Forex ကုန်သွယ်ရေးစနစ်ကို ဖန်တီးရာတွင် ပြီးပြည့်စုံသော အယ်လ်ဂရစ်သမ်တခုအပေါ် အခြေခံ၍ EA ကို ဒီဇိုင်းထုတ်ခြင်းနှင့် အထူးဖန်တီးထားသော forex EA တည်ဆောက်မှုဆော့ဖ်ဝဲလ်များကို အသုံးချခြင်းဟူ၍ နည်းလမ်းနှစ်မျိုးရှိပါသည်။ ပထမနည်းလမ်းသည် ပိုမို၍ထိရောက်မှုရှိသော်လည်း ဒုတိယနည်းတွင် ပရိုဂရမ်းမင်းဘာသာရပ်ဆိုင်ရာ နားလည်ကျွမ်းကျင်မှုအနည်းငယ်မျှပင် မလိုအပ်ပါ။ Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် ကိုယ်ပိုင်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများအပေါ်အခြေခံ၍ မူရင်းညွှန်ပြကိရိယာများနှင့် သုံးစွဲသူစိတ်ကြိုက်ညွှန်ပြကိရိယာများကို အသုံးပြုကာ Expert Advisors (EA) အမျိုးမျိုးကို ကိုယ်တိုင် ဒီဇိုင်းထုတ်ဖန်တီးနိုင်စေရန် ကူညီပေးသည့် ပေါင်းစည်းထားသော ဘက်စုံသုံး ကုန်သွယ်ရေးရိုဘော့တည်ဆောက်မှုဆော့ဖ်ဝဲလ်တခု ဖြစ်ပါသည်။ ၎င်းကို အသုံးပြု၍ လက်တွေ့ကုန်သွယ်ရေးအတွက် သင်၏ကိုယ်ပိုင်ကုန်သွယ်ရေးရိုဘော့ကို တီထွင်နိုင်ပါသည်။ ထို့အပြင် ဆော့ဖ်ဝဲလ်ကိုအသုံးပြု၍ အသစ်တီထွင်ထားသော သို့မဟုတ် ယခင်ရှိထားပြီးသော EA များ ၏ ဆက်တင်များတွင် ပိုမိုကောင်းမွန်သော မွမ်းမံမှုများ ပြုလုပ်နိုင်ပြီး၊ ဒီမိုနှင့် လက်တွေ့ကုန်သွယ်ရေးအကောင့်များပေါ်တွင် ထိရောက်မှုစမ်းသပ်ခြင်းနည်းပညာများစွာဖြင့် ၎င်းတို့၏ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်ပါသည်။ ဤရှုမြင်သုံးသပ်ချက်တွင် အလိုအလျောက် forex ကုန်သွယ်ရေးစနစ်တခုကို မည်သို့ တီထွင်ဖန်တီးရမည်ကို အခြေခံမှစ၍ လေ့လာနိုင်ပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ပရိုဂရမ်ရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိပဲ Forex expert advisor တခုကို မည်သို့ တီထွင်ဖန်တီးရမည်နည်း။

အားလုံးသော ကုန်သည်တို့သည် ခလုပ်တခုကိုနှိပ်လိုက်ယုံဖြင့် အမြတ်အစွန်းများရရှိသော ကုန်သွယ်ရေးကို ဆောင်ရွက်နိုင်ရန် စိတ်ကူးယဉ်မျှော်မှန်းကြသည်။ ယေဘုယျအသိစိတ်အရ ထိုသို့မဖြစ်နိုင်မှန်း သိရှိကြသော်လည်း အလွန်‌သေးငယ်သော ဖြစ်နိုင်ခြေမျှော်လင့်ချက်တခုရှိသောအခါ စိတ်ကူးအိမ်မက်ကို ဆက်လက်ဆုပ်ကိုင်ထားလိုကြပါသည်။ ထိုစိတ်ကူးသည် Forex Expert Advisors များကြောင့် အမှန်ဖြစ်လာနိုင်ပါသည်။ မှန်ပါသည် - ကုန်သွယ်ရေးရိုဘော့တခုကို အသုံးပြုရန်အတွက် ကုန်သွယ်ရေးအစီအစဉ်တခု လိုအပ်ပါသည်။ တိကျသောဈေးကွက်အခြေအနေများတွင် ဈေးနှုန်းဦးတည်ရာများကို ခွဲခြားထုတ်ဖော်နိုင်ရန်နှင့် သင့်အတွက် အမြတ်ထွက်ပေါ်စေရန် ရိုးရှင်းသော ကုန်သွယ်ရေးဗျူဟာတခုကို ဖန်တီးနိုင်ပါသည်။

လက်တွေ့ကျသော အယ်လ်ဂရစ်သမစ် ကုန်သွယ်ရေးစနစ်တခုအပေါ် အခြေခံ၍ advisor တခုကို ဖန်တီးရန် နည်းလမ်းနှစ်ခုရှိပါသည် -

  • တိကျသောကုန်သွယ်ရေးအယ်လ်ဂရစ်သမ်တခုအပေါ် အခြေခံ၍ EA ကုဒ်များကို အော်ဒါမှာယူပါ (သို့မဟုတ် သင်ကိုယ်တိုင် ရေးသားပါ)။ အကယ်၍သင်သည် MQL 4 သို့မဟုတ် MQL 5 ဘာသာစကားများကို နားလည်သိရှိပါက၊ ၎င်းသည် အကောင်းဆုံး ရွေးချယ်မှုတခု ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက သင်၏ forex ကုန်သွယ်ရေးရိုဘော့အတွက် ကုဒ်ရေးသားခြင်းသည် ခဲယဉ်းနိုင်ပါသည်။ EA သည် ကုန်သွယ်မှုစနစ်၏ အယူအဆကို မှန်ကန်စွာ လုပ်ဆောင်နိုင်ခြင်းရှိမရှိနှင့် ရိုဘော့အား မည်သို့ချိန်ညှိရမည်ကို သင်သိရှိနိုင်မည် မဟုတ်ပါ။ အလားတူ မေးခွန်းများ မြောက်များစွာရှိပါသေးသည်။

  • အထူးဖန်တီးထားသော ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ သင်၏ ကိုယ်ပိုင်ကုန်သွယ်ရေးရိုဘော့များကို တည်ဆောက်ပါ။ ဤနည်းလမ်းတွင် ပရိုဂရမ်ဘာသာရပ်ကို သိနားလည်ရန် မလိုအပ်ပါ။ ဤနည်းလမ်းသည် forex ကုန်သည်များကို တနည်းနည်းဖြင့် ကန့်သတ်နိုင်သော်လည်း (သင်၏ဗျူဟာမှာ ဆော့ဖ်ဝဲလ်၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေနိုင်ပါသည်)၊ အများနှင့်မတူသော မိမိကိုယ်ပိုင် Expert Advisor တခုကို ဖန်တီးလိုသူများအတွက် ‌နည်းလမ်းကောင်းတခု ဖြစ်ပါသည်။

Forex နည်း‌ဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် forex ရိုဘော့တည်ဆောက်ခြင်းအတွက် ဆော့ဖ်ဝဲလ်တခုဖြစ်ပြီး၊ အခြေခံညွှန်ပြကိရိယာများအပေါ် အခြေခံ၍ ရိုးရှင်းသော EAs များ၊ အဆင့်မြင့်ရှုပ်ထွေးသော EAs များ (ပေါင်းစပ်ဗားရှင်းများ) ကို ပုံဖော်ဖန်တီးပေးပါသည်။ ၎င်းတွင် ကုန်သွယ်ရေးရိုဘော့များကို စမ်းသပ်ရန်၊ စိစစ်အကဲဖြတ်ရန်နှင့် မွမ်းမံချိန်ညှိရန် လုပ်ဆောင်ချက်များလည်း ပါဝင်ပါသည်။ ဆော့ဖ်ဝဲလ်သည် မလွန်ကူလှသော်လည်း ၎င်းကို ကောင်းမွန်သော အင်္ဂါရပ်များစွာဖြင့် ဖွဲ့စည်းထားပါသည်။

၎င်း၏အင်္ဂါရပ်အချို့ -

  • Advisors များကို MT4 ကုန်သွယ်ရေးပလပ်ဖောင်းအတွက် ဒီဇိုင်းထုတ်ထားပါသည်။ 

  • ၎င်းသည် အခမဲ့ ကုန်သွယ်ရေးရိုဘော့တည်ဆောက်မှုဆော့ဖ်ဝဲလ် ဖြစ်ပြီး၊ ၎င်းကို အင်တာနက်ပေါ်တွင် အလွယ်တကူ ရှာဖွေနိုင်ပါသည်။

  • ဆော့ဖ်ဝဲလ်ကို အင်စတောပြုလုပ်ရန် မိနစ်အနည်းငယ် ကြာမြင့်ပါသည်။ သို့သော် လည်ပတ်မှုစနစ်များနှင့် ယှဉ်တွဲရာတွင် ပြသနာအနည်းငယ်ရှိပါသည်။ အကြောင်းရင်းမှာ ဝင်းဒိုးများနှင့်သက်ဆိုင်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ အတိအကျမပြောနိုင်သော်လည်း ကွန်ပျူတာများမှ တခုသည် System Creator မည်သည့်ဗားရှင်းကိုမဆို လည်ပတ်နိုင်ခြင်း မရှိပေ။ 

Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်ကို အသုံးပြု၍ expert advisor တခုကို မည်သို့ဖန်တီးရမည်နည်း။

ပထမဦးစွာ ဘာသာစကားရွေးချယ်မှုဖြင့် စတင်ရပါမည်။ ၎င်းကို View မီနူးတွင် ဆောင်ရွက်နိုင်ပါသည်။ နောက်‌တဆင့်အနေဖြင့် History Center ၏ ပင်မဝင်းဒိုးရှိ forex နှုန်းထားရာဇဝင်များကို ဒေါင်းလုဒ်ပြုလုပ်ရပါမည်။ အကယ်၍ ပရိုဂရမ်ကို စတင်လည်ပတ်စဉ် ပင်မဝင်းဒိုးပွင့်မလာပါက (မော်နီတာပေါ်တွင် ထိပ်ဆုံးမီနူးနှင့် ခဲရောင်မျက်နှာပြင်သာရှိနေပါက)၊ ၎င်းကို Market Menu/Download Forex Rates တွင် ဖွင့်နိုင်ပါသည်။ 

LiteFinance: Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်ကို အသုံးပြု၍ expert advisor တခုကို မည်သို့ဖန်တီးရမည်နည်း။

ယခင်ဈေးနှုန်းအချက်အလက်များကို ရယူရန် နည်းလမ်းသုံးခုရှိပါသည်။ ၎င်းတို့မှာ ဆာဗာဒေတာဖိုင်များကို သွင်းယူခြင်း၊ MT4 ဖိုင်များကို သွင်းယူခြင်း (ထိုနေရာတွင် နှုန်းထားများကို အလိုအလျောက် တင်သွင်းပေးပါသည်) သို့မဟုတ် JForex တာမီနယ်မှတဆင့် ဒေတာဖိုင်များကို သွင်းယူခြင်း စသောနည်းလမ်းများ ဖြစ်ပါသည်။ Forex နှုန်းထားများ၏ အရည်အသွေး(နှုန်းထားများ တိကျမှု၊ ရက်စွဲများကို မကျော်သွားခြင်း အစရှိသဖြင့်)သည် EA ၏ ထိရောက်မှုကို အဆုံးအဖြတ်ပေးပါသည်။ အထူးသဖြင့် ယခင်နှုန်းထားများအပေါ်ကုန်သွယ်ခြင်းနှင့် လက်တွေ့ကုန်သွယ်ရေးအကောင့်အစစ်တွင်ကုန်သွယ်ခြင်း ကြား မှ ခြားနားချက်သည် EA ၏ စွမ်းဆောင်ရည်အတွက် အရေးကြီးပါသည်။ 

  • FSB ဒီမိုအချက်အလက်ကို တင်သွင်းပါ။ FX နှုန်းထားများ၏ မှတ်တမ်းကို developer ဆာဗာမှ တင်သွင်းပါ။ အချက်အလက်များ၏ အရည်အသွေးသည် ဤနေရာတွင် အကောင်းဆုံးမဟုတ်ပါ။ ၎င်းသည် စမ်းသပ်ရန်အတွက်သာ သင့်တော်ပါသည်။ လက်တွေ့အမြတ်ရရှိစေသော Expert Advisor တခုကို ဖန်တီးရန်အတွက်မူ ပိုမိုသင့်တော်သည့် အခြားနည်းလမ်းကို ရွေးချယ်သင့်ပါသည်။

  • JForex။ ၎င်းသည် DukasCopy အကျိုးဆောင်ကုမ္ပဏီ၏ ပလက်ဖောင်းတခု ဖြစ်ပါသည်။ ၎င်းသည် လူကိုယ်တိုင်ကုန်သွယ်ရေးသာမက အလိုအလျောက်ကုန်သွယ်ရေးအတွက်ပါ သင့်တော်သော ဘက်စုံအသုံးဝင်သည့် ပလက်ဖောင်းတခု ဖြစ်ပါသည်။ အလိုအလျောက်ကုန်သွယ်ရေးဖြစ်စေ၊ JAVA ပရိုဂရမ်ဘာသာစကားအပေါ်အခြေခံ၍ ကုန်သွယ်ရေးဗျူဟာများ စမ်းသပ်ခြင်းဖြစ်စေ၊ နှစ်မျိုးစလုံးကိုပင်ဖြစ်စေ ဆောင်ရွက်လိုကြသော ကုန်သည်များအတွက် ဤပလက်ဖောင်းအား အထူးပုံဖော်ဖန်တီးပေးထားခြင်း ‌ဖြစ်ပါသည်။ System Creator သို့ တင်သွင်းရန်အတွက် ၎င်းတို့ပံ့ပိုးပေးထားသော အချက်အလက်မှတ်တမ်းများ၏ တိကျမှန်ကန်မှုအပေါ် ၎င်းတို့မှ အာမခံချက်ပြုထားပါသည်။ ၎င်းတို့၏ဝဘ်ဆိုဒ်မှ ဈေးနှုန်းမှတ်တမ်းအချက်အလက်များကို ဒေါင်းလုဒ်ပြုလုပ်၍ ဖိုင်တွဲတခု၌ သိမ်းဆည်းကာ ဖိုင်တွဲ၏လိပ်စာကို forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲတွင် ထည့်သွင်းရပါမည်။

  • Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် MetaTrader4 ၏ မူရင်း HST ဖိုင်များမှ ဒေတာများကို တိုက်ရိုက်တင်သွင်းခြင်း (နှင့် ပြောင်းလဲခြင်း) ကို ပံ့ပိုးပေးပါသည်။ သီအိုရီအားဖြင့် ဤနည်းလမ်းမှာ အကောင်းဆုံး ဖြစ်ပါသည်။ အဘယ်ကြောင့်‌ဆိုသော် ကုန်သည်တဦးသည် ဂရုတစိုက်ဖြင့် အသေးစိတ်ရွေးချယ်ခဲ့ပြီးသော FX နှုန်းထားမှတ်တမ်းများကို ပလက်ဖောင်းသို့ ဒေါင်းလုပ်ပြုလုပ်ခြင်းကြောင့် ဖြစ်ပါသည်။ ထို့အပြင် သင်သည် တူညီသောအကျိုးဆောင်၏ အချက်အလက်များအပေါ်အခြေခံ၍ အရာအားလုံးကို လုပ်ဆောင်ပါက ပိုမိုကောင်းမွန်ပါသည်။ သင်နှင့်အတူတကွကုန်သွယ်သော အကျိူးဆောင်၏ FX နှုန်းထားများအပေါ်တွင်သာ အခြေခံသင့်ပါသည်။ ကုန်သွယ်မှုဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကို ချမှတ်ပေးပြီး၊ သင်၏ Expert Advisor ကို ၎င်း၏ပလက်ဖောင်းတွင် အသုံးပြုရမည့် အကျိုးဆောင်ကို ဆိုလိုပါသည်။

နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် ယခင်ဈေးနှုန်းရွေ့လျားမှုရာဇဝင်မှ ဘား(ရွေ့လျားမှုဘား) ၁ သန်းအထိသာ အသုံးပြုနိုင်ပါသည်။

ဖ္ဧဲ့စည်းပုံမှာ နားလည်သဘောပေါက်ရန် အတော်ပင် လွယ်ကူပါသည်။ မီနူးများနှင့် ဝင်ဒိုးများကို အဆင်ပြေမှုရှိစွာ နေရာချထားပါသည်။ ဖိုင်/တည်းဖြတ်သူ... နှင့် အိုင်ကွန်များပါဝင်သောအကန့် ဟူ၍ ပင်မမီနူးအကန့်နှစ်ခု နှစ်ခုရှိပါသည်။ ဥပမာအားဖြင့် ဘယ်ဘက်အစွန်တွင်ရှိသော ခလုပ်ကိုနှိပ်၍ (သို့မဟုတ်) File/New section တွင် ကုန်သွယ်ရေးဗျူဟာအသစ်တခုကို စတင်နိုင်ပါသည်။ MT4/5 တို့တွင် ဗျူဟာများ ထည့်သွင်းခြင်း၊ ရယူသိမ်းဆည်းခြင်းများကို Strategy အကန့်ကိုနှိပ်၍ လုပ်ဆောင်နိုင်ပါသည်။ ခွင့်ပြုထားသော လုပ်ဆောင်ချက်များကို ပင်မမီနူးအောက်တွင် သီးခြားခလုပ်များဖြင့် ပြသပေးပါသည်။

LiteFinance: Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်ကို အသုံးပြု၍ expert advisor တခုကို မည်သို့ဖန်တီးရမည်နည်း။

အထက်ပါရုပ်ပုံတွင် Demo strategies ဟူသော စာသားခလုပ်ကို သတိထား၍ကြည့်ပါ။ ၎င်း၏စာရင်းကို ညာဘက်ဝင်းဒိုးတွင် တွေ့မြင်နိုင်ပါသည်။ ၎င်းတို့သည် စံညွှန်ပြကိရိယာများအပေါ်အခြေခံထားသော အဆင်သင့်အသုံးပြုနိုင်သည့် သရုပ်ပြဗျူဟာများဖြစ်ပြီး၊ ၎င်းတို့ကို ဆော့ဖ်ဝဲလ်ဖန်တီးသူများမှ ထည့်သွင်းပေးထားခြင်း ဖြစ်ပါသည်။ ၎င်းတို့သည် သုံးစွဲသူများအတွက် ပြည့်စုံသောဗျူဟာတခု၏ ဥပမာကို ပြသပေးပါသည်။ ဆက်တင်မီနူး(ရုပ်ပုံများပါဝင်သောမီနူး)တွင် Strategy Explorer ခလုပ်ကိုနှိပ်၍ ၎င်းတို့ကို ကြည့်ရှုနိုင်ပါသည်။ 

ဘယ်ဘက်ဝင်းဒိုးတွင် ဖြည့်စွက်ထားသောအရန်မီနူးတခု ရှိပါသည်။ ၎င်းတွင်ပါဝင်သော အကြောင်းအရာများသည် ပင်မဝင်းဒိုးတွင် ဖွင့်ထားသော ရွေးချယ်မှုအပေါ်မူတည်၍ ပြောင်းလဲပါသည်။ ဥပမာအားဖြင့် အထက်ပါစခရင်ရုပ်ပုံကိုကြည့်ပါ။ ပင်မဝင်းဒိုးသည် နည်းဗျူဟာအသစ် စာမျက်နှာဖြစ်ပြီး ဘယ်ဘက်ရှိ Editor အကန့်တွင် အပိုဆောင်းဆက်တင်များကို တွေ့ရပါသည်။ နောက်ပိုင်းတွင် ၎င်းတို့နှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြသွားပါမည်။

နောက်ထပ် အသုံးဝင်သော အင်္ဂါရပ်အချို့ ရှိပါသည် - 

  • သင်သည် open code များကို ပြင်ဆင်နိုင်ပါသည်။ ဆိုလိုသည်မှာ အကယ်၍သင်သည် MQL ပရိုဂရမ်ဘာသာရပ်ကို နားလည်သူဖြစ်ပါက၊ ဖန်တီးထားသော Advisors တွင် သင်၏ကိုယ်ပိုင် ဆုံရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများ၊ trailing stops များ (နည်းဗျူဟာတည်ဆောက်ဆော့ဖ်ဝဲလ်တွင် ထည့်သွင်း၍မရသော လုပ်ဆောင်ချက်များ) အစရှိသည်တို့ကို ပေါင်းထည့်၍ ပိုမိုကောင်းမွန်စေရန် မွမ်းမံမှုများ ပြုလုပ်နိုင်ပါသည်။ 

  • Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်တွင် မှတ်တမ်းအမျိုးမျိုးလည်း ပါဝင်ပါသည်။ နည်းဗျူဟာမီနူး(အထက်ပါရုပ်ပုံတွင် ဘယ်ဘက်ရှိ ဒေါင်လိုက်မီနူးမှ Review ခေါင်းစဉ်)တွင် Journal သည် ပြီးဆုံးသွားသောဗျူဟာအတွက် လုပ်ငန်းစဉ်မှတ်တမ်းများ၏ စာရင်းအချက်အလက်များဖြစ်သည်(အရောင်းအဝယ်လုပ်ငန်းစဥ်၊ ကုန်သွယ်မှုဦးတည်ရာ၊ lot အရွယ်အစား၊ မာဂျင် အစရှိသဖြင့်)။ အောက်ခြေတွင် Trade journal စာတန်းရှိပါသည်။ ၎င်းသည် အသုံးပြုမှုမှတ်တမ်းဖြစ်ပြီး အသုံးပြုသူ၏ လှုပ်ရှားမှုများ၊ အမှားအယွင်းများ စသည်တို့ကို ပြသပါသည်။ MT4 တွင်လည်း အလားတူအင်္ဂါရပ်တခု ပါဝင်ပါသည်။

LiteFinance: Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်ကို အသုံးပြု၍ expert advisor တခုကို မည်သို့ဖန်တီးရမည်နည်း။

၁။ အကောင့်ဆက်တင်များ

၎င်းကို သင်၏အလုပ်မစတင်မီ ကြိုတင်ပြုလုပ်သင့်ပါသည်။ ပထမဦးစွာ ထိပ်ဆုံးမီနူးတွင် Account/Profile ဆက်တင်ပေါ်သို့ နှိပ်ပါ။ Profile စာသားကို နှိပ်လိုက်သည်နှင့် Crotrol Panel ပွင့်လာပါမည်၊ ထိုနေရာတွင် ပရိုဖိုင်၏ စံအတိုင်းအတာအချို့ကို သတ်မှတ်နိုင်ပါသည်။ Crotrol Panel အတွင်း ဘယ်ဘက်ရှိ မီနူးမှ သက်ဆိုင်ရာခလုပ်ကိုနှိပ်၍ ပရိုဖိုင်အသစ်တခုဖွင့်ရန်လိုအပ်ပါသည်။ ထို့နောက် ပရိုဖိုင် အမည်နှင့် အသေးစိတ်ဖော်ပြချက်ကို ဖြည့်သွင်းပါ။ General ခလုပ်သို့ ပြန်သွားပါ။

LiteFinance: ၁။ အကောင့်ဆက်တင်များ

ထို့နောက် Active profile ခေါင်းစဉ်အောက်တွင် new profile ကိုနှိပ်ပါ။ ဤတွင် သင်အလိုရှိလောက် ပရိုဖိုင်အရေအတွက်ကို ဖန်တီးနိုင်ပါသည်။ အကြောင်းရင်းများမှာ ကွဲပြားနိုင်ပါသည်။ ဥပမာအားဖြင့် အခြေခံချင်းကွဲပြားသော forex နည်းဗျူဟာအမျိုးအစားများကို သီးခြားစီခွဲခြားထားရန်အတွက် ဖြစ်ပါသည်။

Control Panel တွင်အောက်ပါကိရိယာများ ပါဝင်ပါသည် - 

  • Backtester - ၎င်းသည် စမ်းသပ်ခြင်းကို ပိုမိုလက်တွေ့ကျစေရန်အတွက် Margin Call တခုတွင် ကုန်သွယ်မှုအားပိတ်သိမ်းနိုင်သော အခွင့်အရေးကို ပံ့ပိုးပေးပါသည်။ ဒုတိယအချက်အနေဖြင့် သင့်အား ပိုမိုတိုတောင်းသော ကာလအပိုင်းအခြားများတွင် စမ်းသပ်လုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးပါသည်။ ဆိုလိုသည်မှာ အကယ်‌၍ ဗျူဟာကို တနာရီအချိန်ပိုင်းများအတွက် စီစဉ်ရေးဆွဲထားခြင်းဖြစ်ပါက၊ စမ်းသပ်မှုအတွက် M1-M15 ကာလများကို အသုံးပြုခြင်း ဖြစ်ပါသည်။ အခွင့်အရေးနှစ်ခုစလုံးကို စမ်းသပ်လုပ်ဆောင်ကြည့်ရန် ကျွန်ုပ်မှ အကြံပြုပါသည်။ 

  • Balance/Equity chart - ရွေးချယ်မှုနှစ်ခုစလုံးသည် ဖြည့်စွက်မှုများဖြစ်ပြီး သတင်းအချက်အလက်များကို ထပ်ဆောင်းထောက်ပံ့ပေးပါသည်။ ပထမတခုသည် ပင်မတိုးတက်မှုမျဉ်းအပြင် အဝယ်နှင့် အရောင်း ကုန်သွယ်မှုများအတွက် အလားတူအချက်အလက်များပါဝင်သော မျဉ်းများကို သီးခြားစီပြသပေးပါသည်။ Forex ကုန်သွယ်ရေးဗျူဟာတခု ကောင်းစွာ ကောင်းစွာအလုပ်လုပ်ခြင်း ရှိမရှိကို နားလည်သဘောပေါက်ရန်အတွက်၊ ၎င်းသတင်းအချက်အလက်ကို မလိုအပ်ပါ။ သို့သော် ၎င်းသည် နည်းဗျူဟာကို မွမ်းမံမှုများပြုလုပ်ရာတွင် အရေးကြီးသော ရှုထောင့်တခုဖြစ်ပါသည်။ ခိုင်မာသောကုန်သွယ်ရေးစနစ်တခုသည် မည်သည့်ဦးတည်ရာတွင် ကုန်သွယ်မှုဖွင့်သည်ဖြစ်စေ ကောင်းစွာအလုပ်လုပ်သင့်ပါသည်။

  • Program - ၎င်းတွင်လည်း သီးခြားစီအမည်တပ်၍ ဖော်ပြထားသော ဖြည့်စွက်လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ သင်နှစ်သက်ရာ လုပ်ဆောင်ချက်ကို ဖွင့်ထားနိုင်ပါသည်။

  • Networking - Proxy အမျိုးအစားများကို တခုစီသတ်မှတ်ပါသည်။

ကျွန်ုပ်တို့သည် General tab အကြောင်းကို သိရှိခဲ့ကြပြီးဖြစ်သည်။ ယခုဆက်၍ Data Sources အပိုင်းကို ကြည့်ရှုကြပါမည် (ထိုသ‌င်္ကေတရုပ်ပုံသည် ဘယ်ဘက်ဝင်းဒိုးရှိ Profile ခလုပ်အောက်တွင် ရှိပါသည်)။

LiteFinance: ၁။ အကောင့်ဆက်တင်များ

ဤအပိုင်းတွင် သင်‌၏ဒေတာအရင်းအမြစ်ကို ထည့်သွင်းရန် လိုအပ်ပါသည်။ Forex ဈေးကွက်အတွင်း ကုန်သွယ်မှုပြုလုပ်ကြသူတိုင်းတွင် ၎င်းတို့၏ ဒေတာအရင်းအမြစ်များ ကိုယ်စီရှိကြမည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ MT4 သို့မဟုတ် အထူးစီစဉ်ထားသော ဖိုင်တခု(ထိုဖိုင်ကို ကြိုတင်ဖန်တီးထားရန်လိုအပ်ပါသည်)မှ အရင်းအမြစ်များကို ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်သော အခွင့်အရေးလည်း ရှိပါသည်။ သို့သော် ကျွန်ုပ်တို့သည် အဆိုပါနည်းလမ်းများကို စိတ်မဝင်စားပါ။ သင်၏ အကျိုးဆောင်ဝက်ဘ်ဆိုက်မှ ဒေတာအရင်းအမြစ်များကို ဒေါင်းလုပ်ဒ်ပြုလုပ်ခြင်းက ပို၍ကောင်းမွန်ပါသည်။

နောက်တဆင့်မှာ သင်၏အကောင့်ကို သီးသန့်စီစဉ်သတ်မှတ်ရန်ဖြစ်သည်။ ဘယ်ဘက်အကန့် (Control Panel) တွင်ရှိသော Account စာသားခလုပ်သို့သွားပါ။ Active profile ခေါင်းစဉ်တွင် ဖန်တီးထားသော ပရိုဖိုင်ကို ထပ်မံရွေးချယ်ပါ - ပေးထားသောဥပမာအရ LiteFinance ဖြစ်ပါသည်။ ထို့နောက် အဓိကအပ်ငွေ၊ အကောင့်၏ငွေကြေးစနစ်၊ leverage အစရှိသဖြင့် အကောင့်စံနှုန်းများကို သတ်မှတ်ပါ။ သတင်းအချက်အလက်ပြသမှုကို ငွေကြေးဖြင့် သို့မဟုတ် ပွိုင့်ဖြင့်ပြသရန် ရွေးချယ်နိုင်ပါသည်။ 

LiteFinance: ၁။ အကောင့်ဆက်တင်များ

နောက်ဆုံးအဆင့်မှာ အင်တာနက်ပေါ်မှ FX နှုန်းထားများကို အချိန်နှင့်တပြေးညီရယူရန်အတွက် Update ခလုပ်ကိုနှိပ်ရန် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် သင်၏ လက်တွေ့အကောင့်တွင် ရှိပြီးသော အချက်အလက်များအားလုံးကို ဖြည့်သွင်းရပါသည်။

Symbols ခလုပ်တွင် ငွေလဲနှုန်းများကိုအပ်ပ်ဒိတ်ပြုလုပ်ထားသော မည်သည့်ကုန်သွယ်မှုများကိုမဆို ပေါင်းထည့်နိုင်ပြီး၊ အဝယ်နှင့်အရောင်းကုန်သွယ်မှုများအတွက် swap နှင့် ကုန်သွယ်မှုအရွယ်အစားတိုးမြှင့်ခြင်း အတိုင်းအတာများကို သတ်မှတ်နိုင်ပါသည်။ ဒဿမ၏နောက်မှလိုက်ပါသော ကိန်းဂဏန်းအရေအတွက်ကိုလည်း သတ်မှတ်နိုင်ပါသည် - ၎င်းကို မူရင်းအားဖြင့် မှန်ကန်စွာသတ်မှတ်ပေးပါသည်။ သင်၏ စမ်းသပ်မှုအအခြေအနေများကို လက်တွေ့နှင့် အတတ်နိုင်ဆုံး နီးစပ်စေရန် လွဲချော်မှုစံနှုန်းကိုလည်း သတ်မှတ်နိုင်ပါသည်။

အဆိုပါတန်ဖိုးများအားလုံးကို မည်သည့်နေရာက ရယူနိုင်မည်နည်း။ သင်နှင့်အတူတကွကုန်သွယ်မှုပြုမည့် အကျိုးဆောင်ထံမှ ဖြစ်ပါသည်။ ကုန်သွယ်မှုစတင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ မတူညီသောကြောင့် တူညီသည့်စံနှုန်းများဖြင့် Forex ဗျူဟာတခုတည်းကို အသုံးပြုသော်လည်း ရလာဒ်များကွဲပြားနိုင်ပါသည်။

ဆိုလိုသည်မှာ ၎င်းသည် တနေရာတွင် အမြတ်ရစေသော်လည်း၊ အခြားတနေရာတွင် ငွေကြေးဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါသည်။ ဥပမာအားဖြင့် နှုန်းထားပြန်လည်ပြင်ဆင်မှုများကြောင့် ကုန်သွယ်မှုများဖွင့်ရာတွင် နောက်ကျနိုင်ပါသည် သို့မဟုတ် ပိုင်ဆိုင်မှုအတွက် သတ်မှတ်ထားသော spread နှုန်းထားကြောင့် သင်၏အမြတ်ပစ်မှတ်သို့ ‌မရောက်ရှိပဲ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ကုန်သည်မှ နှုန်းထားအချက်အလက်များ၊ spread များကို ကောင်းစွာလေ့လာသိရှိထားပြီးဖြစ်သော အကျိုးဆောင်ပလက်ဖောင်းတခုအတွက်သာ Expert Advisor တခုကို သီးသန့် တီထွင်ဖန်တီးလေ့ရှိပါသည်။

Data Horizon။ ဤဒိုင်ယာလော့ခ်ဝင်းဒိုးတွင် အများဆုံးနှင့် အနည်းဆုံး ဒေတာဘား(ဈေးနှုန်းရွေ့လျားမှုဘား) အရေအတွက်နှင့် ဘားအတွင်းရှိ ticks အရေအတွက်ကို သတ်မှတ်နိုင်ပါသည်။ စမ်းသပ်ကာလ၏ အစနှင့် အဆုံး ရက်စွဲများကိုလည်း သတ်မှတ်နိုင်ပါသည်။ အားနည်းချက်တခုမှာ အချိန်အပိုင်းအခြားရွေးချယ်မှုအားလုံးကို တင်းကြပ်စွာကန့်သတ်ထားသောကြောင့် H1 နှင့်အထက် timeframes များတွင်သာ နည်းဗျူဟာကို တီထွင်ဖန်တီးနိုင်ပါသည်။ Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် မိနစ်ပိုင်း timeframes များအတွက် မသင့်တော်ပါ။ ထိုသို့သော အချိန်အပိုင်းအခြားများတွင် နည်းဗျူဟာသည် တိကျမှုမရှိနိုင်ပါ။

Custom Code။ Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် ပြင်ပအရင်းအမြစ်များ (အခြေခံသတင်းအချက်အလက်များကို စုဆောင်းထားသော အချက်အလက်သိုမှီးရာအရင်းအမြစ်များ)ကို ကြည့်ရှုသုံးစွဲရန် ခွင့်ပြုပါသည်။ ဤခလုပ်တွင် သင်သည် အဆိုပါ အချက်အလက်သိုမှီးရာဌာနသို့ ဝင်ရောက်၍ ပြည့်စုံသော နည်းဗျူဟာများစွာကို ရယူနိုင်ပါသည်။ ကိုယ်ပိုင်ကုန်သွယ်ရေးဗျူဟာတခုကို ဖန်တီးနေသော ကုန်သည်တဦးသည် ထိုသို့လုပ်ဆောင်ရန် လိုအပ်ပါသလား။ ၎င်းသည် ဖြေဆိုရန်မလိုသော မေးခွန်းတခုသာ ဖြစ်ပါသည်။ ကျွန်ုပ်၏အမြင်အရမူ မလိုအပ်ဟုသာ ယူဆပါသည်။ သင့်အတွက် အမှန်တကယ်လိုအပ်နိုင်သော အရာမှာ စံညွှန်ပြကိရိယာများနှင့် ကွဲပြားသော ဖြည့်စွက်ညွှန်ပြကိရိယာများသာ ဖြစ်ပါသည်။ ထို့ကြောင့် Go to indicators forum လင့်ခ်ကို နှိပ်ပါ။

LiteFinance: ၁။ အကောင့်ဆက်တင်များ

Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်၏ ဝက်ဘ်ဆိုက်သို့ ရောက်ရှိသောအခါ၊ Repository စာသားခလုပ်ကိုနှိပ်ပါ။ ထိုခလုပ်သည် လူကိုယ်တိုင်ကုန်သွယ်ရေးဗျူဟာများနှင့် ညွှန်ပြကိရိယာများ‌ဆီသို့ ပြန်လည်ညွှန်ပြပေးပါသည်။ စာမျက်၏ မီနူးတွင် Indicators ခလုပ်ကိုနှိပ်၍ သင်စိတ်ဝင်စားသော ညွှန်ပြကိရိယာကို ရွေးချယ်ပါ။ အကြီးမားဆုံး အခက်အခဲမှာ ညွှန်ပြချက်ဆက်တင်များနှင့် လုပ်ဆောင်ချက်များဖြစ်ပါသည်။ ထို့ကြောင့် ညွှန်ပြကိရိယာ(indicator) နှင့်စပ်လျဉ်းသော မည်သည့်အချက်အလက်ကိုမှ မတွေ့ရှိရပါက၊ indicators များကို FSB သို့ သွင်းယူရန် အခြားနည်းလမ်းများကို ရှာဖွေကြည့်ပါ။ မည်သို့ပင်ဖြစ်စေ FSB တီထွင်ဖန်တီးသူ၏ဆိုက်တွင် ပံ့ပိုးပေးထားသော ညွှန်ပြကိရိယာများသည် နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်နှင့် ကောင်းစွာတွဲဖက်အလုပ်လုပ်ပါသည်။ အခြားအရင်းအမြစ်များမှ တင်သွင်းသော ကိရိယာများမှာမူ ဆော့ဖ်ဝဲဖြင့် တွဲဖက်အလုပ်လုပ်ရာတွင် ပြဿနာများရှိနိုင်ပါသည်။

LiteFinance: ၁။ အကောင့်ဆက်တင်များ

ဤသည်မှာ Repository ခလုပ်အတွင်း FSB ဆိုက်မှ ညွှန်ပြကိရိယာများကို ပြသထားသော ရုပ်ပုံဖြစ်ပါသည်။ အထွေထွေသတင်းအချက်အလက်ပါဝင်သော ခလုပ်ကို လက်ရှိ ဖွင့်ထားပါသည်။ ၎င်း၏ဘေးတွင် မတူညီသောပရိုဂရမ်ဘာသာစကားဗားရှင်းဖြင့် open code တခုစီကိုဖော်ပြထားသော ခလုပ်နှစ်ခုရှိပါသည် - မည်သည့်ကိရိယာကိုမှ ဒေါင်းလုပ်ဒ်ပြုလုပ်ရန်မလိုအပ်ပဲ ၎င်းတို့ကို နားလည်သဘောပေါက်သည်အထိ လေ့လာသုံးသပ်နိုင်ပါသည်။ အကယ်၍ ညွှန်ပြကိရိယာသည် သင့်အတွက် သင့်တော်မှုရှိပါက၊ ဗားရှင်းနှစ်ခုစလုံးကို ဒေါင်းလုပ်ဒ်ပြုလုပ်ပါ။ MQL အတွက် Metatrader နှင့် နည်းဗျုဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်အတွက် C# ကို လိုအပ်ပါလိမ့်မည်။

ယခုဆက်၍ forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်၏ ဝင်းဒိုးနှင့် တီထွင်သူ၏ဆိုက်ကို အကျဉ်းချုံ့၍ FSB မှတ်တမ်းအကန့်သို့ သွားပါမည်။ ထိုနေရာတွင် လက်ရှိလည်ပတ်နေသောဖိုင်အပြင် နောက်ထပ်ဖိုင်တွဲနှစ်ခု ရှိပါသည်။ ဒေါင်းလုပ်ဒ်ပြုလုပ်ထားသော ညွှန်ပြကိရိယာကို User ဖိုင်/Indicators ဖိုင်တွဲသို့ ကူးထည့်ပါ။

LiteFinance: ၁။ အကောင့်ဆက်တင်များ

FSB ဖိုင်တွဲများ၏ အတိုချုံ့ဖော်ပြချက်။

  • Code - ၎င်းသည် ‌‌နည်းဗျူဟာတည်ဆောက်မှု‌ဆော့ဖ်ဝဲလ်သို့ ပေါင်းထည့်သမျှ ဖြည့်စွက်မှုများကို ထိန်းသိမ်းပါသည်။ မူရင်းဗားရှင်းတွင် စာရင်းအချက်အလက်အသေးစိတ်ပါဝင်သော ဖိုင်တခုသာလျှင် ရှိပြီး၊ သင်သည် ပရိုဂရမ်ဘာသာစကားကိုနားလည်ပါက၊ ၎င်းကို ပြင်ဆင်နိုင်ပါသည်။ Expert Advisors များကို မည်သို့ဖန်တီးရမည်ကို ယခုမှစတင်လေ့လာကြသူများအနေဖြင့် ဤနေရာတွင် မည်သည့်ပြင်ဆင်မှုကိုမှ ပြုလုပ်ရန်မလိုအပ်ပါ။

  • Data - နည်းဗျူဟာကို တည်ဆောက်ရာတွင် အခြေခံအဖြစ်အသုံးပြုရန် ယခင်နှုန်းထားအချက်အလက်များကို ကူးထည့်ရသော နေရာဖြစ်ပါသည်။ အကယ်၍ သင်သည် နှုန်းထားပြင်ဆင်မွမ်းမံခြင်း(update) ခလုပ်ကို နှိပ်ထားပြီးဖြစ်ပါက၊ နှုန်းထားအသစ်များကို ဖိုင်တွဲတွင် သိမ်းဆည်းပါသည်။

  • Indicators - ညွှန်ပြကိရိယာများပါဝင်သောဖိုင်တွဲဖြစ်ပါသည်။ 

  • Libraries - ၎င်းတွင် အဆင်သင့်အသုံးပြုနိုင်သော ညွှန်ပြကိရိယာများ ပါဝင်ပါသည်။

  • Logs - FSB journal တွင်ပြသထားသည့် တူညီသောအချက်အလက်များကို ထိန်းသိမ်းပါသည်။ ၎င်းသည် လှုပ်ရှားမှုများ၏ရာဇဝင်ဖြစ်ပါသည်။

  • MT4 Files - ဤဖိုင်အတွင်း (ဂြိုလ်တုစလောင်းကဲ့သို့ ဘေးမှပံ့ပိုးလုပ်ဆောင်သော) သတင်းအချက်အလက်အားဖြည့်ဆော့ဖ်ဝဲလ်တခု ပါဝင်ပါသည်။ ၎င်းသည် Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်နှင့် MT4 ကြား အချိတ်အဆက်တခုကို တပ်ဆင်ပေးပါသည်။ ၎င်းကို အသုံးပြုခြင်းအားဖြင့် သင်သည် forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်ဖြင့် MT4 မှတဆင့် လက်တွေ့အကောင့်တခုတွင် EA ကို တိုက်ရိုက်အသုံးပြုနိုင်ပါသည်။

  • Strategies - ၎င်းတွင် တီထွင်ဖန်တီးသူဆိုက်မှ သင် ဒေါင်းလုပ်ဒ်ပြုလုပ်ထားသော နည်းဗျူဟာများ(သင်ဒေါင်းလုပ်ဒ်ပြုလုပ်ထားပါက)၊ သင်၏ နည်းဗျူဟာများ၊ forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်၏ သရုပ်ပြနည်းဗျူဟာများ ပါဝင်ပါသည်။

  • System - ၎င်းသည် အရေးပါသောဖွဲ့စည်းမှုဖိုင်တွဲတခုဖြစ်သည်။ နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်စာရင်းတွင် မပါဝင်သော ဘာသာစကားများကို ၎င်းဖိုင်တွဲသို့ ပေါင်းထည့်နိုင်ပါသည်။ သို့မဟုတ် သင်၏ကိုယ်ပိုင်သီးသန့်စကားလုံးများကို ပေါင်းထည့်နိုင်ပါသည်။ ထိုနေရာတွင် နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်၏ အစိတ်အပိုင်းများ၊ ၎င်းတို့၏ ပြသမှုအခင်းအကျင်း စသည်တို့ကို ပြင်ဆင်နိုင်ပါသည်။ သို့သော် သင်သည် ပရိုဂရမ်ဘာသာစကားကို သိရှိ၍ ဆော့ဖ်ဝဲလ်၏အလုပ်လုပ်ပုံကို နားလည်မှသာ ထိုသို့လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

Forex နည်း‌ဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်၏ ညွှန်ပြကိရိယာများစာရင်းတွင် ဒေါင်းလုပ်ဒ်ပြုလုပ်ထားသော ညွှန်ပြကိရိယာများကို ပြသရန်အတွက်၊ Update user indicators စာသားကို နှိပ်ပါ။ အကယ်၍ ညွှန်ပြကိရိယာများ ပေါ်ပေါက်လာခြင်းမရှိပါက၊ ၎င်းတို့သည် နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်နှင့် မကိုက်ညီသောကြောင့်ဖြစ်ပါသည်။ အသုံးပြုသူ၏ ညွှန်ပြကိရိယာများကို စမ်းသပ်ခြင်းသည်လည်း အသုံးဝင်သောလုပ်ဆောင်ချက်တရပ် ဖြစ်ပါသည် - ဤနေရာတွင် ပရိုဂရမ်သည် ညွှန်ပြကိရိယာ၏ မှန်ကန်သောလုပ်ဆောင်ချက်ကို စစ်ဆေးပါသည် (တခါတရံတွင် indicator အား စာရင်းတွင် ပြသသော်လည်း ကုဒ်ချို့ယွင်းချက်ပေါ်ပေါက်နိုင်ပါသည်)။ အကယ်၍ “OK” ဟုညွှန်ပြပါက၊ ယင်းညွှန်ပြကိရိယာသည် ကောင်းစွာ အလုပ်လုပ်ပါသည်။ 

Acceptance criteria (လက်ခံမှုစံနှုန်း)။ ထပ်မံ၍ Control Panel သို့ပြန်သွားကြပါမည်။ ဤခလုပ်တွင် သင်၏အနာဂါတ်နည်းဗျူဟာအတွက် စီမံခန့်ခွဲမှုစံနှုန်း ပါဝင်ပါသည်။ သင့်အနေဖြင့် အများဆုံး ဆုံးရှုံးမှုအတိုင်းအတာကို ငွေကြေးဖြင့် သို့မဟုတ် ရာခိုင်နှုန်းပွိုင့်များဖြင့် သတ်မှတ်ဖော်ပြနိုင်ပါသည်။ အနည်းဆုံးနှင့် အများဆုံးကုန်သွယ်မှုအရေအတွက်ကိုလည်း သတ်မှတ်နိုင်ပါသည်။ သင်၏ အဓိကပစ်မှတ်အတွက် အနှောက်အယှက်ဖြစ်စေသည်ဟု သင်ယူဆသော ကုန်သွယ်မှုအားလုံးကို ပိတ်သိမ်းနိုင်ပါသည်။ 

LiteFinance: ၁။ အကောင့်ဆက်တင်များ

နောက်ထပ်တွေ့ရှိရသော Expert Advisor စာသားခလုပ်တွင် MT4 ဖိုင်တွဲများသို့ သင်၏ EAs များကို နေရာချထားရန် လမ်းညွှန်မှုတခုကို ဖြည့်သွင်းရပါမည်။ ၎င်း၏အောက်မှ Trade Settings ခလုပ်သည် အော်ဒါများ အဖွင့်အပိတ်ပြုလုပ်ရာတွင် spread အပေါ်မူတည်၍ လွဲချော်မှုပမာဏကို သတ်မှတ်နိုင်ရန် ခွင့်ပြုပေးပါသည်။ Auto Start ခလုပ်သည် ပလက်ဖောင်းပေါ်တွင် EA အား အလိုအလျောက်လည်ပတ်စေရန်အတွက် အခြေခံအစီအစဉ်တခုကို ဖန်တီးရန်ဖြစ်ပါသည်။ လေးထောင့်ကွက်အတွင်း နည်းဗျူဟာအမည်ကို ရိုက်ထည့်၍ EA အား autorun သို့ ကူးထည့်ယုံသာ ဖြစ်ပါသည်။

၂။ ယခင်နှုန်းထားမှတ်တမ်းဆိုင်ရာ အချက်အလက်များ တင်သွင်းခြင်း

ဒေတာဒေါင်းလုပ်ဒ်ပြုလုပ်ခြင်းနှင့်စပ်လျဉ်း‌သော သတင်းအချက်အလက်အားလုံးသည် အထက်၌ဖော်ပြခဲ့ပြီးသည့် Expert Advisor ကို စတင်ဖန်တီးရာနေရာဖြစ်သော Historical Center မီနူးတွင် ရှိပါသည်။ ဤမီနူးတွင် ပါဝင်သော စိတ်ဝင်စားဖွယ်ရာ အစိတ်အပိုင်းတခုမှာ Data Statistics ခလုပ်ဖြစ်ပါသည်။ ၎င်းသည် ငွေလဲနှုန်းများ၊ စာရင်းအချက်အလက်များ၊ ဘားအရေအတွက်စသဖြင့် ပုံမှန်လည်ပတ်နေသောဗျူဟာတခုတွင် အသုံးပြုထားသည့် အရာအားလုံးကို ပြသပါသည်။ ဤသတင်းအချက်အလက်ကဏ္ဍကို EA ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရာတွင် အသုံးချနိုင်ပါသည်။

LiteFinance: ၂။ ယခင်နှုန်းထားမှတ်တမ်းဆိုင်ရာ အချက်အလက်များ တင်သွင်းခြင်း

ဥပမာအားဖြင့် အထက်ပါရုပ်ပုံတွင် တနေ့တာအချိန်ပိုင်းဇယားအတွင်းမှ EURUSD ငွေကြေးအတွဲ၏ ကိန်းဂဏန်းအချက်အလက်များကို ပြသထားပါသည် (အကယ်၍ စခရင်အောက်ခြေမှ journal အကန့်ကို ဖွင့်ထားပါက၊ ယင်းအကန့်တွင်လည်း ပြသပါသည်)။

Intrabar Statistics။ ၎င်းသည် အသုံးဝင်သောခလုပ်တခုဖြစ်ပြီး၊ ငွေလဲနှုန်းအချက်လက်များ၏ အရည်အသွေးကို အကဲဖြတ်နိုင်ရန် ကူညီပေးပါသည်။ အချိန်အပိုင်းအခြားတစ်ခုသည် စမ်းသပ်မှုတွင် အကြောင်းတစ်စုံတစ်ရာကြောင့် မပါဝင်ပါက၊ ထိုအချက်အလက်များကို Data Download Error ဝင်းဒိုးတွင် ပြသမည်ဖြစ်သည်။

၃။ Forex ကုန်သွယ်ရေးဗျူဟာအသစ်တခုကို တည်ဆောက်ခြင်း

FX ဒေတာများတင်သွင်းခြင်း၊ ပရိုဖိုင်တခုနှင့် အကောင့်တခုဖန်တီးခြင်းများ အပါအဝင် အစစအရာရာ စီစဉ်သတ်မှတ်ပြီးသောအခါ ကုန်သွယ်ရေးဗျူဟာတခုကို ဖန်တီးရန် စတင်နိုင်ပါသည်။ New Strategy ခလုပ်ကိုနှိပ်၍ သင်၏ forex ကုန်သွယ်ရေးဗျူဟာကို စတင်တည်ဆောက်ပါ။ 

ဖွင့်ထားသောဝင်းဒိုး၏ ဘယ်ဘက်တွင်လည်း အခြေခံစံနှုန်းများ၊ နည်းဗျူဟာအင်္ဂါရပ်များ၊ ဘားအဖွင့်အပိတ်သတ်မှတ်ချက်များ၊ Indicator ဇယား၊ အကောင့်စာရင်းဇယားများ၊ Balance/Equity ဇယား အစရှိသဖြင့် စာသားခလုပ်များနှင့် အဓိကကဏ္ဍများပါဝင်သော မီနူးတခုရှိပါသည်။ လက်ရှိဖွင့်ထားသော Builder mode ကို အာရုံစိုက်ပါ (မီနူးသည် အောက်ပါရုပ်ပုံ၏ ဘယ်ဘက်ရှိ အနီရောင်လေးထောင့်ကွက်ပေါ်တွင် ရှိပါသည်)။ Editor ခလုပ်ကိုလည်း ဖွင့်ထားပါသည် (ဖွင့်ထားသောခလုပ်အဖြစ် အပြာရောင်နောက်ခံဖြင့် ပြသထားပါသည်)။

LiteFinance: ၃။ Forex ကုန်သွယ်ရေးဗျူဟာအသစ်တခုကို တည်ဆောက်ခြင်း

ပထမဦးစွာ စခရင်ဖန်သားပြင်ရုပ်ပုံတွင် အနီရောင်လေးထောင့်ကွက်ဖြင့် ပြသပေးထားသော အခြေခံစံနှုန်းများကို ဖြည့်သွင်းပါ။ ပရိုဖိုင်၊ ဒေတာအရင်းအမြစ်၊ ပိုင်ဆိုင်မှု၊ ခွဲခြမ်းစိတ်ဖြာမှုကာလအပိုင်းအခြားနှင့် ပျက်ကွက်သောအချက်အလက်များအတွက် ဖြည့်စွက်စမ်းသပ်မှုနည်းလမ်းများကို ရွေးချယ်ပါ။ ဥပမာအားဖြင့် - အကယ်၍သင်သည် ကုန်သွယ်မှုတခုကိုဖွင့်ခဲ့ပြီး တူညီ‌သော ဘားအတွင်း take profit နှင့် stop-loss orders အော်ဒါများကို ချမှတ်ထားပါက၊ အဆိုပါအော်ဒါနှစ်ခုစလုံးသည် ဤဘား၏ကာလအပိုင်းအခြားအတွင်း အလုပ်လုပ်မည်ဖြစ်သည်။ အကယ်၍သင်သည် အဆိုးဘက်သို့ ယူဆသော နည်းလမ်းကို အသုံးပြုပါက၊ နည်း‌ဗျူဟာသည် stop-loss အော်ဒါကို အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ အကောင်းမြင်သောနည်းလမ်းကို အသုံးပြုပါက take profit အော်ဒါကို အကောင်အထည်ဖော်မည်ဖြစ်သည်။ အလျင်မြန်ဆုံးနည်းလမ်း(Shortest Executes)သည် အော်ဒါများအားလုံးကို အကွာအဝေးဘောင်တခုအတွင်းထား၍ ဘား၏အရေးပါသောပွိုင့်များ (အဖွင့်၊ အပိတ်၊ အနိမ့်၊ အမြင့်ပွိုင့်များ)အကြား အတိုဆုံးလမ်းကြောင်းကို ဖန်တီး၍ အော်ဒါများကို အကောင်အထည်ဖော်ပါသည်။ အနီးစပ်ဆုံးအကောင်အထည်ဖော်ခြင်း(Nearest)နည်းလမ်းသည် လက်ရှိဈေးနှုန်းနှင့် ပိုမိုနီးစပ်သောအော်ဒါကို အကောင်အထည်ဖော်ပါသည်။ နောက်ကြောင်းပြန်စမ်းသပ်စနစ်မှ မည်သည့်အော်ဒါကို ဦးစွာအကောင်အထည်ဖော်ရမည်ကို သိရှိရန်အတွက် လုံလောက်သောအချက်အလက် မရှိပါက၊ Random နည်းလမ်းကို အသုံးပြု၍ ကျပန်းပုံစံဖြင့် အကောင်အထည်ဖော်မည် ဖြစ်ပါသည်။

Strategy ခလုပ်သည် ပရိုဂရမ်၏ အဓိကဧရိယာတွင် ၎င်း၏စာရင်းကို ပြသပါသည်။ ၎င်းတွင် ဗျူဟာတခုပါဝင်ပြီး၊ ယင်းဗျူဟာကို ပြင်ဆင်ခြင်း၊ စိစစ်သုံးသပ်ခြင်း၊ စမ်းသပ်ခြင်းနှင့် အသုံးချခြင်းအတွက် ကိရိယာအားလုံးကို ပံ့ပိုးပေးပါသည်။ သင်၏မောက်စ်ပေါ်မှအလယ်ခလုပ် (scroll button)ဖြင့် Strategy Properties စာသားပေါ်တွင် ကလစ်နှစ်ချက်ဆက်တိုက်နှိပ်ပါ။

LiteFinance: ၃။ Forex ကုန်သွယ်ရေးဗျူဟာအသစ်တခုကို တည်ဆောက်ခြင်း

Strategy properties ကို အကန့်သုံးကန့်ခွဲခြားထားပါသည် - 

  • ပထမအကန့်တွင် အဖွင့်ပမာဏနှင့် အများဆုံးကုန်သွယ်မှုပမာဏတို့ ပါဝင်ပါသည်။

  • ဒုတိယအကန့်တွင် ကုန်သွယ်မှုဖွင့်ရန်အတွက် စိတ်ကြိုက်သတ်မှတ်ချက်များ ပါဝင်ပါသည်။ ဥပမာအားဖြင့် အကယ်၍ ပထမကုန်သွယ်မှုမှ အမြတ်ထွက်ပေါ်ပါက ကုန်သွယ်မှုနောက်တခုကို ထပ်မံထည့်သွင်းရန်။ သို့မဟုတ် အနှုတ်ရလာဒ်ထွက်ပေါ်ပါက နောက်ထပ်ကုန်သွယ်မှုများ ဖြည့်စွက်ရန်(ကုန်သွယ်မှုအကွက်စဉ်တခုကို တည်ဆောက်ခြင်း ၊ forex grid trading ဗျူဟာ)။ လက်ရှိကုန်သွယ်မှုပမာဏကို လျော့ချရန် သို့မဟုတ် တိကျသောအခြေအနေများတွင် ပိတ်သိမ်းရန်လည်း သတ်မှတ်နိုင်ပါသည်။

  • တတိယအကန့်တွင် ပုံသေ stop loss နှင့် take profit ကို သတ်မှတ်နိုင်ပါသည်။ Martingale ဆပွားကိန်းကို ဖြည့်ပါ (ပေးထားသောအခြေအနေများနှင့် ညီညွတ်ပါက- ဥပမာအားဖြင့် ရှေ့ကုန်သွယ်မှုမှ အမြတ်ရလာဒ်ထွက်ပေါ်ပါက၊ နောက်ထပ်ကုန်သွယ်မှုအရွယ်အစားကို တိုးမြှင့်ရန်အတွက် ပုံသေမြှောက်ကိန်း)

နည်းဗျူဟာ၏ ပင်မဧရိယာသို့ ပြန်သွားကြပါစို့။ strategy properties အောက်တွင် ကုန်သွယ်မှုပိတ်ရန်နှင့် ဖွင့်ရန်အတွက် စည်းမျဉ်းများ ပါဝင်ပါသည် (၎င်းတို့သည် နောက်ဆုံးရုပ်ပုံအတွင်း အနီရောင်လေးထောင့်ကွက်၏ အောက်တွင် ရှိပါသည်)။ အကယ်၍ သင်သည် Add an Opening Logic Condition စာသားကိုနှိပ်ပါက၊ မူရင်း FSB tools များနှင့် အသုံးပြုသူမှ ပေါင်းထည့်ထားသော indicators များပါဝင်သော ညွှန်ပြကိရိယာစာရင်းကို မြင်ရပါလိမ့်မည်။ ဤနေရာတွင် MT4 တွင် လုပ်ဆောင်သောနည်းလမ်းအတိုင်း နည်းဗျူဟာညွှန်ပြကိရိယာ၏ဆက်တင်များကို သတ်မှတ်နိုင်ပါသည် (ရွေ့လျားမှုတန်ဖိုး၊ ဆပွားကိန်းများ၊ ပျမ်းမျှရွေ့လျားမှုကာလ အစရှိသဖြင့်)။ Indicator အတိုင်းအတာချိန်ညှိမှုများအပေါ် Balance/Equity မည်သို့‌ပြောင်းလဲသည်ကို ဂရုစိုက်ကြည့်ရှုပါ။

LiteFinance: ၃။ Forex ကုန်သွယ်ရေးဗျူဟာအသစ်တခုကို တည်ဆောက်ခြင်း

Forex ကုန်သွယ်ရေးစနစ်တခုအား ကုန်သွယ်မှုဖွင့်ရန် အခြေအနေများစွာပါဝင်သော Logical Groups များအပေါ်အခြေခံ၍ တည်ဆောက်ပါသည်။ သင်သည် အုပ်စုတခုစီအတွက် သီးခြားအမည်တပ်နိုင်ပြီး၊ သင်သတ်မှတ်လိုသော အခြေအနေများကို စိတ်ကြိုက် ဖြည့်စွက်နိုင်ပါသည်။ ဤနည်းအားဖြင့် သင်သည် အမျိုးအစား မတူညီသော နည်းဗျူဟာအချို့အပေါ် အခြေခံ၍ ကုန်သွယ်မှုများ ဖွင့်နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဖြေဆိုရန်မလွယ်သော မေးခွန်းတခုရှိပါသည်။ ယင်းမှာ “ဤနည်းလမ်းသည် မည်မျှထိရောက်မှုရှိသနည်း”ဟူသော မေးခွန်းဖြစ်သည်။ Forex နည်းဗျူဟာအားလုံးသည် အမြဲတစေအမြတ်ကိုသာ ပေးစွမ်းနိုင်မည်မဟုတ်ပါ။ ထို့အပြင် တူညီသောနည်းဗျူဟာအရေအတွက်ဖြင့် EAs များကိုဖန်တီး၍ အလုပ်မဖြစ်သောဗျူဟာများကို စိစစ်ထုတ်ပယ်သင့်ပါသည်။ ထို့အပြင် အကယ်၍ သင်ဆန္ဒရှိပါက၊ အမြတ်ရရှိသော နည်းဗျုဟာများကို စုစည်း၍ forex ကုန်သွယ်ရေးစနစ်တခုကို ဖန်တီးနိုင်ပါသည်။

နည်းဗျူဟာ၏ထိရောက်မှုကို ဇယားအတွင်း မျဉ်းတကြောင်း သို့မဟုတ် မျဉ်းကြောင်းများဖြင့် ပြသပါသည်။ ဇယားအတွင်း မျဉ်းကြောင်းအချို့ရှိပါက၊ ၎င်းတို့သည် စုစုပေါင်းတန်ဖိုး၊ အဝယ်နှင့်အရောင်း ကုန်သွယ်မှုရလာဒ်(မျဉ်းနှစ်ကြောင်း) နှင့် အပ်ငွေအပြောင်းအလဲတို့အား ကိုယ်စားပြုပါသည်။ နောက်ဆုံးရုပ်ပုံတွင် လက်ကျန်ငွေဇယားသည် ဤစနစ်အား မည်သည့်အခြေအနေတွင်မဆို အသုံးပြုရမည်ဖြစ်ကြောင်း ပြသနေပါသည်။ မြန်ဆန်သော၍ နက်ရှိုင်းသော ကျဆင်းမှုများအပြင်၊ နောက်ဆုံးတွင် လက်ကျန်ငွေသည် သုညဖြစ်၍သွားသည်ကို တွေ့ရှိရပါသည်။

၄။ Strategy Generator

သင်အလိုရှိသော နောက်ဆုံးရလာဒ်နှင့် သင်တည်ဆောက်လိုသော ကုန်သွယ်ရေးဗျူဟာကို ရှင်းလင်းစွာသိမြင်သောအခါတွင် ပြင်ဆင်မှုကိရိယာများသည် အသုံးဝင်၍ အထောက်အကူဖြစ်ပါသည်။ သို့သော် forex ကုန်သွယ်ရေးစနစ်တခုအား မည်သို့တည်ဆောက်ထားသည်ကို အတိအကျနားမလည်ပါက Strategy Generator (Control Panel အတွင်းရှိခလုပ်တခု)ကို အသုံးပြုနိုင်ပါသည်။

Generator ၏ ဖွဲ့စည်းပုံသည် Editor ၏ ဖွဲ့စည်းမှုပုံစံနှင့် လွန်စွာဆင်တူပါသည်။ သို့သော် ကွဲပြားချက်အချို့ရှိပါသည်။ ပထမဆုံးအနေဖြင့် အပေါ်ဘက်ရှိမီနူး (toolbar) သည် အလုံးစုံကွဲပြားခြားပါသည်။

  • Common Options။ ဤအကန့်တွင် Generator အတွက် အခြေခံဆက်တင်များ ပါဝင်ပါသည်။ အကယ်၍သင်သည် EA ကို ပထမဆုံးအကြိမ် တည်ဆောက်ခြင်းဖြစ်ပါက၊ မူရင်းဆက်တင်များအတိုင်းထားရှိခြင်းက ပို၍ကောင်းမွန်ပါသည်။ ဤနေရာတွင် အရေးကြီးသောအချက်မှာ ကုန်သွယ်မှုဖွင့်ခြင်း/ပိတ်ခြင်းအတွက် အများဆုံးစံနှုန်းအရေအတွက် - ကုန်သွယ်မှုတခုကို ဖွင့်ရန်အတွက် ကိုက်ညီရမည့် အခြေအနေများ ဖြစ်ပါသည်။

  • Generator settings။ ဤနေရာတွင် သင်အပြီးသတ်တည်ဆောက်လိုသော နည်းဗျူဟာနှင့်စပ်လျဉ်းသည့် စံသတ်မှတ်ချက်များကို ဖြည့်သွင်းပါ (ဆုံးရှုံးနိုင်ခြေ/အမြတ်အချိုး၊ အနည်းဆုံးအပ်ငွေဆုံးရှုံးမှု အစရှိသဖြင့်)။ ဤနေရာတွင် အရေးအကြီးဆုံး သတ်မှတ်ချက်မှာ Working Time (နည်းဗျူဟာထုတ်ဖော်ရန် လိုအပ်သောအချိန်) ဖြစ်သည်။ ဤသတ်မှတ်ချိန် ပိုမိုရှည်လျားလေလေ၊ ရလာဒ်သည်ပိုမို တိကျလေလေဖြစ်သည်။ ဥပမာအားဖြင့် - အသုံးပြုသူများ၏ မှတ်ချက်အရ တနေ့တာအချိန်အပိုင်းအခြားပေါ်တွင် နည်းဗျူဟာတခုကို ဖော်ထုတ်ရန်အတွက် မိနစ် ၃၆၀ မှ ၄၀၀ ကြား အချိန်သတ်မှတ်ချက်သည် သင့်တော်ပါသည်။

LiteFinance: ၄။ Strategy Generator

  • Generator indicators - မူရင်းအားဖြင့် Generator သည် ဆော့ဖ်ဝဲလ်တွင်ပါဝင်သော ညွှန်ပြကိရိယာများအားလုံးကို အသုံးပြုပါသည်။ သို့သော် သင်သည် ညွှန်ပြက်ိရိယာအားလုံးကို အသုံးမပြုလိုပါက၊ သင်ပိတ်ထားလိုသော ညွှန်ပြကိရိယာအတွက် အမှန်ခြစ်ကိုဖြုတ်ထားနိုင်ပါသည်။ သို့သော် ညွှန်ပြကိရိယာတခုကို မပိတ်ထားမီ၊ ၎င်းတို့အားလုံးကို သေချာစွာလေ့လာသင့်ပါသည်။

  • Out of Samples။ ၎င်းသည် စုစုပေါင်းအချက်အလက်အရေအတွက်မှ ရှေ့ဆက်စမ်းသပ်ရန်(forward testing)အတွက် အသုံးပြုမည့် နှုန်းထားရာဇဝင်ဆိုင်ရာ အချက်အလက်အရေအတွက်ကို သတ်မှတ်ပေးပါသည်။ Forward test သည် ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန်အတွက် အများဆုံး စမ်းသပ်မှုအမျိုးအစားတစ်ခုဖြစ်သည်။ စျေးကွက်သည် ပြောင်းလဲနေပြီး ၎င်း၏ လက်ရှိတုံ့ပြန်ပုံသည် လွန်ခဲ့သော ၂ နှစ် သို့မဟုတ် ၃ နှစ်ခန့်က အလားတူအခြေအနေများတွင် ပြုမူတုံ့ပြန်ပုံနှင့် ကွဲပြားနိုင်ပါသည်။ ထို့ကြောင့်၊ EA ကို နောက်ဆုံးရရှိထားသောအချက်အလက် (အနည်းဆုံး 3 လအတွင်းမှ အချက်အလက်များ) အပေါ်သာ အခြေခံ၍ မွမ်းမံမှုများ ပြုလုပ်သင့်သည်ဟု အကြံပြုထားပါသည်။ ၎င်းကို forward test ဟု ခေါ်ဆိုပါသည်။

ထို့အပြင် သင်အာရုံစိုက်သင့်သော အခြားအရေးကြီးအချက်တခု ရှိပါသည်။ Block တခုစီ၏ ညာဘက်အပေါ်ထောင့်တွင် ရုပ်ပုံ(icon) တခုစီ ရှိပါသည်။ အတိအကျဆိုရလျှင် ၎င်းကို ပြသရာတွင် - လုံးဝပြသမထားခြင်း၊ သော့ခလောက်ပုံဖြင့်ပြသခြင်း၊ ‌လေးထောင့်ကွက်သဏ္ဍန်ရုပ်ပုံဖြင့်ပြသခြင်း ဟူ‌၍ ပုံစံသုံးခုရှိပါသည်။

LiteFinance: ၄။ Strategy Generator

သော့ခတ်ထားသောရုပ်ပုံသည် ဤအကန့်ကို ပြောင်းလဲနိုင်ခြင်း မရှိဟု အဓိပ္ပါယ်ရပါသည်။ ဝမ်းနည်းဖွယ်အချက်မှာ ကျွန်ုပ်သည် Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်၏ တရားဝင်ဝက်ဘ်စာမျက်နှာသို့ပင် ဝင်ရောက်၍ လေ့လာဖတ်ရှုကြည့်ပါသော်လည်း ဤခလုပ်သည် မည်သည့်ပြောင်းလဲမှုများကို ကန့်သတ်ထားသည်၊ ဤခလုပ်ကိုဖွင့်လိုက်လျှင် မည်သို့ဖြစ်မည် စသည့်အချက်များကို ရှာဖွေနိုင်ခြင်း မရှိခဲ့ပါ။ အကယ်၍ သင့်ထံတွင် ပိုမိုသိရှိထားသော အချက်အလက်များရှိပါက၊ ကျေးဇူးပြု၍ ကွန်မန့်ကဏ္ဍတွင် ရေးသားခဲ့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Blocks များအတွင်း အမှန်ခြစ်များ ဖြည့်စွက်ပြီးသောအခါ၊ ဝင်းဒိုး၏အောက်ခြေရှိ Start ခလုပ်ကို နှိပ်ပါ။ နည်းဗျူဟာတခုကို ထုတ်ပေးရန် မိနစ်အနည်းငယ်မှ နာရီအနည်းငယ်အထိ (တိကျမှု၊ အလုပ်လုပ်ချိန်၊ ညွှန်ပြကိရိယာများ စသည်တို့အပေါ်မူတည်၍) ကြာမြင့်နိုင်ပါသည်။

ထုတ်ဖော်ပြီးသော နည်းဗျူဟာများကို View/Repository မီနူးတွင် တွေ့ရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် Local Repository မီနူး (ဘယ်ဘက်ဒေါင်လိုက်မီနူး)ကို ကြည့်ရှုကြရပါမည်။ ထိုနေရာတွင် နည်းဗျူဟာအားလုံး (ဖန်တီးထားသောဗျူဟာများနှင့် ဒေါင်းလုပ်ပြုလုပ်ထားသောဗျူဟာများ)ကို သိမ်းဆည်းထားပါသည်။ ထို့အပြင် နည်းဗျူဟာများကို အဆင်ပြေသော အစီအစဉ်ဖြင့် ပြသရန် စစ်ထုတ်မှုနည်းလမ်းများလည်း ပါရှိပါသည်။ ကျွန်ုပ်တို့သည် ဖန်တီးထားသော နည်း‌ဗျူဟာကို တွေ့ရှိပြီးနောက် (နည်း‌ဗျူဟာတခုသာလျှင်ရှိပြီး၊ ရှာဖွေရာတွင် ပြဿနာမရှိပါ)၊ ၎င်း၏ ကိန်းဂဏန်းအချက်အလက်များကို ကြည့်ရှုပါသည်။ ညာက်အောက်ခြေထောင့်ရှိ Strategy Slots၊ ထိုမှတဆင့် Account Statistics ကို ကြည့်ပါ။

LiteFinance: ၄။ Strategy Generator

Strategy ဝင်းဒိုးတွင် ဆော့ဖ်ဝဲလ်သည် သတ်မှတ်စံနှုန်းများအပေါ်မူတည်၍ မတူညီသော ကုန်သွယ်မှုစနစ်အမျိုးအစားများကို ပြသပါသည် - ထိုနေရာတွင် ဒါဇင်ပေါင်းများစွာအထိ နည်းဗျူဟာအမျိုးအစားများကို တွေ့ရှိရပါမည် (အထူးသဖြင့် ညွှန်ပြကိရိယာအားလုံးကို ဖွင့်ထားပါက)။ အကောင့်ရလာဒ်ကိန်းဂဏန်းများ(နည်းဗျူဟာစမ်းသပ်ချက်ရလာဒ်များ)အပေါ် အခြေခံ၍ ယင်းဗျူဟာအား လက်တွေ့အကောင့်တွင် အသုံးပြုမည် မပြုမည် သို့မဟုတ် ပြင်ဆင်မွမ်းမံမည်ကို ဆုံးဖြတ်နိုင်ပါသည်။ အကယ်၍ forward testing ခေါ် ရှေ့ဆက်စစ်ဆေးခြင်း (နောက်ဆုံးကဏ္ဍ) မအောင်မြင်ပါက ခွဲခြမ်းစိတ်ဖြာမှုရလာဒ်များမပါဝင်ပဲ နည်းဗျူဟာကို စာရင်းမှထုတ်ပယ်ပါသည်။ အောက်တွင် ထိုသို့ မအောင်မြင်သော နည်းဗျူဟာတခု၏ ဥပမာကို ပြသထားပါသည်။

LiteFinance: ၄။ Strategy Generator

အကယ်၍ Forex ကုန်သွယ်ရေးဗျူဟာတခုသည် အလုပ်လုပ်သည်ဟု ယူဆရပါက၊ ၎င်းကို MT4 ဒီမိုအကောင့်ပေါ်တွင် လိုအပ်သောမွမ်းမံမှုများပြုလုပ်၍ Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်မှ တွက်ချက်ထားသောကိန်းဂဏန်းများဖြင့် တာမီနယ်တွင် နှိုင်းယှဉ်မှုပြုလုပ်ပါ။

ဤနေရာတွင် သင့်ကိုယ်သင် သတိပေးရမည့်အချက်မှာ ဆော့ဖ်ဝဲလ်သည် ပြီးပြည့်စုံသောဗျူဟာတခုကို ချက်ချင်းလက်ငင်း ဖန်တီးပေးနိုင်စွမ်း မရှိပါ။ အင်တာနက်ပေါ်တွင် ဆော့ဖ်ဝဲလ်မှ တည်ဆောက်သော forex ကုန်သွယ်ရေးစနစ်များအပေါ် တီထွင်ဖန်တီးသူများ၊ အသုံးပြုသူများ၊ စိစစ်သုံးသပ်သူများ၏ မှတ်ချက်များကို ရှာဖွေကြည့်ရှုနိုင်ပါသည်။ ထုတ်ဖော်၊ စမ်းသပ်ပြီးသော နည်းဗျူဟာ ၆၀၀ တွင်၊ လက်ခံနိုင်သော ဗျူဟာအရေအတွက်မှာ ၈၀ သာဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၎င်းတို့အနက်မှ ၁၀ ခုသာလျှင် ရှေ့ဆက်စစ်ဆေးမှု (forward testing) ကို အောင်မြင်ပါသည်။ ၎င်းတို့အနက်မှ အချို့သာလျှင် သင့်တင့်သော စွမ်းဆောင်ရည်ကိုပြသ၍ ဒီမိုအကောင့်တွင် စမ်းသပ်အသုံးချရန် သင့်တော်မှုရှိပါသည်။

၅။ နည်းဗျူဟာမွမ်းမံခြင်း

နောက်ဆုံးအဆင့်မှာ နည်းဗျူဟာအသစ်ကို အကောင်းဆုံးဖြစ်စေရန် မွမ်းမံချိန်ညှိခြင်း ဖြစ်ပါသည်။ မွမ်းမံချိန်ညှိခြင်းဆိုသည်မှာ နည်းဗျူဟာ၏ စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် ပုံမှန်စံသတ်မှတ်ချက်များကို လိုအပ်သလို ပြင်ဆင်ညှိနှိုင်းခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သင်သည် အသစ်ဖန်တီးသော နည်းဗျူဟာများသာမက၊ လက်တွေ့အကောင့်များတွင် အသုံးပြုနေသော forex ကုန်သွယ်ရေးစနစ်များကိုလည်း မွမ်းမံချိန်ညှိနိုင်ပါသည်။ 

နည်းဗျူဟာကို ဒီဇိုင်းထုတ်ခဲ့သော(ဒီဇိုင်းထုတ်၍ ဖန်တီးခဲ့သော) ခလုပ်ဆီသို့ ပြန်သွားကြပါစို့။ Optimize toolbar ကိုဖွင့်ပါ။ ၎င်းတွင် ဆက်တင်အနည်းငယ် ရှိပါသည်။ ယခင်မီနူးကဲ့သို့ပင် အဓိကဧရိယာနှင့် ထိပ်ဆုံးမီနူးကို တွေ့ရပါမည်။ toolbar အတွင်းရှိ ဆက်တင်ခလုပ်ကိုနှိပ်ပါ။ လိုအပ်သောနေရာတွင် အမှန်ခြစ်ပါ။ ၎င်းတို့အားလုံးသည် ရှင်းလင်းမှုရှိသောကြောင့် အပိုင်းတခုစီကို ရှင်းပြရန်မလိုအပ်ဟု ကျွန်ုပ်ထင်ပါသည်။ Optimizer ဆက်တင်၏ အဓိကမီနူးတွင် ညွှန်ပြချက်ဆက်တင်များကို သင့်တော်သလို ပြင်ဆင်ပါ။ ထပ်မံ၍ Start ကိုနှိပ်ကာ၊ Repository တွင် မွမ်းမံပြင်ဆင်ပြီးသောနည်းဗျူဟာကို ကြည့်ရှုပါ။

LiteFinance: ၅။ နည်းဗျူဟာမွမ်းမံခြင်း

၆။ နည်းဗျူဟာရှုမြင်သုံးသပ်ချက်

Strategy Overview သည် ဘယ်ဘက်ရှိ အောက်သို့ကျဆင်းနေသောမီနူးမှ ခလုပ်အမျိုးအစားတခုဖြစ်ပါသည်။ ဤနေရာတွင် FSB Pro သည် ဖတ်ရှုနားလည်ရန်လွယ်ကူသော နည်းဗျူဟာအကျဉ်းချုပ်နှင့် ညွှန်ပြချက်များ၏ ကိန်းဂဏန်းအတိုင်းအတာများကို ပြသပေးပါသည်။

  • Description - ဈေးကွက်အဝင်နှင့် အထွက် အယူအဆ၊ နည်းဗျူဟာအလုပ်လုပ်ပုံ၊ indicator စံနှုန်းများ အစရှိသဖြင့် စာဖြင့်အသေးစိတ်ဖော်ပြထားချက်ဖြစ်ပါသည်။ မူလဘာသာစကားမှာ အင်္ဂလိပ်ဖြစ်ပါသည်။ အကယ်၍ သင်သည် အခြားဘာသာစကားဖြင့် အသုံးပြုနေသူဖြစ်ပါက၊ ဖော်ပြချက် ၅၀% မှာ အင်္ဂလိပ်ဘာသာဖြင့်သာ ဖြစ်နေနိုင်ပါသည်(အချို့စကားစုများ၊ ခေါင်းစဉ်များနှင့် စာရင်းအချက်အလက်များသည် သင်၏ဘာသာစကားဖြင့်ဖြစ်ပြီး၊ ဖော်ပြချက်အပိုင်းမှာမူ အင်္ဂလိပ်ဘာသာဖြင့်သာ ဖြစ်ပါလိမ့်မည်)။

  • Balance chart (လက်ကျန်ငွေဇယား) - ၎င်းသည် ဝင်းဒိုး၏ ညာဘက်အောက်ထောင့်တွင် ပြသထားသော ဇယားနှင့် အတူတူပင် ဖြစ်ပြီး၊ ချုံ့၍ထားခြင်းသာ ဖြစ်ပါသည်။ ဇယား၏ အဓိကဧရိယာအပြင်၊ ထိပ်ဘက်ရှိ toolbar တွင် နောက်ထပ်ခလုပ်နှစ်ခုပါဝင်ပါသည်။ သို့သော် ၎င်းတွင် အသုံးဝင်သော သတင်းအချက်အလက် တစုံတရာကို မတွေ့ရှိရပါ။

  • Indicator chart (ညွှန်ပြကိရိယာဇယား) - ဤဇယားသည် ‌ဈေးကွက်နှုန်းထားရာဇဝင်နှင့် နည်းဗျူဟာတွင် အသုံးပြုသော ညွှန်ပြကိရိယာများအပြင် stop-loss (အနီရောင်ရေပြင်ညီမျဉ်း) နှင့် take-profit (အစိမ်းရောင်မျဉ်း)တို့အား ပြသပေး‌သော ဇယားတခုဖြစ်ပါသည်။ ထိပ်ဆုံးတွင် ခလုပ် ၁၀ ခုပါဝင်သော toolbar တခု ရှိပါသည်။ ရုပ်ပုံပေါ်သို့ ကာဆာမြှားကိုရွေ့လိုက်ပါက၊ ၎င်း၏ အဓိပ္ပါယ်ကို မြင်တွေ့ရပါလိမ့်မည်။ ဤနေရာတွင် ၎င်းတို့ တခုချင်းကို ဖော်ပြရန် မလိုအပ်သောကြောင့် ချန်လှပ်ခဲ့ပါမည်။

LiteFinance: ၆။ နည်းဗျူဟာရှုမြင်သုံးသပ်ချက်

  • Journal - Journal သည် ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များ၏ အသေးစိတ်မှတ်တမ်းတခု ဖြစ်ပါသည်။ ၎င်းကို Excel သို့ တင်သွင်းနိုင်ပါသည် (editor တွင် အချက်အလက်များကို အမျိုးအစားခွဲရန်နှင့် စစ်ထုတ်ရန် ပိုမိုလွယ်ကူပါသည်)။

  • Bar explorer - Bar explorer သည် journal နှင့် ဆင်တူပါသည်။ သို့သော် ၎င်းသည် အရောင်းအဝယ်များအပြင် လိုအပ်သောအချက်အလက်ခန့်မှန်းဖြည့်စွက်ခြင်းနှင့် စပ်လျဉ်း၍ ပိုမိုပြည့်စုံသော သတင်းအချက်အလက်များကို ပံ့ပိုးပေးပါသည်။ 

၇။ ခွဲခြမ်းစိတ်ဖြာမှု

နောက်ဆုံးကိရိယာအုပ်စုမှာ နည်းဗျူဟာ၏ ကြံ့ခိုင်မှုကို စမ်းသပ်ရန် နည်းလမ်းများ ဖြစ်ပါသည်။

Comparator။ ခလုပ်ကိုဖွင့်ပါ (ဖန်တီးလိုက်သော Expert Advisor တခုစီအတွက် ထိုသို့လုပ်‌ဆောင်ရန် လိုအပ်ပါသည်။ ဆောင်းပါး၏အစတွင် ကျွန်ုပ်သည် ကုန်သွယ်မှုတခုပိတ်သိမ်းခြင်းနည်းလမ်းများကို အတိုချုပ်ဖော်ပြခဲ့ပြီးဖြစ်ပါသည် (take profit အပေါ်မူတည်၍ အကောင်းမြင်ရှုထောင့်၊ stop loss အပေါ်မူတည်၍ အဆိုးမြင်ရှုထောင့်)။ Comparator ၏ ရည်ရွယ်ချက်မှာ နည်းဗျူဟာစွမ်း‌ဆောင်ရည်ကို အပြည့်အဝနားလည်သဘောပေါက်စေရန် ဖြစ်ပါသည်။ ပရိုဂရမ်သည် မတူညီသောနည်းလမ်းများဖြင့်တည်ဆောက်ထားသည့် ဇယားများကို နှိုင်းယှဉ်ပါသည်။ စမ်းသပ်မှုပြီးဆုံးချိန်တွင် မျဉ်းတကြောင်းသာပါဝင်သော ဈေးနှုန်းဇယား (သို့မဟုတ် ကပ်လျှက်ရှိနေသောမျဉ်းအချို့)ကို မြင်တွေ့ရပါက၊ အရာအားလုံး အဆင်ပြေသော အဓိပ္ပါယ် ဖြစ်ပါသည်။ အကယ်၍ ခွဲထွက်သောမျဉ်းများကို တွေ့မြင်ရပါက တစုံတခုမှားယွင်းနေသည်ဟု အဓိပ္ပါယ်ရပါသည် - နည်းဗျူဟာကိုဖယ်ရှား၍ အစအဆုံး ပြန်လည်လုပ်ဆောင်ပါ။ အောက်ပါရုပ်ပုံသည် အမှားအယွင်းရှိနေသော နည်းဗျူဟာတခု၏ ဥပမာဖြစ်ပါသည်။ 

LiteFinance: ၇။ ခွဲခြမ်းစိတ်ဖြာမှု

Multi Markets။ ၎င်းသည်လည်း ဖန်တီးထားသောဗျူဟာအတွက် ကြံ့ခိုင်မှုစစ်ဆေးခြင်းနည်းလမ်းတခုပင်ဖြစ်ပါသည်။ နည်းဗျူဟာသည် အခြားသောဈေးကွက်များတွင် ကောင်းစွာ အလုပ်လုပ်ခြင်းရှိမရှိ စမ်းသပ်ခြင်းဖြစ်ပါသည်။ Forex ကုန်သွယ်ရေးဗျူဟာတခုသည် ဈေးကွက်တခုအတွင်း အမြတ်ရလာဒ်ကို ပေးစွမ်းပါက၊ အခြားဈေးကွက်များတွင်လည်း ဆုံးရှုံးမှုမဖြစ်နိုင်ဟု ထင်မှတ်ကြလေ့ရှိသည်။ ၎င်းသည် အငြင်းပွားဖွယ်ရာ ကိစ္စရပ်ဖြစ်သော်လည်း၊ အကယ်၍ ၎င်းသည် ကုန်သွယ်ရေးပိုင်ဆိုင်မှုအများစုအတွက် အမြတ်ရလာဒ်ကို ပေးစွမ်းပါက၊ ထို Forex ကုန်သွယ်ရေးဗျူသည် ခိုင်မာသည်ဟု ယူဆနိုင်ပါသည်။

ဥပမာအားဖြင့် - ကျွန်ုပ်သည် ခိုင်မာသည်ဟုမဆိုသာသော နည်းဗျူဟာတခုကို ဖန်တီးခဲ့သည်။ အကြောင်းမှာ အခြားပိုင်ဆိုင်မှုများ၏ ၅၀% နီးပါးအတွက် အရှုံးရလာဒ်ကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်ပါသည် ( ၁၀၀၀၀ ဖြင့်စတင်ခဲ့ပြီး၊ ကာလ၏အဆုံးတွင် အပ်ငွေများ လျော့ကျသွားခြင်း)။ အခြားတဖက်မှကြည့်လျှင် အပ်ငွေသည် သုညအထိ ကျဆင်းမသွားပါ၊ ၎င်းသည် ‌အဆိုးထဲမှ အကောင်းပင် ဖြစ်ပါသည်။ 

LiteFinance: ၇။ ခွဲခြမ်းစိတ်ဖြာမှု

ထိပ်ဆုံးတွင် ဈေးကွက်တခုစီ၏ကုန်သွယ်မှုရလာဒ်များကို လေ့လာနိုင်ရန်ခွင့်ပြုပေးသော toolbar တခု ရှိပါသည်။ ၎င်းကို ဂရုတစိုက်ကြည့်ရှုပါ 

Monte Carlo။ ၎င်းသည် နည်းဗျူဟာ၏ ခိုင်မာမှုကို စမ်းသပ်ရန်အတွက် နောက်ဆုံးကိရိယာ ဖြစ်ပါသည်။ ထိပ်ဆုံးမီနူးတွင် Simulations နှင့် Options ဟူသော ခလုပ်နှစ်ခုရှိပါသည်။ ထိုနေရာတွင် ကျပန်း spread၊ ကျပန်း fx နှုန်းထားများ စသဖြင့် ပြဿနာများကို ပေါင်းထည့်နိုင်ပါသည်။ ကိရိယာ၏ ရည်မှန်းချက်မှာ မမျှော်မှန်းထားသော အခြေအနေများတွင် နည်းဗျူဟာ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရန်ဖြစ်သည်။ အရေးအကြီးဆုံးရလာဒ်မှာ အဆိုးဝါးဆုံးဖြစ်စဉ်တွင် ဖြစ်ပျက်နိုင်ခြေရှိသော မှန်းဆချက်ကို ပြသသည့် အောက်ခြေမျဉ်းကြောင်း ဖြစ်ပါသည်။ အဆိုးဝါးဆုံးဖြစ်စဉ်အတွင်း၊ နောက်ဆုံးတွင် လက်ကျန်ငွေကျဆင်းသွားခဲ့ပါက၊ ထိုစနစ်အား ချက်ချင်းဆိုသလို ပယ်ဖျက်ရန် အကြံပြုလိုပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်၏ ကုန်သွယ်ရေးစနစ်အတွေ့အကြုံအရ၊ ၎င်းသည် အစွန်အဖျား၌ ရပ်တည်နေသကဲ့သို့ဖြစ်ပြီး၊ အချိန်မရွေး ဆုံးရှုံးနိုင်ပါသည်။ 

၈။ Auto Trader

ပရော်ဖက်ရှင်နယ်လ် Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် MT4 အတွက် ဖိုင်ကိုသိမ်းဆည်းရန် ဆော့ဝဲလ်အတွင်းမှပင် EA ဖြင့် တိုက်ရိုက်ကုန်သွယ်မှုပြုလုပ်နိုင်သော အခွင့်အရေးကို ပံ့ပိုးပေးပါသည်။ ၎င်းသည် အချိန်ကုန်သက်သာစေသော နည်းလမ်းတခုဖြစ်ပါသည်။ Auto Trader အခြေအနေသို့ ဝင်ရောက်ရန် Editor စာသား အပေါ်ရှိ အောက်သို့မြှားပြထားသောမီနူးကို အသုံးပြု၍ Builder မုဒ်မှ Trader မုဒ်သို့ ပြောင်းပါ။ MT4 သို့ ချိတ်ဆက်မှု (Bridge) ကိုလည်း တည်ဆောက်ရပါမည်။ ထိုသို့လုပ်‌ဆောင်ရန်အတွက် User Files/MT4 Files ဖိုင်တွဲရှိ Bridge Installer ကို စတင်လည်ပတ်ပါ။ ၎င်းကို အင်စတောပြုလုပ်ပြီးသောအခါ၊ ID နံပါတ်တစ်ခုသတ်မှတ်၍ FSB သတ်မှတ်ချိတ်ဆက်မှု ID ဧရိယာထဲသို့ထည့်သွင်းပါ။ ထို့နောက် Start ကိုနှိပ်ပါ။

အကယ်၍သင်သည် Auto Trade ကို စိတ်ဝင်စားခြင်း မရှိပါက၊ Strategy မီနူးမှ Save As Expert Advisor ကိုနှိပ်၍ ဖန်တီးထားသောဗျူဟာတခုကို MT4 သို့ လွှဲပြောင်းသိမ်းဆည်းပါ။

နောက်ဆုံးအဆင့်မှာ သင်၏နည်းဗျူဟာများစုစည်းမှုတခုလုံးအတွက် စာရင်းအင်းများကို ကူးယူပြီး ၎င်းတို့ကို Excel စာရင်းဇယားတစ်ခုသို့ ကူးထည့်ရန်ဖြစ်သည်။

LiteFinance: ၇။ ခွဲခြမ်းစိတ်ဖြာမှု

အချက်အလက်အားလုံးကို Excel သို့ တင်သွင်းရန် ထိပ်ဆုံးမီနူးမှ ရုပ်ပုံကိုနှိပ်၍ အောက်သိုဆင်းလာသောစာရင်းတွင် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ပါ။

ယေဘုယျအားဖြင့်ဆိုရလျှင် ဆော့ဖ်ဝဲလ်အသုံးပြုခြင်းစည်းမျဉ်းမှာ ရိုးရှင်းသည်ဟု ဆိုနိုင်ပါသည်။ နည်းဗျူဟာနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၏ အရေးပါသော အချက်အလက်များကို ဖြည့်သွင်းပါ။ EA ဖန်တီးမှုကို စတင်ပါ။ စွမ်းဆောင်မှုရလာဒ် ကိန်းဂဏန်းများကို ခွဲခြမ်းစိတ်ဖြာပါ။ နောက်ဆုံးတွင် နည်းဗျူဟာအသစ်ကို အကောင်းဆုံးမွမ်းမံပါ။ အရာအားလုံးသည် ခက်ခဲမှုမရှိလှဟု ထင်မြင်ရပါသည်။ ပထမဦးစွာ၊ ဆော့ဝဲလ်တွင်ပါဝင်သော မီနူးနှင့် လုပ်ဆောင်ချက်များမှာ အလွန်များပြား‌သောကြောင့် မီနူးနှင့် လုပ်ဆောင်ချက်ခလုပ်တိုင်းကို ဖော်ပြရန်မှာ သဘာဝမကျပါ။ ဒုတိယ၊ ပရိုဂရမ်၏အသုံးပြုမှုဖွဲ့စည်းပုံနှင့် မီနူးအပြင်အဆင်သည် မတူညီသောဗားရှင်းနှင့် ဘာသာစကားများကြား အနည်းငယ်ကွဲပြားနိုင်သည်။ ရုပ်ပုံအားလုံးနှင့် စာသားအားလုံးကို ကျပန်းကလစ်နှိပ်ခြင်းဖြင့် အရာအားလုံးကို သင်ရှာဖွေသ်ိရှိနိုင်သော်လည်း၊ သင့်အတွက် ရှုပ်ထွေးစေနိုင်ပါသည်။ အကူအညီအတွက် FSB ဝဘ်ဆိုက်ရှိ အသုံးပြုသူလမ်းညွှန်ချက်ကို ဖတ်ရှုခြင်းက သင့်အတွက် ပိုမိုလွယ်ကူစေနိုင်ပါသည်။ forexsb.com/wiki/fsbpro_guide/quick_start

Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် EA ကုဒ်ကိုရေးသားရန် ပရိုဂရမ်ဘာသာရပ်ကို နားလည်သူများအတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးများကို ပံ့ပိုးပေးပါသည်။ ဆော့ဖ်ဝဲလ်သည် မူရင်းပါဝင်သော ညွှန်ပြကိရိယာများအပြင်၊ အခြားသင့်စိတ်ကြိုက် ညွှန်ပြကိရိယာများကိုလည်း ထည့်သွင်းရန် ခွင့်ပြုပါသည်။ ၎င်းတို့အချင်းချင်း အဆင်ပြေစွာတွဲဖက်လုပ်ဆောင်နိုင်ရန်သာ အရေးကြီးပါသည်။

ပရော်ဖက်ရှင်နယ်လ် Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်၏ အားသာချက်များ - 

  • ၎င်းသည် လေ့ကျင်ရေးအတွက် အတော်ပင် သင့်တော်ကောင်းမွန်ပါသည်။ ကုန်သွယ်ရေးစနစ်တခုကို တည်ဆောက်ခြင်းအားဖြင့် ကုန်သည်တဦးသည် ၎င်း၏ဖွဲ့စည်းပုံကို ပိုမိုနားလည်သဘောပေါက်ပြီး၊ စံနှုန်းများနှင့် အတိုင်းအတာများကို ပိုမိုကောင်းမွန်စွာချိန်ညှိနိုင်သည့်အပြင် လုပ်ဆောင်ချက်တခုခြင်း၏ အပြင်အဆင်ကိုလည်း ရှုမြင်သုံးသပ်နိုင်ပါသည်။ ထိုအချက်များသည် Expert Advisors များကို အသုံးချရာတွင် အထောက်အကူပြုလိမ့်မည်ဖြစ်ပြီး၊ Forex နည်းဗျူဟာတည်ဆောက်မှု‌ဆော့ဝဲလ်သည် ၎င်းကို များစွာပိုမိုလွယ်ကူစေပါသည်။

  • အကူအညီ။ ထုတ်ဖော်ခဲ့သော အချို့နည်းဗျုဟာများတွင် ဝေဖန်မှုများနှင့် ပစ်ချက်များရှိနေသော်လည်း၊ ထိုအားနည်းချက်များကို လေ့လာသုံးသပ်၍ ပိုမိုကောင်းမွန်သော အရာတခုကို သင်ဖန်တီးနိုင်ပါသည်။ သို့သော် အချိန်များစွာ လိုအပ်ပါလိမ့်မည်။

 FSB နှင့်စပ်လျဉ်း၍ ကျွန်ုပ်သဘောမကျသော အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • မြင့်မားသောချို့ယွင်းမှုနှုန်း - EA တည်ဆောက်မှုဆော့ဖ်ဝဲလ်သည် အယ်လ်ဂရစ်သမ်တခုအပေါ် အခြေခံ၍ လည်ပတ်ပါသည်။ ပေးထားသော စံသတ်မှတ်ချက်များဖြင့် ၎င်းသည် ဒီမိုအကောင့်တခုတွင်ပင် လုပ်ဆောင်ချက်ချို့ယွင်းသည်မှာလည်း ဖြစ်နိုင်ခြေရှိသော အရာတခုပင် ဖြစ်ပါသည်။ အားလုံးမဟုတ်သော်လည်း အများစုမှာ ထိုအတိုင်းသာ ဖြစ်ပါသည်။ ၎င်းအတွက် အချိန်ပေးရန် ထိုက်တန်ပါသလားဟူသော မေးခွန်းအတွက်မူ အဖြေမရှိပါ။

  • ဖန်တီးထားသော နည်းဗျူဟာများကို ရှာဖွေရန် ခက်ခဲနိုင်ပါသည်။ ဖန်တီးထားသော forex ကုန်သွယ်ရေးစနစ်များအတွက် အက္ခရာ၊ သို့မဟုတ် ဖန်တီးသည့်နေ့စွဲဖြင့် အမည်များသတ်မှတ်ပေးပြီး စီစဉ်နိုင်သောနည်းလမ်းကို ကျွန်ုပ်ရှာမတွေ့ပါ။

  • ၎င်းသည် လွယ်ကူစွာ အမြတ်ထွက်ပေါ်နိုင်သည်ဟု ထင်ယောင်ထင်မှားဖြစ်စေနိုင်သော စိတ်ဝင်စားဖွယ်ရာ ဆော့ဖ်ဝဲလ်တခု ဖြစ်ပါသည်။ Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် ပုံမှန်အယ်လ်ဂရစ်သမ်တခုအပေါ် အခြေခံ၍လည်ပတ်သော ဆော့ဖ်ဝဲလ်တခုသာ ဖြစ်ပါသည်။

ကျွန်ုပ်အနေဖြင့် စိတ်ပညာရှုထောင့်မှလည်း ဆွေးနွေးသုံးသပ်တင်ပြလိုပါသည်။ EA တည်ဆောက်မှုဆော့ဖ်ဝဲလ်သည် အတော်အတန် လက်ခံယုံကြည်ဖွယ်ရာ အထင်အမြင်ကို ဖန်တီးပေးပါသည်။ ပြည့်စုံသော ညွှန်ပြကိရိယာများ၊ ကုန်သွယ်ရေးစနစ်များ အလိုအလျောက် ထုတ်ဖော်နိုင်ခြင်း၊ ကြံ့ခိုင်မှုစမ်းသပ်ခြင်းနည်းလမ်းများ - ၎င်းတို့အားလုံးသည် အလွန်ယုံကြည်စိတ်ချရ‌သည်ဟု ထင်မှတ်ရလောက်သည့်အတွက် Expert Advisor ဖန်တီးမှုအဆုံးတွင် ကုန်သည်၏စိတ်၌ အောင်မြင်မှုအတွက် နှစ်နှစ်ကာကာယုံကြည်ချက်တရပ်ကို ဖြစ်ထွန်းစေပါသည်။ Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်ကို အသုံးပြုပြီးသောအခါ၊ သင်၏စိတ်တွင် အံ့မခန်းထိရောက်မှုရှိသော နည်းဗျူဟာတခုကို သင်ဖန်တီးလိုက်သည်ဟု အထင်ရောက်စေပါသည်။ သို့သော် အမှန်စင်စစ် ကြံ့ခိုင်မှုစမ်းသပ်ချက်များကို ဖြတ်ကျော်ခဲ့ပြီးသော ပြည့်စုံသည့် နည်းဗျူဟာအားလုံးအတွက် စေ့စပ်သေချာသော ခွဲခြမ်းစိတ်ဖြာမှုကို ထပ်မံလိုအပ်ပါသေးသည်။

Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် ဖြည့်စွက်အသုံးချနိုင်သော အကူကိရိယာတခု ဖြစ်ပါသည်။ သို့ရာတွင် ဤဆော့ဖ်ဝဲလ်အတွက် မြင့်မားသော မျှော်လင့်ချက်များ မထားသင့်ပါ။ ၎င်းသည် အလိုအလျောက်ကုန်သွယ်ရေးစနစ်များဖန်တီးရန် နည်းလမ်းများစွာရှိသည့်အနက်မှ တခုသာလျှင် ဖြစ်ပါသည်။ ၎င်းတွင် ၎င်း၏ အားသာချက်များ၊ ပစ်ချက်များ အသီးသီးရှိပါသည်။ ထို့အပြင် အချိန်များစွာပေးရန် လိုအပ်ပါသည်။ သို့သော် ၎င်းသည် သင့်အား ကုန်သွယ်ရေးစနစ်များ၏ ချိန်ညှိရသောအစိတ်အပိုင်းများနှင့် စံသတ်မှတ်ချက်များ၏ သဘောတရားကို နားလည်သဘောပေါက်စေရန် လေ့ကျင့်ပေးနိုင်ပါသည်။

အနှစ်ချုပ်

Forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်သည် နည်းဗျူဟာများဖန်တီးရန်အတွက် အကောင်းဆုံးစံနမူနာဟု မဆိုနိုင်သော်လည်း ၎င်းတွင် ထင်ရှားသော အားသာချက်များ ရှိပါသည်။ ၎င်း၏အားနည်းချက်မှာ ၁ နာရီ သို့မဟုတ် ထို့ထက်ရှည်ကြာသော အချိန်ကာလအတွက်သာ ဗျူဟာများကို ဖန်တီးနိုင်ခြင်းဖြစ်သည်။ သို့သော်၊ ဤဗျူဟာများသည် စတင်သူများအတွက် အလွန်ကောင်းမွန်ပါသည်။ နည်းဗျူဟာအသစ်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းသည် အချိန်ပို၍ ကြာမြင့်ပါသည်။ ၎င်းတို့အားလုံးသည် လက်တွေ့ကုန်သွယ်မှုအကောင့်တစ်ခုတွင် အမှန်တကယ် အလုပ်မဖြစ်နိုင်ကြောင်းကို ကျွန်ုပ်တို့သိရှိသော်လည်း၊ သင့်‌အနေဖြင့် ကုန်သွယ်မှုစနစ်များဖန်တီးခြင်းနည်းပညာကို အသေးစိတ်လေ့လာကာ၊ ၎င်းတို့ကို ဂရုတစိုက်ရွေးချယ်မှုပြုလုပ်ခြင်း၏နောက်တွင် ရလဒ်ကောင်းတခုကို ရရှိနိုင်ပါသည်။

အဘယ်ကြောင့် အင်တာနက်ပေါ်မှ ခေတ်မမီတော့သော EAs များကို ဒေါင်းလုပ်ဒ်ပြုလုပ်မည်နည်း။ forex နည်းဗျူဟာတည်ဆောက်မှုဆော့ဖ်ဝဲလ်ကို ဒေါင်းလုပ်ဒ်ပြုလုပ်ပါ။ ၎င်းကိုအင်စတောပြုလုပ်၍ လည်ပတ်ပါ။ ဆော့ဝဲလ်ဖြင့် မည်သို့အလုပ်လုပ်ရမည်ကို လေ့လာပါ။ သင်၏ အကြံပြုချက်များ၊ ထင်မြင်ချက်များ၊ ကမ်းလှမ်းမှုများ၊ အတွေး‌အခေါ်များနှင့် ရလာဒ်များအကြောင်းကို အောက်ပါ ကွန်မန့်ကဏ္ဍတွင် ရေးသားနိုင်ပါသည်။ သင်၏အကြံပြုချက်များကို လှိုက်လှဲစွာ ကြိုဆိုပါသည်။


P.S. ကျွန်ုပ်ဆောင်းပါးကို နှစ်သက်ပါသလား ? လူမှုကွန်ရက်များတွင် မျှဝေလိုက်ပါ- ကျွန်ုပ်အနေဖြင့် အထူးပင် "ကျေးဇူးတင်ရှိပါသည်" :)

အသုံးဝင်သောလင့်ခ်များ

  • ကျွန်ုပ်အနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤနေရာ ကို အကြံပြုအပ်ပါသည်။ ကုန်သွယ်ရေးစနစ်သည် သင့်အား ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်မှုပြုလုပ်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူခွင့်ပြုထားပါသည်။
  • LiteFinance ပလပ်ဖောင်းပေါ်တွင် အပ်ငွေဘောနပ်စ် 50% ကို ရယူရန်အတွက် ကျွန်ုပ်၏ ပရိုမိုကုဒ် BLOG ကို အသုံးပြုပါ။ သင့်ကုန်သွယ်မှုအကောင့်ကို ငွေအပ်နှံခြင်း ပြုလုပ်သည့်အခါ ဤကုဒ်ကို ပရိုမိုကုဒ်ဖြည့်ရမည့်အကွက်တွင် ထည့်သွင်းပါ။
  • ကုန်သည်များအတွက် တယ်လီဂရမ်ချက် - https://t.me/litefinance။ ကျွန်ုပ်တို့၏ ကုန်သွယ်မှုအတွေ့အကြုံ နှင့် ကုန်သွယ်ရေးအချက်ပြမှုများကို မျှဝေထားပါသည်။
  • အရည်အသွေးမြင့် ခွဲခြမ်းစိတ်ဖြာမှု၊ Forex သုံးသပ်ချက်များ၊ လေ့ကျင့်ရေးဆောင်းပါးများနှင့် ကုန်သည်များအတွက် အခြားအသုံးဝင်သည့် အကြောင်းအရာများပါရှိသော တယ်လီဂရမ်ချန်နယ် https://t.me/litefinance

လက်တွေ့ဈေးကွက်အချိန်ရှိ EURUSD ၏စျေးနှုန်းဇယား

Forex expert advisor တခုကို မည်သို့ တီထွင်ဖန်တီးရမည်နည်း။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat