ပလက်တီနမ် သည် လက်ဝတ်ရတနာနယ်ပယ်တွင်သာမက၊ နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ပြန့်စွာ အသုံးပြုကြသော ရှားပါးအဖိုးတန် သတ္တုအမျိုးအစားတခု ဖြစ်ပါသည်။ ၎င်းကို အဓိကအသုံးပြုသောကဏ္ဍများမှတခုမှာ အိတ်ဇောဓာတ်ငွေ့မှဓာတ်ပြောင်းအကူကိရိယာ (catalytic converters) ထုတ်လုပ်ရေးနယ်ပယ် ဖြစ်ပြီး — မော်တော်ယဉ်ထုတ်လုပ်ရေးလုပ်ငန်းတခုတည်းကပင် ကမ္ဘာ့ပလက်တီနမ် (XPT) ဝယ်လိုအား၏ ၄၄% ခန့်ကို အကြမ်းဖျင်း ရယူထားပါသည်။ ပလက်တီနမ်သည် အခြေခံအားဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပိုင်ဆိုင်မှုတခုထက် ကုန်စည်တခုဖြစ်သောကြောင့်၊ ၎င်းကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် တမူထူးခြားသော ကွဲပြားမှုများ ရှိပါသည်။

၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ပလက်တီနမ်ဈေးနှုန်းများသည် တည်ငြိမ်မှုမရှိခဲ့ပဲ၊ မြန်ဆန်သော အတက်၊အကျများကို ပြသနေခဲ့သည်။ ဈေးနှုန်းများသည် ဇန်နဝါရီတွင် စတင်မြင့်တက်ခဲ့သော်လည်း၊ ဧပြီလတွင် အနိမ့်ဆုံးဈေးတန်းအနီးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၂၀၂၅ နှစ်ကုန်ချိန်နှင့် နောက်ပိုင်းတွင် ကျွန်ုပ်တို့သည် ဤအဖိုးတန်သတ္တုထံမှ မည်သည်ကို မျှော်လင့်နိုင်မည်နည်း။ ထို့အပြင် ယခုအချိန်သည် ပလက်တီနမ်တွင် ရင်းနှီးမြှုပ်နှံရန် အချိန်ကောင်းဖြစ်ပါသလား။ အဆိုပါမေးခွန်းများ၏ အဖြေကို ဤခြုံငုံသုံးသပ်ချက်တွင် စူးစမ်းထုတ်ဖော်ကြပါမည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိကမှတ်သားရန်အချက်များ

  • ၀၁.၀၅.၂၀၂၆ တွင် XPT ၏ လက်ရှိဈေးနှုန်းမှာ $1 995.77 ဖြစ်ပါသည်။
  • XPT သည် ၎င်း၏ အမြင့်ဆုံးဈေးနှုန်းဖြစ်သော $2920.41 သို့ ၂၆.၀၁.၂၀၂၆ တွင် ရောက်ရှိခဲ့သည်။ အနိမ့်ဆုံးဈေးနှုန်းဖြစ်သော $562.25 သို့ ၁၆.၀၃.၂၀၂၀ တွင် ရောက်ရှိခဲ့ပါသည်။
  • များစွာသော ခွဲခြမ်းစိတ်ဖြာမှုကုမ္ပဏီများသည် ၂၀၂၅ ခုနှစ်အတွင်း XPTUSD အခြေအနေနှင့်စပ်လျဉ်း၍ အကောင်းမြင်မှုရှိကြပြီး၊ $1,050.00–$1,112.00 ကြားတွင် အတက်၊အကျများကို မျှော်လင့်ကြသည်။ ပိုမိုသတိကြီးသော ရှုမြင်ချက်များကမူ၊ ဈေးနှုန်းသည် $813.60–$920.88 ဇုန်အတွင်း ကျန်ရစ်လိမ့်မည်ဟု အဆိုပြုကြပါသည်။
  • ပလက်တီနမ်ဈေးနှုန်းသည် ၂၀၂၆ ခုနှစ်အတွင်း $1,322.00 အထိ မြင့်မားနိုင်သည်ဟု အချို့သော လေ့လာသုံးသပ်ရေးသမားများမှ ကောက်ချက်ချကြပါသည်။ ပိုမိုသတိကြီးသော ခန့်မှန်းချက်များသည် ပိုင်ဆိုင်မှုအား $757.00 နှင့် $915.09 ကြားတွင် အရောင်းအဝယ်ဖြစ်ရန် မျှော်မှန်းကြပါသည်။
  • ကျွမ်းကျင်သူများသည် ၂၀၂၇ မှ ၂၀၃၀ ကြားကာလအတွင်း ဤပိုင်ဆိုင်မှုအမျိုးအစားအတွက် အမျိုးမျိုးသောရလာဒ်များကို ခန့်မှန်းကြပါသည်။ သို့သော်၊ ပျမ်းမျှဈေးနှုန်းသည် ပို၍မြင့်တက်လာရန်မျှော်လင့်ရပြီး၊ ၂၀၃၀ ခုနှစ်တွင် $2,143.00 သို့ ရောက်ရှိလာရန် အလားအလာရှိပါသည်။ အခြားတဖက်တွင်၊ အချို့ခန့်မှန်းချက်များသည် $801.29–$864.44 ကြားသို့ ကျဆင်းမှုအလားအလာတရပ်ကို ညွှန်ပြနေပါသည်။
  • ၂၀၄၀ မှ ၂၀၅၀ ကြားကာလအတွက်၊ ကာလရှည်ခန့်မှန်းချက်များသည် မသေချာမရေရာဆဲ ဖြစ်ပါသည်။ အကြောင်းမှာ အဖိုးတန်သတ္တု၏ ဈေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်သော အကြောင်းအရာများမှာ စုံလင်ကျယ်ပြန့်သောကြောင့် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ခွဲခြမ်းစိတ်ဖြာသူအများစုသည် $ 4,000 မှ $ 4,500 ကြား ဈေးနှုန်းပစ်မှတ်များနှင့်အတူ အပြုသဘောဆောင်‌သော ရှုမြင်ချက်တရပ်ကို ထိန်းသိမ်းထားကြပါသည်။

XPT ၏ ‌အချိန်နှင့်အမျှ ဈေးကွက်အခြေအနေ

၀၁.၀၅.၂၀၂၆ တွင် XPT ၏ လက်ရှိဈေးနှုန်းမှာ $1 995.77 ဖြစ်ပါသည်။

အဖိုးတန်သတ္တု၏ လက်ရှိအခြေအနေကို အကဲဖြတ်ရန်အတွက်၊ အောက်ပါ စံအတိုင်းအတာများကို လေ့လာစောင့်ကြည့်ရန် အရေးကြီးပါသည်။

  • တနှစ်ထက်တနှစ် ငွေကြေးဖောင်းပွနှုန်း(အမေရိကန်ပြည်ထောင်စု) - ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းပြောင်းလဲမှုများကို တိုင်းတာသည့် စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) ကို အခြေခံ၍ ဆုံးဖြတ်သည်။
  • အတိုးနှုန်း (အမေရိကန်ပြည်ထောင်စု) - ချေးငွေရယူခြင်းအတွက် ကျသင့်သောကုန်ကျစရိတ်ဖြစ်ပြီး ချေးယူသောပမာဏ၏ ရာခိုင်နှုန်းတခုအဖြစ် ဖော်ပြပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးသူငွေကြေးသုံးစွဲမှုတို့အပေါ် သက်ရောက်မှုရှိပါသည်။ ။
  • ၅၂ ပတ်တာ ဈေးနှုန်းရွေ့လျားမှုအပိုင်းအခြား - ကျန်ခဲ့သောနှစ်အတွင်း အမြင့်ဆုံးနှင့်အနိမ့်ဆုံးဈေးနှုန်းများ။
  • နေ့စဉ်ကုန်သွယ်မှုပမာဏ - တိကျသောပိုင်ဆိုင်မှုတခု၏ တရက်တာအတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏကို ခြေရာခံရန် ဈေးကွက်များတွင် အသုံးပြုသော အတိုင်းအတာတခု။
  • တနှစ်တာအပြောင်းအလဲ - ကျန်ခဲ့သော တနှစ်တာအတွင်း အဆင့်ဆင့် ဈေးနှုန်းပြောင်းလဲမှု။
  • ကြောက်စိတ်နှင့်လောဘညွှန်းကိန်း - ပိုင်ဆိုင်မှုအကြောင်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံသူစိတ်အခြေအနေနှင့် မျှော်မှန်းချက်များကို အချိန်နှင့်အမျှ ထင်ဟပ်ဖော်ပြသော ညွှန်ပြချက်တခု။

စံအတိုင်းအတာ

တန်ဖိုး

တနှစ်-ထက်-တနှစ်ငွေကြေးဖောင်းပွနှုန်း (အမေရိကန်)

2.4%

အတိုးနှုန်း (အမေရိကန်)

4.5%

၅၂ ပတ်တာ ဈေးနှုန်းအပိုင်းအခြား

878.30-116.40 USD

‌တနေ့တာကုန်သွယ်မှုပမာဏ

18.99 မီလီယံဒေါ်လာ

တနှစ်တာအပြောင်းအလဲ

-3.15%

ကြောက်စိတ်နှင့်လောဘညွှန်းကိန်း

အလယ်/ကြားနေ

၂၀၂၅ ခုနှစ်အတွင်း XPT ဈေးနှုန်းအတွက် နည်းပညာပိုင်း ဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုနှင့် ရှုမြင်ချက်

တပတ်တာဇယားကို အသုံးပြု၍ XPT ဈေးနှုန်းများအတွက် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတခုကို ဆောင်ရွက်ကြည့်ကြပါစို့။

LiteFinance: ၂၀၂၅ ခုနှစ်အတွင်း XPT ဈေးနှုန်းအတွက် နည်းပညာပိုင်း ဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုနှင့် ရှုမြင်ချက်

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်၊ ပိုင်ဆိုင်မှု၏ ဈေးနှုန်းသည် ကြီးမားသော Symmetrical Triangle pattern တခုအတွင်း ရွေ့လျားနေခဲ့ပြီး၊ ဦးတည်ရာနှစ်ဖက်စလုံးသို့ ဖောက်ထွက်သွားနိုင်ခြေ ရှိခဲ့ပါသည်။ လက်ရှိတွင် ပလက်တီနမ်အား တစ်ထရိုင်အောင်စလျှင် 1 995.77 ၌ အရောင်းအဝယ်ပြုလုပ်နေကြပါသည်။

Candlestick patterns များနှင့် နည်းပညာဆိုင်ရာညွှန်ပြချက်များသည် ရောထွေးသောအချက်ပြမှုများက်ို ထုတ်ပေးထားခဲ့ကြပါသည်။

  • အရေးပါသည့် resistance level ဖြစ်သော 1009.09 အနီးတွင် Bearish Engulfing patterns နှစ်ခု ပေါ်ပေါက်လာခဲ့ပြီး၊ ၎င်းသည် အရောင်းဖိအားများကို အချက်ပြကာ အောက်ဘက်သို့ ဦးတည်ရာအလှည့်အပြောင်းဖြစ်နိုင်ခြေကို သတိပေးပါသည်။ 962.08 level တွင်၊ Spinning Top pattern တခု စတင်ဖြစ်ပေါ်လာနေပြီး၊ ၎င်းသည် ဈေးကွက်၏ မရေရာမှုကို ညွှန်ပြပါသည်။
  • MACD တန်ဖိုးများသည် သုညမျဉ်းအနီး၊ အနှုတ်ဧရိယာအတွင်း ရှိနေကာ၊ ဈေးနှုန်းယာယီငြိမ်သက်နိုင်သော ကာလတခုကို ညွှန်ပြပါသည်။
  • RSI တန်ဖိုးသည် တဖြေးဖြေးတိုးတက်လာနေပြီး၊ 50 level အနီးသို့ ချဉ်းကပ်လာပါသည်။ ၎င်းသည်လည်း ကြားနေဈေးကွက်တခုကို ညွှန်ပြပါသည်။
  • Money Flow Index (MFI) သည် ပိုင်ဆိုင်မှုအတွင်း liquidity စီးဝင်မှုကိုပြသပါသည်၊ ၎င်းသည် အဝယ်ဘက်မှ အလေးသာမှုကို ညွှန်ပြခြင်းလည်း ဖြစ်နိုင်ပါသည်။
  • MA Cross indicator သည် Golden Cross pattern တခု ဖြစ်ပေါ်လာပုံကို ပြသနေပြီး၊ အထက်သို့ ဦးတည်ရာပြောင်းလဲမည့်အလားအလာတခုကို အချက်ပြပါသည်။

အောက်ပါဇယားသည် လာမည့် ၁၂ လအတွင်း ကုန်သွယ်မှုကိရိယာအတွက် မျှော်မှန်းထားသော အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးများကို ပြသပါသည်။

အနည်းဆုံး၊ $

အများဆုံး၊ $

၂၀၂၅ ဧပြီ

909.95

987.51

၂၀၂၅ မေ

935.50

990.63

၂၀၂၅ ဇွန်

933.42

972.95

၂၀၂၅ ဇူလိုင်

960.47

1,017.68

၂၀၂၅ ဩဂုတ်

1,004.16

1,053.05

၂၀၂၅ စက်တင်ဘာ

1,066.55

1,014.56

၂၀၂၅ အောက်တိုဘာ

1,002.07

1,059.29

၂၀၂၅ နိုဝင်ဘာ

1,055.13

1,133.38

၂၀၂၅ ဒီဇင်ဘာ

1,071.77

1,126.90

၂၀၂၆ ဇန်နဝါရီ

1,057.21

1,135.22

၂၀၂၆ ဖေဖော်ဝါရီ

1,128.98

1,175.99

၂၀၂၆ မတ်

1,127.94

1,184.12

၂၀၂၅ ခုနှစ်အတွင်း XPTUSD အတွက် ကာလရှည်ကုန်သွယ်ရေးအစီအစဉ်

ဆောင်ရွက်ခဲ့သော နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုသည် ပိုင်ဆိုင်မှုအတွက် ရှင်းလင်းသော အ‌ဝယ် သို့မဟုတ် အရောင်းအချက်ပြမှုများကို မပေးစွမ်းပေ။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်းသည် ကုန်သွယ်ရေးဗျူဟာတွင် အသုံးချနိုင်မည်ဖြစ်သော အရေးပါသည့် support နှင့် resistance levels များကို ခွဲခြားသတ်မှတ်ပေးပါသည်။

တနှစ်တာကုန်သွယ်ရေးအစီအစဉ်

  • ပိုင်ဆိုင်မှုသည် တစထက်တစ ကြီးမားလာသော Symmetrical Triangle chart pattern တခုအတွင်းရှိနေပြီး၊ 962.08 နှင့် 1009.09 levels များတွင် Bearish Engulfing နှင့် Spinning Top patterns များ အသီးသီး ပေါ်ပေါက်နေကြပါသည်။ အဆိုပါ patterns များသည် ဈေးကွက်၏ မရေရာမှုနှင့်အတူ အရောင်းဖိအားများ လွှမ်းမိုးနေသော လတ်တလောအခြေအနေကို မီးမောင်းထိုးပြပါသည်။
  • MACD နှင့် RSI indicators များသည် ရှင်းလင်းသော အရောင်းအဝယ်အချက်ပြမှုများကို ပြသခြင်းမရှိပဲ၊ ကြားနေဇုန်များအတွင်း ဆက်လက်ကျန်ရှိနေကြသည်။ ထိုစဉ်၊ MFI သည် ပိုင်ဆိုင်မှုထံသို့ ငွေအရင်းအနှီးစီးဝင်မှုကို ညွှန်ပြကာ၊ ဝယ်လိုအားများ တိုးပွားလာခြင်းကို ပြသပါသည်။ MA Cross indicator သည် Golden Cross pattern တခုကို ဖွဲ့စည်းနေပြီး၊ ၎င်းသည် လာမည့်လများအတွင်း အထက်သို့တိုးတက်သွားနိုင်သော ‌ဦးတည်ရာအလှည့်အပြောင်းတခုကို အချက်ပြပါသည်။
  • ကာလရှည်အဝယ်ကုန်သွယ်မှုများကို ထင်ရှားသည့် resistance level ဖြစ်သော 1009.09 အထက်တွင် 1062.72 မှ 1181.31 ကြား ဧရိယာကို ပစ်မှတ်ထား၍ စဉ်းစားနိုင်ပါသည်။
  • အပြန်အလှန်အားဖြင့် ကာလရှည်အရောင်းကုန်သွယ်မှုများကို ထင်ရှားသည့် support level ဖြစ်သော 900.81 အောက်တွင် ဖွင့်နိုင်ပါသည်။ ကျဆင်း‌မှုပစ်မှတ်များကို 844.55 မှ 785.33 ကြားတွင် သတ်မှတ်ပါ။

၂၀၂၅ ခုနှစ်အတွင်း XPT ဈေးနှုန်းအတွက် ကျွမ်းကျင်သူတို့၏ ကြိုတင်ခန့်မှန်းချက်များ

ကျွမ်းကျင်သူများသည် ၂၀၂၅ ခုနှစ်အတွင်း ပလက်တီနမ်ဈေးနှုန်းအတွက် ရောထွေးသော ခန့်မှန်းချက်များကို ထုတ်ပေးကြပါသည်။

LongForecast

၂၀၂၅ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 793.00 – 1,054.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

LongForecast ၏ အဆိုအရ၊ ၂၀၂၅ ပထမနှစ်ဝက်တွင် ပလက်တီနမ်ဈေးနှုန်းများသည် $838.00 နှင့် $1,054.00 ကြားတွင် အတက်၊အကျ ဖြစ်ပေါ်နေပြီး၊ ဇွန်လတွင် $937.00 ဖြင့် ပိတ်သိမ်းလိမ့်မည်ဟု ခန့်မှန်းရပါသည်။ ဒုတိယနှစ်ဝက်တွင် ပိုင်ဆိုင်မှုသည် $793.00 မှ $980.00 ကြား ကျယ်ပြန့်သော နယ်နိမိတ်တခုအတွင်း ဆက်လက်၍ ကူးသန်းနေနိုင်ပြီး၊ နှစ်ကုန်ချိန်တွင် $895.00 ၌ ပိတ်သိမ်းနိုင်ပါသည်။

အဖွင့်ဈေး၊ $

အနည်းဆုံး– အများ‌ဆုံး၊ $

အပိတ်ဈေး၊ $

ဧပြီ

1,029.00

848.00-1,054.00

919.00

မေ

919.00

838.00-996.00

882.00

ဇွန်

882.00

882.00-984.00

937.00

ဇူလိုင်

937.00

835.00-937.00

879.00

ဩဂုတ်

879.00

879.00-980.00

933.00

စက်တင်ဘာ

933.00

831.00-933.00

875.00

အောက်တိုဘာ

875.00

793.00-877.00

835.00

နိုဝင်ဘာ

835.00

801.00-885.00

843.00

ဒီဇင်ဘာ

843.00

843.00-940.00

895.00

WalletInvestor

၂၀၂၅ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 813.60 – 980.33 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

WalletInvestor မှ သုံးသပ်ရေးသမားများ၏ ယူဆချက်အရ၊ ၂၀၂၅ ခုနှစ်တလျှောက် ဤကုန်သွယ်မှုအမျိုးအစား၏ ပျမ်းမျှဈေးနှုန်းသည် $813.60 မှ $980.33 ကြား ကျယ်ပြန့်သော အကွာအဝေးဘောင်တခုအတွင်း အထက်အောက်ကူးသန်းနေနိုင်ပါသည်။ ပလက်တီနမ်ဈေးနှုန်းများသည် ကျဆင်းသောလမ်းကြောင်းတခုအတွင်း ရွေ့လျားနေမည်ဖြစ်ပြီး၊ နှစ်ကုန်ချိန်တွင် $841.88 သို့ ရောက်ရှိနိုင်သည်ဟု ကျွမ်းကျင်သူများမှ ယုံကြည်ကြပါသည်။

အဖွင့်ဈေး၊ $

အပိတ်ဈေး၊ $

အနည်း‌ဆုံးဈေးနှုန်း၊ $

အများဆုံးဈေးနှုန်း၊ $

ဧပြီ

991.85

924.56

909.95

980.33

မေ

920.01

914.64

914.64

920.88

ဇွန်

912.43

880.47

880.47

912.43

ဇူလိုင်

879.60

878.39

876.62

880.65

ဩဂုတ်

875.26

861.94

859.38

875.26

စက်တင်ဘာ

864.36

824.24

824.24

866.95

အောက်တိုဘာ

823.97

826.24

818.60

828.96

နိုဝင်ဘာ

826.20

822.14

822.14

826.87

ဒီဇင်ဘာ

821.40

841.88

813.60

841.88

CoinPriceForecast

၂၀၂၅ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 1,050.00 – 1,112.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

CoinPriceForecast သည် ၂၀၂၅ နှစ်လယ်တွင် ဈေးနှုန်းမြင့်တက်လာရန် မျှော်လင့်ထားပါသည်။ နှစ်ကုန်ချိန်တွင် XPTUSD သည် $1,112.00 သို့ တိုးတက်လိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ခန့်မှန်းချက်ထုတ်ပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၂၅

1,050.00

1,112.00

၂၀၂၅ ခုနှစ်အတွင်း၊ ပလက်တီနမ်ဈေးနှုန်းများအတွက် ခန့်မှန်းချက်များမှာ ရောထွေးနေပါသည်။ အချို့သော သုံးသပ်စိတ်ဖြာသူများသည် မော်တော်ယဉ်ထုတ်လုပ်ရေးနယ်ပယ်အတွင်း ကုန်ကြမ်းမလုံလောက်မှုနှင့် ဝယ်လိုအားမြင့်တက်လာမှုတို့ကို ကိုးကား၍ ဈေးနှုန်းတိုးတက်မှုတရပ်ကို ခန့်မှန်းကြပါသည်။ အချို့ကမူ စီးပွားရေးဆိုင်ရာဆုံးရှုံးနိုင်ခြေများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှုနှုန်းကျဆင်းခြင်းအလားအလာတို့ကြောင့် တန်ဖိုးကျနိုင်သည်ဟု ထင်မြင်ယူဆကြပါသည်။

၂၀၂၆ ခုနှစ်အတွင်း XPT ဈေးနှုန်းအတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်များ

ခွဲခြမ်းစိတ်ဖြာမှုအေဂျင်စီအများစုသည် ၂၀၂၆ ခုနှစ်အတွင်း အဖိုးတန်သတ္တု၏ နှုန်းထားအတွက်၊ အနှုတ်သဘောဆောင်သော ခန့်မှန်းချက်များကို ထုတ်ပေးကြပါသည်။

LongForecast

၂၀၂၆ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 781.00 – 951.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

LongForecast ရှိ ခွဲခြမ်းစိတ်ဖြာသူများ၏ အဆိုအရ၊ ၂၀၂၆ နှစ်အစတွင် ပိုင်ဆိုင်မှု၏တန်ဖိုးသည် $895.00 သို့ ချဉ်းကပ်လာမည်ဟု မျှော်လင့်ရပါသည်။ နှစ်လယ်တွင်၊ ဈေးနှုန်းသည် $861.00 နှင့် $951.00 အတွင်း အတက်၊အကျများကို ပြသနိုင်ပြီး၊ ဇွန်လတွင် $906.00 ၌ ပိတ်သိမ်းနိုင်ပါသည်။ ဒီဇင်ဘာလတွင် ပိုင်ဆိုင်မှု၏တန်ဖိုးသည် $822.00 သို့ ကျဆင်းနိုင်ခြေရှိပါသည်။

အဖွင့်ဈေး၊ $

အနည်းဆုံး– အများ‌ဆုံး၊ $

အပိတ်ဈေး၊ $

ဇန်နဝါရီ

895.00

803.00-895.00

845.00

ဇွန်

867.00

861.00-951.00

906.00

‌ဒီဇင်ဘာ

876.00

781.00-876.00

822.00

WalletInvestor

၂၀၂၆ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 803.38 – 903.025 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

WalletInvestor ရှိ ခွဲခြမ်းစိတ်ဖြာသူများသည် ၂၀၂၆ ခုနှစ်အတွင်း XPT အတွက် ကျဆင်းသောလမ်းကြောင်းတခုကို ခန့်မှန်းထားကြပါသည်။ ဈေးနှုန်းသည် နှစ်လယ်သို့ရောက်သည်အထိ $869.71 မှ $903.2 ကြား ဧရိယာအတွင်း ကူးသန်းရွေ့လျားနေနိုင်ပြီး၊ ဇွန်လတွင် အပိတ်ဈေးနှုန်းသည် $869.71 သို့ ရောက်ရှိနိုင်ပါသည်။ ဒုတိယနှစ်ဝက်တွင်၊ အကျလမ်းကြောင်းတခု စတင်‌ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရပြီး၊ $831.49 အထိ ကျဆင်းရန်အလားအလာရှ်ိပါသည်။

အဖွင့်ဈေး၊ $

အပိတ်ဈေး၊ $

အနည်း‌ဆုံးဈေးနှုန်း၊ $

အများဆုံးဈေးနှုန်း၊ $

ဇန်နဝါရီ

845.50

886.34

845.50

888.27

ဇွန်

903.25

869.71

869.71

903.25

‌ဒီဇင်ဘာ

810.66

831.49

803.38

831.49

CoinPriceForecast

၂၀၂၆ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 1,112.00 – 1,322.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

CoinPriceForecast မှ ကျွမ်းကျင်သူများသည် ၂၀၂၆ နှစ်လယ်တွင် အဖိုးတန်သတ္တု၏ဈေးနှုန်းအား တစ်ထရိုင်အောင်စလျှင် $1,231.00 သို့ မြင့်တက်လာရန်နှင့် နှစ်ကုန်ချိန်တွင် $1,322.00 သို့ ရောက်ရှိလာရန် ကြိုတင်မျှော်မှန်းကြပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၂၆

1,231.00

1,322.00

၂၀၂၆ ခုနှစ်တွင် ပလက်တီနမ်ဈေးနှုန်းများသည် မော်တော်ယာဉ်လုပ်ငန်း - အထူးသဖြင့် အိတ်ဇောဓာတ်ပြောင်းကွန်ဗာတာများ ထုတ်လုပ်ရေးလုပ်ငန်းများမှ ဝယ်လိုအားအပေါ် မူတည်မည်ဖြစ်သည်။ တောင်အာဖရိကနှင့် ရုရှားကဲ့သို့သော ကုန်စည်တင်ပို့သည့်နိုင်ငံများ၏ နိုင်ငံရေးတည်ငြိမ်မှုသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

၂၀၂၇ ခုနှစ်အတွင်း XPT ဈေးနှုန်းအတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်များ

၂၀၂၇ ခုနှစ်အတွင်း ပလက်တီနမ်ဈေးနှုန်းများအတွက် ခြုံငုံသုံးသပ်ချက်နှင့်စပ်လျဉ်း၍၊ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် သဘောထားကွဲလွဲနေကြပါသည်။

LongForecast

၂၀၂၇ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 794.00 – 979.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

LongForecast ရှိ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ၂၀၂၇ ခုနှစ်အတွင်း‌ အဖိုးတန်သတ္တု၏ ဈေးနှုန်းအတွက် တိုးတက်သောအလားအလာတခုကို ခန့်မှန်းကြပါသည်။ နှစ်လယ်တွင်၊ ဈေးနှုန်းသည် တစ်ထရိုင်အောင်စလျှင် $864.00 ဝန်းကျင်သို့ ရောက်ရှိနိုင်ပါသည်။ နှစ်ကုန်ခန့်မှန်းချက်သည် $932.00 အထိ နောက်ထပ်တိုးတက်မှုတရပ်ကို ညွှန်ပြနေပါသည်။

အဖွင့်ဈေး၊ $

အနည်းဆုံး– အများ‌ဆုံး၊ $

အပိတ်ဈေး၊ $

ဇန်နဝါရီ

822.00

794.00-878.00

836.00

ဇွန်

825.00

821.00-907.00

864.00

‌ဒီဇင်ဘာ

890.00

885.00-979.00

932.00

WalletInvestor

၂၀၂၇ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 792.76 – 892.65 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

WalletInvestor ရှိ ကျွမ်းကျင်သူများ၏ အဆိုအရ၊ ၂၀၂၇ နှစ်စတွင်၊ ဤကုန်သွယ်မှုအမျိုးအစား၏ ဈေးနှုန်းသည် $831.76 သို့ ရောက်ရှိနိုင်ပါသည်။ ပထမနှစ်ဝက်ကုန်ချိန်တွင်၊ ပိုင်ဆိုင်မှု၏တန်ဖိုးသည် $860.41 သို့ မြင့်တက်လာဖွယ်ရာရှိပါသည်။ ဒုတိယနှစ်ဝက်တွင်၊ ကျဆင်းသောရွေ့လျားမှု အရှ်ိန်ရလာနိုင်ပြီး ဈေးနှုန်းသည် $817.76 သို့ ရောက်ရှိနိုင်ပါသည်။

အဖွင့်ဈေး၊ $

အပိတ်ဈေး၊ $

အနည်း‌ဆုံးဈေးနှုန်း၊ $

အများဆုံးဈေးနှုန်း၊ $

ဇန်နဝါရီ

831.76

875.09

831.76

877.05

ဇွန်

892.61

860.41

859.91

892.65

‌ဒီဇင်ဘာ

801.36

817.76

792.76

817.76

CoinPriceForecast

၂၀၂၇ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 1,424.00 – 1,519.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

CoinPriceForecast အဆိုအရ၊ ၂၀၂၇ နှစ်လယ်တွင် ပိုင်ဆိုင်မှု၏တန်ဖိုးသည် $1,424.00 သို့ မြင့်တက်လာနိုင်ပါသည်။ ဒုတိယနှစ်ဝက်တွင်၊ အထက်သို့ရွေ့လျားမှု ဆက်လက်တည်မြဲမည်ဟု မျှော်လင့်ရပြီး၊ ဒီဇင်ဘာလကုန်တွင် ဈေးနှုန်းသည် $1,519.00 သို့ ရောက်ရှိလာနိုင်ပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၂၇

1,424.00

1,519.00

၂၀၂၇ ခုနှစ်အတွက် ပလက်တီနမ်ဈေးနှုန်းခန့်မှန်းချက်များသည် အငြင်းပွားဖွယ်ရာဖြစ်ပါသည်။ အချို့သော ကျွမ်းကျင်သူများသည် မော်တော်ယဉ်ထုတ်လုပ်ရေးနယ်ပယ်နှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များအတွင်း ကုန်စည်ပြတ်လပ်မှုနှင့် ဝယ်လိုအားမြင့်တက်လာမှုတို့အပေါ်အခြေခံကာ တိုးတက်မှုအလားအလာတရပ်ကို မျှော်လင့်ကြပါသည်။ မည်သို့ပင်ဖြစ်စေ၊ ပထဝီနိုင်ငံရေးအပြောင်းအလဲများနှင့် ငွေကြေးဖောင်းပွမှုသည်လည်း ဈေးနှုန်းအပေါ် သက်ရောက်နိုင်ပါသည်။

၂၀၂၈ ခုနှစ်အတွင်း XPT ဈေးနှုန်းအတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်များ

၂၀၂၈ ခုနှစ်အတွင်း ပလက်တီနမ်ဈေးနှုန်းများအပေါ် အရောင်းဖိအားများလွှမ်းမိုးထားနိင်သည်ဟု ကျွမ်းကျင်သူအများစုမှ ယူဆကြပါသည်။

LongForecast

၂၀၂၈ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 709.00 – 932.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

LongForecast ရှိ ခွဲခြမ်းစိတ်ဖြာသူများမှ ၂၀၂၈ နှစ်အစတွင် အဖိုးတန်သတ္တု၏ ဈေးနှုန်းသည် $932.00 သို့ ရောက်ရှိနိုင်သည်ဟု ကြိုတင်ခန့်မှန်းကြပါသည်။ နှစ်လယ်တွင်၊ ပလက်တီနမ်ဈေးနှုန်းများသည် $746.00 ဈေးတန်းသို့ ကျဆင်းလာနိုင်ပါသည်။ ဒုတိယနှစ်ဝက်တွင်၊ $726.00–$852.00 အကွာအဝေးအတွင်း ဈေးနှုန်းအတက်အကျများဖြစ်ပေါ်ကာ၊ ဒီဇင်ဘာလကုန်တွင် $773.00 သို့ တဖြည်းဖြည်းပြန်လည်တိုးတက်လာနိုင်သည်ဟု ကျွမ်းကျင်သူများမှ ယူဆကြပါသည်။

အဖွင့်ဈေး၊ $

အနည်းဆုံး– အများ‌ဆုံး၊ $

အပိတ်ဈေး၊ $

ဇန်နဝါရီ

932.00

830.00-932.00

874.00

ဇွန်

789.00

709.00-789.00

746.00

‌ဒီဇင်ဘာ

810.00

734.00-812.00

773.00

WalletInvestor

၂၀၂၈ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 781.83 – 883.21 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

ခွဲခြမ်းစိတ်ဖြာမှုအရင်းအမြစ်တခုဖြစ်သော WalletInvestor ၏ ကြိုတင်ခန့်မှန်းချက်များအရ၊ ၂၀၂၈ နှစ်စတွင် ပလက်တီနမ်၏ ပျမ်းမျှဈေးနှုန်းသည် $826.92 ၌ ရှိလိမ့်မည်ဟု မျှော်လင့်ရပါသည်။ နှစ်တလျှောက်တွင်၊ ဈေးနှုန်းရွေ့လျားမှုများ နှေးကွေးလာရန် မျှော်မှန်းထားသည်။ ပထမနှစ်ဝက်ကုန်ချိန်တွင်၊ ပိုင်ဆိုင်မှုသည် $847.78 သို့ရောက်ရှိနိုင်ပြီး၊ နှစ်ကုန်ချိန်တွင် $803.83 သို့ ကျဆင်းနိုင်ပါသည်။

အဖွင့်ဈေး၊ $

အပိတ်ဈေး၊ $

အနည်း‌ဆုံးဈေးနှုန်း၊ $

Max. price, $

ဇန်နဝါရီ

826.92

866.37

826.92

866.37

ဇွန်

883.21

847.78

847.78

883.21

‌ဒီဇင်ဘာ

788.70

803.83

781.83

803.83

CoinPriceForecast

၂၀၂၈ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 1,626.00 – 1,809.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

CoinPriceForecast မှ ကျွမ်းကျင်သူများသည် ၂၀၂၈ ခုနှစ်အတွင်း ဤကုန်သွယ်မှုအမျိုးအစားအတွက် အပြုသဘောဆောင်သော ရွေ့လျားမှုများကို မျှော်မှန်းထားကြပါသည်။ ပထမနှစ်ဝက်တွင်၊ XPTUSD သည် တစ်ထရိုင်အောင်စလျှင် $1,626.00 သို့ မြင့်တက်လိမ့်မည်ဟု ခန့်မှန်းထားသည်။ နှစ်ကုန်ချိန်တွင် အတက်လမ်းကြောင်းဆက်လက်တည်မြဲနေပြီး ဈေးနှုန်းသည် $1,809.00 သို့ ရောက်ရှိလာနိုင်ပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၂၈

1,626.00

1,809.00

၂၀၂၈ ခုနှစ်အတွက် ပလက်တီနမ်ဈေးနှုန်းခန့်မှန်းချက်များမှာ မသေချာမရေရာဆဲပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ပထဝီနိုင်ငံရေးဖြစ်စဉ်များ၊ မော်တော်ယဉ်ထုတ်လုပ်ရေးလုပ်ငန်းများမှ ဝယ်လိုအားနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုတို့၏ လွှမ်းမိုးမှုအောက်တွင် ရှိသောကြောင့်ဖြစ်သည်။ လေ့လာဆန်းစစ်သူများတွင် ကွဲပြားသောအမြင်များ ရှိကြသည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေ ဆက်လက်တည်ငြိမ်မှုရှိနေပါက ဈေးနှုန်းများ အသင့်အတင့်ကျဆင်းနိုင်သည်ဟု အများစုမှ ယူဆကြပါသည်။

၂၀၂၉ ခုနှစ်အတွင်း XPT ဈေးနှုန်းအတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်များ

ခွဲခြမ်းစိတ်ဖြာ‌ရေးပညာရှင်များသည် ၂၀၂၉ ခုနှစ်အတွက် XPT ဈေးနှုန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြတ်သား‌စွာ ခန့်မှန်းချက်မထုတ်ကြပေ။

LongForecast

၂၀၂၉ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 657.00 – 784.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

LongForecast မှ ကျွမ်းကျင်သူများ၏ ယူဆချက်အရ၊ ၂၀၂၉ နှစ်စတွင် ပိုင်ဆိုင်မှု၏ ပျမ်းမျှဈေးနှုန်းသည် $773.00 ဝန်းကျင်ဖြစ်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ မေလသို့ရောက်သော်၊ ပလက်တီနမ်ဈေးနှုန်းသည် $692.00 သို့ ဆက်လက်ကျဆင်းနိုင်ပါသည်။

အဖွင့်ဈေး၊ $

အနည်းဆုံး– အများ‌ဆုံး၊ $

အပိတ်ဈေး၊ $

ဇန်နဝါရီ

773.00

710.00-784.00

747.00

မတ်

738.00

657.00-738.00

692.00

မေ

683.00

657.00-727.00

692.00

WalletInvestor

၂၀၂၉ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 771.10 – 870.43 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

WalletInvestor ၏ အဆိုအရ၊ ၂၀၂၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် အဖိုးတန်သတ္တု၏ ဈေးနှုန်းသည် $812.89–$857.04 တွင် အရောင်းအဝယ်ဖြစ်နိုင်ပါသည်။ နှစ်လယ်တွင် ပလက်တီနမ်၏ဈေးနှုန်းသည် $837.95 သို့ ကျဆင်းမည်ဟု မျှော်လင့်ရပြီး၊ နှစ်ကုန်ချိန်တွင် အကျလမ်းကြာင်း ပိုမိုခိုင်မာလာကာ $798.87 သို့ ရောက်ရှိနိုင်ပါသည်။

အဖွင့်ဈေး၊ $

အပိတ်ဈေး၊ $

အနည်း‌ဆုံးဈေးနှုန်း၊ $

အများဆုံးဈေးနှုန်း၊ $

ဇန်နဝါရီ

812.89

857.04

812.89

857.04

ဇွန်

870.43

837.95

837.95

870.43

‌ဒီဇင်ဘာ

777.81

798.87

771.10

798.87

CoinPriceForecast

၂၀၂၉ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 1,928.00 – 1,995.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

အခြားတဖက်တွင်၊ CoinPriceForecast ရှိ ကျွမ်းကျင်သူများမှ ၂၀၂၉ ခုနှစ်တွင် ဤကုန်သွယ်မှုအမျိုးအစား၏ တိုးတက်မှုသည် ဆက်လက်ခိုင်မာနေမည်ဟု ကြိုတင်ခန့်မှန်းကြသည်။ နှစ်လယ်တွင်၊ ဈေးနှုန်းသည် တစ်ထရိုင်အောင်စလျှင် $1,928.00 သို့ မြင့်တက်နိုင်ပြီး၊ ဒီဇင်ဘာလတွင် ဈေးနှုန်းသည် $1,995.00 ဝန်းကျင်သို့ ရောက်ရှိလိမ့်မည်ဟု ၎င်းတို့မှ မျှော်လင့်ကြပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၂၉

1,928.00

1,995.00

၂၀၂၉ ခုနှစ်အတွက် ပလက်တီနမ်ဈေးနှုန်းခန့်မှန်းချက်သည် မော်တော်ယဉ်ထုတ်လုပ်မှုနယ်ပယ်အတွင်းရှိ ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား၊ ဟိုက်ဒရိုဂျင်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပထဝီနိုင်ငံရေးအကြောင်းအရာများ၏ ခွဲခြမ်းစိတ်ဖြာချက်အပေါ် အခြေခံပါသည်။ မတည်ငြိမ်မှုဆက်လက်ကျန်ရှိနိုင်သော်လည်း၊ ပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကြပ်လာခြင်းနှင့် အိတ်ဇောဓာတ်ပြောင်းအကူပစ္စည်းများ အသုံးပြုမှုတိုးမြင့်လာခြင်းသည် ဝယ်လိုအားကို မြင့်တက်စေလိမ့်မည်ဟု ခန့်မှန်းရပါသည်။

၂၀၃၀ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ XPT များ၏ ကြိုတင်ခန့်မှန်းချက်များ

ကျွမ်းကျင်သူအများစုသည် ၂၀၃၀ ခုနှစ်အထိ ပလက်တီနမ်ဈေးနှုန်းရွေ့လျားမှုများနှင့်စပ်လျဉ်း၍ အပြုသဘောဆောင်သော ခန့်မှန်းချက်များကို ဦးစားပေးထုတ်ပြန်ကြပါသည်။

WalletInvestor

၂၀၃၀ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 801.29 – 864.44 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

ရင်းနှီးမြှုပ်နှံမှုအကြံပြုဝဘ်ဆိုက်တခုဖြစ်သော WalletInvestor မှ ခန့်မှန်းချက်များအရ၊ ၂၀၃၀ နှစ်စတွင် XPT ၏ ဈေးနှုန်းသည် $801.29 ဝန်းကျင်ဖြစ်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ကျွမ်းကျင်သူများသည် ဧပြီလကုန်တွင် $858.52 သို့ တိုးတက်မှုအလားအလာတရပ်ကို ကြိုတင်မျှော်မှန်းကြပါသည်။

အဖွင့်ဈေး၊ $

အပိတ်ဈေး၊ $

အနည်း‌ဆုံးဈေးနှုန်း၊ $

အများဆုံးဈေးနှုန်း၊ $

ဇန်နဝါရီ

801.29

847.17

801.29

847.17

ဖေဖော်ဝါရီ

845.32

863.38

845.32

864.44

မတ်

860.19

847.61

841.83

860.19

ဧပြီ

852.89

858.52

852.89

859.38

CoinPriceForecast

၂၀၃၀ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 2,143.00 – 2,304.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

CoinPriceForecast မှ ယူဆချက်များအရ၊ ၂၀၃၀ နှစ်လယ်တွင် အဖိုးတန်သတ္တု၏ဈေးနှုန်းသည် တစ်ထရိုင်အောင်စလျှင် $2,143.00 သို့ မြင့်တက်နိုင်ပါသည်။ အတက်လမ်းကြောင်းသည် ဒုတိယနှစ်ဝက်တွင် ဆက်လက်တည်မြဲနိုင်ပြီး၊ နှစ်ကုန်ချိန်တွင် ဈေးနှုန်းအား $2,304.00 သို့ ရောက်ရှိသည်ထိ တွန်းအားပေးနိုင်ပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၃၀

2,143.00

2,304.00

BeatMarket

၂၀၃၀ ခုနှစ်အတွက်ဈေးနှုန်းရွေ့လျားမှုအကွာအဝေး (USD) - 1,400.00 – 1,500.00 (၂၃၊ ၄၊ ၂၀၂၅ အထိလေ့လာချက်များအရ)။

ခွဲခြမ်းစိတ်ဖြာမှုလမ်းညွှန်ဝဘ်ဆိုက်တခုဖြစ်သော BeatMarket ၏ ခန့်မှန်းချက်များအရ၊ ပိုင်ဆိုင်မှုသည် ၂၀၃၀ ခုနှစ်အတွင်း အပြုသဘောဆောင်သော ရွေ့လျားမှုကို ပြသလိမ့်မည်ဟု မျှော်လင့်ရပြီး၊ ဈေးနှုန်းသည် တအောင်စလျှင် $1,000.00 အထက်တွင် ကျန်ရှိနိုင်ပါသည်။ ခွဲခြမ်းစိတ်ဖြာသူများသည် အနည်းဆုံးနှင့် အများဆုံးဈေးနှုန်းများအား $1,400.00 နှင့် $1,500.00 တို့တွင် အသီးသီး မျှော်မှန်းထားကြပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၃၀

1,400.00

1,500.00

ကမ္ဘာလုံးဆိုင်ရာစီးပွား‌ရေးအခြေ‌အနေ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍတွင်း ဖွံ့ဖြိုးတိုးတက်မှုများ၊ ပထဝီနိုင်ငံရေးအခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက် စသည်တို့အပါအဝင် မရေတွက်နိုင်သော အကြောင်းရင်းများစွာကြောင့် ၂၀၃၀ ခုနှစ်အတွက် ပလက်တီနမ်ဈေးနှုန်းများကို ကြိုတင်ခန့်မှန်းရခြင်းသည် စိန်ခေါ်မှုတရပ်ဖြစ်နိုင်ပါသည်။ ကျွမ်းကျင်သူများသည် သဘောထားကွဲလွဲနေကြသော်လည်း မြင့်တက်လာသော ဝယ်လိုအားနှင့် အကန့်အသတ်ရှိသော ရောင်းလိုအားတို့ကြောင့် ယေဘုယျလမ်းကြောင်းသည် တိုးတက်မှုအလားအလာတရပ်ကိုသာ ညွှန်ပြနေပါသည်။

၂၀၅၀ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ XPT များ၏ ကြိုတင်ခန့်မှန်းချက်များ

ပထဝီနိုင်ငံရေးဖြစ်ရပ်များ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးနယ်ပယ်အတွင်း နည်းပညာဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုများနှင့် ဟိုက်ဒရိုဂျင်နည်းပညာများအတွက် ဝယ်လိုအားတွင် မသေချာမရောရာမှုများ ဝန်းရံနေခြင်းတို့ကြောင့် ၂၀၄၀-၂၀၅၀ ကြားကာလအတွက်၊ ပလက်တီနမ်ဈေးနှုန်းကို ခန့်မှန်းရခြင်းသည် ရှုပ်ထွေးနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ကာလရှည်ကုန်သွယ်ရေးဗျူဟာတခုကို တည်ဆောက်ရာတွင် ထိပ်တန်းကျွမ်းကျင်သူများ၏ အတွေးအမြင်များကို ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးပါသည်။

CoinPriceForecast ရှိ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ အဆိုအရ၊ ၂၀၃၁ နှစ်ကုန်တွင် အဖိုးတန်သတ္တု၏ဈေးနှုန်းသည် $2,622.00 သို့ ရောက်ရှိနိုင်ပါသည်။ ၂၀၄၀ ကုန်ချိန်တွင်၊ $4,038.00 အထိ နောက်ထပ်တိုးတက်မှုတရပ်ကို မျှော်မှန်းထားပါသည်။

BeatMarket ၏ ကျွမ်းကျင်သူများထံမှ ခန့်မှန်းချက်များအရ၊ ၂၀၃၅ ခုနှစ်တွင် ပလက်တီနမ်သည် တစ်အောင်စလျှင် $3,220.00 သို့ တန်ဖိုးတိုးတက်နိုင်ပါသည်။ ၂၀၄၀ ခုနှစ်တွင်၊ ဈေးနှုန်းသည် $4,500.00 သို့မဟုတ် ပိုမြင့်သောဈေးနှုန်းသို့ပင် ရောက်ရှိလိမ့်မည်ဟု ၎င်းတို့မှ ယုံကြည်ကြပါသည်။

ခုနှစ်

Coin Price forecast၊ $

BeatMarket၊ $

၂၀၃၁

2,622.00

1,600.00

၂၀၃၅

3,745.00

3,220.00

၂၀၄၀

4,038.00

4,500.00

ပထဝီနိုင်ငံ‌ရေးအကြောင်းအရာများ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးနယ်ပယ်အတွင်း အဆင့်မြှင့်တင်မှုများ( လျှပ်စစ်ယာဉ်များဆီသို့ ကူးပြောင်းမှုသည် ဝယ်လိုအားကို လျော့ကျစေသည်)၊ တူးဖော်ရရှိသောပမာဏ အတက်၊အကျများနှင့် ရင်းနှီးမြှုပ်နှံမှုဝယ်လိုအား အပြောင်းအလဲများ၏ လွှမ်းမိုးမှုကြောင့်၊ ၂၀၄၀-၂၀၅၀ ကြားကာလအတွက် ပလက်တီနမ်ဈေးနှုန်းများကို ခန့်မှန်းခြင်းသည် စိန်ခေါ်မှုတရပ်ဖြစ်ပါသည်။

ဆိုရှယ်မီဒီယာပေါ်တွင် XPT (ပလက်တီနမ်) ၏ ဈေးကွက်အလေးသာမှု

မီဒီယာသဘောထား ဆိုသည်မှာ လူမှုကွန်ရက်များနှင့် မီဒီယာပေါ်ရှိ ဆွေးနွေးမှုများ၏ ရှုထောင့်ကို ရည်ညွှန်းပြီး၊ ၎င်းတို့သည် ရင်းနှီးမြှုပ်နှံသူများ၏ ပလက်တီနမ်အပေါ်ထားရှိသော အမြင်ကို လွှမ်းမိုးကာ၊ ရလာဒ်အနေဖြင့် ၎င်း၏ ဈေးကွက်တန်ဖိုးအပေါ် သက်ရောက်မှုရှိစေပါသည်။LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် XPT (ပလက်တီနမ်) ၏ ဈေးကွက်အလေးသာမှု

လူမှုကွန်ယက် X (ယခင် Twitter)ပေါ်တွင် @TradeTrillions အမည်ဖြင့် အသုံးပြုသူတဦးမှ ဤအဖိုးတန်သတ္တု၏ ဈေးနှုန်းသည် တစ်ထရိုင်အောင်စလျှင် $1,279.70, $1,880.12, and $2,206.36 ကြားသို့ မကြာမီအချိန်အတွင်း မြင့်တက်လာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် XPT (ပလက်တီနမ်) ၏ ဈေးကွက်အလေးသာမှု

@AssortedFoods ဟု အများသိကြသည့် အမှီအခိုကင်းသော ဈေးကွက်ကျွမ်းကျင်သူတဦးမှလည်း XPTUSD ဈေးနှုန်းတွင် အထက်သို့ အလှည့်အပြောင်းဖြစ်ရန်အလားအလာကို မျှော်မှန်းထားပါသည်။ ဤခွဲခြမ်းစိတ်ဖြာသူသည် $1,519.00 အား ကာလအလယ်အလတ်ပစ်မှတ်အဖြစ် အလေးပေးဖော်ပြထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် XPT (ပလက်တီနမ်) ၏ ဈေးကွက်အလေးသာမှု

အခြားအသုံးပြုသူတဦးဖြစ်သော @jonysinsi34 မှလည်း ပလက်တီနမ်ဈေးနှုန်းသည် ခိုင်မာသော တိုးတက်မှုစက်ဝန်းတခု၏အစသို့ မကြာမီကာလအတွင်း ရောက်ရှိလိမ့်မည်ဟု သုံးသပ်ပြထားပါသည်။

လူမှုကွန်ယက် X ပေါ်ရှိ ရေးသားမျှဝေချက်များသည် သီးခြားရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များကြား XPTUSD ၏ အနာဂါတ်ဈေးနှုန်းရွေ့လျားမှုနှင့်စပ်လျဉ်း၍ အပြုသဘောဆောင်သော သဘောထားတရပ်ရှိနေကြောင်းကို ထင်ဟပ်ဖော်ပြနေပါသည်။

XPT ဈေးနှုန်းရာဇဝင်

ပလက်တီနမ်သည် ၎င်း၏ကာလတလျှောက်အမြင့်ဆုံးတန်ဖိုးဖြစ်သော 2920.41 USD သို့ ၂၆.၀၁.၂၀၂၆ တွင် ရောက်ရှိခဲ့သည်။ အနိမ့်ဆုံးသော XPT ဈေးနှုန်းမှာ 562.25 USD ဖြစ်ပြီး၊ ထိုနှုန်းထားသို့ ၁၆.၀၃.၂၀၂၀ တွင် ရောက်ရှိခဲ့ပါသည်။

၂၀၁၅ ကုန်ဆုံးချိန်မှစ၍ ပလက်တီနမ်ဈေးနှုန်းသည် တစ်ထရိုင်‌အောင်စလျှင် $561.01 မှ $1,317.41 ကြား အကွာအဝေးအတွင်း ကျယ်ပြန့်စွာ ကူးသန်းရွေ့လျားနေပါသည်။ ၂၀၁၆ ဇန်နဝါရီမှ ဩဂုတ်လအထိကာလအတွင်း ဤအဖိုးတန်သတ္တု၏ တန်ဖိုးတိုးတက်မှုမှာ မြင့်တက်လာသော စက်မှုဆိုင်ရာဝယ်လိုအားနှင့် ဆက်စပ်နေပြီး၊ ၎င်းသည် Euro-6 စံချိန်စံညွှန်းများတင်းကြပ်မှုနှင့် ဂျပန်နိုင်ငံတွင် သတ္တုအတွက် ရင်းနှီးမြှုပ်နှံမှုဝယ်လိုအား မြင့်မားလာခြင်းတို့ကြောင့် ဖြစ်ပါသည်။ ထို့အပြင် ထိုအချိန်က ပလက်တီနမ်ဈေးကွက်သည် ခန့်မှန်းခြေ 380,000 အောင်စခန့် ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ၎င်းသည် ပိုင်ဆိုင်မှုအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို တိုးမြှင့်ပေးခဲ့သည်။

၂၀၁၆ ခုနှစ် ဩဂုတ်လမှ ၂၀၂၀ အထိကာလအတွင်း ဈေးနှုန်းများ ကျဆင်းပြီး၊ $755.70 နှင့် $1,047.80 ကြား ကြာရှည်စွာ တည်ငြိမ်နေခဲ့ခြင်းမှာ အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်သည်။

  • တောင်အာဖရိကတွင် သတ္တုတူး‌ဖော်ရေးဆိုင်ရာ ပြဿနာများရှိလင့်ကစား သတ္တုထုတ်လုပ်မှုပမာဏမှာ မြင့်မားနေဆဲဖြစ်သည်။ rand(အာဖရိကငွေကြေး) တန်ဖိုး ကျဆင်းနေချိန်တွင် ထုတ်လုပ်မှု မြင့်မားနေခြင်းကြောင့် ထုတ်လုပ်သူများသည် သတ္တုတင်ပို့မှုကို လျှော့ချရန် ငြင်းဆန်ခဲ့ကြသည်။
  • ကမ္ဘာ့စီးပွားရေးတိုးတက်မှု ရုတ်တရက် မြင့်တက်လာခြင်းသည် ပလက်တီနမ်ကိုအသုံးပြု၍ ထုတ်လုပ်ထားသော ကားများကို ရောင်းအားကျဆင်းစေခဲ့သည်။
  • အမေရိကန်ငွေကြေးတန်ဖိုးတက်လာခြင်းနှင့် ဥရောပဈေးကွက်တွင် ဒီဇယ်အင်ဂျင်အသုံးပြုမှုလျော့နည်းလာခြင်းတို့သည် ဤအဖိုးတန်သတ္တု၏ တန်ဖိုးကျဆင်းမှုကို ဖြစ်ပေါ်စေပါသည်။

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပလက်တီနမ်‌ငွေလဲနှုန်းသည် ၄၇% ကျော်ကျဆင်းခဲ့ပြီး၊ $561.01 သို့ ရောက်ရှိခဲ့သည်။ ၂၀၂၀ ခုနှစ် မေလမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနောက်ပိုင်းတွင်၊ မော်တော်ယာဉ်နှင့် လက်ဝတ်ရတနာလုပ်ငန်းများ အခြေအနေပြန်လည်ကောင်းမွန်လာပြီး ပလက်တီနမ်သည် တစ်ထရိုင်အောင်စလျှင် $1,317.41 အထိ စျေးနှုန်းမြင့်တက်လာခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အဆိုပါပိုင်ဆိုင်မှု၏ တန်ဖိုးကျဆင်းရခြင်း အဓိကအကြောင်းရင်းမှာ ချစ်ပ်ပြတ်လပ်မှုကြောင့်ဖြစ်သည်။ ဤပြဿနာသည် အိတ်ဇောဓာတ်ပြောင်းပစ္စည်း လိုအပ်ချက်ကို ကျဆင်းစေပြီး၊ ထုတ်လုပ်သူများသည် မော်ဝောာ်ကားထုတ်လုပ်မှုအရေအတွက်ကို လျှော့ချခဲ့ကြသည်။ အကျိုးဆက်အားဖြင့် အဆိုပါအဖိုးတန်သတ္တုအတွက် ရင်းနှီးမြှုပ်နှံမှုဝယ်လိုအားသည် 501K အောင်စ ကျဆင်းသွားခဲ့သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် မေလအတွင်း XPT စျေးနှုန်း ပြန်လည်မြင့်တက်လာရခြင်းမှာ အရှေ့အလယ်ပိုင်းနှင့် အရှေ့ဥရောပတို့တွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ မော်တော်ယာဉ်ကဏ္ဍမှ လိုအပ်ချက် တိုးမြင့်လာမှုနှင့်အတူ ဖန်ချက်စက်ရုံများတွင် ထုတ်လုပ်မှုပမာဏ တိုးချဲ့လာခြင်း စသည့်အကြောင်းအရာများသည် စုစုပေါင်း ဝယ်လိုအားကို 1.9 မီလီယံအောင်စသို့ တိုးတက်စေခဲ့ပြီး၊ ယခင်နှစ်ထက် ၁၄% ကျော်လွန်စေခဲ့သည်။

၂၀၂၄ နှစ်အစမှစတင်၍၊ မော်တော်ယာဉ်လုပ်ငန်းအပေါ် အကောင်းမြင်မှုများကြောင့် ပလက်တီနမ်သည် အသင့်အတင့်တိုးတက်မှုနှင့်အတူ မတည်ငြိမ်မှုများကို ပြသခဲ့သည်။ သို့သော် နှစ်လယ်ပိုင်းတွင်၊ အမေရိကန်ဒေါ်လာ တန်ဖိုးတက်လာခြင်းနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းအပေါ် စိုးရိမ်မှုများကြောင့် စျေးနှုန်းသည် တည်ငြိမ်သွားခဲ့ရာမှ အောက်သို့ဆက်လက်ကျဆင်းသွားခဲ့သည်။

၂၀၂၅ ခုနှစ်အစောပိုင်းတွင် ပလက်တီနမ်သည် ကျဉ်းမြောင်းသော အကွာအဝေးဘောင်တခုအတွင်း မတည်ငြိမ်မှုကို ဆက်လက်ပြသနေခဲ့သည်။ ဧပြီလသို့ရောက်သောအခါ၊ မော်တော်ယာဉ်လုပ်ငန်းမှ ဝယ်လိုအားတိုးတက်လာမှုနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများကြောင့် အသင့်အတင့် တန်ဖိုးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

XPT အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု

XPTUSD ၏ တန်ဖိုးအပေါ် သက်ရောက်မှုရှိသော အခြေခံအကြောင်းရင်းများကို စေ့စေ့စပ်စပ် လေ့လာသုံးသပ်ခြင်းသည် အနာဂတ်စျေးနှုန်းများ၏လားရာကို ခန့်မှန်းရာတွင် အလွန်အရေးပါသည်။ ဤသို့သော လေ့လာသုံးသပ်မှုသည် လက်ရှိဈေးကွက်အခြေအနေများကို ဘက်စုံရှုထောင့်မှ မြင်တွေ့နိုင်စေပြီး ပိုမိုပြည့်စုံသော သတင်းအချက်အလက်များအပေါ် အခြေခံ၍ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန် ကုန်သည်များအတွက် အထောက်အကူပြုပါသည်။

XPT ၏ ဈေးနှုန်းအပေါ် လွှမ်းမိုးထားသော အရေးပါသည့် အကြောင်းအရာများ

  • ဝယ်လိုအားနှင့် ရောင်းလိုအား။ (မော်တော်ယာဉ်ထုတ်လုပ်ရေးနယ်ပယ်၊ လျှပ်စစ်၊ ဓာတုထုတ်ကုန်နယ်ပယ်)အစရှိသော စက်မှုနယ်ပယ်မှဝယ်လိုအားနှင့် တောင်အာဖရိက၊ ရုရှားနှင့် အခြားထုတ်လုပ်သည့်နိုင်ငံများရှိ သတ္တုတွင်းများ၏ ထုတ်လုပ်ရောင်းချနိုင်သော ရောင်းလိုအားကြားမှ ခြားနားချက်။
  • ပထဝီနိုင်ငံရေးအကြောင်းရင်းများ။ ထုတ်လုပ်သည့်နိုင်ငံများအတွင်း နိုင်ငံရေးအပြောင်းအလဲများ၊ ပိတ်ဆို့ဒဏ်ခတ်မှုများနှင့် ကုန်သွယ်စစ်ပွဲများ။
  • စီးပွားရေးတည်ငြိမ်မှု။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၏ အခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းများ။
  • ငွေလဲနှုန်းများ။ အမေရိကန်ဒေါ်လာ(ပလက်တီနမ်ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုသော ငွေကြေး)နှင့် ထုတ်လုပ်သည့်နိုင်ငံများ၏ ငွေကြေးများကြားမှ ဆက်နွယ်မှု။
  • နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုများ။ ပလက်တီနမ်၏ လိုအပ်ချက်ကို လျှော့ချပေးမည့် နည်းပညာအသစ်များ၏ ဖွံ့ဖြိုးတိုးတက်မှု။
  • ရင်းနှီးမြှုပ်နှံမှုဝယ်လိုအား။ အဖွဲ့အစည်းလိုက်ရင်းနှီးမြှုပ်နှံသူများနှင့် သီးခြားရင်းနှီးမြှုပ်နှံသူများထံမှ စိတ်ပါဝင်စားမှု။
  • မော်တော်ယာဉ်ထုတ်လုပ်မှုစံညွှန်းများ။ ဓာတ်ပြောင်းအကူပစ္စည်းများတွင် ပလက်တီနမ်အသုံးပြုမှုကို အားပေးထောက်ခံသော ပိုမိုတင်းကြပ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ။
  • ပလက်တီနမ်ကုန်စည်စစ်တမ်း။ ထုတ်လုပ်သူများနှင့် သုံးစွဲသူများ၏ လက်ဝယ်ထိန်းသိမ်းထားသော အရန်ကုန်စည်ပမာဏ။
  • အခြားသတ္တုများ၏ဈေးနှုန်းများ။ ပလက်တီနမ်အစားထိုး အသုံးပြုနိုင်သော ပလေဒီယမ်၊ ရိုဒီယမ်နှင့် ရွှေတို့၏ တန်ဖိုးများ။
  • စွမ်းအင်ဆိုင်ရာအကြပ်အတည်းများ။ ပလက်တီနမ်ထုတ်လုပ်ရေးအပေါ်တွင် လျှပ်စစ်ဈေးနှုန်းများ၏ သက်ရောက်မှု။

XPT အကြောင်းနောက်ထပ် အချက်အလက်များ

ပလက်တီနမ်သည် တတိယရေပန်းအစားဆုံး အဖိုးတန်သတ္တု ဖြစ်ပါသည်။ ဤပိုင်ဆိုင်မှုအမျိုးအစားတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့်အခါ၊ တိကျသော အချက်အလက်အချို့ကို ထည့်သွင်းစဥ်းစားရနိ လိုအပ်ပါသည်။

  • တောင်အာဖရိကသည် ကမ္ဘာ့အကြီးဆုံး ရေနံတူးဖော်သည့်နိုင်ငံဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာရေနံအရင်းအမြစ်၏ ၇၀% ကို ပိုင်ဆိုင်ထားသည်။ သို့ဖြစ်လေရာ၊ ထိုနိုင်ငံ၏ ပထဝီနိုင်ငံရေးနှင့် အထွေထွေစီးပွားရေးအခြေအနေများသည် ထုတ်လုပ်မှုအတိုင်းအတာအပေါ် ကြီမားစွာ လွှမ်းမိုးသက်ရောက်ပါသည်။
  • ပလက်တီနမ်သည် စက်မှုလုပ်ငန်းသုံးပစ္စည်းအဖြစ်ရော ရတနာပစ္စည်းအဖြစ်ပါ အသုံးဝင်သည့် ကုန်စည်တခုဖြစ်ပြီး၊ မော်တော်ယဉ်ထုတ်လုပ်ရေးနယ်ပယ်သည် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားကို အဓိကမောင်းနှင်ကာ ထုတ်လုပ်သောပမာဏ၏ ၄၄% ကို ရယူထားပါသည်။ တချိန်တည်းတွင်၊ အတုံးအခဲနှင့် ဒင်္ဂါးဖန်တီးမှုသည် ဈေးကွက်၏ ၁၀% မှ ၁၅ % အထိ နေရာယူထားပါသည်။
  • ပလက်တီနမ်သည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝယ်လိုအား နိမ့်ပါးခြင်းကြောင့် ဈေးကွက်အတွင်း ရွှေနှင့်ငွေသတ္တုများဖြင့် နှိုင်းယှဉ်ပါက အရောင်းသွက်ခြင်းပိုနည်းပါသည်။

အစိမ်းရောင်စွမ်းအင် ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ထုတ်လုပ်မှုကဏ္ဍအတွင်း ပလက်တီနမ်အသုံးပြုမှုအပေါ် ရောထွေးသော သက်ရောက်မှုကို ဖြစ်စေပါသည်။ တဖက်မှကြည့်လျှင် ဒီဇယ်ကားများအတွက် အိတ်ဇောဓာတ်ပြောင်းကိရိယာများ ထုတ်လုပ်ရာတွင် ဤအဖိုးတန်သတ္တုအား အသုံးပြုကြသည်။ သို့သော် အခြားတဖက်မှကြည့်လျှင် ထိုဓာတ်ပြောင်းကိရိယာများမလိုအပ်သော လျှပ်စစ်ယာဥ်များဆီသို့ ကူးပြောင်းခြင်းသည် ဒီဇယ်နှင့် ဓာတ်ဆီအင်ဂျင်များကို ဈေးကွက်အတွင်းမှ ဖယ်ရှားလိမ့်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ လျင်မြန်စွာ အဆင့်မြင့်မားလာသော ဟိုက်ဒရိုဂျင်စွမ်းအင်သည် ပလက်တီနမ်သို့ နီးစပ်စွာချိတ်ဆက်ထားပါသည်။ ထို့ကြောင့်ပင်၊ ပလက်တီနမ်အတွက် အနာဂါတ်ဝယ်လိုအားသည် အစိမ်းရောင်စွမ်းအင်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားစွာ မှီခိုပါလိမ့်မည်။

လက်ဝတ်ရတနာလုပ်ငန်းသည် ပလက်တီနမ်သုံးစွဲမှုတွင် ဒုတိယအကြီးဆုံးနယ်ပယ်ဖြစ်ပြီး စုစုပေါင်းပလက်တီနမ်ထောက်ပံ့မှု၏ သုံးပုံတစ်ပုံနီးပါးကို ကိုယ်စားပြုပါသည်။ ဤအဖိုးတန်သတ္တုဖြင့်ပြုလုပ်သော လက်ဝတ်ရတနာများအတွက် အဓိကပစ်မှတ်ထားသောစျေးကွက်မှာ တရုတ်နိုင်ငံဖြစ်သည်။

ပထမဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ၊ ပလက်တီနမ်သည် သင်၏ရင်းနှီးမြှုပ်နှံမှုအစုစုကို ဖြန့်ကျက်ခွဲခြမ်းခြင်းအတွက် အထူးကောင်းမွန်းသော ပိုင်ဆိုင်မှုအမျိုးအစားတခုဖြစ်ပါသည်။ ၎င်းသည် အခြားပိုင်ဆိုင်မှုများနှင့်စပ်လျဥ်းသည့် ဆုံးရှုံးနိုင်ခြေများကို လျော့ပါးစေရန် ကူညီပေးပါသည်။ ပလက်တီနမ်သည် ၂၀ ရာစု၏ ဒုတိယပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိုင်ဆိုင်မှုတခုအဖြစ် အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ယနေ့ခေတ်အခါ၌၊ ဤပိုင်ဆိုင်မှုတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် နည်းလမ်းများစွာ ရှိနေပြီဖြစ်သည်။

  • ရွှေတုံးများဖြင့် ဖွဲ့စည်းထားသော အသားတင်ပိုင်ဆိုင်မှုများပါရှိသည့် ETF (အိတ်ချိန်းတွင် အရောင်းအဝယ်လုပ်သော ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ) တွင် ရှယ်ယာများဝယ်ယူခြင်း။
  • ပလက်တီနမ်အတုံးအခဲများနှင့် ဒင်္ဂါးများကဲ့သို့သော ထုထည်ရှိသတ္တုများကို ဝယ်ယူခြင်း။
  • ဘဏ်များတွင် အစိုင်အခဲပိုင်ဆိုင်မှုမပါဝင်သော သတ္တုစာရင်းဖွင့်လှစ်၍ အဖိုးတန်သတ္တုဝယ်ယူခြင်း။
  • ဘဏ္ဍာရေးစျေးကွက်တွင် လောင်းကြေးထပ်အရောင်းအဝယ်ပြုလုပ်ရန်အတွက် futures သို့မဟုတ် CFD များကဲ့သို့ ရှုပ်ထွေးသော derivative ကိရိယာများကိုအသုံးပြုခြင်း။
  • ပလက်တီနမ်အပါအဝင် အဖိုးတန်သတ္တုများ ရှာဖွေတူးဖော်ရေးတွင် ပါဝင်ဆောင်ရွက်နေသော အများပိုင်ကုမ္ပဏီများ၏ ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်း။

XPT တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

ဤအပိုင်းတွင်၊ ကျွန်ုပ်တို့သည် ပလက်တီနမ်တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များကို စူးစမ်းထုတ်ဖော်ကြပါမည်။

အားသာချက်များ

  • အဖိုးတန်သတ္တု၏ စက်မှုလုပ်ငန်းဆိုင်ရာ အရေးပါမှု။ ပလက်တီနမ်သည် မော်တော်ယာဉ်ထုတ်လုပ်ရေးနယ်ပယ်နှင့် တိုးတက်စပြုလာသော ဟိုက်ဒရိုဂျင်စွမ်းအင်နယ်ပယ်များတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပါသည်။ ဤအချက်သည် ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ဝင်စားမှုကို ရေရှည်ခိုင်မာစေပါသည်။
  • ရင်းနှီးမြှုပ်နှံမှုအစုစုအား ခွဲတမ်းချခြင်း။ လူကြီးမင်း၏ ရင်းနှီးမြှုပ်နှံမှုအစုအတွင်းသို့ ပလက်တီနမ်အား ပေါင်းထည့်ခြင်းသည် အခြားပိုင်ဆိုင်မှုများ၏ တန်ဖိုးကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးနိုင်ခြေများကို ကန့်သတ်ကာဆီးပေးပါသည်။
  • ပလက်တီနမ်၏ လက်ရှိပေါက်ဈေးသည် ပကတိတန်ဖိုးထက်နိမ့်ပါးနေပြီး၊ တိုးတက်မှုအလားအလာရှိခြင်း။ လက်ရှိပလက်တီနမ်ဈေးနှုန်းများသည် အစဉ်အဆက်ပျမ်းမျှတန်ဖိုးများနှင့် နှိုင်းယှဉ်ပါက ပိုမိုနိမ့်ပါးနေပါသည်။ အကယ်၍ ဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်လာပြီး၊ ရောင်းလိုအား ကျဆင်းသောအခါတွင် ဈေးနှုန်းများ တိုးတက်လာနိုင်ပါသည်။

အားနည်းချက်များ

  • အပ်ငွေအတိုးနှုန်းများ သို့မဟုတ် အစုရှယ်ယာအမြတ်ခွဲတမ်းများကဲ့သို့ ပုံမှန်ဝင်ငွေမရှိခြင်း။ ဤသည်မှာ အမြတ်အစွန်း ထွက်ပေါ်ရန်အတွက်၊ သင်၏ ပိုင်ဆိုင်မှု တစိတ်တပိုင်း သို့မဟုတ် အလုံးစုံကို ရောင်းချရန်လိုအပ်သည်ဟု အဓိပ္ပါယ်ရပါသည်။

  • မတည်ငြိမ်နှုန်း။ ဈေးကွက်ပါဝင်သူများထံမှ စိတ်ပါဝင်စားမှု နည်းပါးခြင်းကြောင့်၊ ပလက်တီနမ်၏ မတည်ငြိမ်နှုန်းသည် ရွှေနှင့် ငွေသတ္တုများ၏ မတည်ငြိမ်နှုန်းထက် ပိုမိုနိမ့်ပါးပါသည်။ သို့သော်၊ အချို့အခြေအနေများတွင် စက်မှုနယ်ပယ်မှ ဤသတ္တုအတွက် ဝယ်လိုအားကြောင့် ပလက်တီနမ်ဈေးနှုန်းများသည် ပိုမိုမငြိမ်မသက်ဖြစ်နိုင်ပါသည်။

  • VAT အခွန်စည်းကြပ်ခြင်း။ ပလက်တီနမ်သည် ရွှေနှင့်မတူညီစွာ တန်ဖိုးထပ်တိုးအခွန်စည်းကြပ်ခြင်းခံရပြီး၊ ၎င်းသည် လူကြီးမင်း၏ရင်းနှီးမြုပ်နှံမှုမှ စုစုပေါင်းအမြတ်အစွန်းကို ထိခိုက်စေနိုင်ပါသည်။

ကျွန်ုပ်တို့၏ ခန့်မှန်းချက်များ ပြုလုပ်ပုံ

ပလက်တီနမ်၏ ဈေးနှုန်းကို ခန့်မှန်းရန်၊ ကျွန်ုပ်တို့သည် ပြီးပြည့်စုံသော ချဉ်းကပ်မှုပုံစံတခုကို အသုံးပြုပါသည်။

၁။ အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွင် အောက်ပါတို့ ပါဝင်ပါသည် -

  • အရေးပါသည့် ခွဲခြမ်းစိတ်ဖြာမှုအေဂျင်စီများထံမှ ခန့်မှန်းချက်များကို အကဲဖြတ်ခြင်းနှင့် လေ့လာဆန်းစစ်ခြင်း။
  • ပလက်တီနမ်ဈေးကွက်အတွင်း ရောင်းလိုအားနှင့် ဝယ်လိုအားကို ခွဲခြမ်းစိတ်ဖြာခြင်း။
  • အမေရိကန်ဒေါ်လာ၊ တောင်အာဖရိက rand နှင့် ပလက်တီနမ်ထုတ်လုပ်သောနိုင်ငံများမှ ငွေကြေးများ၏ အတိုးနှုန်းများကို စောင့်ကြည့်ခြင်း။
  • အစိမ်းရောင်စွမ်းအင်နှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုအလားအလာများ (ဆန်းသစ် တီထွင်မှု များ ကို လက်ခံခြင်းနှင့် ထုတ်ကုန်သစ်များ ဖန်တီးခြင်း အစရှိသဖြင့်)။
  • အဖိုးတန်သတ္တုနှင့်စပ်လျဉ်းသော သတင်းများကို အကဲဖြတ်ခြင်း။
  • သတ္တု၏တန်ဖိုးအပေါ် လွှမ်းမိုးသက်ရောက်သော ပထဝီနိုင်ငံရေးနှင့် အရင်းခံစီးပွားရေး အကြောင်းအရာ များကို အကဲဖြတ်ခြင်း။

၂။ ဈေးကွက်အလေးသာမှုနှင့် ဆိုရှယ်မီဒီယာလမ်းကြောင်းများကို ခွဲခြမ်းစိတ်ဖြာခြင်း။

၃။ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • လက်ရှိလမ်းကြောင်းများနှင့် ၎င်းတို့၏ ကြံ့ခိုင်မှုကို ခြေရာခံရန်နှင့် အလားအလာရှိသော အဝယ်/အရောင်းဇုန်များကို ခွဲခြားသတ်မှတ်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ညွှန်ပြချက်များကို အကဲဖြတ်ခြင်း။
  • အဖိုးတန်သတ္တုဈေးကွက်အတွင်းရှိ အပြောင်းအလဲများကို ကြိုတင်ခန့်မှန်းရန်အတွက်၊ candlestick နှင့် chart patterns များကို ခွဲခြမ်းစိတ်ဖြာခြင်း။

ဤနည်းလမ်းများကို ပေါင်းစပ်အသုံးပြုခြင်းသည် ကျွန်ုပ်တို့အား လက်ရှိဈေးကွက်အလေးသာမှုကို ခွဲခြားသိရှိစေနိုင်ပြီး၊ အားသာမှုအရှိဆုံးဈေးနှုန်းများ၌ ကုန်သွယ်မှုများ ဖွင့်လှစ်စေနိုင်ကာ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရည်မှန်းချက်များကို ကြိုတင်ချမှတ်နိုင်စေပါသည်။

အနှစ်ချုပ် - XPT သည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။

XPT တွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ချက်တွင် စေ့‌စပ်သေချာသော ခွဲခြမ်းစိတ်ဖြာမှုကို လိုအပ်ပါသည်။ လျှပ်စစ်ယာဉ်များဆီသို့ ဆင့်ကဲကူးပြောင်းခြင်းသည် မော်တော်ယာဉ်ထုတ်လုပ်ရေးနယ်ပယ်အတွင်း ပလက်တီနမ်အတွက် ဝယ်လိုအားကို ကျဆင်းစေနိုင်ပြီး၊ မသေချာမရေရာမှုများကို ဖြစ်ပေါ်စေပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဟိုက်ဒရိုဂျင်စွမ်းအင်နယ်ပယ်အတွင်း အကန့်အသတ်ရှိသော ရောင်းချမှုနှင့် အသုံးပြုမှုအလားအလာတို့သည် ဈေးနှုန်းများတိုးတက်ရန် တွန်းအားပေးနိုင်ပါသည်။

XPT တွင် ရင်းနှီးမြှုပ်နှံခြင်းသည် စွန့်စားမှုမြင့်မားသော်လည်း၊ အလားအလာကောင်းမွန်သည့် လုပ်ဆောင်ချက်တခုဖြစ်ကာ ဈေးကွက်အခြေအနေနှင့် ခန့်မှန်းချက်များကို နီးနီးကပ်ကပ် စောင့်ကြည့်ရန် လိုအပ်ပါသည်။

XPTUSD ဈေးနှုန်းခန့်မှန်းချက် အမေး၊ အဖြေများ

၀၁.၀၅.၂၀၂၆ တွင် ပလက်တီနမ်၏ လက်ရှိဈေးနှုန်းမှာ $1 995.77 ဖြစ်ပါသည်။

ပလက်တီနမ်ဈေးနှုန်းများကို မော်တော်ယာဉ်ထုတ်လုပ်ရေးနယ်ပယ်တွင်းရှိ ဝယ်လိုအား၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီးဆင်းမှုများနှင့် ပထဝီနိုင်ငံရေးအကြောင်းအရာများမှ လွှမ်းမိုးထားပါသည်။ လျှပ်စစ်ယာဉ်များဆီသို့ ကူးပြောင်းမှုကြောင့် အနာဂါတ်ရှုမြင်ချက်သည် ရောထွေးနေသော်လည်း၊ အကန့်အသတ်ရှိသော ရောင်းလိုအားသည် ဝယ်လိုအားကို မြင့်မားစေနိုင်ပါသည်။

ဟိုက်ဒရိုဂျင်နည်းပညာများနှင့် ပိုမိုတင်းကြပ်လာသော ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကြောင့် ပလက်တီနမ်ဈေးနှုန်းများတွင် တိုးတက်မှုအလားအလာ ရှိနေပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍအတွင်း တိုးတက်ပြောင်းလဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် အရေးပါသော အကြောင်းအရာများဖြစ်လာပါလိမ့်မည်။ ၂၀၂၅ နှစ်ကုန်တွင် XPT ဈေးနှုန်းသည် 1050.00–1112.00 သို့ မြင့်တက်နိုင်သည်ဟု အချို့သောသုံးသပ်ရေးသမားများမှ ခန့်မှန်းကြပါသည်။

၂၀၂၆ ခုနှစ်တွင် ပလက်တီနမ်၏ဈေးနှုန်း မည်မျှရှိမည်ကို အတိအကျခန့်မှန်းရန် ခဲယဉ်းပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် သဘောထားကွဲလွဲလျှက်ရှိကြသည်။ သို့သော်၊ တစိတ်တဝမ်းတည်း သဘောတူညီမှုတခုသည် ဟိုက်ဒရိုဂျင်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုနှင့် မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍ ပြန်လည်တိုးတက်လာမှုတို့အပေါ်မူတည်၍ တစ်ထရိုင်အောင်စလျှင် $1,322 ဝန်းကျင် ဈေးနှုန်းအလားအလာနှင့်အတူ အသင့်အတင့်တိုးတက်မှုနှုန်းကို ညွှန်ပြနေပါသည်။

အကယ်၍ ဟိုက်ဒရိုဂျင်စနစ်တွင် ၎င်း၏အသုံးဝင်မှု ကျယ်ပြန့်လာပါက၊ ၂၀၃၀ ခုနှစ်တွင် ပလက်တီနမ်ဈေးနှုန်းများသည် သိသိသာသာမြင့်တက်လာနိုင်ပါသည်။ သို့ရာတွင်၊ အခြားအစားထိုးနည်းပညာများနှင့် စီးပွားရေးဆိုင်ရာအကြောင်းအရာများသည် ဝယ်လိုအားနှင့် ဈေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်နိုင်ပါသည်။ ခန့်မှန်းချက်များသည် တအောင်စလျှင် $2,143.00–$2,304.00 ကြား တိုးတက်မှုတရပ်ကို ညွှန်ပြကြပါသည်။

တိုးတက်မှုအလားအလာများအရ၊ ၂၀၂၅ ခုနှစ်အတွင်း ပလက်တီနမ်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းသည် ရင်းနှီးမြှုပ်နှံမှုအစုစုကို ခွဲဝေနေရာချထားခြင်းအတွက် သင့်တော်သောနည်းလမ်းတခု ဖြစ်နိုင်ပါသည်။ ဈေးကွက်မတည်ငြိမ်မှုနှင့် စက်မှုနယ်ပယ်တွင်းအပြောင်းအလဲများကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

ပလက်တီနမ်နှင့် ရွှေဈေးနှုန်းများကို မတူညီသော အကြောင်းအရာများစွာမှ လွှမ်းမိုးထားပါသည်။ ရွှေသည် ဘေးကင်းစိတ်ချရသော ပိုင်ဆိုင်မှုတခုဖြစ်သည်။ ပလက်တီနမ်မှာမူ မတည်ငြိမ်မှုပိုများပြီး၊ ကြိုတင်မှန်းဆရန်ခဲယဉ်းပါသည်။ ရွေးချယ်မှုသည် ကုန်သည်၏ ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်များနှင့် စွန့်စားလိုသောအတိုင်းအတာအပေါ် မူတည်ပါသည်။

စီးပွားရေးဆုတ်ယုတ်သောကာလတခုတွင်၊ စက်မှုနယ်ပယ်၏ ကုန်ထုတ်ပမာဏများ နှေးကွေးသောကြောင့် ပလက်တီနမ်အတွက်ဝယ်လိုအား လျော့ကျကာ ဈေးနှုန်းများ ကျဆင်းနိုင်ပါသည်။ သို့‌သော် ကာလရှည်အလားအလာများနှင့် အကန့်အသတ်ရှိသော ရောင်းလိုအားသည် ၎င်း၏တန်ဖိုးကို ထိန်းသိမ်းပေးနိုင်ပါသည်။

ပလက်တီနမ်တွင် အနာဂါတ်တခု ရှိပါသည်။ အထူးသဖြင့် ၎င်း၏အနာဂါတ်သည် ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြုမှု မြင့်မားလာခြင်းနှင့် ပိုမို တင်းကြပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ယှဉ်တွဲနေပါသည်။ ၎င်း၏ သီးသန့်ဖြစ်သော ဂုဏ်သတ္တိများသည် စက်မှုနယ်ပယ်များစွာတွင် ၎င်းအား အရေးပါစေပြီး၊ ကာလရှည်ဝယ်လိုအားကို သေချာစေပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ XPTUSD ၏စျေးနှုန်းဇယား

၂၀၂၄ ခုနှစ်နှင့် နောက်ပိုင်း အတွက်- ပလက်တီနမ် ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat