတာပရိုဂရမ်ဆိုင်ရာ အရည်အချင်း အချို့ လိုအပ်ပါသည်). ဤနည်းလမ်းသည် သင့်အား အချိန်ကုန်သက်သာရန် ကူညီပေးပါ လိမ့်မည်။

တဖြည်းဖြည်းနှင့် ​ယခင် သမာရိုးကျ Forex ကုန်သွယ်ရေး ရိုဘော့များနေရာတွင် စက်ပိုင်းဆိုင်ရာ နားလည်မှု ပါဝင်သော အာရုံခံကွန်ယက်များက အစားထိုးဝင်ရောက်လာကြသည်။ အကောင်းဆုံး Forex ကုန်သွယ်ရေးရိုဘော့များသည် ထည့်သွင်းထားသော ဒေတာများနှင့် သတ်မှတ်ပစ်မှတ်များအပေါ် အခြေခံ၍ ထောင်ပေါင်းများစွာသော သင်္ချာအယ်လ်ဂိုရီသမ်များကို တွက်ချက်ကာ အကောင်းဆုံးတခုအားရွေးချယ်ပြီး Forex စျေးကွက်အပြောင်းအလဲများနှင့် လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ လက်ရှိအချိန်ထိမှာမူ ထိုအကောင်းဆုံး Forex ရိုဘော့များအား အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများကသာ အသုံးပြုကြသည်။

LiteFinance: Automated Forex Trading Robots များမှာ အမှန်ပင် အလုပ်ဖြစ်ပါသလား။

အလိုအလျောက်ကုန်သွယ်ရေးစနစ်၏ အားသာချက်၊ အားနည်းချက်များ။

Forex ကုန်သွယ်ရေးရိုဘော့များ၏ အားသာချက်များ။

  • ဝါရင့်ကုန်သည်တ​ယောက်အား အချိန်ကုန် သက်သာစေခြင်း။ Forex EAs သည် စျေးကွက်ခွဲခြမ်း စိတ်ဖြာခြင်းနှင့် ကုန်သွယ်ရေး အချက်ပြမှုများကို ရှာဖွေခြင်းတို့အား ဆောင်ရွက်ပေးသည်။
  • ကုန်သွယ်မှုများအား စီမံခန့်ခွဲခြင်းနှင့် စည်းကမ်းချမှတ်ခြင်းများကို ပို၍အားကောင်းလာစေခြင်း။ ဆုံးဖြတ်ချက်များပြုလုပ်ရာတွင် လူသားတို့၏ ငြင်းပယ်ခြင်း၊ မျှော်လင့်ချက်၊ လောဘ၊ သံသယနှင့် စိတ်ပင်ပန်းမှုများသည် မှန်ကန်သောလမ်းကြောင်းမှ သွေဖယ်စေသည်။ Forex ကုန်သွယ်ရေး ရိုဘော့များသည် ၎င်းတွင်ထည့်သွင်းထားသော ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲခြင်းများနှင့် ကုန်သွယ်ရေးစည်းမျဥ်းများအတိုင်း အတိအကျ လုပ်ဆောင်သည်။
  • စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများမရှိခြင်း။ အဆင့်မြင့်ကုန်သည်များအပါအဝင် ကုန်သည် အတော်များများ သည် စိတ်ဖိစီးမှု စိတ်ပင်ပန်းမှုများကြောင့် အမှားအယွင်းများ ပြုလုပ်မိတတ်ကြသည်။ Forex ကုန်သွယ်ရေး အကြံပေးစနစ်ကို အသုံးပြုခြင်းဖြင့် ဤပြဿနာများအား လျော့ချနိုင်ပါသည်။
  • အလိုအလျောက်ကုန်သွယ်ပေးခြင်း။ Forex ကုန်သွယ်ရေးရိုဘော့များသည် ကနဦး သတင်းအချက်လက်များအား စုဆောင်း၍ သင်္ချာတွက်ကိန်းများတွင်အခြေခံပြီး ဖြစ်စဥ်တခု၏ ကိန်ဂဏန်းအလားအလာများကို ခန့်မှန်းနိုင်သည်။ ဥပမာအားဖြင့် ကောင်းမွန်သောလမ်းကြောင်း တခု၏ အစအပေါ်အခြေခံ၍ ကုန်သွယ်ရေး ဆုံးဖြတ်ချက်များကို ပြုလုပ်နိုင်သည်။
  • ကုန်သွယ်ရေးအထောက်အကူပြုကိရိယာများ။ Forex ကုန်သွယ်ရေးရိုဘော့များသည် ကုန်သွယ်မှုများအား တိုက်ရိုက်လုပ်ဆောင်ပေးခြင်းအပြင်၊ ကုန်သွယ်ရေးအတွက် လိုအပ်သော အကူအညီများကိုလည်း လုပ်ဆောင်ပေးပါသည်။ ဥပမာ- ဇယား ပုံသဏ္ဍန်များကို ရှာဖွေခြင်း၊ လက်ရှိ Spread ပမာဏအားအကဲဖြတ်ခြင်း၊ ဇယားပေါ်တွင် Forex ကုန်သွယ်ချိန်များရေးဆွဲခြင်း စသည့်တာဝန်များဖြစ်သည်။ ဤလုပ်ဆောင်ချက်များသည် ဝါရင့်ကုန်သည်တယောက်အား ကိုယ်တိုင်ကုန်သွယ်မှုများပြုလုပ်ရန်အတွက် လိုအပ်သော သတင်းအချက်အလက်များကို ပံ့ပိုးပေးပါသည်။

အခြားသော အားသာချက်တခုမှာ အလိုအလျောက်ကုန်သွယ်ရေးစနစ်များ ပေါင်းစည်းခြင်း ဖြစ်သည်။ ကုန်သွယ်ရေးပလက်ဖောင်းများစွာတို့တွင် တူညီသောကုန်သွယ်ရေးအမျိုးအစားအတွက်ပင်ဖြစ်စေ မတူညီသော Forex ကုန်သွယ်ရေးရိုဘော့များအား တပြိုင်တည်းတွင် အသုံးချနိုင်သည်။ စပေါ်ငွေအပေါ် အကျိုးသက်ရောက်မှုမရှိသော ကုန်သွယ်ရေးနည်းဗျူဟာအမျိုးမျိုးအား ပေါင်းစပ်အသုံးချခြင်းမှာ သင့်တော်ပါသည်။

Forex ကုန်သွယ်ရေးရိုဘော့များ၏ အားနည်းချက်များ။

  • လိုက်လျောညီထွေမရှိခြင်း။ Forex စျေးကွက်၏ သဘာဝမှာ အစိုးမရခြင်းပင်ဖြစ်သည်။ စျေးကွက်သည် အခြေခံအကြောင်းတရားများ၊ Forex စျေးကွက်ဖန်တီးသူတို့၏ လှုပ်ရှားမှုများနှင့် မမျှော်လင့်သော ဖြစ်ရပ်များ၏ လွှမ်းမိုးမှုအောက်တွင် ရှိသည်။ ၎င်းအကြောင်းအရာများအား ကြိုတင်မှန်းဆမရနိုင်သလို ကုဒ်များဖြင့် ရေးဆွဲ၍ ထည့်သွင်းမထားနိုင်ပါ။ ထို့ကြောင့် Forex ကုန်သွယ်ရေးရိုဘော့များ၏ settings များ သို့မဟုတ် ကုန်သွယ်ရေးအယ်လ်ဂိုရီသမ်များကို ပုံမှန်ချိန်ညှိထိန်းသိမ်းပေးရန် လိုအပ်ပါသည်။ သို့ရာတွင် ထို့ကဲ့သို့ လုပ်ဆောင်ရန် အချိန်မမှီလိုက်ခင်မှာပင် သင်၏ငွေများသည် အနည်းဆုံးပမာဏထိ လျင်​မြန်စွာ ကျဆင်းသွားနိုင်ပါသည်။
  • ကုန်သွယ်ရေးနည်းဗျူဟာများစွာ မသုံးသူများအတွက်သာ ထိုက်တန်သည်။ ကုန်သည်တဦးသည် စိတ်ကြိုက် လမ်းညွှန်ချက်များပါဝင်သော ကုန်သွယ်ရေးနည်းဗျူဟာတခုအား ဖန်တီးရမည်။ ငွေအကုန်အကျခံ၍ Code များအဖြစ် ပြောင်းလဲရမည်။ စမ်းသပ်မှုများပြုလုပ်ရမည်။ ၎င်းလုပ်ငန်းစဥ် အစအဆုံးအတွက် အချိန်ပေးရမည်။ အကယ်၍ ကာလရှည် ကုန်သွယ်ရေး နည်းလမ်းဖြင့် တရက်လျှင် ကုန်သွယ်မှု တခု၊ နှစ်ခုသာ ဆောင်ရွက်သော ကုန်သည်များအတွက် အရှေ့တွင်ဖော်ပြထားသော အချိန်၊ ငွေကြေး၊ နည်းပညာအရင်းအမြစ်များ အား သုံးစွဲရန် ထိုက်တန်ခြင်း ရှိမရှိဆိုသည်မှာ စဥ်းစားသင့်သော အချက်ဖြစ်ပါသည်။
  • ကုဒ်မညီညွတ်ခြင်း။ Forex ကုန်သွယ်ရေးရိုဘော့၏ ကုဒ်နှင့် ကုန်သွယ်ရေး ပလက်ဖောင်း၏ ကုဒ်တို့မကိုက်ညီခဲ့လျှင် ၎င်းစနစ်သည် အလုပ်လုပ်မည်မဟုတ်ပါ။ အကယ်၍ သင့်အနေဖြင့် မိမိစိတ်ဝင်စားသော Expert Advisor တခုအားတွေ့ခဲ့လျှင် ကုန်သွယ်ရေးပလက်ဖောင်းနှင့် ကိုက်ညီအောင် ပြန်လည်ရေးဆွဲခြင်း သို့မဟုတ် ကုန်သွယ်ရေးပလက်ဖောင်းပြောင်းလဲခြင်းများ ပြုလုပ်ရပါမည်။ ဥပမာအားဖြင့် MT4 ပလက်ဖောင်းသည် MQL4 ကိုအားပေးပြီး၊ MT5 ပလက်ဖောင်းသည် MQL5 ကိုအားပေးသည်။ cTrader သည် C#ကို အားပေးသည်။ အချို့သော ကုန်သွယ်ရေး ပလက်ဖောင်းများသည် စိတ်ကြိုက်ချိန်ညှိထားသော ပရိုဂရမ်ဆော့ဖ်ဝဲလ်များအား လုံးဝ လက်မခံကြပါ။
  • အာမခံချက်မရှိခြင်း။ အကျိုးအမြတ်ကိုသာ အမြဲတမ်းရလိမ့်မည်ဟူသော အာမခံချက်မရှိပါ။ စမ်းသပ်မှုမပြုလုပ်ရသေးသော အကြံပေးစနစ်တခုတွင် မည်သည့်နေရာတွင် မမျှော်လင့်သော ပြသနာပေါ်ပေါက်မည်ကို ကြိုတင်မသိနိုင်ပါ။ အမှားအယွင်းများအား ခံနိုင်ရည်ရှိသော စနစ်မရှိပါ။
  • ၂၄ နာရီလုံး လည်ပတ်နေရန် လိုအပ်သည်။ ဤပြဿနာအား ဖြေရှင်းရန် VPS (virtual private server)တခုအား ငှားရမ်း၍ အကြံပေးစနစ်အား ကွန်ပျူတာတွင်မဟုတ်ပဲ VPS ပေါ်တွင် နေရာချထားနိုင်သည်။

Forex ကုန်သွယ်ရေးရိုဘော့များ၏ ရည်ရွယ်ချက်မှာ ကုန်သွယ်ရေးလုပ်ငန်းစဥ်တွင် လူသားတို့၏ ပါဝင်မှုအား အနည်းဆုံးထိလျှော့ချရန် ဖြစ်သော်လည်း ၎င်းတို့အား ပုံမှန်စောင့်ကြည့်ထိန်းသိမ်းရန် လိုအပ်ပါသည်။ အချို့သော အခြေအနေများတွင် အလိုအလျောက်ကုန်သွယ်ရေး စနစ်ကိုပိတ်ပြီး လူကိုယ်တိုင် ကုန်သွယ်ခြင်းက ပို၍ ကောင်းမွန်ပါသည်။

အကောင်းဆုံး Forex ရိုဘော့များကို ရွေးချယ်ရာတွင် ကျွန်ုပ်တို့ အသုံးပြုလေ့ရှိသော စံသတ်မှတ်ချက်များ။

LiteFinance: အကောင်းဆုံး Forex ရိုဘော့များကို ရွေးချယ်ရာတွင် ကျွန်ုပ်တို့ အသုံးပြုလေ့ရှိသော စံသတ်မှတ်ချက်များ။

မည်သည့်အရာကိုဖြစ်စေ သင်၏ Forex ကုန်သွယ်ရေးတွင် လ​က်တွေ့အသုံးမပြုမှီ အစမ်းသပ်ခံ ဆော့ဖ်ဝဲလ်တခု သို့မဟုတ် ဒီမိုအကောင့်တခုတွင် စမ်းသပ်ကြည့်ရန် အကြံပြုလိုပါသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သင်၏ Forex ကုန်သွယ်ရေးနည်းပညာအတွက် မည်သည့်ရိုဘော့က အကောင်းဆုံးဖြစ်သည်ကို သဘောပေါက် နားလည်နိုင်ပါလိမ့်မည်။

Forex ကုန်သွယ်ရေး ဝက်ဘ်ဆိုဒ်စာမျက်နှာများတွင် အကျိုးအမြတ်ရှာဖွေပေးသော အကြံပေးစနစ် ကြော်ငြာများနှင့် အကျိုးအမြတ်ရရှိမှု ဇယားများကို ဝေဝေဆာဆာမြင်တွေ့ရနိုင်ပါသည်။ ထိုကြော်ငြာများ သည် သင်၏အတွင်းစိတ်အား လှုံ့ဆော်လိုက်ပြီးနောက် သင်၏စိတ်တွင် "အမှန်သာ ဖြစ်ခဲ့လျှင်" ဟူသော အတွေးမျိုး ပေါ်ပေါက်လာပြီး ယုံကြည်အားကိုးစိတ်များ ဖြစ်ပေါ်လာပါ လိမ့်မည်။ စိတ်မကောင်းဖွယ်ရာ နှိုင်းယှဥ်ပြရလျှင် ၎င်းတို့သည် အကြွေစေ့လောင်းကစားစက်များတွင် ကစားသူများ၏ လောဘစိတ်ကို လှုံ့ဆော်၍ ငွေအမြောက်အများ ဆုံးရှုံးခဲ့စေသော မက်လုံးများနှင့် အတူတူပင်ဖြစ်သည်။ ၎င်းမက်လုံးများ အား နားဝင်လေ၊ သင်၏ ငွေကြေးအခြေအနေပိုဆိုးလေ ဖြစ်မည်မှာ သေချာပါသည်။ သင်၏အသိဥာဏ်အား လောဘစိတ်က အနိုင်မယူစေရန် သတိပြုပါ။ အဘယ်ကြောင့်ဆိုသော် သင်ရင်းနှီးရမည်မှာ ငွေတန်ဖိုးအစစ်များ ဖြစ်ပါသည်။ အကယ်၍ ဆုံးရှုံးခဲ့ပါလျှင် သင်နားယောင်ခဲ့သော မက်လုံးများမှာ မည်သည့်ဆုံးရှုံးမှုကိုမှ အလျော်ပေးနိုင်မည်မဟုတ်ပါ။

Forex ကုန်သွယ်ရေးတွင် သင်သုံးစွဲနေသော အထောက်အကူပြုကိရိယာများ အကြောင်းကို သင်ကိုယ်တိုင် နားမလည်ခဲ့ပါလျှင် အောင်မြင်မှုကို ရရှိရန် မသေချာပါ။

Forex ကုန်သွယ်ရေးသည် အကျိုးအမြတ်ရှိသော ကုန်သွယ်မှုများကိုသာ လုပ်ဆောင်သည် မဟုတ်ပဲ အကျိုးမရှိ၊ စိတ်မသက်မသာဖြစ်စေသော ကုန်သွယ်မှုများကိုလည်း လုပ်ဆောင်တတ်ကြောင်း ရှင်းလင်းတင်ပြလိုပါသည်။ ဤနေရာတွင် "အတွဲလိုက်ကုန်သွယ်မှု" သဘောတရားလည်း ရှိနေပါသည်။ သင့်တွင် ကောင်းမွန်စွာဖွဲ့စည်းထားသော အကျိုးအမြတ်ပေးစွမ်းနိုင်သည့် ကုန်သွယ်ရေး နည်းဗျူဟာ တခုရှိခဲ့ပါက၊ ၎င်းနည်းဗျူဟာသည် မည်သည့်ကာလများတွင် အကျိုးပြု၍ မည်သည့်ကာလများတွင် ဆုံးရှုံးစေနိုင်ကြောင်း သိရှိနားလည်ထားလျှင် ကုန်သွယ်မှုများ အတွဲလိုက် ဆုံးရှုံးရန် အခွင့်အလမ်း နည်းပါလိမ့်မည်။ အရိုးရှင်းဆုံး ဥပမာပေးရလျှင်- သင့်တွင် ပျမ်းမျှရွေ့လျားမှုအမှတ် (MA) နှစ်ခုအား အခြေခံထားသော အပေါင်းလက္ခဏာဆောင်သည့် လမ်းကြောင်းအလိုက်ကုန်သွယ်ရေး နည်းလမ်းတခု ရှိနေသည်။ ထိုအခိုက်အတန့်တွင် Forex စျေးကွက်၌ ဘေးတိုက်အရွေ့ (စျေးနှုန်းအတက်အကျ မရှိသောအခြေအနေ) တခု ပေါ်ပေါက်လာသည်။ ဤစနစ်၏လည်ပတ်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဦးတည်ချက်ရှိသော လမ်းကြောင်းများတွင် သင့်အတွက် အကျိုးအမြတ်ရှိသော ကုန်သွယ်မှုများ ရရှိမည်ဖြစ်ပြီး အလျားလိုက်/ဘေးတိုက်/ကန့်လန်ဖြတ် လမ်းကြောင်းများ(စျေးနှုန်းမရွေ့လျားသော အခြေအနေ)တွင် ဆုံးရှုံးမှုများ ပေါ်ပေါက်မည် ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းနည်းဗျူဟာအရ အလျားလိုက်လမ်းကြောင်းမျိုးတွင် အတွဲလိုက် ဆုံးရှုံးသော ကုန်သွယ်မှုများ ဖြစ်ပေါ်မည် ဖြစ်သည်။ ဤကုန်သွယ်ရေးနည်းဗျုဟာအရ ဤအချိန်တွင် ဤသို့ဖြစ်မည်ကို သိရှိထားပါက ကြိုတင်၍ အသင့်ပြင်ထားနိုင်ပါသည်။ အကယ်၍ သင့်အနေဖြင့် မည်သည့် Forex ကုန်သွယ်ရေး အယ်လ်ဂိုရီသမ်အား အခြေခံထားသည်ကို မသိရှိသောအခါ တတိယမြောက်ကုန်သွယ်မှု စတင်ဆုံးရှုံးပြီး စတုတ္ထ၊ ပဥ္စမများ၏ ဆက်တိုက်ဆုံးရှုံးမှုကို မြင်တွေ့ရသောအခါ စိတ်မသက်မသာဖြစ်ခြင်းနှင့် ပူပင်ခြင်းများကို သေချာပေါက်ခံစားရပါလိမ့်မည်။ မိမိမောင်းနေသောကား ရုတ်တရက် စက်ရပ်သွားချိန်တွင် စိတ်မသက်မသာဖြစ်ရသော ခံစားချက်မျိုးနှင့် အသွင်တူပါသည်။ ဆုံးရှုံးမှု အတိုင်းအတာ / ပျက်စီးမှု အတိုင်းအတာကို မသိကြသောအခါ ပို၍ စိတ်ဖိစီး ပူပင်ကြရပါသည်။

အကယ်၍ သင်သည် အကျိုးအမြတ်ပေးစွမ်းသော Forex ကုန်သွယ်ရေး နည်းဗျူဟာတခုအား ထူထောင်ထားပြီး မည်သည့်ကာလများတွင် အကျိုးပြုသည် မည်သည့်ကာလများတွင် အကျိုးမပြုသည်ကို သိနားလည်ထားပါက အတွဲလိုက် ဆုံးရှုံးခြင်းမျိုး နည်းပါးပါလိမ့်မည်။

အကြံပြုပါရစေ။ အကယ်၍ Forex ကုန်သွယ်ရေးရိုဘော့များဖြင့် အလိုအလျောက်ကုန်သွယ်ရေး စနစ်အား စတင်လုပ်ဆောင်ကြည့်လိုပါက ရှင်းလင်း၍ သဘောပေါက်ရန်လွယ်ကူသော Forex ရိုဘော့အား ရွေးချယ်ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မည်။ အနည်းဆုံးအနေနှင့် သင်အသုံးပြုမည့် Forex ရိုဘော့၏ ယေဘုယျအလုပ်လုပ်ပုံကို သိရှိထားသင့်ပါသည်။ "ထိပ်တန်းအကျိုးအမြတ် ပေးစွမ်းနိုင်သော အယ်လ်ဂိုရီသမ်တခုတွင် အခြေခံထားသော အကြံပေးစနစ်ဖြစ်ပြီး စျေးကွက် အပြောင်းအလဲများနှင့်အညီ အလိုအလျောက်လုပ်ဆောင်နိုင်ခြင်း" ၊ "အကြံပေးစနစ်တွင် (MA၊ ရောင်းလိုအားနှင့် ဝယ်လိုအားဈေးတန်းစသော) နောက်ဆုံးပေါ် နည်းပညာပိုင်းဆိုင်ရာ indicators များစွာ ပါဝင်သောကြောင့် အယ်လ်ဂိုရီသမ်မှာ ရှုပ်ထွေးပြီး ဖော်ပြရန် မလွယ်ကူခြင်း၊ သို့သော် ၎င်းတွင် ကုန်သွယ်ရမည့် အချိန်နှင့် နေရာကို အကောင်းဆုံး ရွေးချယ်နိုင်ခြင်း" စသော ယေဘုယျ စကားရပ်များ၏ အရူးလုပ်ခြင်းကို မခံရစေရန် သတိပြုပါ။ ကားတစီးကိုရောင်းချလိုသောသူမှ ဝယ်သူအား "ဤကားမှာ ကောင်းလွန်း၍ မိမိမှာ ပိုက်ဆံရှိလျှင် ကိုယ်တိုင်သာမောင်းလိုက်ချင်သည်" ဟူသော ​ပြောစကားကို ယုံကြည်ကာ စမ်း၍ပင်မကြည့်ပဲ ဝယ်ယူခြင်းမျိုးနှင့် တူနေပါလိမ့်မည်။ လက်တွေ့ဘဝတွင် ထိုသို့ပြုလုပ်ကြမည်မဟုတ်ဟု ထင်ပါသည်။

အလိုအလျောက် ကုန်သွယ်ရေးစနစ်အတွက် အကောင်းဆုံး Forex ရိုဘော့ကို မည်သို့ရွေးချယ်ရမည်နည်း။

  1. အလိုအလျောက် ကုန်သွယ်ပေးသော ရိုဘော့၏ အခြေခံသဘောတရားကို နားလည်ရန် လိုအပ်သည်။ အကောင်းဆုံး ရိုဘော့များအား နောက်ဆုံးပေါ် 1-2-3 ခွဲခြမ်းစိတ်ဖြာမှု indicators များနှင့် 1-2 pattern အတည်ပြု indicators များတွင် အခြေခံ၍ တည်ဆောက်ထားကြသည်။ ဆုံးရှုံးနိုင်ချေစီမံခန့်ခြင်းနည်းလမ်းအား မတူညီသော ရိုဘော့အမျိုးမျိူးဖြင့် ပံ့ပိုးပေးရပါမည်။
  2. အောက်ပါရှုထောင့်များအား အလေးထားပါ။
    • Code - Closed code (ဥပမာ - MT4 ex4)၏ အဓိပ္ပာယ်မှာ ၎င်းကုဒ်အား ကြည့်ရှုပြင်ဆင်၍ မရဟူသော အဓိပ္ပာယ်ဖြစ်သည်။ ပရိုဂရမ်မာများသည် ကုဒ်အား အသေပြုလုပ်ထားပြီး ထိုကုဒ်အား ပုံတူကူး၍ ကိုယ်ပိုင်ပြုလုပ်ခြင်းမျိုးကို ခွင့်မပြုပါ။ ရင်းနှီးမြှုပ်နှံသူတယောက် အတွက် ဤအချက်မှာ အားနည်းချက်ဖြစ်ပါသည်။ ပွင့်လင်း မြင်သာသော အရင်းအမြစ်များ အပေါ် အခြေခံထားသော Forex ကုန်သွယ်ရေး ရိုဘော့များကို ရှာဖွေပါ။ (MT4 အတွက် mq4)
    • Settings - တဖက်မှကြည့်လျှင် setting များစွာအား ချိန်ညှိနိုင်ခြင်းမှာ အားသာချက်တခု ဖြစ်ပါသည်။ အကြံပေးစနစ်၏ လုပ်ငန်းတာဝန်တခုစီအား စိတ်ကြိုက်ချိန်ညှိနိုင်သည်။ အခြားဘက်မှ ပြန်ကြည့်လျှင် settings များစွာအား ပုံမှန်ထိန်းသိမ်းချိန်ညှိရခြင်းမှာ ရှုပ်ထွေးနိုင်ပါသည်။ သို့သော် မည်သည့် setting မှ မပါဝင်ခြင်းက ပို၍ ဆိုးဝါးပါသည်။
    • ကုန်သွယ်မှုပမာဏ တွက်ချက်ခြင်း နည်းဥပဒေသ - Martingale ဆပွားမြှောက်ကိန်း ပါဝင်သော Forex ကုန်သွယ်ရေး ရိုဘော့များတွင် အရှုံးရလာဒ်တခုဖြစ်ပေါ်ခဲ့ပါက ကုန်သွယ်မှုဖွင့်လှစ်သော ပမာဏများအား တိုးမြှင့်လေ့ရှိသည်။ ၎င်းတို့မှာ စွန့်စားမှု မြင့်မားသော Forex ကုန်သွယ်ရေး ရိုဘော့များ ဖြစ်ကြသည်။
  3. Forex ကုန်သွယ်ရေး ရိုဘော့အား အစမ်းသပ်ခံ ဆော့ဖ်ဝဲလ်တခုတွင် အလုပ်လုပ်​စေခြင်း။ သင်၏ Forex ရိုဘော့ အဆက်မပြတ် အလုပ်လုပ်နေချိန်တွင် အောက်ပါ အချက်များကို သတိပြုပါ။

    • အကောင့်၏လက္ခဏာ (Equity) - ရင်းနှီးငွေပြသသည့် မျဥ်းကွေးသည် အတက်ဘက်ဦးတည်၍ ချောမွေ့နေသင့်သည်။ Martingale သီအိုရီသက်ရောက်မည့် ကုန်သွယ်စွမ်းအား ယာယီကျဆင်းမှုအမှတ်မှာ ထင်ရှားသင့်သည်။ ပုံမှန်ပြောင်းလဲနေသော စျေးကွက်တွင် Forex ကုန်သွယ်ရေးစနစ်၏ လိုက်ပါပြောင်းလဲမှုအား အကဲဖြတ်သင့်သည်။ အကောင့် တန်ဖိုး၏ နောက်ဆုံးအပိုင်းအား အထူးအလေးထား၍ ကြည့်ပါ။ ရေပြင်ညီ သို့မဟုတ် အောက်ဘက်သို့ ဆင်းသက်နေပါက အကြံပေးစနစ်မှန်ကန်စွာ အလုပ်မလုပ်ဟု သုံးသပ်နိုင်ပါသည်။

    • အများဆုံးကုန်သွယ်စွမ်းအားကျဆင်းမှု ပမာဏ (Maximum drawdown) - ဤပမာဏ ပိုကြီးလေ မကောင်းလေဟု ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လက်တွေ့ကုန်သွယ် သည့် အကောင့်တခုတွင် မိမိအပ်ငွေပမာဏ တစိတ်တပိုင်းကို ကာကွယ်ရန် မည့်သည့် အချိန်တွင် အကြံပေးစနစ်၏ အရှေ့မှ လူကိုယ်တိုင် ဦးဆောင်သင့်သည်ကို ဆုံးဖြတ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

    • ကုန်သွယ်မှုများ တောက်လျှောက်ဆုံးရှုံးခြင်းမှာ လက်ခံနိုင်သော အတိုင်းအတာထိသာ ဖြစ်ရပါမည်။ ကုန်သွယ်မှု ငါးခုနှင့်အထက် တတန်းတည်းဆက်တိုက် ဆုံးရှုံးခြင်းသည် များလွန်းသည်ဟု ဆိုနိုင်သည်။

    • အမြတ်ရသောကုန်သွယ်မှုများနှင့် အမြတ်မရသော ကုန်သွယ်မှုများ အချိုး - ဤအချိုးမှာ အနီးစပ်ဆုံးတူညီသင့်ပါသည်။ အကယ်၍ ဆုံးရှုံးသော ကုန်သွယ်မှုမှာ သိသိသာသာ ပိုများနေပါက Forex ကုန်သွယ်ရေးရိုဘော့သည် သေးငယ်သော ကုန်သွယ်မှုများစွာကို ဆုံးရှုံးခဲ့ပြီး အမြတ်ရသော ကုန်သွယ်မှုအကြီးစားတခုနှင့် အကာအကွယ်ယူခဲ့သည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ဤကုန်သွယ်ရေးနည်းဗျူဟာမျိုးမှာ လက်ခံ၍ ရသော်လည်း စွန့်စားမှုပမာဏ မြင့်မားလွန်းပါသည်။
  4. Live အကောင့်ဖြင့် အကဲဖြတ်ကြည့်ပါ ။ Live အကောင့်တွင် တကြိမ်မှအသုံးချဖူးခြင်းမရှိသော Forex ကုန်သွယ်ရေး ရိုဘော့များအား အကြံမပြုလိုပါ။

  5. အခပေးသုံးစွဲရသော ကုန်သွယ်ရေး ရိုဘော့များအတွက် အမြတ်ရရှိမှုနှုန်းအား တွက်ချက်ပါ။ ပထမဆုံး အချက်အလက်မှာ စမ်းသပ်ကာလတွင် အမြတ်ရရှိမှုပမာဏ ဖြစ်သည်။

အကယ်၍ နောက်ကြောင်းပြန်စစ်ဆေးမှုတွင် ကျဆင်းမှုများရှိခဲ့ဖူးကြောင်း တွေ့ရှိယုံဖြင့် ယင်း Forex ရိုဘော့အား ပယ်ချရန် အလျင်မလိုသင့်ပါ။ အချို့သော Forex ကုန်သွယ်ရေးရိုဘော့များသည် အယ်လ်ဂိုရီသမ်ကြောင့် တချိန်မဟုတ် တချိန်တွင် အကောင့်ငွေပမာဏကို ကျဆင်းစေတတ်သော်လည်း အကျိုးအမြတ်ရှာဖွေနိုင်သော ဧရိယာတွင် ရှေးရိုးစွဲစနစ်များထက် များစွာ အစွမ်းထက်၍ အမြတ်ရရှိမှုသာလွန်နေတတ်ကြပါသည်။ သင်လုပ်ဆောင်ရမည့်တာဝန်မှာ ကဏ္ဍအားလုံးကို ခွဲခြမ်းစိတ်ဖြာရန်၊ တန်ဖိုး ဆန့်ကျင်ဘက်သို့ဦးတည်သော ကာလကို ဆုံးဖြတ်ရန်၊ Forex စျေးကွက်မှ အချိန်မှီထွက်ခွာရန်ဖြစ်သည်။ ၎င်း Forex ရိုဘော့အမျိုးအစား၏ နမူနာမှာ IIan ဖြစ်သည်။ ထိုအကြောင်းအား အောက်တွင် ရှင်းပြထားပါသည်။

MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

လုပ်ငန်းစဥ်အစဆုံးကို စတင်ရန် အလိုအလျောက် Forex ကုန်သွယ်ရေး အမျိုးအစားပေါင်းစုံ၏ ထည့်သွင်းမှုနည်းလမ်းကို ဦးစွာ ကြည့်ကြရအောင်။ ကံကောင်းထောက်မစွာပင် Forex ကုန်သွယ်ရေးရိုဘော့ အမျိုးအစားအားလုံးအတွက်နည်းလမ်းမှာ အတူတူသာဖြစ်သည်။

  1. Metatrader 4နှင့်5 ၏ Forex ကုန်သွယ်ရေး အကြံပေးစနစ်များတွင် .ex4 သို့မဟုတ် .mql စသော နောက်ဆက်တွဲ တခုမဟုတ်တခု ပါရှိလေ့ရှိသည်။ သို့သော် တခါတရံတွင် မှန်ကန်သောလည်ပတ်မှု ကို ရရှိရန် Forex ကုန်သွယ်ရေး တာမင်နယ်တွင် မပါဝင်သော နည်းပညာပိုင်းဆိုင်ရာ indicators များနှင့် လိုအပ်သောပရိုဂရမ်များအား ထပ်မံ​​ဖြည့်သွင်းတပ်ဆင်ရန် လိုအပ်သည်။
  2. အကြံပေးစနစ်ပါဝင်သောဖိုင်အား ရွေးချယ်ပါ။ (.ex4 သို့မဟုတ် .mql)
  3. MT4 တာမင်နယ်အား ထည့်သွင်းထားသော ဖိုင်တွဲ အားဖွင့်ပါ။

    LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

  4. MQL4 သို့မဟုတ် MQL 5 ဖိုင်အား ရှာဖွေပါ၊ MQL5 ရှိ Experts ဆိုသော ဖိုင်တွဲအောက်သို့ ကုန်သွယ်ရေးရိုဘော့ဖိုင် (.ex4 သို့မဟုတ် .mql) ကို ထည့်သွင်းပါ။ ဤနေရာတွင် အရန်ဖိုင်များကို ကူးထည့်စရာမလိုပါ။

    LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

  5. ဆက်လက်၍ အကူအညီ​ပေးမည့် အရန်ဖိုင်များအား မည်သို့လုပ်ဆောင်ရမည်ကို ကြည့်ကြရအောင်။ ၎င်းဖိုင်များအား Experts သို့မဟုတ် MQL5 အစရှိသည့် သက်ဆိုင်ရာဖိုင်တွဲများသို့ ကူးယူနိုင်သည်။
    • နောက်ဆက်တွဲဖိုင်မှာ .set ဖြစ်ပါက၊ Presents ဖိုင်တွဲအောက်သို့ ကူးယူပါ။
    • နောက်ဆက်တွဲဖိုင်မှာ .dll ဖြစ်ပါက Libraries ဖိုင်တွဲအောက်သို့ ကူးယူပါ။
    • Indicators များပါဝင်သည့် ဖိုင်တွဲအား Indicators ဖိုင်တွဲအောက်သို့ ကူးယူပါ။ (၎င်းဖိုင်များတွင်လည်း .ex4 သို့မဟုတ် .mql နောက်ဆက်တွဲဖိုင်များ ပါဝင်နိုင်သည်။ ယင်းတို့အား Expert Adviser(EA builder)များမှ ၎င်းတို့၏ အမည်ဖြင့် ခွဲခြားနိုင်သည်။)

    LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

  6. ဖိုင်များအားလုံးအား သက်ဆိုင်ရာ ဖိုင်တွဲများအောက်တွင် နေရာချထားခြင်း မှန်ကန်မှု ရှိမရှိ စစ်ဆေးပါ။
  7. အားလုံးအဆင်ပြေပါက MetaTrader 4 သို့မဟုတ် 5 အားစတင်ပါ။ (ယခင်ကတည်းက ဖွင့်ထားပြီး ဖြစ်နေပါက၊ Restart ပြုလုပ်ပါ)
  8. တာမင်နယ်ပွင့်လာလျှင် စာမျက်နှာထိပ်ဆုံးရှိ "Service" ခလုတ်ကိုနှိပ်၍ "Settings" ကိုရွေးချယ်ပါ။

    LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

  9. ယခုအဆင့်တွင် အကြံပေးစနစ်အား စတင်လည်ပတ်ရန် လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်ရန် "Advisors" ခလုပ်ကိုနှိပ်၍ အောက်ပါ ပုံတွင်ပြထားသော အကွက်များကို စစ်ဆေးပါ။ ပြီးနောက် "OK" ကိုနှိပ်ပါ။

    LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

  10. အကြံပေးစနစ်အား သင်၏အကောင့်တွင်း (ငွေကြေးအစစ်ဖြင့် သို့မဟုတ် ငွေကြေးအတုဖြင့်) ၎င်း၏ Forex ကုန်သွယ်ရေး နည်းဗျူဟာအရ စီမံခန့်ခွဲခွင့်ပေးပြီးပါက၊ မည်သည့်ငွေကြေးအတွဲအား ကုန်သွယ်ခွင့်ပြုမည်ကို ဆုံးဖြတ်ရပါမည်။ ထိုသို့လုပ်ဆောင်ရန် ထိုကုန်သွယ်ရေးအမျိုးအစား၏ ဇယားကိုဖွင့်ပါ။
    • တာမင်နယ်၏ ထိပ်ဆုံးရှိ "File"ကိုရွေးပါ၊ ထို့နောက် "New Chart" ကိုရွေးပါ။ ထို့နောက် သင်လိုအပ်သော ကုန်သွယ်ရေးအမျိုးအစားကိုရွေးပါ။

    LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

    • Market Watch window တွင် မိမိနှစ်သက်ရာ ကုန်သွယ်ရေးအမျိုးအစား (ဦးစား ပေးကုန်သွယ်လိုသော) အား right-click နှိပ်၍ရွေးချယ်ပါ။ ထို့နောက် "Open Chart" အားရွေးပါ။

    LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

  11. ဆက်လက်၍ "Navigator" window အားဖွင့်ရန် လိုအပ်ပါသည်။ မရှိသေးပါက၊ ​ကိုယ်တိုင် ဖြည့်စွက်ရပါမည်။ ထိုလုပ်ဆောင်ချက်အတွက် တာမင်နယ်၏ ထိပ်ဆုံးမှ "View" ကိုနှိပ်၍ "Navigator"အားရွေးချယ်ပါ။
  12. ရွေးချယ်ထားသော ကုန်သွယ်ရေး အမျိုးအစား၏ ဇယားသို့ ကုန်သွယ်ရေးရိုဘော့များအား ထည့်သွင်းရမည့် အချိန်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန် "Navigator" window ရှိ "Expert" section နှင့် ဆန့်ကျင်ဘက် အပေါင်းလက္ခဏာကို နှိပ်ပါ။

    LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

  13. သင်၏ အကြံပေးစနစ်အား အမည်တပ်၍ ရှာဖွေပါ။ ညာဘက်မောက်စ်ခလုပ်အားဖိနှိပ်၍ ဇယားရှိရာသို့ ဆွဲယူပါ။

    အရေးကြီး- ဇယားတွင်ပြသထားသော အချိန်ကန့်သတ်ချက်အား သတိပြုပါ။ တခါတရံတွင် အကြံပေးစနစ်မှာ အချို့သော သတ်မှတ်ကာလများတွင်သာ အလုပ်လုပ်ရန် ဖန်တီးထားသော စနစ်ဖြစ်သည်။ ၎င်းအချက်အလက်အား description(ဖော်ပြချက်)တွင် ညွှန်ပြထားသည်။

  14. အထက်ပါအတိုင်းဆောင်ရွက်ပြီးပါက Forex ကုန်သွယ်ရေးရိုဘော့၏ settings များပါဝင်သော window တခု ပေါ်လာရပါမည်။ (ပုံတွင်ကြည့်ပါ)

    LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

    ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲခြင်း သတ်မှတ်ချက်များ၊ Forex စျေးကွက်ရှိ အပ်ငွေပမာဏ တို့အပြင် အကြံပေးစနစ်အား အသုံးပြုခြင်းအတွက် အကြုံပြုထားသော လက်ရှိ ကုန်သွယ်ရေးစည်းမျဥ်းများကို လိုက်နာလိုသော ဆန္ဒရှိမရှိအပေါ် မူတည်၍ သင့်စိတ်ကြိုက် settings များကို ချိန်ညှိနိုင်သည်။

    အကယ်၍ ရည်ရွယ်ချက်မှာ၊ ဥပမာအားဖြင့်၊ အကြံပေးစနစ်တခုအား အခြေခံသတ်မှတ်ချက်များဖြင့် စမ်းသပ်မည်ဆိုပါက၊ ၎င်းတွင် setting template ဖိုင်(.set)ပါရှိလျှင် ဤ template အား ရိုးရှင်းစွာ ဒေါင်းလုပ်ဒ် ပြုလုပ်နိုင်ပါသည်။ ထိုသို့လုပ်ဆောင်ရန် "Download" ခလုပ်ကိုနှိပ်၍ Presets ဖိုင်တွဲမှ setting ဖိုင်အားရွေးချယ်ပါ။ စာပိုဒ် ၄ နှင့် ၅ တွင် ထိုအကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

    ဖြည့်စွက်ချက်- settings များကို ပြောင်းလဲပြီးပါက တာမင်နယ်သို့ ဝင်ရောက်ချိန်တိုင်းတွင် အသစ်ပြန်လည် ချိန်ညှိရန်မလိုပါ။ "Save" ခလုပ်အားနှိပ်၍ သင်၏ ကိုယ်ပိုင် template အဖြစ် သိမ်းဆည်းထားနိုင်ပါသည်။

  15. ဆက်တင်များကို နားလည်သိရှိ၊ သတ်မှတ်ပြီးနောက် "OK" ခလုပ်ကို နှိပ်ပါ။ ဇယား၏အထက် ညာဘက်တွင် အပြုံးသင်္ကေတနှင့် အကြံပေးစနစ်၏အမည် ပေါ်လာပါလိမ့်မည်။

    LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

"Autotrade" ခလုပ်မှာ စိမ်းနေကြောင်း သေချာစေရပါမည်။ အနီရောင်ဖြစ်နေပါက ၎င်းခလုပ်ကို နှိပ်ပါ။

LiteFinance: MT4 နှင့် MT5 တွင် Forex ရိုဘော့တခုအား မည်သို့ထည့်သွင်းရမည်နည်း။

ဤအထိရောက်လျှင် အတော်လေး ပြည့်စုံပြီဟု ပြောနိုင်ပါသည်။ အရာအားလုံး မှန်ကန်စွာ ဆောင်ရွက်ပြီးပါက အကြံပေးစနစ်သည် ၎င်းတွင် ထည့်သွင်းထားသော အယ်လ်ဂိုရီသမ်အတိုင်း ကုန်သွယ်မှု ပြုလုပ်ပါလိမ့်မည်။ အကယ်၍ ​ရပ်နားလိုပါက "Autotrade" ခလုပ်ကို နှိပ်လိုက်ယုံသာ ဖြစ်ပါသည်။ ထိုအခါ ၎င်းခလုတ်မှာ အနီရောင်ပြောင်းသွားပါလိမ့်မည်။ အနီရောင်ဖြစ်နေသမျှ ကာလပတ်လုံး အလိုအလျောက် Forex ကုန်သွယ်ရေး ဆောင်ရွက်မည်မဟုတ်ပါ။

ကုန်သွယ်ရေး ရိုဘော့၏ အဓိက setting များ။

သင်၏ တီထွင်ဖန်တီးမှု အရည်အသွေးအား ထုတ်ဖော်နိုင်သော အပိုင်းဆီသို့ ဆက်သွားကြပါစို့။ သင်၏ ရည်မှန်းချက်မှာ လောင်းကစားခြင်းမဟုတ်ပဲ အကျိုးအမြတ်ရှိသော ကုန်သွယ်မှုများအား အမြှော်အမြင်ရှိစွာ လုပ်ဆောင်ရန်ဖြစ်သောကြောင့် သင်၏တီထွင်ဖန်တီးမှုသည် ပြောင်းလဲနေသော Forex စျေးကွက်အတွင်းရှိ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲခြင်း စည်းမျဥ်းများအတွင်း၌သာ ရှိသင့်သည်။ သင်၏ အနည်းဆုံး အပ်ငွေပမာဏနှင့်လည်း ကိုက်ညီသင့်သည်။ (ထိုအကြောင်းအား နောက်ပိုင်းတွင် အကျယ်ဖွင့်၍ ရှင်းပြပေးထားပါသည်။)

Settings များမှာ များသောအားဖြင့် ကိန်းဂဏန်းများ (ဥပမာ Forex ကုန်သွယ်ရေး lot) သို့မဟုတ် အပိတ်အဖွင့် (true/false) ခလုပ်များ ဖြစ်ကြသည်။

သို့ဖြစ်၍ အချို့သောသတ်မှတ်ချက်များကို လုပ်ဆောင်စေလိုလျှင် "true" ကိုရွေးချယ်သတ်မှတ်၍ ပိတ်ထားလိုလျှင် "false" ဟု သတ်မှတ်ပေးရမည်ဖြစ်သည်။

လူသုံးအများဆုံး settings များအား ဆက်လက်လေ့လာရအောင်။

  1. Lot Size — EA မှ ကုန်သွယ်မှုပြုလုပ်ရမည့် Forex ကုန်သွယ်မှု lot။
  2. MicroLots — micro-lots (0.01,0.02,0.03 စသဖြင့်) များကို ကုန်သွယ်နိုင်သော လုပ်ဆောင်ချက် အား ဖွင့်ခြင်း/ပိတ်ခြင်း
  3. Money Management — ဤလုပ်ဆောင်ချက်အား ဖွင့်ထားရန် ရွေးချယ်လိုက်ပါက၊ ကျွန်ုပ်တို့ သည် အကြံပေးစနစ်မှ Forex ကုန်သွယ်မှု lot အား ရွေးချယ်ခြင်းကို ခွင့်ပြုပေးရသည်။

    ဤရွေးချယ်မှုကို မဖွင့်ခင်၊ သင်သည်-

    • အကြံပေးစနစ်မှ Forex ကုန်သွယ်ရေး lot များအား တိုးမြှင့်/ လျော့ချခြင်း စည်းကမ်းချက် အား သဘောပေါက် နားလည်ထားရမည်။

    • ဤ စည်းကမ်းသတ်မှတ်ချက်အား သင်၏ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲခြင်းနှင့် မျှတသော ကုန်သွယ်ရေး စည်းမျဥ်းများနှင့် နှိုင်းယှဥ်ကြည့်သင့်သည်။

    ကျွန်ုပ်တဦးတည်း၏ အမြင်အရ ထိုစည်းကမ်း၊ စည်းမျဥ်းများမှာ မတူညီနိုင်ပါ။ အကြံပေးစနစ်အတွက် Forex ကုန်သွယ်ရေး lot အား မိမိစိတ်ကြိုက် သတ်မှတ်ပေးထားခြင်းက ပို၍အဆင်ပြေပါသည်။ ထိုမှသာ ၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ပူပင်နေစရာ မလိုတော့မည် ဖြစ်သည်။

  4. Comment — Forex ကုန်သွယ်ရေးရိုဘော့၏ လုပ်ဆောင်ချက်အား မှတ်ချက်ပေးနိုင်သည်။ စစ်တမ်းကောက်ယူရာတွင် အဆင်ပြေရန်အတွက် မှတ်ချက်ပေးခြင်းအား ပြုလုပ်သင့်သည်။ အကြံပေးစနစ်တခု၏ Forex ကုန်သွယ်ရေး ရာဇဝင်အား လေ့လာရာတွင် သင်ကိုယ်တိုင် ဆောင်ရွက်သော ကုန်သွယ်မှုနှင့် ၎င်းအကြံပေးစနစ်၏ကုန်သွယ်မှု (သို့မဟုတ်) အခြားအကြံပေး စနစ်နှင့် ၎င်းအကြံပေးစနစ်၏ ကုန်သွယ်မှုများအား ခွဲခြားနှိုင်းယှဥ်ကြည့် နိုင်ပါသည်။

  5. MagicNumber ဆိုသည်မှာ EA မှ ၎င်း၏ အတန်းအစားများအား ခွဲခြားထားသော ကုဒ်ဖြစ်သည်။ ၎င်းနံပါတ်သည် Forex ရိုဘော့မှ ၎င်း၏ အော်​ဒါများအား ပိတ်သိမ်းစဥ်တွင် သင်၏ ကိုယ်ပိုင်အော်ဒါများကိုပါ အတူရော၍ မပိတ်သိမ်းမိစေရန် ကာကွယ်ပေးသည်။ မှတ်သားထား ရမည့်အချက်မှာ သင်သည် အမျိုးမျိုးသော Expert Advisors များအား တပြိုင်တည်းတွင် အသုံးပြုပါက ၎င်းတို့အားလုံးအတွက် တူညီသော MagicNumberကို အသုံးမပြုနိုင်ပါ။

ဤသည်မှာ settings များအတွက်သာဖြစ်သည်။ အခြားသော သတ်မှတ်ရမည့် ကန့်သတ်ချက်များလည်း ရှိနိုင်ပါသည်။ များသောအားဖြင့် ၎င်းတို့၏ရည်ရွယ်ချက်အား အကြံပေးစနစ်အကြောင်း ဖော်ပြချက်တွင် ညွှန်ပြထားလေ့ရှိသည်။

အပိုဆောင်း setting များအား အလုပ်ပိုသည်ဟု မယူဆပဲ ဂရုစိုက်ချိန်ညှိရန်နှင့် အကောင်းဆုံး Forex ရိုဘော့များပင် ဖြစ်စေကာမူ စံသတ်မှတ်ထားသော အတိုင်းအတာများဖြင့် စစ်ဆေးကြည့်ရန် အကြံပြုပါရစေ။ အကယ်၍ စမ်းသပ်မှုတွင် ရလာဒ်ကောင်းတခု မထွက်ပေါ်ခဲ့ပါက၊ ၎င်းတို့သည် အကျိုးအမြတ်ရှိသော ကုန်သွယ်ရေးအား ဆောင်ရွက်ရန် တိကျသော စျေးကွက်အခြေအနေများ လိုအပ်ခြင်း ဖြစ်နိုင်ပါသည်။

၎င်းတို့၏ settings များအား ချိန်ညှိရန် လိုမလိုဆိုသည့်အချက်အား တစုံတယောက်မှ သုံးသပ်၍ လက်ရှိပြောင်းလဲနေသော စျေးကွက်အတွက် အကောင်းဆုံး သတ်မှတ်ချက်များအား ဆုံးဖြတ်ပါလိမ့်မည်။ သို့ရာတွင် ကျွန်ုပ်၏အမြင်မှာမူ ဤလုပ်ရပ်သည် အချိန်ဖြုန်းခြင်း သက်သက်သာ ဖြစ်သည်။ မည်သည့်အချိန်တွင် စျေးကွက်အခြေအနေများ ထပ်မံပြောင်းလဲမည်ကို သင့်အနေနှင့် ကြိုတင်မသိရှိနိုင်ပါ။ ယမ်းမှုန့်များပေါ်ထိုင်၍ မည်သည့်အချိန် ပေါက်ကွဲမလဲ စိုးရိမ်နေရသည့်နည်းတူ သတ်မှတ်ချက်များ နောက်တကြိမ်ပြောင်းလဲရမည့် အချိန်အတွက် စိတ်ပူနေရခြင်းမှာ အဆင်မပြေလှဟု ထင်ပါသည်။

ဤသို့စဥ်းစားကြည့်ပါ။ မိမိ၏အလုပ်များကို နည်းလမ်းတကျ တည်ငြိမ်စွာ ပုံမှန်လုပ်ဆောင်တတ်သော ဝန်ထမ်းနှင့် တလအတွင်း ပြောင်မြောက်သော ရလာဒ်အားယူဆောင်ပေးပြီး နောက်လတွင် အကြီးအကျယ် စိတ်ဓာတ်ကျ၍ အလုပ်မလုပ်နိုင်သော ဝန်ထမ်း၊ ၎င်းတို့နှစ်ဦးအနက် မည်သူ့အား မိမိ၏အလုပ်တွင် ခန့်ထားလိုပါသနည်း။ ရွေးချယ်မှုအား သင်ကိုယ်တိုင်သာ လုပ်ဆောင်ရမည်ဖြစ်သည်။ ကျွန်ုပ်၏ထင်မြင်ချက်မှာမူ Expert Advisor (အကြံပေးစနစ်) တခုသည် စျေးကွက်အခြေအနေတိုင်းတွင် အလွယ်တကူပြောင်းလဲလုပ်ကိုင်နိုင်လေ ပိုကောင်းလေဖြစ်သည်။ အကယ်၍ ၎င်းသည် ရေရှည်တွင် သေးငယ်သော အမြတ်အစွန်းကိုသာ ပေးနိုင်လျှင်ပင် ၎င်းစနစ်အား စမ်းသပ်ကြည့်ပါ၊ ၎င်းစနစ်အား ထည့်သွင်း၍ ခေတ္တမေ့ထားပြီး မိမိလုပ်စရာရှိသည့် အခြားအလုပ်များကို လုပ်ဆောင်ပါ (ဥပမာ-အခြားသော အကြံပေးစနစ်များအား စမ်းသပ်​​ခြင်း)။ ရည်ရွယ်ချက်မှာ ရှင်းလင်းသော EA အယ်လ်ဂိုရီသမ်နှင့် သေးငယ်သော ကုန်သွယ်စွမ်းအားကျဆင်းမှုပမာဏနှင့်အတူ တဖြေးဖြေးရရှိမည့် အမြတ်အစွန်းဖြစ်သည်။

ထိပ်တန်း Forex ရိုဘော့ဆယ်ခု။

LiteFinance: ထိပ်တန်း Forex ရိုဘော့ဆယ်ခု။

ဤအခန်းတွင် လက်လီကုန်သွယ်သူများ၏ live အကောင့်များတွင် နှစ်ပေါင်းများစွာတိုင် ရလာဒ်ကောင်းများကို ပြသခဲ့သော အကောင်းဆုံး Forex ရိုဘော့များကို လေ့လာသွားပါမည်။ ၎င်းတို့သည် scalping (အချိန်တိုအတွင်းအကြိမ်များစွာကုန်သောသောနည်းဗျူဟာ) အယ်လ်ဂိုရီသမ်များ၊ အပေါင်း လက္ခဏာဆောင်သော လမ်းကြောင်းများ၊ ကြိုတင်သတ်မှတ်ထားသော အော်ဒါများ နှင့် အခြား ကောင်းမွန်သော ကုန်သွယ်ရေးစနစ်များအပေါ် အခြေခံ၍ အလိုအလျောက် ကုန်သွယ်ပေးကြသော ရိုဘော့များဖြစ်ကြသည်။ အချို့မှာ Martingale နည်းဗျူဟာကို အသုံးပြုကြသည်။ ၎င်းတို့မှ အများစုအား အချို့သော စျေးကွက် အခိုက်အတန့်များအတွက် ရည်ရွယ်ဖန်တီးထားကြခြင်းဖြစ်ပြီး အခါအားလျော်စွာ ပြန်လည်ချိန်ညှိ ​ထိန်းသိမ်းပေးရန်လိုအပ်သည်။ စျေးကွက်အပြောင်းအလဲများနှင့်အညီ အလိုအလျောက် လိုက်ပါပြောင်းလဲ၍ ဆောင်ရွက်နိုင်သော Forex ရိုဘော့များလည်း များစွာရှိပါသည်။ သို့ရာတွင် များသောအားဖြင့် ထိုရိုဘော့များအား အခမဲ့ မရရှိနိုင်ပါ။

Odin အား သုံးသပ်ခြင်း။

ဤ Expert Advisor အား Forex ရိုဘော့ကုန်သည်တဦးမှ MT4 ပလက်ဖောင်းအတွက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကြိုတင်အော်ဒါပြုလုပ်သော နည်းလမ်းအပေါ် အခြေခံ၍ အလုပ်လုပ်သည်။ ၎င်းသည် ဆန့်ကျင်ဘက်လမ်းကြောင်း ဖြစ်ပေါ်မှုများနှင့် ယာယီအတက်အကျပြင်ဆင်မှုများအား ခြေရာခံနိုင်ရန် ကူညီပေးပါသည်။

  1. အယ်လ်ဂိုရီသမ် - အယ်လ်ဂိုရီသမ်တွင် သတ်မှတ်ထားသော အခြေအနေများပေါ်ပေါက်ပါက၊ Forex ရိုဘော့သည် ဆိုင်းငံ့အော်ဒါများအား တူညီသော အကွာအဝေးတခုစီတွင် နေရာချသွားမည် ဖြစ်သည်။ အကွာအဝေးအား ပျမ်းမျှအလှုပ်အခတ် အပေါ်မူတည်၍ ကုန်သည်မှ ကြိုတင်ရွေးချယ် သတ်မှတ်ထားသည်။ မအောင်မြင်သော အော်ဒါများအား ပယ်ဖျက်လိုက်ပါသည်။
  2. အသုံးချနယ်ပယ်- Major ငွေကြေးအတွဲများနှင့် cross-rates အတွဲများ။ အချိန်အကန့်အသတ် - M15 နှင့် အထက်။
  3. Setting များ - အခြေခံ indicator setting များ။ ဇယားအရွယ်အစား၊ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲခြင်း နည်းစနစ် ချိန်ညှိမှုများ။
  4. အားသာချက်များ - ငွေကြေးယူနစ်အမျိုးအစားစုံလင်သည်။ အကြံပြုသော အနည်းဆုံးငွေမှာ 500USD ဖြစ်သည်။
  5. အားနည်းချက်များ - ငွေပေး၍ဝယ်ယူရသော ဗားရှင်းများ။ စွန့်စားမှု မြင့်မားခြင်း။
  • အနှစ်ချုပ်။ ကြိုတင်အော်ဒါများအား စနစ်အတိုင်း သတ်မှတ်ပြီးနောက်တွင် ရုတ်တရက်ဆိုသလို ပြောင်းပြန်အခြေအနေတခု ပေါ်ပေါက်နိုင်ပါသည်။ သို့သော် ကုန်သွယ်ရေး အမျိုးအစားများစွာ အတွက် နောက်ကြောင်းပြန်စမ်းသပ်မှုပြုလုပ်ရာတွင် အကြံပေးစနစ်မှာ အလုပ်ဖြစ်ကြောင်း တွေ့ရသည်။

Force Trader အားသုံးသပ်ခြင်း။

စွယ်စုံရ ကာလရှည် ကုန်သွယ်ရေးအကြံပေးစနစ်(Expert Advisor)ဖြစ်ပြီး Alexander Elder's နည်းစနစ်၏ ဗားရှင်းတခုအပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသည်။ ၎င်းတွင် strength index, RSI, Momentum, DeMarker, WPR စသော indicators များအတွဲလိုက်ပါဝင်သည်။ Force Trader ၏ အနှိုင်းမဲ့သော အရည်အချင်းမှာ ကုန်သွယ်နိုင်သော ငွေကြေးအတွဲပေါင်းများစွာအတွက် တပြိုင်တည်း အလုပ်လုပ်နိုင်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်ရန် settings များအား ကြိုတင်ထည့်သွင်းထားရန် လိုအပ်သည်။

  1. အယ်လ်ဂိုရီသမ် - အဝင်အချက်ပြမှုသည် indicator တခုချင်းအတွက် သတ်မှတ်ထားသော အခြေအနေများအတိုင်း ရှုပ်ထွေးသော ချိတ်ဆက်မှုဖြင့် ပေါ်ပေါက်လာသည်။ အကယ်၍ အခြေအနေများမှ တခုခု မကိုက်ညီလျှင်ပင် ကုန်သွယ်မှုဖွင့်မည် မဟုတ်ပါ။ Expert Advisors ၏ အော်ဒါများအားလုံးတွင် အရှုံးကန့်သတ်ချက်၊ အမြတ်ကန့်သတ်ချက်များ ပါဝင်သည်။ နောက်ဆက်တွဲကန့်သတ်ချက် (trailing stop) ကိုပါ သတ်မှတ်ပေးသည်။ အကြုံပြုသော ငွေပမာဏမှာ 1000USD မှစသည်။
  2. အသုံးချနယ်ပယ် - Major ငွေကြေးအတွဲများနှင့် cross-rates အတွဲများ။ အချိန်အကန့်အသတ် -D1
  3. Settings - ဤ Expert Advisor တွင် အစိတ်အပိုင်းအခွဲများ၊ အကန့်များနှင့် ရှုပ်ထွေးသော ချိန်ညှိမှုများ ပါဝင်သည်။ ဥပမာ SL နှင့် TP settings များ။ စျေးကွက်မှထွက်ခွာနိုင်သော ကုန်သွယ်မှုပမာဏ၊ နောက်ဆက်တွဲ အရှုံးကန့်သတ်ချက် setting များနှင့် အခြားသော သတ်မှတ်ချက်အတိုင်းအတာအားလုံးကို အခန်းကဏ္ဍများစွာခွဲခြားထားသည်။
  4. အားသာချက်- ထိရောက်မှု မြင့်မားခြင်း။
  5. အားနည်းချက်များ - settings အရေအတွက်များပြားလွန်းခြင်း၊ ကုန်သွယ်မှု တခုနှင့်တခု အချိန်ကွာဝေးခြင်း။
  • အနှစ်ချုပ်။ ရှုပ်ထွေးသော settings များနှင့် ကာလရှည်နည်းဗျူဟာအတွက် အဆင့်မြင့် အကြံပေးစနစ်တခုဖြစ်သည်။ တနေ့တာအတွက် အချိန်အကန့်အသတ်အား ကုန်သွယ်မှု အမျိုးအစားများစွာကို တပြိုင်တည်း ဖွင့်လှစ်သော အရေအတွက်ဖြင့် ဆုံးဖြတ်သည်။ စစ်ထုတ်မှုများ အမှားပြင်ဆင်မှုများကိုလည်း ထည့်သွင်းစဥ်းစားပါသည်။ ကြားကာလတိုများတွင် ယာယီဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သည်။ ထို့နောက် နောက်ဆက်တွဲ ကန့်သတ်ချက်နှင့်အညီ ဆုံးရှုံးသော ကုန်သွယ်မှုများအား ပယ်ချလိုက်မည် ဖြစ်သည်။

IIan အား သုံးသပ်ခြင်း။

Forex ကုန်သွယ်ရေး အသိုင်းအဝိုင်းတွင် ဝေဖန်ခံရမှုအများဆုံး အငြင်းပွားဖွယ် ကုန်သွယ်ရေး ရိုဘော့ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် ရေပန်းအစားဆုံး Forex ရိုဘော့များမှ တခုဖြစ်သည်။ ၎င်းတွင်အနည်းဆုံး ဗားရှင်းသုံးမျိုးခန့်ရှိသည်။ 1.0၊ 1.6(ဒိုင်းနမစ်) နှင့် 2.0တို့ဖြစ်ကြသည်။ Forex ကုန်သည်များသည် ၎င်း၏ အကောင့်ရှိငွေလျင်မြန်စွာ ကျဆင်းစေသော အာနိသင်ကို ဝေဖန်ကြသည်။ ကာလရှည်ကုန်သွယ်ရေးအတွက် ဤဝေဖန်မှုမှာ မှန်ကန်ပါသည်။ သို့သော် ကာလတိုကုန်သွယ်ရေးများတွင် ၎င်းသည် သင်၏ ကုန်သွယ်မှုအရှိန်အဟုန်အား မြှင့်တင်ပေးနိုင်သည်။

  1. အယ်လ်ဂိုရီသမ် - ၎င်းသည် မြင့်မားသော တိုးပွားမှုအချိုးဖြင့် စီးရီးလိုက်အော်ဒါများကို အသုံးပြုသည်။ ၎င်းအား အချိန်အကန့်အသတ်မရှိပဲ လည်ပတ်မိပါက အကျိုးအမြတ်ရရှိရန် သဘောတရားအရ မသေချာနိုင်ပေ။
  2. အသုံးချနယ်ပယ် - Major ငွေကြေးအတွဲများ၊ အချိန်အကန့်အသတ် M5- M15။
  3. Settings - ၎င်းတွင် ပုံမှန် သို့မဟုတ် စွန့်စားမှုပြင်းထန်သော Aoex ကုန်သွယ်ရေးအား ဆုံးဖြတ်ပေး သည့် ချိန်ညှိမှုများ ၁၅ ခုနှင့်အထက် ပါဝင်သည်။
  4. အားသာချက်များ- ဗားရှင်းအများစုအား အခမဲ့ ရယူနိုင်ခြင်း။ အမြတ်နှုန်းမြင့်မားခြင်း။
  5. အားနည်းချက်များ - ကုန်သွယ်မှုဖွင့်လှစ်မည့် ပမာဏအား Martingale ဆပွားမြှောက်ကိန်းကို အသုံးပြု၍ တွက်ချက်သောကြောင့် စွန့်စားမှုမြင့်မားသော Aorex ရိုဘော့အမျိုးအစားဖြစ်သည်။ ယာယီကုန်သွယ်စွမ်းအားကျဆင်းမှုများတွင် ခံနိုင်ရည်ရှိစေရန် အနည်းဆုံးထည့်သွင်းငွေ 10000USD အားအကြံပြုထားသည်။
  • အနှစ်ချုပ်။ အယ်လ်ဂိုရီသမ်ကုန်သွယ်ရေး အတွေ့အကြုံရှိပြီးသော၊ စွန့်စားမှုကိုနှစ်သက်သော ကုန်သည်များအတွက် သင့်တော်သော အကြံပေးစနစ်ဖြစ်သည်။ မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သိနားလည်ထားရန် လိုအပ်သည်။

Greezly အားသုံးသပ်ခြင်း။

၂၀၀၇ ခုနှစ်တွင် ဤ Expert Advisor သည် အလိုအလျောက် Forex ကုန်သွယ်ရေး ချန်ပီယံဆုအတွက် Top-10(စကာတင်ဆယ်ခု) စာရင်းဝင်ခဲ့သည်။ ဤအချက်အား ကလစ်အနည်းငယ်နှိပ်ယုံဖြင့် အတည်ပြုထားခြင်းမဟုတ်ပဲ ဤအကြောင်းအရာနှင့်ပတ်သတ်သော သုံးသပ်ချက်များစွာကို အွန်လိုင်းတွင် ရှာဖွေနိုင်ပါသည်။

  1. အယ်လ်ဂိုရီသမ် - စျေးကွက် အခြေအနေပေါ်မူတည်၍ အပြည့်အဝ အလိုအလျောက် ကုန်သွယ်ပေးသော နည်းစနစ် အမျိုးအစားများစွာကို အသုံးပြုသည်။ များသောအားဖြင့် ဆိုင်းငံ့အော်ဒါ(pending)များကို ပြုလုပ်လေ့ရှိသည်။
  2. အသုံးချနယ်ပယ် - Major ငွေကြေးအတွဲများ။
  3. Settings- Forex ကုန်သွယ်ရေး ပုံစံမျိုးစုံနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ချိန်ညှိရသော settings များစွာ ပါဝင်သည်။ မာဂျင်သုံးစွဲခွင့် ရာခိုင်နှုန်း၊ ပုံသေ lot အစရှိသည့် ရွေးချယ်စရာ တွက်ချက်မှုပေါင်း များစွာပါဝင်သည်။
  4. အားသာချက်များ - ၈၀မှ ၈၅% အထိ အကျိုးအမြတ်ရရှိရန် မျှော်လင့်နိုင်သည်။
  5. အားနည်းချက်များ - တခါတရံတွင် လိုအပ်သောဗားရှင်းအား ငွေပေး၍ ဝယ်ယူရနိုင်သည်။
  • အနှစ်ချုပ်။ သစ်လွင်ရှုပ်ထွေးသော နည်းပညာများကို လေ့လာသင်ယူလိုသူများအတွက် အဆင့်မြင့် ဖွဲ့စည်းပုံဖြင့်တည်ဆောက်ထားသော Forex ရိုဘော့ဖြစ်ပါသည်။

Breakout အားသုံးသပ်ခြင်း။

ဤ Expert Advisor အား ၂၀၁၇ ခုနှစ်တွင် စတင်တီထွင်ဖန်တီးခဲ့သည်။ ရှင်းလင်းသည့် အယ်လ်ဂိုရီသမ်တခုနှင့်အတူ EA ကုန်သွယ်ရေး indicatorတခုဖြစ်သော big breakout အပေါ်တွင် အခြေခံထားသည်။ ကုဒ်တွင်သတ်မှတ်ထားသော အခြေအနေများမှ သွေဖယ်ခြင်းကို ခွင့်မပြုပါ။ ထိုကြောင့် ကုန်သွယ်မှု တခုနှင့်တခုကြား အချိန်ကွာဟလေ့ရှိပြီး ရက်အတော်ကြာသည်အထိ ကုန်သွယ်မှု ဖွင့်လှစ်ထားလေ့ရှိသည်။

  1. အယ်လ်ဂိုရီသမ် - ယခင်(ပိတ်သိမ်းပြီးသော) candle ၏ အရွယ်အစားအား ကုန်သွယ်ရေး ချန်နယ်လ်(လမ်းကြောင်း၏ဘောင်နှစ်ဖက်ကြားအကွာအဝေး)၏ အနည်းဆုံး/ အများဆုံး အကျယ် တန်ဖိုးဖြင့် နှိုင်းယှဥ်သည်။ ပျှမ်းမျှ​ရွေ့လျှားမှု(MA) သည် MA_Ostupပွိုင့်ဖြင့် candle ၏ အနိမ့်ဆုံး/ အမြင့်ဆုံး အမှတ်၏ အောက်/ အထက်တွင် ရှိသည်။ အခြေအနေနှစ်ရပ်စလုံးမှာ လက်ခံနိုင်ဖွယ်ရာ ဖြစ်ပါက ဆိုင်းငံ့အော်ဒါကို ပြုလုပ်သည်။
  2. အသုံးချနယ်ပယ် -ဥရောပေကုန်သွယ်ချိန်အတွင်း EURGBPငွေကြေးအတွဲ၊ အချိန်အကန့်အသတ် - H4။ အနည်းဆုံးထည့်သွင်းငွေအကြံပြုချက်မရှိပါ။
  3. Setting- ဆိုင်းငံ့အော်ဒါများ သတ်မှတ်ခြင်း နှင့် အချိန်မှီပယ်ဖျယ်ခြင်း၊ ပျမ်းမျှရွေ့လျားမှုကာလ နှင့် ပိုင်းခြားခြင်း၊ အနည်းဆုံး နှင့် အများဆုံး ချန်နယ်လ်အကျယ်၊ ကုန်သွယ်မှုပမာဏ၊ အော်ဒါလုံခြုံရေး settings များ စသဖြင့် ချိန်ညှိမှု ဆယ်ခုဝန်းကျင်ပါဝင်သည်။
  4. အားသာချက်များ - နားလည်ရန်လွယ်ကူသော ရိုးရှင်းသည့် အယ်လ်ဂိုရီသမ်။
  5. အားနည်းချက်များ - လိုက်လျောညီထွေမရှိခြင်း၊ ပုံသေကုန်သွယ်မှုအရွယ်အစား၊ နောက်ဆက်တွဲ ကန့်သတ်ချက်မရှိခြင်း၊ ကုန်သွယ်မှုတခုနှင့်တခုအကြား အချိန်ကွာဟလေ့ရှိခြင်း။
  • အနှစ်ချုပ်။ အယ်လ်ဂိုရီသမ် Forex ကုန်သွယ်ရေးအား ယခုမှ စတင်လေ့လာကြသူများအတွက် ရိုးရှင်းသော Forex ရိုဘော့ဖြစ်ပါသည်။ ဒီမိုအကောင့်များအတွက် လွန်စွာအကျိုးရှိသော လေ့ကျင့်သင်ကြားမှု အခွင့်အရေးဖြစ်သည်။

FX-Agency Advisor 3 အားသုံးသပ်ခြင်း။

၂၀၁၃ ခုနှစ်တွင် MT4 နှင့် MT5 ပလက်ဖောင်းများအတွက် ရည်ရွယ်၍ ဖန်တီးခဲ့သော လမ်းကြောင်းအကြံပေးစနစ်တခု ဖြစ်သည်။ ခွဲခြမ်းစိတ်ဖြာမှုလမ်းညွှန် MyFXBook တွင် ဤ Forex ရိုဘော့၏ လည်ပတ်မှုစနစ်အပေါ် အနည်းဆုံး ၂နှစ်ကြာ အချိန်နှင့်တပြေးညီ အကဲဖြတ်ထားမှုအား ရှာဖွေတွေ့ရှိနိုင်သည်။ ၎င်းတွင် အထူးပြုလုပ်ချက် နည်းပါးသည်။ GBPUSDEURUSD နှင့် အချို့သောငွေကြေးအတွဲအနည်းငယ်အတွက်သာ အလုပ်လုပ်ပြီး ပိတ်ရက်မတိုင်မှီတွင် ကုန်သွယ်မှုအားလုံး ကိုပိတ်သိမ်းသည်။

  1. အယ်လ်ဂိုရီသမ် - ဤ Forex ရိုဘော့၏ အယ်လ်ဂိုရီသမ်အား ၎င်းကိုဖန်တီးသူများမှ အသေးစိတ် ထုတ်ဖော်ခြင်းမရှိပါ။ Indicator များကို သုံးစွဲမှုနှင့် သင်္ချာဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုများအပေါ် အခြေခံထားသည် ဟူ၍သာ သိရှိထားကြသည်။ ယခင်စျေးနှုန်းများ မှတ်တမ်းအရ အောင်မြင်သော ကုန်သွယ်မှုမှာ အနည်းဆုံး ၇၅% ရှိသည်။ အသုံးပြုသောနည်းဗျူဟာများမှာ အားကောင်းသော လမ်းကြောင်းတခုပေါ်တွင် ကာလကူးပြောင်း၍ ကုန်သွယ်ခြင်း၊ လမ်းကြောင်းဦးတည်ရာအတိုင်း မြန်ဆန်စွာရောင်းဝယ်ခြင်း၊ ဆန့်ကျင်ဘက်လမ်းကြောင်းတွင် ကုန်သွယ်ခြင်းများ ဖြစ်သည်။
  2. အသုံးချနယ်ပယ် - ငွေကြေးအတွဲ လေးခု၊ အချိန်အကန့်အသတ် - M15။ အကြံပြုသော ငွေပမာဏမှာ USD1000မှ စတင်သည်။
  3. Settings - အချက်အလက်မတွေ့ရှိပါ။
  4. အားသာချက်များ - အကျိုးအမြတ် မြန်ဆန်စွာရရှိခြင်း။
  5. အားနည်းချက်များ - ​အခပေး ဗားရှင်းကိုသာ အများဆုံးတွေ့ရှိရသည်။ သို့ရာတွင် ကုန်သွယ်မှုရလာဒ်မှာ ဝယ်ယူသောအချိန်၌ ကြေငြာခဲ့သော ရလာဒ်များထက် ဆိုးဝါးခဲ့ပါလျှင် ၎င်းစနစ်အားဖန်တီးသူ(developer) မှ ရက် ၆၀ အတွင်း ငွေပြန်အမ်းပေးရန် အသင့်ရှိပါသည်။
  • အနှစ်ချုပ်။ ဖန်တီးသူ(developer)များ၏ အလိုအရ ဤအကြံပေးစနစ်သည် ပုံမှန်ချိန်ညှိ ထိန်းသိမ်းပေးရန် မလိုအပ်ပါ။ ကိုယ်တိုင် ပြန်လည်ထူထောင်နိုင်သော အယ်လ်ဂိုရီသမ် ပါဝင်ပြီး မူလ settings များအောက်တွင်သာ အလုပ်လုပ်သည်။ အခြားနည်းဖြင့် ရှင်းပြရလျှင် ဥာဏ်ရည်ကို အသုံးချ၍ ကုန်သွယ်ခြင်းကဲ့သို့ပင် စျေးကွက်နှင့်အညီ လိုက်ပါပြောင်းလဲနိုင်သည်။

Wallstreet Forex ရိုဘော့အား သုံးသပ်ခြင်း။

အခြေခံနှင့် အဆင့်မြင့် ဗားရှင်းများကို ရရှိနိုင်သော နာမည်ကြီး အဆင့်မြင့် အကြံပေးစနစ်များမှ တခုဖြစ်သည်။ နောက်ဆုံးထွက်ဗားရှင်းဖြစ်သော Evolution တွင် Spread ထိန်းချုပ်မှု၊ လျို့ဝှက် လုပ်ဆောင်မှု(ကိုယ်ပျောက်မုဒ်)၊ နာရီအလိုက် စစ်ထုတ်မှု နှင့် သတင်းစီးဆင်းမှု စီစစ်ရေးမော်ဂျူး အစရှိသော လုပ်ငန်းတာဝန်များ ဖြည့်စွက်ထားသည်။ ဤ အကြံပေးစနစ်သည် ငွေကြေးအတွဲ ၅မျိုးအား တပြိုင်နက်ထဲ ကုန်သွယ်မှုဆောင်ရွက်နိုင်သည်။

  1. အယ်လ်ဂိုရီသမ်-လမ်းကြောင်းအတိုင်းလိုက်၍ အချိန်တိုအတွင်းအကြိမ်ရေများစွာ ကုန်သွယ်သော Forex ရိုဘော့ဖြစ်သည်။ အဓိကလမ်းကြောင်း၏ rollback များတွင် ကုန်သွယ်မှုများကို ဖွင့်လှစ်သည်။ ငှင်းတို့၏ ကိုယ်ပိုင် သင်္ချာအယ်လ်ဂိုရီသမ်များတွင် ဖြစ်စဥ်တခု၏ သက်ရောက်မှု အလားအလာများကို ခန့်မှန်းရန် CCI၊ MA၊ ATR၊ WPR အစရှိသော Forex ရိုဘော့ indicator များပါဝင်သည်။
  2. အသုံးချနယ်ပယ် - GBPUSD, USDJPY, NZDUSD, EURUSD နှင့် AUDUSD အတွဲများတွင် အကောင်းဆုံး ရလာဒ်အားပေးစွမ်းသည်။ အကြုံပြုသော အချိန်အကန့်အသတ်မှာ M15 ဖြစ်သည်။
  3. Settings - Forex ရိုဘော့၏ သီးခြားစွမ်းဆောင်ရည်များအတွက် စံနမူနာနှင့် အဆင့်မြင့် settings များ။
  4. အားသာချက်များ - ငှင်း၏ အယ်လ်ဂိုရီသမ်တွင် ဂရစ်အော်ဒါ၊ Martingale ဆပွားမြှောက်ကိန်း သို့မဟုတ် ပျှမ်းမျှတွက်ကိန်း ကဲ့သို့သော စွန့်စားမှုပြင်းထန်သော ကိရိယာများ မပါဝင်ပါ။
  5. အားနည်းချက်များ- ဗားရှင်းအပြည့်အစုံအား အခပေး၍ ဝယ်ယူရန် လိုအပ်သည်။ ကုန်သွယ်မှု တခုနှင့်တခု အတော်အသင့် အချိန်ကွာဟသည်။
  • အနှစ်ချုပ်။ ဤ Expert Advisorနှင့် ၎င်းအား တီထွင်ဖန်တီးသူ တို့၏ သတင်း အချက်အလက်များအပေါ်တွင် အပြုသဘောဆောင်သည့် သုံးစွဲသူ ထောက်ခံချက်များစွာကို တွေ့ရှိနိုင်ပါသည်။ ၎င်းအား လူအများစုသုံးစွဲနိုင်သော၊ ပျမ်းမျှစွန့်စားမှုအဆင့်၏ အောက်တွင်သာ ရှိသော၊ ကုန်သည်အသစ်များအတွက်ပင် သင့်တော်သော အကြံပေးစနစ်အမျိုးအစားဟု မှတ်ယူနိုင် သည်။ဤအကြံပေးစနစ်၏ အကောင်းဆုံးရလာဒ်မှာ စွန့်စားမှုပြင်းထန်သော နည်းဗျူဟာအား အသုံးပြု၍ တလလျှင် 40% မှ 60% ပြန်ရငွေနှင့် အောင်မြင်သောကုန်သွယ်မှု 90% ဖြစ်သည်။

Milky Way အား သုံးသပ်ခြင်း။

ယုံကြည်စိတ်ချရသော ကာလအလယ်အလတ် Expert Advisor ဖြစ်သည်။ လမ်းကြောင်းနောက်ပြန် ဆုတ်ချိန်များတွင် ကုန်သွယ်မှုများကို ဖွင့်လှစ်သည်။ ငွေကြေးအတွဲများစွာအတွက် တပြိုင်တည်း အလုပ်လုပ်နိုင်ပြီး ပြုပြင်ထိန်းသိမ်းမှု မလိုအပ်ပေ။ ၎င်း၏ အယ်လ်ဂိုရီသမ်သည် Bollinger Bands ချန်နယ်လ် indicator အပေါ်မူတည်၍ ကုန်သွယ်မှုများအား ဖွင့်လှစ်သည်။ ချန်နယ်လ်နယ်နိမိတ်မှ ပြန်ထွက်ခြင်းအား အချက်ပြမှုအဖြစ် မှတ်ယူသည်။ အပိုဆောင်းစစ်ထုတ်မှုကိရိယာများမှာ DeMarker နှင့် Ozymandias တို့ဖြစ်ကြသည်။

  1. အယ်လ်ဂိုရီသမ် - တွန်းအားတခု ပေါ်ပေါက်လာပြီးနောက် rollbacks တွင် မတည်ငြိမ်မှုများ သိသိသာသာ ပြင်းထန်လာသည့် အခိုက်အတန့်တွင် ကုန်သွယ်မှုများကို ဖွင့်လှစ်သည်။ ကုန်သွယ်မှု ပိတ်သိမ်းခြင်းအား stop order (ကုန်သွယ်မှုပိတ်သိမ်းရန်ကြိုတင် သတ်မှတ်ထားသောစျေးနှုန်း)၊ take profit(အမြတ်ကန့်သတ်ချက်) သို့မဟုတ် MACD, ATR နှင့် stochastic indicators များ၏ ကုန်သွယ်ရေးအချက်ပြမှုများဖြင့် ဆောင်ရွက်သည်။
  2. အသုံးချနယ်ပယ်- Major ငွေကြေးအတွဲများနှင့် cross-rates အတွဲများ။ အချိန်အကန့်အသတ် — H4။
  3. Settings- ဤအကြံပေးစနစ်တွင် အကန့်များစွာခွဲခြားထားသော settings အရေအတွက် သုံးဆယ်ကျော် ပါဝင်သည်။ Indicator တခုစီအတွက် အဝင်၊အထွက် ကန့်သတ်ချက်များ၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် နောက်ဆက်တွဲ ချိန်ညှိမှုများ၊ ငွေကြေးစီမံခန့်ခွဲခြင်းနှင့် ဝန်ဆောင်မှု settings များ ပါဝင်သည်။
  4. အားသာချက်များ - Martingale ဆပွားမြှောက်ကိန်း အပါအဝင် binary option ကဲ့သို့သော စွန့်စားမှု မြင့်မားသည့် ကုန်သွယ်ရေးအမျိုးအစားများမပါဝင်ပါ။
  5. အားနည်းချက်များ - ကြားကာလတိုများတွင် အရှုံးအမြတ်မရှိသော မျှခြေ၌သာရှိနေနိုင်သည်။ ကြားကာလအလယ်အလတ်များတွင် မြင်သာသော ရလာဒ်ကို ရရှိနိုင်သည်။
  • အနှစ်ချုပ်။ အကူကိရိယာတခု အဖြစ်လည်းအသုံးဝင်သော ကောင်းမွန်သည့် Forex ကုန်သွယ်ရေး ရိုဘော့ဖြစ်သည်။ ပုံသေ စောင့်ကြည့်မှု မလိုအပ်ပါ။ အကျိုးအမြတ်ရရှိမှု အလွန်အမင်း မမြင့်မားသော်လည်း ဤ Forex ရိုဘော့သည် ဆုံးရှုံးနိုင်ခြေအနည်းဆုံးအမျိုးအစားတွင် အပါအဝင်ဖြစ်သည်။ ကုန်သွယ်မှုပိတ်သိမ်းခြင်း အော်ဒါများအား ပြုလုပ်ခဲလှပါသည်။

Survivor အား သုံးသပ်ခြင်း။

CFD စျေးကွက်များနှင့် စတော့အိတ်ချိန်းတွင် နည်းဗျူဟာအမျိုးမျိုးအား တပြိုင်တည်း အသုံးချနိုင်ပြီး နိုင်ငံတကာငွေကြေးမျိုးစုံအား ကုန်သွယ်ပေးသော မျိုးစပ် Forex ကုန်သွယ်ရေးရိုဘော့ဖြစ်သည်။ ချန်နယ်လ်နှင့် လမ်းကြောင်း indicatorတို့မှ ဇယားအလိုက် နေရာချထားမှုများနှင့်အတူ အချက်ပြမှုကို လုပ်ဆောင်သည်။ အသုံးပြုသော indicator များမှာ Bollinger Bands၊ RSI၊ ADX၊ DeMaker နှင့် Moving Average တို့ ဖြစ်ကြသည်။

  1. အယ်လ်ဂိုရီသမ် - Survivor သည် ခွဲခြမ်းစိတ်ဖြာမှုအတွက် ပျမ်းမျှခြင်းကို အသုံးပြုသည်။ Forex ရိုဘော့သည် ရှုပ်ထွေးသောကုန်သွယ်ရေးအမျိုးအစားများ(ဥပမာ binary optionများ)၏ ရွေ့လျားမှုပြင်းအားကို စောင့်ကြည့်၍ အချိန်နှင့်တပြေးညီ အမှားပြင်ဆင်မှုကို ပြုလုပ်ပေးသည်။ Setting များတွင် သတ်မှတ်ထားသော အများဆုံး Spread ပမာဏနှင့်ညီညွတ်မှသာ ကုန်သွယ်မှုများကို ဖွင့်လှစ်သည်။
  2. အသုံးချနယ်ပယ်- EURUSD၊ GBPUSD၊ USDCHF၊ USDJPY ငွေကြေးအတွဲများ။ အချိန်အကန့်အသတ် - M5-M15။ 0.01 lot အတွက် အနည်းဆုံးအကြံပြုသည့်ငွေမှာ 500 ငွေကြေးယူနစ်ဖြစ်သည်။
  3. Settings- ခွဲခြားထားသော အကန့်များနှင့်အတူ ပထမဆုံးအဝင်သတ်မှတ်ချက်၊ နောက်ဆက်တွဲ အဝင်များ၊ ဆန့်ကျင်ဘက်လားရာ၊ အရှုံးကန့်သတ်ချက်၊ အမြတ်ကန့်သတ်ချက်များ အစရှိသည့် ချိန်ညှိမှုများ အခု၂၀အထက် ပါဝင်သည်။
  4. အားသာချက်များ- မည်သူ့ပယောဂမှမပါဝင်သော ဆုံးရှုံးပျက်စီးမှုများ (ဥပမာ-Brexit၊ Non-Farm အစရှိသဖြင့်) အား ကြံကြံခံနိုင်သော အယ်လ်ဂိုရီသမ်ဖြင့်ဖွဲ့စည်းထားသည့် ကုန်သွယ်ရေး ရိုဘော့အနည်းစုမှ တခုဖြစ်သည်။ အမြင့်ဆုံးကုန်သွယ်စွမ်းအား ယာယီကျဆင်းမှုမှာ သေးငယ်သော အဆင့်တွင်သာရှိသည်။ ၎င်းတွင် လွပ်လပ်သော စောင့်ကြည့်ရေး အကောင့်များ ပါရှိပါသည်။
  5. အားနည်းချက်များ- ကုန်သွယ်မှုများအား ပုံမှန်စောင့်ကြည့်ထိန်းသိမ်းရန် လိုအပ်သည်။
  • အနှစ်ချုပ်။ settingsများစီမံခန့်ခွဲမှုတွင် အများနှင့်မတူ တမူကွဲပြားသော်လည်း နည်းဗျူဟာများကို အောင်မြင်စွာပေါင်းစပ်နိုင်သော Expert Advisor တခုဖြစ်သည်။ Cent အကောင့်တခုတွင် စမ်းသပ်သုံးစွဲကြည့်ရန် အကြံပြုလိုပါသည်။

Itic Software မှ ကုန်သွယ်ရေးရိုဘော့များ။

၂၀၀၀ ခုနှစ်တွင် BJF ကုန်သွယ်ရေးအုပ်စုဟူသောအမည်ဖြင့် ကုမ္ပဏီအသေးစားတခု ပေါ်ပေါက်လာ ခဲ့သည်။ ကနဦးတွင် ၎င်းသည် Forex ကုန်သွယ်ရေး ကွန်ပျူတာပရိုဂရမ်များ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်လှုပ်ရှားခဲ့ပြီး နောက်ပိုင်းတွင် အယ်လ်ဂိုရီသမ်ကုန်သွယ်ရေး ပရိုဂရမ်များအား အာရုံစိုက် လုပ်ဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်မှ စတင်ကာ BJF ကုန်သွယ်ရေးအုပ်စုသည် ဖက်စပ်လုပ်ငန်းစုတခု ဖြစ်လာခဲ့သည်။ ၎င်း၏ကုမ္ပဏီများမှ တခုမှာ ITIC software ကုမ္ပဏီဖြစ်သည်။ ၎င်း၏ အဓိက ထုတ်ကုန်များမှာ ဝါရင့်Forex ကုန်သည်များအတွက် အဆင့်ဖြင့်အကြံပေးစနစ်များ၊ indicatorsများနှင့် Metatrader၊ cTrader နှင့် အခြားသော Forex ကုန်သွယ်ရေး ပလက်ဖောင်းများအတွက် programming languages ဖြစ်ကြသည်။

အဆင့်မြင့်ကုန်သည်များအတွက် စိတ်ဝင်စားဖွယ်ရာ ကုန်သွယ်ရေးအကြံပေးစနစ်အချို့မှာ-

  • VIP Crypto Arbitrage Software: အချင်းချင်း လက်လွှဲရောင်းဝယ်၍ အပြန်အလှန် ဖလှယ်ခြင်းအတွက် အဆင့်မြင့် အကြံပေးစနစ် - ကိုးကားထားသောငွေကြေးတန်ဖိုး ခြားနားချက် အပေါ်မူတည်၍ အချိန်တိုအတွင်း အမြန်ရောင်းဝယ်သော scalping နည်းဗျူဟာ။ Binance၊ Poloniex၊ Kraken အစရှိသည့် ဆယ်ခုထက်မနည်းသော အိတ်ချိန်းများအား ကွန်ပျူတာ ပရိုဂရမ်တွင် စုစည်းထားသည်။
  • News Auto Trader Pro: cTrader၊ jForexနှင့် FIX API ပလက်ဖောင်းများ အတွက်ဖန်တီးထားသော အကြံပေးစနစ်ဖြစ်သည်။ သတင်းအချက်အလက်ပံပိုးပေးသော အရင်းအဖြစ်များစွာထံမှ သတင်းများကို စုစည်းပေးသည်။ အခြား သတင်းအရင်းအမြစ်များ မှလည်း အဆိုပါသတင်းများအား ထုတ်လွှင့်ကြသောကြောင့် Forex ရိုဘော့သည် ပထမဦးစွာ ရရှိသော သတင်းအပေါ် တုံ့ပြန်၍ ရွေ့လျားမှုအရှိန်အဟုန်မစတင်ခင် မီလီစက္ကန့်များအလိုတွင် ကုန်သွယ်မှုအား ဖွင့်လှစ်လိုက်သည်။ ၎င်းလုပ်ဆောင်ချက်ဖြင့် သင်သည် အခြားသူအများစုမှ သတင်းများအပေါ် တုံ့ပြန်ခြင်းမရှိခင် စျေးကွက်၏ အရှေ့မှ ဦးဆောင်၍ ကုန်သွယ်မှု ဖွင့်လှစ်ခွင့် ရနိုင်သည်။ ဤအကြံပေးစနစ်အား US နှင့် UK ဆာဗာများအတွက် ဗားရှင်းနှစ်မျိုးဖြင့် ရရှိနိုင်သည်။
  • IPsChanger: IP လိပ်စာအား ပြောင်းလဲပေးသော အကူဆော့ဖ်ဝဲလ်ဖြစ်သည်။ အကျိုးဆောင် ကုမ္ပဏီတခုတည်းတွင် မတူညီသောနာမည်များဖြင့် အကောင့်ခွဲများစွာ ပြုလုပ်ထားကြသော ဝါရင့် Forex ကုန်သည်များနှင့် ကုန်သည်အသစ်များ နှစ်ဦးစလုံးအတွက် အသုံးဝင်သော ကိရိယာ ဖြစ်သည်။

အကယ်စင်စစ် ကုမ္ပဏီ၏ ရပ်တည်လာခဲ့သော အနှစ်၂၀သက်တမ်းကိုကြည့်ရှုခြင်းဖြင့် Forex ကုန်သည်များ အကြား ၎င်း၏အကြံပေးစနစ်များသည် စျေးနှုန်းအသင့်အတင့် ကြီးမြင့်သည့်ကြားမှ ဝယ်လိုအား မြင့်မားခြင်းကို မှန်းဆနိုင်ပေသည်။ အကောင့်တခုအတွက် သုံးစွဲခွင့်လိုင်စင်မှာ USD200မှ 700ကြား ကျသင့်ပါသည်။

Forex Hedging Robots

LiteFinance: Forex Hedging Robots

ဆုံးရှုံးမှုအား ကာကွယ်ခြင်း နှင့် ကန့်သတ်ခြင်းများ (heding & locking) မှာ အသွင်တူသော စွန့်စားမှု မြင့်မားသည့် နည်းဗျူဟာများ ဖြစ်ကြသည်။ ၎င်းတို့အား ထည့်ဝင်ငွေအင်အားကိုတိုးမြှင့်ရန်အတွက် Forex ရိုဘော့များတွင် မကြာခဏ အသုံးပြုလေ့ရှိသည်။ အရှုံးများကိုကန့်သတ်ခြင်း(Hedging)တွင် ကုန်သွယ်ရေးအမျိုးအစားများစွာအတွက် ဦးတည်ရာပေါင်းစုံဖြင့် ကုန်သွယ်မှုဖွင့်လှစ်ခြင်း ပါဝင်သည်။ နောက်ထက်နည်းလမ်းတစ်ခု locking အား တချိန်တွင် ကုန်သွယ်မှုအမျိုးအစား တခုအတွက်သာ အသုံးပြုနိုင်သည်။ စျေးနှုန်းသည် မည်သည့်ဦးတည်ရာသို့ ရွေ့လျားပါစေ ကုန်သွယ်မှုတခုတွင်အမြတ်ရပြီး အခြားတခုတွင် ဆုံးရှုံးမည်ဖြစ်သည်။ ဤနည်းဗျူဟာ၏ အနှစ်သာရမှာ ဆုံးရှုံးသောကုန်သွယ်မှုအား အချိန်မှီ ပိတ်သိမ်း၍ အမြတ်ရသော ကုန်သွယ်မှု၏ ပမာဏကို တိုးမြှင့်ရန်ဖြစ်သည်။ ဤနည်းဗျူဟာအကြောင်း အသေးစိတ်အား ဤဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။ "Forex Hedging ဆိုတာဘာလဲ။"

အယ်လ်ဂိုရီသမ်တွင် Hedging နှင့် Locking နည်းဗျူဟာများကို အသုံးပြု၍ အကျိုးအမြတ်မရှိသော ကုန်သွယ်မှုများကို ပိတ်သိမ်းသည့်စနစ်အား အခြေခံထားသော Forex ရိုဘော့များစွာတို့အနက်မှ တခုမှာ HEDGE GATE ဖြစ်သည်။ ၎င်းအား ၂၀၀၈ ခုနှစ်မှ စတင်၍ အယ်လ်ဂိုရီသမ် ကုန်သွယ်ရေး ပရိုဂရမ်များကို ဖန်တီးခဲ့သော ကုမ္ပဏီတခုမှ တီထွင်ဖန်တီးထားခြင်း ဖြစ်သည်။ Hedging Forex ကုန်သွယ်ရေးရိုဘော့၏ နောက်ဆုံးမွမ်းမံထားသော ဗားရှင်းမှာ တတိယမြောက် ဗားရှင်းဖြစ်သည်။ တီထွင်ဖန်တီးသူများမှ မော်ဂျူး အသစ်များ ထပ်မံဖြည့်သွင်းခဲ့ကြသည်။

  • တနေ့တာအတွက် အမြတ်မျှော်မှန်းချက်။
  • သတ်မှတ်ထားသော ရက်စွဲမှ အမြတ်မျှော်မှန်းချက်။
  • ဆုံးရှုံးမှုအများဆုံးဖြစ်နိုင်သော ကုန်သွယ်မှုအား အခြား ငွေကြေးအတွဲမှ ရရှိသော အမြတ် တစိတ်တပိုင်းကို အသုံးပြု၍ ကန့်သတ်ခြင်း။
  • တနေ့တာ၏ အမြတ်ကန့်သတ်ချက်အတွင်း အစီအစဥ်ချထားသော ဆိုင်းငံ့အော်ဒါများဖြင့် ကုန်သွယ်မှုအား ဖွင့်လှစ်ခြင်း။

Hedging Expert Advisor အား MT4 နှင့် MT5 အလိုအလျောက် ကုန်သွယ်ရေး ပလက်ဖောင်းများအတွက် ဖန်တီးထားခြင်းဖြစ်သည်။

  1. အယ်လ်ဂိုရီသမ် - Gann Square သီအိုရီ၏ အယ်လ်ဂိုရီသမ်နှင့်အညီ ဦးတည်ရာအား တွက်ချက်သည်။ အသုံးပြုသော indicators များနှင့် စီမံခန့်ခွဲမှု နည်းလမ်းကို မသိရပါ။
  2. အသုံးချနယ်ပယ် - Major ငွေကြေးအတွဲများနှင့် cross-rates အတွဲများ။ အချိန်အကန့်အသတ် - H1-H14။
  3. Settings- ဤအဆင့်မြင့် EA တွင် အဓိက အခန်းကဏ္ဍ ၇ ခုနှင့်အထက်အတွက် ချိန်ညှိမှုများ ပါဝင်သည်။ စမ်းသပ်ရန်အတွက် ဒီမိုဗားရှင်းအားရရှိပြီးပါက တီထွင်ဖန်တီးသူများမှ အခြေခံအကြုံပြုချက်များကို ပံ့ပိုးပေးပါလိမ့်မည်။
  4. အားသာချက်များ- အကျိုးအမြတ်ရရှိသော ကုန်သွယ်မှု ၇၅%မှ ၈၅%။ စျေးကွက်အတွင်း Swap အဖိုးအခကောက်ခံခြင်းမရှိပဲ ဆယ်နာရီကြာကုန်သွယ်နိုင်သည်။ ကုန်သွယ်မှုများအား အရှုံး ကန့်သတ်ချက်(SL) ဖြင့် ကာကွယ်ထားသည်။ Martingale သီအိုရီ သက်ရောက်ခြင်း မရှိပါ။
  5. အားနည်းချက်များ- စျေးနှုန်း အထိုက်အလျောက် မြင့်မားသည်။ လိုင်စင်တခုအတွက် ကျသင့်ငွေမှာ USD 900 မှ 1200 ကြားဖြစ်သည်။ လစဥ်ငှားရမ်း၍လည်း အသုံးပြုနိုင်သည်။
  • အနှစ်ချုပ်။ အဓိကအားသာချက်မှာ ဤ Expert Advisor တွင် ပြန်လည်ထိန်းသိမ်းမှု မလိုအပ်ပါ။ ၎င်းသည် သင်္ချာအယ်လ်ဂိုရီသမ်တခုပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသော ကိုယ်တိုင် သင်ယူမှုစနစ်ဖြစ်ပြီး တီထွင်ဖန်တီးသူများမှ အယ်လ်ဂိုရီသမ်အား ထုတ်ဖော်ထားခြင်း မရှိပါ။ ကုန်သွယ်မှု စာရင်းဇယားများမှာ အထင်ကြီးစရာဖြစ်သော်လည်း အတိုင်းအတာများ အားလုံးကို အချိန်ယူသတ်မှတ်ရန် လိုအပ်ပါသည်။ အတိအကျဆိုရလျှင် ၎င်းတို့အား အဖြေရှာရန် အချိန် လိုအပ်ပါသည်။

Forex Scalping Robots

ဤ Forex ရိုဘော့၏ အားသာချက်မှာ scalping ပြုလုပ်ရာတွင် မြန်ဆန်ခြင်းဖြစ်သည်။ တစက္ကန့်၏ အစိတ်အပိုင်းများစွာသည် မြန်နှုန်းမြင့် ကုန်သွယ်ရေးတွင် အလွန်အရေးကြီးပါသည်။ ထို့အပြင် ကုန်သည် အနေနှင့် စျေးကွက်အား ခွဲခြမ်းစိတ်ဖြာရန်၊ Forex ကုန်သွယ်ရေး အချက်ပြမှုများကို ရှာဖွေရန်နှင့် အပြောင်းအလဲများအပေါ် တုံ့ပြန်ရန် လုံလောက်သောအချိန် ရှိချင်မှသာ ရှိပါလိမ့်မည်။

ဤအမျိုးအစားထဲတွင် အကောင်းဆုံး အကြံပေးစနစ်မှာ Vzolmshik Pro ဖြစ်သည်။ ၎င်းသည် နိုင်ငံတကာငွေကြေးမျိုးစုံအား မတူညီသော နည်းဗျူဟာ သုံးမျိုးအားအသုံးပြု၍ အချိန်တိုအတွင်း အကြိမ်များစွာကုန်သွယ်သော Forex ရိုဘော့ဖြစ်သည်။ ဤ Expert advisor တွင် ဗားရှင်းများစွာရှိသည်။ သုံးစွဲသူများ၏ သဘောထားအရ အောင်မြင်မှုအရရှိဆုံး ဗားရှင်းမှာ 1.14 ဖြစ်သည်။

  1. အယ်လ်ဂိုရီသမ် - Gann Square သီအိုရီ၏ အယ်လ်ဂိုရီသမ်နှင့်အညီ ဦးတည်ရာကို တွက်ချက်သည်။ ဤ Forex ရိုဘော့ နှင့် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲခြင်းတွင် အသုံးပြုသော indicators များကို မသိရပါ။
  2. အသုံးချနယ်ပယ် - Major ငွေကြေးအတွဲများနှင့် cross-rates အတွဲများ။ အချိန်အကန့်အသတ် - H1-H4။
  3. Settings- ဤ EA Forex ရိုဘော့တွင် အနည်းဆုံး အခန်းခွဲ ၇ခု ၏ settings များပါဝင်သည်။ သင့်တွင် စမ်းသပ်မှုပြုလုပ်ရန် ဒီမိုအကောင့်တခု ရရှိသောအခါ ဖန်တီးသူ(developer)မှ အခြေခံ အကြံပြုချက်များ ပေးပါလိမ့်မည်။
  4. အားသာချက်များ - ထိရောက်မှု- အကျိုးအမြတ်ရှိသော ကုန်သွယ်မှုများမှာ ၇၅ မှ ၈၅% အထိ ဖြစ်သည်။ စျေးကွက်အတွင်း ပျမ်းမျှကုန်သွယ်ချိန်မှာ swap အဖိုးအခမပါဝင်ပဲ ဆယ်နာရီခန့် ဖြစ်သည်။ ကုန်သွယ်မှုများအား အရှုံးကန့်သတ်ချက်(sl)ဖြင့် ကာကွယ်ထားသည်။ Mintingale သီအိုရီ သက်ရောက်ခြင်းမရှိပါ။
  5. အားနည်းချက်များ- စျေးနှုန်း အတော်အတန် မြင့်မားခြင်း။ ဤForex ရိုဘော့အား သုံးစွဲခွင့် လိုင်စင်မှာ USD900မှ 1200ကြားတွင် ရှိသည်။ လစဥ်ကြေးဖြင့် ငှားရမ်းသုံးစွဲခြင်း ကိုလည်း ရွေးချယ်နိုင်သည်။
  • အနှစ်ချုပ်။ စွန့်စားမှုမြင့်မားသော (အချိန်တိုအတွင်းအမြန်ရောင်းဝယ်သည့်) scalper Forex ရိုဘော့ဖြစ်သည်။ Settings အများအပြားအား အစိတ်အပိုင်း ၃ခုအဖြစ် ခွဲခြားထားသည်။ တခုချင်းစီသည် ၎င်း၏ ကိုယ်ပိုင် scalping နည်းလမ်းဖြင့် ကုန်သွယ်မှု ပြုလုပ်သည်။ Forex ကုန်သည်များ၊ အတွေ့အကြုံရှိပြီးသားကုန်သည်များ နှင့် အကြံပေးစနစ်များအား မည်သို့ အသုံးပြုရမည်ကို သိရှိပြီးသော လူသစ်များအတွက်ပါ သင့်တော်ပါသည်။

ရွှေအတွက် အကောင်းဆုံး Forex ရိုဘော့။

Happy Gold။ ဂျာမန်လူမျိုး တီထွင်ဖန်တီးသူ တဦးမှ ရွှေနှင့် တန်ဖိုးကြီးသတ္တုများ၏ အခြေခံကျသော စျေးနှုန်းအတက်အကျများကို အသုံးချ၍ ​​ဤအကြံပေးစနစ်အား ဖန်တီးရန် စိတ်ကူးရခဲ့ခြင်းဖြစ်သည်။ အဓိက အသုံးပြုသော indicator မှာ ZigZag ဖြစ်သည်။ ဤ indicator၏ အယ်လ်ဂိုရီသမ်မှာ scalping နှင့် အသွင်တူသည်။ Forex ရိုဘော့သည် အရေးပါသော ဈေးတန်းများကို တည်ဆောက်သည်။ လမ်းကြောင်းရွေ့လျားမှု၏ အစအားရှာဖွေ၍ ဈေးတန်းကျိုးပျက်ပြီးနောက် ၎င်းကို အမိအရ မှတ်တမ်းတင် ထားသည်။

  1. အယ်လ်ဂိုရီသမ် - ZigZag ၏ မွမ်းမံထားသော ဗားရှင်းသည် အဓိက အရောင်းနှင့်အဝယ်ဈေးတန်း များအား လွန်ကဲဈေးတန်းများဖြင့် ရေးဆွဲထားသည်။ Stop အော်ဒါအား ဈေးတန်းတခုတွင် သတ်မှတ်သည်။ ရုတ်တရက်စျေးနှုန်း အတက်အကျဖြစ်ပေါ်သောအခါ လတ်တလော စျေးနှုန်း ဦးတည်ရာအတိုင်း ကုန်သွယ်မှုပမာဏကို တိုးမြှင့်သွားသည်။ လမ်းကြောင်းပေါ်တွင် အကျိုးအမြတ် အမြင့်ဆုံးရယူရန် ကုန်သွယ်မှုအား နောက်ဆက်တွဲအရှုံးကန့်သတ်ချက်ဖြင့် ကာကွယ်ထားသည်။ အရှုံးကန့်သတ်ချက်သို့အရောက်တွင် ကုန်သွယ်မှုပိတ်သိမ်းနိုင်သည်။
  2. အသုံးချနယ်ပယ် - တန်ဖိုးကြီးသတ္တုများ၊ အချိန်အကန့်အသတ် - M30-H4။
  3. Settings - ဒိုင်းနမစ် lot အားတွက်ချက်ရန်အတွက် ကုန်သွယ်မှုတခုချင်းစီ၏ စွန့်စားမှုရာခိုင်နှုန်း၊ နောက်ဆက်တွဲ အရှုံးကန့်သတ်ချက်၊ အရှုံးကန့်သတ်ချက်များ အစရှိသော စံသတ်မှတ်ချက် ချိန်ညှိမှုများ ပါဝင်သည်။
  4. အားသာချက်များ - အနည်းဆုံး 100USD မှ စတင်ရန် အကြုံပြုထားသည်။
  5. အားနည်းချက်များ - အခမဲ့ဒေါင်းလုပ်ဒ်ရယူနိုင်သော ဗားရှင်းများရှိသော်လည်း များသောအားဖြင့် အခပေး၍ဝယ်ယူရသော ဗားရှင်းများကိုသာ တွေ့ရသည်။ တီထွင်ဖန်တီးသူအား တိုက်ရိုက် ဆက်သွယ်၍ အကောင့် ၂ခု သို့မဟုတ် ၅ခုအတွက် ဤ Forex ရိုဘော့တစုံလုံးစာ အသုံးပြုခွင့် လိုင်စင်ကို ဝယ်ယူနိုင်သည်။ လိုင်စင်တွင် Happy Gold အပါအဝင် MT4 နှင့် MT5 ပလက်ဖောင်း များတွင် အသုံးပြုနိုင်သော ကုန်သွယ်ရေးရိုဘော့ ဆယ်မျိုးပါဝင်သည်။
  • အနှစ်ချုပ်။ ရိုးရှင်း၍ အသုံးပြုရန်လွယ်ကူသော Expert Advisor Forex ရိုဘော့ဖြစ်သည်။ Classic Wave သီအိုရီ၊ စျေးနှုန်းရွေ့လျားမှုတွန်းအား နှင့် လမ်းကြောင်းပုံသဏ္ဍန်များကို အသုံးပြုသည်။

Forex Android Robot

မိုဘိုင်းလ်ဖုန်းနှင့် ကွန်ပျူတာများတွင် အသုံးပြုကြသော အယ်လ်ဂိုရီသမ်ကုန်သွယ်ရေး၏ ကွာခြားချက်မှာ တပ်ဆင်သောနည်းစနစ်ပင်ဖြစ်သည်။ ကွန်ပျူတာအယ်လ်ဂိုရီသမ် ကုန်သွယ်ရေးတွင် အကျိုးဆောင် ကုမ္ပဏီထံမှ ပလက်ဖောင်းအား ဒေါင်းလုပ်ဒ်ပြုလုပ်၍ ယင်းပလက်ဖောင်းတွင် Forex ရိုဘော့အား တပ်ဆင်ရခြင်း ဖြစ်သည်။ အကြံပေးစနစ်၏ တီထွင်ဖန်တီးသူဝက်ဘ်ဆိုဒ်တွင် ဦးစွာ မှတ်ပုံတင် စာရင်းသွင်းရန် လိုအပ်သည်။၎င်းတို့၏ ပါတနာစာရင်းတွင်ပါဝင်သော အကျိုးဆောင်ကုမ္ပဏီအား ရွေးချယ်ရမည်။ ၎င်း ဘဏ္ဍာရေး Forex ရိုဘော့အမျိုးအစား၏ နမူနာတခုမှာ Daxrobot ဖြစ်သည်။ ဤအခမဲ့ဗားရှင်းသည် ပရိုဂရမ်ကူးယူသည့်စနစ်(emulator)ဖြင့် ကွန်ပျူတာတွင်အသုံးပြုနိုင်သလို Android ဖုန်းများတွင်လည်း အသုံးပြုနိုင်သည်။

မိုဘိုင်းလ် အယ်လ်ဂိုရီသမ် ကုန်သွယ်ရေးစနစ်သည် ရေပန်းစားသော MT4 နှင့် MT5 ပလက်ဖောင်းများတွင် တိုက်ရိုက်အလုပ်မလုပ်ပါ။ Android ဖုန်းများရှိ Metatrader တွင် ကုန်သွယ်ရေး ရိုဘော့များ လည်ပတ်မှုစနစ် မပါဝင်ပါ။ သို့ရာတွင် VPS ဆာဗာအားကြားခံသုံးစွဲသောနည်းလမ်းကို ရွေးချယ်နိုင် ပါသည်။ သုံးစွဲသူသည် desktop ဗားရှင်းပလက်ဖောင်းကိုထည့်သွင်းထားသော ဆာဗာအား အဝေးမှ ထိန်းချုပ်နိုင်သော စွမ်းရည်ဖြင့် Expert Advisors များအား မိုဘိုင်းလ်ဖုန်းမှတဆင့် အသုံးပြုနိုင်ပါသည်။ စမတ်ဖုန်းများ၏ Application မှတဆင့် desktop ပလက်ဖောင်းအား အဝေးမှထိန်းချုပ်နိုင်ပါသည်။

EA Builder အားသုံးသပ်ခြင်း။

LiteFinance: EA Builder အားသုံးသပ်ခြင်း။

EA builder သည် ကိုယ်ပိုင်နည်းဗျူဟာများအား မည်ကဲ့သို့ ကုဒ်အဖြစ်ပြောင်းလဲမည်ကို သင်ယူရန်မလိုပဲ အခြေခံ သို့မဟုတ် မိမိစိတ်ကြိုက် indicators များအပေါ် အခြေခံထားသော အခမဲ့ EA အကြံပေးစနစ် တခုဖြစ်သည်။ တည်ဆောက်ထားသော ပရိုဂရမ်၏အင်္ဂါရပ်များ-

  • MT4 နှင့် MT5 အလိုအလျောက် ကုန်သွယ်ရေး ပလက်ဖောင်းများတွင် ငွေကြေးအတွဲများနှင့် futures contracts များအား အလိုအလျောက်ကုန်သွယ်ရန် တီထွန်ဖန်တီးထားသော အကြံပေးစနစ်ပုံစံဖြစ်သည်။ သုံးစွဲသူမှ မိမိစိတ်ကြိုက် indicator များ၊ ကုန်သွယ်ရေး အချက်ပြမှုများ စသဖြင့် မိမိအသုံးပြုလိုသော နည်းဗျူဟာအယ်လ်ဂိုရီသမ်အား ပရိုဂရမ်၏ တည်းဖြတ်မှု အစိတ်အပိုင်းတွင် တဆင့်ချင်းစီ ထည့်သွင်းသွားယုံသာ ဖြစ်သည်။ ထို့နောက်တွင် Expert Advisor အား ပလက်ဖောင်းတွင် စတင်အသုံးချနိုင်ပြီ ဖြစ်သည်။
  • ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲခြင်း အခန်းကဏ္ဍ မျိုးဆက်။
  • ထုတ်လုပ်ပြီးသော ပုံစံများကို တည်ဆောက်ထားသော ပရိုဂရမ်နှင့် Metatrader နှစ်မျိုးစလုံးတွင် အသုံးချနိုင်သည်။

အခြေခံလုပ်ဆောင်ချက်များ ပါဝင်သော ဗားရှင်းအား အခမဲ့ရယူနိုင်သည်။ ဗားရှင်းအပြည့်အစုံကို ရယူရန်အတွက် အခကြေးငွေဖြင့် စာရင်းပေးသွင်းရန် လိုအပ်သည်။ Ex file ဖြင့်ရေးဆွဲထားသော indicator များကို ထပ်မံဖြည့်စွက်နိုင်သည်။ ကုန်သွယ်ရေးရိုဘော့များ ထုတ်လုပ်မှုအရေအတွက် စသည်တို့တွင် ကန့်သတ်ချက်မရှိပါ။

ရောင်းချလျှက်ရှိသော Forex ရိုဘော့များ။

LiteFinance: ရောင်းချလျှက်ရှိသော Forex ရိုဘော့များ။

အခမဲ့ Forex ရိုဘော့ဗားရှင်းများအပြင် အခပေး၍ဝယ်ယူရသော ဗားရှင်းများလည်းရှိသည်။ ၎င်းတို့၏ စျေးနှုန်းအား တီထွင်ဖန်တီးသူမှ သတ်မှတ်သည်။ တီထွင်ဖန်တီးသူများသည် ရင်းနှီးမြှုပ်နှံစရာမလိုပဲ လျှင်မြန်စွာဝင်ငွေရနိုင်သောကြောင့် Forex ရိုဘော့များအား ရောင်းချခြင်းကို စိတ်ဝင်စားလေ့ရှိကြသည်။ ဝယ်ယူသူအတွက်လည်း အခပေးဝယ်ယူရသော ဗားရှင်းများတွင် သီးခြားအားသာချက်များ ရှိကြပါသည်။

  • အခပေး၍ ဝယ်ယူရသော အကြံပေးစနစ်များသည် တီထွင်ဖန်တီးသူမှ ပံ့ပိုးပေးထားခြင်းဖြစ်သည်။ settings များ သို့မဟုတ် Forex ရိုဘော့၏ လည်ပတ်မှုအပေါ် မရှင်းလင်းပါက တီထွင်ဖန်တီးသူအား တိုက်ရိုက်မေးမြန်းနိုင်သည်။ တီထွင်ဖန်တီးသူများသည် ၎င်းတို့၏ ဝယ်ယူသုံးစွဲသူများအပေါ် အစဥ်အမြဲ ကူညီပေးရန် အသင့်ရှိကြပါသည်။
  • အခပေးရသော Forex ရိုဘော့တွင် ထူးခြားမှုတစုံတရာ ပါဝင်မြဲဖြစ်သည်။ တီထွင်ဖန်တီးသူသည် ၎င်း၏အကြံဥာဏ်အား ကုဒ်အဖြစ်ပြောင်းလဲ၍ ရောင်းချခြင်းပင်ဖြစ်သည်။
  • စီးပွားရေး ရှုထောင့်မှကြည့်လျှင် အကြံပေးစနစ်တခုအားဝယ်ယူခြင်းသည် ကုန်သွယ်ရေး အချက်ပြမှုများ သို့မဟုတ် လူမှုကုန်သွယ်ရေးများ(social trading)တွင် စာရင်းပေးသွင်းခြင်းထက် ပိုမို၍ သင့်တော်သည်ဟု ဆိုနိုင်သည်။

Forex ကုန်သွယ်ရေးရိုဘော့များတွင် ရင်းနှီးမြှုပ်နှံရန် ရွေးချယ်စရာနည်းလမ်း သုံးမျိုးရှိသည်။

  1. အကြံပေးစနစ်အား ဝယ်ယူခြင်း- မည်သည့်အမျိုးအစားအား ဝယ်ယူရမည်နည်းဆိုသည်မှာ သီးသန့်မေးခွန်းတခုဖြစ်သည်။ ဖိုရမ်များစွာတွင် အကြံပြုချက်များကို ရှာဖွေဖတ်ရှုနိုင်သည်။ အရည်အသွေး ညံဖျင်းသော သို့မဟုတ် အခမဲ့ရရှိနိုင်သော ထုတ်ကုန်များ အပေါ်တွင် ငွေများ မဖြုန်းတီးမိစေရန် သတိပြုသင့်သည်။ အချို့သော အကျိုးဆောင်ကုမ္ပဏီများနှင့် ကုန်သွယ်ရေး ပလက်ဖောင်းများသည် ၎င်းတို့၏ ကွန်ပျုတာပရိုဂရမ်အား သုံးစွဲခွင့်ပေးလေ့ရှိ သော်လည်း၊ စျေးနှုန်းမြင့်မားကြသည်။
  2. ကုန်သွယ်ရေးရိုဘော့တခုမှာယူခြင်း- သင့်အနေဖြင့် မည်ကဲ့သို့ ကုဒ်ရေးဆွဲရမည်ကို မသိရှိလျှင် မိမိကိုယ်ပိုင် ကုန်သွယ်ရေးနည်းဗျူဟာတခုအား ဖန်တီး၍ ယင်းအယ်လ်ဂိုရီသမ်တွင် အခြေခံကာ ရေးဆွဲထားသော ကုဒ်များကို အော်ဒါမှာယူနိုင်သည်။
  3. ပရိုဂရမ်ရေးဆွဲသော ပလက်ဖောင်းတွင် Expert Advisors တခုဖန်တီးခြင်း။ သင့်အနေဖြင့် ကုဒ်များကို ရေးဆွဲတတ်ရန် မလိုအပ်ပါ။ ဤပလက်ဖောင်းမျိုး၏ နမူနာမှာ System Creator ဖြစ်သည်။ ​

FX ရိုဘော့ လိမ်လည်မှုများမှ မည်သို့ရှောင်ရှားရမည်နည်း။

ရောင်းချသူများမှ အများဆုံးလိမ်လည်လေ့ရှိသော ပုံစံမှာ အခမဲ့ Forex ရိုဘော့များအား ရောင်းချခြင်း ဖြစ်သည်။ ကုန်သည်တဦးအနေဖြင့် အားလုံးသော အခမဲ့ဗားရှင်းများကို မသိရှိနိုင်ပေရာ ဤအချက်သည် လိမ်လည်သူများအတွက် အခွင့်ကောင်းတရပ် ဖြစ်၍နေပါသည်။ အသက်သာဆုံး လိမ်လည်မှုမှာ ရောင်းချသူသည် ကုဒ်များအား မဆိုစလောက်ပြောင်းလဲ၍ ပုံတူပွားရောင်းချခြင်းဖြစ်ပြီး၊ အဆိုးရွားဆုံးမှာ အခမဲ့ဗားရှင်းအတိုင်းကိုသာ ရောင်းချလိုက်ခြင်း ဖြစ်သည်။

Forex ရိုဘော့တခုအား ဝယ်ယူရာတွင် လိမ်လည်မှုမပေါ်ပေါက်စေရန် မည်သို့ကာကွယ်ရမည်နည်း။

  • ပင်မတီထွင်ဖန်တီးသူများထံမှ တိုက်ရိုက်ဝယ်ယူပါ။ ၎င်းတို့သည် အကျိုးဆောင်ကုမ္ပဏီများ သို့မဟုတ် သီးခြားကုမ္ပဏီများ ဖြစ်နိုင်သည်။ ငှင်းတို့သည် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ များနှင့် အပ်ပ်ဒိတ်များကိုလည်း အပိုဆုအဖြစ် ပံ့ပိုးပေးကြပါသည်။
  • ရင်းနှီးမြှပ်နှံသူ၏ စကားဝှက် (investor password) အား တောင်းခံပါ။ အကယ်၍ live အကောင့်တခုဖြင့် စောင့်ကြည့်ခြင်း ရှိမနေပါက ချက်ချင်းကျောခိုင်းပါ။ အမှန်တကယ် ရိုးသားသော ရောင်းချသူသည် live အကောင့်ဖြင့် အကြံပေးစနစ်၏ စွမ်းဆောင်ရည်အား ကြည့်ရှုနိုင်ရန် ရင်းနှီးမြှုပ်နှံသူ စကားဝှက်အား ပေးမည်သာဖြစ်သည်။
  • နောက်ကြောင်းပြန် စစ်ဆေးမှု (backtest) အား တောင်းခံပါ။ Forex ရိုဘော့အား ကိုယ်စားပြုနိုင်သော အရာမှာ နောက်ကြောင်းပြန်စစ်ဆေးမှုသာ ဖြစ်သည်။ ၎င်းသည် ကုန်သွယ်ရေးစာရင်းစစ်ခြင်း တမျိုးပင် ဖြစ်သည်။ လိမ်လည်သူများသည် နောက်ကြောင်းပြန် စစ်ဆေးမှုအတု ပြုလုပ်၍ သော် လည်းကောင်း၊ အကြံပေးစနစ်အား ဒီမိုအကောင့်တွင် စမ်းသပ်ပြခြင်းဖြင့်လည်းကောင်း လှည့်စား လေ့ရှိကြသည်။ နောက်ကြောင်းပြန်စစ်ဆေးမှု မှန်ကန်ခြင်းရှိမရှိအား ဖော်မြူလာ သိရှိပါက ကိန်းဂဏန်းဆိုင်ရာ indicator များကို ကိုယ်တိုင်တွက်ချက်၍ ဆုံးဖြတ်နိုင်သည်။

အကြံပေးစနစ်တခုအား ဝယ်ယူလိုသော်လည်း လိမ်လည်မှုများအား ကြောက်ရွံ့နေပါသလား။ သင်၏ကိုယ်ပိုင် အယ်လ်ဂိုရီသမ်အား အခြေခံ၍ အကြံပေးစနစ်တခုအား တီထွင်ဖန်တီးရန် အော်ဒါ မှာယူပါ။ ဥပမာအားဖြင့် လွတ်လပ်သော MQL5 ပလက်ဖောင်းတွင် အထက်ပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်သည်။ (ပိုင်ရှင်မှာ MetaQuotes ဖြစ်သည်။)

အဓိက အချက်များ

ကုန်သည်အသစ်တဦး သိရှိသင့်သော Forex ရိုဘော့များ အလုပ်လုပ်ပုံနှင့် အယ်လ်ဂိုရီသမ် ကုန်သွယ်ရေး။

  1. Forex ကုန်သွယ်ရေး ရိုဘော့ဆိုသည်မှာ သင်၏ကုန်သွယ်မှုများအား အလိုအလျောက်စီမံခန့်ခွဲပေးသော ဆော့ဖ်ဝဲလ်တခုဖြစ်သည်။ Forex ရိုဘော့သည် ကုဒ်များဖြင့်ရေးဆွဲထားသော အယ်လ်ဂိုရီသမ်အတိုင်း အလုပ်လုပ်သည့် ပရိုဂရမ်တခုဖြစ်သည်။ ၎င်းတို့နှင့် လိုက်ဖက်ညီညွတ်သော ကုန်သွယ်ရေးပလက်ဖောင်း တခုတွင် တပ်ဆင်၍ အသုံးပြုရသည်။
  2. Expert Advisor ဖြင့် အောက်ပါတို့အား ဆောင်ရွက်နိုင်သည်။
    • မီလီစက္ကန့်အနည်းငယ်မျှသာခြား၍ ကုန်သွယ်မှု အဖွင့်/ အပိတ်များကို မြန်ဆန်စွာ လုပ်ဆောင်နိုင် ခြင်း။
    • ဝင်ရောက်လာသော သတင်းအချက်အလက်များအား ခွဲခြမ်းစိတ်ဖြာခြင်း၊ ​ဖြစ်နိုင်ခြေအရှိဆုံး အလားအလာများအား စိစစ်ရွေးချယ်၍ အကောင်းဆုံး အဖြေကို ရှာဖွေခြင်း။
    • အပြုအမူပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ပြဿနာများကို ဖယ်ထုတ်၍ အလိုအလျောက်ကုန်သွယ်ခြင်း။
  3. အကြံပေးစနစ်များအား အခမဲ့သော်လည်းကောင်း ဝယ်ယူ၍သော်လည်းကောင်း ရယူနိုင်သည်။ အခပေးဝယ်ယူရသော အကြံပေးစနစ်များအား တီထွင်ဖန်တီးသူထံမှ သို့မဟုတ် သင်၏ အကျိုးဆောင် ကုမ္ပဏီမှသာ တိုက်ရိုက်ဝယ်ယူသင့်ပါသည်။ အခပေးဗားရှင်းများတွင် အခန်းကဏ္ဍများစွာပါဝင်နိုင်သည့် ပိုမိုရှုပ်ထွေးသော ပင်မစနစ်တခုနှင့် အပိုဖြည့်စွက်မှုများ စသည်တို့ပါဝင်နိုင်သည်။ သင်သည် ကိုယ်တိုင် ရေးဆွဲထားသော Forex ကုန်သွယ်ရေးနည်းဗျူဟာတခုအတွက် အကြံပေးစနစ်ကုဒ်အား အော်ဒါ မှာယူနိုင်သည်။
  4. Expert Advisor တခု၏ စွမ်းဆောင်ရည်အား ၎င်း၏ အကောင့်တန်ဖိုး နှင့် အမြတ် ရရှိမှု အချက်အလက်(profit factor)၊ အမြင့်ဆုံးကုန်သွယ်စွမ်းအားကျဆင်းမှု (maximum drawdown) စသော ကိန်းဂဏန်း သတ်မှတ်ချက်များဖြင့် ဆုံးဖြတ်သည်။
  5. အဆင့်မြင့် အကြံပေးစနစ်တခု၏ ထိရောက်မှုသည် settings များနှင့် အစမ်းသပ်ခံ ဆော့ဖ်ဝဲလ်တွင် အကောင်းဆုံး လုပ်ဆောင်နိုင်သော စျေးကွက် အခြေအနေအပေါ်တွင် မူတည်သည်။ အခမဲ့ရိုဘော့နှင့် အခပေးရိုဘော့များ၏ ထိရောက်မှုခြင်း တူညီနိုင်ပါသည်။
  6. ဤ Expert Advisor သည် သင့်အား အမြတ်အစွန်းချက်ချင်း ပေးစွမ်းနိုင်သော လိုတရရွှေခွက်မဟုတ်ပါ။ ၎င်းသည် သင့်အတွက် အကူအညီတခုသာ ဖြစ်သည်။ သင်ကိုယ်တိုင်ဆောင်ရွက်လေ့ရှိသော ကုန်သွယ်မှု များအား အလိုအလျောက် ဆောင်ရွက်ပေးသည့် စနစ်တခုသာဖြစ်သည်။

ကုန်သွယ်ရေးရိုဘော့များနှင့် အကြံပေးစနစ်များအကြောင်း အမေး၊အဖြေများ။

အကောင်းဆုံး Forex ရိုဘော့တခု၏ ထိရောက်မှုအာနိသင်မှာ အောက်ပါအချက်များအပေါ် မူတည်သည်။

  • Settings- ပြောင်းလဲနေသော စျေးကွက်အခြေအနေနှင့် ညီညွတ်မှုရှိစေရန် settings များအား ပုံမှန်ချိန်ညှိပေးရန် လိုအပ်သည်။
  • ကုန်သွယ်ရေး ငွေကြေး အခြေအနေများ - Scalping နည်းဗျူဟာအတွက် ရည်ရွယ်၍ ဖန်တီးထားသော Forex ရိုဘော့တခုသည် တနေ့တာအချိန်ဘောင်အတွင်း၌ ထိရောက်မှု မရှိနိုင်ပါ။ ဤအတိုင်း အပြန်အလှန်သာ ဖြစ်သည်။
  • စျေးကွက်အခြေအနေများ- ဥပမာ အချို့ Forexရိုဘော့များသည် ဘေးတိုက် လမ်းကြောင်း (စျေးနှုန်းအတက်အကျမရှိသော အခြေအနေ)တွင် ပို၍ ထိရောက်မှုရှိသည်။ အခြားရိုဘော့ များမှာ လမ်းကြောင်းရွေ့လျားမှုများတွင် အကျိုးအာနိသင် ပိုမိုပေးစွမ်းနိုင် သည်။
  • စီးပွားရေးသတင်းသက်ရောက်မှုများ - အဆင့်မြင့်အကြံပေးစနစ်သည် ၎င်းတွင် ထည့်သွင်းထားသော အယ်လ်ဂိုရီသမ်နှင့် အညီအလုပ်လုပ်ပြီး စီးပွားရေးသတင်းများ အပေါ်တွင် တုံ့ပြန်မှုမရှိပါ။ ထိုသတင်းများသည် ငွေများ လျင်မြန်စွာ ကျဆင်းသွားနိုင် ပါသည်။ သတင်းထုတ်ပြန်ချိန်များတွင် ကုန်သွယ်ရေးရိုဘော့အား ယာယီ ဆိုင်းငံ့ထားခြင်း က ပို၍ သင့်တော်ပါသည်။
Forex ရိုဘော့တခုသည် အကျိုးအမြတ်ရှာဖွေရာတွင် အထောက်အကူဖြစ်စေသော ကိရိယာတခု ဖြစ်သည်။ ၎င်း၏ ထိရောက်မှုမှာ သင်၏အကျိုးရှိစွာ သုံးစွဲတတ်မှုအပေါ်တွင် မူတည်သည်။ ထို့ကြောင့် သင်၏ ကုန်သွယ်ရေးနည်းဗျူဟာတွင် အကြံပေးစနစ်အား မဖြည့်စွက်ခင် နှင့် အကြံပေးစနစ်ဖြင့် ကုန်သွယ်ရေးအခွင့်အလမ်းများအား မရှာဖွေခင်တွင် ဝါရင့်ကုန်သည် တယောက်ပင် ဖြစ်နေပါစေ ဒီမိုအကောင့်တခုတွင် စမ်းသပ်အသုံးပြုကြည့်ရန် တိုက်တွန်းလို ပါသည်။

အလုံးစုံပြည့်စုံသော ကုန်သွယ်ရေး အကြံပေးစနစ်ဟူ၍ မရှိပါ။ Settings များ၊ အချိန်ကိုက် လုပ်ဆောင်ခြင်းများအပေါ်တွင် များစွာမူတည်နေသည်။ အကြံပြုချက်အချို့ -

  • Forex ရိုဘော့၏ ဖော်ပြချက်များကို ဖတ်ပါ။ အကြံပေးစနစ်၏ တီထွင်ဖန်တီးသူများသည် ကုန်သွယ်ရေးအမျိုးအစား၊ စျေးကွက်၏သဘောသဘာဝ အစရှိသဖြင့် သုံးစွဲသူများ အတွက် အကြံပြုချက်များအား ဖြည့်ဆည်းပေးလေ့ရှိသည်။
  • Expert Advisor အား အစမ်းသပ်ခံဆော့ဖ်ဝဲလ်ရှိ အချက်အလက်ဟောင်းများဖြင့် စမ်းသပ်လည်ပတ်ကြည့်ပါ။ အစမ်းသပ်ခံဆော့ဖ်ဝဲလ်နမူနာများမှာ - MT4 နှင့် MT5 တွင် နဂိုပါဝင်သော testers များ၊ MT Forex Simulator အတွက် applications များ၊ Fx Blue စသည်တို့ဖြစ်ကြသည်။ ကုန်သွယ်မှု အမျိုးအစား၊ အမြင့်ဆုံး ကုန်သွယ်စွမ်းအား ကျဆင်းမှုနှင့် တဆက်တည်းဆုံးရှုံးသောကုန်သွယ်မှုများအား အထူးသတိပြုရန် လိုအပ်ပါသည်။
  • EA အား Live အကောင့်တခုတွင် လည်ပတ်ပါ။ ရလာဒ်များအား စောင့်ကြည့်၍ အကဲဖြတ်ပါ။ ကုန်သွယ်မှုအား စောင့်ကြည့်နေစဥ်တွင် EAသည် ၎င်း၏ စမ်းသပ်မှု ကိန်းဂဏန်းများမှ အဆိုးဘက်သို့ သွေဖီသွားပါက စနစ်အားရပ်တန့်ပြီး ချိန်ညှိ ထိန်းသိမ်းမှုများ ပြန်လည်လုပ်ဆောင်ပါ။
Forex ရိုဘော့တခု၏ စာရင်းဇယားများအား မည်သို့အကဲဖြတ်ရမည်ကို "ကုန်သွယ်ရေး နည်းစနစ်နှင့် ၎င်း၏တန်ဖိုးအား အကဲဖြတ်ခြင်း စည်းမျဉ်းများ" ခေါင်းစဥ်ဖြင့် သုံးသပ်ချက်တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

  1. Live အကောင့်ဖြင့် စောင့်ကြည့်စစ်ဆေးရန် တောင်းဆိုပါ။ ဒီမိုအကောင့်တွင်သာ လည်ပတ်နေသော အကြံပေးစနစ်အား ဝယ်ယူရန် မသင့်ပါ။
  2. နောက်ကြောင်းပြန်စစ်ဆေးမှု (backtest) အား တောင်းပါ။ အတုအယောင် စစ်ဆေးမှုများ အား ဆန်းစစ်ပါ။ ဖြစ်နိုင်လျှင် အချက်အလက်စစ်ဆေးမှုဆိုင်ရာ indicators များ အသုံးပြုပြီး ပြန်လည်တွက်ချက်ပါ။
  3. စိတ်ကြိုက် ကုန်သွယ်ရေး Forex ရိုဘော့တခုအား မှာယူပါ။

  1. အကျိုးဆောင်ကုမ္ပဏီ၏ ကုန်သွယ်ရေး သတ်မှတ်ချက်များအပေါ် မူတည်သည်။ အကျိုးဆောင်ကုမ္ပဏီ အများစုမှာ အယ်လ်ဂိုရီသမ် ကုန်သွယ်ရေးအား အသုံးပြုခြင်းကို ကန့်သတ်တားဆီးခြင်းမရှိကြပါ။ သို့သော် ကန့်သတ်ထားသော ကုမ္ပဏီအချို့လည်း ရှိကြသည်။ ဥပမာအားဖြင့် မြန်နှုန်းမြင့် Forex ရိုဘော့များအား ဆာဗာတွင် လွန်ကဲစွာ အသုံးပြုခြင်းအား ပိတ်ပင်ထားကြသည်။ ဤကန့်သတ်ချက်များအား ကမ်းလှမ်းမှုတွင် အတိအကျ သတ်မှတ်ဖော်ပြထားသည်။ အကယ်၍ စည်းမျဥ်းများအား ချိုးဖောက်ခဲ့ပါက အကျိုးဆောင်ကုမ္ပဏီမှ အော်ဒါများ၏ ရလာဒ်အား ဖျက်သိမ်းနိုင်သလို အဆိုးဆုံးအနေနှင့် အကောင့်အား ပိတ်ဆို့၍အရေးယူနိုင်သည်။
  2. ရည်ရွယ်ချက်များအပေါ် မူတည်သည်။ Forex ရိုဘော့များသုံးစွဲခြင်းအား တားမြစ်ခြင်း မရှိပါ။ စျေးကစားခြင်းကိုသာ တားမြစ်ထားသည်။ ထို့ကြောင့် ဥပမာအနေနှင့် HFT Forex ရိုဘော့ သို့မဟုတ် spoofing Forex တို့အား အသုံးချခြင်း (ကုန်သွယ်မှု ပမာဏအား ဖန်တီးရန်အတွက် အော်ဒါများကို နေရာချထား၍ ချက်ချင်းပြန်လည် ဖျက်သိမ်းခြင်း)အား စည်းကမ်းချိုးဖောက်မှုအဖြစ် မှတ်ယူနိုင်သည်။

မည်သည့် Forex ရိုဘော့များမှာ အကောင်းဆုံးဖြစ်သည်ဟူ၍ ပြတ်သားသော အဖြေမရှိပါ။ အကောင်းဆုံး ထိန်းသိမ်းမှု ပြုလုပ်ထားသော ရိုဘော့မှာ အကျိုးအမြတ်အရှိဆုံး ဖြစ်ပါလိမ့်မည်။ အကျိုးအမြတ်ရရှိမှုမှာ အခြေခံ အကြောင်းအရာ အများအပြားနှင့် သက်ဆိုင်သည်။ ထိုကြောင့် အကျိုးအမြတ်ရရှိမှု အမြင့်မားဆုံး Forex ရိုဘော့ဟူ၍ မရှိပါ။ မည်သည့် အကြံပေးစနစ်မဆို ယနေ့တွင် အမြတ်အစွန်းများရှာဖွေပေး၍ မနက်ဖြန်တွင် ငွေများအား ဆုံးရှုံးစေနိုင်သည်။ ဤအချင်းအရာ အလုံးစုံမှာ စျေးကွက်၏ မတည်ငြိမ်မှု အခြေအနေပေါ်တွင် မူတည်နေသည်။ အထူးမှတ်သားရမည့်အချက်မှာ ရင်းနှီးမြှုပ်နှံမှုဟူသမျှတွင် စွန့်စားမှုပါဝင်ပြီး သင်၏ ငွေကြေးများကို ဆုံးရှုံးရနိုင်သည်။ ကုန်သွယ်ရေးရိုဘော့များသည်လည်း အတူတူသာဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်ရေးကို စတင်မည်ဆိုပါက သင်ကိုယ်တိုင် အဆက်မပြတ် လေ့လာဆည်းပူးနေရန် လိုအပ်ပြီး နည်းဗျူဟာများအား ဒီမိုအကောင့်များတွင် လေ့ကျင့်အသုံးချသင့်သည်။

Forex ရိုဘော့တခု၏ ကောင်းခြင်း၊ ဆိုးခြင်းအား သင်ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်သည်။ အယ်လ်ဂိုရီသမ် ကုန်သွယ်ရေးသည် အချိန်ကုန်သက်သာသည်။ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများအား လျော့ချပေးသည်။ ကုန်သွယ်ရေးဆုံးဖြတ်ချက်များ လျှင်မြန်စွာချမှတ်ရာတွင် ကူညီပေးသည်။ သို့သော် တချိန်တည်းမှာပင် ကုန်သွယ်မှုများအား ပုံမှန်စောင့်ကြည့်ရန် လိုအပ်သည်။ တခါတရံတွင် ၎င်းတို့မှ မြင့်မားသော စွန့်စားမှုများကို ပြုလုပ်သောအခါ လူကိုယ်တိုင် ကြားဝင်ထိန်းသိမ်းရန် လိုအပ်သည်။ ထို့ကြောင့် အမြတ်သာလျှင် ရနိုင်သည်မဟုတ်ပဲ ငွေများကိုဆုံးရှုံးရခြင်းလည်း ရှိနိုင်ပါသည်။

Forex ကုန်သွယ်ရေးရိုဘော့များအား

  1. အခမဲ့ရယူနိုင်သည်။ ကုန်သည်များစွာမှ အချိန်ကြာမြင့်စွာကပင် အသုံးပြုခဲ့ကြသော ကုန်သွယ်ရေးရိုဘော့များဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ကုဒ်များမှာ ပွင့်လင်းမြင်သာမှု ရှိသည်။ ၎င်းတို့၏ အကျိုးအာနိသင်မှာ ကုန်သည်၏ ကျွမ်းကျင်မှုအပေါ်တွင်သာ မူတည်သည်။ မူပိုင်ခွင့်ကင်းလွတ်သော Forex ကုန်သွယ်ရေးရိုဘော့များအား အွန်လိုင်းမှ တဆင့်လည်း ရှာဖွေနိုင်သည်။ ၎င်းတို့အား စမ်းသပ်ရန် ရည်ရွယ်၍ အပ်ပ်လုဒ် ပြုလုပ်ထားခြင်းဖြစ်နိုင်သလို ကုဒ် အမှားအယွင်းများလည်း ပါဝင်နိုင်သည်။
  2. အခပေးဝယ်ယူနိုင်သည်။ ကျသင့်ငွေအား ရေးဆွဲသူမှ ဆုံးဖြတ်သည်။ စျေးသက်သာသော ရိုဘော့များမှာ ဒေါ်လာ၂၀မှ ၁၀၀ကြားတွင်ရှိပြီး၊ ထူးခြားကောင်းမွန်သော ဆော့ဖ်ဝဲလ်များ မှာ ဒေါ်လာတထောင်နှင့်အထက် ကျသင့်နိုင်သည်။ ၎င်းတို့၏ အားနည်းချက်မှာ တီထွင် ဖန်တီးသူသည် အကျိုးအမြတ်အား အာမခံချက်မပေးပါ။ တခါတရံတွင် အခမဲ့ ရရှိနိုင်သော ဗားရှင်းများအား စျေးကွက်အတွင်း ရောင်းချနေခြင်းကိုလည်း တွေ့ရှိရသည်။ တီထွင် ဖန်တီးသူမှ အသေးစားပြောင်းလဲမှုများ ပြုလုပ်၍ ရောင်းချခြင်း ဖြစ်သည်။
အကြံပြုချက်: အကြံပေးစနစ်တခုအား အလောတကြီး ဝယ်ယူခြင်းမပြုသင့်ပါ။ ၎င်း၏ ထိရောက်မှုသည် သင်၏မှန်ကန်စွာ အသုံးချနိုင်သော စွမ်းရည်အပေါ်တွင်သာ မူတည်သည်။

ကုန်သွယ်ရေး အကြံပေးစနစ်တခုအား တီထွင်ဖန်တီးရန် အယ်လ်ဂိုရီသမ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ကုန်သွယ်ရေးစနစ်တခုအား ဖန်တီးပါ။ အောက်ပါမေးခွန်းများကို ဖြေဆိုရန်လိုအပ်သည်။
    • နည်းစနစ်တွင် မည်သည့် indicators များကို အသုံးပြုမည်နည်း။
    • ကုန်သွယ်မှုအဖွင့်၊ အပိတ်များအတွက် သတ်မှတ်ချက်များမှာ အဘယ်နည်း။
    • ကုန်သွယ်မှုပမာဏအား မည်သို့တွက်ချက်ရမည်နည်း။
    • မည်သည့် ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲခြင်း နည်းလမ်းအား အသုံးပြုမည်နည်း။
  2. ကုန်သွယ်ရေးစနစ်အား လူကိုယ်တိုင်စမ်းသပ်ပါ။
  3. ကုဒ်များရေးပါ။
အကယ်၍ သင်ကိုယ်တိုင် ကုဒ်များကိုမရေးနိုင်ပါက ပရိုဂရမ်မာများထံတွင် အော်ဒါမှာယူပါ။

Expert Advisor တခုသည် ထည့်သွင်းထားသော ကုဒ်များအတိုင်း လှုပ်ရှားမှုများကို ဆောင်ရွက် သော ပရိုဂရမ်တခုဖြစ်သည်။ ကုဒ်ဆိုသည်မှာ မည်သည့်ဖြစ်စဥ်တွင် မည်သည့် လှုပ်ရှားမှုအား ဆောင်ရွက်ရမည်ကို သတ်မှတ်ပေးထားသော အယ်လ်ဂိုရီသမ် ဖြစ်သည်။ ဥပမာ အားဖြင့် Oscillator တန်ဖိုးမှာ ၈၀% အထက် သို့မဟုတ် ၂၀% အောက်သို့ ရောက်ရှိပါက ကုန်သွယ်မှု အား ဖွင့်လှစ်ပေးသည်။ ကုန်သွယ်မှုပိတ်သိမ်းရန် အခြေအနေများ၊ ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲခြင်းများနှင့် ကုန်သွယ်ရေးစည်းမျဥ်းများကိုလည်း ကုဒ်များဖြင့်ပင် သတ်မှတ်ထားသည်။ အကြံပေးစနစ်တွင် အသုံးပြုလိုသော အခြေအနေအားလုံးကို ကုဒ်များဖြင့် သတ်မှတ်ထားနိုင်သည်။ ၎င်းသည် တီထွင်ဖန်တီးသူ၏ စိတ်ကူးဥာဏ်နှင့် ရည်ရွယ်ချက်များအပေါ်တွင် အပြည့်အဝ မူတည်ပါသည်။

အသုံးပြုသူအတွက် အကြံပေးစနစ်လည်ပတ်မှု အယ်လ်ဂိုရီသမ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. အကြံပေးစနစ်အား ကုန်သွယ်ရေးပလက်ဖောင်းတွင် ထည့်သွင်း၍ စတင်အသုံးပြုပါ။
  2. Settings များကို သတ်မှတ်ပါ။
  3. အကြံပေးစနစ်၏ အလုပ်လုပ်ပုံအား စောင့်ကြည့်ပါ။
အကြံပေးစနစ်အား အချိန်မရွေးရပ်တန့်၍ ကုန်သွယ်မှုများအား လူကိုယ်တိုင် ပိတ်သိမ်းနိုင်သည်။
အလိုအလျောက် ကုန်သွယ်ရေးစနစ်အတွက် ထိပ်တန်း Forex Robots ၁၀ခု။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat